အသုဘ ထမင်း {စ/ဆုံး}

အသုဘ ထမင်း {စ/ဆုံး}
ဘာလိုလိုနှင့်ပုတု သည်ရွာလေးကို ရောက်နေခဲ့တာ
လတော်တော်ကြာခဲ့ပြီ၊၊ ပုတုနာမည်အရင်းက
နန်းမယ်သဒ္ဒါပါ၊၊ သူငယ်ချင်းများက ပုပုလုံးလုံးလေးနှင့်
ချစ်စရာကောင်းသူလေးမို့ ပုတု ဟု ချစ်စနိုးခေါ်ကြလေ
သည်၊၊ ကိုယ်တိုင်ကလည်း ပုတုဆိုသည့် နာမည်လေးကို
ပိုနှစ်သက်ခဲ့သည်၊၊ ပုတုခုရောက်နေသည့် ရွာလေးက ထိုင်း
မြန်မာနယ်စပ်ကရွာလေးပါ၊၊ ပုတုဇာတိကတောင်ကြီး
ပါ။ ဝါသနာအရတောင်ကြီးမြို့ကြီးနှင့်မိဘများကို
ခွဲခွာခဲ့ကာ ကျေးလက်ဒေသဖွံ့ဖြို းရေးအတွက် ရွာလေး
တွေမှာ စေတနာဝန်ထမ်းလုပ်နေခြင်း ဖြစ်သည်‌။

ကျေးလက်ဒေသ ဖွံ့ဖြို းတိုးတက်ရေးက တာဝန်လည်း
ကြီးသလိုလုပ်ရတာလည်း မလွယ်ကူလှပေ၊၊ အစိုးရက
လွတ်သည်‌့ ဝန်ထမ်းမဟုတ်ဘဲ စေတနာဝန်ထမ်းဖြစ်သည့်
ကြောင့် တော်ယုံစိတ်ဓာတ်မျိူ းဖြင့် ရေရှည်မလုပ်နိုင်
ကြပါ၊၊ ကိုယ့်တာဝန်ယူသည့် ရွာလေး
တွေမှာ ကလေးမီးဖွားတာကအစ လူသေအသုဘ
ကိစ္စအဆုံး ကျေးရွာသာရေး၊နာရေး၊ကျန်းမာရေးကိစ္စ
မှန်သမျှကို မငြီးမငြူ လုပ်ပေးရသည်၊၊ ရွာထဲမှာများ
အသုဘရှိပြီဆိုရင် အခေါင်းဝယ်၊အလောင်းပြင်၊နာရေး
ကိစ္စမှန်သမျှ အား ပုတုတို့လုပ်ပေးရ၏။

တစ်နေ့တွင် ရွာထဲရှိအသက် ၆၀အရွယ် အဖိုးတစ်
တစ်ယောက်မှာ လူကြီးရောဂါဖြင့် ဆုံးသွားလေသည် ။
ပုတုမှာ ထိုနေ့ကြမှ လူကကျန်းမာရေးမကောင်းဖြစ်ပြီး
ဘယ်ကိုမှမသွားချင်မလာချင် ဖြစ်နေသဖြင့် အသု
ဘကိစ္စများကိုသွားဝိုင်း၍ ကူမလုပ်ဖြစ်ခဲ့ပါ၊၊ သူငယ်ချင်း
များသာသွား၍ကူကြကာ ပုတုမှာနေဖို့ပေးထားသည့်
အိမ်လေးမှာပဲ အနားယူကာ အိပ်နေခဲ့လိုက်သည် ။
အဖိုး၏ အလောင်းအားနေချင်းချတာဖြစ်သဖြင့် အသုဘ
ချသောအခါ ပုတုအားနာသောကြောင့် အသုဘပို့လိုက်
သွားခဲ့သည်၊၊ အလောင်းအားမြေချသောအခါ ထုံးတမ်း
စဉ်လာအတိုင်းမိသားစုများကို နာက်ဆုံးနှုတ်ဆက်သည့်
အနေဖြင့် အခေါင်းဖုံးအားဖွင့်ပြသည် ။

° ° ° ° ° ° ° ° ° ° ° °
(၂)
“‘ အားပါး တော်တော်နံတယ်နော်”‘
ပုတုမနေနိုင်မထိုင် ဘေးနားကသူငယ်ချင်းအားလက်တို့
ပြီးပြောလိုက်လေသည်၊၊ အဖိုးမှာ ညဦးကတည်းက
အသက်မရှိတော့သဖြင့် မိသားစုဝင်များကမနက်မှဆုံး
တာသိသောကြောင့် အနံ့မထွက်အောင် ဆေးထိုး
နောက်ကျနေသဖြင့် အနံ့ကတော်တော်ထွက်နေသည်၊၊
သီလအားကောင်းတဲ့လူတွေသေရင် အနံ့အသက်များမ
ရတတ်ပါ၊၊ အိပ်နေသလိုဘဲ ထင်ရလေသည်၊၊ ပုတုလည်း
နှာခေါင်းလက်နှင့်ပိတ်ကာ အနံ့ကိုကာကွယ်ထားလိုက်သည်၊၊
အသုဘချပြီးသောအခါ ကိစ္စဝိစ္စများပြီးတာဖြင့်
ပုတုတို့အဖွဲ့ အိမ်ပြန်လာခဲ့ကြသည် ။

ညရောက်လာတာဖြင့် အအေးဓာတ်ကလွန်ကဲလာကာ
အချမ်းဒဏ်ကိုအံတုဖို့ မီးပုံဖိုပြီး ပုတုတို့သူငယ်ချင်းအုပ်စု
အိမ်ရှေ့မှာဂစ်တာတီး၍ သီချင်းဆိုကြလေသည် ။
ပုတုသီချင်းသံကို နားထောင်နေရင်းကနေ ပုပ်စော်နံလာသောကြောင့်….

“‘ ငါနှာခေါင်းထဲ အပုပ်နံရတယ်ဟ”‘
“‘ ပုတုရယ် ကြွက်သေပုပ်နေမှာပါ”‘

ပုတုသူငယ်ချင်းပြောသလို ကြွက်သေပုပ်သည့် အနံ့မဖြစ်နိုင်
ချေ ၊၊ ပုတုဒီအနံ့အား ရဖူးသလိုဘယ်မှာပါလိမ့်။ ပုတု
အိပ်ချင်လာသောကြောင့် သူငယ်ချင်းများအားနှုတ်ဆက်၍
အခန်းသို့ပြန်အိပ်ခဲ့လေသည် ။

ပုတုခြင်ထောင်ထောင်ပြီးတာဖြင့် အိပ်ထာထဲဝင်လှဲ
ခဲ့သည်၊၊ အိပ်ပျော်ဖို့မျက်လုံးလေး မှိတ်နေတုန်းမှာ. . . .
ခြင်ထောင်အပြင်ဘက်တွင် လူတစ်ယောက်ထိုင်နေသလို
မျက်လုံးထဲမှာ မြင်နေရသည်၊၊ ပုတုမျက်လုံးဖွင့်ကြည့်သော
အခါ ဘယ်သူမှမတွေ့ရပါ။ မျက်လုံးမှိတ်နေတုန်း ထပ်၍
ပေါ်လာသဖြင့် ငုပ်တုပ်ထထိုင်ကာ ထပ်ကြည့်လိုက်သည်၊၊

“” အမေ့ ဘုရား ဘုရား “”

ပုတုအခုတော့ခြင်ထောင်အပြင်ဘက်မှာ ထိုင်နေသောသူကို တွေ့လိုက်ရပါပြီ၊၊

“မနက်ကဆုံးသွားတဲ့ အဖိုးရယ်ပေါ့”

ပုတုခြေဖျားလက်ဖျားများအေးစက်လာ၍ ကြောက်စိတ်
ကအဆုံးစွန်အထိရောက်နေသည်၊၊ အော်ဟစ်အကူအညီ
တောင်းဖို့ လည်ချောင်းထဲတွင် တစ်ခုခုဖြစ်နေသလိုပင်။
အသံကလည်း မထွက်ချေ၊၊ အဖိုးကြီးပါးစပ်ကလှုပ်စိ
လှုပ်စိနဲ့ ဘာတွေပြောနေပါလိမ့်. . . . .

“‘ ဆရာမလေး ဆွမ်းကျွေးကိုဘာလို့မလာတာလဲ
အဖိုးတို့က ဆင်းရဲလို့လား စိတ်မကောင်းဘူး”‘

ပုတုရင်ထဲအောင့်သွားသည်၊၊ အဖိုးကြီးမှာမျက်ရည်များ
ကျ၍ သည်စကားကိုပဲထပ်တလဲလဲ ပြောနေရှာသည် ။
ပုတုမှာကြောက်လည်းကြောက် ဝမ်းလဲဝမ်းနည်း၊ တစ်ည
လုံးထိုစကားများကိုသာ နားသောတဆင်နေရလေသည်၊၊

“” အောက်အီးအီးအွတ်””

မနက်လင်းကြက်တွန်သံ ကြားလိုက်တာဖြင့်´´´
အဖိုးကြီးမှာ လူရောအသံပါ ပျောက်ကွယ်သွားလေသည်၊၊
ပုတုခြင်ထောင်ထဲက ထွက်၍ အိမ်အနှံ့လိုက်ရှာသော
လည်း မတွေ့တော့ပါ၊၊ နောက်ညများမှာ ပုတုအားလာ၍
မခြောက်တော့ပါဘူး ။ ပုတုလည်း ထိုအချိန်ကစပြီး
အသုဘထမင်းဆို လုံးဝအလွတ်မပေးဘဲ
ဆွဲလေတော့သည် ။

ကြိုးစားလျက်,
ဇူးဇူးငယ် (ဇင်ငြိမ်းမွန်)