နှစ်ခါသေဘသာ(စ/ဆုံး)

Unicode Version

နှစ်ခါသေဘသာ(စ/ဆုံး)
—————————–
” ဗျို့ အိမ်ရှင်တို့ ဒီအိမ်က ဆရာတေဇရှိလားဗျို့ ဗျု့ိအိမ်ရှင်တို့ရေ ”
အိမ်ဝိုင်းအရှေ့မှ ခေါ်သံကြောင့် ခင်လွှမ်းလည်း အိမ်ပေါ်မှ ဆင်းပြီး
” ဘာကိစ္စလဲ ဘယ်သူနဲ့တွေ့ချင်လို့လဲ ”
” ဪ ဆရာတေဇနဲ့တွေ့ချင်လို့ပါ ဆရာလာပင့်တာပါ ”
” ဟေ့ကောင် ဆရာအဂ္ဂရောပါတယ်ကွ ”
” အေး အေး ဟုတ်တယ် ဟုတ်တယ် ဆရာတေဇနဲ့ဆရာလေးအဂ္ဂကို လာပင့်တာပါ ”
ခင်လွှမ်းလည်း ထိုလူသုံးယောက်ကို အကဲခတ်ကြည့်ပြီးနောက်
” အိမ်ထဲ အရင်ဝင်ပါဦး အစ်ကိုနဲ့အဂ္ဂကို ခေါ်ပေးမယ် ”
အဲ့လိုပြောပြီး အိမ်ဝိုင်းထဲသို့ ခေါ်လိုက်လေရာ ထိုလူသုံးယောက်လည်း အိမ်ဝိုင်းထဲသို့ဝင်ခဲ့ကြလေသည်။ ခင်လွှမ်းလည်း အိမ်ပေါ်သို့ တက်သွားပြီး တေဇအား
” အစ်ကို ..အစ်ကိုနဲ့အဂ္ဂကို တွေ့ချင်လို့တဲ့ ဆရာလာပင့်တာတဲ့ အိမ်အောက်မှာ ရောက်နေပြီ သွားတွေ့လိုက်ဦး ခင်လွှမ်း ရေနွေးကြမ်း ယူခဲ့မယ် ”
အဲ့လို့ပြောပြီးနောက် မီးဖိုချောင်ဘက်သို့ဝင်သွားလေသည်။ တေဇလည်း အိမ်အောက်သို့ ဆင်းလာခဲ့ပြီး
” ကဲ ကျုပ်ကတေဇပါ လာရင်းကိစ္စကိုပြောပါဦး ဒါနဲ့ဒီက အစ်ကိုက ”
တေဇလည်း အဲ့လိုပြောလိုက်ရာ ထိုလူသုံးယောက်ထဲမှ အသက်ကြီးတဲ့သူက
” ဪ ကျုပ်နာမည်က ကိုဩပါ သူတို့နှစ်ယောက်က သာဂနဲ့မောင်နီပါ ကျုပ်တို့က ဒီကနေ တော်တော်ဝေးတဲ့ သပြေကုန်းရွာကပါ ”
” ဟုတ်ပါပြီ ဒါနဲ့ကိုဩ အခုလာရင်း ကိစ္စလေးပြောပါဦး ”
” ဒီလိုပါ ကျုပ်တို့ရွာမှာ ကွမ်းတောင်ကိုင် ကောင်မလေးတစ်ယောက်ဗျာ အိပ်ယာထဲမှာလဲနေတာကြာပြီဗျ ဘယ်ဆေးဆရာမှ ကုမနိုင်တော့ပါဘူးဗျာ ”
” ဒါဆို တခြား ပယောဂဆရာတွေနဲ့ရော မကုဘူးလား ”
” ကုတယ်ဗျ ဘယ်ဆရာမှ အဖြေရှာမရတာနဲ့ လက်လျှော့သွားကြရတာ အခု ဆရာ တို့သတင်းကို ကြားလို့ လာပင့်တာပါ ”
တေဇလည်း ခေတ္တ စဉ်းစားပြီးနောက်
” ဒါဆို ကျုပ်တို့ လိုက်ခဲ့ပေးမယ်လေ ဒါပေမဲ့ ကျုပ်တို့က သုံးယောက်လာမှာနော် အဆင်ပြေရဲ့လား ”
” ပြေပါတယ် ဆရာတို့သာ လိုက်ခဲ့ဖို့ပါပဲ ဘယ်နှစ်ယောက်လိုက်ခဲ့ လိုက်ခဲ့ပါ ”
” ဒါဆို ခင်ဗျားတို့ ဟော ဟိုအရှေ့က အိမ်မှာနားကြပါဦး မနက်မှ ခင်ဗျားတို့ရွာကို သွားကြတာပေါ့ ”
” ဟုတ်ကဲ့ပါဗျ ဒါနဲ့ စားဖို့သောက်ဖို့အတွက် ဘာမှမစီစဉ်ပေးပါနဲ့ ကျုပ်တို့မှာ အလုံအလောက်ပါပါတယ်ဗျ ”
” မဟုတ်တာဗျာ ကျုပ်တို့ဆီရောက်မှတော့ဧည့်ဝတ်ကျေရမှာပေါ့ဗျာ ”
တေဇတို့လည်း ကိုဩတို့အား နေရာထိုင်ခင်းစီစဉ်ပေးပြီးနောက် လိုအပ်သည်များပြင်ဆင်နေလေသည်။ ညနေမိုးချုပ်ရောက်တော့ ယမင်းရောက်လာပြီး
” မမခင်လွှမ်း ယမင်းကိုခေါ်တယ်ဆို ဘာလို့လဲ ”
” ဒီလို ယမင်းရဲ့ မမတို့ တခြားရွာကို ဆေးကုသွားရမှာ အဲ့ဒါ အိမ်ကို ကြည့်ထားပေးဦးနော် မမိုးခဆီသော့ သွားမပေးနေတော့ဘူး ”
” ဟုတ် မမခင်လွှမ်း ဒါနဲ့ ဟိုတစ်ယောက်ရော ”
” စောစောက အိမ်အရှေ့မှာပါ သွားတွေ့ရင် တွေ့လိုက်ဦး ခ်ခ်ခ် ”
ယမင်းလည်း အဂ္ဂအနားသို့သွားပြီး အဂ္ဂနှင့်စကားစမြည်ပြောပြီး အိမ်သို့ပြန်သွားလေသည်။ နောက်တနေ့ နံနက်တွင် အဂ္ဂကို ကိုဩနှင့်အတူ ထည့်ပေးလိုက်ပြီး တေဇနှင့်ခင်လွှမ်းက နောက်မှအေးဆေးလိုက်ခဲ့မည်ဟု မှာလိုက်လေသည်။ ဒီလိုနဲ့ ညနေမရောက်ခင်မှာ အဂ္ဂတို့ သပြေကုန်းရွာသို့ရောက်ခဲ့ကြလေသည်။
” လာဗျာ ကျုပ် အဲ့ကောင်မလေးအိမ်ကို တခါတည်းလိုက်ပို့ပေးမယ် ”
ဒီလိုနဲ့ရွာလမ်းအတိုင်း လျှောက်လာခဲ့ရင်း အဂ္ဂ ကိုယ့်မျက်စိကို မယုံနိုင်အောင် ဖြစ်သွားလေသည်။ ရွာလမ်းမတွင် နှစ်ချို့ သဘက်ကြီး တစ်ကောင်မှ လမ်းပိတ်ပြီးထိုင်နေရာ လမ်းအပြည့်ဖြစ်နေလေသည်။
” ခဏလောက်နေကြပါဦး ကျုပ်လုပ်စရာရှိသေးလို့ ဒီမှာပဲ နေခဲ့ကြပါ ”
အဂ္ဂလည်း အချုပ်အင်းကို ကိုင်ထားကာ အရှေ့သို့ တိုးသွားလေသည်။
” သင် ဘယ်သူလဲ ဘာကြောင့်လမ်းပိတ်နေတာလဲ ”
” အူးဝူးးဝါးးးးအီးဝူးးးး ”
” လူလေး နှုတ်ဖွင့်ပေးပြီး နှုတ်ဖွင့်စေလို့ အမိန့်ပြန်လိုက် ”
နားထဲ၌ ဘိုးလူ၏ အသံကြားလိုက်ရသဖြင့် အဂ္ဂလည်း
” နှုတ်ပိတ်ထားတာ မှန်သမျှ အကုန်ပြတ်စေ ငါဆရာအမိန့် နှုတ်ဖွင့်စေ ကဲ သင်ဘယ်သူလဲ ”
” ကျုပ်က မိုးညိုပါ ဆရာလာမဲ့လမ်းကို လာပြီးပိတ်ပင်ခိုင်းထားလို့ပါ ”
” ဘယ်သူက ပိတ်ပင်ခိုင်းတာလဲ သင်က သူနဲ့ဘယ်လိုပက်သက်နေလဲ ”
” ဆရာအခုသွားပြီး ကုသပေးမဲ့ ကလေးမကိုပြုစားထားတဲ့သူကပါ ကျုပ်က သူ့အခိုင်းအစေပါ ”
” ကောင်းပြီးလေ အခု သင့်ကိုချုပ်ထားသမျှကို အကုန်ကျုပ်ဖြေပေးလိုက်မယ် ”
” ကောင်းပါပြီဆရာ ကျေးဇူးတင်ပါတယ်ဆရာ ”
အဂ္ဂလည်း သဘက်ကြီးအားချုပ်ထားသမျှ အကုန်ဖျက်ဆီးပေးပြီးနောက် ရွာစောင့်နတ်ထံ ခေတ္တအပ်နှံထားလိုက်သည်။
” ကဲ လူနာအိမ် သွားကြရအောင်ဗျာ ”
အဲ့ဒီလို အဂ္ဂမှပြောလိုက်ရာ ကိုဩတို့လည်း ရှေ့ဆက်လျှောက်လာကြပြီး လူနာအိမ်သို့သွားလေတော့သည်။
” ဆရာလေး အဂ္ဂ စောစောက ဘာဖြစ်လို့လဲဗျ တစ်ခုခုထူးလို့လား ”
” ထူးတယ်ဗျ ဒါတွေနောက်မှ ပြောပြမယ်ဗျ အနှောင့်ယှက်တစ်ခုလို့ပဲ သဘောထားလိုက်ပါ ”
” ဟုတ်ပါပြီဗျ ဟော ဟိုးအိမ်ပဲ အဲ့အိမ်ကိုသွားမှာလေအခု ”
အဂ္ဂလည်း အရုံစူးစိုက်၍ကြည့်လိုက်ရာ အိမ်ဝန်းထဲ၌ မကောင်းသည့် အငွေ့သက်များ ပညာစက်များမြင်တွေ့နေရလေသည်။ အဂ္ဂနှင့်ကိုဩ အိမ်ဝန်းထဲဝင်ဖို့ ခြေထောက်အချ
” ဝုနျးးးးးးး အ…… ”
အသံနှင့်အတူ အဂ္ဂတို့လည်း အနောက်လွင့်သွားကြသည်။ အဂ္ဂလည်း ပြန်ထပြီး အရုံစိုက်ပြီး စူးစိုက်ကြည့်လိုက်ရာ ဘီလူးကြီး တစ်ကောင်မှအပေါက်ဝတွင်ပိတ်ရပ်ကာ တင်းပုတ်ကြီးကိုင်ထားလေသည်။
” ကိုဩတို့ ရရဲ့လားဟင် ဘာဖြစ်သွားကြသေးလဲ အဆင်ပြေရဲ့လား ”
” အားး ရတယ်ဆရာ ဗိုက်ထဲမှာ အောင့်နေတယ် တစ်ကိုယ်လုံးနာနေတာပဲ ”
” ဒါဆိုလည်း အိမ်ထဲမဝင်တော့ဘူး အခုက အခြေနေကြည့်ရုံပဲ လာ ကိုဩအိမ်ကိုပြန်ကြမယ် ”
အဂ္ဂလည်း အတွေ့ကြုံမရှိသောကြောင့် ဘာမှမလုပ်တတ်သဖြင့် နောက်ဆုတ်လိုက်ရသည်။ ကိုဩအိမ်ရောက်ခါနီးတွင် တေဇနှင့်ခင်လွှမ်းအား တွေ့လိုက်ရလေသည်။
” ဘယ်လိုဖြစ်ရတာလဲ အဂ္ဂ အိမ်ထဲမဝင်ခင် ဘာမှ မလုပ်မှတော့ ဟိုကဗျင်းပြီပေါ့ ”
” ဟုတ်တယ် ကျွန်တော် မေ့သွားတာ အခုတော့…. ”
” ကဲပါ ဒါတွေထားလိုက်တော့ အခု ငါရောက်လာပြီပဲ ကိုဩတို့လည်း ဒဏ်ရာ ရထားကြတယ်မလား ဒီညတော့ ကိုဩတို့ကို ဆေးအရင်ကုပေးကြတာပေါ့ မနက်ဖြန်မှပဲ အဲ့ကောင်မလေးကိစ္စကို ဆက်လုပ်ကြမယ် ”
” ဟုတ်အစ်ကို ”
ထို့နေ့ည တစ်ညလုံး အဂ္ဂ ထမင်းမစားပဲ တရားထိုင်နေလေသည်။ တေဇလည်း ကိုဩတို့အား နတ်ဂမုန်းဆေးတိုက်ပြီး နားခိုင်းလိုက်တော့သည်။
” အကို အဂ္ဂ အဲ့လို တစ်ညလုံးနေမယ်ဆို မနက်ကျ အားမရှိပဲနေလိမ့်မယ် တားပါဦး ”
” ထားလိုက်ပါ ခင်လွှမ်း အခုက သူ့အမှားသူ ပြန်ပြီးပေးဆပ်နေတဲ့သဘောပါ မဟုတ်ရင် သူ့ကို အဲ့စိတ်ကြီးက ဖုံးလွှမ်းထားလိမ့်မယ် ”
တေဇရော ခင်လွှမ်းပါ ပြိုင်တူ သက်ပြင်းရှည်ချလိုက်မိလေတော့သည်။ နောက်တစ်နေ့တွင်
” ကိုဩတို့ သက်သာသွားပြီလား ”
” ဟုတ်ကဲ့ သက်သာသွားပါပြီ ဒါနဲ့ မနက်စာ ပြင်ပြီးသွားပါပြီ စားကြရအောင်လေ ဒါနဲ့ ဆရာအဂ္ဂရော ”
တေဇလည်း ဘုရားကျောင်းဆောင်ရှေ့မှ အဂ္ဂကို လှမ်းကြည့်လိုက်ရာ တရားထိုင်နေဆဲပင်။
” ကဲပါ သူ တရားထိုင်နေတုန်း ကျုပ်တို့ပဲ စားနှင့်ကြမယ်လေ ”
စားသောက်ပြီးချိန်ထိ အဂ္ဂ တရားမဖြုတ်သေးရာ တေဇလည်း
” ကျုပ်တို့ပဲလူနာအိမ်သွားကြတာပေါ့ ကိုဩရေ အဂ္ဂကိုချန်ထားခဲ့လိုက်တော့မယ် သူ မနေ့က အမှားကို သေချာသုံးသပ်နေတုန်း ”
” ဟုတ်ပါပြီ ဒါဆိုလည်း ကျုပ်တို့ပဲ သွားကြတာပေါ့ အခု သွားကြတော့မလား ”
” အင်း သွားမယ်လေ ”
ဒီလိုနဲ့လူနာအိမ်ရှေ့သို့ရောက်ခဲ့ကြလေသည်။ တေဇက
” သုနန္ဒတေဇ အဲ့အိမ်ထဲက ဘီလူးကို ဖမ်းချုပ်ထားစမ်း ”
အဲ့လို ပြောလိုက်ရာ သုနန္ဒတေဇလည်း ဘီလူးကြီးအား ရွှေရောင်ပိုက်ကွန်ဖြင့်အုပ်ကာ ဖမ်းချုပ်ထားလိုက်လေသည်။ တေဇက
” အိမ်ပတ်ပတ်လည်ကို နတ်ဆိုးတွေ ဝိုင်းထားကြ အပြင်ကို မထွက်စေနဲ့ ”
အဲ့လိုပြောပြီး အိမ်ထဲကို ဝင်ခဲ့ကြလေသည်။ ကိုဩက အိမ်ထဲအရင်ဝင်နှင့်ပြီး
” ကဲ ကျုပ်တို့တော့ ခင်ဗျားသမီးကိုဆေးကုဖို့ ဆရာရှာလာတယ် ကျန်တာကတော့ ခင်ဗျားတို့အပိုင်းပဲ လာပါဗျ ဆရာတေဇ ဒီမှာထိုင် မခင်လွှမ်းရောထိုင်ပါဗျ ”
အိမ်ရှင် လင်မယားနှစ်ယောက်လည်း ရေနွေးကြမ်းနှင့်လက်ဖက်များယူလာပြီး ဧည့်ခံကြလေသည်။ တေဇက
” ကျုပ်တို့အနေနဲ့ ခင်ဗျားတို့ သမီးကို ဘက်စုံကနေ ဆေးကုပေးမှာပါ ပယောဂ မဟုတ်ရင်တောင်မှ သာမန်ဆေးနဲ့ပျောက်အောင်ကုပေးမှာပါ ဒါကြောင့် လိုအပ်တာလေး မေးလို့ရမလား ”
” ရပါတယ် မေးပါ ငါ့တူ ဘာသိချင်တာလဲ ”
” ဒီလိုပါ ခင်ဗျားတို့ သမီး အခုလို မဖြစ်ခင် တခြားသူတွေနဲ့ ရန်ဖြစ်စကားများတာတွေရှိလား ”
” မရှိပါဘူး သမီးလေးက အိမ်အပြင်တောင် ကိစ္စရှိမှထွက်တာပါ ရန်ဖြစ် စကားများတာတွေ မကြားဖူးပါဘူး ”
” ဒါဆိုရင် ဦးလေးတို့အနေနဲ့ဦးလေး သမီးကို ကျုပ်ကိုအပ်မလား ”
” အပ်ပါတယ်ငါ့တူ အပ်ပါတယ် ”
” ဒါဆိုလည်း ဦးသမီး အခြေနေလေးကြည့်ပါရစေ ဦးလေးသမီးကို ခေါ်လာပေးပါ ”
အိမ်ရှင်လင်မယား နှစ်ယောက်လည်း အခန်းထဲဝင်ပြီး မိန်းခလေးတစ်ဦးအား တွဲခေါ်လာလေသည်။
” သမီး ဦးမေးမယ်နော် အခု သမီး ဘယ်လိုခံစားနေရလဲ ဘယ်လိုကနေစပြီး ဖြစ်တာလဲ ”
” သမီး ဗိုက်ထဲက အောင့်တယ် ပူလည်းပူတယ် စဖြစ်တုန်းက အစာစားချင်စိတ်မရှိတာကနေ အားတွေမရှိပဲ ဖြစ်လာတာ နောက်တော့ ဘာစားစား ပြန်အန်လာတယ် ပါးစပ်ထဲ အစာရောက်တာနဲ့ပျို့တက်လာတယ် ”
” ဒါတွေ မဖြစ်ခင်ရော တစ်ယောက်ယောက်နဲ့ စကားများ ရန်ဖြစ်ထားတာရှိလား ”
” မှတ်မှတ်ရရတော့မရှိပါဘူး သမီးလည်း သေချာ မမှတ်မိပါဘူး ”
” ကဲပါ သက်သာသလိုနေပါ စိတ်ကိုလျှော့ထားနော် ဘာမှအရုဏ်ထဲမထားနဲ့ ”
တေဇလည်း ထိုကောင်မလေး၏ခေါင်းပေါ်သို့ လက်တင်ပြီး
” ငါ့ အထက်ဆရာများရဲ့အမိန့် ငါ့အမိန့် ဟောဒီကောင်မလေးကို ပြုစားထားတဲ့သူ ရောက်စေ လွန်ဆန်နိုင်ခြင်းမရှိစေရ လွန်ဆန်ရင် စက်ကြိုးတောက်လျှောက် မီးဟုန်းဟုန်းတောက်စေ အခုချက်ခြင်းရောက်စမ်း ”
အဲ့လိုပြောပြီး ကြမ်းပြင်ကို ခပ်ကြမ်းကြမ်းပုတ်ချလိုက်လေရာ
” ဟားဟားဟားဟား ငါ့ကိုများ အမိန့်အဏာနဲ့ခေါ်ရဲသေးတယ် မဖြစ်စလောက်လေးနဲ့ ”
ဟားဟားဟားဟား
ပြုစားထားသူ ဝင်ပူးလာပြီး တေဇအား ပမာမခန့် လုပ်နေလေရာ တေဇက
” တိတ်စမ်း……. သုနန္ဒတေဇ ပါးစပ်ကို ဆွဲပြီးပိတ်ထားစမ်း အသံမထွက်စေနဲ့ ”
” ဟားဟားဟား မင်းကများ ငါ့ကိုချုပ်ချင်နေသေးတယ် မင်းရဲ့ဘီလူးလောက်ကတော့ ကဲကွာ ”
အဲ့လိုပြောပြီး လက်ပြန်ရိုက်ချလိုက်ရာ သုနန္ဒတေဇအနောက်သို့လွင့်သွားလေသည်။ သုနန္ဒတေဇလည်း ပြန်ရောက်လာပြီး ဒေါသတကြီးဖြင့် ဝင်ပူးနေသူအား တင်းပုတ်ဖြင့်ရွယ်ကာ
” တယ် ရာရာစစ ငါလိုနတ်ဘီလူးကိုများ ထိပါးရဲတယ်ပေါ့ ဦးခေါင်းရှစ်စပ်ကွဲစမ်း ကဲဟယ် ကဲဟယ် ကဲဟယ် ”
” အား သေပါပြီ အား ငါ့ခါးရိုးကျိုးပြီ အမလေးးးးးး ကယ်ကြပါဦး ”
” သုနန္ဒတေဇ မသေရုံတမယ် ထုကွာ နတ်ဆိုးတွေ ဝမ်းခေါင်းထဲဝင်ပြီး မွှေနောက်ကြစမ်း ဓားတွေနဲ့မွှန်းစမ်း အူတွေ အစိပ်စိပ်အမွှာမွှာ ခုတ်ဖြတ်ကြ ”
” အားးးးးးး ငါအလျှော့ပေးပါပြီ ငါ့ကို ထပ်မနှိပ်စက်ပါနဲ့တော့ ငါမခံနိုင်တော့ဘူး ”
” ကောင်းပြီ ခဏရပ်လိုက် ငါမေးမယ် မင်းဘယ်သူလဲ ”
” ငါ့နာမည် ဘသာ အောက်လမ်းဘသာတဲ့ဟေ့ ”
” လေသံကိုပြင်စမ်း မင်း စောစောကလို ထပ်မနာချင်ရင် ကောင်းကောင်းမွန်မွန်နဲ့ဖြေ ကြားလား ”
” ကြားတယ် ဒါ ငါ့ပုံစံပဲမို့ ဒီထက် ပိုမပြင်နိုင်ဘူး မင်း ဘာထပ်မေးချင်သေးတာလဲ ”
” ပြီးရောလေ မင်း ဘာလို့ ဒီကလေးမလေးကို ပြုစားထားတာလဲ သူ့မိသားစုသိအောင်ဖြေစမ်း ”
ဘသာလည်း ဉာဏ်နီဉာဏ်နက်များထုတ်ကာ တေဇအား အကောက်ကြံလေတော့သည်။
” ဟာ ဆရာကလည်း ဆရာခိုင်းထားတာလေ ဆရာပိုသိမှာပေါ့ ဆရာပဲပြောပြလိုက်ပါ တပည့်က ဘယ်သိမှာလဲ ”
တေဇလည်း ဒေါသ အထွတ်အထိပ်ရောက်ကာ ဘသာအား
” ဖြန်း…. မင်းဘာစကားပြောတာလဲ ဟမ် ပြန်ပြောစမ်း ”
” ဆရာကလည်း ဆရာပဲ ဒီကောင်မလေးကို လိုချင်လို့ ပြုစားပေးပါဆို အခု ဆရာ့သဘောဖြစ်နေပြီလေ ဟဲဟဲဟဲ ”
” ခွေးမသား ကဲကွာကဲကွာကဲကွာ ”
တေဇလည်း ဘသာအားလက်သီးဖြင့်ဆင့်ကာဆင့်ထိုးချပစ်လိုက်လေသည်။ သုနန္ဒတေဇကလည်း ဒေါသထွက်ကာ ဘသာအား လည်လိမ်ချိုးသတ်ပြစ်လိုက်လေသည်။ အိမ်ရှင်လင်မယားနှစ်ယောက်လည်း
” ငါ့တူ ဖြစ်ပါ့မလား သမီးလေး ဘာဖြစ်သွားတာလဲ လုပ်စမ်းပါဦး ”
” ရပါတယ် ဦးလေး ကျုပ်ရဲ့နတ်ဘီလူးက လည်လိမ်လိုက်လို့ပါ သိပ်လည်းစိတ်မပူပါနဲ့ သူသေသွားပေမဲ့ သူ့ဝိဉာဉ် ရှိနေပါသေးတယ် အခုသူ့ဝိဉာဉ်ကို ခေါ်လိုက်ပါ့မယ် ”
” ကဲ ဒီကောင်မလေးကို ပြုစားပြီးသေသွားတဲ့ ဘသာရဲ့ဝိဉာဉ် အခုချက်ချင်းရောက်စေ ရောက်ရာနေရာကနေ အခုချက်ချင်းရောက်စေ ငါ့အမိန့် ”
တေဇလည်း အဲ့လို အမိန့်ပြန်လိုက်ရာ ဘသာလည်း ပြန်ပြီးဝင်ပူးလာပြန်သည်။ သို့ပေမဲ့ စောစောကလို အာမခံရဲတော့ပေ။
” ကဲ ဘသာ မင်းနှစ်ခါပြန်မသေချင်ရင် ငါမေးတာ ကောင်းကောင်းဖြေတော့ နတ်ဆိုးတွေ မီးနဲ့ဝိုင်းထားစမ်း ပြောစမ်း ကောင်မလေးကို ဘာလို့ပြုစားထားတာလဲလို့ ”
” ငါသူ့ကို လိုချင်လို့ သူက အရမ်းလှတယ်လေ အဲ့တော့ ငါလည်းလိုချင်တာပေါ့ မင်းလည်းလိုချင်နေတာပဲမလား ”
” နတ်ဆိုးတွေ မီးနဲ့မြိုက်ကြစမ်း မင်းများ မတန်မရာ သူ့ကိုလိုချင်နေသေးတယ် မင်းက ဘာမို့လဲ ”
” ငါကဘာကောင်မှ မဟုတ်ဘူး သူ့ကိုလိုချင်တဲ့သူပဲ ”
” တော်စမ်း မင်း သူ့ကို ဘာလုပ်ထားတာလဲ ညာရင် နှိပ်စက်ကြစမ်း ”
” ငါသူ့ကို အပင်းထည့်ထားတာ ငါမရရင် တခြားဘယ်ကောင်မှ မရစေရဘူး ”
” အပင်းက ဘာနဲ့ထည့်ထားတာလဲ ဘယ်လိုထည့်လိုက်တာလဲ ”
” လွယ်လွယ်လေးပါကွာ သူက ကွမ်းတောင်ကိုင်လေ အဲ့တော့ အလှူမှာ သူစားမဲ့ထမင်းပန်းကန်ထဲကို ပညာစက်ထည့်လိုက်တာ ”
” ဒါတင် မကလောက်သေးဘူး မင်း တခြား ဘာတွေကြံထားသေးလဲ ”
” အဟက် အစက သူ့ကို ငါက ဆေးကုပေးမယ် ပြီးရင် သူက ငါ့ကို စိတ်ညွှတ်လာမယ် ငါ့ကိုပဲ တမ်းတမ်းစွဲဖြစ်လာမယ် အဲ့လိုလုပ်ထားတာ ဘယ်ဆရာမှကုမရအောင် မိုးညိုကိုလည်း ထောက်လမ်းခိုင်းထားတာ ဒီအိမ်ထဲမှာလည်း ဘီလူး အစောင့်ထည့်ထားတာ ဒါတောင် သူ့သိုက်က ကာနေလို့ ကြံသလိုမဖြစ်တာ ”
” အခုတော့ မင်းအသက်ပါ ပေးလိုက်ရပြီမဟုတ်လား ကိုယ့်သမီး အရွယ်တောင်မှ မရှောင်တာ မင်းက အခု မင်းလုပ်ထားတာတွေပြန်ယူသွား ”
” ဟားဟားဟား မယူဘူးကွ မင်းအစွမ်းအစရှိရင် ကိုယ့်ဘာသာကုလေ ငါကတော့ နှစ်ခါပြန်မဟုတ်ဘူး ဆယ်ခါပြန်သေလည်း ပြန်မယူဘူး ရှင်းလား ”
” ဒါဆိုလည်း စကားတွေ အများကြီး မပြောတော့ဘူး အဘဆရာဘိုးလူရဲ့အမိန့် ငရဲပြည်မှ ငရဲသားများ ဒီကောင့်ရဲ့ဝိဉာဉ်ကို ငရဲကိုခေါ်သွားတော့ ကဲ ဘသာရေ သွားပေတော့ ငရဲကို ”
တေဇလည်း ရေတစ်ခွက်ခပ်ခိုင်းပြီး ခြသံနှင့်လဒရိုးသွေးပြီးဖော်စပ်ထားသော ဆေးကိုထည့်ပြီး မန္တာန်တစ်ပုဒ်ရွတ်ကာ ကောင်မလေးအားတိုက်လိုက်လေသည်။ တခဏအကြာတွင် ကောင်မလေး ပျို့တက်လာပြီး မဲညစ်ညစ်အရည်များအန်ချပြီးနောက် လန်းဆန်းပေါ့ပါးလာလေသည်။ တေဇလည်း တစ်ပတ်အတွင်း အရင်အတိုင်း ပြန်ဖြစ်စေရမည်ဟု အာမခံကာ ကိုဩ အိမ်သို့ပြန်လာခဲ့လေသည်။ အိမ်ပြန်အရောက်တွင် ဘုရားခန်းတွင်းရှိ စားပွဲပေါ်၌ စာရွက်တစ်ရွက်အားတွေ့၍ ဖတ်ကြည့်ရာ
ဖြစ်သွားတဲ့ အမှားအတွက် နောင်တရမဆုံးဖြစ်နေလို့ အခြားနေရာမှာ အမှားကိုသုံးသပ်ပြင်ဆင်ဖို့ ထွက်သွားခဲ့ပါပြီ သံသရာတစ်ကွေ့မှာ အစ်ကိုနဲ့အမအပြင် ယမင်းနဲ့ပါ ပြန်တွေ့ဆုံချင်ပါသေးတယ်။
အဂ္ဂ
တေဇလည်း စာဖတ်ပြီးနောက် တိတ်ဆိတ်သွားလေတော့သည်။ နောက်အပိုင်းမှာရော တေဇနှင့်ခင်လွှမ်း ဘယ်လို ပညာပြသွားကြမလဲ စောင့်ကြည့်ပေးကြပါဦး ။ မရေးတာကွာပွီမို့ အကြုံပြုချက်လေးများ တောင်းခံပါတယ်ဗျ။ အရေးအသားအမှားအယွင်းလိုအပ်ချက်မှားရှိခဲ့ပါက ခွင့်လွှတ်ပေးကြပါရန်
စာရေးသူ – လင်းတေဇ

Zawgyi Version

ႏွစ္ခါေသဘသာ(စ/ဆံုး)
—————————–
” ဗ်ိဳ႕ အိမ္ရွင္တို႔ ဒီအိမ္က ဆရာေတဇရွိလားဗ်ိဳ႕ ဗ်ဳ႕ိအိမ္ရွင္တို႔ေရ ”
အိမ္ဝိုင္းအေရွ႕မွ ေခၚသံေၾကာင့္ ခင္လႊမ္းလည္း အိမ္ေပၚမွ ဆင္းၿပီး
” ဘာကိစၥလဲ ဘယ္သူနဲ႔ေတြ႕ခ်င္လို႔လဲ ”
” ဪ ဆရာေတဇနဲ႔ေတြ႕ခ်င္လို႔ပါ ဆရာလာပင့္တာပါ ”
” ေဟ့ေကာင္ ဆရာအဂၢေရာပါတယ္ကြ ”
” ေအး ေအး ဟုတ္တယ္ ဟုတ္တယ္ ဆရာေတဇနဲ႔ဆရာေလးအဂၢကို လာပင့္တာပါ ”
ခင္လႊမ္းလည္း ထိုလူသုံးေယာက္ကို အကဲခတ္ၾကည့္ၿပီးေနာက္
” အိမ္ထဲ အရင္ဝင္ပါဦး အစ္ကိုနဲ႔အဂၢကို ေခၚေပးမယ္ ”
အဲ့လိုေျပာၿပီး အိမ္ဝိုင္းထဲသို႔ ေခၚလိုက္ေလရာ ထိုလူသုံးေယာက္လည္း အိမ္ဝိုင္းထဲသို႔ဝင္ခဲ့ၾကေလသည္။ ခင္လႊမ္းလည္း အိမ္ေပၚသို႔ တက္သြားၿပီး ေတဇအား
” အစ္ကို ..အစ္ကိုနဲ႔အဂၢကို ေတြ႕ခ်င္လို႔တဲ့ ဆရာလာပင့္တာတဲ့ အိမ္ေအာက္မွာ ေရာက္ေနၿပီ သြားေတြ႕လိုက္ဦး ခင္လႊမ္း ေရေႏြးၾကမ္း ယူခဲ့မယ္ ”
အဲ့လို႔ေျပာၿပီးေနာက္ မီးဖိုေခ်ာင္ဘက္သို႔ဝင္သြားေလသည္။ ေတဇလည္း အိမ္ေအာက္သို႔ ဆင္းလာခဲ့ၿပီး
” ကဲ က်ဳပ္ကေတဇပါ လာရင္းကိစၥကိုေျပာပါဦး ဒါနဲ႔ဒီက အစ္ကိုက ”
ေတဇလည္း အဲ့လိုေျပာလိုက္ရာ ထိုလူသုံးေယာက္ထဲမွ အသက္ႀကီးတဲ့သူက
” ဪ က်ဳပ္နာမည္က ကိုဩပါ သူတို႔ႏွစ္ေယာက္က သာဂနဲ႔ေမာင္နီပါ က်ဳပ္တို႔က ဒီကေန ေတာ္ေတာ္ေဝးတဲ့ သေျပကုန္း႐ြာကပါ ”
” ဟုတ္ပါၿပီ ဒါနဲ႔ကိုဩ အခုလာရင္း ကိစၥေလးေျပာပါဦး ”
” ဒီလိုပါ က်ဳပ္တို႔႐ြာမွာ ကြမ္းေတာင္ကိုင္ ေကာင္မေလးတစ္ေယာက္ဗ်ာ အိပ္ယာထဲမွာလဲေနတာၾကာၿပီဗ် ဘယ္ေဆးဆရာမွ ကုမႏိုင္ေတာ့ပါဘူးဗ်ာ ”
” ဒါဆို တျခား ပေယာဂဆရာေတြနဲ႔ေရာ မကုဘူးလား ”
” ကုတယ္ဗ် ဘယ္ဆရာမွ အေျဖရွာမရတာနဲ႔ လက္ေလွ်ာ့သြားၾကရတာ အခု ဆရာ တို႔သတင္းကို ၾကားလို႔ လာပင့္တာပါ ”
ေတဇလည္း ေခတၱ စဥ္းစားၿပီးေနာက္
” ဒါဆို က်ဳပ္တို႔ လိုက္ခဲ့ေပးမယ္ေလ ဒါေပမဲ့ က်ဳပ္တို႔က သုံးေယာက္လာမွာေနာ္ အဆင္ေျပရဲ႕လား ”
” ေျပပါတယ္ ဆရာတို႔သာ လိုက္ခဲ့ဖို႔ပါပဲ ဘယ္ႏွစ္ေယာက္လိုက္ခဲ့ လိုက္ခဲ့ပါ ”
” ဒါဆို ခင္ဗ်ားတို႔ ေဟာ ဟိုအေရွ႕က အိမ္မွာနားၾကပါဦး မနက္မွ ခင္ဗ်ားတို႔႐ြာကို သြားၾကတာေပါ့ ”
” ဟုတ္ကဲ့ပါဗ် ဒါနဲ႔ စားဖို႔ေသာက္ဖို႔အတြက္ ဘာမွမစီစဥ္ေပးပါနဲ႔ က်ဳပ္တို႔မွာ အလုံအေလာက္ပါပါတယ္ဗ် ”
” မဟုတ္တာဗ်ာ က်ဳပ္တို႔ဆီေရာက္မွေတာ့ဧည့္ဝတ္ေက်ရမွာေပါ့ဗ်ာ ”
ေတဇတို႔လည္း ကိုဩတို႔အား ေနရာထိုင္ခင္းစီစဥ္ေပးၿပီးေနာက္ လိုအပ္သည္မ်ားျပင္ဆင္ေနေလသည္။ ညေနမိုးခ်ဳပ္ေရာက္ေတာ့ ယမင္းေရာက္လာၿပီး
” မမခင္လႊမ္း ယမင္းကိုေခၚတယ္ဆို ဘာလို႔လဲ ”
” ဒီလို ယမင္းရဲ႕ မမတို႔ တျခား႐ြာကို ေဆးကုသြားရမွာ အဲ့ဒါ အိမ္ကို ၾကည့္ထားေပးဦးေနာ္ မမိုးခဆီေသာ့ သြားမေပးေနေတာ့ဘူး ”
” ဟုတ္ မမခင္လႊမ္း ဒါနဲ႔ ဟိုတစ္ေယာက္ေရာ ”
” ေစာေစာက အိမ္အေရွ႕မွာပါ သြားေတြ႕ရင္ ေတြ႕လိုက္ဦး ခ္ခ္ခ္ ”
ယမင္းလည္း အဂၢအနားသို႔သြားၿပီး အဂၢႏွင့္စကားစျမည္ေျပာၿပီး အိမ္သို႔ျပန္သြားေလသည္။ ေနာက္တေန႔ နံနက္တြင္ အဂၢကို ကိုဩႏွင့္အတူ ထည့္ေပးလိုက္ၿပီး ေတဇႏွင့္ခင္လႊမ္းက ေနာက္မွေအးေဆးလိုက္ခဲ့မည္ဟု မွာလိုက္ေလသည္။ ဒီလိုနဲ႔ ညေနမေရာက္ခင္မွာ အဂၢတို႔ သေျပကုန္း႐ြာသို႔ေရာက္ခဲ့ၾကေလသည္။
” လာဗ်ာ က်ဳပ္ အဲ့ေကာင္မေလးအိမ္ကို တခါတည္းလိုက္ပို႔ေပးမယ္ ”
ဒီလိုနဲ႔႐ြာလမ္းအတိုင္း ေလွ်ာက္လာခဲ့ရင္း အဂၢ ကိုယ့္မ်က္စိကို မယုံႏိုင္ေအာင္ ျဖစ္သြားေလသည္။ ႐ြာလမ္းမတြင္ ႏွစ္ခ်ိဳ႕ သဘက္ႀကီး တစ္ေကာင္မွ လမ္းပိတ္ၿပီးထိုင္ေနရာ လမ္းအျပည့္ျဖစ္ေနေလသည္။
” ခဏေလာက္ေနၾကပါဦး က်ဳပ္လုပ္စရာရွိေသးလို႔ ဒီမွာပဲ ေနခဲ့ၾကပါ ”
အဂၢလည္း အခ်ဳပ္အင္းကို ကိုင္ထားကာ အေရွ႕သို႔ တိုးသြားေလသည္။
” သင္ ဘယ္သူလဲ ဘာေၾကာင့္လမ္းပိတ္ေနတာလဲ ”
” အူးဝူးးဝါးးးးအီးဝူးးးး ”
” လူေလး ႏႈတ္ဖြင့္ေပးၿပီး ႏႈတ္ဖြင့္ေစလို႔ အမိန႔္ျပန္လိုက္ ”
နားထဲ၌ ဘိုးလူ၏ အသံၾကားလိုက္ရသျဖင့္ အဂၢလည္း
” ႏႈတ္ပိတ္ထားတာ မွန္သမွ် အကုန္ျပတ္ေစ ငါဆရာအမိန႔္ ႏႈတ္ဖြင့္ေစ ကဲ သင္ဘယ္သူလဲ ”
” က်ဳပ္က မိုးညိဳပါ ဆရာလာမဲ့လမ္းကို လာၿပီးပိတ္ပင္ခိုင္းထားလို႔ပါ ”
” ဘယ္သူက ပိတ္ပင္ခိုင္းတာလဲ သင္က သူနဲ႔ဘယ္လိုပက္သက္ေနလဲ ”
” ဆရာအခုသြားၿပီး ကုသေပးမဲ့ ကေလးမကိုျပဳစားထားတဲ့သူကပါ က်ဳပ္က သူ႔အခိုင္းအေစပါ ”
” ေကာင္းၿပီးေလ အခု သင့္ကိုခ်ဳပ္ထားသမွ်ကို အကုန္က်ဳပ္ေျဖေပးလိုက္မယ္ ”
” ေကာင္းပါၿပီဆရာ ေက်းဇူးတင္ပါတယ္ဆရာ ”
အဂၢလည္း သဘက္ႀကီးအားခ်ဳပ္ထားသမွ် အကုန္ဖ်က္ဆီးေပးၿပီးေနာက္ ႐ြာေစာင့္နတ္ထံ ေခတၱအပ္ႏွံထားလိုက္သည္။
” ကဲ လူနာအိမ္ သြားၾကရေအာင္ဗ်ာ ”
အဲ့ဒီလို အဂၢမွေျပာလိုက္ရာ ကိုဩတို႔လည္း ေရွ႕ဆက္ေလွ်ာက္လာၾကၿပီး လူနာအိမ္သို႔သြားေလေတာ့သည္။
” ဆရာေလး အဂၢ ေစာေစာက ဘာျဖစ္လို႔လဲဗ် တစ္ခုခုထူးလို႔လား ”
” ထူးတယ္ဗ် ဒါေတြေနာက္မွ ေျပာျပမယ္ဗ် အေႏွာင့္ယွက္တစ္ခုလို႔ပဲ သေဘာထားလိုက္ပါ ”
” ဟုတ္ပါၿပီဗ် ေဟာ ဟိုးအိမ္ပဲ အဲ့အိမ္ကိုသြားမွာေလအခု ”
အဂၢလည္း အ႐ုံစူးစိုက္၍ၾကည့္လိုက္ရာ အိမ္ဝန္းထဲ၌ မေကာင္းသည့္ အေငြ႕သက္မ်ား ပညာစက္မ်ားျမင္ေတြ႕ေနရေလသည္။ အဂၢႏွင့္ကိုဩ အိမ္ဝန္းထဲဝင္ဖို႔ ေျခေထာက္အခ်
” ဝုန်းးးးးးး အ…… ”
အသံႏွင့္အတူ အဂၢတို႔လည္း အေနာက္လြင့္သြားၾကသည္။ အဂၢလည္း ျပန္ထၿပီး အ႐ုံစိုက္ၿပီး စူးစိုက္ၾကည့္လိုက္ရာ ဘီလူးႀကီး တစ္ေကာင္မွအေပါက္ဝတြင္ပိတ္ရပ္ကာ တင္းပုတ္ႀကီးကိုင္ထားေလသည္။
” ကိုဩတို႔ ရရဲ႕လားဟင္ ဘာျဖစ္သြားၾကေသးလဲ အဆင္ေျပရဲ႕လား ”
” အားး ရတယ္ဆရာ ဗိုက္ထဲမွာ ေအာင့္ေနတယ္ တစ္ကိုယ္လုံးနာေနတာပဲ ”
” ဒါဆိုလည္း အိမ္ထဲမဝင္ေတာ့ဘူး အခုက အေျခေနၾကည့္႐ုံပဲ လာ ကိုဩအိမ္ကိုျပန္ၾကမယ္ ”
အဂၢလည္း အေတြ႕ႀကဳံမရွိေသာေၾကာင့္ ဘာမွမလုပ္တတ္သျဖင့္ ေနာက္ဆုတ္လိုက္ရသည္။ ကိုဩအိမ္ေရာက္ခါနီးတြင္ ေတဇႏွင့္ခင္လႊမ္းအား ေတြ႕လိုက္ရေလသည္။
” ဘယ္လိုျဖစ္ရတာလဲ အဂၢ အိမ္ထဲမဝင္ခင္ ဘာမွ မလုပ္မွေတာ့ ဟိုကဗ်င္းၿပီေပါ့ ”
” ဟုတ္တယ္ ကြၽန္ေတာ္ ေမ့သြားတာ အခုေတာ့…. ”
” ကဲပါ ဒါေတြထားလိုက္ေတာ့ အခု ငါေရာက္လာၿပီပဲ ကိုဩတို႔လည္း ဒဏ္ရာ ရထားၾကတယ္မလား ဒီညေတာ့ ကိုဩတို႔ကို ေဆးအရင္ကုေပးၾကတာေပါ့ မနက္ျဖန္မွပဲ အဲ့ေကာင္မေလးကိစၥကို ဆက္လုပ္ၾကမယ္ ”
” ဟုတ္အစ္ကို ”
ထို႔ေန႔ည တစ္ညလုံး အဂၢ ထမင္းမစားပဲ တရားထိုင္ေနေလသည္။ ေတဇလည္း ကိုဩတို႔အား နတ္ဂမုန္းေဆးတိုက္ၿပီး နားခိုင္းလိုက္ေတာ့သည္။
” အကို အဂၢ အဲ့လို တစ္ညလုံးေနမယ္ဆို မနက္က် အားမရွိပဲေနလိမ့္မယ္ တားပါဦး ”
” ထားလိုက္ပါ ခင္လႊမ္း အခုက သူ႔အမွားသူ ျပန္ၿပီးေပးဆပ္ေနတဲ့သေဘာပါ မဟုတ္ရင္ သူ႔ကို အဲ့စိတ္ႀကီးက ဖုံးလႊမ္းထားလိမ့္မယ္ ”
ေတဇေရာ ခင္လႊမ္းပါ ၿပိဳင္တူ သက္ျပင္းရွည္ခ်လိုက္မိေလေတာ့သည္။ ေနာက္တစ္ေန႔တြင္
” ကိုဩတို႔ သက္သာသြားၿပီလား ”
” ဟုတ္ကဲ့ သက္သာသြားပါၿပီ ဒါနဲ႔ မနက္စာ ျပင္ၿပီးသြားပါၿပီ စားၾကရေအာင္ေလ ဒါနဲ႔ ဆရာအဂၢေရာ ”
ေတဇလည္း ဘုရားေက်ာင္းေဆာင္ေရွ႕မွ အဂၢကို လွမ္းၾကည့္လိုက္ရာ တရားထိုင္ေနဆဲပင္။
” ကဲပါ သူ တရားထိုင္ေနတုန္း က်ဳပ္တို႔ပဲ စားႏွင့္ၾကမယ္ေလ ”
စားေသာက္ၿပီးခ်ိန္ထိ အဂၢ တရားမျဖဳတ္ေသးရာ ေတဇလည္း
” က်ဳပ္တို႔ပဲလူနာအိမ္သြားၾကတာေပါ့ ကိုဩေရ အဂၢကိုခ်န္ထားခဲ့လိုက္ေတာ့မယ္ သူ မေန႔က အမွားကို ေသခ်ာသုံးသပ္ေနတုန္း ”
” ဟုတ္ပါၿပီ ဒါဆိုလည္း က်ဳပ္တို႔ပဲ သြားၾကတာေပါ့ အခု သြားၾကေတာ့မလား ”
” အင္း သြားမယ္ေလ ”
ဒီလိုနဲ႔လူနာအိမ္ေရွ႕သို႔ေရာက္ခဲ့ၾကေလသည္။ ေတဇက
” သုနႏၵေတဇ အဲ့အိမ္ထဲက ဘီလူးကို ဖမ္းခ်ဳပ္ထားစမ္း ”
အဲ့လို ေျပာလိုက္ရာ သုနႏၵေတဇလည္း ဘီလူးႀကီးအား ေ႐ႊေရာင္ပိုက္ကြန္ျဖင့္အုပ္ကာ ဖမ္းခ်ဳပ္ထားလိုက္ေလသည္။ ေတဇက
” အိမ္ပတ္ပတ္လည္ကို နတ္ဆိုးေတြ ဝိုင္းထားၾက အျပင္ကို မထြက္ေစနဲ႔ ”
အဲ့လိုေျပာၿပီး အိမ္ထဲကို ဝင္ခဲ့ၾကေလသည္။ ကိုဩက အိမ္ထဲအရင္ဝင္ႏွင့္ၿပီး
” ကဲ က်ဳပ္တို႔ေတာ့ ခင္ဗ်ားသမီးကိုေဆးကုဖို႔ ဆရာရွာလာတယ္ က်န္တာကေတာ့ ခင္ဗ်ားတို႔အပိုင္းပဲ လာပါဗ် ဆရာေတဇ ဒီမွာထိုင္ မခင္လႊမ္းေရာထိုင္ပါဗ် ”
အိမ္ရွင္ လင္မယားႏွစ္ေယာက္လည္း ေရေႏြးၾကမ္းႏွင့္လက္ဖက္မ်ားယူလာၿပီး ဧည့္ခံၾကေလသည္။ ေတဇက
” က်ဳပ္တို႔အေနနဲ႔ ခင္ဗ်ားတို႔ သမီးကို ဘက္စုံကေန ေဆးကုေပးမွာပါ ပေယာဂ မဟုတ္ရင္ေတာင္မွ သာမန္ေဆးနဲ႔ေပ်ာက္ေအာင္ကုေပးမွာပါ ဒါေၾကာင့္ လိုအပ္တာေလး ေမးလို႔ရမလား ”
” ရပါတယ္ ေမးပါ ငါ့တူ ဘာသိခ်င္တာလဲ ”
” ဒီလိုပါ ခင္ဗ်ားတို႔ သမီး အခုလို မျဖစ္ခင္ တျခားသူေတြနဲ႔ ရန္ျဖစ္စကားမ်ားတာေတြရွိလား ”
” မရွိပါဘူး သမီးေလးက အိမ္အျပင္ေတာင္ ကိစၥရွိမွထြက္တာပါ ရန္ျဖစ္ စကားမ်ားတာေတြ မၾကားဖူးပါဘူး ”
” ဒါဆိုရင္ ဦးေလးတို႔အေနနဲ႔ဦးေလး သမီးကို က်ဳပ္ကိုအပ္မလား ”
” အပ္ပါတယ္ငါ့တူ အပ္ပါတယ္ ”
” ဒါဆိုလည္း ဦးသမီး အေျခေနေလးၾကည့္ပါရေစ ဦးေလးသမီးကို ေခၚလာေပးပါ ”
အိမ္ရွင္လင္မယား ႏွစ္ေယာက္လည္း အခန္းထဲဝင္ၿပီး မိန္းခေလးတစ္ဦးအား တြဲေခၚလာေလသည္။
” သမီး ဦးေမးမယ္ေနာ္ အခု သမီး ဘယ္လိုခံစားေနရလဲ ဘယ္လိုကေနစၿပီး ျဖစ္တာလဲ ”
” သမီး ဗိုက္ထဲက ေအာင့္တယ္ ပူလည္းပူတယ္ စျဖစ္တုန္းက အစာစားခ်င္စိတ္မရွိတာကေန အားေတြမရွိပဲ ျဖစ္လာတာ ေနာက္ေတာ့ ဘာစားစား ျပန္အန္လာတယ္ ပါးစပ္ထဲ အစာေရာက္တာနဲ႔ပ်ိဳ႕တက္လာတယ္ ”
” ဒါေတြ မျဖစ္ခင္ေရာ တစ္ေယာက္ေယာက္နဲ႔ စကားမ်ား ရန္ျဖစ္ထားတာရွိလား ”
” မွတ္မွတ္ရရေတာ့မရွိပါဘူး သမီးလည္း ေသခ်ာ မမွတ္မိပါဘူး ”
” ကဲပါ သက္သာသလိုေနပါ စိတ္ကိုေလွ်ာ့ထားေနာ္ ဘာမွအ႐ုဏ္ထဲမထားနဲ႔ ”
ေတဇလည္း ထိုေကာင္မေလး၏ေခါင္းေပၚသို႔ လက္တင္ၿပီး
” ငါ့ အထက္ဆရာမ်ားရဲ႕အမိန႔္ ငါ့အမိန႔္ ေဟာဒီေကာင္မေလးကို ျပဳစားထားတဲ့သူ ေရာက္ေစ လြန္ဆန္ႏိုင္ျခင္းမရွိေစရ လြန္ဆန္ရင္ စက္ႀကိဳးေတာက္ေလွ်ာက္ မီးဟုန္းဟုန္းေတာက္ေစ အခုခ်က္ျခင္းေရာက္စမ္း ”
အဲ့လိုေျပာၿပီး ၾကမ္းျပင္ကို ခပ္ၾကမ္းၾကမ္းပုတ္ခ်လိုက္ေလရာ
” ဟားဟားဟားဟား ငါ့ကိုမ်ား အမိန႔္အဏာနဲ႔ေခၚရဲေသးတယ္ မျဖစ္စေလာက္ေလးနဲ႔ ”
ဟားဟားဟားဟား
ျပဳစားထားသူ ဝင္ပူးလာၿပီး ေတဇအား ပမာမခန႔္ လုပ္ေနေလရာ ေတဇက
” တိတ္စမ္း……. သုနႏၵေတဇ ပါးစပ္ကို ဆြဲၿပီးပိတ္ထားစမ္း အသံမထြက္ေစနဲ႔ ”
” ဟားဟားဟား မင္းကမ်ား ငါ့ကိုခ်ဳပ္ခ်င္ေနေသးတယ္ မင္းရဲ႕ဘီလူးေလာက္ကေတာ့ ကဲကြာ ”
အဲ့လိုေျပာၿပီး လက္ျပန္႐ိုက္ခ်လိုက္ရာ သုနႏၵေတဇအေနာက္သို႔လြင့္သြားေလသည္။ သုနႏၵေတဇလည္း ျပန္ေရာက္လာၿပီး ေဒါသတႀကီးျဖင့္ ဝင္ပူးေနသူအား တင္းပုတ္ျဖင့္႐ြယ္ကာ
” တယ္ ရာရာစစ ငါလိုနတ္ဘီလူးကိုမ်ား ထိပါးရဲတယ္ေပါ့ ဦးေခါင္းရွစ္စပ္ကြဲစမ္း ကဲဟယ္ ကဲဟယ္ ကဲဟယ္ ”
” အား ေသပါၿပီ အား ငါ့ခါး႐ိုးက်ိဳးၿပီ အမေလးးးးးး ကယ္ၾကပါဦး ”
” သုနႏၵေတဇ မေသ႐ုံတမယ္ ထုကြာ နတ္ဆိုးေတြ ဝမ္းေခါင္းထဲဝင္ၿပီး ေမႊေနာက္ၾကစမ္း ဓားေတြနဲ႔မႊန္းစမ္း အူေတြ အစိပ္စိပ္အမႊာမႊာ ခုတ္ျဖတ္ၾက ”
” အားးးးးးး ငါအေလွ်ာ့ေပးပါၿပီ ငါ့ကို ထပ္မႏွိပ္စက္ပါနဲ႔ေတာ့ ငါမခံႏိုင္ေတာ့ဘူး ”
” ေကာင္းၿပီ ခဏရပ္လိုက္ ငါေမးမယ္ မင္းဘယ္သူလဲ ”
” ငါ့နာမည္ ဘသာ ေအာက္လမ္းဘသာတဲ့ေဟ့ ”
” ေလသံကိုျပင္စမ္း မင္း ေစာေစာကလို ထပ္မနာခ်င္ရင္ ေကာင္းေကာင္းမြန္မြန္နဲ႔ေျဖ ၾကားလား ”
” ၾကားတယ္ ဒါ ငါ့ပုံစံပဲမို႔ ဒီထက္ ပိုမျပင္ႏိုင္ဘူး မင္း ဘာထပ္ေမးခ်င္ေသးတာလဲ ”
” ၿပီးေရာေလ မင္း ဘာလို႔ ဒီကေလးမေလးကို ျပဳစားထားတာလဲ သူ႔မိသားစုသိေအာင္ေျဖစမ္း ”
ဘသာလည္း ဉာဏ္နီဉာဏ္နက္မ်ားထုတ္ကာ ေတဇအား အေကာက္ႀကံေလေတာ့သည္။
” ဟာ ဆရာကလည္း ဆရာခိုင္းထားတာေလ ဆရာပိုသိမွာေပါ့ ဆရာပဲေျပာျပလိုက္ပါ တပည့္က ဘယ္သိမွာလဲ ”
ေတဇလည္း ေဒါသ အထြတ္အထိပ္ေရာက္ကာ ဘသာအား
” ျဖန္း…. မင္းဘာစကားေျပာတာလဲ ဟမ္ ျပန္ေျပာစမ္း ”
” ဆရာကလည္း ဆရာပဲ ဒီေကာင္မေလးကို လိုခ်င္လို႔ ျပဳစားေပးပါဆို အခု ဆရာ့သေဘာျဖစ္ေနၿပီေလ ဟဲဟဲဟဲ ”
” ေခြးမသား ကဲကြာကဲကြာကဲကြာ ”
ေတဇလည္း ဘသာအားလက္သီးျဖင့္ဆင့္ကာဆင့္ထိုးခ်ပစ္လိုက္ေလသည္။ သုနႏၵေတဇကလည္း ေဒါသထြက္ကာ ဘသာအား လည္လိမ္ခ်ိဳးသတ္ျပစ္လိုက္ေလသည္။ အိမ္ရွင္လင္မယားႏွစ္ေယာက္လည္း
” ငါ့တူ ျဖစ္ပါ့မလား သမီးေလး ဘာျဖစ္သြားတာလဲ လုပ္စမ္းပါဦး ”
” ရပါတယ္ ဦးေလး က်ဳပ္ရဲ႕နတ္ဘီလူးက လည္လိမ္လိုက္လို႔ပါ သိပ္လည္းစိတ္မပူပါနဲ႔ သူေသသြားေပမဲ့ သူ႔ဝိဉာဥ္ ရွိေနပါေသးတယ္ အခုသူ႔ဝိဉာဥ္ကို ေခၚလိုက္ပါ့မယ္ ”
” ကဲ ဒီေကာင္မေလးကို ျပဳစားၿပီးေသသြားတဲ့ ဘသာရဲ႕ဝိဉာဥ္ အခုခ်က္ခ်င္းေရာက္ေစ ေရာက္ရာေနရာကေန အခုခ်က္ခ်င္းေရာက္ေစ ငါ့အမိန႔္ ”
ေတဇလည္း အဲ့လို အမိန႔္ျပန္လိုက္ရာ ဘသာလည္း ျပန္ၿပီးဝင္ပူးလာျပန္သည္။ သို႔ေပမဲ့ ေစာေစာကလို အာမခံရဲေတာ့ေပ။
” ကဲ ဘသာ မင္းႏွစ္ခါျပန္မေသခ်င္ရင္ ငါေမးတာ ေကာင္းေကာင္းေျဖေတာ့ နတ္ဆိုးေတြ မီးနဲ႔ဝိုင္းထားစမ္း ေျပာစမ္း ေကာင္မေလးကို ဘာလို႔ျပဳစားထားတာလဲလို႔ ”
” ငါသူ႔ကို လိုခ်င္လို႔ သူက အရမ္းလွတယ္ေလ အဲ့ေတာ့ ငါလည္းလိုခ်င္တာေပါ့ မင္းလည္းလိုခ်င္ေနတာပဲမလား ”
” နတ္ဆိုးေတြ မီးနဲ႔ၿမိဳက္ၾကစမ္း မင္းမ်ား မတန္မရာ သူ႔ကိုလိုခ်င္ေနေသးတယ္ မင္းက ဘာမို႔လဲ ”
” ငါကဘာေကာင္မွ မဟုတ္ဘူး သူ႔ကိုလိုခ်င္တဲ့သူပဲ ”
” ေတာ္စမ္း မင္း သူ႔ကို ဘာလုပ္ထားတာလဲ ညာရင္ ႏွိပ္စက္ၾကစမ္း ”
” ငါသူ႔ကို အပင္းထည့္ထားတာ ငါမရရင္ တျခားဘယ္ေကာင္မွ မရေစရဘူး ”
” အပင္းက ဘာနဲ႔ထည့္ထားတာလဲ ဘယ္လိုထည့္လိုက္တာလဲ ”
” လြယ္လြယ္ေလးပါကြာ သူက ကြမ္းေတာင္ကိုင္ေလ အဲ့ေတာ့ အလႉမွာ သူစားမဲ့ထမင္းပန္းကန္ထဲကို ပညာစက္ထည့္လိုက္တာ ”
” ဒါတင္ မကေလာက္ေသးဘူး မင္း တျခား ဘာေတြႀကံထားေသးလဲ ”
” အဟက္ အစက သူ႔ကို ငါက ေဆးကုေပးမယ္ ၿပီးရင္ သူက ငါ့ကို စိတ္ၫႊတ္လာမယ္ ငါ့ကိုပဲ တမ္းတမ္းစြဲျဖစ္လာမယ္ အဲ့လိုလုပ္ထားတာ ဘယ္ဆရာမွကုမရေအာင္ မိုးညိဳကိုလည္း ေထာက္လမ္းခိုင္းထားတာ ဒီအိမ္ထဲမွာလည္း ဘီလူး အေစာင့္ထည့္ထားတာ ဒါေတာင္ သူ႔သိုက္က ကာေနလို႔ ႀကံသလိုမျဖစ္တာ ”
” အခုေတာ့ မင္းအသက္ပါ ေပးလိုက္ရၿပီမဟုတ္လား ကိုယ့္သမီး အ႐ြယ္ေတာင္မွ မေရွာင္တာ မင္းက အခု မင္းလုပ္ထားတာေတြျပန္ယူသြား ”
” ဟားဟားဟား မယူဘူးကြ မင္းအစြမ္းအစရွိရင္ ကိုယ့္ဘာသာကုေလ ငါကေတာ့ ႏွစ္ခါျပန္မဟုတ္ဘူး ဆယ္ခါျပန္ေသလည္း ျပန္မယူဘူး ရွင္းလား ”
” ဒါဆိုလည္း စကားေတြ အမ်ားႀကီး မေျပာေတာ့ဘူး အဘဆရာဘိုးလူရဲ႕အမိန႔္ ငရဲျပည္မွ ငရဲသားမ်ား ဒီေကာင့္ရဲ႕ဝိဉာဥ္ကို ငရဲကိုေခၚသြားေတာ့ ကဲ ဘသာေရ သြားေပေတာ့ ငရဲကို ”
ေတဇလည္း ေရတစ္ခြက္ခပ္ခိုင္းၿပီး ျခသံႏွင့္လဒ႐ိုးေသြးၿပီးေဖာ္စပ္ထားေသာ ေဆးကိုထည့္ၿပီး မႏၲာန္တစ္ပုဒ္႐ြတ္ကာ ေကာင္မေလးအားတိုက္လိုက္ေလသည္။ တခဏအၾကာတြင္ ေကာင္မေလး ပ်ိဳ႕တက္လာၿပီး မဲညစ္ညစ္အရည္မ်ားအန္ခ်ၿပီးေနာက္ လန္းဆန္းေပါ့ပါးလာေလသည္။ ေတဇလည္း တစ္ပတ္အတြင္း အရင္အတိုင္း ျပန္ျဖစ္ေစရမည္ဟု အာမခံကာ ကိုဩ အိမ္သို႔ျပန္လာခဲ့ေလသည္။ အိမ္ျပန္အေရာက္တြင္ ဘုရားခန္းတြင္းရွိ စားပြဲေပၚ၌ စာ႐ြက္တစ္႐ြက္အားေတြ႕၍ ဖတ္ၾကည့္ရာ
ျဖစ္သြားတဲ့ အမွားအတြက္ ေနာင္တရမဆုံးျဖစ္ေနလို႔ အျခားေနရာမွာ အမွားကိုသုံးသပ္ျပင္ဆင္ဖို႔ ထြက္သြားခဲ့ပါၿပီ သံသရာတစ္ေကြ႕မွာ အစ္ကိုနဲ႔အမအျပင္ ယမင္းနဲ႔ပါ ျပန္ေတြ႕ဆုံခ်င္ပါေသးတယ္။
အဂၢ
ေတဇလည္း စာဖတ္ၿပီးေနာက္ တိတ္ဆိတ္သြားေလေတာ့သည္။ ေနာက္အပိုင္းမွာေရာ ေတဇႏွင့္ခင္လႊမ္း ဘယ္လို ပညာျပသြားၾကမလဲ ေစာင့္ၾကည့္ေပးၾကပါဦး ။ မေရးတာကြာပြီမို႔ အႀကဳံျပဳခ်က္ေလးမ်ား ေတာင္းခံပါတယ္ဗ်။ အေရးအသားအမွားအယြင္းလိုအပ္ခ်က္မွားရွိခဲ့ပါက ခြင့္လႊတ္ေပးၾကပါရန္
စာေရးသူ – လင္းေတဇ