” ဆွဲကြိုးချကုန်းက တစ္ဆေ “(စ-ဆုံး)

Unicode Version

” ဆွဲကြိုးချကုန်းက တစ္ဆေ “(စ-ဆုံး)
——————————————–
မောင်မှိုင်းညို့(ချောင်းဦး)

“တောက် တောက် … တောက် တောက် ”

နိုင်ကြီးက သူ့ ရဲ့ ကျွဲခလောက်ကြီးကို လက်နှစ်ဖက်နှင့်ကိုင်ပြီး လှုပ်ကြည့်လိုက်တယ် …။ခလောက်ရဲ့ အဆံက သစ်သားနံရံကို သွားရိုက်ပြီး တတောက် တောက်နှင့် မြည်နေတယ်။

ကျွဲခလောက်သံကြားတာကြောင့် မသီ မီးဖိုချောင်ဘက်က ကမန်းကတန်း ထွက်လာတယ်။

သူ့ ့လက်ထဲမှာက ယောက်ပတန်းလန်း၊ လက်ခုစုတ် တန်းလန်းနှင့်၊ “တော်၊ ကိုင်းတောထဲ သွားမလို့လား …”

“အေးလေ၊ ဒီနေ့ လမိုက်ရက်ပို့ သွားမလားလို့ “သွားရင်တော့၊ တော့်ဘာသာသွားနော်၊ ကျုပ်ကို မခေါ်နှင့်၊ ကိုင်းတောကြီးထဲရောက်တိုင်း ကျုပ်စိတ်ထဲမှာ အလိုလို ကြောက်လာတယ်။

ပြီးတော့ လိပ်ပြာလည်းငယ်တယ်တော့ ….” “ငါတစ်ယောက်လုံး ပါတာပဲတာ၊ ဘာကြောက်စရာရှိလည်း …၊

ပြီးတော့၊ ငါတစ်ယောက်ထဲနှင့် အလုပ် လုပ်လို့မှမရတာ။ ဒီညတော့ လိုက်ခဲ့ပါဦး မသိရယ်။ စာကလေးလိုချင်တဲ့သူတွေကလည်း ကြိုမှာထားလို့ပါ …” နိုင်ကြီးက လေပျော့လေးနှင့်ပြောတာမို့ မသီလည်း ပျော့ကျသွားတယ်။

ဒါဆို မသီလိုက်မှာ သေချာပြီ၊ “တော်ပါသေးရဲ့ … နိုင်ကြီးခုမှ စိတ်အေးသွားတယ်။

စာကလေးဖမ်းရာမှာ ယူရမယ့် လက်နက်ပစ္စည်းတွေကိုအဆင်သင့်ဖြစ်အောင် ပြင်ဆင်လိုက်တယ်။

များများတော့ မဟုတ်ပါဘူး။

၆ ဗို့ ဘက်ထရီအိုးနှင့် ဆက်ထားတဲ့ နဖူးတပ်ဓာတ်မီးရယ်။ စာကလေးထည့်ဖို့ ပလိုင်းရယ် ဒါပါပဲ။ နောက်၊ တစ်တောင့်ထွာလောက် ဝါးဆစ်တုတ်တစ်ချောင်းလည်း ပါရသေးတယ်။ ကိုင်းတောထဲမှာက နှာတိုတွေပေါတယ်။ တစ်ချို့ နှာတိုကြီးတွေဆို နှစ်ချို့ကြီးတွေ အကောင်ကလည်းကြီး၊ အဆိပ်ကလည်း ပြင်းသလားမမေးနဲ့ ။

တွယ်လိုက်တာနဲ့ နေရာမှာတင် တုန်းခနဲပဲ။ ဒီလိုနာတိုတွေနှင့်တွေ့ ရင် ငါးဆစ်တုတ်ကမှ ကိုယ့်ရဲ့ မိတ်ဆွေ။ ရဲဘော်ရဲဘက်လေ။

အမိုက်မှောင်ကြီးထဲမှာ ထိတ်လန့် မှုတွေ စိုးမိုး နေတယ်တိတ်ဆိတ်ခြင်းတွေက ချောက်ချားစရာကောင်းအောင် နက်ရှိုင်း လို့
တစ်ချက်၊ တစ်ချက်ထိုးလိုက်တဲ့ ငှက်ဆိုးသံကလည်း အသည်း ထိတ်အောင် ဖန်တီးနေသလိုပဲ။

ဒီလိုညရဲ့အနေအထားမှာ အသဲငယ်တဲ့ မသီတစ်ယောက် ကြက်သီးတွေ တဖြန်းဖြန်းထနေတာ အဆန်းတော့မဟုတ်ပါဘူး။ ယောက်ျားဖြစ်တဲ့ နိုင်ကြီးတစ်ယောက်လုံးပါပေမယ့်၊ သူတ ရှေ့က သွားနေတာ။

ကိုယ်ကနောက်က။အမှောင်ကြီးထဲမှာ မကောင်းဆိုးဝါးကများ နောက်ကနေ ပုခုံးပုတ်လိုက်ရင်လို့ တွေးမိပြီး …လိုက်သာလိုက်နေရတာ မသိ နောက်ကို လှည့်မကြည့်ရဲ ဘူးလေ။

ချိုးချိုးချွတ်ချွတ်အသံကြားတာ မသိ ရင်တွေပန်းတွေ တုန်သွားတယ်။

မျက်လုံးထောင့်စွန်းကနေ ဖြိုးခနဲ၊ ဖျတ်ခနဲ အရိပ်လိုလို၊ အကောင်လိုလို မြင်လိုက်ရရင်လည်း နှလုံးတွေက တဒိတ်ဒိတ် ခုန်သွားတယ်။

ဒီလိုနှင့် မသီ ချွေးတွေ ပြန်နေတယ် …။နိုင်ကြီးကတော့ သူ့ ့မယားမသီရဲ့ အဖြစ်ကို စဉ်းစားမိပုံမရဘူး။ လောဘဇောနှင့် ရှေ့ကိုပဲ တွင်တွင်သွားနေလေရဲ့ ..။ ကိုင်းခြုံတောကြား၊ အိပ်တန်းတက်နေတဲ့တကလေးတွေကိုဘယ်/ညာ လက်နှစ်ဖက်စလုံးနှင့်ဖမ်းပြီး ပလိုင်းထဲ တွင်တွင် ထည့်နေလေရဲ့ …။

သူတို့ စာကလေးဖမ်းပုံဖမ်းနည်းက တောဓလေ့ပေမယ့် ပညာ သားတော့ အပါသားဗျ …

ရွာမှာက ကျွဲတွေကို ကိုင်းတောထဲ လွှတ်ကျောင်းကြတာ၊ တစ်လ ကိုးသီတင်းထားပြီး သစ်ဆွဲ၊ ငါးဆွဲ အသုံးလိုမှ ကိုင်းတောထဲ သွားရှာကြတာ။ရှာတော့လည်း လွယ်ပါတယ်။

ကျွဲတိုင်းရဲ့လည်ပင်းမှာ သစ်သားခလောက်ကြီးတွေ ဆွဲပေးလိုက်တာမို့ …ခလေက်သံကြားတာနှင့် သူ့ ့ကျွဲ၊ ကိုယ့်ကျွဲ ဘယ်နေရာ ရောက်နေတယ်ဆိုတာ သိကြတယ်လေ။

ဒီလို၊ ကျွဲပိုင်ရှင်က ကျွဲခလောက်သံ မှတ်ထားသလို၊ ကိုင်းတောထဲမှာ ကျက်စားတဲ့ ငှက်လေးတွေကလည်း ကျွဲ ခလောက်သံ တတောက်တောက်ကို မှတ်ထားတြတယ်။
ကျွဲလာရင် သူတို့အတွက် အန္တာရာယ်မရှိဘူးဆိုတာလည်း အတွေ့အကြုံအရ သိနေကြတယ်။ဒါကြောင့် ကျွဲလာတာမြင်ရင်၊ ကျွဲခလောက်သံကြားရင်၊ အစား မပျက်၊ အအိပ်မပျက်ဘဲ၊ နောက်ဆုံးခေါင်းတောင် ထောင်မကြည့် တော့ဘူး …။

အဲဒီအချက်က ငှက်ရဲ့အားနည်းချက်ဖြစ်သွားတာပေါ့ …။နိုင်ကြီးက ငှက်ရဲ့အားနည်းချက်ကို အသုံးချပြီး ငှက်ဖမ်း နည်း ထွင်လိုက်တာလည်းဖြစ်တယ်။

နောက်က မသီက ကျွဲလာတဲ့ ပုံသဏ္ဌာန်နှင့် ကျွဲခလောက်ကို ကိုင်ပြီး လှုပ်လာတယ်။ရှေ့က နိုင်ကြီးက ဘက်ထရီအိုးနှင့်ဆက်ထားတဲ့နဖူးကမီးရောင်နှင့်ကြည့်။ တုတ်တုတ်တောင်မလှုပ်ဘဲ အိပ်တန်းတက်နေတဲ့ စာလေးတွေကို အသာလက်နှင့်ဖမ်းပြီး ပလိုင်းထဲထည့်လိုက်ရုံပဲ။ မပိုင်လား။ စာကလေးကို ဖမ်းလိုက်တာနှင့် ကျွမ်းကျင်နေတဲ့ နိုင်ကြီးရဲ့ လက်ညှိုးနှင့်လက်မက စာကလေးတွေရဲ့ ဦးခေါင်းကို ဖျစ်ပြီး ဇိဝိန်ချုပ်ပေးပြီးပြီ။ ဒီရာသီက စပါးတွေမှည့်တဲ့ ဆောင်းဦးရာသီ ဖြစ်လို့ စာကလေးငှက်တွေပဲရတယ်။

ဆောင်းနှောင်းရာသီကနေ မိုးဦးကျအထိဆိုရင် ပျံလွှားလေး တွေပဲ ရတတ်တယ်လေ။ညက တဖြည်းဖြည်း နက်လာတယ်။အမှောင်ကလည်း ပိုပြီး သိပ်သည်းလာသလိုပဲ။နိုင်ကြီးဘေးမှာ လွယ်ထားတဲ့ ပလိုင်းထဲမှာလည်း စာကလေး

တွေ တော်တော်များများ ရနေပြီ …။အဲဒီအချိန်မှာ နိုင်ကြီးတို့ လင်မယားဟာ ဆွဲကြိုးချကုန်းက သစ်ညိုပင်မောင်နှမရဲ့ အောက်ဖက် အမှောင်ရိပ်ကြီးထဲမှာ ရောက်နေ
ဆွဲကြိုးချကုန်း
ရွာက သမီးရည်းစားနှစ်ယောက် မိဘတွေ သဘောမတူလို့ ဆိုပြီး သစ်ညိုပင်မောင်နှမမှာ ဆွဲကြိုးချ သေခဲ့ကြလို့ ့ ဆွဲကြိုးချ ကုန်းလို့ နာမည်တွင်သွားတာ။

အဲဒီကတည်းက ဒီကုန်းရဲ့ အရှိန်အဝါ ကြီးမားသွားခဲ့တာ
အသဲငယ်တဲ့သူဆို နေ့ခင်းကြောင်တောင်တောင် မလာရဲ ကြဘူး။ .ကုန်းကိုရှောင်ကွင်းပြီး သွားကြတယ်။ ညဆိုရင်တော့ ဝေးရောပဲ။ သရဲခြောက်တယ်၊ တစ္ဆေခြောက်တယ် …။ လျှာကြီးတွေထွက်၊ မျက်လုံးကြီးတွေပြူးပြီးဆွဲကြိုးချရက်တန်းလန်းကြီးတွေနှင့် တွေ့ရတယ်ဆိုတဲ့ သတင်း စကားတွေကလည်းဆွဲကြိုးချကုန်းအနီးရောက်လာတဲ့ လူတွေကို ကြက်သီး မွှေးညှင်း ထစေခဲ့တယ် …။

ကျောချမ်း၊ ကြောက်လန့်စေခဲ့တယ် …၊ နိုင်ကြီးကတော့ တစ္ဆေမကြောက်၊ သရဲမကြောက်သူမို့ ဒီကုန်းပေါ်တက်လာခဲ့တာ …။

သူအရောက်အပေါက်နည်းတော့ သစ်ပင်၊ ခြုံပင် ထူထပ်မယ် …။
သစ်ပင်ခြုံပင် ထူထပ်ရင် အိပ်တန်းတက် ငှက်တွေ ပိုပေါ်သူတွေးမိတာက ဒီလောက်ပဲ။

ဒါပေမယ့် ဆွဲကြိုးချကုန်းက ဇာတိပြလာတယ်။ ကုန်းပေါ်စတက်တာနှင့် ပုပ်အဲ့အဲ့အနံ့ ပေးတော့တာပဲ။ သစ်ညိုပင်မောင်နှမအောက်ရောက်တော့ အပုပ်နံ့က ဟောင်စော်နေပြီ …။ မသီဆီက ကျွဲခလောက်သံ မကြားရတော့ဘူး။ သူ့ အနားအတင်းကပ်ပြီး လက်ကိုဆွဲလာတယ်။

မသီကြောက်နေပြီ။

ဒီတော့မှ နိုင်ကြီး သူမှားသွားပြီဆိုတာ သိလိုက်တယ်။ မသိရဲ့ လက်ကို တင်းတင်းကိုင်ပြီး ဆွဲကြိုးချကုန်းပေါ်ကနေ ဆင်းတယ် …။

ဆွဲကြိုးချကုန်းရဲ့ အောက်ခြေကိုရောက်တော့ တင်းကျပ်နေတဲ့ စိတ်တွေ နည်းနည်းလျော့သွားသလို ခံစားလိုက်ရတယ်။ ”

“မကြောက်နှင့်တော့၊ တို့ အိမ်ပြန်ရင်းနှင့် တွေ့ တဲ့စာလေး တွေပဲ ဖမ်းသွားတော့မယ်

နိုင်ကြီးက မသီကို အားပေးစကားပြောရင်း အလုပ်ပြန်စဖို့ သတိပေးလိုက်တယ်။

ကုန်းအောက်ရောက်လာပြီဆိုတော့ မသိလည်း ကြောက်စိတ်နည်းနည်း ပြေသွားတယ်။နှလုံးခုန်သံကတော့ မြန်နေတုန်း။

နိုင်ကြီး၊ နဗူးကမီးကို တည့်အောင်ပြုပြင်ပြီး ကိုင်းတောထဲ တိုးဝင်လိုက်တယ်။မသီကလည်း ကျွဲခလောက်ကြီးကို ကိုင်ပြီး တတောက် တောက် မြည်အောင်လှုပ်ပြီး လိုက်သွားတယ်။ဒါပေမယ့် တစ်ခုတော့ သူတို့ မသိလိုက်ဘူး။ အဲဒါကတော့ဆွဲကြိုးချကုန်းက တစ္ဆေကြီးနှစ်ကောင် သူတို့ နောက်ကနေ တပ်ပြီး ပါလာတယ်ဆိုတာပါပဲ …။

တစ္ဆေကြီးနှစ်ကောင်က မသီရဲ့ ကျောနောက် အမှောင်ထဲကနေကပ်ပြီး လိုက်လာတယ်။နိုင်ကြီး ဘာမှ မခံစားရပေမယ့်၊မသိစိတ်ထဲမှာ တုန်တုန်ယင်ယင်နှင့် တစ်မျိုးကြီး ဖြစ်နေတယ်။

ကြက်သီးတဖြန်းဖြန်းထပြီး ကျောမလုံသလို ခံစားနေရတယ်။ နောက်ဘက်အမှောင်ထဲလည်း လှည့်မကြည့်ရဲဘူး …။ ရှေ့ကသွားနေတဲ့ နိုင်ကြီးရဲ့ ကျောမဲမဲကိုပဲ မျက်ခြေမပြတ် ကြည့်လိုက်နေရတယ် …။

တစ်နေရာရောက်တော့ သူတို့ရှေ့မှာ ခြုံကြီးတစ်ရံ ခံနေတာ တွေ့ရတယ်။ နိုင်ကြီး ခြုံကိုတွေ့ပြီး ဆက်သွားတာ မသီတွေ့ တယ်။

သူလည်း ကွေ့ လိုက်မယ်အလုပ်မှာ ရုတ်တရက် ခေါင်းထဲက မိုက်ခနဲ ဖြစ်သွားတယ်။မျက်စိစုံမှိတ်၊ နဖူးကိုလက်ထောက်ပြီး ခဏရပ်နေမိတယ်။ ခဏမှ တကယ့်ခဏ၊ မျက်တောင်တစ်ခတ်လောက်ပဲ ကြာတယ်။

ချက်ချင်း မျက်လုံးပြန်ဖွင့်ပြီး ရှေ့တ နိုင်ကြီးရဲ့ နောက်က်ုခပ်သွက်သွက်လိုက်ရတယ်။နိုင်ကြီးတတော့ မသီ ဘာဖြစ်တယ်ဆိုတာ သိပုံမရဘူး။ စာကလေးတွေကိုပဲ အာရုံစိုက်ပြီး ဖမ်းနေတယ်။ မသီကလည်း တာဝန်မပျက် ကျွဲခလောက်ကြီးလှုပ်၊ နောက်ကလိုက်နေဆဲကိုး …။

တစ်အောင့်နေတော့ မသိနှာခေါင်းထဲမှာ ပုပ်အဲ့အဲ့အနံ့ တစ်ခု ရလိုက်တယ်။ဆွဲကြိုးချကုန်းပေါ် အတက်မှာရတဲ့ အပုပ်နံ့မျိုး၊ မသီကြောချမ်းသွားတယ်။သူ့ယောက်ျားနှင့်နီးအောင် ရှေ့ကိုပိုပြီး တိုးကပ်လိုက်တယ်။ အဲဒီမှာ မသင်္ကာစရာတစ်ခုကို စတွေ့လိုက်ရတာပဲ။ မသိ ရင်တွေ ပန်းတွေတုန်သွားတယ်။ရှေ့က သွားနေတဲ့ သူ့ယောက်ျားရဲ့ ကိုယ်မှာ ဘက်ထရီ ထည့်ထားတဲ့ လွယ်အိတ်မရှိတော့ဘူး။

ပြီးတော့ စာကလေးတွေထည့်တဲ့ ပလိုင်းလည်းမပါဘူး။ သူရဲ့ရှေ့မှာ ဓာတ်မီးအလင်းရောင်လည်း မရှိဘူး။ ဒါပေမယ့် စာကလေးတွေကိုတော့ ဖမ်းနေတယ်။

သေချာကြည့်လိုက်တော့ .. ကျောကုန်းမှာ အမွှေးအမျှင် တွေနှင့် …။မသီလက်က ကျွဲခလောက်ကြီးအောက်ကို လွတ်ကျသွား တယ် …။
ရှေ့ကလူက နောက်ကိုစောင်းလှည့်ကြည့်လိုက်တယ်။

မသိငယ်သံပါအောင် အော်ပစ်လိုက်တယ်။အော်တာမှ စူးစူးဝါးဝါး မရပ်မနားဘဲ၊မျက်နှစ်လုံးက နီရဲနေတယ်။

စောင်းပြီးလှည့်ကြည့်လိုက်တဲ့ အကောင်ကြီးရဲ့ မျက်လုံး

ပုံပျက်ပန်းပျက် တွန့်ရှုံ့နေတဲ့ မျက်နှာကြီးနှင့် မသီကို စိမ်းစိမ်းဝါးဝါး ကြည့်နေတယ်။ကြီးမားတဲ့ ပါးစပ်ကြီးထဲက သွားရည်တွေ တများများ ထွက်ကျလို့မသိ သတိမေ့ပြီး မြေကြီးပေါ် ပုံလဲကျသွားတယ်။

နိုင်ကြီး၊ ကြောက်လန့် တကြားနှင့် စူးစူးဝါးဝါး အော်လိုက်သံကို ကြားလိုက်ရတယ် …၊ခြေတွေရော၊ လက်တွေရော တုန့်ခနဲဖြစ်သွားတယ် …၊ အော်သံက လေး/ငါးခါ ဆတ်တိုက်အော်ပြီး ပျောက်သွား တယ် …။

“မသီ၊ အသံနှင့်တူလိုက်တာ …၊ ဒါပေမယ့် မသိက ငါ့နောက်မှာ ရှိနေတာပဲ …” နိုင်ကြီးက စိုးရိမ်စိတ်နှင့် မသီကို လှည့်ကြည့်လိုက်တယ်။ သူ့နောက်မှာ ရှိနေတာက နီကြင့်ကြင့် အမွှေးအမျှင်တွေ ဖုံးနေတဲ့ တစ္ဆေကြီး။

ဆံပင်ဖားလျားတွေက ရှုပ်ရှုပ်ထွေးထွေး မျက်နှာပေါ်ကို ဖုံးအုပ်ထားတယ်ဟထားတဲ့ပါးစပ်ထဲက အစွယ်နှစ်ချောင်းကို လှစ်ခနဲမြင်လိုတ် ရတယ် …။သူကြည့်နေတုန်း ခဏမှာပဲ တစ္ဆေကောင်ကြီးရဲ့ အရပ်က တဖြေးဖြေး ရှည်ထွက်နေတယ်။

နိုင်ကြီးခါးက ငါးဆစ်တုတ်ဖြုတ်ပြီး၊ ရိုက်ဖို့ ဟန်အပြင်မှာ တစ္ဆေကောင်ကြီးက ဖျတ်ခနဲ ပျောက်သွားတယ်။နိုင်ကြီး မသီအတွက် အရမ်းစိတ်ပူသွားတယ်။

“မသီ

အဆက်မပြတ်အော်ခေါ်ရင်း စောစောက အသံကြားရာကို ပြေးလာခဲ့တယ်။တော်တော်ကြာကြာ ရှာမိတော့မှ ဆွဲကြိုးချကုန်းအတက်

နားမှာ သတိလစ် လဲကျနေတဲ့ မသီကို တွေ့ လိုက်ရတယ် …၊ ဘယ်လိုဖြစ်ပြီး မသိ ဆွဲကြိုးချကုန်းကို ပြန်ရောက်သွားရ တာလည်း …!
ဘယ်လိုဖြစ်ပြီး သူ့နောက်ကို လိုက်နေရင်းကလည်း၊ ပျောက် သွားရတာလည်းရုတ်တရက် သူစဉ်းစားလို့ မရဘူး။ စဉ်းစားဖို့ အချိန်လည်း မရဘူး။

မသီကို ပခုံးပေါ်ကောက်ထမ်းပြီး နိုင်ကြီး၊ ကိုင်းတောကြီးထဲ ကနေ အမြန်ဆုံးပြေးထွက်လာခဲ့တယ် …။

ငှက်ဖမ်းမုဆိုးရဲ့ နှုတ်ဖျားမှာ နှလုံးသားက စီးကျလာတဲ့ မေတ္တာစိုးရိမ်စိတ်တွေ တစ်လမ်းလုံး ဖိတ်စဉ်ကျသွားတယ်“ …

“မသီ ဘာမှ မဖြစ်ပါစေနှင့် မသီ ဘာမှ မဖြစ်ပါစေနှင့်

ခုတော့ ပျော်ပျော်ပါးပါးနှင့် ရယ်မောနိုင်ကြပါပြီ။ အဘဆရာရဲ့ ပညာအစွမ်းနှင့် မသီလည်း ပုံမှန်သိစိတ် ပြန်ရနေပြီ

သတိလည်စအချိန်က ပြူးတူးကြောင်တောင် ဖြစ်နေသေး ပေမယ့် ခုတော့ လူကောင်းပကတိ ပြန်ဖြစ်နေပြီပေါ့ …။ နိုင်ကြီးက အဘဆရာကို ဖြစ်ကြောင်းကုန်စင်အားလုံး ပြော ပြတယ် ….။

“ကံကြီးပေလို့ပေါ့ကွာ၊မသီကို စောင့်ရှောက်နေတဲ့ ပုဂ္ဂိုလ်ကလည် အစွမ်းရှိလို့ ပေါ့ကွာ

နို့မို့ဆို မသိ ဒုက္ခကြီးကြီးမားမား ကြုံတွေ့ နိုင်တယ်။ နိုင်ကြီး မင်းလည်း တော်တော်မိုက်တဲ့ကောင်ပဲ။ မိန်းမကိုခေါ်ပြီး ညကြီးမင်းကြီး ဆွဲကြိုးချကုန်းပေါ် သွားရ တယ်လို့ကွာ …၊

မင်းပြောတဲ့အတိုင်းဆိုရင် ဆွဲကြိုးချကုန်းက တစ္ဆေနှစ်ကောင် လိုက်လာပြီး မသိကို ခွဲထုတ်သွားတာကွ။ သူတို့ပိုင်နက်ဖြစ်တဲ့ ဆွဲကြိုးချကုန်းပေါ်က သစ်ညိုပင် မောင်နှမထိရောက်သွားရင်တော့ မသီကို အလောင်းပဲ တွေ့ တော့ မယ်၊

ရုပ်နှင့်ခန္ဓာတွဲလျက်တွေ့ဖို့ မဖြစ်နိုင်ဘူးကွ” အဘဆရာရဲ့ ပြောစကားကြောင့် နိုင်ကြီးရော၊ မသီရော၊ လူပမာသတင်းမေးလာသူတွေရော ဟာခနဲ၊ ဟင်ခနဲ ဖြစ်သွား ကြတယ်။

အချို့ ကတော့ စုတ်တသပ်သပ်နှင့် “ကံကြီးပေလို့၊ ကံကြီး ပေလို့”နှင့် ရေရွတ်နေကြတယ်။ဆွဲကြိုးချကုန်းနှင့် သစ်ညိုပင်မောင်နှမက ` တစ္ဆေတွေရဲ့ အကြောင်းကလည်း သူတို့ ရွာလေးမှာ ကြက်သီးတထထနှင့် ပြောစရာစကားဖြစ်လာခဲ့ပါတယ် …။ : ဘာပဲဖြစ်ဖြစ် …

့ နိုင်ကြီးနှင့်မသီတို့ လင်မယား ငှက်ဖမ်းပုဆိုးအလုပ်ကို စွန့်လွှတ် လိုက်ကြတာကတော့ ..အဆိုးထဲက အကောင်းလို့ ပြောရတော့ မှာပါပဲ။

#မောင်မှိုင်းညို့(ချောင်းဦး)

Zawgyi Version

” ဆြဲႀကိဳးခ်ကုန္းက တေစၦ “(စ-ဆုံး)
——————————————–
ေမာင္မႈိင္းညိဳ႕(ေခ်ာင္းဦး)

“ေတာက္ ေတာက္ … ေတာက္ ေတာက္ ”

ႏိုင္ႀကီးက သူ႔ ရဲ႕ ကြၽဲခေလာက္ႀကီးကို လက္ႏွစ္ဖက္ႏွင့္ကိုင္ၿပီး လႈပ္ၾကည့္လိုက္တယ္ …။ခေလာက္ရဲ႕ အဆံက သစ္သားနံရံကို သြား႐ိုက္ၿပီး တေတာက္ ေတာက္ႏွင့္ ျမည္ေနတယ္။

ကြၽဲခေလာက္သံၾကားတာေၾကာင့္ မသီ မီးဖိုေခ်ာင္ဘက္က ကမန္းကတန္း ထြက္လာတယ္။

သူ႔ ့လက္ထဲမွာက ေယာက္ပတန္းလန္း၊ လက္ခုစုတ္ တန္းလန္းႏွင့္၊ “ေတာ္၊ ကိုင္းေတာထဲ သြားမလို႔လား …”

“ေအးေလ၊ ဒီေန႔ လမိုက္ရက္ပို႔ သြားမလားလို႔ “သြားရင္ေတာ့၊ ေတာ့္ဘာသာသြားေနာ္၊ က်ဳပ္ကို မေခၚႏွင့္၊ ကိုင္းေတာႀကီးထဲေရာက္တိုင္း က်ဳပ္စိတ္ထဲမွာ အလိုလို ေၾကာက္လာတယ္။

ၿပီးေတာ့ လိပ္ျပာလည္းငယ္တယ္ေတာ့ ….” “ငါတစ္ေယာက္လုံး ပါတာပဲတာ၊ ဘာေၾကာက္စရာရွိလည္း …၊

ၿပီးေတာ့၊ ငါတစ္ေယာက္ထဲႏွင့္ အလုပ္ လုပ္လို႔မွမရတာ။ ဒီညေတာ့ လိုက္ခဲ့ပါဦး မသိရယ္။ စာကေလးလိုခ်င္တဲ့သူေတြကလည္း ႀကိဳမွာထားလို႔ပါ …” ႏိုင္ႀကီးက ေလေပ်ာ့ေလးႏွင့္ေျပာတာမို႔ မသီလည္း ေပ်ာ့က်သြားတယ္။

ဒါဆို မသီလိုက္မွာ ေသခ်ာၿပီ၊ “ေတာ္ပါေသးရဲ႕ … ႏိုင္ႀကီးခုမွ စိတ္ေအးသြားတယ္။

စာကေလးဖမ္းရာမွာ ယူရမယ့္ လက္နက္ပစၥည္းေတြကိုအဆင္သင့္ျဖစ္ေအာင္ ျပင္ဆင္လိုက္တယ္။

မ်ားမ်ားေတာ့ မဟုတ္ပါဘူး။

၆ ဗို႔ ဘက္ထရီအိုးႏွင့္ ဆက္ထားတဲ့ နဖူးတပ္ဓာတ္မီးရယ္။ စာကေလးထည့္ဖို႔ ပလိုင္းရယ္ ဒါပါပဲ။ ေနာက္၊ တစ္ေတာင့္ထြာေလာက္ ဝါးဆစ္တုတ္တစ္ေခ်ာင္းလည္း ပါရေသးတယ္။ ကိုင္းေတာထဲမွာက ႏွာတိုေတြေပါတယ္။ တစ္ခ်ိဳ႕ ႏွာတိုႀကီးေတြဆို ႏွစ္ခ်ိဳ႕ႀကီးေတြ အေကာင္ကလည္းႀကီး၊ အဆိပ္ကလည္း ျပင္းသလားမေမးနဲ႔ ။

တြယ္လိုက္တာနဲ႔ ေနရာမွာတင္ တုန္းခနဲပဲ။ ဒီလိုနာတိုေတြႏွင့္ေတြ႕ ရင္ ငါးဆစ္တုတ္ကမွ ကိုယ့္ရဲ႕ မိတ္ေဆြ။ ရဲေဘာ္ရဲဘက္ေလ။

အမိုက္ေမွာင္ႀကီးထဲမွာ ထိတ္လန႔္ မႈေတြ စိုးမိုး ေနတယ္တိတ္ဆိတ္ျခင္းေတြက ေခ်ာက္ခ်ားစရာေကာင္းေအာင္ နက္ရႈိင္း လို႔
တစ္ခ်က္၊ တစ္ခ်က္ထိုးလိုက္တဲ့ ငွက္ဆိုးသံကလည္း အသည္း ထိတ္ေအာင္ ဖန္တီးေနသလိုပဲ။

ဒီလိုညရဲ႕အေနအထားမွာ အသဲငယ္တဲ့ မသီတစ္ေယာက္ ၾကက္သီးေတြ တျဖန္းျဖန္းထေနတာ အဆန္းေတာ့မဟုတ္ပါဘူး။ ေယာက္်ားျဖစ္တဲ့ ႏိုင္ႀကီးတစ္ေယာက္လုံးပါေပမယ့္၊ သူတ ေရွ႕က သြားေနတာ။

ကိုယ္ကေနာက္က။အေမွာင္ႀကီးထဲမွာ မေကာင္းဆိုးဝါးကမ်ား ေနာက္ကေန ပုခုံးပုတ္လိုက္ရင္လို႔ ေတြးမိၿပီး …လိုက္သာလိုက္ေနရတာ မသိ ေနာက္ကို လွည့္မၾကည့္ရဲ ဘူးေလ။

ခ်ိဳးခ်ိဳးခြၽတ္ခြၽတ္အသံၾကားတာ မသိ ရင္ေတြပန္းေတြ တုန္သြားတယ္။

မ်က္လုံးေထာင့္စြန္းကေန ၿဖိဳးခနဲ၊ ဖ်တ္ခနဲ အရိပ္လိုလို၊ အေကာင္လိုလို ျမင္လိုက္ရရင္လည္း ႏွလုံးေတြက တဒိတ္ဒိတ္ ခုန္သြားတယ္။

ဒီလိုႏွင့္ မသီ ေခြၽးေတြ ျပန္ေနတယ္ …။ႏိုင္ႀကီးကေတာ့ သူ႔ ့မယားမသီရဲ႕ အျဖစ္ကို စဥ္းစားမိပုံမရဘူး။ ေလာဘေဇာႏွင့္ ေရွ႕ကိုပဲ တြင္တြင္သြားေနေလရဲ႕ ..။ ကိုင္းၿခဳံေတာၾကား၊ အိပ္တန္းတက္ေနတဲ့တကေလးေတြကိုဘယ္/ညာ လက္ႏွစ္ဖက္စလုံးႏွင့္ဖမ္းၿပီး ပလိုင္းထဲ တြင္တြင္ ထည့္ေနေလရဲ႕ …။

သူတို႔ စာကေလးဖမ္းပုံဖမ္းနည္းက ေတာဓေလ့ေပမယ့္ ပညာ သားေတာ့ အပါသားဗ် …

႐ြာမွာက ကြၽဲေတြကို ကိုင္းေတာထဲ လႊတ္ေက်ာင္းၾကတာ၊ တစ္လ ကိုးသီတင္းထားၿပီး သစ္ဆြဲ၊ ငါးဆြဲ အသုံးလိုမွ ကိုင္းေတာထဲ သြားရွာၾကတာ။ရွာေတာ့လည္း လြယ္ပါတယ္။

ကြၽဲတိုင္းရဲ႕လည္ပင္းမွာ သစ္သားခေလာက္ႀကီးေတြ ဆြဲေပးလိုက္တာမို႔ …ခေလက္သံၾကားတာႏွင့္ သူ႔ ့ကြၽဲ၊ ကိုယ့္ကြၽဲ ဘယ္ေနရာ ေရာက္ေနတယ္ဆိုတာ သိၾကတယ္ေလ။

ဒီလို၊ ကြၽဲပိုင္ရွင္က ကြၽဲခေလာက္သံ မွတ္ထားသလို၊ ကိုင္းေတာထဲမွာ က်က္စားတဲ့ ငွက္ေလးေတြကလည္း ကြၽဲ ခေလာက္သံ တေတာက္ေတာက္ကို မွတ္ထားၾတတယ္။
ကြၽဲလာရင္ သူတို႔အတြက္ အႏၲာရာယ္မရွိဘူးဆိုတာလည္း အေတြ႕အႀကဳံအရ သိေနၾကတယ္။ဒါေၾကာင့္ ကြၽဲလာတာျမင္ရင္၊ ကြၽဲခေလာက္သံၾကားရင္၊ အစား မပ်က္၊ အအိပ္မပ်က္ဘဲ၊ ေနာက္ဆုံးေခါင္းေတာင္ ေထာင္မၾကည့္ ေတာ့ဘူး …။

အဲဒီအခ်က္က ငွက္ရဲ႕အားနည္းခ်က္ျဖစ္သြားတာေပါ့ …။ႏိုင္ႀကီးက ငွက္ရဲ႕အားနည္းခ်က္ကို အသုံးခ်ၿပီး ငွက္ဖမ္း နည္း ထြင္လိုက္တာလည္းျဖစ္တယ္။

ေနာက္က မသီက ကြၽဲလာတဲ့ ပုံသဏၭာန္ႏွင့္ ကြၽဲခေလာက္ကို ကိုင္ၿပီး လႈပ္လာတယ္။ေရွ႕က ႏိုင္ႀကီးက ဘက္ထရီအိုးႏွင့္ဆက္ထားတဲ့နဖူးကမီးေရာင္ႏွင့္ၾကည့္။ တုတ္တုတ္ေတာင္မလႈပ္ဘဲ အိပ္တန္းတက္ေနတဲ့ စာေလးေတြကို အသာလက္ႏွင့္ဖမ္းၿပီး ပလိုင္းထဲထည့္လိုက္႐ုံပဲ။ မပိုင္လား။ စာကေလးကို ဖမ္းလိုက္တာႏွင့္ ကြၽမ္းက်င္ေနတဲ့ ႏိုင္ႀကီးရဲ႕ လက္ညႇိဳးႏွင့္လက္မက စာကေလးေတြရဲ႕ ဦးေခါင္းကို ဖ်စ္ၿပီး ဇိဝိန္ခ်ဳပ္ေပးၿပီးၿပီ။ ဒီရာသီက စပါးေတြမွည့္တဲ့ ေဆာင္းဦးရာသီ ျဖစ္လို႔ စာကေလးငွက္ေတြပဲရတယ္။

ေဆာင္းေႏွာင္းရာသီကေန မိုးဦးက်အထိဆိုရင္ ပ်ံလႊားေလး ေတြပဲ ရတတ္တယ္ေလ။ညက တျဖည္းျဖည္း နက္လာတယ္။အေမွာင္ကလည္း ပိုၿပီး သိပ္သည္းလာသလိုပဲ။ႏိုင္ႀကီးေဘးမွာ လြယ္ထားတဲ့ ပလိုင္းထဲမွာလည္း စာကေလး

ေတြ ေတာ္ေတာ္မ်ားမ်ား ရေနၿပီ …။အဲဒီအခ်ိန္မွာ ႏိုင္ႀကီးတို႔ လင္မယားဟာ ဆြဲႀကိဳးခ်ကုန္းက သစ္ညိဳပင္ေမာင္ႏွမရဲ႕ ေအာက္ဖက္ အေမွာင္ရိပ္ႀကီးထဲမွာ ေရာက္ေန
ဆြဲႀကိဳးခ်ကုန္း
႐ြာက သမီးရည္းစားႏွစ္ေယာက္ မိဘေတြ သေဘာမတူလို႔ ဆိုၿပီး သစ္ညိဳပင္ေမာင္ႏွမမွာ ဆြဲႀကိဳးခ် ေသခဲ့ၾကလို႔ ့ ဆြဲႀကိဳးခ် ကုန္းလို႔ နာမည္တြင္သြားတာ။

အဲဒီကတည္းက ဒီကုန္းရဲ႕ အရွိန္အဝါ ႀကီးမားသြားခဲ့တာ
အသဲငယ္တဲ့သူဆို ေန႔ခင္းေၾကာင္ေတာင္ေတာင္ မလာရဲ ၾကဘူး။ .ကုန္းကိုေရွာင္ကြင္းၿပီး သြားၾကတယ္။ ညဆိုရင္ေတာ့ ေဝးေရာပဲ။ သရဲေျခာက္တယ္၊ တေစၦေျခာက္တယ္ …။ လွ်ာႀကီးေတြထြက္၊ မ်က္လုံးႀကီးေတြျပဴးၿပီးဆြဲႀကိဳးခ်ရက္တန္းလန္းႀကီးေတြႏွင့္ ေတြ႕ရတယ္ဆိုတဲ့ သတင္း စကားေတြကလည္းဆြဲႀကိဳးခ်ကုန္းအနီးေရာက္လာတဲ့ လူေတြကို ၾကက္သီး ေမႊးညႇင္း ထေစခဲ့တယ္ …။

ေက်ာခ်မ္း၊ ေၾကာက္လန႔္ေစခဲ့တယ္ …၊ ႏိုင္ႀကီးကေတာ့ တေစၦမေၾကာက္၊ သရဲမေၾကာက္သူမို႔ ဒီကုန္းေပၚတက္လာခဲ့တာ …။

သူအေရာက္အေပါက္နည္းေတာ့ သစ္ပင္၊ ၿခဳံပင္ ထူထပ္မယ္ …။
သစ္ပင္ၿခဳံပင္ ထူထပ္ရင္ အိပ္တန္းတက္ ငွက္ေတြ ပိုေပၚသူေတြးမိတာက ဒီေလာက္ပဲ။

ဒါေပမယ့္ ဆြဲႀကိဳးခ်ကုန္းက ဇာတိျပလာတယ္။ ကုန္းေပၚစတက္တာႏွင့္ ပုပ္အဲ့အဲ့အနံ႔ ေပးေတာ့တာပဲ။ သစ္ညိဳပင္ေမာင္ႏွမေအာက္ေရာက္ေတာ့ အပုပ္နံ႔က ေဟာင္ေစာ္ေနၿပီ …။ မသီဆီက ကြၽဲခေလာက္သံ မၾကားရေတာ့ဘူး။ သူ႔ အနားအတင္းကပ္ၿပီး လက္ကိုဆြဲလာတယ္။

မသီေၾကာက္ေနၿပီ။

ဒီေတာ့မွ ႏိုင္ႀကီး သူမွားသြားၿပီဆိုတာ သိလိုက္တယ္။ မသိရဲ႕ လက္ကို တင္းတင္းကိုင္ၿပီး ဆြဲႀကိဳးခ်ကုန္းေပၚကေန ဆင္းတယ္ …။

ဆြဲႀကိဳးခ်ကုန္းရဲ႕ ေအာက္ေျခကိုေရာက္ေတာ့ တင္းက်ပ္ေနတဲ့ စိတ္ေတြ နည္းနည္းေလ်ာ့သြားသလို ခံစားလိုက္ရတယ္။ ”

“မေၾကာက္ႏွင့္ေတာ့၊ တို႔ အိမ္ျပန္ရင္းႏွင့္ ေတြ႕ တဲ့စာေလး ေတြပဲ ဖမ္းသြားေတာ့မယ္

ႏိုင္ႀကီးက မသီကို အားေပးစကားေျပာရင္း အလုပ္ျပန္စဖို႔ သတိေပးလိုက္တယ္။

ကုန္းေအာက္ေရာက္လာၿပီဆိုေတာ့ မသိလည္း ေၾကာက္စိတ္နည္းနည္း ေျပသြားတယ္။ႏွလုံးခုန္သံကေတာ့ ျမန္ေနတုန္း။

ႏိုင္ႀကီး၊ နဗူးကမီးကို တည့္ေအာင္ျပဳျပင္ၿပီး ကိုင္းေတာထဲ တိုးဝင္လိုက္တယ္။မသီကလည္း ကြၽဲခေလာက္ႀကီးကို ကိုင္ၿပီး တေတာက္ ေတာက္ ျမည္ေအာင္လႈပ္ၿပီး လိုက္သြားတယ္။ဒါေပမယ့္ တစ္ခုေတာ့ သူတို႔ မသိလိုက္ဘူး။ အဲဒါကေတာ့ဆြဲႀကိဳးခ်ကုန္းက တေစၦႀကီးႏွစ္ေကာင္ သူတို႔ ေနာက္ကေန တပ္ၿပီး ပါလာတယ္ဆိုတာပါပဲ …။

တေစၦႀကီးႏွစ္ေကာင္က မသီရဲ႕ ေက်ာေနာက္ အေမွာင္ထဲကေနကပ္ၿပီး လိုက္လာတယ္။ႏိုင္ႀကီး ဘာမွ မခံစားရေပမယ့္၊မသိစိတ္ထဲမွာ တုန္တုန္ယင္ယင္ႏွင့္ တစ္မ်ိဳးႀကီး ျဖစ္ေနတယ္။

ၾကက္သီးတျဖန္းျဖန္းထၿပီး ေက်ာမလုံသလို ခံစားေနရတယ္။ ေနာက္ဘက္အေမွာင္ထဲလည္း လွည့္မၾကည့္ရဲဘူး …။ ေရွ႕ကသြားေနတဲ့ ႏိုင္ႀကီးရဲ႕ ေက်ာမဲမဲကိုပဲ မ်က္ေျခမျပတ္ ၾကည့္လိုက္ေနရတယ္ …။

တစ္ေနရာေရာက္ေတာ့ သူတို႔ေရွ႕မွာ ၿခဳံႀကီးတစ္ရံ ခံေနတာ ေတြ႕ရတယ္။ ႏိုင္ႀကီး ၿခဳံကိုေတြ႕ၿပီး ဆက္သြားတာ မသီေတြ႕ တယ္။

သူလည္း ေကြ႕ လိုက္မယ္အလုပ္မွာ ႐ုတ္တရက္ ေခါင္းထဲက မိုက္ခနဲ ျဖစ္သြားတယ္။မ်က္စိစုံမွိတ္၊ နဖူးကိုလက္ေထာက္ၿပီး ခဏရပ္ေနမိတယ္။ ခဏမွ တကယ့္ခဏ၊ မ်က္ေတာင္တစ္ခတ္ေလာက္ပဲ ၾကာတယ္။

ခ်က္ခ်င္း မ်က္လုံးျပန္ဖြင့္ၿပီး ေရွ႕တ ႏိုင္ႀကီးရဲ႕ ေနာက္က္ုခပ္သြက္သြက္လိုက္ရတယ္။ႏိုင္ႀကီးတေတာ့ မသီ ဘာျဖစ္တယ္ဆိုတာ သိပုံမရဘူး။ စာကေလးေတြကိုပဲ အာ႐ုံစိုက္ၿပီး ဖမ္းေနတယ္။ မသီကလည္း တာဝန္မပ်က္ ကြၽဲခေလာက္ႀကီးလႈပ္၊ ေနာက္ကလိုက္ေနဆဲကိုး …။

တစ္ေအာင့္ေနေတာ့ မသိႏွာေခါင္းထဲမွာ ပုပ္အဲ့အဲ့အနံ႔ တစ္ခု ရလိုက္တယ္။ဆြဲႀကိဳးခ်ကုန္းေပၚ အတက္မွာရတဲ့ အပုပ္နံ႔မ်ိဳး၊ မသီေၾကာခ်မ္းသြားတယ္။သူ႔ေယာက္်ားႏွင့္နီးေအာင္ ေရွ႕ကိုပိုၿပီး တိုးကပ္လိုက္တယ္။ အဲဒီမွာ မသကၤာစရာတစ္ခုကို စေတြ႕လိုက္ရတာပဲ။ မသိ ရင္ေတြ ပန္းေတြတုန္သြားတယ္။ေရွ႕က သြားေနတဲ့ သူ႔ေယာက္်ားရဲ႕ ကိုယ္မွာ ဘက္ထရီ ထည့္ထားတဲ့ လြယ္အိတ္မရွိေတာ့ဘူး။

ၿပီးေတာ့ စာကေလးေတြထည့္တဲ့ ပလိုင္းလည္းမပါဘူး။ သူရဲ႕ေရွ႕မွာ ဓာတ္မီးအလင္းေရာင္လည္း မရွိဘူး။ ဒါေပမယ့္ စာကေလးေတြကိုေတာ့ ဖမ္းေနတယ္။

ေသခ်ာၾကည့္လိုက္ေတာ့ .. ေက်ာကုန္းမွာ အေမႊးအမွ်င္ ေတြႏွင့္ …။မသီလက္က ကြၽဲခေလာက္ႀကီးေအာက္ကို လြတ္က်သြား တယ္ …။
ေရွ႕ကလူက ေနာက္ကိုေစာင္းလွည့္ၾကည့္လိုက္တယ္။

မသိငယ္သံပါေအာင္ ေအာ္ပစ္လိုက္တယ္။ေအာ္တာမွ စူးစူးဝါးဝါး မရပ္မနားဘဲ၊မ်က္ႏွစ္လုံးက နီရဲေနတယ္။

ေစာင္းၿပီးလွည့္ၾကည့္လိုက္တဲ့ အေကာင္ႀကီးရဲ႕ မ်က္လုံး

ပုံပ်က္ပန္းပ်က္ တြန႔္ရႈံ႕ေနတဲ့ မ်က္ႏွာႀကီးႏွင့္ မသီကို စိမ္းစိမ္းဝါးဝါး ၾကည့္ေနတယ္။ႀကီးမားတဲ့ ပါးစပ္ႀကီးထဲက သြားရည္ေတြ တမ်ားမ်ား ထြက္က်လို႔မသိ သတိေမ့ၿပီး ေျမႀကီးေပၚ ပုံလဲက်သြားတယ္။

ႏိုင္ႀကီး၊ ေၾကာက္လန႔္ တၾကားႏွင့္ စူးစူးဝါးဝါး ေအာ္လိုက္သံကို ၾကားလိုက္ရတယ္ …၊ေျခေတြေရာ၊ လက္ေတြေရာ တုန႔္ခနဲျဖစ္သြားတယ္ …၊ ေအာ္သံက ေလး/ငါးခါ ဆတ္တိုက္ေအာ္ၿပီး ေပ်ာက္သြား တယ္ …။

“မသီ၊ အသံႏွင့္တူလိုက္တာ …၊ ဒါေပမယ့္ မသိက ငါ့ေနာက္မွာ ရွိေနတာပဲ …” ႏိုင္ႀကီးက စိုးရိမ္စိတ္ႏွင့္ မသီကို လွည့္ၾကည့္လိုက္တယ္။ သူ႔ေနာက္မွာ ရွိေနတာက နီၾကင့္ၾကင့္ အေမႊးအမွ်င္ေတြ ဖုံးေနတဲ့ တေစၦႀကီး။

ဆံပင္ဖားလ်ားေတြက ရႈပ္ရႈပ္ေထြးေထြး မ်က္ႏွာေပၚကို ဖုံးအုပ္ထားတယ္ဟထားတဲ့ပါးစပ္ထဲက အစြယ္ႏွစ္ေခ်ာင္းကို လွစ္ခနဲျမင္လိုတ္ ရတယ္ …။သူၾကည့္ေနတုန္း ခဏမွာပဲ တေစၦေကာင္ႀကီးရဲ႕ အရပ္က တေျဖးေျဖး ရွည္ထြက္ေနတယ္။

ႏိုင္ႀကီးခါးက ငါးဆစ္တုတ္ျဖဳတ္ၿပီး၊ ႐ိုက္ဖို႔ ဟန္အျပင္မွာ တေစၦေကာင္ႀကီးက ဖ်တ္ခနဲ ေပ်ာက္သြားတယ္။ႏိုင္ႀကီး မသီအတြက္ အရမ္းစိတ္ပူသြားတယ္။

“မသီ

အဆက္မျပတ္ေအာ္ေခၚရင္း ေစာေစာက အသံၾကားရာကို ေျပးလာခဲ့တယ္။ေတာ္ေတာ္ၾကာၾကာ ရွာမိေတာ့မွ ဆြဲႀကိဳးခ်ကုန္းအတက္

နားမွာ သတိလစ္ လဲက်ေနတဲ့ မသီကို ေတြ႕ လိုက္ရတယ္ …၊ ဘယ္လိုျဖစ္ၿပီး မသိ ဆြဲႀကိဳးခ်ကုန္းကို ျပန္ေရာက္သြားရ တာလည္း …!
ဘယ္လိုျဖစ္ၿပီး သူ႔ေနာက္ကို လိုက္ေနရင္းကလည္း၊ ေပ်ာက္ သြားရတာလည္း႐ုတ္တရက္ သူစဥ္းစားလို႔ မရဘူး။ စဥ္းစားဖို႔ အခ်ိန္လည္း မရဘူး။

မသီကို ပခုံးေပၚေကာက္ထမ္းၿပီး ႏိုင္ႀကီး၊ ကိုင္းေတာႀကီးထဲ ကေန အျမန္ဆုံးေျပးထြက္လာခဲ့တယ္ …။

ငွက္ဖမ္းမုဆိုးရဲ႕ ႏႈတ္ဖ်ားမွာ ႏွလုံးသားက စီးက်လာတဲ့ ေမတၱာစိုးရိမ္စိတ္ေတြ တစ္လမ္းလုံး ဖိတ္စဥ္က်သြားတယ္“ …

“မသီ ဘာမွ မျဖစ္ပါေစႏွင့္ မသီ ဘာမွ မျဖစ္ပါေစႏွင့္

ခုေတာ့ ေပ်ာ္ေပ်ာ္ပါးပါးႏွင့္ ရယ္ေမာႏိုင္ၾကပါၿပီ။ အဘဆရာရဲ႕ ပညာအစြမ္းႏွင့္ မသီလည္း ပုံမွန္သိစိတ္ ျပန္ရေနၿပီ

သတိလည္စအခ်ိန္က ျပဴးတူးေၾကာင္ေတာင္ ျဖစ္ေနေသး ေပမယ့္ ခုေတာ့ လူေကာင္းပကတိ ျပန္ျဖစ္ေနၿပီေပါ့ …။ ႏိုင္ႀကီးက အဘဆရာကို ျဖစ္ေၾကာင္းကုန္စင္အားလုံး ေျပာ ျပတယ္ ….။

“ကံႀကီးေပလို႔ေပါ့ကြာ၊မသီကို ေစာင့္ေရွာက္ေနတဲ့ ပုဂၢိဳလ္ကလည္ အစြမ္းရွိလို႔ ေပါ့ကြာ

ႏို႔မို႔ဆို မသိ ဒုကၡႀကီးႀကီးမားမား ႀကဳံေတြ႕ ႏိုင္တယ္။ ႏိုင္ႀကီး မင္းလည္း ေတာ္ေတာ္မိုက္တဲ့ေကာင္ပဲ။ မိန္းမကိုေခၚၿပီး ညႀကီးမင္းႀကီး ဆြဲႀကိဳးခ်ကုန္းေပၚ သြားရ တယ္လို႔ကြာ …၊

မင္းေျပာတဲ့အတိုင္းဆိုရင္ ဆြဲႀကိဳးခ်ကုန္းက တေစၦႏွစ္ေကာင္ လိုက္လာၿပီး မသိကို ခြဲထုတ္သြားတာကြ။ သူတို႔ပိုင္နက္ျဖစ္တဲ့ ဆြဲႀကိဳးခ်ကုန္းေပၚက သစ္ညိဳပင္ ေမာင္ႏွမထိေရာက္သြားရင္ေတာ့ မသီကို အေလာင္းပဲ ေတြ႕ ေတာ့ မယ္၊

႐ုပ္ႏွင့္ခႏၶာတြဲလ်က္ေတြ႕ဖို႔ မျဖစ္ႏိုင္ဘူးကြ” အဘဆရာရဲ႕ ေျပာစကားေၾကာင့္ ႏိုင္ႀကီးေရာ၊ မသီေရာ၊ လူပမာသတင္းေမးလာသူေတြေရာ ဟာခနဲ၊ ဟင္ခနဲ ျဖစ္သြား ၾကတယ္။

အခ်ိဳ႕ ကေတာ့ စုတ္တသပ္သပ္ႏွင့္ “ကံႀကီးေပလို႔၊ ကံႀကီး ေပလို႔”ႏွင့္ ေရ႐ြတ္ေနၾကတယ္။ဆြဲႀကိဳးခ်ကုန္းႏွင့္ သစ္ညိဳပင္ေမာင္ႏွမက ` တေစၦေတြရဲ႕ အေၾကာင္းကလည္း သူတို႔ ႐ြာေလးမွာ ၾကက္သီးတထထႏွင့္ ေျပာစရာစကားျဖစ္လာခဲ့ပါတယ္ …။ : ဘာပဲျဖစ္ျဖစ္ …

့ ႏိုင္ႀကီးႏွင့္မသီတို႔ လင္မယား ငွက္ဖမ္းပုဆိုးအလုပ္ကို စြန႔္လႊတ္ လိုက္ၾကတာကေတာ့ ..အဆိုးထဲက အေကာင္းလို႔ ေျပာရေတာ့ မွာပါပဲ။

#ေမာင္မႈိင္းညိဳ႕(ေခ်ာင္းဦး)