Unicode Version
ဘုရားစင်အောက်ကအင်းတစ်ချပ်(စ/ဆုံး)
————————————
ဧရာဝတီတိုင်း(မြို့နယ်..ကျေးရွာ)တွင်နေထိုင်သည့်ကျွန်မတို့မိသားစုသည် နာဂစ်မဖြစ်ခင် နှစ်နှစ် သုံးနှစ်အလိုခန့်က စီးပွားရေးအလွန်ကောင်းမွန်ပါသည်။
အဖေသည် ရေချိုရှိသည့်ရွာတွေမှရေကိုဝယ်ပြီးလှည့်ရောင်းသည့်
သင်္ဘောတစ်စီးကိုလည်းပိုင်ဆိုင်ထားသလို၊လယ်ဧကတွေကိုလည်ပိုင်ဆိုင်ထားပါသည်။
အနှီလယ်ဧကတွေကိုလယ်သူရင်းငှားတွေနှင့်သာလွှဲထားလေ့ရှိပါသည်။
တစ်ဖန် အမေကလည်း အိမ်တွင် ကုန်စုံဆိုင်လေးတစ်ဆိုင်ဖွင့်လှစ်ထားပါသည်။
ကုန်စုံဆိုင်ဆိုပေမင့် အရက်ကိုလည်းရောင်းချပါသည်။
ကုန်စုံဆိုင်သည် အိမ်ရှေ့ခြံဝင်း ဝင်ပေါက်ဘေးတွင်ဖွင့်ထားသည်ဆိုပေမင့် အိမ်ခေါင်းရင်းဘက်တွင်လည်း လမ်းမတစ်ခုရှိနေသည်မို့ အဖေက ဖြတ်လမ်းအဖြစ် ခေါင်းရင်းတွင်လည်း ဝင်ပေါက်တစ်ခုကိုဖွင့်ထားပြန်ပါသည်။
ထို့ကြောင့် အိမ်ရှေ့တွင် ဈေးရောင်းနေခိုက် ခေါင်းရင်းဘက်မှလူဝင်လာသည်ကို တစ်ခါတရံ မည်သူမှ သတိမထားမိကြပါ။
ယင်းလည်း ပစ္စည်းဥစ္စာများခိုးယူခံရခြင်း၊ပျောက်ဆုံးခြင်းမရှိသည်မို့ ပြဿနာမရှိလှပါ။
တစ်နေ့သော မနက်တွင်တော့ ကျွန်မတို့မောင်နှမနှစ်ယောက်သည် ဆိုင်ရှေ့ရှိ လမ်းမပေါ်၌ ဆော့ကစားနေစဉ် အမေကလည်း နှစ်နှစ်သားအရွယ် ကျွန်မမောင်လေးနှင့်အတူ ဈေးဆိုင်ပေါ်တွင်အိပ်ပျော်နေပါသည်။
ထိုအခိုက်တွင် ရွာအနောက်ဘက်ပိုင်းမှ ကိုသန်းရွှေရောက်လာပြီlအမေ့ကိုနှိုးပါသည်။
“အစ်မ ဈေးဝယ်ချင်လို့”
ယင်းသို့နှိုးတော့အမေလည်းနိုးလာပြီး
“ဘာဝယ်မလို့လဲဟဲ့”
“အရက်ဖြူတစ်လုံးလောက်ပါ။ပိုက်ဆံကတော့ ဒီတစ်ပတ်ကုန်မှပေးပါမယ်”
ယင်းသို့ပြောတော့ အမေက
“အရက်က ကုန်နေတယ်လေ။ညနေ သင်္ဘောဆိုက်မှ ပါလာမှာ။ညနေမှလာယူလိုက်လေ”
ယင်းသို့ပြောပြီး ပြန်အိပ်နေလိုက်ပါသည်။
ကိုသန်းရွှေလည်း ဘာမျှပြန်မပြောဘဲ အိမ်ခေါင်းရင်းရှိ လမ်းမဘက်သို့ထွက်သွားပါသည်။
ကျွန်မတို့ကလည်းဆော့မြဲဆော့နေလိုက်ကြပါသည်။
သို့ဖြင့်ညနေစောင်းအချိန်၌ အဖေလည်း
ရေငံသာရှိသည့်ရွာတွေသို့ရေချိုလှည့်ရောင်းပြီးပြန်လာရာ၌ အရက်ပုလင်းတွေလည်းပါလာပါသည်။
ထို့နောက် အရက်သောက်သူတွေလည်း ဆိုင်သို့လာဝယ်ကြပါသည်။
သို့သော် မနက်က အရက်မရသဖြင့် အိမ်ခေါင်းရင်းဘက်ရှိ လမ်းမဘက်သို့ ဆက်လက်ထွက်သွားသည့် ကိုသန်းရွှေတော့ ရောက်မလာပါ။
သို့မဟုတ် ကျွန်မပဲ အမှတ်တမဲ့မို့မမြင်မိတာလား မပြောတတ်ပါ။
နောက်တစ်နေ့မနက်ရောက်တော့ အဖေလည်း ထုံးစံအတိုင်း ရေချိုဝယ်ပြီး ရောင်းဖို့ရာ သင်္ဘောဖြင့်ထွက်သွားပါသည်။
သို့ဖြင့် နေ့လည်အချိန်သို့ရောက်တော့ သတင်းဆိုးတစ်ခုကိုကြားလိုက်ရပါသည်။
ယင်းမှာ အဖေ၏သင်္ဘောသည် လှိုင်းလုံးတွေရိုက်ခတ်မှုကြောင့်နစ်မြုပ်သွားသည် ဆိုသည့်သတင်းဖြစ်ပါသည်။
သို့သော် ကံကောင်းသည်မှာ အဖေနှင့်လုပ်သားငါးယောက်မှာအခြားသင်္ဘောတစ်စီး၏ကယ်တင်မှုကြောင့် အန္တရာယ် တစ်စုံတရာမဖြစ်ဘဲ အိမ်သို့ချောမောစွာပြန်ရောက်ခဲ့ကြပါသည်။
အန္တရာယ်ကင်းပေမင့် အဖေသည် သင်္ဘောဖြင့်ရေချိုရောင်းသည့်အလုပ်ကိုစိတ်ကုန်သွားပါသည်။.ထို့နောက် လယ်သူရင်းငှားတွေနှင့်အတူ လယ်အလုပ်ကိုသာ
ဦးဆောင်ပြီး လုပ်ကိုင်ပါတော့သည်။
တစ်နေ့။
နေ့လည်ဆယ့်နှစ်နာရီထိုးပြီမို့အဖေလည်း လယ်ထဲမှပြန်လာပြီး ကျွန်မတို့နှင့်အတူ နေ့လည်စာစားပါသည်။
ပြီးနောက် တရေးတမောအိပ်စက်ဖို့ပြင်ဆင်နေခိုက်တွင် လယ်သူရင်းငှားတစ်ယောက် အလောတကြီးရောက်လာပါသည်။
“ကိုသိန်းထိုက်.. ကိုသိန်းထိုက်”
“ဟေ ဘာလဲ”
“ဟိုကောင် အောင်မောင်း လွှထိလို့”
ထိုစကားကြောင့်အဖေလည်း အထိတ်တလန့်ဖြစ်သွားပါသည်။
ထို့နောက်
“အခြေအနေ တော်တော်ဆိုးလား ကိုကျော်ဦး”
“ဆိုးတယ်ဗျ။အကြောတွေ
ပြတ်လုနီးပါးပဲ”
“ဒုက်ခပါပဲ”
အဖေလည်းညည်းညူပြီး
“ခဏစောင့်၊ကျုပ်ပိုက်ဆံယူလိုက်ဦးမယ်”
ပြောပြီး အဖေလည်း အိမ်ပေါ်သို့တက်ကာ ပိုက်ဆံယူပါသည်။
ပြီးနောက် ကိုကျော်ဦးနှင့်အတူ လယ်တောသို့လိုက်သွားပါသည်။
နောက်မှသိရသည်ကား ကိုအောင်မောင်းသည် လယ်အစပ်မှခုတ်လှဲထားသည့်သစ်ပင်ကိုနှစ်ယောက်ဆွဲလွှ(ငမန်း)နှင့်
ဖြတ်ရာ လက်ချော်ပြီး ခြေသလုံးကိုထိသွားခြင်းဟူ၍ဖြစ်ပါသည်။
အဖေတို့လည်း ၎င်းကိုဆေးရုံသို့တင်၍ကုသပေးခဲ့ပါသည်။
နောက်ပိုင်း ဒဏ်ရာသက်သာသွားသည်ဆိုပေမင့် ပိုက်ဆံတွေတော့မနည်းကုန်ခဲ့ရပါသည်။
တစ်ရက်တွင်လည်း ကျွန်မ၏မောင်အငယ်ဆုံး နှစ်နှစ်သားအရွယ်ကလေးသည် အကောင်းပကတိမှနေ ရုတ်ချည်းကိုယ်တွေပူလာကာ တက်ပါတော့သည်။
ထိုအခါ အဖေတို့လည်း စိုးရိမ်ကာဘိုကလေးမှ ဆေးရုံသို့ပြေးရပါတော့သည်။
ညနေစောင်းအချိန်လောက်မှ အဖေနှင့်အမေလည်း မောင်လေးကိုပွေ့ကာ ပြန်ရောက်လာကြပါသည်။
သက်သာသွားပြီမို့ အတော်လေးလည်း စိတ်အေးသွားကြပုံပေါ်ပါသည်။
သို့သော် နောက်တစ်နေ့မနက်တွင် မောင်လေးသည် အမေ့ရှေ့တွင်ထိုင်နေရင်မှ တက်ပြန်သည်။
ထိုအခါ အမေလည်း စိုးရိမ်တကြီးဖြင့် အဖေ့ကိုလှမ်းခေါ်ပြန်ပါသည်။
“ယောက်ျားရေ။လာပါဦး။ကလေးတက်နေလို့”
ထိုအခါ အဖေလည်း အိမ်ပေါ်မှ ချက်ချင်းဆင်းပြေးလာပြီး ပိုက်ဆံကိုယူကာ
မောင်လေးကိုပွေ့ချီ၍ သင်္ဘောဖြင့်ဘိုကလေးဆေးရုံသို့ပြေးရပြန်ပါသည်။
စင်စစ်တော့ ကျွန်မတို့မှာ သွားချင်သည့်နေရာကိုသွားဖို့ရာ သင်္ဘောနှင့်သွားရသည်ဆိုသော်လည်း လွယ်ကူလှသည်တော့မဟုတ်လှပါ။
ဖြတ်သွားဖြတ်လာ လုပ်သည့်သင်္ဘောကိုသာ လက်ပြပြီး လှမ်းခေါ်ရခြင်းဖြစ်ပါသည်။
ညဘက်ဆိုလျှင်တော့ ဓာတ်မီးဖြင့်အချက်ပြီး ခေါ်ရပါသည်။
ထိုသို့ဖြတ်သွားဖြတ်လာသင်္ဘော
မရှိလျှင် အခြားသင်္ဘောတစ်စီကိုငှားရသည်။
ထိုအခါငွေကုန်ကြေးကျပိုများရသည်။
အဖေ ဆေးရုံသို့သွားခိုက်တွင် လယ်ထဲရှိနေသည့်ကျွဲတစ်ကောင်သည်လည်းပိုးထိပြီး သေပြန်ပါသည်။
ထိုအကြောင်းကို ကလေးဆေးရုံပြပြီးပြန်လာသည့်အဖေသိရတော့ ရင်ထဲဆို့သွားပုံရပါသည်။
ထို့နောက် သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး
“ခုတလောဘာကြောင့်ကံတွေဒီလောက်ဆိုးနေတာလဲမသိဘူး မြသီရယ်”
ယင်းသို့ညည်းတော့ အမေက
“ကျွန်မတို့ ခံရမယ့်ဝဋ်ကြွေးရှိလို့ပေါ့ယောကျ်ားရယ်အမြန်ကျေပါစေလို့ပဲဆုတောင်းရမှာပဲ”ဟုဆိုလိုက်ပါသည်။
သို့သော် အမေ့ဆုတောင်းမပြည့်ခဲ့ပါ။
မောင်လေး၏အခြေအနေကလည်း ပို၍ဆိုးလာပြန်ပါသည်။
တစ်ရက်တည်းကို နှစ်ကြိမ်သုံးကြိမ်အထိတက်ပါသည်။
အဖေလည်း လယ်ကွက်အချို့ကိုရောင်းပြီး ဆေးရုံသို့ပို့ရပြန်ပါသည်။
ဒီကြားထဲ မွေးထားသည့်ကျွဲတွေကလည်း ပိုးထိပြီး တစ်ကောင်ပြီး တစ်ကောင်သေပြန်ပါသည်။
ထို့ကြောင့်အဖေရော အမေပါ စိတ်ဓာတ်တွေကျလာကြပါသည်။
တစ်ညနေတွင်လည်း မောင်လေးသည် ရုတ်တရက်ကြီး တက်ပြန်လေရာ ညနေအချိန်ဆိုတော့ ဆေးရုံသို့သွားဖို့မလွယ်ကူတော့သည်မို့ အဖေနှင့်အမေလည်း မောင်လေးကို တတ်သမျှမှတ်သမျှပြုစုပေးကြရပါသည်။
ထို့အတူ ကျွန်မကလည်းအနီးအနားရှိ ပတ်ဝန်ကျင်မှလူတွေကိုအော်ဟစ်အကူအညီတောင်းရပါတော့သည်။
ကျွန်မ၏အကူအညီတောင်းမှုကြောင့် လူတွေလည်း အိမ်ပေါ်သို့ရောက်လာကြပြီး မောင်လေးကို တတ်သမျှ မှတ်သမျှဖြင့်နှိပ်ပေးကြပါသည်။
ထိုအခိုက်တွင် အိမ်ရှေ့ခပ်လှမ်းလှမ်းရှိချောင်းကြီးထဲမှ လှေကလေးပေါ်တွင် အခြေချနေထိုင်သည့်ဘကြီးလည်း လှေပေါ်မှဆင်းကာ အိမ်ပေါ်သို့တက်လာပါသည်။
အနှီဘကြီးသည် သားသမီးတွေအိမ်ထောင်ကျပြီးသည့်နောက် အနှီချောင်းကြီးထဲတွင် လှေကလေးချကာဓနိမိုးပြီး လင်မယားနှစ်ယောက်နေထိုင်ကြခြင်းဖြစ်ပါသည်။
ဘကြီးအိမ်ပေါ်သို့ရောက်လာပြီးသည့်နောက် ဘုရားစင်ပေါ်မှ ပရိတ်ရေကိုယူကာ မောင်လေးအားတိုက်လိုက်ပါသည်။
ထိုအခါမှ မောင်လေးသည်လည်း ချက်ချင်းပြန်လည်ကောင်းမွန်လာပါသည်။
ပြီးနောက်ဘကြီးက ကျန်သည့်ပရိတ်ရေများအား ခြံစည်းရိုးပတ်ပတ်လည်တွင် စည်းဝိုင်းဝိုင်းလိုက်ပြီး အဖေ့ဘက်သို့လှည့်ပြီး
“မောင်သိန်းထိုက်။ဒီခြံဝင်းထဲ
ကို မြွေဟောက်နှစ်ကောင်ဝင်သွားတယ်။ငါအခုစည်းဝိုင်းဝိုင်းထားလိုက်ပြီ။သူတို့ထွက်လို့မရတော့ဘူး။အဲဒီမြွေနှစ်ကောင်ကို ရအောင်ရှာပြီး တစ်တောင်ကျော်လောက်ဖြတ်လိုက်”ဟုခိုင်းလေရာ အဖေလည်းလိုက်ရှာလေရာ မြွေဟောက်
တစ်ကောင်ကိုသာတွေ့ပါသည်။
ထို့နောက်ထိုမြွေဟောက်ကို တစ်တောင်လောက်အထိဓားဖြင့်ဖြတ်လိုက်ရာ သွေးတစ်စက်မျှမထွက်သည်ကိုတွေ့ရပါသည်။
ထို့နောက် အနှီမြွေပြတ်အား ပရိတ်ရေလောင်းပြီး မီးရှို့ပြန်ရာ မြွေအရုပ်တစ်ရုပ်ဖြစ်သွားသည်မို့အားလုံးလည်းအံ့အားသင့်သွားကြရပါသည်။
ဘကြီးက
“ငါလှေပေါ်ကဆင်းတော့ မြွေဟောက်နှစ်ကောင်က လှေအောက်ကထွက်လာပြီး ငါ့နောက်လိုက်လာတယ်။
ရေကူးပြီးလိုက်လာတယ်ဆိုပေမယ့် တွန့်လိမ်ကောက်ကွေးကူးပြီး လိုက်လာတာမျိုးမဟုတ်ဘဲ သစ်သားချောင်းတစ်ချောင်းလို တောင့်တောင့်ကြီးလိုက်လာတာတွေ့ရတော့ ငါလည်း ဒါတိုက်မြွေဆိုတာမှန်းသိလိုက်ရတာ”ဟုဆိုပါသည်။
စင်စစ်သော် ဘကြီးသည် ထိုပညာရပ်တို့ကို လေ့လာလိုက်စားသူမဟုတ်ပါ။
ရှေးလူကြီးတွေစကားအရသာသိထားခြင်းဖြစ်ပါသည်။.မည်သို့ပင်ဆိုစေ။အိမ်ကိုတော့ မနာလိုသူ၊အကောက်ကြံသူတော့ ရှိလာပြီဆိုတာ အဖေနှင့်အမေလည်းကောင်းစွာသိလိုက်ကြပါတော့သည်။
တစ်နေ့သော ညနေခင်းတွင် မောင်လေးသည် ကိုယ်တွေပူပြီး ဖျားနေပြန်ရာ အမေက ကျွန်မအား ငန်းနီကျော်တစ်ထုပ်သွားဝယ်ခိုင်းပါသည်။
ကျွန်မလည်းအမေပေးသည့် ပိုက်ဆံကိုယူ၍ ဆေးဆိုင်သို့ထွက်လာခဲ့ပါသည်။.
ဆေးဆိုင်နှင့်ကျွန်မတို့အိမ်က သိပ်မဝေးလှပေမင့်ဓနိတောတွေ၊လမုတောတွေက ကြားခံနေသည်မို့ ကွေ့ပတ်ပြီးသွားရပါသည်။
မိုးကလည်း ရွာပြီးခါစမို့ လမ်းတွင် ရွှံ့တွေဗွက်တွေက ပေါက်ရောက်နေပါသည်။
ကျွန်မကလည်းငယ်ရွယ်သူဖြစ်သည်မို့ ထိုရွှံ့ဗွက်တွေကိုဆော့ကစားရင်း ဆေးဆိုင်တွင်ဆေးဝယ်ကာ ပြန်ထွက်လာပါသည်။
သို့ဖြင့် ဈေးဆိုင်တစ်ဆိုင်ရှေ့သို့အရောက်တွင် ဆိုင်ပိုင်ရှင်က
“ဟဲ့ နင်တစ်ယောက်တည်းလား”ဟုမေးလေရာ ကျွန်မက
“ဟုတ် တစ်ယောက်တည်းပဲ”ဟုပြန်ဖြေမိပါသည်။
ထိုအခါ သူက
“ဒါဆို ငါအဖော်ထည့်ပေးလိုက်ရမလား”ဟုမေးလေရာ ကျွန်မက
“ထည့်ပေးလိုက်လေ ကောင်းတာပေါ့”ဟုပြောပြီးဆက်လျှောက်လာခဲ့ပါသည်။
စင်စစ်သော် ကျွန်မသည် ငယ်ရွယ်ပြီး သွက်လက်သူဖြစ်သည့်အလျောက် အများစုကချစ်ခင်စ နောက်တတ်ကြပါသည်။
ကျွန်မကလည်းအနည်းငယ်မျှပင်ငြိမ်မခံ။နှုတ်သွက်လျှာသွက်ဖြင့်ပြန်လည်စနောက်တတ်ပါသည်။
ထိုဦးလေးနှင့်အပြန်အလှန်စ နောက်ပြီး လျှောက်လာခဲ့ရာ ဓနိတောတွေပေါက်ရောက်သည့်နေရာသို့ရောက်လာခဲ့ပါသည်။
ထိုအခိုက်တွင် အနောက်မှ လိုက်ပါလာသည့်ခြေသံကိုကြားလိုက်ရသည်မို့ ကျွန်မလည်း လှဘ့်ကြည့်လိုက်ရာ ရွာအလယ်ပိုင်းမှ ဘကြီးအောင်မြင့်ကိုတွေ့လိုက်ရပါသည်။
သူသည် အဖြူရောင်လက်ရှည်အင်္ကျီနှင့် ကွက်ကျဲပုဆိုးကိုဝတ်ထားပါသည်။
ထို့နောက်ကျွန်မက”ဟာ ဘကြီးအောင်မြင့်ပါလာ”ဟုပြောဖို့ရာ “ဟာ ဘကြီး”ဟုပင်ဆိုလိုက်ရသေးသည်။
ဘကြီးအောင်မြင့်၏အရပ်အမောင်းသည် တဖြည်းဖြည်းရှည်ထွက်လာပြီး ထန်းတစ်ပင်အမြင့်စာခန့်အထိရောက်သွားပါသည်။
ပြီး..သူသည် ကျွန်မအား မျက်လုံးကြီးအပြူးသားဖြင့် ငုံ့ကြည့်ပါသည်။
ထိုအခါ ကျွန်မလည်း “အား”ဟုကြောက်လန့်တကြားအော်ဟစ်ပြီး လဲကျကာသတိလစ်သွားပါတော့သည်။
ထို့နောက်ကျွန်မဘာမှမသိရတော့ပါ။
ကျွန်မသတိပြန်ရလာတော့ အိမ်ပေါ်သို့ပြန်ရောက်နေပါသည်။
ကျွန်မအနားတွင်လည်း အဖေ အမေနှင့်တကွ ရွာထဲမှလူတွေလည်း စုပြုံပြီးရှိနေပါသည်။
ပြီးနောက် သတိပြန်ရလာသည့်ကျွန်မအတွက် ဝမ်းသာသူကဝမ်းသာ၊သက်ပြင်းချနိုင်သူကချ၊စိတ်ချသွားပြီမို့ အိမ်ပြန်သူကပြန်ဖြင့် အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားကြပါသည်။
နောက်မှ ကျွန်မ အိမ်သို့ပြန်ရောက်ရသည့်အဖြစ်ကိုသိလိုက်ရပါသည်။
ယင်းမှာ ကျွန်မ၏ကြောက်လန့်တကြားအော်သံကြောင့်ဈေးဆိုင်ပိုင်မိသားစုလည်းရောက်လာပြီး ကျွန်မကိုပွေ့ချီကာ အိမ်သို့သယ်လာ၍ ရေမန်းတိုက်ခြင်း၊ဘုရားစာရွတ်ခြင်း စသည်တို့ကိုပြုလုပ်ပေးကြသည်ဟု ဆိုပါသည်။
မည်သို့ပင်ဆိုစေ ကျွန်မတော့ ကြောက်လန့်သိတ်တို့ကြောင့် ခုနှစ်ရက်တိတိဖျားပါတော့သည်။
အိမ်ကမောင်လေးကလည်း တစ်ရက်ကို သုံးကြိမ်လောက်အထိ အကောင်းပကတိမှ တက်ခြင်း၊ဖျားခြင်းတို့ နေ့စဉ်ဖြစ်နေပါသည်။
သည်တော့ ဆေးကုသစရိတ်က ထောင်းလာသလို၊စီးပွားရေးလည်းပျက်လာပါသည်။
အဖေနှင့်အမေလည်းခစိတ်ဓာတ်တွေကျလာပါသည်။
တစ်နေ့သောညနေခင်းတွင်တော့တစ်ဖက်ရွာမှ အောက်လမ်းဆရာသည် ကျွဲပျောက်သဖြင့် လိုက်ရှာရင်းကျွန်မတို့ရွာသို့ရောက်လာပါသည်။
(အောက်လမ်းဆရာဟုဆိုရသော်လည်း ကျွန်မတို့တော့ ကောင်းစွာမသိရပါ။ငယ်စဉ်ကအနှီပုဂ္ဂိုလ်ကြီးသည် ကိုးသင်္ချိုင်းအောင်ထားသည့်အောက်လမ်းဆရာဖြစ်ကြောင်း၊ပညာစွမ်းအလွန်ထက်ကြောင်း၊ထို့ကြောင့်ခပ်ဝေးဝေးမှနေရမည်ဖြစ်ကြောင်းကို ရွာမှလူတွေပြောကြသည်မို့ ကျွန်မလည်း ထိုဆရာကြီးကို အရောတဝင်မနေဝံ့ဘဲ ခပ်ကင်းကင်းသာနေပါသည်။)
ထိုဆရာကြီးသည် အိမ်ရှေ့မှဖြတ်လျှောက်ခိုက်တွင် အိမ်ကိုတစ်ချက်လှည့်ကြည့်ပြီး ဈေးဆိုင်ပေါ်တွင်ရှိနေသည့် အမေ့အားပြောပါသည်။
သူသည်အမေနှင့်တော့ အတော်ရင်းနှီးပါသည်။
သူက
“ဟဲ့ မိသိန်းကြည် နင်တို့အိမ်မရှင်းဘူး။ငါတွေ့နေရတယ်”
ယင်းသို့ပြောတော့ အမေက
“ဟုတ်လားဆရာ။ဒါဆိုကူညီပါဦး။ကျွန်မတို့လည်း စီးပွားရေးတွေကျ၊လူတွေလည်းဖျားနာဖြစ်နေတာ”
“အေး မနက်ဖြန် ငါလာခဲ့မယ်”ဟုဆိုကာ ကျွဲတွေကိုဆက်ရှာဖို့ရာထွက်သွားပါသည်။
နောက်တစ်နေ့တွင်တော့ အနှီဆရာကြီးသည် ကျွန်မတို့အိမ်၌ပွဲတွေထိုးပါသည်။
အနားတွင်လည်း အိမ်နီးချင်းအမျိုးသမီးကြီးတစ်ယောက်ကိုခေါ်ထားပါသည်။.
ပြီးနောက် သူ၏အမိန့်ဖြင့်ခေါ်လေရာ ဝိဉာဉ်တစ်ခုသည် အနှီအမျိုးသမီးကြီး၏ကိုယ်တွင်ဝင်ပူးပြီး ဝန်ချတောင်းပန်ပါသည်။.
ဆရာကြီးက
“ဘာကြောင့် ဒီလိုလုပ်ရတာလဲ”.
“ကျွန်တော်မကျေနပ်လို့ပါ။ကျွန်တော်အဆင်မပြေဖြစ်နေချိန်မှာ သူက နှိမ်လို့ပါ”
ယင်းသို့ပြောတော့ အမေက
“ဟဲ့ ငါ့တစ်သက်တာမှာ ဘယ်သူ့ကိုမှမနှိမ်ဖူးပါဘူး”
“ကျွန်တော်အရက်လာဝယ်တော့ အစ်မက မရောင်းချင်တာနဲ့ပဲ ညနေမှရောက်မယ်လို့ပြောတယ်လေ။ကျွန်တော်က အစစအရာရာချို့တဲ့နေချိန်မှာ ဒီလိုပြောတော့ ကျွန်တော်လည်း အနှိမ်ခံရတယ်လို့ထင်တာပေါ့”
အမေစိတ်မကောင်းစွာဖြင့်သက်ပြင်းချလိုက်ပါသည်။
“ငါကတကယ်မရှိလို့မရှိဘူးလို့ပြောလိုက်တာပါ။အဆင်မပြေတဲ့လူကိုနှိမ်လိုတဲ့စိတ်ငါ့မှာမရှိပါဘူး”ဟုဆိုလိုက်ပါသည်။
အမေနှင့် ဝင်ပူးခံရသူတို့ အချီအချပြောဆိုနေတော့မှ အနှီပြုစားသူသည် တစ်ချိန်က အရက်အကြွေးလာဝယ်သည့် ကိုသန်းရွှေမှန်းကျွန်မသိလိုက်ရပါသည်။
(အမေက အရက်က ညနေမှရမည်ဟုပြောဆိုလိုက်သည့်နောက် ကိုသန်းရွှေလည်း မခံချင်စိတ်ကြောင့်
ခေါင်းရင်းရှိလမ်းမပေါ်သို့ထွက်သွားရင်း အိမ်ထဲသို့ဝင်ကာ အနှီအင်းချပ်ကိုဘုရားစင်အောက်တွင်မြှုပ်ခဲ့သည်။
ရည်ရွယ်ချက်မှာ ကျွန်မတို့မိသားစု စီးပွားပျက်၊လူသေဖြစ်အောင်လုပ်သည်ဟု ဝန်ခံပါသည်။)
ထို့နောက် ဆရာကြီးက
“မင်းလုပ်ထားတာတွေပြန်ယူသွား။နောက်တစ်ခါဒါမျိုးထပ်လုပ်ရင် တန်ပြန်တဲ့ဒဏ်ကိုမင်းခံရမယ်”ဟုပြောလိုက်ရာ ကိုသန်းရွှေလည်း သူ၏အပြစ်အတွက် ဝန်ချတောင်းပန်ပါသည်။
ပြီးနောက်နှီအင်းချပ်အား သူကိုယ်တိုင် ပြန်လာပြီးဖော်ယူသွားပါမည်ဟုဆိုကာ သူ၏ပညာရပ်တွေကို ဆရာကြီးအား လှူလိုက်ပါသည်။
ယင်းသို့လှူပြီးသည့်နောက် ကိုသန်းရွှေသည် အမျိုးသမီးကြီး၏ခန္ဓာကိုယ်ထဲမှပြန်ထွက်သွားပါသည်။
ဆယ်မိနစ်ခန့်အကြာ၌တွင်တော့ သူကိုယ်တိုင် အိမ်ပေါ်သို့ရောက်လာပြီး ဆရာကြီးနှင့်တကွ အဖေနှင့်အမေကို ဝပ်ချတောင်းပန်ပြီး အိမ်ခေါင်းရင်း ဘုရားစင်အောက်တည့်တည့်ရှိမြေကြီးထဲတွင်မြှုပ်ထားသည့်အင်းချပ်ကို ပြန်လည်ဖော်ယူပြီး ထွက်သွားပါတော့သည်။
ယင်းနောက်ပိုင်းတွင်တော့ ကျွန်မ၏မောင်လေးလည်း ကျန်းမာရေးအခြေအနေ ပုံမှန်အတိုင်းပြန်ဖြစ်သွားသလို၊မိသားစုလည်း မည်သည့်တိုက်ခိုက်မှုမှမကြုံရတော့ပါ။
အားလုံးအေးချမ်းပါစေ…။
ဆရာဆွေ(တောင်တွင်း)
ဖြစ်ရပ်မှန်/သံဝေဂနှင့် ပရလောကဝတ္ထုတွေဖတ်လိုသူများ ကျွန်တော့်ရဲ့စာပေpageကို like follow လုပ်ထားကြပါအုံးဗျ။
Zawgyi Version
ဘုရားစင္ေအာက္ကအင္းတစ္ခ်ပ္(စ/ဆံုး)
————————————
ဧရာဝတီတိုင္း(ၿမိဳ႕နယ္..ေက်း႐ြာ)တြင္ေနထိုင္သည့္ကြၽန္မတို႔မိသားစုသည္ နာဂစ္မျဖစ္ခင္ ႏွစ္ႏွစ္ သုံးႏွစ္အလိုခန္႔က စီးပြားေရးအလြန္ေကာင္းမြန္ပါသည္။
အေဖသည္ ေရခ်ိဳရွိသည့္႐ြာေတြမွေရကိုဝယ္ၿပီးလွည့္ေရာင္းသည့္
သေဘၤာတစ္စီးကိုလည္းပိုင္ဆိုင္ထားသလို၊လယ္ဧကေတြကိုလည္ပိုင္ဆိုင္ထားပါသည္။
အႏွီလယ္ဧကေတြကိုလယ္သူရင္းငွားေတြႏွင့္သာလႊဲထားေလ့ရွိပါသည္။
တစ္ဖန္ အေမကလည္း အိမ္တြင္ ကုန္စုံဆိုင္ေလးတစ္ဆိုင္ဖြင့္လွစ္ထားပါသည္။
ကုန္စုံဆိုင္ဆိုေပမင့္ အရက္ကိုလည္းေရာင္းခ်ပါသည္။
ကုန္စုံဆိုင္သည္ အိမ္ေရွ႕ၿခံဝင္း ဝင္ေပါက္ေဘးတြင္ဖြင့္ထားသည္ဆိုေပမင့္ အိမ္ေခါင္းရင္းဘက္တြင္လည္း လမ္းမတစ္ခုရွိေနသည္မို႔ အေဖက ျဖတ္လမ္းအျဖစ္ ေခါင္းရင္းတြင္လည္း ဝင္ေပါက္တစ္ခုကိုဖြင့္ထားျပန္ပါသည္။
ထို႔ေၾကာင့္ အိမ္ေရွ႕တြင္ ေစ်းေရာင္းေနခိုက္ ေခါင္းရင္းဘက္မွလူဝင္လာသည္ကို တစ္ခါတရံ မည္သူမွ သတိမထားမိၾကပါ။
ယင္းလည္း ပစၥည္းဥစၥာမ်ားခိုးယူခံရျခင္း၊ေပ်ာက္ဆုံးျခင္းမရွိသည္မို႔ ျပႆနာမရွိလွပါ။
တစ္ေန႔ေသာ မနက္တြင္ေတာ့ ကြၽန္မတို႔ေမာင္ႏွမႏွစ္ေယာက္သည္ ဆိုင္ေရွ႕ရွိ လမ္းမေပၚ၌ ေဆာ့ကစားေနစဥ္ အေမကလည္း ႏွစ္ႏွစ္သားအ႐ြယ္ ကြၽန္မေမာင္ေလးႏွင့္အတူ ေစ်းဆိုင္ေပၚတြင္အိပ္ေပ်ာ္ေနပါသည္။
ထိုအခိုက္တြင္ ႐ြာအေနာက္ဘက္ပိုင္းမွ ကိုသန္းေ႐ႊေရာက္လာၿပီlအေမ့ကိုႏႈိးပါသည္။
“အစ္မ ေစ်းဝယ္ခ်င္လို႔”
ယင္းသို႔ႏႈိးေတာ့အေမလည္းႏိုးလာၿပီး
“ဘာဝယ္မလို႔လဲဟဲ့”
“အရက္ျဖဴတစ္လုံးေလာက္ပါ။ပိုက္ဆံကေတာ့ ဒီတစ္ပတ္ကုန္မွေပးပါမယ္”
ယင္းသို႔ေျပာေတာ့ အေမက
“အရက္က ကုန္ေနတယ္ေလ။ညေန သေဘၤာဆိုက္မွ ပါလာမွာ။ညေနမွလာယူလိုက္ေလ”
ယင္းသို႔ေျပာၿပီး ျပန္အိပ္ေနလိုက္ပါသည္။
ကိုသန္းေ႐ႊလည္း ဘာမွ်ျပန္မေျပာဘဲ အိမ္ေခါင္းရင္းရွိ လမ္းမဘက္သို႔ထြက္သြားပါသည္။
ကြၽန္မတို႔ကလည္းေဆာ့ၿမဲေဆာ့ေနလိုက္ၾကပါသည္။
သို႔ျဖင့္ညေနေစာင္းအခ်ိန္၌ အေဖလည္း
ေရငံသာရွိသည့္႐ြာေတြသို႔ေရခ်ိဳလွည့္ေရာင္းၿပီးျပန္လာရာ၌ အရက္ပုလင္းေတြလည္းပါလာပါသည္။
ထို႔ေနာက္ အရက္ေသာက္သူေတြလည္း ဆိုင္သို႔လာဝယ္ၾကပါသည္။
သို႔ေသာ္ မနက္က အရက္မရသျဖင့္ အိမ္ေခါင္းရင္းဘက္ရွိ လမ္းမဘက္သို႔ ဆက္လက္ထြက္သြားသည့္ ကိုသန္းေ႐ႊေတာ့ ေရာက္မလာပါ။
သို႔မဟုတ္ ကြၽန္မပဲ အမွတ္တမဲ့မို႔မျမင္မိတာလား မေျပာတတ္ပါ။
ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ အေဖလည္း ထုံးစံအတိုင္း ေရခ်ိဳဝယ္ၿပီး ေရာင္းဖို႔ရာ သေဘၤာျဖင့္ထြက္သြားပါသည္။
သို႔ျဖင့္ ေန႔လည္အခ်ိန္သို႔ေရာက္ေတာ့ သတင္းဆိုးတစ္ခုကိုၾကားလိုက္ရပါသည္။
ယင္းမွာ အေဖ၏သေဘၤာသည္ လႈိင္းလုံးေတြ႐ိုက္ခတ္မႈေၾကာင့္နစ္ျမဳပ္သြားသည္ ဆိုသည့္သတင္းျဖစ္ပါသည္။
သို႔ေသာ္ ကံေကာင္းသည္မွာ အေဖႏွင့္လုပ္သားငါးေယာက္မွာအျခားသေဘၤာတစ္စီး၏ကယ္တင္မႈေၾကာင့္ အႏၲရာယ္ တစ္စုံတရာမျဖစ္ဘဲ အိမ္သို႔ေခ်ာေမာစြာျပန္ေရာက္ခဲ့ၾကပါသည္။
အႏၲရာယ္ကင္းေပမင့္ အေဖသည္ သေဘၤာျဖင့္ေရခ်ိဳေရာင္းသည့္အလုပ္ကိုစိတ္ကုန္သြားပါသည္။.ထို႔ေနာက္ လယ္သူရင္းငွားေတြႏွင့္အတူ လယ္အလုပ္ကိုသာ
ဦးေဆာင္ၿပီး လုပ္ကိုင္ပါေတာ့သည္။
တစ္ေန႔။
ေန႔လည္ဆယ့္ႏွစ္နာရီထိုးၿပီမို႔အေဖလည္း လယ္ထဲမွျပန္လာၿပီး ကြၽန္မတို႔ႏွင့္အတူ ေန႔လည္စာစားပါသည္။
ၿပီးေနာက္ တေရးတေမာအိပ္စက္ဖို႔ျပင္ဆင္ေနခိုက္တြင္ လယ္သူရင္းငွားတစ္ေယာက္ အေလာတႀကီးေရာက္လာပါသည္။
“ကိုသိန္းထိုက္.. ကိုသိန္းထိုက္”
“ေဟ ဘာလဲ”
“ဟိုေကာင္ ေအာင္ေမာင္း လႊထိလို႔”
ထိုစကားေၾကာင့္အေဖလည္း အထိတ္တလန္႔ျဖစ္သြားပါသည္။
ထို႔ေနာက္
“အေျခအေန ေတာ္ေတာ္ဆိုးလား ကိုေက်ာ္ဦး”
“ဆိုးတယ္ဗ်။အေၾကာေတြ
ျပတ္လုနီးပါးပဲ”
“ဒုက္ခပါပဲ”
အေဖလည္းညည္းညဴၿပီး
“ခဏေစာင့္၊က်ဳပ္ပိုက္ဆံယူလိုက္ဦးမယ္”
ေျပာၿပီး အေဖလည္း အိမ္ေပၚသို႔တက္ကာ ပိုက္ဆံယူပါသည္။
ၿပီးေနာက္ ကိုေက်ာ္ဦးႏွင့္အတူ လယ္ေတာသို႔လိုက္သြားပါသည္။
ေနာက္မွသိရသည္ကား ကိုေအာင္ေမာင္းသည္ လယ္အစပ္မွခုတ္လွဲထားသည့္သစ္ပင္ကိုႏွစ္ေယာက္ဆြဲလႊ(ငမန္း)ႏွင့္
ျဖတ္ရာ လက္ေခ်ာ္ၿပီး ေျခသလုံးကိုထိသြားျခင္းဟူ၍ျဖစ္ပါသည္။
အေဖတို႔လည္း ၎ကိုေဆး႐ုံသို႔တင္၍ကုသေပးခဲ့ပါသည္။
ေနာက္ပိုင္း ဒဏ္ရာသက္သာသြားသည္ဆိုေပမင့္ ပိုက္ဆံေတြေတာ့မနည္းကုန္ခဲ့ရပါသည္။
တစ္ရက္တြင္လည္း ကြၽန္မ၏ေမာင္အငယ္ဆုံး ႏွစ္ႏွစ္သားအ႐ြယ္ကေလးသည္ အေကာင္းပကတိမွေန ႐ုတ္ခ်ည္းကိုယ္ေတြပူလာကာ တက္ပါေတာ့သည္။
ထိုအခါ အေဖတို႔လည္း စိုးရိမ္ကာဘိုကေလးမွ ေဆး႐ုံသို႔ေျပးရပါေတာ့သည္။
ညေနေစာင္းအခ်ိန္ေလာက္မွ အေဖႏွင့္အေမလည္း ေမာင္ေလးကိုေပြ႕ကာ ျပန္ေရာက္လာၾကပါသည္။
သက္သာသြားၿပီမို႔ အေတာ္ေလးလည္း စိတ္ေအးသြားၾကပုံေပၚပါသည္။
သို႔ေသာ္ ေနာက္တစ္ေန႔မနက္တြင္ ေမာင္ေလးသည္ အေမ့ေရွ႕တြင္ထိုင္ေနရင္မွ တက္ျပန္သည္။
ထိုအခါ အေမလည္း စိုးရိမ္တႀကီးျဖင့္ အေဖ့ကိုလွမ္းေခၚျပန္ပါသည္။
“ေယာက္်ားေရ။လာပါဦး။ကေလးတက္ေနလို႔”
ထိုအခါ အေဖလည္း အိမ္ေပၚမွ ခ်က္ခ်င္းဆင္းေျပးလာၿပီး ပိုက္ဆံကိုယူကာ
ေမာင္ေလးကိုေပြ႕ခ်ီ၍ သေဘၤာျဖင့္ဘိုကေလးေဆး႐ုံသို႔ေျပးရျပန္ပါသည္။
စင္စစ္ေတာ့ ကြၽန္မတို႔မွာ သြားခ်င္သည့္ေနရာကိုသြားဖို႔ရာ သေဘၤာႏွင့္သြားရသည္ဆိုေသာ္လည္း လြယ္ကူလွသည္ေတာ့မဟုတ္လွပါ။
ျဖတ္သြားျဖတ္လာ လုပ္သည့္သေဘၤာကိုသာ လက္ျပၿပီး လွမ္းေခၚရျခင္းျဖစ္ပါသည္။
ညဘက္ဆိုလွ်င္ေတာ့ ဓာတ္မီးျဖင့္အခ်က္ၿပီး ေခၚရပါသည္။
ထိုသို႔ျဖတ္သြားျဖတ္လာသေဘၤာ
မရွိလွ်င္ အျခားသေဘၤာတစ္စီကိုငွားရသည္။
ထိုအခါေငြကုန္ေၾကးက်ပိုမ်ားရသည္။
အေဖ ေဆး႐ုံသို႔သြားခိုက္တြင္ လယ္ထဲရွိေနသည့္ကြၽဲတစ္ေကာင္သည္လည္းပိုးထိၿပီး ေသျပန္ပါသည္။
ထိုအေၾကာင္းကို ကေလးေဆး႐ုံျပၿပီးျပန္လာသည့္အေဖသိရေတာ့ ရင္ထဲဆို႔သြားပုံရပါသည္။
ထို႔ေနာက္ သက္ျပင္းရွည္ႀကီးကိုခ်လိုက္ၿပီး
“ခုတေလာဘာေၾကာင့္ကံေတြဒီေလာက္ဆိုးေနတာလဲမသိဘူး ျမသီရယ္”
ယင္းသို႔ညည္းေတာ့ အေမက
“ကြၽန္မတို႔ ခံရမယ့္ဝဋ္ေႂကြးရွိလို႔ေပါ့ေယာက်္ားရယ္အျမန္ေက်ပါေစလို႔ပဲဆုေတာင္းရမွာပဲ”ဟုဆိုလိုက္ပါသည္။
သို႔ေသာ္ အေမ့ဆုေတာင္းမျပည့္ခဲ့ပါ။
ေမာင္ေလး၏အေျခအေနကလည္း ပို၍ဆိုးလာျပန္ပါသည္။
တစ္ရက္တည္းကို ႏွစ္ႀကိမ္သုံးႀကိမ္အထိတက္ပါသည္။
အေဖလည္း လယ္ကြက္အခ်ိဳ႕ကိုေရာင္းၿပီး ေဆး႐ုံသို႔ပို႔ရျပန္ပါသည္။
ဒီၾကားထဲ ေမြးထားသည့္ကြၽဲေတြကလည္း ပိုးထိၿပီး တစ္ေကာင္ၿပီး တစ္ေကာင္ေသျပန္ပါသည္။
ထို႔ေၾကာင့္အေဖေရာ အေမပါ စိတ္ဓာတ္ေတြက်လာၾကပါသည္။
တစ္ညေနတြင္လည္း ေမာင္ေလးသည္ ႐ုတ္တရက္ႀကီး တက္ျပန္ေလရာ ညေနအခ်ိန္ဆိုေတာ့ ေဆး႐ုံသို႔သြားဖို႔မလြယ္ကူေတာ့သည္မို႔ အေဖႏွင့္အေမလည္း ေမာင္ေလးကို တတ္သမွ်မွတ္သမွ်ျပဳစုေပးၾကရပါသည္။
ထို႔အတူ ကြၽန္မကလည္းအနီးအနားရွိ ပတ္ဝန္က်င္မွလူေတြကိုေအာ္ဟစ္အကူအညီေတာင္းရပါေတာ့သည္။
ကြၽန္မ၏အကူအညီေတာင္းမႈေၾကာင့္ လူေတြလည္း အိမ္ေပၚသို႔ေရာက္လာၾကၿပီး ေမာင္ေလးကို တတ္သမွ် မွတ္သမွ်ျဖင့္ႏွိပ္ေပးၾကပါသည္။
ထိုအခိုက္တြင္ အိမ္ေရွ႕ခပ္လွမ္းလွမ္းရွိေခ်ာင္းႀကီးထဲမွ ေလွကေလးေပၚတြင္ အေျခခ်ေနထိုင္သည့္ဘႀကီးလည္း ေလွေပၚမွဆင္းကာ အိမ္ေပၚသို႔တက္လာပါသည္။
အႏွီဘႀကီးသည္ သားသမီးေတြအိမ္ေထာင္က်ၿပီးသည့္ေနာက္ အႏွီေခ်ာင္းႀကီးထဲတြင္ ေလွကေလးခ်ကာဓနိမိုးၿပီး လင္မယားႏွစ္ေယာက္ေနထိုင္ၾကျခင္းျဖစ္ပါသည္။
ဘႀကီးအိမ္ေပၚသို႔ေရာက္လာၿပီးသည့္ေနာက္ ဘုရားစင္ေပၚမွ ပရိတ္ေရကိုယူကာ ေမာင္ေလးအားတိုက္လိုက္ပါသည္။
ထိုအခါမွ ေမာင္ေလးသည္လည္း ခ်က္ခ်င္းျပန္လည္ေကာင္းမြန္လာပါသည္။
ၿပီးေနာက္ဘႀကီးက က်န္သည့္ပရိတ္ေရမ်ားအား ၿခံစည္း႐ိုးပတ္ပတ္လည္တြင္ စည္းဝိုင္းဝိုင္းလိုက္ၿပီး အေဖ့ဘက္သို႔လွည့္ၿပီး
“ေမာင္သိန္းထိုက္။ဒီၿခံဝင္းထဲ
ကို ေႁမြေဟာက္ႏွစ္ေကာင္ဝင္သြားတယ္။ငါအခုစည္းဝိုင္းဝိုင္းထားလိုက္ၿပီ။သူတို႔ထြက္လို႔မရေတာ့ဘူး။အဲဒီေႁမြႏွစ္ေကာင္ကို ရေအာင္ရွာၿပီး တစ္ေတာင္ေက်ာ္ေလာက္ျဖတ္လိုက္”ဟုခိုင္းေလရာ အေဖလည္းလိုက္ရွာေလရာ ေႁမြေဟာက္
တစ္ေကာင္ကိုသာေတြ႕ပါသည္။
ထို႔ေနာက္ထိုေႁမြေဟာက္ကို တစ္ေတာင္ေလာက္အထိဓားျဖင့္ျဖတ္လိုက္ရာ ေသြးတစ္စက္မွ်မထြက္သည္ကိုေတြ႕ရပါသည္။
ထို႔ေနာက္ အႏွီေႁမြျပတ္အား ပရိတ္ေရေလာင္းၿပီး မီးရႈိ႕ျပန္ရာ ေႁမြအ႐ုပ္တစ္႐ုပ္ျဖစ္သြားသည္မို႔အားလုံးလည္းအံ့အားသင့္သြားၾကရပါသည္။
ဘႀကီးက
“ငါေလွေပၚကဆင္းေတာ့ ေႁမြေဟာက္ႏွစ္ေကာင္က ေလွေအာက္ကထြက္လာၿပီး ငါ့ေနာက္လိုက္လာတယ္။
ေရကူးၿပီးလိုက္လာတယ္ဆိုေပမယ့္ တြန္႔လိမ္ေကာက္ေကြးကူးၿပီး လိုက္လာတာမ်ိဳးမဟုတ္ဘဲ သစ္သားေခ်ာင္းတစ္ေခ်ာင္းလို ေတာင့္ေတာင့္ႀကီးလိုက္လာတာေတြ႕ရေတာ့ ငါလည္း ဒါတိုက္ေႁမြဆိုတာမွန္းသိလိုက္ရတာ”ဟုဆိုပါသည္။
စင္စစ္ေသာ္ ဘႀကီးသည္ ထိုပညာရပ္တို႔ကို ေလ့လာလိုက္စားသူမဟုတ္ပါ။
ေရွးလူႀကီးေတြစကားအရသာသိထားျခင္းျဖစ္ပါသည္။.မည္သို႔ပင္ဆိုေစ။အိမ္ကိုေတာ့ မနာလိုသူ၊အေကာက္ႀကံသူေတာ့ ရွိလာၿပီဆိုတာ အေဖႏွင့္အေမလည္းေကာင္းစြာသိလိုက္ၾကပါေတာ့သည္။
တစ္ေန႔ေသာ ညေနခင္းတြင္ ေမာင္ေလးသည္ ကိုယ္ေတြပူၿပီး ဖ်ားေနျပန္ရာ အေမက ကြၽန္မအား ငန္းနီေက်ာ္တစ္ထုပ္သြားဝယ္ခိုင္းပါသည္။
ကြၽန္မလည္းအေမေပးသည့္ ပိုက္ဆံကိုယူ၍ ေဆးဆိုင္သို႔ထြက္လာခဲ့ပါသည္။.
ေဆးဆိုင္ႏွင့္ကြၽန္မတို႔အိမ္က သိပ္မေဝးလွေပမင့္ဓနိေတာေတြ၊လမုေတာေတြက ၾကားခံေနသည္မို႔ ေကြ႕ပတ္ၿပီးသြားရပါသည္။
မိုးကလည္း ႐ြာၿပီးခါစမို႔ လမ္းတြင္ ႐ႊံ႕ေတြဗြက္ေတြက ေပါက္ေရာက္ေနပါသည္။
ကြၽန္မကလည္းငယ္႐ြယ္သူျဖစ္သည္မို႔ ထို႐ႊံ႕ဗြက္ေတြကိုေဆာ့ကစားရင္း ေဆးဆိုင္တြင္ေဆးဝယ္ကာ ျပန္ထြက္လာပါသည္။
သို႔ျဖင့္ ေစ်းဆိုင္တစ္ဆိုင္ေရွ႕သို႔အေရာက္တြင္ ဆိုင္ပိုင္ရွင္က
“ဟဲ့ နင္တစ္ေယာက္တည္းလား”ဟုေမးေလရာ ကြၽန္မက
“ဟုတ္ တစ္ေယာက္တည္းပဲ”ဟုျပန္ေျဖမိပါသည္။
ထိုအခါ သူက
“ဒါဆို ငါအေဖာ္ထည့္ေပးလိုက္ရမလား”ဟုေမးေလရာ ကြၽန္မက
“ထည့္ေပးလိုက္ေလ ေကာင္းတာေပါ့”ဟုေျပာၿပီးဆက္ေလွ်ာက္လာခဲ့ပါသည္။
စင္စစ္ေသာ္ ကြၽန္မသည္ ငယ္႐ြယ္ၿပီး သြက္လက္သူျဖစ္သည့္အေလ်ာက္ အမ်ားစုကခ်စ္ခင္စ ေနာက္တတ္ၾကပါသည္။
ကြၽန္မကလည္းအနည္းငယ္မွ်ပင္ၿငိမ္မခံ။ႏႈတ္သြက္လွ်ာသြက္ျဖင့္ျပန္လည္စေနာက္တတ္ပါသည္။
ထိုဦးေလးႏွင့္အျပန္အလွန္စ ေနာက္ၿပီး ေလွ်ာက္လာခဲ့ရာ ဓနိေတာေတြေပါက္ေရာက္သည့္ေနရာသို႔ေရာက္လာခဲ့ပါသည္။
ထိုအခိုက္တြင္ အေနာက္မွ လိုက္ပါလာသည့္ေျခသံကိုၾကားလိုက္ရသည္မို႔ ကြၽန္မလည္း လွဘ့္ၾကည့္လိုက္ရာ ႐ြာအလယ္ပိုင္းမွ ဘႀကီးေအာင္ျမင့္ကိုေတြ႕လိုက္ရပါသည္။
သူသည္ အျဖဴေရာင္လက္ရွည္အက်ႌႏွင့္ ကြက္က်ဲပုဆိုးကိုဝတ္ထားပါသည္။
ထို႔ေနာက္ကြၽန္မက”ဟာ ဘႀကီးေအာင္ျမင့္ပါလာ”ဟုေျပာဖို႔ရာ “ဟာ ဘႀကီး”ဟုပင္ဆိုလိုက္ရေသးသည္။
ဘႀကီးေအာင္ျမင့္၏အရပ္အေမာင္းသည္ တျဖည္းျဖည္းရွည္ထြက္လာၿပီး ထန္းတစ္ပင္အျမင့္စာခန္႔အထိေရာက္သြားပါသည္။
ၿပီး..သူသည္ ကြၽန္မအား မ်က္လုံးႀကီးအျပဴးသားျဖင့္ ငုံ႔ၾကည့္ပါသည္။
ထိုအခါ ကြၽန္မလည္း “အား”ဟုေၾကာက္လန္႔တၾကားေအာ္ဟစ္ၿပီး လဲက်ကာသတိလစ္သြားပါေတာ့သည္။
ထို႔ေနာက္ကြၽန္မဘာမွမသိရေတာ့ပါ။
ကြၽန္မသတိျပန္ရလာေတာ့ အိမ္ေပၚသို႔ျပန္ေရာက္ေနပါသည္။
ကြၽန္မအနားတြင္လည္း အေဖ အေမႏွင့္တကြ ႐ြာထဲမွလူေတြလည္း စုၿပဳံၿပီးရွိေနပါသည္။
ၿပီးေနာက္ သတိျပန္ရလာသည့္ကြၽန္မအတြက္ ဝမ္းသာသူကဝမ္းသာ၊သက္ျပင္းခ်ႏိုင္သူကခ်၊စိတ္ခ်သြားၿပီမို႔ အိမ္ျပန္သူကျပန္ျဖင့္ အနည္းငယ္ လႈပ္လႈပ္ရွားရွားျဖစ္သြားၾကပါသည္။
ေနာက္မွ ကြၽန္မ အိမ္သို႔ျပန္ေရာက္ရသည့္အျဖစ္ကိုသိလိုက္ရပါသည္။
ယင္းမွာ ကြၽန္မ၏ေၾကာက္လန္႔တၾကားေအာ္သံေၾကာင့္ေစ်းဆိုင္ပိုင္မိသားစုလည္းေရာက္လာၿပီး ကြၽန္မကိုေပြ႕ခ်ီကာ အိမ္သို႔သယ္လာ၍ ေရမန္းတိုက္ျခင္း၊ဘုရားစာ႐ြတ္ျခင္း စသည္တို႔ကိုျပဳလုပ္ေပးၾကသည္ဟု ဆိုပါသည္။
မည္သို႔ပင္ဆိုေစ ကြၽန္မေတာ့ ေၾကာက္လန္႔သိတ္တို႔ေၾကာင့္ ခုႏွစ္ရက္တိတိဖ်ားပါေတာ့သည္။
အိမ္ကေမာင္ေလးကလည္း တစ္ရက္ကို သုံးႀကိမ္ေလာက္အထိ အေကာင္းပကတိမွ တက္ျခင္း၊ဖ်ားျခင္းတို႔ ေန႔စဥ္ျဖစ္ေနပါသည္။
သည္ေတာ့ ေဆးကုသစရိတ္က ေထာင္းလာသလို၊စီးပြားေရးလည္းပ်က္လာပါသည္။
အေဖႏွင့္အေမလည္းခစိတ္ဓာတ္ေတြက်လာပါသည္။
တစ္ေန႔ေသာညေနခင္းတြင္ေတာ့တစ္ဖက္႐ြာမွ ေအာက္လမ္းဆရာသည္ ကြၽဲေပ်ာက္သျဖင့္ လိုက္ရွာရင္းကြၽန္မတို႔႐ြာသို႔ေရာက္လာပါသည္။
(ေအာက္လမ္းဆရာဟုဆိုရေသာ္လည္း ကြၽန္မတို႔ေတာ့ ေကာင္းစြာမသိရပါ။ငယ္စဥ္ကအႏွီပုဂၢိဳလ္ႀကီးသည္ ကိုးသခ်ႋဳင္းေအာင္ထားသည့္ေအာက္လမ္းဆရာျဖစ္ေၾကာင္း၊ပညာစြမ္းအလြန္ထက္ေၾကာင္း၊ထို႔ေၾကာင့္ခပ္ေဝးေဝးမွေနရမည္ျဖစ္ေၾကာင္းကို ႐ြာမွလူေတြေျပာၾကသည္မို႔ ကြၽန္မလည္း ထိုဆရာႀကီးကို အေရာတဝင္မေနဝံ့ဘဲ ခပ္ကင္းကင္းသာေနပါသည္။)
ထိုဆရာႀကီးသည္ အိမ္ေရွ႕မွျဖတ္ေလွ်ာက္ခိုက္တြင္ အိမ္ကိုတစ္ခ်က္လွည့္ၾကည့္ၿပီး ေစ်းဆိုင္ေပၚတြင္ရွိေနသည့္ အေမ့အားေျပာပါသည္။
သူသည္အေမႏွင့္ေတာ့ အေတာ္ရင္းႏွီးပါသည္။
သူက
“ဟဲ့ မိသိန္းၾကည္ နင္တို႔အိမ္မရွင္းဘူး။ငါေတြ႕ေနရတယ္”
ယင္းသို႔ေျပာေတာ့ အေမက
“ဟုတ္လားဆရာ။ဒါဆိုကူညီပါဦး။ကြၽန္မတို႔လည္း စီးပြားေရးေတြက်၊လူေတြလည္းဖ်ားနာျဖစ္ေနတာ”
“ေအး မနက္ျဖန္ ငါလာခဲ့မယ္”ဟုဆိုကာ ကြၽဲေတြကိုဆက္ရွာဖို႔ရာထြက္သြားပါသည္။
ေနာက္တစ္ေန႔တြင္ေတာ့ အႏွီဆရာႀကီးသည္ ကြၽန္မတို႔အိမ္၌ပြဲေတြထိုးပါသည္။
အနားတြင္လည္း အိမ္နီးခ်င္းအမ်ိဳးသမီးႀကီးတစ္ေယာက္ကိုေခၚထားပါသည္။.
ၿပီးေနာက္ သူ၏အမိန္႔ျဖင့္ေခၚေလရာ ဝိဥာဥ္တစ္ခုသည္ အႏွီအမ်ိဳးသမီးႀကီး၏ကိုယ္တြင္ဝင္ပူးၿပီး ဝန္ခ်ေတာင္းပန္ပါသည္။.
ဆရာႀကီးက
“ဘာေၾကာင့္ ဒီလိုလုပ္ရတာလဲ”.
“ကြၽန္ေတာ္မေက်နပ္လို႔ပါ။ကြၽန္ေတာ္အဆင္မေျပျဖစ္ေနခ်ိန္မွာ သူက ႏွိမ္လို႔ပါ”
ယင္းသို႔ေျပာေတာ့ အေမက
“ဟဲ့ ငါ့တစ္သက္တာမွာ ဘယ္သူ႔ကိုမွမႏွိမ္ဖူးပါဘူး”
“ကြၽန္ေတာ္အရက္လာဝယ္ေတာ့ အစ္မက မေရာင္းခ်င္တာနဲ႔ပဲ ညေနမွေရာက္မယ္လို႔ေျပာတယ္ေလ။ကြၽန္ေတာ္က အစစအရာရာခ်ိဳ႕တဲ့ေနခ်ိန္မွာ ဒီလိုေျပာေတာ့ ကြၽန္ေတာ္လည္း အႏွိမ္ခံရတယ္လို႔ထင္တာေပါ့”
အေမစိတ္မေကာင္းစြာျဖင့္သက္ျပင္းခ်လိုက္ပါသည္။
“ငါကတကယ္မရွိလို႔မရွိဘူးလို႔ေျပာလိုက္တာပါ။အဆင္မေျပတဲ့လူကိုႏွိမ္လိုတဲ့စိတ္ငါ့မွာမရွိပါဘူး”ဟုဆိုလိုက္ပါသည္။
အေမႏွင့္ ဝင္ပူးခံရသူတို႔ အခ်ီအခ်ေျပာဆိုေနေတာ့မွ အႏွီျပဳစားသူသည္ တစ္ခ်ိန္က အရက္အေႂကြးလာဝယ္သည့္ ကိုသန္းေ႐ႊမွန္းကြၽန္မသိလိုက္ရပါသည္။
(အေမက အရက္က ညေနမွရမည္ဟုေျပာဆိုလိုက္သည့္ေနာက္ ကိုသန္းေ႐ႊလည္း မခံခ်င္စိတ္ေၾကာင့္
ေခါင္းရင္းရွိလမ္းမေပၚသို႔ထြက္သြားရင္း အိမ္ထဲသို႔ဝင္ကာ အႏွီအင္းခ်ပ္ကိုဘုရားစင္ေအာက္တြင္ျမႇဳပ္ခဲ့သည္။
ရည္႐ြယ္ခ်က္မွာ ကြၽန္မတို႔မိသားစု စီးပြားပ်က္၊လူေသျဖစ္ေအာင္လုပ္သည္ဟု ဝန္ခံပါသည္။)
ထို႔ေနာက္ ဆရာႀကီးက
“မင္းလုပ္ထားတာေတြျပန္ယူသြား။ေနာက္တစ္ခါဒါမ်ိဳးထပ္လုပ္ရင္ တန္ျပန္တဲ့ဒဏ္ကိုမင္းခံရမယ္”ဟုေျပာလိုက္ရာ ကိုသန္းေ႐ႊလည္း သူ၏အျပစ္အတြက္ ဝန္ခ်ေတာင္းပန္ပါသည္။
ၿပီးေနာက္ႏွီအင္းခ်ပ္အား သူကိုယ္တိုင္ ျပန္လာၿပီးေဖာ္ယူသြားပါမည္ဟုဆိုကာ သူ၏ပညာရပ္ေတြကို ဆရာႀကီးအား လႉလိုက္ပါသည္။
ယင္းသို႔လႉၿပီးသည့္ေနာက္ ကိုသန္းေ႐ႊသည္ အမ်ိဳးသမီးႀကီး၏ခႏၶာကိုယ္ထဲမွျပန္ထြက္သြားပါသည္။
ဆယ္မိနစ္ခန္႔အၾကာ၌တြင္ေတာ့ သူကိုယ္တိုင္ အိမ္ေပၚသို႔ေရာက္လာၿပီး ဆရာႀကီးႏွင့္တကြ အေဖႏွင့္အေမကို ဝပ္ခ်ေတာင္းပန္ၿပီး အိမ္ေခါင္းရင္း ဘုရားစင္ေအာက္တည့္တည့္ရွိေျမႀကီးထဲတြင္ျမႇဳပ္ထားသည့္အင္းခ်ပ္ကို ျပန္လည္ေဖာ္ယူၿပီး ထြက္သြားပါေတာ့သည္။
ယင္းေနာက္ပိုင္းတြင္ေတာ့ ကြၽန္မ၏ေမာင္ေလးလည္း က်န္းမာေရးအေျခအေန ပုံမွန္အတိုင္းျပန္ျဖစ္သြားသလို၊မိသားစုလည္း မည္သည့္တိုက္ခိုက္မႈမွမႀကဳံရေတာ့ပါ။
အားလုံးေအးခ်မ္းပါေစ…။
ဆရာေဆြ(ေတာင္တြင္း)
ျဖစ္ရပ္မွန္/သံေဝဂႏွင့္ ပရေလာကဝတၳဳေတြဖတ္လိုသူမ်ား ကြၽန္ေတာ့္ရဲ႕စာေပpageကို like follow လုပ္ထားၾကပါအုံးဗ်။