ဘဝခြားသူစိမ်းများ(စ/ဆုံး)

Unicode Version

ဘဝခြားသူစိမ်းများ(စ/ဆုံး)
——————————–
“စိန်အောင်လင်း”
သူ-ယမကာဟေဝန်မြိုင်တောတန်းလေးထဲရှိလူတွေတရုန်းရုန်းကြား
ထဲမှ ဖြတ်သန်းတိုးဝှေ့ပြီး ပြန်လာခဲ့သည်။
သူ ကုမ္ပဏီအလုပ်ရုံးခန်းထဲက ကမန်းကတန်းလေး လှမ်းထွက်လာ တော့ပတ်ဝန်းကျင် ညနေချမ်းကလေးကမှုန်ရီဝိုးတဝါးလေးသာလင်းတော့ ၏။ သူ့ကို စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သူ၏ ကော်စမစ်တစ် အလှကုန် လုပ်ငန်းအတွက် ကြော်ငြာတစ်ခုရိုက်ကူးပေးရန် လာရောက်ကမ်းလှမ်း ဆွေးနွေးတိုင်ပင်နေသောကြောင့် ဒီနေ့ညနေ သူအလုပ်မှ နောက်ကျပြီး အိမ်ပြန်ခဲ့ခြင်းဖြစ်သည်။
စိန်အောင်လင်းက ပုဂ္ဂလိက “ရုပ်မြင်သံကြားရိုက်ကူးထုတ်လွှင့်ရေး” ဌာနတစ်ခု၌ စီးပွားရေးကြော်ငြာရိုက်ကူးထုတ်လုပ်မှု “စီစဉ်ရေးမှူး” တာဝန် ယူထားရသူဖြစ်သည်။ ထိုတာဝန်ကကျယ်လည်းကျယ်ပြန့်ပြီး ခေါင်းလည်း အလွန်စားသည်။

ထိုအလုပ်က စိတ်ကိုနစ်ထားရသည်။ နေ့စဉ်နှင့်အမျှ သူ့အလုပ်ထဲတွင် လှောင်ပိတ်မွှန်းကျပ်နေခဲ့သည်။ သို့သော်လည်း- သူ့ဘဝတစ်လျှောက်လုံး ထိုလုပ်ငန်းထဲ၌ ကျွံဝင်နစ်မြှုပ်နေသည်ကိုပင် သူပျော်ရွှင်ကျေနပ်နေသည်။ သူ တွယ်တာဂုဏ်ယူနေသည်။
ထို့ကြောင့် သူ နှစ်ပေါင်းများစွာပတ်ဝန်းကျင်လောကကြီးနှင့် အဆက် ပြတ်နေသည်ဟု ဆိုရမည်။
သူလူအုပ်တွေကြားထဲ တိုးဝင်လျှောက်လာခဲ့သည်။ ထိုအချိန်လေးမှာပင်သူမတော်တဆကြုံကြိုက်တိုက်ဆိုင်မှုလေးတစ်ခု
နှင့် ဆုံဆည်းခဲ့ရသည်။
မှုန်ဝါးဝါး အနော်ရထာလမ်းမကြီး၏ရှည်လျားလှသော ပလက်ဖောင်း လမ်းပေါ်မှ လူအုပ်တွေကြားထဲမှာ ထိုလူကို မြင်တွေ့လိုက်ရခြင်းဖြစ်သည်။ သူ ထိုလူကို မြင်လျှင်မြင်ချင်း အခိုက်တန့်လေးမှာပင် မှတ်မိလိုက် သည်။ထိုလူနှင့်သူမတွေ့ခဲ့ကြသည်မှာ နှစ်ပေါင်းအလွန်ကြာလှပြီဖြစ်သည်။ ဆယ်စုနှစ် နှစ်စုကျော်၊ သုံးစုခန့်ရှိပြီဖြစ်သည် ထင်သည်။
ထိုစဉ်အချိန်က အလွန်ရင်းနှီးခင်မင်ခဲ့ရသည့် ငယ်ပေါင်းကြီးဖော် လူ တစ်ယောက်၏ မျက်နှာတစ်ခုပင်ဖြစ်သည်။ သို့သော်- နှစ်ပေါင်းများစွာ ပြန်လည်မဆုံတွေ့ခဲ့ကြတော့ပဲ ယခုမှ ရုတ်တရက် ဖြုန်းစားကြီး သူ ဖျပ်ခနဲ ပြန်လည်မြင်တွေ့လိုက်ရသည့်အတွက် စိန်အောင်လင်း၏ စိတ်ထဲမှာ ထူးဆန်းအံ့ဩသလို ဘာလိုလို ဖြစ်သွားသည်။
နှင်းရိုက်ထားသော မှုန်ဝါးဝါး မှန်တစ်ချပ်ထဲမှ ပုံသဏ္ဌာန်တစ်ခုကို လှမ်းမြင်လိုက်ရသည်နှင့် တူနေသည်။
ထိုလူက ရှေ့မှ လူစီးကြောင်းတစ်ခုထဲသို့ ကွေ့ချိုးဝင်သွားလေသည်။ စိုထိုင်းထိုင်းနှင့် မီးခိုးတွေလွင့်အူနေသော စားသောက်ဆိုင်တန်းတွေရှေ့မှ အမှောင်ထုဆည်းဆာထဲ သူတိုးဝင်သွားသည်။ စိန်အောင်လင်း ခြေလှမ်း ကျဲလေးနှင့် သူ့နောက်မှ တိုးဝှေ့လိုက်လာသော်လည်း ထိုလူကို သူ မမီ လိုက်တော့ချေ။ တော်တော်လေး အလှမ်းဝေးသွားတော့သည်။

သူ အတွေးမျှင်တန်းလေး ဖိုသီဖတ်သီနှင့် ဆက်လျှောက်လာရင်း စဉ်းစားလာသည်။ သူ ဒီလူ့ကို သိတာ သေချာသည်။ ဒီလူကလည်း သူ့ကို သိသည်မှာ စတင်သိကျွမ်းခဲ့ကြသည်။ သူနှင့် ဒီလူ ဘယ်လိုသိကျွမ်းခင်မင် နေခဲ့ကြပြီး ဘယ်အချိန်က စတင်သိကျွမ်းခဲ့ကြသည်ကိုလည်းကောင်း၊
ဒီလူနှင့် သူ ဘယ်လိုဆက်နွယ်ပတ်သက်နေခဲ့သည်ကိုလည်းကောင်း သူ မမှတ်မိတော့ချေ။
သူ ဘယ်သူလည်းဆိုတာ စိန်အောင်လင်း စဉ်းစားမရတော့ချေ။ ယခု သူ့အသက်ပင် လေးဆယ်ကျော်၊ ငါးဆယ်နီးပါး ရှိလာခဲ့ပြီဆိုတော့ အတိတ် က ပန်းချီကားတွေက မှုန်ဝါးပျက်ပြယ်လုနီးရှိနေတော့သည်။
ထိုလူက သူနှင့်မတိမ်းမယိမ်း သက်တူရွယ်မျှပင်ဖြစ်၏။ ကွာလှလွန်းရင် (၂)နှစ်၊ (၃)နှစ်ပေါ့။ ဒီထက်တော့ မပိုနိုင်။ သို့တစေ – သူအံ့သြနေသည်က ထိုလူက သူ့ထက်ပိုပြီး အိုစာလွန်းနေသည်မှာ ထူးဆန်းနေသည်။ ယင်း အသွင်သဏ္ဌာန်က သူ့ကိုအဓိကထိတ်လန့်ချောက်ချားစရာဖြစ်နေသည်ဟု သူထင်သည်။
ကြည့် – ဒီလူ အသားအရည်က ညစ်ပုပ်ပုပ် ပြာနှမ်းနှမ်း အရောင်ထွက် နေသည်။ ပြီးတော့ – ဒီလူ မျက်နှာပုံသဏ္ဌာန်ကို မြင်လိုက်ရသည့်အနေ အထားက ဘေးတိုက် ပရိုဖိုင်းလ် (Profile) ပုံ၊ မထင်မရှား ဝိုးတဝါး။ အမြင် အာရုံက သိပ်မသဲမကွဲလှ။ ပင်လယ်ရေ အနယ်ထနေစဉ် ရေအောက်မှ ငါး တစ်ကောင်ကို ဖျပ်ခနဲလှမ်းမြင်လိုက်ရသည့် ပုံစံမျိုးဖြစ်သည်။
နောက်ပြီး- ဒီလူ အင်္ကျီကလည်း ဖလန်နယ်စနှင့်ချုပ်ထားသည့် လေးထောင့်ကွက်အဆင်ရင့်ရင့်၊ ခဲပုပ်ရောင် မှိုင်းညစ်ညစ်နှင့်။ မီးခိုးရောင် ဘောင်းဘီရှည်ကလည်း အနက်ရောင်ကွမ်းရိုးစင်းကို ပုံပန်းမကျဝတ်ထား သည်။ အဝတ်အစားတွေက ဒီလူနှင့် အဆမတန်ကြီးမားနေသည့်အတွက် ပွယောင်းနေပြီး ခန္ဓာကိုယ်ပေါ်၌ တွဲလောင်းကြီး ပုံကျနေသည်ကလည်း ချောက်ချားစရာကောင်းသည်။

သူ လှမ်းကြည့်လိုက်စဉ် ထိုလူ မီးပွိုင့်မြင်းကျားမှ ဖြတ်ကူးသွားနေကြ
သောလူအုပ်ကြီးထဲ၌တရွေ့ရွေ့လွင့်ပါသွားပြီး သူ့ မြင်ကွင်းမှ ပျောက်ကွယ် သွားတော့သည်။ ထိုလူ ဘယ်ရောက်သွားမှန်း သူ အရိပ်အယောင်ပင် မမြင်ရတော့။ မြူငွေ့တွေထဲမှတရွေ့ရွေ့လှုပ်ရှားလွင့်ပါသွားကြသည့် လူရိပ် သဏ္ဌာန်တွေကိုသာ သူ မြင်တွေ့လိုက်ရသည်။
သူ ကားမှတ်တိုင်၌ အဆင်သင့်တွေ့လိုက်ရသည့် ဟီးနိုးဘတ်စ်ကား တစ်စီးပေါ်ခုန်တက်လိုက်ပြီးအိမ်ပြန်လာခဲ့လိုက်သည်။ ဘတ်စ်ကားပေါ်တွင် သူ တစ်လမ်းလုံး တခြားဘာအကြောင်းအရာကိုမှ မစဉ်းစားမိတော့ဘဲ ဒီလူ့အကြောင်းသာ တွေးလာခဲ့မိတော့သည်။
ဒီလူဟာ ဘယ်သူလဲ။ ဒီလူ ဘယ်ကလာခဲ့တာလဲ။ သူ့ကိုဒီလူကသိနေ တယ်ဆိုတာကိုကော သူ ဘာကြောင့် အသေအချာ သိနေရတာလဲ။
သူနဲ့ ဒီလူတို့ နှစ်ဦးကြားမှာ ထူးခြားမှုတစ်ခုခု ရှိနေတာတော့ သေချာ သည်ဟု သူ ထင်သည်။ ထိုထူးခြားမှုက သူတို့နှစ်ဦးစလုံး၏ စိတ်ဝိညာဉ်ထဲ မှာ အတူပူးဝင်စွဲကပ်နေသည့်အရာတစ်ခု ဖြစ်သည်ဟု စိန်အောင်လင်း နားလည်လိုက်သည်။
သို့သော်- သူအဖြေရှာမရ။ ဝိုးတိုးဝါးတားဖြစ်နေသည်။ သူဘတ်စ်ကား ပေါ်မှ ဆင်းလာခဲ့ပြီး လမ်းလျှောက်လျက် အိမ်ပြန်လာခဲ့သည်။ သူ့အိမ်ရှေ့ ရောက်ခါနီး ခြံစည်းရိုးတံခါးပေါက်ဝ၌ ရပ်လိုက်စဉ်ထူးဆန်းစွာ သူ့ရင်ထဲသို့ သိစိတ်အာရုံကလေးတစ်ခုက လျှပ်စီးလက်သလို ဝင်းခနဲ လက်သွားစေ
သည်။
သူထိတ်လန့်တကြားတုန်လှုပ်ချောက်ချားသွားကာ သူ့ရင်ဘတ်ထဲသို့ မြားတစ်စင်းနှင့် လှမ်းပစ်သွင်းခံလိုက်ရသလို သူ ခံစားလိုက်ရသည်။ သူအသက်ရှူပင် မွန်းကြပ်သွားသလိုအာခေါင်တစ်ခုလုံး ခြောက်ကပ် သွားလျက်အိမ်ထဲသို့ ဒယိမ်းဒယိုင်နှင့် လှမ်းဝင်ခဲ့သည်။ သူ ဆိုဖာပေါ်အရုပ် ကြိုးပြတ် ထိုင်ချလိုက်သည်။
ဒီလူ ဘယ်သူလဲဆိုတာ- သူ သိပြီ။

ထိုညက …
စိန်အောင်လင်း ရေမိုးချိုး၊ ထမင်းစားသောက်ပြီး အိပ်ရာဝင်တော့ သူ့
ဇနီးကိုအမှတ်မထင်
သူ့နှုတ်ကစကားတစ်ခွန်းလွှတ်ခနဲပွင့်ထွက်သွားသည် ပြန်ကြားလိုက်မိရသည်မို့သူအံ့သြနေသည်။ ပြီး-
ကိုထူးဆန်းစွာ သူ့နားက
သူ့ လေသံကလည်း ထိတ်လန့်ချောက်ချားလျက် တုန်တုန်ရီရီ စိုးစိုးရွံ့ရွံ့ ဖြစ်နေသည်ကို သူ့ဘာသာ သတိထားလိုက်မိသည်။
“ကိုယ် – ဒီနေ့ညနေမှာ ကိုယ့်အစ်ကိုတစ်ဝမ်းကွဲ “တင်ထွန်းစံ”နဲ့ တော်တော်လေးတူတဲ့လူတစ်ယောက်ကိုထူးထူးဆန်းဆန်းကိုယ် မြင်တွေ့
ခဲ့ ရတယ်ကွာ။ သိလား- ခင်”
“ဘယ်သူ။ ဟင် – တင်ထွန်းစံ ဟုတ်လား။ ခင်မှ သူ့ကိုမသိတာ” သူ့ဇနီးက ဇဝေဇဝါနှင့် အံ့အားသင့်နေသလို သူ့ကို ပြန်မေးသည်။ “ဟာကွာ – ကောလိပ်မှာတုန်းက ကိုယ်တို့နှစ်ယောက် အတူတက်ခဲ့ ကြပြီး ကားအက်ဆီးဒင့်ဖြစ်ပြီး သေဆုံးသွားခဲ့တဲ့ တင်ထွန်းစံလေကွာ။ ခင့် ကိုကိုယ်ပြောပြခဲ့ဖူးတယ်လေ”
“ဟုတ်လား။ ခင် – မမှတ်မိတော့ဘူး”
သူ့ဇနီးက မျက်မှောင်လေး မသိမသာကျုံ့ပြီးနောက် သူ့ကို လှည့်ပြော လိုက်သည်။ သူမ ပုံစံကလည်း သိပ်စိတ်ဝင်တစား မရှိလှချေ။ စိတ်မရှည်ပုံ ပေါ်လွင်နေသည်။ ပြီးနောက် သူမ အပြုံးကလည်း ခြောက်သွေ့နေကာ မဲ့တည့်တည့် ဖြစ်နေသည်ဟု သူ ထင်သည်။
“အို – မင်း စိတ်ထဲ ပြန်မြင်ယောင်ကြည့်လိုက်ကွာ”
“ရှင် – ရူးနေလား၊ ခင်မှ သူ့ကို မမြင်ဘူးတဲ့ ဥစ္စာ။ ဘယ်လို မြင်ယောင် ကြည့်လို့ရမှာလဲ။ နေပါဦး သူ သေခဲ့တာပဲ ကြာလှပြီမဟုတ်လား။ အဲဒါ – ဘာဖြစ်လို့ ရှင်က ဒီလောက်တောင် ထိတ်ထိတ်ပျာပျာနဲ့ ထိတ်လန့်ချောက် ချားဖြစ်နေရတာလဲဟင်။ ဟင်း – ယောက်ျား မဟုတ်သလိုဘဲ”
စိန်အောင်လင်း သူ့ဘာသာသူ သည်းထိတ်ချောက်ချားနှင့် သူ့ကိုယ်သူ မလုံမလဲဖြစ်လာသည်။ သူ ပြန်စဉ်းစားပြီး ချွေးပြန်ချင်လာသည်။ သူ့ နှလုံး

ခုန်သံက ပိုပြင်းလာသည်ဟုထင်သည်။ ချောင်ပိတ်မိနေသည့် တိရစ္ဆာန် တစ်ကောင်လို သူ သွေးရူးသွေးတန်း ဖြစ်နေသည်။ “မင်းက – ကိုယ့်ကို ဘာဆိုလိုချင်တာလဲ”
“သိဘူးလေ-ကိုယ်ဖြစ်နေတာကိုယ်ပဲသိမှာပေါ့။ ခင်က ဘယ်လိုလုပ်
သိမှာလဲ။ အဟင်း – ဟင်း-”
သူမက
သူ့ကိုရွံ့တည့်တည့်ပြန်ပြောရင်းလူရွှင်တော်ပြက်လုံးတစ်ခုကို
ကြားလိုက်ရသလို ပြောင်ချော်ချော်လေး ရယ်မောလိုက်လေသည်။
သူ ဘာမှ ပြန်မပြောတော့ဘဲ ကယောင်ချောက်ချား စိတ်ပျက်စွာဖြင့် အိပ်ရာပေါ်လှဲချလိုက်ပါတော့သည်။ သူ နဖူးပေါ်လက်တင်ရင်း တင်ထွန်းစံ အကြောင်းကို မစဉ်းစားမိအောင် အတင်းကြိုးစားလျက် သူ့မျက်စိတွေကို ဇွတ်မှိတ်ထားလိုက်ပါသည်။
တင်ထွန်းစံကို သူမမြင်တွေ့ခဲ့ရသည်မှာစင်စစ်နှစ်ပေါင်းနှစ်ဆယ်ကျော် ရှိခဲ့ပြီဖြစ်ပါသည်။
သူ ကျောင်းပြီး၍ ဒီဂရီရပြီး အလုပ်ထဲဝင်ကာ အိမ်ထောင်ကျခဲ့သည်မှ စ၍ယနေ့ထိဖြစ်သည်။
သူ နောက်ဆုံး သူ့အစ်ကိုဝမ်းကွဲ တင်ထွန်းစံကို မြင်တွေ့ခဲ့ရသည်က ဟိုး- ရှမ်းပြည်နယ် မြောက်ပိုင်း “သီပေါမြို့” ကလေးရှိ အသုဘအိမ်တစ် အိမ်မှ အဖုံးဖွင့်ထားသည့် အခေါင်းတလား တစ်လုံးထဲ၌ ဖြစ်သည်။
ယင်း မတော်တဆ ကြုံကြိုက်မှုလေးကို သိပ်မကြာခင် အချိန်ကလေး မှာပင် စိန်အောင်လင်း မေ့ပျောက်သွားလေတော့သည်။ သို့သော် – သိပ် မကြာလိုက်ပါ။
မှန်ပါသည်။ နောက်ရက်သတ္တပတ် သုံးပတ်ကျော်ကျော်လောက်၌ တစ်ဖန်၊ သူ ဒုတိယအကြိမ် ကြုံကြိုက်မှု အဖြစ်အပျက်လေးတစ်ခုနှင့် ထူးဆန်းစွာ တွေ့ဆုံရပြန်လေသည်။

သည်တစ်ကြိမ်တော့ သူအရင်ကတစ်ခါဖူးမျှ မရောက်ခဲ့ဘူးသေးသော စူပါမတ်ကက် ကုန်တိုက်ကြီးတစ်ခုတွင် ဖုန်းဆာ့ကစ် (Circuit) တစ်ခုဝင် ဝယ်ပြီး ငွေသွင်းကောင်တာတွင် တန်းစီနေစဉ် မမျှော်လင့်ဘဲ သူမကို တွေ့ လိုက်ရခြင်းဖြစ်သည်။
သူ – ကုန်တိုက်ထဲ တန်းစီရပ်စောင်နေခိုက် သူ့ ရှေ့ခပ်လှမ်းလှမ်းမှ
အမျိုးသမီးတွေထဲ၌ ဖြစ်သည်။ သူ့ရှေ့မှ အမျိုးသမီးနှစ်ဦးကြားတွင် ဆံပင်တွေတစ်ခေါင်းလုံး ဖြူဖွေးနေသည့် အသက်အရွယ်အိုမင်းလွန်းသော ထိုအဘွားကြီးကို သူ ဘွားခနဲ သတိထားမြင်လိုက်မိသည်။
ထိုအဘွားကြီး”ကိုစိန်အောင်လင်းတွေ့ရှိလိုက်ရခြင်း
ထိုအဘွားကြီးသည်လည်း သူ ရင်းရင်းနှီးနှီးကို ခင်မင်ခဲ့ဖူးသည့် မိန်းမ ကြီးတစ်ဦးပင် ဖြစ်နိုင်သည်။ ဟိုးအရင် နှစ်ပရိစ္ဆေဒ မြောက်မြားစွာကပင် သိကျွမ်းရင်းနှီးခဲ့ဖူးသော မိန်းမကြီးတစ်ဦးသာ ဖြစ်ရမည်။ သူ မသဲမကွဲ မရေမရာနှင့် ပြန်စဉ်းစားလိုက်မိသည်။ နှစ်ပေါင်းများစွာကြာပြီဆိုတော့ အဘွားကြီး ရုပ်ရည်ကို သူ့စိတ်အာရုံထဲက သိပ်မဖမ်းမိတော့ချေ။
ထိုအဘွားကြီး၏တစ်ကိုယ်လုံးမှာ အကြောတွေကညောင်မြစ်တွေလို အပြိုင်းပြိုင်းထနေသည်ကသူ့ကိုညို့ယူဖမ်းစားထားသလို။ သူငေးစိုက်ကြည့် နေမိသည်။ ထိုမိန်းမအိုကြီး၏ အရေပြားတွေကလည်း ထူးဆန်းစွာ ဖြူဖွေး တွန့်လိမ်ပြီး နူးညံ့ပျော့ဖပ်နေကာ အသားတွင် ကပ်ထားသည်နှင့်တူသည်။ ကြည့်ရတာ အသည်းယားဖို့ ကောင်းသည်။
သူမ၏ မျက်လုံးတွေက သေးငယ်ကျဉ်းစုပြီး ခွက်ဝင်နေကာ မျက်ဆံ နှစ်ခုက အရောင်တလက်လက်တောက်ပနေသဖြင့် ထိတ်လန့်စရာပင် ကောင်းနေသည်။ အဘွားကြီး၏ လက်နှစ်ချောင်းက အဆစ်တွေငေါ့ထွက် နေလျက်အရိုးတွေချိတ်ဆက်ထားသလို အံ့ဩစရာမြင်ရသည်။ သို့ရာတွင် သူမ၏လက်ချောင်းများတွင် နှစ်ဖက်စလုံး ရွှေလက်စွပ်တွေတန်းစီဝတ်ထား ရာ တစ်မျိုးတော့ ကြည့်ကောင်းနေသည်။

အဘွားကြီး၏ပုံစံက အတော်ကလေး စိတ်ရှုပ်ထွေးပြီးစိတ်လှုပ်ရှားနေ
ပုံရ၏။ သူမ၏ အသွင်သဏ္ဌာန်ကလည်း နည်းနည်းတော့ စိတ်ကယောက် ကယက်ဖြစ်နေဟန်တူပါသည်။ ဒီအဘွားကြီး၏ အသက်ကို ခန့်မှန်းရလျှင် အနည်းဆုံး သူမသည် အသက် (၈၅)နှစ်နှင့် (၉ဝ)ကြားထဲရှိနိုင်သည်ဟု သူ ထင်သည်။ အဘွားကြီး အသွင်အပြင်က အလျင်စလို ပျာယီးပျာယာဖြစ်နေ သည်။
အဘွားကြီး၏ပါးစပ်မှ ဘာတွေမှန်းတော့မသိ။ ဗျစ်တောက်ဗျစ်တောက် နှင့် တိုးတိုးဖွဖွ ရေရွတ်နေတာ စိန်အောင်လင်း သတိထားမိသည်။ သူမ တစ်ခုခုကို မကျေမနပ်ဖြစ်နေတာ ဖြစ်နိုင်သည်။ သို့တစေ – သူမ အသွင်က ပန်းပွင့်တွေကြားမှလိပ်ပြာတစ်ကောင်တောင်ပံခတ်လျက် ပန်းဝတ်ရည်ကို စုပ်ယူရန် ကြိုးစားပျံသန်းရင်း စိတ်အားထက်သန်စွာမြူးလွင့်နိုးကြားနေဟန် မြင်တွေ့နေရသည်။
ထိုစဉ်- ဖျပ်ခနဲ စိန်အောင်လင်း၏ အဇ္ဈတ္တအတွင်းစိတ်အာရုံထဲမှ သိစိတ်အာရုံတစ်ခု၊ လွင့်ခနဲ ပျံထွက်လာသည်။ တခြားမဟုတ်ပါ။ သူ – ဒီ အဘွားကြီးကိုသေသေချာချာကြီးကို သိသည်။ အစစ်ပဲ သူဒီအဘွားကြီးကို မှတ်မိပြီ။ ဒီအမျိုးသမီးကြီးသည် သူငယ်ငယ်တုန်းက “သထုံမြို့ရှိ အေဘီ အမ်” အလယ်တန်းကျောင်းမှ အင်္ဂလိပ်စာဆရာမ တီချာမစ္စခရစ္စတီမိုး ဖြစ်၏။ သူမ၏တပည့်တွေအားလုံးက သူမကို ချစ်စနိုးနှင့် တီချာမိုးဟုခေါ်ကြ သည်။
တီချာမိုးငယ်စဉ်ကျောင်းဆရာမဘဝတုန်းက အလွန်ပင်ချောလှသည်။ ကမ္ဘာကျော် ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီးချော”မာရီလင်မွန်ရိုး”နှင့် အလွန် တူသည်။
ယခုတော့ သူမကို ပြန်မတွေ့ခဲ့ရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီ ဖြစ်ပါသည်။ အလွန့်အလွန်ကြလှပြီ။ နှစ်ပေါင်းမည်မျှ ရှိခဲ့သည်ကိုပင် ပြန်၍ သူ မစဉ်းစားချင်တော့ပါ။

တီချာမိုးကို ကြည့်ရသည်မှာ သူမသည် အသက်အလွန်အိုမင်းနေပြီ ဖြစ်သော်လည်း သူမဘာသာသူမ လှုပ်ရှားသွားလာနေနိုင်သေးသည်ဟု ထင်သည်။ တီချာမိုးသည် အပျိုကြီးဖြစ်သဖြင့် သူမတွင် အားထားရမည့် သားထောက်သမီးခံ အရင်းအချာလည်း မရှိချေ။
အဘွားကြီး ခရစ္စတီမိုးသည် မြွေရေခွံဈေးသုံးအိတ်ကြီးတစ်လုံးကို ပခုံးတွင် လွယ်ထား၏။ သူမ၏ ခြေရင်းမှာလည်း အခြားပလတ်စတစ်ငွေ

ရောင်အိတ်တစ်လုံးကို နံဘေး၌ ချထားသေးသည်။ သူမက အိတ်ကြီးထဲမှ သူမ၏ ပိုက်ဆံအိတ်ကို ရှာဖွေနေဟန်တူသည်။ ဟိုနှိုက်သည်နှိုက်နှင့် လှန်လှောရှာဖွေနေသည်။ အိတ်တစ်ခုလုံး ပွယောင်းကုန်သည်။ သို့သော်- သူမ၏ ပိုက်ဆံအိတ်ကို ပြန်တွေ့ပုံမရသေးချေ။
အဘွားကြီးရှေ့မှလူတွေတစ်ဦးပြီးတစ်ဦးငွေရှင်းပေးပြီး ကောင်တာမှ ထွက်ခွာသွားကုန်ကြပြီ။ အဘွားကြီးနောက်မှ အမျိုးသမီးကြီးကလည်း စိတ် မရှည်ချင်တော့ချေ။ အဘွားကြီးအလှည့် ရောက်လာသည်။ အဘွားကြီး ကတော့ သူ့ပိုက်ဆံအိတ်ကို ရှာနေတုန်းဖြစ်သည်။
စိန်အောင်လင်းက အဘွားကြီး၏ဒုက္ခဖြစ်နေပုံကိုကြည့်ပြီး စိတ်မချမ်း မသာဖြစ်သွားသည်။ သူ့စိတ်ထဲက အဘွားကြီးကို ကရုဏာသက်သွား သည်။
သူက အဘွားကြီး၏လတ်တလောပြဿနာကို အတတ်နိုင်ဆုံး ကူညီ ရန်ဆုံးဖြတ်လိုက်၏။
“တီချာ – တီချာ့အတွက် ဈေးဖိုးကို ကျွန်တော် ပေးလိုက်ပါ့မယ်” စိန်အောင်လင်း နှုတ်ဖျားမှ ကရုဏာမိုးပွင့်လေးတွေ ချက်ချင်းပွင့်ထွက် သွားသည်။
အဘွားကြီးက သူ့ကိုဖျပ်ခနဲလှည့်ပြီးမော့ကြည့်သည်။ သူမ၏မျက်ဝန်း လက်လက်လေးတွေထဲ၌ အံ့ဩကျေးဇူးတင်သည့် အရောင်ကလေးတွေ လက်ဖြာသွားသည်။သို့သော်လည်း- သူမ၏ နှုတ်ခမ်းပေါ်တွင်မူ မာနနှင့် စိတ်တိုနေမှုလေးတွေ ရှက်သမ်းနေသည်ကို သူ မြင်နေရသည်။
စိန်အောင်လင်းက အဘွားကြီးအတွက် ဈေးဖိုးကျသင့်ငွေကို ကောင် တာစာရေးမလေးအားစိုက်ရှင်းထုတ်ပေးလိုက်သည်။ အဘွားကြီးက သူ့မြွေ ရေခွံအိတ်ကြီးထဲ ရှာဖွေလှန်လှောနေရင်း ထရပ်လိုက်ပြီး သူ့ကို မော့ကြည့် လျက် အသံသေးသေးစူးရှရှလေးနှင့် မေးသည်။
“ကျေးဇူးတင်ပါတယ်ကွယ်။ ဒါနဲ့ – နေပါဦး မင်းက ဘယ်သူလဲ။ ငါ့ကို
ရော သိလားဟင်”

အဘွားကြီး၏အသံက စိတ်ကသိကအောက်ဖြစ်နေသည့်ဟန်။ သူ့ကို နားမလည်ဟန်နှင့် ဇဝေဇဝါဖြစ်နေပုံရသည်။
“ကျွန်တော် သထုံက ဒန်ယေလပါ-တီချာ”
စိန်အောင်လင်းက သူ့ကျောင်းနာမည်ကို အဘွားကြီးအား ထုတ်ပြော လိုက်သည်။
အဘွားကြီး ခရစ္စတီမိုး အံ့အားသင့်သွားသည်။ သူမ၏ မျက်နှာတစ်ခု လုံးက ချက်ချင်းငွေရောင်တွေ ရွှန်းလက်သွားသည်။
“အော်- ဒါ့ကြောင့်ကိုး။ အေး – ဒါပေမဲ့ – နောက်တစ်ကြိမ်မင်းနဲ့ပြန်တွေ့ ဆုံကြရဦးမယ်ဆိုရင်တော့ မင်း ပိုက်ဆံကို ငါပြန်ပေးပါ့မယ်။ ငါ – သူများ ပေးစာကမ်းစာစားရလောက်အောင်လည်းမအိုသေးပါဘူးကွဲ့၊ ကျေးဇူးပါပဲ။ ကဲ – သွားမယ် ဒန်ယေလရေ”
“ဟုတ်ကဲ့- တီချာ”
အဘွားကြီးက သူ့ကို နှုတ်ဆက်ပြီး သူ့နံဘေးမှ ငွေရောင်အိတ်ကြီးကို ကောက်ယူလိုက်ကာ ကောင်တာမှ လှမ်းထွက်သွားပြီး စူပါမတ်ကပ်ထဲမှ လူအုပ်ကြီးထဲ တိုးဝှေ့ဖြတ်ကျော်၍လျှောက်ထွက်သွားလေတော့သည်။ စိန်အောင်လင်းက နောက်မှ ငွေရောင်ဆံပင်တွေနှင့် အဘွားကြီးကို လှမ်းကြည့်နေသည်။ ထို့နောက် အဘွားကြီးက မီးရောင်တွေအောက်၌ လူအုပ်တွေကြားထဲတွင် တရွေ့ရွေ့မှုန်ဝါးပြီး ပျောက်ကွယ်သွားတော့၏။
ယင်း အခိုက်အတန့်လေးတွင် စိန်အောင်လင်း စိတ်ထဲ၌ ထူးဆန်းစွာ အသိစိတ် မှုန်မှုန်လေးတစ်ခုက ဖျပ်ခနဲ လက်တောက်သွားလေတော့၏။ ထို အသိစိတ်ကလေးက ထိုအဘွားကြီး မစ္စခရစ္စတီမိုး ကား ၁၉၆၄ – ခုနှစ်က ကွယ်လွန်သွားခဲ့ပြီ ဖြစ်သည်။
စိန်အောင်လင်း ရုတ်တရက်ကျောထဲမှာစိမ့်ခနဲချမ်းသွားပြီးတစ်ကိုယ်
လုံး ကြက်သီးမွေးညင်းတွေထသွားကာ ချောက်ချားထိတ်လန့်သွားလေ တော့၏။

စိန်အောင်လင်း ဒီတစ်ကြိမ်မှာတော့ သူ – သူ့ဇနီးကို ထုတ်ဖော်၍ ဖွင့်မပြောတော့ပါ။
သူ့ဇနီးက သူ့ကို ပြောင်ချော်ချော် ငေါ့တော့တော့နှင့် ပြန်ရယ်မောပြ လိုက်မည့် လှောင်ရယ်သံတွေကို သူ မကြားချင်သောကြောင့် ဖြစ်သည်။ သည့်နောက်ပိုင်းမှာတော့ သူ ထိုလူတွေကို ခပ်စိပ်စိပ် တစ်ပတ်ခြား၊ နှစ်ပတ်ခြား ဆိုသလို ဟိုနေရာမှာ ရိပ်ခနဲ၊ ဒီနေရာမှာ ရိပ်ခနဲ မြင်တွေ့ရများ လာခဲ့သည်။ သူကိုယ်တိုင်လည်း ထိုအမြင်အာရုံတွေနှင့် ပတ်သက်ပြီး ထူးဆန်းနေသည်ဟုထင်သည်။ သို့မှမဟုတ် – သူ့ကိုယ်သူ စိတ်ရောဂါ တစ်ခုခု သို့မဟုတ် စိတ်ကယောင်ချောက်ချားဖြစ်နေသူ (Psychopath) တစ်ဦးများ ဖြစ်နေပြီလားဟု စိုးထိတ်နေမိသည်။
မည်သို့ဆိုစေ- သူကတော့ သူ့စိတ်ထဲမှနေပြီး ထိုသူတွေကို “ဘဝခြား သူစိမ်းများ” ဟု သူ့စိတ်ကူးနှင့်သူ အမည်ပေးထားခဲ့သည်။
ထိုသူတွေကိုသူလမ်းပေါ်မှလူအုပ်ကြားတွေထဲမှာ သူအလုပ်လုပ်နေ သည့်ဌာနမှ စားသောက်ခန်းနှင့် သန့်စင်ခန်းများ၊ အခြားသော ရုံးများနှင့် ကုမ္ပဏီများ၏ ဓာတ်လှေကားများပေါ်မှာ၊ ရှော့ပင်စင်တာများ၊ ဈေးများထဲ မှာ၊ ဘုရားရှိခိုးကျောင်းတွေထဲမှာ သူ မကြာခဏ ဆုံတွေ့နေခဲ့သည်။
ထိုသို့ သူ မတော်တဆ ကြုံကြိုက်တွေ့ဆုံမှုတွေထဲကမှ သူ့အတွက် မမေ့နိုင်စရာ အဖြစ်အပျက်လေးတစ်ခုက သူ့ရင်ထဲမှာ စွဲငြိကျန်ရစ်ခဲ့သည်။ တစ်နေ့လယ်ခင်းလူစည်ကားသည့် မြို့ထဲမှ ပန်းပဲတန်းရှိ “Sensitive” အမည်ရ ကန်းထရီစားသောက်ဆိုင်ကလေးထဲတွင် ဖြစ်သည်။ သူက ဆေး ကြော်ငြာတစ်ခုအတွက် ရုပ်မြင်သံကြား ရိုက်ကူးရန် ဇာတ်ညွန်းတိုလေး စီစဉ်ရေးဆွဲပြီးနောက်နေ့လယ်စာတစ်ခုခုစားရန်ဤဆိုင်လေးသို့ရောက်ရှိ
လာခဲ့ခြင်းဖြစ်သည်။
စိန်အောင်လင်းက မီးလုံးပြာပြာလေး လင်းနေသည့် လူရှင်းသော ထောင့်ကျကျ စားပွဲတစ်လုံး၌ ဝင်ထိုင်ပြီး စားပွဲထိုးလေးကို “ပသျှူးထမင်း ကြော်” တစ်ပွဲနှင့် လိမ္မော်ရည်တစ်လုံး မှာလိုက်သည်။

မကြာမီ အစားအသောက်များ ရောက်လာသည်။ သူက ထမင်းကြော် ပူပူနွေးနွေးလေးကို ငုံ့စားနေရင်း လိမ္မော်ရည်ကို တစ်ငုံမော့သောက်ပြီး နေရာမှာ ပြန်ချထားလိုက်သည်။ စိန်အောင်လင်း၏ ပသျှူးထမင်းကြော် ပန်းကန်တစ်ဝက်ခန့် ကျိုးသွားချိန်တွင် သူ့ရှေ့သို့ လူတစ်ဦးရောက်လာ သည်။
“ကျွန်တော် ဒီမှာ ထိုင်လို့ရမလား-မိတ်ဆွေ”
ထိုလူက သူ့ကို ယဉ်ကျေးစွာ ခွင့်တောင်းလာသည်။ စိန်အောင်လင်းသူ့ဘယ်လက်ကခက်ရင်းကိုပန်းကန်ပေါ်ဖြည်းညင်းစွာ
ချလိုက်ကာ ထိုပုဂ္ဂိုလ်ကို ဖျပ်ခနဲမော့ကြည့်လျက် ခေါင်းညိတ်ရင်း ပြန်ပြော လိုက်သည်။
“ဪ- ထိုင်ပါဗျာ-ထိုင်ပါ။ ကိစ္စမရှိပါဘူး” “ဟုတ်ကဲ့-ကျေးဇူးပါပဲ”
ထိုလူက ပြန်ပြောပြီး ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။
စံပယ်နံ့ သင်းသင်း၊ ကိုယ်လိမ်းပေါင်ဒါနံ့ သင်းသင်းလေးက စိန်အောင် လင်း ရင်ဘတ်ထဲကို တိုးဝင်သွားသည်။
စိန်အောင်လင်း သူ့ထမင်းကြော်ကိုပြန်၍ ဆက်စားနေသည်။ သူ့စိတ် ထဲက ဒီပေါင်ဒါနံ့မျိုး အရင်က ဘယ်သူ့ဆီကမှန်းမသိ ရဖူးသည်ဟု ထင် သည်။
“စိတ်မရှိပါနဲ့ဗျာ။ ဟို – မိတ်ဆွေက သထုံကလား”
ထိုလူ့အသံကသူ့ကိုပုတ်နှိုးလိုက်သည်။ ဖျပ်ခနဲသူအလန့်တကြားလေး
မော့ကြည့်မိလိုက်သည်။
“ဟုတ်ပါတယ် – ဘာဖြစ်လို့လဲ”
စိတ်လှုပ်ရှား အံ့သြစွာ သူ ကမန်းကတမ်းလေး ပြန်ဖြေဖြစ်သွားသည်။ “ဪ – ကျွန်တော့်ရဲ့ သူငယ်ချင်း အေတီအမ် ကျောင်းတုန်းက ဒန်ယေလများ ဖြစ်နေမလားလို့ပါ”
သည်။
သူ့နှလုံးသားထဲမှာ မြားတစ်စင်း စိုက်ဝင်သွားသလို ခံစားလိုက်ရ

ဒန်ယေလ- ဟုတ်လား။ ဟာ – အဲဒါ ကျုပ်ရဲ့ကျောင်းနာမည်ပဲ။ ဟုတ် တယ် – ဒါဆို ခင်ဗျားကကော ဘယ်သူလဲ”
“ကျွန်တော်က – အာဗြဟံ – မြသွေးဟန်ပါ”
“ဟာ – အာဗြဟံ သူငယ်ချင်း”
စိန်အောင်လင်း အံ့ဘနန်းနှင့် အော်ဟစ်လိုက်ပြီး နေရာမှ ထခုန်ရပ်
လိုက်သည်။ တစ်ဆက်တည်း
ဆွဲညစ်လှုပ်ခါယမ်းလိုက်သည်။
သူထိုလူ၏ပခုံးနှစ်ဖက်ကိုဝမ်းသာအားရနှင့်
ဆိုင်ထဲက လူတွေက သူ့ကို အထူးအဆန်းနှင့် သမင်လည်ပြန် ခေါင်း ထောင်ကြည့်နေကြသည်။ အချို့က သူ့ကို လှမ်းကြည့်ပြီး ပြုံးနေကြသည်။ ဘသားချော စိန်အောင်လင်းက ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူ့သူငယ် ချင်းဆိုသည့် ပုဂ္ဂိုလ်ကိုသာ သေချာပြန်စိုက်ကြည့်လိုက်သည်။ ယခုမှ သူ သတိထားမိသွားသည်။ မြသွေးဟန်က အစိမ်းရောင်အင်္ကျီလက်ရှည်နှင့် ကချင်ပုဆိုးကွက်ကို ဝတ်ထားသော်လည်း မြသွေးဟန်မျက်နှာက မည်း ပြာပြာဖြစ်နေကာ မျက်နှာပေါ်တွင် မီးလောင်ထားသည့် ဒဏ်ရာတွေကို ဖြူ မွဲမွဲအကွက်တွေ ထင်နေသည်။ ထို့ကြောင့် သူ ရုတ်တရက် မမှတ်မိခြင်းဘဲ ဖြစ်သည်။
မြသွေးဟန်က အရင်က လူချောလူဖြောင့်တစ်ဦးဖြစ်ပြီး မော်လမြိုင် ကောလိပ်မှ လက်ရွေးစင်ဘောလုံးသမားတစ်ဦးဖြစ်သည်။ ထိုအချိန်မှစပြီး သူတို့နှစ်ဦးကွဲကွာသွားခဲ့ကြသည်။ သူကထိုနှစ်မှာပင် ရန်ကုန်သို့ပြောင်းရွှေ့
လာခဲ့သည်။
သူ ပြန်ထိုင်ချလိုက်ပြီး မြသွေးဟန်ကို ဆွေးဆွေးမြည့်မြည့်လေး စိုက် ကြည့်နေသည်။ မြသွေးဟန်က တောင့်တောင့်လေးထိုင်နေလျက် ကော်ဖီ ခွက်ကို စစ်သောက်နေရင်း ပြုံးငွေ့ငွေ့ သူ့ကို ပြန်ကြည့်နေသည်။
ပြီးနောက် – သူတို့နှစ်ဦး ရှေးဟောင်းနှောင်းဖြစ်လေးတွေ တိုးတိုး ရင်ဖွင့်ကြရင်း ညင်ညင်သာသာ ခပ်အုံ့အုံ့လေးရယ်မောနေမိကြသည်။

စိန်အောင်လင်း စိတ်ထဲကလည်း သူတို့နှစ်ဦး အလယ်တန်းကျောင်း
သားဘဝက ညနေကျောင်းဆင်းလျှင် မြို့မကွင်းထဲ၌ ဘောလုံးအတူကန်ခဲ့ ကြသည်များ၊ ကျောင်းလစ်ပြီး နှစ်ဦးသား ကြယ်တာရာရုံတွင် ကျော်ဆွေ၏ သည်ဆောင်းဟေမာန် ရုပ်ရှင်ကားကို ခိုးကြည့်ကြ၍ နောက်တစ်နေ့ ကျောင်းအုပ်ဆရာမကြီး၏အရိုက်ခံခဲ့ရသည်များ၊ စနေ-တနင်္ဂနွေကျောင်း ပိတ်ရက်တွင် သူငယ်ချင်းနှစ်ယောက် ဟမ်းဘား စက်ဘီးကိုယ်စီနင်းပြီး မြသပိတ်တောင်ခြေရှိ“ဂျုံးဂျုံးကျ” ရေတံခွန်တွင်ရေကူးကြကာလေသေနတ် တစ်ယောက်တစ်လက်နှင့် ဒူးဝင်းခြံတွေထဲမှာ ငှက်လျှောက်ပစ်ခဲ့ကြပုံများ တို့ကို မျက်စိထဲတရေးရေး မြင်ယောင်လာသည်။
“ကဲ- သူငယ်ချင်းဒန်ယေလ။ ကျေးဇူးပဲကွာ-ငါလည်းသွားစရာရှိသေး တယ်။ သွားတော့မယ်ကွာ – နောက်မှ ပြန်တွေ့ကြတာပေါ့”
စိန်အောင်လင်းက မြသွေးဟန်အသံကြားမှ အသက်ပြန်ဝင်လာသည်။ သူ့ရင်ထဲက အတွေးစတွေ ရပ်တန့်သွားသည်။
“အိုကေ- သူငယ်ချင်း။ အေးအေးဆေးဆေး ပြန်ဆုံကြမယ် အာဗြဟံ။ အော်-ရော့၊ ဒါ – ငါ့ရုံးလိပ်စာကတ်။ မင်းနောက် မြို့ထဲရောက်ရင် ဝင်လာခဲ့။ ဒါမှမဟုတ်လည်း ဖုန်းဆက်လိုက်ကွာ။ မင်းက အခု ဘယ်မှာလဲ။ နယ်မှာပဲ လား”
“ငါလား – အဝေးကြီးပဲ။ တောင်နှစ်တောင်ကြားက ဂူကြီးထဲမှာ”
သူပြုံးရင်း သူ့လိပ်စာကတ်ကလေးကို မြသွေးဟန် ရှေ့စားပွဲပေါ်ချပေး လိုက်သည်။ နောက် သူငယ်ချင်းနှစ်ဦး လက်ဆွဲနှုတ်ဆက်လိုက်ကြပြီး နောက် မြသွေးဟန်က ဆွေးရိပ်ဝေသည့်အသွင် ဖြည်းဖြည်းလှည့်ပြီး ဆိုင် ထဲမှ လေအလျင်လို ဝဲလွင့်လျှောက်ထွက်သွားတော့၏။
စိန်အောင်လင်း သူ့ခါးတွင် ထိုးထားသော ပိုက်ဆံသားရေအိတ်ကို ဆွဲထုတ်လိုက်ပြီး စားပွဲထိုးလေးကို လှမ်းခေါ်လိုက်သည်။
“တို့- ဘယ်လောက်ကျလဲကွ။ငါက ထမင်းကြော်တစ်ပွဲနဲ့ လိမ္မော်ရည် တစ်လုံး။ နောက် – ကော်ဖီတစ်ခွက်ကွာ”

“အန်ကယ်က ထမင်းကြော်တစ်ပွဲနဲ့ လိမ္မော်ရည်တစ်လုံးပဲလေ။ ထောင့်ခြောက်ရာနဲ့ သုံးရာဆိုတော့ထောင့်ကိုးရာပေါ့။ ဒါပဲလေ-ကော်ဖီက အန်ကယ်မှ မသောက်တာ”
စားပွဲထိုးလေး၏ စကားကြောင့် သူ ဇဝေဇဝါဖြစ်သွားသည်။ ဆတ်ခနဲ သူ မြသွေးဟန် ထိုင်သွားသော စားပွဲစွန်းဆီ လှမ်းကြည့်လိုက်သည်။ “ဟိုရှေ့က ကော်ဖီ – ဟင်”
စိန်အောင်လင်း အံ့ဩသွားသည်။ သူ မျက်လုံးပြူးသွားသည်။ သူ့ရှေ့ က တစ်ဖက်စွန်းစားပွဲပေါ်မှာ ဘာခွက် ဘာပန်းကန်မျှမရှိ။ ပြောင်ရှင်းနေ သည်။ ယင်းအစား သူ မြင်လိုက်ရသည်ကတော့ သူ၏ လိပ်စာကတ်ပြား
စိမ်းစိမ်းကလေးသာ။
“ဟာ-ဒီကောင် နမော်နမဲ့နဲ့ ထွက်သွားပြီ”
သူစားပွဲထိုးလေးကို ထောင်တန်နှစ်ရွက် ကမ်းပေးလိုက်ကာ ပြန်အမ်း ငွေတစ်ရာကိုပင်စောင့်ယူမနေတော့ပဲ၊ သူ့လိပ်စာကတ်ပြားကလေးကိုပြန် ကောက်ယူလိုက်ပြီး ဆိုင်ထဲမှ လှမ်းထွက်လာခဲ့တော့သည်။
ဆိုင်ပြင်အရောက်တွင် သူ ရုတ်တရက် မြသွေးဟန် ပြောသွားသည့် စကားကို ပြန်သတိရလိုက်သည်။
“ငါလား- အဝေးကြီးပဲ။ တောင်နှစ်တောင်ကြားက ဂူကြီးထဲမှာ” စိန်အောင်လင်း နေ့ခင်းကြောင်တောင်ကြီးမှာ ကြက်သီးတွေ ထသွား တော့သည်။ ယခုမှ သူ ပြန်စဉ်းစားလိုက်မိသည်။
မြသွေးဟန်သည် လွန်ခဲ့သည့် အနှစ်နှစ်ဆယ်ကျော်လောက်က မိုးကုတ်ဘက်သို့ ရောက်ရှိသွားခဲ့ပြီး ကျောက်တူးရင်း မြေအောက်လိုဏ်ဂူ ကြီးအတွင်းမတော်တဆမြေပြိုကျပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်မဟုတ်
ပါလား။

တစ်နံနက်ခင်း – သူ ဧည့်ခန်းထဲရှိ စာကြည့်စားပွဲတွင်ထိုင်လျက် ကော်ဖီ သောက်ရင်း မှန်ပြတင်းပေါက်မှဖြတ်ကာ အပြင်ဘက်လမ်းမဆီလှမ်းကြည့် နေမိသည်။
သူ့ဇနီးခင်က ဧည့်ခန်းထဲလှမ်းဝင်လာပြီးနောက်မှနေ၍သူ့ကျောကုန်း ကို လက်နှင့် ဖျတ်ခနဲ ပုတ်လိုက်သည်။ စိန်အောင်လင်း ဆတ်ခနဲ တုန်သွား သည်။
“ဟာ – လန့်သွားတာပဲ ခင်ရာ။ အသံမပေး ဘာမပေးနဲ့”
“ဟင် – ရှင်က ဘာတွေတွေးပြီး ငေးနေလို့လဲ။ ခင် ဝင်လာတာ ခြေသံ မကြားမိဘူးလား”
သူ့ဇနီးက ကျီစယ်ဟန် အပြုံးလေးနှင့် သူကို ပြန်ခနဲ့သည်။ “ဟင့်အင်း- ကိုယ်ဟိုအပြင်ဘက်ကလမ်းမပေါ်မှာကျောပေးရပ်နေတဲ့ လူတစ်ယောက်ကို မသင်္ကာတာနဲ့ လှမ်းကြည့်နေတာကွ” သူ့ဇနီးကမျက်မှောင်တစ်ချက်ကုပ်လိုက်ပြီးအပြင်ဘက်ဆီလှမ်းကြည့်
လိုက်သည်။
“ဟင်- ဘယ်မှာလဲ။ ဘယ်သူမှလည်း မရှိပါလား”
“ပလက်ဖောင်းပေါ်မှာ ရပ်နေတဲ့လူလေ။ အင်္ကျီအဝါနဲ့ မမြင်ဘူးလား။ သူကိုယ့်ကို စောင့်နေတာလား မသိ”
“ဪ – အင်း ဟုတ်သားပဲ။ ကျွန်မ တွေ့ပြီ။ ဪ- အဲဒါ ဘာဖြစ်လဲ။ သူ့ဘာသာသူ တစ်ယောက်ယောက်ကို လာစောင့်တာဖြစ်မှာပေါ့။ တက္ကစီ ကားစောင့်နေတာလည်းဖြစ်နိုင်တယ်။ ခင် – သူ့ကိုအဲဒီနားမှာ ရပ်ရပ်နေတာ မကြာခဏတွေ့နေကျပါ။ ရှင့်ကို ဘာကိစ္စ သူက လာစောင့်ရမှာလဲ။ ဟင်း- ဟင်း – ရှင် ဘာသာရှင် စိတ်ကူးယဉ်နေတာ”
သူ့ဇနီးက သူ့ကိုသရော်တော်တော်နှင့်ချောက်ကပ်ကပ်ရယ်မောလိုက် သည်။ မည်သို့ဆိုစေ – သူ့ဇနီးရယ်လိုက်သည့် မခို့တယို့ပုံစံလေးက လှနေ သည်ဟု သူထင်သည်။ ယင်းသို့ လှနေသည့်အတွက်ကြောင့်လည်း သူ့ဇနီး ဒေဝစ္ဆရာမလေးကို သူ လက်ထပ်ခဲ့ခြင်းဖြစ်သည်။ သူတို့ အိမ်ထောင်သက်

က“ငွေရတုမင်္ဂလာ”ပင် နှစ်အနည်းငယ်ကြာမြင့်ခဲ့ပြီးဖြစ်သည်။ သို့သော်- သူ့ဇနီးတွင် ရင်သွေးတစ်ဦးမျှ မထွန်းကားခဲ့ချေ။
သို့ကြောင့်လည်း သူတို့အိမ်ထောင်က ခြောက်ကပ်ကပ်ကြီး ဖြစ်နေခဲ့ သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခုတော့ သူ ထိုဘဝအမှောင်ထဲက လွတ် မြောက်ခဲ့ပြီဖြစ်သည်။

“အင်း – တော်သေးတာပေါ့ ဒါဆို။ ကိုယ့်စိတ်ထဲက ကိုယ် အာရုံကြော တွေ ထိခိုက်ပြီး မြင်ချင်ရာတွေမြင်၊ ထင်ချင်ရာတွေ ထင်ပြီးတော့ “ဟယ်လူ စီနေးရှင်း”တွေ (Hallucination) ဝင်နေပြီလား။ ဒါမှမဟုတ် ကိုယ် ရူးနေပြီ လားလို့ ကိုယ့်ဘာသာ စိုးရိမ်ကြောက်လန့်နေမိတယ်”
သူ့ဇနီးက ပြုံးလျက် ခေါင်းခါလိုက်၏။
“ဟင့်အင်း- ရှင် မရူးပါဘူး။ ကျွန်မ တွေ့ဖူးသမျှ လူတွေထဲမှာတော့ ရှင်ဟာ ပကတိ လူကောင်းရာနှုန်းပြည့်ပဲ။ ရှင့် မျက်နှာတစ်ခုလုံးကလည်း အပြစ်အနာဆာ လုံးဝမရှိ။ တကယ့်ကို စင်းလုံးချောပဲ -ဟဲ-ဟဲ” စိန်အောင်လင်း အောင့်သက်သက်ဖြင့် သူ့ဇနီးကို လှည့်ကြည့်သည်။ သူ့မျက်ဝန်းထဲမှာလည်း ဒေါသခိုးလေးတွေ ဝေနေလိမ့်မည် ထင်သည်။
“ဟာ- ဒါ နောက်စရာမဟုတ်ဘူးကွ။ မင်းကွာ – ဆရာမဖြစ်ပြီး ငါ့ အတွက် စိတ်ပူပင်ရမယ့်အစား ကပြက်ကချော်နဲ့ လျှောက်ပြောနေတယ်-
ဦး”
သူ စိတ်ဆိုးသွားမှန်းသိ၍ သူ့ဇနီးက ဘာမျှ ပြန်မပြောတော့ဘဲ တိတ် တိတ်လေး နေလိုက်သည်။ ပြီးနောက် သူ့ဇနီးက သူ့နောက်မှနေ၍ ပခုံးနှစ် ဖက်ကို သိုင်းဖက်လိုက်ပြီးလျှင် သူ့ကို သူမရင်ခွင်ထဲ ဆွဲပွေ့နစ်ထားလိုက် သည်။ ယင်းမှာ – သူ စိတ်ဆိုးလျှင် သူ့ဇနီးက သူ့ကို ပြန်ချော့နေကျ ပုံစံလေး တစ်ခုဖြစ်သည်။ သူ့စိတ်တွေနေသားတကျ ပြန်ဖြစ်သွားတော့သည်။ သူ ကြည်နူးသွားသည်။
“ကိုယ် – စိုးရိမ်နေတယ်ဆိုတာ အဲဒါတွေပဲ – ခင်”
သူက သူ့စကားကို ပြန်ကျော့သည်။
“စောစောက ရှင်ပြောလိုက်တာ ကျွန်မ ကြားတယ်”
“အေး – ဟုတ်တယ်၊ ကိုယ့် Brain တွေပျက်စီးသွားပြီထင်တယ်။ ကိုယ် ရူးတော့မလား မသိဘူး”
“မဖြစ်နိုင်တာ။ ရှင် – အစိုးရိမ်လွန်နေတာပါ။ ရှင့်မှာလည်း Heart ရှိတယ်ဆိုတာ သတိထားဦး”

သူ့ဇနီးက ပြောလက်စ စကားကို ခဏရပ်ပြီး ပြတင်းပေါက်မှ အပြင်
ဘက်လမ်းမဆီလှမ်းကြည့်လိုက်သည်။ ပိတောက်ပင်အောက်အရိပ်ထဲတွင် အသက်ကြီးကြီး လူကြီးတစ်ယောက် ရပ်နေသည်။ သူက နောက်ဘက် တစ်ချက်လှည့်ပြီး သူတို့တိုက်ခန်းဆီသို့ လှမ်းကြည့်သည်။ သို့ရာတွင် ခန်းဆီးကန့်လန့်ကာတွေက ကွယ်နေသဖြင့် သူတို့ဇနီးမောင်နှံကိုတော့ ထိုလူကြီး မြင်ရမည်မဟုတ်ပါ။ ထိုလူကြီးက အဝတ်အစားများကို သေသပ် ကျော့ရှင်းစွာ ဝတ်စားထားပြီး လက်တစ်ဖက်က ခေါက်ထီးတစ်ချောင်းနှင့် လေးထောင့် ကိုရီးယား အိတ်အနက်တစ်လုံးကို ဆုပ်ကိုင်ထားသည်။
သည်။
စိန်အောင်လင်းက ရှိုက်သက်ပြင်းကို ချလိုက်ကာ စကားစလိုက်
“ဒီလူတွေကို ကိုယ် တစ်နေ့တခြား ပိုပိုပြီး မြင်နေရဦးတော့မယ် ထင်တယ်ကွာ။ ဟို – အဲ တကယ်ရှိမနေဘဲလူတွေကိုပြောတာ”
သူ့ဇနီးက သူ့ကို ဖျတ်ခနဲ စိုက်ကြည့်လိုက်ကာ အံ့ဩစွာနှင့် ပြော၏။ “ဟင် – ရှင် ဘယ်သူ့ကို ပြောနေတာလဲ။ ဟိုမှာလေ – ဟိုမှာ၊ သူ အဲဒီ နေရာမှာ ရှိနေတာပဲလေ။ ရှင် မမြင်ဘူးလားလို့”
အမျိုးသမီးက လမ်းမဘက်ဆီ လှည့်ကြည့်ပြီး ပြောလိုက်သည်။ “ဟာ-ကိုယ်- အဲဒီလူကို ပြောတာမဟုတ်ဘူးကွ။ ကိုယ်ဆိုလိုတာက အဲဒီလူတွေဟာ၊ သူတို့ဟာ သေဆုံးသွားပြီးတဲ့လူတွေ၊ လူသေတွေကိုပြော တာကွ”
ဖျတ်ခနဲ သူ့ဇနီးက မျက်လုံးလေးပြူးလျက်နောက်သို့လန့်ဆုတ်လိုက် သည်။ ပြီးနောက် သူ့ကို အသိရခက်သည့် နားလည်ရခက်သော အကြည့် ဖြင့် ပြုံးရင်းကြည့်သည်။
“အော် – ခင် နားလည်ပြီ။ ဒါကြောင့် သူတို့ကြောင့် ရှင့်စိတ်တွေ ကယောင်ကတမ်းနဲ့ ထိတ်လန့်ချောက်ချားဖြစ်နေတာကိုး- ဟုတ်လား” “အေး- ဟုတ်တယ်။ ကိုယ်ကလည်း – ကိုယ်ကလည်း သူတို့ကို သူတို့ ဟာဒီလောကကြီးထဲမှာတကယ်ရှိမနေကြဘူးဆိုတာကိုသိနေတော့လည်း ဟာ – ကိုယ် ဘယ်လိုနားလည်ရမလဲ မသိတော့ပါဘူး”

“ရှင့်စိတ်ထဲ – အဲ ရှင့်မသိစိတ်ထဲက သူတို့ကို စွဲလမ်းနေလို့ ဖြစ်မှာပေါ့။ ရှင် စဉ်းစားကြည့်လေ၊ ရှင်လည်း ခေတ်ပညာတတ်တစ်ဦးပဲ။ သေသွားတဲ့ လူတွေက ဘယ်လိုလုပ်ပြီး ပြန်လာနိုင်မှာလဲ”
“ဟုတ်တယ် – အဲဒါကြောင့် ကိုယ်ရူးတော့မယ်လို့ ပြောတာပေါ့။ သူတို့ ကို တခြားလူတွေက မမြင်ရပေမဲ့ ကိုယ်တစ်ယောက်တည်းက အမြဲမြင်မြင် နေရတယ်။ ကိုယ် သူတို့နဲ့ စကားတောင်ပြောခဲ့ကြသေးတယ်။ အဲဒါ – ကိုယ် သိတယ်၊ ဒါဟာ စိတ်ကစင့်ကလျားရောဂါတစ်မျိုးပဲ။ နေ့ခင်းကြောင်တောင် ခြောက်အိပ်မက်ဆိုးတွေထင်ယောင်ထင်မှား – စိတ္တဇတွေကွ။ ဟင့်-ဟင့်-
ဟင့်”
သူ သည်းထန်စွာနှင့် စိတ်လှုပ်ရှားပြီး ပြောနေလျက် ကလေးငယ်တစ် ယောက်လို ရှိုက်ငိုနေပါတော့သည်။ စင်စစ် သူကိုယ်တိုင် သူ ဘာပြော၍ ပြောနေမိမှန်းလည်း သူ သိမည်မထင်ပါ။
သူ့ဇနီးက သူ့ကို ငေးစိုက်ကြည့်နေရင်း တဖြည်းဖြည်း နောက်ဆုတ် သွားကာ ဧည့်ခန်းထဲမှ ထွက်ခွာသွားလေတော့၏။
သူ ဧည့်ခန်းထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့၏။ ရှိုက်သံတွေကို ရပ်လိုက်ပြီး သူတဖြည်းဖြည်း ခေါင်းမော့လာသည်။ သူ့မျက်နှာက တခြား ကမ္ဘာတစ်ခုမှ ရောက်ရှိလာသည့် ဂြိုဟ်သားတစ်ဦးလို အစိမ်းသက်သက် ဖြစ်နေသည့်သဏ္ဌာန် လွင့်မျောနေသည်။
သူအိမ်ရှေ့မှန်ပြတင်းပေါက်ဆီ ငေးရီရီလှမ်းကြည့်သည်။ မှန်တံခါးချပ် ရှေ့မှ ပိုးလိုက်ကာဝါဝါလေးတွေက လေမှာလွင့်ယိမ်းလှုပ်ရှားနေကြသည်။ ယင်းအခိုက်လေးတွင် …
သူမျှော်လင့်မထားသော မတော်တဆတွေ့ကြုံမှုလေးတစ်ခုနှင့် အံ့ဩ စွာ သူရင်ဆိုင်တွေ့မြင်လိုက်ရသည်။ ထိုမြင်ကွင်းလေးက …
ပြတင်းပေါက်မှန်ချပ်နောက်မှ ရုတ်တရက် ကောင်မလေးတစ်ဦး၏ မျက်နှာနှင့် ကိုယ်အထက်ပိုင်းလေးတစ်ဝက် ဘွားခနဲ ပေါ်လာသည်။ ထို

ကောင်မလေးကအင်္ကျီအဖြူရောင်လက်အိုးပွပွလေးကိုဝတ်ထားပြီး၊ စံပယ် ပန်းလေးတွေကို လှပစွာ ခေါင်းမှာပန်ထားသည်။ သူမကအသက်ဆယ့်နှစ် နှစ်ခန့်မျှသာရှိသေးပြီး နုနယ်စွာ ချစ်စရာကောင်းသောကောင်မလေးတစ်ဦး
ဖြစ်၏။
ထိုကောင်မလေးက သူ့ကို ပြုံးပြသည်။ သူမ၏ အပြစ်ကင်းစင်သည့် အပြုံးလေးက သူ့ရင်ထဲ ခုန်ဝင်လာသလို ခံစားလိုက်ရသည်။ သူ မေ့မျော သလို စိတ်တွေလွင့်သွား၏။ ထိုစဉ် ကောင်မလေးက သူ့ကို လက်ကလေး နှစ်ဖက်နှင့် “လာလိုက်ခဲ့ -လိုက်ခဲ့လေ”ဟု ခေါ်နေသည့်ဟန်။ သူမ၏ လက်ချောင်းလေးတွေကို ကွေးချည်ဖြန့်ချည်ဖြင့် လုပ်ပြနေသည်။
ချက်ချင်း – သူ ကောင်မလေးကို မှတ်မိသတိရသွားသည်။ သူ့ရင်ဘတ် တစ်ခုလုံး ပွင့်ထွက်သွားသလို ခံစားလိုက်ရသည်။ “ဟင်-မင်း-မင်း- ခင်လေးမြင့်ကျော်၊ မ- မဟုတ်လား-ဟာ” သူ လိပ်ပြာလွင့်စဉ်သွားသလို ကြုံးအော်လိုက်သည်။ ထိုကောင်မလေးသည်တခြားသူမဟုတ်။ သူညီမလေးအရင်းဖြစ်သည်။ ခင်လေးမြင့်ကျော်ကားလူ့လောကတွင်မရှိတော့ပါ။ ခင်လေးမြင့်
သို့သော်-
ကျော်နှင့် သူ – သူတို့ နှစ်ဦးကလွန်ခဲ့သောနှစ်“နှစ်ဆယ့်ငါးနှစ်”ကျော်ကျော် လောက်က တစ်ညနေခင်းတွင် မြသပိတ်တောင်ခြေ “ဒေါင်းအိပ်တန်း” ရေတံခွန်၌ ရေသွားကူးရင်း သူ့ညီမလေး ခင်လေးမြင့်ကျော် ရေနစ်သေဆုံး ခဲ့ပြီး ဖြစ်သည်။
စိန်အောင်လင်း သူ့ ညီမလေး ခင်လေးမြင့်ကျော်ကို အံ့သြထိတ်လန့် စွာနှင့် ငေးစိုက်ကြည့်နေရင်း မျက်နှာတစ်ခုလုံး ပြာနှမ်းသွားကာ မျက်ဖြူ ဆိုက်လျက် တဖြည်းဖြည်း ထိုင်ခုံပေါ်မှ ပျော့ခွေလဲကျသွားပါလေတော့၏။

သည်နေ့မနက် – ရာသီဥတုက ဆိုးဝါးလွန်းလှသည်။
ကြည့်စမ်း – ကောင်းကင်ပြင်မှာ နှင်းမှုန်တွေက ဖွေးဖွေးလွင့်နေသည်။ လေကလည်း တဟူးဟူး၊ တသည်းသည်း ကြမ်းတမ်းစွာ တိုက်ခတ်နေပါ တော့သည်။ တစ်မြို့လုံး နှင်းလား၊ မြူလား၊ ဖုန်တွေလား ခွဲခြားမရအောင် မည်းမှောင်လွင့်မျောတိုက်ခတ်နေသည်မှာ ကြောက်မက်ဖွယ်ရာကောင်း
နေတော့သည်။
နေရာတကာ အရပ်လေးမျက်နှာမှာ မီးခိုးလုံးကြီးတွေပမာ တိမ်တိုက် ကြီးတွေသဖွယ် လွင့်ပြေးတိုက်ခတ်နေသည်။
စိန်အောင်လင်း ဒီမနက်အစောကြီး ဖျပ်ခနဲ အိပ်ရာမှ နိုးလာသည်။ အခန်းထဲမှ မှောင်မည်းတိတ်ဆိတ်နေသည်။ သူ စာကြည့်စားပွဲပေါ်မှ ဖန်မီး အိမ်မီးခလုတ်ကို လက်နှင့်စမ်းပြီး ဖွင့်လိုက်သည်။ မီးမပွင့်လာ။ မီးပျက်နေ သည်ထင်သည်။ အမှောင်ထဲ၌ သူ အိပ်ရာပေါ်မှ လှမ်းထလိုက်ပြီး သူ့လက်ဝဲ ဘက်မှ သူ့ဇနီးကို လှည့်ကြည့်လိုက်သည်။ သူ့ဇနီးက နှစ်ခြိုက်စွာ အိပ်မော ကျနေသည်ကို ခပ်မှုန်မှုန် အရုဏ်ဦးအလင်းရောင်ကလေးထဲမှာ တွေ့လိုက် ရသည်။
သူပြုံးပြီးရေချိုးခန်းထဲ စမ်းတဝါးဝါး လှမ်းဝင်လာခဲ့သည်။ မျက်နှာသစ် သွားတိုက်ပြီး သူအခန်းထဲပြန်လာကာ အမှောင်ထဲမှာပင် အဝတ်အစားတွေ လဲဝတ်သည်။ ပြီးနောက် သူအိမ်ထဲမှ ကမန်းကတန်း ပျာယီးပျာယာ လှမ်း ထွက်လာခဲ့သည်။
သူ ဒီနေ့မနက် “အဝတ်အစား ဒီဇိုင်းနှင့် ဖက်ရှင်ရှိုးပွဲ” ကြော်ငြာတစ်ခု ရိုက်ရန် စီစဉ်ထားသည်။ ထို့ကြောင့် သူ အလောတကြီးလေး ထွက်လာခဲ့ သည်။
အပြင်ဘက်တွင် မြူတွေလွင့်မျောလျက် မီးခိုးတိမ်တိုက်ကြီးတွေကို မှောင်မည်းရွေ့လျားနေသည်။ ဘယ်လိုဖြစ်လို့ပါလိမ့်။ ခါတိုင်းဒီလိုမဟုတ်ပါ ဘူးဟု စိန်အောင်လင်း စိတ်ထဲ၌ ထူးဆန်းအံ့ဩနေသည်။

တစ်မြို့လုံး အဝီစိငရဲကို ရောက်နေသလို အမှောင်ထုနှင့် မြူတွေက လုံးထွေးသတ်ပုတ်နေကြသည်။ သူ ကွန်ဒိုမီနီယံ အဆောက်အအုံ အဆင့် မြင့်မိုးမျှော်တိုက်ကြီး နှစ်လုံးကြားမှ တစ်လှမ်းချင်း လျှောက်လာနေခဲ့ သည်။
ဟာ- သူ အံ့ဩသွား၏။ အမှောင်ထုမှုန်မှုန်တွေထဲမှာလူတွေ၊ လူတွေ တရွေ့ရွေ့ လျှောက်သွားနေကြသည်။ ပျားအုံတစ်အုံလို ပြွတ်သိပ်ကြပ်ခဲ တိုးဝှေ့နေကြသည်။ ဒီမနက် ထူးထူးခြားခြား ဒီလူတွေ ဘယ်ကို သွားကြ မလို့ပါလိမ့်။ ခရီးရှည် ဘုရားဖူးထွက်ကြမလို့များလား။ ပျော်ပွဲစားသွားကြတာ လား။ ကိုယ့်ဌာန ကိုယ့်အလုပ်တွေဆီ သွားနေကြတာလား။ ဒါတော့ မဖြစ် နိုင်။ ဒီလောက်တက်ကြွကြိုးစားသည့် ဝန်ထမ်းက ရှာမှ ရှား။
စိန်အောင်လင်း အတွေးတစ်ပိုင်းတစ်စနှင့် လူစီးကြောင်းတွေကြားထဲ တိုးဝင်လာခဲ့သည်။ လူနံ့တွေကလည်း နံလိုက်တာ၊ မွှန်ထူနေတာပဲ။ အော့ အန်ချင်စရာ – ထွီ။ သူ့မျက်နှာကို မဲ့ရှုံ့လိုက်သည်။
ဒီကြားထဲမှာလမ်းတွေကလည်းစုတ်ပြတ်ပျက်စီးနေလိုက်တာကလည်း
လွန်ရောပဲ။ မြို့တော်ကြီးကိုမှ အားမနာ။ ရွှံ့တွေ၊ ဗွက်တွေ၊ ချိုင့်ခွက်တွေနှင့် ဖြစ်ချင်တိုင်း ဖြစ်နေလိုက်တာ။ ပြီးတော့ – ရေမြောင်းတွေထဲက အပုပ်နဲ့ စုံတွေကလည်း လေထုထဲမှာ တထောင်းထောင်းထနေတယ်။ စိန်အောင်လင်း ရင်ထဲမှာ ပျို့အန်ချင်သွားသည်။
သူ လူပဒူအုံကြီးထဲ တိုးဝှေ့လျှောက်လာရင်း ကောင်းကင်ကို အမှတ် မထင် မော့ကြည့်လိုက်သည်။ ဖျော့တော့တော့ ကြယ်လေးတွေရဲ့မှိတ်တုတ် မှိတ်တုတ်အလင်းရောင်လေးတွေကိုမြင်လိုက်ရသည်။ တော်သေးတာပေါ့။ သူ စိတ်သက်သာရာ ရသွားသည်။
သူ ဖျော့တော့တော့ အလင်းရောင်နှင့် မြူထုနှင့် တိမ်ခိုးတွေကြားမှ ဝင်္ကပါလမ်းလေးထဲ တရွေ့ရွေ့လှမ်းသွားနေကြသည့် လူတွေ၏မျက်နှာကို ရှာဖွေကြည့်လိုက်သည်။
သူ သိပ်အံ့ဩသွား၏။

လူတွေအသွင်သဏ္ဌာန်မျက်နှာတွေက သဘာဝမကျစွာ ချွတ်ချော်နေ သည်ဟု သူ ခံစားလိုက်ရသည်။ တိရစ္ဆာန်တွေ၏မျက်နှာပုံသဏ္ဌာန်များနှင့် လူသားတို့၏မျက်နှာပုံစံနှစ်မျိုးကိုရောစပ်ထားသည့်နှယ် ရုပ်ဆိုးဆိုးမျက်နှာ ကြမ်းကြီးတွေကိုတုန်လှုပ်ဖွယ်ရာ သူမြင်လိုက်ရသည်။ ထူးခြားနေသည်ဟု သူထင်သည်။ အိပ်မက်နေတာတော့ မဟုတ်နိုင်။
ထို ထိတ်လန့်စရာ လူအုပ်တွေကြားထဲမှာ လူပုံသဏ္ဌာန်မျိုးစုံပါသလို အရွယ်မျိုးစုံပါကြသည်။ လူငယ်လူရွယ်၊ ယောက်ျားမိန်းမများ ပါဝင်ကြသလို အဘိုးကြီး၊ အဘွားကြီးတွေလည်း ပါဝင်ကြသည်။ ပြီးနောက် – ဟိုနေရာ သည် နေရာတွေမှာ ကလေးအရွယ်အစားမျိုးစုံကိုလည်း သူ မြင်တွေ့ရ သည်။
သူတို့ပုံသဏ္ဌာန်တွေကလည်း ဆိုက်စုံသည်။ ဝါးလုံးလိုရှည်မျောမျော လူတွေ။ငါးပူတင်းလို ဗိုက်ပူနံကားတွေ၊ လူပုကွကွလေးတွေ၊ ငါးနှပ်ခြောက် လို ပိန်ကပ်ကပ်မိန်းမတွေ၊ ဖားခုံညင်းလို အမျိုးသမီးတွေ၊ ခေါင်းကြီး ကိုယ် သေးနှင့် ပြိတ္တာလို လူသတ္တဝါတွေ ပုံသဏ္ဌာန်မျိုးစုံပါကြ၏။
သူတို့ လမ်းလျှောက်နေပုံတွေကလည်း ကုန်းကုန်းကွကွနှင့် လက်နှစ် ဘက်ကို တွဲလောင်းချထားပုံကလည်း ရယ်စရာကောင်းသလို စိတ်ချောက် ချားစရာလည်း ကောင်းသည်ဟု သူ ခံစားရသည်။
သူတို့ကိုကြည့်ပြီး စိန်အောင်လင်း သံဝေဂရသည်။ လူတွေကနေ့လယ် ဘက် နေရောင်အောက်မှာတော့ သနပ်ခါး၊ မိတ်ကပ်တွေနှင့် အလှခြယ် ပြင်ဆင်ဝတ်စားထားသည့်အတွက် လှပကျက်သရေ ရှိနေကြသော်လည်း ညဘက် အမှောင်ထုထဲမှ အိပ်စက်ပြီး အိပ်ရာက ထလာလျှင်တော့ အလှ မခြယ်ထားလျှင် အာပုပ်တွေ၊ မျက်ချေးတွေ၊ ဆံပင်တွေက ပွယောင်း ယောင်းနှင့် ဆိုလျှင် ပုံသဏ္ဌာန်တွေက အလွန်အရုပ်ဆိုး ထိတ်လန့်စရာ ကောင်းသည်။
ယခု သူတို့မျက်နှာတွေက မကြည်မသာနှင့် တစ်ခုခုကို စိုးရွံ့ ပူပန်နေ ကြဟန်။ ထိတ်လန့်ချောက်ချားနေသည့်အသွင် မြင်တွေ့နေရသည်။ အဝတ်

အစားတွေကလည်း ညအိပ်အဝတ်အစားတွေ၊ ပွယောင်းယောင်း ဖိုးရိုးဖား ရားတွေ။ သူတို့တွေထဲမှာ သူနှင့်တစ်ချိန်က ရင်းနှီးခင်မင်သိကျွမ်းဖူးသူတွေ၊ မြင်တွေ့ဆက်ဆံခဲ့ဖူးသူတွေ၏ မျက်နှာတွေလည်း ပါဝင်နေသည်ကို စိန်အောင်လင်း ထူးဆန်းစွာ တွေ့လိုက်ရသည်။
သူတို့မျက်နှာတွေအားလုံးကတစ်ဆင်တည်းလိုလိုမှုန်သိုးနေကြသည်
ဟု သူထင်သည်။ ခရီးရှည်သွားမည့် ဘုရားဖူး အာဂန္တု ဧည့်သည်တွေ၏ ရွှင်လန်းတက်ကြွနေသည့် မျက်နှာပုံစံမျိုးတွေ။ ပျော်ပွဲစားပစ်ကနစ် ထွက်လာကြသည့် လူတွေ၏ ပျော်ရွှင်ကြည်နူးနေသော မျက်နှာအသွင် အပြင်မျိုးတွေလည်း မဟုတ်ကြပါ။ သူတို့မျက်နှာတွေက အမှည့်လွန်ပြီး ပုပ်သိုးနေသော ယင်အုံနေသည့် သစ်သီးပျက်တွေနှင့် တူနေသည်။
သူတို့အားလုံး ဘယ်ခရီးကို ဦးတည်ထွက်လာခဲ့ကြသည်တော့ စိန်အောင်လင်း မသိ။ သူ မခန့်မှန်းတတ်ပါ။
သူတို့လူစုလူဝေးကြီးက ဆောက်လက်စမိုးပျံတိုက်တန်းလျားကြီးနှင့် အိုဟောင်းစုတ်ချာပြီး ယိုယွင်းပျက်စီးနေသည့် တိုက်အိုတိုက်ပျက်ကြားရှိ ဖြတ်လမ်းတစ်ခုထဲသို့ ချိုးကွေ့ဝင်လာခဲ့ကြသည်။ ပုရွတ်ဆိတ်အုံကြီး တွင်းပေါက်တစ်ခုထဲက စုပြုံထွက်လာသည်နှင့် တူသည်။ ဆောက်လက်စ ကန်ထရိုက်တွေကြားမှ အော်ငေါက်နေသံများ၊ ညည်းညူနေသူများနှင့် ရန်ဖြစ်ဆဲဆိုနေကြသံများ။ ပြီးနောက်- ကလေးတွေရဲ့ ငိုသံတွေကိုလည်း မှောင်ကြီးမည်းမည်းထဲမှ လွင့်ပျံစိမ့်ထွက်လာသည်ကို ကြားရသည်။ သူတို့ လူအုပ်ကြီးကတော့ တရွေ့ ရွေ့ ပုံမပျက်လာနေခဲ့ကြသည်။ ယင်းအခိုက် တိုက်အိုတိုက်ပျက်တွေကြားမှ လေလွင့်ခွေးဝဲစားတွေ အုပ်က ဆွဲဆွဲငင်ငင် နှင့် ပြိုင်တူဆွဲအူလိုက်ကြပြီးနောက် သူတို့လူအုပ်ကြီးကို ဘီလူးသဘက် တွေလို တဝုန်းဝုန်း ဝိုင်းဟောင်းနေကြသည်မှာ ကမ္ဘာပျက်သည့်အလား သည်းထိတ်ချောက်ချားစရာ ကောင်းလှတော့သည်။
စိန်အောင်လင်းကလူအုပ်လူတန်းကြီး၏အလယ်ခေါင်၌ ဗရုတ်သုတ်ခ ညှပ်ပါလာသည်။ ထို့နောက် – သူတို့လူစုလူတန်းကြီးက အနည်းငယ်

လင်းချင်းလျက် မြူငွေ့တွေ လွင့်နေသော လမ်းမတစ်ခုကို ဖြတ်ကျော်ခဲ့ကြ ပြီးလျှင် သက်တံပုံသဏ္ဌာန် ကုန်းတံတားရှည်ကြီးတစ်ခုပေါ်မှ ဖြတ်သန်းရန် သံလှေကားထစ်တွေပေါ်ယင်ကောင်တွေအသားတုံးပေါ်ဝိုင်းအုံကိုက်ခဲကြ
သလို တိုးဝှေ့လှမ်းတက်လာခဲ့ကြသည်။
ကုန်းတံတားပေါ်သူတို့လူအုပ်ကြီးက ရောက်လာကြသည်။ လေက ဓားတစ်စင်းလို ထက်မြစူးရှစွာနှင့် မွှေ့ယမ်းတိုက်ခတ်နေသည်။ ချမ်းစိမ့်နေ သည်ကလည်း ရေခဲလိုဏ်ဂူကြီးတစ်ခုထဲ ကျရောက်နေသလို အရိုးများပင် အက်ကွဲတော့မလား ထင်ရသည်။ ညည်းညူသံတွေနှင့် ထိတ်လန့်တကြား အော်လိုက်သံ။ ကလေးတချို့၏ စူးစူးရှရှ အော်ဟစ်လိုက်သံတွေက နှင်းနှင့် လေစိမ်းတို့ တိုက်ခတ်နေသံ ကြမ်းကြမ်းတွေကြားမှ စိတ်မချမ်းသာဖွယ် ထိုလူအုပ်ထဲမှ လွင့်ထွက်လာသည်။
ပြွတ်ကြပ်သိပ်ခဲနေသော သူတို့လူအုပ်ကြီးက သက်တံကုန်းတံတား ကြီး၏ တစ်ဖက်စွန်းဆီ ရောက်လာကြတော့သည်။ နောက်မှ လူစု တစ်သီ တစ်တန်းကြီးကလည်း နှင်းမှုန်နှင့်လေကြမ်းကကြောက်လန့်စရာတသည်း
သည်းတဝီဝီနှင့်တိုက်ခတ်နေသဖြင့်မမြင်မစမ်းနှင့်အတင်းဒလကြမ်းရှေ့ကို တိုးဝှေ့စုပြုံပြီး သွန်ဝင်လာကြသည်။ ရှေ့က လူအုပ်ကြီးကလည်း သူတို့၏ အရှိန်ကိုမထိန်းနိုင်ကြတော့ပဲကုန်းတံတားတစ်ဖက်အဆင်းမှ သံလှေကား ပေါ်စုပြုံတိုးဝှေ့ပြီး တစ်ဟုန်ထိုး ပြိုဆင်းလိုက်ကြသည်။
ဤတွင်ထိတ်လန့်စရာ။ နှစ်ပေါင်းများစွာကတည်ဆောက်ထားခဲ့သည့် ကုန်းတံတားအိုကြီး၏ ဟောင်းနွမ်းဆွေးမြည့်နေသော သံလှေကားထစ် တွေက သူတို့လူအုပ်ကြီး၏ အလေးချိန်ကို မခံနိုင်တော့ဘဲ တဝုန်းဝုန်း ပြို ဆင်းသွားပါလေတော့သည်။ နောက်မှ အရှိန်နှင့် အတင်းဒလကြမ်း တိုးဝှေ့ ပြေးဝင်လာသော လူအုပ်ကြီးသည်လည်း တစ်ဆက်တည်း တဝေါဝေါနှင့် ထွေးလုံးပြီး ဇောက်ထိုးမိုးမျှော် ကုန်းတံတားပေါ်မှ ငရဲပွက်သလို ထိတ်လန့် တကြား ချောက်ချားအော်ဟစ်သံတွေနှင့်အတူ ပြိုဆင်းထိုးကျသွားလေ တော့သည်။

သို့သော်- သူတို့အားလုံးမှာ ကမ္ဘာမြေကြီးပေါ်သို့ ထိုးကျသွားခြင်း မဟုတ်။ မည်းပျစ်နက်မှောင်ပြီး အလွန်တရာ နက်ရှိုင်းသော ယူဇနာသန်းချီ ဝေးသည့် “အသူတရာချောက်”နက်ကြီးအတွင်းသို့ ဂျွမ်းထိုးမှောက်ခုံ လွှင့်ပါသွားနေခြင်းသာ ဖြစ်ပါသည်။ ယင်း- လူသိုက် လူစုလူဝေးတွေ၏ အလယ်မှာ စိန်အောင်လင်းသည်လည်း တစ်ဦးအပါအဝင် ဖြစ်ပါသည်။
သူသည်လည်းထိုလူစုလူတန်းကြီးထဲတွင်အလွန်တရာနက်ရှိုင်းမှောင်မည်း လှသည့် “အသူတရာချောက်” ကြီးထဲသို့ တလွင့်လွင့် သည်းထိတ်ချောက် ချားလွင့်ပျံထိုးကျသွားနေလေသည်။ ထိုအခိုက်အတန့်လေးတွင် –
သူ – ထူးဆန်းစွာ အသံတစ်ခုကိုမမျှော်လင့်ဘဲကြားလိုက်ရသည်။ ထို အသံကဟိုးအဝေးကမ္ဘာစိမ်းတစ်ခုဆီမှ စိမ်းခြောက်ခြောက်လေးလွင့်လာ
နေသည်။
ချက်ချင်း သူသိလိုက်သည်။ ထိုအသံက သူ့ ဇနီး “ခင်”၏ အသံဖြစ် သည်။
“ကိုစိန်အောင်လင်း- ကိုစိန်အောင်လင်းရယ်။ ရှင် – ကျွန်မကို တစ် ယောက်ထဲ ထားရစ်ခဲ့ပြီလား။ ကိုစိန်အောင်လင်း- ကိုစိန်အောင်လင်း – ဟင့်-ဟင့်-ဟင့်”
***နန်းထိုက်စိုး (နိုင်ငံခြားဘာသာသိပ္ပံ)

Zawgyi Version

ဘဝျခားသူစိမ္းမ်ား(စ/ဆုံး)
——————————–
“စိန္ေအာင္လင္း”
သူ-ယမကာေဟဝန္ၿမိဳင္ေတာတန္းေလးထဲရွိလူေတြတ႐ုန္း႐ုန္းၾကား
ထဲမွ ျဖတ္သန္းတိုးေဝွ႔ၿပီး ျပန္လာခဲ့သည္။
သူ ကုမၸဏီအလုပ္႐ုံးခန္းထဲက ကမန္းကတန္းေလး လွမ္းထြက္လာ ေတာ့ပတ္ဝန္းက်င္ ညေနခ်မ္းကေလးကမႈန္ရီဝိုးတဝါးေလးသာလင္းေတာ့ ၏။ သူ႔ကို စီးပြားေရးလုပ္ငန္းရွင္တစ္ဦးက သူ၏ ေကာ္စမစ္တစ္ အလွကုန္ လုပ္ငန္းအတြက္ ေၾကာ္ျငာတစ္ခု႐ိုက္ကူးေပးရန္ လာေရာက္ကမ္းလွမ္း ေဆြးေႏြးတိုင္ပင္ေနေသာေၾကာင့္ ဒီေန႔ညေန သူအလုပ္မွ ေနာက္က်ၿပီး အိမ္ျပန္ခဲ့ျခင္းျဖစ္သည္။
စိန္ေအာင္လင္းက ပုဂၢလိက “႐ုပ္ျမင္သံၾကား႐ိုက္ကူးထုတ္လႊင့္ေရး” ဌာနတစ္ခု၌ စီးပြားေရးေၾကာ္ျငာ႐ိုက္ကူးထုတ္လုပ္မႈ “စီစဥ္ေရးမႉး” တာဝန္ ယူထားရသူျဖစ္သည္။ ထိုတာဝန္ကက်ယ္လည္းက်ယ္ျပန႔္ၿပီး ေခါင္းလည္း အလြန္စားသည္။

ထိုအလုပ္က စိတ္ကိုနစ္ထားရသည္။ ေန႔စဥ္ႏွင့္အမွ် သူ႔အလုပ္ထဲတြင္ ေလွာင္ပိတ္မႊန္းက်ပ္ေနခဲ့သည္။ သို႔ေသာ္လည္း- သူ႔ဘဝတစ္ေလွ်ာက္လုံး ထိုလုပ္ငန္းထဲ၌ ကြၽံဝင္နစ္ျမႇဳပ္ေနသည္ကိုပင္ သူေပ်ာ္႐ႊင္ေက်နပ္ေနသည္။ သူ တြယ္တာဂုဏ္ယူေနသည္။
ထို႔ေၾကာင့္ သူ ႏွစ္ေပါင္းမ်ားစြာပတ္ဝန္းက်င္ေလာကႀကီးႏွင့္ အဆက္ ျပတ္ေနသည္ဟု ဆိုရမည္။
သူလူအုပ္ေတြၾကားထဲ တိုးဝင္ေလွ်ာက္လာခဲ့သည္။ ထိုအခ်ိန္ေလးမွာပင္သူမေတာ္တဆႀကဳံႀကိဳက္တိုက္ဆိုင္မႈေလးတစ္ခု
ႏွင့္ ဆုံဆည္းခဲ့ရသည္။
မႈန္ဝါးဝါး အေနာ္ရထာလမ္းမႀကီး၏ရွည္လ်ားလွေသာ ပလက္ေဖာင္း လမ္းေပၚမွ လူအုပ္ေတြၾကားထဲမွာ ထိုလူကို ျမင္ေတြ႕လိုက္ရျခင္းျဖစ္သည္။ သူ ထိုလူကို ျမင္လွ်င္ျမင္ခ်င္း အခိုက္တန႔္ေလးမွာပင္ မွတ္မိလိုက္ သည္။ထိုလူႏွင့္သူမေတြ႕ခဲ့ၾကသည္မွာ ႏွစ္ေပါင္းအလြန္ၾကာလွၿပီျဖစ္သည္။ ဆယ္စုႏွစ္ ႏွစ္စုေက်ာ္၊ သုံးစုခန႔္ရွိၿပီျဖစ္သည္ ထင္သည္။
ထိုစဥ္အခ်ိန္က အလြန္ရင္းႏွီးခင္မင္ခဲ့ရသည့္ ငယ္ေပါင္းႀကီးေဖာ္ လူ တစ္ေယာက္၏ မ်က္ႏွာတစ္ခုပင္ျဖစ္သည္။ သို႔ေသာ္- ႏွစ္ေပါင္းမ်ားစြာ ျပန္လည္မဆုံေတြ႕ခဲ့ၾကေတာ့ပဲ ယခုမွ ႐ုတ္တရက္ ျဖဳန္းစားႀကီး သူ ဖ်ပ္ခနဲ ျပန္လည္ျမင္ေတြ႕လိုက္ရသည့္အတြက္ စိန္ေအာင္လင္း၏ စိတ္ထဲမွာ ထူးဆန္းအံ့ဩသလို ဘာလိုလို ျဖစ္သြားသည္။
ႏွင္း႐ိုက္ထားေသာ မႈန္ဝါးဝါး မွန္တစ္ခ်ပ္ထဲမွ ပုံသဏၭာန္တစ္ခုကို လွမ္းျမင္လိုက္ရသည္ႏွင့္ တူေနသည္။
ထိုလူက ေရွ႕မွ လူစီးေၾကာင္းတစ္ခုထဲသို႔ ေကြ႕ခ်ိဳးဝင္သြားေလသည္။ စိုထိုင္းထိုင္းႏွင့္ မီးခိုးေတြလြင့္အူေနေသာ စားေသာက္ဆိုင္တန္းေတြေရွ႕မွ အေမွာင္ထုဆည္းဆာထဲ သူတိုးဝင္သြားသည္။ စိန္ေအာင္လင္း ေျခလွမ္း က်ဲေလးႏွင့္ သူ႔ေနာက္မွ တိုးေဝွ႔လိုက္လာေသာ္လည္း ထိုလူကို သူ မမီ လိုက္ေတာ့ေခ်။ ေတာ္ေတာ္ေလး အလွမ္းေဝးသြားေတာ့သည္။

သူ အေတြးမွ်င္တန္းေလး ဖိုသီဖတ္သီႏွင့္ ဆက္ေလွ်ာက္လာရင္း စဥ္းစားလာသည္။ သူ ဒီလူ႔ကို သိတာ ေသခ်ာသည္။ ဒီလူကလည္း သူ႔ကို သိသည္မွာ စတင္သိကြၽမ္းခဲ့ၾကသည္။ သူႏွင့္ ဒီလူ ဘယ္လိုသိကြၽမ္းခင္မင္ ေနခဲ့ၾကၿပီး ဘယ္အခ်ိန္က စတင္သိကြၽမ္းခဲ့ၾကသည္ကိုလည္းေကာင္း၊
ဒီလူႏွင့္ သူ ဘယ္လိုဆက္ႏြယ္ပတ္သက္ေနခဲ့သည္ကိုလည္းေကာင္း သူ မမွတ္မိေတာ့ေခ်။
သူ ဘယ္သူလည္းဆိုတာ စိန္ေအာင္လင္း စဥ္းစားမရေတာ့ေခ်။ ယခု သူ႔အသက္ပင္ ေလးဆယ္ေက်ာ္၊ ငါးဆယ္နီးပါး ရွိလာခဲ့ၿပီဆိုေတာ့ အတိတ္ က ပန္းခ်ီကားေတြက မႈန္ဝါးပ်က္ျပယ္လုနီးရွိေနေတာ့သည္။
ထိုလူက သူႏွင့္မတိမ္းမယိမ္း သက္တူ႐ြယ္မွ်ပင္ျဖစ္၏။ ကြာလွလြန္းရင္ (၂)ႏွစ္၊ (၃)ႏွစ္ေပါ့။ ဒီထက္ေတာ့ မပိုႏိုင္။ သို႔တေစ – သူအံ့ၾသေနသည္က ထိုလူက သူ႔ထက္ပိုၿပီး အိုစာလြန္းေနသည္မွာ ထူးဆန္းေနသည္။ ယင္း အသြင္သဏၭာန္က သူ႔ကိုအဓိကထိတ္လန႔္ေခ်ာက္ခ်ားစရာျဖစ္ေနသည္ဟု သူထင္သည္။
ၾကည့္ – ဒီလူ အသားအရည္က ညစ္ပုပ္ပုပ္ ျပာႏွမ္းႏွမ္း အေရာင္ထြက္ ေနသည္။ ၿပီးေတာ့ – ဒီလူ မ်က္ႏွာပုံသဏၭာန္ကို ျမင္လိုက္ရသည့္အေန အထားက ေဘးတိုက္ ပ႐ိုဖိုင္းလ္ (Profile) ပုံ၊ မထင္မရွား ဝိုးတဝါး။ အျမင္ အာ႐ုံက သိပ္မသဲမကြဲလွ။ ပင္လယ္ေရ အနယ္ထေနစဥ္ ေရေအာက္မွ ငါး တစ္ေကာင္ကို ဖ်ပ္ခနဲလွမ္းျမင္လိုက္ရသည့္ ပုံစံမ်ိဳးျဖစ္သည္။
ေနာက္ၿပီး- ဒီလူ အက်ႌကလည္း ဖလန္နယ္စႏွင့္ခ်ဳပ္ထားသည့္ ေလးေထာင့္ကြက္အဆင္ရင့္ရင့္၊ ခဲပုပ္ေရာင္ မႈိင္းညစ္ညစ္ႏွင့္။ မီးခိုးေရာင္ ေဘာင္းဘီရွည္ကလည္း အနက္ေရာင္ကြမ္း႐ိုးစင္းကို ပုံပန္းမက်ဝတ္ထား သည္။ အဝတ္အစားေတြက ဒီလူႏွင့္ အဆမတန္ႀကီးမားေနသည့္အတြက္ ပြေယာင္းေနၿပီး ခႏၶာကိုယ္ေပၚ၌ တြဲေလာင္းႀကီး ပုံက်ေနသည္ကလည္း ေခ်ာက္ခ်ားစရာေကာင္းသည္။

သူ လွမ္းၾကည့္လိုက္စဥ္ ထိုလူ မီးပြိဳင့္ျမင္းက်ားမွ ျဖတ္ကူးသြားေနၾက
ေသာလူအုပ္ႀကီးထဲ၌တေ႐ြ႕ေ႐ြ႕လြင့္ပါသြားၿပီး သူ႔ ျမင္ကြင္းမွ ေပ်ာက္ကြယ္ သြားေတာ့သည္။ ထိုလူ ဘယ္ေရာက္သြားမွန္း သူ အရိပ္အေယာင္ပင္ မျမင္ရေတာ့။ ျမဴေငြ႕ေတြထဲမွတေ႐ြ႕ေ႐ြ႕လႈပ္ရွားလြင့္ပါသြားၾကသည့္ လူရိပ္ သဏၭာန္ေတြကိုသာ သူ ျမင္ေတြ႕လိုက္ရသည္။
သူ ကားမွတ္တိုင္၌ အဆင္သင့္ေတြ႕လိုက္ရသည့္ ဟီးႏိုးဘတ္စ္ကား တစ္စီးေပၚခုန္တက္လိုက္ၿပီးအိမ္ျပန္လာခဲ့လိုက္သည္။ ဘတ္စ္ကားေပၚတြင္ သူ တစ္လမ္းလုံး တျခားဘာအေၾကာင္းအရာကိုမွ မစဥ္းစားမိေတာ့ဘဲ ဒီလူ႔အေၾကာင္းသာ ေတြးလာခဲ့မိေတာ့သည္။
ဒီလူဟာ ဘယ္သူလဲ။ ဒီလူ ဘယ္ကလာခဲ့တာလဲ။ သူ႔ကိုဒီလူကသိေန တယ္ဆိုတာကိုေကာ သူ ဘာေၾကာင့္ အေသအခ်ာ သိေနရတာလဲ။
သူနဲ႔ ဒီလူတို႔ ႏွစ္ဦးၾကားမွာ ထူးျခားမႈတစ္ခုခု ရွိေနတာေတာ့ ေသခ်ာ သည္ဟု သူ ထင္သည္။ ထိုထူးျခားမႈက သူတို႔ႏွစ္ဦးစလုံး၏ စိတ္ဝိညာဥ္ထဲ မွာ အတူပူးဝင္စြဲကပ္ေနသည့္အရာတစ္ခု ျဖစ္သည္ဟု စိန္ေအာင္လင္း နားလည္လိုက္သည္။
သို႔ေသာ္- သူအေျဖရွာမရ။ ဝိုးတိုးဝါးတားျဖစ္ေနသည္။ သူဘတ္စ္ကား ေပၚမွ ဆင္းလာခဲ့ၿပီး လမ္းေလွ်ာက္လ်က္ အိမ္ျပန္လာခဲ့သည္။ သူ႔အိမ္ေရွ႕ ေရာက္ခါနီး ၿခံစည္း႐ိုးတံခါးေပါက္ဝ၌ ရပ္လိုက္စဥ္ထူးဆန္းစြာ သူ႔ရင္ထဲသို႔ သိစိတ္အာ႐ုံကေလးတစ္ခုက လွ်ပ္စီးလက္သလို ဝင္းခနဲ လက္သြားေစ
သည္။
သူထိတ္လန႔္တၾကားတုန္လႈပ္ေခ်ာက္ခ်ားသြားကာ သူ႔ရင္ဘတ္ထဲသို႔ ျမားတစ္စင္းႏွင့္ လွမ္းပစ္သြင္းခံလိုက္ရသလို သူ ခံစားလိုက္ရသည္။ သူအသက္ရႉပင္ မြန္းၾကပ္သြားသလိုအာေခါင္တစ္ခုလုံး ေျခာက္ကပ္ သြားလ်က္အိမ္ထဲသို႔ ဒယိမ္းဒယိုင္ႏွင့္ လွမ္းဝင္ခဲ့သည္။ သူ ဆိုဖာေပၚအ႐ုပ္ ႀကိဳးျပတ္ ထိုင္ခ်လိုက္သည္။
ဒီလူ ဘယ္သူလဲဆိုတာ- သူ သိၿပီ။

ထိုညက …
စိန္ေအာင္လင္း ေရမိုးခ်ိဳး၊ ထမင္းစားေသာက္ၿပီး အိပ္ရာဝင္ေတာ့ သူ႔
ဇနီးကိုအမွတ္မထင္
သူ႔ႏႈတ္ကစကားတစ္ခြန္းလႊတ္ခနဲပြင့္ထြက္သြားသည္ ျပန္ၾကားလိုက္မိရသည္မို႔သူအံ့ၾသေနသည္။ ၿပီး-
ကိုထူးဆန္းစြာ သူ႔နားက
သူ႔ ေလသံကလည္း ထိတ္လန႔္ေခ်ာက္ခ်ားလ်က္ တုန္တုန္ရီရီ စိုးစိုး႐ြံ႕႐ြံ႕ ျဖစ္ေနသည္ကို သူ႔ဘာသာ သတိထားလိုက္မိသည္။
“ကိုယ္ – ဒီေန႔ညေနမွာ ကိုယ့္အစ္ကိုတစ္ဝမ္းကြဲ “တင္ထြန္းစံ”နဲ႔ ေတာ္ေတာ္ေလးတူတဲ့လူတစ္ေယာက္ကိုထူးထူးဆန္းဆန္းကိုယ္ ျမင္ေတြ႕
ခဲ့ ရတယ္ကြာ။ သိလား- ခင္”
“ဘယ္သူ။ ဟင္ – တင္ထြန္းစံ ဟုတ္လား။ ခင္မွ သူ႔ကိုမသိတာ” သူ႔ဇနီးက ဇေဝဇဝါႏွင့္ အံ့အားသင့္ေနသလို သူ႔ကို ျပန္ေမးသည္။ “ဟာကြာ – ေကာလိပ္မွာတုန္းက ကိုယ္တို႔ႏွစ္ေယာက္ အတူတက္ခဲ့ ၾကၿပီး ကားအက္ဆီးဒင့္ျဖစ္ၿပီး ေသဆုံးသြားခဲ့တဲ့ တင္ထြန္းစံေလကြာ။ ခင့္ ကိုကိုယ္ေျပာျပခဲ့ဖူးတယ္ေလ”
“ဟုတ္လား။ ခင္ – မမွတ္မိေတာ့ဘူး”
သူ႔ဇနီးက မ်က္ေမွာင္ေလး မသိမသာက်ဳံ႕ၿပီးေနာက္ သူ႔ကို လွည့္ေျပာ လိုက္သည္။ သူမ ပုံစံကလည္း သိပ္စိတ္ဝင္တစား မရွိလွေခ်။ စိတ္မရွည္ပုံ ေပၚလြင္ေနသည္။ ၿပီးေနာက္ သူမ အၿပဳံးကလည္း ေျခာက္ေသြ႕ေနကာ မဲ့တည့္တည့္ ျဖစ္ေနသည္ဟု သူ ထင္သည္။
“အို – မင္း စိတ္ထဲ ျပန္ျမင္ေယာင္ၾကည့္လိုက္ကြာ”
“ရွင္ – ႐ူးေနလား၊ ခင္မွ သူ႔ကို မျမင္ဘူးတဲ့ ဥစၥာ။ ဘယ္လို ျမင္ေယာင္ ၾကည့္လို႔ရမွာလဲ။ ေနပါဦး သူ ေသခဲ့တာပဲ ၾကာလွၿပီမဟုတ္လား။ အဲဒါ – ဘာျဖစ္လို႔ ရွင္က ဒီေလာက္ေတာင္ ထိတ္ထိတ္ပ်ာပ်ာနဲ႔ ထိတ္လန႔္ေခ်ာက္ ခ်ားျဖစ္ေနရတာလဲဟင္။ ဟင္း – ေယာက္်ား မဟုတ္သလိုဘဲ”
စိန္ေအာင္လင္း သူ႔ဘာသာသူ သည္းထိတ္ေခ်ာက္ခ်ားႏွင့္ သူ႔ကိုယ္သူ မလုံမလဲျဖစ္လာသည္။ သူ ျပန္စဥ္းစားၿပီး ေခြၽးျပန္ခ်င္လာသည္။ သူ႔ ႏွလုံး

ခုန္သံက ပိုျပင္းလာသည္ဟုထင္သည္။ ေခ်ာင္ပိတ္မိေနသည့္ တိရစာၦန္ တစ္ေကာင္လို သူ ေသြး႐ူးေသြးတန္း ျဖစ္ေနသည္။ “မင္းက – ကိုယ့္ကို ဘာဆိုလိုခ်င္တာလဲ”
“သိဘူးေလ-ကိုယ္ျဖစ္ေနတာကိုယ္ပဲသိမွာေပါ့။ ခင္က ဘယ္လိုလုပ္
သိမွာလဲ။ အဟင္း – ဟင္း-”
သူမက
သူ႔ကို႐ြံ႕တည့္တည့္ျပန္ေျပာရင္းလူ႐ႊင္ေတာ္ျပက္လုံးတစ္ခုကို
ၾကားလိုက္ရသလို ေျပာင္ေခ်ာ္ေခ်ာ္ေလး ရယ္ေမာလိုက္ေလသည္။
သူ ဘာမွ ျပန္မေျပာေတာ့ဘဲ ကေယာင္ေခ်ာက္ခ်ား စိတ္ပ်က္စြာျဖင့္ အိပ္ရာေပၚလွဲခ်လိုက္ပါေတာ့သည္။ သူ နဖူးေပၚလက္တင္ရင္း တင္ထြန္းစံ အေၾကာင္းကို မစဥ္းစားမိေအာင္ အတင္းႀကိဳးစားလ်က္ သူ႔မ်က္စိေတြကို ဇြတ္မွိတ္ထားလိုက္ပါသည္။
တင္ထြန္းစံကို သူမျမင္ေတြ႕ခဲ့ရသည္မွာစင္စစ္ႏွစ္ေပါင္းႏွစ္ဆယ္ေက်ာ္ ရွိခဲ့ၿပီျဖစ္ပါသည္။
သူ ေက်ာင္းၿပီး၍ ဒီဂရီရၿပီး အလုပ္ထဲဝင္ကာ အိမ္ေထာင္က်ခဲ့သည္မွ စ၍ယေန႔ထိျဖစ္သည္။
သူ ေနာက္ဆုံး သူ႔အစ္ကိုဝမ္းကြဲ တင္ထြန္းစံကို ျမင္ေတြ႕ခဲ့ရသည္က ဟိုး- ရွမ္းျပည္နယ္ ေျမာက္ပိုင္း “သီေပါၿမိဳ႕” ကေလးရွိ အသုဘအိမ္တစ္ အိမ္မွ အဖုံးဖြင့္ထားသည့္ အေခါင္းတလား တစ္လုံးထဲ၌ ျဖစ္သည္။
ယင္း မေတာ္တဆ ႀကဳံႀကိဳက္မႈေလးကို သိပ္မၾကာခင္ အခ်ိန္ကေလး မွာပင္ စိန္ေအာင္လင္း ေမ့ေပ်ာက္သြားေလေတာ့သည္။ သို႔ေသာ္ – သိပ္ မၾကာလိုက္ပါ။
မွန္ပါသည္။ ေနာက္ရက္သတၱပတ္ သုံးပတ္ေက်ာ္ေက်ာ္ေလာက္၌ တစ္ဖန္၊ သူ ဒုတိယအႀကိမ္ ႀကဳံႀကိဳက္မႈ အျဖစ္အပ်က္ေလးတစ္ခုႏွင့္ ထူးဆန္းစြာ ေတြ႕ဆုံရျပန္ေလသည္။

သည္တစ္ႀကိမ္ေတာ့ သူအရင္ကတစ္ခါဖူးမွ် မေရာက္ခဲ့ဘူးေသးေသာ စူပါမတ္ကက္ ကုန္တိုက္ႀကီးတစ္ခုတြင္ ဖုန္းဆာ့ကစ္ (Circuit) တစ္ခုဝင္ ဝယ္ၿပီး ေငြသြင္းေကာင္တာတြင္ တန္းစီေနစဥ္ မေမွ်ာ္လင့္ဘဲ သူမကို ေတြ႕ လိုက္ရျခင္းျဖစ္သည္။
သူ – ကုန္တိုက္ထဲ တန္းစီရပ္ေစာင္ေနခိုက္ သူ႔ ေရွ႕ခပ္လွမ္းလွမ္းမွ
အမ်ိဳးသမီးေတြထဲ၌ ျဖစ္သည္။ သူ႔ေရွ႕မွ အမ်ိဳးသမီးႏွစ္ဦးၾကားတြင္ ဆံပင္ေတြတစ္ေခါင္းလုံး ျဖဴေဖြးေနသည့္ အသက္အ႐ြယ္အိုမင္းလြန္းေသာ ထိုအဘြားႀကီးကို သူ ဘြားခနဲ သတိထားျမင္လိုက္မိသည္။
ထိုအဘြားႀကီး”ကိုစိန္ေအာင္လင္းေတြ႕ရွိလိုက္ရျခင္း
ထိုအဘြားႀကီးသည္လည္း သူ ရင္းရင္းႏွီးႏွီးကို ခင္မင္ခဲ့ဖူးသည့္ မိန္းမ ႀကီးတစ္ဦးပင္ ျဖစ္ႏိုင္သည္။ ဟိုးအရင္ ႏွစ္ပရိေစၦဒ ေျမာက္ျမားစြာကပင္ သိကြၽမ္းရင္းႏွီးခဲ့ဖူးေသာ မိန္းမႀကီးတစ္ဦးသာ ျဖစ္ရမည္။ သူ မသဲမကြဲ မေရမရာႏွင့္ ျပန္စဥ္းစားလိုက္မိသည္။ ႏွစ္ေပါင္းမ်ားစြာၾကာၿပီဆိုေတာ့ အဘြားႀကီး ႐ုပ္ရည္ကို သူ႔စိတ္အာ႐ုံထဲက သိပ္မဖမ္းမိေတာ့ေခ်။
ထိုအဘြားႀကီး၏တစ္ကိုယ္လုံးမွာ အေၾကာေတြကေညာင္ျမစ္ေတြလို အၿပိဳင္းၿပိဳင္းထေနသည္ကသူ႔ကိုညိဳ႕ယူဖမ္းစားထားသလို။ သူေငးစိုက္ၾကည့္ ေနမိသည္။ ထိုမိန္းမအိုႀကီး၏ အေရျပားေတြကလည္း ထူးဆန္းစြာ ျဖဴေဖြး တြန႔္လိမ္ၿပီး ႏူးညံ့ေပ်ာ့ဖပ္ေနကာ အသားတြင္ ကပ္ထားသည္ႏွင့္တူသည္။ ၾကည့္ရတာ အသည္းယားဖို႔ ေကာင္းသည္။
သူမ၏ မ်က္လုံးေတြက ေသးငယ္က်ဥ္းစုၿပီး ခြက္ဝင္ေနကာ မ်က္ဆံ ႏွစ္ခုက အေရာင္တလက္လက္ေတာက္ပေနသျဖင့္ ထိတ္လန႔္စရာပင္ ေကာင္းေနသည္။ အဘြားႀကီး၏ လက္ႏွစ္ေခ်ာင္းက အဆစ္ေတြေငါ့ထြက္ ေနလ်က္အ႐ိုးေတြခ်ိတ္ဆက္ထားသလို အံ့ဩစရာျမင္ရသည္။ သို႔ရာတြင္ သူမ၏လက္ေခ်ာင္းမ်ားတြင္ ႏွစ္ဖက္စလုံး ေ႐ႊလက္စြပ္ေတြတန္းစီဝတ္ထား ရာ တစ္မ်ိဳးေတာ့ ၾကည့္ေကာင္းေနသည္။

အဘြားႀကီး၏ပုံစံက အေတာ္ကေလး စိတ္ရႈပ္ေထြးၿပီးစိတ္လႈပ္ရွားေန
ပုံရ၏။ သူမ၏ အသြင္သဏၭာန္ကလည္း နည္းနည္းေတာ့ စိတ္ကေယာက္ ကယက္ျဖစ္ေနဟန္တူပါသည္။ ဒီအဘြားႀကီး၏ အသက္ကို ခန႔္မွန္းရလွ်င္ အနည္းဆုံး သူမသည္ အသက္ (၈၅)ႏွစ္ႏွင့္ (၉ဝ)ၾကားထဲရွိႏိုင္သည္ဟု သူ ထင္သည္။ အဘြားႀကီး အသြင္အျပင္က အလ်င္စလို ပ်ာယီးပ်ာယာျဖစ္ေန သည္။
အဘြားႀကီး၏ပါးစပ္မွ ဘာေတြမွန္းေတာ့မသိ။ ဗ်စ္ေတာက္ဗ်စ္ေတာက္ ႏွင့္ တိုးတိုးဖြဖြ ေရ႐ြတ္ေနတာ စိန္ေအာင္လင္း သတိထားမိသည္။ သူမ တစ္ခုခုကို မေက်မနပ္ျဖစ္ေနတာ ျဖစ္ႏိုင္သည္။ သို႔တေစ – သူမ အသြင္က ပန္းပြင့္ေတြၾကားမွလိပ္ျပာတစ္ေကာင္ေတာင္ပံခတ္လ်က္ ပန္းဝတ္ရည္ကို စုပ္ယူရန္ ႀကိဳးစားပ်ံသန္းရင္း စိတ္အားထက္သန္စြာျမဴးလြင့္ႏိုးၾကားေနဟန္ ျမင္ေတြ႕ေနရသည္။
ထိုစဥ္- ဖ်ပ္ခနဲ စိန္ေအာင္လင္း၏ အဇၩတၱအတြင္းစိတ္အာ႐ုံထဲမွ သိစိတ္အာ႐ုံတစ္ခု၊ လြင့္ခနဲ ပ်ံထြက္လာသည္။ တျခားမဟုတ္ပါ။ သူ – ဒီ အဘြားႀကီးကိုေသေသခ်ာခ်ာႀကီးကို သိသည္။ အစစ္ပဲ သူဒီအဘြားႀကီးကို မွတ္မိၿပီ။ ဒီအမ်ိဳးသမီးႀကီးသည္ သူငယ္ငယ္တုန္းက “သထုံၿမိဳ႕ရွိ ေအဘီ အမ္” အလယ္တန္းေက်ာင္းမွ အဂၤလိပ္စာဆရာမ တီခ်ာမစၥခရစၥတီမိုး ျဖစ္၏။ သူမ၏တပည့္ေတြအားလုံးက သူမကို ခ်စ္စႏိုးႏွင့္ တီခ်ာမိုးဟုေခၚၾက သည္။
တီခ်ာမိုးငယ္စဥ္ေက်ာင္းဆရာမဘဝတုန္းက အလြန္ပင္ေခ်ာလွသည္။ ကမာၻေက်ာ္ ေဟာလီးဝုဒ္ ႐ုပ္ရွင္မင္းသမီးေခ်ာ”မာရီလင္မြန္႐ိုး”ႏွင့္ အလြန္ တူသည္။
ယခုေတာ့ သူမကို ျပန္မေတြ႕ခဲ့ရသည္မွာ ႏွစ္ေပါင္းမ်ားစြာၾကာျမင့္ခဲ့ၿပီ ျဖစ္ပါသည္။ အလြန႔္အလြန္ၾကလွၿပီ။ ႏွစ္ေပါင္းမည္မွ် ရွိခဲ့သည္ကိုပင္ ျပန္၍ သူ မစဥ္းစားခ်င္ေတာ့ပါ။

တီခ်ာမိုးကို ၾကည့္ရသည္မွာ သူမသည္ အသက္အလြန္အိုမင္းေနၿပီ ျဖစ္ေသာ္လည္း သူမဘာသာသူမ လႈပ္ရွားသြားလာေနႏိုင္ေသးသည္ဟု ထင္သည္။ တီခ်ာမိုးသည္ အပ်ိဳႀကီးျဖစ္သျဖင့္ သူမတြင္ အားထားရမည့္ သားေထာက္သမီးခံ အရင္းအခ်ာလည္း မရွိေခ်။
အဘြားႀကီး ခရစၥတီမိုးသည္ ေႁမြေရခြံေဈးသုံးအိတ္ႀကီးတစ္လုံးကို ပခုံးတြင္ လြယ္ထား၏။ သူမ၏ ေျခရင္းမွာလည္း အျခားပလတ္စတစ္ေငြ

ေရာင္အိတ္တစ္လုံးကို နံေဘး၌ ခ်ထားေသးသည္။ သူမက အိတ္ႀကီးထဲမွ သူမ၏ ပိုက္ဆံအိတ္ကို ရွာေဖြေနဟန္တူသည္။ ဟိုႏႈိက္သည္ႏႈိက္ႏွင့္ လွန္ေလွာရွာေဖြေနသည္။ အိတ္တစ္ခုလုံး ပြေယာင္းကုန္သည္။ သို႔ေသာ္- သူမ၏ ပိုက္ဆံအိတ္ကို ျပန္ေတြ႕ပုံမရေသးေခ်။
အဘြားႀကီးေရွ႕မွလူေတြတစ္ဦးၿပီးတစ္ဦးေငြရွင္းေပးၿပီး ေကာင္တာမွ ထြက္ခြာသြားကုန္ၾကၿပီ။ အဘြားႀကီးေနာက္မွ အမ်ိဳးသမီးႀကီးကလည္း စိတ္ မရွည္ခ်င္ေတာ့ေခ်။ အဘြားႀကီးအလွည့္ ေရာက္လာသည္။ အဘြားႀကီး ကေတာ့ သူ႔ပိုက္ဆံအိတ္ကို ရွာေနတုန္းျဖစ္သည္။
စိန္ေအာင္လင္းက အဘြားႀကီး၏ဒုကၡျဖစ္ေနပုံကိုၾကည့္ၿပီး စိတ္မခ်မ္း မသာျဖစ္သြားသည္။ သူ႔စိတ္ထဲက အဘြားႀကီးကို က႐ုဏာသက္သြား သည္။
သူက အဘြားႀကီး၏လတ္တေလာျပႆနာကို အတတ္ႏိုင္ဆုံး ကူညီ ရန္ဆုံးျဖတ္လိုက္၏။
“တီခ်ာ – တီခ်ာ့အတြက္ ေဈးဖိုးကို ကြၽန္ေတာ္ ေပးလိုက္ပါ့မယ္” စိန္ေအာင္လင္း ႏႈတ္ဖ်ားမွ က႐ုဏာမိုးပြင့္ေလးေတြ ခ်က္ခ်င္းပြင့္ထြက္ သြားသည္။
အဘြားႀကီးက သူ႔ကိုဖ်ပ္ခနဲလွည့္ၿပီးေမာ့ၾကည့္သည္။ သူမ၏မ်က္ဝန္း လက္လက္ေလးေတြထဲ၌ အံ့ဩေက်းဇူးတင္သည့္ အေရာင္ကေလးေတြ လက္ျဖာသြားသည္။သို႔ေသာ္လည္း- သူမ၏ ႏႈတ္ခမ္းေပၚတြင္မူ မာနႏွင့္ စိတ္တိုေနမႈေလးေတြ ရွက္သမ္းေနသည္ကို သူ ျမင္ေနရသည္။
စိန္ေအာင္လင္းက အဘြားႀကီးအတြက္ ေဈးဖိုးက်သင့္ေငြကို ေကာင္ တာစာေရးမေလးအားစိုက္ရွင္းထုတ္ေပးလိုက္သည္။ အဘြားႀကီးက သူ႔ေႁမြ ေရခြံအိတ္ႀကီးထဲ ရွာေဖြလွန္ေလွာေနရင္း ထရပ္လိုက္ၿပီး သူ႔ကို ေမာ့ၾကည့္ လ်က္ အသံေသးေသးစူးရွရွေလးႏွင့္ ေမးသည္။
“ေက်းဇူးတင္ပါတယ္ကြယ္။ ဒါနဲ႔ – ေနပါဦး မင္းက ဘယ္သူလဲ။ ငါ့ကို
ေရာ သိလားဟင္”

အဘြားႀကီး၏အသံက စိတ္ကသိကေအာက္ျဖစ္ေနသည့္ဟန္။ သူ႔ကို နားမလည္ဟန္ႏွင့္ ဇေဝဇဝါျဖစ္ေနပုံရသည္။
“ကြၽန္ေတာ္ သထုံက ဒန္ေယလပါ-တီခ်ာ”
စိန္ေအာင္လင္းက သူ႔ေက်ာင္းနာမည္ကို အဘြားႀကီးအား ထုတ္ေျပာ လိုက္သည္။
အဘြားႀကီး ခရစၥတီမိုး အံ့အားသင့္သြားသည္။ သူမ၏ မ်က္ႏွာတစ္ခု လုံးက ခ်က္ခ်င္းေငြေရာင္ေတြ ႐ႊန္းလက္သြားသည္။
“ေအာ္- ဒါ့ေၾကာင့္ကိုး။ ေအး – ဒါေပမဲ့ – ေနာက္တစ္ႀကိမ္မင္းနဲ႔ျပန္ေတြ႕ ဆုံၾကရဦးမယ္ဆိုရင္ေတာ့ မင္း ပိုက္ဆံကို ငါျပန္ေပးပါ့မယ္။ ငါ – သူမ်ား ေပးစာကမ္းစာစားရေလာက္ေအာင္လည္းမအိုေသးပါဘူးကြဲ႕၊ ေက်းဇူးပါပဲ။ ကဲ – သြားမယ္ ဒန္ေယလေရ”
“ဟုတ္ကဲ့- တီခ်ာ”
အဘြားႀကီးက သူ႔ကို ႏႈတ္ဆက္ၿပီး သူ႔နံေဘးမွ ေငြေရာင္အိတ္ႀကီးကို ေကာက္ယူလိုက္ကာ ေကာင္တာမွ လွမ္းထြက္သြားၿပီး စူပါမတ္ကပ္ထဲမွ လူအုပ္ႀကီးထဲ တိုးေဝွ႔ျဖတ္ေက်ာ္၍ေလွ်ာက္ထြက္သြားေလေတာ့သည္။ စိန္ေအာင္လင္းက ေနာက္မွ ေငြေရာင္ဆံပင္ေတြႏွင့္ အဘြားႀကီးကို လွမ္းၾကည့္ေနသည္။ ထို႔ေနာက္ အဘြားႀကီးက မီးေရာင္ေတြေအာက္၌ လူအုပ္ေတြၾကားထဲတြင္ တေ႐ြ႕ေ႐ြ႕မႈန္ဝါးၿပီး ေပ်ာက္ကြယ္သြားေတာ့၏။
ယင္း အခိုက္အတန႔္ေလးတြင္ စိန္ေအာင္လင္း စိတ္ထဲ၌ ထူးဆန္းစြာ အသိစိတ္ မႈန္မႈန္ေလးတစ္ခုက ဖ်ပ္ခနဲ လက္ေတာက္သြားေလေတာ့၏။ ထို အသိစိတ္ကေလးက ထိုအဘြားႀကီး မစၥခရစၥတီမိုး ကား ၁၉၆၄ – ခုႏွစ္က ကြယ္လြန္သြားခဲ့ၿပီ ျဖစ္သည္။
စိန္ေအာင္လင္း ႐ုတ္တရက္ေက်ာထဲမွာစိမ့္ခနဲခ်မ္းသြားၿပီးတစ္ကိုယ္
လုံး ၾကက္သီးေမြးညင္းေတြထသြားကာ ေခ်ာက္ခ်ားထိတ္လန႔္သြားေလ ေတာ့၏။

စိန္ေအာင္လင္း ဒီတစ္ႀကိမ္မွာေတာ့ သူ – သူ႔ဇနီးကို ထုတ္ေဖာ္၍ ဖြင့္မေျပာေတာ့ပါ။
သူ႔ဇနီးက သူ႔ကို ေျပာင္ေခ်ာ္ေခ်ာ္ ေငါ့ေတာ့ေတာ့ႏွင့္ ျပန္ရယ္ေမာျပ လိုက္မည့္ ေလွာင္ရယ္သံေတြကို သူ မၾကားခ်င္ေသာေၾကာင့္ ျဖစ္သည္။ သည့္ေနာက္ပိုင္းမွာေတာ့ သူ ထိုလူေတြကို ခပ္စိပ္စိပ္ တစ္ပတ္ျခား၊ ႏွစ္ပတ္ျခား ဆိုသလို ဟိုေနရာမွာ ရိပ္ခနဲ၊ ဒီေနရာမွာ ရိပ္ခနဲ ျမင္ေတြ႕ရမ်ား လာခဲ့သည္။ သူကိုယ္တိုင္လည္း ထိုအျမင္အာ႐ုံေတြႏွင့္ ပတ္သက္ၿပီး ထူးဆန္းေနသည္ဟုထင္သည္။ သို႔မွမဟုတ္ – သူ႔ကိုယ္သူ စိတ္ေရာဂါ တစ္ခုခု သို႔မဟုတ္ စိတ္ကေယာင္ေခ်ာက္ခ်ားျဖစ္ေနသူ (Psychopath) တစ္ဦးမ်ား ျဖစ္ေနၿပီလားဟု စိုးထိတ္ေနမိသည္။
မည္သို႔ဆိုေစ- သူကေတာ့ သူ႔စိတ္ထဲမွေနၿပီး ထိုသူေတြကို “ဘဝျခား သူစိမ္းမ်ား” ဟု သူ႔စိတ္ကူးႏွင့္သူ အမည္ေပးထားခဲ့သည္။
ထိုသူေတြကိုသူလမ္းေပၚမွလူအုပ္ၾကားေတြထဲမွာ သူအလုပ္လုပ္ေန သည့္ဌာနမွ စားေသာက္ခန္းႏွင့္ သန႔္စင္ခန္းမ်ား၊ အျခားေသာ ႐ုံးမ်ားႏွင့္ ကုမၸဏီမ်ား၏ ဓာတ္ေလွကားမ်ားေပၚမွာ၊ ေရွာ့ပင္စင္တာမ်ား၊ ေဈးမ်ားထဲ မွာ၊ ဘုရားရွိခိုးေက်ာင္းေတြထဲမွာ သူ မၾကာခဏ ဆုံေတြ႕ေနခဲ့သည္။
ထိုသို႔ သူ မေတာ္တဆ ႀကဳံႀကိဳက္ေတြ႕ဆုံမႈေတြထဲကမွ သူ႔အတြက္ မေမ့ႏိုင္စရာ အျဖစ္အပ်က္ေလးတစ္ခုက သူ႔ရင္ထဲမွာ စြဲၿငိက်န္ရစ္ခဲ့သည္။ တစ္ေန႔လယ္ခင္းလူစည္ကားသည့္ ၿမိဳ႕ထဲမွ ပန္းပဲတန္းရွိ “Sensitive” အမည္ရ ကန္းထရီစားေသာက္ဆိုင္ကေလးထဲတြင္ ျဖစ္သည္။ သူက ေဆး ေၾကာ္ျငာတစ္ခုအတြက္ ႐ုပ္ျမင္သံၾကား ႐ိုက္ကူးရန္ ဇာတ္ၫြန္းတိုေလး စီစဥ္ေရးဆြဲၿပီးေနာက္ေန႔လယ္စာတစ္ခုခုစားရန္ဤဆိုင္ေလးသို႔ေရာက္ရွိ
လာခဲ့ျခင္းျဖစ္သည္။
စိန္ေအာင္လင္းက မီးလုံးျပာျပာေလး လင္းေနသည့္ လူရွင္းေသာ ေထာင့္က်က် စားပြဲတစ္လုံး၌ ဝင္ထိုင္ၿပီး စားပြဲထိုးေလးကို “ပသွ်ဴးထမင္း ေၾကာ္” တစ္ပြဲႏွင့္ လိေမၼာ္ရည္တစ္လုံး မွာလိုက္သည္။

မၾကာမီ အစားအေသာက္မ်ား ေရာက္လာသည္။ သူက ထမင္းေၾကာ္ ပူပူေႏြးေႏြးေလးကို ငုံ႔စားေနရင္း လိေမၼာ္ရည္ကို တစ္ငုံေမာ့ေသာက္ၿပီး ေနရာမွာ ျပန္ခ်ထားလိုက္သည္။ စိန္ေအာင္လင္း၏ ပသွ်ဴးထမင္းေၾကာ္ ပန္းကန္တစ္ဝက္ခန႔္ က်ိဳးသြားခ်ိန္တြင္ သူ႔ေရွ႕သို႔ လူတစ္ဦးေရာက္လာ သည္။
“ကြၽန္ေတာ္ ဒီမွာ ထိုင္လို႔ရမလား-မိတ္ေဆြ”
ထိုလူက သူ႔ကို ယဥ္ေက်းစြာ ခြင့္ေတာင္းလာသည္။ စိန္ေအာင္လင္းသူ႔ဘယ္လက္ကခက္ရင္းကိုပန္းကန္ေပၚျဖည္းညင္းစြာ
ခ်လိုက္ကာ ထိုပုဂၢိဳလ္ကို ဖ်ပ္ခနဲေမာ့ၾကည့္လ်က္ ေခါင္းညိတ္ရင္း ျပန္ေျပာ လိုက္သည္။
“ဪ- ထိုင္ပါဗ်ာ-ထိုင္ပါ။ ကိစၥမရွိပါဘူး” “ဟုတ္ကဲ့-ေက်းဇူးပါပဲ”
ထိုလူက ျပန္ေျပာၿပီး ထိုင္ခုံတြင္ ဝင္ထိုင္လိုက္သည္။
စံပယ္နံ႔ သင္းသင္း၊ ကိုယ္လိမ္းေပါင္ဒါနံ႔ သင္းသင္းေလးက စိန္ေအာင္ လင္း ရင္ဘတ္ထဲကို တိုးဝင္သြားသည္။
စိန္ေအာင္လင္း သူ႔ထမင္းေၾကာ္ကိုျပန္၍ ဆက္စားေနသည္။ သူ႔စိတ္ ထဲက ဒီေပါင္ဒါနံ႔မ်ိဳး အရင္က ဘယ္သူ႔ဆီကမွန္းမသိ ရဖူးသည္ဟု ထင္ သည္။
“စိတ္မရွိပါနဲ႔ဗ်ာ။ ဟို – မိတ္ေဆြက သထုံကလား”
ထိုလူ႔အသံကသူ႔ကိုပုတ္ႏႈိးလိုက္သည္။ ဖ်ပ္ခနဲသူအလန႔္တၾကားေလး
ေမာ့ၾကည့္မိလိုက္သည္။
“ဟုတ္ပါတယ္ – ဘာျဖစ္လို႔လဲ”
စိတ္လႈပ္ရွား အံ့ၾသစြာ သူ ကမန္းကတမ္းေလး ျပန္ေျဖျဖစ္သြားသည္။ “ဪ – ကြၽန္ေတာ့္ရဲ႕ သူငယ္ခ်င္း ေအတီအမ္ ေက်ာင္းတုန္းက ဒန္ေယလမ်ား ျဖစ္ေနမလားလို႔ပါ”
သည္။
သူ႔ႏွလုံးသားထဲမွာ ျမားတစ္စင္း စိုက္ဝင္သြားသလို ခံစားလိုက္ရ

ဒန္ေယလ- ဟုတ္လား။ ဟာ – အဲဒါ က်ဳပ္ရဲ႕ေက်ာင္းနာမည္ပဲ။ ဟုတ္ တယ္ – ဒါဆို ခင္ဗ်ားကေကာ ဘယ္သူလဲ”
“ကြၽန္ေတာ္က – အာျဗဟံ – ျမေသြးဟန္ပါ”
“ဟာ – အာျဗဟံ သူငယ္ခ်င္း”
စိန္ေအာင္လင္း အံ့ဘနန္းႏွင့္ ေအာ္ဟစ္လိုက္ၿပီး ေနရာမွ ထခုန္ရပ္
လိုက္သည္။ တစ္ဆက္တည္း
ဆြဲညစ္လႈပ္ခါယမ္းလိုက္သည္။
သူထိုလူ၏ပခုံးႏွစ္ဖက္ကိုဝမ္းသာအားရႏွင့္
ဆိုင္ထဲက လူေတြက သူ႔ကို အထူးအဆန္းႏွင့္ သမင္လည္ျပန္ ေခါင္း ေထာင္ၾကည့္ေနၾကသည္။ အခ်ိဳ႕က သူ႔ကို လွမ္းၾကည့္ၿပီး ၿပဳံးေနၾကသည္။ ဘသားေခ်ာ စိန္ေအာင္လင္းက ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္ဘဲ သူ႔သူငယ္ ခ်င္းဆိုသည့္ ပုဂၢိဳလ္ကိုသာ ေသခ်ာျပန္စိုက္ၾကည့္လိုက္သည္။ ယခုမွ သူ သတိထားမိသြားသည္။ ျမေသြးဟန္က အစိမ္းေရာင္အက်ႌလက္ရွည္ႏွင့္ ကခ်င္ပုဆိုးကြက္ကို ဝတ္ထားေသာ္လည္း ျမေသြးဟန္မ်က္ႏွာက မည္း ျပာျပာျဖစ္ေနကာ မ်က္ႏွာေပၚတြင္ မီးေလာင္ထားသည့္ ဒဏ္ရာေတြကို ျဖဴ မြဲမြဲအကြက္ေတြ ထင္ေနသည္။ ထို႔ေၾကာင့္ သူ ႐ုတ္တရက္ မမွတ္မိျခင္းဘဲ ျဖစ္သည္။
ျမေသြးဟန္က အရင္က လူေခ်ာလူေျဖာင့္တစ္ဦးျဖစ္ၿပီး ေမာ္လၿမိဳင္ ေကာလိပ္မွ လက္ေ႐ြးစင္ေဘာလုံးသမားတစ္ဦးျဖစ္သည္။ ထိုအခ်ိန္မွစၿပီး သူတို႔ႏွစ္ဦးကြဲကြာသြားခဲ့ၾကသည္။ သူကထိုႏွစ္မွာပင္ ရန္ကုန္သို႔ေျပာင္းေ႐ႊ႕
လာခဲ့သည္။
သူ ျပန္ထိုင္ခ်လိုက္ၿပီး ျမေသြးဟန္ကို ေဆြးေဆြးျမည့္ျမည့္ေလး စိုက္ ၾကည့္ေနသည္။ ျမေသြးဟန္က ေတာင့္ေတာင့္ေလးထိုင္ေနလ်က္ ေကာ္ဖီ ခြက္ကို စစ္ေသာက္ေနရင္း ၿပဳံးေငြ႕ေငြ႕ သူ႔ကို ျပန္ၾကည့္ေနသည္။
ၿပီးေနာက္ – သူတို႔ႏွစ္ဦး ေရွးေဟာင္းေႏွာင္းျဖစ္ေလးေတြ တိုးတိုး ရင္ဖြင့္ၾကရင္း ညင္ညင္သာသာ ခပ္အုံ႔အုံ႔ေလးရယ္ေမာေနမိၾကသည္။

စိန္ေအာင္လင္း စိတ္ထဲကလည္း သူတို႔ႏွစ္ဦး အလယ္တန္းေက်ာင္း
သားဘဝက ညေနေက်ာင္းဆင္းလွ်င္ ၿမိဳ႕မကြင္းထဲ၌ ေဘာလုံးအတူကန္ခဲ့ ၾကသည္မ်ား၊ ေက်ာင္းလစ္ၿပီး ႏွစ္ဦးသား ၾကယ္တာရာ႐ုံတြင္ ေက်ာ္ေဆြ၏ သည္ေဆာင္းေဟမာန္ ႐ုပ္ရွင္ကားကို ခိုးၾကည့္ၾက၍ ေနာက္တစ္ေန႔ ေက်ာင္းအုပ္ဆရာမႀကီး၏အ႐ိုက္ခံခဲ့ရသည္မ်ား၊ စေန-တနဂၤေႏြေက်ာင္း ပိတ္ရက္တြင္ သူငယ္ခ်င္းႏွစ္ေယာက္ ဟမ္းဘား စက္ဘီးကိုယ္စီနင္းၿပီး ျမသပိတ္ေတာင္ေျခရွိ“ဂ်ဳံးဂ်ဳံးက်” ေရတံခြန္တြင္ေရကူးၾကကာေလေသနတ္ တစ္ေယာက္တစ္လက္ႏွင့္ ဒူးဝင္းၿခံေတြထဲမွာ ငွက္ေလွ်ာက္ပစ္ခဲ့ၾကပုံမ်ား တို႔ကို မ်က္စိထဲတေရးေရး ျမင္ေယာင္လာသည္။
“ကဲ- သူငယ္ခ်င္းဒန္ေယလ။ ေက်းဇူးပဲကြာ-ငါလည္းသြားစရာရွိေသး တယ္။ သြားေတာ့မယ္ကြာ – ေနာက္မွ ျပန္ေတြ႕ၾကတာေပါ့”
စိန္ေအာင္လင္းက ျမေသြးဟန္အသံၾကားမွ အသက္ျပန္ဝင္လာသည္။ သူ႔ရင္ထဲက အေတြးစေတြ ရပ္တန႔္သြားသည္။
“အိုေက- သူငယ္ခ်င္း။ ေအးေအးေဆးေဆး ျပန္ဆုံၾကမယ္ အာျဗဟံ။ ေအာ္-ေရာ့၊ ဒါ – ငါ့႐ုံးလိပ္စာကတ္။ မင္းေနာက္ ၿမိဳ႕ထဲေရာက္ရင္ ဝင္လာခဲ့။ ဒါမွမဟုတ္လည္း ဖုန္းဆက္လိုက္ကြာ။ မင္းက အခု ဘယ္မွာလဲ။ နယ္မွာပဲ လား”
“ငါလား – အေဝးႀကီးပဲ။ ေတာင္ႏွစ္ေတာင္ၾကားက ဂူႀကီးထဲမွာ”
သူၿပဳံးရင္း သူ႔လိပ္စာကတ္ကေလးကို ျမေသြးဟန္ ေရွ႕စားပြဲေပၚခ်ေပး လိုက္သည္။ ေနာက္ သူငယ္ခ်င္းႏွစ္ဦး လက္ဆြဲႏႈတ္ဆက္လိုက္ၾကၿပီး ေနာက္ ျမေသြးဟန္က ေဆြးရိပ္ေဝသည့္အသြင္ ျဖည္းျဖည္းလွည့္ၿပီး ဆိုင္ ထဲမွ ေလအလ်င္လို ဝဲလြင့္ေလွ်ာက္ထြက္သြားေတာ့၏။
စိန္ေအာင္လင္း သူ႔ခါးတြင္ ထိုးထားေသာ ပိုက္ဆံသားေရအိတ္ကို ဆြဲထုတ္လိုက္ၿပီး စားပြဲထိုးေလးကို လွမ္းေခၚလိုက္သည္။
“တို႔- ဘယ္ေလာက္က်လဲကြ။ငါက ထမင္းေၾကာ္တစ္ပြဲနဲ႔ လိေမၼာ္ရည္ တစ္လုံး။ ေနာက္ – ေကာ္ဖီတစ္ခြက္ကြာ”

“အန္ကယ္က ထမင္းေၾကာ္တစ္ပြဲနဲ႔ လိေမၼာ္ရည္တစ္လုံးပဲေလ။ ေထာင့္ေျခာက္ရာနဲ႔ သုံးရာဆိုေတာ့ေထာင့္ကိုးရာေပါ့။ ဒါပဲေလ-ေကာ္ဖီက အန္ကယ္မွ မေသာက္တာ”
စားပြဲထိုးေလး၏ စကားေၾကာင့္ သူ ဇေဝဇဝါျဖစ္သြားသည္။ ဆတ္ခနဲ သူ ျမေသြးဟန္ ထိုင္သြားေသာ စားပြဲစြန္းဆီ လွမ္းၾကည့္လိုက္သည္။ “ဟိုေရွ႕က ေကာ္ဖီ – ဟင္”
စိန္ေအာင္လင္း အံ့ဩသြားသည္။ သူ မ်က္လုံးျပဴးသြားသည္။ သူ႔ေရွ႕ က တစ္ဖက္စြန္းစားပြဲေပၚမွာ ဘာခြက္ ဘာပန္းကန္မွ်မရွိ။ ေျပာင္ရွင္းေန သည္။ ယင္းအစား သူ ျမင္လိုက္ရသည္ကေတာ့ သူ၏ လိပ္စာကတ္ျပား
စိမ္းစိမ္းကေလးသာ။
“ဟာ-ဒီေကာင္ နေမာ္နမဲ့နဲ႔ ထြက္သြားၿပီ”
သူစားပြဲထိုးေလးကို ေထာင္တန္ႏွစ္႐ြက္ ကမ္းေပးလိုက္ကာ ျပန္အမ္း ေငြတစ္ရာကိုပင္ေစာင့္ယူမေနေတာ့ပဲ၊ သူ႔လိပ္စာကတ္ျပားကေလးကိုျပန္ ေကာက္ယူလိုက္ၿပီး ဆိုင္ထဲမွ လွမ္းထြက္လာခဲ့ေတာ့သည္။
ဆိုင္ျပင္အေရာက္တြင္ သူ ႐ုတ္တရက္ ျမေသြးဟန္ ေျပာသြားသည့္ စကားကို ျပန္သတိရလိုက္သည္။
“ငါလား- အေဝးႀကီးပဲ။ ေတာင္ႏွစ္ေတာင္ၾကားက ဂူႀကီးထဲမွာ” စိန္ေအာင္လင္း ေန႔ခင္းေၾကာင္ေတာင္ႀကီးမွာ ၾကက္သီးေတြ ထသြား ေတာ့သည္။ ယခုမွ သူ ျပန္စဥ္းစားလိုက္မိသည္။
ျမေသြးဟန္သည္ လြန္ခဲ့သည့္ အႏွစ္ႏွစ္ဆယ္ေက်ာ္ေလာက္က မိုးကုတ္ဘက္သို႔ ေရာက္ရွိသြားခဲ့ၿပီး ေက်ာက္တူးရင္း ေျမေအာက္လိုဏ္ဂူ ႀကီးအတြင္းမေတာ္တဆေျမၿပိဳက်ၿပီး ေသဆုံးသြားခဲ့ျခင္းျဖစ္သည္မဟုတ္
ပါလား။

တစ္နံနက္ခင္း – သူ ဧည့္ခန္းထဲရွိ စာၾကည့္စားပြဲတြင္ထိုင္လ်က္ ေကာ္ဖီ ေသာက္ရင္း မွန္ျပတင္းေပါက္မွျဖတ္ကာ အျပင္ဘက္လမ္းမဆီလွမ္းၾကည့္ ေနမိသည္။
သူ႔ဇနီးခင္က ဧည့္ခန္းထဲလွမ္းဝင္လာၿပီးေနာက္မွေန၍သူ႔ေက်ာကုန္း ကို လက္ႏွင့္ ဖ်တ္ခနဲ ပုတ္လိုက္သည္။ စိန္ေအာင္လင္း ဆတ္ခနဲ တုန္သြား သည္။
“ဟာ – လန႔္သြားတာပဲ ခင္ရာ။ အသံမေပး ဘာမေပးနဲ႔”
“ဟင္ – ရွင္က ဘာေတြေတြးၿပီး ေငးေနလို႔လဲ။ ခင္ ဝင္လာတာ ေျခသံ မၾကားမိဘူးလား”
သူ႔ဇနီးက က်ီစယ္ဟန္ အၿပဳံးေလးႏွင့္ သူကို ျပန္ခနဲ႔သည္။ “ဟင့္အင္း- ကိုယ္ဟိုအျပင္ဘက္ကလမ္းမေပၚမွာေက်ာေပးရပ္ေနတဲ့ လူတစ္ေယာက္ကို မသကၤာတာနဲ႔ လွမ္းၾကည့္ေနတာကြ” သူ႔ဇနီးကမ်က္ေမွာင္တစ္ခ်က္ကုပ္လိုက္ၿပီးအျပင္ဘက္ဆီလွမ္းၾကည့္
လိုက္သည္။
“ဟင္- ဘယ္မွာလဲ။ ဘယ္သူမွလည္း မရွိပါလား”
“ပလက္ေဖာင္းေပၚမွာ ရပ္ေနတဲ့လူေလ။ အက်ႌအဝါနဲ႔ မျမင္ဘူးလား။ သူကိုယ့္ကို ေစာင့္ေနတာလား မသိ”
“ဪ – အင္း ဟုတ္သားပဲ။ ကြၽန္မ ေတြ႕ၿပီ။ ဪ- အဲဒါ ဘာျဖစ္လဲ။ သူ႔ဘာသာသူ တစ္ေယာက္ေယာက္ကို လာေစာင့္တာျဖစ္မွာေပါ့။ တကၠစီ ကားေစာင့္ေနတာလည္းျဖစ္ႏိုင္တယ္။ ခင္ – သူ႔ကိုအဲဒီနားမွာ ရပ္ရပ္ေနတာ မၾကာခဏေတြ႕ေနက်ပါ။ ရွင့္ကို ဘာကိစၥ သူက လာေစာင့္ရမွာလဲ။ ဟင္း- ဟင္း – ရွင္ ဘာသာရွင္ စိတ္ကူးယဥ္ေနတာ”
သူ႔ဇနီးက သူ႔ကိုသေရာ္ေတာ္ေတာ္ႏွင့္ေခ်ာက္ကပ္ကပ္ရယ္ေမာလိုက္ သည္။ မည္သို႔ဆိုေစ – သူ႔ဇနီးရယ္လိုက္သည့္ မခို႔တယို႔ပုံစံေလးက လွေန သည္ဟု သူထင္သည္။ ယင္းသို႔ လွေနသည့္အတြက္ေၾကာင့္လည္း သူ႔ဇနီး ေဒဝစၦရာမေလးကို သူ လက္ထပ္ခဲ့ျခင္းျဖစ္သည္။ သူတို႔ အိမ္ေထာင္သက္

က“ေငြရတုမဂၤလာ”ပင္ ႏွစ္အနည္းငယ္ၾကာျမင့္ခဲ့ၿပီးျဖစ္သည္။ သို႔ေသာ္- သူ႔ဇနီးတြင္ ရင္ေသြးတစ္ဦးမွ် မထြန္းကားခဲ့ေခ်။
သို႔ေၾကာင့္လည္း သူတို႔အိမ္ေထာင္က ေျခာက္ကပ္ကပ္ႀကီး ျဖစ္ေနခဲ့ သည္မွာ ၾကာျမင့္ခဲ့ၿပီျဖစ္သည္။ ယခုေတာ့ သူ ထိုဘဝအေမွာင္ထဲက လြတ္ ေျမာက္ခဲ့ၿပီျဖစ္သည္။

“အင္း – ေတာ္ေသးတာေပါ့ ဒါဆို။ ကိုယ့္စိတ္ထဲက ကိုယ္ အာ႐ုံေၾကာ ေတြ ထိခိုက္ၿပီး ျမင္ခ်င္ရာေတြျမင္၊ ထင္ခ်င္ရာေတြ ထင္ၿပီးေတာ့ “ဟယ္လူ စီေနးရွင္း”ေတြ (Hallucination) ဝင္ေနၿပီလား။ ဒါမွမဟုတ္ ကိုယ္ ႐ူးေနၿပီ လားလို႔ ကိုယ့္ဘာသာ စိုးရိမ္ေၾကာက္လန႔္ေနမိတယ္”
သူ႔ဇနီးက ၿပဳံးလ်က္ ေခါင္းခါလိုက္၏။
“ဟင့္အင္း- ရွင္ မ႐ူးပါဘူး။ ကြၽန္မ ေတြ႕ဖူးသမွ် လူေတြထဲမွာေတာ့ ရွင္ဟာ ပကတိ လူေကာင္းရာႏႈန္းျပည့္ပဲ။ ရွင့္ မ်က္ႏွာတစ္ခုလုံးကလည္း အျပစ္အနာဆာ လုံးဝမရွိ။ တကယ့္ကို စင္းလုံးေခ်ာပဲ -ဟဲ-ဟဲ” စိန္ေအာင္လင္း ေအာင့္သက္သက္ျဖင့္ သူ႔ဇနီးကို လွည့္ၾကည့္သည္။ သူ႔မ်က္ဝန္းထဲမွာလည္း ေဒါသခိုးေလးေတြ ေဝေနလိမ့္မည္ ထင္သည္။
“ဟာ- ဒါ ေနာက္စရာမဟုတ္ဘူးကြ။ မင္းကြာ – ဆရာမျဖစ္ၿပီး ငါ့ အတြက္ စိတ္ပူပင္ရမယ့္အစား ကျပက္ကေခ်ာ္နဲ႔ ေလွ်ာက္ေျပာေနတယ္-
ဦး”
သူ စိတ္ဆိုးသြားမွန္းသိ၍ သူ႔ဇနီးက ဘာမွ် ျပန္မေျပာေတာ့ဘဲ တိတ္ တိတ္ေလး ေနလိုက္သည္။ ၿပီးေနာက္ သူ႔ဇနီးက သူ႔ေနာက္မွေန၍ ပခုံးႏွစ္ ဖက္ကို သိုင္းဖက္လိုက္ၿပီးလွ်င္ သူ႔ကို သူမရင္ခြင္ထဲ ဆြဲေပြ႕နစ္ထားလိုက္ သည္။ ယင္းမွာ – သူ စိတ္ဆိုးလွ်င္ သူ႔ဇနီးက သူ႔ကို ျပန္ေခ်ာ့ေနက် ပုံစံေလး တစ္ခုျဖစ္သည္။ သူ႔စိတ္ေတြေနသားတက် ျပန္ျဖစ္သြားေတာ့သည္။ သူ ၾကည္ႏူးသြားသည္။
“ကိုယ္ – စိုးရိမ္ေနတယ္ဆိုတာ အဲဒါေတြပဲ – ခင္”
သူက သူ႔စကားကို ျပန္ေက်ာ့သည္။
“ေစာေစာက ရွင္ေျပာလိုက္တာ ကြၽန္မ ၾကားတယ္”
“ေအး – ဟုတ္တယ္၊ ကိုယ့္ Brain ေတြပ်က္စီးသြားၿပီထင္တယ္။ ကိုယ္ ႐ူးေတာ့မလား မသိဘူး”
“မျဖစ္ႏိုင္တာ။ ရွင္ – အစိုးရိမ္လြန္ေနတာပါ။ ရွင့္မွာလည္း Heart ရွိတယ္ဆိုတာ သတိထားဦး”

သူ႔ဇနီးက ေျပာလက္စ စကားကို ခဏရပ္ၿပီး ျပတင္းေပါက္မွ အျပင္
ဘက္လမ္းမဆီလွမ္းၾကည့္လိုက္သည္။ ပိေတာက္ပင္ေအာက္အရိပ္ထဲတြင္ အသက္ႀကီးႀကီး လူႀကီးတစ္ေယာက္ ရပ္ေနသည္။ သူက ေနာက္ဘက္ တစ္ခ်က္လွည့္ၿပီး သူတို႔တိုက္ခန္းဆီသို႔ လွမ္းၾကည့္သည္။ သို႔ရာတြင္ ခန္းဆီးကန႔္လန႔္ကာေတြက ကြယ္ေနသျဖင့္ သူတို႔ဇနီးေမာင္ႏွံကိုေတာ့ ထိုလူႀကီး ျမင္ရမည္မဟုတ္ပါ။ ထိုလူႀကီးက အဝတ္အစားမ်ားကို ေသသပ္ ေက်ာ့ရွင္းစြာ ဝတ္စားထားၿပီး လက္တစ္ဖက္က ေခါက္ထီးတစ္ေခ်ာင္းႏွင့္ ေလးေထာင့္ ကိုရီးယား အိတ္အနက္တစ္လုံးကို ဆုပ္ကိုင္ထားသည္။
သည္။
စိန္ေအာင္လင္းက ရႈိက္သက္ျပင္းကို ခ်လိုက္ကာ စကားစလိုက္
“ဒီလူေတြကို ကိုယ္ တစ္ေန႔တျခား ပိုပိုၿပီး ျမင္ေနရဦးေတာ့မယ္ ထင္တယ္ကြာ။ ဟို – အဲ တကယ္ရွိမေနဘဲလူေတြကိုေျပာတာ”
သူ႔ဇနီးက သူ႔ကို ဖ်တ္ခနဲ စိုက္ၾကည့္လိုက္ကာ အံ့ဩစြာႏွင့္ ေျပာ၏။ “ဟင္ – ရွင္ ဘယ္သူ႔ကို ေျပာေနတာလဲ။ ဟိုမွာေလ – ဟိုမွာ၊ သူ အဲဒီ ေနရာမွာ ရွိေနတာပဲေလ။ ရွင္ မျမင္ဘူးလားလို႔”
အမ်ိဳးသမီးက လမ္းမဘက္ဆီ လွည့္ၾကည့္ၿပီး ေျပာလိုက္သည္။ “ဟာ-ကိုယ္- အဲဒီလူကို ေျပာတာမဟုတ္ဘူးကြ။ ကိုယ္ဆိုလိုတာက အဲဒီလူေတြဟာ၊ သူတို႔ဟာ ေသဆုံးသြားၿပီးတဲ့လူေတြ၊ လူေသေတြကိုေျပာ တာကြ”
ဖ်တ္ခနဲ သူ႔ဇနီးက မ်က္လုံးေလးျပဴးလ်က္ေနာက္သို႔လန႔္ဆုတ္လိုက္ သည္။ ၿပီးေနာက္ သူ႔ကို အသိရခက္သည့္ နားလည္ရခက္ေသာ အၾကည့္ ျဖင့္ ၿပဳံးရင္းၾကည့္သည္။
“ေအာ္ – ခင္ နားလည္ၿပီ။ ဒါေၾကာင့္ သူတို႔ေၾကာင့္ ရွင့္စိတ္ေတြ ကေယာင္ကတမ္းနဲ႔ ထိတ္လန႔္ေခ်ာက္ခ်ားျဖစ္ေနတာကိုး- ဟုတ္လား” “ေအး- ဟုတ္တယ္။ ကိုယ္ကလည္း – ကိုယ္ကလည္း သူတို႔ကို သူတို႔ ဟာဒီေလာကႀကီးထဲမွာတကယ္ရွိမေနၾကဘူးဆိုတာကိုသိေနေတာ့လည္း ဟာ – ကိုယ္ ဘယ္လိုနားလည္ရမလဲ မသိေတာ့ပါဘူး”

“ရွင့္စိတ္ထဲ – အဲ ရွင့္မသိစိတ္ထဲက သူတို႔ကို စြဲလမ္းေနလို႔ ျဖစ္မွာေပါ့။ ရွင္ စဥ္းစားၾကည့္ေလ၊ ရွင္လည္း ေခတ္ပညာတတ္တစ္ဦးပဲ။ ေသသြားတဲ့ လူေတြက ဘယ္လိုလုပ္ၿပီး ျပန္လာႏိုင္မွာလဲ”
“ဟုတ္တယ္ – အဲဒါေၾကာင့္ ကိုယ္႐ူးေတာ့မယ္လို႔ ေျပာတာေပါ့။ သူတို႔ ကို တျခားလူေတြက မျမင္ရေပမဲ့ ကိုယ္တစ္ေယာက္တည္းက အၿမဲျမင္ျမင္ ေနရတယ္။ ကိုယ္ သူတို႔နဲ႔ စကားေတာင္ေျပာခဲ့ၾကေသးတယ္။ အဲဒါ – ကိုယ္ သိတယ္၊ ဒါဟာ စိတ္ကစင့္ကလ်ားေရာဂါတစ္မ်ိဳးပဲ။ ေန႔ခင္းေၾကာင္ေတာင္ ေျခာက္အိပ္မက္ဆိုးေတြထင္ေယာင္ထင္မွား – စိတၱဇေတြကြ။ ဟင့္-ဟင့္-
ဟင့္”
သူ သည္းထန္စြာႏွင့္ စိတ္လႈပ္ရွားၿပီး ေျပာေနလ်က္ ကေလးငယ္တစ္ ေယာက္လို ရႈိက္ငိုေနပါေတာ့သည္။ စင္စစ္ သူကိုယ္တိုင္ သူ ဘာေျပာ၍ ေျပာေနမိမွန္းလည္း သူ သိမည္မထင္ပါ။
သူ႔ဇနီးက သူ႔ကို ေငးစိုက္ၾကည့္ေနရင္း တျဖည္းျဖည္း ေနာက္ဆုတ္ သြားကာ ဧည့္ခန္းထဲမွ ထြက္ခြာသြားေလေတာ့၏။
သူ ဧည့္ခန္းထဲတြင္ တစ္ေယာက္တည္း က်န္ရစ္ခဲ့၏။ ရႈိက္သံေတြကို ရပ္လိုက္ၿပီး သူတျဖည္းျဖည္း ေခါင္းေမာ့လာသည္။ သူ႔မ်က္ႏွာက တျခား ကမာၻတစ္ခုမွ ေရာက္ရွိလာသည့္ ၿဂိဳဟ္သားတစ္ဦးလို အစိမ္းသက္သက္ ျဖစ္ေနသည့္သဏၭာန္ လြင့္ေမ်ာေနသည္။
သူအိမ္ေရွ႕မွန္ျပတင္းေပါက္ဆီ ေငးရီရီလွမ္းၾကည့္သည္။ မွန္တံခါးခ်ပ္ ေရွ႕မွ ပိုးလိုက္ကာဝါဝါေလးေတြက ေလမွာလြင့္ယိမ္းလႈပ္ရွားေနၾကသည္။ ယင္းအခိုက္ေလးတြင္ …
သူေမွ်ာ္လင့္မထားေသာ မေတာ္တဆေတြ႕ႀကဳံမႈေလးတစ္ခုႏွင့္ အံ့ဩ စြာ သူရင္ဆိုင္ေတြ႕ျမင္လိုက္ရသည္။ ထိုျမင္ကြင္းေလးက …
ျပတင္းေပါက္မွန္ခ်ပ္ေနာက္မွ ႐ုတ္တရက္ ေကာင္မေလးတစ္ဦး၏ မ်က္ႏွာႏွင့္ ကိုယ္အထက္ပိုင္းေလးတစ္ဝက္ ဘြားခနဲ ေပၚလာသည္။ ထို

ေကာင္မေလးကအက်ႌအျဖဴေရာင္လက္အိုးပြပြေလးကိုဝတ္ထားၿပီး၊ စံပယ္ ပန္းေလးေတြကို လွပစြာ ေခါင္းမွာပန္ထားသည္။ သူမကအသက္ဆယ့္ႏွစ္ ႏွစ္ခန႔္မွ်သာရွိေသးၿပီး ႏုနယ္စြာ ခ်စ္စရာေကာင္းေသာေကာင္မေလးတစ္ဦး
ျဖစ္၏။
ထိုေကာင္မေလးက သူ႔ကို ၿပဳံးျပသည္။ သူမ၏ အျပစ္ကင္းစင္သည့္ အၿပဳံးေလးက သူ႔ရင္ထဲ ခုန္ဝင္လာသလို ခံစားလိုက္ရသည္။ သူ ေမ့ေမ်ာ သလို စိတ္ေတြလြင့္သြား၏။ ထိုစဥ္ ေကာင္မေလးက သူ႔ကို လက္ကေလး ႏွစ္ဖက္ႏွင့္ “လာလိုက္ခဲ့ -လိုက္ခဲ့ေလ”ဟု ေခၚေနသည့္ဟန္။ သူမ၏ လက္ေခ်ာင္းေလးေတြကို ေကြးခ်ည္ျဖန႔္ခ်ည္ျဖင့္ လုပ္ျပေနသည္။
ခ်က္ခ်င္း – သူ ေကာင္မေလးကို မွတ္မိသတိရသြားသည္။ သူ႔ရင္ဘတ္ တစ္ခုလုံး ပြင့္ထြက္သြားသလို ခံစားလိုက္ရသည္။ “ဟင္-မင္း-မင္း- ခင္ေလးျမင့္ေက်ာ္၊ မ- မဟုတ္လား-ဟာ” သူ လိပ္ျပာလြင့္စဥ္သြားသလို ႀကဳံးေအာ္လိုက္သည္။ ထိုေကာင္မေလးသည္တျခားသူမဟုတ္။ သူညီမေလးအရင္းျဖစ္သည္။ ခင္ေလးျမင့္ေက်ာ္ကားလူ႔ေလာကတြင္မရွိေတာ့ပါ။ ခင္ေလးျမင့္
သို႔ေသာ္-
ေက်ာ္ႏွင့္ သူ – သူတို႔ ႏွစ္ဦးကလြန္ခဲ့ေသာႏွစ္“ႏွစ္ဆယ့္ငါးႏွစ္”ေက်ာ္ေက်ာ္ ေလာက္က တစ္ညေနခင္းတြင္ ျမသပိတ္ေတာင္ေျခ “ေဒါင္းအိပ္တန္း” ေရတံခြန္၌ ေရသြားကူးရင္း သူ႔ညီမေလး ခင္ေလးျမင့္ေက်ာ္ ေရနစ္ေသဆုံး ခဲ့ၿပီး ျဖစ္သည္။
စိန္ေအာင္လင္း သူ႔ ညီမေလး ခင္ေလးျမင့္ေက်ာ္ကို အံ့ၾသထိတ္လန႔္ စြာႏွင့္ ေငးစိုက္ၾကည့္ေနရင္း မ်က္ႏွာတစ္ခုလုံး ျပာႏွမ္းသြားကာ မ်က္ျဖဴ ဆိုက္လ်က္ တျဖည္းျဖည္း ထိုင္ခုံေပၚမွ ေပ်ာ့ေခြလဲက်သြားပါေလေတာ့၏။

သည္ေန႔မနက္ – ရာသီဥတုက ဆိုးဝါးလြန္းလွသည္။
ၾကည့္စမ္း – ေကာင္းကင္ျပင္မွာ ႏွင္းမႈန္ေတြက ေဖြးေဖြးလြင့္ေနသည္။ ေလကလည္း တဟူးဟူး၊ တသည္းသည္း ၾကမ္းတမ္းစြာ တိုက္ခတ္ေနပါ ေတာ့သည္။ တစ္ၿမိဳ႕လုံး ႏွင္းလား၊ ျမဴလား၊ ဖုန္ေတြလား ခြဲျခားမရေအာင္ မည္းေမွာင္လြင့္ေမ်ာတိုက္ခတ္ေနသည္မွာ ေၾကာက္မက္ဖြယ္ရာေကာင္း
ေနေတာ့သည္။
ေနရာတကာ အရပ္ေလးမ်က္ႏွာမွာ မီးခိုးလုံးႀကီးေတြပမာ တိမ္တိုက္ ႀကီးေတြသဖြယ္ လြင့္ေျပးတိုက္ခတ္ေနသည္။
စိန္ေအာင္လင္း ဒီမနက္အေစာႀကီး ဖ်ပ္ခနဲ အိပ္ရာမွ ႏိုးလာသည္။ အခန္းထဲမွ ေမွာင္မည္းတိတ္ဆိတ္ေနသည္။ သူ စာၾကည့္စားပြဲေပၚမွ ဖန္မီး အိမ္မီးခလုတ္ကို လက္ႏွင့္စမ္းၿပီး ဖြင့္လိုက္သည္။ မီးမပြင့္လာ။ မီးပ်က္ေန သည္ထင္သည္။ အေမွာင္ထဲ၌ သူ အိပ္ရာေပၚမွ လွမ္းထလိုက္ၿပီး သူ႔လက္ဝဲ ဘက္မွ သူ႔ဇနီးကို လွည့္ၾကည့္လိုက္သည္။ သူ႔ဇနီးက ႏွစ္ၿခိဳက္စြာ အိပ္ေမာ က်ေနသည္ကို ခပ္မႈန္မႈန္ အ႐ုဏ္ဦးအလင္းေရာင္ကေလးထဲမွာ ေတြ႕လိုက္ ရသည္။
သူၿပဳံးၿပီးေရခ်ိဳးခန္းထဲ စမ္းတဝါးဝါး လွမ္းဝင္လာခဲ့သည္။ မ်က္ႏွာသစ္ သြားတိုက္ၿပီး သူအခန္းထဲျပန္လာကာ အေမွာင္ထဲမွာပင္ အဝတ္အစားေတြ လဲဝတ္သည္။ ၿပီးေနာက္ သူအိမ္ထဲမွ ကမန္းကတန္း ပ်ာယီးပ်ာယာ လွမ္း ထြက္လာခဲ့သည္။
သူ ဒီေန႔မနက္ “အဝတ္အစား ဒီဇိုင္းႏွင့္ ဖက္ရွင္ရႈိးပြဲ” ေၾကာ္ျငာတစ္ခု ႐ိုက္ရန္ စီစဥ္ထားသည္။ ထို႔ေၾကာင့္ သူ အေလာတႀကီးေလး ထြက္လာခဲ့ သည္။
အျပင္ဘက္တြင္ ျမဴေတြလြင့္ေမ်ာလ်က္ မီးခိုးတိမ္တိုက္ႀကီးေတြကို ေမွာင္မည္းေ႐ြ႕လ်ားေနသည္။ ဘယ္လိုျဖစ္လို႔ပါလိမ့္။ ခါတိုင္းဒီလိုမဟုတ္ပါ ဘူးဟု စိန္ေအာင္လင္း စိတ္ထဲ၌ ထူးဆန္းအံ့ဩေနသည္။

တစ္ၿမိဳ႕လုံး အဝီစိငရဲကို ေရာက္ေနသလို အေမွာင္ထုႏွင့္ ျမဴေတြက လုံးေထြးသတ္ပုတ္ေနၾကသည္။ သူ ကြန္ဒိုမီနီယံ အေဆာက္အအုံ အဆင့္ ျမင့္မိုးေမွ်ာ္တိုက္ႀကီး ႏွစ္လုံးၾကားမွ တစ္လွမ္းခ်င္း ေလွ်ာက္လာေနခဲ့ သည္။
ဟာ- သူ အံ့ဩသြား၏။ အေမွာင္ထုမႈန္မႈန္ေတြထဲမွာလူေတြ၊ လူေတြ တေ႐ြ႕ေ႐ြ႕ ေလွ်ာက္သြားေနၾကသည္။ ပ်ားအုံတစ္အုံလို ႁပြတ္သိပ္ၾကပ္ခဲ တိုးေဝွ႔ေနၾကသည္။ ဒီမနက္ ထူးထူးျခားျခား ဒီလူေတြ ဘယ္ကို သြားၾက မလို႔ပါလိမ့္။ ခရီးရွည္ ဘုရားဖူးထြက္ၾကမလို႔မ်ားလား။ ေပ်ာ္ပြဲစားသြားၾကတာ လား။ ကိုယ့္ဌာန ကိုယ့္အလုပ္ေတြဆီ သြားေနၾကတာလား။ ဒါေတာ့ မျဖစ္ ႏိုင္။ ဒီေလာက္တက္ႂကြႀကိဳးစားသည့္ ဝန္ထမ္းက ရွာမွ ရွား။
စိန္ေအာင္လင္း အေတြးတစ္ပိုင္းတစ္စႏွင့္ လူစီးေၾကာင္းေတြၾကားထဲ တိုးဝင္လာခဲ့သည္။ လူနံ႔ေတြကလည္း နံလိုက္တာ၊ မႊန္ထူေနတာပဲ။ ေအာ့ အန္ခ်င္စရာ – ထြီ။ သူ႔မ်က္ႏွာကို မဲ့ရႈံ႕လိုက္သည္။
ဒီၾကားထဲမွာလမ္းေတြကလည္းစုတ္ျပတ္ပ်က္စီးေနလိုက္တာကလည္း
လြန္ေရာပဲ။ ၿမိဳ႕ေတာ္ႀကီးကိုမွ အားမနာ။ ႐ႊံ႕ေတြ၊ ဗြက္ေတြ၊ ခ်ိဳင့္ခြက္ေတြႏွင့္ ျဖစ္ခ်င္တိုင္း ျဖစ္ေနလိုက္တာ။ ၿပီးေတာ့ – ေရေျမာင္းေတြထဲက အပုပ္နဲ႔ စုံေတြကလည္း ေလထုထဲမွာ တေထာင္းေထာင္းထေနတယ္။ စိန္ေအာင္လင္း ရင္ထဲမွာ ပ်ိဳ႕အန္ခ်င္သြားသည္။
သူ လူပဒူအုံႀကီးထဲ တိုးေဝွ႔ေလွ်ာက္လာရင္း ေကာင္းကင္ကို အမွတ္ မထင္ ေမာ့ၾကည့္လိုက္သည္။ ေဖ်ာ့ေတာ့ေတာ့ ၾကယ္ေလးေတြရဲ႕မွိတ္တုတ္ မွိတ္တုတ္အလင္းေရာင္ေလးေတြကိုျမင္လိုက္ရသည္။ ေတာ္ေသးတာေပါ့။ သူ စိတ္သက္သာရာ ရသြားသည္။
သူ ေဖ်ာ့ေတာ့ေတာ့ အလင္းေရာင္ႏွင့္ ျမဴထုႏွင့္ တိမ္ခိုးေတြၾကားမွ ဝကၤပါလမ္းေလးထဲ တေ႐ြ႕ေ႐ြ႕လွမ္းသြားေနၾကသည့္ လူေတြ၏မ်က္ႏွာကို ရွာေဖြၾကည့္လိုက္သည္။
သူ သိပ္အံ့ဩသြား၏။

လူေတြအသြင္သဏၭာန္မ်က္ႏွာေတြက သဘာဝမက်စြာ ခြၽတ္ေခ်ာ္ေန သည္ဟု သူ ခံစားလိုက္ရသည္။ တိရစာၦန္ေတြ၏မ်က္ႏွာပုံသဏၭာန္မ်ားႏွင့္ လူသားတို႔၏မ်က္ႏွာပုံစံႏွစ္မ်ိဳးကိုေရာစပ္ထားသည့္ႏွယ္ ႐ုပ္ဆိုးဆိုးမ်က္ႏွာ ၾကမ္းႀကီးေတြကိုတုန္လႈပ္ဖြယ္ရာ သူျမင္လိုက္ရသည္။ ထူးျခားေနသည္ဟု သူထင္သည္။ အိပ္မက္ေနတာေတာ့ မဟုတ္ႏိုင္။
ထို ထိတ္လန႔္စရာ လူအုပ္ေတြၾကားထဲမွာ လူပုံသဏၭာန္မ်ိဳးစုံပါသလို အ႐ြယ္မ်ိဳးစုံပါၾကသည္။ လူငယ္လူ႐ြယ္၊ ေယာက္်ားမိန္းမမ်ား ပါဝင္ၾကသလို အဘိုးႀကီး၊ အဘြားႀကီးေတြလည္း ပါဝင္ၾကသည္။ ၿပီးေနာက္ – ဟိုေနရာ သည္ ေနရာေတြမွာ ကေလးအ႐ြယ္အစားမ်ိဳးစုံကိုလည္း သူ ျမင္ေတြ႕ရ သည္။
သူတို႔ပုံသဏၭာန္ေတြကလည္း ဆိုက္စုံသည္။ ဝါးလုံးလိုရွည္ေမ်ာေမ်ာ လူေတြ။ငါးပူတင္းလို ဗိုက္ပူနံကားေတြ၊ လူပုကြကြေလးေတြ၊ ငါးႏွပ္ေျခာက္ လို ပိန္ကပ္ကပ္မိန္းမေတြ၊ ဖားခုံညင္းလို အမ်ိဳးသမီးေတြ၊ ေခါင္းႀကီး ကိုယ္ ေသးႏွင့္ ၿပိတၱာလို လူသတၱဝါေတြ ပုံသဏၭာန္မ်ိဳးစုံပါၾက၏။
သူတို႔ လမ္းေလွ်ာက္ေနပုံေတြကလည္း ကုန္းကုန္းကြကြႏွင့္ လက္ႏွစ္ ဘက္ကို တြဲေလာင္းခ်ထားပုံကလည္း ရယ္စရာေကာင္းသလို စိတ္ေခ်ာက္ ခ်ားစရာလည္း ေကာင္းသည္ဟု သူ ခံစားရသည္။
သူတို႔ကိုၾကည့္ၿပီး စိန္ေအာင္လင္း သံေဝဂရသည္။ လူေတြကေန႔လယ္ ဘက္ ေနေရာင္ေအာက္မွာေတာ့ သနပ္ခါး၊ မိတ္ကပ္ေတြႏွင့္ အလွျခယ္ ျပင္ဆင္ဝတ္စားထားသည့္အတြက္ လွပက်က္သေရ ရွိေနၾကေသာ္လည္း ညဘက္ အေမွာင္ထုထဲမွ အိပ္စက္ၿပီး အိပ္ရာက ထလာလွ်င္ေတာ့ အလွ မျခယ္ထားလွ်င္ အာပုပ္ေတြ၊ မ်က္ေခ်းေတြ၊ ဆံပင္ေတြက ပြေယာင္း ေယာင္းႏွင့္ ဆိုလွ်င္ ပုံသဏၭာန္ေတြက အလြန္အ႐ုပ္ဆိုး ထိတ္လန႔္စရာ ေကာင္းသည္။
ယခု သူတို႔မ်က္ႏွာေတြက မၾကည္မသာႏွင့္ တစ္ခုခုကို စိုး႐ြံ႕ ပူပန္ေန ၾကဟန္။ ထိတ္လန႔္ေခ်ာက္ခ်ားေနသည့္အသြင္ ျမင္ေတြ႕ေနရသည္။ အဝတ္

အစားေတြကလည္း ညအိပ္အဝတ္အစားေတြ၊ ပြေယာင္းေယာင္း ဖိုး႐ိုးဖား ရားေတြ။ သူတို႔ေတြထဲမွာ သူႏွင့္တစ္ခ်ိန္က ရင္းႏွီးခင္မင္သိကြၽမ္းဖူးသူေတြ၊ ျမင္ေတြ႕ဆက္ဆံခဲ့ဖူးသူေတြ၏ မ်က္ႏွာေတြလည္း ပါဝင္ေနသည္ကို စိန္ေအာင္လင္း ထူးဆန္းစြာ ေတြ႕လိုက္ရသည္။
သူတို႔မ်က္ႏွာေတြအားလုံးကတစ္ဆင္တည္းလိုလိုမႈန္သိုးေနၾကသည္
ဟု သူထင္သည္။ ခရီးရွည္သြားမည့္ ဘုရားဖူး အာဂႏၲဳ ဧည့္သည္ေတြ၏ ႐ႊင္လန္းတက္ႂကြေနသည့္ မ်က္ႏွာပုံစံမ်ိဳးေတြ။ ေပ်ာ္ပြဲစားပစ္ကနစ္ ထြက္လာၾကသည့္ လူေတြ၏ ေပ်ာ္႐ႊင္ၾကည္ႏူးေနေသာ မ်က္ႏွာအသြင္ အျပင္မ်ိဳးေတြလည္း မဟုတ္ၾကပါ။ သူတို႔မ်က္ႏွာေတြက အမွည့္လြန္ၿပီး ပုပ္သိုးေနေသာ ယင္အုံေနသည့္ သစ္သီးပ်က္ေတြႏွင့္ တူေနသည္။
သူတို႔အားလုံး ဘယ္ခရီးကို ဦးတည္ထြက္လာခဲ့ၾကသည္ေတာ့ စိန္ေအာင္လင္း မသိ။ သူ မခန႔္မွန္းတတ္ပါ။
သူတို႔လူစုလူေဝးႀကီးက ေဆာက္လက္စမိုးပ်ံတိုက္တန္းလ်ားႀကီးႏွင့္ အိုေဟာင္းစုတ္ခ်ာၿပီး ယိုယြင္းပ်က္စီးေနသည့္ တိုက္အိုတိုက္ပ်က္ၾကားရွိ ျဖတ္လမ္းတစ္ခုထဲသို႔ ခ်ိဳးေကြ႕ဝင္လာခဲ့ၾကသည္။ ပု႐ြတ္ဆိတ္အုံႀကီး တြင္းေပါက္တစ္ခုထဲက စုၿပဳံထြက္လာသည္ႏွင့္ တူသည္။ ေဆာက္လက္စ ကန္ထ႐ိုက္ေတြၾကားမွ ေအာ္ေငါက္ေနသံမ်ား၊ ညည္းညဴေနသူမ်ားႏွင့္ ရန္ျဖစ္ဆဲဆိုေနၾကသံမ်ား။ ၿပီးေနာက္- ကေလးေတြရဲ႕ ငိုသံေတြကိုလည္း ေမွာင္ႀကီးမည္းမည္းထဲမွ လြင့္ပ်ံစိမ့္ထြက္လာသည္ကို ၾကားရသည္။ သူတို႔ လူအုပ္ႀကီးကေတာ့ တေ႐ြ႕ ေ႐ြ႕ ပုံမပ်က္လာေနခဲ့ၾကသည္။ ယင္းအခိုက္ တိုက္အိုတိုက္ပ်က္ေတြၾကားမွ ေလလြင့္ေခြးဝဲစားေတြ အုပ္က ဆြဲဆြဲငင္ငင္ ႏွင့္ ၿပိဳင္တူဆြဲအူလိုက္ၾကၿပီးေနာက္ သူတို႔လူအုပ္ႀကီးကို ဘီလူးသဘက္ ေတြလို တဝုန္းဝုန္း ဝိုင္းေဟာင္းေနၾကသည္မွာ ကမာၻပ်က္သည့္အလား သည္းထိတ္ေခ်ာက္ခ်ားစရာ ေကာင္းလွေတာ့သည္။
စိန္ေအာင္လင္းကလူအုပ္လူတန္းႀကီး၏အလယ္ေခါင္၌ ဗ႐ုတ္သုတ္ခ ညႇပ္ပါလာသည္။ ထို႔ေနာက္ – သူတို႔လူစုလူတန္းႀကီးက အနည္းငယ္

လင္းခ်င္းလ်က္ ျမဴေငြ႕ေတြ လြင့္ေနေသာ လမ္းမတစ္ခုကို ျဖတ္ေက်ာ္ခဲ့ၾက ၿပီးလွ်င္ သက္တံပုံသဏၭာန္ ကုန္းတံတားရွည္ႀကီးတစ္ခုေပၚမွ ျဖတ္သန္းရန္ သံေလွကားထစ္ေတြေပၚယင္ေကာင္ေတြအသားတုံးေပၚဝိုင္းအုံကိုက္ခဲၾက
သလို တိုးေဝွ႔လွမ္းတက္လာခဲ့ၾကသည္။
ကုန္းတံတားေပၚသူတို႔လူအုပ္ႀကီးက ေရာက္လာၾကသည္။ ေလက ဓားတစ္စင္းလို ထက္ျမစူးရွစြာႏွင့္ ေမႊ႕ယမ္းတိုက္ခတ္ေနသည္။ ခ်မ္းစိမ့္ေန သည္ကလည္း ေရခဲလိုဏ္ဂူႀကီးတစ္ခုထဲ က်ေရာက္ေနသလို အ႐ိုးမ်ားပင္ အက္ကြဲေတာ့မလား ထင္ရသည္။ ညည္းညဴသံေတြႏွင့္ ထိတ္လန႔္တၾကား ေအာ္လိုက္သံ။ ကေလးတခ်ိဳ႕၏ စူးစူးရွရွ ေအာ္ဟစ္လိုက္သံေတြက ႏွင္းႏွင့္ ေလစိမ္းတို႔ တိုက္ခတ္ေနသံ ၾကမ္းၾကမ္းေတြၾကားမွ စိတ္မခ်မ္းသာဖြယ္ ထိုလူအုပ္ထဲမွ လြင့္ထြက္လာသည္။
ႁပြတ္ၾကပ္သိပ္ခဲေနေသာ သူတို႔လူအုပ္ႀကီးက သက္တံကုန္းတံတား ႀကီး၏ တစ္ဖက္စြန္းဆီ ေရာက္လာၾကေတာ့သည္။ ေနာက္မွ လူစု တစ္သီ တစ္တန္းႀကီးကလည္း ႏွင္းမႈန္ႏွင့္ေလၾကမ္းကေၾကာက္လန႔္စရာတသည္း
သည္းတဝီဝီႏွင့္တိုက္ခတ္ေနသျဖင့္မျမင္မစမ္းႏွင့္အတင္းဒလၾကမ္းေရွ႕ကို တိုးေဝွ႔စုၿပဳံၿပီး သြန္ဝင္လာၾကသည္။ ေရွ႕က လူအုပ္ႀကီးကလည္း သူတို႔၏ အရွိန္ကိုမထိန္းႏိုင္ၾကေတာ့ပဲကုန္းတံတားတစ္ဖက္အဆင္းမွ သံေလွကား ေပၚစုၿပဳံတိုးေဝွ႔ၿပီး တစ္ဟုန္ထိုး ၿပိဳဆင္းလိုက္ၾကသည္။
ဤတြင္ထိတ္လန႔္စရာ။ ႏွစ္ေပါင္းမ်ားစြာကတည္ေဆာက္ထားခဲ့သည့္ ကုန္းတံတားအိုႀကီး၏ ေဟာင္းႏြမ္းေဆြးျမည့္ေနေသာ သံေလွကားထစ္ ေတြက သူတို႔လူအုပ္ႀကီး၏ အေလးခ်ိန္ကို မခံႏိုင္ေတာ့ဘဲ တဝုန္းဝုန္း ၿပိဳ ဆင္းသြားပါေလေတာ့သည္။ ေနာက္မွ အရွိန္ႏွင့္ အတင္းဒလၾကမ္း တိုးေဝွ႔ ေျပးဝင္လာေသာ လူအုပ္ႀကီးသည္လည္း တစ္ဆက္တည္း တေဝါေဝါႏွင့္ ေထြးလုံးၿပီး ေဇာက္ထိုးမိုးေမွ်ာ္ ကုန္းတံတားေပၚမွ ငရဲပြက္သလို ထိတ္လန႔္ တၾကား ေခ်ာက္ခ်ားေအာ္ဟစ္သံေတြႏွင့္အတူ ၿပိဳဆင္းထိုးက်သြားေလ ေတာ့သည္။

သို႔ေသာ္- သူတို႔အားလုံးမွာ ကမာၻေျမႀကီးေပၚသို႔ ထိုးက်သြားျခင္း မဟုတ္။ မည္းပ်စ္နက္ေမွာင္ၿပီး အလြန္တရာ နက္ရႈိင္းေသာ ယူဇနာသန္းခ်ီ ေဝးသည့္ “အသူတရာေခ်ာက္”နက္ႀကီးအတြင္းသို႔ ဂြၽမ္းထိုးေမွာက္ခုံ လႊင့္ပါသြားေနျခင္းသာ ျဖစ္ပါသည္။ ယင္း- လူသိုက္ လူစုလူေဝးေတြ၏ အလယ္မွာ စိန္ေအာင္လင္းသည္လည္း တစ္ဦးအပါအဝင္ ျဖစ္ပါသည္။
သူသည္လည္းထိုလူစုလူတန္းႀကီးထဲတြင္အလြန္တရာနက္ရႈိင္းေမွာင္မည္း လွသည့္ “အသူတရာေခ်ာက္” ႀကီးထဲသို႔ တလြင့္လြင့္ သည္းထိတ္ေခ်ာက္ ခ်ားလြင့္ပ်ံထိုးက်သြားေနေလသည္။ ထိုအခိုက္အတန႔္ေလးတြင္ –
သူ – ထူးဆန္းစြာ အသံတစ္ခုကိုမေမွ်ာ္လင့္ဘဲၾကားလိုက္ရသည္။ ထို အသံကဟိုးအေဝးကမာၻစိမ္းတစ္ခုဆီမွ စိမ္းေျခာက္ေျခာက္ေလးလြင့္လာ
ေနသည္။
ခ်က္ခ်င္း သူသိလိုက္သည္။ ထိုအသံက သူ႔ ဇနီး “ခင္”၏ အသံျဖစ္ သည္။
“ကိုစိန္ေအာင္လင္း- ကိုစိန္ေအာင္လင္းရယ္။ ရွင္ – ကြၽန္မကို တစ္ ေယာက္ထဲ ထားရစ္ခဲ့ၿပီလား။ ကိုစိန္ေအာင္လင္း- ကိုစိန္ေအာင္လင္း – ဟင့္-ဟင့္-ဟင့္”
***နန္းထိုက္စိုး (ႏိုင္ငံျခားဘာသာသိပၸံ)