“ဘဝခြားမှ ဖခင်မေတ္တာ”(စ/ဆုံး)

Unicode Version

“ဘဝခြားမှ ဖခင်မေတ္တာ”(စ/ဆုံး)
—————————————–

ရာသီတွေ အလီလီပြောင်းလဲခဲ့ပေမယ့် နေ
ခြည့်ရင်ထဲက နာကြည်းချက်နဲ့ အမုန်းတရား
တွေကတော့ ပြောင်းလဲသွားမည် မဟုတ်ပါလား။
ဘာလိုလိုနှင့်နေခြည့်သားလေး
တောင် လေးနှစ်ပြည့်တော့မည်။ သားလေး ကို လသားအရွယ်ထဲကပင် အဘွားဖြစ်သူနှင့် ထားခဲ့ကာ နေခြည် ထိုင်းတွင်အလုပ်သွား လုပ်ခဲ့ရသည်။ သားငယ်လေးကို မခွဲချင်ပေ မယ့်လည်း သားလေးရဲ့နောင်ရေးအတွက်
သူမ ပိုက်ဆံကြိုးစားရှာဖွေ စုဆောင်းရမည်မဟုတ်ပါလား။

သားလေးကို ထားပြီးထွက်သွားရပေမယ့် သူမ နေ့တိုင်း ငိုနေခဲ့ရသည်။ နို့ချိုတွေ တက် လာတိုင်း သူမ ကျိတ်ငိုခဲ့ရသည်မှာလည်း အကြိမ်ကြိမ်ပါ။ မိခင်နို့မစို့ရဘဲ ကြီးပြင်းလာ ရသော ကလေးမို့ သားလေးအား ပို၍ သနားပိုခဲ့ရသည်။ သားလေး မွေးနေ့အမီ ပြန်ရန် ကြိုးစားနေရသည်လေ။ သားလေး နာမည်က ‘ရဲရင့်သွေး’တဲ။ လှတယ်မဟုတ် လား။ လူ့လောက အလယ်မှာ ရဲရဲရင့်ရင့် ရပ်တည်နိုင်အောင်ပေါ့။
သားလေးနဲ့ ညတိုင်း ဖုန်းပြောဖြစ်သည် လေ။ သားလေးက အရွယ်နဲ့မလိုက်အောင် စကားလည်း အရမ်းတတ်တာ။ မိခင်နဲ့ အတူ မနေရရှာပေမဲ့ မိခင်အား မစိမ်းဘဲ ခွဲတတ် သေးသည်လေ။
“ဟယ်လို သားသားရေ၊ မေမေပါ မေမေ့ကို

လွမ်းနေတာလား၊ မေမေ့သားလေးက” “သားသားက မေမေ့ကို အရမ်းလွမ်းနေ တာ မေမေ သားသားဆီ ဘယ်တော့ ပြန်လာ မှာလဲဟင်။ မေမေ့ကို သားသားက တွေ့ချင်
နေတာ’
အရွယ်နဲ့မလိုက် စကားတတ်လွန်းသော သားလေးကြောင့် နေခြည့် ရှိုက်ခနဲ ဖြစ်သွား သည်။ မိခင်မေတ္တာ လိုချင်နေသော ကလေး မဟုတ်ပါလား။ ဒီအရွယ်ဆိုတာ မိခင် ရင်ခွင် ထဲ တီတီတာတာ ချွဲနွဲ့နေရမယ့် အရွယ်လေး မဟုတ်လား။
‘မေမေ ပြန်လာမှာပေါ့ သားသားရဲ့။ သား သားလေး မွေးနေ့ မတိုင်မီ မေမေ အမီ ပြန်လာမယ်နော်။ သားလေးက အဘွား စကားကို နားထောင်နော်။ အိမ်ပြင်လည်း ထွက်မဆော့နဲ့နော်’
“သားသားကလိမ္မာပါတယ် မေမေရဲ့။ ခြံထဲ

မှာပဲ ဆော့တာ၊ မေမေ မြန်မြန်ပြန်လာပါ နော် ဘွားဘွားက သားသားကို ဆူတယ်” “ဘွားဘွားက မေ့သားကို ဘာလို့ဆူရတာ လဲ၊ သားက ဘွားဘွား မကြိုက်တာ လုပ်လို့
လား’ “အမယ်လေးအေ။ ဒီ သားအမိနှစ်ယောက်
ငါ့ကို ပြဿနာရှာနေတယ်။ ညည်းသားကို
ဆူလဲမဆူ၊ရိုက်လဲမရိုက်ရဲပါဘူးတော်။
တစ်ခါ စိတ်ကောက်တိုင်း တစ်ခါ အရုပ်နဲ့
ချော့ရလွန်းလို့ပါ”“ခစ် ခစ် ခစ် မေမေရော နေကောင်းရဲ့
လား”“ကောင်းပါတယ်သမီးရယ်။သမီး
ဘယ်တော့ ပြန်လာမလဲ ဘာမှ ဝယ်မလာခဲ့နဲ့ ဦးနော်။ လျှောက်ဝယ်လာမှာ စိုးလို့”
“ဟုတ်ကဲ့ပါ မေမေရဲ့၊ မဝယ်ပါဘူး။ သား လေးရော အပြင်တွေ ထွက်ပြီး ဆော့သေးလား’
“တစ်နေကုန် ခြံထဲမှာပဲ နေတာပါအေ။ တစ်ယောက်တည်း .. အရုပ်တွေနဲ့ ဆော့ နေကျ။ သမီးလည်း နေကောင်းအောင်နေပြန်လာခါနီးမှ နေမကောင်း ဖြစ်နေဦးမယ်”
“ဟုတ်ကဲ့ပါ မေမေ။ အဲဒီလိုဆို သမီး ဖုန်းချ
လိုက်တော့မယ်နော်။ မနက်အလုပ် စောစော
ဆင်းရမှာမို့’‘အေး သမီး အေးအေး။ ငါ့သမီးလေး ကျန်းမာချမ်းသာပါစေကွယ်။ အစစအရာရာ လည်း အဆင်ပြေချောမွေ့နေရပါစေ” “ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ မေမေ မေမေ သမီးဖုန်း ချပြီနော်”
အချိန်တွေ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံး လာခဲ့ရာ သူမ ပြန်ရမည့် ရက်တောင် ရောက်လာခဲ့လေပြီ။ မနက် အလုပ်ရောက် တော့ အလုပ်ကြိုးစားသော နေခြည့်အား

အလုပ်ရှင် သူဌေးမှ ခေါ်၍ လစာအပြင် ဘောနပ်စ်ပါထုတ်ပေးလိုက်သည်။
လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများကလည်း သားလေးအတွက် လက်ဆောင်တွေ ထည့်
ပေးလိုက်သည်။ “သားသားရေ၊ သားလေး ရဲရင့်
မေမေ ပြန်လာပြီ။ မေမေ သားလေးရောဟင် ခေါ်
လည်း မရပါလား” “ရှိပါတယ်တော်။ ခဏနားပါ။ အမေ ခေါ် ပေးမယ်။ မြေးလေးရေ မြေးလေး မေမေ
ပြန်လာပြီ။ လာခဲ့တော့ နောက်မှဆော့။ ညည်းသားက နောက်ဖေးမှာ ဆော့နေတာပါ
အေ လာပြီ” “ဟာ… မေမေ ပြန်လာပြီ မေမေသားသား နဲ့ အတူတူနေမှာ မို့လားဟင် ပြန်မသွားပါနဲ့ တော့နော်”
နေခြည် သားလေးအား ဖက်ထားလိုက်မိ တော့သည်။ မိခင်မေတ္တာ ဘယ်လောက်များ
လိုနေရှာမလဲ။ “မေမေ ပြန်မသွားတော့ပါဘူး။
သားလေး ရဲ့ မေ့သားလေးနဲ့ တူတူနေဖို့ အပြီး ပြန်လာ တာ ဒီမှာကြည့်စမ်း သားလေးအတွက် အရုပ်
တွေ” “ယေး အဲဒါမှ သားသားမေမေကွ။ အရုပ် တွေ အများကြီးပဲ အဲဒါကြောင့် မေမေ့ကို ချစ် တာ အာဘွား”
လေထဲမှာပဲ ရနေကျ ဖြစ်တဲ့ သားလေးရဲ့ အနမ်းကို မထင်မှတ်ဘဲ တကယ်ရလိုက်ရ
သောကြောင့် အတိုင်းမသိ ပျော်ရွှင်ခဲ့ရသည်။
“အဲဒီလောက် အများကြီး ဘာလို့ဝယ်လာ
တာလဲ သမီးရယ် မဝယ်ခဲ့ပါနဲ့ ဆိုတာကို”
“သူငယ်ချင်းတွေက သားလေးအတွက်
ဝယ်ထည့်ပေးလိုက်တာပါ မေမေ။ ဝယ်လာ တာ မဟုတ်ပါဘူး”

ခဏ
“ကဲ သမီးလည်း ခရီးပန်းလာတယ်။ နားပြီး ရေချိုးလိုက် ပြီးရင် အိပ်ရာထဲ ခဏ
ဝင်နားနေလေ” “ဟုတ်ကဲ့ပါ မေမေ။ သားသားရော အိပ်မ
လား လာလေ” “သားသား အိပ်ဘူး။ မေမေ ဝယ်လာတဲ့ အရုပ် သွားကြွားဦးမယ် တာ့တာ’
ဟင် သားမှာ သူငယ်ချင်းရှိတယ်။ အပြင် လည်း မထွက်ဘဲ ဘယ်က သူငယ်ချင်းလဲ။ အိမ်နီးနားချင်း ကလေးပဲ နေမှာပါလေ” နေခြည် ခရီးပန်းလာသော အရှိန်ဖြင့် မည်
မျှပင် အိပ်ပျော်သွားသည် မသိ မေမေ
မှပင် နှိုးသွားတော့သည်။
လာနှိုး သမီး နေခြည် ထ ထတော့။ ညစာ စားချိန် တောင်ရောက်ပြီ။ ထမင်းစားပြီးမှ ပြန်အိပ် ချင်အိပ် ဟုတ်ပြီလား”

“မစားတော့ဘူး မေမေ၊ ဗိုက်သိပ်မဆာလို့ ပြန်အိပ်တော့မယ်နော်”
အမှန်တကယ်ကတော့ ညစာ မစားဘဲ
အိပ်ရင် မနက် ဗိုက်အောင့်တတ်သော နေခြ ည့်အကြောင်းကိုသိ၍ မေမေ့အား စနောက် ခြင်းပင်။ ဘယ်လောက်အသက် ကြီးနေပါစေ မိဘမေတ္တာရိပ်အောက်
ကလေးပဲ မဟုတ်ပါလား။ ရောက်သွားရင်
“ကလေးလို လုပ်မနေနဲ့ ထတော့၊ ငါ့မြေး တောင် အဲဒီလောက်မဆိုးဘူးအေ ထ ထ” မေမေပြောပြောဆိုဆိုနှင့် ထွက်သွားတော့ နေခြည်ရယ်ရင်း နောက်ကနေ လိုက်ထွက်ခဲ့ သည်။ သားလေးကြည့်တော့ နေခြည်ပါလာ
သော အရုပ်များဖြင့် ဆော့နေသည်။
ထမင်းစားသောက်ပြီး သားလေးဆော့တာ
ထိုင်ကြည့်ရင်း အတိတ်ကို ပြန်စဉ်းစားမိ ပြန်သည်။

လွန်ခဲ့သော ငါးနှစ်ကျော်က
“နေခြည် နင့်ကိုငါ ချစ်တယ်ဟာ။ နင်ငါ့ကို
ပြန်ချစ်ရမယ်” “ဟဲ့ အောင်အောင် နင်ရူးနေလား။ ငါ့မှာ
ချစ်သူရှိတာ နင်လည်း အသိ” “မလိုချင်ဘူးဟာ။
အဲဒီကောင်ကို အဆက်ဖြတ်ရမယ် နင့်ကိုငါ အရမ်းချစ်တာ
ပါဟာ။ ငါ့ကိုပဲ ပြန်ချစ်ရမယ်”
“တော်ပြီဟာ ငါ့ရှေ့ကဖယ်။ ငါနောက်ကျ
နေပြီ” ထွက်သွားသော နေခြည့်ကို အောင်အောင်

လှမ်းကြည့်ရင်း…
‘နင်ငါ့ပဲ လက်ထပ်ရမယ် နေခြည်။ နင့် ကောင်ကို အဆက်ဖြတ်လိုက်တော့ ဟား…
ဟား…’
ဒီငမူးတစ်ကောင်နဲ့ အတော်ပင် စိတ်ညစ် နေရပြီလေ။ နေ့တိုင်းပင် တစ်နေ့တစ်မျိုး မရိုးရလေအောင် လာနှောင့်ယှက်နေတော့ အရမ်းပင် မုန်းနေမိသည်။
“နေခြည် ငါပြောထားတဲ့ဟာ အဖြေပြန်
ပေးလေဟာ’
“အောင်အောင် နင်မူးနေလည်း အေးဆေး နေ။ ငါ့ကို ပြဿနာ လာမရှာနဲ့ ဖယ် ငါ့ ရှေ့က
ချစ်”
“မဖယ်ဘူး၊ နင့်ကို ငါချစ်တယ်ဟာ ငါ့ပြန်
“ဟဲ့ ငါ့မှာ သူရိန်ရှိနေတယ်လေဟာ။ ငါ သူ့

ကိုပဲ ချစ်တာ”
“တောက်၊ မချစ်ရဘူး။ အဲဒီကောင်မှ အဲဒီ ကောင် ဖြစ်နေရအောင် အဲဒီကောင်က ငါ့ ထက် ဘာတွေ သာနေလို့လဲပြော”
ဟား၊ သာတာပေါ့ဟယ်၊ နင့်ထက်
အဆတစ်ရာမက သာတယ်။ သူက နင့်လို အချိန်ပြည့် သောက်စားမူးရူးနေတာ မဟုတ်
ဘူး။ အလုပ်နဲ့အကိုင်နဲ့ လူတိုင်းလည်း ချစ်
ကြတဲ့သူ လူကြီးမှန်းလည်း သိတတ်တယ်။
နင့်လိုမဟုတ်ဘူး’
“နင်ပြန်မချစ်ရင် ငါ့ကိုယ်ငါ သတ်သေမှာ နေခြည်’
“သေပေါ့ဟာ နင့်ဘာသာ ရူးပြီးသတ်သေ တာ ငါကတားမယ် ထင်နေလို့လား” “အေး နင်မတားမှန်း သိတယ် ဒါပေမဲ့ ငါ ချစ်တဲ့ နင့်ကိုဟိုကောင်လည်း မရစေရဘူး။ သူ့ပါ ငါသတ်မှာ။ ပြီး နင့်ကို ငါနဲ့အတူခေါ်

သွားမှာ ငါချစ်တဲ့ နင့်ကို ဘယ်သူမှ မရစေရ ဘူး’
“နင်ရူးနေလား။ နင်သူရိန့်ကို ဘာမှ မလုပ် ရဘူးနော်”
‘အဲဒါဆို နင်ငါ့ကို လက်ထပ်လေ၊ နင်သာ ငါ့ကို လက်ထပ်မယ်ဆို အဲဒီကောင်ကို ဘာမှ လုပ်စရာ မလိုဘူး”
“အေး နင့်ကိုငါ လက်ထပ်မယ်။ သူရိန့်ကို ဘာမှမလုပ်ပါဘူးလို့ ကတိပေး ငါ့ကို”
‘ပေးတယ်ဟာ ပေးတယ်’
မြို့နယ်ခန်းမကြီးထဲတွင်တော့ အောင်နိုင်
သူအပြုံးနဲ့ ရယ်မော ပျော်ရွှင်နေတဲ့
သတို့သားနှင့် နာကြည်းစွာ မျက်ရည်မိုးများ
ပြိုမကျအောင် ထိန်းထားတဲ့ သတို့သမီးတို့
နှစ်ဦး။ သူရိန်တော့ နေခြည့်ကို နာကြည်းနေ
မည်ပေ။

အောင်အောင်
တစ်ယောက် မိန်းမရ
ပြီးသည်နှင့် ဆိုင်ကယ်ကယ်ရီ ဆွဲတဲ့အလုပ် လေး လုပ်သည်။ နေခြည့်အားလည်း အရမ်း ချစ်သဖြင့် နေခြည်ဘက်မှလည်း ဇနီးမယား တာဝန်ကျေပွန်စွာ ဆက်ဆံခဲ့သည်။ လူတစ်
ယောက်ရဲ့ ဗီဇကဘယ်တော့မှ
ဖျောက်ဖျက်၍ မရဘူးဆိုသည်မှာ အမှန်ပင်။
အောင်အောင် ခွေးမြီးကောက် ကျည်ထောက်
စွပ်ဆိုသည့် စကားပုံအတိုင်းပင် သောက်စား
မူးယစ်လာပြန်သည်လေ။
မူးလာတိုင်း နေခြည့်အား ရိုက်နှက်
နှိပ်စက်ခဲ့သည်။ အခုဆို မူးယစ်ဆေးတွေပါ
သုံးလာခဲ့လေသည်။ အချိန်တွေကြာလာ
သည်နှင့် အမျှ နေခြည် ကိုယ်ဝန်ရလာ
တော့သည်။
“အောင်အောင် ငါ့မှာ ကိုယ်ဝနရှိနေပြီဟ။ နင်ကလေးအဖေ ဖြစ်တော့မယ်ဟ သိလား”

“ဘာ၊ ကိုယ်ဝန် ဟုတ်လား ငါက အဖေ
ဟုတ်လား။
ဟားဟား
ငါက နာမည်ခံ
ကလေးအဖေ နေမှာပေါ့ဟာ။ နင် ခွေး
ဇာတ်ခင်းရတဲ့ ကလေးနေမှာပေါ့”
“အောင်အောင် … နင်အရမ်းလွန်နေပြီနော်။
ငါ့သိက္ခာကို မစော်ကားနဲ့၊ နင်မူးနေရင် အိပ်
တော့ဟာ။ မနက်မှ ပြောမယ်”
“ဘာမနက် ပြောစရာမလိုဘူး။ နင်က မိန်းမယုတ် ဟိုကောင်နဲ့ရတဲ့ ကလေးမဟုတ်
လား ဒီကလေးက’
“နင်ဆက်မပြောနဲ့တော့
အောင်အောင်။
နင့်ကို အဲဒီလောက်ထိ ယုတ်မာရိုင်းစိုင်းမယ်
လို့ ငါမထင်ခဲ့ဘူး”
“ဟာ အားနေ ငိုနေတာချည်းပဲ။ အကုသိုလ် ကို များတယ်။ အမေ့အိမ်သွားတာပဲ ကောင်း တယ်’
နေခြည် ဒူးနဲ့မျက်ရည် သုတ်နေရတဲ့ ဘဝ

ရောက်နေပြီ။ ရိုင်းစိုင်းမှန်းသိပေမယ့် အဲဒီ လောက် ယုတ်မာမယ်တော့ မထင်ထားမိ။ အောင်အောင် ဆင်းသွားသည်တောင် တစ် လ ပြည့်တော့မယ်။ ခုထိ ဖုန်းလေးတောင်
တစ်ချက် မဆက်ပေ။ သူ့အမေကလဲ မြှောက်
ထိုးပင့်ကော် လုပ်ပြီး ခေါ်ထားလေသည်။ အမှန်ဆို လင်မယား စိတ်ဆိုး၍ စကားများ ခဏပေါ့ ချော့မော့ပြီး ပြန်လွှတ်သင့်သည် မဟုတ်လား။
“ဟဲ့ နေခြည် ထွက်ခဲ့စမ်းပါဦး။ ဟဲ့’
“ဪ… အမေပါလား၊ လာထိုင်လေ အောင်အောင်ရော”
“ငါလာတာ ထိုင်ဖို့ မဟုတ်ဘူး။ ညည်းနဲ့ စာရင်း ရှင်းစရာရှိလို့ မိန်းမပျက်မ’
နေခြည် မိမိသိက္ခာကို လာစော်ကားနေ သဖြင့် အသားများပင် တဆတ်ဆတ် တုန်
လာသည်။

“နေစမ်းပါဦး။ အန်တီ နေခြည်က ဘာတွေ လုပ်နေလို့ ဘာတွေ လာပြောနေတာလဲ” “ငါ့သားဘဝကို ဖျက်ဆီးတဲ့ ကောင်မ။ နင့် ကို ငါ သတ်ပစ်မယ်”
“အန်တီ အရမ်းတရားလွန်လာပြီနော် အန် တီ ့သား ဘဝကို ဖျက်ရအောင် အန်တီ ့ သားက ဘယ်လောက်များ တော်တတ်ခဲ့လို့ လဲ၊ အစထဲက မူးရူးသောက်စားနေတာ မဟုတ်လား”
“နင်ကများ ငါ့သားကို ပြောရဲတယ် ကဲ
ဟယ်’
“ဖြန်း…”
“ကိုယ့်အမေအရွယ်မို့ ကြည့်နေတာ။ အန် တီ တရားလွန်မလာနဲ့နော်။ ထွက်သွားတော့၊ အိမ်ပေါ်ကနေ ထွက်သွား”
“နင်ကများ ငါ့အမေကို မောင်းထုတ်

ရအောင် ငါ့ဘဝကို ဖျက်ဆီးတဲ့ မိန်းမယုတ်
ကများ ကဲဟာ “ဖြန်း ဖြန်း”
ဘယ်အချိန်ထဲက ရောက်လာမှန်း မသိ
သော အောင်အောင်ကပါ လာရိုက်
သောကြောင့် ပို၍ပင် ဒေါသထွက်ခဲ့သည်။
“နေစမ်းပါဦး။ နင့်ဘဝကို ဖျက်ဆီးတယ်
ပြောရအောင် နင်က ဘယ်လောက်တောင်
တန်ဖိုးရှိခဲ့လို့လဲ။ ရည်းစား ရှိပါတယ်ဆိုတဲ့
ငါ့ဘဝကို ဓားထောက်ပြီး အတင်းလက်ထပ်
ခိုင်းခဲ့တာ ဘယ်သူလဲ။ နင်ကသာငါ့ရဲ့
သာယာနေတဲ့ ဘဝကိုဖျက်ဆီးပစ်ခဲ့တာ’
‘ငါ့ရှေ့မှာတောင် … ငါ့သားကို ဒီလေသံနဲ့
ပြန်ပြောနေရင် ငါ့ကွယ်ရာမှာ ဘယ်လောက် ထိတောင် ဆိုးနေမလဲဟင်။ လာ သား။ အဲဒီ လို မိန်းမယုတ်နဲ့ မနေနဲ့တော့”
နေခြည် ဝဋ်ကြွေးတွေ ကုန်သွားပြီသာ သတ်မှတ်လိုက်တော့သည်။ မိမိ၏ မာနနှင့် သိက္ခာကို စော်ကားသွားသောကြောင့် စိတ်နာမိတယ်။ ခလုတ်ထိမှ အမိတဆိုတဲ့
စကားပုံအတိုင်း မိခင်အိမ်သို့သာ ပြန်
တက်နေရတော့သည်။

‘မေမေ သားသားအိပ်ချင်ပြီ၊ သားသားကို
ချော့သိပ်’ သားသား လာပြောမှ အသိ ပြန်ဝင်လာ

“ဪ သားသား လာ။ မေမေသီချင်းဆို
သိပ်မယ်’ သားလေးအား ချော့သိပ်ရင်း နေခြည် ပြန်
အိပ်ပျော်သွားသည်။ မနက် မိုးလင်းတော့
သားသားအနားတွင် မရှိတော့။ နေခြည်
အိပ်ရာက ထကာ မျက်နှာသစ်မနက်စာ စား
လိုက်တော့သည်။
“သားလေးရေ သားသား လာပါဦး။ ဘာ လုပ်နေတာလဲ”
“လာပြီ မေမေ သားသားလာပြီ”
သားလေး
ဘာလုပ်နေတာလဲ။
တစ်ယောက်တည်း နောက်ဖေးမှာ’
“သားသားဖေဖေနဲ့ တူတူပုန်းတမ်း ဆော့
နေတာလေ’
“ဘာပြောတယ်၊ သားသား
သားဖေဖေ
ဟုတ်လား ဘယ်မှာလဲ။ မေမေ့ကိုပြ’
‘ဖေဖေကရှိတော့ဘူး မေမေရဲ့။ သွားပြီ သားသားနဲ့ နေ့တိုင်း တူတူဆော့ပေးတာ’
ဘာပြောတယ် … ဖေဖေနဲ့၊ ဆော့နေတာ
ဟုတ်လား”
“ဟုတ်တယ်လေ မေမေရဲ့။ ဖေဖေနဲ့ နေ့
တိုင်း တူတူဆော့တာ’
‘မေမေရေ မေမေ’
“ဘာလဲအေ။ ညည်းတို့ သားအမိနှစ်

ယောက်ကတော့ တွေ့တာနဲ့ ရန်ဖြစ်နေတာ ချည်းပဲ။ အလုပ်ကို ကောင်းကောင်း မလုပ်ရ
ဘူးအေ’ ‘မေမေ အိမ်ကို အောင်အောင်တို့ လာသေး
လား”
‘မလာပါဘူး သမီးရဲ့ သူ့အမေကတော့ တစ်ခါလာသွားသေးတယ် … သူ့မြေးလေးနဲ့ တွေ့ချင်လို့တဲ့’
“မတွေ့ရပါဘူး။ လာလည်း မလာခိုင်းပါနဲ့။ သားလေးက ခုပြောနေတယ် နေ့တိုင်း သူ့ အဖေနဲ့ အတူတူ ဆော့နေတာတဲ့’
“ဟင် မလာပါဘူး သမီးရဲ့၊ မြေးလေးက သူ့
ဟာသူပဲ ခြံထဲမှာ ဆော့နေတာ’
‘သားလေး မေမေ့ကို မှန်မှန်ပြော၊ သားခြံ
ထဲဘယ်သူနဲ့ ဆော့နေတာလဲ”
“ဖေဖေနဲ့လေ၊ ဖေဖေက သားသားကို အရမ်းချစ်တာ’
“ရဲရင့် မေမေ့ကို မလိမ်နဲ့ မေမေ စိတ်တို လာပြီနော် နောက်ခြံထဲ ဆင်းမဆော့ရတော့
ဘူး’

အောင်အောင်ကလည်း မလာဘူးဆိုတာ
သားသားကလည်း
ကျိန်းသေနေသည်။
ဖေဖေနဲ့ အတူတူ ဆော့တယ်ချည်းပဲ ပြောနေ တော့ နေခြည်စဉ်းစားရ ကျပ်နေတော့သည်။ သားသားမွေးနေ့ ရောက်ဖို့ကလည်း တစ် ပတ်ပဲ လိုတော့သည်ဆိုတော့ အမှားမခံနိုင်
ပေ။

“မေမေ့ကို ချစ်တော့ဘူး။ မေမေက သား
သားကို ဆူတယ် အဟင့်ဟင့်’
ငိုယိုပြီး ထွက်သွားသော .. သားငယ်အား ကြည့်ပြီး နေခြည် သက်ပြင်းချလိုက်မိသည်။
“သမီးရယ် ဒီအရွယ်ကလေးကို အဲဒီလို ဆက်ဆံလို့ မရဘူးလေ။ ချော့မော့ပြီး ပြောပြ

မှ နားလည်မှာပေါ့ကွယ်။ ဒီလိုပုံမျိုးဆို ကလေးစိတ်ထဲ ဒဏ်ရာရသွားမှာပေါ့ သမီး
ရယ်”
သားလေးရဲ့ အမုန်းကိုတော့ နေခြည် ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ဤသို့ စဉ်းစားရုံ မျှပင် အသည်းထဲမှာ တဆစ်ဆစ် နာကျင် လာခဲ့ရသည် မဟုတ်ပါလား။
“ဟုတ်ကဲ့ပါမေမေ။ သမီးလည်း စိတ်ပူ သွားလို့ပါ။ သားလေးက သူ့အဖေနဲ့ နေ့တိုင်း ဆော့တယ်ချည်းပဲ ပြောနေတော့ စိတ်မထိန်း နိုင်ဖြစ်သွားတာပါ။ နောက်သားလေးကို မဆူ
မိအောင် ထိန်းပါ့မယ်”
နေ့လည် ထမင်းစားသောက်ပြီး အိမ်ပေါ် တွင် ရဲရင့်လေးအား မတွေ့၍ နေခြည်ခြံ
နောက်ဖေးဘက် ထွက်လာခဲ့သည်။
တစ်ယောက်တည်း စကားတွေ ပြောပြီး ဆော့နေသော ရဲရင့်လေးကို … မြင်တော့

နေခြည် ချက်ချင်းပင် သားလေးအား လှမ်း ခေါ်လိုက်သည်။
“သားလေး ဘယ်သူနဲ့ စကားပြောနေတာ လဲဟင်”
“မေမေက သားသားကို ဆူမှာလားဟင်’ ‘မေမေ မဆူပါဘူး။ သားလေးရယ် မေမေ့ ကို ပြောပြနော် ဘယ်သူနဲ့ စကားပြောနေတာ
“ဖေဖေနဲ့ စကားပြောနေတာ မေမေရဲ့။ ဖေဖေကလေ သားသားကို အရမ်းချစ်တာ။ ဟိုတစ်ခါ သားသား သစ်ပင်ပေါ်က ပြုတ်ကျ တော့လည်း ဖေဖေပဲ သားသားကို မနာ
အောင်ဖမ်းပေးတာ။
ဖေဖေက သနားပါ
တယ် မေမေရယ်”
“သားဖေဖေ ဟုတ်လား သူ့နာမည်ကရော
ဘယ်လိုခေါ်လဲ … သားသားသိလား ခုရော
ဘယ်မှာလဲ”

“ဖေဖေ့နာမည်က
အောင်အောင်တဲ့။
မေမေ ရောက်တော့လည်း ဖေဖေက ပြန်
ထွက်သွားပြီ။ မေမေ့စကား နားထောင်ဖို့
လည်း သားသားကိုပြောတယ်”
ရဲရင့်ရဲ့ ပြောစကားကြောင့် နေခြည် သား သားကို အိမ်ပေါ်သို့ ပြန်ခေါ်ပြီး ဒေါ်သူဇာ အား လှမ်းခေါ်လိုက်တော့သည်။
‘မေမေရေ မေမေ’
“ဘာတုန်းအေ၊ ညည်းတို့ကလည်း အမြဲ အလန့်တကြားနဲ့။ သားအမိ နှစ်ယောက် ရန်ဖြစ်ပြန်ပြီလား”
‘မေမေ အောင်အောင့် အမေအိမ်ကို လာ သူ့
သေးတယ်လို့ မေမေ ပြောတယ်နော် သူ့ လိပ်စာ ပေးထားခဲ့လားဟင်”
“လိပ်စာတော့ မပေးခဲ့ဘူး သမီးရဲ့၊ ဖုန်း နံပါတ်တော့ ပေးခဲ့တယ် ဘာဖြစ်လို့လဲ သမီး ယူမလို့လား’

“ဟုတ်မေမေ
သမီးအောင်အောင်နဲ့
ပတ်သက်ပြီး မေးစရာရှိလို့ပါ”
မိခင်ဆီက ဖုန်းနံပါတ် ရတာနှင့် နေခြည်
ဖုန်းခေါ်လိုက်သည်။
“ဟယ်လို” တစ်ဖ်က
ဖြေသံကြားသည်နှင့်
တစ်ပြိုင်နက် နေခြည် ဖုန်းပြန်ချလိုက်
မိသည်။ တစ်ချိန်က မိမိရဲ့ မာနနှင့်သိက္ခာကို
စော်ကားခဲ့သည် မဟုတ်ပါလား။ ခုချိန်ထိ
စကားပြောရန် အဆင်သင့် မဖြစ်သေးပေ။
နေခြည် ပြန်မခေါ်မီကပင် တစ်ဖက်မှ ဖုန်း
ပြန်ခေါ်သောကြောင့်
နေခြည်ကိုင်လိုက်
မိသည်။

“ဟယ်လို … နေခြည်
မဟုတ်လားဟင်။
နေခြည်သမီး အန်တီ ့ကို အခုချိန်ထိ စိတ်နာ
နေမယ်ဆိုတာ အန်တီသိပါတယ်’
“ဟုတ် ခုနေခြည့် စိတ်ထဲမှာ ဘာမှမရှိ

တော့ပါဘူး ။ အန်တီ ့ကို … အောင်အောင်နဲ့ ပတ်သက်ပြီး မေးစရာရှိလို့ပါ”
“အောင်အောင့်အကြောင်း သမီး မသိသေး ဘူးလား။ အောင်အောင် ဆုံးတာ သုံးနှစ် တောင် ပြည့်တော့မယ်လေ .. ဘာဖြစ်လို့လဲ
သမီး’
“ရှင်… သုံးနှစ်တောင် ရှိတော့မယ် ဟုတ်လား၊ အန်တီက အခု ဘယ်မှာလဲ ဟင်… အိမ်လာပေးလို့ ရမလား အောင်
အောင့်ကိစ္စ ပြောစရာတွေရှိလို့ပါ

“အေး… သမီး၊ အန်တီ လာခဲ့မယ် စိတ်ချ
ထိုနေ့တစ်နေ့လုံး သားလေးကိုပဲ နေခြည် စောင့်ကြည့်နေတော့သည်။ ရဲရင့်သွေးလေး တစ်ယောက် ခြံထဲတွင် ပျော်ရွှင်စွာ ဆော့ နေသည်။ တစ်ခါတရံ တစ်စုံတစ်ယောက်နှင့် အပြန်အလှန် ပြောနေတတ်သည်ကို

လည်း တွေ့ရတတ်သည်။ သားလေးရဲ့ မွေးနေ့ကလည်း နောက်နှစ် ရက်ဆို ရောက်ပြီဖြစ်တဲ့ အတွက် ဒီကြားထဲ
အမှားအယွင်း ဖြစ်သွားမည်ကို စိုးရိမ်နေ
မိသည်။ အောင်အောင်လည်း ဆုံးသွားပြီ
ဖြစ်ကြောင်း အတည်ပြုပြီးဖြစ်တာကြောင့်
သားလေးနှင့် အမြဲဆော့နေသူ ဆိုသည်မှာ
တကယ် အောင်အောင်ပဲလား၊ နေခြည် မ
တွေးတတ်တော့။ . ထိုညက နေခြည့်ကို
အောင်အောင်က
ပေးသည်။

အိပ်မက်တစ်ခု
လာ ‘နေခြည် ကိုယ် တောင်းပန်ပါတယ်။ အားလုံးက ကိုယ့်အမှားတွေပါကွာ။ ကိုယ် မူး ရူးပြီး သူများစကားတွေ နားယောင်မိလို့ ဖြစ် သွားတာပါ။ နေခြည့် ကိုယ့်အပေါ် ဇနီးတစ် ယောက်ရဲ့ တာဝန် ကျေခဲ့ပါတယ်။ သားလေး ကို စိတ်မချလို့ သားလေးအနားကနေ စိတ်ချ သွားပါပြီ။ သားလေးရဲ့ မွေးနေ့မှာ ကိုယ့်ကို
အမျှဝေပေးပါ။ ကိုယ် ဒီဘဝကနေ သွားရ တော့မယ်။ သားလေးကို စိတ်ချမယ်နော်။ ကိုယ့်အမှားတွေအတွက်လည်း တောင်းပန်ခဲ့ ပါတယ် နေခြည်’

ထိုအိပ်မက်ကြောင့် နေခြည် လန့်နိုးလာခဲ့ သည်။ ပြတင်းတံခါးများ ပိတ်ထားလျက်နှင့် နေခြည့်အား လေတစ်ချက် တိုက်ခတ်သွား သည်မှာ တိုက်ဆိုင်မှုတစ်ခုလေလား။ နေခြ ည့်အား အတန်တန်တောင်းပန်စကား ပြော ပြီး အမျှဝေပေးရန် ပြောသွားသော အောင် အောင့်အား ကရုဏာ သက်မိသည်။ တစ်ချိန် က ဘယ်လောက်ပင် နာကြည်းစေခဲ့ပါမူ သားလေးရဲ့ အဖေပင် မဟုတ်ပါလား။
နောက်တစ်နေ့ နေ့လယ်ပိုင်း အောင် အောင့်အမေ အိမ်ရောက်လာခဲ့သည်။ အောင် မကျွတ်မလွတ်သေးသည့်
အောင်

အကြောင်း၊ သားလေးအနား ရှိနေသည့် အကြောင်း … ပြောပြတော့ … အောင်အောင့် အဖြစ်အား သနား၍ ငိုနေတော့သည်။ သူ လည်း မိခင်တစ်ယောက် မဟုတ်ပါလား။
မနက်ဖြန်သားလေး မွေးနေ့အတွက် လိုအပ်
သည်များ ပြုလုပ်ပြီး အောင်အောင့်အား
ရေစက်ချ အမျှဝေရင်း
တစ်နေကုန် အချိန်ကုန်ဆုံးခဲ့ကြသည်။
“လွန်ခဲ့သော သုံးနှစ်ခန့်က ၉၆ ပါးရောဂါ ဖြင့် ကွယ်လွန်သွားပြီ ဖြစ်သော အောင် အောင်အား အမျှ ပေးဝေအပ်ပါတယ်။ ကြား ရာအရပ်က လာရောက် သာဓုခေါ်ပါ။ အောင်
အောင်နှင့်တကွ သုံးဆယ့်တစ်ဘုံရှိ မကျွတ် လွတ်သေးသူများ အားလုံးအမျှ ပေးဝေအပ် ပါတယ်။
အားလုံး ကြားကြားသမျှ အမျှ အမျှ မျှ ယူ တော်မူကြပါ ကုန်သော်၊ သာဓု သာဓု သာဓု’

အားလုံး ကြားကြားသမျှ အမျှ အမျှ မျှ ယူ
တော်မူကြပါ ကုန်သော်၊ သာဓု သာဓု သာဓု
အားလုံး ကြားကြားသမျှ အမျှ အမျှ မျှ ယူ
တော်မူကြပါ ကုန်သော်၊ သာဓု သာဓု သာဓု’
ရေစက်ချ အမျှပေးပြီးသည်နှင့်
တစ်ပြိုင်နက် သားလေးရဲရင့်က ထငိုလေ
တော့သည်။
“ဖေဖေ ဘယ်သွားမလို့လဲ။ သားသားနဲ့ မ ဆော့တော့ဘူးလား။ ဒီနေ့ သားသားမွေးနေ့ လေ။ သားသားနဲ့ အတူတူ နေပေးမယ်ဆို အ ဟီးဟီး။ မေမေ ဖေဖေ့ကို မသွားခိုင်းပါနဲ့နော် ပြန်ခေါ်ပေးပါ”
“သားရယ်၊ ဖေဖေက သားသားနားမှာ အ
မြဲရှိနေမှာပါ။ သားလေးက စာကြိုးစားပြီး လိမ်လိမ်မာမာ နေရင် သားသားဆီ ဖေဖေက ပြန်လာမှာပေါ့”
‘မေမေ တကယ် ပြောတာနော်”

“တကယ်ပေါ့ သားလေးရယ်၊ မငိုနဲ့တော့နော်”
နေခြည် သားကိုသာ မငိုရန် ပြောနေမိ
သော်လည်း သူကိုယ်တိုင်ပင် မျက်ရည်မကျမိ
အောင် ထိန်းနေရသည်။
နေခြည်တို့ သားအမိကို ကြည့်ပြီး အလှူလာ ဧည့်သည်
များပင် စိတ်မကောင်း ဖြစ်မိကြတော့သည်။
နောက်ဘဝများ ရှိခဲ့ရင် မိစုံဖစုံနဲ့ အတူတူ
နေရပြီး ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံရပါစေနဲ့
သားလေးရေ။

  • သက်တန့်နွေ

Zawgyi Version

“ဘဝျခားမွ ဖခင္ေမတၱာ”(စ/ဆံုး)
—————————————–
ရာသီေတြ အလီလီေျပာင္းလဲခဲ့ေပမယ့္ ေန
ျခည့္ရင္ထဲက နာၾကည္းခ်က္နဲ႔ အမုန္းတရား
ေတြကေတာ့ ေျပာင္းလဲသြားမည္ မဟုတ္ပါလား။
ဘာလိုလိုႏွင့္ေနျခည့္သားေလး
ေတာင္ ေလးႏွစ္ျပည့္ေတာ့မည္။ သားေလး ကို လသားအ႐ြယ္ထဲကပင္ အဘြားျဖစ္သူႏွင့္ ထားခဲ့ကာ ေနျခည္ ထိုင္းတြင္အလုပ္သြား လုပ္ခဲ့ရသည္။ သားငယ္ေလးကို မခြဲခ်င္ေပ မယ့္လည္း သားေလးရဲ႕ေနာင္ေရးအတြက္
သူမ ပိုက္ဆံႀကိဳးစားရွာေဖြ စုေဆာင္းရမည္မဟုတ္ပါလား။

သားေလးကို ထားၿပီးထြက္သြားရေပမယ့္ သူမ ေန႔တိုင္း ငိုေနခဲ့ရသည္။ ႏို႔ခ်ိဳေတြ တက္ လာတိုင္း သူမ က်ိတ္ငိုခဲ့ရသည္မွာလည္း အႀကိမ္ႀကိမ္ပါ။ မိခင္ႏို႔မစို႔ရဘဲ ႀကီးျပင္းလာ ရေသာ ကေလးမို႔ သားေလးအား ပို၍ သနားပိုခဲ့ရသည္။ သားေလး ေမြးေန႔အမီ ျပန္ရန္ ႀကိဳးစားေနရသည္ေလ။ သားေလး နာမည္က ‘ရဲရင့္ေသြး’တဲ။ လွတယ္မဟုတ္ လား။ လူ႔ေလာက အလယ္မွာ ရဲရဲရင့္ရင့္ ရပ္တည္ႏိုင္ေအာင္ေပါ့။
သားေလးနဲ႔ ညတိုင္း ဖုန္းေျပာျဖစ္သည္ ေလ။ သားေလးက အ႐ြယ္နဲ႔မလိုက္ေအာင္ စကားလည္း အရမ္းတတ္တာ။ မိခင္နဲ႔ အတူ မေနရရွာေပမဲ့ မိခင္အား မစိမ္းဘဲ ခြဲတတ္ ေသးသည္ေလ။
“ဟယ္လို သားသားေရ၊ ေမေမပါ ေမေမ့ကို

လြမ္းေနတာလား၊ ေမေမ့သားေလးက” “သားသားက ေမေမ့ကို အရမ္းလြမ္းေန တာ ေမေမ သားသားဆီ ဘယ္ေတာ့ ျပန္လာ မွာလဲဟင္။ ေမေမ့ကို သားသားက ေတြ႕ခ်င္
ေနတာ’
အ႐ြယ္နဲ႔မလိုက္ စကားတတ္လြန္းေသာ သားေလးေၾကာင့္ ေနျခည့္ ရႈိက္ခနဲ ျဖစ္သြား သည္။ မိခင္ေမတၱာ လိုခ်င္ေနေသာ ကေလး မဟုတ္ပါလား။ ဒီအ႐ြယ္ဆိုတာ မိခင္ ရင္ခြင္ ထဲ တီတီတာတာ ခြၽဲႏြဲ႕ေနရမယ့္ အ႐ြယ္ေလး မဟုတ္လား။
‘ေမေမ ျပန္လာမွာေပါ့ သားသားရဲ႕။ သား သားေလး ေမြးေန႔ မတိုင္မီ ေမေမ အမီ ျပန္လာမယ္ေနာ္။ သားေလးက အဘြား စကားကို နားေထာင္ေနာ္။ အိမ္ျပင္လည္း ထြက္မေဆာ့နဲ႔ေနာ္’
“သားသားကလိမၼာပါတယ္ ေမေမရဲ႕။ ၿခံထဲ

မွာပဲ ေဆာ့တာ၊ ေမေမ ျမန္ျမန္ျပန္လာပါ ေနာ္ ဘြားဘြားက သားသားကို ဆူတယ္” “ဘြားဘြားက ေမ့သားကို ဘာလို႔ဆူရတာ လဲ၊ သားက ဘြားဘြား မႀကိဳက္တာ လုပ္လို႔
လား’ “အမယ္ေလးေအ။ ဒီ သားအမိႏွစ္ေယာက္
ငါ့ကို ျပႆနာရွာေနတယ္။ ညည္းသားကို
ဆူလဲမဆူ၊႐ိုက္လဲမ႐ိုက္ရဲပါဘူးေတာ္။
တစ္ခါ စိတ္ေကာက္တိုင္း တစ္ခါ အ႐ုပ္နဲ႔
ေခ်ာ့ရလြန္းလို႔ပါ”“ခစ္ ခစ္ ခစ္ ေမေမေရာ ေနေကာင္းရဲ႕
လား”“ေကာင္းပါတယ္သမီးရယ္။သမီး
ဘယ္ေတာ့ ျပန္လာမလဲ ဘာမွ ဝယ္မလာခဲ့နဲ႔ ဦးေနာ္။ ေလွ်ာက္ဝယ္လာမွာ စိုးလို႔”
“ဟုတ္ကဲ့ပါ ေမေမရဲ႕၊ မဝယ္ပါဘူး။ သား ေလးေရာ အျပင္ေတြ ထြက္ၿပီး ေဆာ့ေသးလား’
“တစ္ေနကုန္ ၿခံထဲမွာပဲ ေနတာပါေအ။ တစ္ေယာက္တည္း .. အ႐ုပ္ေတြနဲ႔ ေဆာ့ ေနက်။ သမီးလည္း ေနေကာင္းေအာင္ေနျပန္လာခါနီးမွ ေနမေကာင္း ျဖစ္ေနဦးမယ္”
“ဟုတ္ကဲ့ပါ ေမေမ။ အဲဒီလိုဆို သမီး ဖုန္းခ်
လိုက္ေတာ့မယ္ေနာ္။ မနက္အလုပ္ ေစာေစာ
ဆင္းရမွာမို႔’‘ေအး သမီး ေအးေအး။ ငါ့သမီးေလး က်န္းမာခ်မ္းသာပါေစကြယ္။ အစစအရာရာ လည္း အဆင္ေျပေခ်ာေမြ႕ေနရပါေစ” “ေပးတဲ့ဆုနဲ႔ ျပည့္ပါရေစ ေမေမ ေမေမ သမီးဖုန္း ခ်ၿပီေနာ္”
အခ်ိန္ေတြ တစ္ရက္ၿပီးတစ္ရက္ ကုန္ဆုံး လာခဲ့ရာ သူမ ျပန္ရမည့္ ရက္ေတာင္ ေရာက္လာခဲ့ေလၿပီ။ မနက္ အလုပ္ေရာက္ ေတာ့ အလုပ္ႀကိဳးစားေသာ ေနျခည့္အား

အလုပ္ရွင္ သူေဌးမွ ေခၚ၍ လစာအျပင္ ေဘာနပ္စ္ပါထုတ္ေပးလိုက္သည္။
လုပ္ေဖာ္ကိုင္ဖက္ သူငယ္ခ်င္းမ်ားကလည္း သားေလးအတြက္ လက္ေဆာင္ေတြ ထည့္
ေပးလိုက္သည္။ “သားသားေရ၊ သားေလး ရဲရင့္
ေမေမ ျပန္လာၿပီ။ ေမေမ သားေလးေရာဟင္ ေခၚ
လည္း မရပါလား” “ရွိပါတယ္ေတာ္။ ခဏနားပါ။ အေမ ေခၚ ေပးမယ္။ ေျမးေလးေရ ေျမးေလး ေမေမ
ျပန္လာၿပီ။ လာခဲ့ေတာ့ ေနာက္မွေဆာ့။ ညည္းသားက ေနာက္ေဖးမွာ ေဆာ့ေနတာပါ
ေအ လာၿပီ” “ဟာ… ေမေမ ျပန္လာၿပီ ေမေမသားသား နဲ႔ အတူတူေနမွာ မို႔လားဟင္ ျပန္မသြားပါနဲ႔ ေတာ့ေနာ္”
ေနျခည္ သားေလးအား ဖက္ထားလိုက္မိ ေတာ့သည္။ မိခင္ေမတၱာ ဘယ္ေလာက္မ်ား
လိုေနရွာမလဲ။ “ေမေမ ျပန္မသြားေတာ့ပါဘူး။
သားေလး ရဲ႕ ေမ့သားေလးနဲ႔ တူတူေနဖို႔ အၿပီး ျပန္လာ တာ ဒီမွာၾကည့္စမ္း သားေလးအတြက္ အ႐ုပ္
ေတြ” “ေယး အဲဒါမွ သားသားေမေမကြ။ အ႐ုပ္ ေတြ အမ်ားႀကီးပဲ အဲဒါေၾကာင့္ ေမေမ့ကို ခ်စ္ တာ အာဘြား”
ေလထဲမွာပဲ ရေနက် ျဖစ္တဲ့ သားေလးရဲ႕ အနမ္းကို မထင္မွတ္ဘဲ တကယ္ရလိုက္ရ
ေသာေၾကာင့္ အတိုင္းမသိ ေပ်ာ္႐ႊင္ခဲ့ရသည္။
“အဲဒီေလာက္ အမ်ားႀကီး ဘာလို႔ဝယ္လာ
တာလဲ သမီးရယ္ မဝယ္ခဲ့ပါနဲ႔ ဆိုတာကို”
“သူငယ္ခ်င္းေတြက သားေလးအတြက္
ဝယ္ထည့္ေပးလိုက္တာပါ ေမေမ။ ဝယ္လာ တာ မဟုတ္ပါဘူး”

ခဏ
“ကဲ သမီးလည္း ခရီးပန္းလာတယ္။ နားၿပီး ေရခ်ိဳးလိုက္ ၿပီးရင္ အိပ္ရာထဲ ခဏ
ဝင္နားေနေလ” “ဟုတ္ကဲ့ပါ ေမေမ။ သားသားေရာ အိပ္မ
လား လာေလ” “သားသား အိပ္ဘူး။ ေမေမ ဝယ္လာတဲ့ အ႐ုပ္ သြားႂကြားဦးမယ္ တာ့တာ’
ဟင္ သားမွာ သူငယ္ခ်င္းရွိတယ္။ အျပင္ လည္း မထြက္ဘဲ ဘယ္က သူငယ္ခ်င္းလဲ။ အိမ္နီးနားခ်င္း ကေလးပဲ ေနမွာပါေလ” ေနျခည္ ခရီးပန္းလာေသာ အရွိန္ျဖင့္ မည္
မွ်ပင္ အိပ္ေပ်ာ္သြားသည္ မသိ ေမေမ
မွပင္ ႏႈိးသြားေတာ့သည္။
လာႏႈိး သမီး ေနျခည္ ထ ထေတာ့။ ညစာ စားခ်ိန္ ေတာင္ေရာက္ၿပီ။ ထမင္းစားၿပီးမွ ျပန္အိပ္ ခ်င္အိပ္ ဟုတ္ၿပီလား”

“မစားေတာ့ဘူး ေမေမ၊ ဗိုက္သိပ္မဆာလို႔ ျပန္အိပ္ေတာ့မယ္ေနာ္”
အမွန္တကယ္ကေတာ့ ညစာ မစားဘဲ
အိပ္ရင္ မနက္ ဗိုက္ေအာင့္တတ္ေသာ ေနျခ ည့္အေၾကာင္းကိုသိ၍ ေမေမ့အား စေနာက္ ျခင္းပင္။ ဘယ္ေလာက္အသက္ ႀကီးေနပါေစ မိဘေမတၱာရိပ္ေအာက္
ကေလးပဲ မဟုတ္ပါလား။ ေရာက္သြားရင္
“ကေလးလို လုပ္မေနနဲ႔ ထေတာ့၊ ငါ့ေျမး ေတာင္ အဲဒီေလာက္မဆိုးဘူးေအ ထ ထ” ေမေမေျပာေျပာဆိုဆိုႏွင့္ ထြက္သြားေတာ့ ေနျခည္ရယ္ရင္း ေနာက္ကေန လိုက္ထြက္ခဲ့ သည္။ သားေလးၾကည့္ေတာ့ ေနျခည္ပါလာ
ေသာ အ႐ုပ္မ်ားျဖင့္ ေဆာ့ေနသည္။
ထမင္းစားေသာက္ၿပီး သားေလးေဆာ့တာ
ထိုင္ၾကည့္ရင္း အတိတ္ကို ျပန္စဥ္းစားမိ ျပန္သည္။

လြန္ခဲ့ေသာ ငါးႏွစ္ေက်ာ္က
“ေနျခည္ နင့္ကိုငါ ခ်စ္တယ္ဟာ။ နင္ငါ့ကို
ျပန္ခ်စ္ရမယ္” “ဟဲ့ ေအာင္ေအာင္ နင္႐ူးေနလား။ ငါ့မွာ
ခ်စ္သူရွိတာ နင္လည္း အသိ” “မလိုခ်င္ဘူးဟာ။
အဲဒီေကာင္ကို အဆက္ျဖတ္ရမယ္ နင့္ကိုငါ အရမ္းခ်စ္တာ
ပါဟာ။ ငါ့ကိုပဲ ျပန္ခ်စ္ရမယ္”
“ေတာ္ၿပီဟာ ငါ့ေရွ႕ကဖယ္။ ငါေနာက္က်
ေနၿပီ” ထြက္သြားေသာ ေနျခည့္ကို ေအာင္ေအာင္

လွမ္းၾကည့္ရင္း…
‘နင္ငါ့ပဲ လက္ထပ္ရမယ္ ေနျခည္။ နင့္ ေကာင္ကို အဆက္ျဖတ္လိုက္ေတာ့ ဟား…
ဟား…’
ဒီငမူးတစ္ေကာင္နဲ႔ အေတာ္ပင္ စိတ္ညစ္ ေနရၿပီေလ။ ေန႔တိုင္းပင္ တစ္ေန႔တစ္မ်ိဳး မ႐ိုးရေလေအာင္ လာေႏွာင့္ယွက္ေနေတာ့ အရမ္းပင္ မုန္းေနမိသည္။
“ေနျခည္ ငါေျပာထားတဲ့ဟာ အေျဖျပန္
ေပးေလဟာ’
“ေအာင္ေအာင္ နင္မူးေနလည္း ေအးေဆး ေန။ ငါ့ကို ျပႆနာ လာမရွာနဲ႔ ဖယ္ ငါ့ ေရွ႕က
ခ်စ္”
“မဖယ္ဘူး၊ နင့္ကို ငါခ်စ္တယ္ဟာ ငါ့ျပန္
“ဟဲ့ ငါ့မွာ သူရိန္ရွိေနတယ္ေလဟာ။ ငါ သူ႔

ကိုပဲ ခ်စ္တာ”
“ေတာက္၊ မခ်စ္ရဘူး။ အဲဒီေကာင္မွ အဲဒီ ေကာင္ ျဖစ္ေနရေအာင္ အဲဒီေကာင္က ငါ့ ထက္ ဘာေတြ သာေနလို႔လဲေျပာ”
ဟား၊ သာတာေပါ့ဟယ္၊ နင့္ထက္
အဆတစ္ရာမက သာတယ္။ သူက နင့္လို အခ်ိန္ျပည့္ ေသာက္စားမူး႐ူးေနတာ မဟုတ္
ဘူး။ အလုပ္နဲ႔အကိုင္နဲ႔ လူတိုင္းလည္း ခ်စ္
ၾကတဲ့သူ လူႀကီးမွန္းလည္း သိတတ္တယ္။
နင့္လိုမဟုတ္ဘူး’
“နင္ျပန္မခ်စ္ရင္ ငါ့ကိုယ္ငါ သတ္ေသမွာ ေနျခည္’
“ေသေပါ့ဟာ နင့္ဘာသာ ႐ူးၿပီးသတ္ေသ တာ ငါကတားမယ္ ထင္ေနလို႔လား” “ေအး နင္မတားမွန္း သိတယ္ ဒါေပမဲ့ ငါ ခ်စ္တဲ့ နင့္ကိုဟိုေကာင္လည္း မရေစရဘူး။ သူ႔ပါ ငါသတ္မွာ။ ၿပီး နင့္ကို ငါနဲ႔အတူေခၚ

သြားမွာ ငါခ်စ္တဲ့ နင့္ကို ဘယ္သူမွ မရေစရ ဘူး’
“နင္႐ူးေနလား။ နင္သူရိန႔္ကို ဘာမွ မလုပ္ ရဘူးေနာ္”
‘အဲဒါဆို နင္ငါ့ကို လက္ထပ္ေလ၊ နင္သာ ငါ့ကို လက္ထပ္မယ္ဆို အဲဒီေကာင္ကို ဘာမွ လုပ္စရာ မလိုဘူး”
“ေအး နင့္ကိုငါ လက္ထပ္မယ္။ သူရိန႔္ကို ဘာမွမလုပ္ပါဘူးလို႔ ကတိေပး ငါ့ကို”
‘ေပးတယ္ဟာ ေပးတယ္’
ၿမိဳ႕နယ္ခန္းမႀကီးထဲတြင္ေတာ့ ေအာင္ႏိုင္
သူအၿပဳံးနဲ႔ ရယ္ေမာ ေပ်ာ္႐ႊင္ေနတဲ့
သတို႔သားႏွင့္ နာၾကည္းစြာ မ်က္ရည္မိုးမ်ား
ၿပိဳမက်ေအာင္ ထိန္းထားတဲ့ သတို႔သမီးတို႔
ႏွစ္ဦး။ သူရိန္ေတာ့ ေနျခည့္ကို နာၾကည္းေန
မည္ေပ။

ေအာင္ေအာင္
တစ္ေယာက္ မိန္းမရ
ၿပီးသည္ႏွင့္ ဆိုင္ကယ္ကယ္ရီ ဆြဲတဲ့အလုပ္ ေလး လုပ္သည္။ ေနျခည့္အားလည္း အရမ္း ခ်စ္သျဖင့္ ေနျခည္ဘက္မွလည္း ဇနီးမယား တာဝန္ေက်ပြန္စြာ ဆက္ဆံခဲ့သည္။ လူတစ္
ေယာက္ရဲ႕ ဗီဇကဘယ္ေတာ့မွ
ေဖ်ာက္ဖ်က္၍ မရဘူးဆိုသည္မွာ အမွန္ပင္။
ေအာင္ေအာင္ ေခြးၿမီးေကာက္ က်ည္ေထာက္
စြပ္ဆိုသည့္ စကားပုံအတိုင္းပင္ ေသာက္စား
မူးယစ္လာျပန္သည္ေလ။
မူးလာတိုင္း ေနျခည့္အား ႐ိုက္ႏွက္
ႏွိပ္စက္ခဲ့သည္။ အခုဆို မူးယစ္ေဆးေတြပါ
သုံးလာခဲ့ေလသည္။ အခ်ိန္ေတြၾကာလာ
သည္ႏွင့္ အမွ် ေနျခည္ ကိုယ္ဝန္ရလာ
ေတာ့သည္။
“ေအာင္ေအာင္ ငါ့မွာ ကိုယ္ဝနရွိေနၿပီဟ။ နင္ကေလးအေဖ ျဖစ္ေတာ့မယ္ဟ သိလား”

“ဘာ၊ ကိုယ္ဝန္ ဟုတ္လား ငါက အေဖ
ဟုတ္လား။
ဟားဟား
ငါက နာမည္ခံ
ကေလးအေဖ ေနမွာေပါ့ဟာ။ နင္ ေခြး
ဇာတ္ခင္းရတဲ့ ကေလးေနမွာေပါ့”
“ေအာင္ေအာင္ … နင္အရမ္းလြန္ေနၿပီေနာ္။
ငါ့သိကၡာကို မေစာ္ကားနဲ႔၊ နင္မူးေနရင္ အိပ္
ေတာ့ဟာ။ မနက္မွ ေျပာမယ္”
“ဘာမနက္ ေျပာစရာမလိုဘူး။ နင္က မိန္းမယုတ္ ဟိုေကာင္နဲ႔ရတဲ့ ကေလးမဟုတ္
လား ဒီကေလးက’
“နင္ဆက္မေျပာနဲ႔ေတာ့
ေအာင္ေအာင္။
နင့္ကို အဲဒီေလာက္ထိ ယုတ္မာ႐ိုင္းစိုင္းမယ္
လို႔ ငါမထင္ခဲ့ဘူး”
“ဟာ အားေန ငိုေနတာခ်ည္းပဲ။ အကုသိုလ္ ကို မ်ားတယ္။ အေမ့အိမ္သြားတာပဲ ေကာင္း တယ္’
ေနျခည္ ဒူးနဲ႔မ်က္ရည္ သုတ္ေနရတဲ့ ဘဝ

ေရာက္ေနၿပီ။ ႐ိုင္းစိုင္းမွန္းသိေပမယ့္ အဲဒီ ေလာက္ ယုတ္မာမယ္ေတာ့ မထင္ထားမိ။ ေအာင္ေအာင္ ဆင္းသြားသည္ေတာင္ တစ္ လ ျပည့္ေတာ့မယ္။ ခုထိ ဖုန္းေလးေတာင္
တစ္ခ်က္ မဆက္ေပ။ သူ႔အေမကလဲ ေျမႇာက္
ထိုးပင့္ေကာ္ လုပ္ၿပီး ေခၚထားေလသည္။ အမွန္ဆို လင္မယား စိတ္ဆိုး၍ စကားမ်ား ခဏေပါ့ ေခ်ာ့ေမာ့ၿပီး ျပန္လႊတ္သင့္သည္ မဟုတ္လား။
“ဟဲ့ ေနျခည္ ထြက္ခဲ့စမ္းပါဦး။ ဟဲ့’
“ဪ… အေမပါလား၊ လာထိုင္ေလ ေအာင္ေအာင္ေရာ”
“ငါလာတာ ထိုင္ဖို႔ မဟုတ္ဘူး။ ညည္းနဲ႔ စာရင္း ရွင္းစရာရွိလို႔ မိန္းမပ်က္မ’
ေနျခည္ မိမိသိကၡာကို လာေစာ္ကားေန သျဖင့္ အသားမ်ားပင္ တဆတ္ဆတ္ တုန္
လာသည္။

“ေနစမ္းပါဦး။ အန္တီ ေနျခည္က ဘာေတြ လုပ္ေနလို႔ ဘာေတြ လာေျပာေနတာလဲ” “ငါ့သားဘဝကို ဖ်က္ဆီးတဲ့ ေကာင္မ။ နင့္ ကို ငါ သတ္ပစ္မယ္”
“အန္တီ အရမ္းတရားလြန္လာၿပီေနာ္ အန္ တီ ့သား ဘဝကို ဖ်က္ရေအာင္ အန္တီ ့ သားက ဘယ္ေလာက္မ်ား ေတာ္တတ္ခဲ့လို႔ လဲ၊ အစထဲက မူး႐ူးေသာက္စားေနတာ မဟုတ္လား”
“နင္ကမ်ား ငါ့သားကို ေျပာရဲတယ္ ကဲ
ဟယ္’
“ျဖန္း…”
“ကိုယ့္အေမအ႐ြယ္မို႔ ၾကည့္ေနတာ။ အန္ တီ တရားလြန္မလာနဲ႔ေနာ္။ ထြက္သြားေတာ့၊ အိမ္ေပၚကေန ထြက္သြား”
“နင္ကမ်ား ငါ့အေမကို ေမာင္းထုတ္

ရေအာင္ ငါ့ဘဝကို ဖ်က္ဆီးတဲ့ မိန္းမယုတ္
ကမ်ား ကဲဟာ “ျဖန္း ျဖန္း”
ဘယ္အခ်ိန္ထဲက ေရာက္လာမွန္း မသိ
ေသာ ေအာင္ေအာင္ကပါ လာ႐ိုက္
ေသာေၾကာင့္ ပို၍ပင္ ေဒါသထြက္ခဲ့သည္။
“ေနစမ္းပါဦး။ နင့္ဘဝကို ဖ်က္ဆီးတယ္
ေျပာရေအာင္ နင္က ဘယ္ေလာက္ေတာင္
တန္ဖိုးရွိခဲ့လို႔လဲ။ ရည္းစား ရွိပါတယ္ဆိုတဲ့
ငါ့ဘဝကို ဓားေထာက္ၿပီး အတင္းလက္ထပ္
ခိုင္းခဲ့တာ ဘယ္သူလဲ။ နင္ကသာငါ့ရဲ႕
သာယာေနတဲ့ ဘဝကိုဖ်က္ဆီးပစ္ခဲ့တာ’
‘ငါ့ေရွ႕မွာေတာင္ … ငါ့သားကို ဒီေလသံနဲ႔
ျပန္ေျပာေနရင္ ငါ့ကြယ္ရာမွာ ဘယ္ေလာက္ ထိေတာင္ ဆိုးေနမလဲဟင္။ လာ သား။ အဲဒီ လို မိန္းမယုတ္နဲ႔ မေနနဲ႔ေတာ့”
ေနျခည္ ဝဋ္ေႂကြးေတြ ကုန္သြားၿပီသာ သတ္မွတ္လိုက္ေတာ့သည္။ မိမိ၏ မာနႏွင့္ သိကၡာကို ေစာ္ကားသြားေသာေၾကာင့္ စိတ္နာမိတယ္။ ခလုတ္ထိမွ အမိတဆိုတဲ့
စကားပုံအတိုင္း မိခင္အိမ္သို႔သာ ျပန္
တက္ေနရေတာ့သည္။

‘ေမေမ သားသားအိပ္ခ်င္ၿပီ၊ သားသားကို
ေခ်ာ့သိပ္’ သားသား လာေျပာမွ အသိ ျပန္ဝင္လာ

“ဪ သားသား လာ။ ေမေမသီခ်င္းဆို
သိပ္မယ္’ သားေလးအား ေခ်ာ့သိပ္ရင္း ေနျခည္ ျပန္
အိပ္ေပ်ာ္သြားသည္။ မနက္ မိုးလင္းေတာ့
သားသားအနားတြင္ မရွိေတာ့။ ေနျခည္
အိပ္ရာက ထကာ မ်က္ႏွာသစ္မနက္စာ စား
လိုက္ေတာ့သည္။
“သားေလးေရ သားသား လာပါဦး။ ဘာ လုပ္ေနတာလဲ”
“လာၿပီ ေမေမ သားသားလာၿပီ”
သားေလး
ဘာလုပ္ေနတာလဲ။
တစ္ေယာက္တည္း ေနာက္ေဖးမွာ’
“သားသားေဖေဖနဲ႔ တူတူပုန္းတမ္း ေဆာ့
ေနတာေလ’
“ဘာေျပာတယ္၊ သားသား
သားေဖေဖ
ဟုတ္လား ဘယ္မွာလဲ။ ေမေမ့ကိုျပ’
‘ေဖေဖကရွိေတာ့ဘူး ေမေမရဲ႕။ သြားၿပီ သားသားနဲ႔ ေန႔တိုင္း တူတူေဆာ့ေပးတာ’
ဘာေျပာတယ္ … ေဖေဖနဲ႔၊ ေဆာ့ေနတာ
ဟုတ္လား”
“ဟုတ္တယ္ေလ ေမေမရဲ႕။ ေဖေဖနဲ႔ ေန႔
တိုင္း တူတူေဆာ့တာ’
‘ေမေမေရ ေမေမ’
“ဘာလဲေအ။ ညည္းတို႔ သားအမိႏွစ္

ေယာက္ကေတာ့ ေတြ႕တာနဲ႔ ရန္ျဖစ္ေနတာ ခ်ည္းပဲ။ အလုပ္ကို ေကာင္းေကာင္း မလုပ္ရ
ဘူးေအ’ ‘ေမေမ အိမ္ကို ေအာင္ေအာင္တို႔ လာေသး
လား”
‘မလာပါဘူး သမီးရဲ႕ သူ႔အေမကေတာ့ တစ္ခါလာသြားေသးတယ္ … သူ႔ေျမးေလးနဲ႔ ေတြ႕ခ်င္လို႔တဲ့’
“မေတြ႕ရပါဘူး။ လာလည္း မလာခိုင္းပါနဲ႔။ သားေလးက ခုေျပာေနတယ္ ေန႔တိုင္း သူ႔ အေဖနဲ႔ အတူတူ ေဆာ့ေနတာတဲ့’
“ဟင္ မလာပါဘူး သမီးရဲ႕၊ ေျမးေလးက သူ႔
ဟာသူပဲ ၿခံထဲမွာ ေဆာ့ေနတာ’
‘သားေလး ေမေမ့ကို မွန္မွန္ေျပာ၊ သားၿခံ
ထဲဘယ္သူနဲ႔ ေဆာ့ေနတာလဲ”
“ေဖေဖနဲ႔ေလ၊ ေဖေဖက သားသားကို အရမ္းခ်စ္တာ’
“ရဲရင့္ ေမေမ့ကို မလိမ္နဲ႔ ေမေမ စိတ္တို လာၿပီေနာ္ ေနာက္ၿခံထဲ ဆင္းမေဆာ့ရေတာ့
ဘူး’

ေအာင္ေအာင္ကလည္း မလာဘူးဆိုတာ
သားသားကလည္း
က်ိန္းေသေနသည္။
ေဖေဖနဲ႔ အတူတူ ေဆာ့တယ္ခ်ည္းပဲ ေျပာေန ေတာ့ ေနျခည္စဥ္းစားရ က်ပ္ေနေတာ့သည္။ သားသားေမြးေန႔ ေရာက္ဖို႔ကလည္း တစ္ ပတ္ပဲ လိုေတာ့သည္ဆိုေတာ့ အမွားမခံႏိုင္
ေပ။

“ေမေမ့ကို ခ်စ္ေတာ့ဘူး။ ေမေမက သား
သားကို ဆူတယ္ အဟင့္ဟင့္’
ငိုယိုၿပီး ထြက္သြားေသာ .. သားငယ္အား ၾကည့္ၿပီး ေနျခည္ သက္ျပင္းခ်လိုက္မိသည္။
“သမီးရယ္ ဒီအ႐ြယ္ကေလးကို အဲဒီလို ဆက္ဆံလို႔ မရဘူးေလ။ ေခ်ာ့ေမာ့ၿပီး ေျပာျပ

မွ နားလည္မွာေပါ့ကြယ္။ ဒီလိုပုံမ်ိဳးဆို ကေလးစိတ္ထဲ ဒဏ္ရာရသြားမွာေပါ့ သမီး
ရယ္”
သားေလးရဲ႕ အမုန္းကိုေတာ့ ေနျခည္ ခံႏိုင္ရည္ရွိမည္ မဟုတ္ေပ။ ဤသို႔ စဥ္းစား႐ုံ မွ်ပင္ အသည္းထဲမွာ တဆစ္ဆစ္ နာက်င္ လာခဲ့ရသည္ မဟုတ္ပါလား။
“ဟုတ္ကဲ့ပါေမေမ။ သမီးလည္း စိတ္ပူ သြားလို႔ပါ။ သားေလးက သူ႔အေဖနဲ႔ ေန႔တိုင္း ေဆာ့တယ္ခ်ည္းပဲ ေျပာေနေတာ့ စိတ္မထိန္း ႏိုင္ျဖစ္သြားတာပါ။ ေနာက္သားေလးကို မဆူ
မိေအာင္ ထိန္းပါ့မယ္”
ေန႔လည္ ထမင္းစားေသာက္ၿပီး အိမ္ေပၚ တြင္ ရဲရင့္ေလးအား မေတြ႕၍ ေနျခည္ၿခံ
ေနာက္ေဖးဘက္ ထြက္လာခဲ့သည္။
တစ္ေယာက္တည္း စကားေတြ ေျပာၿပီး ေဆာ့ေနေသာ ရဲရင့္ေလးကို … ျမင္ေတာ့

ေနျခည္ ခ်က္ခ်င္းပင္ သားေလးအား လွမ္း ေခၚလိုက္သည္။
“သားေလး ဘယ္သူနဲ႔ စကားေျပာေနတာ လဲဟင္”
“ေမေမက သားသားကို ဆူမွာလားဟင္’ ‘ေမေမ မဆူပါဘူး။ သားေလးရယ္ ေမေမ့ ကို ေျပာျပေနာ္ ဘယ္သူနဲ႔ စကားေျပာေနတာ
“ေဖေဖနဲ႔ စကားေျပာေနတာ ေမေမရဲ႕။ ေဖေဖကေလ သားသားကို အရမ္းခ်စ္တာ။ ဟိုတစ္ခါ သားသား သစ္ပင္ေပၚက ျပဳတ္က် ေတာ့လည္း ေဖေဖပဲ သားသားကို မနာ
ေအာင္ဖမ္းေပးတာ။
ေဖေဖက သနားပါ
တယ္ ေမေမရယ္”
“သားေဖေဖ ဟုတ္လား သူ႔နာမည္ကေရာ
ဘယ္လိုေခၚလဲ … သားသားသိလား ခုေရာ
ဘယ္မွာလဲ”

“ေဖေဖ့နာမည္က
ေအာင္ေအာင္တဲ့။
ေမေမ ေရာက္ေတာ့လည္း ေဖေဖက ျပန္
ထြက္သြားၿပီ။ ေမေမ့စကား နားေထာင္ဖို႔
လည္း သားသားကိုေျပာတယ္”
ရဲရင့္ရဲ႕ ေျပာစကားေၾကာင့္ ေနျခည္ သား သားကို အိမ္ေပၚသို႔ ျပန္ေခၚၿပီး ေဒၚသူဇာ အား လွမ္းေခၚလိုက္ေတာ့သည္။
‘ေမေမေရ ေမေမ’
“ဘာတုန္းေအ၊ ညည္းတို႔ကလည္း အၿမဲ အလန႔္တၾကားနဲ႔။ သားအမိ ႏွစ္ေယာက္ ရန္ျဖစ္ျပန္ၿပီလား”
‘ေမေမ ေအာင္ေအာင့္ အေမအိမ္ကို လာ သူ႔
ေသးတယ္လို႔ ေမေမ ေျပာတယ္ေနာ္ သူ႔ လိပ္စာ ေပးထားခဲ့လားဟင္”
“လိပ္စာေတာ့ မေပးခဲ့ဘူး သမီးရဲ႕၊ ဖုန္း နံပါတ္ေတာ့ ေပးခဲ့တယ္ ဘာျဖစ္လို႔လဲ သမီး ယူမလို႔လား’

“ဟုတ္ေမေမ
သမီးေအာင္ေအာင္နဲ႔
ပတ္သက္ၿပီး ေမးစရာရွိလို႔ပါ”
မိခင္ဆီက ဖုန္းနံပါတ္ ရတာႏွင့္ ေနျခည္
ဖုန္းေခၚလိုက္သည္။
“ဟယ္လို” တစ္ဖ္က
ေျဖသံၾကားသည္ႏွင့္
တစ္ၿပိဳင္နက္ ေနျခည္ ဖုန္းျပန္ခ်လိုက္
မိသည္။ တစ္ခ်ိန္က မိမိရဲ႕ မာနႏွင့္သိကၡာကို
ေစာ္ကားခဲ့သည္ မဟုတ္ပါလား။ ခုခ်ိန္ထိ
စကားေျပာရန္ အဆင္သင့္ မျဖစ္ေသးေပ။
ေနျခည္ ျပန္မေခၚမီကပင္ တစ္ဖက္မွ ဖုန္း
ျပန္ေခၚေသာေၾကာင့္
ေနျခည္ကိုင္လိုက္
မိသည္။

“ဟယ္လို … ေနျခည္
မဟုတ္လားဟင္။
ေနျခည္သမီး အန္တီ ့ကို အခုခ်ိန္ထိ စိတ္နာ
ေနမယ္ဆိုတာ အန္တီသိပါတယ္’
“ဟုတ္ ခုေနျခည့္ စိတ္ထဲမွာ ဘာမွမရွိ

ေတာ့ပါဘူး ။ အန္တီ ့ကို … ေအာင္ေအာင္နဲ႔ ပတ္သက္ၿပီး ေမးစရာရွိလို႔ပါ”
“ေအာင္ေအာင့္အေၾကာင္း သမီး မသိေသး ဘူးလား။ ေအာင္ေအာင္ ဆုံးတာ သုံးႏွစ္ ေတာင္ ျပည့္ေတာ့မယ္ေလ .. ဘာျဖစ္လို႔လဲ
သမီး’
“ရွင္… သုံးႏွစ္ေတာင္ ရွိေတာ့မယ္ ဟုတ္လား၊ အန္တီက အခု ဘယ္မွာလဲ ဟင္… အိမ္လာေပးလို႔ ရမလား ေအာင္
ေအာင့္ကိစၥ ေျပာစရာေတြရွိလို႔ပါ

“ေအး… သမီး၊ အန္တီ လာခဲ့မယ္ စိတ္ခ်
ထိုေန႔တစ္ေန႔လုံး သားေလးကိုပဲ ေနျခည္ ေစာင့္ၾကည့္ေနေတာ့သည္။ ရဲရင့္ေသြးေလး တစ္ေယာက္ ၿခံထဲတြင္ ေပ်ာ္႐ႊင္စြာ ေဆာ့ ေနသည္။ တစ္ခါတရံ တစ္စုံတစ္ေယာက္ႏွင့္ အျပန္အလွန္ ေျပာေနတတ္သည္ကို

လည္း ေတြ႕ရတတ္သည္။ သားေလးရဲ႕ ေမြးေန႔ကလည္း ေနာက္ႏွစ္ ရက္ဆို ေရာက္ၿပီျဖစ္တဲ့ အတြက္ ဒီၾကားထဲ
အမွားအယြင္း ျဖစ္သြားမည္ကို စိုးရိမ္ေန
မိသည္။ ေအာင္ေအာင္လည္း ဆုံးသြားၿပီ
ျဖစ္ေၾကာင္း အတည္ျပဳၿပီးျဖစ္တာေၾကာင့္
သားေလးႏွင့္ အၿမဲေဆာ့ေနသူ ဆိုသည္မွာ
တကယ္ ေအာင္ေအာင္ပဲလား၊ ေနျခည္ မ
ေတြးတတ္ေတာ့။ . ထိုညက ေနျခည့္ကို
ေအာင္ေအာင္က
ေပးသည္။

အိပ္မက္တစ္ခု
လာ ‘ေနျခည္ ကိုယ္ ေတာင္းပန္ပါတယ္။ အားလုံးက ကိုယ့္အမွားေတြပါကြာ။ ကိုယ္ မူး ႐ူးၿပီး သူမ်ားစကားေတြ နားေယာင္မိလို႔ ျဖစ္ သြားတာပါ။ ေနျခည့္ ကိုယ့္အေပၚ ဇနီးတစ္ ေယာက္ရဲ႕ တာဝန္ ေက်ခဲ့ပါတယ္။ သားေလး ကို စိတ္မခ်လို႔ သားေလးအနားကေန စိတ္ခ် သြားပါၿပီ။ သားေလးရဲ႕ ေမြးေန႔မွာ ကိုယ့္ကို
အမွ်ေဝေပးပါ။ ကိုယ္ ဒီဘဝကေန သြားရ ေတာ့မယ္။ သားေလးကို စိတ္ခ်မယ္ေနာ္။ ကိုယ့္အမွားေတြအတြက္လည္း ေတာင္းပန္ခဲ့ ပါတယ္ ေနျခည္’

ထိုအိပ္မက္ေၾကာင့္ ေနျခည္ လန႔္ႏိုးလာခဲ့ သည္။ ျပတင္းတံခါးမ်ား ပိတ္ထားလ်က္ႏွင့္ ေနျခည့္အား ေလတစ္ခ်က္ တိုက္ခတ္သြား သည္မွာ တိုက္ဆိုင္မႈတစ္ခုေလလား။ ေနျခ ည့္အား အတန္တန္ေတာင္းပန္စကား ေျပာ ၿပီး အမွ်ေဝေပးရန္ ေျပာသြားေသာ ေအာင္ ေအာင့္အား က႐ုဏာ သက္မိသည္။ တစ္ခ်ိန္ က ဘယ္ေလာက္ပင္ နာၾကည္းေစခဲ့ပါမူ သားေလးရဲ႕ အေဖပင္ မဟုတ္ပါလား။
ေနာက္တစ္ေန႔ ေန႔လယ္ပိုင္း ေအာင္ ေအာင့္အေမ အိမ္ေရာက္လာခဲ့သည္။ ေအာင္ မကြၽတ္မလြတ္ေသးသည့္
ေအာင္

အေၾကာင္း၊ သားေလးအနား ရွိေနသည့္ အေၾကာင္း … ေျပာျပေတာ့ … ေအာင္ေအာင့္ အျဖစ္အား သနား၍ ငိုေနေတာ့သည္။ သူ လည္း မိခင္တစ္ေယာက္ မဟုတ္ပါလား။
မနက္ျဖန္သားေလး ေမြးေန႔အတြက္ လိုအပ္
သည္မ်ား ျပဳလုပ္ၿပီး ေအာင္ေအာင့္အား
ေရစက္ခ် အမွ်ေဝရင္း
တစ္ေနကုန္ အခ်ိန္ကုန္ဆုံးခဲ့ၾကသည္။
“လြန္ခဲ့ေသာ သုံးႏွစ္ခန႔္က ၉၆ ပါးေရာဂါ ျဖင့္ ကြယ္လြန္သြားၿပီ ျဖစ္ေသာ ေအာင္ ေအာင္အား အမွ် ေပးေဝအပ္ပါတယ္။ ၾကား ရာအရပ္က လာေရာက္ သာဓုေခၚပါ။ ေအာင္
ေအာင္ႏွင့္တကြ သုံးဆယ့္တစ္ဘုံရွိ မကြၽတ္ လြတ္ေသးသူမ်ား အားလုံးအမွ် ေပးေဝအပ္ ပါတယ္။
အားလုံး ၾကားၾကားသမွ် အမွ် အမွ် မွ် ယူ ေတာ္မူၾကပါ ကုန္ေသာ္၊ သာဓု သာဓု သာဓု’

အားလုံး ၾကားၾကားသမွ် အမွ် အမွ် မွ် ယူ
ေတာ္မူၾကပါ ကုန္ေသာ္၊ သာဓု သာဓု သာဓု
အားလုံး ၾကားၾကားသမွ် အမွ် အမွ် မွ် ယူ
ေတာ္မူၾကပါ ကုန္ေသာ္၊ သာဓု သာဓု သာဓု’
ေရစက္ခ် အမွ်ေပးၿပီးသည္ႏွင့္
တစ္ၿပိဳင္နက္ သားေလးရဲရင့္က ထငိုေလ
ေတာ့သည္။
“ေဖေဖ ဘယ္သြားမလို႔လဲ။ သားသားနဲ႔ မ ေဆာ့ေတာ့ဘူးလား။ ဒီေန႔ သားသားေမြးေန႔ ေလ။ သားသားနဲ႔ အတူတူ ေနေပးမယ္ဆို အ ဟီးဟီး။ ေမေမ ေဖေဖ့ကို မသြားခိုင္းပါနဲ႔ေနာ္ ျပန္ေခၚေပးပါ”
“သားရယ္၊ ေဖေဖက သားသားနားမွာ အ
ၿမဲရွိေနမွာပါ။ သားေလးက စာႀကိဳးစားၿပီး လိမ္လိမ္မာမာ ေနရင္ သားသားဆီ ေဖေဖက ျပန္လာမွာေပါ့”
‘ေမေမ တကယ္ ေျပာတာေနာ္”

“တကယ္ေပါ့ သားေလးရယ္၊ မငိုနဲ႔ေတာ့ေနာ္”
ေနျခည္ သားကိုသာ မငိုရန္ ေျပာေနမိ
ေသာ္လည္း သူကိုယ္တိုင္ပင္ မ်က္ရည္မက်မိ
ေအာင္ ထိန္းေနရသည္။
ေနျခည္တို႔ သားအမိကို ၾကည့္ၿပီး အလႉလာ ဧည့္သည္
မ်ားပင္ စိတ္မေကာင္း ျဖစ္မိၾကေတာ့သည္။
ေနာက္ဘဝမ်ား ရွိခဲ့ရင္ မိစုံဖစုံနဲ႔ အတူတူ
ေနရၿပီး ဒီလိုအျဖစ္ဆိုးမ်ိဳးနဲ႔ မႀကဳံရပါေစနဲ႔
သားေလးေရ။

သက္တန႔္ေႏြ