” တိုက်ဆင် “(စ/ဆုံး)

Unicode Version

” တိုက်ဆင် “(စ/ဆုံး)
—————————-
ယနေ့လုပ်မည့်အစီအရင်သည် ဆရာပြားအတွက် ပထမဆုံးစမ်းသပ်မှ ဖြစ်သလို အကြီးကျယ်ဆုံးသော စွန့်စားမှုကြီးလည်း ဖြစ်လေ၏။
ပြီးတော့ – ဒီနေ့အစီအရင်သည် သူများအတွက်လုပ်ပေးရခြင်းမဟုတ်။ အလုပ်အပ်သူရှိ၍စီရင်ပေးရသောအစီအရင်မဟုတ်။ ဆရာပြားကိုယ်တိုင်၏
ကိုယ်ကျိုးအတွက်လုပ်ဆောင်ရခြင်းဖြစ်သည်။တစ်နည်းအားဖြင့်အရေးကြီး
သည်ဟု ဆိုရမည်။
ဆရာပြားသည် အောက်လမ်းဆရာတစ်ဦး ဖြစ်သည့်အားလျော်စွာ အလုပ်အပ်သူရှိပါကငွေမြိုးမြိုးမြက်မြက်ရလျှင် ဘယ်သူ့မျက်နှာမှမထောက် ထား။ ငွေပေးသူအလိုရှိသည့်အတိုင်း အစီအရင်များကိုအောက်လမ်းပညာ ဖြင့်ဆောင်ရွက်ပေးစမြဲဖြစ်သည်။ လင်ကွာမယားကွာကိစ္စ၊ လင်လိုချင်မယား လိုချင်သည့်ကိစ္စ၊ စာမေးပွဲအောင်ရန်၊ ရာထူးတက်ရန်၊ စကားအောင်ရန်၊ အမှုနိုင်ရန်ကိစ္စများလောက်တော့ ဆရာပြားတို့အတွက် ထမင်းစား ရေ

သောက်မျှသာ ဖြစ်သည်။ တရားသည့်ဘက်၊ မတရားသည့်ဘက်ကို ဆရာ ပြားက မတွေး။ ငွေပေးသူဘက်ကလိုက်၍ အစီအရင်တွေလုပ်ပေးသည်။ ဆရာပြားလုပ်ပေးသည့် အစီအရင်များသည် အောက်လမ်းနည်းပီသ စွာ အတော်ပင်ညစ်ပတ်စုတ်ပဲ့လှပေသည်။ မိမိ စကားအောင်နိုင်လိုသူ တစ်ဦးက ဆရာပြားကိုငွေပေး၍ အစီအရင်လုပ်ခိုင်းလျှင် ဆရာပြားက အလုပ်အပ်သူ၏မတော်ရာနေရာမှအမွေးအမှင်ကိုတောင်းကာ မီးရှို့ ပြာချ၍ မန်းမှုတ်စီရင်ပေးသည်။ ထိုပြာကို မိမိနိုင်လိုသူ၊ စကားအောင်လိုသူအား အစားအစာထဲတွင်ထည့်၍ကျွေးစေသည်။
ထိုနည်းနှင်နှင် ညစ်ပတ်စုတ်ပဲ့နုံနဲ့သော နည်းပေါင်းများစွာကို ဆရာ ပြားက တတ်ကျွမ်းထားလေသည်။
ဆရာပြား၏အစီအရင်များသည် အောင်မြင်၍ပဲလားတော့မသိ။ ဆရာ ပြားကို လာ၍အကူအညီတောင်းသူ များလှပေသည်။ ယနေ့လုပ်မည့်အစီအရင်ကတော့အခြားသူအတွက်မဟုတ်။ ဆရာပြားကိုယ်တိုင်အတွက် ဖြစ်သည်။
အစီအရင်ပြုလုပ်ရန် ရာသီဥတုအခြေအနေကလည်း ပေးနေလေပြီ။ မိုးဦးကျအချိန် လေရော၊ မိုးရော ပြင်းထန်စွာဝင်ရောက်လာသည့်ရာသီ၊ အနောက်တောင်ဆီက တိမ်ခိုးတိမ်တိုက်များက မှောင်ညှို့ကာ အုံ့ဆိုင်းနေ လေပြီ။
ယခုလုပ်မည့် အောက်လမ်းနည်းကမိုးကာလမှာလုပ်မှသာအဆင်ပြေ
အောင်မြင်မည် မဟုတ်ပါလား။
ချမ်းသာ – ဘုရားသာ တ,နေပေတော့ ဟေ့။
ဟား-ဟား-ဟား-
ဆရာပြားက ဦးချမ်းသာ အိမ်ဘက်သို့လှည့်၍ကြိမ်းဝါးလိုက်လေတော့သတည်း။
နေနှင့်ဦးပေါ့- ချမ်းသာရယ်။

ဦးချမ်းသာ၊ ဆရာပြားကို မယုံကြည်သူ ဦးချမ်းသာ။
တကယ်တော့ – ဦးချမ်းသာနှင့် ဆရာပြားသည် တစ်ရပ်တည်းသား။ သက်တူရွယ်တူများ ဖြစ်သည်။ ဆရာပြားက ခြောက်တန်းနှင့်ကျောင်းထွက် ပြီးဗိန္ဓောအတတ်၊ဆေးအတတ်၊ဗေဒင်အတတ်၊လက်ဖွဲ့မန္တန်အတတ်များကို ဆရာကြီးဆီမှာ သင်ကြားခဲ့သည်။ ချမ်းသာကတော့ ပညာဆက်သင်၍ ဘွဲ့ တစ်ခုရသွားသည်။
ဘွဲ့ရခါစမှာတော့ ချမ်းသာသည်ယခုလောက်မတိုးတက်၊ မကောင်းစား သေး။ အသက်လေးဆယ်ကျော်မှ ကောင်းစားလာခြင်းဖြစ်သည်။
ထုံးစံအတိုင်း ဆရာပြားဆိုတာကတစ်ရပ်လုံး၊ တစ်မြို့လုံးရဲ့အားကိုးရာ မဟုတ်လား။ ကြွယ်ဝချမ်းသာသူ၊ ရာထူးရာခံရှိသူမှန်သမျှ ဆရာပြားနှင့် ကင်းသူမရှိ၊ အနည်းဆုံး ဆရာပြားထံမှာ အဆောင်လက်ဖွဲ့လေးလောက် တော့လာလုပ်စမြဲ။ ဆရာပြားကလည်းလူအခြေအနေကိုလိုက်၍အားလုံးကို ကူညီသည်။ အောက်လမ်းနည်းနဲ့ စီရင်ပေးရမည့်ကိစ္စရှိလျှင်လည်းငွေမြိုးမြိုး မြက်မြက်သာပေး။ ထိရောက်အောင် လုပ်ပေးသည်။
ဦးချမ်းသာ ကောင်းစားလာတော့လည်း ဆရာပြားက ဦးချမ်းသာကို မျှော်လင့်မိသည်။
သို့သော် – သူ ထင်သလို ဦးချမ်းသာက သူ့ဆီက ဘာအကူအညီမှ လာ၍ မတောင်းခံခဲ့ပေ။

ဦးချမ်းသာမလာတော့လည်း ဦးချမ်းသာရှိရာကို ဆရာပြားက သွားခဲ့ပါ
“ကိုချမ်းသာရေ- ကျုပ် အိပ်မက်တွေမကောင်းလို့ ခင်ဗျားကို သတိပေး ရအောင် လာခဲ့တာပဲဗျာ”
ဆရာပြားကလည်သည်။ ဦးချမ်းသာ သူ့ဆီက အကူအညီတောင်းစေဖို့ သူကပဲ စေတနာနှင့်လာ၍ သတိပေးသယောင် လုပ်ကွက်ဆင်သည်။ “ဟင် -ကိုပြား၊ ဘာများလဲဗျ”
ဦးချမ်းသာဆီက အခေါ်အဝေါ်ကြားကတည်းက ဦးချမ်းသာအပေါ် မကြည်မလင်ဖြစ်ခဲ့ခြင်း ဖြစ်သည်။ တစ်ရပ်လုံး၊ တစ်ရွာလုံးက “ဆရာပြား-

ဆရာပြား”နဲ့ခေါ်နေတာကိုသူက“ကိုပြား”တဲ့လေ။ ရှိစေတော့ – ငယ်သူငယ် ချင်းမို့လို့ ဆရာမခေါ်ချင်တာ ထင်ပါရဲ့။
“ညကကျုပ်အိပ်မက်မက်တယ်။ ခင်ဗျားကိုခွေးကိုက်လို့တဲ့၊ ခွေးကိုက် တဲ့အိပ်မက်ဟာမကောင်းဘူးဗျ။ ခင်ဗျားရဲ့လုပ်ငန်းတွေမှာအနှောင့်အယှက် ရှိလာနိုင်တယ်။ စည်းစိမ်ပြုတ်တဲ့အထိ ဖြစ်နိုင်တာမျိုးဗျ။ ဒါကြောင့်- ကျုပ် ခင်ဗျားကို အကူအညီပေးစရာရှိ ကူညီနိုင်အောင် ပြေးလာခဲ့တာပဲ” ဆရာပြားမျှော်လင့်သလို ဦးချမ်းသာဆီကအားကိုးတကြီးတောင်းခံမှု
ကိုမရလိုက်ပေ။
“အိပ်မက်ပဲဗျာ – ဘာဆန်းသလဲ။ အိပ်မက်ကြောင့် လူထိခိုက်ရမယ်ဆို တာတော့ မဟုတ်သေးပါဘူး”
“ဒီလို ဘယ်ဟုတ်မလဲဗျ။ ဘေးဆီးရန်ကာ လုပ်တန်တာလုပ်ထားဖို့ လိုတာပေါ့။ ခုဆို- ကိုချမ်းသာက နာမည်နဲ့လိုက်အောင် ချမ်းသာနေပြီဆို တော့ ရှိတဲ့စည်းစိမ် မယုတ်လျှော့အောင် ပိုပြီးတိုးပွားအောင် ဆိုင်ရာပိုင်ရာ တွေကို အပ်ပြီး”

“ကျုပ်- ဒါတွေ အယုံအကြည်မရှိပါဘူးဗျာ”
ဆရာပြားစကားမဆုံးခင်ဘဲ ဦးချမ်းသာက ခါးခါးသီးသီးငြင်းဆန်လိုက်
“လူဆိုတာ ကိုယ်ကြိုးစားရင် ကြိုးစားသလို အကျိုးခံစားရမှာပဲ။ ဘယ် နတ်သိကြားကမှ လာပေးတာလည်း မဟုတ်ဘူး။ ကျုပ် ဘုရားတရားကိုပဲ ကိုးကွယ်ရာလို့ မှတ်တယ်။ ဘာ – ယတြာ၊ အဆောင်လက်ဖွဲ့မှလည်း ကျုပ် အယုံအကြည်မရှိဘူး- ကိုပြား”
ဦးချမ်းသာစကားကြောင့် ဆရာပြား တော်တော်တင်းသွားသည်။ နောက်ဆုံးအနေနဲ့ လေပြည်ထိုးကြည့်ခဲ့သေးသည်။
“ကျုပ်က စေတနာနဲ့ပါဗျာ၊ အိပ်မက်ထဲမှာ ခွေးကိုက်တယ်ဆိုတာလူကို ကံနိမ့်စေတတ်လို့ ကူညီမလို့ပါဗျ”
“အိပ်မက်က ဘဝကို မစိုးမိုးနိုင်ပါဘူးဗျာ။ တကယ်လို့ ခွေးကိုက်ခံရတဲ့ အိပ်မက်ဟာ မကောင်းဘူးဆိုရင်လည်း ဒီအိပ်မက်ကို ကျုပ်မက်တာမှ

မဟုတ်ဘဲဗျ။ ခင်ဗျား မက်တာပဲ၊ ကံဆိုးစရာရှိ ခင်ဗျားပဲဆိုးမှာမဟုတ်လား။ ကျုပ်နဲ့ မဆိုင်ဘူးထင်ပါရဲ့ဗျာ”
“ဟင်”
ဦးချမ်းသာစကားကြောင့် ဆရာပြားသည် နှုတ်ဆက်စကားပင်မပြော တော့ဘဲထိုင်ရာမှ ငေါက်ခနဲထထွက်လာလိုက်လေ၏။
ချမ်းသာ- ချမ်းသာ၊ငါကသူ့ဘဝကိုပိုကောင်းအောင်ကူညီဖို့လုပ်တာကို သူကစော်ကားမော်ကားလုပ်တယ်။ ငါ့ကိုအားမကိုးချင်တဲ့အကောင်၊ သိကြ သေးတာပေါ့ကွာ။ကိုယ်- ဘယ်လိုကြိုးစားကြိုးစားကံမကောင်းတဲ့အချိန်မှာ ဒုက္ခတွေ့တတ်တယ်ဆိုတာကို သင်း – ကောင်းကောင်းသိသွားစေရမယ်။ နေနှင့်ဦးပေါ့ ချမ်းသာရယ်…
သည်လိုနှင့်- ဆရာပြားသည်ဦးချမ်းသာကိုပညာပေးရန်စီစဉ်နေခြင်းပဲ ဖြစ်လေသည်။
ဦးချမ်းသာကို သူ တတ်ကျွမ်းသည့် အောက်လမ်းပညာသုံး၍ ပညာ ကောင်းကောင်းပေးရမည်။ ချမ်းသာတစ်ယောက် နောင်တလုံးလုံးရသွား စေမည်။ နောက်ဆုံးမှာသူ့ဆီရောက်လာပြီးအကူအညီတောင်းခံတောင်းပန် စေရမည်။
ဦးချမ်းသာကိုပညာပေးရာတွင် အစီအရင်လုပ်ဖို့အတွက်လည်းလိုအပ် သည့်ကုန်ကြမ်းပစ္စည်းတွေ စုဆောင်းထားပြီးပြီ။
ဆရာပြားက သူ စုဆောင်းထားသည့်ပစ္စည်းများကို ပြန်စစ်ဆေးလိုက်
သက်ရှိခရု (၄)ကောင်၊ သက်ရှိလိပ်ပြာ (၂)ကောင်၊ သက်ရှိတီကောင် (၂)ကောင်၊ သက်ရှိပိုးစုန်းကြူး (၂)ကောင်နှင့် ငါးသလောက်အရိုး (၂) ချောင်း၊ သင်္ချိုင်းကုန်းကလတ်လတ်ဆတ်ဆတ်သေထားတဲ့ အပျိုမရဲ့မြေပုံ

က ဖဲ့ယူလာတဲ့ မြေကြီးခဲတစ်ခဲ။ ပြီးတော့ – နွားမပေါက်ထားသော သေး
တစ်ခွက်။
ဆရာပြား၏ဆရာကြီးသည်ဆရာပြားကိုပညာကုန်သင်ပေးခဲ့ပါသည်။ မိမိအလိုရှိရာကို ဖြစ်အောင်လုပ်နိုင်သည့် အောက်လမ်းအစီအရင်များ အားလုံးကို မခြွင်းမချန် သင်ပေးခဲ့သည်။
ဆရာပြားကလည်းဆရာကြီးသင်ပေးခဲ့သည့်အောက်လမ်းနည်းများကို
အသုံးပြုကာ စီးပွားရှာစားခဲ့သည်။
ဆရာပြားသည် ဆရာကြီးသင်ပေးခဲ့သည့် ပညာများကိုအသုံးချသည့် အခါတိုင်း အောင်မြင်ခဲ့လျှင် စာနှင့်မှတ်တမ်းတင်၍ ရေးမှတ်ထားလေ့ရှိ သည်။
ဦးချမ်းသာကို ပညာပေးမည့် ယခုလုပ်မယ့် အစီအရင်ကိုတော့ ဆရာ ပြားတစ်ခါမျှ မစမ်းသပ်ရသေးပေ။
မိုးကြိုးပစ်အောင်လုပ်နည်းကိုဆရာကြီးကနှုတ်ဖြင့်ပြောပြသင်ပေးခဲ့ပါ
သည်။ မိုးကြိုးပစ်အောင်လုပ်ဖို့ကိုလည်း အကူအညီတောင်းခံသူမရှိ၍ ဆရာ ပြား မစမ်းသပ်ခဲ့ဘူးခြင်းဖြစ်သည်။ ဘယ်သူကမှလည်း မိုးကြိုးပစ်အောင် လုပ်ပေးပါဟု အကူအညီ တောင်းခံမည်မဟုတ်ပေ။
ခုတော့ – ဦးချမ်းသာကို ပညာပေးမည့်အစီအစဉ်မှာ မိုးကြိုးပစ်အောင် လုပ်ရပေတော့မည်။
ဦးချမ်းသာ၏လုပ်ငန်းများစွာထဲတွင် ဆီများသိုလှောင်ခြင်းသည်လည်း တစ်ခုအပါအဝင်ဆိုတာ ဆရာပြားသိသည်။ ဆီဆိုရာတွင် ဓာတ်ဆီလှောင် ခြင်းဖြစ်သည်။ ဦးချမ်းသာအိမ်နောက်ဖေးက ဂိုဒေါင်ထဲမှာ ဓာတ်ဆီတွေ ထည့်လှောင်ထားတာကို တစ်ရပ်လုံးက သိသည်။ ဆရာပြားလည်း သိတာပေါ့။
သင်းရဲ့ဓာတ်ဆီတွေကိုမိုးကြိုးပစ်လိုက်ရင် ဓာတ်ဆီသာမကတစ်အိမ်
လုံး မီးလောင်တိုက်သွင်းပြီးသား ဖြစ်မယ်ဆိုတာကို ဗေဒင်မေးစရာပင်မလို။

ဟင်း – ဟင်း – ပညာတက်ပေးမယ့် အစီအစဉ်မှာ လူသေအောင်လုပ်ဖို့ မရည်ရွယ်ပါဘူး။ ဒီကောင့်ပစ္စည်းတွေ ဆုံးရှုံးရုံလောက်ပါ။ ပစ္စည်းတွေ မီး လောင်တာနဲ့ ဒီကောင် နောင်တရပြီး ငါ့ဆီရောက်လာမှာ မြင်ယောင်သေး တယ်။ ဒီတော့မှ -ငါ သတိပေးပါလျက်နဲ့ စောစောကတည်းက အကူအညီ မတောင်းရကောင်းလားဆိုပြီး အထက်စီးကနေ ကောင်းကောင်းပြောပစ် လိုက်ဦးမယ်။
နေနှင့်ဦးပေါ့ – ချမ်းသာရယ်၊

အစီအရင်လုပ်ဖို့ရာသီဥတုအခြေအနေကလည်းပေးနေပြီ။ဟုတ်သည်၊ သည်အစီအရင်ကိုမိုးကာလမှာသာ လုပ်လို့ရတယ်လို့ ဆရာကြီးကသေချာ မှာကြားသွားခဲ့သည်။ ဟုတ်တာပေါ့- မိုးကြိုးပစ်အောင်လုပ်တယ်ဆိုမှတော့ မိုးရာသီမှသာ ဖြစ်မှာပေါ့။
“မလုပ်ကောင်း၊ မလုပ်အပ်တဲ့ အရာကိုလုပ်ရင် မိုးကြိုးပစ်တတ်တယ် ဆိုတာတပည့်ကြီး သိတယ်မဟုတ်လားကွဲ့။ မဖွယ်မရာအလုပ်၊ သဘာဝကို အံတုဖက်ပြိုင်တဲ့အလုပ်ကို လုပ်လို့ သဘာဝတရားရဲ့ ဒဏ်ခတ်ခံရခြင်း တစ်မျိုးပဲ။ မိုးကြိုးပစ်အောင်လုပ်နည်းဟာလည်း ဒီလိုသဘောတရားမျိုး ပဲပေါ့။ သဘာဝတရားကို တုပပြီး အံတုဖက်ပြိုင်ပြီး မိုးကြိုးကို ညှို့ငင်ခေါ်ယူ တာပဲ”
ဆရာကြီးက မိုးကြိုးပစ်အောင်လုပ်နည်းကို နည်းနာနိဿယစုံလင် အောင် သင်ကြားပေးခဲ့ပါသည်။
“ရွှံ့နဲ့ ဆင်ရုပ်တစ်ရုပ်ကို အရင်လုပ်ရမယ်။ ဆင်ရုပ်မှာ နှာမောင်း မပါရ ဘူး၊ အမြီး မပါရဘူး၊ နားရွက် မပါရဘူး၊ အစွယ် မပါရဘူး၊ အဲဒီအင်္ဂါအစိတ် အပိုင်းတွေမပါပေမဲ့လိုတဲ့အစိတ်အပိုင်းတွေနေရာမှာတကယ့်ဆင်သဏ္ဌာန် မျိုးဖြစ်အောင် အသက်ရှိတဲ့ အရာတွေကို တပ်ဆင်ရမယ်ကွဲ့”
“ဆင်ရုပ်လုပ်တဲ့ရွံ့ဟာလည်း ရိုးရိုးမြေကြီးကရွှံ့မဖြစ်စေရဘူး။ သင်္ချိုင်း ကုန်း လူသေကို မြှုပ်ထားတဲ့မြေပုံက မြေကြီးခဲကိုဖျော်ထားတဲ့ ရွှံ့ ဖြစ်ဖို့လို တယ်။ မြေပုံဟာလည်း ရိုးရိုးလူသေမြှုပ်တဲ့မြေပုံ မဖြစ်စေရဘူး။ တစ်ပတ် အတွင်းမှာသေတဲ့ အပျိုမရဲ့ မြေပုံဖြစ်ဖို့လိုတယ်။ အစီအရင်လုပ်မယ့်နေ့ မတိုင်မီ တစ်ပတ်အတွင်းမှာသေတဲ့ အပျိုစင်မိန်းကလေးရဲ့မြေပုံက မြေစိုင် ခဲကို လပြည့်ညသန်းခေါင်ယံအချိန်မှာ သင်္ချိုင်းထဲသွားပြီး ဖဲ့ယူရမယ်”
ဆရာကြီးက ဆက်လက်မိန့်ကြားခဲ့သည်မှာ သင်္ချိုင်းမှဖဲ့ယူလာသော မြေကြီးခဲကို အစီအရင်လုပ်မည့်နေ့တွင် နွားမ ပေါက်သောသေးဖြင့် ရွှံ့ဖြစ် သည်အထိ နယ်ရမည်။ ဤနေရာတွင် သတိထားရန်မှာ နွားသေးဆိုတိုင်း မရ။ နွားထီးပေါက်သော သေးမဟုတ်၊ နွားမပေါက်သောသေးဖြစ်ဖို့ လိုပေ သည်။
နွားမသေးဖြင့် နယ်ပြီး၍ရွံ့ဖြစ်သွားသည့်အခါလူကြီးလက်တစ်ထွာခန့်
အမြင့်ရှိသည့် ဆင်ရုပ်လုပ်ရမည်။ ဆင်ရုပ်တွင် နှာမောင်း၊ အစွယ်၊ အမြီး၊ နားရွက်များ မပါရ။ လိုအပ်သော အင်္ဂါအစိတ်အပိုင်းနေရာများတွင် ထည့်ရန် သတ္တဝါအချို့နှင့် ပစ္စည်းပစ္စယများကို ကြိုတင်စုဆောင်းထားရမည်တဲ့။
ဆရာပြား စုဆောင်းထားပြီးဖြစ်သော သက်ရှိခရု (၄)ကောင်၊ သက်ရှိ လိပ်ပြာ (၂)ကောင်၊ သက်ရှိပိုးစုန်းကြူး (၂)ကောင်နှင့် ငါးသလောက်အရိုး (၂)ချောင်းတို့ပဲ ဖြစ်ပါ၏။
ဆရာပြားသည် မိုးရွာတော့မည့်ရာသီဥတုအခြေအနေကိုကောင်းကင် သို့မော့ကြည့်ပြီး သူ၏အောက်လမ်းအစီအရင်ကို စတင်လေသည်။ နေနှင့်ဦးပေါ့- ချမ်းသာရယ်။
ဆရာပြားက သင်္ချိုင်းက ဖဲ့ယူလာတဲ့အပျိုမမြေပုံကမြေစိုင်ခဲကိုအသင့် ဆောင်ထားတဲ့ နွားမသေးများဖြင့် လောင်းကာ နယ်လိုက်သည်။ ရွှံ့အဆင့် ရောက်ပြီး လိုရာပုံသွင်းလို့ရသည်တွင် ဆင်ရုပ်ကိုလုပ်တော့သည်။ ဆရာပြားလုပ်သည့် ဆင်ရုပ်သည် အမြီး၊ နှာမောင်း၊ မျက်စိ၊ နားရွက် နေရာများတွင် ဗလာဟင်းလင်းဖြင့် ပြီးစီးသွားလေ၏။
ဗလာဖြစ်နေသောအင်္ဂါအစိတ်အပိုင်းများကိုတော့စုဆောင်းထားသည့်
အရာများနှင့် ဖြည့်ဆည်းရမည် ဖြစ်ပါသည်။
“နှာမောင်းနေရာမှာ တီကောင်တစ်ကောင်ကိုရွှံ့ထဲနှစ်ထည့်ရမယ်ကွဲ့။
အမြီးနေရာမှာလည်းတီကောင်တစ်ကောင်ကိုထည့်ရမယ်။ နှာမောင်းအဖြစ် ထားမယ့်တီကောင်ကပိုကြီးပြီးအမြီးနေရာကတီကောင်ကတော့ ခပ်သေး သေးပေါ့ကွယ်။ တကယ့်ဆင်ရဲ့အချိုးအစားမျိုးအတိုင်းဖြစ်အောင် တီကောင် နှစ်ကောင်ကို ချင့်ချိန်ပြီး ထည့်ရမှာပေါ့”
ဆရာပြားက ဆရာကြီးစကားအတိုင်း နှာမောင်းနေရာတွင် တီကောင် ခပ်တုတ်တုတ်အကြီးကိုထည့်ကာ ရွှံ့ ဖြင့်ကပ်နေအောင် ပိတ်လိုက်သည်။

နှာမောင်းနေရာတွင် ရောက်ရှိသွားသော တီကောင်အရှင်သည် လှုပ်တုပ် လှုပ်တုပ်ဖြင့် တကယ့်နှာမောင်းအလား လှုပ်ရှားနေပေသည်။ နောက်ထပ် တီကောင်အသေးကိုတော့ အမြီးနေရာတွင်ထည့်လိုက်၏။ အမြီးနေရာမှ တီကောင်ကလည်းလှုပ်ရှားကာ တကယ့်အမြီးလေးယမ်းနေသည့်သဖွယ်
ရှိလေ၏။
“နားရွက်အဖြစ်တော့ လိပ်ပြာနှစ်ကောင် ရှာထားဖို့လိုတယ်။ လိပ်ပြာ အတောင်ပံဟာ ဆင်ရဲ့နားရွက်ပဲပေါ့။ သက်ရှိဆင်တစ်ကောင်ရဲ့ နားရွက် တွေလှုပ်ရှားနေသလိုဖြစ်ဖို့လိပ်ပြာရဲ့အတောင်ပံကိုနုတ်မယူရဘူး။
လိပ်ပြာကောင်ရဲ့ကိုယ်ကိုရွှံ့ထဲမှာတစ်ဝက်မြုပ်အောင် သွင်းထားပေတော့။ ဒါမှသာ မသေသေးတဲ့ လိပ်ပြာရဲ့အတောင်ပံဟာလှုပ်ရှားနိုင်မှာဖြစ်လို့ နားရွက်ဟာ လည်းလှုပ်ရှားနေလိမ့်မယ်”
ဆရာပြားက နားရွက်အဖြစ် အသုံးပြုမည့် လိပ်ပြာနှစ်ကောင်ထဲမှ တစ်ကောင်ကိုအုပ်ဆောင်းအောက်မှ ဖမ်းယူလိုက်သည်။ ဆင်၏ညာဘက် နားရွက်အဖြစ် အသုံးပြုမည့်လိပ်ပြာ၏ ဘယ်ဘက်အတောင်ပံကို ဆွဲဖြုတ် ပစ်လိုက်သည်။
ထို့နောက် လိပ်ပြာ၏ကိုယ်ထည်အား ဆင်နားရွက်ရှိရမည့်နေရာတွင် ရွှံ့ထဲသို့ နှစ်၍ကပ်လိုက်လေ၏။
နောက်တစ်ကောင်ကိုလည်း ညာဘက်အတောင်ပံဆွဲဖြုတ်ကာ ဘယ် ဘက်နားရွက်အဖြစ် ရွှံ့ထဲတစ်ဝက်တစ်ပျက် မြှုပ်ထားလိုက်လေသည်။ မသေသေးသောလိပ်ပြာနှစ်ကောင်ခမျာရွှံ့ထဲတွင်ကပ်မိရင်း ရုန်းကန် နေကြရာ အတောင်ပံနှစ်ဖက်သည် တဖျတ်ဖျတ်ခါလျက် ရှိကြလေသည်။ ထိုအဖြစ်သည်ပင် ဆင်၏ နားရွက်များ လှုပ်ယမ်းနေသကဲ့သို့ ရှိချေ၏။ ဆရာပြားက ဆင်စွယ်နေရာတွင် ငါးသလောက်အရိုးနှစ်ချောင်းကို တစ်ဖက်တစ်ချက်စီ ထိုးစိုက်လိုက်လေသည်။
ထို့နောက် – ပိုးစုန်းကြူးနှစ်ကောင်ကို မျက်လုံးနေရာတွင် ကပ်လိုက် လေ၏။ ပိုးစုန်းကြူး၏ အရွယ်အစားသည် တစ်ထွာခန့်အမြင့်ရှိသော ဆင်

ကိုယ်လုံးပေါ်တွင် သက်ရှိဆင်၏ သေးငယ်သော မျက်လုံးလေးများသဖွယ် မြှုပ်၍နေလေတော့သတည်း။
ဆင်တစ်ကောင်လုံးကား တစ်ကယ့်သက်ရှိဆင်တစ်ကောင်သဖွယ် စီရင်ပြီးစီးသွားပေပြီ။
“တပည့်ကြီး – စဉ်းစားကြည့်စမ်း၊ ရွှံ့ရုပ်ဆင်ဟာ နားရွက်လေးတဖျတ် ဖျတ်၊ နှာမောင်းလေးတလှုပ်လှုပ်၊ အမြီးလေးတယမ်းယမ်း၊ ပြီးတော့ – မျက် လုံးလေးကလည်း မှိတ်တုတ်မှိတ်တုတ်နဲ့ တကယ့်ဆင်တစ်ကောင်နဲ့ ဘယ် လောက်တူမလဲဆိုတာ”
ဆရာကြီးစကား မှန်လှပါပေသည်။ ဆရာပြားလုပ်လိုက်သော ဆင်ရုပ် သည် တကယ့်သက်ရှိဆင်သဖွယ် အသက်ဝင်နေသည်မှာ ဆရာပြား မျက်မြင် ဖြစ်နေပြီ။
“ဒီကြားထဲ ဆင်က လမ်းထလျှောက်ဦးမယ်ဆိုတော့ ဒါဟာ သဘာဝ တရားကို အံတုဖက်ပြိုင်တဲ့နေရာမှာ ထိပ်တန်းပေါ့ကွယ်”
“ဗျာ-လမ်းလျှောက်မယ် ဟုတ်လား။ လမ်းလျှောက်အောင် ဘယ်လို လုပ်မှာလဲ ဆရာကြီးရယ်”
“ဟဲ-ဟဲ-လွယ်ပါတယ် တပည့်ကြီးရဲ့။ ဆင်ရဲ့ ခြေထောက်လေးဖက် အောက်မှာ ခရုလေးကောင်ကို ခံပေးလိုက်ရုံပေါ့”
“ဗျာ”
“ဒီအစီအရင်ကို မိုးကာလမှာလုပ်ရတာ အကြောင်းရှိတယ်ကွဲ့။ ခြေ ထောက်တစ်ချောင်းစီအောက်မှာ ခရုတစ်ကောင်စီ မြှုပ်ထားမယ်လေ။ ခရု တွေကမိုးရွာလို့အခွံထဲကထွက်လာပြီး ရွေ့လျားသွားလာကြမယ်။ အဲဒီအခါ မှာ ခရုပေါ်က ဆင်ရုပ်ဟာလည်း ခရုတွေနဲ့အတူ ရွေ့လျားပြီးတရွေ့ရွေ့လမ်း ထလျှောက်တော့မှာပေါ့ကွဲ့-ဟဲ-ဟဲ”
“ဟုတ်လိုက်လေ – ဆရာကြီးရယ်”
ဆရာပြားက မိုးကြိုးပစ်အစီအရင်ကို ဖန်တီးရင်း သွားလေသူဆရာကြီး ၏စကားကို ကြားယောင်နေမိလေသည်။

ဆရာပြားသည်နောက်ဆုံးအနေဖြင့်ခရုလေးကောင်ကိုယူကာ ဆင်ရုပ် ၏ခြေထောက်လေးဖက်တွင် တစ်ဖက်လျှင် တစ်ကောင်စီမြှုပ်လိုက်လေ၏။ ခရုများထွက်ပေါ်လာမည့် ခရုခွံအဝကို အောက်ဘက်တည့်တည့်တွင်ကျ အောင် အသေအချာ မြှုပ်နှံလိုက်ခြင်းဖြစ်ပါသည်။ ခရုလေးကောင်ကတော့ အခွံထဲတွင်အောင်းကာ ထိပ်အဝကို အကြေးခွံဖြင့် ပိတ်ထားလျက်သား ရှိနေလေသည်။ ကိစ္စမရှိ၊ မိုးရွာလာသည်နှင့်ခရုများသည် သူ့သဘာဝအတိုင်း ခေါင်းပြူ၍ထွက်လာလိမ့်မည်။ လမ်းထွက်လျှောက် ကြလိမ့်မည်။
“အဲဒီလို သဘာဝကို အံတုဖက်ပြိုင်ပြီး မဖွယ်မရာလုပ်ထားတဲ့ဆင်ကို မိုးရွာထဲမှာသာ လွှတ်ပေးလိုက်၊ မိုးကြိုးကြီး ကျိန်းသေပစ်ကရောပေါ့ ကွယ်”
“မိုးကြိုးက ဘာကိုပစ်မှာလဲ ဆရာကြီး”
“ဆင်ရုပ်ကိုပေါ့ကွ၊ မလုပ်ကောင်းလုပ်ကောင်းမဖွယ်မရာလုပ်ထားတဲ့ ဆင်ရုပ်က သဘာဝတရားကိုအံတုဖက်ပြိုင်တဲ့အတွက်မိုးကြိုးပစ်ပြီးအဆုံးမ ခံရမှာပေါ့ကွ”
ဆင်ရုပ်အစီအရင်ကိုမလိုအပ်သည့်အတွက်ဆရာပြား၏အောက်လမ်း ဆရာသက်တမ်းတစ်လျှောက် တစ်ခါမျှ မစမ်းသပ်ခဲ့ဘူးပေ။ ယခုတော့ – ဦးချမ်းသာကို ဆုံးမလိုသည့်အတွက် စမ်းသပ်ဖြစ်ပေပြီ။
ဒီဆင်ရုပ်ကို မိုးရွာတဲ့အချိန်မှာ ချမ်းသာအိမ်နောက်ဖေးက ဂိုဒေါင်နဲ့ နီးတဲ့နေရာမှာ သွားချထားရမယ်။ ဒါမှ မိုးကြိုးလည်းပစ်၊ သင်း – လှောင်ထား တဲ့ဓာတ်ဆီတွေလည်း မီးလောင်၊ သင်းအိမ်ကို မီးကူး။ မှတ်ကရောဟဲ့- ဒီလိုလုပ်မှ ချမ်းသာဆိုတဲ့ကောင် ငါ့ကို အားကိုးလာမှာ။
နေနှင့်ဦးပေါ့ – ချမ်းသာရယ်။
ညနေစောင်းအချိန်။
လေရိပ်မိုးရိပ်များက ကောင်းကင်အနှံ့ အုံ့ဆိုင်းမှိုင်းပျ၍လာချေပြီ။ ဆရာပြား ဆင်ရုပ်အစီအရင်လုပ်ပြီးသည်နှင့် မိုးရွာတော့မည့်အချိန်နှင့်
အံကိုက်ပင်။
မိုးသားမိုးလိပ်များသာမက မိုးခြိမ်းသံများကလည်း တဂျိမ်းဂျိမ်းညံကာ ပတ်ဝန်းကျင်တစ်ခုလုံး မှိုင်းညို့လာလေ၏။
ဆရာပြားက ဆင်ရုပ်ကိုကောက်ယူကာ လွယ်နေကျလွယ်အိတ်ထဲသို့ ခပ်ဖွဖွထည့်လိုက်လေသည်။ ကျိုးကြေမသွားအောင်လည်း လွယ်အိတ်ထဲ သို့ လက်နှိုက်ကာ ကိုင်ထားလေ၏။
သူက မိုးမရွာမီ ဦးချမ်းသာအိမ်နောက်ဖေးသို့ရောက်အောင် ခပ်သုတ် သုတ်ထွက်လာခဲ့လေသည်။
ဦးချမ်းသာအိမ်နောက်ဖေးမှာကွင်ပြင်းကြီးမို့အစီအရင်ကို သွားချရတာ လွယ်လှပေသည်။ ခြံစည်းရိုးကို သံဆူးကြိုးဖြင့်သာ ကာရံထား၍ ခြံတွင်းကို တိုးလျှိုပေါက်မြင်နေရပေ၏။
ဆရာပြားသည် အိမ်နောက်ဖေးတည့်တည့်အရောက်တွင် အိတ်ထဲမှ ဆင်ရုပ်ကိုထုတ်ကာ ဆင်ခေါင်းကို ခြံဝင်းဘက်ဆီ ဦးလှည့်၍ ချထားလိုက် သည်။ ဆရာပြား ဆင်ရုပ်ချလိုက်သည့်နေရာက ဓာတ်ဆီများလှောင်ထား သည့် ဂိုဒေါင်နှင့်တည့်တည့်။
သည်။
ဆင်ဦးခေါင်းကိုလည်း ဂိုဒေါင်ဆီ ဦးတိုက်၍ ချထားလိုက်ခြင်း ဖြစ်
တိုက်ဆင်ရုပ်သည် မိုးရွာ၍ ခရုများခေါင်းပြူထွက်လာသည်နှင့် သံဆူး ကြိုးများအောက်မှဖြတ်သန်းကာ ခြံဝင်းထဲသို့ တည့်တည့်မတ်မတ်ဝင်သွား ပေလိမ့်မည်။
ဆရာပြားသည် ဆင်ရုပ်ကို စိတ်တိုင်းကျနေရာချပြီးသည်နှင့် နေရာမှ ထွက်ခွာလာခဲ့၏။ ဦးချမ်းသာ၏ ခြံနောက်ဖေးသည် လမ်းမ မဟုတ်ဘဲ ကွင်းပြင်ကျယ်ကြီးဖြစ်နေခြင်းသည် ဆရာပြားအတွက် အဆင်သင့်ဖြစ်နေ

ရလေ၏။ သူလုပ်ကိုင်နေသည်ကို ဘယ်သူမျှလည်း မမြင်။ ဆင်ရုပ်အတွက် လည်းဘာအနှောင့်အယှက်မျှမဝင်နိုင်။ မိုးကလည်းမကြာခင်ရွာတော့မည်။ အခုပင် – မိုး၏ ရှေ့ပြေး လေညင်းသုန်သုန်များသည် မိုးဖွားလေးများကို သယ်ယူလာနေပေပြီ။ ကောင်းကင်၌လည်း မှိုင်းညို့ကာ မိုးခြိမ်းသံများညံလို့ နေပေ၏။ တစ်ချက်တစ်ချက် လျှပ်စီးပင်လက်လိုက်ပေသေးသည်။
ဆရာပြားစီရင်ထားသမျှအတွက်သဘာဝပတ်ဝန်းကျင်အခြေအနေက
အဆင်ပြေအောင် ဖန်တီးထားပေးနေပါပကော။ နေနှင့်ဦးပေါ့ ချမ်းသာရယ် –
ဆရာပြားသည် ဦးချမ်းသာ၏ ခြံနောက်မှ ခွာခဲ့ကာ မလှမ်းမကမ်းရှိ ထနောင်းပင်ကြီးအောက်သို့သွားရပ်နေလိုက်သည်။ ထနောင်းပင်ကြီးသည် ကုန်းကမူအမြင့်ပေါ်မှာ ရှိနေ၍ ဦးချမ်းသာခြံကို ကောင်းကောင်းစီးမိုး၍ မြင် နေရပေသည်။
ပြီးတော့ – ဆရာပြားမှာမှန်ပြောင်းပါသေးသည်။ ဖြစ်လာသမျှအပြောင်း အလဲတွေကို ကြည့်မြင်နိုင်ဖို့ ဆောင်လာသော မှန်ပြောင်းပဲဖြစ်ပါသည်။ ဆရာပြား ထနောင်းပင်အောက် ရောက်သည်နှင့် မိုးစ၍ ရွာလေ သည်။
ဆရာပြားက လွယ်အိတ်ကြီးထဲမှ မှန်ပြောင်းကိုထုတ်ကာ ဆင်ရုပ် ချထားရာနေရာသို့ ချိန်၍ကြည့်လိုက်သည်။
ဆင်ရုပ်ကလေးက ချထားခဲ့သည့်အတိုင်း နေရာမရွေ့ တည်ငြိမ်စွာ
ရှိနေဆဲ။
မိုးက တဖြည်းဖြည်း သည်း၍သည်း၍လာချေပြီ။
လျှပ်စီးများလည်းလက်သည်၊ မိုးခြိမ်းသံများလည်းတအုန်းအုန်းညံနေ သည်။ မိုးသည်ရွာနေကျထက်ပိုပြီးသည်းမည်းကာ ရွာနေမှန်းသိသာလှပေ သည်။

ဆရာပြားက မှန်ပြောင်းကိုမျက်စိနှင့်မခွာတမ်းကပ်ကာ ဆင်ရုပ်ဆီသို့ စိတ်ဝင်တစားကြည့်နေခဲ့လေသည်။
ဆရာကြီးသင်ပြခဲ့သည့်နည်းသည် အောင်မြင်ရမည် အမှန်ပင်။ ဆရာကြီးသင်ပေးခဲ့သောအစီအရင်များအားလုံးအောင်မြင်ထမြောက်
သည်ချည်းဖြစ်သည်။
ဒီတစ်ခါလည်း အောက်လမ်းနည်းတစ်ခု၏ အောင်မြင်မှုကို စာဖြင့် ရေးသားမှတ်တမ်းတင်ရပေအံ့။
ဆရာပြား ကြည့်နေစဉ်မှာပင် – ဆင်ရုပ်ကလေးသည် မသိမသာ လှုပ် ရှားသွားသည်ကို တွေ့မြင်လိုက်ရလေသည်။
ဟုတ်ပါရဲ့ – မသိမသာမှ သိသိသာသာ။
ဆင်ရုပ်ကလေးသည် ဆရာပြားဦးတည်ပေးထားခဲ့သည့်အတိုင်းတရွေ့ ရွေ့လှုပ်ကာ သွားနေပေပြီ။ တကယ့်ကို သွားနေပေပြီ။ ဆင်ရုပ်၏လှုပ်ရှားမှု ကတော့နှေးကွေးလှပေသည်။ ဒါလည်း သူခြေထောက်အောက်ကရွေ့လျား နေသော သတ္တဝါများမှာ ခရုကောင်များမို့ ဒီလောက်ပဲ ရွေ့လျားနိုင်ပေမည်။ ခရုများအတွက် ဆင်ရုပ်အလေးချိန်ကို ထမ်းထားရသေးသည် မဟုတ်ပါ
လား။
မိုးကျလာ၍ အခွံထဲမှ ထွက်လာသော ခရုလေးများသည် ဦးတည်ပေး ထားရာအတိုင်း တရွေ့ရွေ့တွားသွားနေကြသည်။
လေးကောင်စလုံးက ဦးချမ်းသာ၏ ခြံဆီသို့ ညီညီညာညာ ဦးတည် ရွေ့လျားနေကြခြင်းပဲ ဖြစ်ပါသည်။
ဆင်ရုပ်ကတကယ့်သက်ရှိဟိုင်းဆင်ကြီးတစ်ကောင်သဖွယ်ဣန္ဒြေကြီး
ရင့်စွာဖြင့် ရွေ့လျားသွားသည်မှာ သံဆူးကြိုးကိုကျော်လွန်၍ ခြံဝင်းထဲသို့ပင် ရောက်ရှိသွားလေပြီ။
မိုးသဲသဲမဲမဲကြီး မရွာမီ ဆင်ရုပ်ကလေး ခြံဝင်းထဲရောက်သွား၍ ဆရာ ပြားက သက်ပြင်းချလိုက်၏။ မိုးရေကြောင့် ဆင်ရုပ်ကလေးမိုးရေထဲပျော်ကျ

ပျက်စီးသွားမှာ စိုးရိမ်ရသည် မဟုတ်ပါလား။ ဆင်ရုပ်ပုံသဏ္ဌာန် မပျက် ယွင်းခင် ဆီဂိုဒေါင်ဆီသို့ ရောက်သွားဖို့ လိုပေသည်။
မှန်ပြောင်းဖြင့် ဆင်ရုပ်လှုပ်ရှားမှုကို မပြတ်ကြည့်နေသော ဆရာပြား၏ ရင်သည် တထိတ်ထိတ်ခုန်လျက်ရှိလေ၏။
မိုးသည်လည်း ပို၍သည်းလာသည်။ လျှပ်စီးများကလည်း မပြတ်တမ်း လက်နေလိုက်သည်မှာ တစ်ခုပြီးတစ်ခု ဆက်ပြီး ဝန်းကျင်တစ်ခုလုံးနေ့ခင်း အလား လင်းထိန်၍နေတော့သည်။

ထိုစဉ်-ကောင်းကင်တစ်ခုလုံး အက်၍ပြိုကျတော့မည့်အလား
ချောက်ချားဖွယ်ကောင်းသောအသံကြီးသည်တအိအိပြိုဆင်းလာလေ၏။ တိုက်ဆင်ရုပ်ကား ဆီဂိုဒေါင်နှင့် တစ်စစ နီးကပ်နေချေပြီ။
လျှပ်စီးများ၊ မိုးခြိမ်းသံများ ဆက်တိုက်မြည်ဟိန်းလိုက်သည်နှင့်အတူ နောက်ဆက်တွဲပါလာသော အသံကြီးအား ကြောက်မက်ဖွယ်ကောင်းလှ
ပေ၏။
ထိုအသံကြီးသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုပင်တုန်ဟည်းသွားစေကာ အဝီစိအထိပင် ထိုးဖောက်သွားသည့်သဖွယ် နက်ရှိုင်းကျယ်လောင်စွာ ထွက်ပေါ်လာလေ၏။
ပစ်ပြီဟဲ့ – ပစ်ပြီ၊ မိုးကြိုးကြီး ပစ်ပြီ။
ဆရာပြားက နှုတ်မှယောင်၍အော်လိုက်မိလေသည်။ ဆရာပြား၏အော်သံအဆုံးမသတ်မီမှာပင်ကောင်းကင်မှကျယ်လောင်
သော အသံနက်ကြီးနှင့်အတူ တစ်စုံတစ်ခုသည် မြေပြင်ပေါ်သို့ ပြင်းထန် လေးလံစွာ ကျဆင်းလာသည့်သဖွယ် ထင်မှတ်လိုက်ရကာ ကမ္ဘာမြေလွှာ တစ်ခုလုံး သိမ့်သိမ့်တုန်ဟည်းသွားလေတော့သတည်း။ မိုးကြိုးကြီးကား အမှန်တကယ်ပင် ပစ်ခဲ့ပါချေပြီ။
မိုးစဲသွားသည်နှင့်မိုးကြိုးပစ်လိုက်သောနေရာသို့လူအများစုပြုံရောက် ရှိလာကြလေသည်။ မိုးကြိုးပစ်လိုက်သော ကွင်းပြင်ထဲဝယ် ထနောင်းပင် အိုကြီးသည် မြေသို့ တုံးလုံးလဲလျက်ရှိလေ၏။
ထနောင်းပင်ကြီးဘေးမှာတော့ –
တစ်ကိုယ်လုံးမီးကျွမ်းကာ မီးသွေးတုံးအဖြစ် အသွင်ပြောင်းသွားသော
လူတစ်ယောက်၏ ခန္ဓာကိုယ်ကို မြင်လိုက်ကြရသည်။

ရပ်သူရွာသားများသည် မီးသွေးတုံးရုပ်အလောင်းကို မြင်သည်နှင့် ဆရာပြားဖြစ်ကြောင်း သိလိုက်ကြသည်။
အလန့်တကြားအော်ဟစ်သံ၊ စုတ်သပ်ညည်းညူသံများဖြင့် စီစီညံသွား
လေ၏။
သဘာဝတရားကို အံတုဖက်ပြိုင်ခြင်း၊ မဖွယ်မရာပြုမူခြင်း၊ မလုပ်သင့် မလုပ်အပ်သောအမှုကို ပြုမူကျင့်ကြံခြင်းတို့ကြောင့် သဘာဝတရားက မိုးကြိုးပစ်ခြင်းဖြင့် တုံ့ပြန်ခဲ့လေပြီ။
သို့သော်- မိုးကြိုးပစ်ခံရသည့်အရာကား မဖွယ်မရာပြုလုပ်စီရင်ထား သော ဆင်ရုပ်ကိုမဟုတ်။
မကြံကောင်း မစည်ရာဖြင့် ပြုမူကျင့်ကြံခဲ့သူထံသို့သာ –
ဆရာပြားခမျာ – တိုက်ဆင်ရုပ် အစီအရင်ဖြင့် မိုးကြိုးအမှန်ပစ်ကြောင်း သူ၏ အောင်မြင်မှုကို စာထက်အက္ခရာတင်၍ ကမ္ပည်းမှတ်တမ်းမရေးထိုး နိုင်ရှာခဲ့ပေ။
ဆောင်းလုလင်

Zawgyi Version

” တိုက္ဆင္ “(စ/ဆုံး)
—————————-
ယေန႔လုပ္မည့္အစီအရင္သည္ ဆရာျပားအတြက္ ပထမဆုံးစမ္းသပ္မွ ျဖစ္သလို အႀကီးက်ယ္ဆုံးေသာ စြန႔္စားမႈႀကီးလည္း ျဖစ္ေလ၏။
ၿပီးေတာ့ – ဒီေန႔အစီအရင္သည္ သူမ်ားအတြက္လုပ္ေပးရျခင္းမဟုတ္။ အလုပ္အပ္သူရွိ၍စီရင္ေပးရေသာအစီအရင္မဟုတ္။ ဆရာျပားကိုယ္တိုင္၏
ကိုယ္က်ိဳးအတြက္လုပ္ေဆာင္ရျခင္းျဖစ္သည္။တစ္နည္းအားျဖင့္အေရးႀကီး
သည္ဟု ဆိုရမည္။
ဆရာျပားသည္ ေအာက္လမ္းဆရာတစ္ဦး ျဖစ္သည့္အားေလ်ာ္စြာ အလုပ္အပ္သူရွိပါကေငြၿမိဳးၿမိဳးျမက္ျမက္ရလွ်င္ ဘယ္သူ႔မ်က္ႏွာမွမေထာက္ ထား။ ေငြေပးသူအလိုရွိသည့္အတိုင္း အစီအရင္မ်ားကိုေအာက္လမ္းပညာ ျဖင့္ေဆာင္႐ြက္ေပးစၿမဲျဖစ္သည္။ လင္ကြာမယားကြာကိစၥ၊ လင္လိုခ်င္မယား လိုခ်င္သည့္ကိစၥ၊ စာေမးပြဲေအာင္ရန္၊ ရာထူးတက္ရန္၊ စကားေအာင္ရန္၊ အမႈႏိုင္ရန္ကိစၥမ်ားေလာက္ေတာ့ ဆရာျပားတို႔အတြက္ ထမင္းစား ေရ

ေသာက္မွ်သာ ျဖစ္သည္။ တရားသည့္ဘက္၊ မတရားသည့္ဘက္ကို ဆရာ ျပားက မေတြး။ ေငြေပးသူဘက္ကလိုက္၍ အစီအရင္ေတြလုပ္ေပးသည္။ ဆရာျပားလုပ္ေပးသည့္ အစီအရင္မ်ားသည္ ေအာက္လမ္းနည္းပီသ စြာ အေတာ္ပင္ညစ္ပတ္စုတ္ပဲ့လွေပသည္။ မိမိ စကားေအာင္ႏိုင္လိုသူ တစ္ဦးက ဆရာျပားကိုေငြေပး၍ အစီအရင္လုပ္ခိုင္းလွ်င္ ဆရာျပားက အလုပ္အပ္သူ၏မေတာ္ရာေနရာမွအေမြးအမွင္ကိုေတာင္းကာ မီးရႈိ႕ ျပာခ်၍ မန္းမႈတ္စီရင္ေပးသည္။ ထိုျပာကို မိမိႏိုင္လိုသူ၊ စကားေအာင္လိုသူအား အစားအစာထဲတြင္ထည့္၍ေကြၽးေစသည္။
ထိုနည္းႏွင္ႏွင္ ညစ္ပတ္စုတ္ပဲ့ႏုံနဲ႔ေသာ နည္းေပါင္းမ်ားစြာကို ဆရာ ျပားက တတ္ကြၽမ္းထားေလသည္။
ဆရာျပား၏အစီအရင္မ်ားသည္ ေအာင္ျမင္၍ပဲလားေတာ့မသိ။ ဆရာ ျပားကို လာ၍အကူအညီေတာင္းသူ မ်ားလွေပသည္။ ယေန႔လုပ္မည့္အစီအရင္ကေတာ့အျခားသူအတြက္မဟုတ္။ ဆရာျပားကိုယ္တိုင္အတြက္ ျဖစ္သည္။
အစီအရင္ျပဳလုပ္ရန္ ရာသီဥတုအေျခအေနကလည္း ေပးေနေလၿပီ။ မိုးဦးက်အခ်ိန္ ေလေရာ၊ မိုးေရာ ျပင္းထန္စြာဝင္ေရာက္လာသည့္ရာသီ၊ အေနာက္ေတာင္ဆီက တိမ္ခိုးတိမ္တိုက္မ်ားက ေမွာင္ညႇိဳ႕ကာ အုံ႔ဆိုင္းေန ေလၿပီ။
ယခုလုပ္မည့္ ေအာက္လမ္းနည္းကမိုးကာလမွာလုပ္မွသာအဆင္ေျပ
ေအာင္ျမင္မည္ မဟုတ္ပါလား။
ခ်မ္းသာ – ဘုရားသာ တ,ေနေပေတာ့ ေဟ့။
ဟား-ဟား-ဟား-
ဆရာျပားက ဦးခ်မ္းသာ အိမ္ဘက္သို႔လွည့္၍ႀကိမ္းဝါးလိုက္ေလေတာ့သတည္း။
ေနႏွင့္ဦးေပါ့- ခ်မ္းသာရယ္။

ဦးခ်မ္းသာ၊ ဆရာျပားကို မယုံၾကည္သူ ဦးခ်မ္းသာ။
တကယ္ေတာ့ – ဦးခ်မ္းသာႏွင့္ ဆရာျပားသည္ တစ္ရပ္တည္းသား။ သက္တူ႐ြယ္တူမ်ား ျဖစ္သည္။ ဆရာျပားက ေျခာက္တန္းႏွင့္ေက်ာင္းထြက္ ၿပီးဗိေႏၶာအတတ္၊ေဆးအတတ္၊ေဗဒင္အတတ္၊လက္ဖြဲ႕မႏၲန္အတတ္မ်ားကို ဆရာႀကီးဆီမွာ သင္ၾကားခဲ့သည္။ ခ်မ္းသာကေတာ့ ပညာဆက္သင္၍ ဘြဲ႕ တစ္ခုရသြားသည္။
ဘြဲ႕ရခါစမွာေတာ့ ခ်မ္းသာသည္ယခုေလာက္မတိုးတက္၊ မေကာင္းစား ေသး။ အသက္ေလးဆယ္ေက်ာ္မွ ေကာင္းစားလာျခင္းျဖစ္သည္။
ထုံးစံအတိုင္း ဆရာျပားဆိုတာကတစ္ရပ္လုံး၊ တစ္ၿမိဳ႕လုံးရဲ႕အားကိုးရာ မဟုတ္လား။ ႂကြယ္ဝခ်မ္းသာသူ၊ ရာထူးရာခံရွိသူမွန္သမွ် ဆရာျပားႏွင့္ ကင္းသူမရွိ၊ အနည္းဆုံး ဆရာျပားထံမွာ အေဆာင္လက္ဖြဲ႕ေလးေလာက္ ေတာ့လာလုပ္စၿမဲ။ ဆရာျပားကလည္းလူအေျခအေနကိုလိုက္၍အားလုံးကို ကူညီသည္။ ေအာက္လမ္းနည္းနဲ႔ စီရင္ေပးရမည့္ကိစၥရွိလွ်င္လည္းေငြၿမိဳးၿမိဳး ျမက္ျမက္သာေပး။ ထိေရာက္ေအာင္ လုပ္ေပးသည္။
ဦးခ်မ္းသာ ေကာင္းစားလာေတာ့လည္း ဆရာျပားက ဦးခ်မ္းသာကို ေမွ်ာ္လင့္မိသည္။
သို႔ေသာ္ – သူ ထင္သလို ဦးခ်မ္းသာက သူ႔ဆီက ဘာအကူအညီမွ လာ၍ မေတာင္းခံခဲ့ေပ။

ဦးခ်မ္းသာမလာေတာ့လည္း ဦးခ်မ္းသာရွိရာကို ဆရာျပားက သြားခဲ့ပါ
“ကိုခ်မ္းသာေရ- က်ဳပ္ အိပ္မက္ေတြမေကာင္းလို႔ ခင္ဗ်ားကို သတိေပး ရေအာင္ လာခဲ့တာပဲဗ်ာ”
ဆရာျပားကလည္သည္။ ဦးခ်မ္းသာ သူ႔ဆီက အကူအညီေတာင္းေစဖို႔ သူကပဲ ေစတနာႏွင့္လာ၍ သတိေပးသေယာင္ လုပ္ကြက္ဆင္သည္။ “ဟင္ -ကိုျပား၊ ဘာမ်ားလဲဗ်”
ဦးခ်မ္းသာဆီက အေခၚအေဝၚၾကားကတည္းက ဦးခ်မ္းသာအေပၚ မၾကည္မလင္ျဖစ္ခဲ့ျခင္း ျဖစ္သည္။ တစ္ရပ္လုံး၊ တစ္႐ြာလုံးက “ဆရာျပား-

ဆရာျပား”နဲ႔ေခၚေနတာကိုသူက“ကိုျပား”တဲ့ေလ။ ရွိေစေတာ့ – ငယ္သူငယ္ ခ်င္းမို႔လို႔ ဆရာမေခၚခ်င္တာ ထင္ပါရဲ႕။
“ညကက်ဳပ္အိပ္မက္မက္တယ္။ ခင္ဗ်ားကိုေခြးကိုက္လို႔တဲ့၊ ေခြးကိုက္ တဲ့အိပ္မက္ဟာမေကာင္းဘူးဗ်။ ခင္ဗ်ားရဲ႕လုပ္ငန္းေတြမွာအေႏွာင့္အယွက္ ရွိလာႏိုင္တယ္။ စည္းစိမ္ျပဳတ္တဲ့အထိ ျဖစ္ႏိုင္တာမ်ိဳးဗ်။ ဒါေၾကာင့္- က်ဳပ္ ခင္ဗ်ားကို အကူအညီေပးစရာရွိ ကူညီႏိုင္ေအာင္ ေျပးလာခဲ့တာပဲ” ဆရာျပားေမွ်ာ္လင့္သလို ဦးခ်မ္းသာဆီကအားကိုးတႀကီးေတာင္းခံမႈ
ကိုမရလိုက္ေပ။
“အိပ္မက္ပဲဗ်ာ – ဘာဆန္းသလဲ။ အိပ္မက္ေၾကာင့္ လူထိခိုက္ရမယ္ဆို တာေတာ့ မဟုတ္ေသးပါဘူး”
“ဒီလို ဘယ္ဟုတ္မလဲဗ်။ ေဘးဆီးရန္ကာ လုပ္တန္တာလုပ္ထားဖို႔ လိုတာေပါ့။ ခုဆို- ကိုခ်မ္းသာက နာမည္နဲ႔လိုက္ေအာင္ ခ်မ္းသာေနၿပီဆို ေတာ့ ရွိတဲ့စည္းစိမ္ မယုတ္ေလွ်ာ့ေအာင္ ပိုၿပီးတိုးပြားေအာင္ ဆိုင္ရာပိုင္ရာ ေတြကို အပ္ၿပီး”

“က်ဳပ္- ဒါေတြ အယုံအၾကည္မရွိပါဘူးဗ်ာ”
ဆရာျပားစကားမဆုံးခင္ဘဲ ဦးခ်မ္းသာက ခါးခါးသီးသီးျငင္းဆန္လိုက္
“လူဆိုတာ ကိုယ္ႀကိဳးစားရင္ ႀကိဳးစားသလို အက်ိဳးခံစားရမွာပဲ။ ဘယ္ နတ္သိၾကားကမွ လာေပးတာလည္း မဟုတ္ဘူး။ က်ဳပ္ ဘုရားတရားကိုပဲ ကိုးကြယ္ရာလို႔ မွတ္တယ္။ ဘာ – ယၾတာ၊ အေဆာင္လက္ဖြဲ႕မွလည္း က်ဳပ္ အယုံအၾကည္မရွိဘူး- ကိုျပား”
ဦးခ်မ္းသာစကားေၾကာင့္ ဆရာျပား ေတာ္ေတာ္တင္းသြားသည္။ ေနာက္ဆုံးအေနနဲ႔ ေလျပည္ထိုးၾကည့္ခဲ့ေသးသည္။
“က်ဳပ္က ေစတနာနဲ႔ပါဗ်ာ၊ အိပ္မက္ထဲမွာ ေခြးကိုက္တယ္ဆိုတာလူကို ကံနိမ့္ေစတတ္လို႔ ကူညီမလို႔ပါဗ်”
“အိပ္မက္က ဘဝကို မစိုးမိုးႏိုင္ပါဘူးဗ်ာ။ တကယ္လို႔ ေခြးကိုက္ခံရတဲ့ အိပ္မက္ဟာ မေကာင္းဘူးဆိုရင္လည္း ဒီအိပ္မက္ကို က်ဳပ္မက္တာမွ

မဟုတ္ဘဲဗ်။ ခင္ဗ်ား မက္တာပဲ၊ ကံဆိုးစရာရွိ ခင္ဗ်ားပဲဆိုးမွာမဟုတ္လား။ က်ဳပ္နဲ႔ မဆိုင္ဘူးထင္ပါရဲ႕ဗ်ာ”
“ဟင္”
ဦးခ်မ္းသာစကားေၾကာင့္ ဆရာျပားသည္ ႏႈတ္ဆက္စကားပင္မေျပာ ေတာ့ဘဲထိုင္ရာမွ ေငါက္ခနဲထထြက္လာလိုက္ေလ၏။
ခ်မ္းသာ- ခ်မ္းသာ၊ငါကသူ႔ဘဝကိုပိုေကာင္းေအာင္ကူညီဖို႔လုပ္တာကို သူကေစာ္ကားေမာ္ကားလုပ္တယ္။ ငါ့ကိုအားမကိုးခ်င္တဲ့အေကာင္၊ သိၾက ေသးတာေပါ့ကြာ။ကိုယ္- ဘယ္လိုႀကိဳးစားႀကိဳးစားကံမေကာင္းတဲ့အခ်ိန္မွာ ဒုကၡေတြ႕တတ္တယ္ဆိုတာကို သင္း – ေကာင္းေကာင္းသိသြားေစရမယ္။ ေနႏွင့္ဦးေပါ့ ခ်မ္းသာရယ္…
သည္လိုႏွင့္- ဆရာျပားသည္ဦးခ်မ္းသာကိုပညာေပးရန္စီစဥ္ေနျခင္းပဲ ျဖစ္ေလသည္။
ဦးခ်မ္းသာကို သူ တတ္ကြၽမ္းသည့္ ေအာက္လမ္းပညာသုံး၍ ပညာ ေကာင္းေကာင္းေပးရမည္။ ခ်မ္းသာတစ္ေယာက္ ေနာင္တလုံးလုံးရသြား ေစမည္။ ေနာက္ဆုံးမွာသူ႔ဆီေရာက္လာၿပီးအကူအညီေတာင္းခံေတာင္းပန္ ေစရမည္။
ဦးခ်မ္းသာကိုပညာေပးရာတြင္ အစီအရင္လုပ္ဖို႔အတြက္လည္းလိုအပ္ သည့္ကုန္ၾကမ္းပစၥည္းေတြ စုေဆာင္းထားၿပီးၿပီ။
ဆရာျပားက သူ စုေဆာင္းထားသည့္ပစၥည္းမ်ားကို ျပန္စစ္ေဆးလိုက္
သက္ရွိခ႐ု (၄)ေကာင္၊ သက္ရွိလိပ္ျပာ (၂)ေကာင္၊ သက္ရွိတီေကာင္ (၂)ေကာင္၊ သက္ရွိပိုးစုန္းၾကဴး (၂)ေကာင္ႏွင့္ ငါးသေလာက္အ႐ိုး (၂) ေခ်ာင္း၊ သခ်ႋဳင္းကုန္းကလတ္လတ္ဆတ္ဆတ္ေသထားတဲ့ အပ်ိဳမရဲ႕ေျမပုံ

က ဖဲ့ယူလာတဲ့ ေျမႀကီးခဲတစ္ခဲ။ ၿပီးေတာ့ – ႏြားမေပါက္ထားေသာ ေသး
တစ္ခြက္။
ဆရာျပား၏ဆရာႀကီးသည္ဆရာျပားကိုပညာကုန္သင္ေပးခဲ့ပါသည္။ မိမိအလိုရွိရာကို ျဖစ္ေအာင္လုပ္ႏိုင္သည့္ ေအာက္လမ္းအစီအရင္မ်ား အားလုံးကို မႁခြင္းမခ်န္ သင္ေပးခဲ့သည္။
ဆရာျပားကလည္းဆရာႀကီးသင္ေပးခဲ့သည့္ေအာက္လမ္းနည္းမ်ားကို
အသုံးျပဳကာ စီးပြားရွာစားခဲ့သည္။
ဆရာျပားသည္ ဆရာႀကီးသင္ေပးခဲ့သည့္ ပညာမ်ားကိုအသုံးခ်သည့္ အခါတိုင္း ေအာင္ျမင္ခဲ့လွ်င္ စာႏွင့္မွတ္တမ္းတင္၍ ေရးမွတ္ထားေလ့ရွိ သည္။
ဦးခ်မ္းသာကို ပညာေပးမည့္ ယခုလုပ္မယ့္ အစီအရင္ကိုေတာ့ ဆရာ ျပားတစ္ခါမွ် မစမ္းသပ္ရေသးေပ။
မိုးႀကိဳးပစ္ေအာင္လုပ္နည္းကိုဆရာႀကီးကႏႈတ္ျဖင့္ေျပာျပသင္ေပးခဲ့ပါ
သည္။ မိုးႀကိဳးပစ္ေအာင္လုပ္ဖို႔ကိုလည္း အကူအညီေတာင္းခံသူမရွိ၍ ဆရာ ျပား မစမ္းသပ္ခဲ့ဘူးျခင္းျဖစ္သည္။ ဘယ္သူကမွလည္း မိုးႀကိဳးပစ္ေအာင္ လုပ္ေပးပါဟု အကူအညီ ေတာင္းခံမည္မဟုတ္ေပ။
ခုေတာ့ – ဦးခ်မ္းသာကို ပညာေပးမည့္အစီအစဥ္မွာ မိုးႀကိဳးပစ္ေအာင္ လုပ္ရေပေတာ့မည္။
ဦးခ်မ္းသာ၏လုပ္ငန္းမ်ားစြာထဲတြင္ ဆီမ်ားသိုေလွာင္ျခင္းသည္လည္း တစ္ခုအပါအဝင္ဆိုတာ ဆရာျပားသိသည္။ ဆီဆိုရာတြင္ ဓာတ္ဆီေလွာင္ ျခင္းျဖစ္သည္။ ဦးခ်မ္းသာအိမ္ေနာက္ေဖးက ဂိုေဒါင္ထဲမွာ ဓာတ္ဆီေတြ ထည့္ေလွာင္ထားတာကို တစ္ရပ္လုံးက သိသည္။ ဆရာျပားလည္း သိတာေပါ့။
သင္းရဲ႕ဓာတ္ဆီေတြကိုမိုးႀကိဳးပစ္လိုက္ရင္ ဓာတ္ဆီသာမကတစ္အိမ္
လုံး မီးေလာင္တိုက္သြင္းၿပီးသား ျဖစ္မယ္ဆိုတာကို ေဗဒင္ေမးစရာပင္မလို။

ဟင္း – ဟင္း – ပညာတက္ေပးမယ့္ အစီအစဥ္မွာ လူေသေအာင္လုပ္ဖို႔ မရည္႐ြယ္ပါဘူး။ ဒီေကာင့္ပစၥည္းေတြ ဆုံးရႈံး႐ုံေလာက္ပါ။ ပစၥည္းေတြ မီး ေလာင္တာနဲ႔ ဒီေကာင္ ေနာင္တရၿပီး ငါ့ဆီေရာက္လာမွာ ျမင္ေယာင္ေသး တယ္။ ဒီေတာ့မွ -ငါ သတိေပးပါလ်က္နဲ႔ ေစာေစာကတည္းက အကူအညီ မေတာင္းရေကာင္းလားဆိုၿပီး အထက္စီးကေန ေကာင္းေကာင္းေျပာပစ္ လိုက္ဦးမယ္။
ေနႏွင့္ဦးေပါ့ – ခ်မ္းသာရယ္၊

အစီအရင္လုပ္ဖို႔ရာသီဥတုအေျခအေနကလည္းေပးေနၿပီ။ဟုတ္သည္၊ သည္အစီအရင္ကိုမိုးကာလမွာသာ လုပ္လို႔ရတယ္လို႔ ဆရာႀကီးကေသခ်ာ မွာၾကားသြားခဲ့သည္။ ဟုတ္တာေပါ့- မိုးႀကိဳးပစ္ေအာင္လုပ္တယ္ဆိုမွေတာ့ မိုးရာသီမွသာ ျဖစ္မွာေပါ့။
“မလုပ္ေကာင္း၊ မလုပ္အပ္တဲ့ အရာကိုလုပ္ရင္ မိုးႀကိဳးပစ္တတ္တယ္ ဆိုတာတပည့္ႀကီး သိတယ္မဟုတ္လားကြဲ႕။ မဖြယ္မရာအလုပ္၊ သဘာဝကို အံတုဖက္ၿပိဳင္တဲ့အလုပ္ကို လုပ္လို႔ သဘာဝတရားရဲ႕ ဒဏ္ခတ္ခံရျခင္း တစ္မ်ိဳးပဲ။ မိုးႀကိဳးပစ္ေအာင္လုပ္နည္းဟာလည္း ဒီလိုသေဘာတရားမ်ိဳး ပဲေပါ့။ သဘာဝတရားကို တုပၿပီး အံတုဖက္ၿပိဳင္ၿပီး မိုးႀကိဳးကို ညႇိဳ႕ငင္ေခၚယူ တာပဲ”
ဆရာႀကီးက မိုးႀကိဳးပစ္ေအာင္လုပ္နည္းကို နည္းနာနိႆယစုံလင္ ေအာင္ သင္ၾကားေပးခဲ့ပါသည္။
“႐ႊံ႕နဲ႔ ဆင္႐ုပ္တစ္႐ုပ္ကို အရင္လုပ္ရမယ္။ ဆင္႐ုပ္မွာ ႏွာေမာင္း မပါရ ဘူး၊ အၿမီး မပါရဘူး၊ နား႐ြက္ မပါရဘူး၊ အစြယ္ မပါရဘူး၊ အဲဒီအဂၤါအစိတ္ အပိုင္းေတြမပါေပမဲ့လိုတဲ့အစိတ္အပိုင္းေတြေနရာမွာတကယ့္ဆင္သဏၭာန္ မ်ိဳးျဖစ္ေအာင္ အသက္ရွိတဲ့ အရာေတြကို တပ္ဆင္ရမယ္ကြဲ႕”
“ဆင္႐ုပ္လုပ္တဲ့႐ြံ႕ဟာလည္း ႐ိုး႐ိုးေျမႀကီးက႐ႊံ႕မျဖစ္ေစရဘူး။ သခ်ႋဳင္း ကုန္း လူေသကို ျမႇဳပ္ထားတဲ့ေျမပုံက ေျမႀကီးခဲကိုေဖ်ာ္ထားတဲ့ ႐ႊံ႕ ျဖစ္ဖို႔လို တယ္။ ေျမပုံဟာလည္း ႐ိုး႐ိုးလူေသျမႇဳပ္တဲ့ေျမပုံ မျဖစ္ေစရဘူး။ တစ္ပတ္ အတြင္းမွာေသတဲ့ အပ်ိဳမရဲ႕ ေျမပုံျဖစ္ဖို႔လိုတယ္။ အစီအရင္လုပ္မယ့္ေန႔ မတိုင္မီ တစ္ပတ္အတြင္းမွာေသတဲ့ အပ်ိဳစင္မိန္းကေလးရဲ႕ေျမပုံက ေျမစိုင္ ခဲကို လျပည့္ညသန္းေခါင္ယံအခ်ိန္မွာ သခ်ႋဳင္းထဲသြားၿပီး ဖဲ့ယူရမယ္”
ဆရာႀကီးက ဆက္လက္မိန႔္ၾကားခဲ့သည္မွာ သခ်ႋဳင္းမွဖဲ့ယူလာေသာ ေျမႀကီးခဲကို အစီအရင္လုပ္မည့္ေန႔တြင္ ႏြားမ ေပါက္ေသာေသးျဖင့္ ႐ႊံ႕ျဖစ္ သည္အထိ နယ္ရမည္။ ဤေနရာတြင္ သတိထားရန္မွာ ႏြားေသးဆိုတိုင္း မရ။ ႏြားထီးေပါက္ေသာ ေသးမဟုတ္၊ ႏြားမေပါက္ေသာေသးျဖစ္ဖို႔ လိုေပ သည္။
ႏြားမေသးျဖင့္ နယ္ၿပီး၍႐ြံ႕ျဖစ္သြားသည့္အခါလူႀကီးလက္တစ္ထြာခန႔္
အျမင့္ရွိသည့္ ဆင္႐ုပ္လုပ္ရမည္။ ဆင္႐ုပ္တြင္ ႏွာေမာင္း၊ အစြယ္၊ အၿမီး၊ နား႐ြက္မ်ား မပါရ။ လိုအပ္ေသာ အဂၤါအစိတ္အပိုင္းေနရာမ်ားတြင္ ထည့္ရန္ သတၱဝါအခ်ိဳ႕ႏွင့္ ပစၥည္းပစၥယမ်ားကို ႀကိဳတင္စုေဆာင္းထားရမည္တဲ့။
ဆရာျပား စုေဆာင္းထားၿပီးျဖစ္ေသာ သက္ရွိခ႐ု (၄)ေကာင္၊ သက္ရွိ လိပ္ျပာ (၂)ေကာင္၊ သက္ရွိပိုးစုန္းၾကဴး (၂)ေကာင္ႏွင့္ ငါးသေလာက္အ႐ိုး (၂)ေခ်ာင္းတို႔ပဲ ျဖစ္ပါ၏။
ဆရာျပားသည္ မိုး႐ြာေတာ့မည့္ရာသီဥတုအေျခအေနကိုေကာင္းကင္ သို႔ေမာ့ၾကည့္ၿပီး သူ၏ေအာက္လမ္းအစီအရင္ကို စတင္ေလသည္။ ေနႏွင့္ဦးေပါ့- ခ်မ္းသာရယ္။
ဆရာျပားက သခ်ႋဳင္းက ဖဲ့ယူလာတဲ့အပ်ိဳမေျမပုံကေျမစိုင္ခဲကိုအသင့္ ေဆာင္ထားတဲ့ ႏြားမေသးမ်ားျဖင့္ ေလာင္းကာ နယ္လိုက္သည္။ ႐ႊံ႕အဆင့္ ေရာက္ၿပီး လိုရာပုံသြင္းလို႔ရသည္တြင္ ဆင္႐ုပ္ကိုလုပ္ေတာ့သည္။ ဆရာျပားလုပ္သည့္ ဆင္႐ုပ္သည္ အၿမီး၊ ႏွာေမာင္း၊ မ်က္စိ၊ နား႐ြက္ ေနရာမ်ားတြင္ ဗလာဟင္းလင္းျဖင့္ ၿပီးစီးသြားေလ၏။
ဗလာျဖစ္ေနေသာအဂၤါအစိတ္အပိုင္းမ်ားကိုေတာ့စုေဆာင္းထားသည့္
အရာမ်ားႏွင့္ ျဖည့္ဆည္းရမည္ ျဖစ္ပါသည္။
“ႏွာေမာင္းေနရာမွာ တီေကာင္တစ္ေကာင္ကို႐ႊံ႕ထဲႏွစ္ထည့္ရမယ္ကြဲ႕။
အၿမီးေနရာမွာလည္းတီေကာင္တစ္ေကာင္ကိုထည့္ရမယ္။ ႏွာေမာင္းအျဖစ္ ထားမယ့္တီေကာင္ကပိုႀကီးၿပီးအၿမီးေနရာကတီေကာင္ကေတာ့ ခပ္ေသး ေသးေပါ့ကြယ္။ တကယ့္ဆင္ရဲ႕အခ်ိဳးအစားမ်ိဳးအတိုင္းျဖစ္ေအာင္ တီေကာင္ ႏွစ္ေကာင္ကို ခ်င့္ခ်ိန္ၿပီး ထည့္ရမွာေပါ့”
ဆရာျပားက ဆရာႀကီးစကားအတိုင္း ႏွာေမာင္းေနရာတြင္ တီေကာင္ ခပ္တုတ္တုတ္အႀကီးကိုထည့္ကာ ႐ႊံ႕ ျဖင့္ကပ္ေနေအာင္ ပိတ္လိုက္သည္။

ႏွာေမာင္းေနရာတြင္ ေရာက္ရွိသြားေသာ တီေကာင္အရွင္သည္ လႈပ္တုပ္ လႈပ္တုပ္ျဖင့္ တကယ့္ႏွာေမာင္းအလား လႈပ္ရွားေနေပသည္။ ေနာက္ထပ္ တီေကာင္အေသးကိုေတာ့ အၿမီးေနရာတြင္ထည့္လိုက္၏။ အၿမီးေနရာမွ တီေကာင္ကလည္းလႈပ္ရွားကာ တကယ့္အၿမီးေလးယမ္းေနသည့္သဖြယ္
ရွိေလ၏။
“နား႐ြက္အျဖစ္ေတာ့ လိပ္ျပာႏွစ္ေကာင္ ရွာထားဖို႔လိုတယ္။ လိပ္ျပာ အေတာင္ပံဟာ ဆင္ရဲ႕နား႐ြက္ပဲေပါ့။ သက္ရွိဆင္တစ္ေကာင္ရဲ႕ နား႐ြက္ ေတြလႈပ္ရွားေနသလိုျဖစ္ဖို႔လိပ္ျပာရဲ႕အေတာင္ပံကိုႏုတ္မယူရဘူး။
လိပ္ျပာေကာင္ရဲ႕ကိုယ္ကို႐ႊံ႕ထဲမွာတစ္ဝက္ျမဳပ္ေအာင္ သြင္းထားေပေတာ့။ ဒါမွသာ မေသေသးတဲ့ လိပ္ျပာရဲ႕အေတာင္ပံဟာလႈပ္ရွားႏိုင္မွာျဖစ္လို႔ နား႐ြက္ဟာ လည္းလႈပ္ရွားေနလိမ့္မယ္”
ဆရာျပားက နား႐ြက္အျဖစ္ အသုံးျပဳမည့္ လိပ္ျပာႏွစ္ေကာင္ထဲမွ တစ္ေကာင္ကိုအုပ္ေဆာင္းေအာက္မွ ဖမ္းယူလိုက္သည္။ ဆင္၏ညာဘက္ နား႐ြက္အျဖစ္ အသုံးျပဳမည့္လိပ္ျပာ၏ ဘယ္ဘက္အေတာင္ပံကို ဆြဲျဖဳတ္ ပစ္လိုက္သည္။
ထို႔ေနာက္ လိပ္ျပာ၏ကိုယ္ထည္အား ဆင္နား႐ြက္ရွိရမည့္ေနရာတြင္ ႐ႊံ႕ထဲသို႔ ႏွစ္၍ကပ္လိုက္ေလ၏။
ေနာက္တစ္ေကာင္ကိုလည္း ညာဘက္အေတာင္ပံဆြဲျဖဳတ္ကာ ဘယ္ ဘက္နား႐ြက္အျဖစ္ ႐ႊံ႕ထဲတစ္ဝက္တစ္ပ်က္ ျမႇဳပ္ထားလိုက္ေလသည္။ မေသေသးေသာလိပ္ျပာႏွစ္ေကာင္ခမ်ာ႐ႊံ႕ထဲတြင္ကပ္မိရင္း ႐ုန္းကန္ ေနၾကရာ အေတာင္ပံႏွစ္ဖက္သည္ တဖ်တ္ဖ်တ္ခါလ်က္ ရွိၾကေလသည္။ ထိုအျဖစ္သည္ပင္ ဆင္၏ နား႐ြက္မ်ား လႈပ္ယမ္းေနသကဲ့သို႔ ရွိေခ်၏။ ဆရာျပားက ဆင္စြယ္ေနရာတြင္ ငါးသေလာက္အ႐ိုးႏွစ္ေခ်ာင္းကို တစ္ဖက္တစ္ခ်က္စီ ထိုးစိုက္လိုက္ေလသည္။
ထို႔ေနာက္ – ပိုးစုန္းၾကဴးႏွစ္ေကာင္ကို မ်က္လုံးေနရာတြင္ ကပ္လိုက္ ေလ၏။ ပိုးစုန္းၾကဴး၏ အ႐ြယ္အစားသည္ တစ္ထြာခန႔္အျမင့္ရွိေသာ ဆင္

ကိုယ္လုံးေပၚတြင္ သက္ရွိဆင္၏ ေသးငယ္ေသာ မ်က္လုံးေလးမ်ားသဖြယ္ ျမႇဳပ္၍ေနေလေတာ့သတည္း။
ဆင္တစ္ေကာင္လုံးကား တစ္ကယ့္သက္ရွိဆင္တစ္ေကာင္သဖြယ္ စီရင္ၿပီးစီးသြားေပၿပီ။
“တပည့္ႀကီး – စဥ္းစားၾကည့္စမ္း၊ ႐ႊံ႕႐ုပ္ဆင္ဟာ နား႐ြက္ေလးတဖ်တ္ ဖ်တ္၊ ႏွာေမာင္းေလးတလႈပ္လႈပ္၊ အၿမီးေလးတယမ္းယမ္း၊ ၿပီးေတာ့ – မ်က္ လုံးေလးကလည္း မွိတ္တုတ္မွိတ္တုတ္နဲ႔ တကယ့္ဆင္တစ္ေကာင္နဲ႔ ဘယ္ ေလာက္တူမလဲဆိုတာ”
ဆရာႀကီးစကား မွန္လွပါေပသည္။ ဆရာျပားလုပ္လိုက္ေသာ ဆင္႐ုပ္ သည္ တကယ့္သက္ရွိဆင္သဖြယ္ အသက္ဝင္ေနသည္မွာ ဆရာျပား မ်က္ျမင္ ျဖစ္ေနၿပီ။
“ဒီၾကားထဲ ဆင္က လမ္းထေလွ်ာက္ဦးမယ္ဆိုေတာ့ ဒါဟာ သဘာဝ တရားကို အံတုဖက္ၿပိဳင္တဲ့ေနရာမွာ ထိပ္တန္းေပါ့ကြယ္”
“ဗ်ာ-လမ္းေလွ်ာက္မယ္ ဟုတ္လား။ လမ္းေလွ်ာက္ေအာင္ ဘယ္လို လုပ္မွာလဲ ဆရာႀကီးရယ္”
“ဟဲ-ဟဲ-လြယ္ပါတယ္ တပည့္ႀကီးရဲ႕။ ဆင္ရဲ႕ ေျခေထာက္ေလးဖက္ ေအာက္မွာ ခ႐ုေလးေကာင္ကို ခံေပးလိုက္႐ုံေပါ့”
“ဗ်ာ”
“ဒီအစီအရင္ကို မိုးကာလမွာလုပ္ရတာ အေၾကာင္းရွိတယ္ကြဲ႕။ ေျခ ေထာက္တစ္ေခ်ာင္းစီေအာက္မွာ ခ႐ုတစ္ေကာင္စီ ျမႇဳပ္ထားမယ္ေလ။ ခ႐ု ေတြကမိုး႐ြာလို႔အခြံထဲကထြက္လာၿပီး ေ႐ြ႕လ်ားသြားလာၾကမယ္။ အဲဒီအခါ မွာ ခ႐ုေပၚက ဆင္႐ုပ္ဟာလည္း ခ႐ုေတြနဲ႔အတူ ေ႐ြ႕လ်ားၿပီးတေ႐ြ႕ေ႐ြ႕လမ္း ထေလွ်ာက္ေတာ့မွာေပါ့ကြဲ႕-ဟဲ-ဟဲ”
“ဟုတ္လိုက္ေလ – ဆရာႀကီးရယ္”
ဆရာျပားက မိုးႀကိဳးပစ္အစီအရင္ကို ဖန္တီးရင္း သြားေလသူဆရာႀကီး ၏စကားကို ၾကားေယာင္ေနမိေလသည္။

ဆရာျပားသည္ေနာက္ဆုံးအေနျဖင့္ခ႐ုေလးေကာင္ကိုယူကာ ဆင္႐ုပ္ ၏ေျခေထာက္ေလးဖက္တြင္ တစ္ဖက္လွ်င္ တစ္ေကာင္စီျမႇဳပ္လိုက္ေလ၏။ ခ႐ုမ်ားထြက္ေပၚလာမည့္ ခ႐ုခြံအဝကို ေအာက္ဘက္တည့္တည့္တြင္က် ေအာင္ အေသအခ်ာ ျမႇဳပ္ႏွံလိုက္ျခင္းျဖစ္ပါသည္။ ခ႐ုေလးေကာင္ကေတာ့ အခြံထဲတြင္ေအာင္းကာ ထိပ္အဝကို အေၾကးခြံျဖင့္ ပိတ္ထားလ်က္သား ရွိေနေလသည္။ ကိစၥမရွိ၊ မိုး႐ြာလာသည္ႏွင့္ခ႐ုမ်ားသည္ သူ႔သဘာဝအတိုင္း ေခါင္းျပဴ၍ထြက္လာလိမ့္မည္။ လမ္းထြက္ေလွ်ာက္ ၾကလိမ့္မည္။
“အဲဒီလို သဘာဝကို အံတုဖက္ၿပိဳင္ၿပီး မဖြယ္မရာလုပ္ထားတဲ့ဆင္ကို မိုး႐ြာထဲမွာသာ လႊတ္ေပးလိုက္၊ မိုးႀကိဳးႀကီး က်ိန္းေသပစ္ကေရာေပါ့ ကြယ္”
“မိုးႀကိဳးက ဘာကိုပစ္မွာလဲ ဆရာႀကီး”
“ဆင္႐ုပ္ကိုေပါ့ကြ၊ မလုပ္ေကာင္းလုပ္ေကာင္းမဖြယ္မရာလုပ္ထားတဲ့ ဆင္႐ုပ္က သဘာဝတရားကိုအံတုဖက္ၿပိဳင္တဲ့အတြက္မိုးႀကိဳးပစ္ၿပီးအဆုံးမ ခံရမွာေပါ့ကြ”
ဆင္႐ုပ္အစီအရင္ကိုမလိုအပ္သည့္အတြက္ဆရာျပား၏ေအာက္လမ္း ဆရာသက္တမ္းတစ္ေလွ်ာက္ တစ္ခါမွ် မစမ္းသပ္ခဲ့ဘူးေပ။ ယခုေတာ့ – ဦးခ်မ္းသာကို ဆုံးမလိုသည့္အတြက္ စမ္းသပ္ျဖစ္ေပၿပီ။
ဒီဆင္႐ုပ္ကို မိုး႐ြာတဲ့အခ်ိန္မွာ ခ်မ္းသာအိမ္ေနာက္ေဖးက ဂိုေဒါင္နဲ႔ နီးတဲ့ေနရာမွာ သြားခ်ထားရမယ္။ ဒါမွ မိုးႀကိဳးလည္းပစ္၊ သင္း – ေလွာင္ထား တဲ့ဓာတ္ဆီေတြလည္း မီးေလာင္၊ သင္းအိမ္ကို မီးကူး။ မွတ္ကေရာဟဲ့- ဒီလိုလုပ္မွ ခ်မ္းသာဆိုတဲ့ေကာင္ ငါ့ကို အားကိုးလာမွာ။
ေနႏွင့္ဦးေပါ့ – ခ်မ္းသာရယ္။
ညေနေစာင္းအခ်ိန္။
ေလရိပ္မိုးရိပ္မ်ားက ေကာင္းကင္အႏွံ႔ အုံ႔ဆိုင္းမႈိင္းပ်၍လာေခ်ၿပီ။ ဆရာျပား ဆင္႐ုပ္အစီအရင္လုပ္ၿပီးသည္ႏွင့္ မိုး႐ြာေတာ့မည့္အခ်ိန္ႏွင့္
အံကိုက္ပင္။
မိုးသားမိုးလိပ္မ်ားသာမက မိုးၿခိမ္းသံမ်ားကလည္း တဂ်ိမ္းဂ်ိမ္းညံကာ ပတ္ဝန္းက်င္တစ္ခုလုံး မႈိင္းညိဳ႕လာေလ၏။
ဆရာျပားက ဆင္႐ုပ္ကိုေကာက္ယူကာ လြယ္ေနက်လြယ္အိတ္ထဲသို႔ ခပ္ဖြဖြထည့္လိုက္ေလသည္။ က်ိဳးေၾကမသြားေအာင္လည္း လြယ္အိတ္ထဲ သို႔ လက္ႏႈိက္ကာ ကိုင္ထားေလ၏။
သူက မိုးမ႐ြာမီ ဦးခ်မ္းသာအိမ္ေနာက္ေဖးသို႔ေရာက္ေအာင္ ခပ္သုတ္ သုတ္ထြက္လာခဲ့ေလသည္။
ဦးခ်မ္းသာအိမ္ေနာက္ေဖးမွာကြင္ျပင္းႀကီးမို႔အစီအရင္ကို သြားခ်ရတာ လြယ္လွေပသည္။ ၿခံစည္း႐ိုးကို သံဆူးႀကိဳးျဖင့္သာ ကာရံထား၍ ၿခံတြင္းကို တိုးလွ်ိဳေပါက္ျမင္ေနရေပ၏။
ဆရာျပားသည္ အိမ္ေနာက္ေဖးတည့္တည့္အေရာက္တြင္ အိတ္ထဲမွ ဆင္႐ုပ္ကိုထုတ္ကာ ဆင္ေခါင္းကို ၿခံဝင္းဘက္ဆီ ဦးလွည့္၍ ခ်ထားလိုက္ သည္။ ဆရာျပား ဆင္႐ုပ္ခ်လိုက္သည့္ေနရာက ဓာတ္ဆီမ်ားေလွာင္ထား သည့္ ဂိုေဒါင္ႏွင့္တည့္တည့္။
သည္။
ဆင္ဦးေခါင္းကိုလည္း ဂိုေဒါင္ဆီ ဦးတိုက္၍ ခ်ထားလိုက္ျခင္း ျဖစ္
တိုက္ဆင္႐ုပ္သည္ မိုး႐ြာ၍ ခ႐ုမ်ားေခါင္းျပဴထြက္လာသည္ႏွင့္ သံဆူး ႀကိဳးမ်ားေအာက္မွျဖတ္သန္းကာ ၿခံဝင္းထဲသို႔ တည့္တည့္မတ္မတ္ဝင္သြား ေပလိမ့္မည္။
ဆရာျပားသည္ ဆင္႐ုပ္ကို စိတ္တိုင္းက်ေနရာခ်ၿပီးသည္ႏွင့္ ေနရာမွ ထြက္ခြာလာခဲ့၏။ ဦးခ်မ္းသာ၏ ၿခံေနာက္ေဖးသည္ လမ္းမ မဟုတ္ဘဲ ကြင္းျပင္က်ယ္ႀကီးျဖစ္ေနျခင္းသည္ ဆရာျပားအတြက္ အဆင္သင့္ျဖစ္ေန

ရေလ၏။ သူလုပ္ကိုင္ေနသည္ကို ဘယ္သူမွ်လည္း မျမင္။ ဆင္႐ုပ္အတြက္ လည္းဘာအေႏွာင့္အယွက္မွ်မဝင္ႏိုင္။ မိုးကလည္းမၾကာခင္႐ြာေတာ့မည္။ အခုပင္ – မိုး၏ ေရွ႕ေျပး ေလညင္းသုန္သုန္မ်ားသည္ မိုးဖြားေလးမ်ားကို သယ္ယူလာေနေပၿပီ။ ေကာင္းကင္၌လည္း မႈိင္းညိဳ႕ကာ မိုးၿခိမ္းသံမ်ားညံလို႔ ေနေပ၏။ တစ္ခ်က္တစ္ခ်က္ လွ်ပ္စီးပင္လက္လိုက္ေပေသးသည္။
ဆရာျပားစီရင္ထားသမွ်အတြက္သဘာဝပတ္ဝန္းက်င္အေျခအေနက
အဆင္ေျပေအာင္ ဖန္တီးထားေပးေနပါပေကာ။ ေနႏွင့္ဦးေပါ့ ခ်မ္းသာရယ္ –
ဆရာျပားသည္ ဦးခ်မ္းသာ၏ ၿခံေနာက္မွ ခြာခဲ့ကာ မလွမ္းမကမ္းရွိ ထေနာင္းပင္ႀကီးေအာက္သို႔သြားရပ္ေနလိုက္သည္။ ထေနာင္းပင္ႀကီးသည္ ကုန္းကမူအျမင့္ေပၚမွာ ရွိေန၍ ဦးခ်မ္းသာၿခံကို ေကာင္းေကာင္းစီးမိုး၍ ျမင္ ေနရေပသည္။
ၿပီးေတာ့ – ဆရာျပားမွာမွန္ေျပာင္းပါေသးသည္။ ျဖစ္လာသမွ်အေျပာင္း အလဲေတြကို ၾကည့္ျမင္ႏိုင္ဖို႔ ေဆာင္လာေသာ မွန္ေျပာင္းပဲျဖစ္ပါသည္။ ဆရာျပား ထေနာင္းပင္ေအာက္ ေရာက္သည္ႏွင့္ မိုးစ၍ ႐ြာေလ သည္။
ဆရာျပားက လြယ္အိတ္ႀကီးထဲမွ မွန္ေျပာင္းကိုထုတ္ကာ ဆင္႐ုပ္ ခ်ထားရာေနရာသို႔ ခ်ိန္၍ၾကည့္လိုက္သည္။
ဆင္႐ုပ္ကေလးက ခ်ထားခဲ့သည့္အတိုင္း ေနရာမေ႐ြ႕ တည္ၿငိမ္စြာ
ရွိေနဆဲ။
မိုးက တျဖည္းျဖည္း သည္း၍သည္း၍လာေခ်ၿပီ။
လွ်ပ္စီးမ်ားလည္းလက္သည္၊ မိုးၿခိမ္းသံမ်ားလည္းတအုန္းအုန္းညံေန သည္။ မိုးသည္႐ြာေနက်ထက္ပိုၿပီးသည္းမည္းကာ ႐ြာေနမွန္းသိသာလွေပ သည္။

ဆရာျပားက မွန္ေျပာင္းကိုမ်က္စိႏွင့္မခြာတမ္းကပ္ကာ ဆင္႐ုပ္ဆီသို႔ စိတ္ဝင္တစားၾကည့္ေနခဲ့ေလသည္။
ဆရာႀကီးသင္ျပခဲ့သည့္နည္းသည္ ေအာင္ျမင္ရမည္ အမွန္ပင္။ ဆရာႀကီးသင္ေပးခဲ့ေသာအစီအရင္မ်ားအားလုံးေအာင္ျမင္ထေျမာက္
သည္ခ်ည္းျဖစ္သည္။
ဒီတစ္ခါလည္း ေအာက္လမ္းနည္းတစ္ခု၏ ေအာင္ျမင္မႈကို စာျဖင့္ ေရးသားမွတ္တမ္းတင္ရေပအံ့။
ဆရာျပား ၾကည့္ေနစဥ္မွာပင္ – ဆင္႐ုပ္ကေလးသည္ မသိမသာ လႈပ္ ရွားသြားသည္ကို ေတြ႕ျမင္လိုက္ရေလသည္။
ဟုတ္ပါရဲ႕ – မသိမသာမွ သိသိသာသာ။
ဆင္႐ုပ္ကေလးသည္ ဆရာျပားဦးတည္ေပးထားခဲ့သည့္အတိုင္းတေ႐ြ႕ ေ႐ြ႕လႈပ္ကာ သြားေနေပၿပီ။ တကယ့္ကို သြားေနေပၿပီ။ ဆင္႐ုပ္၏လႈပ္ရွားမႈ ကေတာ့ေႏွးေကြးလွေပသည္။ ဒါလည္း သူေျခေထာက္ေအာက္ကေ႐ြ႕လ်ား ေနေသာ သတၱဝါမ်ားမွာ ခ႐ုေကာင္မ်ားမို႔ ဒီေလာက္ပဲ ေ႐ြ႕လ်ားႏိုင္ေပမည္။ ခ႐ုမ်ားအတြက္ ဆင္႐ုပ္အေလးခ်ိန္ကို ထမ္းထားရေသးသည္ မဟုတ္ပါ
လား။
မိုးက်လာ၍ အခြံထဲမွ ထြက္လာေသာ ခ႐ုေလးမ်ားသည္ ဦးတည္ေပး ထားရာအတိုင္း တေ႐ြ႕ေ႐ြ႕တြားသြားေနၾကသည္။
ေလးေကာင္စလုံးက ဦးခ်မ္းသာ၏ ၿခံဆီသို႔ ညီညီညာညာ ဦးတည္ ေ႐ြ႕လ်ားေနၾကျခင္းပဲ ျဖစ္ပါသည္။
ဆင္႐ုပ္ကတကယ့္သက္ရွိဟိုင္းဆင္ႀကီးတစ္ေကာင္သဖြယ္ဣေျႏၵႀကီး
ရင့္စြာျဖင့္ ေ႐ြ႕လ်ားသြားသည္မွာ သံဆူးႀကိဳးကိုေက်ာ္လြန္၍ ၿခံဝင္းထဲသို႔ပင္ ေရာက္ရွိသြားေလၿပီ။
မိုးသဲသဲမဲမဲႀကီး မ႐ြာမီ ဆင္႐ုပ္ကေလး ၿခံဝင္းထဲေရာက္သြား၍ ဆရာ ျပားက သက္ျပင္းခ်လိုက္၏။ မိုးေရေၾကာင့္ ဆင္႐ုပ္ကေလးမိုးေရထဲေပ်ာ္က်

ပ်က္စီးသြားမွာ စိုးရိမ္ရသည္ မဟုတ္ပါလား။ ဆင္႐ုပ္ပုံသဏၭာန္ မပ်က္ ယြင္းခင္ ဆီဂိုေဒါင္ဆီသို႔ ေရာက္သြားဖို႔ လိုေပသည္။
မွန္ေျပာင္းျဖင့္ ဆင္႐ုပ္လႈပ္ရွားမႈကို မျပတ္ၾကည့္ေနေသာ ဆရာျပား၏ ရင္သည္ တထိတ္ထိတ္ခုန္လ်က္ရွိေလ၏။
မိုးသည္လည္း ပို၍သည္းလာသည္။ လွ်ပ္စီးမ်ားကလည္း မျပတ္တမ္း လက္ေနလိုက္သည္မွာ တစ္ခုၿပီးတစ္ခု ဆက္ၿပီး ဝန္းက်င္တစ္ခုလုံးေန႔ခင္း အလား လင္းထိန္၍ေနေတာ့သည္။

ထိုစဥ္-ေကာင္းကင္တစ္ခုလုံး အက္၍ၿပိဳက်ေတာ့မည့္အလား
ေခ်ာက္ခ်ားဖြယ္ေကာင္းေသာအသံႀကီးသည္တအိအိၿပိဳဆင္းလာေလ၏။ တိုက္ဆင္႐ုပ္ကား ဆီဂိုေဒါင္ႏွင့္ တစ္စစ နီးကပ္ေနေခ်ၿပီ။
လွ်ပ္စီးမ်ား၊ မိုးၿခိမ္းသံမ်ား ဆက္တိုက္ျမည္ဟိန္းလိုက္သည္ႏွင့္အတူ ေနာက္ဆက္တြဲပါလာေသာ အသံႀကီးအား ေၾကာက္မက္ဖြယ္ေကာင္းလွ
ေပ၏။
ထိုအသံႀကီးသည္ကမာၻေျမႀကီးတစ္ခုလုံးကိုပင္တုန္ဟည္းသြားေစကာ အဝီစိအထိပင္ ထိုးေဖာက္သြားသည့္သဖြယ္ နက္ရႈိင္းက်ယ္ေလာင္စြာ ထြက္ေပၚလာေလ၏။
ပစ္ၿပီဟဲ့ – ပစ္ၿပီ၊ မိုးႀကိဳးႀကီး ပစ္ၿပီ။
ဆရာျပားက ႏႈတ္မွေယာင္၍ေအာ္လိုက္မိေလသည္။ ဆရာျပား၏ေအာ္သံအဆုံးမသတ္မီမွာပင္ေကာင္းကင္မွက်ယ္ေလာင္
ေသာ အသံနက္ႀကီးႏွင့္အတူ တစ္စုံတစ္ခုသည္ ေျမျပင္ေပၚသို႔ ျပင္းထန္ ေလးလံစြာ က်ဆင္းလာသည့္သဖြယ္ ထင္မွတ္လိုက္ရကာ ကမာၻေျမလႊာ တစ္ခုလုံး သိမ့္သိမ့္တုန္ဟည္းသြားေလေတာ့သတည္း။ မိုးႀကိဳးႀကီးကား အမွန္တကယ္ပင္ ပစ္ခဲ့ပါေခ်ၿပီ။
မိုးစဲသြားသည္ႏွင့္မိုးႀကိဳးပစ္လိုက္ေသာေနရာသို႔လူအမ်ားစုၿပဳံေရာက္ ရွိလာၾကေလသည္။ မိုးႀကိဳးပစ္လိုက္ေသာ ကြင္းျပင္ထဲဝယ္ ထေနာင္းပင္ အိုႀကီးသည္ ေျမသို႔ တုံးလုံးလဲလ်က္ရွိေလ၏။
ထေနာင္းပင္ႀကီးေဘးမွာေတာ့ –
တစ္ကိုယ္လုံးမီးကြၽမ္းကာ မီးေသြးတုံးအျဖစ္ အသြင္ေျပာင္းသြားေသာ
လူတစ္ေယာက္၏ ခႏၶာကိုယ္ကို ျမင္လိုက္ၾကရသည္။

ရပ္သူ႐ြာသားမ်ားသည္ မီးေသြးတုံး႐ုပ္အေလာင္းကို ျမင္သည္ႏွင့္ ဆရာျပားျဖစ္ေၾကာင္း သိလိုက္ၾကသည္။
အလန႔္တၾကားေအာ္ဟစ္သံ၊ စုတ္သပ္ညည္းညဴသံမ်ားျဖင့္ စီစီညံသြား
ေလ၏။
သဘာဝတရားကို အံတုဖက္ၿပိဳင္ျခင္း၊ မဖြယ္မရာျပဳမူျခင္း၊ မလုပ္သင့္ မလုပ္အပ္ေသာအမႈကို ျပဳမူက်င့္ႀကံျခင္းတို႔ေၾကာင့္ သဘာဝတရားက မိုးႀကိဳးပစ္ျခင္းျဖင့္ တုံ႔ျပန္ခဲ့ေလၿပီ။
သို႔ေသာ္- မိုးႀကိဳးပစ္ခံရသည့္အရာကား မဖြယ္မရာျပဳလုပ္စီရင္ထား ေသာ ဆင္႐ုပ္ကိုမဟုတ္။
မႀကံေကာင္း မစည္ရာျဖင့္ ျပဳမူက်င့္ႀကံခဲ့သူထံသို႔သာ –
ဆရာျပားခမ်ာ – တိုက္ဆင္႐ုပ္ အစီအရင္ျဖင့္ မိုးႀကိဳးအမွန္ပစ္ေၾကာင္း သူ၏ ေအာင္ျမင္မႈကို စာထက္အကၡရာတင္၍ ကမၸည္းမွတ္တမ္းမေရးထိုး ႏိုင္ရွာခဲ့ေပ။
ေဆာင္းလုလင္