လူခြောက်တို့ရဲ့ချစ်ကမ္ဘာ(စ/ဆုံး)

Unicode Version

လူခြောက်တို့ရဲ့ချစ်ကမ္ဘာ(စ/ဆုံး)
—————————————-
မခင်မွှေးက မြစ်ဆိပ်ကမ်းအနီးရောက်ခါနီးတွင် မြစ်ထဲသို့မျှော်ကြည့် ကာ သက်ပြင်းကိုချလိုက်သည်။
မောင်လေးကိုရေထဲမှာမျှောပစ်ရတော့မယ်။နောင်ဆိုရင်မောင်လေးနဲ့ ဘယ်တော့မှပြန်ဆုံရမှာမဟုတ်တော့ပါလားဟုတွေးကာမခင်မွှေးဝမ်းနည်း
သွားလေသည်။
မခင်မွှေးက မြစ်ကမ်းစပ်အထိလျှောက်လာပြီးခေါင်းပေါ်ရွက်လာသော အခေါင်းကို အောက်သို့ချလိုက်လေသည်။
မြစ်ထဲ မျှောမပစ်မီ နောက်ဆုံးအနေဖြင့်ကြည့်ရန် အခေါင်းအဖုံးကို ဆွဲဖွင့်လိုက်လေ၏။
အခေါင်းထဲမှာတော့ မောင်လူမွှေးသည် သူ့ကိုမြင်နေကျအတိုင်း အိပ် နေသည့်သဖွယ် ရှိနေမြဲဖြစ်သည်။
“မောင်လေးရယ်”

မခင်မွှေးကမောင်လူမွှေးကိုကြည့်ကာကြေကြေကွဲကွဲ မြည်တမ်းလိုက်
မောင်လူမွှေး အသုဘကိုချရာတွင် အသုဘပို့သူ ဘယ်သူမျှမပါ။ ဖခင် ဖြစ်သူ ဦးကျောက်ခဲကိုယ်တိုင်ပင် လိုက်မလာခဲ့ချေ။ ဦးကျောက်ခဲက သား အတွက်အခေါင်းကို
သူကိုယ်တိုင်ရိုက်ပေးလိုက်ပြီးအလောင်းကိုအခေါင်း အတွင်းပြင်ဆင်ပေးကာ ရေထဲမျှောပြီးစွန့်ပစ်ဖို့မခင်မွှေးတစ်ယောက်တည်း
ကိုလွှတ်လိုက်ခြင်းဖြစ်သည်။
တကယ်တော့ – သူတို့ရွာမှာ သေသူများ၏အလောင်းကို မြစ်ထဲမျှော စွန့်ပစ်သည့် အလေ့အထမရှိပါ။ ရွာသုသာန်၌ပင် မြေမြှုပ်၍ဖြစ်စေ၊ အုတ်ဂူ တည်၍ဖြစ်စေ စွန့်ပစ်ကြမြဲဖြစ်သည်။
မောင်လူမွှေးကတော့ –
မောင်လူမွှေး၏ရုပ်အလောင်းကိုတော့ သာမန်လူများကို သင်္ဂြိုဟ်သလို သုသာန်တွင် သင်္ဂြိုဟ်ဖို့မဖြစ်နိုင်သဖြင့် ရေထဲမျှောပစ်ရန် စီစဉ်ရခြင်းဖြစ်ပါ သည်။
တကယ်တော့ – မခင်မွှေး၏မောင်ငယ် မောင်လူမွှေးဆိုသည်မှာ…
မခင်မွှေးအသက်(၇)နှစ်အရွယ်ရောက်မှမောင်လူမွှေးကိုမွေးဖွားခဲ့ခြင်း
ဖြစ်သည်။ အသက်ချင်း (၇)နှစ် ကွာသည်မို့ မခင်မွှေးက မောင်လူမွှေး မွေးဖွားစဉ်က အကြောင်းများကို ကောင်းကောင်းကြီးမှတ်မိနေပါသည်။
မခင်မွေးက ဦးကျောက်ခဲ၊ ဒေါ်မြင့်တို့၏ သမီးကြီးဖြစ်သည်။ မခင်မွှေး အသက်(၇)နှစ်အရွယ်တွင် မိခင်ကြီးဒေါ်မြင့်၌ ဒုတိယကိုယ်ဝန်ရှိလာသည်။ သို့သော်- ကိုယ်ဝန်သည် တစ်စတစ်စ ကြီးထွားလာရမည့်အစား ကိုယ်ဝန် (၇)လရှိချိန်မှစကာ တဖြည်းဖြည်းသေးငယ်သွားခဲ့သည်။ဒေါ်မြင့်ကိုယ်တိုင် သာမက အားလုံးပင် အံ့အားသင့်ခဲ့ရလေသည်။ ဒေါ်မြင့်ကို မွေးဖွားပေးမည့်

လက်သည်ကြီးဒေါ်ာယုကိုယ်တိုင်ပင်အံ့ဩခဲ့ရ၏။ ဒေါ်ဇာယုသည်တစ်ရွာ လုံးအတွက်အားကိုးရသောလက်သည်ကြီးဖြစ်သည်။ ရွာမှကိုယ်ဝန်ဆောင် အားလုံးကို ဒေါ်ဇာယုကပင် မွေးဖွားပေးခဲ့သည်။ မည်သို့ပင်ဆိုစေ-ကိုယ်ဝန်နေ့စေ့လစေ့အချိန်မှာတော့ဒေါ်မြင့်ဝမ်းထဲ
မှ ကလေးတစ်ယောက်မွေးဖွားခဲ့လေသည်။
သို့သော်- မွေးလာသည့်ကလေးတွင် အသက်ပါမလာခဲ့။ အသက်ပါ မလာရုံသာမဟုတ်သေး။ကလေးလေးမှာအရွယ်အစားကလူကြီးလက်ဝါးထဲ ထည့်ထားလို့ရသည့် အရွယ်အစားမျှသာ ရှိလေသည်။ တစ်ထွာပင် မပြည့် ပေ။ အသက်ပါမလာသည့် ကလေးလေးမှာ ယောက်ျားလေးဖြစ်သည်။ ယောက်ျားလေးအင်္ဂါနှင့် ကိုယ်လက်အပြည့်အစုံမွေးဖွားလာခြင်းဖြစ်သည်။ တကယ်တော့ အသက်ပါမလာသော ကလေးမို့ စွန့်ပစ်ရုံသာရှိလေသည်။ သို့သော်-ကိုယ်လက်အင်္ဂါအပြည့်အစုံပါခြင်း၊ ရှိသင့်သည့်အရွယ်ထက်
လွန်စွာသေးငယ်နေခြင်းများကရိုးရာအစွဲအလမ်းတစ်ခုအတွက်အထောက်
အကူဖြစ်နေခဲ့လေသည်။
ဒေါ်မြင့်ကညတိုင်းအိပ်မက်ထဲတွင် ကလေးလေးကို နို့တိုက်ရတယ်လို့ အိပ်မက်မက်ကြောင်း ပြောသည်။ ဦးကျောက်ခဲက မယုံကြည်။ ဒေါ်မြင့် အိပ်မက် မက်လျှင်လည်း အစွဲအလမ်းကြောင့် အိပ်မက် မက်တာလို့ပဲ ထင် နေသည်။ သို့သော်-ထူးဆန်းတာက အသက်မပါသော သန္ဓေသားလေး သည် ပုပ်သိုးသွားခြင်း၊ ဆွေးမြည့် သွားခြင်း၊ အနံ့ဆိုးထွက်ခြင်းမရှိဘဲ ဒီအတိုင်းရှိနေခြင်းပင်။ ပို၍ထူးဆန်းတာကဒေါ်မြင့်သည်ကလေးအသေလေး
မွေးထားသော်လည်းနို့ထွက်နေခြင်းဖြစ်သည်။ သာမန်သားသည်အမေတွေ လိုပုံမှန်နို့ထွက်သည်။ နို့ကို ညှစ်ပစ်ရခြင်းမျိုးလည်း မရှိခဲ့ချေ။
ထိုအခြေအနေများကြောင့် လူခြောက်ကလေးဟု ထင်မြင်ချက်က ပို၍
ခိုင်မြဲသွားလေသည်။
အမေပြောပြောပြ၍မခင်မွှေးသည်လည်းလူခြောက်ကလေးကိုသူမ၏
သက်ရှိမောင်လေးသဖွယ်ထင်မြင်ယူဆထားခဲ့လေသည်။ အမေက သူ့သား

လူခြောက်ကလေးနှင့် အိပ်မက်ထဲတွင် တွေ့ရပုံများအား ပြောပြောပြတတ် လေသည်။
သည်လိုနှင့် သာမန်လူသားတစ်ဦးကို နာမည်ပေးသလို လူခြောက် ကလေးကို နာမည်ပေးခဲ့ကြသည်။
ဗုဒ္ဓဟူးသားလေးဖြစ်၍ မောင်လူမွှေးဟုမှည့်ခေါ်ထားခဲ့လေသည်။

မခင်မွှေးတို့နေထိုင်ရာမြင်သာရွာတွင်လူခြောက်အဖြစ်မွေးဖွားလာသူ မှာမောင်လူမွှေးတစ်ယောက်သာရှိသည်။ ယခင်က ဘယ်မိခင်မှလူခြောက်
မမွေးဖွားဘူးကြချေ။
လူခြောက်မမွေးဘူးသော်လည်းလူခြောက်အယူအဆ
ကိုတော့ လက်ခံယုံကြည်ကြသည်။ လူခြောက်တို့သည် ညပိုင်းတွင် မိခင် ဖြစ်သူနှင့် အိပ်မက်ထဲတွင် တွေ့ဆုံတတ်ပုံ။ သူတို့အလိုရှိရာကိုမိခင်များအား အိပ်မက်ထဲတွင် ပြောပြပုံများကို ပုံပြင်သဖွယ် ယခင်ကတည်းက ကြားနာဖူး ကြသည်။
လူခြောက်သည် မိဘများအား ကောင်းကျိုးပေးသည်။ လူခြောက်မွေး လျှင် လာဘ်ကောင်းသည်ဟူသည့် အယူအဆကိုလည်း ယုံကြည်ကြလေ သည်။
လူခြောက်ကလေး မောင်လူမွှေးက တစ်နေ့တွင် ဦးကျောက်ခဲနှင့် ဒေါ်မြင့်တို့မိသားစုအားကောင်းကျိုးပေးလိမ့်မည်ဟုတစ်ရွာလုံးကပြောကြ
လေသည်။
သည်လိုနှင့် – မောင်လူမွှေးကိုတကယ့်သက်ရှိကလေးတစ်ယောက်ကို မွေးသည့်သဖွယ်မွေးလာခဲ့လေသည်။ဒေါ်မြင့်ကလက်တစ်ဝါးအရွယ်ရှိသည့် ထန်းခေါက်ဖာလေးထဲတွင်အောက်ခြေမှာဂွမ်းစနုနုလေးခံကာမောင်လူမွှေး
ကို ထည့်ထားသည်။ ထန်းခေါက်ဖာလေးဘေးတွင် မောင်လူမွှေးကစားရန် အိုးပုတ်၊ ချိုးရုပ်ကလေးများ ချပေးထားသည်။ ဒေါ်မြင့်အပြောအရမောင်လူ မွှေးလေးသည် ညတိုင်း ထိုကစားစရာလေးများနှင့် ကစားသည်ဟုဆို၏။ မောင်လူမွှေးအတွက် အင်္ကျီအဝတ်အစား သေးသေးလေးများကိုလည်း သီးခြားချုပ်လုပ်ကာ ထန်းခေါက်ဖာလေးဘေးတွင် ချပေးထားလေသည်။ အဝတ်အစားများကိုလည်း တစ်နေ့တစ်ကြိမ်လဲလှယ်ပေးလေ၏။ ညဘက် အိပ်မက်ထဲတွင် သူ လဲဝတ်ပေးထားသော အဝတ်အစားလေးများကို ဝတ်

ထားသည့်အတိုင်းမောင်လူမွှေးကိုတွေ့ဆုံရသည်ဟုဒေါ်မြင့်က ဆိုပြန်လေသည်။
သို့ဖြင့်-လူခြောက်ကလေးမောင်လူမွှေးမွေးဖွားပြီး (၂)နှစ်ကြာမြင့်ချိန်
သို့ ရောက်လာခဲ့လေ၏။

မောင်လူမွှေးလေး အသက် (၂)နှစ်အရွယ်ရှိလာပြီဟု ဆိုနိုင်လေ
အသက် (၂)နှစ်တွင် ကလေးများ စကားတီတီတာတာပြောတတ်လာ သည့်အတိုင်း မောင်လူမွှေးသည်လည်း စကားတတ်လာပြီဟု ဒေါ်မြင့်က ပြောပြလေသည်။ မနက်မိုးလင်းတိုင်း ညက အိပ်မက်ထဲတွင် မောင်လူမွှေး ပြောလိုက်သည့် တီတီတာတာစကားလေးများကို ပြန်ပြောပြတတ်လေသည်။

တစ်နေ့တွင် – ဒေါ်မြင့်က ထူးထူးဆန်းဆန်းစကားတစ်ခွန်း ပြောလေ
“ကိုကျောက်ခဲရေ-ညကကျွန်မသားလေးနဲ့တွေ့တော့ အိပ်မက်ထဲမှာ သားလေးမောင်လူမွှေးကကျွန်မလက်ကိုဆွဲပြီးထီဆိုင်တစ်ဆိုင်ကိုခေါ်သွား တယ်တော့။ ထီဆိုင်ကမြို့ကနာရီစင်ကြီးဘေးနားတွင်ရယ်၊ ထီဆိုင်နာမည် တောင်ကျွန်မဖတ်လိုက်သေးတယ်။ နဂါးမင်းထီဆိုင်တဲ့တော့။ မောင်လူမွှေး က ချိတ်ထားတဲ့ ထီစာအုပ်တွေထဲက အောက်ဆုံးတန်း ဘယ်ဖက်အစွန်က ထီအုပ်ကိုယူလိုက်တော့တစ်ရွက်တည်းကျန်တဲ့ထီလက်မှတ်ဖြစ်နေတယ်။ သားလေးကအမေတဲ့၊ ဒီထီလက်မှတ်ကိုထိုးတဲ့၊ သိန်းဆုကြီးပေါက်လိမ့်မယ် တဲ့၊အဲဒီလိုပြောခဲ့တယ်တော်။ကိုကျောက်ခဲ- ရှင်ကမြို့ကိုအရောက်အပေါက် များတော့ မေးရဦးမယ်။ နာရီစင်ကြီးနားမှာ ထီဆိုင်များ ရှိသလားတော့” “ရှိမှာပေါ့မယ် မြင့်ရယ်၊ လူစည်ကားတဲ့ ဈေးကြီးနားတွင်ဟာကိုး၊ ထီ ဆိုင်လည်း ရှိမှာပေါ့”
“ကျုပ်တို့ သွားကြည့်ရအောင်တော်၊ အိပ်မက်ထဲကလို နဂါးမင်းထီဆိုင် ဆိုတာတွေ့ရင် ထိုးလိုက်စမ်းချင်တယ်”

“မယ်မြင့်ရယ်- မင့်ဟာက ထီဆိုင်ကြည့်ရုံနဲ့တော့ မြို့တက်ရမှာ စရိတ်ကုန်ပါတယ်ကွာ” “အို- ကိုကျောက်ခဲ၊ တော်- ဘယ်လိုပြောတာတုံး။ သားလေးက ထီ ပေါက်စေချင်လို့ အိပ်မက်ထဲကနေ အမေ့ကို အသိပေးတာ။ ပေါက်မယ်ဆို လည်း သူပြောတဲ့အပတ်မှာထိုးမှပေါက်မှာရှင့်။ လမ်းစရိတ် နှမြောမနေပါနဲ့ ရှင်ရယ်။ ကျွန်မ စိတ်ထဲမလည်း တကယ်လို့ ထင်နေတယ်။ ရှင် လိုက်မပို့ လည်း ကျွန်မဘာသာ လှေကြုံနဲ့လိုက်သွားမတော်”
အစွဲအလမ်းကြီးလို့အိပ်မက်မက်တာပါကွာ။
ကွာ”
“ကိုင်း – ကိုင်း – မင်း ဒါလောက် စိတ်ဆန္ဒရှိနေလည်း ငါ လိုက်ပို့ပါမယ်
ထိုအခေါက်ကမြို့ကိုသွားတော့မခင်မွှေးလည်းလိုက်ခဲ့ရသည်။ ဒေါ်မြင့်က နာရီစင်ကြီးနားအရောက်တွင် ခြေလှမ်းများပိုသွက်လာကာ အိပ်မက်ထဲက ထီဆိုင်ကိုလိုက်ရှာလေသည်။ထူးဆန်းစွာပင်နာရီစင်ကြီး၏တောင်ဘက်ခြမ်း ဈေးဆိုင်တန်းတွင် အစွန်ဆုံး၌ထီဆိုင်ကိုတွေ့ရလေ၏။ ပို၍ထူးဆန်းသည် ကား ထီဆိုင်အမည်မှာ “နဂါးမင်း” ဖြစ်နေခြင်းပင် ဖြစ်တော့သည်။
ဒေါ်မြင့်သည် တစ်နှစ်တစ်ခေါက်ပင် မြို့ကိုမရောက်ဖြစ်ပါ။ မြို့ကို သွား စရာရှိလျှင် ဦးကျောက်ခဲသာ သွားမြဲဖြစ်သည်။ ကိစ္စပေါ်ခဲ၍လည်း မြို့ကို ရောက်ခဲ့ကြပါသည်။ ထီဆိုင်ကို အမည်နှင့်တကွ အိပ်မက် မက်ခြင်းသည် မသိစိတ်က စွဲလမ်းလို့ မဖြစ်နိုင်ပေ။
“အို – ကျွန်မ အိပ်မက်ထဲက မြင်ကွင်းတွေကလည်း ဒီအတိုင်းပဲ၊ ဒီ အတိုင်းပဲ”
ဒေါ်မြင့်၏ခြေလှမ်းများက မပြေးရုံတစ်မည်ဖြင့် ထီဆိုင်ဆီရောက်သွား
လေ၏။
“အမယ်လေး – ကိုကျောက်ခဲရေ ကြည့်ပါဦး။ အောက်ဆုံးတန်းဘက် အစွန်က ထီစာအုပ်က တစ်ရွက်တည်းကျန်တော့တာလည်း အိပ်မက်ထဲက အတိုင်းပဲတော့”

ဒေါ်မြင့်ကထိုတစ်ရွက်တည်းကျန်သောထီလက်မှတ်ကိုပင်ယုံကြည်စွာ
ဖြတ်ယူခဲ့လေသည်။
ထိုအပတ်က ထီဖွင့်ပွဲကို ဒေါ်မြင့်ထိုးခဲ့သောထီလက်မှတ်က တစ်သိန်း ဆုပေါက်ကြောင်းကို နဂါးမင်းထီဆိုင်က ရွာအထိလိုက်လာကာ အကြောင်း ကြားပေးခဲ့လေသည်။ထိုခေတ်ကအများဆုံးထီဆုငွေမှာလည်းတစ်သိန်းပင်
ဖြစ်လေသည်။
ထိုအဖြစ်ကလောကကြီးတွင် မောင်လူမွှေးတကယ်အသက်ရှင်လျက် ရှိနေကြောင်း သက်သေပြလိုက်သကဲ့သို့ ဖြစ်သွားလေသည်။
ဦးကျောက်ခဲသည်ယခင်က ဇနီးသည်စိတ်ချမ်းသာအောင်လူခြောက် သားငယ် တကယ်ရှိတယ်ဆိုတာကို ယုံကြည်ဟန်ပြခဲ့ခြင်းသာ ဖြစ်သည်။ ဇနီးသည်၏ ယုံကြည်မှုကို မပျက်စေလို၍အလိုလိုက်ကာ ယုံဟန်ဆောင်ခဲ့ ခြင်းဖြစ်သည်။ မောင်လူမွှေးပေးတဲ့အိပ်မက်အရ အိပ်မက်ထဲက ထီဆိုင်ကို နာမည်အတိအကျနှင့်အပြင်မှာတွေ့ရခြင်း၊ သိန်းဆုကြီးတကယ်ပေါက်ခဲ့ခြင်း များကြောင့် ဦးကျောက်ခဲသည် သားငယ်လူခြောက်ကလေး မောင်လူမွှေး တကယ်ရှိနေတယ်ဆိုတာကို အကြွင်းမဲ့ယုံကြည်လိုက်ရပါတော့သည်။ နောက်ပိုင်းတွင် ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များက ပိုလို့ပင် ထူး ဆန်းပါသေးသည်။
မောင်လူမွှေးကအိမ်စီးပွားရေးအတွက်လုပ်ကိုင်ရန်အကြံဉာဏ်များကို ဆက်တိုက်ပေးခဲ့လေသည်။ ပထမဆုံးအနေဖြင့် ထီပေါက်သောငွေဖြင့် စက်တပ်မော်တော်တစ်စီးဝယ်ရန် ထိုမော်တော်ဖြင့် မြင်သာရွာနှင့်မြို့ကို ကုန်ကူးသန်းရန် အကြံပေးခဲ့သည်။ မောင်လူမွှေး အကြံပေးသည့်အတိုင်း လုပ်ခဲ့ရာ ယခင်က မြို့သို့သွားရန်နှင့် ကုန်ပစ္စည်းများတင်ပို့ရန်ရှိလျှင် အခြား ရွာမှမော်တော်ကြုံစောင့်၍စီးရ၊ တင်ရသော မြင်သာရွာသည် ဦးကျောက်ခဲ

တို့၏ မော်တော်ရှိလာသောကြောင့် ကုန်သွယ်သွားလာမှုအဆင်ပြေလာခဲ့ သည်။ ဦးကျောက်ခဲ၊ ဒေါ်မြင့်တို့မိသားစုအတွက်လည်း စီးပွားတက်ခဲ့လေ တော့သည်။
ယခင်က ဦးကျောက်ခဲတို့၏ စီးပွားရေးမှာ သာမန်မျှသာဖြစ်သည်။ နေအိမ်ကလည်း ထရံကာ၊ ဓနိမိုး အိမ်ငယ်လေးမျှသာဖြစ်သည်။ မောင်လူ မွှေးကဘယ်လိုကုန်စည်မျိုးကိုလှောင်ပါ။ ဘယ်နေရာမှာလယ်ကွက်ဝယ်ပါ။ ဘာသီးနှံကိုစိုက်ပါ စသဖြင့် အိပ်မက်ထဲကတစ်ဆင့် အကြံပေးခဲ့တဲ့အတိုင်း လုပ်ဆောင်လာခဲ့ရာ တစ်စတစ်စ စီးပွားတိုးလာခဲ့လေသည်။
ယခုဆိုလျှင် ဒေါ်မြင့်နှင့် မခင်မွှေးမှာလည်း ရွှေတွဲလွဲ ငွေတွဲလွဲဖြစ်လာ သည့်အပြင် စုနိုင်ဆောင်းနိုင်လာသည်။ အိမ်ကိုလည်း တောအရပ်ဖြစ်သည့် တိုင် နှစ်ထပ်တိုက်ဖြင့် နေနိုင်လာသည်။
မြင်သာရွာတစ်ရွာလုံးက ဦးကျောက်ခဲတို့ ကောင်းစားလာခြင်းသည် လူခြောက်မောင်လူမွှေးက အကျိုးပေးလို့ဆိုတာကို လက်ခံယုံကြည်ကြ
လေ၏။
သည်လိုနှင့် အချိန်ရာသီများ တဖြည်းဖြည်းကုန်လွန်လာခဲ့ရာမောင်လူ မွှေးလေးသည် အသက် (၁၆)နှစ်အရွယ်သို့ ရောက်လာခဲ့လေတော့၏။ “ကျွန်မသားလေးကလူပျိုပေါက်ကလေးဖြစ်လာတော့ထွားလာလိုက် တာ အရပ်ကြီးမှ အမြင့်ကြီးပဲရှင်။ မအေက သူ့ကိုမော်ကြည့်ရတယ်။ ရုပ် ကလေးကလည်းချောသလားမမေးနဲ့၊ နှုတ်ခမ်းမွေးစစ၊ ပါးသိုင်းမွေးရေးရေးနဲ့ သိပ်ယောက်ျားပီသတဲ့ကလေးပဲ”
ဒေါ်မြင့်က မောင်လူမွှေး သွင်ပြင်ကို ပြောပြတတ်သည်။ လူခြောက်ဆို သည်မှာ မိခင်တစ်ဦးတည်းနှင့်သာ အိပ်မက်ထဲတွင် ဆက်သွယ်လို့ရသည့်

အတွက်မောင်လူမွှေးကိုဒေါ်မြင့်တစ်ဦးတည်းသာမြင်ဖူးလေသည်။ ဒေါ်မြင့်
ပြောသည့်ပုံစံကို ပုံဖော်စိတ်ကူးကြည့်ရလေသည်။
တစ်နေ့တော့ – ဒေါ်မြင့်က သတင်းထူးတစ်ခုကို ပြောပြလေ၏။ “ကိုကျောက်ခဲရေ- သားလေးက အရွယ်ရောက်လာတော့ ချစ်သူ
ကြိုက်သူ တွေ့နေပြီရှင့်”
“ဟေ”
“ညက ကျွန်မကို ပြောတယ်။ သူ့မှာ ချစ်သူရှိနေပြီတဲ့။ နာမည်တောင် ပြောပြသေးတယ်။ သူ့ ချစ်သူနာမည်က မကြေးမုံတဲ့ရှင်”
“မကြေးမုံ”
“မကြေးမုံက သူ့လိုပဲ လူခြောက်မလေးတစ်ယောက်လို့ပြောတယ် ကိုကျောက်ခဲရေ”
“ဪ – သူတို့ လူခြောက်အချင်းချင်း ဝိညာဉ်လောကမှာ တွေ့ကြ ချစ်ကြတာနေမှာပေါ့ မယ်မြင့်ရယ်”

“ဟုတ်ပါ့ရှင် … အဲဒါသားလေးကမကြေးမုံလေးနဲ့ပေးစားပါတဲ့။ မကြေးမုံ လေးရှိတဲ့နေရာကို သူ ပြောပြပါ့မယ်တဲ့”
“အေး-တို့ ကြားဖူးတာတော့ လူခြောက်တွေဟာ သူတို့ လူခြောက် အချင်းချင်း သူတို့ရဲ့ သီးခြားကမ္ဘာမှာ တွေ့ဆုံပြီး ချစ်ကြ ကြိုက်ကြဆိုကိုး၊ လူခြောက်ယောက်ျားလေးက သူ့ချစ်သူ လူခြောက်မလေးကို တောင်းရမ်း ပေးဖို့မိဘတွေကိုပြောလို့ သူပြောတဲ့လိပ်စာအတိုင်း သွားပြီးတောင်းရမ်းတဲ့ အခါ အဲဒီအိမ်မှာ လူခြောက်မိန်းကလေးတစ်ယောက် တကယ်ရှိနေတတ် တယ်တဲ့။ ငါတို့သားလေးရဲ့ ချစ်သူက ဘယ်အရပ်မှာ နေတာတဲ့လဲ မယ်မြင့်”
“အဲဒါမပြောသေးဘူးရှင့်၊ သူ့ချစ်သူ မကြေးမုံက သူ့မိဘတွေကို အရင် ခွင့်တောင်းဦးမယ်တဲ့။ မကြေးမုံမိဘတွေက သဘောတူပါတယ်။ လာပြီး တောင်းရမ်းလှည့်ပါလို့ ဆိုတဲ့အခါကျမှ မကြေးမုံတို့ နေရိပ်လိပ်စာကို ပြော မယ်တဲ့ ကိုကျောက်ခဲရေ”
“အင်းပေါ့လေ- ဟုတ်တာပေါ့၊ အေးကွာ-မကြေးမုံကိုသွားတောင်းလို့
တကယ်ပဲလူခြောက်မလေးမကြေးမုံရှိတယ်ဆိုရင်လောကကြီးမှာလူခြောက် ဆိုတဲ့အမျိုးအစားဟာ တကယ်ရှိပါတယ်ဆိုတာကို သက်သေပြစရာတစ်ခု ကြုံရဦးမှပေါ့ မယ်မြင့်ရယ်။ လူခြောက်ဆိုတာ ရှားရှားပါးပါးမို့ မကြေးမုံရဲ့ မိဘများကလည်း သဘောမတူဘဲ ရှိမယ်မထင်ပါဘူးကွာ”
“ဒါပေါ့ – ကိုကျောက်ခဲရယ်၊ ကျွန်မ သားလေးအတွက် မကြေးမုံကို ဘယ်လောက် တင်တောင်းရတောင်းရပါတော်။ သားလေး စိတ်ချမ်းသာ အောင် သူ့ချစ်သူနဲ့ ပေါင်းရဖို့ ကျွန်မတို့က လုပ်ပေးရမှာပေါ့”
သို့သော်- လောကကြီးတွင် ကြိုတင်မျှော်မှန်းသည့်အတိုင်း ဖြစ်ချင်မှ ဖြစ်တတ်သည့် ထုံးစံအတိုင်း ကံကြမ္မာအလှည့်အပြောင်းတစ်ခုနှင့် မမျှော် လင့်ဘဲ ကြုံလိုက်ရလေသည်။
မြစ်အောက်ဘက်အရပ်ရှိဒေါ်မြင့်၏ဇာတိရွာဖြစ်သောဖလံကျင်းရွာတွင် ဒေါ်မြင့်၏အစ်မအကြီးဆုံးဖြစ်သူကွယ်လွန်သွားကြောင်းလူကြုံဖြင့် သတင်း စကားရောက်လာခဲ့လေသည်။ အစ်မအရင်း၏ အသုဘမို့ ဒေါ်မြင့်မှာ ချက်ချင်းလိုက်ဖို့ပြင်ရလေ၏။ မြို့မှတစ်ဆင့် ဖလံကျင်းကိုသွားသည့်လှေကို စီးရမည်ဖြစ်သည်။
သတင်းရပြီး နောက်တစ်နေ့မနက်တွင်ဒေါ်မြင့်တစ်ဦးတည်းဖလံကျင်း ကိုထွက်သွားခဲ့လေသည်။
မသွားမီ ပြောပြသွားခဲ့ပါသေးသည်။
“အစ်မကြီး နာရေးမို့ မဖြစ်သာလို့သာ သွားရမယ်၊ စိတ်မဖြောင့်ဘူး ကိုကျောက်ခဲရယ်၊ သားလေးကလည်း ညတုန်းက သတိနဲ့သွားဖို့ သတိပေး လိုက်သေးတယ်”
“ဟင်- ဟုတ်လား”
“သမီးရေ- ခင်မွှေး၊ ညည်း ကြီးတော်ကြီး ရက်လည်ပြီးမှ အမေပြန် လာမှာဆိုတော့ တစ်ပတ်လောက်ကြာမယ်ကွဲ့”
“ဟုတ်ကဲ့- အမေ”
“မောင်လေးကို သန့်ရှင်းရေးလုပ်ပေးဖို့မမေ့ပါနဲ့ကွယ်။ အင်္ကျီလေးတွေ လဲဝတ်ပေးကွဲ့နော်” “ဟုတ်ကဲ့ပါ – အမေ”
“ဘုရားကျောင်းဆောင်မှာ ဘုရားပန်းတွေကိုမညှိုးစေနဲ့။ တစ်ရက်ခြား တစ်ခါလဲပေး။ မနက်တိုင်း ဆွမ်းတော်လည်းတင်၊ သောက်တော်ရေချမ်းများ လည်းလဲဖို့ မမေ့နဲ့နော်သမီး”
သည်။
“စိတ်ချပါ … အမေရယ်”
ဒေါ်မြင့်တစ်ယောက် အိမ်ကိုနောက်ဆံငင်စွာဖြင့် ထွက်ခွာသွားခဲ့လေ
မောင်လူမွှေးက ခရီးထွက်ရာတွင် သတိနှင့်သွားဖို့ သတိပေးခဲ့သည်ဟု ဒေါ်မြင့်က ပြောပြသွားခဲ့သည်။ လူခြောက်ကလေးသည် ကြုံလာရမည့် အန္တရာယ်ကို ကြိုသိ၍များ မိခင်ကို သတိပေးခဲ့လေသလား မသိ။
ရက်လည်ဆွမ်းသွတ်ပြီးသည်နှင့် ဒေါ်မြင့် ဖလံကျင်းရွာက ပြန်လာခဲ့ သည်။ ဖလံကျင်းကနေ မြို့အထိ လှေစီးရပါသည်။ မြို့ရောက်မှ အိမ်က မော် တော်နှင့် မြင်သာရွာကို ပြန်ရန်ဖြစ်သည်။
အချိန်ကာလမှာ မိုးတွင်းဖြစ်သည်။ ဖလံကျင်းက မနက်စောစောထွက် လာစဉ်က ရာသီဥတု သာယာနေပါလျက် လှေထွက်လာပြီး နာရီဝက်ခန့် အကြာတွင် လေပြင်းများ တိုက်ခတ်လာလေသည်။ လေက တစ်စတစ်စ ပြင်းထန်လာရာ မုန်တိုင်းအဆင့်သို့ရောက်ခဲ့ပြီး ဧရာဝတီမြစ်အတွင်း သွား လာနေသည့် လှေ၊ သင်္ဘော၊ ရေယာဉ်များ အခက်အခဲအန္တရာယ် ကြုံတွေ့ ခဲ့ရလေသည်။

လေပြင်းမုန်တိုင်း ငြိမ်သက်ပြီး ညမိုးချုပ်သွားသည့်တိုင် ဒေါ်မြင့်ပါလာ သောလှေသည် မြို့သို့ရောက်မလာခဲ့ချေ။
ဖလံကျင်းရွာက လူတွေကလည်း စိတ်မချလို့ နောက်တစ်နေ့တွင် မြင်သာရွာကို လိုက်လာသည်။

ဦးကျောက်ခဲတို့ကလည်း ဖလံကျင်းကိုလိုက်ဖို့ ထွက်လာခဲ့သည်။ မြို့တွင် ဖလံကျင်းက လူတွေနှင့် ဦးကျောက်ခဲတို့ ဆုံမိကြသည်။ ဒေါ်မြင့်ပါသွားသော လှေတစ်စင်းလုံး ပျောက်ချင်းမလှ ပျောက်နေ
တစ်ပတ်ကြာသည့်အခါမှာတော့ မုန်တိုင်းထဲတွင်လှေနှင့်အတူဒေါ်မြင့် တို့ခရီးသည်အားလုံး ပါသွားပြီဟု မှတ်ချက်ချလိုက်ရလေတော့သည်။ မုန်တိုင်းကြောင့် နစ်မြှုပ်သွားသော လှေသင်္ဘောများမှ ခရီးသည်တို့၏ အလောင်းများကို ဆယ်ယူရရှိသော်လည်း ဒေါ်မြင့်အလောင်းကိုမူ မတွေ့ခဲ့ ရပေ။ မည်သို့ဆိုစေ- ဒေါ်မြင့်ကို သေစာရင်းသွင်းလိုက်ရပါပြီ။
လူခြောက်တို့သည်မိခင်ဖြစ်သူနှင့်သာ ဆက်သွယ်လို့ရသည်။ မိခင်ကို အိပ်မက်ပေးကာ မိခင်ဖြစ်သူ ပြန်ပြောပြမှသာ လူခြောက်အကြောင်းကို သိခွင့်ရကြခြင်းဖြစ်သည်။
မိခင်ဖြစ်သူ ဒေါ်မြင့် ကွယ်လွန်သွားသည့်အခါ လူခြောက်ကလေး မောင်လူမွှေးနှင့် အဆက်အသွယ်ပြတ်သွားရလေသည်။
လူခြောက်တို့သည် သူတို့သေဆုံးပြီဆိုပါကသေဆုံးသွားပြီဖြစ်ကြောင်း မိခင်ကို အိပ်မက်ထဲတွင် အသိပေးကြသည်။ သူတို့၏ ရုပ်ခန္ဓာကို မည်သို့

မည်ပုံစွန့်ပစ်ပါဟုမှာကြားတတ်ကြပါသည်။ မြေမြှုပ်ခြင်း၊ ရေထဲမျှောပစ်ခြင်း၊ မီးရှို့ပစ်ခြင်းတို့ကို သူတို့စိတ်တိုင်းကျ လုပ်ဆောင်ပေးရပါသည်။
လူခြောက်တို့သည် သူတို့သေဆုံးသွားပြီဟု အသိပေးပြီးနောက်ပိုင်း တွင် မိခင်ဖြစ်သူကို အိပ်မက်မပေးတော့ပါ။ လူခြောက်ခန္ဓာကိုယ်ကို သံယောဇဉ်တွယ်ပြီး စွန့်မပစ်ဘဲထားလျှင်လည်း ဆက်ပြီး အိပ်မက်မပေး တော့ပါ။
မောင်လူမွှေးနှင့်ဒေါ်မြင့်တို့ဖြစ်ရပ်မှာတော့မမျှော်လင့်ဘဲမိခင်ဖြစ်သူက အရင်ကွယ်လွန်သွားနှင့်သည်။ မောင်လူမွှေး ဘယ်လိုဖြစ်ပြီး ကျန်ခဲ့တယ် ဆိုတာ မသိနိုင်တော့ပေ။ မိခင် သေဆုံးခြင်းနှင့်အတူ လူခြောက်ပါ သေဆုံး သွားပြီလို့ ယူဆရမည်လား။
မောင်လူမွှေး၏ ရုပ်ခန္ဓာကို ဆက်ပြီးထိန်းသိမ်းထားရမလား၊ စွန့်ပစ် ရမလား။ ဦးကျောက်ခဲအနေဖြင့် ဘယ်လိုဆုံးဖြတ်ရမှန်းမသိ ဖြစ်ရလေ သည်။
အဆိုးဆုံးကတော့ မောင်လူမွှေးတွင် ဘဝတူလူခြောက်မလေးနှင့် ချစ်သူရည်းစားဖြစ်နေမှန်း သိထားပါလျက်နှင့် တောင်းရမ်းမပေးနိုင်တော့ သည့်အတွက် ဦးကျောက်ခဲ စိတ်မကောင်းဖြစ်ရလေသည်။
“ဖြစ်ရလေ – သမီးရယ်၊ သမီးမောင်လေးရဲ့ ချစ်သူနာမည်ကို မကြေးမုံ ဆိုတာတောင် အဖေတို့ သိရပြီးမှ မကြေးမုံ ဘယ်မှာနေမှန်း မသိရလို့ တောင်းရမ်းမပေးနိုင်တော့ဘူး။ အဖေ စိတ်မကောင်းလိုက်တာကွယ်” သမီးဖြစ်သူ မခင်မွှေးကို တိုင်တည်ကာ ဦးကျောက်ခဲက ညည်းညူ လိုက်လေသည်။
မောင်လူမွှေးကိစ္စကို ဘယ်လို ဆက်လုပ်ရမယ်ဆိုတာကို မကြံစည် တတ်တော့သော ဦးကျောက်ခဲက ဗဟုသုတရှိသူများကို မေးရမြန်းရလေ တော့သည်။
မောင်လူမွှေးကို မွေးပေးခဲ့သည့် လက်သည်အဘွားကြီး ဒေါ်ဇာယုကို မေးမြန်းကြည့်ရာ –
“ငါကြုံဖူးတဲ့ဟိုဘက်ရွာကလူခြောက်ကလေးကတော့အသက်(၇)နှစ် အထိပဲရှည်သဟဲ့။ (၇)နှစ်ရောက်တော့သူသေပြီ၊ သူ့ကိုရေထဲမျှောပစ်လိုက် ပါလို့ အမေ့ကို အိပ်မက်ထဲမှာ ပြောဆိုပဲ။ မောင်လူမွှေးက ဒီအရွယ်အထိ လည်း အသက်ရှည်တယ်။ ရည်းစားသနာတောင် ရှိနေပြီဆိုတော့ မပြော တတ်တော့ပါဘူး ကျောက်ခဲရယ်။ မောင်လူမွှေးရှိသေးသလား။ သေပြီလား ဆိုတာ ငါလည်း ဘယ်ဆုံးဖြတ်တတ်မှာတုံး။ အဲဒီတော့ ကျောက်ခဲရေ- ငါ့ထက် စာပေဗဟုသုတပြည့်စုံတဲ့ ရွာဦးကျောင်းဆရာတော်ကိုသာ မေး လျှောက်ပေတော့ဟဲ့”
ရွာဦးကျောင်းဘုန်းကြီးကိုလျှောက်ထားကြည့်ရာတွင် –
“ဒါမျိုးက စာထဲပေထဲလည်းတိတိကျကျပါတာမဟုတ်တော့ ခက်သား ဒကာရယ်၊ အတွေ့ အကြုံရှိဖို့ဆိုတာလည်း ဒီလိုကိစ္စမျိုးက ကြုံခဲပေသကိုး။ ကျုပ်အထင် လူခြောက်မှာ အမေမရှိမှတော့ သူနဲ့ ဆက်သွယ်လို့မရတော့ တဲ့အတူတူ၊ သူ့ခန္ဓာကိုယ်ကိုလည်း သက်မဲ့ခန္ဓာကိုယ်လို့ မှတ်ယူရုံရှိတော့ တာပ။ နဂိုကတည်းကလည်း အသက်ဝိညာဉ်မှ မရှိပေတာကိုး။ အမေနဲ့ အိပ်မက်ထဲမှာ တွေ့နေရလို့သာ လူရယ်လို့ သတ်မှတ်ရတာမဟုတ်လား။ အမေမရှိတော့ဘူးဆိုတော့ သူ့ကိုလည်း အသက်ရှိတယ်လို့မှတ်လို့ ဘယ်ရ တော့မှာတုန်း။ ဒီကော့ကာအသက်မရှိတဲ့လူ့ခန္ဓာတစ်ခုကိုအိမ်မှာထားရတာ လည်း အလောင်းတစ်လောင်းကို အိမ်မှာသိမ်းထားရတာနဲ့ တူနေမှာပေါ့။ ကျက်သရေယုတ်တာပေါ့ကွယ်။ ဒီတော့- သူနဲ့ ဆက်သွယ်လို့မရတော့တဲ့ အတူတူ သူ့ဝိညာဉ်ရှိသေးရင်လည်းလွတ်ရာကျွတ်ရာသွားနိုင်အောင်စွန့်ပစ် လိုက်တာ အကောင်းဆုံးပေါ့ ဒကာ”
နောက်ဆုံးတော့ ဘုန်းကြီး၏ အကြံပေးချက်အတိုင်း မောင်လူမွှေး၏ ခန္ဓာကိုယ်ကို စွန့်ပစ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့သည်။

“သားရေ-ငါ့သားရဲ့ကျေးဇူးတွေလည်း အဖေတို့အပေါ်မနည်းပါဘူး။ ဒါပေမဲ့-အဖေ့သားသာဆိုတယ်အဖေလည်းသားကိုမမြင်ဖူးဘူး။ မင်းအမေ မရှိတဲ့နောက် သားကိုအိမ်မှာဆက်ထားဖို့ ခက်လို့ စွန့်ပစ်ရတော့မယ်ကွယ်။ အဖေ့ရင်ထဲ မချိပါဘူးသားရယ်။ အဖေ မှားရင်လည်း ခွင့်လွှတ်ပါတော့ သားလေးမောင်လူမွှေးရ”
ဦးကျောက်ခဲက မောင်လူမွှေး ခန္ဓာကိုယ်ဆန့်ရုံ သစ်သားအခေါင်းလေး ကို ကိုယ်တိုင်ရိုက်ကာ အခေါင်းလေးထဲကို မောင်လူမွှေးအားထည့်ရင်း နှုတ်မှ တတွတ်တွတ်ရေရွတ်နေခြင်း ဖြစ်လေသည်။
“သမီးရေ- မခင်မွှေး”
“ရှင် – အဖေ”
“ရော့ – ရော့ – သမီးရဲ့မောင်လေးကိုမြစ်ထဲမှာပဲ သွားပြီး မျှောပစ်လိုက် ပေတော့ကွယ်။မြေကြီးထဲလည်းမြှုပ်မပစ်ရက်၊ မီးလည်းမရှို့ရက်ပါဘူးကွယ်။ ရေထဲမျှောပစ်တာပဲ ကောင်းပါတယ်”
“ဟုတ်ပါတယ် – အဖေ”
“အေး-အေး- ရေထဲ မမျှောခင် မောင်လေးကောင်းရာမွန်ရာရောက် အောင် ဆုတောင်းလိုက်ဦးကွဲ့နော်”
မောင်လူမွှေးပါသောအခေါင်းသေးသေးလေးကိုခေါင်းပေါ်တင်ရွက်ကာ
မခင်မွှေး မြစ်ဆိပ်သို့ ထွက်လာခဲ့ခြင်း ဖြစ်ပါသည်။
မခင်မွှေးက မောင်လူမွှေးကို မြစ်ထဲမျှောမပစ်မီ နောက်ဆုံးအနေဖြင့် ကြည့်ရန် အခေါင်းအဖုံးကို ဆွဲဖွင့်လိုက်လေ၏။
အခေါင်းထဲမှာတော့ မောင်လူမွှေးသည် သူ့ကိုမြင်နေကျအတိုင်း အိပ် နေသည့်သဖွယ် ရှိနေမြဲဖြစ်သည်။

“မောင်လေးရယ်”
မခင်မွှေးကမောင်လူမွှေးကိုကြည့်ကာကြေကြေကွဲကွဲမြည်တမ်းလိုက်

ထို့နောက် အခေါင်းအဖုံးအံကလေးကို သေချာပြန်ပိတ်ကာ မြစ်ကမ်း ဆိပ်သို့ ဆင်းခဲ့လေ၏။
ဒူးဆစ်မြှုပ်သည့် ရေအနက်အရောက်တွင် မောင်လူမွှေးပါသော အခေါင်းလေးကို ရေစီးထဲသို့ မျှောချလိုက်လေသည်။
“သွားပေတော့ မောင်လေးရေ၊ နောင်ဘဝများကျတော့ မောင်လေးကို သာမန်လူတစ်ယောက်အနေနဲ့ ဆုံရပါစေကွယ်”
နှုတ်မှ အသံထွက်ရေရွတ်ဆုတောင်းလိုက်မိလေသည်။
မောင်လူမွှေး ပါသွားသော သစ်သားခေါင်းတလားလေးသည်ရေစီးထဲ တွင် တရွေ့ရွေ့မျောပါရင်း တဖြည်းဖြည်း ဝေးသည်ထက် ဝေးဝေးသွားလေ သည်။ မြစ်အောက်ဘက် ကမ်းအကွေ့တစ်နေရာအရောက်တွင်တော့ မခင်မွှေး၏ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားလေတော့သည်။
ထိုစဉ်မှာပဲ- သူမကို လှမ်းအော်မေးလိုက်သည့်အသံကို ကြားလိုက်ရ
ခြင်း ဖြစ်လေ၏။
“အေ-လုံမလေး၊ ဟောဒီရွာက မြင်သာရွာများလားကွဲ့” မခင်မွှေးက အသံထွက်ပေါ်လာရာသို့ လှည့်ကြည့်လိုက်သည်။ လှော်လှေတစ်စင်းပေါ်တွင် ဇနီးမောင်နှံဟုထင်ရသော သက်ကြီးစုံတွဲ တစ်တွဲ။ သူတို့က လှေကို အထက်ဘက်မှလှော်ခတ်လာရင်း မခင်မွှေးကို လှမ်းအော်မေးလိုက်ခြင်း ဖြစ်လေသည်။
ကျွဲ
“ဟုတ်ပါတယ်- ဦးကြီး၊ ဒါ– မြင်သာရွာပါ”
“ဟော – မြင်သာရွာရောက်ပြီတဲ့ ရှင်မရေ။ ဒါနဲ့ – လုံမက ဒီရွာကပဲလား
လှေပေါ်မှ လူကြီးက သူ့ဇနီးကို လှည့်ပြောလိုက်ပြီး မခင်မွှေးကို တစ် ဆက်တည်းမေးလိုက်သည်။

“ဟုတ်ပါတယ် – ဦးကြီး၊ ကျွန်မက ဟောဒီမြင်သာရွာကပါ” “ဒါဖြင့်- ဒီရွာမှာ ဦးကျောက်ခဲ၊ဒေါ်မြင့်ဆိုတာများရှိသလားကွယ်။ လုံမ သိသလား”
“ရှိပါတယ် – ဦးကြီး၊ ဦးကျောက်ခဲ၊ ဒေါ်မြင့်ဆိုတာ ကျွန်မမိဘများပါ။ ကျွန်မ အမေ ဒေါ်မြင့်ကတော့ ဆုံးသွားပါပြီ ဦးကြီး”
“အေး-အေး- ဟုတ်သဟေ့၊ ဒေါ်မြင့်ဆုံးသွားပြီဆိုရင် ငါတို့လာရှာတဲ့ ဦးကျောက်ခဲဆိုတာလုံမရဲ့အဖေအသေအချာပါပဲ။ လုံမနဲ့တွေ့ရတာအဆင် သင့်လိုက်လေ။ ဦးကြီးတို့ကို လုံမတို့အိမ် ခေါ်သွားပေးစမ်းပါကွယ်။ လုံမတို့ အဖေ ဦးကျောက်ခဲနဲ့ တွေ့ချင်လို့ပါ”
လှေကိုကမ်းသို့ကပ်လာရင်းပြောလိုက်ရာအိမ်ကိုလာသောဧည့်သည်
များဖြစ်ကြောင်း သိလိုက်ရလေသည်။
“ဟုတ်ကဲ့ – ဦးကြီး၊ အဖေအိမ်မှာ ရှိပါတယ်။ လှေကို ဒီမှာပဲ ကြိုးနဲ့ချည် ထားခဲ့ပါ။ မပျောက်ပါဘူး။ ဦးကြီးတို့မှာ ဘာများ သယ်စရာပါသေးလဲ။ ကျွန်မ ကို ပေးလေ”
မခင်မွှေးကအိမ်ကိုလာသောဧည့်သည်များမို့ဧည့်ဝတ်ကျေပွန်အောင်
ပြောလိုက်လေသည်။
အိမ်ရောက်လို့ဧည့်သည်လင်မယားကသူတို့ကိုယ်သူတို့မိတ်ဆက်ကာ
အကျိုးအကြောင်းရှင်းပြမှပင် သူတို့ဘယ်သူဘယ်ဝါဆိုတာ သိလိုက်ရတော့
၏။
“ဒီကနောင်ကြီး ဦးကျောက်ခဲကတော့ ကျုပ်တို့ကို သိမှာမဟုတ်ပါဘူး။ ကျုပ်တို့က မြစ်အထက်ပိုင်း ပေါက်ဦးဆိုတဲ့ရွာက လာခဲ့ကြတာပါ။ ကျုပ် နာမည်က ကိုကြံမောင် တဲ့။ ဟောဒီက ကျုပ်ဇနီးနာမည်က မနီပါတဲ့” “ဟုတ်ကဲ့ပါ ဗျာ”

ဧည့်သည်များကိုကြည့်၍ ဇဝေဇဝါဖြစ်နေသော ဦးကျောက်ခဲကို ဧည့် သည်အမျိုးသမီး ဒေါ်နီက မေးလိုက်သည်။
“ဒါနဲ့- သိလိုတာလေးကိုအရင်မေးပါရစေဦးမောင်ကြီးရယ်။ မောင်ကြီး တို့မှာ လူခြောက်သားသမီးများ မွေးထားတာ ရှိသလား” “ဗျာ – ဟုတ် – ဟုတ်ကဲ့”

မေးပုံဆန်းလှသည့်အတွက် ဦးကျောက်ခဲ အံ့အားသင့်သွားရပြန်
“မောင်ကြီးတို့ သားလေးက မောင်လူမွှေး မှတ်တယ်” “ဟင် – ဟုတ်ပါတယ်ဗျာ၊ မှန်ပါတယ်”
“ကျွန်မတို့ သိနေတာ တခြားကြောင့် မဟုတ်ပါဘူး မောင်ကြီးရယ်။ ကျွန်မတို့မှာလည်း လူခြောက်သမီးလေးတစ်ယောက်မွေးထားလို့ပါ” “ဒါဖြင့် – ခင်ဗျားတို့က မကြေးမုံရဲ့မိဘတွေပေါ့ ဟုတ်လားဗျာ” “ဟုတ်ပါသော်ကောဗျာ၊တကယ်တော့-နောင်ကြီးဦးကျောက်ခဲတို့က လူခြောက်သားလေးကိုခေါ်ပြီး ကျုပ်တို့ ပေါက်ဦးရွာကိုလာ၊ ကျုပ်တို့ သမီး မကြေးမုံကိုတောင်းရမ်းရမှာပါဗျာ။ ဒါပေမဲ့-အစ်မကြီးဒေါ်မြင့် မုန်တိုင်းမိပြီး ကွယ်လွန်သွားလို့ ကျုပ်တို့ရှိရာနေရာကို မသိနိုင်ဘူးဆိုတာ ကျုပ်တို့သမီး လေးက အိပ်မက်ပေးပြီး ပြောပြလို့ သိပြီးပါပြီ။ ဒါနဲ့ပဲ- မိန်းကလေးရှင်ဖြစ်ပါ ရက်နဲ့ ရှေ့မျက်နှာနောက်ထားပြီး ကျုပ်တို့ကပဲ ဟောဒီမြင်သာရွာထိအောင် လိုက်လာရတော့တာပါပဲဗျာ”
“အောင်မယ်လေးဗျာ – ကိုယ်ကျိုး နည်းပါပေါ့လား”
အကြောင်းစုံသိလိုက်ရသည်တွင် ဦးကျောက်ခဲက သူ့ရင်ဘတ်ကြီးကို လက်သီးဆုပ်ဖြင့်ထုကာ အော်လိုက်လေတော့သည်။

“သမီးရေ- မခင်မွှေး၊ ကြားရဲ့လားဟဲ့”
“ဟုတ်ကဲ့အဖေ – ကျွန်မတို့တော့ အမှားကြီး မှားပါကော အဖေရယ်” မခင်မွှေးက ငိုသံပါးကြီးဖြင့် ပြန်ပြောလိုက်သည်။ “ဘာများ အမှားအယွင်းရှိလို့လဲဗျာ၊ ပြောပါဦး” ဦးကျောက်ခဲနှင့်မခင်မွှေးတို့အမူအရာများကိုကြည့်ကာ ဦးကြံမောင်က
မေးလိုက်လေ၏။
“ဒီလိုဦးကြီးရဲ့အမေဆုံးသွားလို့မောင်လေးနဲ့အဆက်အသွယ်မရတော့
တာနဲ့ ကျွန်မတို့လည်း မောင်လေးကို စွန့်ပစ်လိုက်ကြတယ်လေ”
“ဟေ”
“အလို… ဘုရား … ဘုရား”
“မောင်လေးကို ရေထဲမျှော စွန့်ပစ်ပြီးလို့ မကြာဘူး။ ဦးကြီးနဲ့ ဒေါ်ကြီး ရောက်လာတာပါပဲ။ လက်မတင်လေးပါပဲ ဒေါ်ကြီးရယ်”
“ဟယ် – ဒါဖြင့် လက်လွန်သွားပြီလို့မဆိုနိုင်သေးပါဘူး။ ဒီတိုင်းထိုင်နေ လို့ ဘယ်ဖြစ်မှာလဲ။ မြစ်ကြောင်းအတိုင်း ပြန်ရှာကြည့်ကြရုံပေါ့ လုံမရဲ့။ မောင်ကြီးနဲ့ ကိုကြံမောင်ရော ဘယ်လိုသဘောရသလဲ” “အချိန်မှ မကြာသေးဘဲ၊ ရှာကြည့်ရုံ ရှိတော့တာပေါ့ဗျာ”
ဦးကြံမောင်နှင့်ဒေါ်နီရောက်လာသော သတင်းကို ကြားသိလိုက်သော
ရွာသားများလည်းအိမ်ကိုရောက်လာကြရာမောင်လူမွှေးကိုပြန်လည်ရှာဖွေ သည့်ခရီးစဉ်တွင် နှစ်ဖက်မိဘများသာမကရွာသူရွာသားတစ်အုပ်ကြီးလည်း လိုက်ပါလာကြလေတော့သည်။
ဦးကြံမောင်တို့ လှေသာမက ရွာမှာလှေရှိသည့် အိမ်တချို့က လှေများ လည်းပါလာကြပြီး လှေလေးစင်းဖြင့် မြစ်ကြောင်းအတိုင်း စုန်ဆင်းကာ ရှာပုံ

တော်ဖွင့်ကြလေသည်။ လူတချို့က မြစ်ကမ်းစပ်အတိုင်း ခြေကျင်လျှောက် ကာ ကမ်းစပ်တစ်လျှောက် စေ့စေ့စပ်စပ်ရှာကြလေသည်။
သို့သော်- သို့သော်-
လူအုပ်စုဖြင့် ကုန်းကြောင်း၊ ရေကြောင်း ပိုက်စိပ်တိုက် ရှာကြပါသော် လည်း ညနေစောင်းသွားသည့်တိုင် မောင်လူမွှေးပါသွားသော သစ်သား အခေါင်းလေးကို မည်သို့မျှ ပြန်လည်ရှာဖွေလို့ မတွေ့ကြတော့ပေ။

နေလည်း ဝင်သွားပြီဖြစ်၍ ဦးကြံမောင်နှင့် ဒေါ်နီတို့ မြင်သာရွာမှာပင် တစ်ညအိပ်လိုက်ရလေသည်။
ဦးကြံမောင်တို့ လင်မယားပြောပြသည့်အတွက် သူတို့၏ သမီးလေး မကြေးမုံအကြောင်းကို သိခွင့်ရခဲ့သည်။
ဦးကြံမောင်နှင့် ဒေါ်နီတို့တွင် သားသမီးတစ်ဦးတည်းသာ ထွန်းကားရာ တစ်ဦးတည်းသော သမီးလေးမှာ လူခြောက်ကလေး ဖြစ်နေလေသည် သို့သော်-လူခြောက်ကလေးကို စွန့်မပစ်ဘဲ မကြေးမုံလို့နာမည်ပေးပြီး မွေးထားခဲ့ရာ မကြေးမုံလေးက မိဘများကို အကျိုးပေးခဲ့လေသည်။
အရွယ်ရောက်လာသည်တွင်ဝိညာဉ်လောက၌သူတို့လူခြောက်အချင်း ချင်း ချစ်ကြိုက်နေပြီဖြစ်ကြောင်း မကြေးမုံက မိခင်ကိုဖွင့်ပြောခဲ့လေသည်။ သူမ၏ချစ်သူမောင်လူမွှေးဘက်မှလာရောက်တောင်းရမ်းလျှင် သဘောတူ ပေးစားဖို့ကိုလည်း မိခင်အား ခွင့်ပန်ခဲ့လေသည်။
ဒေါ်နီတို့ကလည်း မောင်လူမွှေး၏မိဘများလာရောက်တောင်းရမ်းလျှင် ပေးစားဖို့ စီစဉ်ထားပြီးဖြစ်ပါသည်။
သို့သော်- မကြာခင်ကမကြေးမုံပြောပြ၍မောင်လူမွှေး၏မိခင် ဒေါ်မြင့် မှာကွယ်လွန်သွားကြောင်း၊ မောင်လူမွှေးလည်းလူ့လောကနှင့် ဆက်သွယ်ဖို့ အခက်အခဲရှိနေကြောင်း သိရလေသည်။
မကြေးမုံက သူမကို မောင်လူမွှေးရှိရာအရပ်သို့ လိုက်ပို့ဖို့ပြောသော် လည်းချက်ချင်းလိုက်မပို့ဖြစ်ခဲ့ချေ။ ဖခင်ဖြစ်သူဦးကြံမောင်ကမိန်းကလေးရှင် ဖြစ်ပြီး သတို့သားရှိရာ သွားရမည်ကို ဝန်လေးသောကြောင့်ဖြစ်သည်။ မကြေးမုံ အတန်တန်တောင်းဆိုမှသာ ယခုကဲ့သို့ မြင်သာရွာကို စုံစမ်းပြီး ထွက်လာခဲ့ကြခြင်း ဖြစ်လေ၏။
မကြေးမုံအကြောင်းတွေပြောပြရင်းဒေါ်နီကတစ်ပါတည်းပါလာသော လူခြောက်မကြေးမုံလေးကို အများမြင်သာရန် ထန်းခေါက်ဖာလေးဖွင့်၍ ပြရှာသည်။

“ဖြစ်မှဖြစ်ရလေ – သတို့သမီးက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါ ရက်နဲ့ သတို့သားနဲ့ မဆုံစည်းရလေခြင်း၊ ဖူးစာမမှန်လို့များလားကွယ်”
တကယ်တော့ – မောင်လူမွှေးနှင့်မကြေးမုံတို့ဖူးစာမှာမှန်ကန်ပါသည်။ ကံကြမ္မာက တဒင်္ဂ ကျီစယ်လိုက်ခြင်းသာ ဖြစ်ပါသည်။
ထိုညတွင် ဒေါ်နီ၏အိပ်မက်ထဲသို့ မကြေးမုံရောက်လာလေသည်။ မကြေးမုံက ပြောသည်။
“အမေ-အမေ-ကိုလူမွှေးနဲ့ ကျွန်မနဲ့ တွေ့ခဲ့တယ် အမေ။ ကိုလူမွှေး အခေါင်းက မြစ်ကမ်းစပ်က သစ်ကိုင်းတစ်ခုမှာ ငြိနေတာပါ။ ဒီကနေသွားရင် မြစ်အောက်ဘက် တစ်တိုင်လောက်မှာ မြစ်ထဲကိုကိုင်းကျနေတဲ့ ညောင် မုတ်ဆိတ်ပင်ကြီးတစ်ပင်ရှိတယ်အမေ။ရေထဲကိုကိုင်းကျနေတဲ့ညောင်မုတ် ဆိတ်နွယ်ကြီးကြားမှာကိုလူမွှေးပါတဲ့အခေါင်းလေးရှိပါတယ်အမေ။ ရေဝင်
ပြီး ရေထဲမမြှုပ်ခင် သွားယူပေးပါအမေရယ်။ ထ – ထ- အခုပဲ ကိုလူမွှေးကို သွားကယ်ပါတော့ အမေရယ်”
မကြေးမုံ စကားဆုံးသည်နှင့် ဒေါ်နီ အိပ်ရာမှ လန့်နိုးလာသည်။
ခင်ပွန်းဖြစ်သူ ဦးကြံမောင်ကို နှိုး၍ပြောလိုက်သည်။
ပြီးတော့ – မခင်မွှေးကိုပါ အော်ခေါ်၍ နှိုးလိုက်လေ၏။
“လုံမလေး – မခင်မွှေးရေ၊ ထပါဦးကွယ် -ထပါဦး”
ဦးကျောက်ခဲပါ အိပ်ရာက နိုးလာခဲ့သည်။
ဒေါ်နီက အိပ်မက်ထဲမှာ မကြေးမုံပြောသည့်အကြောင်းကို ပြန်ပြောပြ လိုက်လေသည်။
“ဟင် – အဲဒီညောင်မုတ်ဆိတ်ပင်ကြီးကို ကျုပ် သိပါတယ်။ ခု ညတွင်း ချင်းပဲ သွားကြစို့ဗျို့”

မခင်မွှေးက အိမ်နီးချင်းများကိုပါ နှိုးပြီး အကျိုးအကြောင်းပြောပြ၍ ခေါ်လာခဲ့ရာ နေ့လယ်ခင်းကအတိုင်းပင် လူအုပ်စုကြီးဖြစ်သွားလေသည်။ မီးတုတ်များ၊ ဓာတ်မီးများကိုကိုင်ဆောင်ကာ မြစ်အောက်ဘက်သို့ မြစ် ကမ်းစပ်အတိုင်း လျှောက်လာခဲ့ကြလေသည်။
တစ်တိုင်ခန့်အကွာ ညောင်မုတ်ဆိတ်ပင်ကြီးရှိရာ အရောက်တွင် တော့ –
မြစ်ထဲကိုင်းကျနေသော ညောင်ကိုင်းများကို ဓာတ်မီးများဖြင့် ဝိုင်းထိုး ရင်း ရှာကြည့်လိုက်ကြရာ
ရေထဲအထိ ထိုးစိုက်ကျနေသော ညောင်ကိုင်းတစ်ခုတွင် ငြိနေသည့် သစ်သားအခေါင်းလေးကို တွေ့လိုက်ရလေတော့သည်။ ရေအောက်တော့ မမြှုပ်သေးပေ။
“အမလေး – မောင်လေးရယ်၊ ကံကောင်းလို့ပါလား ရေအောက်တော့ မမြှုပ်သေးပေ။ မသေကောင်း မပျောက်ကောင်း”
မခင်မွှေးက ရေထဲဆင်းသွားကာ အခေါင်းလေးကို အလျင်အမြန် ပြန် ဆယ်ယူရင်းပြောလိုက်လေတော့သည်။
ညတွင်းချင်းစီစဉ်လိုက်ရာ နောက်တစ်နေ့မနက်တွင် မောင်လူမွှေးနှင့် မကြေးမုံတို့ မင်္ဂလာပွဲကို ကျင်းပနိုင်ခဲ့လေသည်။
ဝက်သားဟင်းနှင့် ထမင်းကျွေးကာ တစ်ရွာလုံးကိုမီးခိုးတိတ်ဖိတ်ကြား သော မင်္ဂလာပွဲကြီးဖြစ်ပါ၏။
ဦးကျောက်ခဲ၏ အိမ်ပေါ်တွင် မောင်လူမွှေးနှင့် မကြေးမှုံတို့ လူခြောက် ခန္ဓာကိုယ်လေးနှစ်ခုကိုယှဉ်ရက်ချထားသည်။ အိမ်နံရံတွင်“မောင်လူမွှေးနှင့်
မကြေးမုံတို့၏မင်္ဂလာပွဲ” ဆိုသည့်စာတမ်းကိုပိတ်ဖြူသားပေါ်ရေး၍ချိတ်ဆွဲ
ထားသည်။

နှစ်ဖက်မိဘများကမင်္ဂလာပွဲအတွက်ဂုဏ်ယူစွာဖြင့်ပျော်ရွှင်နေကြလေ
တကယ်တော့ဤမင်္ဂလာပွဲသည်လောကကြီး၌ လူခြောက်ဆိုသည်မှာ တကယ်ရှိကြောင်းနှင့် လူခြောက်တို့သည် သူတို့၏သီးခြားကမ္ဘာတွင် ကျင်လည်လှုပ်ရှားလျက် မိဘများကိုကောင်းကျိုးပြုနေကြောင်း သက်သေ ပြလိုက်သည့် သာဓကတစ်ရပ်ပင် ဖြစ်တော့သည် မဟုတ်ပါလား။ မောင်လူမွှေးနှင့် မကြေးမုံတို့ သီးခြားဝိညာဉ်လောကတွင် ပျော်ရွှင်စွာ ပေါင်းဖက်နေကြမည်ဟု အားလုံးကပင် ယုံကြည်ကြလေသည်။
*** ဆောင်းလုလင်

Zawgyi Version

လူေျခာက္တို႔ရဲ႕ခ်စ္ကမာၻ(စ/ဆုံး)
—————————————-
မခင္ေမႊးက ျမစ္ဆိပ္ကမ္းအနီးေရာက္ခါနီးတြင္ ျမစ္ထဲသို႔ေမွ်ာ္ၾကည့္ ကာ သက္ျပင္းကိုခ်လိုက္သည္။
ေမာင္ေလးကိုေရထဲမွာေမွ်ာပစ္ရေတာ့မယ္။ေနာင္ဆိုရင္ေမာင္ေလးနဲ႔ ဘယ္ေတာ့မွျပန္ဆုံရမွာမဟုတ္ေတာ့ပါလားဟုေတြးကာမခင္ေမႊးဝမ္းနည္း
သြားေလသည္။
မခင္ေမႊးက ျမစ္ကမ္းစပ္အထိေလွ်ာက္လာၿပီးေခါင္းေပၚ႐ြက္လာေသာ အေခါင္းကို ေအာက္သို႔ခ်လိုက္ေလသည္။
ျမစ္ထဲ ေမွ်ာမပစ္မီ ေနာက္ဆုံးအေနျဖင့္ၾကည့္ရန္ အေခါင္းအဖုံးကို ဆြဲဖြင့္လိုက္ေလ၏။
အေခါင္းထဲမွာေတာ့ ေမာင္လူေမႊးသည္ သူ႔ကိုျမင္ေနက်အတိုင္း အိပ္ ေနသည့္သဖြယ္ ရွိေနၿမဲျဖစ္သည္။
“ေမာင္ေလးရယ္”

မခင္ေမႊးကေမာင္လူေမႊးကိုၾကည့္ကာေၾကေၾကကြဲကြဲ ျမည္တမ္းလိုက္
ေမာင္လူေမႊး အသုဘကိုခ်ရာတြင္ အသုဘပို႔သူ ဘယ္သူမွ်မပါ။ ဖခင္ ျဖစ္သူ ဦးေက်ာက္ခဲကိုယ္တိုင္ပင္ လိုက္မလာခဲ့ေခ်။ ဦးေက်ာက္ခဲက သား အတြက္အေခါင္းကို
သူကိုယ္တိုင္႐ိုက္ေပးလိုက္ၿပီးအေလာင္းကိုအေခါင္း အတြင္းျပင္ဆင္ေပးကာ ေရထဲေမွ်ာၿပီးစြန႔္ပစ္ဖို႔မခင္ေမႊးတစ္ေယာက္တည္း
ကိုလႊတ္လိုက္ျခင္းျဖစ္သည္။
တကယ္ေတာ့ – သူတို႔႐ြာမွာ ေသသူမ်ား၏အေလာင္းကို ျမစ္ထဲေမွ်ာ စြန႔္ပစ္သည့္ အေလ့အထမရွိပါ။ ႐ြာသုသာန္၌ပင္ ေျမျမႇဳပ္၍ျဖစ္ေစ၊ အုတ္ဂူ တည္၍ျဖစ္ေစ စြန႔္ပစ္ၾကၿမဲျဖစ္သည္။
ေမာင္လူေမႊးကေတာ့ –
ေမာင္လူေမႊး၏႐ုပ္အေလာင္းကိုေတာ့ သာမန္လူမ်ားကို သၿဂႋဳဟ္သလို သုသာန္တြင္ သၿဂႋဳဟ္ဖို႔မျဖစ္ႏိုင္သျဖင့္ ေရထဲေမွ်ာပစ္ရန္ စီစဥ္ရျခင္းျဖစ္ပါ သည္။
တကယ္ေတာ့ – မခင္ေမႊး၏ေမာင္ငယ္ ေမာင္လူေမႊးဆိုသည္မွာ…
မခင္ေမႊးအသက္(၇)ႏွစ္အ႐ြယ္ေရာက္မွေမာင္လူေမႊးကိုေမြးဖြားခဲ့ျခင္း
ျဖစ္သည္။ အသက္ခ်င္း (၇)ႏွစ္ ကြာသည္မို႔ မခင္ေမႊးက ေမာင္လူေမႊး ေမြးဖြားစဥ္က အေၾကာင္းမ်ားကို ေကာင္းေကာင္းႀကီးမွတ္မိေနပါသည္။
မခင္ေမြးက ဦးေက်ာက္ခဲ၊ ေဒၚျမင့္တို႔၏ သမီးႀကီးျဖစ္သည္။ မခင္ေမႊး အသက္(၇)ႏွစ္အ႐ြယ္တြင္ မိခင္ႀကီးေဒၚျမင့္၌ ဒုတိယကိုယ္ဝန္ရွိလာသည္။ သို႔ေသာ္- ကိုယ္ဝန္သည္ တစ္စတစ္စ ႀကီးထြားလာရမည့္အစား ကိုယ္ဝန္ (၇)လရွိခ်ိန္မွစကာ တျဖည္းျဖည္းေသးငယ္သြားခဲ့သည္။ေဒၚျမင့္ကိုယ္တိုင္ သာမက အားလုံးပင္ အံ့အားသင့္ခဲ့ရေလသည္။ ေဒၚျမင့္ကို ေမြးဖြားေပးမည့္

လက္သည္ႀကီးေဒၚာယုကိုယ္တိုင္ပင္အံ့ဩခဲ့ရ၏။ ေဒၚဇာယုသည္တစ္႐ြာ လုံးအတြက္အားကိုးရေသာလက္သည္ႀကီးျဖစ္သည္။ ႐ြာမွကိုယ္ဝန္ေဆာင္ အားလုံးကို ေဒၚဇာယုကပင္ ေမြးဖြားေပးခဲ့သည္။ မည္သို႔ပင္ဆိုေစ-ကိုယ္ဝန္ေန႔ေစ့လေစ့အခ်ိန္မွာေတာ့ေဒၚျမင့္ဝမ္းထဲ
မွ ကေလးတစ္ေယာက္ေမြးဖြားခဲ့ေလသည္။
သို႔ေသာ္- ေမြးလာသည့္ကေလးတြင္ အသက္ပါမလာခဲ့။ အသက္ပါ မလာ႐ုံသာမဟုတ္ေသး။ကေလးေလးမွာအ႐ြယ္အစားကလူႀကီးလက္ဝါးထဲ ထည့္ထားလို႔ရသည့္ အ႐ြယ္အစားမွ်သာ ရွိေလသည္။ တစ္ထြာပင္ မျပည့္ ေပ။ အသက္ပါမလာသည့္ ကေလးေလးမွာ ေယာက္်ားေလးျဖစ္သည္။ ေယာက္်ားေလးအဂၤါႏွင့္ ကိုယ္လက္အျပည့္အစုံေမြးဖြားလာျခင္းျဖစ္သည္။ တကယ္ေတာ့ အသက္ပါမလာေသာ ကေလးမို႔ စြန႔္ပစ္႐ုံသာရွိေလသည္။ သို႔ေသာ္-ကိုယ္လက္အဂၤါအျပည့္အစုံပါျခင္း၊ ရွိသင့္သည့္အ႐ြယ္ထက္
လြန္စြာေသးငယ္ေနျခင္းမ်ားက႐ိုးရာအစြဲအလမ္းတစ္ခုအတြက္အေထာက္
အကူျဖစ္ေနခဲ့ေလသည္။
ေဒၚျမင့္ကညတိုင္းအိပ္မက္ထဲတြင္ ကေလးေလးကို ႏို႔တိုက္ရတယ္လို႔ အိပ္မက္မက္ေၾကာင္း ေျပာသည္။ ဦးေက်ာက္ခဲက မယုံၾကည္။ ေဒၚျမင့္ အိပ္မက္ မက္လွ်င္လည္း အစြဲအလမ္းေၾကာင့္ အိပ္မက္ မက္တာလို႔ပဲ ထင္ ေနသည္။ သို႔ေသာ္-ထူးဆန္းတာက အသက္မပါေသာ သေႏၶသားေလး သည္ ပုပ္သိုးသြားျခင္း၊ ေဆြးျမည့္ သြားျခင္း၊ အနံ႔ဆိုးထြက္ျခင္းမရွိဘဲ ဒီအတိုင္းရွိေနျခင္းပင္။ ပို၍ထူးဆန္းတာကေဒၚျမင့္သည္ကေလးအေသေလး
ေမြးထားေသာ္လည္းႏို႔ထြက္ေနျခင္းျဖစ္သည္။ သာမန္သားသည္အေမေတြ လိုပုံမွန္ႏို႔ထြက္သည္။ ႏို႔ကို ညႇစ္ပစ္ရျခင္းမ်ိဳးလည္း မရွိခဲ့ေခ်။
ထိုအေျခအေနမ်ားေၾကာင့္ လူေျခာက္ကေလးဟု ထင္ျမင္ခ်က္က ပို၍
ခိုင္ၿမဲသြားေလသည္။
အေမေျပာေျပာျပ၍မခင္ေမႊးသည္လည္းလူေျခာက္ကေလးကိုသူမ၏
သက္ရွိေမာင္ေလးသဖြယ္ထင္ျမင္ယူဆထားခဲ့ေလသည္။ အေမက သူ႔သား

လူေျခာက္ကေလးႏွင့္ အိပ္မက္ထဲတြင္ ေတြ႕ရပုံမ်ားအား ေျပာေျပာျပတတ္ ေလသည္။
သည္လိုႏွင့္ သာမန္လူသားတစ္ဦးကို နာမည္ေပးသလို လူေျခာက္ ကေလးကို နာမည္ေပးခဲ့ၾကသည္။
ဗုဒၶဟူးသားေလးျဖစ္၍ ေမာင္လူေမႊးဟုမွည့္ေခၚထားခဲ့ေလသည္။

မခင္ေမႊးတို႔ေနထိုင္ရာျမင္သာ႐ြာတြင္လူေျခာက္အျဖစ္ေမြးဖြားလာသူ မွာေမာင္လူေမႊးတစ္ေယာက္သာရွိသည္။ ယခင္က ဘယ္မိခင္မွလူေျခာက္
မေမြးဖြားဘူးၾကေခ်။
လူေျခာက္မေမြးဘူးေသာ္လည္းလူေျခာက္အယူအဆ
ကိုေတာ့ လက္ခံယုံၾကည္ၾကသည္။ လူေျခာက္တို႔သည္ ညပိုင္းတြင္ မိခင္ ျဖစ္သူႏွင့္ အိပ္မက္ထဲတြင္ ေတြ႕ဆုံတတ္ပုံ။ သူတို႔အလိုရွိရာကိုမိခင္မ်ားအား အိပ္မက္ထဲတြင္ ေျပာျပပုံမ်ားကို ပုံျပင္သဖြယ္ ယခင္ကတည္းက ၾကားနာဖူး ၾကသည္။
လူေျခာက္သည္ မိဘမ်ားအား ေကာင္းက်ိဳးေပးသည္။ လူေျခာက္ေမြး လွ်င္ လာဘ္ေကာင္းသည္ဟူသည့္ အယူအဆကိုလည္း ယုံၾကည္ၾကေလ သည္။
လူေျခာက္ကေလး ေမာင္လူေမႊးက တစ္ေန႔တြင္ ဦးေက်ာက္ခဲႏွင့္ ေဒၚျမင့္တို႔မိသားစုအားေကာင္းက်ိဳးေပးလိမ့္မည္ဟုတစ္႐ြာလုံးကေျပာၾက
ေလသည္။
သည္လိုႏွင့္ – ေမာင္လူေမႊးကိုတကယ့္သက္ရွိကေလးတစ္ေယာက္ကို ေမြးသည့္သဖြယ္ေမြးလာခဲ့ေလသည္။ေဒၚျမင့္ကလက္တစ္ဝါးအ႐ြယ္ရွိသည့္ ထန္းေခါက္ဖာေလးထဲတြင္ေအာက္ေျခမွာဂြမ္းစႏုႏုေလးခံကာေမာင္လူေမႊး
ကို ထည့္ထားသည္။ ထန္းေခါက္ဖာေလးေဘးတြင္ ေမာင္လူေမႊးကစားရန္ အိုးပုတ္၊ ခ်ိဳး႐ုပ္ကေလးမ်ား ခ်ေပးထားသည္။ ေဒၚျမင့္အေျပာအရေမာင္လူ ေမႊးေလးသည္ ညတိုင္း ထိုကစားစရာေလးမ်ားႏွင့္ ကစားသည္ဟုဆို၏။ ေမာင္လူေမႊးအတြက္ အက်ႌအဝတ္အစား ေသးေသးေလးမ်ားကိုလည္း သီးျခားခ်ဳပ္လုပ္ကာ ထန္းေခါက္ဖာေလးေဘးတြင္ ခ်ေပးထားေလသည္။ အဝတ္အစားမ်ားကိုလည္း တစ္ေန႔တစ္ႀကိမ္လဲလွယ္ေပးေလ၏။ ညဘက္ အိပ္မက္ထဲတြင္ သူ လဲဝတ္ေပးထားေသာ အဝတ္အစားေလးမ်ားကို ဝတ္

ထားသည့္အတိုင္းေမာင္လူေမႊးကိုေတြ႕ဆုံရသည္ဟုေဒၚျမင့္က ဆိုျပန္ေလသည္။
သို႔ျဖင့္-လူေျခာက္ကေလးေမာင္လူေမႊးေမြးဖြားၿပီး (၂)ႏွစ္ၾကာျမင့္ခ်ိန္
သို႔ ေရာက္လာခဲ့ေလ၏။

ေမာင္လူေမႊးေလး အသက္ (၂)ႏွစ္အ႐ြယ္ရွိလာၿပီဟု ဆိုႏိုင္ေလ
အသက္ (၂)ႏွစ္တြင္ ကေလးမ်ား စကားတီတီတာတာေျပာတတ္လာ သည့္အတိုင္း ေမာင္လူေမႊးသည္လည္း စကားတတ္လာၿပီဟု ေဒၚျမင့္က ေျပာျပေလသည္။ မနက္မိုးလင္းတိုင္း ညက အိပ္မက္ထဲတြင္ ေမာင္လူေမႊး ေျပာလိုက္သည့္ တီတီတာတာစကားေလးမ်ားကို ျပန္ေျပာျပတတ္ေလသည္။

တစ္ေန႔တြင္ – ေဒၚျမင့္က ထူးထူးဆန္းဆန္းစကားတစ္ခြန္း ေျပာေလ
“ကိုေက်ာက္ခဲေရ-ညကကြၽန္မသားေလးနဲ႔ေတြ႕ေတာ့ အိပ္မက္ထဲမွာ သားေလးေမာင္လူေမႊးကကြၽန္မလက္ကိုဆြဲၿပီးထီဆိုင္တစ္ဆိုင္ကိုေခၚသြား တယ္ေတာ့။ ထီဆိုင္ကၿမိဳ႕ကနာရီစင္ႀကီးေဘးနားတြင္ရယ္၊ ထီဆိုင္နာမည္ ေတာင္ကြၽန္မဖတ္လိုက္ေသးတယ္။ နဂါးမင္းထီဆိုင္တဲ့ေတာ့။ ေမာင္လူေမႊး က ခ်ိတ္ထားတဲ့ ထီစာအုပ္ေတြထဲက ေအာက္ဆုံးတန္း ဘယ္ဖက္အစြန္က ထီအုပ္ကိုယူလိုက္ေတာ့တစ္႐ြက္တည္းက်န္တဲ့ထီလက္မွတ္ျဖစ္ေနတယ္။ သားေလးကအေမတဲ့၊ ဒီထီလက္မွတ္ကိုထိုးတဲ့၊ သိန္းဆုႀကီးေပါက္လိမ့္မယ္ တဲ့၊အဲဒီလိုေျပာခဲ့တယ္ေတာ္။ကိုေက်ာက္ခဲ- ရွင္ကၿမိဳ႕ကိုအေရာက္အေပါက္ မ်ားေတာ့ ေမးရဦးမယ္။ နာရီစင္ႀကီးနားမွာ ထီဆိုင္မ်ား ရွိသလားေတာ့” “ရွိမွာေပါ့မယ္ ျမင့္ရယ္၊ လူစည္ကားတဲ့ ေဈးႀကီးနားတြင္ဟာကိုး၊ ထီ ဆိုင္လည္း ရွိမွာေပါ့”
“က်ဳပ္တို႔ သြားၾကည့္ရေအာင္ေတာ္၊ အိပ္မက္ထဲကလို နဂါးမင္းထီဆိုင္ ဆိုတာေတြ႕ရင္ ထိုးလိုက္စမ္းခ်င္တယ္”

“မယ္ျမင့္ရယ္- မင့္ဟာက ထီဆိုင္ၾကည့္႐ုံနဲ႔ေတာ့ ၿမိဳ႕တက္ရမွာ စရိတ္ကုန္ပါတယ္ကြာ” “အို- ကိုေက်ာက္ခဲ၊ ေတာ္- ဘယ္လိုေျပာတာတုံး။ သားေလးက ထီ ေပါက္ေစခ်င္လို႔ အိပ္မက္ထဲကေန အေမ့ကို အသိေပးတာ။ ေပါက္မယ္ဆို လည္း သူေျပာတဲ့အပတ္မွာထိုးမွေပါက္မွာရွင့္။ လမ္းစရိတ္ ႏွေျမာမေနပါနဲ႔ ရွင္ရယ္။ ကြၽန္မ စိတ္ထဲမလည္း တကယ္လို႔ ထင္ေနတယ္။ ရွင္ လိုက္မပို႔ လည္း ကြၽန္မဘာသာ ေလွႀကဳံနဲ႔လိုက္သြားမေတာ္”
အစြဲအလမ္းႀကီးလို႔အိပ္မက္မက္တာပါကြာ။
ကြာ”
“ကိုင္း – ကိုင္း – မင္း ဒါေလာက္ စိတ္ဆႏၵရွိေနလည္း ငါ လိုက္ပို႔ပါမယ္
ထိုအေခါက္ကၿမိဳ႕ကိုသြားေတာ့မခင္ေမႊးလည္းလိုက္ခဲ့ရသည္။ ေဒၚျမင့္က နာရီစင္ႀကီးနားအေရာက္တြင္ ေျခလွမ္းမ်ားပိုသြက္လာကာ အိပ္မက္ထဲက ထီဆိုင္ကိုလိုက္ရွာေလသည္။ထူးဆန္းစြာပင္နာရီစင္ႀကီး၏ေတာင္ဘက္ျခမ္း ေဈးဆိုင္တန္းတြင္ အစြန္ဆုံး၌ထီဆိုင္ကိုေတြ႕ရေလ၏။ ပို၍ထူးဆန္းသည္ ကား ထီဆိုင္အမည္မွာ “နဂါးမင္း” ျဖစ္ေနျခင္းပင္ ျဖစ္ေတာ့သည္။
ေဒၚျမင့္သည္ တစ္ႏွစ္တစ္ေခါက္ပင္ ၿမိဳ႕ကိုမေရာက္ျဖစ္ပါ။ ၿမိဳ႕ကို သြား စရာရွိလွ်င္ ဦးေက်ာက္ခဲသာ သြားၿမဲျဖစ္သည္။ ကိစၥေပၚခဲ၍လည္း ၿမိဳ႕ကို ေရာက္ခဲ့ၾကပါသည္။ ထီဆိုင္ကို အမည္ႏွင့္တကြ အိပ္မက္ မက္ျခင္းသည္ မသိစိတ္က စြဲလမ္းလို႔ မျဖစ္ႏိုင္ေပ။
“အို – ကြၽန္မ အိပ္မက္ထဲက ျမင္ကြင္းေတြကလည္း ဒီအတိုင္းပဲ၊ ဒီ အတိုင္းပဲ”
ေဒၚျမင့္၏ေျခလွမ္းမ်ားက မေျပး႐ုံတစ္မည္ျဖင့္ ထီဆိုင္ဆီေရာက္သြား
ေလ၏။
“အမယ္ေလး – ကိုေက်ာက္ခဲေရ ၾကည့္ပါဦး။ ေအာက္ဆုံးတန္းဘက္ အစြန္က ထီစာအုပ္က တစ္႐ြက္တည္းက်န္ေတာ့တာလည္း အိပ္မက္ထဲက အတိုင္းပဲေတာ့”

ေဒၚျမင့္ကထိုတစ္႐ြက္တည္းက်န္ေသာထီလက္မွတ္ကိုပင္ယုံၾကည္စြာ
ျဖတ္ယူခဲ့ေလသည္။
ထိုအပတ္က ထီဖြင့္ပြဲကို ေဒၚျမင့္ထိုးခဲ့ေသာထီလက္မွတ္က တစ္သိန္း ဆုေပါက္ေၾကာင္းကို နဂါးမင္းထီဆိုင္က ႐ြာအထိလိုက္လာကာ အေၾကာင္း ၾကားေပးခဲ့ေလသည္။ထိုေခတ္ကအမ်ားဆုံးထီဆုေငြမွာလည္းတစ္သိန္းပင္
ျဖစ္ေလသည္။
ထိုအျဖစ္ကေလာကႀကီးတြင္ ေမာင္လူေမႊးတကယ္အသက္ရွင္လ်က္ ရွိေနေၾကာင္း သက္ေသျပလိုက္သကဲ့သို႔ ျဖစ္သြားေလသည္။
ဦးေက်ာက္ခဲသည္ယခင္က ဇနီးသည္စိတ္ခ်မ္းသာေအာင္လူေျခာက္ သားငယ္ တကယ္ရွိတယ္ဆိုတာကို ယုံၾကည္ဟန္ျပခဲ့ျခင္းသာ ျဖစ္သည္။ ဇနီးသည္၏ ယုံၾကည္မႈကို မပ်က္ေစလို၍အလိုလိုက္ကာ ယုံဟန္ေဆာင္ခဲ့ ျခင္းျဖစ္သည္။ ေမာင္လူေမႊးေပးတဲ့အိပ္မက္အရ အိပ္မက္ထဲက ထီဆိုင္ကို နာမည္အတိအက်ႏွင့္အျပင္မွာေတြ႕ရျခင္း၊ သိန္းဆုႀကီးတကယ္ေပါက္ခဲ့ျခင္း မ်ားေၾကာင့္ ဦးေက်ာက္ခဲသည္ သားငယ္လူေျခာက္ကေလး ေမာင္လူေမႊး တကယ္ရွိေနတယ္ဆိုတာကို အႂကြင္းမဲ့ယုံၾကည္လိုက္ရပါေတာ့သည္။ ေနာက္ပိုင္းတြင္ ႀကဳံေတြ႕ခဲ့ရေသာ အျဖစ္အပ်က္မ်ားက ပိုလို႔ပင္ ထူး ဆန္းပါေသးသည္။
ေမာင္လူေမႊးကအိမ္စီးပြားေရးအတြက္လုပ္ကိုင္ရန္အႀကံဉာဏ္မ်ားကို ဆက္တိုက္ေပးခဲ့ေလသည္။ ပထမဆုံးအေနျဖင့္ ထီေပါက္ေသာေငြျဖင့္ စက္တပ္ေမာ္ေတာ္တစ္စီးဝယ္ရန္ ထိုေမာ္ေတာ္ျဖင့္ ျမင္သာ႐ြာႏွင့္ၿမိဳ႕ကို ကုန္ကူးသန္းရန္ အႀကံေပးခဲ့သည္။ ေမာင္လူေမႊး အႀကံေပးသည့္အတိုင္း လုပ္ခဲ့ရာ ယခင္က ၿမိဳ႕သို႔သြားရန္ႏွင့္ ကုန္ပစၥည္းမ်ားတင္ပို႔ရန္ရွိလွ်င္ အျခား ႐ြာမွေမာ္ေတာ္ႀကဳံေစာင့္၍စီးရ၊ တင္ရေသာ ျမင္သာ႐ြာသည္ ဦးေက်ာက္ခဲ

တို႔၏ ေမာ္ေတာ္ရွိလာေသာေၾကာင့္ ကုန္သြယ္သြားလာမႈအဆင္ေျပလာခဲ့ သည္။ ဦးေက်ာက္ခဲ၊ ေဒၚျမင့္တို႔မိသားစုအတြက္လည္း စီးပြားတက္ခဲ့ေလ ေတာ့သည္။
ယခင္က ဦးေက်ာက္ခဲတို႔၏ စီးပြားေရးမွာ သာမန္မွ်သာျဖစ္သည္။ ေနအိမ္ကလည္း ထရံကာ၊ ဓနိမိုး အိမ္ငယ္ေလးမွ်သာျဖစ္သည္။ ေမာင္လူ ေမႊးကဘယ္လိုကုန္စည္မ်ိဳးကိုေလွာင္ပါ။ ဘယ္ေနရာမွာလယ္ကြက္ဝယ္ပါ။ ဘာသီးႏွံကိုစိုက္ပါ စသျဖင့္ အိပ္မက္ထဲကတစ္ဆင့္ အႀကံေပးခဲ့တဲ့အတိုင္း လုပ္ေဆာင္လာခဲ့ရာ တစ္စတစ္စ စီးပြားတိုးလာခဲ့ေလသည္။
ယခုဆိုလွ်င္ ေဒၚျမင့္ႏွင့္ မခင္ေမႊးမွာလည္း ေ႐ႊတြဲလြဲ ေငြတြဲလြဲျဖစ္လာ သည့္အျပင္ စုႏိုင္ေဆာင္းႏိုင္လာသည္။ အိမ္ကိုလည္း ေတာအရပ္ျဖစ္သည့္ တိုင္ ႏွစ္ထပ္တိုက္ျဖင့္ ေနႏိုင္လာသည္။
ျမင္သာ႐ြာတစ္႐ြာလုံးက ဦးေက်ာက္ခဲတို႔ ေကာင္းစားလာျခင္းသည္ လူေျခာက္ေမာင္လူေမႊးက အက်ိဳးေပးလို႔ဆိုတာကို လက္ခံယုံၾကည္ၾက
ေလ၏။
သည္လိုႏွင့္ အခ်ိန္ရာသီမ်ား တျဖည္းျဖည္းကုန္လြန္လာခဲ့ရာေမာင္လူ ေမႊးေလးသည္ အသက္ (၁၆)ႏွစ္အ႐ြယ္သို႔ ေရာက္လာခဲ့ေလေတာ့၏။ “ကြၽန္မသားေလးကလူပ်ိဳေပါက္ကေလးျဖစ္လာေတာ့ထြားလာလိုက္ တာ အရပ္ႀကီးမွ အျမင့္ႀကီးပဲရွင္။ မေအက သူ႔ကိုေမာ္ၾကည့္ရတယ္။ ႐ုပ္ ကေလးကလည္းေခ်ာသလားမေမးနဲ႔၊ ႏႈတ္ခမ္းေမြးစစ၊ ပါးသိုင္းေမြးေရးေရးနဲ႔ သိပ္ေယာက္်ားပီသတဲ့ကေလးပဲ”
ေဒၚျမင့္က ေမာင္လူေမႊး သြင္ျပင္ကို ေျပာျပတတ္သည္။ လူေျခာက္ဆို သည္မွာ မိခင္တစ္ဦးတည္းႏွင့္သာ အိပ္မက္ထဲတြင္ ဆက္သြယ္လို႔ရသည့္

အတြက္ေမာင္လူေမႊးကိုေဒၚျမင့္တစ္ဦးတည္းသာျမင္ဖူးေလသည္။ ေဒၚျမင့္
ေျပာသည့္ပုံစံကို ပုံေဖာ္စိတ္ကူးၾကည့္ရေလသည္။
တစ္ေန႔ေတာ့ – ေဒၚျမင့္က သတင္းထူးတစ္ခုကို ေျပာျပေလ၏။ “ကိုေက်ာက္ခဲေရ- သားေလးက အ႐ြယ္ေရာက္လာေတာ့ ခ်စ္သူ
ႀကိဳက္သူ ေတြ႕ေနၿပီရွင့္”
“ေဟ”
“ညက ကြၽန္မကို ေျပာတယ္။ သူ႔မွာ ခ်စ္သူရွိေနၿပီတဲ့။ နာမည္ေတာင္ ေျပာျပေသးတယ္။ သူ႔ ခ်စ္သူနာမည္က မေၾကးမုံတဲ့ရွင္”
“မေၾကးမုံ”
“မေၾကးမုံက သူ႔လိုပဲ လူေျခာက္မေလးတစ္ေယာက္လို႔ေျပာတယ္ ကိုေက်ာက္ခဲေရ”
“ဪ – သူတို႔ လူေျခာက္အခ်င္းခ်င္း ဝိညာဥ္ေလာကမွာ ေတြ႕ၾက ခ်စ္ၾကတာေနမွာေပါ့ မယ္ျမင့္ရယ္”

“ဟုတ္ပါ့ရွင္ … အဲဒါသားေလးကမေၾကးမုံေလးနဲ႔ေပးစားပါတဲ့။ မေၾကးမုံ ေလးရွိတဲ့ေနရာကို သူ ေျပာျပပါ့မယ္တဲ့”
“ေအး-တို႔ ၾကားဖူးတာေတာ့ လူေျခာက္ေတြဟာ သူတို႔ လူေျခာက္ အခ်င္းခ်င္း သူတို႔ရဲ႕ သီးျခားကမာၻမွာ ေတြ႕ဆုံၿပီး ခ်စ္ၾက ႀကိဳက္ၾကဆိုကိုး၊ လူေျခာက္ေယာက္်ားေလးက သူ႔ခ်စ္သူ လူေျခာက္မေလးကို ေတာင္းရမ္း ေပးဖို႔မိဘေတြကိုေျပာလို႔ သူေျပာတဲ့လိပ္စာအတိုင္း သြားၿပီးေတာင္းရမ္းတဲ့ အခါ အဲဒီအိမ္မွာ လူေျခာက္မိန္းကေလးတစ္ေယာက္ တကယ္ရွိေနတတ္ တယ္တဲ့။ ငါတို႔သားေလးရဲ႕ ခ်စ္သူက ဘယ္အရပ္မွာ ေနတာတဲ့လဲ မယ္ျမင့္”
“အဲဒါမေျပာေသးဘူးရွင့္၊ သူ႔ခ်စ္သူ မေၾကးမုံက သူ႔မိဘေတြကို အရင္ ခြင့္ေတာင္းဦးမယ္တဲ့။ မေၾကးမုံမိဘေတြက သေဘာတူပါတယ္။ လာၿပီး ေတာင္းရမ္းလွည့္ပါလို႔ ဆိုတဲ့အခါက်မွ မေၾကးမုံတို႔ ေနရိပ္လိပ္စာကို ေျပာ မယ္တဲ့ ကိုေက်ာက္ခဲေရ”
“အင္းေပါ့ေလ- ဟုတ္တာေပါ့၊ ေအးကြာ-မေၾကးမုံကိုသြားေတာင္းလို႔
တကယ္ပဲလူေျခာက္မေလးမေၾကးမုံရွိတယ္ဆိုရင္ေလာကႀကီးမွာလူေျခာက္ ဆိုတဲ့အမ်ိဳးအစားဟာ တကယ္ရွိပါတယ္ဆိုတာကို သက္ေသျပစရာတစ္ခု ႀကဳံရဦးမွေပါ့ မယ္ျမင့္ရယ္။ လူေျခာက္ဆိုတာ ရွားရွားပါးပါးမို႔ မေၾကးမုံရဲ႕ မိဘမ်ားကလည္း သေဘာမတူဘဲ ရွိမယ္မထင္ပါဘူးကြာ”
“ဒါေပါ့ – ကိုေက်ာက္ခဲရယ္၊ ကြၽန္မ သားေလးအတြက္ မေၾကးမုံကို ဘယ္ေလာက္ တင္ေတာင္းရေတာင္းရပါေတာ္။ သားေလး စိတ္ခ်မ္းသာ ေအာင္ သူ႔ခ်စ္သူနဲ႔ ေပါင္းရဖို႔ ကြၽန္မတို႔က လုပ္ေပးရမွာေပါ့”
သို႔ေသာ္- ေလာကႀကီးတြင္ ႀကိဳတင္ေမွ်ာ္မွန္းသည့္အတိုင္း ျဖစ္ခ်င္မွ ျဖစ္တတ္သည့္ ထုံးစံအတိုင္း ကံၾကမၼာအလွည့္အေျပာင္းတစ္ခုႏွင့္ မေမွ်ာ္ လင့္ဘဲ ႀကဳံလိုက္ရေလသည္။
ျမစ္ေအာက္ဘက္အရပ္ရွိေဒၚျမင့္၏ဇာတိ႐ြာျဖစ္ေသာဖလံက်င္း႐ြာတြင္ ေဒၚျမင့္၏အစ္မအႀကီးဆုံးျဖစ္သူကြယ္လြန္သြားေၾကာင္းလူႀကဳံျဖင့္ သတင္း စကားေရာက္လာခဲ့ေလသည္။ အစ္မအရင္း၏ အသုဘမို႔ ေဒၚျမင့္မွာ ခ်က္ခ်င္းလိုက္ဖို႔ျပင္ရေလ၏။ ၿမိဳ႕မွတစ္ဆင့္ ဖလံက်င္းကိုသြားသည့္ေလွကို စီးရမည္ျဖစ္သည္။
သတင္းရၿပီး ေနာက္တစ္ေန႔မနက္တြင္ေဒၚျမင့္တစ္ဦးတည္းဖလံက်င္း ကိုထြက္သြားခဲ့ေလသည္။
မသြားမီ ေျပာျပသြားခဲ့ပါေသးသည္။
“အစ္မႀကီး နာေရးမို႔ မျဖစ္သာလို႔သာ သြားရမယ္၊ စိတ္မေျဖာင့္ဘူး ကိုေက်ာက္ခဲရယ္၊ သားေလးကလည္း ညတုန္းက သတိနဲ႔သြားဖို႔ သတိေပး လိုက္ေသးတယ္”
“ဟင္- ဟုတ္လား”
“သမီးေရ- ခင္ေမႊး၊ ညည္း ႀကီးေတာ္ႀကီး ရက္လည္ၿပီးမွ အေမျပန္ လာမွာဆိုေတာ့ တစ္ပတ္ေလာက္ၾကာမယ္ကြဲ႕”
“ဟုတ္ကဲ့- အေမ”
“ေမာင္ေလးကို သန႔္ရွင္းေရးလုပ္ေပးဖို႔မေမ့ပါနဲ႔ကြယ္။ အက်ႌေလးေတြ လဲဝတ္ေပးကြဲ႕ေနာ္” “ဟုတ္ကဲ့ပါ – အေမ”
“ဘုရားေက်ာင္းေဆာင္မွာ ဘုရားပန္းေတြကိုမညႇိဳးေစနဲ႔။ တစ္ရက္ျခား တစ္ခါလဲေပး။ မနက္တိုင္း ဆြမ္းေတာ္လည္းတင္၊ ေသာက္ေတာ္ေရခ်မ္းမ်ား လည္းလဲဖို႔ မေမ့နဲ႔ေနာ္သမီး”
သည္။
“စိတ္ခ်ပါ … အေမရယ္”
ေဒၚျမင့္တစ္ေယာက္ အိမ္ကိုေနာက္ဆံငင္စြာျဖင့္ ထြက္ခြာသြားခဲ့ေလ
ေမာင္လူေမႊးက ခရီးထြက္ရာတြင္ သတိႏွင့္သြားဖို႔ သတိေပးခဲ့သည္ဟု ေဒၚျမင့္က ေျပာျပသြားခဲ့သည္။ လူေျခာက္ကေလးသည္ ႀကဳံလာရမည့္ အႏၲရာယ္ကို ႀကိဳသိ၍မ်ား မိခင္ကို သတိေပးခဲ့ေလသလား မသိ။
ရက္လည္ဆြမ္းသြတ္ၿပီးသည္ႏွင့္ ေဒၚျမင့္ ဖလံက်င္း႐ြာက ျပန္လာခဲ့ သည္။ ဖလံက်င္းကေန ၿမိဳ႕အထိ ေလွစီးရပါသည္။ ၿမိဳ႕ေရာက္မွ အိမ္က ေမာ္ ေတာ္ႏွင့္ ျမင္သာ႐ြာကို ျပန္ရန္ျဖစ္သည္။
အခ်ိန္ကာလမွာ မိုးတြင္းျဖစ္သည္။ ဖလံက်င္းက မနက္ေစာေစာထြက္ လာစဥ္က ရာသီဥတု သာယာေနပါလ်က္ ေလွထြက္လာၿပီး နာရီဝက္ခန႔္ အၾကာတြင္ ေလျပင္းမ်ား တိုက္ခတ္လာေလသည္။ ေလက တစ္စတစ္စ ျပင္းထန္လာရာ မုန္တိုင္းအဆင့္သို႔ေရာက္ခဲ့ၿပီး ဧရာဝတီျမစ္အတြင္း သြား လာေနသည့္ ေလွ၊ သေဘၤာ၊ ေရယာဥ္မ်ား အခက္အခဲအႏၲရာယ္ ႀကဳံေတြ႕ ခဲ့ရေလသည္။

ေလျပင္းမုန္တိုင္း ၿငိမ္သက္ၿပီး ညမိုးခ်ဳပ္သြားသည့္တိုင္ ေဒၚျမင့္ပါလာ ေသာေလွသည္ ၿမိဳ႕သို႔ေရာက္မလာခဲ့ေခ်။
ဖလံက်င္း႐ြာက လူေတြကလည္း စိတ္မခ်လို႔ ေနာက္တစ္ေန႔တြင္ ျမင္သာ႐ြာကို လိုက္လာသည္။

ဦးေက်ာက္ခဲတို႔ကလည္း ဖလံက်င္းကိုလိုက္ဖို႔ ထြက္လာခဲ့သည္။ ၿမိဳ႕တြင္ ဖလံက်င္းက လူေတြႏွင့္ ဦးေက်ာက္ခဲတို႔ ဆုံမိၾကသည္။ ေဒၚျမင့္ပါသြားေသာ ေလွတစ္စင္းလုံး ေပ်ာက္ခ်င္းမလွ ေပ်ာက္ေန
တစ္ပတ္ၾကာသည့္အခါမွာေတာ့ မုန္တိုင္းထဲတြင္ေလွႏွင့္အတူေဒၚျမင့္ တို႔ခရီးသည္အားလုံး ပါသြားၿပီဟု မွတ္ခ်က္ခ်လိုက္ရေလေတာ့သည္။ မုန္တိုင္းေၾကာင့္ နစ္ျမႇဳပ္သြားေသာ ေလွသေဘၤာမ်ားမွ ခရီးသည္တို႔၏ အေလာင္းမ်ားကို ဆယ္ယူရရွိေသာ္လည္း ေဒၚျမင့္အေလာင္းကိုမူ မေတြ႕ခဲ့ ရေပ။ မည္သို႔ဆိုေစ- ေဒၚျမင့္ကို ေသစာရင္းသြင္းလိုက္ရပါၿပီ။
လူေျခာက္တို႔သည္မိခင္ျဖစ္သူႏွင့္သာ ဆက္သြယ္လို႔ရသည္။ မိခင္ကို အိပ္မက္ေပးကာ မိခင္ျဖစ္သူ ျပန္ေျပာျပမွသာ လူေျခာက္အေၾကာင္းကို သိခြင့္ရၾကျခင္းျဖစ္သည္။
မိခင္ျဖစ္သူ ေဒၚျမင့္ ကြယ္လြန္သြားသည့္အခါ လူေျခာက္ကေလး ေမာင္လူေမႊးႏွင့္ အဆက္အသြယ္ျပတ္သြားရေလသည္။
လူေျခာက္တို႔သည္ သူတို႔ေသဆုံးၿပီဆိုပါကေသဆုံးသြားၿပီျဖစ္ေၾကာင္း မိခင္ကို အိပ္မက္ထဲတြင္ အသိေပးၾကသည္။ သူတို႔၏ ႐ုပ္ခႏၶာကို မည္သို႔

မည္ပုံစြန႔္ပစ္ပါဟုမွာၾကားတတ္ၾကပါသည္။ ေျမျမႇဳပ္ျခင္း၊ ေရထဲေမွ်ာပစ္ျခင္း၊ မီးရႈိ႕ပစ္ျခင္းတို႔ကို သူတို႔စိတ္တိုင္းက် လုပ္ေဆာင္ေပးရပါသည္။
လူေျခာက္တို႔သည္ သူတို႔ေသဆုံးသြားၿပီဟု အသိေပးၿပီးေနာက္ပိုင္း တြင္ မိခင္ျဖစ္သူကို အိပ္မက္မေပးေတာ့ပါ။ လူေျခာက္ခႏၶာကိုယ္ကို သံေယာဇဥ္တြယ္ၿပီး စြန႔္မပစ္ဘဲထားလွ်င္လည္း ဆက္ၿပီး အိပ္မက္မေပး ေတာ့ပါ။
ေမာင္လူေမႊးႏွင့္ေဒၚျမင့္တို႔ျဖစ္ရပ္မွာေတာ့မေမွ်ာ္လင့္ဘဲမိခင္ျဖစ္သူက အရင္ကြယ္လြန္သြားႏွင့္သည္။ ေမာင္လူေမႊး ဘယ္လိုျဖစ္ၿပီး က်န္ခဲ့တယ္ ဆိုတာ မသိႏိုင္ေတာ့ေပ။ မိခင္ ေသဆုံးျခင္းႏွင့္အတူ လူေျခာက္ပါ ေသဆုံး သြားၿပီလို႔ ယူဆရမည္လား။
ေမာင္လူေမႊး၏ ႐ုပ္ခႏၶာကို ဆက္ၿပီးထိန္းသိမ္းထားရမလား၊ စြန႔္ပစ္ ရမလား။ ဦးေက်ာက္ခဲအေနျဖင့္ ဘယ္လိုဆုံးျဖတ္ရမွန္းမသိ ျဖစ္ရေလ သည္။
အဆိုးဆုံးကေတာ့ ေမာင္လူေမႊးတြင္ ဘဝတူလူေျခာက္မေလးႏွင့္ ခ်စ္သူရည္းစားျဖစ္ေနမွန္း သိထားပါလ်က္ႏွင့္ ေတာင္းရမ္းမေပးႏိုင္ေတာ့ သည့္အတြက္ ဦးေက်ာက္ခဲ စိတ္မေကာင္းျဖစ္ရေလသည္။
“ျဖစ္ရေလ – သမီးရယ္၊ သမီးေမာင္ေလးရဲ႕ ခ်စ္သူနာမည္ကို မေၾကးမုံ ဆိုတာေတာင္ အေဖတို႔ သိရၿပီးမွ မေၾကးမုံ ဘယ္မွာေနမွန္း မသိရလို႔ ေတာင္းရမ္းမေပးႏိုင္ေတာ့ဘူး။ အေဖ စိတ္မေကာင္းလိုက္တာကြယ္” သမီးျဖစ္သူ မခင္ေမႊးကို တိုင္တည္ကာ ဦးေက်ာက္ခဲက ညည္းညဴ လိုက္ေလသည္။
ေမာင္လူေမႊးကိစၥကို ဘယ္လို ဆက္လုပ္ရမယ္ဆိုတာကို မႀကံစည္ တတ္ေတာ့ေသာ ဦးေက်ာက္ခဲက ဗဟုသုတရွိသူမ်ားကို ေမးရျမန္းရေလ ေတာ့သည္။
ေမာင္လူေမႊးကို ေမြးေပးခဲ့သည့္ လက္သည္အဘြားႀကီး ေဒၚဇာယုကို ေမးျမန္းၾကည့္ရာ –
“ငါႀကဳံဖူးတဲ့ဟိုဘက္႐ြာကလူေျခာက္ကေလးကေတာ့အသက္(၇)ႏွစ္ အထိပဲရွည္သဟဲ့။ (၇)ႏွစ္ေရာက္ေတာ့သူေသၿပီ၊ သူ႔ကိုေရထဲေမွ်ာပစ္လိုက္ ပါလို႔ အေမ့ကို အိပ္မက္ထဲမွာ ေျပာဆိုပဲ။ ေမာင္လူေမႊးက ဒီအ႐ြယ္အထိ လည္း အသက္ရွည္တယ္။ ရည္းစားသနာေတာင္ ရွိေနၿပီဆိုေတာ့ မေျပာ တတ္ေတာ့ပါဘူး ေက်ာက္ခဲရယ္။ ေမာင္လူေမႊးရွိေသးသလား။ ေသၿပီလား ဆိုတာ ငါလည္း ဘယ္ဆုံးျဖတ္တတ္မွာတုံး။ အဲဒီေတာ့ ေက်ာက္ခဲေရ- ငါ့ထက္ စာေပဗဟုသုတျပည့္စုံတဲ့ ႐ြာဦးေက်ာင္းဆရာေတာ္ကိုသာ ေမး ေလွ်ာက္ေပေတာ့ဟဲ့”
႐ြာဦးေက်ာင္းဘုန္းႀကီးကိုေလွ်ာက္ထားၾကည့္ရာတြင္ –
“ဒါမ်ိဳးက စာထဲေပထဲလည္းတိတိက်က်ပါတာမဟုတ္ေတာ့ ခက္သား ဒကာရယ္၊ အေတြ႕ အႀကဳံရွိဖို႔ဆိုတာလည္း ဒီလိုကိစၥမ်ိဳးက ႀကဳံခဲေပသကိုး။ က်ဳပ္အထင္ လူေျခာက္မွာ အေမမရွိမွေတာ့ သူနဲ႔ ဆက္သြယ္လို႔မရေတာ့ တဲ့အတူတူ၊ သူ႔ခႏၶာကိုယ္ကိုလည္း သက္မဲ့ခႏၶာကိုယ္လို႔ မွတ္ယူ႐ုံရွိေတာ့ တာပ။ နဂိုကတည္းကလည္း အသက္ဝိညာဥ္မွ မရွိေပတာကိုး။ အေမနဲ႔ အိပ္မက္ထဲမွာ ေတြ႕ေနရလို႔သာ လူရယ္လို႔ သတ္မွတ္ရတာမဟုတ္လား။ အေမမရွိေတာ့ဘူးဆိုေတာ့ သူ႔ကိုလည္း အသက္ရွိတယ္လို႔မွတ္လို႔ ဘယ္ရ ေတာ့မွာတုန္း။ ဒီေကာ့ကာအသက္မရွိတဲ့လူ႔ခႏၶာတစ္ခုကိုအိမ္မွာထားရတာ လည္း အေလာင္းတစ္ေလာင္းကို အိမ္မွာသိမ္းထားရတာနဲ႔ တူေနမွာေပါ့။ က်က္သေရယုတ္တာေပါ့ကြယ္။ ဒီေတာ့- သူနဲ႔ ဆက္သြယ္လို႔မရေတာ့တဲ့ အတူတူ သူ႔ဝိညာဥ္ရွိေသးရင္လည္းလြတ္ရာကြၽတ္ရာသြားႏိုင္ေအာင္စြန႔္ပစ္ လိုက္တာ အေကာင္းဆုံးေပါ့ ဒကာ”
ေနာက္ဆုံးေတာ့ ဘုန္းႀကီး၏ အႀကံေပးခ်က္အတိုင္း ေမာင္လူေမႊး၏ ခႏၶာကိုယ္ကို စြန႔္ပစ္ဖို႔ ဆုံးျဖတ္လိုက္ရပါေတာ့သည္။

“သားေရ-ငါ့သားရဲ႕ေက်းဇူးေတြလည္း အေဖတို႔အေပၚမနည္းပါဘူး။ ဒါေပမဲ့-အေဖ့သားသာဆိုတယ္အေဖလည္းသားကိုမျမင္ဖူးဘူး။ မင္းအေမ မရွိတဲ့ေနာက္ သားကိုအိမ္မွာဆက္ထားဖို႔ ခက္လို႔ စြန႔္ပစ္ရေတာ့မယ္ကြယ္။ အေဖ့ရင္ထဲ မခ်ိပါဘူးသားရယ္။ အေဖ မွားရင္လည္း ခြင့္လႊတ္ပါေတာ့ သားေလးေမာင္လူေမႊးရ”
ဦးေက်ာက္ခဲက ေမာင္လူေမႊး ခႏၶာကိုယ္ဆန႔္႐ုံ သစ္သားအေခါင္းေလး ကို ကိုယ္တိုင္႐ိုက္ကာ အေခါင္းေလးထဲကို ေမာင္လူေမႊးအားထည့္ရင္း ႏႈတ္မွ တတြတ္တြတ္ေရ႐ြတ္ေနျခင္း ျဖစ္ေလသည္။
“သမီးေရ- မခင္ေမႊး”
“ရွင္ – အေဖ”
“ေရာ့ – ေရာ့ – သမီးရဲ႕ေမာင္ေလးကိုျမစ္ထဲမွာပဲ သြားၿပီး ေမွ်ာပစ္လိုက္ ေပေတာ့ကြယ္။ေျမႀကီးထဲလည္းျမႇဳပ္မပစ္ရက္၊ မီးလည္းမရႈိ႕ရက္ပါဘူးကြယ္။ ေရထဲေမွ်ာပစ္တာပဲ ေကာင္းပါတယ္”
“ဟုတ္ပါတယ္ – အေဖ”
“ေအး-ေအး- ေရထဲ မေမွ်ာခင္ ေမာင္ေလးေကာင္းရာမြန္ရာေရာက္ ေအာင္ ဆုေတာင္းလိုက္ဦးကြဲ႕ေနာ္”
ေမာင္လူေမႊးပါေသာအေခါင္းေသးေသးေလးကိုေခါင္းေပၚတင္႐ြက္ကာ
မခင္ေမႊး ျမစ္ဆိပ္သို႔ ထြက္လာခဲ့ျခင္း ျဖစ္ပါသည္။
မခင္ေမႊးက ေမာင္လူေမႊးကို ျမစ္ထဲေမွ်ာမပစ္မီ ေနာက္ဆုံးအေနျဖင့္ ၾကည့္ရန္ အေခါင္းအဖုံးကို ဆြဲဖြင့္လိုက္ေလ၏။
အေခါင္းထဲမွာေတာ့ ေမာင္လူေမႊးသည္ သူ႔ကိုျမင္ေနက်အတိုင္း အိပ္ ေနသည့္သဖြယ္ ရွိေနၿမဲျဖစ္သည္။

“ေမာင္ေလးရယ္”
မခင္ေမႊးကေမာင္လူေမႊးကိုၾကည့္ကာေၾကေၾကကြဲကြဲျမည္တမ္းလိုက္

ထို႔ေနာက္ အေခါင္းအဖုံးအံကေလးကို ေသခ်ာျပန္ပိတ္ကာ ျမစ္ကမ္း ဆိပ္သို႔ ဆင္းခဲ့ေလ၏။
ဒူးဆစ္ျမႇဳပ္သည့္ ေရအနက္အေရာက္တြင္ ေမာင္လူေမႊးပါေသာ အေခါင္းေလးကို ေရစီးထဲသို႔ ေမွ်ာခ်လိုက္ေလသည္။
“သြားေပေတာ့ ေမာင္ေလးေရ၊ ေနာင္ဘဝမ်ားက်ေတာ့ ေမာင္ေလးကို သာမန္လူတစ္ေယာက္အေနနဲ႔ ဆုံရပါေစကြယ္”
ႏႈတ္မွ အသံထြက္ေရ႐ြတ္ဆုေတာင္းလိုက္မိေလသည္။
ေမာင္လူေမႊး ပါသြားေသာ သစ္သားေခါင္းတလားေလးသည္ေရစီးထဲ တြင္ တေ႐ြ႕ေ႐ြ႕ေမ်ာပါရင္း တျဖည္းျဖည္း ေဝးသည္ထက္ ေဝးေဝးသြားေလ သည္။ ျမစ္ေအာက္ဘက္ ကမ္းအေကြ႕တစ္ေနရာအေရာက္တြင္ေတာ့ မခင္ေမႊး၏ ျမင္ကြင္းထဲမွ ေပ်ာက္ကြယ္သြားေလေတာ့သည္။
ထိုစဥ္မွာပဲ- သူမကို လွမ္းေအာ္ေမးလိုက္သည့္အသံကို ၾကားလိုက္ရ
ျခင္း ျဖစ္ေလ၏။
“ေအ-လုံမေလး၊ ေဟာဒီ႐ြာက ျမင္သာ႐ြာမ်ားလားကြဲ႕” မခင္ေမႊးက အသံထြက္ေပၚလာရာသို႔ လွည့္ၾကည့္လိုက္သည္။ ေလွာ္ေလွတစ္စင္းေပၚတြင္ ဇနီးေမာင္ႏွံဟုထင္ရေသာ သက္ႀကီးစုံတြဲ တစ္တြဲ။ သူတို႔က ေလွကို အထက္ဘက္မွေလွာ္ခတ္လာရင္း မခင္ေမႊးကို လွမ္းေအာ္ေမးလိုက္ျခင္း ျဖစ္ေလသည္။
ကြၽဲ
“ဟုတ္ပါတယ္- ဦးႀကီး၊ ဒါ– ျမင္သာ႐ြာပါ”
“ေဟာ – ျမင္သာ႐ြာေရာက္ၿပီတဲ့ ရွင္မေရ။ ဒါနဲ႔ – လုံမက ဒီ႐ြာကပဲလား
ေလွေပၚမွ လူႀကီးက သူ႔ဇနီးကို လွည့္ေျပာလိုက္ၿပီး မခင္ေမႊးကို တစ္ ဆက္တည္းေမးလိုက္သည္။

“ဟုတ္ပါတယ္ – ဦးႀကီး၊ ကြၽန္မက ေဟာဒီျမင္သာ႐ြာကပါ” “ဒါျဖင့္- ဒီ႐ြာမွာ ဦးေက်ာက္ခဲ၊ေဒၚျမင့္ဆိုတာမ်ားရွိသလားကြယ္။ လုံမ သိသလား”
“ရွိပါတယ္ – ဦးႀကီး၊ ဦးေက်ာက္ခဲ၊ ေဒၚျမင့္ဆိုတာ ကြၽန္မမိဘမ်ားပါ။ ကြၽန္မ အေမ ေဒၚျမင့္ကေတာ့ ဆုံးသြားပါၿပီ ဦးႀကီး”
“ေအး-ေအး- ဟုတ္သေဟ့၊ ေဒၚျမင့္ဆုံးသြားၿပီဆိုရင္ ငါတို႔လာရွာတဲ့ ဦးေက်ာက္ခဲဆိုတာလုံမရဲ႕အေဖအေသအခ်ာပါပဲ။ လုံမနဲ႔ေတြ႕ရတာအဆင္ သင့္လိုက္ေလ။ ဦးႀကီးတို႔ကို လုံမတို႔အိမ္ ေခၚသြားေပးစမ္းပါကြယ္။ လုံမတို႔ အေဖ ဦးေက်ာက္ခဲနဲ႔ ေတြ႕ခ်င္လို႔ပါ”
ေလွကိုကမ္းသို႔ကပ္လာရင္းေျပာလိုက္ရာအိမ္ကိုလာေသာဧည့္သည္
မ်ားျဖစ္ေၾကာင္း သိလိုက္ရေလသည္။
“ဟုတ္ကဲ့ – ဦးႀကီး၊ အေဖအိမ္မွာ ရွိပါတယ္။ ေလွကို ဒီမွာပဲ ႀကိဳးနဲ႔ခ်ည္ ထားခဲ့ပါ။ မေပ်ာက္ပါဘူး။ ဦးႀကီးတို႔မွာ ဘာမ်ား သယ္စရာပါေသးလဲ။ ကြၽန္မ ကို ေပးေလ”
မခင္ေမႊးကအိမ္ကိုလာေသာဧည့္သည္မ်ားမို႔ဧည့္ဝတ္ေက်ပြန္ေအာင္
ေျပာလိုက္ေလသည္။
အိမ္ေရာက္လို႔ဧည့္သည္လင္မယားကသူတို႔ကိုယ္သူတို႔မိတ္ဆက္ကာ
အက်ိဳးအေၾကာင္းရွင္းျပမွပင္ သူတို႔ဘယ္သူဘယ္ဝါဆိုတာ သိလိုက္ရေတာ့
၏။
“ဒီကေနာင္ႀကီး ဦးေက်ာက္ခဲကေတာ့ က်ဳပ္တို႔ကို သိမွာမဟုတ္ပါဘူး။ က်ဳပ္တို႔က ျမစ္အထက္ပိုင္း ေပါက္ဦးဆိုတဲ့႐ြာက လာခဲ့ၾကတာပါ။ က်ဳပ္ နာမည္က ကိုႀကံေမာင္ တဲ့။ ေဟာဒီက က်ဳပ္ဇနီးနာမည္က မနီပါတဲ့” “ဟုတ္ကဲ့ပါ ဗ်ာ”

ဧည့္သည္မ်ားကိုၾကည့္၍ ဇေဝဇဝါျဖစ္ေနေသာ ဦးေက်ာက္ခဲကို ဧည့္ သည္အမ်ိဳးသမီး ေဒၚနီက ေမးလိုက္သည္။
“ဒါနဲ႔- သိလိုတာေလးကိုအရင္ေမးပါရေစဦးေမာင္ႀကီးရယ္။ ေမာင္ႀကီး တို႔မွာ လူေျခာက္သားသမီးမ်ား ေမြးထားတာ ရွိသလား” “ဗ်ာ – ဟုတ္ – ဟုတ္ကဲ့”

ေမးပုံဆန္းလွသည့္အတြက္ ဦးေက်ာက္ခဲ အံ့အားသင့္သြားရျပန္
“ေမာင္ႀကီးတို႔ သားေလးက ေမာင္လူေမႊး မွတ္တယ္” “ဟင္ – ဟုတ္ပါတယ္ဗ်ာ၊ မွန္ပါတယ္”
“ကြၽန္မတို႔ သိေနတာ တျခားေၾကာင့္ မဟုတ္ပါဘူး ေမာင္ႀကီးရယ္။ ကြၽန္မတို႔မွာလည္း လူေျခာက္သမီးေလးတစ္ေယာက္ေမြးထားလို႔ပါ” “ဒါျဖင့္ – ခင္ဗ်ားတို႔က မေၾကးမုံရဲ႕မိဘေတြေပါ့ ဟုတ္လားဗ်ာ” “ဟုတ္ပါေသာ္ေကာဗ်ာ၊တကယ္ေတာ့-ေနာင္ႀကီးဦးေက်ာက္ခဲတို႔က လူေျခာက္သားေလးကိုေခၚၿပီး က်ဳပ္တို႔ ေပါက္ဦး႐ြာကိုလာ၊ က်ဳပ္တို႔ သမီး မေၾကးမုံကိုေတာင္းရမ္းရမွာပါဗ်ာ။ ဒါေပမဲ့-အစ္မႀကီးေဒၚျမင့္ မုန္တိုင္းမိၿပီး ကြယ္လြန္သြားလို႔ က်ဳပ္တို႔ရွိရာေနရာကို မသိႏိုင္ဘူးဆိုတာ က်ဳပ္တို႔သမီး ေလးက အိပ္မက္ေပးၿပီး ေျပာျပလို႔ သိၿပီးပါၿပီ။ ဒါနဲ႔ပဲ- မိန္းကေလးရွင္ျဖစ္ပါ ရက္နဲ႔ ေရွ႕မ်က္ႏွာေနာက္ထားၿပီး က်ဳပ္တို႔ကပဲ ေဟာဒီျမင္သာ႐ြာထိေအာင္ လိုက္လာရေတာ့တာပါပဲဗ်ာ”
“ေအာင္မယ္ေလးဗ်ာ – ကိုယ္က်ိဳး နည္းပါေပါ့လား”
အေၾကာင္းစုံသိလိုက္ရသည္တြင္ ဦးေက်ာက္ခဲက သူ႔ရင္ဘတ္ႀကီးကို လက္သီးဆုပ္ျဖင့္ထုကာ ေအာ္လိုက္ေလေတာ့သည္။

“သမီးေရ- မခင္ေမႊး၊ ၾကားရဲ႕လားဟဲ့”
“ဟုတ္ကဲ့အေဖ – ကြၽန္မတို႔ေတာ့ အမွားႀကီး မွားပါေကာ အေဖရယ္” မခင္ေမႊးက ငိုသံပါးႀကီးျဖင့္ ျပန္ေျပာလိုက္သည္။ “ဘာမ်ား အမွားအယြင္းရွိလို႔လဲဗ်ာ၊ ေျပာပါဦး” ဦးေက်ာက္ခဲႏွင့္မခင္ေမႊးတို႔အမူအရာမ်ားကိုၾကည့္ကာ ဦးႀကံေမာင္က
ေမးလိုက္ေလ၏။
“ဒီလိုဦးႀကီးရဲ႕အေမဆုံးသြားလို႔ေမာင္ေလးနဲ႔အဆက္အသြယ္မရေတာ့
တာနဲ႔ ကြၽန္မတို႔လည္း ေမာင္ေလးကို စြန႔္ပစ္လိုက္ၾကတယ္ေလ”
“ေဟ”
“အလို… ဘုရား … ဘုရား”
“ေမာင္ေလးကို ေရထဲေမွ်ာ စြန႔္ပစ္ၿပီးလို႔ မၾကာဘူး။ ဦးႀကီးနဲ႔ ေဒၚႀကီး ေရာက္လာတာပါပဲ။ လက္မတင္ေလးပါပဲ ေဒၚႀကီးရယ္”
“ဟယ္ – ဒါျဖင့္ လက္လြန္သြားၿပီလို႔မဆိုႏိုင္ေသးပါဘူး။ ဒီတိုင္းထိုင္ေန လို႔ ဘယ္ျဖစ္မွာလဲ။ ျမစ္ေၾကာင္းအတိုင္း ျပန္ရွာၾကည့္ၾက႐ုံေပါ့ လုံမရဲ႕။ ေမာင္ႀကီးနဲ႔ ကိုႀကံေမာင္ေရာ ဘယ္လိုသေဘာရသလဲ” “အခ်ိန္မွ မၾကာေသးဘဲ၊ ရွာၾကည့္႐ုံ ရွိေတာ့တာေပါ့ဗ်ာ”
ဦးႀကံေမာင္ႏွင့္ေဒၚနီေရာက္လာေသာ သတင္းကို ၾကားသိလိုက္ေသာ
႐ြာသားမ်ားလည္းအိမ္ကိုေရာက္လာၾကရာေမာင္လူေမႊးကိုျပန္လည္ရွာေဖြ သည့္ခရီးစဥ္တြင္ ႏွစ္ဖက္မိဘမ်ားသာမက႐ြာသူ႐ြာသားတစ္အုပ္ႀကီးလည္း လိုက္ပါလာၾကေလေတာ့သည္။
ဦးႀကံေမာင္တို႔ ေလွသာမက ႐ြာမွာေလွရွိသည့္ အိမ္တခ်ိဳ႕က ေလွမ်ား လည္းပါလာၾကၿပီး ေလွေလးစင္းျဖင့္ ျမစ္ေၾကာင္းအတိုင္း စုန္ဆင္းကာ ရွာပုံ

ေတာ္ဖြင့္ၾကေလသည္။ လူတခ်ိဳ႕က ျမစ္ကမ္းစပ္အတိုင္း ေျခက်င္ေလွ်ာက္ ကာ ကမ္းစပ္တစ္ေလွ်ာက္ ေစ့ေစ့စပ္စပ္ရွာၾကေလသည္။
သို႔ေသာ္- သို႔ေသာ္-
လူအုပ္စုျဖင့္ ကုန္းေၾကာင္း၊ ေရေၾကာင္း ပိုက္စိပ္တိုက္ ရွာၾကပါေသာ္ လည္း ညေနေစာင္းသြားသည့္တိုင္ ေမာင္လူေမႊးပါသြားေသာ သစ္သား အေခါင္းေလးကို မည္သို႔မွ် ျပန္လည္ရွာေဖြလို႔ မေတြ႕ၾကေတာ့ေပ။

ေနလည္း ဝင္သြားၿပီျဖစ္၍ ဦးႀကံေမာင္ႏွင့္ ေဒၚနီတို႔ ျမင္သာ႐ြာမွာပင္ တစ္ညအိပ္လိုက္ရေလသည္။
ဦးႀကံေမာင္တို႔ လင္မယားေျပာျပသည့္အတြက္ သူတို႔၏ သမီးေလး မေၾကးမုံအေၾကာင္းကို သိခြင့္ရခဲ့သည္။
ဦးႀကံေမာင္ႏွင့္ ေဒၚနီတို႔တြင္ သားသမီးတစ္ဦးတည္းသာ ထြန္းကားရာ တစ္ဦးတည္းေသာ သမီးေလးမွာ လူေျခာက္ကေလး ျဖစ္ေနေလသည္ သို႔ေသာ္-လူေျခာက္ကေလးကို စြန႔္မပစ္ဘဲ မေၾကးမုံလို႔နာမည္ေပးၿပီး ေမြးထားခဲ့ရာ မေၾကးမုံေလးက မိဘမ်ားကို အက်ိဳးေပးခဲ့ေလသည္။
အ႐ြယ္ေရာက္လာသည္တြင္ဝိညာဥ္ေလာက၌သူတို႔လူေျခာက္အခ်င္း ခ်င္း ခ်စ္ႀကိဳက္ေနၿပီျဖစ္ေၾကာင္း မေၾကးမုံက မိခင္ကိုဖြင့္ေျပာခဲ့ေလသည္။ သူမ၏ခ်စ္သူေမာင္လူေမႊးဘက္မွလာေရာက္ေတာင္းရမ္းလွ်င္ သေဘာတူ ေပးစားဖို႔ကိုလည္း မိခင္အား ခြင့္ပန္ခဲ့ေလသည္။
ေဒၚနီတို႔ကလည္း ေမာင္လူေမႊး၏မိဘမ်ားလာေရာက္ေတာင္းရမ္းလွ်င္ ေပးစားဖို႔ စီစဥ္ထားၿပီးျဖစ္ပါသည္။
သို႔ေသာ္- မၾကာခင္ကမေၾကးမုံေျပာျပ၍ေမာင္လူေမႊး၏မိခင္ ေဒၚျမင့္ မွာကြယ္လြန္သြားေၾကာင္း၊ ေမာင္လူေမႊးလည္းလူ႔ေလာကႏွင့္ ဆက္သြယ္ဖို႔ အခက္အခဲရွိေနေၾကာင္း သိရေလသည္။
မေၾကးမုံက သူမကို ေမာင္လူေမႊးရွိရာအရပ္သို႔ လိုက္ပို႔ဖို႔ေျပာေသာ္ လည္းခ်က္ခ်င္းလိုက္မပို႔ျဖစ္ခဲ့ေခ်။ ဖခင္ျဖစ္သူဦးႀကံေမာင္ကမိန္းကေလးရွင္ ျဖစ္ၿပီး သတို႔သားရွိရာ သြားရမည္ကို ဝန္ေလးေသာေၾကာင့္ျဖစ္သည္။ မေၾကးမုံ အတန္တန္ေတာင္းဆိုမွသာ ယခုကဲ့သို႔ ျမင္သာ႐ြာကို စုံစမ္းၿပီး ထြက္လာခဲ့ၾကျခင္း ျဖစ္ေလ၏။
မေၾကးမုံအေၾကာင္းေတြေျပာျပရင္းေဒၚနီကတစ္ပါတည္းပါလာေသာ လူေျခာက္မေၾကးမုံေလးကို အမ်ားျမင္သာရန္ ထန္းေခါက္ဖာေလးဖြင့္၍ ျပရွာသည္။

“ျဖစ္မွျဖစ္ရေလ – သတို႔သမီးက ဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ ေရာက္လာပါ ရက္နဲ႔ သတို႔သားနဲ႔ မဆုံစည္းရေလျခင္း၊ ဖူးစာမမွန္လို႔မ်ားလားကြယ္”
တကယ္ေတာ့ – ေမာင္လူေမႊးႏွင့္မေၾကးမုံတို႔ဖူးစာမွာမွန္ကန္ပါသည္။ ကံၾကမၼာက တဒဂၤ က်ီစယ္လိုက္ျခင္းသာ ျဖစ္ပါသည္။
ထိုညတြင္ ေဒၚနီ၏အိပ္မက္ထဲသို႔ မေၾကးမုံေရာက္လာေလသည္။ မေၾကးမုံက ေျပာသည္။
“အေမ-အေမ-ကိုလူေမႊးနဲ႔ ကြၽန္မနဲ႔ ေတြ႕ခဲ့တယ္ အေမ။ ကိုလူေမႊး အေခါင္းက ျမစ္ကမ္းစပ္က သစ္ကိုင္းတစ္ခုမွာ ၿငိေနတာပါ။ ဒီကေနသြားရင္ ျမစ္ေအာက္ဘက္ တစ္တိုင္ေလာက္မွာ ျမစ္ထဲကိုကိုင္းက်ေနတဲ့ ေညာင္ မုတ္ဆိတ္ပင္ႀကီးတစ္ပင္ရွိတယ္အေမ။ေရထဲကိုကိုင္းက်ေနတဲ့ေညာင္မုတ္ ဆိတ္ႏြယ္ႀကီးၾကားမွာကိုလူေမႊးပါတဲ့အေခါင္းေလးရွိပါတယ္အေမ။ ေရဝင္
ၿပီး ေရထဲမျမႇဳပ္ခင္ သြားယူေပးပါအေမရယ္။ ထ – ထ- အခုပဲ ကိုလူေမႊးကို သြားကယ္ပါေတာ့ အေမရယ္”
မေၾကးမုံ စကားဆုံးသည္ႏွင့္ ေဒၚနီ အိပ္ရာမွ လန႔္ႏိုးလာသည္။
ခင္ပြန္းျဖစ္သူ ဦးႀကံေမာင္ကို ႏႈိး၍ေျပာလိုက္သည္။
ၿပီးေတာ့ – မခင္ေမႊးကိုပါ ေအာ္ေခၚ၍ ႏႈိးလိုက္ေလ၏။
“လုံမေလး – မခင္ေမႊးေရ၊ ထပါဦးကြယ္ -ထပါဦး”
ဦးေက်ာက္ခဲပါ အိပ္ရာက ႏိုးလာခဲ့သည္။
ေဒၚနီက အိပ္မက္ထဲမွာ မေၾကးမုံေျပာသည့္အေၾကာင္းကို ျပန္ေျပာျပ လိုက္ေလသည္။
“ဟင္ – အဲဒီေညာင္မုတ္ဆိတ္ပင္ႀကီးကို က်ဳပ္ သိပါတယ္။ ခု ညတြင္း ခ်င္းပဲ သြားၾကစို႔ဗ်ိဳ႕”

မခင္ေမႊးက အိမ္နီးခ်င္းမ်ားကိုပါ ႏႈိးၿပီး အက်ိဳးအေၾကာင္းေျပာျပ၍ ေခၚလာခဲ့ရာ ေန႔လယ္ခင္းကအတိုင္းပင္ လူအုပ္စုႀကီးျဖစ္သြားေလသည္။ မီးတုတ္မ်ား၊ ဓာတ္မီးမ်ားကိုကိုင္ေဆာင္ကာ ျမစ္ေအာက္ဘက္သို႔ ျမစ္ ကမ္းစပ္အတိုင္း ေလွ်ာက္လာခဲ့ၾကေလသည္။
တစ္တိုင္ခန႔္အကြာ ေညာင္မုတ္ဆိတ္ပင္ႀကီးရွိရာ အေရာက္တြင္ ေတာ့ –
ျမစ္ထဲကိုင္းက်ေနေသာ ေညာင္ကိုင္းမ်ားကို ဓာတ္မီးမ်ားျဖင့္ ဝိုင္းထိုး ရင္း ရွာၾကည့္လိုက္ၾကရာ
ေရထဲအထိ ထိုးစိုက္က်ေနေသာ ေညာင္ကိုင္းတစ္ခုတြင္ ၿငိေနသည့္ သစ္သားအေခါင္းေလးကို ေတြ႕လိုက္ရေလေတာ့သည္။ ေရေအာက္ေတာ့ မျမႇဳပ္ေသးေပ။
“အမေလး – ေမာင္ေလးရယ္၊ ကံေကာင္းလို႔ပါလား ေရေအာက္ေတာ့ မျမႇဳပ္ေသးေပ။ မေသေကာင္း မေပ်ာက္ေကာင္း”
မခင္ေမႊးက ေရထဲဆင္းသြားကာ အေခါင္းေလးကို အလ်င္အျမန္ ျပန္ ဆယ္ယူရင္းေျပာလိုက္ေလေတာ့သည္။
ညတြင္းခ်င္းစီစဥ္လိုက္ရာ ေနာက္တစ္ေန႔မနက္တြင္ ေမာင္လူေမႊးႏွင့္ မေၾကးမုံတို႔ မဂၤလာပြဲကို က်င္းပႏိုင္ခဲ့ေလသည္။
ဝက္သားဟင္းႏွင့္ ထမင္းေကြၽးကာ တစ္႐ြာလုံးကိုမီးခိုးတိတ္ဖိတ္ၾကား ေသာ မဂၤလာပြဲႀကီးျဖစ္ပါ၏။
ဦးေက်ာက္ခဲ၏ အိမ္ေပၚတြင္ ေမာင္လူေမႊးႏွင့္ မေၾကးမႈံတို႔ လူေျခာက္ ခႏၶာကိုယ္ေလးႏွစ္ခုကိုယွဥ္ရက္ခ်ထားသည္။ အိမ္နံရံတြင္“ေမာင္လူေမႊးႏွင့္
မေၾကးမုံတို႔၏မဂၤလာပြဲ” ဆိုသည့္စာတမ္းကိုပိတ္ျဖဴသားေပၚေရး၍ခ်ိတ္ဆြဲ
ထားသည္။

ႏွစ္ဖက္မိဘမ်ားကမဂၤလာပြဲအတြက္ဂုဏ္ယူစြာျဖင့္ေပ်ာ္႐ႊင္ေနၾကေလ
တကယ္ေတာ့ဤမဂၤလာပြဲသည္ေလာကႀကီး၌ လူေျခာက္ဆိုသည္မွာ တကယ္ရွိေၾကာင္းႏွင့္ လူေျခာက္တို႔သည္ သူတို႔၏သီးျခားကမာၻတြင္ က်င္လည္လႈပ္ရွားလ်က္ မိဘမ်ားကိုေကာင္းက်ိဳးျပဳေနေၾကာင္း သက္ေသ ျပလိုက္သည့္ သာဓကတစ္ရပ္ပင္ ျဖစ္ေတာ့သည္ မဟုတ္ပါလား။ ေမာင္လူေမႊးႏွင့္ မေၾကးမုံတို႔ သီးျခားဝိညာဥ္ေလာကတြင္ ေပ်ာ္႐ႊင္စြာ ေပါင္းဖက္ေနၾကမည္ဟု အားလုံးကပင္ ယုံၾကည္ၾကေလသည္။
*** ေဆာင္းလုလင္