ကျီးဝဲကျွန်းပေါ်က လူသတ်မှု(စ/ဆုံး)

Unicodde Version

ကျီးဝဲကျွန်းပေါ်က လူသတ်မှု(စ/ဆုံး)
——————————————–
မိမိစခန်းမှာ တာဝန်ကျနေစဉ် ( . . .) အနောက်ရပ်ကွက်၊ ဥက္ကဋ္ဌ ဦးတင်မောင်ကြီး နှင့် အဖွဲ့ဝင်နှစ်ဦး ရေးကြီးသုတ်ပြာဖြင့် ရောက်ချလာသည် ။
“ဘယ်လို အရေးပေါ်လာလို့ လဲ ဥက္ကဋ္ဌ ကြီးက “အရေးကြီးတယ် ဆရာညိုရေ . . . ပဲခူး မြစ်၊ ကျီကျွန်းပေါ်မှာ မြေမြုပ်ထားတဲ့ လူသေ အလောင်းတစ်ခု တွေ့လာလို့ လာ အကြောင်းကြားတာ”
“ဗျာ . . ကျီးကျွန်းပေါ်မှာ ဟုတ်လား၊ ယောက်ျားအလောင်းလား၊ မိန်းမအလောင်း လား ဥက္ကဋ္ဌကြီး”

“ဒါတော့ မသိသေးဘူး ဆရာညို၊ ဒီကောင် ထွန်းခင်ရယ် ပိုက်တန်းချည်ရင်း ကျီးပဲ ကျွန်း ပေါ်တက်နားနေတုန်း ခွေးကလျှောက် သွားနေရာက ကျင်းတစ်ကျင်းကို ယက်နေ ပြီး မသင်္ကာစရာ ဟောင်သံလည်း ကြားနေ တာနဲ့ သွားကြည့်လိုက်တော့ မြေကျင်းထဲက နေ ပွယောင်းနေတဲ့ လက် တစ်ဖက်ပေါ်နေ တာတွေ့တာနဲ့ အမြန်ပြန်ချ လာပြီး ကျွန်တော်တို့ ကို အကြောင်းကြားခဲ့တယ်။ သွား ကြည့်တော့ ဟုတ်တယ်၊ အဲဒါ ဆရာတို့ စခန်းကို သတင်းလာပို့တာပဲ”
သို့နှင့် ဦးစွာတွေ့ခဲ့သည့် တံငါသည် ရေလုပ်သား ထွန်းခင်ဆိုသူကို စေ့စေ့စပ်စပ် ကြည့် လိုက်သည် ။ ပြီးနောက် တွေ့ရှိချက် အကျဉ်းကို မြို့နယ်မှူးထံသို့ အစီရင်ခံလိုက် ပြီး ရပ်ကွက်ဥက္ကဋ္ဌ ၏ ပထမသတင်းပေး
တိုင်ကြားချက်ကို ရေးသွင်းမှတ်ယူလိုက်သည် ။

၎င်းနောက် ဒုရဲအုပ်စံကြည်၊ နယ်ထိန်း
တပ်ကြပ်မြင့်စိုး အပါအဝင် ရဲတပ်ဖွဲ့ဝင်များ
နှင့်အတူ မှုခင်းဓာတ်ပုံဆရာ ဦးဇော်ဖေပါ
ခေါ်ပြီး ဥက္ကဋ္ဌ ဦးတင်အောင်ကြီးတို့ အဖွဲ့ကိုလိုက်ပါစေလျက်
အလောင်းတွေ့ရှိရာ ကျီးကျွန်းသို့ အမြန်ထွက်လာလိုက်ကြသည် ။

ကျီးကျွန်းသည် သန်လျင်ဘက်ကကြည့် လျှင် သင်္ဘောဆိပ်မျက်နှာစာရှေ့ ပဲခူးမြစ်ပေါ် မှာ ရှိသည့် သောင်ထွန်းနေသည့် ရေပေါ် ကျွန်းငယ်ဖြစ်သည် ။ သန်လျင်တံတားပေါ်မှကြည့်လျှင် အထင်းသားမြင်နေရသည် ။ နှစ်ပေါင်းများ စွာ သောင်ထွန်းနေရာမှ ကျွန်းဖြစ်နေခြင်း ဖြစ်၏ ။ ရေကျ လျှင် နားနေချင်စဖွယ် ဖြစ်၏ ။ အနီးအနားမှာ ပိုက်တန်း ကြိုးတန်းသူများ နှင့် … တံငါလှေသမားတို့ အလျဉ်းသင့်သလို နားခိုရာ ကျွန်းလေးလည်းဖြစ်သည် ။

ကျွန်းပေါ်မှာ တံငါသည် များ စားသောက် ခဲ့သည့် အစားအစာများကို စွန့်ပစ်ကြတိုင်း ကျီးကန်းများက ဝဲပျံရောက်ရှိ လာပြီး စား သောက်ကြသဖြင့် အချို့က ခပ်လွယ်လွယ် ဖြင့် ကျီးကျွန်း ဟု ခေါ်လိုက်ရာမှ ဤ နာမည်တွင် သွားခဲ့သည် ။ ဒုရဲအုပ်ကိုညိုတို့ ရဲမော်တော်ယာဉ်သည် ကျီး ကျွန်းအခြေ သို့ ဆိုက်ကပ်လိုက်သောအခါ ကောင်းကင် မှာ ကျီးကန်များ နှင့် လင်းတအချို့ ပျံနေ ကြသည် ။ လင်းတများ ဤဝန်းကျင်မှာ မြင်ရတာ ကြာခဲ့ပြီ။ ခုမှ ပဲ သူတို့ ရောက်လာ ကြခြင်း ဖြစ်သည် . . .

လူသေအလောင်းမြှုပ်ထားသည့် နေရာကား လမုပင်နှစ်ပင်အကြား ကျင်းဟောင်း မှာ ဖြစ်၏ ။ ရပ်ကွက်လူကြီးအချို့က အနီးမှာ စောင့်ကြပ်လျက် ရှိ၏ ။ အလောင်းကိုစတွေ့ သည့် … ခွေးနက်ကလေးသည် ပြန်ပါလာခဲ့ သည် ။ ခွေးကလေးက သူ့သခင်နံဘေးမှ ဟောင်နေဆဲ။ ကိုညို တို့ မြင်လိုက်ရသည့် မြင်ကွင်းက တော်ယုံလူကို လိပ်ပြာလွှင့်ချင်
စရာ၊ ပွယောင်းစပြုနေသည့် ဘယ်လက်တစ် မှောက်ခုံပေါ်နေသည်

ချောင်းသည် အနေအထားက စနစ်တကျမြုပ်သည့် က္ခဏာမဟုတ်။ ကတိုက်ကရိုက် မြှုပ် ထားသည့်သဏ္ဌာန်၊ မြေပုံပေါ်မှာ သဲမြေ၊ မြေနှင့် သစ်ဆွေး မြေဇာများ ပါ ရောပြွန်း နေသည် ။ အနံ့လည်း အနည်းငယ်ထွက် နေသည် ။
သို့နှင့် ပါလာသူများ အကူအညီ၊ မှုခင်း

ကျွမ်းကျင်သူများ အကူအညီနှင့် အလောင်း ကို ဖော်လိုက်သောအခါ … “ဟာ…ဒါ…ဒါ… ချစ်လွန်းပါလား”
ရပ်ကွက်ဥက္ကဋ္ဌက ပွယောင်းစပြုနေသည့်
အလောင်း၏ မျက်နှာကို ငုံ့ကြည့်၍ ပြော လိုက် တော့ ကျန်အဖွဲ့ဝင်များကပါ ဝိုင်း၍ ထောက်ခံကြသည် ။ သေသူသည် အင်္ကျီ အပြာလက်တိုနှင့် ပုဆိုးအညိုကွက်ကို ဝတ်ထားသည် ။ အသက်ခန့်မှန်းမှုအရ (၃၀) ခန့်ရှိသည် ။ တုတ်တုတ်ခိုင်ခိုင် ဆံပင်ကုပ် အရှည်နှင့်။ ဝဲဘက်ရင်အုံဝန်းကျင်နှင့် ဝမ်းဗိုက် တစ်ဝိုက်မှာ သွေးကွက်များ တွေ့ရပြီး အချို့ သွေးများက ခဲနေသည် ။ အလောင်းမြှုပ် သည့် ကျင်းအတွင်းမှ သဲလွန်စ သက်သေခံပစ္စည်း ရလိုရငြား ဂရုတစိုက် ရှာ လိုက်သောအခါ မြေကြီးများ နှင့် ရောလုံးနေသည့် မျက်မှာ သုတ်ပဝါ အသေးလေးတစ်
ထည်ကို တွေ့ရသည် ။ မျက်နှာသုတ်ပဝါ ကလေး၏ အလယ်မှာ လက်ညှိုးလုံးခန့်
မီးလောင်ပေါက်တစ်ခု ရှိ၏ ။ ဆက်လက်၍ ရှာလိုက်သောအခါ သေသူ၏ လက်ထဲမှာ

ဆုပ်ထားသည့် ပစ္စည်းတစ်ခု၊ ဖြဲယူ ကြည့်လိုက်တော့ အပြာရောင် ကော်ကြယ်သီးတစ်လုံး
တွေ့ရှိ သက်သေခံပစ္စည်းများအား စနစ်တကျ သိမ်းဆည်း၍ ပုံစံစာရွက်မှာ ဖြည့်စွက်သိမ်း ဆည်းလိုက်သည် ။ ရဲလုပ်ထုံး နှင့်အညီ မှတ်တမ်းတင်ဓာတ်ပုံများကို ရှုထောင့်အသီးသီးမှ ရိုက်ယူ လိုက်သည် ။
ပတ်ဝန်းကျင်ကို ဆက်လက်စူးစမ်း လေ့လာလိုက်သောအခါ အလောင်းမြှုပ်
သည့်နေရာနှင့် ပေ ၂၀ ခန့်အကွာ မြေပြင်မှာ နီရဲသော သွေးကွက်များ နှင့် သွေးစက်

လက္ခဏာပုံသဏ္ဌာန်အရ လမ်းကြောင်းအချို့ကို မြင်တွေ့လိုက်ရသည် ။
ဤနေရာမှာ အချင်းဖြစ်ပွားပြီးနောက် ဒရွတ်တိုက် ဆွဲယူ
ကာ အလျင်အမြန် မြှုပ်ခဲ့သည့် ပုံ။ ကိစ္စဝိစ္စ များ ပြီးစီးသည် နှင့် အလောင်းကို ဆေးရုံသို့ ပို့ရန် စီစဉ်လိုက်၏ ။ စခန်းကိုရောက်တော့ မိမိတွေ့ရှိစစ်ဆေးချက်များအား မြို့နယ်မှူး ထံ အစီရင်ခံလိုက် သည် ။

သေသူချစ်လွန်းကား ( . . . ) အနောက်ပိုင်း ရေလုပ်သားတစ်ဦး ဖြစ်သည်
မြစ်ဝကျွန်း ပေါ်သား တစ်ဦး ဖြစ်၏ ။ ယခု နေရာ၌ အငှားလာနေကာ ပိုက်ချ၊ ကွန်ပစ်၊ ငါးမျှားတန်းချလုပ်ငန်း လုပ်ကိုင်နေ၍ စီးပွားရေးအခြေအနေ မဆိုးလှဟု သိရသည် အိမ်ငှားသည့် အိမ်ရှင်၏ အဆိုအရ ချစ် လွန်း ပြန်မလာသည် မှာ နှစ်ရက်ခန့်ရှိပြီဟု ဆိုသည် ။ ချစ်လွန်းသည် အရက်အလွန် ကြိုက်သူ၊ စန်းလည်း ပွင့်သူဟု သိရသည်
ပတ်ဝန်းကျင်၏ ဝေဖန်တီးတိုးစကားများ အရဆိုလျှင် သူသည် … အနောက်ပိုင်းမှ …
လင်ရှိမယား တစ်ယောက်နှင့် မရှင်းမရှင်း ဖြစ်နေသည် ဟု ဆိုကြသည် ။ ဆက် လက်၍ စုံစမ်းကြည့်တော့ ထို

အမျိုးသမီး၏ အမည်မှာ မစောနန်းဟု သိရသည် အမျိုးသမီးကတော့ အသား မဖြူ မညို၊ ကိုယ်လုံးကိုယ်ပေါက်က အလွန်လှသည် ပါးပေါ် မှ စပယ်တင်မှ ဲ့နှင့် ညှို့အားတော့ ကောင်းသည် ။ ( . . . ဈေးမှာ ငါးရောင်းသည် ။ သူမရဲ့ ယောက်ျားကလည်း တံငါလှေ သမားတစ်ဦးဖြစ်သည် ။ အမည်က ဖိုးဇံ၊ ဖိုးချစ်လွန်းသည်ဇံနှင့်
အရင်းနှီးဆုံး လုပ်ဖော်ကိုင်ဖက်ဖြစ်သည် ။ ဖိုးဇံကား ဖဲ လည်း ရိုက်သည် ။ အရက်လည်း သောက်သည် ။

စောနန်းက ချစ်လွန်းဖမ်းဆီး၍ ရသည့် ငါး မှန်သမျှကို ဒိုင်ခံဖောက်သည် ယူသည် တဲ့ ။ ဤကဲ့ သို့သော မမျှော်လင့်ဘဲ သဲလွန်စတစ်ခုရခဲ့ပြန်သည် ။
ထို့အပြင် ချစ်လွန်းသည် မသေခင် သုံး ရက်က ဘသိန်းအောင်ဆိုသူနှင့် အရက်ဆိုင် မှာ စကားများ ရန်ဖြစ်ခဲ့သည် ဟူ၍ လည်း သတင်းရရှိခဲ့သည် ။

မြို့နယ် ဆေးရုံကြီးမှ မှုခင်းဆရာဝန်၏ ဆေးစစ်ချက် အစီရင်ခံစာအရ သေသူသည် လွန်ခဲ့ သည့် (၄၈) နာရီခန့်က စူးရှချွန်ပြား သည့် လက်နက်နှင့် ဝဲဘက်ရင်ညွန့်သို့ တစ် ချက်၊ ဝမ်းဗိုက်သို့ နှစ်ချက် ထိုးသွင်းခံခဲ့ရပြီး ၎င်းဒဏ်ရာများ နှင့် မိနစ်ပိုင်းအတွင်း

ပွဲချင်းပြီး သေဆုံးခဲ့သည် ဟု ဆို သည်ဒဏ်ရာ၏လက္ခဏာမှာပက်လက်

အနေအထားရှိနေစဉ် သေသူ၏ ဘက်မှ အားစိုက်၍ ထိုးလိုက်သည့် ဒဏ်ရာက နှလုံး ကို ထိသွားခဲ့သည့်ပြင် ဘက် (သို့) သန်ရာ ဘက်သို့ လက်နက်ကို ဆွဲချလိုက်သဖြင့် ဘက်သို့ စုတ်ပြဲစိုက်ခွဲသည့် ဒဏ်ရာလည်း ရှိ သည် ဟု စစ်ဆေးချက်မှတ်တမ်း အရ သိရ သည် ။ ထို့အပြင် မသေမီ လူးလွန့်သတ်ပုတ် သည့် လက္ခဏာများ တွေ့ရှိခဲ့ရပြီး သေသူ၏ ပါးစပ်အတွင်း အမွှေးပါသည့် အသားစုတစ် ခုကို တွေ့ရှိခဲ့ရကြောင်း ဆေးစစ်ချက်၌ ဖော်ပြထား သည် ။
၎င်းအသားစနှင့် အမွှေးကား ..“မင်းနဲ့ သေသူချစ်လွန်းနဲ့ အင်္ဂလိပ် ၂၃ ရက် ဗုဒ္ဓဟူးနေ့ ညနေ (၄) နာရီက ပိတောက်
ဝါ စားသောက်ဆိုင်မှာ စကားများ ရန်ဖြစ်ကြ

တယ်လို့ ကြားသိရတယ် .အဲဒါ ဟုတ်သလား”သည် အမေးစကားကြောင့် ဘသိန်းအောင်
မျက်စေ့မျက်နှာများ ပျက်နေသည် ။ ဘသိန်းအောင်ဆိုသည် ကလည်း အရက်သမား၊ ဖဲ သမား လူရှုပ်၊ လူပုံက အသားဖြူဖြူ၊ မုန်တေတေစကားပြောလျှင်ဘုကျကျ၊ဂျစ်ကန်ကန်၊ ခပ်ရိုင်းရိုင်း။

“ပြောလေကွာ”
“ဟုတ် . . . ဟုတ်ကဲ့ . . . ဖြစ်ပါတယ်
ဆရာ”
“ဘာကိစ္စနဲ့ ဖြစ်ကြတာလဲ”
“သူက . . . ကျွန်တော့်ကို လူကြားသူကြား ထဲမှာ သူခိုး ဘိန်းစား၊ အချောင်လိုက်စားနေ တဲ့ ကောင်လို့ ပြောတယ်၊ ဒါနဲ့ ကျွန်တော်က လည်း မင်းလို ဒု၊ သ၊ န၊ သော မဟုတ်ဘူး လို့ ပြောရက နေ ယမ်းပုံမီးကျဖြစ်ပြီး စကားများ

ရန်ဖြစ်ပြီး ထိုးကြိတ်ကြတာပါ ခင်ဗျာ” “အဲဒီ နေ့က မင်းခံလိုက်ရတယ် . . . နဖူး
ပေါက်သွားတယ်၊ အဲဒီ အတွက် မင်း ပြော လိုက် တဲ့ စကား မင်းမှတ်မိရဲ့ လား ဘသိန်း
အောင်”ဘသိန်းအောင်က ထိုအမေးကို လုံးဝပြန်မ ဖြေနိုင်ဘဲ ကြောင်ကြည့်ကာ နှုတ်ခမ်းများ
တုန် နေသည် ၊

“ပြောလေကွာမင်း မပြောရင်မျက်မြင်၊ ကြား၊ သိ၊ သက်သေကို ငါတို့
ဆွဲထုတ်ပြ လိုက်ရမလား”“ပြောပါ့မယ် ဆရာ”
“ပြော . . .”

“မင်း ..ထမင်းဝအောင်စားထား ချစ် လွန်း . . .ဆိုတဲ့ စကားလား”
ဒုရဲအုပ်ကိုညိုက ခေါင်းတညိတ်ညိတ်လုပ်

ရင်း ချွေးများ ပြန်နေသည့် ဘသိန်းအောင် မျက်နှာ ကို စိုက်ကြည့်နေလိုက်သည် ။ ၎င်း နောက် အံဆွဲထဲမှ ပစ္စည်းတစ်ခုကို ထုတ်၍ သူ့ရှေ့မှာ ချပြလိုက် သည် ။ ပစ္စည်းက
နိုင်လွန်ကော်ကြယ်သီး အပြာရောင်တစ်လုံး၊
ကြယ်သီးက သာမန်အင်္ကျီ ကြယ်သီးထက် ကြီးသည် ။ လက်မ လက်သည်းခွံခန့်ရှိသည်
“ဒီကြယ်သီးတပ်ပြီး ဝတ်ထားတဲ့ သူကို
မင်းမြင်ဖူးသလား ဘသိန်းအောင်”

ဘသိန်းအောင် ချက်ချင်းလိုလို ခေါင်းညိတ်လိုက်သည် ။ တစ်ခါ ကိုညိုက
ဒုတိယအကြိမ် မြောက် ပစ္စည်းတစ်ခုဖြစ် သော အလယ်မှာ မီးလောင်ပေါက်ပါသည့်
မျက်နှာသုတ်ပဝါ အသေးလေး ကို သူ့ရှေ့မှာ ခင်းပြလိုက်သည် ။
“ဒီပစ္စည်းရှင်ကော၊ မင်းတို့ က ဖဲသမားဆို

တော့ မြင်ဖူးမိမှာ ပေါ့” “ဟုတ်ကဲ့ . . . မကြာခဏ မြင်ဖူးပါတယ်”

“ပိုင်ရှင်က ဘယ်သူလဲကွ” “မင်းရဲ့ ပါတနာ မဟုတ်လား”
“မဟုတ်ပါဘူး

ဆရာရယ်၊
ဘုရားပေးပေး၊ ကျမ်းပေးပေးပါ ခင်ဗျာ”
“ဟား . . . ဟား… ဟား… . ဘုရားပေး ပေး ကျမ်းပေးပေးတဲ့ တွေ့ကြသေးတာပေါ့ ကွာ”
ကိုညိုက ပြောရင်း ခွက်ထိုးခွက်လန် ရယ် လိုက်သည် ။ ဘသိန်းအောင် ထပြေးရမ လိုလို၊ ငိုရမလိုလို ရောယောင်ရယ်ရမလိုနှင့် ကြီးစွာအကြပ်တွေ့နေခဲ့သည် ။
သတင်းအရ (. . . ) ဒီအိမ်တစ်အိမ်ကို ဒုရဲ အုပ် ကိုညိုအဖွဲ့ဝင်များ နှင့် ရပ်ကွက်ဥက္ကဋ္ဌ

ဦးတင်မောင်ကြီးတို့ အဖွဲ့ဝင်များ ဝိုင်းလိုက် ကြသောအခါ ငါးယောက်ဖဲဝိုင်းအတွင်း ဖိုးဇံ ကိုပါ မိလိုက် သည် ။ ၎င်းတို့ အားလုံးအား ရဲစခန်းသို့ ခေါ်လာခဲ့ပြီးနောက် ကျန်လေး ယောက်နှင့် အိမ်ရှင်ကို လောင်းကစားမှုဖြင့် အရေးယူကာ ဖိုးဇံကို စစ်ဆေးမေးမြန်းရန် ထားလိုက်သည် ။
“ဖိုးဇံ . . .”
“ခင်ဗျာ”
“မင်း ချစ်လွန်းကို သတ်တဲ့ ဓားရောကွ”
“ဗျာ… ဘာ … ဘာ … – ကျုပ် ချစ်လွန်း ကို မ မသတ်ဘူး ဘာ ဘာလို့ သတ်ရမှာ
လဲ . . . မသတ်ဘူး”

“အမှန်ကို စောစောစီးစီးဝန်ခံရင် မင်းအဖို့ ဥပဒေက ပေးတဲ့ အခွင့်အရေးရှိတာပေါ့ ဖိုးဇံ
ရာ”

“ဟင့်အင်း . . . ကျုပ် မသတ်ဘူး၊ ဒီကိစ္စ သိ

လည်း မသိဘူး”
“အေး . . . ဒါဆို တို့ မင်းအိမ်မှာ သွားရှာ ကြတာပေါ့ကွာ၊ လာလိုက်ခဲ့”
ဖိုးဇံကလည်း ခပ်ရဲရဲပင် ရှာကြပေါ့ဗျာဟု ဆိုသည် ။ သို့နှင့် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကိုပါ ခေါ်၍ ရှာဖွေပုံစံနှင့် ဖိုးဇံအိမ်ကို ရှာဖွေ ခဲ့သည် ။ အိမ်မှာ သူ့မိန်းမ မစောနန်းမရှိ၊ ဈေးသွားရောင်းနေ သည် ဟု ဆိုသည် ။ ကိစ္စ မရှိ၊ မစောနန်းနှင့်သူ တွေ့ခဲ့ပြီးပါပြီ။ အိမ်ထဲအနှံ့
လိုက်ရှာသည့်တိုင် ဘာသဲလွန်စမှ မတွေ့ရ၍ ကိုညိုပင် ချွေးစို့လာသည်

၎င်းနောက် နောက်ဖေးလှေရုံသို့
ဆင်းခဲ့ကြပြီး မှောက်၍ ရေနံချေးသုတ်ထား သည့် ပေကျံနေသည့် အင်္ကျီတစ်ထည်ကို မ မျှော်လင့်ဘဲ သွားတွေ့လိုက်သည် ။ ဖြန့်ကြည့် လိုက်သောအခါ ရေနံချေးများ နှင့် ရောယှက်

နေသည့် မာစေးစေး နီညိုရောင်အကွက်များ ရောပြွန်းနေသည် ကို မသင်္ကာဖွယ် တွေ့ရှိ
လိုက်သည် ။ ဂရုတစိုက် ကြည့်လိုက်
သောအခါ ၎င်းအင်္ကျီ၌ အပြာရောင် ကော်
ကြယ်သီးများ ကို မမျှော်လင့်ဘဲ တွေ့လိုက်ရ
သည် ။ ၎င်းကြယ်သီးငါးလုံးအနက် ဒုတိယ
မြောက်ကြယ်သီးနေရာ သည် ကွက်လပ်ဖြစ်
နေသည် ။ သို့ဖြစ်၍ အဆိုပါ အင်္ကျီကို
သက်သေများ ရှေ့တွင်ရှာဖွေပုံစံနှင့်သိမ်းဆည်းလိုက်သည် ။
ပြီးနောက် ဖိုးဇံကို စခန်းသို့ပြန်ခေါ်လာခဲ့ ပြီး ချော့၍ မေးရသည် ။
“ဖိုးဇံ . . . ငါတို့ က မပိုင်ရင် မဖမ်းဘူး ဖိုး ဇံ၊ မင်းသတ်တယ်ဆိုတာ ငါတို့ အခိုင်အလုံ သက်သေပြနိုင်တယ် . မင်းကိုယ်တိုင် ဝန်ခံ တော့ ခံစားခွင့်ရှိမှာ မို့ပါ ငါ့ညီရာ”
“ကျုပ်မှ မသတ်တာဗျာ၊ ဘသိန်းအောင်

နဲ့ သူနဲ့ ရန်ဖြစ်ရင်း ကြိမ်းဝါးကြတာ ဖဲသမား အရက်သမားတိုင်း အသိပဲဥစ္စာ၊ သတ်ချင်း
သတ်ရင် . . .” “ဒီကြယ်သီးက ဘယ်သူ့ကြယ်သီးလည်း
ဖိုးဇံကဒုရဲအုပ်ကိုညိုကအပြာရောင်ကြယ်သီး
တစ်လုံးကို သူ့ရှေ့တွင် ခင်းပြလိုက်သည် ။ ဖိုး
ဇံ ကြယ်သီးကိုကြည့်၍ အံ့သြသွားသည် သည့်နောက် … ကိုညိုက လှေအောက်မှ သိမ်းဆည်းလာ သည့် ရေနံချေးသုတ်ထားသော အင်္ကျီအဟောင်းကို ဖြန့်ခင်းပြလိုက်ပြီး
အပြာရောင် ကြယ်သီး ငါးလုံးအနက် ဒုတိယ
ကွက်လပ်ဖြစ်နေသည့်နေရာသို့လက်ရှိ

ကြယ်သီးကို တင်ပြလိုက်ကာ ပြုံးပြ လိုက်၏
“ဘယ်နဲ့ လဲ ဖိုးဇံ ကွက်တိပဲ မဟုတ်လား” ဖိုးဇံ ခေါင်းမညိတ် ငိုင်ကြည့်နေသည် ။

“ဒါမှ မခိုင်လုံသေးဘူးထင်ရင် သေသူရဲ့ အေလာင်းကိုဖော်ရင်းက ကျင်းထဲကရခဲ့တဲ့
ဟောဒီမျက်နှာသုတ်ပဝါလေးကိုကြည့်လိုက်ပါဦး ဖိုးဇံ၊ အလယ်မှာ မီးလောင်ပေါက်
သူက စက္ကူအိတ်ထဲမှာ .. သက်သေခံကြီးနဲ့ . . . ရော့”
သိမ်းဆည်းထားသည့်ကလေးကိုသူ့ရှေ့သို့မျက်နှာသုတ်ပဝါထပ်မံချပြလိုက်
သောအခါ ဖိုးဇံလက်တွေတုန်လာသည် ။ “ဒီမျက်နှာသုတ်ပဝါလေးက … မင်းငါးရှာ ထွက်တိုင်း ဖဲဝိုင်း အရက်ဝိုင်းသွားလေရာ လည်ပင်း ပေါ်မှာ ပါလေ့ရှိတဲ့ ပစ္စည်းပဲ ဖိုးဇံ၊ အပေါက်က ဖဲဝိုင်းမှာ မီးပေါက်ကျပြီး ပေါက် ခဲ့တာ၊ မင်းမိတ်ဆွေ တွေက သက်သေခံလေ ရဲ့ ၊ ဒီအကြောင်း ဘသိန်းအောင်ရော လှေ သမားတွေကပါ ပြောကြတယ်၊ ကုန်ကုန် ပြောရရင် မင်းမိန်းမ မစောနန်းကအစ မင်းပစ္စည်းပါလို့ ပြောခဲ့တယ်ကွာ”

“ဒါ . . . ဒါပျောက်သွားတာ ကြာပြီဗျ” “ဟား . . . . ဟား…. ဟား ဖိုးဇံ . . . . ဖိုး ဇံ ဧရာမလူသတ်မှုကြီးလည်း ကျူးလွန်သေး တယ် ပိရိသေသပ်မှုလည်း မရှိပါလား ဖိုးဇံ ရာ . . . ကောင်ပြီကွာ . . . ဒါကိုမှ မင်းက လက်မခံနိုင် သေးဘူးဆိုရင် ဖိုးဇံ မျက်နှာကို မော့လိုက်စမ်းပါကွာ ..”
မင်းကိုညိုရဲ့ မာထန်ထန် ပြောစကားကြောင့် ဖိုးဇံ ငုံ့နေရာမှ အလန့်တကြား မျက်နှာကို မော့ လိုက်သည် ။
“မင်း ဘယ်ဘက်မျက်ခုံးတစ်ခု … ဘယ် ရောက်သွားလဲ”
ထိုမေးခွန်းကြောင့် ဖိုးဇံမှာ အလန့်တကြား ဖြစ်ရင်း သူ့မျက်ခုံးကိုသူ ဘယ်လက်နှင့် စမ်း
ကြည့်လိုက်သည် ။ ဖိုးဇံရဲ့ လက်ဘက်
မျက်ခုံးပေါ်မှာဟန်းနီးပလာစတာတစ်ခု

ကပ်ထား လျက်ပါ။
“အဲဒီ မျက်ခုံးကိစ္စ မင်းမပြောနိုင်ဘူး
မဟုတ်လား။ အေး ငါပြောပြမယ် ဖိုးဇံ၊ မင်း ချစ်လွန်းကို လွန်ခဲ့တဲ့ (၃) ရက် အင်္ဂါနေ့က ကျီးကျွန်းပေါ်မှာ ဓားနဲ့ ထိုးသတ်ခဲ့တယ်၊

မင်းက ဘယ်သန်လေ၊ မင်းတို့ လုံးထွေး သတ်ပုတ်ရင်း မင်းရင်ဘတ်က ကြယ်သီး တစ်လုံး ချစ်လွန်းရဲ့ လက်ထဲကို ပါသွားတယ်။ ချစ်လွန်းက သေအံ့မူးမူးမှာ လုံးရင် ထွေးရင်း ရရာကို ကိုက်လိုက်တာ မင်းရဲ့ ဘယ်ဘက် မျက်ခုံးကို ကိုက်မိသွားခဲ့တယ်၊ အဲဒီ မျက်ခုံးက သေသူချစ်လွန်းရဲ့ ပါးစပ်ထဲ ကိုပါသွားတယ်။ မှုခင်း ဆရာဝန်က ဒီပစ္စည်း ကို မျက်ခုံးနဲ့ မျက်ခုံးမွှေးပါလို့ အတိအကျ ရည်ညွှန်းသက်သေခံခဲ့တယ်၊ အဲဒီ တစ်ရှူးနဲ့ မင်းရဲ့ ဒဏ်ရာက တစ်ရှူးကို ဓာတုဗေဒဝန် ရုံးမှာ စပ်သပ်တိုက်ဆိုင်လိုက်ရင် ဖိုးဇံ . .

မင်း ကြိုးစင်ကို ရောက်သွားနိုင်တယ် ငါ့ညီ” သူ့စကားဆုံးသောအခါ ဖိုးဇံ ဇက်ကျိုးကျ သွားခဲ့သည် ။ ဝမ်းနည်းစွာ တစ်ချက်ရှိုက် လိုက် တော့ မျက်ရည်ပေါက်အချို့က စားပွဲ ပေါ်သို့ ပြုတ်ကျသွားခဲ့သည် ။ ရုတ်ချည်းဆို သလို အံကိုကြိတ် လိုက်ပြီး ရင်ကိုမတ်လိုက် သည် ။
“ကျွန် . . . ကျွန်တော် ဝန်ခံပါတော့မယ် ဆရာ၊ ချစ်လွန်းကို ကျွန်တော် သတ်မိပါတယ်”

“အေး
ဒီလိုဝန်ခံရဲမှ ပေါ့ကွာ၊
ယောက်ျားပဲ လုပ်တုန်းက လုပ်ခဲ့ပြီးပြီ၊ အေး . .ခံစရာရှိ ရင် ခံရဲရမှာ ပေါ့ . . . ကဲ ပြော စမ်းပါဦး ငါ့ညီရာ၊ မင်း ဘာကြောင့် လူတစ် ယောက်ကို သွေးအေး အေးနဲ့ ရက်ရက်စက်စက် သတ်ခဲ့တာလဲကွာ
.ဟင်”

“ဒီလိုပါ ဆရာ မြစ်ဝကျွန်းပေါ်ကနေချစ်လွန်းဟာ
ဒီရောက်တော့ အခြေအနေမဲ့ပါ၊ တံငါအကြောင်း နားလည်
တယ်ဆိုလို့ အရက်ဝိုင်းတစ်ခုမှာ ရင်းနှီးရာ
ကနေ အိမ်အလည်ပါတဲ့ အထိ ရင်းနှီးခဲ့ကြပါ တယ်။ နောက်ပိုင်း ညီလို၊ အစ်ကိုလိုခင်ရာက နေ လှေတစ်စင်းနဲ့ ကွန်တစ်စုံ ကျွန်တော် ထောင်ပေးခဲ့သေးတယ်၊ ငါးရရင် ကျွန်တော့် မိန်းမ မစောနန်းကို ပေါက်ဈေးနဲ့ အပ်” “အင်း . ဆက်ပြောပါဦးကွာ”

“ဒီနေရာမှာ အိမ်ကမိန်းမက အနေအထိုင် မတတ်တာလဲပါတာပေါ့ ဆရာရယ်၊ ဟို
ကောင် က အပြောကောင်း ဆရာရဲ့ ၊ အိမ်က
မိန်းမများ မြှောက်ပင့်ပေါင်းလားပေါင်းရဲ့
ဒါကို အိမ်က မိန်းမကသိပ်ခံတွင်းတွေ့နေတယ်လေ၊ ဟိုကောင်ကလည်း ငွေများ လက် ထဲရွှင်နေလို့ ရန်ကုန်က ပြန်လာရင် အထည်ကလေး၊ မိတ်ကပ်၊ နှုတ်ခမ်းနီလေးကအစ ဝယ်ဝယ် လာပြီး အစ်မဖို့ ၊ အစ်မဖို့ နဲ့ သည်း
တော့တာပဲ၊ အိမ်ကမိန်းမကို ဒီကိစ္စ
သတိပေးပေမယ့် သင်းကလည်း တစ်မျိုးပဲ”

“အဲဒီ ကိစ္စအထိ ဖြစ်ခဲ့ကြသလား” “ကျွန်တော်က ဖဲရိုက်တာ သိပ်ဝါသနာကြီး တယ်၊ သိတဲ့ အတိုင်းပဲ တံငါအလုပ်က ငွေ ဖြစ် မြန်တယ်၊ ဖဲဝိုင်းကောင်းရင် ကျွန်တော် က မိုးလင်းမှ ပြန်ချင်ပြန်လာတာရယ်၊ အဲဒီ မှာ ဟိုကောင်နဲ့ အိမ်က မိန်းမနဲ့ ဖောက်ပြန် ကြတယ်၊ ဒါကို အိမ်နီးနားချင်းတွေက ကျုပ် ကို တိုးတိုးတိတ်တိတ် ပြောပြကြတယ်၊ ကျုပ်မိန်းမကို ကျုပ်ကယုံတော့ ဒီလိုပဲနေကြ တာပေါ့၊ တစ်ခါတစ်လေ စောနန်းကို သတိပေးရင် သင်းက ပတ်ဝန်းကျင်ကို ရော၊ မေရော ကုန်အောင်တုတ်ရောဗျ၊ ဟို ကောင်က လည်း ဒီလိုသမုတ်ခံရလို့ ရှက်လှ
ဖေ

ချည်ရဲ့ လို့ ဆိုလေရဲ့ ခင်ဗျ။ တစ်ညပေါ့ဗျာ၊ ထန်းပင်ချောင် အသုဘဖဲဝိုင်းမှာ ဖဲရှုံးလို့ အိမ် ပြန်ငွေယူဖို့ အလာမှာ သူတို့ နှစ်ယောက်ကိုအခန်းထဲမှာ အတူတကွ တွေ့လိုက်ရတယ်၊
ကျွန်တော့်ရင်မှာ ကျွဲဆယ်ကောင် ဝင်ခတ်
သလိုပါပဲ။ ချက်ချင်း အပြတ်ရှင်း လိုက်ရင်
ကောင်းမလားလို့ စဉ်းစားခဲ့သေးတယ်၊ ကျုပ်
ချစ်ရတဲ့ မိန်းမရှိနေသေးတော့ ဒီကောင့်ကို
အေးအေးဆေးဆေး ရှင်းပစ်မယ်လို့ ဆုံးဖြတ် ပြီး ဝမ်းနည်းကြေကွဲ နာကျည်းစွာနဲ့ မသိချင်
ယောင် ဆောင်နေလိုက်ရတယ်။
“အငြိုးအတေးထားခဲ့တယ်လို့ ပြောရမှာပေါ့နော်”
“ဟုတ်ပါတယ်၊ တစ်ညနေတော့ ကျီး ကျွန်းမှာ ငါးမျှားတန်းချသွားကြဖို့ ချစ်လွန်း ကို မရ မကခေါ်ခဲ့လိုက်တယ်၊ ကြိုးတန်းချပြီး ကျွန်းပေါ်တက်တယ်၊ ပါလာတဲ့ အရက်

တစ်လုံးကို နှစ်ယောက်သောက်ကြတယ်၊ ကျွန်တော်က အကြံသမားဆိုတော့ လျော့
သောက်လိုက်တယ်၊ ညနေစာဖြစ်သလို
သောက်ပြီး မူးမူးနဲ့စားအိပ်ပျော်ချိန်မှာ
ကျွန်တော်က ဘယ်သန်ဆိုတော့ သူ့ဘယ်
ဘက်ကဝင်ပြီး ပက်လက်အိပ်နေတဲ့ ဒီကော
င့်ရင်ဝကို ခါးကြားမှာ ဓားမြှောင်နဲ့ ထိုးစိုက်လိုက်တယ်”
ဝှက်လာတဲ့

“အဲဒီ နောက် စူးစူးဝါးဝါး ထအော်ရင်း ကျွန်တော့်လက်ထဲက ဓားကို လုတယ်၊ ရင်ဘတ် အင်္ကျီကိုဆွဲတယ်၊ အဲဒီ မှာ လုံးကြ ထွေးကြဖြစ်ပြီး ကိုက်မိကိုက်ရာကို ကိုက်
လိုက်တာ ကျွန်တော့် ဘယ်ဘက်မျက်စေ့နဲ့
မျက်ခုံးကို မိပြီး မျက်ခုံးပြတ်ထွက်သွားတယ်၊ နောက်ဆုံး သူ့ဝမ်းဗိုက်ကို ဓားမြှောင်နဲ့ ထပ် ထိုးလိုက်တော့မှ သူများ မယား ကြာခိုတဲ့ အကောင် ငြိမ်ကျသွားတယ်၊ ချက်ချင်းပဲ မြှုပ်

ရမယ့်နေရာလိုက်ကြည့်လိုက်တော့ လမုနှစ်ပင်ကြားမှာ ကျင်းချိုင့်တစ်ခုတွေ့တာနဲ့ ရွတ်တိုက် ဆွဲပြီး ပစ်ချခဲ့တယ်၊ နီးရာသဲ မြေဆွေး၊ သစ်ရွက်တွေနဲ့ အခြားလှေသမား တွေ မလာခင် မမြင်ရ အောင် မြှုပ်လိုက် တယ်၊ အင်း ကံဆိုးချင်တော့ ကျွန်တော်သွား လေရာပါတဲ့ လည်ပင်းပေါ်က မာဖလာလို ပဝါလေးလဲ … ကျင်းထဲကျကျန်ခဲ့တာ မသိ
လိုက်ဖူး၊

ဒင်းကိုမြှုပ်လည်းပြီးရော
ကြိုးတန်း တွေသိမ်း အိမ်ပြန်ခဲ့လိုက်တယ်၊ မိန်းမက ချစ်လွန်းရောတဲ့ ၊ အစောင့်ထားခဲ့ တယ်လို့ ပြောလိုက် တယ်”
“သက်သေခံဓားမြှောင်ကို ဘယ်မှာ ဝှက်ထားသလဲ”

“ဓားမြှောင်ကို လှေထားတဲ့ နေရာမှာ ဝှ
က်ထားခဲ့ပါတယ်၊ သွေးပေနေတဲ့ အင်္ကျီကို
ရေနံချေး နှစ်ပြီး လှေနံရံသုတ်တဲ့ အဝတ်

လုပ်ပစ်လိုက်တယ်၊ ပြောရရင် သစ္စာမရှိ၊ ကျေးဇူးမသိ၊ သရေပေါ် အိပ်၊ သရေနားစား ပြီး ကျုပ်ချစ်တဲ့ မယားကို ကြာခိုလို့ ဒင်းကို ကျွန်တော် နာကြည်းစွာသတ်လိုက်မိ တာပါ ဆရာရယ်၊ အူနုကို ကျွဲခတ်လို့ သတ်မိတာပါ ဆရာရယ်”
၎င်းနောက် တရားခံဖိုးဇံက ပြစ်မှကျူးလွန်ရာမှ အသုံးပြုခဲ့သည့် သက်သေခံ
ဓားမြှောင်ဝှက် သည့်နေရာသို့ ကိုယ်တိုင်လိုက်ပြပေးသဖြင့် စနစ်တကျ သိမ်းဆည်းခဲ့ဆို၍
သည် ။ တရားခံက ဝန်ခံချက် ပေးချင်သည် မြို့နယ် တရားသူကြီးတစ်ဦးထံ ပို့ဆောင်ခဲ့ရာ … တရားသူကြီးရှေ့မှောက်မှာ ထွက်ဆိုချက်ပေးခဲ့သည် ။

များ မကြာမီ ရဲလုပ်ထုံးလုပ်နည်းနှင့်အညီ သက်သေခံပစ္စည်းများ ၊ သက်သေကိုယ်တိုင်
ထွက်ဆိုချက်များမှုခင်းဆရာဝန်၏ ဆေးစာအစီရင်ခံချက်များ ၊ ဓာတုဗေဒဝန်ရုံး
မှ စစ်ဆေးတွေ့ရှိ ချက်နှင့်အမှုကို စနစ်တကျ တည်ဆောက်ကာ ရုံးတော်သို့ တရားစွဲ တင် ပို့နိုင်ခဲ့သည် ။ ရုံးထုတ် သည့်

နေ့က တရားခံ ဖိုးဇံကို အချစ်အတွက် ရက်စက်မိသော
အချစ်လူဆိုးအဖြစ် မြင်လိုက်ရသော် လည်း သူ့မိန်းမ မစောနန်းကမူ မျက်နှာမှာ မိတ်ကပ် အဖွေးသား၊ နှုတ်ခမ်းမှာ နှုတ်ခမ်းနီ အပြာနုရောင်ခပ်ပါးပါးနှင့် ခပ်သွက်သွက်
လမ်းလျှောက်နေပုံများမှာ ကြေကွဲရိပ်ကင်းမဲ့
သောမျက်နှာဟု မှတ်ယူလိုက်၏ ။
အိမ်ထောင်ဖက်၏ ဆိုးမွေ
ကြောင့် ခင်ပွန်းဖြစ်သူမှာ လူဆိုးဘဝသို့
ရုတ်တရက် ပြောင်းလဲသွားရသည် မှာ

အိမ်ထောင်သည် တို့ အတွက် သင်ခန်းစာယူ စရာ ဖြစ်ရပေတော့သည် ။ တကယ့်ဖြစ်ရပ်မှုခင်း

Zawgyi Version

က်ီးဝဲကြၽန္းေပၚက လူသတ္မႈ(စ/ဆံုး)
——————————————–
မိမိစခန္းမွာ တာဝန္က်ေနစဥ္ ( . . .) အေနာက္ရပ္ကြက္၊ ဥကၠ႒ ဦးတင္ေမာင္ႀကီး ႏွင့္ အဖြဲ႕ဝင္ႏွစ္ဦး ေရးႀကီးသုတ္ျပာျဖင့္ ေရာက္ခ်လာသည္ ။
“ဘယ္လို အေရးေပၚလာလို႔ လဲ ဥကၠ႒ ႀကီးက “အေရးႀကီးတယ္ ဆရာညိဳေရ . . . ပဲခူး ျမစ္၊ က်ီကြၽန္းေပၚမွာ ေျမျမဳပ္ထားတဲ့ လူေသ အေလာင္းတစ္ခု ေတြ႕လာလို႔ လာ အေၾကာင္းၾကားတာ”
“ဗ်ာ . . က်ီးကြၽန္းေပၚမွာ ဟုတ္လား၊ ေယာက္်ားအေလာင္းလား၊ မိန္းမအေလာင္း လား ဥကၠ႒ႀကီး”

“ဒါေတာ့ မသိေသးဘူး ဆရာညိဳ၊ ဒီေကာင္ ထြန္းခင္ရယ္ ပိုက္တန္းခ်ည္ရင္း က်ီးပဲ ကြၽန္း ေပၚတက္နားေနတုန္း ေခြးကေလွ်ာက္ သြားေနရာက က်င္းတစ္က်င္းကို ယက္ေန ၿပီး မသကၤာစရာ ေဟာင္သံလည္း ၾကားေန တာနဲ႔ သြားၾကည့္လိုက္ေတာ့ ေျမက်င္းထဲက ေန ပြေယာင္းေနတဲ့ လက္ တစ္ဖက္ေပၚေန တာေတြ႕တာနဲ႔ အျမန္ျပန္ခ် လာၿပီး ကြၽန္ေတာ္တို႔ ကို အေၾကာင္းၾကားခဲ့တယ္။ သြား ၾကည့္ေတာ့ ဟုတ္တယ္၊ အဲဒါ ဆရာတို႔ စခန္းကို သတင္းလာပို႔တာပဲ”
သို႔ႏွင့္ ဦးစြာေတြ႕ခဲ့သည့္ တံငါသည္ ေရလုပ္သား ထြန္းခင္ဆိုသူကို ေစ့ေစ့စပ္စပ္ ၾကည့္ လိုက္သည္ ။ ၿပီးေနာက္ ေတြ႕ရွိခ်က္ အက်ဥ္းကို ၿမိဳ႕နယ္မႉးထံသို႔ အစီရင္ခံလိုက္ ၿပီး ရပ္ကြက္ဥကၠ႒ ၏ ပထမသတင္းေပး
တိုင္ၾကားခ်က္ကို ေရးသြင္းမွတ္ယူလိုက္သည္ ။

၎ေနာက္ ဒုရဲအုပ္စံၾကည္၊ နယ္ထိန္း
တပ္ၾကပ္ျမင့္စိုး အပါအဝင္ ရဲတပ္ဖြဲ႕ဝင္မ်ား
ႏွင့္အတူ မႈခင္းဓာတ္ပုံဆရာ ဦးေဇာ္ေဖပါ
ေခၚၿပီး ဥကၠ႒ ဦးတင္ေအာင္ႀကီးတို႔ အဖြဲ႕ကိုလိုက္ပါေစလ်က္
အေလာင္းေတြ႕ရွိရာ က်ီးကြၽန္းသို႔ အျမန္ထြက္လာလိုက္ၾကသည္ ။

က်ီးကြၽန္းသည္ သန္လ်င္ဘက္ကၾကည့္ လွ်င္ သေဘၤာဆိပ္မ်က္ႏွာစာေရွ႕ ပဲခူးျမစ္ေပၚ မွာ ရွိသည့္ ေသာင္ထြန္းေနသည့္ ေရေပၚ ကြၽန္းငယ္ျဖစ္သည္ ။ သန္လ်င္တံတားေပၚမွၾကည့္လွ်င္ အထင္းသားျမင္ေနရသည္ ။ ႏွစ္ေပါင္းမ်ား စြာ ေသာင္ထြန္းေနရာမွ ကြၽန္းျဖစ္ေနျခင္း ျဖစ္၏ ။ ေရက် လွ်င္ နားေနခ်င္စဖြယ္ ျဖစ္၏ ။ အနီးအနားမွာ ပိုက္တန္း ႀကိဳးတန္းသူမ်ား ႏွင့္ … တံငါေလွသမားတို႔ အလ်ဥ္းသင့္သလို နားခိုရာ ကြၽန္းေလးလည္းျဖစ္သည္ ။

ကြၽန္းေပၚမွာ တံငါသည္ မ်ား စားေသာက္ ခဲ့သည့္ အစားအစာမ်ားကို စြန႔္ပစ္ၾကတိုင္း က်ီးကန္းမ်ားက ဝဲပ်ံေရာက္ရွိ လာၿပီး စား ေသာက္ၾကသျဖင့္ အခ်ိဳ႕က ခပ္လြယ္လြယ္ ျဖင့္ က်ီးကြၽန္း ဟု ေခၚလိုက္ရာမွ ဤ နာမည္တြင္ သြားခဲ့သည္ ။ ဒုရဲအုပ္ကိုညိဳတို႔ ရဲေမာ္ေတာ္ယာဥ္သည္ က်ီး ကြၽန္းအေျခ သို႔ ဆိုက္ကပ္လိုက္ေသာအခါ ေကာင္းကင္ မွာ က်ီးကန္မ်ား ႏွင့္ လင္းတအခ်ိဳ႕ ပ်ံေန ၾကသည္ ။ လင္းတမ်ား ဤဝန္းက်င္မွာ ျမင္ရတာ ၾကာခဲ့ၿပီ။ ခုမွ ပဲ သူတို႔ ေရာက္လာ ၾကျခင္း ျဖစ္သည္ . . .

လူေသအေလာင္းျမႇဳပ္ထားသည့္ ေနရာကား လမုပင္ႏွစ္ပင္အၾကား က်င္းေဟာင္း မွာ ျဖစ္၏ ။ ရပ္ကြက္လူႀကီးအခ်ိဳ႕က အနီးမွာ ေစာင့္ၾကပ္လ်က္ ရွိ၏ ။ အေလာင္းကိုစေတြ႕ သည့္ … ေခြးနက္ကေလးသည္ ျပန္ပါလာခဲ့ သည္ ။ ေခြးကေလးက သူ႔သခင္နံေဘးမွ ေဟာင္ေနဆဲ။ ကိုညိဳ တို႔ ျမင္လိုက္ရသည့္ ျမင္ကြင္းက ေတာ္ယုံလူကို လိပ္ျပာလႊင့္ခ်င္
စရာ၊ ပြေယာင္းစျပဳေနသည့္ ဘယ္လက္တစ္ ေမွာက္ခုံေပၚေနသည္

ေခ်ာင္းသည္ အေနအထားက စနစ္တက်ျမဳပ္သည့္ ကၡဏာမဟုတ္။ ကတိုက္က႐ိုက္ ျမႇဳပ္ ထားသည့္သဏၭာန္၊ ေျမပုံေပၚမွာ သဲေျမ၊ ေျမႏွင့္ သစ္ေဆြး ေျမဇာမ်ား ပါ ေရာႁပြန္း ေနသည္ ။ အနံ႔လည္း အနည္းငယ္ထြက္ ေနသည္ ။
သို႔ႏွင့္ ပါလာသူမ်ား အကူအညီ၊ မႈခင္း

ကြၽမ္းက်င္သူမ်ား အကူအညီႏွင့္ အေလာင္း ကို ေဖာ္လိုက္ေသာအခါ … “ဟာ…ဒါ…ဒါ… ခ်စ္လြန္းပါလား”
ရပ္ကြက္ဥကၠ႒က ပြေယာင္းစျပဳေနသည့္
အေလာင္း၏ မ်က္ႏွာကို ငုံ႔ၾကည့္၍ ေျပာ လိုက္ ေတာ့ က်န္အဖြဲ႕ဝင္မ်ားကပါ ဝိုင္း၍ ေထာက္ခံၾကသည္ ။ ေသသူသည္ အက်ႌ အျပာလက္တိုႏွင့္ ပုဆိုးအညိဳကြက္ကို ဝတ္ထားသည္ ။ အသက္ခန႔္မွန္းမႈအရ (၃၀) ခန႔္ရွိသည္ ။ တုတ္တုတ္ခိုင္ခိုင္ ဆံပင္ကုပ္ အရွည္ႏွင့္။ ၀ဲဘက္ရင္အုံဝန္းက်င္ႏွင့္ ၀မ္းဗိုက္ တစ္ဝိုက္မွာ ေသြးကြက္မ်ား ေတြ႕ရၿပီး အခ်ိဳ႕ ေသြးမ်ားက ခဲေနသည္ ။ အေလာင္းျမႇဳပ္ သည့္ က်င္းအတြင္းမွ သဲလြန္စ သက္ေသခံပစၥည္း ရလိုရျငား ဂ႐ုတစိုက္ ရွာ လိုက္ေသာအခါ ေျမႀကီးမ်ား ႏွင့္ ေရာလုံးေနသည့္ မ်က္မွာ သုတ္ပဝါ အေသးေလးတစ္
ထည္ကို ေတြ႕ရသည္ ။ မ်က္ႏွာသုတ္ပဝါ ကေလး၏ အလယ္မွာ လက္ညႇိဳးလုံးခန႔္
မီးေလာင္ေပါက္တစ္ခု ရွိ၏ ။ ဆက္လက္၍ ရွာလိုက္ေသာအခါ ေသသူ၏ လက္ထဲမွာ

ဆုပ္ထားသည့္ ပစၥည္းတစ္ခု၊ ၿဖဲယူ ၾကည့္လိုက္ေတာ့ အျပာေရာင္ ေကာ္ၾကယ္သီးတစ္လုံး
ေတြ႕ရွိ သက္ေသခံပစၥည္းမ်ားအား စနစ္တက် သိမ္းဆည္း၍ ပုံစံစာ႐ြက္မွာ ျဖည့္စြက္သိမ္း ဆည္းလိုက္သည္ ။ ရဲလုပ္ထုံး ႏွင့္အညီ မွတ္တမ္းတင္ဓာတ္ပုံမ်ားကို ရႈေထာင့္အသီးသီးမွ ႐ိုက္ယူ လိုက္သည္ ။
ပတ္ဝန္းက်င္ကို ဆက္လက္စူးစမ္း ေလ့လာလိုက္ေသာအခါ အေလာင္းျမႇဳပ္
သည့္ေနရာႏွင့္ ေပ ၂၀ ခန႔္အကြာ ေျမျပင္မွာ နီရဲေသာ ေသြးကြက္မ်ား ႏွင့္ ေသြးစက္

လကၡဏာပုံသဏၭာန္အရ လမ္းေၾကာင္းအခ်ိဳ႕ကို ျမင္ေတြ႕လိုက္ရသည္ ။
ဤေနရာမွာ အခ်င္းျဖစ္ပြားၿပီးေနာက္ ဒ႐ြတ္တိုက္ ဆြဲယူ
ကာ အလ်င္အျမန္ ျမႇဳပ္ခဲ့သည့္ ပုံ။ ကိစၥဝိစၥ မ်ား ၿပီးစီးသည္ ႏွင့္ အေလာင္းကို ေဆး႐ုံသို႔ ပို႔ရန္ စီစဥ္လိုက္၏ ။ စခန္းကိုေရာက္ေတာ့ မိမိေတြ႕ရွိစစ္ေဆးခ်က္မ်ားအား ၿမိဳ႕နယ္မႉး ထံ အစီရင္ခံလိုက္ သည္ ။

ေသသူခ်စ္လြန္းကား ( . . . ) အေနာက္ပိုင္း ေရလုပ္သားတစ္ဦး ျဖစ္သည္
ျမစ္၀ကြၽန္း ေပၚသား တစ္ဦး ျဖစ္၏ ။ ယခု ေနရာ၌ အငွားလာေနကာ ပိုက္ခ်၊ ကြန္ပစ္၊ ငါးမွ်ားတန္းခ်လုပ္ငန္း လုပ္ကိုင္ေန၍ စီးပြားေရးအေျခအေန မဆိုးလွဟု သိရသည္ အိမ္ငွားသည့္ အိမ္ရွင္၏ အဆိုအရ ခ်စ္ လြန္း ျပန္မလာသည္ မွာ ႏွစ္ရက္ခန႔္ရွိၿပီဟု ဆိုသည္ ။ ခ်စ္လြန္းသည္ အရက္အလြန္ ႀကိဳက္သူ၊ စန္းလည္း ပြင့္သူဟု သိရသည္
ပတ္ဝန္းက်င္၏ ေဝဖန္တီးတိုးစကားမ်ား အရဆိုလွ်င္ သူသည္ … အေနာက္ပိုင္းမွ …
လင္ရွိမယား တစ္ေယာက္ႏွင့္ မရွင္းမရွင္း ျဖစ္ေနသည္ ဟု ဆိုၾကသည္ ။ ဆက္ လက္၍ စုံစမ္းၾကည့္ေတာ့ ထို

အမ်ိဳးသမီး၏ အမည္မွာ မေစာနန္းဟု သိရသည္ အမ်ိဳးသမီးကေတာ့ အသား မျဖဴ မညိဳ၊ ကိုယ္လုံးကိုယ္ေပါက္က အလြန္လွသည္ ပါးေပၚ မွ စပယ္တင္မွ ဲ့ႏွင့္ ညႇိဳ႕အားေတာ့ ေကာင္းသည္ ။ ( . . . ေဈးမွာ ငါးေရာင္းသည္ ။ သူမရဲ႕ ေယာက္်ားကလည္း တံငါေလွ သမားတစ္ဦးျဖစ္သည္ ။ အမည္က ဖိုးဇံ၊ ဖိုးခ်စ္လြန္းသည္ဇံႏွင့္
အရင္းႏွီးဆုံး လုပ္ေဖာ္ကိုင္ဖက္ျဖစ္သည္ ။ ဖိုးဇံကား ဖဲ လည္း ႐ိုက္သည္ ။ အရက္လည္း ေသာက္သည္ ။

ေစာနန္းက ခ်စ္လြန္းဖမ္းဆီး၍ ရသည့္ ငါး မွန္သမွ်ကို ဒိုင္ခံေဖာက္သည္ ယူသည္ တဲ့ ။ ဤကဲ့ သို႔ေသာ မေမွ်ာ္လင့္ဘဲ သဲလြန္စတစ္ခုရခဲ့ျပန္သည္ ။
ထို႔အျပင္ ခ်စ္လြန္းသည္ မေသခင္ သုံး ရက္က ဘသိန္းေအာင္ဆိုသူႏွင့္ အရက္ဆိုင္ မွာ စကားမ်ား ရန္ျဖစ္ခဲ့သည္ ဟူ၍ လည္း သတင္းရရွိခဲ့သည္ ။

ၿမိဳ႕နယ္ ေဆး႐ုံႀကီးမွ မႈခင္းဆရာဝန္၏ ေဆးစစ္ခ်က္ အစီရင္ခံစာအရ ေသသူသည္ လြန္ခဲ့ သည့္ (၄၈) နာရီခန႔္က စူးရွခြၽန္ျပား သည့္ လက္နက္ႏွင့္ ၀ဲဘက္ရင္ၫြန႔္သို႔ တစ္ ခ်က္၊ ၀မ္းဗိုက္သို႔ ႏွစ္ခ်က္ ထိုးသြင္းခံခဲ့ရၿပီး ၎ဒဏ္ရာမ်ား ႏွင့္ မိနစ္ပိုင္းအတြင္း

ပြဲခ်င္းၿပီး ေသဆုံးခဲ့သည္ ဟု ဆို သည္ဒဏ္ရာ၏လကၡဏာမွာပက္လက္

အေနအထားရွိေနစဥ္ ေသသူ၏ ဘက္မွ အားစိုက္၍ ထိုးလိုက္သည့္ ဒဏ္ရာက ႏွလုံး ကို ထိသြားခဲ့သည့္ျပင္ ဘက္ (သို႔) သန္ရာ ဘက္သို႔ လက္နက္ကို ဆြဲခ်လိုက္သျဖင့္ ဘက္သို႔ စုတ္ၿပဲစိုက္ခြဲသည့္ ဒဏ္ရာလည္း ရွိ သည္ ဟု စစ္ေဆးခ်က္မွတ္တမ္း အရ သိရ သည္ ။ ထို႔အျပင္ မေသမီ လူးလြန႔္သတ္ပုတ္ သည့္ လကၡဏာမ်ား ေတြ႕ရွိခဲ့ရၿပီး ေသသူ၏ ပါးစပ္အတြင္း အေမႊးပါသည့္ အသားစုတစ္ ခုကို ေတြ႕ရွိခဲ့ရေၾကာင္း ေဆးစစ္ခ်က္၌ ေဖာ္ျပထား သည္ ။
၎အသားစႏွင့္ အေမႊးကား ..“မင္းနဲ႔ ေသသူခ်စ္လြန္းနဲ႔ အဂၤလိပ္ ၂၃ ရက္ ဗုဒၶဟူးေန႔ ညေန (၄) နာရီက ပိေတာက္
ဝါ စားေသာက္ဆိုင္မွာ စကားမ်ား ရန္ျဖစ္ၾက

တယ္လို႔ ၾကားသိရတယ္ .အဲဒါ ဟုတ္သလား”သည္ အေမးစကားေၾကာင့္ ဘသိန္းေအာင္
မ်က္ေစ့မ်က္ႏွာမ်ား ပ်က္ေနသည္ ။ ဘသိန္းေအာင္ဆိုသည္ ကလည္း အရက္သမား၊ ဖဲ သမား လူရႈပ္၊ လူပုံက အသားျဖဴျဖဴ၊ မုန္ေတေတစကားေျပာလွ်င္ဘုက်က်၊ဂ်စ္ကန္ကန္၊ ခပ္႐ိုင္း႐ိုင္း။

“ေျပာေလကြာ”
“ဟုတ္ . . . ဟုတ္ကဲ့ . . . ျဖစ္ပါတယ္
ဆရာ”
“ဘာကိစၥနဲ႔ ျဖစ္ၾကတာလဲ”
“သူက . . . ကြၽန္ေတာ့္ကို လူၾကားသူၾကား ထဲမွာ သူခိုး ဘိန္းစား၊ အေခ်ာင္လိုက္စားေန တဲ့ ေကာင္လို႔ ေျပာတယ္၊ ဒါနဲ႔ ကြၽန္ေတာ္က လည္း မင္းလို ဒု၊ သ၊ န၊ ေသာ မဟုတ္ဘူး လို႔ ေျပာရက ေန ယမ္းပုံမီးက်ျဖစ္ၿပီး စကားမ်ား

ရန္ျဖစ္ၿပီး ထိုးႀကိတ္ၾကတာပါ ခင္ဗ်ာ” “အဲဒီ ေန႔က မင္းခံလိုက္ရတယ္ . . . နဖူး
ေပါက္သြားတယ္၊ အဲဒီ အတြက္ မင္း ေျပာ လိုက္ တဲ့ စကား မင္းမွတ္မိရဲ႕ လား ဘသိန္း
ေအာင္”ဘသိန္းေအာင္က ထိုအေမးကို လုံး၀ျပန္မ ေျဖႏိုင္ဘဲ ေၾကာင္ၾကည့္ကာ ႏႈတ္ခမ္းမ်ား
တုန္ ေနသည္ ၊

“ေျပာေလကြာမင္း မေျပာရင္မ်က္ျမင္၊ ၾကား၊ သိ၊ သက္ေသကို ငါတို႔
ဆြဲထုတ္ျပ လိုက္ရမလား”“ေျပာပါ့မယ္ ဆရာ”
“ေျပာ . . .”

“မင္း ..ထမင္း၀ေအာင္စားထား ခ်စ္ လြန္း . . .ဆိုတဲ့ စကားလား”
ဒုရဲအုပ္ကိုညိဳက ေခါင္းတညိတ္ညိတ္လုပ္

ရင္း ေခြၽးမ်ား ျပန္ေနသည့္ ဘသိန္းေအာင္ မ်က္ႏွာ ကို စိုက္ၾကည့္ေနလိုက္သည္ ။ ၎ ေနာက္ အံဆြဲထဲမွ ပစၥည္းတစ္ခုကို ထုတ္၍ သူ႔ေရွ႕မွာ ခ်ျပလိုက္ သည္ ။ ပစၥည္းက
ႏိုင္လြန္ေကာ္ၾကယ္သီး အျပာေရာင္တစ္လုံး၊
ၾကယ္သီးက သာမန္အက်ႌ ၾကယ္သီးထက္ ႀကီးသည္ ။ လက္မ လက္သည္းခြံခန႔္ရွိသည္
“ဒီၾကယ္သီးတပ္ၿပီး ဝတ္ထားတဲ့ သူကို
မင္းျမင္ဖူးသလား ဘသိန္းေအာင္”

ဘသိန္းေအာင္ ခ်က္ခ်င္းလိုလို ေခါင္းညိတ္လိုက္သည္ ။ တစ္ခါ ကိုညိဳက
ဒုတိယအႀကိမ္ ေျမာက္ ပစၥည္းတစ္ခုျဖစ္ ေသာ အလယ္မွာ မီးေလာင္ေပါက္ပါသည့္
မ်က္ႏွာသုတ္ပဝါ အေသးေလး ကို သူ႔ေရွ႕မွာ ခင္းျပလိုက္သည္ ။
“ဒီပစၥည္းရွင္ေကာ၊ မင္းတို႔ က ဖဲသမားဆို

ေတာ့ ျမင္ဖူးမိမွာ ေပါ့” “ဟုတ္ကဲ့ . . . မၾကာခဏ ျမင္ဖူးပါတယ္”

“ပိုင္ရွင္က ဘယ္သူလဲကြ” “မင္းရဲ႕ ပါတနာ မဟုတ္လား”
“မဟုတ္ပါဘူး

ဆရာရယ္၊
ဘုရားေပးေပး၊ က်မ္းေပးေပးပါ ခင္ဗ်ာ”
“ဟား . . . ဟား… ဟား… . ဘုရားေပး ေပး က်မ္းေပးေပးတဲ့ ေတြ႕ၾကေသးတာေပါ့ ကြာ”
ကိုညိဳက ေျပာရင္း ခြက္ထိုးခြက္လန္ ရယ္ လိုက္သည္ ။ ဘသိန္းေအာင္ ထေျပးရမ လိုလို၊ ငိုရမလိုလို ေရာေယာင္ရယ္ရမလိုႏွင့္ ႀကီးစြာအၾကပ္ေတြ႕ေနခဲ့သည္ ။
သတင္းအရ (. . . ) ဒီအိမ္တစ္အိမ္ကို ဒုရဲ အုပ္ ကိုညိဳအဖြဲ႕ဝင္မ်ား ႏွင့္ ရပ္ကြက္ဥကၠ႒

ဦးတင္ေမာင္ႀကီးတို႔ အဖြဲ႕ဝင္မ်ား ဝိုင္းလိုက္ ၾကေသာအခါ ငါးေယာက္ဖဲဝိုင္းအတြင္း ဖိုးဇံ ကိုပါ မိလိုက္ သည္ ။ ၎တို႔ အားလုံးအား ရဲစခန္းသို႔ ေခၚလာခဲ့ၿပီးေနာက္ က်န္ေလး ေယာက္ႏွင့္ အိမ္ရွင္ကို ေလာင္းကစားမႈျဖင့္ အေရးယူကာ ဖိုးဇံကို စစ္ေဆးေမးျမန္းရန္ ထားလိုက္သည္ ။
“ဖိုးဇံ . . .”
“ခင္ဗ်ာ”
“မင္း ခ်စ္လြန္းကို သတ္တဲ့ ဓားေရာကြ”
“ဗ်ာ… ဘာ … ဘာ … – က်ဳပ္ ခ်စ္လြန္း ကို မ မသတ္ဘူး ဘာ ဘာလို႔ သတ္ရမွာ
လဲ . . . မသတ္ဘူး”

“အမွန္ကို ေစာေစာစီးစီးဝန္ခံရင္ မင္းအဖို႔ ဥပေဒက ေပးတဲ့ အခြင့္အေရးရွိတာေပါ့ ဖိုးဇံ
ရာ”

“ဟင့္အင္း . . . က်ဳပ္ မသတ္ဘူး၊ ဒီကိစၥ သိ

လည္း မသိဘူး”
“ေအး . . . ဒါဆို တို႔ မင္းအိမ္မွာ သြားရွာ ၾကတာေပါ့ကြာ၊ လာလိုက္ခဲ့”
ဖိုးဇံကလည္း ခပ္ရဲရဲပင္ ရွာၾကေပါ့ဗ်ာဟု ဆိုသည္ ။ သို႔ႏွင့္ ဥကၠ႒ႏွင့္ တာဝန္ရွိသူမ်ား ကိုပါ ေခၚ၍ ရွာေဖြပုံစံႏွင့္ ဖိုးဇံအိမ္ကို ရွာေဖြ ခဲ့သည္ ။ အိမ္မွာ သူ႔မိန္းမ မေစာနန္းမရွိ၊ ေဈးသြားေရာင္းေန သည္ ဟု ဆိုသည္ ။ ကိစၥ မရွိ၊ မေစာနန္းႏွင့္သူ ေတြ႕ခဲ့ၿပီးပါၿပီ။ အိမ္ထဲအႏွံ႔
လိုက္ရွာသည့္တိုင္ ဘာသဲလြန္စမွ မေတြ႕ရ၍ ကိုညိဳပင္ ေခြၽးစို႔လာသည္

၎ေနာက္ ေနာက္ေဖးေလွ႐ုံသို႔
ဆင္းခဲ့ၾကၿပီး ေမွာက္၍ ေရနံေခ်းသုတ္ထား သည့္ ေပက်ံေနသည့္ အက်ႌတစ္ထည္ကို မ ေမွ်ာ္လင့္ဘဲ သြားေတြ႕လိုက္သည္ ။ ျဖန႔္ၾကည့္ လိုက္ေသာအခါ ေရနံေခ်းမ်ား ႏွင့္ ေရာယွက္

ေနသည့္ မာေစးေစး နီညိဳေရာင္အကြက္မ်ား ေရာႁပြန္းေနသည္ ကို မသကၤာဖြယ္ ေတြ႕ရွိ
လိုက္သည္ ။ ဂ႐ုတစိုက္ ၾကည့္လိုုက္
ေသာအခါ ၎အက်ႌ၌ အျပာေရာင္ ေကာ္
ၾကယ္သီးမ်ား ကို မေမွ်ာ္လင့္ဘဲ ေတြ႕လိုက္ရ
သည္ ။ ၎ၾကယ္သီးငါးလုံးအနက္ ဒုတိယ
ေျမာက္ၾကယ္သီးေနရာ သည္ ကြက္လပ္ျဖစ္
ေနသည္ ။ သို႔ျဖစ္၍ အဆိုပါ အက်ႌကို
သက္ေသမ်ား ေရွ႕တြင္ရွာေဖြပုံစံႏွင့္သိမ္းဆည္းလိုက္သည္ ။
ၿပီးေနာက္ ဖိုးဇံကို စခန္းသို႔ျပန္ေခၚလာခဲ့ ၿပီး ေခ်ာ့၍ ေမးရသည္ ။
“ဖိုးဇံ . . . ငါတို႔ က မပိုင္ရင္ မဖမ္းဘူး ဖိုး ဇံ၊ မင္းသတ္တယ္ဆိုတာ ငါတို႔ အခိုင္အလုံ သက္ေသျပႏိုင္တယ္ . မင္းကိုယ္တိုင္ ဝန္ခံ ေတာ့ ခံစားခြင့္ရွိမွာ မို႔ပါ ငါ့ညီရာ”
“က်ဳပ္မွ မသတ္တာဗ်ာ၊ ဘသိန္းေအာင္

နဲ႔ သူနဲ႔ ရန္ျဖစ္ရင္း ႀကိမ္းဝါးၾကတာ ဖဲသမား အရက္သမားတိုင္း အသိပဲဥစၥာ၊ သတ္ခ်င္း
သတ္ရင္ . . .” “ဒီၾကယ္သီးက ဘယ္သူ႔ၾကယ္သီးလည္း
ဖိုးဇံကဒုရဲအုပ္ကိုညိဳကအျပာေရာင္ၾကယ္သီး
တစ္လုံးကို သူ႔ေရွ႕တြင္ ခင္းျပလိုက္သည္ ။ ဖိုး
ဇံ ၾကယ္သီးကိုၾကည့္၍ အံ့ၾသသြားသည္ သည့္ေနာက္ … ကိုညိဳက ေလွေအာက္မွ သိမ္းဆည္းလာ သည့္ ေရနံေခ်းသုတ္ထားေသာ အက်ႌအေဟာင္းကို ျဖန႔္ခင္းျပလိုက္ၿပီး
အျပာေရာင္ ၾကယ္သီး ငါးလုံးအနက္ ဒုတိယ
ကြက္လပ္ျဖစ္ေနသည့္ေနရာသို႔လက္ရွိ

ၾကယ္သီးကို တင္ျပလိုက္ကာ ၿပဳံးျပ လိုက္၏
“ဘယ္နဲ႔ လဲ ဖိုးဇံ ကြက္တိပဲ မဟုတ္လား” ဖိုးဇံ ေခါင္းမညိတ္ ငိုင္ၾကည့္ေနသည္ ။

“ဒါမွ မခိုင္လုံေသးဘူးထင္ရင္ ေသသူရဲ႕ ေအလာင္းကိုေဖာ္ရင္းက က်င္းထဲကရခဲ့တဲ့
ေဟာဒီမ်က္ႏွာသုတ္ပဝါေလးကိုၾကည့္လိုက္ပါဦး ဖိုးဇံ၊ အလယ္မွာ မီးေလာင္ေပါက္
သူက စကၠဴအိတ္ထဲမွာ .. သက္ေသခံႀကီးနဲ႔ . . . ေရာ့”
သိမ္းဆည္းထားသည့္ကေလးကိုသူ႔ေရွ႕သို႔မ်က္ႏွာသုတ္ပဝါထပ္မံခ်ျပလိုက္
ေသာအခါ ဖိုးဇံလက္ေတြတုန္လာသည္ ။ “ဒီမ်က္ႏွာသုတ္ပဝါေလးက … မင္းငါးရွာ ထြက္တိုင္း ဖဲဝိုင္း အရက္ဝိုင္းသြားေလရာ လည္ပင္း ေပၚမွာ ပါေလ့ရွိတဲ့ ပစၥည္းပဲ ဖိုးဇံ၊ အေပါက္က ဖဲဝိုင္းမွာ မီးေပါက္က်ၿပီး ေပါက္ ခဲ့တာ၊ မင္းမိတ္ေဆြ ေတြက သက္ေသခံေလ ရဲ႕ ၊ ဒီအေၾကာင္း ဘသိန္းေအာင္ေရာ ေလွ သမားေတြကပါ ေျပာၾကတယ္၊ ကုန္ကုန္ ေျပာရရင္ မင္းမိန္းမ မေစာနန္းကအစ မင္းပစၥည္းပါလို႔ ေျပာခဲ့တယ္ကြာ”

“ဒါ . . . ဒါေပ်ာက္သြားတာ ၾကာၿပီဗ်” “ဟား . . . . ဟား…. ဟား ဖိုးဇံ . . . . ဖိုး ဇံ ဧရာမလူသတ္မႈႀကီးလည္း က်ဴးလြန္ေသး တယ္ ပိရိေသသပ္မႈလည္း မရွိပါလား ဖိုးဇံ ရာ . . . ေကာင္ၿပီကြာ . . . ဒါကိုမွ မင္းက လက္မခံႏိုင္ ေသးဘူးဆိုရင္ ဖိုးဇံ မ်က္ႏွာကို ေမာ့လိုက္စမ္းပါကြာ ..”
မင္းကိုညိဳရဲ႕ မာထန္ထန္ ေျပာစကားေၾကာင့္ ဖိုးဇံ ငုံ႔ေနရာမွ အလန႔္တၾကား မ်က္ႏွာကို ေမာ့ လိုက္သည္ ။
“မင္း ဘယ္ဘက္မ်က္ခုံးတစ္ခု … ဘယ္ ေရာက္သြားလဲ”
ထိုေမးခြန္းေၾကာင့္ ဖိုးဇံမွာ အလန႔္တၾကား ျဖစ္ရင္း သူ႔မ်က္ခုံးကိုသူ ဘယ္လက္ႏွင့္ စမ္း
ၾကည့္လိုက္သည္ ။ ဖိုးဇံရဲ႕ လက္ဘက္
မ်က္ခုံးေပၚမွာဟန္းနီးပလာစတာတစ္ခု

ကပ္ထား လ်က္ပါ။
“အဲဒီ မ်က္ခုံးကိစၥ မင္းမေျပာႏိုင္ဘူး
မဟုတ္လား။ ေအး ငါေျပာျပမယ္ ဖိုးဇံ၊ မင္း ခ်စ္လြန္းကို လြန္ခဲ့တဲ့ (၃) ရက္ အဂၤါေန႔က က်ီးကြၽန္းေပၚမွာ ဓားနဲ႔ ထိုးသတ္ခဲ့တယ္၊

မင္းက ဘယ္သန္ေလ၊ မင္းတို႔ လုံးေထြး သတ္ပုတ္ရင္း မင္းရင္ဘတ္က ၾကယ္သီး တစ္လုံး ခ်စ္လြန္းရဲ႕ လက္ထဲကို ပါသြားတယ္။ ခ်စ္လြန္းက ေသအံ့မူးမူးမွာ လုံးရင္ ေထြးရင္း ရရာကို ကိုက္လိုက္တာ မင္းရဲ႕ ဘယ္ဘက္ မ်က္ခုံးကို ကိုက္မိသြားခဲ့တယ္၊ အဲဒီ မ်က္ခုံးက ေသသူခ်စ္လြန္းရဲ႕ ပါးစပ္ထဲ ကိုပါသြားတယ္။ မႈခင္း ဆရာဝန္က ဒီပစၥည္း ကို မ်က္ခုံးနဲ႔ မ်က္ခုံးေမႊးပါလို႔ အတိအက် ရည္ၫႊန္းသက္ေသခံခဲ့တယ္၊ အဲဒီ တစ္ရႉးနဲ႔ မင္းရဲ႕ ဒဏ္ရာက တစ္ရႉးကို ဓာတုေဗဒဝန္ ႐ုံးမွာ စပ္သပ္တိုက္ဆိုင္လိုက္ရင္ ဖိုးဇံ . .

မင္း ႀကိဳးစင္ကို ေရာက္သြားႏိုင္တယ္ ငါ့ညီ” သူ႔စကားဆုံးေသာအခါ ဖိုးဇံ ဇက္က်ိဳးက် သြားခဲ့သည္ ။ ၀မ္းနည္းစြာ တစ္ခ်က္ရႈိက္ လိုက္ ေတာ့ မ်က္ရည္ေပါက္အခ်ိဳ႕က စားပြဲ ေပၚသို႔ ျပဳတ္က်သြားခဲ့သည္ ။ ႐ုတ္ခ်ည္းဆို သလို အံကိုႀကိတ္ လိုက္ၿပီး ရင္ကိုမတ္လိုက္ သည္ ။
“ကြၽန္ . . . ကြၽန္ေတာ္ ဝန္ခံပါေတာ့မယ္ ဆရာ၊ ခ်စ္လြန္းကို ကြၽန္ေတာ္ သတ္မိပါတယ္”

“ေအး
ဒီလိုဝန္ခံရဲမွ ေပါ့ကြာ၊
ေယာက္်ားပဲ လုပ္တုန္းက လုပ္ခဲ့ၿပီးၿပီ၊ ေအး . .ခံစရာရွိ ရင္ ခံရဲရမွာ ေပါ့ . . . ကဲ ေျပာ စမ္းပါဦး ငါ့ညီရာ၊ မင္း ဘာေၾကာင့္ လူတစ္ ေယာက္ကို ေသြးေအး ေအးနဲ႔ ရက္ရက္စက္စက္ သတ္ခဲ့တာလဲကြာ
.ဟင္”

“ဒီလိုပါ ဆရာ ျမစ္၀ကြၽန္းေပၚကေနခ်စ္လြန္းဟာ
ဒီေရာက္ေတာ့ အေျခအေနမဲ့ပါ၊ တံငါအေၾကာင္း နားလည္
တယ္ဆိုလို႔ အရက္ဝိုင္းတစ္ခုမွာ ရင္းႏွီးရာ
ကေန အိမ္အလည္ပါတဲ့ အထိ ရင္းႏွီးခဲ့ၾကပါ တယ္။ ေနာက္ပိုင္း ညီလို၊ အစ္ကိုလိုခင္ရာက ေန ေလွတစ္စင္းနဲ႔ ကြန္တစ္စုံ ကြၽန္ေတာ္ ေထာင္ေပးခဲ့ေသးတယ္၊ ငါးရရင္ ကြၽန္ေတာ့္ မိန္းမ မေစာနန္းကို ေပါက္ေဈးနဲ႔ အပ္” “အင္း . ဆက္ေျပာပါဦးကြာ”

“ဒီေနရာမွာ အိမ္ကမိန္းမက အေနအထိုင္ မတတ္တာလဲပါတာေပါ့ ဆရာရယ္၊ ဟို
ေကာင္ က အေျပာေကာင္း ဆရာရဲ႕ ၊ အိမ္က
မိန္းမမ်ား ေျမႇာက္ပင့္ေပါင္းလားေပါင္းရဲ႕
ဒါကို အိမ္က မိန္းမကသိပ္ခံတြင္းေတြ႕ေနတယ္ေလ၊ ဟိုေကာင္ကလည္း ေငြမ်ား လက္ ထဲ႐ႊင္ေနလို႔ ရန္ကုန္က ျပန္လာရင္ အထည္ကေလး၊ မိတ္ကပ္၊ ႏႈတ္ခမ္းနီေလးကအစ ဝယ္ဝယ္ လာၿပီး အစ္မဖို႔ ၊ အစ္မဖို႔ နဲ႔ သည္း
ေတာ့တာပဲ၊ အိမ္ကမိန္းမကို ဒီကိစၥ
သတိေပးေပမယ့္ သင္းကလည္း တစ္မ်ိဳးပဲ”

“အဲဒီ ကိစၥအထိ ျဖစ္ခဲ့ၾကသလား” “ကြၽန္ေတာ္က ဖဲ႐ိုက္တာ သိပ္ဝါသနာႀကီး တယ္၊ သိတဲ့ အတိုင္းပဲ တံငါအလုပ္က ေငြ ျဖစ္ ျမန္တယ္၊ ဖဲဝိုင္းေကာင္းရင္ ကြၽန္ေတာ္ က မိုးလင္းမွ ျပန္ခ်င္ျပန္လာတာရယ္၊ အဲဒီ မွာ ဟိုေကာင္နဲ႔ အိမ္က မိန္းမနဲ႔ ေဖာက္ျပန္ ၾကတယ္၊ ဒါကို အိမ္နီးနားခ်င္းေတြက က်ဳပ္ ကို တိုးတိုးတိတ္တိတ္ ေျပာျပၾကတယ္၊ က်ဳပ္မိန္းမကို က်ဳပ္ကယုံေတာ့ ဒီလိုပဲေနၾက တာေပါ့၊ တစ္ခါတစ္ေလ ေစာနန္းကို သတိေပးရင္ သင္းက ပတ္ဝန္းက်င္ကို ေရာ၊ ေမေရာ ကုန္ေအာင္တုတ္ေရာဗ်၊ ဟို ေကာင္က လည္း ဒီလိုသမုတ္ခံရလို႔ ရွက္လွ
ေဖ

ခ်ည္ရဲ႕ လို႔ ဆိုေလရဲ႕ ခင္ဗ်။ တစ္ညေပါ့ဗ်ာ၊ ထန္းပင္ေခ်ာင္ အသုဘဖဲဝိုင္းမွာ ဖဲရႈံးလို႔ အိမ္ ျပန္ေငြယူဖို႔ အလာမွာ သူတို႔ ႏွစ္ေယာက္ကိုအခန္းထဲမွာ အတူတကြ ေတြ႕လိုက္ရတယ္၊
ကြၽန္ေတာ့္ရင္မွာ ကြၽဲဆယ္ေကာင္ ဝင္ခတ္
သလိုပါပဲ။ ခ်က္ခ်င္း အျပတ္ရွင္း လိုက္ရင္
ေကာင္းမလားလို႔ စဥ္းစားခဲ့ေသးတယ္၊ က်ဳပ္
ခ်စ္ရတဲ့ မိန္းမရွိေနေသးေတာ့ ဒီေကာင့္ကို
ေအးေအးေဆးေဆး ရွင္းပစ္မယ္လို႔ ဆုံးျဖတ္ ၿပီး ၀မ္းနည္းေၾကကြဲ နာက်ည္းစြာနဲ႔ မသိခ်င္
ေယာင္ ေဆာင္ေနလိုက္ရတယ္။
“အၿငိဳးအေတးထားခဲ့တယ္လို႔ ေျပာရမွာေပါ့ေနာ္”
“ဟုတ္ပါတယ္၊ တစ္ညေနေတာ့ က်ီး ကြၽန္းမွာ ငါးမွ်ားတန္းခ်သြားၾကဖို႔ ခ်စ္လြန္း ကို မရ မကေခၚခဲ့လိုက္တယ္၊ ႀကိဳးတန္းခ်ၿပီး ကြၽန္းေပၚတက္တယ္၊ ပါလာတဲ့ အရက္

တစ္လုံးကို ႏွစ္ေယာက္ေသာက္ၾကတယ္၊ ကြၽန္ေတာ္က အႀကံသမားဆိုေတာ့ ေလ်ာ့
ေသာက္လိုက္တယ္၊ ညေနစာျဖစ္သလို
ေသာက္ၿပီး မူးမူးနဲ႔စားအိပ္ေပ်ာ္ခ်ိန္မွာ
ကြၽန္ေတာ္က ဘယ္သန္ဆိုေတာ့ သူ႔ဘယ္
ဘက္ကဝင္ၿပီး ပက္လက္အိပ္ေနတဲ့ ဒီေကာ
င့္ရင္၀ကို ခါးၾကားမွာ ဓားေျမႇာင္နဲ႔ ထိုးစိုက္လိုက္တယ္”
ဝွက္လာတဲ့

“အဲဒီ ေနာက္ စူးစူးဝါးဝါး ထေအာ္ရင္း ကြၽန္ေတာ့္လက္ထဲက ဓားကို လုတယ္၊ ရင္ဘတ္ အက်ႌကိုဆြဲတယ္၊ အဲဒီ မွာ လုံးၾက ေထြးၾကျဖစ္ၿပီး ကိုက္မိကိုက္ရာကို ကိုက္
လိုက္တာ ကြၽန္ေတာ့္ ဘယ္ဘက္မ်က္ေစ့နဲ႔
မ်က္ခုံးကို မိၿပီး မ်က္ခုံးျပတ္ထြက္သြားတယ္၊ ေနာက္ဆုံး သူ႔ဝမ္းဗိုက္ကို ဓားေျမႇာင္နဲ႔ ထပ္ ထိုးလိုက္ေတာ့မွ သူမ်ား မယား ၾကာခိုတဲ့ အေကာင္ ၿငိမ္က်သြားတယ္၊ ခ်က္ခ်င္းပဲ ျမႇဳပ္

ရမယ့္ေနရာလိုက္ၾကည့္လိုက္ေတာ့ လမုႏွစ္ပင္ၾကားမွာ က်ငး္ခ်ိဳင့္တစ္ခုေတြ႕တာနဲ႔ ႐ြတ္တိုက္ ဆြဲၿပီး ပစ္ခ်ခဲ့တယ္၊ နီးရာသဲ ေျမေဆြး၊ သစ္႐ြက္ေတြနဲ႔ အျခားေလွသမား ေတြ မလာခင္ မျမင္ရ ေအာင္ ျမႇဳပ္လိုက္ တယ္၊ အင္း ကံဆိုးခ်င္ေတာ့ ကြၽန္ေတာ္သြား ေလရာပါတဲ့ လည္ပင္းေပၚက မာဖလာလို ပဝါေလးလဲ … က်င္းထဲက်က်န္ခဲ့တာ မသိ
လိုက္ဖူး၊

ဒင္းကိုျမႇဳပ္လည္းၿပီးေရာ
ႀကိဳးတန္း ေတြသိမ္း အိမ္ျပန္ခဲ့လိုက္တယ္၊ မိန္းမက ခ်စ္လြန္းေရာတဲ့ ၊ အေစာင့္ထားခဲ့ တယ္လို႔ ေျပာလိုက္ တယ္”
“သက္ေသခံဓားေျမႇာင္ကို ဘယ္မွာ ဝွက္ထားသလဲ”

“ဓားေျမႇာင္ကို ေလွထားတဲ့ ေနရာမွာ ၀ွ
က္ထားခဲ့ပါတယ္၊ ေသြးေပေနတဲ့ အက်ႌကို
ေရနံေခ်း ႏွစ္ၿပီး ေလွနံရံသုတ္တဲ့ အဝတ္

လုပ္ပစ္လိုက္တယ္၊ ေျပာရရင္ သစၥာမရွိ၊ ေက်းဇူးမသိ၊ သေရေပၚ အိပ္၊ သေရနားစား ၿပီး က်ဳပ္ခ်စ္တဲ့ မယားကို ၾကာခိုလို႔ ဒင္းကို ကြၽန္ေတာ္ နာၾကည္းစြာသတ္လိုက္မိ တာပါ ဆရာရယ္၊ အူႏုကို ကြၽဲခတ္လို႔ သတ္မိတာပါ ဆရာရယ္”
၎ေနာက္ တရားခံဖိုးဇံက ျပစ္မွက်ဴးလြန္ရာမွ အသုံးျပဳခဲ့သည့္ သက္ေသခံ
ဓားေျမႇာင္ဝွက္ သည့္ေနရာသို႔ ကိုယ္တိုင္လိုက္ျပေပးသျဖင့္ စနစ္တက် သိမ္းဆည္းခဲ့ဆို၍
သည္ ။ တရားခံက ဝန္ခံခ်က္ ေပးခ်င္သည္ ၿမိဳ႕နယ္ တရားသူႀကီးတစ္ဦးထံ ပို႔ေဆာင္ခဲ့ရာ … တရားသူႀကီးေရွ႕ေမွာက္မွာ ထြက္ဆိုခ်က္ေပးခဲ့သည္ ။

မ်ား မၾကာမီ ရဲလုပ္ထုံးလုပ္နည္းႏွင့္အညီ သက္ေသခံပစၥည္းမ်ား ၊ သက္ေသကိုယ္တိုင္
ထြက္ဆိုခ်က္မ်ားမႈခင္းဆရာဝန္၏ ေဆးစာအစီရင္ခံခ်က္မ်ား ၊ ဓာတုေဗဒဝန္႐ုံး
မွ စစ္ေဆးေတြ႕ရွိ ခ်က္ႏွင့္အမႈကို စနစ္တက် တည္ေဆာက္ကာ ႐ုံးေတာ္သို႔ တရားစြဲ တင္ ပို႔ႏိုင္ခဲ့သည္ ။ ႐ုံးထုတ္ သည့္

ေန႔က တရားခံ ဖိုးဇံကို အခ်စ္အတြက္ ရက္စက္မိေသာ
အခ်စ္လူဆိုးအျဖစ္ ျမင္လိုက္ရေသာ္ လည္း သူ႔မိန္းမ မေစာနန္းကမူ မ်က္ႏွာမွာ မိတ္ကပ္ အေဖြးသား၊ ႏႈတ္ခမ္းမွာ ႏႈတ္ခမ္းနီ အျပာႏုေရာင္ခပ္ပါးပါးႏွင့္ ခပ္သြက္သြက္
လမ္းေလွ်ာက္ေနပုံမ်ားမွာ ေၾကကြဲရိပ္ကင္းမဲ့
ေသာမ်က္ႏွာဟု မွတ္ယူလိုက္၏ ။
အိမ္ေထာင္ဖက္၏ ဆိုးေမြ
ေၾကာင့္ ခင္ပြန္းျဖစ္သူမွာ လူဆိုးဘ၀သို႔
႐ုတ္တရက္ ေျပာင္းလဲသြားရသည္ မွာ

အိမ္ေထာင္သည္ တို႔ အတြက္ သင္ခန္းစာယူ စရာ ျဖစ္ရေပေတာ့သည္ ။ တကယ့္ျဖစ္ရပ္မႈခင္း