ကျိန်စာသင့် သဘက်ကြီး(စ/ဆုံး)

Unicode Version

ကျိန်စာသင့် သဘက်ကြီး(စ/ဆုံး)
—————————————
လွန်ခဲ့သော နှစ်ငါးဆယ်အချိန် တပေါင်းလ၏လကွယ်နေ့ညဖြစ်သည်။
အချိန်ကာလအားဖြင့် သက်ကြီးခေါင်းချ
ချိန်ဖြစ်ပြီးပတ်ဝန်းကျင်တစ်ခုလုံးမှောင်
နှင့်မည်းမည်း ရှိနေသည်။ ကောင်းကင်
တစ်ခိုဝယ်ကြယ်ကလေးများမှိတ်တုတ်
မှိတ်တုတ်နှင့် လင်းလက်နေကြသည်။
နေရာကား သထုံမြို့၊ နေမိန္ဒရတောင်
အနီး ရှေးဟောင်းငါးဘတ်ချောင်း
သင်္ချိုင်းကုန်းကြီးတွင် ဖြစ်သည်။ ခပ်ဝေး ဝေး တောတန်းလေးရှိ ရွာများမှ ခွေးအူ

သံများ လွင့်ပျံလာသည်။ ကြက်သီး ထဖွယ် ကြောက်စရာည ဖြစ်သည်။ ငါး
ဘတ်ချောင်း သင်္ချိုင်းကုန်း လူသေများ
မြှုပ်ထားသော မြေပုံမို့မို့လေးများ၊ သေ
သူ၏ အမည်ရေးထားသော အမှတ်
အသား မှတ်တိုင်များ၊ အုတ်ဂူများကို
တွေ့မြင်နေရသည်။ သထုံမြို့ပြင်ရှိ ငါး
ဘတ်ချောင်း သင်္ချိုင်းကုန်းသည် ရှေး
ဟောင်းသင်္ချိုင်းကုန်းကြီးဖြစ်သည်။ ရှေး
မြန်မာဘုရင်များလက်ထက် လူသတ်
ကုန်းကြီး ဖြစ်သည်။ သထုံမင်းနေပြည်

တော်ဟောင်းနှင့် တစ်ဆက်စပ်တည်း
ရှိနေသော သင်္ချိုင်းကုန်းကြီး ဖြစ်သည်။
ထိုသင်္ချိုင်းကုန်းကြီးသို့ ဆရာဖြစ်သူ
ကိုရင်မဲကြီးနှင့် တပည့်ဖြစ်သူ သူတော်
သုခတို့ တစ္ဆေ၊ သရဲများ ကျွတ်တမ်းဝင်
စေရန် သက်ဆိုင်ရာအထက်ပုဂ္ဂိုလ်များ
၏ ခိုင်းစေချက်ဖြင့် လာရောက်ကြခြင်း
ဖြစ်သည်။

ကိုရင်မဲကြီးသည်မြေလျှောက်ဝိဇ္ဇာ
ဖြစ်သည်။ မှောင်မည်းနေသော အချိန်
ကာလတွင် သင်္ချိုင်းကုန်းသို့လာရောက်
ကြသော်လည်း သုသာန်ဓူတင်ကျင့်ကြံ
အားထုတ်ထားကြ၍ ကြောက်ရွံ့ထိတ်
လန့်ခြင်းမရှိကြချေ။ရှေ့မှခပ်သုတ်သုတ်
သွားနေသော ကိုရင်မဲကြီးနောက်သို့
သူတော်သုခမီအောင်လိုက်နေရသည်။
မှောင်မည်းနေ၍ပတ်ဝန်းကျင်ကိုကြည့်
လို့မမြင်ရချေ။ ကိုရင်မဲကြီး၏နောက်စေ့
၌ ကျပ်ပြားဝိုင်းခန့် အလင်းရောင်လေး
ဖြာထွက်နေသည်။သီလ၊သမာဓိအကျင့်
မြတ်၏ရောင်ခြည်ဝိုင်းလေး ဖြစ်သည်။
ထိုအလင်းတန်းလေးသည်သူတော်သုခ
အတွက် လက်နှိပ်ဓာတ်မီး ထိုးပေးထား
သလို လမ်းကို ကောင်းစွာ မြင်ရသည်။

ကိုရင်မဲကြီး၏ နောက်မှ ဝါးတစ်ရိုက်
အကွာတွင် သူတော်သုခ လိုက်ပါနေရ
သည်။ သင်္ချိုင်းအဝင်ဝ ခြံစည်းရိုးသို့
ရောက်လာသည်။ ရုတ်တရက် ကိုရင်မဲ
ကြီး ရပ်တန့်လိုက်သည်။ သူတော်သုခ
သူ့ဆရာနား ရောက်လာ၍ ကြည့်လိုက်
တော့ကြက်သီးထသွားပြီးကြောက်စရာ
မြင်ကွင်းကိုမြင်လိုက်ရသည်။ယောက်ျား
ကြီးလက်မောင်းလုံးခန့်ရှိသော မြွေပွေး
ကြီးကကိုရင်မဲကြီးခြေထောက်ကိုပတ်
ထားပြီး ခေါင်းတထောင်ထောင် ဘယ်
ညာယမ်းပြီးဒေါသတကြီးတရှူးရှူးဖြင့်
နှာမှုတ်နေသည်။ ကိုရင်မဲကြီးကိုမကိုက်
ချေ။ ကိုရင်မဲကြီးက သူ့ခြေထောက်ကို
ပတ်ထားသောမြွေပွေးကြီးကိုလက်ဖြင့်
အသာအယာကိုင်၍ဖြေလိုက်သည့်အခါ
မြွေပွေးကြီး သင်္ချိုင်းကုန်းအစပ် မြက်
တောထဲသို့ ထွက်ပြေးသွားသည်။
သာမန်လူဆိုလျှင် မြွေပွေးကြီး ကိုက်၍
သေလောက်သည်။ ကိုရင်မဲကြီး၏ဝိဇ္ဇာ
တန်ခိုးကို သူ မျက်ဝါးထင်ထင် မြင်ဖူး
ပေါင်းများ၍မအံ့ဩတော့ပေ။
“ဟေ့ – ဟေ့ – သူတော်၊ ခုနစ်စင်
ကြယ်ပြောင် အမြီးမထောင်ခင် ဒို့ကိစ္စ ပြီးအောင် လုပ်ရမှာ”
ပြောပြောဆိုဆို သင်္ချိုင်းကုန်းကြီး

ထဲသို့ ကိုရင်မဲကြီး ဝင် လိုက်သည်နှင့် သူတော်သုခ အမြန်လို က်ရတော့
သည်။

ငါးဘတ်ချောင်းသင်္ချိုင်းကုန်းမှာ တိတ်ဆိတ်ငြိမ်သက်မှုက လွှမ်းမိုးထား သည်။ ထုံးသုတ်ထားသော အုတ်ဂူဖြူ
ဖြူလေးများက အမှောင်ထဲတွင် ထင်
ထင်ရှားရှား ရှိနေသည်။ ညဉ့်ငှက်အော်
သံလေးများ၊ လင်းဆွဲငှက်လေးများ
ဟိုသည် ပျံသန်းနေသံ ကြားရသည်။
သင်္ချိုင်းဇရပ် ကြီးဆီသို့ ကိုရင်မဲကြီး
တန်းတန်းမတ်မတ် သွားနေသည်။ ဇရပ်
ကြီးသည် နှစ်ပရိစ္ဆေဒကြာညောင်းပြီမို့
ပျက်စီးနေပြီ ဖြစ်သည်။ အမိုးများ ပျက်
စီး၍ ဟောင်းလောင်း ဖြစ်နေသည်။
ကျွန်းတိုင်များကထုထည်နှင့်မို့ ခိုင်ခံ့နေ သေးသည်။ တစ်ခါတစ်ရံ လေအဝှေ့မှာ သွပ်ချပ်များ တဗြန်းဗြန်း ရိုက်ခတ်ရင်း
ကြောက်စရာအသံထွက်နေသည်။ဇရပ် ကြီးနားရောက်တော့ ကိုရင်မဲကြီး ရပ် တန့် လိုက်သည်။ ဇရပ်ကြီးပေါ်မှာ ကြောက်စရာ မြင်ကွင်းကို တွေ့လိုက်ရ သည်။ ဇရပ်တစ်ခုလုံး ဖြူဖြူအလုံးကြီး နှင့်အပြည့်ဖြစ်နေသည်။

“ဟန်ကျလိုက်တာ၊ ဒီကောင်ကြီး ကိုတွေ့မှတွေ့ရပါ့မလားလို့”ကိုရင်မဲကြီး နှုတ်ကမြည်တမ်းလိုက်သည်။ သူတော်
သုခ ထိတ်လန့်သွားမိသည်။ ဆရာဖြစ်
သူ ကိုရင်မဲကြီး ပြောစကားများ ကြား
ထားရ၍သင်္ချိုင်းစောင့်သဘက်ကြီးမှန်း
သိလိုက်ရသည်။ သထုံနယ်တစ်ဝိုက်
သင်္ချိုင်းများတွင်ညအချိန်သုသာန်ဓူတင်
ကမ္မဋ္ဌာန်းများ ကျင့်ကြံအားထုတ်ထား
သည့် အတွေ့အကြုံကြောင့်သာ ထွက်
မပြေးမိခြင်း ဖြစ်သည်။ သဘက်ကြီး
သည် ကပ်ကမ္ဘာတစ်ခုလွန်မှ ကျွတ်
တမ်းဝင်ရမည့်သူဖြစ်သည်။ သထုံဘုရင်
များ လက်ထက် ပါးကွက်အာဏာသား
တစ်ဦးဖြစ်ခဲ့ပြီး ကျိန်စာသင့် သဘက် ကြီးမှာ သင်္ချိုင်းစောင့်သဘက်ကြီး ဖြစ်
နေရခြင်းဖြစ်သည်။ ဘုရင့်အမိန့်ကြောင့်
ရာဇဝတ်သားများကို သတ်ခဲ့ရပြီး
အသတ်ခံရသူများ၏ကျိန်စာတိုက်ထား
ခြင်းခံခဲ့ရပြီးငါးဘတ်ချောင်းနှင့်နေမိန္ဒရ
တောင်ခြေအနီး တစ္ဆေသရဲများကို အုပ် ချုပ်နေသည့် သဘက်ကြီး ဖြစ်သည်။

ကျေးရွာလူထုများကို နှောင့်ယှက် ခြောက်လှန့်နေသည့်သဘက်ကြီးကို
နှိပ်ကွပ်ရန် ကိုရင်မဲကြီးကို အထက်
ပုဂ္ဂိုလ်များက စေခိုင်းခြင်း ဖြစ်သည်။
ကိုရင်မဲကြီး ဇရပ်ကြီးရှေ့ရပ်လိုက်ပြီး
သဘက်ဖြူကြီးကိုတောင်ဝှေးဖြင့်လှမ်း
ထိုးလိုက်သည်။ သဘက်ကြီးက တုတ်
တုတ်မျှမလုပ်ချေ။ ကိုရင်မဲကြီးကောင်း ကင်ကိုမော့ကြည့်လိုက်ပြီး… “သူတော်ရေ သန်းခေါင်ယံကျမှ
ဒီကောင်ကြီးထလာမှာ၊ ခဏစောင့်ရဦး
မယ်။မင်းကိုငါစည်းဝိုင်းချထားပေးမယ်။
စည်းဝိုင်း ကနေ အပြင်ကို မထွက်မိစေ
ကိုရင်မဲကြီးက ဇရပ်ကြီးရှေ့ဝါးတစ်
ရိုက်အကွာတွင် စည်းဝိုင်းချပြီး သူတော်
သုခကိုစည်းဝိုင်းထဲနေခိုင်းလိုက်သည်။
ကိုရင်မဲကြီးမှာ အုတ်ဂူတစ်ခုပေါ်တက်
ထိုင်၍ သုသာန်ဓူတင်ကမ္မဋ္ဌာန်း စည်း
ဖြန်းနေသည်။ သန်းခေါင်ယံအချိန်၌ သူ့
ကိုသတိပေးနှိုးဆော်ရန်ကိုရင်မဲကြီးက
မှာထားသည်။သူတော်သုခသဘက်ကြီး
အိပ်နေသည်ကိုကြည့်ရင်း ကြောက်နေ
မိသော်လည်း သူ့ဆရာ ကိုရင်မဲကြီး၏
တန်ခိုးသတ္တိကို ကိုယ်တွေ့ သိထား၍

စိုးရိမ်စိတ် နည်းပါးနေသည်။ သဘက် ကြီး၏ တရှူးရှူးဟောက်သံကြီးက
သင်္ချိုင်းကုန်းတစ်ခုလုံးကျယ်လောင်စွာ
ကြားနေရသည်။

သူတော်သုခ ကိုရင်မဲကြီးနှင့် တွေ့ ဆုံရပုံကို ပြန်လည်စဉ်းစားနေမိသည်။ သူတော်သုခမှာဟိန္ဒူလူမျိုးကုလားဖြစ် သည်။မိသားစုဇာတိမြေမှာအိန္ဒိယနိုင်ငံ
ပန်ဂျပ်နယ်မှ ဖြစ်သည်။ ဒုတိယကမ္ဘာ
စစ်အတွင်း အင်္ဂလိပ်လက်အောက်ခံ
အိန္ဒိယနိုင်ငံမှဂျပန်များကိုတိုက်ခိုက်ရန်
စစ်တပ်ဖွဲ့စည်းရာတွင် သူတော်သုခ
စစ်မှုထမ်းရသည်။ ထိုအချိန်က သူ့
အသက်မှာ (၁၆) နှစ်အရွယ်သာရှိသေး
သည်။ မြန်မာပြည်စစ်မျက်နှာသို့
အင်္ဂလိပ်တပ်များနှင့်အတူ လိုက်ပါခဲ့ရ
ပြီး တိုက်ပွဲပေါင်းများစွာ တိုက်ခိုက်ခဲ့ရ
သည်။
ဂျပန်များ မြန်မာပြည်မှ စစ်ရှုံး၍ ဆုတ်ခွာထွက်ပြေးရသောအခါ မြန်မာ ပြည်၌ တပ်စွဲထားသော အင်္ဂလိပ် လက် အောက်ခံ စစ်တပ်၌ ကျန်နေခဲ့သည်။ မော်လမြိုင်မြို့မှမိန်းမနှင့်အိမ်ထောင်ကျ
ပြီး တပ်စွဲထားသော သထုံမြို့တပ်ရင်း၌

တာဝန်ကျနေခဲ့သည်။ သူတော်သုခမှာ စစ်သားဘဝဖြင့် အိန္ဒိယနိုင်ငံသို့ ပြန်
လည် ရောက်ရှိခြင်း မရှိတော့ဘဲ မိဘ
များကို လွမ်းဆွတ်ရင်း သတိရတိုင်း
အရက်ကို မေ့နေအောင် သောက်ပြီး မူး
နေတော့သည်။ အရက် သမားဘဝ
ရောက်သွားပြီး စစ်တပ်အတွင်း အမိန့်
မနာခံမှုဖြင့် ကွာတားခေါ် တပ်တွင်း
အချုပ်ခံရပြီး ရရှိထားသော ဆာဂျင်ခေါ်
တပ်ကြပ်ကြီးရာထူးမှမကြာခဏအပြစ်
ဒဏ်ကြောင့် အရစ်ပြုတ်ပြီး တပ်သား
ဘဝဖြင့် နေနေရသည်။ မိသားစုမှာ
လည်း သူ့ဒဏ်ကို မခံနိုင်၍ထွက်ပြေး
သွားကြတော့သည်။ နေ့စဉ် အရက်မူး ရန်ဖြစ်၍ သူ့တပ်စိတ်မှ အရာခံဗိုလ်ကြီး က ရိုက်နှက်ဆုံးမရသည်။ ထိုအရာခံဗိုလ်ကြီးမှာ သူ့ကို ရိုက် ပြီးတစ်နေရာသွား၍ ငိုရသည်မှာနေ့စဉ် ဖြစ်သည်။အထက်အမိန့်ကိုနာခံရသည့် စစ်သားတို့ ထုံးစံအတိုင်း ရိုက်ရဖန်များ
၍ သူတော်သုခကို သနားနေမိသည်။
သူတော်သုခမှာ မိသားစုတွင် သားတစ်
ယောက်၊ သမီးတစ်ယောက်ရနေသော်
လည်းအရက်သမားဘဝဖြင့်မိသားစုက
စွန့်ခွာထွက်ပြေးသွား၍ လိုက်ရှာသော်
လည်းရှာမတွေ့ဖြစ်နေသည်။ထိုဖြစ်စဉ်

များကြောင့် နေ့စဉ် အရက်မသောက်ရ
မနေနိုင်ဖြစ်ပြီးမူးလွန်း၍တာဝန်ဝတ္တရား
များလိုက်နာမှုပျက်ကွက်လှသည်။တစ်
နေ့တွင် တပ်တွင်းအရက်မူး ရန်ဖြစ်၍
သူတော်သုခကို ရိုက်နှက်ဆုံးမရန် တာ
ဝန်ကျလာသည်။ အရာခံဗိုလ်ကြီးက
ကြောက်လန့်စေရန် တပ်စိပ်တစ်စိပ်၊
စစ်သား(၁၁)ယောက်ကိုစစ်ခါးပတ်များ
ဖြင့်တစ်ယောက်တစ်ချက်ရိုက်ရန်စီစဉ်
တော့သည်။စစ်သား(၁၁)ယောက်ရိုက်
အားဖြင့် သူတော်သုခ သေသွားနိုင်
သည်။မူးမူးရူးရူးဖြင့်အရိုက်ခံရန်အသင့်
ပြင်ထားသော သူတော်သုခကို အရာခံ
ဗိုလ်ကြီးက သနား၍ လတ်လတ်ဆတ်
ဆတ် ချေးပုံမှချေးကို တုတ်ဖြင့် တစ် ကော်၊ ကော်လိုက်ပြီး ချေးစားမလား၊ အရိုက်ခံမလားမေးရာ သူတော်သုခက တုတ်ဖြင့် ကော်ထားသော ချေးကိုယူ၍
စားပြလိုက်လေသည်။
နောက်တစ်နေ့နံနက်တွင်တပ်ရင်း ရုံးခေါ်၍သူတော်သုခကိုစစ်တပ်မှထွက်
စာတင်ခိုင်းပြီး ထွက်ခွင့်ပေးလိုက်တော့ သည်။ အရပ်သားဘဝဖြင့် မိသားစုကို ရှာဖွေသော်လည်းနယ်တကာအနှံ့လိုက် ရှာသည့်တိုင် ရှာမရ၍ သထုံမြို့ပြန်လာ ပြီး နေမိန္ဒရတောင်ခြေ ဘုန်းတော်ကြီး

ကျောင်းကပ္ပိယအဖြစ် နေထိုင်တော့
သည်။ ဘုန်းတော်ကြီးမှ မြန်မာစာမရေး
တတ် မဖတ်တတ်သော်လည်း ရတနာ
ရွှေချိုင့်ဘုရားရှိခိုးကို နှုတ်တိုက် သင်
ပေးား၍ ဘုရားစာ တရားစာများကို
အလွတ်ရနေတော့သည်။ ဂန္ဓာရီ ဝိဇ္ဇာ
စခန်းလှည့်နေသော ကိုရင်မဲကြီး သူ
နေထိုင်ရာ ဘုန်းတော်ကြီးကျောင်းသို့
ရောက်လာစဉ်ကျောင်းထိုင်ဆရာတော်
က ကိုရင်မဲကြီးထံ တပည့်အဖြစ် အပ်
ပေးလိုက်လေသည်။ ကိုရင်မဲကြီးမှာ
သင်္ကန်းအမည်းကြီးကိုရုံထား၍သူတော်
သုခက ကိုရင်မဲကြီးဟု စတင်ခေါ်ရာမှ အမည်တွင်သွားခြင်းဖြစ်သည်။ UV
ကိုရင်မဲကြီးက သစ္စာရှိတပည့်တစ် ဦးကို ရှာဖွေနေရာမှ သူတော်သုခကို တွေ့မြင်ပြီးကျောင်းထိုင်ဆရာတော်က တပည့်အဖြစ် အပ်နှံမှုကို လက်ခံပြီး သူ
နေထိုင်ရာ ကေလာသတောင်သို့ ခေါ်
သွားတော့သည်။ကေလာသတောင်မှာ
မြင့်မားလွန်း၍ မိုးရာသီအချိန်၌ တောင် ပေါ်မှ တောင်အောက်သို့ ဆွမ်းခံကြွရန် ခက်ခဲလွန်း၍အလှူခံရရှိသော ဆန်၊ ဆီ၊ ဆားတို့ဖြင့် ကိုယ်တိုင်ချက်ပြုတ် စား

သောက်ရတော့သည်။ ကိုရင်၏ ကျင့်
ဝတ်မှာ (၁၀) ချက်သာရှိ၍ ကိုယ်တိုင်
ချက်ပြုတ်စားသောက်ရာ၌ အာပတ်
သင့်ခြင်း မရှိတော့ချေ။ ကိုရင်မဲကြီးမှာ
အသက် (၁၀၀)ခန့်ရှိပြီဖြစ်ပြီး မြေ
လျှောက်ဝိဇ္ဇာတစ်ဦးအဖြစ် ပေါက်
ရောက်နေသည်ကို သူတော်သုခ သိရှိ
လာရသည်။ ကျွန်ကုလား၊ မယားတော
သူဆိုသည့်အတိုင်း ဆရာ့ဝတ်ကြီး၊ဝတ်
ငယ်ကို သူတော်သုခ အလိုက်သိတတ်
စွာဆောင်ရွက်ပေးနိုင်သည်။ ကိုရင်ကြီး
၏ ဖို (အဂ္ဂိရတ်) ပညာ အင်း၊ ဆေး
အတတ်ပညာများကို သူတော်သုခ နှစ်
ပေါင်းများစွာ တပည့်ခံ၍ သင်ယူတတ်
မြောက်ထားသည်။ ကိုရင်မဲကြီးသည်
သမထအကျင့် ပြီးမြောက်၍ ဝိပဿနာ
အကျင့်ဖြင့် ဓမ္မဝိဇ္ဇာဓိုရ်လမ်းကူးပြောင်း
ရန်အချိန်ကျလာချိန်သုသာန်ဓူတင်များ
လှည့်လည်ပြီး ကျင့်ကြံအားထုတ်၍
မကျွတ်မလွတ်သော တစ္ဆေ၊ သရဲ၊
သဘက်များကို ကျွတ်တမ်းဝင်စေရန်
လုပ်ကိုင်ပေးနေရခြင်း ဖြစ်သည်။ သူ
တော်သုခ အာနပါနကမ္မဋ္ဌာန်း ရှုမှတ်
နေရာမှ သတိစိတ်လေး ဝင်လာမိ
သည်။

မိုးကောင်းကင်ကိုမော့ကြည့်လိုက် တော့ခုနစ်စင်ကြယ်ပြောင်အမြီးထောင်
နေလေပြီ။ သဘက်ဖြူကြီးက တရှူးရှူး
ဖြင့် ဟောက်သံပေးတုန်းရှိသေးသည်။
အုတ်ဂူပေါ်၌ သုသာန်ဓူတင်ဝင်နေသော
ဆရာဖြစ်သူကိုရင်မဲကြီးသတိပေးစကား
လှမ်းပြောရသည်။“ဆရာသခင် ခင်ဗျား
ခုနစ်စင်ကြယ်ပြောင် အမြီးထောင်နေ
ပါပြီ”
ကိုရင်မဲကြီးက ဓူတင်အကျင့်မှ ထ
လိုက်သည်။ ထိုအချိန်တွင် နေမိန္ဒရ
တောင်ခြေအနီးရှိ ရွာများမှ ခွေးများ
ဆွဲဆွဲငင်ငင်အူသံကြီးကိုကြက်သီးထ၍
ကြောက်ခမန်းလိလိကြားလိုက်ရသည်။
သာမန်လူသားဆိုလျှင်သင်္ချိုင်းကုန်းကြီး
ထဲကထွက်ပြေးမည်မှာ သေချာသည်။
ကိုရင်မဲကြီးက သဘက်ကြီးရှိရာ ဇရပ်
ကြီးရှေ့သွား၍ သဘက်ဖြူကြီးကို ကိုင်
ထားသောတောင်ဝှေးဖြင့်ထိုးပြီးထခိုင်း
လိုက်သည်။ သူတော်သုခ သင်္ချိုင်းကုန်း
များစွာ သုသာန်ဓူတင် ကျင့်ထား၍သာ
ထွက်မပြေးခြင်းဖြစ်သည်။
ဇရပ်ကြီးထဲမှ ထွက်ပေါ်လာသော သဘက်ကြီးမှာ မျက်လုံးနှစ်လုံးက လင် ကွင်းပမာဏရှိပြီး ဦးခေါင်းကြီးမှာ စပါး ထည့်သောပုတ်ကြီးလောက်ကြီးသည်။

နှာခေါင်းမှ အပေါက်ကြီးနှစ်ပေါက်မှာ
အုန်းသီးလုံးခန့်ရှိနေပြီး ပါးစပ်ပေါက်
မှာလည်း လူကြီးတစ်လံခန့် ရှိသည်။
သဘက်ကြီးအိပ်နေစဉ်ကအဖြူလုံးကြီး
ဖြစ်နေသည်မှာ သူ့နားရွက်ကြီး ကို ခြုံ၍
အိပ်နေခြင်းကြောင့် မျက်နှာကို မမြင်ရ
ခြင်း ဖြစ်သည်။
ပါးစပ်မှ ထွက်ကျ နေသော လျှာ ကြီးမှာ လေးပေခန့် ရှိသည်။ ကိုယ်လုံး
ကြီးနှင့် လက်များမှာ ကြီးမားလှပြီး ဗိုက်
ကြီးမှာလည်းဝမ်းခေါင်းကျယ်စူစူကြီးဖြင့်
ဖောင်းကားနေသည်။ ခြေနှစ်ချောင်း
ကား ထန်းပင်လုံး ပမာဏရှိပြီး အရပ်
အမြင့်မှာလည်း ထန်းပင်လောက် မြင့်
မားနေသည်။ သဘက်ကြီး၏ ကိုယ်လုံး
သဏ္ဌာန်မှာ ကမ္မဇိဒ္ဓိအစွမ်းဖြင့် ဖန်ဆင်း
ထားခြင်း ဖြစ်သည်။ ကိုရင်မဲကြီးကို
လက်နှစ်ဖက်ဖြင့် ပွေ့ချီပြီး သင်္ချိုင်းကုန်း
အပြင်ဘက်သို့ သွားချထားသည်။
သဘက်ကြီး ခြေနင်းဒဏ် ကြောင့်
သင်္ချိုင်းမြေသည်တုန်ခါနေသည်။စည်း
ဝိုင်းအတွင်းမှသူတော်သုခဘုရားတရင်း
သမ္ဗုဒ္ဓေဂါထာကြီးကိုစိတ်ထဲကရွတ်နေ
မိသည်။ သူ့ရှေ့မှ ဖြတ်လျှောက်လာပြီး
သူ့ကိုငုံ့ကြည့်၍ဘာမှမလုပ်ဘဲဇရပ်ပေါ်
ပြန်တက်၍ သူ့နား ရွက်ကြီး ခြုံပြီး အိပ်

နေပြန်သည်။ ကိုရင် မဲကြီးက ဒုတိယ အကြိမ် သဘက်ကြီးကို တောင်ဝှေးဖြင့်
ထိုး၍ထခိုင်းရာ ကိုရင်မဲကြီးကို ပွေ့ချီပြီး
သင်္ချိုင်းအပြင်ဘက်သို့ သွားချကာ ဇရပ်
ပေါ်တက်အိပ်နေပြန်သည်။ တတိယ
အကြိမ်၌လည်း ကိုရင်မဲကြီးကို သင်္ချိုင်း
အပြင်သို့ မချီသွားပြီး ချထား၍ ပြန်လာ
ပြီး ဇရပ်ပေါ်တက်အိပ်နေပြန်သည်။ ထို
မြင်ကွင်းကား သာမန်လူသားဆိုလျှင်
ဝိညာဉ်လိပ်ပြာ လွင့်စဉ်ထွက်သွား
လောက်သည်။ ကိုရင်မဲကြီးကလည်း
မလျှော့သော ဇွဲသတ္တိဖြင့် သဘက်ကြီး
ကို မနိုးတော့ဘဲ ဇရပ်ကြီးရှေ့၌ ထိုင်ပြီး ကုသိုလ်၊ အကုသိုလ်တရားများ ဟော ကြားနေသည်။ သဘက်ကြီးမှာ တရား ကို နားစိုက်ထောင်ခြင်းမပြုဘဲ ဟောက် သံပေး၍ အိပ်ဟန်ဆောင်နေသည်။ အချိန်အားဖြင့် တစ်နာရီခန့် ကြာသွားပြီ
ဖြစ်သည်။

ကိုရင်မဲကြီးက ကောင်းကင်သို့ မော့ကြည့်လိုက်သည်။ ကောင်းကင်ပြင် ၌ ထူးဆန်းသော ရောင်ခြည်များ လင်း လက်လျက်ရှိသည်။တန်ခူးလဆန်း(၁)

ရက်နေ့ အချိန်အခါ ဝင်ရောက်သွားပြီ ဖြစ်သည်။ ကိုရင်မဲကြီးက သူတော်သုခ ကိုလှမ်းပြောလိုက်သည်။
“သူတော်ရေ-ငါ့သည်းခံမှုမေတ္တာ စိတ်နဲ့ မရတော့ဘူး။ မင်း အစွမ်းပြပေ တော့။ရတနာရွှေချိုင့်ဂါထာနဲ့စက်ပရိတ် တော် (၁၃) ချက်ရွတ်ပေတော့”
သူတော်သုခရတနာရွှေချိုင့်ပရိတ်
တော်ကို ရွတ်ဆိုလိုက်သည်။ (ရတနာ ရွှေချိုင့် ဂါထာပါဠိနှင့် အနက်မှာ ဆယ် စောင်တွဲစာအုပ်၌ ပါရှိပါသည်။
စာရေးသူ)
သူတော်သုခရတနာရွှေချိုင့်ဂါထာ
ကြီး ရွတ်ဆိုပူဇော်အပြီး၌ သဘက်ဖြူ ကြီးသည်အသံနက်ကြီးဖြင့်အော်လိုက်
သည်။ ဇရပ်အပေါ်မှနေကာ သင်္ချိုင်းမြေ
ပေါ်ဆင်းပြီးလူးလှိမ့်နေသည်။ ကိုရင်မဲ
ကြီးက သရက်ဖြူကြီးနားမှ ဝါးတစ်ရိုက်
အကွာသို့ ဆုတ်ခွာနေလိုက်ပြီးကောင်း
ကင်ကိုကြည့်၍ ဘုရားဂုဏ်တော်နှင့်ဓမ္မ
စက်များ၊ သံဃာဂုဏ်တော်တို့ကိုရွတ်ဆို
နေသည်။ သူတော်သုခသည် ရတနာ
ရွှေချိုင့်ကို ဒုတိယအကြိမ် ရွတ်ဆိုလိုက် သည်။ သဘက်ဖြူကြီး၏ကြောက်လန့် တကြား အော်သံကား ငါးဘတ်ချောင်း သင်္ချိုင်းမြေတစ်ပြင်လုံးတုန်လှုပ်နေ

သည်ထင်ရသည်။ခေါင်းကြီးကိုယ်သေး
တစ္ဆေများ၊ အရိုးခြောက်သရဲများ၊ ဆံပင်
ဖားလျားချလျက် မိန်းမသရဲများ၊ သူ
တော်သုခ စည်းဝိုင်းအနီးအပါး လာ
ရောက်ခြောက်လှန့်ရင်း ပြေးလွှားသံ
များ၊ ဆူညံနေကြသည်။ အချိန်ကာလ
အားဖြင့်လည်း ညဉ့် (၂)နာရီသို့ရောက်
လာသည်။ သူတော်သုခအား ကိုရင်မဲ
ကြီးက တတိယအကြိမ် ရတနာရွှေချိုင့်
ဂါထာ ရွတ်ခိုင်းလိုက်သည်။ သူတော်
သုခသည်ရတနာရွှေချိုင့်ဂါထာရွတ်ရ၍
မောဟိုက်နေသည်။ နဖူးမှ ချွေးများ ပြန်
လာသည်။ သဘက်ဖြူကြီးမှာမြေပေါ်၌
ဘယ်၊ ညာလူးလှိမ့်ရင်း အသံပြဲကြီးဖြင့်
ဖြဲအော်နေသည်။ ကိုရင်မဲကြီးသည်
ကောင်းကင်သို့ စူးစိုက်ကြည့်လိုက်
သည်။

ကောင်းကင် တစ်ခုတွင် ကြယ် လေးများပျောက်ကွယ်နေပြီးအနီရောင် ရောင်စဉ်တန်းကြီးက အထင်းသားပေါ် လာသည်။ကိုရင်မဲကြီးပြုသမျှကုသိုလ်
များ၊ အဓိဋ္ဌာန်ပါရမီများ၊ သစ္စာပြုတိုင် တည်လိုက်ရင်း မြေကြီးကို ဖနောင့်ဖြင့်

သုံးချက်ခပ်ပြင်းပြင်းဆောင့်လိုက်
သည်။
“ဆိုင်ရာပုဂ္ဂိုလ်များ အထက်ဆရာ ကြီးများ၏အမိန့်အာဏာဖြင့် လူအများ
ကို အန္တရာယ်ပြုနေသော သင်္ချိုင်းစောင့်
သဘက်ကြီးကို နေရာပြောင်းရွှေ့ရန်
ကျွန်ုပ် ဆောင်ရွက်နေသည်။ သင်တို့
ကူညီကြပေါ့”
ကိုရင်မဲကြီး၏ရွတ်ဆိုသံအပြီးအနီ ရောင်၊ရောင်စဉ်တန်းကြီးပျောက်ကွယ်
သွားပြီး ဖျိုးဖျိုးဖျောက်ဖျောက်နှင့် မီးရှူး မီးပန်းများပေါက်ပေါက်ကြဲသလိုမြည်သံ
နှင့် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင်
မြင်းခွာသံများ၊ စစ်သည်တော်များ၏
ကြွေးကြော်သံများ၊ ပုံရိပ်များ၊ ကောင်း
ကင်ပြင်၌ ပေါ်လာကြသည်။ သူတော်
သုခသည် အံ့ဩကြီးစွာ မြင်တွေ့ နေရ သည်။ ဘုရင်မင်းမြတ်ကြီးစီးသော မြင်း
ခြောက်ကောင်ဆွဲသောကကြိုးတန်ဆာ
နှင့် အလံများ စိုက်ထူထားသော ရထား
လုံးတစ်စင်း၊ရထားနောက်မှာမောက်တို
မောက်ရှည်နှင့် လုံကိုင်ဓားကိုင် ရှေးမြန်
မာစစ်သည်များ၊ရထားလုံးအတွင်းဘေး
ပြတင်းပေါက်မှ ဘုရင်တစ်ပါး ပုံရိပ်က
ခေါင်းပြူထွက်လာပြီး အောက်သို့
ငုံ့ကြည့်လိုက်သည်။ ကိုရင်မဲကြီးက

“အသင်မနူဟာ ဘုရင်၊ အသင်၏ ငယ် ကျွန်ကြီးကို ခေါ်သွားလော့”
ဟုအောင်မြင် ခံ့ညားလှသည့် ကိုရင်မဲကြီး၏ ပြောသံအဆုံး ဘဘက် ဖြူကြီးလူးလှိမ့်နေရာက အော်သံကြီး
ဖြင့် မတ်တတ်ထရပ်လိုက်သည်။ ထို
သဘက်ကြီးသည် အခိုးအငွေ့သဏ္ဌာန်
အဖြူတန်းကြီး ဖြစ်သွားပြီး ဘုရင်စစ်
သည်တော်များနောက်မှ လိုက်ပါသွား
တော့သည်။
သူတော်သုခရှိနေသည့် စည်းဝိုင်း အပြင်ဘက်၌ သင်္ချိုင်းကုန်းရှိတစ္ဆေ၊ သရဲ များ ဝိုင်းရံနေကြသည်။ ကိုရင်မဲကြီး

“သူတော်ရေ – စက်ကြီးဆယ့်သုံး
ပါး ရွတ်ပေတော့”
သူတော်သုခက ….
“အောင်တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်၊
တစ်ဆယ့်လေးချက်ဓမ္မစက်။တစ်ဆယ့်
ရှစ်ချက်သံဃာ့စက်။လရောင်ဝင်းလျက်
ရှင်ပစ္စေကဗုဒ္ဓစက်။ မြင်းမိုရ်တောင်ဦး၊
မြင့်ခေါင်ကျူးလျက်၊ မိဘစက်။ ဂုဏ်
ကျေးဇူးအထူးသိလျက် ဆရာ့စက်၊
မိုးကြိုးလက်နက် သိကြားစက်။ လောင်
မီးကျလျက် နတ်တို့စက်။ ဘွဲ့ဖြူလက်
နက်၊ ဘီလူးစက်။ တောင်ဟုန်ပြင်းလျက်

ဂဠုန်မင်းစက်။ အာခံတွင်းက ဝင်းဝင်း
တောက်လျက် နဂါးစက်။ သုံးထောင်
သင်္ချာဟေဝန္တာ၊အာဏာစိုးလျက် သီဟ
စက်။ စက်ကြီးတစ်ဆယ့်သုံးပါး၊ ရွတ်သံ ကြားက၊ ဘေးများအစု၊ မကောင်းမှုတို့ ဝေးကကြဉ်ရှောင်၊ အောင်စေတတ် သည်၊ မြတ်ဆရာတည်း” သူတော်သုခမှာစက်ကြီးတစ်ဆယ့်
သုံးပါး ရွတ်အပြီး ပုပုကွကွ ခေါင်းကြီး
ကိုယ်သေး တစ္ဆေသရဲတို့သည် ဝုန်းဝုန်း
ဒိုင်းဒိုင်းကြဲလျက် ထွက်ပြေးကုန်ကြ
သည်။ကိုရင်မဲကြီးရှေ့သို့ဦးထုပ်အနီပတ်
ဆောင်းထားသော သရဲခေါင်းဆောင်
ရောက်လာသည်။
“ဆရာသခင် – ကျွန်တော်တို့ကို
ချမ်းသာပေးပါ”
“မင်းကောင်တွေကို ခေါ်လိုက်၊ ငါ
တရားဟောမယ်”
“ခေါ်ပေးပါမယ် – အချိန်သိပ်မရ
တော့ပါ။အရုဏ်တက်ချိန်မှာကျွန်တော်

တို့ ပုန်းကွယ်ကြရတော့မှာပါ”
ကို ရင်မဲကြီး ဟောကြားသော တရားနာရန် ကျန်တော့သည်။ ဖုတ်၊ တစ္ဆေ၊ သရဲများတရားနာအပြီး နေမိန္ဒရ တောင်ခြေရှိဘုန်းကြီးကျောင်းမှကုလား တက်ခေါက်သံ ပေါ်လာသည်။ ကပ္ပိယ ကြီး ဆွမ်းချက်ချိန် ရောက်ပြီဖြစ်သည်။
ဖုတ်၊ပြိတ္တာ၊သရဲများလည်းကွယ်ပျောက်
ကုန်ကြသည်။ ကိုရင်မဲကြီးက ……
“တာဝန်တစ်ခုတော့ ပြီးသွားပြန် ပြီ – သူတော်ရေ။ တို့ ပါရမီစခန်းတွေ
ဖြည့်ရမှာတော့ အများကြီးပါပဲ။ သင်္ချိုင်း
ကုန်းကနေ မထွက်မီ ထွက်ခွာကြရ
အောင်”
ပြောပြောဆိုဆို ငါးဘတ်ချောင်း သင်္ချိုင်းကုန်းကြီးထဲမှ ဆရာတပည့်နှစ် ဦးထွက်ခွာခဲ့ကြတော့သည်။
သိန်းထွန်းသစ်

Zawgyi Version

က်ိန္စာသင့္ သဘက္ႀကီး(စ/ဆုံး)
—————————————
လြန္ခဲ့ေသာ ႏွစ္ငါးဆယ္အခ်ိန္ တေပါင္းလ၏လကြယ္ေန႔ညျဖစ္သည္။
အခ်ိန္ကာလအားျဖင့္ သက္ႀကီးေခါင္းခ်
ခ်ိန္ျဖစ္ၿပီးပတ္ဝန္းက်င္တစ္ခုလုံးေမွာင္
ႏွင့္မည္းမည္း ရွိေနသည္။ ေကာင္းကင္
တစ္ခိုဝယ္ၾကယ္ကေလးမ်ားမွိတ္တုတ္
မွိတ္တုတ္ႏွင့္ လင္းလက္ေနၾကသည္။
ေနရာကား သထုံၿမိဳ႕၊ ေနမိႏၵရေတာင္
အနီး ေရွးေဟာင္းငါးဘတ္ေခ်ာင္း
သခ်ႋဳင္းကုန္းႀကီးတြင္ ျဖစ္သည္။ ခပ္ေဝး ေဝး ေတာတန္းေလးရွိ ႐ြာမ်ားမွ ေခြးအူ

သံမ်ား လြင့္ပ်ံလာသည္။ ၾကက္သီး ထဖြယ္ ေၾကာက္စရာည ျဖစ္သည္။ ငါး
ဘတ္ေခ်ာင္း သခ်ႋဳင္းကုန္း လူေသမ်ား
ျမႇဳပ္ထားေသာ ေျမပုံမို႔မို႔ေလးမ်ား၊ ေသ
သူ၏ အမည္ေရးထားေသာ အမွတ္
အသား မွတ္တိုင္မ်ား၊ အုတ္ဂူမ်ားကို
ေတြ႕ျမင္ေနရသည္။ သထုံၿမိဳ႕ျပင္ရွိ ငါး
ဘတ္ေခ်ာင္း သခ်ႋဳင္းကုန္းသည္ ေရွး
ေဟာင္းသခ်ႋဳင္းကုန္းႀကီးျဖစ္သည္။ ေရွး
ျမန္မာဘုရင္မ်ားလက္ထက္ လူသတ္
ကုန္းႀကီး ျဖစ္သည္။ သထုံမင္းေနျပည္

ေတာ္ေဟာင္းႏွင့္ တစ္ဆက္စပ္တည္း
ရွိေနေသာ သခ်ႋဳင္းကုန္းႀကီး ျဖစ္သည္။
ထိုသခ်ႋဳင္းကုန္းႀကီးသို႔ ဆရာျဖစ္သူ
ကိုရင္မဲႀကီးႏွင့္ တပည့္ျဖစ္သူ သူေတာ္
သုခတို႔ တေစၦ၊ သရဲမ်ား ကြၽတ္တမ္းဝင္
ေစရန္ သက္ဆိုင္ရာအထက္ပုဂၢိဳလ္မ်ား
၏ ခိုင္းေစခ်က္ျဖင့္ လာေရာက္ၾကျခင္း
ျဖစ္သည္။

ကိုရင္မဲႀကီးသည္ေျမေလွ်ာက္ဝိဇၨာ
ျဖစ္သည္။ ေမွာင္မည္းေနေသာ အခ်ိန္
ကာလတြင္ သခ်ႋဳင္းကုန္းသို႔လာေရာက္
ၾကေသာ္လည္း သုသာန္ဓူတင္က်င့္ႀကံ
အားထုတ္ထားၾက၍ ေၾကာက္႐ြံ႕ထိတ္
လန႔္ျခင္းမရွိၾကေခ်။ေရွ႕မွခပ္သုတ္သုတ္
သြားေနေသာ ကိုရင္မဲႀကီးေနာက္သို႔
သူေတာ္သုခမီေအာင္လိုက္ေနရသည္။
ေမွာင္မည္းေန၍ပတ္ဝန္းက်င္ကိုၾကည့္
လို႔မျမင္ရေခ်။ ကိုရင္မဲႀကီး၏ေနာက္ေစ့
၌ က်ပ္ျပားဝိုင္းခန႔္ အလင္းေရာင္ေလး
ျဖာထြက္ေနသည္။သီလ၊သမာဓိအက်င့္
ျမတ္၏ေရာင္ျခည္ဝိုင္းေလး ျဖစ္သည္။
ထိုအလင္းတန္းေလးသည္သူေတာ္သုခ
အတြက္ လက္ႏွိပ္ဓာတ္မီး ထိုးေပးထား
သလို လမ္းကို ေကာင္းစြာ ျမင္ရသည္။

ကိုရင္မဲႀကီး၏ ေနာက္မွ ဝါးတစ္႐ိုက္
အကြာတြင္ သူေတာ္သုခ လိုက္ပါေနရ
သည္။ သခ်ႋဳင္းအဝင္ဝ ၿခံစည္း႐ိုးသို႔
ေရာက္လာသည္။ ႐ုတ္တရက္ ကိုရင္မဲ
ႀကီး ရပ္တန႔္လိုက္သည္။ သူေတာ္သုခ
သူ႔ဆရာနား ေရာက္လာ၍ ၾကည့္လိုက္
ေတာ့ၾကက္သီးထသြားၿပီးေၾကာက္စရာ
ျမင္ကြင္းကိုျမင္လိုက္ရသည္။ေယာက္်ား
ႀကီးလက္ေမာင္းလုံးခန႔္ရွိေသာ ေႁမြေပြး
ႀကီးကကိုရင္မဲႀကီးေျခေထာက္ကိုပတ္
ထားၿပီး ေခါင္းတေထာင္ေထာင္ ဘယ္
ညာယမ္းၿပီးေဒါသတႀကီးတရႉးရႉးျဖင့္
ႏွာမႈတ္ေနသည္။ ကိုရင္မဲႀကီးကိုမကိုက္
ေခ်။ ကိုရင္မဲႀကီးက သူ႔ေျခေထာက္ကို
ပတ္ထားေသာေႁမြေပြးႀကီးကိုလက္ျဖင့္
အသာအယာကိုင္၍ေျဖလိုက္သည့္အခါ
ေႁမြေပြးႀကီး သခ်ႋဳင္းကုန္းအစပ္ ျမက္
ေတာထဲသို႔ ထြက္ေျပးသြားသည္။
သာမန္လူဆိုလွ်င္ ေႁမြေပြးႀကီး ကိုက္၍
ေသေလာက္သည္။ ကိုရင္မဲႀကီး၏ဝိဇၨာ
တန္ခိုးကို သူ မ်က္ဝါးထင္ထင္ ျမင္ဖူး
ေပါင္းမ်ား၍မအံ့ဩေတာ့ေပ။
“ေဟ့ – ေဟ့ – သူေတာ္၊ ခုနစ္စင္
ၾကယ္ေျပာင္ အၿမီးမေထာင္ခင္ ဒို႔ကိစၥ ၿပီးေအာင္ လုပ္ရမွာ”
ေျပာေျပာဆိုဆို သခ်ႋဳင္းကုန္းႀကီး

ထဲသို႔ ကိုရင္မဲႀကီး ဝင္ လိုက္သည္ႏွင့္ သူေတာ္သုခ အျမန္လို က္ရေတာ့
သည္။

ငါးဘတ္ေခ်ာင္းသခ်ႋဳင္းကုန္းမွာ တိတ္ဆိတ္ၿငိမ္သက္မႈက လႊမ္းမိုးထား သည္။ ထုံးသုတ္ထားေသာ အုတ္ဂူျဖဴ
ျဖဴေလးမ်ားက အေမွာင္ထဲတြင္ ထင္
ထင္ရွားရွား ရွိေနသည္။ ညဥ့္ငွက္ေအာ္
သံေလးမ်ား၊ လင္းဆြဲငွက္ေလးမ်ား
ဟိုသည္ ပ်ံသန္းေနသံ ၾကားရသည္။
သခ်ႋဳင္းဇရပ္ ႀကီးဆီသို႔ ကိုရင္မဲႀကီး
တန္းတန္းမတ္မတ္ သြားေနသည္။ ဇရပ္
ႀကီးသည္ ႏွစ္ပရိေစၦဒၾကာေညာင္းၿပီမို႔
ပ်က္စီးေနၿပီ ျဖစ္သည္။ အမိုးမ်ား ပ်က္
စီး၍ ေဟာင္းေလာင္း ျဖစ္ေနသည္။
ကြၽန္းတိုင္မ်ားကထုထည္ႏွင့္မို႔ ခိုင္ခံ့ေန ေသးသည္။ တစ္ခါတစ္ရံ ေလအေဝွ႔မွာ သြပ္ခ်ပ္မ်ား တျဗန္းျဗန္း ႐ိုက္ခတ္ရင္း
ေၾကာက္စရာအသံထြက္ေနသည္။ဇရပ္ ႀကီးနားေရာက္ေတာ့ ကိုရင္မဲႀကီး ရပ္ တန႔္ လိုက္သည္။ ဇရပ္ႀကီးေပၚမွာ ေၾကာက္စရာ ျမင္ကြင္းကို ေတြ႕လိုက္ရ သည္။ ဇရပ္တစ္ခုလုံး ျဖဴျဖဴအလုံးႀကီး ႏွင့္အျပည့္ျဖစ္ေနသည္။

“ဟန္က်လိုက္တာ၊ ဒီေကာင္ႀကီး ကိုေတြ႕မွေတြ႕ရပါ့မလားလို႔”ကိုရင္မဲႀကီး ႏႈတ္ကျမည္တမ္းလိုက္သည္။ သူေတာ္
သုခ ထိတ္လန႔္သြားမိသည္။ ဆရာျဖစ္
သူ ကိုရင္မဲႀကီး ေျပာစကားမ်ား ၾကား
ထားရ၍သခ်ႋဳင္းေစာင့္သဘက္ႀကီးမွန္း
သိလိုက္ရသည္။ သထုံနယ္တစ္ဝိုက္
သခ်ႋဳင္းမ်ားတြင္ညအခ်ိန္သုသာန္ဓူတင္
ကမၼ႒ာန္းမ်ား က်င့္ႀကံအားထုတ္ထား
သည့္ အေတြ႕အႀကဳံေၾကာင့္သာ ထြက္
မေျပးမိျခင္း ျဖစ္သည္။ သဘက္ႀကီး
သည္ ကပ္ကမာၻတစ္ခုလြန္မွ ကြၽတ္
တမ္းဝင္ရမည့္သူျဖစ္သည္။ သထုံဘုရင္
မ်ား လက္ထက္ ပါးကြက္အာဏာသား
တစ္ဦးျဖစ္ခဲ့ၿပီး က်ိန္စာသင့္ သဘက္ ႀကီးမွာ သခ်ႋဳင္းေစာင့္သဘက္ႀကီး ျဖစ္
ေနရျခင္းျဖစ္သည္။ ဘုရင့္အမိန႔္ေၾကာင့္
ရာဇဝတ္သားမ်ားကို သတ္ခဲ့ရၿပီး
အသတ္ခံရသူမ်ား၏က်ိန္စာတိုက္ထား
ျခင္းခံခဲ့ရၿပီးငါးဘတ္ေခ်ာင္းႏွင့္ေနမိႏၵရ
ေတာင္ေျခအနီး တေစၦသရဲမ်ားကို အုပ္ ခ်ဳပ္ေနသည့္ သဘက္ႀကီး ျဖစ္သည္။

ေက်း႐ြာလူထုမ်ားကို ေႏွာင့္ယွက္ ေျခာက္လွန႔္ေနသည့္သဘက္ႀကီးကို
ႏွိပ္ကြပ္ရန္ ကိုရင္မဲႀကီးကို အထက္
ပုဂၢိဳလ္မ်ားက ေစခိုင္းျခင္း ျဖစ္သည္။
ကိုရင္မဲႀကီး ဇရပ္ႀကီးေရွ႕ရပ္လိုက္ၿပီး
သဘက္ျဖဴႀကီးကိုေတာင္ေဝွးျဖင့္လွမ္း
ထိုးလိုက္သည္။ သဘက္ႀကီးက တုတ္
တုတ္မွ်မလုပ္ေခ်။ ကိုရင္မဲႀကီးေကာင္း ကင္ကိုေမာ့ၾကည့္လိုက္ၿပီး… “သူေတာ္ေရ သန္းေခါင္ယံက်မွ
ဒီေကာင္ႀကီးထလာမွာ၊ ခဏေစာင့္ရဦး
မယ္။မင္းကိုငါစည္းဝိုင္းခ်ထားေပးမယ္။
စည္းဝိုင္း ကေန အျပင္ကို မထြက္မိေစ
ကိုရင္မဲႀကီးက ဇရပ္ႀကီးေရွ႕ဝါးတစ္
႐ိုက္အကြာတြင္ စည္းဝိုင္းခ်ၿပီး သူေတာ္
သုခကိုစည္းဝိုင္းထဲေနခိုင္းလိုက္သည္။
ကိုရင္မဲႀကီးမွာ အုတ္ဂူတစ္ခုေပၚတက္
ထိုင္၍ သုသာန္ဓူတင္ကမၼ႒ာန္း စည္း
ျဖန္းေနသည္။ သန္းေခါင္ယံအခ်ိန္၌ သူ႔
ကိုသတိေပးႏႈိးေဆာ္ရန္ကိုရင္မဲႀကီးက
မွာထားသည္။သူေတာ္သုခသဘက္ႀကီး
အိပ္ေနသည္ကိုၾကည့္ရင္း ေၾကာက္ေန
မိေသာ္လည္း သူ႔ဆရာ ကိုရင္မဲႀကီး၏
တန္ခိုးသတၱိကို ကိုယ္ေတြ႕ သိထား၍

စိုးရိမ္စိတ္ နည္းပါးေနသည္။ သဘက္ ႀကီး၏ တရႉးရႉးေဟာက္သံႀကီးက
သခ်ႋဳင္းကုန္းတစ္ခုလုံးက်ယ္ေလာင္စြာ
ၾကားေနရသည္။

သူေတာ္သုခ ကိုရင္မဲႀကီးႏွင့္ ေတြ႕ ဆုံရပုံကို ျပန္လည္စဥ္းစားေနမိသည္။ သူေတာ္သုခမွာဟိႏၵဴလူမ်ိဳးကုလားျဖစ္ သည္။မိသားစုဇာတိေျမမွာအိႏၵိယႏိုင္ငံ
ပန္ဂ်ပ္နယ္မွ ျဖစ္သည္။ ဒုတိယကမာၻ
စစ္အတြင္း အဂၤလိပ္လက္ေအာက္ခံ
အိႏၵိယႏိုင္ငံမွဂ်ပန္မ်ားကိုတိုက္ခိုက္ရန္
စစ္တပ္ဖြဲ႕စည္းရာတြင္ သူေတာ္သုခ
စစ္မႈထမ္းရသည္။ ထိုအခ်ိန္က သူ႔
အသက္မွာ (၁၆) ႏွစ္အ႐ြယ္သာရွိေသး
သည္။ ျမန္မာျပည္စစ္မ်က္ႏွာသို႔
အဂၤလိပ္တပ္မ်ားႏွင့္အတူ လိုက္ပါခဲ့ရ
ၿပီး တိုက္ပြဲေပါင္းမ်ားစြာ တိုက္ခိုက္ခဲ့ရ
သည္။
ဂ်ပန္မ်ား ျမန္မာျပည္မွ စစ္ရႈံး၍ ဆုတ္ခြာထြက္ေျပးရေသာအခါ ျမန္မာ ျပည္၌ တပ္စြဲထားေသာ အဂၤလိပ္ လက္ ေအာက္ခံ စစ္တပ္၌ က်န္ေနခဲ့သည္။ ေမာ္လၿမိဳင္ၿမိဳ႕မွမိန္းမႏွင့္အိမ္ေထာင္က်
ၿပီး တပ္စြဲထားေသာ သထုံၿမိဳ႕တပ္ရင္း၌

တာဝန္က်ေနခဲ့သည္။ သူေတာ္သုခမွာ စစ္သားဘဝျဖင့္ အိႏၵိယႏိုင္ငံသို႔ ျပန္
လည္ ေရာက္ရွိျခင္း မရွိေတာ့ဘဲ မိဘ
မ်ားကို လြမ္းဆြတ္ရင္း သတိရတိုင္း
အရက္ကို ေမ့ေနေအာင္ ေသာက္ၿပီး မူး
ေနေတာ့သည္။ အရက္ သမားဘဝ
ေရာက္သြားၿပီး စစ္တပ္အတြင္း အမိန႔္
မနာခံမႈျဖင့္ ကြာတားေခၚ တပ္တြင္း
အခ်ဳပ္ခံရၿပီး ရရွိထားေသာ ဆာဂ်င္ေခၚ
တပ္ၾကပ္ႀကီးရာထူးမွမၾကာခဏအျပစ္
ဒဏ္ေၾကာင့္ အရစ္ျပဳတ္ၿပီး တပ္သား
ဘဝျဖင့္ ေနေနရသည္။ မိသားစုမွာ
လည္း သူ႔ဒဏ္ကို မခံႏိုင္၍ထြက္ေျပး
သြားၾကေတာ့သည္။ ေန႔စဥ္ အရက္မူး ရန္ျဖစ္၍ သူ႔တပ္စိတ္မွ အရာခံဗိုလ္ႀကီး က ႐ိုက္ႏွက္ဆုံးမရသည္။ ထိုအရာခံဗိုလ္ႀကီးမွာ သူ႔ကို ႐ိုက္ ၿပီးတစ္ေနရာသြား၍ ငိုရသည္မွာေန႔စဥ္ ျဖစ္သည္။အထက္အမိန႔္ကိုနာခံရသည့္ စစ္သားတို႔ ထုံးစံအတိုင္း ႐ိုက္ရဖန္မ်ား
၍ သူေတာ္သုခကို သနားေနမိသည္။
သူေတာ္သုခမွာ မိသားစုတြင္ သားတစ္
ေယာက္၊ သမီးတစ္ေယာက္ရေနေသာ္
လည္းအရက္သမားဘဝျဖင့္မိသားစုက
စြန႔္ခြာထြက္ေျပးသြား၍ လိုက္ရွာေသာ္
လည္းရွာမေတြ႕ျဖစ္ေနသည္။ထိုျဖစ္စဥ္

မ်ားေၾကာင့္ ေန႔စဥ္ အရက္မေသာက္ရ
မေနႏိုင္ျဖစ္ၿပီးမူးလြန္း၍တာဝန္ဝတၱရား
မ်ားလိုက္နာမႈပ်က္ကြက္လွသည္။တစ္
ေန႔တြင္ တပ္တြင္းအရက္မူး ရန္ျဖစ္၍
သူေတာ္သုခကို ႐ိုက္ႏွက္ဆုံးမရန္ တာ
ဝန္က်လာသည္။ အရာခံဗိုလ္ႀကီးက
ေၾကာက္လန႔္ေစရန္ တပ္စိပ္တစ္စိပ္၊
စစ္သား(၁၁)ေယာက္ကိုစစ္ခါးပတ္မ်ား
ျဖင့္တစ္ေယာက္တစ္ခ်က္႐ိုက္ရန္စီစဥ္
ေတာ့သည္။စစ္သား(၁၁)ေယာက္႐ိုက္
အားျဖင့္ သူေတာ္သုခ ေသသြားႏိုင္
သည္။မူးမူး႐ူး႐ူးျဖင့္အ႐ိုက္ခံရန္အသင့္
ျပင္ထားေသာ သူေတာ္သုခကို အရာခံ
ဗိုလ္ႀကီးက သနား၍ လတ္လတ္ဆတ္
ဆတ္ ေခ်းပုံမွေခ်းကို တုတ္ျဖင့္ တစ္ ေကာ္၊ ေကာ္လိုက္ၿပီး ေခ်းစားမလား၊ အ႐ိုက္ခံမလားေမးရာ သူေတာ္သုခက တုတ္ျဖင့္ ေကာ္ထားေသာ ေခ်းကိုယူ၍
စားျပလိုက္ေလသည္။
ေနာက္တစ္ေန႔နံနက္တြင္တပ္ရင္း ႐ုံးေခၚ၍သူေတာ္သုခကိုစစ္တပ္မွထြက္
စာတင္ခိုင္းၿပီး ထြက္ခြင့္ေပးလိုက္ေတာ့ သည္။ အရပ္သားဘဝျဖင့္ မိသားစုကို ရွာေဖြေသာ္လည္းနယ္တကာအႏွံ႔လိုက္ ရွာသည့္တိုင္ ရွာမရ၍ သထုံၿမိဳ႕ျပန္လာ ၿပီး ေနမိႏၵရေတာင္ေျခ ဘုန္းေတာ္ႀကီး

ေက်ာင္းကပၸိယအျဖစ္ ေနထိုင္ေတာ့
သည္။ ဘုန္းေတာ္ႀကီးမွ ျမန္မာစာမေရး
တတ္ မဖတ္တတ္ေသာ္လည္း ရတနာ
ေ႐ႊခ်ိဳင့္ဘုရားရွိခိုးကို ႏႈတ္တိုက္ သင္
ေပးား၍ ဘုရားစာ တရားစာမ်ားကို
အလြတ္ရေနေတာ့သည္။ ဂႏၶာရီ ဝိဇၨာ
စခန္းလွည့္ေနေသာ ကိုရင္မဲႀကီး သူ
ေနထိုင္ရာ ဘုန္းေတာ္ႀကီးေက်ာင္းသို႔
ေရာက္လာစဥ္ေက်ာင္းထိုင္ဆရာေတာ္
က ကိုရင္မဲႀကီးထံ တပည့္အျဖစ္ အပ္
ေပးလိုက္ေလသည္။ ကိုရင္မဲႀကီးမွာ
သကၤန္းအမည္းႀကီးကို႐ုံထား၍သူေတာ္
သုခက ကိုရင္မဲႀကီးဟု စတင္ေခၚရာမွ အမည္တြင္သြားျခင္းျဖစ္သည္။ UV
ကိုရင္မဲႀကီးက သစၥာရွိတပည့္တစ္ ဦးကို ရွာေဖြေနရာမွ သူေတာ္သုခကို ေတြ႕ျမင္ၿပီးေက်ာင္းထိုင္ဆရာေတာ္က တပည့္အျဖစ္ အပ္ႏွံမႈကို လက္ခံၿပီး သူ
ေနထိုင္ရာ ေကလာသေတာင္သို႔ ေခၚ
သြားေတာ့သည္။ေကလာသေတာင္မွာ
ျမင့္မားလြန္း၍ မိုးရာသီအခ်ိန္၌ ေတာင္ ေပၚမွ ေတာင္ေအာက္သို႔ ဆြမ္းခံႂကြရန္ ခက္ခဲလြန္း၍အလႉခံရရွိေသာ ဆန္၊ ဆီ၊ ဆားတို႔ျဖင့္ ကိုယ္တိုင္ခ်က္ျပဳတ္ စား

ေသာက္ရေတာ့သည္။ ကိုရင္၏ က်င့္
ဝတ္မွာ (၁၀) ခ်က္သာရွိ၍ ကိုယ္တိုင္
ခ်က္ျပဳတ္စားေသာက္ရာ၌ အာပတ္
သင့္ျခင္း မရွိေတာ့ေခ်။ ကိုရင္မဲႀကီးမွာ
အသက္ (၁၀၀)ခန႔္ရွိၿပီျဖစ္ၿပီး ေျမ
ေလွ်ာက္ဝိဇၨာတစ္ဦးအျဖစ္ ေပါက္
ေရာက္ေနသည္ကို သူေတာ္သုခ သိရွိ
လာရသည္။ ကြၽန္ကုလား၊ မယားေတာ
သူဆိုသည့္အတိုင္း ဆရာ့ဝတ္ႀကီး၊ဝတ္
ငယ္ကို သူေတာ္သုခ အလိုက္သိတတ္
စြာေဆာင္႐ြက္ေပးႏိုင္သည္။ ကိုရင္ႀကီး
၏ ဖို (အဂၢိရတ္) ပညာ အင္း၊ ေဆး
အတတ္ပညာမ်ားကို သူေတာ္သုခ ႏွစ္
ေပါင္းမ်ားစြာ တပည့္ခံ၍ သင္ယူတတ္
ေျမာက္ထားသည္။ ကိုရင္မဲႀကီးသည္
သမထအက်င့္ ၿပီးေျမာက္၍ ဝိပႆနာ
အက်င့္ျဖင့္ ဓမၼဝိဇၨာဓိုရ္လမ္းကူးေျပာင္း
ရန္အခ်ိန္က်လာခ်ိန္သုသာန္ဓူတင္မ်ား
လွည့္လည္ၿပီး က်င့္ႀကံအားထုတ္၍
မကြၽတ္မလြတ္ေသာ တေစၦ၊ သရဲ၊
သဘက္မ်ားကို ကြၽတ္တမ္းဝင္ေစရန္
လုပ္ကိုင္ေပးေနရျခင္း ျဖစ္သည္။ သူ
ေတာ္သုခ အာနပါနကမၼ႒ာန္း ရႈမွတ္
ေနရာမွ သတိစိတ္ေလး ဝင္လာမိ
သည္။

မိုးေကာင္းကင္ကိုေမာ့ၾကည့္လိုက္ ေတာ့ခုနစ္စင္ၾကယ္ေျပာင္အၿမီးေထာင္
ေနေလၿပီ။ သဘက္ျဖဴႀကီးက တရႉးရႉး
ျဖင့္ ေဟာက္သံေပးတုန္းရွိေသးသည္။
အုတ္ဂူေပၚ၌ သုသာန္ဓူတင္ဝင္ေနေသာ
ဆရာျဖစ္သူကိုရင္မဲႀကီးသတိေပးစကား
လွမ္းေျပာရသည္။“ဆရာသခင္ ခင္ဗ်ား
ခုနစ္စင္ၾကယ္ေျပာင္ အၿမီးေထာင္ေန
ပါၿပီ”
ကိုရင္မဲႀကီးက ဓူတင္အက်င့္မွ ထ
လိုက္သည္။ ထိုအခ်ိန္တြင္ ေနမိႏၵရ
ေတာင္ေျခအနီးရွိ ႐ြာမ်ားမွ ေခြးမ်ား
ဆြဲဆြဲငင္ငင္အူသံႀကီးကိုၾကက္သီးထ၍
ေၾကာက္ခမန္းလိလိၾကားလိုက္ရသည္။
သာမန္လူသားဆိုလွ်င္သခ်ႋဳင္းကုန္းႀကီး
ထဲကထြက္ေျပးမည္မွာ ေသခ်ာသည္။
ကိုရင္မဲႀကီးက သဘက္ႀကီးရွိရာ ဇရပ္
ႀကီးေရွ႕သြား၍ သဘက္ျဖဴႀကီးကို ကိုင္
ထားေသာေတာင္ေဝွးျဖင့္ထိုးၿပီးထခိုင္း
လိုက္သည္။ သူေတာ္သုခ သခ်ႋဳင္းကုန္း
မ်ားစြာ သုသာန္ဓူတင္ က်င့္ထား၍သာ
ထြက္မေျပးျခင္းျဖစ္သည္။
ဇရပ္ႀကီးထဲမွ ထြက္ေပၚလာေသာ သဘက္ႀကီးမွာ မ်က္လုံးႏွစ္လုံးက လင္ ကြင္းပမာဏရွိၿပီး ဦးေခါင္းႀကီးမွာ စပါး ထည့္ေသာပုတ္ႀကီးေလာက္ႀကီးသည္။

ႏွာေခါင္းမွ အေပါက္ႀကီးႏွစ္ေပါက္မွာ
အုန္းသီးလုံးခန႔္ရွိေနၿပီး ပါးစပ္ေပါက္
မွာလည္း လူႀကီးတစ္လံခန႔္ ရွိသည္။
သဘက္ႀကီးအိပ္ေနစဥ္ကအျဖဴလုံးႀကီး
ျဖစ္ေနသည္မွာ သူ႔နား႐ြက္ႀကီး ကို ၿခဳံ၍
အိပ္ေနျခင္းေၾကာင့္ မ်က္ႏွာကို မျမင္ရ
ျခင္း ျဖစ္သည္။
ပါးစပ္မွ ထြက္က် ေနေသာ လွ်ာ ႀကီးမွာ ေလးေပခန႔္ ရွိသည္။ ကိုယ္လုံး
ႀကီးႏွင့္ လက္မ်ားမွာ ႀကီးမားလွၿပီး ဗိုက္
ႀကီးမွာလည္းဝမ္းေခါင္းက်ယ္စူစူႀကီးျဖင့္
ေဖာင္းကားေနသည္။ ေျခႏွစ္ေခ်ာင္း
ကား ထန္းပင္လုံး ပမာဏရွိၿပီး အရပ္
အျမင့္မွာလည္း ထန္းပင္ေလာက္ ျမင့္
မားေနသည္။ သဘက္ႀကီး၏ ကိုယ္လုံး
သဏၭာန္မွာ ကမၼဇိဒၶိအစြမ္းျဖင့္ ဖန္ဆင္း
ထားျခင္း ျဖစ္သည္။ ကိုရင္မဲႀကီးကို
လက္ႏွစ္ဖက္ျဖင့္ ေပြ႕ခ်ီၿပီး သခ်ႋဳင္းကုန္း
အျပင္ဘက္သို႔ သြားခ်ထားသည္။
သဘက္ႀကီး ေျခနင္းဒဏ္ ေၾကာင့္
သခ်ႋဳင္းေျမသည္တုန္ခါေနသည္။စည္း
ဝိုင္းအတြင္းမွသူေတာ္သုခဘုရားတရင္း
သမၺဳေဒၶဂါထာႀကီးကိုစိတ္ထဲက႐ြတ္ေန
မိသည္။ သူ႔ေရွ႕မွ ျဖတ္ေလွ်ာက္လာၿပီး
သူ႔ကိုငုံ႔ၾကည့္၍ဘာမွမလုပ္ဘဲဇရပ္ေပၚ
ျပန္တက္၍ သူ႔နား ႐ြက္ႀကီး ၿခဳံၿပီး အိပ္

ေနျပန္သည္။ ကိုရင္ မဲႀကီးက ဒုတိယ အႀကိမ္ သဘက္ႀကီးကို ေတာင္ေဝွးျဖင့္
ထိုး၍ထခိုင္းရာ ကိုရင္မဲႀကီးကို ေပြ႕ခ်ီၿပီး
သခ်ႋဳင္းအျပင္ဘက္သို႔ သြားခ်ကာ ဇရပ္
ေပၚတက္အိပ္ေနျပန္သည္။ တတိယ
အႀကိမ္၌လည္း ကိုရင္မဲႀကီးကို သခ်ႋဳင္း
အျပင္သို႔ မခ်ီသြားၿပီး ခ်ထား၍ ျပန္လာ
ၿပီး ဇရပ္ေပၚတက္အိပ္ေနျပန္သည္။ ထို
ျမင္ကြင္းကား သာမန္လူသားဆိုလွ်င္
ဝိညာဥ္လိပ္ျပာ လြင့္စဥ္ထြက္သြား
ေလာက္သည္။ ကိုရင္မဲႀကီးကလည္း
မေလွ်ာ့ေသာ ဇြဲသတၱိျဖင့္ သဘက္ႀကီး
ကို မႏိုးေတာ့ဘဲ ဇရပ္ႀကီးေရွ႕၌ ထိုင္ၿပီး ကုသိုလ္၊ အကုသိုလ္တရားမ်ား ေဟာ ၾကားေနသည္။ သဘက္ႀကီးမွာ တရား ကို နားစိုက္ေထာင္ျခင္းမျပဳဘဲ ေဟာက္ သံေပး၍ အိပ္ဟန္ေဆာင္ေနသည္။ အခ်ိန္အားျဖင့္ တစ္နာရီခန႔္ ၾကာသြားၿပီ
ျဖစ္သည္။

ကိုရင္မဲႀကီးက ေကာင္းကင္သို႔ ေမာ့ၾကည့္လိုက္သည္။ ေကာင္းကင္ျပင္ ၌ ထူးဆန္းေသာ ေရာင္ျခည္မ်ား လင္း လက္လ်က္ရွိသည္။တန္ခူးလဆန္း(၁)

ရက္ေန႔ အခ်ိန္အခါ ဝင္ေရာက္သြားၿပီ ျဖစ္သည္။ ကိုရင္မဲႀကီးက သူေတာ္သုခ ကိုလွမ္းေျပာလိုက္သည္။
“သူေတာ္ေရ-ငါ့သည္းခံမႈေမတၱာ စိတ္နဲ႔ မရေတာ့ဘူး။ မင္း အစြမ္းျပေပ ေတာ့။ရတနာေ႐ႊခ်ိဳင့္ဂါထာနဲ႔စက္ပရိတ္ ေတာ္ (၁၃) ခ်က္႐ြတ္ေပေတာ့”
သူေတာ္သုခရတနာေ႐ႊခ်ိဳင့္ပရိတ္
ေတာ္ကို ႐ြတ္ဆိုလိုက္သည္။ (ရတနာ ေ႐ႊခ်ိဳင့္ ဂါထာပါဠိႏွင့္ အနက္မွာ ဆယ္ ေစာင္တြဲစာအုပ္၌ ပါရွိပါသည္။
စာေရးသူ)
သူေတာ္သုခရတနာေ႐ႊခ်ိဳင့္ဂါထာ
ႀကီး ႐ြတ္ဆိုပူေဇာ္အၿပီး၌ သဘက္ျဖဴ ႀကီးသည္အသံနက္ႀကီးျဖင့္ေအာ္လိုက္
သည္။ ဇရပ္အေပၚမွေနကာ သခ်ႋဳင္းေျမ
ေပၚဆင္းၿပီးလူးလွိမ့္ေနသည္။ ကိုရင္မဲ
ႀကီးက သရက္ျဖဴႀကီးနားမွ ဝါးတစ္႐ိုက္
အကြာသို႔ ဆုတ္ခြာေနလိုက္ၿပီးေကာင္း
ကင္ကိုၾကည့္၍ ဘုရားဂုဏ္ေတာ္ႏွင့္ဓမၼ
စက္မ်ား၊ သံဃာဂုဏ္ေတာ္တို႔ကို႐ြတ္ဆို
ေနသည္။ သူေတာ္သုခသည္ ရတနာ
ေ႐ႊခ်ိဳင့္ကို ဒုတိယအႀကိမ္ ႐ြတ္ဆိုလိုက္ သည္။ သဘက္ျဖဴႀကီး၏ေၾကာက္လန႔္ တၾကား ေအာ္သံကား ငါးဘတ္ေခ်ာင္း သခ်ႋဳင္းေျမတစ္ျပင္လုံးတုန္လႈပ္ေန

သည္ထင္ရသည္။ေခါင္းႀကီးကိုယ္ေသး
တေစၦမ်ား၊ အ႐ိုးေျခာက္သရဲမ်ား၊ ဆံပင္
ဖားလ်ားခ်လ်က္ မိန္းမသရဲမ်ား၊ သူ
ေတာ္သုခ စည္းဝိုင္းအနီးအပါး လာ
ေရာက္ေျခာက္လွန႔္ရင္း ေျပးလႊားသံ
မ်ား၊ ဆူညံေနၾကသည္။ အခ်ိန္ကာလ
အားျဖင့္လည္း ညဥ့္ (၂)နာရီသို႔ေရာက္
လာသည္။ သူေတာ္သုခအား ကိုရင္မဲ
ႀကီးက တတိယအႀကိမ္ ရတနာေ႐ႊခ်ိဳင့္
ဂါထာ ႐ြတ္ခိုင္းလိုက္သည္။ သူေတာ္
သုခသည္ရတနာေ႐ႊခ်ိဳင့္ဂါထာ႐ြတ္ရ၍
ေမာဟိုက္ေနသည္။ နဖူးမွ ေခြၽးမ်ား ျပန္
လာသည္။ သဘက္ျဖဴႀကီးမွာေျမေပၚ၌
ဘယ္၊ ညာလူးလွိမ့္ရင္း အသံၿပဲႀကီးျဖင့္
ၿဖဲေအာ္ေနသည္။ ကိုရင္မဲႀကီးသည္
ေကာင္းကင္သို႔ စူးစိုက္ၾကည့္လိုက္
သည္။

ေကာင္းကင္ တစ္ခုတြင္ ၾကယ္ ေလးမ်ားေပ်ာက္ကြယ္ေနၿပီးအနီေရာင္ ေရာင္စဥ္တန္းႀကီးက အထင္းသားေပၚ လာသည္။ကိုရင္မဲႀကီးျပဳသမွ်ကုသိုလ္
မ်ား၊ အဓိ႒ာန္ပါရမီမ်ား၊ သစၥာျပဳတိုင္ တည္လိုက္ရင္း ေျမႀကီးကို ဖေနာင့္ျဖင့္

သုံးခ်က္ခပ္ျပင္းျပင္းေဆာင့္လိုက္
သည္။
“ဆိုင္ရာပုဂၢိဳလ္မ်ား အထက္ဆရာ ႀကီးမ်ား၏အမိန႔္အာဏာျဖင့္ လူအမ်ား
ကို အႏၲရာယ္ျပဳေနေသာ သခ်ႋဳင္းေစာင့္
သဘက္ႀကီးကို ေနရာေျပာင္းေ႐ႊ႕ရန္
ကြၽႏ္ုပ္ ေဆာင္႐ြက္ေနသည္။ သင္တို႔
ကူညီၾကေပါ့”
ကိုရင္မဲႀကီး၏႐ြတ္ဆိုသံအၿပီးအနီ ေရာင္၊ေရာင္စဥ္တန္းႀကီးေပ်ာက္ကြယ္
သြားၿပီး ဖ်ိဳးဖ်ိဳးေဖ်ာက္ေဖ်ာက္ႏွင့္ မီးရႉး မီးပန္းမ်ားေပါက္ေပါက္ႀကဲသလိုျမည္သံ
ႏွင့္ ေပၚလာသည္။ တစ္ခ်ိန္တည္းမွာပင္
ျမင္းခြာသံမ်ား၊ စစ္သည္ေတာ္မ်ား၏
ေႂကြးေၾကာ္သံမ်ား၊ ပုံရိပ္မ်ား၊ ေကာင္း
ကင္ျပင္၌ ေပၚလာၾကသည္။ သူေတာ္
သုခသည္ အံ့ဩႀကီးစြာ ျမင္ေတြ႕ ေနရ သည္။ ဘုရင္မင္းျမတ္ႀကီးစီးေသာ ျမင္း
ေျခာက္ေကာင္ဆြဲေသာကႀကိဳးတန္ဆာ
ႏွင့္ အလံမ်ား စိုက္ထူထားေသာ ရထား
လုံးတစ္စင္း၊ရထားေနာက္မွာေမာက္တို
ေမာက္ရွည္ႏွင့္ လုံကိုင္ဓားကိုင္ ေရွးျမန္
မာစစ္သည္မ်ား၊ရထားလုံးအတြင္းေဘး
ျပတင္းေပါက္မွ ဘုရင္တစ္ပါး ပုံရိပ္က
ေခါင္းျပဴထြက္လာၿပီး ေအာက္သို႔
ငုံ႔ၾကည့္လိုက္သည္။ ကိုရင္မဲႀကီးက

“အသင္မႏူဟာ ဘုရင္၊ အသင္၏ ငယ္ ကြၽန္ႀကီးကို ေခၚသြားေလာ့”
ဟုေအာင္ျမင္ ခံ့ညားလွသည့္ ကိုရင္မဲႀကီး၏ ေျပာသံအဆုံး ဘဘက္ ျဖဴႀကီးလူးလွိမ့္ေနရာက ေအာ္သံႀကီး
ျဖင့္ မတ္တတ္ထရပ္လိုက္သည္။ ထို
သဘက္ႀကီးသည္ အခိုးအေငြ႕သဏၭာန္
အျဖဴတန္းႀကီး ျဖစ္သြားၿပီး ဘုရင္စစ္
သည္ေတာ္မ်ားေနာက္မွ လိုက္ပါသြား
ေတာ့သည္။
သူေတာ္သုခရွိေနသည့္ စည္းဝိုင္း အျပင္ဘက္၌ သခ်ႋဳင္းကုန္းရွိတေစၦ၊ သရဲ မ်ား ဝိုင္းရံေနၾကသည္။ ကိုရင္မဲႀကီး

“သူေတာ္ေရ – စက္ႀကီးဆယ့္သုံး
ပါး ႐ြတ္ေပေတာ့”
သူေတာ္သုခက ….
“ေအာင္တစ္ရာ့ရွစ္ကြက္ ဗုဒၶစက္၊
တစ္ဆယ့္ေလးခ်က္ဓမၼစက္။တစ္ဆယ့္
ရွစ္ခ်က္သံဃာ့စက္။လေရာင္ဝင္းလ်က္
ရွင္ပေစၥကဗုဒၶစက္။ ျမင္းမိုရ္ေတာင္ဦး၊
ျမင့္ေခါင္က်ဴးလ်က္၊ မိဘစက္။ ဂုဏ္
ေက်းဇူးအထူးသိလ်က္ ဆရာ့စက္၊
မိုးႀကိဳးလက္နက္ သိၾကားစက္။ ေလာင္
မီးက်လ်က္ နတ္တို႔စက္။ ဘြဲ႕ျဖဴလက္
နက္၊ ဘီလူးစက္။ ေတာင္ဟုန္ျပင္းလ်က္

ဂဠဳန္မင္းစက္။ အာခံတြင္းက ဝင္းဝင္း
ေတာက္လ်က္ နဂါးစက္။ သုံးေထာင္
သခ်ၤာေဟဝႏၲာ၊အာဏာစိုးလ်က္ သီဟ
စက္။ စက္ႀကီးတစ္ဆယ့္သုံးပါး၊ ႐ြတ္သံ ၾကားက၊ ေဘးမ်ားအစု၊ မေကာင္းမႈတို႔ ေဝးကၾကဥ္ေရွာင္၊ ေအာင္ေစတတ္ သည္၊ ျမတ္ဆရာတည္း” သူေတာ္သုခမွာစက္ႀကီးတစ္ဆယ့္
သုံးပါး ႐ြတ္အၿပီး ပုပုကြကြ ေခါင္းႀကီး
ကိုယ္ေသး တေစၦသရဲတို႔သည္ ဝုန္းဝုန္း
ဒိုင္းဒိုင္းႀကဲလ်က္ ထြက္ေျပးကုန္ၾက
သည္။ကိုရင္မဲႀကီးေရွ႕သို႔ဦးထုပ္အနီပတ္
ေဆာင္းထားေသာ သရဲေခါင္းေဆာင္
ေရာက္လာသည္။
“ဆရာသခင္ – ကြၽန္ေတာ္တို႔ကို
ခ်မ္းသာေပးပါ”
“မင္းေကာင္ေတြကို ေခၚလိုက္၊ ငါ
တရားေဟာမယ္”
“ေခၚေပးပါမယ္ – အခ်ိန္သိပ္မရ
ေတာ့ပါ။အ႐ုဏ္တက္ခ်ိန္မွာကြၽန္ေတာ္

တို႔ ပုန္းကြယ္ၾကရေတာ့မွာပါ”
ကို ရင္မဲႀကီး ေဟာၾကားေသာ တရားနာရန္ က်န္ေတာ့သည္။ ဖုတ္၊ တေစၦ၊ သရဲမ်ားတရားနာအၿပီး ေနမိႏၵရ ေတာင္ေျခရွိဘုန္းႀကီးေက်ာင္းမွကုလား တက္ေခါက္သံ ေပၚလာသည္။ ကပၸိယ ႀကီး ဆြမ္းခ်က္ခ်ိန္ ေရာက္ၿပီျဖစ္သည္။
ဖုတ္၊ၿပိတၱာ၊သရဲမ်ားလည္းကြယ္ေပ်ာက္
ကုန္ၾကသည္။ ကိုရင္မဲႀကီးက ……
“တာဝန္တစ္ခုေတာ့ ၿပီးသြားျပန္ ၿပီ – သူေတာ္ေရ။ တို႔ ပါရမီစခန္းေတြ
ျဖည့္ရမွာေတာ့ အမ်ားႀကီးပါပဲ။ သခ်ႋဳင္း
ကုန္းကေန မထြက္မီ ထြက္ခြာၾကရ
ေအာင္”
ေျပာေျပာဆိုဆို ငါးဘတ္ေခ်ာင္း သခ်ႋဳင္းကုန္းႀကီးထဲမွ ဆရာတပည့္ႏွစ္ ဦးထြက္ခြာခဲ့ၾကေတာ့သည္။
သိန္းထြန္းသစ္