သူများမကောင်းကြံကိုယ်ပြန်ခံ(စ/ဆုံး)

Unicode Version

သူများမကောင်းကြံကိုယ်ပြန်ခံ(စ/ဆုံး)
———————————————-
“မဆိုးပါဘူး ဒီဈေးနဲ့ဒီလိုပစ္စည်းကောင်းရတာ
တန်ပါတယ် သားရာ”
“လိုင်စင်လည်းတစ်ခါတည်းပါပြီးသား
ဆိုတော့ဟန်ကျတာပေါ့ အဖေရာ
ဒါကြောင့်သားလည်းတုံ့ဆိုင်းမနေပဲ
ဝယ်လိုက်တာ”
“မင်းဆိုင်ကယ်ကခရီးဝေးလည်း
သွားလို့ကောင်းတော့ အမျိုးတွေဆီ
အလည်သွားရင်ပူစရာမလိုတော့ဘူးပေါ့
သားရယ်”
“ဟုတ်တယ်အမေရ
ကိုယ့်မှာရှိတော့ ဘယ်သူ့မှအောက်ကျို့
နေစရာမလိုတော့တာပေါ့ဗျာ”
ဒေါ်စိုးစိုး၊ဦးတင်လေး၏သား
ကိုစိုးအောင်တစ်ယောက် မိမိကိုယ်ပိုင်
ဝင်ငွေလေးဖြင့်ဆိုင်ကယ်တစ်စီးဝယ်
လာခြင်းဖြစ်သည်။
“အမေ ဟိုဘက်အိမ်က
ကိုစိုးအောင်ဆိုင်ကယ်ဝယ်လာတာ
ထင်တယ်”
“သမီးရယ် ဘာအထင်ကြီးစရာရှိလဲ။
ဈေးပေါပေါနဲ့အချောင်ရလို့ဝယ်လာတဲ့
အဟောင်းကြီးကိုများ လူအထင်ကြီးအောင် ထုတ်ကြွားပြနေတာ”
“ဟုတ်ပါ့ အမြင်ကိုကပ်လိုက်တာ
သူတို့မှဝယ်စီးနိုင်တာကြနေတာပဲ”
“ဟွန်း”
“သမီးရယ် အဲ့ဒီမိသားစုက
အမေတို့ကိုလိုက်ပြိုင်နေတာ
သူတို့အဆင့်နဲ့များ ရယ်တောင်ရယ်ချင်သေး”
“ဟုတ်ပါ့ သူတို့တစ်စီးဝယ်နိုင်ရင်
သမီးတို့ကဆယ်စီးထိဝယ်နိုင်တယ်
ဆိုတာသူတို့မှမသိပဲကိုး ဟင်းဟင်း”
ဘေးအိမ်မှဒေါ်သီတာနှင့်သမီးဖြစ်သူ
မကြည်ပြာတို့ ကိုစိုးအောင်ဆိုင်ကယ်
သည့်အပေါ်မနာလိုမရှုစိတ်ဖြစ်ကာ
ပြောဆိုနေကြခြင်းဖြစ်သည်။
================
နောက်တစ်နေ့ မနက်စောစော
ကိုစိုးအောင်တစ်ယောက်အလုပ်
သွားရန်ပြင်ဆင်နေသည်။
“သားထမင်းချိုင့်မေ့နေဦးနော်”
“မမေ့ပါဘူး အမေရဲ့ ”
“အေးပါ ဆိုင်ကယ်ကို ဂရုစိုက်ပြီးမောင်းသွားဦးသား”
“အင်းပါအမေရဲ့”
“သွားပြီအမေရေ အဖေသွားပြီနော်”
“အေး သား”
“ဖြည်းဖြည်းမောင်း ငါ့သား”
“ဟုတ်အဖေ”
“ဘွန်း ဘူး ဘူး”
“ဝူး ဝူး”
“တီတီ”
ကိုစိုးအောင်လည်း ဆိုင်ကယ်အား
ပုံမှန်အတိုင်းမောင်းပြီးအိမ်ထဲမှ
ထွက်လာခဲ့သည်။
ဒေါ်သီတာတစ်ယောက်အိမ်ရှေ့ ၌
တံမြက်စည်းလှည်းနေလေသည်။
ကိုစိုးအောင်လည်း ဒေါ်သီတာနှင့်
လွတ်အောင်မောင်းလိုက်သည်။
“ဟဲ့…ဘယ်လိုစီးနေတာလဲ၊
လူတစ်ယောက်လုံးကိုမမြင်ဘူးလား”
“ဟ အလွတ်ကြီးလေဗျာ
ခင်ဗျားနဲ့အဝေးကြီးထိတောင်မထိပဲနဲ့
အသားလွတ်လာကောနေတယ်”
“အံမယ် အံမယ် မနေ့တစ်နေ့ကမှ
ဆိုင်ကယ်စီးနိုင်တဲ့ကောင်ကများ
မာရေကျောရေနဲ့ ထိရဲထိကြည့်
တိုက်ရဲတိုက်ကြည့်လိုက်လေ သီတာ
အကြောင်းသိသွားမယ် ဟင်းဟင်း”
“အမေ ဘာဖြစ်တာလဲ”
ဒေါ်သီတာသမီးမကြည်ပြာ
အိမ်ထဲမှထွက်လာပြီးမေးလိုက်ခြင်း
ဖြစ်သည်။
“ဘာဖြစ်ရမလဲ သမီးရယ်
မနေ့တစ်နေ့ကမှ ဆိုင်ကယ်စီးနိုင်တဲ့
လူတွေပေါ့အေ၊ဆိုင်ကယ်ကိုမိုးမမြင်
လေမမြင်မောင်းလို့ အမေကပြောနေရတာ”
“ဘာမိုးမမြင်လေမမြင်လဲဗျ
ခင်ဗျားအသားကိုထိတောင်ထိမိတာ
မဟုတ်ဘူး။
လူကြီးဖြစ်ပြီးစကားကို လူကြီးပီပီသသ
ပြောစမ်းပါ ဒေါ်သီတာရာ”
“အံမယ် နင်ကငါ့အမေကိုများ
လူကြီးမပီသဘူးလေးဘာလေးနဲ့
နင်ကဘာစောက်ဆင့်ရှိလို့လဲ
အကောင်ရဲ့ နင့်လိုဆိုင်ကယ်အစုတ်ကို
ငွေနဲ့ပေါက်ပြီးမီးရှို့လိုက်လို့ရတယ်
ဆိုတာသဘောပေါက် ”
“ဟိတ် နင်တို့သားအမိငါ့သားကို
လက်ညှိုးတထိုးထိုးနဲ့ ဘာလုပ်တာလဲ။
နင်တို့ပြောသမျှငါ့အိမ်ဘက်ကနေ
အားလုံးကြားတယ်။
ဘယ့်နှယ့်တော် သူများဝတ်နိုင်စားနိုင်ရင်မနာလိုဝန်တို
ဖြစ်နေလိုက်ကြတာ အံ့ပါရဲ့”
“မိန်းမ တော်တော့ သူတို့နဲ့
တုပြီးဖြစ်မနေနဲ့”
“မတုလို့်မရဘူး ယောကျ်ား
ဒီလိုဟာတွေကဒီလိုပြောမှ
တော်ကာကြလိမ့်မယ်”
“ငါတို့ကမနာလိုစရာ ဘာအကြောင်းမှ
မရှိဘူး၊နင့်တို့သားစီးတဲ့ ဆိုင်ကယ်မျိုး
အသစ်ဂျက်ချွတ်ဆယ်စီးတောင်
ဝယ်နိုင်တယ်ဆိုတာ မှတ်ထားလိုက်”
“ညည်းတို့ချမ်းသာတာလူတိုင်းသိ
ပိုက်ဆံချမ်းသာသလောက်
ညည်းတို့အောက်တန်းကျတာလည်း
လူတိုင်းအသိပဲဟေ့ မိသီတာရေ”
“ဒီမယ် အဖွားကြီး ကျုပ်အမေကိုများ
အောက်တန်းကျသလေးဘာလေးနဲ့။
ရှင်တို့လိုအောက်တန်းစားမဟုတ်ဘူး
ဆိုတာမြဲမြဲမှတ်ထား ”
“ဟား ဟား ဟား
ရယ်တောင်ရယ်လိုက်ချင်သေးရဲ့
မိကြည်ပြာရယ် ညည်းတို့က
လူတစ်ယောက်အဆင့်အတန်းကို
ဘာနဲ့တိုင်းတာကြသလဲ။
ငါတို့ကတော့ လူ့အဆင့်အတန်းကို
စိတ်ဓာတ်နဲ့ပဲတိုင်းတာတတ်တာအေ့
ညည်းတို့လိုငွေမြင်ရင်သွားရေတများများ
ကျပြီးငတ်ငတ်ထိုးနေတာတော့
မဟုတ်ဘူးအေ့”
“အံမယ် ဒင်းကများလူပါးဝလို့
ငါ့အကြောင်းကောင်းကောင်းသိမယ်
မိစိုးစိုးရေ နင့်ဘဝနင့်ခန္ဓာပျက်စီးစေရမယ်”
“လာသမီးအိမ်ထဲသွားမယ်”
“သားကိုယ့်အလုပ်ကိုသွားတော့”
“ဟုတ်အမေ”
“ဘူး ဘူး ဝူး”
ကိုစိုးအောင်လည်းဆိုင်ကယ်ကို
မောင်းကာထွက်သွားလေသည်။
ဒေါ်စိုးစိုးနှင့်ဦးတင်လေးလည်း
အိမ်ထဲဝင်လာခဲ့ကြသည်။
“လူတွေများနော် ကိုယ့်ထမင်းကိုယ်စားပြီးမနာလိုမရှုစိမ့်
တွေဖြစ်နေလိုက်ကြတာ အံ့ပါရဲ့”
“ပြောမနေပါနဲ့မိန်းမရာ
သူတို့အကြောင်းတစ်ရပ်ကွက်လုံး
သိနေတာပဲ။
ဘယ်သူဘာဆိုတာအားလုံးသိပါတယ်
အကုသိုလ်အများခံပြီးပြောမနေနဲ့တော့
သူ့အကျိုးနဲ့သူသွားကြလိမ့်မယ်”
ဦးတင်လေးပြောမှဒေါ်စိုးစိုးလည်း
ဒေါသကိုဖြေလျှော့လိုက်တော့သည်။
================
ရက်တွေလတွေကြာလာခဲ့သည်။
ဒေါ်စိုးစိုးလည်းရုတ်တရက်ထပြီး
ကျန်းမာရေးကဆိုးလာခဲ့သည်။
မစားနိုင်မသောက်နိုင်တပိန်ပိန်
တလိန်လိန်ဖြစ်လာခဲ့သည်။
လူကလည်းအရိုးပေါ်အရေတင်
သကဲ့သို့ပိန်လီလာသည်။
ရေသောက်ရေအန်၊ထမင်းစားလည်းပြန်အန်သည်။
အစာရေဆာမဝင်သဖြင့် လူလည်းအားအင်ပြတ်ကာနွမ်းလျနေ
တော့သည်။
ဆေးရုံဆေးခန်းသို့ အကြိမ်ကြိမ်
ပြသပါသော်လည်းရောဂါအဖြေရှာမရပဲ
ဆေးလည်းမတိုးခဲ့ပေ။
“အမေ ဟိုဘက်အိမ်ကအဖွားကြီးတော့
တပိန်ပိန်တလိန်လိန်နဲ့သေတော့မယ်
ထင်တယ်”
“ဟင်းဟင်း သမီးမျှော်လင့်သလို
ဖြစ်လာပါလိမ့်မယ်၊လောကမှာ
ငွေပေးပြီးခိုင်းရင်ဘာမဆိုလုပ်ပေးမယ့်
သူတွေတပုံကြီးပဲသမီးရေ”
ဒေါ်သီတာတို့သားအမိနှစ်ယောက်
ယုတ်မာကောက်ကျစ်စွာပြုံးနေကြ
လေသည်။
ဒေါ်စိုးစိုး၏ကျန်းမာရေးအခြေအနေ
အားအိမ်နီးချင်းများမှမသင်္ကာဖြစ်ကာ
ဦးတင်လေးအားတီးတိုးစကားဆိုကာ
အကြံပေးကြလေသည်။
“ဦးတင်လေး ကျုပ်ခင်ဗျားကို
ပြောစရာရှိတယ်ဗျ။
ခင်ဗျားစိတ်ဆိုးလည်းမတတ်နိုင်ဘူးဗျာ
ကျုပ်ကစေတနာနဲ့ပြောမလို့ပါ”
“ကိုသိန်းကြွယ်ရယ် ခင်များနဲ့ကျုပ်က
စိတ်ဆိုးရမယ့်လူတွေလားဗျာ၊
ပြောစရာရှိတာပြောစမ်းပါ”
“ခင်များကစိတ်မဆိုးဘူးဆိုတော့
ကျုပ်ပြောပါ့မယ် အခုခင်များမိန်းမ
မစိုးစိုးကျန်းမာရေးဆိုးနေတာ
ကျုပ်တို့လည်းသိနေတာပဲ။
ဆေးရုံဆေးခန်းပြလည်းဆေးကတိုးမလာသလိုရောဂါလည်းရှာမရဘူးမလား၊
အဲဒီတော့မစိုးစိုးမှာဖြစ်နေတဲ့ဟာက
သွေးရိုးသားရိုးတော့မဖြစ်နိုင်ဘူးဗျာ။
စုန်းပညာအောက်လမ်းပညာတစ်ခုခုနဲ့
ပြုလုပ်ထားတယ်လို့ပဲထင်တယ်။
ဒါကြောင့်နားလည်တန်ကျွမ်းတဲ့
အထက်လမ်းဆရာတစ်ယောက်နဲ့
စစ်ဆေးကြည့်ရင်မကောင်းဘူးလားဗျာ”
“ကိုသိန်းကြွယ်ပြောတာ
ဖြစ်နိုင်သလို နားလည်းနားလည်ပါတယ်
ဒါပေမယ့် အဲ့ဒီလိုဆရာမျိုးကို
ဘယ်မှာသွားပင့်ရမလဲ ကျုပ်အသိတွေထဲမှာ ဒီလိုလူမျိုးမရှိဘူးဗျ”
“ဒီအတွက်တော့ဘာမှမပူနဲ့ ဦးတင်လေး
ကျုပ်မှာအသိဆရာတစ်ယောက်ရှိပါတယ်ဗျ။
သူ့နာမည်ကဆရာရွှေတဲ့လေ
အထက်လမ်းဆရာကြီးတစ်ယောက်ပဲ
သူဆေးကုနေတာနှစ်ပေါင်းအတော်
ကြာပြီဗျ။
ကျုပ်သူ့ကိုသွားပင့်ပေးလို့ရတယ်”
“ဒါဖြင့်ရင် ကျုပ်သားစိုးအောင်ကို
ခေါ်ပြီးခင်များပြောတဲ့ ဆရာရွှေကို
သွားပင့်ပေးပါလားဗျာ”
“စိတ်ချ အခုပဲသွားပင့်ပေးမယ်”
“သားရေ သား”
“ဗျာ အဖေ”
“ဦးလေးသိန်းကြွယ်ကို ဆိုင်ကယ်နဲ့
လိုက်ပို့ပေးလိုက် သူကလမ်းပြောပြ
လိမ့်မယ်”
“ဘာလဲအဖေ သားနားမလည်ဘူး”
“ပြီးကြရင် မင်းသဘောပေါက်သွားလိမ့်မယ်သား၊
အခုတော့အဖေခိုင်းသလိုဆိုင်ကယ်နဲ့
လိုက်ပို့လိုက်”
“ဟုတ်အဖေ”
ကိုစိုးအောင်လည်းဆိုင်ကယ်ထုတ်ကာ
ဦးသိန်းကြွယ်နှင့်အတူထွက်လာခဲ့သည်။
လမ်းမှာဦးသိန်းကြွယ်ကအားလုံး
ရှင်းပြသဖြင့်နားလည်သဘောပေါက်
သွားလေသည်။
ဦးသိန်းကြွယ်ကကိုစိုးအောင်အား
နောက်မှလမ်းပြပေးပြီးဆရာရွှေထံသို့
ခေါ်လာခဲ့သည်။
ပျဉ်ထောင်အိမ်ကြီးရှေ့ရောက်တော့
ဆိုင်ကယ်အားရပ်ကာအိမ်ထဲဝင်လာ
ခဲ့ကြသည်။
“ဒါဆရာကြီးအိမ်ပဲ စိုးအောင်ရ
ဆရာကြီးကအိမ်ထဲမှာရှိတယ် လာ”
“ဟုတ်”
“ဆရာကြီး ဆရာကြီးကျွန်တော်
သိန်းကြွယ်ပါ ဆရာကြီး”
“သြော် သိန်းကြွယ်ပါလားကွ။
လာဟေ့အိမ်ထဲလာ”
ဘုရားခန်းထဲမှတည်ကြည်
အေးချမ်းသောအသံဖြင့်ဖိတ်ခေါ်
လိုက်သည်။
ဦးသိန်းကြွယ်နှင့်ကိုစိုးအောင်လည်း
ဆရာကြီးရှိသည့် ဘုရားခန်းထဲဝင်လာခဲ့ကြသည်။
“မလာစဖူးအလာထူးလို့ပါလား
သိန်းကြွယ်ရ”
“မလာစဖူးအလာထူးဆို
ဟောဒီကမောင်စိုးအောင်ရဲ့မိခင်
မစိုးစိုးတစ်ယောက် အဖြေရှာမရတဲ့
ရောဂါဝေဒနာတစ်ခုကြောင့်
မစားနိုင်မသောက်နိုင် တပိန်ပိန်တလိန်လိန်ဖြစ်ပြီး စားသမျှအကုန်ပြန်အန်တယ်ဆရာ
ဆေးရုံဆေးခန်းသွားပြလည်း
ငွေသာကုန်သွားတယ် ဘာမှရေရေရာရာ
မသိရဘူးဆရာ။
ဒါကြောင့်သွေးရိုးသားရိုးဟုတ်မဟုတ်
စစ်ဆေးပေးဖို့ဆရာကြီးကို
လာပင့်ရတာပါဆရာ”
“ကောင်းပြီ ဒါဆိုဆရာကြီးလိုက်ခဲ့ပါ့မယ်”
“ကျေးဇူးတင်ပါတယ်ဆရာ
ကျွန်တော့်အမေကိုကယ်ပါဦးဆရာ”
“အောက်လမ်းအတတ်ပညာနဲ့
လုက်ထားတာမှန်တယ်ဆိုရင်
ဆရာကြီးကယ်တင်ပေးနိုင်ပါတယ်၊
ဝဋ်နာကံနာကြောင့်ဖြစ်ရတယ်ဆိုရင်တော့ဆရာကြီးလည်းမတတ်နိုင်ဘူး
လူကလေး”
“ဟုတ်ကဲ့ ဆရာ”
“ကဲသွားကြတာပေါ့”
“ဟုတ်ဆရာ”
ဦးသိန်းကြွယ်နှင့်ကိုစိုးအောင်လည်း
ဆရာရွှေအားအိမ်သို့ခေါ်ဆောင်လာ
ခဲ့ကြသည်။
“ဆရာကြီးကြွပါခင်ဗျာ”
ဦးတင်လေးကဆရာရွှေအား
မြင်တော့အိမ်ထဲသို့ဖိတ်ခေါ်လိုက်သည်။
ဆရာရွှေလည်းဘုရားခန်းရှေ့ ၌
နေရာယူပြီးဝင်ထိုင်လိုက်သည်။
“လူနာကိုဆရာ့ရှေ့ခေါ်လာခဲ့ပါ”
“ဟုတ်ဆရာကြီး”
ဦးတင်လေးတို့သားအဖလည်း
အခန်းထဲဝင်သွားကြသည်။
ဦးသိန်းကြွယ်ကတော့ ဆရာရွှေအနား
တွင်ကျန်နေခဲ့သည်။
ခဏနေတော့ အခန်းတွင်းမှ
ဒေါ်စိုးစိုးအားတွဲကာထွက်လာကြ
သည်။
ဒေါ်စိုးစိုးအားဆရာရွှေရှေ့သို့ထိုင်စေသည်
အားအင်ပြတ်လတ်နေသဖြင့်
ကောင်းကောင်းပင်မထိုင်နိုင်ချေ။
ထို့ကြောင့်ဦးတင်လေးနှင့်ကိုစိုးအောင်က
ဘေးမှထိန်းပေးထားရသည်။
“လူနာရှင် ဒေါ်စိုးစိုး ခြေထောက်တွေကိုဆင်းထားပါ”
ဒေါ်စိုးစိုးလည်းသူ၏ခြေထောက်
နှစ်ဖက်အားဆရာကြီးခိုင်းသလို
ဆင်းထားလိုက်သည်။
“ပယောဂမမှန်ရင် ဘယ်ခြေထောက်
မြှောက်လို့ ရစေ”
ဒေါ်စိုးစိုးလည်းသူ၏ဘယ်ခြေထောက်ကိုလွယ်လွယ်ကူကူပင်မြှောက်ပြနိုင်သည်။
“ပယောဂမှန်ရင် ညာခြေထောက်
မြှောက်လို့ မရစေ”
ဒေါ်စိုးစိုးလည်းသူ၏ညာခြေထောက်
အားကြိုးစားပြီးမြှောက်ကြည့်သည်။
ညာခြေထောက်ကကြွမလာခဲ့ပေ။
ဦးတင်လေးလည်း ဒေါ်စိုးစိုး၏
ညာဘက်ခြေထောက်အားလက်နှစ်ဖက်
ဖြင့်မကြည့်သည်။
ယောကျ်ားအားဖြင့် ကြိုးစား၍မပေမယ့်
မြှောက်ကြွမလာခဲ့ပေ။
ဦးတင်လေးလည်းတအံ့တသြဖြစ်ပြီး
ပြန်ထိုင်နေလိုက်သည်။
ဆရာရွှေလည်းဦးတင်လေးအား
ပြုံးပြီးကြည့်နေသည်။
ထို့နောက်ဆရာကြီးက
အမိန့်ပြောင်းပြန်ပေးကာဘယ်ခြေညာခြေ
မြှောက်ပြခိုင်းလေသည်။
ပယောဂဟုတ်မှန်ကြောင်းသိသဖြင့်
ဆရာကြီးကကိုစိုးအောင်အား
ရေတစ်ခွက်တောင်းလိုက်သည်။
ဆရာကြီးကရေခွက်အား
လက်နှစ်ဖက်ဖြင့်ကိုင်ပြီးသစ္စာဆိုလေ
သည်။
ထို့နောက် သစ္စာရေအားဒေါ်စိုးစိုးကိုသောက်စေ
သည်။
ဒေါ်စိုးစိုးလည်း ဆရာရွှေပေးသည့်
သစ္စာရေအားသောက်လိုက်သည်။
ရေတစ်ခွက်လုံးကုန်သွားသည်။
အခါတိုင်းရေသောက်လျှင်ရေအန်သည်
ယခုဆရာကြီးတိုက်သည့်သစ္စာရေအား
တစ်ခွက်လုံးသောက်ပေမယ့် ပြန်အန်ခြင်းမရှိပဲဝမ်းတွင်း၌အေးမြလန်းဆန်းသွားသည်။
“ဘယ်ဆေးရုံဆေးခန်းမှသွားစရာ
မလိုတော့ဘူး၊ပယောဂမှန်နေတော့
ဆရာကြီးပဲကုပေးပါ့မယ်။
လူနာကအားအင်မရှိသေးတော့
မနက်ဖြန်မှ တစ်ခါထပ်ပြီး
ဆရာကြီးလာခဲ့မယ် ”
“အခုတော့သူစားချင်တာကို
ကျွေးထားပေးပါ ဒေါ်စိုးစိုးကလည်း
အစားကိုဝင်သလောက်စားပြီး
အားရှိအောင်နေပါ။
မနက်ဖြန်ဆရာကြီးလာခဲ့မယ်
ဘာကြောင့်ဒီလိုဖြစ်အောင်လုပ်တာလဲဆိုတာသိအောင်မေးရမယ်”
“ဟုတ်ကဲ့ဆရာကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ”
“မလိုပါဘူးကွယ် ဆရာကြီးပြန်မယ်”
“ကျွန်တော်လိုက်ပို့ပါရစေဆရာကြီး”
“အေးအေး”
ကိုစိုးအောင်လည်းဆရာကြီးအား
ဆိုင်ကယ်ဖြင့်ပြန်လိုက်ပို့သည်။
ဒေါ်စိုးစိုးလည်းဆရာကြီးတိုက်သည့်
ရေအားသောက်ပြီးသည်နှင့်တနေကုန်
လန်းဆန်းကာထမင်းများလည်း
ပုံမှန်အတိုင်းပြန်စားနိုင်ခဲ့သည်။
အစာဝင်သွားသည်နှင့်လူက
ထူထူထောင်ထောင်ဖြစ်လာပြီးအားရှိ
သွားလေသည်။
နောက်တစ်နေ့ ဆရာကြီး
ပြန်ရောက်လာသည်။
ဘုရားခန်းတွင်ထိုင်ပြီး ဒေါ်စိုးစိုးအား
ပြုလုပ်သည့် ပညာသည်အားခေါ်လေ
သည်။
ဒေါ်စိုးစိုးကလက်အုပ်ချီကာ
ထိုင်နေသည်။
ဆရာကြီးကအောင်မြင်သည့်
အသံဖြင့်အောက်လမ်းပညာသည်အား
ဆင့်ခေါ်လိုက်သည်။
“မစိုးစိုးကိုအတတ်ပညာနဲ့ပြုလုပ်ထားတဲ့ ပညာသည် အခုချက်ချင်းဝင်စေ ”
ဆရာရွှေ၏အမိန့်သံဆုံးသည်နှင့်
ဒေါ်စိုးစိုး၏ခန္ဓာကိုယ်တစ်ခုလုံး
ဆက်ခနဲတုန်ယင်သွားလေသည်။
“ငါ့ကိုဘာလို့ခေါ်တာလဲဟေ့”
“ဆရာကိုမလေးမစားနဲ့
အသံကိုပြန်ပြင်ပြီးပြောစမ်း
ငါ့ကိုဘာထင်နေလဲ”
“နင့်ဟာနင် ဘာဖြစ်ဖြစ် ငါဂရုမစိုက်ဘူး
နင်မသေချင်ရင် ငါ့ကိုမစမ်းနဲ့”
“ဟင်း…”
ဆရာရွှေကပြုံးလိုက်သည်။
ပြီးမှစကားဆက်လေသည်။
“ဆရာမေးမယ် ဘာကြောင့်
မစိုးစိုးကို ပညာနဲ့လုပ်တာလဲ။
မစိုးစိုးကနင်နဲ့ ဘာရန်ငြိုးတွေရှိလို့လဲ”
“ဘာရန်ငြိုးမှမရှိဘူး
င့ါကိုငွေပေးခိုင်းလို့ လုပ်တာ”
“ဘာကြောင့်လုပ်ခိုင်းတာလဲ
နာမည်ထည့်မပြောနဲ့”
“သူ့အဝတ်အစားတစ်ထည်ကိုယူပြီး
ငါ့ကိုအသေသတ်ခိုင်းလို့လုပ်တာ
လုပ်ခိုင်းတဲ့သူက သူ့ကိုအတော့်ကို
မုန်းတီးလို့သေအောင်သတ်ခိုင်းတာ”
“နင်ငွေဘယ်လောက်ရသလဲ”
“နှစ်သောင်းပေးပြီးလုပ်ခိုင်းတာ”
“ငွေလေးမဖြစ်စလောက်နဲ့
လူတစ်ယောက်အသက်ကိုသေအောင်
ပြုလုပ်တာမရှက်ဘူးလားဟမ်”
“ငွေရရင် ဘယ်သူ့ပဲသတ်ရပါစေ
ငါသတ်ရဲတယ်”
“နင်ဒီလိုလုပ်နေတာ အဝီစိငရဲထိ
ဆင်းရမှာ နင်မကြောက်ဘူးလား”
“မကြောက်ဘူး ”
“နင်လုပ်ထားတဲ့ဟာတွေ
နင့်ဟာနင်ပြန်ထုတ်သွား
ဒါအမိန့်ပဲ ဆရာနင့်ကိုနာကျင်အောင်
မလုပ်ချင်ဘူး”
“ပြန်နှုတ်စရာလား လုပ်ကတည်းက
အသေလုပ်ထားတာ ပြန်မနှုတ်ပေး
နိုင်ဘူး”
“ဒါဆိုလည်းကောင်းပြီ
ဆရာ့အဆိုးမဆိုနဲ့တော့”
“ကြိုးပိုင်များ ဒီပညာသည်ကို
မလှုပ်နိုင်အောင် ကြိုးနဲ့တုတ်ထား”
ဆရာကြီး၏အမိန့်သံဆုံးသည်နှင့်
ဒေါ်စိုးစိုး၏လက်နှစ်ဖက်က
ကျောဘက်သို့ရောက်သွားသည်။
ဒေါ်စိုးစိုးခန္ဓာကိုယ်၌
ဝင်နေသည့်စုန်းပညာသည်လည်း
တုတ်တုတ်မျှမလှုပ်နိုင်တော့ပေ။
“နင့်လိုပညာနဲ့ငါ့ကိုလာစမ်းရတယ်လို့
ကြိုးနဲ့တုတ်လို့လည်း ငါ့ကိုနိုင်မယ်
ထင်သလား”
“ဟား ဟား ဟား ဟား”
ဦးတင်လေး၊ဦးသိန်းကြွယ်နှင့်
ကိုစိုးအောင်လည်း ဒေါ်စိုးစိုးအား
ကြည့်ပြီးပါးစပ်အဟောင်းသား
ဖြစ်နေကြသည်။
“ကဲ…ဒီလောက်တောင်
ခေါင်းမာနေတဲ့စုန်းမ သိကြသေးတာပေါ့”
“မောင်စိုးအောင် ရေတစ်ခွက်ခပ်ခဲ့ပေးပါ”
“ဟုတ်ကဲ့ဆရာကြီး”
ကိုစိုးအောင်ကရေတစ်ခွက်အား
ခပ်ကာဆရာရွှေကိုပေးလိုက်သည်။
ဆရာကြီးကရေခွက်ကိုကိုင်ကာ
ပါးစပ်မှဂါထာမန္တာန်လိုမျိုး
တတွတ်တွတ်ရွတ်ဆိုနေသည်။
“ကဲ…ဒီရေမန်းအစွမ်းကို
နင်ခံနိုင်ရင်ခံပေတော့ ”
“ရော့”
“အား…အားပူတယ် အား”
ဆရာရွှေတောက်လိုက်သည့်
ရေမန်းများကဒေါ်စိုးစိုးမျက်နှာအား
ထိမှန်ကာဒေါ်စိုးစိုးအား
ပူးကပ်နေသည့်စုန်းမလည်း
ပူလောင်လွန်းသဖြင့်လူးလိမ့်ကာ
အော်ဟစ်နေသည်။
“ဘယ်လိုလဲ ရေမန်းအစွမ်းကို
သိပြီလား”
“နောက်ထပ်ရေနဲ့ထပ်တောက်ရဦးမလား”
“ကြောက် ကြောက်ပါပြီဆရာ
ထပ်မပက်ပါနဲ့တော့ ပူလို့သေရပါလိမ့်မယ်”
“ဒါဖြင့်ရင် အခုချက်ချင်းနင်လုပ်ထားတဲ့ပညာတွေ
အခုထုတ်”
“ထုတ် ထုတ်ပါ့မယ်ဆရာ”
“ကြိုးပိုင်တွေသူ့ကို ကြိုးဖြည်ပေးလိုက်ပါ”
ဒေါ်စိုးစိုးလည်းခြေထောက်ကို
ဆင်းကာတစ်ကိုယ်လုံးအား လက်နှစ်ဖက်ဖြင့် သပ်ချလေသည်။
အကြိမ်ကြိမ်အခါခါ ပြုလုပ်ပြီးမှ
ရပ်တန့်သွားလေသည်။
“ကျန်သေးလား အကုန်လုံးနှုတ်သွားနော်ကျန်နေရင်
ဒီမယ်ရေမန်းတွေ့လား”
“မကျန်ပါဘူးဆရာ တကယ်ပါ
ဘာမှမကျန်တော့ပါဘူး”
“နောက်တစ်ခါထပ်ပြီး
ဒီလိုမလုပ်တော့ပါဘူးလို့
ဆရာကြီးကိုကတိပေးနိုင်မလား”
“ကတိပေးပါတယ် ဆရာ
နောက်မလုပ်တော့ပါဘူး”
“ဒါဖြင့်ရင် နင်ပြန်လို့ရပြီ”
ဆရာရွှေ၏အမိန့်သံဆုံးသည်နှင့်
ဒေါ်စိုးစိုးအားဝင်ကပ်နေသည့်
စုန်းပညာသည်လည်းထွက်သွားတော့
သည်။
ဒေါ်စိုးစိုးအားရေခွက်ထဲမှ
လက်ကျန်ရေအနည်းငယ်ဖြင့်
ဆရာရွှေကတောက်ပေးလိုက်သည်။
ဒေါ်စိုးစိုးလည်းသတိပြန်ရလာပြီး
ဘာမှမမှတ်မိသည့်ပုံစံဖြစ်နေသည်။
“အားလုံးကြားကြတဲ့အတိုင်းပဲ
မုန်းလို့အသေလုပ်ခိုင်းတာတဲ့။
ဘယ်သူဘယ်ဝါဆိုတာအဖြေရှာမနေပဲ
မုန်းစကိုတိုစေလိုက်ပါ။
သူ့အကျိုးပေးနဲ့သူသွားပါလိမ့်မယ်
နောက်ကိုဆင်ဆင်ခြင်ခြင်နဲ့ပြောဆို
နေထိုင်ပါ။
ဘုရားတရားများများလုပ်ပြီး
သီလလုံအောင်ကျင့်ကြံပါ”
“ဟုတ်ကဲ့ပါဆရာကြီး”
“အခုလိုအမေ့ကိုပြန်ကောင်းအောင်
ကုသပေးလို့ ဆရာကြီးကိုကန်တော့ပါရစေ”
“သာဓု ပါသာဓု သာဓု”
“ကဲ ဆရာကြီးပြန်မယ်ကွယ့်”
“သားမင်းပဲလိုက်ပို့ပါကွယ်”
“ဟုတ်အဖေ”
ကိုစိုးအောင်လည်းဆရာရွှေအား
ဆိုင်ကယ်ဖြင့်ပြန်ပို့ပေးလိုက်သည်။
ထိုနေ့မှစပြီးဒေါ်စိုးစိုး တစ်ယောက်
ပြန်လည်ကျန်းမာလာကာ အရင်ကထက်ဘုရားတရားကို
အာရုံစိုက်ပြီးနေထိုင်ခဲ့သည်။
မည်သူ့ကိုမှအမုန်းမထားပဲ
နေ့ရက်တိုင်းမေတ္တာပို့ခဲ့လေသည်။
ယခုလိုအောက်လမ်းပညာဖြင့်
အသေလုပ်ခိုင်းသူကိုသိပေမယ့်
အငြိုးမထားပဲစိတ်ရှင်းရှင်းနဲ့
နေထိုင်ခဲ့သည်။
ဒေါ်စိုးစိုးပြန်လည်ကောင်းမွန်လာ
သည်ကိုမြင်ပြီးအကြီးအကျယ်ဒေါသ
ထွက်နေသည့်ဒေါ်သီတာတို့ သားအမိ
နှစ်ယောက်လည်း အချိန်ကြာလာသည်နှင့်စီးပွားပျက်ကာ
အိမ်နှင့်ခြံကိုပင်ရောင်းပြီး မြို့ မှထွက်သွား
ကြတော့သည်။
ပြီးပါပြီ။
လိုအပ်ချက်များအား နားလည်ပေးပါ
စာဖတ်သူတို့ရေ။
ဇာတ်လမ်းလေးကိုသဘောကျရင်
လက်မလေးတွေနှိပ်ပြီးအားပေးသွားပါ.
#အောင်ဓူဝံ

Zawgyi Version

သူမ်ားမေကာင္းႀကံကိုယ္ျပန္ခံ(စ/ဆံုး)
———————————————-
“မဆိုးပါဘူး ဒီေဈးနဲ႔ဒီလိုပစၥည္းေကာင္းရတာ
တန္ပါတယ္ သားရာ”
“လိုင္စင္လည္းတစ္ခါတည္းပါၿပီးသား
ဆိုေတာ့ဟန္က်တာေပါ့ အေဖရာ
ဒါေၾကာင့္သားလည္းတုံ႔ဆိုင္းမေနပဲ
ဝယ္လိုက္တာ”
“မင္းဆိုင္ကယ္ကခရီးေဝးလည္း
သြားလို႔ေကာင္းေတာ့ အမ်ိဳးေတြဆီ
အလည္သြားရင္ပူစရာမလိုေတာ့ဘူးေပါ့
သားရယ္”
“ဟုတ္တယ္အေမရ
ကိုယ့္မွာရွိေတာ့ ဘယ္သူ႔မွေအာက္က်ိဳ႕
ေနစရာမလိုေတာ့တာေပါ့ဗ်ာ”
ေဒၚစိုးစိုး၊ဦးတင္ေလး၏သား
ကိုစိုးေအာင္တစ္ေယာက္ မိမိကိုယ္ပိုင္
ဝင္ေငြေလးျဖင့္ဆိုင္ကယ္တစ္စီးဝယ္
လာျခင္းျဖစ္သည္။
“အေမ ဟိုဘက္အိမ္က
ကိုစိုးေအာင္ဆိုင္ကယ္ဝယ္လာတာ
ထင္တယ္”
“သမီးရယ္ ဘာအထင္ႀကီးစရာရွိလဲ။
ေဈးေပါေပါနဲ႔အေခ်ာင္ရလို႔ဝယ္လာတဲ့
အေဟာင္းႀကီးကိုမ်ား လူအထင္ႀကီးေအာင္ ထုတ္ႂကြားျပေနတာ”
“ဟုတ္ပါ့ အျမင္ကိုကပ္လိုက္တာ
သူတို႔မွဝယ္စီးႏိုင္တာၾကေနတာပဲ”
“ဟြန္း”
“သမီးရယ္ အဲ့ဒီမိသားစုက
အေမတို႔ကိုလိုက္ၿပိဳင္ေနတာ
သူတို႔အဆင့္နဲ႔မ်ား ရယ္ေတာင္ရယ္ခ်င္ေသး”
“ဟုတ္ပါ့ သူတို႔တစ္စီးဝယ္ႏိုင္ရင္
သမီးတို႔ကဆယ္စီးထိဝယ္ႏိုင္တယ္
ဆိုတာသူတို႔မွမသိပဲကိုး ဟင္းဟင္း”
ေဘးအိမ္မွေဒၚသီတာႏွင့္သမီးျဖစ္သူ
မၾကည္ျပာတို႔ ကိုစိုးေအာင္ဆိုင္ကယ္
သည့္အေပၚမနာလိုမရႈစိတ္ျဖစ္ကာ
ေျပာဆိုေနၾကျခင္းျဖစ္သည္။
================
ေနာက္တစ္ေန႔ မနက္ေစာေစာ
ကိုစိုးေအာင္တစ္ေယာက္အလုပ္
သြားရန္ျပင္ဆင္ေနသည္။
“သားထမင္းခ်ိဳင့္ေမ့ေနဦးေနာ္”
“မေမ့ပါဘူး အေမရဲ႕ ”
“ေအးပါ ဆိုင္ကယ္ကို ဂ႐ုစိုက္ၿပီးေမာင္းသြားဦးသား”
“အင္းပါအေမရဲ႕”
“သြားၿပီအေမေရ အေဖသြားၿပီေနာ္”
“ေအး သား”
“ျဖည္းျဖည္းေမာင္း ငါ့သား”
“ဟုတ္အေဖ”
“ဘြန္း ဘူး ဘူး”
“ဝူး ဝူး”
“တီတီ”
ကိုစိုးေအာင္လည္း ဆိုင္ကယ္အား
ပုံမွန္အတိုင္းေမာင္းၿပီးအိမ္ထဲမွ
ထြက္လာခဲ့သည္။
ေဒၚသီတာတစ္ေယာက္အိမ္ေရွ႕ ၌
တံျမက္စည္းလွည္းေနေလသည္။
ကိုစိုးေအာင္လည္း ေဒၚသီတာႏွင့္
လြတ္ေအာင္ေမာင္းလိုက္သည္။
“ဟဲ့…ဘယ္လိုစီးေနတာလဲ၊
လူတစ္ေယာက္လုံးကိုမျမင္ဘူးလား”
“ဟ အလြတ္ႀကီးေလဗ်ာ
ခင္ဗ်ားနဲ႔အေဝးႀကီးထိေတာင္မထိပဲနဲ႔
အသားလြတ္လာေကာေနတယ္”
“အံမယ္ အံမယ္ မေန႔တစ္ေန႔ကမွ
ဆိုင္ကယ္စီးႏိုင္တဲ့ေကာင္ကမ်ား
မာေရေက်ာေရနဲ႔ ထိရဲထိၾကည့္
တိုက္ရဲတိုက္ၾကည့္လိုက္ေလ သီတာ
အေၾကာင္းသိသြားမယ္ ဟင္းဟင္း”
“အေမ ဘာျဖစ္တာလဲ”
ေဒၚသီတာသမီးမၾကည္ျပာ
အိမ္ထဲမွထြက္လာၿပီးေမးလိုက္ျခင္း
ျဖစ္သည္။
“ဘာျဖစ္ရမလဲ သမီးရယ္
မေန႔တစ္ေန႔ကမွ ဆိုင္ကယ္စီးႏိုင္တဲ့
လူေတြေပါ့ေအ၊ဆိုင္ကယ္ကိုမိုးမျမင္
ေလမျမင္ေမာင္းလို႔ အေမကေျပာေနရတာ”
“ဘာမိုးမျမင္ေလမျမင္လဲဗ်
ခင္ဗ်ားအသားကိုထိေတာင္ထိမိတာ
မဟုတ္ဘူး။
လူႀကီးျဖစ္ၿပီးစကားကို လူႀကီးပီပီသသ
ေျပာစမ္းပါ ေဒၚသီတာရာ”
“အံမယ္ နင္ကငါ့အေမကိုမ်ား
လူႀကီးမပီသဘူးေလးဘာေလးနဲ႔
နင္ကဘာေစာက္ဆင့္ရွိလို႔လဲ
အေကာင္ရဲ႕ နင့္လိုဆိုင္ကယ္အစုတ္ကို
ေငြနဲ႔ေပါက္ၿပီးမီးရႈိ႕လိုက္လို႔ရတယ္
ဆိုတာသေဘာေပါက္ ”
“ဟိတ္ နင္တို႔သားအမိငါ့သားကို
လက္ညႇိဳးတထိုးထိုးနဲ႔ ဘာလုပ္တာလဲ။
နင္တို႔ေျပာသမွ်ငါ့အိမ္ဘက္ကေန
အားလုံးၾကားတယ္။
ဘယ့္ႏွယ့္ေတာ္ သူမ်ားဝတ္ႏိုင္စားႏိုင္ရင္မနာလိုဝန္တို
ျဖစ္ေနလိုက္ၾကတာ အံ့ပါရဲ႕”
“မိန္းမ ေတာ္ေတာ့ သူတို႔နဲ႔
တုၿပီးျဖစ္မေနနဲ႔”
“မတုလို႔္မရဘူး ေယာက်္ား
ဒီလိုဟာေတြကဒီလိုေျပာမွ
ေတာ္ကာၾကလိမ့္မယ္”
“ငါတို႔ကမနာလိုစရာ ဘာအေၾကာင္းမွ
မရွိဘူး၊နင့္တို႔သားစီးတဲ့ ဆိုင္ကယ္မ်ိဳး
အသစ္ဂ်က္ခြၽတ္ဆယ္စီးေတာင္
ဝယ္ႏိုင္တယ္ဆိုတာ မွတ္ထားလိုက္”
“ညည္းတို႔ခ်မ္းသာတာလူတိုင္းသိ
ပိုက္ဆံခ်မ္းသာသေလာက္
ညည္းတို႔ေအာက္တန္းက်တာလည္း
လူတိုင္းအသိပဲေဟ့ မိသီတာေရ”
“ဒီမယ္ အဖြားႀကီး က်ဳပ္အေမကိုမ်ား
ေအာက္တန္းက်သေလးဘာေလးနဲ႔။
ရွင္တို႔လိုေအာက္တန္းစားမဟုတ္ဘူး
ဆိုတာၿမဲၿမဲမွတ္ထား ”
“ဟား ဟား ဟား
ရယ္ေတာင္ရယ္လိုက္ခ်င္ေသးရဲ႕
မိၾကည္ျပာရယ္ ညည္းတို႔က
လူတစ္ေယာက္အဆင့္အတန္းကို
ဘာနဲ႔တိုင္းတာၾကသလဲ။
ငါတို႔ကေတာ့ လူ႔အဆင့္အတန္းကို
စိတ္ဓာတ္နဲ႔ပဲတိုင္းတာတတ္တာေအ့
ညည္းတို႔လိုေငြျမင္ရင္သြားေရတမ်ားမ်ား
က်ၿပီးငတ္ငတ္ထိုးေနတာေတာ့
မဟုတ္ဘူးေအ့”
“အံမယ္ ဒင္းကမ်ားလူပါးဝလို႔
ငါ့အေၾကာင္းေကာင္းေကာင္းသိမယ္
မိစိုးစိုးေရ နင့္ဘဝနင့္ခႏၶာပ်က္စီးေစရမယ္”
“လာသမီးအိမ္ထဲသြားမယ္”
“သားကိုယ့္အလုပ္ကိုသြားေတာ့”
“ဟုတ္အေမ”
“ဘူး ဘူး ဝူး”
ကိုစိုးေအာင္လည္းဆိုင္ကယ္ကို
ေမာင္းကာထြက္သြားေလသည္။
ေဒၚစိုးစိုးႏွင့္ဦးတင္ေလးလည္း
အိမ္ထဲဝင္လာခဲ့ၾကသည္။
“လူေတြမ်ားေနာ္ ကိုယ့္ထမင္းကိုယ္စားၿပီးမနာလိုမရႈစိမ့္
ေတြျဖစ္ေနလိုက္ၾကတာ အံ့ပါရဲ႕”
“ေျပာမေနပါနဲ႔မိန္းမရာ
သူတို႔အေၾကာင္းတစ္ရပ္ကြက္လုံး
သိေနတာပဲ။
ဘယ္သူဘာဆိုတာအားလုံးသိပါတယ္
အကုသိုလ္အမ်ားခံၿပီးေျပာမေနနဲ႔ေတာ့
သူ႔အက်ိဳးနဲ႔သူသြားၾကလိမ့္မယ္”
ဦးတင္ေလးေျပာမွေဒၚစိုးစိုးလည္း
ေဒါသကိုေျဖေလွ်ာ့လိုက္ေတာ့သည္။
================
ရက္ေတြလေတြၾကာလာခဲ့သည္။
ေဒၚစိုးစိုးလည္း႐ုတ္တရက္ထၿပီး
က်န္းမာေရးကဆိုးလာခဲ့သည္။
မစားႏိုင္မေသာက္ႏိုင္တပိန္ပိန္
တလိန္လိန္ျဖစ္လာခဲ့သည္။
လူကလည္းအ႐ိုးေပၚအေရတင္
သကဲ့သို႔ပိန္လီလာသည္။
ေရေသာက္ေရအန္၊ထမင္းစားလည္းျပန္အန္သည္။
အစာေရဆာမဝင္သျဖင့္ လူလည္းအားအင္ျပတ္ကာႏြမ္းလ်ေန
ေတာ့သည္။
ေဆး႐ုံေဆးခန္းသို႔ အႀကိမ္ႀကိမ္
ျပသပါေသာ္လည္းေရာဂါအေျဖရွာမရပဲ
ေဆးလည္းမတိုးခဲ့ေပ။
“အေမ ဟိုဘက္အိမ္ကအဖြားႀကီးေတာ့
တပိန္ပိန္တလိန္လိန္နဲ႔ေသေတာ့မယ္
ထင္တယ္”
“ဟင္းဟင္း သမီးေမွ်ာ္လင့္သလို
ျဖစ္လာပါလိမ့္မယ္၊ေလာကမွာ
ေငြေပးၿပီးခိုင္းရင္ဘာမဆိုလုပ္ေပးမယ့္
သူေတြတပုံႀကီးပဲသမီးေရ”
ေဒၚသီတာတို႔သားအမိႏွစ္ေယာက္
ယုတ္မာေကာက္က်စ္စြာၿပဳံးေနၾက
ေလသည္။
ေဒၚစိုးစိုး၏က်န္းမာေရးအေျခအေန
အားအိမ္နီးခ်င္းမ်ားမွမသကၤာျဖစ္ကာ
ဦးတင္ေလးအားတီးတိုးစကားဆိုကာ
အႀကံေပးၾကေလသည္။
“ဦးတင္ေလး က်ဳပ္ခင္ဗ်ားကို
ေျပာစရာရွိတယ္ဗ်။
ခင္ဗ်ားစိတ္ဆိုးလည္းမတတ္ႏိုင္ဘူးဗ်ာ
က်ဳပ္ကေစတနာနဲ႔ေျပာမလို႔ပါ”
“ကိုသိန္းႂကြယ္ရယ္ ခင္မ်ားနဲ႔က်ဳပ္က
စိတ္ဆိုးရမယ့္လူေတြလားဗ်ာ၊
ေျပာစရာရွိတာေျပာစမ္းပါ”
“ခင္မ်ားကစိတ္မဆိုးဘူးဆိုေတာ့
က်ဳပ္ေျပာပါ့မယ္ အခုခင္မ်ားမိန္းမ
မစိုးစိုးက်န္းမာေရးဆိုးေနတာ
က်ဳပ္တို႔လည္းသိေနတာပဲ။
ေဆး႐ုံေဆးခန္းျပလည္းေဆးကတိုးမလာသလိုေရာဂါလည္းရွာမရဘူးမလား၊
အဲဒီေတာ့မစိုးစိုးမွာျဖစ္ေနတဲ့ဟာက
ေသြး႐ိုးသား႐ိုးေတာ့မျဖစ္ႏိုင္ဘူးဗ်ာ။
စုန္းပညာေအာက္လမ္းပညာတစ္ခုခုနဲ႔
ျပဳလုပ္ထားတယ္လို႔ပဲထင္တယ္။
ဒါေၾကာင့္နားလည္တန္ကြၽမ္းတဲ့
အထက္လမ္းဆရာတစ္ေယာက္နဲ႔
စစ္ေဆးၾကည့္ရင္မေကာင္းဘူးလားဗ်ာ”
“ကိုသိန္းႂကြယ္ေျပာတာ
ျဖစ္ႏိုင္သလို နားလည္းနားလည္ပါတယ္
ဒါေပမယ့္ အဲ့ဒီလိုဆရာမ်ိဳးကို
ဘယ္မွာသြားပင့္ရမလဲ က်ဳပ္အသိေတြထဲမွာ ဒီလိုလူမ်ိဳးမရွိဘူးဗ်”
“ဒီအတြက္ေတာ့ဘာမွမပူနဲ႔ ဦးတင္ေလး
က်ဳပ္မွာအသိဆရာတစ္ေယာက္ရွိပါတယ္ဗ်။
သူ႔နာမည္ကဆရာေ႐ႊတဲ့ေလ
အထက္လမ္းဆရာႀကီးတစ္ေယာက္ပဲ
သူေဆးကုေနတာႏွစ္ေပါင္းအေတာ္
ၾကာၿပီဗ်။
က်ဳပ္သူ႔ကိုသြားပင့္ေပးလို႔ရတယ္”
“ဒါျဖင့္ရင္ က်ဳပ္သားစိုးေအာင္ကို
ေခၚၿပီးခင္မ်ားေျပာတဲ့ ဆရာေ႐ႊကို
သြားပင့္ေပးပါလားဗ်ာ”
“စိတ္ခ် အခုပဲသြားပင့္ေပးမယ္”
“သားေရ သား”
“ဗ်ာ အေဖ”
“ဦးေလးသိန္းႂကြယ္ကို ဆိုင္ကယ္နဲ႔
လိုက္ပို႔ေပးလိုက္ သူကလမ္းေျပာျပ
လိမ့္မယ္”
“ဘာလဲအေဖ သားနားမလည္ဘူး”
“ၿပီးၾကရင္ မင္းသေဘာေပါက္သြားလိမ့္မယ္သား၊
အခုေတာ့အေဖခိုင္းသလိုဆိုင္ကယ္နဲ႔
လိုက္ပို႔လိုက္”
“ဟုတ္အေဖ”
ကိုစိုးေအာင္လည္းဆိုင္ကယ္ထုတ္ကာ
ဦးသိန္းႂကြယ္ႏွင့္အတူထြက္လာခဲ့သည္။
လမ္းမွာဦးသိန္းႂကြယ္ကအားလုံး
ရွင္းျပသျဖင့္နားလည္သေဘာေပါက္
သြားေလသည္။
ဦးသိန္းႂကြယ္ကကိုစိုးေအာင္အား
ေနာက္မွလမ္းျပေပးၿပီးဆရာေ႐ႊထံသို႔
ေခၚလာခဲ့သည္။
ပ်ဥ္ေထာင္အိမ္ႀကီးေရွ႕ေရာက္ေတာ့
ဆိုင္ကယ္အားရပ္ကာအိမ္ထဲဝင္လာ
ခဲ့ၾကသည္။
“ဒါဆရာႀကီးအိမ္ပဲ စိုးေအာင္ရ
ဆရာႀကီးကအိမ္ထဲမွာရွိတယ္ လာ”
“ဟုတ္”
“ဆရာႀကီး ဆရာႀကီးကြၽန္ေတာ္
သိန္းႂကြယ္ပါ ဆရာႀကီး”
“ေၾသာ္ သိန္းႂကြယ္ပါလားကြ။
လာေဟ့အိမ္ထဲလာ”
ဘုရားခန္းထဲမွတည္ၾကည္
ေအးခ်မ္းေသာအသံျဖင့္ဖိတ္ေခၚ
လိုက္သည္။
ဦးသိန္းႂကြယ္ႏွင့္ကိုစိုးေအာင္လည္း
ဆရာႀကီးရွိသည့္ ဘုရားခန္းထဲဝင္လာခဲ့ၾကသည္။
“မလာစဖူးအလာထူးလို႔ပါလား
သိန္းႂကြယ္ရ”
“မလာစဖူးအလာထူးဆို
ေဟာဒီကေမာင္စိုးေအာင္ရဲ႕မိခင္
မစိုးစိုးတစ္ေယာက္ အေျဖရွာမရတဲ့
ေရာဂါေဝဒနာတစ္ခုေၾကာင့္
မစားႏိုင္မေသာက္ႏိုင္ တပိန္ပိန္တလိန္လိန္ျဖစ္ၿပီး စားသမွ်အကုန္ျပန္အန္တယ္ဆရာ
ေဆး႐ုံေဆးခန္းသြားျပလည္း
ေငြသာကုန္သြားတယ္ ဘာမွေရေရရာရာ
မသိရဘူးဆရာ။
ဒါေၾကာင့္ေသြး႐ိုးသား႐ိုးဟုတ္မဟုတ္
စစ္ေဆးေပးဖို႔ဆရာႀကီးကို
လာပင့္ရတာပါဆရာ”
“ေကာင္းၿပီ ဒါဆိုဆရာႀကီးလိုက္ခဲ့ပါ့မယ္”
“ေက်းဇူးတင္ပါတယ္ဆရာ
ကြၽန္ေတာ့္အေမကိုကယ္ပါဦးဆရာ”
“ေအာက္လမ္းအတတ္ပညာနဲ႔
လုက္ထားတာမွန္တယ္ဆိုရင္
ဆရာႀကီးကယ္တင္ေပးႏိုင္ပါတယ္၊
ဝဋ္နာကံနာေၾကာင့္ျဖစ္ရတယ္ဆိုရင္ေတာ့ဆရာႀကီးလည္းမတတ္ႏိုင္ဘူး
လူကေလး”
“ဟုတ္ကဲ့ ဆရာ”
“ကဲသြားၾကတာေပါ့”
“ဟုတ္ဆရာ”
ဦးသိန္းႂကြယ္ႏွင့္ကိုစိုးေအာင္လည္း
ဆရာေ႐ႊအားအိမ္သို႔ေခၚေဆာင္လာ
ခဲ့ၾကသည္။
“ဆရာႀကီးႂကြပါခင္ဗ်ာ”
ဦးတင္ေလးကဆရာေ႐ႊအား
ျမင္ေတာ့အိမ္ထဲသို႔ဖိတ္ေခၚလိုက္သည္။
ဆရာေ႐ႊလည္းဘုရားခန္းေရွ႕ ၌
ေနရာယူၿပီးဝင္ထိုင္လိုက္သည္။
“လူနာကိုဆရာ့ေရွ႕ေခၚလာခဲ့ပါ”
“ဟုတ္ဆရာႀကီး”
ဦးတင္ေလးတို႔သားအဖလည္း
အခန္းထဲဝင္သြားၾကသည္။
ဦးသိန္းႂကြယ္ကေတာ့ ဆရာေ႐ႊအနား
တြင္က်န္ေနခဲ့သည္။
ခဏေနေတာ့ အခန္းတြင္းမွ
ေဒၚစိုးစိုးအားတြဲကာထြက္လာၾက
သည္။
ေဒၚစိုးစိုးအားဆရာေ႐ႊေရွ႕သို႔ထိုင္ေစသည္
အားအင္ျပတ္လတ္ေနသျဖင့္
ေကာင္းေကာင္းပင္မထိုင္ႏိုင္ေခ်။
ထို႔ေၾကာင့္ဦးတင္ေလးႏွင့္ကိုစိုးေအာင္က
ေဘးမွထိန္းေပးထားရသည္။
“လူနာရွင္ ေဒၚစိုးစိုး ေျခေထာက္ေတြကိုဆင္းထားပါ”
ေဒၚစိုးစိုးလည္းသူ၏ေျခေထာက္
ႏွစ္ဖက္အားဆရာႀကီးခိုင္းသလို
ဆင္းထားလိုက္သည္။
“ပေယာဂမမွန္ရင္ ဘယ္ေျခေထာက္
ေျမႇာက္လို႔ ရေစ”
ေဒၚစိုးစိုးလည္းသူ၏ဘယ္ေျခေထာက္ကိုလြယ္လြယ္ကူကူပင္ေျမႇာက္ျပႏိုင္သည္။
“ပေယာဂမွန္ရင္ ညာေျခေထာက္
ေျမႇာက္လို႔ မရေစ”
ေဒၚစိုးစိုးလည္းသူ၏ညာေျခေထာက္
အားႀကိဳးစားၿပီးေျမႇာက္ၾကည့္သည္။
ညာေျခေထာက္ကႂကြမလာခဲ့ေပ။
ဦးတင္ေလးလည္း ေဒၚစိုးစိုး၏
ညာဘက္ေျခေထာက္အားလက္ႏွစ္ဖက္
ျဖင့္မၾကည့္သည္။
ေယာက်္ားအားျဖင့္ ႀကိဳးစား၍မေပမယ့္
ေျမႇာက္ႂကြမလာခဲ့ေပ။
ဦးတင္ေလးလည္းတအံ့တၾသျဖစ္ၿပီး
ျပန္ထိုင္ေနလိုက္သည္။
ဆရာေ႐ႊလည္းဦးတင္ေလးအား
ၿပဳံးၿပီးၾကည့္ေနသည္။
ထို႔ေနာက္ဆရာႀကီးက
အမိန႔္ေျပာင္းျပန္ေပးကာဘယ္ေျခညာေျခ
ေျမႇာက္ျပခိုင္းေလသည္။
ပေယာဂဟုတ္မွန္ေၾကာင္းသိသျဖင့္
ဆရာႀကီးကကိုစိုးေအာင္အား
ေရတစ္ခြက္ေတာင္းလိုက္သည္။
ဆရာႀကီးကေရခြက္အား
လက္ႏွစ္ဖက္ျဖင့္ကိုင္ၿပီးသစၥာဆိုေလ
သည္။
ထို႔ေနာက္ သစၥာေရအားေဒၚစိုးစိုးကိုေသာက္ေစ
သည္။
ေဒၚစိုးစိုးလည္း ဆရာေ႐ႊေပးသည့္
သစၥာေရအားေသာက္လိုက္သည္။
ေရတစ္ခြက္လုံးကုန္သြားသည္။
အခါတိုင္းေရေသာက္လွ်င္ေရအန္သည္
ယခုဆရာႀကီးတိုက္သည့္သစၥာေရအား
တစ္ခြက္လုံးေသာက္ေပမယ့္ ျပန္အန္ျခင္းမရွိပဲဝမ္းတြင္း၌ေအးျမလန္းဆန္းသြားသည္။
“ဘယ္ေဆး႐ုံေဆးခန္းမွသြားစရာ
မလိုေတာ့ဘူး၊ပေယာဂမွန္ေနေတာ့
ဆရာႀကီးပဲကုေပးပါ့မယ္။
လူနာကအားအင္မရွိေသးေတာ့
မနက္ျဖန္မွ တစ္ခါထပ္ၿပီး
ဆရာႀကီးလာခဲ့မယ္ ”
“အခုေတာ့သူစားခ်င္တာကို
ေကြၽးထားေပးပါ ေဒၚစိုးစိုးကလည္း
အစားကိုဝင္သေလာက္စားၿပီး
အားရွိေအာင္ေနပါ။
မနက္ျဖန္ဆရာႀကီးလာခဲ့မယ္
ဘာေၾကာင့္ဒီလိုျဖစ္ေအာင္လုပ္တာလဲဆိုတာသိေအာင္ေမးရမယ္”
“ဟုတ္ကဲ့ဆရာႀကီး ေက်းဇူးတင္ပါတယ္ခင္ဗ်ာ”
“မလိုပါဘူးကြယ္ ဆရာႀကီးျပန္မယ္”
“ကြၽန္ေတာ္လိုက္ပို႔ပါရေစဆရာႀကီး”
“ေအးေအး”
ကိုစိုးေအာင္လည္းဆရာႀကီးအား
ဆိုင္ကယ္ျဖင့္ျပန္လိုက္ပို႔သည္။
ေဒၚစိုးစိုးလည္းဆရာႀကီးတိုက္သည့္
ေရအားေသာက္ၿပီးသည္ႏွင့္တေနကုန္
လန္းဆန္းကာထမင္းမ်ားလည္း
ပုံမွန္အတိုင္းျပန္စားႏိုင္ခဲ့သည္။
အစာဝင္သြားသည္ႏွင့္လူက
ထူထူေထာင္ေထာင္ျဖစ္လာၿပီးအားရွိ
သြားေလသည္။
ေနာက္တစ္ေန႔ ဆရာႀကီး
ျပန္ေရာက္လာသည္။
ဘုရားခန္းတြင္ထိုင္ၿပီး ေဒၚစိုးစိုးအား
ျပဳလုပ္သည့္ ပညာသည္အားေခၚေလ
သည္။
ေဒၚစိုးစိုးကလက္အုပ္ခ်ီကာ
ထိုင္ေနသည္။
ဆရာႀကီးကေအာင္ျမင္သည့္
အသံျဖင့္ေအာက္လမ္းပညာသည္အား
ဆင့္ေခၚလိုက္သည္။
“မစိုးစိုးကိုအတတ္ပညာနဲ႔ျပဳလုပ္ထားတဲ့ ပညာသည္ အခုခ်က္ခ်င္းဝင္ေစ ”
ဆရာေ႐ႊ၏အမိန႔္သံဆုံးသည္ႏွင့္
ေဒၚစိုးစိုး၏ခႏၶာကိုယ္တစ္ခုလုံး
ဆက္ခနဲတုန္ယင္သြားေလသည္။
“ငါ့ကိုဘာလို႔ေခၚတာလဲေဟ့”
“ဆရာကိုမေလးမစားနဲ႔
အသံကိုျပန္ျပင္ၿပီးေျပာစမ္း
ငါ့ကိုဘာထင္ေနလဲ”
“နင့္ဟာနင္ ဘာျဖစ္ျဖစ္ ငါဂ႐ုမစိုက္ဘူး
နင္မေသခ်င္ရင္ ငါ့ကိုမစမ္းနဲ႔”
“ဟင္း…”
ဆရာေ႐ႊကၿပဳံးလိုက္သည္။
ၿပီးမွစကားဆက္ေလသည္။
“ဆရာေမးမယ္ ဘာေၾကာင့္
မစိုးစိုးကို ပညာနဲ႔လုပ္တာလဲ။
မစိုးစိုးကနင္နဲ႔ ဘာရန္ၿငိဳးေတြရွိလို႔လဲ”
“ဘာရန္ၿငိဳးမွမရွိဘူး
င့ါကိုေငြေပးခိုင္းလို႔ လုပ္တာ”
“ဘာေၾကာင့္လုပ္ခိုင္းတာလဲ
နာမည္ထည့္မေျပာနဲ႔”
“သူ႔အဝတ္အစားတစ္ထည္ကိုယူၿပီး
ငါ့ကိုအေသသတ္ခိုင္းလို႔လုပ္တာ
လုပ္ခိုင္းတဲ့သူက သူ႔ကိုအေတာ့္ကို
မုန္းတီးလို႔ေသေအာင္သတ္ခိုင္းတာ”
“နင္ေငြဘယ္ေလာက္ရသလဲ”
“ႏွစ္ေသာင္းေပးၿပီးလုပ္ခိုင္းတာ”
“ေငြေလးမျဖစ္စေလာက္နဲ႔
လူတစ္ေယာက္အသက္ကိုေသေအာင္
ျပဳလုပ္တာမရွက္ဘူးလားဟမ္”
“ေငြရရင္ ဘယ္သူ႔ပဲသတ္ရပါေစ
ငါသတ္ရဲတယ္”
“နင္ဒီလိုလုပ္ေနတာ အဝီစိငရဲထိ
ဆင္းရမွာ နင္မေၾကာက္ဘူးလား”
“မေၾကာက္ဘူး ”
“နင္လုပ္ထားတဲ့ဟာေတြ
နင့္ဟာနင္ျပန္ထုတ္သြား
ဒါအမိန႔္ပဲ ဆရာနင့္ကိုနာက်င္ေအာင္
မလုပ္ခ်င္ဘူး”
“ျပန္ႏႈတ္စရာလား လုပ္ကတည္းက
အေသလုပ္ထားတာ ျပန္မႏႈတ္ေပး
ႏိုင္ဘူး”
“ဒါဆိုလည္းေကာင္းၿပီ
ဆရာ့အဆိုးမဆိုနဲ႔ေတာ့”
“ႀကိဳးပိုင္မ်ား ဒီပညာသည္ကို
မလႈပ္ႏိုင္ေအာင္ ႀကိဳးနဲ႔တုတ္ထား”
ဆရာႀကီး၏အမိန႔္သံဆုံးသည္ႏွင့္
ေဒၚစိုးစိုး၏လက္ႏွစ္ဖက္က
ေက်ာဘက္သို႔ေရာက္သြားသည္။
ေဒၚစိုးစိုးခႏၶာကိုယ္၌
ဝင္ေနသည့္စုန္းပညာသည္လည္း
တုတ္တုတ္မွ်မလႈပ္ႏိုင္ေတာ့ေပ။
“နင့္လိုပညာနဲ႔ငါ့ကိုလာစမ္းရတယ္လို႔
ႀကိဳးနဲ႔တုတ္လို႔လည္း ငါ့ကိုႏိုင္မယ္
ထင္သလား”
“ဟား ဟား ဟား ဟား”
ဦးတင္ေလး၊ဦးသိန္းႂကြယ္ႏွင့္
ကိုစိုးေအာင္လည္း ေဒၚစိုးစိုးအား
ၾကည့္ၿပီးပါးစပ္အေဟာင္းသား
ျဖစ္ေနၾကသည္။
“ကဲ…ဒီေလာက္ေတာင္
ေခါင္းမာေနတဲ့စုန္းမ သိၾကေသးတာေပါ့”
“ေမာင္စိုးေအာင္ ေရတစ္ခြက္ခပ္ခဲ့ေပးပါ”
“ဟုတ္ကဲ့ဆရာႀကီး”
ကိုစိုးေအာင္ကေရတစ္ခြက္အား
ခပ္ကာဆရာေ႐ႊကိုေပးလိုက္သည္။
ဆရာႀကီးကေရခြက္ကိုကိုင္ကာ
ပါးစပ္မွဂါထာမႏၲာန္လိုမ်ိဳး
တတြတ္တြတ္႐ြတ္ဆိုေနသည္။
“ကဲ…ဒီေရမန္းအစြမ္းကို
နင္ခံႏိုင္ရင္ခံေပေတာ့ ”
“ေရာ့”
“အား…အားပူတယ္ အား”
ဆရာေ႐ႊေတာက္လိုက္သည့္
ေရမန္းမ်ားကေဒၚစိုးစိုးမ်က္ႏွာအား
ထိမွန္ကာေဒၚစိုးစိုးအား
ပူးကပ္ေနသည့္စုန္းမလည္း
ပူေလာင္လြန္းသျဖင့္လူးလိမ့္ကာ
ေအာ္ဟစ္ေနသည္။
“ဘယ္လိုလဲ ေရမန္းအစြမ္းကို
သိၿပီလား”
“ေနာက္ထပ္ေရနဲ႔ထပ္ေတာက္ရဦးမလား”
“ေၾကာက္ ေၾကာက္ပါၿပီဆရာ
ထပ္မပက္ပါနဲ႔ေတာ့ ပူလို႔ေသရပါလိမ့္မယ္”
“ဒါျဖင့္ရင္ အခုခ်က္ခ်င္းနင္လုပ္ထားတဲ့ပညာေတြ
အခုထုတ္”
“ထုတ္ ထုတ္ပါ့မယ္ဆရာ”
“ႀကိဳးပိုင္ေတြသူ႔ကို ႀကိဳးျဖည္ေပးလိုက္ပါ”
ေဒၚစိုးစိုးလည္းေျခေထာက္ကို
ဆင္းကာတစ္ကိုယ္လုံးအား လက္ႏွစ္ဖက္ျဖင့္ သပ္ခ်ေလသည္။
အႀကိမ္ႀကိမ္အခါခါ ျပဳလုပ္ၿပီးမွ
ရပ္တန႔္သြားေလသည္။
“က်န္ေသးလား အကုန္လုံးႏႈတ္သြားေနာ္က်န္ေနရင္
ဒီမယ္ေရမန္းေတြ႕လား”
“မက်န္ပါဘူးဆရာ တကယ္ပါ
ဘာမွမက်န္ေတာ့ပါဘူး”
“ေနာက္တစ္ခါထပ္ၿပီး
ဒီလိုမလုပ္ေတာ့ပါဘူးလို႔
ဆရာႀကီးကိုကတိေပးႏိုင္မလား”
“ကတိေပးပါတယ္ ဆရာ
ေနာက္မလုပ္ေတာ့ပါဘူး”
“ဒါျဖင့္ရင္ နင္ျပန္လို႔ရၿပီ”
ဆရာေ႐ႊ၏အမိန႔္သံဆုံးသည္ႏွင့္
ေဒၚစိုးစိုးအားဝင္ကပ္ေနသည့္
စုန္းပညာသည္လည္းထြက္သြားေတာ့
သည္။
ေဒၚစိုးစိုးအားေရခြက္ထဲမွ
လက္က်န္ေရအနည္းငယ္ျဖင့္
ဆရာေ႐ႊကေတာက္ေပးလိုက္သည္။
ေဒၚစိုးစိုးလည္းသတိျပန္ရလာၿပီး
ဘာမွမမွတ္မိသည့္ပုံစံျဖစ္ေနသည္။
“အားလုံးၾကားၾကတဲ့အတိုင္းပဲ
မုန္းလို႔အေသလုပ္ခိုင္းတာတဲ့။
ဘယ္သူဘယ္ဝါဆိုတာအေျဖရွာမေနပဲ
မုန္းစကိုတိုေစလိုက္ပါ။
သူ႔အက်ိဳးေပးနဲ႔သူသြားပါလိမ့္မယ္
ေနာက္ကိုဆင္ဆင္ျခင္ျခင္နဲ႔ေျပာဆို
ေနထိုင္ပါ။
ဘုရားတရားမ်ားမ်ားလုပ္ၿပီး
သီလလုံေအာင္က်င့္ႀကံပါ”
“ဟုတ္ကဲ့ပါဆရာႀကီး”
“အခုလိုအေမ့ကိုျပန္ေကာင္းေအာင္
ကုသေပးလို႔ ဆရာႀကီးကိုကန္ေတာ့ပါရေစ”
“သာဓု ပါသာဓု သာဓု”
“ကဲ ဆရာႀကီးျပန္မယ္ကြယ့္”
“သားမင္းပဲလိုက္ပို႔ပါကြယ္”
“ဟုတ္အေဖ”
ကိုစိုးေအာင္လည္းဆရာေ႐ႊအား
ဆိုင္ကယ္ျဖင့္ျပန္ပို႔ေပးလိုက္သည္။
ထိုေန႔မွစၿပီးေဒၚစိုးစိုး တစ္ေယာက္
ျပန္လည္က်န္းမာလာကာ အရင္ကထက္ဘုရားတရားကို
အာ႐ုံစိုက္ၿပီးေနထိုင္ခဲ့သည္။
မည္သူ႔ကိုမွအမုန္းမထားပဲ
ေန႔ရက္တိုင္းေမတၱာပို႔ခဲ့ေလသည္။
ယခုလိုေအာက္လမ္းပညာျဖင့္
အေသလုပ္ခိုင္းသူကိုသိေပမယ့္
အၿငိဳးမထားပဲစိတ္ရွင္းရွင္းနဲ႔
ေနထိုင္ခဲ့သည္။
ေဒၚစိုးစိုးျပန္လည္ေကာင္းမြန္လာ
သည္ကိုျမင္ၿပီးအႀကီးအက်ယ္ေဒါသ
ထြက္ေနသည့္ေဒၚသီတာတို႔ သားအမိ
ႏွစ္ေယာက္လည္း အခ်ိန္ၾကာလာသည္ႏွင့္စီးပြားပ်က္ကာ
အိမ္ႏွင့္ၿခံကိုပင္ေရာင္းၿပီး ၿမိဳ႕ မွထြက္သြား
ၾကေတာ့သည္။
ၿပီးပါၿပီ။
လိုအပ္ခ်က္မ်ားအား နားလည္ေပးပါ
စာဖတ္သူတို႔ေရ။
ဇာတ္လမ္းေလးကိုသေဘာက်ရင္
လက္မေလးေတြႏွိပ္ၿပီးအားေပးသြားပါ.
#ေအာင္ဓူဝံ