ဘွားမယ်စိန်နှင့်မကျွတ်မလွတ်ဒေါ်နှင်းမြိုင်(စ/ဆုံး)

Unicode Version

ဘွားမယ်စိန်နှင့်မကျွတ်မလွတ်ဒေါ်နှင်းမြိုင်(စ/ဆုံး)
————————————————-
“ကိုရင်မောင်…”
“ဘာတုန်း မိန်းမရဲ့”
“တော်…ဟိုအိမ်ကြီးကိုဘာလို့ဝယ်လိုက်တာတုန်း ကျုပ်တို့ကို မပြောမဆိုဘဲနဲ့”
“အိုကွာ…ဒါလေးဝယ်တာ
မင်းတို့ကိုပြောနေရမှာလားမိတင်…
ငွေပေါပေါနဲ့ရောင်းတာမို့ဝယ်လိုက်တာပေါ့ကွာ”
ဦးရင်မောင်ဆိုသော အသက်ငါးဆယ်ကျော်ဆံပင်ဖြူဖြူလူကြီးတစ်ဦးနှင့် ဒေါ်တင်ဆိုသော အမျိုးသမီးကြီးတို့သည်လင်မယားများဖြစ်ကြ၏။
ဦးရင်မောင်…ဒေါ်တင်ဆိုလျှင်ဖြင့် ရွာသစ်ရွာ၏ လူချမ်းသာစာရင်းဝင်သူများပင်ဖြစ်ကြသည်။
ယခု ဒေါ်တင်တစ်ယောက် ဦးရင်မောင်တစ်ယောက်သူ့အားမပြောမဆို
ဝယ်လိုက်သည့်အိမ်ကြောင့်စိတ်တိုဒေါသထွက်
နေခဲ့ရှာသည်။
“တော်ဝယ်တာကျုပ်မပြောလိုပါဘူး…
ဝယ်ရင်လည်းတခြားအိမ်ကိုဝယ်ပါလားတော်…
ဘယ့်နဲ့လူသေလို့ သရဲခြောက်ပါတယ်ဆိုပြီးနာမည်ကြီးတဲ့
အဲ့အိမ်ကိုမှတော် ဝယ်ရသလားကိုရင်မောင်ရဲ့”
“ဟ…အဲ့အိမ်လူသေတာ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကျော်လောက်ကပါဟ…
ပိုင်ရှင်တွေတောင်တစ်ယောက်ပြီး
တစ်ယောက်ပြောင်းနေတဲ့ဟာ…။
မင်းကဘာကိုကြောက်နေတာတုန်း”
“အမယ်…အမယ်…ကြည့်စမ်းပါဦး…
တော်ဝယ်လိုက်တဲ့အဲ့အိမ်အကြောင်းဒီရွာကခွေးကအစ
သိတယ်ကိုရင်မောင်…ပိုင်ရှင်တွေပြောင်းတယ် ဟုတ်သလား…ပြောင်းမှာပေါ့…ပြောင်းမှာပေါ့…
ဘယ့်နဲ့ဝယ်သာဝယ်လိုက်ရတယ်
သရဲမ အခြောက်ကြမ်းလို့ဘယ်သူမှမနေရဲတဲ့အိမ်လေ…”
“နင်ပြောတာတွေငါသိတယ်မိတင်…
ငါအလကားသက်သက်ဝယ်တယ်လို့
နင်ထင်နေသလား…မိတင် ဟမ်…”
“အလကားဝယ်တယ်ဆိုထား…
အခုပေးရတဲ့ငွေတွေကအဲ့အိမ်မှာနင့်နေတယ်လေ”
“ဟာ…ငါပြောတာနားထောင်စမ်းပါမိတင်ရာ…”
“ပြောစမ်းပါ…တော်ဘာများပြောနိုင်မှာလဲ”
သရဲခြောက်လှသည့်အိမ်ကိုဝယ်လိုက်၍
အခဲမကျေဖြစ်နေပါသော ဒေါ်တင်သည် ခင်ပွန်းဖြစ်သူဦးမောင်ရင်အားမဲ့ကာရွဲ့ကာပြောဆိုလို့နေ၏။
ဦးရင်မောင်သည်ကား…
“ဒီလိုဟ…ငါအဲ့အိမ်ကိုဝယ်တာကအကြံရှိတယ်…။ဒီလောက်ခြောက်နေတဲ့အိမ်ကြီးကသရဲကို တို့ဟိုဘက်သောင်ထွန်းရွာက ဘွားမယ်စိန်ရဲလက်ကို
အပ်ပြီး သရဲကိုချွတ်မလို့ဟေ့…”
“ဟုတ်မှလည်းလုပ်ပါတော်…
အရင်ကတည်းကဘုန်းကြီးပင့် ပရိတ်ရွတ်တာတောင် အဆင်မပြေခဲ့တာ…
တော်ပြောတဲ့ဟိုအဘွားကြီးကဘယ်လိုလုပ်နိုင်မှာတုန်း”
“ဟာ…ဒီမိန်းမတော့… ဘွားမယ်စိန်ဆိုတာ သောင်ထွန်းရွာတင်မကဘူး…ဘေးကတို့ရွာတွေကပါ
လေးစားရိုသေနေရတာ မင်းကလွဲရင်အကုန်သိတယ်မိတင်…
ဘွားမယ်စိန်က ဘုရားတရားသမား…
ဒီလိုကိစ္စတွေမှာသူက ကူညီနေတဲ့သူတစ်ယောက် ဒါတွေမင်းကိုပြောလည်းသိမယ်မထင်ပါဘူး…
မင်းတို့မိန်းမတွေကသန်းတုပ်ဖို့
အတင်းပြောဖို့ပဲသိကြတာ…”
“ဘာပြောတယ်…တော်ဘာပြောလိုက်တယ် ကိုရင်မောင်”
“ဘာမှမပြောဘူးဟေ့…ငါသွားစရာရှိတယ်…
သွားဦးမယ်ကွာ”
ဦးရင်မောင် မိန်းမဖြစ်သူဒေါ်တင်နှင့်ဆက်လက်အငြင်းမပွားချင်တော့၍နေရာမှထွက်လာခဲ့တော့၏။
ဦးရင်မောင်ထွက်လာခဲ့သည့်နေရာသည်ကား ရွာသစ်ရွာ၏
သူကြီးဦးမျိုးသစ် ၏နေအိမ်ဆီသို့ဖြစ်ပေသည်။
“ဗျို့…သူကြီးရေ…သူကြီးရှိလား”
“ရှိတယ် ဦးကြီးရေ ဝိုင်းထဲဝင်ခဲ့လေ….အဘရေ ဦးကြီးရင်မောင်လာတယ်တော့”
သူကြီးဦးမျိုးသစ်၏သမီးလုံမက အော်ပြောလေသည်။
ဦးရင်မောင်ဟာ သူကြီးဦးမျိုးသစ်၏အိမ်ဝိုင်းထဲသို့ဝင်လာခဲ့လေတော့ သူကြီးက ဦးရင်မောင်အား…
“လာဗျာ…ဒီမှာထိုင်”
ဟုဆိုကာကုလားထိုင်၌နေရာပေးလေသည်။
ဦးရင်မောင်ကုလားထိုင်၌ဝင်ထိုင်လိုက်လေတော့…
“ဘာအကြောင်းများရှိသလဲကိုရင်မောင်…
သြော်…နေပါဦး..ခင်ဗျားတောင်ပိုင်းက
အိမ်ကိုဝယ်လိုက်တယ်ဆို”
ဦးရင်မောင် မပြောခင်သူကြီးကမေးလေသည်။
“အင်း…ကျုပ်လာတာလည်းဒီကိစ္စပဲဗျ…”
“လုပ်ပါပြောပါဦး…။
ခင်ဗျား ဘာအတွေးနဲ့များအဲ့အိမ်ကို
ဝယ်လိုက်တာတုန်း”
“အင်း…ပြောချင်လို့လာတာသူကြီးရေ…
ဒီလိုဗျ…ဒီလို…ကျုပ်လွန်ခဲ့တဲ့သုံးညက
အိမ်မက်တစ်ခုမက်တယ်…အဲ့အိမ်မက်ထဲမှာ
မိန်းမတစ်ယောက်ကလာပြီးအဲ့အိမ်နဲ့ခြံကိုဝယ်ပါ…
ဝယ်ပြီးရင်သောင်ထွန်းရွာကဘွားမယ်စိန်ကိုခေါ်ပေးပါ…
အဲ့လိုသာလုပ်ပေးရင် ကျုပ်အတွက်အကျိုးအမြတ်ရှိမယ်ဆိုပြီးပြောတယ်ဗျ”
“ဟင်…အဲ့လိုကြီးမက်တာလား”
“ဟုတ်ပါ့သူကြီးရာ…ကျုပ်လည်းအစရက်ကမယုံခဲ့ဘူးဗျ။
အဲ့လိုမျိုးပုံစံတူအိမ်မက်နှစ်ခါမက်တော့ ကျုပ်လည်းယုံချင်လာရောဗျာ…အဲ့လိုနဲ့ အိမ်ရောင်းမယ်ဆိုတာလည်းကြားကော ကျုပ်ဝယ်လိုက်မိတော့တာပဲဗျို့”
“အင်း…ကိုရင်မောင်မက်တယ်ဆိုတဲ့
အိမ်မက်ကထူးဆန်းသားဗျ…
တစ်ခါထဲမက်တယ်ဆိုရင်စိတ်စွဲလို့ထင်ယောင်ထင်မှားမက်တယ်ဆိုပြီးယူဆလို့ရပေမယ့်…
အခုလိုနှစ်ညမက်တာကတော့ထူးဆန်းတာပဲ…
ကဲပါလေ…အဲ့အိမ်ကိုလည်းကိုရင်မောင်ဝယ်ပြီးသွားပြီ
ဆိုတော့ ဘာဆက်လုပ်မှာလဲကျုပ်ကို ပြောဗျာ”
သူကြီးဦးမျိုးသစ်သည် ဦးရင်မောင်အားပြောလိုက်လေတော့ ဦးရင်မောင်က သူ၏ခေါင်းအားတစ်ချက်ငြိမ့်လိုက်ပြီး…
“အင်း…ကျုပ်က ကျုပ်မိန်းမမိတင်ကိုတောင်
ဒီအကြောင်းတွေမပြောပြခဲ့ဘူးသူကြီးရ…။ကျုပ်မိန်းမကနူတ်လုံတာမဟုတ်ဘူးဗျိုု့…။
အခုကျုပ်လုပ်ရမှာက သောင်ထွန်းရွာက
ဘွားမယ်စိန်ကို ပင့်ဖိတ်ချင်လို့ပါဗျ အဲ့တာ သူကြီးကောလိုက်ခဲ့ပေးပါလို့ပြောချင်တာ”
“သြော်….ရတာပေါ့ဗျာ…ကျုပ်လိုက်ခဲ့ပါ့မယ်”
” ကျေးဇူးပါပဲသူကြီးရာ…”
“ဒါတွေပြောဖို့လိုသလားဗျ”
ဦးရင်မောင်၏စကားအား သူကြီးဦးမျိုးသစ်ကလက်ခံလိုက်သည်။
******************
“ဘွားရေ…ဘွား…………”
“ရှိတယ်ဟေ့ဝင်ခဲ့ကြ…မောင်ဘစီအသံပါလား…
ဝင်ခဲ့ကြကွယ်”
ခြံဝိုင်းအပြင်မှအသံကြောင့်ဘွားမယ်စိန်ကွပ်ပျစ်ထက်မှဖြေကြားလိုက်သည်။
ခြံဝိုင်းအပြင်တွင်ကာရံထားသော ဝါးထရံကြောင့် အပြင်မှလူအားမမြင်ရဘဲ အသံကိုသာ အမှတ်ပြုလိုက်ရသည်။
ဘွားမယ်စိန်ထင်သည့်အတိုင်းပင် ရှေ့ဆုံးမှ ဦးဘစီဝင်လာခဲ့ပြီး ဦးဘစီ၏နောက်ပါး၌ ရွာသစ်ရွာ၏သူကြီးဦးမျိုးသစ်၊ဦးမောင်ရင်တို့အပြင်နောက်ဆုံးမှာတော့ မောင်တိုး၊မောင်အုန်းလည်း ပါရှိကြသည်။
“လူအများသားပါလား….။လာ…လာ. သင့်တော်ရာမှာဝင်ထိုင်ကြပါကွယ်”
” လူများတာကကျုပ်ကဟောသည်
ဧည့်သည်နှစ်ယောက်ကိုဘွားဆီကိုလာပို့တာပါဗျာ…
ဟိုနှစ်ကောင်ကတော့လိုက်ချင်ပါရဲ့ဆိုပြီး
ပါလာခဲ့တာပဲဗျို့”
“အေးပါကွယ်…ထိုင်ကြ…ထိုင်ကြ…
ဟောသည်ဧည့်သည်က ရွာသစ်ကသူကြီးမလား”
“ဟုတ်ပါတယ်ဘွား”
ဘွားမယ်စိန်၏အမေးအား ရွာသစ်ရွာသူကြီးဦးမျိုးသစ်ကဖြေလိုက်လေသည်။
“အင်း…ဘာအကြောင်းများရှိလို့
ဘွားဆီကိုလာခဲ့ကြရတာလဲသူကြီးတို့က”
“အကြောင်းကတော့ ဟောသည် ကျုပ်တို့ရွာက သူဌေးဦးရင်မောင်ကြောင့်ပါဘွား….ကိုရင်မောင် ခင်ဗျားကိစ္စဘွားကိုပြောပြလိုက်လေဗျာ”
သူကြီးဦးမျိုးသစ်က ဘွားမယ်စိန်အားဖြေကြားရင်းသူ့အနီးတွင်ထိုင်နေသော ဦးရင်မောင်အားပြောလိုက်တော့၏။
“ဟုတ်ကဲ့ဘွား….ကျုပ်နာမည်က ရင်မောင်လို့ခေါ်ပါတယ်ဗျ…
ဘွားဆီလာရတာက ပြောရရင်တော့ ကျုပ်ဝယ်လိုက်တဲ့ အိမ်ကြောင့်ပေါ့…အဲ့အိမ်ကလည်း
သာမာန်မဟုတ်ဘူးဘွားရဲ့…။
အဲ့အိမ်ကသရဲအခြောက်ကြမ်းပါတယ်ဆိုပြီး
နာမည်ရှိနေခဲ့တာ..ကျုပ်အဲ့လိုအိမ်ကိုဝယ်လိုက်ရတာလည်း
အကြောင်းရှိသေးပြန်တယ်ဘွား…။ အကြောင်းကဒီလိုပါဗျာ………”
ဦးရင်မောင်သည် သူသိထားသည့်အရာအားဘွားမယ်စိန်သိရှိစေရန်အတွက်
မရပ်မနားပြောပြတော့သည်။
ကွပ်ပျစ်၌ထိုင်နေကြသော ဦးဘစီ၊သူကြီးဦးမျိုးသစ်တို့နည်းတူ
ဘေးတွင်မတ်တပ်ရပ်လျှက်ရှိသော မောင်အုန်းနှင့်မောင်တိုးတို့သည်လည်း
ဦးရင်မောင်ပြောနေသည်များကို
နားစွင့်နေကြလေသည်။
အကြောင်းစုံအားပြောပြပြီးလေတော့ ဘွားမယ်စိန်က ဦရင်မောင်အား…
“မောင်ရင်ပြောပြတဲ့အိမ်အကြောင်းကို
သေချာလေးသိချင်ပါသေးရဲ့ကွယ်…။
အဲ့အိမ်မှာခြောက်လန့်တာ အမျိုသမီးသရဲဆိုတော့သူကအဲ့အိမ်နဲ့
ဘာပတ်သတ်တာလဲ…။နောက်ပြီး အဲ့အိမ်မှာသူဘယ်လိုသေသွားခဲ့ရတယ်ဆိုတာလေး
ကိုတော့ဖြင့် ဘွားသေချာသိချင်ပါသေးတယ်”
ဘွားမယ်စိန်၏အမေးအား ဦးရင်မောင်မဖြေကြားခင် သူကြီးဦးမျိူးသစ်မှ…
“ကျုပ်ပြောပြပါ့မယ်ဘွား…ဒီလိုဗျ အဲ့အိမ်ကြီးအကြောင်းက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်ကပေါ့ဗျာ…အဲ့အိမ်ကြီးကို ဆောက်လုပ်တဲ့အမျိုးသမီးအမည်က ဒေါ်နှင်းမြိုင်လို့ခေါ်တယ်ဗျ…သူကလည်းအဲ့အိမ်ကြီးကိုဆောက်ပြီးမကြာသေးခင်မှာပဲဆုံးသွားခဲ့တာ…
ဆုံးတာကတော့ အခြားနေရာမှာပါ…
ဒါပေမယ့်လို့သူဝိညာဉ်ကအဲ့အိမ်ကြီးမှာပဲရှိနေတယ်…
အိမ်ကြီးကလူမနေရဲလောက်အောင် ခြောက်တယ်လန့်တယ်ဆိုပြီးပြောကြဆိုကြတာ
အခုထက်ထိပါပဲဘွား”
“အေး…မောင်ရင်ပြောပုံအရဆိုရင်တော့ အဲ့နှင်းမြိုင်ဝိညာဉ်ကအခုထက်ထိခြောက်လန့်နေတာပေါ့။ဘွားထပ်ပြီးသိချင်တာကနှင်းမြိုင်
ဘယ်လိုဆုံးပါးသွားခဲ့တာလဲဆိုတဲ့အဲ့အချက်ပဲ”
ဘွားမယ်စိန်၏အမေးအား သူကြီးဦးမျိုးသစ်မှ…
“ဒေါ်နှင်းမြိုင်လို့သာခေါ်ကြတာ သူအသက်ရှိစဉ်ကအသက်အားဖြင့် သုံးဆယ်သာသာပဲရှိသေးတယ်ဗျ…
အယ် နောက်ပြီးသူက ဒီရွာကသူဌေး ဦးဝမ်နဲ့လက်ထပ်ဖို့ပြင်နေတာ….သူဌေးဦးဝမ်က မယားကြီးကဆုံးသွားတဲ့သူဆိုတော့ ဒေါ်နှင်းမြိုင်ကိုလက်ထပ်ချင်တာပေါ့…
အဲ့လိုနေရင်းကနေပဲ လက်မထပ်လိုက်ကြရပါဘူး
ဒေါ်နှင်းမြိုင်ဆုံးသွားခဲ့လေရော…
ဆုံးတာကလည်းအချို့ကတော့သူ့ကိုယ်သူ
သတ်သေတာလိုလို…
သူများသတ်တာလိုလိုပြောကြသေးတယ်ဘွားရေ…
သူဌေးဦးဝမ်ကလည်းဒေါ်နှင်းမြိုင်ဆုံးသွားတော့
အဲ့ကတည်းကရွာကနေပြောင်းသွားတော့တာပါပဲဗျာ”
“အင်းပါလေ….မောင်ရင်တို့ရွာကိုဘွား
နောက်ရက်လာခဲ့ပါ့မယ်”
” ကျေးဇူးတင်ပါတယ်ဘွားရယ်…
ဘွားကိုကျုပ်တို့လာခေါ်ပေးပါ့မယ်ဗျာ”
“လာမခေါ်ကြပါနဲ့ကွယ်…ဘွား….ဟောသည်ကမောင်တိုးတို့နဲ့လာခဲ့ပါ့မယ်….
နောက်ပြီးဘွားတို့ကရွာသစ်ကိုညနေဘက်လာခဲ့မှာနော်…
ညမှောင်ရင်တော့ဖြင့် အဲ့သည်အိမ်ကိုသွားကြတာပေါ့…
မောင်ရင်တို့ဘက်ကပြင်ဆင်စရာလေးတွေ ပြင်ဆင်ထားပေးပါ”
“ဟုတ်ကဲ့ဘွား….ဘာတွေများလိုအပ်သေးလဲ…
ကျုပ်ပြင်ဆင်ပေးထားရအောင်လို့”
“အင်း…မောင်ရင်အိမ်အတွက်ဆိုတော့ မောင်ရင့်ဘက်က ထမင်းတစ်အိုးနဲ့ကြက်တစ်ကောင်ချက်ပေးထားကွယ်…
သရဲမအကြောင်းကသေချာမသိရသေးတော့ သူစိတ်ကျေနပ်အောင်ပြင်ဆင်ပေးတဲ့သဘောပေါ့”
“ဟုတ်ကဲ့ဘွား….။ကျုပ်ပြင်ဆင်ထားပေးပါ့မယ်…စိတ်ချပါဗျာ”
“အေးပါကွယ်…အေးပါ”
ဦးရင်မောင်၏စကားအား ဘွားမယ်စိန် ကျေနပ်သွားလေသည်။
ဘွားမယ်စိန်နည်းတူစွာ သူကြီးဦးမျိုးသစ်နှင့် ဦးရင်မောင်တို့သည်လည်း ဝမ်းသာနေကြရှာသည်။
*****************
နောက်တစ်နေညနေခင်း၌ ရွာသစ်ရွာဆီသို့
နွားလှည်းတစီးဖြင့်လူသုံးဦး
ရောက်ရှိလာခဲ့သည်။
ထိုသုံးဦးမှာနွားလှည်းပေါ် ၌ထိုင်လိုက်လာသော ဘွားမယ်စိန်နှင့်မောင်အုန်း…ထိုသူတို့အပြင်နွားလှည်းအားမောင်းနှင်လာသူ မောင်တိုးတို့ပင်ဖြစ်ကြသည်။
“ဘွားတို့လာပြီဟေ့…နေရာထိုင်ခင်းတွေပြင်ထားပေးကြ”
“ဘွား….ကြွပါခင်ဗျ…အိမ်အပေါ်ထပ်မှာထိုင်ဖို့ပြင်ဆင်ထားပါတယ်”
ဘွားမယ်စိန်တို့အား ဦးရင်မောင်နှင့်သူကြီးဦးမျိုးသစ်တို့ကကြိုဆိုခဲ့ကြသည်။
မောင်တိုးနှင့်မောင်အုန်းတို့သည်က နွားလှည်းချွတ်ဖို့အိမ်ဝိုင်းထဲ၌ကျန်ရစ်ခဲ့လေသည်။
အိမ်အပေါ်ထပ်သို့ရောက်လေတော့ အသင့်ခင်းထားသောသင်ဖြူးဖျာထက်၌ ထိုင်ကြရင်းစကားစမြည်ပြောဖြစ်ကြ၏။
ထို့နောက် ဦးရင်မောင်တို့လင်မယားမှဘွားမယ်စိန်တို့သုံးဦးအားထမင်းစားဖို့ရန်အတွက်ပြင်ဆင်ပေးကြပြန်သည်။
ထမင်းစားသောက်ပြီးကြသောအခါ
အချိန်သည် ညဘက်သို့ပင်ရောက်ရှိနေခဲ့လေပြီ။
ထို့ကြောင့် ဘွားမယ်စိန်က…
“ကဲ..အချိန်တော့ကျပြီမောင်ရင်တို့ရေ…
တို့တွေ သွားကြတာပေါ့”
ဟု…
ပြောလိုက်တော့၏။
ထိုသို့ဖြင့် သူကြီးဦးမျိုးသစ်နှင့်ဦးရင်မောင်
တို့နှစ်ဦးသည်မီးတုတ်များကိုင်ဆောင်ကာ
ရှေ့မှသွားကြလေသည်။
သူတို့၏နောက်ပါး၌တောင်ဝှေးကိုထောက်၍လိုက်ပါလာခဲ့သောဘွားမယ်စိန်နှင့်
ဘွားမယ်စိန်၏နောက်ပါးဆီမှာတော့ ထမင်းအိုးကိုထမ်းလာသောမောင်အုန်းနှင်ဟင်းအိုးကို ကိုင်ဆောင်လာသော မောင်တိုးတို့ပါရှိလေသည်။
ခြေလှမ်းအနည်းငယ်မျှဆက်လှမ်းကြအပြီးမှာတော့ဖြင့်
ပျဉ်ထောင်နှစ်ထပ်ဆောက်လုပ်ထားသော အိမ်ကြီးဆီသို့ရောက်ရှိလာခဲ့ကြသည်။
ထိုအိမ်ကြီး၏ခြံဝိုင်းသော့ကို ဦးရင်မောင်ကဖွင့်နေရင်း…
“ခြံဝိုင်းထဲကအပင်ရိုင်းတွေတော့
ကျုပ်ရှင်းခိုင်းထားပေမယ့်
အိမ်အတွင်းတော့မရှင်းလင်းရသေးဘူးဗျ…
ဘယ်သူမှလည်းအိမ်ထဲမဝင်ရဲကြလို့ဖုန်တွေ
ဘာတွေတော့ရှိနေမယ်ထင်ရဲ့…
အဲ့တာ ဘွားတို့အဆင်ပြေပါ့မလား”
“အင်း…ရပါတယ်ကွယ်…
အိမ်လည်းရောက်နေပြီဆိုတော့
မောင်ရင်တို့နှစ်ယောက်ကခြံထဲမှာပဲနေခဲ့ကြပါ…။
မောင်အုန်းတို့နှစ်ယောက်ကတော့ ဘွားနောက်ကိုလိုက်ရဲကြတယ်မလား”
“လိုက်ရဲပါတယ်ဘွား”
“လိုက်မယ်ဘွား”
ဘွားမယ်စိန်၏အမေးအား မောင်တိုးတို့က တက်ကြွစွာဖြေကြသည်။
ထိုသို့ဖြင့် မောင်တိုးသည် ဦးရင်မောင်ထံမှမီးတုတ်ကိုယူ၍ ဘွားမယ်စိန်အားအလင်းပြပေး၏။
သုံးဦးသားအိမ်အတွင်းပိုင်းရှိအခန်းများကို
လိုက်လံ၍ကြည့်ရှု့ကြသည်။
နောက်ဆုံးအောက်ထပ်ရှိအခန်းတစ်ခုတွင် မည်သည့်ပစ္စည်းကိရိယာမှမရှိရှင်းလင်းသော
အခန်းလွတ်ဖြစ်၍နေသည်ကိုတွေ့ရှိပြီး…
” ဟိုနေရာလေးမှာ ထမင်းအိုးနဲ့ဟင်းအိုးကိုအဖုံးဖယ်ပြီးချထားလိုက်ကြ…
ပြီးရင်မောင်တိုးကဟောသည်ဖယောင်းတိုင်သုံးတိုင်ကိုအဲ့အရှေ့မှာထွန်းပေးကွယ်”
“ဟုတ်ကဲ့ဘွား”
ဘွားမယ်စိန်ခိုင်းစေသည့်အတိုင်းမောင်တိုးတို့က
ဆောင်ရွက်ပေးကြသည်။
ဖယောင်းတိုင်များလည်းအသင့်ထွန်းပြီးသည်မို့
ဘွားမယ်စိန်က…
“မောင်ရင်တို့ခပ်လှမ်းလှမ်းမှာနေကြပေတော့…
သရဲမကိုဘွားရှေ့ခေါ်တော့မယ်”
ဘွားမယ်စိန်သည်မောင်တိုးတို့အားသတိပေးလိုက်၏။
ဘွားမယ်စိန်စကားအတိုင်းပင်မောင်တိုးတို့သည်နောက်သို့ဆုတ်ခွာသွားကြပေသည်။
ဘွားမယ်စိန်သည်ကားတော့ ဖယောင်းသုံးတိုင်၏
အရှေ့ခပ်လှမ်းလှမ်းနေရာလေးမှသူ၏တောင်ဝှေးကိုကိုင်ဆောင်ကာမတ်တပ်အနေအထားဖြင့် ရှိနေခဲ့သည်။
ထိုသို့နေရင်း…
“ဒုန်း…”
“နှင်းမြိုင်…ညည်းဆီကိုငါရောက်လာခဲ့ပြီ…
အခုဒီရှေ့ကိုလာခဲ့ပါ…
နှင်းမြိုင်ရောက်တဲ့နေရာကနေလာခဲ့ပါ”
ဟု…ကြမ်းပြင်ပေါ်သို့တောင်ဝှေးအားဆောင့်ချလိုက်ပြီးပြောလိုက်လေသည်။
ထိုသို့ပြောအပြီးတခဏအကြာ…
“ဝေါ……….ဟူးးးးးးးးးး….”
မည်သည့်အရပ်ကမှန်းမသိ တိုက်ခတ်လာသော
လေများသည် အခန်းအတွင်းသို့ဝင်ရောက်၍
လာခဲ့သည်။
ထိုလေတို့ကြောင့်အခန်းအတွင်းရှိဖုန်များအမှိုက်များ
လွှင့်စင်၍နေခဲ့ရာ မောင်တိုးနှင့်မောင်အုန်းတို့သည်
မျက်စိများမှိတ်ထားကြရ၏။
ဘွားမယ်စိန်သည်ကား လက်ဖြင့်သူ၏မျက်နှာအားကာရံလို့ထားလေသည်။
တခဏအတွင်းတိုက်ခတ်သွားသောလေသည်ရုတ်ချည်းဆိုသလိုငြိမ်သက်၍သွားခဲ့၏။
လေငြိမ်သည်နှင့် ငြိမ်းသွားခဲ့သောဖယောင်းတိုင်များအား မောင်တိုးကမီးထွန်းပေးဖို့ရန်ဟန်ပြင်ရင်း…
“ဘွား…ဖယောင်းတွေမီးထွန်းရမလား”
မောင်တိုး၏အမေးကိုမဖြေခင် ရှေ့ရှိမည်းမည်းအရိပ်ကြောင့်ဘွားမယ်စိန်က လက်ကိုကာ၍ဟန့်တားလိုက်သည်။
ပြီးလေမှ…
“သူရောက်နေပြီ…”
ဟု…ပြောလိုက်လေသည်။
သို့သော်ဘွားမယ်စိန်ကြည့်သောနေရာဆီသို့ မောင်တိုးတို့နှစ်ဦးကြည့်ကြပါသော်လည်းမည်သည့်အရာကိုမှမတွေ့ကြရပေ။
ဘွားမယ်စိန်မြင်ရသည်က ဖယောင်းတိုင်သုံးတိုင်၏နောက်၌ ထိုင်နေသောမည်းမည်းအရာပင်။
ထိုသည်က ဆံပင်ဖျားလျားချပြီး ခါးကြီးကုန်းကာထိုင်နေသော သရဲမ ဒေါ်နှင်းမြိုင်ပင်ဖြစ်ပေသည်။
“ကဲ…နှင်းမြိုင် ညည်းရောက်လာပြီဆိုတော့ အဲ့မှာထမင်းနဲ့ဟင်း ညည်းစားဖို့ဒီအိမ်ပိုင်ရှင်ကပြင်ပေးထားတာ စားလိုက်ဦး……စား…စား……”
ဟု… ဘွားမယ်စိန်ကဆိုလိုက်ရာ ချက်ချင်းပင်
ထထိုင်၍ထမင်းနှင့်ဟင်းများကိုလောဘတကြီးစားသောက်တော့သည်။
“ဂျွတ်……ဂျွတ်………
ကြက်ရိုးများကိုပင်ဝါးစား၏။
ထိုအသံကိုတော့မောင်တိုးနှင့်မောင်အုန်းသေချာစွာ
ကြားကြလေသည်။
ထိုမျှမကတစတစလျော့ပါးလာသောထမင်းနှင့်ဟင်းများကိုလည်းသူတို့မြင်ရ၏။
သရဲမဒေါ်နှင်းမြိုင်သည် စားသောက်နေရင်း သူ၏မျက်လုံးနီကြီးများဖြင့်ဝေ့ဝိုက်ကြည့်တတ်သေး၏။
ထမင်းနှင့်ဟင်းများပြောင်သလင်းခါသည်ကိုတွေ့ရသောအခါဘွားမယ်စိန်က…
“ကဲ…စားလို့သောက်လို့လဲပြီးပြီဆိုတော့ ညည်းအကြောင်းပြောပေးတော့နှင်းမြိုင်”
ဘွားမယ်စိန်စကားကြောင့် သရဲမနှင်းမြိုင်သည်သူ၏ခေါင်းအားငုံ့လိုက်ပြီး…
“အီးးး…..ဟီးးး…..ဟီး…….
ကျုပ်အကြောင်းကပြောရရင် ကျုပ်ဝမ်းနည်းလို့ပါတော်….အီး….ဟီးး…ဟီး…..ကျုပ်ကဒီအိမ်ကိုစွဲနေတာ….ကျုပ်အိမ်ကို ကျုပ်စွဲနေတာတော့……..အီးးး….ဟီးးးးး….ဟီးး…….”
“အေး…ညည်းကဘာကိုစွဲရတာတုန်း အကြောင်း ရင်း ကိုသေချာပြောပြမှဘွားဘက်က
ကူညီလို့ရမှာပေါ့နှင်းမြိုင်ရယ်”
“ကျုပ်ဘဝရဲ့အရေးကြီးတဲ့အရာတစ်ခုက
ဒီအိမ်မှာရှိနေတာ…အီး….ဟီး…..ဟီးးးးး….ကျုပ်ပိုင်တဲ့အရာလေးရှိနေလို့ ကျုပ်ဘယ်မှမသွားနိုင်ဘူး……သူတို့က ကျုပ်ကိုနှင်ဖို့ပဲသိကြတယ်တော် …….
ကျုပ်ကမသွားနိုင်ဘူး ဘွားရဲ့…….”
“နားတွေတော့ရှုပ်ကုန်ပြီနှင်းမြိုင်ရယ်…
ငိုတာရပ်ပြီးသေချာပြောစမ်းပါအေ့”
ဘွားမယ်စိန်စကားကြောင့်သရဲမဒေါ်နှင်းမြိုင်ငိုတာရပ်သွားလေသည်။
ပြီးလေတော့…
“ကျုပ်မကျွတ်ရတဲ့အကြောင်းကိုသိရဖို့ဆိုရင်
ကျုပ်ဘဝအကြောင်းကိုဘွားကိုပြောပြမှဖြစ်မှာ….
အကြောင်းကဒီလိုပါဘွားရယ်………”

လွန်ခဲ့သောအနှစ်နှစ်ဆယ်ခန့်က
ရွာသစ်ရွာ၌ နှင်းမြိုင်ဆိုသော မိန်းမချောမိန်းမလှတစ်ယောက်ရှိပေသည်။
နှင်းမြိုင်သည် အသက်သုံးဆယ်သာသာအရွယ်ဖြစ်ပြီး ရွာ၏ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်တစ်ဦးပင်ဖြစ်သည်။
နှင်းမြိုင်မှာကား မိဘများမရှိကြတော့။
အဒေါ်ဖြစ်သူမိသားစုနှင့်သာအတူနေထိုင်ရလေသည်။
အဒေါ်ဖြစ်သူ၌သားတစ်ယောက်ရှိသည်။
ထိုသူ၏အမည်သည်ကား ငစိုးဟုခေါ်ကြ၏။
နာမည်စီး၍ပေလားမသိ ငစိုးသည် အရက်သမား ဖဲသမား တစ်ယောက်ဖြစ်သည်။
နှင်းမြိုင်နှင့်အဒေါ်ဖြစ်သူမှာသူများလယ်၌ပေါင်းသင်ပေါင်းနုတ်လိုက်ရပြီးဝင်ငွေရှာကြရသော်လည်း ငစိုးမှာကား နှင်းမြိုင်တို့ရှာဖွေရသမျှကိုသာယူ၍ သောက်စားပျော်ပါးလေသည်။
နှင်းမြိုင်၌ မိမိနှင့်ဘဝတူ မောင်တင်မောင် ဆိုသော
ချစ်သူရှိ၏။
မောင်တင်မောင်သည်လည်း သူများလယ်ငှားဘဝဖြင့် ရပ်တည်နေသူပင်ဖြစ်သည်။
သို့သော် နှင်းမြိုင်တို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦးသိပ်ချစ်ကြလေသည်။
နှစ်ကိုယ်တူဘဝထူထောင်ဖို့ရန်လည်းကြိုးစားနေကြရှာ၏။
“နှင်း…”
“ဟုတ်ကဲ့အကို…”
“ဒီမှာ… နှင်းအတွက် အကိုယူလာတာလေးကိုကြည့်ပါဦး”
“အို…ပုလဲပုတီးလေးပဲ”
“ဟုတ်ပါ့ဗျာ ဟိုတလောကမြို့တက်ရင်းကြုံလို့ နှင်းအတွက်ဝယ်လာခဲ့တာ…ဘယ်လိုလဲနှင်းသဘောကျရဲ့လား”
“အကိုဝယ်ပေးတာဆိုဘာပဲဖြစ်ဖြစ်သဘောကျပါရဲ့ရှင်…
ဒါပေမယ့်လေ ဒီပုတီးကုံးလေးတွေက
မြို့ကြီးသူတွေလိုဝတ်ဆင်မှလှတာအကိုရဲ့”
“အိုကွယ်…အကိုမျက်စိထံမှာတော့ဖြင့် နှင်းဟာ မြို့ကြီးသူတွေထက် အစပေါင်းများစွာလှသဗျာ…”
“အကိုကတော့ပိုပြန်ပြီ…ဟင်း…ဟင်း……”
“ဟုတ်သလား…။အကိုကလိုသေးတယ်ထင်နေတာ နှင်းရဲ့”
မောင်တင်မောင်ပြောသောစကားကြောင့်
နှင်းမြိုင်ရယ်မောနေခဲ့သည်။
ချစ်ရသူပေးသော ပုလဲ ပုတီးလေးအား နှင်းမြိုင်ထိုနေ့မှစ၍
တယုတယဖြင့် သိမ်းဆည်းထားခဲ့လေသည်။
*************************
“ဟဲ့….နှင်းမြိုင် နင်နဲ့ဟိုအကောင်တင်မောင်နဲ့
ကြိုက်နေကြတယ်ဆို ဟုတ်သလားအဲ့တာ…..
ညနေခင်းအရက်ဆိုင်မှပြန်ရောက်လာခဲ့သော ငစိုးသည်
အိမ်ကွပ်ပျစ်၌ဆန်ထိုင်ရွေးနေသော
နှင်းမြိုင်ကိုမေးလိုက်ခြင်းပင်။
“ဟုတ်တယ်လေ…အဲ့တာဘာဖြစ်တုန်း”
“အောင်မာ…အောင်မာ….ဘာဖြစ်တုန်းဟုတ်သလား…
နင့်ကိုငါက သူဌေးဦးဝမ်နဲ့လက်ထပ်ပေးဖို့ကြိုးစား
နေတာလေ…ဒါကိုနင်က ဟိုမျက်နှာမွဲကိုလင်တော်ဖို့ကြိုးစားနေတယ်ပေါ့”
“အို…ဒါနှင်းမြိုင်ရဲ့ကိစ္စပါ….ဒီအတွက်
ကိုစိုးပြောတာကိုနှင်းမြိုင်လက်မခံနိုင်ဘူး”
“ဘာ……နင်ကများ လူပါးဝလို့………”
“ဖြန်း……..”
“အမလေး………..”
“ဟဲ့…..ဟဲ့……ဘာဖြစ်ကြတာတုန်း………သမီးနှင်းမြိုင်”
“ဒေါ်လေး…….အဟင့်……အဟင့်…………”
နှင်းမြိုင်ပြောလိုက်သောစကားကြောင့် ငစိုးသည်
နှင်းမြိုင်၏ပါးအား ရိုက်ချလိုက်ခြင်းဖြစ်သည်။
ဆူညံသံတို့ကြောင့် အဒေါ်ဖြစ်သူအပြေးအလွှားရောက်ချိန်၌ နှင်းမြိုင်ဟာ ငိုရှိုက်လို့နေရှာသည်။
“ဟဲ့….ငစိုး နင် ငါ့တူမကိုဘာလို့ရိုက်ရတာတုန်း နွားရဲ့”
“အမေ့တူမက လူပါးဝလို့လေ…ဘယ်နဲ့ အစ်ကိုဖြစ်သူကရွှေဘုံပေါ်ထိုင်ဖို့လုပ်ပေးနေတာကို
နွားချေးတောကိုဆင်းချင်တယ်လေ အဲ့ဟာမက”
“ဘာကိုရွှေဘုံပေါ်ထိုင်ဖို့လဲ…
ကျုပ်အတွက်အဲ့တာတွေမလိုဘူး…
အစ်ကို့ဘာသာသုံးချင်တာသုံး၊ဖြုံးချင်တာဖြုံးရဖို့ကျုပ်ကိုခုတုံးလုပ်နေတာလေ….အီး….ဟီး…….ဟီးးးး….ဟီး…..”
နှင်းမြိုင်ဒေါသတကြီးပြောရင်း အဒေါ်ဖြစ်သူ၏ရင်ခွင်၌ငိုရှိုက်လိုက်လေသည်။
“အေး…ဒီမှာကြည့်နှင်းမြိုင်…ငါကလည်း
လုပ်ချင်တာဆိုလုပ်ရမှကိုကျေနပ်တာဟ…နင်သာ ငါပြောစကားနားမထောင်ရင် ဟောသည်ဓားကနင့်အကောင်ရဲ့
ရင်ဘက်ကိုစိုက်ဝင်သွားလိမ့်မယ်ဆိုတာကိုတော့
နင်သိထားလိုက်”
ငစိုး သူ၏ခါးကြား၌ ထိုးထားသောဓားတိုကို ထုတ်ကာ နှင်းမြိုင်အား ဒေါသတကြီးပြောလိုက်သည်။
ထိုအခါ အဒေါ်ဖြစ်သူက
“ငါ့တူမကိုငါရအောင် ဖျောင်းဖျမယ် ငစိုး…
နင်သာ မဟုတ်တာတွေမလုပ်နဲ့”
“ဒါဆိုပြီးတာပဲအမေရာ…ကျုပ်ပြောတဲ့အတိုင်းမဟုတ်ရင်တော့ သိတဲ့အတိုင်းပဲ…ကျုပ်ဆိုတဲ့အကောင်အကြောင်းကိုမွေးထားတဲ့အမေကပိုသိမှာပေါ့ဗျာ”
ဟု…ပြောကာငစိုးထွက်သွားလေတော့သည်။
“ဒေါ်လေး……..အီး….ဟီးးး…..ဟီး…….
နှင်းမြိုင် ဘယ်လိုလုပ်ရမလဲဒေါ်လေးရယ်…….”
“တူမလေးရယ်….ဒေါ်လေးလည်းမတတ်သာပါဘူးကွယ်….
နင့်အစ်ကိုအကြောင်းသိတယ်မလား…အဲ့အကောင်က အတော်မိုက်ရိုင်းနေတာ….သူပြောသလိုသာမဟုတ်ရင် ဒေါ်လေးတို့တွေအခက်တွေ့မှာကွယ့်”
အဒေါ်ဖြစ်သူသည် နှင်းမြိုင်အားပွေ့ဖက်ကာ ငိုကြွေးနေရှာသည်။
သူသည်လည်းသားဆိုးသားမိုက်အားကြောက်ရသူတစ်ဦးပင်ဖြစ်၍နေ၏။
***************************
ထိုသို့ဖြင့်တစ်ပတ်မျှကြာလေတော့ရွာထဲ၌
မင်္ဂလာသတင်းတစ်ခုပျံနှံလို့နေလေပြီ။
ထိုသည်က သူဌေးဦးဝမ်နှင့်ကွမ်းတောင်ကိုင်အလှပဂေး
နှင်းမြိုင်တို့၏ မင်္ဂလာဆောင်သတင်းပင်ဖြစ်ပေသည်။
ထိုသတင်းကို ကြားရသော မောင်တင်မောင်သည်လည်း နှင်းမြိုင်အား စိတ်အနာကြီးနာကာ ရွာမှထွက်သွားတော့၏။
နှင်းမြိုင်မှာကား ချစ်ရသူအတွက်ကော
မချစ်မနှစ်သက်ရသူနှင့်ပေါင်းဖက်ရမည့်အရေးကြောင့် အတွက်ပါမစားနိုင်မအိပ်နိုင်ဖြစ်လို့နေရှာသည်။
ထိုကြားမှသူဌေးဦးဝမ်က မင်္ဂလာဆောင်ပြီးလျှင်နေဖို့ရန်အတွက် အိမ်အသစ်အား နှင်းမြိုင်စိတ်ကြိုက်ဆောက်လုပ်စေသည်။
နှင်းမြိုင်သည်လည်း မိမိချစ်သူနှင့် တိုင်ပင်ခဲ့ဖူးသော အိမ်ပုံစံအား စိတ်ထဲတွင်စွဲကာ ထိုပုံစံအတိုင်းပင်ဆောက်လုပ်စေခဲ့သည်။
အိမ်ဆောက်နေစဉ်မှာလည်း ထိုအိမ်ဆီသို့နှင်းမြိုင်မကြာခဏသွားတက်၏။
ထိုသို့သွားရခြင်းမှာလည်း ချစ်သူကိုလွမ်းဆွတ်လေးတိုင်း ချစ်သူပေးထားခဲ့သည့် ပုလဲပုတီးလေးကိုကိုင်ကာ
ချောင်ကျကျထောင့်တတစ်နေရာတွင်မည်သူမှမသိအောင်ငိုကြွေးဖို့ဖြစ်ပေသည်။
ထိုသို့ဖြင့် နှင်းမြိုင်၏အိမ်သည်ဆောက်လုပ်ပြီးစီးချိန်၌
နှင်းမြိုင်၏လက်ထပ်ပွဲသည်မကြာမီရောက်ရှိတော့ပေမည်။
သို့သော် လက်ထပ်ပွဲရက်သို့မရောက်မီ နှင်းမြိုင်တစ်ယောက်
ပိုးသတ်ဆေးများသောက်ကာ သေပွဲဝင်သွားခဲ့၏။
နှင်းမြိုင်ခမျာ ချစ်ရသူနှင့်ဝေးကွာရသည့်စိတ်…မချစ်မနှစ်သက်သူနှင့်အတူနေထိုင်ရမည်ဟူသောစိတ်တို့ကြောင့် ကိုယ့်ကိုယ်ကိုသတ်သေသွားခြင်းဖြစ်ပေသည်။
နှင်းမြိုင်သေဆုံးသွားသည်ဟုသော သတင်းကြောင့်
သူဌေးဦးဝမ်လည်း ရွာမှပြောင်းရွေ့သွားတော့သည်။
ပတ်ဝန်းကျင်၏အမြင်၌ သူဌေးဦးဝမ်ကြောင့်
နှင်းမြိုင်သေဆုံးရသည်ဟုထင်မြင်နေကြလေသည်။
ထိုသို့ နှင်းမြိုင်သေဆုံးပြီးနောက် နှင်းမြိုင်၏အိမ်အား
သူဌေးဦးဝမ်က ရရာဈေးဖြင့်ရောင်းချခဲ့လေသည်။
ဝယ်ယူသူများနေထိုင်ကြသောအခါ
သရဲမ နှင်းမြိုင်၏ခြောက်လန့်ခြင်းကိုခံကြရသည်ဟူသောသတင်းများထွက်ပေါ်လာခဲ့တော့သည်။
************************************
သရဲမနှင်းမြိုင်သည်သူ၏အကြောင်းများအား ဘွားမယ်စိန်အားပြောပြသွားလေသည်။
ဘွားမယ်စိန်သည် သူ၏တောင်ဝှေးကိုထောက်၍ ဟိုမှာသည်မှာ လမ်းလျှောက်ရင်း…
“ဒီအိမ်ကိုစွဲရတဲ့အကြောင်းရင်းကဘာလဲနှင်းမြိုင်”
“ကျုပ်ပုတီးလေးရှိနေလို့ပါ ဘွား”
နှင်းမြိုင်၏စကားကြောင့် ဘွားမယ်စိန်စိတ်မကောင်းဖြစ်မိသည်။
“ညည်းအေ…ညည်းရဲ့ ဝဋ်ကလည်း
ကြီးလိုက်တာနှင်းမြိုင်ရယ်”
“ကျုပ်ကံပါလို့ပါဘွားရယ်…”
“အင်း…ဒါဆို အဲ့ပုလဲပုတီးက ဒီအိမ်မှာရှိတယ်ပေါ့…
အဲ့ပုလဲပုတီးကို ဘွားဖျက်စီးပစ်ပြီး ညည်းကိုလည်း
ဒီဘဝကနေဘွားကယ်ပေးပါ့မယ်”
“ကျေးဇူးတင်ပါတယ်ဘွားရယ်…
ကျုပ်ရဲ့အစွဲလည်း ကျွတ်ချိန်တန်ပြီထင်ပါတယ်တော်”
“ဟုတ်တာပေါ့အေ…ညည်းကိုယ်တိုင်ဒီလိုဘဝကြီးထဲနေရတာစိတ်ပျက်နေပြီမလား…ညည်းကျွတ်လွတ်ဖို့အလှုအတန်းကိစ္စတွေကို ဒီအိမ်ပိုင်ရှင်ကစီစဉ်ပေးပါလိမ့်မယ် နှင်းမြိုင်….။
အခု ပုလဲပုတီးရှိတဲ့နေရာကိုသာ ဘွားကိုပြောပြပါ”
“ပုလဲပုတီးက ဒီအခန်းထဲမှာပါပဲ…ဟော…ဟိုနားကကြမ်းပြင်ကိုနည်းနည်းခွာလှန်လိုက်ရင်တွေ့ပါလိမ့်မယ်….”
“သြော်…အေး…အေး…..မောင်တိုးရေ….
လာပါဦးကွယ်…ဟောသည်နားကကြမ်းပြင်ကိုနည်းနည်း
ထိုးကလန့်ပေးစမ်း ဘွားကို”
“ဟုတ်ကဲ့ဘွား……..”
မောင်တိုးသည် သူ၏ခါးကြား၌လိုရမယ်ရယူဆောင်လာခဲ့သော ဓားတိုလေးဖြင့်ကြမ်းခင်းအားထိုးကလန့်ပေးလေသည်။
ကြမ်းသည်လည်းဟောင်းနေပြီမို့လွယ်ကူစွာကျိုးပဲ့သွား၏။
“မီးတုတ်လေးယူပြီးအောက်ကိုသေချာကြည့်နှိုက်
မောင်တိုး…အဲ့နေရာမှာ ပုလဲပုတီးလေးကိုရှာ”
ဘွားမယ်စိန်ပြောသည့်အတိုင်းမောင်တိုးရှာဖွေသည်။
ခဏမျှရှာဖွေပြီးနောက်……..
“ဒါမှတ်လားဘွား……..”
မောင်တိုးသည်သူ၏လက်အတွင်းပါလာခဲ့သောမဲညစ်နေသောပုလဲပုတီးလေးကို ဘွားမယ်စိန်မြင်စေရန်မြှောက်ပြလေသည်။
ထိုအခါ ဘွားမယ်စိန်က သရဲမနှင်းမြိုင်အားကြည့်လိုက်လေရာ သရဲမ နှင်းမြိုင်က ဝမ်းသာအားရခေါင်းငြိမ့်ပြလေသည်။
ထိုပုလဲပုတီးအား ဘွားမယ်စိန် မှ သူ၏ပုဝါလေးထဲထည့်ကာသိမ်းလိုက်တော့သည်။
ပြီးလေတော့…
“ဒါဆို ဘွားရဲ့လာရင်းကိစ္စပြီးပြီနှင်းမြိုင် ဒီပုလဲပုတီးကို ဘွားယူသွားတော့မယ်။ ဒီအိမ်ပိုင်ရှင်ကိုလည်းမှာခဲ့မယ်….ညည်းအတွက်ဒီအိမ်ပေါ်မှာပဲအလှူအတန်းလုပ်ပေးဖို့ပေါ့……။
တစ်ခုက ဘယ်သူ့ကိုမှညည်းမခြောက်လန့်နဲ့တော့နှင်းမြိုင် ညည်းဒီဘဝကနေကျွတ်လွတ်ဖို့အချိန်ရောက်ပြီအေ”
“ဟုတ်ကဲ့….စိတ်ချပါဘွား………..”
“အေး.. အေး….ကဲ မောင်ရင်တို့
ပစ္စည်းတွေသိမ်းပြီးပြန်ကြတာပေါ့ကွယ်”
“ဟုတ်ကဲ့ဘွား”
သရဲမနှင်းမြိုင်ကအရင်ပျောက်ကွယ်သွားခဲ့သည်။
ဘွားမယ်စိန်လည်းစိတ်ချသွားခဲ့ပြီးပြန်ဖို့ပြင်ကြတော့သည်။
ခြံဝိုင်းထဲရောက်တော့ စောင့်ဆိုင်းနေကြသည့် ဦးရင်မောင်နှင့် သူကြီးဦးမျိုးသစ်တို့ကိုတွေ့ကြရသည်။
ထိုအခါဘွားမယ်စိန်က………..
“မောင်ရင်မောင်ရေ….ဒီအိမ်ကိုမောင်ရင်ဈေးပေါပေါနဲ့ဝယ်လိုက်ရတာဒါမောင်ရင်နဲ့ထိုက်လို့ပဲ…အခု ဘွားက နှင်းမြိုင်ကိုသေချာမှာခဲ့တယ်….မောင်ရင်တို့ဘက်က ဒီအိမ်မှာသူ့အတွက်ရည်စူးပြီးအလှူအတန်းလုပ်ပေးဖို့ပဲလိုတော့တယ်ကွယ်”
“စိတ်ချပါဘွား….ကျုပ်တို့သူ့အတွက်ရည်စူးပြီး
လှူဒါန်းပေးပါ့မယ်….အခုလိုအဆင်ပြေသွားအောင်ကူညီပေးတဲ့ဘွားကိုကျေးဇူးတင်ပါတယ်ဗျာ……….”
ထိုသို့ဖြင့် ဘွားမယ်စိန်တို့သည်ဦးရင်မောင်၏အိမ်သို့ပြန်လာခဲ့ကြ၏။
ညသန်းခေါင်ပင်ရောက်နေပြီမို့ ဦးရင်မောင်အိမ်၌သာညအိပ်လိုက်ကြရသည်။
နောက်တစ်ရက်မနက်၌ ဘွားမယ်စိန်တို့ပြန်ဖို့ပြင်ဆင်လေရာ
ဦးရင်မောင်တို့လင်မယားမှ ဘွားမယ်စိန်အား ငွေများဖြင့်ကန်တော့လေသော်လည်း ဘွားမယ်စိန်ကမယူခဲ့ပေ။
နောက်ဆုံးဦးရင်မောင်တို့လည်းလက်လျော့ကာ ဘွားမယ်စိန်အတွက်ဆန်နှင့်ဆီများလက်ဆောင်ထည့်ပေးကြလေသည်။
အတူလိုက်ပါလာသော မောင်တိုးနှင့်မောင်အုန်းကိုလည်း မုန်ဖိုးများ ပေးလိုက်ကြသေး၏။
အဲ့သည်နောက်မှာတော့ ဘွားမယ်စိန်တို့ရွာသို့ပြန်သွားကြတော့သည်။
သောင်ထွန်းရွာသို့ရောက်လေတော့ ဘွားမယ်စိန်သည် အိမ်သို့တန်းမပြန်သေးပဲ…သင်္ချိုင်းကုန်းသို့သွားကာ ပုလဲပုတီးလေးအား သင်္ချိုင်းမြေ၌ မြုပ်နှံလိုက်တော့လေသည်။
နောက်ဆုံး၌ သရဲမနှင်းမြိုင်တစ်ယောက် ဦးရင်မောင်တို့၏အလှူ၌သာဓုခေါ်ကာကျွတ်လွတ်သွားခဲ့ရှာသည်။
ပြီးပါပြီ……..။
စာဖတ်သူတို့လည်း
နှင်းမြိုင်လိုဘဝမျိုးနဲမကြုံကြရဘဲ
ချစ်သောသူနဲ့သာပေါင်းဖက်ကြရပါစေရှင်။
ယဉ်မင်း(ကန့်ဘလူ)
စာရေးသူရဲ့ဘွားမယ်စိန်အဖွဲ့အတွက်
ရေးသားထားတဲ့စာမူလေးပါ။
စာဖတ်သူအပေါင်းလည်း ဖတ်ရှု့ရတာကြိုက်နှစ်သက်ကြဖို့လည်း
စာရေးသူကြိုးစားရးသားထားပါတယ်ရှင်။

Zawgyi Version

ဘြားမယ္စိန္ႏွင့္မကြၽတ္မလြတ္ေဒၚႏွင္းၿမိဳင္(စ/ဆံုး)
————————————————-
“ကိုရင္ေမာင္…”
“ဘာတုန္း မိန္းမရဲ႕”
“ေတာ္…ဟိုအိမ္ႀကီးကိုဘာလို႔ဝယ္လိုက္တာတုန္း က်ဳပ္တို႔ကို မေျပာမဆိုဘဲနဲ႔”
“အိုကြာ…ဒါေလးဝယ္တာ
မင္းတို႔ကိုေျပာေနရမွာလားမိတင္…
ေငြေပါေပါနဲ႔ေရာင္းတာမို႔ဝယ္လိုက္တာေပါ့ကြာ”
ဦးရင္ေမာင္ဆိုေသာ အသက္ငါးဆယ္ေက်ာ္ဆံပင္ျဖဴျဖဴလူႀကီးတစ္ဦးႏွင့္ ေဒၚတင္ဆိုေသာ အမ်ိဳးသမီးႀကီးတို႔သည္လင္မယားမ်ားျဖစ္ၾက၏။
ဦးရင္ေမာင္…ေဒၚတင္ဆိုလွ်င္ျဖင့္ ႐ြာသစ္႐ြာ၏ လူခ်မ္းသာစာရင္းဝင္သူမ်ားပင္ျဖစ္ၾကသည္။
ယခု ေဒၚတင္တစ္ေယာက္ ဦးရင္ေမာင္တစ္ေယာက္သူ႔အားမေျပာမဆို
ဝယ္လိုက္သည့္အိမ္ေၾကာင့္စိတ္တိုေဒါသထြက္
ေနခဲ့ရွာသည္။
“ေတာ္ဝယ္တာက်ဳပ္မေျပာလိုပါဘူး…
ဝယ္ရင္လည္းတျခားအိမ္ကိုဝယ္ပါလားေတာ္…
ဘယ့္နဲ႔လူေသလို႔ သရဲေျခာက္ပါတယ္ဆိုၿပီးနာမည္ႀကီးတဲ့
အဲ့အိမ္ကိုမွေတာ္ ဝယ္ရသလားကိုရင္ေမာင္ရဲ႕”
“ဟ…အဲ့အိမ္လူေသတာ လြန္ခဲ့တဲ့အႏွစ္ႏွစ္ဆယ္ေက်ာ္ေလာက္ကပါဟ…
ပိုင္ရွင္ေတြေတာင္တစ္ေယာက္ၿပီး
တစ္ေယာက္ေျပာင္းေနတဲ့ဟာ…။
မင္းကဘာကိုေၾကာက္ေနတာတုန္း”
“အမယ္…အမယ္…ၾကည့္စမ္းပါဦး…
ေတာ္ဝယ္လိုက္တဲ့အဲ့အိမ္အေၾကာင္းဒီ႐ြာကေခြးကအစ
သိတယ္ကိုရင္ေမာင္…ပိုင္ရွင္ေတြေျပာင္းတယ္ ဟုတ္သလား…ေျပာင္းမွာေပါ့…ေျပာင္းမွာေပါ့…
ဘယ့္နဲ႔ဝယ္သာဝယ္လိုက္ရတယ္
သရဲမ အ​ေျခာက္ၾကမ္းလို႔ဘယ္သူမွမေနရဲတဲ့အိမ္ေလ…”
“နင္ေျပာတာေတြငါသိတယ္မိတင္…
ငါအလကားသက္သက္ဝယ္တယ္လို႔
နင္ထင္ေနသလား…မိတင္ ဟမ္…”
“အလကားဝယ္တယ္ဆိုထား…
အခုေပးရတဲ့ေငြေတြကအဲ့အိမ္မွာနင့္ေနတယ္ေလ”
“ဟာ…ငါေျပာတာနားေထာင္စမ္းပါမိတင္ရာ…”
“ေျပာစမ္းပါ…ေတာ္ဘာမ်ားေျပာႏိုင္မွာလဲ”
သရဲေျခာက္လွသည့္အိမ္ကိုဝယ္လိုက္၍
အခဲမေက်ျဖစ္ေနပါေသာ ေဒၚတင္သည္ ခင္ပြန္းျဖစ္သူဦးေမာင္ရင္အားမဲ့ကာ႐ြဲ႕ကာေျပာဆိုလို႔ေန၏။
ဦးရင္ေမာင္သည္ကား…
“ဒီလိုဟ…ငါအဲ့အိမ္ကိုဝယ္တာကအႀကံရွိတယ္…။ဒီေလာက္ေျခာက္ေနတဲ့အိမ္ႀကီးကသရဲကို တို႔ဟိုဘက္ေသာင္ထြန္း႐ြာက ဘြားမယ္စိန္ရဲလက္ကို
အပ္ၿပီး သရဲကိုခြၽတ္မလို႔ေဟ့…”
“ဟုတ္မွလည္းလုပ္ပါေတာ္…
အရင္ကတည္းကဘုန္းႀကီးပင့္ ပရိတ္႐ြတ္တာေတာင္ အဆင္မေျပခဲ့တာ…
ေတာ္ေျပာတဲ့ဟိုအဘြားႀကီးကဘယ္လိုလုပ္ႏိုင္မွာတုန္း”
“ဟာ…ဒီမိန္းမေတာ့… ဘြားမယ္စိန္ဆိုတာ ေသာင္ထြန္း႐ြာတင္မကဘူး…ေဘးကတို႔႐ြာေတြကပါ
ေလးစား႐ိုေသေနရတာ မင္းကလြဲရင္အကုန္သိတယ္မိတင္…
ဘြားမယ္စိန္က ဘုရားတရားသမား…
ဒီလိုကိစၥေတြမွာသူက ကူညီေနတဲ့သူတစ္ေယာက္ ဒါေတြမင္းကိုေျပာလည္းသိမယ္မထင္ပါဘူး…
မင္းတို႔မိန္းမေတြကသန္းတုပ္ဖို႔
အတင္းေျပာဖို႔ပဲသိၾကတာ…”
“ဘာေျပာတယ္…ေတာ္ဘာေျပာလိုက္တယ္ ကိုရင္ေမာင္”
“ဘာမွမေျပာဘူးေဟ့…ငါသြားစရာရွိတယ္…
သြားဦးမယ္ကြာ”
ဦးရင္ေမာင္ မိန္းမျဖစ္သူေဒၚတင္ႏွင့္ဆက္လက္အျငင္းမပြားခ်င္ေတာ့၍ေနရာမွထြက္လာခဲ့ေတာ့၏။
ဦးရင္ေမာင္ထြက္လာခဲ့သည့္ေနရာသည္ကား ႐ြာသစ္႐ြာ၏
သူႀကီးဦးမ်ိဳးသစ္ ၏ေနအိမ္ဆီသို႔ျဖစ္ေပသည္။
“ဗ်ိဳ႕…သူႀကီးေရ…သူႀကီးရွိလား”
“ရွိတယ္ ဦးႀကီးေရ ဝိုင္းထဲဝင္ခဲ့ေလ….အဘေရ ဦးႀကီးရင္ေမာင္လာတယ္ေတာ့”
သူႀကီးဦးမ်ိဳးသစ္၏သမီးလုံမက ေအာ္ေျပာေလသည္။
ဦးရင္ေမာင္ဟာ သူႀကီးဦးမ်ိဳးသစ္၏အိမ္ဝိုင္းထဲသို႔ဝင္လာခဲ့ေလေတာ့ သူႀကီးက ဦးရင္ေမာင္အား…
“လာဗ်ာ…ဒီမွာထိုင္”
ဟုဆိုကာကုလားထိုင္၌ေနရာေပးေလသည္။
ဦးရင္ေမာင္ကုလားထိုင္၌ဝင္ထိုင္လိုက္ေလေတာ့…
“ဘာအေၾကာင္းမ်ားရွိသလဲကိုရင္ေမာင္…
ေၾသာ္…ေနပါဦး..ခင္ဗ်ားေတာင္ပိုင္းက
အိမ္ကိုဝယ္လိုက္တယ္ဆို”
ဦးရင္ေမာင္ မေျပာခင္သူႀကီးကေမးေလသည္။
“အင္း…က်ဳပ္လာတာလည္းဒီကိစၥပဲဗ်…”
“လုပ္ပါေျပာပါဦး…။
ခင္ဗ်ား ဘာအေတြးနဲ႔မ်ားအဲ့အိမ္ကို
ဝယ္လိုက္တာတုန္း”
“အင္း…ေျပာခ်င္လို႔လာတာသူႀကီးေရ…
ဒီလိုဗ်…ဒီလို…က်ဳပ္လြန္ခဲ့တဲ့သုံးညက
အိမ္မက္တစ္ခုမက္တယ္…အဲ့အိမ္မက္ထဲမွာ
မိန္းမတစ္ေယာက္ကလာၿပီးအဲ့အိမ္နဲ႔ၿခံကိုဝယ္ပါ…
ဝယ္ၿပီးရင္ေသာင္ထြန္း႐ြာကဘြားမယ္စိန္ကိုေခၚေပးပါ…
အဲ့လိုသာလုပ္ေပးရင္ က်ဳပ္အတြက္အက်ိဳးအျမတ္ရွိမယ္ဆိုၿပီးေျပာတယ္ဗ်”
“ဟင္…အဲ့လိုႀကီးမက္တာလား”
“ဟုတ္ပါ့သူႀကီးရာ…က်ဳပ္လည္းအစရက္ကမယုံခဲ့ဘူးဗ်။
အဲ့လိုမ်ိဳးပုံစံတူအိမ္မက္ႏွစ္ခါမက္ေတာ့ က်ဳပ္လည္းယုံခ်င္လာေရာဗ်ာ…အဲ့လိုနဲ႔ အိမ္ေရာင္းမယ္ဆိုတာလည္းၾကားေကာ က်ဳပ္ဝယ္လိုက္မိေတာ့တာပဲဗ်ိဳ႕”
“အင္း…ကိုရင္ေမာင္မက္တယ္ဆိုတဲ့
အိမ္မက္ကထူးဆန္းသားဗ်…
တစ္ခါထဲမက္တယ္ဆိုရင္စိတ္စြဲလို႔ထင္ေယာင္ထင္မွားမက္တယ္ဆိုၿပီးယူဆလို႔ရေပမယ့္…
အခုလိုႏွစ္ညမက္တာကေတာ့ထူးဆန္းတာပဲ…
ကဲပါေလ…အဲ့အိမ္ကိုလည္းကိုရင္ေမာင္ဝယ္ၿပီးသြားၿပီ
ဆိုေတာ့ ဘာဆက္လုပ္မွာလဲက်ဳပ္ကို ေျပာဗ်ာ”
သူႀကီးဦးမ်ိဳးသစ္သည္ ဦးရင္ေမာင္အားေျပာလိုက္ေလေတာ့ ဦးရင္ေမာင္က သူ၏ေခါင္းအားတစ္ခ်က္ၿငိမ့္လိုက္ၿပီး…
“အင္း…က်ဳပ္က က်ဳပ္မိန္းမမိတင္ကိုေတာင္
ဒီအေၾကာင္းေတြမေျပာျပခဲ့ဘူးသူႀကီးရ…။က်ဳပ္မိန္းမကႏူတ္လုံတာမဟုတ္ဘူးဗ်ိဳု႔…။
အခုက်ဳပ္လုပ္ရမွာက ေသာင္ထြန္း႐ြာက
ဘြားမယ္စိန္ကို ပင့္ဖိတ္ခ်င္လို႔ပါဗ် အဲ့တာ သူႀကီးေကာလိုက္ခဲ့ေပးပါလို႔ေျပာခ်င္တာ”
“ေၾသာ္….ရတာေပါ့ဗ်ာ…က်ဳပ္လိုက္ခဲ့ပါ့မယ္”
” ေက်းဇူးပါပဲသူႀကီးရာ…”
“ဒါေတြေျပာဖို႔လိုသလားဗ်”
ဦးရင္ေမာင္၏စကားအား သူႀကီးဦးမ်ိဳးသစ္ကလက္ခံလိုက္သည္။
******************
“ဘြားေရ…ဘြား…………”
“ရွိတယ္ေဟ့ဝင္ခဲ့ၾက…ေမာင္ဘစီအသံပါလား…
ဝင္ခဲ့ၾကကြယ္”
ၿခံဝိုင္းအျပင္မွအသံေၾကာင့္ဘြားမယ္စိန္ကြပ္ပ်စ္ထက္မွေျဖၾကားလိုက္သည္။
ၿခံဝိုင္းအျပင္တြင္ကာရံထားေသာ ဝါးထရံေၾကာင့္ အျပင္မွလူအားမျမင္ရဘဲ အသံကိုသာ အမွတ္ျပဳလိုက္ရသည္။
ဘြားမယ္စိန္ထင္သည့္အတိုင္းပင္ ေရွ႕ဆုံးမွ ဦးဘစီဝင္လာခဲ့ၿပီး ဦးဘစီ၏ေနာက္ပါး၌ ႐ြာသစ္႐ြာ၏သူႀကီးဦးမ်ိဳးသစ္၊ဦးေမာင္ရင္တို႔အျပင္ေနာက္ဆုံးမွာေတာ့ ေမာင္တိုး၊ေမာင္အုန္းလည္း ပါရွိၾကသည္။
“လူအမ်ားသားပါလား….။လာ…လာ. သင့္ေတာ္ရာမွာဝင္ထိုင္ၾကပါကြယ္”
” လူမ်ားတာကက်ဳပ္ကေဟာသည္
ဧည့္သည္ႏွစ္ေယာက္ကိုဘြားဆီကိုလာပို႔တာပါဗ်ာ…
ဟိုႏွစ္ေကာင္ကေတာ့လိုက္ခ်င္ပါရဲ႕ဆိုၿပီး
ပါလာခဲ့တာပဲဗ်ိဳ႕”
“ေအးပါကြယ္…ထိုင္ၾက…ထိုင္ၾက…
ေဟာသည္ဧည့္သည္က ႐ြာသစ္ကသူႀကီးမလား”
“ဟုတ္ပါတယ္ဘြား”
ဘြားမယ္စိန္၏အေမးအား ႐ြာသစ္႐ြာသူႀကီးဦးမ်ိဳးသစ္ကေျဖလိုက္ေလသည္။
“အင္း…ဘာအေၾကာင္းမ်ားရွိလို႔
ဘြားဆီကိုလာခဲ့ၾကရတာလဲသူႀကီးတို႔က”
“အေၾကာင္းကေတာ့ ေဟာသည္ က်ဳပ္တို႔႐ြာက သူေဌးဦးရင္ေမာင္ေၾကာင့္ပါဘြား….ကိုရင္ေမာင္ ခင္ဗ်ားကိစၥဘြားကိုေျပာျပလိုက္ေလဗ်ာ”
သူႀကီးဦးမ်ိဳးသစ္က ဘြားမယ္စိန္အားေျဖၾကားရင္းသူ႔အနီးတြင္ထိုင္ေနေသာ ဦးရင္ေမာင္အားေျပာလိုက္ေတာ့၏။
“ဟုတ္ကဲ့ဘြား….က်ဳပ္နာမည္က ရင္ေမာင္လို႔ေခၚပါတယ္ဗ်…
ဘြားဆီလာရတာက ေျပာရရင္ေတာ့ က်ဳပ္ဝယ္လိုက္တဲ့ အိမ္ေၾကာင့္ေပါ့…အဲ့အိမ္ကလည္း
သာမာန္မဟုတ္ဘူးဘြားရဲ႕…။
အဲ့အိမ္ကသရဲအေျခာက္ၾကမ္းပါတယ္ဆိုၿပီး
နာမည္ရွိေနခဲ့တာ..က်ဳပ္အဲ့လိုအိမ္ကိုဝယ္လိုက္ရတာလည္း
အေၾကာင္းရွိေသးျပန္တယ္ဘြား…။ အေၾကာင္းကဒီလိုပါဗ်ာ………”
ဦးရင္ေမာင္သည္ သူသိထားသည့္အရာအားဘြားမယ္စိန္သိရွိေစရန္အတြက္
မရပ္မနားေျပာျပေတာ့သည္။
ကြပ္ပ်စ္၌ထိုင္ေနၾကေသာ ဦးဘစီ၊သူႀကီးဦးမ်ိဳးသစ္တို႔နည္းတူ
ေဘးတြင္မတ္တပ္ရပ္လွ်က္ရွိေသာ ေမာင္အုန္းႏွင့္ေမာင္တိုးတို႔သည္လည္း
ဦးရင္​ေမာင္ေျပာေနသည္မ်ားကို
နားစြင့္ေနၾကေလသည္။
အေၾကာင္းစုံအားေျပာျပၿပီးေလ​ေတာ့ ဘြားမယ္စိန္က ဦရင္ေမာင္အား…
“ေမာင္ရင္​ေျပာျပတဲ့အိမ္အေၾကာင္းကို
ေသခ်ာေလးသိခ်င္ပါေသးရဲ႕ကြယ္…။
အဲ့အိမ္မွာေျခာက္လန္႔တာ အမ်ိဳသမီးသရဲဆိုေတာ့သူကအဲ့အိမ္နဲ႔
ဘာပတ္သတ္တာလဲ…။ေနာက္ၿပီး အဲ့အိမ္မွာသူဘယ္လိုေသသြားခဲ့ရတယ္ဆိုတာေလး
ကိုေတာ့ျဖင့္ ဘြားေသခ်ာသိခ်င္ပါေသးတယ္”
ဘြားမယ္စိန္၏အေမးအား ဦးရင္ေမာင္မေျဖၾကားခင္ သူႀကီးဦးမ်ိဴးသစ္မွ…
“က်ဳပ္ေျပာျပပါ့မယ္ဘြား…ဒီလိုဗ် အဲ့အိမ္ႀကီးအေၾကာင္းက လြန္ခဲ့တဲ့ အႏွစ္ႏွစ္ဆယ္ေက်ာ္ကေပါ့ဗ်ာ…အဲ့အိမ္ႀကီးကို ေဆာက္လုပ္တဲ့အမ်ိဳးသမီးအမည္က ေဒၚႏွင္းၿမိဳင္လို႔ေခၚတယ္ဗ်…သူကလည္းအဲ့အိမ္ႀကီးကိုေဆာက္ၿပီးမၾကာေသးခင္မွာပဲဆုံးသြားခဲ့တာ…
ဆုံးတာကေတာ့ အျခားေနရာမွာပါ…
ဒါေပမယ့္လို႔သူဝိညာဥ္ကအဲ့အိမ္ႀကီးမွာပဲရွိေနတယ္…
အိမ္ႀကီးကလူမေနရဲေလာက္ေအာင္ ​ေျခာက္တယ္လန္႔တယ္ဆိုၿပီးေျပာၾကဆိုၾကတာ
အခုထက္ထိပါပဲဘြား”
“ေအး…ေမာင္ရင္ေျပာပုံအရဆိုရင္ေတာ့ အဲ့ႏွင္းၿမိဳင္ဝိညာဥ္ကအခုထက္ထိေျခာက္လန္႔ေနတာေပါ့။ဘြားထပ္ၿပီးသိခ်င္တာကႏွင္းၿမိဳင္
ဘယ္လိုဆုံးပါးသြားခဲ့တာလဲဆိုတဲ့အဲ့အခ်က္ပဲ”
ဘြားမယ္စိန္၏အေမးအား သူႀကီးဦးမ်ိဳးသစ္မွ…
“ေဒၚႏွင္းၿမိဳင္လို႔သာေခၚၾကတာ သူအသက္ရွိစဥ္ကအသက္အားျဖင့္ သုံးဆယ္သာသာပဲရွိေသးတယ္ဗ်…
အယ္ ေနာက္ၿပီးသူက ဒီ႐ြာကသူေဌး ဦးဝမ္နဲ႔လက္ထပ္ဖို႔ျပင္ေနတာ….သူေဌးဦးဝမ္က မယားႀကီးကဆုံးသြားတဲ့သူဆိုေတာ့ ေဒၚႏွင္းၿမိဳင္ကိုလက္ထပ္ခ်င္တာေပါ့…
အဲ့လိုေနရင္းကေနပဲ လက္မထပ္လိုက္ၾကရပါဘူး
ေဒၚႏွင္းၿမိဳင္ဆုံးသြားခဲ့ေလေရာ…
ဆုံးတာကလည္းအခ်ိဳ႕ကေတာ့သူ႔ကိုယ္သူ
သတ္ေသတာလိုလို…
သူမ်ားသတ္တာလိုလိုေျပာၾက​ေသးတယ္ဘြားေရ…
သူေဌးဦးဝမ္ကလည္းေဒၚႏွင္းၿမိဳင္ဆုံးသြားေတာ့
အဲ့ကတည္းက႐ြာကေနေျပာင္းသြားေတာ့တာပါပဲဗ်ာ”
“အင္းပါေလ….ေမာင္ရင္တို႔႐ြာကိုဘြား
ေနာက္ရက္လာခဲ့ပါ့မယ္”
” ေက်းဇူးတင္ပါတယ္ဘြားရယ္…
ဘြားကိုက်ဳပ္တို႔လာေခၚေပးပါ့မယ္ဗ်ာ”
“လာမေခၚၾကပါနဲ႔ကြယ္…ဘြား….ေဟာသည္ကေမာင္တိုးတို႔နဲ႔လာခဲ့ပါ့မယ္….
ေနာက္ၿပီးဘြားတို႔က႐ြာသစ္ကိုညေနဘက္လာခဲ့မွာေနာ္…
ညေမွာင္ရင္ေတာ့ျဖင့္ အဲ့သည္အိမ္ကိုသြားၾကတာေပါ့…
ေမာင္ရင္တို႔ဘက္ကျပင္ဆင္စရာေလးေတြ ျပင္ဆင္ထားေပးပါ”
“ဟုတ္ကဲ့ဘြား….ဘာေတြမ်ားလိုအပ္ေသးလဲ…
က်ဳပ္ျပင္ဆင္ေပးထားရေအာင္လို႔”
“အင္း…ေမာင္ရင္အိမ္အတြက္ဆိုေတာ့ ေမာင္ရင့္ဘက္က ထမင္းတစ္အိုးနဲ႔ၾကက္တစ္ေကာင္ခ်က္ေပးထားကြယ္…
သရဲမအေၾကာင္းကေသခ်ာမသိရေသးေတာ့ သူစိတ္ေက်နပ္ေအာင္ျပင္ဆင္ေပးတဲ့သေဘာေပါ့”
“ဟုတ္ကဲ့ဘြား….။က်ဳပ္ျပင္ဆင္ထားေပးပါ့မယ္…စိတ္ခ်ပါဗ်ာ”
“ေအးပါကြယ္…ေအးပါ”
ဦးရင္ေမာင္၏စကားအား ဘြားမယ္စိန္ ေက်နပ္သြားေလသည္။
ဘြားမယ္စိန္နည္းတူစြာ သူႀကီးဦးမ်ိဳးသစ္ႏွင့္ ဦးရင္ေမာင္တို႔သည္လည္း ဝမ္းသာေနၾကရွာသည္။
*****************
ေနာက္တစ္ေနညေနခင္း၌ ႐ြာသစ္႐ြာဆီသို႔
ႏြားလွည္းတစီးျဖင့္လူသုံးဦး
ေရာက္ရွိလာခဲ့သည္။
ထိုသုံးဦးမွာႏြားလွည္းေပၚ ၌ထိုင္လိုက္လာေသာ ဘြားမယ္စိန္ႏွင့္ေမာင္အုန္း…ထိုသူတို႔အျပင္ႏြားလွည္းအားေမာင္းႏွင္လာသူ ေမာင္တိုးတို႔ပင္ျဖစ္ၾကသည္။
“ဘြားတို႔လာၿပီေဟ့…ေနရာထိုင္ခင္းေတြျပင္ထားေပးၾက”
“ဘြား….ႂကြပါခင္ဗ်…အိမ္အေပၚထပ္မွာထိုင္ဖို႔ျပင္ဆင္ထားပါတယ္”
ဘြားမယ္စိန္တို႔အား ဦးရင္ေမာင္ႏွင့္သူႀကီးဦးမ်ိဳးသစ္တို႔ကႀကိဳဆိုခဲ့ၾကသည္။
ေမာင္တိုးႏွင့္ေမာင္အုန္းတို႔သည္က ႏြားလွည္းခြၽတ္ဖို႔အိမ္ဝိုင္းထဲ၌က်န္ရစ္ခဲ့ေလသည္။
အိမ္အေပၚထပ္သို႔ေရာက္ေလေတာ့ အသင့္ခင္းထားေသာသင္ျဖဴးဖ်ာထက္၌ ထိုင္ၾကရင္းစကားစျမည္ေျပာျဖစ္ၾက၏။
ထို႔ေနာက္ ဦးရင္ေမာင္တို႔လင္မယားမွဘြားမယ္စိန္တို႔သုံးဦးအားထမင္းစားဖို႔ရန္အတြက္ျပင္ဆင္ေပးၾကျပန္သည္။
ထမင္းစားေသာက္ၿပီးၾကေသာအခါ
အခ်ိန္သည္ ညဘက္သို႔ပင္ေရာက္ရွိေနခဲ့ေလၿပီ။
ထို႔ေၾကာင့္ ဘြားမယ္စိန္က…
“ကဲ..အခ်ိန္ေတာ့က်ၿပီေမာင္ရင္တို႔ေရ…
တို႔ေတြ သြားၾကတာေပါ့”
ဟု…
ေျပာလိုက္ေတာ့၏။
ထိုသို႔ျဖင့္ သူႀကီးဦးမ်ိဳးသစ္ႏွင့္ဦးရင္ေမာင္
တို႔ႏွစ္ဦးသည္မီးတုတ္မ်ားကိုင္ေဆာင္ကာ
ေရွ႕မွသြားၾကေလသည္။
သူတို႔၏ေနာက္ပါး၌ေတာင္ေဝွးကိုေထာက္၍လိုက္ပါလာခဲ့ေသာဘြားမယ္စိန္ႏွင့္
ဘြားမယ္စိန္၏ေနာက္ပါးဆီမွာေတာ့ ထမင္းအိုးကိုထမ္းလာေသာေမာင္အုန္းႏွင္ဟင္းအိုးကို ကိုင္ေဆာင္လာေသာ ေမာင္တိုးတို႔ပါရွိေလသည္။
ေျခလွမ္းအနည္းငယ္မွ်ဆက္လွမ္းၾကအၿပီးမွာေတာ့ျဖင့္
ပ်ဥ္ေထာင္ႏွစ္ထပ္ေဆာက္လုပ္ထားေသာ အိမ္ႀကီးဆီသို႔ေရာက္ရွိလာခဲ့ၾကသည္။
ထိုအိမ္ႀကီး၏ၿခံဝိုင္းေသာ့ကို ဦးရင္ေမာင္ကဖြင့္ေနရင္း…
“ၿခံဝိုင္းထဲကအပင္႐ိုင္းေတြေတာ့
က်ဳပ္ရွင္းခိုင္းထားေပမယ့္
အိမ္အတြင္းေတာ့မရွင္းလင္းရေသးဘူးဗ်…
ဘယ္သူမွလည္းအိမ္ထဲမဝင္ရဲၾကလို႔ဖုန္ေတြ
ဘာေတြေတာ့ရွိေနမယ္ထင္ရဲ႕…
အဲ့တာ ဘြားတို႔အဆင္​ေျပပါ့မလား”
“အင္း…ရပါတယ္ကြယ္…
အိမ္လည္းေရာက္ေနၿပီဆိုေတာ့
ေမာင္ရင္တို႔ႏွစ္ေယာက္ကၿခံထဲမွာပဲေနခဲ့ၾကပါ…။
ေမာင္အုန္းတို႔ႏွစ္ေယာက္ကေတာ့ ဘြားေနာက္ကိုလိုက္ရဲၾကတယ္မလား”
“လိုက္ရဲပါတယ္ဘြား”
“လိုက္မယ္ဘြား”
ဘြားမယ္စိန္၏အေမးအား ေမာင္တိုးတို႔က တက္ႂကြစြာေျဖၾကသည္။
ထိုသို႔ျဖင့္ ေမာင္တိုးသည္ ဦးရင္ေမာင္ထံမွမီးတုတ္ကိုယူ၍ ဘြားမယ္စိန္အားအလင္းျပေပး၏။
သုံးဦးသားအိမ္အတြင္းပိုင္းရွိအခန္းမ်ားကို
လိုက္လံ၍ၾကည့္ရႈ႕ၾကသည္။
ေနာက္ဆုံးေအာက္ထပ္ရွိအခန္းတစ္ခုတြင္ မည္သည့္ပစၥည္းကိရိယာမွမရွိရွင္းလင္းေသာ
အခန္းလြတ္ျဖ​စ္၍ေနသည္ကိုေတြ႕ရွိၿပီး…
” ဟိုေနရာေလးမွာ ထမင္းအိုးနဲ႔ဟင္းအိုးကိုအဖုံးဖယ္ၿပီးခ်ထားလိုက္ၾက…
ၿပီးရင္ေမာင္တိုးကေဟာသည္ဖေယာင္းတိုင္သုံးတိုင္ကိုအဲ့အေရွ႕မွာထြန္းေပးကြယ္”
“ဟုတ္ကဲ့ဘြား”
ဘြားမယ္စိန္ခိုင္းေစသည့္အတိုင္းေမာင္တိုးတို႔က
ေဆာင္႐ြက္ေပးၾကသည္။
ဖေယာင္းတိုင္မ်ားလည္းအသင့္ထြန္းၿပီးသည္မို႔
ဘြားမယ္စိန္က…
“ေမာင္ရင္တို႔ခပ္လွမ္းလွမ္းမွာေနၾကေပေတာ့…
သရဲမကိုဘြားေရွ႕ေခၚေတာ့မယ္”
ဘြားမယ္စိန္သည္ေမာင္တိုးတို႔အားသတိေပးလိုက္၏။
ဘြားမယ္စိန္စကားအတိုင္းပင္ေမာင္တိုးတို႔သည္ေနာက္သို႔ဆုတ္ခြာသြားၾကေပသည္။
ဘြားမယ္စိန္သည္ကားေတာ့ ဖေယာင္းသုံးတိုင္၏
အေရွ႕ခပ္လွမ္းလွမ္းေနရာေလးမွသူ၏ေတာင္ေဝွးကိုကိုင္ေဆာင္ကာမတ္တပ္အေနအထားျဖင့္ ရွိေနခဲ့သည္။
ထိုသို႔ေနရင္း…
“ဒုန္း…”
“ႏွင္းၿမိဳင္…ညည္းဆီကိုငါေရာက္လာခဲ့ၿပီ…
အခုဒီေရွ႕ကိုလာခဲ့ပါ…
ႏွင္းၿမိဳင္ေရာက္တဲ့ေနရာကေနလာခဲ့ပါ”
ဟု…ၾကမ္းျပင္ေပၚသို႔ေတာင္ေဝွးအားေဆာင့္ခ်လိုက္ၿပီးေျပာလိုက္ေလသည္။
ထိုသို႔ေျပာအၿပီးတခဏအၾကာ…
“ေဝါ……….ဟူးးးးးးးးးး….”
မည္သည့္အရပ္ကမွန္းမသိ တိုက္ခတ္လာေသာ
ေလမ်ားသည္ အခန္းအတြင္းသို႔ဝင္ေရာက္၍
လာခဲ့သည္။
ထိုေလတို႔ေၾကာင့္အခန္းအတြင္းရွိဖုန္မ်ားအမႈိက္မ်ား
လႊင့္စင္၍ေနခဲ့ရာ ေမာင္တိုးႏွင့္ေမာင္အုန္းတို႔သည္
မ်က္စိမ်ားမွိတ္ထားၾကရ၏။
ဘြားမယ္စိန္သည္ကား လက္ျဖင့္သူ၏မ်က္ႏွာအားကာရံလို႔ထားေလသည္။
တခဏအတြင္းတိုက္ခတ္သြားေသာေလသည္႐ုတ္ခ်ည္းဆိုသလိုၿငိမ္သက္၍သြားခဲ့၏။
ေလၿငိမ္သည္ႏွင့္ ၿငိမ္းသြားခဲ့ေသာဖေယာင္းတိုင္မ်ားအား ေမာင္တိုးကမီးထြန္းေပးဖို႔ရန္ဟန္ျပင္ရင္း…
“ဘြား…ဖေယာင္းေတြမီးထြန္းရမလား”
ေမာင္တိုး၏အေမးကိုမေျဖခင္ ေရွ႕ရွိမည္းမည္းအရိပ္ေၾကာင့္ဘြားမယ္စိန္က လက္ကိုကာ၍ဟန္႔တားလိုက္သည္။
ၿပီးေလမွ…
“သူေရာက္ေနၿပီ…”
ဟု…ေျပာလိုက္ေလသည္။
သို႔ေသာ္ဘြားမယ္စိန္ၾကည့္ေသာေနရာဆီသို႔ ေမာင္တိုးတို႔ႏွစ္ဦးၾကည့္ၾကပါေသာ္လည္းမည္သည့္အရာကိုမွမေတြ႕ၾကရေပ။
ဘြားမယ္စိန္ျမင္ရသည္က ဖေယာင္းတိုင္သုံးတိုင္၏ေနာက္၌ ထိုင္ေနေသာမည္းမည္းအရာပင္။
ထိုသည္က ဆံပင္ဖ်ားလ်ားခ်ၿပီး ခါးႀကီးကုန္းကာထိုင္ေနေသာ သရဲမ ေဒၚႏွင္းၿမိဳင္ပင္ျဖစ္ေပသည္။
“ကဲ…ႏွင္းၿမိဳင္ ညည္းေရာက္လာၿပီဆိုေတာ့ အဲ့မွာထမင္းနဲ႔ဟင္း ညည္းစားဖို႔ဒီအိမ္ပိုင္ရွင္ကျပင္ေပးထားတာ စားလိုက္ဦး……စား…စား……”
ဟု… ဘြားမယ္စိန္ကဆိုလိုက္ရာ ခ်က္ခ်င္းပင္
ထထိုင္၍ထမင္းႏွင့္ဟင္းမ်ားကိုေလာဘတႀကီးစားေသာက္ေတာ့သည္။
“ဂြၽတ္……ဂြၽတ္………
ၾကက္႐ိုးမ်ားကိုပင္ဝါးစား၏။
ထိုအသံကိုေတာ့ေမာင္တိုးႏွင့္ေမာင္အုန္းေသခ်ာစြာ
ၾကားၾကေလသည္။
ထိုမွ်မကတစတစေလ်ာ့ပါးလာေသာထမင္းႏွင့္ဟင္းမ်ားကိုလည္းသူတို႔ျမင္ရ၏။
သရဲမေဒၚႏွင္းၿမိဳင္သည္ စားေသာက္ေနရင္း သူ၏မ်က္လုံးနီႀကီးမ်ားျဖင့္ေဝ့ဝိုက္ၾကည့္တတ္ေသး၏။
ထမင္းႏွင့္ဟင္းမ်ားေျပာင္သလင္းခါသည္ကိုေတြ႕ရေသာအခါဘြားမယ္စိန္က…
“ကဲ…စားလို႔ေသာက္လို႔လဲၿပီးၿပီဆိုေတာ့ ညည္းအေၾကာင္းေျပာေပးေတာ့ႏွင္းၿမိဳင္”
ဘြားမယ္စိန္စကားေၾကာင့္ သရဲမႏွင္းၿမိဳင္သည္သူ၏ေခါင္းအားငုံ႔လိုက္ၿပီး…
“အီးးး…..ဟီးးး…..ဟီး…….
က်ဳပ္အေၾကာင္းကေျပာရရင္ က်ဳပ္ဝမ္းနည္းလို႔ပါေတာ္….အီး….ဟီးး…ဟီး…..က်ဳပ္ကဒီအိမ္ကိုစြဲေနတာ….က်ဳပ္အိမ္ကို က်ဳပ္စြဲေနတာေတာ့……..အီးးး….ဟီးးးးး….ဟီးး…….”
“ေအး…ညည္းကဘာကိုစြဲရတာတုန္း အေၾကာင္း​ ရင္း ကိုေသခ်ာေျပာျပမွဘြားဘက္က
ကူညီလို႔ရမွာေပါ့ႏွင္းၿမိဳင္ရယ္”
“က်ဳပ္ဘဝရဲ႕အေရးႀကီးတဲ့အရာတစ္ခုက
ဒီအိမ္မွာရွိေနတာ…အီး….ဟီး…..ဟီးးးးး….က်ဳပ္ပိုင္တဲ့အရာေလးရွိေနလို႔ က်ဳပ္ဘယ္မွမသြားႏိုင္ဘူး……သူတို႔က က်ဳပ္ကိုႏွင္ဖို႔ပဲသိၾကတယ္ေတာ္ …….
က်ဳပ္ကမသြားႏိုင္ဘူး ဘြားရဲ႕…….”
“နားေတြေတာ့ရႈပ္ကုန္ၿပီႏွင္းၿမိဳင္ရယ္…
ငိုတာရပ္ၿပီးေသခ်ာေျပာစမ္းပါေအ့”
ဘြားမယ္စိန္စကားေၾကာင့္သရဲမေဒၚႏွင္းၿမိဳင္ငိုတာရပ္သြားေလသည္။
ၿပီးေလေတာ့…
“က်ဳပ္မကြၽတ္ရတဲ့အေၾကာင္းကိုသိရဖို႔ဆိုရင္
က်ဳပ္ဘဝအေၾကာင္းကိုဘြားကိုေျပာျပမွျဖစ္မွာ….
အေၾကာင္းကဒီလိုပါဘြားရယ္………”

လြန္ခဲ့ေသာအႏွစ္ႏွစ္ဆယ္ခန္႔က
႐ြာသစ္႐ြာ၌ ႏွင္းၿမိဳင္ဆိုေသာ မိန္းမေခ်ာမိန္းမလွတစ္ေယာက္ရွိေပသည္။
ႏွင္းၿမိဳင္သည္ အသက္သုံးဆယ္သာသာအ႐ြယ္ျဖစ္ၿပီး ႐ြာ၏ကြမ္းေတာင္ကိုင္ပန္းေတာင္ကိုင္တစ္ဦးပင္ျဖစ္သည္။
ႏွင္းၿမိဳင္မွာကား မိဘမ်ားမရွိၾကေတာ့။
အေဒၚျဖစ္သူမိသားစုႏွင့္သာအတူေနထိုင္ရေလသည္။
အေဒၚျဖစ္သူ၌သားတစ္ေယာက္ရွိသည္။
ထိုသူ၏အမည္သည္ကား ငစိုးဟုေခၚၾက၏။
နာမည္စီး၍ေပလားမသိ ငစိုးသည္ အရက္သမား ဖဲသမား တစ္ေယာက္ျဖစ္သည္။
ႏွင္းၿမိဳင္ႏွင့္အေဒၚျဖစ္သူမွာသူမ်ားလယ္၌ေပါင္းသင္ေပါင္းႏုတ္လိုက္ရၿပီးဝင္ေငြရွာၾကရေသာ္လည္း ငစိုးမွာကား ႏွင္းၿမိဳင္တို႔ရွာေဖြရသမွ်ကိုသာယူ၍ ေသာက္စားေပ်ာ္ပါးေလသည္။
ႏွင္းၿမိဳင္၌ မိမိႏွင့္ဘဝတူ ေမာင္တင္ေမာင္ ဆိုေသာ
ခ်စ္သူရွိ၏။
ေမာင္တင္ေမာင္သည္လည္း သူမ်ားလယ္ငွားဘဝျဖင့္ ရပ္တည္ေနသူပင္ျဖစ္သည္။
သို႔ေသာ္ ႏွင္းၿမိဳင္တို႔ႏွစ္ဦးသည္ တစ္ဦးကိုတစ္ဦးသိပ္ခ်စ္ၾကေလသည္။
ႏွစ္ကိုယ္တူဘဝထူေထာင္ဖို႔ရန္လည္းႀကိဳးစားေနၾကရွာ၏။
“ႏွင္း…”
“ဟုတ္ကဲ့အကို…”
“ဒီမွာ… ႏွင္းအတြက္ အကိုယူလာတာေလးကိုၾကည့္ပါဦး”
“အို…ပုလဲပုတီးေလးပဲ”
“ဟုတ္ပါ့ဗ်ာ ဟိုတေလာကၿမိဳ႕တက္ရင္းႀကဳံလို႔ ႏွင္းအတြက္ဝယ္လာခဲ့တာ…ဘယ္လိုလဲႏွင္းသေဘာက်ရဲ႕လား”
“အကိုဝယ္ေပးတာဆိုဘာပဲျဖစ္ျဖစ္သေဘာက်ပါရဲ႕ရွင္…
ဒါေပမယ့္ေလ ဒီပုတီးကုံးေလးေတြက
ၿမိဳ႕ႀကီးသူေတြလိုဝတ္ဆင္မွလွတာအကိုရဲ႕”
“အိုကြယ္…အကိုမ်က္စိထံမွာေတာ့ျဖင့္ ႏွင္းဟာ ၿမိဳ႕ႀကီးသူေတြထက္ အစေပါင္းမ်ားစြာလွသဗ်ာ…”
“အကိုကေတာ့ပိုျပန္ၿပီ…ဟင္း…ဟင္း……”
“ဟုတ္သလား…။အကိုကလိုေသးတယ္ထင္ေနတာ ႏွင္းရဲ႕”
ေမာင္တင္ေမာင္ေျပာေသာစကားေၾကာင့္
ႏွင္းၿမိဳင္ရယ္ေမာေနခဲ့သည္။
ခ်စ္ရသူေပးေသာ ပုလဲ ပုတီးေလးအား ႏွင္းၿမိဳင္ထိုေန႔မွစ၍
တယုတယျဖင့္ သိမ္းဆည္းထားခဲ့ေလသည္။
*************************
“ဟဲ့….ႏွင္းၿမိဳင္ နင္နဲ႔ဟိုအေကာင္တင္ေမာင္နဲ႔
ႀကိဳက္ေနၾကတယ္ဆို ဟုတ္သလားအဲ့တာ…..
ညေနခင္းအရက္ဆိုင္မွျပန္ေရာက္လာခဲ့ေသာ ငစိုးသည္
အိမ္ကြပ္ပ်စ္၌ဆန္ထိုင္ေ႐ြးေနေသာ
ႏွင္းၿမိဳင္ကိုေမးလိုက္ျခင္းပင္။
“ဟုတ္တယ္ေလ…အဲ့တာဘာျဖစ္တုန္း”
“ေအာင္မာ…ေအာင္မာ….ဘာျဖစ္တုန္းဟုတ္သလား…
နင့္ကိုငါက သူေဌးဦးဝမ္နဲ႔လက္ထပ္ေပးဖို႔ႀကိဳးစား
ေနတာေလ…ဒါကိုနင္က ဟိုမ်က္ႏွာမြဲကိုလင္ေတာ္ဖို႔ႀကိဳးစားေနတယ္ေပါ့”
“အို…ဒါႏွင္းၿမိဳင္ရဲ႕ကိစၥပါ….ဒီအတြက္
ကိုစိုးေျပာတာကိုႏွင္းၿမိဳင္လက္မခံႏိုင္ဘူး”
“ဘာ……နင္ကမ်ား လူပါးဝလို႔………”
“ျဖန္း……..”
“အမေလး………..”
“ဟဲ့…..ဟဲ့……ဘာျဖစ္ၾကတာတုန္း………သမီးႏွင္းၿမိဳင္”
“ေဒၚေလး…….အဟင့္……အဟင့္…………”
ႏွင္းၿမိဳင္ေျပာလိုက္ေသာစကားေၾကာင့္ ငစိုးသည္
ႏွင္းၿမိဳင္၏ပါးအား ႐ိုက္ခ်လိုက္ျခင္းျဖစ္သည္။
ဆူညံသံတို႔ေၾကာင့္ အေဒၚျဖစ္သူအေျပးအလႊားေရာက္ခ်ိန္၌ ႏွင္းၿမိဳင္ဟာ ငိုရႈိက္လို႔ေနရွာသည္။
“ဟဲ့….ငစိုး နင္ ငါ့တူမကိုဘာလို႔႐ိုက္ရတာတုန္း ႏြားရဲ႕”
“အေမ့တူမက လူပါးဝလို႔ေလ…ဘယ္နဲ႔ အစ္ကိုျဖစ္သူကေ႐ႊဘုံေပၚထိုင္ဖို႔လုပ္ေပးေနတာကို
ႏြားေခ်းေတာကိုဆင္းခ်င္တယ္ေလ အဲ့ဟာမက”
“ဘာကိုေ႐ႊဘုံေပၚထိုင္ဖို႔လဲ…
က်ဳပ္အတြက္အဲ့တာေတြမလိုဘူး…
အစ္ကို႔ဘာသာသုံးခ်င္တာသုံး၊ၿဖဳံးခ်င္တာၿဖဳံးရဖို႔က်ဳပ္ကိုခုတုံးလုပ္ေနတာေလ….အီး….ဟီး…….ဟီးးးး….ဟီး…..”
ႏွင္းၿမိဳင္ေဒါသတႀကီးေျပာရင္း အေဒၚျဖစ္သူ၏ရင္ခြင္၌ငိုရႈိက္လိုက္ေလသည္။
“ေအး…ဒီမွာၾကည့္ႏွင္းၿမိဳင္…ငါကလည္း
လုပ္ခ်င္တာဆိုလုပ္ရမွကိုေက်နပ္တာဟ…နင္သာ ငါေျပာစကားနားမေထာင္ရင္ ေဟာသည္ဓားကနင့္အေကာင္ရဲ႕
ရင္ဘက္ကိုစိုက္ဝင္သြားလိမ့္မယ္ဆိုတာကိုေတာ့
နင္သိထားလိုက္”
ငစိုး သူ၏ခါးၾကား၌ ထိုးထားေသာဓားတိုကို ထုတ္ကာ ႏွင္းၿမိဳင္အား ေဒါသတႀကီးေျပာလိုက္သည္။
ထိုအခါ အေဒၚျဖစ္သူက
“ငါ့တူမကိုငါရေအာင္ ေဖ်ာင္းဖ်မယ္ ငစိုး…
နင္သာ မဟုတ္တာေတြမလုပ္နဲ႔”
“ဒါဆိုၿပီးတာပဲအေမရာ…က်ဳပ္ေျပာတဲ့အတိုင္းမဟုတ္ရင္ေတာ့ သိတဲ့အတိုင္းပဲ…က်ဳပ္ဆိုတဲ့အေကာင္အေၾကာင္းကိုေမြးထားတဲ့အေမကပိုသိမွာေပါ့ဗ်ာ”
ဟု…ေျပာကာငစိုးထြက္သြားေလေတာ့သည္။
“ေဒၚေလး……..အီး….ဟီးးး…..ဟီး…….
ႏွင္းၿမိဳင္ ဘယ္လိုလုပ္ရမလဲေဒၚေလးရယ္…….”
“တူမေလးရယ္….ေဒၚေလးလည္းမတတ္သာပါဘူးကြယ္….
နင့္အစ္ကိုအေၾကာင္းသိတယ္မလား…အဲ့အေကာင္က အေတာ္မိုက္႐ိုင္းေနတာ….သူေျပာသလိုသာမဟုတ္ရင္ ေဒၚေလးတို႔ေတြအခက္ေတြ႕မွာကြယ့္”
အေဒၚျဖစ္သူသည္ ႏွင္းၿမိဳင္အားေပြ႕ဖက္ကာ ငိုေႂကြးေနရွာသည္။
သူသည္လည္းသားဆိုးသားမိုက္အားေၾကာက္ရသူတစ္ဦးပင္ျဖစ္၍ေန၏။
***************************
ထိုသို႔ျဖင့္တစ္ပတ္မွ်ၾကာေလေတာ့႐ြာထဲ၌
မဂၤလာသတင္းတစ္ခုပ်ံႏွံလို႔ေနေလၿပီ။
ထိုသည္က သူေဌးဦးဝမ္ႏွင့္ကြမ္းေတာင္ကိုင္အလွပေဂး
ႏွင္းၿမိဳင္တို႔၏ မဂၤလာေဆာင္သတင္းပင္ျဖစ္ေပသည္။
ထိုသတင္းကို ၾကားရေသာ ေမာင္တင္ေမာင္သည္လည္း ႏွင္းၿမိဳင္အား စိတ္အနာႀကီးနာကာ ႐ြာမွထြက္သြားေတာ့၏။
ႏွင္းၿမိဳင္မွာကား ခ်စ္ရသူအတြက္ေကာ
မခ်စ္မႏွစ္သက္ရသူႏွင့္ေပါင္းဖက္ရမည့္အေရးေၾကာင့္ အတြက္ပါမစားႏိုင္မအိပ္ႏိုင္ျဖစ္လို႔ေနရွာသည္။
ထိုၾကားမွသူေဌးဦးဝမ္က မဂၤလာေဆာင္ၿပီးလွ်င္ေနဖို႔ရန္အတြက္ အိမ္အသစ္အား ႏွင္းၿမိဳင္စိတ္ႀကိဳက္ေဆာက္လုပ္ေစသည္။
ႏွင္းၿမိဳင္သည္လည္း မိမိခ်စ္သူႏွင့္ တိုင္ပင္ခဲ့ဖူးေသာ အိမ္ပုံစံအား စိတ္ထဲတြင္စြဲကာ ထိုပုံစံအတိုင္းပင္ေဆာက္လုပ္ေစခဲ့သည္။
အိမ္ေဆာက္ေနစဥ္မွာလည္း ထိုအိမ္ဆီသို႔ႏွင္းၿမိဳင္မၾကာခဏသြားတက္၏။
ထိုသို႔သြားရျခင္းမွာလည္း ခ်စ္သူကိုလြမ္းဆြတ္ေလးတိုင္း ခ်စ္သူေပးထားခဲ့သည့္ ပုလဲပုတီးေလးကိုကိုင္ကာ
ေခ်ာင္က်က်ေထာင့္တတစ္ေနရာတြင္မည္သူမွမသိေအာင္ငိုေႂကြးဖို႔ျဖစ္ေပသည္။
ထိုသို႔ျဖင့္ ႏွင္းၿမိဳင္၏အိမ္သည္ေဆာက္လုပ္ၿပီးစီးခ်ိန္၌
ႏွင္းၿမိဳင္၏လက္ထပ္ပြဲသည္မၾကာမီေရာက္ရွိေတာ့ေပမည္။
သို႔ေသာ္ လက္ထပ္ပြဲရက္သို႔မေရာက္မီ ႏွင္းၿမိဳင္တစ္ေယာက္
ပိုးသတ္ေဆးမ်ားေသာက္ကာ ေသပြဲဝင္သြားခဲ့၏။
ႏွင္းၿမိဳင္ခမ်ာ ခ်စ္ရသူႏွင့္ေဝးကြာရသည့္စိတ္…မခ်စ္မႏွစ္သက္သူႏွင့္အတူေနထိုင္ရမည္ဟူေသာစိတ္တို႔ေၾကာင့္ ကိုယ့္ကိုယ္ကိုသတ္ေသသြားျခင္းျဖစ္ေပသည္။
ႏွင္းၿမိဳင္ေသဆုံးသြားသည္ဟုေသာ သတင္းေၾကာင့္
သူေဌးဦးဝမ္လည္း ႐ြာမွေျပာင္းေ႐ြ႕သြားေတာ့သည္။
ပတ္ဝန္းက်င္၏အျမင္၌ သူေဌးဦးဝမ္ေၾကာင့္
ႏွင္းၿမိဳင္ေသဆုံးရသည္ဟုထင္ျမင္ေနၾကေလသည္။
ထိုသို႔ ႏွင္းၿမိဳင္ေသဆုံးၿပီးေနာက္ ႏွင္းၿမိဳင္၏အိမ္အား
သူေဌးဦးဝမ္က ရရာေစ်းျဖင့္ေရာင္းခ်ခဲ့ေလသည္။
ဝယ္ယူသူမ်ားေနထိုင္ၾကေသာအခါ
သရဲမ ႏွင္းၿမိဳင္၏ေျခာက္လန္႔ျခင္းကိုခံၾကရသည္ဟူေသာသတင္းမ်ားထြက္ေပၚလာခဲ့ေတာ့သည္။
************************************
သရဲမႏွင္းၿမိဳင္သည္သူ၏အေၾကာင္းမ်ားအား ဘြားမယ္စိန္အားေျပာျပသြားေလသည္။
ဘြားမယ္စိန္သည္ သူ၏ေတာင္ေဝွးကိုေထာက္၍ ဟိုမွာသည္မွာ လမ္းေလွ်ာက္ရင္း…
“ဒီအိမ္ကိုစြဲရတဲ့အေၾကာင္းရင္းကဘာလဲႏွင္းၿမိဳင္”
“က်ဳပ္ပုတီးေလးရွိေနလို႔ပါ ဘြား”
ႏွင္းၿမိဳင္၏စကားေၾကာင့္ ဘြားမယ္စိန္စိတ္မေကာင္းျဖစ္မိသည္။
“ညည္းေအ…ညည္းရဲ႕ ဝဋ္ကလည္း
ႀကီးလိုက္တာႏွင္းၿမိဳင္ရယ္”
“က်ဳပ္ကံပါလို႔ပါဘြားရယ္…”
“အင္း…ဒါဆို အဲ့ပုလဲပုတီးက ဒီအိမ္မွာရွိတယ္ေပါ့…
အဲ့ပုလဲပုတီးကို ဘြားဖ်က္စီးပစ္ၿပီး ညည္းကိုလည္း
ဒီဘဝကေနဘြားကယ္ေပးပါ့မယ္”
“ေက်းဇူးတင္ပါတယ္ဘြားရယ္…
က်ဳပ္ရဲ႕အစြဲလည္း ကြၽတ္ခ်ိန္တန္ၿပီထင္ပါတယ္ေတာ္”
“ဟုတ္တာေပါ့ေအ…ညည္းကိုယ္တိုင္ဒီလိုဘဝႀကီးထဲေနရတာစိတ္ပ်က္ေနၿပီမလား…ညည္းကြၽတ္လြတ္ဖို႔အလႈအတန္းကိစၥေတြကို ဒီအိမ္ပိုင္ရွင္ကစီစဥ္ေပးပါလိမ့္မယ္ ႏွင္းၿမိဳင္….။
အခု ပုလဲပုတီးရွိတဲ့ေနရာကိုသာ ဘြားက္ိုေျပာျပပါ”
“ပုလဲပုတီးက ဒီအခန္းထဲမွာပါပဲ…ေဟာ…ဟိုနားကၾကမ္းျပင္ကိုနည္းနည္းခြာလွန္လိုက္ရင္ေတြ႕ပါလိမ့္မယ္….”
“ေၾသာ္…ေအး…ေအး…..ေမာင္တိုးေရ….
လာပါဦးကြယ္…ေဟာသည္နားကၾကမ္းျပင္ကိုနည္းနည္း
ထိုးကလန္႔ေပးစမ္း ဘြားကို”
“ဟုတ္ကဲ့ဘြား……..”
ေမာင္တိုးသည္ သူ၏ခါးၾကား၌လိုရမယ္ရယူေဆာင္လာခဲ့ေသာ ဓားတိုေလးျဖင့္ၾကမ္းခင္းအားထိုးကလန္႔ေပးေလသည္။
ၾကမ္းသည္လည္းေဟာင္းေနၿပီမို႔လြယ္ကူစြာက်ိဳးပဲ့သြား၏။
“မီးတုတ္ေလးယူၿပီးေအာက္ကိုေသခ်ာၾကည့္ႏႈိက္
ေမာင္တိုး…အဲ့ေနရာမွာ ပုလဲပုတီးေလးကိုရွာ”
ဘြားမယ္စိန္ေျပာသည့္အတိုင္းေမာင္တိုးရွာေဖြသည္။
ခဏမွ်ရွာေဖြၿပီးေနာက္……..
“ဒါမွတ္လားဘြား……..”
ေမာင္တိုးသည္သူ၏လက္အတြင္းပါလာခဲ့ေသာမဲညစ္ေနေသာပုလဲပုတီးေလးကို ဘြားမယ္စိန္ျမင္ေစရန္ေျမႇာက္ျပေလသည္။
ထိုအခါ ဘြားမယ္စိန္က သရဲမႏွင္းၿမိဳင္အားၾကည့္လိုက္ေလရာ သရဲမ ႏွင္းၿမိဳင္က ဝမ္းသာအားရေခါင္းၿငိမ့္ျပေလသည္။
ထိုပုလဲပုတီးအား ဘြားမယ္စိန္ မွ သူ၏ပုဝါေလးထဲထည့္ကာသိမ္းလိုက္ေတာ့သည္။
ၿပီးေလေတာ့…
“ဒါဆို ဘြားရဲ႕လာရင္းကိစၥၿပီးၿပီႏွင္းၿမိဳင္ ဒီပုလဲပုတီးကို ဘြားယူသြားေတာ့မယ္။ ဒီအိမ္ပိုင္ရွင္ကိုလည္းမွာခဲ့မယ္….ညည္းအတြက္ဒီအိမ္ေပၚမွာပဲအလႉအတန္းလုပ္ေပးဖို႔ေပါ့……။
တစ္ခုက ဘယ္သူ႔ကိုမွညည္းမေျခာက္လန္႔နဲ႔ေတာ့ႏွင္းၿမိဳင္ ညည္းဒီဘဝကေနကြၽတ္လြတ္ဖို႔အခ်ိန္ေရာက္ၿပီေအ”
“ဟုတ္ကဲ့….စိတ္ခ်ပါဘြား………..”
“ေအး.. ေအး….ကဲ ေမာင္ရင္တို႔
ပစၥည္းေတြသိမ္းၿပီးျပန္ၾကတာေပါ့ကြယ္”
“ဟုတ္ကဲ့ဘြား”
သရဲမႏွင္းၿမိဳင္ကအရင္ေပ်ာက္ကြယ္သြားခဲ့သည္။
ဘြားမယ္စိန္လည္းစိတ္ခ်သြားခဲ့ၿပီးျပန္ဖို႔ျပင္ၾကေတာ့သည္။
ၿခံဝိုင္းထဲေရာက္ေတာ့ ေစာင့္ဆိုင္းေနၾကသည့္ ဦးရင္ေမာင္ႏွင့္ သူႀကီးဦးမ်ိဳးသစ္တို႔ကိုေတြ႕ၾကရသည္။
ထိုအခါဘြားမယ္စိန္က………..
“ေမာင္ရင္ေမာင္ေရ….ဒီအိမ္ကိုေမာင္ရင္ေစ်းေပါေပါနဲ႔ဝယ္လိုက္ရတာဒါေမာင္ရင္နဲ႔ထိုက္လို႔ပဲ…အခု ဘြားက ႏွင္းၿမိဳင္ကိုေသခ်ာမွာခဲ့တယ္….ေမာင္ရင္တို႔ဘက္က ဒီအိမ္မွာသူ႔အတြက္ရည္စူးၿပီးအလႉအတန္းလုပ္ေပးဖို႔ပဲလိုေတာ့တယ္ကြယ္”
“စိတ္ခ်ပါဘြား….က်ဳပ္တို႔သူ႔အတြက္ရည္စူးၿပီး
လႉဒါန္းေပးပါ့မယ္….အခုလိုအဆင္ေျပသြားေအာင္ကူညီေပးတဲ့ဘြားကိုေက်းဇူးတင္ပါတယ္ဗ်ာ……….”
ထိုသို႔ျဖင့္ ဘြားမယ္စိန္တို႔သည္ဦးရင္ေမာင္၏အိမ္သို႔ျပန္လာခဲ့ၾက၏။
ညသန္းေခါင္ပင္ေရာက္ေနၿပီမို႔ ဦးရင္ေမာင္အိမ္၌သာညအိပ္လိုက္ၾကရသည္။
ေနာက္တစ္ရက္မနက္၌ ဘြားမယ္စိန္တို႔ျပန္ဖို႔ျပင္ဆင္ေလ​ရာ
ဦးရင္ေမာင္တို႔လင္မယားမွ ဘြားမယ္စိန္အား ေငြမ်ားျဖင့္ကန္ေတာ့ေလေသာ္လည္း ဘြားမယ္စိန္ကမယူခဲ့ေပ။
ေနာက္ဆုံးဦးရင္ေမာင္တို႔လည္းလက္ေလ်ာ့ကာ ဘြားမယ္စိန္အတြက္ဆန္ႏွင့္ဆီမ်ားလက္ေဆာင္ထည့္ေပးၾကေလသည္။
အတူလိုက္ပါလာေသာ ေမာင္တိုးႏွင့္ေမာင္အုန္းကိုလည္း မုန္ဖိုးမ်ား ေပးလိုက္ၾကေသး၏။
အဲ့သည္ေနာက္မွာ​ေတာ့ ဘြားမယ္စိန္တို႔႐ြာသို႔ျပန္သြားၾကေတာ့သည္။
ေသာင္ထြန္း႐ြာသို႔ေရာက္ေလေတာ့ ဘြားမယ္စိန္သည္ အိမ္သို႔တန္းမျပန္ေသးပဲ…သခ်ႋဳင္းကုန္းသို႔သြားကာ ပုလဲပုတီးေလးအား သခ်ႋဳင္းေျမ၌ ျမဳပ္ႏွံလိုက္ေတာ့ေလသည္။
ေနာက္ဆုံး၌ သရဲမႏွင္းၿမိဳင္တစ္ေယာက္ ဦးရင္ေမာင္တို႔၏အလႉ၌သာဓုေခၚကာကြၽတ္လြတ္သြားခဲ့ရွာသည္။
ၿပီးပါၿပီ……..။
စာဖတ္သူတို႔လည္း
ႏွင္းၿမိဳင္လိုဘဝမ်ိဳးနဲမႀကဳံၾကရဘဲ
ခ်စ္ေသာသူနဲ႔သာေပါင္းဖက္ၾကရပါေစရွင္။
ယဥ္မင္း(ကန္႔ဘလူ)
စာေရးသူရဲ႕ဘြားမယ္စိန္အဖြဲ႕အတြက္
ေရးသားထားတဲ့စာမူေလးပါ။
စာဖတ္သူအေပါင္းလည္း ဖတ္ရႈ႕ရတာႀကိဳက္ႏွစ္သက္ၾကဖို႔လည္း
စာေရးသူႀကိဳးစားရးသားထားပါတယ္ရွင္။