အပါယ်လားမည့်လူငနွား

.          *အပါယ်လားမည့်လူငနွား*📖📖📖
******
*********************
” ဟဲ့ လမင်းရေ မပြီးသေးဘူးလား ငါတောင်ပြီးနေပြီ “

           ” ပြီးပါပြီ သီတာရဲ့ ဒီမှာ တောမြှောက်ဖို့ လက်ဖက်ကလေးထည့်နေလို့ပါ “

           ” ဒါဆိုလည်း သွားကြရအောင်လေ နေမြင့်ရင် မှိုတွေမျှစ်တွေ သူများတွေ တူးသွားတာနဲ့မရပဲနေမယ် ဟင်းရွက်ဟင်းသီးလည်း ရှာကြတာပေါ့ အေ “

          တောရွာဘက်တွေမှာ မိုးတွင်းဆို မှိုရှာ မျှစ်ချိုးလုပ်ကြပြီး မှိုကို အိမ်စားဖို့ချန်ထားပြီး ပြန်ရောင်း။ မျှစ်ကို မျှစ်ချဉ်တည်ပြီး ငပိရည်ကျိုနဲ့အတို့မြုပ်လုပ်စားကြတာပင်။ တောထဲဝင်ပြီဆို အမဲလိုက်သူများက အမဲရဖို့ တောမြှောက်ကြသလို မှိုရှာ မျှစ်ချိုးတဲ့သူတွေကလည်း အန္တရာယ်ကင်းဖို့ တောမြှောက်ကြသည်။ အခုလည်း လမင်းနှင့်သီတာတို့သူငယ်ချင်းနှစ်ယောက် နံနက်စောစောထကာ တောဝင်ဖို့ပြင်ဆင်ပြီး တောစပ်ရောက်တော့ ပလိုင်းထဲမှ လက်ဖက်နှင့်ထမင်းဖြူထုပ်ကို ဖြေပြီး

         ” တောပိုင် တောင်ပိုင်များကို လက်ဖက် ထမင်းများနှင့်တင်မြှောက်ပသပါတယ် အန္တာရယ်ကင်းအောင် စောင်မကြည့်ရှူပေးကြပါ “

         ” ကဲသွားရအောင် သီတာရေ “

         သီတာနှင့်လမင်းက သူငယ်ချင်းမျာဖြစ်ကြသလို ရွာ၏အချောအလှ စာရင်းဝင်များဖြစ်ကြလေသည်။  မိုးတွင်းမို့ မှိုများ မျှစ်များ ဟင်းရွက်ဟင်းသီးများ အလျှံပယ်ပေါများနေကြရာ သူငယ်ချင်းနှစ်ယောက် ပလိုင်းအပြည့်ရရှိခဲ့ကြလေသည်။ နေ့လည်စာ စားချိန်ရောက်တော့ သူငယ်ချင်းနှစ်ယောက် ထမင်းနှင့် ငခြောက်ဖုတ် ငပိထောင်းများဖြင့်စားကြလေသည်။

           ” သီတာ ရေကုန်နေပြီလား ငါ့ရေလည်းကုန်သွားပြီ “

          ” အေးဟုတ်တယ် လမင်း နေနေ ငါဟိုနားက ချောင်းမှာ သွားခပ်လိုက်မယ် “

          ပြောပြောဆိုဆိုနှင့် ရေဘူး နှစ်ဘူးလုံးယူကာ ထသွားလေသည်။ ခပ်လှမ်းလှမ်းရှိ စမ်းချောင်းတွင် ရေခပ်နေရင်း

” ဝေါင်းးးးးး “

       သီတာရော လမင်းပါ ကျားဟိန်းသံကြားလိုက်ရာ သီတာလည်း ရေဆက်မခပ်တော့ပဲ ဘေးမှ ဝါးရုံထဲဝင်ပုန်းနေလိုက်သည်။ လမင်းက ခပ်လှမ်းလှမ်းမှ ခြုံထဲပြေးဝင်သွားလေဆော့သည်။ အတန်ကြာ ပုန်းခိုပြီးနောက် သီတာလည်း ဝါးရုံထဲမှ ပြန်ထွက်လာပြီး ရေဘူးများကို ယူပြီး လမင်းရှိရာသို့ ပြန်လာခဲ့လေသည်။

          ” ဟယ် လမင်း ဘယ်ရောက်သွားပါလိမ့် ပလိုင်းတွေလည်း ပွစိနေပါလား ဟယ် ကျားခြေရာတွေရော အများကြီးပါလား “

         သီတာလည်း လမင်းအား အချိန်အတော်ကြာလိုက်လံရှာဖွေပြီးနောက်

          ” သွားပါပြီ ငါ့သူငယ်ချင်းတော့ ကိုယ်ကျိုးနည်းပြီထင်ပါရဲ့ ငါ ..ငါ ဘယ်လိုပြောရမလဲ သူ့မိဘတွေကို ဟင့်ဟင့်ဟင့်ဟင့်  “

         သီတာလည်း ဝမ်းနည်းစွာငိုကာ လမ်းအတိုင်းပြန်လာခဲ့ရင်း

           ” ဟယ် လမ်းပျောက်နေပြန်ပြီ လမ်းမှားလာပြန်ပြီ တောက ကျွမ်းတာမဟုတ်ဘူး ဒုက္ခပါပဲ “

           သီတာ တစ်ယောက်တည်း လမ်းပျောက်နေကာ တောမှာ နက်သည်ထက်နက်လာလေသည်။

           ” ဟဲ့ သီတာ မိုးချုပ်နေပြီ နင်မပြန်သေးဘူးလား “

         အနောက်မှ လှမ်းပြောသံကြောင့် သီတာ နောက်ပြန်လှည့်ကြည့်လိုက်ရာ မုဆိုးဘထင်။ မုဆိုးဘထင်ဆိုတာ ရွာမှာ သိပ်ပြီးနေသူမဟုတ် တောထဲမှာ တဲထိုးပြီး အမဲလိုက်နေသူဖြစ်သူ။ မုဆိုးဆိုတောကြောင့် တောကျွမ်းလေရာ သီတာ ဝမ်းသာသွားသည်။

         ” ဟိုလေ သီတာ လမ်းပျောက်နေလို့ပါ ပြီးတော့ လမင်းကို ကျားဆွဲသွားတာလားမသိဘူး “

         ” ဘယ်လို ဖြစ်ရတာလဲသီတာ ပြောစမ်းပါဦး “

      သီတာလည်း အစအဆုံး အကြောင်းစုံကို ရှင်းပြလိုက်ရာ မုဆိုးဘထင်လည်း

          ” အင်း နင်ပြောပုံအရဆို ကျားဆွဲသွားတာနေမယ် လာ ငါရွာကို လိုက်ပို့မယ် “

         ” ဟုတ် ဦးဘထင် “

      သီတာနဲ့မုဆိုးဘထင်လည်း ရွာသို့ပြန်လာခဲ့ရင်း နေ့လည်က ထမင်းစားခဲ့သောနေရာ ရောက်သောအခါ

         ” ဒီနေရာပဲ ဦးဘထင် နေ့လည်က သီတာတို့ ထမင်းစားခဲ့ကြတာ “

          ” အေ ဟုတ်သားပဲ ကျားခြေရာတွေ နည်းနည်းနောနောမှမဟုတ်တာ သေချာပါတယ် ကျားဆွဲသွားတာ “

          သီတာတို့လည်း ရွာသို့အရောက်ပြန်ခဲ့ကြလေရာ ရွာထိပ်တွင် မီးတုတ်များ လက်နက်များဖြင့် လူတစ်စုအားတွေ့ရလေသည်။ လမင်း အဖေနှင့်သီတာ အဖေက အပါအဝင် လူဆယ်ယောက်ခန့်ရှိလေသည်။

         ” သမီး သီတာ မသေကောင်းမပျောက်ကောင်းသမီးရယ် ဖေဖေစိတ်ပူလိုက်ရတာ ဒါနဲ့သမီးလမင်းရော “

         သီတာလည်း အကြောင်းစုံရှင်းပြလိုက်ပြီးနောက် ဝမ်းနည်းစွာ ငိုချမိလေပြန်သည်။ ရွာသားများလည်း စိတ်မကောင်းဖြစ်ကြရလေသည်။ တချို့က တောနင်းပြီး အလောင်းရှာကြသလို တစ်ချို့က လမင်းအသုဘ ရက်လည်အတွက်ပြင်ကြရပြန်သည်။ အလောင်းပြန်ရလိုရညားသွားရှာပြန်သော်လည်း အလောင်းပြန်မတွေ့ခဲ့ပေ။

          ” အကို ရွာကိုတန်းမပြန်ပဲ ဘာလို့ နယ်လှည့်ချင်တာလဲ “

        ခင်လွှမ်းအမေးကြောင့် တေဇက အရှေ့မှ ခြေလှမ်းများကို ရပ်တန့်ပြီးနောက်

          ” အကို့ အရုံထဲမှာ မိန်းကလေးတစ်ယောက်အကူညီတောင်းနေတယ် ဒါကြောင့် ခြေဆန့်ကြည့်တာ ”

” ဒါဆို ဒီအတိုင်းသွားနေမဲ့အတူ တစ်ယောက်ယောက်ကို ခေါ်မေးကြည့်ရအောင်လေ “

          ” ဟုတ်သားပဲ မေ့နေလိုက်တာ ကဲ သုနန္ဒတေဇရေ အလိုတော်ရှိလို့ ရောက်ရှိပါဦး “

         တေဇရဲ့ ရယ်ကျဲကျဲပုံစံကြောင့် ခင်လွှမ်းလည်း ရယ်ချလိုက်လေသည်။ သုနန္ဒတေဇလည်း ရောက်ရှိလာပြီး

          ” ခေါ်တော်ရှိလို့ ရောက်ရှိပါပြီ အရှင် “

          ” သင့်ကိုမေးစရာရှိလို့ ဒီရက်ပိုင်း ငါ့အရုံထဲမှာ မိန်းကလေးတစ်ယောက်အကူညီတောင်းနေလို့ အဲ့ဒါ သင်ပြော ကြည့်ပါဦး ဘယ်လိုလဲဆိုတာ “

          ” ဒါက အရုံရနေတာထက် အမှန်တကယ် အကူညီတောင်းနေတာပါ “

           ” ဟုတ်လား ဘယ်လိုကူညီရမလဲ လမ်းစလေးပြခဲ့ပါဦး “

            ” ဒီလိုပါ ဒီကနေ နှစ်ရွာကျော်မှာရှိတဲ့ ရွာကလမင်းဆိုတဲ့ မိန်းခလေးတစ်ယောက်ရဲ့ဝိဉာဉ်က သခင့်ကို အကူညီတောင်းနေတာတာပါ သခင်က သူ့ကိုဆင့်ခေါ်ပြီး ဖြစ်ပျက်သမျှကို မေးပြီး မီးစင်ကြည့်ကရမှာပါ “

           ” ဟုတ်ပြီ  သင်ပြန်နိုင်ပြီ သုနန္ဒတေဇ “

         တေဇတို့လည်း နှစ်ရွာကျော်အထိ သွားပြီးနောက် ရွာထိပ် ဇရပ်ရောက်သောအခါတွင် မှောင်စပျိုးနေလေပြီ။ တေဇနှင့်ခင်လွှမ်းလည်း ခဏနားပြီးနောက် အင်းတစ်ချက်ကို လက်ဝါးပေါ်တင်ကာ

          ” ကျုပ် အရုံထဲမှာ အကူညီတောင်းနေတဲ့ လမင်းဆိုတဲ့ ဝိဉာဉ် မဆိုင်းမတွ ငါ့အရှေ့ရောက်စေ အတားအဆီးမရှိစေရ “

         တေဇလည်း အမိန့်ပြန်ပြီး အင်းချပ်ကို လက်နှင့်ပုတ်ချလိုက်လေသည်။

         ” ဖလပ်ဖလပ် အားးးးးး ဖျတ်ဖျတ်ဖျတ်… “

        ဘေးမှ သစ်ပင်များမှ ငှက်များ ကျီးများ ထပြေးပြီး သစ်ရွက်များ လေမတိုက်ပဲ လှုပ်ခါနေလေသည်။ အပုပ်နံ့များ လှိုင်တက်လာလေသည်။

          ” ကျုပ်အရှေ့တည့်တည့်လာပါအမိ ကျုပ်က မကြောက်တတ်လို့ သင့်မူလရုပ်အတိုင်းလာခဲ့ပါ ကျုပ်ကူညီပါ့မယ်  “

          တေဇအဲ့လိုပြောလိုက်မှ တေဇအရှေ့တည့်တည့်တွင် ပြတ်ကျလုနည်းပါးဖြစ်နေသော လည်ပင်းမှသွေးများ ဒရဟောစီးကျနေသည့် မိန်းကလေးတစ်ယောက်ပေါ်လာခဲ့သည်။ ထိုအခါတေဇက

           ” ကျုပ်က အမိ အိမ်မက်ထဲကနေ အကူညီတောင်းနေတဲ့သူပဲ အခု အမိ အခက်အခဲကို ကျုပ်ကိုပြောပါ ကျုပ်ကူညီပါ့မယ် “

        လမင်းလည်း ဒူးထောက်ပြီး ငိုချကာ အဖြစ်အပျက်များအား ပြန်လည်ပြောပြလေတော့သည်။

          ” ကျွန်မ နာမည်က လမင်းပါ ကျွန်မသူငယ်ချင်း သီတာနဲ့ တောတက်ရင်း သီတာရေသွားခပ်နေတုန်း ကျားဟိန်းသံကြားလို့ ဘေးက ချုံထဲဝင်ပုန်းနေတုန်း …… မုဆိုးဘထင်ရောက်လာပြီး ကျွန်မကို အဟင့်……… “

          မုဆိုးဘထင်လည်း ကျားဟိန်းသံကြားလို့ အနီးအနားရှိခြုံထဲဝင်ပုန်းနေရင်း မိန်းခလေးတစ်ယောက်၏ နောက်ပိုင်းကောက်ကြောင်းကိုမြင်တွေ့လိုက်ရာ သွေးသားများထကြွလာပြီး ကောင်မလေးအနားသို တဖြေးဖြေးချဉ်းကပ်လာသည်။

            ” အမလေးတော့ ဟင် မုဆိုးဦးဘထင် “

         မုဆိုးဘထင်လည်း စိတ်ဆန္ဒကို ချုပ်တည်းမရနိုင်တော့ပဲ လမင်းအား အတင်းဆွဲဖက်လေတော့သည်။ လမင်းလည်း အတင်းရုန်းကန်နေပေမဲ့ သန်မာလှသော ဘထင်ရဲ့အားကို မရုန်းနိုင်တော့ပဲ………။
မုဆိုးဘထင်လည်း မိမိဆန္ဒပြည့်ဝပြီးနောက် လမင်းလည်ပင်းအား ဓားနဲ့မွှန်းချလိုက်ပြီး အလောင်းဖျောက်ဖျက်ပြစ်လိုက်လေသည်။ ထို့နောက် မိမိတတ်ထားသော အောက်လမ်းပညာဖြင့် လမင်း၏ ဝိဉာဉ်အားချုပ်ထားလေသည်။ ဘထင်ရဲ့ရည်ရွယ်ချက်က သူ့ကို လမင်းက တရားစွဲမှာကြောက်ပြီး သတ်ပစ်ခဲ့ပေမဲ့ ဝိဉာဉ်ကပါ ဟိုပူးဒီပူးနဲ့ ဇယားတွေရှုပ်မည်ဆိုးသဖြင့် ကြိုတင်ရှင်းထားခြင်းဖြစ်လေသည်။

         ” ဪ ဒီလိုကိုး ဒါဆို မုဆိုးဘထင်က အောက်လမ်းပညာနဲ့အမိကို ချုပ်ထားတာပေါ့ “

        ” ဟုတ်ပါတယ် အစက သူ့ကို မုဆိုးလို့ပဲ သိထားတာပါ ကျွန်မသေပြီးသွားမှ သူ့ခန္ဓာကိုယ်က အခိုးအငွေ့တွေထွက်နေတာမြင်လို့ အောက်လမ်းပညာတတ်မှန်းသိတာပါ သူက ကျွန်မကို မကြာခဏကြိမ်လုံးနဲ့ရိုက်ပါတယ် ဆရာ သူ့ကိုတရားဥပဒေအရ အရေးယူပေးလို့ရအောင် ကူညီပေးပါ “

          ” ဒါက မင်းလုပ်ရမဲ့အပိုင်းပါ ရွာထဲဝင်ဖို့ ရွာစောင့်နတ်ကို ကျုပ်ပြောထားမယ် ကျန်တာတွေ ကျုပ်ဆက်လုပ်မယ် အမိလုပ်ရမှာက အောက်လမ်းကောင် မုဆိုးဘထင်က တရားခံပါဆိုတာကိုပဲ “

          ” ဟုတ်ကဲ့နားလည်ပါပြီ အခုသူ ရွာထဲမှာ ရှိနေပါတယ် ကျွန်မကို သူထပ်ပြီး မချုပ်နိုင်အောင်တော့လုပ်ပေးပါ “

           ” စိတ်ချ သူမင်းကို ဘာမှလုပ်လို့ မရစေရဘူး မင်းလုပ်စရာရှိတာ မင်းလုပ်ပါ “

          တေဇလည်း မှာစရာရှိတာမှာပြီး လမင်းအား ရွာထဲဝင်ဖို့ ကူညီပေးလိုက်လေသည်။

          ”  ဝူးအူးးးးးးးးးးးးးး “

         ဆွဲဆွဲငင်ငင်အူနေသည့် ခွေးအူသံကြောင့် သီတာ လန့်နိုးလာလေသည်။ ပြီးတော့ သောက်ရေအိုးဆီလှမ်းလာကာ ရေတစ်ခွက်ခပ်သောက်ပြီး အိမ်ရှေ့သို့ အမှတ်မထင်ကြည့်မိလိုက်ရာ

         ” ဟင် အိမ်ရှေ့က ဘယ်သူပါလိမ့် “

       သီတာလည်း စိတ်ညို့ခံရသူပမာ အိမ်အောက်သို့ တစ်လှမ်းချင်း ဆင်းသွားလေသည်။ မိန်းကလေး တစ်ယောက်မှ သီတာအား ကျောပေးပြီ ရပ်နေလေရာ

         ” ဘယ်သူလဲ ဒီအချိန်ကြီး သူများအိမ်အရှေ့မှာ ဘာရပ်လုပ်နေတာလဲ “

       သီတာလည်း အဲ့လိုမေးလိုက်ရာ ရပ်နေသူက

          ” သူငယ်ချင်း ငါ့ကို မကြောက်ပါနဲ့ ငါလမင်းလေဟာ ငါ့ကို မုဆိုး ဘထင်သတ်တာ “

         အဲ့လိုပြောပြီး သီတာဘက်သို့ မျက်နှာကြီး လှည့်လာရာ

           ” သ…သရဲ… အေမေရ …သရဲ သ…သ….သရဲ “

         သီတာလည်း အကြောက်လွန်ကာ သတိမေ့သွားလေသည်။ သီတာ့ အော်သံကြောင့် မိဘများ နိုးလာကြပြီး ဝိုင်းထဲဆင်းလာရာ မေ့မြောနေသော သီတာအား ပွေ့ချီပြီး နှာနှပ်ပြုစုကြလေသည်။ ဘေးအိမ်မှ လူများလည်း ဝိုင်းဝန်းပြုစုကြလေသည်။ နောက်တနေ့တွင် သီတာအား ရွာဦးကျောင်းသို့ခေါ်သွားပြီး ဆရာတော်အား အကျိုးအကြောင်းပြောပြလေရာ

         ” ဒါဆို ဒကာမလေး လမင်းက မကျွတ်မလွတ်ပဲရှိနေတာပေါ့ “

         ” မှန်ပါ့ ဘုရား တပည့်တော်မ မျက်စိနဲ့တပ်အပ်မြင်ခဲ့တာပါ “

         ” မဖြစ်နိုင်ဘူး ကျုပ်သမီးက ဘာအကုသိုလ်မှ လုပ်ထားတာ မရှိဘူး ခင်ဗျားတို့ လိမ်နေကြတာ “

       လမင်းအဖေက ထပြီး ပြောဆိုလေရာ စကားဝိုင်းမှာ ဆူညံလာလေတော့သည်။ ဆရာတော်က

        ” တိတ်ကြစမ်း ဒကာတို့ “

       ဆရာတော်လည်း စကားဝိုင်းကို တိတ်ဆိတ်စေကာ အပါယ်လေးဘုံရှိကြောင်း အပါယ်လေးဘုံတွင် ငရဲ၊တရိစ္ဆာန်၊ ပြိတ္တာ၊ အသူရာကယ်ဆိုပြီး ခွဲခြားပြပြီး ပြိတ္တာဘုံတွင် သရဲ၊ဖုတ်၊တစ္ဆေ၊ဘီလူး၊သူယောင်၊ဝိဉာဉ် မှင်စာ ဆိုပြီး ခွဲခြားပြလေသည်။ လမင်းအဖေက

          ” ဆရာတော်ဘုရား တပည့်တော် လျှောက်တင်စရာရှိပါတယ် တကယ်လို့ တပည့်တော်သမီး မကျွတ်မလွတ်ပဲရှိနေတာဆိုရင် အရှင်ဘုရား ဘယ်လို သက်သေပြနိုင်မလဲ “

         လမင်း အဖေ၏ ဘုကန့်လန့်စကားကြောင့် ဆရာတော်အပါအဝင် အားလုံး တိတ်ဆိတ်သွားကြလေသည်။ ထိုအခိုက်

         ” ကျုပ်ပြနိုင်တယ် ဒါပေမဲ့ ရွာထဲက လူအကုန်ခေါ်ထားပေးပြီး သက်ဆိုင်ရာကို အကြောင်းကြားပေးထားဖို့လိုပါတယ် “

          အသံနှင့်အတူ လူငယ်ယောက်ျားတစ်ယောက်နှင့် မိန်းခလေးတစ်ဦး။

          ” ဒကာတော်က ဘယ်လို သက်သေပြမှာလဲ “

          ” လွယ်ပါတယ် အရှင်ဘုရား သေဆုံးသွားသူ လမင်းရဲ့ ဝိဉာဉ်ကို ခေါ်လိုက်ရုံပါပဲ “

          ” ကောင်းပြီလေ မင်း ငါ့သမီး မကျွတ်မလွတ်တာကို ငါ့မျက်စိနဲ့မြင်အောင်ပြ ဒါဆို ငါယုံမယ်ကွာ “

          လမင်း အဖေရဲ့စကားကြောင့် တေဇက ခပ်မဲ့မဲ့ပြုံးပြီး

          ” ရတယ် ကျုပ်က သက်သေပြနိုင်ပါတယ် ဒါပေမဲ့ ညအထိစောင့်ဖို့လိုလိမ့်မယ် “

         အားလုံးလည်း သဘောတူလိုက်ရာ တေဇတို့လည်း လိုအပ်သည်များပြင်ဆင်ဖို့ ရွာအပြင်သို့ပြန်ထွက်သွားလေသည်။ ညရောက်တော့ ခင်လွှမ်းကို ထားခဲ့ပြီး လမင်းတို့အိမ်သို့ သွားပြီး

          ” သီတာဆိုတဲ့ ညီမလေး အရှေ့ကိုတိုးခဲ့ပါ “

        တေဇက အဲ့လိုခေါ်လိုက်ရာ သီတာက အရှေ့သို့တိုးလာပြီး

         ” သီတာဆိုတာ ညီမပါ ဘာဖြစ်လို့လဲမသိဘူး “

         ” အမိ ဘာမှကြောက်စရာမလိုဘူးနော် အမိပြောမဲ့ဟာတွေအမှန်ဆိုတာ ကျုပ်ယုံတယ် အခုကျုပ်မေးတာ တစ်ခုချင်းဆီကို ဖြေပေးပါ “

          ” ဟုတ် သီတာ သိတာမှန်သမျှဖြေပါမယ် မေးပါ အကို “

          ” မနေ့ညက အမိ သူငယ်ချင်း လမင်းက ဆံပင်ဖျားလျားချထားတယ် မျက်နှာက ပုပ်ပွနေတယ် လည်ပင်းက ပြတ်ကျခါနီးဖြစ်နေတယ် ဟုတ်လား “

           ” ဟုတ်ပါတယ် အစ်ကို…အစ်ကိုက ဒါကို ဘယ်လိုသိတာလဲ ”

” ဒါက အရေးမကြီးပါဘူး မနေ့ညက ကိစ္စကို ပြန်တွေးကြည့် စိတ်ကိုလွှတ်ချပြီး “

         သီတာလည်း စိတ်ကို လွှတ်ချပြီး ပြန်တွေးကြည့်လိုက်ရာ လူက လေပေါ်သို့ လွင့်တက်သွားသည်ယောင်။ ထို့နောက်ဘာမှ မသိတော့ပေ။

          ” ဟင်းဟင်းဟင်း မကျေနပ်ဘူး လုံးဝမကျေနပ်ဘူး “

          ” ကဲ စိတ်လျှော့ပြီး သင်ဘယ်သူလဲဆိုတာ အားလုံးမြင်အောင်ပြလိုက်စမ်းပါဦး “

         ” အမလေး ဟာ…. သရဲ…..ကြောက်စရာကြီးဟယ် အမလေး..”

         သီတာ့မျက်နှာပျောက်ပြီး ပုပ်ပွကာ မျက်လုံးများ အမည်းစက်မရှိပဲ အဖြူဆန်ကြီးသာရှိသည့် မိန်းကလေးအသွင်ပြောင်းသွားသဖြင့် အားလုံးထိတ်လန့်နေကြသည်။ လမင်းအဖေက

           ” သမီးလေး ဘယ်လိုဖြစ်ရတာလဲ ဖေဖေ့ကို ပြောစမ်း “

           ” ဖေဖေ သမီးကို မုဆိုးဘထင်မတရားကျင့်ပြီး သတ်လိုက်တာပါ သမီးအလောင်းကို တောထဲက အင်ပင်ကြီးအောက်မှာမြုပ်ထားပါတယ် သမီးကို သူချုပ်ထားတာ အခု ဒီဆရာကူညီလို့ ပြန်လွတ်လာတာပါ အီးဟီးးးးးးဟီး…..”

           ” ကဲ ဆိုင်ရာလူကြီးများက မုဆိုးဘထင်ကို သွားခေါ်ပေးကြပါ ကဲ အမိက ပြောစရာရှိတာတွေပြောပြီး ဒီခန္ဓာကထွက်ပါ “

           ” ဖေဖေ သမီးရဲ့လက်ဝတ်လက်စားတွေကို ဘထင်က သူ့အိမ်က သေတ္တာထဲမှာထည့်ထားပါတယ် သူ့ကို အရေးယူပေးပါ ”

အဲ့လိုပြောပြီး လမင်းလည်း သီတာ့ ခန္ဓာကိုယ်မှ ထွက်ခွာသွားလေသည်။ လမင်းအဖေက

            ” သတ်မယ် အဲ့ကောင်ကို ငါ့လက်နဲ့သတ်ရမှကျေနပ်မယ် “

          ထရံမှ ငှက်ကြီးတောင်ဓားကိုဆွဲပြီး အိမ်ပေါ်မှပြေးဆင်းသွားလေသည်။ သီတာလည်း သတိပြန်ရလာပြီး

          ” စောစောက ဘာဖြစ်သွားတာလဲ ညီမဘာဖြစ်သွားတာလဲ အစ်ကို “

          ” ဘေးက လူတွေကို မေးကြည်ပါ ကျန်တဲ့မိသားစုဝင်တွေက လမင်းအတွက် ကုသိုလ်ကောင်းမှု ပြုပေးကြပါ “

          အဲ့လိုပြောပြီး အိမ်ပေါ်မှဆင်းလာခဲ့လေသည်။ မုဆိုးဘထင်လည်း အကြောင်းစုံကို ထောက်လှမ်းသိပြီးနောက် ရွာမှ ထွက်ပြေးလေတော့သည်။ ရွာထိပ်အရောက်တွင်

          ” မိန်းခလေး တစ်ယောက်ကို စော်ကားပြီး သတ်ခဲ့တဲ့အပြစ်ကနေ လွတ်မယ်ထင်လား ဘထင် “

          ခင်လွှမ်းလည်း အဲ့လိုပြောပြီး အရှေ့ကနေ ပိတ်ရပ်နေလိုက်သည်။ ဘထင်က

           ” ဪ မဆိုင်တဲ့ကိစ္စကိုဝင်ရှုပ်ကြတာကိုး နင့်ပညာမဖြစ်စလောက်နဲ့ ငါ့ကို တားနိုင်မယ်ထင်နေလား အသက်မသေချင်ရင် အရှေ့ကနေဖယ်စမ်း “

           ” သွားလို့ရမယ်ထင်ရင် ရှေ့ကို ခြေတစ်လှမ်းလှမ်းကြည့်ပါလား “

          ဘထင်လည်း ခေသူမဟုတ်။ ခြေတစ်လှမ်းချလိုက်ရာ မီးများ ဝုန်းခနဲထတောက်လာပြီး ပြန်ငြိမ်းသွားလေသည်။

          ” ငါ့ကိုနိုင်မှ နင်လွတ်မယ်မှတ် ဘထင် “

          ” ဒါဆိုလည်း တွေ့ကြတာပေါ့ ကဲရော့ဟယ် “

       အဲ့လိုပြောပြီး အင်းတစ်ချပ်ဖြင့် ခင်လွှမ်းအားပြစ်လေသည်။ ခင်လွှမ်းက ထိုအင်းကို လက်နှင့်ပုတ်ချလိုက်ရာ ဝုန်း ခနဲမီးထတောက်ပြီး အနောက်သို့ လေးငါလှမ်းဆုတ်သွားသည်။ ဘထင်က

         ” ဟားဟားဟား မဖြစ်စလောက်လေးနဲ့များ ငါ့ကိုတားချင်နေသေးတယ် အခုချိန်နောက်ဆုတ်ရင် အချိန်မှီသေးတယ်နော် “

         ” အပြောကြီးမနေနဲ့ နင့်စက်တွေထုတ်လိုက်စမ်း  အမြန်ထုတ် “

         ဘထင်လည်း မှော်စက်ရှင်ကိုထုတ်ပြီး ခင်လွှမ်းအားပြစ်လေသည်။ ခင်လွှမ်းက ဘယ်လက်တစ်ဖက်တည်းဖြင့်ကာလိုက်ရာ စက်များ ရပ်တန့်ပြီး ပေါက်ကွဲကုန်လေသည်။

          ” ဪ နင်ကလည်း ကဝေမပဲကို ဘယ်ဆိုးလို့လဲ နောက်တစ်ဆင့်ကို ခံနိုင်အောင်ခံစမ်း “

         အဲ့လိုပြောကာ နီရဲပြီး တဖျတ်ဖျတ်နှင့်အသံများထွက်နေသော စက်ကြိုးထုတ်ကာ ခင်လွှမ်းအား ပစ်လေသည်။ ခင်လွှမ်းလည်း အပြာရောင်စက်ကို ထုတ်ပြီး ပြန်ကာထားလေသည်။ တဖြည်းဖြည်း ဘထင်စက်များ အရောင်မှိန်ကာ

           ” ဝုနျးးးးး အားးးး “

        ဘထင် စက်ကြိုးပြတ်ပြီး အနောက်သို့ လဲကျသွားရာ ပြန်ထပြီး ပါးစပ်မှ သွေးများသုတ်ကာ

          ” အင်းဘီလူး လာစမ်း ဒီကောင်မကို အသေလာသတ်စမ်း “

         အဲ့လိုပြောပြီး ဖနှောင့်ပေါက်ချလိုက်ရာ မြေကြီးထဲမှ အင်း ဘီလူးတစ်ကောင်ထွက်လာပြီး ခင်လွှမ်းရှိရာသို့ပြေးဝင်လာပြီး ခင်လွှမ်းအား လက်ကြမ်းဖြင့် လွှဲအရိုက်

         ” ဝူးးးး ဝူးးးး ဂရားးးးးးး “

        မြေကြီးထဲမှ အမွှေစုတ်ဖွားနှင့် သဘက်ကြီးငါးကောင်ထွက်လာပြီး ဘီလူးကြီးအား ဝိုင်းပြီး တိုက်ခိုက်ဆွဲရမ်းကြလေသည်။ တခဏအတွင်းမှာပင် ဘီလူးကြီး တစ်စစီ ဖြစ်သွားလေသည်။

” ဘယ်လိုလဲ ဘထင် နင့်ပညာကုန်ပြီလား “

         ” ဟားဟားဟား ဘထင်တဲ့ကွ ငါ့ပညာကို ကုန်အောင် နင်တိုက်ကြည့်စမ်းပါ “

         ” ဒါဆိုလည်း နင့်ပညာကို အကုန်ထုတ်လေ ကလေးသာသာ လုပ်မနေနဲ့ “

        ခင်လွှမ်းစကားကြောင့် ဘထင်လည်း ဒေါသထွက်သွားပြီး မီးစုန်းကို ထုတ်ပြီး

         ” ငါ့ရဲ့မီးစုန်းကို ခံနိုင်လား စမ်းကြည့်ရသေးတာပေါ့ ဟားဟားဟား “

         အဲ့လိုပြောပြီး ခင်လွှမ်းအား မီးစုန်းနှင့် ပြစ်လေရာ ခင်လွှမ်းလည်း မီးစုန်းကို မကာပဲ စူးစိုက်ကြည့်နေရင်း တစ်တောင်အကွာသို့ရောက်သောအခါ

          ” ဟာ ဟိုကဝေမ ဘယ်ပျောက်သွားတာလဲ သတ္တိရှိ ကိုယ်မဖျောက်နဲ့ လူလုံးပြန်ပြစမ်း “

         ” ဟားဟားဟား ကိုယ်ဖျောက်ပညာကိုတောင် မြင်အောင်မကြည့်နိုင်ပဲနဲ့ ကဲဟာ “

         ” ဘုန်း….အင့်…… “

       ဘထင်အနောက်မှ ပေါ်လာပြီး ဘထင်အား ခြေထောက်ဖြင့် ဆောင့်ကန်လိုက်လေရာ ဘထင် ရှေ့သို့  ခေါင်းဂျွမ်းစိုက်ပြီးကျသွားလေသည်။

         ” ပြန်ထပြီး ငါ့ကိုနိုင်အောင်တိုက်စမ်းပါ ဘထင်ရဲ့… ထ အခု “

         ဘထင်လည်း စိတ်မရှည်တော့ပဲ မှော်တစ်ထောင်စက်ဖြင့် ခင်လွှမ်းအား ပစ်လေတော့သည်။ အနက်ရောင် စက်ခိုးငွေ့များကို ခင်လွှမ်း သတိကြီးစွာကာနေရင်း

          ” ကဲရော့ ငါ့ရဲ့ငရဲမီးစက် “

         ခင်လွှမ်းလည်း ငရဲမီးစက်ထုတ်ပြီး မှော်စက်အား ကာထားလေသည်။ စက်နှစ်ခု အားပြိုင်နေရင်း

         ” ဝုန်း ဖျောက်ဖျောက်….. “

      ဘထင်စက်ကြိုးပြတ်ပြီး အနောက်သို့လွှင့်သွားလေသည်။ ငရဲမီးစက်အရှိန်ကြောင့် မြက်ခင်း တစ်ခုလုံး မီးထတောက်လေသည်။ ထိုစဉ် တေဇရောက်လာပြီး

          ” ဘထင် မင်းလည်းခေသူမဟုတ်ဘူးဆိုတာ ငါသိတယ် အဲ့တော့ မင်းရဲ့နောက်ဆုံးပညာကိုထုတ်စမ်း “

          ” ဘထင်တဲ့ကွ ဘယ်တော့မှ မရှုံးဘူး အသက်ပဲအသေခံလိုက်မယ် “

        အဲ့လိုပြောပြီး မီးတောက်နေသောစက်ဖြင့် တေဇအား ပြစ်လေရာ တေဇလည်း ငရဲမီးတောက်စက်ဖြင့် ပြန်ကာထားလေသည်။ ဘထင်ရဲ့စက်များမှာ အားပြင်းပြီး တေဇ စက်ကြိုးကို ထိုးဖောက်သွားလေသည်။ တေဇလည်း စက်ကြိုးပျက်ပြီး အနောက် ခြေနှစ်လှမ်းခန့်ဆုတ်သွားရင်း ဘထင်ရဲ့စက်ကို ရိုက်ချလိုက်လေရာ

         ” ဝုန်း အားးးး “

        တေဇရော ဘထင်ပါ အနောက်လွင့်သွားကြသည်။ နှစ်ယောက်လုံး ပြန်ထလာပြီး

         ” မင်းနဲ့ငါ ပညာကုန်သုံးပြီးတိုက်ကြမယ် သူသေကိုယ်သေ “

         ” ရတယ်လေ ငါကတော့မင်းကို အသေမသတ်ပါဘူး မင်းမှာ လူ့ကျင့်ဝတ်အရ ပြစ်ဒဏ်တွေ ခံရဦးမယ် ဘထင် “

        တေဇ စကားကြောင့် ဘထင်လည်း တောက် တစ်ချက်ခေါက်လိုက်ပြီး သက်တန့်ရောင်စက်ကိုထုတ်ပြီး တေဇ ရှိရာသို့ တွန်းပို့လေသည်။ တေဇလည်း မန္တန်တစ်ပုဒ်ရွတ်ပြီး လက်နှစ်ဖက်မှ အခိုးအငွေ့များထွက်နေသော စက်ကြိုးကို ထုတ်ပြီး ပြန်ပစ်လေသည်။ စက်နှစ်ခု ထိပ်တိုက်တွေ့ပြီး

        ” ဝုနျးးးးးး အားးးးးး အော့ဝေါ့  “

       ဘထင်စက်ကြိုးပျက်သွားကာ ဒူးထောက်လျှက်သား လဲကျသွားပြီး ပါးစပ်မှ သွေးများ အန်ထွက်လာလေသည်။ တေဇက ဘထင်အနားကပ်ပြီး

          ” ဘထင် မင်းကိုငါ တစ်ခါတည်းသတ်လို့ရတယ် ဒါပေမဲ့ မင်း အပြစ်တွေ မင်းခံယူရဦးမယ် အဲ့တော့ မင်းပညာတွေအကုန် ငါနှုတ်မယ် “

          တေဇလည်း အဲ့လိုပြောပြီး ဘထင်နဖူးအား လက်ဖြင့်ကိုင်ပြီး

           ” ပညာသည် အပေါင်းကို အုပ်ချူပ်ဆုံးမတော်မူသော အမေရေယာဉ်အား သားတော်ပင့်ဖိတ်ပါတယ် မြန်မကြွာ ကြွလှမ်းပေးပါ “

         ဘေးမှ သစ်ပင်များ လေမတိုက်ပဲလှုပ်ရမ်းလာပြီး အပေါ်အောက် အနက်ရောင်ဝတ်ထားသော အမေရေယာဉ်မှ သစ်ပင်ပေါ်မှ မတ်တပ်ရပ် ကြွရောက်လာသည်။

          ” အမေ့ကို ပင့်ဖိတ်လိုက်တာ ဒီဘထင်ဆိုတဲ့ကောင်ရဲ့ပညာကိုသိမ်းပေးဖို့ပါ ဒီကောင်က မိန်းကလေးတစ်ယောက်ကို စော်ကားသတ်ဖြတ်ပြီး ဝိဉာဉ်ကိုချုပ်ပြီးနှိပ်စက်ပါသေးတယ် ဒါ့ကြောင့် အမေ သူ့ကို ပညာနှုတ်ပေးပြီး ဆုံးမပေးပါ “

         ” ဘထင် ငမိုက်သား နင့်ကို ပညာတွေပြန်သိမ်းပြီး အရူးဘဝနဲ့ဘဝဆုံးစေရမယ် “

         အမေရေယာဉ်လည်း ပြောပြောဆိုဆို ဓားနှစ်လက်ဖြင့် ဝေ့ရမ်းနေလေသည်။ ဘထင်ကိုယ်ထဲမှ ပညာစက်များ အခိုးအငွေ့များထွက်လာပြီး အမေရေယာဉ်ထံသို့ လွင့်မြောသွားလေသည်။ ဘထင်လည်း လဲကျသတိမေ့သွားလေသည်။ အမေရေယာဉ်က

          ” ငါ့သားနဲ့ငါ့သမီးကို တာဝန်တစ်ခုပေးစရာရှိတယ် “

          တေဇနှင့်ခင်လွှမ်းလည်း အမေရေယာဉ်ရှေ့သို့ ဒူးထောက်လိုက်ပြီး

            ” ဘာတာဝန်များလဲ အမေ သားတို့ တာဝန်ယူဖို့အသင့်ပါ “

           ” ဒီလိုကွဲ့ငါ့သားတို့က အဖြူရောင်ပညာသည်တွေဖြစ်လို့ ဆရာတော်တစ်ပါးကို ကူညီရမယ် ဒီကနေ မြောက်စူးစူးကိုသွားလိုက် သဲကုန်းဆိုတဲ့ရွာမှာ အကောင်ထည်ဖော်ပေတော့ “

         ဟုဆိုကာ ပျောက်ကွယ်သွားလေတော့သည်။ နောက်နေ့များတွင် ရူးချင်ယောင်ဆောင်နေသည်ဟုဆိုကာ ဘထင်အား ရွာသားများက ဝိုင်းဝန်းဖမ်းဆီးကာ သက်ဆိုင်ရာသို့အပ်လိုက်လေပြီး မကြာမီ ထောင်တွင်း နှိပ်စက်မှုများကြောင့် သေဆုံးသွားရလေသည်။ နောက်အပိုင်းမှာ တေဇနှင့်ခင်လွှမ်း ဆရာတော်ကို ဘယ်လို ကူညီကြမလဲ စောင့်မျှော်ပေးပါဦးဗျ။

      ပြီးပါပြီ

ရွင်လန်းချမ်းမြေ့ကြပါစေ

  စာရေးသူ – လင်းတေဇအားလေးစားလျက်

#Like&shareလေးနဲ့အားပေးကြပါအူံး