ဘောဘလောင်မီး(စ/ဆုံး)

Unicode Version

ဘောဘလောင်မီး(စ/ဆုံး)
——————————–
ကျွန်တော်တို့နယ်ခံတွေကပလပ်မြေလတာပြင် တည်ထားလို့ဘုရားလတာရယ်လို့ နှုတ်ကျိုး စွာနဲ့ ဘွဲ့တော်အဖြစ် သတ်မှတ်ကြပါတယ်။ ဘုရားလတာရဲ့အရှေ့ဘက်ကိုက်နှစ်ရာလောက်
ကစပြီး ခပ်ပါးပါးကနေ ဆင်တိုးလို့တောင် မပေါက် တဲ့ ကိုင်းတောကြီး ဟည်းထလို့နေပါတယ်။ ဝါဆို ဝါခေါင်ကိုင်းပင်ပွင့်ချိန်ဆိုရေနက်ကွင်းလည်းဖြစ်တဲ့ အတွက်ကိုင်းတောဖွေးဖွေး၊ရေဖွေးဖွေးဟာပင်လယ်
ပြင်ကြီးလို ဖြစ်တည်နေပါတယ်။
ကျွန်တော့်ကြီးတော် အိပ်မက်အရ ပြောပြတာ ကတော့ ဘုရားလတာ အရှေ့ကိုင်းတောထဲမှာ
ကုန်းမို့မို့လေးရှိကြောင်း။

အဲဒီကုန်းမို့မို့လေးဟာ မြေပြင်ညီအထိ ပြိုကျထားတဲ့ဘုရားငုတ်တို
ဖြစ်ကြောင်း။ ခါးစောင်းလောက်အနက်မှာ ဂဝံကျောက်ဖျာတစ်ချပ်ရှိကြောင်း ထိုးနဲ့ကလော်လိုက်ရင် ဘုရားဌာပနာသွင်းထားတဲ့ ရတနာပစ္စည်းတွေရှိတဲ့ နေရာဖြစ်ကြောင်းပါပဲ။
မရေရာမသေချာတဲ့ အိပ်မက်ပါ။
တူးဖော်လို့ရတဲ့ ရတနာပစ္စည်းတွေကို မြို့နယ်ရပ်ကွက် အာဏာပိုင် တွေကို အပ်ပြီးရင်သူ့ကို သတင်းပို့ ရတနာတွေကို ဌာပနာပြီး ဘုရားတည် သူမသေခင်ဘုရားဒကာဘွဲ့ခံချင်လို့ပါတဲ့။ ကျွန်တော့မိသားစုတောင်အသိ မပေးပဲရေငုံနှုတ်ပိတ်ထားဖို့ မှာပါတယ်။
ကြီးတော် ဒီအိပ်မက်မက်တာဟာ အကြိမ်ပေါင်းဆယ်ကြိမ်မကတော့ ပါဘူး။ တစ်ကြိမ်မက်လိုက်၊ ကျွန်တော့်ကိုခေါ်တွေ့လိုက်၊ မှာလိုက်၊ သူကိုယ် တိုင် ကျွန်တော့်ဆီလာတွေ့လိုက်၊ ပြောလိုက်မှာလိုက်နဲ့ စရိတ်စကကုန်လှ
ပါပြီ။
ကျွန်တော်စိတ်မဝင်စားပါဘူး။ ကြီးတော်ပြောတဲ့နေရာဟာကျွန်တော်
တို့ရွာကကျွဲကျောင်းသားနွားကျောင်းသားလေးတွေခြေရာချင်းထပ်အောင် မွှေနှောက်ထားတဲ့နေရာပါ။ ဘာကုန်းမို့မို့လေးမှ မရှိပါဘူး။
ကျွန်တော်စုံစမ်းသိရသလောက် အိမ်ခြေလေးဆယ်ရွာသားကြီး တစ်ဦးဆီက ဒဏ္ဍာရီလိုလို၊ ပုံပြင်လိုလို သဲလွန်စတစ်ခုတော့ ရရှိပါတယ်။
အလောင်းစည်သူမင်းကြီးရဲ့ဇာတ်လမ်းတစ်ပုဒ်ပါ။
အလောင်းစည်သူမင်းကြီးဟာဖောင်စကြာနဲ့တိုင်းခန်းလှည့်လည်ရင်း အိမ်ခြေလေးဆယ်ရွာရောက်တဲ့အခါ အမျိုးအစား ပြေပြစ်ပြီး ချောမောလှ ပတဲ့မလှဝိုင်းလေးကိုချစ်ကျွမ်းဝင်ပြီးတော်ကောက်လို့မိဖုရားတင်မြှောက်လိုက်ပါသတဲ့။

အိမ်ခြေလေးဆယ်ရွာကနေမိဖုရားမလှဝိုင်းပါဖောင်စကြာပေါ်တင်ပြီး ခရီးနှင်တဲ့အချိန်မှာ ဖောင်တော်ဟာ လိုရာခရီးမရောက်ပဲ ပနွတ်.. နှင်းဝါ… မင်္ဂလန်း…. သုံးခွပန်းကိုင်….ဖအောင်ဝဲရွာတွေမှာတဝဲဝဲလည်နေလို့မှူးကြီး မတ်ရာတွေနဲ့တိုင်ပင်တဲ့အခါမိဖုရားမလှဝိုင်းလေးဖောင်စကြာပေါ်ပါလာလို့ လျှောက်တင်ပါသတဲ့။ ကျန်တဲ့ မိဖုရားမောင်းမမိသံတွေကပါ မလိုတမာနဲ့ ကုန်းချောလျှောက်တင်တာကြောင့် အများဆန္ဒကို မဆန့်ကျင်လိုတာနဲ့ အင်မတန်မှချစ်မြတ်နိုးလှတဲ့မလှဝိုင်းလေးကိုအစောင့်အကြပ်ချ၊ လက်ဝတ်
ရတနာတွေပေးပြီးဖောင်တော်ပေါ်က ချထားခဲ့ပါသတဲ့။
မလှဝိုင်းလေးကို ချထားပြီးတဲ့နောက် ဖောင်တော်ဆက်ထွက်တဲ့အခါ အခက်အခဲမရှိလိုရာခရီး လွယ်ကူစွာ ဆက်လို့ရတယ်လို့ဆိုပါတယ်။ မလှဝိုင်းလေးကလည်း ဘုရင်ကြီး ပြန်လာနိုး၊ ပြန်ခေါ်နိုးနဲ့ မျှော်ကိုးရင်း မအိပ်နိုင်မစားနိုင်ဖြစ်ရာကကျန်းမာရေးထိခိုက်လာပါရောတဲ့။ ဒါနဲ့ ဘုရင်ကြီး ပေးတဲ့လက်ဝတ်ရတနာတွေကိုစေတီတစ်ဆူတည်ပြီးဌာပနာသွင်းလှူဒါန်း
လိုက်ပါသတဲ့။ ဘုရားထီးတော်တင်လှူပြီးတယ်ဆိုရင်ပဲမလှဝိုင်းလေးလည်း သေဆုံးသွားပါရောသတဲ့။
ဘုရားဒကာမလှဝိုင်းတည်တဲ့စေတီရဲ့ဘွဲ့တော်ကတော့အပ်ထားစေတီ
ပါပဲ။ အပ်ထားစေတီတော့ဟုတ်ဟန်မတူပါဘူး… ကြီးတော်အိပ်မက်အရ ပြောပြတဲ့ ကိုင်းတောထဲကကုန်းမို့မို့လေးဆိုတာပဲ ဖြစ်မှာပါ။
ကုန်းမို့မို့လေးဆိုတာ နှစ်နေရာများဖြစ်နေရောလား။ ဖောင်တော်သီရွာက ဆယ်ရွာအုပ်သူကြီး ဖိုးသိန်းမောင်ကလည်း သူ့အိပ်မက်အရ – လတာပြင်ထဲမှာကုန်းမို့မို့လေးတွေ့တယ်။တူးဖော်ကြည့် တယ်။ သုံးပေအနက်လောက်မှာ အလျားအနံ ဗြက်အချိုးအစားညီ ဂဝံ အုပ်ချပ်တွေ တွေ့ ရှိပါတယ်။ ရွှံ့မြေစေးမည်းမည်းကြီးတွေမှာ တွေ့ရှိလို့
စေတီဟောင်းစေတီပျက်ပဲဖြစ်ရမယ်ဆိုပြီးသူကြီးဖိုးသိန်းမောင်ကိုကိုယ်တိုင် ဘုရားဒကာလုပ်ပြီး စေတီတည်လိုက်တာပါ။ တည်စဉ်ထဲက အပ်ထား စေတီလို့ သမုတ်ပေမယ့်နောက်ပိုင်းဘုရားလတာဘွဲ့မည်တွင်သွားတာပါ။

၁၂၈၈ (၁၉၂၆)ခုနှစ်မှာ ဖိုးသိန်းမောင်တည်ပြီးနောက်ပိုင်း ၁၉၉၄ (၁၉၇၂)ခုနှစ်ကတစ်ကြိမ်။ ၁၉၆၅(၂၀၀၃)ခုနှစ်ကတစ်ကြိမ် ထီးတော် ဟောင်းမြေချပြီး အများကောင်းမှုနဲ့ ထီးတော်သစ်တင်လှူထားပါတယ်။

မိဖုရားမလှဝိုင်းတည်တဲ့ အပ်ထားစေတီစေတီပြိုပျက် ကုန်းမို့မို့လေး နေရာမှန်ရင်တော့ နောက်ထပ်ကုန်းမို့မို့တစ်ခုမရှိနိုင်တော့ပါဘူး။
ကျွန်တော့်နာမည်ဖိုးမှန်ပါ။
ကျွန်တော့်တစ်သက် အမှားအယွင်းဘာတစ်ခုမှ မလုပ်ခဲ့တဲ့ ဖိုးမှန်ပါ။ အသားရောင်မည်းပေမယ့်အသွေးအသားကိုမြန်မာလို့ပဲခံယူထားပါတယ်။ လူမျိုးကွဲပေမယ့်ဘာသာမကွဲပါဘူး။ ဘာသာရေး၊ သာသနာအရေး၊ လှူရေး တန်းရေးမှာ ငွေအား၊ လူအား၊ စေတနာအားနဲ့ ထိပ်ဆုံးကအကျိုးဆောင်တဲ့
ဖိုးမှန်ပါ။
ရပ်ရေးရွာရေး၊ သာရေးနာရေးဆိုလည်း ကျွန်တော့်နာမည်က ဘယ် တော့မှနောက်မှာမကျန်ရစ်စေပါဘူး။ သူများတစ်ထောင်ဆို ကျွန်တော် နှစ်ထောင်ပါ။ ပုဂ္ဂိုလ်ရေးအရ လာအကူညီတောင်းဦးမလား၊ ဆေးရုံ ဆေးခန်းကုဖို့လား၊ ကလေးတွေ ကျောင်းမအပ်နိုင်လို့လား၊ နာရေး ကိစ္စ သင်္ဂြိုဟ်စရိတ်မရှိလို့လား။ အခက်အခဲမှန်သမျှ ပေးတန်ပေး၊ ချေးတန် ချေးတဲ့ ဖိုးမှန်ပါ။
ကျွန်တော်ဘာလို့ ဒီလို အကျိုးဆောင်ရလည်းဆိုတော့ ခြွေမှရံတယ် ဆိုစကားအတိုင်း အခြွေအရံလိုချင်လို့ပါ။ အခြွေအရံရှိမှ ကျွန်တော့် ကျွဲနွား၊ အိမ်မွေးတိရိစ္ဆာန်တွေ၊ လယ်ယာကိုင်းကျွန်းတွေ၊ စပါးပဲ အစရှိတာတွေ၊ ကျွန်တော့်ပိုင်ရွှေ၊ငွေ၊လက်ဝတ်ရတနာတွေ၊ အရပ်ထဲကအပေါင်ခံထားတဲ့ လှေ၊ လှည်း၊ အိမ်ဂရန်၊ လက်ဝတ်ရတနာ၊ ရွှေ၊ စာချုပ်စာတမ်းတွေအတွက် လုံခြုံမှုရှိမှာ မဟုတ်လား။
ကျွန်တော် ဒီလိုချမ်းသာကြွယ်ဝမှုတွေဟာ တောသူဌေးလို့ သတ်မှတ် နိုင်ပါတယ်။

ကျွန်တော် ဒီလိုချမ်းသာကြွယ်ဝမှုတွေဟာ ကျွန်တော့်ကြီးတော်ရဲ့ အမွေကို တစ်ဦးတည်းသောကိတ္တိမသားအနေနဲ့ ခံစားခွင့်ပေးထားလို့ပါ။ ကျွန်တော့်ကြီးတော်ဟာ အိမ်ထောင်သက်တစ်လျှောက် သားသမီး မထွန်း ကားလို့ ကျွန်တော့်ကို သားသမီးအရင်းလိုမွေးစား သားသမီးအမွေခွဲသလို ခွဲပေးလို့ ခုလိုကြွယ်ဝချမ်းသာခြင်းမျိုးပါ။
ကျွန်တော့်ကြီးတော်ဟာအမွေတွေခွဲဝေပေးပြီးရန်ကုန်ကိုပြောင်းသွား
ပါတယ်။
မရေရာမသေချာတဲ့ကြီးတော်အိပ်မက်ကိုကျွန်တော်စိတ်မဝင်စားတာ
တော့အမှန်ပါ။ ဒါပေမဲ့ – ဆိုခဲ့ပြီးတဲ့အတိုင်း ကျေးဇူးရှင်ကို ကျေးဇူးဆပ်ဖို့ အတွက် ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင် မလုပ်နိုင် တောင်လုပ်ပေးနိုင်မယ့်နည်းလမ်းတော့ရှာကြံရတော့မှာပါ။
တယ်လီဖုန်းနဲ့တစ်မျိုး၊ စာရေးဆက်သွယ်ပြီး တစ်ဖုံ၊ လူကိုယ်တိုင် တစ်နည်းနဲ့ကျွန်တော့်ကြီးတော်တာဝန်ပေးစေခိုင်းချက်ကိုကျွန်တော့်ဘက်
ကလည်းအကြောင်းပြချက်မျိုးစုံနဲ့ ပျက်ကွက်ခဲ့ပါတယ်။
ကျွန်တော့်ကြီးတော်ကိုယ်တိုင်ရောက်လို့လာပြန်ပါပြီ။
“ဖိုးမှန်သားရယ်… မင်းငါ့ကို ကျေးဇူးရှိလို့ ကျေးစွပ်နေတာလား… ။ ငါခိုင်းတာကို မလုပ်ပေးနိုင်ဘူးလား။ ငါဘယ်သူ့ကို ယုံရမှာလဲ။ ဘယ်သူ့ကို ခိုင်းရမှာလည်းဖိုးမှန်။ ငါ- အကုသိုလ်အလုပ် လုပ်တာမဟုတ်ပါဘူးဟယ်။ ကုသိုလ်လုပ်တာပါ။ ငါ့ကို – ဘုရားဒကာ မဖြစ်စေချင်လို့လား။
ကြီးတော်ဟာ ငိုကြီးချက်မနဲ့ ကျွန်တော့်ကိုအပြစ်ဆိုပါတယ်။

“မိဘမျက်ရည်တစ်စက်၊ သားသမီးဆင်းရဲတစ်သက်”တဲ့…။ကြီးတော် ဟာကျွန်တော့်အမေ ကျွန်တော့် မိဘပါ။ ကျွန်တော်မခံစားနိုင်လို့ လာမယ့် ဆောင်းတလင်းသိမ်းချိန်လုပ်ပေးပါမယ်လို့ ကတိပေးလိုက်ပါတယ်။
ဆောင်းအကုန် နွေအကူး လယ်သမားတွေတလင်းသိမ်းပြီးချိန်ဆို ကွင်းထဲမှာ လူရှင်းပါတယ်။ ကျွန်တော့်အလုပ်က လူမြင်ခံလို့ မရတဲ့ အလုပ် ပါ။ အကယ်၍ တစ်ယောက်က မြင်တွေ့ပြီး ကျွန်တော့် လုပ်ဆောင်ချက်ကို ခြေရာခံမိပြီးကြီးတော်ပြောတဲ့အတိုင်းတကယ်ပဲရတနာတွေတွေ့ပြီဆိုရင် ကျွန်တော့်အတွက် အန္တရာယ်ရှိပါတယ်။ ကြီးတော်ရဲ့ ရည်မှန်းချက်လည်း လမ်းစပျောက်သွားမှာပါ။
ကျွန်တော် ဘက်စုံစဉ်းစားပြီး တပေါင်းလပြည့်နေ့ညကို လုပ်ငန်းစ ရှာပုံတော်ဖွင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ကျွန်တော် နေရာအတိအကျသိချင်လို့ ကျွဲကျောင်းသားလေးကို အိမ် အလုပ်တွေခိုင်းပြီးကျွန်တော်ကိုယ်တိုင်ကျွဲကျောင်းထွက်ပါတယ်။ဂါးမကြီး ကိုစီးပြီး ဘုရားလတာ၊ ရှေ့ကိုင်းတောကိုကွက်ပြည့်နင်း၊ ပိုက်စိပ်တိုက်ရှာပါ တယ်။ သုံးရက်တိတိရှာပေမယ့် ကုန်းမို့မို့နဲ့ တူတာဆိုလို့ ခြတောင်ပို့တောင် မတွေ့ရပါဘူး။
ကျွန်တော်ရှာတဲ့နေရာဟာကျွဲကျောင်းသားလေးတွေဆယ်စုနှစ်ပေါင်း
များစွာကျွဲကျောင်းခဲ့တဲ့နေရာပါ။ ကုန်းမို့မို့လေးတွေ့တယ်လို့မကြားမိပါဘူး။ ဒီလိုစဉ်းစားမိရာက ကျွန်တော်လက်လျှော့ချင်လာပါတယ်။ တတိယမြောက်ညမှာကျွန်တော်အိပ်မက်မက်ပါတယ်။ ကျွန်တော့်ကို အိပ်မက်ပေးတာကတော့ဆံပင်ဘုတ်သိုက်၊မုတ်ဆိတ်နှုတ်ခမ်းမွေးထူလပျစ်
နဲ့ သူတော်စဉ် ဆာဒူးကြီးပါ။

“မင်းဒီနေ့ ချမ်းသာကြွယ်ဝမှုဟာ မင်းမွေးစားအမေ- မင်း – ကြီးတော် ကြောင့် မဟုတ်ဘူးလား။ ကျေးဇူးဆိုတာ ရှိရင် ပေးဆပ်ရတယ်။ မင်း ယောက်ျားပဲ ဇွဲမလျှော့ပါနဲ့”
ဒီလို ပြတ်ပြတ်သားသားပြောပြီး ပျောက်ကွယ်သွားပါတယ်။ နေရာ
သိလို့ပြရင်ပိုမကောင်းပါလား။အတွေးနဲ့စိတ်ကွက်မိပါတယ်။သူတော်စဉ်ကြီး ပြောတာဟုတ်ပါတယ်လေ။ ကျေးဇူးဆိုတာပေးဆပ်ရတယ်။ ယောက်ျားဆို တာ ဇွဲရှိရတယ်။ မှန်ကန်သောစကားပါ။
တပေါင်းလပြည့်ည-
လူခြေတိတ်ချိန် ညဦးပိုင်းမှာ ကျွန်တော် ဓားမတစ်ချောင်း ခါးထိုး၊ ပေါက်ပြားတစ်လက်ပခုံးထမ်းပြီး ဘုရားလတာကွင်းဘက်ကိုတစ်ယောက် ထဲထွက်ခွာသွားပါတယ်။
ဘုရားလတာ စေတီကိုရောက်တဲ့အခါ ဆီမီးအမွှေးတိုင်ပူဇော်၊ ပိုင်ရာ ဆိုင်ရာတွေကို တိုင်တည်ပြီး ကိုင်းတောဘက်ကို ဦးတည်လိုက်တဲ့အခါ ကျွန်တော့်ရင်တွေတဖြန်းဖြန်းခုန်လာပါတယ်။ ဘယ်ကြောင့်အဲ့သလိုဖြစ်ရ
တယ်ဆိုတာမသိပါဘူး။
တစ်စုံတစ်ခုက အဲဒီနေရာက မသွားနိုင်အောင် ပိတ်ပင်ထားသလိုပဲ။ ခပ်သွက်သွက်လျှောက်ဖို့ ကြိုးစားလိုက်စဉ်မှာ အတားအဆီးတစ်ခုနဲ့ တိုက်ပြီးမှောက်လဲသွားပါတယ်။
ကုန်းမို့မို့လေး –
ကျွန်တော် ကုန်းမို့မို့လေးနဲ့ တိုက်လဲတာပါ။ ကျွဲကျောင်းသားတွေ ဆယ်စုနှစ်ပေါင်းများစွာ ခြေရာချင်းထပ်ခဲ့သော်လည်း အစဖျောက်နေတဲ့ ကုန်းမို့မို့လေး ကျွန်တော် ကွက်ပြည့်နင်း ပိုက်စိပ်တိုက်ရှာသော်လည်း

ကဏန်းကျစ်စာခဲလောက်တောင် မမြင်မတွေ့ခဲ့တဲ့ ကုန်းမို့မို့လေးပါ။ တွင်းနက်နက်တူးရရင်လည်း ဆင်းရတက်ရ လွယ်ကူအောင် အချင်း ငါးပေအကျယ်၊ စက်ဝိုင်းပုံဝိုင်းပြီး အားသွန်ခွန်စိုက်တူးပါတယ်။ “နေ့ပူလို့ညချမ်းတပေါင်းလဆန်း”တဲ့ခြေဖျားလက်ဖျားထုံကျင်ကိုက်ခဲ အောင်အေးမြမှုကိုကျွန်တော်ချွေးဒီးဒီးကျအောင်အံတုရင်းတူးဖော်ပါတယ်။
ပေါင်လယ်လောက်ရှိတဲ့အချိန်မှာတော့ ကျောက်ဖျာတစ်ချပ်တွေ့ပါတယ်။ ဂဝံကျောက်အမျိုးအစား ကျောက်ဖျာချပ်ကြီးပါ။ ခဲရာခက်ဆစ်ကလေ…ကလန့်တူးဆွရင်းကလိုဏ်သံပါကြားလာရလို့ မောမှန်းတောင်မသိပါဘူး။ပေါ်လာတဲ့ကျောက်ချပ်တွေကတော့အလျားအနံ
ပျက်အချိုးအစားမညီဂဝံကျောက်ချပ်တွေပါ။ အားတက်သရောတူးဖော်ရင်း ငါးလွှာဖောက်ထွင်းပြီးချိန်မှာတော့ ကျွန်တော့်မျက်လုံးတွေ ပြူးကျယ်ပြီး ထခုန်လောက်အောင် ဝမ်းသာကြည်နူးမှုကို ခံစားရပါတယ်။ ရွှေကလပ်တစ်ခု..။ ကလပ်ပေါ်မှာလက်စွပ်ကြီးတစ်ကွင်းနဲ့ကျောက်စိမ်း ပန်းပုဆင်နှစ်ကောင်…။
အရုဏ်ကျင်းလို့ ယုဂန်စွန်းကနေဝန်းကြီးထွက်ပေါ်နေပါပြီ။
ကျွန်တော်တစ်ခုချင်းစစ်ဆေးကြည့်ပါတယ်။ ကလပ်ကတော့ရွှေရည် သုတ်ကလပ်ပါ။ ဒါပေမဲ့ -ကလပ်ပေါ်တင်ထားတဲ့ လက်စွပ်ကြီးကတော့ ရွှေချိန်နှစ်ကျပ်သားတော့ ရှိမှာပါ။ ဆီးစေ့အရွယ် ပတ္တမြားကြီးကို ကွပ်ထား ပါတယ်။ ပြည်တန်ပတ္တမြားဖြစ်တန်ကောင်းရဲ့လို့ ခန့်မှန်းမိပါတယ်။
ဆင်တစ်ကောင်ချင်းအရွယ်အစားကတော့အမြင့်နှစ်လက်မခွဲ၊လုံးပတ်
က သခွားသီးသာသာလောက်တော့ ရှိမှာပါ။ အလေးချိန်ကတော့ ရှစ်ဆယ် သားလောက် ခန့်မှန်းလို့ရပါတယ်။ အစိမ်းဘက်လုတဲ့ နို့စိမ်းရောင် ကျောက်စိမ်းစစ်စစ်ပါပဲ။

ကျွန်တော် နေရောင်မှာ ထောင်ကြည့်ပါတယ်။ အလင်းဖောက်ပြီး သစ်ခွရည်တွေယိုစီးကျတော့မလိုအရည်ရွဲနေပါတယ်။
မှတ်ကျောက်နဲ့ တိုက်၊ငရဲမီးနဲ့ တို့စရာမလိုတဲ့ရွှေသားစစ်စစ်၊ လက်စွပ်
ကြီးပါ။ပတ္တမြားကြီးနဲ့ကျောက်စိမ်းဆင်နှစ်ကောင်ကိုလည်းရာပြတ်သမားနဲ့ ဘူမိဗေဒပညာရှင်ပြစရာမလိုပဲ။အဘိုးအနဂ္ဃထိုက်ကြောင်းကျွန်တော်ခန့်မှန်း လို့တတ်ပါတယ်။ လက်ဝတ်ရတနာနဲ့ မစိမ်းပါဘူး။ အပေါင်ခံစားတဲ့ ဖိုးမှန်ပဲဗျာ။
ကျွန်တော်… ဘာလုပ်မလဲ … ဘာလုပ်မလဲ…။
ရန်ကုန်က ကြီးတော်ဆီကို အပြေးသွားပြီး မင်္ဂလာသတင်း ပြောရ
မလား။
ကျွန်တော်ကိုယ်တိုင်ပဲပိုင်ဆိုင်မှုတွေရောင်းပြီးဘုရားတည်ဌာပနာသွင်း
ဘုရားဒကာကြီးဦးဖိုးမှန်ဘွဲ့ခံယူလိုက်ရမလား။ ဘာဆက်လုပ်မလဲ..စိတ်တွေ ထွေပြားသွားပါတယ်။ ရင်ထဲမှာ မီးလျှံတစ်ခု တောက်လောင်သွားပါတယ်။ ကြီးတော်ကြီးက ရင်ထဲမှာ မရှိတော့ပါဘူး။
“မိတ်ဆွေကြီးရဲ့ဘိုးဘွားပိုင်အမှန်ပဲနော်”
“ကျွန်တော်တို့ကပစ္စည်းသန့်သန့်ပဲလိုချင်လို့ပွဲစားမထားပဲရောင်းသူ
ဝယ်သူတွေ့ဆုံခြင်းနော်”
ဝယ်လက်နှစ်ဦးရဲ့ ပဏာမ စကားပါ။
“ကျွန်တော့်နာမည် ဖိုးမှန်တဲ့ ဒီရတနာတွေဟာ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာကြတာပါ။ ကျွန်တော့်အတွက် နောက်ဆုံးလက်ဆင့်ကမ်း အမွေဆိုပါတော့ မိတ်ဆွေကြီးတို့ရာ”
“ကောင်းပြီလေ..ကျွန်တော်တို့ယုံပါမယ်။ ဈေးပြောကြည့်ပါဦး”

“နောင်ကြီးတို့ ပြောကြည့်ပါ။” “မိတ်ဆွေကြီးက ရောင်းသူလေ”
“ဒါဆိုတစ်ခုချင်းပြောရမလား။ အားလုံးခြုံပြီးပြောရမလား” “ကြိုက်သလိုပြောပါ။ ရပါတယ်။”
ကျွန်တော်စဉ်းစားပါတယ်။ သူ့ဘက်ကိုဈေးဖြတ်ခိုင်းရင်ကိုယ့်ဘက်က ညံ့ရာကျပါတယ်။ကားပွဲစား၊ အိမ်ပွဲစားများလိုပေါ့ – ပထမမရောင်းပဲထားလို့ ရတဲ့လူလား။ ဒုတိယမရောင်းမဖြစ်ဗိုက်နာလို့ရောင်းတဲ့လူလား ခွဲခြားကြည့် မယ်၊ ဗိုက်နာလို့ ရောင်းတဲ့လူဆိုရင်တော့ အိမ်ဆိုပါတော့။ သစ်အမျိုးအစား မမှန်ဘူးသွပ်တွေကခွာလိုက်ရင်တစ်ချပ်မှသုံးလို့မရဘူး။ တစ်ဝက်လောက် အလေအလွင့်ဖြစ်မယ်။ နောက်ဆုံး အိမ်တစ်လုံးလုံး မီးရှို့ ပစ်ချင်လောက် အောင်ပြောပြီး ဈေးနှိမ်မယ်။ မော်တော်ကားလည်း ဒီအတိုင်းပဲ အင်ဂျင်ကျ နေပြီ။ ဂီယာဘောက်အသစ်လဲရမယ်။ တာယာတွေက ပန်းမရှိတော့ဘူး။ ဘော်ဒီသံပြားတွေက ပေပါခွံတွေ။ နောက်ဆုံးသံရည်ကြိုစက်ပို့ ဖြစ်ချင် လောက်အောင် ပြောပြီး အားနာလို့ ကိုယ့်ကိုပဲ သနားလို့၊ လူသားချင်းစာနာ ပြီး ဝယ်တဲ့ပုံစံမျိုးနဲ့ နှိမ်ဝယ်မယ်။ ဒီလိုအထာတွေကျွမ်းပါတယ်။ “ပစ္စည်းအစစ်အမှန်ဖြစ်ကြောင်းလက်ခံတယ်ပေါ့”
“လက်ခံပါတယ်”
“မဆစ်နဲ့ဗျာ … တစ်ခွန်းပဲပြောမယ်”
“ရောင်းသူဝယ်သူပဲအားမနာပါနဲ့ ပြောပါ”
“ငါးဆယ်စီဗျာ… သုံးမျိုး တစ်ရာ့လေးဆယ်… တစ်ဆယ်လျှော့
လိုက်မယ်”
“ကောင်းပြီလေ….အခုငွေချေရမလား”
ဒီစကားဟာကျွန်တော်မှန်းတာထက်သာလွန်တဲ့စကားပါ။ ဝယ်လက်
ပြောင်းဖို့တိုက်တွန်းလိုက်သလိုပါ။ တောသားပေမယ့်ကျွန်တော်လူနုံ၊လူအ
မဟုတ်ပါဘူး။

“ကျွန်တော်မင်္ဂလာရက်ရွေးပြီး ဖုန်းဆက်လိုက်ပါ့မယ်”
ဒါပေမဲ့ – ဝယ်လက်က ရောက်မလာပါဘူး။ ပျက်သွားတယ်ပေါ့။ လိုက် ပြောင်းရတာပေါ့ဗျာ။
ဝယ်လက် သုံးဆင့်ပြောင်းပြီးချိန်မှာတော့ တစ်မျိုးနှစ်ရာ၊ သုံးမျိုးပေါင်း ခြောက်ရာနဲ့ ဈေးတန့်သွားပါတယ်။ ကျွန်တော် လက်စွပ်တစ်ကွင်း နှစ်ရာ နဲ့ အရင်ထုတ်လိုက်ပြီး ကျန်ကျောက်စိမ်းဆင်နှစ်ကောင်ကို လက်ငင်းငွေ ချေစနစ်နဲ့ ရက်ချိန်းပေးပြီး ပြန်လာခဲ့ပါတယ်။ ကျွန်တော်လိုင်းကားစီးလို့မဖြစ်တဲ့အတွက်ရွာအရောက်တက္ကစီငှားလာ
ပါတယ်။
ဝမ်းဘဲအင်းရွာအလွန်ရောက်တော့ ကားဆရာက – “ပျဉ်ပုံကြီးကထမင်းဆိုင်တွေကရေချိုငါးပိတို့စရာကောင်းကောင်းရယ်
ငါးရံ့အူ၊ ငါးရံ့ခေါင်း၊ ငါးခူစဉ်းကောနဲ့ ခရီးသည်တွေကားသမားတွေကိုထိန်း ထားတာ ကောင်းလဲကောင်းတာကိုး”
ကျွန်တော့်ကိုစကားခေါ်တာပါ။ သူပြောမှ ကျွန်တော်လည်းဗိုက်ထဲက ဆာလာတာနဲ့ထမင်းဆိုင်တစ်ဆိုင်ရှေ့ကားကိုရပ်ပြီးနှစ်ယောက်လုံးငါးရံ့အူ ဟင်းနဲ့ မြိန်ယှက်စွာ စားသောက်ပြီး ကျွန်တော်အိမ်သာတက်ပါတယ်။ ကျွန်တော့်အတွက် ကြမ္မာငင်ချင်တဲ့လုပ်ရပ်ပါ။ ကျွန်တော်ပြန်လာတော့။ “ဟိုက်..”
ကားဆရာရေ… ကားရေ.. သိန်းနှစ်ရာရောလစ်ပြေးပြီ။
ဒိုက်ဦးဘက်က ခရီးသည်နဲ့ ပြန်လာတဲ့ တက္ကစီတစ်စီးကိုတား၊ တောင်းပန်ခယ၊ မတန်မဆဈေးပေး ငှားရမ်းပြီး လစ်ပြေးတဲ့ တက္ကစီနောက် လိုက်ပါတယ်။ ကျွန်တော့်စိတ်ထဲမှာ သိပ်နှေးတယ်ထင်လို့ အမြန်ကြေး တစ်သောင်းပေးပြီးမောင်းခိုင်းပါတယ်။

အင်းတကော် ဆယ်မိုင်ကုန်းခြံတစ်ရာ၊ ကန်တစ်ရာကုန်းတက်ရောက် တဲ့အခါ ဝန်ထမ်းဖြစ်ဟန်တူတဲ့ လူတစ်အုပ်ကပိတ်ပြီး တားလို့ ရပ်ပေးလိုက် ပါတယ်။
“တက္ကစီကားတစ်စီး ချောက်ထဲကျမီးလောင်နေလို့ဗျာ”
လို့ပြောပါတယ်။ လှည်းကူး ဒါမှမဟုတ် ပဲခူးဆေးရုံကို ပို့ပေးဖို့လည်း မေတ္တာရပ်ခံတဲ့အတွက် မီးလောင်လူနာကို ဆင်းကြည့်တဲ့အခါ အသက်မရှိ တော့ပါဘူး။ ချောက်ထဲက မီးလောင်နေတဲ့ကားဆီကို ဆင်းကြည့်ပါ သေးတယ်။ တာယာနဲ့ ဆိုဖာတွေ လောင်ကြွမ်းဆဲ အပူရှိန်ဟာ ကားနားကို ဘယ်လိုမှ ကပ်လို့မရပါဘူး။ ကျွန်တော် ဘယ်လိုမှ ကြိုးစားလို့ မရပါဘူး။ ကျွန်တော်ဒါလောက်အရဲစွန့်နေတာဟာ သိန်းနှစ်ရာ ပြန်ရလိုမှုပါ။ မီးလောင်လူနာဆီက မီးမကူးပဲ အသားများကပ်နေတဲ့ စပို့ရှပ်ဖြူပြာ ပတ်လည်စင်းကျားကြီးဟာကျွန်တော့်ငွေတွေအလစ်သုတ်သွားတဲ့တက္ကစီ ဒရိုင်ဘာ အင်္ကျီဖြစ်ကြောင်း သိထားလို့ပါပဲ။
ကျွန်တော့်အတွက်မကောင်းတဲ့အတိတ်နိမိတ်ပါ။ နောက်ရောင်းမယ့် ကျောက်စိမ်းဆင်းရုပ်တုနှစ်ကောင်တန်ဖိုး သိန်းလေးရာအတွက် ရင် တထိတ်ထိတ်နဲ့ စိုးရိမ်မကင်းဖြစ်ရပါတယ်။ ကြီးတော်ကြီးရဲ့ဘုရားတည်ဖို့ ကိစ္စဆိုတာရင်ထဲမှာမရှိတော့ဘဲလောဘဇောတွေရဲ့နောက်ဆက်တွဲဖြစ်ရပ်
ဆိုးတွေပါ။ လောဘအရှိန်ကို သတ်လို့မရတော့ဘူး။
“ဟိုက်… ကုန်ပြီ”
ကျွန်တော့် နှုတ်ကထွက်ပေါ်တဲ့ အာမေဍိတ်သံပါ … အသံနဲ့ ထပ်တူ ကျွန်တော်လည်းအရုပ်ကြိုးပြတ်ပုံကျသွားပါတယ်။
မြွေပါလည်းဆုံး၊ သားလည်းဆုံးအဖြစ်ဟာ ကျွန်တော့်အပြစ်ပါ။ ကျွန်တော့် အိမ်ကြီး၊ မီးဝါးခံလိုက်ရပါပြီ။ အိမ်တိုင်မည်းမည်း ထိုးထိုး

ထောင်ထောင် မကျန်အောင် မြေကျင်းထဲအထိ လောင်ကျွမ်းတဲ့ မီးလောင် ပြင်ကြီးပါ။ ကျွန်တော့် အချစ်ဆုံး သမီးလေးကိုပါဝါးမျိုပစ်တဲ့မီးပါ။
ကျွန်တော့်အိမ်နဲ့ တံစက်မြိတ်ချင်းဆက် ထရံချင်းကပ်တဲ့ အိမ်တွေ ကြတော့ ဘာကြောင့် – မီးမကူးတာပါလိမ့် ဘာလို့ ကွက်ပြီး လောင်တာ ပါလိမ့်။
ကျွန်တော်သိပါပြီ ဒီမီးဟာ ကျွန်တော် နောင်လာမယ့် ဘဝ ဘဝ အစဉ် အဆက် လောင်ကြွမ်းမယ့်မီးပါ။ ကျွန်တော့် အသိဟာ နောက်ကျသွားပါပြီ။ လောဘရဲ့မီးလျှံဝဋ်ကြွေးတွေပါ…။ သံသရာရှည်ပါတော့မယ်…။
>> ရှစ်ခွင်ကျော် (ဖောင်တော်သီ)

Zawgyi Version

ေဘာဘေလာင္မီး(စ/ဆုံး)
——————————–
ကြၽန္ေတာ္တို႔နယ္ခံေတြကပလပ္ေျမလတာျပင္ တည္ထားလို႔ဘုရားလတာရယ္လို႔ ႏႈတ္က်ိဳး စြာနဲ႔ ဘြဲ႕ေတာ္အျဖစ္ သတ္မွတ္ၾကပါတယ္။ ဘုရားလတာရဲ႕အေရွ႕ဘက္ကိုက္ႏွစ္ရာေလာက္
ကစၿပီး ခပ္ပါးပါးကေန ဆင္တိုးလို႔ေတာင္ မေပါက္ တဲ့ ကိုင္းေတာႀကီး ဟည္းထလို႔ေနပါတယ္။ ဝါဆို ဝါေခါင္ကိုင္းပင္ပြင့္ခ်ိန္ဆိုေရနက္ကြင္းလည္းျဖစ္တဲ့ အတြက္ကိုင္းေတာေဖြးေဖြး၊ေရေဖြးေဖြးဟာပင္လယ္
ျပင္ႀကီးလို ျဖစ္တည္ေနပါတယ္။
ကြၽန္ေတာ့္ႀကီးေတာ္ အိပ္မက္အရ ေျပာျပတာ ကေတာ့ ဘုရားလတာ အေရွ႕ကိုင္းေတာထဲမွာ
ကုန္းမို႔မို႔ေလးရွိေၾကာင္း။

အဲဒီကုန္းမို႔မို႔ေလးဟာ ေျမျပင္ညီအထိ ၿပိဳက်ထားတဲ့ဘုရားငုတ္တို
ျဖစ္ေၾကာင္း။ ခါးေစာင္းေလာက္အနက္မွာ ဂဝံေက်ာက္ဖ်ာတစ္ခ်ပ္ရွိေၾကာင္း ထိုးနဲ႔ကေလာ္လိုက္ရင္ ဘုရားဌာပနာသြင္းထားတဲ့ ရတနာပစၥည္းေတြရွိတဲ့ ေနရာျဖစ္ေၾကာင္းပါပဲ။
မေရရာမေသခ်ာတဲ့ အိပ္မက္ပါ။
တူးေဖာ္လို႔ရတဲ့ ရတနာပစၥည္းေတြကို ၿမိဳ႕နယ္ရပ္ကြက္ အာဏာပိုင္ ေတြကို အပ္ၿပီးရင္သူ႔ကို သတင္းပို႔ ရတနာေတြကို ဌာပနာၿပီး ဘုရားတည္ သူမေသခင္ဘုရားဒကာဘြဲ႕ခံခ်င္လို႔ပါတဲ့။ ကြၽန္ေတာ့မိသားစုေတာင္အသိ မေပးပဲေရငုံႏႈတ္ပိတ္ထားဖို႔ မွာပါတယ္။
ႀကီးေတာ္ ဒီအိပ္မက္မက္တာဟာ အႀကိမ္ေပါင္းဆယ္ႀကိမ္မကေတာ့ ပါဘူး။ တစ္ႀကိမ္မက္လိုက္၊ ကြၽန္ေတာ့္ကိုေခၚေတြ႕လိုက္၊ မွာလိုက္၊ သူကိုယ္ တိုင္ ကြၽန္ေတာ့္ဆီလာေတြ႕လိုက္၊ ေျပာလိုက္မွာလိုက္နဲ႔ စရိတ္စကကုန္လွ
ပါၿပီ။
ကြၽန္ေတာ္စိတ္မဝင္စားပါဘူး။ ႀကီးေတာ္ေျပာတဲ့ေနရာဟာကြၽန္ေတာ္
တို႔႐ြာကကြၽဲေက်ာင္းသားႏြားေက်ာင္းသားေလးေတြေျခရာခ်င္းထပ္ေအာင္ ေမႊေႏွာက္ထားတဲ့ေနရာပါ။ ဘာကုန္းမို႔မို႔ေလးမွ မရွိပါဘူး။
ကြၽန္ေတာ္စုံစမ္းသိရသေလာက္ အိမ္ေျခေလးဆယ္႐ြာသားႀကီး တစ္ဦးဆီက ဒ႑ာရီလိုလို၊ ပုံျပင္လိုလို သဲလြန္စတစ္ခုေတာ့ ရရွိပါတယ္။
အေလာင္းစည္သူမင္းႀကီးရဲ႕ဇာတ္လမ္းတစ္ပုဒ္ပါ။
အေလာင္းစည္သူမင္းႀကီးဟာေဖာင္စၾကာနဲ႔တိုင္းခန္းလွည့္လည္ရင္း အိမ္ေျခေလးဆယ္႐ြာေရာက္တဲ့အခါ အမ်ိဳးအစား ေျပျပစ္ၿပီး ေခ်ာေမာလွ ပတဲ့မလွဝိုင္းေလးကိုခ်စ္ကြၽမ္းဝင္ၿပီးေတာ္ေကာက္လို႔မိဖုရားတင္ေျမႇာက္လိုက္ပါသတဲ့။

အိမ္ေျခေလးဆယ္႐ြာကေနမိဖုရားမလွဝိုင္းပါေဖာင္စၾကာေပၚတင္ၿပီး ခရီးႏွင္တဲ့အခ်ိန္မွာ ေဖာင္ေတာ္ဟာ လိုရာခရီးမေရာက္ပဲ ပႏြတ္.. ႏွင္းဝါ… မဂၤလန္း…. သုံးခြပန္းကိုင္….ဖေအာင္ဝဲ႐ြာေတြမွာတဝဲဝဲလည္ေနလို႔မႉးႀကီး မတ္ရာေတြနဲ႔တိုင္ပင္တဲ့အခါမိဖုရားမလွဝိုင္းေလးေဖာင္စၾကာေပၚပါလာလို႔ ေလွ်ာက္တင္ပါသတဲ့။ က်န္တဲ့ မိဖုရားေမာင္းမမိသံေတြကပါ မလိုတမာနဲ႔ ကုန္းေခ်ာေလွ်ာက္တင္တာေၾကာင့္ အမ်ားဆႏၵကို မဆန႔္က်င္လိုတာနဲ႔ အင္မတန္မွခ်စ္ျမတ္ႏိုးလွတဲ့မလွဝိုင္းေလးကိုအေစာင့္အၾကပ္ခ်၊ လက္ဝတ္
ရတနာေတြေပးၿပီးေဖာင္ေတာ္ေပၚက ခ်ထားခဲ့ပါသတဲ့။
မလွဝိုင္းေလးကို ခ်ထားၿပီးတဲ့ေနာက္ ေဖာင္ေတာ္ဆက္ထြက္တဲ့အခါ အခက္အခဲမရွိလိုရာခရီး လြယ္ကူစြာ ဆက္လို႔ရတယ္လို႔ဆိုပါတယ္။ မလွဝိုင္းေလးကလည္း ဘုရင္ႀကီး ျပန္လာႏိုး၊ ျပန္ေခၚႏိုးနဲ႔ ေမွ်ာ္ကိုးရင္း မအိပ္ႏိုင္မစားႏိုင္ျဖစ္ရာကက်န္းမာေရးထိခိုက္လာပါေရာတဲ့။ ဒါနဲ႔ ဘုရင္ႀကီး ေပးတဲ့လက္ဝတ္ရတနာေတြကိုေစတီတစ္ဆူတည္ၿပီးဌာပနာသြင္းလႉဒါန္း
လိုက္ပါသတဲ့။ ဘုရားထီးေတာ္တင္လႉၿပီးတယ္ဆိုရင္ပဲမလွဝိုင္းေလးလည္း ေသဆုံးသြားပါေရာသတဲ့။
ဘုရားဒကာမလွဝိုင္းတည္တဲ့ေစတီရဲ႕ဘြဲ႕ေတာ္ကေတာ့အပ္ထားေစတီ
ပါပဲ။ အပ္ထားေစတီေတာ့ဟုတ္ဟန္မတူပါဘူး… ႀကီးေတာ္အိပ္မက္အရ ေျပာျပတဲ့ ကိုင္းေတာထဲကကုန္းမို႔မို႔ေလးဆိုတာပဲ ျဖစ္မွာပါ။
ကုန္းမို႔မို႔ေလးဆိုတာ ႏွစ္ေနရာမ်ားျဖစ္ေနေရာလား။ ေဖာင္ေတာ္သီ႐ြာက ဆယ္႐ြာအုပ္သူႀကီး ဖိုးသိန္းေမာင္ကလည္း သူ႔အိပ္မက္အရ – လတာျပင္ထဲမွာကုန္းမို႔မို႔ေလးေတြ႕တယ္။တူးေဖာ္ၾကည့္ တယ္။ သုံးေပအနက္ေလာက္မွာ အလ်ားအနံ ျဗက္အခ်ိဳးအစားညီ ဂဝံ အုပ္ခ်ပ္ေတြ ေတြ႕ ရွိပါတယ္။ ႐ႊံ႕ေျမေစးမည္းမည္းႀကီးေတြမွာ ေတြ႕ရွိလို႔
ေစတီေဟာင္းေစတီပ်က္ပဲျဖစ္ရမယ္ဆိုၿပီးသူႀကီးဖိုးသိန္းေမာင္ကိုကိုယ္တိုင္ ဘုရားဒကာလုပ္ၿပီး ေစတီတည္လိုက္တာပါ။ တည္စဥ္ထဲက အပ္ထား ေစတီလို႔ သမုတ္ေပမယ့္ေနာက္ပိုင္းဘုရားလတာဘြဲ႕မည္တြင္သြားတာပါ။

၁၂၈၈ (၁၉၂၆)ခုႏွစ္မွာ ဖိုးသိန္းေမာင္တည္ၿပီးေနာက္ပိုင္း ၁၉၉၄ (၁၉၇၂)ခုႏွစ္ကတစ္ႀကိမ္။ ၁၉၆၅(၂၀၀၃)ခုႏွစ္ကတစ္ႀကိမ္ ထီးေတာ္ ေဟာင္းေျမခ်ၿပီး အမ်ားေကာင္းမႈနဲ႔ ထီးေတာ္သစ္တင္လႉထားပါတယ္။

မိဖုရားမလွဝိုင္းတည္တဲ့ အပ္ထားေစတီေစတီၿပိဳပ်က္ ကုန္းမို႔မို႔ေလး ေနရာမွန္ရင္ေတာ့ ေနာက္ထပ္ကုန္းမို႔မို႔တစ္ခုမရွိႏိုင္ေတာ့ပါဘူး။
ကြၽန္ေတာ့္နာမည္ဖိုးမွန္ပါ။
ကြၽန္ေတာ့္တစ္သက္ အမွားအယြင္းဘာတစ္ခုမွ မလုပ္ခဲ့တဲ့ ဖိုးမွန္ပါ။ အသားေရာင္မည္းေပမယ့္အေသြးအသားကိုျမန္မာလို႔ပဲခံယူထားပါတယ္။ လူမ်ိဳးကြဲေပမယ့္ဘာသာမကြဲပါဘူး။ ဘာသာေရး၊ သာသနာအေရး၊ လႉေရး တန္းေရးမွာ ေငြအား၊ လူအား၊ ေစတနာအားနဲ႔ ထိပ္ဆုံးကအက်ိဳးေဆာင္တဲ့
ဖိုးမွန္ပါ။
ရပ္ေရး႐ြာေရး၊ သာေရးနာေရးဆိုလည္း ကြၽန္ေတာ့္နာမည္က ဘယ္ ေတာ့မွေနာက္မွာမက်န္ရစ္ေစပါဘူး။ သူမ်ားတစ္ေထာင္ဆို ကြၽန္ေတာ္ ႏွစ္ေထာင္ပါ။ ပုဂၢိဳလ္ေရးအရ လာအကူညီေတာင္းဦးမလား၊ ေဆး႐ုံ ေဆးခန္းကုဖို႔လား၊ ကေလးေတြ ေက်ာင္းမအပ္ႏိုင္လို႔လား၊ နာေရး ကိစၥ သၿဂႋဳဟ္စရိတ္မရွိလို႔လား။ အခက္အခဲမွန္သမွ် ေပးတန္ေပး၊ ေခ်းတန္ ေခ်းတဲ့ ဖိုးမွန္ပါ။
ကြၽန္ေတာ္ဘာလို႔ ဒီလို အက်ိဳးေဆာင္ရလည္းဆိုေတာ့ ေႁခြမွရံတယ္ ဆိုစကားအတိုင္း အေႁခြအရံလိုခ်င္လို႔ပါ။ အေႁခြအရံရွိမွ ကြၽန္ေတာ့္ ကြၽဲႏြား၊ အိမ္ေမြးတိရိစာၦန္ေတြ၊ လယ္ယာကိုင္းကြၽန္းေတြ၊ စပါးပဲ အစရွိတာေတြ၊ ကြၽန္ေတာ့္ပိုင္ေ႐ႊ၊ေငြ၊လက္ဝတ္ရတနာေတြ၊ အရပ္ထဲကအေပါင္ခံထားတဲ့ ေလွ၊ လွည္း၊ အိမ္ဂရန္၊ လက္ဝတ္ရတနာ၊ ေ႐ႊ၊ စာခ်ဳပ္စာတမ္းေတြအတြက္ လုံၿခဳံမႈရွိမွာ မဟုတ္လား။
ကြၽန္ေတာ္ ဒီလိုခ်မ္းသာႂကြယ္ဝမႈေတြဟာ ေတာသူေဌးလို႔ သတ္မွတ္ ႏိုင္ပါတယ္။

ကြၽန္ေတာ္ ဒီလိုခ်မ္းသာႂကြယ္ဝမႈေတြဟာ ကြၽန္ေတာ့္ႀကီးေတာ္ရဲ႕ အေမြကို တစ္ဦးတည္းေသာကိတၱိမသားအေနနဲ႔ ခံစားခြင့္ေပးထားလို႔ပါ။ ကြၽန္ေတာ့္ႀကီးေတာ္ဟာ အိမ္ေထာင္သက္တစ္ေလွ်ာက္ သားသမီး မထြန္း ကားလို႔ ကြၽန္ေတာ့္ကို သားသမီးအရင္းလိုေမြးစား သားသမီးအေမြခြဲသလို ခြဲေပးလို႔ ခုလိုႂကြယ္ဝခ်မ္းသာျခင္းမ်ိဳးပါ။
ကြၽန္ေတာ့္ႀကီးေတာ္ဟာအေမြေတြခြဲေဝေပးၿပီးရန္ကုန္ကိုေျပာင္းသြား
ပါတယ္။
မေရရာမေသခ်ာတဲ့ႀကီးေတာ္အိပ္မက္ကိုကြၽန္ေတာ္စိတ္မဝင္စားတာ
ေတာ့အမွန္ပါ။ ဒါေပမဲ့ – ဆိုခဲ့ၿပီးတဲ့အတိုင္း ေက်းဇူးရွင္ကို ေက်းဇူးဆပ္ဖို႔ အတြက္ ကြၽန္ေတာ့္မွာ တာဝန္ရွိပါတယ္။ ကြၽန္ေတာ္ကိုယ္တိုင္ မလုပ္ႏိုင္ ေတာင္လုပ္ေပးႏိုင္မယ့္နည္းလမ္းေတာ့ရွာႀကံရေတာ့မွာပါ။
တယ္လီဖုန္းနဲ႔တစ္မ်ိဳး၊ စာေရးဆက္သြယ္ၿပီး တစ္ဖုံ၊ လူကိုယ္တိုင္ တစ္နည္းနဲ႔ကြၽန္ေတာ့္ႀကီးေတာ္တာဝန္ေပးေစခိုင္းခ်က္ကိုကြၽန္ေတာ့္ဘက္
ကလည္းအေၾကာင္းျပခ်က္မ်ိဳးစုံနဲ႔ ပ်က္ကြက္ခဲ့ပါတယ္။
ကြၽန္ေတာ့္ႀကီးေတာ္ကိုယ္တိုင္ေရာက္လို႔လာျပန္ပါၿပီ။
“ဖိုးမွန္သားရယ္… မင္းငါ့ကို ေက်းဇူးရွိလို႔ ေက်းစြပ္ေနတာလား… ။ ငါခိုင္းတာကို မလုပ္ေပးႏိုင္ဘူးလား။ ငါဘယ္သူ႔ကို ယုံရမွာလဲ။ ဘယ္သူ႔ကို ခိုင္းရမွာလည္းဖိုးမွန္။ ငါ- အကုသိုလ္အလုပ္ လုပ္တာမဟုတ္ပါဘူးဟယ္။ ကုသိုလ္လုပ္တာပါ။ ငါ့ကို – ဘုရားဒကာ မျဖစ္ေစခ်င္လို႔လား။
ႀကီးေတာ္ဟာ ငိုႀကီးခ်က္မနဲ႔ ကြၽန္ေတာ့္ကိုအျပစ္ဆိုပါတယ္။

“မိဘမ်က္ရည္တစ္စက္၊ သားသမီးဆင္းရဲတစ္သက္”တဲ့…။ႀကီးေတာ္ ဟာကြၽန္ေတာ့္အေမ ကြၽန္ေတာ့္ မိဘပါ။ ကြၽန္ေတာ္မခံစားႏိုင္လို႔ လာမယ့္ ေဆာင္းတလင္းသိမ္းခ်ိန္လုပ္ေပးပါမယ္လို႔ ကတိေပးလိုက္ပါတယ္။
ေဆာင္းအကုန္ ေႏြအကူး လယ္သမားေတြတလင္းသိမ္းၿပီးခ်ိန္ဆို ကြင္းထဲမွာ လူရွင္းပါတယ္။ ကြၽန္ေတာ့္အလုပ္က လူျမင္ခံလို႔ မရတဲ့ အလုပ္ ပါ။ အကယ္၍ တစ္ေယာက္က ျမင္ေတြ႕ၿပီး ကြၽန္ေတာ့္ လုပ္ေဆာင္ခ်က္ကို ေျခရာခံမိၿပီးႀကီးေတာ္ေျပာတဲ့အတိုင္းတကယ္ပဲရတနာေတြေတြ႕ၿပီဆိုရင္ ကြၽန္ေတာ့္အတြက္ အႏၲရာယ္ရွိပါတယ္။ ႀကီးေတာ္ရဲ႕ ရည္မွန္းခ်က္လည္း လမ္းစေပ်ာက္သြားမွာပါ။
ကြၽန္ေတာ္ ဘက္စုံစဥ္းစားၿပီး တေပါင္းလျပည့္ေန႔ညကို လုပ္ငန္းစ ရွာပုံေတာ္ဖြင့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။
ကြၽန္ေတာ္ ေနရာအတိအက်သိခ်င္လို႔ ကြၽဲေက်ာင္းသားေလးကို အိမ္ အလုပ္ေတြခိုင္းၿပီးကြၽန္ေတာ္ကိုယ္တိုင္ကြၽဲေက်ာင္းထြက္ပါတယ္။ဂါးမႀကီး ကိုစီးၿပီး ဘုရားလတာ၊ ေရွ႕ကိုင္းေတာကိုကြက္ျပည့္နင္း၊ ပိုက္စိပ္တိုက္ရွာပါ တယ္။ သုံးရက္တိတိရွာေပမယ့္ ကုန္းမို႔မို႔နဲ႔ တူတာဆိုလို႔ ျခေတာင္ပို႔ေတာင္ မေတြ႕ရပါဘူး။
ကြၽန္ေတာ္ရွာတဲ့ေနရာဟာကြၽဲေက်ာင္းသားေလးေတြဆယ္စုႏွစ္ေပါင္း
မ်ားစြာကြၽဲေက်ာင္းခဲ့တဲ့ေနရာပါ။ ကုန္းမို႔မို႔ေလးေတြ႕တယ္လို႔မၾကားမိပါဘူး။ ဒီလိုစဥ္းစားမိရာက ကြၽန္ေတာ္လက္ေလွ်ာ့ခ်င္လာပါတယ္။ တတိယေျမာက္ညမွာကြၽန္ေတာ္အိပ္မက္မက္ပါတယ္။ ကြၽန္ေတာ့္ကို အိပ္မက္ေပးတာကေတာ့ဆံပင္ဘုတ္သိုက္၊မုတ္ဆိတ္ႏႈတ္ခမ္းေမြးထူလပ်စ္
နဲ႔ သူေတာ္စဥ္ ဆာဒူးႀကီးပါ။

“မင္းဒီေန႔ ခ်မ္းသာႂကြယ္ဝမႈဟာ မင္းေမြးစားအေမ- မင္း – ႀကီးေတာ္ ေၾကာင့္ မဟုတ္ဘူးလား။ ေက်းဇူးဆိုတာ ရွိရင္ ေပးဆပ္ရတယ္။ မင္း ေယာက္်ားပဲ ဇြဲမေလွ်ာ့ပါနဲ႔”
ဒီလို ျပတ္ျပတ္သားသားေျပာၿပီး ေပ်ာက္ကြယ္သြားပါတယ္။ ေနရာ
သိလို႔ျပရင္ပိုမေကာင္းပါလား။အေတြးနဲ႔စိတ္ကြက္မိပါတယ္။သူေတာ္စဥ္ႀကီး ေျပာတာဟုတ္ပါတယ္ေလ။ ေက်းဇူးဆိုတာေပးဆပ္ရတယ္။ ေယာက္်ားဆို တာ ဇြဲရွိရတယ္။ မွန္ကန္ေသာစကားပါ။
တေပါင္းလျပည့္ည-
လူေျခတိတ္ခ်ိန္ ညဦးပိုင္းမွာ ကြၽန္ေတာ္ ဓားမတစ္ေခ်ာင္း ခါးထိုး၊ ေပါက္ျပားတစ္လက္ပခုံးထမ္းၿပီး ဘုရားလတာကြင္းဘက္ကိုတစ္ေယာက္ ထဲထြက္ခြာသြားပါတယ္။
ဘုရားလတာ ေစတီကိုေရာက္တဲ့အခါ ဆီမီးအေမႊးတိုင္ပူေဇာ္၊ ပိုင္ရာ ဆိုင္ရာေတြကို တိုင္တည္ၿပီး ကိုင္းေတာဘက္ကို ဦးတည္လိုက္တဲ့အခါ ကြၽန္ေတာ့္ရင္ေတြတျဖန္းျဖန္းခုန္လာပါတယ္။ ဘယ္ေၾကာင့္အဲ့သလိုျဖစ္ရ
တယ္ဆိုတာမသိပါဘူး။
တစ္စုံတစ္ခုက အဲဒီေနရာက မသြားႏိုင္ေအာင္ ပိတ္ပင္ထားသလိုပဲ။ ခပ္သြက္သြက္ေလွ်ာက္ဖို႔ ႀကိဳးစားလိုက္စဥ္မွာ အတားအဆီးတစ္ခုနဲ႔ တိုက္ၿပီးေမွာက္လဲသြားပါတယ္။
ကုန္းမို႔မို႔ေလး –
ကြၽန္ေတာ္ ကုန္းမို႔မို႔ေလးနဲ႔ တိုက္လဲတာပါ။ ကြၽဲေက်ာင္းသားေတြ ဆယ္စုႏွစ္ေပါင္းမ်ားစြာ ေျခရာခ်င္းထပ္ခဲ့ေသာ္လည္း အစေဖ်ာက္ေနတဲ့ ကုန္းမို႔မို႔ေလး ကြၽန္ေတာ္ ကြက္ျပည့္နင္း ပိုက္စိပ္တိုက္ရွာေသာ္လည္း

ကဏန္းက်စ္စာခဲေလာက္ေတာင္ မျမင္မေတြ႕ခဲ့တဲ့ ကုန္းမို႔မို႔ေလးပါ။ တြင္းနက္နက္တူးရရင္လည္း ဆင္းရတက္ရ လြယ္ကူေအာင္ အခ်င္း ငါးေပအက်ယ္၊ စက္ဝိုင္းပုံဝိုင္းၿပီး အားသြန္ခြန္စိုက္တူးပါတယ္။ “ေန႔ပူလို႔ညခ်မ္းတေပါင္းလဆန္း”တဲ့ေျခဖ်ားလက္ဖ်ားထုံက်င္ကိုက္ခဲ ေအာင္ေအးျမမႈကိုကြၽန္ေတာ္ေခြၽးဒီးဒီးက်ေအာင္အံတုရင္းတူးေဖာ္ပါတယ္။
ေပါင္လယ္ေလာက္ရွိတဲ့အခ်ိန္မွာေတာ့ ေက်ာက္ဖ်ာတစ္ခ်ပ္ေတြ႕ပါတယ္။ ဂဝံေက်ာက္အမ်ိဳးအစား ေက်ာက္ဖ်ာခ်ပ္ႀကီးပါ။ ခဲရာခက္ဆစ္ကေလ…ကလန႔္တူးဆြရင္းကလိုဏ္သံပါၾကားလာရလို႔ ေမာမွန္းေတာင္မသိပါဘူး။ေပၚလာတဲ့ေက်ာက္ခ်ပ္ေတြကေတာ့အလ်ားအနံ
ပ်က္အခ်ိဳးအစားမညီဂဝံေက်ာက္ခ်ပ္ေတြပါ။ အားတက္သေရာတူးေဖာ္ရင္း ငါးလႊာေဖာက္ထြင္းၿပီးခ်ိန္မွာေတာ့ ကြၽန္ေတာ့္မ်က္လုံးေတြ ျပဴးက်ယ္ၿပီး ထခုန္ေလာက္ေအာင္ ဝမ္းသာၾကည္ႏူးမႈကို ခံစားရပါတယ္။ ေ႐ႊကလပ္တစ္ခု..။ ကလပ္ေပၚမွာလက္စြပ္ႀကီးတစ္ကြင္းနဲ႔ေက်ာက္စိမ္း ပန္းပုဆင္ႏွစ္ေကာင္…။
အ႐ုဏ္က်င္းလို႔ ယုဂန္စြန္းကေနဝန္းႀကီးထြက္ေပၚေနပါၿပီ။
ကြၽန္ေတာ္တစ္ခုခ်င္းစစ္ေဆးၾကည့္ပါတယ္။ ကလပ္ကေတာ့ေ႐ႊရည္ သုတ္ကလပ္ပါ။ ဒါေပမဲ့ -ကလပ္ေပၚတင္ထားတဲ့ လက္စြပ္ႀကီးကေတာ့ ေ႐ႊခ်ိန္ႏွစ္က်ပ္သားေတာ့ ရွိမွာပါ။ ဆီးေစ့အ႐ြယ္ ပတၱျမားႀကီးကို ကြပ္ထား ပါတယ္။ ျပည္တန္ပတၱျမားျဖစ္တန္ေကာင္းရဲ႕လို႔ ခန႔္မွန္းမိပါတယ္။
ဆင္တစ္ေကာင္ခ်င္းအ႐ြယ္အစားကေတာ့အျမင့္ႏွစ္လက္မခြဲ၊လုံးပတ္
က သခြားသီးသာသာေလာက္ေတာ့ ရွိမွာပါ။ အေလးခ်ိန္ကေတာ့ ရွစ္ဆယ္ သားေလာက္ ခန႔္မွန္းလို႔ရပါတယ္။ အစိမ္းဘက္လုတဲ့ ႏို႔စိမ္းေရာင္ ေက်ာက္စိမ္းစစ္စစ္ပါပဲ။

ကြၽန္ေတာ္ ေနေရာင္မွာ ေထာင္ၾကည့္ပါတယ္။ အလင္းေဖာက္ၿပီး သစ္ခြရည္ေတြယိုစီးက်ေတာ့မလိုအရည္႐ြဲေနပါတယ္။
မွတ္ေက်ာက္နဲ႔ တိုက္၊ငရဲမီးနဲ႔ တို႔စရာမလိုတဲ့ေ႐ႊသားစစ္စစ္၊ လက္စြပ္
ႀကီးပါ။ပတၱျမားႀကီးနဲ႔ေက်ာက္စိမ္းဆင္ႏွစ္ေကာင္ကိုလည္းရာျပတ္သမားနဲ႔ ဘူမိေဗဒပညာရွင္ျပစရာမလိုပဲ။အဘိုးအနဂၣထိုက္ေၾကာင္းကြၽန္ေတာ္ခန႔္မွန္း လို႔တတ္ပါတယ္။ လက္ဝတ္ရတနာနဲ႔ မစိမ္းပါဘူး။ အေပါင္ခံစားတဲ့ ဖိုးမွန္ပဲဗ်ာ။
ကြၽန္ေတာ္… ဘာလုပ္မလဲ … ဘာလုပ္မလဲ…။
ရန္ကုန္က ႀကီးေတာ္ဆီကို အေျပးသြားၿပီး မဂၤလာသတင္း ေျပာရ
မလား။
ကြၽန္ေတာ္ကိုယ္တိုင္ပဲပိုင္ဆိုင္မႈေတြေရာင္းၿပီးဘုရားတည္ဌာပနာသြင္း
ဘုရားဒကာႀကီးဦးဖိုးမွန္ဘြဲ႕ခံယူလိုက္ရမလား။ ဘာဆက္လုပ္မလဲ..စိတ္ေတြ ေထြျပားသြားပါတယ္။ ရင္ထဲမွာ မီးလွ်ံတစ္ခု ေတာက္ေလာင္သြားပါတယ္။ ႀကီးေတာ္ႀကီးက ရင္ထဲမွာ မရွိေတာ့ပါဘူး။
“မိတ္ေဆြႀကီးရဲ႕ဘိုးဘြားပိုင္အမွန္ပဲေနာ္”
“ကြၽန္ေတာ္တို႔ကပစၥည္းသန႔္သန႔္ပဲလိုခ်င္လို႔ပြဲစားမထားပဲေရာင္းသူ
ဝယ္သူေတြ႕ဆုံျခင္းေနာ္”
ဝယ္လက္ႏွစ္ဦးရဲ႕ ပဏာမ စကားပါ။
“ကြၽန္ေတာ့္နာမည္ ဖိုးမွန္တဲ့ ဒီရတနာေတြဟာ ဘိုးစဥ္ေဘာင္ဆက္ ပိုင္ဆိုင္လာၾကတာပါ။ ကြၽန္ေတာ့္အတြက္ ေနာက္ဆုံးလက္ဆင့္ကမ္း အေမြဆိုပါေတာ့ မိတ္ေဆြႀကီးတို႔ရာ”
“ေကာင္းၿပီေလ..ကြၽန္ေတာ္တို႔ယုံပါမယ္။ ေဈးေျပာၾကည့္ပါဦး”

“ေနာင္ႀကီးတို႔ ေျပာၾကည့္ပါ။” “မိတ္ေဆြႀကီးက ေရာင္းသူေလ”
“ဒါဆိုတစ္ခုခ်င္းေျပာရမလား။ အားလုံးၿခဳံၿပီးေျပာရမလား” “ႀကိဳက္သလိုေျပာပါ။ ရပါတယ္။”
ကြၽန္ေတာ္စဥ္းစားပါတယ္။ သူ႔ဘက္ကိုေဈးျဖတ္ခိုင္းရင္ကိုယ့္ဘက္က ညံ့ရာက်ပါတယ္။ကားပြဲစား၊ အိမ္ပြဲစားမ်ားလိုေပါ့ – ပထမမေရာင္းပဲထားလို႔ ရတဲ့လူလား။ ဒုတိယမေရာင္းမျဖစ္ဗိုက္နာလို႔ေရာင္းတဲ့လူလား ခြဲျခားၾကည့္ မယ္၊ ဗိုက္နာလို႔ ေရာင္းတဲ့လူဆိုရင္ေတာ့ အိမ္ဆိုပါေတာ့။ သစ္အမ်ိဳးအစား မမွန္ဘူးသြပ္ေတြကခြာလိုက္ရင္တစ္ခ်ပ္မွသုံးလို႔မရဘူး။ တစ္ဝက္ေလာက္ အေလအလြင့္ျဖစ္မယ္။ ေနာက္ဆုံး အိမ္တစ္လုံးလုံး မီးရႈိ႕ ပစ္ခ်င္ေလာက္ ေအာင္ေျပာၿပီး ေဈးႏွိမ္မယ္။ ေမာ္ေတာ္ကားလည္း ဒီအတိုင္းပဲ အင္ဂ်င္က် ေနၿပီ။ ဂီယာေဘာက္အသစ္လဲရမယ္။ တာယာေတြက ပန္းမရွိေတာ့ဘူး။ ေဘာ္ဒီသံျပားေတြက ေပပါခြံေတြ။ ေနာက္ဆုံးသံရည္ႀကိဳစက္ပို႔ ျဖစ္ခ်င္ ေလာက္ေအာင္ ေျပာၿပီး အားနာလို႔ ကိုယ့္ကိုပဲ သနားလို႔၊ လူသားခ်င္းစာနာ ၿပီး ဝယ္တဲ့ပုံစံမ်ိဳးနဲ႔ ႏွိမ္ဝယ္မယ္။ ဒီလိုအထာေတြကြၽမ္းပါတယ္။ “ပစၥည္းအစစ္အမွန္ျဖစ္ေၾကာင္းလက္ခံတယ္ေပါ့”
“လက္ခံပါတယ္”
“မဆစ္နဲ႔ဗ်ာ … တစ္ခြန္းပဲေျပာမယ္”
“ေရာင္းသူဝယ္သူပဲအားမနာပါနဲ႔ ေျပာပါ”
“ငါးဆယ္စီဗ်ာ… သုံးမ်ိဳး တစ္ရာ့ေလးဆယ္… တစ္ဆယ္ေလွ်ာ့
လိုက္မယ္”
“ေကာင္းၿပီေလ….အခုေငြေခ်ရမလား”
ဒီစကားဟာကြၽန္ေတာ္မွန္းတာထက္သာလြန္တဲ့စကားပါ။ ဝယ္လက္
ေျပာင္းဖို႔တိုက္တြန္းလိုက္သလိုပါ။ ေတာသားေပမယ့္ကြၽန္ေတာ္လူႏုံ၊လူအ
မဟုတ္ပါဘူး။

“ကြၽန္ေတာ္မဂၤလာရက္ေ႐ြးၿပီး ဖုန္းဆက္လိုက္ပါ့မယ္”
ဒါေပမဲ့ – ဝယ္လက္က ေရာက္မလာပါဘူး။ ပ်က္သြားတယ္ေပါ့။ လိုက္ ေျပာင္းရတာေပါ့ဗ်ာ။
ဝယ္လက္ သုံးဆင့္ေျပာင္းၿပီးခ်ိန္မွာေတာ့ တစ္မ်ိဳးႏွစ္ရာ၊ သုံးမ်ိဳးေပါင္း ေျခာက္ရာနဲ႔ ေဈးတန႔္သြားပါတယ္။ ကြၽန္ေတာ္ လက္စြပ္တစ္ကြင္း ႏွစ္ရာ နဲ႔ အရင္ထုတ္လိုက္ၿပီး က်န္ေက်ာက္စိမ္းဆင္ႏွစ္ေကာင္ကို လက္ငင္းေငြ ေခ်စနစ္နဲ႔ ရက္ခ်ိန္းေပးၿပီး ျပန္လာခဲ့ပါတယ္။ ကြၽန္ေတာ္လိုင္းကားစီးလို႔မျဖစ္တဲ့အတြက္႐ြာအေရာက္တကၠစီငွားလာ
ပါတယ္။
ဝမ္းဘဲအင္း႐ြာအလြန္ေရာက္ေတာ့ ကားဆရာက – “ပ်ဥ္ပုံႀကီးကထမင္းဆိုင္ေတြကေရခ်ိဳငါးပိတို႔စရာေကာင္းေကာင္းရယ္
ငါးရံ႕အူ၊ ငါးရံ႕ေခါင္း၊ ငါးခူစဥ္းေကာနဲ႔ ခရီးသည္ေတြကားသမားေတြကိုထိန္း ထားတာ ေကာင္းလဲေကာင္းတာကိုး”
ကြၽန္ေတာ့္ကိုစကားေခၚတာပါ။ သူေျပာမွ ကြၽန္ေတာ္လည္းဗိုက္ထဲက ဆာလာတာနဲ႔ထမင္းဆိုင္တစ္ဆိုင္ေရွ႕ကားကိုရပ္ၿပီးႏွစ္ေယာက္လုံးငါးရံ႕အူ ဟင္းနဲ႔ ၿမိန္ယွက္စြာ စားေသာက္ၿပီး ကြၽန္ေတာ္အိမ္သာတက္ပါတယ္။ ကြၽန္ေတာ့္အတြက္ ၾကမၼာငင္ခ်င္တဲ့လုပ္ရပ္ပါ။ ကြၽန္ေတာ္ျပန္လာေတာ့။ “ဟိုက္..”
ကားဆရာေရ… ကားေရ.. သိန္းႏွစ္ရာေရာလစ္ေျပးၿပီ။
ဒိုက္ဦးဘက္က ခရီးသည္နဲ႔ ျပန္လာတဲ့ တကၠစီတစ္စီးကိုတား၊ ေတာင္းပန္ခယ၊ မတန္မဆေဈးေပး ငွားရမ္းၿပီး လစ္ေျပးတဲ့ တကၠစီေနာက္ လိုက္ပါတယ္။ ကြၽန္ေတာ့္စိတ္ထဲမွာ သိပ္ေႏွးတယ္ထင္လို႔ အျမန္ေၾကး တစ္ေသာင္းေပးၿပီးေမာင္းခိုင္းပါတယ္။

အင္းတေကာ္ ဆယ္မိုင္ကုန္းၿခံတစ္ရာ၊ ကန္တစ္ရာကုန္းတက္ေရာက္ တဲ့အခါ ဝန္ထမ္းျဖစ္ဟန္တူတဲ့ လူတစ္အုပ္ကပိတ္ၿပီး တားလို႔ ရပ္ေပးလိုက္ ပါတယ္။
“တကၠစီကားတစ္စီး ေခ်ာက္ထဲက်မီးေလာင္ေနလို႔ဗ်ာ”
လို႔ေျပာပါတယ္။ လွည္းကူး ဒါမွမဟုတ္ ပဲခူးေဆး႐ုံကို ပို႔ေပးဖို႔လည္း ေမတၱာရပ္ခံတဲ့အတြက္ မီးေလာင္လူနာကို ဆင္းၾကည့္တဲ့အခါ အသက္မရွိ ေတာ့ပါဘူး။ ေခ်ာက္ထဲက မီးေလာင္ေနတဲ့ကားဆီကို ဆင္းၾကည့္ပါ ေသးတယ္။ တာယာနဲ႔ ဆိုဖာေတြ ေလာင္ႂကြမ္းဆဲ အပူရွိန္ဟာ ကားနားကို ဘယ္လိုမွ ကပ္လို႔မရပါဘူး။ ကြၽန္ေတာ္ ဘယ္လိုမွ ႀကိဳးစားလို႔ မရပါဘူး။ ကြၽန္ေတာ္ဒါေလာက္အရဲစြန႔္ေနတာဟာ သိန္းႏွစ္ရာ ျပန္ရလိုမႈပါ။ မီးေလာင္လူနာဆီက မီးမကူးပဲ အသားမ်ားကပ္ေနတဲ့ စပို႔ရွပ္ျဖဴျပာ ပတ္လည္စင္းက်ားႀကီးဟာကြၽန္ေတာ့္ေငြေတြအလစ္သုတ္သြားတဲ့တကၠစီ ဒ႐ိုင္ဘာ အက်ႌျဖစ္ေၾကာင္း သိထားလို႔ပါပဲ။
ကြၽန္ေတာ့္အတြက္မေကာင္းတဲ့အတိတ္နိမိတ္ပါ။ ေနာက္ေရာင္းမယ့္ ေက်ာက္စိမ္းဆင္း႐ုပ္တုႏွစ္ေကာင္တန္ဖိုး သိန္းေလးရာအတြက္ ရင္ တထိတ္ထိတ္နဲ႔ စိုးရိမ္မကင္းျဖစ္ရပါတယ္။ ႀကီးေတာ္ႀကီးရဲ႕ဘုရားတည္ဖို႔ ကိစၥဆိုတာရင္ထဲမွာမရွိေတာ့ဘဲေလာဘေဇာေတြရဲ႕ေနာက္ဆက္တြဲျဖစ္ရပ္
ဆိုးေတြပါ။ ေလာဘအရွိန္ကို သတ္လို႔မရေတာ့ဘူး။
“ဟိုက္… ကုန္ၿပီ”
ကြၽန္ေတာ့္ ႏႈတ္ကထြက္ေပၚတဲ့ အာေမဍိတ္သံပါ … အသံနဲ႔ ထပ္တူ ကြၽန္ေတာ္လည္းအ႐ုပ္ႀကိဳးျပတ္ပုံက်သြားပါတယ္။
ေႁမြပါလည္းဆုံး၊ သားလည္းဆုံးအျဖစ္ဟာ ကြၽန္ေတာ့္အျပစ္ပါ။ ကြၽန္ေတာ့္ အိမ္ႀကီး၊ မီးဝါးခံလိုက္ရပါၿပီ။ အိမ္တိုင္မည္းမည္း ထိုးထိုး

ေထာင္ေထာင္ မက်န္ေအာင္ ေျမက်င္းထဲအထိ ေလာင္ကြၽမ္းတဲ့ မီးေလာင္ ျပင္ႀကီးပါ။ ကြၽန္ေတာ့္ အခ်စ္ဆုံး သမီးေလးကိုပါဝါးမ်ိဳပစ္တဲ့မီးပါ။
ကြၽန္ေတာ့္အိမ္နဲ႔ တံစက္ၿမိတ္ခ်င္းဆက္ ထရံခ်င္းကပ္တဲ့ အိမ္ေတြ ၾကေတာ့ ဘာေၾကာင့္ – မီးမကူးတာပါလိမ့္ ဘာလို႔ ကြက္ၿပီး ေလာင္တာ ပါလိမ့္။
ကြၽန္ေတာ္သိပါၿပီ ဒီမီးဟာ ကြၽန္ေတာ္ ေနာင္လာမယ့္ ဘဝ ဘဝ အစဥ္ အဆက္ ေလာင္ႂကြမ္းမယ့္မီးပါ။ ကြၽန္ေတာ့္ အသိဟာ ေနာက္က်သြားပါၿပီ။ ေလာဘရဲ႕မီးလွ်ံဝဋ္ေႂကြးေတြပါ…။ သံသရာရွည္ပါေတာ့မယ္…။
>> ရွစ္ခြင္ေက်ာ္ (ေဖာင္ေတာ္သီ)