ခေါစာပစ်တဲ့…ည(စ/ဆုံး)

Unicode Version

ခေါစာပစ်တဲ့…ည(စ/ဆုံး)
——————————
နဂါးစုရွာလေးဟာချမ်းစိမ့်တဲ့အအေးဓာတ်အောက်မှာအိပ်မောကျနေချိန်…
သူကြီးဖိုးသာအောင်ရဲ့ခြံဝိုင်းထဲမှာတော့ကလေးငိုသံကညံစီနေတယ်။
သူကြီးကတော်ကြီးဟာငါးနှစ်အရွယ်မြေးလေးကိုချီပိုးရင်းချော့မြှူနေရှာတယ်။
လူကြီးတွေဘယ်လိုချော့ချော့ကလေးကအငိုမရပ်ဘူး။
သူကြီးဖိုးသာအောင်ဟာကုလားထိုင်မှာကျောမှီထိုင်ရင်းမြေးဖြစ်သူကိုစိုးရိမ်တကြီးကြည့်နေရှာတယ်။
ဟဲ့…အေးမိကလေးကငိုလှချည့်လား၊ညည်းတို့ဘာတွေများအကျွေးမှားသေးသလဲ…
သူကြီးဖိုးသာအောင်ရဲ့အမေးကြောင့်သူကြီးသမီးအေးမိက…
အို…အဖေကလည်းကျုပ်တော့ဆီထမင်းကလွဲပြီးဘာမှမကျွေးမိပါဘူး၊အဖေ့မြေးညနေကသာဒိုးတို့နဲ့ရွာအနောက်ဘက်မှာသွားဆော့လို့…ရိုက်ပုတ်ပြီးခေါ်လာတာပဲရှိပါတယ်နော်…လို့ပြောလိုက်တဲ့အခါသူကြီးဖိုးသာအောင်ဟာမျက်မှောင်ကြီးကြုံ့သွားပြီး…
…ဘာ…အနောက်ပိုင်းမှာသွားဆော့တယ်ဟုတ်လား…ဒီနေရာကနတ်ကြီးတယ်ဆိုတာမသိဘူးလား…၊ညည်းတို့ကကလေးတစ်ယောက်တောင်နိုင်အောင်မကြည့်နိုင်ဘူး
လို့ဒေါသတကြီးပြောလိုက်တယ်။
ဒီအခါမှာသူကြီးသမီးအေးမိကစိတ်ရှုပ်ထွေးဟန်နဲ့…
ကလေးငိုရတဲ့အထဲအဖေကလည်းခက်တာပဲ၊ကျုပ်ညနေကအဖေခိုင်းလ ို့ပဲကြွေးသွားကောက်တာလေ၊ပြန်ရောက်တော့ဒင်းလေးအိမ်မှာမရှိမှန်းသိတာ၊ကျုပ်ကိုချည်းအပြစ်မတင်နဲ့အဖေရေ…၊အဖေ့သမီးအေးစိန်ကိုလည်းပြောအုံး…၊ဒင်းကအဒေါ်တစ်ယောက်လုပ်နေပြီးဘယ်တော့မှကလေးကိုမကြည့်ထားဘူး၊အား အားရှိဖြီးလိမ်းပြီးတော့ပဲလမ်းသလားနေတာ…၊ဒင်းလည်းလင်မြန်မြန်ရမှမျက်စိနောက်သက်သာမယ်…
လို့တဗျစ်တောက်တောက်ပြောလိုက်တဲ့အခါမအေးစိန်ဟာအိမ်ခန်းထဲကဆောင့်ကြီးအောင့်ကြီးထွက်လာပြီး
အစ်မနော်ကျုပ်ကိုမဟုတ်တာမပြောနဲ့၊အပျိုလေးပဲ၊ဖြီးလိမ်းပြီးလမ်းထွက်တာဘာဖြစ်လဲ၊အစ်မသာမုဆိုးမဖြစ်နေပြီးအပျိုရှုံးအောင်ပြင်နေတာ၊အဖေသိလား
လို့ကက်ကက်လန်ပြန်ပြောလိုက်တယ်။
ညီမဖြစ်သူရဲ့တုံ့ပြန်စကားကြောင့်မအေးမိဟာယမ်းမီးပုံကျဖြစ်သွားပြီးထိုင်ရာကနေဝုန်းခနဲထလာတယ်။
ဒီအခါမှာသူကြီးကတော်ဟာကလေးချီလျက်မအေးမိတို့အနားရောက်လာပြီး…
ညည်းတို့တော်ကြစမ်း၊ဒီမှာကလေးဘာဖြစ်မှန်းမသိဘူး၊ညည်းတို့အားအားရှိသတ်ဖို့လောက်ပဲစဉ်းစားနေ…၊ဟဲ့…အေးမိ…အနောက်ပိုင်းမှာညည်းကလေးသွားဆော့ရင်းဘာတွေလုပ်ခဲ့သေးလဲ မသိဘူး၊ငါ့အထင်တော့ကလေးကိုကွင်းပိုင်ကြီးဖမ်းစားပြီထင်တယ်
လို့ထင်ကြေးပေးပြောလိုက်တဲ့အခါကွင်းပိုင်ကြီးဆိုတဲ့အသံကြောင့်မအေးမိဟာအကြီးအကျယ်တုန်လှုပ်သွားပြီး…
ဟင်…ကွင်းပိုင်ကြီးဖမ်းစားထားတာဟုတ်လား…အမယ်လေး…ကျုပ်သားလေးတော့ကိုယ်ကျိုးနည်းပြီထင်ပါ့၊တစ်ခါကလည်းမိတုတ်သမီးလေးကွင်းပိုင်ကြီးရှိတဲ့ညောင်ပင်ကြီးကအရွက်တွေခူးလာမိလို့အပြင်းဖျားပြီးတစ်ပတ်လောက်အိပ်ယာထဲလဲခဲ့တာ၊ကံကောင်းလို့အသက်မနှုတ်တာဆိုပဲ…၊ကျုပ်…ကျုပ်တို့…ဘယ်လိုလုပ်ကြမလဲအမေ…
လို့ထိတ်ထိတ်ပျာပျာနဲ့မေးလိုက်တယ်။
မအေးမိရဲ့စကားကြောင့်သူကြီးဖိုးသာအောင်ကဆေးပြင်းလိပ်ကိုဖွာရှိုက်လိုက်ရင်း…
ဘယ်လိုလုပ်ရမှာလဲ၊ဘာပဲဖြစ်ဖြစ်အရံအတားလုပ်ထားတာမမှားဘူး၊ဗနေခာဆရာကြီးလည်းပင့်ပြီးကြည့်ခိုင်းရမှာပဲ၊ဒါကြောင့်ပြောတာ၊ကလေးတစ်ယောက်လောက်တောင်ညည်းတို့နိုင်အောင်မထိန်းဘူး
လို့ပြောလိုက်တဲ့အခါမအေးမိကငိုသံကြီးနဲ့…
အီး…ဟီး…အဖေတို့ကကျုပ်ပဲအပြစ်ဖို့နေကြတယ်၊အဖေ့မြေးကမျောက်လောင်းလေး၊မအေကဒီနေရာမသွားနဲ့ဆိုလစ်တာနဲ့ရောက်သွားတာပဲ
လို့ပြောလိုက်တယ်။
…တော်တော့အေးမိ၊ညည်းပါးစပ်ပိတ်လိုက်တော့၊ငါ့မြေးကိုအပြစ်မပြောနဲ့၊ကလေးပဲဆော့ချင်ရှာမှာပေါ့၊ညည်းသာလိုတာ…၊ငိုမနေနဲ့လူကြားမကောင်းဘူး၊မနက်ကျမှဆရာချက်ကြီးသွားပင့်ချေ…
သူကြီးဖိုးသာအောင်ရဲ့တစ်ချက်လွှတ်အမိန့်နဲ့ငေါက်ငမ်းလိုက်တော့မှတစ်အိမ်လုံးငြိမ်ကျသွားတယ်။
ဒါပေမယ့်ကလေးငိုသံကရပ်မသွားဘူး။
ကလေးငယ်ဘာဖြစ်တာလဲ…

မနက်ရောက်တော့သူကြီးဖိုးသာအောင်ရဲ့ပင့်ဖိတ်မှုကြောင့်ဗိန္ဓောဆရာကြီးရောက်လာတယ်။
ဗိန္ဓောဆရာကြီးဟာအသင့်ခင်းထားတဲ့ဘုရားစင်အောက်ကသင်ဖြူးဖျာမှာဝင်ထိုင်လိုက်ပြီး…
အိမ်း…ဘာဖြစ်ကြတာလဲ၊ဆရာ့ကိုပြောစမ်း
လို့နှုတ်ခမ်းမွှေးကြီးကိုသပ်ပြီးမေးလိုက်တယ်။
သူကြီးကတော်နဲ့ကလေးအမေမအေးမိကကလေးရဲ့အခြေအနေကိုရှင်းပြလိုက်တဲ့အခါဗိန္ဓောဆရာကြီးက…
…ကျုပ်နာလည်ပြီ၊ကလေးကိုကျုပ်ရှေ့ခေါ်ခဲ့စမ်းပါ
လို့ခေါင်းတညိတ်ညိတ်နဲ့ပြောလိုက်တယ်။
အဒေါ်ဖြစ်သူမအေးစိန်ကဗိန္ဓောဆရာကြီးရဲ့အသံကြောင့်ကလေးကိုအခန်းထဲကချီထုတ်လာတယ်။
ကလေးငယ်ဟာစကားတစ်ခွန်းမှမပြောဘဲ တဟီးဟီးနဲ့ရှိုက်ငိုနေတယ်။
ဗိန္ဓောဆရာကြီးဟာကလေးငယ်ကိုစူးစိုက်ကြည့်လိုက်ပြီးအတန်ကြာတဲ့အခါမှာ…
ကလေး…မင်းမှန်မှန်ပြောစမ်း၊ရွာနောက်ပိုင်းကညောင်ပင်မှာ၊ကလေးအချင်းချင်းရန်ဖြစ်ပြီး၊အယုတ္တစကားတွေပြောခဲ့တယ်မဟုတ်လား…
လို့ခပ်မာမာမေးလိုက်တယ်…
ဗိန္ဓောဆရာကြီးရဲ့မျက်လုံးကြီးပြူးပြီးမေးလိုက်တဲ့စကားကြောင့်ကလေးငယ်ဟာအကြောက်ပိုသွားပြီး
ကြောက်တယ်…သား…သူ့ကိုကြောက်တယ်အမေ…ကြောက်တယ်…ကြောက်တယ်…
လို့ဆရာကြီးကိုလက်ညှိုးထိုးပြီးပြောလိုက်တယ်။
သူကြီးဖိုးသာအောင်၊သူကြီးကတော်နဲ့မအေးမိ၊မအေးစိန်တို့ဟာဗိန္ဓောဆရာကြီးကိုကြည့်ပြီးဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင်ဖြစ်လာတယ်။
ဒီအခါမှာဆရာကြီးကနှုတ်ခမ်းမွှေးကားကားကြီးကိုနားရွက်ချိတ်မတတ်ပြုံးလိုက်ရင်း…
ဟုတ်ပြီ…ဟုတ်ပြီ…ကဲ…သူကြီးတို့ဘာမှမစိုးရိမ်နဲ့တော့…၊ဟောဒီမှာဝိဇ္ဇာရှစ်သောင်းဆရာအပေါင်းတို့ကိုတန်ဆောင်မုန်းလပြည့်ညမှာတိုင်တည်ပြီးဖော်စပ်ထားတဲ့အမှောင့်ဖြေဆီမန်း၊ဒါကိုကောင်လေးကိုတိုက်လိုက်၊ကျုပ်ပြန်သွားပြီးနာရီဝက်အတွင်းမှာကောင်လေးကိုစွဲကပ်နေတဲ့အစွဲတွေမကျွတ်ဘူးဆိုရင်ခြေကြွခရော…ဆေးကုခရောနှစ်ဆတိတိပြန်အမ်းမယ်၊ကဲ…သူကြီးတို့လက်ခံလား…
လို့သူကြီးဖိုးသာအောင်တို့ကိုမျက်လုံးဝေ့ကြည့်ပြီးပြောလိုက်တယ်။
ဒီအခါမှာသူကြီးကတော်ကစိတ်လှုပ်ရှားစွာနဲ့
ဆရာချက်ကြီးရဲ့အစွမ်းကိုကျုပ်တို့သိပါတယ်၊ကလေးကိုသာဆေးပေါင်းခထားတဲ့ဆီမန်းမြန်မြန်တိုက်လိုက်စမ်းပါတော်၊ကလေးကြည့်ပြီးစိတ်ပူလွန်းလို့ကျုပ်သေတော့မယ်တော့်…လို့ပြောလိုက်တယ်။
ဟဲ့နေဦး၊တစ်ခုကျန်သေးတယ်၊ကနေ့ညဆယ့်နှစ်နာရီတိတိမှာကွင်းပိုင်ကြီးရှိတဲ့ညောင်ပင်ကြီးကိုသွားပြီးကလေးအတွက်ခေါစာပစ်ပေးရမယ်…
ဆရာချက်ကြီးရဲ့စကားကြောင့်သူကြီးဖိုးသာအောင်တို့အားလုံးလှုပ်လှုပ်ရွရွဖြစ်သွားကြတယ်။
ဘာ…ညဆယ့်နှစ်နာရီမှာ…၊ညောင်ပင်ကြီးဆီသွားရမယ်…ဟုတ်လား…
သူကြီးဖိုးသာအောင်ရဲ့အမေးကြောင့်ဆရာချက်ကြီးကခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး…
…ဟုတ်တယ်၊သွားရမယ်…၊ဆီမန်းလည်းတိုက်၊သူကျူးလွန်ခဲ့တဲ့နေရာကဆိုင်ရာတွေကိုခေါစာပစ်ပြီးတောင်းပန်မှအရှင်းပျောက်သွားမှာ…အဲ…ဒါပေမယ့်တစ်ခုတော့ရှိတယ်၊ခေါစာပစ်တဲ့လူဟာအိမ်သားပဲဖြစ်ရမယ်၊ပြီးတော့…အင်္ဂါသားသမီးပဲဖြစ်ရမယ်…
ကဲခင်ဗျာတို့ထဲမှာအင်္ဂါသားသမီးရှိလား
ဆရာချက်ကြီးအမေးကြောင့်အားလုံးရဲ့အကြည့်တွေဟာမအေးစိန်အပေါ်စုပြုံကျသွားတယ်။
မအေးစိန်ကသူ့ကိုခေါစာပစ်လွှတ်တော့မယ်ဆိုတာရိပ်မိသွားပြီး…
…ဟာအမေတို့ကလည်းကျုပ်ကအပျိုလေးဖြစ်ပြီးညဉ်သန်းခေါင်အပြင်ထွက်ရမတဲ့လား…၊မထွက်ရဲဘူး၊ကျုပ်ကြောက်တယ်…
လို့ကပျာကယာငြင်းဆန်လိုက်တယ်။
ဟဲ့…အေးစိန်၊ညည်းအပိုမပြောနဲ့…၊ညည်းမကြောက်တတ်တာငါတို့သိတယ်၊ညည်းပဲသူများတွေသရဲခြောက်ခံရတယ်ပြောရင်အေးစိန်တို့နဲ့များနေရာချင်းလဲချင်းစမ်းပါ့၊သရဲတွေ့လို့ကတော့ဖက်ပြီးတောင်နပမ်းလုံးမှာဆို၊လျှာမရှည်နဲ့၊ညည်းဒီနေ့ညခေါစာသွားပစ်ရမယ်၊အေး…သရဲတွေ့ရင်လည်းတစ်ခါတည်းနပမ်းလုံးခဲ့…
ကလေးအမေမအေးမိရဲ့ချက်ကောင်းကိုကိုင်လိုက်တဲ့စကားကြောင့်မအေးစိန်တစ်ယောက်ဘာမှမပြောရဲတော့ဘူး။
သရဲတွေ့ရင်နပမ်းလုံးပစ်မယ်လို့ပါးစပ်ဆော့မိတာလေ။ခံလိုက်စမ်း…အေးစိန်ရေ…
ဒီအချိန်မှာပဲသူကြီးကတော်ကြီးက…
ခေါစာပစ်ဖို့လိုအပ်တာပြောပါအုံးဆရာကြီး
လို့ဆရာချက်ကြီးကိုမေးလိုက်တယ်။
ဆရာချက်ကြီးကမျက်လုံးကိုစုံမှိတ်လိုက်ရင်းခဏကြာမှ…
ကြက်တစ်ကောင်လုံးကိုကလီစာမထုတ်ဘဲကြော်ရမယ်၊မုန့်ဖြူ၊မုန့်နီရယ်၊ခေါင်ရည်တစ်ခွက်ရယ်ကိုဇကောတစ်ချက်မှာငှက်ပျောရွက်ခင်းပြီးထည့်၊အဲနေဦး၊ထမင်းဖြူတစ်ပုံပါထည့်၊ပြီးရင်ကလေးရဲ့နေ့နံနဲ့နာမည်ကိုရေရွတ်ပြီးကွင်းပိုင်ကြီးကိုပသပါတယ်၊ကလေးမှာစွဲကပ်နေတဲ့အမှောင့်တွေကိုပြန်ရုပ်သိမ်းပေးပါလို့ရိုရိုသေသေနဲ့ပြော…
လို့ပြောဆိုပြီးကလေးငယ်ကိုဆီမန်းတိုက်လိုက်တယ်။
ခဏကြာတော့ဗိန္ဓောဆရာကြီးဟာခြေကြွခနဲ့ဆေးကုသခယူပြီးလာရာလမ်းကိုကြွမြန်းသွားတော့တယ်။
မအေးစိန်တစ်ယောက်ကတော့သန်းခေါင်ချိန်ခေါစာပစ်ရမယ့်အရေးကိုတွေးမိပြီးဇောချွေးတွေပျံနေမိတယ်။

ခေါစာပစ်တဲ့ညမှာဘာဖြစ်မလဲ
ခေါစာပစ်ပြီ…
ည…ဆယ့်နှစ်နာရီတိတိမှာ…
အုန်းမောင်းခေါက်သံဆယ့်နှစ်ချက်ကြားစဉ်မှာပဲမအေးစိန်တစ်ယောက်ခေါစာဗန်းခေါင်းပေါ်ရွက်ပြီးရွာအနောက်ပိုင်းကိုထွက်ခဲ့တယ်။
ကြောက်စိတ်ကြောင့်လား…အအေးဓာတ်ကြောင့်လားမသိဘူး။
ခြေလက်တွေအေးစက်ပြီးသူ့တစ်ကိုယ်လုံးနတ်ဝင်သည်တစ်ယောက်လိုတုန်ယင်နေတယ်။
လူခြေတိတ်ချိန်ဆိုတော့ပတ်ဝန်းကျင်မှာသစ်ရွက်လှုပ်ခတ်သံကလွဲပြီးငြိမ်သက်နေတယ်။
မအေးစိန်တစ်ယောက်ကြောက်စိတ်နဲ့သုတ်ခြေတင်ခဲ့တာကွင်းပိုင်ကြီးရှိတဲ့ညောင်ပင်ကြီးအနားရောက်မှန်းမသိရောက်လာခဲ့တယ်။
ညအမှောင်ကြီးမှာမည်းမည်းကြီးရှိနေတဲ့နွယ်တွေ၊ဆံမြိတ်ချထားသလိုကျနေတဲ့ညောင်ပင်အိုကြီးကိုမြင်ရတာမအေးစိန်အဖို့တော့သရဲ၊သဘက်ထက်ပိုပြီးကြောက်ဖို့ကောင်းနေတယ်။
မအေးစိန်ဟာညောင်ပင်ကြီးရဲ့အရင်းနားကိုကတုန်ကယင်တိုးကပ်သွားပြီးခေါစာဗန်းချဖို့ပြင်လိုက်တယ်။
ဒီအချိန်မှာပဲမှောင်ရိပ်ထဲကလက်မည်းကြီးတစ်စုံထွက်လာပြီးမအေးစိန်ရဲ့တစ်ကိုယ်လုံးကိုသိမ်းကျုံးဆွဲယူသွားတယ်။
အမလေး…
လို့ငယ်သံပါအောင်အော်ဟစ်လိုက်တဲ့မအေးစိန်ရဲ့အသံကဆောင်းညချမ်းကိုဖုံးအုပ်သွားတယ်။ခေါစာဗန်းလေးကတော့ညောင်ပင်ခြေရင်းမှာပြန့်ကျဲကျန်ရစ်တယ်။
သူကြီးဖိုးသာအောင်တို့လူစုကတော့မအေးစိန်အိမ်ပြန်အလာကိုစိုးရိမ်တကြီးစောင့်မျှော်နေကြတယ်။
…မအေးမိနင့်ညီမသွားတာကြာလှပြီ၊ခုထိမလာသေးပါလား
သူကြီးဖိုးသာအောင်ရဲ့စကားကြောင့်မအေးမိကအိပ်ချင်မးူတူးလေသံနဲ့…
အဖေကလည်း…မွေးကတည်းကဒီရွာမှာနေလာတဲ့ဟာ…ဘာမှစိုးရိမ်စရာမရှိဘူး၊အဖေ့သမီးကစွာလည်းစွာတယ်၊သူကြီးသမီးဆိုတာလည်းတစ်ရွာလုံးခွေးကအစသိနေတာ၊ဘာမှစိတ်ပူမနေနဲ့၊အချိန်တန်ရင်ပြန်လာလိမ့်မယ်၊အဖေအိပ်စရာရှိတာသာအိပ်၊ကျုပ်တို့လဲအိပ်ပြီ…
လို့ပြောဆိုပြီးကလေးကိုဖက်ရင်းအိပ်ပျော်သွားရှာတယ်။
သူကြီးဖိုးသာအောင်ဟာမအေးမိရဲ့စကားကြောင့်စိတ်သက်သာရာရသွားပြီးသူကြီးကတော်နဲ့အတူအိပ်ရာဝင်ခဲ့ကြတယ်။

နောက်နေ့….
မနက်မှာတော့မအေးစိန်ပျောက်တဲ့သတင်းကနဂါးစုတစ်ရွာလုံးအုန်းအုန်းကြွက်ကြွက်ဖြစ်သွားတယ်။
သူကြီးဖိုးသာအောင်တို့မိသားစုကတော့အိမ်ထဲမှာခေါင်းချင်းရိုက်နေကြတယ်။
ဒါကြောင့်တော့်ကိုပြောတာပေါ့၊ညကအေးစိန်အပြန်စောင့်ရအောင်ဆိုတာခုတော့ကိုယ်ကျိုးနဲပြီရှင့်…
သူကြီးကတော်ဟာ…ဒူးနဲ့မျက်ရည်သုတ်ရင်းယောက်ျားဖြစ်သူကိုအပြစ်ပြောလိုက်တယ်။
သူကြီးဖိုးသာအောင်ကတော့သူ့အပြစ်နဲ့သူမို့ခေါင်းကိုတဗြင်းဗြင်းကုတ်လိုက်ပြီး…
အေးပါမဝိုင်းရယ်မင့်မလည်းငါ့ချည်းအပြစ်ဖို့နေပြန်ပြီ၊ငါလည်းညကမင်းချက်ကျွေးတဲ့ငါးသလောက်ပေါင်းနဲ့မျှစ်ချဉ်တွေအစားလွန်ပြီးအိပ်ပျော်သွားလို့ပါ
လို့ညည်းညူလိုက်တဲ့အခါသူကြီးကတော်က
…အခုတော့်သမီးပျောက်နေပြီ၊ရှင်သူကြီးတစ်ယောက်ဖြစ်ပြီးဘယ်လိုရှင်းမလဲ…ပြောကျုပ်သမီးမတွေ့လို့ကတော့ရှင်မလွယ်ဘူးမှတ်
လို့ရာဇသံပေးလိုက်တယ်။
ငါလည်းဖိုးအောင်တို့ခေါင်းကြီးတို့ကာလသားတစ်စုကိုအရှာလွှတ်ထားပါတယ်ကွာ၊ခေါစာပစ်ရင်းများမင်းသမီးသူငယ်ချင်းအိမ်အလည်လွန်နေသလားမှမသိတာ
သူကြီးဖိုးသာအောင်ရဲ့စကားကြောင့်သူကြီးကတော်ကြီးဟာဒေါသငယ်ထိပ်တက်သွားပြီး…
အမလေး…ကိုရင်…ဒါရှင်မွေးထားတဲ့သမီးနော်၊ရှင့်သမီးအကြောင်းရှင်မသိဘူးလား၊ကလေးကညဉ့်နက်သန်းခေါင်အိမ်လည်တတ်တဲ့လူစားလားရှင့်…၊ကျုပ်သမီးလေးကပါးစပ်သာဆိုးတာဗိုင်းကောင်းကျောက်ဖိလေးရှင့်…၊ရွာထဲမှာလည်းပြောကုန်ကြပြီ၊ကျုပ်သမီးလေးကလိပ်ပြာလှလို့အရက်သမားတစ္ဆေဖမ်းစားသွားတာတဲ့
လို့ငိုကြီးချက်မနဲ့ပြောလိုက်တယ်။
အရက်သမားတစ္ဆေဆိုတဲ့စကားကြောင့်သူကြီးဖိုးသာအောင်ရောမအေးမိပါမျက်လုံးပြူးသွားပြီး…
အရက်သမားတစ္ဆေဟုတ်လား၊အမေ့ကိုဘယ်သူပြောလဲ…
လို့မအေးမိကအထိတ်တလန့်မေးလိုက်တဲ့အခါသူကြီးကတော်က…
ငါလည်းမသိပါဘူးတော်…၊ခုနကရွာထဲသွားပြီးမအေးစိန်အကြောင်းစုံစမ်းတော့အကြော်သည်ကုလားမပြောလိုက်တာပဲ၊ဟိုး…တလောကအဲဒီညောင်ပင်ကြီးမှာအရက်သမားငတေမူးရူးပြီးသူ့ကိုယ်သူသေကြောင်းကြံခဲ့တာလေ၊အဲဒီတုန်းက…ညည်းအဖေကိုယ်တိုင်ဦးဆောင်ပြီးတစ်ကောင်ကြွက်ငတေရဲ့အသုဘကိုချပေးခဲ့တာပဲ၊ဟိုနေ့ကပဲအကြော်သည်ဒေါ်ကုလားမကသူ့မြေးရှင်ပြုဖို့ငွေလိုတာနဲ့ကြံရာမရဖြစ်ပြီးညောင်ပင်ကကွင်းပိုင်ကြီးဆီမှာအောင်ဘာလေဆုကြီးပေါက်ပါရစေဆိုပြီးဆုတောင်းခဲ့တယ်တဲ့၊ညရောက်တော့ဒေါ်ကုလားမရဲ့အိပ်မက်ထဲကိုအရက်သမားငတေရောက်လာပြီးဒေါ်ကုလားမခင်ဗျားထီပေါက်ချင်ရင်ကျုပ်ကိုအပျိုပေးဆိုပြီးအိပ်မက်ပေးတယ်တဲ့၊ဒေါ်ကုလားမတောင်ငတေကသူ့ကိုထီဂဏန်းပေးတာပဲဆိုပြီး…
ထီပေါက်ချင်ရင်အပျိုုပေးဆိုတာကိုအတိတ်ကောက်ပြီးအောင်ဘာလေထီထိုးခဲ့သေးတယ်တဲ့၊အခု…ခေါစာပစ်ရင်းမအေးစိန်ပျောက်သွားတော့ဒေါ်ကုလားမကတစ္ဆေငတေဟာတကယ်ပဲအပျိုကိုဖမ်းစားသွားတာဆိုပြီးရွာထဲမှာလျှောက်ပြောနေတယ်တော့်…
လို့ပြန်ပြောတယ်။
သူကြီးကတော်ရဲ့စကားကြောင့်သူကြီးဖိုးသာအောင်ဟာတက်ခေါက်လိုက်ပြီး…
တောက်…အေးစိန်ပျောက်သွားတာဗိန္ဓောဆရာကြီးကြောင့်ပဲ၊ငါမကျေနပ်ဘူး၊ချက်ကြီးနဲ့စာရင်းသွားရှင်းမယ်
လို့ကြုံဝါးလိုက်ပြီးဒေါသတကြီးထွက်သွားတယ်။
လူပုစိတ်တိုဖြစ်တဲ့ယောက်ျာအကြောင်းကိုသိတဲ့သူြုကီးကတော်ဟာအူလျားဖားလျားပြေးလိုက်သွားတယ်။
ဗိန္ဓောဆရာချက်ကြီးရဲ့အိမ်ရှေ့ရောက်တော့သူကြီးဖိုးသာအောင်ဟာအနီးမှာတွေ့တဲ့ထင်းခွဲဓားမကြီးကိုကောက်ဆွဲလိုက်ပြီး…
ဟေ့ကောင်ချက်ကြီးထွက်ခဲ့စမ်း
လို့ဒေါသတကြီးအော်ဟစ်ခေါ်လိုက်တယ်။
သူကြီးဖိုးသာအောင်ရဲ့အသံကြောင့်ဆရာချက်ကြီးဟာအထိတ်တလန့်ဖြစ်သွားပြီးပုဆိုးကိုစွန်တောင်ဆွဲထွက်လာတယ်။
ဟေ့ကောင်ချက်ကြီး…မင်းခေါစာပစ်ခိုင်းလို့ငါ့သမီးအေးစိန်ပျောက်သွားပြီ၊ဒီကိစ္စကိုမင်းဘယ်လိုရှင်းမလဲ
သူကြီးဖိုးသာအောင်ရဲ့ကြိမ်းမောင်းသံကြောင့်ဆရာချက်ကြီးဟာမျက်နှာပျက်သွားပြီး…
ကျုပ်က…ကလေးအတွက်ခေါစာပစ်ခိုင်းတာပဲဗျ၊အေးစိန်ပျောက်တာကျုပ်နဲ့ဘာဆိုင်လို့လဲသူကြီးရာ…
လို့ပြန်ပြောလိုက်တဲ့အခါသူကြီးဖိုးသာအောင်ဟာဒေါသအကြီးအကျယ်ထွက်သွားပြီး
ဟေ့ကောင်…မင်းကြောင့်အေးစိန်ပျောက်သွားတာကွ၊မင်းငါ့သမီးကိုတွေ့အောင်ရှာပေး၊အေး…မတွေ့လို့ကတော့ငါ့အိမ်ကထိပ်တုံးအကြောင်းသိတယ်နော်
လို့ကြုံဝါးလိုက်တယ်။
ဆရာချက်ကြီးဟာထိပ်တုံးဆိုတဲ့အသံကြောင့်မျက်နှာအကြီးအကျယ်ပျက်သွားတယ်။
နဂါးစုတစ်ရွာလုံးသူကြီးဖိုးသာအောင်ရဲ့ထိပ်တုံးဆိုသိပ်လန့်ကြတယ်။
အဲဒီထိပ်တုံးကနှယ်နှယ်ရရမဟုတ်ဘူး။
သူကြီးဖိုးသာအောင်တို့အဖေလက်ထက်ကတည်းကသုံးလာတဲ့ထိပ်တုံးကြီး…
ထိပ်တုံးအခတ်ခံရဖူးတဲ့လူတွေပြောစကားအရထိပ်တုံးခတ်ခံရပြီးသေသွားတဲ့သူတွေရဲ့ဝိညာဉ်တွေရှိတယ်တဲ့။
ည…ည…ဆိုခွေးတွေဟာထိပ်တုံးကိုကြည့်ပြီးထိုးဟောင်တတ်သလိုတစ္ဆေသရဲလည်းသိပ်ခြောက်တယ်ဆိုပဲ…
ဒါကြောင့်ဆရာချက်ကြီးဟာလက်တကာကာနဲ့
မလုပ်ပါနဲ့သူကြီးရယ်၊အေးစိန်ကိုကျုပ်ကိုယ်တိုင်တွေ့အောင်ရှာပေးပါ့မယ်၊ထိပ်တုံးတော့မခတ်ပါနဲ့
လို့တောင်းပန်လိုက်မိတယ်။
ဒီအခါမှာပဲသူကြီးကတော်ရောက်လာပြီး…
တော်ပါတော့…ကိုရင်ရယ်၊အရပ်ကကြားလို့မှမကောင်းပါဘူး၊သူလည်းရှာပေးမယ်ပြောနေတဲ့ဟာလာစမ်းပါ
လို့ပြောဆိုရင်းယောက်ျားဖြစ်သူကိုဆွဲခေါ်သွားတယ်။
သူကြီးဖိုးသာအောင်ဟာချက်ကြီးကိုမကျေမချမ်းကြည့်ရင်းသူကြီးကတော်ရဲ့လက်မှာပါသွားရှာတယ်။
သူကြီးထွက်သွားတော့မှချက်ကြီးဟာသက်ပြင်းချနိုင်ပြီး…
…ငါ့နှယ်…တတ်သလောက်မှတ်သလောက်ပညာလေးနဲ့လုပ်စားမိပါတယ်၊ပြဿနာကိုစုံနေတာပဲ၊ဝေဒဝိဇ္ဇာဆရာခေါင်ဆီသွားပြီးဇာတာစစ်ခိုင်းရဦးမယ်
လို့မျက်နှာသေလေးနဲ့ရေရွတ်လိုက်မိတယ်။

သူကြီးကတော်….
တစ်ယောက်မအေးစိန်စိတ်နဲ့အိပ်ရာထဲဘုန်းဘုန်းလဲခဲ့ရတယ်။
သူကြီးဖိုးသာအောင်နဲ့မေအေးမိဟာဆရာပေါင်းစုံနဲ့ကုသပေမယ့်သူကြီးကတော်ကတော့အိပ်ရာထဲကမထနိုင်ရှာဘူး။
မှောင်စပျိုးချိန်တစ်ခုမှာတော့သူကြီးကတော်ကြီးဟာခြံဝိုင်းဘက်ကိုလှမ်းကြည့်ရင်း…
ဟဲ့ခြံဝကဘယ်သူတုန်း၊ဝင်လာခဲ့လေ
လို့လှမ်းပြောလိုက်တယ်။
မအေးမိဟာမိခင်ရဲ့အသံကြောင့်ထမင်းချက်နေရာကပြေးထွက်လာပြီး…
ဘယ်သူတုန်းအမေမှောင်ချိန်ရောက်မှ…
လို့မေးလိုက်တဲ့အခါသူကြီးကတော်ဟာအိပ်ယာထဲလဲလျက်အနေအထားနဲ့…
ဘယ်သိမလဲဟဲ့…ခြံဝမှာလူရိပ်တွေ့လိုက်တယ်၊ညည်းထွက်ကြည့်စမ်း
လို့ခပ်ဆတ်ဆတ်ပြောလိုက်တယ်။
မအေးမိဟာမိခင်ရဲ့စကားကြောင့်အိမ်ရှေ့ထွက်ကြည့်လိုက်တယ်။
ဘယ်သူ့မှမရှိဘူး။ဒါကြောင့်အိမ်တံခါးကိုပိတ်လိုက်ပြီး…
…ဘယ်သူမှမရှိဘူး၊အမေ…စိတ်ထင်လို့ဖြစ်မှာပါ
လို့ပြောလိုက်တဲ့အခါသူကြီးကတော်ကမအေးမိကိုမျက်ထောင့်နီကြီးနဲ့ကြည့်လိုက်ရင်း…
ဟဲ့…ငါသေချာမြင်လိုက်တာပါ၊ဘယ်နှယ်စိတ်ထင်ရမှာလဲ
လို့မကျေမချမ်းပြောလိုက်တယ်။
မိခင်ဖြစ်သူရဲ့အမူအရာကြောင့်မအေးမိဟာနှုတ်ခမ်းစူသွားပြီး…
အမေကလေ…နေထိုင်မကောင်းဖြစ်နေတာတောင်စိတ်မလျှော့ချင်ဘူး၊ဒေါသမကြီးနဲ့အမေရေ…တော်ကြာပြိတ္တာဖြစ်နေဦးမယ်
လို့ပြောလိုက်တဲ့အခါသူကြီးကတော်ကြီးဟာမအေးမိရဲ့ခေါင်းကိုသနပ်ခါးတုံးနဲ့ပစ်ပေါက်လိုက်ရင်း…
မအေကိုပြန်မပြောနဲ့…ဗိုက်ဆာပြီ…ထမင်းထည့်ခဲ့…
လို့ပြောလိုက်တယ်။
မအေးမိဟာမိခင်ဖြစ်သူရဲ့စကားကြောင့်ပါးစပ်အဟောင်းသားဖြစ်သွားပြီး…
ဟင်…မနက်ကကျတော့ထမင်းတောင်မစားနိုင်ဘူးဆိုပြီးဆန်ပြုတ်ပြုတ်ခိုင်းတယ်၊အခု…ထမင်းစားမလို့လား…
လို့မေးလိုက်တယ်။
ဒီအခါမှာသူကြီးကတော်ကမအေးမိကိုစူးစိုက်ကြည့်လိုက်ရင်း…
ငါစားချင်တာစားမှာပေါ့…၊ထမင်းယူခဲ့စမ်းပါအေ…ဗိုက်ဆာလှပြီ…
လို့ရေရွတ်လိုက်တယ်။
သူကြီးကတော်ဟာထမင်းဝိုင်းသူ့ရှေ့ရောက်တဲ့အခါထမင်းကိုအငမ်းမရစားတော့တယ်။
မအေးမိတစ်ယောက်မိခင်ဖြစ်သူကိုကြည့်ရင်းမျက်လုံးပြူးလာပြီး…
…ဟုတ်မှဟုတ်ရဲ့လားအမေရယ်၊ထမင်းတွေအများကြီးစားပြီးအစာမကြေရင်ခက်ချည်ရဲ့
လို့ရေရွတ်လိုက်တဲ့အခါသူကြီးကတော်ဟာခေါင်းမဖော်တမ်းစားရင်းက…
ထမင်းထည့်ဦး
လို့တောင်းလိုက်ပြန်တယ်။
…အမေ…အမေစားနေတာသမီးတို့သုံးယောက်ညစာစားဖို့ချက်ထားတဲ့ဆန်လေးလုံးချက်ကုန်နေပြီ၊အမေမဝသေးရင်ခဏစောင့်မှရမယ်၊သမီးထမင်းတည်ရဦးမယ်
လို့ပြောလိုက်တဲ့အခါမှသူကြီးကတော်ကြီးဟာမျက်နှာတည်သွားပြီး
ဒါဆိုလည်းတော်ပါပြီအေ…၊မနက်မှစားတော့မယ်၊ထမင်းစားမဝင်တာကြာလို့လားမသိဘူး၊ခံတွင်းတွေ့လိုက်တာ၊မနက်စာကိုများများချက်နော်
လို့ပြောလိုက်တယ်။
မအေးမိဟာမိခင်ဖြစ်သူကိုဘာမှမပြောတော့ဘဲထမင်းဝိုင်းကိုသိမ်းဆည်းလိုက်တယ်။
သူကြီးကတော်ဟာစားသောက်ပြီးအိပ်ယာထဲပြန်လှဲနေပြန်တယ်။
မအေးမိတစ်ယောက်ပန်းကန်ခွက်ယောက်ဆေးကြောပြီးချိန်မှာတော့…
…မအေးမိညည်းပြီးပလား၊ပြီးရင်ငါ့လာနှိပ်ပေးဦး၊တစ်ကိုယ်လုံးကိုင်ရိုက်ထားသလိုပဲ၊မလှုပ်နိုင်ဘူး
ဆိုတဲ့မိခင်ရဲ့အသံကိုကြားလိုက်ရပြန်တယ်။
ဒါကြောင့်လုပ်လက်စတွေကိုလက်စသတ်ပြီးမိခင်ရှိရာကိုလာခဲ့တယ်။
မအေးမိဟာမိခင်ဖြစ်သူကိုအချိန်ကြာမြင့်စွာနှိပ်နယ်ပေးရင်း…
သက်သာရဲ့လားအမေ…၊အေးစိန်အတွက်နဲ့စိတ်ပင်ပန်းသိပ်မခံပါနဲ့အမေရယ်၊စိတ်ထောင်းတော့ကိုယ်ကြေတယ်အမေရဲ့…
လို့ပြောလိုက်တယ်။
သူကြီးကတော်ကတော့မအေးမိကိုစကားမတုံ့ပြန်ဘဲအသာမှိန်းနေလိုက်တယ်။
ဒီအချိန်မှာပဲသူကြီးဖိုးသာအောင်ရောက်လာပြီး…
…ဟဲ့…အေးမိ၊ညည်းအမေဘယ်လိုနေသေးလဲ…
လို့မေးလိုက်တယ်။
မအေးမိကမိခင်သက်သာကြောင်းထမင်းစားဝင်ပြီဖြစ်ကြောင်းပြောလိုက်တဲ့အခါသူကြီးဖိုးသာအောင်ဟာစိတ်သက်သာရာရသွားပြီး…
အေးလေ…သက်သာတော့ကောင်းတာပေါ့၊ငါ့မလဲအေးစိန်အတွက်စိတ်ပူရတာနဲ့၊နင့်အမေအတွက်ပူပန်ရတာနဲ့ကြာရင်မလွယ်ဘူး၊သြော်…ပြောရဦးမယ်၊အဖေတစ်ဖက်ရွာကဓာတ်ရိုက်ဓာတ်ဆင်ဆရာပိန်ကိုပင့်ထားတယ်၊မနက်ဖြန်လာလိမ့်မယ်
လို့ပြောလိုက်တဲ့အခါတစ်ချိန်လုံးငြိမ်သက်နေတဲ့သူကြီးကတော်ဟာလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး
အို…တော်ကလည်းရှုပ်ရှုပ်ယှက်ယှက်ဘာတွေလျှောက်လုပ်နေတာလဲ…
လို့ပြောလိုက်တယ်။
မိန်းမဖြစ်သူရဲ့စကားကြောင့်သူကြီးဖိုးသာအောင်ဟာတအံ့တသြဖြစ်သွားပြီး…
အမလေးဗျာ…ဒါကဘယ်လိုဖြစ်ရတာတုန်း၊ဒီအိမ်မှာခင်ဗျားကြီးလောက်အကြားအမြင်၊ဗေဒင်ဆရာတွေနဲ့ပတ်သက်တဲ့သူမရှိဘူး…၊အံ့ချက်ဗျာ…
လို့ရေရွတ်လိုက်မိတယ်။
သူကြီးဖိုးသာအောင်ရဲ့စကားကြောင့်သူကြီးကတော်ဟာလေသံတိုးသွားပြီး…
သြော်…ကိုရင်ရယ်အေးစိန်ပျောက်သွားတာဆရာချက်ကြီးမဟုတ်လား…၊ဒါကိုတွေးမိပြီးပြောလိုက်တာပါတော်၊ဆရာပိန်နဲ့ဘာဆိုင်လို့တုန်း
လို့ဆိုပြီး…စောင်ကြီးခေါင်းမြီးခြုံအိပ်နေလိုက်တယ်။
သူကြီးဖိုးသာအောင်ဟာသမီးစိတ်ကြောင့်စိတ်ကယောက်ကယက်ဖြစ်နေတဲ့မိန်းမဖြစ်သူကိုကြည့်ရင်းစိတ်မကောင်းဖြစ်နေမိတယ်။

မနက်မှာတော့…ဓာတ်ရိုက်၊ဓာတ်ဆင်ဆရာပိန်ဟာတပည့်တွေခြံရံပြီးသူကြီးအိမ်ကိုကြွလာတယ်။
မအေးမိဟာပိုးပုဆိုးတပြာင်ပြောင်…ရွှေတွေပြိုးပြိုး့ပြက်ပြက်နဲ့ဆရာပိန်ကိုကြည့်ရင်း…
အဖေတစ်ယောက်ဗေဒင်ဆရာနဲ့နတ်ကတော်မှားပင့်လာပြီထင်တယ်
လို့တွေးလိုက်မိတယ်။
သူကြီးဖိုးသာအောင်ဟာဆရာပိန်နဲ့တပည့်တွေကိုမြင်တဲ့အခါဝမ်းသာအားရခရီးဦးကြိုပြုရင်း…
…ကြွပါဆရာကြီး၊အိမ်ဦးခန်းကိုကြွပါ
လို့လောကွတ်ပြုလိုက်တယ်း
ဆရာပိန်အိမ်အတက်လှေကားနားရောက်တော့တပည့်တစ်ယောက်က…
အိမ်ပေါ်မတက်ခင်ခြေလက်ဆေးမယ်၊ဆရာကြီးအတွက်နံ့သာဖြူရေစီစဉ်ပေး
လို့တောင်းဆိုလိုက်တယ်။
…သမီးရေ…အေးမိ၊ဆရာကြီးအတွက်နံ့သာဖြူလုပ်ပေးပါဦးကွယ်
သူကြီးဖိုးသာအောင်ကမအေးမိကိုလှမ်းပြောလိုက်တယ်။
…အမလေး…အိမ်ပေါ်တောင်မရောက်သေးဘူး၊ကြီးကျယ်နေလိုက်တာ…
ဟွန်း…သူများတွေမျက်နှာလိမ်းတဲ့နံ့သာဖြူနဲ့များခြေထောက်ဆေးချင်ရသေး၊အံ့ပါ့…
မအေးမိတစ်ယောက်တည်း
တစ်ကိုယ်တည်းရေရွတ်ရင်းနံ့သာဖြူရေယူပေးလိုက်တယ်။
ဆရာပိန်ဟာမအေးမိသွေးထားတဲ့နံ့သာဖြူရည်နဲ့ခြေလက်ဆေးကြောပြီးအိမ်ပေါ်တက်သွားတယ်။
အိမ်ပေါ်ရောက်တဲ့အခါတပည့်တစ်ဦးကဆရာပိန်ထိုင်ဖို့အတွက်အသင့်ယူလာတဲ့ကတ္တီပါအနီစကြီးကိုသင်ဖြူးဖျာပေါ်ထပ်ခင်းပေးပြန်တယ်။
ဆရာပိန်ဟာအိမ်ဦးခန်းမှာမိန့်မိန့်ကြီးထိုင်နေချိန်မှာတော့သူကြီးဖိုးသာအောင်ဟာအထင်ကြီးစိတ်အပြည့်နဲ့ဆရာပိန်ရှေ့ဒူးတုပ်ထိုင်လိုက်တယ်။
ခင်ဗျားတို့အိမ်မသန့်ဘူး၊တစ်အိမ်လုံးတရော်ကင်ပွန်းနဲ့ဆေးပစ်ရမယ်
လို့ပြောလိုက်တဲ့အခါမအေးမိကဝင်ပြီး…
သန့်ပါတယ်ဆရာရဲ့၊ကျုပ်တို့ကမိုးလင်းတာနဲ့ကြမ်းကိုပြောင်အောင်တိုက်ပြီးပြီ၊ကြည့်ပါလားဆရာ၊ဖုန်တစ်စက်တွေ့လို့လား
လို့ခနဲ့တဲ့တဲ့ပြောလိုက်တဲ့အခါဆရာပိန်ဟာမျက်နှာကြီးနီမြန်းသွားပြီး…
ခြေနှစ်ချောင်းထွက်ကိန်းရှိတယ်လို့ထပ်ပြောပြန်တယ်။
…ဟုတ်တယ်…ဆရာကြီးမအေးစိန်ပျောက်နေတော့ခြေနှစ်ချောင်းထွက်တာပေါ့
သူကြီးရဲ့စကားကိုဆရာပိန်ကခေါင်းရမ်းပြလိုက်ပြီး…
…အေးစိန်ကိုပြောတာမဟုတ်ဘူး၊နောက်ထပ်ထွက်ဦးမှာ…
လို့ပြောလိုက်တဲ့အခါသူကြီးဟာမိန်းမအတွက်စိုးရိမ်သွားပြီး….
…ကျုပ်မိန်းမကသူ့သမီးစိတ်နဲ့အိပ်ယာထဲလဲနေတာပါ၊ကယ်ပါဦးဆရာရယ်၊ကျုပ်တို့ဘာဆက်လုပ်ရမလဲ
လို့ထိတ်ထိတ်ပျာပျာမေးလိုက်မိတယ်။
သူကြီးရဲ့အားကိုးတကြီးအမေးကြောင့်ဆရာပိန်တစ်ယောက်အချိုရှာသကာတွေ့သွားပြီး…
ဒီအတွက်ကျုပ်…အကောင်းဆုံးဓာတ်ရိုက်ပေးခဲ့မယ်၊အဲ…ဉာဏ်ပူဇော်ခကတော့ရွှေတစ်ကျပ်သားတင်မှရမှာနော်…၊တတ်နိုင်ရဲ့လား
လို့မေးလိုက်တဲ့အခါသူကြီးဟာမခံချင်ဖြစ်သွားပြီး…
ရွှေတစ်ကျပ်သားလောက်တော့ဖိုးသာအောင်တို့ကမမှုသေးဘူး၊ကျုပ်မိန်းမအသက်ကိုသာကယ်တင်ပေးပါ၊ပေးမယ်
လို့ပြောလိုက်တယ်။
ဖခင်ရဲ့ကတိစကားကြောင့်မအေးမိတစ်ယောက်ရင်ဘက်ဖိလိုက်ရင်း…
အဖေဘာတွေပြောနေတာလဲ၊ရွှေတစ်ကျပ်သားဆိုတာမနည်းဘူးနော်၊ကြည့်လုပ်ဦး…
လို့လေသံနဲ့ပြောလိုက်တယ်။
ဆရာပိန်ရဲ့တပည့်တစ်ယောက်ကမအေးမိပြောတဲ့စကားကိုကြားသွားပြီး…
လူ့အသက်ကရွှေနဲ့မလဲနိုင်ဘူးနော်၊အစိမ်းသရဲကခင်ဗျားအမေရဲ့အသက်ကိုနှုတ်သွားမှဒုက္ခရောက်မယ်
လို့ခြိမ်းခြောက်သလိုပြောလိုက်တဲ့အခါသူကြီးဖိုးသာအောင်ဟာမျက်နှာပျက်သွားရင်း…
ကျုပ်…ရွှေတစ်ကျပ်သားတင်မယ်၊ကျုပ်မိန်းမအသက်ကိုသာကယ်တင်ပေးပါ
လို့ပြောလိုက်ပြန်တယ်။
ဒီအခါမှာဆရာပိန်းဟာအိတ်အတွင်းကအဆောင်ပစ္စည်းတစ်ခုကိုထုတ်လိုက်ရင်း…
…ဒါအင်းတစ်မျိုးပဲ၊ဒါကိုလှေကားအတက်အဆင်းမှာမြှုပ်ထားလိုက်
လို့ပြောပြီးသူကြီးလက်ထဲထည့်လိုက်တယ်။
သူကြီးလည်းအင်းချပ်လေးလက်မှာကိုင်ရင်းဆရာပိန်ထံရွှေတစ်ကျပ်သားကိုကျေကျေနပ်နပ်ကြီးပေးအပ်လိုက်တော့တယ်။

မအေးမိ….
တစ်ယောက်ပြောင်သလင်းခါနေတဲ့ထမင်းဟင်းအိုးကိုကြည့်ပြီး….
အမလေး…အဖေရေ…လုပ်ပါဦးတော့
လို့အော်ဟစ်လိုက်တယ်။
မအေးမိအော်သံကြောင့်သူကြီးဖိုးသာအောင်ဟာထိတ်လန့်သွားပြီးမီးဖိုထဲပြေးဝင်ခဲ့တယ်။
ဟဲ့…ဟဲ့…ဘာဖြစ်တာလဲ
ဖခင်ရဲ့အမေးကြောင့်မအေးမိဟာမျက်လုံးအပြူးသားနဲ့…
ကျုပ်…ကျုပ်…မနက်စာချက်ပြုတ်ထားတာတွေမရှိတော့ဘူး…လို့ပြောလိုက်တဲ့အခါသူကြီးဖိုးသာအောင်ဟာ
ဟာခနဲဖြစ်သွားပြီ…
ဟေ…မရှိဘူး…ဟုတ်လား…ခွေးများတက်ဆွဲသလားဟဲ့
လို့မေးလိုက်မိတယ်။
အို…အဖေကလည်းအိမ်ပေါ်ကိုဘယ်လိုလုပ်ခွေးတက်ဆွဲမလဲ…
မအေးမိရဲ့စကားမဆုံးခင်မှာဘဲ
အဲဒါငါစားလိုက်တာ၊ဗိုက်ဆာလို့အကုန်စားပစ်လိုက်တယ်
သူကြီးကတော်ရဲ့လှမ်းပြောလိုက်တဲ့စကားကြောင့်သားအဖနှစ်ယောက်အကြီးအကျယ်အံသြသွားကြတယ်။
…အဖေ…အမေ့ကြည့်ရတာအပမှီနေလားမသိဘူး၊အိပ်ရာထဲလဲတော့မှထမင်းတွေပိုစားနေတယ်၊အဖေကြည့်လုပ်ဦးနော်
မအေးမိရဲ့စကားကြောင့်သူကြီးဖိုးသာအောင်ဟာစဉ်စားရကြပ်သွားပြီး…
နလန်ထစလူမမာဆိုတော့ခံတွင်းလိုက်နေတာဖြစ်မှာပေါ့၊ညည်းအစိုးရိမ်လွန်နေတာပါအေးမိရယ်
လို့ပြောလိုက်တဲ့အခါမအေးမိကတစ်စုံတစ်ခုကိုသတိရဟန်နဲ့…
အရင်ကအမေဟာဘယ်တော့မှအနင်းအနှိပ်ခံတာမဟုတ်ဘူး၊အခုဆိုသမီးအားတာနဲ့နှိပ်ခိုင်းတော့တာပဲ၊မဟုတ်မှလွဲရောအမေ့ကိုဖုတ်များဝင်နေလားမသိဘူး၊ကျုပ်ကြားဖူးတာတော့ဖုတ်ဝင်ရင်ထမင်းတအားစားပြီးလူ့အသားကိုထိနေရမှနေနိုင်တာတဲ့
လို့ထင်ကြေးပေးလိုက်တယ်။
သမီးဖြစ်သူရဲ့စကားကြောင့်သူကြီးဖိုးသာအောင်တစ်ယောက်မျက်ခုံးကြီးတွေမြင့်တက်သွားပြီး…
ဟင်…အေးမိကိုယ့်အမေကိုယ်ဒီလိုပြောရသလား၊မဟုတ်တမ်းတရားတွေလျှောက်မပြောနဲ့၊မနေ့ကပဲဓာတ်ရိုက်ဓာတ်ဆင်ဆရာပိန်ကိုအစီအရင်တွေလုပ်ခိုင်းထားတာ၊နင်စိတ်ထင်လို့ဖြစ်မှာပါ…
လို့ငြင်းဆန်လိုက်တဲ့အခါမအေးမိကနှုတ်ခမ်းကိုမဲ့လိုက်ပြီး…
…အဖေကသာဆရာပိန်ကိုသိပ်အထင်ကြီးနေတာ၊ကျုပ်တော့ဒင်းကိုဆရာလိမ်လို့ပဲထင်တယ်၊အဖေသူ့ကိုအရမ်းယုံကြည်နေမှန်းသိလို့ကျုပ်မနေ့ကဘာမှမပြောတာ၊တကယ်ဆိုဘာမှန်းမသိဘဲနဲ့ရွှေတစ်ကျပ်သားကိုပက်ခနဲမပေးသင့်ဘူး
လို့ပြောလိုက်မိတယ်။
ဒီအခါမှာအရိုးခံကြီးဖြစ်တဲ့သူကြီးဖိုးသာအောင်ကသက်ပြင်းချမိရင်း…
အဖေလည်းမပြောတတ်တော့ပါဘူးသမီးရယ်၊မအေးစိန်ပျောက်သွားလို့စိတ်သောကရောက်နေရတဲ့အထဲညည်းအမေကပါအိပ်ရာထဲလဲတော့အဖေလဲပူထူနေတာအမှန်ပဲ၊ဆရာလိမ်ဆိုလည်းအလှူလုပ်တယ်လို့မှတ်လိုက်ပါ၊သူ့ကြမ္မာသူ့အကျိုးပေးမှာပါ၊အခုညည်းအမေကိစ္စဘယ်လိုလုပ်ကြမလဲ…
လို့မေးလိုက်တဲ့အခါမအေးမိက
အခုတော့ဘာမှမလုပ်နဲ့ဦးအဖေ၊ကျုပ်အခြေအနေစောင့်ကြည့်ဦးမယ်
လို့ပြောလိုက်တယ်။
သူကြီးဖိုးသာအောင်တစ်ယောက်ရင်မောစွာနဲ့ပဲမအေးမိအနားကထွက်ခဲ့မိတယ်။
…ဘုရား…ဘုရား…ဘယ်လိုကြမ္မာဆိုးများငါ့အိမ်ကိုမွှေနေပါလိမ့်

သူကြီးကတော်…
အိပ်ရာထဲလဲတဲ့သတင်းကနဂါးစုတစ်ရွာလုံးပျံ့နှံ့နေတယ်။
သူကြီးဖိုးသာအောင်ဟာမိန်းမဖြစ်သူအကြောင်းကိုဖုံးဖိထားပေမဲ့ရွာသားတွေနားထဲသတင်းကပေါက်ကြားသွားတယ်။
ဒါကြောင့်သူကြီးအိမ်မှာသတင်းမေးသူတွေစုပြုံနေတယ်။
အကြော်သည်ဒေါ်ကုလားမကသူကြီးကတော်ကြီးနားထိုင်နေရင်း…
ဘယ်လိုဖြစ်တာလဲသူကြီးကတော်ရယ်၊အေးစိန်ပျောက်သွားတာနဲ့အိပ်ယာထဲလဲတော့တာပဲ၊ပျောက်သောသူရှာရင်တွေ့တဲ့၊သူကြီးတို့ဆရာချက်ကြီးတို့လည်းနေရာအနှံ့လူလွှတ်ရှာနေကြတာပဲ၊တရားနဲ့ဖြေပါသူကြီးကတော်ရယ်၊သူကြီးကတော်စားချင်တာရှိရင်ပြောလေ၊ကျုပ်ကိုယ်တိုင်လုပ်ခဲ့ပေးမယ်
လို့ကရားရေလွှတ်ပြောလိုက်တဲ့အခါသူကြီးကတော်ကြီးဟာလေသံတီးတိုးနဲ့…
အိမ်ကအေးမိတို့များမအေအိပ်ယာထဲလဲနေယုံနဲ့ငြူစူချင်နေပြီ၊ရှင်တို့လောက်သာကျုပ်သမီးတွေသိတတ်ရင်သေပျော်ပါပြီတော်
လို့ပြောလိုက်တယ်။
ဒီအခါစပ်စုတတ်တဲ့ဒေါ်ကုလားမကသူကြီးကတော်ကြီးကိုနှိပ်နယ်ပေးရင်း…
ဟင်…မအေးမိကမအေလဲနေတာတောင်မလုပ်ပေးဘူးလား…
လို့မေးလိုက်တဲ့အခါသူကြီးကတော်ကြီးကလက်ကိုခါပြရင်း…
မပြောချင်ပါဘူးအေ၊မအေကဟိုဟာလေးစားချင်ပါတယ်ဆိုလဲမကြားချင်ယောင်ဆောင်နေတာတော့်၊သမီးဆိုတာမီးတွေပါအေ၊ဘာမှကိုအားမကိုးရဘူး
လို့ပြောလိုက်ပြန်တယ်။
သူကြီးကတော်ရဲ့စကားကြောင့်ဒေါ်ကုလားမဟာမျက်နှာလုပ်ချင်တဲ့စိတ်နဲ့…
သူကြီးကတော်ဘာစားချင်လဲ၊ကျုပ်ကိုပြော…၊ဘယ်နှယ့်…တစ်ခါတစ်လေနေမကောင်းတာပဲတော်၊မအေးမိတို့များလုပ်ပေးသင့်တာပေါ့
လို့ပြောလိုက်တဲ့အခါသူကြီးကတော်က
…ကျုပ်အမဲသားနဲ့ပဲရောချက်တာစားချင်လိုက်တာ…
လို့ဖြေလိုက်တယ်။
ဒေါ်ကုလားမလည်းသူကြီးကတော်စားချင်တာကိုအခုချက်ချင်းပေးမယ်လို့ကတိခံပြီးပြန်သွားတယ်။
ခဏကြာတော့ဒေါ်ကုလားမတစ်ယောက်အမဲဟင်းချက်ဇလုံကြီးကိုင်ပြီးရောက်လာပြန်တယ်။
မအေးမိတစ်ယောက်ဇလုံကိုင်ပြီးအိမ်ပေါ်တက်လာတဲ့ဒေါ်ကုလားမကိုတွေ့တဲ့အခါ…
ဒေါ်ကြီးဘာတွေတုန်း…
လို့မေးလိုက်မိတယ်။
သူကြီးကတော်စားချင်တယ်ဆိုလို့အမဲဟင်းချက်လာပို့တာ
ဒေါ်ကုလားမစကားကြောင့်မအေးမိဟာတအံတသြဖြစ်သွားပြီး…
ဘာ….အမေကအမဲဟင်းချက်စားချင်တယ်၊ဟုတ်လား
လို့အထိတ်တလန့်အော်လိုက်မိတယ်။
မအေးမိအော်လိုက်တဲ့အသံကြောင့်ဒေါ်ကုလားမတစ်ယောက်လန့်ဖျပ်သွားပြီး…
ဟဲ့…ဟဲ့…ဘာလို့ဒီလောက်အော်ရတာလဲ၊ရော့…ရော့…ဇလုံယူထား၊ငါပြန်မယ်
လို့ပြောဆိုရင်းဇလုံကိုလှမ်းပေးပြီးလှည့်ပြန်ခဲ့တယ်။
အမေ…အမဲဟင်းချက်စားမလို့ဆို၊ဒေါ်ကုလားမလာပို့သွားတယ်
မအေးမိရဲ့အသံကြောင့်အိပ်ရာထဲလဲနေတဲ့သူကြီးကတော်က…
အမေစားချင်တာမဟုတ်ပါဘူး၊ဒေါ်ကုလားမကသွေးအားကောင်းအောင်စားခိုင်းလို့ပါ
လို့လေသံတီးတိုးပြောလိုက်တဲ့အခါမအေးမိက
…အမေနော်…ကျုပ်တို့တစ်အိမ်လုံးခြေလေးချောင်းသားရှောင်တာသိရဲ့နဲ့…၊နောက်မစားပါနဲ့
လို့မကျေမချမ်းပြောလိုက်တယ်။
ဒီအချိန်မှာပဲသူကြီးဖိုးသာအောင်ရောက်ရှိလာတယ်။
မအေးမိကဖခင်ကိုလက်တို့ခေါ်ပြီးနောက်ဖေးဘက်ရောက်တော့မှ…
…ကျုပ်တို့တွေးတာမှန်နေပြီအဖေ၊အမေဒေါ်ကုလားမကိုအမဲဟင်းချက်စားချင်တယ်ပြောလို့အခုပဲလာပို့သွားတယ်
လို့တီးတိုးပြောလိုက်တဲ့အခါသူကြီးဖိုးသာအောင်ဟာခေါင်းနပမ်းကြီးသွားပြီး…
…ဒီအတိုင်းဆို…ညည်းပြောတဲ့အတိုင်းဖြစ်နေပြီထင်တယ်၊တို့တစ်အိမ်လုံးအမဲသားမှမစားကြတာ၊ဘယ်လိုလုပ်ကြမလဲ…
လို့ပြန်မေးလိုက်မိတယ်။
ဒီအခါမှာမအေးမိက…
တောင်ပိုင်းမှာပယောဂဆရာရှိတယ်လို့ကျုပ်ကြားတယ်၊အဲဒီဆရာကိုသွားခေါ်မယ်အဖေ
လို့ပြောလိုက်တဲ့အခါသူကြီးဖိုးသာအောင်က
ရွှေတစ်ကျပ်သားတင်နေရဦးမယ်နော်၊
ငါတော့ဆရာဆိုလန့်နေပြီ…
လို့ပြောလိုက်ရှာတယ်။
…အို…အဖေကလည်း၊ကျုပ်ကသေချာစုံစမ်းပြီးမှခေါ်လာမှာပါ၊အဖေသာအိမ်မှာအမေ့ကိုခဏကြည့်ထား
ပြောဆိုပြီးရွာတောင်ပိုင်းကိုထွက်ခဲ့တယ်။
တောင်ပိုင်းရောက်တော့ဆရာကြီးကိုအကျိုးအကြောင်းရှင်းပြပြီးချက်ချင်းခေါ်ခဲ့တယ်။
နဂါးစုရွာထဲအဝင်မှာတော့ရွာသားတွေဟာပယောဂဆရာနဲ့သူကြီးသမီးကိုကြည့်ပြီးအချင်းချင်းတီးတိုးဝေဖန်ကြကုန်တယ်။
…သူကြီးသမီးပယောဂဆရာပင့်လာတယ်ဟေ့…၊သူကြီးကတော်တစ္ဆေပူးနေပြီထင်တယ်
ဆိုတဲ့စကားကတစ်ရွာလုံးပျံ့နှံ့သွားတော့တယ်။
သူကြီးအိမ်ရောက်တော့ပယောဂဆရာကြီးကဘုရားစင်ရှေ့ခြေချိတ်ထိုင်ရင်း…
လူနာကိုငါ့ရှေ့ခေါ်ခဲ့စမ်း
လို့ပြောလိုက်တဲ့အခါသူကြီးဖိုးသာအောင်ကမိန်းမဖြစ်သူနားကပ်သွားပြီး…
…မိန်းမရေ…နင့်ရောဂါကဒီတိုင်းနေလို့မရဘူး၊ဆေးကုရလိမ့်မယ်၊အပြင်မှာဆရာရောက်နေတယ်၊ခဏအပြင်ထွက်လိုက်နော်…
လို့ပြောလိုက်တယ်။
ဒီအခါမှာသူကြီးကတော်ကမျက်နှာကြီးတင်းမာသွားပြီး…
ဘာလို့ကုရမာလဲ၊ကျုပ်မှာဘာရောဂါမှမရှိဘူး၊မထွက်ဘူး…မထွက်ဘူး…
လို့ငြင်းဆန်လိုက်တယ်။
သူကြီးဟာမိန်းမဖြစ်သူကိုအမျိုးမျိုးချော့မော့ခေါ်ပေမယ့်မရဘူး။
ဒါကြောင့်အိမ်ရှေ့ပြန်ထွက်ခဲ့ပြီး…
အပြင်မထွက်ဘူးလုပ်နေတယ်ဆရာ၊ကျုပ်ဘယ်လိုပြောပြောမရဘူး
လို့ပြောလိုက်တဲ့အခါဆရာကြီးကအသင့်ယူလာတဲ့ဆေးကြိမ်လုံးကိုဝှေ့ယမ်းလိုက်ပြီး…
အပြင်မထွက်တော့လည်းကျုပ်တို့ဝင်သွားရုံပဲရှိတာပေါ့၊ကဲ…ခင်ဗျားတို့လိုက်ခဲ့
လို့ပြောပြီးအိပ်ခန်းထဲဝင်သွားတယ်။
သူကြီးဖိုးသာအောင်ဟာဆရာကြီးရဲ့လက်ကကြိမ်လုံးကြည့်ပြီး
ဒီ…ကြိမ်လုံးကကျုပ်မိန်းမကိုရိုက်ဖို့လား
လို့မေးလိုက်တဲ့အခါ…
…ခင်ဗျားမိန်းမကစွဲကပ်နေတဲ့မကောင်းဆိုးဝါးကိုကျုပ်ကဟောဒီဆေးကြိမ်လုံးနဲ့နှင်ရမှာဗျ၊ခင်ဗျားမိန်းမကိုရိုက်တာမဟုတ်ဘူး
ပယောဂဆရာရဲ့စကားကြောင့်သူကြီးဖိုးသာအောင်တစ်ယောက်မျက်စိမျက်နှာပျက်သွားပြီး…
…ဆရာ…ကျုပ်မိန်းမနာအောင်တော့မရိုက်ပါနဲ့နော်၊ကျုပ်မကြည့်ရက်ဘူး
လို့ပြောလိုက်တဲ့အခါပယောဂဆရာက…
…ခင်ဗျားမိန်းမရောဂါပျောက်ချင်တယ်မှတ်လား၊ဘေးမှာထိုင်ကြည့်နေ၊ဘာမှဝင်မပြောပါနဲ့၊ကျုပ်ကဆိုင်ရာပိုင်ရာတွေကိုအာရုံပြုပြီးအလုပ်လုပ်ရမှာ၊အာရုံပျက်တယ်…
လို့ပြောလိုက်တယ်။
ပယောဂဆရာရဲ့စကားကြောင့်သူကြီးဖိုးသာအောင်လည်းဘာမှမပြောတော့ဘဲငြိမ်နေလိုက်တယ်။
ပယောဂဆရာကိုမြင်တဲ့အခါသူကြီးကတော်ဟာစောင်ကိုတင်းနေအောင်ဆွဲခြုံလိုက်ရင်း…
ထွက်သွား…ထွက်သွား…မတွေ့ချင်ဘူး၊အခုထွက်သွား
လို့မောင်းနှင်ထုတ်လိုက်တယ်။
အောင်မယ်…ထစမ်း၊ငါ့မျက်နှာကိုခုချက်ချင်းထကြည့်စမ်း၊ကောင်းကောင်းပြောနေတယ်နော်၊ခုချက်ချင်းထ…မဟုတ်လို့ကတော့ဝိဇ္ဇာရှစ်သောင်းဆေးကြိမ်လုံးနဲ့တွေ့သွားမယ်၊ထစမ်း
လို့ငေါက်လိုက်ပြီးကြိမ်လုံးနဲ့ကြမ်းကိုဖြန်းခနဲရိုက်လိုက်တယ်။
ကြိမ်လုံးဆိုတဲ့အသံကြောင့်သူကြီးကတော်ဟာမျက်နှာရှုံမဲ့သွားပြီးသူကြီးကိုအားကိုးတကြီးလှမ်းအကြည့်
…ကဲပြောစမ်း၊နင်ဘယ်သူလဲ…၊ဘာကြောင့်ဒီအိမ်ကိုနှောက်ယှက်ရတာလဲ…
ပယောဂဆရာကြီးကပါးစပ်ကလည်းပြော…လက်ကလည်းကြိမ်းလုံးနဲ့သူကြီးကတော်ရဲ့တင်ပါးကိုဖြန်းခနဲရိုက်လိုက်တယ်။
…အမလေး…သေပါပြီတော့်၊ကိုရင်…ကျုပ်ကိုနှိပ်စက်နေတာရှင်ကြည့်နေရသလား၊လုပ်ပါဦးတော့်
သူကြီးကတော်ကငိုကြီးချက်မနဲ့လှမ်းပြောလိုက်တဲ့အခါသူကြီးဖိုးသာအောင်ဟာစိတ်မကောင်းစွာနဲ့…
နင့်ရောဂါပျောက်ဖို့ပါမိဝိုင်းရယ်၊ငါ့ကိုစိတ်မခုပါနဲ့…
လို့ပြောလိုက်မိတယ်။
ပယောဂဆရာကြီးဟာသူကြီးကတော်ရဲ့မျက်နှာကိုစူစိုက်ကြည့်ပြီး…
…ကောင်းကောင်းမေးနေတယ်၊ဖြေစမ်း…နင်ဘယ်သူလဲ…
လို့ထပ်မေးလိုက်ပြန်တယ်။
ဘယ်သူကမလဲ၊မိဝိုင်းတဲ့တစ်ဝိုင်းထဲရှိတယ်၊ဖိုးသာအောင်မိန်းမမိဝိုင်း
သူကြီးကတော်ရဲ့အဖြေကြောင့်ဆရာကြီးဟာဒေါသထွက်သွားပြီး…
…နင်ကပ်နေတဲ့လိပ်ပြာရှင်ကိုမေးတာမဟုတ်ဘူး၊နင့်ကိုမေးနေတာ၊မကောင်းဆိုးဝါးကောင်ရဲ့
လို့ပြောပြီးတရွှမ်းရွှမ်းရိုက်နှက်ပြန်တယ်။
သူကြီးကတော်ဟာဆရာကြီးရဲ့စကားကြောင့်မျက်လုံးပြူးသွားမိတယ်။တစ်ခုခုတော့လွဲမှားနေတာသေချာပြီဆိုတာရိပ်စားမိလိုက်တယ်။ဒါပေမယ့်ကြိမ်လုံးနဲ့အရိုက်ခံလိုက်ရတဲ့အတွက်…
သူကြီးကတော်ဟာအရပ်ရှစ်မျက်နှာကြားမတတ်အော်ဟစ်ငိုယိုနေတယ်။
သူကြီးကတော်ဟာပယောဂဆရာရဲ့ရိုက်ချက်ကိုသည်းမခံနိုင်တဲ့အဆုံးမှာတော့…
…ကျုပ်စိတ်မထိန်းနိုင်တော့ဘူးနော်၊ကျုပ်ကိုအသားလွတ်ရိုက်တဲ့လူ…မိဝိုင်းတဲ့တစ်ဝိုင်းတည်းရှိတယ်…ကဲဟယ်…
လို့ပြောပြောဆိုဆိုကြိမ်လုံးကိုဆွဲလုပြီးဆရာကြီးရဲံ့ကျောကိုဖြန်းခနဲရိုက်ချလိုက်တယ်။
ဆရာကြီးဟာကြိမ်လုံးနဲ့အရိုက်ခံရတဲ့အတွက်အခြေအနေမဟန်မှန်းရိပ်စားမိသွားပြီး…
…ဟာ…ကျုပ်ကိုပြန်ဆော်တယ်ဟ၊မရဘူး…မကောင်းဆိုးဝါးကဝါရင့်နေပြီဗျ၊ကျုပ်ပြန်မယ်…ပြန်မယ်
လို့ရေရွတ်ပြီးတင်ပါးနဲ့ဖနောင့်တစ်သားတည်းကျအောင်ပြေးတော့တယ်။
ရွာသားတွေကသူကြီးအိမ်ကအူလျားဖားလျားပြေးထွက်လာတဲ့ပယောဂဆရာကိုကြည့်ပြီးနားမလည်နိုင်အောင်ဖြစ်နေမိတယ်။
ပယောဂဆရာထွက်သွားချိန်မှာတော့သူကြီးကတော်ဟာအိပ်ရာထဲဘုန်းခနဲလှဲချလိုက်ပြီး…
ကာလနာဆရာကြီး…လူကိုအသာလွတ်ရိုက်သွားတယ်၊နာလိုက်တာ…
အေးမိဒါညည်းလက်ချက်မဟုတ်လား၊အံ့ပါရဲ့အေ၊မအေကိုလူစင်စစ်ကနေဖုတ်သရဲဖြစ်အောင်ပြောတာညည်းတစ်ယောက်ပဲရှိတယ်၊ညည်းတော့နားရင်းအုပ်ခံရတော့မယ်
လို့ရေရွတ်လိုက်တယ်။
သူကြီးဖိုးသာအောင်နဲ့မအေးမိဟာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးခေါင်းခါရမ်းမိလိုက်ကြတယ်။

အောင်မယ်လေး….
ကယ်ကြပါဦးဗျ….
ဆိုတဲ့စူးစူးဝါးဝါးအော်ဟစ်သံကြောင့်နဂါးစုတစ်ရွာလုံးလန့်ဖျပ်သွားတယ်။
ရွာသားတွေအသီးသီးထွက်ကြည့်ချိန်မှာတော့အသည်းအသန်ပြေးလာတဲ့လူတစ်ယောက်ကိုမြင်လိုက်ရတယ်။
ဟေ့လူ…ဘာဖြစ်တာလဲ
ရွာသားတွေရဲ့တစ်ယောက်တစ်ပေါက်မေးသံကြောင့်ပြေးနေတဲ့လူဟာရပ်လိုက်ပြီး…
ကျုပ်ကိုတစ္ဆေခြောက်လို့ဗျ
လို့အလောတကြီးပြောလိုက်တယ်။
ဒီအချိန်မှာပဲမီးအိမ်ကိုင်လာတဲ့ရွာသားတစ်ယောက်ရောက်လာပြီး…
….ဘယ်သူများလဲလို့လူပျိုကြီးပါလား၊အချိန်မတော်ကြီးဘာဖြစ်တာလဲဗျာ
လို့မေးလိုက်တဲ့အခါမှလူပျိုကြီးဆိုသူကချွေးဒီးဒီးကျနေတဲ့မျက်နှာကိုပုဆိုးစနဲ့သုတ်လိုက်ရင်း…
ကျုပ်တစ္ဆေခြောက်ခံရတယ်လို့ပြောလိုက်ပြန်တယ်။
ဟာ…မဖြစ်နိုင်တာဗျာ…ကျုပ်တို့ရွာမှာဒါတွေမရှိပါဘူး
…ဟုတ်တယ်ဗျ၊ခင်ဗျားသောက်ထားလား
ဆိုတဲ့ရွာသားတွေရဲ့တစ်ယောက်တစ်ပေါက်သံတွေညံစီသွားတယ်။
လူပျိုကြီးကအနီးမှာရှိတဲ့ရေအိုးစင်မှရေကိုခပ်သောက်လိုက်ရင်း…
…တကယ်ပါဗျာ၊ကျုပ်မမူးပါဘူး၊ကျုပ်…ကျုပ်…အိပ်နေတုန်း၊ခေါင်မိုးပေါ်ကတဒုန်းဒုန်းအသံတွေကြားရတယ်၊ကျုပ်လည်းအစတော့အုန်းလက်ရိုက်တာထင်းပြီးဆက်အိပ်နေလိုက်တာ၊အသံကပိုကျယ်လာတယ်ဗျာ…၊ဘယ်လိုမှဆက်အိပ်လို့မရတော့ဘူး၊ဒါနဲ့ကျတော်လဲစိတ်တိုပြီးအပြင်ထွက်ကြည့်လိုက်တယ်၊ဘာတွေ့တယ်မှတ်လဲ…၊အိမ်အမိုးပေါ်မှာလူမည်းကြီးတစ်ယောက်လမ်းလျှောက်နေတယ်ဗျ….
လို့ပြောလိုက်တဲ့အခါရွာသားတွေဟာတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိပြီး
ခင်ဗျား…နောက်နေတာမဟုတ်ပါဘူးနော်
လို့ပြောလိုက်တယ်။
ဒီအခါမှာလူပျိုကြီးက
မနောက်ပါဘူးဗျာ….၊ကျုပ်တကယ်တွေ့လိုက်တာပါ
လို့ပြန်ပြောတယ်။
လူပျိုကြီးရဲ့စကားကြောင့်အသက်ကြီးပိုင်းလူတစ်ယောက်ကဝင်ပြီး…
နေ့လည်ကခင်ဗျားဘာလုပ်မိသေးလဲ
လို့မေးလိုက်တဲ့အခါလူပျိုကြီးကခေါင်းကုတ်စဉ်းစားလိုက်ပြီး…
…ဘာမှမလုပ်မိဘူး၊တစ္ဆေခြောက်တယ်လို့နာမည်ကြီးနေတဲ့ညောင်ပင်ကြီးနားလည်းမသွားမိပါဘူးလို့ပြောလိုက်တဲ့အခါရွာသားတွေဟာစဉ်းစားရကျပ်သွားပြီး…
ကျုပ်တို့ရွာလယ်ပိုင်းကသန့်ပါတယ်ဗျ၊အားလုံးဘုရားတရားနဲ့နေကြလို့မကောင်းဆိုးဝါးတွေယောင်လို့တောင်မကပ်နိုင်ပါဘူး
လို့မယုံကြည်ဟန်နဲ့ပြောလိုက်တယ်။
…ဟာ…တစ်ခုတော့ရှိတယ်၊ခင်ဗျားတို့ကျုပ်ကိုအပြစ်မပြောနဲ့နော်၊နေ့လည်ကရွာစွန်သင်္ချိုင်းရောက်တော့ဇရပ်ကပြုတ်ကျနေတဲ့သွပ်တစ်ချပ်ကိုတွေ့တာနဲ့ကျုပ်အိမ်အမိုးကမကောင်းတဲ့သွပ်ချပ်နေရာမှာအစားထိုးဖို့ယူခဲ့မိတယ်၊ကျုပ်လည်းအိမ်ရောက်တာနဲ့ခေါင်ပေါ်တက်ပြီးသွပ်ချပ်လဲခဲ့သေးတယ်ဗျ
လူပျိုကြီးရဲ့စကားကြောင့်ရွာသားအားလုံးဟာခနဲဖြစ်သွားကြပြီး…
ခင်ဗျားဗျာ…သွပ်တစ်ချပ်ကဘယ်လောက်မှမတန်ဘဲနဲ့၊အသစ်လဲလိုက်ပါလား၊ဘယ်နှယ့်…သချိၤုင်းဇရပ်ကသွပ်ကိုမှလဲရတာလဲ…၊ခင်ဗျားလုပ်တာနဲ့ကျုပ်တို့တစ်ရွာလုံးဒုက္ခရောက်တော့မှာပဲ
လို့လူပျိုကြီးကိုဝိုင်းပြီးပြစ်တင်ကြတယ်။
ရွာသားတွေရဲ့အပြောအဆိုခံရတဲ့လူပျိုကြီးကမျက်နှာမသာမယာနဲ့…
…ဒါကြောင့်ခင်ဗျားတို့ကျုပ်ကိုအပြစ်မပြောနဲ့လို့ကြိုပြောခဲ့တာ၊တကယ်တော့ကျုပ်အမှားပါ၊ကျုပ်အကျင့်ကိုကပစ္စည်းတစ်ခုမြင်ရင်ငါ့အိမ်မှာများအသုံးတည့်မလားဆိုပြီးတွေးတတ်နေမိတာကျုပ်အပြစ်ပါလို့ပြောလိုက်တဲ့အခါရွာသားတစ်ယောက်က
တစ္ဆေ…သရဲဆိုတာကျုပ်တို့အယုံအကြည်မရှိပေမယ့်သင်္ချိုင်းဇရပ်ကသွပ်ကိုတော့အိမ်ယူမိုးတာတော့မကောင်းဘူးပေါ့ဗျာ၊ခင်ဗျားသွပ်လဲပြီးမှမမြင်အပ်တာတွေမြင်ရတာဆိုတော့တိုက်ဆိုင်မှုလည်းဖြစ်ချင်ဖြစ်နိုင်တယ်၊ဘာပဲဖြစ်ဖြစ်ရွာသားတွေစိတ်သန့်သွားအောင်ခင်ဗျားယူလာတဲ့ဟာကြီးကိုသူ့နေရာသူပြန်ထားလိုက်စမ်းပါ၊ရွာထဲမှာလည်းကလေးသူငယ်တွေပေါပါဘိနဲ့၊တစ်စုံတစ်ခုဖြစ်ရင်မကောင်းဘူးဗျလို့ပြောလိုက်တဲ့အခါနောက်တစ်ယောက်ကဝင်ပြီး…
ဟုတ်တယ်…ပြန်ထားတာကောင်းတယ်၊ဒီတိုင်းသွားထားလို့တော့မရဘူးဗျ၊မနက်ကျရင်သူကြီးကိုအကျိုးအကြောင်းပြောပြီးတောထုတ်ရမယ်လို့ပြောပြန်တယ်။
သင်္ချိုင်းဇရပ်ကသွပ်ကိုယူလာမိတဲ့လူပျိုကြီးတစ်ယောက်ရွာသားတွေအလယ်မှာခေါင်းမဖော်နိုင်ရှာတော့ဘူး။မိုးမြန်မြန်လင်းပါတော့လို့သာသူဆုတောင်းနေမိတယ်။

နွားရိုင်းသွင်းချိန်မှာတော့သူကြီးအမိန့်နဲ့တောထုတ်ကြတယ်။
နဂါးစုတစ်ရွာလုံးသံပုံးရိုက်သံတွေညံစီနေတယ်။
သူကြီးဖိုးသာအောင်ဟာသံပုံးရိုက်သံတွေကြားနေရချိန်မှာတော့…
…ငါ့မလဲ…ဘယ်လိုဂြိုလ်ဆိုးဝင်နေပါလိမ့်၊မအေးစိန်ကပျောက်နေတယ်၊မိန်းမကလည်းအမှောင့်ဝင်သလိုဖြစ်နေတယ်။ရွာထဲကျတော့လည်းတစ္ဆေခြောက်လို့တောထုတ်ရပြန်တယ်။ကံမကောင်းမလို့ဆရာပင့်မိပါတယ်၊တွေ့တဲ့ဆရာတွေကလည်းကပေါက်တိကပေါက်ချာတွေချည်းပဲ၊ကြာရင်ငါအသက်တိုမယ်လို့တွေးမိတယ်။
ဒီအချိန်မှာပဲသမီးဖြစ်သူမအေးမိဟာသူကြီးဖိုးသာအောင်နားကိုအပြေးတစ်ပိုင်းရောက်လာပြီး…အဖေအမေဘယ်လိုဖြစ်နေလဲမသိဘူးကြည့်ပါဦး…
လို့ပြောလာတယ်။သူကြီးတစ်ယောက်ထိတ်လန့်သွားပြီးအိမ်ထဲကိုဝုန်းခနဲပြေးဝင်သွားမိတယ်။
အိပ်ခန်းထဲရောက်တော့သူကြီးကတော်ဟာအိပ်ယာပေါ်မှာလူးလှိမ့်နေရင်း…
…နားညည်းတယ်…နားညည်းတယ်…ဘာသံတွေလဲ…၊ငါ့နားမခံနိုင်ဘူး
လို့ဗလုံးဗထွေးအော်ဟစ်နေရှာတယ်။…မိဝိုင်း…မိန်းမ…ဘာဖြစ်တာလဲ၊ဒီအသံကရွာထဲမှာတောထုတ်နေတာလေ
သူကြီးဖိုးသာအောင်ရဲ့စကားကြောင့်မိန်းမဖြစ်သူဟာလူးလှိမ့်အော်ဟစ်ရင်းက…
…ကျုပ်မကြားချင်ဘူး၊ရပ်ခိုင်းစမ်း…
အခုချက်ချင်းရပ်ခိုင်းစမ်း…လို့ပြောလိုက်တဲ့အခါသူကြီးဖိုးသာအောင်နဲ့မအေးမိတို့ထိတ်လန့်သွားပြီး…
မိဝိုင်း…နင်ဘာဖြစ်နေတာလဲ၊နင်က…တောထုတ်သံမကြားနိုင်ရအောင်မကောင်းဆိုးဝါးပူးနေလို့လား
သူကြီးဖိုးသာအောင်ရဲ့ခပ်ဆတ်ဆတ်မေးလိုက်တဲ့စကားကြောင့်သူကြီးကတော်ဟာလူးလှိမ့်နေရာမှရပ်သွားပြီး…
အို…ကိုရင်ကလည်း…ကျုပ်ကဘာလို့မကောင်းဆိုးဝါးပူးရမှာလဲ…၊အသံတွေကြားရတာနားညည်းလွန်းလို့ပါတော့်…လို့လေသံတီးတိုးပြောလိုက်တဲ့အခါ…
…ရွာထဲမှာဖြစ်နေတာတွေကိုနင်ဘာမှမသိဘူး၊ငြိမ်ငြိမ်နေ၊ငါ့ကိုစိတ်ရှုပ်အောင်မလုပ်နဲ့
သူကြီးဖိုးသာအောင်လည်းစိတ်ရှုပ်ထွေးစွာနဲ့မိန်းမဖြစ်သူကိုအော်ငေါက်ပစ်လိုက်တယ်။ပြီးတော့ရွာထဲထွက်ခဲ့တယ်။
အေးမိရေ…အေးမိ
အိမ်ရှေ့ကအသံကြောင့်မအေးမိတစ်ယောက်ထွက်ကြည့်တော့ရွာရှေ့ပိုင်းကဒေါ်ဂျမ်းကိုတွေ့လိုက်ရတယ်။
…ဒေါ်ဂျမ်း…လာလေ၊ဘာကိစ္စလဲ
အေးမိရဲ့အမေးကြောင့်ဒေါ်ဂျမ်းကလက်ပြပြီးအောက်ဆင်းခဲ့ဖို့ပြောလိုက်တယ်။
…ဘာလဲဒေါ်ဂျမ်းရဲ့…အိမ်ပေါ်ကိုတက်လေ…
အေးမိရဲ့စကားကြောင့်ဒေါ်ဂျမ်းကလက်မှာကိုင်လာတဲ့အရွက်တွေကိုလှမ်းပေးလိုက်ရင်း…
သူကြီးကတော်အမှောင့်ဝင်နေလို့ဆို…၊ဒါသြဇာရွက်တွေ၊သူ့အိပ်ယာအောက်သွားခင်းထားလိုက်၊သြဇာရွက်နဲ့တွေ့ရင်မကောင်းဆိုးဝါးမခံနိုင်ဘူးအေ့…လို့လေသံနဲ့ပြောလိုက်တဲ့အခါမအေးမိတစ်ယောက်မျက်နှာပျက်သွားပြီး…
ကျုပ်အမေကိုမကောင်းဆိုးဝါးဝင်တယ်လို့ဘယ်သူပြောတုန်း၊အေးစိန်စိတ်ကြောင့်အမေဟာအိပ်ယာထဲလဲနေတာပါဒေါ်ဂျမ်းရယ်၊ဘာမှမဖြစ်ပါဘူး
လို့ပြောလိုက်တဲ့အခါဒေါ်ဂျမ်းကစကားကိုအရှိန်သတ်သွားရင်း
ကဲပါအေးမိရယ်၊ပြောမနေပါနဲ့၊ညည်းအမေလည်းနေကောင်းတာမှမဟုတ်ဘဲ၊အရပ်ဆိုတာဒီလိုပဲအေ့…၊တစ်စိတ်ကိုတစ်အိတ်လုပ်ချင်ကြတာ၊ငါသွားမယ်၊ဘာပဲဖြစ်ဖြစ်…သြဇာရွက်လေးခင်းပေးလိုက်တော့အရံအတားဖြစ်တာပေါ့အေ…
လို့ပြောဆိုပြီးပြန်ထွက်သွားတယ်။
မအေးမိတစ်ယောက်သြဇာရွက်တွေကိုကိုင်ရင်းငူငူကြီးရပ်ကျန်ခဲ့တယ်။ဒေါသကိုမြိုသိပ်ပြီးအိမ်ပေါ်ပြန်တက်ခဲ့တယ်။
မိခင်ဖြစ်သူရဲ့အခန်းထဲလှမ်းကြည့်မိတဲ့အခါအိပ်ပျော်နေတာတွေ့ရတယ်။
ဒါကြောင့်မအေးမိဟာအခန်းထဲကိုခြေသံမကြားအောင်ဝင်သွားပြီးအိပ်ယာအောက်ကိုသြဇာရွက်တွေထိုးထည့်လိုက်တယ်။
ဒီအချိန်မှာပဲမိခင်ဖြစ်သူဟာကျောပေးထားရာကနေဆတ်ခနဲလှည့်ကြည့်လိုက်ပြီး…
ဘာလုပ်တာလဲ..လို့အသံသြကြီးနဲ့လှမ်းမေးလိုက်တဲ့အခါမအေးမိဟာလန့်ဖျပ်သွားရင်း…
ဘာ…ဘာမှမဟုတ်ပါဘူး၊အမေ…အမေဗိုက်များဆာနေသလားလို့လာမေးတာပါ
လို့ပြောလိုက်မိတယ်။
ဆာတယ်၊ထမင်းစားမယ်၊အခုယူခဲ့
မိခင်ဖြစ်သူရဲ့စကားကြောင့်မအေးမိလည်းအခန်းထဲကသွက်သွက်လေးထွက်ခဲ့တယ်။
မအေးမိထွက်သွားတဲ့အခါသူကြီးကတော်ဟာအိပ်ရာခင်းကိုဆွဲလှန်လိုက်တယ်။သြဇာရွက်တွေကိုမြင်တဲ့အခါသူကြီးကတော်ဟာအထိတ်တလန့်ဖြစ်သွားတယ်။အမေကိုမကောင်းဆိုးဝါးလို့ယူဆနေတဲ့အေးမိကိုဒေါသဖြစ်သွားတယ်။ပြီးတော့ပြတင်းပေါက်ကလွှတ်ပစ်လိုက်တော့တယ်။

နေဝင်ရီတရောအချိန်….
သူကြီးဖိုးသာအောင်ရဲ့အိမ်ကိုမမျှော်လင့်ဘဲဧည့်သည့်ရောက်လာတယ်။
ခြံဝကခေါ်သံကြောင့်သူကြီးတစ်ယောက်မှန်မီးအိမ်ကိုမီးညှိလိုက်ရင်းခြံဝဆီလျှောက်လာခဲ့တယ်။
မြင်လိုက်ရတာက…သူတစ်ခါမှမမြင်ဖူးတဲ့လူစိမ်းအဘွားကြီးတစ်ယောက်…
သူကြီးဖိုးသာအောင်တစ်ယောက်ခြံစည်းရိုးကတဆင့်အဘွားကြီးကိုစူးစမ်းသလိုကြည့်နေစဉ်မှာပဲ
…ကျုပ်က…ခရီးသွားတစ်ယောက်ပါ၊ဒီမှာတစ်ညနားချင်လို့ပါ
အဘွားကြီးရဲ့အသံစူးကြီးကြောင့်သူကြီးဟာကျောစိမ့်သလိုခံစားလိုက်ရပြီး…
…အမယ်ကြီး…ခင်ဗျား…လူအစစ်တော့ဟုတ်ပါတယ်နော်…
လို့တုန်ရင်တဲ့အသံနဲ့မေးလိုက်တဲ့အခါအဘွားကြီးက…
လူတွေကတယ်ခက်တာပဲ၊မရှိခိုးနိုး၊မလှစုန်းယိုးဆိုတဲ့စကားကသိပ်မှန်တယ်၊ကျုပ်ကရုပ်ဆိုးပေမယ့်စုန်းမျိုးတော့မဟုတ်ပါဘူး၊လူအစစ်ပါလို့ပြောလိုက်တဲ့အခါသူကြီးဖိုးသာအောင်ဟာအဘွားကြီးကိုအားနာသွားပြီး…
ကျုပ်ကဒီသဘောမျိုးပြောတာမဟုတ်ပါဘူူးအမယ်ကြီးရယ်၊နေဝင်ချိန်မှာလူစိမ်းမြင်လိုက်ရလို့မေးမိမေးရာမေးမိတာပါ၊အမယ်ကြီးကဘယ်ကိုခရီးဆက်မှာလဲလို့မေးလိုက်ပြန်တယ်။ဒီအခါအဘွားကြီးကမြောက်အရပ်ကိုညွှန်ပြပြီး…
ဒီနေရာနဲ့သုံးရွာအလွန်မှာရှိတဲ့မြစိမ်းတောင်ကိုသွားမလို့ပါ..လို့ပြောလိုက်တဲ့အခါသူကြီးဖိုးသာအောင်ဟာမျက်လုံးပြူးသွားရင်း…
…မြစိမ်းတောင်…ဟုတ်လား၊အဲဒီနေရာကဘုရားပျက်ကြီးပဲရှိတာ၊ပြီးတော့ဥစ္စာစောင့်တွေသိပ်ပေါတယ်၊အမယ်ကြီးကဘာသွားလုပ်မလို့လဲလို့မေးလိုက်ပြန်တယ်။
…ကျုပ်…ရေဆာလို့ရေသောက်ပါရစေ၊ပြီးရင်…လူလေးသိချင်တာပြောပြပါ့မယ်
အဘွားကြီးရဲ့တောင်းဆိုမှုကြောင့်သူကြီးဖိုးသာအောင်လည်းမနေသာတော့ဘဲခြံတံခါးဖွင့်ပေးလိုက်ရတယ်။
အဘွားကြီးဟာလင်းတရုပ်ပါတဲ့တောင်ဝှေးကြီးကိုတဒေါက်ဒေါက်ထောက်ရင်းလှမ်းဝင်လာတယ်။
ခြံထဲရောက်တဲ့အခါသူကြီးကအဘွားအိုကိုအိမ်ရှေ့ကွပ်ပျစ်မှာထိုင်စေပြီး…
သမီးရေ…မအေးမိ၊သောက်ရေယူခဲ့စမ်းကွယ်..လို့လှမ်းပြောလိုက်တယ်။
မအေးမိတစ်ယောက်သောက်ရေခပ်လာရင်းအဘွားအိုကိုမြင်တဲ့အခါဖခင်ကိုလက်တို့လိုက်မိတယ်။
သြော်…ခရီးသွားတစ်ယောက်ပါကွယ်၊ဒီမှာတစ်ညတည်းလိမ့်မယ်၊အမယ်ကြီးအတွက်ဘုရားခန်းမှာပဲအိပ်ရာပြင်ပေးလိုက်ပါ
သူကြီးဖိုးသာအောင်ရဲ့စကားကြောင့်မအေးမိတစ်ယောက်ဘာမှမမေးသာတော့ဘဲအိမ်ပေါ်သို့ပြန်တက်ခဲ့တယ်။
အဘွားအိုဟာရေကိုအငမ်းမရမော့သောက်လိုက်ရင်း…
…ခုမှပဲရင်အေးသွာတော့တယ်၊ကျုပ်ကဟိုးချောင်းဖျားရွာလေးကပါ၊ကျုပ်မှာဆွေမျိုးသားချင်းဆိုလို့မြနှောင်းဆိုတဲ့မြေးမလေးပဲရှိတာပါ၊ကျုပ်ရဲ့မြေးမလေးဟာရွာမှာအချောဆုံးကွမ်းတောင်ကိုင်ကွယ့်၊တစ်နေ့မြေးမလေးဟာမြို့ဦးစေတီဘုရားပွဲမှာလယ်ပိုင်ရှင်သားနဲ့ချစ်ကြိုက်မိခဲ့တယ်၊လယ်ပိုင်ရှင်သားဟာကျုပ်ရဲ့မြေးကိုအရူးအမူးစွဲလမ်းပြီးလက်ထပ်ဖို့ခွင့်တောင်းခဲ့တယ်၊မြေးမလေးကသူ့ကိုတကယ်ချစ်ရင်လူကြီးတွေနဲ့လာရောက်တောင်းရမ်းပါလို့ပြောတဲ့အခါ၊လယ်ပိုင်ရှင်သားဟာညတွင်းချင်းပဲသူ့မိဘတွေကိုဖွင့်ပြောလိုက်တယ်၊ပြဿနာကအဲဒီမှာစတော့တာပဲ၊လယ်ရှင်တွေဟာကျုပ်မြေးနဲ့သူ့သားချစ်ကြိုက်နေတာသိတဲ့အခါရုပ်ဆိုးအကျည်းတန်တဲ့ကျုပ်ကိုအပြစ်ထောက်ပြီးကျုပ်ကိုကဝေမကြီး…ထမီခြုံမကြီးလို့စွပ်စွဲကြတယ်၊ပြီးတော့ကျုပ်တို့ကသူ့သားကိုဆေးသုံးပြီးဖျားယောင်ပါတယ်လို့စွပ်စွဲကြပြန်တယ်၊အချစ်စိတ်ရိုင်းဝင်နေတဲ့လယ်ပိုင်ရှင်သားဟာကျုပ်မြေးနဲ့သဘောမတူရင်သတ်သေပစ်မယ်လို့မိဘတွေကိုအကြပ်ကိုင်တဲ့အခါလယ်ပိုင်ရှင်တွေကသူ့သားတော့ဒေါ်အိုစာခပ်တဲ့ဆေးမိနေပြီလို့သမုတ်ပြီးကျုပ်တို့ကိုလာရန်တွေ့ခဲ့တယ်၊အဲဒီမှာပဲမြေးမလေးနဲ့လယ်ပိုင်ရှင်သားဟာခိုးရာလိုက်သွားခဲ့တယ်၊လယ်ပိုင်ရှင်တွေလည်းအပူတပြင်းလိုက်ရှာကြတယ်၊နောက်တစ်နေ့ရောက်တော့မှတစ်ဖက်ရွာမှာပြန်တွေ့ပြီးသူ့သားကိုပြန်ခေါ်သွားကြတယ်လယ်ပိုင်ရှင်တွေဟာချက်ချင်းလှည်းတွေစီစဉ်ပြီးသူ့သားကိုမြို့ပို့လိုက်ကြတယ်၊ကျုပ်မြေးလေးဟာမျက်ရည်စက်လက်နဲ့ကျုပ်ဆီပြန်လာခဲ့ရရှာတယ်၊အဲဒီညမှာပဲကျုပ်မြေးဟာလယ်ပိုင်ရှင်မိသားစုကိုစိတ်နာပြီးသူ့ကိုယ်သူအဆုံးစီရင်သွားခဲံ့တယ်၊ကျုပ်လည်းမြေးမလေးစိတ်နဲ့အိမ်ပြင်တောင်မထွက်ဝံ့ခဲ့ပါဘူး၊ဒါပေမယ့်တစ်ညမှာတော့မြေးမလေးကကျုပ်ကိုအိပ်မက်ပေးတယ်၊သူအခု…မြစိမ်းတောင်ကိုနာမ်ခနဘဝနဲ့ရောက်နေတယ်။လူ့ဘဝမှာတုန်းကလည်းသူ့ရဲ့ပဌာန်းဆက်တွေသူ့ကိုအိမ်ထောင်ပြုခွင့်ပေးမထားဘူးတဲ့၊ဒါကြောင့်သူချစ်သူနဲ့ခွဲပစ်ပြီးပြန်ခေါ်လိုက်တာလို့ပြောခဲ့တယ်၊ဖြစ်လေရာဘဝမှာအထုံမပါဖို့အတွက်ကျုပ်ကိုမြစိမ်းတောင်လာပြီးကောင်းမှုကုသိုလ်လုပ်ပေးပါလို့အိပ်မက်ပေးခဲ့တယ်၊ဒါကြောင့်ကျုပ်…မြစိမ်းတောင်သွားမှာပါလို့ပြောလိုက်တယ်။
သူကြီးဖိုးသာအောင်ဟာဒေါ်အိုစာရဲ့စကားကိုခေါင်းတညိတ်ညိတ်နားထောင်ရင်း…
…အိပ်မက်ဆိုတာစိတ်စွဲလမ်းမှုကြောင့်မက်တာလည်းဖြစ်နိုင်တာပဲလေ၊ဘာပဲဖြစ်ဖြစ်မြစိမ်းတောင်ခရီးကသိပ်ဝေးတယ်လို့ပြောလိုက်ပြီးသမီးဖြစ်သူကိုလှမ်းပြောလိုက်တယ်။
ခဏကြာတော့သူကြီးဖိုးသာအောင်၊မအေးမိနဲ့ဒေါ်အိုစာတို့အတူထမင်းလက်ဆုံစားကြတယ်။
စားသောက်ပြီးတဲ့အခါမအေးမိကဒေါ်အိုစာအတွက်အိပ်ရာပြင်ဆင်ပေးရင်း…
အမေကြီးကမြစိမ်းတောင်ကိုတစ်ယောက်ထဲသွားမှာဆိုတော့မကြောက်ဘူးလားလို့မေးမြန်းလိုက်မိတယ်။
ဘာ…ကြောက်စရာရှိလို့လဲမိန်းကလေးရယ်၊ကောင်မှုကုသိုလ်လုပ်တာပဲ၊နတ်ကောင်းနတ်မြတ်တွေကစောင့်ရှောက်မှာပေါ့ကွယ်
ဒေါ်အိုစာရဲ့စကားဆုံးတော့မအေးမိကဆက်ပြီး…
ကျုပ်တို့ရွာမှာတော့မြစိမ်းတောင်ဆိုတဲ့အသံကြားရုံနဲ့လန့်ကြတာပဲ၊လန့်စရာအကြောင်းကလည်းရှိတယ်လေ၊မြစိမ်းတောင်မှာဥစ္စာစောင့်တွေရှိတယ်၊သူတို့ကယောကျ်ားတွေကိုမာယာနဲ့ဖမ်းစားပစ်တာရှင့်၊တစ်ခါကပေါ့…ငှက်ပစ်သမားတစ်ယောက်ဟာမျက်စိလည်ပြီးမြစိမ်းတောင်ကိုရောက်သွားခဲ့တယ်၊မြစိမ်းတောင်ဆိုတာကတောအရမ်းနက်တဲ့နေရာ…၊ငှက်ပစ်သမာဟာတောထဲမှာစမ်းတဝါးဝါးသွားနေရင်းစမ်းချောင်းတစ်ခုအနီးရောက်တော့သီချင်းဆိုသံတွေကြားလိုက်ရတယ်တဲ့၊ငှက်ပစ်သမားလည်းသီချင်းသံကြားရင်းလူရှိမှာပဲဆိုပြီးလိုက်ရှာတဲ့အခါ…စမ်းချောင်းထဲမှာဆံပင်ဖားလျားချပြီးရေကစားနေတဲ့မိန်းမတစ်ယောက်ကိုတွေ့ရတယ်၊အဲဒီမိန်းမကိုမြင်တော့ငှက်ပစ်သမားဟာအနီးကိုလျှောက်သွားပြီးအကူအညီတောင်းမိတယ်တဲ့၊ရေကစားနေတဲ့မိန်းမဟာငှက်ပစ်သမားကိုစူးစိုက်ကြည့်ပြီးအပြန်လမ်းကိုညွှန်ပြပေးခဲ့တယ်ဆိုပဲ၊ငှက်ပစ်သမားဟာအဲ့ဒီမိန်းမညွှန်တဲ့လမ်းအတိုင်းလျှောက်လာရင်းရွာကိုပြန်ရောက်ခဲ့တယ်၊ဒါပေမယ့်…သူ့ရဲ့စိတ်မှာသီချင်းဆိုညည်းနေတဲ့မိန်းကလေးကိုသာမြင်ယောင်မိပြီး။အဲဒီနေရာကိုသွားချင်စိတ်တွေဖြစ်လာတယ်၊ငှက်ပစ်သမားဟာတောထဲမှာမိန်းကလေးနဲ့တွေ့ခဲ့တဲ့အကြောင်းကိုအပေါင်းအသင်းတွေကိုပြောပြတဲ့အခါလူတွေကသူ့ကိုထပ်မသွားဖို့တားမြစ်ကြတယ်၊ခင်ဗျားသွားရင်ဥစ္စာစောင့်မကလိပ်ပြာနှုတ်ထားလိမ့်မယ်…လို့လည်းဝိုင်းပြောကြတယ်၊ဒါပေမယ့်…မိန်းကလေးကိုအရူးအမူးစွဲလမ်းမိတဲ့ငှက်ပစ်သမားဟာလူတွေတားမြစ်တဲ့ကြားကမြစိမ်းတောင်ကိုထပ်သွားခဲ့တယ်၊အဲဒီအချိန်ကစပြီးငှက်ပစ်သမားဟာရွာကိုလုံးဝပြန်မလာခဲ့တာ၊ဒီနေ့အထိပါပဲ၊ဒါကြောင့်…ကျုပ်တို့တစ်ရွာလုံးငှက်ပစ်သမားရဲ့အဖြစ်ကိုကြည့်ပြီးမြစိမ်းတောင်ကိုဘယ်ယောကျ်ားမှမသွားဝံ့ကြဘူးလို့ပြောလိုက်ပြန်တယ်။
မအေးမိရဲ့စကားဆုံးတဲ့အခါဒေါ်အိုစာဟာသက်ပြင်းချလိုက်ရင်း…
မြစိမ်းတောင်ဟာယောကျ်ားသားတွေအတွက်အန္တရာယ်ရှိပေမယ့်ကျုပ်လိုအိုကြီးအိုမအတွက်တော့ဘာမှမဖြစ်နိုင်ဘူး၊မိန်းကလေးစိတ်မပူပါနဲ့၊ကဲ…ကျုပ်လည်းအိပ်တော့မယ်၊မနက်စောစောခရီးဆက်မှကောင်းမယ်ကွယ့်…
လို့ပြောဆိုရင်းဒေါ်အိုစာဟာတစ်စုံတစ်ခုကိုသတိရဟန်နဲ့လွယ်အိတ်ထဲနှိုက်လိုက်တယ်။
မအေးမိဟာဒေါ်အိုစာရဲ့လက်မှာကိုင်ထားတဲ့အရာကိုအထူးတဆန်းဖြစ်သွားပြီး…
အဲဒါဘာလဲအမေကြီးလို့မေးလိုက်တဲ့အခါဒေါ်အိုစာကလက်မှာကိုင်ထားတဲ့ဖန်လုံးကိုဘုရားစင်ပေါ်တရိုတသေတင်လိုက်ရင်း…
…ကျုပ်က…ဖန်လုံးဗေဒင်ပညာရှင်တစ်ယောက်ပါ၊အဲဒီဖန်လုံးလေးကိုကြည့်ပြီးလူတွေရဲ့ကံကြမ္မာကိုဟောပြောနိုင်တယ်၊မိန်းကလေးစိတ်ဝင်စားလို့လားလို့မေးလိုက်မိတယ်။
ဒီအခါမှာ…မအေးမိရဲ့မျက်လုံးတွေအရောင်တောက်သွားပြီး…
…ဖန်လုံးဗေဒင်…ဟုတ်လား…၊ကျုပ်တစ်ခါမှမမြင်ဖူးဘူး…၊အရမ်းစိတ်ဝင်စားမိတယ်၊ဖန်လုံးကိုကြည့်ရုံနဲ့…တကယ်ပဲအနာဂတ်ကိုဟောနိင်သလားလို့တအံ့တသြမေးလိုက်တဲ့အခါဒေါ်အိုစာကခေါင်းညိတ်လိုက်ပြီး…မိန်းကလေးသိချင်တာမေး၊ကျုပ်ဖြေမယ်လို့ပြောလိုက်တယ်။
မအေးမိဟာဒေါ်အိုစာရဲ့စကားကြောင့်အားတတ်သရောအမူအရာနဲ့…
ကျုပ်တို့အိမ်ရဲ့ရှေဖြစ်မယ့်ကံကြမ္မာကိုသိချင်ပါတယ်၊ဒါပေမယ့်ဖန်လုံးဗေဒင်မေးရင်ဘယ်လောက်ပေးရမှာလဲလို့မေးလိုက်တဲ့အခါဒေါ်အိုစာကခေါင်းခါရမ်းလိုက်ရင်း…
ကျုပ်ကအသပြာဆရာမဟုတ်ဘူးမိန်းကလေး၊ဟောပြောခဲ့တဲ့သက်တမ်းတစ်လျှောက်လုံးလုံးဝအခကြေးငွေမယူခဲ့ဘူး၊မိန်းကလေးတို့ကတစ်ညနားခွင့်ပြုခဲ့တဲ့အတွက်ကျုပ်ကကျေးဇူးဆပ်တဲ့အနေနဲ့ဟောပေးမှာပါ…လို့ဖြေလိုက်တယ်။
မအေးမိတို့ရဲ့စကားသံကြောင့်သူကြီးဖိုးသာအောင်တစ်ယောက်အနားရောက်လာပြီး…
ကျုပ်တို့ကဆရာကောင်းနဲ့တွေ့ချင်နေတာကြာပြီဗျ…၊အခုမှပဲတွေ့တော့တယ်၊လုပ်ပါ…အမယ်ကြီးရယ်…၊ကျုပ်တို့အိမ်ရဲ့ကံကြမ္မာကိုကြည့်ပေးပါဦးလို့တောင်းဆိုလိုက်ပြန်တယ်။
ဒေါ်အိုစာဟာစကားတစ်ခွန်းမှမပြောတော့ဘဲဖန်လုံးကိုစူးစိုက်ကြည့်ရင်းတအောင်ကြာတော့မှ…
…ဘာကြောင့်လဲလို့…ကျုပ်ကိုပြန်မမေးနဲ့၊ဒီအိမ်မှာအင်္ဂါသမီးပျောက်နေတယ်၊လိုက်လေဝေးလေဖြစ်နေတယ်မဟုတ်လား…လုံးဝမရှာနဲ့၊အချိန်တန်ပြန်တွေ့လိမ့်မယ်…၊နောက်တစ်ချက်ကဒီအိမ်မှာရဟန်းသံဃာတွေပင့်ဖိတ်ပြီးကမ္မဝါစာရွတ်ပေးရလိမ့်မယ်လို့ပြောလိုက်တဲ့အခါသူကြီးနဲ့မအေးမိတို့မျက်လုံးပြူးသွားရင်း…
အမှန်ပါပဲ…အမယ်ကြီးရယ်၊သွေးထွက်အောင်မှန်ပါတယ်၊ဒါနဲ့…ကမ္မဝါစာရွတ်ရမယ်ဆိုတာဘာဖြစ်လို့လဲလို့သူကြီးဖိုးသာအောင်ရဲ့အမေးကိုဒေါ်အိုစာကလက်ကာပြလိုက်ပြီး…ဘာကြောင့်လဲလို့ပြန်မမေးဖို့ပြောထားတယ်လေ…၊တချို့သောအကြောင်းတွေကနှုတ်ကဖွင့်ပြောမရတာတွေရှိတယ်၊ယုံကြည်ရင်လုပ်လိုက်ပါ၊အကျိုးမယုတ်ပါဘူး၊ကဲ…ကျုပ်အိပ်တော့မယ်လို့ပြောလိုက်တယ်။
ဒေါ်အိုစာရဲ့စကားကြောင့်သူကြီးတို့သားအဖလည်းဘာမှမပြောသာတော့ဘဲဒေါ်အိုစာအနားကထခဲ့ကြတယ်။
သူ့တို့စိတ်ထဲမှာတော့ဒေါ်အိုစာရဲ့ထူးဆန်းတဲ့ဖန်လုံးလေးကိုတအံ့သြဖြစ်နေခဲ့ကြတယ်။

အာရုံတက်ချိန်မှာတော့ဒေါ်အိုစာဟာသူကြီးတို့ကိုနှုတ်ဆက်ပြီးမြစိမ်းတောင်ဘက်ခရီးဆက်တယ်။
ဒေါ်အိုစာထွက်သွားတဲ့အခါမအေးမိကဖခင်အနားတိုးကပ်ပြီး…
ဒေါ်အိုစာရဲ့ပညာအစွမ်းကမသေးဘူးနော်…၊အိမ်မှာအေးစိန်ပျောက်နေတာလည်းမှန်တာပဲ၊ပြီးတော့…ကမ္မဝါရွတ်ခိုင်းတာအမေ့အတွက်ဖြစ်ရမယ်၊ဒီအတိုင်းဆို…အမေ့ကိုအစိမ်းသရဲပူးနေတာသေချာပြီ၊ကျုပ်တောင်အမေ့ကိုနှိပ်နေရလို့လားမသိဘူး၊ခေါင်းထဲမူးမူးနေတယ်၊ကျုပ်တို့စိတ်ရှင်းသွားအောင်အဖေရွာဦးကျောင်းဆရာတော်ကိုလျှောက်တင်ကြည့်ပါလားလို့ပြောလိုက်တဲ့အခါသူကြီးဖိုးသာအောင်ဟာခေါင်းတဆတ်ဆတ်ညိတ်ရင်း…
ငါလည်း…ဆရာတော်ကိုပင့်ဖို့စဉ်းစားနေတာပဲ၊ကြာပါတယ်…ခုလောက်ဆိုဆရာတော်ကြီးအာရုံဆွမ်းဘုန်းပြီးလောက်ပြီ…၊ရွာဦးကျောင်းဘက်သွားဦးမယ်လို့ပြောဆိုရင်းသဘက်တထည်ကိုခေါင်းပေါင်းပြီးထွက်ခဲ့တော့တယ်။
သူကြီးဖိုးသာအောင်တစ်ယောက်ဆရာတော်ကိုလျှောက်တင်ပြီးအိမ်ပြန်လာခဲ့တယ်။
အိမ်ရောက်တော့သမီးဖြစ်သူမအေးမိကိုညနေဆရာတော်ကြီးကြွလာမယ့်အကြောင်းကိုပြောပြီးမိန်းမဖြစ်သူကိုပါပြောလိုက်တယ်။
ဆရာတော်ကြီးကြွလာမယ့်အကြောင်းသိတဲ့အခါသူကြီးကတော်ဟာမျက်နှာပျက်သွားပြီး…
ကိုရင်ကလည်း…ကျုပ်တို့အိမ်မှာဘာဖြစ်နေလို့လဲ…၊ဆရာတော်ကြီးပင့်စရာအကြောင်းမှမရှိတာလို့ပြောလိုက်တဲ့အခါသူကြီးက…
အန္တရာယ်ကင်းပရိတ်ရွတ်မှာပါမိန်းမရာ…၊ရွာဦးကျောင်းဆရာတော်ကြီးကိုမင်းလောက်ဆွမ်းချိုင့်ပို့တဲ့လူမရှိဘူး။ဘယ်လိုဖြစ်တာလဲ…လို့မေးလိုက်တယ်။
ဒီအခါမှာ…သူကြီးကတော်ဟာလေသံတီးတိုးနဲ့…
ဘာမှမဟုတ်ပါဘူးတော်…
ပရိတ်ရွတ်တော့လည်းအန္တရာယ်ကင်းတာပေါ့၊ကောင်းပါတယ်…၊ဟဲ့…အေးမိ…ဘယ်ရောက်နေလဲ၊ငါ…ထမင်းဆာတယ်၊ခူးခဲ့…လို့ယောကျ်ားကိုပြောနေရင်းမအေးမိကိုပါလှမ်းအော်လိုက်ပြန်တယ်။
မအေးမိထမင်းယူလာစဉ်မှာတော့မိခင်ဖြစ်သူဟာငါးခြောက်ဆီပြန်ဟင်းကိုကြည့်ပြီး…
ဒါ…ငါမစားချင်ဘူး၊ဝက်သားဆီပြန်စားချင်တယ်…လို့ပြောပြန်တယ်။
ဟာ…အမေကလည်းလုပ်ပြန်ပြီ…၊အိမ်မှာခြေလေးချောင်းသားမစားပါဘူးဆို…၊ဘယ်တုန်းကဝက်သားချက်ဖူးလို့လဲ…၊ကျုပ်ကဘယ်ကသွားရှာရမှာလဲ…
မအေးမိရဲ့ညည်းညူစကားကိုသူူကြီးဖိုးသာအောင်ကလက်ကာပြလိုက်ရင်း…
ရွာထဲကသာဒိုးတို့အိမ်မှာဝက်ပေါ်နေတာအဖေတွေ့ခဲ့တယ်၊အဖေတောင်းခိုင်းတယ်လို့ပြောပြီးသုံးဆယ်သားလောက်ယူခဲ့၊ညည်းအမေကိုချက်ကျွေးလိုက်ပါ၊သူစားချင်နေတာပဲလို့မျက်ရိပ်ပြပြောလိုက်တော့မှမအေးမိတစ်ယောက်ဘာမှမပြောတော့ဘဲရွာထဲထွက်ခဲ့တယ်။
မအေးမိတစ်ယောက်ဦးသာဒိုးဆီကဝက်သားယူခဲ့ပြီးအိမ်ရောက်တော့အမြန်ချက်ရတယ်။ပြီးတော့မှ…မိခင်ဖြစ်သူကိုဟင်းပွဲပြင်ပေးရင်း…
ရပြီ…အမေစားချင်တဲ့ဝက်သားဆီပြန်…၊စိတ်ကြိုက်သာစားအမေရေ…
လို့ပြောလိုက်တဲ့အခါသူကြီးကတော်ဟာဝက်သားဟင်းနဲ့ထမင်းကိုအားပါတရကြီးစားတော့တယ်။
မအေးမိတစ်ယောက်မိခင်ကိုကြည့်ရင်းသက်ပြင်းချရုံကလွဲလို့ဘာမှမတတ်နိုင်ဘူး…

ညနေ…
ရောက်တော့သူကြီးအိမ်ကိုဆရာတော်ကြီးနဲ့သံဃာငါးပါးကြွလာတယ်။
ဆရာတော်ကြီးနဲ့သံဃာတော်တွေဟာဘုရားစင်ရှေ့မှာခင်းထားတဲ့ကတ္တီပါကော်ဇောပေါ်ထိုင်မိတယ်ဆိုရင်ပဲ…ဘုန်းကြီးတွေမအေးဘူးလား…ကတုံးကြီးနဲ့…ဟီးဟီး…
သူကြီးကတော်ရဲ့အသံကြောင့်သူကြီးဖိုးသာအောင်ဟာမျက်နှာကြီးထူပူသွားပြီးဆရာတော်ကြီးကိုလှမ်းကြည့်မိတယ်။
ဆရာတော်ကြီးကသူကြီးဖိုးသာအောင်ကိုဘာမှမပြောဖို့လက်ကာလိုက်တယ်။
သတ်မှတ်ချိန်ရောက်တဲ့အခါဆရာတော်ကြီးဦးဆောင်ပြီးဒေဿနာကြားကြတယ်။
ပြီးတော့…သမန္တာရွတ်ပြီးနတ်ပင့်တယ်။
သဗ္ဗေဗုဒ္ဓိပတ္တာရွတ်ဆိုပြီးစည်းချတယ်။ဆရာတော်ကြီးအမှူးပြုတဲ့သံဃာတွေဟာမေတ္တာသုတ်ကိုစတင်ရွတ်ဖတ်တယ်။
ပရိတ်ကြီး(၁၁)သုတ်ရဲ့အဆုံး၊အာဋာနာဋိယသုတ်အပြီးမှာတော့သူကြီးကတော်ဟာငြိမ်ငြိမ်ကြီးထိုင်ကြည့်နေတယ်။သံဃာတော်တွေဟာဆက်ပြီးကမ္မဝါစာကိုရွတ်ဖတ်တော့တယ်။အမိန့်တော်ပြန်ချိန်မှာတော့သူကြီးကတော်ဟာနတ်ဝင်သည်တစ်ယောက်လိုတစ်ကိုယ်လုံးတုန်လှုပ်ပြီးရှိုက်ကြီးတငင်ငိုချလိုက်တော့တယ်။
သူကြီးကတော်ရဲ့ငိုချင်းချမှုကြောင့်သံဃာတော်တွေဟာရွတ်ဖတ်ခြင်းကိုရပ်လိုက်ကြတယ်။
သူကြီးဖိုးသာအောင်ဟာမိန်းမဖြစ်သူကိုကြည့်ပြီးဘာလုပ်ရမှန်းမသိအောင်ဖြစ်နေမိတယ်။မအေးမိကတော့မိခင်ဖြစ်သူကိုကြည့်ရင်းသူထင်ထားသလိုဖြစ်နေပြီလို့တွေးမိပြီးရင်တုန်ပန်းတုန်ဖြစ်နေရှာတယ်။
ဆရာတော်ကြီးဟာသက်ပြင်းကိုအသာချလိုက်ပြီးပုဗ္ဗာစရိယကမ္မဝါကိုဆက်လက်သရဇ္ဇျယ်ပြန်တယ်။
သူကြီးကတော်ကတော့ရှိုက်ကြီးတငင်ငိုကြွေးနေဆဲပါပဲ…။
ကမ္မဝါစာရွတ်ဖတ်မှုအဆုံးမှာတော့ဆရာတော်ကြီးဟာသူကြီးဖိုးသာအောင်ကိုကြည့်ပြီး…ကဲ…ဒကာကြီးဘုန်းကြီးတို့ရွတ်ဖတ်မှုကတော့ပြီးပြီ၊ဒကာမကြီးကိုဘာကြောင့်ငိုရသလဲဆိုတာမေးမြန်းကြည့်ပါဦးကွယ်လို့ပြောလိုက်တယ်။
ဒီအခါမှာသူကြီးဖိုးသာအောင်နဲ့မအေးမိဟာသူကြီးကတော်နားကိုတိုးကပ်သွားပြီး…
မဝိုင်းမဝိုင်းသတိထားပါဟာ၊ဘာလို့ဒီလောက်ငိုနေရတာလဲ၊ငါ့ကိုလန့်အောင်မလုပ်နဲ့နော်လို့သူကြီးဖိုးသာအောင်ကပြောလိုက်တဲ့အခါသူကြီးကတော်ကရှိုက်ကြီးတငင်ငိုကြွေးနေရာက
ကျုပ်…ကျုပ်ဆုံးသွားတဲ့အမေ့ကိုသတိရလို့ငိုမိတာပါတော်၊ငိုမိတာပါ…
လို့ငိုသံနှောပြောလိုက်တယ်။ဒီအခါမှာသူကြီးဖိုးသာအောင်နဲ့သမီးဖြစ်သူဟာဟင်ခနဲဖြစ်သွားပြီး…ဟင်ဒါဆို…ငါတို့ထင်သလိုနင်ဖြစ်နေတာမဟုတ်ဘူးပေါ့လို့သူကြီးကမေးလိုက်တဲ့အခါသူကြီးကတော်က…ရှင်တို့ထင်နေသလိုကျုပ်ကဖုတ်သရဲပူးနေတာမဟုတ်ဘူးတော့်၊ကျုပ်ဘာသာအေးစိန်ပျောက်တဲ့စိတ်နဲ့မစားနိုင်မသောက်နိုင်ဖြစ်ပြီးဂယောင်ခြောက်ခြားဖြစ်သွားတာ၊သိကြရဲ့လားလို့ငိုသံကြီးနဲ့ပြောပြန်တယ်။
မိခင်ဖြစ်သူရဲ့စကားကြောင့်မအေးမိဟာရင်ဘက်ဖိမိရင်း…
အမလေးတော်ပါသေးရဲ့အမေရယ်၊ကျုပ်ကျုပ်တို့ကအမေ့ကိုမကောင်းဆိုးဝါးပူးနေပြီထင်ကြတာ၊ဟင်း…အခုမှပဲအပူလုံးကြီးကျသွားတော့တယ်လို့ပြောလိုက်တော့တယ်။
သံဃာတော်တွေပြန်ကြွသွားတဲ့အခါသူကြီးကတော်ဟာသူကြီးဘက်လှည့်ပြီး
ဒါနဲ့အေးစိန်သတင်းရောဘာထူးသေးလဲရှင့်လို့မေးလိုက်မိတယ်။
တို့လည်းရှာကြတာရွာနီးချုပ်စပ်အထိပဲ၊ဗိန္ဓောဆရာချက်ကြီးလည်းရှာတာနှံ့နေပြီ၊ဘာသတင်းမှမရဘူး၊ငါတော့မြို့တက်ပြီးဂါတ်ပဲတိုင်ရတော့မယ်ထင်တယ်။လို့ပြောလိုက်တဲ့အခါမအေးမိကဝင်ပြီး…အဖေကလည်း…ရွာထဲကလူတွေပြောသလိုအဖေ့သမီးကိုတစ္ဆေများဆွဲသွာလားမသိဘူး၊တစ္ဆေဆွဲတာကိုဂါတ်တိုင်လို့ရယ်စရာကြီးဖြစ်နေပါဦးမယ်လို့ပြောလိုက်တယ်။
တော်စမ်း…ဘယ့်နှယ်…၊တစ္ဆေကလူကိုဆွဲနိုင်မှာလဲ၊ဂါတ်တိုင်တာပဲကောင်းတယ်
သူကြီးဖိုးသာအောင်စကားေြုကာင့်မိန်းမဖြစ်သူက…
တော်ကလည်းသူကြီးဖြစ်ပြီးကိုယ့်သမီးပျောက်တာတောင်တွေ့အောင်မရှာနိင်ဘူးညံ့ပါ့…လို့နှုတ်ခမ်းမဲ့ရွဲ့ပြီးပြောလိုက်ပြန်တယ်။
မိန်းမရဲ့စကားကြောင့်သူကြီးဟာရှူးရှူးရှားရှားဖြစ်သွားပြီး…
ခင်ဗျားကကျုပ်ကိုပြောတယ်၊ကျုပ်မှာအေးစိန်ပဲရှာရတော့မလား၊ဖုတ်ဝင်သလိုသရဲပူးသလိုဖြစ်နေတဲ့ခင်ဗျားအနားပဲထိုင်နေရမလားဖြစ်နေတာ၊လူလည်းရူးချင်နေပြီ…၊အေးစိန်မပျောက်ပဲငါပျောက်သွားရင်ကောင်းမယ်လို့မကျေမနပ်ပြောလိုက်တော့တယ်။

သူကြီး….
ဖိုးသာအောင်ရဲ့အိမ်ကိုစပါးပွဲစားဦးလူလှရောက်လာပြီး…
မနက်ဖြန်ကျုပ်သားတွေရှင်ပြုအလှူရှိတယ်သူကြီးရဲ့…၊အဲဒါ…သူကြီးတို့မိသားစုကိုလာဖိတ်တာပါလို့ပြောလိုက်တဲ့အခါသူကြီးက…
ဟာ…ဟုတ်သားပဲ၊ဟိုအပတ်ထဲကခင်ဗျားကျုပ်ကိုပြောထားတာ၊ကျုပ်လည်းသမီးပျောက်နေတာနဲ့ခင်ဗျားအလှူကိစ္စကိုမေ့နေတာ၊အလှူအတွက်အားလုံးပြင်ဆင်ပြီးပလား၊လိုအပ်တာရှိရင်ပြောပါလို့မေးလိုက်တယ်။
ဒီအခါစပါးပွဲစားဦးလူလှကအားလုံးပြင်ဆင်ပြီးပါပြီသူကြီးရယ်၊စကားမစပ်သူကြီးသမီးအေးစိန်ကိုအရက်သမာတစ္ဆေဖမ်းစားတယ်ဆိုတာတကယ်ပဲလားဗျလို့မေးလိုက်တဲ့အခါသူြုကီးဖိုးသာအောင်တစ်ယောက်မျက်နှာပျက်သွားရင်း…
ကျုပ်ကတော့တစ္ဆေဖမ်းစားတယ်ဆိုတာလက်မခံဘူးဗျ၊ခေတ်ကာလကလည်းခင်ဗျားသိတဲ့အတိုင်း၊အဂ်လိပ်အပြေး၊ဂျပန်အဝင်ဆိုတော့ရောင်စုံသောင်းကျန်သူတွေထကြွချိန်မဟုတ်လား၊ကျုပ်အထင်တော့မအေးစိန်ပြန်ပေးအဆွဲခံရပြီလို့ထင်တယ်၊ဒါကြောင်းဂါတ်ကိုအကြောင်းကြားဖို့တောင်စီစဉ်ထားတယ်လို့ပြန်ဖြေလိုက်တယ်။
သူကြီးမျက်နှာပျက်သွားတာသိတဲ့ဦးလူလှဟာ
အင်း…ပြန်ပေးဆွဲခံရတာလည်းဖြစ်နိုင်တာပဲ၊ကျုပ်တို့နဂါးစုရွာမှာသူကြီးကအချမ်းသာဆုံးပဲ၊ဂါတ်ကိုအကြောင်းကြားတာတော့မမှားဘူးပေါ့ဗျာ၊ကဲ…ကျုပ်လည်းကိစ္စလေးရှိလို့ပြန်ဦးမယ်၊သူကြီးတို့အားလုံးကျုပ်အလှူကိုလာရမှာနော်၊သူကြီးကြိုက်တဲ့အုန်းထမင်းနဲ့ငါးသလောက်ပေါင်းကျွေးမှာဗျလို့ပြောဆိုပြီးနှုတ်ဆက်ပြန်သွားတော့တယ်။သူကြီးဖိုးသာအောင်တစ်ယောက်မအေးစိန်ပျောက်တဲ့အကြောင်းတွေးမိပြီးငေးငိုင်နေမိတယ်။
အဖေ…ဘာဖြစ်နေတာလဲ၊မျက်နှာလည်းမကောင်းဘူး၊ဦးလူလှဘာပြောသွားလို့လဲ…
မအေးမိရဲ့အသံကြောင့်သုူကြီးဟာအတွေးပြတ်တောက်သွားရင်း…
လူလှကအလှူလာဖိတ်တာသမီးရဲ့…၊မနက်ဖြန်သူ့သားတွေရှင်ပြုရှိတယ်လေ၊အဖေတွေးမိတာကညည်းညီမအကြောင်းပါ၊ဒီနေ့ဆိုသူပျောက်နေတာကိုးရက်ရှိပြီ၊ရွာထဲမှာလည်းအေးစိန်ကိုတစ္ဆေဖမ်းစားလိုက်ပြီလို့ဇွတ်ပြောနေကြတယ်၊အဖေတော့လူလှရဲ့အလှူတောင်မသွားချင်ဘူးသမီးရယ်၊လူတွေနဲ့မတွေ့ချင်ဘူးလို့မျက်နှာမသာမယာနဲ့ပြောလိုက်မိတယ်။
အိုအဖေကလည်းသူကြီးလုပ်ပြီးမသွားလို့ဖြစ်ပါ့မလား၊ပါးစပ်ပေါာက်တွေဂရုစိုက်နေလို့ကတော့နေစရာတောင်ရှိမှာမဟုတ်ဘူး၊ဒါတောင်ကျုပ်နဲ့အမေပါးစပ်ကိုကြောက်လို့ဒင်းတို့ဒီလောက်ပဲပြောတာ၊ဘာမှဂရုစိုက်မနေနဲ့၊အမေနဲ့ကျုပ်လည်းအလှူကိုလိုက်မှာပဲ
မအေးစိန်ရဲ့စကားကြောင့်သူကြီးတစ်ယောက်စိတ်ဆုံးဖြတ်ချက်ချလိုက်ရင်း…
ဟုတ်တယ်…ငါကနဂါးစုရွာရဲ့သူကြီးတစ်ယောက်ပဲ၊ငါဘယ်သူကြောက်ရမှာတုန်း၊ငါ့ရှေ့မှာတော့ဒင်းတို့အေးစိန်အကြောင်းဟရဲမှာမဟုတ်ဘူး၊လူလှရဲ့အလှူကိုငါသွားမယ်လို့စိတ်တွင်းကကြုံးဝါးလိုက်တော့တယ်။

နဂါးစု….
တစ်ရွာလုံးအိုးစည်ဗုံမောင်းသံတွေညံညံစီနေတယ်။ရွာသူရွာသားတွေဟာအဝတ်အစားအသစ်တွေဝတ်ဆင်ပြီးစပါးပွဲစားဦးလူလှရဲ့အလှူမဏ္ဍပ်ကိုအသီးသီးဝင်သွားကြတယ်။အလှူရှင်မိသားစုကတော့ရွှေတွေညွှတ်နေအောင်ဝတ်ပြီးလာသမျှဧည့်သည်တွေကိုဒိုင်ခံဧည့်ခံနေကြတယ်။
စပါးပွဲစားဦးလူလှဟာရွာရဲ့မျက်နှာဖုံးတစ်ယောက်ဖြစ်တာကြောင့်အနီးအနားရွာမှာရှိတဲ့လယ်ပိုင်ရှင်တွေပါလှည်းအသီးသီးနဲ့ရောက်လာကြတယ်။
သူကြီးဖိုးသားအောင်တို့မိသားစုအလှူမဏ္ဍပ်ကိုရောက်တော့ခြေချစရာမရှိအောင်လူတွေပြည့်ကျပ်နေတာတွေ့ရတယ်။
ဒီအချိန်မှာပဲဦးလူလှရဲ့မိန်းမဟာသူကြီးတို့ကိုမြင်သွားပြီး…
ဟော…သူကြီးတို့မိသားစု…ကြွပါရှင့်…ဒီဘက်ကိုကြွပါ…
လို့ပျာပျာသလဲဖိတ်ခေါ်လိုက်တယ်။ဟဲ့…အေးပုံ…၊ညည်းတို့အလှူကတယ်စည်းကားပါလား၊လူတွေလာလိုက်တာမနည်းဘူး
သူကြီးကတော်ရဲ့စကားကြောင့်အလှူဒကာမမအေးပုံကမျက်နှာပြုံးပြုံးကြီးနဲ့…
စည်ဆို…ကိုလူလှကစပါးပွဲစားဆိုတော့လယ်ပိုင်ရှင်မှန်သမျှသူ့မိတ်ဆွေတွေချည်းပဲသူကြီးကတော်ရဲ့…၊ဒါတောင်…မဖိတ်လိုက်ရတဲ့လယ်ရှင်တွေရှိသေးတယ်၊သူကြီးကတော်တို့ဒီဘက်ကြွပါ…၊သူကြီးတို့အတွက်သီးသန့်နေရာစီစဉ်ထားပါတယ်လို့ပြောဆိုရင်းကတ္တီပါကော်ဇောခင်းထားတဲ့စားပွဲဝိုင်းမှာနေရာချပေးလိုက်တယ်။
ခဏကြာတော့အုန်းထမင်းနဲ့ငါးသလောက်ပေါင်းပန်းကန်တွေလာချပေးတယ်။သူကြီးဖိုးသာအောင်ဟာသူ့အကြိုက်ဖြစ်တဲ့အုန်းထမင်း၊ငါးသလောက်ပေါင်းနဲ့ချဉ်ပေါင်ဟင်းချို၊ငါးပိချက်တို့ကိုခေါင်းမဖော်တမ်းစားသောက်တော့တယ်။
သမီးဖြစ်သူမအေးမိကဖခင်စားနေပုံကိုကြည့်ပြီး…အမေ…အဖေ့ကိုကြည့်ပါဦး၊အစကတော့မလာဘူးတကဲကဲနဲ့…၊ဒီရောက်တော့စားနေလိုက်တာ၊ခေါင်းတောင်မဖော်ဘူး၊ကျုပ်တို့အတွက်တောင်ကျန်ပါ့မလားမသိဘူးလို့ကျီစယ်လိုက်တယ်။
အလှူမဏ္ဍပ်ကြီးတစ်ခုလုံးဆိုင်းသံ၊ဗုံသံ၊စကားပြောသံတွေနဲ့ဆူညံနေတယ်။
ဒီအချိန်မှာပဲရွာသားတစ်ယောက်ဟာမဏ္ဍပ်ရှိရာကိုအူလျားဖားလျားပြေးလာပြီး…
ဆိုင်း…ဆိုင်းဆရာ…ရပ်ပါဦးလို့တားလိုက်တယ်။
ရွာသားရဲ့အပြောကြောင့်ဆိုင်းဆရာလည်းကြောင်အမ်းပြီးဆိုင်းကိုရပ်လိုက်တယ်။
ဆိုင်းသံရပ်သွားတဲ့အတွက်အလှူရှင်တွေဟာမျက်နှာပျက်သွားပြီး…
ဟေ့လူ…ဆိုင်းဆရာ…ဆိုင်းကိုဆက်တိုက်တီးပါလို့ပြောထားရက်နဲ့၊ဘာလုပ်တာလဲဗျလို့ဦးလူလှကဆိုင်းဆရာကိုလျှောက်လာရင်းပြောလိုက်တဲ့အခါဆိုင်းဆရာက…
ကျုပ်…ရပ်တာမဟုတ်ဘူးဗျ…၊ဒီလူရပ်ခိုင်းတာလို့ရွာသားကိုလက်ညှိုးထိုးပြောလိုက်တယ်။အလှူရှင်ဦးလူလှဟာဆိုင်းသမားညွှန်ပြရာကိုကြည့်လိုက်ပြီး…
သြော်…ဘယ်သူများမှတ်တယ်၊အရက်သမားဖိုးလုံးပါလား၊မင်းကဘာကြောင့်ဆိုင်းကိုရပ်ခိုင်းတာလဲ…၊မူးရင်လည်းအိမ်ပြန်အိပ်ကွာ၊ဒီမှာမဂ်လာယူနေတာကွလို့ဒေါသတကြီးပြောလိုက်တယ်။ဒီအခါမှာအရက်သမားဖိုးလုံးကမျက်လုံးပြူးမျက်ဆံပြူးနဲ့…
ကျုပ်…နှောက်ယှက်တာမဟုတ်ပါဘူးဗျာ…၊ရွာ…ရွာထဲကိုအစိမ်းသရဲဝင်လာလို့ဗျလို့အော်ကြီးဟစ်ကျယ်ပြောလိုက်တယ်။အရက်သမားဖိုးလုံးရဲ့စကားကြောင့်မဏ္ဍပ်ထဲမှာရှိတဲ့လူအားလုံးအထိတ်တလန့်ဖြစ်သွားကြတယ်။အလှူရှင်ဦးလူလှကမျက်နှာအကြီးအကျယ်ပျက်သွားပြီး…ဟေ့ကောင်ငါပြောနေတယ်နော်၊မူးရင်မရမ်းနဲ့၊ရော့…ထန်းရည်ဖိုးယူသွားလို့အင်္ကျီအိတ်ထဲကအကြွေစေ့ထုတ်ပေးလိုက်တဲ့အခါ…ဟာ…ကျုပ်မသောက်ချင်ဘူး၊ကျုပ်…ရွာထိပ်မှာဆံပင်ဖားလျား…အစိမ်းရောင်ဝမ်းဆက်နဲ့သရဲမတွေ့ခဲ့တယ်၊ရွာထဲဝင်လာတာဗျလို့ထပ်ပြောလိုက်ပြန်တယ်။အစိမ်းသရဲဆိုတဲ့အသံကြောင့်ရွာသူတစ်ချို့ဟာကလေးချီပြီးမဏ္ဍပ်ထဲကထပြန်သွားကြတယ်။တစ်ဖက်ရွာကရောက်လာတဲ့ဧည့်သည်တချို့ကလည်းလှည်းတွေကမန်းကတန်းပြင်ပြီးပြန်ပြေးကုန်တယ်။
အမလေး…အစိမ်းသရဲမရွာထဲဝင်လို့တဲ့…၊နေ့ခင်းကြောင်တောင်ကြီးအစိမ်းသရဲလာတော့ဆိုတော့နိမိတ်မကောင်းဘူး
ဟဲ့…ဟဲ့…ကလေးတွေအမြန်လာစမ်း၊ကမြင်းမနေကြနဲ့၊ဟိုမှာအစိမ်းသရဲလာနေပြီတဲ့၊အိမ်ပြန်ရအောင်ဆိုတဲ့တစ်ယောက်တစ်ပေါက်သံတွေမဏ္ဍပ်တွင်းမှာပွက်လောရိုက်သွားတယ်။သူကြီးဖိုးသာအောင်တစ်ယောက်ဖြစ်ပျက်နေတဲ့အခြေအနေကိုကြည့်ပြီးဦးလူလှတို့အနားလျှောက်လာမိတယ်။လုပ်ပါဦး…သူကြီးရယ်၊ဒီကောင်ဖိုးလုံး…၊ကျုပ်အလှူကိုဖျက်နေတာဗျ၊သွားပါပြီဗျာ…ကျုပ်အလှ။ူတော့ပျက်ပါပြီ၊ကျုပ်မကျေနပ်ဘူးဗျာ၊ဒီကိစ္စကိုသူကြီးဖြေရှင်းပေးလို့ငိုသံကြီးနဲ့ပြောလိုက်တဲ့အခါသူကြီးဟာဖိုးလုံးကိုကြည့်လိုက်ပြီး…
ဟေ့ကောင်…ဖိုးလုံး…ဒီလိုအလှူကြီးတစ်ခုဖြစ်မြောက်ဖို့ကမလွယ်ဘူးဆိုတာမင်းမသိဘူးလား၊ဘာလို့သူများအလှူကိုနှောက်ယှက်ရတာလဲ…၊အခုဆိုမင်းကြောင့်လူတွေအားလုံးဝရုန်းသုံးကားဖြစ်ကုန်ပြီလို့ဒေါသတကြီးပြောလိုက်တယ်။
သူကြီးရဲ့စကားကြောင့်ဖိုးလုံးဟာအသံတုန်တုန်ရင်ရင်နဲ့…အလှ။ူကိုဖျက်တာမဟုတ်ပါဘူးသူကြီးရယ်…၊တကယ်ပါဗျာ…ကျုပ်…ကျုပ်…အစိမ်းသရဲတွေ့ခဲ့လို့ပါလို့ထပ်ပြောပြန်တယ်။သူကြီးဖိုးသာအောင်ဟာဖိုးလုံးကိုဝါးစားမတတ်စူးစိုက်ကြည့်လိုက်ရင်း…
အေး…ငါ…အခုရွာထိပ်သွားကြည့်မယ်၊မဟုတ်လို့ကတော့…သူ့များအလှူကိုနှောင့်ယှက်တဲ့အတွက်မင်းကိုထိပ်တုံးတင်မဟုတ်ဘူး၊ပုလိပ်ခေါ်ပြီးတော့ဂါတ်ပို့ပစ်မယ်လို့ကြုံးဝါးလိုက်တယ်။ပြီးတဲ့အခါမှာသူကြီးဟာဖိုးလုံးကိုရှေ့ကသွားစေပြီးရွာလူအုပ်ကြီးနဲ့အတူရွာထိပ်ကိုချီတက်ခဲ့ကြတယ်။အလှူရှင်လင်မယားလည်းဖိုးလုံးကိုအမဲဖျက်ဖို့အတွက်လူအုပ်ကြီးနဲ့အတူလိုက်လာခဲ့တယ်။
ရွာထိပ်ကုက္ကိုပင်ကြီးနားရောက်တော့ဖိုးလုံးတစ်ယောက်တုံ့ခနဲရပ်သွားပြီး…
ဟိုမှာ…ဟိုမှာ…တွေ့လား…သရဲမ…လာနေပြီလို့လက်ညှိုးထိုးအသံကုန်အော်လိုက်တဲ့အခါနောက်ကလိုက်လာတဲ့လူအုပ်ကြီးဟာခြေလှမ်းရပ်သွားကြတယ်။
ဖိုးလုံးညွှန်ပြရာကိုသူတို့အားလုံးပြိုင်တူကြည့်လိုက်မိတယ်။
အဝေးဆီမှာမိန်းမတစ်ယောက်….ဆံပင်ဖားလျားကြီးနဲ့အစိမ်းရောင်ဝတ်ထားတယ်။ရွာသားတွေဟာအဝေးမှာမသဲမကွဲမြင်ရတဲ့အစိမ်းရောင်အရိပ်ကြီးကိုကြည့်ပြီး…
ဟာအစိမ်းသရဲမရွာထဲဝင်လာပြီဟေ့ပြေး…ပြေးကြ…
ဆိုတဲ့အသံတွေညံစီသွားတယ်။ရွာသားတချို့ဟာနောက်လှည့်ပြေးကုန်ကြတယ်။
သတ္တိကောင်းတဲ့ရွာသားတွေကတော့သူကြီးတို့နဲ့အတူကျန်ရစ်ခဲ့ကြတယ်။
ဒီအချိန်မှာပဲဆံပင်ဖားလျားနဲ့မိန်းမဟာတဖြည်းဖြည်းနီးကပ်လာတယ်။
သူကြီးနဲ့ရွာသားတအုပ်လည်းမျက်တောင်မခတ်တမ်းစိုက်ကြည့်နေကြတယ်။
ဝါးနှစ်ရိုက်လောက်အကွာကိုရောက်တော့ဖိုးလုံးတစ်ယောက်ဆံပင်ဖားလျားနဲမိန်းမကိုစူူးစိုက်ကြည့်ရင်းသ…သရဲမ…အေးစိန်…အေး…အေးစိန်…သရဲမ…ခေါ…ခေါစာပစ်ရင်းတစ္ဆေဖမ်းသွားတဲ့အေးစိန်သရဲမ…အမယ်လေးဗျ…လို့သွေးရူးသွေးတန်းအော်ဟစ်ရင်းဖနောင့်နဲ့တင်ပါးတစ်သားတည်းကျအောင်ပြေးတော့တယ်။
အေးစိန်တစ်ယောက်ခေါစာပစ်ရင်းတစ္ဆေဖမ်းစားသွားပြီလို့ယူဆတဲ့ရွာသားတချို့ကလည်းဖိုးလုံးနောက်ကိုအသည်းအသန်ပြေးလိုက်ကြတယ်။
ဒီအချိန်မှာပဲ…သူတို့အားလုံးတစ္ဆေဖမ်းစားသွားပြီလို့ယူဆထားတဲ့မအေးစိန်ဟာလူအုပ်ကြီးဆီကိုလျှောက်လာတယ်။
သူကြီးနဲ့ကျန်ရစ်တဲ့ရွာသားတွေဟာမအေးစိန်ကိုကြောင်ငေးကြည့်ရင်းလှည့်ပြေးဖို့တောင်မေ့နေကြတယ်။အဲဒီရွာသားတွေထဲမှာဗိန္ဓောဆရာချက်ကြီးလည်းပါခဲ့တယ်။
အဖေ…ဘာကြည့်နေတာလဲ…၊အဖေ့သမီးအေးစိန်တောင်မမှတ်မိတော့ဘူးလား
မအေးစိန်ရဲ့အသံကြောင့်သူကြီးဖိုးသာအောင်တစ်ယောက်ကြောင်ငေးနေရာကသတိဝင်လာပြီး…
အေး…အေးစိန်…ဟုတ်ပါတယ်နော်လို့်တုန်ရင်တဲ့လေသံနဲ့မေးလိုက်တဲ့အခါ…
ဟုတ်ပါတယ်အဖေရဲ့၊အေးစိန်ပါ…၊ခေါစာပစ်တဲ့ညမှာပျောက်သွားတဲ့အေးစိန်ပါလို့ပြောလိုက်တယ်။
ဒီအခါမှာဗိန္ဓောဆရာချက်ကြီးကမျက်လုံးအပြူးသားနဲ့….မ…မအေးစိန်….နဲ့ကျုပ်တို့ကဘဝခြားသွားပြီလေ…၊ကိုယ့်….ကိုယ့်နေရာကိုယ်ပြန်ပါမအေးစိန်ရယ်…မသင့်တော်ပါဘူးလို့အထေ့ထေ့အငေါ့ငေါ့ပြောလိုက်တဲ့အခါမအေးစိန်က…
ဘာလို့မသင့်တော်ရမှာလဲ၊ကျုပ်အိမ်ကျုပ်ပြန်လာတဲ့ဟာလို့ခပ်ဆတ်ဆတ်ပြောလိုက်မိတယ်။
အလှူရှင်ဦးလူလှဟာဆရာချက်ကြီးရဲ့စကားနောက်သံယောင်လိုက်ပြီး…
ဟုတ်…ဟုတ်ပါတယ်အေးစိန်မရယ်၊ဘာလဲနင်…စားရမဲ့သောက်ရမဲ့ပြိတ္တာဘဝရောက်နေလို့လား…၊ဒီ…ဒီနေ့…ငါ့သားတွေရှင်ပြုအလှူရှိတယ်…၊ရေစက်ချတဲ့အခါ…နင့်ကိုခေါ်ပြီးအမျှဝေပေးပါ့မယ်…၊ရွာ…ရွာထဲကိုတော့မဝင်ပါနဲ့…လို့မျက်လုံးစုံမှိတ်ပြီးလွှတ်ပြောလိုက်တယ်။ဟင်…ဘာတွေလျှောက်ပြောနေတာလဲ၊ကျုပ်ကဘာလို့ပြိတ္တာဘဝရောက်ရမှာလဲ၊ကျုပ်အိမ်ကျုပ်ပြန်မယ်၊ရှင်တို့ဘာမှတားနေစရာမလိုဘူး
မအေးစိန်ရဲ့ဒေါသတကြီးခါးထောက်ပြီးပြောလိုက်တဲ့စကားကြောင့်အားလုံးထိတ်လန့်သွားကြတယ်။ဒီအခါမှာသူကြီးဖိုးသာအောင်ကသမီးဖြစ်သူကိုစူးစိုက်ကြည့်ရင်း…
သ…သမီးကိုခေါစာပစ်တဲ့ညမှာတစ္ဆေဖမ်းသွားပြီလို့တစ်ရွာလုံးယူဆထားကြတယ်…၊အဖေကြားဖူးတာရှိတယ်…၊လူ့အသားပူနွေးတယ်၊နာနာဘာဝတွေရဲ့အသားဟာရေခဲလိုအေးစက်နေတယ်တဲ့…၊အဖေ့ကိုသမီးလက်ပေးစမ်း…
လို့ပြောဆိုရင်းမအေးစိန်ရဲ့လက်ကိုလှမ်းကိုင်လိုက်တယ်။
သြော်…အဖေရယ်…ဖြစ်မှဖြစ်ရလေ…၊အဖေ့သမီးအေးစိန်ကလူအစစ်ပါအဖေ့ရဲ့…၊တွေ့လား…သမီးလက်တွေနွေးနေတာပဲ၊အဖေယုံပြီလား၊တကယ်တော့…ခေါစာပစ်တဲ့ညကသမီးကိုတစ္ဆေဖမ်းစားတာမဟုတ်ပါဘူး၊သမီးချစ်သူနောက်ခိုးရာလိုက်သွားတာပါ
လို့ပြောလိုက်တဲ့အခါသူကြီးဖိုးသာအောင်တစ်ယောက်မျက်လုံးပြူးကျယ်သွားပြီး…
ဘာ…ခိုးရာလိုက်သွားတာဟုတ်လားလို့အလန့်တကြားရေရွတ်လိုက်မိတယ်။
မအေးစိန်က…ဟုတ်ပါတယ်အဖေရယ်…၊သမီးကိုခွင့်လွတ်ပါနော်…၊သမီးချစ်သူကမြို့သားတစ်ယောက်ပါ၊သူကတစ်ဖက်ရွာကသူငယ်ချင်းစီကိုလာရင်း၊သမီးကလည်းအဲဒီရွာမှာအဖေတောင်းခိုင်းတဲ့အကြွေးသွားတောင်းရင်းတွေ့ကြပြီးချစ်ကြိုုက်ခဲ့တာပါ၊အဲ့ဒီညက…သမီးလည်းသူလာမယ်မှန်းမသိခဲ့ပါဘူး၊ဆရာချက်ကြီးခိုင်းတဲ့အတိုင်းသမီး…ညောင်ပင်ကြီးကနတ်ကွန်းရှိရာကိုသွားခဲ့တယ်…၊ခေါစာဗန်းကိုချလိုက်စဉ်မှာပဲ…ညောင်ပင်နောက်ကလက်မည်းကြီးထွက်လာပြီးသမီးကိုဆွဲခေါ်သွားတယ်၊အစကသမီးလည်းအရမ်းလန့်ပြီးသံကုန်အော်လိုက်မိတယ်…၊ညောင်ပင်နောက်ကိုရောက်တော့မှသမီးချစ်သူဖြစ်နေမှန်းသိရတော့တယ်၊သူက…မြို့ပြန်တော့မဲ့အကြောင်းပြောတယ်၊သမီးလည်းသူ့ကိုမခွဲနိင်တာနဲ့တစ်ခါတည်းသူ့နောက်လိုက်သွားခဲ့တာပါအဖေလို့ရှင်းပြလိုက်တဲ့အခါမှသူကြီးဖိုးသာအောင်တစ်ယောက်ဒေါသအကြီးအကျယ်ထွက်သွားပြီး…
တောက်…ဘယ်မလဲ၊ဗိန္ဓောဆရာချက်ကြီး၊ဒင်း…ခေါစာအပစ်ကောင်းလို့ငါ့သမီးလင်နောက်လိုက်သွားတာ…၊ဘယ်မလဲ…တွေ့လို့ကတော့ကွာ…အရှင်လတ်လတ်အရေခွံဆုတ်ပစ်မယ်လို့ပုဆိုးကြီးမပြီးကြုံးဝါးရင်းလူအုပ်ကြားထဲကြည့်လိုက်တယ်။
ဆရာချက်ကြီးဟာအခြေအနေမကောင်းမှန်းရိပ်စားမိသွားပြီး…
အမလေး…အရပ်ကတို့ရဲ့…၊နောက်ဆိုခေါစာမပစ်ခိုင်းရဲတော့ပါဘူး၊ကယ်ကြပါဦးလို့အော်ဟစ်ရင်းတစ်ချိုးတည်းလစ်ပြေးတယ်။သူကြီးဖိုးသာအောင်တစ်ယောက်အော်ဟစ်ကြိမ်းမောင်းရင်းချက်ကြီးနောက်အပြေးလိုက်တော့တယ်။
မအေးစိန်နဲ့ရွာသားအုပ်ကြီးကတော့သူကြီးနဲ့ချက်ကြီးကိုကြည့်ရင်းငိုအားထက်ရီအားသန်မိကြတော့တယ်…
…..ခေါစာပစ်တဲ့….ည….

Zawgyi Version

ေခါစာပစ္တဲ့…ည(စ/ဆံုး)
——————————
နဂါးစု႐ြာေလးဟာခ်မ္းစိမ့္တဲ့အေအးဓာတ္ေအာက္မွာအိပ္ေမာက်ေနခ်ိန္…
သူႀကီးဖိုးသာေအာင္ရဲ႕ၿခံဝိုင္းထဲမွာေတာ့ကေလးငိုသံကညံစီေနတယ္။
သူႀကီးကေတာ္ႀကီးဟာငါးႏွစ္အ႐ြယ္ေျမးေလးကိုခ်ီပိုးရင္းေခ်ာ့ျမႇဴေနရွာတယ္။
လူႀကီးေတြဘယ္လိုေခ်ာ့ေခ်ာ့ကေလးကအငိုမရပ္ဘူး။
သူႀကီးဖိုးသာေအာင္ဟာကုလားထိုင္မွာေက်ာမွီထိုင္ရင္းေျမးျဖစ္သူကိုစိုးရိမ္တႀကီးၾကည့္ေနရွာတယ္။
ဟဲ့…ေအးမိကေလးကငိုလွခ်ည့္လား၊ညည္းတို႔ဘာေတြမ်ားအေကြၽးမွားေသးသလဲ…
သူႀကီးဖိုးသာေအာင္ရဲ႕အေမးေၾကာင့္သူႀကီးသမီးေအးမိက…
အို…အေဖကလည္းက်ဳပ္ေတာ့ဆီထမင္းကလြဲၿပီးဘာမွမေကြၽးမိပါဘူး၊အေဖ့ေျမးညေနကသာဒိုးတို႔နဲ႔႐ြာအေနာက္ဘက္မွာသြားေဆာ့လို႔…႐ိုက္ပုတ္ၿပီးေခၚလာတာပဲရွိပါတယ္ေနာ္…လို႔ေျပာလိုက္တဲ့အခါသူႀကီးဖိုးသာေအာင္ဟာမ်က္ေမွာင္ႀကီးႀကဳံ႕သြားၿပီး…
…ဘာ…အေနာက္ပိုင္းမွာသြားေဆာ့တယ္ဟုတ္လား…ဒီေနရာကနတ္ႀကီးတယ္ဆိုတာမသိဘူးလား…၊ညည္းတို႔ကကေလးတစ္ေယာက္ေတာင္ႏိုင္ေအာင္မၾကည့္ႏိုင္ဘူး
လို႔ေဒါသတႀကီးေျပာလိုက္တယ္။
ဒီအခါမွာသူႀကီးသမီးေအးမိကစိတ္ရႈပ္ေထြးဟန္နဲ႔…
ကေလးငိုရတဲ့အထဲအေဖကလည္းခက္တာပဲ၊က်ဳပ္ညေနကအေဖခိုင္းလ ို႔ပဲေႂကြးသြားေကာက္တာေလ၊ျပန္ေရာက္ေတာ့ဒင္းေလးအိမ္မွာမရွိမွန္းသိတာ၊က်ဳပ္ကိုခ်ည္းအျပစ္မတင္နဲ႔အေဖေရ…၊အေဖ့သမီးေအးစိန္ကိုလည္းေျပာအုံး…၊ဒင္းကအေဒၚတစ္ေယာက္လုပ္ေနၿပီးဘယ္ေတာ့မွကေလးကိုမၾကည့္ထားဘူး၊အား အားရွိၿဖီးလိမ္းၿပီးေတာ့ပဲလမ္းသလားေနတာ…၊ဒင္းလည္းလင္ျမန္ျမန္ရမွမ်က္စိေနာက္သက္သာမယ္…
လို႔တဗ်စ္ေတာက္ေတာက္ေျပာလိုက္တဲ့အခါမေအးစိန္ဟာအိမ္ခန္းထဲကေဆာင့္ႀကီးေအာင့္ႀကီးထြက္လာၿပီး
အစ္မေနာ္က်ဳပ္ကိုမဟုတ္တာမေျပာနဲ႔၊အပ်ိဳေလးပဲ၊ၿဖီးလိမ္းၿပီးလမ္းထြက္တာဘာျဖစ္လဲ၊အစ္မသာမုဆိုးမျဖစ္ေနၿပီးအပ်ိဳရႈံးေအာင္ျပင္ေနတာ၊အေဖသိလား
လို႔ကက္ကက္လန္ျပန္ေျပာလိုက္တယ္။
ညီမျဖစ္သူရဲ႕တုံ႔ျပန္စကားေၾကာင့္မေအးမိဟာယမ္းမီးပုံက်ျဖစ္သြားၿပီးထိုင္ရာကေနဝုန္းခနဲထလာတယ္။
ဒီအခါမွာသူႀကီးကေတာ္ဟာကေလးခ်ီလ်က္မေအးမိတို႔အနားေရာက္လာၿပီး…
ညည္းတို႔ေတာ္ၾကစမ္း၊ဒီမွာကေလးဘာျဖစ္မွန္းမသိဘူး၊ညည္းတို႔အားအားရွိသတ္ဖို႔ေလာက္ပဲစဥ္းစားေန…၊ဟဲ့…ေအးမိ…အေနာက္ပိုင္းမွာညည္းကေလးသြားေဆာ့ရင္းဘာေတြလုပ္ခဲ့ေသးလဲ မသိဘူး၊ငါ့အထင္ေတာ့ကေလးကိုကြင္းပိုင္ႀကီးဖမ္းစားၿပီထင္တယ္
လို႔ထင္ေၾကးေပးေျပာလိုက္တဲ့အခါကြင္းပိုင္ႀကီးဆိုတဲ့အသံေၾကာင့္မေအးမိဟာအႀကီးအက်ယ္တုန္လႈပ္သြားၿပီး…
ဟင္…ကြင္းပိုင္ႀကီးဖမ္းစားထားတာဟုတ္လား…အမယ္ေလး…က်ဳပ္သားေလးေတာ့ကိုယ္က်ိဳးနည္းၿပီထင္ပါ့၊တစ္ခါကလည္းမိတုတ္သမီးေလးကြင္းပိုင္ႀကီးရွိတဲ့ေညာင္ပင္ႀကီးကအ႐ြက္ေတြခူးလာမိလို႔အျပင္းဖ်ားၿပီးတစ္ပတ္ေလာက္အိပ္ယာထဲလဲခဲ့တာ၊ကံေကာင္းလို႔အသက္မႏႈတ္တာဆိုပဲ…၊က်ဳပ္…က်ဳပ္တို႔…ဘယ္လိုလုပ္ၾကမလဲအေမ…
လို႔ထိတ္ထိတ္ပ်ာပ်ာနဲ႔ေမးလိုက္တယ္။
မေအးမိရဲ႕စကားေၾကာင့္သူႀကီးဖိုးသာေအာင္ကေဆးျပင္းလိပ္ကိုဖြာရႈိက္လိုက္ရင္း…
ဘယ္လိုလုပ္ရမွာလဲ၊ဘာပဲျဖစ္ျဖစ္အရံအတားလုပ္ထားတာမမွားဘူး၊ဗေနခာဆရာႀကီးလည္းပင့္ၿပီးၾကည့္ခိုင္းရမွာပဲ၊ဒါေၾကာင့္ေျပာတာ၊ကေလးတစ္ေယာက္ေလာက္ေတာင္ညည္းတို႔ႏိုင္ေအာင္မထိန္းဘူး
လို႔ေျပာလိုက္တဲ့အခါမေအးမိကငိုသံႀကီးနဲ႔…
အီး…ဟီး…အေဖတို႔ကက်ဳပ္ပဲအျပစ္ဖို႔ေနၾကတယ္၊အေဖ့ေျမးကေမ်ာက္ေလာင္းေလး၊မေအကဒီေနရာမသြားနဲ႔ဆိုလစ္တာနဲ႔ေရာက္သြားတာပဲ
လို႔ေျပာလိုက္တယ္။
…ေတာ္ေတာ့ေအးမိ၊ညည္းပါးစပ္ပိတ္လိုက္ေတာ့၊ငါ့ေျမးကိုအျပစ္မေျပာနဲ႔၊ကေလးပဲေဆာ့ခ်င္ရွာမွာေပါ့၊ညည္းသာလိုတာ…၊ငိုမေနနဲ႔လူၾကားမေကာင္းဘူး၊မနက္က်မွဆရာခ်က္ႀကီးသြားပင့္ေခ်…
သူႀကီးဖိုးသာေအာင္ရဲ႕တစ္ခ်က္လႊတ္အမိန႔္နဲ႔ေငါက္ငမ္းလိုက္ေတာ့မွတစ္အိမ္လုံးၿငိမ္က်သြားတယ္။
ဒါေပမယ့္ကေလးငိုသံကရပ္မသြားဘူး။
ကေလးငယ္ဘာျဖစ္တာလဲ…

မနက္ေရာက္ေတာ့သူႀကီးဖိုးသာေအာင္ရဲ႕ပင့္ဖိတ္မႈေၾကာင့္ဗိေႏၶာဆရာႀကီးေရာက္လာတယ္။
ဗိေႏၶာဆရာႀကီးဟာအသင့္ခင္းထားတဲ့ဘုရားစင္ေအာက္ကသင္ျဖဴးဖ်ာမွာဝင္ထိုင္လိုက္ၿပီး…
အိမ္း…ဘာျဖစ္ၾကတာလဲ၊ဆရာ့ကိုေျပာစမ္း
လို႔ႏႈတ္ခမ္းေမႊးႀကီးကိုသပ္ၿပီးေမးလိုက္တယ္။
သူႀကီးကေတာ္နဲ႔ကေလးအေမမေအးမိကကေလးရဲ႕အေျခအေနကိုရွင္းျပလိုက္တဲ့အခါဗိေႏၶာဆရာႀကီးက…
…က်ဳပ္နာလည္ၿပီ၊ကေလးကိုက်ဳပ္ေရွ႕ေခၚခဲ့စမ္းပါ
လို႔ေခါင္းတညိတ္ညိတ္နဲ႔ေျပာလိုက္တယ္။
အေဒၚျဖစ္သူမေအးစိန္ကဗိေႏၶာဆရာႀကီးရဲ႕အသံေၾကာင့္ကေလးကိုအခန္းထဲကခ်ီထုတ္လာတယ္။
ကေလးငယ္ဟာစကားတစ္ခြန္းမွမေျပာဘဲ တဟီးဟီးနဲ႔ရႈိက္ငိုေနတယ္။
ဗိေႏၶာဆရာႀကီးဟာကေလးငယ္ကိုစူးစိုက္ၾကည့္လိုက္ၿပီးအတန္ၾကာတဲ့အခါမွာ…
ကေလး…မင္းမွန္မွန္ေျပာစမ္း၊႐ြာေနာက္ပိုင္းကေညာင္ပင္မွာ၊ကေလးအခ်င္းခ်င္းရန္ျဖစ္ၿပီး၊အယုတၱစကားေတြေျပာခဲ့တယ္မဟုတ္လား…
လို႔ခပ္မာမာေမးလိုက္တယ္…
ဗိေႏၶာဆရာႀကီးရဲ႕မ်က္လုံးႀကီးျပဴးၿပီးေမးလိုက္တဲ့စကားေၾကာင့္ကေလးငယ္ဟာအေၾကာက္ပိုသြားၿပီး
ေၾကာက္တယ္…သား…သူ႔ကိုေၾကာက္တယ္အေမ…ေၾကာက္တယ္…ေၾကာက္တယ္…
လို႔ဆရာႀကီးကိုလက္ညႇိဳးထိုးၿပီးေျပာလိုက္တယ္။
သူႀကီးဖိုးသာေအာင္၊သူႀကီးကေတာ္နဲ႔မေအးမိ၊မေအးစိန္တို႔ဟာဗိေႏၶာဆရာႀကီးကိုၾကည့္ၿပီးဘာလုပ္လို႔ဘာကိုင္ရမွန္းမသိေအာင္ျဖစ္လာတယ္။
ဒီအခါမွာဆရာႀကီးကႏႈတ္ခမ္းေမႊးကားကားႀကီးကိုနား႐ြက္ခ်ိတ္မတတ္ၿပဳံးလိုက္ရင္း…
ဟုတ္ၿပီ…ဟုတ္ၿပီ…ကဲ…သူႀကီးတို႔ဘာမွမစိုးရိမ္နဲ႔ေတာ့…၊ေဟာဒီမွာဝိဇၨာရွစ္ေသာင္းဆရာအေပါင္းတို႔ကိုတန္ေဆာင္မုန္းလျပည့္ညမွာတိုင္တည္ၿပီးေဖာ္စပ္ထားတဲ့အေမွာင့္ေျဖဆီမန္း၊ဒါကိုေကာင္ေလးကိုတိုက္လိုက္၊က်ဳပ္ျပန္သြားၿပီးနာရီဝက္အတြင္းမွာေကာင္ေလးကိုစြဲကပ္ေနတဲ့အစြဲေတြမကြၽတ္ဘူးဆိုရင္ေျခႂကြခေရာ…ေဆးကုခေရာႏွစ္ဆတိတိျပန္အမ္းမယ္၊ကဲ…သူႀကီးတို႔လက္ခံလား…
လို႔သူႀကီးဖိုးသာေအာင္တို႔ကိုမ်က္လုံးေဝ့ၾကည့္ၿပီးေျပာလိုက္တယ္။
ဒီအခါမွာသူႀကီးကေတာ္ကစိတ္လႈပ္ရွားစြာနဲ႔
ဆရာခ်က္ႀကီးရဲ႕အစြမ္းကိုက်ဳပ္တို႔သိပါတယ္၊ကေလးကိုသာေဆးေပါင္းခထားတဲ့ဆီမန္းျမန္ျမန္တိုက္လိုက္စမ္းပါေတာ္၊ကေလးၾကည့္ၿပီးစိတ္ပူလြန္းလို႔က်ဳပ္ေသေတာ့မယ္ေတာ့္…လို႔ေျပာလိုက္တယ္။
ဟဲ့ေနဦး၊တစ္ခုက်န္ေသးတယ္၊ကေန႔ညဆယ့္ႏွစ္နာရီတိတိမွာကြင္းပိုင္ႀကီးရွိတဲ့ေညာင္ပင္ႀကီးကိုသြားၿပီးကေလးအတြက္ေခါစာပစ္ေပးရမယ္…
ဆရာခ်က္ႀကီးရဲ႕စကားေၾကာင့္သူႀကီးဖိုးသာေအာင္တို႔အားလုံးလႈပ္လႈပ္႐ြ႐ြျဖစ္သြားၾကတယ္။
ဘာ…ညဆယ့္ႏွစ္နာရီမွာ…၊ေညာင္ပင္ႀကီးဆီသြားရမယ္…ဟုတ္လား…
သူႀကီးဖိုးသာေအာင္ရဲ႕အေမးေၾကာင့္ဆရာခ်က္ႀကီးကေခါင္းတဆတ္ဆတ္ညိတ္လိုက္ၿပီး…
…ဟုတ္တယ္၊သြားရမယ္…၊ဆီမန္းလည္းတိုက္၊သူက်ဴးလြန္ခဲ့တဲ့ေနရာကဆိုင္ရာေတြကိုေခါစာပစ္ၿပီးေတာင္းပန္မွအရွင္းေပ်ာက္သြားမွာ…အဲ…ဒါေပမယ့္တစ္ခုေတာ့ရွိတယ္၊ေခါစာပစ္တဲ့လူဟာအိမ္သားပဲျဖစ္ရမယ္၊ၿပီးေတာ့…အဂၤါသားသမီးပဲျဖစ္ရမယ္…
ကဲခင္ဗ်ာတို႔ထဲမွာအဂၤါသားသမီးရွိလား
ဆရာခ်က္ႀကီးအေမးေၾကာင့္အားလုံးရဲ႕အၾကည့္ေတြဟာမေအးစိန္အေပၚစုၿပဳံက်သြားတယ္။
မေအးစိန္ကသူ႔ကိုေခါစာပစ္လႊတ္ေတာ့မယ္ဆိုတာရိပ္မိသြားၿပီး…
…ဟာအေမတို႔ကလည္းက်ဳပ္ကအပ်ိဳေလးျဖစ္ၿပီးညဥ္သန္းေခါင္အျပင္ထြက္ရမတဲ့လား…၊မထြက္ရဲဘူး၊က်ဳပ္ေၾကာက္တယ္…
လို႔ကပ်ာကယာျငင္းဆန္လိုက္တယ္။
ဟဲ့…ေအးစိန္၊ညည္းအပိုမေျပာနဲ႔…၊ညည္းမေၾကာက္တတ္တာငါတို႔သိတယ္၊ညည္းပဲသူမ်ားေတြသရဲေျခာက္ခံရတယ္ေျပာရင္ေအးစိန္တို႔နဲ႔မ်ားေနရာခ်င္းလဲခ်င္းစမ္းပါ့၊သရဲေတြ႕လို႔ကေတာ့ဖက္ၿပီးေတာင္နပမ္းလုံးမွာဆို၊လွ်ာမရွည္နဲ႔၊ညည္းဒီေန႔ညေခါစာသြားပစ္ရမယ္၊ေအး…သရဲေတြ႕ရင္လည္းတစ္ခါတည္းနပမ္းလုံးခဲ့…
ကေလးအေမမေအးမိရဲ႕ခ်က္ေကာင္းကိုကိုင္လိုက္တဲ့စကားေၾကာင့္မေအးစိန္တစ္ေယာက္ဘာမွမေျပာရဲေတာ့ဘူး။
သရဲေတြ႕ရင္နပမ္းလုံးပစ္မယ္လို႔ပါးစပ္ေဆာ့မိတာေလ။ခံလိုက္စမ္း…ေအးစိန္ေရ…
ဒီအခ်ိန္မွာပဲသူႀကီးကေတာ္ႀကီးက…
ေခါစာပစ္ဖို႔လိုအပ္တာေျပာပါအုံးဆရာႀကီး
လို႔ဆရာခ်က္ႀကီးကိုေမးလိုက္တယ္။
ဆရာခ်က္ႀကီးကမ်က္လုံးကိုစုံမွိတ္လိုက္ရင္းခဏၾကာမွ…
ၾကက္တစ္ေကာင္လုံးကိုကလီစာမထုတ္ဘဲေၾကာ္ရမယ္၊မုန႔္ျဖဴ၊မုန႔္နီရယ္၊ေခါင္ရည္တစ္ခြက္ရယ္ကိုဇေကာတစ္ခ်က္မွာငွက္ေပ်ာ႐ြက္ခင္းၿပီးထည့္၊အဲေနဦး၊ထမင္းျဖဴတစ္ပုံပါထည့္၊ၿပီးရင္ကေလးရဲ႕ေန႔နံနဲ႔နာမည္ကိုေရ႐ြတ္ၿပီးကြင္းပိုင္ႀကီးကိုပသပါတယ္၊ကေလးမွာစြဲကပ္ေနတဲ့အေမွာင့္ေတြကိုျပန္႐ုပ္သိမ္းေပးပါလို႔႐ို႐ိုေသေသနဲ႔ေျပာ…
လို႔ေျပာဆိုၿပီးကေလးငယ္ကိုဆီမန္းတိုက္လိုက္တယ္။
ခဏၾကာေတာ့ဗိေႏၶာဆရာႀကီးဟာေျခႂကြခနဲ႔ေဆးကုသခယူၿပီးလာရာလမ္းကိုႂကြျမန္းသြားေတာ့တယ္။
မေအးစိန္တစ္ေယာက္ကေတာ့သန္းေခါင္ခ်ိန္ေခါစာပစ္ရမယ့္အေရးကိုေတြးမိၿပီးေဇာေခြၽးေတြပ်ံေနမိတယ္။

ေခါစာပစ္တဲ့ညမွာဘာျဖစ္မလဲ
ေခါစာပစ္ၿပီ…
ည…ဆယ့္ႏွစ္နာရီတိတိမွာ…
အုန္းေမာင္းေခါက္သံဆယ့္ႏွစ္ခ်က္ၾကားစဥ္မွာပဲမေအးစိန္တစ္ေယာက္ေခါစာဗန္းေခါင္းေပၚ႐ြက္ၿပီး႐ြာအေနာက္ပိုင္းကိုထြက္ခဲ့တယ္။
ေၾကာက္စိတ္ေၾကာင့္လား…အေအးဓာတ္ေၾကာင့္လားမသိဘူး။
ေျခလက္ေတြေအးစက္ၿပီးသူ႔တစ္ကိုယ္လုံးနတ္ဝင္သည္တစ္ေယာက္လိုတုန္ယင္ေနတယ္။
လူေျခတိတ္ခ်ိန္ဆိုေတာ့ပတ္ဝန္းက်င္မွာသစ္႐ြက္လႈပ္ခတ္သံကလြဲၿပီးၿငိမ္သက္ေနတယ္။
မေအးစိန္တစ္ေယာက္ေၾကာက္စိတ္နဲ႔သုတ္ေျခတင္ခဲ့တာကြင္းပိုင္ႀကီးရွိတဲ့ေညာင္ပင္ႀကီးအနားေရာက္မွန္းမသိေရာက္လာခဲ့တယ္။
ညအေမွာင္ႀကီးမွာမည္းမည္းႀကီးရွိေနတဲ့ႏြယ္ေတြ၊ဆံၿမိတ္ခ်ထားသလိုက်ေနတဲ့ေညာင္ပင္အိုႀကီးကိုျမင္ရတာမေအးစိန္အဖို႔ေတာ့သရဲ၊သဘက္ထက္ပိုၿပီးေၾကာက္ဖို႔ေကာင္းေနတယ္။
မေအးစိန္ဟာေညာင္ပင္ႀကီးရဲ႕အရင္းနားကိုကတုန္ကယင္တိုးကပ္သြားၿပီးေခါစာဗန္းခ်ဖို႔ျပင္လိုက္တယ္။
ဒီအခ်ိန္မွာပဲေမွာင္ရိပ္ထဲကလက္မည္းႀကီးတစ္စုံထြက္လာၿပီးမေအးစိန္ရဲ႕တစ္ကိုယ္လုံးကိုသိမ္းက်ဳံးဆြဲယူသြားတယ္။
အမေလး…
လို႔ငယ္သံပါေအာင္ေအာ္ဟစ္လိုက္တဲ့မေအးစိန္ရဲ႕အသံကေဆာင္းညခ်မ္းကိုဖုံးအုပ္သြားတယ္။ေခါစာဗန္းေလးကေတာ့ေညာင္ပင္ေျခရင္းမွာျပန႔္က်ဲက်န္ရစ္တယ္။
သူႀကီးဖိုးသာေအာင္တို႔လူစုကေတာ့မေအးစိန္အိမ္ျပန္အလာကိုစိုးရိမ္တႀကီးေစာင့္ေမွ်ာ္ေနၾကတယ္။
…မေအးမိနင့္ညီမသြားတာၾကာလွၿပီ၊ခုထိမလာေသးပါလား
သူႀကီးဖိုးသာေအာင္ရဲ႕စကားေၾကာင့္မေအးမိကအိပ္ခ်င္မးူတူးေလသံနဲ႔…
အေဖကလည္း…ေမြးကတည္းကဒီ႐ြာမွာေနလာတဲ့ဟာ…ဘာမွစိုးရိမ္စရာမရွိဘူး၊အေဖ့သမီးကစြာလည္းစြာတယ္၊သူႀကီးသမီးဆိုတာလည္းတစ္႐ြာလုံးေခြးကအစသိေနတာ၊ဘာမွစိတ္ပူမေနနဲ႔၊အခ်ိန္တန္ရင္ျပန္လာလိမ့္မယ္၊အေဖအိပ္စရာရွိတာသာအိပ္၊က်ဳပ္တို႔လဲအိပ္ၿပီ…
လို႔ေျပာဆိုၿပီးကေလးကိုဖက္ရင္းအိပ္ေပ်ာ္သြားရွာတယ္။
သူႀကီးဖိုးသာေအာင္ဟာမေအးမိရဲ႕စကားေၾကာင့္စိတ္သက္သာရာရသြားၿပီးသူႀကီးကေတာ္နဲ႔အတူအိပ္ရာဝင္ခဲ့ၾကတယ္။

ေနာက္ေန႔….
မနက္မွာေတာ့မေအးစိန္ေပ်ာက္တဲ့သတင္းကနဂါးစုတစ္႐ြာလုံးအုန္းအုန္းႂကြက္ႂကြက္ျဖစ္သြားတယ္။
သူႀကီးဖိုးသာေအာင္တို႔မိသားစုကေတာ့အိမ္ထဲမွာေခါင္းခ်င္း႐ိုက္ေနၾကတယ္။
ဒါေၾကာင့္ေတာ့္ကိုေျပာတာေပါ့၊ညကေအးစိန္အျပန္ေစာင့္ရေအာင္ဆိုတာခုေတာ့ကိုယ္က်ိဳးနဲၿပီရွင့္…
သူႀကီးကေတာ္ဟာ…ဒူးနဲ႔မ်က္ရည္သုတ္ရင္းေယာက္်ားျဖစ္သူကိုအျပစ္ေျပာလိုက္တယ္။
သူႀကီးဖိုးသာေအာင္ကေတာ့သူ႔အျပစ္နဲ႔သူမို႔ေခါင္းကိုတျဗင္းျဗင္းကုတ္လိုက္ၿပီး…
ေအးပါမဝိုင္းရယ္မင့္မလည္းငါ့ခ်ည္းအျပစ္ဖို႔ေနျပန္ၿပီ၊ငါလည္းညကမင္းခ်က္ေကြၽးတဲ့ငါးသေလာက္ေပါင္းနဲ႔မွ်စ္ခ်ဥ္ေတြအစားလြန္ၿပီးအိပ္ေပ်ာ္သြားလို႔ပါ
လို႔ညည္းညဴလိုက္တဲ့အခါသူႀကီးကေတာ္က
…အခုေတာ့္သမီးေပ်ာက္ေနၿပီ၊ရွင္သူႀကီးတစ္ေယာက္ျဖစ္ၿပီးဘယ္လိုရွင္းမလဲ…ေျပာက်ဳပ္သမီးမေတြ႕လို႔ကေတာ့ရွင္မလြယ္ဘူးမွတ္
လို႔ရာဇသံေပးလိုက္တယ္။
ငါလည္းဖိုးေအာင္တို႔ေခါင္းႀကီးတို႔ကာလသားတစ္စုကိုအရွာလႊတ္ထားပါတယ္ကြာ၊ေခါစာပစ္ရင္းမ်ားမင္းသမီးသူငယ္ခ်င္းအိမ္အလည္လြန္ေနသလားမွမသိတာ
သူႀကီးဖိုးသာေအာင္ရဲ႕စကားေၾကာင့္သူႀကီးကေတာ္ႀကီးဟာေဒါသငယ္ထိပ္တက္သြားၿပီး…
အမေလး…ကိုရင္…ဒါရွင္ေမြးထားတဲ့သမီးေနာ္၊ရွင့္သမီးအေၾကာင္းရွင္မသိဘူးလား၊ကေလးကညဥ့္နက္သန္းေခါင္အိမ္လည္တတ္တဲ့လူစားလားရွင့္…၊က်ဳပ္သမီးေလးကပါးစပ္သာဆိုးတာဗိုင္းေကာင္းေက်ာက္ဖိေလးရွင့္…၊႐ြာထဲမွာလည္းေျပာကုန္ၾကၿပီ၊က်ဳပ္သမီးေလးကလိပ္ျပာလွလို႔အရက္သမားတေစၦဖမ္းစားသြားတာတဲ့
လို႔ငိုႀကီးခ်က္မနဲ႔ေျပာလိုက္တယ္။
အရက္သမားတေစၦဆိုတဲ့စကားေၾကာင့္သူႀကီးဖိုးသာေအာင္ေရာမေအးမိပါမ်က္လုံးျပဴးသြားၿပီး…
အရက္သမားတေစၦဟုတ္လား၊အေမ့ကိုဘယ္သူေျပာလဲ…
လို႔မေအးမိကအထိတ္တလန႔္ေမးလိုက္တဲ့အခါသူႀကီးကေတာ္က…
ငါလည္းမသိပါဘူးေတာ္…၊ခုနက႐ြာထဲသြားၿပီးမေအးစိန္အေၾကာင္းစုံစမ္းေတာ့အေၾကာ္သည္ကုလားမေျပာလိုက္တာပဲ၊ဟိုး…တေလာကအဲဒီေညာင္ပင္ႀကီးမွာအရက္သမားငေတမူး႐ူးၿပီးသူ႔ကိုယ္သူေသေၾကာင္းႀကံခဲ့တာေလ၊အဲဒီတုန္းက…ညည္းအေဖကိုယ္တိုင္ဦးေဆာင္ၿပီးတစ္ေကာင္ႂကြက္ငေတရဲ႕အသုဘကိုခ်ေပးခဲ့တာပဲ၊ဟိုေန႔ကပဲအေၾကာ္သည္ေဒၚကုလားမကသူ႔ေျမးရွင္ျပဳဖို႔ေငြလိုတာနဲ႔ႀကံရာမရျဖစ္ၿပီးေညာင္ပင္ကကြင္းပိုင္ႀကီးဆီမွာေအာင္ဘာေလဆုႀကီးေပါက္ပါရေစဆိုၿပီးဆုေတာင္းခဲ့တယ္တဲ့၊ညေရာက္ေတာ့ေဒၚကုလားမရဲ႕အိပ္မက္ထဲကိုအရက္သမားငေတေရာက္လာၿပီးေဒၚကုလားမခင္ဗ်ားထီေပါက္ခ်င္ရင္က်ဳပ္ကိုအပ်ိဳေပးဆိုၿပီးအိပ္မက္ေပးတယ္တဲ့၊ေဒၚကုလားမေတာင္ငေတကသူ႔ကိုထီဂဏန္းေပးတာပဲဆိုၿပီး…
ထီေပါက္ခ်င္ရင္အပ်ိဳုေပးဆိုတာကိုအတိတ္ေကာက္ၿပီးေအာင္ဘာေလထီထိုးခဲ့ေသးတယ္တဲ့၊အခု…ေခါစာပစ္ရင္းမေအးစိန္ေပ်ာက္သြားေတာ့ေဒၚကုလားမကတေစၦငေတဟာတကယ္ပဲအပ်ိဳကိုဖမ္းစားသြားတာဆိုၿပီး႐ြာထဲမွာေလွ်ာက္ေျပာေနတယ္ေတာ့္…
လို႔ျပန္ေျပာတယ္။
သူႀကီးကေတာ္ရဲ႕စကားေၾကာင့္သူႀကီးဖိုးသာေအာင္ဟာတက္ေခါက္လိုက္ၿပီး…
ေတာက္…ေအးစိန္ေပ်ာက္သြားတာဗိေႏၶာဆရာႀကီးေၾကာင့္ပဲ၊ငါမေက်နပ္ဘူး၊ခ်က္ႀကီးနဲ႔စာရင္းသြားရွင္းမယ္
လို႔ႀကဳံဝါးလိုက္ၿပီးေဒါသတႀကီးထြက္သြားတယ္။
လူပုစိတ္တိုျဖစ္တဲ့ေယာက္်ာအေၾကာင္းကိုသိတဲ့သူျုကီးကေတာ္ဟာအူလ်ားဖားလ်ားေျပးလိုက္သြားတယ္။
ဗိေႏၶာဆရာခ်က္ႀကီးရဲ႕အိမ္ေရွ႕ေရာက္ေတာ့သူႀကီးဖိုးသာေအာင္ဟာအနီးမွာေတြ႕တဲ့ထင္းခြဲဓားမႀကီးကိုေကာက္ဆြဲလိုက္ၿပီး…
ေဟ့ေကာင္ခ်က္ႀကီးထြက္ခဲ့စမ္း
လို႔ေဒါသတႀကီးေအာ္ဟစ္ေခၚလိုက္တယ္။
သူႀကီးဖိုးသာေအာင္ရဲ႕အသံေၾကာင့္ဆရာခ်က္ႀကီးဟာအထိတ္တလန႔္ျဖစ္သြားၿပီးပုဆိုးကိုစြန္ေတာင္ဆြဲထြက္လာတယ္။
ေဟ့ေကာင္ခ်က္ႀကီး…မင္းေခါစာပစ္ခိုင္းလို႔ငါ့သမီးေအးစိန္ေပ်ာက္သြားၿပီ၊ဒီကိစၥကိုမင္းဘယ္လိုရွင္းမလဲ
သူႀကီးဖိုးသာေအာင္ရဲ႕ႀကိမ္းေမာင္းသံေၾကာင့္ဆရာခ်က္ႀကီးဟာမ်က္ႏွာပ်က္သြားၿပီး…
က်ဳပ္က…ကေလးအတြက္ေခါစာပစ္ခိုင္းတာပဲဗ်၊ေအးစိန္ေပ်ာက္တာက်ဳပ္နဲ႔ဘာဆိုင္လို႔လဲသူႀကီးရာ…
လို႔ျပန္ေျပာလိုက္တဲ့အခါသူႀကီးဖိုးသာေအာင္ဟာေဒါသအႀကီးအက်ယ္ထြက္သြားၿပီး
ေဟ့ေကာင္…မင္းေၾကာင့္ေအးစိန္ေပ်ာက္သြားတာကြ၊မင္းငါ့သမီးကိုေတြ႕ေအာင္ရွာေပး၊ေအး…မေတြ႕လို႔ကေတာ့ငါ့အိမ္ကထိပ္တုံးအေၾကာင္းသိတယ္ေနာ္
လို႔ႀကဳံဝါးလိုက္တယ္။
ဆရာခ်က္ႀကီးဟာထိပ္တုံးဆိုတဲ့အသံေၾကာင့္မ်က္ႏွာအႀကီးအက်ယ္ပ်က္သြားတယ္။
နဂါးစုတစ္႐ြာလုံးသူႀကီးဖိုးသာေအာင္ရဲ႕ထိပ္တုံးဆိုသိပ္လန႔္ၾကတယ္။
အဲဒီထိပ္တုံးကႏွယ္ႏွယ္ရရမဟုတ္ဘူး။
သူႀကီးဖိုးသာေအာင္တို႔အေဖလက္ထက္ကတည္းကသုံးလာတဲ့ထိပ္တုံးႀကီး…
ထိပ္တုံးအခတ္ခံရဖူးတဲ့လူေတြေျပာစကားအရထိပ္တုံးခတ္ခံရၿပီးေသသြားတဲ့သူေတြရဲ႕ဝိညာဥ္ေတြရွိတယ္တဲ့။
ည…ည…ဆိုေခြးေတြဟာထိပ္တုံးကိုၾကည့္ၿပီးထိုးေဟာင္တတ္သလိုတေစၦသရဲလည္းသိပ္ေျခာက္တယ္ဆိုပဲ…
ဒါေၾကာင့္ဆရာခ်က္ႀကီးဟာလက္တကာကာနဲ႔
မလုပ္ပါနဲ႔သူႀကီးရယ္၊ေအးစိန္ကိုက်ဳပ္ကိုယ္တိုင္ေတြ႕ေအာင္ရွာေပးပါ့မယ္၊ထိပ္တုံးေတာ့မခတ္ပါနဲ႔
လို႔ေတာင္းပန္လိုက္မိတယ္။
ဒီအခါမွာပဲသူႀကီးကေတာ္ေရာက္လာၿပီး…
ေတာ္ပါေတာ့…ကိုရင္ရယ္၊အရပ္ကၾကားလို႔မွမေကာင္းပါဘူး၊သူလည္းရွာေပးမယ္ေျပာေနတဲ့ဟာလာစမ္းပါ
လို႔ေျပာဆိုရင္းေယာက္်ားျဖစ္သူကိုဆြဲေခၚသြားတယ္။
သူႀကီးဖိုးသာေအာင္ဟာခ်က္ႀကီးကိုမေက်မခ်မ္းၾကည့္ရင္းသူႀကီးကေတာ္ရဲ႕လက္မွာပါသြားရွာတယ္။
သူႀကီးထြက္သြားေတာ့မွခ်က္ႀကီးဟာသက္ျပင္းခ်ႏိုင္ၿပီး…
…ငါ့ႏွယ္…တတ္သေလာက္မွတ္သေလာက္ပညာေလးနဲ႔လုပ္စားမိပါတယ္၊ျပႆနာကိုစုံေနတာပဲ၊ေဝဒဝိဇၨာဆရာေခါင္ဆီသြားၿပီးဇာတာစစ္ခိုင္းရဦးမယ္
လို႔မ်က္ႏွာေသေလးနဲ႔ေရ႐ြတ္လိုက္မိတယ္။

သူႀကီးကေတာ္….
တစ္ေယာက္မေအးစိန္စိတ္နဲ႔အိပ္ရာထဲဘုန္းဘုန္းလဲခဲ့ရတယ္။
သူႀကီးဖိုးသာေအာင္နဲ႔ေမေအးမိဟာဆရာေပါင္းစုံနဲ႔ကုသေပမယ့္သူႀကီးကေတာ္ကေတာ့အိပ္ရာထဲကမထႏိုင္ရွာဘူး။
ေမွာင္စပ်ိဳးခ်ိန္တစ္ခုမွာေတာ့သူႀကီးကေတာ္ႀကီးဟာၿခံဝိုင္းဘက္ကိုလွမ္းၾကည့္ရင္း…
ဟဲ့ၿခံဝကဘယ္သူတုန္း၊ဝင္လာခဲ့ေလ
လို႔လွမ္းေျပာလိုက္တယ္။
မေအးမိဟာမိခင္ရဲ႕အသံေၾကာင့္ထမင္းခ်က္ေနရာကေျပးထြက္လာၿပီး…
ဘယ္သူတုန္းအေမေမွာင္ခ်ိန္ေရာက္မွ…
လို႔ေမးလိုက္တဲ့အခါသူႀကီးကေတာ္ဟာအိပ္ယာထဲလဲလ်က္အေနအထားနဲ႔…
ဘယ္သိမလဲဟဲ့…ၿခံဝမွာလူရိပ္ေတြ႕လိုက္တယ္၊ညည္းထြက္ၾကည့္စမ္း
လို႔ခပ္ဆတ္ဆတ္ေျပာလိုက္တယ္။
မေအးမိဟာမိခင္ရဲ႕စကားေၾကာင့္အိမ္ေရွ႕ထြက္ၾကည့္လိုက္တယ္။
ဘယ္သူ႔မွမရွိဘူး။ဒါေၾကာင့္အိမ္တံခါးကိုပိတ္လိုက္ၿပီး…
…ဘယ္သူမွမရွိဘူး၊အေမ…စိတ္ထင္လို႔ျဖစ္မွာပါ
လို႔ေျပာလိုက္တဲ့အခါသူႀကီးကေတာ္ကမေအးမိကိုမ်က္ေထာင့္နီႀကီးနဲ႔ၾကည့္လိုက္ရင္း…
ဟဲ့…ငါေသခ်ာျမင္လိုက္တာပါ၊ဘယ္ႏွယ္စိတ္ထင္ရမွာလဲ
လို႔မေက်မခ်မ္းေျပာလိုက္တယ္။
မိခင္ျဖစ္သူရဲ႕အမူအရာေၾကာင့္မေအးမိဟာႏႈတ္ခမ္းစူသြားၿပီး…
အေမကေလ…ေနထိုင္မေကာင္းျဖစ္ေနတာေတာင္စိတ္မေလွ်ာ့ခ်င္ဘူး၊ေဒါသမႀကီးနဲ႔အေမေရ…ေတာ္ၾကာၿပိတၱာျဖစ္ေနဦးမယ္
လို႔ေျပာလိုက္တဲ့အခါသူႀကီးကေတာ္ႀကီးဟာမေအးမိရဲ႕ေခါင္းကိုသနပ္ခါးတုံးနဲ႔ပစ္ေပါက္လိုက္ရင္း…
မေအကိုျပန္မေျပာနဲ႔…ဗိုက္ဆာၿပီ…ထမင္းထည့္ခဲ့…
လို႔ေျပာလိုက္တယ္။
မေအးမိဟာမိခင္ျဖစ္သူရဲ႕စကားေၾကာင့္ပါးစပ္အေဟာင္းသားျဖစ္သြားၿပီး…
ဟင္…မနက္ကက်ေတာ့ထမင္းေတာင္မစားႏိုင္ဘူးဆိုၿပီးဆန္ျပဳတ္ျပဳတ္ခိုင္းတယ္၊အခု…ထမင္းစားမလို႔လား…
လို႔ေမးလိုက္တယ္။
ဒီအခါမွာသူႀကီးကေတာ္ကမေအးမိကိုစူးစိုက္ၾကည့္လိုက္ရင္း…
ငါစားခ်င္တာစားမွာေပါ့…၊ထမင္းယူခဲ့စမ္းပါေအ…ဗိုက္ဆာလွၿပီ…
လို႔ေရ႐ြတ္လိုက္တယ္။
သူႀကီးကေတာ္ဟာထမင္းဝိုင္းသူ႔ေရွ႕ေရာက္တဲ့အခါထမင္းကိုအငမ္းမရစားေတာ့တယ္။
မေအးမိတစ္ေယာက္မိခင္ျဖစ္သူကိုၾကည့္ရင္းမ်က္လုံးျပဴးလာၿပီး…
…ဟုတ္မွဟုတ္ရဲ႕လားအေမရယ္၊ထမင္းေတြအမ်ားႀကီးစားၿပီးအစာမေၾကရင္ခက္ခ်ည္ရဲ႕
လို႔ေရ႐ြတ္လိုက္တဲ့အခါသူႀကီးကေတာ္ဟာေခါင္းမေဖာ္တမ္းစားရင္းက…
ထမင္းထည့္ဦး
လို႔ေတာင္းလိုက္ျပန္တယ္။
…အေမ…အေမစားေနတာသမီးတို႔သုံးေယာက္ညစာစားဖို႔ခ်က္ထားတဲ့ဆန္ေလးလုံးခ်က္ကုန္ေနၿပီ၊အေမမဝေသးရင္ခဏေစာင့္မွရမယ္၊သမီးထမင္းတည္ရဦးမယ္
လို႔ေျပာလိုက္တဲ့အခါမွသူႀကီးကေတာ္ႀကီးဟာမ်က္ႏွာတည္သြားၿပီး
ဒါဆိုလည္းေတာ္ပါၿပီေအ…၊မနက္မွစားေတာ့မယ္၊ထမင္းစားမဝင္တာၾကာလို႔လားမသိဘူး၊ခံတြင္းေတြ႕လိုက္တာ၊မနက္စာကိုမ်ားမ်ားခ်က္ေနာ္
လို႔ေျပာလိုက္တယ္။
မေအးမိဟာမိခင္ျဖစ္သူကိုဘာမွမေျပာေတာ့ဘဲထမင္းဝိုင္းကိုသိမ္းဆည္းလိုက္တယ္။
သူႀကီးကေတာ္ဟာစားေသာက္ၿပီးအိပ္ယာထဲျပန္လွဲေနျပန္တယ္။
မေအးမိတစ္ေယာက္ပန္းကန္ခြက္ေယာက္ေဆးေၾကာၿပီးခ်ိန္မွာေတာ့…
…မေအးမိညည္းၿပီးပလား၊ၿပီးရင္ငါ့လာႏွိပ္ေပးဦး၊တစ္ကိုယ္လုံးကိုင္႐ိုက္ထားသလိုပဲ၊မလႈပ္ႏိုင္ဘူး
ဆိုတဲ့မိခင္ရဲ႕အသံကိုၾကားလိုက္ရျပန္တယ္။
ဒါေၾကာင့္လုပ္လက္စေတြကိုလက္စသတ္ၿပီးမိခင္ရွိရာကိုလာခဲ့တယ္။
မေအးမိဟာမိခင္ျဖစ္သူကိုအခ်ိန္ၾကာျမင့္စြာႏွိပ္နယ္ေပးရင္း…
သက္သာရဲ႕လားအေမ…၊ေအးစိန္အတြက္နဲ႔စိတ္ပင္ပန္းသိပ္မခံပါနဲ႔အေမရယ္၊စိတ္ေထာင္းေတာ့ကိုယ္ေၾကတယ္အေမရဲ႕…
လို႔ေျပာလိုက္တယ္။
သူႀကီးကေတာ္ကေတာ့မေအးမိကိုစကားမတုံ႔ျပန္ဘဲအသာမွိန္းေနလိုက္တယ္။
ဒီအခ်ိန္မွာပဲသူႀကီးဖိုးသာေအာင္ေရာက္လာၿပီး…
…ဟဲ့…ေအးမိ၊ညည္းအေမဘယ္လိုေနေသးလဲ…
လို႔ေမးလိုက္တယ္။
မေအးမိကမိခင္သက္သာေၾကာင္းထမင္းစားဝင္ၿပီျဖစ္ေၾကာင္းေျပာလိုက္တဲ့အခါသူႀကီးဖိုးသာေအာင္ဟာစိတ္သက္သာရာရသြားၿပီး…
ေအးေလ…သက္သာေတာ့ေကာင္းတာေပါ့၊ငါ့မလဲေအးစိန္အတြက္စိတ္ပူရတာနဲ႔၊နင့္အေမအတြက္ပူပန္ရတာနဲ႔ၾကာရင္မလြယ္ဘူး၊ေၾသာ္…ေျပာရဦးမယ္၊အေဖတစ္ဖက္႐ြာကဓာတ္႐ိုက္ဓာတ္ဆင္ဆရာပိန္ကိုပင့္ထားတယ္၊မနက္ျဖန္လာလိမ့္မယ္
လို႔ေျပာလိုက္တဲ့အခါတစ္ခ်ိန္လုံးၿငိမ္သက္ေနတဲ့သူႀကီးကေတာ္ဟာလႈပ္လႈပ္ရွားရွားျဖစ္သြားၿပီး
အို…ေတာ္ကလည္းရႈပ္ရႈပ္ယွက္ယွက္ဘာေတြေလွ်ာက္လုပ္ေနတာလဲ…
လို႔ေျပာလိုက္တယ္။
မိန္းမျဖစ္သူရဲ႕စကားေၾကာင့္သူႀကီးဖိုးသာေအာင္ဟာတအံ့တၾသျဖစ္သြားၿပီး…
အမေလးဗ်ာ…ဒါကဘယ္လိုျဖစ္ရတာတုန္း၊ဒီအိမ္မွာခင္ဗ်ားႀကီးေလာက္အၾကားအျမင္၊ေဗဒင္ဆရာေတြနဲ႔ပတ္သက္တဲ့သူမရွိဘူး…၊အံ့ခ်က္ဗ်ာ…
လို႔ေရ႐ြတ္လိုက္မိတယ္။
သူႀကီးဖိုးသာေအာင္ရဲ႕စကားေၾကာင့္သူႀကီးကေတာ္ဟာေလသံတိုးသြားၿပီး…
ေၾသာ္…ကိုရင္ရယ္ေအးစိန္ေပ်ာက္သြားတာဆရာခ်က္ႀကီးမဟုတ္လား…၊ဒါကိုေတြးမိၿပီးေျပာလိုက္တာပါေတာ္၊ဆရာပိန္နဲ႔ဘာဆိုင္လို႔တုန္း
လို႔ဆိုၿပီး…ေစာင္ႀကီးေခါင္းၿမီးၿခဳံအိပ္ေနလိုက္တယ္။
သူႀကီးဖိုးသာေအာင္ဟာသမီးစိတ္ေၾကာင့္စိတ္ကေယာက္ကယက္ျဖစ္ေနတဲ့မိန္းမျဖစ္သူကိုၾကည့္ရင္းစိတ္မေကာင္းျဖစ္ေနမိတယ္။

မနက္မွာေတာ့…ဓာတ္႐ိုက္၊ဓာတ္ဆင္ဆရာပိန္ဟာတပည့္ေတြၿခံရံၿပီးသူႀကီးအိမ္ကိုႂကြလာတယ္။
မေအးမိဟာပိုးပုဆိုးတျပာင္ေျပာင္…ေ႐ႊေတြၿပိဳးၿပိဳး့ျပက္ျပက္နဲ႔ဆရာပိန္ကိုၾကည့္ရင္း…
အေဖတစ္ေယာက္ေဗဒင္ဆရာနဲ႔နတ္ကေတာ္မွားပင့္လာၿပီထင္တယ္
လို႔ေတြးလိုက္မိတယ္။
သူႀကီးဖိုးသာေအာင္ဟာဆရာပိန္နဲ႔တပည့္ေတြကိုျမင္တဲ့အခါဝမ္းသာအားရခရီးဦးႀကိဳျပဳရင္း…
…ႂကြပါဆရာႀကီး၊အိမ္ဦးခန္းကိုႂကြပါ
လို႔ေလာကြတ္ျပဳလိုက္တယ္း
ဆရာပိန္အိမ္အတက္ေလွကားနားေရာက္ေတာ့တပည့္တစ္ေယာက္က…
အိမ္ေပၚမတက္ခင္ေျခလက္ေဆးမယ္၊ဆရာႀကီးအတြက္နံ႔သာျဖဴေရစီစဥ္ေပး
လို႔ေတာင္းဆိုလိုက္တယ္။
…သမီးေရ…ေအးမိ၊ဆရာႀကီးအတြက္နံ႔သာျဖဴလုပ္ေပးပါဦးကြယ္
သူႀကီးဖိုးသာေအာင္ကမေအးမိကိုလွမ္းေျပာလိုက္တယ္။
…အမေလး…အိမ္ေပၚေတာင္မေရာက္ေသးဘူး၊ႀကီးက်ယ္ေနလိုက္တာ…
ဟြန္း…သူမ်ားေတြမ်က္ႏွာလိမ္းတဲ့နံ႔သာျဖဴနဲ႔မ်ားေျခေထာက္ေဆးခ်င္ရေသး၊အံ့ပါ့…
မေအးမိတစ္ေယာက္တည္း
တစ္ကိုယ္တည္းေရ႐ြတ္ရင္းနံ႔သာျဖဴေရယူေပးလိုက္တယ္။
ဆရာပိန္ဟာမေအးမိေသြးထားတဲ့နံ႔သာျဖဴရည္နဲ႔ေျခလက္ေဆးေၾကာၿပီးအိမ္ေပၚတက္သြားတယ္။
အိမ္ေပၚေရာက္တဲ့အခါတပည့္တစ္ဦးကဆရာပိန္ထိုင္ဖို႔အတြက္အသင့္ယူလာတဲ့ကတၱီပါအနီစႀကီးကိုသင္ျဖဴးဖ်ာေပၚထပ္ခင္းေပးျပန္တယ္။
ဆရာပိန္ဟာအိမ္ဦးခန္းမွာမိန႔္မိန႔္ႀကီးထိုင္ေနခ်ိန္မွာေတာ့သူႀကီးဖိုးသာေအာင္ဟာအထင္ႀကီးစိတ္အျပည့္နဲ႔ဆရာပိန္ေရွ႕ဒူးတုပ္ထိုင္လိုက္တယ္။
ခင္ဗ်ားတို႔အိမ္မသန႔္ဘူး၊တစ္အိမ္လုံးတေရာ္ကင္ပြန္းနဲ႔ေဆးပစ္ရမယ္
လို႔ေျပာလိုက္တဲ့အခါမေအးမိကဝင္ၿပီး…
သန႔္ပါတယ္ဆရာရဲ႕၊က်ဳပ္တို႔ကမိုးလင္းတာနဲ႔ၾကမ္းကိုေျပာင္ေအာင္တိုက္ၿပီးၿပီ၊ၾကည့္ပါလားဆရာ၊ဖုန္တစ္စက္ေတြ႕လို႔လား
လို႔ခနဲ႔တဲ့တဲ့ေျပာလိုက္တဲ့အခါဆရာပိန္ဟာမ်က္ႏွာႀကီးနီျမန္းသြားၿပီး…
ေျခႏွစ္ေခ်ာင္းထြက္ကိန္းရွိတယ္လို႔ထပ္ေျပာျပန္တယ္။
…ဟုတ္တယ္…ဆရာႀကီးမေအးစိန္ေပ်ာက္ေနေတာ့ေျခႏွစ္ေခ်ာင္းထြက္တာေပါ့
သူႀကီးရဲ႕စကားကိုဆရာပိန္ကေခါင္းရမ္းျပလိုက္ၿပီး…
…ေအးစိန္ကိုေျပာတာမဟုတ္ဘူး၊ေနာက္ထပ္ထြက္ဦးမွာ…
လို႔ေျပာလိုက္တဲ့အခါသူႀကီးဟာမိန္းမအတြက္စိုးရိမ္သြားၿပီး….
…က်ဳပ္မိန္းမကသူ႔သမီးစိတ္နဲ႔အိပ္ယာထဲလဲေနတာပါ၊ကယ္ပါဦးဆရာရယ္၊က်ဳပ္တို႔ဘာဆက္လုပ္ရမလဲ
လို႔ထိတ္ထိတ္ပ်ာပ်ာေမးလိုက္မိတယ္။
သူႀကီးရဲ႕အားကိုးတႀကီးအေမးေၾကာင့္ဆရာပိန္တစ္ေယာက္အခ်ိဳရွာသကာေတြ႕သြားၿပီး…
ဒီအတြက္က်ဳပ္…အေကာင္းဆုံးဓာတ္႐ိုက္ေပးခဲ့မယ္၊အဲ…ဉာဏ္ပူေဇာ္ခကေတာ့ေ႐ႊတစ္က်ပ္သားတင္မွရမွာေနာ္…၊တတ္ႏိုင္ရဲ႕လား
လို႔ေမးလိုက္တဲ့အခါသူႀကီးဟာမခံခ်င္ျဖစ္သြားၿပီး…
ေ႐ႊတစ္က်ပ္သားေလာက္ေတာ့ဖိုးသာေအာင္တို႔ကမမႈေသးဘူး၊က်ဳပ္မိန္းမအသက္ကိုသာကယ္တင္ေပးပါ၊ေပးမယ္
လို႔ေျပာလိုက္တယ္။
ဖခင္ရဲ႕ကတိစကားေၾကာင့္မေအးမိတစ္ေယာက္ရင္ဘက္ဖိလိုက္ရင္း…
အေဖဘာေတြေျပာေနတာလဲ၊ေ႐ႊတစ္က်ပ္သားဆိုတာမနည္းဘူးေနာ္၊ၾကည့္လုပ္ဦး…
လို႔ေလသံနဲ႔ေျပာလိုက္တယ္။
ဆရာပိန္ရဲ႕တပည့္တစ္ေယာက္ကမေအးမိေျပာတဲ့စကားကိုၾကားသြားၿပီး…
လူ႔အသက္ကေ႐ႊနဲ႔မလဲႏိုင္ဘူးေနာ္၊အစိမ္းသရဲကခင္ဗ်ားအေမရဲ႕အသက္ကိုႏႈတ္သြားမွဒုကၡေရာက္မယ္
လို႔ၿခိမ္းေျခာက္သလိုေျပာလိုက္တဲ့အခါသူႀကီးဖိုးသာေအာင္ဟာမ်က္ႏွာပ်က္သြားရင္း…
က်ဳပ္…ေ႐ႊတစ္က်ပ္သားတင္မယ္၊က်ဳပ္မိန္းမအသက္ကိုသာကယ္တင္ေပးပါ
လို႔ေျပာလိုက္ျပန္တယ္။
ဒီအခါမွာဆရာပိန္းဟာအိတ္အတြင္းကအေဆာင္ပစၥည္းတစ္ခုကိုထုတ္လိုက္ရင္း…
…ဒါအင္းတစ္မ်ိဳးပဲ၊ဒါကိုေလွကားအတက္အဆင္းမွာျမႇဳပ္ထားလိုက္
လို႔ေျပာၿပီးသူႀကီးလက္ထဲထည့္လိုက္တယ္။
သူႀကီးလည္းအင္းခ်ပ္ေလးလက္မွာကိုင္ရင္းဆရာပိန္ထံေ႐ႊတစ္က်ပ္သားကိုေက်ေက်နပ္နပ္ႀကီးေပးအပ္လိုက္ေတာ့တယ္။

မေအးမိ….
တစ္ေယာက္ေျပာင္သလင္းခါေနတဲ့ထမင္းဟင္းအိုးကိုၾကည့္ၿပီး….
အမေလး…အေဖေရ…လုပ္ပါဦးေတာ့
လို႔ေအာ္ဟစ္လိုက္တယ္။
မေအးမိေအာ္သံေၾကာင့္သူႀကီးဖိုးသာေအာင္ဟာထိတ္လန႔္သြားၿပီးမီးဖိုထဲေျပးဝင္ခဲ့တယ္။
ဟဲ့…ဟဲ့…ဘာျဖစ္တာလဲ
ဖခင္ရဲ႕အေမးေၾကာင့္မေအးမိဟာမ်က္လုံးအျပဴးသားနဲ႔…
က်ဳပ္…က်ဳပ္…မနက္စာခ်က္ျပဳတ္ထားတာေတြမရွိေတာ့ဘူး…လို႔ေျပာလိုက္တဲ့အခါသူႀကီးဖိုးသာေအာင္ဟာ
ဟာခနဲျဖစ္သြားၿပီ…
ေဟ…မရွိဘူး…ဟုတ္လား…ေခြးမ်ားတက္ဆြဲသလားဟဲ့
လို႔ေမးလိုက္မိတယ္။
အို…အေဖကလည္းအိမ္ေပၚကိုဘယ္လိုလုပ္ေခြးတက္ဆြဲမလဲ…
မေအးမိရဲ႕စကားမဆုံးခင္မွာဘဲ
အဲဒါငါစားလိုက္တာ၊ဗိုက္ဆာလို႔အကုန္စားပစ္လိုက္တယ္
သူႀကီးကေတာ္ရဲ႕လွမ္းေျပာလိုက္တဲ့စကားေၾကာင့္သားအဖႏွစ္ေယာက္အႀကီးအက်ယ္အံၾသသြားၾကတယ္။
…အေဖ…အေမ့ၾကည့္ရတာအပမွီေနလားမသိဘူး၊အိပ္ရာထဲလဲေတာ့မွထမင္းေတြပိုစားေနတယ္၊အေဖၾကည့္လုပ္ဦးေနာ္
မေအးမိရဲ႕စကားေၾကာင့္သူႀကီးဖိုးသာေအာင္ဟာစဥ္စားရၾကပ္သြားၿပီး…
နလန္ထစလူမမာဆိုေတာ့ခံတြင္းလိုက္ေနတာျဖစ္မွာေပါ့၊ညည္းအစိုးရိမ္လြန္ေနတာပါေအးမိရယ္
လို႔ေျပာလိုက္တဲ့အခါမေအးမိကတစ္စုံတစ္ခုကိုသတိရဟန္နဲ႔…
အရင္ကအေမဟာဘယ္ေတာ့မွအနင္းအႏွိပ္ခံတာမဟုတ္ဘူး၊အခုဆိုသမီးအားတာနဲ႔ႏွိပ္ခိုင္းေတာ့တာပဲ၊မဟုတ္မွလြဲေရာအေမ့ကိုဖုတ္မ်ားဝင္ေနလားမသိဘူး၊က်ဳပ္ၾကားဖူးတာေတာ့ဖုတ္ဝင္ရင္ထမင္းတအားစားၿပီးလူ႔အသားကိုထိေနရမွေနႏိုင္တာတဲ့
လို႔ထင္ေၾကးေပးလိုက္တယ္။
သမီးျဖစ္သူရဲ႕စကားေၾကာင့္သူႀကီးဖိုးသာေအာင္တစ္ေယာက္မ်က္ခုံးႀကီးေတြျမင့္တက္သြားၿပီး…
ဟင္…ေအးမိကိုယ့္အေမကိုယ္ဒီလိုေျပာရသလား၊မဟုတ္တမ္းတရားေတြေလွ်ာက္မေျပာနဲ႔၊မေန႔ကပဲဓာတ္႐ိုက္ဓာတ္ဆင္ဆရာပိန္ကိုအစီအရင္ေတြလုပ္ခိုင္းထားတာ၊နင္စိတ္ထင္လို႔ျဖစ္မွာပါ…
လို႔ျငင္းဆန္လိုက္တဲ့အခါမေအးမိကႏႈတ္ခမ္းကိုမဲ့လိုက္ၿပီး…
…အေဖကသာဆရာပိန္ကိုသိပ္အထင္ႀကီးေနတာ၊က်ဳပ္ေတာ့ဒင္းကိုဆရာလိမ္လို႔ပဲထင္တယ္၊အေဖသူ႔ကိုအရမ္းယုံၾကည္ေနမွန္းသိလို႔က်ဳပ္မေန႔ကဘာမွမေျပာတာ၊တကယ္ဆိုဘာမွန္းမသိဘဲနဲ႔ေ႐ႊတစ္က်ပ္သားကိုပက္ခနဲမေပးသင့္ဘူး
လို႔ေျပာလိုက္မိတယ္။
ဒီအခါမွာအ႐ိုးခံႀကီးျဖစ္တဲ့သူႀကီးဖိုးသာေအာင္ကသက္ျပင္းခ်မိရင္း…
အေဖလည္းမေျပာတတ္ေတာ့ပါဘူးသမီးရယ္၊မေအးစိန္ေပ်ာက္သြားလို႔စိတ္ေသာကေရာက္ေနရတဲ့အထဲညည္းအေမကပါအိပ္ရာထဲလဲေတာ့အေဖလဲပူထူေနတာအမွန္ပဲ၊ဆရာလိမ္ဆိုလည္းအလႉလုပ္တယ္လို႔မွတ္လိုက္ပါ၊သူ႔ၾကမၼာသူ႔အက်ိဳးေပးမွာပါ၊အခုညည္းအေမကိစၥဘယ္လိုလုပ္ၾကမလဲ…
လို႔ေမးလိုက္တဲ့အခါမေအးမိက
အခုေတာ့ဘာမွမလုပ္နဲ႔ဦးအေဖ၊က်ဳပ္အေျခအေနေစာင့္ၾကည့္ဦးမယ္
လို႔ေျပာလိုက္တယ္။
သူႀကီးဖိုးသာေအာင္တစ္ေယာက္ရင္ေမာစြာနဲ႔ပဲမေအးမိအနားကထြက္ခဲ့မိတယ္။
…ဘုရား…ဘုရား…ဘယ္လိုၾကမၼာဆိုးမ်ားငါ့အိမ္ကိုေမႊေနပါလိမ့္

သူႀကီးကေတာ္…
အိပ္ရာထဲလဲတဲ့သတင္းကနဂါးစုတစ္႐ြာလုံးပ်ံ႕ႏွံ႔ေနတယ္။
သူႀကီးဖိုးသာေအာင္ဟာမိန္းမျဖစ္သူအေၾကာင္းကိုဖုံးဖိထားေပမဲ့႐ြာသားေတြနားထဲသတင္းကေပါက္ၾကားသြားတယ္။
ဒါေၾကာင့္သူႀကီးအိမ္မွာသတင္းေမးသူေတြစုၿပဳံေနတယ္။
အေၾကာ္သည္ေဒၚကုလားမကသူႀကီးကေတာ္ႀကီးနားထိုင္ေနရင္း…
ဘယ္လိုျဖစ္တာလဲသူႀကီးကေတာ္ရယ္၊ေအးစိန္ေပ်ာက္သြားတာနဲ႔အိပ္ယာထဲလဲေတာ့တာပဲ၊ေပ်ာက္ေသာသူရွာရင္ေတြ႕တဲ့၊သူႀကီးတို႔ဆရာခ်က္ႀကီးတို႔လည္းေနရာအႏွံ႔လူလႊတ္ရွာေနၾကတာပဲ၊တရားနဲ႔ေျဖပါသူႀကီးကေတာ္ရယ္၊သူႀကီးကေတာ္စားခ်င္တာရွိရင္ေျပာေလ၊က်ဳပ္ကိုယ္တိုင္လုပ္ခဲ့ေပးမယ္
လို႔ကရားေရလႊတ္ေျပာလိုက္တဲ့အခါသူႀကီးကေတာ္ႀကီးဟာေလသံတီးတိုးနဲ႔…
အိမ္ကေအးမိတို႔မ်ားမေအအိပ္ယာထဲလဲေနယုံနဲ႔ျငဴစူခ်င္ေနၿပီ၊ရွင္တို႔ေလာက္သာက်ဳပ္သမီးေတြသိတတ္ရင္ေသေပ်ာ္ပါၿပီေတာ္
လို႔ေျပာလိုက္တယ္။
ဒီအခါစပ္စုတတ္တဲ့ေဒၚကုလားမကသူႀကီးကေတာ္ႀကီးကိုႏွိပ္နယ္ေပးရင္း…
ဟင္…မေအးမိကမေအလဲေနတာေတာင္မလုပ္ေပးဘူးလား…
လို႔ေမးလိုက္တဲ့အခါသူႀကီးကေတာ္ႀကီးကလက္ကိုခါျပရင္း…
မေျပာခ်င္ပါဘူးေအ၊မေအကဟိုဟာေလးစားခ်င္ပါတယ္ဆိုလဲမၾကားခ်င္ေယာင္ေဆာင္ေနတာေတာ့္၊သမီးဆိုတာမီးေတြပါေအ၊ဘာမွကိုအားမကိုးရဘူး
လို႔ေျပာလိုက္ျပန္တယ္။
သူႀကီးကေတာ္ရဲ႕စကားေၾကာင့္ေဒၚကုလားမဟာမ်က္ႏွာလုပ္ခ်င္တဲ့စိတ္နဲ႔…
သူႀကီးကေတာ္ဘာစားခ်င္လဲ၊က်ဳပ္ကိုေျပာ…၊ဘယ္ႏွယ့္…တစ္ခါတစ္ေလေနမေကာင္းတာပဲေတာ္၊မေအးမိတို႔မ်ားလုပ္ေပးသင့္တာေပါ့
လို႔ေျပာလိုက္တဲ့အခါသူႀကီးကေတာ္က
…က်ဳပ္အမဲသားနဲ႔ပဲေရာခ်က္တာစားခ်င္လိုက္တာ…
လို႔ေျဖလိုက္တယ္။
ေဒၚကုလားမလည္းသူႀကီးကေတာ္စားခ်င္တာကိုအခုခ်က္ခ်င္းေပးမယ္လို႔ကတိခံၿပီးျပန္သြားတယ္။
ခဏၾကာေတာ့ေဒၚကုလားမတစ္ေယာက္အမဲဟင္းခ်က္ဇလုံႀကီးကိုင္ၿပီးေရာက္လာျပန္တယ္။
မေအးမိတစ္ေယာက္ဇလုံကိုင္ၿပီးအိမ္ေပၚတက္လာတဲ့ေဒၚကုလားမကိုေတြ႕တဲ့အခါ…
ေဒၚႀကီးဘာေတြတုန္း…
လို႔ေမးလိုက္မိတယ္။
သူႀကီးကေတာ္စားခ်င္တယ္ဆိုလို႔အမဲဟင္းခ်က္လာပို႔တာ
ေဒၚကုလားမစကားေၾကာင့္မေအးမိဟာတအံတၾသျဖစ္သြားၿပီး…
ဘာ….အေမကအမဲဟင္းခ်က္စားခ်င္တယ္၊ဟုတ္လား
လို႔အထိတ္တလန႔္ေအာ္လိုက္မိတယ္။
မေအးမိေအာ္လိုက္တဲ့အသံေၾကာင့္ေဒၚကုလားမတစ္ေယာက္လန႔္ဖ်ပ္သြားၿပီး…
ဟဲ့…ဟဲ့…ဘာလို႔ဒီေလာက္ေအာ္ရတာလဲ၊ေရာ့…ေရာ့…ဇလုံယူထား၊ငါျပန္မယ္
လို႔ေျပာဆိုရင္းဇလုံကိုလွမ္းေပးၿပီးလွည့္ျပန္ခဲ့တယ္။
အေမ…အမဲဟင္းခ်က္စားမလို႔ဆို၊ေဒၚကုလားမလာပို႔သြားတယ္
မေအးမိရဲ႕အသံေၾကာင့္အိပ္ရာထဲလဲေနတဲ့သူႀကီးကေတာ္က…
အေမစားခ်င္တာမဟုတ္ပါဘူး၊ေဒၚကုလားမကေသြးအားေကာင္းေအာင္စားခိုင္းလို႔ပါ
လို႔ေလသံတီးတိုးေျပာလိုက္တဲ့အခါမေအးမိက
…အေမေနာ္…က်ဳပ္တို႔တစ္အိမ္လုံးေျခေလးေခ်ာင္းသားေရွာင္တာသိရဲ႕နဲ႔…၊ေနာက္မစားပါနဲ႔
လို႔မေက်မခ်မ္းေျပာလိုက္တယ္။
ဒီအခ်ိန္မွာပဲသူႀကီးဖိုးသာေအာင္ေရာက္ရွိလာတယ္။
မေအးမိကဖခင္ကိုလက္တို႔ေခၚၿပီးေနာက္ေဖးဘက္ေရာက္ေတာ့မွ…
…က်ဳပ္တို႔ေတြးတာမွန္ေနၿပီအေဖ၊အေမေဒၚကုလားမကိုအမဲဟင္းခ်က္စားခ်င္တယ္ေျပာလို႔အခုပဲလာပို႔သြားတယ္
လို႔တီးတိုးေျပာလိုက္တဲ့အခါသူႀကီးဖိုးသာေအာင္ဟာေခါင္းနပမ္းႀကီးသြားၿပီး…
…ဒီအတိုင္းဆို…ညည္းေျပာတဲ့အတိုင္းျဖစ္ေနၿပီထင္တယ္၊တို႔တစ္အိမ္လုံးအမဲသားမွမစားၾကတာ၊ဘယ္လိုလုပ္ၾကမလဲ…
လို႔ျပန္ေမးလိုက္မိတယ္။
ဒီအခါမွာမေအးမိက…
ေတာင္ပိုင္းမွာပေယာဂဆရာရွိတယ္လို႔က်ဳပ္ၾကားတယ္၊အဲဒီဆရာကိုသြားေခၚမယ္အေဖ
လို႔ေျပာလိုက္တဲ့အခါသူႀကီးဖိုးသာေအာင္က
ေ႐ႊတစ္က်ပ္သားတင္ေနရဦးမယ္ေနာ္၊
ငါေတာ့ဆရာဆိုလန႔္ေနၿပီ…
လို႔ေျပာလိုက္ရွာတယ္။
…အို…အေဖကလည္း၊က်ဳပ္ကေသခ်ာစုံစမ္းၿပီးမွေခၚလာမွာပါ၊အေဖသာအိမ္မွာအေမ့ကိုခဏၾကည့္ထား
ေျပာဆိုၿပီး႐ြာေတာင္ပိုင္းကိုထြက္ခဲ့တယ္။
ေတာင္ပိုင္းေရာက္ေတာ့ဆရာႀကီးကိုအက်ိဳးအေၾကာင္းရွင္းျပၿပီးခ်က္ခ်င္းေခၚခဲ့တယ္။
နဂါးစု႐ြာထဲအဝင္မွာေတာ့႐ြာသားေတြဟာပေယာဂဆရာနဲ႔သူႀကီးသမီးကိုၾကည့္ၿပီးအခ်င္းခ်င္းတီးတိုးေဝဖန္ၾကကုန္တယ္။
…သူႀကီးသမီးပေယာဂဆရာပင့္လာတယ္ေဟ့…၊သူႀကီးကေတာ္တေစၦပူးေနၿပီထင္တယ္
ဆိုတဲ့စကားကတစ္႐ြာလုံးပ်ံ႕ႏွံ႔သြားေတာ့တယ္။
သူႀကီးအိမ္ေရာက္ေတာ့ပေယာဂဆရာႀကီးကဘုရားစင္ေရွ႕ေျခခ်ိတ္ထိုင္ရင္း…
လူနာကိုငါ့ေရွ႕ေခၚခဲ့စမ္း
လို႔ေျပာလိုက္တဲ့အခါသူႀကီးဖိုးသာေအာင္ကမိန္းမျဖစ္သူနားကပ္သြားၿပီး…
…မိန္းမေရ…နင့္ေရာဂါကဒီတိုင္းေနလို႔မရဘူး၊ေဆးကုရလိမ့္မယ္၊အျပင္မွာဆရာေရာက္ေနတယ္၊ခဏအျပင္ထြက္လိုက္ေနာ္…
လို႔ေျပာလိုက္တယ္။
ဒီအခါမွာသူႀကီးကေတာ္ကမ်က္ႏွာႀကီးတင္းမာသြားၿပီး…
ဘာလို႔ကုရမာလဲ၊က်ဳပ္မွာဘာေရာဂါမွမရွိဘူး၊မထြက္ဘူး…မထြက္ဘူး…
လို႔ျငင္းဆန္လိုက္တယ္။
သူႀကီးဟာမိန္းမျဖစ္သူကိုအမ်ိဳးမ်ိဳးေခ်ာ့ေမာ့ေခၚေပမယ့္မရဘူး။
ဒါေၾကာင့္အိမ္ေရွ႕ျပန္ထြက္ခဲ့ၿပီး…
အျပင္မထြက္ဘူးလုပ္ေနတယ္ဆရာ၊က်ဳပ္ဘယ္လိုေျပာေျပာမရဘူး
လို႔ေျပာလိုက္တဲ့အခါဆရာႀကီးကအသင့္ယူလာတဲ့ေဆးႀကိမ္လုံးကိုေဝွ႔ယမ္းလိုက္ၿပီး…
အျပင္မထြက္ေတာ့လည္းက်ဳပ္တို႔ဝင္သြား႐ုံပဲရွိတာေပါ့၊ကဲ…ခင္ဗ်ားတို႔လိုက္ခဲ့
လို႔ေျပာၿပီးအိပ္ခန္းထဲဝင္သြားတယ္။
သူႀကီးဖိုးသာေအာင္ဟာဆရာႀကီးရဲ႕လက္ကႀကိမ္လုံးၾကည့္ၿပီး
ဒီ…ႀကိမ္လုံးကက်ဳပ္မိန္းမကို႐ိုက္ဖို႔လား
လို႔ေမးလိုက္တဲ့အခါ…
…ခင္ဗ်ားမိန္းမကစြဲကပ္ေနတဲ့မေကာင္းဆိုးဝါးကိုက်ဳပ္ကေဟာဒီေဆးႀကိမ္လုံးနဲ႔ႏွင္ရမွာဗ်၊ခင္ဗ်ားမိန္းမကို႐ိုက္တာမဟုတ္ဘူး
ပေယာဂဆရာရဲ႕စကားေၾကာင့္သူႀကီးဖိုးသာေအာင္တစ္ေယာက္မ်က္စိမ်က္ႏွာပ်က္သြားၿပီး…
…ဆရာ…က်ဳပ္မိန္းမနာေအာင္ေတာ့မ႐ိုက္ပါနဲ႔ေနာ္၊က်ဳပ္မၾကည့္ရက္ဘူး
လို႔ေျပာလိုက္တဲ့အခါပေယာဂဆရာက…
…ခင္ဗ်ားမိန္းမေရာဂါေပ်ာက္ခ်င္တယ္မွတ္လား၊ေဘးမွာထိုင္ၾကည့္ေန၊ဘာမွဝင္မေျပာပါနဲ႔၊က်ဳပ္ကဆိုင္ရာပိုင္ရာေတြကိုအာ႐ုံျပဳၿပီးအလုပ္လုပ္ရမွာ၊အာ႐ုံပ်က္တယ္…
လို႔ေျပာလိုက္တယ္။
ပေယာဂဆရာရဲ႕စကားေၾကာင့္သူႀကီးဖိုးသာေအာင္လည္းဘာမွမေျပာေတာ့ဘဲၿငိမ္ေနလိုက္တယ္။
ပေယာဂဆရာကိုျမင္တဲ့အခါသူႀကီးကေတာ္ဟာေစာင္ကိုတင္းေနေအာင္ဆြဲၿခဳံလိုက္ရင္း…
ထြက္သြား…ထြက္သြား…မေတြ႕ခ်င္ဘူး၊အခုထြက္သြား
လို႔ေမာင္းႏွင္ထုတ္လိုက္တယ္။
ေအာင္မယ္…ထစမ္း၊ငါ့မ်က္ႏွာကိုခုခ်က္ခ်င္းထၾကည့္စမ္း၊ေကာင္းေကာင္းေျပာေနတယ္ေနာ္၊ခုခ်က္ခ်င္းထ…မဟုတ္လို႔ကေတာ့ဝိဇၨာရွစ္ေသာင္းေဆးႀကိမ္လုံးနဲ႔ေတြ႕သြားမယ္၊ထစမ္း
လို႔ေငါက္လိုက္ၿပီးႀကိမ္လုံးနဲ႔ၾကမ္းကိုျဖန္းခနဲ႐ိုက္လိုက္တယ္။
ႀကိမ္လုံးဆိုတဲ့အသံေၾကာင့္သူႀကီးကေတာ္ဟာမ်က္ႏွာရႈံမဲ့သြားၿပီးသူႀကီးကိုအားကိုးတႀကီးလွမ္းအၾကည့္
…ကဲေျပာစမ္း၊နင္ဘယ္သူလဲ…၊ဘာေၾကာင့္ဒီအိမ္ကိုေႏွာက္ယွက္ရတာလဲ…
ပေယာဂဆရာႀကီးကပါးစပ္ကလည္းေျပာ…လက္ကလည္းႀကိမ္းလုံးနဲ႔သူႀကီးကေတာ္ရဲ႕တင္ပါးကိုျဖန္းခနဲ႐ိုက္လိုက္တယ္။
…အမေလး…ေသပါၿပီေတာ့္၊ကိုရင္…က်ဳပ္ကိုႏွိပ္စက္ေနတာရွင္ၾကည့္ေနရသလား၊လုပ္ပါဦးေတာ့္
သူႀကီးကေတာ္ကငိုႀကီးခ်က္မနဲ႔လွမ္းေျပာလိုက္တဲ့အခါသူႀကီးဖိုးသာေအာင္ဟာစိတ္မေကာင္းစြာနဲ႔…
နင့္ေရာဂါေပ်ာက္ဖို႔ပါမိဝိုင္းရယ္၊ငါ့ကိုစိတ္မခုပါနဲ႔…
လို႔ေျပာလိုက္မိတယ္။
ပေယာဂဆရာႀကီးဟာသူႀကီးကေတာ္ရဲ႕မ်က္ႏွာကိုစူစိုက္ၾကည့္ၿပီး…
…ေကာင္းေကာင္းေမးေနတယ္၊ေျဖစမ္း…နင္ဘယ္သူလဲ…
လို႔ထပ္ေမးလိုက္ျပန္တယ္။
ဘယ္သူကမလဲ၊မိဝိုင္းတဲ့တစ္ဝိုင္းထဲရွိတယ္၊ဖိုးသာေအာင္မိန္းမမိဝိုင္း
သူႀကီးကေတာ္ရဲ႕အေျဖေၾကာင့္ဆရာႀကီးဟာေဒါသထြက္သြားၿပီး…
…နင္ကပ္ေနတဲ့လိပ္ျပာရွင္ကိုေမးတာမဟုတ္ဘူး၊နင့္ကိုေမးေနတာ၊မေကာင္းဆိုးဝါးေကာင္ရဲ႕
လို႔ေျပာၿပီးတ႐ႊမ္း႐ႊမ္း႐ိုက္ႏွက္ျပန္တယ္။
သူႀကီးကေတာ္ဟာဆရာႀကီးရဲ႕စကားေၾကာင့္မ်က္လုံးျပဴးသြားမိတယ္။တစ္ခုခုေတာ့လြဲမွားေနတာေသခ်ာၿပီဆိုတာရိပ္စားမိလိုက္တယ္။ဒါေပမယ့္ႀကိမ္လုံးနဲ႔အ႐ိုက္ခံလိုက္ရတဲ့အတြက္…
သူႀကီးကေတာ္ဟာအရပ္ရွစ္မ်က္ႏွာၾကားမတတ္ေအာ္ဟစ္ငိုယိုေနတယ္။
သူႀကီးကေတာ္ဟာပေယာဂဆရာရဲ႕႐ိုက္ခ်က္ကိုသည္းမခံႏိုင္တဲ့အဆုံးမွာေတာ့…
…က်ဳပ္စိတ္မထိန္းႏိုင္ေတာ့ဘူးေနာ္၊က်ဳပ္ကိုအသားလြတ္႐ိုက္တဲ့လူ…မိဝိုင္းတဲ့တစ္ဝိုင္းတည္းရွိတယ္…ကဲဟယ္…
လို႔ေျပာေျပာဆိုဆိုႀကိမ္လုံးကိုဆြဲလုၿပီးဆရာႀကီးရဲံ့ေက်ာကိုျဖန္းခနဲ႐ိုက္ခ်လိုက္တယ္။
ဆရာႀကီးဟာႀကိမ္လုံးနဲ႔အ႐ိုက္ခံရတဲ့အတြက္အေျခအေနမဟန္မွန္းရိပ္စားမိသြားၿပီး…
…ဟာ…က်ဳပ္ကိုျပန္ေဆာ္တယ္ဟ၊မရဘူး…မေကာင္းဆိုးဝါးကဝါရင့္ေနၿပီဗ်၊က်ဳပ္ျပန္မယ္…ျပန္မယ္
လို႔ေရ႐ြတ္ၿပီးတင္ပါးနဲ႔ဖေနာင့္တစ္သားတည္းက်ေအာင္ေျပးေတာ့တယ္။
႐ြာသားေတြကသူႀကီးအိမ္ကအူလ်ားဖားလ်ားေျပးထြက္လာတဲ့ပေယာဂဆရာကိုၾကည့္ၿပီးနားမလည္ႏိုင္ေအာင္ျဖစ္ေနမိတယ္။
ပေယာဂဆရာထြက္သြားခ်ိန္မွာေတာ့သူႀကီးကေတာ္ဟာအိပ္ရာထဲဘုန္းခနဲလွဲခ်လိုက္ၿပီး…
ကာလနာဆရာႀကီး…လူကိုအသာလြတ္႐ိုက္သြားတယ္၊နာလိုက္တာ…
ေအးမိဒါညည္းလက္ခ်က္မဟုတ္လား၊အံ့ပါရဲ႕ေအ၊မေအကိုလူစင္စစ္ကေနဖုတ္သရဲျဖစ္ေအာင္ေျပာတာညည္းတစ္ေယာက္ပဲရွိတယ္၊ညည္းေတာ့နားရင္းအုပ္ခံရေတာ့မယ္
လို႔ေရ႐ြတ္လိုက္တယ္။
သူႀကီးဖိုးသာေအာင္နဲ႔မေအးမိဟာတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ၿပီးေခါင္းခါရမ္းမိလိုက္ၾကတယ္။

ေအာင္မယ္ေလး….
ကယ္ၾကပါဦးဗ်….
ဆိုတဲ့စူးစူးဝါးဝါးေအာ္ဟစ္သံေၾကာင့္နဂါးစုတစ္႐ြာလုံးလန႔္ဖ်ပ္သြားတယ္။
႐ြာသားေတြအသီးသီးထြက္ၾကည့္ခ်ိန္မွာေတာ့အသည္းအသန္ေျပးလာတဲ့လူတစ္ေယာက္ကိုျမင္လိုက္ရတယ္။
ေဟ့လူ…ဘာျဖစ္တာလဲ
႐ြာသားေတြရဲ႕တစ္ေယာက္တစ္ေပါက္ေမးသံေၾကာင့္ေျပးေနတဲ့လူဟာရပ္လိုက္ၿပီး…
က်ဳပ္ကိုတေစၦေျခာက္လို႔ဗ်
လို႔အေလာတႀကီးေျပာလိုက္တယ္။
ဒီအခ်ိန္မွာပဲမီးအိမ္ကိုင္လာတဲ့႐ြာသားတစ္ေယာက္ေရာက္လာၿပီး…
….ဘယ္သူမ်ားလဲလို႔လူပ်ိဳႀကီးပါလား၊အခ်ိန္မေတာ္ႀကီးဘာျဖစ္တာလဲဗ်ာ
လို႔ေမးလိုက္တဲ့အခါမွလူပ်ိဳႀကီးဆိုသူကေခြၽးဒီးဒီးက်ေနတဲ့မ်က္ႏွာကိုပုဆိုးစနဲ႔သုတ္လိုက္ရင္း…
က်ဳပ္တေစၦေျခာက္ခံရတယ္လို႔ေျပာလိုက္ျပန္တယ္။
ဟာ…မျဖစ္ႏိုင္တာဗ်ာ…က်ဳပ္တို႔႐ြာမွာဒါေတြမရွိပါဘူး
…ဟုတ္တယ္ဗ်၊ခင္ဗ်ားေသာက္ထားလား
ဆိုတဲ့႐ြာသားေတြရဲ႕တစ္ေယာက္တစ္ေပါက္သံေတြညံစီသြားတယ္။
လူပ်ိဳႀကီးကအနီးမွာရွိတဲ့ေရအိုးစင္မွေရကိုခပ္ေသာက္လိုက္ရင္း…
…တကယ္ပါဗ်ာ၊က်ဳပ္မမူးပါဘူး၊က်ဳပ္…က်ဳပ္…အိပ္ေနတုန္း၊ေခါင္မိုးေပၚကတဒုန္းဒုန္းအသံေတြၾကားရတယ္၊က်ဳပ္လည္းအစေတာ့အုန္းလက္႐ိုက္တာထင္းၿပီးဆက္အိပ္ေနလိုက္တာ၊အသံကပိုက်ယ္လာတယ္ဗ်ာ…၊ဘယ္လိုမွဆက္အိပ္လို႔မရေတာ့ဘူး၊ဒါနဲ႔က်ေတာ္လဲစိတ္တိုၿပီးအျပင္ထြက္ၾကည့္လိုက္တယ္၊ဘာေတြ႕တယ္မွတ္လဲ…၊အိမ္အမိုးေပၚမွာလူမည္းႀကီးတစ္ေယာက္လမ္းေလွ်ာက္ေနတယ္ဗ်….
လို႔ေျပာလိုက္တဲ့အခါ႐ြာသားေတြဟာတစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္လိုက္မိၿပီး
ခင္ဗ်ား…ေနာက္ေနတာမဟုတ္ပါဘူးေနာ္
လို႔ေျပာလိုက္တယ္။
ဒီအခါမွာလူပ်ိဳႀကီးက
မေနာက္ပါဘူးဗ်ာ….၊က်ဳပ္တကယ္ေတြ႕လိုက္တာပါ
လို႔ျပန္ေျပာတယ္။
လူပ်ိဳႀကီးရဲ႕စကားေၾကာင့္အသက္ႀကီးပိုင္းလူတစ္ေယာက္ကဝင္ၿပီး…
ေန႔လည္ကခင္ဗ်ားဘာလုပ္မိေသးလဲ
လို႔ေမးလိုက္တဲ့အခါလူပ်ိဳႀကီးကေခါင္းကုတ္စဥ္းစားလိုက္ၿပီး…
…ဘာမွမလုပ္မိဘူး၊တေစၦေျခာက္တယ္လို႔နာမည္ႀကီးေနတဲ့ေညာင္ပင္ႀကီးနားလည္းမသြားမိပါဘူးလို႔ေျပာလိုက္တဲ့အခါ႐ြာသားေတြဟာစဥ္းစားရက်ပ္သြားၿပီး…
က်ဳပ္တို႔႐ြာလယ္ပိုင္းကသန႔္ပါတယ္ဗ်၊အားလုံးဘုရားတရားနဲ႔ေနၾကလို႔မေကာင္းဆိုးဝါးေတြေယာင္လို႔ေတာင္မကပ္ႏိုင္ပါဘူး
လို႔မယုံၾကည္ဟန္နဲ႔ေျပာလိုက္တယ္။
…ဟာ…တစ္ခုေတာ့ရွိတယ္၊ခင္ဗ်ားတို႔က်ဳပ္ကိုအျပစ္မေျပာနဲ႔ေနာ္၊ေန႔လည္က႐ြာစြန္သခ်ႋဳင္းေရာက္ေတာ့ဇရပ္ကျပဳတ္က်ေနတဲ့သြပ္တစ္ခ်ပ္ကိုေတြ႕တာနဲ႔က်ဳပ္အိမ္အမိုးကမေကာင္းတဲ့သြပ္ခ်ပ္ေနရာမွာအစားထိုးဖို႔ယူခဲ့မိတယ္၊က်ဳပ္လည္းအိမ္ေရာက္တာနဲ႔ေခါင္ေပၚတက္ၿပီးသြပ္ခ်ပ္လဲခဲ့ေသးတယ္ဗ်
လူပ်ိဳႀကီးရဲ႕စကားေၾကာင့္႐ြာသားအားလုံးဟာခနဲျဖစ္သြားၾကၿပီး…
ခင္ဗ်ားဗ်ာ…သြပ္တစ္ခ်ပ္ကဘယ္ေလာက္မွမတန္ဘဲနဲ႔၊အသစ္လဲလိုက္ပါလား၊ဘယ္ႏွယ့္…သခ်ိၤုင္းဇရပ္ကသြပ္ကိုမွလဲရတာလဲ…၊ခင္ဗ်ားလုပ္တာနဲ႔က်ဳပ္တို႔တစ္႐ြာလုံးဒုကၡေရာက္ေတာ့မွာပဲ
လို႔လူပ်ိဳႀကီးကိုဝိုင္းၿပီးျပစ္တင္ၾကတယ္။
႐ြာသားေတြရဲ႕အေျပာအဆိုခံရတဲ့လူပ်ိဳႀကီးကမ်က္ႏွာမသာမယာနဲ႔…
…ဒါေၾကာင့္ခင္ဗ်ားတို႔က်ဳပ္ကိုအျပစ္မေျပာနဲ႔လို႔ႀကိဳေျပာခဲ့တာ၊တကယ္ေတာ့က်ဳပ္အမွားပါ၊က်ဳပ္အက်င့္ကိုကပစၥည္းတစ္ခုျမင္ရင္ငါ့အိမ္မွာမ်ားအသုံးတည့္မလားဆိုၿပီးေတြးတတ္ေနမိတာက်ဳပ္အျပစ္ပါလို႔ေျပာလိုက္တဲ့အခါ႐ြာသားတစ္ေယာက္က
တေစၦ…သရဲဆိုတာက်ဳပ္တို႔အယုံအၾကည္မရွိေပမယ့္သခ်ႋဳင္းဇရပ္ကသြပ္ကိုေတာ့အိမ္ယူမိုးတာေတာ့မေကာင္းဘူးေပါ့ဗ်ာ၊ခင္ဗ်ားသြပ္လဲၿပီးမွမျမင္အပ္တာေတြျမင္ရတာဆိုေတာ့တိုက္ဆိုင္မႈလည္းျဖစ္ခ်င္ျဖစ္ႏိုင္တယ္၊ဘာပဲျဖစ္ျဖစ္႐ြာသားေတြစိတ္သန႔္သြားေအာင္ခင္ဗ်ားယူလာတဲ့ဟာႀကီးကိုသူ႔ေနရာသူျပန္ထားလိုက္စမ္းပါ၊႐ြာထဲမွာလည္းကေလးသူငယ္ေတြေပါပါဘိနဲ႔၊တစ္စုံတစ္ခုျဖစ္ရင္မေကာင္းဘူးဗ်လို႔ေျပာလိုက္တဲ့အခါေနာက္တစ္ေယာက္ကဝင္ၿပီး…
ဟုတ္တယ္…ျပန္ထားတာေကာင္းတယ္၊ဒီတိုင္းသြားထားလို႔ေတာ့မရဘူးဗ်၊မနက္က်ရင္သူႀကီးကိုအက်ိဳးအေၾကာင္းေျပာၿပီးေတာထုတ္ရမယ္လို႔ေျပာျပန္တယ္။
သခ်ႋဳင္းဇရပ္ကသြပ္ကိုယူလာမိတဲ့လူပ်ိဳႀကီးတစ္ေယာက္႐ြာသားေတြအလယ္မွာေခါင္းမေဖာ္ႏိုင္ရွာေတာ့ဘူး။မိုးျမန္ျမန္လင္းပါေတာ့လို႔သာသူဆုေတာင္းေနမိတယ္။

ႏြား႐ိုင္းသြင္းခ်ိန္မွာေတာ့သူႀကီးအမိန႔္နဲ႔ေတာထုတ္ၾကတယ္။
နဂါးစုတစ္႐ြာလုံးသံပုံး႐ိုက္သံေတြညံစီေနတယ္။
သူႀကီးဖိုးသာေအာင္ဟာသံပုံး႐ိုက္သံေတြၾကားေနရခ်ိန္မွာေတာ့…
…ငါ့မလဲ…ဘယ္လိုၿဂိဳလ္ဆိုးဝင္ေနပါလိမ့္၊မေအးစိန္ကေပ်ာက္ေနတယ္၊မိန္းမကလည္းအေမွာင့္ဝင္သလိုျဖစ္ေနတယ္။႐ြာထဲက်ေတာ့လည္းတေစၦေျခာက္လို႔ေတာထုတ္ရျပန္တယ္။ကံမေကာင္းမလို႔ဆရာပင့္မိပါတယ္၊ေတြ႕တဲ့ဆရာေတြကလည္းကေပါက္တိကေပါက္ခ်ာေတြခ်ည္းပဲ၊ၾကာရင္ငါအသက္တိုမယ္လို႔ေတြးမိတယ္။
ဒီအခ်ိန္မွာပဲသမီးျဖစ္သူမေအးမိဟာသူႀကီးဖိုးသာေအာင္နားကိုအေျပးတစ္ပိုင္းေရာက္လာၿပီး…အေဖအေမဘယ္လိုျဖစ္ေနလဲမသိဘူးၾကည့္ပါဦး…
လို႔ေျပာလာတယ္။သူႀကီးတစ္ေယာက္ထိတ္လန႔္သြားၿပီးအိမ္ထဲကိုဝုန္းခနဲေျပးဝင္သြားမိတယ္။
အိပ္ခန္းထဲေရာက္ေတာ့သူႀကီးကေတာ္ဟာအိပ္ယာေပၚမွာလူးလွိမ့္ေနရင္း…
…နားညည္းတယ္…နားညည္းတယ္…ဘာသံေတြလဲ…၊ငါ့နားမခံႏိုင္ဘူး
လို႔ဗလုံးဗေထြးေအာ္ဟစ္ေနရွာတယ္။…မိဝိုင္း…မိန္းမ…ဘာျဖစ္တာလဲ၊ဒီအသံက႐ြာထဲမွာေတာထုတ္ေနတာေလ
သူႀကီးဖိုးသာေအာင္ရဲ႕စကားေၾကာင့္မိန္းမျဖစ္သူဟာလူးလွိမ့္ေအာ္ဟစ္ရင္းက…
…က်ဳပ္မၾကားခ်င္ဘူး၊ရပ္ခိုင္းစမ္း…
အခုခ်က္ခ်င္းရပ္ခိုင္းစမ္း…လို႔ေျပာလိုက္တဲ့အခါသူႀကီးဖိုးသာေအာင္နဲ႔မေအးမိတို႔ထိတ္လန႔္သြားၿပီး…
မိဝိုင္း…နင္ဘာျဖစ္ေနတာလဲ၊နင္က…ေတာထုတ္သံမၾကားႏိုင္ရေအာင္မေကာင္းဆိုးဝါးပူးေနလို႔လား
သူႀကီးဖိုးသာေအာင္ရဲ႕ခပ္ဆတ္ဆတ္ေမးလိုက္တဲ့စကားေၾကာင့္သူႀကီးကေတာ္ဟာလူးလွိမ့္ေနရာမွရပ္သြားၿပီး…
အို…ကိုရင္ကလည္း…က်ဳပ္ကဘာလို႔မေကာင္းဆိုးဝါးပူးရမွာလဲ…၊အသံေတြၾကားရတာနားညည္းလြန္းလို႔ပါေတာ့္…လို႔ေလသံတီးတိုးေျပာလိုက္တဲ့အခါ…
…႐ြာထဲမွာျဖစ္ေနတာေတြကိုနင္ဘာမွမသိဘူး၊ၿငိမ္ၿငိမ္ေန၊ငါ့ကိုစိတ္ရႈပ္ေအာင္မလုပ္နဲ႔
သူႀကီးဖိုးသာေအာင္လည္းစိတ္ရႈပ္ေထြးစြာနဲ႔မိန္းမျဖစ္သူကိုေအာ္ေငါက္ပစ္လိုက္တယ္။ၿပီးေတာ့႐ြာထဲထြက္ခဲ့တယ္။
ေအးမိေရ…ေအးမိ
အိမ္ေရွ႕ကအသံေၾကာင့္မေအးမိတစ္ေယာက္ထြက္ၾကည့္ေတာ့႐ြာေရွ႕ပိုင္းကေဒၚဂ်မ္းကိုေတြ႕လိုက္ရတယ္။
…ေဒၚဂ်မ္း…လာေလ၊ဘာကိစၥလဲ
ေအးမိရဲ႕အေမးေၾကာင့္ေဒၚဂ်မ္းကလက္ျပၿပီးေအာက္ဆင္းခဲ့ဖို႔ေျပာလိုက္တယ္။
…ဘာလဲေဒၚဂ်မ္းရဲ႕…အိမ္ေပၚကိုတက္ေလ…
ေအးမိရဲ႕စကားေၾကာင့္ေဒၚဂ်မ္းကလက္မွာကိုင္လာတဲ့အ႐ြက္ေတြကိုလွမ္းေပးလိုက္ရင္း…
သူႀကီးကေတာ္အေမွာင့္ဝင္ေနလို႔ဆို…၊ဒါၾသဇာ႐ြက္ေတြ၊သူ႔အိပ္ယာေအာက္သြားခင္းထားလိုက္၊ၾသဇာ႐ြက္နဲ႔ေတြ႕ရင္မေကာင္းဆိုးဝါးမခံႏိုင္ဘူးေအ့…လို႔ေလသံနဲ႔ေျပာလိုက္တဲ့အခါမေအးမိတစ္ေယာက္မ်က္ႏွာပ်က္သြားၿပီး…
က်ဳပ္အေမကိုမေကာင္းဆိုးဝါးဝင္တယ္လို႔ဘယ္သူေျပာတုန္း၊ေအးစိန္စိတ္ေၾကာင့္အေမဟာအိပ္ယာထဲလဲေနတာပါေဒၚဂ်မ္းရယ္၊ဘာမွမျဖစ္ပါဘူး
လို႔ေျပာလိုက္တဲ့အခါေဒၚဂ်မ္းကစကားကိုအရွိန္သတ္သြားရင္း
ကဲပါေအးမိရယ္၊ေျပာမေနပါနဲ႔၊ညည္းအေမလည္းေနေကာင္းတာမွမဟုတ္ဘဲ၊အရပ္ဆိုတာဒီလိုပဲေအ့…၊တစ္စိတ္ကိုတစ္အိတ္လုပ္ခ်င္ၾကတာ၊ငါသြားမယ္၊ဘာပဲျဖစ္ျဖစ္…ၾသဇာ႐ြက္ေလးခင္းေပးလိုက္ေတာ့အရံအတားျဖစ္တာေပါ့ေအ…
လို႔ေျပာဆိုၿပီးျပန္ထြက္သြားတယ္။
မေအးမိတစ္ေယာက္ၾသဇာ႐ြက္ေတြကိုကိုင္ရင္းငူငူႀကီးရပ္က်န္ခဲ့တယ္။ေဒါသကိုၿမိဳသိပ္ၿပီးအိမ္ေပၚျပန္တက္ခဲ့တယ္။
မိခင္ျဖစ္သူရဲ႕အခန္းထဲလွမ္းၾကည့္မိတဲ့အခါအိပ္ေပ်ာ္ေနတာေတြ႕ရတယ္။
ဒါေၾကာင့္မေအးမိဟာအခန္းထဲကိုေျခသံမၾကားေအာင္ဝင္သြားၿပီးအိပ္ယာေအာက္ကိုၾသဇာ႐ြက္ေတြထိုးထည့္လိုက္တယ္။
ဒီအခ်ိန္မွာပဲမိခင္ျဖစ္သူဟာေက်ာေပးထားရာကေနဆတ္ခနဲလွည့္ၾကည့္လိုက္ၿပီး…
ဘာလုပ္တာလဲ..လို႔အသံၾသႀကီးနဲ႔လွမ္းေမးလိုက္တဲ့အခါမေအးမိဟာလန႔္ဖ်ပ္သြားရင္း…
ဘာ…ဘာမွမဟုတ္ပါဘူး၊အေမ…အေမဗိုက္မ်ားဆာေနသလားလို႔လာေမးတာပါ
လို႔ေျပာလိုက္မိတယ္။
ဆာတယ္၊ထမင္းစားမယ္၊အခုယူခဲ့
မိခင္ျဖစ္သူရဲ႕စကားေၾကာင့္မေအးမိလည္းအခန္းထဲကသြက္သြက္ေလးထြက္ခဲ့တယ္။
မေအးမိထြက္သြားတဲ့အခါသူႀကီးကေတာ္ဟာအိပ္ရာခင္းကိုဆြဲလွန္လိုက္တယ္။ၾသဇာ႐ြက္ေတြကိုျမင္တဲ့အခါသူႀကီးကေတာ္ဟာအထိတ္တလန႔္ျဖစ္သြားတယ္။အေမကိုမေကာင္းဆိုးဝါးလို႔ယူဆေနတဲ့ေအးမိကိုေဒါသျဖစ္သြားတယ္။ၿပီးေတာ့ျပတင္းေပါက္ကလႊတ္ပစ္လိုက္ေတာ့တယ္။

ေနဝင္ရီတေရာအခ်ိန္….
သူႀကီးဖိုးသာေအာင္ရဲ႕အိမ္ကိုမေမွ်ာ္လင့္ဘဲဧည့္သည့္ေရာက္လာတယ္။
ၿခံဝကေခၚသံေၾကာင့္သူႀကီးတစ္ေယာက္မွန္မီးအိမ္ကိုမီးညႇိလိုက္ရင္းၿခံဝဆီေလွ်ာက္လာခဲ့တယ္။
ျမင္လိုက္ရတာက…သူတစ္ခါမွမျမင္ဖူးတဲ့လူစိမ္းအဘြားႀကီးတစ္ေယာက္…
သူႀကီးဖိုးသာေအာင္တစ္ေယာက္ၿခံစည္း႐ိုးကတဆင့္အဘြားႀကီးကိုစူးစမ္းသလိုၾကည့္ေနစဥ္မွာပဲ
…က်ဳပ္က…ခရီးသြားတစ္ေယာက္ပါ၊ဒီမွာတစ္ညနားခ်င္လို႔ပါ
အဘြားႀကီးရဲ႕အသံစူးႀကီးေၾကာင့္သူႀကီးဟာေက်ာစိမ့္သလိုခံစားလိုက္ရၿပီး…
…အမယ္ႀကီး…ခင္ဗ်ား…လူအစစ္ေတာ့ဟုတ္ပါတယ္ေနာ္…
လို႔တုန္ရင္တဲ့အသံနဲ႔ေမးလိုက္တဲ့အခါအဘြားႀကီးက…
လူေတြကတယ္ခက္တာပဲ၊မရွိခိုးႏိုး၊မလွစုန္းယိုးဆိုတဲ့စကားကသိပ္မွန္တယ္၊က်ဳပ္က႐ုပ္ဆိုးေပမယ့္စုန္းမ်ိဳးေတာ့မဟုတ္ပါဘူး၊လူအစစ္ပါလို႔ေျပာလိုက္တဲ့အခါသူႀကီးဖိုးသာေအာင္ဟာအဘြားႀကီးကိုအားနာသြားၿပီး…
က်ဳပ္ကဒီသေဘာမ်ိဳးေျပာတာမဟုတ္ပါဘူူးအမယ္ႀကီးရယ္၊ေနဝင္ခ်ိန္မွာလူစိမ္းျမင္လိုက္ရလို႔ေမးမိေမးရာေမးမိတာပါ၊အမယ္ႀကီးကဘယ္ကိုခရီးဆက္မွာလဲလို႔ေမးလိုက္ျပန္တယ္။ဒီအခါအဘြားႀကီးကေျမာက္အရပ္ကိုၫႊန္ျပၿပီး…
ဒီေနရာနဲ႔သုံး႐ြာအလြန္မွာရွိတဲ့ျမစိမ္းေတာင္ကိုသြားမလို႔ပါ..လို႔ေျပာလိုက္တဲ့အခါသူႀကီးဖိုးသာေအာင္ဟာမ်က္လုံးျပဴးသြားရင္း…
…ျမစိမ္းေတာင္…ဟုတ္လား၊အဲဒီေနရာကဘုရားပ်က္ႀကီးပဲရွိတာ၊ၿပီးေတာ့ဥစၥာေစာင့္ေတြသိပ္ေပါတယ္၊အမယ္ႀကီးကဘာသြားလုပ္မလို႔လဲလို႔ေမးလိုက္ျပန္တယ္။
…က်ဳပ္…ေရဆာလို႔ေရေသာက္ပါရေစ၊ၿပီးရင္…လူေလးသိခ်င္တာေျပာျပပါ့မယ္
အဘြားႀကီးရဲ႕ေတာင္းဆိုမႈေၾကာင့္သူႀကီးဖိုးသာေအာင္လည္းမေနသာေတာ့ဘဲၿခံတံခါးဖြင့္ေပးလိုက္ရတယ္။
အဘြားႀကီးဟာလင္းတ႐ုပ္ပါတဲ့ေတာင္ေဝွးႀကီးကိုတေဒါက္ေဒါက္ေထာက္ရင္းလွမ္းဝင္လာတယ္။
ၿခံထဲေရာက္တဲ့အခါသူႀကီးကအဘြားအိုကိုအိမ္ေရွ႕ကြပ္ပ်စ္မွာထိုင္ေစၿပီး…
သမီးေရ…မေအးမိ၊ေသာက္ေရယူခဲ့စမ္းကြယ္..လို႔လွမ္းေျပာလိုက္တယ္။
မေအးမိတစ္ေယာက္ေသာက္ေရခပ္လာရင္းအဘြားအိုကိုျမင္တဲ့အခါဖခင္ကိုလက္တို႔လိုက္မိတယ္။
ေၾသာ္…ခရီးသြားတစ္ေယာက္ပါကြယ္၊ဒီမွာတစ္ညတည္းလိမ့္မယ္၊အမယ္ႀကီးအတြက္ဘုရားခန္းမွာပဲအိပ္ရာျပင္ေပးလိုက္ပါ
သူႀကီးဖိုးသာေအာင္ရဲ႕စကားေၾကာင့္မေအးမိတစ္ေယာက္ဘာမွမေမးသာေတာ့ဘဲအိမ္ေပၚသို႔ျပန္တက္ခဲ့တယ္။
အဘြားအိုဟာေရကိုအငမ္းမရေမာ့ေသာက္လိုက္ရင္း…
…ခုမွပဲရင္ေအးသြာေတာ့တယ္၊က်ဳပ္ကဟိုးေခ်ာင္းဖ်ား႐ြာေလးကပါ၊က်ဳပ္မွာေဆြမ်ိဳးသားခ်င္းဆိုလို႔ျမေႏွာင္းဆိုတဲ့ေျမးမေလးပဲရွိတာပါ၊က်ဳပ္ရဲ႕ေျမးမေလးဟာ႐ြာမွာအေခ်ာဆုံးကြမ္းေတာင္ကိုင္ကြယ့္၊တစ္ေန႔ေျမးမေလးဟာၿမိဳ႕ဦးေစတီဘုရားပြဲမွာလယ္ပိုင္ရွင္သားနဲ႔ခ်စ္ႀကိဳက္မိခဲ့တယ္၊လယ္ပိုင္ရွင္သားဟာက်ဳပ္ရဲ႕ေျမးကိုအ႐ူးအမူးစြဲလမ္းၿပီးလက္ထပ္ဖို႔ခြင့္ေတာင္းခဲ့တယ္၊ေျမးမေလးကသူ႔ကိုတကယ္ခ်စ္ရင္လူႀကီးေတြနဲ႔လာေရာက္ေတာင္းရမ္းပါလို႔ေျပာတဲ့အခါ၊လယ္ပိုင္ရွင္သားဟာညတြင္းခ်င္းပဲသူ႔မိဘေတြကိုဖြင့္ေျပာလိုက္တယ္၊ျပႆနာကအဲဒီမွာစေတာ့တာပဲ၊လယ္ရွင္ေတြဟာက်ဳပ္ေျမးနဲ႔သူ႔သားခ်စ္ႀကိဳက္ေနတာသိတဲ့အခါ႐ုပ္ဆိုးအက်ည္းတန္တဲ့က်ဳပ္ကိုအျပစ္ေထာက္ၿပီးက်ဳပ္ကိုကေဝမႀကီး…ထမီၿခဳံမႀကီးလို႔စြပ္စြဲၾကတယ္၊ၿပီးေတာ့က်ဳပ္တို႔ကသူ႔သားကိုေဆးသုံးၿပီးဖ်ားေယာင္ပါတယ္လို႔စြပ္စြဲၾကျပန္တယ္၊အခ်စ္စိတ္႐ိုင္းဝင္ေနတဲ့လယ္ပိုင္ရွင္သားဟာက်ဳပ္ေျမးနဲ႔သေဘာမတူရင္သတ္ေသပစ္မယ္လို႔မိဘေတြကိုအၾကပ္ကိုင္တဲ့အခါလယ္ပိုင္ရွင္ေတြကသူ႔သားေတာ့ေဒၚအိုစာခပ္တဲ့ေဆးမိေနၿပီလို႔သမုတ္ၿပီးက်ဳပ္တို႔ကိုလာရန္ေတြ႕ခဲ့တယ္၊အဲဒီမွာပဲေျမးမေလးနဲ႔လယ္ပိုင္ရွင္သားဟာခိုးရာလိုက္သြားခဲ့တယ္၊လယ္ပိုင္ရွင္ေတြလည္းအပူတျပင္းလိုက္ရွာၾကတယ္၊ေနာက္တစ္ေန႔ေရာက္ေတာ့မွတစ္ဖက္႐ြာမွာျပန္ေတြ႕ၿပီးသူ႔သားကိုျပန္ေခၚသြားၾကတယ္လယ္ပိုင္ရွင္ေတြဟာခ်က္ခ်င္းလွည္းေတြစီစဥ္ၿပီးသူ႔သားကိုၿမိဳ႕ပို႔လိုက္ၾကတယ္၊က်ဳပ္ေျမးေလးဟာမ်က္ရည္စက္လက္နဲ႔က်ဳပ္ဆီျပန္လာခဲ့ရရွာတယ္၊အဲဒီညမွာပဲက်ဳပ္ေျမးဟာလယ္ပိုင္ရွင္မိသားစုကိုစိတ္နာၿပီးသူ႔ကိုယ္သူအဆုံးစီရင္သြားခဲံ့တယ္၊က်ဳပ္လည္းေျမးမေလးစိတ္နဲ႔အိမ္ျပင္ေတာင္မထြက္ဝံ့ခဲ့ပါဘူး၊ဒါေပမယ့္တစ္ညမွာေတာ့ေျမးမေလးကက်ဳပ္ကိုအိပ္မက္ေပးတယ္၊သူအခု…ျမစိမ္းေတာင္ကိုနာမ္ခနဘဝနဲ႔ေရာက္ေနတယ္။လူ႔ဘဝမွာတုန္းကလည္းသူ႔ရဲ႕ပဌာန္းဆက္ေတြသူ႔ကိုအိမ္ေထာင္ျပဳခြင့္ေပးမထားဘူးတဲ့၊ဒါေၾကာင့္သူခ်စ္သူနဲ႔ခြဲပစ္ၿပီးျပန္ေခၚလိုက္တာလို႔ေျပာခဲ့တယ္၊ျဖစ္ေလရာဘဝမွာအထုံမပါဖို႔အတြက္က်ဳပ္ကိုျမစိမ္းေတာင္လာၿပီးေကာင္းမႈကုသိုလ္လုပ္ေပးပါလို႔အိပ္မက္ေပးခဲ့တယ္၊ဒါေၾကာင့္က်ဳပ္…ျမစိမ္းေတာင္သြားမွာပါလို႔ေျပာလိုက္တယ္။
သူႀကီးဖိုးသာေအာင္ဟာေဒၚအိုစာရဲ႕စကားကိုေခါင္းတညိတ္ညိတ္နားေထာင္ရင္း…
…အိပ္မက္ဆိုတာစိတ္စြဲလမ္းမႈေၾကာင့္မက္တာလည္းျဖစ္ႏိုင္တာပဲေလ၊ဘာပဲျဖစ္ျဖစ္ျမစိမ္းေတာင္ခရီးကသိပ္ေဝးတယ္လို႔ေျပာလိုက္ၿပီးသမီးျဖစ္သူကိုလွမ္းေျပာလိုက္တယ္။
ခဏၾကာေတာ့သူႀကီးဖိုးသာေအာင္၊မေအးမိနဲ႔ေဒၚအိုစာတို႔အတူထမင္းလက္ဆုံစားၾကတယ္။
စားေသာက္ၿပီးတဲ့အခါမေအးမိကေဒၚအိုစာအတြက္အိပ္ရာျပင္ဆင္ေပးရင္း…
အေမႀကီးကျမစိမ္းေတာင္ကိုတစ္ေယာက္ထဲသြားမွာဆိုေတာ့မေၾကာက္ဘူးလားလို႔ေမးျမန္းလိုက္မိတယ္။
ဘာ…ေၾကာက္စရာရွိလို႔လဲမိန္းကေလးရယ္၊ေကာင္မႈကုသိုလ္လုပ္တာပဲ၊နတ္ေကာင္းနတ္ျမတ္ေတြကေစာင့္ေရွာက္မွာေပါ့ကြယ္
ေဒၚအိုစာရဲ႕စကားဆုံးေတာ့မေအးမိကဆက္ၿပီး…
က်ဳပ္တို႔႐ြာမွာေတာ့ျမစိမ္းေတာင္ဆိုတဲ့အသံၾကား႐ုံနဲ႔လန႔္ၾကတာပဲ၊လန႔္စရာအေၾကာင္းကလည္းရွိတယ္ေလ၊ျမစိမ္းေတာင္မွာဥစၥာေစာင့္ေတြရွိတယ္၊သူတို႔ကေယာက်္ားေတြကိုမာယာနဲ႔ဖမ္းစားပစ္တာရွင့္၊တစ္ခါကေပါ့…ငွက္ပစ္သမားတစ္ေယာက္ဟာမ်က္စိလည္ၿပီးျမစိမ္းေတာင္ကိုေရာက္သြားခဲ့တယ္၊ျမစိမ္းေတာင္ဆိုတာကေတာအရမ္းနက္တဲ့ေနရာ…၊ငွက္ပစ္သမာဟာေတာထဲမွာစမ္းတဝါးဝါးသြားေနရင္းစမ္းေခ်ာင္းတစ္ခုအနီးေရာက္ေတာ့သီခ်င္းဆိုသံေတြၾကားလိုက္ရတယ္တဲ့၊ငွက္ပစ္သမားလည္းသီခ်င္းသံၾကားရင္းလူရွိမွာပဲဆိုၿပီးလိုက္ရွာတဲ့အခါ…စမ္းေခ်ာင္းထဲမွာဆံပင္ဖားလ်ားခ်ၿပီးေရကစားေနတဲ့မိန္းမတစ္ေယာက္ကိုေတြ႕ရတယ္၊အဲဒီမိန္းမကိုျမင္ေတာ့ငွက္ပစ္သမားဟာအနီးကိုေလွ်ာက္သြားၿပီးအကူအညီေတာင္းမိတယ္တဲ့၊ေရကစားေနတဲ့မိန္းမဟာငွက္ပစ္သမားကိုစူးစိုက္ၾကည့္ၿပီးအျပန္လမ္းကိုၫႊန္ျပေပးခဲ့တယ္ဆိုပဲ၊ငွက္ပစ္သမားဟာအဲ့ဒီမိန္းမၫႊန္တဲ့လမ္းအတိုင္းေလွ်ာက္လာရင္း႐ြာကိုျပန္ေရာက္ခဲ့တယ္၊ဒါေပမယ့္…သူ႔ရဲ႕စိတ္မွာသီခ်င္းဆိုညည္းေနတဲ့မိန္းကေလးကိုသာျမင္ေယာင္မိၿပီး။အဲဒီေနရာကိုသြားခ်င္စိတ္ေတြျဖစ္လာတယ္၊ငွက္ပစ္သမားဟာေတာထဲမွာမိန္းကေလးနဲ႔ေတြ႕ခဲ့တဲ့အေၾကာင္းကိုအေပါင္းအသင္းေတြကိုေျပာျပတဲ့အခါလူေတြကသူ႔ကိုထပ္မသြားဖို႔တားျမစ္ၾကတယ္၊ခင္ဗ်ားသြားရင္ဥစၥာေစာင့္မကလိပ္ျပာႏႈတ္ထားလိမ့္မယ္…လို႔လည္းဝိုင္းေျပာၾကတယ္၊ဒါေပမယ့္…မိန္းကေလးကိုအ႐ူးအမူးစြဲလမ္းမိတဲ့ငွက္ပစ္သမားဟာလူေတြတားျမစ္တဲ့ၾကားကျမစိမ္းေတာင္ကိုထပ္သြားခဲ့တယ္၊အဲဒီအခ်ိန္ကစၿပီးငွက္ပစ္သမားဟာ႐ြာကိုလုံးဝျပန္မလာခဲ့တာ၊ဒီေန႔အထိပါပဲ၊ဒါေၾကာင့္…က်ဳပ္တို႔တစ္႐ြာလုံးငွက္ပစ္သမားရဲ႕အျဖစ္ကိုၾကည့္ၿပီးျမစိမ္းေတာင္ကိုဘယ္ေယာက်္ားမွမသြားဝံ့ၾကဘူးလို႔ေျပာလိုက္ျပန္တယ္။
မေအးမိရဲ႕စကားဆုံးတဲ့အခါေဒၚအိုစာဟာသက္ျပင္းခ်လိုက္ရင္း…
ျမစိမ္းေတာင္ဟာေယာက်္ားသားေတြအတြက္အႏၲရာယ္ရွိေပမယ့္က်ဳပ္လိုအိုႀကီးအိုမအတြက္ေတာ့ဘာမွမျဖစ္ႏိုင္ဘူး၊မိန္းကေလးစိတ္မပူပါနဲ႔၊ကဲ…က်ဳပ္လည္းအိပ္ေတာ့မယ္၊မနက္ေစာေစာခရီးဆက္မွေကာင္းမယ္ကြယ့္…
လို႔ေျပာဆိုရင္းေဒၚအိုစာဟာတစ္စုံတစ္ခုကိုသတိရဟန္နဲ႔လြယ္အိတ္ထဲႏႈိက္လိုက္တယ္။
မေအးမိဟာေဒၚအိုစာရဲ႕လက္မွာကိုင္ထားတဲ့အရာကိုအထူးတဆန္းျဖစ္သြားၿပီး…
အဲဒါဘာလဲအေမႀကီးလို႔ေမးလိုက္တဲ့အခါေဒၚအိုစာကလက္မွာကိုင္ထားတဲ့ဖန္လုံးကိုဘုရားစင္ေပၚတ႐ိုတေသတင္လိုက္ရင္း…
…က်ဳပ္က…ဖန္လုံးေဗဒင္ပညာရွင္တစ္ေယာက္ပါ၊အဲဒီဖန္လုံးေလးကိုၾကည့္ၿပီးလူေတြရဲ႕ကံၾကမၼာကိုေဟာေျပာႏိုင္တယ္၊မိန္းကေလးစိတ္ဝင္စားလို႔လားလို႔ေမးလိုက္မိတယ္။
ဒီအခါမွာ…မေအးမိရဲ႕မ်က္လုံးေတြအေရာင္ေတာက္သြားၿပီး…
…ဖန္လုံးေဗဒင္…ဟုတ္လား…၊က်ဳပ္တစ္ခါမွမျမင္ဖူးဘူး…၊အရမ္းစိတ္ဝင္စားမိတယ္၊ဖန္လုံးကိုၾကည့္႐ုံနဲ႔…တကယ္ပဲအနာဂတ္ကိုေဟာနိင္သလားလို႔တအံ့တၾသေမးလိုက္တဲ့အခါေဒၚအိုစာကေခါင္းညိတ္လိုက္ၿပီး…မိန္းကေလးသိခ်င္တာေမး၊က်ဳပ္ေျဖမယ္လို႔ေျပာလိုက္တယ္။
မေအးမိဟာေဒၚအိုစာရဲ႕စကားေၾကာင့္အားတတ္သေရာအမူအရာနဲ႔…
က်ဳပ္တို႔အိမ္ရဲ႕ေရွျဖစ္မယ့္ကံၾကမၼာကိုသိခ်င္ပါတယ္၊ဒါေပမယ့္ဖန္လုံးေဗဒင္ေမးရင္ဘယ္ေလာက္ေပးရမွာလဲလို႔ေမးလိုက္တဲ့အခါေဒၚအိုစာကေခါင္းခါရမ္းလိုက္ရင္း…
က်ဳပ္ကအသျပာဆရာမဟုတ္ဘူးမိန္းကေလး၊ေဟာေျပာခဲ့တဲ့သက္တမ္းတစ္ေလွ်ာက္လုံးလုံးဝအခေၾကးေငြမယူခဲ့ဘူး၊မိန္းကေလးတို႔ကတစ္ညနားခြင့္ျပဳခဲ့တဲ့အတြက္က်ဳပ္ကေက်းဇူးဆပ္တဲ့အေနနဲ႔ေဟာေပးမွာပါ…လို႔ေျဖလိုက္တယ္။
မေအးမိတို႔ရဲ႕စကားသံေၾကာင့္သူႀကီးဖိုးသာေအာင္တစ္ေယာက္အနားေရာက္လာၿပီး…
က်ဳပ္တို႔ကဆရာေကာင္းနဲ႔ေတြ႕ခ်င္ေနတာၾကာၿပီဗ်…၊အခုမွပဲေတြ႕ေတာ့တယ္၊လုပ္ပါ…အမယ္ႀကီးရယ္…၊က်ဳပ္တို႔အိမ္ရဲ႕ကံၾကမၼာကိုၾကည့္ေပးပါဦးလို႔ေတာင္းဆိုလိုက္ျပန္တယ္။
ေဒၚအိုစာဟာစကားတစ္ခြန္းမွမေျပာေတာ့ဘဲဖန္လုံးကိုစူးစိုက္ၾကည့္ရင္းတေအာင္ၾကာေတာ့မွ…
…ဘာေၾကာင့္လဲလို႔…က်ဳပ္ကိုျပန္မေမးနဲ႔၊ဒီအိမ္မွာအဂၤါသမီးေပ်ာက္ေနတယ္၊လိုက္ေလေဝးေလျဖစ္ေနတယ္မဟုတ္လား…လုံးဝမရွာနဲ႔၊အခ်ိန္တန္ျပန္ေတြ႕လိမ့္မယ္…၊ေနာက္တစ္ခ်က္ကဒီအိမ္မွာရဟန္းသံဃာေတြပင့္ဖိတ္ၿပီးကမၼဝါစာ႐ြတ္ေပးရလိမ့္မယ္လို႔ေျပာလိုက္တဲ့အခါသူႀကီးနဲ႔မေအးမိတို႔မ်က္လုံးျပဴးသြားရင္း…
အမွန္ပါပဲ…အမယ္ႀကီးရယ္၊ေသြးထြက္ေအာင္မွန္ပါတယ္၊ဒါနဲ႔…ကမၼဝါစာ႐ြတ္ရမယ္ဆိုတာဘာျဖစ္လို႔လဲလို႔သူႀကီးဖိုးသာေအာင္ရဲ႕အေမးကိုေဒၚအိုစာကလက္ကာျပလိုက္ၿပီး…ဘာေၾကာင့္လဲလို႔ျပန္မေမးဖို႔ေျပာထားတယ္ေလ…၊တခ်ိဳ႕ေသာအေၾကာင္းေတြကႏႈတ္ကဖြင့္ေျပာမရတာေတြရွိတယ္၊ယုံၾကည္ရင္လုပ္လိုက္ပါ၊အက်ိဳးမယုတ္ပါဘူး၊ကဲ…က်ဳပ္အိပ္ေတာ့မယ္လို႔ေျပာလိုက္တယ္။
ေဒၚအိုစာရဲ႕စကားေၾကာင့္သူႀကီးတို႔သားအဖလည္းဘာမွမေျပာသာေတာ့ဘဲေဒၚအိုစာအနားကထခဲ့ၾကတယ္။
သူ႔တို႔စိတ္ထဲမွာေတာ့ေဒၚအိုစာရဲ႕ထူးဆန္းတဲ့ဖန္လုံးေလးကိုတအံ့ၾသျဖစ္ေနခဲ့ၾကတယ္။

အာ႐ုံတက္ခ်ိန္မွာေတာ့ေဒၚအိုစာဟာသူႀကီးတို႔ကိုႏႈတ္ဆက္ၿပီးျမစိမ္းေတာင္ဘက္ခရီးဆက္တယ္။
ေဒၚအိုစာထြက္သြားတဲ့အခါမေအးမိကဖခင္အနားတိုးကပ္ၿပီး…
ေဒၚအိုစာရဲ႕ပညာအစြမ္းကမေသးဘူးေနာ္…၊အိမ္မွာေအးစိန္ေပ်ာက္ေနတာလည္းမွန္တာပဲ၊ၿပီးေတာ့…ကမၼဝါ႐ြတ္ခိုင္းတာအေမ့အတြက္ျဖစ္ရမယ္၊ဒီအတိုင္းဆို…အေမ့ကိုအစိမ္းသရဲပူးေနတာေသခ်ာၿပီ၊က်ဳပ္ေတာင္အေမ့ကိုႏွိပ္ေနရလို႔လားမသိဘူး၊ေခါင္းထဲမူးမူးေနတယ္၊က်ဳပ္တို႔စိတ္ရွင္းသြားေအာင္အေဖ႐ြာဦးေက်ာင္းဆရာေတာ္ကိုေလွ်ာက္တင္ၾကည့္ပါလားလို႔ေျပာလိုက္တဲ့အခါသူႀကီးဖိုးသာေအာင္ဟာေခါင္းတဆတ္ဆတ္ညိတ္ရင္း…
ငါလည္း…ဆရာေတာ္ကိုပင့္ဖို႔စဥ္းစားေနတာပဲ၊ၾကာပါတယ္…ခုေလာက္ဆိုဆရာေတာ္ႀကီးအာ႐ုံဆြမ္းဘုန္းၿပီးေလာက္ၿပီ…၊႐ြာဦးေက်ာင္းဘက္သြားဦးမယ္လို႔ေျပာဆိုရင္းသဘက္တထည္ကိုေခါင္းေပါင္းၿပီးထြက္ခဲ့ေတာ့တယ္။
သူႀကီးဖိုးသာေအာင္တစ္ေယာက္ဆရာေတာ္ကိုေလွ်ာက္တင္ၿပီးအိမ္ျပန္လာခဲ့တယ္။
အိမ္ေရာက္ေတာ့သမီးျဖစ္သူမေအးမိကိုညေနဆရာေတာ္ႀကီးႂကြလာမယ့္အေၾကာင္းကိုေျပာၿပီးမိန္းမျဖစ္သူကိုပါေျပာလိုက္တယ္။
ဆရာေတာ္ႀကီးႂကြလာမယ့္အေၾကာင္းသိတဲ့အခါသူႀကီးကေတာ္ဟာမ်က္ႏွာပ်က္သြားၿပီး…
ကိုရင္ကလည္း…က်ဳပ္တို႔အိမ္မွာဘာျဖစ္ေနလို႔လဲ…၊ဆရာေတာ္ႀကီးပင့္စရာအေၾကာင္းမွမရွိတာလို႔ေျပာလိုက္တဲ့အခါသူႀကီးက…
အႏၲရာယ္ကင္းပရိတ္႐ြတ္မွာပါမိန္းမရာ…၊႐ြာဦးေက်ာင္းဆရာေတာ္ႀကီးကိုမင္းေလာက္ဆြမ္းခ်ိဳင့္ပို႔တဲ့လူမရွိဘူး။ဘယ္လိုျဖစ္တာလဲ…လို႔ေမးလိုက္တယ္။
ဒီအခါမွာ…သူႀကီးကေတာ္ဟာေလသံတီးတိုးနဲ႔…
ဘာမွမဟုတ္ပါဘူးေတာ္…
ပရိတ္႐ြတ္ေတာ့လည္းအႏၲရာယ္ကင္းတာေပါ့၊ေကာင္းပါတယ္…၊ဟဲ့…ေအးမိ…ဘယ္ေရာက္ေနလဲ၊ငါ…ထမင္းဆာတယ္၊ခူးခဲ့…လို႔ေယာက်္ားကိုေျပာေနရင္းမေအးမိကိုပါလွမ္းေအာ္လိုက္ျပန္တယ္။
မေအးမိထမင္းယူလာစဥ္မွာေတာ့မိခင္ျဖစ္သူဟာငါးေျခာက္ဆီျပန္ဟင္းကိုၾကည့္ၿပီး…
ဒါ…ငါမစားခ်င္ဘူး၊ဝက္သားဆီျပန္စားခ်င္တယ္…လို႔ေျပာျပန္တယ္။
ဟာ…အေမကလည္းလုပ္ျပန္ၿပီ…၊အိမ္မွာေျခေလးေခ်ာင္းသားမစားပါဘူးဆို…၊ဘယ္တုန္းကဝက္သားခ်က္ဖူးလို႔လဲ…၊က်ဳပ္ကဘယ္ကသြားရွာရမွာလဲ…
မေအးမိရဲ႕ညည္းညဴစကားကိုသူူႀကီးဖိုးသာေအာင္ကလက္ကာျပလိုက္ရင္း…
႐ြာထဲကသာဒိုးတို႔အိမ္မွာဝက္ေပၚေနတာအေဖေတြ႕ခဲ့တယ္၊အေဖေတာင္းခိုင္းတယ္လို႔ေျပာၿပီးသုံးဆယ္သားေလာက္ယူခဲ့၊ညည္းအေမကိုခ်က္ေကြၽးလိုက္ပါ၊သူစားခ်င္ေနတာပဲလို႔မ်က္ရိပ္ျပေျပာလိုက္ေတာ့မွမေအးမိတစ္ေယာက္ဘာမွမေျပာေတာ့ဘဲ႐ြာထဲထြက္ခဲ့တယ္။
မေအးမိတစ္ေယာက္ဦးသာဒိုးဆီကဝက္သားယူခဲ့ၿပီးအိမ္ေရာက္ေတာ့အျမန္ခ်က္ရတယ္။ၿပီးေတာ့မွ…မိခင္ျဖစ္သူကိုဟင္းပြဲျပင္ေပးရင္း…
ရၿပီ…အေမစားခ်င္တဲ့ဝက္သားဆီျပန္…၊စိတ္ႀကိဳက္သာစားအေမေရ…
လို႔ေျပာလိုက္တဲ့အခါသူႀကီးကေတာ္ဟာဝက္သားဟင္းနဲ႔ထမင္းကိုအားပါတရႀကီးစားေတာ့တယ္။
မေအးမိတစ္ေယာက္မိခင္ကိုၾကည့္ရင္းသက္ျပင္းခ်႐ုံကလြဲလို႔ဘာမွမတတ္ႏိုင္ဘူး…

ညေန…
ေရာက္ေတာ့သူႀကီးအိမ္ကိုဆရာေတာ္ႀကီးနဲ႔သံဃာငါးပါးႂကြလာတယ္။
ဆရာေတာ္ႀကီးနဲ႔သံဃာေတာ္ေတြဟာဘုရားစင္ေရွ႕မွာခင္းထားတဲ့ကတၱီပါေကာ္ေဇာေပၚထိုင္မိတယ္ဆိုရင္ပဲ…ဘုန္းႀကီးေတြမေအးဘူးလား…ကတုံးႀကီးနဲ႔…ဟီးဟီး…
သူႀကီးကေတာ္ရဲ႕အသံေၾကာင့္သူႀကီးဖိုးသာေအာင္ဟာမ်က္ႏွာႀကီးထူပူသြားၿပီးဆရာေတာ္ႀကီးကိုလွမ္းၾကည့္မိတယ္။
ဆရာေတာ္ႀကီးကသူႀကီးဖိုးသာေအာင္ကိုဘာမွမေျပာဖို႔လက္ကာလိုက္တယ္။
သတ္မွတ္ခ်ိန္ေရာက္တဲ့အခါဆရာေတာ္ႀကီးဦးေဆာင္ၿပီးေဒႆနာၾကားၾကတယ္။
ၿပီးေတာ့…သမႏၲာ႐ြတ္ၿပီးနတ္ပင့္တယ္။
သေဗၺဗုဒၶိပတၱာ႐ြတ္ဆိုၿပီးစည္းခ်တယ္။ဆရာေတာ္ႀကီးအမႉးျပဳတဲ့သံဃာေတြဟာေမတၱာသုတ္ကိုစတင္႐ြတ္ဖတ္တယ္။
ပရိတ္ႀကီး(၁၁)သုတ္ရဲ႕အဆုံး၊အာဋာနာဋိယသုတ္အၿပီးမွာေတာ့သူႀကီးကေတာ္ဟာၿငိမ္ၿငိမ္ႀကီးထိုင္ၾကည့္ေနတယ္။သံဃာေတာ္ေတြဟာဆက္ၿပီးကမၼဝါစာကို႐ြတ္ဖတ္ေတာ့တယ္။အမိန႔္ေတာ္ျပန္ခ်ိန္မွာေတာ့သူႀကီးကေတာ္ဟာနတ္ဝင္သည္တစ္ေယာက္လိုတစ္ကိုယ္လုံးတုန္လႈပ္ၿပီးရႈိက္ႀကီးတငင္ငိုခ်လိုက္ေတာ့တယ္။
သူႀကီးကေတာ္ရဲ႕ငိုခ်င္းခ်မႈေၾကာင့္သံဃာေတာ္ေတြဟာ႐ြတ္ဖတ္ျခင္းကိုရပ္လိုက္ၾကတယ္။
သူႀကီးဖိုးသာေအာင္ဟာမိန္းမျဖစ္သူကိုၾကည့္ၿပီးဘာလုပ္ရမွန္းမသိေအာင္ျဖစ္ေနမိတယ္။မေအးမိကေတာ့မိခင္ျဖစ္သူကိုၾကည့္ရင္းသူထင္ထားသလိုျဖစ္ေနၿပီလို႔ေတြးမိၿပီးရင္တုန္ပန္းတုန္ျဖစ္ေနရွာတယ္။
ဆရာေတာ္ႀကီးဟာသက္ျပင္းကိုအသာခ်လိုက္ၿပီးပုဗၺာစရိယကမၼဝါကိုဆက္လက္သရဇၨ်ယ္ျပန္တယ္။
သူႀကီးကေတာ္ကေတာ့ရႈိက္ႀကီးတငင္ငိုေႂကြးေနဆဲပါပဲ…။
ကမၼဝါစာ႐ြတ္ဖတ္မႈအဆုံးမွာေတာ့ဆရာေတာ္ႀကီးဟာသူႀကီးဖိုးသာေအာင္ကိုၾကည့္ၿပီး…ကဲ…ဒကာႀကီးဘုန္းႀကီးတို႔႐ြတ္ဖတ္မႈကေတာ့ၿပီးၿပီ၊ဒကာမႀကီးကိုဘာေၾကာင့္ငိုရသလဲဆိုတာေမးျမန္းၾကည့္ပါဦးကြယ္လို႔ေျပာလိုက္တယ္။
ဒီအခါမွာသူႀကီးဖိုးသာေအာင္နဲ႔မေအးမိဟာသူႀကီးကေတာ္နားကိုတိုးကပ္သြားၿပီး…
မဝိုင္းမဝိုင္းသတိထားပါဟာ၊ဘာလို႔ဒီေလာက္ငိုေနရတာလဲ၊ငါ့ကိုလန႔္ေအာင္မလုပ္နဲ႔ေနာ္လို႔သူႀကီးဖိုးသာေအာင္ကေျပာလိုက္တဲ့အခါသူႀကီးကေတာ္ကရႈိက္ႀကီးတငင္ငိုေႂကြးေနရာက
က်ဳပ္…က်ဳပ္ဆုံးသြားတဲ့အေမ့ကိုသတိရလို႔ငိုမိတာပါေတာ္၊ငိုမိတာပါ…
လို႔ငိုသံေႏွာေျပာလိုက္တယ္။ဒီအခါမွာသူႀကီးဖိုးသာေအာင္နဲ႔သမီးျဖစ္သူဟာဟင္ခနဲျဖစ္သြားၿပီး…ဟင္ဒါဆို…ငါတို႔ထင္သလိုနင္ျဖစ္ေနတာမဟုတ္ဘူးေပါ့လို႔သူႀကီးကေမးလိုက္တဲ့အခါသူႀကီးကေတာ္က…ရွင္တို႔ထင္ေနသလိုက်ဳပ္ကဖုတ္သရဲပူးေနတာမဟုတ္ဘူးေတာ့္၊က်ဳပ္ဘာသာေအးစိန္ေပ်ာက္တဲ့စိတ္နဲ႔မစားႏိုင္မေသာက္ႏိုင္ျဖစ္ၿပီးဂေယာင္ေျခာက္ျခားျဖစ္သြားတာ၊သိၾကရဲ႕လားလို႔ငိုသံႀကီးနဲ႔ေျပာျပန္တယ္။
မိခင္ျဖစ္သူရဲ႕စကားေၾကာင့္မေအးမိဟာရင္ဘက္ဖိမိရင္း…
အမေလးေတာ္ပါေသးရဲ႕အေမရယ္၊က်ဳပ္က်ဳပ္တို႔ကအေမ့ကိုမေကာင္းဆိုးဝါးပူးေနၿပီထင္ၾကတာ၊ဟင္း…အခုမွပဲအပူလုံးႀကီးက်သြားေတာ့တယ္လို႔ေျပာလိုက္ေတာ့တယ္။
သံဃာေတာ္ေတြျပန္ႂကြသြားတဲ့အခါသူႀကီးကေတာ္ဟာသူႀကီးဘက္လွည့္ၿပီး
ဒါနဲ႔ေအးစိန္သတင္းေရာဘာထူးေသးလဲရွင့္လို႔ေမးလိုက္မိတယ္။
တို႔လည္းရွာၾကတာ႐ြာနီးခ်ဳပ္စပ္အထိပဲ၊ဗိေႏၶာဆရာခ်က္ႀကီးလည္းရွာတာႏွံ႔ေနၿပီ၊ဘာသတင္းမွမရဘူး၊ငါေတာ့ၿမိဳ႕တက္ၿပီးဂါတ္ပဲတိုင္ရေတာ့မယ္ထင္တယ္။လို႔ေျပာလိုက္တဲ့အခါမေအးမိကဝင္ၿပီး…အေဖကလည္း…႐ြာထဲကလူေတြေျပာသလိုအေဖ့သမီးကိုတေစၦမ်ားဆြဲသြာလားမသိဘူး၊တေစၦဆြဲတာကိုဂါတ္တိုင္လို႔ရယ္စရာႀကီးျဖစ္ေနပါဦးမယ္လို႔ေျပာလိုက္တယ္။
ေတာ္စမ္း…ဘယ့္ႏွယ္…၊တေစၦကလူကိုဆြဲႏိုင္မွာလဲ၊ဂါတ္တိုင္တာပဲေကာင္းတယ္
သူႀကီးဖိုးသာေအာင္စကားေျုကာင့္မိန္းမျဖစ္သူက…
ေတာ္ကလည္းသူႀကီးျဖစ္ၿပီးကိုယ့္သမီးေပ်ာက္တာေတာင္ေတြ႕ေအာင္မရွာနိင္ဘူးညံ့ပါ့…လို႔ႏႈတ္ခမ္းမဲ့႐ြဲ႕ၿပီးေျပာလိုက္ျပန္တယ္။
မိန္းမရဲ႕စကားေၾကာင့္သူႀကီးဟာရႉးရႉးရွားရွားျဖစ္သြားၿပီး…
ခင္ဗ်ားကက်ဳပ္ကိုေျပာတယ္၊က်ဳပ္မွာေအးစိန္ပဲရွာရေတာ့မလား၊ဖုတ္ဝင္သလိုသရဲပူးသလိုျဖစ္ေနတဲ့ခင္ဗ်ားအနားပဲထိုင္ေနရမလားျဖစ္ေနတာ၊လူလည္း႐ူးခ်င္ေနၿပီ…၊ေအးစိန္မေပ်ာက္ပဲငါေပ်ာက္သြားရင္ေကာင္းမယ္လို႔မေက်မနပ္ေျပာလိုက္ေတာ့တယ္။

သူႀကီး….
ဖိုးသာေအာင္ရဲ႕အိမ္ကိုစပါးပြဲစားဦးလူလွေရာက္လာၿပီး…
မနက္ျဖန္က်ဳပ္သားေတြရွင္ျပဳအလႉရွိတယ္သူႀကီးရဲ႕…၊အဲဒါ…သူႀကီးတို႔မိသားစုကိုလာဖိတ္တာပါလို႔ေျပာလိုက္တဲ့အခါသူႀကီးက…
ဟာ…ဟုတ္သားပဲ၊ဟိုအပတ္ထဲကခင္ဗ်ားက်ဳပ္ကိုေျပာထားတာ၊က်ဳပ္လည္းသမီးေပ်ာက္ေနတာနဲ႔ခင္ဗ်ားအလႉကိစၥကိုေမ့ေနတာ၊အလႉအတြက္အားလုံးျပင္ဆင္ၿပီးပလား၊လိုအပ္တာရွိရင္ေျပာပါလို႔ေမးလိုက္တယ္။
ဒီအခါစပါးပြဲစားဦးလူလွကအားလုံးျပင္ဆင္ၿပီးပါၿပီသူႀကီးရယ္၊စကားမစပ္သူႀကီးသမီးေအးစိန္ကိုအရက္သမာတေစၦဖမ္းစားတယ္ဆိုတာတကယ္ပဲလားဗ်လို႔ေမးလိုက္တဲ့အခါသူျုကီးဖိုးသာေအာင္တစ္ေယာက္မ်က္ႏွာပ်က္သြားရင္း…
က်ဳပ္ကေတာ့တေစၦဖမ္းစားတယ္ဆိုတာလက္မခံဘူးဗ်၊ေခတ္ကာလကလည္းခင္ဗ်ားသိတဲ့အတိုင္း၊အဂ္လိပ္အေျပး၊ဂ်ပန္အဝင္ဆိုေတာ့ေရာင္စုံေသာင္းက်န္သူေတြထႂကြခ်ိန္မဟုတ္လား၊က်ဳပ္အထင္ေတာ့မေအးစိန္ျပန္ေပးအဆြဲခံရၿပီလို႔ထင္တယ္၊ဒါေၾကာင္းဂါတ္ကိုအေၾကာင္းၾကားဖို႔ေတာင္စီစဥ္ထားတယ္လို႔ျပန္ေျဖလိုက္တယ္။
သူႀကီးမ်က္ႏွာပ်က္သြားတာသိတဲ့ဦးလူလွဟာ
အင္း…ျပန္ေပးဆြဲခံရတာလည္းျဖစ္ႏိုင္တာပဲ၊က်ဳပ္တို႔နဂါးစု႐ြာမွာသူႀကီးကအခ်မ္းသာဆုံးပဲ၊ဂါတ္ကိုအေၾကာင္းၾကားတာေတာ့မမွားဘူးေပါ့ဗ်ာ၊ကဲ…က်ဳပ္လည္းကိစၥေလးရွိလို႔ျပန္ဦးမယ္၊သူႀကီးတို႔အားလုံးက်ဳပ္အလႉကိုလာရမွာေနာ္၊သူႀကီးႀကိဳက္တဲ့အုန္းထမင္းနဲ႔ငါးသေလာက္ေပါင္းေကြၽးမွာဗ်လို႔ေျပာဆိုၿပီးႏႈတ္ဆက္ျပန္သြားေတာ့တယ္။သူႀကီးဖိုးသာေအာင္တစ္ေယာက္မေအးစိန္ေပ်ာက္တဲ့အေၾကာင္းေတြးမိၿပီးေငးငိုင္ေနမိတယ္။
အေဖ…ဘာျဖစ္ေနတာလဲ၊မ်က္ႏွာလည္းမေကာင္းဘူး၊ဦးလူလွဘာေျပာသြားလို႔လဲ…
မေအးမိရဲ႕အသံေၾကာင့္သုူႀကီးဟာအေတြးျပတ္ေတာက္သြားရင္း…
လူလွကအလႉလာဖိတ္တာသမီးရဲ႕…၊မနက္ျဖန္သူ႔သားေတြရွင္ျပဳရွိတယ္ေလ၊အေဖေတြးမိတာကညည္းညီမအေၾကာင္းပါ၊ဒီေန႔ဆိုသူေပ်ာက္ေနတာကိုးရက္ရွိၿပီ၊႐ြာထဲမွာလည္းေအးစိန္ကိုတေစၦဖမ္းစားလိုက္ၿပီလို႔ဇြတ္ေျပာေနၾကတယ္၊အေဖေတာ့လူလွရဲ႕အလႉေတာင္မသြားခ်င္ဘူးသမီးရယ္၊လူေတြနဲ႔မေတြ႕ခ်င္ဘူးလို႔မ်က္ႏွာမသာမယာနဲ႔ေျပာလိုက္မိတယ္။
အိုအေဖကလည္းသူႀကီးလုပ္ၿပီးမသြားလို႔ျဖစ္ပါ့မလား၊ပါးစပ္ေပါာက္ေတြဂ႐ုစိုက္ေနလို႔ကေတာ့ေနစရာေတာင္ရွိမွာမဟုတ္ဘူး၊ဒါေတာင္က်ဳပ္နဲ႔အေမပါးစပ္ကိုေၾကာက္လို႔ဒင္းတို႔ဒီေလာက္ပဲေျပာတာ၊ဘာမွဂ႐ုစိုက္မေနနဲ႔၊အေမနဲ႔က်ဳပ္လည္းအလႉကိုလိုက္မွာပဲ
မေအးစိန္ရဲ႕စကားေၾကာင့္သူႀကီးတစ္ေယာက္စိတ္ဆုံးျဖတ္ခ်က္ခ်လိုက္ရင္း…
ဟုတ္တယ္…ငါကနဂါးစု႐ြာရဲ႕သူႀကီးတစ္ေယာက္ပဲ၊ငါဘယ္သူေၾကာက္ရမွာတုန္း၊ငါ့ေရွ႕မွာေတာ့ဒင္းတို႔ေအးစိန္အေၾကာင္းဟရဲမွာမဟုတ္ဘူး၊လူလွရဲ႕အလႉကိုငါသြားမယ္လို႔စိတ္တြင္းကႀကဳံးဝါးလိုက္ေတာ့တယ္။

နဂါးစု….
တစ္႐ြာလုံးအိုးစည္ဗုံေမာင္းသံေတြညံညံစီေနတယ္။႐ြာသူ႐ြာသားေတြဟာအဝတ္အစားအသစ္ေတြဝတ္ဆင္ၿပီးစပါးပြဲစားဦးလူလွရဲ႕အလႉမ႑ပ္ကိုအသီးသီးဝင္သြားၾကတယ္။အလႉရွင္မိသားစုကေတာ့ေ႐ႊေတြၫႊတ္ေနေအာင္ဝတ္ၿပီးလာသမွ်ဧည့္သည္ေတြကိုဒိုင္ခံဧည့္ခံေနၾကတယ္။
စပါးပြဲစားဦးလူလွဟာ႐ြာရဲ႕မ်က္ႏွာဖုံးတစ္ေယာက္ျဖစ္တာေၾကာင့္အနီးအနား႐ြာမွာရွိတဲ့လယ္ပိုင္ရွင္ေတြပါလွည္းအသီးသီးနဲ႔ေရာက္လာၾကတယ္။
သူႀကီးဖိုးသားေအာင္တို႔မိသားစုအလႉမ႑ပ္ကိုေရာက္ေတာ့ေျခခ်စရာမရွိေအာင္လူေတြျပည့္က်ပ္ေနတာေတြ႕ရတယ္။
ဒီအခ်ိန္မွာပဲဦးလူလွရဲ႕မိန္းမဟာသူႀကီးတို႔ကိုျမင္သြားၿပီး…
ေဟာ…သူႀကီးတို႔မိသားစု…ႂကြပါရွင့္…ဒီဘက္ကိုႂကြပါ…
လို႔ပ်ာပ်ာသလဲဖိတ္ေခၚလိုက္တယ္။ဟဲ့…ေအးပုံ…၊ညည္းတို႔အလႉကတယ္စည္းကားပါလား၊လူေတြလာလိုက္တာမနည္းဘူး
သူႀကီးကေတာ္ရဲ႕စကားေၾကာင့္အလႉဒကာမမေအးပုံကမ်က္ႏွာၿပဳံးၿပဳံးႀကီးနဲ႔…
စည္ဆို…ကိုလူလွကစပါးပြဲစားဆိုေတာ့လယ္ပိုင္ရွင္မွန္သမွ်သူ႔မိတ္ေဆြေတြခ်ည္းပဲသူႀကီးကေတာ္ရဲ႕…၊ဒါေတာင္…မဖိတ္လိုက္ရတဲ့လယ္ရွင္ေတြရွိေသးတယ္၊သူႀကီးကေတာ္တို႔ဒီဘက္ႂကြပါ…၊သူႀကီးတို႔အတြက္သီးသန႔္ေနရာစီစဥ္ထားပါတယ္လို႔ေျပာဆိုရင္းကတၱီပါေကာ္ေဇာခင္းထားတဲ့စားပြဲဝိုင္းမွာေနရာခ်ေပးလိုက္တယ္။
ခဏၾကာေတာ့အုန္းထမင္းနဲ႔ငါးသေလာက္ေပါင္းပန္းကန္ေတြလာခ်ေပးတယ္။သူႀကီးဖိုးသာေအာင္ဟာသူ႔အႀကိဳက္ျဖစ္တဲ့အုန္းထမင္း၊ငါးသေလာက္ေပါင္းနဲ႔ခ်ဥ္ေပါင္ဟင္းခ်ိဳ၊ငါးပိခ်က္တို႔ကိုေခါင္းမေဖာ္တမ္းစားေသာက္ေတာ့တယ္။
သမီးျဖစ္သူမေအးမိကဖခင္စားေနပုံကိုၾကည့္ၿပီး…အေမ…အေဖ့ကိုၾကည့္ပါဦး၊အစကေတာ့မလာဘူးတကဲကဲနဲ႔…၊ဒီေရာက္ေတာ့စားေနလိုက္တာ၊ေခါင္းေတာင္မေဖာ္ဘူး၊က်ဳပ္တို႔အတြက္ေတာင္က်န္ပါ့မလားမသိဘူးလို႔က်ီစယ္လိုက္တယ္။
အလႉမ႑ပ္ႀကီးတစ္ခုလုံးဆိုင္းသံ၊ဗုံသံ၊စကားေျပာသံေတြနဲ႔ဆူညံေနတယ္။
ဒီအခ်ိန္မွာပဲ႐ြာသားတစ္ေယာက္ဟာမ႑ပ္ရွိရာကိုအူလ်ားဖားလ်ားေျပးလာၿပီး…
ဆိုင္း…ဆိုင္းဆရာ…ရပ္ပါဦးလို႔တားလိုက္တယ္။
႐ြာသားရဲ႕အေျပာေၾကာင့္ဆိုင္းဆရာလည္းေၾကာင္အမ္းၿပီးဆိုင္းကိုရပ္လိုက္တယ္။
ဆိုင္းသံရပ္သြားတဲ့အတြက္အလႉရွင္ေတြဟာမ်က္ႏွာပ်က္သြားၿပီး…
ေဟ့လူ…ဆိုင္းဆရာ…ဆိုင္းကိုဆက္တိုက္တီးပါလို႔ေျပာထားရက္နဲ႔၊ဘာလုပ္တာလဲဗ်လို႔ဦးလူလွကဆိုင္းဆရာကိုေလွ်ာက္လာရင္းေျပာလိုက္တဲ့အခါဆိုင္းဆရာက…
က်ဳပ္…ရပ္တာမဟုတ္ဘူးဗ်…၊ဒီလူရပ္ခိုင္းတာလို႔႐ြာသားကိုလက္ညႇိဳးထိုးေျပာလိုက္တယ္။အလႉရွင္ဦးလူလွဟာဆိုင္းသမားၫႊန္ျပရာကိုၾကည့္လိုက္ၿပီး…
ေၾသာ္…ဘယ္သူမ်ားမွတ္တယ္၊အရက္သမားဖိုးလုံးပါလား၊မင္းကဘာေၾကာင့္ဆိုင္းကိုရပ္ခိုင္းတာလဲ…၊မူးရင္လည္းအိမ္ျပန္အိပ္ကြာ၊ဒီမွာမဂ္လာယူေနတာကြလို႔ေဒါသတႀကီးေျပာလိုက္တယ္။ဒီအခါမွာအရက္သမားဖိုးလုံးကမ်က္လုံးျပဴးမ်က္ဆံျပဴးနဲ႔…
က်ဳပ္…ေႏွာက္ယွက္တာမဟုတ္ပါဘူးဗ်ာ…၊႐ြာ…႐ြာထဲကိုအစိမ္းသရဲဝင္လာလို႔ဗ်လို႔ေအာ္ႀကီးဟစ္က်ယ္ေျပာလိုက္တယ္။အရက္သမားဖိုးလုံးရဲ႕စကားေၾကာင့္မ႑ပ္ထဲမွာရွိတဲ့လူအားလုံးအထိတ္တလန႔္ျဖစ္သြားၾကတယ္။အလႉရွင္ဦးလူလွကမ်က္ႏွာအႀကီးအက်ယ္ပ်က္သြားၿပီး…ေဟ့ေကာင္ငါေျပာေနတယ္ေနာ္၊မူးရင္မရမ္းနဲ႔၊ေရာ့…ထန္းရည္ဖိုးယူသြားလို႔အက်ႌအိတ္ထဲကအေႂကြေစ့ထုတ္ေပးလိုက္တဲ့အခါ…ဟာ…က်ဳပ္မေသာက္ခ်င္ဘူး၊က်ဳပ္…႐ြာထိပ္မွာဆံပင္ဖားလ်ား…အစိမ္းေရာင္ဝမ္းဆက္နဲ႔သရဲမေတြ႕ခဲ့တယ္၊႐ြာထဲဝင္လာတာဗ်လို႔ထပ္ေျပာလိုက္ျပန္တယ္။အစိမ္းသရဲဆိုတဲ့အသံေၾကာင့္႐ြာသူတစ္ခ်ိဳ႕ဟာကေလးခ်ီၿပီးမ႑ပ္ထဲကထျပန္သြားၾကတယ္။တစ္ဖက္႐ြာကေရာက္လာတဲ့ဧည့္သည္တခ်ိဳ႕ကလည္းလွည္းေတြကမန္းကတန္းျပင္ၿပီးျပန္ေျပးကုန္တယ္။
အမေလး…အစိမ္းသရဲမ႐ြာထဲဝင္လို႔တဲ့…၊ေန႔ခင္းေၾကာင္ေတာင္ႀကီးအစိမ္းသရဲလာေတာ့ဆိုေတာ့နိမိတ္မေကာင္းဘူး
ဟဲ့…ဟဲ့…ကေလးေတြအျမန္လာစမ္း၊ကျမင္းမေနၾကနဲ႔၊ဟိုမွာအစိမ္းသရဲလာေနၿပီတဲ့၊အိမ္ျပန္ရေအာင္ဆိုတဲ့တစ္ေယာက္တစ္ေပါက္သံေတြမ႑ပ္တြင္းမွာပြက္ေလာ႐ိုက္သြားတယ္။သူႀကီးဖိုးသာေအာင္တစ္ေယာက္ျဖစ္ပ်က္ေနတဲ့အေျခအေနကိုၾကည့္ၿပီးဦးလူလွတို႔အနားေလွ်ာက္လာမိတယ္။လုပ္ပါဦး…သူႀကီးရယ္၊ဒီေကာင္ဖိုးလုံး…၊က်ဳပ္အလႉကိုဖ်က္ေနတာဗ်၊သြားပါၿပီဗ်ာ…က်ဳပ္အလွ။ူေတာ့ပ်က္ပါၿပီ၊က်ဳပ္မေက်နပ္ဘူးဗ်ာ၊ဒီကိစၥကိုသူႀကီးေျဖရွင္းေပးလို႔ငိုသံႀကီးနဲ႔ေျပာလိုက္တဲ့အခါသူႀကီးဟာဖိုးလုံးကိုၾကည့္လိုက္ၿပီး…
ေဟ့ေကာင္…ဖိုးလုံး…ဒီလိုအလႉႀကီးတစ္ခုျဖစ္ေျမာက္ဖို႔ကမလြယ္ဘူးဆိုတာမင္းမသိဘူးလား၊ဘာလို႔သူမ်ားအလႉကိုေႏွာက္ယွက္ရတာလဲ…၊အခုဆိုမင္းေၾကာင့္လူေတြအားလုံးဝ႐ုန္းသုံးကားျဖစ္ကုန္ၿပီလို႔ေဒါသတႀကီးေျပာလိုက္တယ္။
သူႀကီးရဲ႕စကားေၾကာင့္ဖိုးလုံးဟာအသံတုန္တုန္ရင္ရင္နဲ႔…အလွ။ူကိုဖ်က္တာမဟုတ္ပါဘူးသူႀကီးရယ္…၊တကယ္ပါဗ်ာ…က်ဳပ္…က်ဳပ္…အစိမ္းသရဲေတြ႕ခဲ့လို႔ပါလို႔ထပ္ေျပာျပန္တယ္။သူႀကီးဖိုးသာေအာင္ဟာဖိုးလုံးကိုဝါးစားမတတ္စူးစိုက္ၾကည့္လိုက္ရင္း…
ေအး…ငါ…အခု႐ြာထိပ္သြားၾကည့္မယ္၊မဟုတ္လို႔ကေတာ့…သူ႔မ်ားအလႉကိုေႏွာင့္ယွက္တဲ့အတြက္မင္းကိုထိပ္တုံးတင္မဟုတ္ဘူး၊ပုလိပ္ေခၚၿပီးေတာ့ဂါတ္ပို႔ပစ္မယ္လို႔ႀကဳံးဝါးလိုက္တယ္။ၿပီးတဲ့အခါမွာသူႀကီးဟာဖိုးလုံးကိုေရွ႕ကသြားေစၿပီး႐ြာလူအုပ္ႀကီးနဲ႔အတူ႐ြာထိပ္ကိုခ်ီတက္ခဲ့ၾကတယ္။အလႉရွင္လင္မယားလည္းဖိုးလုံးကိုအမဲဖ်က္ဖို႔အတြက္လူအုပ္ႀကီးနဲ႔အတူလိုက္လာခဲ့တယ္။
႐ြာထိပ္ကုကၠိဳပင္ႀကီးနားေရာက္ေတာ့ဖိုးလုံးတစ္ေယာက္တုံ႔ခနဲရပ္သြားၿပီး…
ဟိုမွာ…ဟိုမွာ…ေတြ႕လား…သရဲမ…လာေနၿပီလို႔လက္ညႇိဳးထိုးအသံကုန္ေအာ္လိုက္တဲ့အခါေနာက္ကလိုက္လာတဲ့လူအုပ္ႀကီးဟာေျခလွမ္းရပ္သြားၾကတယ္။
ဖိုးလုံးၫႊန္ျပရာကိုသူတို႔အားလုံးၿပိဳင္တူၾကည့္လိုက္မိတယ္။
အေဝးဆီမွာမိန္းမတစ္ေယာက္….ဆံပင္ဖားလ်ားႀကီးနဲ႔အစိမ္းေရာင္ဝတ္ထားတယ္။႐ြာသားေတြဟာအေဝးမွာမသဲမကြဲျမင္ရတဲ့အစိမ္းေရာင္အရိပ္ႀကီးကိုၾကည့္ၿပီး…
ဟာအစိမ္းသရဲမ႐ြာထဲဝင္လာၿပီေဟ့ေျပး…ေျပးၾက…
ဆိုတဲ့အသံေတြညံစီသြားတယ္။႐ြာသားတခ်ိဳ႕ဟာေနာက္လွည့္ေျပးကုန္ၾကတယ္။
သတၱိေကာင္းတဲ့႐ြာသားေတြကေတာ့သူႀကီးတို႔နဲ႔အတူက်န္ရစ္ခဲ့ၾကတယ္။
ဒီအခ်ိန္မွာပဲဆံပင္ဖားလ်ားနဲ႔မိန္းမဟာတျဖည္းျဖည္းနီးကပ္လာတယ္။
သူႀကီးနဲ႔႐ြာသားတအုပ္လည္းမ်က္ေတာင္မခတ္တမ္းစိုက္ၾကည့္ေနၾကတယ္။
ဝါးႏွစ္႐ိုက္ေလာက္အကြာကိုေရာက္ေတာ့ဖိုးလုံးတစ္ေယာက္ဆံပင္ဖားလ်ားနဲမိန္းမကိုစူူးစိုက္ၾကည့္ရင္းသ…သရဲမ…ေအးစိန္…ေအး…ေအးစိန္…သရဲမ…ေခါ…ေခါစာပစ္ရင္းတေစၦဖမ္းသြားတဲ့ေအးစိန္သရဲမ…အမယ္ေလးဗ်…လို႔ေသြး႐ူးေသြးတန္းေအာ္ဟစ္ရင္းဖေနာင့္နဲ႔တင္ပါးတစ္သားတည္းက်ေအာင္ေျပးေတာ့တယ္။
ေအးစိန္တစ္ေယာက္ေခါစာပစ္ရင္းတေစၦဖမ္းစားသြားၿပီလို႔ယူဆတဲ့႐ြာသားတခ်ိဳ႕ကလည္းဖိုးလုံးေနာက္ကိုအသည္းအသန္ေျပးလိုက္ၾကတယ္။
ဒီအခ်ိန္မွာပဲ…သူတို႔အားလုံးတေစၦဖမ္းစားသြားၿပီလို႔ယူဆထားတဲ့မေအးစိန္ဟာလူအုပ္ႀကီးဆီကိုေလွ်ာက္လာတယ္။
သူႀကီးနဲ႔က်န္ရစ္တဲ့႐ြာသားေတြဟာမေအးစိန္ကိုေၾကာင္ေငးၾကည့္ရင္းလွည့္ေျပးဖို႔ေတာင္ေမ့ေနၾကတယ္။အဲဒီ႐ြာသားေတြထဲမွာဗိေႏၶာဆရာခ်က္ႀကီးလည္းပါခဲ့တယ္။
အေဖ…ဘာၾကည့္ေနတာလဲ…၊အေဖ့သမီးေအးစိန္ေတာင္မမွတ္မိေတာ့ဘူးလား
မေအးစိန္ရဲ႕အသံေၾကာင့္သူႀကီးဖိုးသာေအာင္တစ္ေယာက္ေၾကာင္ေငးေနရာကသတိဝင္လာၿပီး…
ေအး…ေအးစိန္…ဟုတ္ပါတယ္ေနာ္လို႔္တုန္ရင္တဲ့ေလသံနဲ႔ေမးလိုက္တဲ့အခါ…
ဟုတ္ပါတယ္အေဖရဲ႕၊ေအးစိန္ပါ…၊ေခါစာပစ္တဲ့ညမွာေပ်ာက္သြားတဲ့ေအးစိန္ပါလို႔ေျပာလိုက္တယ္။
ဒီအခါမွာဗိေႏၶာဆရာခ်က္ႀကီးကမ်က္လုံးအျပဴးသားနဲ႔….မ…မေအးစိန္….နဲ႔က်ဳပ္တို႔ကဘဝျခားသြားၿပီေလ…၊ကိုယ့္….ကိုယ့္ေနရာကိုယ္ျပန္ပါမေအးစိန္ရယ္…မသင့္ေတာ္ပါဘူးလို႔အေထ့ေထ့အေငါ့ေငါ့ေျပာလိုက္တဲ့အခါမေအးစိန္က…
ဘာလို႔မသင့္ေတာ္ရမွာလဲ၊က်ဳပ္အိမ္က်ဳပ္ျပန္လာတဲ့ဟာလို႔ခပ္ဆတ္ဆတ္ေျပာလိုက္မိတယ္။
အလႉရွင္ဦးလူလွဟာဆရာခ်က္ႀကီးရဲ႕စကားေနာက္သံေယာင္လိုက္ၿပီး…
ဟုတ္…ဟုတ္ပါတယ္ေအးစိန္မရယ္၊ဘာလဲနင္…စားရမဲ့ေသာက္ရမဲ့ၿပိတၱာဘဝေရာက္ေနလို႔လား…၊ဒီ…ဒီေန႔…ငါ့သားေတြရွင္ျပဳအလႉရွိတယ္…၊ေရစက္ခ်တဲ့အခါ…နင့္ကိုေခၚၿပီးအမွ်ေဝေပးပါ့မယ္…၊႐ြာ…႐ြာထဲကိုေတာ့မဝင္ပါနဲ႔…လို႔မ်က္လုံးစုံမွိတ္ၿပီးလႊတ္ေျပာလိုက္တယ္။ဟင္…ဘာေတြေလွ်ာက္ေျပာေနတာလဲ၊က်ဳပ္ကဘာလို႔ၿပိတၱာဘဝေရာက္ရမွာလဲ၊က်ဳပ္အိမ္က်ဳပ္ျပန္မယ္၊ရွင္တို႔ဘာမွတားေနစရာမလိုဘူး
မေအးစိန္ရဲ႕ေဒါသတႀကီးခါးေထာက္ၿပီးေျပာလိုက္တဲ့စကားေၾကာင့္အားလုံးထိတ္လန႔္သြားၾကတယ္။ဒီအခါမွာသူႀကီးဖိုးသာေအာင္ကသမီးျဖစ္သူကိုစူးစိုက္ၾကည့္ရင္း…
သ…သမီးကိုေခါစာပစ္တဲ့ညမွာတေစၦဖမ္းသြားၿပီလို႔တစ္႐ြာလုံးယူဆထားၾကတယ္…၊အေဖၾကားဖူးတာရွိတယ္…၊လူ႔အသားပူေႏြးတယ္၊နာနာဘာဝေတြရဲ႕အသားဟာေရခဲလိုေအးစက္ေနတယ္တဲ့…၊အေဖ့ကိုသမီးလက္ေပးစမ္း…
လို႔ေျပာဆိုရင္းမေအးစိန္ရဲ႕လက္ကိုလွမ္းကိုင္လိုက္တယ္။
ေၾသာ္…အေဖရယ္…ျဖစ္မွျဖစ္ရေလ…၊အေဖ့သမီးေအးစိန္ကလူအစစ္ပါအေဖ့ရဲ႕…၊ေတြ႕လား…သမီးလက္ေတြေႏြးေနတာပဲ၊အေဖယုံၿပီလား၊တကယ္ေတာ့…ေခါစာပစ္တဲ့ညကသမီးကိုတေစၦဖမ္းစားတာမဟုတ္ပါဘူး၊သမီးခ်စ္သူေနာက္ခိုးရာလိုက္သြားတာပါ
လို႔ေျပာလိုက္တဲ့အခါသူႀကီးဖိုးသာေအာင္တစ္ေယာက္မ်က္လုံးျပဴးက်ယ္သြားၿပီး…
ဘာ…ခိုးရာလိုက္သြားတာဟုတ္လားလို႔အလန႔္တၾကားေရ႐ြတ္လိုက္မိတယ္။
မေအးစိန္က…ဟုတ္ပါတယ္အေဖရယ္…၊သမီးကိုခြင့္လြတ္ပါေနာ္…၊သမီးခ်စ္သူကၿမိဳ႕သားတစ္ေယာက္ပါ၊သူကတစ္ဖက္႐ြာကသူငယ္ခ်င္းစီကိုလာရင္း၊သမီးကလည္းအဲဒီ႐ြာမွာအေဖေတာင္းခိုင္းတဲ့အေႂကြးသြားေတာင္းရင္းေတြ႕ၾကၿပီးခ်စ္ႀကိဳုက္ခဲ့တာပါ၊အဲ့ဒီညက…သမီးလည္းသူလာမယ္မွန္းမသိခဲ့ပါဘူး၊ဆရာခ်က္ႀကီးခိုင္းတဲ့အတိုင္းသမီး…ေညာင္ပင္ႀကီးကနတ္ကြန္းရွိရာကိုသြားခဲ့တယ္…၊ေခါစာဗန္းကိုခ်လိုက္စဥ္မွာပဲ…ေညာင္ပင္ေနာက္ကလက္မည္းႀကီးထြက္လာၿပီးသမီးကိုဆြဲေခၚသြားတယ္၊အစကသမီးလည္းအရမ္းလန႔္ၿပီးသံကုန္ေအာ္လိုက္မိတယ္…၊ေညာင္ပင္ေနာက္ကိုေရာက္ေတာ့မွသမီးခ်စ္သူျဖစ္ေနမွန္းသိရေတာ့တယ္၊သူက…ၿမိဳ႕ျပန္ေတာ့မဲ့အေၾကာင္းေျပာတယ္၊သမီးလည္းသူ႔ကိုမခြဲနိင္တာနဲ႔တစ္ခါတည္းသူ႔ေနာက္လိုက္သြားခဲ့တာပါအေဖလို႔ရွင္းျပလိုက္တဲ့အခါမွသူႀကီးဖိုးသာေအာင္တစ္ေယာက္ေဒါသအႀကီးအက်ယ္ထြက္သြားၿပီး…
ေတာက္…ဘယ္မလဲ၊ဗိေႏၶာဆရာခ်က္ႀကီး၊ဒင္း…ေခါစာအပစ္ေကာင္းလို႔ငါ့သမီးလင္ေနာက္လိုက္သြားတာ…၊ဘယ္မလဲ…ေတြ႕လို႔ကေတာ့ကြာ…အရွင္လတ္လတ္အေရခြံဆုတ္ပစ္မယ္လို႔ပုဆိုးႀကီးမၿပီးႀကဳံးဝါးရင္းလူအုပ္ၾကားထဲၾကည့္လိုက္တယ္။
ဆရာခ်က္ႀကီးဟာအေျခအေနမေကာင္းမွန္းရိပ္စားမိသြားၿပီး…
အမေလး…အရပ္ကတို႔ရဲ႕…၊ေနာက္ဆိုေခါစာမပစ္ခိုင္းရဲေတာ့ပါဘူး၊ကယ္ၾကပါဦးလို႔ေအာ္ဟစ္ရင္းတစ္ခ်ိဳးတည္းလစ္ေျပးတယ္။သူႀကီးဖိုးသာေအာင္တစ္ေယာက္ေအာ္ဟစ္ႀကိမ္းေမာင္းရင္းခ်က္ႀကီးေနာက္အေျပးလိုက္ေတာ့တယ္။
မေအးစိန္နဲ႔႐ြာသားအုပ္ႀကီးကေတာ့သူႀကီးနဲ႔ခ်က္ႀကီးကိုၾကည့္ရင္းငိုအားထက္ရီအားသန္မိၾကေတာ့တယ္…
…..ေခါစာပစ္တဲ့….ည….