ဘွားမယ်စိန်နှင့်ကဝေ့ဝိညာဉ်(စ/ဆုံး)

Unicode Version

ဘွားမယ်စိန်နှင့်ကဝေ့ဝိညာဉ်(စ/ဆုံး)
——————————————–
“အမေ…ခင်ဗျားနေ့တိုင်းဒီဟင်းပဲချက်နေတော့မှာလား”
“ဟဲ့…ဟင်းကဘာဖြစ်နေလို့တုန်းကျော်သောင်းရဲ့…
အသားဟင်းလည်းပါနေတာပဲလေဟယ်…”
“ဟာဗျာ…တောက်…”
“ဝုန်း…ခလွမ်း…”
“အမယ်လေး…လေး…
သေနေကျလေး…ကုန်ပါပြီတော်…ကုန်ပါပြီ”
ဒေါ်မိချိုတစ်ယောက် မှောက်နေသောထမင်းပန်းကန်၊
ဟင်းပန်းကန်များကိုကြည့်၍
ဝမ်းနည်းစွာအော်ဟစ်ငိုကြွေးနေလေသည်။
သားဖြစ်သူ ကျော်သောင်းကလည်း မကျေနပ်ဖြင့်
အိမ်အပြင်သို့ထွက်သွားပြီဖြစ်သည်။
အော်သံ၊ငိုသံများကိုကြား၍ ခြံနီးနားချင်းဖြစ်သော
မဌေးက ဒေါ်မိချိုတို့ခြံထဲဝင်လာကာ
ငိုကြွေးနေသောဒေါ်မိချိုအနီးသို့ရောက်လာလေသည်။
“ဘာဖြစ်ပြန်တာလဲ မချိုရယ်…
တော်တို့အိမ်လည်းနေ့တိုင်းလိုလို
ရန်ဖြစ်စကားများနေကြရတာပဲတော်…”
“ကျုပ်အပြစ်ပါမဌေးရယ်…
ကျော်သောင်းမကြိုက်တဲ့ဟင်းချက်မိတာ
ကျုပ်အပြစ်ပါတော်…”
“ခက်လိုက်တာမချိုရယ်…တော်လည်း
သားဆိုးတစ်ယောက်မွေးထားမိတော့
ဒီဒုက္ခတွေကိုဆက်ခံစားနေရဦးမှာပဲတော်…”
“သားဆိုးရယ်လည်းမအောင်းမေ့ပါဘူးတော်…
သူ့ခမျာလည်း ဖအေမရှိကတည်းက ကျုပ်ကိုလုပ်ကိုင်ကျွေးမွေးနေရတာမဟုတ်ဘူးလား”
“အင်း…တော်ကအမေဆိုတော့ဘယ်အပြစ်မြင်မလဲ”
ဒေါ်မိချိုက သားဖြစ်သူကျော်သောင်းကို
နည်းနည်းလေးမှအပြစ်မတင်ပေ။
ယခုလည်းဒေါ်ဌေးကိုပြန်ဖြေရင်းသားဖြစ်သူမှောက်သွားသော
ထမင်းပန်းကန်၊ဟင်းပန်းများကို ကောက်ယူနေရှာသည်။
ကျော်သောင်းအဖေက ထန်းတက်သည့်အလုပ်ကို
လုပ်ကိုင်ခဲ့သလို အဖေဖြစ်သူခြေရာနင်းသည့်
ကျော်သောင်းမှာလည်း အဖေဖြစ်သူမရှိသည့်နောက် ထန်းတက်ခြင်းဖြင့်အသက်မွေးခဲ့လေသည်။
“ကျော်သောင်း…မင်းလုပ်အားခထက်
ငါ့ထန်းရည်ဖိုးကများနေပြီနော်…
ဒီလိုဆိုရင် မင်းကိုငါ အကြွေးထက်ပေးဖို့
စဉ်းစားရတော့မယ်ကွ”
“ဟ…ကိုကျော်ကြီး…
ခင်ဗျားဘာတွေဖြစ်နေတာလဲ…
ကျုပ်ကခင်ဗျားထန်းတောမှာတက်နေတဲ့ကောင်ပါဗျ…
ခင်ဗျားလည်းကျုပ်လုပ်အားခထဲက
အကြွေးနှုတ်ထားတာပဲဗျာ…
ဒါကိုဘာလို့စကားတွေရှည်နေရတာလဲဗျ”
“ငါက မင်းအတွက်ပြောတာပါကွာ…
မင်းကအခုလိုသောက်လိုက်စားလိုက်နဲ့
ရသမျှလည်းငါ့ကိုအကြွေးပေးရတော့.မင်းအမေက
ဘာနဲ့ထမင်းစားမှာလဲကွ…”
“ကိုကျော်ကြီး…ခင်ဗျားအတော်လျှာရှည်တာပဲဗျာ…
သူ့ဘာသာ ဘာနဲ့စားစားပေါ့…
ကျုပ်လိုသားဖြစ်သူတောင်မပူတာခင်ဗျားက
ဘာလို့ပူနေရတာလဲ…ဘာလဲ ခင်ဗျားကျုပ်အမေကိုများ
ကြိုက်နေသလား…”
“ဘာကွ…တော်တော်…ကျော်သောင်း
မင်းသောက်စရာသောက်ပြီးရင်
ပြန်တော့ဟေ့ကောင်…
မဟုတ်ရင်ငါ့စိတ်နဲ့မင်းမလွယ်ဘူး…”
ကျော်ကြီးက ကျော်သောင်းကိုစိတ်တိုသွားသည်။
သို့သော်သူ့စိတ်ကိုထိန်း၍ ကျော်သောင်းအနီးမှ
ထွက်သွားတော့၏။
ကျော်သောင်းကတော့ ပေစောင်းစောင်း
လှမ်းကြည့်ရင်း ပဲကြီးလှော်ကို
ပါးစပ်ထဲသို့ထည့်၍ကြိတ်ချေကာဝါးနေတော့သည်။
ညနေ နေစောင်းတော့ ကျော်သောင်းတစ်ယောက်မူးရူးပြီး
ထန်းတောမှပြန်လာခဲ့သည်။
လမ်းတစ်လျှောက်လည်းခြေလှမ်းများက ယိုင်ထိုးနေ၍
လယ်ကွင်းများထဲသို့ပင်လဲကျနေရှာသည်။
ရွံ့များပေတေနေသည့်ကြားမှ အတင်းကုန်းထ၍
လျှောက်လာခဲ့ပြန်သည်။
“တောက်… ”
ကျော်သောင်းတောက်တစ်ချက်ခေါက်ပြီး
လမ်းကိုဆက်မလျှောက်တော့ဘဲ ရောက်သည့်နေရာ၌
ထိုင်ချလိုက်သည်။
မျက်လုံးကိုမနည်းပြူး၍ဟို…သည်ကိုကြည့်လေတော့
သူထိုင်နေသည့်နေရာ၌မလှမ်းမကမ်း၌ အရုပ်လေးတစ်ရုပ်ကို
တွေ့သွားခဲ့သည်။
“ဟ…ဘာလေးလဲ”
ဟုပြော၍ ထိုအရုပ်ဆီကို လေးဘက်ထောက်၍
သွားလိုက်သည်။
အရုပ်လေးက ရွံ့စေးတစ်မျိုးဖြင့်ထုလုပ်ထားတာဖြစ်ပြီး
လူတစ်ယောက်ဆောင့်ကြောင့်ထိုင်အနေအထားဖြင့်
ဓားနှစ်လက်ကိုပုခုံးပေါ်တင်ကာ
ထမ်းထားသည့်ပုံစံလေးဖြစ်နေခဲ့သည်။
မျက်နှာ၌တော့ နှာခေါင်းပေါက်…
မျက်လုံးပေါက်များပင်မပါဘဲ ဗလာကြီးဖြစ်လို့နေခဲ့၏။
ကျော်သောင်းလည်းထိုအရုပ်လေးကိုကောက်ယူပြီး
ကုန်းကျုံးထ၍ အိမ်သို့ပြန်လာခဲ့သည်။
အိမ်သို့ရောက်တော့လည်း အရုပ်လေးကို သူ့အိပ်ရာ
ခေါင်းရင်း၌ထားပြီးအိပ်လေသည်။
အချိန်ကလည်းညသန်းခေါင်သို့ရောက်လေပြီ…
“ဘုတ်…ဘုတ်…”
တဘုတ်ဘုတ်မြည်သံနှင့်အတူ ကျော်သောင်း၏ပုခုံးကို
တစ်စုံတစ်ယောက်ကရိုက်၍နိုးနေခဲ့၏။
“ကွာ…ဘာလဲဗျာ”
မိခင်ဖြစ်သူ ဒေါ်မိချိုထင်ပြီး ကျော်သောင်းလည်း
ဆူဆူအောင့်အောင့်ဖြင့်နိုးလာခဲ့၏။
မျက်လုံးကိုပွတ်ကာကြည့်လိုက်တော့…
“ဟင်…ခင်…ခင်ဗျား…ဘယ်သူလဲ”
သူ့အားစူးစိုက်ကြည့်နေသော အနက်ရောင်
အဝတ်အစားများဝတ်ဆင်ထားသည့်
ယောကျာ်းကြီးတစ်ဦးကို
တွေ့လိုက်ရတော့ကျော်သောင်းလန့်သွားခဲ့သည်။
ထိုယောကျာ်းကြီးကလည်း
ကျော်သောင်းကိုပြုံးပြုံးကြီးစိုက်ကြည့်နေခဲ့၏။
“ခင်ဗျား ဘယ်သူလဲ…ကျုပ်အိမ်ထဲကို
ဘာဝင်လုပ်တာလဲ”
ဟု…မေးလိုက်တော့ …
“အောင်မယ်…မင်းပဲငါ့ကိုခေါ်လာတာလေ”
ဟု…အသံကျယ်ကြီးဖြင့်ပြန်ပြောလေသည်။
“နေပါဦး…ကျုပ်ကခင်ဗျားကိုဘာလို့ခေါ်လာရမှာလဲ…
ခင်ဗျားညာနေတာ…အခုချက်ချင်းကျုပ်အိမ်ထဲကထွက်သွား”
ဟု…ကျော်သောင်းက မယုံကြည်စွာပြောရင်း
မောင်းထုတ်လေသည်။
“ဟေ့ကောင်…မင်းငါ့ကိုခေါ်လာတာ…
မယုံရင်မင်းခေါင်းရင်းမှာရှိတဲ့အရုပ်ကိုကြည့်လိုက်…”
“အရုပ်…ဟင်…ဒီအရုပ်နဲ့ခင်ဗျားနဲ့က…”
“အဲ့သည်အရုပ်ကို မှော်ကဝေရုပ်ထုလို့ခေါ်တယ်…
ငါကအဲ့သည်ရုပ်ထုကိုစောင့်တဲ့ကဝေပဲကွ…”
“မှော်ကဝေရုပ်ထုဟုတ်လား…
ဘယ်နေရာများအသုံးဝင်တာလဲဗျ”
“မင်းဘာဖြစ်ချင်သလဲသာပြော…
အေး…မင်းတစ်ခုခုခိုင်းချင်ရင်လည်းငါ့အတွက်
ကြက်တစ်ကောင်နဲ့အရက်တစ်ပုလင်းပေးရမယ်
ဆိုတာတော့မမေ့နဲ့ပေါ့ကွာ…”
“တကယ်လား…ခင်ဗျားကျုပ်ခိုင်းတာကို
လုပ်ပေးမှာလား”
“အေး…”
“ဒါဆိုရင်ကျုပ်ကို ဟိုထန်းတောက
ကျော်ကြီးဆိုတဲ့ကောင်ကိုသတ်ပေးစမ်းပါဗျာ…
ဒီကောင်ကအတော် ဆရာလုပ်ချင်တာ…
ကျုပ်ဒင်းကိုကြည့်မရတာအတော်ကြာပြီဗျ…”
ဟု…ကျော်သောင်းကပြောလေတော့…
“ဟုတ်ပြီ…မင်းသာမင်းကတိကိုတည်ပါစေ”
ဟု…ကျော်သောင်းကိုပြောပြီး
နေရာမှပျောက်ကွယ်သွားလေသည်။
ကျော်သောင်းလည်းမှော်ကဝေရုပ်ထုဟုခေါ်သောအရုပ်လေးကို
ကြည့်ပြီး အိပ်ရာထဲ၌ပြန်လှဲလိုက်တော့သည်။
အရုပ်လေးကိုကြည့်နေရင်းမှတဖြေးဖြေးပြန်လည်အိပ်ပျော်သွားတော့၏။
မနက်မိုးလင်းလေတော့…
“ကျော်သောင်း…ဟဲ့ ကျော်သောင်းထပါဦးငါ့သားရဲ့..
နေလည်းဖင်ထိုးနေပြီဟဲ့…”
“ဟား…ဝါးးးးးးးး….
မနက်စောစောဗျာ…ဘာတွေအော်နေတာတုန်း”
“အမယ်လေး…မစောတော့ပါဘူး
ထကြည့်ပါဦးဟဲ့…”
ဒေါ်မိချို၏အသံကြောင့်ကျော်သောင်းလည်း
ဆက်မအိပ်နိုင်ဘဲထလာခဲ့သည်။
ကျော်သောင်းကထန်းတက်သည့်အလုပ်လုပ်ပေမယ့်…
သူရှာတာသူသောက်ဖြစ်နေ၍…ဒေါ်မိချိုကတော့
ရွာထဲလှည့်၍အဝတ်လျှော်သည်။
အဝတ်လျှော်ယုံမက ကြုံရာလုပ်ကိုင်ပြီး
စားဝတ်နေရေးကိုဖြေရှင်းတတ်၏။
သူ့ဖို့တင်မကကျော်သောင်းအတွက်ကိုပါ
ထမင်း၊ဟင်းချက်ပြုတ်ကျွေးပါသော်လည်း
ဟင်းမကောင်းလျှင်ကျော်သောင်းက
သောင်းကျန်းတတ်သေးပြန်သည်။
ယခုလည်းဒေါ်မိချိုကနိုးသောကြောင့်
ကျော်သောင်းသည်ပုဆိုးကိုခပ်တိုတိုဝတ်ပြီး
သောက်ရေးအိုးမှရေဖြင့်မျက်နှာသစ်လိုက်သည်။
မျက်နှာမှရေများကိုလည်းပုဆိုးစဖြင့်ပွတ်၍
သုတ်ကာထန်းလှီးဓားများကိုခါး၌ချိတ်ပြီး
ခြံထဲမှထွက်သွားဖို့ပြင်လေတော့…
“ဟဲ့…အဲ့တာဘယ်ကိုလဲ”
“ဘယ်ကိုရမှာလဲ ထန်းတောပေါ့ဗျ”
ဒေါ်မိချို၏အမေးကို ကျော်သောင်းပြန်ဖြေပြီး
ဆက်သွားဖို့ခြေလှမ်းပြင်တော့…
“ဟဲ့…ထန်းတောပိုင်ရှင်ကျော်ကြီးက
အခုမနက်ပဲဆုံးသွားတယ် ကျော်သောင်းရဲ့…”
“ဗျာ…ကျော်ကြီးဆုံးသွားပြီ…
ဟုတ်ရဲ့လားဗျာ…”
“ငါကမဟုတ်ဘဲပြောမလား…
သူ့ခြံထဲမှာမှောက်ရက်ကြီးသေနေတာတဲ့လေ…
ဒီသတင်းကနင်ပဲမသိတာ…
တစ်ရွာလုံးကလေးကအစ
ခွေးအဆုံးတောင်သိပြီးပေါ့ဟယ်…”
ဒေါ်မိချိုစကားကြောင့် ကျော်သောင်းမျက်လုံးပြူးသွားသည်။
သို့သော်မယုံ၍ ကျော်ကြီးအိမ်သို့သွားဖို့ဆုံးဖြတ်လိုက်၏။
ကျော်ကြီးအိမ်သို့ရောက်တော့ ရွာကလူတွေ
အတော်ဆုံနေလေသည်။
ကျော်ကြီး၏အလောင်းကို
စိတ်ဝင်တစားဝိုင်းအုံကြည့်နေကြ၏။
ကျော်ကြီးမိန်းမနှင့်ကျော်ကြီးအမေကတော့
ငိုယိုအော်ဟစ်လို့နေရှာသည်။
“မနေ့ညက အကောင်းပါတော်…
ကိုကျော်ကြီးရယ်…ကျုပ်တော်သေတာလက်ခံလို့ကိုမရဘူးတော့်…အီးးးးဟီးးးးးဟီးးးးးးးးးး”
ရွာသားတွေကလည်း စု၍ကျော်ကြီးအလောင်းကိုကြည့်ကာ…
“ကိုကျော်ကြီးကျောမှာလက်ဝါးရာကြီးတစ်ခုတွေ့တယ်လို့
ပြောတယ်ကွ…ကြည့်လေ…သူသေတာက
မချိမဆန့်ခံစားသွားရသလိုပဲ…”
“အေးကွ”
ရွာသားတွေရဲ့စကားဝိုင်းမှာကျော်သောင်း
မသိမသာနားထောင်နေခဲ့သည်။
ပြီးနောက်အိမ်ကိုချက်ချင်းလှည့်ပြန်လာခဲ့တော့၏။
ကျော်သောင်းစိတ်များကလည်းအိမ်ကိုမရောက်မချင်း
စိတ်များကဆောက်တည်ရာမရဖြစ်လို့နေခဲ့သည်။
အိမ်သို့ရောက်တော့ သူ၏အိပ်ရာဆီကိုသွားပြီး..
“ကျော်သောင်း…ဘာတွေအလောတကြီး
ဖြစ်နေတာတုန်းဟဲ့…”
“အမေအသာနေစမ်းပါဗျာ”
ခေါင်းရင်း၌ရှိနေသောအရုပ်လေးကိုကိုင်ကြည့်ရင်း
ကျော်သောင်းမှာ စိတ်များမောနေရသည်။
“ဒါဆိုရင်ညက အိမ်မက်မဟုတ်ဘူးပေါ့”
ဟုရေရွတ်ရင်းအရုပ်လေးကိုသာကြည့်နေခဲ့၏။
အတွေးများတွေးရင်းသေဆုံးသွားသော
ကျော်ကြီး၏မျက်နှာကိုလည်းမြင်ယောင်မိပြန်သည်။
ပြီးနောက်မျက်နှာကပြုံးရယ်လာပြီး…
“ဟန်တော့ကျပြီ…
ဒီအရုပ်ကတကယ်စွမ်းတာပဲ…
ဒါဆိုရင်တော့သူလိုချင်တာကိုငါပေးလိုက်ရင်
ငါခိုင်းတာကိုလည်းသူလုပ်ပေးမှာပဲ…”
ဟု…မကောင်းသောအကြံများကဝင်လာခဲ့တော့၏။
အရုပ်လေးကို နေရာ၌ပြန်ထားလိုက်သည်။
မိခင်ဖြစ်သူဒေါ်မိချိုဆီကိုသွား၍
“အမေ…ပိုက်ဆံပေးစမ်းပါ…”
“ဟဲ့…ဘာလုပ်မလို့တုန်းဟဲ့”
“ပေးဆိုပေးပါဗျာ…နောက်ကျရင်ကျုပ်က
အမေ့ကိုဒီထက်မကပိုက်ဆံတွေပြန်ပေးမှာပါ
အမေရဲ့…”
“ဟုတ်လို့လားကျော်သောင်းရယ်…
ငါ့လည်းနင်ကပိုက်ဆံပေးတာမဟုတ်ဘူး…
ငါ့ဘာသာရှာစားရတဲ့အပြင်
နင်စားဖို့ကိုပါငါကပိုရှာနေရတာလေဟယ်…”
“ဟာဗျာ…ခင်ဗျားကလည်း
အသာအယာပြောရင်ဘယ်တော့မှမထုတ်ပေးဘူး…
ဘာလဲကျုပ်သောင်းကျန်းမှခင်ဗျားထုတ်ပေးမှာလား…”
“ရော့ဟေ့ရော့…
ဆန်ဝယ်မလို့ ထားထားတာအကုန်သာ
ယူသွားလိုက်တော့ ကျော်သောင်း…
အိမ်ကပစ္စည်းတွေတော့ထပ်မခွဲပါနဲ့
နင့်အဖေရှာခဲ့သမျှလည်းနင်ခွဲလို့ကွဲကုန်တာများပြီ…
ငါလည်းထပ်မဝယ်နိုင်ဘူးဟဲ့”
ဟုပြောကာ…ဒေါ်မိချိုကသူ၏ထမိန်လိပ်ကြားမှ
ပိုက်ဆံကိုကျော်သောင်းအားထုတ်ပေးလိုက်လေသည်။
ပိုက်ဆံရတော့ ကျော်သောင်းလည်းအရက်ဆိုင်ကို
အပြေးသွားတော့၏။
ဒေါ်မိချိုပေးသောပိုက်ဆံဖြင့်အရက်နှစ်လုံးဝယ်ကာ
အိမ်သို့ပြန်လာခဲ့သည်။
အရက်တစ်လုံးကိုသူ့ခေါင်းရင်း၌ထားပြီး
ကျန်တစ်လုံးကိုလက်ထဲ၌ကိုင်ကာမော့သောက်နေလေသည်။
ဒါနဲ့မပြီးသေး အိမ်၌မွေးထားသော
ကြက်ဖတစ်ကောင်ကို လောက်လေးခွဖြင့်လည်ပင်းကို
ပစ်ကာဖမ်းလေ၍…
“အမယ်လေး…လေး…
ကျော်သောင်းနင်ဒီကြက်ကိုဘာလုပ်မလို့တုန်း”
“ဘာလုပ်ရမှာတုန်း ကြော်မလို့ပေါ့ဗျ”
“အေး…အေး…နင်လုပ်ချင်တာသာလုပ်…
ငါလည်းသူများအိမ်သွားပြီး
အဝတ်လျှော်နေတာပဲကောင်းတယ်”
ဒေါ်မိချိုထွက်သွားတော့မှကျော်သောင်းသည်
သူ၏လက်ချက်ဖြင့်
လည်ပင်းကိုလောက်လေးခွထိမှန်ကာ
သေနေသောကြက်ဖကြီးအားကောက်ယူကာ
ရေနွေးလောင်းအမွှေးနှုတ်ဖို့ပြင်ဆင်လေသည်။
တစ်နေကုန်ကြက်ကိုင်လိုက်အရက်သောက်လိုက်ဖြင့်
အလုပ်ရှုပ်နေပြီး ညနေ နေစောင်းတော့
ကြက်ကြော်နဲ့အရက်ပုလင်းကို သူ့ခေါင်းရင်း၌ထားသော
မှော်ကဝေရုပ်ထု၏အရှေ့၌ ချပေးထားလိုက်သည်။
“ကဲ…ကဝေကြီးရေ…ကျုပ်တော့ခင်ဗျားကို
ပြောထားသလိုစီစဉ်ပေးထားပြီဗျာ…
နောက်ထပ်လည်းခင်ဗျားကိုကျုပ်အပူကပ်ချင်သေးတယ်…
ကျုပ်တို့ဘဝကိုလည်းခင်ဗျားမြင်မှာပါ…
ကျုပ်ချမ်းချမ်းသာသာနေချင်သေးတယ်ဗျ…
ဒါကြောင့်ရွှေငွေရမယ့်လမ်းကိုညွှန်ပေးပါဦးဗျာ…”
ဟုပြောပြီး ကျော်သောင်းကမှော်ကဝေရုပ်ထုကို
ပြုံးပြုံးကြီးကြည့်နေခဲ့၏။
ညသို့ရောက်တော့ ကျော်သောင်းခါတိုင်းလိုပဲ
မူးမူးဖြင့်အိပ်လေသည်။
“ဟေ့ကောင်…ထ…ထ…”
ကျော်သောင်းကိုပုတ်၍နိုးပြန်၏။
ကျော်သောင်းတစ်ယောက်လန့်၍နိုးလာပြီး
သူ့အိပ်ရာနံဘေး၌မတ်တပ်ရပ်နေသော လူနက်ကြီးကို…
“ကျုပ်ခင်ဗျားကျွေးခိုင်းတာကိုကျွေးထားပြီးပြီနော်…”
ဟုပြောလိုက်၏။
“လာ…ထ…ငါ့နောက်လိုက်ခဲ့”
လူနက်ကြီးက ကျော်သောင်းကိုအိမ်အပြင်ကိုခေါ်သွားသည်။
ညကအတော်မိုးချုပ်နေပြီဖြစ်တာကြောင့်
တစ်ရွာလုံးက တိတ်ဆိတ်လို့နေ၏။
“ဟေ့လူ…ဘယ်သွားတာလဲ”
ရွာလမ်းမအတိုင်းဆက်သွားနေ၍
ကျော်သောင်းအော်ကာမေးလိုက်တော့သည်။
လူနက်ကြီးကကျော်သောင်းကိုနောက်ပြန်လှည့်ကြည့်သည်။
သို့သော်အရှေ့သို့ဆက်၍လျှောက်သွားပြန်တော့
ကျော်သောင်းလည်း ဘာစကားမှမမေးမြန်းတော့ပဲ
တိတ်တိတ်ကလေးသာလိုက်လာခဲ့ရသည်။
လူနက်ကြီးကရွာလမ်းထိပ်ရှိအိမ်တစ်အိမ်အတွင်းသို့
ဝင်သွားပြန်သည်။
ညကြီးသန်းခေါင်သူတပါးအိမ်အတွင်းသို့ဝင်လျှင်
သူခိုးဟုအစွပ်စွဲခံရမှာကြောင့် ကျော်သောင်းတစ်ယောက်
ခြံပြင်၌သာကျန်နေခဲ့သည်။
လူနက်ကြီးကခြံတံခါးကိုအလွယ်တကူဖွင့်ဝင်သွားသောကြောင့်
တံခါးမှာပွင့်လျှက်ဖြစ်နေခဲ့သည်။
ကျော်သောင်းအိမ်အပြင်၌ ကျန်နေခဲ့သောကြောင့်
လူနက်ကြီးကအိမ်အပြင်ပြန်ထွက်လာပြန်၏။
“ဟေ့…မင်း မဝင်ဘဲဘာလုပ်နေတာလဲ”
“ဟာဗျာ…သူများအိမ်ထဲဒီအချိန်ကြီးဝင်ရင်
ကျုပ်ကိုသူခိုးဆိုပြီးဝိုင်းအရိုက်ခံရမှာပေါ့”
“ရွှေတွေ…ငွေတွေ…လိုချင်တယ်မဟုတ်လား…
လာ…ငါ့အနောက်ကလိုက်ခဲ့…မင်းကိုဘယ်သူမှ
မတွေ့စေရဘူး”
ကျော်သောင်းလည်း လူနက်ကြီးစကားကြောင့်
အားခဲပြီးအိမ်ထဲကိုလိုက်သွားလိုက်သည်။
တစ်အိမ်လုံးလည်းအိပ်မောကျနေပြီး
ဟောက်သံများပင်ထွက်နေခဲ့သည်။
ထိုအိမ်ကိုကျော်သောင်းသိ၏။
ရွာ၌လူချမ်းသာဖြစ်သော
ဦးတင့်…ဒေါ်ဆင့်တို့အိမ်ပင်ဖြစ်သည်။
သူတို့လိုဆင်းရဲသားများကိုမတူမတန်
ဆက်ဆံပြောဆိုတတ်သော
သူဌေးလင်မယားအိမ်ဟုပြောလျှင်ပိုမှန်ပေမည်။
“ဟိုအခန်းထဲကသေတ္တာထဲမှာမင်းလိုချင်တဲ့
ရွှေတွေငွေတွေရှိတယ်…ကြိုက်သလောက်သာယူ”
ဟု..လူနက်ကြီးကပြောတော့
ကျော်သောင်းမျက်လုံးများက
တောက်ပသွားသည်။
ရွှေတွေ၊ငွေတွေဟုသောအသံကြောင့်
စိတ်ထဲမှာလည်းဝမ်းသာလို့သွား၏။
သို့သော်…
“ဖြစ်ပါ့မလားဗျ…သူတို့နိုးလာရင်ကျုပ်တော့
ဒုက်ခပါပဲ…”
ဟုစိုးရိမ်စိတ်ဖြင့်ပြောလိုက်တော့…
“ဟေ့ကောင်…မင်းလိုချင်တာသာရအောင်ယူ
ငါသူတို့ကိုမနိုးအောင်လုပ်ထားတယ်…
မြန်မြန်လုပ်…တော်နေဆိုငါအရုပ်ထဲပြန်ဝင်ရတော့မယ်”
“ဟုတ်…ဟုတ်…”
ကျော်သောင်းလည်း ချက်ချင်းအခန်းထဲဝင်၍
ကျွန်းသေတ္တာကိုဖွင့်လေသည်။
အဝတ်အစားများကြား၌ထည့်ထားသော
ရွှေပြားများနှင့်လက်ဝတ်လက်စားများကိုတွေ့တော့
ကျော်သောင်းလည်းထိုပစ္စည်းများကို သူ၏ပုဆိုးစထဲသို့
အကုန်ထည့်တော့သည်။
အခန်းထဲရှိကုတင်ပေါ်၌သူဌေးလင်မယားသည်
ဟောက်သံများဖြင့် အိပ်မောကျလို့နေခဲ့၏။
“ရပြီဗျ…ပြန်ကြစို့”
ပစ္စည်းများကိုအရယူပြီးသည်မလို့ကျော်သောင်းလည်း
ရှေ့မှအရင်ဆုံးပြန်ထွက်လာခဲ့တော့သည်။
တခြားသူများမြင်မည်ဆိုးတာကြောင့် တစ်လမ်းလုံးလည်း
မျက်လုံးကဟိုသည်ကြည့်လို့နေခဲ့ရ၏။
သူ၏အနောက်၌လူနက်ကြီးက
တရွေ့ရွေ့လိုက်လို့လာလေသည်။
နောက်တစ်နေ့နံနက်ရောက်တော့
ရွာသစ်ရွာထဲ၌ သူဌေးဦးတင့်တို့၏ရွှေငွေများအခိုးခံရသည်ဆိုသော သတင်းက ပျံ့နှံ့လို့နေခဲ့၏။
“အမယ်လေးတော်…ကျုပ်တို့ပစ္စည်းတွေကို
သော့ခတ်ပြီးသေချာသိမ်းတာပါ…
မနက်မိုးလင်းလို့ကြည့်တော့အဝတ်အစားတွေကအောက်မှာ
ပျံ့ကျဲနေပြီးသေတ္တာကြီးကသော့ကြီးခတ်လို့ကိုနေတာတော့်
ဘယ်လိုသူခိုးကများသော့ကိုမဖျက်ပဲခိုးနိုင်ရတာတုန်း…
ကျုပ်တို့တော့ဘဝပျက်ပါပြီတော်….အီးးးးဟီးးးဟီးးးးးး”
“ဒေါ်ဆင့်…သတိထားပါဗျာ…”
“ဟူးး…ဖြစ်မှဖြစ်ရလေတော်…”
သူဌေးကတော်ဒေါ်ဆင့်ကတော့အဖြစ်အပျက်ကို
ပြောပြောပြီးငိုလေသည်။
ကြားရသူများကလည်းဒေါ်ဆင့်ကိုကြည့်ပြီး
စိတ်မကောင်းဖြစ်နေကြရှာသည်။
ထိုကိစ္စကြောင့် သူကြီးဦးမျိုးသစ်ကလည်း…
“တောက်…ငါ့ရွာထဲမှာဒီလိုတစ်ခါမှမဖြစ်ဖူးဘူး…
တစ်နေ့ကလည်းထန်းတောပိုင်ရှင်
ကျော်ကြီးအသတ်ခံရတယ်…
အခုလည်းသော့ကြီးခတ်လျှက်ကြီးနဲ့သူခိုးကဝင်ခိုးသွားတယ်ဆိုတော့ ဒီကောင်ကနှယ်နှယ်ရရမဟုတ်လောက်ဘူး…
ဒီတော့အားလုံးသတိနဲ့နေကြပါ…
ရွာထဲမှာတစ်ခုခုအကြောင်းထူးတာနဲ့ငါ့ကိုလာပြော…
ကာလသားတွေကလည်းညဘက်ကင်းတဲစောင့်ဖို့
ပြင်ဆင်ထားကြတော့…”
ဟု…ပြောလေသည်။
ရွာသစ်တစ်ရွာလုံးလည်း အထိတ်ထိတ်အလန့်လန့်ဖြစ်နေချိန်
ကျော်သောင်းကတော့အရက်ဆိုင်၌သောက်လိုက်စားလိုက်ဖြင့်
အချိန်ကုန်နေခဲ့သည်။
သူဌေးဦးတင့်တို့ဆီမှခိုးယူလာသောငွေကြေးများကိုတော့
ဖွက်ထားပြီး မိခင်ဖြစ်သူဒေါ်မိချို၏ပိုက်ဆံဖြင့်
သောက်စားနေခဲ့ခြင်းဖြစ်၏။
ကျော်သောင်းကလည်း လူလည်ပင်…
သူ…ခိုးယူထားသမျှကိုယခုချိန်ထုတ်သုံးလျှင်
သူကသူခိုးဆိုတာတစ်ရွာလုံးသိသွားမည်ဆိုး၏။
ဒါ့ကြောင့်လည်းအချိန်တစ်ခုအထိဖွက်ထားဖို့သာ
ဆုံးဖြတ်ထားလေသည်။
********************************
ဘွားမယ်စိန်၏နေအိမ်၌မောင်တိုးတစ်ယောက်
အလည်ရောက်နေခဲ့၏။
“ဘွား…ရွာသစ်ကသတင်းတွေကြားပြီးပြီလား”
“ဘာများသတင်းထူးနေလို့တုန်းကွဲ့”
“ဟာဗျာ…တစ်နေ့ကရွာသစ်မှာသူခိုးခိုးခံရတယ်လို့
သတင်းတွေပျံ့နေတာလေဗျာ…”
“ဟုတ်လားကွဲ့…သူခိုးရောဖမ်းမိကြရဲ့လား”
“ကျုပ်လည်းသိချင်နေတာဗျ…
အခုထိတော့ဖမ်းမိသေးပုံမရဘူး…
သူခိုးကအတော်လေးတော်ပုံရတယ်ဗျ…
သေတ္တာကသော့ကြီးခတ်ထားရက်နဲ့သော့လည်းမဖြုတ်…
သေတ္တာကိုလည်းမဖောက်ဖဲနဲ့အတွင်းကပစ္စည်းတွေကို
ရအောင်ခိုးသွားတာတဲ့…”
“ဟင်…ဒါဆိုရင်သော့ကိုယူဖွင့်ပြီးတော့…
သူ…ခိုးပြီးမှပြန်ပိတ်ထားခဲ့တာများဖြစ်နေမလားကွဲ့”
“အစကတော့ကျုပ်လည်းအဲ့လိုပဲထင်တာဗျ…
သော့က သူဌေးကတော်ရဲ့အတွင်းခံအိတ်ထဲမှာ
ထည့်ထားတာဆိုပဲ…သူခိုးသာနှိုက်ရင်သူဌေးကတော်မသိဘဲတော့ဘယ်နေမလဲဘွားရဲ့…”
“အေး…စဉ်းစားစရာပဲကွဲ့…
ဒီလိုသူခိုးဆိုရင်တော့ဘွားတို့ရွာလည်းသတိနဲ့နေရတော့မယ်…”
“အဲ့အတွက်ကျုပ်တို့သူကြီးလည်း
ပြင်ဆင်နေပါတယ်ဗျာ…ညဘက်ကင်းတဲတွေကို
လူအလှည်ကျစောင့်ဖို့မနက်ကပဲ
ကျုပ်တို့ကိုခေါ်ပြောထားတယ်…”
“အေးလေ…မောင်ရင်တို့လည်းသတိလေးနဲ့နေကြပေါ့”
“ဟုတ်ကဲ့ဘွား”
ထိုသို့ဖြင့်ဘွားမယ်စိန်နှင့်မောင်တိုး၏စကားဝိုင်းဟာလည်း
တိတ်ဆိတ်လို့သွားခဲ့တော့၏။
ညသို့ရောက်လေတော့…
“အီးးးးးးးးဟီးးးးးးးးးဟီးးးးးးးးးးးးးး”
ဟုသောငိုသံကြောင့်ဘွားမယ်စိန်နိုးလာခဲ့သည်။
ငိုသံကိုနားစွင့်တော့ခြံပြင်ဆီမှဖြစ်တာကြောင့် အိပ်ရာထဲမှ
ထ၍ဖယောင်းတိုင်တစ်တိုင်ကိုထွန်းပြီးခြံထဲသို့
ဆင်းလာခဲ့သည်။
“ဟဲ့…ဘယ်သူငိုနေတာတုန်း”
ဘွားမယ်စိန်မေးသော်လည်း
ငိုသံကထွက်ပေါ်နေသေးသည်မလို့…ဘွားမယ်စိန်သည်
ခြံတံခါးကိုဖွင့်ပြီးခြံပြင်ဆီကိုထွက်လာလိုက်တော့သည်။
ခြံပြင်၌ ဒူးနှစ်လုံးထောင်ကာကျုံ့ကျုံ့လေးထိုင်နေသော
လူတစ်ယောက်ကိုဘွားမယ်စိန်မြင်လိုက်ရသည်။
ထိုသူကတအီးးအီးဖြင့် ဝမ်းနည်းစွာငိုကြွေးနေရှာသည်။
“ဘယ်သူလဲ…ငါ့ဆီဘာလိုချင်လို့ရောက်လာတာလဲ”
ဟု…ဘွားမယ်စိန်ကမေးတော့ ငိုနေသောသူသည်
ခေါင်းမော့၍ဘွားမယ်စိန်ကိုကြည့်၏။
“ကျုပ်အကူအညီတောင်းချင်လို့ပါ…”
“နင်ကဘယ်သူတုန်း…ဘယ်ကနေရောက်လာတာလဲ”
“ကျုပ်ကရွာသစ်ကပါ…ကျော်ကြီးလို့ခေါ်ပါတယ်”
“ဟဲ့…ရွာသစ်ကသရဲကငါ့ဆီကို
ဘာအကူအညီများလာတောင်းရတာလဲကွဲ့….”
“ကျုပ်မတရားအသတ်ခံရလို့ပါ…”
“ဟေ…ဘယ်သူကများသတ်တာလဲ”
“ကျော်သောင်းဆိုတဲ့ကောင်ပါ…
ကျုပ်သေရတာဒင်းလက်ချက်ကြောင့်
ဆိုတာကိုကျုပ်သေပြီးမှသိရလို့
မကျေနပ်လို့ပါဗျာ…”
“နေပါဦး…သူကမောင်ရင့်ကို
ဘယ်လိုများသတ်ခဲ့တာလဲကွဲ့”
“သူမွေးထားတဲ့သရဲနဲ့ကျုပ်ကိုသတ်ခိုင်းတာပါ…
ကျုပ်ကိုလန့်အောင်ခြောက်ပြီး
ကျောကိုဘုန်းခနဲရိုက်လိုက်တဲ့အကောင်ကြီးက
ကျော်သောင်းအနောက်မှာအမြဲလိုလိုလိုက်နေတာကို
ကျုပ်မြင်မှပဲ ကျုပ်ကိုဒင်းသတ်ခိုင်းတယ်ဆိုတာ
သိလိုက်ရတာပါ…ဒီအမှန်တရားကိုကျုပ်ဘယ်သူမှပြောမရလို့
အမေကြီးဆီကိုလာ
အကူအညီတောင်းရတာပါအမေကြီးရယ်…”
“သရဲမွေးထားတယ်ဆိုတော့မောင်ရင်ပြောတဲ့
ကျော်သောင်းဆိုတဲ့ကောင်က အောက်လမ်းဆရာလား”
“ကျုပ်သိသလောက်ကတော့
ဒီကောင်ကကျုပ်ထန်းတောမှထန်းတက်စားတဲ့ကောင်ပါ…
နေ့ရှိသ၍သောက်လိုက်စားလိုက်နဲ့အချိန်ဖြုန်းနေတဲ့
အကုသိုလ်ကောင်ပါဗျာ…”
“အေး…ဒါဆိုရင်သူကဘယ်လိုကြောင့်
သရဲမွေးထားတာလဲ”
“ဒါတော့ကျုပ်မသိဘူးဗျ…
ရွာထဲမှာသူခိုးခိုးခံရတယ်ဆိုတာကလည်း
ဒီကောင့်လက်ချက်ဗျ…
အမေကြီးရယ်…ကျုပ်အတွက်
ဒီကောင့်ကိုအပြစ်ပေးပေးပါဗျာ…
ဒီကောင်ကနောက်ရက်ဆိုရင်
တခြားဆီကိုထွက်သွားတော့မှာဗျ”
ဟု…ပြောလေတော့ဘွားမယ်စိန်လည်း
စဉ်းစားလေသည်။
ပြီးလေမှ…
“ကောင်းပြီလေ…ဒါဆိုရင်တော့ မနက်ဖြန်မောင်ရင်တို့ရွာကို
ဘွားလာခဲ့ပါ့မယ်…ရောက်မှပဲမောင်ရင်ပြောတဲ့
ကျော်သောင်းဆိုတဲ့ကောင်ရဲ့
အကြောင်းကိုစုံစမ်းရတာပေါ့”
ဘွားမယ်စိန်စကားကြောင့် ကျော်ကြီးလည်း
ဝမ်းသာစွာခေါင်းကိုညိတ်ပြသည်။
ဘွားမယ်စိန်…
ခြံဝိုင်းထဲသို့ပြန်ဝင်လာခဲ့တော့၏။
ပြန်၍အိပ်လို့မရသေးသောကြောင့် ကွပ်ပျစ်ခင်း၌ထိုင်ကာ
ပြောင်းဖူးဖက်ဆေးလိပ်ကြီးကိုဖွာရှိုက်နေခဲ့သည်။
ဆေးလိပ်ကြီးကိုဖွာရှိုက်ရင်း သရဲမွေးထားသော
ကျော်သောင်း၏အကြောင်းကိုလူအများသိစေဖို့ရန်
မည်သို့လုပ်ရလေမလဲစဉ်းစားနေခဲ့တော့၏။

မနက်အစောကြီးဘွားမယ်စိန်ကခေါ်ခိုင်း၍
မောင်တိုးနဲ့မောင်အုန်းတို့နှစ်ယောက် အလောတကြီး
ရောက်လာခဲ့ကြသည်။
“ဘွား…ဘာအရေးကြီးကိစ္စရှိနေလို့လဲဗျ”
“ဟုတ်တယ်…ကျုပ်ဖြင့်ဒီကလေးမ
လာခေါ်ကတည်းက
သိချင်တာနဲ့ချက်ချင်းလိုက်လာခဲ့ရတာဗျ”
ဟု…ပြောကြလေတော့ ဘွားမယ်စိန်က…
“ဘွားတို့…ရွာသစ်ကိုသွားကြရမယ်ကွဲ့…
ဟိုရောက်မှပဲပြောကြတာပေါ့…
ကိစ္စကလော မှရမှာမလို့
အချိန်ဆွဲနေလို့လည်းမကောင်းဘူး…”
“ကျုပ်လှည်းသွားယူဦးမယ်လေဘွား”
“မယူပါနဲ့တော့…ခြေလျင်ပဲသွားကြတာပေါ့ကွဲ့”
“ဟုတ်…ဟုတ်…”
ဘွားမယ်စိန်က ချည်လွယ်အိတ်ကိုလွယ်ပြီး
သူ၏လက်ဆွဲတော်တောင်ဝှေးကြီးကိုထောက်၍
ရှေ့ဆုံးမှသွားလေသည်။
မောင်တိုးနဲ့မောင်အုန်းတို့ကလည်း
အနောက်မှအတူတူလိုက်လာခဲ့ကြ၏။
ရွာသစ်ကိုသွားသောလမ်းတလျှောက်၌
တွေ့ဆုံသောရွာသူ၊ရွာသားတို့ကလည်း
နှုတ်ဆက်ရင်းမေးမြန်းကြပြန်သည်။
“ဘွား…ဘယ်ကိုသွားမလို့တုန်းဗျ”
“ဟေ…ရွာသစ်တင်ပါကွယ်…”
“ဟောဗျာ…ခြေလျင်ကြီးသွားမလို့လား”
“အေးလေ…ရွာချင်းနီးနေတာပဲမလို့
ခြေလျင်ပဲသွားမလို့ကွဲ့”
“ဘွားတို့ကြည့်ရတာလောနေပုံပဲဗျ…”
“အေး…အေး…သွားပြီကွဲ့”
ဟုဘွားမယ်စိန်ကပြန်ပြောပြီး ဆက်၍
လျှောက်လာခဲ့လေသည်။
ရွာသစ်သို့ရောက်တော့လည်း တွေ့သမျှလူတိုင်းက
ဘွားမယ်စိန်ကိုသိကြ၍ နှုတ်ဆက်ကြပြန်သည်။
ထိုသို့ဖြင့်ဘွားမယ်စိန်တို့လည်း
ရွာသူကြီးဦးမျိုးသစ်၏နေအိမ်ဆီသို့
ရောက်လာခဲ့ကြတော့၏။
“ကျုပ်ဆီကို ဘွားတို့ရောက်လာတယ်ဆိုတော့
တစ်ခုခုထူးလို့ထင်ပါရဲ့ဗျာ”
ဟု…သူကြီးဦးမျိုးသစ်ကပြောလေတော့…
“အင်း…ပြောရရင်တော့ မောင်ရင့်ရွာရဲ့အရေးကိစ္စပါကွယ်…”
“ဗျာ…ကျုပ်ရွာအရေး…
ဒါဆိုရင်တော့ပြောပါဘွားရယ်…
အခုတလောကျုပ်တို့ရွာမှာဖြစ်နေတာတွေကလည်း
တစ်ခုမှစိတ်ချမ်းသာစရာမရှိဘူးဗျာ…”
“အေး…အဲ့သည်အကြောင်းတွေပဲပြောမှာကွဲ့…
နေပါဦး…မောင်ရင်တို့ရွာမှာကျော်သောင်းဆိုတဲ့နာမည်နဲ့
လူရှိသလား…”
“ကျော်သောင်း…ကျော်သောင်းဆိုတော့
ဟိုထန်းတက်စားတဲ့အရက်သမား…ထန်းရည်သမား
ကျော်သောင်းကိုပြောတာလား”
“အေး…အေး…ဟုတ်တယ်ကွဲ့…
မောင်ရင်တို့ရွာမှာလူသေတယ်…
သူခိုးခိုးခံရတယ်ဆိုတာ သူ့လက်ချက်ကြောင့်ပဲ…
ဒါကြောင့်သူ့ကိုထွက်မပြေးနိုင်အောင်
အခုချက်ချင်းသွားဖမ်းထားမှရလိမ့်မယ်…”
“ဗျာ…ဒါတွေကဒီကောင့်လက်ချက်…”
သူကြီးဦးမျိုးသစ်အံ့သြသွားသည်။
ဟုတ်လို့လား ဟုပြန်မေးရအောင်လည်းပြောနေသူမှာ
ဘွားမယ်စိန်ဖြစ်နေသောကြောင့်…
“ဟုတ်ပြီဗျာ…ဘွားကပြောနေမှတော့
အကြောင်းအရင်းရှိကိုရှိမှာပဲ…
ကျုပ်ဒီကောင့်ကိုအခုချက်ချင်းသွားဖမ်းခဲ့မယ်ဗျာ…”
ဟုပြောကာနေရာမှထ၍ ကျန်ရွာသားများကိုပါခေါ်ဖို့
ထွက်သွားလေသည်။
“ဘွား…ကျုပ်တို့ကောလိုက်သွားလို့ရမလား”
ဟုမောင်တိုးကမေးလေတော့…
“လိုက်ချင်ရင်လည်းလိုက်သွားလေကွယ်…”
ဟုဘွားမယ်စိန်ကခွင့်ပြုတော့ မောင်တိုးတို့လည်း
သူကြီးဦးမျိုးသစ်နောက်သို့ပြေးလိုက်သွားကြတော့၏။
ဘွားမယ်စိန်ကတော့သူကြီးကတော်နှင့်
အိမ်၌ကျန်ရစ်ခဲ့လေသည်။
သူကြီးဦးမျိုးသစ်ကရွာသားတွေနှင့်အတူ
ဒေါ်မိချို၏နေအိမ်သို့ရောက်လာခဲ့၏။
ဒေါ်မိချို၏ခြံပြင်မှ
“ဗျို့…ဒေါ်မိချို…ထွက်ခဲ့ပါဦးဗျ”
“အရီးမိချို…သူကြီးတို့လာနေတယ်ဗျ…”
ဟု…အော်ကာခေါ်ကြသည်။
ထိုအသံများကြောင့်ဒေါ်မိချိုလည်းပြာပြာသလဲ
ခြံပြင်သို့ထွက်လာလေသည်။
“လူတွေအများကြီးပါလား…
ဘာများဖြစ်လို့လဲသူကြီးရယ်…”
ဟု…ဒေါ်မိချိုမှာအထိတ်ထိတ်အလန့်လန့်ဖြင့်
သူကြီးတို့ကိုကြည့်ရင်းမေးလိုက်သည်။
“ခင်ဗျားသား…ကျော်သောင်းဘယ်မှာလဲ…”
“ကျုပ်သားလား…
မသိဘူးလေတော်…
မိုးလင်းလို့ကျုပ်နိုးကတည်းကသူ့ကိုမတွေ့တာပဲ…
ဘာများဖြစ်လို့လဲသူကြီးရယ်…”
“ဒါဆိုရင်ခင်ဗျားသား…
ထွက်ပြေးသွားတာပေါ့…
ဟေ့ကောင်တွေ…ဒီရွာနားတွေကိုသတင်းဖြန့်ပြီး…
ဒီကောင့်ကိုတွေ့အောင်ရှာကြ…
တို့ရွာကိုဒုက္ခပေးခဲ့တဲ့ကောင်ကိုမလွှတ်စေနဲ့”
ရွာသူကြီးကလည်းရွာသားများကိုအမိန့်ပေးလိုက်၏။
“နေပါဦးသူကြီးရယ်…ကျုပ်သားဘာအမှားများ
လုပ်ထားမိလို့တုန်းတော့်…ကျုပ်ရင်တွေပူလို့ပါ
ပြောပြပါသူကြီးရယ်…”
“ကျော်ကြီးသေရတာနဲ့ သူဌေးဦးတင့်တို့ပစ္စည်းတွေ
ပျောက်တာက ခင်ဗျားသားလက်ချက်ပဲဒေါ်မိချို…
အခုလည်းသူထွက်ပြေးမှာဆိုးလို့ကျုပ်တို့လာဖမ်းတာ…
ခင်ဗျားသားကထွက်ပြေးသွားပြီလေ…
ဒါသူတကယ်ဒီကိစ္စတွေကျုးလွန်ထားလို့ပေါ့ဗျ…”
“ရှင်………”
သူကြီးစကားကြောင့်ဒေါ်မိချို မြေပေါ်သို့
ပင်လဲကျသွားရှာသည်။
“အမယ်လေး…ကျော်သောင်းရယ်…
နင်ဘာတွေလုပ်နေတာတုန်းဟဲ့…
အီးးးးးဟီးးးးးးဟီးးးးးးးးးးးးးးးး”
ဒေါ်မိချိုကငိုလေတော့ လာကြည့်နေကြသူများမှာ
စုတ်တသပ်သပ်ဖြင့် ခေါင်းလေးတွေခါရင်း
ထွက်သွားကြတော့သည်။
ကျော်သောင်းတစ်ယောက်ကတော့ မိခင်ဖြစ်သူကိုပစ်ပြီး
ရွာမှထွက်ပြေးသွားပြီဖြစ်၏။
ဘွားမယ်စိန်တို့လည်း ကျော်သောင်းထွက်ပြေးသွားပြီဆိုတာ
သိလေတော့ သူကြီးမှ…
“ဒီကောင့်ကိုကျုပ်ရအောင်ဖမ်းမယ်ဗျာ…
ဒီအတွက်လည်းဘွားစိတ်ချပါ…”
“အေးလေ…ဘွားတို့လည်းသူထွက်ပြေးမှာဆိုးလို့
အမြန်ရောက်လာကြတာပဲကွဲ့…
အင်း…ဒီအကောင်က မိခင်အိုကြီးကိုထားရစ်ပြီး
ဘယ်များထွက်ပြေးသွားပါလိမ့်…”
ဟုသာဘွားမယ်စိန်ကပြောလိုက်သည်။
ပြီးနောက်သူကြီးဦးမျိုးသစ်ကရွာသားတစ်ယောက်အား
နွားလှည်းဖြင့်ဘွားမယ်စိန်တို့ကို
သောင်ထွန်းရွာထိလိုက်ပို့ပေးစေသည်။
ကျော်သောင်းထွက်ပြေးသွားပြီးတစ်လမျှကြာလေတော့…
“ဘွား…ကျုပ်သတင်းတစ်ခုသိခဲ့ရတယ်ဗျ…”
ဟု…စကားကိုအော်ပြောရင်းမောင်တိုးသည်
ခြံဝိုင်းထဲသို့ဝင်လာခဲ့၏။
“ဘာသတင်းများထူးတာလဲကွဲ့…”
ဟု…ဘွားမယ်စိန်ကမေးသောအခါ
မောင်တိုးကထန်းလက်ခုံ၌ဝင်ထိုင်လိုက်ပြီး…
“ကျုပ်သူငယ်ချင်းတစ်ယောက်မြို့ကပြန်လာတာ…
အဲ့သည်ကောင်ဆီကသတင်းထူးပါလာတယ်ဗျ”
“အေးလေ…ဘာသတင်းများထူးလို့တုန်းကွဲ့…”
“မြို့မှာသူခိုးတွေသောင်းကျန်းနေတယ်တဲ့…
ညဘက်တွေဆိုရင်လူချမ်းသာတွေခမျာအိပ်ရမှာတောင်အတော်ကြောက်နေကြသတဲ့ဗျ…”
“ဟယ်…အဲ့သည်လောက်တောင်ဖြစ်နေတာလားဟဲ့…”
“ဟုတ်တယ်အရီး…သူခိုးတွေကဆိုရင်လေ
ဘယ်လောက်ပဲအစောင့်တွေထားထား…
မိုးလင်းတာနဲ့ပစ္စည်းတွေပျောက်တာပဲတဲ့…”
“အလိုလေး…တော်တော်ကြောက်ဖို့
ကောင်းတာပါလားဟယ်…”
သတင်းကိုကြားလိုက်တော့ဒေါ်ဝင်းလည်း
အံ့သြသွားသည်။
“နေပါဦးကွဲ့…ဒါဆိုရင်ဒီလိုကိစ္စမျိုးက
ရွာသစ်မှာလည်းဖြစ်ဖူးတယ်မဟုတ်လား…”
“ဟုတ်တယ်ဘွား…ဒါကြောင့်ကျုပ်ကလာပြောရတာပေါ့…
ကြည့်ရတာရွာသစ်ကနေထွက်ပြေးသွားတဲ့ကောင်က
အခုမြို့မှာသောင်းကျန်းနေတဲ့သူခိုးနဲ့အတူတူပဲလို့ထင်တယ်ဗျ”
“အင်း…ဒါဆိုရင်တော့ ရွာသစ်ကသူကြီးကိုသတင်းပေးပြီး
မြို့ကိုလိုက်မှဖြစ်မယ်…”
“ဗျာ…သူကြီးကိုသတင်းပေးလိုက်ရင်သူတို့ကိစ္စ
သူတို့ဆက်လုပ်မှာမဟုတ်ဘူးလားဘွားရဲ့…
ကျုပ်တို့လိုက်ဖို့လိုသေးလို့လား”
“မောင်ရင်ရဲ့…အခုကိစ္စကသာမာန်ခိုးယူတာတင်မဟုတ်ဘူး…
ဒီသူခိုးရဲ့လက်ထဲမှာတစ်ခုခုရှိနေတယ်လို့ဘွားထင်တယ်…”
“ဒါဆိုရင်ကျုပ်တို့က ဘာလုပ်ရမှာလဲဘွားရဲ့”
“မောင်ရင်က ရွာသစ်ကသူကြီးကိုသွားပြောထား…
ဖြစ်နိုင်ရင်မနက်ဖြန်ပဲ မြို့ကိုတက်ကြဖို့လည်းပြောခဲ့”
“စိတ်ချဘွား…ကျုပ်အခုပဲသွားပြောလိုက်မယ်…”
မောင်တိုးကခုံကနေထ၍ချက်ချင်းရွာသစ်ကို
သွားတော့သည်။
ထိုသို့ဖြင့် မနက်ဖြန်မြို့တက်ဖို့အတွက်လည်း
ထည့်စရာရှိသည်များကိုဘွားမယ်စိန်က
ပြင်ဆင်ထည့်ထားရသည်။
ညသို့ရောက်တော့…
မှောင်မိုက်နေသောနေရာတစ်ခုဟုဆိုရအောင်လည်း
အလင်းကမှုန်ပြပြလေးရှိနေခဲ့သည်။
ထိုနေရာ၌ဘွားမယ်စိန်မတ်တပ်ရပ်လျှက်ရှိနေခဲ့၏။
ဘွားမယ်စိန်နှင့်မျက်နှာခြင်းဆိုင်အနေအထား၌
လူတစ်ယောက်ကကျောပေး၍ရပ်နေခဲ့လေသည်။
လူပုံစံနှင့်ဝတ်ဆင်ထားသောအဖြူရောင်အဝတ်အစားများကြောင့် ဘယ်သူ၊ဘယ်ဝါဆိုတာဘွားမယ်စိန်သိလေသည်။
“ဆရာသခင်…ကျုပ်ဆီပေါ်မလာတာတောင်
အတော်ကြာနေပေါ့…”
ဟုပြောလေတော့ ကျောပေးထားရာမှဘွားမယ်စိန်ဘက်ကို
မျက်နှာမူလိုက်သည်။
“သမီးမယ်စိန်…အဘ လည်းတာဝန်ယူထားရတဲ့
ကိစ္စကြီးတွေရှိနေလို့မလာဖြစ်တာပါကွယ်…
အခုလည်းကဝေရုပ်ထုအတွက် သမီးဆီလာခဲ့ရတာပါ…”
“ကဝေရုပ်ထု…ဘယ်က
ကဝေရုပ်ထုများလဲဆရာသခင်…”
“သမီးတို့မနက်ဖြန်သွားမယ့်မြို့မှာ…
အဲ့သည်အရုပ်ရှိတယ်…
ဒီအရုပ်ကအတော်လေး ဆိုးတဲ့အရုပ်ကွဲ့…
သူ့ကိုပိုင်ဆိုင်ထားတဲ့သူကိုချမ်းသာအောင်လုပ်ပေးနိုင်သလို…
နောက်ဆုံးအဲ့သည်အရုပ်ပိုင်ရှင်လည်း
အသေဆိုးနဲသေရတာပါပဲ…”
“ဒီလိုအရုပ်မျိုးဘယ်ကနေများရောက်လာခဲ့သလဲဆိုတာ
ကျုပ်သိလို့ရမလား ဆရာသခင်…”
“အင်း…ပြောရရင်တော့ဇာတ်ကြောင်းရှည်တော့မယ်…
သမီးနားလည်အောင်ပြောရရင်….
ဒီအရုပ်ကိုအဘရှာနေတာအတော်ကြာပြီ…
အခုနောက်ဆုံး သူရှိတဲ့နေရာကိုတွေ့တော့မှ
အရုပ်ကိုဖျက်ဆီးပေးဖို့အတွက်…
သမီးကိုတာဝန်ပေးချင်တာနဲ့အဘလာခဲ့တာပါ…”
“ဒါဆိုရင် မြို့မှာသောင်းကျန်းနေတဲ့
သူခိုးဆိုတာဒီအရုပ်နဲ့ပတ်သတ်နေတာပေါ့ဆရာသခင်”
“ဟုတ်တယ်ကွဲ့…ဆင်းရဲသူလက်ထဲရောက်တော့
ခိုးပေးသလို…လူသတ်ချင်နေတဲ့လူရဲ့လက်ထဲကို
ရောက်ရင်လည်း လူသတ်ပေးတာပေါ့ကွယ်…
ဒီအရုပ်ကိုအဆင့်မြင့်တဲ့ကဝေကြီးတစ်ယောက်က
ဖန်တီးခဲ့တာပဲ…ကဝေကြီးသာသေဆုံးသွားတယ်…
ဒီအရုပ်ကတော့ပိုင်ရှင်အဆက်ဆက်ပြောင်းပြီး
သောင်းကျန်းနေသေးတာပေါ့…”
“ဒါဆိုရင်တော့ဆရာသခင်စိတ်ချပါ…
ကျုပ်ရအောင်ဖျက်ဆီးပေးပါ့မယ်…”
“အေးကွယ်…ဒီလိုဆိုရင်သမီးမှတ်သာထားတော့…
မြို့လယ်ခေါင်က ဖိုးနီလို့ခေါ်တဲ့သူရဲ့အိမ်ကို
ဒင်းမနက်ဖြန်ဖောက်လိမ့်မယ်…
သူခိုးလည်းပါသလို…ကဝေကောင်ရဲ့
ဝိညာဉ်လည်းပါလာလိမ့်မယ်…
ဒါပေမယ့် သမီးလုပ်စရာရှိတာသာလုပ်…
ဒီကဝေကောင်က သူ့ကိုဖန်တီးခဲ့တဲ့ကဝေကြီးလောက်
ပညာမရှိဘူး…ကဝေရုပ်ထုကိုသာရအောင်ရှာပြီး
မီးရှိ့ဖျက်ဆီးပစ်ပါသမီး…”
“ဟုတ်ကဲ့ပါဆရာသခင်…
မယ်စိန် ဆရာသခင်စကားအတိုင်းဆောင်ရွက်ခဲ့ပါ့မယ်…”
ဘွားမယ်စိန်ကပြောတော့ ပုဂ္ဂိုလ် ကြီးကပြုံးသွားသည်။
သူ၏ခေါင်းကိုတဆတ်ဆတ်ညိတ်ရင်း ဘွားမယ်စိန်အရှေ့မှ
ပျောက်ကွယ်သွားခဲ့သည်။
နောက်တစ်နေ့မိုးလင်းတော့ သူကြီးဦးမျိုးသစ်သည်
နွားလှည်းဖြင့်
ဘွားမယ်စိန်တို့ကိုလာရောက်ခေါ်ယူလေသည်။
ရွာသားတစ်ယောက်ပါအတူပါလာ၍
မောင်တိုးမှာလှည်းမမောင်းရတော့ပေ။
ထိုသို့ဖြင့်
သူကြီးဦးမျိုးသစ်၏လှည်းဖြင့်သာ
ဘွားမယ်စိန်တို့မြို့တက်လာခဲ့ကြသည်။
လမ်း၌ဘွားမယ်စိန်က…
“ဒီသူခိုးက မြို့လယ်ခေါင်ကဦးဖိုးနီဆိုတဲ့အိမ်ကို
ဝင်ခိုးမယ်လို့သိရတယ် မောင်မျိုးသစ်ရဲ့…”
“ဟာ…ဒီလိုဆိုရင်ပုလိပ်တွေကော
အကူအညီတောင်းမှရမှာပေါ့ဗျ…”
“အင်း…ဒါပေမယ့် မောင်ရင်ပုလိပ်တွေကိုပြောပြလို့
သတင်းကပျံ့သွားရင် သူခိုးတွေကိုမမိဘဲဖြစ်မှာတော့
စိုးရိမ်တယ်ကွဲ့…”
“ဒီလိုဆိုရင်…ဘယ်လိုလုပ်ကြမလဲဘွားရဲ့…
အကြံလေးပေးပါဦးဗျာ…”
“မြို့မှာ ဘွားတို့အသိအိမ်ရှိတယ်…
အရင်ဆုံးအဲ့သည်အိမ်ကိုသွားကြတာပေါ့…”
“ဟုတ်ကဲ့ဘွား”
ဒီလိုနှင့်ဘွားမယ်စိန်တို့လည်း
သူဌေးဦးကျော်ဆွေနှင့်ဒေါ်စိုးမမတို့၏နေအိမ်သို့
ရောက်လာခဲ့ကြသည်။
(လူခန္ဓာနှင့်မျောက်ဝိညာဉ်စာမူ၌ပါဝင်ပေသည်)
“ဟာ…အမေကြီးတို့
ရောက်လာတာပါလား…
သမီးလှလှဆွေလာပါဦးသမီးရဲ့…”
သူဌေးဦးကျော်ဆွေက ဘွားမယ်စိန်တို့ကိုမြင်တော့
အတော်လေးဝမ်းသာသွားသည်။
ဧည့်ခန်းသို့ဘွားမယ်စိန်တို့ကိုခေါ်သွားပြီး….
“ကျုပ်ဖြင့်အမေကြီးတို့ရောက်လာတာ
ဝမ်းသာလိုက်တာဗျာ…”
“အလည်လာတာတော့မဟုတ်ပေဘူးမောင်ရင်ရဲ့..
ဘွားတို့လည်းအကြောင်းကိစ္စတစ်ခုရှိတာနဲ့
ရောက်လာကြတာပါ”
ဘွားမယ်စိန်စကားကြောင့်သူဌေးဦးကျော်ဆွေက
စိတ်ဝင်စားဟန်ဖြင့်….
“ဘာအကြောင်းများလဲအမေကြီးရဲ့…”
“အင်း…အချိန်ဆွဲပြီးပြောလို့တော့မရဘူး…
အခုပဲဘွားပြောပြမယ်…
မောင်ရင်ကူညီလို့ရရင်လည်းကူညီပေးပါဦးကွယ်…”
“ပြောသာပြောပါအမေကြီးရယ်…
ကျုပ်ကူညီနိုင်တာဆိုရင်ကူညီပေးမှာပေါ့ဗျာ…”
ဟု…သူဌေးဦးကျော်ဆွေကဆိုလေတော့
ဘွားမယ်စိန်ကလည်း သူကြီးဦးမျိုးသစ်နှင့်
မိတ်ဆက်ပေးပြီးလေမှ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်သည်။
ဘွားမယ်စိန်ပြောပြသမျှကိုနားထောင်ပြီးမှ
သူဌေးဦးကျော်ဆွေသည် မျက်မှောင်ကြီးကျုံ့၍…
“ဒီကောင်သောင်းကျန်းနေတာတော့ကျုပ်သိတယ်…
ဘယ်နေ့များကျုပ်တို့အိမ်ရောက်လာမလဲလို့
စိုးရိမ်နေရတာဗျ…
အခုတော့ကြည့်စမ်းပါဦး…
ဒင်းကိုအမေကြီးတို့ကလာဖမ်းတာဆိုတော့
ကျုပ်ဘက်ကကူညီရမှာပေါ့ဗျာ…
စိတ်ချပါ…သူဌေးဦးဖိုးနီဆိုတာ
ကျုပ်နဲ့အတော်ရင်းနှီးတဲ့သူပါ…
ကျုပ်အခုပဲသူ့ကိုသွားခေါ်လာခဲ့ပါ့မယ်…”
“အေးလေ…မောင်ရင်တို့ချင်းရင်းနှီးတယ်ဆိုတော့
ကောင်းတာပေါ့…သူနဲ့မျက်နှာချင်းဆိုင်တွေ့မှ
တိုင်ပင်စရာရှိတာတိုင်ပင်ကြတာပေါ့ကွယ်…”
“ဟုတ်ကဲ့အမေကြီး…
ကဲ…သမီးလှလှဆွေနဲ့…ငါ့မိန်းမဒေါ်စိုးမမရေ…
အမေကြီးတို့ကိုလိုအပ်တာမရှိအောင်သာမင်းတို့
ဧည့်ခံထားကြပေတော့…
ကျုပ်ကတော့သူဌေးဦးဖိုးနီအိမ်ကိုသွားလိုက်ဦးမယ်”
ဟု…သူဌေးဦးကျော်ဆွေကသမီးနဲ့ဇနီးကိုမှာကာ
အိမ်ထဲမှထွက်သွားလေတော့သည်။
သူဌေးကတော်ဒေါ်စိုးမမနှင့်သမီးဖြစ်သူတို့ကလည်း
ဘွားမယ်စိန်တို့အတွက် ထမင်းနဲ့ဟင်းများပြင်ဆင်ကာ
ဧည့်ခံပေးကြသည်။
ထမင်းစားပြီး၍ ဧည့်ခန်း၌
သစ်သီးများဖြင့်ဧည့်ခံထားချိန် သူဌေးဦးကျော်ဆွေပြန်ရောက်လာခဲ့သည်။
သူဌေးဦးကျော်ဆွေနှင့်အတူလူတစ်ဦးလည်းပါလာခဲ့၏။
ထိုသူက သူဌေးဦးဖိုးနီပင်ဖြစ်ပေသည်။
“အမေကြီး…ဒီပုဂ္ဂိုလ်က သူဌေးဦးဖိုးနီပဲဗျ…
အမေကြီးအကြောင်းတော့သူကိုပြောပြထားလို့
အမေကြီးတို့အပေါ်မှာတော့ ချွင်းချက်မရှိယုံကြည်တဲ့သူပါ…
အမေကြီးတို့ဘက်ကသာ ဘယ်လိုများ
ဒီသူခိုးကိုဖမ်းချင်သလဲဆိုတာ သူ့ကိုပြောလိုက်ပါဗျာ…”
“အေးကွယ်…အဲ့သည်လိုဆိုရင်တော့
ဘွားတို့တိုင်ပင်ကြတာပေါ့….”
ထိုသို့ဖြင့်ဘွားမယ်စိန်တို့လည်း ကဝေရုပ်ထုနှင့်
သူခိုးအားဖမ်းဖို့ရန်တိုင်ပင်ကြတော့သည်။
ညသို့ရောက်တော့ ဘွားမယ်စိန်နှင့် မောင်တိုးတို့က
သူဌေးဦးဖိုးနီ၏အိမ်အတွင်း၌ရောက်နေကြသည်။
ဘွားမယ်စိန်ကမောင်တိုးနဲ့မောင်အုန်းကိုရေမန်းများတိုက်…
ချည်မန်းကြိုးများလက်၌ကိုယ်စီဝတ်ဆင်ပေးလို့ထား၏။
“ဘွားပြောတာမှတ်ထားကြနော်…
တခြားသူတွေအိပ်တာနဲ့တစ်ခါထဲလှဲအိပ်ကြ..
ဘွားအချက်ပြမှထလာပြီး…တခြားသူတွေကိုလည်း
ဟောသည်ရေမန်းနဲ့မျက်နှာတွေကိုဖြန်းပေးပြီးနိုးပေတော့ကွဲ့”
ဟုမှာထားလေသည်။
သူဌေးဦးဖိုးနီ၏အိမ်အတွင်း၌ ပုလိပ်များ၊
အခိုင်းစေများဖြင့်လူများစုံလင်နေသည်။
ဘွားမယ်စိန်နှင့်မောင်တိုးတို့ရယ်…
သူဌေးဦးဖိုးနီနဲ့ပုလိပ်အရာရှိတစ်ယောက်ရယ်က
ဧည့်ခန်း၌ထိုင်နေကြသည်။
ပုလိပ်တပ်သားများနှင့်အခိုင်းစေများက
ခြံထဲ၌ကင်းလှည့်နေကြရှာသည်။
သူဌေးဦးဖိုးနီနှင့်ဇနီးသည်နှင့်သားသမီးများကတော့
မီးခံသေတ္တာထားရာအခန်းထဲတွင်ရှိနေခဲ့ကြသည်။
ညကလည်းတဖြေးဖြေးနက်လာခဲ့သည်။
သူဌေးဦးဖိုးနီတို့ကတော့စကားပြောလို့နေကြ၏။
ထိုသို့စကားပြောနေစဉ် အနက်ရောင်အဝတ်အစားများနှင့်ယောကျာ်းတစ်ယောက်အိမ်ထဲသို့ဝင်လာသည်ကို
ဘွားမယ်စိန်တွေ့လိုက်သည်။
သို့သော်ထိုသူ့အားမတွေ့ဟန်ဖြင့်
သူဌေးဦးဖိုးနီနှင့်စကားပြောနေခဲ့လေသည်။
ထိုအနက်ရောင်အဝတ်အစားများဖြင့်လူက
သူဌေးဦးဖိုးနီတို့အားလုံးကို
မျက်တောင့်နီကြီးဖြင့်စိုက်ကြည့်နေသည်။
ပြီးလေတော့သူ၏နှုတ်မှဂါထာများရွှတ်ဆိုပြီး
လက်နှစ်ဖက်ကိုဆန့်တန်းထား၏။
ခဏကြာတော့အဖြူရောင်အငွေ့များအိမ်ထဲသို့
ပျံ့နှံ့လာပြီး သူဌေးဦးဖိုးနီတို့မှာငိုက်မျှင်းလာခဲ့ကြသည်။
သူဌေးဦးဖိုးနီတို့ဟန်ပျက်နေသည်ကိုမြင်လေတော့
မောင်တိုးနဲ့မောင်အုန်းလည်း သူတို့နီးတူအိပ်ဖို့ရန်
ဟန်ဆောင်ကြရှာသည်။
ဘွားမယ်စိန်တင်မက အားလုံးလည်း
အိပ်ပျော်သွားလေမှ
ထိုလူနက်ကြီးလည်းကျေနပ်သွားဟန်ဖြင့်
ပြန်ထွက်သွားခဲ့သည်။
ခဏမျှကြာတော့ လူနက်ကြီးနှင့်အတူ
ယောကျာ်းတစ်ယောက်လည်းအတူတူရောက်လာခဲ့ပြန်သည်။
ထိုယောကျာ်းကိုလူနက်ကြီးကအပေါ်ထပ်အခန်းဆီသို့
သွားခိုင်းပြန်၏။
“ဟားးး….ဟားးး….ဟားးး…ဟားးး…ဟားးး….
အမယ်လေး…မြို့ပေါ်တက်သောင်းကျန်းနေတဲ့သူခိုးဆိုတာ
ဒီအကောင်လားဟဲ့…”
ဘွားမယ်စိန်၏ရယ်မောသံကြောင့်
လှေကားပေါ်တက်တော့မည့်လူရဲ့
ခြေလှမ်းများဟာ ရပ်တန့်သွားခဲ့သည်။
မောင်တိုးနဲ့မောင်အုန်းကလည်းချက်ချင်းထပြီး
ဓားများကိုယ်စီကိုင်၍အသင့်ရပ်နေကြသည်။
ခါတိုင်းနှင့်မတူသောအခြေအနေကြောင့်လူနက်ကြီးလည်း
အံ့သြနေသလို…လှေကားပေါ်ရှိလူသည်လည်းကြောက်လန့်လို့နေခဲ့သည်။
“ဟဲ့…ကဝေကောင်…နင့်အစွမ်းနဲ့လုပ်နိုင်တာဒါပဲလား”
“ခင်ဗျားဘယ်သူလဲ…”
“ငါ့ကိုတောင်နင်မသိဘဲနဲ့…
ဘာလို့ငါ့နယ်ထဲကိုဝင်ပြီးသောင်းကျန်းခဲ့ရတာလဲဟဲ့…
အခုမှတော့နင်ကော…နင်ဝင်နေတဲ့ရုပ်ထုကိုပါ
ဖျက်ဆီးရတော့မယ်…ကဲ…နင်ဘာတတ်နိုင်သေးလဲ…”
“ကျုပ်ရှိနေတာနှစ်ပေါင်းမနည်းတော့ဘူး…
အခုမှလာပြီး ခင်ဗျား ဖျက်ဆီးလို့ ရမယ်ထင်နေလား”
“အမယ်…ဒီလောက်မာန်ကြွနေတဲ့အကောင်…
ဖျောက်ခနဲပျောက်အောင်လုပ်ထည့်လိုက်ရ…
ဟိုအကောင်ပြေးမယ်မကြံလေနဲ့…
ပြေးတာနဲ့နင့်ခြေထောက်ကို
အပိုင်းပိုင်းပြတ်အောင်ခုတ်ပစ်လိမ့်မယ်ဟဲ့…”
ဘွားမယ်စိန်စကားကြောင့်ထွက်ပြေးမည့်သူလည်း
ကြောက်၍မပြေးသာတော့ပေ။
မောင်တိုးကလည်းရေမန်းများဖြင့်အိပ်ပျော်နေသော
သူဌေးဦးဖိုးနီတို့ကိုဖြန်းပေးပြီးလှုပ်၍နိုးလေတော့
သူတို့လည်းနိုးလာခဲ့ကြသည်။
“ဟင်…ဒီကောင်လား”
“ဟုတ်တယ်…ဒီကောင်ကသူခိုးပဲဗျ”
သူခိုးကိုဝိုင်းဖမ်းကြတော့ လူနက်ကြီးက
ပျောက်သွားလေသည်။
အပြင်၌ပုန်း၍စောင့်နေကြသောသူဌေးဦးကျော်ဆွေတို့
လူစုကိုလည်း မောင်တိုးကသွားခေါ်ခဲ့၏။
“ဟာ…ဒီကောင်က ကျုပ်ရွာသား
ကျော်သောင်းမဟုတ်ဘူးဗျ”
“ကဲ…မင်းမှန်မှန်ပြော…
ဒီအရုပ်ကိုအရင်ပိုင်ခဲ့တဲ့ကျော်သောင်းဆိုတဲ့
ကောင်အခုဘယ်မှာလဲ”
သူကြီးဦးမျိုးသစ်စကားကြောင့်
သူဌေးဦးကျော်ဆွေကလည်း
သူခိုးအားထပ်မေးလိုက်သည်။
သူခိုးကလည်း…
“ကျုပ်မသိဘူး…အရုပ်က
ကျုပ်ကောက်ရလို့ယူလာတာပါ”
ဟု…ခေါင်းကိုခါရမ်းပြီး ငြင်းလေသည်။
“အင်း…ဒါဆိုရင်တော့သေချာပြီ…
အဲ့သည်အကောင်လည်းဒီအရုပ်ကြောင့်သေနေလောက်ပြီ…
မောင်ရင်လည်းလိုချင်တာရပြီး ရက်ပိုင်းလောက်ဆိုရင်
ဒင်းလက်ချက်နဲ့သေရတာတော့မယ်…”
“ဗျာ…”
“မဗျာလေနဲ့ကွဲ့…
အဲ့သည်အရုပ်ကလိုတရအရုပ်တစ်ရုပ်မဟုတ်ဘူး…
ကဝေတစ်ယောက်စီရင်ထားတဲ့အရုပ်ပဲ…
အရုပ်ကိုပိုင်ရှင်တွေတစ်ယောက်ပြီးတစ်ယောက်
လက်ပြောင်းယူခဲ့တာ…ရိုးရိုးရှင်းရှင်းကိစ္စမဟုတ်ဘူး…
အဲ့သည် ကဝေကောင်ကပဲ ပိုင်ရှင်တွေကို
သတ်ပစ်ခဲ့တာကွဲ့…”
ဘွားမယ်စိန်ကပြောလေတော့ သူခိုးတင်မက
အားလုံးလည်းအံ့သြသွားကြသည်။
“ကဲ…အဲ့သည်အရုပ်ကိုပေး…
တခြားမှာတော့မထားခဲ့လောက်ပါဘူးနော်…”
“မ…မထားခဲ့ပါဘူးဗျာ…
ဟောသည်မှာ…ယူပါအမေကြီးရယ်…”
ဟု…ပြောကာသူ၏အိတ်ထဲမှအရုပ်အားထုတ်ပေးလိုက်သည်။
ဘွားမယ်စိန်လက်ထဲသို့ရောက်လာသောအရုပ်လေးကို
အားလုံးကဝိုင်းကြည့်ကုန်ကြသည်။
ဘွားမယ်စိန်ကလည်းအရုပ်လေးကိုယူ၍
မီးရှို့ပစ်ဖို့လုပ်ရတော့၏။
မောင်တိုးကမီးရှို့ဖို့ရန်ပြင်ဆင်ပေးလေတော့
ဘွားမယ်စိန်လည်းထိုအရုပ်အား တောက်လောင်နေသော
မီးတောက်များကြားထဲသို့ပစ်ချလိုက်လေသည်။
မီးများကြားထဲ၌ရှိနေသောအရုပ်အားသူ၏
တောင်ဝှေးဖြင့်ဆောင့်ကာထုချပေးလိုက်တော့
အရုပ်သည်လည်းအစိတ်စိတ်အမွှာမွှာဖြစ်လို့သွားခဲ့တော့သည်။
အဲ့သည်နောက်တော့ဘွားမယ်စိန်တို့လည်း
သူဌေးဦးကျော်ဆွေ၏
နေအိမ်သို့ပြန်ရောက်လာခဲ့ကြတော့၏။
“တော်ပါသေးရဲ့ဗျာ…အခုလိုအမေကြီးတို့ကူညီလို့သာ
ကျုပ်တို့အားလုံးလည်း ဒီကောင့်လက်ကလွတ်ခဲ့ရတာဗျ”
“အင်း…မောင်မျိုးသစ်ကတော့ရွာရောက်ရင်
ကျော်သောင်းရဲ့အမေကိုသေချာလေးရှင်းပြလိုက်ပါဦးကွယ်…
သူ့ခမျာလည်းသားဖြစ်သူကိုမျှော်နေရှာမှာ…”
“ဟုတ်ကဲ့ဘွား”
ထိုသို့ဖြင့်မှော်ကဝေရုပ်ထုကိုလည်းဖျက်ဆီးနိုင်ခဲ့သလို…
သူခိုးကိုလည်းဖမ်းမိခဲ့ပေမယ့်…
ကျော်သောင်းမရှိတော့ခြင်းကိုတော့
ကဝေနက်ကသာသိပေလိမ့်မည်။
အချိန်တန်တော့ဘွားမယ်စိန်တို့လည်း
သောင်ထွန်းရွာသို့ပြန်လာခဲ့ကြတော့၏။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

ဘြားမယ္စိန္ႏွင့္ကေဝ့ဝိညာဥ္(စ/ဆံုး)
——————————————–
“အေမ…ခင္ဗ်ားေန႔တိုင္းဒီဟင္းပဲခ်က္ေနေတာ့မွာလား”
“ဟဲ့…ဟင္းကဘာျဖစ္ေနလို႔တုန္းေက်ာ္ေသာင္းရဲ႕…
အသားဟင္းလည္းပါေနတာပဲေလဟယ္…”
“ဟာဗ်ာ…ေတာက္…”
“ဝုန္း…ခလြမ္း…”
“အမယ္ေလး…ေလး…
ေသေနက်ေလး…ကုန္ပါၿပီေတာ္…ကုန္ပါၿပီ”
ေဒၚမိခ်ိဳတစ္ေယာက္ ေမွာက္ေနေသာထမင္းပန္းကန္၊
ဟင္းပန္းကန္မ်ားကိုၾကည့္၍
ဝမ္းနည္းစြာေအာ္ဟစ္ငိုေႂကြးေနေလသည္။
သားျဖစ္သူ ေက်ာ္ေသာင္းကလည္း မေက်နပ္ျဖင့္
အိမ္အျပင္သို႔ထြက္သြားၿပီျဖစ္သည္။
ေအာ္သံ၊ငိုသံမ်ားကိုၾကား၍ ၿခံနီးနားခ်င္းျဖစ္ေသာ
မေဌးက ေဒၚမိခ်ိဳတို႔ၿခံထဲဝင္လာကာ
ငိုေႂကြးေနေသာေဒၚမိခ်ိဳအနီးသို႔ေရာက္လာေလသည္။
“ဘာျဖစ္ျပန္တာလဲ မခ်ိဳရယ္…
ေတာ္တို႔အိမ္လည္းေန႔တိုင္းလိုလို
ရန္ျဖစ္စကားမ်ားေနၾကရတာပဲေတာ္…”
“က်ဳပ္အျပစ္ပါမေဌးရယ္…
ေက်ာ္ေသာင္းမႀကိဳက္တဲ့ဟင္းခ်က္မိတာ
က်ဳပ္အျပစ္ပါေတာ္…”
“ခက္လိုက္တာမခ်ိဳရယ္…ေတာ္လည္း
သားဆိုးတစ္ေယာက္ေမြးထားမိေတာ့
ဒီဒုကၡေတြကိုဆက္ခံစားေနရဦးမွာပဲေတာ္…”
“သားဆိုးရယ္လည္းမေအာင္းေမ့ပါဘူးေတာ္…
သူ႔ခမ်ာလည္း ဖေအမရွိကတည္းက က်ဳပ္ကိုလုပ္ကိုင္ေကြၽးေမြးေနရတာမဟုတ္ဘူးလား”
“အင္း…ေတာ္ကအေမဆိုေတာ့ဘယ္အျပစ္ျမင္မလဲ”
ေဒၚမိခ်ိဳက သားျဖစ္သူေက်ာ္ေသာင္းကို
နည္းနည္းေလးမွအျပစ္မတင္ေပ။
ယခုလည္းေဒၚေဌးကိုျပန္ေျဖရင္းသားျဖစ္သူေမွာက္သြားေသာ
ထမင္းပန္းကန္၊ဟင္းပန္းမ်ားကို ေကာက္ယူေနရွာသည္။
ေက်ာ္ေသာင္းအေဖက ထန္းတက္သည့္အလုပ္ကို
လုပ္ကိုင္ခဲ့သလို အေဖျဖစ္သူေျခရာနင္းသည့္
ေက်ာ္ေသာင္းမွာလည္း အေဖျဖစ္သူမရွိသည့္ေနာက္ ထန္းတက္ျခင္းျဖင့္အသက္ေမြးခဲ့ေလသည္။
“ေက်ာ္ေသာင္း…မင္းလုပ္အားခထက္
ငါ့ထန္းရည္ဖိုးကမ်ားေနၿပီေနာ္…
ဒီလိုဆိုရင္ မင္းကိုငါ အေႂကြးထက္ေပးဖို႔
စဥ္းစားရေတာ့မယ္ကြ”
“ဟ…ကိုေက်ာ္ႀကီး…
ခင္ဗ်ားဘာေတြျဖစ္ေနတာလဲ…
က်ဳပ္ကခင္ဗ်ားထန္းေတာမွာတက္ေနတဲ့ေကာင္ပါဗ်…
ခင္ဗ်ားလည္းက်ဳပ္လုပ္အားခထဲက
အေႂကြးႏႈတ္ထားတာပဲဗ်ာ…
ဒါကိုဘာလို႔စကားေတြရွည္ေနရတာလဲဗ်”
“ငါက မင္းအတြက္ေျပာတာပါကြာ…
မင္းကအခုလိုေသာက္လိုက္စားလိုက္နဲ႔
ရသမွ်လည္းငါ့ကိုအေႂကြးေပးရေတာ့.မင္းအေမက
ဘာနဲ႔ထမင္းစားမွာလဲကြ…”
“ကိုေက်ာ္ႀကီး…ခင္ဗ်ားအေတာ္လွ်ာရွည္တာပဲဗ်ာ…
သူ႔ဘာသာ ဘာနဲ႔စားစားေပါ့…
က်ဳပ္လိုသားျဖစ္သူေတာင္မပူတာခင္ဗ်ားက
ဘာလို႔ပူေနရတာလဲ…ဘာလဲ ခင္ဗ်ားက်ဳပ္အေမကိုမ်ား
ႀကိဳက္ေနသလား…”
“ဘာကြ…ေတာ္ေတာ္…ေက်ာ္ေသာင္း
မင္းေသာက္စရာေသာက္ၿပီးရင္
ျပန္ေတာ့ေဟ့ေကာင္…
မဟုတ္ရင္ငါ့စိတ္နဲ႔မင္းမလြယ္ဘူး…”
ေက်ာ္ႀကီးက ေက်ာ္ေသာင္းကိုစိတ္တိုသြားသည္။
သို႔ေသာ္သူ႔စိတ္ကိုထိန္း၍ ေက်ာ္ေသာင္းအနီးမွ
ထြက္သြားေတာ့၏။
ေက်ာ္ေသာင္းကေတာ့ ေပေစာင္းေစာင္း
လွမ္းၾကည့္ရင္း ပဲႀကီးေလွာ္ကို
ပါးစပ္ထဲသို႔ထည့္၍ႀကိတ္ေခ်ကာဝါးေနေတာ့သည္။
ညေန ေနေစာင္းေတာ့ ေက်ာ္ေသာင္းတစ္ေယာက္မူး႐ူးၿပီး
ထန္းေတာမွျပန္လာခဲ့သည္။
လမ္းတစ္ေလွ်ာက္လည္းေျခလွမ္းမ်ားက ယိုင္ထိုးေန၍
လယ္ကြင္းမ်ားထဲသို႔ပင္လဲက်ေနရွာသည္။
႐ြံ႕မ်ားေပေတေနသည့္ၾကားမွ အတင္းကုန္းထ၍
ေလွ်ာက္လာခဲ့ျပန္သည္။
“ေတာက္… ”
ေက်ာ္ေသာင္းေတာက္တစ္ခ်က္ေခါက္ၿပီး
လမ္းကိုဆက္မေလွ်ာက္ေတာ့ဘဲ ေရာက္သည့္ေနရာ၌
ထိုင္ခ်လိုက္သည္။
မ်က္လုံးကိုမနည္းျပဴး၍ဟို…သည္ကိုၾကည့္ေလေတာ့
သူထိုင္ေနသည့္ေနရာ၌မလွမ္းမကမ္း၌ အ႐ုပ္ေလးတစ္႐ုပ္ကို
ေတြ႕သြားခဲ့သည္။
“ဟ…ဘာေလးလဲ”
ဟုေျပာ၍ ထိုအ႐ုပ္ဆီကို ေလးဘက္ေထာက္၍
သြားလိုက္သည္။
အ႐ုပ္ေလးက ႐ြံ႕ေစးတစ္မ်ိဳးျဖင့္ထုလုပ္ထားတာျဖစ္ၿပီး
လူတစ္ေယာက္ေဆာင့္ေၾကာင့္ထိုင္အေနအထားျဖင့္
ဓားႏွစ္လက္ကိုပုခုံးေပၚတင္ကာ
ထမ္းထားသည့္ပုံစံေလးျဖစ္ေနခဲ့သည္။
မ်က္ႏွာ၌ေတာ့ ႏွာေခါင္းေပါက္…
မ်က္လုံးေပါက္မ်ားပင္မပါဘဲ ဗလာႀကီးျဖစ္လို႔ေနခဲ့၏။
ေက်ာ္ေသာင္းလည္းထိုအ႐ုပ္ေလးကိုေကာက္ယူၿပီး
ကုန္းက်ဳံးထ၍ အိမ္သို႔ျပန္လာခဲ့သည္။
အိမ္သို႔ေရာက္ေတာ့လည္း အ႐ုပ္ေလးကို သူ႔အိပ္ရာ
ေခါင္းရင္း၌ထားၿပီးအိပ္ေလသည္။
အခ်ိန္ကလည္းညသန္းေခါင္သို႔ေရာက္ေလၿပီ…
“ဘုတ္…ဘုတ္…”
တဘုတ္ဘုတ္ျမည္သံႏွင့္အတူ ေက်ာ္ေသာင္း၏ပုခုံးကို
တစ္စုံတစ္ေယာက္က႐ိုက္၍ႏိုးေနခဲ့၏။
“ကြာ…ဘာလဲဗ်ာ”
မိခင္ျဖစ္သူ ေဒၚမိခ်ိဳထင္ၿပီး ေက်ာ္ေသာင္းလည္း
ဆူဆူေအာင့္ေအာင့္ျဖင့္ႏိုးလာခဲ့၏။
မ်က္လုံးကိုပြတ္ကာၾကည့္လိုက္ေတာ့…
“ဟင္…ခင္…ခင္ဗ်ား…ဘယ္သူလဲ”
သူ႔အားစူးစိုက္ၾကည့္ေနေသာ အနက္ေရာင္
အဝတ္အစားမ်ားဝတ္ဆင္ထားသည့္
ေယာက်ာ္းႀကီးတစ္ဦးကို
ေတြ႕လိုက္ရေတာ့ေက်ာ္ေသာင္းလန႔္သြားခဲ့သည္။
ထိုေယာက်ာ္းႀကီးကလည္း
ေက်ာ္ေသာင္းကိုၿပဳံးၿပဳံးႀကီးစိုက္ၾကည့္ေနခဲ့၏။
“ခင္ဗ်ား ဘယ္သူလဲ…က်ဳပ္အိမ္ထဲကို
ဘာဝင္လုပ္တာလဲ”
ဟု…ေမးလိုက္ေတာ့ …
“ေအာင္မယ္…မင္းပဲငါ့ကိုေခၚလာတာေလ”
ဟု…အသံက်ယ္ႀကီးျဖင့္ျပန္ေျပာေလသည္။
“ေနပါဦး…က်ဳပ္ကခင္ဗ်ားကိုဘာလို႔ေခၚလာရမွာလဲ…
ခင္ဗ်ားညာေနတာ…အခုခ်က္ခ်င္းက်ဳပ္အိမ္ထဲကထြက္သြား”
ဟု…ေက်ာ္ေသာင္းက မယုံၾကည္စြာေျပာရင္း
ေမာင္းထုတ္ေလသည္။
“ေဟ့ေကာင္…မင္းငါ့ကိုေခၚလာတာ…
မယုံရင္မင္းေခါင္းရင္းမွာရွိတဲ့အ႐ုပ္ကိုၾကည့္လိုက္…”
“အ႐ုပ္…ဟင္…ဒီအ႐ုပ္နဲ႔ခင္ဗ်ားနဲ႔က…”
“အဲ့သည္အ႐ုပ္ကို ေမွာ္ကေဝ႐ုပ္ထုလို႔ေခၚတယ္…
ငါကအဲ့သည္႐ုပ္ထုကိုေစာင့္တဲ့ကေဝပဲကြ…”
“ေမွာ္ကေဝ႐ုပ္ထုဟုတ္လား…
ဘယ္ေနရာမ်ားအသုံးဝင္တာလဲဗ်”
“မင္းဘာျဖစ္ခ်င္သလဲသာေျပာ…
ေအး…မင္းတစ္ခုခုခိုင္းခ်င္ရင္လည္းငါ့အတြက္
ၾကက္တစ္ေကာင္နဲ႔အရက္တစ္ပုလင္းေပးရမယ္
ဆိုတာေတာ့မေမ့နဲ႔ေပါ့ကြာ…”
“တကယ္လား…ခင္ဗ်ားက်ဳပ္ခိုင္းတာကို
လုပ္ေပးမွာလား”
“ေအး…”
“ဒါဆိုရင္က်ဳပ္ကို ဟိုထန္းေတာက
ေက်ာ္ႀကီးဆိုတဲ့ေကာင္ကိုသတ္ေပးစမ္းပါဗ်ာ…
ဒီေကာင္ကအေတာ္ ဆရာလုပ္ခ်င္တာ…
က်ဳပ္ဒင္းကိုၾကည့္မရတာအေတာ္ၾကာၿပီဗ်…”
ဟု…ေက်ာ္ေသာင္းကေျပာေလေတာ့…
“ဟုတ္ၿပီ…မင္းသာမင္းကတိကိုတည္ပါေစ”
ဟု…ေက်ာ္ေသာင္းကိုေျပာၿပီး
ေနရာမွေပ်ာက္ကြယ္သြားေလသည္။
ေက်ာ္ေသာင္းလည္းေမွာ္ကေဝ႐ုပ္ထုဟုေခၚေသာအ႐ုပ္ေလးကို
ၾကည့္ၿပီး အိပ္ရာထဲ၌ျပန္လွဲလိုက္ေတာ့သည္။
အ႐ုပ္ေလးကိုၾကည့္ေနရင္းမွတေျဖးေျဖးျပန္လည္အိပ္ေပ်ာ္သြားေတာ့၏။
မနက္မိုးလင္းေလေတာ့…
“ေက်ာ္ေသာင္း…ဟဲ့ ေက်ာ္ေသာင္းထပါဦးငါ့သားရဲ႕..
ေနလည္းဖင္ထိုးေနၿပီဟဲ့…”
“ဟား…ဝါးးးးးးးး….
မနက္ေစာေစာဗ်ာ…ဘာေတြေအာ္ေနတာတုန္း”
“အမယ္ေလး…မေစာေတာ့ပါဘူး
ထၾကည့္ပါဦးဟဲ့…”
ေဒၚမိခ်ိဳ၏အသံေၾကာင့္ေက်ာ္ေသာင္းလည္း
ဆက္မအိပ္ႏိုင္ဘဲထလာခဲ့သည္။
ေက်ာ္ေသာင္းကထန္းတက္သည့္အလုပ္လုပ္ေပမယ့္…
သူရွာတာသူေသာက္ျဖစ္ေန၍…ေဒၚမိခ်ိဳကေတာ့
႐ြာထဲလွည့္၍အဝတ္ေလွ်ာ္သည္။
အဝတ္ေလွ်ာ္ယုံမက ႀကဳံရာလုပ္ကိုင္ၿပီး
စားဝတ္ေနေရးကိုေျဖရွင္းတတ္၏။
သူ႔ဖို႔တင္မကေက်ာ္ေသာင္းအတြက္ကိုပါ
ထမင္း၊ဟင္းခ်က္ျပဳတ္ေကြၽးပါေသာ္လည္း
ဟင္းမေကာင္းလွ်င္ေက်ာ္ေသာင္းက
ေသာင္းက်န္းတတ္ေသးျပန္သည္။
ယခုလည္းေဒၚမိခ်ိဳကႏိုးေသာေၾကာင့္
ေက်ာ္ေသာင္းသည္ပုဆိုးကိုခပ္တိုတိုဝတ္ၿပီး
ေသာက္ေရးအိုးမွေရျဖင့္မ်က္ႏွာသစ္လိုက္သည္။
မ်က္ႏွာမွေရမ်ားကိုလည္းပုဆိုးစျဖင့္ပြတ္၍
သုတ္ကာထန္းလွီးဓားမ်ားကိုခါး၌ခ်ိတ္ၿပီး
ၿခံထဲမွထြက္သြားဖို႔ျပင္ေလေတာ့…
“ဟဲ့…အဲ့တာဘယ္ကိုလဲ”
“ဘယ္ကိုရမွာလဲ ထန္းေတာေပါ့ဗ်”
ေဒၚမိခ်ိဳ၏အေမးကို ေက်ာ္ေသာင္းျပန္ေျဖၿပီး
ဆက္သြားဖို႔ေျခလွမ္းျပင္ေတာ့…
“ဟဲ့…ထန္းေတာပိုင္ရွင္ေက်ာ္ႀကီးက
အခုမနက္ပဲဆုံးသြားတယ္ ေက်ာ္ေသာင္းရဲ႕…”
“ဗ်ာ…ေက်ာ္ႀကီးဆုံးသြားၿပီ…
ဟုတ္ရဲ႕လားဗ်ာ…”
“ငါကမဟုတ္ဘဲေျပာမလား…
သူ႔ၿခံထဲမွာေမွာက္ရက္ႀကီးေသေနတာတဲ့ေလ…
ဒီသတင္းကနင္ပဲမသိတာ…
တစ္႐ြာလုံးကေလးကအစ
ေခြးအဆုံးေတာင္သိၿပီးေပါ့ဟယ္…”
ေဒၚမိခ်ိဳစကားေၾကာင့္ ေက်ာ္ေသာင္းမ်က္လုံးျပဴးသြားသည္။
သို႔ေသာ္မယုံ၍ ေက်ာ္ႀကီးအိမ္သို႔သြားဖို႔ဆုံးျဖတ္လိုက္၏။
ေက်ာ္ႀကီးအိမ္သို႔ေရာက္ေတာ့ ႐ြာကလူေတြ
အေတာ္ဆုံေနေလသည္။
ေက်ာ္ႀကီး၏အေလာင္းကို
စိတ္ဝင္တစားဝိုင္းအုံၾကည့္ေနၾက၏။
ေက်ာ္ႀကီးမိန္းမႏွင့္ေက်ာ္ႀကီးအေမကေတာ့
ငိုယိုေအာ္ဟစ္လို႔ေနရွာသည္။
“မေန႔ညက အေကာင္းပါေတာ္…
ကိုေက်ာ္ႀကီးရယ္…က်ဳပ္ေတာ္ေသတာလက္ခံလို႔ကိုမရဘူးေတာ့္…အီးးးးဟီးးးးးဟီးးးးးးးးးး”
႐ြာသားေတြကလည္း စု၍ေက်ာ္ႀကီးအေလာင္းကိုၾကည့္ကာ…
“ကိုေက်ာ္ႀကီးေက်ာမွာလက္ဝါးရာႀကီးတစ္ခုေတြ႕တယ္လို႔
ေျပာတယ္ကြ…ၾကည့္ေလ…သူေသတာက
မခ်ိမဆန႔္ခံစားသြားရသလိုပဲ…”
“ေအးကြ”
႐ြာသားေတြရဲ႕စကားဝိုင္းမွာေက်ာ္ေသာင္း
မသိမသာနားေထာင္ေနခဲ့သည္။
ၿပီးေနာက္အိမ္ကိုခ်က္ခ်င္းလွည့္ျပန္လာခဲ့ေတာ့၏။
ေက်ာ္ေသာင္းစိတ္မ်ားကလည္းအိမ္ကိုမေရာက္မခ်င္း
စိတ္မ်ားကေဆာက္တည္ရာမရျဖစ္လို႔ေနခဲ့သည္။
အိမ္သို႔ေရာက္ေတာ့ သူ၏အိပ္ရာဆီကိုသြားၿပီး..
“ေက်ာ္ေသာင္း…ဘာေတြအေလာတႀကီး
ျဖစ္ေနတာတုန္းဟဲ့…”
“အေမအသာေနစမ္းပါဗ်ာ”
ေခါင္းရင္း၌ရွိေနေသာအ႐ုပ္ေလးကိုကိုင္ၾကည့္ရင္း
ေက်ာ္ေသာင္းမွာ စိတ္မ်ားေမာေနရသည္။
“ဒါဆိုရင္ညက အိမ္မက္မဟုတ္ဘူးေပါ့”
ဟုေရ႐ြတ္ရင္းအ႐ုပ္ေလးကိုသာၾကည့္ေနခဲ့၏။
အေတြးမ်ားေတြးရင္းေသဆုံးသြားေသာ
ေက်ာ္ႀကီး၏မ်က္ႏွာကိုလည္းျမင္ေယာင္မိျပန္သည္။
ၿပီးေနာက္မ်က္ႏွာကၿပဳံးရယ္လာၿပီး…
“ဟန္ေတာ့က်ၿပီ…
ဒီအ႐ုပ္ကတကယ္စြမ္းတာပဲ…
ဒါဆိုရင္ေတာ့သူလိုခ်င္တာကိုငါေပးလိုက္ရင္
ငါခိုင္းတာကိုလည္းသူလုပ္ေပးမွာပဲ…”
ဟု…မေကာင္းေသာအႀကံမ်ားကဝင္လာခဲ့ေတာ့၏။
အ႐ုပ္ေလးကို ေနရာ၌ျပန္ထားလိုက္သည္။
မိခင္ျဖစ္သူေဒၚမိခ်ိဳဆီကိုသြား၍
“အေမ…ပိုက္ဆံေပးစမ္းပါ…”
“ဟဲ့…ဘာလုပ္မလို႔တုန္းဟဲ့”
“ေပးဆိုေပးပါဗ်ာ…ေနာက္က်ရင္က်ဳပ္က
အေမ့ကိုဒီထက္မကပိုက္ဆံေတြျပန္ေပးမွာပါ
အေမရဲ႕…”
“ဟုတ္လို႔လားေက်ာ္ေသာင္းရယ္…
ငါ့လည္းနင္ကပိုက္ဆံေပးတာမဟုတ္ဘူး…
ငါ့ဘာသာရွာစားရတဲ့အျပင္
နင္စားဖို႔ကိုပါငါကပိုရွာေနရတာေလဟယ္…”
“ဟာဗ်ာ…ခင္ဗ်ားကလည္း
အသာအယာေျပာရင္ဘယ္ေတာ့မွမထုတ္ေပးဘူး…
ဘာလဲက်ဳပ္ေသာင္းက်န္းမွခင္ဗ်ားထုတ္ေပးမွာလား…”
“ေရာ့ေဟ့ေရာ့…
ဆန္ဝယ္မလို႔ ထားထားတာအကုန္သာ
ယူသြားလိုက္ေတာ့ ေက်ာ္ေသာင္း…
အိမ္ကပစၥည္းေတြေတာ့ထပ္မခြဲပါနဲ႔
နင့္အေဖရွာခဲ့သမွ်လည္းနင္ခြဲလို႔ကြဲကုန္တာမ်ားၿပီ…
ငါလည္းထပ္မဝယ္ႏိုင္ဘူးဟဲ့”
ဟုေျပာကာ…ေဒၚမိခ်ိဳကသူ၏ထမိန္လိပ္ၾကားမွ
ပိုက္ဆံကိုေက်ာ္ေသာင္းအားထုတ္ေပးလိုက္ေလသည္။
ပိုက္ဆံရေတာ့ ေက်ာ္ေသာင္းလည္းအရက္ဆိုင္ကို
အေျပးသြားေတာ့၏။
ေဒၚမိခ်ိဳေပးေသာပိုက္ဆံျဖင့္အရက္ႏွစ္လုံးဝယ္ကာ
အိမ္သို႔ျပန္လာခဲ့သည္။
အရက္တစ္လုံးကိုသူ႔ေခါင္းရင္း၌ထားၿပီး
က်န္တစ္လုံးကိုလက္ထဲ၌ကိုင္ကာေမာ့ေသာက္ေနေလသည္။
ဒါနဲ႔မၿပီးေသး အိမ္၌ေမြးထားေသာ
ၾကက္ဖတစ္ေကာင္ကို ေလာက္ေလးခြျဖင့္လည္ပင္းကို
ပစ္ကာဖမ္းေလ၍…
“အမယ္ေလး…ေလး…
ေက်ာ္ေသာင္းနင္ဒီၾကက္ကိုဘာလုပ္မလို႔တုန္း”
“ဘာလုပ္ရမွာတုန္း ေၾကာ္မလို႔ေပါ့ဗ်”
“ေအး…ေအး…နင္လုပ္ခ်င္တာသာလုပ္…
ငါလည္းသူမ်ားအိမ္သြားၿပီး
အဝတ္ေလွ်ာ္ေနတာပဲေကာင္းတယ္”
ေဒၚမိခ်ိဳထြက္သြားေတာ့မွေက်ာ္ေသာင္းသည္
သူ၏လက္ခ်က္ျဖင့္
လည္ပင္းကိုေလာက္ေလးခြထိမွန္ကာ
ေသေနေသာၾကက္ဖႀကီးအားေကာက္ယူကာ
ေရေႏြးေလာင္းအေမႊးႏႈတ္ဖို႔ျပင္ဆင္ေလသည္။
တစ္ေနကုန္ၾကက္ကိုင္လိုက္အရက္ေသာက္လိုက္ျဖင့္
အလုပ္ရႈပ္ေနၿပီး ညေန ေနေစာင္းေတာ့
ၾကက္ေၾကာ္နဲ႔အရက္ပုလင္းကို သူ႔ေခါင္းရင္း၌ထားေသာ
ေမွာ္ကေဝ႐ုပ္ထု၏အေရွ႕၌ ခ်ေပးထားလိုက္သည္။
“ကဲ…ကေဝႀကီးေရ…က်ဳပ္ေတာ့ခင္ဗ်ားကို
ေျပာထားသလိုစီစဥ္ေပးထားၿပီဗ်ာ…
ေနာက္ထပ္လည္းခင္ဗ်ားကိုက်ဳပ္အပူကပ္ခ်င္ေသးတယ္…
က်ဳပ္တို႔ဘဝကိုလည္းခင္ဗ်ားျမင္မွာပါ…
က်ဳပ္ခ်မ္းခ်မ္းသာသာေနခ်င္ေသးတယ္ဗ်…
ဒါေၾကာင့္ေ႐ႊေငြရမယ့္လမ္းကိုၫႊန္ေပးပါဦးဗ်ာ…”
ဟုေျပာၿပီး ေက်ာ္ေသာင္းကေမွာ္ကေဝ႐ုပ္ထုကို
ၿပဳံးၿပဳံးႀကီးၾကည့္ေနခဲ့၏။
ညသို႔ေရာက္ေတာ့ ေက်ာ္ေသာင္းခါတိုင္းလိုပဲ
မူးမူးျဖင့္အိပ္ေလသည္။
“ေဟ့ေကာင္…ထ…ထ…”
ေက်ာ္ေသာင္းကိုပုတ္၍ႏိုးျပန္၏။
ေက်ာ္ေသာင္းတစ္ေယာက္လန္႔၍ႏိုးလာၿပီး
သူ႔အိပ္ရာနံေဘး၌မတ္တပ္ရပ္ေနေသာ လူနက္ႀကီးကို…
“က်ဳပ္ခင္ဗ်ားေကြၽးခိုင္းတာကိုေကြၽးထားၿပီးၿပီေနာ္…”
ဟုေျပာလိုက္၏။
“လာ…ထ…ငါ့ေနာက္လိုက္ခဲ့”
လူနက္ႀကီးက ေက်ာ္ေသာင္းကိုအိမ္အျပင္ကိုေခၚသြားသည္။
ညကအေတာ္မိုးခ်ဳပ္ေနၿပီျဖစ္တာေၾကာင့္
တစ္႐ြာလုံးက တိတ္ဆိတ္လို႔ေန၏။
“ေဟ့လူ…ဘယ္သြားတာလဲ”
႐ြာလမ္းမအတိုင္းဆက္သြားေန၍
ေက်ာ္ေသာင္းေအာ္ကာေမးလိုက္ေတာ့သည္။
လူနက္ႀကီးကေက်ာ္ေသာင္းကိုေနာက္ျပန္လွည့္ၾကည့္သည္။
သို႔ေသာ္အေရွ႕သို႔ဆက္၍ေလွ်ာက္သြားျပန္ေတာ့
ေက်ာ္ေသာင္းလည္း ဘာစကားမွမေမးျမန္းေတာ့ပဲ
တိတ္တိတ္ကေလးသာလိုက္လာခဲ့ရသည္။
လူနက္ႀကီးက႐ြာလမ္းထိပ္ရွိအိမ္တစ္အိမ္အတြင္းသို႔
ဝင္သြားျပန္သည္။
ညႀကီးသန္းေခါင္သူတပါးအိမ္အတြင္းသို႔ဝင္လွ်င္
သူခိုးဟုအစြပ္စြဲခံရမွာေၾကာင့္ ေက်ာ္ေသာင္းတစ္ေယာက္
ၿခံျပင္၌သာက်န္ေနခဲ့သည္။
လူနက္ႀကီးကၿခံတံခါးကိုအလြယ္တကူဖြင့္ဝင္သြားေသာေၾကာင့္
တံခါးမွာပြင့္လွ်က္ျဖစ္ေနခဲ့သည္။
ေက်ာ္ေသာင္းအိမ္အျပင္၌ က်န္ေနခဲ့ေသာေၾကာင့္
လူနက္ႀကီးကအိမ္အျပင္ျပန္ထြက္လာျပန္၏။
“ေဟ့…မင္း မဝင္ဘဲဘာလုပ္ေနတာလဲ”
“ဟာဗ်ာ…သူမ်ားအိမ္ထဲဒီအခ်ိန္ႀကီးဝင္ရင္
က်ဳပ္ကိုသူခိုးဆိုၿပီးဝိုင္းအ႐ိုက္ခံရမွာေပါ့”
“ေ႐ႊေတြ…ေငြေတြ…လိုခ်င္တယ္မဟုတ္လား…
လာ…ငါ့အေနာက္ကလိုက္ခဲ့…မင္းကိုဘယ္သူမွ
မေတြ႕ေစရဘူး”
ေက်ာ္ေသာင္းလည္း လူနက္ႀကီးစကားေၾကာင့္
အားခဲၿပီးအိမ္ထဲကိုလိုက္သြားလိုက္သည္။
တစ္အိမ္လုံးလည္းအိပ္ေမာက်ေနၿပီး
ေဟာက္သံမ်ားပင္ထြက္ေနခဲ့သည္။
ထိုအိမ္ကိုေက်ာ္ေသာင္းသိ၏။
႐ြာ၌လူခ်မ္းသာျဖစ္ေသာ
ဦးတင့္…ေဒၚဆင့္တို႔အိမ္ပင္ျဖစ္သည္။
သူတို႔လိုဆင္းရဲသားမ်ားကိုမတူမတန္
ဆက္ဆံေျပာဆိုတတ္ေသာ
သူေဌးလင္မယားအိမ္ဟုေျပာလွ်င္ပိုမွန္ေပမည္။
“ဟိုအခန္းထဲကေသတၱာထဲမွာမင္းလိုခ်င္တဲ့
ေ႐ႊေတြေငြေတြရွိတယ္…ႀကိဳက္သေလာက္သာယူ”
ဟု..လူနက္ႀကီးကေျပာေတာ့
ေက်ာ္ေသာင္းမ်က္လုံးမ်ားက
ေတာက္ပသြားသည္။
ေ႐ႊေတြ၊ေငြေတြဟုေသာအသံေၾကာင့္
စိတ္ထဲမွာလည္းဝမ္းသာလို႔သြား၏။
သို႔ေသာ္…
“ျဖစ္ပါ့မလားဗ်…သူတို႔ႏိုးလာရင္က်ဳပ္ေတာ့
ဒုက္ခပါပဲ…”
ဟုစိုးရိမ္စိတ္ျဖင့္ေျပာလိုက္ေတာ့…
“ေဟ့ေကာင္…မင္းလိုခ်င္တာသာရေအာင္ယူ
ငါသူတို႔ကိုမႏိုးေအာင္လုပ္ထားတယ္…
ျမန္ျမန္လုပ္…ေတာ္ေနဆိုငါအ႐ုပ္ထဲျပန္ဝင္ရေတာ့မယ္”
“ဟုတ္…ဟုတ္…”
ေက်ာ္ေသာင္းလည္း ခ်က္ခ်င္းအခန္းထဲဝင္၍
ကြၽန္းေသတၱာကိုဖြင့္ေလသည္။
အဝတ္အစားမ်ားၾကား၌ထည့္ထားေသာ
ေ႐ႊျပားမ်ားႏွင့္လက္ဝတ္လက္စားမ်ားကိုေတြ႕ေတာ့
ေက်ာ္ေသာင္းလည္းထိုပစၥည္းမ်ားကို သူ၏ပုဆိုးစထဲသို႔
အကုန္ထည့္ေတာ့သည္။
အခန္းထဲရွိကုတင္ေပၚ၌သူေဌးလင္မယားသည္
ေဟာက္သံမ်ားျဖင့္ အိပ္ေမာက်လို႔ေနခဲ့၏။
“ရၿပီဗ်…ျပန္ၾကစို႔”
ပစၥည္းမ်ားကိုအရယူၿပီးသည္မလို႔ေက်ာ္ေသာင္းလည္း
ေရွ႕မွအရင္ဆုံးျပန္ထြက္လာခဲ့ေတာ့သည္။
တျခားသူမ်ားျမင္မည္ဆိုးတာေၾကာင့္ တစ္လမ္းလုံးလည္း
မ်က္လုံးကဟိုသည္ၾကည့္လို႔ေနခဲ့ရ၏။
သူ၏အေနာက္၌လူနက္ႀကီးက
တေ႐ြ႕ေ႐ြ႕လိုက္လို႔လာေလသည္။
ေနာက္တစ္ေန႔နံနက္ေရာက္ေတာ့
႐ြာသစ္႐ြာထဲ၌ သူေဌးဦးတင့္တို႔၏ေ႐ႊေငြမ်ားအခိုးခံရသည္ဆိုေသာ သတင္းက ပ်ံ႕ႏွံ႔လို႔ေနခဲ့၏။
“အမယ္ေလးေတာ္…က်ဳပ္တို႔ပစၥည္းေတြကို
ေသာ့ခတ္ၿပီးေသခ်ာသိမ္းတာပါ…
မနက္မိုးလင္းလို႔ၾကည့္ေတာ့အဝတ္အစားေတြကေအာက္မွာ
ပ်ံ႕က်ဲေနၿပီးေသတၱာႀကီးကေသာ့ႀကီးခတ္လို႔ကိုေနတာေတာ့္
ဘယ္လိုသူခိုးကမ်ားေသာ့ကိုမဖ်က္ပဲခိုးႏိုင္ရတာတုန္း…
က်ဳပ္တို႔ေတာ့ဘဝပ်က္ပါၿပီေတာ္….အီးးးးဟီးးးဟီးးးးးး”
“ေဒၚဆင့္…သတိထားပါဗ်ာ…”
“ဟူးး…ျဖစ္မွျဖစ္ရေလေတာ္…”
သူေဌးကေတာ္ေဒၚဆင့္ကေတာ့အျဖစ္အပ်က္ကို
ေျပာေျပာၿပီးငိုေလသည္။
ၾကားရသူမ်ားကလည္းေဒၚဆင့္ကိုၾကည့္ၿပီး
စိတ္မေကာင္းျဖစ္ေနၾကရွာသည္။
ထိုကိစၥေၾကာင့္ သူႀကီးဦးမ်ိဳးသစ္ကလည္း…
“ေတာက္…ငါ့႐ြာထဲမွာဒီလိုတစ္ခါမွမျဖစ္ဖူးဘူး…
တစ္ေန႔ကလည္းထန္းေတာပိုင္ရွင္
ေက်ာ္ႀကီးအသတ္ခံရတယ္…
အခုလည္းေသာ့ႀကီးခတ္လွ်က္ႀကီးနဲ႔သူခိုးကဝင္ခိုးသြားတယ္ဆိုေတာ့ ဒီေကာင္ကႏွယ္ႏွယ္ရရမဟုတ္ေလာက္ဘူး…
ဒီေတာ့အားလုံးသတိနဲ႔ေနၾကပါ…
႐ြာထဲမွာတစ္ခုခုအေၾကာင္းထူးတာနဲ႔ငါ့ကိုလာေျပာ…
ကာလသားေတြကလည္းညဘက္ကင္းတဲေစာင့္ဖို႔
ျပင္ဆင္ထားၾကေတာ့…”
ဟု…ေျပာေလသည္။
႐ြာသစ္တစ္႐ြာလုံးလည္း အထိတ္ထိတ္အလန္႔လန္႔ျဖစ္ေနခ်ိန္
ေက်ာ္ေသာင္းကေတာ့အရက္ဆိုင္၌ေသာက္လိုက္စားလိုက္ျဖင့္
အခ်ိန္ကုန္ေနခဲ့သည္။
သူေဌးဦးတင့္တို႔ဆီမွခိုးယူလာေသာေငြ​ေၾကးမ်ားကိုေတာ့
ဖြက္ထားၿပီး မိခင္ျဖစ္သူေဒၚမိခ်ိဳ၏ပိုက္ဆံျဖင့္
ေသာက္စားေနခဲ့ျခင္းျဖစ္၏။
ေက်ာ္ေသာင္းကလည္း လူလည္ပင္…
သူ…ခိုးယူထားသမွ်ကိုယခုခ်ိန္ထုတ္သုံးလွ်င္
သူကသူခိုးဆိုတာတစ္႐ြာလုံးသိသြားမည္ဆိုး၏။
ဒါ့ေၾကာင့္လည္းအခ်ိန္တစ္ခုအထိဖြက္ထားဖို႔သာ
ဆုံးျဖတ္ထားေလသည္။
********************************
ဘြားမယ္စိန္၏ေနအိမ္၌ေမာင္တိုးတစ္ေယာက္
အလည္ေရာက္ေနခဲ့၏။
“ဘြား…႐ြာသစ္ကသတင္းေတြၾကားၿပီးၿပီလား”
“ဘာမ်ားသတင္းထူးေနလို႔တုန္းကြဲ႕”
“ဟာဗ်ာ…တစ္ေန႔က႐ြာသစ္မွာသူခိုးခိုးခံရတယ္လို႔
သတင္းေတြပ်ံ႕ေနတာေလဗ်ာ…”
“ဟုတ္လားကြဲ႕…သူခိုးေရာဖမ္းမိၾကရဲ႕လား”
“က်ဳပ္လည္းသိခ်င္ေနတာဗ်…
အခုထိေတာ့ဖမ္းမိေသးပုံမရဘူး…
သူခိုးကအေတာ္ေလးေတာ္ပုံရတယ္ဗ်…
ေသတၱာကေသာ့ႀကီးခတ္ထားရက္နဲ႔ေသာ့လည္းမျဖဳတ္…
ေသတၱာကိုလည္းမေဖာက္ဖဲနဲ႔အတြင္းကပစၥည္းေတြကို
ရေအာင္ခိုးသြားတာတဲ့…”
“ဟင္…ဒါဆိုရင္ေသာ့ကိုယူဖြင့္ၿပီးေတာ့…
သူ…ခိုးၿပီးမွျပန္ပိတ္ထားခဲ့တာမ်ားျဖစ္ေနမလားကြဲ႕”
“အစကေတာ့က်ဳပ္လည္းအဲ့လိုပဲထင္တာဗ်…
ေသာ့က သူေဌးကေတာ္ရဲ႕အတြင္းခံအိတ္ထဲမွာ
ထည့္ထားတာဆိုပဲ…သူခိုးသာႏႈိက္ရင္သူေဌးကေတာ္မသိဘဲေတာ့ဘယ္ေနမလဲဘြားရဲ႕…”
“ေအး…စဥ္းစားစရာပဲကြဲ႕…
ဒီလိုသူခိုးဆိုရင္ေတာ့ဘြားတို႔႐ြာလည္းသတိနဲ႔ေနရေတာ့မယ္…”
“အဲ့အတြက္က်ဳပ္တို႔သူႀကီးလည္း
ျပင္ဆင္ေနပါတယ္ဗ်ာ…ညဘက္ကင္းတဲေတြကို
လူအလွည္က်ေစာင့္ဖို႔မနက္ကပဲ
က်ဳပ္တို႔ကိုေခၚေျပာထားတယ္…”
“ေအးေလ…ေမာင္ရင္တို႔လည္းသတိေလးနဲ႔ေနၾကေပါ့”
“ဟုတ္ကဲ့ဘြား”
ထိုသို႔ျဖင့္ဘြားမယ္စိန္ႏွင့္ေမာင္တိုး၏စကားဝိုင္းဟာလည္း
တိတ္ဆိတ္လို႔သြားခဲ့ေတာ့၏။
ညသို႔ေရာက္ေလေတာ့…
“အီးးးးးးးးဟီးးးးးးးးးဟီးးးးးးးးးးးးးး”
ဟုေသာငိုသံေၾကာင့္ဘြားမယ္စိန္ႏိုးလာခဲ့သည္။
ငိုသံကိုနားစြင့္ေတာ့ၿခံျပင္ဆီမွျဖစ္တာေၾကာင့္ အိပ္ရာထဲမွ
ထ၍ဖေယာင္းတိုင္တစ္တိုင္ကိုထြန္းၿပီးၿခံထဲသို႔
ဆင္းလာခဲ့သည္။
“ဟဲ့…ဘယ္သူငိုေနတာတုန္း”
ဘြားမယ္စိန္ေမးေသာ္လည္း
ငိုသံကထြက္ေပၚေနေသးသည္မလို႔…ဘြားမယ္စိန္သည္
ၿခံတံခါးကိုဖြင့္ၿပီးၿခံျပင္ဆီကိုထြက္လာလိုက္ေတာ့သည္။
ၿခံျပင္၌ ဒူးႏွစ္လုံးေထာင္ကာက်ဳံ႕က်ဳံ႕ေလးထိုင္ေနေသာ
လူတစ္ေယာက္ကိုဘြားမယ္စိန္ျမင္လိုက္ရသည္။
ထိုသူကတအီးးအီးျဖင့္ ဝမ္းနည္းစြာငိုေႂကြးေနရွာသည္။
“ဘယ္သူလဲ…ငါ့ဆီဘာလိုခ်င္လို႔ေရာက္လာတာလဲ”
ဟု…ဘြားမယ္စိန္က​ေမးေတာ့ ငိုေနေသာသူသည္
ေခါင္းေမာ့၍ဘြားမယ္စိန္ကိုၾကည့္၏။
“က်ဳပ္အကူအညီေတာင္းခ်င္လို႔ပါ…”
“နင္ကဘယ္သူတုန္း…ဘယ္ကေနေရာက္လာတာလဲ”
“က်ဳပ္က႐ြာသစ္ကပါ…ေက်ာ္ႀကီးလို႔ေခၚပါတယ္”
“ဟဲ့…႐ြာသစ္ကသရဲကငါ့ဆီကို
ဘာအကူအညီမ်ားလာေတာင္းရတာလဲကြဲ႕….”
“က်ဳပ္မတရားအသတ္ခံရလို႔ပါ…”
“ေဟ…ဘယ္သူကမ်ားသတ္တာလဲ”
“ေက်ာ္ေသာင္းဆိုတဲ့ေကာင္ပါ…
က်ဳပ္ေသရတာဒင္းလက္ခ်က္ေၾကာင့္
ဆိုတာကိုက်ဳပ္ေသၿပီးမွသိရလို႔
မေက်နပ္လို႔ပါဗ်ာ…”
“ေနပါဦး…သူကေမာင္ရင့္ကို
ဘယ္လိုမ်ားသတ္ခဲ့တာလဲကြဲ႕”
“သူေမြးထားတဲ့သရဲနဲ႔က်ဳပ္ကိုသတ္ခိုင္းတာပါ…
က်ဳပ္ကိုလန္႔ေအာင္​ေျခာက္ၿပီး
ေက်ာကိုဘုန္းခနဲ႐ိုက္လိုက္တဲ့အ​ေကာင္ႀကီးက
ေက်ာ္ေသာင္းအေနာက္မွာအၿမဲလိုလိုလိုက္ေနတာကို
က်ဳပ္ျမင္မွပဲ က်ဳပ္ကိုဒင္းသတ္ခိုင္းတယ္ဆိုတာ
သိလိုက္ရတာပါ…ဒီအမွန္တရားကိုက်ဳပ္ဘယ္သူမွေျပာမရလို႔
အေမႀကီးဆီကိုလာ
အကူအညီေတာင္းရတာပါအေမႀကီးရယ္…”
“သရဲေမြးထားတယ္ဆိုေတာ့ေမာင္ရင္​ေျပာတဲ့
ေက်ာ္ေသာင္းဆိုတဲ့ေကာင္က ေအာက္လမ္းဆရာလား”
“က်ဳပ္သိသေလာက္ကေတာ့
ဒီေကာင္ကက်ဳပ္ထန္းေတာမွထန္းတက္စားတဲ့ေကာင္ပါ…
ေန႔ရွိသ၍ေသာက္လိုက္စားလိုက္နဲ႔အခ်ိန္ျဖဳန္းေနတဲ့
အကုသိုလ္ေကာင္ပါဗ်ာ…”
“ေအး…ဒါဆိုရင္သူကဘယ္လိုေၾကာင့္
သရဲေမြးထားတာလဲ”
“ဒါေတာ့က်ဳပ္မသိဘူးဗ်…
႐ြာထဲမွာသူခိုးခိုးခံရတယ္ဆိုတာကလည္း
ဒီေကာင့္လက္ခ်က္ဗ်…
အေမႀကီးရယ္…က်ဳပ္အတြက္
ဒီေကာင့္ကိုအျပစ္ေပးေပးပါဗ်ာ…
ဒီေကာင္ကေနာက္ရက္ဆိုရင္
တျခားဆီကိုထြက္သြားေတာ့မွာဗ်”
ဟု…ေျပာေလေတာ့ဘြားမယ္စိန္လည္း
စဥ္းစားေလသည္။
ၿပီးေလမွ…
“ေကာင္းၿပီေလ…ဒါဆိုရင္ေတာ့ မနက္ျဖန္ေမာင္ရင္တို႔႐ြာကို
ဘြားလာခဲ့ပါ့မယ္…ေရာက္မွပဲေမာင္ရင္ေျပာတဲ့
ေက်ာ္ေသာင္းဆိုတဲ့ေကာင္ရဲ႕
အေၾကာင္းကိုစုံစမ္းရတာေပါ့”
ဘြားမယ္စိန္စကားေၾကာင့္ ေက်ာ္ႀကီးလည္း
ဝမ္းသာစြာေခါင္းကိုညိတ္ျပသည္။
ဘြားမယ္စိန္…
ၿခံဝိုင္းထဲသို႔ျပန္ဝင္လာခဲ့ေတာ့၏။
ျပန္၍အိပ္လို႔မရေသးေသာေၾကာင့္ ကြပ္ပ်စ္ခင္း၌ထိုင္ကာ
ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးကိုဖြာရႈိက္ေနခဲ့သည္။
ေဆးလိပ္ႀကီးကိုဖြာရႈိက္ရင္း သရဲေမြးထားေသာ
ေက်ာ္ေသာင္း၏အေၾကာင္းကိုလူအမ်ားသိေစဖို႔ရန္
မည္သို႔လုပ္ရေလမလဲစဥ္းစားေနခဲ့ေတာ့၏။

မနက္အေစာႀကီးဘြားမယ္စိန္ကေခၚခိုင္း၍
ေမာင္တိုးနဲ႔ေမာင္အုန္းတို႔ႏွစ္ေယာက္ အေလာတႀကီး
ေရာက္လာခဲ့ၾကသည္။
“ဘြား…ဘာအေရးႀကီးကိစၥရွိေနလို႔လဲဗ်”
“ဟုတ္တယ္…က်ဳပ္ျဖင့္ဒီကေလးမ
လာေခၚကတည္းက
သိခ်င္တာနဲ႔ခ်က္ခ်င္းလိုက္လာခဲ့ရတာဗ်”
ဟု…ေျပာၾကေလေတာ့ ဘြားမယ္စိန္က…
“ဘြားတို႔…႐ြာသစ္ကိုသြားၾကရမယ္ကြဲ႕…
ဟိုေရာက္မွပဲေျပာၾကတာေပါ့…
ကိစၥကေလာ မွရမွာမလို႔
အခ်ိန္ဆြဲေနလို႔လည္းမေကာင္းဘူး…”
“က်ဳပ္လွည္းသြားယူဦးမယ္ေလဘြား”
“မယူပါနဲ႔ေတာ့…ေျခလ်င္ပဲသြားၾကတာေပါ့ကြဲ႕”
“ဟုတ္…ဟုတ္…”
ဘြားမယ္စိန္က ခ်ည္လြယ္အိတ္ကိုလြယ္ၿပီး
သူ၏လက္ဆြဲေတာ္ေတာင္ေဝွးႀကီးကိုေထာက္၍
ေရွ႕ဆုံးမွသြားေလသည္။
ေမာင္တိုးနဲ႔ေမာင္အုန္းတို႔ကလည္း
အေနာက္မွအတူတူလိုက္လာခဲ့ၾက၏။
႐ြာသစ္ကိုသြားေသာလမ္းတေလွ်ာက္၌
ေတြ႕ဆုံေသာ႐ြာသူ၊႐ြာသားတို႔ကလည္း
ႏႈတ္ဆက္ရင္းေမးျမန္းၾကျပန္သည္။
“ဘြား…ဘယ္ကိုသြားမလို႔တုန္းဗ်”
“ေဟ…႐ြာသစ္တင္ပါကြယ္…”
“ေဟာဗ်ာ…ေျခလ်င္ႀကီးသြားမလို႔လား”
“ေအးေလ…႐ြာခ်င္းနီးေနတာပဲမလို႔
ေျခလ်င္ပဲသြားမလို႔ကြဲ႕”
“ဘြားတို႔ၾကည့္ရတာေလာေနပုံပဲဗ်…”
“ေအး…ေအး…သြားၿပီကြဲ႕”
ဟုဘြားမယ္စိန္ကျပန္ေျပာၿပီး ဆက္၍
ေလွ်ာက္လာခဲ့ေလသည္။
႐ြာသစ္သို႔ေရာက္ေတာ့လည္း ေတြ႕သမွ်လူတိုင္းက
ဘြားမယ္စိန္ကိုသိၾက၍ ႏႈတ္ဆက္ၾကျပန္သည္။
ထိုသို႔ျဖင့္ဘြားမယ္စိန္တို႔လည္း
႐ြာသူႀကီးဦးမ်ိဳးသစ္၏ေနအိမ္ဆီသို႔
ေရာက္လာခဲ့ၾကေတာ့၏။
“က်ဳပ္ဆီကို ဘြားတို႔ေရာက္လာတယ္ဆိုေတာ့
တစ္ခုခုထူးလို႔ထင္ပါရဲ႕ဗ်ာ”
ဟု…သူႀကီးဦးမ်ိဳးသစ္ကေျပာေလေတာ့…
“အင္း…ေျပာရရင္ေတာ့ ေမာင္ရင့္႐ြာရဲ႕အေရးကိစၥပါကြယ္…”
“ဗ်ာ…က်ဳပ္႐ြာအေရး…
ဒါဆိုရင္ေတာ့ေျပာပါဘြားရယ္…
အခုတေလာက်ဳပ္တို႔႐ြာမွာျဖစ္ေနတာေတြကလည္း
တစ္ခုမွစိတ္ခ်မ္းသာစရာမရွိဘူးဗ်ာ…”
“ေအး…အဲ့သည္အေၾကာင္းေတြပဲေျပာမွာကြဲ႕…
ေနပါဦး…ေမာင္ရင္တို႔႐ြာမွာေက်ာ္ေသာင္းဆိုတဲ့နာမည္နဲ႔
လူရွိသလား…”
“ေက်ာ္ေသာင္း…ေက်ာ္ေသာင္းဆိုေတာ့
ဟိုထန္းတက္စားတဲ့အရက္သမား…ထန္းရည္သမား
ေက်ာ္ေသာင္းကိုေျပာတာလား”
“ေအး…ေအး…ဟုတ္တယ္ကြဲ႕…
ေမာင္ရင္တို႔႐ြာမွာလူေသတယ္…
သူခိုးခိုးခံရတယ္ဆိုတာ သူ႔လက္ခ်က္ေၾကာင့္ပဲ…
ဒါေၾကာင့္သူ႔ကိုထြက္မေျပးႏိုင္ေအာင္
အခုခ်က္ခ်င္းသြားဖမ္းထားမွရလိမ့္မယ္…”
“ဗ်ာ…ဒါေတြကဒီေကာင့္လက္ခ်က္…”
သူႀကီးဦးမ်ိဳးသစ္အံ့ၾသသြားသည္။
ဟုတ္လို႔လား ဟုျပန္ေမးရေအာင္လည္းေျပာေနသူမွာ
ဘြားမယ္စိန္ျဖစ္ေနေသာေၾကာင့္…
“ဟုတ္ၿပီဗ်ာ…ဘြားကေျပာေနမွေတာ့
အေၾကာင္းအရင္းရွိကိုရွိမွာပဲ…
က်ဳပ္ဒီေကာင့္ကိုအခုခ်က္ခ်င္းသြားဖမ္းခဲ့မယ္ဗ်ာ…”
ဟုေျပာကာေနရာမွထ၍ က်န္႐ြာသားမ်ားကိုပါေခၚဖို႔
ထြက္သြားေလသည္။
“ဘြား…က်ဳပ္တို႔ေကာလိုက္သြားလို႔ရမလား”
ဟုေမာင္တိုးကေမးေလေတာ့…
“လိုက္ခ်င္ရင္လည္းလိုက္သြားေလကြယ္…”
ဟုဘြားမယ္စိန္ကခြင့္ျပဳေတာ့ ေမာင္တိုးတို႔လည္း
သူႀကီးဦးမ်ိဳးသစ္ေနာက္သို႔ေျပးလိုက္သြားၾကေတာ့၏။
ဘြားမယ္စိန္ကေတာ့သူႀကီးကေတာ္ႏွင့္
အိမ္၌က်န္ရစ္ခဲ့ေလသည္။
သူႀကီးဦးမ်ိဳးသစ္က႐ြာသားေတြႏွင့္အတူ
ေဒၚမိခ်ိဳ၏ေနအိမ္သို႔ေရာက္လာခဲ့၏။
ေဒၚမိခ်ိဳ၏ၿခံျပင္မွ
“ဗ်ိဳ႕…ေဒၚမိခ်ိဳ…ထြက္ခဲ့ပါဦးဗ်”
“အရီးမိခ်ိဳ…သူႀကီးတို႔လာေနတယ္ဗ်…”
ဟု…ေအာ္ကာေခၚၾကသည္။
ထိုအသံမ်ားေၾကာင့္ေဒၚမိခ်ိဳလည္းျပာျပာသလဲ
ၿခံျပင္သို႔ထြက္လာေလသည္။
“လူေတြအမ်ားႀကီးပါလား…
ဘာမ်ားျဖစ္လို႔လဲသူႀကီးရယ္…”
ဟု…ေဒၚမိခ်ိဳမွာအထိတ္ထိတ္အလန္႔လန္႔ျဖင့္
သူႀကီးတို႔ကိုၾကည့္ရင္းေမးလိုက္သည္။
“ခင္ဗ်ားသား…ေက်ာ္ေသာင္းဘယ္မွာလဲ…”
“က်ဳပ္သားလား…
မသိဘူးေလေတာ္…
မိုးလင္းလို႔က်ဳပ္ႏိုးကတည္းကသူ႔ကိုမေတြ႕တာပဲ…
ဘာမ်ားျဖစ္လို႔လဲသူႀကီးရယ္…”
“ဒါဆိုရင္ခင္ဗ်ားသား…
ထြက္ေျပးသြားတာေပါ့…
ေဟ့ေကာင္ေတြ…ဒီ႐ြာနားေတြကိုသတင္းျဖန္႔ၿပီး…
ဒီေကာင့္ကိုေတြ႕ေအာင္ရွာၾက…
တို႔႐ြာကိုဒုကၡေပးခဲ့တဲ့ေကာင္ကိုမလႊတ္ေစနဲ႔”
႐ြာသူႀကီးကလည္း႐ြာသားမ်ားကိုအမိန္႔ေပးလိုက္၏။
“ေနပါဦးသူႀကီးရယ္…က်ဳပ္သားဘာအမွားမ်ား
လုပ္ထားမိလို႔တုန္းေတာ့္…က်ဳပ္ရင္ေတြပူလို႔ပါ
ေျပာျပပါသူႀကီးရယ္…”
“ေက်ာ္ႀကီးေသရတာနဲ႔ သူေဌးဦးတင့္တို႔ပစၥည္းေတြ
ေပ်ာက္တာက ခင္ဗ်ားသားလက္ခ်က္ပဲေဒၚမိခ်ိဳ…
အခုလည္းသူထြက္ေျပးမွာဆိုးလို႔က်ဳပ္တို႔လာဖမ္းတာ…
ခင္ဗ်ားသားကထြက္​ေျပးသြားၿပီေလ…
ဒါသူတကယ္ဒီကိစၥေတြက်ဳးလြန္ထားလို႔ေပါ့ဗ်…”
“ရွင္………”
သူႀကီးစကားေၾကာင့္ေဒၚမိခ်ိဳ ေျမေပၚသို႔
ပင္လဲက်သြားရွာသည္။
“အမယ္ေလး…ေက်ာ္ေသာင္းရယ္…
နင္ဘာေတြလုပ္ေနတာတုန္းဟဲ့…
အီးးးးးဟီးးးးးးဟီးးးးးးးးးးးးးးးး”
ေဒၚမိခ်ိဳကငိုေလေတာ့ လာၾကည့္ေနၾကသူမ်ားမွာ
စုတ္တသပ္သပ္ျဖင့္ ေခါင္းေလးေတြခါရင္း
ထြက္သြားၾကေတာ့သည္။
ေက်ာ္ေသာင္းတစ္ေယာက္ကေတာ့ မိခင္ျဖစ္သူကိုပစ္ၿပီး
႐ြာမွထြက္ေျပးသြားၿပီျဖစ္၏။
ဘြားမယ္စိန္တို႔လည္း ေက်ာ္ေသာင္းထြက္​ေျပးသြားၿပီဆိုတာ
သိေလေတာ့ သူႀကီးမွ…
“ဒီေကာင့္ကိုက်ဳပ္ရေအာင္ဖမ္းမယ္ဗ်ာ…
ဒီအတြက္လည္းဘြားစိတ္ခ်ပါ…”
“ေအးေလ…ဘြားတို႔လည္းသူထြက္​ေျပးမွာဆိုးလို႔
အျမန္ေရာက္လာၾကတာပဲကြဲ႕…
အင္း…ဒီအေကာင္က မိခင္အိုႀကီးကိုထားရစ္ၿပီး
ဘယ္မ်ားထြက္ေျပးသြားပါလိမ့္…”
ဟုသာဘြားမယ္စိန္ကေျပာလိုက္သည္။
ၿပီးေနာက္သူႀကီးဦးမ်ိဳးသစ္က႐ြာသားတစ္ေယာက္အား
ႏြားလွည္းျဖင့္ဘြားမယ္စိန္တို႔ကို
ေသာင္ထြန္း႐ြာထိလိုက္ပို႔ေပးေစသည္။
ေက်ာ္ေသာင္းထြက္ေျပးသြားၿပီးတစ္လမွ်ၾကာေလေတာ့…
“ဘြား…က်ဳပ္သတင္းတစ္ခုသိခဲ့ရတယ္ဗ်…”
ဟု…စကားကိုေအာ္ေျပာရင္းေမာင္တိုးသည္
ၿခံဝိုင္းထဲသို႔ဝင္လာခဲ့၏။
“ဘာသတင္းမ်ားထူးတာလဲကြဲ႕…”
ဟု…ဘြားမယ္စိန္ကေမးေသာအခါ
ေမာင္တိုးကထန္းလက္ခုံ၌ဝင္ထိုင္လိုက္ၿပီး…
“က်ဳပ္သူငယ္ခ်င္းတစ္ေယာက္ၿမိဳ႕ကျပန္လာတာ…
အဲ့သည္ေကာင္ဆီကသတင္းထူးပါလာတယ္ဗ်”
“ေအးေလ…ဘာသတင္းမ်ားထူးလို႔တုန္းကြဲ႕…”
“ၿမိဳ႕မွာသူခိုးေတြေသာင္းက်န္းေနတယ္တဲ့…
ညဘက္ေတြဆိုရင္လူခ်မ္းသာေတြခမ်ာအိပ္ရမွာေတာင္အေတာ္ေၾကာက္ေနၾကသတဲ့ဗ်…”
“ဟယ္…အဲ့သည္ေလာက္ေတာင္ျဖစ္ေနတာလားဟဲ့…”
“ဟုတ္တယ္အရီး…သူခိုးေတြကဆိုရင္ေလ
ဘယ္ေလာက္ပဲအေစာင့္ေတြထားထား…
မိုးလင္းတာနဲ႔ပစၥည္းေတြေပ်ာက္တာပဲတဲ့…”
“အလိုေလး…ေတာ္ေတာ္ေၾကာက္ဖို႔
ေကာင္းတာပါလားဟယ္…”
သတင္းကိုၾကားလိုက္ေတာ့ေဒၚဝင္းလည္း
အံ့ၾသသြားသည္။
“ေနပါဦးကြဲ႕…ဒါဆိုရင္ဒီလိုကိစၥမ်ိဳးက
႐ြာသစ္မွာလည္းျဖစ္ဖူးတယ္မဟုတ္လား…”
“ဟုတ္တယ္ဘြား…ဒါေၾကာင့္က်ဳပ္ကလာေျပာရတာေပါ့…
ၾကည့္ရတာ႐ြာသစ္ကေနထြက္ေျပးသြားတဲ့ေကာင္က
အခုၿမိဳ႕မွာေသာင္းက်န္းေနတဲ့သူခိုးနဲ႔အတူတူပဲလို႔ထင္တယ္ဗ်”
“အင္း…ဒါဆိုရင္ေတာ့ ႐ြာသစ္ကသူႀကီးကိုသတင္းေပးၿပီး
ၿမိဳ႕ကိုလိုက္မွျဖစ္မယ္…”
“ဗ်ာ…သူႀကီးကိုသတင္းေပးလိုက္ရင္သူတို႔ကိစၥ
သူတို႔ဆက္လုပ္မွာမဟုတ္ဘူးလားဘြားရဲ႕…
က်ဳပ္တို႔လိုက္ဖို႔လိုေသးလို႔လား”
“ေမာင္ရင္ရဲ႕…အခုကိစၥကသာမာန္ခိုးယူတာတင္မဟုတ္ဘူး…
ဒီသူခိုးရဲ႕လက္ထဲမွာတစ္ခုခုရွိေနတယ္လို႔ဘြားထင္တယ္…”
“ဒါဆိုရင္က်ဳပ္တို႔က ဘာလုပ္ရမွာလဲဘြားရဲ႕”
“ေမာင္ရင္က ႐ြာသစ္ကသူႀကီးကိုသြားေျပာထား…
ျဖစ္ႏိုင္ရင္မနက္ျဖန္ပဲ ၿမိဳ႕ကိုတက္ၾကဖို႔လည္းေျပာခဲ့”
“စိတ္ခ်ဘြား…က်ဳပ္အခုပဲသြားေျပာလိုက္မယ္…”
ေမာင္တိုးကခုံကေနထ၍ခ်က္ခ်င္း႐ြာသစ္ကို
သြားေတာ့သည္။
ထိုသို႔ျဖင့္ မနက္ျဖန္ၿမိဳ႕တက္ဖို႔အတြက္လည္း
ထည့္စရာရွိသည္မ်ားကိုဘြားမယ္စိန္က
ျပင္ဆင္ထည့္ထားရသည္။
ညသို႔ေရာက္ေတာ့…
ေမွာင္မိုက္ေနေသာေနရာတစ္ခုဟုဆိုရေအာင္လည္း
အလင္းကမႈန္ျပျပေလးရွိေနခဲ့သည္။
ထိုေနရာ၌ဘြားမယ္စိန္မတ္တပ္ရပ္လွ်က္ရွိေနခဲ့၏။
ဘြားမယ္စိန္ႏွင့္မ်က္ႏွာျခင္းဆိုင္အေနအထား၌
လူတစ္ေယာက္ကေက်ာေပး၍ရပ္ေနခဲ့ေလသည္။
လူပုံစံႏွင့္ဝတ္ဆင္ထားေသာအျဖဴေရာင္အဝတ္အစားမ်ားေၾကာင့္ ဘယ္သူ၊ဘယ္ဝါဆိုတာဘြားမယ္စိန္သိေလသည္။
“ဆရာသခင္…က်ဳပ္ဆီေပၚမလာတာေတာင္
အေတာ္ၾကာေနေပါ့…”
ဟုေျပာေလေတာ့ ေက်ာေပးထားရာမွဘြားမယ္စိန္ဘက္ကို
မ်က္ႏွာမူလိုက္သည္။
“သမီးမယ္စိန္…အဘ လည္းတာဝန္ယူထားရတဲ့
ကိစၥႀကီးေတြရွိေနလို႔မလာျဖစ္တာပါကြယ္…
အခုလည္းကေဝ႐ုပ္ထုအတြက္ သမီးဆီလာခဲ့ရတာပါ…”
“ကေဝ႐ုပ္ထု…ဘယ္က
ကေဝ႐ုပ္ထုမ်ားလဲဆရာသခင္…”
“သမီးတို႔မနက္ျဖန္သြားမယ့္ၿမိဳ႕မွာ…
အဲ့သည္အ႐ုပ္ရွိတယ္…
ဒီအ႐ုပ္ကအေတာ္ေလး ဆိုးတဲ့အ႐ုပ္ကြဲ႕…
သူ႔ကိုပိုင္ဆိုင္ထားတဲ့သူကိုခ်မ္းသာေအာင္လုပ္ေပးႏိုင္သလို…
ေနာက္ဆုံးအဲ့သည္အ႐ုပ္ပိုင္ရွင္လည္း
အေသဆိုးနဲေသရတာပါပဲ…”
“ဒီလိုအ႐ုပ္မ်ိဳးဘယ္ကေနမ်ားေရာက္လာခဲ့သလဲဆိုတာ
က်ဳပ္သိလို႔ရမလား ဆရာသခင္…”
“အင္း…ေျပာရရင္ေတာ့ဇာတ္ေၾကာင္းရွည္ေတာ့မယ္…
သမီးနားလည္ေအာင္ေျပာရရင္….
ဒီအ႐ုပ္ကိုအဘရွာေနတာအေတာ္ၾကာၿပီ…
အခုေနာက္ဆုံး သူရွိတဲ့ေနရာကိုေတြ႕ေတာ့မွ
အ႐ုပ္ကိုဖ်က္ဆီးေပးဖို႔အတြက္…
သမီးကိုတာဝန္ေပးခ်င္တာနဲ႔အဘလာခဲ့တာပါ…”
“ဒါဆိုရင္ ၿမိဳ႕မွာေသာင္းက်န္းေနတဲ့
သူခိုးဆိုတာဒီအ႐ုပ္နဲ႔ပတ္သတ္ေနတာေပါ့ဆရာသခင္”
“ဟုတ္တယ္ကြဲ႕…ဆင္းရဲသူလက္ထဲေရာက္ေတာ့
ခိုးေပးသလို…လူသတ္ခ်င္ေနတဲ့လူရဲ႕လက္ထဲကို
ေရာက္ရင္လည္း လူသတ္ေပးတာေပါ့ကြယ္…
ဒီအ႐ုပ္ကိုအဆင့္ျမင့္တဲ့ကေဝႀကီးတစ္ေယာက္က
ဖန္တီးခဲ့တာပဲ…ကေဝႀကီးသာေသဆုံးသြားတယ္…
ဒီအ႐ုပ္ကေတာ့ပိုင္ရွင္အဆက္ဆက္ေျပာင္းၿပီး
ေသာင္းက်န္းေနေသးတာေပါ့…”
“ဒါဆိုရင္ေတာ့ဆရာသခင္စိတ္ခ်ပါ…
က်ဳပ္ရေအာင္ဖ်က္ဆီးေပးပါ့မယ္…”
“ေအးကြယ္…ဒီလိုဆိုရင္သမီးမွတ္သာထားေတာ့…
ၿမိဳ႕လယ္ေခါင္က ဖိုးနီလို႔ေခၚတဲ့သူရဲ႕အိမ္ကို
ဒင္းမနက္ျဖန္ေဖာက္လိမ့္မယ္…
သူခိုးလည္းပါသလို…ကေဝေကာင္ရဲ႕
ဝိညာဥ္လည္းပါလာလိမ့္မယ္…
ဒါေပမယ့္ သမီးလုပ္စရာရွိတာသာလုပ္…
ဒီကေဝေကာင္က သူ႔ကိုဖန္တီးခဲ့တဲ့ကေဝႀကီးေလာက္
ပညာမရွိဘူး…ကေဝ႐ုပ္ထုကိုသာရေအာင္ရွာၿပီး
မီးရွိ႕ဖ်က္ဆီးပစ္ပါသမီး…”
“ဟုတ္ကဲ့ပါဆရာသခင္…
မယ္စိန္ ဆရာသခင္စကားအတိုင္းေဆာင္႐ြက္ခဲ့ပါ့မယ္…”
ဘြားမယ္စိန္ကေျပာေတာ့ ပုဂၢိဳလ္ ႀကီးကၿပဳံးသြားသည္။
သူ၏ေခါင္းကိုတဆတ္ဆတ္ညိတ္ရင္း ဘြားမယ္စိန္အေရွ႕မွ
ေပ်ာက္ကြယ္သြားခဲ့သည္။
ေနာက္တစ္ေန႔မိုးလင္းေတာ့ သူႀကီးဦးမ်ိဳးသစ္သည္
ႏြားလွည္းျဖင့္
ဘြားမယ္စိန္တို႔ကိုလာေရာက္ေခၚယူေလသည္။
႐ြာသားတစ္ေယာက္ပါအတူပါလာ၍
ေမာင္တိုးမွာလွည္းမေမာင္းရေတာ့ေပ။
ထိုသို႔ျဖင့္
သူႀကီးဦးမ်ိဳးသစ္၏လွည္းျဖင့္သာ
ဘြားမယ္စိန္တို႔ၿမိဳ႕တက္လာခဲ့ၾကသည္။
လမ္း၌ဘြားမယ္စိန္က…
“ဒီသူခိုးက ၿမိဳ႕လယ္ေခါင္ကဦးဖိုးနီဆိုတဲ့အိမ္ကို
ဝင္ခိုးမယ္လို႔သိရတယ္ ေမာင္မ်ိဳးသစ္ရဲ႕…”
“ဟာ…ဒီလိုဆိုရင္ပုလိပ္ေတြေကာ
အကူအညီေတာင္းမွရမွာေပါ့ဗ်…”
“အင္း…ဒါေပမယ့္ ေမာင္ရင္ပုလိပ္ေတြကိုေျပာျပလို႔
သတင္းကပ်ံ႕သြားရင္ သူခိုးေတြကိုမမိဘဲျဖစ္မွာေတာ့
စိုးရိမ္တယ္ကြဲ႕…”
“ဒီလိုဆိုရင္…ဘယ္လိုလုပ္ၾကမလဲဘြားရဲ႕…
အႀကံေလးေပးပါဦးဗ်ာ…”
“ၿမိဳ႕မွာ ဘြားတို႔အသိအိမ္ရွိတယ္…
အရင္ဆုံးအဲ့သည္အိမ္ကိုသြားၾကတာေပါ့…”
“ဟုတ္ကဲ့ဘြား”
ဒီလိုႏွင့္ဘြားမယ္စိန္တို႔လည္း
သူေဌးဦးေက်ာ္ေဆြႏွင့္ေဒၚစိုးမမတို႔၏ေနအိမ္သို႔
ေရာက္လာခဲ့ၾကသည္။
(လူခႏၶာႏွင့္ေမ်ာက္ဝိညာဥ္စာမူ၌ပါဝင္ေပသည္)
“ဟာ…အေမႀကီးတို႔
ေရာက္လာတာပါလား…
သမီးလွလွေဆြလာပါဦးသမီးရဲ႕…”
သူေဌးဦးေက်ာ္ေဆြက ဘြားမယ္စိန္တို႔ကိုျမင္ေတာ့
အေတာ္ေလးဝမ္းသာသြားသည္။
ဧည့္ခန္းသို႔ဘြားမယ္စိန္တို႔ကိုေခၚသြားၿပီး….
“က်ဳပ္ျဖင့္အေမႀကီးတို႔ေရာက္လာတာ
ဝမ္းသာလိုက္တာဗ်ာ…”
“အလည္လာတာေတာ့မဟုတ္ေပဘူးေမာင္ရင္ရဲ႕..
ဘြားတို႔လည္းအေၾကာင္းကိစၥတစ္ခုရွိတာနဲ႔
ေရာက္လာၾကတာပါ”
ဘြားမယ္စိန္စကားေၾကာင့္သူေဌးဦးေက်ာ္ေဆြက
စိတ္ဝင္စားဟန္ျဖင့္….
“ဘာအေၾကာင္းမ်ားလဲအေမႀကီးရဲ႕…”
“အင္း…အခ်ိန္ဆြဲၿပီးေျပာလို႔ေတာ့မရဘူး…
အခုပဲဘြားေျပာျပမယ္…
ေမာင္ရင္ကူညီလို႔ရရင္လည္းကူညီေပးပါဦးကြယ္…”
“ေျပာသာေျပာပါအေမႀကီးရယ္…
က်ဳပ္ကူညီႏိုင္တာဆိုရင္ကူညီေပးမွာေပါ့ဗ်ာ…”
ဟု…သူေဌးဦးေက်ာ္ေဆြကဆိုေလေတာ့
ဘြားမယ္စိန္ကလည္း သူႀကီးဦးမ်ိဳးသစ္ႏွင့္
မိတ္ဆက္ေပးၿပီးေလမွ ျဖစ္ေၾကာင္းကုန္စင္ေျပာျပလိုက္သည္။
ဘြားမယ္စိန္ေျပာျပသမွ်ကိုနားေထာင္ၿပီးမွ
သူေဌးဦးေက်ာ္ေဆြသည္ မ်က္ေမွာင္ႀကီးက်ဳံ႕၍…
“ဒီေကာင္ေသာင္းက်န္းေနတာေတာ့က်ဳပ္သိတယ္…
ဘယ္ေန႔မ်ားက်ဳပ္တို႔အိမ္ေရာက္လာမလဲလို႔
စိုးရိမ္ေနရတာဗ်…
အခုေတာ့ၾကည့္စမ္းပါဦး…
ဒင္းကိုအေမႀကီးတို႔ကလာဖမ္းတာဆိုေတာ့
က်ဳပ္ဘက္ကကူညီရမွာေပါ့ဗ်ာ…
စိတ္ခ်ပါ…သူေဌးဦးဖိုးနီဆိုတာ
က်ဳပ္နဲ႔အေတာ္ရင္းႏွီးတဲ့သူပါ…
က်ဳပ္အခုပဲသူ႔ကိုသြားေခၚလာခဲ့ပါ့မယ္…”
“ေအးေလ…ေမာင္ရင္တို႔ခ်င္းရင္းႏွီးတယ္ဆိုေတာ့
ေကာင္းတာေပါ့…သူနဲ႔မ်က္ႏွာခ်င္းဆိုင္ေတြ႕မွ
တိုင္ပင္စရာရွိတာတိုင္ပင္ၾကတာေပါ့ကြယ္…”
“ဟုတ္ကဲ့အေမႀကီး…
ကဲ…သမီးလွလွေဆြနဲ႔…ငါ့မိန္းမေဒၚစိုးမမေရ…
အေမႀကီးတို႔ကိုလိုအပ္တာမရွိေအာင္သာမင္းတို႔
ဧည့္ခံထားၾကေပေတာ့…
က်ဳပ္ကေတာ့သူေဌးဦးဖိုးနီအိမ္ကိုသြားလိုက္ဦးမယ္”
ဟု…သူေဌးဦးေက်ာ္ေဆြကသမီးနဲ႔ဇနီးကိုမွာကာ
အိမ္ထဲမွထြက္သြားေလေတာ့သည္။
သူေဌးကေတာ္ေဒၚစိုးမမႏွင့္သမီးျဖစ္သူတို႔ကလည္း
ဘြားမယ္စိန္တို႔အတြက္ ထမင္းနဲ႔ဟင္းမ်ားျပင္ဆင္ကာ
ဧည့္ခံေပးၾကသည္။
ထမင္းစားၿပီး၍ ဧည့္ခန္း၌
သစ္သီးမ်ားျဖင့္ဧည့္ခံထားခ်္ိန္ သူေဌးဦးေက်ာ္ေဆြျပန္ေရာက္လာခဲ့သည္။
သူေဌးဦးေက်ာ္ေဆြႏွင့္အတူလူတစ္ဦးလည္းပါလာခဲ့၏။
ထိုသူက သူေဌးဦးဖိုးနီပင္ျဖစ္ေပသည္။
“အေမႀကီး…ဒီပုဂၢိဳလ္က သူေဌးဦးဖိုးနီပဲဗ်…
အေမႀကီးအေၾကာင္းေတာ့သူကိုေျပာျပထားလို႔
အေမႀကီးတို႔အေပၚမွာေတာ့ ခြၽင္းခ်က္မရွိယုံၾကည္တဲ့သူပါ…
အေမႀကီးတို႔ဘက္ကသာ ဘယ္လိုမ်ား
ဒီသူခိုးကိုဖမ္းခ်င္သလဲဆိုတာ သူ႔ကိုေျပာလိုက္ပါဗ်ာ…”
“ေအးကြယ္…အဲ့သည္လိုဆိုရင္ေတာ့
ဘြားတို႔တိုင္ပင္ၾကတာေပါ့….”
ထိုသို႔ျဖင့္ဘြားမယ္စိန္တို႔လည္း ကေဝ႐ုပ္ထုႏွင့္
သူခိုးအားဖမ္းဖို႔ရန္တိုင္ပင္ၾကေတာ့သည္။
ညသို႔ေရာက္ေတာ့ ဘြားမယ္စိန္ႏွင့္ ေမာင္တိုးတို႔က
သူေဌးဦးဖိုးနီ၏အိမ္အတြင္း၌ေရာက္ေနၾကသည္။
ဘြားမယ္စိန္ကေမာင္တိုးနဲ႔ေမာင္အုန္းကိုေရမန္းမ်ားတိုက္…
ခ်ည္မန္းႀကိဳးမ်ားလက္၌ကိုယ္စီဝတ္ဆင္ေပးလို႔ထား၏။
“ဘြားေျပာတာမွတ္ထားၾကေနာ္…
တျခားသူေတြအိပ္တာနဲ႔တစ္ခါထဲလွဲအိပ္ၾက..
ဘြားအခ်က္ျပမွထလာၿပီး…တျခားသူေတြကိုလည္း
ေဟာသည္ေရမန္းနဲ႔မ်က္ႏွာေတြကိုျဖန္းေပးၿပီးႏိုးေပေတာ့ကြဲ႕”
ဟုမွာထားေလသည္။
သူေဌးဦးဖိုးနီ၏အိမ္အတြင္း၌ ပုလိပ္မ်ား၊
အခိုင္းေစမ်ားျဖင့္လူမ်ားစုံလင္ေနသည္။
ဘြားမယ္စိန္ႏွင့္ေမာင္တိုးတို႔ရယ္…
သူေဌးဦးဖိုးနီနဲ႔ပုလိပ္အရာရွိတစ္ေယာက္ရယ္က
ဧည့္ခန္း၌ထိုင္ေနၾကသည္။
ပုလိပ္တပ္သားမ်ားႏွင့္အခိုင္းေစမ်ားက
ၿခံထဲ၌ကင္းလွည့္ေနၾကရွာသည္။
သူေဌးဦးဖိုးနီႏွင့္ဇနီးသည္ႏွင့္သားသမီးမ်ားကေတာ့
မီးခံေသတၱာထားရာအခန္းထဲတြင္ရွိေနခဲ့ၾကသည္။
ညကလည္းတေျဖးေျဖးနက္လာခဲ့သည္။
သူေဌးဦးဖိုးနီတို႔ကေတာ့စကား​​ေျပာလို႔ေနၾက၏။
ထိုသို႔စကားေျပာေနစဥ္ အနက္ေရာင္အဝတ္အစားမ်ားႏွင့္ေယာက်ာ္းတစ္ေယာက္အိမ္ထဲသို႔ဝင္လာသည္ကို
ဘြားမယ္စိန္ေတြ႕လိုက္သည္။
သို႔ေသာ္ထိုသူ႔အားမေတြ႕ဟန္ျဖင့္
သူေဌးဦးဖိုးနီႏွင့္စကားေျပာေနခဲ့​ေလသည္။
ထိုအနက္ေရာင္အဝတ္အစားမ်ားျဖင့္လူက
သူေဌးဦးဖိုးနီတို႔အားလုံးကို
မ်က္ေတာင့္နီႀကီးျဖင့္စိုက္ၾကည့္ေနသည္။
ၿပီးေလေတာ့သူ၏ႏႈတ္မွဂါထာမ်ား႐ႊတ္ဆိုၿပီး
လက္ႏွစ္ဖက္ကိုဆန္႔တန္းထား၏။
ခဏၾကာေတာ့အျဖဴေရာင္အေငြ႕မ်ားအိမ္ထဲသို႔
ပ်ံ႕ႏွံ႔လာၿပီး သူေဌးဦးဖိုးနီတို႔မွာငိုက္မွ်င္းလာခဲ့ၾကသည္။
သူေဌးဦးဖိုးနီတို႔ဟန္ပ်က္ေနသည္ကိုျမင္ေလေတာ့
ေမာင္တိုးနဲ႔ေမာင္အုန္းလည္း သူတို႔နီးတူအိပ္ဖို႔ရန္
ဟန္ေဆာင္ၾကရွာသည္။
ဘြားမယ္စိန္တင္မက အားလုံးလည္း
အိပ္ေပ်ာ္သြားေလမွ
ထိုလူနက္ႀကီးလည္းေက်နပ္သြားဟန္ျဖင့္
ျပန္ထြက္သြားခဲ့သည္။
ခဏမွ်ၾကာေတာ့ လူနက္ႀကီးႏွင့္အတူ
ေယာက်ာ္းတစ္ေယာက္လည္းအတူတူေရာက္လာခဲ့ျပန္သည္။
ထိုေယာက်ာ္းကိုလူနက္ႀကီးကအေပၚထပ္အခန္းဆီီသို႔
သြားခိုင္းျပန္၏။
“ဟားးး….ဟားးး….ဟားးး…ဟားးး…ဟားးး….
အမယ္ေလး…ၿမိဳ႕ေပၚတက္ေသာင္းက်န္းေနတဲ့သူခိုးဆိုတာ
ဒီအေကာင္လားဟဲ့…”
ဘြားမယ္စိန္၏ရယ္ေမာသံေၾကာင့္
ေလွကားေပၚတက္ေတာ့မည့္လူရဲ႕​
ေျခလွမ္းမ်ားဟာ ရပ္တန္႔သြားခဲ့သည္။
ေမာင္တိုးနဲ႔ေမာင္အုန္းကလည္းခ်က္ခ်င္းထၿပီး
ဓားမ်ားကိုယ္စီကိုင္၍အသင့္ရပ္ေနၾကသည္။
ခါတိုင္းႏွင့္မတူေသာအေျခအေနေၾကာင့္လူနက္ႀကီးလည္း
အံ့ၾသေနသလို…ေလွကားေပၚရွိလူသည္လည္းေၾကာက္လန္႔လို႔ေနခဲ့သည္။
“ဟဲ့…ကေဝေကာင္…နင့္အစြမ္းနဲ႔လုပ္ႏိုင္တာဒါပဲလား”
“ခင္ဗ်ားဘယ္သူလဲ…”
“ငါ့ကိုေတာင္နင္မသိဘဲနဲ႔…
ဘာလို႔ငါ့နယ္ထဲကိုဝင္ၿပီးေသာင္းက်န္းခဲ့ရတာလဲဟဲ့…
အခုမွေတာ့နင္ေကာ…နင္ဝင္ေနတဲ့႐ုပ္ထုကိုပါ
ဖ်က္ဆီးရေတာ့မယ္…ကဲ…နင္ဘာတတ္ႏိုင္ေသးလဲ…”
“က်ဳပ္ရွိေနတာႏွစ္ေပါင္းမနည္းေတာ့ဘူး…
အခုမွလာၿပီး ခင္ဗ်ား ဖ်က္ဆီးလို႔ ရမယ္ထင္ေနလား”
“အမယ္…ဒီေလာက္မာန္ႂကြေနတဲ့အေကာင္…
ေဖ်ာက္ခနဲေပ်ာက္ေအာင္လုပ္ထည့္လိုက္ရ…
ဟိုအေကာင္ေျပးမယ္မႀကံေလနဲ႔…
ေျပးတာနဲ႔နင့္ေျခေထာက္ကို
အပိုင္းပိုင္းျပတ္ေအာင္ခုတ္ပစ္လိမ့္မယ္ဟဲ့…”
ဘြားမယ္စိန္စကားေၾကာင့္ထြက္​ေျပးမည့္သူလည္း
ေၾကာက္၍မေျပးသာေတာ့ေပ။
ေမာင္တိုးကလည္းေရမန္းမ်ားျဖင့္အိပ္ေပ်ာ္ေနေသာ
သူေဌးဦးဖိုးနီတို႔ကိုျဖန္းေပးၿပီးလႈပ္၍ႏိုးေလေတာ့
သူတို႔လည္းႏိုးလာခဲ့ၾကသည္။
“ဟင္…ဒီေကာင္လား”
“ဟုတ္တယ္…ဒီေကာင္ကသူခိုးပဲဗ်”
သူခိုးကိုဝိုင္းဖမ္းၾကေတာ့ လူနက္ႀကီးက
ေပ်ာက္သြားေလသည္။
အျပင္၌ပုန္း၍ေစာင့္ေနၾကေသာသူေဌးဦးေက်ာ္ေဆြတို႔
လူစုကိုလည္း ေမာင္တိုးကသြားေခၚခဲ့၏။
“ဟာ…ဒီေကာင္က က်ဳပ္႐ြာသား
ေက်ာ္ေသာင္းမဟုတ္ဘူးဗ်”
“ကဲ…မင္းမွန္မွန္ေျပာ…
ဒီအ႐ုပ္ကိုအရင္ပိုင္ခဲ့တဲ့ေက်ာ္ေသာင္းဆိုတဲ့
ေကာင္အခုဘယ္မွာလဲ”
သူႀကီးဦးမ်ိဳးသစ္စကားေၾကာင့္
သူေဌးဦးေက်ာ္ေဆြကလည္း
သူခိုးအားထပ္ေမးလိုက္သည္။
သူခိုးကလည္း…
“က်ဳပ္မသိဘူး…အ႐ုပ္က
က်ဳပ္ေကာက္ရလို႔ယူလာတာပါ”
ဟု…ေခါင္းကိုခါရမ္းၿပီး ျငင္းေလသည္။
“အင္း…ဒါဆိုရင္ေတာ့ေသခ်ာၿပီ…
အဲ့သည္အေကာင္လည္းဒီအ႐ုပ္ေၾကာင့္ေသေနေလာက္ၿပီ…
ေမာင္ရင္လည္းလိုခ်င္တာရၿပီး ရက္ပိုင္းေလာက္ဆိုရင္
ဒင္းလက္ခ်က္နဲ႔ေသရတာေတာ့မယ္…”
“ဗ်ာ…”
“မဗ်ာေလနဲ႔ကြဲ႕…
အဲ့သည္အ႐ုပ္ကလိုတရအ႐ုပ္တစ္႐ုပ္မဟုတ္ဘူး…
ကေဝတစ္ေယာက္စီရင္ထားတဲ့အ႐ုပ္ပဲ…
အ႐ုပ္ကိုပိုင္ရွင္ေတြတစ္ေယာက္ၿပီးတစ္ေယာက္
လက္ေျပာင္းယူခဲ့တာ…႐ိုး႐ိုးရွင္းရွင္းကိစၥမဟုတ္ဘူး…
အဲ့သည္ ကေဝေကာင္ကပဲ ပိုင္ရွင္ေတြကို
သတ္ပစ္ခဲ့တာကြဲ႕…”
ဘြားမယ္စိန္ကေျပာေလေတာ့ သူခိုးတင္မက
အားလုံးလည္းအံ့ၾသသြားၾကသည္။
“ကဲ…အဲ့သည္အ႐ုပ္ကိုေပး…
တျခားမွာေတာ့မထားခဲ့ေလာက္ပါဘူးေနာ္…”
“မ…မထားခဲ့ပါဘူးဗ်ာ…
ေဟာသည္မွာ…ယူပါအေမႀကီးရယ္…”
ဟု…ေျပာကာသူ၏အိတ္ထဲမွအ႐ုပ္အားထုတ္ေပးလိုက္သည္။
ဘြားမယ္စိန္လက္ထဲသို႔ေရာက္လာေသာအ႐ုပ္ေလးကို
အားလုံးကဝိုင္းၾကည့္ကုန္ၾကသည္။
ဘြားမယ္စိန္ကလည္းအ႐ုပ္ေလးကိုယူ၍
မီးရႈိ႕ပစ္ဖို႔လုပ္ရေတာ့၏။
ေမာင္တိုးကမီးရႈိ႕ဖို႔ရန္ျပင္ဆင္ေပးေလေတာ့
ဘြားမယ္စိန္လည္းထိုအ႐ုပ္အား ေတာက္ေလာင္ေနေသာ
မီးေတာက္မ်ားၾကားထဲသို႔ပစ္ခ်လိုက္ေလသည္။
မီးမ်ားၾကားထဲ၌ရွိေနေသာအ႐ုပ္အားသူ၏
ေတာင္ေဝွးျဖင့္ေဆာင့္ကာထုခ်ေပးလိုက္ေတာ့
အ႐ုပ္သည္လည္းအစိတ္စိတ္အမႊာမႊာျဖစ္လို႔သြားခဲ့ေတာ့သည္။
အဲ့သည္ေနာက္ေတာ့ဘြားမယ္စိန္တို႔လည္း
သူေဌးဦးေက်ာ္ေဆြ၏
ေနအိမ္သို႔ျပန္ေရာက္လာခဲ့ၾကေတာ့၏။
“ေတာ္ပါေသးရဲ႕ဗ်ာ…အခုလိုအေမႀကီးတို႔ကူညီလို႔သာ
က်ဳပ္တို႔အားလုံးလည္း ဒီေကာင့္လက္ကလြတ္ခဲ့ရတာဗ်”
“အင္း…ေမာင္မ်ိဳးသစ္ကေတာ့႐ြာေရာက္ရင္
ေက်ာ္ေသာင္းရဲ႕အေမကိုေသခ်ာေလးရွင္းျပလိုက္ပါဦးကြယ္…
သူ႔ခမ်ာလည္းသားျဖစ္သူကိုေမွ်ာ္ေနရွာမွာ…”
“ဟုတ္ကဲ့ဘြား”
ထိုသို႔ျဖင့္ေမွာ္ကေဝ႐ုပ္ထုကိုလည္းဖ်က္ဆီးႏိုင္ခဲ့သလို…
သူခိုးကိုလည္းဖမ္းမိခဲ့ေပမယ့္…
ေက်ာ္ေသာင္းမရွိေတာ့ျခင္းကိုေတာ့
ကေဝနက္ကသာသိေပလိမ့္မည္။
အခ်ိန္တန္ေတာ့ဘြားမယ္စိန္တို႔လည္း
ေသာင္ထြန္း႐ြာသို႔ျပန္လာခဲ့ၾကေတာ့၏။
ၿပီးပါၿပီ။
ယဥ္မင္း(ကန္႔ဘလူ)