မျက်မမြင်စောင်းသမား(စ/ဆုံး)

Unicode Version

မျက်မမြင်စောင်းသမား(စ/ဆုံး)
————————————–
ဒီဇာတ်လမ်းကိုရေးဖို့ ကြိုးစားချိန်မှာ တခြားတိုင်းပြည်က ဇာတ်လမ်း တစ်ပုဒ်နဲ့ သွားပြီးတိုက်ဆိုင်နေတာ တွေ့ရလို့ ရေးဖို့ မရေးဖို့ စဉ်းစားရတာ တင် တော်တော်ကြာပါတယ်။ ဘာသာပြန်သူကတော့ ဆရာကြီး ပါရဂူ ဖြစ် ပါတယ်။ ဆရာကြီးဟာ ဂျပန်ပုံဝတ္ထုဖြစ်တဲ့ The Story of Mimi-Nashi- Hoichi by Lafcadio Hearn ရဲ့ ဝတ္ထုကို မြန်မာလိုပြန်ခဲ့တဲ့ ဝတ္ထုပါ။ ဒီ ဇာတ်လမ်းကကျွန်တော်ဖော်ပြမယ့်ခုဝတ္ထုနဲ့တိုက်ဆိုင်တာတွေများပါတယ်။
ဒီတော့ ဒီဆရာကြီးရဲ့ဘာသာပြန်ဝတ္ထုကို မှီငြမ်းတယ်လို့ဆိုရင်လည်း ဆိုပါ၊ တိုက်ဆိုင်မှုဖြစ်တယ်ဆိုရင်လည်းဆိုပါ။ ရိုးသားစွာနဲ့ ဖော်ပြဝန်ခံပါတယ်။ ဒီဇာတ်လမ်းမှာပါတဲ့မောင်သိဒ္ဓိဆိုတဲ့လူငယ်ကလေးဟာမွေးကတည်း
က မျက်စိ မမြင်ရှာပါဘူး။ သူ့ကို သက္ကရာဇ် – ၁၈၉ဝ လောက်မှာ မြန်မာပြည် အရှေ့မြောက်ဘက် တရုတ် – မြန်မာနယ်စပ်ရဲ့ ခေါင်လံဖူးနဲ့ ဖီဇောဆိုတဲ့ ရွာ ကလေးမှာ မွေးတာပါ။ သူ့ရဲ့ မိဘဘိုးဘွား အဆက်နွယ်တွေက အဲဒီရွာ နှစ်ရွာမှာရှိတဲ့အတွက် သူဟာ နှစ်ရွာလုံးနဲ့ ဆက်သွယ်မှုရှိပြီး ရင်းနှီးခဲ့တယ်။ ရွာကလေးဟာ တစ်နှစ်ပတ်လုံး အေးမြပြီး နှင်းခွဲတွေ၊ ရေခဲတောင်တွေနဲ့ ပတ်ပတ်လည် ဝန်းရံနေပြီး နေရောင်ခြည်ဆိုတာ မမြင်ရတဲ့ရွာကလေး ပေါ့။ နွေရာသီကာလလောက် မှာပဲ နေကို မြင်ရတဲ့ နေရာကလေးပါ။ တော တောင်ထူထပ်ပြီး သားရဲတိရစ္ဆာန်တွေကလည်း ပေါမှပေါ။ အချိန်ကတော့ အင်္ဂလိပ်အစိုးရက မြန်မာပြည်ကို သိမ်းယူပြီးခါစလို့ ဆိုရပါမယ်။ တိုင်းရင်း သားတွေကတော့ ကချင်၊ မြန်မာ၊ မွန် စသည်ဖြင့် ချစ်ခင်ရင်းနှီးစွာ နေထိုင် ကြတဲ့ ရွာကလေး။
မောင်သိဒ္ဓိဟာ မွေးရာပါ မျက်မမြင်ဖြစ်ပေမယ့် သူဟာ ဘဝကို လွယ် လွယ်ကူကူ အရှုံးပေးတတ်တဲ့ လူငယ်မဟုတ်ပါဘူး။ သူဟာ ဂီတပညာကို တစ်ဖက်ကမ်းခတ်တဲ့အထိ တတ်မြောက်ခဲ့တယ်။ စက္ခုအာရုံ၊ သောတ အာရုံချို့တဲ့သူတွေဟာ တစ်နေရာရာမှာ သာမန်လူတွေထက် တစ်ခုခုမှာ ကျွမ်းကျင်ထူးချွန်ပြောင်မြောက်တတ်ပါတယ်။

သူဟာ ဂီတမှာ စောင်းပညာကို ထုံးလိုချေ၊ ရေလိုနှောက် တတ်ကျွမ်း ခဲ့တာ ဆယ့်ငါးနှစ်သားလောက်ကတည်းကပါ။ ခုဆိုရင် အသက်နှစ်ဆယ် ရှိပြီ။
သူဟာ ရွာထဲမှာ ရောဂါသည်မိခင်အိုကြီးနဲ့ နေထိုင်ပြီး မိခင်အိုကြီးကို သူ တတ်ကျွမ်းတဲ့ ဂီတနဲ့ဖျော်ဖြေပြီး ပြုစုကျွေးမွေးခဲ့တာပါ။ နီးစပ်ရာ ကျေး ရွာကလေးမှာ ရှင်ပြုပွဲ၊ အလှူပွဲ၊ မင်္ဂလာပွဲ၊ ရိုးရာဓလေ့ကောက်သစ်စားပွဲ စသည်တွေမှာ လှည့်လည်ဖျော်ဖြေရလို့ ရရှိလာတဲ့ ဆုကြေးတွေနဲ့ သူဟာ မိခင်ကြီးကို လိုလေသေးမရှိအောင် ပြုစုထားနိုင်ခဲ့တဲ့ သားလိမ္မာတစ် ယောက်ပါ။ ဒုက္ခိတလည်းဖြစ်တော့ တစ်ရွာလုံး၊ တစ်နယ်လုံးက ချစ်ခင် သနားကြတယ်။ လူငယ်ကလေးက အသားဖြူဖြူ ရုပ်ရည်သန့်သန့်ပါ။
ရွာဦးကျောင်း ဆရာတော်နဲ့ဆို မောင်သိဒ္ဓိက ဘဒွေးလေးတော်မှာပေါ့ နော်။ သူ့အမေနဲ့ ရွာဦးဆရာတော်နဲ့ဆိုမောင်နှမတော်တယ်။ ဆရာတော်က အကြီး၊ အမေကတော့ အငယ်ပေါ့။
တစ်နေ့တော့ မောင်သိဒ္ဓိအဖို့ ကံဆိုးမိုးမှောင်ကျတဲ့နေ့ကို ရောက်လာ ပါတယ်။ သူ့မိခင်အိုကြီးဟာ ပြင်းထန်လှတဲ့ ဆောင်းရာသီတစ်ရက်မှာ ရင်ကြပ်ရောဂါနဲ့ ကွယ်လွန်သွားရှာတော့ သူဟာ လောကကြီးအလယ်မှာ တစ်ယောက်တည်း အထီးကျန်ဘဝနဲ့ ကျန်ရစ်ခဲ့တော့တယ်။
ဒီတော့ ဘဒွေးလေးဖြစ်တဲ့ ဆရာတော်ကမဖြစ်ချေဘူးဆိုပြီးမောင်သိဒ္ဓိ ကို ကျောင်းကို ခေါ်ထားတော့တယ်။
ရွာဦးကျောင်းဆိုတာအကျယ်ကြီးပါ။ သူ့ကိုကျောင်းဘေးမှာအဆောင် ကလေးတစ်ခုဆောက်ပြီးထားတယ်။ တတ်နိုင်တဲ့ဘက်က သံဃာဝေယျာ ဝစ္စလုပ်ပေါ့။ သူဟာ မျက်စိမမြင်တာကလွဲပြီး လူကောင်းတစ်ယောက်နဲ့ မခြား စွမ်းဆောင်ရည် ထူးခြားလှပါတယ်။ ထူးခြားတဲ့ ပါရမီရှင်ပေါ့။ မိခင်ကြီးကွယ်လွန်သွားပြီးတဲ့နောက်မှာ စောင်းပညာကိုပိုပြီးလေ့လာ တီထွင်ဆန်းသစ်ခွင့် တွေ့ရတော့တယ်။ သူဟာ စောင်းကြိုးကို ပုံစံအမျိုးမျိုး

နဲ့ ညှိပြီးတီးခတ်တာ စောင်းသံဟာ စန္ဒရားသံ၊ ဘင်ဂျိုသံ၊ ပုလွေသံ၊ ဗျပ် စောင်းသံ စသည် စသည်ဖြင့်တုပပြီး လက်သံမြောက်စွာ တီးခတ်နိုင်တဲ့ အပြင် ကလေးငိုသံ၊ ရယ်သံ၊ ကျေးငှက်သံ၊ သစ်ရွက်ကြွေကျသံ၊ နှင်းတောင် ပြိုသံ၊ နှင်းစက်တဖြောက်ဖြောက်ကျသံ၊ ကျားဟိန်းသံ၊ ဆင်အော်သံစသည် စသည်ဖြင့် သဘာဝနဲ့မခြား တုပတီးခတ်နိုင်တယ်လေ။
ပြီးတော့ ဒီဒေသက တရုတ်နယ်စပ်နဲ့ နီးကပ်တယ်။ လွန်ခဲ့တဲ့ နှစ်ရာစု ပေါင်းများစွာက တရုတ်ကျူးကျော်စစ်ကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တဲ့ ဘူမိနက်သန်အောင်မြေလည်းဆိုရင် မမှားပါဘူး။ ကျူးကျော်စစ်သုံးပွဲလုံး မြန်မာပြည် အရှေ့မြောက်ဘက်ကနေ စခဲ့ကြတာချည်းပဲ။
မောင်သိဒ္ဓိဟာ မိဘဘိုးဘွားတွေ စဉ်ဆက်ပြောဆိုခဲ့တဲ့ ကချင်ရိုးရာ ပုံပြင်တွေ၊ လူနဲ့ နှင်းခြင်္သေ့၊ နှင်းကျားသစ်နဲ့ ရင်ဆိုင်တိုက်ပွဲတွေ ပြီးတော့ တိဗက်လားမားတွေအကြောင်း၊ ကျူးကျော်စစ်ကို ဆင်နွှဲခဲ့တဲ့ မြန်မာ သူရဲ ကောင်းတွေအကြောင်း ဒါတွေဟာ မောင်သိဒ္ဓိအတွက် အားကျစရာတွေပဲ၊ အထင်ကြီးစရာတွေပဲ။ သူဟာ မျက်စိမမြင်တဲ့ ဒုက္ခိတဘဝကို အားမလို အားမရ ဖြစ်ခဲ့ပေမယ့် သူရဲကောင်းပုံပြင်တွေကို လေးစားအထင်ကြီးနေ တာပါ။ ငါသာမျက်စိမြင်တဲ့လူဆိုရင် သူရဲကောင်းတွေလိုခြင်္သေ့တွေ၊ ကျား သစ်တွေ၊ ပြီးတော့ – ကျူးကျော်သူတွေကို ရင်ဆိုင်တိုက်ပွဲဝင်မှာပဲလို့ အမြဲ ကြုံးဝါးနေတဲ့ လူငယ်လေးတစ်ယောက်ပေါ့။
ဒါနဲ့ – သူဟာ စိတ်ပြေရာပြေကြောင်း စောင်းသံနဲ့တိုက်ပွဲတွေကိုရုပ်လုံး ကြွအောင် ဖန်တီးလေ့ရှိတယ်လေ။ ဆင်သံ၊ မြင်းသံ၊ ကြုံးဝါးသံ၊ ဓားလှံ ဖွေးဖွေးတိုက်ခိုက်သံတွေကိုဖန်တီးသရုပ်ဖော်တာပြောင်မြောက်လွန်းတာ ကြောင့် ကြားရသူအပေါင်းကရင်သပ်ရှုမောဩဘာလက်ခုပ်ပေးကြတယ်။ အင်္ဂလိပ်အစိုးရရဲ့နယ်ပိုင်တွေဝန်ထောက်တွေရဲ့ချီးကျူးဂုဏ်ပြုမှုကိုမကြာ ခဏရရှိခဲ့တယ်လေ။ ထူးခြားလွန်းတဲ့ ပါရမီရှင်တစ်ယောက်ပါ…။

ဒီစစ်ပွဲသရုပ်ဖော်ဂီတဖန်တီးချက်ကြောင့်ပဲ ထူးခြားဆန်းကြယ်တဲ့ ဖြစ်ရပ်ကြီးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်ဆိုရင် မမှားပါဘူး။ တစ်နေ့တော့ အံ့ဩ
တုန်လှုပ်စရာ ဒီလို ..။
တစ်နေ့တော့ – ကြောက်ရွံ့ထိတ်လန့်စရာကောင်းတဲ့…

သာသနာရေးဆောင်ရွက်ချက်တစ်ခု ရှိသဖြင့် ဘဒွေးဘုန်းတော်ကြီး သည် မြစ်ကြီးနားသို့ ညအိပ်ခရီးဖြင့် ထွက်ခွာသွားရသည်။ ရဟန်းပျိုအချို့ နှင့် ကိုရင်ကြီးများပင် လိုက်ပါသွားကြသည်။ ဘုန်းတော်ကြီးကျောင်းတွင် ကားကပ္ပိယကြီးတစ်ဦးနှင့်မောင်သိဒ္ဓိသာကျန်ရစ်တော့လေသည်။ ခေါင်လံ ဖူးရွာကလေးနှင့် မြစ်ကြီးနားသည် မိုင်ပေါင်းများစွာ ကွာဝေးရကား ရက် ပေါင်းများစွာ ကြာပေလိမ့်မည်။
ဘုန်းတော်ကြီးသည်ကျောင်းပြင်ပသို့ညဉ့်နက်သန်းခေါင်တစ်ယောက် တည်းမထွက်ခွာသွားရန် တောရိုင်းတိရစ္ဆာန်များပေါများကြောင်း၊ အသက် အန္တရာယ်ရှိကြောင်းပြောဆိုတာ မောင်သိဒ္ဓိကို ကပ္ပိယကြီးထံ အပ်နှံ၍ ခရီး ကြမ်းကိုထွက်ခွာသွားကြခြင်းဖြစ်သည်။ သံဃာတော်များသည်အနည်းဆုံး ရက်နှစ်ဆယ်ခန့်ကြာမြင့်မည့်ခရီးကြမ်းတစ်ခုဖြစ်ကြောင်း သိရှိထားကြသည့် အလျောက် မောင်သိဒ္ဓိကို စိုးရိမ်ကြောင့်ကြမှုဖြင့် သတိပေးပြီးထွက်ခွာသွား ကြလေပြီ။
ဆောင်ဦးပေါက်ကာလဖြစ်သဖြင့် ရာသီဥတုသည် ညဉ့်နက်လာသည် နှင့်အမျှ တစ်စတစ်စ အေးစက်လာလေသည်။ အအေးဓာတ်သည်ကြောက် မက်ဖွယ်ကောင်းလောက်အောင် ဖျစ်ညှစ်ဆုပ်ကိုင်လာသည်။ ညကား လသာညဖြစ်သည်။
မောင်သိဒ္ဓိသည် သူ၏ ကိုယ်ပိုင်အခန်းကလေးထဲတွင် အပြင်မထွက် ဘဲ ပြတင်းတံခါးကို ခပ်ဟဟစေ့ထားရင်း နံရံတွင် စင်ထိုး၍ တင်ထားသော စောင်းကောက်ကိုညင်သာစွာဆွဲယူလိုက်ပါသည်။ သူ၏လက်များက ဘယ် ပစ္စည်း ဘယ်နေရာမှာရှိသည်၊ အခန်းကလေး၏လှေကားထစ် အနိမ့်အမြင့် ကအစ ခြေလှမ်း ဘယ်နှလှမ်း လှမ်းလျှင် ဘယ်နေရာ စသည် – စသည်။ သူသည် စက္ခုနှစ်ကွင်း အလင်းမဲ့နေသော်လည်း အမှောင်ထဲမှာပင် စောင်းကောက်ကိုဆွဲယူပြီး မိခင်သည် သားငယ်ကို မြတ်နိုးတွယ်တာစွာ ပွေ့ပိုက်ထားလိုက်သကဲ့သို့။ အတန်ကြာအောင် ပွေ့ပိုက်ထားရင်း ဘဝ၏

အလင်းအမှောင်ကိုစဉ်းစားနေသည်။ သူ့ဘဝသည်အမှောင်ထုထဲမှာ။ အို- အမှောင်ထဲမှာပါကွယ်။ အကယ်၍ ဆီမီးကို ထွန်းညှိမည်ဆိုပါကလည်း အလင်းရောင်သည် သူ့အတွက်အဓိပ္ပာယ်မရှိချေ။ ထို့ကြောင့် ဆီမီးခွက်ကို ထွန်းညှိရန် မကြိုးစားတော့ဘဲ အမှောင်ထဲမှာပင် စောင်းကြိုးကို တို့ထိ စမ်းသပ်လိုက်ပေသည်။ ထို့နောက် ညအမှောင် လရောင်အောက်ဘက် ခပ်ဝေးဝေးတောအုပ်ဆီမှ နှင်းစက်ကြွေသံ၊ သစ်ရွက်ကြွေသံတို့ကို ဂီတ ဖြင့် တစ်ကွက်ချင်း၊ တစ်ချက်ချင်း ဖန်တီးလိုက်သည်။ စောင်းကြိုးများဆီမှ ဂီတ၏ဖန်ဆင်းချက်တွေ အံ့ဩဖွယ် ထွက်ပေါ်လာသည်။ သစ်ရွက်တွေ တဖျောက်ဖျောက်ကြွေကျသံ… နှင်းစက်တစ်ပေါက်ချင်း လိမ့်ကျမြည်သံ …
သူသည်အရှိန်ရလာသည်နှင့် သံစဉ်ကိုပြောင်းလိုက်သည်။ သူတီးခတ် နေကျ စစ်ချီသံ၊ ဆင်သံ၊ မြင်းသံ၊ စစ်သည်တို့၏ရဲစိတ်ရဲမာန်ကြွေးကြော်သံ နှင့်အတူ ဓားချင်း၊ လှံချင်း ကြောက်မက်ဖွယ်ရာ ရိုက်ခတ်မိသံများ။ များ- များ ။
မောင်သိဒ္ဓိသည် အလူးအလှိမ့်၊ အနုအရွ၊ အပေါ့အဖွတို့ဖြင့် တီးခတ် နေစဉ်မှာပင် နောက်ဖေးတံခါးပေါက်မှ ဝင်လာသော ခြေသံတစ်စုံကို ကြား လိုက်ရလေသည်။ သူသည် စောင်းကြိုးပေါ် ခပ်ဖွဖွတင်ထားသော လက် ဆယ်ချောင်းစလုံးကို ရုတ်တရက် ရပ်တန့်လိုက်သည်။
ခြေသံသည် သူ့ဆီသို့ တန်းတန်းမတ်မတ် လျှောက်လာသော ခြေသံ ဖြစ်ကြောင်း သူ သိလိုက်သည်။ စောင်းသံတိတ်ဆိတ်သွားသည်နှင့်ညသည် ကြောက်မက်ဖွယ်တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။ သို့သော်ခြေသံက နီးကပ်စွာ သူ့ဆီသို့ ရွေ့လျားလာလေပြီကော။
တစ်စုံတစ်ယောက်သောသူသည် သူ၏ရှေ့တည်တည့်တွင် ရပ်တန့် လိုက်ကြောင်း သူ ကောင်းစွာသဘောပေါက်လိုက်၏။ ခြေသံရှင်မှာ ဆရာ တော်ကြီးလည်းမဟုတ်၊ ကပ္ပိယကြီးလည်းမဟုတ်သည်ကိုကောင်းစွာ သိရှိ

သွားသည်။ ခြေသံသည် ကြမ်းတမ်းမာကြောလှချေသည်တကား။ ခြေသံ ရှင်သည် သည်လောက်ခြေနင်းကြမ်းတမ်းပုံထောက်လျှင် သိမ်မွေ့နူးညံ့သူ တစ်ယောက်ဖြစ်ဖို့ရန် လွန်မင်းစွာ ခဲယဉ်းပေလိမ့်မည်တကား။ သူ တွေဝေ သွားသည်။ မျက်မှောင်ကုပ်လိုက်မိသည်။
သူ၏ ဆင်ခြင်မှုအသိအာရုံထဲသို့ ပထမဦးဆုံး ဝင်လာသည်ကား နောက်ဖေးဝင်ပေါက် တံခါးပင် ဖြစ်သည်။ တံခါးကို ညနေစောင်းနေမဝင်မီ ကပင်လုံခြုံစွာချက်ချကာပိတ်ထားခြင်းဖြစ်သည်။ ယခုတော့ခြေသံရှင်သည်
နောက်ဖေးပေါက်ကဝင်ရောက်လာကတည်းကအံ့ဩစရာကော်းလှသည်။
တံခါးကို ချိုးဖျက်ကော်ထုတ်ကာ ကလန့်ကာ ဝင်လာခြင်းမဟုတ်။ တံခါးကို ဖျက်ဆီးပြီး ဝင်လာခြင်းမဟုတ်။
သူ့ရင်ထဲသွေးကြောတွေထဲမှာ ကြက်သီးမွေးညင်းတွေထကာ တစ် ကိုယ်လုံး တဖြန်းဖြန်းဖြစ်လာသည်။ သူသည် အန္တရာယ်၏ ရနံ့တစ်ခုကို ရလိုက်ပေပြီ။ ထို့နောက် မလှုပ်ရှားနိုင်အောင် တစ်ကိုယ်လုံးကို တုပ်နှောင် ထားခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ အသံရှင်သည် ဘယ်လိုများဝင်လာ ပါလိမ့်။
ခြေသံသည် သူ့ရှေ့တစ်လံသာသာရှိ အကွာတွင် ရပ်နေကြောင်း အမှောင်ထဲမှာပင် ခံစားသိဖြင့် သိလိုက်ရပေ၏။ ဘယ်သူပေနည်း။ မည်သို့ သောပုဂ္ဂိုလ်များပေနည်း။
“မောင်သိဒ္ဓိ”
သူ့ရင်ထဲမှာ ဖြန်းခနဲ တုန်လှုပ်သွားတော့သည်။ အသံဩဇာပြည့်ကာ ဟိန်းညံသောအသံနက်ကြီးဖြင့် ခေါ်လိုက်သောအသံသည် အမိန့်ပေးသံ ဆန်သည်။ အထက်ဆီးဆန်လှသော အသံဖြစ်သည်။ သူသည် အယောင် ယောင် အမှားမှားဖြင့် လန့်ဖျပ်ကာ မော်ကြည့်လိုက်သည်။ သူ ထိုင်နေရာမှ မော့ကြည့်လိုက်ခြင်း ဖြစ်ပေရာ အသံရှင်သည် သူ့ထက် အရပ်အမောင်း လွန်မင်းစွာ မြင့်မားပြီး တုတ်ခိုင်မာကြောသန်မာသော လူတစ်ယောက်

ဖြစ်ကြောင်းကောင်းစွာသိရှိလိုက်ပေ၏။ သူ့အရပ်သည်ပုံမှန်၅ပေ၆လက်မ မျှသာ။ အသံရှင်သည် ခြောက်ပေကျော်သော အရပ်မြင့်မှာ သေချာပေ၏။ သူသည်လန့်ဖျပ်ကာစောင်းကိုအသာလွှတ်ချလိုက်မိသည်။ ကြောင်အ ကာ အံ့အားသင့်နေသဖြင့် နှုတ်ဖျားမှ ဘာစကားမှ ထွက်မလာပေ။
“မောင်သိဒ္ဓိ”
မာကြောခက်ထန်သည့် ထပ်ဆင့်ခေါ်လိုက်သံ။ မောင်သိဒ္ဓိသည် ခြင်္သေ့ ရှေ့မှောက်ရောက်နေသောချေသူငယ်ကဲ့သို့ ဆတ်ခနဲတုန်လှုပ်ချောက်ချား သွားတော့သည်။ အလန့်လန့်အဖျပ်ဖျပ်ဖြင့် “ခင်ဗျာ”ဟု ထူးလိုက်မိသည်။ သူသည် ထိုင်လျက်ကပင် မထနိုင်သေးဘဲ အသံရှင်ရှိရာသို့ မျက်နှာမော့ လှန်ကာ …
“ကျွန် – ကျွန် – ကျွန်တော် – ဟာ – မျက်မမြင် ဒုက္ခိတပါခင်ဗျာ။ မျက် မမြင် ဒုက္ခိတသမားဆိုတော့ ဘယ်သူဘယ်ဝါက ခေါ်မှန်း မသိလို့ပါ။ စိတ် မရှိပါနဲ့၊ တောင်းပန်ပါတယ်။ ခင်ဗျာ”
ထိုအခါမာကြောခက်ထန်သောအသံရှင်သည်ရုတ်တရက်ပျော့ပျောင်း
သွားသောအသံဖြင့် စကားဆိုသည်။
“မောင်မင်း- ကျုပ်ကို ဘာမှ ကြောက်ရွံ့ ထိတ်လန့်စရာမလိုပါဘူး။ ကျုပ်ကဒီဘုန်းကျောင်းနဲ့ ဖာလုံအနည်းငယ်မျှသာဝေးတဲ့နယ်စပ်တစ်နေရာ မှာနေပါတယ်။ မောင်သိဒ္ဓိကကျုပ်မှာ မောင်မင်းအတွက် ဆင့်ခေါ်စာပါလာ တယ်။ ကျုပ်တို့ရဲ့ခေါင်းဆောင်ကြီး စစ်သူကြီးဟာ နယ်စပ်တစ်နေရာမှာ အခြွေအရံတွေနဲ့ နေနေတာပါမောင်သိဒ္ဓိ။ ရာထူးအဆင့်အတန်းက ကြီးမား ပါပေတယ်။ မောင်မင်းဟာတရုတ်နဲ့မြန်မာစစ်ပွဲတွေမှာရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား တိုက်ခိုက်ခဲ့တဲ့ မြန်မာသူရဲကောင်းတွေရဲ့စစ်သွေးကြွဖွယ် ဇာတိမာန်တက် ကြွဖွယ်တေးသွားတွေကိုသရုပ်ဖော်တီးခတ်တဲ့နေရာမှာအံ့ဩဖွယ်ကောင်း လောက်အောင် ကျွမ်းကျင်တယ်လို့ကျော်ဇောသတင်းထွက်နေတဲ့လူငယ် တစ်ယောက်မဟုတ်လား။ မောင်မင်းလို စောင်းတီးကျွမ်းကျင်တဲ့ ပညာရှင်

တို့ မတွေ့ဖူးသေးဘူးကွယ်။ ဒီတော့ – မောင်မင်းရဲ့ စောင်းကိုယူပြီး ကျုပ်နဲ့ ချက်ချင်းလိုက်ခဲ့တော့။ ဟိုမှာ မင်း ပရိသတ်စုံညီစွာနဲ့ စောင့်မျှော်နေကြပြီ။ ရေမြေသနင်း သူ့ရှင်မင်းရဲ့ ယုံကြည်အားကိုးရတဲ့ စစ်သေနာပတိကြီး တစ်ဦးရဲ့ဆင့်ခေါ်ချက်ဖြစ်ပေတယ်။ မောင်မင်းမလိုက်လိုဘူးလို့ ငြင်းဆိုချင်
သလား”
မောင်သိဒ္ဓိသည် ဆတ်ခနဲမော့ကြည့်လိုက်ပြန်သည်။ ဓားအိမ်မှ ဓား လှုပ်သံထွက်လာသည်။
“မဟုတ်ပါခင်ဗျာ – ကျွန်တော်ဟာမျက်မမြင်တစ်ယောက်ဖြစ်တဲ့အပြင် ဒီလိုညမှောင်မှောင်ခရီးလမ်းကြမ်းကြမ်းအောက်မှာ ဘယ်လိုလိုက်ပါရမလဲ ဆိုတာကို စဉ်းစားနေမိတာပါ”
မမြင်ရသော လူပုဂ္ဂိုလ်ထံမှ ချပ်ဝတ်တန်ဆာ တချွင်ချွင်အသံကို ကြား လိုက်ရပြန်သည်။ သံမဏိချင်း ထိခတ်သံ၊ ဒုန်းခနဲ လှံသွား၏ ဆောင့်ချ လိုက်သံသည် အသည်းအူကို ပြောင်းပြန်ဖြစ်သွားစေသည်။ တကယ်တော့ သူ့ရှေ့မှာ မားမားကြီးရပ်တန့်နေကာ အမိန့်ပေးနေသော ပုဂ္ဂိုလ်သည် စစ်ဝတ်တန်ဆာပြည့် ဝတ်ဆင်ထားသော သူရဲကောင်းတစ်ဦး ဖြစ်ပေလိမ့် မည်။
မောင်သိဒ္ဓိသည် မလှုပ်ရှားဝံ့အောင် ကြောက်လန့်နေမိပေသည်။ “ဒီအတွက် ကိစ္စမရှိပေဘူး။ ကျုပ်ရဲ့ ရဲမက်တချို့ ဒီဘုန်းကြီးကျောင်း ပြင်ပမှ ပါလာကြသေးတယ်။ သူတို့ကပါ မောင်မင်းခရီးလမ်း မမှားရလေ အောင်လမ်းညွန်တွဲခေါ်သွားကြမှာပါ။ စိတ်ချပါမောင်သိဒ္ဓိ။ မောင်မင်းလမ်း မှာမှဲ့တစ်ပေါက်မစွန်းထင်းစေရပါဘူး။ ကဲ – လိုက်ဖို့ပြင်ဆင်ပေတော့။ ယူငင် စရာရှိတာ ယူပေတော့ သူငယ်”
“ဟုတ်ကဲ့ပါ – ခင်ဗျာ၊ ချမ်းအေးလှတဲ့ ညကာလမို့ အနွေးထည်၊ စောင် တို့ ယူလိုပါတယ်။ ခေတ္တစောင့်ဆိုင်းပေးပါခင်ဗျာ”
“ကောင်းပါပြီ – ယူချေ”

မာကြောခက်ထန်သော စစ်သည်တော်ကြီး၏ စကားဆုံးသည်နှင့် သူ သည် နေရာမှ ချက်ချင်းထကာ အနွေးအင်္ကျီ၊ စောင်တို့ကိုယူပြီး စောင်းကို ပိုက်ကာ အသင့်မတ်တတ်ရပ်လိုက်မိသည်။ သူသည် အသံရှင်ရှိရာသို့ မှန်းဆကာ ညင်သာစွာ ပြောလိုက်သည်။ “အဆင်သင့်ဖြစ်ပါပြီ – ခင်ဗျား” “ဒီလိုဆိုလိုက်ခဲ့ပေတော့”
အသံသည် မောင်သိဒ္ဓိ၏ ဦးခေါင်းတစ်လုံးစာမက မြင့်မားလှသည့် နေရာမှ ခက်ထန်စွာထွက်ပေါ်လာရကား အရပ်မြင့်မား ထွားကျိုင်းလှသည့် စစ်သည်တစ်ဦးဖြစ်ကြောင်း သိသာလှသည်။ မမြင်ရသည့် ပုဂ္ဂိုလ်ဆီမှ တချွင်ချွင်မြည်သော ချပ်ဝတ်တန်ဆာတွေ ထိခတ်သံကို ဆက်တိုက်ကြား နေရသည်။ ပုဂ္ဂိုလ်သည် မောင်သိဒ္ဓိ၏ ပခုံးကိုကိုင်ကာ အမှောင်ထုထဲမှ နေကာ အပြင်ဘက်သို့ ထွက်လာလေသည်။
အပြင်ဘက်တွင် စီစီညံနေသော ပိုးကောင်များ၏အသံနှင့်အတူ စူးရှ အေးမြလှသော ဆောင်းဦးလေပြည်၏ တိုးတိုက်မှုကို ခံစားလိုက်ရသည်။ လေသည် တရှဲရှဲမြည်ကာ ပြင်းထန်စွာ တိုက်ခတ်လျက်ရှိပေသည်။ ဟိုး ဝေးဝေးတောင်ကုန်းဆီမှနှင်းပွင့်တွေတဝေါဝေါလွင့်မျောလာသံကိုကြားနေ ရ၏။ ကျောင်းအပြင်ရောက်တော့ သူ၏ ပစ္စည်းများကို အသင့်စောင့်နေ သည့်ပုဂ္ဂိုလ်များက ကူညီသယ်မပေးကာ ရှေ့ဆောင်၍ ထွက်လာသည်။ တိုက်ခတ်သော လေက အေးမြစူးရှလှပေသည်။
လူအုပ်စုတစ်စု၏ မာကြောသော ခြေသံများ၊ ချပ်ဝတ်တန်ဆာများ၏ လှုပ်ရှားသံများ၊ ဓားသွား၊ လှံသွားများ၏ ပွတ်တိုက်ထိခတ်သံများသည် တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ကျယ်လောင်စွာထွက်ပေါ်လာသည်။ ထိုအုပ်စုသည် မောင်သိဒ္ဓိဘေးတွင်ဝန်းရံကာ တစ်စုံတစ်ယောက်၏ အမိန့်ကို စောင့်မျှော်နေဘိသကဲ့သို့ ငြိမ်သက်နေကြလေသည်။
“သွားကြစို့”
ပါသွားလေ၏။
အမိန့်ညွှန်ကြားသံ ဆုံးသည်နှင့် ခြေသံများသည် ရွေ့လျားလိုက်ကြ သည်။ မောင်သိဒ္ဓိသည် လူအုပ်ကြားတွင် ဝန်းရံပိတ်ဆို့ခြင်း ခံရသကဲ့သို့ ကြမ်းတမ်းခက်ထန်သောမှောင်နှင့်မည်းမည်းခရီးတွင် မျက် မမြင်တစ်ယောက်အဖို့ နှောင်းနှေးကြန့်ကြာလိမ့်မည်ဟု ထင်မှတ်ရသော် လည်း တကယ်တော့ ထိုအရာသည် အံ့သြထူးဆန်းစွာ မှားယွင်းနေသော အရာတစ်ခု ဖြစ်နေပေသည်။
မောင်သိဒ္ဓိ၏ ခန္ဓာကိုယ်ကလေးသည် သစ်ရွက်ကလေးတစ်ရွက်၊ ဒါမှ မဟုတ် ဖက်ရွက်ကလေးတစ်ရွက်ကို လေနှင်ရာ လွင့်မျောသကဲ့သို့ အလိုက်သင့် စီးမျောနေခြင်းပင်တည်း။ ထိုအရာသည် ဆန်းကြယ်လှသည်။ တစ်ခါတစ်ရံ ခြေဖဝါးနှင့် မြေကြီးပင် ထိမှထိပါလေစဟု ထင်မှတ်မှားရ လောက်အောင် လေဟုန်စီးသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။ သူတို့သည်ဤလမ်းခရီးကိုလွန်မင်းစွာကျွမ်းကျင်ကြသူများဖြစ်သည်။ ခရီးတစ်လျှောက် ချပ်ဝတ်တန်ဆာများ၏ တချွင်ချွင်မြည်သံကား တိတ် ဆိတ်သော နှင်းလွှမ်းညကို ဖုံးလွှမ်းလျက် ရှိနေပေသည်။
ထိုသူများကား မည်သို့သော လူမျိုးများပေနည်း။ သူ၏ တစ်သက်နှင့် တစ်ကိုယ် ဤမျှထူးဆန်းသော လူအုပ်စုများကို တွေ့ဆုံခဲ့ခြင်းမျိုး မရှိခဲ့ဘူး ပေ။ သူတို့၏ ပုံသဏ္ဌာန်များမှာ မြင့်မားထွားကျိုင်းသော လူမျိုးများ ဖြစ်မှာ သေချာသည်။ ချပ်ဝတ်တန်ဆာများ၏ အသံ၊ ဓားလှံများ၏ထိပွတ်သံ၊ မာကျောသောစကားပြောသံများအရ သူတို့သည် လူသာမန်အရပ်သားများ မဟုတ်တန်ရာချေ။ စစ်သည်တော်များသာ ဖြစ်မှာသေချာသည်။ မည်သို့ သောစစ်သည်တော်များပေနည်း။ ယမ်းကို အသုံးပြုသော သေနတ်ခေတ်၊ အမြောက်လက်နက်ခေတ်တွင် သူတို့သည် အဘယ်ကြောင့် ရှေးခေတ်သုံး

ဓားလှံ၊ လေးမြား၊ လက်နက်များကို ကိုင်ဆောင်ကြကာ ရှေးဆန်သော စကားများကို သုံးစွဲနေကြပါသနည်း။
သူ၏ ခန္ဓာကိုယ်သည် မေးခွန်းများဖြင့် လေးလံဖိစီးလျက်ရှိသည်။ အချို့မေးခွန်းများက အသားထဲသို့ တိုးဝင်နေပြီး အချို့မေးခွန်းများက နှလုံး သားထဲသို့ နစ်ရှိုင်းစွာ စိုက်ဝင်နေပေသည်။ ထိုသူတို့၏ လှုပ်ရှားမှုများက သူ၏အသိဉာဏ်ကို ရှပ်တိုက်ပြေးထွက်သွားရုံမျှသာရှိသည်။ ထို့အတူ သူ၏ စောင်းသံကို နားဆင်လိုသည်ဆိုကတည်းက ဂီတကို ချစ်မြတ်နိုးသူများ ဖြစ်မည်မှာ သေချာပေသည်။ ထိုစဉ်… “ရပ် – ရောက်ပြီ – ရပ်ကြလော့”
မာကျောသောအသံကြီး ဆုံးသည်နှင့် လူအုပ်စုကြီးသည်နေရာမှာပင် ရပ်တန့်လိုက်ကြသည်။ ဧရာမတံခါးချပ်ကြီးကို ဖွင့်လိုက်သံ၊ တွန်းရွေ့သံ၊ တဂျိမ်းဂျိမ်းမြည်သော တံခါးရွေ့သံ၊ သံဘီးများ ပွတ်တိုက်ရွေ့လျားသံ။ မောင်သိဒ္ဓိ၏ ရင်သည် တထိတ်ထိတ်ခုန်လျက်ရှိသည်။ သူ၏ အာရုံ သည်ရုတ်ခြည်းထွေပြားနောက်ကျိလာပြန်သည်။ သည်နေရာပတ်ဝန်းကျင် သည်ရေခဲတောင်၊ လျှို၊ မြောင်၊ စိမ့်စမ်းများသာ ဖြစ်သည်။ သည်လိုကြီးမား ခန့်ထည်လှသည့် ဧရာမ အဆောက်အအုံကြီးရှိသည်ဟု မွေးကတည်းက မကြားဘူးချေ။ သည်လို တောခေါင်ခြင်း၊ ရာသီဥတုဆိုးဝါးခြင်း၊ တော တိရစ္ဆာန်ရိုင်းများ ပေါများခြင်းများ အလယ်ကောင်တွင် အဘယ်ကြောင့် ကြီးမားသော အဆောက်အအုံကြီး ရောက်ရှိနေရသနည်း။ ထူးဆန်းလှချေ သည်တကား။ ရင်ထဲမှာ ရှုပ်ထွေးနောက်ကျိလာပြန်သည်။ “လိုက်ခဲ့ပေတော့ – မောင်မင်း မောင်သိဒ္ဓိ”
မောင်သိဒ္ဓိသည် ထူးဆန်းသော နေရာတစ်ခုသို့ ရောက်ရှိနေပြီဖြစ် ကြောင်း သတိပြုမိသည်။ ထိုအချိန်တွင် ချပ်ဝတ်တန်ဆာ တချွင်ချွင်ဖြင့် စစ်သူရဲကောင်းတစ်ဦး ရောက်လာကာ သူ့ကိုလက်ဆွဲ၍ ခေါ်ယူသွားလေ သည်။ သူတို့သည် နံရံကွေ့အချိုးတစ်ခုကိုကွေ့ကာ လျှောက်လာကြခြင်း ဖြစ်သည်။

“မောင်သိဒ္ဓိ ရောက်ရှိလာပါပြီ- အရှင်”
စစ်သူရဲတစ်ယောက်သည် ကျယ်လောင်သောအသံဖြင့် အော်ဟစ် လိုက်လေသည်။ ထိုအခါ ကျယ်ဝန်းသော အဆောင်တော်ကြီးတစ်ခုလုံး သက်ဝင်လှုပ်ရှားသွားကာ ပြတင်းတံခါးပေါက်များ တွန်းဖွင့်သံ ရှပ်တိုက် ပြေးသွားနေကြသော ခြေသံများကို ဆက်တိုက်ကြားလိုက်ရသည်။ တစ် ဆက်တည်းဆိုသလို ဝတ်ပြုလှုပ်ရှားသံများ၊ ဒူးတုပ်ခံစားသံများပါ တရစပ် ထွက်ပေါ်လာသည်။
ထိုအချိန်တွင် ရဲမက်တစ်ဦးက သူ၏ဖိနပ်ကို ချွတ်ရန်ပြောပြီး ယူသွား သည်။ သူသည် ဖိနပ်မဲ့ဗလာဖြစ်သွားသောအခါ ခြေဖဝါးဖြင့် ကြမ်းပြင်ကို ပွတ်တိုက်စမ်းသပ်ကြည့်လိုက်သည်။ ပြောင်ချောသော သမံတလင်းပြင်။
သူသည် တွေဝေစွာ စဉ်းစားနေဆဲမှာပင် တစ်စုံတစ်ယောက်က သူ့ လက်ကိုဆွဲကာ ဖြည်းညင်းစွာ တွဲ၍ခေါ်လာသည်။ လူသံတွေ တဝေါဝေါ ဆူညံလာသည်။ ထိုအရာကို ထောက်ရှုခြင်းဖြင့် သူသည် ကျယ်ပြောသော ခန်းမဆောင်ကြီးထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ မည် သည့်နေရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း မှတ်သားရန် ခက်ခဲလာသည်။ သူသည် စောင်းကိုပိုက်ပွေ့ထားလျက်က မေးခွန်းတစ်ခုကိုမေးရန် ပြင်ဆင် လိုက်စဉ်မှာပင် ကျယ်လောင်သော အသံကြီးတစ်သံ ထွက်ပေါ်လာသည်။ “တိတ်စေ”
ဆူညံနေသော ခန်းမကျယ်ကြီးသည် အပ်ကျသံပင် ကြားရလောက် အောင်၊ သစ်ရွက်ကြွေသံပင် ကြားရလောက်အောင် ရုတ်ခြည်းတိတ်ဆိတ် ငြိမ်သက်သွားလေသည်။ ထိုစဉ် အဝတ်အစားတစ်စုံ၏ ပွတ်တိုက်ရွေ့လျား သံ လေထဲတွင် တဖျတ်ဖျတ်လွင့်သံသည် စန္ဒကူးနံ့သာ သစ်ရွက်ပွတ်ထိ သကဲ့သို့ သာယာစွာ ပေါ်လာသည်။
ရာထူးရာခံကြီးမားလွန်းသော ဧရာမပုဂ္ဂိုလ်ကြီးတစ်ပါး ဝင်ရောက်လာ ကြောင်း သိသာလေသည်။ ထိုပုဂ္ဂိုလ်ကြီး၏ ခန်းမကြီး၏ အလုပ်ဗဟိုရှိ

သလွန်တစ်ခုပေါ်တွင် ထိုင်ချလိုက်ဟန်တူသည်။ ဝတ်ပြုသံ၊ ခံစားသံများ ထွက်ပေါ်လာသည်။ ထို့နောက် အသံများ ငြိမ်သက်သွားပြန်သည်။ ထိုအခါ ထိုင်စရာတစ်ခု ရွေ့သံပေါ်လာပြီ။
“မောင်သိဒ္ဓိ – အဲဒီမှာ ထိုင်ပါ”
တစ်စုံတစ်ယောက်က သူ့လက်ကိုဆွဲကာ ထိုင်စေသည်။ သူ့ခြေဖဝါး ဖြင့် စမ်းလိုက်တော့ တစ်ထွာသာသာမြင့်သော ခုံကလေးဖြစ်ပြီး ခုံပေါ်တွင် ကတ္တီပါအခင်းတစ်ခု ခင်းထားသည်။ သူ ထိုင်ချလိုက်သည်။ အောင်မြင် ဝင့်ထည်သော အသံတစ်သံ ပေါ်လာသည်။ “မောင်မင်း – သက်သာသလိုနေပါ”
မောင်သိဒ္ဓိသည် အသံလာရာဆီသို့ လှမ်းမျှော်ကာ ဦးခေါင်းတစ်ချက် ညိတ်ပြလိုက်ပေသည်။ သူ၏ နံဘေးတွင် လူတစ်ယောက်ထိုင်နေဟန်ရှိ သည်။ ထိုသူက ဆက်၍ …
“မောင်မင်း- မောင်သိဒ္ဓိဟာ စောင်းပညာမှာ တစ်ဖက်ကမ်းခတ်တယ် လို့ သိရှိတော်မူပေတယ်။ အထူးသဖြင့် တရုတ်ကျူးကျော်သူတွေကို မြန်မာ သူရဲကောင်းရဲမက်တွေက ပြတ်ပြတ်သားသားတွန်းလှန်အနိုင်ယူပုံစစ်ပွဲကို စောင်းနဲ့တီးခတ်သရုပ်ဖော်ရာမှာ ပိုပြီးပီပြင်တောက်ပြောင်တယ်လို့ သတင်း စကားကြားရတဲ့အတွက် အဲဒီတရုတ်ကျူးကျော် စစ်ပွဲကို တွန်းလှန်ခဲ့တဲ့ မြန်မာသူရဲကောင်းတွေရဲ့ ဂုဏ်ပြုစစ်ချီတေးကို ခုချိန်ကစပြီး တီးခတ်ပေ တော့ မောင်သိဒ္ဓိ။ ယခု သင်၏ ရှေ့မှောက်တွင် နားဆင်နေသူမှာ ဘဝရှင် မင်းတရားကြီး၏ စစ်သူကြီးတစ်ဦး ဖြစ်သည့် သတိုးမင်းညို ဖြစ်ပေသည်။ ယခုချိန်မှစ၍ သင် လွတ်လပ်စွာ နေထိုင် တီးခတ်နိုင်ပေပြီ”
မောင်သိဒ္ဓိသည်ကတ္တီပါဖုံတွင်လွတ်လပ်ပေါ့ပါးစွာထိုင်ကာစောင်းကြိုး
ကိုညှိလေသည်။ စစ်ပွဲသရုပ်ဖော်တေးဂီတကိုမတီးခတ်မီ သံစမ်းတေးများ ဖြစ်သည့် ကျေးငှက်မြည်သံ၊ နှင်းစက်နှင့် သစ်ရွက်များကြွေသံ၊ မြင်းဟီသံ၊ ဆင်အော်သံ၊ ကျားဟိန်းသံများကို စတင် တီးခတ်ရင်း အစီစဉ်ကို စလိုက် ပေသည်။
ပရိသတ်ထဲမှ တီးတိုးသံတွေ တဝေါဝေါထွက်ပေါ်လာသည်။ “အံ့ဩစရာပဲ”
“ထူးဆန်းတဲ့ ပညာရှင်ပဲကွယ့်”
ထို့နောက် အသံတွေ တိတ်ဆိတ်သွားပြန်သည်။ သည်တော့မှ စစ်ပွဲ သရုပ်ဖော်တေးသွားကို စတင်ရန် ပြင်ဆင်လိုက်ရင်း စစ်ခရာသံဖြင့် စောင်း ကြိုးကို ဖွင့်လိုက်သည်။ ထိုအချိန်တွင် မောင်သိဒ္ဓိ၏ စိတ်အတွင်းသဏ္ဌာန် တွင် အရာရာကို မေ့ပျောက်ထားလိုက်ကာ ဂီတသံစဉ်တွင်သာ နစ်မြှုပ် ထားလိုက်ခြင်း ဖြစ်သည်။ လက်ရှိရောက်နေသည့်ဘဝကို မေ့ထားသည်။ အတိတ်ကို မေ့ထားသည်။ သူ့စိတ်သည် စောင်းကြိုးများ၏ သံစဉ်နိမ့်မြင့်၊ အတိုးအကျယ်၊ အပေါ့အဖွ အနုအလှတွင်သာ အာရုံကို စုစည်းထားသည်။
သူ၏ လက်ဆယ်ချောင်းစလုံးသည် စောင်းကြိုးများပေါ်တွင် အမှား အယွင်းမရှိ တိကျစွာ ပျံသန်းနေလေပြီ။ လူးလာတုံ့ခတ်ရွေ့လျားနေလေပြီ။ စစ်ခရာသံ၊ မြင်းတပ်၊ ဆင်တပ်ချီတက်လာသံသည် မြေတုန်မတတ် မြည်ဟည်းသည့်အသံကိုဖန်တီးလိုက်သည့် သူ့မျက်နှာပြင်သည်တေးသွား အတိုင်း ရုတ်ခြည်းခက်ထန်မာကျောလာ၏။
မြန်မာစစ်သည်တော်များ၏ ရဲစိတ်ရဲမာန် အသက်ကို ဖက်ရွက်ပမာ ထားပြီးတိုက်ခိုက်ဟန်အသံများသည် ကြားရသူအဖို့ ရဲစိတ်ရဲမာန်တက်ကြွ ဖွယ်ဖြစ်စေသည်။ ကြက်သီးတဖြန်းဖြန်းထစေသည်။ ဂီတသည် နားထောင် သူပရိသတ်အပေါင်း၏ရင်ထဲနှလုံးသားထဲဝိညာဉ်ထဲသို့ ပူးဝင်စီးမျောသွား လေပြီ။ သူ၏မျက်နှာပြင်သည် ကြောက်မက်ဖွယ် ရင့်ထော်နေသည်။
မောင်သိဒ္ဓိကိုယ်တိုင်ပင် ဂီတသံစဉ်ဝယ် ပူးဝင်စီးပျော်ကာ ခန္ဓာကိုယ် သည် နတ်ဝင်သူကဲ့သို့ ဘယ်ညာယိမ်းထိုးနေသည်။ သူ၏ ဦးခေါင်းသည် တေးသွားအလိုက်တိုင်း ယိမ်းခါနေသည်။ နားထောင်သူ ပရိသတ်ကကော သူ့နယ်ပင်တည်း။

စစ်သည်များ၏ ဓားလှံချင်း ထိခတ်သံ၊ အော်ဟစ်သံ၊ အမြောက် သေနတ် မီးပေါက်များ၏ တထိန်းထိန်းမြည်သံ၊ လေးမြားပစ်လွှတ်သံ၊ ချပ် ဝတ်တန်ဆာများ မြည်သံ။
သည်။
နားဆင်သူ ပရိသတ်၏ လက်ခုပ်လက်ဝါးတီးသံတွေ ထွက်ပေါ်လာ
နောက်ဆုံးတွင် တရုတ်ကျူးကျော်သူများ ခွေးပြေးဝက်ပြေး အသက်လု ကာ လက်နက်တွေကို ပစ်ချ၊ အချင်းချင်းတွန်းထိုး၍ ရုန်းကန်ကာ တစ်ဖက် နိုင်ငံထဲသို့ ဒရောသောပါး ဝင်ပြေးလေဟန်၊ ဂီတသံများ ဆင့်ကဲ ဆင့်ကဲ ဟိန်းဟိန်းညံမျှ စစ်ရှုံးသူများအော်သံ။
ဂီတ၏နောက်ဆုံးအပုဒ်သို့ ရောက်လာသည်။ သွက်လက်မြူးကြွသော သံစဉ်ကို လျှော့ချလိုက်သည်။ စောစောက ခက်ထန်မာကျောနေသော မျက်နှာပြင်သည် တဖြည်းဖြည်း ပျော့ပျောင်းသည့်ဘက်သို့ ကူးပြောင်းလာ သည်။
“ကျော်ကြားတဲ့အတိုင်း မှန်ကန်ပါပေရဲ့” “တစ်ယောက်ဆိုတစ်ယောက်ပဲဟေ့”
ဂီတ၏နောက်ဆုံးအပုဒ်မှာ မြန်မာစစ်သူကြီးနှင့် သူရဲကောင်းရဲမက်များ အမိမြေကို တစ်လက်မမျှပင် အကျူးကျော်အထိပါးမခံဘဲ စွန့်လွှတ်စွန့်စား ရင်းဂုဏ်သိက္ခာရှိရှိကျဆုံးခဲ့ရသည့်စစ်သူကြီးနှင့်တကွရဲဘော်ရဲဘက်များ၏ ပြောင်မြောက်သော သတ္တိကိုဖွဲ့ဆိုထားခြင်းဖြစ်သည်။ တစ်ဖက်ရန်သူများ၏ အမြောက်ကျည်ဆန်ထိမှန်ကာလက်ပြတ်ခြေပြတ်ဒဏ်ရာပြင်းထန်စွာရနေ
သော်လည်း လက်လှမ်းမီရာ ရန်သူနှစ်ယောက်သုံးယောက်ကိုတော့ ငရဲ နိုင်ငံသို့ ပို့ဆောင်နိုင်လေသေးသည်။ မြားတန်းလန်း၊ လှံတန်းလန်းနှင့်ပင် ရုတ်တရက် လဲပြိုမကျသွားသေးဘဲ ခုခံနိုင်သေးသည်။
ထိုပြကွက်ပြခင်းများကို သရုပ်ဖော်တီးခတ်နေချိန်တွင် မောင်သိဒ္ဓိ၏ မျက်ဝန်းများသည် ရုတ်တရက် မှိန်ဖျော့သွားကာ မျက်ရည်တွေစီးဆင်းလာ

သည်။ ဂီတသည် ကြေကွဲဆွတ်ပျံ့လွမ်းဆွေးဖွယ်ကောင်းလာကာ စောင်း ကြိုးသံသည် တုန်ခါနေပေသည်။ ထိုအခါ နားဆင်နေသော ပရိသတ်သည် တိတ်ဆိတ်ငြိမ်သက်နေကာ ဦးခေါင်းတွေကို ငုံ့ထားသည်။ ထို့နောက်မှ ဟို နေရာသည်နေရာမှ ရှိုက်သံတွေ တိုးတိတ်စွာ ထွက်လာတော့သည်။
မောင်သိဒ္ဓိသည်လွမ်းဆွတ်ဖွယ်ဂီတဖြင့် အဆုံးသတ်ကာ ရပ်နားလိုက် သည်။ သို့သော် ပရိသတ်သည် စိတ်နာကြည်းစွာဖြင့် ဂီတရေယာဉ်ကြော ဝယ် နစ်မြောရင်း ဟစ်အော်ငိုကြွေးကြပြန်လေသည်။ အတန်ကြာမှ ငိုသံ တွေတိတ်ဆိတ်သွားပေတော့သည်။
အားလုံးတိတ်ဆိတ်ငြိမ်သက်သွားသောအခါ အောင်မြင်ခန့်ညားသော အသံကြီးတစ်သံကို ကြားလိုက်ရပေသည်။
“မောင်မင်း- မောင်သိဒ္ဓိ၊ အမောင်၏ စောင်းပညာကား ကြားရသည် ထက်ပင်ပို၍စွမ်းဆောင်ရည်ပြည့်ဝနေပေတယ်။ သည့်အတွက် မောင်မင်း ကိုကျွန်ုပ်တို့ကျေးဇူးတင်ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့သခင်စစ်သူကြီးဟာလည်း မောင်မင်းကိုဂုဏ်ပြုမှုတွေပြုလုပ်ပါလိမ့်မယ်။ ဒီတော့ ကျွန်ုပ်တို့ နားထောင် လိုတဲ့ ညဦးယံတွေမှာ မောင်မင်း ဖျော်ဖြေရပေလိမ့်မယ်နော်။ မောင်မင်းကို ယခုခေါ်လာတဲ့စစ်ကဲတော်ကြီးတပ်မှူးကပဲလာပြီးခေါ်ပါလိမ့်မယ်။ နောက် ဆုံးသတိပေးလိုတာကမောင်မင်း – ဒီလိုညနက်သန်းခေါင်ယံမှာဒီနေရာကို လာပြီးဧည့်ခံတာကို ဘယ်သူ့ကိုမှ မပြောရဘူး။ ဘယ်သူမှလည်း မသိစေရ ဘူး။ အဲဒါ သတိကြပ်ကြပ်ထားပါ။ အနီးကပ်ဆုံး ကပ္ပိယကြီးတောင် မသိပါ စေနဲ့။ ရွာထဲက လူတွေလည်း မသိပါစေနဲ့။ ကိုင်း – သဘောပေါက်ရဲ့လား- မောင်မင်း”
“ဟုတ်ကဲ့- သဘောပေါက်ပါတယ် ခင်ဗျား”
“ကဲ – ဒါဆို – မောင်မင်း လွတ်လပ်စွာ သွားလိုရာ သွားနိုင်ပြီ၊ လိုက်ပို့ ပေးလိမ့်မယ်။”
မောင်သိဒ္ဓိသည်ထိုင်နေရာမှထကာခါးကိုညွတ်၍အရိုအသေပေးလိုက်
လေသည်။ ထို့နောက်စစ်သည်တစ်ဦးက သူ့လက်ကိုဆွဲကာတံခါးကိုတံခါး

ဆီသို့ လိုက်ပို့ပေးသည်။ အပြင်ဘက်တွင် တပ်မှူးနှင့်အဖွဲ့က စောင့်နေဟန် ရှိသည်။ သူ့ကို ဘုန်းကြီးကျောင်းသို့ ပြန်ပို့ပေးရန် စောင့်နေကြခြင်း ဖြစ်
သည်။
တပ်မှူးနှင့်အဖွဲ့သည် သူ့ကို ဘေးမသီ ရန်မခရန် လိုက်လံပို့ဆောင် ပေးပြီး သူ့ကို စတင်ခေါ်ဆောင်ရာ ကျောင်းတွင်းရှိ ကိုယ်ပိုင်အခန်းဝတွင် ထားခဲ့ကာ နှုတ်ဆက်ပြန်သွားလေသည်။
ညဉ့်သည် ပိုမိုနက်ရှိုင်းထူထဲလာသည်။ နှင်းစက်ပြိုသံ၊ ဟိုဝေးဝေးမှ ရေခဲမြစ်စီးသံတို့သည် တိတ်ဆိတ်နေသော ညဉ့်ယံကိုဖောက်ကာ ထွက် ပေါ်နေသည်။
ညသည် တစ်စတစ်စ နက်ရှိုင်းထူပိန်းလာလေသည်။ နှင်းစက်တွေ တဖျောဖျောကြွေကျသံ၊ ရေခဲမြစ်၏ တတွတ်တွတ်ရေစီးသံတို့သည် ကျယ်လောင်လာလေ၏။ ဆောင်းဦးလေနှင့်အတူ သစ်ရွက်တွေကလည်း တစ်ခါတစ်ရံ ကြွေကျနေသေးသည်။ ရေခဲစပြုနေသည့် နှင်းတောင်တစ် နေရာမှ နှင်းကျားသစ်တစ်ကောင်၏ ဟိန်းဟောက်မာန်ဖီသဲ့သဲ့ ထွက်ပေါ် လာသည်။ မာန်ဖီသံသည် တော်တော်နှင့် ရပ်တန့်မသွားပေ။ တစ်ကောင် နှင့် တစ်ကောင် အစာလုနေဟန်ရှိသည်။
ညသည် မှုန်ရီတိတ်ဆိတ်စွာဖြင့် ဆက်လက်ရွေ့လျားရှိပေသည်။ မောင်သိဒ္ဓိသည် အိပ်ရာထဲတွင် အိပ်မပျော်နိုင်သေးဘဲ ဒဏ်ရာရသော မြွေ တစ်ကောင်လို ဘယ်ညာလူးလွန့်လျက်ရှိနေဆဲပင်။ မကြာခင်က ဖြစ်ပွား သွားခဲ့သောဖြစ်ရပ် ဒါမှမဟုတ် အိပ်မက်ဆန်သော အကြွင်းအကျန်များက ဆက်လက်ရှင်သန်နေဆဲ။ ထိုဖြစ်ရပ်ကြီးသည် အိပ်မက်ဆန်စွာ ဖြစ်ပွား သွားခဲ့ပြီ။ ပြန်ပြောရလျှင် ယုံကြည်နိုင်ဖွယ်မရှိ။ ယခု နေခေါင်းသုံးခေါင်းနှင့် နှင်းလူတစ်ယောက်ကို ရွာထဲဝင်လာပါသည်ဟုပြောလျှင် ယုံကြည်ကောင်း

ယုံကြပေလိမ့်မည်။ သူပြောပြမည့်ဖြစ်ရပ်ဆန်းကြယ်ကြီးကိုတော့ဘယ်သူမှ ယုံကြည်ကြလိမ့်မည် မထင်။
ပိတ်ထားသောတံခါးကို တိုးဖြတ်ဝင်လာသည့် လူထွားကြီး။ ချပ်ဝတ် တန်ဆာများဖြင့် ခက်ထန်မာကြောသော လေသံ၊ သူ၏ သစ္စာစောင့်သိရ သောခေါင်းဆောင်စစ်သူကြီးနှင့် ရဲမက်များ ခေါင်လံဖူးစစ်ချီတေးသွား၊ ကျူး ကျော်စစ်သုံးကြိမ် ဖျော်ဖြေခဲ့ရသည့် စောင်းလက်သံ ဘယ်လိုမှ ယုံကြည် ဖွယ်မရှိသော ဖြစ်ရပ်ဆန်းကြယ်များ။
“ဒီပုဂ္ဂိုလ်ကြီးတွေဟာ ဘယ်လိုမှ လူသားစစ်စစ် မဖြစ်နိုင်ဘူး။ ဒါ- သေ ချာတယ်။ လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာက ကျူးကျော်သူ တရုတ်တွေကို ဒီရွာကလေးကနေ တွန်းလှန်ဖြိုဖျက်ခဲ့တာ အမှန်ပဲ။ သက်ကြီးစကား သက် ငယ် ကြားဆိုသလို ရာဇဝင်မှာ စတင်ခဲ့တဲ့ သမိုင်းရှိသလို နှုတ်ပြောရာဇဝင် တွေလည်းရှိခဲ့တဲ့နေရာ။ ငါ့ကိုလာခေါ်တဲ့ပုဂ္ဂိုလ်တွေကောငါစောင်းတီးဖျော် ဖြေခဲ့ရတဲ့ လူအုပ်စုကြီးရော၊ သူတို့ရဲ့ ခေါင်းဆောင်ကြီး စစ်သူကြီးဆိုတဲ့ ပုဂ္ဂိုလ်ကြီးဆိုတာရော ဘယ်လိုမှ လူသားစစ်စစ်မဟုတ်ဘူး။ သူတို့ဟာ တိုက်ပွဲမှာ ဂုဏ်ရှိစွာနဲ့ ကျဆုံးခဲ့တဲ့ ရဲရဲတောက်စစ်သည်တွေ၊ ရဲရဲတောက် ဝိညာဉ်တွေ၊ ပရလောကသားတွေ၊ စစ်သူကြီးနာမည်က သတိုးမင်းညိုတဲ့။ ခုခေတ်လိုဆို ဗိုလ်ချုပ်ကြီးအဆင့်။ သူတို့ရဲ့ဝိညာဉ်တွေကို ငါ စောင်းသံနဲ့ ဖျော်ဖြေတင် ဆက်နေရပါကလား။ ဂုဏ်ယူစရာကောင်းလိုက်တာ။ အင်း – ဒါပေမဲ့ ရေရှည်မှာ ပရလောကသားတွေနဲ့လူသား ဆက်ဆံမှု ရေရှည်မှာ ဖြစ်နိုင်ပါ့မလား။ ငါ ငြင်းဆန်မယ့် တစ်နေ့ကျရင် တစ်ခုခု ဖြစ်လိမ့်မယ်ထင် တယ်။ ငါ ဘယ်လို မှ ရှောင်ပုန်းလို့လည်း လွတ်မှာမဟုတ်ပါဘူး။ အော်- ငါကိုယ်တိုင် လိုလားနှစ်သက်စွာနဲ့ တင်ဆက်ခဲ့တာပဲလေ။ သူတို့ဆီက ဂုဏ်ပြုလက်ဆောင် တွေကိုလည်း ငါမလိုချင်ပါဘူး။ ဘာအမှတ်တရလက် ဆောင်မှငါမလိုချင်ဘူး။ ငါလို မျက်မမြင်ဒုက္ခိတသည်တစ်ယောက်ဟာ ဘာ အဆောင်အယောင် ဘွဲ့ထူးမှ မလိုပါဘူးလေ။ နှစ်ဦးနှစ်ဖက် အဆင်ပြေဖို့

ပါပဲ။ ကြာရင် ဆရာတော်ဘုရားနဲ့ ကျောင်းနေကိုယ်တော်တွေ ကပ္ပိယကြီး ရိပ်မိမှာ သေချာတယ်။ တတ်နိုင်ဘူးလေ။ မီးစင်ကြည့်ပြီး ကရမှာပဲ။ သူတို့ ဟာ မြင့်မြတ်စွာသော စစ်သည်တော်ဝိညာဉ်တွေလေ။ ပြီးတော့ – ကမ္မဇိဒ္ဓိ တန်ခိုးနဲ့ ပြည့်စုံနေသူတွေ။ သူတို့နေရာကတော်တော်ကြီးကျယ်ခမ်းနားမှာ သေချာတယ်။ အဆောက်အအုံကြီးကလည်းဧရာမကြီး။ မီးတိုင်တွေတထိန် ထိန်နဲ့။ လူတွေကလည်း အများကြီးနော်”
မောင်သိဒ္ဓိသည် တစ်ညလုံး အိပ်မပျော်နိုင်ဘဲ ဘယ်လှိမ့် ညာကူးဖြင့် မိုးစင်စင်လင်းသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်သည် ဆောင်းဦးလေပြေနှင်း ပွင့်ဖြူများနှင့်အတူငွေ့ရည်ဖွဲ့နေကြပြီး အမှောင်ထဲတွင် အလင်းစက်ကလေး တစ်စက် တွေ့လိုတွေ့ ငြား မောပန်းတကြီး ရှာဖွေနေမိသေးသည်။ ထို ပရလောကသားများနှင့် ရေရှည်ဆက်ဆံရေး။ အမြင်ဓာတ်ကြည်ကြည် လင်လင်ဖြင့် ထိုပရလောကသားတွေကို ကြည့်ချင်မြင်ချင်သည်။ အရောင် ဆိုတာ ဘာလဲ။ လက်ဖြင့် ထိတွေ့ကိုင်တွယ်စမ်းသပ်ခဲ့သော်လည်း ပကတိ လူသား လူကောင်းတစ်ယောက်လိုတော့ ခံစားသိဖြင့် မသိနိုင်လေသော ဘဝ။ အမြင်အာရုံချို့တဲ့လေသော ဘဝ။
လောကကြီးကို အလင်းစက္ခုဖြင့် ကြည့်ချင်သည်။ ဘဝဆက်တိုင်း ဆက်တိုင်း အမြင်အာရုံ ပြည့်စုံကြွယ်ဝသူ ဖြစ်ရပါလို၏။
ညသည် တိတ်ဆိတ်ခြောက်သွေ့နေမြဲ။ အမှောင်သည် မောင်သိဒ္ဓိ၏ ဘေးပတ်ပတ်လည်တွင် ဝန်းရံဖိပိုးထားမြဲ။ အမှောင်ထုထဲတွင် သူ၏ ခန္ဓာ ကိုယ်သည် နစ်ဝင်လျက် ရှိသည်။
နောက်တစ်ည ညဉ့်ဦးယံတွင် စစ်ကဲတော်ကြီး တပ်မှူးရောက်လာပြန် ပြီ။ ယမန်နေ့ကကဲ့သို့ပင် တောလမ်းခရီးလျှိုမြောင်ချိုင့်ဝှမ်းတို့ကိုဖြတ်သန်း ကာ ခေါ်သွားပြန်သည်။

မောင်သိဒ္ဓိသည် စောင်းပညာဖြင့်ပင် ပထမနေ့ထက် မရိုးရအောင် တီးကွက်သံဆန်းတွေကိုပြောင်းကာ စစ်ချီတေးတွေကို တီးခတ်ပြလိုက် လေသည်။ ပရိသတ်၏ ချီးကျူးဂုဏ်ပြုမှုကို ပထမနေ့ကအတိုင်း တွေ့ကြုံ လိုက်ရပြန်သည်။
သို့သော် သည်နေ့တော့ တစ်မူဆန်းကြယ်ထူးခြားသော ဖြစ်ရပ်တစ်ခု နှင့် ဆုံတွေ့ရခြင်း ဖြစ်ပေသည်။
စစ်ကဲတော်ကြီးတပ်မှူးသည် မောင်သိဒ္ဓိကို လက်တွဲခေါ်ငင်ပြီးလျှင်။ “မောင်သိဒ္ဓိ- မောင်မင်း၏စောင်းပညာစွမ်းဆောင်ချက်သည်လွန်မင်း စွာ အံ့မခန်းလောက်ပါပေသည်။ ကောင်းကင်မှ နတ်ဒေဝတာတစ်ပါးကမ္ဘာ မြေပြင်သို့ ဆင်းသက်ကြွချီလာပြီး လူယောင်ဆောင်ကာ ဖန်တီးတီးခတ် သကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေလောက်ပေသည်။ သင်၏စွမ်းဆောင် ဖြေဖျော်ချက်သည် ကျွန်ုပ်တို့၏ စစ်သူကြီးနှင့်တကွ ကျန်သည့် စစ်သည် တော် ပရိသတ်အပေါင်း ကျေနပ်ဝမ်းမြောက် ပီတိဖြစ်ရသည်။ စစ်သည်မှူး ကျဆုံးခန်းတွင် ကြေကွဲဝမ်းနည်းရပေသည်တကား။ ထို့ကြောင့် ရှေးမဆွ ကပင် မောင်မင်းအား ဆုလာဘ်ချီးမြှင့်မည်ဟု ကတိပေးထားပေရာ မောင်မင်းအား စစ်သူကြီးကိုယ်တိုင် ဆုလာဘ်ချီးမြှင့်မည်ဖြစ်၍ ရှေ့တော် မှောက်သို့ ကြွရောက်ရန် ဖိတ်ခေါ်သည်”
စစ်ကဲတော်ကြီး၏ အမိန့်ဆန်သော စကားသံဆုံးသည်နှင့် မောင်သိဒ္ဓိ ကိုလူတစ်ယောက်ကလက်တွဲကာ စစ်သူကြီးရှေ့မှောက်ဆီသို့ခေါ်ဆောင် သွားသည်ကို သိရှိလိုက်ရသည်။ ခန်းမဆောင်သည် လူတစ်ယောက်မျှ မရှိ သကဲ့သို့ တိတ်ဆိတ်သွားလေသည်။ မောင်သိဒ္ဓိ၏ တုံ့ဆွံ့သောခြေသံနှင့် လက်တွဲခေါ်ယူသူ၏ခြေသံသာ တရှပ်ရှပ်ထွက်ပေါ်နေသည်။ တစ်နေရာတွင် သူတို့နှစ်ယောက်စလုံး ခြေလှမ်းများကို ရပ်လိုက်ကြ
သည်။
“သည်နေရာမှာ ဒူးတုပ်ပြီးထိုင်ပါ -မောင်သိဒ္ဓိ”

မောင်သိဒ္ဓိသည် အနည်းငယ်တွန့်ဆုတ်သွားပြီး ညွှန်ကြားသလို ထိုင် လိုက်မိသည်။ သူ့ရှေ့ရှိ သလွန် သို့မဟုတ် ညောင်စောင်းတွင် ပုဂ္ဂိုလ်ကြီး တစ်ဦး ထိုင်နေသည်ဟု ခံစားမိသည်။ သူသည် အသက်ကိုပင် ပြင်းပြင်း မရှူရဲ။
ပါ”
“ခေါင်းကိုငုံ့၊ လက်နှစ်ဖက်ကို ရှေ့ဆန့်ပြီး ဆုလာဘ်တော်ကို လက်ခံ
မောင်သိဒ္ဓိသည် ဦးခေါင်းကိုငုံ့ကာ လက်နှစ်ဖက်ကို ရှေ့သို့ဆန့်၍ ဖြန့်လိုက်လေ၏။ ထိုခဏဝယ် သူ့လက်ဖဝါးထဲသို့ အေးစက်မာကြောသော အရာဝတ္ထုတစ်ခုနှင့် ပျော့ပျောင်းသော အလျားရှည်သည့် အရာတစ်ခု ညင်သာစွာ ကျရောက်လာသည်။
ရုတ်တရက် ကျယ်လောင်စူးရှစွာ ထွက်ပေါ်လာသော လက်ခုပ်သံ၊ ခန်းမဆောင်ကြီးတစ်ခုလုံး ပွင့်ထွက်သွားမတတ် ဝေါခနဲ ပြိုဆင်းသွား သော ဩဘာသံပင်တကား။
သူ့ရင်ထဲမှာ ပီတိကြည်နူးမှု၊
သူ၏ နှလုံးခုန်သံသည်သည် စည်းလွတ်သော ဗုံတီးသံကိုမည်ဟည်း နေတော့သည်။ ခြေဖျားလက်ဖျားတွေ အေးစက်ကာ လက်ထဲမှာကိုင်ထား သော လက်ဆောင်ပဏ္ဏာတော်ကို လွတ်မကျအောင် ထိန်းသိမ်းထားရ ပေသည်။
“မောင်မင်းကို ခုချီးမြှင့်တော်မူတဲ့ စစ်သူကြီး သတိုးမင်း ညိုကိုယ်တိုင် ချီးမြှင့်တော်မူခြင်း ဖြစ်ပါသည်။ မောင်မင်းကို ချီးမြှင့်သော လက်ဆောင်မွန် သည် အဖိုးထိုက်သော ပတ္တမြား (၂၄)လုံးဖြင့် စီခြယ်ထားသော ရွှေစင် ရွှေသား ရွှေဖလားဖြစ်သည်။ ပိတ်အုပ်ကတော့ ယိုးဒယားဘုရင်မှ လက် ဆောင်ပေးထားသော ပိုးထည်ဖြစ်သည်။ လက်ဆောင်များကား ထူးမြတ် လှပေသည်”

မောင်သိဒ္ဓိသည် ပျော်ရွှင်မှုများ ပူးဝင်ခိုကပ်နေသော အသိစိတ်ဖြင့် ခေါင်းညိတ်လိုက်ပြီး ဦးညွတ်ကာ …
“ကျေးဇူးကြီးလှပါတယ် – အရှင်စစ်သူကြီးခင်ဗျာ။ အရှင်၏ ဆုလာဘ် တော်ကို ကျွန်တော့်ရင်ထဲမှာ ထာဝရသိမ်းထားပါ့မယ် ခင်ဗျာ။ ကျေးဇူးကြီး လှပါပေတယ်”
လက်ခုပ်သံများ – ချီးမွမ်းသံများ..
မောင်သိဒ္ဓိသည် ရွှေစင်ခွက်ကိုကိုင်ပြီးမျက်ရည်ကျနေမိသည်။ မွေးရာ ပါ မျက်စိအလင်းဓာတ် ဆွံ့အသူအဖို့ ရွှေ၏အရောင်အဆင်းကို မသိချေ။ ပြီးတော့ – တန်ဖိုးမဖြတ်နိုင်သောပတ္တမြား (၂၄)လုံးစီခြယ်ထားသေးသည် တဲ့။
ပတ္တမြားဆိုတာ ဘယ်လိုကျောက်အမျိုးအစားလဲ။ အနီရောင်ဟု ဆိုကြ သည်။ အနီရောင်ဆိုတာ ဘယ်လိုပါလိမ့်။ အနီရောင်ကိုလည်းကောင်း သူမ မသိချေ။ သူ့ကို ချီးမြှင့်ခဲ့သောပုဂ္ဂိုလ်များ၏ရွှေဖလားသည် သူ့လက်ထဲတွင် အဓိပ္ပာယ်မဲ့ရှိနေသည်လား။ ဒါမှမဟုတ် သည်ပစ္စည်းကို တစ်ယောက် ယောက်က မြင်သွားသော် သူ ဘယ်လိုဖြေရမည်နည်း။ သူ့အဖြေစကားကို ဘယ်သူမှလည်း ယုံကြည်မည် မဟုတ်ချေ။
သူသည်ရွှေဖလားကိုစောင်ကြမ်းထဲတွင် ဝှက်ထားလိုက်သည်။ သည် ရွှေဖလားသည် သူ့ကို ပျော်ရွှင်မှုကို ပေးနိုင်ပါမည်လော။ ဒါမှမဟုတ် အန္တရာယ်တွေ ပူးကပ်ခိုဝင်နေမည့်အရာလော။
သူသည် သက်ပြင်းချရင်း ငြိမ်သက်နေမိသည်။ သူ တွေးတောစဉ်းစား နေစဉ်မှာပင် အခန်းထဲသို့ ဝင်လာသော ခြေသံကို ကြားလိုက်ရသည်။ ညင်သာပေါ့ဖွသော ခြေသံ၊ သူ ရုတ်ခြည်းနားလည်လိုက်သည်။ ဆရာတော်

၏ခြေသံ၊ ဆရာတော်၏ခြေသံသည်ပေါ့ဖွကာစိတ်သည်။ ခြေဖဝါးကိုအပြား လိုက်ချသောအသံမျိုး။ ကပ္ပိယကြီး၏ ခြေသံက သည်လိုမဟုတ်။ ပေါ့ဖွ သော်လည်း ကြဲသောခြေလှမ်းမျိုး ဖြစ်သည်။ သူ မော့ကြည့်ကာ ဖူးမြော် လိုက်ရင်း …
“ဆရာတော် – ဘုရား”
ဆရာတော်သည် သူနှင့် တစ်လံကွာခန့် နေရာတွင် ရပ်နေသည်ဟု ခံစားရသည်။
“မောင်သိဒ္ဓိ”
“ဘုရား”
ဆရာတော်၏ အသံတွင် မေးခွန်းပေါင်းမြောက်မြားစွာ ခိုဝင်နေသည် ဟု သူ ခံစားရသည်။
“မောင်သိဒ္ဓိ – မင်း မနေ့ညက ဘယ်ထွက်သွားတာလဲ”
“တင်ပါ့ဘုရား – တပည့်တော်မှာ ကိုယ်ရေးကိုယ်တာကိစ္စလေးတွေ ရှိတာနဲ့ ရွာထဲကို ခေတ္တထွက်သွားတာပါ – ဘုရား”
“မောင်မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စကလည်း ညဉ့်နက်လှချည့်လား ကွယ့်။ နေ့ခင်းနေ့လယ်မှာ ဆောင်ရွက်ပါတော့လား။ မောင်မင်းလို လူ တစ်ယောက်က ညနက်သန်းခေါင် မြွေပါးကင်းပါးအချိန် အပြင်မထွက်သင့် ဘူးလေ။ မောင်မင်း – အိပ်ရာထဲမှာ ပျောက်ပျောက်နေတာတော်တော်ကြာ ပြီလို့ ပြောနေကြပြီ။ ဘာထွက် ထွက်လုပ်တာလဲကွယ့်”
မောင်သိဒ္ဓိသည် ဘာမှပြန်မပြောဘဲ ရေငုံနှုတ်ပိတ်ငြိမ်သက်နေလေ သည်။ ဆရာတော်ဘုရား၏ရင်ထဲတွင် သံသယတွေရှိကောင်း ရှိနေပေရော့ မည်။ သူ့အနေနှင့် ဆရာတော်ဘုရားကိုအမှန်အတိုင်းမလျှောက်တင်ဝံ့ချေ။ အကြောင်းရင်းမှန်ကို သိရှိသွားပါက ဆရာတော်သည် ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။
“တပည့်တော် ဆင်ခြင်ပါ့မယ် ဘုရား”
“မောင်သိဒ္ဓိ – မင်းအတွက် အားလုံးက စိုးရိမ်ပူပန်နေကြတယ်။ ဒီလိုပဲ မကြာခဏ ညဘက်ကြီး အပြင်ဘက်ကို ထွက်ထွက်သွားတယ်ဆိုတာ အန္တရာယ်ပဲကွယ့်။ ငါ့ကို ခွင့်ပန်ပြီး အဖော်နဲ့ဖြစ်ဖြစ် သွားသင့်တယ် မဟုတ် လား။ ဒီတစ်ခါထွက်ရင် ကပ္ပိယကြီးကို ခေါ်သွားပါ”
မောင်သိဒ္ဓိက ညဉ့်နက်သန်းခေါင် အပြင်သို့ မထွက်တော့ပါဟု ကတိ ပေးခဲ့သော်လည်း ပြောတုန်းခဏသာ ဖြစ်သည်။ မကြာခဏဆိုသလို တစ် ရက်ခြား၊ နှစ်ရက်ခြား ထွက်ထွက်သွားတတ်သည်။ ထိုအခါ ဆရာတော် ဘုရားသည် သင်္ကာယနမကင်း ဖြစ်လာတော့သည်။ သည်တစ်ကြိမ် အပြင် ထွက်ပါက မောင်သိဒ္ဓိနောက်သို့ နောက်ယောင်ခံလိုက်ကြရမည်ဟု သိုသို သိပ်သိပ် မှာကြားထားသည်။
တစ်နေ့တွင် အားလုံးမျှော်လင့်ထားကြသည့်အတိုင်း မောင်သိဒ္ဓိသည် ကျောင်းမှ ညဉ့်ဦးယံတွင် ပျောက်သွားလေသည်။
ကပ္ပိယကြီးနှင့် ကျောင်းနေရဟန်းပျိုနှစ်ယောက်တို့သည် မောင်သိဒ္ဓိ ထွက်သွားရာနောက်သို့ မီးအိမ်များဖြင့် လိုက်လံရှာဖွေကြလေ၏။
ထိုညကည(၇)နာရီခန့်သာရှိသေးသော်လည်းနယ်စွန်နယ်ဖျားအရပ်
ဒေသဖြစ်သည်က တစ်ကြောင်း၊ အေးမြသောဆောင်းရာသီဥတု၏ အစဦး ဖြစ်သည်ကတစ်ကြောင်း၊ တောတောင်ထူထပ်သည်ကတစ်ကြောင်း ညဉ့် နက်နေပြီဟု ထင်စရာဖြစ်သည်။
အေးမြစိုစွတ်သော ဆောင်းလေသည် အပ်ဖျားနှင့် ခန္ဓာကိုယ် အရေ ပြားကို ထိုးဆွသကဲ့သို့ တိုက်ခတ်နေလေသည်။ မိုးစက်ကြွေသကဲ့သို့ နှင်း စက်တွေ ကြွေကျသံတဖြောက်ဖြောက်မြည်သံကိုပင် ကြားနေရသည်။ ပတ်ဝန်းကျင်သည် လရောင်ဖြင့် မလင်းတလင်းရှိ၏။ သစ်ပင်သစ်ရွက်များကြည့်လေရာရာ
ပေါ်မှနှင်းစက်များသည်မိုးစက်များပမာငွေ့ရည်ဖွဲ့နေကြပြီ။ လရောင်နုနုနှင့် နှင်းလွှာသာတည့်။ လေသည် တဖျောဖျောမြည်ကာ တော
သံပေး၍ တိုက်ခတ်လျက်ရှိသည်။
ဟိုးရှေ့ခပ်လှမ်းလှမ်းတွင် မောင်သိဒ္ဓိသည် စောင်းကိုပိုက်ကာ လူ ကောင်း သူကောင်းများထက်ပင် လျင်မြန်သော အဟုန်ဖြင့် ရွေ့လျားနေပေ သည်တကား။ သည်တောသည်တောင်ရေမြေမှာလျှိုမြောင်ခလုတ်တံသင်း
ပေါများရကား သည်လို လရောင် မလင်းတလင်းလိုအချိန်မှာမဆိုထားနှင့်။ နေ့အချိန်မှာပင် သွားရလာရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတတ်သည်။ ယခု မောင်သိဒ္ဓိ၏ လျင်မြန်ရွေ့လျားပုံကား လေအယာဉ်ပေါ်တွင် သစ်ရွက် ကလေးရွေ့လျားကဲ့သို့ပါတကား။
“ကြည့်စမ်းဟေ့ – ဦးပဉ္စင်းတို့။ ထူးဆန်းလိုက်ပါဘိ။ မောင်သိဒ္ဓိလိုမျက် မမြင်တစ်ယောက် အမှောင်ထဲမှာ လျှောက်သွားပုံကို ကြည့်ကြစမ်း” ဦးပဉ္စင်းနှစ်ပါးသည် အံ့ဩတကြီး ငေးကြည့်နေကြပေသည်။
“ဟုတ်ပါရဲ့- ကပ္ပိယကြီး၊ သူ လျှောက်ပုံက မြန်လိုက်တာ။ ခြေဖဝါးနဲ့ မြေပြင်နဲ့မှ ထိမှထိရဲ့လား”
“သေချာပါပြီ – သူ့ကို ပရလောကသားတွေ ခေါ်သွားတယ်ဆိုတာ သေချာပါပြီ”
သူတို့သည် ခေါင်လံဖူးရွာကလေးနှင့် အတန်ဝေးသောနေရာသို့ပင် ရောက်ရှိနေပေပြီ။ ကပ္ပိယကြီးအပါအဝင် ဦးပဉ္စင်းနှစ်ပါးသည် နှင်းတော ထဲမှာပင် ချွေးပြိုက်ပြိုက်ကျနေပြီ။
“ရွာနဲ့ တော်တော်ဝေးလာပြီဟေ့။ ဒါ- သင်္ချိုင်းအစပ်ပဲ။ ပြီးတော့ – ရှေး ဟောင်းသင်္ချိုင်းကြားပဲဟ။ ရှေးဟောင်းသင်္ချိုင်းဆိုတာ ဘိုးဘွားတွေ လက် ထက်ထဲက အဲဒီမှာ မမြှုပ်ကြတော့ဘဲ ဒီအတိုင်းထားတဲ့ သင်္ချိုင်းလေး” ကပ္ပိယကြီးက ရှင်းပြသည်။
“ဒီနေရာတွေကို ကျုပ်တို့ မရောက်ဖူးသေးဘူးဗျို့”
တစ်ယောက်သော ဦးပဉ္စင်းက မောဟိုက်သံဖြင့် ဆိုသည်။ “တချို့ရွာသားတွေ ဒီသင်္ချိုင်းဟောင်းထဲကိုတောင် မဝင်ရဲကြဘူးကြား
ကပ္ပိယကြီးက …
“အခြောက်အလှန့်အားကြီးတယ်ပြောတာပဲ။ ကျုပ်တောင် တစ်ခေါက် နှစ်ခေါက်ပဲ ရောက်ဖူးတယ်။ ကြက်သီးထတာနဲ့ နောက်မဝင်ရဲတော့ဘူး” “ကဲ- အသာနေကြဦး။ ဟိုမှာ ဂူပျက်ကြီးတစ်လုံးပေါ်မှာ ထိုင်ဖို့ ပြင် နေပြီ။ သူ ဘာလုပ်မလဲဆိုတာ ဒီနေရာကပဲ ချောင်းကြည့်ကြစို့” “ဟုတ်တယ် – ကပ္ပိယကြီး။ မီးအိမ်တွေကို ငြှိမ်းလိုက်ကြစို့ရဲ့” သူတို့သည် မီးအိမ်များကို ငြှိမ်းကာ ငြိမ်သက်နေလိုက်ကြသည်။ လရောင်ကား တဖြည်းဖြည်းမြှင့်တက်လာပြီ။ လေတိုက်နှုန်းက မြန်
လာသည်။
“ဟေ့-စောင်းသံကြားရပြီဟေ့။ ထူးဆန်းလိုက်တာကွယ်။ လူမရှိ သူမရှိ မှောင်မည်းပြီး နှင်းတဖွဲဖွဲကျနေတဲ့ထဲမှာ တစ်ယောက်တည်း အကြောက် အလန့်မရှိ စောင်းတီးဝံ့တယ်”
ဝါဂွမ်းစိုင်လို နှင်းပွင့်ကလေးတွေက တဖွဲဖွဲကြွေဆင်းနေကြပေသည်။ မောင်သိဒ္ဓိသည် သင်္ချိုင်းပျက်ကြီးထဲရှိကြီးမားသောအုတ်ဂူဟောင်းကြီးပေါ် တွင် ကျကျနနထိုင်ကာစောင်းပညာကိုလက်ကုန်ထုတ်ကာတီးခတ်နေခြင်း ပင်တည်း။ သူ၏ ဦးခေါင်း၊ ပခုံးနှင့် ခန္ဓာကိုယ်အနှံ့အပြားပေါ်သို့ နှင်းပွင့်တွေ ကတသဲသဲတဖွဲဖွဲကြွေကျနေသည်။
မောင်သိဒ္ဓိသည်ပတ်ဝန်းကျင်၏ဆိုးဝါးပြင်းထန်သောလေဒဏ်မိုးနှင်း ဒဏ်တို့ကိုရှိသည်ဟုပင် ခံစားရပုံမပေါ်။ မြူးကြွသော စစ်ချီတေးကို စတင် တီးခတ်နေပေပြီကော။ သူသည် ဂီတရေယာဉ်ကြောတွင် မျောပါကာ

ဦးခေါင်း၊ ခန္ဓာကိုယ်တစ်ခုလုံး နတ်ဝင်သည်ကဲ့သို့ ယိမ်းထိုးနေကာ သတိ လက်လွတ် ဖြစ်နေသကဲ့သို့ တီးခတ်နေလေတော့သည်တကား။
ကပ္ပိယကြီးနှင့် ဦးပဉ္စင်းများသည် အသက်ပင် မရှူဝံ့ဘဲ ငြိမ်သက် ကြည့်ရှုနေရာမှ ရုတ်တရက် ကပ္ပိယကြီးက …
“ဟာ-ဟိုမှာကြည့်ကြစမ်း။ ဟေ့-ပိုးစုန်းကြူးကလေးတွေ အများကြီး ပဲဟေ့။ ဘယ်ကနေ ထွက်လာကြတယ်လည်း မသိဘူး။ မောင်သိဒ္ဓိရဲ့ပတ် ပတ်လည်မှာ အများကြီးပဲဟ”
“ဟုတ်တယ် – ဟုတ်တယ် – ဂူတွေကြားက ထွက်လာကြတာပဲ။ ထူးဆန်းလိုက်တာ”
ဦးပဉ္စင်းတစ်ပါးက အံ့ဩတကြီး ဝင်ပြောသည်။
“ကြည့်လို့တောင် လှသေးတော့ ကြည့်စမ်း လရောင်မလင်းတလင်း ဟိုဝေးဝေးမှာ နှင်းဖုံးနေတဲ့တောင်ထွတ်။ အစိမ်းရောင်မီးပွင့်မီးစက်ကလေး တွေလို ပိုးစုန်းကြူးကလေးတွေ ရွေ့လျားပျံသန်းနေကြတာ လှလိုက်တာ ပေါ့”
မှန်ပေသည်။ စိမ်းပြာရောင်ပိုးစုန်းကြူးကလေးများသည် မောင်သိဒ္ဓိ၏ စောင်းကြိုးညှိသံ ကြားရကတည်းကပင် ဂူကြိုဂူကြားမှ အလျှိုလျှိုထွက်လာ ကြခြင်း ဖြစ်သည်။ ရာပေါင်းများစွာသော ပိုးစုန်းကြူးကလေးများသည် ဂူ အနှံ့အပြားတွင် ဆီမီးထွန်းညှိထားသကဲ့သို့ တောက်ပနေကြကာ မောင် သိဒ္ဓိ၏ ခန္ဓာကိုယ်ပေါ်တွင်လည်းကောင်း၊ သစ်ပင်ချုံပုတ်၊ ဂူများတွင်လည်း ကောင်းနားသည့်အကောင်ကနား၊ ပျံဝဲနေသည့်အကောင်ကပျဲဝံကာမီးစုန်း သဘင် ကျင်းပဆင်ယင်နေသကဲ့သို့ ရှိသည်။
ရာပေါင်းများစွာသော ပိုးစုန်းကြူးကလေးများသည် စောင်းသံ၏ ဂီတ စည်းချက်နိမ့်မြင့်သံစဉ်အတိုင်း ကခုန်ရွေ့လျားနေကြခြင်းပင်တည်း။ သံစဉ် နှေးလျှင်နှေးသလို၊ မြန်လျှင်မြန်သလိုရွေ့လျားနေကြခြင်းမှာ ကြည့်ရသည် မှာ ထူးဆန်းအံ့ဩဖွယ်ရာပင်ကတား။

ကပ္ပိယကြီးတို့သည် မိမိတို့ လက်ရှိပကတိ အခြေအနေကိုပင် လုံးဝ မေ့လျော့သွားကာဂီတ၏မြူးကြွခက်ထန်သော စစ်သွေးကြွသံစဉ်တွင်းသို့ လည်းကောင်း၊ ပိုးစုန်းကြူးကလေးများ၏ ကကွက်တွင်းသို့လည်းကောင်း စီးပျော်နစ်မျောကာ သတိလက်လွတ် ဖြစ်နေကြပေသည်။
မောင်သိဒ္ဓိသည် သူ့အနားတွင် မည်သူမျှရှိပုံမရ။ သူသည် အသက် ပြင်းပြင်းရှူနေသည်လား။ ပုံမှန် ရှူနေသည်လား။ ဂရုစိုက်ပုံပင် ရဟန်းမတူ သူ၏ အမြင်အာရုံက မမြင်ရခြင်း ဝိညာဉ်တွေကို ကြည့်နေသည်။ စစ်မြင်း ခွာသံများ၊ စည်တော်က တဒိန်းဒိန်း၊ အောင်လံတလူလူ အော်ဟစ်သံများ။ နှင်းပွင့်တွေကတဖွဲဖွဲကြွေကျနေကြသည်။ လေပြည်က ချိုအီလို့။ ဂီတ သံကြောင့် အပြာရောင်ပြာသွယ်ညို့နေသော ကောင်းကင်ပင် ပြိုကျလာ လောက်ပေရဲ့။ ခဏကြာတော့နှင်းစက်များသည်အုတ်ဂူများ ပတ်ပတ်လည် တွင် တဖွဲဖွဲပြိုဆင်းလာပြန်သည်။ သစ်ရွက်သစ်ခက်များသည် ဂီတ၏ ညှို့ မြူရိပ်အောက်တွင် ငြိမ်သက်လျက်။ ကောင်းကင်က ကြယ်တွေပင် ခုန် ဆင်းလာမတတ် ဂီတက ဖမ်းစားလိုက်လေပြီ။
ပထမဦးဆုံး တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သူမှာ ကပ္ပိယကြီး ဖြစ်သည်။
“ဟေး- မောင်သိဒ္ဓိကို ဝိညာဉ်တစ္ဆေတွေ ဖမ်းစားကုန်ပြီ။ တို့ – ကယ်မှ ဖြစ်မယ်”
ကပ္ပိယကြီး၏အသံသည် တစ်တောလုံးဟိန်းဟိန်းညံသွားသည့်အသံ
မျိုးဖြင့်အော်ဟစ်လိုက်ခြင်းဖြစ်ပေရာကခုန်မြူးထူးပျံဝဲနေသောပိုးစုန်းကြူး
ကလေးများသည် အော်သံကြောင့် ရုတ်ခြည်းပျောက်ကွယ်သွားကြလေ သည်။
“ဘုရား – ဘုရား – အံ့ဩစရာပဲ။ ပိုးစုန်းကြူးတွေတစ်ကောင်မှမရှိတော့ ဘူးဟေ့”

ဦးပဉ္စင်းတစ်ပါးက တုန်တုန်ခိုက်ခိုက် လေသံဖြင့် ပြောသည်။ ဒုန်ဒုန် ဒင်ဒင်တီးခတ်နေသော စောင်းသံလည်း လုံးဝတိတ်ဆိတ် ပကတိငြိမ်
သက်။
ကပ္ပိယကြီးသည် တစ်ကိုယ်လုံး နှင်းများဖြင့် စိုစိုရွှဲနေသော မောင်သိဒ္ဓိ ကိုဝင်၍ဖက်လေတော့သည်။ မောင်သိဒ္ဓိသည် ရုတ်တရက်တော့ကြောင်အ သွားရာမှ လက်ထဲမှ စောင်းကောက်ကို ယောင်ယမ်းကာ လွှတ်ချလိုက်မိ သည်။
“ဒုန်း…” “ဂလုံး-ဂလွမ်း”
စောင်းကောက်သည် ဂူထက်မှမြေပြင်ပေါ်သို့ ဒလိမ့်ကောက်ကွေး ပြုတ်ကျသွား၏။ မောင်သိဒ္ဓိသည်အတင်းရုန်းကန်သည်။ နှုတ်မှလည်း ဗလုံး ဗထွေး အော်ဟစ်လေသည်။
“ဘယ်သူလဲကွ – စစ်သူကြီး သတိုးမင်းညိုနဲ့ တပ်မှူးတွေ၊ ရဲမက်စစ် သည်တွေကိုစစ်သွေးကြွသီချင်းတွေနဲ့ ဖျော်ဖြေနေတာကိုနှောင့်ယှက်တာ ဘယ်သူလဲဟေ့ – တပ်မှူးတို့။ ရဲမက်တို့ ဒီမိစ္ဆာကောင်တွေ၊ နှောင့်ယှက်သူ တွေကိုဝင်ပြီးဖမ်းဆီးပါတော့လား”
ကပ္ပိယကြီးနှင့် ဦးပဉ္စင်းနှစ်ပါးသည် မောင်သိဒ္ဓိကို ဝင်၍ ချုပ်နှောင်ဖမ်း ဆီးလေသည်။
“ဖယ်စမ်း – ဖယ်ကြစမ်း။ ဘယ်သူတွေလဲဟေ့။ ရဲမက်တွေ၊ တပ်မှူးတွေ ဖမ်းကြပါတော့လား။ ဒီလို နှောင့်ယှက်တာ ကောင်းသလား။ သည်းမခံနိုင် ဘူးဟေ့”
မောင်သိဒ္ဓိသည်အသိစိတ်ကင်းမဲ့နေသော သူရူးတစ်ယောက်လိုအော် ဟစ်ရုန်းကန်နေ၏။ ကပ္ပိယကြီးနှင့် ဦးပဉ္စင်းနှစ်ပါးကိုလည်း မှတ်မိပုံမပေါ်။ ပတ်ဝန်းကျင်အခြေအနေကိုလည်း သတိရပုံမရ။

“ဟဲ့-မောင်သိဒ္ဓိ-ငါတို့ပါဟ။ မင်းကို မကောင်းဆိုးဝါး နာနာဘာဝတွေ ပူးကပ်နေပြီ။ သတိထား – သတိထားစမ်းဟဲ့”
“ဘာ- နာနာဘာဝတွေလဲ။ ဘာသရဲတစ္ဆေ မကောင်းဆိုးဝါးလဲ။ ဖယ် ကြစမ်း – ခင်ဗျားတို့နှောင့်ယှက်တာနဲ့ စစ်သူကြီးတွေကော၊ ရဲမက်တွေကော မရှိတော့ဘူး။ ဘယ်ရောက်ကုန်ပြီလဲဟေ့”
ကပ္ပိယကြီးသည် မောင်သိဒ္ဓိကို မလွတ်တမ်း ဖက်တွယ်ချုပ်ကိုင်ထား သည်။ ဦးပဉ္စင်းနှစ်ပါးကပါ ဝင်ရောက်ချုပ်ကိုင်ထားရသည်။

“မောင်သိဒ္ဓိ – မောင်သိဒ္ဓိ- သတိထားစမ်းဟဲ့။ သတိထားစမ်း – မင်းကို ဆရာတော်ဘုရား လိုက်ရှာခိုင်းလို့ တို့ လိုက်ရှာလို့ ဒီသင်္ချိုင်းဂူဟောင်းမှာ တွေ့ရတာ ငြိမ်ငြိမ်နေစမ်း”
“ဟင် – ခင်ဗျာ”
ထိုအခါမှ မောင်သိဒ္ဓိသည် အသိစိတ်ဝင်လာကာ ရုန်းကန်မှုမပြုတော့ ဘဲ ငြိမ်သက်သွားလေတော့သည်။ ဦးပဉ္စင်းနှစ်ပါးသည်ရယ်ရမလို၊ ငိုရမလို ဖြစ်ကာ လဲကျနေသော စောင်းကောက်ကို တစ်ပါးကဆွဲယူသည်။ မောင် သိဒ္ဓိမှာ အနည်းငယ်ငြိမ်သက်သွားသော်လည်း မကောင်းဆိုးဝါး ပူးကပ် သကဲ့သို့ ကြောင်တောင်တောင်ဖြစ်နေသေးသည်။ ရုန်းချင်ကန်ချင်ဖြစ်နေ သေးသည်။
“ကဲ – ငြိမ်ငြိမ်ဆိမ်ဆိမ်လိုက်ခဲ့တော့။ ဆရာတော်ဘုရားကျောင်းက စောင့်နေပြီ။ နှစ်ဖက်ညှပ်တွဲကာ ဘုန်းကြီးကျောင်းသို့ ခေါ်ဆောင်လာ
လေ၏။
“မောင်သိဒ္ဓိ”
ဆရာတော်၏ ညင်သာစွာခေါ်လိုက်သောအသံ၊ ဆရာတော်၏အသံ သည် စိုးရိမ်စိတ်ကဲနေပုံရသည်။
“တင်ပါ့ ဘုရား”
“မောင်သိဒ္ဓိရဲ့အိပ်ရာထဲက ပစ္စည်းတစ်ခု တွေ့တယ်”
သူ့ရင်ထဲမှာ ဖြန်းခနဲ တုန်လှုပ်သွားသည်။
“ရွှေဖလားတစ်လုံး”
သူ ငြိမ်သက်နေမိသည်။ ခေါင်းကို ငုံ့ထားသည်။ ရင်ထဲမှာ တလှပ်လှပ်
ဖြစ်နေသည်။
“မင်းကိုဆရာတော်အပြစ်တင်နေတာမဟုတ်ဘူးကွယ်။ ဖြစ်စဉ်တွေက
ဒီလိုလေ”

ဆရာတော်သည် တည်ငြိမ်အေးချမ်းသောလေသံဖြင့် ညစဉ် ပျောက် ပျောက်သွားတတ်သည့် မောင်သိဒ္ဓိ၏အခြေအနေ၊ ထူးခြားနေသော အမူ အရာ၊ ပတ္တမြား (၂၄)လုံးစီခြယ်ထားသည့်ရွှေစင်ရွှေသားရွှေဖလားတစ်လုံး တွေ့ရှိပုံထိ ရှင်းပြလိုက်သည်။
“တပည့်တော် ဘာပြောရမှန်း မသိပါဘူး ဘုရား။ သူတို့ကို ကြောက်ရွံ့ ထိတ်လန့်ရာကနေ မငြင်းနိုင်ဘဲ လိုက်လျောမိရာကနေ ကိုယ်ရောစိတ်ပါ ကျွံဝင်သွားရတာပါဘုရား။ တပည့်တော်ကို ခွင့်လွှတ်တော်မူပါ ဘုရား” ဆရာတော်သည် ဦးခေါင်းတစ်ချက် ညိတ်လိုက်ပြီး လက်ထဲမှာ ကိုင် ထားသည့် ရွှေဖလားကို စားပွဲပေါ်တင်လိုက်၏။
“လူသားဘဝနဲ့ ပရလောကသားတွေဟာ ဘဝချင်း ခြားနားနေပါပြီ။ မောင်သိဒ္ဓိ – မတူညီတဲ့ဘဝနှစ်ခုကို ရေရှည်လက်တွဲဆက်ဆံလို့ မဖြစ်ဘူး လေ။ ကြာရင် မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်။ သူတို့က ကမ္ပ ဇိဒ္ဓိတန်ခိုးရှိသူတွေ။ သူတို့ ကျေနပ်နေရင် ကြည်ဖြူနေရင် ပြဿနာမရှိနိုင် ပေမယ့် သူတို့ ငြိုငြင်ရင် အသက်ပါ ပါသွားနိုင်တယ်။ အန္တရာယ်ရှိပါတယ် မောင်သိဒ္ဓိ။ သူတို့ကို မေတ္တာရပ်ခံ။ မေတ္တာပို့ပြီး ဒီအဆက်အသွယ်ဖြတ်တာ တော့ အကောင်းဆုံးလို့ထင်တယ်-မောင်သိဒ္ဓိ”
“တင်ပါ့ – ဆရာတော်ဘုရား။ သူတို့ကို မေတ္တာပို့ပြီး အဆက်အသွယ် ဖြတ်နိုင်အောင် ကြိုးစားပါ့မယ်။ တပည့်တော်ကို ကယ်မတော်မူပါဘုရား။ သူတို့နဲ့ ဝေးအောင် ကူညီစောင်မတော်မူပါ ဘုရား”
မောင်သိဒ္ဓိသည် စကားပြောနေရင်း တရှုပ်ရှုပ်ငိုကြွေးနေလေသည်။ “စိတ်ချပါ – မောင်သိဒ္ဓိ၊ မေတ္တာသာအဓိကပါ။ သူတို့ကိုမေတ္တာပို့ရမယ်။ ပြီးရင် – ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ရမယ်ကွယ်။ သေဆုံးပြီးသူတွေရဲ့ ဝိညာဉ်တွေဟာ သင့်ကို ခေါ်ယူပြီးဖျော်ဖြေခိုင်းတာကတော့ သင် ရုန်းထွက် နိုင်အောင် ကြိုးစားပါ – မောင်သိဒ္ဓိ။ စိတ်ရဲ့စွဲလမ်းမှု စိတ်ကူးယဉ်သက်သက်

တွေကိုတော့ ဖျောက်ဖျက်ဖို့ လိုတယ် မဟုတ်လား။ နောက်တစ်ခါ ပရ လောကသား ဝိညာဉ်တွေ လာမခေါ်နိုင်အောင် မောင်သိဒ္ဓိရဲ့ ခန္ဓာကိုယ်ပေါ် မှာ မြတ်စွာဘုရားရဲ့ဒေသနာတော်တွေ၊ ပရိတ်တွေကို ရေးခြယ်ပေးရမယ်။ ဂါထာတွေ ထုံမွှမ်းထားရမယ်- ဟုတ်ပြီလား”
“တင်ပါ့ဘုရား – တပည့်တော်ကို ကယ်တော်မူပါဘုရား”
နောက်တစ်နေ့နံနက်တွင် ဆရာတော်ဘုရားသည် မောင်သိဒ္ဓိကို ခေါ် ကာ မြတ်စွာဘုရားရှင်၏ ရှေ့တော်မှောက်ဘုရားကျောင်းဆောင်ရှေ့တွင် အပေါ်အင်္ကျီကို ချွတ်စေသည်။ ထို့နောက် ခန္ဓာကိုယ်အနှံ့ (၂၄) ပစ္စည်း၊ သမ္ဗုဒ္ဓေဂါထာစသည်တို့ကို ခန္ဓာကိုယ်အနှံ့အပြားနေရာလပ်မကျန်ရအောင် ဂါထာတော်များ မင်ဖြင့်ရေးခြယ်ခြင်း၊ ပရိတ်ရေဆွတ်ဖျန်းခြင်းစသည်တို့ကို စီရင်ဖန်တီးပေးလေသည်။ အန္တရာယ်ကင်း ဂါထာတော်များကိုလည်း ကျောင်း၏ ပတ်ပတ်လည်တွင် ရွတ်ဆိုစေလေသည်။
“မောင်မင်း – မောင်သိဒ္ဓိ၊ ညဦးယံမှာ ခါတိုင်းလို သူတို့လာခေါ်ရင် ငြိမ် ငြိမ်ကလေးထိုင်နေ – မလှုပ်ရှားနဲ့။ သိလား။ အသက်တောင် ပြင်းပြင်းမရှူနဲ့။ တုပ်တုပ်မျှမလှုပ်နဲ့ကွဲ့နော်။ ဒါ – အရေးကြီးတယ်။ ဘာမှမကြောက်နဲ့။ ဂါထာ တွေထုံမွှမ်းထားပြီးသား။ ကယ်ပါလို့လည်း မအော်နဲ့။ မောင်မင်းအသံကြား တာနဲ့ သူတို့တစ်ခုခု လုပ်လိမ့်မယ်။ အသက်အန္တရာယ် စိုးရိမ်ရတယ်။ အဲဒီ အချက်ကို သတိထားပေတော့- မောင်သိဒ္ဓိ”
“တင်ပါ့ – ဘုရား၊ တပည့်တော်- သတိထားနေပါ့မယ်”

ညဦးယံသို့ ရောက်လာသည်။ လသည် ထိန်ထိန်သာစ ပြုလာသည်။ မောင်သိဒ္ဓိသည် သတိဝီရိယဖြင့် အခန်းတွင်းတွင် မလှုပ်မယှက်ထိုင်နေ လေသည်။ ပတ်ဝန်းကျင်သည် တိတ်ဆိတ်စပြုလာသည်။ ပတ်ဝန်းကျင် သည် နှင်းစက်တဖျောက်ဖျောက်ကြွေသံ၊ သစ်ရွက်ကိုလေတိုးသံမှလွဲ၍ ပတ်ဝန်းကျင်သည် တိတ်ဆိတ်နေသည်။
မောင်သိဒ္ဓိသည် ရုတ်တရက် ခံတွင်းချဉ်လာသဖြင့် ရေသောက်ရန် နေရာမှ ထလိုက်စဉ်မှာပင် ရွာထဲမှ ခွေးတစ်ကောင်၏ သံရှည်ဆွဲကာ အူလိုက်သံကိုကြားလိုက်ရသည်။ ပထမခွေးတစ်ကောင်၏အူသံမဆုံးမီမှာ ပင် နောက်ထပ်ခွေးတစ်ကောင်၏အူသံက ဆက်တိုက်ထွက်ပေါ်လာ၏။ သူသည် ထိုင်နေရာမှပြန်၍ ထိုင်လိုက်မိသည်။ သူ့စိတ်ထဲက လေးလံ ဖိစီးမှုတစ်ခုသည် တမြည့်မြည့်လောင်ကျွမ်းစပြုလာသည်။
ဘုန်းကြီးကျောင်း၏ ခြံဝတွင် ကျောင်းနေကိုရင်တစ်ပါး တည်ခဲ့သော ထင်းမီးဖိုတစ်ခုသည် မီးတောက်လောင်နေတုန်းပင်။ မီးခိုးများသည် အလိပ် လိုက် အလိပ်လိုက်ဖြင့် ကောင်းကင်သို့ ပျင်းရိလေးတွဲ့စွာ လွင့်ပါးလျက်ရှိ သည်။ မီးညွန့်ဝါဝါများသည် တဖျတ်ဖျတ်လွင့်ပျံနေကာ ဝိညာဉ်ဝါတွေ ကခုန်နေသကဲ့သို့ ထင်မှတ်ရသည်။ တစ္ဆေတစ်ကောင် ငိုညည်းနေသလို ထင်းအစိုတစ်ချောင်းက တဖျစ်ဖျစ်မြည်ကာ ခြောက်လှန့်နေသလို ရှိ
သည်။
မောင်သိဒ္ဓိ၏ရင်သည်တဖျတ်ဖျတ်ခုန်စပြုလာသည်။ ထိုစဉ်ခွေးအူသံ တစ်ချက်ကြားလိုက်ရပြီး ကျောင်းဝင်းထဲသို့ ပြင်းထန်သောခြေသံတစ်စုံက ရွေ့လျားလာသည်။ ခြေသံသည် တဖြည်းဖြည်းဖြင့် မောင်သိဒ္ဓိနေသော အဆောင်ကလေးသို့ တိုးကပ်လာသည်။ ပိတ်ထားသော နောက်ဖေးတံခါး ကိုတိုးဖြတ်ဝင်လာသံ၊ ခြေသံသည် မောင်သိဒ္ဓိအနီးတွင် ရပ်တန့်နေသည်။ သူသည် အသက်ပင် မရှူတော့ဘဲ အောင့်အည်းထားကာ မလှုပ်မယှက် ငြိမ်နေသည်။

“မောင်သိဒ္ဓိ”
လာနေကျ စစ်ကဲတော် တပ်မှူးကြီး၏ မာကျောသောလေသံ၊ မောင် သိဒ္ဓိသည်ပြန်မထူး။ ငြိမ်သက်နေသည်။ ခြေဖျားလက်ဖျားတွေအေးစက်လာ
၏။
“မောင်သိဒ္ဓိ”
အလိုမကျသော လေသံ၊ အသံသည် မာကျောပြင်းထန်လာသည်။ မောင်သိဒ္ဓိသည် ကျောက်တုံးတစ်တုံးကဲ့သို့ မလှုပ်မယှက်ငြိမ်သက် နေသည်။ ဖြုတ်ကိုက် ခြင်ကိုက်သော်မှ မလှုပ်ရဲပေ။ ထိုအခါ မကျေမနပ် အလိုမကျဟန် ညည်းညူသံတစ်ချက် ပေါ်လာလေသည်။ ပြင်းထန်သော အသက်ရှူသံ အဆုံးတွင် …
“တောက်”
သူ့ရင်ထဲမှာ သွေးတွေဆူပွက်သွားသည်။ စစ်ကဲတော်တပ်မှူးကြီး၏ တောက်ခတ်သံနှင့်အတူ အသက်ရှူသံကဒေါမာန်ထနေသောနွားသိုးတစ် ကောင်၏ နှာမှုတ်သံလို ကျယ်လောင်မြည်ဟိန်းသွားခဲ့ပေသည်။ “ဟေ့-မောင်သိဒ္ဓိ”
သူသည် အသက်မရှူတော့ဘဲ အသက်အောင့်ထားလိုက်မိသည်။ “အော် – အော် – ကြည့်စမ်း – ကြည့်စမ်း – ပြန်မထူးဘူးပေါ့လေ ဟုတ် လား။ ဒီလို ပမာမခန့်ငြိမ်နေလို့ ဘယ်ရမလဲကွယ်။ ကျွန်ုပ်အကြောင်း ပြရ သေးတာပေါ့”
ခြေသံပြင်းပြင်းသည် အခန်းကျဉ်းကျဉ်းကလေးထဲတွင် ဟိုသည်ရွေ့ လျားနေပေတော့သည်။ မောင်သိဒ္ဓိရှိမည်ထင်သောနေရာတွေကိုဝင်ထွက် ရှာဖွေနေပုံရသည်။ သူ့ကိုမမြင်၍ ဒေါသထွက်နေပုံရသည်။ မောင်သိဒ္ဓိ၏
ခန္ဓာကိုယ်တစ်ခုလုံးတွင်ဂါထာမန္တန်များစီရင်ထားသဖြင့်မန္တန်တန်ခိုးကြောင့် ပျောက်ကွယ်နေခြင်း ဖြစ်ပေသည်တကား။
ပစ္စည်းတွေကိုလှန်လှောရှာဖွေနေဟန်တူသည်။ ဒုန်းဒုန်းဒိုင်းဒိုင်းအသံ
တွေ ဆူညံနေသည်။ ခဏကြာလျှင်မောင်သိဒ္ဓိ၏အနားသို့ကပ်၍အော်ဟစ်

လိုက်သံသည် မိုးထစ်ချုန်းသကဲ့သို့ ထွက်ပေါ်လာသည်။ ခန္ဓာကိုယ်သည် ဆတ်ခနဲ တုန်လှုပ်သွားသည်။
“ဟင်း-ဟင်း-ဟင်း – တွေ့ပြီ။ ဒင်းက ငါတို့ကို ဖျော်ဖြေနေကျ စောင်း ကောက်က ဒီမှာရောက်နေတာကိုး။ ဒါပေမဲ့- စောင်းကောက်တီးတဲ့ မောင် သိဒ္ဓိရဲ့ ခန္ဓာကိုယ် ပျောက်နေတယ်။ သင်း ဘယ်ရောက်နေတာလဲ။ ဧကန္တ ပုန်းနေတာပဲ ဖြစ်ရမယ်။ အော် – အင်း- တွေ့ ကြသေးတာပေါ့ကွယ်။ ကျွန်ုပ်က စစ်ပွဲကြီးတစ်ခုလုံးကို ကွပ်ကဲလာတာပဲကွယ် အော်- ဒါက ဘယ် လိုဖြစ်တာလဲ။ လူတစ်ကိုယ်လုံး မမြင်ရပေမဲ့ နားရွက်နှစ်ဖက်ကို မြင်နေရ ပါလား။ အော်- သနားစရာမျက်မမြင်ကလေးပါလား။ သူ့မှာ ပါးစပ်မရှိတော့ တာကြောင့် ကျွန်ုပ် ခေါ်တာကို မကြားနိုင် ဖြစ်နေတာကိုး။ နေပါစေတော့ လေ- စစ်သူကြီး အမိန့်ပေးလိုက်တဲ့အတိုင်းပဲ ဆောင်ရွက်တယ်ဆိုတာ တာဝန်ကိုကျေပြွန်တယ်ဆိုတာ သိရအောင် သက်သေသာဓကပြတဲ့အနေ နဲ့ နားရွက်နှစ်ဖက်ကိုပဲ ယူသွားတာ့မယ်။ သက်သေက ဒါပဲ ရှိတာကိုး”
စကားဆုံးလျှင်ဆုံးခြင်း မောင်သိဒ္ဓိ၏ နားရွက်နှစ်ဖက်သည် ဓားထက် ထက်ဖြင့် ဖြတ်လှီးခံလိုက်ရသကဲ့သို့ ပြတ်ထွက်သွားလေသည်။ နာကျင် လွန်းလှရကား မအောင့်အည်းနိုင်ရှာဘဲ အံကြိတ်ခံနေရလိုက်သည်။ နှလုံး သွေး ရပ်တန့်သွားသလိုလို တွင်းနက်ကြီးထဲ ဇောက်ထိုးကျသွားသလိုလို မွန်းကျပ်ဆို့နင့်စွာ ခံစားလိုက်ရခြင်း ဖြစ်သည်။ ရုတ်တရက် အသက်ရှူရပ် သွားသလို နာကျင်စွာခံစားရခြင်းပင် ဖြစ်သည်။
ထို့နောက် ပြင်းထန်သောခြေသံသည်တဖြည်းဖြည်းဝေး၍ဝေး၍သွား တော့သည်တကား။ နားရွက်နှစ်ဖက်မှ သွေးစေးများသည် ပခုံးမှတဆင့် ပေါင်ပေါ်သို့ တစ်ပေါက်ချင်းတစ်ပေါက်ချင်း ကျနေလေသည်။ သို့တိုင် အောင် အသက်ကို ပြင်းပြင်းမရှူရဲသေး။ မလှုပ်ရှားရဲသေးပေ။
နောက်ဆုံးမှ မောင်သိဒ္ဓိသည် သတိလစ်ကာ လဲပြိုကျသွားသည်။

ကပ္ပိယကြီးနှင့် ဦးပဉ္စင်းများသည် ဒဏ်ရာပြင်းထန်စွာဖြင့် သတိလစ် လဲကျနေသောမောင်သိဒ္ဓိကိုကျောင်းပေါ်သို့ခေါ်လာသည်။
မောင်သိဒ္ဓိသည်
နားရွက်နှစ်ဖက်စလုံး အရင်းမှပြတ်ထွက်သွားကာ သွေးအလိမ်းလိမ်းဖြစ်နေ သည်။ သွေးစေးတွေကတော့ ခြောက်သွေ့နေပြီ ဖြစ်သည်။ “မီးအိမ်ထွန်း – မီးအိမ်ထွန်းစမ်း”
ဆရာတော်ကြီး၏ စိုးရိမ်တကြီးပြောသံအဆုံးတွင် မီးအိမ်တွေ လင်း လက်လာကြသည်။ ထိုအချိန်တွင်မောင်သိဒ္ဓိမှာ တအင်းအင်း ညည်းညူကာ သတိရလာပြီဖြစ်သည်။ ထို့နောက် ညကဖြစ်စဉ်ကို တိုင်တည်ပြောဆို လျှောက်ထားလိုက်မိသည်။
သည်။
ဆရာတော်သည် ကရုဏာသက်စွာဖြင့် အောက်ပါအတိုင်း မိန့်ကြား
“အို – ဖြစ်ရလေကွယ်။ ဒါ – ကျုပ်အပြစ်ပါ။ ကျုပ်သတိလက်လွတ်ဖြစ် သွားတာပါ။ ဂါထာမန္တန်တွေနဲ့ ရွတ်ဖတ်သရဇ္ဈယ်တဲ့အခါ အန္တရာယ်ကင်း ဆေးဝါးတွေ စီရင်တဲ့အခါ တစ်ကိုယ်လုံးကို စီရင်ခဲ့တာပဲကွယ်။ ဒါပေမဲ့- နားရွက်နှစ်ဖက် ကျန်ရစ်သွားတယ်။ နားရွက်နှစ်ဖက်ကို မစီရင်ခဲ့မိဘူး။ ဒါကြောင့်လာခေါ်တဲ့ပရလောကသားကနားရွက်နှစ်ဖက်ကိုပဲမြင်သွားတော့ ဖြတ်ယူသွားတာကိုး။ ဖြစ်ရလေကွယ် – ဖြစ်သမျှအကြောင်း အကောင်းချည်း ပဲပေါ့ကွယ်။ နောက်ဆို သူတို့လာမခေါ်တော့ပါဘူး။ ဒါတော့ စိတ်ချပါကွယ် လောလောဆယ်တော့မောင်သိဒ္ဓိရဲ့ဝေဒနာအမြန်ပျောက်ကင်းဖို့ဆေးကုသ ဖို့လိုတယ်ကွယ့်။ မနက်ဖြန်ဆို တိဗက်က ဆေးမြစ်ရှာတဲ့အဖွဲ့လာလိမ့်မယ်။ သမားတော်တွေပါ ပါလာလိမ့်မယ်။ သူတို့မှာ ဆေးစွမ်းကောင်းတွေ ပါလာ တတ်တယ်။ သူတို့ ကုသပေးလိမ့်မယ်။ နောက်ကို ပရလောကသားတွေ မောင်သိဒ္ဓိကို မနှောင့်ယှက်တော့ပါဘူးကွယ်။

Zawgyi Version

မ်က္မျမင္ေစာင္းသမား(စ/ဆုံး)
————————————–
ဒီဇာတ္လမ္းကိုေရးဖို႔ ႀကိဳးစားခ်ိန္မွာ တျခားတိုင္းျပည္က ဇာတ္လမ္း တစ္ပုဒ္နဲ႔ သြားၿပီးတိုက္ဆိုင္ေနတာ ေတြ႕ရလို႔ ေရးဖို႔ မေရးဖို႔ စဥ္းစားရတာ တင္ ေတာ္ေတာ္ၾကာပါတယ္။ ဘာသာျပန္သူကေတာ့ ဆရာႀကီး ပါရဂူ ျဖစ္ ပါတယ္။ ဆရာႀကီးဟာ ဂ်ပန္ပုံဝတၳဳျဖစ္တဲ့ The Story of Mimi-Nashi- Hoichi by Lafcadio Hearn ရဲ႕ ဝတၳဳကို ျမန္မာလိုျပန္ခဲ့တဲ့ ဝတၳဳပါ။ ဒီ ဇာတ္လမ္းကကြၽန္ေတာ္ေဖာ္ျပမယ့္ခုဝတၳဳနဲ႔တိုက္ဆိုင္တာေတြမ်ားပါတယ္။
ဒီေတာ့ ဒီဆရာႀကီးရဲ႕ဘာသာျပန္ဝတၳဳကို မွီျငမ္းတယ္လို႔ဆိုရင္လည္း ဆိုပါ၊ တိုက္ဆိုင္မႈျဖစ္တယ္ဆိုရင္လည္းဆိုပါ။ ႐ိုးသားစြာနဲ႔ ေဖာ္ျပဝန္ခံပါတယ္။ ဒီဇာတ္လမ္းမွာပါတဲ့ေမာင္သိဒၶိဆိုတဲ့လူငယ္ကေလးဟာေမြးကတည္း
က မ်က္စိ မျမင္ရွာပါဘူး။ သူ႔ကို သကၠရာဇ္ – ၁၈၉ဝ ေလာက္မွာ ျမန္မာျပည္ အေရွ႕ေျမာက္ဘက္ တ႐ုတ္ – ျမန္မာနယ္စပ္ရဲ႕ ေခါင္လံဖူးနဲ႔ ဖီေဇာဆိုတဲ့ ႐ြာ ကေလးမွာ ေမြးတာပါ။ သူ႔ရဲ႕ မိဘဘိုးဘြား အဆက္ႏြယ္ေတြက အဲဒီ႐ြာ ႏွစ္႐ြာမွာရွိတဲ့အတြက္ သူဟာ ႏွစ္႐ြာလုံးနဲ႔ ဆက္သြယ္မႈရွိၿပီး ရင္းႏွီးခဲ့တယ္။ ႐ြာကေလးဟာ တစ္ႏွစ္ပတ္လုံး ေအးျမၿပီး ႏွင္းခြဲေတြ၊ ေရခဲေတာင္ေတြနဲ႔ ပတ္ပတ္လည္ ဝန္းရံေနၿပီး ေနေရာင္ျခည္ဆိုတာ မျမင္ရတဲ့႐ြာကေလး ေပါ့။ ေႏြရာသီကာလေလာက္ မွာပဲ ေနကို ျမင္ရတဲ့ ေနရာကေလးပါ။ ေတာ ေတာင္ထူထပ္ၿပီး သားရဲတိရစာၦန္ေတြကလည္း ေပါမွေပါ။ အခ်ိန္ကေတာ့ အဂၤလိပ္အစိုးရက ျမန္မာျပည္ကို သိမ္းယူၿပီးခါစလို႔ ဆိုရပါမယ္။ တိုင္းရင္း သားေတြကေတာ့ ကခ်င္၊ ျမန္မာ၊ မြန္ စသည္ျဖင့္ ခ်စ္ခင္ရင္းႏွီးစြာ ေနထိုင္ ၾကတဲ့ ႐ြာကေလး။
ေမာင္သိဒၶိဟာ ေမြးရာပါ မ်က္မျမင္ျဖစ္ေပမယ့္ သူဟာ ဘဝကို လြယ္ လြယ္ကူကူ အရႈံးေပးတတ္တဲ့ လူငယ္မဟုတ္ပါဘူး။ သူဟာ ဂီတပညာကို တစ္ဖက္ကမ္းခတ္တဲ့အထိ တတ္ေျမာက္ခဲ့တယ္။ စကၡဳအာ႐ုံ၊ ေသာတ အာ႐ုံခ်ိဳ႕တဲ့သူေတြဟာ တစ္ေနရာရာမွာ သာမန္လူေတြထက္ တစ္ခုခုမွာ ကြၽမ္းက်င္ထူးခြၽန္ေျပာင္ေျမာက္တတ္ပါတယ္။

သူဟာ ဂီတမွာ ေစာင္းပညာကို ထုံးလိုေခ်၊ ေရလိုေႏွာက္ တတ္ကြၽမ္း ခဲ့တာ ဆယ့္ငါးႏွစ္သားေလာက္ကတည္းကပါ။ ခုဆိုရင္ အသက္ႏွစ္ဆယ္ ရွိၿပီ။
သူဟာ ႐ြာထဲမွာ ေရာဂါသည္မိခင္အိုႀကီးနဲ႔ ေနထိုင္ၿပီး မိခင္အိုႀကီးကို သူ တတ္ကြၽမ္းတဲ့ ဂီတနဲ႔ေဖ်ာ္ေျဖၿပီး ျပဳစုေကြၽးေမြးခဲ့တာပါ။ နီးစပ္ရာ ေက်း ႐ြာကေလးမွာ ရွင္ျပဳပြဲ၊ အလႉပြဲ၊ မဂၤလာပြဲ၊ ႐ိုးရာဓေလ့ေကာက္သစ္စားပြဲ စသည္ေတြမွာ လွည့္လည္ေဖ်ာ္ေျဖရလို႔ ရရွိလာတဲ့ ဆုေၾကးေတြနဲ႔ သူဟာ မိခင္ႀကီးကို လိုေလေသးမရွိေအာင္ ျပဳစုထားႏိုင္ခဲ့တဲ့ သားလိမၼာတစ္ ေယာက္ပါ။ ဒုကၡိတလည္းျဖစ္ေတာ့ တစ္႐ြာလုံး၊ တစ္နယ္လုံးက ခ်စ္ခင္ သနားၾကတယ္။ လူငယ္ကေလးက အသားျဖဴျဖဴ ႐ုပ္ရည္သန႔္သန႔္ပါ။
႐ြာဦးေက်ာင္း ဆရာေတာ္နဲ႔ဆို ေမာင္သိဒၶိက ဘေဒြးေလးေတာ္မွာေပါ့ ေနာ္။ သူ႔အေမနဲ႔ ႐ြာဦးဆရာေတာ္နဲ႔ဆိုေမာင္ႏွမေတာ္တယ္။ ဆရာေတာ္က အႀကီး၊ အေမကေတာ့ အငယ္ေပါ့။
တစ္ေန႔ေတာ့ ေမာင္သိဒၶိအဖို႔ ကံဆိုးမိုးေမွာင္က်တဲ့ေန႔ကို ေရာက္လာ ပါတယ္။ သူ႔မိခင္အိုႀကီးဟာ ျပင္းထန္လွတဲ့ ေဆာင္းရာသီတစ္ရက္မွာ ရင္ၾကပ္ေရာဂါနဲ႔ ကြယ္လြန္သြားရွာေတာ့ သူဟာ ေလာကႀကီးအလယ္မွာ တစ္ေယာက္တည္း အထီးက်န္ဘဝနဲ႔ က်န္ရစ္ခဲ့ေတာ့တယ္။
ဒီေတာ့ ဘေဒြးေလးျဖစ္တဲ့ ဆရာေတာ္ကမျဖစ္ေခ်ဘူးဆိုၿပီးေမာင္သိဒၶိ ကို ေက်ာင္းကို ေခၚထားေတာ့တယ္။
႐ြာဦးေက်ာင္းဆိုတာအက်ယ္ႀကီးပါ။ သူ႔ကိုေက်ာင္းေဘးမွာအေဆာင္ ကေလးတစ္ခုေဆာက္ၿပီးထားတယ္။ တတ္ႏိုင္တဲ့ဘက္က သံဃာေဝယ်ာ ဝစၥလုပ္ေပါ့။ သူဟာ မ်က္စိမျမင္တာကလြဲၿပီး လူေကာင္းတစ္ေယာက္နဲ႔ မျခား စြမ္းေဆာင္ရည္ ထူးျခားလွပါတယ္။ ထူးျခားတဲ့ ပါရမီရွင္ေပါ့။ မိခင္ႀကီးကြယ္လြန္သြားၿပီးတဲ့ေနာက္မွာ ေစာင္းပညာကိုပိုၿပီးေလ့လာ တီထြင္ဆန္းသစ္ခြင့္ ေတြ႕ရေတာ့တယ္။ သူဟာ ေစာင္းႀကိဳးကို ပုံစံအမ်ိဳးမ်ိဳး

နဲ႔ ညႇိၿပီးတီးခတ္တာ ေစာင္းသံဟာ စႏၵရားသံ၊ ဘင္ဂ်ိဳသံ၊ ပုေလြသံ၊ ဗ်ပ္ ေစာင္းသံ စသည္ စသည္ျဖင့္တုပၿပီး လက္သံေျမာက္စြာ တီးခတ္ႏိုင္တဲ့ အျပင္ ကေလးငိုသံ၊ ရယ္သံ၊ ေက်းငွက္သံ၊ သစ္႐ြက္ေႂကြက်သံ၊ ႏွင္းေတာင္ ၿပိဳသံ၊ ႏွင္းစက္တေျဖာက္ေျဖာက္က်သံ၊ က်ားဟိန္းသံ၊ ဆင္ေအာ္သံစသည္ စသည္ျဖင့္ သဘာဝနဲ႔မျခား တုပတီးခတ္ႏိုင္တယ္ေလ။
ၿပီးေတာ့ ဒီေဒသက တ႐ုတ္နယ္စပ္နဲ႔ နီးကပ္တယ္။ လြန္ခဲ့တဲ့ ႏွစ္ရာစု ေပါင္းမ်ားစြာက တ႐ုတ္က်ဴးေက်ာ္စစ္ကို ေအာင္ျမင္စြာ ေက်ာ္ျဖတ္ႏိုင္ခဲ့တဲ့ ဘူမိနက္သန္ေအာင္ေျမလည္းဆိုရင္ မမွားပါဘူး။ က်ဴးေက်ာ္စစ္သုံးပြဲလုံး ျမန္မာျပည္ အေရွ႕ေျမာက္ဘက္ကေန စခဲ့ၾကတာခ်ည္းပဲ။
ေမာင္သိဒၶိဟာ မိဘဘိုးဘြားေတြ စဥ္ဆက္ေျပာဆိုခဲ့တဲ့ ကခ်င္႐ိုးရာ ပုံျပင္ေတြ၊ လူနဲ႔ ႏွင္းျခေသၤ့၊ ႏွင္းက်ားသစ္နဲ႔ ရင္ဆိုင္တိုက္ပြဲေတြ ၿပီးေတာ့ တိဗက္လားမားေတြအေၾကာင္း၊ က်ဴးေက်ာ္စစ္ကို ဆင္ႏႊဲခဲ့တဲ့ ျမန္မာ သူရဲ ေကာင္းေတြအေၾကာင္း ဒါေတြဟာ ေမာင္သိဒၶိအတြက္ အားက်စရာေတြပဲ၊ အထင္ႀကီးစရာေတြပဲ။ သူဟာ မ်က္စိမျမင္တဲ့ ဒုကၡိတဘဝကို အားမလို အားမရ ျဖစ္ခဲ့ေပမယ့္ သူရဲေကာင္းပုံျပင္ေတြကို ေလးစားအထင္ႀကီးေန တာပါ။ ငါသာမ်က္စိျမင္တဲ့လူဆိုရင္ သူရဲေကာင္းေတြလိုျခေသၤ့ေတြ၊ က်ား သစ္ေတြ၊ ၿပီးေတာ့ – က်ဴးေက်ာ္သူေတြကို ရင္ဆိုင္တိုက္ပြဲဝင္မွာပဲလို႔ အၿမဲ ႀကဳံးဝါးေနတဲ့ လူငယ္ေလးတစ္ေယာက္ေပါ့။
ဒါနဲ႔ – သူဟာ စိတ္ေျပရာေျပေၾကာင္း ေစာင္းသံနဲ႔တိုက္ပြဲေတြကို႐ုပ္လုံး ႂကြေအာင္ ဖန္တီးေလ့ရွိတယ္ေလ။ ဆင္သံ၊ ျမင္းသံ၊ ႀကဳံးဝါးသံ၊ ဓားလွံ ေဖြးေဖြးတိုက္ခိုက္သံေတြကိုဖန္တီးသ႐ုပ္ေဖာ္တာေျပာင္ေျမာက္လြန္းတာ ေၾကာင့္ ၾကားရသူအေပါင္းကရင္သပ္ရႈေမာဩဘာလက္ခုပ္ေပးၾကတယ္။ အဂၤလိပ္အစိုးရရဲ႕နယ္ပိုင္ေတြဝန္ေထာက္ေတြရဲ႕ခ်ီးက်ဴးဂုဏ္ျပဳမႈကိုမၾကာ ခဏရရွိခဲ့တယ္ေလ။ ထူးျခားလြန္းတဲ့ ပါရမီရွင္တစ္ေယာက္ပါ…။

ဒီစစ္ပြဲသ႐ုပ္ေဖာ္ဂီတဖန္တီးခ်က္ေၾကာင့္ပဲ ထူးျခားဆန္းၾကယ္တဲ့ ျဖစ္ရပ္ႀကီးတစ္ခုနဲ႔ ရင္ဆိုင္ခဲ့ရတယ္ဆိုရင္ မမွားပါဘူး။ တစ္ေန႔ေတာ့ အံ့ဩ
တုန္လႈပ္စရာ ဒီလို ..။
တစ္ေန႔ေတာ့ – ေၾကာက္႐ြံ႕ထိတ္လန႔္စရာေကာင္းတဲ့…

သာသနာေရးေဆာင္႐ြက္ခ်က္တစ္ခု ရွိသျဖင့္ ဘေဒြးဘုန္းေတာ္ႀကီး သည္ ျမစ္ႀကီးနားသို႔ ညအိပ္ခရီးျဖင့္ ထြက္ခြာသြားရသည္။ ရဟန္းပ်ိဳအခ်ိဳ႕ ႏွင့္ ကိုရင္ႀကီးမ်ားပင္ လိုက္ပါသြားၾကသည္။ ဘုန္းေတာ္ႀကီးေက်ာင္းတြင္ ကားကပၸိယႀကီးတစ္ဦးႏွင့္ေမာင္သိဒၶိသာက်န္ရစ္ေတာ့ေလသည္။ ေခါင္လံ ဖူး႐ြာကေလးႏွင့္ ျမစ္ႀကီးနားသည္ မိုင္ေပါင္းမ်ားစြာ ကြာေဝးရကား ရက္ ေပါင္းမ်ားစြာ ၾကာေပလိမ့္မည္။
ဘုန္းေတာ္ႀကီးသည္ေက်ာင္းျပင္ပသို႔ညဥ့္နက္သန္းေခါင္တစ္ေယာက္ တည္းမထြက္ခြာသြားရန္ ေတာ႐ိုင္းတိရစာၦန္မ်ားေပါမ်ားေၾကာင္း၊ အသက္ အႏၲရာယ္ရွိေၾကာင္းေျပာဆိုတာ ေမာင္သိဒၶိကို ကပၸိယႀကီးထံ အပ္ႏွံ၍ ခရီး ၾကမ္းကိုထြက္ခြာသြားၾကျခင္းျဖစ္သည္။ သံဃာေတာ္မ်ားသည္အနည္းဆုံး ရက္ႏွစ္ဆယ္ခန႔္ၾကာျမင့္မည့္ခရီးၾကမ္းတစ္ခုျဖစ္ေၾကာင္း သိရွိထားၾကသည့္ အေလ်ာက္ ေမာင္သိဒၶိကို စိုးရိမ္ေၾကာင့္ၾကမႈျဖင့္ သတိေပးၿပီးထြက္ခြာသြား ၾကေလၿပီ။
ေဆာင္ဦးေပါက္ကာလျဖစ္သျဖင့္ ရာသီဥတုသည္ ညဥ့္နက္လာသည္ ႏွင့္အမွ် တစ္စတစ္စ ေအးစက္လာေလသည္။ အေအးဓာတ္သည္ေၾကာက္ မက္ဖြယ္ေကာင္းေလာက္ေအာင္ ဖ်စ္ညႇစ္ဆုပ္ကိုင္လာသည္။ ညကား လသာညျဖစ္သည္။
ေမာင္သိဒၶိသည္ သူ၏ ကိုယ္ပိုင္အခန္းကေလးထဲတြင္ အျပင္မထြက္ ဘဲ ျပတင္းတံခါးကို ခပ္ဟဟေစ့ထားရင္း နံရံတြင္ စင္ထိုး၍ တင္ထားေသာ ေစာင္းေကာက္ကိုညင္သာစြာဆြဲယူလိုက္ပါသည္။ သူ၏လက္မ်ားက ဘယ္ ပစၥည္း ဘယ္ေနရာမွာရွိသည္၊ အခန္းကေလး၏ေလွကားထစ္ အနိမ့္အျမင့္ ကအစ ေျခလွမ္း ဘယ္ႏွလွမ္း လွမ္းလွ်င္ ဘယ္ေနရာ စသည္ – စသည္။ သူသည္ စကၡဳႏွစ္ကြင္း အလင္းမဲ့ေနေသာ္လည္း အေမွာင္ထဲမွာပင္ ေစာင္းေကာက္ကိုဆြဲယူၿပီး မိခင္သည္ သားငယ္ကို ျမတ္ႏိုးတြယ္တာစြာ ေပြ႕ပိုက္ထားလိုက္သကဲ့သို႔။ အတန္ၾကာေအာင္ ေပြ႕ပိုက္ထားရင္း ဘဝ၏

အလင္းအေမွာင္ကိုစဥ္းစားေနသည္။ သူ႔ဘဝသည္အေမွာင္ထုထဲမွာ။ အို- အေမွာင္ထဲမွာပါကြယ္။ အကယ္၍ ဆီမီးကို ထြန္းညႇိမည္ဆိုပါကလည္း အလင္းေရာင္သည္ သူ႔အတြက္အဓိပၸာယ္မရွိေခ်။ ထို႔ေၾကာင့္ ဆီမီးခြက္ကို ထြန္းညႇိရန္ မႀကိဳးစားေတာ့ဘဲ အေမွာင္ထဲမွာပင္ ေစာင္းႀကိဳးကို တို႔ထိ စမ္းသပ္လိုက္ေပသည္။ ထို႔ေနာက္ ညအေမွာင္ လေရာင္ေအာက္ဘက္ ခပ္ေဝးေဝးေတာအုပ္ဆီမွ ႏွင္းစက္ေႂကြသံ၊ သစ္႐ြက္ေႂကြသံတို႔ကို ဂီတ ျဖင့္ တစ္ကြက္ခ်င္း၊ တစ္ခ်က္ခ်င္း ဖန္တီးလိုက္သည္။ ေစာင္းႀကိဳးမ်ားဆီမွ ဂီတ၏ဖန္ဆင္းခ်က္ေတြ အံ့ဩဖြယ္ ထြက္ေပၚလာသည္။ သစ္႐ြက္ေတြ တေဖ်ာက္ေဖ်ာက္ေႂကြက်သံ… ႏွင္းစက္တစ္ေပါက္ခ်င္း လိမ့္က်ျမည္သံ …
သူသည္အရွိန္ရလာသည္ႏွင့္ သံစဥ္ကိုေျပာင္းလိုက္သည္။ သူတီးခတ္ ေနက် စစ္ခ်ီသံ၊ ဆင္သံ၊ ျမင္းသံ၊ စစ္သည္တို႔၏ရဲစိတ္ရဲမာန္ေႂကြးေၾကာ္သံ ႏွင့္အတူ ဓားခ်င္း၊ လွံခ်င္း ေၾကာက္မက္ဖြယ္ရာ ႐ိုက္ခတ္မိသံမ်ား။ မ်ား- မ်ား ။
ေမာင္သိဒၶိသည္ အလူးအလွိမ့္၊ အႏုအ႐ြ၊ အေပါ့အဖြတို႔ျဖင့္ တီးခတ္ ေနစဥ္မွာပင္ ေနာက္ေဖးတံခါးေပါက္မွ ဝင္လာေသာ ေျခသံတစ္စုံကို ၾကား လိုက္ရေလသည္။ သူသည္ ေစာင္းႀကိဳးေပၚ ခပ္ဖြဖြတင္ထားေသာ လက္ ဆယ္ေခ်ာင္းစလုံးကို ႐ုတ္တရက္ ရပ္တန႔္လိုက္သည္။
ေျခသံသည္ သူ႔ဆီသို႔ တန္းတန္းမတ္မတ္ ေလွ်ာက္လာေသာ ေျခသံ ျဖစ္ေၾကာင္း သူ သိလိုက္သည္။ ေစာင္းသံတိတ္ဆိတ္သြားသည္ႏွင့္ညသည္ ေၾကာက္မက္ဖြယ္တိတ္ဆိတ္ၿငိမ္သက္သြားေတာ့သည္။ သို႔ေသာ္ေျခသံက နီးကပ္စြာ သူ႔ဆီသို႔ ေ႐ြ႕လ်ားလာေလၿပီေကာ။
တစ္စုံတစ္ေယာက္ေသာသူသည္ သူ၏ေရွ႕တည္တည့္တြင္ ရပ္တန႔္ လိုက္ေၾကာင္း သူ ေကာင္းစြာသေဘာေပါက္လိုက္၏။ ေျခသံရွင္မွာ ဆရာ ေတာ္ႀကီးလည္းမဟုတ္၊ ကပၸိယႀကီးလည္းမဟုတ္သည္ကိုေကာင္းစြာ သိရွိ

သြားသည္။ ေျခသံသည္ ၾကမ္းတမ္းမာေၾကာလွေခ်သည္တကား။ ေျခသံ ရွင္သည္ သည္ေလာက္ေျခနင္းၾကမ္းတမ္းပုံေထာက္လွ်င္ သိမ္ေမြ႕ႏူးညံ့သူ တစ္ေယာက္ျဖစ္ဖို႔ရန္ လြန္မင္းစြာ ခဲယဥ္းေပလိမ့္မည္တကား။ သူ ေတြေဝ သြားသည္။ မ်က္ေမွာင္ကုပ္လိုက္မိသည္။
သူ၏ ဆင္ျခင္မႈအသိအာ႐ုံထဲသို႔ ပထမဦးဆုံး ဝင္လာသည္ကား ေနာက္ေဖးဝင္ေပါက္ တံခါးပင္ ျဖစ္သည္။ တံခါးကို ညေနေစာင္းေနမဝင္မီ ကပင္လုံၿခဳံစြာခ်က္ခ်ကာပိတ္ထားျခင္းျဖစ္သည္။ ယခုေတာ့ေျခသံရွင္သည္
ေနာက္ေဖးေပါက္ကဝင္ေရာက္လာကတည္းကအံ့ဩစရာေကာ္းလွသည္။
တံခါးကို ခ်ိဳးဖ်က္ေကာ္ထုတ္ကာ ကလန႔္ကာ ဝင္လာျခင္းမဟုတ္။ တံခါးကို ဖ်က္ဆီးၿပီး ဝင္လာျခင္းမဟုတ္။
သူ႔ရင္ထဲေသြးေၾကာေတြထဲမွာ ၾကက္သီးေမြးညင္းေတြထကာ တစ္ ကိုယ္လုံး တျဖန္းျဖန္းျဖစ္လာသည္။ သူသည္ အႏၲရာယ္၏ ရနံ႔တစ္ခုကို ရလိုက္ေပၿပီ။ ထို႔ေနာက္ မလႈပ္ရွားႏိုင္ေအာင္ တစ္ကိုယ္လုံးကို တုပ္ေႏွာင္ ထားခံလိုက္ရသကဲ့သို႔ ျဖစ္သြားသည္။ အသံရွင္သည္ ဘယ္လိုမ်ားဝင္လာ ပါလိမ့္။
ေျခသံသည္ သူ႔ေရွ႕တစ္လံသာသာရွိ အကြာတြင္ ရပ္ေနေၾကာင္း အေမွာင္ထဲမွာပင္ ခံစားသိျဖင့္ သိလိုက္ရေပ၏။ ဘယ္သူေပနည္း။ မည္သို႔ ေသာပုဂၢိဳလ္မ်ားေပနည္း။
“ေမာင္သိဒၶိ”
သူ႔ရင္ထဲမွာ ျဖန္းခနဲ တုန္လႈပ္သြားေတာ့သည္။ အသံဩဇာျပည့္ကာ ဟိန္းညံေသာအသံနက္ႀကီးျဖင့္ ေခၚလိုက္ေသာအသံသည္ အမိန႔္ေပးသံ ဆန္သည္။ အထက္ဆီးဆန္လွေသာ အသံျဖစ္သည္။ သူသည္ အေယာင္ ေယာင္ အမွားမွားျဖင့္ လန႔္ဖ်ပ္ကာ ေမာ္ၾကည့္လိုက္သည္။ သူ ထိုင္ေနရာမွ ေမာ့ၾကည့္လိုက္ျခင္း ျဖစ္ေပရာ အသံရွင္သည္ သူ႔ထက္ အရပ္အေမာင္း လြန္မင္းစြာ ျမင့္မားၿပီး တုတ္ခိုင္မာေၾကာသန္မာေသာ လူတစ္ေယာက္

ျဖစ္ေၾကာင္းေကာင္းစြာသိရွိလိုက္ေပ၏။ သူ႔အရပ္သည္ပုံမွန္၅ေပ၆လက္မ မွ်သာ။ အသံရွင္သည္ ေျခာက္ေပေက်ာ္ေသာ အရပ္ျမင့္မွာ ေသခ်ာေပ၏။ သူသည္လန႔္ဖ်ပ္ကာေစာင္းကိုအသာလႊတ္ခ်လိုက္မိသည္။ ေၾကာင္အ ကာ အံ့အားသင့္ေနသျဖင့္ ႏႈတ္ဖ်ားမွ ဘာစကားမွ ထြက္မလာေပ။
“ေမာင္သိဒၶိ”
မာေၾကာခက္ထန္သည့္ ထပ္ဆင့္ေခၚလိုက္သံ။ ေမာင္သိဒၶိသည္ ျခေသၤ့ ေရွ႕ေမွာက္ေရာက္ေနေသာေခ်သူငယ္ကဲ့သို႔ ဆတ္ခနဲတုန္လႈပ္ေခ်ာက္ခ်ား သြားေတာ့သည္။ အလန႔္လန႔္အဖ်ပ္ဖ်ပ္ျဖင့္ “ခင္ဗ်ာ”ဟု ထူးလိုက္မိသည္။ သူသည္ ထိုင္လ်က္ကပင္ မထႏိုင္ေသးဘဲ အသံရွင္ရွိရာသို႔ မ်က္ႏွာေမာ့ လွန္ကာ …
“ကြၽန္ – ကြၽန္ – ကြၽန္ေတာ္ – ဟာ – မ်က္မျမင္ ဒုကၡိတပါခင္ဗ်ာ။ မ်က္ မျမင္ ဒုကၡိတသမားဆိုေတာ့ ဘယ္သူဘယ္ဝါက ေခၚမွန္း မသိလို႔ပါ။ စိတ္ မရွိပါနဲ႔၊ ေတာင္းပန္ပါတယ္။ ခင္ဗ်ာ”
ထိုအခါမာေၾကာခက္ထန္ေသာအသံရွင္သည္႐ုတ္တရက္ေပ်ာ့ေပ်ာင္း
သြားေသာအသံျဖင့္ စကားဆိုသည္။
“ေမာင္မင္း- က်ဳပ္ကို ဘာမွ ေၾကာက္႐ြံ႕ ထိတ္လန႔္စရာမလိုပါဘူး။ က်ဳပ္ကဒီဘုန္းေက်ာင္းနဲ႔ ဖာလုံအနည္းငယ္မွ်သာေဝးတဲ့နယ္စပ္တစ္ေနရာ မွာေနပါတယ္။ ေမာင္သိဒၶိကက်ဳပ္မွာ ေမာင္မင္းအတြက္ ဆင့္ေခၚစာပါလာ တယ္။ က်ဳပ္တို႔ရဲ႕ေခါင္းေဆာင္ႀကီး စစ္သူႀကီးဟာ နယ္စပ္တစ္ေနရာမွာ အေႁခြအရံေတြနဲ႔ ေနေနတာပါေမာင္သိဒၶိ။ ရာထူးအဆင့္အတန္းက ႀကီးမား ပါေပတယ္။ ေမာင္မင္းဟာတ႐ုတ္နဲ႔ျမန္မာစစ္ပြဲေတြမွာရဲရဲဝံ့ဝံ့ စြန႔္စြန႔္စားစား တိုက္ခိုက္ခဲ့တဲ့ ျမန္မာသူရဲေကာင္းေတြရဲ႕စစ္ေသြးႂကြဖြယ္ ဇာတိမာန္တက္ ႂကြဖြယ္ေတးသြားေတြကိုသ႐ုပ္ေဖာ္တီးခတ္တဲ့ေနရာမွာအံ့ဩဖြယ္ေကာင္း ေလာက္ေအာင္ ကြၽမ္းက်င္တယ္လို႔ေက်ာ္ေဇာသတင္းထြက္ေနတဲ့လူငယ္ တစ္ေယာက္မဟုတ္လား။ ေမာင္မင္းလို ေစာင္းတီးကြၽမ္းက်င္တဲ့ ပညာရွင္

တို႔ မေတြ႕ဖူးေသးဘူးကြယ္။ ဒီေတာ့ – ေမာင္မင္းရဲ႕ ေစာင္းကိုယူၿပီး က်ဳပ္နဲ႔ ခ်က္ခ်င္းလိုက္ခဲ့ေတာ့။ ဟိုမွာ မင္း ပရိသတ္စုံညီစြာနဲ႔ ေစာင့္ေမွ်ာ္ေနၾကၿပီ။ ေရေျမသနင္း သူ႔ရွင္မင္းရဲ႕ ယုံၾကည္အားကိုးရတဲ့ စစ္ေသနာပတိႀကီး တစ္ဦးရဲ႕ဆင့္ေခၚခ်က္ျဖစ္ေပတယ္။ ေမာင္မင္းမလိုက္လိုဘူးလို႔ ျငင္းဆိုခ်င္
သလား”
ေမာင္သိဒၶိသည္ ဆတ္ခနဲေမာ့ၾကည့္လိုက္ျပန္သည္။ ဓားအိမ္မွ ဓား လႈပ္သံထြက္လာသည္။
“မဟုတ္ပါခင္ဗ်ာ – ကြၽန္ေတာ္ဟာမ်က္မျမင္တစ္ေယာက္ျဖစ္တဲ့အျပင္ ဒီလိုညေမွာင္ေမွာင္ခရီးလမ္းၾကမ္းၾကမ္းေအာက္မွာ ဘယ္လိုလိုက္ပါရမလဲ ဆိုတာကို စဥ္းစားေနမိတာပါ”
မျမင္ရေသာ လူပုဂၢိဳလ္ထံမွ ခ်ပ္ဝတ္တန္ဆာ တခြၽင္ခြၽင္အသံကို ၾကား လိုက္ရျပန္သည္။ သံမဏိခ်င္း ထိခတ္သံ၊ ဒုန္းခနဲ လွံသြား၏ ေဆာင့္ခ် လိုက္သံသည္ အသည္းအူကို ေျပာင္းျပန္ျဖစ္သြားေစသည္။ တကယ္ေတာ့ သူ႔ေရွ႕မွာ မားမားႀကီးရပ္တန႔္ေနကာ အမိန႔္ေပးေနေသာ ပုဂၢိဳလ္သည္ စစ္ဝတ္တန္ဆာျပည့္ ဝတ္ဆင္ထားေသာ သူရဲေကာင္းတစ္ဦး ျဖစ္ေပလိမ့္ မည္။
ေမာင္သိဒၶိသည္ မလႈပ္ရွားဝံ့ေအာင္ ေၾကာက္လန႔္ေနမိေပသည္။ “ဒီအတြက္ ကိစၥမရွိေပဘူး။ က်ဳပ္ရဲ႕ ရဲမက္တခ်ိဳ႕ ဒီဘုန္းႀကီးေက်ာင္း ျပင္ပမွ ပါလာၾကေသးတယ္။ သူတို႔ကပါ ေမာင္မင္းခရီးလမ္း မမွားရေလ ေအာင္လမ္းၫြန္တြဲေခၚသြားၾကမွာပါ။ စိတ္ခ်ပါေမာင္သိဒၶိ။ ေမာင္မင္းလမ္း မွာမွဲ႔တစ္ေပါက္မစြန္းထင္းေစရပါဘူး။ ကဲ – လိုက္ဖို႔ျပင္ဆင္ေပေတာ့။ ယူငင္ စရာရွိတာ ယူေပေတာ့ သူငယ္”
“ဟုတ္ကဲ့ပါ – ခင္ဗ်ာ၊ ခ်မ္းေအးလွတဲ့ ညကာလမို႔ အေႏြးထည္၊ ေစာင္ တို႔ ယူလိုပါတယ္။ ေခတၱေစာင့္ဆိုင္းေပးပါခင္ဗ်ာ”
“ေကာင္းပါၿပီ – ယူေခ်”

မာေၾကာခက္ထန္ေသာ စစ္သည္ေတာ္ႀကီး၏ စကားဆုံးသည္ႏွင့္ သူ သည္ ေနရာမွ ခ်က္ခ်င္းထကာ အေႏြးအက်ႌ၊ ေစာင္တို႔ကိုယူၿပီး ေစာင္းကို ပိုက္ကာ အသင့္မတ္တတ္ရပ္လိုက္မိသည္။ သူသည္ အသံရွင္ရွိရာသို႔ မွန္းဆကာ ညင္သာစြာ ေျပာလိုက္သည္။ “အဆင္သင့္ျဖစ္ပါၿပီ – ခင္ဗ်ား” “ဒီလိုဆိုလိုက္ခဲ့ေပေတာ့”
အသံသည္ ေမာင္သိဒၶိ၏ ဦးေခါင္းတစ္လုံးစာမက ျမင့္မားလွသည့္ ေနရာမွ ခက္ထန္စြာထြက္ေပၚလာရကား အရပ္ျမင့္မား ထြားက်ိဳင္းလွသည့္ စစ္သည္တစ္ဦးျဖစ္ေၾကာင္း သိသာလွသည္။ မျမင္ရသည့္ ပုဂၢိဳလ္ဆီမွ တခြၽင္ခြၽင္ျမည္ေသာ ခ်ပ္ဝတ္တန္ဆာေတြ ထိခတ္သံကို ဆက္တိုက္ၾကား ေနရသည္။ ပုဂၢိဳလ္သည္ ေမာင္သိဒၶိ၏ ပခုံးကိုကိုင္ကာ အေမွာင္ထုထဲမွ ေနကာ အျပင္ဘက္သို႔ ထြက္လာေလသည္။
အျပင္ဘက္တြင္ စီစီညံေနေသာ ပိုးေကာင္မ်ား၏အသံႏွင့္အတူ စူးရွ ေအးျမလွေသာ ေဆာင္းဦးေလျပည္၏ တိုးတိုက္မႈကို ခံစားလိုက္ရသည္။ ေလသည္ တရွဲရွဲျမည္ကာ ျပင္းထန္စြာ တိုက္ခတ္လ်က္ရွိေပသည္။ ဟိုး ေဝးေဝးေတာင္ကုန္းဆီမွႏွင္းပြင့္ေတြတေဝါေဝါလြင့္ေမ်ာလာသံကိုၾကားေန ရ၏။ ေက်ာင္းအျပင္ေရာက္ေတာ့ သူ၏ ပစၥည္းမ်ားကို အသင့္ေစာင့္ေန သည့္ပုဂၢိဳလ္မ်ားက ကူညီသယ္မေပးကာ ေရွ႕ေဆာင္၍ ထြက္လာသည္။ တိုက္ခတ္ေသာ ေလက ေအးျမစူးရွလွေပသည္။
လူအုပ္စုတစ္စု၏ မာေၾကာေသာ ေျခသံမ်ား၊ ခ်ပ္ဝတ္တန္ဆာမ်ား၏ လႈပ္ရွားသံမ်ား၊ ဓားသြား၊ လွံသြားမ်ား၏ ပြတ္တိုက္ထိခတ္သံမ်ားသည္ တိတ္ဆိတ္ေနေသာ ပတ္ဝန္းက်င္တြင္ က်ယ္ေလာင္စြာထြက္ေပၚလာသည္။ ထိုအုပ္စုသည္ ေမာင္သိဒၶိေဘးတြင္ဝန္းရံကာ တစ္စုံတစ္ေယာက္၏ အမိန႔္ကို ေစာင့္ေမွ်ာ္ေနဘိသကဲ့သို႔ ၿငိမ္သက္ေနၾကေလသည္။
“သြားၾကစို႔”
ပါသြားေလ၏။
အမိန႔္ၫႊန္ၾကားသံ ဆုံးသည္ႏွင့္ ေျခသံမ်ားသည္ ေ႐ြ႕လ်ားလိုက္ၾက သည္။ ေမာင္သိဒၶိသည္ လူအုပ္ၾကားတြင္ ဝန္းရံပိတ္ဆို႔ျခင္း ခံရသကဲ့သို႔ ၾကမ္းတမ္းခက္ထန္ေသာေမွာင္ႏွင့္မည္းမည္းခရီးတြင္ မ်က္ မျမင္တစ္ေယာက္အဖို႔ ေႏွာင္းေႏွးၾကန႔္ၾကာလိမ့္မည္ဟု ထင္မွတ္ရေသာ္ လည္း တကယ္ေတာ့ ထိုအရာသည္ အံ့ၾသထူးဆန္းစြာ မွားယြင္းေနေသာ အရာတစ္ခု ျဖစ္ေနေပသည္။
ေမာင္သိဒၶိ၏ ခႏၶာကိုယ္ကေလးသည္ သစ္႐ြက္ကေလးတစ္႐ြက္၊ ဒါမွ မဟုတ္ ဖက္႐ြက္ကေလးတစ္႐ြက္ကို ေလႏွင္ရာ လြင့္ေမ်ာသကဲ့သို႔ အလိုက္သင့္ စီးေမ်ာေနျခင္းပင္တည္း။ ထိုအရာသည္ ဆန္းၾကယ္လွသည္။ တစ္ခါတစ္ရံ ေျခဖဝါးႏွင့္ ေျမႀကီးပင္ ထိမွထိပါေလစဟု ထင္မွတ္မွားရ ေလာက္ေအာင္ ေလဟုန္စီးသကဲ့သို႔ ခံစားေနရျခင္း ျဖစ္သည္။ သူတို႔သည္ဤလမ္းခရီးကိုလြန္မင္းစြာကြၽမ္းက်င္ၾကသူမ်ားျဖစ္သည္။ ခရီးတစ္ေလွ်ာက္ ခ်ပ္ဝတ္တန္ဆာမ်ား၏ တခြၽင္ခြၽင္ျမည္သံကား တိတ္ ဆိတ္ေသာ ႏွင္းလႊမ္းညကို ဖုံးလႊမ္းလ်က္ ရွိေနေပသည္။
ထိုသူမ်ားကား မည္သို႔ေသာ လူမ်ိဳးမ်ားေပနည္း။ သူ၏ တစ္သက္ႏွင့္ တစ္ကိုယ္ ဤမွ်ထူးဆန္းေသာ လူအုပ္စုမ်ားကို ေတြ႕ဆုံခဲ့ျခင္းမ်ိဳး မရွိခဲ့ဘူး ေပ။ သူတို႔၏ ပုံသဏၭာန္မ်ားမွာ ျမင့္မားထြားက်ိဳင္းေသာ လူမ်ိဳးမ်ား ျဖစ္မွာ ေသခ်ာသည္။ ခ်ပ္ဝတ္တန္ဆာမ်ား၏ အသံ၊ ဓားလွံမ်ား၏ထိပြတ္သံ၊ မာေက်ာေသာစကားေျပာသံမ်ားအရ သူတို႔သည္ လူသာမန္အရပ္သားမ်ား မဟုတ္တန္ရာေခ်။ စစ္သည္ေတာ္မ်ားသာ ျဖစ္မွာေသခ်ာသည္။ မည္သို႔ ေသာစစ္သည္ေတာ္မ်ားေပနည္း။ ယမ္းကို အသုံးျပဳေသာ ေသနတ္ေခတ္၊ အေျမာက္လက္နက္ေခတ္တြင္ သူတို႔သည္ အဘယ္ေၾကာင့္ ေရွးေခတ္သုံး

ဓားလွံ၊ ေလးျမား၊ လက္နက္မ်ားကို ကိုင္ေဆာင္ၾကကာ ေရွးဆန္ေသာ စကားမ်ားကို သုံးစြဲေနၾကပါသနည္း။
သူ၏ ခႏၶာကိုယ္သည္ ေမးခြန္းမ်ားျဖင့္ ေလးလံဖိစီးလ်က္ရွိသည္။ အခ်ိဳ႕ေမးခြန္းမ်ားက အသားထဲသို႔ တိုးဝင္ေနၿပီး အခ်ိဳ႕ေမးခြန္းမ်ားက ႏွလုံး သားထဲသို႔ နစ္ရႈိင္းစြာ စိုက္ဝင္ေနေပသည္။ ထိုသူတို႔၏ လႈပ္ရွားမႈမ်ားက သူ၏အသိဉာဏ္ကို ရွပ္တိုက္ေျပးထြက္သြား႐ုံမွ်သာရွိသည္။ ထို႔အတူ သူ၏ ေစာင္းသံကို နားဆင္လိုသည္ဆိုကတည္းက ဂီတကို ခ်စ္ျမတ္ႏိုးသူမ်ား ျဖစ္မည္မွာ ေသခ်ာေပသည္။ ထိုစဥ္… “ရပ္ – ေရာက္ၿပီ – ရပ္ၾကေလာ့”
မာေက်ာေသာအသံႀကီး ဆုံးသည္ႏွင့္ လူအုပ္စုႀကီးသည္ေနရာမွာပင္ ရပ္တန႔္လိုက္ၾကသည္။ ဧရာမတံခါးခ်ပ္ႀကီးကို ဖြင့္လိုက္သံ၊ တြန္းေ႐ြ႕သံ၊ တဂ်ိမ္းဂ်ိမ္းျမည္ေသာ တံခါးေ႐ြ႕သံ၊ သံဘီးမ်ား ပြတ္တိုက္ေ႐ြ႕လ်ားသံ။ ေမာင္သိဒၶိ၏ ရင္သည္ တထိတ္ထိတ္ခုန္လ်က္ရွိသည္။ သူ၏ အာ႐ုံ သည္႐ုတ္ျခည္းေထြျပားေနာက္က်ိလာျပန္သည္။ သည္ေနရာပတ္ဝန္းက်င္ သည္ေရခဲေတာင္၊ လွ်ိဳ၊ ေျမာင္၊ စိမ့္စမ္းမ်ားသာ ျဖစ္သည္။ သည္လိုႀကီးမား ခန႔္ထည္လွသည့္ ဧရာမ အေဆာက္အအုံႀကီးရွိသည္ဟု ေမြးကတည္းက မၾကားဘူးေခ်။ သည္လို ေတာေခါင္ျခင္း၊ ရာသီဥတုဆိုးဝါးျခင္း၊ ေတာ တိရစာၦန္႐ိုင္းမ်ား ေပါမ်ားျခင္းမ်ား အလယ္ေကာင္တြင္ အဘယ္ေၾကာင့္ ႀကီးမားေသာ အေဆာက္အအုံႀကီး ေရာက္ရွိေနရသနည္း။ ထူးဆန္းလွေခ် သည္တကား။ ရင္ထဲမွာ ရႈပ္ေထြးေနာက္က်ိလာျပန္သည္။ “လိုက္ခဲ့ေပေတာ့ – ေမာင္မင္း ေမာင္သိဒၶိ”
ေမာင္သိဒၶိသည္ ထူးဆန္းေသာ ေနရာတစ္ခုသို႔ ေရာက္ရွိေနၿပီျဖစ္ ေၾကာင္း သတိျပဳမိသည္။ ထိုအခ်ိန္တြင္ ခ်ပ္ဝတ္တန္ဆာ တခြၽင္ခြၽင္ျဖင့္ စစ္သူရဲေကာင္းတစ္ဦး ေရာက္လာကာ သူ႔ကိုလက္ဆြဲ၍ ေခၚယူသြားေလ သည္။ သူတို႔သည္ နံရံေကြ႕အခ်ိဳးတစ္ခုကိုေကြ႕ကာ ေလွ်ာက္လာၾကျခင္း ျဖစ္သည္။

“ေမာင္သိဒၶိ ေရာက္ရွိလာပါၿပီ- အရွင္”
စစ္သူရဲတစ္ေယာက္သည္ က်ယ္ေလာင္ေသာအသံျဖင့္ ေအာ္ဟစ္ လိုက္ေလသည္။ ထိုအခါ က်ယ္ဝန္းေသာ အေဆာင္ေတာ္ႀကီးတစ္ခုလုံး သက္ဝင္လႈပ္ရွားသြားကာ ျပတင္းတံခါးေပါက္မ်ား တြန္းဖြင့္သံ ရွပ္တိုက္ ေျပးသြားေနၾကေသာ ေျခသံမ်ားကို ဆက္တိုက္ၾကားလိုက္ရသည္။ တစ္ ဆက္တည္းဆိုသလို ဝတ္ျပဳလႈပ္ရွားသံမ်ား၊ ဒူးတုပ္ခံစားသံမ်ားပါ တရစပ္ ထြက္ေပၚလာသည္။
ထိုအခ်ိန္တြင္ ရဲမက္တစ္ဦးက သူ၏ဖိနပ္ကို ခြၽတ္ရန္ေျပာၿပီး ယူသြား သည္။ သူသည္ ဖိနပ္မဲ့ဗလာျဖစ္သြားေသာအခါ ေျခဖဝါးျဖင့္ ၾကမ္းျပင္ကို ပြတ္တိုက္စမ္းသပ္ၾကည့္လိုက္သည္။ ေျပာင္ေခ်ာေသာ သမံတလင္းျပင္။
သူသည္ ေတြေဝစြာ စဥ္းစားေနဆဲမွာပင္ တစ္စုံတစ္ေယာက္က သူ႔ လက္ကိုဆြဲကာ ျဖည္းညင္းစြာ တြဲ၍ေခၚလာသည္။ လူသံေတြ တေဝါေဝါ ဆူညံလာသည္။ ထိုအရာကို ေထာက္ရႈျခင္းျဖင့္ သူသည္ က်ယ္ေျပာေသာ ခန္းမေဆာင္ႀကီးထဲသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း သိလိုက္ရသည္။ မည္ သည့္ေနရာသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း မွတ္သားရန္ ခက္ခဲလာသည္။ သူသည္ ေစာင္းကိုပိုက္ေပြ႕ထားလ်က္က ေမးခြန္းတစ္ခုကိုေမးရန္ ျပင္ဆင္ လိုက္စဥ္မွာပင္ က်ယ္ေလာင္ေသာ အသံႀကီးတစ္သံ ထြက္ေပၚလာသည္။ “တိတ္ေစ”
ဆူညံေနေသာ ခန္းမက်ယ္ႀကီးသည္ အပ္က်သံပင္ ၾကားရေလာက္ ေအာင္၊ သစ္႐ြက္ေႂကြသံပင္ ၾကားရေလာက္ေအာင္ ႐ုတ္ျခည္းတိတ္ဆိတ္ ၿငိမ္သက္သြားေလသည္။ ထိုစဥ္ အဝတ္အစားတစ္စုံ၏ ပြတ္တိုက္ေ႐ြ႕လ်ား သံ ေလထဲတြင္ တဖ်တ္ဖ်တ္လြင့္သံသည္ စႏၵကူးနံ႔သာ သစ္႐ြက္ပြတ္ထိ သကဲ့သို႔ သာယာစြာ ေပၚလာသည္။
ရာထူးရာခံႀကီးမားလြန္းေသာ ဧရာမပုဂၢိဳလ္ႀကီးတစ္ပါး ဝင္ေရာက္လာ ေၾကာင္း သိသာေလသည္။ ထိုပုဂၢိဳလ္ႀကီး၏ ခန္းမႀကီး၏ အလုပ္ဗဟိုရွိ

သလြန္တစ္ခုေပၚတြင္ ထိုင္ခ်လိုက္ဟန္တူသည္။ ဝတ္ျပဳသံ၊ ခံစားသံမ်ား ထြက္ေပၚလာသည္။ ထို႔ေနာက္ အသံမ်ား ၿငိမ္သက္သြားျပန္သည္။ ထိုအခါ ထိုင္စရာတစ္ခု ေ႐ြ႕သံေပၚလာၿပီ။
“ေမာင္သိဒၶိ – အဲဒီမွာ ထိုင္ပါ”
တစ္စုံတစ္ေယာက္က သူ႔လက္ကိုဆြဲကာ ထိုင္ေစသည္။ သူ႔ေျခဖဝါး ျဖင့္ စမ္းလိုက္ေတာ့ တစ္ထြာသာသာျမင့္ေသာ ခုံကေလးျဖစ္ၿပီး ခုံေပၚတြင္ ကတၱီပါအခင္းတစ္ခု ခင္းထားသည္။ သူ ထိုင္ခ်လိုက္သည္။ ေအာင္ျမင္ ဝင့္ထည္ေသာ အသံတစ္သံ ေပၚလာသည္။ “ေမာင္မင္း – သက္သာသလိုေနပါ”
ေမာင္သိဒၶိသည္ အသံလာရာဆီသို႔ လွမ္းေမွ်ာ္ကာ ဦးေခါင္းတစ္ခ်က္ ညိတ္ျပလိုက္ေပသည္။ သူ၏ နံေဘးတြင္ လူတစ္ေယာက္ထိုင္ေနဟန္ရွိ သည္။ ထိုသူက ဆက္၍ …
“ေမာင္မင္း- ေမာင္သိဒၶိဟာ ေစာင္းပညာမွာ တစ္ဖက္ကမ္းခတ္တယ္ လို႔ သိရွိေတာ္မူေပတယ္။ အထူးသျဖင့္ တ႐ုတ္က်ဴးေက်ာ္သူေတြကို ျမန္မာ သူရဲေကာင္းရဲမက္ေတြက ျပတ္ျပတ္သားသားတြန္းလွန္အႏိုင္ယူပုံစစ္ပြဲကို ေစာင္းနဲ႔တီးခတ္သ႐ုပ္ေဖာ္ရာမွာ ပိုၿပီးပီျပင္ေတာက္ေျပာင္တယ္လို႔ သတင္း စကားၾကားရတဲ့အတြက္ အဲဒီတ႐ုတ္က်ဴးေက်ာ္ စစ္ပြဲကို တြန္းလွန္ခဲ့တဲ့ ျမန္မာသူရဲေကာင္းေတြရဲ႕ ဂုဏ္ျပဳစစ္ခ်ီေတးကို ခုခ်ိန္ကစၿပီး တီးခတ္ေပ ေတာ့ ေမာင္သိဒၶိ။ ယခု သင္၏ ေရွ႕ေမွာက္တြင္ နားဆင္ေနသူမွာ ဘဝရွင္ မင္းတရားႀကီး၏ စစ္သူႀကီးတစ္ဦး ျဖစ္သည့္ သတိုးမင္းညိဳ ျဖစ္ေပသည္။ ယခုခ်ိန္မွစ၍ သင္ လြတ္လပ္စြာ ေနထိုင္ တီးခတ္ႏိုင္ေပၿပီ”
ေမာင္သိဒၶိသည္ကတၱီပါဖုံတြင္လြတ္လပ္ေပါ့ပါးစြာထိုင္ကာေစာင္းႀကိဳး
ကိုညႇိေလသည္။ စစ္ပြဲသ႐ုပ္ေဖာ္ေတးဂီတကိုမတီးခတ္မီ သံစမ္းေတးမ်ား ျဖစ္သည့္ ေက်းငွက္ျမည္သံ၊ ႏွင္းစက္ႏွင့္ သစ္႐ြက္မ်ားေႂကြသံ၊ ျမင္းဟီသံ၊ ဆင္ေအာ္သံ၊ က်ားဟိန္းသံမ်ားကို စတင္ တီးခတ္ရင္း အစီစဥ္ကို စလိုက္ ေပသည္။
ပရိသတ္ထဲမွ တီးတိုးသံေတြ တေဝါေဝါထြက္ေပၚလာသည္။ “အံ့ဩစရာပဲ”
“ထူးဆန္းတဲ့ ပညာရွင္ပဲကြယ့္”
ထို႔ေနာက္ အသံေတြ တိတ္ဆိတ္သြားျပန္သည္။ သည္ေတာ့မွ စစ္ပြဲ သ႐ုပ္ေဖာ္ေတးသြားကို စတင္ရန္ ျပင္ဆင္လိုက္ရင္း စစ္ခရာသံျဖင့္ ေစာင္း ႀကိဳးကို ဖြင့္လိုက္သည္။ ထိုအခ်ိန္တြင္ ေမာင္သိဒၶိ၏ စိတ္အတြင္းသဏၭာန္ တြင္ အရာရာကို ေမ့ေပ်ာက္ထားလိုက္ကာ ဂီတသံစဥ္တြင္သာ နစ္ျမႇဳပ္ ထားလိုက္ျခင္း ျဖစ္သည္။ လက္ရွိေရာက္ေနသည့္ဘဝကို ေမ့ထားသည္။ အတိတ္ကို ေမ့ထားသည္။ သူ႔စိတ္သည္ ေစာင္းႀကိဳးမ်ား၏ သံစဥ္နိမ့္ျမင့္၊ အတိုးအက်ယ္၊ အေပါ့အဖြ အႏုအလွတြင္သာ အာ႐ုံကို စုစည္းထားသည္။
သူ၏ လက္ဆယ္ေခ်ာင္းစလုံးသည္ ေစာင္းႀကိဳးမ်ားေပၚတြင္ အမွား အယြင္းမရွိ တိက်စြာ ပ်ံသန္းေနေလၿပီ။ လူးလာတုံ႔ခတ္ေ႐ြ႕လ်ားေနေလၿပီ။ စစ္ခရာသံ၊ ျမင္းတပ္၊ ဆင္တပ္ခ်ီတက္လာသံသည္ ေျမတုန္မတတ္ ျမည္ဟည္းသည့္အသံကိုဖန္တီးလိုက္သည့္ သူ႔မ်က္ႏွာျပင္သည္ေတးသြား အတိုင္း ႐ုတ္ျခည္းခက္ထန္မာေက်ာလာ၏။
ျမန္မာစစ္သည္ေတာ္မ်ား၏ ရဲစိတ္ရဲမာန္ အသက္ကို ဖက္႐ြက္ပမာ ထားၿပီးတိုက္ခိုက္ဟန္အသံမ်ားသည္ ၾကားရသူအဖို႔ ရဲစိတ္ရဲမာန္တက္ႂကြ ဖြယ္ျဖစ္ေစသည္။ ၾကက္သီးတျဖန္းျဖန္းထေစသည္။ ဂီတသည္ နားေထာင္ သူပရိသတ္အေပါင္း၏ရင္ထဲႏွလုံးသားထဲဝိညာဥ္ထဲသို႔ ပူးဝင္စီးေမ်ာသြား ေလၿပီ။ သူ၏မ်က္ႏွာျပင္သည္ ေၾကာက္မက္ဖြယ္ ရင့္ေထာ္ေနသည္။
ေမာင္သိဒၶိကိုယ္တိုင္ပင္ ဂီတသံစဥ္ဝယ္ ပူးဝင္စီးေပ်ာ္ကာ ခႏၶာကိုယ္ သည္ နတ္ဝင္သူကဲ့သို႔ ဘယ္ညာယိမ္းထိုးေနသည္။ သူ၏ ဦးေခါင္းသည္ ေတးသြားအလိုက္တိုင္း ယိမ္းခါေနသည္။ နားေထာင္သူ ပရိသတ္ကေကာ သူ႔နယ္ပင္တည္း။

စစ္သည္မ်ား၏ ဓားလွံခ်င္း ထိခတ္သံ၊ ေအာ္ဟစ္သံ၊ အေျမာက္ ေသနတ္ မီးေပါက္မ်ား၏ တထိန္းထိန္းျမည္သံ၊ ေလးျမားပစ္လႊတ္သံ၊ ခ်ပ္ ဝတ္တန္ဆာမ်ား ျမည္သံ။
သည္။
နားဆင္သူ ပရိသတ္၏ လက္ခုပ္လက္ဝါးတီးသံေတြ ထြက္ေပၚလာ
ေနာက္ဆုံးတြင္ တ႐ုတ္က်ဴးေက်ာ္သူမ်ား ေခြးေျပးဝက္ေျပး အသက္လု ကာ လက္နက္ေတြကို ပစ္ခ်၊ အခ်င္းခ်င္းတြန္းထိုး၍ ႐ုန္းကန္ကာ တစ္ဖက္ ႏိုင္ငံထဲသို႔ ဒေရာေသာပါး ဝင္ေျပးေလဟန္၊ ဂီတသံမ်ား ဆင့္ကဲ ဆင့္ကဲ ဟိန္းဟိန္းညံမွ် စစ္ရႈံးသူမ်ားေအာ္သံ။
ဂီတ၏ေနာက္ဆုံးအပုဒ္သို႔ ေရာက္လာသည္။ သြက္လက္ျမဴးႂကြေသာ သံစဥ္ကို ေလွ်ာ့ခ်လိုက္သည္။ ေစာေစာက ခက္ထန္မာေက်ာေနေသာ မ်က္ႏွာျပင္သည္ တျဖည္းျဖည္း ေပ်ာ့ေပ်ာင္းသည့္ဘက္သို႔ ကူးေျပာင္းလာ သည္။
“ေက်ာ္ၾကားတဲ့အတိုင္း မွန္ကန္ပါေပရဲ႕” “တစ္ေယာက္ဆိုတစ္ေယာက္ပဲေဟ့”
ဂီတ၏ေနာက္ဆုံးအပုဒ္မွာ ျမန္မာစစ္သူႀကီးႏွင့္ သူရဲေကာင္းရဲမက္မ်ား အမိေျမကို တစ္လက္မမွ်ပင္ အက်ဴးေက်ာ္အထိပါးမခံဘဲ စြန႔္လႊတ္စြန႔္စား ရင္းဂုဏ္သိကၡာရွိရွိက်ဆုံးခဲ့ရသည့္စစ္သူႀကီးႏွင့္တကြရဲေဘာ္ရဲဘက္မ်ား၏ ေျပာင္ေျမာက္ေသာ သတၱိကိုဖြဲ႕ဆိုထားျခင္းျဖစ္သည္။ တစ္ဖက္ရန္သူမ်ား၏ အေျမာက္က်ည္ဆန္ထိမွန္ကာလက္ျပတ္ေျချပတ္ဒဏ္ရာျပင္းထန္စြာရေန
ေသာ္လည္း လက္လွမ္းမီရာ ရန္သူႏွစ္ေယာက္သုံးေယာက္ကိုေတာ့ ငရဲ ႏိုင္ငံသို႔ ပို႔ေဆာင္ႏိုင္ေလေသးသည္။ ျမားတန္းလန္း၊ လွံတန္းလန္းႏွင့္ပင္ ႐ုတ္တရက္ လဲၿပိဳမက်သြားေသးဘဲ ခုခံႏိုင္ေသးသည္။
ထိုျပကြက္ျပခင္းမ်ားကို သ႐ုပ္ေဖာ္တီးခတ္ေနခ်ိန္တြင္ ေမာင္သိဒၶိ၏ မ်က္ဝန္းမ်ားသည္ ႐ုတ္တရက္ မွိန္ေဖ်ာ့သြားကာ မ်က္ရည္ေတြစီးဆင္းလာ

သည္။ ဂီတသည္ ေၾကကြဲဆြတ္ပ်ံ႕လြမ္းေဆြးဖြယ္ေကာင္းလာကာ ေစာင္း ႀကိဳးသံသည္ တုန္ခါေနေပသည္။ ထိုအခါ နားဆင္ေနေသာ ပရိသတ္သည္ တိတ္ဆိတ္ၿငိမ္သက္ေနကာ ဦးေခါင္းေတြကို ငုံ႔ထားသည္။ ထို႔ေနာက္မွ ဟို ေနရာသည္ေနရာမွ ရႈိက္သံေတြ တိုးတိတ္စြာ ထြက္လာေတာ့သည္။
ေမာင္သိဒၶိသည္လြမ္းဆြတ္ဖြယ္ဂီတျဖင့္ အဆုံးသတ္ကာ ရပ္နားလိုက္ သည္။ သို႔ေသာ္ ပရိသတ္သည္ စိတ္နာၾကည္းစြာျဖင့္ ဂီတေရယာဥ္ေၾကာ ဝယ္ နစ္ေျမာရင္း ဟစ္ေအာ္ငိုေႂကြးၾကျပန္ေလသည္။ အတန္ၾကာမွ ငိုသံ ေတြတိတ္ဆိတ္သြားေပေတာ့သည္။
အားလုံးတိတ္ဆိတ္ၿငိမ္သက္သြားေသာအခါ ေအာင္ျမင္ခန႔္ညားေသာ အသံႀကီးတစ္သံကို ၾကားလိုက္ရေပသည္။
“ေမာင္မင္း- ေမာင္သိဒၶိ၊ အေမာင္၏ ေစာင္းပညာကား ၾကားရသည္ ထက္ပင္ပို၍စြမ္းေဆာင္ရည္ျပည့္ဝေနေပတယ္။ သည့္အတြက္ ေမာင္မင္း ကိုကြၽႏ္ုပ္တို႔ေက်းဇူးတင္ရွိပါတယ္။ ကြၽႏ္ုပ္တို႔ရဲ႕သခင္စစ္သူႀကီးဟာလည္း ေမာင္မင္းကိုဂုဏ္ျပဳမႈေတြျပဳလုပ္ပါလိမ့္မယ္။ ဒီေတာ့ ကြၽႏ္ုပ္တို႔ နားေထာင္ လိုတဲ့ ညဦးယံေတြမွာ ေမာင္မင္း ေဖ်ာ္ေျဖရေပလိမ့္မယ္ေနာ္။ ေမာင္မင္းကို ယခုေခၚလာတဲ့စစ္ကဲေတာ္ႀကီးတပ္မႉးကပဲလာၿပီးေခၚပါလိမ့္မယ္။ ေနာက္ ဆုံးသတိေပးလိုတာကေမာင္မင္း – ဒီလိုညနက္သန္းေခါင္ယံမွာဒီေနရာကို လာၿပီးဧည့္ခံတာကို ဘယ္သူ႔ကိုမွ မေျပာရဘူး။ ဘယ္သူမွလည္း မသိေစရ ဘူး။ အဲဒါ သတိၾကပ္ၾကပ္ထားပါ။ အနီးကပ္ဆုံး ကပၸိယႀကီးေတာင္ မသိပါ ေစနဲ႔။ ႐ြာထဲက လူေတြလည္း မသိပါေစနဲ႔။ ကိုင္း – သေဘာေပါက္ရဲ႕လား- ေမာင္မင္း”
“ဟုတ္ကဲ့- သေဘာေပါက္ပါတယ္ ခင္ဗ်ား”
“ကဲ – ဒါဆို – ေမာင္မင္း လြတ္လပ္စြာ သြားလိုရာ သြားႏိုင္ၿပီ၊ လိုက္ပို႔ ေပးလိမ့္မယ္။”
ေမာင္သိဒၶိသည္ထိုင္ေနရာမွထကာခါးကိုၫြတ္၍အ႐ိုအေသေပးလိုက္
ေလသည္။ ထို႔ေနာက္စစ္သည္တစ္ဦးက သူ႔လက္ကိုဆြဲကာတံခါးကိုတံခါး

ဆီသို႔ လိုက္ပို႔ေပးသည္။ အျပင္ဘက္တြင္ တပ္မႉးႏွင့္အဖြဲ႕က ေစာင့္ေနဟန္ ရွိသည္။ သူ႔ကို ဘုန္းႀကီးေက်ာင္းသို႔ ျပန္ပို႔ေပးရန္ ေစာင့္ေနၾကျခင္း ျဖစ္
သည္။
တပ္မႉးႏွင့္အဖြဲ႕သည္ သူ႔ကို ေဘးမသီ ရန္မခရန္ လိုက္လံပို႔ေဆာင္ ေပးၿပီး သူ႔ကို စတင္ေခၚေဆာင္ရာ ေက်ာင္းတြင္းရွိ ကိုယ္ပိုင္အခန္းဝတြင္ ထားခဲ့ကာ ႏႈတ္ဆက္ျပန္သြားေလသည္။
ညဥ့္သည္ ပိုမိုနက္ရႈိင္းထူထဲလာသည္။ ႏွင္းစက္ၿပိဳသံ၊ ဟိုေဝးေဝးမွ ေရခဲျမစ္စီးသံတို႔သည္ တိတ္ဆိတ္ေနေသာ ညဥ့္ယံကိုေဖာက္ကာ ထြက္ ေပၚေနသည္။
ညသည္ တစ္စတစ္စ နက္ရႈိင္းထူပိန္းလာေလသည္။ ႏွင္းစက္ေတြ တေဖ်ာေဖ်ာေႂကြက်သံ၊ ေရခဲျမစ္၏ တတြတ္တြတ္ေရစီးသံတို႔သည္ က်ယ္ေလာင္လာေလ၏။ ေဆာင္းဦးေလႏွင့္အတူ သစ္႐ြက္ေတြကလည္း တစ္ခါတစ္ရံ ေႂကြက်ေနေသးသည္။ ေရခဲစျပဳေနသည့္ ႏွင္းေတာင္တစ္ ေနရာမွ ႏွင္းက်ားသစ္တစ္ေကာင္၏ ဟိန္းေဟာက္မာန္ဖီသဲ့သဲ့ ထြက္ေပၚ လာသည္။ မာန္ဖီသံသည္ ေတာ္ေတာ္ႏွင့္ ရပ္တန႔္မသြားေပ။ တစ္ေကာင္ ႏွင့္ တစ္ေကာင္ အစာလုေနဟန္ရွိသည္။
ညသည္ မႈန္ရီတိတ္ဆိတ္စြာျဖင့္ ဆက္လက္ေ႐ြ႕လ်ားရွိေပသည္။ ေမာင္သိဒၶိသည္ အိပ္ရာထဲတြင္ အိပ္မေပ်ာ္ႏိုင္ေသးဘဲ ဒဏ္ရာရေသာ ေႁမြ တစ္ေကာင္လို ဘယ္ညာလူးလြန႔္လ်က္ရွိေနဆဲပင္။ မၾကာခင္က ျဖစ္ပြား သြားခဲ့ေသာျဖစ္ရပ္ ဒါမွမဟုတ္ အိပ္မက္ဆန္ေသာ အႂကြင္းအက်န္မ်ားက ဆက္လက္ရွင္သန္ေနဆဲ။ ထိုျဖစ္ရပ္ႀကီးသည္ အိပ္မက္ဆန္စြာ ျဖစ္ပြား သြားခဲ့ၿပီ။ ျပန္ေျပာရလွ်င္ ယုံၾကည္ႏိုင္ဖြယ္မရွိ။ ယခု ေနေခါင္းသုံးေခါင္းႏွင့္ ႏွင္းလူတစ္ေယာက္ကို ႐ြာထဲဝင္လာပါသည္ဟုေျပာလွ်င္ ယုံၾကည္ေကာင္း

ယုံၾကေပလိမ့္မည္။ သူေျပာျပမည့္ျဖစ္ရပ္ဆန္းၾကယ္ႀကီးကိုေတာ့ဘယ္သူမွ ယုံၾကည္ၾကလိမ့္မည္ မထင္။
ပိတ္ထားေသာတံခါးကို တိုးျဖတ္ဝင္လာသည့္ လူထြားႀကီး။ ခ်ပ္ဝတ္ တန္ဆာမ်ားျဖင့္ ခက္ထန္မာေၾကာေသာ ေလသံ၊ သူ၏ သစၥာေစာင့္သိရ ေသာေခါင္းေဆာင္စစ္သူႀကီးႏွင့္ ရဲမက္မ်ား ေခါင္လံဖူးစစ္ခ်ီေတးသြား၊ က်ဴး ေက်ာ္စစ္သုံးႀကိမ္ ေဖ်ာ္ေျဖခဲ့ရသည့္ ေစာင္းလက္သံ ဘယ္လိုမွ ယုံၾကည္ ဖြယ္မရွိေသာ ျဖစ္ရပ္ဆန္းၾကယ္မ်ား။
“ဒီပုဂၢိဳလ္ႀကီးေတြဟာ ဘယ္လိုမွ လူသားစစ္စစ္ မျဖစ္ႏိုင္ဘူး။ ဒါ- ေသ ခ်ာတယ္။ လြန္ခဲ့တဲ့ ႏွစ္ရာေပါင္းမ်ားစြာက က်ဴးေက်ာ္သူ တ႐ုတ္ေတြကို ဒီ႐ြာကေလးကေန တြန္းလွန္ၿဖိဳဖ်က္ခဲ့တာ အမွန္ပဲ။ သက္ႀကီးစကား သက္ ငယ္ ၾကားဆိုသလို ရာဇဝင္မွာ စတင္ခဲ့တဲ့ သမိုင္းရွိသလို ႏႈတ္ေျပာရာဇဝင္ ေတြလည္းရွိခဲ့တဲ့ေနရာ။ ငါ့ကိုလာေခၚတဲ့ပုဂၢိဳလ္ေတြေကာငါေစာင္းတီးေဖ်ာ္ ေျဖခဲ့ရတဲ့ လူအုပ္စုႀကီးေရာ၊ သူတို႔ရဲ႕ ေခါင္းေဆာင္ႀကီး စစ္သူႀကီးဆိုတဲ့ ပုဂၢိဳလ္ႀကီးဆိုတာေရာ ဘယ္လိုမွ လူသားစစ္စစ္မဟုတ္ဘူး။ သူတို႔ဟာ တိုက္ပြဲမွာ ဂုဏ္ရွိစြာနဲ႔ က်ဆုံးခဲ့တဲ့ ရဲရဲေတာက္စစ္သည္ေတြ၊ ရဲရဲေတာက္ ဝိညာဥ္ေတြ၊ ပရေလာကသားေတြ၊ စစ္သူႀကီးနာမည္က သတိုးမင္းညိဳတဲ့။ ခုေခတ္လိုဆို ဗိုလ္ခ်ဳပ္ႀကီးအဆင့္။ သူတို႔ရဲ႕ဝိညာဥ္ေတြကို ငါ ေစာင္းသံနဲ႔ ေဖ်ာ္ေျဖတင္ ဆက္ေနရပါကလား။ ဂုဏ္ယူစရာေကာင္းလိုက္တာ။ အင္း – ဒါေပမဲ့ ေရရွည္မွာ ပရေလာကသားေတြနဲ႔လူသား ဆက္ဆံမႈ ေရရွည္မွာ ျဖစ္ႏိုင္ပါ့မလား။ ငါ ျငင္းဆန္မယ့္ တစ္ေန႔က်ရင္ တစ္ခုခု ျဖစ္လိမ့္မယ္ထင္ တယ္။ ငါ ဘယ္လို မွ ေရွာင္ပုန္းလို႔လည္း လြတ္မွာမဟုတ္ပါဘူး။ ေအာ္- ငါကိုယ္တိုင္ လိုလားႏွစ္သက္စြာနဲ႔ တင္ဆက္ခဲ့တာပဲေလ။ သူတို႔ဆီက ဂုဏ္ျပဳလက္ေဆာင္ ေတြကိုလည္း ငါမလိုခ်င္ပါဘူး။ ဘာအမွတ္တရလက္ ေဆာင္မွငါမလိုခ်င္ဘူး။ ငါလို မ်က္မျမင္ဒုကၡိတသည္တစ္ေယာက္ဟာ ဘာ အေဆာင္အေယာင္ ဘြဲ႕ထူးမွ မလိုပါဘူးေလ။ ႏွစ္ဦးႏွစ္ဖက္ အဆင္ေျပဖို႔

ပါပဲ။ ၾကာရင္ ဆရာေတာ္ဘုရားနဲ႔ ေက်ာင္းေနကိုယ္ေတာ္ေတြ ကပၸိယႀကီး ရိပ္မိမွာ ေသခ်ာတယ္။ တတ္ႏိုင္ဘူးေလ။ မီးစင္ၾကည့္ၿပီး ကရမွာပဲ။ သူတို႔ ဟာ ျမင့္ျမတ္စြာေသာ စစ္သည္ေတာ္ဝိညာဥ္ေတြေလ။ ၿပီးေတာ့ – ကမၼဇိဒၶိ တန္ခိုးနဲ႔ ျပည့္စုံေနသူေတြ။ သူတို႔ေနရာကေတာ္ေတာ္ႀကီးက်ယ္ခမ္းနားမွာ ေသခ်ာတယ္။ အေဆာက္အအုံႀကီးကလည္းဧရာမႀကီး။ မီးတိုင္ေတြတထိန္ ထိန္နဲ႔။ လူေတြကလည္း အမ်ားႀကီးေနာ္”
ေမာင္သိဒၶိသည္ တစ္ညလုံး အိပ္မေပ်ာ္ႏိုင္ဘဲ ဘယ္လွိမ့္ ညာကူးျဖင့္ မိုးစင္စင္လင္းသြားခဲ့သည္။ သူ၏ ခႏၶာကိုယ္သည္ ေဆာင္းဦးေလေျပႏွင္း ပြင့္ျဖဴမ်ားႏွင့္အတူေငြ႕ရည္ဖြဲ႕ေနၾကၿပီး အေမွာင္ထဲတြင္ အလင္းစက္ကေလး တစ္စက္ ေတြ႕လိုေတြ႕ ျငား ေမာပန္းတႀကီး ရွာေဖြေနမိေသးသည္။ ထို ပရေလာကသားမ်ားႏွင့္ ေရရွည္ဆက္ဆံေရး။ အျမင္ဓာတ္ၾကည္ၾကည္ လင္လင္ျဖင့္ ထိုပရေလာကသားေတြကို ၾကည့္ခ်င္ျမင္ခ်င္သည္။ အေရာင္ ဆိုတာ ဘာလဲ။ လက္ျဖင့္ ထိေတြ႕ကိုင္တြယ္စမ္းသပ္ခဲ့ေသာ္လည္း ပကတိ လူသား လူေကာင္းတစ္ေယာက္လိုေတာ့ ခံစားသိျဖင့္ မသိႏိုင္ေလေသာ ဘဝ။ အျမင္အာ႐ုံခ်ိဳ႕တဲ့ေလေသာ ဘဝ။
ေလာကႀကီးကို အလင္းစကၡဳျဖင့္ ၾကည့္ခ်င္သည္။ ဘဝဆက္တိုင္း ဆက္တိုင္း အျမင္အာ႐ုံ ျပည့္စုံႂကြယ္ဝသူ ျဖစ္ရပါလို၏။
ညသည္ တိတ္ဆိတ္ေျခာက္ေသြ႕ေနၿမဲ။ အေမွာင္သည္ ေမာင္သိဒၶိ၏ ေဘးပတ္ပတ္လည္တြင္ ဝန္းရံဖိပိုးထားၿမဲ။ အေမွာင္ထုထဲတြင္ သူ၏ ခႏၶာ ကိုယ္သည္ နစ္ဝင္လ်က္ ရွိသည္။
ေနာက္တစ္ည ညဥ့္ဦးယံတြင္ စစ္ကဲေတာ္ႀကီး တပ္မႉးေရာက္လာျပန္ ၿပီ။ ယမန္ေန႔ကကဲ့သို႔ပင္ ေတာလမ္းခရီးလွ်ိဳေျမာင္ခ်ိဳင့္ဝွမ္းတို႔ကိုျဖတ္သန္း ကာ ေခၚသြားျပန္သည္။

ေမာင္သိဒၶိသည္ ေစာင္းပညာျဖင့္ပင္ ပထမေန႔ထက္ မ႐ိုးရေအာင္ တီးကြက္သံဆန္းေတြကိုေျပာင္းကာ စစ္ခ်ီေတးေတြကို တီးခတ္ျပလိုက္ ေလသည္။ ပရိသတ္၏ ခ်ီးက်ဴးဂုဏ္ျပဳမႈကို ပထမေန႔ကအတိုင္း ေတြ႕ႀကဳံ လိုက္ရျပန္သည္။
သို႔ေသာ္ သည္ေန႔ေတာ့ တစ္မူဆန္းၾကယ္ထူးျခားေသာ ျဖစ္ရပ္တစ္ခု ႏွင့္ ဆုံေတြ႕ရျခင္း ျဖစ္ေပသည္။
စစ္ကဲေတာ္ႀကီးတပ္မႉးသည္ ေမာင္သိဒၶိကို လက္တြဲေခၚငင္ၿပီးလွ်င္။ “ေမာင္သိဒၶိ- ေမာင္မင္း၏ေစာင္းပညာစြမ္းေဆာင္ခ်က္သည္လြန္မင္း စြာ အံ့မခန္းေလာက္ပါေပသည္။ ေကာင္းကင္မွ နတ္ေဒဝတာတစ္ပါးကမာၻ ေျမျပင္သို႔ ဆင္းသက္ႂကြခ်ီလာၿပီး လူေယာင္ေဆာင္ကာ ဖန္တီးတီးခတ္ သကဲ့သို႔ ထင္ေယာင္ထင္မွား ျဖစ္ေစေလာက္ေပသည္။ သင္၏စြမ္းေဆာင္ ေျဖေဖ်ာ္ခ်က္သည္ ကြၽႏ္ုပ္တို႔၏ စစ္သူႀကီးႏွင့္တကြ က်န္သည့္ စစ္သည္ ေတာ္ ပရိသတ္အေပါင္း ေက်နပ္ဝမ္းေျမာက္ ပီတိျဖစ္ရသည္။ စစ္သည္မႉး က်ဆုံးခန္းတြင္ ေၾကကြဲဝမ္းနည္းရေပသည္တကား။ ထို႔ေၾကာင့္ ေရွးမဆြ ကပင္ ေမာင္မင္းအား ဆုလာဘ္ခ်ီးျမႇင့္မည္ဟု ကတိေပးထားေပရာ ေမာင္မင္းအား စစ္သူႀကီးကိုယ္တိုင္ ဆုလာဘ္ခ်ီးျမႇင့္မည္ျဖစ္၍ ေရွ႕ေတာ္ ေမွာက္သို႔ ႂကြေရာက္ရန္ ဖိတ္ေခၚသည္”
စစ္ကဲေတာ္ႀကီး၏ အမိန႔္ဆန္ေသာ စကားသံဆုံးသည္ႏွင့္ ေမာင္သိဒၶိ ကိုလူတစ္ေယာက္ကလက္တြဲကာ စစ္သူႀကီးေရွ႕ေမွာက္ဆီသို႔ေခၚေဆာင္ သြားသည္ကို သိရွိလိုက္ရသည္။ ခန္းမေဆာင္သည္ လူတစ္ေယာက္မွ် မရွိ သကဲ့သို႔ တိတ္ဆိတ္သြားေလသည္။ ေမာင္သိဒၶိ၏ တုံ႔ဆြံ႕ေသာေျခသံႏွင့္ လက္တြဲေခၚယူသူ၏ေျခသံသာ တရွပ္ရွပ္ထြက္ေပၚေနသည္။ တစ္ေနရာတြင္ သူတို႔ႏွစ္ေယာက္စလုံး ေျခလွမ္းမ်ားကို ရပ္လိုက္ၾက
သည္။
“သည္ေနရာမွာ ဒူးတုပ္ၿပီးထိုင္ပါ -ေမာင္သိဒၶိ”

ေမာင္သိဒၶိသည္ အနည္းငယ္တြန႔္ဆုတ္သြားၿပီး ၫႊန္ၾကားသလို ထိုင္ လိုက္မိသည္။ သူ႔ေရွ႕ရွိ သလြန္ သို႔မဟုတ္ ေညာင္ေစာင္းတြင္ ပုဂၢိဳလ္ႀကီး တစ္ဦး ထိုင္ေနသည္ဟု ခံစားမိသည္။ သူသည္ အသက္ကိုပင္ ျပင္းျပင္း မရႉရဲ။
ပါ”
“ေခါင္းကိုငုံ႔၊ လက္ႏွစ္ဖက္ကို ေရွ႕ဆန႔္ၿပီး ဆုလာဘ္ေတာ္ကို လက္ခံ
ေမာင္သိဒၶိသည္ ဦးေခါင္းကိုငုံ႔ကာ လက္ႏွစ္ဖက္ကို ေရွ႕သို႔ဆန႔္၍ ျဖန႔္လိုက္ေလ၏။ ထိုခဏဝယ္ သူ႔လက္ဖဝါးထဲသို႔ ေအးစက္မာေၾကာေသာ အရာဝတၳဳတစ္ခုႏွင့္ ေပ်ာ့ေပ်ာင္းေသာ အလ်ားရွည္သည့္ အရာတစ္ခု ညင္သာစြာ က်ေရာက္လာသည္။
႐ုတ္တရက္ က်ယ္ေလာင္စူးရွစြာ ထြက္ေပၚလာေသာ လက္ခုပ္သံ၊ ခန္းမေဆာင္ႀကီးတစ္ခုလုံး ပြင့္ထြက္သြားမတတ္ ေဝါခနဲ ၿပိဳဆင္းသြား ေသာ ဩဘာသံပင္တကား။
သူ႔ရင္ထဲမွာ ပီတိၾကည္ႏူးမႈ၊
သူ၏ ႏွလုံးခုန္သံသည္သည္ စည္းလြတ္ေသာ ဗုံတီးသံကိုမည္ဟည္း ေနေတာ့သည္။ ေျခဖ်ားလက္ဖ်ားေတြ ေအးစက္ကာ လက္ထဲမွာကိုင္ထား ေသာ လက္ေဆာင္ပဏၰာေတာ္ကို လြတ္မက်ေအာင္ ထိန္းသိမ္းထားရ ေပသည္။
“ေမာင္မင္းကို ခုခ်ီးျမႇင့္ေတာ္မူတဲ့ စစ္သူႀကီး သတိုးမင္း ညိဳကိုယ္တိုင္ ခ်ီးျမႇင့္ေတာ္မူျခင္း ျဖစ္ပါသည္။ ေမာင္မင္းကို ခ်ီးျမႇင့္ေသာ လက္ေဆာင္မြန္ သည္ အဖိုးထိုက္ေသာ ပတၱျမား (၂၄)လုံးျဖင့္ စီျခယ္ထားေသာ ေ႐ႊစင္ ေ႐ႊသား ေ႐ႊဖလားျဖစ္သည္။ ပိတ္အုပ္ကေတာ့ ယိုးဒယားဘုရင္မွ လက္ ေဆာင္ေပးထားေသာ ပိုးထည္ျဖစ္သည္။ လက္ေဆာင္မ်ားကား ထူးျမတ္ လွေပသည္”

ေမာင္သိဒၶိသည္ ေပ်ာ္႐ႊင္မႈမ်ား ပူးဝင္ခိုကပ္ေနေသာ အသိစိတ္ျဖင့္ ေခါင္းညိတ္လိုက္ၿပီး ဦးၫြတ္ကာ …
“ေက်းဇူးႀကီးလွပါတယ္ – အရွင္စစ္သူႀကီးခင္ဗ်ာ။ အရွင္၏ ဆုလာဘ္ ေတာ္ကို ကြၽန္ေတာ့္ရင္ထဲမွာ ထာဝရသိမ္းထားပါ့မယ္ ခင္ဗ်ာ။ ေက်းဇူးႀကီး လွပါေပတယ္”
လက္ခုပ္သံမ်ား – ခ်ီးမြမ္းသံမ်ား..
ေမာင္သိဒၶိသည္ ေ႐ႊစင္ခြက္ကိုကိုင္ၿပီးမ်က္ရည္က်ေနမိသည္။ ေမြးရာ ပါ မ်က္စိအလင္းဓာတ္ ဆြံ႕အသူအဖို႔ ေ႐ႊ၏အေရာင္အဆင္းကို မသိေခ်။ ၿပီးေတာ့ – တန္ဖိုးမျဖတ္ႏိုင္ေသာပတၱျမား (၂၄)လုံးစီျခယ္ထားေသးသည္ တဲ့။
ပတၱျမားဆိုတာ ဘယ္လိုေက်ာက္အမ်ိဳးအစားလဲ။ အနီေရာင္ဟု ဆိုၾက သည္။ အနီေရာင္ဆိုတာ ဘယ္လိုပါလိမ့္။ အနီေရာင္ကိုလည္းေကာင္း သူမ မသိေခ်။ သူ႔ကို ခ်ီးျမႇင့္ခဲ့ေသာပုဂၢိဳလ္မ်ား၏ေ႐ႊဖလားသည္ သူ႔လက္ထဲတြင္ အဓိပၸာယ္မဲ့ရွိေနသည္လား။ ဒါမွမဟုတ္ သည္ပစၥည္းကို တစ္ေယာက္ ေယာက္က ျမင္သြားေသာ္ သူ ဘယ္လိုေျဖရမည္နည္း။ သူ႔အေျဖစကားကို ဘယ္သူမွလည္း ယုံၾကည္မည္ မဟုတ္ေခ်။
သူသည္ေ႐ႊဖလားကိုေစာင္ၾကမ္းထဲတြင္ ဝွက္ထားလိုက္သည္။ သည္ ေ႐ႊဖလားသည္ သူ႔ကို ေပ်ာ္႐ႊင္မႈကို ေပးႏိုင္ပါမည္ေလာ။ ဒါမွမဟုတ္ အႏၲရာယ္ေတြ ပူးကပ္ခိုဝင္ေနမည့္အရာေလာ။
သူသည္ သက္ျပင္းခ်ရင္း ၿငိမ္သက္ေနမိသည္။ သူ ေတြးေတာစဥ္းစား ေနစဥ္မွာပင္ အခန္းထဲသို႔ ဝင္လာေသာ ေျခသံကို ၾကားလိုက္ရသည္။ ညင္သာေပါ့ဖြေသာ ေျခသံ၊ သူ ႐ုတ္ျခည္းနားလည္လိုက္သည္။ ဆရာေတာ္

၏ေျခသံ၊ ဆရာေတာ္၏ေျခသံသည္ေပါ့ဖြကာစိတ္သည္။ ေျခဖဝါးကိုအျပား လိုက္ခ်ေသာအသံမ်ိဳး။ ကပၸိယႀကီး၏ ေျခသံက သည္လိုမဟုတ္။ ေပါ့ဖြ ေသာ္လည္း ႀကဲေသာေျခလွမ္းမ်ိဳး ျဖစ္သည္။ သူ ေမာ့ၾကည့္ကာ ဖူးေျမာ္ လိုက္ရင္း …
“ဆရာေတာ္ – ဘုရား”
ဆရာေတာ္သည္ သူႏွင့္ တစ္လံကြာခန႔္ ေနရာတြင္ ရပ္ေနသည္ဟု ခံစားရသည္။
“ေမာင္သိဒၶိ”
“ဘုရား”
ဆရာေတာ္၏ အသံတြင္ ေမးခြန္းေပါင္းေျမာက္ျမားစြာ ခိုဝင္ေနသည္ ဟု သူ ခံစားရသည္။
“ေမာင္သိဒၶိ – မင္း မေန႔ညက ဘယ္ထြက္သြားတာလဲ”
“တင္ပါ့ဘုရား – တပည့္ေတာ္မွာ ကိုယ္ေရးကိုယ္တာကိစၥေလးေတြ ရွိတာနဲ႔ ႐ြာထဲကို ေခတၱထြက္သြားတာပါ – ဘုရား”
“ေမာင္မင္းရဲ႕ကိုယ္ေရးကိုယ္တာကိစၥကလည္း ညဥ့္နက္လွခ်ည့္လား ကြယ့္။ ေန႔ခင္းေန႔လယ္မွာ ေဆာင္႐ြက္ပါေတာ့လား။ ေမာင္မင္းလို လူ တစ္ေယာက္က ညနက္သန္းေခါင္ ေႁမြပါးကင္းပါးအခ်ိန္ အျပင္မထြက္သင့္ ဘူးေလ။ ေမာင္မင္း – အိပ္ရာထဲမွာ ေပ်ာက္ေပ်ာက္ေနတာေတာ္ေတာ္ၾကာ ၿပီလို႔ ေျပာေနၾကၿပီ။ ဘာထြက္ ထြက္လုပ္တာလဲကြယ့္”
ေမာင္သိဒၶိသည္ ဘာမွျပန္မေျပာဘဲ ေရငုံႏႈတ္ပိတ္ၿငိမ္သက္ေနေလ သည္။ ဆရာေတာ္ဘုရား၏ရင္ထဲတြင္ သံသယေတြရွိေကာင္း ရွိေနေပေရာ့ မည္။ သူ႔အေနႏွင့္ ဆရာေတာ္ဘုရားကိုအမွန္အတိုင္းမေလွ်ာက္တင္ဝံ့ေခ်။ အေၾကာင္းရင္းမွန္ကို သိရွိသြားပါက ဆရာေတာ္သည္ ခြင့္လႊတ္လိမ့္မည္ မဟုတ္ေခ်။
“တပည့္ေတာ္ ဆင္ျခင္ပါ့မယ္ ဘုရား”
“ေမာင္သိဒၶိ – မင္းအတြက္ အားလုံးက စိုးရိမ္ပူပန္ေနၾကတယ္။ ဒီလိုပဲ မၾကာခဏ ညဘက္ႀကီး အျပင္ဘက္ကို ထြက္ထြက္သြားတယ္ဆိုတာ အႏၲရာယ္ပဲကြယ့္။ ငါ့ကို ခြင့္ပန္ၿပီး အေဖာ္နဲ႔ျဖစ္ျဖစ္ သြားသင့္တယ္ မဟုတ္ လား။ ဒီတစ္ခါထြက္ရင္ ကပၸိယႀကီးကို ေခၚသြားပါ”
ေမာင္သိဒၶိက ညဥ့္နက္သန္းေခါင္ အျပင္သို႔ မထြက္ေတာ့ပါဟု ကတိ ေပးခဲ့ေသာ္လည္း ေျပာတုန္းခဏသာ ျဖစ္သည္။ မၾကာခဏဆိုသလို တစ္ ရက္ျခား၊ ႏွစ္ရက္ျခား ထြက္ထြက္သြားတတ္သည္။ ထိုအခါ ဆရာေတာ္ ဘုရားသည္ သကၤာယနမကင္း ျဖစ္လာေတာ့သည္။ သည္တစ္ႀကိမ္ အျပင္ ထြက္ပါက ေမာင္သိဒၶိေနာက္သို႔ ေနာက္ေယာင္ခံလိုက္ၾကရမည္ဟု သိုသို သိပ္သိပ္ မွာၾကားထားသည္။
တစ္ေန႔တြင္ အားလုံးေမွ်ာ္လင့္ထားၾကသည့္အတိုင္း ေမာင္သိဒၶိသည္ ေက်ာင္းမွ ညဥ့္ဦးယံတြင္ ေပ်ာက္သြားေလသည္။
ကပၸိယႀကီးႏွင့္ ေက်ာင္းေနရဟန္းပ်ိဳႏွစ္ေယာက္တို႔သည္ ေမာင္သိဒၶိ ထြက္သြားရာေနာက္သို႔ မီးအိမ္မ်ားျဖင့္ လိုက္လံရွာေဖြၾကေလ၏။
ထိုညကည(၇)နာရီခန႔္သာရွိေသးေသာ္လည္းနယ္စြန္နယ္ဖ်ားအရပ္
ေဒသျဖစ္သည္က တစ္ေၾကာင္း၊ ေအးျမေသာေဆာင္းရာသီဥတု၏ အစဦး ျဖစ္သည္ကတစ္ေၾကာင္း၊ ေတာေတာင္ထူထပ္သည္ကတစ္ေၾကာင္း ညဥ့္ နက္ေနၿပီဟု ထင္စရာျဖစ္သည္။
ေအးျမစိုစြတ္ေသာ ေဆာင္းေလသည္ အပ္ဖ်ားႏွင့္ ခႏၶာကိုယ္ အေရ ျပားကို ထိုးဆြသကဲ့သို႔ တိုက္ခတ္ေနေလသည္။ မိုးစက္ေႂကြသကဲ့သို႔ ႏွင္း စက္ေတြ ေႂကြက်သံတေျဖာက္ေျဖာက္ျမည္သံကိုပင္ ၾကားေနရသည္။ ပတ္ဝန္းက်င္သည္ လေရာင္ျဖင့္ မလင္းတလင္းရွိ၏။ သစ္ပင္သစ္႐ြက္မ်ားၾကည့္ေလရာရာ
ေပၚမွႏွင္းစက္မ်ားသည္မိုးစက္မ်ားပမာေငြ႕ရည္ဖြဲ႕ေနၾကၿပီ။ လေရာင္ႏုႏုႏွင့္ ႏွင္းလႊာသာတည့္။ ေလသည္ တေဖ်ာေဖ်ာျမည္ကာ ေတာ
သံေပး၍ တိုက္ခတ္လ်က္ရွိသည္။
ဟိုးေရွ႕ခပ္လွမ္းလွမ္းတြင္ ေမာင္သိဒၶိသည္ ေစာင္းကိုပိုက္ကာ လူ ေကာင္း သူေကာင္းမ်ားထက္ပင္ လ်င္ျမန္ေသာ အဟုန္ျဖင့္ ေ႐ြ႕လ်ားေနေပ သည္တကား။ သည္ေတာသည္ေတာင္ေရေျမမွာလွ်ိဳေျမာင္ခလုတ္တံသင္း
ေပါမ်ားရကား သည္လို လေရာင္ မလင္းတလင္းလိုအခ်ိန္မွာမဆိုထားႏွင့္။ ေန႔အခ်ိန္မွာပင္ သြားရလာရ လမ္းပန္းဆက္သြယ္ေရး ခက္ခဲတတ္သည္။ ယခု ေမာင္သိဒၶိ၏ လ်င္ျမန္ေ႐ြ႕လ်ားပုံကား ေလအယာဥ္ေပၚတြင္ သစ္႐ြက္ ကေလးေ႐ြ႕လ်ားကဲ့သို႔ပါတကား။
“ၾကည့္စမ္းေဟ့ – ဦးပၪၥင္းတို႔။ ထူးဆန္းလိုက္ပါဘိ။ ေမာင္သိဒၶိလိုမ်က္ မျမင္တစ္ေယာက္ အေမွာင္ထဲမွာ ေလွ်ာက္သြားပုံကို ၾကည့္ၾကစမ္း” ဦးပၪၥင္းႏွစ္ပါးသည္ အံ့ဩတႀကီး ေငးၾကည့္ေနၾကေပသည္။
“ဟုတ္ပါရဲ႕- ကပၸိယႀကီး၊ သူ ေလွ်ာက္ပုံက ျမန္လိုက္တာ။ ေျခဖဝါးနဲ႔ ေျမျပင္နဲ႔မွ ထိမွထိရဲ႕လား”
“ေသခ်ာပါၿပီ – သူ႔ကို ပရေလာကသားေတြ ေခၚသြားတယ္ဆိုတာ ေသခ်ာပါၿပီ”
သူတို႔သည္ ေခါင္လံဖူး႐ြာကေလးႏွင့္ အတန္ေဝးေသာေနရာသို႔ပင္ ေရာက္ရွိေနေပၿပီ။ ကပၸိယႀကီးအပါအဝင္ ဦးပၪၥင္းႏွစ္ပါးသည္ ႏွင္းေတာ ထဲမွာပင္ ေခြၽးၿပိဳက္ၿပိဳက္က်ေနၿပီ။
“႐ြာနဲ႔ ေတာ္ေတာ္ေဝးလာၿပီေဟ့။ ဒါ- သခ်ႋဳင္းအစပ္ပဲ။ ၿပီးေတာ့ – ေရွး ေဟာင္းသခ်ႋဳင္းၾကားပဲဟ။ ေရွးေဟာင္းသခ်ႋဳင္းဆိုတာ ဘိုးဘြားေတြ လက္ ထက္ထဲက အဲဒီမွာ မျမႇဳပ္ၾကေတာ့ဘဲ ဒီအတိုင္းထားတဲ့ သခ်ႋဳင္းေလး” ကပၸိယႀကီးက ရွင္းျပသည္။
“ဒီေနရာေတြကို က်ဳပ္တို႔ မေရာက္ဖူးေသးဘူးဗ်ိဳ႕”
တစ္ေယာက္ေသာ ဦးပၪၥင္းက ေမာဟိုက္သံျဖင့္ ဆိုသည္။ “တခ်ိဳ႕႐ြာသားေတြ ဒီသခ်ႋဳင္းေဟာင္းထဲကိုေတာင္ မဝင္ရဲၾကဘူးၾကား
ကပၸိယႀကီးက …
“အေျခာက္အလွန႔္အားႀကီးတယ္ေျပာတာပဲ။ က်ဳပ္ေတာင္ တစ္ေခါက္ ႏွစ္ေခါက္ပဲ ေရာက္ဖူးတယ္။ ၾကက္သီးထတာနဲ႔ ေနာက္မဝင္ရဲေတာ့ဘူး” “ကဲ- အသာေနၾကဦး။ ဟိုမွာ ဂူပ်က္ႀကီးတစ္လုံးေပၚမွာ ထိုင္ဖို႔ ျပင္ ေနၿပီ။ သူ ဘာလုပ္မလဲဆိုတာ ဒီေနရာကပဲ ေခ်ာင္းၾကည့္ၾကစို႔” “ဟုတ္တယ္ – ကပၸိယႀကီး။ မီးအိမ္ေတြကို ျငႇိမ္းလိုက္ၾကစို႔ရဲ႕” သူတို႔သည္ မီးအိမ္မ်ားကို ျငႇိမ္းကာ ၿငိမ္သက္ေနလိုက္ၾကသည္။ လေရာင္ကား တျဖည္းျဖည္းျမႇင့္တက္လာၿပီ။ ေလတိုက္ႏႈန္းက ျမန္
လာသည္။
“ေဟ့-ေစာင္းသံၾကားရၿပီေဟ့။ ထူးဆန္းလိုက္တာကြယ္။ လူမရွိ သူမရွိ ေမွာင္မည္းၿပီး ႏွင္းတဖြဲဖြဲက်ေနတဲ့ထဲမွာ တစ္ေယာက္တည္း အေၾကာက္ အလန႔္မရွိ ေစာင္းတီးဝံ့တယ္”
ဝါဂြမ္းစိုင္လို ႏွင္းပြင့္ကေလးေတြက တဖြဲဖြဲေႂကြဆင္းေနၾကေပသည္။ ေမာင္သိဒၶိသည္ သခ်ႋဳင္းပ်က္ႀကီးထဲရွိႀကီးမားေသာအုတ္ဂူေဟာင္းႀကီးေပၚ တြင္ က်က်နနထိုင္ကာေစာင္းပညာကိုလက္ကုန္ထုတ္ကာတီးခတ္ေနျခင္း ပင္တည္း။ သူ၏ ဦးေခါင္း၊ ပခုံးႏွင့္ ခႏၶာကိုယ္အႏွံ႔အျပားေပၚသို႔ ႏွင္းပြင့္ေတြ ကတသဲသဲတဖြဲဖြဲေႂကြက်ေနသည္။
ေမာင္သိဒၶိသည္ပတ္ဝန္းက်င္၏ဆိုးဝါးျပင္းထန္ေသာေလဒဏ္မိုးႏွင္း ဒဏ္တို႔ကိုရွိသည္ဟုပင္ ခံစားရပုံမေပၚ။ ျမဴးႂကြေသာ စစ္ခ်ီေတးကို စတင္ တီးခတ္ေနေပၿပီေကာ။ သူသည္ ဂီတေရယာဥ္ေၾကာတြင္ ေမ်ာပါကာ

ဦးေခါင္း၊ ခႏၶာကိုယ္တစ္ခုလုံး နတ္ဝင္သည္ကဲ့သို႔ ယိမ္းထိုးေနကာ သတိ လက္လြတ္ ျဖစ္ေနသကဲ့သို႔ တီးခတ္ေနေလေတာ့သည္တကား။
ကပၸိယႀကီးႏွင့္ ဦးပၪၥင္းမ်ားသည္ အသက္ပင္ မရႉဝံ့ဘဲ ၿငိမ္သက္ ၾကည့္ရႈေနရာမွ ႐ုတ္တရက္ ကပၸိယႀကီးက …
“ဟာ-ဟိုမွာၾကည့္ၾကစမ္း။ ေဟ့-ပိုးစုန္းၾကဴးကေလးေတြ အမ်ားႀကီး ပဲေဟ့။ ဘယ္ကေန ထြက္လာၾကတယ္လည္း မသိဘူး။ ေမာင္သိဒၶိရဲ႕ပတ္ ပတ္လည္မွာ အမ်ားႀကီးပဲဟ”
“ဟုတ္တယ္ – ဟုတ္တယ္ – ဂူေတြၾကားက ထြက္လာၾကတာပဲ။ ထူးဆန္းလိုက္တာ”
ဦးပၪၥင္းတစ္ပါးက အံ့ဩတႀကီး ဝင္ေျပာသည္။
“ၾကည့္လို႔ေတာင္ လွေသးေတာ့ ၾကည့္စမ္း လေရာင္မလင္းတလင္း ဟိုေဝးေဝးမွာ ႏွင္းဖုံးေနတဲ့ေတာင္ထြတ္။ အစိမ္းေရာင္မီးပြင့္မီးစက္ကေလး ေတြလို ပိုးစုန္းၾကဴးကေလးေတြ ေ႐ြ႕လ်ားပ်ံသန္းေနၾကတာ လွလိုက္တာ ေပါ့”
မွန္ေပသည္။ စိမ္းျပာေရာင္ပိုးစုန္းၾကဴးကေလးမ်ားသည္ ေမာင္သိဒၶိ၏ ေစာင္းႀကိဳးညႇိသံ ၾကားရကတည္းကပင္ ဂူႀကိဳဂူၾကားမွ အလွ်ိဳလွ်ိဳထြက္လာ ၾကျခင္း ျဖစ္သည္။ ရာေပါင္းမ်ားစြာေသာ ပိုးစုန္းၾကဴးကေလးမ်ားသည္ ဂူ အႏွံ႔အျပားတြင္ ဆီမီးထြန္းညႇိထားသကဲ့သို႔ ေတာက္ပေနၾကကာ ေမာင္ သိဒၶိ၏ ခႏၶာကိုယ္ေပၚတြင္လည္းေကာင္း၊ သစ္ပင္ခ်ဳံပုတ္၊ ဂူမ်ားတြင္လည္း ေကာင္းနားသည့္အေကာင္ကနား၊ ပ်ံဝဲေနသည့္အေကာင္ကပ်ဲဝံကာမီးစုန္း သဘင္ က်င္းပဆင္ယင္ေနသကဲ့သို႔ ရွိသည္။
ရာေပါင္းမ်ားစြာေသာ ပိုးစုန္းၾကဴးကေလးမ်ားသည္ ေစာင္းသံ၏ ဂီတ စည္းခ်က္နိမ့္ျမင့္သံစဥ္အတိုင္း ကခုန္ေ႐ြ႕လ်ားေနၾကျခင္းပင္တည္း။ သံစဥ္ ေႏွးလွ်င္ေႏွးသလို၊ ျမန္လွ်င္ျမန္သလိုေ႐ြ႕လ်ားေနၾကျခင္းမွာ ၾကည့္ရသည္ မွာ ထူးဆန္းအံ့ဩဖြယ္ရာပင္ကတား။

ကပၸိယႀကီးတို႔သည္ မိမိတို႔ လက္ရွိပကတိ အေျခအေနကိုပင္ လုံးဝ ေမ့ေလ်ာ့သြားကာဂီတ၏ျမဴးႂကြခက္ထန္ေသာ စစ္ေသြးႂကြသံစဥ္တြင္းသို႔ လည္းေကာင္း၊ ပိုးစုန္းၾကဴးကေလးမ်ား၏ ကကြက္တြင္းသို႔လည္းေကာင္း စီးေပ်ာ္နစ္ေမ်ာကာ သတိလက္လြတ္ ျဖစ္ေနၾကေပသည္။
ေမာင္သိဒၶိသည္ သူ႔အနားတြင္ မည္သူမွ်ရွိပုံမရ။ သူသည္ အသက္ ျပင္းျပင္းရႉေနသည္လား။ ပုံမွန္ ရႉေနသည္လား။ ဂ႐ုစိုက္ပုံပင္ ရဟန္းမတူ သူ၏ အျမင္အာ႐ုံက မျမင္ရျခင္း ဝိညာဥ္ေတြကို ၾကည့္ေနသည္။ စစ္ျမင္း ခြာသံမ်ား၊ စည္ေတာ္က တဒိန္းဒိန္း၊ ေအာင္လံတလူလူ ေအာ္ဟစ္သံမ်ား။ ႏွင္းပြင့္ေတြကတဖြဲဖြဲေႂကြက်ေနၾကသည္။ ေလျပည္က ခ်ိဳအီလို႔။ ဂီတ သံေၾကာင့္ အျပာေရာင္ျပာသြယ္ညိဳ႕ေနေသာ ေကာင္းကင္ပင္ ၿပိဳက်လာ ေလာက္ေပရဲ႕။ ခဏၾကာေတာ့ႏွင္းစက္မ်ားသည္အုတ္ဂူမ်ား ပတ္ပတ္လည္ တြင္ တဖြဲဖြဲၿပိဳဆင္းလာျပန္သည္။ သစ္႐ြက္သစ္ခက္မ်ားသည္ ဂီတ၏ ညႇိဳ႕ ျမဴရိပ္ေအာက္တြင္ ၿငိမ္သက္လ်က္။ ေကာင္းကင္က ၾကယ္ေတြပင္ ခုန္ ဆင္းလာမတတ္ ဂီတက ဖမ္းစားလိုက္ေလၿပီ။
ပထမဦးဆုံး တိတ္ဆိတ္မႈကို စတင္ၿဖိဳခြင္းလိုက္သူမွာ ကပၸိယႀကီး ျဖစ္သည္။
“ေဟး- ေမာင္သိဒၶိကို ဝိညာဥ္တေစၦေတြ ဖမ္းစားကုန္ၿပီ။ တို႔ – ကယ္မွ ျဖစ္မယ္”
ကပၸိယႀကီး၏အသံသည္ တစ္ေတာလုံးဟိန္းဟိန္းညံသြားသည့္အသံ
မ်ိဳးျဖင့္ေအာ္ဟစ္လိုက္ျခင္းျဖစ္ေပရာကခုန္ျမဴးထူးပ်ံဝဲေနေသာပိုးစုန္းၾကဴး
ကေလးမ်ားသည္ ေအာ္သံေၾကာင့္ ႐ုတ္ျခည္းေပ်ာက္ကြယ္သြားၾကေလ သည္။
“ဘုရား – ဘုရား – အံ့ဩစရာပဲ။ ပိုးစုန္းၾကဴးေတြတစ္ေကာင္မွမရွိေတာ့ ဘူးေဟ့”

ဦးပၪၥင္းတစ္ပါးက တုန္တုန္ခိုက္ခိုက္ ေလသံျဖင့္ ေျပာသည္။ ဒုန္ဒုန္ ဒင္ဒင္တီးခတ္ေနေသာ ေစာင္းသံလည္း လုံးဝတိတ္ဆိတ္ ပကတိၿငိမ္
သက္။
ကပၸိယႀကီးသည္ တစ္ကိုယ္လုံး ႏွင္းမ်ားျဖင့္ စိုစို႐ႊဲေနေသာ ေမာင္သိဒၶိ ကိုဝင္၍ဖက္ေလေတာ့သည္။ ေမာင္သိဒၶိသည္ ႐ုတ္တရက္ေတာ့ေၾကာင္အ သြားရာမွ လက္ထဲမွ ေစာင္းေကာက္ကို ေယာင္ယမ္းကာ လႊတ္ခ်လိုက္မိ သည္။
“ဒုန္း…” “ဂလုံး-ဂလြမ္း”
ေစာင္းေကာက္သည္ ဂူထက္မွေျမျပင္ေပၚသို႔ ဒလိမ့္ေကာက္ေကြး ျပဳတ္က်သြား၏။ ေမာင္သိဒၶိသည္အတင္း႐ုန္းကန္သည္။ ႏႈတ္မွလည္း ဗလုံး ဗေထြး ေအာ္ဟစ္ေလသည္။
“ဘယ္သူလဲကြ – စစ္သူႀကီး သတိုးမင္းညိဳနဲ႔ တပ္မႉးေတြ၊ ရဲမက္စစ္ သည္ေတြကိုစစ္ေသြးႂကြသီခ်င္းေတြနဲ႔ ေဖ်ာ္ေျဖေနတာကိုေႏွာင့္ယွက္တာ ဘယ္သူလဲေဟ့ – တပ္မႉးတို႔။ ရဲမက္တို႔ ဒီမိစာၦေကာင္ေတြ၊ ေႏွာင့္ယွက္သူ ေတြကိုဝင္ၿပီးဖမ္းဆီးပါေတာ့လား”
ကပၸိယႀကီးႏွင့္ ဦးပၪၥင္းႏွစ္ပါးသည္ ေမာင္သိဒၶိကို ဝင္၍ ခ်ဳပ္ေႏွာင္ဖမ္း ဆီးေလသည္။
“ဖယ္စမ္း – ဖယ္ၾကစမ္း။ ဘယ္သူေတြလဲေဟ့။ ရဲမက္ေတြ၊ တပ္မႉးေတြ ဖမ္းၾကပါေတာ့လား။ ဒီလို ေႏွာင့္ယွက္တာ ေကာင္းသလား။ သည္းမခံႏိုင္ ဘူးေဟ့”
ေမာင္သိဒၶိသည္အသိစိတ္ကင္းမဲ့ေနေသာ သူ႐ူးတစ္ေယာက္လိုေအာ္ ဟစ္႐ုန္းကန္ေန၏။ ကပၸိယႀကီးႏွင့္ ဦးပၪၥင္းႏွစ္ပါးကိုလည္း မွတ္မိပုံမေပၚ။ ပတ္ဝန္းက်င္အေျခအေနကိုလည္း သတိရပုံမရ။

“ဟဲ့-ေမာင္သိဒၶိ-ငါတို႔ပါဟ။ မင္းကို မေကာင္းဆိုးဝါး နာနာဘာဝေတြ ပူးကပ္ေနၿပီ။ သတိထား – သတိထားစမ္းဟဲ့”
“ဘာ- နာနာဘာဝေတြလဲ။ ဘာသရဲတေစၦ မေကာင္းဆိုးဝါးလဲ။ ဖယ္ ၾကစမ္း – ခင္ဗ်ားတို႔ေႏွာင့္ယွက္တာနဲ႔ စစ္သူႀကီးေတြေကာ၊ ရဲမက္ေတြေကာ မရွိေတာ့ဘူး။ ဘယ္ေရာက္ကုန္ၿပီလဲေဟ့”
ကပၸိယႀကီးသည္ ေမာင္သိဒၶိကို မလြတ္တမ္း ဖက္တြယ္ခ်ဳပ္ကိုင္ထား သည္။ ဦးပၪၥင္းႏွစ္ပါးကပါ ဝင္ေရာက္ခ်ဳပ္ကိုင္ထားရသည္။

“ေမာင္သိဒၶိ – ေမာင္သိဒၶိ- သတိထားစမ္းဟဲ့။ သတိထားစမ္း – မင္းကို ဆရာေတာ္ဘုရား လိုက္ရွာခိုင္းလို႔ တို႔ လိုက္ရွာလို႔ ဒီသခ်ႋဳင္းဂူေဟာင္းမွာ ေတြ႕ရတာ ၿငိမ္ၿငိမ္ေနစမ္း”
“ဟင္ – ခင္ဗ်ာ”
ထိုအခါမွ ေမာင္သိဒၶိသည္ အသိစိတ္ဝင္လာကာ ႐ုန္းကန္မႈမျပဳေတာ့ ဘဲ ၿငိမ္သက္သြားေလေတာ့သည္။ ဦးပၪၥင္းႏွစ္ပါးသည္ရယ္ရမလို၊ ငိုရမလို ျဖစ္ကာ လဲက်ေနေသာ ေစာင္းေကာက္ကို တစ္ပါးကဆြဲယူသည္။ ေမာင္ သိဒၶိမွာ အနည္းငယ္ၿငိမ္သက္သြားေသာ္လည္း မေကာင္းဆိုးဝါး ပူးကပ္ သကဲ့သို႔ ေၾကာင္ေတာင္ေတာင္ျဖစ္ေနေသးသည္။ ႐ုန္းခ်င္ကန္ခ်င္ျဖစ္ေန ေသးသည္။
“ကဲ – ၿငိမ္ၿငိမ္ဆိမ္ဆိမ္လိုက္ခဲ့ေတာ့။ ဆရာေတာ္ဘုရားေက်ာင္းက ေစာင့္ေနၿပီ။ ႏွစ္ဖက္ညႇပ္တြဲကာ ဘုန္းႀကီးေက်ာင္းသို႔ ေခၚေဆာင္လာ
ေလ၏။
“ေမာင္သိဒၶိ”
ဆရာေတာ္၏ ညင္သာစြာေခၚလိုက္ေသာအသံ၊ ဆရာေတာ္၏အသံ သည္ စိုးရိမ္စိတ္ကဲေနပုံရသည္။
“တင္ပါ့ ဘုရား”
“ေမာင္သိဒၶိရဲ႕အိပ္ရာထဲက ပစၥည္းတစ္ခု ေတြ႕တယ္”
သူ႔ရင္ထဲမွာ ျဖန္းခနဲ တုန္လႈပ္သြားသည္။
“ေ႐ႊဖလားတစ္လုံး”
သူ ၿငိမ္သက္ေနမိသည္။ ေခါင္းကို ငုံ႔ထားသည္။ ရင္ထဲမွာ တလွပ္လွပ္
ျဖစ္ေနသည္။
“မင္းကိုဆရာေတာ္အျပစ္တင္ေနတာမဟုတ္ဘူးကြယ္။ ျဖစ္စဥ္ေတြက
ဒီလိုေလ”

ဆရာေတာ္သည္ တည္ၿငိမ္ေအးခ်မ္းေသာေလသံျဖင့္ ညစဥ္ ေပ်ာက္ ေပ်ာက္သြားတတ္သည့္ ေမာင္သိဒၶိ၏အေျခအေန၊ ထူးျခားေနေသာ အမူ အရာ၊ ပတၱျမား (၂၄)လုံးစီျခယ္ထားသည့္ေ႐ႊစင္ေ႐ႊသားေ႐ႊဖလားတစ္လုံး ေတြ႕ရွိပုံထိ ရွင္းျပလိုက္သည္။
“တပည့္ေတာ္ ဘာေျပာရမွန္း မသိပါဘူး ဘုရား။ သူတို႔ကို ေၾကာက္႐ြံ႕ ထိတ္လန႔္ရာကေန မျငင္းႏိုင္ဘဲ လိုက္ေလ်ာမိရာကေန ကိုယ္ေရာစိတ္ပါ ကြၽံဝင္သြားရတာပါဘုရား။ တပည့္ေတာ္ကို ခြင့္လႊတ္ေတာ္မူပါ ဘုရား” ဆရာေတာ္သည္ ဦးေခါင္းတစ္ခ်က္ ညိတ္လိုက္ၿပီး လက္ထဲမွာ ကိုင္ ထားသည့္ ေ႐ႊဖလားကို စားပြဲေပၚတင္လိုက္၏။
“လူသားဘဝနဲ႔ ပရေလာကသားေတြဟာ ဘဝခ်င္း ျခားနားေနပါၿပီ။ ေမာင္သိဒၶိ – မတူညီတဲ့ဘဝႏွစ္ခုကို ေရရွည္လက္တြဲဆက္ဆံလို႔ မျဖစ္ဘူး ေလ။ ၾကာရင္ မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္ႏိုင္တယ္။ သူတို႔က ကမၸ ဇိဒၶိတန္ခိုးရွိသူေတြ။ သူတို႔ ေက်နပ္ေနရင္ ၾကည္ျဖဴေနရင္ ျပႆနာမရွိႏိုင္ ေပမယ့္ သူတို႔ ၿငိဳျငင္ရင္ အသက္ပါ ပါသြားႏိုင္တယ္။ အႏၲရာယ္ရွိပါတယ္ ေမာင္သိဒၶိ။ သူတို႔ကို ေမတၱာရပ္ခံ။ ေမတၱာပို႔ၿပီး ဒီအဆက္အသြယ္ျဖတ္တာ ေတာ့ အေကာင္းဆုံးလို႔ထင္တယ္-ေမာင္သိဒၶိ”
“တင္ပါ့ – ဆရာေတာ္ဘုရား။ သူတို႔ကို ေမတၱာပို႔ၿပီး အဆက္အသြယ္ ျဖတ္ႏိုင္ေအာင္ ႀကိဳးစားပါ့မယ္။ တပည့္ေတာ္ကို ကယ္မေတာ္မူပါဘုရား။ သူတို႔နဲ႔ ေဝးေအာင္ ကူညီေစာင္မေတာ္မူပါ ဘုရား”
ေမာင္သိဒၶိသည္ စကားေျပာေနရင္း တရႈပ္ရႈပ္ငိုေႂကြးေနေလသည္။ “စိတ္ခ်ပါ – ေမာင္သိဒၶိ၊ ေမတၱာသာအဓိကပါ။ သူတို႔ကိုေမတၱာပို႔ရမယ္။ ၿပီးရင္ – ကိုယ္လုပ္စရာရွိတာ ဆက္လုပ္ရမယ္ကြယ္။ ေသဆုံးၿပီးသူေတြရဲ႕ ဝိညာဥ္ေတြဟာ သင့္ကို ေခၚယူၿပီးေဖ်ာ္ေျဖခိုင္းတာကေတာ့ သင္ ႐ုန္းထြက္ ႏိုင္ေအာင္ ႀကိဳးစားပါ – ေမာင္သိဒၶိ။ စိတ္ရဲ႕စြဲလမ္းမႈ စိတ္ကူးယဥ္သက္သက္

ေတြကိုေတာ့ ေဖ်ာက္ဖ်က္ဖို႔ လိုတယ္ မဟုတ္လား။ ေနာက္တစ္ခါ ပရ ေလာကသား ဝိညာဥ္ေတြ လာမေခၚႏိုင္ေအာင္ ေမာင္သိဒၶိရဲ႕ ခႏၶာကိုယ္ေပၚ မွာ ျမတ္စြာဘုရားရဲ႕ေဒသနာေတာ္ေတြ၊ ပရိတ္ေတြကို ေရးျခယ္ေပးရမယ္။ ဂါထာေတြ ထုံမႊမ္းထားရမယ္- ဟုတ္ၿပီလား”
“တင္ပါ့ဘုရား – တပည့္ေတာ္ကို ကယ္ေတာ္မူပါဘုရား”
ေနာက္တစ္ေန႔နံနက္တြင္ ဆရာေတာ္ဘုရားသည္ ေမာင္သိဒၶိကို ေခၚ ကာ ျမတ္စြာဘုရားရွင္၏ ေရွ႕ေတာ္ေမွာက္ဘုရားေက်ာင္းေဆာင္ေရွ႕တြင္ အေပၚအက်ႌကို ခြၽတ္ေစသည္။ ထို႔ေနာက္ ခႏၶာကိုယ္အႏွံ႔ (၂၄) ပစၥည္း၊ သမၺဳေဒၶဂါထာစသည္တို႔ကို ခႏၶာကိုယ္အႏွံ႔အျပားေနရာလပ္မက်န္ရေအာင္ ဂါထာေတာ္မ်ား မင္ျဖင့္ေရးျခယ္ျခင္း၊ ပရိတ္ေရဆြတ္ဖ်န္းျခင္းစသည္တို႔ကို စီရင္ဖန္တီးေပးေလသည္။ အႏၲရာယ္ကင္း ဂါထာေတာ္မ်ားကိုလည္း ေက်ာင္း၏ ပတ္ပတ္လည္တြင္ ႐ြတ္ဆိုေစေလသည္။
“ေမာင္မင္း – ေမာင္သိဒၶိ၊ ညဦးယံမွာ ခါတိုင္းလို သူတို႔လာေခၚရင္ ၿငိမ္ ၿငိမ္ကေလးထိုင္ေန – မလႈပ္ရွားနဲ႔။ သိလား။ အသက္ေတာင္ ျပင္းျပင္းမရႉနဲ႔။ တုပ္တုပ္မွ်မလႈပ္နဲ႔ကြဲ႕ေနာ္။ ဒါ – အေရးႀကီးတယ္။ ဘာမွမေၾကာက္နဲ႔။ ဂါထာ ေတြထုံမႊမ္းထားၿပီးသား။ ကယ္ပါလို႔လည္း မေအာ္နဲ႔။ ေမာင္မင္းအသံၾကား တာနဲ႔ သူတို႔တစ္ခုခု လုပ္လိမ့္မယ္။ အသက္အႏၲရာယ္ စိုးရိမ္ရတယ္။ အဲဒီ အခ်က္ကို သတိထားေပေတာ့- ေမာင္သိဒၶိ”
“တင္ပါ့ – ဘုရား၊ တပည့္ေတာ္- သတိထားေနပါ့မယ္”

ညဦးယံသို႔ ေရာက္လာသည္။ လသည္ ထိန္ထိန္သာစ ျပဳလာသည္။ ေမာင္သိဒၶိသည္ သတိဝီရိယျဖင့္ အခန္းတြင္းတြင္ မလႈပ္မယွက္ထိုင္ေန ေလသည္။ ပတ္ဝန္းက်င္သည္ တိတ္ဆိတ္စျပဳလာသည္။ ပတ္ဝန္းက်င္ သည္ ႏွင္းစက္တေဖ်ာက္ေဖ်ာက္ေႂကြသံ၊ သစ္႐ြက္ကိုေလတိုးသံမွလြဲ၍ ပတ္ဝန္းက်င္သည္ တိတ္ဆိတ္ေနသည္။
ေမာင္သိဒၶိသည္ ႐ုတ္တရက္ ခံတြင္းခ်ဥ္လာသျဖင့္ ေရေသာက္ရန္ ေနရာမွ ထလိုက္စဥ္မွာပင္ ႐ြာထဲမွ ေခြးတစ္ေကာင္၏ သံရွည္ဆြဲကာ အူလိုက္သံကိုၾကားလိုက္ရသည္။ ပထမေခြးတစ္ေကာင္၏အူသံမဆုံးမီမွာ ပင္ ေနာက္ထပ္ေခြးတစ္ေကာင္၏အူသံက ဆက္တိုက္ထြက္ေပၚလာ၏။ သူသည္ ထိုင္ေနရာမွျပန္၍ ထိုင္လိုက္မိသည္။ သူ႔စိတ္ထဲက ေလးလံ ဖိစီးမႈတစ္ခုသည္ တျမည့္ျမည့္ေလာင္ကြၽမ္းစျပဳလာသည္။
ဘုန္းႀကီးေက်ာင္း၏ ၿခံဝတြင္ ေက်ာင္းေနကိုရင္တစ္ပါး တည္ခဲ့ေသာ ထင္းမီးဖိုတစ္ခုသည္ မီးေတာက္ေလာင္ေနတုန္းပင္။ မီးခိုးမ်ားသည္ အလိပ္ လိုက္ အလိပ္လိုက္ျဖင့္ ေကာင္းကင္သို႔ ပ်င္းရိေလးတြဲ႕စြာ လြင့္ပါးလ်က္ရွိ သည္။ မီးၫြန႔္ဝါဝါမ်ားသည္ တဖ်တ္ဖ်တ္လြင့္ပ်ံေနကာ ဝိညာဥ္ဝါေတြ ကခုန္ေနသကဲ့သို႔ ထင္မွတ္ရသည္။ တေစၦတစ္ေကာင္ ငိုညည္းေနသလို ထင္းအစိုတစ္ေခ်ာင္းက တဖ်စ္ဖ်စ္ျမည္ကာ ေျခာက္လွန႔္ေနသလို ရွိ
သည္။
ေမာင္သိဒၶိ၏ရင္သည္တဖ်တ္ဖ်တ္ခုန္စျပဳလာသည္။ ထိုစဥ္ေခြးအူသံ တစ္ခ်က္ၾကားလိုက္ရၿပီး ေက်ာင္းဝင္းထဲသို႔ ျပင္းထန္ေသာေျခသံတစ္စုံက ေ႐ြ႕လ်ားလာသည္။ ေျခသံသည္ တျဖည္းျဖည္းျဖင့္ ေမာင္သိဒၶိေနေသာ အေဆာင္ကေလးသို႔ တိုးကပ္လာသည္။ ပိတ္ထားေသာ ေနာက္ေဖးတံခါး ကိုတိုးျဖတ္ဝင္လာသံ၊ ေျခသံသည္ ေမာင္သိဒၶိအနီးတြင္ ရပ္တန႔္ေနသည္။ သူသည္ အသက္ပင္ မရႉေတာ့ဘဲ ေအာင့္အည္းထားကာ မလႈပ္မယွက္ ၿငိမ္ေနသည္။

“ေမာင္သိဒၶိ”
လာေနက် စစ္ကဲေတာ္ တပ္မႉးႀကီး၏ မာေက်ာေသာေလသံ၊ ေမာင္ သိဒၶိသည္ျပန္မထူး။ ၿငိမ္သက္ေနသည္။ ေျခဖ်ားလက္ဖ်ားေတြေအးစက္လာ
၏။
“ေမာင္သိဒၶိ”
အလိုမက်ေသာ ေလသံ၊ အသံသည္ မာေက်ာျပင္းထန္လာသည္။ ေမာင္သိဒၶိသည္ ေက်ာက္တုံးတစ္တုံးကဲ့သို႔ မလႈပ္မယွက္ၿငိမ္သက္ ေနသည္။ ျဖဳတ္ကိုက္ ျခင္ကိုက္ေသာ္မွ မလႈပ္ရဲေပ။ ထိုအခါ မေက်မနပ္ အလိုမက်ဟန္ ညည္းညဴသံတစ္ခ်က္ ေပၚလာေလသည္။ ျပင္းထန္ေသာ အသက္ရႉသံ အဆုံးတြင္ …
“ေတာက္”
သူ႔ရင္ထဲမွာ ေသြးေတြဆူပြက္သြားသည္။ စစ္ကဲေတာ္တပ္မႉးႀကီး၏ ေတာက္ခတ္သံႏွင့္အတူ အသက္ရႉသံကေဒါမာန္ထေနေသာႏြားသိုးတစ္ ေကာင္၏ ႏွာမႈတ္သံလို က်ယ္ေလာင္ျမည္ဟိန္းသြားခဲ့ေပသည္။ “ေဟ့-ေမာင္သိဒၶိ”
သူသည္ အသက္မရႉေတာ့ဘဲ အသက္ေအာင့္ထားလိုက္မိသည္။ “ေအာ္ – ေအာ္ – ၾကည့္စမ္း – ၾကည့္စမ္း – ျပန္မထူးဘူးေပါ့ေလ ဟုတ္ လား။ ဒီလို ပမာမခန႔္ၿငိမ္ေနလို႔ ဘယ္ရမလဲကြယ္။ ကြၽႏ္ုပ္အေၾကာင္း ျပရ ေသးတာေပါ့”
ေျခသံျပင္းျပင္းသည္ အခန္းက်ဥ္းက်ဥ္းကေလးထဲတြင္ ဟိုသည္ေ႐ြ႕ လ်ားေနေပေတာ့သည္။ ေမာင္သိဒၶိရွိမည္ထင္ေသာေနရာေတြကိုဝင္ထြက္ ရွာေဖြေနပုံရသည္။ သူ႔ကိုမျမင္၍ ေဒါသထြက္ေနပုံရသည္။ ေမာင္သိဒၶိ၏
ခႏၶာကိုယ္တစ္ခုလုံးတြင္ဂါထာမႏၲန္မ်ားစီရင္ထားသျဖင့္မႏၲန္တန္ခိုးေၾကာင့္ ေပ်ာက္ကြယ္ေနျခင္း ျဖစ္ေပသည္တကား။
ပစၥည္းေတြကိုလွန္ေလွာရွာေဖြေနဟန္တူသည္။ ဒုန္းဒုန္းဒိုင္းဒိုင္းအသံ
ေတြ ဆူညံေနသည္။ ခဏၾကာလွ်င္ေမာင္သိဒၶိ၏အနားသို႔ကပ္၍ေအာ္ဟစ္

လိုက္သံသည္ မိုးထစ္ခ်ဳန္းသကဲ့သို႔ ထြက္ေပၚလာသည္။ ခႏၶာကိုယ္သည္ ဆတ္ခနဲ တုန္လႈပ္သြားသည္။
“ဟင္း-ဟင္း-ဟင္း – ေတြ႕ၿပီ။ ဒင္းက ငါတို႔ကို ေဖ်ာ္ေျဖေနက် ေစာင္း ေကာက္က ဒီမွာေရာက္ေနတာကိုး။ ဒါေပမဲ့- ေစာင္းေကာက္တီးတဲ့ ေမာင္ သိဒၶိရဲ႕ ခႏၶာကိုယ္ ေပ်ာက္ေနတယ္။ သင္း ဘယ္ေရာက္ေနတာလဲ။ ဧကႏၲ ပုန္းေနတာပဲ ျဖစ္ရမယ္။ ေအာ္ – အင္း- ေတြ႕ ၾကေသးတာေပါ့ကြယ္။ ကြၽႏ္ုပ္က စစ္ပြဲႀကီးတစ္ခုလုံးကို ကြပ္ကဲလာတာပဲကြယ္ ေအာ္- ဒါက ဘယ္ လိုျဖစ္တာလဲ။ လူတစ္ကိုယ္လုံး မျမင္ရေပမဲ့ နား႐ြက္ႏွစ္ဖက္ကို ျမင္ေနရ ပါလား။ ေအာ္- သနားစရာမ်က္မျမင္ကေလးပါလား။ သူ႔မွာ ပါးစပ္မရွိေတာ့ တာေၾကာင့္ ကြၽႏ္ုပ္ ေခၚတာကို မၾကားႏိုင္ ျဖစ္ေနတာကိုး။ ေနပါေစေတာ့ ေလ- စစ္သူႀကီး အမိန႔္ေပးလိုက္တဲ့အတိုင္းပဲ ေဆာင္႐ြက္တယ္ဆိုတာ တာဝန္ကိုေက်ႁပြန္တယ္ဆိုတာ သိရေအာင္ သက္ေသသာဓကျပတဲ့အေန နဲ႔ နား႐ြက္ႏွစ္ဖက္ကိုပဲ ယူသြားတာ့မယ္။ သက္ေသက ဒါပဲ ရွိတာကိုး”
စကားဆုံးလွ်င္ဆုံးျခင္း ေမာင္သိဒၶိ၏ နား႐ြက္ႏွစ္ဖက္သည္ ဓားထက္ ထက္ျဖင့္ ျဖတ္လွီးခံလိုက္ရသကဲ့သို႔ ျပတ္ထြက္သြားေလသည္။ နာက်င္ လြန္းလွရကား မေအာင့္အည္းႏိုင္ရွာဘဲ အံႀကိတ္ခံေနရလိုက္သည္။ ႏွလုံး ေသြး ရပ္တန႔္သြားသလိုလို တြင္းနက္ႀကီးထဲ ေဇာက္ထိုးက်သြားသလိုလို မြန္းက်ပ္ဆို႔နင့္စြာ ခံစားလိုက္ရျခင္း ျဖစ္သည္။ ႐ုတ္တရက္ အသက္ရႉရပ္ သြားသလို နာက်င္စြာခံစားရျခင္းပင္ ျဖစ္သည္။
ထို႔ေနာက္ ျပင္းထန္ေသာေျခသံသည္တျဖည္းျဖည္းေဝး၍ေဝး၍သြား ေတာ့သည္တကား။ နား႐ြက္ႏွစ္ဖက္မွ ေသြးေစးမ်ားသည္ ပခုံးမွတဆင့္ ေပါင္ေပၚသို႔ တစ္ေပါက္ခ်င္းတစ္ေပါက္ခ်င္း က်ေနေလသည္။ သို႔တိုင္ ေအာင္ အသက္ကို ျပင္းျပင္းမရႉရဲေသး။ မလႈပ္ရွားရဲေသးေပ။
ေနာက္ဆုံးမွ ေမာင္သိဒၶိသည္ သတိလစ္ကာ လဲၿပိဳက်သြားသည္။

ကပၸိယႀကီးႏွင့္ ဦးပၪၥင္းမ်ားသည္ ဒဏ္ရာျပင္းထန္စြာျဖင့္ သတိလစ္ လဲက်ေနေသာေမာင္သိဒၶိကိုေက်ာင္းေပၚသို႔ေခၚလာသည္။
ေမာင္သိဒၶိသည္
နား႐ြက္ႏွစ္ဖက္စလုံး အရင္းမွျပတ္ထြက္သြားကာ ေသြးအလိမ္းလိမ္းျဖစ္ေန သည္။ ေသြးေစးေတြကေတာ့ ေျခာက္ေသြ႕ေနၿပီ ျဖစ္သည္။ “မီးအိမ္ထြန္း – မီးအိမ္ထြန္းစမ္း”
ဆရာေတာ္ႀကီး၏ စိုးရိမ္တႀကီးေျပာသံအဆုံးတြင္ မီးအိမ္ေတြ လင္း လက္လာၾကသည္။ ထိုအခ်ိန္တြင္ေမာင္သိဒၶိမွာ တအင္းအင္း ညည္းညဴကာ သတိရလာၿပီျဖစ္သည္။ ထို႔ေနာက္ ညကျဖစ္စဥ္ကို တိုင္တည္ေျပာဆို ေလွ်ာက္ထားလိုက္မိသည္။
သည္။
ဆရာေတာ္သည္ က႐ုဏာသက္စြာျဖင့္ ေအာက္ပါအတိုင္း မိန႔္ၾကား
“အို – ျဖစ္ရေလကြယ္။ ဒါ – က်ဳပ္အျပစ္ပါ။ က်ဳပ္သတိလက္လြတ္ျဖစ္ သြားတာပါ။ ဂါထာမႏၲန္ေတြနဲ႔ ႐ြတ္ဖတ္သရဇၩယ္တဲ့အခါ အႏၲရာယ္ကင္း ေဆးဝါးေတြ စီရင္တဲ့အခါ တစ္ကိုယ္လုံးကို စီရင္ခဲ့တာပဲကြယ္။ ဒါေပမဲ့- နား႐ြက္ႏွစ္ဖက္ က်န္ရစ္သြားတယ္။ နား႐ြက္ႏွစ္ဖက္ကို မစီရင္ခဲ့မိဘူး။ ဒါေၾကာင့္လာေခၚတဲ့ပရေလာကသားကနား႐ြက္ႏွစ္ဖက္ကိုပဲျမင္သြားေတာ့ ျဖတ္ယူသြားတာကိုး။ ျဖစ္ရေလကြယ္ – ျဖစ္သမွ်အေၾကာင္း အေကာင္းခ်ည္း ပဲေပါ့ကြယ္။ ေနာက္ဆို သူတို႔လာမေခၚေတာ့ပါဘူး။ ဒါေတာ့ စိတ္ခ်ပါကြယ္ ေလာေလာဆယ္ေတာ့ေမာင္သိဒၶိရဲ႕ေဝဒနာအျမန္ေပ်ာက္ကင္းဖို႔ေဆးကုသ ဖို႔လိုတယ္ကြယ့္။ မနက္ျဖန္ဆို တိဗက္က ေဆးျမစ္ရွာတဲ့အဖြဲ႕လာလိမ့္မယ္။ သမားေတာ္ေတြပါ ပါလာလိမ့္မယ္။ သူတို႔မွာ ေဆးစြမ္းေကာင္းေတြ ပါလာ တတ္တယ္။ သူတို႔ ကုသေပးလိမ့္မယ္။ ေနာက္ကို ပရေလာကသားေတြ ေမာင္သိဒၶိကို မေႏွာင့္ယွက္ေတာ့ပါဘူးကြယ္။