လှေအိမ်ကလေး(စ/ဆုံး)

Unicode Version

လှေအိမ်ကလေး(စ/ဆုံး)
——————————
ဂေါ်ဝိန်ဆိပ်ရဲ့အောက်ဘက်နားကို ကိုက်တော်တော်များများ လျှောက်လာလိုက်ရင် သံလျက်မော်လို့ခေါ်တဲ့ ချော်ဆိပ်မြစ်ကမ်းပါးကို တွေ့ရမှာပါ။ ဘကုန်းတွဲသင်္ဘောကြီးတွေ ၊ လှေတွေနဲ့ ၊ ကုန်တင်ကုန်ချလုပ်နေကြတဲ့ အလုပ်သမားတွေ ၊ ကုန်တင်ကားကြီးတွေ ၊ မြင်းလှည်းတွေ ၊ ဆိုက်ကားတွေ ပြီးတော့ မိုးကာတာလပတ်စကြီးတွေ အုပ်ဆိုင်းထားတဲ့ကုန်တွေကလည်း ဟိုတစ်ပုံ သည်တစ်ပုံ။ တလှုပ်လှုပ် တရွရွ ဥဒဟိုသွားလာနေကြတဲ့ လူတွေနဲ့။ အဲသည်မြင်ကွင်းတွေကို တာရိုးကြီးပေါ်ကနေ ဆီးကြည့်လိုက်ရင် အတိုင်းတိုင်း မြင်နေရတတ်တယ်။ ခပ်နီးနီးကလေးကပ်ကြည့်မယ်ဆိုရင်တော့ မြစ်ကမ်းပါးကို တွယ်ကပ်နေကြတဲ့ ဂျော်ဂျက်လှေကလေးတွေကို တွေ့ရမယ်။ သည်လှေကလေးတွေကတော့ ရေရဲ့သဘောအတိုင်း ကမ်းပါးနဲ့ ပူးတုံခွါတုံ။ ဧရာဝတီလှိုင်းကြက်ခွပ်တွေ စီးရင်း မူးရီနေကြလေရဲ့။
သူတို့အဖို့ ဒါဟာ အဆန်းတော့မဟုတ်ပါဘူး။ လှေကလေး ဘယ်နားရွေ့ရွေ့ လှေကလေးပေါ်ကနေ သူတို့ ဘယ်မှ ရွေ့မသွားဖို့ပဲမဟုတ်လား။ သည်လှေကလေးတွေဟာ ဧရာဝတီမြစ်ပြင်ကြယ်ကြီးနဲ့နှိုင်းစာရင် သေးငယ်လွန်းလှပေမယ့် ဧရာဝတီကိုတော့
အမိအရ တွယ်ကုပ်ထားတတ်ကြတယ်။ ဧရာဝတီလောက် သက်တမ်းမရင့်သေးပေမယ့် မြစ်ကြီးထက်တောင် ပိုပြီးအိုဟောင်းနေကြသလိုပဲ။ ရေပြင်အထက် တစ်တောင်သာသာလောက်မှာ ပေါ်နေတတ်တဲ့ လှေကလေးတွေဟာ လှိုင်းလူးခံသာရုံလေး မျှဉ်းလို့။
လှေလယ်ခေါင်လောက်မှာ ဝါးပေါင်းမိုးခပ်ကုပ်ကုပ်ကလေးကို ပလတ်စတစ်အုပ်ထားတယ်။ အဲသည်အမိုးကုပ်ကလေးမှာပဲ သူတို့ နေကြတယ်။ မိုးရွာအစို နေပူအခြောက်ဆိုပေမယ့် အဲသည်လှေကလေးတွေကပဲ သူတို့ရဲ့ဘဝတွေ မဟုတ်လား။ မနက်လင်းလာရင်တော့ သူတို့ ကုန်းပေါ်တက် အလုပ်လုပ်ကြတယ်။ ဟိုးအနောက်ဘက် မင်းဝံတောင်ကြောကြီးနောက်မှာ နေလုံးကြီးမြုပ်သွားပြီဆိုရင်တော့ လှေအိမ်ကလေးတွေဆီ သူတို့ ပြန်လာကြပြန်ရော။ တခါတလေ လှေအိမ်ကလေးတွေထဲက ထမင်းချက်တဲ့မီးခိုးငွေ့တွေ အမှောင်နဲ့ ရောနှောပျောက်ကွယ်သွားကြတာကိုကြည့်ရင်း ၊ စစ်ကိုင်းတောင်ရိုးက မီးပွင့်ကလေးတွေ တစ်ပွင့်ချင်းလင်းလက်လာပုံကို ငေးမောရင်း ၊ တာရိုးကြီးပေါ်က အိမ်အပြန်စက်ဘီးတွေကို အသံတိတ်နှုတ်ဆက်ကြရင်းနဲ့ သူတို့ဘဝတွေကို အနားပေးအပန်းဖြေတတ်ကြတယ်။
အဲသည်လှေအိမ်ကလေးတစ်လုံးထဲမှာ မိဂျိုးဆိုတဲ့ ကောင်မလေးရှိတယ်။ မိဂျိုးရဲ့အဖေ ကိုကြွက်သိုးက သည်ကမ်းနားမှာ သဲထမ်းတဲ့အလုပ်သမားတစ်ယောက်ပေါ့။ ကိုကြွက်သိုးက သဲထမ်းလို့ပန်းသမျှ ညဘက်အရည်ကလေး တစ်ခွက်တစ်ဖလားနဲ့ ဝမ်းချလိုက်ရမှ ကျေနပ်အားရတဲ့သူ။ ကိုကြက်သိုးအဖို့ သည်မူးရီရီအရသာကို တစ်နေ့မှ လက်လွှတ်ခံတာမဟုတ်ဘူး။ သဲထမ်းခငွေဆိုတာကလည်း မိသားစုစားဖို့ထက် အရက်ဆိုင်ကဒေါ်တုတ်မကိုပေးဖို့က ပိုများနေတတ်တယ်။
အခုတော့ သူ့မိန်းမ မငွေတိုးကလည်း ဘာမှမပြောတော့ပါဘူး။ မပြောဆို သူတို့မိသားစုခြောက်ယောက်အိုးကြီးကို သမီးကလေးမိဂျိုးက ထိန်းထားနိုင်ခဲ့တာကလည်းပါတာပေါ့။ မိဂျိုးက ဟောသည် မြစ်ဆိပ်ကမ်းနားတစ်ခွင်မှာတော့ မရှိမဖြစ်လိုအပ်နေတဲ့ အဝယ်တော်ကလေးပါ။ ဆယ်နှစ်သမီး အထွေထွေအဝယ်တော် မိဂျိုးဆိုပါတော့။ အရပ်ပုပျပ်ပျပ် ၊ အသားကမည်းမည်း ၊ ပိန်ပိန်ပါးပါး ၊ ဘိုကေပြားချပ်ချပ်နဲ့ဆိုတော့ အမှတ်တမဲ့ကြည့်ရင် မိဂျိုးကို ကောင်လေးတစ်ယောက်လို့ထင်ရရဲ့။ ဒါပေမဲ့ ရှင်မီးအင်္ကျီ ၊ စပ်ထမီကလေးတွေက မိဂျိုးရဲ့မိန်းကလေးဘဝကို လှစ်ပြထားတယ်။
မိဂျိုးက စပ်ထမီကလေးကို ခါးပုံစကလေးထွက်အောင်ဝတ်ပြီး ဖိုသီဖတ်သီပါပဲ။ အဲဒီခါးပုံစကလေးက သူရတတ်သမျှသော လုပ်အားခငွေစက္ကူကလေးတွေ ထည့်သိမ်းရာ နေရာကလေးပေါ့။ သူ့ခါးပုံစထဲ ပိုက်ဆံထည့်ထားရင်များ လိပ်နေအောင်ကို ကျစ်ထုပ်ထားတယ်။ ဘာမှမရှိဘူးဆိုရင်တော့ သည်ခါးပုံစကလေးက ဖတ်လတ် ဖတ်လတ်နဲ့။ ကမ်းနားမှာ စပ်ထမီကလေးတလွှားလွှားနဲ့။ မိဂျိုးကို နေကုန်နေခန်း တွေ့ရတတ်တယ်။ သင်္ဘောသားတို့ ၊ လှေသူကြီးတို့ ၊ မော်တော်ပိုင်တို့ကအစ ကုန်သည်ပွဲစားမကျန် အလုပ်သမားတွေ အလုပ်သမတွေအဆုံး မိဂျိုးကို မသိသူရယ်လို့မရှိဘူး။ မခင်တဲ့သူလည်း မရှိဘူး။မရှိဆို မိဂျိုးက သူတို့ရဲ့လက်စွဲတော်ကလေးမဟုတ်လား။
” မိဂျိုးရေ ….. အကြော်နဲ့ ကောက်ညှင်းပေါင်းဝယ်ပေးပါဦး ”
” ကွမ်းယာသုံးထုပ်ပါ ဆွဲခဲ့ဟေ့ …. ရော့ .. ”
ပေးလိုက်တဲ့ပိုက်ဆံကို လက်နဲ့ဆုပ်ပြီး တာရိုးပေါ်ကို မိဂျိုး ပြေးတက်ခဲ့တာပဲ။ ဟိုတုန်းကတော့ သည်ကမ်းနားမှာ ဈေးသည်တွေ ရှိကြပါတယ်။ အခုတော့ တာရိုးကြီးခြားထားတဲ့ ခပ်ဝေးဝေးရပ်ကွက်ကလေးထဲ သွားဝယ်မှရတာပါ။ သည်တာရိုးမြင့်မြင့်ကြီးပေါ်ကို တက်လိုက် ဆင်းလိုက် ဆင်းလိုက် တက်လိုက်နဲ့ပဲ ဖိနပ်မပါတဲ့ မိဂျိုးရဲ့ခြေဖဝါးတွေက တာရိုးကြီးနဲ့ ရင်းနှီးနေပြီ။ အဲသည်လို ဈေးဝယ်ပေးတဲ့အတွက် မိဂျိုး ပိုက်ဆံရတယ်။ ရတဲ့ပိုက်ဆံကို ခါးပုံစကလေးထဲ
ထည့်လိပ်ထားလိုက်တာပဲ။
မနက်တုန်းက ကုန်ထမ်းသမားတွေကို ဆေးလိပ်ဝယ်ပေးတာရယ် ၊ ကားသမားတွေအတွက် ကွမ်းယာဝယ်ပေးတာရယ် ၊ သဲလှေအလုပ်သမတွေက လက်ဘက်ရည်ဝယ်ခိုင်းတာရယ် အားလုံးပေါင်းတော့ အခုမနက် မိဂျိုးရဲ့ခါးပုံစထဲ ပိုက်ဆံတစ်ရာလောက် ရသွားပြီ။ ခါးပုံစကလေးကို မကြာမကြာ စမ်းကြည့်ရင်း မိဂျိုး စိတ်တွက်တွက်ကြည့်နေမိတာပါ။
” မိဂျိုးရေ …. ဟဲ့ ….. ကောင်မလေး … ခေါ်နေတာကို ရော့ ….. ပုလင်း .. ”
မိဂျိုး ဝမ်းသာအားရ ပြေးသွားလိုက်တယ်။ အဲသလိုပုလင်းသမားတွေဆီကမှ လေး ငါးဆယ် ရတတ်တာကိုး။
” အဖြူလား … ဦးလေး ”
” အေး …. ငါးကြင်းအရေခွံကြော်လည်း ဝယ်ခဲ့ …. ပိုတာ ညည်းယူလိုက် … ”
ပုလင်းကလေးကို လက်နဲ့ပိုက်ပြီး တာရိုးကြီးပေါ် မိဂျိုး ပြေးတက်ခဲ့ရပြန်ရော။ အဲသလို အဝယ်တော်အလုပ်ကို မိဂျိုးလုပ်လာတာ တစ်နှစ်လောက် ရှိရော့မယ်။ အတန်းစာ ဟုတ်တိပတ်တိ မသင်ဘူးခဲ့ပေမယ့် ငွေစက္ကူအမျိုးအစားလောက်တော့ မိဂျိုး သိတာပေါ့။ ပေါင်းတာ နှုတ်တာမျိုး မိဂျိုးနားမလည်ပေမယ့် အမ်းတာတွေမျိုးကိုကျ မိဂျိုး သိနေပြန်ရော။ တခါတလေ ဈေးသည်ထက်တောင် မိဂျိုးက လည်နေသေး။ ခိုင်းမယ့်သူမပေါ်သေးရင်တော့ တာရိုးခြေက ညောင်ကြပ်ပင်ကြီးအောက်မှာ အဖော်တွေနဲ့ မိဂျိုး ကစားနေတတ်တယ်။
မိဂျိုးရဲ့အဖော်တွေက အများကြီးရယ်။ ရပ်ကွက်ကလေးထဲက ကလေးတွေတော့ မဟုတ်ပါဘူး။ မိဂျိုးတို့လို လှေအိမ်ကလေးတွေထဲက ကလေးတွေရယ် ၊ တခြားတဲတွေက ကလေးတွေရယ်ပေါ့။ ကလေးတွေအားလုံးက ကမ်းနားမှာ
တွေ့သမျှအလုပ်တွေ အကုန်လုပ်ကြတယ်။ ဆန်အိတ်တွေ ၊ ပဲအိတ်တွေ ၊ ကြက်သွန်အိတ်တွေ ၊ မီးသွေးအိတ်တွေတင်ကြရာကနေ ပေါက်ကျလာတာတွေကို ကျုံးကြတယ်။ ထင်းတွေ ဝါးတွေ ရေထဲမျောလာရင် လိုက်ဆယ်ကြတယ်။ တွဲသဘောကြီးတွေနဲ့ သယ်လာတဲ့မြေဆီအိတ်တွေ ၊ ဘိလပ်မြေအိတ်တွေ ၊ ကတ္တရာပုံးကြီးတွေထဲက ဖိတ်လျှံကျလာတတ်တာတွေကိုလည်း စောင့်လုတတ်ကြရဲ့။
အခုရက်ပိုင်း ကတ္တရာတွဲသင်္ဘောကြီးတွေ အလာများနေတယ်။ မြစ်ထဲကို လျှံကျလာတဲ့ ကတ္တရာစေးတွေကို ရေကူးဆယ်ကြဖို့စောင့်နေကြတဲ့ ကလေးတွေဆိုရင် ရေတွေစိုရွှဲလို့။ တချို့က ကိုယ်တုံးလုံးနဲ့ တစ်ကိုယ်လုံး ပဲကြီးရေပွလို ဖောသွပ်ဖောရောင်နဲ့။ ရသမျှပစ္စည်း အတိုအစလေးတွေကို စုပြီး တစ်ရာ ရရ ၊ နှစ်ရာ ရရ ကုန်းပေါ်က ဝယ်သူတွေဆီ ပြေးရောင်းကြတယ်။ ရတဲ့ပိုက်ဆံကို ဆန်ဝယ်ဖို့ သူတို့အိမ်တွေဆီ ပြန်ပေးကြရတယ်။
” တစ်ရာ …. တစ်ရာ့နှစ်ဆယ် …. သည်ငါးကျပ်နဲ့ဆို ……. တစ်ရာ့အစိတ် … ”
” မိဂျိုးရေ …. ဟေ့ …. မိဂျိုး …. နင့်အမေက ပိုက်ဆံပေးလှည့်ပါဦးတဲ့ … ”
အေးမိစံအသံကြောင့် ပိုက်ဆံတွက်နေတဲ့ မိဂျိုးရဲ့လက်ကလေး ဆတ်ခနဲ တုန်သွားတယ်။
” လက်ထဲမှာ ပိုက်ဆံမပြည့်သေးဘူး …. ဆန်တစ်ခွက်ဆိုရင်တောင်မှ ငွေက နှစ်ရာပြည့်မှ ”
လက်ထဲငွေတွေကို စပ်ထမီခါးပုံစလေးထဲ ပြန်ထည့်လိုက်တယ်။ နေက ညောင်ကြတ်ပင်ကြီးတည့်တည့်ကို ရောက်နေပြီ။ ဧရာဝတီမြစ်ကြီးထဲက ရေတံလျှပ်တွေက တဖျပ်ဖျပ်ခါလို့။
” ငါ .. ပိုက်ဆံမပြည့်သေးဘူး အေးမိစံရယ် ”
” နင်ကော ပေးခဲ့ပြီလား ”
” အေး …. ပေးခဲ့ပြီ ”
မိဂျိုးမျက်နှာကလေး ညှိုးကျသွားတယ်။ လှေအိမ်ကလေးထဲကနေ အမေ မျှော်လှရောပေါ့။ အမေ့ခမျာ ကလေးတွေထိန်းရ ၊ လှေထဲ စိမ့်ဝင်လာတဲ့ရေတွေ ပက်ထုတ်ရနဲ့ ထမင်းဆာနေရောပေါ့။ သက်ပြင်းကိုချရင်း ဧရာဝတီမြစ်ကြီးထဲက အရောင်တဖိတ်ဖိတ်လက်နေတဲ့ ရေတံလျှပ်တွေကိုပဲ မိဂျိုး ငေးကြည့်နေမိတယ်။
” ဟော …. ငတွတ်တို့ လာပြီ … ”
ငတွတ်က ပုဆိုးကို စလွယ်သိုင်းပြီး ရောက်လာတယ်။ တစ်ကိုယ်လုံးလည်း ကတ္တရာစေးတွေနဲ့ မည်းလို့။
” ဒီနေ့ ဘော်လုံးထုကြေး ကစားကြမယ်ဟေ့ … သည်မှာ ငါ ဘော်လုံး ဝယ်လာတယ် ”
” အံမယ် … ငတွတ် .. နင် ဘယ်ကရလဲ ”
” ကတ္တရာလေဟာ …. ဒီနေ့ နေပူတော့ ကတ္တရာစေးတွေ တအားလျှံကျတာ။ ငါ ဟိုးရေလယ်အထိ ကူးဆယ်ရတာပေါ့။ အမေ့ကိုလည်း ဆန်ဖိုးပေးခဲ့ပြီ။ ပိုတာ ငါ့ဘာသာ ဘော်လုံးဝယ်လာတာ ”
” နင့်နှယ်ဟာ … ပိုက်ဆံပိုတာများ .. မိဂျိုးကို ချေးရောပေါ့ … ဒီမှာ သူ ပိုက်ဆံမပြည့်သေးလို့ .. ”
ငတွတ်မျက်နှာမှာ အပျော်တွေပျောက်သွားပြီး ညောင်မြစ်ကြီးပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်တယ်။
” သိမှ မသိပဲဟာ ”
ညောင်ရွက်တွေက လေပူတွေကို သိမ်းယူပြီး ရွှဲကနဲ မှုတ်ထုတ်လိုက်တယ်။ ဘော်လုံးကလေးကို လက်ထဲညှပ်လှည့်ရင်း ငတွတ်က
” ဟာ … ဟုတ်ပြီ … ငါ ဖိုးထောင်ဆီက သွားချေးပေးမယ် … နင် ဘယ်လောက်လိုသေးလဲ မိဂျိုး ”
” တစ် … တစ်ရာ ”
” ရမှာပါဟာ … ရော့ … ဘော်လုံး ခဏယူထား ”
ငတွတ်ပြေးထွက်သွားရာကို မိဂျိုး ငေးကြည့်နေလိုက်တယ်။ ကမ်းနားကိုဆင်းသွားပြီး မကြာဘူး။ ငတွတ် ပြန်ရောက်လာတယ်။
” ရော့ … တစ်ရာ သွား .. သွား … နင့်အမေကို အမြန်ပြန်ပေးချေဟာ … ကစားချင်လှပြီ ”
ပိုက်ဆံတွေကို လက်နှင့်ဆုပ်ပြီး လှေကလေးရှိရာကို မိဂျိုး အပြေးပြန်လာခဲ့တယ်။ အမေကတော့ အငယ်ကောင်ကို ခါးထစ်ခွချီပြီး လှေထဲကရေတွေ ပက်ထုတ်နေလေရဲ့။
” မိဂျိုးရယ် …. ငါဖြင့် မျှော်လိုက်ရတာ … နေမြင့်လှပြီလေ.. ”
မငွေတိုးက ရေပက်နေတဲ့ သံပန်းကန်အစုတ်လေးကို ချပြီး ပိုက်ဆံလှမ်းယူတယ်။ အမေ့ကို ရေကူပက်ပေးချင်ပေမယ့် ငတွတ်တို့နဲ့ ဘော်လုံးကစားချင်နေတာနဲ့ပဲ ကုန်းပေါ်ကို မိဂျိုး အပြေးပြန်တက်ခဲ့တယ်။
” မိဂျိုးရေ ဖိုးထောင်ကိုတွေ့ရင် ပြောလိုက်စမ်းပါဟေ့ … ဒီမှာ ဆန်မဝယ်ရသေးဘူးလို့ ”
ဖိုးထောင်အမေရဲ့အသံကြောင့် မိဂျိုးရဲ့ပါးစပ်ကလေး ဟောင်းလောင်းပွင့်သွားတယ်။ ကလေးကိုနို့တိုက်ရင်း ငါးမြှားနေတဲ့ ဖိုးထောင်အမေရဲ့မျက်နှာမှာလည်း အမေ့လိုပဲ ချွေးတွေ သံတွေနဲ့ပါလား။ မိဂျိုးရင်ထဲ မကောင်းဖြစ်သွားတယ်။ ညောင်ပင်အောက်မှာတော့ ငတွတ်တို့ ဘော်လုံးပစ်တမ်း ကစားနေကြပြီ။ မိဂျိုး ဝင်မကစားတော့ပဲ ကမ်းနားကို ဆင်းခဲ့တယ်။
” ငါ့ကို ခိုင်းမယ့်သူ ပေါ်ပါစေ ”
သည်နှစ် သင်္ကြန်ရေတိုးမိုးက တအားကြီး ရွာချလိုက်တယ်။ မိဂျိုးတို့လှေကလေးထဲမှာ မြစ်ရေတွေထက် မိုးရေတွေက ပိုများနေတော့တာပေါ့။ မိဂျိုးလည်း အလုပ်မသွားနိုင်သေးဘူး။ အမေပင်ပန်းမှာစိုးတာနဲ့ပဲ လှေဝမ်းထဲဆင်းပြီး ရေတွေကို ပုံးနဲ့ ခပ်ထုတ်ပစ်ရတယ်။
” လေးဆယ့်ငါး … လေးဆယ့်ခြောက် … လေးဆယ့်ခုနစ် … ”
လက်မောင်းအောင့်လာတာနဲ့ ရေပုံးကိုချပြီး မိဂျိုးလက်တွေကို သုံးလေးချက် ဆန့်ထုတ်ပစ်လိုက်တယ်။ သည်လှေကလေးကို အဖေတို့ဝယ်တုန်းက ငါးထောင်ပဲ ပေးရတယ်ပြောတယ်။ ခုနေဝယ်ရင် ဘယ်လောက်ပေးရမယ်မှန်း မိဂျိုးမသိပေမယ့် အမေကတော့ လှေကလေး ဖာဖို့ ထေးဖို့ ငွေလိုတယ်ပြောနေတာကြာပြီ။ ဝါဆို ဝါခေါင်ဆိုရင် ရေတွေက ကြီးလာတော့မှာ။ မြစ်ရေကလျှံ လှိုင်းတွေကပုတ်နဲ့ ဧရာဝတီမြစ်ထဲ မျောသွားကြတဲ့လှေပေါင်းကလည်း မိဂျိုးမျက်စိရှေ့တင် မနည်းတော့ဘူး။ ဟိုးတစ်နှစ်ကဆို မိဂျိုးတို့လှေကလေး မြုပ်မျောမျောသွားတာ အလိုက်ကောင်းလွန်းလို့သာ ရွှေကြက်ယက်သောင်စွန်းက ပြန်ရခဲ့တာ။ အဲသည်တုန်းက လှေကလေးက အခုလောက် မအိုသေးဘူး။ မနာသေးဘူး။ သည်နှစ်တော့ ရေမကြီးခင် ဖာရထေးရမယ်လို့ အမေ ပြောပြောနေပေမယ့် ဘယ်လောက်ကုန်မလဲဆိုတာ မိဂျိုး မသိပါဘူး။
” မိဂျိုးရေ … ဟေ့ .. မိဂျိုး .. ”
ကုန်းပေါ်က ခေါ်သံကြားတာနဲ့ ခေါင်းမော့ကြည့်လိုက်တော့ အဝတ်လျှော်တဲ့ ဒေါ်ဘီဘီ။ ရေစိုအဝတ်ကြီးနဲ့ဆိုတော့ အဝတ်လျှော်ရင်း ထလာပုံရတယ်။
” ညည်းဘော်ဒါ ဦးဗလတို့ ရောက်နေတယ် … ညည်းကို အခေါ်ခိုင်းလို့အေ့ .. ”
လက်ထဲကရေပုံးကို ဝုန်းခနဲပစ်ချပြီး စပ်ထမီကလေးကို ပြင်ဝတ်လိုက်တယ်။ ဦးဗလတို့သင်္ဘောဆိုက်ရင် မိဂျိုးတို့ မုန့်ဖိုးတွေ အများကြီးရတတ်တာကိုး။
” အမေရေ .. အမေ …. ”
ကုန်းပေါ်မှာ အဝတ်ရေစိုတွေလှမ်းနေတဲ့ အမေ့ကိုခေါ်ရင်း ကုန်းပေါင်ပေါ်ကနေ လွှားခနဲ ခုန်ချလိုက်တယ်။
” အမေ … ကျုပ် သွားတော့မယ်။ ဦးဗလတို့သင်္ဘော ရောက်နေပြီတဲ့ .. ”
” အေး .. အေး .. သွား .. သွား ”
ကမ်းနားဘက်ကို အပြေးလာခဲ့တဲ့မိဂျိုးတစ်ယောက် ဦးဗလတို့ရဲ့ နှစ်ထပ်သင်္ဘောပြားပြားကြီးကို မြင်လိုက်ရရင်ပဲ ဝမ်းသာသွားမိတယ်။ ကုန်းပေါင်ကြီးနှစ်ချပ်ခင်းထားတဲ့ အပေါ်ကနေ တဒုန်းဒုန်းပြေးတက်လာတဲ့ မိဂျိုးကို ဦးလေးဗလက လက်တွေ မြှောက်ပြလို့။
” ဦးလေးဗလ ”
” အေး … ငါဖြင့် ရောက်ကတည်းက နင့် မတွေ့လို့ မေးနေတာဟဲ့ .. ”
” ရေပက်ထုတ်နေလို့ ဦးရဲ့ .. မနေ့ညက မိုးတွေရွာချလိုက်တာလေ … သမီးတို့လှေကလေး မြုပ်တော့မလို့ … ”
” ကဲပါ .. ညည်းတို့လှေ မြုပ်တာ မမြုပ်တာ အရေးမကြီးဘူး …ဒေါ်ရုပ်ဆိုးကြီးဆီ သွားပေးပါဦး .. ”
ဦးဗလတို့လာရင် ဒေါ်ရုပ်ဆိုးတို့အိမ်ကို မိဂျိုး သွားပြောပေးရတယ်။ ဘာမှန်းတော့ မသိပါဘူး။ ဦးဗလတို့သင်္ဘော ရောက်ပြီလို့ ပြောရုံပါပဲ။
” ရော့ … ဟောဒါ ညည်းအတွက်မုန့်ဖိုး .. ”
ဦးဗလက ခုံပေါ်မှာတင်ထားတဲ့ ငွေစက္ကူစည်းကြီးတစ်စည်းထဲက တစ်ရွက်ကို ဆွဲထုတ်ပြီး မိဂျိုးကို လှမ်းပေးတယ်။ မိဂျိုးမျက်လုံးတွေတောင် ပြာသွားရဲ့။ ငွေတစ်ထောင်တန်ကြီးဆိုတာတော့ မိဂျိုး သိတာပေါ့။ တာရိုးပေါ်အပြးတက်လာတဲ့ မိဂျိုးရဲ့ခြေထောင်တွေက ဘီးတပ်ထားသလို အောက်မေ့ရရဲ့။ ဗြောင်းဗြောင်းပြေးနေတဲ့ မြင်းတစ်ကောင်လို သွက်လက်နေတဲ့မိဂျိုးကို အခုနေ တကယ့်မြင်းတစ်ကောင်ကတောင် ယှဉ်နိုင်မှာမဟုတ်ဘူး။ တာရိုးကြီးပေါ် တက် ၊ ရပ်ကွက်ကလေးကို ကျော် ၊ လမ်းမကြီးအတိုင်း သွား ၊ လမ်းသွယ်ကလေးထဲ ချိုး ၊ နောက်တစ်လမ်း ထပ်ကူး ၊ ညာဘက်ကို ကွေ့ ၊ တိုက်ဝါကြီးကို ပတ် ၊ မိဂျိုး မမောပါဘူး။ မိဂျိုးရဲ့စပ်ထမီခါးပုံစကလေးထဲမှာ ငွေတစ်ထောင်ကြီးများတောင် ရှိနေပြီလေ။
ဦးဗလတို့သင်္ဘောကြီး ကမ်းက မခွါမချင်း နောက်ထပ်မုန့်ဖိုးတွေ အများကြီးရဦးမယ်။ အပျော်တွေ လွန်နေလိုက်ပုံများ။ ဒေါ်ရုပ်ဆိုးတို့အိမ်ကျော်သွားတာတောင် မိဂျိုး သတိမထားလိုက်မိဘူး။ နောက်ပြန်လှည့်လိုက်ရတယ်။ ဒေါ်ရုပ်ဆိုးကြီးတို့အိမ်ကတော့ ထုံးစံအတိုင်း အိမ်ဝင်းတံခါးက ပိတ်လျက်သား။ စက္ကူပန်းခြုံအုပ်အုပ်ကြီးက အိမ်ကိုကွယ်ထားလေတော့ လူရိပ်လူခြည်ကို မိဂျိုး မမြင်ရပါဘူး။
” ဒေါ်ကြီးဆိုး … ဒေါ်ကြီးဆိုး … ”
တံခါးကို တအားကြီးလှုပ်ခေါ်တော့မှ အိမ်ထဲက လူထွက်လာတယ်။ တော်ပါသေးရဲ့။ ဒေါ်ရုပ်ဆိုးကြီးနဲ့ တန်းတွေ့လို့။ နို့မို့ဆို ခြံရှေ့အုတ်ခုံပေါ် ထိုင်စောင့်ရဦးမှာ။ ဒေါ်ရုပ်ဆိုးကတော့ မြင်နေကျအတိုင်း မိတ်ကပ်တွေ နှုတ်ခမ်းနီတွေ ဗရပျစ်နဲ့။ နဖူးပေါ် အုပ်နေတဲ့ ငှက်သိုက်လို ဆံပင်အမောက်ကြီးကိုတော့ မိဂျိုး အမုန်းဆုံးပဲ။
” ဟဲ့ .. ကောင်မလေး .. ဦးဗလတို့ ရောက်နေပြီလား ”
မိဂျိုးတောင် ဘာမှ မပြောရသေးဘူး။ သူက သိနှင့်နေပြီ။
” ဟုတ်ကဲ့ … ဦးဗလက ဒေါ်ကြီးဆိုးကို အပြောလွှတ်လိုက်လို့ ”
ဒေါ်ရုပ်ဆိုးကြီးက မိဂျိုးကို ပြုံးပြပြီး စက္ကူပန်းရုံကြီးအောက်ကို လှမ်းကြည့်တယ်။ စက္ကူပန်းပင်ကြီးကို ဝိုင်းပတ်ထားတဲ့ခုံတန်းပေါ်မှာ လက်သည်းနီဆိုးနေတဲ့မိန်းမကို အခုမှပဲ မိဂျိုး မြင်မိတာပါ။
” အေး … အေး .. ငါနဲ့ တွေ့ခဲ့တယ်လို့ပဲ ပြောလိုက် ”
မိဂျိုးလုပ်ပေးရမှာက ဒါပါပဲ။ ဒေါ်ရုပ်ဆိုးကြီးရဲ့ခြံရှေ့မှာ ရပ်ပြီး သည်စကားလေးတစ်ခွန်း ပြောလိုက်ရုံကလွဲလို့ ခြံထဲတောင် မိဂျိုး ခြေမချလိုက်ရပါဘူး။ ခပ်သုတ်သုတ်ကလေးပဲ မိဂျိုးပြန်ခဲ့တယ်။ မိဂျိုးရဲ့ အပြန်ခြေလှမ်းတွေက အသွားတုန်းကထက်တောင်
ပိုပြီးသွက်လက်နေသလားပဲ။ လှေအိမ်ကလေးဆီ မိဂျိုး ရောက်ချင်လှပြီလေ။ အမေ့ကို ပိုက်ဆံပေးချင်လှပြီ။ မိဂျိုးရဲ့ရင်ထဲမှာတော့ ရေယိုပေါက်တွေများနေတဲ့ သူတို့လှေအိမ်ကလေးကို အကောင်းပကတိ ဖြစ်သွားစေချင်တဲ့ဆန္ဒကလွဲလို့ ဘာရှိမှာတဲ့လဲ။ လောလောဆယ် မိဂျိုးသိချင်နေတာက ဟောဒီငွေနဲ့ လှေအိမ်ကလေးကို ဖာထေးလို့ လောက်ပါ့မလားဆိုတာပါပဲ။
#ခင်ခင်ထူး
®ထန်းးးးးလျှက်ခဲလေး

Zawgyi Version

ေလွအိမ္ကေလး(စ/ဆံုး)
——————————
ေဂၚဝိန္ဆိပ္ရဲ႕ေအာက္ဘက္နားကို ကိုက္ေတာ္ေတာ္မ်ားမ်ား ေလွ်ာက္လာလိုက္ရင္ သံလ်က္ေမာ္လို႔ေခၚတဲ့ ေခ်ာ္ဆိပ္ျမစ္ကမ္းပါးကို ေတြ႕ရမွာပါ။ ဘကုန္းတြဲသေဘၤာႀကီးေတြ ၊ ေလွေတြနဲ႔ ၊ ကုန္တင္ကုန္ခ်လုပ္ေနၾကတဲ့ အလုပ္သမားေတြ ၊ ကုန္တင္ကားႀကီးေတြ ၊ ျမင္းလွည္းေတြ ၊ ဆိုက္ကားေတြ ၿပီးေတာ့ မိုးကာတာလပတ္စႀကီးေတြ အုပ္ဆိုင္းထားတဲ့ကုန္ေတြကလည္း ဟိုတစ္ပုံ သည္တစ္ပုံ။ တလႈပ္လႈပ္ တ႐ြ႐ြ ဥဒဟိုသြားလာေနၾကတဲ့ လူေတြနဲ႔။ အဲသည္ျမင္ကြင္းေတြကို တာ႐ိုးႀကီးေပၚကေန ဆီးၾကည့္လိုက္ရင္ အတိုင္းတိုင္း ျမင္ေနရတတ္တယ္။ ခပ္နီးနီးကေလးကပ္ၾကည့္မယ္ဆိုရင္ေတာ့ ျမစ္ကမ္းပါးကို တြယ္ကပ္ေနၾကတဲ့ ေဂ်ာ္ဂ်က္ေလွကေလးေတြကို ေတြ႕ရမယ္။ သည္ေလွကေလးေတြကေတာ့ ေရရဲ႕သေဘာအတိုင္း ကမ္းပါးနဲ႔ ပူးတုံခြါတုံ။ ဧရာဝတီလႈိင္းၾကက္ခြပ္ေတြ စီးရင္း မူးရီေနၾကေလရဲ႕။
သူတို႔အဖို႔ ဒါဟာ အဆန္းေတာ့မဟုတ္ပါဘူး။ ေလွကေလး ဘယ္နားေ႐ြ႕ေ႐ြ႕ ေလွကေလးေပၚကေန သူတို႔ ဘယ္မွ ေ႐ြ႕မသြားဖို႔ပဲမဟုတ္လား။ သည္ေလွကေလးေတြဟာ ဧရာဝတီျမစ္ျပင္ၾကယ္ႀကီးနဲ႔ႏႈိင္းစာရင္ ေသးငယ္လြန္းလွေပမယ့္ ဧရာဝတီကိုေတာ့
အမိအရ တြယ္ကုပ္ထားတတ္ၾကတယ္။ ဧရာဝတီေလာက္ သက္တမ္းမရင့္ေသးေပမယ့္ ျမစ္ႀကီးထက္ေတာင္ ပိုၿပီးအိုေဟာင္းေနၾကသလိုပဲ။ ေရျပင္အထက္ တစ္ေတာင္သာသာေလာက္မွာ ေပၚေနတတ္တဲ့ ေလွကေလးေတြဟာ လႈိင္းလူးခံသာ႐ုံေလး မွ်ဥ္းလို႔။
ေလွလယ္ေခါင္ေလာက္မွာ ဝါးေပါင္းမိုးခပ္ကုပ္ကုပ္ကေလးကို ပလတ္စတစ္အုပ္ထားတယ္။ အဲသည္အမိုးကုပ္ကေလးမွာပဲ သူတို႔ ေနၾကတယ္။ မိုး႐ြာအစို ေနပူအေျခာက္ဆိုေပမယ့္ အဲသည္ေလွကေလးေတြကပဲ သူတို႔ရဲ႕ဘဝေတြ မဟုတ္လား။ မနက္လင္းလာရင္ေတာ့ သူတို႔ ကုန္းေပၚတက္ အလုပ္လုပ္ၾကတယ္။ ဟိုးအေနာက္ဘက္ မင္းဝံေတာင္ေၾကာႀကီးေနာက္မွာ ေနလုံးႀကီးျမဳပ္သြားၿပီဆိုရင္ေတာ့ ေလွအိမ္ကေလးေတြဆီ သူတို႔ ျပန္လာၾကျပန္ေရာ။ တခါတေလ ေလွအိမ္ကေလးေတြထဲက ထမင္းခ်က္တဲ့မီးခိုးေငြ႕ေတြ အေမွာင္နဲ႔ ေရာေႏွာေပ်ာက္ကြယ္သြားၾကတာကိုၾကည့္ရင္း ၊ စစ္ကိုင္းေတာင္႐ိုးက မီးပြင့္ကေလးေတြ တစ္ပြင့္ခ်င္းလင္းလက္လာပုံကို ေငးေမာရင္း ၊ တာ႐ိုးႀကီးေပၚက အိမ္အျပန္စက္ဘီးေတြကို အသံတိတ္ႏႈတ္ဆက္ၾကရင္းနဲ႔ သူတို႔ဘဝေတြကို အနားေပးအပန္းေျဖတတ္ၾကတယ္။
အဲသည္ေလွအိမ္ကေလးတစ္လုံးထဲမွာ မိဂ်ိဳးဆိုတဲ့ ေကာင္မေလးရွိတယ္။ မိဂ်ိဳးရဲ႕အေဖ ကိုႂကြက္သိုးက သည္ကမ္းနားမွာ သဲထမ္းတဲ့အလုပ္သမားတစ္ေယာက္ေပါ့။ ကိုႂကြက္သိုးက သဲထမ္းလို႔ပန္းသမွ် ညဘက္အရည္ကေလး တစ္ခြက္တစ္ဖလားနဲ႔ ဝမ္းခ်လိုက္ရမွ ေက်နပ္အားရတဲ့သူ။ ကိုၾကက္သိုးအဖို႔ သည္မူးရီရီအရသာကို တစ္ေန႔မွ လက္လႊတ္ခံတာမဟုတ္ဘူး။ သဲထမ္းခေငြဆိုတာကလည္း မိသားစုစားဖို႔ထက္ အရက္ဆိုင္ကေဒၚတုတ္မကိုေပးဖို႔က ပိုမ်ားေနတတ္တယ္။
အခုေတာ့ သူ႔မိန္းမ မေငြတိုးကလည္း ဘာမွမေျပာေတာ့ပါဘူး။ မေျပာဆို သူတို႔မိသားစုေျခာက္ေယာက္အိုးႀကီးကို သမီးကေလးမိဂ်ိဳးက ထိန္းထားႏိုင္ခဲ့တာကလည္းပါတာေပါ့။ မိဂ်ိဳးက ေဟာသည္ ျမစ္ဆိပ္ကမ္းနားတစ္ခြင္မွာေတာ့ မရွိမျဖစ္လိုအပ္ေနတဲ့ အဝယ္ေတာ္ကေလးပါ။ ဆယ္ႏွစ္သမီး အေထြေထြအဝယ္ေတာ္ မိဂ်ိဳးဆိုပါေတာ့။ အရပ္ပုပ်ပ္ပ်ပ္ ၊ အသားကမည္းမည္း ၊ ပိန္ပိန္ပါးပါး ၊ ဘိုေကျပားခ်ပ္ခ်ပ္နဲ႔ဆိုေတာ့ အမွတ္တမဲ့ၾကည့္ရင္ မိဂ်ိဳးကို ေကာင္ေလးတစ္ေယာက္လို႔ထင္ရရဲ႕။ ဒါေပမဲ့ ရွင္မီးအက်ႌ ၊ စပ္ထမီကေလးေတြက မိဂ်ိဳးရဲ႕မိန္းကေလးဘဝကို လွစ္ျပထားတယ္။
မိဂ်ိဳးက စပ္ထမီကေလးကို ခါးပုံစကေလးထြက္ေအာင္ဝတ္ၿပီး ဖိုသီဖတ္သီပါပဲ။ အဲဒီခါးပုံစကေလးက သူရတတ္သမွ်ေသာ လုပ္အားခေငြစကၠဴကေလးေတြ ထည့္သိမ္းရာ ေနရာကေလးေပါ့။ သူ႔ခါးပုံစထဲ ပိုက္ဆံထည့္ထားရင္မ်ား လိပ္ေနေအာင္ကို က်စ္ထုပ္ထားတယ္။ ဘာမွမရွိဘူးဆိုရင္ေတာ့ သည္ခါးပုံစကေလးက ဖတ္လတ္ ဖတ္လတ္နဲ႔။ ကမ္းနားမွာ စပ္ထမီကေလးတလႊားလႊားနဲ႔။ မိဂ်ိဳးကို ေနကုန္ေနခန္း ေတြ႕ရတတ္တယ္။ သေဘၤာသားတို႔ ၊ ေလွသူႀကီးတို႔ ၊ ေမာ္ေတာ္ပိုင္တို႔ကအစ ကုန္သည္ပြဲစားမက်န္ အလုပ္သမားေတြ အလုပ္သမေတြအဆုံး မိဂ်ိဳးကို မသိသူရယ္လို႔မရွိဘူး။ မခင္တဲ့သူလည္း မရွိဘူး။မရွိဆို မိဂ်ိဳးက သူတို႔ရဲ႕လက္စြဲေတာ္ကေလးမဟုတ္လား။
” မိဂ်ိဳးေရ ….. အေၾကာ္နဲ႔ ေကာက္ညႇင္းေပါင္းဝယ္ေပးပါဦး ”
” ကြမ္းယာသုံးထုပ္ပါ ဆြဲခဲ့ေဟ့ …. ေရာ့ .. ”
ေပးလိုက္တဲ့ပိုက္ဆံကို လက္နဲ႔ဆုပ္ၿပီး တာ႐ိုးေပၚကို မိဂ်ိဳး ေျပးတက္ခဲ့တာပဲ။ ဟိုတုန္းကေတာ့ သည္ကမ္းနားမွာ ေစ်းသည္ေတြ ရွိၾကပါတယ္။ အခုေတာ့ တာ႐ိုးႀကီးျခားထားတဲ့ ခပ္ေဝးေဝးရပ္ကြက္ကေလးထဲ သြားဝယ္မွရတာပါ။ သည္တာ႐ိုးျမင့္ျမင့္ႀကီးေပၚကို တက္လိုက္ ဆင္းလိုက္ ဆင္းလိုက္ တက္လိုက္နဲ႔ပဲ ဖိနပ္မပါတဲ့ မိဂ်ိဳးရဲ႕ေျခဖဝါးေတြက တာ႐ိုးႀကီးနဲ႔ ရင္းႏွီးေနၿပီ။ အဲသည္လို ေစ်းဝယ္ေပးတဲ့အတြက္ မိဂ်ိဳး ပိုက္ဆံရတယ္။ ရတဲ့ပိုက္ဆံကို ခါးပုံစကေလးထဲ
ထည့္လိပ္ထားလိုက္တာပဲ။
မနက္တုန္းက ကုန္ထမ္းသမားေတြကို ေဆးလိပ္ဝယ္ေပးတာရယ္ ၊ ကားသမားေတြအတြက္ ကြမ္းယာဝယ္ေပးတာရယ္ ၊ သဲေလွအလုပ္သမေတြက လက္ဘက္ရည္ဝယ္ခိုင္းတာရယ္ အားလုံးေပါင္းေတာ့ အခုမနက္ မိဂ်ိဳးရဲ႕ခါးပုံစထဲ ပိုက္ဆံတစ္ရာေလာက္ ရသြားၿပီ။ ခါးပုံစကေလးကို မၾကာမၾကာ စမ္းၾကည့္ရင္း မိဂ်ိဳး စိတ္တြက္တြက္ၾကည့္ေနမိတာပါ။
” မိဂ်ိဳးေရ …. ဟဲ့ ….. ေကာင္မေလး … ေခၚေနတာကို ေရာ့ ….. ပုလင္း .. ”
မိဂ်ိဳး ဝမ္းသာအားရ ေျပးသြားလိုက္တယ္။ အဲသလိုပုလင္းသမားေတြဆီကမွ ေလး ငါးဆယ္ ရတတ္တာကိုး။
” အျဖဴလား … ဦးေလး ”
” ေအး …. ငါးၾကင္းအေရခြံေၾကာ္လည္း ဝယ္ခဲ့ …. ပိုတာ ညည္းယူလိုက္ … ”
ပုလင္းကေလးကို လက္နဲ႔ပိုက္ၿပီး တာ႐ိုးႀကီးေပၚ မိဂ်ိဳး ေျပးတက္ခဲ့ရျပန္ေရာ။ အဲသလို အဝယ္ေတာ္အလုပ္ကို မိဂ်ိဳးလုပ္လာတာ တစ္ႏွစ္ေလာက္ ရွိေရာ့မယ္။ အတန္းစာ ဟုတ္တိပတ္တိ မသင္ဘူးခဲ့ေပမယ့္ ေငြစကၠဴအမ်ိဳးအစားေလာက္ေတာ့ မိဂ်ိဳး သိတာေပါ့။ ေပါင္းတာ ႏႈတ္တာမ်ိဳး မိဂ်ိဳးနားမလည္ေပမယ့္ အမ္းတာေတြမ်ိဳးကိုက် မိဂ်ိဳး သိေနျပန္ေရာ။ တခါတေလ ေစ်းသည္ထက္ေတာင္ မိဂ်ိဳးက လည္ေနေသး။ ခိုင္းမယ့္သူမေပၚေသးရင္ေတာ့ တာ႐ိုးေျခက ေညာင္ၾကပ္ပင္ႀကီးေအာက္မွာ အေဖာ္ေတြနဲ႔ မိဂ်ိဳး ကစားေနတတ္တယ္။
မိဂ်ိဳးရဲ႕အေဖာ္ေတြက အမ်ားႀကီးရယ္။ ရပ္ကြက္ကေလးထဲက ကေလးေတြေတာ့ မဟုတ္ပါဘူး။ မိဂ်ိဳးတို႔လို ေလွအိမ္ကေလးေတြထဲက ကေလးေတြရယ္ ၊ တျခားတဲေတြက ကေလးေတြရယ္ေပါ့။ ကေလးေတြအားလုံးက ကမ္းနားမွာ
ေတြ႕သမွ်အလုပ္ေတြ အကုန္လုပ္ၾကတယ္။ ဆန္အိတ္ေတြ ၊ ပဲအိတ္ေတြ ၊ ၾကက္သြန္အိတ္ေတြ ၊ မီးေသြးအိတ္ေတြတင္ၾကရာကေန ေပါက္က်လာတာေတြကို က်ဳံးၾကတယ္။ ထင္းေတြ ဝါးေတြ ေရထဲေမ်ာလာရင္ လိုက္ဆယ္ၾကတယ္။ တြဲသေဘာႀကီးေတြနဲ႔ သယ္လာတဲ့ေျမဆီအိတ္ေတြ ၊ ဘိလပ္ေျမအိတ္ေတြ ၊ ကတၱရာပုံးႀကီးေတြထဲက ဖိတ္လွ်ံက်လာတတ္တာေတြကိုလည္း ေစာင့္လုတတ္ၾကရဲ႕။
အခုရက္ပိုင္း ကတၱရာတြဲသေဘၤာႀကီးေတြ အလာမ်ားေနတယ္။ ျမစ္ထဲကို လွ်ံက်လာတဲ့ ကတၱရာေစးေတြကို ေရကူးဆယ္ၾကဖို႔ေစာင့္ေနၾကတဲ့ ကေလးေတြဆိုရင္ ေရေတြစို႐ႊဲလို႔။ တခ်ိဳ႕က ကိုယ္တုံးလုံးနဲ႔ တစ္ကိုယ္လုံး ပဲႀကီးေရပြလို ေဖာသြပ္ေဖာေရာင္နဲ႔။ ရသမွ်ပစၥည္း အတိုအစေလးေတြကို စုၿပီး တစ္ရာ ရရ ၊ ႏွစ္ရာ ရရ ကုန္းေပၚက ဝယ္သူေတြဆီ ေျပးေရာင္းၾကတယ္။ ရတဲ့ပိုက္ဆံကို ဆန္ဝယ္ဖို႔ သူတို႔အိမ္ေတြဆီ ျပန္ေပးၾကရတယ္။
” တစ္ရာ …. တစ္ရာ့ႏွစ္ဆယ္ …. သည္ငါးက်ပ္နဲ႔ဆို ……. တစ္ရာ့အစိတ္ … ”
” မိဂ်ိဳးေရ …. ေဟ့ …. မိဂ်ိဳး …. နင့္အေမက ပိုက္ဆံေပးလွည့္ပါဦးတဲ့ … ”
ေအးမိစံအသံေၾကာင့္ ပိုက္ဆံတြက္ေနတဲ့ မိဂ်ိဳးရဲ႕လက္ကေလး ဆတ္ခနဲ တုန္သြားတယ္။
” လက္ထဲမွာ ပိုက္ဆံမျပည့္ေသးဘူး …. ဆန္တစ္ခြက္ဆိုရင္ေတာင္မွ ေငြက ႏွစ္ရာျပည့္မွ ”
လက္ထဲေငြေတြကို စပ္ထမီခါးပုံစေလးထဲ ျပန္ထည့္လိုက္တယ္။ ေနက ေညာင္ၾကတ္ပင္ႀကီးတည့္တည့္ကို ေရာက္ေနၿပီ။ ဧရာဝတီျမစ္ႀကီးထဲက ေရတံလွ်ပ္ေတြက တဖ်ပ္ဖ်ပ္ခါလို႔။
” ငါ .. ပိုက္ဆံမျပည့္ေသးဘူး ေအးမိစံရယ္ ”
” နင္ေကာ ေပးခဲ့ၿပီလား ”
” ေအး …. ေပးခဲ့ၿပီ ”
မိဂ်ိဳးမ်က္ႏွာကေလး ညႇိဳးက်သြားတယ္။ ေလွအိမ္ကေလးထဲကေန အေမ ေမွ်ာ္လွေရာေပါ့။ အေမ့ခမ်ာ ကေလးေတြထိန္းရ ၊ ေလွထဲ စိမ့္ဝင္လာတဲ့ေရေတြ ပက္ထုတ္ရနဲ႔ ထမင္းဆာေနေရာေပါ့။ သက္ျပင္းကိုခ်ရင္း ဧရာဝတီျမစ္ႀကီးထဲက အေရာင္တဖိတ္ဖိတ္လက္ေနတဲ့ ေရတံလွ်ပ္ေတြကိုပဲ မိဂ်ိဳး ေငးၾကည့္ေနမိတယ္။
” ေဟာ …. ငတြတ္တို႔ လာၿပီ … ”
ငတြတ္က ပုဆိုးကို စလြယ္သိုင္းၿပီး ေရာက္လာတယ္။ တစ္ကိုယ္လုံးလည္း ကတၱရာေစးေတြနဲ႔ မည္းလို႔။
” ဒီေန႔ ေဘာ္လုံးထုေၾကး ကစားၾကမယ္ေဟ့ … သည္မွာ ငါ ေဘာ္လုံး ဝယ္လာတယ္ ”
” အံမယ္ … ငတြတ္ .. နင္ ဘယ္ကရလဲ ”
” ကတၱရာေလဟာ …. ဒီေန႔ ေနပူေတာ့ ကတၱရာေစးေတြ တအားလွ်ံက်တာ။ ငါ ဟိုးေရလယ္အထိ ကူးဆယ္ရတာေပါ့။ အေမ့ကိုလည္း ဆန္ဖိုးေပးခဲ့ၿပီ။ ပိုတာ ငါ့ဘာသာ ေဘာ္လုံးဝယ္လာတာ ”
” နင့္ႏွယ္ဟာ … ပိုက္ဆံပိုတာမ်ား .. မိဂ်ိဳးကို ေခ်းေရာေပါ့ … ဒီမွာ သူ ပိုက္ဆံမျပည့္ေသးလို႔ .. ”
ငတြတ္မ်က္ႏွာမွာ အေပ်ာ္ေတြေပ်ာက္သြားၿပီး ေညာင္ျမစ္ႀကီးေပၚ ေဆာင့္ေၾကာင့္ထိုင္ခ်လိုက္တယ္။
” သိမွ မသိပဲဟာ ”
ေညာင္႐ြက္ေတြက ေလပူေတြကို သိမ္းယူၿပီး ႐ႊဲကနဲ မႈတ္ထုတ္လိုက္တယ္။ ေဘာ္လုံးကေလးကို လက္ထဲညႇပ္လွည့္ရင္း ငတြတ္က
” ဟာ … ဟုတ္ၿပီ … ငါ ဖိုးေထာင္ဆီက သြားေခ်းေပးမယ္ … နင္ ဘယ္ေလာက္လိုေသးလဲ မိဂ်ိဳး ”
” တစ္ … တစ္ရာ ”
” ရမွာပါဟာ … ေရာ့ … ေဘာ္လုံး ခဏယူထား ”
ငတြတ္ေျပးထြက္သြားရာကို မိဂ်ိဳး ေငးၾကည့္ေနလိုက္တယ္။ ကမ္းနားကိုဆင္းသြားၿပီး မၾကာဘူး။ ငတြတ္ ျပန္ေရာက္လာတယ္။
” ေရာ့ … တစ္ရာ သြား .. သြား … နင့္အေမကို အျမန္ျပန္ေပးေခ်ဟာ … ကစားခ်င္လွၿပီ ”
ပိုက္ဆံေတြကို လက္ႏွင့္ဆုပ္ၿပီး ေလွကေလးရွိရာကို မိဂ်ိဳး အေျပးျပန္လာခဲ့တယ္။ အေမကေတာ့ အငယ္ေကာင္ကို ခါးထစ္ခြခ်ီၿပီး ေလွထဲကေရေတြ ပက္ထုတ္ေနေလရဲ႕။
” မိဂ်ိဳးရယ္ …. ငါျဖင့္ ေမွ်ာ္လိုက္ရတာ … ေနျမင့္လွၿပီေလ.. ”
မေငြတိုးက ေရပက္ေနတဲ့ သံပန္းကန္အစုတ္ေလးကို ခ်ၿပီး ပိုက္ဆံလွမ္းယူတယ္။ အေမ့ကို ေရကူပက္ေပးခ်င္ေပမယ့္ ငတြတ္တို႔နဲ႔ ေဘာ္လုံးကစားခ်င္ေနတာနဲ႔ပဲ ကုန္းေပၚကို မိဂ်ိဳး အေျပးျပန္တက္ခဲ့တယ္။
” မိဂ်ိဳးေရ ဖိုးေထာင္ကိုေတြ႕ရင္ ေျပာလိုက္စမ္းပါေဟ့ … ဒီမွာ ဆန္မဝယ္ရေသးဘူးလို႔ ”
ဖိုးေထာင္အေမရဲ႕အသံေၾကာင့္ မိဂ်ိဳးရဲ႕ပါးစပ္ကေလး ေဟာင္းေလာင္းပြင့္သြားတယ္။ ကေလးကိုႏို႔တိုက္ရင္း ငါးျမႇားေနတဲ့ ဖိုးေထာင္အေမရဲ႕မ်က္ႏွာမွာလည္း အေမ့လိုပဲ ေခြၽးေတြ သံေတြနဲ႔ပါလား။ မိဂ်ိဳးရင္ထဲ မေကာင္းျဖစ္သြားတယ္။ ေညာင္ပင္ေအာက္မွာေတာ့ ငတြတ္တို႔ ေဘာ္လုံးပစ္တမ္း ကစားေနၾကၿပီ။ မိဂ်ိဳး ဝင္မကစားေတာ့ပဲ ကမ္းနားကို ဆင္းခဲ့တယ္။
” ငါ့ကို ခိုင္းမယ့္သူ ေပၚပါေစ ”
သည္ႏွစ္ သၾကၤန္ေရတိုးမိုးက တအားႀကီး ႐ြာခ်လိုက္တယ္။ မိဂ်ိဳးတို႔ေလွကေလးထဲမွာ ျမစ္ေရေတြထက္ မိုးေရေတြက ပိုမ်ားေနေတာ့တာေပါ့။ မိဂ်ိဳးလည္း အလုပ္မသြားႏိုင္ေသးဘူး။ အေမပင္ပန္းမွာစိုးတာနဲ႔ပဲ ေလွဝမ္းထဲဆင္းၿပီး ေရေတြကို ပုံးနဲ႔ ခပ္ထုတ္ပစ္ရတယ္။
” ေလးဆယ့္ငါး … ေလးဆယ့္ေျခာက္ … ေလးဆယ့္ခုနစ္ … ”
လက္ေမာင္းေအာင့္လာတာနဲ႔ ေရပုံးကိုခ်ၿပီး မိဂ်ိဳးလက္ေတြကို သုံးေလးခ်က္ ဆန္႔ထုတ္ပစ္လိုက္တယ္။ သည္ေလွကေလးကို အေဖတို႔ဝယ္တုန္းက ငါးေထာင္ပဲ ေပးရတယ္ေျပာတယ္။ ခုေနဝယ္ရင္ ဘယ္ေလာက္ေပးရမယ္မွန္း မိဂ်ိဳးမသိေပမယ့္ အေမကေတာ့ ေလွကေလး ဖာဖို႔ ေထးဖို႔ ေငြလိုတယ္ေျပာေနတာၾကာၿပီ။ ဝါဆို ဝါေခါင္ဆိုရင္ ေရေတြက ႀကီးလာေတာ့မွာ။ ျမစ္ေရကလွ်ံ လႈိင္းေတြကပုတ္နဲ႔ ဧရာဝတီျမစ္ထဲ ေမ်ာသြားၾကတဲ့ေလွေပါင္းကလည္း မိဂ်ိဳးမ်က္စိေရွ႕တင္ မနည္းေတာ့ဘူး။ ဟိုးတစ္ႏွစ္ကဆို မိဂ်ိဳးတို႔ေလွကေလး ျမဳပ္ေမ်ာေမ်ာသြားတာ အလိုက္ေကာင္းလြန္းလို႔သာ ေ႐ႊၾကက္ယက္ေသာင္စြန္းက ျပန္ရခဲ့တာ။ အဲသည္တုန္းက ေလွကေလးက အခုေလာက္ မအိုေသးဘူး။ မနာေသးဘူး။ သည္ႏွစ္ေတာ့ ေရမႀကီးခင္ ဖာရေထးရမယ္လို႔ အေမ ေျပာေျပာေနေပမယ့္ ဘယ္ေလာက္ကုန္မလဲဆိုတာ မိဂ်ိဳး မသိပါဘူး။
” မိဂ်ိဳးေရ … ေဟ့ .. မိဂ်ိဳး .. ”
ကုန္းေပၚက ေခၚသံၾကားတာနဲ႔ ေခါင္းေမာ့ၾကည့္လိုက္ေတာ့ အဝတ္ေလွ်ာ္တဲ့ ေဒၚဘီဘီ။ ေရစိုအဝတ္ႀကီးနဲ႔ဆိုေတာ့ အဝတ္ေလွ်ာ္ရင္း ထလာပုံရတယ္။
” ညည္းေဘာ္ဒါ ဦးဗလတို႔ ေရာက္ေနတယ္ … ညည္းကို အေခၚခိုင္းလို႔ေအ့ .. ”
လက္ထဲကေရပုံးကို ဝုန္းခနဲပစ္ခ်ၿပီး စပ္ထမီကေလးကို ျပင္ဝတ္လိုက္တယ္။ ဦးဗလတို႔သေဘၤာဆိုက္ရင္ မိဂ်ိဳးတို႔ မုန္႔ဖိုးေတြ အမ်ားႀကီးရတတ္တာကိုး။
” အေမေရ .. အေမ …. ”
ကုန္းေပၚမွာ အဝတ္ေရစိုေတြလွမ္းေနတဲ့ အေမ့ကိုေခၚရင္း ကုန္းေပါင္ေပၚကေန လႊားခနဲ ခုန္ခ်လိုက္တယ္။
” အေမ … က်ဳပ္ သြားေတာ့မယ္။ ဦးဗလတို႔သေဘၤာ ေရာက္ေနၿပီတဲ့ .. ”
” ေအး .. ေအး .. သြား .. သြား ”
ကမ္းနားဘက္ကို အေျပးလာခဲ့တဲ့မိဂ်ိဳးတစ္ေယာက္ ဦးဗလတို႔ရဲ႕ ႏွစ္ထပ္သေဘၤာျပားျပားႀကီးကို ျမင္လိုက္ရရင္ပဲ ဝမ္းသာသြားမိတယ္။ ကုန္းေပါင္ႀကီးႏွစ္ခ်ပ္ခင္းထားတဲ့ အေပၚကေန တဒုန္းဒုန္းေျပးတက္လာတဲ့ မိဂ်ိဳးကို ဦးေလးဗလက လက္ေတြ ေျမႇာက္ျပလို႔။
” ဦးေလးဗလ ”
” ေအး … ငါျဖင့္ ေရာက္ကတည္းက နင့္ မေတြ႕လို႔ ေမးေနတာဟဲ့ .. ”
” ေရပက္ထုတ္ေနလို႔ ဦးရဲ႕ .. မေန႔ညက မိုးေတြ႐ြာခ်လိုက္တာေလ … သမီးတို႔ေလွကေလး ျမဳပ္ေတာ့မလို႔ … ”
” ကဲပါ .. ညည္းတို႔ေလွ ျမဳပ္တာ မျမဳပ္တာ အေရးမႀကီးဘူး …ေဒၚ႐ုပ္ဆိုးႀကီးဆီ သြားေပးပါဦး .. ”
ဦးဗလတို႔လာရင္ ေဒၚ႐ုပ္ဆိုးတို႔အိမ္ကို မိဂ်ိဳး သြားေျပာေပးရတယ္။ ဘာမွန္းေတာ့ မသိပါဘူး။ ဦးဗလတို႔သေဘၤာ ေရာက္ၿပီလို႔ ေျပာ႐ုံပါပဲ။
” ေရာ့ … ေဟာဒါ ညည္းအတြက္မုန္႔ဖိုး .. ”
ဦးဗလက ခုံေပၚမွာတင္ထားတဲ့ ေငြစကၠဴစည္းႀကီးတစ္စည္းထဲက တစ္႐ြက္ကို ဆြဲထုတ္ၿပီး မိဂ်ိဳးကို လွမ္းေပးတယ္။ မိဂ်ိဳးမ်က္လုံးေတြေတာင္ ျပာသြားရဲ႕။ ေငြတစ္ေထာင္တန္ႀကီးဆိုတာေတာ့ မိဂ်ိဳး သိတာေပါ့။ တာ႐ိုးေပၚအျပးတက္လာတဲ့ မိဂ်ိဳးရဲ႕ေျခေထာင္ေတြက ဘီးတပ္ထားသလို ေအာက္ေမ့ရရဲ႕။ ေျဗာင္းေျဗာင္းေျပးေနတဲ့ ျမင္းတစ္ေကာင္လို သြက္လက္ေနတဲ့မိဂ်ိဳးကို အခုေန တကယ့္ျမင္းတစ္ေကာင္ကေတာင္ ယွဥ္ႏိုင္မွာမဟုတ္ဘူး။ တာ႐ိုးႀကီးေပၚ တက္ ၊ ရပ္ကြက္ကေလးကို ေက်ာ္ ၊ လမ္းမႀကီးအတိုင္း သြား ၊ လမ္းသြယ္ကေလးထဲ ခ်ိဳး ၊ ေနာက္တစ္လမ္း ထပ္ကူး ၊ ညာဘက္ကို ေကြ႕ ၊ တိုက္ဝါႀကီးကို ပတ္ ၊ မိဂ်ိဳး မေမာပါဘူး။ မိဂ်ိဳးရဲ႕စပ္ထမီခါးပုံစကေလးထဲမွာ ေငြတစ္ေထာင္ႀကီးမ်ားေတာင္ ရွိေနၿပီေလ။
ဦးဗလတို႔သေဘၤာႀကီး ကမ္းက မခြါမခ်င္း ေနာက္ထပ္မုန္႔ဖိုးေတြ အမ်ားႀကီးရဦးမယ္။ အေပ်ာ္ေတြ လြန္ေနလိုက္ပုံမ်ား။ ေဒၚ႐ုပ္ဆိုးတို႔အိမ္ေက်ာ္သြားတာေတာင္ မိဂ်ိဳး သတိမထားလိုက္မိဘူး။ ေနာက္ျပန္လွည့္လိုက္ရတယ္။ ေဒၚ႐ုပ္ဆိုးႀကီးတို႔အိမ္ကေတာ့ ထုံးစံအတိုင္း အိမ္ဝင္းတံခါးက ပိတ္လ်က္သား။ စကၠဴပန္းၿခဳံအုပ္အုပ္ႀကီးက အိမ္ကိုကြယ္ထားေလေတာ့ လူရိပ္လူျခည္ကို မိဂ်ိဳး မျမင္ရပါဘူး။
” ေဒၚႀကီးဆိုး … ေဒၚႀကီးဆိုး … ”
တံခါးကို တအားႀကီးလႈပ္ေခၚေတာ့မွ အိမ္ထဲက လူထြက္လာတယ္။ ေတာ္ပါေသးရဲ႕။ ေဒၚ႐ုပ္ဆိုးႀကီးနဲ႔ တန္းေတြ႕လို႔။ ႏို႔မို႔ဆို ၿခံေရွ႕အုတ္ခုံေပၚ ထိုင္ေစာင့္ရဦးမွာ။ ေဒၚ႐ုပ္ဆိုးကေတာ့ ျမင္ေနက်အတိုင္း မိတ္ကပ္ေတြ ႏႈတ္ခမ္းနီေတြ ဗရပ်စ္နဲ႔။ နဖူးေပၚ အုပ္ေနတဲ့ ငွက္သိုက္လို ဆံပင္အေမာက္ႀကီးကိုေတာ့ မိဂ်ိဳး အမုန္းဆုံးပဲ။
” ဟဲ့ .. ေကာင္မေလး .. ဦးဗလတို႔ ေရာက္ေနၿပီလား ”
မိဂ်ိဳးေတာင္ ဘာမွ မေျပာရေသးဘူး။ သူက သိႏွင့္ေနၿပီ။
” ဟုတ္ကဲ့ … ဦးဗလက ေဒၚႀကီးဆိုးကို အေျပာလႊတ္လိုက္လို႔ ”
ေဒၚ႐ုပ္ဆိုးႀကီးက မိဂ်ိဳးကို ၿပဳံးျပၿပီး စကၠဴပန္း႐ုံႀကီးေအာက္ကို လွမ္းၾကည့္တယ္။ စကၠဴပန္းပင္ႀကီးကို ဝိုင္းပတ္ထားတဲ့ခုံတန္းေပၚမွာ လက္သည္းနီဆိုးေနတဲ့မိန္းမကို အခုမွပဲ မိဂ်ိဳး ျမင္မိတာပါ။
” ေအး … ေအး .. ငါနဲ႔ ေတြ႕ခဲ့တယ္လို႔ပဲ ေျပာလိုက္ ”
မိဂ်ိဳးလုပ္ေပးရမွာက ဒါပါပဲ။ ေဒၚ႐ုပ္ဆိုးႀကီးရဲ႕ၿခံေရွ႕မွာ ရပ္ၿပီး သည္စကားေလးတစ္ခြန္း ေျပာလိုက္႐ုံကလြဲလို႔ ၿခံထဲေတာင္ မိဂ်ိဳး ေျခမခ်လိုက္ရပါဘူး။ ခပ္သုတ္သုတ္ကေလးပဲ မိဂ်ိဳးျပန္ခဲ့တယ္။ မိဂ်ိဳးရဲ႕ အျပန္ေျခလွမ္းေတြက အသြားတုန္းကထက္ေတာင္
ပိုၿပီးသြက္လက္ေနသလားပဲ။ ေလွအိမ္ကေလးဆီ မိဂ်ိဳး ေရာက္ခ်င္လွၿပီေလ။ အေမ့ကို ပိုက္ဆံေပးခ်င္လွၿပီ။ မိဂ်ိဳးရဲ႕ရင္ထဲမွာေတာ့ ေရယိုေပါက္ေတြမ်ားေနတဲ့ သူတို႔ေလွအိမ္ကေလးကို အေကာင္းပကတိ ျဖစ္သြားေစခ်င္တဲ့ဆႏၵကလြဲလို႔ ဘာရွိမွာတဲ့လဲ။ ေလာေလာဆယ္ မိဂ်ိဳးသိခ်င္ေနတာက ေဟာဒီေငြနဲ႔ ေလွအိမ္ကေလးကို ဖာေထးလို႔ ေလာက္ပါ့မလားဆိုတာပါပဲ။
#ခင္ခင္ထူး
®ထန္းးးးးလွ်က္ခဲေလး