တစ္ဆေဆိုး(စ/ဆုံး)

Unicode Version

တစ္ဆေဆိုး(စ/ဆုံး)
———————-
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ ဆုံရွာတောင်ဖျားရှိ ဒေါင်းမင်းသစ်စက် လမ်းကြားမှာ လူတချို့ ဝိုင်းအုံနေကြသည်။
သူတို့သည် လမ်းပေါ်မှာ သေနေသော အမျိုးသား အလောင်းတလောင်းအား ကြည့်ရှု့နေကြခြင်း ဖြစ်သည်။ အလောင်းမှာ မည်မျှ ကြာပြီမသိ။ မျက်နှာမှာ မည်းပြီး ပွယောင်းယောင်း ဖြစ်နေသည်။
သစ်စက်လမ်းကြားဟု ဆိုငြားလည်း ၎င်းလမ်းသည် ပေ၂၀လမ်းဖြစ်၏။
ယခင်က သစ်ကားအချို့ ဖြတ်သွားဖြတ်လာရှိသော်လည်း ယခုအခါ သစ်ရှားပါးမှုကြောင့် သစ်စက်မှာ မလည်တော့ပေ။ ထို့ကြောင့် ဒေါင်းမင်းသစ်စက်လမ်းကြားမှာ အသွားအလာ သိပ်မရှိချေ။
သစ်စက်သည် ဆုံရွာအတွင်းမဟုတ်။ ရွာနှင့်တော့ အတန်ငယ် လှမ်း၏။ လမ်း၏ ဘေးနှစ်ဖက်မှာ အပင်များနှင့် ခြုံများက တောထနေ၍ အကာအကွယ်ကောင်းသလို လူသူလည်း အသွားအလာပြတ်၏။
ထိုသို့သော အခွင့်အရေးကို အသုံးချသူများက မူးယစ်ဆေးစွဲနေသော လူငယ်တချို့နှင့် ဝိသမလောဘသား ဆေးရောင်းသူတို့သာ ဖြစ်ကြသည်။ ၎င်းတို့သည် ဒေါင်းမင်းသစ်စက်လမ်းကြားမှာ ဆေးရောင်းသူကရောင်း ၊ ဆေးထိုးသူကထိုး၊ ဆေးရှုသူ ရှုနှင့် သူတို့သာ စည်ကား မင်းမူနေကြသည်။
တခါတရံ တာဝန်ရှိသူများက လာဖမ်းသည့်အခါ၌လည်း အဖမ်းခံရသည်ရှိပေမယ့်၊ ရက်အနည်းငယ်ကြာသွားလျင် ပြန်ရောက်လာကြသည်သာ။ သေချာသည်မှာ လက်ကြီး မူးယစ်ဆေးရောင်းသူကိုတော့ ဖမ်းမိသည်ဟု မကြားမိချေ။
သေသူမှာ ဆေးထိုးအပ် တန်းလန်းနှင့်မို့ ၊ မူးယစ်ဆေးစွဲနေသူသာ ဖြစ်လိမ့်မည်။
လမ်းကြားလေးထဲသို့ ဆိုင်ကယ်နှစ်စီး၊ လူလေးယောက် မောင်းဝင်လာသည်။ ၃ဦးမှာ အမျိုးသားများဖြစ်ကြပြီး ၊ ကျန်တဦးမှာ အသက်၄၀ကျော် အမျိုးသမီးတဦး ဖြစ်လေ၏။
၎င်းတို့သည် အလောင်းအား လာရောက် ကြည့်ရှု့ကြခြင်းဖြစ်သည်။ အမျိုးသမီးကြီးအမည်မှာ ဒေါ်ယုမေ ဖြစ်သည်။
ဒေါ်ယုမေသည် အလောင်းကို တွေ့လျင် တွေ့ချင်း အော်ဟစ် ငိုယိုလိုက်သည်။ သေသူမှာ သူမ၏ သား ဇော်လွန်း ဖြစ်နေ၏။
” အံမယ်လေး အဖြစ်ဆိုးလှချည်လား ဇော်လွန်းရဲ့ ။ မနေ့ကတည်းက ပျောက်သွားတာ ။ ငါက မသွားပါနဲ့၊ မသွားပါနဲ့ အတန်တန်တားပါရဲ့နဲ့ ။ အခုတော့ နင် ခွေးသေဝက်သေ သေရပါပေါ့လား အီးဟီးဟီး ”
ဒေါ်ယုမေ ပြော၍ ငိုနေပုံအရဆို ဇော်လွန်းသည် မနေ့ကတည်းက သေသွားခဲ့ပုံရသည်။
ဇော်လွန်းသည် အသက် ၂၀ပင် မပြည့်သေးသော လူငယ်တယောက်ဖြစ်သည်။ သူသည် မူးယစ်ဆေး စွဲကာ မိဘကို ဒုက္ခအမျိုးမျိုးပေး၍ နှိပ်စက်နေသူ ဖြစ်သည်။
အိမ်ရှိ ပစ္စည်းမှန်သမျှ ဇော်လွန်းက ခိုးယူရောင်းချ၍ ဆေးသုံးသည်။ အိမ်ရှိ မိသားစုက ဇော်လွန်းကို အလွတ်မပေးစတမ်း စောင့်ကြည့်တော့၊ ဇော်လွန်းက သူ ဆေးသုံးရန် ကြံရဖန်ရတော့သည်။
သူငယ်ချင်းတွေ ဆိုင်ကယ်ကို ခဏလောက်ဆိုကာ ယူစီးသွားပြီး၊ ပေါင်နှံ၍ ဆေးသုံးသည်။
သူငယ်ချင်းများအိမ် ရောက်လျင် ထိုသူငယ်ချင်းရဲ့ မိသားစုတွေထဲက ဟန်းဖုန်းများကို အလစ်သုတ် ခိုးသည်။
တချို့က ကိုယ့်အိမ်မှာကိုယ် ဧည့်ခန်းက မီးပလပ်ပေါက်မှာ ဖုန်းအားသွင်းထားတာမျိုးတို့ ၊အလွယ်တကူ စားပွဲပေါ်တင်ထားတတ်တာမျိုးတို့ဆိုတော့ ဇော်လွန်းအတွက် ခိုးယူရလွယ်၏။ ဆေးသမား မျက်လုံးကလည်း ခိုးယူရန် အမြဲချောင်းနေသည်မဟုတ်လား။
ဇော်လွန်းသည် သူ ခိုးဝှက်လိမ်ညာရသမျှကို ဆေးချပစ်သည်။ သူ့အတွက် ဆေးချဖို့ဆို ဘာကိုမျှ တွေးနေမည်မဟုတ်။ ခိုးသည် ၊ လိမ်သည်။
ဒေါ်ယုမေမှာ ထိုကဲ့သို့သော ပြဿနာအမျိုးမျိုးကို မကြာခဏဆိုသလို လိုက်လံ ဖြေရှင်းပေးနေရ၏။ ကြာတော့ ဇော်လွန်းကို သူငယ်ချင်းများက အိမ်အလာမခံကြတော့ချေ။ ဒေါ်ယုမေကို သွားတိုင်လျင် ကိုယ်ပစ္စည်း သို့မဟုတ် ပစ္စည်းတန်ကြေး ပြန်ရသော်လည်း အကျင့်ပျက်နေသော ဇော်လွန်းကို မပေါင်းသင်းကြတော့ပေ။
ယခုတော့ မူးယစ်ဆေး၏ကျေးကျွန်ဖြစ်သော လူဆိုးလူမိုက်တယောက် ငယ်ငယ်ရွယ်ရွယ်နှင့် လောကကြီးကို စွန့်ခွါသွားလေပြီ။
ဒေါ်ယုမေအတွက်တော့ သားတယောက် ဆုံးရှုံးသွားပြီဟု ကြေကွဲဝမ်းနည်းစရာ ဖြစ်ပေမယ့် ၊ တခြားဖက်က ကြည့်လျင် လူသားဆိုးသားတယောက်၏ဝဋ်ကနေ ကျွတ်သွားတာလို့ ဆိုရမည် ဖြစ်သည်။
____________
အခန်း(၂)
ဇော်လွန်းကို သင်္ဂြိုလ်ပြီး ရွာလူကြီး ခွင့်ပြုချက်နှင့် ရက်လည်သဘောမျိုး ၊ ဒေါ်ယုမေအိမ်မှာ ဖဲဝိုင်း ထောင်ကြသည်။ မသာအိမ်မှာ အစောင့်ရရန်ဖြစ်သည်။
ဇော်လွန်း သူငယ်ချင်းအချို့လည်း ဒေါ်ယုမေကို သနားသဖြင့် နာရေးအိမ်မှာ ဖဲရိုက်ရင်း အစောင့်အနေသဘော ညအိပ်စောင့်ပေးကြသည်။
တညတွင် ဇော်လွန်းသူငယ်ချင်း တဦးဖြစ်သူ အောင်မျိုးဦးကိုယ်၌ ဇော်လွန်း၏ ဝိဉာဉ်က လာရောက် ပူးကပ်ဟန်တူသည်။
ထိုစဉ်က အောင်မျိုးဦးသည် တခြားသော သူငယ်ချင်းများနှင့်အတူ ရှမ်းကိုမီး ဖဲကစားနေ၏။
ဖဲရိုက်နေသော အောင်မျိုးဦးသည် ည ၁၁နာရီ ဝန်းကျင်လောက်တွင် တဝါးဝါးနဲ့ သမ်းဝေလာသည်။
ထို့အပြင် ဆေးသမားများ ယင်းထသလို နားထင်ကို လက်ဖြင့်ကုတ်ခြင်း၊ နှာခေါင်းကို ပွတ်ချေခြင်း၊ ခေါင်းတခါခါ လည်တခါခါ ပြုခြင်းတို့ပါ ပြုလုပ်လာ၏။
တခဏအကြာ အောင်မျိုးဦးသည် လက်ထဲက ဖဲချပ်များကို ဝိုင်းအလယ်သို့ ပစ်ပေါက်၍ အသံကျယ်ကြီးနဲ့ အော်ပြောလိုက်လေသည်။
” အမေ … အမေ … ကျုပ်ကို ပိုက်ဆံ နည်းနည်းလောက် ပေးစမ်းပါ ”
“ဟာ! ”
“ဟင်! ”
ဖဲဝိုင်းက လူများ အံဩသွားကြသည်။ အောင်မျိုးဦး ပါးစပ်က ထွက်လာသော အသံမှာ အောင်မျိုးဦး၏ ပင်ကိုယ်သံမဟုတ်။
ကွယ်လွန်သူ ဇော်လွန်း၏ အသံ ခပ်ဩဩဖြစ်နေသည်။
ထို့အပြင် အောင်မျိုးဦး၏ မျက်လုံးများက ဂဏှာမငြိမ်၊ တောင်မြောက် ကစားနေသည်။
ဒေါ်ယုမေမှာ မအိပ်သေး၍ သူ့သားအသံဖြင့် အောင်မျိုးဦးက အမေဟု ခေါ်လိုက်သောအခါ ၊ ဖဲဝိုင်းအနီးသို့ ရောက်လာတော့သည်။
ဒေါ်ယုမေမှာ မယုံနိုင်ဟန်ဖြင့် အောင်မျိုးဦးအား မေးလိုက်သည်။
” နင် … နင် ဘယ်သူလဲ ”
ထိုအခါ အောင်မျိုးဦးထံမှ ဂျစ်ကန်ကန် အမူအယာဖြင့် …
” အောင်မာ … ဦးနော်မိန်းမကြီးကတော့ … ကိုယ့်သားကိုယ်တောင် မမှတ်မိတော့ဘူးလားဗျ ”
ဒေါ်ယုမေ ရင်ဘတ်ကို ဖိ၍ ထိတ်လန့်သွားဟန်ဖြင့် …
” အံမယ်လေး … ဒါ ဒါ ဇော်လွန်းမှ ဇော်လွန်း အစစ် ၊ သူ .. သူ စိတ်တိုရင် ငါ့ကို ဦးနော်မိန်းမကြီးလို့ ခေါ်လို့ခေါ် အဖွားကြီးလို့ ခေါ်လို့ခေါ် … အမြဲ ခေါ်နေကျ”
အားလုံးက ဒေါ်ယုမေစကားကြောင့် အောင်မျိုးဦးကို စိတ်ဝင်စား သွားကြသည်။ သေသူ ဇော်လွန်းသည် အောင်မျိုးဦး ကိုယ်၌ ဝင်ရောက် ပူးကပ်နေကြောင်း လက်ခံသွားကြသည်။
အောင်မျိုးဦးသည် အသိစိတ်ကင်းကွာနေသူ တယောက်ပမာ သူ ပြောချင်ရာ ပြောနေသည်။
” အမေ ကျုပ်ကို ထမင်း ခူးပေးစမ်းဗျာ ၊ ကျုပ် ထမင်းမစားရတာ ၃ရက်တောင် ရှိနေပြီ ”
ဒေါ်ယုမေမှာ မျက်ရည်စက်လက်ဖြင့် သူ့သားအတွက် ဇလုံတခုတွင် ထမင်းမောက်မောက် ထည့်ယူလာပြီး၊ ဟင်းများ ပုံယူလာပေးသည်။ ထည့်လာသည်မှာ လူနှစ်ယောက်စာလောက် ရှိလိမ့်မည်။
ဇော်လွန်းဝင်ပူးနေသော အောင်မျိုးဦးသည် ထိုထမင်းဇလုံကို ယူ၍ အငမ်းမရ စားသည်။ တခဏအတွင်း ဟင်းတွေထမင်းတွေ ပြောင်စင်သွား၏။
စားပြီးသည့်အခါ ဒေါ်ယုမေက ရေတခွက် ခပ်ပေးပြန်သည်။ သို့သော် ဇော်လွန်းဝိဉာဉ် ပူးကပ်နေသော အောင်မျိုးဦးသည် ရေကိုတော့ မသောက်ချေ။ အေ့ခနဲ လေချဉ်တက်ကာ ဖဲဝိုင်းမှာ ဖဲကစားသူတယောက် ချထားသော သောက်လက်စ ဆေးလိပ်တိုတတိုကို ယူဖွာလေ၏။
အားလုံးက အောင်မျိုးဦး လုပ်နေပုံကို အထူးအဆန်းသဖွယ် ငေးကြည့်နေကြသည်။ တချို့မှာ အောင်မျိုးဦး၏ ထူးဆန်းသော အမူအယာကို ကြည့်၍ ကြက်သီး ဖြန်းနေကြသည်။
အောင်မျိုးဦးက ဘယ်သူ့ကိုမှ ဂရုမစိုက်၊ ဆေးပေါ့လိပ်ကို မျက်စိ မှေးစင်းလျက် ဖွာရှိုက်နေသည်။
” ငါ့သား … ဇော်လွန်း … ”
မနေနိုင်သူ ဒေါ်ယုမေက အောင်မျိုးဦးနှင့် မျက်နှာချင်းဆိုင် ဝင်ထိုင်ပြီး ခပ်တိုးတိုး ခေါ်လိုက်သည်။ အောင်မျိုးဦးက မှေးစင်းထားသောမျက်လုံးကို ဖွင့်လိုက်ပြီး …
” ဘာလဲ … ”
” ဟို … ဟို … ငါ့သားကို ဘယ်သူ သတ်တာလဲဟင် ၊ အမေ့ကို ပြောပြပါလား ”
” ဘာတွေလာမေးနေတာလဲ ဒီအဖွားကြီးကတော့ … ဘယ်သူမှ မသတ်ဘူး ။ ကျုပ်ဖာသာ ဆေးထိုးလွန်ပြီး ရှော့ဖြစ်သေတာ ။ ပြဿနာ ရှာမနေနဲ့ ”
သားဖြစ်သူ၏ အဖြေကြားရသောအခါ ဒေါ်ယုမေမှာ တဟင့်ဟင့်ဖြင့် ရှိုက်ငိုရှာသည်။
” ဒါဆို မင်း အမေ့ဆီက ယူသွားတဲ့ ကျောက်စိမ်းနားကပ်ကလေးရော ဘယ်ထားခဲ့လဲဟင် ”
” ဒါက ခင်ဗျားကြီး ကျုပ်ကို ပိုက်ဆံမပေးလို့ ခင်ဗျားအိပ်နေတုန်း အဲ့ဒီနားကပ်ကို ယူပြီး ၊ ရွာလယ်က ဒေါ်မြယာဆီမှာ ပေါင်ပစ်ခဲ့တယ် ။ အဲ့ဒီက ရတဲ့ ပိုက်ဆံနဲ့ ကျုပ် ဆေးသွားသုံးတာပဲ ”
ဒေါ်မြယာဆိုတော့ အားလုံးက သိကြ၏။ ဒေါ်မြယာဆိုတာ ကုန်စုံဆိုင်ဖွင့်ထားသလို ၊ တဖက်မှလည်း ငွေချေးငှါးတာ ၊ ပစ္စည်းအပေါင်ခံတာ လုပ်၏။ ဒေါ်မြယာသည် အတိုးကြီးကြီး ယူသူ ဖြစ်သည်။
” အမေ ငါ့သားအတွက် ဘုရားသခင်ဆီမှာ ဆုမွန်ကောင်း တောင်းပေးမယ်နော်။ ပြီးတော့ … ”
အောင်မျိုးဦးက ဇော်လွန်းအသံဖြင့် ဖြတ်ပြောလိုက်သည်။
” ဘာမှ ဆုတောင်းမနေနဲ့ ၊ ဆုတောင်းလဲ အပိုပဲ။ ကျုပ်ကိုသာ ဆေးပေးစမ်းပါ ။ ကျုပ် အရမ်း ယင်းထနေပြီဗျ ဟီးဟင်းဟင်း ”
အောင်မျိုးဦး အမူအယာက တကယ့် ယင်းထနေသော ဆေးသမားတယောက်နှင့် တူလှသည်။ ဒေါ်ယုမေကို ဆေးဝယ်ပေးရန်သာ တွင်တွင် တောင်းဆိုနေ၏။
အများက သိထားသော အောင်မျိုးဦးမှာ မူးယစ်ဆေးမပြောနဲ့ ဆေးလိပ်တို့ ကွမ်းယာတို့ပင် သုံးစွဲသူတယောက်မဟုတ်ချေ။
နောက်ပြီး အောင်မျိုးဦးသည် နောက်နောက်ပြောင်ပြောင် နေတတ်သူလည်းမဟုတ်ပါ။ ယခုကိစ္စ၌ အောင်မျိုးဦးသည် စနောက်နေသည့်ဟန် တစက်မှ မရှိချေ။ အမှန်တကယ် ဇော်လွန်း၏ ဝိဉာဉ် ပူးကပ်နေသည်ဟု အားလုံးက ယုံကြည်ကြသည်။
အောင်မျိုးဦးနှင့် ဇော်လွန်းသည် ကျောင်းနေဘက် သူငယ်ချင်းဆိုငြားလည်း ဘာသာမတူကြချေ။ အောင်မျိုးဦးက ဗုဒ္ဓဘာသာဝင် ဖြစ်သည်။
အောင်မျိုးဦးကို တစ္ဆေ ပူးကပ်နေသည်ဟု သတင်းကြားရသောကြောင့် အောင်မျိုးဦး၏ မိဘများက ဒေါ်ယုမေ၏ အိမ်သို့ ရောက်လာကြသည်။
အောင်မျိုးဦး၏ ဖခင် ဦးတင့်ဝေက ဂိုဏ်းတော်ဆေး ထိုးထားသူ ဖြစ်၍ သူ့သားကိုယ်မှာ ပူးကပ်နေသော တစ္ဆေကို နှင်ပေးလိုက်သည်။
တစ္ဆေသည် ပရဘုံသားဘဝမှ ကျွတ်လွတ်ရန်ကို ခွင့်မတောင်းဘဲ၊ သူ လူ့ဘဝက စွဲလန်းခဲ့သော မူးယစ်ဆေးကိုသာ တွင်တွင်တောင်းနေပါသည်။
ဦးတင့်ဝေက အောင်မျိုးဦးအား ပရိတ်ရေမန်း ဖျန်းခြင်း၊ ပရိတ်ရေ တိုက်ခြင်းတို့ ပြုလုပ်ပေးလိုက်သည်။ မကြာမီ တစ္ဆေ သို့မဟုတ် ဇော်လွန်း၏ဝိဉာဉ်သည် အောင်မျိုးဦး ကိုယ်ထဲမှ ထွက်ခွါသွားလေ၏။
သတိ ပြန်လည်လာသော အောင်မျိုးဦးကိုလည်း သူ့မိဘနှစ်ပါးက ပြန်ခေါ်သွားကြသည်။ ထိုနေ့မှစ၍ အောင်မျိုးဦးသည် နာရေးအိမ်သို့ တခေါက်မျှ ပေါ်မလာတော့ချေ။
ပို၍ ထူးဆန်းသည်က ဇော်လွန်း ဝင်ပူးကပ်စဉ်က ပြောထား၍၊ ဒေါ်ယုမေသည် ရွာလယ်က ဒေါ်မြယာဆီကို သွား၍ သူ့သားက ဒေါ်မြယာဆီမှာ ကျောက်စိမ်း နားကပ် ပေါင်ထားခဲ့သလားဟု မေးမြန်းခဲ့သည်။
ဒေါ်မြယာက ဇော်လွန်း ပေါင်ခဲ့ကြောင်း အမှန်ကို ဝန်ခံသည်။ ဒေါ်ယုမေလည်း သူ၏နားကပ်ကို စစ်ဆေးခါ ကျသင့် တန်ဖိုးကို ပေး၍ ပြန်ရွေးခဲ့လေ၏။
ဤသို့ဆိုလျင် ဆေးသမား ဇော်လွန်းသည် တစ္ဆေဖြစ်နေသည်မှာ သေချာသည်မဟုတ်ပါလော။
_____________
အခန်း(၃)
ဆေးသမား ဇော်လွန်းသည် သေပြီး နောက် ၃လခန့်ကြာသည်အထိ၊ တစ္ဆေအဖြစ်နဲ့ လူတွေကို တမျိုးမဟုတ် တမျိုး ခြောက်လှန့် နေပါသည်။
ဒေါ်ယုမေတို့ အိမ်ရှေ့လမ်းမှ ဖြတ်သွားဖြတ်လာအချို့မှာ ဆေးသမား ဇော်လွန်းတစ္ဆေ အခြောက်ခံကြဖူးသည်။ တဦးနှင့်တဦး ခြောက်လှန့်ခံရပုံမတူပါ။ အမျိုးမျိုးအဖုံဖုံပင်။
တခါက တရုတ်မ မရှောက်မေသည် ညနေ နေဝင်ရီတရော် အချိန်၌ ဒေါ်ယုမေတို့ အိမ်ရှေ့မှ ဖြတ်သွားဖြစ်သည်။
ထိုနေ့က မိုးတဖွဲဖွဲ ရွာနေပါသည်။ မရှောက်မေသည် ထီးတချောင်းကို ဆောင်း၍ အိမ်သို့ ပြန်လာခြင်း ဖြစ်သည်။
ဒေါ်ယုမေတို့ အိမ်ရှေ့ ရောက်ခါနီးမှာ မရှောက်မေသည် ကြက်သီး ဖြန်းဖြန်းထလာ၏။ ဘာကြောင့်မှန်းတော့မသိ။ မရှောက်မေသည် သူ၏ အနောက်ကို မကြာခဏ လည်ပြန် ကြည့်နေမိသည်။
သူမစိတ်ထဲဝယ် တစုံတယောက်က သူမ၏ အနောက်မှ ကပ်ပါလာသည်ဟု ထင်မြင်မိနေသည်။ တခါတရံ ခြေသံလိုလိုလည်း ကြားရသည်။ အသံမှာ ရာဘာဖိနပ်နှင့် မြေကြီးထိတွေ့သံကဲ့သို့ ‘ တဖတ်ဖတ် ‘ ကြားလိုက်ရခြင်း ဖြစ်သည်။
ထိုဖိနပ်သံကြားတိုင်း မရှောက်မေသည် နောက်သို့ လည်ပြန်ကြည့်နေခြင်း ဖြစ်သည်။ သူမ ကြည့်လိုက်တိုင်း ဘာကိုမျှ မတွေ့ရချေ။
မှောင်ကလည်း မှောင်၊ မိုးကလည်း ရွာနေသဖြင့် လမ်းပေါ် လူတွေ မထွက်တော့ချေ။ မရှောက်မေ တဦးတည်းသာ လမ်းမှာ ရှိနေသည်။
မရှောက်မေသည် ရွာတောင်ဖျား၊ တောလိုက်မုဆိုး ကိုထင်ကျော်တို့အိမ်မှ ပြန်လာခဲ့ခြင်း ဖြစ်သည်။ မရှောက်မေရဲ့ ယောက်ကျား ကိုအားလီက ဆံပြုတ်နှင့် ချေသားခြောက်ကြော် စားချင်သည်ဆို၍ ချေသားခြောက် သွားဝယ်ခဲ့ခြင်းဖြစ်သည်။
ကိုအားလီ ဖျားနေသည်မှာ ရက်တပတ်ကျော်ခဲ့လေပြီ။ အဖျားပျောက်စ နလန်ထမို့ ပါးစပ်က အရသာပျက်ခါ ခံတွင်းမလိုက်သေးချေ။ ထို့ကြောင့် သူ့စိတ်ထဲ စားချင်တာကို မေး၍ မရှောက်မေက တကူးတက သွားဝယ်ခဲ့ခြင်းပင်။
ထီးလက်ကိုင်ကောက်မှာ ပလပ်စတစ်အိတ်ပါးနဲ့ ထည့်ထားသော ချေသားခြောက်ကို ဆွဲလာခဲ့သည်။
မရှောက်မေ အနောက်က ရာဘာဖိနပ်သံသည် ပျောက်သွားလိုက်၊ ပေါ်လာလိုက်နှင့် တဖြည်းဖြည်း သူမ ကျောဘက် အတော်နီးနီးကို ရောက်လာသလိုပင်။
မိုးမှာ တဖျောက်ဖျောက်ကျနေသဖြင့် မရှောက်မေသည် သူပဲ နားကြားမှားနေသလားဟု တွေးနေမိစဉ် …
” ဟင်! ”
မရှောက်မေ ကိုင်ထားသော ထီးမှာ ငိုက်ကျသွားသည်။ ထီးကိုင်လက်ကောက်မှ ချေသားခြောက်ထုပ်ကို ဆွဲယူခံရခြင်းကြောင့် ဖြစ်သည်။
မရှောက်မေမှာ ရုတ်တရက်ဆိုတော့ လုပ်မိလုပ်ရာ တုန့်ပြန်လိုက်မိသည်။ သူ ထီးကို ပြန်ဆွဲယူလိုက်ခြင်း ဖြစ်သည်။
ထိုအခါ ထီးလက်ကိုင်ကောက်မှာ ချိတ်ထားသော ချေသားခြောက်ထုပ်သည် ပြတ်ကျသွားပြီး မြေပေါ် ကျသွားလေ၏။ မရှောက်မေ ကျသွားသော ချေသားခြောက်ထုပ်ကို ပြန်ကောက်ယူရန် ခါးကို ကိုင်းလိုက်သည်။
” အောင်မယ်လေး ”
မရှောက်မေ လန့်သွားသည်။ မလန့်ဘဲလား။ မရှောက်မေကိုယ်ကို တစုံတယောက်က တွန်းလိုက်သလို အတွန်းခံလိုက်ရတော့ ခါးကိုင်းထားတဲ့ မရှောက်မေခမျာမှာ ရှေ့သို့ ဟပ်ထိုးလဲကျမလိုလို ဖြစ်သွား၏။
မရှောက်မေ လဲကျမသွားအောင် ပြုပြင်လိုက်ပြီး ချေသားခြောက်ထုပ်ရှိရာသို့ လှမ်းကြည့်လိုက်သည်။ သူမ ကြည့်နေရင်း မျက်လုံးအစုံ ပြူးကျယ်သွားသလို ပါးစပ်လည်း ဟောင်းလောင်း ဖြစ်သွားသည်။
ပလပ်စတစ်အိတ်ကို ခွေးတကောင်က ဆွဲသွားသလို ချေသားခြောက်အိတ်သည် အနောက်သို့ တရွတ်တိုက် ရွေ့လျားသွားသည်ကို မြင်လိုက်ရသည်။
နည်းနည်း လှမ်းသည့်နေရာ ရောက်သည့်အခါ ထုပ်ထားသော ပလပ်စတစ်အိတ်မှာ ပြဲသွားပြီး၊ ချေသားခြောက်များ ထွက်ကျလာသည်။ တဆက်တည်းပင် …
” ပလပ်! ပလပ်! ပလပ်! ”
ကိုယ်ထည်သဏ္ဍာန်ကို မမြင်ရဘဲ၊ သူ ဝယ်လာသော ချေသားခြောက်များကို အားပါးတရ ဝါးစားနေသော အသံကို မရှောက်မေ နားဖြင့် ဆက်ဆက်ကြားလိုက်ရသည်။
မရှောက်မေ ဆက်ပြီး သတ္တိမကောင်းနိုင်တော့ပါ ။
” အံမယ်လေး သရဲ … သရဲ ”
ဟု အော်ဟစ်ခါ နောက်ကို လုံးဝ လှည့်မကြည့်ဘဲ၊ သူ့အိမ်ကို တချိုးတည်း ပြေးတော့လေသည်။
ဤကား ဒေါ်ယုမေ အိမ်ရှေ့မှာ ဖြစ်သွားခြင်းပင်။ ထို့ကြောင့် ဆေးသမား တစ္ဆေ ဇော်လွန်း ခြောက်လှန့်လိုက်ခြင်း ဖြစ်မည်ဟု ရွာထဲမှာ ပြောနေကြတော့လေသည်။
___________
အခန်း(၄)
တစ္ဆေခြောက်လှန့်ခံရသူ နောက်တဦးကတော့ အသက်၁၈နှစ်အရွယ်သာ ရှိသေးသော မိန်းကလေးတဦးဖြစ်သည်။ သူမ အမည်မှာ ခင်မြဝိုင်းဖြစ်သည်။
ခင်မြဝိုင်းသည် ဆယ်တန်းကျောင်းသူ ဖြစ်ပါသည်။ သူမသည် သူငယ်ချင်းဖြစ်သော သဇင်ဖူးနှင့်အတူ စာတော်သော ထွေးထွေးတို့အိမ်သို့ သွား၍ သူငယ်ချင်း၃ယောက် စာအတူကျက်လေ့ရှိသည်။ သူမတို့ မရှင်းသော ပုစ္ဆာများကို ထွေးထွေးက စိတ်ရှည်လက်ရှည် ပြန်ရှင်းပြလေ့ရှိသည်။
ခင်မြဝိုင်းသည် ည ၉နာရီ/၁၀နာရီလောက်မှ စာကျက်ပြီး၍ သဇင်ဖူးနှင့်အတူ ဆိုင်ကယ်ဖြင့် အိမ်သို့ ပြန်လေ့ရှိသည်။
တလမ်းတည်းအတူနေသော သဇင်ဖူးမှာ သူမနှင့် တအိမ်ကျော်သာ ခြားလေ၏။ အဖေါ်ပါသဖြင့် ခင်မြဝိုင်း၏ မိဘများကလည်း စိတ်ချလေ၏။
တရက်၌ သဇင်ဖူးမှာ ဗိုက်အောင့်နေသဖြင့် စာကျက်ရန် အတူမလိုက်ပါနိုင်ချေ။ ဖြစ်ချင်တော့ ထိုနေ့က ခင်မြဝိုင်းသည် သင်္ချာ ပုစ္ဆာတပုဒ်ကို အဖြေရှာမရ ဖြစ်နေသည်။ ဆရာမ သင်စဉ်က အသေအချာ နားမထောင်ခဲ့မိ၍ နောင်တရနေမိသည်။
ထို့ကြောင့် သဇင်ဖူး မပါသော်လည်း ထိုနေ့က ခင်မြဝိုင်း တယောက်တည်း ထွေးထွေး အိမ်သို့ ထွက်လာခဲ့လိုက်သည်။ သူမ စိတ်ထဲ ယနေ့တော့ သဇင်ဖူး မပါသဖြင့် စောစောပြန်မည်ဟု တွေးထားခဲ့သေးသည်။
သို့သော် ထွေးထွေး အိမ်သို့ ရောက်သည့်အခါ ၊ သူမ နားမလည်သော သင်္ချာပုစ္ဆာကို ထွေးထွေးက ရှင်းပြသဖြင့် နားလည်သွားသော်လည်း ၊ ထွေးထွေးက …
” နေပါအုံး အဝိုင်းရ၊ နင်ကလဲ နင့်သင်္ချာပြီးတာနဲ့ ပြန်တော့မလို့လား ။
ဒီမယ် ဘိုင်အို(ဇီဝဗေဒ)ဆရာကြီးက ဒီနှစ် စာမေးပွဲမှာ အမေးနိုင်ဆုံး မေးခွန်းက ဒါတဲ့ ”
ထွေးထွေးက ဇီဝဗေဒ ပုံနှိပ်စာအုပ်ကို လှန်၍ စာများကိုပြသည်။
” ဒီည နင်နဲ့ငါ ဒီတပုဒ်ကို အပြီး ကျက်ကြမယ်ဟာ ၊ ဘယ်လိုလဲ ”
စာမေးပွဲမှာ မေးလာနိုင်တဲ့ မေးခွန်းဆိုတော့ ခင်မြဝိုင်း စိတ်ပါဝင်စားသွားသည်။ သို့နှင့် သူမသည် ထွေးထွေးနဲအတူ ဇီဝဗေဒဘာသာကို အတူတူ ကျက်ဖြစ်သွား၏။
ထွေးထွေးက ခင်မြဝိုင်း အသံထွက် မှားသည့်အခါ ပြင်ပေးသလို ၊ တချို့ကို စာလုံးပေါင်း မှန်ကန်အောင် ရေးကျက်စေသည်။
စာကျက်ရင်း ည ဆယ်နာရီထိုးသွားသည်။ သူမတို့ စာကျက်နေသော နေရာသို့ ထွေးထွေး၏ အမေ ရောက်လာပြီး …
” ဟဲ့ သမီး အဝိုင်း၊ ဆယ်နာရီတောင် ထိုးသွားပြီ။ မိုးချုပ်နေပြီလေ။ မနက်ဖြန်မှ ဆက်ကျက်တော့နော် ။ ပြန်တော့ … ပြန်တော့ သမီး ”
ထွေးထွေးရဲ့အမေ ပြောမှ ခင်မြဝိုင်း နာရီကို ကြည့်မိသည်။ သို့ဖြင့် သူမသည် စာအုပ်များကို သိမ်း၍ ထွေးထွေးတို့ သားအမိကို နုတ်ဆက်ကာ ဆိုင်ကယ်ဖြင့် ပြန်လာခဲ့သည်။
ခင်မြဝိုင်း ပြန်လာတဲ့ လမ်းတလျှောက် လူသွားလူလာမပြောနဲ့၊ ခွေးတကောင် ကြောင်တမြီးပင်မတွေ့ရ။တိတ်ဆိတ်နေသည်။
ခင်မြဝိုင်း စီးလာတဲ့ ဆိုင်ကယ်အိပ်ဇောက ထွက်သော အသံသာ ကြားနေရသည်။ သူမ၏ ဆိုင်ကယ်သည် ဟွန်ဒါ ဒရင်း 125 ဖြစ်သည်။
ခင်မြဝိုင်း ဆိုင်ကယ်က ရှေ့မီး မကောင်း။ အလင်းအားနည်းသည်။ သူမ အဖေက ဒီလကုန်ရင် မီးခွက် လဲပေးမည်ဟု ပြောထား၏။
ဆိုင်ကယ်စီးလာနေရင်း ရှေ့မီးရောင် မှိန်မှိန်မှာ ဖျတ်ခနဲ အရိပ်တခု ဖြတ်ပြေးသွားသလို မြင်လိုက်ရ၍ ခင်မြဝိုင်းသည် ကမန်းကတန်း ဘရိတ်ကို နင်းလိုက်သည်။
ဆိုင်ကယ်က တုန့်ခနဲ ရပ်သွား၏။ ဖြတ်သွားသော အရိပ်မှာ လျင်မြန်လွန်း၍ အသေအချာ မမြင်လိုက်ရချေ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူမသည် ဒေါ်ယုမေတို့ အိမ်ရှေ့နား ရောက်နေသည်ကို သတိထားမိသွားသည်။
တလောလေးကပင် တရုတ်မ မရှောက်မေ ဤအိမ်ရှေ့မှာ သရဲအခြောက်ခံရသည်ဆိုသော သတင်းကို သူမ ကြားမိထား၍ ရင်က ဒိတ်ခနဲ ခုန်သွားသည်။ လက်ဖျံနှင့်လက်မောင်းတလျှောက်လည်း ကြက်သီးဖုလေးများ အဖီးဖီးထသွား၏။
ခင်မြဝိုင်းသည် သတိဝင်လာသည်နှင့် ဆိုင်ကယ်ကို ပြန်ထွက်လိုက်သည်။ ခုဏက ဘရိတ်အုပ် ရပ်လိုက်၍ ဂီယာ မချိန်းရသေး၍လားမသိ။ ဆိုင်ကယ်သည် သိသိသာသာ လေးလံနေသည်။ အတော်နှင့်မထွက်ချေ။
သိုဖြင့် သူမသည် ဂီယာကြီးကို ပြောင်းချိန်း၍ ထွက်တော့မှ ဆိုင်ကယ်က မောင်းလို့ ရသည်။
ဒေါ်ယုမေတို့ အိမ်ရှေ့လမ်းသည် မြေသားအမာ ဖြစ်သည်။ သို့သော် ဆိုင်ကယ်သည် သဲထဲမှာ ရုန်းနေရသလိုပင်။ လေးလံလွန်းနေ၏။
ဆိုရလျင် … ခင်မြဝိုင်းသည် ဆိုင်ကယ်နောက်ပိုင်းမှာ လေးလံသော ကုန်ပစ္စည်းတခု တင်လာရသကဲ့သို့ ဖြစ်နေသည်။
ခါတိုင်း ဒီလိုမဟုတ်။ ဆိုင်ကယ်သည် အင်ဂျင်ကောင်းသလို ရုန်းအားဆွဲအားလည်း ကောင်း၏။
ခင်မြဝိုင်းသည် ဆိုင်ကယ်စီးလာရင်း ဂုတ်ပိုးမှာ ယွစိစိ ဖြစ်လာသည်။ အကောင်တကောင် ကပ်ပါသလိုပင်။ ထို့ကြောင့် လက်တဖက်ဖြင့် ဂုတ်ပိုးကို ပွတ်သပ်ပစ်လိုက်သည်။
အယားပျောက်သွားသည်။ တခါ … သူမ ပခုန်းပေါ်သို့ အကောင်တကောင် တရွရွ တက်သလို ခံစားလာရပြန်သည်။ ခုဏလိုပဲ ပခုန်းကို လက်ဖြင့် စမ်းကြည့်လိုက်ပြန်သည်။
ထိုအခါ သူမလက်သည် ပျော့စိစိ အရာတခုကို စမ်းမိလိုက်သဖြင့် ကြောက်လန့်တကြားနှင့် ပခုန်းကို လက်ဖြင့် အမြန် ရိုက်ခါလိုက်သည်။ ထိုအခါ ပျော့စိစိ အရာသည် ပြုတ်ကျ ကျန်ခဲ့လေသလား မသိ။ မရှိတော့ချေ။
ခင်မြဝိုင်းသည် ယနေ့ည၏ ထူးခြားမှုကြောင့် ကြောက်စိတ်ဝင်လာသည်။ အိမ်ကို ပြန်ရောက်ချင်ဇောဖြင့် ဆိုင်ကယ်ကို လီဗာမြင့် ဆွဲပေမယ့် ဆိုင်ကယ်မှာ လေးလံနေမြဲပင်။
သူမ အိမ်အနီးသို့ ရောက်ခါနီးတွင် သူမ၏ ခါးကို တစုံတယောက်က လက်ဖြင့် ကိုင်လိုက်သလို ခံစားမိလိုက်ပြန်သည်။ ထိုလက်သည် တရွေ့ရွေ့ဖြင့် ခါးဆီမှ သူမ၏ ဝမ်းပြင်သားပေါ် ဖုံးထားသော ထမိန်စပေါ် ကူးပြောင်းလာနေသည်။
သူမ ကြောက်ရွံစိတ်က ငယ်ထိပ်သို့ ဒိန်းခနဲ စောင့်တက်လာပြီး၊ ဝမ်းဗိုက်ဆီကို ကြည့်လိုက်မိသည်။
” ဒုတ် ”
ဘရိတ်ကို ဆောင့်အုပ်လိုက်သဖြင့် ဆိုင်ကယ်က ရပ်သွားသည်။ခင်မြဝိုင်းသည် ဆိုင်ကယ်ကို တွန်းလှဲ ပစ်လိုက်ပြီး ၊ သူမမိဘအိမ်သို့ ဒရောသောပါး ပြေးသွားသည်။ ပါးစပ်ကလည်း …
” အား ! အမေရေ ကယ်ပါအုံး”
ခင်မြဝိုင်းသည် ငယ်သံပါအောင် အသံထွက် အော်ဟစ်လိုက်လေသည်။ သူမ ဘာကို မြင်လိုက်ပါသလဲ။
ခင်မြဝိုင်း မြင်လိုက်တာက မသတီစဖွယ်၊ ရွံရှာစက်ဆုပ်ဖွယ်ကောင်းသော ညစ်ထေးစုပ်ပြတ်နေသော လက်မည်းမည်းကြီးနှစ်ဖက်။
အဲ့ဒီ လက်မည်းကြီးက သူ့ကို ဖက်တွယ်ရန် ကြိုးစားနေခြင်းပင်။
ခင်မြဝိုင်း အော်သံကြောင့် အိမ်ရှေ့ ထွက်စောင့်နေတဲ့ မိဘနှစ်ပါးလည်း ခင်မြဝိုင်းထံ ပြေးသွားလိုက်ကြသည်။
ခင်မြဝိုင်းမှာ မိဘနှစ်ပါး ရင်ခွင်ထဲ ပြေးဝင်၍ ကြောက်စိတ်လွန်ကဲစွာ သတိလစ် မေ့မြောသွားလေတော့သည်။
ခင်မြဝိုင်း အဖေက ဆိုင်ကယ်လဲကျရာ လှမ်းကြည့်လိုက်တော့ အရိပ်မည်းမည်းတခုက ဆိုင်ကယ်ပေါ်မှ ဆင်း၍ လှစ်ခနဲ အမှောင်ထဲ ပြေးဝင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပါသည်ဟု ဆိုလေ၏။
______________
အခန်း(၅)
တဖြည်းဖြည်းနဲ့ လူတွေကို ခြောက်လှန့်နေသော ဆေးသမား ဇော်လွန်း တစ္ဆေအကြောင်း ရွာထဲမှာ လူပြောများလာသည်။
တစ္ဆေဇော်လွန်း ခြောက်လှန့်ခံရသူမှာ သုံးလေးဦး မကတော့ပေ။ တချို့မှာ ဒေါ်ယုမေ၏ အိမ်ရှေ့ကို မဖြတ်ဘဲ နေရသည်မဟုတ်။ အကြောင်းကိစ္စ ကြီးငယ်ရှိက ဖြတ်သွားရသည်ပင်။
ထို့ကြောင့် ရွာက လူတချို့က ဒေါ်ယုမေအား ဖွင့်ပြောတိုင်ပင်၍ တခုခု လုပ်ကြရန် ကြံရွယ်မိကြသည်။
နောက်ဆုံး၌ ဒေါ်ယုမေကို ဖွင့်ပြောသူက ပြောကြသည်။ ဒေါ်ယုမေလည်း မကြာခဏ ကြားလာရသည့်အခါ ၊ ဇော်လွန်းအတွက် ရည်ရွယ်၍ သူ့အိမ်မှာ ဘာသာရေးဆရာများခေါ်၍ ဝတ်ပြုဆုတောင်းပွဲများ ပြုလုပ်ပေးသည်။
ဒါ့အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများကို ပင့်ဖိတ်၍ ပဌာန်းရွတ်ဖတ်ခြင်း ၊အိမ်အတွင်းနှင့် အိမ်ရှေ့ လမ်းတလျှောက်မှာ ပရိတ်ရေ ဖျန်းခြင်းများ ပြုလုပ်စေသည်။
ထိုသို့ ပြုလုပ်ပြီးနောက်ပိုင်းမှာတော့ ဇော်လွန်းသည် ဤအိမ်၊ဤခြံ၊ဤလမ်း၊ဤရွာထဲ၌ နေမရတော့လေသလားမသိ။ ထပ်မံ ခြောက်လှန့်ခြင်း မရှိတော့ချေ။
ဒေါ်ယုမေလည်း ဒီအိမ်မှာ ဆက်၍ မနေလိုတော့သဖြင့် သူမ၏ အိမ်နှင့်ခြံလေးကို သော့ခတ်၍ မြို့မှာ နေသော သူ့သမီးထံ အပြီးတိုင်ရွေ့ပြောင်းသွားလေသည်။
သေချာသည်ကတော့ တရွာလုံးကို ခြောက်လှန့် ဒုက္ခပေးနေသော တစ္ဆေဆိုး ဇော်လွန်းကို ဘယ်သူမှ နောက်ထပ် မမြင်ကြတော့ပေ။
ပြီးပါပြီ။
ပီပီ၊မန္တလေး၊
၂၈၊၃၊၂၀၂၃

Zawgyi Version

တေစၦဆိုး(စ/ဆုံး)
———————-
ကခ်င္ျပည္နယ္၊ မိုးေကာင္းၿမိဳ႕နယ္၊ ဆုံ႐ြာေတာင္ဖ်ားရွိ ေဒါင္းမင္းသစ္စက္ လမ္းၾကားမွာ လူတခ်ိဳ႕ ဝိုင္းအုံေနၾကသည္။
သူတို႔သည္ လမ္းေပၚမွာ ေသေနေသာ အမ်ိဳးသား အေလာင္းတေလာင္းအား ၾကည့္ရႈ႕ေနၾကျခင္း ျဖစ္သည္။ အေလာင္းမွာ မည္မွ် ၾကာၿပီမသိ။ မ်က္ႏွာမွာ မည္းၿပီး ပြေယာင္းေယာင္း ျဖစ္ေနသည္။
သစ္စက္လမ္းၾကားဟု ဆိုျငားလည္း ၎လမ္းသည္ ေပ၂၀လမ္းျဖစ္၏။
ယခင္က သစ္ကားအခ်ိဳ႕ ျဖတ္သြားျဖတ္လာရွိေသာ္လည္း ယခုအခါ သစ္ရွားပါးမႈေၾကာင့္ သစ္စက္မွာ မလည္ေတာ့ေပ။ ထို႔ေၾကာင့္ ေဒါင္းမင္းသစ္စက္လမ္းၾကားမွာ အသြားအလာ သိပ္မရွိေခ်။
သစ္စက္သည္ ဆုံ႐ြာအတြင္းမဟုတ္။ ႐ြာႏွင့္ေတာ့ အတန္ငယ္ လွမ္း၏။ လမ္း၏ ေဘးႏွစ္ဖက္မွာ အပင္မ်ားႏွင့္ ၿခဳံမ်ားက ေတာထေန၍ အကာအကြယ္ေကာင္းသလို လူသူလည္း အသြားအလာျပတ္၏။
ထိုသို႔ေသာ အခြင့္အေရးကို အသုံးခ်သူမ်ားက မူးယစ္ေဆးစြဲေနေသာ လူငယ္တခ်ိဳ႕ႏွင့္ ဝိသမေလာဘသား ေဆးေရာင္းသူတို႔သာ ျဖစ္ၾကသည္။ ၎တို႔သည္ ေဒါင္းမင္းသစ္စက္လမ္းၾကားမွာ ေဆးေရာင္းသူကေရာင္း ၊ ေဆးထိုးသူကထိုး၊ ေဆးရႈသူ ရႈႏွင့္ သူတို႔သာ စည္ကား မင္းမူေနၾကသည္။
တခါတရံ တာဝန္ရွိသူမ်ားက လာဖမ္းသည့္အခါ၌လည္း အဖမ္းခံရသည္ရွိေပမယ့္၊ ရက္အနည္းငယ္ၾကာသြားလ်င္ ျပန္ေရာက္လာၾကသည္သာ။ ေသခ်ာသည္မွာ လက္ႀကီး မူးယစ္ေဆးေရာင္းသူကိုေတာ့ ဖမ္းမိသည္ဟု မၾကားမိေခ်။
ေသသူမွာ ေဆးထိုးအပ္ တန္းလန္းႏွင့္မို႔ ၊ မူးယစ္ေဆးစြဲေနသူသာ ျဖစ္လိမ့္မည္။
လမ္းၾကားေလးထဲသို႔ ဆိုင္ကယ္ႏွစ္စီး၊ လူေလးေယာက္ ေမာင္းဝင္လာသည္။ ၃ဦးမွာ အမ်ိဳးသားမ်ားျဖစ္ၾကၿပီး ၊ က်န္တဦးမွာ အသက္၄၀ေက်ာ္ အမ်ိဳးသမီးတဦး ျဖစ္ေလ၏။
၎တို႔သည္ အေလာင္းအား လာေရာက္ ၾကည့္ရႈ႕ၾကျခင္းျဖစ္သည္။ အမ်ိဳးသမီးႀကီးအမည္မွာ ေဒၚယုေမ ျဖစ္သည္။
ေဒၚယုေမသည္ အေလာင္းကို ေတြ႕လ်င္ ေတြ႕ခ်င္း ေအာ္ဟစ္ ငိုယိုလိုက္သည္။ ေသသူမွာ သူမ၏ သား ေဇာ္လြန္း ျဖစ္ေန၏။
” အံမယ္ေလး အျဖစ္ဆိုးလွခ်ည္လား ေဇာ္လြန္းရဲ႕ ။ မေန႔ကတည္းက ေပ်ာက္သြားတာ ။ ငါက မသြားပါနဲ႔၊ မသြားပါနဲ႔ အတန္တန္တားပါရဲ႕နဲ႔ ။ အခုေတာ့ နင္ ေခြးေသဝက္ေသ ေသရပါေပါ့လား အီးဟီးဟီး ”
ေဒၚယုေမ ေျပာ၍ ငိုေနပုံအရဆို ေဇာ္လြန္းသည္ မေန႔ကတည္းက ေသသြားခဲ့ပုံရသည္။
ေဇာ္လြန္းသည္ အသက္ ၂၀ပင္ မျပည့္ေသးေသာ လူငယ္တေယာက္ျဖစ္သည္။ သူသည္ မူးယစ္ေဆး စြဲကာ မိဘကို ဒုကၡအမ်ိဳးမ်ိဳးေပး၍ ႏွိပ္စက္ေနသူ ျဖစ္သည္။
အိမ္ရွိ ပစၥည္းမွန္သမွ် ေဇာ္လြန္းက ခိုးယူေရာင္းခ်၍ ေဆးသုံးသည္။ အိမ္ရွိ မိသားစုက ေဇာ္လြန္းကို အလြတ္မေပးစတမ္း ေစာင့္ၾကည့္ေတာ့၊ ေဇာ္လြန္းက သူ ေဆးသုံးရန္ ႀကံရဖန္ရေတာ့သည္။
သူငယ္ခ်င္းေတြ ဆိုင္ကယ္ကို ခဏေလာက္ဆိုကာ ယူစီးသြားၿပီး၊ ေပါင္ႏွံ၍ ေဆးသုံးသည္။
သူငယ္ခ်င္းမ်ားအိမ္ ေရာက္လ်င္ ထိုသူငယ္ခ်င္းရဲ႕ မိသားစုေတြထဲက ဟန္းဖုန္းမ်ားကို အလစ္သုတ္ ခိုးသည္။
တခ်ိဳ႕က ကိုယ့္အိမ္မွာကိုယ္ ဧည့္ခန္းက မီးပလပ္ေပါက္မွာ ဖုန္းအားသြင္းထားတာမ်ိဳးတို႔ ၊အလြယ္တကူ စားပြဲေပၚတင္ထားတတ္တာမ်ိဳးတို႔ဆိုေတာ့ ေဇာ္လြန္းအတြက္ ခိုးယူရလြယ္၏။ ေဆးသမား မ်က္လုံးကလည္း ခိုးယူရန္ အၿမဲေခ်ာင္းေနသည္မဟုတ္လား။
ေဇာ္လြန္းသည္ သူ ခိုးဝွက္လိမ္ညာရသမွ်ကို ေဆးခ်ပစ္သည္။ သူ႔အတြက္ ေဆးခ်ဖို႔ဆို ဘာကိုမွ် ေတြးေနမည္မဟုတ္။ ခိုးသည္ ၊ လိမ္သည္။
ေဒၚယုေမမွာ ထိုကဲ့သို႔ေသာ ျပႆနာအမ်ိဳးမ်ိဳးကို မၾကာခဏဆိုသလို လိုက္လံ ေျဖရွင္းေပးေနရ၏။ ၾကာေတာ့ ေဇာ္လြန္းကို သူငယ္ခ်င္းမ်ားက အိမ္အလာမခံၾကေတာ့ေခ်။ ေဒၚယုေမကို သြားတိုင္လ်င္ ကိုယ္ပစၥည္း သို႔မဟုတ္ ပစၥည္းတန္ေၾကး ျပန္ရေသာ္လည္း အက်င့္ပ်က္ေနေသာ ေဇာ္လြန္းကို မေပါင္းသင္းၾကေတာ့ေပ။
ယခုေတာ့ မူးယစ္ေဆး၏ေက်းကြၽန္ျဖစ္ေသာ လူဆိုးလူမိုက္တေယာက္ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ ေလာကႀကီးကို စြန႔္ခြါသြားေလၿပီ။
ေဒၚယုေမအတြက္ေတာ့ သားတေယာက္ ဆုံးရႈံးသြားၿပီဟု ေၾကကြဲဝမ္းနည္းစရာ ျဖစ္ေပမယ့္ ၊ တျခားဖက္က ၾကည့္လ်င္ လူသားဆိုးသားတေယာက္၏ဝဋ္ကေန ကြၽတ္သြားတာလို႔ ဆိုရမည္ ျဖစ္သည္။
____________
အခန္း(၂)
ေဇာ္လြန္းကို သၿဂႋဳလ္ၿပီး ႐ြာလူႀကီး ခြင့္ျပဳခ်က္ႏွင့္ ရက္လည္သေဘာမ်ိဳး ၊ ေဒၚယုေမအိမ္မွာ ဖဲဝိုင္း ေထာင္ၾကသည္။ မသာအိမ္မွာ အေစာင့္ရရန္ျဖစ္သည္။
ေဇာ္လြန္း သူငယ္ခ်င္းအခ်ိဳ႕လည္း ေဒၚယုေမကို သနားသျဖင့္ နာေရးအိမ္မွာ ဖဲ႐ိုက္ရင္း အေစာင့္အေနသေဘာ ညအိပ္ေစာင့္ေပးၾကသည္။
တညတြင္ ေဇာ္လြန္းသူငယ္ခ်င္း တဦးျဖစ္သူ ေအာင္မ်ိဳးဦးကိုယ္၌ ေဇာ္လြန္း၏ ဝိဉာဥ္က လာေရာက္ ပူးကပ္ဟန္တူသည္။
ထိုစဥ္က ေအာင္မ်ိဳးဦးသည္ တျခားေသာ သူငယ္ခ်င္းမ်ားႏွင့္အတူ ရွမ္းကိုမီး ဖဲကစားေန၏။
ဖဲ႐ိုက္ေနေသာ ေအာင္မ်ိဳးဦးသည္ ည ၁၁နာရီ ဝန္းက်င္ေလာက္တြင္ တဝါးဝါးနဲ႔ သမ္းေဝလာသည္။
ထို႔အျပင္ ေဆးသမားမ်ား ယင္းထသလို နားထင္ကို လက္ျဖင့္ကုတ္ျခင္း၊ ႏွာေခါင္းကို ပြတ္ေခ်ျခင္း၊ ေခါင္းတခါခါ လည္တခါခါ ျပဳျခင္းတို႔ပါ ျပဳလုပ္လာ၏။
တခဏအၾကာ ေအာင္မ်ိဳးဦးသည္ လက္ထဲက ဖဲခ်ပ္မ်ားကို ဝိုင္းအလယ္သို႔ ပစ္ေပါက္၍ အသံက်ယ္ႀကီးနဲ႔ ေအာ္ေျပာလိုက္ေလသည္။
” အေမ … အေမ … က်ဳပ္ကို ပိုက္ဆံ နည္းနည္းေလာက္ ေပးစမ္းပါ ”
“ဟာ! ”
“ဟင္! ”
ဖဲဝိုင္းက လူမ်ား အံဩသြားၾကသည္။ ေအာင္မ်ိဳးဦး ပါးစပ္က ထြက္လာေသာ အသံမွာ ေအာင္မ်ိဳးဦး၏ ပင္ကိုယ္သံမဟုတ္။
ကြယ္လြန္သူ ေဇာ္လြန္း၏ အသံ ခပ္ဩဩျဖစ္ေနသည္။
ထို႔အျပင္ ေအာင္မ်ိဳးဦး၏ မ်က္လုံးမ်ားက ဂဏွာမၿငိမ္၊ ေတာင္ေျမာက္ ကစားေနသည္။
ေဒၚယုေမမွာ မအိပ္ေသး၍ သူ႔သားအသံျဖင့္ ေအာင္မ်ိဳးဦးက အေမဟု ေခၚလိုက္ေသာအခါ ၊ ဖဲဝိုင္းအနီးသို႔ ေရာက္လာေတာ့သည္။
ေဒၚယုေမမွာ မယုံႏိုင္ဟန္ျဖင့္ ေအာင္မ်ိဳးဦးအား ေမးလိုက္သည္။
” နင္ … နင္ ဘယ္သူလဲ ”
ထိုအခါ ေအာင္မ်ိဳးဦးထံမွ ဂ်စ္ကန္ကန္ အမူအယာျဖင့္ …
” ေအာင္မာ … ဦးေနာ္မိန္းမႀကီးကေတာ့ … ကိုယ့္သားကိုယ္ေတာင္ မမွတ္မိေတာ့ဘူးလားဗ် ”
ေဒၚယုေမ ရင္ဘတ္ကို ဖိ၍ ထိတ္လန႔္သြားဟန္ျဖင့္ …
” အံမယ္ေလး … ဒါ ဒါ ေဇာ္လြန္းမွ ေဇာ္လြန္း အစစ္ ၊ သူ .. သူ စိတ္တိုရင္ ငါ့ကို ဦးေနာ္မိန္းမႀကီးလို႔ ေခၚလို႔ေခၚ အဖြားႀကီးလို႔ ေခၚလို႔ေခၚ … အၿမဲ ေခၚေနက်”
အားလုံးက ေဒၚယုေမစကားေၾကာင့္ ေအာင္မ်ိဳးဦးကို စိတ္ဝင္စား သြားၾကသည္။ ေသသူ ေဇာ္လြန္းသည္ ေအာင္မ်ိဳးဦး ကိုယ္၌ ဝင္ေရာက္ ပူးကပ္ေနေၾကာင္း လက္ခံသြားၾကသည္။
ေအာင္မ်ိဳးဦးသည္ အသိစိတ္ကင္းကြာေနသူ တေယာက္ပမာ သူ ေျပာခ်င္ရာ ေျပာေနသည္။
” အေမ က်ဳပ္ကို ထမင္း ခူးေပးစမ္းဗ်ာ ၊ က်ဳပ္ ထမင္းမစားရတာ ၃ရက္ေတာင္ ရွိေနၿပီ ”
ေဒၚယုေမမွာ မ်က္ရည္စက္လက္ျဖင့္ သူ႔သားအတြက္ ဇလုံတခုတြင္ ထမင္းေမာက္ေမာက္ ထည့္ယူလာၿပီး၊ ဟင္းမ်ား ပုံယူလာေပးသည္။ ထည့္လာသည္မွာ လူႏွစ္ေယာက္စာေလာက္ ရွိလိမ့္မည္။
ေဇာ္လြန္းဝင္ပူးေနေသာ ေအာင္မ်ိဳးဦးသည္ ထိုထမင္းဇလုံကို ယူ၍ အငမ္းမရ စားသည္။ တခဏအတြင္း ဟင္းေတြထမင္းေတြ ေျပာင္စင္သြား၏။
စားၿပီးသည့္အခါ ေဒၚယုေမက ေရတခြက္ ခပ္ေပးျပန္သည္။ သို႔ေသာ္ ေဇာ္လြန္းဝိဉာဥ္ ပူးကပ္ေနေသာ ေအာင္မ်ိဳးဦးသည္ ေရကိုေတာ့ မေသာက္ေခ်။ ေအ့ခနဲ ေလခ်ဥ္တက္ကာ ဖဲဝိုင္းမွာ ဖဲကစားသူတေယာက္ ခ်ထားေသာ ေသာက္လက္စ ေဆးလိပ္တိုတတိုကို ယူဖြာေလ၏။
အားလုံးက ေအာင္မ်ိဳးဦး လုပ္ေနပုံကို အထူးအဆန္းသဖြယ္ ေငးၾကည့္ေနၾကသည္။ တခ်ိဳ႕မွာ ေအာင္မ်ိဳးဦး၏ ထူးဆန္းေသာ အမူအယာကို ၾကည့္၍ ၾကက္သီး ျဖန္းေနၾကသည္။
ေအာင္မ်ိဳးဦးက ဘယ္သူ႔ကိုမွ ဂ႐ုမစိုက္၊ ေဆးေပါ့လိပ္ကို မ်က္စိ ေမွးစင္းလ်က္ ဖြာရႈိက္ေနသည္။
” ငါ့သား … ေဇာ္လြန္း … ”
မေနႏိုင္သူ ေဒၚယုေမက ေအာင္မ်ိဳးဦးႏွင့္ မ်က္ႏွာခ်င္းဆိုင္ ဝင္ထိုင္ၿပီး ခပ္တိုးတိုး ေခၚလိုက္သည္။ ေအာင္မ်ိဳးဦးက ေမွးစင္းထားေသာမ်က္လုံးကို ဖြင့္လိုက္ၿပီး …
” ဘာလဲ … ”
” ဟို … ဟို … ငါ့သားကို ဘယ္သူ သတ္တာလဲဟင္ ၊ အေမ့ကို ေျပာျပပါလား ”
” ဘာေတြလာေမးေနတာလဲ ဒီအဖြားႀကီးကေတာ့ … ဘယ္သူမွ မသတ္ဘူး ။ က်ဳပ္ဖာသာ ေဆးထိုးလြန္ၿပီး ေရွာ့ျဖစ္ေသတာ ။ ျပႆနာ ရွာမေနနဲ႔ ”
သားျဖစ္သူ၏ အေျဖၾကားရေသာအခါ ေဒၚယုေမမွာ တဟင့္ဟင့္ျဖင့္ ရႈိက္ငိုရွာသည္။
” ဒါဆို မင္း အေမ့ဆီက ယူသြားတဲ့ ေက်ာက္စိမ္းနားကပ္ကေလးေရာ ဘယ္ထားခဲ့လဲဟင္ ”
” ဒါက ခင္ဗ်ားႀကီး က်ဳပ္ကို ပိုက္ဆံမေပးလို႔ ခင္ဗ်ားအိပ္ေနတုန္း အဲ့ဒီနားကပ္ကို ယူၿပီး ၊ ႐ြာလယ္က ေဒၚျမယာဆီမွာ ေပါင္ပစ္ခဲ့တယ္ ။ အဲ့ဒီက ရတဲ့ ပိုက္ဆံနဲ႔ က်ဳပ္ ေဆးသြားသုံးတာပဲ ”
ေဒၚျမယာဆိုေတာ့ အားလုံးက သိၾက၏။ ေဒၚျမယာဆိုတာ ကုန္စုံဆိုင္ဖြင့္ထားသလို ၊ တဖက္မွလည္း ေငြေခ်းငွါးတာ ၊ ပစၥည္းအေပါင္ခံတာ လုပ္၏။ ေဒၚျမယာသည္ အတိုးႀကီးႀကီး ယူသူ ျဖစ္သည္။
” အေမ ငါ့သားအတြက္ ဘုရားသခင္ဆီမွာ ဆုမြန္ေကာင္း ေတာင္းေပးမယ္ေနာ္။ ၿပီးေတာ့ … ”
ေအာင္မ်ိဳးဦးက ေဇာ္လြန္းအသံျဖင့္ ျဖတ္ေျပာလိုက္သည္။
” ဘာမွ ဆုေတာင္းမေနနဲ႔ ၊ ဆုေတာင္းလဲ အပိုပဲ။ က်ဳပ္ကိုသာ ေဆးေပးစမ္းပါ ။ က်ဳပ္ အရမ္း ယင္းထေနၿပီဗ် ဟီးဟင္းဟင္း ”
ေအာင္မ်ိဳးဦး အမူအယာက တကယ့္ ယင္းထေနေသာ ေဆးသမားတေယာက္ႏွင့္ တူလွသည္။ ေဒၚယုေမကို ေဆးဝယ္ေပးရန္သာ တြင္တြင္ ေတာင္းဆိုေန၏။
အမ်ားက သိထားေသာ ေအာင္မ်ိဳးဦးမွာ မူးယစ္ေဆးမေျပာနဲ႔ ေဆးလိပ္တို႔ ကြမ္းယာတို႔ပင္ သုံးစြဲသူတေယာက္မဟုတ္ေခ်။
ေနာက္ၿပီး ေအာင္မ်ိဳးဦးသည္ ေနာက္ေနာက္ေျပာင္ေျပာင္ ေနတတ္သူလည္းမဟုတ္ပါ။ ယခုကိစၥ၌ ေအာင္မ်ိဳးဦးသည္ စေနာက္ေနသည့္ဟန္ တစက္မွ မရွိေခ်။ အမွန္တကယ္ ေဇာ္လြန္း၏ ဝိဉာဥ္ ပူးကပ္ေနသည္ဟု အားလုံးက ယုံၾကည္ၾကသည္။
ေအာင္မ်ိဳးဦးႏွင့္ ေဇာ္လြန္းသည္ ေက်ာင္းေနဘက္ သူငယ္ခ်င္းဆိုျငားလည္း ဘာသာမတူၾကေခ်။ ေအာင္မ်ိဳးဦးက ဗုဒၶဘာသာဝင္ ျဖစ္သည္။
ေအာင္မ်ိဳးဦးကို တေစၦ ပူးကပ္ေနသည္ဟု သတင္းၾကားရေသာေၾကာင့္ ေအာင္မ်ိဳးဦး၏ မိဘမ်ားက ေဒၚယုေမ၏ အိမ္သို႔ ေရာက္လာၾကသည္။
ေအာင္မ်ိဳးဦး၏ ဖခင္ ဦးတင့္ေဝက ဂိုဏ္းေတာ္ေဆး ထိုးထားသူ ျဖစ္၍ သူ႔သားကိုယ္မွာ ပူးကပ္ေနေသာ တေစၦကို ႏွင္ေပးလိုက္သည္။
တေစၦသည္ ပရဘုံသားဘဝမွ ကြၽတ္လြတ္ရန္ကို ခြင့္မေတာင္းဘဲ၊ သူ လူ႔ဘဝက စြဲလန္းခဲ့ေသာ မူးယစ္ေဆးကိုသာ တြင္တြင္ေတာင္းေနပါသည္။
ဦးတင့္ေဝက ေအာင္မ်ိဳးဦးအား ပရိတ္ေရမန္း ဖ်န္းျခင္း၊ ပရိတ္ေရ တိုက္ျခင္းတို႔ ျပဳလုပ္ေပးလိုက္သည္။ မၾကာမီ တေစၦ သို႔မဟုတ္ ေဇာ္လြန္း၏ဝိဉာဥ္သည္ ေအာင္မ်ိဳးဦး ကိုယ္ထဲမွ ထြက္ခြါသြားေလ၏။
သတိ ျပန္လည္လာေသာ ေအာင္မ်ိဳးဦးကိုလည္း သူ႔မိဘႏွစ္ပါးက ျပန္ေခၚသြားၾကသည္။ ထိုေန႔မွစ၍ ေအာင္မ်ိဳးဦးသည္ နာေရးအိမ္သို႔ တေခါက္မွ် ေပၚမလာေတာ့ေခ်။
ပို၍ ထူးဆန္းသည္က ေဇာ္လြန္း ဝင္ပူးကပ္စဥ္က ေျပာထား၍၊ ေဒၚယုေမသည္ ႐ြာလယ္က ေဒၚျမယာဆီကို သြား၍ သူ႔သားက ေဒၚျမယာဆီမွာ ေက်ာက္စိမ္း နားကပ္ ေပါင္ထားခဲ့သလားဟု ေမးျမန္းခဲ့သည္။
ေဒၚျမယာက ေဇာ္လြန္း ေပါင္ခဲ့ေၾကာင္း အမွန္ကို ဝန္ခံသည္။ ေဒၚယုေမလည္း သူ၏နားကပ္ကို စစ္ေဆးခါ က်သင့္ တန္ဖိုးကို ေပး၍ ျပန္ေ႐ြးခဲ့ေလ၏။
ဤသို႔ဆိုလ်င္ ေဆးသမား ေဇာ္လြန္းသည္ တေစၦျဖစ္ေနသည္မွာ ေသခ်ာသည္မဟုတ္ပါေလာ။
_____________
အခန္း(၃)
ေဆးသမား ေဇာ္လြန္းသည္ ေသၿပီး ေနာက္ ၃လခန႔္ၾကာသည္အထိ၊ တေစၦအျဖစ္နဲ႔ လူေတြကို တမ်ိဳးမဟုတ္ တမ်ိဳး ေျခာက္လွန႔္ ေနပါသည္။
ေဒၚယုေမတို႔ အိမ္ေရွ႕လမ္းမွ ျဖတ္သြားျဖတ္လာအခ်ိဳ႕မွာ ေဆးသမား ေဇာ္လြန္းတေစၦ အေျခာက္ခံၾကဖူးသည္။ တဦးႏွင့္တဦး ေျခာက္လွန႔္ခံရပုံမတူပါ။ အမ်ိဳးမ်ိဳးအဖုံဖုံပင္။
တခါက တ႐ုတ္မ မေရွာက္ေမသည္ ညေန ေနဝင္ရီတေရာ္ အခ်ိန္၌ ေဒၚယုေမတို႔ အိမ္ေရွ႕မွ ျဖတ္သြားျဖစ္သည္။
ထိုေန႔က မိုးတဖြဲဖြဲ ႐ြာေနပါသည္။ မေရွာက္ေမသည္ ထီးတေခ်ာင္းကို ေဆာင္း၍ အိမ္သို႔ ျပန္လာျခင္း ျဖစ္သည္။
ေဒၚယုေမတို႔ အိမ္ေရွ႕ ေရာက္ခါနီးမွာ မေရွာက္ေမသည္ ၾကက္သီး ျဖန္းျဖန္းထလာ၏။ ဘာေၾကာင့္မွန္းေတာ့မသိ။ မေရွာက္ေမသည္ သူ၏ အေနာက္ကို မၾကာခဏ လည္ျပန္ ၾကည့္ေနမိသည္။
သူမစိတ္ထဲဝယ္ တစုံတေယာက္က သူမ၏ အေနာက္မွ ကပ္ပါလာသည္ဟု ထင္ျမင္မိေနသည္။ တခါတရံ ေျခသံလိုလိုလည္း ၾကားရသည္။ အသံမွာ ရာဘာဖိနပ္ႏွင့္ ေျမႀကီးထိေတြ႕သံကဲ့သို႔ ‘ တဖတ္ဖတ္ ‘ ၾကားလိုက္ရျခင္း ျဖစ္သည္။
ထိုဖိနပ္သံၾကားတိုင္း မေရွာက္ေမသည္ ေနာက္သို႔ လည္ျပန္ၾကည့္ေနျခင္း ျဖစ္သည္။ သူမ ၾကည့္လိုက္တိုင္း ဘာကိုမွ် မေတြ႕ရေခ်။
ေမွာင္ကလည္း ေမွာင္၊ မိုးကလည္း ႐ြာေနသျဖင့္ လမ္းေပၚ လူေတြ မထြက္ေတာ့ေခ်။ မေရွာက္ေမ တဦးတည္းသာ လမ္းမွာ ရွိေနသည္။
မေရွာက္ေမသည္ ႐ြာေတာင္ဖ်ား၊ ေတာလိုက္မုဆိုး ကိုထင္ေက်ာ္တို႔အိမ္မွ ျပန္လာခဲ့ျခင္း ျဖစ္သည္။ မေရွာက္ေမရဲ႕ ေယာက္က်ား ကိုအားလီက ဆံျပဳတ္ႏွင့္ ေခ်သားေျခာက္ေၾကာ္ စားခ်င္သည္ဆို၍ ေခ်သားေျခာက္ သြားဝယ္ခဲ့ျခင္းျဖစ္သည္။
ကိုအားလီ ဖ်ားေနသည္မွာ ရက္တပတ္ေက်ာ္ခဲ့ေလၿပီ။ အဖ်ားေပ်ာက္စ နလန္ထမို႔ ပါးစပ္က အရသာပ်က္ခါ ခံတြင္းမလိုက္ေသးေခ်။ ထို႔ေၾကာင့္ သူ႔စိတ္ထဲ စားခ်င္တာကို ေမး၍ မေရွာက္ေမက တကူးတက သြားဝယ္ခဲ့ျခင္းပင္။
ထီးလက္ကိုင္ေကာက္မွာ ပလပ္စတစ္အိတ္ပါးနဲ႔ ထည့္ထားေသာ ေခ်သားေျခာက္ကို ဆြဲလာခဲ့သည္။
မေရွာက္ေမ အေနာက္က ရာဘာဖိနပ္သံသည္ ေပ်ာက္သြားလိုက္၊ ေပၚလာလိုက္ႏွင့္ တျဖည္းျဖည္း သူမ ေက်ာဘက္ အေတာ္နီးနီးကို ေရာက္လာသလိုပင္။
မိုးမွာ တေဖ်ာက္ေဖ်ာက္က်ေနသျဖင့္ မေရွာက္ေမသည္ သူပဲ နားၾကားမွားေနသလားဟု ေတြးေနမိစဥ္ …
” ဟင္! ”
မေရွာက္ေမ ကိုင္ထားေသာ ထီးမွာ ငိုက္က်သြားသည္။ ထီးကိုင္လက္ေကာက္မွ ေခ်သားေျခာက္ထုပ္ကို ဆြဲယူခံရျခင္းေၾကာင့္ ျဖစ္သည္။
မေရွာက္ေမမွာ ႐ုတ္တရက္ဆိုေတာ့ လုပ္မိလုပ္ရာ တုန႔္ျပန္လိုက္မိသည္။ သူ ထီးကို ျပန္ဆြဲယူလိုက္ျခင္း ျဖစ္သည္။
ထိုအခါ ထီးလက္ကိုင္ေကာက္မွာ ခ်ိတ္ထားေသာ ေခ်သားေျခာက္ထုပ္သည္ ျပတ္က်သြားၿပီး ေျမေပၚ က်သြားေလ၏။ မေရွာက္ေမ က်သြားေသာ ေခ်သားေျခာက္ထုပ္ကို ျပန္ေကာက္ယူရန္ ခါးကို ကိုင္းလိုက္သည္။
” ေအာင္မယ္ေလး ”
မေရွာက္ေမ လန႔္သြားသည္။ မလန႔္ဘဲလား။ မေရွာက္ေမကိုယ္ကို တစုံတေယာက္က တြန္းလိုက္သလို အတြန္းခံလိုက္ရေတာ့ ခါးကိုင္းထားတဲ့ မေရွာက္ေမခမ်ာမွာ ေရွ႕သို႔ ဟပ္ထိုးလဲက်မလိုလို ျဖစ္သြား၏။
မေရွာက္ေမ လဲက်မသြားေအာင္ ျပဳျပင္လိုက္ၿပီး ေခ်သားေျခာက္ထုပ္ရွိရာသို႔ လွမ္းၾကည့္လိုက္သည္။ သူမ ၾကည့္ေနရင္း မ်က္လုံးအစုံ ျပဴးက်ယ္သြားသလို ပါးစပ္လည္း ေဟာင္းေလာင္း ျဖစ္သြားသည္။
ပလပ္စတစ္အိတ္ကို ေခြးတေကာင္က ဆြဲသြားသလို ေခ်သားေျခာက္အိတ္သည္ အေနာက္သို႔ တ႐ြတ္တိုက္ ေ႐ြ႕လ်ားသြားသည္ကို ျမင္လိုက္ရသည္။
နည္းနည္း လွမ္းသည့္ေနရာ ေရာက္သည့္အခါ ထုပ္ထားေသာ ပလပ္စတစ္အိတ္မွာ ၿပဲသြားၿပီး၊ ေခ်သားေျခာက္မ်ား ထြက္က်လာသည္။ တဆက္တည္းပင္ …
” ပလပ္! ပလပ္! ပလပ္! ”
ကိုယ္ထည္သ႑ာန္ကို မျမင္ရဘဲ၊ သူ ဝယ္လာေသာ ေခ်သားေျခာက္မ်ားကို အားပါးတရ ဝါးစားေနေသာ အသံကို မေရွာက္ေမ နားျဖင့္ ဆက္ဆက္ၾကားလိုက္ရသည္။
မေရွာက္ေမ ဆက္ၿပီး သတၱိမေကာင္းႏိုင္ေတာ့ပါ ။
” အံမယ္ေလး သရဲ … သရဲ ”
ဟု ေအာ္ဟစ္ခါ ေနာက္ကို လုံးဝ လွည့္မၾကည့္ဘဲ၊ သူ႔အိမ္ကို တခ်ိဳးတည္း ေျပးေတာ့ေလသည္။
ဤကား ေဒၚယုေမ အိမ္ေရွ႕မွာ ျဖစ္သြားျခင္းပင္။ ထို႔ေၾကာင့္ ေဆးသမား တေစၦ ေဇာ္လြန္း ေျခာက္လွန႔္လိုက္ျခင္း ျဖစ္မည္ဟု ႐ြာထဲမွာ ေျပာေနၾကေတာ့ေလသည္။
___________
အခန္း(၄)
တေစၦေျခာက္လွန႔္ခံရသူ ေနာက္တဦးကေတာ့ အသက္၁၈ႏွစ္အ႐ြယ္သာ ရွိေသးေသာ မိန္းကေလးတဦးျဖစ္သည္။ သူမ အမည္မွာ ခင္ျမဝိုင္းျဖစ္သည္။
ခင္ျမဝိုင္းသည္ ဆယ္တန္းေက်ာင္းသူ ျဖစ္ပါသည္။ သူမသည္ သူငယ္ခ်င္းျဖစ္ေသာ သဇင္ဖူးႏွင့္အတူ စာေတာ္ေသာ ေထြးေထြးတို႔အိမ္သို႔ သြား၍ သူငယ္ခ်င္း၃ေယာက္ စာအတူက်က္ေလ့ရွိသည္။ သူမတို႔ မရွင္းေသာ ပုစာၦမ်ားကို ေထြးေထြးက စိတ္ရွည္လက္ရွည္ ျပန္ရွင္းျပေလ့ရွိသည္။
ခင္ျမဝိုင္းသည္ ည ၉နာရီ/၁၀နာရီေလာက္မွ စာက်က္ၿပီး၍ သဇင္ဖူးႏွင့္အတူ ဆိုင္ကယ္ျဖင့္ အိမ္သို႔ ျပန္ေလ့ရွိသည္။
တလမ္းတည္းအတူေနေသာ သဇင္ဖူးမွာ သူမႏွင့္ တအိမ္ေက်ာ္သာ ျခားေလ၏။ အေဖၚပါသျဖင့္ ခင္ျမဝိုင္း၏ မိဘမ်ားကလည္း စိတ္ခ်ေလ၏။
တရက္၌ သဇင္ဖူးမွာ ဗိုက္ေအာင့္ေနသျဖင့္ စာက်က္ရန္ အတူမလိုက္ပါႏိုင္ေခ်။ ျဖစ္ခ်င္ေတာ့ ထိုေန႔က ခင္ျမဝိုင္းသည္ သခ်ၤာ ပုစာၦတပုဒ္ကို အေျဖရွာမရ ျဖစ္ေနသည္။ ဆရာမ သင္စဥ္က အေသအခ်ာ နားမေထာင္ခဲ့မိ၍ ေနာင္တရေနမိသည္။
ထို႔ေၾကာင့္ သဇင္ဖူး မပါေသာ္လည္း ထိုေန႔က ခင္ျမဝိုင္း တေယာက္တည္း ေထြးေထြး အိမ္သို႔ ထြက္လာခဲ့လိုက္သည္။ သူမ စိတ္ထဲ ယေန႔ေတာ့ သဇင္ဖူး မပါသျဖင့္ ေစာေစာျပန္မည္ဟု ေတြးထားခဲ့ေသးသည္။
သို႔ေသာ္ ေထြးေထြး အိမ္သို႔ ေရာက္သည့္အခါ ၊ သူမ နားမလည္ေသာ သခ်ၤာပုစာၦကို ေထြးေထြးက ရွင္းျပသျဖင့္ နားလည္သြားေသာ္လည္း ၊ ေထြးေထြးက …
” ေနပါအုံး အဝိုင္းရ၊ နင္ကလဲ နင့္သခ်ၤာၿပီးတာနဲ႔ ျပန္ေတာ့မလို႔လား ။
ဒီမယ္ ဘိုင္အို(ဇီဝေဗဒ)ဆရာႀကီးက ဒီႏွစ္ စာေမးပြဲမွာ အေမးႏိုင္ဆုံး ေမးခြန္းက ဒါတဲ့ ”
ေထြးေထြးက ဇီဝေဗဒ ပုံႏွိပ္စာအုပ္ကို လွန္၍ စာမ်ားကိုျပသည္။
” ဒီည နင္နဲ႔ငါ ဒီတပုဒ္ကို အၿပီး က်က္ၾကမယ္ဟာ ၊ ဘယ္လိုလဲ ”
စာေမးပြဲမွာ ေမးလာႏိုင္တဲ့ ေမးခြန္းဆိုေတာ့ ခင္ျမဝိုင္း စိတ္ပါဝင္စားသြားသည္။ သို႔ႏွင့္ သူမသည္ ေထြးေထြးနဲအတူ ဇီဝေဗဒဘာသာကို အတူတူ က်က္ျဖစ္သြား၏။
ေထြးေထြးက ခင္ျမဝိုင္း အသံထြက္ မွားသည့္အခါ ျပင္ေပးသလို ၊ တခ်ိဳ႕ကို စာလုံးေပါင္း မွန္ကန္ေအာင္ ေရးက်က္ေစသည္။
စာက်က္ရင္း ည ဆယ္နာရီထိုးသြားသည္။ သူမတို႔ စာက်က္ေနေသာ ေနရာသို႔ ေထြးေထြး၏ အေမ ေရာက္လာၿပီး …
” ဟဲ့ သမီး အဝိုင္း၊ ဆယ္နာရီေတာင္ ထိုးသြားၿပီ။ မိုးခ်ဳပ္ေနၿပီေလ။ မနက္ျဖန္မွ ဆက္က်က္ေတာ့ေနာ္ ။ ျပန္ေတာ့ … ျပန္ေတာ့ သမီး ”
ေထြးေထြးရဲ႕အေမ ေျပာမွ ခင္ျမဝိုင္း နာရီကို ၾကည့္မိသည္။ သို႔ျဖင့္ သူမသည္ စာအုပ္မ်ားကို သိမ္း၍ ေထြးေထြးတို႔ သားအမိကို ႏုတ္ဆက္ကာ ဆိုင္ကယ္ျဖင့္ ျပန္လာခဲ့သည္။
ခင္ျမဝိုင္း ျပန္လာတဲ့ လမ္းတေလွ်ာက္ လူသြားလူလာမေျပာနဲ႔၊ ေခြးတေကာင္ ေၾကာင္တၿမီးပင္မေတြ႕ရ။တိတ္ဆိတ္ေနသည္။
ခင္ျမဝိုင္း စီးလာတဲ့ ဆိုင္ကယ္အိပ္ေဇာက ထြက္ေသာ အသံသာ ၾကားေနရသည္။ သူမ၏ ဆိုင္ကယ္သည္ ဟြန္ဒါ ဒရင္း 125 ျဖစ္သည္။
ခင္ျမဝိုင္း ဆိုင္ကယ္က ေရွ႕မီး မေကာင္း။ အလင္းအားနည္းသည္။ သူမ အေဖက ဒီလကုန္ရင္ မီးခြက္ လဲေပးမည္ဟု ေျပာထား၏။
ဆိုင္ကယ္စီးလာေနရင္း ေရွ႕မီးေရာင္ မွိန္မွိန္မွာ ဖ်တ္ခနဲ အရိပ္တခု ျဖတ္ေျပးသြားသလို ျမင္လိုက္ရ၍ ခင္ျမဝိုင္းသည္ ကမန္းကတန္း ဘရိတ္ကို နင္းလိုက္သည္။
ဆိုင္ကယ္က တုန႔္ခနဲ ရပ္သြား၏။ ျဖတ္သြားေသာ အရိပ္မွာ လ်င္ျမန္လြန္း၍ အေသအခ်ာ မျမင္လိုက္ရေခ်။ ပတ္ဝန္းက်င္ကို ၾကည့္လိုက္ေတာ့ သူမသည္ ေဒၚယုေမတို႔ အိမ္ေရွ႕နား ေရာက္ေနသည္ကို သတိထားမိသြားသည္။
တေလာေလးကပင္ တ႐ုတ္မ မေရွာက္ေမ ဤအိမ္ေရွ႕မွာ သရဲအေျခာက္ခံရသည္ဆိုေသာ သတင္းကို သူမ ၾကားမိထား၍ ရင္က ဒိတ္ခနဲ ခုန္သြားသည္။ လက္ဖ်ံႏွင့္လက္ေမာင္းတေလွ်ာက္လည္း ၾကက္သီးဖုေလးမ်ား အဖီးဖီးထသြား၏။
ခင္ျမဝိုင္းသည္ သတိဝင္လာသည္ႏွင့္ ဆိုင္ကယ္ကို ျပန္ထြက္လိုက္သည္။ ခုဏက ဘရိတ္အုပ္ ရပ္လိုက္၍ ဂီယာ မခ်ိန္းရေသး၍လားမသိ။ ဆိုင္ကယ္သည္ သိသိသာသာ ေလးလံေနသည္။ အေတာ္ႏွင့္မထြက္ေခ်။
သိုျဖင့္ သူမသည္ ဂီယာႀကီးကို ေျပာင္းခ်ိန္း၍ ထြက္ေတာ့မွ ဆိုင္ကယ္က ေမာင္းလို႔ ရသည္။
ေဒၚယုေမတို႔ အိမ္ေရွ႕လမ္းသည္ ေျမသားအမာ ျဖစ္သည္။ သို႔ေသာ္ ဆိုင္ကယ္သည္ သဲထဲမွာ ႐ုန္းေနရသလိုပင္။ ေလးလံလြန္းေန၏။
ဆိုရလ်င္ … ခင္ျမဝိုင္းသည္ ဆိုင္ကယ္ေနာက္ပိုင္းမွာ ေလးလံေသာ ကုန္ပစၥည္းတခု တင္လာရသကဲ့သို႔ ျဖစ္ေနသည္။
ခါတိုင္း ဒီလိုမဟုတ္။ ဆိုင္ကယ္သည္ အင္ဂ်င္ေကာင္းသလို ႐ုန္းအားဆြဲအားလည္း ေကာင္း၏။
ခင္ျမဝိုင္းသည္ ဆိုင္ကယ္စီးလာရင္း ဂုတ္ပိုးမွာ ယြစိစိ ျဖစ္လာသည္။ အေကာင္တေကာင္ ကပ္ပါသလိုပင္။ ထို႔ေၾကာင့္ လက္တဖက္ျဖင့္ ဂုတ္ပိုးကို ပြတ္သပ္ပစ္လိုက္သည္။
အယားေပ်ာက္သြားသည္။ တခါ … သူမ ပခုန္းေပၚသို႔ အေကာင္တေကာင္ တ႐ြ႐ြ တက္သလို ခံစားလာရျပန္သည္။ ခုဏလိုပဲ ပခုန္းကို လက္ျဖင့္ စမ္းၾကည့္လိုက္ျပန္သည္။
ထိုအခါ သူမလက္သည္ ေပ်ာ့စိစိ အရာတခုကို စမ္းမိလိုက္သျဖင့္ ေၾကာက္လန႔္တၾကားႏွင့္ ပခုန္းကို လက္ျဖင့္ အျမန္ ႐ိုက္ခါလိုက္သည္။ ထိုအခါ ေပ်ာ့စိစိ အရာသည္ ျပဳတ္က် က်န္ခဲ့ေလသလား မသိ။ မရွိေတာ့ေခ်။
ခင္ျမဝိုင္းသည္ ယေန႔ည၏ ထူးျခားမႈေၾကာင့္ ေၾကာက္စိတ္ဝင္လာသည္။ အိမ္ကို ျပန္ေရာက္ခ်င္ေဇာျဖင့္ ဆိုင္ကယ္ကို လီဗာျမင့္ ဆြဲေပမယ့္ ဆိုင္ကယ္မွာ ေလးလံေနၿမဲပင္။
သူမ အိမ္အနီးသို႔ ေရာက္ခါနီးတြင္ သူမ၏ ခါးကို တစုံတေယာက္က လက္ျဖင့္ ကိုင္လိုက္သလို ခံစားမိလိုက္ျပန္သည္။ ထိုလက္သည္ တေ႐ြ႕ေ႐ြ႕ျဖင့္ ခါးဆီမွ သူမ၏ ဝမ္းျပင္သားေပၚ ဖုံးထားေသာ ထမိန္စေပၚ ကူးေျပာင္းလာေနသည္။
သူမ ေၾကာက္႐ြံစိတ္က ငယ္ထိပ္သို႔ ဒိန္းခနဲ ေစာင့္တက္လာၿပီး၊ ဝမ္းဗိုက္ဆီကို ၾကည့္လိုက္မိသည္။
” ဒုတ္ ”
ဘရိတ္ကို ေဆာင့္အုပ္လိုက္သျဖင့္ ဆိုင္ကယ္က ရပ္သြားသည္။ခင္ျမဝိုင္းသည္ ဆိုင္ကယ္ကို တြန္းလွဲ ပစ္လိုက္ၿပီး ၊ သူမမိဘအိမ္သို႔ ဒေရာေသာပါး ေျပးသြားသည္။ ပါးစပ္ကလည္း …
” အား ! အေမေရ ကယ္ပါအုံး”
ခင္ျမဝိုင္းသည္ ငယ္သံပါေအာင္ အသံထြက္ ေအာ္ဟစ္လိုက္ေလသည္။ သူမ ဘာကို ျမင္လိုက္ပါသလဲ။
ခင္ျမဝိုင္း ျမင္လိုက္တာက မသတီစဖြယ္၊ ႐ြံရွာစက္ဆုပ္ဖြယ္ေကာင္းေသာ ညစ္ေထးစုပ္ျပတ္ေနေသာ လက္မည္းမည္းႀကီးႏွစ္ဖက္။
အဲ့ဒီ လက္မည္းႀကီးက သူ႔ကို ဖက္တြယ္ရန္ ႀကိဳးစားေနျခင္းပင္။
ခင္ျမဝိုင္း ေအာ္သံေၾကာင့္ အိမ္ေရွ႕ ထြက္ေစာင့္ေနတဲ့ မိဘႏွစ္ပါးလည္း ခင္ျမဝိုင္းထံ ေျပးသြားလိုက္ၾကသည္။
ခင္ျမဝိုင္းမွာ မိဘႏွစ္ပါး ရင္ခြင္ထဲ ေျပးဝင္၍ ေၾကာက္စိတ္လြန္ကဲစြာ သတိလစ္ ေမ့ေျမာသြားေလေတာ့သည္။
ခင္ျမဝိုင္း အေဖက ဆိုင္ကယ္လဲက်ရာ လွမ္းၾကည့္လိုက္ေတာ့ အရိပ္မည္းမည္းတခုက ဆိုင္ကယ္ေပၚမွ ဆင္း၍ လွစ္ခနဲ အေမွာင္ထဲ ေျပးဝင္ ေပ်ာက္ကြယ္သြားသည္ကို ျမင္လိုက္ရပါသည္ဟု ဆိုေလ၏။
______________
အခန္း(၅)
တျဖည္းျဖည္းနဲ႔ လူေတြကို ေျခာက္လွန႔္ေနေသာ ေဆးသမား ေဇာ္လြန္း တေစၦအေၾကာင္း ႐ြာထဲမွာ လူေျပာမ်ားလာသည္။
တေစၦေဇာ္လြန္း ေျခာက္လွန႔္ခံရသူမွာ သုံးေလးဦး မကေတာ့ေပ။ တခ်ိဳ႕မွာ ေဒၚယုေမ၏ အိမ္ေရွ႕ကို မျဖတ္ဘဲ ေနရသည္မဟုတ္။ အေၾကာင္းကိစၥ ႀကီးငယ္ရွိက ျဖတ္သြားရသည္ပင္။
ထို႔ေၾကာင့္ ႐ြာက လူတခ်ိဳ႕က ေဒၚယုေမအား ဖြင့္ေျပာတိုင္ပင္၍ တခုခု လုပ္ၾကရန္ ႀကံ႐ြယ္မိၾကသည္။
ေနာက္ဆုံး၌ ေဒၚယုေမကို ဖြင့္ေျပာသူက ေျပာၾကသည္။ ေဒၚယုေမလည္း မၾကာခဏ ၾကားလာရသည့္အခါ ၊ ေဇာ္လြန္းအတြက္ ရည္႐ြယ္၍ သူ႔အိမ္မွာ ဘာသာေရးဆရာမ်ားေခၚ၍ ဝတ္ျပဳဆုေတာင္းပြဲမ်ား ျပဳလုပ္ေပးသည္။
ဒါ့အျပင္ ဗုဒၶဘာသာ ဘုန္းေတာ္ႀကီးမ်ားကို ပင့္ဖိတ္၍ ပဌာန္း႐ြတ္ဖတ္ျခင္း ၊အိမ္အတြင္းႏွင့္ အိမ္ေရွ႕ လမ္းတေလွ်ာက္မွာ ပရိတ္ေရ ဖ်န္းျခင္းမ်ား ျပဳလုပ္ေစသည္။
ထိုသို႔ ျပဳလုပ္ၿပီးေနာက္ပိုင္းမွာေတာ့ ေဇာ္လြန္းသည္ ဤအိမ္၊ဤၿခံ၊ဤလမ္း၊ဤ႐ြာထဲ၌ ေနမရေတာ့ေလသလားမသိ။ ထပ္မံ ေျခာက္လွန႔္ျခင္း မရွိေတာ့ေခ်။
ေဒၚယုေမလည္း ဒီအိမ္မွာ ဆက္၍ မေနလိုေတာ့သျဖင့္ သူမ၏ အိမ္ႏွင့္ၿခံေလးကို ေသာ့ခတ္၍ ၿမိဳ႕မွာ ေနေသာ သူ႔သမီးထံ အၿပီးတိုင္ေ႐ြ႕ေျပာင္းသြားေလသည္။
ေသခ်ာသည္ကေတာ့ တ႐ြာလုံးကို ေျခာက္လွန႔္ ဒုကၡေပးေနေသာ တေစၦဆိုး ေဇာ္လြန္းကို ဘယ္သူမွ ေနာက္ထပ္ မျမင္ၾကေတာ့ေပ။
ၿပီးပါၿပီ။
ပီပီ၊မႏၲေလး၊
၂၈၊၃၊၂၀၂၃