ကျောင်းပျက်ကြီးနှင့်နာနာဘာဝများ

ကျောင်းပျက်ကြီးနှင့်နာနာဘာဝများ(စ/ဆုံး)

—————————————–

ကညွတ်ကွင်းမြို့ မြောက်ဘက်မှာရှိတဲ့ ကျွန်းတောကျောင်း ဟာ ဆရာတော်ဦးသူရိယ ရောက်ရှိမလာမီက ကျောင်းပျက်ကြီးသာ ဖြစ်ပါတယ်။

 

သစ်ပင်ကြီးတွေ၊ ချုံနွယ်ပိတ်ပေါင်းတွေ ဖုံးအုပ်ထားတဲ့ ဆင်းတုတော်ကြီးတစ်ဆူကို ရောင်တော် သစ်သားကျောင်းပျက်အချို့နှင့် ဆင်းတုတော် ညှိုးညှိုးမှိန်မှိန် ဖူးတွေ့ နေရပါတယ်၊

 

ဒီကြားထဲ မကြာခဏ တွေ့ရတယ်ဆိုတဲ့ နာနာဘာဝနှင့် ဥစ္စာစောင့်သတင်းတွေကြောင့်လည်း လူအများကြောက်ရွံ့ကြတယ်လို့ ​ြကားခဲ့ဖူးပါတယ်။ ယခင်စာအုပ်တွေမှာ စာရေးသူ ရေးသားခဲ့ပါတယ်။

 

ဦးဇင်းဦးအောင်သိန်းနှင့်စကားပြောဆိုမိမှ ဦးဇင်းဟာ ပထမ တာကျောင်း စာသင်တိုက် ကျွန်းတောကျောင်း တိုက်ကို သိမိသူဖြစ်ကြောင်း သိရပါတယ်။

 

ဒီကျွန်းတောကျောင်းတိုက်ဟာ ဦးဇင်းငယ်ငယ်တုန်းက ဆယ့်နှစ်ခန်းတွဲ တိုက်ကျောင်းကြီးနှင့် အလွန်စည်ကားသိုက်မြိုက် တဲ့ စာသင်တိုက်ကြီးကွယ့် လောကဓမ္မတာအတိုင်းပါပဲ။

 

ပျက်စီးချိန်တန်တော့ အလွန်ဆိုးသွမ်းတဲ့ နာနာဘာဝ တောင်ကြီးတစ်ကောင် ကျောင်းကိုရောက်လာတယ်။အရပ်အခေါ်အရတော့ “လူစားတယ်”လို့ ပြောတာပေါ့။ ကိုရင်သာမဏေရော၊ ရဟန်းသံဃာရော တစ်ပါးပြီးတစ်ပါး လွန်တော်မူကုန်ကြတယ်။

 

ကျောင်းအခန်းတံခါးပေါက်တွေ ဘယ်လိုပဲ လုံခြုံအောင် ပိတ်ပိတ် နာနာဘာဝကောင်ကြီးဝင်လာတယ်လို့ ပြောကြတယ်။ တစ်ချို့ရဟန်းသံဃာတွေလည်း ကျောင်းက ပြောင်းရွှေ့ သွားကြတာပေါ့။

 

နောက်ဆုံးမှာ ဆရာတော်တစ်ပါးပဲ ကျန်တော့တယ်။ အဲဒီဆရာတော်လည်း သူ့အလှည့်ကျတော့မယ်ဆိုပြီး ညတွင်းချင်း ကညွတ်ကွင်းမြို့ထဲက ကျောင်းကို ပြောင်းသွားတယ်။ဦးဇင်းကိုယ်တိုင် ငယ်ငယ်က လိုက်ပို့ခဲ့ရတာပါ။ အဲဒီ ဘက်မှာ ကျောင်းထိုင်မယ့် ကိုယ်တော်မရှိ။ ပြုစုစောင့်ရှောက်မယ့်သူမရှိနှင့် ကျောင်းတိုက်ကြီး ပျက်စီးသွားတယ်။ ချုံနွယ်ပိတ်ပေါင်းတွေ ဖုံးလွှမ်းသွားတယ်။

 

တောကျွဲအင်းမြို့က ကြွလာတဲ့ ပအို့ဝ် ဆရာတော် ဦးသူရိယရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်ကြောင့် အခုလို ဒုတိယအကြိမ် ပြန်လည်ထွန်းလင်းပြီး စည်ကားသိုက်မြိုက် လာခဲ့တာဖြစ်တယ်။

 

ဆရာတော်ဦးသူရိယ ပျံလွန်တော်မူပြီးနောက်မှာ ဆရာတော် ဦးဇဝနနှင့် ကျောင်းရှိသံဃာတွေက ကျောင်းတိုက်ကြီးကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်နေကြပါတယ်။

 

“ဦးဇင်းဘုရား၊ အခုအချိန်မှာရော ဒီကျောင်းတိုက်မှ၊ နာနာဘာဝပုဂ္ဂိုလ်တွေ နေထိုင်ကြတုန်းပါလားဘုရား” စာရေးသူက ဦးဇင်းဦးအောင်သိန်းကို မ​ေးလျှောက်လို၏ ပါတယ်။

 

“သိတဲ့ပြင်တဲ့အတိုင်း ပြောရရင် ရှိနေတုန်းပဲလို့ ပြောရမယ်”

 

“အရှင်ဘုရားသိတဲ့အထဲက တပည့်တော်ကို အနည်း လောက် ပြောပြပေးပါဘုရား

 

“နှစ်ပေါင်းများစွာ သစ်ပင်ခြုံနွယ်တွေ ဖုံးအုပ်ပြီး ကျောင်း ပျက်ကြီးဖြစ်တဲ့အတွက် နာနာဘာဝ၊ တစ္ဆေသရဲတွေ၊ ဥစ္စာစောင့်၊ လာရောက်နေထိုင်ကြတာ မဆန်းပါဘူး။

 

ဆရာတော်ဦးသူရိယရောက်လာပြီး နောက်နှစ်အနည်းငယ် ကြာတဲ့အထိ ဆိုးသွမ်းတဲ့ နာနာဘာဝတွေ ရှိခဲ့တယ်။း သူတို့က ရဟန်းသံဃာတွေ ရောက်လာရင် သူတို့ကို နှင်ထုတ်ပစ်ကြမယ်လို့ ထင်မြင်ယူဆပုံ ရပါတယ်။ ဒါပေမယ့်၊ ဆရာတော်ဦးသူရိယရဲ့ မေတ္တာရိပ်ကို နှစ်ရှည် လများ ခိုလှုံပြီးတဲ့နောက်မှာတော့ နာနာဘာဝတွေဟာ ယဉ်ကျေး သိမ်မွေ့သွားကြတယ်။

ကြမ်းတမ်းတဲ့ ပြုမူပုံတွေ၊ လှုပ်ရှားပုံတွေ မတွေ့ရတော့ဘူး

 

ရဟန်းသံဃာတွေ၊ လူတွေနှင့် နာနာဘာဝတွေဟာ ဒီကျောင်းတိုက်ကြီးထဲမှာ အေးအေးချမ်းချမ်း အတူတကွ နေထိုင် နိုင်ကြပါတယ်။

 

ဦးစက္ကိန္ဒ(ဦးဇင်းဉာဏ်)ပျံလွန်တော်မမူခင်က ပြောပြဖူးတယ်။

 

ဆရာတော်ဦးသူရိယ ရောက်လာကာစက သူက ရဲဝန်ထမ်း ဘဝမှာပဲ ရှိသေးတယ်။ ဆရာတော်ကို ဝတ်ကြီးဝတ်ငယ် ပြုစုရင်း ဘုရားကြီးရှေ့မှာ ချုံတွေရှင်း တစ်ကိုယ်တည်း တရားထိုင်တယ်။သတဲ့။

 

တစ်ခါတစ်ခါ သူရဲ့ပုခုံးကို လက်ကြီးနှစ်ဖတ်က လာပုတ်တယ်။ကြည့်လိုက်တော့ တစ္ဆေကောင်အကြီးကြီးတဲ့။ အစွယ် တောင် ထွက်နေတယ်လို့ ပြောတယ်။ဘယ်လိုမှ ရုန်းလို့ မရတာနှင့် တရားကိုပဲ အာရုံပြု မှတ်နေလိုက်တာ။ခဏနေတော့ သူ့ဘာသာသူ ထွက်သွားတယ်တဲ့။ နောက်တစ်ခါကျတော့လည်း

 

ဦးဇင်းဉာဏ် တရားထိုင်နေတုန်း တစ္ဆေနှစ်ကောင်က တစ်ဖက်တစ်ကောင်စီ၊ ချိုင်းကနေ မြှောက်ပြီး ခေါ်သွားကြတယ်။ဦးဇင်းလည်း တရားမှတ်ပြီး လိုက်သွားတယ်။ ရထားလမ်းအတက်၊ ကျောင်းပေါက်ဝရောက်မှ ချထား ခဲ့ကြတယ်တဲ့။

 

ခုတော့ ဆိုးသွမ်းတဲ့ နာနာဘာဝတွေ ပမရှိတော့ပါဘူး။ကျောင်းတိုက်မှာ ကုသိုလ်ကောင်းမှု၊ အလှူအတန်းတွေ အမြဲလိုလို ရှိတဲ့အတွက် သူတို့လဲ အမျှရဟန် တူပါတယ်။ အချို့လည်း ကောင်းရာမွန်ရာ ရောက်သွားကြ၊ အချို့လည်း လိမ္မာယဉ်ကျေးသွားကြပုံ ရပါတယ်။ဘယ်သူ့ ကိုမှ ကြောက်အောင်၊ လန့် အောင်၊ ခြောက်တာ၊ လှန့်တာ မလုပ်ကြတော့ဘူး။

 

ပြီးပါပြီ

 

#စာ​ရေးသူ=မောင်မှိုင်းညို့(ချောင်းဦး)အားလေးစားလျက်

 

#likeနဲ့shareလေးလုပ်ပြီးအားပေးပါဦးနော်