မုန်းသူ့ရန်ငြိုး

မုန်းသူ့ရန်ငြိုး(စ/ဆုံး)

ရေးသားသူ…တာတေ

 

မရမ်းသီးတွေ လှိုင်လှိုင်ပေါ်တဲ့ အချိန်ဗျ။

ကျုပ်အမေက ဝက်သားကို မရမ်းသီးနဲ့

ချက်လို့။ချဉ်ဖြုန်းဖြုန်းလေး စားလို့ကောင်း

ချက်ဗျာ။ ဝက်သားဟင်းပန်ကန်မှာ ကျုပ်

လက်ချည်းပဲ။အဘနဲ့ အမေမှာ သားသမီး

ကလည်း ကျုပ်တစ်ယောက်ပဲ ရှိတာလေ

ဗျာ။ ကျုပ်မို့လို့ ခေါင်းမဖော်တမ်းစားပြီး ဆို

ရင် လင်မယားနှစ်ယောက် တစ်ယောက်ကို

တစ်ယောက် လက်တို့ပြီး ပြုံးလို့ဗျ ။ ဝမ်းသာ

နေလိုက်ကြတာ။သြော် မိဘ မေတ္တာများဗျာ

ဘယ်မှတုလို့ မီလိမ့်မတုံး။

 

ကျုပ်အတွက်တော့ အဘနဲ့ အမေ ဝမ်း

သားရမှာဗျာ။ တာတေဆိုတဲ့ ကျုပ်ကလည်း

ဟင်းမကောင်းရင် သုံးပန်းကန် ဟင်းကောင်း

ရင် လေးပန်းကန်တော့ အသာလေးဗျ။

 

“ဟာ …ကိုညွန့်ကြီး လာဗျာ၊ လာ၊ ကျုပ်ရှိပါ

တယ်”

 

သံပြာကိုညွန့်က အိမ်ပေါ်တက်လာပြီး…

 

“ဟာ ထမင်းဝိုင်းနဲ့ တန်းတိုးနေပေါ့၊ ဘာ

ဟင်းကောင်းချက်တုံး အရီး”

 

အသံပြာပြာကြီးနဲ့ အမေ့ကို မေးတာဗျ။

 

“ငညွန့်ရေ ၊ အနောက်ပိုင်းက ငပိန်တို့ ဝက်

ပေါ်လို့ တစ်ပိဿာ သွားဆုံလာတာလေ”

 

“ဟာ အရီး တစ်ပိဿာတောင်

မများဘူးလားဗျ”

 

“ဟဲ့ ငညွန့်၊ နင်က မသိဘဲကိုး၊ နင့်ညီ တာ

တေတစ်ယောက်တည်းက ငါးဆယ်သား

လောက်စားတာဟဲ့ ”

 

“ဟား၊ ဟား၊ ဟား၊ ဟား ဟုတ်လား တာ

တေ၊တိုးတိုးပြောပါ၊ အရီးရာ၊ ရွာထဲက အ

ပျိုတွေ ကြားသွားလို့ တာတေ အစားကြီး

တာ သိသွားပြီး နောက်ပိုး ပိုးလို့မရဘဲ ရှိ

နေပါဦးမယ်ဗျာ၊ ဟား၊ ဟား၊ ဟား”

 

ကျုပ်တို့ အညာသားတွေက အဲဒါတွေ ခင်

ဖို့ ကောင်းတာဗျ။ တစ်ယောက်နဲ့ တစ်

ယောက်တွေ့တာနဲ့ ရယ်စရာတွေ ပြော

တော့တာဗျ။

 

“ဟဲ့ ငညွန့်ရဲ့ မနက်က နင့်မယား ပြား

ကြည်တောင် တစ်တွဲ လာဆွဲလို့လေ၊ နင်

အခု ထမင်းစားတာ ဝက်သားဟင်းနဲ့ စား

ခဲ့တာ မဟုတ်လား”

 

“ဟုတ်လား အရီး၊ ကျုပ်ဖြင့် ထမင်းလည်း

မစားရသေးပါဘူးဗျာ၊ အိမ်လည်း ပြန်မ

ရောက်သေးဘူး၊မနက် အိပ်ရာနိုးကတည်း

က ဘထွေးထွန်းကြည်တို့ အိမ်ရောက်နေ

တာဗ်”

 

“ဟေ …ဘယ်တုံး ထွန်းကြည်တုံး၊ မယား

ပြိုင်လား၊ ဘိုးပုထွန်းကြည်လား”

 

“ကျုပ်တို့ တောင်ပိုင်းက ဘထွေးထွန်းကြည်

လေ၊ အဲ အရီးပြောတဲ့ မယားပြိုင်ထွန်းကြည်

ပေါ့ဗျာ”

 

ကျုပ်တို့ ရွာမှာက ဦးထွန်းကြည် နှစ်ယောက်

ရှိသဗျ။ တစ်ယောက်က ကျုပ် မကြာ မကြာ

ပြောတဲ့ ဘိုးပုကြီးရဲ့သားလေဗျာ။ သူ့ကို ကျုပ်

တို့ရွာသားတွေက ဘိုးပုထွန်းကြည်လို့ ခေါ်ကြ

တာ။ နောက် ဦးထွန်းကြည်တစ်ယောက်က

မိန်းမနှစ်ယောက်ယူထားတဲ့ ဦးထွန်းကြည်ဗျ။

သူ့ကိုတော့ သူ့ကွယ်ရာမှာ မယားပြိုင်ထွန်း

ကြည်လို့ ခေါ်ကြတယ်။ ဘထွေးထွန်းကြည်

က လူချမ်းသာဗျ။ ယာတွေ၊ ထန်းတောတွေ

မနည်းမနောကို ပိုင်တာဗျ။

 

သူ့အဘိုးလက်ထက်ကတည်းက အမွေတွေ

ရတာ။ ဘထွေးထွန်းကြည်က သုံးမွေခံရတဲ့

လူလေဗျာ။လွှတ်ချမ်းသာတာပေါ့ဗျာ။တောင်

ပိုင်းမှာ တိုက်ဆောက်ပြီးနေတဲ့ လူပေါ့ဗျာ။ဒါ

ပေမဲ့ မယားနှစ်ယောက်နဲ့ဗျ။ ပြီးတော့ ပြောရ

ဦးမယ်။ မယားနှစ်ယောက်ကို တစ်နေရာစီ

ထားပြီး ပေါင်းတာမဟုတ်ဘူး။ တစ်အိမ်တည်း

မှာ ထားပြီး ပေါင်းတာဗျ။အရီးမလှရီက ပထမ

မယားဗျ။ ဒုတိယ မယားကလည်း တိုက်ဆိုင်

မှုလားတော့ မပြောတတ်ပါဘူးဗျာ။

 

မလှရီပဲဗျို့။ ကျုပ်တို့ရွာက မဟုတ်ဘူးဗျ။ ဘ

ထွေးထွန်းကြည် တခြားက ယူလာတာ။ သူ့မျိုး

ရိုးလည်း ဘယ်သူမှ မသိကြဘူး။ အဲဒါကို ကျုပ်

တို့ရွာသားတွေက စကားပြောရင် ဘယ်လှရီတုံး

ဟဲ့။ ထွန်းကြည်မယားလေ။ ထွန်းကြည်မယား

လှရီတော့ ဟုတ်တယ်လေ၊ မယားကြီးလား၊ မ

ယားငယ် လှရီလားလို့ မေးကြတာဗျ။ တစ်ရက်

တော့ ကျုပ်တို့ရွာအိမ်မှာ မိန်းမဝိုင်းကြီးဖွဲ့ပြီး အ

မေတို့ စကားပြောနေကြတာဗျ။အဲဒီမှာတင် ခုန

က မယားကြီး လှရီတို့ မယား ငယ်လှရီတို့လုပ်

နေကြတော့တာပေါ့ဗျာ။

 

ကျုပ်ကလည်း အနားမှာ ရှိနေတော့ …

 

“အမေတို့ကလည်းဗျာ၊ မယားကြီး လှရီတို့

မယားငယ် လှရီတို့နဲ့ ရှုပ်ပါတယ်၊ ကျုပ်တို့

ကျောင်းတွေလို နံပါတ်နဲ့ ခွဲပေါ့ဗျ။ ပထမ မ

ယား မလှရီကို လှရီတစ်၊ ဒုတိယမယား မလှ

ရီကို လှရီနှစ်။ တကယ်လို့ ဘထွေးထွန်းကြည်

က နောက်ထပ် မလှရီတစ်နဲ့ တွေ့လို့ ထပ်ယူ

လာရင် လှရီသုံးပေါ့ဗျာ”

 

“ဟား၊ ဟား၊ ဟား၊ ဟား”

 

ကျုပ်စကားလည်း ကြားရော အမေတို့ စ

ကားဝိုင်းက အမေ့အသိတွေဆိုတာ ရယ်

လိုက်ကြတာဗျာ

 

“ခွပ်၊ ခွပ်၊ ခွပ်၊ ကဲဟယ် ပေါက်ကရတော်

တော်ပြော၊ ပေါက်ကရ တော်တော်လုပ်တဲ့

အကောင်”

 

အမေကတော့ ကျုပ်ခေါင်းကို တုံးမောင်း

သုံးချက် ခေါက်ရောဗျို့။

 

“ဟဲ့ ထွန်းကြည် ဘာဖြစ်လို့တုံး”

 

အမေ မေးလိုက်တော့ သံပြာကိုညွန့်က

ပြန်ဖြေလိုက်တယ်။

 

“ဘထွေးထွန်းကြည် ဘာမှမဖြစ်ဘူးဗျ။

သူ့မိန်းမ ဆုံးလို့ ”

 

“ဟေ …ဟုတ်လား၊ ဘယ်မိန်းမတုံး၊ မယား

ကြီးလှရီလား၊ မယားငယ်လှရီလားဟဲ့ ငညွန့်

ရဲ့”

 

“မယားကြီးဆုံးတာ အရီးရဲ့”

 

“ဟာ လှရီ ဘာဖြစ်လို့တုံး၊ နေထိုင်မကောင်း

ဘူးလို့လည်း မကြားပါလား၊ ဗြုန်းစားကြီးဆုံး

တာ ဘယ်လိုကြောင့်တုံး”

 

ကျုပ်တို့လည်း ကိုညွန့်ကို ထမင်းစားတောင်

မခေါ်မိသေးဘူးဗျ။ စကားက အရေးကြီးတဲ့

အကြောင်းကို ရောက်သွားပြန်ရောဗျို့။

 

“ဘာဖြစ်ပြီး ဆုံးတာတုံး ကိုညွန့်ရဲ့”

 

ကျုပ်အဘက ဝင်မေးတာဗျ။ အမေရော အ

ဘရော ကျုပ်ရော တော်တော်အံ့သြသွားကြ

တာ၊ အရီးလှရီက အသက်ငါးဆယ်လောက်

တော့ ရှိပြီဗျ။

 

“ဘာဖြစ်တာတုံး မသိပါဘူး ဘိုးဥာဏ်ရာ၊ မ

နက် ဝေလီဝေလင်းက အရီး လှရီက ဝိုင်း

ထောင့်က အိမ်သာကို ထသွားတာတဲ့ဗျာ၊ငယ်

သံပါအောင် အော်တဲ့ အသံကြားလို့ ဘထွေး

က အတင်းပြေးဆင်းပြီး လိုက်သွားတော့ မျက်

ဖြူကြီး လန်ပြီး သေနေတာ ဆိုပဲ။ ကျုပ်လည်း

အိပ်ရာနိုးနိုးချင်း သွားတာပဲဗျ။ဟိုရောက်တော့

လူတော်တော်စုံနေပြီ”

 

“အလောင်းကို ကိုညွန့် သေသေချာချာ

ကြည့်ခဲ့လားဗျ”

 

ကျုပ်က ဝင်မေးတာဗျို့။ ကိုညွန့်က ကျုပ်

တည်ထားတဲ့ နဂါးဆေးပေါ့လိပ်ကို ဖွာနေ

ရင်းကနေခေါင်းညိတ်ပြတယ်။

 

“ကြည့်တာပေါ့ တာတေရ၊ အရီးလှရီ အ

လောင်းက ကြောက်စရာကြီးပါဗျာ၊ မျက်

ဖြူကြီးက အပေါ်ကိုလန်နေလို့ကွ၊ ပါးစပ်

ကလည်း အံကြီးကြိတ်လို့ဟေ့၊ သွားတွေ

တောင် မြင်နေရတာ၊ ဝေဒနာ တစ်ခုကို

မချိမဆန့်ခံပြီး သေသွားတဲ့ပုံပဲကွ တာတေ

ရ၊ ငါသေသေချာချာ ကြည့်တော့ အရီးလှ

ရီအလောင်းမှာ ဗိုက်ကြီးက ချပ်ပြီး ပြားကပ်

နေတယ်ကွ။ လှန်တော့ မလှန်ကြည့်ရဘူး၊

အညာစောင်အကွက်ကလေး လွှမ်းထားတာ

လေကွာ။ဒါနဲ့ ဆယ်အိမ်ခေါင်း ကိုကံကို ကပ်

ပြီး တိုးတိုး မေးကြည့်တော့ ကိုကံက ငါ့ကို

ပြောတယ်၊ ‘ဟေ့ကောင် ငညွန့်၊ မင်း ဘယ်

သူ့မှ လျှောက်မပြောနဲ့၊ အရီးလှရီအလောင်း

မှာ အူတွေ အသည်းတွေ ဘာမှမရှိတော့ဘူး’

တဲ့ တာတေရ”

 

“ဗျာ…အူတွေ အသည်းတွေ မရှိတော့ဘူး

ဟုတ်လား၊ ဒါဆိုရင် အရီးလှရီအလောင်း

မှာ ဗိုက်ကြီးဟောင်းလောင်း ဖြစ်နေပြီလို့

လား ကိုကြီးညွန့်ရဲ့”

 

“ဟာ…တာတေကလည်း ဘယ်က လာပြီး

ဟောင်းလောင်းဖြစ်ရမှာတုံး၊ မကောင်းဆိုး

ဆိုးဝါးဆိုတာ ဗိုက်မဖောက်ဘဲ အထဲက အူ

တွေ အသည်းတွေ နှုတ်စားနိုင်တာကွ၊ မင်း

က မေ့သွားပြန်ပြီထင်တယ်၊ အိမ်ကြီးအပေါ်

မြောက်နေတဲ့ အာလူးသေတုန်းကလည်း ဒီ

လိုပဲ မဟုတ်ဘူးလား”

 

“သြော် …ဟုတ်သားပဲ ကိုကြီးညွန့်ရဲ့၊နေဦး

ဗျ။ အဲဒီ တုန်းက ဆယ်အိမ်ခေါင်းတွေက

တိတ်တိတ်ကလေး ဗိုက်ခွဲကြည့်ကြတာဗျ၊

အခုရော အဲဒီလို ကြည့်သေးလား”

 

“ဒါတော့ ငါမသိဘူးကွ၊ ငါရောက်တော့ အ

လောင်းက ပြင်ပြီးပြီ၊ စောင်တွေ ဘာတွေ

လွှမ်းထားတော့ ဘယ်သူက လှန်ကြည့်

တော့မှာတုံးကွာ”

 

“အင်း…ဒါလည်း ဟုတ်တာပေါ့ ”

 

“ငါ့ကို ဆယ်အိမ်ခေါင်း ကိုကံပြောလို့ သိတာ

ကွ၊ ဒါနဲ့ ငါလည်း မင်းကို တိတ်တိတ်လာပြော

တာကွ၊ ဒါ ဘယ်ဖြစ်တယ်လို့ မင်း ထင်တုံး၊

မင်းက ဗဟုသုတရှိလို့ မေးတာပါကွာ”

 

ကျုပ်တို့ ထမင်းဝိုင်းလည်း ပြီးသွားပါပြီဗျာ။အ

မေကတော့ မီးဖိုချောင်မှာ ပန်းကန်တွေ ဆေး

ကြောပြီး သိမ်းလို့။ ကျုပ်နဲ့ အဘကတော့ ကို

ညွန့်နဲ့ စကားပြောနေကြတာပေါ့ဗျာ။

 

“ကျုပ်လည်း မပြောတတ်ပါဘူး ကိုညွန့်ရာ၊

သူတို့ အိမ်ထောင်ရေးက ရှုပ်တော့ ရှုပ်သား

လားဗျာ ”

 

“ရှုပ်ဆို တစ်အိမ်တည်းမှာ မယားနှစ်ယောက်

ထားပြီး ဘထွေးက ပေါင်းနေတာလေကွာ”

 

“နို့ နေပါဦး ကိုကြီးညွန့်ရဲ့၊ဘထွေးထွန်းကြည်

ရဲ့ မိန်းမနှစ်ယောက်က နာမည်ကလည်း တူ

နေတော့ ဘထွေး ဘယ့်နှယ်များ ခေါ်တုံးဗျ”

 

“ဟာ တာတေကလည်း အရီးမလှရီကို ဘ

ထွေးက မလှရီပဲ ခေါ်တာကွ၊ စကားပြောရင်

လည်း ခင်ဗျားနဲ့ ကျုပ်နဲ့ပဲ ပြောတာ။ နောက်

မိန်းမ မလှရီကိုတော့ အလှလို့ ခေါ်တာ။ ဟို

ကလည်း သူ့ကို အစ်ကိုထွန်းလို့ ခေါ်တာကွ၊

အရီးလှရီကတော့ ဘထွေးကို ကိုထွန်းကြည်

လို့ပဲ ခေါ်တယ်”

 

“အင်း…အရီးမလှရီ သေတာ ရိုးရိုးသေတာ

တော့ မဟုတ်ဘူးပေါ့ဗျာ”

 

“ဟုတ်တယ် တာတေ၊ ဒါကြောင့် မင်းကိုလာ

ပြောတာပေါ့၊ အခု ဒီလာတဲ့ လမ်းမှာ ဆယ်

အိမ်ခေါင်း ကိုကံက ငါနဲ့ ပါလာတယ်။ သူ့အိမ်

ကို ခဏပြန်မလို့ပြောတာပဲ၊လမ်းမှာ ငါ့ကိုကပ်

ပြီး တိုးတိုး ပြောသေးတယ်ကွ၊ ဘထွေးထွန်း

ကြည်ရဲ့ မယားငယ် လှရီက အရီးမလှရီနဲ့စာ

ရင် ငယ်လည်း ငယ်၊ ချောလည်းချောတယ်

မို့လား။ ဒီတော့ ဘထွေးကလည်း အရေးပေး

တာပေါ့ကွာ၊ အခုလည်း ဘထွေးနဲ့ သူ့မယား

ငယ်ပေါင်းပြီး အောက်လမ်းတွေ ဘာတွေမွေး

ပြီး အရီးမလှရီကို အူတွေ၊ အသည်းတွေ နှုတ်

ပြီး သတ်ခိုင်းပုံရတယ်လို့ ကိုကံက ပြောတယ်

တာတေရ”

 

“ဟာ…ဒါဆိုရင်တော့ တော်တော်ကို ယုတ်

မာရက်စက်ကြတာပေါ့ဗျာ”

 

ကျုပ်ရောက်သွားတော့ အရီးမလှရီအလောင်း

က ခေါင်းတောင် သွင်းပြီးသွားပြီဗျ။ အသုဘ

ကို ရက်မထားတော့ဘူး။ ညနေ ချမယ်ဆိုလို့

ကျုပ်ဖြင့် အိမ်တောင်မပြန်လိုက်ရဘူး၊ တစ်ခါ

တည်း အသုဘချဖို့ ပြင်ကြဆင်ကြရတော့တာ

ပေါ့ဗျာ။ ရပ်ရေးရွာရေး ရှိတယ်။

 

ကျုပ်တို့ကာလသားတွေကပဲ သွက်သွက်

လက်လက်နဲ့ ဦးဆောင်ကြရတာပေါ့ဗျာ။

သင်္ချိုင်းမှာ ကျင်းတူးတဲ့ အဖွဲ့ကတူးကြပေါ့

ဗျာ။ လူကြီးပိုင်းကတော့ လိုက်ပြီး ပြောပြ

ကြရတာပေါ့ဗျာ။ဘယ်နားမှာတူး၊ ဘယ်လို

တူးပေါ့ဗျာ။ နေချိုတာနဲ့ ပုဗ္ဗာရုံက ကျုပ်ဆ

ရာတော် ဦးဂုဏနဲ့ သံဃာတော်တွေ ကြွ

လာပြီး သရဏဂုံ တင်ကြတယ်။ ပြီးတာနဲ့

အသုဘချရတော့တာပေါ့ဗျာ။

 

ကျုပ်တို့ကာလသားတွေကတော့ မယား

ကြီး သေတာကို ရက်တောင်မထားဘဲ ချက်

ချင်းသင်္ဂြိုဟ်ရမလားဆိုပြီး ဘထွေးထွန်ကြည်

ကို အပြစ်ပြောကြတာပေါ့ဗျာ။ဒါပေမဲ့ လူ့လော

ကရဲ့ ဓမ္မတာမှာ ချီးမွမ်းခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်

ရက်ဆိုတဲ့ စကားရှိတာပဲလေဗျာ၊ရက်လောက်

ကြာတော့လည်း တိတ်သွားကြတာပါပဲလေ။

 

ဘာဖြစ်လို့တုံးဆိုတော့ လူ့လောကမှာက

နောက်ထပ် စိတ်ဝင်စားစရာ၊ ပြောစရာအ

ကြောင်းတွေက ရှိလာပြန်တာလေဗျာ။ အ

သစ်ပေါ်လာတဲ့အကြောင်းတွေကို ပြောကြ

ရတော့တာပေါ့ဗျာ။ ဘထွေးထွန်းကြည်က

တော့ သူ့ရဲ့ဒုတိယဇနီး မလှရီရယ်၊ မလှရီနဲ့

ရတဲ့ သမီးကလေး တစ်ယောက်ရယ်နဲ့ သူ့

အိမ်ထောင်က သာသာယာယာပါပဲ။ အရီး

မလှရီရဲ့ ပေါင်းလာတာ သားသမီးမရဘူးဗျ။

ဒုတိယ မလှရီနဲ့ကျမှ သားသမီးရတာ။ ဘ

ထွေးကလည်း အသက်ကြီးမှရတဲ့ သမီးလေး

ဆိုတော့ တုန်နေအောင်ကို ချစ်တာပေါ့ဗျာ။

 

ကလေးက အခုဆိုရင် ရှစ်နှစ် ကိုးနှစ်လောက်

တောင် ရှိပြီဗျ။နာမည်လေးကလည်း ချစ်စရာ

လေးပါ။ ခင်လဲ့ရီထွန်းတဲ့ဗျ။ မျက်နှာကလည်း

ချောချောလေးဗျ။ သူ့အမေ မလှရီကလည်း

မိန်းမချောလေဗျာ။

 

“အေးလေ၊ဝဋ်ဆိုတာ အမြဲတဲ့၊ငရဲဆိုတာ

အပတဲ့၊ သူလုပ်ရင် သူခံရမှာပေါ့ဟယ်၊

အောက်လမ်းနဲ့ ပေါင်းပြီး အရီးလှရီးကို

သတ်ရင် သူတို့လည်း အရီးလှရီလို ပြန်

ကြုံရမှာပါပဲ၊ ဒီဘဝမကြုံရင် နောက်ဘဝ

တွေ ကြုံမှာပေါ့ ”

 

ဆိုတဲ့ စကားနဲ့ ဘလေးထွန်းကြည်တို့အ

ကြောင်းကို ကျုပ်တို့ရွာသားတွေ အဆုံး

သတ်လိုက်ကြတယ်ဗျို့။ ဒါပေမဲ့ အရီး မ

လှရီ ဆုံးပြီး တစ်နှစ်ကြာတဲ့ အချိန်မှာ ဒီ

ကိစ္စ ပေါ်လာတော့တာပဲဗျာ။

 

“ကိုကြီး တာတေ၊ ကိုကြီးတာတေ”

 

ကျုပ်ဝိုင်းထဲက မန်ကျည်းပင်ကြီး အောက်

မှာ အိပ်မလို့ လုပ်နေတုန်း ဒီကောင် ရောက်

လာတာဗျ။ တောကျော်လေဗျာ။ဆရာတော့်

ကျောင်းသားလေးလေ။

 

“ဟေ့ကောင် တောကျော်၊ နေပူကြီးထဲ

ဘယ်သွားမလို့တုံး”

 

“ဘယ်မှာမသွားဘူး၊ ကိုကြီးတာတေဆီကို

လာတာဗျ။ ဆရာတော် လွှတ်လိုက်လို့၊ ဆ

ရာတော်က မှာလိုက်တယ်၊ အခု ချက်ချင်း

လိုကၡဲ့ပါတဲ့ ”

 

“ဟေ ဟုတ်လား၊ အေး အေး၊ငါလာခဲ့မယ်”

 

ကျုပ်က အိမ်ပေါ်တက်ပြီး အင်္ကျီလေးပု

ဆိုးလေး လဲလိုက်တယ်။ပြီးတော့ အဘနဲ့

အမေကို အကျိုးအကြောင်းပြောပြီး တော

ကျော်နဲ့အတူတူပဲ ဆရာတော့်ကျောင်းကို

ရောက်လာခဲ့တယ်ဗျ။ ဆရာတော့်ကျောင်း

ရှေ့မှာထိုင်နေတာ ဘထွေးထွန်းကြည်ဗျ။

ကျုပ်ကိုတွေ့တော့ ဘထွေးထွန်းကြည်က

ပြုံးပြီး နှုတ်ဆက်တယ်။ ကျုပ်တို့ရွာထဲက

လူငယ်တွေကတော့ ဘထွေးကို ခင်ကြပါ

တယ်ဗျာ။လူကြီးပိုင်းကသာ ဘထွေးကို အ

ပြစ်တင်ကြတာပါ။လူငယ်တွေကတော့ ဘာ

မှမပြောကြပါဘူး။ ပြီးတော့ ဘထွေးက ဆ

ရာတော်ရဲ့ ဒကာရင်းဗျ။ပစ္စည်း လေးပါးလှူ

တဲ့ ဒါယကာလေဗျာ။ကျုပ်က ဆရာတော်ကို

ဝတ်ဖြည့်ပြီး ဘထွေးကို နှုတ်ဆက်တယ်။

 

“ဘထွေး ပိန်သွားပါလားဗျ”

 

“ဟာ ပိန်ဆို စိတ်ဆင်းရဲတာကိုး တာတေ

ရဲ့၊ ညလည်း ကောင်းကောင်း အိပ်မပျော်

တာ ကြာပြီကွ”

 

“ဟင် ဟုတ်လား ဘလေး၊ ဘာရောဂါဖြစ်

လို့တုံး”

 

“ဟာ တာတေ၊ ဒကာကြီးမှာ ကိုယ်တွင်း

ရောဂါ မရှိပါဘူး၊ ပြင်ပရောဂါ ဖြစ်နေတာ

ပါ၊ ပြင်ပက နှောင့်ယှက်တဲ့ ပယောဂကို

ပြောတာပေါ့ကွာ”

 

ဆရာတော် ဦးဂုဏက ကျုပ်ကို ပြောတယ်။

ဆရာတော်ပြောတာကို ကျုပ်နားမလည်ဘူး

ဗျ။ ဆရာတော် ဘာကိုပြောချင်မှန်းကို ကျုပ်

မသိတာ။

 

“ဘုန်းဘုန်းပြောတာ မောင်တာတေ နား

လည်သလားကွဲ့”

 

“တပည့်တော် နားမလည်ဘူးဘုရာ့”

 

“အေး အေး၊ ဒါဆိုလည်း ဒကာကြီးပဲ မောင်

တာတေကို ပြောပြလိုက်ပါ”

 

ဆရာတော်က ဘထွေးထွန်းကြည်ကို ပြော

ခိုင်းလိုက်တယ်။

 

“ဒီလို မောင်တာတေရဲ့၊ ဘထွေးရဲ့ဇနီး

မလှရီ ဆုံးပါးသွားတာ ကိုးဆယ့်ခြောက်

ပါးရောဂါနဲ့ မဟုတ်ဘူးကွဲ့၊ ဘေးပယောဂ

တစ်ခုနဲ့ သေရတာ၊ သေတော့ ဗိုက်ကြီးက

ချပ်နေတယ်ကွ၊ ဒါနဲ့ ဘထွေးက မသင်္ကာ

လို့ သူကြီးကို တိတ်တိတ်အကြောင်း ကြား

ပြီး လူမသိအောင် တိတ်တိတ်ဗိုက်ခွဲကြည့်

တော့ မလှရီ ဗိုက်ထဲမှာ အူတွေ အသည်း

တွေ ဘာမှကို မရှိတော့ဘူးကွ၊ ဒါနဲ့ ဘထွေး

တို့ ချက်ချင်းပြန်ချုပ်ပြီး နေ့ချင်းသင်္ဂြုဟ်ပစ်

ခဲ့တာ။ မင်းတို့လူငယ်တွေပဲ အသုဘချပေး

ကြတာမို့လား။ မလှရီဆုံးတာ အခုဆိုရင်

တစ်နှစ်ရှိပြီ၊ဘထွေးတို့ လတိုင်း ဆရာတော်

ကိုပင့်ပြီး ဆွမ်းကပ်ပေးတယ်။မလှရီအတွက်

အလှူအတန်းလည်း အမြဲလုပ်ပြီး အမျှဝေပါ

တယ်။ တစ်နှစ်လုံးလုံးလည်း ချိုးကနဲ ချွတ်

ကနဲတောင် မကြားခဲ့ရပါဘူးကွယ်၊အခု တစ်

နှစ်ပြည့်တော့မှ အိမ်မှာ ဘာတွေ ဖြစ်တယ်

မသိပါဘူး မောင်တာတေရယ်၊ညဆိုရင် အိမ်

ထဲမှာ’ဒုန်း ဒုန်း’နဲ့ လမ်းလျှောက်သံတွေ ကြား

တဲ့အခါ ကြားရတယ်။ ပစ္စည်းတွေ တွန်းချလို

တွန်းချနဲ့ ဖြစ်နေတာ တစ်လလောက် ရှိပြီ

ပေါ့ကွယ်၊ပြီးခဲ့တဲ့ ညကတော့ ဘထွေးအိမ်

သာသွားတာ ဘထွေးမန်ကျည်းပင်အောက်

ရောက်တော့ ကျောကုန်းကို ဘုန်းကနဲရိုက်

တာ ခံလိုက်ရတယ် မောင်တာတေရဲ့”

 

“ဟာ၊ ဘထွေးရေ၊ အခြေအနေ တော်

တော်ဆိုးနေပြီပဲဗျာ”

 

“ဟုတ်တယ် မောင်တာတေ၊ ဒါကြောင့်ဘ

ထွေး ဆရာတော်ကို လာပြီးလျှောက်တာ

ပါကွာ၊ ဆရာတော်က ဒီလောက်ဆိုးလာ

ရင်တော့ မောင်တာတေကို ခေါ်ပြီး တိုင်

ပင်မှဖြစ်မယ်ဆိုပြီး ခေါ်ခိုင်းလိုက်တာကွ”

 

ကျုပ်တို့လူငယ်တွေက ဘထွေးကို ခင်ကြ

တယ်ဗျ။ ရပ်ရေးရွာရေးရှိလို့ ငွေလိုရင် ဘ

ထွေးကိုပဲ အားကိုးကြရတာဗျ။ ဘထွေးက

လည်း ကျုပ်တို့ လူငယ်တွေကို လွှတ်အား

ပေးတဲ့ လူဗျ။ ရပ်ရေးရွာရေးရှိရင် ရှေ့ဆုံး

ကနေ ငွေလာထည့်တဲ့လူပေါ့ဗျာ။

 

“ဘထွေးစိတ်ထဲမှာ ဘယ်လိုထင်တုံးဗျ”

 

“ဘထွေးစိတ်ထဲမှာတော့ အိမ်သာနားက

မန်ကျည်းပင်ကို တယ်ပြီး မသင်္ကာဘူး

ကွယ်၊ မလှရီ သေတုန်းကလည်း အဲဒီ မန်

ကျည်းပင်အောက်မှာ လန့်အော်ပြီး သေ

သွားတာ မောင်တာတေရဲ့၊ ဘထွေး ထင်

တာတော့ ဘထွေးကို ရိုက်လိုက်တာ အဲဒီ

မန်ကျည်းပင်ပေါ်က အကောင်တစ်ကောင်

က ရိုက်လိုက်တယ်လို့ ထင်တာပဲကွယ်”

 

“အဲဒါပဲ မောင်တာတေရေ၊ ဒကာကြီးတို့

မှာလည်း ဟိုအသံကြား ဒီအသံကြားနဲ့

ကောင်းကောင်းကို မအိပ်ကြရဘူးတဲ့ဟေ့၊

ဒီကြားထဲ လူကို ကိုယ်ထိလက်ရောက်

လုပ်လာပြီ ဆိုတော့ စိုးရိမ်စရာ ဖြစ်လာပြီ

ပေါ့ကွယ်၊ ဒကာမကြီး မလှရီကို လုပ်သ

လို လုပ်လိုက်မှာကို ဆရာတော်လည်း စိုး

ရိမ်တယ် မောင်တာတေ”

 

“ရွာထဲလူတွေ ထင်တာနဲ့ တခြားစီ ဖြစ်နေ

ပါလား”

 

“ဟေ…ဟုတ်လား၊ ရွာထဲကလူတွေက

ဘယ်လိုထင်ကြလို့တုံး မောင်တာတေရဲ့”

 

ဆရာတော်က ကျုပ်ကို မေးတာဗျ။ ဆရာ

တော် မေးတော့ ကျုပ်လည်း ဘယ်လိမ်ဝံ့

မှာတုံးဗျာ။ ပြောရတော့တာပေါ့။

 

“ဒီလိုပါဘုရား၊ ရွာထဲမှာ ပြောနေကြတာက

ဘထွေးနဲ့ ဒုတိယဇနီးက အောက်လမ်းနဲ့

ပေါင်းပြီး အရီးမလှရီကို လုပ်ကြံတယ်လို့

ထင်ကြ ပြောကြတာဘုရား”

 

ကျုပ်စကားကို ကြားတော့ ဘထွေးကို

ခေါင်းညိတ်ပြတယ်။ ပြီးတော့ ဆရာ

တော်ကို လျှောက်တယ်

 

“မောင်တာတေ ပြောတာ အမှန်ပါဘုရား၊

ဒီစကားတွေကို တပည့်တော်အားလုံးကြား

ပြီပါပြီဘုရား၊ ဒီအကြောင်းတွေကို တပည့်

တော် ဘယ်သူ့ကိုမှ ရှင်းမပြခဲ့ပါဘူးဘုရား၊

ဘယ်သူ့ကိုမှလည်း စိတ်မဆိုးပါဘူးဘုရား။

ဘာဖြစ်လို့တုံးဆိုတော့ တပည့်တော်ရဲ့ အ

ခြေအနေကလည်း ရွာထဲကလူတွေ တစ်မျိုး

တွေးချင်စရာ ဖြစ်နေတာကိုးဘုရား၊ ဒါပေမဲ့

တပည့်တော်ရဲ့ ဒုတိယဇနီးဟာ အင်မတန်

မှ စိတ်ထားကောင်းတဲ့ မိန်းမတစ်ယောက်

ပါဘုရား၊ ဒီလိုယုတ်မာတဲ့ အကျင့်အကြံမျိုး

ယောင်လို့တောင် မတွေးတတ်တဲ့သူပါဘု

ရား၊တပည့်တော်ကိုယ်တိုင်လည်း ကုသိုလ်၊

အကုသိုလ်ကို နားလည်တဲ့လူပါဘုရား၊ ပြီး

တော့ မလှရီအပေါ်မှာလည်း မေတ္တာ စေတ

နာ မပျက်ခဲ့ပါဘူးဘုရား၊ မလှရီကို အပေါ်

ကို နေနေသာသာ အနာတရ ဖြစ်အောင်

တောင် တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူးဘုရား”

 

“ကျုပ် ယုံကြည်ပါတယ် ဒကာကြီး၊ ကဲ

ဒီတော့ မောင်တာတေက မင်းဘထွေး

ထွန်းကြည်တို့ကိစ္စအတွက် သင့်တော်တဲ့

ဆရာသမား ရှာပေတော့ကွယ်၊ ခရီးထွက်

ဖို့ လိုတယ်ဆိုရင်လည်း ခရီးထွက်ပါ၊ အ

ဖော်တစ်ယောက် ခေါ်သွားပေါ့ကွယ်၊ လို

အပ်တဲ့ စရိတ်စကကို ဒကာကြီး ကိုထွန်း

ကြည်က ပေးပါလိမ့်မယ်”

 

“လိုတာအားလုံး မောင်တာတေပဲ ကြည့်စီ

ရင်ပါကွယ်၊ ဘထွေး မောင်တာတေကို အ

ကုန်အပ်ပါတယ်၊ လိုအပ်တဲ့ ငွေကြေး အ

တွက် ဘထွေး အားလုံး အကုန်အကျခံပါ

မယ် မောင်တာတေ”

 

ဆရာတော့်ကျောင်းက ပြန်လာတဲ့ အချိန်

ကတည်းက ကျုပ်လည်း မန်ကျည်းပင်

အောက်က ကွပ်ပျစ်မှာထိုင်ပြီး နဂါးဆေး

ပေါ့လိပ်ကလေးဖွာရင်း စဉ်းစားရတော့တာ

ပေါ့ဗျာ။ ဘထွေးထွန်းကြည်တို့ ဝိုင်းထဲက

အိမ်သာနားမှာ မန်ကျည်းပင်ကြီး တစ်ပင်

ရှိတယ်ဗျ။ဘထွေးကတော့ အဲဒီမန်ကျည်း

ပင်ကြီးကို သူ မသင်္ကာဘူးလို့ ပြောတာပဲ။

အဲဒီအပင်ပေါ်မှာ အကောင်တစ်ကောင်

ရောက်နေတယ်လို့ ထင်တယ်။ အရီးလှရီ

သေတာလည်း အဲဒီမန်ကျည်းပင်က အ

ကောင်သတ်ပြီး အူတွေ အသည်းတွေနှုတ်

စားသွားတယ်လို့ ထင်တယ်ဗျို့။

 

အခုလည်း တစ်နှစ်လောက်ရှိမှ တစ်စခန်းထ

လာပြန်တာ ဆိုတော့ နောက်တစ်ယောက်

များ စားချင်ပြန်သလားလို့ ကျုပ်တွေးကြည့်

မိရင်း တော်တော်စိတ်ပူသွားရောဗျာ။ဘထွေး

မှာက ချစ်စရာ သမီးလေးတစ်ယောက် ရှိနေ

တယ်လေဗျာ။မတော်လို့ ကလေးကိုများ လုပ်

လိုက်ရင် ဒုက္ခလို့ တွေးမိပြီး ကျုပ်တော်တော်

ကို စိတ်ပူသွားတာဗျ။ ကျုပ်ဆရာကြီးတွေကို

လိုက်ပင့်ရအောင်ကလည်း ဘယ်ရောက်လို့

ဘယ်ပေါက်နေမှန်းကို မသိတာ။

 

သူတို့မှာလည်း သူတို့အကြောင်းနဲ့ သူတို့ရှိ

နေကြတာလေဗျာ။ နောက်ဆုံးတော့ မဖဲဝါ

ကိုပင့်ဖို့ ကျုပ် ဆုံးဖြတ်လိုက်တယ်။ ကျုပ်

တောင်ပိုင်းကိုသွားပြီး ဘထွေးထွန်းကြည်

ကို အကျိုးအကြောင်း ပြောပြတယ်။ က

လေးကို ဘထွေး သံသယရှိတဲ့ မန်ကျည်း

ပင်အောက်ကို တစ်ယောက်တည်း မသွား

စေဖို့လည်း ကျုပ်သတိပေးလိုက်တယ်ဗျ။

ပြီးတော့ ဆရာကြီးတွေ ပင့်ဖို့ မလွယ်တဲ့အ

ကြောင်း ပြောပြီး လောလောဆယ် မဖဲဝါကို

ပင့်ပြီး မေးမယ်လို့ ပြောတော့ ဘထွေးက

ကျုပ်ကို ကြက်ဝယ်ဖို့ ထမင်း ဟင်းချက်ဖို့

ငွေထုတ်ပေးတယ်။ ကျုပ်လည်း ဘထွေး

အိမ်က ပြန်တာနဲ့ ကျောက်ခဲနဲ့ သံမဏိကို

တစ်ခါတည်း ဝင်ခေါ်လာခဲ့တယ်။ ဒီကောင်

တွေ ကြက်သွားဝယ်ပြီး ဝိုင်းထဲမှာ ထမင်း

ဟင်း ချက်ကြတယ်၊ ညနေစောင်းတော့

ထမင်းတောင်း အဆင်သင့်ဖြစ်ပြီ။ ညရှစ်

နာရီလောက်ရောက်တော့ ကျုပ်ရယ်၊

ကျောက်ခဲရယ်၊ သံမဏိရယ် ထနောင်း

ကုန်းသင်္ချိုင်းထဲကို ရောက်လာကြတယ်။

 

ကျုပ်က မျက်ကွင်းဆေးကွင်း၊ နားနှစ်

ဖက်ကိုပါ လိမ်းပြီး ဒိဗ္ဗသောတဂါထာကို

ရွတ်ထားလိုက်တယ်။ ဒါဆိုရင် အသံကိုပါ

ကြားရတာဗျ။ ဂူပေါ်မှာ ထမင်းပွဲပြင်ဆင်ပြီး

ဖယောင်းတိုင် မီးထွန်းလိုက်တယ်။ပြီးတာ

နဲ့ ကျုပ် မဖဲဝါကို ပင့်လိုက်တာပေါ့ဗျာ။

 

“အရှေ့နေထွက်၊ အနောက်နေဝင်၊ တောင်

တံငါ့ကွန်၊ မြောက်ဓူဝံအတွင်း၊ ရောက်ရာအ

ရပ်၊ ရောက်ရာနေရာကနေ သင်္ချိုင်းရှင်မ မ

ဖဲဝါ ကြွရောက်ခဲ့ပါဗျာ၊ ကျုပ်တာတေက ထ

နောင်းကုန်း သင်္ချိုင်းထဲကနေ မဖဲဝါကို ပင့်

ဖိတ်ပါတယ်၊ စားပွဲသောက်ပွဲနဲ့ ကြိုလို့ပေါ့ဗျာ

အခုချက်ချင်း ကြွခဲ့ပါ၊ သင်္ချိုင်းရှင်မကြီးဗျာ”

 

“ဝူး၊ ဝူး၊ ဝူး၊ ဝူး ၊ အီ၊ အီ၊ အီ”

 

ဟော နက်ကျော်ကြီး အသံဗျို့။ မဖဲဝါက ဒီ

နီးနီးနားနားမှာကို ရှိနေတာပဲ။ဒါကြောင့် နက်

ကျော်ကြီး အသံကို ကျုပ် ချက်ချင်း ကြားရ

တာဗျ။ ကျောက်ခဲနဲ့ သံမဏိကတော့ ကျုပ်

နောက်က လိုက်နေကျကောင်တွေဆိုတော့

ဒါတွေ ရိုးနေပြီပေါ့ဗျာ။

 

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

 

ဟာ …နီးလာပြီဗျို့၊ နီးလာပြီ။ဟော ဂူတွေ

ပေါ်ကနေ ရွေ့လာတာဗျ။ လေထဲမှာ ရွေ့

လာတာ၊ ရိပ်ကနဲ ရိပ်ကနဲပါပဲဗျာ၊ ဒီတစ်ခါ

တွေ့တော့ မဖဲဝါထမီအနက်ကြီးတစ်ထည်

ရင်လျားလို့ဗျ။ ဆံပင်ကြီး ဖားလျားချထား

တယ်။ မျက်လုံးနီနီကြီးတွေက အကြမ်းပန်

ကန်လုံးကြီးတွေလောက် ရှိတယ်ဗျို့။အရပ်

ကြီး ဆယ်ပေလောက်ကျော်လောက် ရှိမယ်

ဗျ။ဂူကြီးပေါ်မှာ ဒူးကြီးတွေထောင်ပြီး ထမင်း

ပွဲကို ငုံ့ကြည့်တယ်ဗျ။ပြီးတော့ ခေါင်းကို သုံး

လေးချက် ညိတ်လိုက်တယ်။ ပြီးတာနဲ့ စပြီး

စားတော့တာပဲဗျာ။ မဖဲဝါစားရင် အမြဲတမ်း

ကျုပ် သတိထားမိတယ်။

 

အရိုးတွေ ဘယ်တော့မှ ထွေးမထုတ်ဘူး

ဗျ။အရိုးတွေပါ ဝါးပြီး စားပစ်တာဗျ။ မဖဲဝါ

စားသောက်နေတာကို ကျုပ်ကတော့ တွေ့

ရတာပေါ့။ကျောက်ခဲတို့ သံမဏိတို့ကတော့

ဘယ်မြင်မှာတုံးဗျာ။နက်ကျော်ကြီးက မဖဲဝါ

စားနေတဲ့ ဂူဘေးမှာ ငုတ်တုတ်ကြီးထိုင်လို့

ဗျ။ နည်းတဲ့အကောင်ကြီး မဟုတ်ပါဘူးဗျာ။

မဖဲဝါကလည်း ထမင်းစားရင်း ဟင်းတုံးတွေ

ကို နက်ကျော်ကြီးဆီ ပစ်ပစ်ကျွေးသေးတာ

ဗျ။ မဖဲဝါ ပစ်ကျွေးတဲ့ ဟင်းတုံးတွေကို နက်

ကျော်က အငမ်းမရ ကောက်စားတာဗျို့။

 

ကျုပ်ကလည်း ဘထွေးထွန်းကြည် ပေး

လိုက်တဲ့ ငွေပေါပေါနဲ့ ကြက်သုံးပိဿာကို

ချက်ထားတာ၊ ကြက်သုံးကောင်ဗျ။ အမေ့

ဆီက အကြီးဆုံးအိုးကြီးနဲ့ကို ချက်ရတာ။

မဖဲဝါရော နက်ကျော်ရော စားလိုက်ကြတာ

ဗျာ။ ဟော ပြီးသွားပြီဗျို့။ ထမင်းရော ဟင်း

ရော ကုန်ကိုသွားတာဗျာ၊ ဟော လက်ဆေး

ပြီး ရေသောက်ပြီဗျို့။ ကျုပ်ကို လှမ်းကြည့်

ပြီး မေးဆတ်ပြတယ်။မေးတာလေဗျာ၊ကျုပ်

ကိစ္စကို မေးတာဗျ။

 

“မဖဲဝါ ကျုပ်တို့ ထနောင်းကုန်းတောင်ပိုင်း

မှာနေတဲ့ ဘထွေးထွန်းကြည်တို့ဝိုင်းထဲမှာ…”

 

ကျုပ်က စကားစရုံရှိသေးတယ်၊ မဖဲဝါက

လက်နှစ်ချောင်း ထောင်ပြတယ်။

 

“ဟုတ် ဟုတ်ပါတယ် မဖဲဝါ၊ မယားနှစ်

ယောက်နဲ့ပါ၊ အဲဒါ ပထမ မယားက အူ

တွေ အသည်းတွေ မရှိတော့ဘဲ သေ

သွားတာ တစ်နှစ် ရှိပြီဗျ”

 

ကျုပ်ပြောတာကို မဖဲဝါက ခေါင်းညိတ်

ပြတယ်။

 

“အဲဒါ အခု ဘထွေးအိမ်မှာ ဝုန်းဒိုင်းကျဲပြီး

ဟိုနေ့က ဘထွေးကိုလည်း ကျောကုန်းကို

အုန်းကနဲ ရိုက်လိုက်တယ်ဗျ မဖဲဝါရဲ့၊ အဲ

ဒါ နောက်ထပ် လူထပ်သတ်မှာ စိုးရိမ်လို့

ပါဗျာ”

 

“ဟဲ့ တာတေ၊ အဲဒါ လှရီ သရဲမဟဲ့”

 

“ဗျာ…အရီးလှရီ ဟုတ်လား မဖဲဝါ၊ ဖြစ်မှ

ဖြစ်ရလေဗျာ”

 

“နင်တို့က လှရီကို အကောင်းထင်နေကြ

တာကိုး၊ လှရီက အောက်လမ်း ဆရာကို

ငွေပေးပြီး သရဲတစ်ကောင်မွေးတာဟဲ့။

ထွန်းကြည် မယားငယ်ကို သတ်ဖို့ကြံတာ၊

သရဲကို အစာကျွေးတာ ရက်မမှန်လို့ သူ

မွေးတဲ့သရဲက သူ့ကို ပြန်သတ်ပြီး သူ့အူ

တွေ အသည်းတွေကို ထုတ်စားသွားတာ

တာတေရဲ့”

 

“ဟာ …ကျုပ်ဖြင့် ထင်ကို မထင်တာပါဗျာ”

 

“အဲဒီအကောင်ကြီးနေရာမှာ လှရီက ဝင်

နေရတာ၊ ဟိုသရဲက မရှိတော့ဘူး ထွက်

သွားပြီ၊ မန်ကျည်းပင်မှာ လှရီက သရဲမ

ကြီးဖြစ်ပြီး ကျန်ခဲ့တာဟေ့၊ အခု သူကိုယ်

တိုင် သရဲမဖြစ်တော့ ထွန်းကြည်ကိုရော

မယားငယ်ကိုပါ သတ်ဖို့ ကြံနေတာဟေ့

သိပြီလား၊ သူ့ရဲ့လက်ဝတ်လက်စားတွေ

ကို ထွန်းကြည်က သူ့မယားငယ်ကို ဆင်

ထားတော့ လှရီသရဲမက ပိုပြီးစိတ်နာလာ

လို့ အိမ်ထဲမှာ ဝိုင်းဒိုင်းကျဲနေတာဟေ့

တာတေရဲ့”

 

“အဲဒါ ဘယ်လိုရှင်းရမှာတုံးဗျာ”

 

“နင် မပူနဲ့ တာတေ၊ သန်ဘက်ခါဆိုရင်

နင့်ဆရာ ဘိုးလူပေ ရောက်လာလိမ့်မယ်”

 

“ဗျာ၊ ဟုတ်လား မဖဲဝါ၊ ဘိုးလူပေ လာမယ်

ဟုတ်လား”

 

မဖဲဝါက ကျုပ်မေးတာကို ဘာမှပြန်မပြော

တော့ဘူးဗျ။ ဒီမှာတင် ကျုပ်က မဖဲဝါကို

မေးလိုက်တယ်။

 

“မဖဲဝါ ကျုပ် တစ်ခုမေးပါရစေဗျာ၊ အရီးလှ

ရီကို ဘိုးလူပေ မပါဘဲ မဖဲဝါအမိန့်နဲ့ ခေါ်

ထုတ်သွားရင် မရဘူးလား”

 

“တာတေ၊ လှရီသရဲမက အစွဲတွေရော၊ရန်

ငြိုးတွေရော အင်မတန်ကြီးတာဟဲ့၊ သူက

ထွန်းကြည်ကို မပြောသာလို့ မပြောခဲ့ပေမဲ့

စိတ်ထဲက နည်းနည်းမှကို မကျေနပ်တာ

မဟုတ်ဘူး။ ဒီလင်မယားကို သေကြောင်း

ကြံဖို့ အမြဲစိတ်ကူးနေတာ၊ ကလေးရော

လင်မယားနှစ်ယောက်စလုံးရော သတ်ပစ်

ပြီး ပစ္စည်းတွေ အကုန်လုံး အပိုင်စီးဖို့ အ

ကြံနဲ့ သရဲကြီးတစ်ကောင်ကို မန်ကျည်း

ပင်မှာ နေခိုင်းပြီး တိတ်တိတ်ကလေး အ

မဲသားအစိမ်းတွေ ကျွေးနေတာ။ သရဲကို

သူတော်တော်ပိုင်လာပြီ။ အဲဒီအချိန်မှာ

သူကျွေးရမယ့်ရက်ကို သတိမေ့ပြီး တစ်

ရက်ပဲ ကျော်သွားတာ၊ သူမွေးတဲ့ သရဲက

ဒေါသပုန်ထပြီး လှရီကို အူနှုတ်စားပစ်တာ

ဟဲ့။ဒီကောင်မလှရီသရဲမက ပစ္စည်းစွဲရော၊

ရန်ငြိုးတွေ၊ ဒေါသတွေရောနဲ့ကို မိသားစု

ကို သတ်ဖို့ ကြိုးစားနေတာ၊ နိုင်နင်းတဲ့ ဆ

ရာနဲ့မှ အဲဒီနေရာကနေ ဆွဲထုတ်လို့ရမှာ၊ဒီ

အတိုင်းကတော့ ရမှာမဟုတ်ဘူး တာတေ”

 

“သြော်…ဒီကိုကိုး၊ ကျုပ် သိပြီ မဖဲဝါ၊

ဘိုးလူပေအလာကို ကျုပ်စောင့်ပါမယ်”

 

မဖဲဝါလည်း ပြန်သွားရော ကျုပ်တို့လည်း

ပြန်ခဲ့ကြတာပေါ့ဗျာ။နောက်တစ်နေ့ရောက်

တော့ ဘထွေးထွန်းကြည်ကို ဆရာတော့်

ကျောင်းလာခဲ့ဖို့ လူလွှတ်ခေါ်ခိုင်းပြီး ဆရာ

တော့်ရှေ့မှာတင် အကျိုးအကြောင်း ပြော

ပြလိုက်ရတယ်။ ကျုပ်ပြောတာ ကြားတော့

ဘထွေးက အံ့သြလွန်းလို့ ပါးစပ်ဟောင်း

လောင်းတောင် ဖြစ်သွားတယ်ဗျို့။

 

“ဟုတ်ရဲ့လား မောင်တာတေရယ်၊ ကျုပ်

မိန်းမ မလှရီ ဆိုတာ ဟုတ်ရဲ့လားကွ”

 

“ဟုတ်ရဲ့လား မောင်တာတေရယ်၊ ကျုပ်

မိန်းမ လှရီဆိုတာ ဟုတ်ရဲ့လားကွ”

 

လို့ ကျုပ်ကို ပြန်မေးတယ်ဗျ။

 

“ဘထွေး ကျုပ် မဖဲဝါကို ပင့်ပြီး မေးခဲ့မယ်၊

မဖဲဝါပြောတာ လွဲစရာမရှိပါဘူး ဘထွေးရာ”

 

ဘထွေး ငြိမ်သွားရောဗျို့။ဆရာတော်ကိုယ်

တိုင်လည်း အံ့သြလွန်းလို့ ဘာပြောရမှန်း

တောင် မသိသလို ဖြစ်သွားတာပေါ့ဗျာ။

 

“ဒါဆို ဒကာကြီး၊ ကျုပ် တစ်ခု လုပ်ကြည့်

ချင်သေးတယ်”

 

“မှန်လှပါ၊ မိန့်ပါဘုရား၊ တပည့်တော်

တော့ ခေါင်းတွေ ပူထူပြီး ဘာလုပ်ရမှန်း

မသိတော့ပါဘူးဘုရား”

 

“မနက်ဖြန် အရုဏ်ဆွမ်းကပ် ဒကာကြီး

ရာ၊ ကျုပ်နဲ့ သံဃာလေးပါး ပေါင်း ငါးပါး

ပင့်ပေါ့၊ ဒကာမကြီး မလှရီကို ရည်စူးပြီး

ကပ်ပါ၊ ကျုပ်က ဒကာမကြီးကို ခေါ်ပြီး

တရားဟောပါ့မယ်၊ ဒကာမကြီးက ကျုပ်

ဟောတဲ့ တရားကို နာရတာ ရင်ထဲအေး

လိုက်တာလို့ ကျုပ်ကို လျှောက်ဖူးတယ်ဗျ”

 

“ကောင်းပါပြီဘုရား၊ဒါဆိုရင် တပည့်တော်

အခုပဲ ပြန်ပြီး အိမ်မှာ ဆွမ်းချက်ဖို့ စီစဉ်

လိုက်ပါမယ်၊သင်္ကန်းလည်း ဝယ်ခိုင်းလိုက်

မယ်ဘုရား”

 

“အေး ကောင်းတယ် ဒကာကြီး၊ ပြန် ပြန်”

 

လို့ ဆရာတော်က မိန့်လိုက်တော့ ဘထွေး

ထွန်းကြည် ပြန်သွားတယ်ဗျ။

 

“တာတေ၊ မင်း ဘယ်လိုလုပ်မယ် စိတ်ကူး

ထားတုံး”

 

“ဆရာတော်ဘုရား၊ သန်ဘက်ခါလောက်

ဆိုရင် ဆရာကြီး ဘိုးလူပေ ကြွလာမယ်

လို့ မဖဲဝါ ပြောလိုက်ပါတယ်ဘုရား၊ အဲဒီ

တော့မှ ဆရာကြီးကို အကျိုးအကြောင်း

ပြောမယ်လို့ တပည့်တော် စိတ်ကူးထား

ပါတယ်ဘုရား”

 

“အေးလေ၊ ဆရာဆိုတာကတော့ သူ့ပညာ

နဲ့ ကြိမ်းမောင်းနှင်ထုတ်မှာပေါ့လေ၊ ခဏ

နေပါဦး တာတေရာ၊ ဒကာမကြီး မလှရီက

ဆရာတော့် ဆွမ်းဒကာမကြီးပါ၊ဒကာမကြီး

ဒီဘဝ ရောက်တာကို ဆရာတော် တော်

တော်ကို စိတ်မကောင်း ဖြစ်မိတယ်ကွယ်၊

ဆရာတော် ကြိုးစားပြီး ကျွတ်လွတ်အောင်

လုပ်ကြည့်ချင်သေးတယ်”

 

“မှန်လှပါဘုရား”

 

ကျုပ်လည်း အိမ်ပြန်လာခဲ့တယ်။ အဲဒီည

က ကျုပ်နဲ့ ကာလသားတစ်ချို့ ဘထွေး

ထွန်းကြည်အိမ်မှာ ဝိုင်းပြီး ချက်ကြပြုတ်

ကြနဲ့ ကူလုပ်ရင်း အိပ်လိုက်တယ်။

 

“ဟား၊ ဟား၊ ဟား၊ ဟား၊ ဟား”

 

ရယ်သံကြီးဗျ၊ ညသန်းခေါင်ကျော်လောက်

မှာ ကြားရတာ။ ကျုပ်တို့အားလုံး တုံးလုံး

လှဲပြီး မှေးနေရာကနေ ချက်ချင်း ထထိုင်

လိုက်ကြတယ်

 

“ဟား၊ ဟား၊ ဟား၊ ဟား၊ ဟား”

 

ဟော ရယ်သံကြီး ထပ်ပေါ်လာပြန်ပြီဗျို့။

အိမ်နောက်ဘက်ကဗျ။

 

“တာတေ၊ ဒါ မီးဖိုချောင်ထဲက အသံလား”

 

ပုရစ်က မေးတာဗျ။ ဒီကောင်က နဂိုက

တည်းကမှ မျက်လုံးက ပြူးပြူးလေဗျာ။

အခု ကြောက်နေတော့ မျက်လုံးကြီးတွေ

က ပိုပြီးပြူးနေသလိုပါပဲဗျာ။

 

“ဟေ့ကောင် ပုရစ်၊ မင်းမျက်လုံးကြီးတွေ

နည်းနည်းမှေးထားစမ်းကွာ၊ အရေးထဲမှာ

မင်းမျက်လုံးတွေ တွေ့ရတာ ပိုပြီး

ကြောက်လာပြီကွ”

 

ဟန်တင့်က ပုရစ်ကို ပြောတာဗျ။အားလုံး

က နားတွေစွင့်နေကြတာ။ ဘထွေးတို့ မိ

သားစုလည်း နားထောင်နေကြတာပေါ့ဗျာ

ချက်တဲ့ပြုတ်တဲ့ လူတွေလည်း အားလုံး

တွေပြီး နားထောင်နေကြတာဗျို့။

 

“ဟား၊ ဟား၊ ဟား ၊ ဟား၊ ဟား”

 

ရယ်သံကြီး ထပ်ပေါ်လာပြန်ပြီဗျို့။ ဒီတစ်

ခါတော့ ကျုပ်မှန်းမိသွားပြီဗျ။ ဒါ အိမ်သာ

နားက မန်ကျည်းပင်ကြီးပေါ်က အသံပဲ။

 

“ဟား၊ ဟား၊ ဟား၊ အကုန်လုံး သတ်မယ်”

 

အို…ဘယ်လိုအသံကြီးပါလိမ့်ဗျာ။ ယော

က်ျားသံလား၊ မိန်းမသံလား ဆိုတာတောင်

ခွဲလို့မရဘူးဗျ။ နောက်ထပ်တော့ မကြား

တော့ဘူးဗျ။ ကျုပ်က လူတွေ အိမ်နောက်

ဘက်ကို မသွားဖို့ သတိပေးလိုက်တယ်။

မန်ကျည်းပင်ကြီးနားကို လုံးဝမကပ်ဖို့

လည်း ထပ်ပြောလိုက်တယ်။

 

ကျုပ် မနက်စောစော သံဃာတွေ မကြွ

ခင်အိမ်ပြန်ပြီး မျက်ကွင်းဆေး ကွင်းလိုက်

တယ်။ကျုပ် ပြန်ရောက်တော့ ဆရာတော်

နဲ့ သံဃာတွေတောင် ဆွမ်းဘုဉ်းနေကြပြီ

ဗျ။ ဘထွေးက ညက ကြားတဲ့ အသံကြီး

အကြောင်း ဆရာတော်ကို ခပ်တိုးတိုး

လျှောက်နေတယ်ဗျ။

 

ဆရာတော်ကတော့ ဘာမှမပြောဘဲ ခေါင်း

ပဲ ညိတ်ပြတယ်။ မျက်နှာတော့ တော်တော်

ကို မကောင်းတာဗျ။ဆရာတော်က အလွတ်

လာတာတော့ မဟုတ်ဘူးဗျို့။ ဆရာတော်

ထိုင်တဲ့ နောက်တည့်တည့်က ဘုရားခန်း

မှန်မှာ သစ်စုန်းတောင်ဝှေး ထောင်ထား

တယ်ဗျ။ ဆရာတော် သစ်စုန်းတောင်ဝှေး

ယူလာတာပဲ။ ခင်ဗျား မှတ်မိသေးလား။

 

ဆရာစိုင်းနွံဖက ကျုပ် နှုတ်ပေးခဲ့တဲ့ သစ်

စုန်းပင်ကနေ ဆရာတော်အတွက် တောင်

ဝှေးတစ်ချောင်းနဲ့ ကျုပ်အတွက် သစ်စုန်း

ဆေးတောင့်တစ်တောင့် ပေးခဲ့တာလေဗျာ

(ကိုယ်တွေ့မဖဲဝါ စာအုပ်ထဲက မျက်ကွင်း

ဆေးဝတ္ထုမှာ ပြန်ဖတ်ကြည့်ဗျာ)ဆွမ်းတွေ

ဘာတွေ ဘုဉ်းပြီးတော့ ဆရာတော်ကို သ

င်္ကန်းလှူတယ်။

 

“ကဲ ဒကာတို့၊ ဒကာမတို့ နောက်ကို နည်း

နည်းဆုတ်ထိုင်ကြ၊ ကျုပ် ဒကာမကြီး

မလှရီကို တရားနာဖို့ ခေါ်မလို့ ”

 

လူတွေအားလုံးက နောက်ကို ဆုတ်သွား

ကြတယ်။ ဘထွေးထွန်းကြည်နဲ့ သူ့မိန်းမ

မလှရီက ရှေ့မှာ ထိုင်နေကြတယ်။ ရေ

စက်ချဖို့ပေါ့ဗျာ။

 

“ဒကာမကြီး ဒေါ်လှရီ ရောက်ရာ နေရာဌာ

န၊ ဘုံဘဝကနေ ဒီနေရာ ဒီဌာနကို အခု

ချက်ချင်း လာပါ၊ ဆရာတော် ဟောတဲ့ တ

ရားကို နာယူပြီး သာဓုအနုမောဒနာခေါ်ဆို

ဖို့ လာခဲ့ပါ၊ ဒီနေ့ လှူဒါန်းတဲ့ အလှူဟာ ဒ

ကာမကြီးကို ရည်စူးပြီး ဒကာမကြီးရဲ့ ခင်

ပွန်းဟောင်းက လှူဒါန်းတဲ့ အလှူဖြစ်ပါ

တယ်၊ အလှူရှင်ဖြစ်တဲ့ ဒကာမကြီး ကြွ

ရောက်ဖို့ လိုပါတယ်”

 

“ဝုန်း”

 

“ဟဲ့ သောက်ခွေး” “ဟဲ့ ကလမကြွ”

 

ဟာ ဘထွေးရဲ့ ဒုတိယဇနီး မလှရီကို ဝင်

ပူးတာဗျို့။ မလှရီက အသားတွေ တဆတ်

ဆတ်တုန်ပြီး ကြမ်းပြင်ကို လက်ဝါးနဲ့ ‘ဝုန်း’

ကနဲ ရိုက်ချလိုက်တာဗျ။ လူတွေဆိုတာဗျာ

လန့်ပြီး အော်လိုက်ကြတာ မပြောပါနဲ့တော့

ဗျာ။ အိမ်ထဲမှာ ဆူညံသွားရောဗျို့။

 

“အခု ရောက်လာတာ ဘယ်သူတုံး၊ ဒကာ

မကြီး ဒေါ်လှရီ ဟုတ်ရဲ့လား”

 

ကျုပ် ဆတ်ကနဲ လှည့်ကြည့်လိုက်ကတည်း

က မြင်နေပြီးသားဗျ။ ခေါင်းက ဆံပင်ကြီးက

ဖားလျားကြီးဗျ။မျက်နှာကြီးပေါ်မှာ အက်ကွဲ

နေတဲ့ အရာကြီးတွေနဲ့ပါဗျာ။ မျက်လုံးကြီး

တွေက အပြင်ကို ကျွတ်ထွက်တော့မလိုကို

ပြူးနေတာဗျ။ လက်မှာလည်း လက်သည်း

ရှည်ကြီးတွေက တိရစ္ဆာန်လက်သည်းတွေ

လိုပဲဗျာ။ အရွယ်အစားက လူထက် နှစ်ဆ

လောက် ရှိဆလောက် ရှိတယ်။

 

ပါးစပ်ကြီးကလည်း လူပါးစပ်ထက် အများ

ကြီး ပိုကျယ်တယ်။ ပါးစပ်ထဲက လျှာနီနီရဲ

ရဲကြီးက အထဲဝင်သွားလိုက်၊ တွဲလောင်း

ကြီး ကျနေလိုက်နဲ့ ကျုပ်တောင် လန့်ပြီး

နောက်ကို မသိမသာ ဆုတ်လိုက်မိတယ်။

ကျုပ်က ဆရာတော့်အနားမှာ ထိုင်နေရ

တာဗျာ။ ဆရာတော် ထိုင်ခိုင်းထားတာဗျ။

တခြားလူတွေကတော့ သရဲမ ဒေါ်လှရီကို မတွေ့ရဘူးပေါ့ဗျာ။သူတို့ကတော့ အသား

တဆတ်ဆတ် တုန်နေတဲ့ မလှရီကိုမြင်ကြ

တာပေါ့၊ ဆရာတော်ကိုယ်တိုင်လည်း မလှ

ရီကိုပဲမြင်မှာပဲပေါ့၊ကျုပ်ကတော့ မျက်ကွင်း

ဆေး ကွင်းထားတာကိုးဗျ။

 

“ဒကာမကြီး ဒေါ်လှရီဆိုရင် ဆရာတော့်

စကားကို နားထောင်ပါ”

 

“လှရီ ဟုတ်တယ်၊ နားမထောင်ဘူး၊ ဒင်း

တို့ အကုန်လုံးကို သတ်တော့မှာ၊ဒီအချိန်

ထိ စောင့်နေရတာ၊ ဒီအကောင် လှူတဲ့

အလှူကိုလည်း သာဓုမခေါ်ချင်ဘူး၊ ဒီအ

ကောင်ကို အရင်သတ်မယ်၊ ပြီးရင် ဟော

ဒီကောင်မကို ဟောဒီလို ဟောဒီလို”

 

“ဒုန်း” “ဒုန်း” “ဟာ” “ဆွဲကြပါဦး”

 

မလှရီက သူ့နဖူးကို ကြမ်းပြင်နဲ့ ‘ဒုန်း’ကနဲ

‘ဒုန်း’ကနဲ မြည်အောင် ကုန်းပြီး ဆောင့်

တာဗျ။တကယ်တော့ မလှရီ ဆောင့်တာ

ဘယ်ဟုတ်မှာတုံးဗျာ။ သရဲမကြီး ဒေါ်လှ

ရီက ဆောင့်နေတာပေါ့။

 

“ပြီးတော့ ဟောဒီလို ဆံပင်ဆွဲပြီး ပါးကို

ဟောဒီလို ဟောဒီလို ချမယ်”

 

“ဖျန်း၊ ဖျန်း၊ ဖျန်း”

 

“အောင်မယ်လေး ဆွဲကြပါတော့၊ လှရီ

လေး သေသွားပါတော့မယ်၊ ဟဲ့ တာ

တေ၊ နင် ဘာလုပ်နေတာတုံး ဆွဲလေ”

 

မလှရီက သူ့ဆံပင်သူဆွဲပြီး သူ့ပါးကို သူ့

လက်နဲ့ တဖျန်းဖျန်း ရိုက်နေတာဗျို့။ ဘ

ထွေးက ချက်ချင်းထပြီး မလှရီကို ချုပ်

ထားတယ်

 

“ဟဲ့ အလှ၊ အလှ၊ သတိထားလေ၊

သတိထားလေ”

 

“ဘာအလှတုံး၊ ကဲဟာ၊ ခွေးကြီး နင် အရင်

သေရမယ် ကဲဟာ”

 

မလှရီကို ချုပ်ထားတဲ့ ဘထွေးကို ဆောင့်

တွန်းပစ်လိုက်တာ ဘထွေးဆိုတာ နောက်

ကို လန်ကျသွားရောဗျို့။ဘထွေးက လူလုံး

လူထည်ကြီးကြီး ထွားထွားကျိုင်းကျိုင်းလူ

ဗျ။ဒါကိုတောင် လွင့်ထွက်သွားအောင်တွန်း

ပစ်နိုင်တဲ့အားက နည်းတာ မှတ်လို့ဗျာ။ အ

ရီးမလှရီ သေတာ တစ်နှစ်ရှိပြီဗျ။ တစ်နှစ်

အတွင်းမှာ ဒီလောက် အကောင်ကြီး ကြီးပြီး

အားတွေ တအားသန်သွားတာပဲကိုး။

 

“တာတေ၊ ရော့ သစ်စုန်းတောင်ဝှေးနဲ့

ထိန်းတော့ မရတော့ဘူး”

 

ဆရာတော်က ဘုရားခန်းမှာ မှီထားတဲ့ သစ်စုန်းဆေးတောင်ဝှေးကို ယူပြီး ကျုပ်

လက်ထဲကို ထည့်လိုက်တယ်။ဆရာတော်

ဆရာတော်က ရဟန်းဝိနည်းရှိတော့ ဘာမှ

မလုပ်ဘူးပေါ့ဗျာ။ ကျုပ်က သစ်စုန်းတောင်

ဝှေးကိုယူပြီး သရဲမကြီးရဲ့ခေါင်းပေါ်မှာ ဝှေ့

ရမ်းလိုက်ရောဗျို့။

 

“အောင်မယ်လေး၊ ကြောက်ပါပြီဘုရား၊

ကြောက်ပါပြီ”

 

ချက်ချင်းကို ထပြီးအော်တော့တာဗျို့။အော်

တဲ့အသံကြီးကလည်း ကြောက်စရာကြီးပါ

ဗျာ။ အသံကွဲကွဲကြီးနဲ့ လူသံနဲ့လည်း မတူ

ဘူးဗျ။ တိရစ္ဆာန်တစ်ကောင်ရဲ့ အသံလိုမျိုး

ကြီးပေါ့ဗျာ။သစ်စုန်းတောင်ဝှေးကိုင်ပြီး ရပ်

နေတဲ့ ကျုပ်ကို မျက်လုံးပြူးပြူးကြီးနဲ့ တစ်

ချက်လှန်ကြည့်ပြီး…

 

“တာတေ အရီးပါဟဲ့၊ အရီးပါ၊ အဲဒီဟာကြီး

ဘေးကို ဖယ်လိုက်ပါ၊ အရီး အနေခက်လွန်း

လို့ပါ၊ နင် မသိဘူးနော် တာတေ၊ဒီအကောင်

ထွန်းကြည် ငါ့အပေါ်မှာ ဘယ်လောက်ရက်

စက်တယ်ဆိုတာ နင် မသိဘူးဟဲ့၊ ဟီး၊ ဟီး”

 

ဟာ သရဲမကြီး ငိုပြီဗျို့။

 

“ငါ့မှာ ကြိတ်မှိတ်ခံခဲ့ရတာ၊ မယားငယ်လေး

ကို အိမ်ပေါ်ခေါ်တင်လာပြီး ငါရှေ့မှာ ပလူး

ပလဲလုပ်နေတာ၊ ငါ့အသည်းတွေ နှလုံးတွေ

ကို ဓါးနဲ့ မွှန်းနေသလိုကို ငါခံရတာ၊ နောက်

ဆုံး မခံနိုင်တော့ အစွမ်းထက်တဲ့ ဆရာတစ်

ယောက်ကို ကြိတ်ရှာပြီး ငွေပုံပေး၊ သရဲ အ

ကောင်ကြီးတစ်ကောင် ရှာခိုင်း၊ မန်ကျည်း

ပင်ပေါ် တင်ထားပြီး အစာမှန်မှန်ကျွေးထား

တယ်။ဒင်းတို့သုံးယောက်စလုံးကို သတ်ပြီး

အပြတ်ရှင်းဖို့ ငါကြံခဲ့တာ၊ဒါပေမဲ့ ငါမွေးတဲ့

သရဲက သူ့ကိုအစာကျွေးဖို့ တစ်ရက်က

လေး ကျော်သွားတာနဲ့ ငါ့ကို အူတွေ အ

သည်းတွေ နှုတ်ပြီး စားသွားတယ်။သူ့နေ

ရာကို ငါဝင်ရတယ်။ ဒါကြောင့် ငါ့မှာ ချက်

ချင်း ဒီလိုသရဲမကြီး ဖြစ်ခဲ့ရတာလေ၊ ဒါပေ

မဲ့ ငါ ဝမ်းမနည်းဘူး၊ ဒင်းတို့ကို ငါ့လက်နဲ့

ကိုယ်တိုင်ကိုယ်ကျ သတ်ရမှာဆိုလို့ ဝမ်း

တောင်သာသေးတယ်၊ အခု ငါသတ်နိုင်

တဲ့ အချိန်ရောက်ပြီ၊ ငါ့ကိုလည်း အလှည့်

ပေးကြပါဦး တာတေရယ်၊ အရီး ခံခဲ့ရတာ

တွေကို တွေးကြည့်ပါဦး သတ်မယ် သတ်

မယ်”

 

ဟာ ပြောရင်းကနေ သရဲမကြီး ဒေါသ

တွေ ပေါက်ကွဲပြီး ထအော်ပြန်ရောဗျို့။

 

“တာတေ၊ သူ့နေရာ ပြန်ခိုင်းလိုက်တော့”

 

ကျုပ်က သရဲမကြီးရဲ့ခေါင်းကို သစ်စုန်း

ဆေးတောင်ဝှေးနဲ့ ခပ်ဖြည်းဖြည်း ခေါက်

လိုက်တယ်

 

“အောင်မလေး၊ မလုပ်ပါနဲ့ တာတေရယ်၊

အရီးခေါင်းတွေ ကွဲထွက်ပါတော့မယ်”

 

“ကဲ အရီး၊ အရီးနေတဲ့ နေရာကိုပြန်တော့၊

အဲဒီက ဆရာတော့်တရားကို နာပါ၊ သာဓု

ခေါ်လိုက်ပါတော့ အရီးရယ်”

 

ကျုပ်က ပြောပြောဆိုဆိုနဲ့ သစ်စုန်းတောင်

ဝှေးကို ပြန်သိမ်းလိုက်တယ်။

 

“ဝုန်း”

 

ဟော သရဲမကြီး ထွက်သွားပြီဗျို့။ မလှရီ

‘ဝုန်း’ဆို လဲကျသွားတာဗျို့။ ဘထွေးက

သူ့မိန်းမကို ပြေးပွေ့တယ်။ ကျုပ်က ရေ

တစ်ခွက် မြန်မြန်ခပ်ပြီး သစ်စုန်းတောင်

ဝှေးနဲ့မွှေတယ်။

 

အဲဒီရေနဲ့ မလှရီကိုတောက်လိုက်တော့

မလှရီ ချက်ချင်းသတိရပြီး ထထိုင်တယ်

သူ ဘာကိုမှ မသိလိုက်ဘူးဗျ။ကျန်တဲ့ရေ

ကို ကျုပ်က မလှရီဆီ ကမ်းပေးလိုက်ပြီး

သောက်ခိုင်းလိုက်တယ်။ ကိုယ်ပေါ်မှ မ

ကောင်းတာတွေ ကပ်မနေအောင်ပေါ့ဗျာ

လူတွေကတော့ တွတ်တွတ် တိုးတိုးနဲ့

ပြောနေကြတာပေါ့ဗျာ။

 

“ထွန်းကြည် မကောင်းတာ၊

ဒင်း မကောင်းလို့ မလှရီ ဒီဘဝ

ရောက်ရတာ၊ ဒင်း တရားခံ”

 

တချို့ဘွားတော်ကြီးတွေက ပြောရင်း

မျက်ရည်ကျကြတယ်။ ဆရာတော်က

တရားကို ခပ်တိုတိုပဲဟောပြီး ရေစက်ချ

အမျှဝေတယ်။ သာဓု ခေါ်ကြတယ်။ သ

ရဲမကြီးဒေါ်လှရီကတော့ သာဓု ဘယ်ခေါ်

မှာတုံးဗျာ။သူက ဘထွေးတို့ကို သတ်ကို

သတ်မှာဗျ။ အခုပုံစံဆိုရင် ဘထွေးတို့ထဲ

က ကံအနိမ့်ဆုံးလူကို စပြီးသတ်မှာပဲဗျို့။

 

“တာတေ ဒီကို လာဦး”

 

ဆရာတော်က ကျုပ်ကို သူ့အနားခေါ်

တယ်။ကျုပ်က ဆရာတော့်ဆေးတောင်

ဝှေးကို ပြန်အပ်လိုက်တယ်။

 

“အခြေအနေက မကောင်းဘူး တာတေ၊

မကြာခင်မှာ ဒကာကြီးတို့ မိသားစုကို

ဒုက္ခပေးတော့မှာ သေချာတယ်၊ ဆရာ

တော် ပြောလို့လည်း မရတော့ဘူး၊ ဒီ

တော့ မနက်ဖြန် ဘိုးလူပေလာရင် လုပ်

စရာရှိတာ လုပ်ကြပေတော့ ”

 

ဆရာတော်က တော်တော်ကို မျက်နှာမ

ကောင်းတာဗျ။ ကျုပ်ကို ပြောပြီးတာနဲ့

ကျောင်းကို ပြန်ကြွသွားတယ်။သိလိုက်

တဲ့ မဖဲဝါဗျာ။ သူပြောတဲ့အတိုင်းပဲ၊

 

နောက်တစ်နေ့မှာ ဘန့်ဘွေးကုန်းကို

ဘိုးလူပေ ရောက်လာတယ်။ ကျုပ်

ရောက်သွားတော့ ဘိုးလူပေက ပြုံးပြီး

နှုတ်ဆက်တယ်။ဘိုးလူပေကတော့ အ

ရင်ပုံစံအတိုင်းပဲဗျ။ဘာမှကို မပြောင်း

လဲဘူး။ အိုလည်း အိုမသွားဘူး။

 

“အထက်က ခိုင်းတဲ့ကိစ္စတစ်ခု ဆောင်

ရွက်ပြီး ပြန်လာတာကွဲ့ မောင်တာတေရဲ့၊

မင်းကို သတိရတာနဲ့ ဒီဘက်ကို လှည့်ဝင်

လာ၊ တခြားအကြောင်းကိစ္စ မရှိပါဘူး”

 

“ဒီမှာတော့ အကြောင်းကိစ္စ ရှိနေတယ်

ဆရာကြီး”

 

“သြော် ဟုတ်လား၊ ဘာများတုံး မောင်

တာတေ”

 

ကျုပ်က ဘထွေးထွန်းကြည်အကြောင်း

ကို အစကနေ အဆုံးအထိ ပြောပြလိုက်

တယ်

 

“အင်း…ကျုပ်တို့ ဒီည လုပ်မှဖြစ်မှာ

မောင်တာတေ၊ ကျုပ်ရောက်လာတာ

အံကိုက်ဖြစ်သွားတယ်၊ မနက်ဖြန်ဆိုရင်

သရဲမကြီးက သူတို့တစ်အိမ်လုံးကို

သတ်တော့မှာ”

 

“ဟာ ဟုတ်လား ဆရာကြီး”

 

“ကဲ ညကျတော့ လုပ်ကြတာပေါ့ကွယ်”

 

ကျုပ်က ထနောင်းကုန်းကို ပြန်ပြေးပြီး

ဘထွေးကို တိုးတိုးပြောရတယ်။ဒီညလာ

မယ့် အကြောင်း၊ အားလုံး သတိနဲ့နေဖို့

အကြောင်းပေါ့ဗျာ။ ညရောက်တော့ ဘိုး

လူပေကို ပင့်ပြီး ကျုပ် ထနောင်းကုန်းကို

လာခဲ့တယ်။

 

“မလုပ်နဲ့ ဆရာ၊ ကျုပ်ကို ဘာမှမလုပ်ပါနဲ့၊

ကျုပ် ဒီအကောင်နဲ့ ဒီကောင်မကို သတ်

စမ်းပါရစေ ဆရာရယ်၊ ဟီး၊ ဟီး၊ ဟီး၊ ဟီး

ကျုပ်က ခံခဲ့ရတဲ့သူပါ ဆရာရဲ့”

 

ဘိုးလူပေနဲ့ ကျုပ်နဲ့ ဘထွေးထွန်းကြည်ရဲ့

ဝိုင်းထဲကို ဝင်လိုက်တာနဲ့ အသံကြီးထွက်

လာတာဗျို့။ကျုပ်က မျက်ကွင်းဆေး ကွင်း

ထားလို့ ကြားတာလားလို့ ဘိုးလူပေကို

အကဲခတ်ကြည့်လိုက်တော့ ဘိုးလူပေက

တုံ့ကနဲ ရပ်လိုက်ပြီး…

 

“မောင်တာတေ၊ အကောင်တော်တော်

ကြီးပြီး အစွမ်းတွေလည်း တော်တော်ရှိ

နေတာပဲကွဲ့၊ ဒီလူတွေ ခုထိ မသေသေး

တာကိုက အံ့သြစရာ ဖြစ်နေတာပဲကွယ်”

 

ကျုပ်တို့ အိမ်ပေါ်ရောက်တော့ အိမ်ပေါ်

မှာ ကာလာသားတွေရော လူကြီးတွေ

ရော ရောက်လို့ဗျ။ မိန်းမတွေ မလာရ

ဘူး။ အိမ်ပေါ်ရောက်တာနဲ့ ဘိုးလူပေက

အချိန်မဆိုင်းဘူးဗျ။ သရဲမကြီးကို အမိန့်

နဲ့ ချက်ချင်းခေါ်တယ်။

 

“ဝုန်း”

 

မလှရီကို ဝင်ပြီးပူးပြန်ပြီဗျို့။ကျုပ်ကတော့

မျက်ကွင်းဆေး ကွင်းထားတော့ သရဲမကြီး

ကို မြင်နေရတာပေါ့ဗျာ။

 

“ကဲ ဒေါ်လှရီ၊ ဆရာ တိုတိုနဲ့ လိုရင်းပဲ

ပြောမယ်၊ ဒီမိသားစုကိုရော ဟောဒီရွာ

သူရွာသားတွေကိုရော ဘာအနှောင့်အ

ယှက်မှ မပေးဘူးဆိုရင် အခု နင်နေတဲ့

နေရာမှာပဲ ဆက်နေခွင့်ပြုမယ်၊ ဒီလိုမှ

ကတိမပေးနိုင်ရင်တော့ အခုချက်ချင်းပဲ

ဒီရွာထဲကနေ ထွက်သွားရလိမ့်မယ်၊ ဆ

ရာတို့ကို ပေးထားတဲ့ ကတိကိုဖျက်ရင်

ဘယ်လိုဖြစ်မယ်ဆိုတာတော့ သိမှာပေါ့

လေ။ကဲ ဘယ်လိုတုံး၊ မနှောင့်ယှက်ပါ

ဘူးလို့ ကတိပေးမလား”

 

“မပေးဘူး ဆရာ၊ ကျုပ် ကတိမပေးဘူး၊

အခု မသတ်ရရင်တောင် နောင်သတ်မယ်၊

ကျုပ်အခြေအနေပေးတဲ့အထိ စောင့်ပြီး

သတ်ကို သတ်မှာ၊ ဒင်းတို့ အူတွေ အ

သည်းတွေကို ကျုပ်နှုတ်ပြီး စားကို

စားမှာ”

 

ဟာ ကျုပ်တောင် အံ့သြသွားတာဗျို့။ဘိုး

လူပေလို ပုဂ္ဂိုလ်ကိုတောင် မလျှော့ဘူး

ဗျာ။ အရီးမလှရီရဲ့ ရန်ငြိုး ဘယ်လောက်

ကြီးတယ်၊အမုန်း ဘယ်လောက်ကြီးတယ်

ဆိုတာ ကျုပ်ဖြင့် တွေးတောင်မတွေးတတ်

တော့ပါဘူးဗျာ။ သရဲမကြီး ပူးနေတဲ့ မလှ

ရီကတော့ အသားတွေ တဆတ်ဆတ်တုန်

လို့ပေါ့ဗျာ။ ဘိုးလူပေက မတ်တတ်ထရပ်

ပြီး အမိန့်ပြန်တယ်။

 

“သင်္ချိုင်းစောင့် မဖဲဝါ၊ ဒီအမိန့်ကို ကြား

သိစေရမယ်၊ သင်ပိုင်တဲ့ သင်္ချိုင်းမှာ မြှုပ်

နှံသင်္ဂြိုဟ်တဲ့ သေသူတို့ရဲ့ ဝိညာဉ်ဟာ

သင်နဲ့ဆိုင်တယ်၊ လှရီရဲ့ ဝိညာဉ်ကို အ

ခုချက်ချင်းခေါ်ပြီး သင့်လျော်ရာ နေရာ

တစ်ခုမှာ ထားလိုက်ပါ၊ ဒီရွာအတွင်း၊

ဒီအိမ်အတွင်းကို ဘယ်သောအခါမှ

မလာစေရ၊ ဘိုးလူပေ အမိန့်”

 

“နေနှင့်ကြဦးပေါ့ဟယ်၊ တစ်နေ့တော့

တွေ့ကြရမှာပေါ့၊ ဟင်း ဟင်း ဟင်း”

 

“ဝူး ဝူး ဝူး ဝူး အီ အီ အီ အီ”

 

ဟာ ဘိုးလူပေရဲ့ အမိန့်ပြင်းချက်တော့ဗျာ

မဖဲဝါ ချက်ချင်း လာနေပြီဗျို့။ မဖဲဝါရဲ့ခွေး

နက်ကြီး အသံကို ကျုပ် ကြားနေရပြီ။

 

“အီး၊ အီး၊ အီး၊ အား၊ အီး”

 

ဟော မဖဲဝါ ဝိုင်းရှေ့မှာ ရောက်နေပြီဗျို့။

ဘိုးလူပေက ကျုပ်ကို လှည့်ကြည့်တယ်။

ကျုပ်က ခေါင်းညိတ်ပြလိုက်တော့ …

 

“ကဲ လှရီ၊ နင့်ကို ခေါ်မယ့်သူ ရောက်ပြီ၊

အခုချက်ချင်း လိုက်သွားပေတော့”

 

” ဘုန်း”

 

ဟာ မလှရီ လဲကျသွားပြီဗျို့။ ဘိုးလူပေ

က အသင့်လုပ်ထားရေနဲ့ မလှရီမျက်နှာ

ကို တောက်လိုက်တယ်။ ချက်ချင်းကို

ထထိုင်တော့ပါပဲဗျာ။

 

“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ၊ အီ”

 

မဖဲဝါရဲ့ ခွေးနက်ကြီး အူသံက တဖြည်း

ဖြည်းနဲ့ အနောက်ဘက်ကို ရောက်သွား

ပြီဗျို့။

 

“ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး”

 

ဟော တဖြည်းဖြည်းနဲ့ ရွာအပြင်ကို

ရောက်သွားတဲ့အသံဗျ။

 

“ကဲ အန္တရာယ်အားလုံးက ကင်းရှင်းသွား

ပါပြီ၊ ကျန်းကျန်းမာမာချမ်းချမ်းသာသာ

နေကြပေတော့ဗျာ၊ သာသနာတော်ကြီး အဓွန့်ရှည်ဖို့ကိုလည်း ဝိုင်းဝန်ဆောင်

ရွက်နိုင်ကြပါစေ”

 

ဘထွေးထွန်းကြည်က ဘိုးလူပေကို စက္ကူ

နဲ့ ပတ်ထားတဲ့ ငွေစက္ကူတစ်ထပ် ယူပြီး

ဘိုးလူပေကို လှူတယ်ဗျ။ပြီးတော့ သူတို့

မိသားစုသုံးယောက် ဘိုးလူပေကို ကန်

တော့တယ်။ လာကြည့်နေကြတဲ့ ကျုပ်

တို့ ရွာသားတွေလည်း ဘိုးလူပေကို

ကန်တော့ကြတယ်။

 

ဘိုးလူပေကို ဘန့်ဘွေးကုန်း လိုက်

ပို့တော့ ရွာက ကာလသား လေးငါး

ယောက်ပါ လိုက်လာပြီး ကျုပ်နဲ့အ

တူတူ လိုက်ပို့ကြတယ်။

 

ဘန့်ဘွေးကုန်းက ဘိုးညိုအိမ်မှာ ဘိုး

လူပေနဲ့ စကားပြောကြသေးတယ်ဗျ။

ကျုပ် အိမ်ပြန်ရောက်တော့ လုလင်

ပြန် ကြက်တောင် တွန်ပေါ့။

 

ကောင်းကင်မှာလည်း ခုနှစ်စဉ်ကြယ်

က အမြီးလေးထောင်လို့။

 

မူရင်းရေးသူ ဆရာ တာတေ

စာဖတ်သူကို ကူးယူဝေမျှသူ လက်ခ(ရွှေပေါက်ကံ)

 

မဖဲဝါကို မုန်းတဲ့စုန်း စာအုပ်မှ ကောက်နုတ်

တင်ပြထားသည်

 

စာဖတ်သူများ စိတ်ရွှင်လန်းပါစေ

 

#တာတေ

#မဖဲဝါ

#ညမဖတ်ရ

မုန္းသူ႔ရန္ၿငိဳး(စ/ဆုံး)
ေရးသားသူ…တာေတ

မရမ္းသီးေတြ လႈိင္လႈိင္ေပၚတဲ့ အခ်ိန္ဗ်။
က်ဳပ္အေမက ဝက္သားကို မရမ္းသီးနဲ႔
ခ်က္လို႔။ခ်ဥ္ျဖဳန္းျဖဳန္းေလး စားလို႔ေကာင္း
ခ်က္ဗ်ာ။ ဝက္သားဟင္းပန္ကန္မွာ က်ဳပ္
လက္ခ်ည္းပဲ။အဘနဲ႔ အေမမွာ သားသမီး
ကလည္း က်ဳပ္တစ္ေယာက္ပဲ ရွိတာေလ
ဗ်ာ။ က်ဳပ္မို႔လို႔ ေခါင္းမေဖာ္တမ္းစားၿပီး ဆို
ရင္ လင္မယားႏွစ္ေယာက္ တစ္ေယာက္ကို
တစ္ေယာက္ လက္တို႔ၿပီး ၿပဳံးလို႔ဗ် ။ ဝမ္းသာ
ေနလိုက္ၾကတာ။ေၾသာ္ မိဘ ေမတၱာမ်ားဗ်ာ
ဘယ္မွတုလို႔ မီလိမ့္မတုံး။

က်ဳပ္အတြက္ေတာ့ အဘနဲ႔ အေမ ဝမ္း
သားရမွာဗ်ာ။ တာေတဆိုတဲ့ က်ဳပ္ကလည္း
ဟင္းမေကာင္းရင္ သုံးပန္းကန္ ဟင္းေကာင္း
ရင္ ေလးပန္းကန္ေတာ့ အသာေလးဗ်။

“ဟာ …ကိုၫြန္႔ႀကီး လာဗ်ာ၊ လာ၊ က်ဳပ္ရွိပါ
တယ္”

သံျပာကိုၫြန္႔က အိမ္ေပၚတက္လာၿပီး…

“ဟာ ထမင္းဝိုင္းနဲ႔ တန္းတိုးေနေပါ့၊ ဘာ
ဟင္းေကာင္းခ်က္တုံး အရီး”

အသံျပာျပာႀကီးနဲ႔ အေမ့ကို ေမးတာဗ်။

“ငၫြန္႔ေရ ၊ အေနာက္ပိုင္းက ငပိန္တို႔ ဝက္
ေပၚလို႔ တစ္ပိႆာ သြားဆုံလာတာေလ”

“ဟာ အရီး တစ္ပိႆာေတာင္
မမ်ားဘူးလားဗ်”

“ဟဲ့ ငၫြန္႔၊ နင္က မသိဘဲကိုး၊ နင့္ညီ တာ
ေတတစ္ေယာက္တည္းက ငါးဆယ္သား
ေလာက္စားတာဟဲ့ ”

“ဟား၊ ဟား၊ ဟား၊ ဟား ဟုတ္လား တာ
ေတ၊တိုးတိုးေျပာပါ၊ အရီးရာ၊ ႐ြာထဲက အ
ပ်ိဳေတြ ၾကားသြားလို႔ တာေတ အစားႀကီး
တာ သိသြားၿပီး ေနာက္ပိုး ပိုးလို႔မရဘဲ ရွိ
ေနပါဦးမယ္ဗ်ာ၊ ဟား၊ ဟား၊ ဟား”

က်ဳပ္တို႔ အညာသားေတြက အဲဒါေတြ ခင္
ဖို႔ ေကာင္းတာဗ်။ တစ္ေယာက္နဲ႔ တစ္
ေယာက္ေတြ႕တာနဲ႔ ရယ္စရာေတြ ေျပာ
ေတာ့တာဗ်။

“ဟဲ့ ငၫြန္႔ရဲ႕ မနက္က နင့္မယား ျပား
ၾကည္ေတာင္ တစ္တြဲ လာဆြဲလို႔ေလ၊ နင္
အခု ထမင္းစားတာ ဝက္သားဟင္းနဲ႔ စား
ခဲ့တာ မဟုတ္လား”

“ဟုတ္လား အရီး၊ က်ဳပ္ျဖင့္ ထမင္းလည္း
မစားရေသးပါဘူးဗ်ာ၊ အိမ္လည္း ျပန္မ
ေရာက္ေသးဘူး၊မနက္ အိပ္ရာႏိုးကတည္း
က ဘေထြးထြန္းၾကည္တို႔ အိမ္ေရာက္ေန
တာဗ္”

“ေဟ …ဘယ္တုံး ထြန္းၾကည္တုံး၊ မယား
ၿပိဳင္လား၊ ဘိုးပုထြန္းၾကည္လား”

“က်ဳပ္တို႔ ေတာင္ပိုင္းက ဘေထြးထြန္းၾကည္
ေလ၊ အဲ အရီးေျပာတဲ့ မယားၿပိဳင္ထြန္းၾကည္
ေပါ့ဗ်ာ”

က်ဳပ္တို႔ ႐ြာမွာက ဦးထြန္းၾကည္ ႏွစ္ေယာက္
ရွိသဗ်။ တစ္ေယာက္က က်ဳပ္ မၾကာ မၾကာ
ေျပာတဲ့ ဘိုးပုႀကီးရဲ႕သားေလဗ်ာ။ သူ႔ကို က်ဳပ္
တို႔႐ြာသားေတြက ဘိုးပုထြန္းၾကည္လို႔ ေခၚၾက
တာ။ ေနာက္ ဦးထြန္းၾကည္တစ္ေယာက္က
မိန္းမႏွစ္ေယာက္ယူထားတဲ့ ဦးထြန္းၾကည္ဗ်။
သူ႔ကိုေတာ့ သူ႔ကြယ္ရာမွာ မယားၿပိဳင္ထြန္း
ၾကည္လို႔ ေခၚၾကတယ္။ ဘေထြးထြန္းၾကည္
က လူခ်မ္းသာဗ်။ ယာေတြ၊ ထန္းေတာေတြ
မနည္းမေနာကို ပိုင္တာဗ်။

သူ႔အဘိုးလက္ထက္ကတည္းက အေမြေတြ
ရတာ။ ဘေထြးထြန္းၾကည္က သုံးေမြခံရတဲ့
လူေလဗ်ာ။လႊတ္ခ်မ္းသာတာေပါ့ဗ်ာ။ေတာင္
ပိုင္းမွာ တိုက္ေဆာက္ၿပီးေနတဲ့ လူေပါ့ဗ်ာ။ဒါ
ေပမဲ့ မယားႏွစ္ေယာက္နဲ႔ဗ်။ ၿပီးေတာ့ ေျပာရ
ဦးမယ္။ မယားႏွစ္ေယာက္ကို တစ္ေနရာစီ
ထားၿပီး ေပါင္းတာမဟုတ္ဘူး။ တစ္အိမ္တည္း
မွာ ထားၿပီး ေပါင္းတာဗ်။အရီးမလွရီက ပထမ
မယားဗ်။ ဒုတိယ မယားကလည္း တိုက္ဆိုင္
မႈလားေတာ့ မေျပာတတ္ပါဘူးဗ်ာ။

မလွရီပဲဗ်ိဳ႕။ က်ဳပ္တို႔႐ြာက မဟုတ္ဘူးဗ်။ ဘ
ေထြးထြန္းၾကည္ တျခားက ယူလာတာ။ သူ႔မ်ိဳး
႐ိုးလည္း ဘယ္သူမွ မသိၾကဘူး။ အဲဒါကို က်ဳပ္
တို႔႐ြာသားေတြက စကားေျပာရင္ ဘယ္လွရီတုံး
ဟဲ့။ ထြန္းၾကည္မယားေလ။ ထြန္းၾကည္မယား
လွရီေတာ့ ဟုတ္တယ္ေလ၊ မယားႀကီးလား၊ မ
ယားငယ္ လွရီလားလို႔ ေမးၾကတာဗ်။ တစ္ရက္
ေတာ့ က်ဳပ္တို႔႐ြာအိမ္မွာ မိန္းမဝိုင္းႀကီးဖြဲ႕ၿပီး အ
ေမတို႔ စကားေျပာေနၾကတာဗ်။အဲဒီမွာတင္ ခုန
က မယားႀကီး လွရီတို႔ မယား ငယ္လွရီတို႔လုပ္
ေနၾကေတာ့တာေပါ့ဗ်ာ။

က်ဳပ္ကလည္း အနားမွာ ရွိေနေတာ့ …

“အေမတို႔ကလည္းဗ်ာ၊ မယားႀကီး လွရီတို႔
မယားငယ္ လွရီတို႔နဲ႔ ရႈပ္ပါတယ္၊ က်ဳပ္တို႔
ေက်ာင္းေတြလို နံပါတ္နဲ႔ ခြဲေပါ့ဗ်။ ပထမ မ
ယား မလွရီကို လွရီတစ္၊ ဒုတိယမယား မလွ
ရီကို လွရီႏွစ္။ တကယ္လို႔ ဘေထြးထြန္းၾကည္
က ေနာက္ထပ္ မလွရီတစ္နဲ႔ ေတြ႕လို႔ ထပ္ယူ
လာရင္ လွရီသုံးေပါ့ဗ်ာ”

“ဟား၊ ဟား၊ ဟား၊ ဟား”

က်ဳပ္စကားလည္း ၾကားေရာ အေမတို႔ စ
ကားဝိုင္းက အေမ့အသိေတြဆိုတာ ရယ္
လိုက္ၾကတာဗ်ာ

“ခြပ္၊ ခြပ္၊ ခြပ္၊ ကဲဟယ္ ေပါက္ကရေတာ္
ေတာ္ေျပာ၊ ေပါက္ကရ ေတာ္ေတာ္လုပ္တဲ့
အေကာင္”

အေမကေတာ့ က်ဳပ္ေခါင္းကို တုံးေမာင္း
သုံးခ်က္ ေခါက္ေရာဗ်ိဳ႕။

“ဟဲ့ ထြန္းၾကည္ ဘာျဖစ္လို႔တုံး”

အေမ ေမးလိုက္ေတာ့ သံျပာကိုၫြန္႔က
ျပန္ေျဖလိုက္တယ္။

“ဘေထြးထြန္းၾကည္ ဘာမွမျဖစ္ဘူးဗ်။
သူ႔မိန္းမ ဆုံးလို႔ ”

“ေဟ …ဟုတ္လား၊ ဘယ္မိန္းမတုံး၊ မယား
ႀကီးလွရီလား၊ မယားငယ္လွရီလားဟဲ့ ငၫြန္႔
ရဲ႕”

“မယားႀကီးဆုံးတာ အရီးရဲ႕”

“ဟာ လွရီ ဘာျဖစ္လို႔တုံး၊ ေနထိုင္မေကာင္း
ဘူးလို႔လည္း မၾကားပါလား၊ ျဗဳန္းစားႀကီးဆုံး
တာ ဘယ္လိုေၾကာင့္တုံး”

က်ဳပ္တို႔လည္း ကိုၫြန္႔ကို ထမင္းစားေတာင္
မေခၚမိေသးဘူးဗ်။ စကားက အေရးႀကီးတဲ့
အေၾကာင္းကို ေရာက္သြားျပန္ေရာဗ်ိဳ႕။

“ဘာျဖစ္ၿပီး ဆုံးတာတုံး ကိုၫြန္႔ရဲ႕”

က်ဳပ္အဘက ဝင္ေမးတာဗ်။ အေမေရာ အ
ဘေရာ က်ဳပ္ေရာ ေတာ္ေတာ္အံ့ၾသသြားၾက
တာ၊ အရီးလွရီက အသက္ငါးဆယ္ေလာက္
ေတာ့ ရွိၿပီဗ်။

“ဘာျဖစ္တာတုံး မသိပါဘူး ဘိုးဥာဏ္ရာ၊ မ
နက္ ေဝလီေဝလင္းက အရီး လွရီက ဝိုင္း
ေထာင့္က အိမ္သာကို ထသြားတာတဲ့ဗ်ာ၊ငယ္
သံပါေအာင္ ေအာ္တဲ့ အသံၾကားလို႔ ဘေထြး
က အတင္းေျပးဆင္းၿပီး လိုက္သြားေတာ့ မ်က္
ျဖဴႀကီး လန္ၿပီး ေသေနတာ ဆိုပဲ။ က်ဳပ္လည္း
အိပ္ရာႏိုးႏိုးခ်င္း သြားတာပဲဗ်။ဟိုေရာက္ေတာ့
လူေတာ္ေတာ္စုံေနၿပီ”

“အေလာင္းကို ကိုၫြန္႔ ေသေသခ်ာခ်ာ
ၾကည့္ခဲ့လားဗ်”

က်ဳပ္က ဝင္ေမးတာဗ်ိဳ႕။ ကိုၫြန္႔က က်ဳပ္
တည္ထားတဲ့ နဂါးေဆးေပါ့လိပ္ကို ဖြာေန
ရင္းကေနေခါင္းညိတ္ျပတယ္။

“ၾကည့္တာေပါ့ တာေတရ၊ အရီးလွရီ အ
ေလာင္းက ေၾကာက္စရာႀကီးပါဗ်ာ၊ မ်က္
ျဖဴႀကီးက အေပၚကိုလန္ေနလို႔ကြ၊ ပါးစပ္
ကလည္း အံႀကီးႀကိတ္လို႔ေဟ့၊ သြားေတြ
ေတာင္ ျမင္ေနရတာ၊ ေဝဒနာ တစ္ခုကို
မခ်ိမဆန္႔ခံၿပီး ေသသြားတဲ့ပုံပဲကြ တာေတ
ရ၊ ငါေသေသခ်ာခ်ာ ၾကည့္ေတာ့ အရီးလွ
ရီအေလာင္းမွာ ဗိုက္ႀကီးက ခ်ပ္ၿပီး ျပားကပ္
ေနတယ္ကြ။ လွန္ေတာ့ မလွန္ၾကည့္ရဘူး၊
အညာေစာင္အကြက္ကေလး လႊမ္းထားတာ
ေလကြာ။ဒါနဲ႔ ဆယ္အိမ္ေခါင္း ကိုကံကို ကပ္
ၿပီး တိုးတိုး ေမးၾကည့္ေတာ့ ကိုကံက ငါ့ကို
ေျပာတယ္၊ ‘ေဟ့ေကာင္ ငၫြန္႔၊ မင္း ဘယ္
သူ႔မွ ေလွ်ာက္မေျပာနဲ႔၊ အရီးလွရီအေလာင္း
မွာ အူေတြ အသည္းေတြ ဘာမွမရွိေတာ့ဘူး’
တဲ့ တာေတရ”

“ဗ်ာ…အူေတြ အသည္းေတြ မရွိေတာ့ဘူး
ဟုတ္လား၊ ဒါဆိုရင္ အရီးလွရီအေလာင္း
မွာ ဗိုက္ႀကီးေဟာင္းေလာင္း ျဖစ္ေနၿပီလို႔
လား ကိုႀကီးၫြန္႔ရဲ႕”

“ဟာ…တာေတကလည္း ဘယ္က လာၿပီး
ေဟာင္းေလာင္းျဖစ္ရမွာတုံး၊ မေကာင္းဆိုး
ဆိုးဝါးဆိုတာ ဗိုက္မေဖာက္ဘဲ အထဲက အူ
ေတြ အသည္းေတြ ႏႈတ္စားႏိုင္တာကြ၊ မင္း
က ေမ့သြားျပန္ၿပီထင္တယ္၊ အိမ္ႀကီးအေပၚ
ေျမာက္ေနတဲ့ အာလူးေသတုန္းကလည္း ဒီ
လိုပဲ မဟုတ္ဘူးလား”

“ေၾသာ္ …ဟုတ္သားပဲ ကိုႀကီးၫြန္႔ရဲ႕၊ေနဦး
ဗ်။ အဲဒီ တုန္းက ဆယ္အိမ္ေခါင္းေတြက
တိတ္တိတ္ကေလး ဗိုက္ခြဲၾကည့္ၾကတာဗ်၊
အခုေရာ အဲဒီလို ၾကည့္ေသးလား”

“ဒါေတာ့ ငါမသိဘူးကြ၊ ငါေရာက္ေတာ့ အ
ေလာင္းက ျပင္ၿပီးၿပီ၊ ေစာင္ေတြ ဘာေတြ
လႊမ္းထားေတာ့ ဘယ္သူက လွန္ၾကည့္
ေတာ့မွာတုံးကြာ”

“အင္း…ဒါလည္း ဟုတ္တာေပါ့ ”

“ငါ့ကို ဆယ္အိမ္ေခါင္း ကိုကံေျပာလို႔ သိတာ
ကြ၊ ဒါနဲ႔ ငါလည္း မင္းကို တိတ္တိတ္လာေျပာ
တာကြ၊ ဒါ ဘယ္ျဖစ္တယ္လို႔ မင္း ထင္တုံး၊
မင္းက ဗဟုသုတရွိလို႔ ေမးတာပါကြာ”

က်ဳပ္တို႔ ထမင္းဝိုင္းလည္း ၿပီးသြားပါၿပီဗ်ာ။အ
ေမကေတာ့ မီးဖိုေခ်ာင္မွာ ပန္းကန္ေတြ ေဆး
ေၾကာၿပီး သိမ္းလို႔။ က်ဳပ္နဲ႔ အဘကေတာ့ ကို
ၫြန္႔နဲ႔ စကားေျပာေနၾကတာေပါ့ဗ်ာ။

“က်ဳပ္လည္း မေျပာတတ္ပါဘူး ကိုၫြန္႔ရာ၊
သူတို႔ အိမ္ေထာင္ေရးက ရႈပ္ေတာ့ ရႈပ္သား
လားဗ်ာ ”

“ရႈပ္ဆို တစ္အိမ္တည္းမွာ မယားႏွစ္ေယာက္
ထားၿပီး ဘေထြးက ေပါင္းေနတာေလကြာ”

“ႏို႔ ေနပါဦး ကိုႀကီးၫြန္႔ရဲ႕၊ဘေထြးထြန္းၾကည္
ရဲ႕ မိန္းမႏွစ္ေယာက္က နာမည္ကလည္း တူ
ေနေတာ့ ဘေထြး ဘယ့္ႏွယ္မ်ား ေခၚတုံးဗ်”

“ဟာ တာေတကလည္း အရီးမလွရီကို ဘ
ေထြးက မလွရီပဲ ေခၚတာကြ၊ စကားေျပာရင္
လည္း ခင္ဗ်ားနဲ႔ က်ဳပ္နဲ႔ပဲ ေျပာတာ။ ေနာက္
မိန္းမ မလွရီကိုေတာ့ အလွလို႔ ေခၚတာ။ ဟို
ကလည္း သူ႔ကို အစ္ကိုထြန္းလို႔ ေခၚတာကြ၊
အရီးလွရီကေတာ့ ဘေထြးကို ကိုထြန္းၾကည္
လို႔ပဲ ေခၚတယ္”

“အင္း…အရီးမလွရီ ေသတာ ႐ိုး႐ိုးေသတာ
ေတာ့ မဟုတ္ဘူးေပါ့ဗ်ာ”

“ဟုတ္တယ္ တာေတ၊ ဒါေၾကာင့္ မင္းကိုလာ
ေျပာတာေပါ့၊ အခု ဒီလာတဲ့ လမ္းမွာ ဆယ္
အိမ္ေခါင္း ကိုကံက ငါနဲ႔ ပါလာတယ္။ သူ႔အိမ္
ကို ခဏျပန္မလို႔ေျပာတာပဲ၊လမ္းမွာ ငါ့ကိုကပ္
ၿပီး တိုးတိုး ေျပာေသးတယ္ကြ၊ ဘေထြးထြန္း
ၾကည္ရဲ႕ မယားငယ္ လွရီက အရီးမလွရီနဲ႔စာ
ရင္ ငယ္လည္း ငယ္၊ ေခ်ာလည္းေခ်ာတယ္
မို႔လား။ ဒီေတာ့ ဘေထြးကလည္း အေရးေပး
တာေပါ့ကြာ၊ အခုလည္း ဘေထြးနဲ႔ သူ႔မယား
ငယ္ေပါင္းၿပီး ေအာက္လမ္းေတြ ဘာေတြေမြး
ၿပီး အရီးမလွရီကို အူေတြ၊ အသည္းေတြ ႏႈတ္
ၿပီး သတ္ခိုင္းပုံရတယ္လို႔ ကိုကံက ေျပာတယ္
တာေတရ”

“ဟာ…ဒါဆိုရင္ေတာ့ ေတာ္ေတာ္ကို ယုတ္
မာရက္စက္ၾကတာေပါ့ဗ်ာ”

က်ဳပ္ေရာက္သြားေတာ့ အရီးမလွရီအေလာင္း
က ေခါင္းေတာင္ သြင္းၿပီးသြားၿပီဗ်။ အသုဘ
ကို ရက္မထားေတာ့ဘူး။ ညေန ခ်မယ္ဆိုလို႔
က်ဳပ္ျဖင့္ အိမ္ေတာင္မျပန္လိုက္ရဘူး၊ တစ္ခါ
တည္း အသုဘခ်ဖို႔ ျပင္ၾကဆင္ၾကရေတာ့တာ
ေပါ့ဗ်ာ။ ရပ္ေရး႐ြာေရး ရွိတယ္။

က်ဳပ္တို႔ကာလသားေတြကပဲ သြက္သြက္
လက္လက္နဲ႔ ဦးေဆာင္ၾကရတာေပါ့ဗ်ာ။
သခ်ႋဳင္းမွာ က်င္းတူးတဲ့ အဖြဲ႕ကတူးၾကေပါ့
ဗ်ာ။ လူႀကီးပိုင္းကေတာ့ လိုက္ၿပီး ေျပာျပ
ၾကရတာေပါ့ဗ်ာ။ဘယ္နားမွာတူး၊ ဘယ္လို
တူးေပါ့ဗ်ာ။ ေနခ်ိဳတာနဲ႔ ပုဗၺာ႐ုံက က်ဳပ္ဆ
ရာေတာ္ ဦးဂုဏနဲ႔ သံဃာေတာ္ေတြ ႂကြ
လာၿပီး သရဏဂုံ တင္ၾကတယ္။ ၿပီးတာနဲ႔
အသုဘခ်ရေတာ့တာေပါ့ဗ်ာ။

က်ဳပ္တို႔ကာလသားေတြကေတာ့ မယား
ႀကီး ေသတာကို ရက္ေတာင္မထားဘဲ ခ်က္
ခ်င္းသၿဂႋဳဟ္ရမလားဆိုၿပီး ဘေထြးထြန္ၾကည္
ကို အျပစ္ေျပာၾကတာေပါ့ဗ်ာ။ဒါေပမဲ့ လူ႔ေလာ
ကရဲ႕ ဓမၼတာမွာ ခ်ီးမြမ္းခုႏွစ္ရက္၊ ကဲ့ရဲ႕ခုႏွစ္
ရက္ဆိုတဲ့ စကားရွိတာပဲေလဗ်ာ၊ရက္ေလာက္
ၾကာေတာ့လည္း တိတ္သြားၾကတာပါပဲေလ။

ဘာျဖစ္လို႔တုံးဆိုေတာ့ လူ႔ေလာကမွာက
ေနာက္ထပ္ စိတ္ဝင္စားစရာ၊ ေျပာစရာအ
ေၾကာင္းေတြက ရွိလာျပန္တာေလဗ်ာ။ အ
သစ္ေပၚလာတဲ့အေၾကာင္းေတြကို ေျပာၾက
ရေတာ့တာေပါ့ဗ်ာ။ ဘေထြးထြန္းၾကည္က
ေတာ့ သူ႔ရဲ႕ဒုတိယဇနီး မလွရီရယ္၊ မလွရီနဲ႔
ရတဲ့ သမီးကေလး တစ္ေယာက္ရယ္နဲ႔ သူ႔
အိမ္ေထာင္က သာသာယာယာပါပဲ။ အရီး
မလွရီရဲ႕ ေပါင္းလာတာ သားသမီးမရဘူးဗ်။
ဒုတိယ မလွရီနဲ႔က်မွ သားသမီးရတာ။ ဘ
ေထြးကလည္း အသက္ႀကီးမွရတဲ့ သမီးေလး
ဆိုေတာ့ တုန္ေနေအာင္ကို ခ်စ္တာေပါ့ဗ်ာ။

ကေလးက အခုဆိုရင္ ရွစ္ႏွစ္ ကိုးႏွစ္ေလာက္
ေတာင္ ရွိၿပီဗ်။နာမည္ေလးကလည္း ခ်စ္စရာ
ေလးပါ။ ခင္လဲ့ရီထြန္းတဲ့ဗ်။ မ်က္ႏွာကလည္း
ေခ်ာေခ်ာေလးဗ်။ သူ႔အေမ မလွရီကလည္း
မိန္းမေခ်ာေလဗ်ာ။

“ေအးေလ၊ဝဋ္ဆိုတာ အၿမဲတဲ့၊ငရဲဆိုတာ
အပတဲ့၊ သူလုပ္ရင္ သူခံရမွာေပါ့ဟယ္၊
ေအာက္လမ္းနဲ႔ ေပါင္းၿပီး အရီးလွရီးကို
သတ္ရင္ သူတို႔လည္း အရီးလွရီလို ျပန္
ႀကဳံရမွာပါပဲ၊ ဒီဘဝမႀကဳံရင္ ေနာက္ဘဝ
ေတြ ႀကဳံမွာေပါ့ ”

ဆိုတဲ့ စကားနဲ႔ ဘေလးထြန္းၾကည္တို႔အ
ေၾကာင္းကို က်ဳပ္တို႔႐ြာသားေတြ အဆုံး
သတ္လိုက္ၾကတယ္ဗ်ိဳ႕။ ဒါေပမဲ့ အရီး မ
လွရီ ဆုံးၿပီး တစ္ႏွစ္ၾကာတဲ့ အခ်ိန္မွာ ဒီ
ကိစၥ ေပၚလာေတာ့တာပဲဗ်ာ။

“ကိုႀကီး တာေတ၊ ကိုႀကီးတာေတ”

က်ဳပ္ဝိုင္းထဲက မန္က်ည္းပင္ႀကီး ေအာက္
မွာ အိပ္မလို႔ လုပ္ေနတုန္း ဒီေကာင္ ေရာက္
လာတာဗ်။ ေတာေက်ာ္ေလဗ်ာ။ဆရာေတာ့္
ေက်ာင္းသားေလးေလ။

“ေဟ့ေကာင္ ေတာေက်ာ္၊ ေနပူႀကီးထဲ
ဘယ္သြားမလို႔တုံး”

“ဘယ္မွာမသြားဘူး၊ ကိုႀကီးတာေတဆီကို
လာတာဗ်။ ဆရာေတာ္ လႊတ္လိုက္လို႔၊ ဆ
ရာေတာ္က မွာလိုက္တယ္၊ အခု ခ်က္ခ်င္း
လိုကၡဲ့ပါတဲ့ ”

“ေဟ ဟုတ္လား၊ ေအး ေအး၊ငါလာခဲ့မယ္”

က်ဳပ္က အိမ္ေပၚတက္ၿပီး အက်ႌေလးပု
ဆိုးေလး လဲလိုက္တယ္။ၿပီးေတာ့ အဘနဲ႔
အေမကို အက်ိဳးအေၾကာင္းေျပာၿပီး ေတာ
ေက်ာ္နဲ႔အတူတူပဲ ဆရာေတာ့္ေက်ာင္းကို
ေရာက္လာခဲ့တယ္ဗ်။ ဆရာေတာ့္ေက်ာင္း
ေရွ႕မွာထိုင္ေနတာ ဘေထြးထြန္းၾကည္ဗ်။
က်ဳပ္ကိုေတြ႕ေတာ့ ဘေထြးထြန္းၾကည္က
ၿပဳံးၿပီး ႏႈတ္ဆက္တယ္။ က်ဳပ္တို႔႐ြာထဲက
လူငယ္ေတြကေတာ့ ဘေထြးကို ခင္ၾကပါ
တယ္ဗ်ာ။လူႀကီးပိုင္းကသာ ဘေထြးကို အ
ျပစ္တင္ၾကတာပါ။လူငယ္ေတြကေတာ့ ဘာ
မွမေျပာၾကပါဘူး။ ၿပီးေတာ့ ဘေထြးက ဆ
ရာေတာ္ရဲ႕ ဒကာရင္းဗ်။ပစၥည္း ေလးပါးလႉ
တဲ့ ဒါယကာေလဗ်ာ။က်ဳပ္က ဆရာေတာ္ကို
ဝတ္ျဖည့္ၿပီး ဘေထြးကို ႏႈတ္ဆက္တယ္။

“ဘေထြး ပိန္သြားပါလားဗ်”

“ဟာ ပိန္ဆို စိတ္ဆင္းရဲတာကိုး တာေတ
ရဲ႕၊ ညလည္း ေကာင္းေကာင္း အိပ္မေပ်ာ္
တာ ၾကာၿပီကြ”

“ဟင္ ဟုတ္လား ဘေလး၊ ဘာေရာဂါျဖစ္
လို႔တုံး”

“ဟာ တာေတ၊ ဒကာႀကီးမွာ ကိုယ္တြင္း
ေရာဂါ မရွိပါဘူး၊ ျပင္ပေရာဂါ ျဖစ္ေနတာ
ပါ၊ ျပင္ပက ေႏွာင့္ယွက္တဲ့ ပေယာဂကို
ေျပာတာေပါ့ကြာ”

ဆရာေတာ္ ဦးဂုဏက က်ဳပ္ကို ေျပာတယ္။
ဆရာေတာ္ေျပာတာကို က်ဳပ္နားမလည္ဘူး
ဗ်။ ဆရာေတာ္ ဘာကိုေျပာခ်င္မွန္းကို က်ဳပ္
မသိတာ။

“ဘုန္းဘုန္းေျပာတာ ေမာင္တာေတ နား
လည္သလားကြဲ႕”

“တပည့္ေတာ္ နားမလည္ဘူးဘုရာ့”

“ေအး ေအး၊ ဒါဆိုလည္း ဒကာႀကီးပဲ ေမာင္
တာေတကို ေျပာျပလိုက္ပါ”

ဆရာေတာ္က ဘေထြးထြန္းၾကည္ကို ေျပာ
ခိုင္းလိုက္တယ္။

“ဒီလို ေမာင္တာေတရဲ႕၊ ဘေထြးရဲ႕ဇနီး
မလွရီ ဆုံးပါးသြားတာ ကိုးဆယ့္ေျခာက္
ပါးေရာဂါနဲ႔ မဟုတ္ဘူးကြဲ႕၊ ေဘးပေယာဂ
တစ္ခုနဲ႔ ေသရတာ၊ ေသေတာ့ ဗိုက္ႀကီးက
ခ်ပ္ေနတယ္ကြ၊ ဒါနဲ႔ ဘေထြးက မသကၤာ
လို႔ သူႀကီးကို တိတ္တိတ္အေၾကာင္း ၾကား
ၿပီး လူမသိေအာင္ တိတ္တိတ္ဗိုက္ခြဲၾကည့္
ေတာ့ မလွရီ ဗိုက္ထဲမွာ အူေတြ အသည္း
ေတြ ဘာမွကို မရွိေတာ့ဘူးကြ၊ ဒါနဲ႔ ဘေထြး
တို႔ ခ်က္ခ်င္းျပန္ခ်ဳပ္ၿပီး ေန႔ခ်င္းသျဂၤုဟ္ပစ္
ခဲ့တာ။ မင္းတို႔လူငယ္ေတြပဲ အသုဘခ်ေပး
ၾကတာမို႔လား။ မလွရီဆုံးတာ အခုဆိုရင္
တစ္ႏွစ္ရွိၿပီ၊ဘေထြးတို႔ လတိုင္း ဆရာေတာ္
ကိုပင့္ၿပီး ဆြမ္းကပ္ေပးတယ္။မလွရီအတြက္
အလႉအတန္းလည္း အၿမဲလုပ္ၿပီး အမွ်ေဝပါ
တယ္။ တစ္ႏွစ္လုံးလုံးလည္း ခ်ိဳးကနဲ ခြၽတ္
ကနဲေတာင္ မၾကားခဲ့ရပါဘူးကြယ္၊အခု တစ္
ႏွစ္ျပည့္ေတာ့မွ အိမ္မွာ ဘာေတြ ျဖစ္တယ္
မသိပါဘူး ေမာင္တာေတရယ္၊ညဆိုရင္ အိမ္
ထဲမွာ’ဒုန္း ဒုန္း’နဲ႔ လမ္းေလွ်ာက္သံေတြ ၾကား
တဲ့အခါ ၾကားရတယ္။ ပစၥည္းေတြ တြန္းခ်လို
တြန္းခ်နဲ႔ ျဖစ္ေနတာ တစ္လေလာက္ ရွိၿပီ
ေပါ့ကြယ္၊ၿပီးခဲ့တဲ့ ညကေတာ့ ဘေထြးအိမ္
သာသြားတာ ဘေထြးမန္က်ည္းပင္ေအာက္
ေရာက္ေတာ့ ေက်ာကုန္းကို ဘုန္းကနဲ႐ိုက္
တာ ခံလိုက္ရတယ္ ေမာင္တာေတရဲ႕”

“ဟာ၊ ဘေထြးေရ၊ အေျခအေန ေတာ္
ေတာ္ဆိုးေနၿပီပဲဗ်ာ”

“ဟုတ္တယ္ ေမာင္တာေတ၊ ဒါေၾကာင့္ဘ
ေထြး ဆရာေတာ္ကို လာၿပီးေလွ်ာက္တာ
ပါကြာ၊ ဆရာေတာ္က ဒီေလာက္ဆိုးလာ
ရင္ေတာ့ ေမာင္တာေတကို ေခၚၿပီး တိုင္
ပင္မွျဖစ္မယ္ဆိုၿပီး ေခၚခိုင္းလိုက္တာကြ”

က်ဳပ္တို႔လူငယ္ေတြက ဘေထြးကို ခင္ၾက
တယ္ဗ်။ ရပ္ေရး႐ြာေရးရွိလို႔ ေငြလိုရင္ ဘ
ေထြးကိုပဲ အားကိုးၾကရတာဗ်။ ဘေထြးက
လည္း က်ဳပ္တို႔ လူငယ္ေတြကို လႊတ္အား
ေပးတဲ့ လူဗ်။ ရပ္ေရး႐ြာေရးရွိရင္ ေရွ႕ဆုံး
ကေန ေငြလာထည့္တဲ့လူေပါ့ဗ်ာ။

“ဘေထြးစိတ္ထဲမွာ ဘယ္လိုထင္တုံးဗ်”

“ဘေထြးစိတ္ထဲမွာေတာ့ အိမ္သာနားက
မန္က်ည္းပင္ကို တယ္ၿပီး မသကၤာဘူး
ကြယ္၊ မလွရီ ေသတုန္းကလည္း အဲဒီ မန္
က်ည္းပင္ေအာက္မွာ လန္႔ေအာ္ၿပီး ေသ
သြားတာ ေမာင္တာေတရဲ႕၊ ဘေထြး ထင္
တာေတာ့ ဘေထြးကို ႐ိုက္လိုက္တာ အဲဒီ
မန္က်ည္းပင္ေပၚက အေကာင္တစ္ေကာင္
က ႐ိုက္လိုက္တယ္လို႔ ထင္တာပဲကြယ္”

“အဲဒါပဲ ေမာင္တာေတေရ၊ ဒကာႀကီးတို႔
မွာလည္း ဟိုအသံၾကား ဒီအသံၾကားနဲ႔
ေကာင္းေကာင္းကို မအိပ္ၾကရဘူးတဲ့ေဟ့၊
ဒီၾကားထဲ လူကို ကိုယ္ထိလက္ေရာက္
လုပ္လာၿပီ ဆိုေတာ့ စိုးရိမ္စရာ ျဖစ္လာၿပီ
ေပါ့ကြယ္၊ ဒကာမႀကီး မလွရီကို လုပ္သ
လို လုပ္လိုက္မွာကို ဆရာေတာ္လည္း စိုး
ရိမ္တယ္ ေမာင္တာေတ”

“႐ြာထဲလူေတြ ထင္တာနဲ႔ တျခားစီ ျဖစ္ေန
ပါလား”

“ေဟ…ဟုတ္လား၊ ႐ြာထဲကလူေတြက
ဘယ္လိုထင္ၾကလို႔တုံး ေမာင္တာေတရဲ႕”

ဆရာေတာ္က က်ဳပ္ကို ေမးတာဗ်။ ဆရာ
ေတာ္ ေမးေတာ့ က်ဳပ္လည္း ဘယ္လိမ္ဝံ့
မွာတုံးဗ်ာ။ ေျပာရေတာ့တာေပါ့။

“ဒီလိုပါဘုရား၊ ႐ြာထဲမွာ ေျပာေနၾကတာက
ဘေထြးနဲ႔ ဒုတိယဇနီးက ေအာက္လမ္းနဲ႔
ေပါင္းၿပီး အရီးမလွရီကို လုပ္ႀကံတယ္လို႔
ထင္ၾက ေျပာၾကတာဘုရား”

က်ဳပ္စကားကို ၾကားေတာ့ ဘေထြးကို
ေခါင္းညိတ္ျပတယ္။ ၿပီးေတာ့ ဆရာ
ေတာ္ကို ေလွ်ာက္တယ္

“ေမာင္တာေတ ေျပာတာ အမွန္ပါဘုရား၊
ဒီစကားေတြကို တပည့္ေတာ္အားလုံးၾကား
ၿပီပါၿပီဘုရား၊ ဒီအေၾကာင္းေတြကို တပည့္
ေတာ္ ဘယ္သူ႔ကိုမွ ရွင္းမျပခဲ့ပါဘူးဘုရား၊
ဘယ္သူ႔ကိုမွလည္း စိတ္မဆိုးပါဘူးဘုရား။
ဘာျဖစ္လို႔တုံးဆိုေတာ့ တပည့္ေတာ္ရဲ႕ အ
ေျခအေနကလည္း ႐ြာထဲကလူေတြ တစ္မ်ိဳး
ေတြးခ်င္စရာ ျဖစ္ေနတာကိုးဘုရား၊ ဒါေပမဲ့
တပည့္ေတာ္ရဲ႕ ဒုတိယဇနီးဟာ အင္မတန္
မွ စိတ္ထားေကာင္းတဲ့ မိန္းမတစ္ေယာက္
ပါဘုရား၊ ဒီလိုယုတ္မာတဲ့ အက်င့္အႀကံမ်ိဳး
ေယာင္လို႔ေတာင္ မေတြးတတ္တဲ့သူပါဘု
ရား၊တပည့္ေတာ္ကိုယ္တိုင္လည္း ကုသိုလ္၊
အကုသိုလ္ကို နားလည္တဲ့လူပါဘုရား၊ ၿပီး
ေတာ့ မလွရီအေပၚမွာလည္း ေမတၱာ ေစတ
နာ မပ်က္ခဲ့ပါဘူးဘုရား၊ မလွရီကို အေပၚ
ကို ေနေနသာသာ အနာတရ ျဖစ္ေအာင္
ေတာင္ တစ္ခါမွ မလုပ္ခဲ့ဖူးပါဘူးဘုရား”

“က်ဳပ္ ယုံၾကည္ပါတယ္ ဒကာႀကီး၊ ကဲ
ဒီေတာ့ ေမာင္တာေတက မင္းဘေထြး
ထြန္းၾကည္တို႔ကိစၥအတြက္ သင့္ေတာ္တဲ့
ဆရာသမား ရွာေပေတာ့ကြယ္၊ ခရီးထြက္
ဖို႔ လိုတယ္ဆိုရင္လည္း ခရီးထြက္ပါ၊ အ
ေဖာ္တစ္ေယာက္ ေခၚသြားေပါ့ကြယ္၊ လို
အပ္တဲ့ စရိတ္စကကို ဒကာႀကီး ကိုထြန္း
ၾကည္က ေပးပါလိမ့္မယ္”

“လိုတာအားလုံး ေမာင္တာေတပဲ ၾကည့္စီ
ရင္ပါကြယ္၊ ဘေထြး ေမာင္တာေတကို အ
ကုန္အပ္ပါတယ္၊ လိုအပ္တဲ့ ေငြေၾကး အ
တြက္ ဘေထြး အားလုံး အကုန္အက်ခံပါ
မယ္ ေမာင္တာေတ”

ဆရာေတာ့္ေက်ာင္းက ျပန္လာတဲ့ အခ်ိန္
ကတည္းက က်ဳပ္လည္း မန္က်ည္းပင္
ေအာက္က ကြပ္ပ်စ္မွာထိုင္ၿပီး နဂါးေဆး
ေပါ့လိပ္ကေလးဖြာရင္း စဥ္းစားရေတာ့တာ
ေပါ့ဗ်ာ။ ဘေထြးထြန္းၾကည္တို႔ ဝိုင္းထဲက
အိမ္သာနားမွာ မန္က်ည္းပင္ႀကီး တစ္ပင္
ရွိတယ္ဗ်။ဘေထြးကေတာ့ အဲဒီမန္က်ည္း
ပင္ႀကီးကို သူ မသကၤာဘူးလို႔ ေျပာတာပဲ။
အဲဒီအပင္ေပၚမွာ အေကာင္တစ္ေကာင္
ေရာက္ေနတယ္လို႔ ထင္တယ္။ အရီးလွရီ
ေသတာလည္း အဲဒီမန္က်ည္းပင္က အ
ေကာင္သတ္ၿပီး အူေတြ အသည္းေတြႏႈတ္
စားသြားတယ္လို႔ ထင္တယ္ဗ်ိဳ႕။

အခုလည္း တစ္ႏွစ္ေလာက္ရွိမွ တစ္စခန္းထ
လာျပန္တာ ဆိုေတာ့ ေနာက္တစ္ေယာက္
မ်ား စားခ်င္ျပန္သလားလို႔ က်ဳပ္ေတြးၾကည့္
မိရင္း ေတာ္ေတာ္စိတ္ပူသြားေရာဗ်ာ။ဘေထြး
မွာက ခ်စ္စရာ သမီးေလးတစ္ေယာက္ ရွိေန
တယ္ေလဗ်ာ။မေတာ္လို႔ ကေလးကိုမ်ား လုပ္
လိုက္ရင္ ဒုကၡလို႔ ေတြးမိၿပီး က်ဳပ္ေတာ္ေတာ္
ကို စိတ္ပူသြားတာဗ်။ က်ဳပ္ဆရာႀကီးေတြကို
လိုက္ပင့္ရေအာင္ကလည္း ဘယ္ေရာက္လို႔
ဘယ္ေပါက္ေနမွန္းကို မသိတာ။

သူတို႔မွာလည္း သူတို႔အေၾကာင္းနဲ႔ သူတို႔ရွိ
ေနၾကတာေလဗ်ာ။ ေနာက္ဆုံးေတာ့ မဖဲဝါ
ကိုပင့္ဖို႔ က်ဳပ္ ဆုံးျဖတ္လိုက္တယ္။ က်ဳပ္
ေတာင္ပိုင္းကိုသြားၿပီး ဘေထြးထြန္းၾကည္
ကို အက်ိဳးအေၾကာင္း ေျပာျပတယ္။ က
ေလးကို ဘေထြး သံသယရွိတဲ့ မန္က်ည္း
ပင္ေအာက္ကို တစ္ေယာက္တည္း မသြား
ေစဖို႔လည္း က်ဳပ္သတိေပးလိုက္တယ္ဗ်။
ၿပီးေတာ့ ဆရာႀကီးေတြ ပင့္ဖို႔ မလြယ္တဲ့အ
ေၾကာင္း ေျပာၿပီး ေလာေလာဆယ္ မဖဲဝါကို
ပင့္ၿပီး ေမးမယ္လို႔ ေျပာေတာ့ ဘေထြးက
က်ဳပ္ကို ၾကက္ဝယ္ဖို႔ ထမင္း ဟင္းခ်က္ဖို႔
ေငြထုတ္ေပးတယ္။ က်ဳပ္လည္း ဘေထြး
အိမ္က ျပန္တာနဲ႔ ေက်ာက္ခဲနဲ႔ သံမဏိကို
တစ္ခါတည္း ဝင္ေခၚလာခဲ့တယ္။ ဒီေကာင္
ေတြ ၾကက္သြားဝယ္ၿပီး ဝိုင္းထဲမွာ ထမင္း
ဟင္း ခ်က္ၾကတယ္၊ ညေနေစာင္းေတာ့
ထမင္းေတာင္း အဆင္သင့္ျဖစ္ၿပီ။ ညရွစ္
နာရီေလာက္ေရာက္ေတာ့ က်ဳပ္ရယ္၊
ေက်ာက္ခဲရယ္၊ သံမဏိရယ္ ထေနာင္း
ကုန္းသခ်ႋဳင္းထဲကို ေရာက္လာၾကတယ္။

က်ဳပ္က မ်က္ကြင္းေဆးကြင္း၊ နားႏွစ္
ဖက္ကိုပါ လိမ္းၿပီး ဒိဗၺေသာတဂါထာကို
႐ြတ္ထားလိုက္တယ္။ ဒါဆိုရင္ အသံကိုပါ
ၾကားရတာဗ်။ ဂူေပၚမွာ ထမင္းပြဲျပင္ဆင္ၿပီး
ဖေယာင္းတိုင္ မီးထြန္းလိုက္တယ္။ၿပီးတာ
နဲ႔ က်ဳပ္ မဖဲဝါကို ပင့္လိုက္တာေပါ့ဗ်ာ။

“အေရွ႕ေနထြက္၊ အေနာက္ေနဝင္၊ ေတာင္
တံငါ့ကြန္၊ ေျမာက္ဓူဝံအတြင္း၊ ေရာက္ရာအ
ရပ္၊ ေရာက္ရာေနရာကေန သခ်ႋဳင္းရွင္မ မ
ဖဲဝါ ႂကြေရာက္ခဲ့ပါဗ်ာ၊ က်ဳပ္တာေတက ထ
ေနာင္းကုန္း သခ်ႋဳင္းထဲကေန မဖဲဝါကို ပင့္
ဖိတ္ပါတယ္၊ စားပြဲေသာက္ပြဲနဲ႔ ႀကိဳလို႔ေပါ့ဗ်ာ
အခုခ်က္ခ်င္း ႂကြခဲ့ပါ၊ သခ်ႋဳင္းရွင္မႀကီးဗ်ာ”

“ဝူး၊ ဝူး၊ ဝူး၊ ဝူး ၊ အီ၊ အီ၊ အီ”

ေဟာ နက္ေက်ာ္ႀကီး အသံဗ်ိဳ႕။ မဖဲဝါက ဒီ
နီးနီးနားနားမွာကို ရွိေနတာပဲ။ဒါေၾကာင့္ နက္
ေက်ာ္ႀကီး အသံကို က်ဳပ္ ခ်က္ခ်င္း ၾကားရ
တာဗ်။ ေက်ာက္ခဲနဲ႔ သံမဏိကေတာ့ က်ဳပ္
ေနာက္က လိုက္ေနက်ေကာင္ေတြဆိုေတာ့
ဒါေတြ ႐ိုးေနၿပီေပါ့ဗ်ာ။

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ”

ဟာ …နီးလာၿပီဗ်ိဳ႕၊ နီးလာၿပီ။ေဟာ ဂူေတြ
ေပၚကေန ေ႐ြ႕လာတာဗ်။ ေလထဲမွာ ေ႐ြ႕
လာတာ၊ ရိပ္ကနဲ ရိပ္ကနဲပါပဲဗ်ာ၊ ဒီတစ္ခါ
ေတြ႕ေတာ့ မဖဲဝါထမီအနက္ႀကီးတစ္ထည္
ရင္လ်ားလို႔ဗ်။ ဆံပင္ႀကီး ဖားလ်ားခ်ထား
တယ္။ မ်က္လုံးနီနီႀကီးေတြက အၾကမ္းပန္
ကန္လုံးႀကီးေတြေလာက္ ရွိတယ္ဗ်ိဳ႕။အရပ္
ႀကီး ဆယ္ေပေလာက္ေက်ာ္ေလာက္ ရွိမယ္
ဗ်။ဂူႀကီးေပၚမွာ ဒူးႀကီးေတြေထာင္ၿပီး ထမင္း
ပြဲကို ငုံ႔ၾကည့္တယ္ဗ်။ၿပီးေတာ့ ေခါင္းကို သုံး
ေလးခ်က္ ညိတ္လိုက္တယ္။ ၿပီးတာနဲ႔ စၿပီး
စားေတာ့တာပဲဗ်ာ။ မဖဲဝါစားရင္ အၿမဲတမ္း
က်ဳပ္ သတိထားမိတယ္။

အ႐ိုးေတြ ဘယ္ေတာ့မွ ေထြးမထုတ္ဘူး
ဗ်။အ႐ိုးေတြပါ ဝါးၿပီး စားပစ္တာဗ်။ မဖဲဝါ
စားေသာက္ေနတာကို က်ဳပ္ကေတာ့ ေတြ႕
ရတာေပါ့။ေက်ာက္ခဲတို႔ သံမဏိတို႔ကေတာ့
ဘယ္ျမင္မွာတုံးဗ်ာ။နက္ေက်ာ္ႀကီးက မဖဲဝါ
စားေနတဲ့ ဂူေဘးမွာ ငုတ္တုတ္ႀကီးထိုင္လို႔
ဗ်။ နည္းတဲ့အေကာင္ႀကီး မဟုတ္ပါဘူးဗ်ာ။
မဖဲဝါကလည္း ထမင္းစားရင္း ဟင္းတုံးေတြ
ကို နက္ေက်ာ္ႀကီးဆီ ပစ္ပစ္ေကြၽးေသးတာ
ဗ်။ မဖဲဝါ ပစ္ေကြၽးတဲ့ ဟင္းတုံးေတြကို နက္
ေက်ာ္က အငမ္းမရ ေကာက္စားတာဗ်ိဳ႕။

က်ဳပ္ကလည္း ဘေထြးထြန္းၾကည္ ေပး
လိုက္တဲ့ ေငြေပါေပါနဲ႔ ၾကက္သုံးပိႆာကို
ခ်က္ထားတာ၊ ၾကက္သုံးေကာင္ဗ်။ အေမ့
ဆီက အႀကီးဆုံးအိုးႀကီးနဲ႔ကို ခ်က္ရတာ။
မဖဲဝါေရာ နက္ေက်ာ္ေရာ စားလိုက္ၾကတာ
ဗ်ာ။ ေဟာ ၿပီးသြားၿပီဗ်ိဳ႕။ ထမင္းေရာ ဟင္း
ေရာ ကုန္ကိုသြားတာဗ်ာ၊ ေဟာ လက္ေဆး
ၿပီး ေရေသာက္ၿပီဗ်ိဳ႕။ က်ဳပ္ကို လွမ္းၾကည့္
ၿပီး ေမးဆတ္ျပတယ္။ေမးတာေလဗ်ာ၊က်ဳပ္
ကိစၥကို ေမးတာဗ်။

“မဖဲဝါ က်ဳပ္တို႔ ထေနာင္းကုန္းေတာင္ပိုင္း
မွာေနတဲ့ ဘေထြးထြန္းၾကည္တို႔ဝိုင္းထဲမွာ…”

က်ဳပ္က စကားစ႐ုံရွိေသးတယ္၊ မဖဲဝါက
လက္ႏွစ္ေခ်ာင္း ေထာင္ျပတယ္။

“ဟုတ္ ဟုတ္ပါတယ္ မဖဲဝါ၊ မယားႏွစ္
ေယာက္နဲ႔ပါ၊ အဲဒါ ပထမ မယားက အူ
ေတြ အသည္းေတြ မရွိေတာ့ဘဲ ေသ
သြားတာ တစ္ႏွစ္ ရွိၿပီဗ်”

က်ဳပ္ေျပာတာကို မဖဲဝါက ေခါင္းညိတ္
ျပတယ္။

“အဲဒါ အခု ဘေထြးအိမ္မွာ ဝုန္းဒိုင္းက်ဲၿပီး
ဟိုေန႔က ဘေထြးကိုလည္း ေက်ာကုန္းကို
အုန္းကနဲ ႐ိုက္လိုက္တယ္ဗ် မဖဲဝါရဲ႕၊ အဲ
ဒါ ေနာက္ထပ္ လူထပ္သတ္မွာ စိုးရိမ္လို႔
ပါဗ်ာ”

“ဟဲ့ တာေတ၊ အဲဒါ လွရီ သရဲမဟဲ့”

“ဗ်ာ…အရီးလွရီ ဟုတ္လား မဖဲဝါ၊ ျဖစ္မွ
ျဖစ္ရေလဗ်ာ”

“နင္တို႔က လွရီကို အေကာင္းထင္ေနၾက
တာကိုး၊ လွရီက ေအာက္လမ္း ဆရာကို
ေငြေပးၿပီး သရဲတစ္ေကာင္ေမြးတာဟဲ့။
ထြန္းၾကည္ မယားငယ္ကို သတ္ဖို႔ႀကံတာ၊
သရဲကို အစာေကြၽးတာ ရက္မမွန္လို႔ သူ
ေမြးတဲ့သရဲက သူ႔ကို ျပန္သတ္ၿပီး သူ႔အူ
ေတြ အသည္းေတြကို ထုတ္စားသြားတာ
တာေတရဲ႕”

“ဟာ …က်ဳပ္ျဖင့္ ထင္ကို မထင္တာပါဗ်ာ”

“အဲဒီအေကာင္ႀကီးေနရာမွာ လွရီက ဝင္
ေနရတာ၊ ဟိုသရဲက မရွိေတာ့ဘူး ထြက္
သြားၿပီ၊ မန္က်ည္းပင္မွာ လွရီက သရဲမ
ႀကီးျဖစ္ၿပီး က်န္ခဲ့တာေဟ့၊ အခု သူကိုယ္
တိုင္ သရဲမျဖစ္ေတာ့ ထြန္းၾကည္ကိုေရာ
မယားငယ္ကိုပါ သတ္ဖို႔ ႀကံေနတာေဟ့
သိၿပီလား၊ သူ႔ရဲ႕လက္ဝတ္လက္စားေတြ
ကို ထြန္းၾကည္က သူ႔မယားငယ္ကို ဆင္
ထားေတာ့ လွရီသရဲမက ပိုၿပီးစိတ္နာလာ
လို႔ အိမ္ထဲမွာ ဝိုင္းဒိုင္းက်ဲေနတာေဟ့
တာေတရဲ႕”

“အဲဒါ ဘယ္လိုရွင္းရမွာတုံးဗ်ာ”

“နင္ မပူနဲ႔ တာေတ၊ သန္ဘက္ခါဆိုရင္
နင့္ဆရာ ဘိုးလူေပ ေရာက္လာလိမ့္မယ္”

“ဗ်ာ၊ ဟုတ္လား မဖဲဝါ၊ ဘိုးလူေပ လာမယ္
ဟုတ္လား”

မဖဲဝါက က်ဳပ္ေမးတာကို ဘာမွျပန္မေျပာ
ေတာ့ဘူးဗ်။ ဒီမွာတင္ က်ဳပ္က မဖဲဝါကို
ေမးလိုက္တယ္။

“မဖဲဝါ က်ဳပ္ တစ္ခုေမးပါရေစဗ်ာ၊ အရီးလွ
ရီကို ဘိုးလူေပ မပါဘဲ မဖဲဝါအမိန္႔နဲ႔ ေခၚ
ထုတ္သြားရင္ မရဘူးလား”

“တာေတ၊ လွရီသရဲမက အစြဲေတြေရာ၊ရန္
ၿငိဳးေတြေရာ အင္မတန္ႀကီးတာဟဲ့၊ သူက
ထြန္းၾကည္ကို မေျပာသာလို႔ မေျပာခဲ့ေပမဲ့
စိတ္ထဲက နည္းနည္းမွကို မေက်နပ္တာ
မဟုတ္ဘူး။ ဒီလင္မယားကို ေသေၾကာင္း
ႀကံဖို႔ အၿမဲစိတ္ကူးေနတာ၊ ကေလးေရာ
လင္မယားႏွစ္ေယာက္စလုံးေရာ သတ္ပစ္
ၿပီး ပစၥည္းေတြ အကုန္လုံး အပိုင္စီးဖို႔ အ
ႀကံနဲ႔ သရဲႀကီးတစ္ေကာင္ကို မန္က်ည္း
ပင္မွာ ေနခိုင္းၿပီး တိတ္တိတ္ကေလး အ
မဲသားအစိမ္းေတြ ေကြၽးေနတာ။ သရဲကို
သူေတာ္ေတာ္ပိုင္လာၿပီ။ အဲဒီအခ်ိန္မွာ
သူေကြၽးရမယ့္ရက္ကို သတိေမ့ၿပီး တစ္
ရက္ပဲ ေက်ာ္သြားတာ၊ သူေမြးတဲ့ သရဲက
ေဒါသပုန္ထၿပီး လွရီကို အူႏႈတ္စားပစ္တာ
ဟဲ့။ဒီေကာင္မလွရီသရဲမက ပစၥည္းစြဲေရာ၊
ရန္ၿငိဳးေတြ၊ ေဒါသေတြေရာနဲ႔ကို မိသားစု
ကို သတ္ဖို႔ ႀကိဳးစားေနတာ၊ ႏိုင္နင္းတဲ့ ဆ
ရာနဲ႔မွ အဲဒီေနရာကေန ဆြဲထုတ္လို႔ရမွာ၊ဒီ
အတိုင္းကေတာ့ ရမွာမဟုတ္ဘူး တာေတ”

“ေၾသာ္…ဒီကိုကိုး၊ က်ဳပ္ သိၿပီ မဖဲဝါ၊
ဘိုးလူေပအလာကို က်ဳပ္ေစာင့္ပါမယ္”

မဖဲဝါလည္း ျပန္သြားေရာ က်ဳပ္တို႔လည္း
ျပန္ခဲ့ၾကတာေပါ့ဗ်ာ။ေနာက္တစ္ေန႔ေရာက္
ေတာ့ ဘေထြးထြန္းၾကည္ကို ဆရာေတာ့္
ေက်ာင္းလာခဲ့ဖို႔ လူလႊတ္ေခၚခိုင္းၿပီး ဆရာ
ေတာ့္ေရွ႕မွာတင္ အက်ိဳးအေၾကာင္း ေျပာ
ျပလိုက္ရတယ္။ က်ဳပ္ေျပာတာ ၾကားေတာ့
ဘေထြးက အံ့ၾသလြန္းလို႔ ပါးစပ္ေဟာင္း
ေလာင္းေတာင္ ျဖစ္သြားတယ္ဗ်ိဳ႕။

“ဟုတ္ရဲ႕လား ေမာင္တာေတရယ္၊ က်ဳပ္
မိန္းမ မလွရီ ဆိုတာ ဟုတ္ရဲ႕လားကြ”

“ဟုတ္ရဲ႕လား ေမာင္တာေတရယ္၊ က်ဳပ္
မိန္းမ လွရီဆိုတာ ဟုတ္ရဲ႕လားကြ”

လို႔ က်ဳပ္ကို ျပန္ေမးတယ္ဗ်။

“ဘေထြး က်ဳပ္ မဖဲဝါကို ပင့္ၿပီး ေမးခဲ့မယ္၊
မဖဲဝါေျပာတာ လြဲစရာမရွိပါဘူး ဘေထြးရာ”

ဘေထြး ၿငိမ္သြားေရာဗ်ိဳ႕။ဆရာေတာ္ကိုယ္
တိုင္လည္း အံ့ၾသလြန္းလို႔ ဘာေျပာရမွန္း
ေတာင္ မသိသလို ျဖစ္သြားတာေပါ့ဗ်ာ။

“ဒါဆို ဒကာႀကီး၊ က်ဳပ္ တစ္ခု လုပ္ၾကည့္
ခ်င္ေသးတယ္”

“မွန္လွပါ၊ မိန္႔ပါဘုရား၊ တပည့္ေတာ္
ေတာ့ ေခါင္းေတြ ပူထူၿပီး ဘာလုပ္ရမွန္း
မသိေတာ့ပါဘူးဘုရား”

“မနက္ျဖန္ အ႐ုဏ္ဆြမ္းကပ္ ဒကာႀကီး
ရာ၊ က်ဳပ္နဲ႔ သံဃာေလးပါး ေပါင္း ငါးပါး
ပင့္ေပါ့၊ ဒကာမႀကီး မလွရီကို ရည္စူးၿပီး
ကပ္ပါ၊ က်ဳပ္က ဒကာမႀကီးကို ေခၚၿပီး
တရားေဟာပါ့မယ္၊ ဒကာမႀကီးက က်ဳပ္
ေဟာတဲ့ တရားကို နာရတာ ရင္ထဲေအး
လိုက္တာလို႔ က်ဳပ္ကို ေလွ်ာက္ဖူးတယ္ဗ်”

“ေကာင္းပါၿပီဘုရား၊ဒါဆိုရင္ တပည့္ေတာ္
အခုပဲ ျပန္ၿပီး အိမ္မွာ ဆြမ္းခ်က္ဖို႔ စီစဥ္
လိုက္ပါမယ္၊သကၤန္းလည္း ဝယ္ခိုင္းလိုက္
မယ္ဘုရား”

“ေအး ေကာင္းတယ္ ဒကာႀကီး၊ ျပန္ ျပန္”

လို႔ ဆရာေတာ္က မိန္႔လိုက္ေတာ့ ဘေထြး
ထြန္းၾကည္ ျပန္သြားတယ္ဗ်။

“တာေတ၊ မင္း ဘယ္လိုလုပ္မယ္ စိတ္ကူး
ထားတုံး”

“ဆရာေတာ္ဘုရား၊ သန္ဘက္ခါေလာက္
ဆိုရင္ ဆရာႀကီး ဘိုးလူေပ ႂကြလာမယ္
လို႔ မဖဲဝါ ေျပာလိုက္ပါတယ္ဘုရား၊ အဲဒီ
ေတာ့မွ ဆရာႀကီးကို အက်ိဳးအေၾကာင္း
ေျပာမယ္လို႔ တပည့္ေတာ္ စိတ္ကူးထား
ပါတယ္ဘုရား”

“ေအးေလ၊ ဆရာဆိုတာကေတာ့ သူ႔ပညာ
နဲ႔ ႀကိမ္းေမာင္းႏွင္ထုတ္မွာေပါ့ေလ၊ ခဏ
ေနပါဦး တာေတရာ၊ ဒကာမႀကီး မလွရီက
ဆရာေတာ့္ ဆြမ္းဒကာမႀကီးပါ၊ဒကာမႀကီး
ဒီဘဝ ေရာက္တာကို ဆရာေတာ္ ေတာ္
ေတာ္ကို စိတ္မေကာင္း ျဖစ္မိတယ္ကြယ္၊
ဆရာေတာ္ ႀကိဳးစားၿပီး ကြၽတ္လြတ္ေအာင္
လုပ္ၾကည့္ခ်င္ေသးတယ္”

“မွန္လွပါဘုရား”

က်ဳပ္လည္း အိမ္ျပန္လာခဲ့တယ္။ အဲဒီည
က က်ဳပ္နဲ႔ ကာလသားတစ္ခ်ိဳ႕ ဘေထြး
ထြန္းၾကည္အိမ္မွာ ဝိုင္းၿပီး ခ်က္ၾကျပဳတ္
ၾကနဲ႔ ကူလုပ္ရင္း အိပ္လိုက္တယ္။

“ဟား၊ ဟား၊ ဟား၊ ဟား၊ ဟား”

ရယ္သံႀကီးဗ်၊ ညသန္းေခါင္ေက်ာ္ေလာက္
မွာ ၾကားရတာ။ က်ဳပ္တို႔အားလုံး တုံးလုံး
လွဲၿပီး ေမွးေနရာကေန ခ်က္ခ်င္း ထထိုင္
လိုက္ၾကတယ္

“ဟား၊ ဟား၊ ဟား၊ ဟား၊ ဟား”

ေဟာ ရယ္သံႀကီး ထပ္ေပၚလာျပန္ၿပီဗ်ိဳ႕။
အိမ္ေနာက္ဘက္ကဗ်။

“တာေတ၊ ဒါ မီးဖိုေခ်ာင္ထဲက အသံလား”

ပုရစ္က ေမးတာဗ်။ ဒီေကာင္က နဂိုက
တည္းကမွ မ်က္လုံးက ျပဴးျပဴးေလဗ်ာ။
အခု ေၾကာက္ေနေတာ့ မ်က္လုံးႀကီးေတြ
က ပိုၿပီးျပဴးေနသလိုပါပဲဗ်ာ။

“ေဟ့ေကာင္ ပုရစ္၊ မင္းမ်က္လုံးႀကီးေတြ
နည္းနည္းေမွးထားစမ္းကြာ၊ အေရးထဲမွာ
မင္းမ်က္လုံးေတြ ေတြ႕ရတာ ပိုၿပီး
ေၾကာက္လာၿပီကြ”

ဟန္တင့္က ပုရစ္ကို ေျပာတာဗ်။အားလုံး
က နားေတြစြင့္ေနၾကတာ။ ဘေထြးတို႔ မိ
သားစုလည္း နားေထာင္ေနၾကတာေပါ့ဗ်ာ
ခ်က္တဲ့ျပဳတ္တဲ့ လူေတြလည္း အားလုံး
ေတြၿပီး နားေထာင္ေနၾကတာဗ်ိဳ႕။

“ဟား၊ ဟား၊ ဟား ၊ ဟား၊ ဟား”

ရယ္သံႀကီး ထပ္ေပၚလာျပန္ၿပီဗ်ိဳ႕။ ဒီတစ္
ခါေတာ့ က်ဳပ္မွန္းမိသြားၿပီဗ်။ ဒါ အိမ္သာ
နားက မန္က်ည္းပင္ႀကီးေပၚက အသံပဲ။

“ဟား၊ ဟား၊ ဟား၊ အကုန္လုံး သတ္မယ္”

အို…ဘယ္လိုအသံႀကီးပါလိမ့္ဗ်ာ။ ေယာ
က္်ားသံလား၊ မိန္းမသံလား ဆိုတာေတာင္
ခြဲလို႔မရဘူးဗ်။ ေနာက္ထပ္ေတာ့ မၾကား
ေတာ့ဘူးဗ်။ က်ဳပ္က လူေတြ အိမ္ေနာက္
ဘက္ကို မသြားဖို႔ သတိေပးလိုက္တယ္။
မန္က်ည္းပင္ႀကီးနားကို လုံးဝမကပ္ဖို႔
လည္း ထပ္ေျပာလိုက္တယ္။

က်ဳပ္ မနက္ေစာေစာ သံဃာေတြ မႂကြ
ခင္အိမ္ျပန္ၿပီး မ်က္ကြင္းေဆး ကြင္းလိုက္
တယ္။က်ဳပ္ ျပန္ေရာက္ေတာ့ ဆရာေတာ္
နဲ႔ သံဃာေတြေတာင္ ဆြမ္းဘုဥ္းေနၾကၿပီ
ဗ်။ ဘေထြးက ညက ၾကားတဲ့ အသံႀကီး
အေၾကာင္း ဆရာေတာ္ကို ခပ္တိုးတိုး
ေလွ်ာက္ေနတယ္ဗ်။

ဆရာေတာ္ကေတာ့ ဘာမွမေျပာဘဲ ေခါင္း
ပဲ ညိတ္ျပတယ္။ မ်က္ႏွာေတာ့ ေတာ္ေတာ္
ကို မေကာင္းတာဗ်။ဆရာေတာ္က အလြတ္
လာတာေတာ့ မဟုတ္ဘူးဗ်ိဳ႕။ ဆရာေတာ္
ထိုင္တဲ့ ေနာက္တည့္တည့္က ဘုရားခန္း
မွန္မွာ သစ္စုန္းေတာင္ေဝွး ေထာင္ထား
တယ္ဗ်။ ဆရာေတာ္ သစ္စုန္းေတာင္ေဝွး
ယူလာတာပဲ။ ခင္ဗ်ား မွတ္မိေသးလား။

ဆရာစိုင္းႏြံဖက က်ဳပ္ ႏႈတ္ေပးခဲ့တဲ့ သစ္
စုန္းပင္ကေန ဆရာေတာ္အတြက္ ေတာင္
ေဝွးတစ္ေခ်ာင္းနဲ႔ က်ဳပ္အတြက္ သစ္စုန္း
ေဆးေတာင့္တစ္ေတာင့္ ေပးခဲ့တာေလဗ်ာ
(ကိုယ္ေတြ႕မဖဲဝါ စာအုပ္ထဲက မ်က္ကြင္း
ေဆးဝတၳဳမွာ ျပန္ဖတ္ၾကည့္ဗ်ာ)ဆြမ္းေတြ
ဘာေတြ ဘုဥ္းၿပီးေတာ့ ဆရာေတာ္ကို သ
ကၤန္းလႉတယ္။

“ကဲ ဒကာတို႔၊ ဒကာမတို႔ ေနာက္ကို နည္း
နည္းဆုတ္ထိုင္ၾက၊ က်ဳပ္ ဒကာမႀကီး
မလွရီကို တရားနာဖို႔ ေခၚမလို႔ ”

လူေတြအားလုံးက ေနာက္ကို ဆုတ္သြား
ၾကတယ္။ ဘေထြးထြန္းၾကည္နဲ႔ သူ႔မိန္းမ
မလွရီက ေရွ႕မွာ ထိုင္ေနၾကတယ္။ ေရ
စက္ခ်ဖို႔ေပါ့ဗ်ာ။

“ဒကာမႀကီး ေဒၚလွရီ ေရာက္ရာ ေနရာဌာ
န၊ ဘုံဘဝကေန ဒီေနရာ ဒီဌာနကို အခု
ခ်က္ခ်င္း လာပါ၊ ဆရာေတာ္ ေဟာတဲ့ တ
ရားကို နာယူၿပီး သာဓုအႏုေမာဒနာေခၚဆို
ဖို႔ လာခဲ့ပါ၊ ဒီေန႔ လႉဒါန္းတဲ့ အလႉဟာ ဒ
ကာမႀကီးကို ရည္စူးၿပီး ဒကာမႀကီးရဲ႕ ခင္
ပြန္းေဟာင္းက လႉဒါန္းတဲ့ အလႉျဖစ္ပါ
တယ္၊ အလႉရွင္ျဖစ္တဲ့ ဒကာမႀကီး ႂကြ
ေရာက္ဖို႔ လိုပါတယ္”

“ဝုန္း”

“ဟဲ့ ေသာက္ေခြး” “ဟဲ့ ကလမႂကြ”

ဟာ ဘေထြးရဲ႕ ဒုတိယဇနီး မလွရီကို ဝင္
ပူးတာဗ်ိဳ႕။ မလွရီက အသားေတြ တဆတ္
ဆတ္တုန္ၿပီး ၾကမ္းျပင္ကို လက္ဝါးနဲ႔ ‘ဝုန္း’
ကနဲ ႐ိုက္ခ်လိုက္တာဗ်။ လူေတြဆိုတာဗ်ာ
လန္႔ၿပီး ေအာ္လိုက္ၾကတာ မေျပာပါနဲ႔ေတာ့
ဗ်ာ။ အိမ္ထဲမွာ ဆူညံသြားေရာဗ်ိဳ႕။

“အခု ေရာက္လာတာ ဘယ္သူတုံး၊ ဒကာ
မႀကီး ေဒၚလွရီ ဟုတ္ရဲ႕လား”

က်ဳပ္ ဆတ္ကနဲ လွည့္ၾကည့္လိုက္ကတည္း
က ျမင္ေနၿပီးသားဗ်။ ေခါင္းက ဆံပင္ႀကီးက
ဖားလ်ားႀကီးဗ်။မ်က္ႏွာႀကီးေပၚမွာ အက္ကြဲ
ေနတဲ့ အရာႀကီးေတြနဲ႔ပါဗ်ာ။ မ်က္လုံးႀကီး
ေတြက အျပင္ကို ကြၽတ္ထြက္ေတာ့မလိုကို
ျပဴးေနတာဗ်။ လက္မွာလည္း လက္သည္း
ရွည္ႀကီးေတြက တိရစာၦန္လက္သည္းေတြ
လိုပဲဗ်ာ။ အ႐ြယ္အစားက လူထက္ ႏွစ္ဆ
ေလာက္ ရွိဆေလာက္ ရွိတယ္။

ပါးစပ္ႀကီးကလည္း လူပါးစပ္ထက္ အမ်ား
ႀကီး ပိုက်ယ္တယ္။ ပါးစပ္ထဲက လွ်ာနီနီရဲ
ရဲႀကီးက အထဲဝင္သြားလိုက္၊ တြဲေလာင္း
ႀကီး က်ေနလိုက္နဲ႔ က်ဳပ္ေတာင္ လန္႔ၿပီး
ေနာက္ကို မသိမသာ ဆုတ္လိုက္မိတယ္။
က်ဳပ္က ဆရာေတာ့္အနားမွာ ထိုင္ေနရ
တာဗ်ာ။ ဆရာေတာ္ ထိုင္ခိုင္းထားတာဗ်။
တျခားလူေတြကေတာ့ သရဲမ ေဒၚလွရီကို မေတြ႕ရဘူးေပါ့ဗ်ာ။သူတို႔ကေတာ့ အသား
တဆတ္ဆတ္ တုန္ေနတဲ့ မလွရီကိုျမင္ၾက
တာေပါ့၊ ဆရာေတာ္ကိုယ္တိုင္လည္း မလွ
ရီကိုပဲျမင္မွာပဲေပါ့၊က်ဳပ္ကေတာ့ မ်က္ကြင္း
ေဆး ကြင္းထားတာကိုးဗ်။

“ဒကာမႀကီး ေဒၚလွရီဆိုရင္ ဆရာေတာ့္
စကားကို နားေထာင္ပါ”

“လွရီ ဟုတ္တယ္၊ နားမေထာင္ဘူး၊ ဒင္း
တို႔ အကုန္လုံးကို သတ္ေတာ့မွာ၊ဒီအခ်ိန္
ထိ ေစာင့္ေနရတာ၊ ဒီအေကာင္ လႉတဲ့
အလႉကိုလည္း သာဓုမေခၚခ်င္ဘူး၊ ဒီအ
ေကာင္ကို အရင္သတ္မယ္၊ ၿပီးရင္ ေဟာ
ဒီေကာင္မကို ေဟာဒီလို ေဟာဒီလို”

“ဒုန္း” “ဒုန္း” “ဟာ” “ဆြဲၾကပါဦး”

မလွရီက သူ႔နဖူးကို ၾကမ္းျပင္နဲ႔ ‘ဒုန္း’ကနဲ
‘ဒုန္း’ကနဲ ျမည္ေအာင္ ကုန္းၿပီး ေဆာင့္
တာဗ်။တကယ္ေတာ့ မလွရီ ေဆာင့္တာ
ဘယ္ဟုတ္မွာတုံးဗ်ာ။ သရဲမႀကီး ေဒၚလွ
ရီက ေဆာင့္ေနတာေပါ့။

“ၿပီးေတာ့ ေဟာဒီလို ဆံပင္ဆြဲၿပီး ပါးကို
ေဟာဒီလို ေဟာဒီလို ခ်မယ္”

“ဖ်န္း၊ ဖ်န္း၊ ဖ်န္း”

“ေအာင္မယ္ေလး ဆြဲၾကပါေတာ့၊ လွရီ
ေလး ေသသြားပါေတာ့မယ္၊ ဟဲ့ တာ
ေတ၊ နင္ ဘာလုပ္ေနတာတုံး ဆြဲေလ”

မလွရီက သူ႔ဆံပင္သူဆြဲၿပီး သူ႔ပါးကို သူ႔
လက္နဲ႔ တဖ်န္းဖ်န္း ႐ိုက္ေနတာဗ်ိဳ႕။ ဘ
ေထြးက ခ်က္ခ်င္းထၿပီး မလွရီကို ခ်ဳပ္
ထားတယ္

“ဟဲ့ အလွ၊ အလွ၊ သတိထားေလ၊
သတိထားေလ”

“ဘာအလွတုံး၊ ကဲဟာ၊ ေခြးႀကီး နင္ အရင္
ေသရမယ္ ကဲဟာ”

မလွရီကို ခ်ဳပ္ထားတဲ့ ဘေထြးကို ေဆာင့္
တြန္းပစ္လိုက္တာ ဘေထြးဆိုတာ ေနာက္
ကို လန္က်သြားေရာဗ်ိဳ႕။ဘေထြးက လူလုံး
လူထည္ႀကီးႀကီး ထြားထြားက်ိဳင္းက်ိဳင္းလူ
ဗ်။ဒါကိုေတာင္ လြင့္ထြက္သြားေအာင္တြန္း
ပစ္ႏိုင္တဲ့အားက နည္းတာ မွတ္လို႔ဗ်ာ။ အ
ရီးမလွရီ ေသတာ တစ္ႏွစ္ရွိၿပီဗ်။ တစ္ႏွစ္
အတြင္းမွာ ဒီေလာက္ အေကာင္ႀကီး ႀကီးၿပီး
အားေတြ တအားသန္သြားတာပဲကိုး။

“တာေတ၊ ေရာ့ သစ္စုန္းေတာင္ေဝွးနဲ႔
ထိန္းေတာ့ မရေတာ့ဘူး”

ဆရာေတာ္က ဘုရားခန္းမွာ မွီထားတဲ့ သစ္စုန္းေဆးေတာင္ေဝွးကို ယူၿပီး က်ဳပ္
လက္ထဲကို ထည့္လိုက္တယ္။ဆရာေတာ္
ဆရာေတာ္က ရဟန္းဝိနည္းရွိေတာ့ ဘာမွ
မလုပ္ဘူးေပါ့ဗ်ာ။ က်ဳပ္က သစ္စုန္းေတာင္
ေဝွးကိုယူၿပီး သရဲမႀကီးရဲ႕ေခါင္းေပၚမွာ ေဝွ႔
ရမ္းလိုက္ေရာဗ်ိဳ႕။

“ေအာင္မယ္ေလး၊ ေၾကာက္ပါၿပီဘုရား၊
ေၾကာက္ပါၿပီ”

ခ်က္ခ်င္းကို ထၿပီးေအာ္ေတာ့တာဗ်ိဳ႕။ေအာ္
တဲ့အသံႀကီးကလည္း ေၾကာက္စရာႀကီးပါ
ဗ်ာ။ အသံကြဲကြဲႀကီးနဲ႔ လူသံနဲ႔လည္း မတူ
ဘူးဗ်။ တိရစာၦန္တစ္ေကာင္ရဲ႕ အသံလိုမ်ိဳး
ႀကီးေပါ့ဗ်ာ။သစ္စုန္းေတာင္ေဝွးကိုင္ၿပီး ရပ္
ေနတဲ့ က်ဳပ္ကို မ်က္လုံးျပဴးျပဴးႀကီးနဲ႔ တစ္
ခ်က္လွန္ၾကည့္ၿပီး…

“တာေတ အရီးပါဟဲ့၊ အရီးပါ၊ အဲဒီဟာႀကီး
ေဘးကို ဖယ္လိုက္ပါ၊ အရီး အေနခက္လြန္း
လို႔ပါ၊ နင္ မသိဘူးေနာ္ တာေတ၊ဒီအေကာင္
ထြန္းၾကည္ ငါ့အေပၚမွာ ဘယ္ေလာက္ရက္
စက္တယ္ဆိုတာ နင္ မသိဘူးဟဲ့၊ ဟီး၊ ဟီး”

ဟာ သရဲမႀကီး ငိုၿပီဗ်ိဳ႕။

“ငါ့မွာ ႀကိတ္မွိတ္ခံခဲ့ရတာ၊ မယားငယ္ေလး
ကို အိမ္ေပၚေခၚတင္လာၿပီး ငါေရွ႕မွာ ပလူး
ပလဲလုပ္ေနတာ၊ ငါ့အသည္းေတြ ႏွလုံးေတြ
ကို ဓါးနဲ႔ မႊန္းေနသလိုကို ငါခံရတာ၊ ေနာက္
ဆုံး မခံႏိုင္ေတာ့ အစြမ္းထက္တဲ့ ဆရာတစ္
ေယာက္ကို ႀကိတ္ရွာၿပီး ေငြပုံေပး၊ သရဲ အ
ေကာင္ႀကီးတစ္ေကာင္ ရွာခိုင္း၊ မန္က်ည္း
ပင္ေပၚ တင္ထားၿပီး အစာမွန္မွန္ေကြၽးထား
တယ္။ဒင္းတို႔သုံးေယာက္စလုံးကို သတ္ၿပီး
အျပတ္ရွင္းဖို႔ ငါႀကံခဲ့တာ၊ဒါေပမဲ့ ငါေမြးတဲ့
သရဲက သူ႔ကိုအစာေကြၽးဖို႔ တစ္ရက္က
ေလး ေက်ာ္သြားတာနဲ႔ ငါ့ကို အူေတြ အ
သည္းေတြ ႏႈတ္ၿပီး စားသြားတယ္။သူ႔ေန
ရာကို ငါဝင္ရတယ္။ ဒါေၾကာင့္ ငါ့မွာ ခ်က္
ခ်င္း ဒီလိုသရဲမႀကီး ျဖစ္ခဲ့ရတာေလ၊ ဒါေပ
မဲ့ ငါ ဝမ္းမနည္းဘူး၊ ဒင္းတို႔ကို ငါ့လက္နဲ႔
ကိုယ္တိုင္ကိုယ္က် သတ္ရမွာဆိုလို႔ ဝမ္း
ေတာင္သာေသးတယ္၊ အခု ငါသတ္ႏိုင္
တဲ့ အခ်ိန္ေရာက္ၿပီ၊ ငါ့ကိုလည္း အလွည့္
ေပးၾကပါဦး တာေတရယ္၊ အရီး ခံခဲ့ရတာ
ေတြကို ေတြးၾကည့္ပါဦး သတ္မယ္ သတ္
မယ္”

ဟာ ေျပာရင္းကေန သရဲမႀကီး ေဒါသ
ေတြ ေပါက္ကြဲၿပီး ထေအာ္ျပန္ေရာဗ်ိဳ႕။

“တာေတ၊ သူ႔ေနရာ ျပန္ခိုင္းလိုက္ေတာ့”

က်ဳပ္က သရဲမႀကီးရဲ႕ေခါင္းကို သစ္စုန္း
ေဆးေတာင္ေဝွးနဲ႔ ခပ္ျဖည္းျဖည္း ေခါက္
လိုက္တယ္

“ေအာင္မေလး၊ မလုပ္ပါနဲ႔ တာေတရယ္၊
အရီးေခါင္းေတြ ကြဲထြက္ပါေတာ့မယ္”

“ကဲ အရီး၊ အရီးေနတဲ့ ေနရာကိုျပန္ေတာ့၊
အဲဒီက ဆရာေတာ့္တရားကို နာပါ၊ သာဓု
ေခၚလိုက္ပါေတာ့ အရီးရယ္”

က်ဳပ္က ေျပာေျပာဆိုဆိုနဲ႔ သစ္စုန္းေတာင္
ေဝွးကို ျပန္သိမ္းလိုက္တယ္။

“ဝုန္း”

ေဟာ သရဲမႀကီး ထြက္သြားၿပီဗ်ိဳ႕။ မလွရီ
‘ဝုန္း’ဆို လဲက်သြားတာဗ်ိဳ႕။ ဘေထြးက
သူ႔မိန္းမကို ေျပးေပြ႕တယ္။ က်ဳပ္က ေရ
တစ္ခြက္ ျမန္ျမန္ခပ္ၿပီး သစ္စုန္းေတာင္
ေဝွးနဲ႔ေမႊတယ္။

အဲဒီေရနဲ႔ မလွရီကိုေတာက္လိုက္ေတာ့
မလွရီ ခ်က္ခ်င္းသတိရၿပီး ထထိုင္တယ္
သူ ဘာကိုမွ မသိလိုက္ဘူးဗ်။က်န္တဲ့ေရ
ကို က်ဳပ္က မလွရီဆီ ကမ္းေပးလိုက္ၿပီး
ေသာက္ခိုင္းလိုက္တယ္။ ကိုယ္ေပၚမွ မ
ေကာင္းတာေတြ ကပ္မေနေအာင္ေပါ့ဗ်ာ
လူေတြကေတာ့ တြတ္တြတ္ တိုးတိုးနဲ႔
ေျပာေနၾကတာေပါ့ဗ်ာ။

“ထြန္းၾကည္ မေကာင္းတာ၊
ဒင္း မေကာင္းလို႔ မလွရီ ဒီဘဝ
ေရာက္ရတာ၊ ဒင္း တရားခံ”

တခ်ိဳ႕ဘြားေတာ္ႀကီးေတြက ေျပာရင္း
မ်က္ရည္က်ၾကတယ္။ ဆရာေတာ္က
တရားကို ခပ္တိုတိုပဲေဟာၿပီး ေရစက္ခ်
အမွ်ေဝတယ္။ သာဓု ေခၚၾကတယ္။ သ
ရဲမႀကီးေဒၚလွရီကေတာ့ သာဓု ဘယ္ေခၚ
မွာတုံးဗ်ာ။သူက ဘေထြးတို႔ကို သတ္ကို
သတ္မွာဗ်။ အခုပုံစံဆိုရင္ ဘေထြးတို႔ထဲ
က ကံအနိမ့္ဆုံးလူကို စၿပီးသတ္မွာပဲဗ်ိဳ႕။

“တာေတ ဒီကို လာဦး”

ဆရာေတာ္က က်ဳပ္ကို သူ႔အနားေခၚ
တယ္။က်ဳပ္က ဆရာေတာ့္ေဆးေတာင္
ေဝွးကို ျပန္အပ္လိုက္တယ္။

“အေျခအေနက မေကာင္းဘူး တာေတ၊
မၾကာခင္မွာ ဒကာႀကီးတို႔ မိသားစုကို
ဒုကၡေပးေတာ့မွာ ေသခ်ာတယ္၊ ဆရာ
ေတာ္ ေျပာလို႔လည္း မရေတာ့ဘူး၊ ဒီ
ေတာ့ မနက္ျဖန္ ဘိုးလူေပလာရင္ လုပ္
စရာရွိတာ လုပ္ၾကေပေတာ့ ”

ဆရာေတာ္က ေတာ္ေတာ္ကို မ်က္ႏွာမ
ေကာင္းတာဗ်။ က်ဳပ္ကို ေျပာၿပီးတာနဲ႔
ေက်ာင္းကို ျပန္ႂကြသြားတယ္။သိလိုက္
တဲ့ မဖဲဝါဗ်ာ။ သူေျပာတဲ့အတိုင္းပဲ၊

ေနာက္တစ္ေန႔မွာ ဘန္႔ေဘြးကုန္းကို
ဘိုးလူေပ ေရာက္လာတယ္။ က်ဳပ္
ေရာက္သြားေတာ့ ဘိုးလူေပက ၿပဳံးၿပီး
ႏႈတ္ဆက္တယ္။ဘိုးလူေပကေတာ့ အ
ရင္ပုံစံအတိုင္းပဲဗ်။ဘာမွကို မေျပာင္း
လဲဘူး။ အိုလည္း အိုမသြားဘူး။

“အထက္က ခိုင္းတဲ့ကိစၥတစ္ခု ေဆာင္
႐ြက္ၿပီး ျပန္လာတာကြဲ႕ ေမာင္တာေတရဲ႕၊
မင္းကို သတိရတာနဲ႔ ဒီဘက္ကို လွည့္ဝင္
လာ၊ တျခားအေၾကာင္းကိစၥ မရွိပါဘူး”

“ဒီမွာေတာ့ အေၾကာင္းကိစၥ ရွိေနတယ္
ဆရာႀကီး”

“ေၾသာ္ ဟုတ္လား၊ ဘာမ်ားတုံး ေမာင္
တာေတ”

က်ဳပ္က ဘေထြးထြန္းၾကည္အေၾကာင္း
ကို အစကေန အဆုံးအထိ ေျပာျပလိုက္
တယ္

“အင္း…က်ဳပ္တို႔ ဒီည လုပ္မွျဖစ္မွာ
ေမာင္တာေတ၊ က်ဳပ္ေရာက္လာတာ
အံကိုက္ျဖစ္သြားတယ္၊ မနက္ျဖန္ဆိုရင္
သရဲမႀကီးက သူတို႔တစ္အိမ္လုံးကို
သတ္ေတာ့မွာ”

“ဟာ ဟုတ္လား ဆရာႀကီး”

“ကဲ ညက်ေတာ့ လုပ္ၾကတာေပါ့ကြယ္”

က်ဳပ္က ထေနာင္းကုန္းကို ျပန္ေျပးၿပီး
ဘေထြးကို တိုးတိုးေျပာရတယ္။ဒီညလာ
မယ့္ အေၾကာင္း၊ အားလုံး သတိနဲ႔ေနဖို႔
အေၾကာင္းေပါ့ဗ်ာ။ ညေရာက္ေတာ့ ဘိုး
လူေပကို ပင့္ၿပီး က်ဳပ္ ထေနာင္းကုန္းကို
လာခဲ့တယ္။

“မလုပ္နဲ႔ ဆရာ၊ က်ဳပ္ကို ဘာမွမလုပ္ပါနဲ႔၊
က်ဳပ္ ဒီအေကာင္နဲ႔ ဒီေကာင္မကို သတ္
စမ္းပါရေစ ဆရာရယ္၊ ဟီး၊ ဟီး၊ ဟီး၊ ဟီး
က်ဳပ္က ခံခဲ့ရတဲ့သူပါ ဆရာရဲ႕”

ဘိုးလူေပနဲ႔ က်ဳပ္နဲ႔ ဘေထြးထြန္းၾကည္ရဲ႕
ဝိုင္းထဲကို ဝင္လိုက္တာနဲ႔ အသံႀကီးထြက္
လာတာဗ်ိဳ႕။က်ဳပ္က မ်က္ကြင္းေဆး ကြင္း
ထားလို႔ ၾကားတာလားလို႔ ဘိုးလူေပကို
အကဲခတ္ၾကည့္လိုက္ေတာ့ ဘိုးလူေပက
တုံ႔ကနဲ ရပ္လိုက္ၿပီး…

“ေမာင္တာေတ၊ အေကာင္ေတာ္ေတာ္
ႀကီးၿပီး အစြမ္းေတြလည္း ေတာ္ေတာ္ရွိ
ေနတာပဲကြဲ႕၊ ဒီလူေတြ ခုထိ မေသေသး
တာကိုက အံ့ၾသစရာ ျဖစ္ေနတာပဲကြယ္”

က်ဳပ္တို႔ အိမ္ေပၚေရာက္ေတာ့ အိမ္ေပၚ
မွာ ကာလာသားေတြေရာ လူႀကီးေတြ
ေရာ ေရာက္လို႔ဗ်။ မိန္းမေတြ မလာရ
ဘူး။ အိမ္ေပၚေရာက္တာနဲ႔ ဘိုးလူေပက
အခ်ိန္မဆိုင္းဘူးဗ်။ သရဲမႀကီးကို အမိန္႔
နဲ႔ ခ်က္ခ်င္းေခၚတယ္။

“ဝုန္း”

မလွရီကို ဝင္ၿပီးပူးျပန္ၿပီဗ်ိဳ႕။က်ဳပ္ကေတာ့
မ်က္ကြင္းေဆး ကြင္းထားေတာ့ သရဲမႀကီး
ကို ျမင္ေနရတာေပါ့ဗ်ာ။

“ကဲ ေဒၚလွရီ၊ ဆရာ တိုတိုနဲ႔ လိုရင္းပဲ
ေျပာမယ္၊ ဒီမိသားစုကိုေရာ ေဟာဒီ႐ြာ
သူ႐ြာသားေတြကိုေရာ ဘာအေႏွာင့္အ
ယွက္မွ မေပးဘူးဆိုရင္ အခု နင္ေနတဲ့
ေနရာမွာပဲ ဆက္ေနခြင့္ျပဳမယ္၊ ဒီလိုမွ
ကတိမေပးႏိုင္ရင္ေတာ့ အခုခ်က္ခ်င္းပဲ
ဒီ႐ြာထဲကေန ထြက္သြားရလိမ့္မယ္၊ ဆ
ရာတို႔ကို ေပးထားတဲ့ ကတိကိုဖ်က္ရင္
ဘယ္လိုျဖစ္မယ္ဆိုတာေတာ့ သိမွာေပါ့
ေလ။ကဲ ဘယ္လိုတုံး၊ မေႏွာင့္ယွက္ပါ
ဘူးလို႔ ကတိေပးမလား”

“မေပးဘူး ဆရာ၊ က်ဳပ္ ကတိမေပးဘူး၊
အခု မသတ္ရရင္ေတာင္ ေနာင္သတ္မယ္၊
က်ဳပ္အေျခအေနေပးတဲ့အထိ ေစာင့္ၿပီး
သတ္ကို သတ္မွာ၊ ဒင္းတို႔ အူေတြ အ
သည္းေတြကို က်ဳပ္ႏႈတ္ၿပီး စားကို
စားမွာ”

ဟာ က်ဳပ္ေတာင္ အံ့ၾသသြားတာဗ်ိဳ႕။ဘိုး
လူေပလို ပုဂၢိဳလ္ကိုေတာင္ မေလွ်ာ့ဘူး
ဗ်ာ။ အရီးမလွရီရဲ႕ ရန္ၿငိဳး ဘယ္ေလာက္
ႀကီးတယ္၊အမုန္း ဘယ္ေလာက္ႀကီးတယ္
ဆိုတာ က်ဳပ္ျဖင့္ ေတြးေတာင္မေတြးတတ္
ေတာ့ပါဘူးဗ်ာ။ သရဲမႀကီး ပူးေနတဲ့ မလွ
ရီကေတာ့ အသားေတြ တဆတ္ဆတ္တုန္
လို႔ေပါ့ဗ်ာ။ ဘိုးလူေပက မတ္တတ္ထရပ္
ၿပီး အမိန္႔ျပန္တယ္။

“သခ်ႋဳင္းေစာင့္ မဖဲဝါ၊ ဒီအမိန္႔ကို ၾကား
သိေစရမယ္၊ သင္ပိုင္တဲ့ သခ်ႋဳင္းမွာ ျမႇဳပ္
ႏွံသၿဂႋဳဟ္တဲ့ ေသသူတို႔ရဲ႕ ဝိညာဥ္ဟာ
သင္နဲ႔ဆိုင္တယ္၊ လွရီရဲ႕ ဝိညာဥ္ကို အ
ခုခ်က္ခ်င္းေခၚၿပီး သင့္ေလ်ာ္ရာ ေနရာ
တစ္ခုမွာ ထားလိုက္ပါ၊ ဒီ႐ြာအတြင္း၊
ဒီအိမ္အတြင္းကို ဘယ္ေသာအခါမွ
မလာေစရ၊ ဘိုးလူေပ အမိန္႔”

“ေနႏွင့္ၾကဦးေပါ့ဟယ္၊ တစ္ေန႔ေတာ့
ေတြ႕ၾကရမွာေပါ့၊ ဟင္း ဟင္း ဟင္း”

“ဝူး ဝူး ဝူး ဝူး အီ အီ အီ အီ”

ဟာ ဘိုးလူေပရဲ႕ အမိန္႔ျပင္းခ်က္ေတာ့ဗ်ာ
မဖဲဝါ ခ်က္ခ်င္း လာေနၿပီဗ်ိဳ႕။ မဖဲဝါရဲ႕ေခြး
နက္ႀကီး အသံကို က်ဳပ္ ၾကားေနရၿပီ။

“အီး၊ အီး၊ အီး၊ အား၊ အီး”

ေဟာ မဖဲဝါ ဝိုင္းေရွ႕မွာ ေရာက္ေနၿပီဗ်ိဳ႕။
ဘိုးလူေပက က်ဳပ္ကို လွည့္ၾကည့္တယ္။
က်ဳပ္က ေခါင္းညိတ္ျပလိုက္ေတာ့ …

“ကဲ လွရီ၊ နင့္ကို ေခၚမယ့္သူ ေရာက္ၿပီ၊
အခုခ်က္ခ်င္း လိုက္သြားေပေတာ့”

” ဘုန္း”

ဟာ မလွရီ လဲက်သြားၿပီဗ်ိဳ႕။ ဘိုးလူေပ
က အသင့္လုပ္ထားေရနဲ႔ မလွရီမ်က္ႏွာ
ကို ေတာက္လိုက္တယ္။ ခ်က္ခ်င္းကို
ထထိုင္ေတာ့ပါပဲဗ်ာ။

“ဝူး၊ ဝူး၊ ဝူး၊ အီ၊ အီ၊ အီ၊ အီ”

မဖဲဝါရဲ႕ ေခြးနက္ႀကီး အူသံက တျဖည္း
ျဖည္းနဲ႔ အေနာက္ဘက္ကို ေရာက္သြား
ၿပီဗ်ိဳ႕။

“ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး”

ေဟာ တျဖည္းျဖည္းနဲ႔ ႐ြာအျပင္ကို
ေရာက္သြားတဲ့အသံဗ်။

“ကဲ အႏၲရာယ္အားလုံးက ကင္းရွင္းသြား
ပါၿပီ၊ က်န္းက်န္းမာမာခ်မ္းခ်မ္းသာသာ
ေနၾကေပေတာ့ဗ်ာ၊ သာသနာေတာ္ႀကီး အဓြန္႔ရွည္ဖို႔ကိုလည္း ဝိုင္းဝန္ေဆာင္
႐ြက္ႏိုင္ၾကပါေစ”

ဘေထြးထြန္းၾကည္က ဘိုးလူေပကို စကၠဴ
နဲ႔ ပတ္ထားတဲ့ ေငြစကၠဴတစ္ထပ္ ယူၿပီး
ဘိုးလူေပကို လႉတယ္ဗ်။ၿပီးေတာ့ သူတို႔
မိသားစုသုံးေယာက္ ဘိုးလူေပကို ကန္
ေတာ့တယ္။ လာၾကည့္ေနၾကတဲ့ က်ဳပ္
တို႔ ႐ြာသားေတြလည္း ဘိုးလူေပကို
ကန္ေတာ့ၾကတယ္။

ဘိုးလူေပကို ဘန္႔ေဘြးကုန္း လိုက္
ပို႔ေတာ့ ႐ြာက ကာလသား ေလးငါး
ေယာက္ပါ လိုက္လာၿပီး က်ဳပ္နဲ႔အ
တူတူ လိုက္ပို႔ၾကတယ္။

ဘန္႔ေဘြးကုန္းက ဘိုးညိဳအိမ္မွာ ဘိုး
လူေပနဲ႔ စကားေျပာၾကေသးတယ္ဗ်။
က်ဳပ္ အိမ္ျပန္ေရာက္ေတာ့ လုလင္
ျပန္ ၾကက္ေတာင္ တြန္ေပါ့။

ေကာင္းကင္မွာလည္း ခုႏွစ္စဥ္ၾကယ္
က အၿမီးေလးေထာင္လို႔။

မူရင္းေရးသူ ဆရာ တာေတ
စာဖတ္သူကို ကူးယူေဝမွ်သူ လက္ခ(ေ႐ႊေပါက္ကံ)

မဖဲဝါကို မုန္းတဲ့စုန္း စာအုပ္မွ ေကာက္ႏုတ္
တင္ျပထားသည္

စာဖတ္သူမ်ား စိတ္႐ႊင္လန္းပါေစ

#တာေတ
#မဖဲဝါ
#ညမဖတ္ရ