တစ္ဆေတွေလာတဲ့ည

တစ္ဆေတွေ လာတဲ့ည

ရေးသားသူ – တာတေ

===============

ဘယ်သူကစခဲ့တဲ့ အစဉ်အလာဆိုတာတော့တာတေမသိဘူးဗျ။

တာတေတို့နေတဲ့ ထနောင်းကုန်းနားက မီးလောင်ကုန်းမှာလေ။တစ်နှစ်တစ်ခါလုပ်တော့ဗျို့။ကျုပ်တို့ရွာက ရွှေတောင်ဦးဘုရားပွဲပြီးလို့ တစ်ပတ်ဆိုရင် ဒီပွဲက စတာဗျ။အကျွတ်အလွတ်ပွဲတဲ့ဗျာ.။မီးလောင်းကုန်းသချိုင်းတောင်ဘက်က ဘိုးရုံသောင်ရဲ့ယာတောထဲမယ်။မဏ္ဍပ်ထိုးပြီး လုပ်တာဗျ။

စီစဉ်တာကတော့မီးလောင်ကုန်းက လူကြီးတွေပေါ့ဗျာ။ရွာကကာလသားတွေကတော့ သူတို့ရွာက လုပ်တဲ့ပွဲမှာဝိုင်းဝန်းပြီးချက်ကြ ပြုတ်ကြရပေါ့။ဒီပွဲကို ရောက်လာမယ့် သရဲတွေ တစ္ဆေတွေ စားဖို့လေဗျ။ပဲရယ် အားလူးရယ် အမဲသား ကြက်သား အကုန်ပေါင်းပြီးအိုးကြီးနဲ့ ချက်ရတာဗျို့။အကျွတ်အလွတ်ပွဲမစခင် သုံးရက်လောက်ကတည်းကအနီးအနားက ရွာသချိုင်းတွေမှာ လိုက်ပြီး ဗျို့ဟစ်ရတာဗျ။

“ဒီသင်္ချိုင်းမြေအတွင်း မှီးတင်းနေထိုင်ကြတဲ့ သရဲ တစ္ဆေအပေါင်းတို့။နောက်သုံးကြာရင် မီးလောင်ကုန်းရွာအကျွတ်အလွတ်ပွဲကျင်းပတော့မယ်ဗျို့။ဒီပွဲမှာ ဆရာတော်ကြီးတွေဟောကြားတဲ့တရားပေစာနားကြားရင်း ထမင်း ဟင်းကောင်းစားဖို့ ကြွကြပါလို့ ဖိတ်မန္တကပြုပါတယ်ဗျား။မမေ့မလျော့နဲ့ နွားရိုင်းသွင်းချိန်အရောက်ကြွခဲ့ကြပါ တစ္ဆေ သရဲအပေါင်းတို့”

တစ္ဆေတွေ သရဲတွေကြားအောင် အသံပြဲကြီးနဲ့ ဗျို့ဟစ်တာကအာဗြဲလို့ခေါ်တဲ့ အောင်ဘကြည်လေဗျာ။ဒီကောင်အာဗြဲကဦးဆောင်ပြီးကာလသားငါးယောက် လိုက်ပြီးဗျို့ဟစ်ရတာ။

ဒီကောင်တွေလည်း သိပ်တော့ မသက်သာဘူးဗျ။ထနောင်းကုန်း ဘန့်ဘွေးကုန်း မီးလေင်းကုန်း ငွေတွင်းကုန်းဆပ်သမြှောက် ညံတော အို မနည်းပါဘူးဗျာ။အနီးအနားကရွာသင်္ချ ိုင်းတွေ အကုန်သွားပြီးတော့ ဗျို့ဟစ်ရတာဗျ။ကျုပ်တို့တောင်ရွာစုက သင်္ချ ိုင်းက သရဲတွေဆိုရင် အာဗြဲရဲ့အသံပြဲပြဲကြီးကို မှတ်မိနေမှာ သေချာသဗျ။မဏ္ဍပ်ထိုးတဲ့သူက ထိုး။ သံဃာစင်ဆောက်တဲ့လူကဆောက်တစ္ဆေသရဲတွေ ကျွေးဖို့ အစားအသောက်ချက်ဖို့ပြုတ်ဖို့စီစဉ်တဲ့လူက စီစဉ်ပေါ့ဗျ။

ဒီအကျွတ်အလွတ်ပွဲကို ဘယ်သူက စခဲ့တယ်ဆိုတာတော့မသိဘူးဗျ။ကျုပ်တို့ မမွေးခင်ကတည်းက ရှိခဲ့တာလေဗျာ။ဒီပွဲမှာ သရဲ တစ္ဆေတွေ တကယ်ပဲလာကြလား ဘယ်လောက်များများလာကြပြီး ဘယ်လောက်ကျွတ်လွတ်သွားတယ်ဆိုတာကို ဘယ်သူမှ အတပ်မသိကြပေမဲ့ အကျွတ်အလွတ်ပွဲကိုတော့တစ်နှစ်မပြတ်ကို လုပ်ခဲ့ကြတာဗျို့။

ဗျို့ဟစ်တဲ့အဖွဲ့မှာ အာဗြဲက ခေါင်းဆောင်ဖြစ်သလို သရဲကျွေးတဲ့နေရာမှာတော့ ပြောင်းရှည်ဆိုတဲ့ကောင်ကခေါင်းဆောင်ဗျ။မြေကွက်လပ်မှာ ငှက်ပျောပင်ဖတ်တွေ အသေအချာခင်းပြီးထမင်းပုံ ဟင်းပုံပြီး အကျအန ကျွေးတာဗျ ။ ပြောင်းရှည်ဆိုတဲ့ကောင်က လူက အရပ်ရှည်ရှည်။ကလန်ကလားကြီးနဲ့ဗျ။ထမင်းတောင်းကြီး ခါးစောင်းတင်ပြီး ကျွေးနေလိုက်တာများတကယ့်အလှူအိမ်ကြီးကျနေတာဗျ။

ကျုပ်လည်း ပြောသာပြောသာပါဗျာ။မီးလောင်ကုန်းကအကျွတ်အလွတ်ပွဲကို မရောက်တာကြာပါပြီ။ဟိုတုန်းကသာတစ်ခေါက် နှစ်ခေါက် ရောက်တာ။ဒီနောက်ပိုင်းတော့ မသွားဖြစ်ဘူးဗျ။ကျုပ်တို့ရွာက ရွှေတောင်ဦးဘုရားပွဲကပြီးရုံရှိသေးတော့ လူတွေလည်း ပန်းနေကြတာမို့လားဗျာ။ဒီအချိန် ဘယ်မှာကို သွားချင်ကြတာ မဟုတ်ဘူးဗျ။

“ကိုကြီးတာတေ ဒီနှစ် မီးလောင်ကုန်းက အကျွတ်အလွတ်ပွဲကိုသွားကြည့်ရအောင်ဗျာ”ကျောက်ခဲဗျ။

ဒီကောင်က ကျုပ်ငယ်ငယ်ကအတိုင်းပါဗျ။ဟိုစပ်စပ် ဒီစပ်စပ်နဲ့ ကျောက်ခဲမရောက်တဲ့နေရာကို မရှိပါဘူးဗျာကျုပ်က အင်တင်တင်လုပ်နေတာဗျ။ရွှေတောင်ဘုရားပွဲမပြီးခင်သုံးရက်လောက်အလိုကတည်းကကျောက်ခဲကတဖွဖွပြောနေတာ။သံမဏိကလည်း ကျောက်ခဲပူဆာတာကိုသူပါ သဘောတူပုံပဲဗျ။ဒီကောင်တွေပူဆာတော့မှာပဲ ကျုပ်လည်းတွေးမိတာဗျို့။အဲဒီအကျွတ်အလွတ်ပွဲကို ကျုပ်မျက်ကွင်းဆေးကွင်းပြီး တစ်ခါမှ မသွားခဲ့ဖူးဘူးဗျ။

ကျုပ်ဆိုတဲ့ကောင်ကလည်းကျောက်ခဲတို့စပ်စုတယ်ဆိုတာ ကျုပ်အိပ်သလောက်ပဲရှိတာလေဗျ။ကျုပ်စိတ်ထဲမှာ တစ်ခါလောက်တော့မျက်ကွင်းဆေးကွင်းပြီး သွားကြည့်မယ်လို့ တွေးတော့တွေးဖူးသားဗျ။ဒါပေမယ့် တစ်ခါမှတော့မရောက်ခဲ့ဘူးဒီတစ်ခါတော့ ကြုံပြီးပေါ့ဗျာ။ဟိုကောင် ကျောက်ခဲပူဆာတာဟာကျုပ်စိတ်ကို ဆွပေးသလို ဖြစ်သွားတာဗျို့။

“အေး သွားကြမယ်လေကွာ”

ကျုပ်က တက်တက်ကြွကြွပြောလိုက်တော့ ဒီကောင်နှစ်ကောင်ပျော်သွားသဗျ။ရွှေတောင်ဘုရားပွဲပြီးလို့နှစ်ရက်အကြာမှာကျုပ်လည်း ဝိုင်းထဲက မန်ကျည်းပင်ကြီးအောက်က သစ်သားကွပ်ပျစ်ပေါ်မှာခြေပစ်လက်ပစ်ကို အိပ်ပျော်သွားရောဗျို့။

“တာတေရေ…တာတေ”ဝိုင်းဝက ကျုပ်နာမည်ခေါ်သံကြားလို့သာ လန့်နိုးသွားတာဗျို့။နို့မဟုတ်ရင် ဘယ်လောက်များ အိပ်ပျော်နေမလဲမသိဘူး။အဘနဲ့အမေကလည်း ဘုရားပွဲမှာကျုပ်ပင်ပန်းထားမှန်းသိလို့မနှိုးကြဘူးဗျ။ကျုပ်နိုးတော့ ညနေတောင်စောင်းနေပြီလေဗျ။ကျုပ်ခေါင်းထောင်ပြီး ဝိုင်းဝကို လှမ်းကြည့်လိုက်တယ်။ဟင်…မီးလောင်းကုန်းက ပြောင်းရှည်နဲ့စံမြပါလား။

“ဟေ့ကောင်တွေ လာလေကွာ ဝိုင်းဝမယ် မတ်တတ်ကြီးရပ်လို”

“အေး လာဖို့ပဲ မင်းအိပ်နေတာ မြင်လို့ရပ်နေတာကွ”ပြောပြောဆိုဆို ဒီကောင်တွေကျုပ်ဆီကို တန်းလျှောက်လာကြတာဗျ။ပြောင်းရှည် စံမြရောကျုပ်နဲ့ရွယ်တူတွေလေဗျာ။

“လာ ထိုင်ကြကွာ။ငါလည်း ဘုရားပွဲအပြီးမှာ ပန်းပြီး အိပ်ပျော်သွားတာဟေ့။ထမင်းစားပြီးကတည်းက အိပ်လိုက်တာခုမှနိုးတာသာ ကြည့်ပေတော့ကွာ။ဒါတောင် ပြောင်းရှည်ခေါ်သံကြားလိုက်လို့ဟေ့။နို့မဟုတ်ရင် ညအထိတောင် ဆက်လက်အိပ်နေမလားပဲကွ”ကျုပ်က ပြောပြောဆိုဆိုနဲ့နဂါးဆေးပေါ့လိပ်ကလေးတွေတစ်ယောက်တစ်လိပ်တည်လိုက်တာဗျ။

ပြီးတော့ ကျုပ်ရဲ့လက်သုံးတော် ဓနုဖြူမီးခတ်ကြီးကို ကမ်းပေးလိုက်တယ်။ဒီကောင်နှစ်ကောင် မီးခတ်ပြီး ဆေးလိပ်တွေ ညှိကြတာပေါ့ဗျ။ကျုပ်လည်း မအိပ်ခင်က ချထားခဲ့ ဆေးလိပ်တိုကလေးကိုညှိပြီးဖွာလိုက်ရောဗျို့။”ပြောင်းရှည် မင်းတို့နှစ်ယောက် ဘယ်ကလာတာတုံး”

“ဘိုးရုံထောင်တို့နဲ့ လာတာကွာ။တို့ရွာ အကျွတ်အလွတ်ပွဲကလပြည့်ကျော်၆ရက်လေကွာ။အဲဒါ ဘိုးရုံထောင်တို့ဘုန်းကြီးလာပင့်တာကွ။ငါ့နဲ့စံမြကဘိုးရုံထောင်တို့ကို လှည်းမောင်းပြီးလိုက်ပို့ကြတာ တာတေရေ။ဘုန်းကြီးကျောင်းမှာ လှည်းထားခဲ့ပြီး မင်းဆီကိုလာခဲ့တာ”

“သြော် ဒီကိစ္စလား ငါတောင် ဒီနှစ် မင်းတို့ရွာက အကျွတ်အလွတ်ပွဲကို လာမလားလို့ကွ စံမြရ”

“အေး ငါ့တို့ အခုလာတာလည်း ဒီကိစ္စပဲကွ တာတေရ။တို့ရွာက အကျွတ်အလွတ်ပွဲအတွက် အစည်းအဝေးလုပ်တော့ဘိုးရုံထောင်တို့ လူကြီးပိုင်းက ပြောတယ်ကွ။အကျွတ်အလွတ်ပွဲ အစဉ်အလာကို ငါတို့လူငယ်တွေ ဆက်ပြီးထိန်းသိမ်းထားဖို့ပေါ့ကွာ။အဲဒီလို လူငယ်တွေအနေနဲ့ ဒီပွဲကို ဆက်ပြီးလုပ်ကြတဲ့အခါမှာ ထနောင်းကုန်းက တာတေကိုပါ ထည့်ပြီး အဖွဲ့ဖွဲ့ဖို့။ဒီကိစ္စဆောင်ရွက်တိုင်း တာတေကိုဖိတ်ခေါ်ကြဖို့မှာတယ်ကွ။ဒါကြောင့် ငါ့နဲ့စံမြ မင်းကိုလာဖိတ်တာ။အဲဒီနေ့မှာ မင်းဆက်ဆက်ကြွခဲ့ဖို့ပေါ့ကွာ”

“ဟား …ဟား…ဟား….ပြောင်းရှည်ရာ မင်းကလည်းဘယ့်နှယ့်ကြွပါတုံးကွ တာတေ…မင်းလာဖြစ်အောင်လာခဲ့လို့ပြောစမ်းပါကွာ”

“ဟား…မဟုတ်ဘူးလေကွာ။လူကြီးတွေကိုက မင်းကိုဖိတ်ခိုင်းတာကွ။ ဒါကြောင့် ဖိတ်ရတာလေကွာ”

“အေးပါကွာ ပြောင်းရှည် ငါ့လာခဲ့မယ် စိတ်ချ။ကျောက်ခဲနဲ့သံမဏိကလည်း သွားချင်လို့ ပြောနေတာ””ကျောက်ခဲဆိုတာ ဘယ်သူတုံး ”

“ကိုကြီးမောင်ညိုရဲ့သားလေကွာ။ဟိုကောင် သံမဏိက ကိုကြီးအောင်ငြိမ်းရဲ့သားလေကွ”

“သြော် ကိုမောင်ညိုတို့ ကိုအောင်ငြိမ်းတို့သားတွေကိုး”

“ဟာ ဒီကောင်နှစ်ကောင်ငါ့ကို လွှတ်ခင်တာကွ ပြောင်းရှည်ရ။အားလည်းကိုးရတယ်ဟေ့”

“ဒီကောင်တွေပါ ခေါ်ခဲ့လေကွာ ဘုန်းကြီးတွေကိုနေ့ဆွမ်းကပ်မှာကွ။မင်းတို့အတွက် ဘုန်းကြီးပွဲကျငါ့သိမ်းထားမယ်”စံမြကပြောတာဗျ။စံမြကလူအေးလူရိုးဗျ။စကားကလည်းအနည်းသား။

“ဟာ မလုပ်ပါနဲ့ စံမြရာ တာဝန်ပိုပါတယ်ကွာ။ငါ့တို့ထမင်းစားပြီးမှလာကြမှာပါ။ညနေစာတော့ အဆင်ပြေသလိုပေါ့ကွာ မီးလောင်ကုန်းတစ်ရွာလုံး တာတေ့စားအိမ်ချည်းပဲပါကွာ”

“ဒါတော့ ဟုတ်ပါတယ်ကွာ ဒါပေမယ့် ငါ့တို့ကမင်းကိုဧည့်ဝတ်ပြုချင်လို့ပါ့ကွာ”

“နို့….နေပါဦးကွ ပြောင်းရှည်ရ။ဟိုကောင် အာဗြဲမပါလာဘူးလား”ကျုပ်ကအာဗြဲကိုသတိရပြီးမေးလိုက်တာဗျ။

“ဟာ…ဒီရက်တွေဆိုအာဗြဲမအားတော့ဘူးလေကွာ။သင်္ချိုင်းကုန်းတွေလှည့်ပြီး ဗျို့ဟစ်နေရပြီကွ။ဒီအနီးအဝိုက်ကသရဲတွေကလည်း အာဗြဲအသံကို မှတ်မိနေလောက်ပြီကွာ”

ဒီကောင်နှစ်ကောင်ဆေးလိပ်ကလေးဖွာရင်းကျုပ်နဲ့စကားကောင်းနေကြတာဗျို့။တော်တော်ကြာမှ-

“ကဲ …တာတေရေ စကားကတော့ ပြောလို့ကောင်းတယ်ဟေ့ငါ့တို့သွားမှဖြစ်မယ် ဘိုးရုံထောင်တို့က မျှော်နေရင်မကောင်းဘူးဟေ့ “ပြောင်းရှည်ကကျုပ်ကိုနှုတ်ဆက်ပြီးပြန်သွားကြရောဗျို့။

ဘုန်းကြီးကျောင်းမှာဘုန်းကြီးပင့်နေတယ် ဘိုးရုံထောင်တို့ကိုဝင်ခေါ်ပြီးမီးလောင်ကုန်းကိုလှည်းပြန်မောင်းရမှာလေဗျာ။

လပြည့်ကျော် ၆ရက်ရောက်တော့ ကျုပ်ရယ်ကောင်လေးနှစ်ယောက်ရယ် ထမင်းစားပြီးမှရွာကထွက်ခဲ့ကြတယ်။ကျုပ်က ယူနေကျမျက်ကွင်းဆေးကိုအိတ်ရှုံ့လေးနဲ့လည်းပင်မှာဆွဲလို့ပေါ့ဗျာ။ဒါပေမဲ့ အင်္ကျီထဲမှာထည့်ထားတာဆိုတော့ လူတွေအမြင်ဘူးဗျ။

မီးလောင်ကုန်းရောက်တော့အကျွတ်အလွတ်ပွဲလုပ်ဖို့ ပြင်ထားတဲ့ဘိုးရုံထောင်ရဲ့ယာခင်းကိုကျုပ်ဒို့တန်းသွားကြတာဗျ။မဏ္ဍပ်ကြီးမှ ဟီးနေအောင်ထိုးထားတာဗျို့။မီးလောင်ကုန်းအကျွတ်အလွတ်ပွဲဆိုတာ တကယ့်ကိုကြီးကျယ်ပေတာပဲကျုပ်စိတ်က တွေးလိုက်မိတယ်။သံဃာစင်ကလည်းကျကျနနကိုဆောက်ထားတာဗျ။စေတနာပါပါနဲ့ကိုလုပ်ထားကြတာပါဗျာ

“ဟာ တာတေတို့ လာကြပြီဟေ့”ဘိုးရုံထောင်ဗျ။မဏ္ဍပ်ထဲမှာ ထိုင်နေတဲ့လူကြီးဝိုင်းကနေလှမ်းအော်ပြောတာဗျို့။

“ဟာ တာတေရောက်ပြီးလား မင်းတို့ကို ထမင်းကျွေးဖို့ငါ့မျှော်နေတာကွ”စံမြကြီးကား သံဃာစင်နောက်ကထွက်လာပြီး ကျုပ်ကိုဝမ်းသာအားရကြိုဆိုတယ်ဗျ။

“ဟာ ငါ့တို့ စားပြီးမှလာတာကွ စံမြရ။ဒါနဲ့အာဗြဲတို့ပြောင်းရှည်တို့ရော”

“ရှိတယ် ရှိတယ် ငှက်ပျောဖတ်ခုတ်တာ နည်းနေလို့သွားပြီးခုတ်နေကြတယ်ကွ။လာမှာ လာမှာ မကြာဘူး ကဲ မင်းတို့ ရွာထဲဝင်ကြဦးလေကွာ”

ကျုပ်တို့လည်း စံမြခေါ်တဲ့နောက် လိုက်ခဲ့ရတာပေါ့ဗျာ။ရွာထဲရောက်တော့ ဟိုလူကနှုတ်ဆက် ဒီလူကနှုတ်ဆက်နဲ့ပျော်စရာတော့ ကောင်းသားဗျ။

“ဟာ တာတေတို့ရောက်လားကွ။လာဟေ့ စံမြတို့အိမ်မှာငါ့တို့ကာလသားတွေ ဝိုင်းဖွဲ့နေလေရဲ့မင်းကိုမျှော်နေကြတာကွ”ကိုစံပေါဆိုတဲ့လူဗျ။ကိုစံပေါကြီးက ကျုပ်ကိုလွှတ်ခင်တာဗျို့။

မီးလောင်းကုန်းသားတွေကလွှတ်ခင်ဖို့ကောင်းတာပါဗျ။ကျုပ်တို့စံမြတို့အိမ်ရောက်တော့ဝိုင်းထဲမှာ စားပွဲသုံးလုံးဆက်ပြီးခုန်တန်းတွေချလို့ဗျ။လက်ဖက်တွေမှ ဆီကိုအိနေတာဗျာ။ကျုပ်အကြိုက်နဂါးဆေးပေါ့လိပ်တွေလည်းအစည်းလိုက်ချလိုဗျာရွာထဲက ကာလသားတွေလူစုတဲ့နေရာထင်တယ်ဗျ။ဒီကမှအကျွတ်အလွတ်ပွဲကိုသွားကြမယ့်ပုံပဲ။”လာဟေ့ တာတေ ထိုင်ကွာ”ဂျပုလို့ခေါ်တဲ့ မောင်စိန်ကခရီးဦးကြိုပြုသဗျ။ညိုထွန်း။တင်မောင်။ပန်းစုံ။ခွေးညို။တင်ညွှန်အားလုံးကျုပ်နဲ့လူခင်တွေချည်းပဲဗျ။ကျုပ်က ကျောက်ခဲနဲ့သံမဏိကိုထိုင်ခိုင်းတယ်။ပြီးမှခွေးညိုဘေးမှကျုပ်ဝင်ထိုင်လိုက်တယ်။

“တာတေတို့များ ပျောက်ချက်သားကောင်းပါ့ကွာ ငတို့မီးလောင်ကုန်းဘက်ကို ခြေဦးတောင်မလှည့်တာကြာပေါ့”ပန်းစုံကကျုပ်ကိုစကားနာလေးထိုးလို့ပေါ့ဗျာ။

“ဘာရယ်မဟုတ်ပါဘူး ပန်းစုံရာ အိမ်အလုပ်နဲ့ရပ်ရေးရွာရေးနဲ့ကိုတစ်နေကုန်ကုန်သွားတာဟေ့ လူသာမရောက်ပါကွာစိတ်ကတော့မင်းတို့ဆီရောက်ပြီသားပါကွာ”

“တာတေတို့ကတော့ တွေ့ပြီဆိုရင် လွမ်းရောဗျား”ဂျပုကလည်းစကားလေးနဲ့ဝင်ဖို့ပေးလိုက်သေးဗျ။

“တကယ်ပါကွ ဂျပုရ။ တာတေဆိုတဲ့ကောင်ကစကားနဲ့လွမ်းတတ်တဲ့ကောင် မဟုတ်မှန်း မင်းသိပါတယ်”

သူငယ်ချင်းတွေ မတွေ့တာကြာတော့လည်း တစ်ယောက်ကိုတစ်ယောက်စကြတာပေါ့ဗျာ။

“ရော့ တာတေ အမောပြေ ဒါလေးဖွာလိုက်ဦး။မင်းကြိုက်တဲ့နဂါးကွ”

ခွေးညိုက ကြေးမီးခတ်ကြီးခတ်ပြီး နဂါးဆေးပေါ့လိပ်ကလေးတစ်လိပ်မီးညှိတယ်။ပြီးတော့ကျုပ်ကိုကမ်းလေးတယ်ဗျ။ကျုပ်လည်းနဂါးဆေးပေါ့လိပ်ကိုနှစ်ဖွသုံးဖွာဆက်ဖွာလိုက်တယ်

“နို့ အကျွတ်အလွတ်ပွဲက ဘယ်ချိန်စမှာတုံးဂျပုရဲ့”

“ထုံးစံအတိုင်းပေါ့ တာတေရာ။နွားရိုင်းသွင်းချိန်ပေါ့ကွာ”

“ဟ နေပါဦးကွ ဗျို့ဟစ်တဲ့အာဗြဲကြီးမမြင်ပါလား”

“အာဗြဲလား ရှိတယ်ကွ။ထမင်းဟင်းတွေချက်တဲ့နေရာမှာကွ။ကူပြီးချက်ပေးနေတယ်။စောစောကတောင်ရွာထဲပြန်ဝင်လာသေးတယ် “ဂျပုကကျုပ်မေးတာကိုဖြေတယ်။

“မင်းကိုတောင်အာဗြဲကမေးနေသေးတာ တာတေလာမယ်ဆိုမရောက်သေးဘူးလားတဲ့”တင်ညွှန်ကဝင်ပြောတာဗျ။

ကျုပ်လည်းလက်ဖက်စားလိုက်ဆတ်သားခြောက်ဝါးလိုက်။ရေနွေးကြမ်းလေးသောက်လိုက်ဆေးလိပ်ကလေးဖွာလိုက်နဲ့ဗျာ။စကားဝိုင်းကလည်းမြိုင်သားဗျ။ဟိုအကြောင်းပြောဒီအကြောင်းပြောနဲ့စံမြတို့ဝိုင်းထဲမှာ စည်လို့ဗျ။လက်ဖက်ပွဲနဲ့အကြမ်းအိုးကလည်းမပြတ်ပါဘူးဗျာ။

ကျုပ်အကောင်တွေကျောက်ခဲ သံမဏိတို့တောင်ပျော်လို့ဗျ။ငယ်ငယ်ကအကြောင်းတွေပြောကြရယ်ကြပေါ့ဗျ။တချို့ကလည်း ကျုပ်ဆရာကြီးတွေအကြောင်းမေးကြသဗျ။ဆရာကြီးဦးမင်းအောင်တို့ ဆရာနွံဖတို့ပေါ့ဗျာ။ကျုပ်ကလည်းကျုပ်လျှောက်လိုက်ခဲ့ဖူးတဲ့ကျုပ်ဆရာကြီးတွေရဲ့သီလသမာဓိရှိကြပုံတွေလို့ ပြောပြရတာပေါ့ဗျာ။

ကျုပ်ပြောပြတဲ့အထဲမှာဒီကောင်တွေစိတ်အဝင်ဆုံးကတော့”ကန်တော်ကဝေမ”အကြောင်းပဲဗျ။ကျောက်မိကျောင်းကြီးအသက်ဝင်လာတာလေဗျာ။ငွေသနွပ်ကြီးရဲ့ကျုပ်ကန်ထဲဆင်းပြီးမိကျောင်းကြီးနဲ့တိုက်ခဲ့ရတာလေဗျာ။ဒီအကြောင်းကို”ကဝေဆယ်နှစ်ကြိုး”စာအုပ်ထဲမှာ”ကန်တော်ကဝေမ”ဆိုတဲ့ခေါင်းစဉ်နဲ့ကျုပ်ရေးခဲ့ပါတယ်။စကားကောင်းနေလိုက်ကြတာနေညိုသွားတာတောင်သတိမထားမိကြဘူးဗျ။ဝိုင်းထဲကို မီးလောင်ကုန်းကကာလသားတွေတဖွဲဖွဲရောက်လာလိုက်ကြတာ စံမြတို့ဝိုင်းတောင်ပြည့်ခါနီးရောဗျို့။

“ဟာ ..တာတေမင်းဘယ်အချိန်ထဲက ရောက်နေတာတုံးကွ”

အာဗြဲကြီးဗျ။သရဲတွေကိုဗျို့လိုက်ဟစ်တဲ့ကောင်လေ။

“ငါ့နေ့လယ်ကတည်းက ရောက်နေတာကွာ အာဗြဲရ”

“စိတ်မရှိနဲ့တာတေရာ။ငါ့အလုပ်များနေလို့ မင်းကိုဧည့်မခံနိုင်တာပါ သူငယ်ချင်းရာ”

“ဟာ ငါသိတယ်လေ အာဗြဲရာ။ဒီမှာလိုလေသေးကိုမရှိပါဘူးကွာ”

ကျုပ်ကအာဗြဲကိုဧည့်ဝတ်ကျေကြောင်းပြောရတာပေါ့ဗျာ။

“ကဲ…ဒါဆိုရင် တို့ရွာပြင်ထွက်ကြစို့ကွာ ကဲ…အားလုံးပဲကိုယ့်ကိုပေးထားတဲ့တာဝန်အတိုင်း လုပ်ကြရမယ်နော်အဓိကကတော့ မင်းတို့ကိုငါ့မှာထားတဲ့အတိုင်းပဲ သတိရှိရှိလုပ်ကြရမယ်။ပြီးတော့ အရေးအကြီးဆုံးကပါးစပ်ပဲ။မင်းဒို့ပါးစပ်ကပေါက်တတ်ကရတွေ မပြောကြနဲ့။နောက်တစ်ခုကတစ်ယောက်နဲ့တစ်ယောက် နာမည်မခေါ်မိစေနဲ့ ကိုယ်ယူထားတဲ့တာဝန်ကိုကိုယ့်ဘာသာလုပ်ကြပေတော့။ကဲ…သွားကြစို့”

ကျုပ်ကလျင်ပြီးသားပါဗျာ။စောစောကတင် ခွေးညိုကိုလက်ကုတ်ပြီး ဝိုင်းပြင်ထွက်ခဲ့တယ်။ခွေးညိုတို့အိမ်ကိုသွားပြီးမျက်ကွင်းဆေးသွေးကွင်းလိုက်တယ်။ဒီကိစ္စကအတတ်နိူင်ဆုံးလျှို့ဝှက်ရတာဗျ။မီးလောင်ကုန်းက ကာလသားတွေကိုအာဗြဲကြီးဦးဆောင်ပြီးရွာပြင်ထွက်ခဲ့ကြရောဗျို့။

ကျုပ်တို့လည်းရောပြီးလိုက်ခဲ့ကြတယ်ရွာပြင်ရောက်တော့အနီးအနားရွာတွေကကျောင်းထိုင်ဆရာတော်ကြီးဆယ့်တစ်ပါးကသံဃာစင်ပေါ်မှာ ကြွနေကြပြီဗျ။တရားနာမဏ္ဍပ်ထဲမှာဝါးကြောဖျာကြမ်းတွေအပြည့်ခင်းထားတယ်။လူဆိုရင်တော့ နှစ်ရာလောက်ထိုင်ပြီးတရားနာနိူင်တာပေါ့ဗျ။

တရားနာတဲ့မဏ္ဍပ်နဲ့ခပ်ဝေးဝေးမှာထမင်းကျွေးဖို့ပြင်ထားတာဗျ။တိုင်တွေစိုက်ပြီး အောက်လင်းဓါတ်မီးတွေထွန်းဖို့အဆင်သင့်ပြင်ထားတယ်ဗျ။တဖြည်းဖြည်းနဲ့နေဝင်သွားပြီးအမှောင်ရိပ်ကတဖြည်းဖြည်းလလွှမ်းလာပြီပေါ့ဗျာ။လူတွေတစ်ယောက်နဲ့တစ်ယောက်စကားကျယ်ကျယ်မပြောကြဘူးဗျ။လက်ဟန်ခြေဟန်နဲ့ပဲပြပြီးပြောကြတာ။

တာဝန်တွေကခွဲပြီးလေဗျဟော …အောက်လင်းဓါတ်မီးထွန်းရမယ့်သူတွေက အောက်လင်းဓါတ်မီးတွေလိုက်ပြီးထွန်းနေကြပြီဗျို့။ပြောင်းရှည်ကို ကျုပ်ခုမှတွေ့ရတယ်ဗျာ။ဒီကောင်ကကျွေးမွေးတဲ့အဖွဲ့ကိုခေါင်းဆောင်ရတာကိုး။ဟောပြောင်းရှည်တို့အဖွဲ့ကွင်းထဲမှာငှက်ပျောဖက်ကြီးတွေလိုက်ပြီးခင်းနေကြပြီဗျို့။ ရှေ့ကငှက်ပျောဖက်ခင်းတဲ့သူကခင်း နောက်ကထမင်းတောင်းနဲ့ထမင်းပုံတဲ့သူကပုံလို့ဗျ။ယာခင်းထဲမှာဝါးကြောဖျာကြမ်းကြီးတွေခင်းထားတာဆိုတော့ပျော်ဖို့ကောင်းကောင်းသေးရဲ့ဗျာ။ဟော…ထမင်းပုံပေါ်မှာ ဟင်းထည့်သူက ဟင်းတွေအပုံလိုက်ထည့်သဗျ။မှောင်လည်းမှောင်လာပြီလေ။

ဟာ…လာကြပြီဗျို့…လာကြပြီ။တစ္ဆေတွေလာကြပြီ။ယာတောတွေဖြတ်ပြီးလာနေတာဗျ။ကျုပ်လည်းဒီတစ်ခါပဲမျက်ကွင်းဆေးနဲ့ကြည့်ဖူးတာ။အောင်မယ် ခပ်မှန်မှန်ပဲလျှောက်လာကြတာဗျ။ပြေးလွှားလာတာ မဟုတ်ဘူး။တဖြည်းဖြည်းနဲ့နီးလာပြီဗျို့။ဟာ…ရှေ့ဆုံးကလာတဲ့အကောင်ကြီးကနည်းတဲ့အကောင်ကြီးမဟုတ်ဘူးဗျာ။အရပ်ဆယ်ပေလောက်ရှိမှာဗျ။တစ်ကိုယ်လုံးအမွှေးရှည်ကြီးတွေဖုံးလို့ဗျို့။

ဟာ…ဒီကောင်ကြီးရဲ့နားရွက်ကြီးတွေက အကြီးကြီးပါပဲလား။ဘေးကိုကားထွက်နေတာဗျ။ဆင်နားရွက်ကြီးတွေလိုပဲဗျို့။ဒါပေမဲ့ဒီတစ္ဆေကြီးရဲ့နားရွက်တွေက မြေကြီးကိုတိုက်နေတာဗျ။ဒီနားကားကြီးကရှေ့ဆုံးကရောက်လာတာဗျို့။သူ့နောက်ကတန်းစီးပြီးပါလာတဲ့တစ္ဆေတွေကတော့ ပုံစံအစုံပဲဗျာ။ဆံပင်ဖားလျားကြီးတွေရော။ထဘီပေါင်လယ်လောက်ဝတ်ထားတဲ့သရဲမကြီးတွေရော။တကိုယ်လုံးအမွှေးတွေဖုံးနေတဲ့သရဲကြီးတွေရော။ကျုပ်စိတ်ထင်တော့ အကောင်ငါးဆယ် ခြောက်ဆယ်လောက်ရှိမယ်ထင်တယ်ဗျ။

သြော်…လက်စသတ်တော့နားကားကြီးက အုပ်ချုပ်တာကိုးဗျ။ရှေ့က နားကားကြီးရပ်လိုက်တယ်ဆိုရင် နောက်ကအကောင်တွေလည်းတုံ့ခနဲရပ်သွားတယ်ဗျ။မျက်လုံးနီနီကြီးတွေပြူးပြီး ထမင်းတွေ ဟင်းတွေကို ကြည့်နေကြတယ်ဗျို့။တစ်ကောင်မှတော့ ဝင်မစားရဲကြဘူး။ဟော…ဟော…ထဘီပေါင်လယ်လောက်ဝတ်ထားတဲ့ဆံပင်ဖားလျားနဲ့သရဲမကြီးကနားကားကြီးကိုကျော်ပြီးရှေ့ကိုထွက်လာတယ်ဗျ။

“အီး…ဟီး..ဟီး”

ဟာ…မြန်လိုက်တဲ့နားကားကြီးဗျ။သရဲမကြီးရဲ့ဆံပင်ဖားလျားကြီးကိုဆတ်ခနဲဆောင့်ဆွဲလိုက်တာ သရဲမကြီးငယ်သံပါအောင်အော်တော့တာပါပဲဗျာ။ဒါတွေကိုကျုပ်ပဲမြင်နေကြားနေရတာဗျ။ကျုပ်ကမျက်ကွင်းဆေးကွင်းထားတာလေဗျတခြားသူတွေကတော့ တစ္ဆေတွေရောက်နေတာကိုသိပုံမပေါ်ဘူးဗျ။အားလုံးပြင်ဆင်လို့ပြီးသွားတော့အာဗြဲကရှေ့ထွက်ပြီးအော်ရောဗျို့။

“အကျွတ်အလွတ်ပွဲကိုကြွရောက်လာတဲ့သရဲတစ္ဆေဖုတ်ပြိတ္တာအပေါင်းဒို့အခုအချိန်ကစပြီးအားရပါးရစားနိုင်ကြပါပြီ”

အာဗြဲရဲ့အသံကြီးကိုကြားရတော့မှနားကားကြီးက စားကြဖို့လက်ဟန်ခြေဟန်ပြလိုက်တယ်။ဒီတော့မှတစ္ဆေတွေကဝါးဖျာကြီးတွေပေါ်ကိုတက်လာပြီးထမင်းပွဲမှာဝင်ထိုင်ကြတယ်။ပြောင်းရှည်တို့ပြင်ထားတဲ့ထမင်းတွေကလည်းတစ်ပွဲနဲ့တစ်ပွဲခပ်ခွာခွာပြင်ထားတာဗျ။သူတို့အစီအစဉ်ကတော်တော်တော့မှန်တယ်ဗျို့။

ဘာဖြစ်လို့တုံးဆိုတော့တချို့အကောင်တွေကအကြီးကြီးတွေဗျ။ခုလိုထမင်းပွဲတွေကိုခပ်ခွာခွာပြင်ထားတော့ထိုင်ရစားရတာမကျပ်ဘူးပေါ့ဗျာ။စားတာသောက်တာကတော့ပုံစံအမျိုးမျိုးပဲဗျ။တချို့အကောင်တွေကတော်တော်ကြမ်းတာပဲပြူးပြဲပြီးဒူးကြီးတွေထောင် ပေါင်ကြီးတွေကားပြီးစားကြတာ။တချို့ကတော့ခပ်ငြိမ်ငြိမ်ပဲစားကြတာ။အောင်မယ်…နားကားကြီးကမစားဘူးဗျ။ဘေးကပတ်ပြီးလျှောက်နေတယ်။သူအကောင်တွေကိုလိုက်ပြီးထိန်းနေတာပေါ့ဗျာ။

ကျုပ်တွေးမိတာကဒီအနီးအနားရွာတွေမှာရှိတဲ့တစ္ဆေတွေဟာ ဒါအကုန်ပဲလား ဒါမှမဟုတ်အကျွတ်အလွတ်ပွဲကို ဒါလောက်ပဲလာခွင့်ရှိလို့လား။နားကားကြီးကဒီတစ္ဆေတွေရဲ့အုပ်ချုပ်တဲ့သူလား။ကျုပ်ဘာသာတွေးတာပါဗျာ။စားလိုက်ကြတာဗျာ။တော်တော်ကိုဆာလောင်နေကြတဲ့ပုံပဲဗျ။စားရင်နဲ့လူတွေကိုမျက်လုံးနီနီကြီးတွေနဲ့လိုက်ကြည့်နေကြတယ်ဗျို့။အာဗြဲတို့ပြောင်းရှည်တို့တွေသာဒီအကောင်တွေကိုကျုပ်မြင်သလိုမြင်ရရင်ထွက်ပြေးမလားလို့ကျုပ်တွေးမိတယ်။နာရီဝက်လောက်ကြာတော့အားလုံးစားလို့သောက်လို့ပြီးကြရောဗျို့။

နားကားကြီးသရဲကလက်ပြလိုက်တယ်။ဟာ…တချို့အကောင်တွေထပြီးပြန်သွားကြပြီဗျို့။သြော်…ဒီလိုကိုး။ကျုပ်ခုမှသဘောပေါက်တယ်ဗျ။စောစောကအမွှေးအမျှင်ကြီးတွေနဲ့ကြမ်းကြမ်းတမ်းတမ်းအကောင်ကြီးတွေထပြန်ကုန်ကြတာဗျ။ခပ်ငြိမ်ငြိမ်နဲ့စားသောက်နေတဲ့တစ္ဆေတွေကျန်ရစ်ခဲ့တယ်။နားကားကြီးကကျန်ခဲ့တဲ့တစ္ဆေတွေကိုတစ်ပတ်ပတ်ပြီးသေချာချာကြည့်နေတယ်။ဟာ…နားကားကြီးပါလှည့်ထွက်သွားပြီးဗျို့။တစ္ဆေတွေကိုထားခဲ့တာဗျ။

“အားလုံးပဲ စားသောက်ပြီးကြရင် တရားနားဖို့တရားနားမဏ္ဍပ်ထဲကိုကြွကြပါ”

အာဗြဲကအသံပြဲကြီးနဲ့အော်လိုက်တယ်။ဟော..ထမင်းဝိုင်းကထပြီးတရားနာတဲ့မဏ္ဍပ်ထဲကိုဝင်သွားကြပြီဗျို့။တစ်ကောင်နှစ်ကောင်သုံးကောင်ကျုပ်လိုက်ရေကြည့်တယ်အားလုံးပေါင်းအကောင်နှစ်ဆယ်ဗျ။သြော် တရားနာနိုင်တဲ့အဆင့်ရှိတာဒီနှစ်ဆယ်လောက်ပဲရှိတာကိုး။ပြန်သွားတဲ့တစ္ဆေတွေကကျွတ်ဖို့လွတ်ဖို့ဝေးသေးတယ်ထင်တယ်။သူတို့ဆရာနားကားကြီးကိုယ်တိုင်လည်းပြန်သွားတာပဲလေဗျာ။သူလည်းကျွတ်ဖို့လိုသေးလို့ပေါ့။

တရားပွဲစပြီ။ဒီတခါဟောတာကကျုပ်ဆရာတော်”ဦးဂုဏ”ဗျ။တရားပွဲရဲ့ရှေ့ဆုံးမှာကဘိုးရုံထောင်တို့လူကြီးဝိုင်းတွေဗျ။သူတို့နောက်မှာကအနီးအနားကရွာသူရွာသားတွေဗျ။အသက်ငါးဆယ်ခြောက်ဆယ်ကျော်တွေပေါ့ဗျာ။အဲဒီနောက် ခပ်ကွာကွာမှာကတစ္ဆေတွေထိုင်နေကြတာ။တရားတော့သေသေချာချာနာနေကြသားဗျ။ပြောင်းရှည်တို့အဖွဲ့တွေကတစ္ဆေတွေစားသွားတဲ့ထမင်းတွေကိုသိမ်းဖို့တောင်းကြီးတွေနဲ့ရောက်လာကြတယ်။

ဟာ..အံသြစရာပဲဗျာ။စောစောကတစ္ဆေတွေထမင်းတွေဟင်းတွေကိုအားရပါးရကိုစားနေတာကျုပ်ကိုယ်တိုင်မြင်သားပဲလေဗျာ။အခုကြည့်လိုက်တော့ ထမင်းတွေကလက်ရာတောင်မယွင်းဘူးဗျနဂိုပုံထားတဲ့အတိုင်းပဲ။ကျုပ်ဖြင့်တော်တော်ကိုအံသြသွားတာဗျ။တစ္ဆေတွေလည်းစားသွားရဲသားနဲ့ထမင်းတွေမလျော့တာကိုကျုပ်စဉ်းစားလိုကိုမရပါဘူး။ဟော…ရေစက်ချတော့မယ်ဗျို့။

ဟာတစ္ဆေတွေလျော့နေပါလား။စောစောကကျုပ်သေသေချာချာရေထားတာ တစ္ဆေနှစ်ဆယ်တိတိပါ။အခုရေကြည့်တော့ဆယ်ကောင်ပဲရှိတော့တယ်ဗျို့။တစ္ဆေဆယ်ကောင်ဘယ်ရောက်သွားတုံး။တရားနာရင်းကျွတ်လွတ်သွားလို့လား။ဟော…ကျုပ်ဆရာတော်ဦးဂုဏရေစက်ချတာဗျို့။

“သာဓု …သာဓု..သာဓု….နောင်ဝေ …ဝေ”

ဟာ…သာဓုခေါ်ကြပြီဗျို့။ကျုပ်သေသေချာချာကြည့်လိုက်တယ်ကျန်နေတဲ့တစ္ဆေဆယ်ကောင်က သာဓုလိုက်ခေါ်တယ်ဗျ။ဟော…ပျောက်သွားပြီး ပျောက်သွားပြီ အားလုံးပျောက်သွားတာဗျို့။ဆယ်ကောင်လုံးပျောက်သွားတာ။

ဒီတစ္ဆေတွေကျွတ်သွားပြီထင်တယ်ဗျ။ကျုပ်ဖြင့်သူတို့အစားဝမ်းသားလိုက်တာဗျာ။ဒီရွာကလူတွေသာကျုပ်လိုမြင်ရရင်သူတို့တွေဘယ်လောက်ဝမ်းသားအားရရှိကြလေမလဲလို့ကျုပ်တွေးကြည့်မိတယ်။ဒါပေမဲ့ကျုပ်နားမလည်းတာက တရားနာရင်းတန်းလန်းပျောက်သွားတဲ့တစ္ဆေဆယ်ကောင်က ဘယ်လိုဖြစ်သွားတာတုံး။

ကျွတ်သွားတာလား။ဒါမှမဟုတ်ပြန်သွားကြတာလား။ကျုပ်လည်းမသိတော့ဒီအတိုင်းပဲထားလိုက်ရတာပေါ့ဗျာ။xxxအဲဒီညက၈နာရီလောက်မှာပဲအားလုံးပြီသွားတာပါ။ကျုပ်လည်းကျောက်ခဲနဲ့သံမဏိကိုခေါ်ပြီးထနောင်းကုန်းကိုပြန်ခဲ့ကြတယ်။ဆရာတော်တွေကတော့မီးလောင်ကုန်းကျောင်းမှာပဲကျိန်းကြမှာဗျ။နောက်နေ့မှပြန်ကြွကြမှာ။မီးလောင်ကုန်းအကျွတ်အလွတ်ပွဲပြီးလို့သုံးရက်မြောက်နေ့မှာအာဗြဲနဲ့ပြောင်းရှည်ကျုပ်ဆီရောက်လာကြတယ်။

“ဟာ လာကြကွာအာဗြဲနဲ့ပြောင်းရှည် ဘာတုံးမင်းဒို့နှစ်ယောက်မကျွတ်သေးတဲ့တစ္ဆေတွေကိုစရင်းလိုက်ကောက်နေတာလာကွ”

ကျုပ်ကဝိုင်းထဲကိုပျာပျာ ပျာပျာနဲ့ဝင်လာတဲ့ဒီကောင်နှစ်ကောင်ကိုဆီးပြီးနောက်လိုက်တယ်။ဒါပေမဲ့ဒီကောင်တွေကမရယ်ဘူး။ရုပ်တည်ကြီးတွေနဲ့ကျုပ်ထိုင်နေတဲ့ကွပ်ပျစ်မှာဝင်လိုက်ကြတယ်။အာဗြဲကဆေးလိပ်ခွက်ထဲမှာထည့်ထားတဲ့နဂါးဆေးလိပ်တစ်လိပ်ကိုဆတ်ခနဲကောက်ယူပြီးမီးညှိဖွာတယ်ဗျ

“မင်းတို့နှစ်ယောက်ဘယ်ကလှည့်လာတာတုံး”

ပြောင်းရှည်ကသူဆာင်းလာတဲ့ဝါးဖတ်ဦးထုပ်ကိုချွတ်ပြီးယပ်ခပ်နေတယ်။

“မင်းဆီကိုပဲလာကြတာ တာတေရေ”

“ဟေ..ဒါဆိုရင်တော့မင်းတို့မှာကိစ္စရှိတယ်ထင်တယ်”

“အေး…ဟုတ်တယ်။ငါတို့ရွာမှာတစ္ဆေတွေဝင်နေလို့တာတေရေ”

“ဟေ ဘယ်လို ဘယ်လိုကွာ”

“ဟိုနေ့ကအကျွတ်အလွတ်ပွဲအပြီးမှာရွာထဲကိုတစ္ဆေတွေဝင်နေပုံရတယ်ကွ ရွာထဲမှာခြောက်ဟယ်လှန့်ဟယ်တွေဖြစ်နေတယ်”

ကျုပ်ချက်ချင်းသတိရသွားတယ်။ဟိုညကတရားနာနေတုန်းပျောက်သွားတဲ့တစ္ဆေဆယ်ကောင်ရွာထဲရောက်နေတာပဲဖြစ်လိမ့်မယ် ဒါပေမယ့် အဲညကကျုပ်မြင်တာကိုဒီကောင်တွေကိုပြောပြလို့တော့မဖြစ်ဘူး။”ဘယ်လိုတွေခြောက်လို့တုံး ပြောင်းရှည်ရဲ့”

“ဒီလိုဟေ့ ….။မနေ့ကစပြီး ရွာထဲကလူတော်တော်များများဖျားနေကြတယ်။ဆေးထိုးဆရာကိုဘကျော်တောင်မနားရအောင်ဖြစ်နေတာကွ။အဲဒါဖျားတဲ့လူကို ကိုဘကျော်ကဆေးထိုးဖို့အပ်နဲ့ရွယ်ရင် နောက်ကနေလက်ကိုဆွဲထားတယ်ကွ”

“ဟေ…ဒီလောက်တောင် ဖြစ်နေတာလား”

“ဒါတင်ဘယ်ကမလဲကွ။ညဆိုရင်အုပ်လိုက်ကြီးစကားတွေပြောပြီရွာထဲမှာလျှောက်သွားနေကြတာ အသံတွေပဲကြားရတာ။ဘာတွေပြောမှန်းတော့ မသိဘူးကွ။တချို့နေရာတွေကျတော့သစ်ပင်တွေပေါ်မှာငုတ်တုတ်ကြီးတွေထိုင်နေတာကိုတွေ့ကြတဲ့ဆိုပဲ။ မနေ့ကညကလည်းအရီးပျော့က ထွက်ကြည့်တော့လည်းဘာမှမတွေ့ရဘူးဆိုပဲ”

“နို့…..မင်းဒို့ရွာကခွေးတွေ မဟောင်ဘူးလား”

“အေး…ခွေးတွေက ဟောင်တော့မဟောင်ဘူးကွ။အူတော့တော်တော်ကိုအူတာကွ တာတေရေ။ညညခွေးအူတဲ့အသံကြီးတွေကြားရတာတော်တော်ကို ကြောက်စရာကောင်းတယ်ကွ”

“အကျွတ်အလွတ်ပွဲလုပ်တုန်းကမင်းတို့တစ်ခုခုမှားသွားတယ်ထင်တယ်ပြောင်းရှည်”

“မင်းပြောတာဟုတ်လိုက်တာ တာတေရာ”အာဗြဲက ဝင်ပြောတာဗျ။”ဟေ…ဘယ်လိုမှားတာတုံးကွ”

“ဒီလိုဟေ့ အဲဒီညနေက ရွာတံခါးတွေမှာ ကောင်လေးနှစ်ယောက်စီ အစောင့်ခိုင်းပြီးရွာတံခါးတွေ ပိတ်ခိုင်းထားတာကွ။ပြီးတော့လူကြီးတွေက ရွာတံခါးတွေမှာ ပရိတ်ကြိုးတွေတားပြီးပိတ်ထားတာ။”

“အေး…ဒါဆို လုံသားပဲ”

“ဒီလိုဖြစ်သွားတာဟေ့ မြောက်တံခါးမှာခွေးနက်ကလေးတစ်ကောင်ရောက်လာတယ်တဲ့ဟေ့။ခွေးကကြောက်ပြီးတအိအိနဲ့အော်နေတာတဲ့ဟေ့။ဒီမှာတင် အဲဒီမြောက်တံခါးစောင့်တဲ့ကောင်လေးနှစ်ကောင်က ခွေးညိုတို့အိမ်ကနက်ကျော်ဆိုတဲ့ခွေးထင်ပြီးတံခါးနည်းနည်းဟပေးလိုက်တာတဲ့ဟေ့။ခွေးနက်ကတံခါးကပြေးဝင်ပြီးဖျက်ခနဲပျောက်သွားရောတဲ့။ဒီတော့မှကောင်လေးနှစ်ကောင်လည်းလန့်သွားပြီးသူတို့မှားသွားပြီဆိုတာ သိသွားသတဲ့ဟေ့”

အာဗြဲပြောတဲ့စကားလည်းဆုံးရောပြောင်းရှည်ကပြောပြန်ရောဗျို့”

ဒို့ရွာမှာအကျွတ်အလွတ်ပွဲလုပ်ရင်ပွဲမပြီးမချင်းရွာတံခါးတွေပိတ်ထားရတာကွ။အထဲကလူ အပြင်မထွက်ရသလို။အပြင်ကလူကလည်းအထဲကိုမဝင်ရဘူးကွ။ဒါအကျွတ်အလွတ်ပွဲရဲ့စည်းကမ်းကွ။အခုဟာကခွေးညိုတို့အိမ်ကခွေးလေးနက်ကျော်လို့ထင်ပြီးတံခါးလေးနည်းနည်းဟပေးလိုက်တာကွ။ဒီမှာတင်စည်းပေါက်သလို ဖြစ်သွားတာနေမှာပေါ့ကွာ။တစ္ဆေတွေရွာထဲဝင်လာတော့တာပဲကွ”

ပြောင်းရှည်က ကျုပ်ကိုကြည့်ပြီးပြောတယ်။

“ငါတို့မင်းကိုလာခေါ်တာကွ တာတေရ။ဒီကိစ္စကိုတော့မင်းကူညီမှရမယ်ထင်လို့ မင်းဆီကို လာခဲ့တာပဲကွာ”

ကျုပ်သေသေချာချာစဉ်းစားပြီး ခေါင်းညိတ်လိုက်တယ်။

“အင်း…ဒီကိစ္စလောက်တော့ ငါ့လုပ်နိုင်မှာပါကွာ။ကဲ…ငါအခုလိုက်ခဲ့မယ် ဒီညပဲလုပ်ကြတာပေါ့ကွာ”

ကျုပ်လိုက်မယ်ဆိုတော့ အာဗြဲရော ပြောင်းရှည်ရောပျော်သွားကြတယ်ဗျာ။

ညနေစောင်းတော့မီးလောင်ကုန်းကိုကျုပ်တို့ရောက်ကြတယ်။လမ်းမှာတည်းက ကျုပ်ကအာဗြဲကိုပြောပြီးသားဗျ။တစ်ရွာလုံးကိုလိုက်ပြီးဆော်သြထားဖို့လေဗျာ။ညမိုးချုပ်တာနဲ့အိမ်တံခါးတွေပိတ်ထားကြဖို့။ပြီးတော့လူငယ်တွေကိုကျုပ်နဲ့အတူလာနေဖို့ပေါ့ဗျာ။ည၉နာရီထိုးတော့ ကျုပ်အလုပ်စပြီဗျို့။မျက်ကွင်းဆေးကွင်းပြီးကျုပ်ကိုမဖဲဝါကိုယ်တိုင် အပ်ထားတဲ့ကိုယ်ခွဲရုပ်ကလေးကိုထုပ်ယူပြီး-

“သချိုင်းရှင်မကြီးမဖဲဝါဗျာ ကျုပ်တာတေက မဖဲဝါကိုပင့်ဖိတ်ပါတယ် ရောက်ရာအရပ်က ကြွခဲ့ပါဗျာ”

ဟော…ရွာထဲကခွေးတွေအူပြီဗျို့ ဟာ..ရွာအရှေ့ပိုင်းအနောက်ပိုင်း တောင်ပိုင်း မြောက်ပိုင်း အကုန်အူတာဗျို့။ခွေးအူသံတွေတစ်ရွာလုံးညံသွားတာဗျို့။

ဟော…လှုပ်လာပြီ လှုပ်လာပြီ ကျုပ်လက်ထဲက မဖဲဝါရဲ့ကိုယ်ခွဲအရုပ်ကလေးလှုပ်လာပြီဗျို့။မဖဲဝါရဲ့ဝိညာဉ်ကပ်လာပြီဆိုတာ ကျုပ်သိလိုက်တယ်။

“ပြောင်းရှည်….မင်းတို့မြောက်တံခါးဖွင့်ထားတာ”

“အေး…ဖွင့်ထားတယ်။စံမြနဲ့ပန်းစုံ စောင့်နေတယ်””ကဲ …ဟုတ်ပြီ။မင်းတို့မကြောက်နဲ့နော် ဘာမှမဖြစ်ဘူးသိလား”

“အေးပါကွာ တာတေရာ။မင်းရှိတာပဲ ငါ့တို့ကဘာကိုကြောက်ရမှာတုံး”

“မီးလောင်ကုန်းရွာထဲမှာ ပုန်းအောင်းနေတဲ့တစ္ဆေအပေါင်းတို့သင်္ချိုင်းရှင်မကြီး မဖဲဝါရဲ့အမိန့်ပြန်တမ်းကိုအခုချက်ချင်းနာခံကြပေတော့ သင်တို့အားလုံး အခုချက်ချင်း သင်္ချိုင်းရှင်မကြီးရှေ့မှာဒူးတုပ်အခစားဝင်ကြစေ”

ဟာ….ကျုပ်စကားဆုံးတာနဲ့ရောက်လာကြပြီဗျို့။ရောက်လာသမှအပြေးအလွှားကိုရောက်လာတာဗျို့။တစ်ကောင်နှစ်ကောင်သုံးကောင်။ဟုတ်ပြီ ဆယ်ကောင်။အတိအကျပါပဲဗျာ။ဟိုညကတရားနာရင်းပျောက်သွားတဲ့တစ္ဆေဆယ်ကောင်ပဲဗျို့။

“သင်တို့ဟာအကျွတ်အလွတ်ပွဲမှာ ဆရာတော်တရားဟောနေတုံးရွာထဲမှာဝင်ပုန်းနေကြတဲ့တစ္ဆေတွေပဲ။ဟောဒီမှာသင်္ချိုင်းရှင်မမဖဲဝါကိုမော့ပြီးဖူးကြစမ်း”

ကျုပ်ကကျုပ်လက်ထဲကမဖဲဝါကိုယ်ခွဲအရုပ်ကလေးကိုမြှောက်ပြလိုက်တယ်။ဟော…ဒူးတွေထောက်ကုန်ကြပြီဗျို့

“ကဲ…သင်္ချိုင်းရှင်မကြီးအမိန့် အခုချက်ချင်းဒီရွာကနေထွက်ရမယ်။ပြီးရင်းကိုယ်ကိုသတ်မှတ်ပေးထားတဲ့နေရာကိုချက်ချင်းပြန်ပြီးနားကားကြီးရဲ့အုပ်ချုပ်မှုအောက်မှနေကြရမယ်ကဲ….အခုချက်ချင်းထကြ။တန်းစီးပြီးငြိမ်ငြိမ်သက်သက်ရွာကထွက်ပေတော့။သင်တို့ထွက်ဖို့ရွာရဲ့မြောက်ဘက်တံခါးဖွင့်ထားတယ်။သင်္ချိုင်းရှင်မ မဖဲဝါရဲအမိန့်”

ဟော….သွားပြီဗျို့။တစ္ဆေဆယ်ကောင်တန်းစီးပြီးရွာမြောက်ဘက်ကိုသွားကြတယ်။ကျုပ်နဲ့မီးလောင်ကုန်းကလူငယ်တွေကနောက်ခပ်လှမ်းလှမ်းကလိုက်ကြည့်ကြတယ်။

“ဝူး..ဝူး…ဝူး…ဝူး”

တစ်ရွာလုံးကခွေးတွေပြိုင်တူအူကြရောဗျို့။အိမ်တံခါးတွေပိတ်ပြီးငြိမ်နေကြတော့တစ်ရွာလုံးတိတ်ဆိတ်နေတာပေါ့ဗျာ။တကယ်ကိုစိတ်ချောက်ချားစရာကြီးဗျ။

“ဝူး…ဝူး…ဝူး…ဝူး..”

ခွေးအူသံကြီးတွေကတော့တစ်ရွာလုံးကိုလွှမ်းနေတာဗျို့။ဟုတ်တယ်ဗျို့။မြောက်တံခါးကအဆောင်အဆင့်ဖွင့်ထားတယ်ဒီတစ္ဆေကဝင်လာခဲ့တဲ့ တံခါးလေဗျာ။အဲဒီတံခါးကပဲ။သူတို့ကိုပြန်ထုပ်ရတာဗျ။

သွားပြီဗျို့ …သွားပြီ…သွားကြပြီရွာတံခါးဝကကျုပ်ရပ်ပြီးသေသေချာချာစောင့်ကြည့်တယ်။ဆယ်ကောင်လုံးထွက်သွားကြတာဗျ။ယာတောတွေကိုဖြတ်ပြီးမှောင်ထဲကိုတိုးဝင်သွားကြတယ်။ရွာထဲကခွေးအူသံတွေလည်းတိတ်ဆိတ်သွားပြီး။စံမြနဲ့ပန်းစုံကတံခါးနဲ့ခပ်လှမ်းလှမ်းမှာရပ်နေရာကနေပြေးလာကြတယ်။”စံမြနဲ့ပန်းစုံတံခါးပိတ်လိုက်တော့။အားလုံးထွက်သွားကြပြီ”

စံမြတို့မြောက်တံခါးကိုသေသေချာချာပိတ်လိုက်ကြတယ်။ကိစ္စပြီးတော့ကျုပ်ဒို့ရွာထဲပြန်လာကြတယ်။

အဲဒီညကတော့ကျုပ်လည်းရွာမပြန်ဘူးပေါ့ဗျ။ပြောင်းရှည်တို့အိမ်မှာလိုက်အိပ်လိုက်တယ်။နောက်နေ့မနက်မှာ ပြောင်းရှည်တို့အမေ့ကျွေးတဲ့ဆီထမင်းနဲ့ငါးခြောက်ဖုတ်ဆီဆမ်းကလေးစားပြီးထနောင်းကုန်းကိုကျုပ်ပြန်လာခဲ့တယ်ဗျာ။

ပြီးပါပြီ

တေစၦေတြ လာတဲ့ည

ေရးသားသူ – တာေတ

===============

ဘယ္သူကစခဲ့တဲ့ အစဥ္အလာဆိုတာေတာ့တာေတမသိဘူးဗ်။

တာေတတို႔ေနတဲ့ ထေနာင္းကုန္းနားက မီးေလာင္ကုန္းမွာေလ။တစ္ႏွစ္တစ္ခါလုပ္ေတာ့ဗ်ိဳ႕။က်ဳပ္တို႔႐ြာက ေ႐ႊေတာင္ဦးဘုရားပြဲၿပီးလို႔ တစ္ပတ္ဆိုရင္ ဒီပြဲက စတာဗ်။အကြၽတ္အလြတ္ပြဲတဲ့ဗ်ာ.။မီးေလာင္းကုန္းသခ်ိဳင္းေတာင္ဘက္က ဘိုး႐ုံေသာင္ရဲ႕ယာေတာထဲမယ္။မ႑ပ္ထိုးၿပီး လုပ္တာဗ်။

စီစဥ္တာကေတာ့မီးေလာင္ကုန္းက လူႀကီးေတြေပါ့ဗ်ာ။႐ြာကကာလသားေတြကေတာ့ သူတို႔႐ြာက လုပ္တဲ့ပြဲမွာဝိုင္းဝန္းၿပီးခ်က္ၾက ျပဳတ္ၾကရေပါ့။ဒီပြဲကို ေရာက္လာမယ့္ သရဲေတြ တေစၦေတြ စားဖို႔ေလဗ်။ပဲရယ္ အားလူးရယ္ အမဲသား ၾကက္သား အကုန္ေပါင္းၿပီးအိုးႀကီးနဲ႔ ခ်က္ရတာဗ်ိဳ႕။အကြၽတ္အလြတ္ပြဲမစခင္ သုံးရက္ေလာက္ကတည္းကအနီးအနားက ႐ြာသခ်ိဳင္းေတြမွာ လိုက္ၿပီး ဗ်ိဳ႕ဟစ္ရတာဗ်။

“ဒီသခ်ႋဳင္းေျမအတြင္း မွီးတင္းေနထိုင္ၾကတဲ့ သရဲ တေစၦအေပါင္းတို႔။ေနာက္သုံးၾကာရင္ မီးေလာင္ကုန္း႐ြာအကြၽတ္အလြတ္ပြဲက်င္းပေတာ့မယ္ဗ်ိဳ႕။ဒီပြဲမွာ ဆရာေတာ္ႀကီးေတြေဟာၾကားတဲ့တရားေပစာနားၾကားရင္း ထမင္း ဟင္းေကာင္းစားဖို႔ ႂကြၾကပါလို႔ ဖိတ္မႏၲကျပဳပါတယ္ဗ်ား။မေမ့မေလ်ာ့နဲ႔ ႏြား႐ိုင္းသြင္းခ်ိန္အေရာက္ႂကြခဲ့ၾကပါ တေစၦ သရဲအေပါင္းတို႔”

တေစၦေတြ သရဲေတြၾကားေအာင္ အသံၿပဲႀကီးနဲ႔ ဗ်ိဳ႕ဟစ္တာကအာၿဗဲလို႔ေခၚတဲ့ ေအာင္ဘၾကည္ေလဗ်ာ။ဒီေကာင္အာၿဗဲကဦးေဆာင္ၿပီးကာလသားငါးေယာက္ လိုက္ၿပီးဗ်ိဳ႕ဟစ္ရတာ။

ဒီေကာင္ေတြလည္း သိပ္ေတာ့ မသက္သာဘူးဗ်။ထေနာင္းကုန္း ဘန႔္ေဘြးကုန္း မီးေလင္းကုန္း ေငြတြင္းကုန္းဆပ္သေျမႇာက္ ညံေတာ အို မနည္းပါဘူးဗ်ာ။အနီးအနားက႐ြာသခ်ၤ ိုင္းေတြ အကုန္သြားၿပီးေတာ့ ဗ်ိဳ႕ဟစ္ရတာဗ်။က်ဳပ္တို႔ေတာင္႐ြာစုက သခ်ၤ ိုင္းက သရဲေတြဆိုရင္ အာၿဗဲရဲ႕အသံၿပဲၿပဲႀကီးကို မွတ္မိေနမွာ ေသခ်ာသဗ်။မ႑ပ္ထိုးတဲ့သူက ထိုး။ သံဃာစင္ေဆာက္တဲ့လူကေဆာက္တေစၦသရဲေတြ ေကြၽးဖို႔ အစားအေသာက္ခ်က္ဖို႔ျပဳတ္ဖို႔စီစဥ္တဲ့လူက စီစဥ္ေပါ့ဗ်။

ဒီအကြၽတ္အလြတ္ပြဲကို ဘယ္သူက စခဲ့တယ္ဆိုတာေတာ့မသိဘူးဗ်။က်ဳပ္တို႔ မေမြးခင္ကတည္းက ရွိခဲ့တာေလဗ်ာ။ဒီပြဲမွာ သရဲ တေစၦေတြ တကယ္ပဲလာၾကလား ဘယ္ေလာက္မ်ားမ်ားလာၾကၿပီး ဘယ္ေလာက္ကြၽတ္လြတ္သြားတယ္ဆိုတာကို ဘယ္သူမွ အတပ္မသိၾကေပမဲ့ အကြၽတ္အလြတ္ပြဲကိုေတာ့တစ္ႏွစ္မျပတ္ကို လုပ္ခဲ့ၾကတာဗ်ိဳ႕။

ဗ်ိဳ႕ဟစ္တဲ့အဖြဲ႕မွာ အာၿဗဲက ေခါင္းေဆာင္ျဖစ္သလို သရဲေကြၽးတဲ့ေနရာမွာေတာ့ ေျပာင္းရွည္ဆိုတဲ့ေကာင္ကေခါင္းေဆာင္ဗ်။ေျမကြက္လပ္မွာ ငွက္ေပ်ာပင္ဖတ္ေတြ အေသအခ်ာခင္းၿပီးထမင္းပုံ ဟင္းပုံၿပီး အက်အန ေကြၽးတာဗ် ။ ေျပာင္းရွည္ဆိုတဲ့ေကာင္က လူက အရပ္ရွည္ရွည္။ကလန္ကလားႀကီးနဲ႔ဗ်။ထမင္းေတာင္းႀကီး ခါးေစာင္းတင္ၿပီး ေကြၽးေနလိုက္တာမ်ားတကယ့္အလႉအိမ္ႀကီးက်ေနတာဗ်။

က်ဳပ္လည္း ေျပာသာေျပာသာပါဗ်ာ။မီးေလာင္ကုန္းကအကြၽတ္အလြတ္ပြဲကို မေရာက္တာၾကာပါၿပီ။ဟိုတုန္းကသာတစ္ေခါက္ ႏွစ္ေခါက္ ေရာက္တာ။ဒီေနာက္ပိုင္းေတာ့ မသြားျဖစ္ဘူးဗ်။က်ဳပ္တို႔႐ြာက ေ႐ႊေတာင္ဦးဘုရားပြဲကၿပီး႐ုံရွိေသးေတာ့ လူေတြလည္း ပန္းေနၾကတာမို႔လားဗ်ာ။ဒီအခ်ိန္ ဘယ္မွာကို သြားခ်င္ၾကတာ မဟုတ္ဘူးဗ်။

“ကိုႀကီးတာေတ ဒီႏွစ္ မီးေလာင္ကုန္းက အကြၽတ္အလြတ္ပြဲကိုသြားၾကည့္ရေအာင္ဗ်ာ”ေက်ာက္ခဲဗ်။

ဒီေကာင္က က်ဳပ္ငယ္ငယ္ကအတိုင္းပါဗ်။ဟိုစပ္စပ္ ဒီစပ္စပ္နဲ႔ ေက်ာက္ခဲမေရာက္တဲ့ေနရာကို မရွိပါဘူးဗ်ာက်ဳပ္က အင္တင္တင္လုပ္ေနတာဗ်။ေ႐ႊေတာင္ဘုရားပြဲမၿပီးခင္သုံးရက္ေလာက္အလိုကတည္းကေက်ာက္ခဲကတဖြဖြေျပာေနတာ။သံမဏိကလည္း ေက်ာက္ခဲပူဆာတာကိုသူပါ သေဘာတူပုံပဲဗ်။ဒီေကာင္ေတြပူဆာေတာ့မွာပဲ က်ဳပ္လည္းေတြးမိတာဗ်ိဳ႕။အဲဒီအကြၽတ္အလြတ္ပြဲကို က်ဳပ္မ်က္ကြင္းေဆးကြင္းၿပီး တစ္ခါမွ မသြားခဲ့ဖူးဘူးဗ်။

က်ဳပ္ဆိုတဲ့ေကာင္ကလည္းေက်ာက္ခဲတို႔စပ္စုတယ္ဆိုတာ က်ဳပ္အိပ္သေလာက္ပဲရွိတာေလဗ်။က်ဳပ္စိတ္ထဲမွာ တစ္ခါေလာက္ေတာ့မ်က္ကြင္းေဆးကြင္းၿပီး သြားၾကည့္မယ္လို႔ ေတြးေတာ့ေတြးဖူးသားဗ်။ဒါေပမယ့္ တစ္ခါမွေတာ့မေရာက္ခဲ့ဘူးဒီတစ္ခါေတာ့ ႀကဳံၿပီးေပါ့ဗ်ာ။ဟိုေကာင္ ေက်ာက္ခဲပူဆာတာဟာက်ဳပ္စိတ္ကို ဆြေပးသလို ျဖစ္သြားတာဗ်ိဳ႕။

“ေအး သြားၾကမယ္ေလကြာ”

က်ဳပ္က တက္တက္ႂကြႂကြေျပာလိုက္ေတာ့ ဒီေကာင္ႏွစ္ေကာင္ေပ်ာ္သြားသဗ်။ေ႐ႊေတာင္ဘုရားပြဲၿပီးလို႔ႏွစ္ရက္အၾကာမွာက်ဳပ္လည္း ဝိုင္းထဲက မန္က်ည္းပင္ႀကီးေအာက္က သစ္သားကြပ္ပ်စ္ေပၚမွာေျခပစ္လက္ပစ္ကို အိပ္ေပ်ာ္သြားေရာဗ်ိဳ႕။

“တာေတေရ…တာေတ”ဝိုင္းဝက က်ဳပ္နာမည္ေခၚသံၾကားလို႔သာ လန႔္ႏိုးသြားတာဗ်ိဳ႕။ႏို႔မဟုတ္ရင္ ဘယ္ေလာက္မ်ား အိပ္ေပ်ာ္ေနမလဲမသိဘူး။အဘနဲ႔အေမကလည္း ဘုရားပြဲမွာက်ဳပ္ပင္ပန္းထားမွန္းသိလို႔မႏႈိးၾကဘူးဗ်။က်ဳပ္ႏိုးေတာ့ ညေနေတာင္ေစာင္းေနၿပီေလဗ်။က်ဳပ္ေခါင္းေထာင္ၿပီး ဝိုင္းဝကို လွမ္းၾကည့္လိုက္တယ္။ဟင္…မီးေလာင္းကုန္းက ေျပာင္းရွည္နဲ႔စံျမပါလား။

“ေဟ့ေကာင္ေတြ လာေလကြာ ဝိုင္းဝမယ္ မတ္တတ္ႀကီးရပ္လို”

“ေအး လာဖို႔ပဲ မင္းအိပ္ေနတာ ျမင္လို႔ရပ္ေနတာကြ”ေျပာေျပာဆိုဆို ဒီေကာင္ေတြက်ဳပ္ဆီကို တန္းေလွ်ာက္လာၾကတာဗ်။ေျပာင္းရွည္ စံျမေရာက်ဳပ္နဲ႔႐ြယ္တူေတြေလဗ်ာ။

“လာ ထိုင္ၾကကြာ။ငါလည္း ဘုရားပြဲအၿပီးမွာ ပန္းၿပီး အိပ္ေပ်ာ္သြားတာေဟ့။ထမင္းစားၿပီးကတည္းက အိပ္လိုက္တာခုမွႏိုးတာသာ ၾကည့္ေပေတာ့ကြာ။ဒါေတာင္ ေျပာင္းရွည္ေခၚသံၾကားလိုက္လို႔ေဟ့။ႏို႔မဟုတ္ရင္ ညအထိေတာင္ ဆက္လက္အိပ္ေနမလားပဲကြ”က်ဳပ္က ေျပာေျပာဆိုဆိုနဲ႔နဂါးေဆးေပါ့လိပ္ကေလးေတြတစ္ေယာက္တစ္လိပ္တည္လိုက္တာဗ်။

ၿပီးေတာ့ က်ဳပ္ရဲ႕လက္သုံးေတာ္ ဓႏုျဖဴမီးခတ္ႀကီးကို ကမ္းေပးလိုက္တယ္။ဒီေကာင္ႏွစ္ေကာင္ မီးခတ္ၿပီး ေဆးလိပ္ေတြ ညႇိၾကတာေပါ့ဗ်။က်ဳပ္လည္း မအိပ္ခင္က ခ်ထားခဲ့ ေဆးလိပ္တိုကေလးကိုညႇိၿပီးဖြာလိုက္ေရာဗ်ိဳ႕။”ေျပာင္းရွည္ မင္းတို႔ႏွစ္ေယာက္ ဘယ္ကလာတာတုံး”

“ဘိုး႐ုံေထာင္တို႔နဲ႔ လာတာကြာ။တို႔႐ြာ အကြၽတ္အလြတ္ပြဲကလျပည့္ေက်ာ္၆ရက္ေလကြာ။အဲဒါ ဘိုး႐ုံေထာင္တို႔ဘုန္းႀကီးလာပင့္တာကြ။ငါ့နဲ႔စံျမကဘိုး႐ုံေထာင္တို႔ကို လွည္းေမာင္းၿပီးလိုက္ပို႔ၾကတာ တာေတေရ။ဘုန္းႀကီးေက်ာင္းမွာ လွည္းထားခဲ့ၿပီး မင္းဆီကိုလာခဲ့တာ”

“ေၾသာ္ ဒီကိစၥလား ငါေတာင္ ဒီႏွစ္ မင္းတို႔႐ြာက အကြၽတ္အလြတ္ပြဲကို လာမလားလို႔ကြ စံျမရ”

“ေအး ငါ့တို႔ အခုလာတာလည္း ဒီကိစၥပဲကြ တာေတရ။တို႔႐ြာက အကြၽတ္အလြတ္ပြဲအတြက္ အစည္းအေဝးလုပ္ေတာ့ဘိုး႐ုံေထာင္တို႔ လူႀကီးပိုင္းက ေျပာတယ္ကြ။အကြၽတ္အလြတ္ပြဲ အစဥ္အလာကို ငါတို႔လူငယ္ေတြ ဆက္ၿပီးထိန္းသိမ္းထားဖို႔ေပါ့ကြာ။အဲဒီလို လူငယ္ေတြအေနနဲ႔ ဒီပြဲကို ဆက္ၿပီးလုပ္ၾကတဲ့အခါမွာ ထေနာင္းကုန္းက တာေတကိုပါ ထည့္ၿပီး အဖြဲ႕ဖြဲ႕ဖို႔။ဒီကိစၥေဆာင္႐ြက္တိုင္း တာေတကိုဖိတ္ေခၚၾကဖို႔မွာတယ္ကြ။ဒါေၾကာင့္ ငါ့နဲ႔စံျမ မင္းကိုလာဖိတ္တာ။အဲဒီေန႔မွာ မင္းဆက္ဆက္ႂကြခဲ့ဖို႔ေပါ့ကြာ”

“ဟား …ဟား…ဟား….ေျပာင္းရွည္ရာ မင္းကလည္းဘယ့္ႏွယ့္ႂကြပါတုံးကြ တာေတ…မင္းလာျဖစ္ေအာင္လာခဲ့လို႔ေျပာစမ္းပါကြာ”

“ဟား…မဟုတ္ဘူးေလကြာ။လူႀကီးေတြကိုက မင္းကိုဖိတ္ခိုင္းတာကြ။ ဒါေၾကာင့္ ဖိတ္ရတာေလကြာ”

“ေအးပါကြာ ေျပာင္းရွည္ ငါ့လာခဲ့မယ္ စိတ္ခ်။ေက်ာက္ခဲနဲ႔သံမဏိကလည္း သြားခ်င္လို႔ ေျပာေနတာ””ေက်ာက္ခဲဆိုတာ ဘယ္သူတုံး ”

“ကိုႀကီးေမာင္ညိဳရဲ႕သားေလကြာ။ဟိုေကာင္ သံမဏိက ကိုႀကီးေအာင္ၿငိမ္းရဲ႕သားေလကြ”

“ေၾသာ္ ကိုေမာင္ညိဳတို႔ ကိုေအာင္ၿငိမ္းတို႔သားေတြကိုး”

“ဟာ ဒီေကာင္ႏွစ္ေကာင္ငါ့ကို လႊတ္ခင္တာကြ ေျပာင္းရွည္ရ။အားလည္းကိုးရတယ္ေဟ့”

“ဒီေကာင္ေတြပါ ေခၚခဲ့ေလကြာ ဘုန္းႀကီးေတြကိုေန႔ဆြမ္းကပ္မွာကြ။မင္းတို႔အတြက္ ဘုန္းႀကီးပြဲက်ငါ့သိမ္းထားမယ္”စံျမကေျပာတာဗ်။စံျမကလူေအးလူ႐ိုးဗ်။စကားကလည္းအနည္းသား။

“ဟာ မလုပ္ပါနဲ႔ စံျမရာ တာဝန္ပိုပါတယ္ကြာ။ငါ့တို႔ထမင္းစားၿပီးမွလာၾကမွာပါ။ညေနစာေတာ့ အဆင္ေျပသလိုေပါ့ကြာ မီးေလာင္ကုန္းတစ္႐ြာလုံး တာေတ့စားအိမ္ခ်ည္းပဲပါကြာ”

“ဒါေတာ့ ဟုတ္ပါတယ္ကြာ ဒါေပမယ့္ ငါ့တို႔ကမင္းကိုဧည့္ဝတ္ျပဳခ်င္လို႔ပါ့ကြာ”

“ႏို႔….ေနပါဦးကြ ေျပာင္းရွည္ရ။ဟိုေကာင္ အာၿဗဲမပါလာဘူးလား”က်ဳပ္ကအာၿဗဲကိုသတိရၿပီးေမးလိုက္တာဗ်။

“ဟာ…ဒီရက္ေတြဆိုအာၿဗဲမအားေတာ့ဘူးေလကြာ။သခ်ႋဳင္းကုန္းေတြလွည့္ၿပီး ဗ်ိဳ႕ဟစ္ေနရၿပီကြ။ဒီအနီးအဝိုက္ကသရဲေတြကလည္း အာၿဗဲအသံကို မွတ္မိေနေလာက္ၿပီကြာ”

ဒီေကာင္ႏွစ္ေကာင္ေဆးလိပ္ကေလးဖြာရင္းက်ဳပ္နဲ႔စကားေကာင္းေနၾကတာဗ်ိဳ႕။ေတာ္ေတာ္ၾကာမွ-

“ကဲ …တာေတေရ စကားကေတာ့ ေျပာလို႔ေကာင္းတယ္ေဟ့ငါ့တို႔သြားမွျဖစ္မယ္ ဘိုး႐ုံေထာင္တို႔က ေမွ်ာ္ေနရင္မေကာင္းဘူးေဟ့ “ေျပာင္းရွည္ကက်ဳပ္ကိုႏႈတ္ဆက္ၿပီးျပန္သြားၾကေရာဗ်ိဳ႕။

ဘုန္းႀကီးေက်ာင္းမွာဘုန္းႀကီးပင့္ေနတယ္ ဘိုး႐ုံေထာင္တို႔ကိုဝင္ေခၚၿပီးမီးေလာင္ကုန္းကိုလွည္းျပန္ေမာင္းရမွာေလဗ်ာ။

လျပည့္ေက်ာ္ ၆ရက္ေရာက္ေတာ့ က်ဳပ္ရယ္ေကာင္ေလးႏွစ္ေယာက္ရယ္ ထမင္းစားၿပီးမွ႐ြာကထြက္ခဲ့ၾကတယ္။က်ဳပ္က ယူေနက်မ်က္ကြင္းေဆးကိုအိတ္ရႈံ႕ေလးနဲ႔လည္းပင္မွာဆြဲလို႔ေပါ့ဗ်ာ။ဒါေပမဲ့ အက်ႌထဲမွာထည့္ထားတာဆိုေတာ့ လူေတြအျမင္ဘူးဗ်။

မီးေလာင္ကုန္းေရာက္ေတာ့အကြၽတ္အလြတ္ပြဲလုပ္ဖို႔ ျပင္ထားတဲ့ဘိုး႐ုံေထာင္ရဲ႕ယာခင္းကိုက်ဳပ္ဒို႔တန္းသြားၾကတာဗ်။မ႑ပ္ႀကီးမွ ဟီးေနေအာင္ထိုးထားတာဗ်ိဳ႕။မီးေလာင္ကုန္းအကြၽတ္အလြတ္ပြဲဆိုတာ တကယ့္ကိုႀကီးက်ယ္ေပတာပဲက်ဳပ္စိတ္က ေတြးလိုက္မိတယ္။သံဃာစင္ကလည္းက်က်နနကိုေဆာက္ထားတာဗ်။ေစတနာပါပါနဲ႔ကိုလုပ္ထားၾကတာပါဗ်ာ

“ဟာ တာေတတို႔ လာၾကၿပီေဟ့”ဘိုး႐ုံေထာင္ဗ်။မ႑ပ္ထဲမွာ ထိုင္ေနတဲ့လူႀကီးဝိုင္းကေနလွမ္းေအာ္ေျပာတာဗ်ိဳ႕။

“ဟာ တာေတေရာက္ၿပီးလား မင္းတို႔ကို ထမင္းေကြၽးဖို႔ငါ့ေမွ်ာ္ေနတာကြ”စံျမႀကီးကား သံဃာစင္ေနာက္ကထြက္လာၿပီး က်ဳပ္ကိုဝမ္းသာအားရႀကိဳဆိုတယ္ဗ်။

“ဟာ ငါ့တို႔ စားၿပီးမွလာတာကြ စံျမရ။ဒါနဲ႔အာၿဗဲတို႔ေျပာင္းရွည္တို႔ေရာ”

“ရွိတယ္ ရွိတယ္ ငွက္ေပ်ာဖတ္ခုတ္တာ နည္းေနလို႔သြားၿပီးခုတ္ေနၾကတယ္ကြ။လာမွာ လာမွာ မၾကာဘူး ကဲ မင္းတို႔ ႐ြာထဲဝင္ၾကဦးေလကြာ”

က်ဳပ္တို႔လည္း စံျမေခၚတဲ့ေနာက္ လိုက္ခဲ့ရတာေပါ့ဗ်ာ။႐ြာထဲေရာက္ေတာ့ ဟိုလူကႏႈတ္ဆက္ ဒီလူကႏႈတ္ဆက္နဲ႔ေပ်ာ္စရာေတာ့ ေကာင္းသားဗ်။

“ဟာ တာေတတို႔ေရာက္လားကြ။လာေဟ့ စံျမတို႔အိမ္မွာငါ့တို႔ကာလသားေတြ ဝိုင္းဖြဲ႕ေနေလရဲ႕မင္းကိုေမွ်ာ္ေနၾကတာကြ”ကိုစံေပါဆိုတဲ့လူဗ်။ကိုစံေပါႀကီးက က်ဳပ္ကိုလႊတ္ခင္တာဗ်ိဳ႕။

မီးေလာင္းကုန္းသားေတြကလႊတ္ခင္ဖို႔ေကာင္းတာပါဗ်။က်ဳပ္တို႔စံျမတို႔အိမ္ေရာက္ေတာ့ဝိုင္းထဲမွာ စားပြဲသုံးလုံးဆက္ၿပီးခုန္တန္းေတြခ်လို႔ဗ်။လက္ဖက္ေတြမွ ဆီကိုအိေနတာဗ်ာ။က်ဳပ္အႀကိဳက္နဂါးေဆးေပါ့လိပ္ေတြလည္းအစည္းလိုက္ခ်လိုဗ်ာ႐ြာထဲက ကာလသားေတြလူစုတဲ့ေနရာထင္တယ္ဗ်။ဒီကမွအကြၽတ္အလြတ္ပြဲကိုသြားၾကမယ့္ပုံပဲ။”လာေဟ့ တာေတ ထိုင္ကြာ”ဂ်ပုလို႔ေခၚတဲ့ ေမာင္စိန္ကခရီးဦးႀကိဳျပဳသဗ်။ညိဳထြန္း။တင္ေမာင္။ပန္းစုံ။ေခြးညိဳ။တင္ၫႊန္အားလုံးက်ဳပ္နဲ႔လူခင္ေတြခ်ည္းပဲဗ်။က်ဳပ္က ေက်ာက္ခဲနဲ႔သံမဏိကိုထိုင္ခိုင္းတယ္။ၿပီးမွေခြးညိဳေဘးမွက်ဳပ္ဝင္ထိုင္လိုက္တယ္။

“တာေတတို႔မ်ား ေပ်ာက္ခ်က္သားေကာင္းပါ့ကြာ ငတို႔မီးေလာင္ကုန္းဘက္ကို ေျခဦးေတာင္မလွည့္တာၾကာေပါ့”ပန္းစုံကက်ဳပ္ကိုစကားနာေလးထိုးလို႔ေပါ့ဗ်ာ။

“ဘာရယ္မဟုတ္ပါဘူး ပန္းစုံရာ အိမ္အလုပ္နဲ႔ရပ္ေရး႐ြာေရးနဲ႔ကိုတစ္ေနကုန္ကုန္သြားတာေဟ့ လူသာမေရာက္ပါကြာစိတ္ကေတာ့မင္းတို႔ဆီေရာက္ၿပီသားပါကြာ”

“တာေတတို႔ကေတာ့ ေတြ႕ၿပီဆိုရင္ လြမ္းေရာဗ်ား”ဂ်ပုကလည္းစကားေလးနဲ႔ဝင္ဖို႔ေပးလိုက္ေသးဗ်။

“တကယ္ပါကြ ဂ်ပုရ။ တာေတဆိုတဲ့ေကာင္ကစကားနဲ႔လြမ္းတတ္တဲ့ေကာင္ မဟုတ္မွန္း မင္းသိပါတယ္”

သူငယ္ခ်င္းေတြ မေတြ႕တာၾကာေတာ့လည္း တစ္ေယာက္ကိုတစ္ေယာက္စၾကတာေပါ့ဗ်ာ။

“ေရာ့ တာေတ အေမာေျပ ဒါေလးဖြာလိုက္ဦး။မင္းႀကိဳက္တဲ့နဂါးကြ”

ေခြးညိဳက ေၾကးမီးခတ္ႀကီးခတ္ၿပီး နဂါးေဆးေပါ့လိပ္ကေလးတစ္လိပ္မီးညႇိတယ္။ၿပီးေတာ့က်ဳပ္ကိုကမ္းေလးတယ္ဗ်။က်ဳပ္လည္းနဂါးေဆးေပါ့လိပ္ကိုႏွစ္ဖြသုံးဖြာဆက္ဖြာလိုက္တယ္

“ႏို႔ အကြၽတ္အလြတ္ပြဲက ဘယ္ခ်ိန္စမွာတုံးဂ်ပုရဲ႕”

“ထုံးစံအတိုင္းေပါ့ တာေတရာ။ႏြား႐ိုင္းသြင္းခ်ိန္ေပါ့ကြာ”

“ဟ ေနပါဦးကြ ဗ်ိဳ႕ဟစ္တဲ့အာၿဗဲႀကီးမျမင္ပါလား”

“အာၿဗဲလား ရွိတယ္ကြ။ထမင္းဟင္းေတြခ်က္တဲ့ေနရာမွာကြ။ကူၿပီးခ်က္ေပးေနတယ္။ေစာေစာကေတာင္႐ြာထဲျပန္ဝင္လာေသးတယ္ “ဂ်ပုကက်ဳပ္ေမးတာကိုေျဖတယ္။

“မင္းကိုေတာင္အာၿဗဲကေမးေနေသးတာ တာေတလာမယ္ဆိုမေရာက္ေသးဘူးလားတဲ့”တင္ၫႊန္ကဝင္ေျပာတာဗ်။

က်ဳပ္လည္းလက္ဖက္စားလိုက္ဆတ္သားေျခာက္ဝါးလိုက္။ေရေႏြးၾကမ္းေလးေသာက္လိုက္ေဆးလိပ္ကေလးဖြာလိုက္နဲ႔ဗ်ာ။စကားဝိုင္းကလည္းၿမိဳင္သားဗ်။ဟိုအေၾကာင္းေျပာဒီအေၾကာင္းေျပာနဲ႔စံျမတို႔ဝိုင္းထဲမွာ စည္လို႔ဗ်။လက္ဖက္ပြဲနဲ႔အၾကမ္းအိုးကလည္းမျပတ္ပါဘူးဗ်ာ။

က်ဳပ္အေကာင္ေတြေက်ာက္ခဲ သံမဏိတို႔ေတာင္ေပ်ာ္လို႔ဗ်။ငယ္ငယ္ကအေၾကာင္းေတြေျပာၾကရယ္ၾကေပါ့ဗ်။တခ်ိဳ႕ကလည္း က်ဳပ္ဆရာႀကီးေတြအေၾကာင္းေမးၾကသဗ်။ဆရာႀကီးဦးမင္းေအာင္တို႔ ဆရာႏြံဖတို႔ေပါ့ဗ်ာ။က်ဳပ္ကလည္းက်ဳပ္ေလွ်ာက္လိုက္ခဲ့ဖူးတဲ့က်ဳပ္ဆရာႀကီးေတြရဲ႕သီလသမာဓိရွိၾကပုံေတြလို႔ ေျပာျပရတာေပါ့ဗ်ာ။

က်ဳပ္ေျပာျပတဲ့အထဲမွာဒီေကာင္ေတြစိတ္အဝင္ဆုံးကေတာ့”ကန္ေတာ္ကေဝမ”အေၾကာင္းပဲဗ်။ေက်ာက္မိေက်ာင္းႀကီးအသက္ဝင္လာတာေလဗ်ာ။ေငြသႏြပ္ႀကီးရဲ႕က်ဳပ္ကန္ထဲဆင္းၿပီးမိေက်ာင္းႀကီးနဲ႔တိုက္ခဲ့ရတာေလဗ်ာ။ဒီအေၾကာင္းကို”ကေဝဆယ္ႏွစ္ႀကိဳး”စာအုပ္ထဲမွာ”ကန္ေတာ္ကေဝမ”ဆိုတဲ့ေခါင္းစဥ္နဲ႔က်ဳပ္ေရးခဲ့ပါတယ္။စကားေကာင္းေနလိုက္ၾကတာေနညိဳသြားတာေတာင္သတိမထားမိၾကဘူးဗ်။ဝိုင္းထဲကို မီးေလာင္ကုန္းကကာလသားေတြတဖြဲဖြဲေရာက္လာလိုက္ၾကတာ စံျမတို႔ဝိုင္းေတာင္ျပည့္ခါနီးေရာဗ်ိဳ႕။

“ဟာ ..တာေတမင္းဘယ္အခ်ိန္ထဲက ေရာက္ေနတာတုံးကြ”

အာၿဗဲႀကီးဗ်။သရဲေတြကိုဗ်ိဳ႕လိုက္ဟစ္တဲ့ေကာင္ေလ။

“ငါ့ေန႔လယ္ကတည္းက ေရာက္ေနတာကြာ အာၿဗဲရ”

“စိတ္မရွိနဲ႔တာေတရာ။ငါ့အလုပ္မ်ားေနလို႔ မင္းကိုဧည့္မခံႏိုင္တာပါ သူငယ္ခ်င္းရာ”

“ဟာ ငါသိတယ္ေလ အာၿဗဲရာ။ဒီမွာလိုေလေသးကိုမရွိပါဘူးကြာ”

က်ဳပ္ကအာၿဗဲကိုဧည့္ဝတ္ေက်ေၾကာင္းေျပာရတာေပါ့ဗ်ာ။

“ကဲ…ဒါဆိုရင္ တို႔႐ြာျပင္ထြက္ၾကစို႔ကြာ ကဲ…အားလုံးပဲကိုယ့္ကိုေပးထားတဲ့တာဝန္အတိုင္း လုပ္ၾကရမယ္ေနာ္အဓိကကေတာ့ မင္းတို႔ကိုငါ့မွာထားတဲ့အတိုင္းပဲ သတိရွိရွိလုပ္ၾကရမယ္။ၿပီးေတာ့ အေရးအႀကီးဆုံးကပါးစပ္ပဲ။မင္းဒို႔ပါးစပ္ကေပါက္တတ္ကရေတြ မေျပာၾကနဲ႔။ေနာက္တစ္ခုကတစ္ေယာက္နဲ႔တစ္ေယာက္ နာမည္မေခၚမိေစနဲ႔ ကိုယ္ယူထားတဲ့တာဝန္ကိုကိုယ့္ဘာသာလုပ္ၾကေပေတာ့။ကဲ…သြားၾကစို႔”

က်ဳပ္ကလ်င္ၿပီးသားပါဗ်ာ။ေစာေစာကတင္ ေခြးညိဳကိုလက္ကုတ္ၿပီး ဝိုင္းျပင္ထြက္ခဲ့တယ္။ေခြးညိဳတို႔အိမ္ကိုသြားၿပီးမ်က္ကြင္းေဆးေသြးကြင္းလိုက္တယ္။ဒီကိစၥကအတတ္ႏိူင္ဆုံးလွ်ိဳ႕ဝွက္ရတာဗ်။မီးေလာင္ကုန္းက ကာလသားေတြကိုအာၿဗဲႀကီးဦးေဆာင္ၿပီး႐ြာျပင္ထြက္ခဲ့ၾကေရာဗ်ိဳ႕။

က်ဳပ္တို႔လည္းေရာၿပီးလိုက္ခဲ့ၾကတယ္႐ြာျပင္ေရာက္ေတာ့အနီးအနား႐ြာေတြကေက်ာင္းထိုင္ဆရာေတာ္ႀကီးဆယ့္တစ္ပါးကသံဃာစင္ေပၚမွာ ႂကြေနၾကၿပီဗ်။တရားနာမ႑ပ္ထဲမွာဝါးေၾကာဖ်ာၾကမ္းေတြအျပည့္ခင္းထားတယ္။လူဆိုရင္ေတာ့ ႏွစ္ရာေလာက္ထိုင္ၿပီးတရားနာႏိူင္တာေပါ့ဗ်။

တရားနာတဲ့မ႑ပ္နဲ႔ခပ္ေဝးေဝးမွာထမင္းေကြၽးဖို႔ျပင္ထားတာဗ်။တိုင္ေတြစိုက္ၿပီး ေအာက္လင္းဓါတ္မီးေတြထြန္းဖို႔အဆင္သင့္ျပင္ထားတယ္ဗ်။တျဖည္းျဖည္းနဲ႔ေနဝင္သြားၿပီးအေမွာင္ရိပ္ကတျဖည္းျဖည္းလလႊမ္းလာၿပီေပါ့ဗ်ာ။လူေတြတစ္ေယာက္နဲ႔တစ္ေယာက္စကားက်ယ္က်ယ္မေျပာၾကဘူးဗ်။လက္ဟန္ေျခဟန္နဲ႔ပဲျပၿပီးေျပာၾကတာ။

တာဝန္ေတြကခြဲၿပီးေလဗ်ေဟာ …ေအာက္လင္းဓါတ္မီးထြန္းရမယ့္သူေတြက ေအာက္လင္းဓါတ္မီးေတြလိုက္ၿပီးထြန္းေနၾကၿပီဗ်ိဳ႕။ေျပာင္းရွည္ကို က်ဳပ္ခုမွေတြ႕ရတယ္ဗ်ာ။ဒီေကာင္ကေကြၽးေမြးတဲ့အဖြဲ႕ကိုေခါင္းေဆာင္ရတာကိုး။ေဟာေျပာင္းရွည္တို႔အဖြဲ႕ကြင္းထဲမွာငွက္ေပ်ာဖက္ႀကီးေတြလိုက္ၿပီးခင္းေနၾကၿပီဗ်ိဳ႕။ ေရွ႕ကငွက္ေပ်ာဖက္ခင္းတဲ့သူကခင္း ေနာက္ကထမင္းေတာင္းနဲ႔ထမင္းပုံတဲ့သူကပုံလို႔ဗ်။ယာခင္းထဲမွာဝါးေၾကာဖ်ာၾကမ္းႀကီးေတြခင္းထားတာဆိုေတာ့ေပ်ာ္ဖို႔ေကာင္းေကာင္းေသးရဲ႕ဗ်ာ။ေဟာ…ထမင္းပုံေပၚမွာ ဟင္းထည့္သူက ဟင္းေတြအပုံလိုက္ထည့္သဗ်။ေမွာင္လည္းေမွာင္လာၿပီေလ။

ဟာ…လာၾကၿပီဗ်ိဳ႕…လာၾကၿပီ။တေစၦေတြလာၾကၿပီ။ယာေတာေတြျဖတ္ၿပီးလာေနတာဗ်။က်ဳပ္လည္းဒီတစ္ခါပဲမ်က္ကြင္းေဆးနဲ႔ၾကည့္ဖူးတာ။ေအာင္မယ္ ခပ္မွန္မွန္ပဲေလွ်ာက္လာၾကတာဗ်။ေျပးလႊားလာတာ မဟုတ္ဘူး။တျဖည္းျဖည္းနဲ႔နီးလာၿပီဗ်ိဳ႕။ဟာ…ေရွ႕ဆုံးကလာတဲ့အေကာင္ႀကီးကနည္းတဲ့အေကာင္ႀကီးမဟုတ္ဘူးဗ်ာ။အရပ္ဆယ္ေပေလာက္ရွိမွာဗ်။တစ္ကိုယ္လုံးအေမႊးရွည္ႀကီးေတြဖုံးလို႔ဗ်ိဳ႕။

ဟာ…ဒီေကာင္ႀကီးရဲ႕နား႐ြက္ႀကီးေတြက အႀကီးႀကီးပါပဲလား။ေဘးကိုကားထြက္ေနတာဗ်။ဆင္နား႐ြက္ႀကီးေတြလိုပဲဗ်ိဳ႕။ဒါေပမဲ့ဒီတေစၦႀကီးရဲ႕နား႐ြက္ေတြက ေျမႀကီးကိုတိုက္ေနတာဗ်။ဒီနားကားႀကီးကေရွ႕ဆုံးကေရာက္လာတာဗ်ိဳ႕။သူ႔ေနာက္ကတန္းစီးၿပီးပါလာတဲ့တေစၦေတြကေတာ့ ပုံစံအစုံပဲဗ်ာ။ဆံပင္ဖားလ်ားႀကီးေတြေရာ။ထဘီေပါင္လယ္ေလာက္ဝတ္ထားတဲ့သရဲမႀကီးေတြေရာ။တကိုယ္လုံးအေမႊးေတြဖုံးေနတဲ့သရဲႀကီးေတြေရာ။က်ဳပ္စိတ္ထင္ေတာ့ အေကာင္ငါးဆယ္ ေျခာက္ဆယ္ေလာက္ရွိမယ္ထင္တယ္ဗ်။

ေၾသာ္…လက္စသတ္ေတာ့နားကားႀကီးက အုပ္ခ်ဳပ္တာကိုးဗ်။ေရွ႕က နားကားႀကီးရပ္လိုက္တယ္ဆိုရင္ ေနာက္ကအေကာင္ေတြလည္းတုံ႔ခနဲရပ္သြားတယ္ဗ်။မ်က္လုံးနီနီႀကီးေတြျပဴးၿပီး ထမင္းေတြ ဟင္းေတြကို ၾကည့္ေနၾကတယ္ဗ်ိဳ႕။တစ္ေကာင္မွေတာ့ ဝင္မစားရဲၾကဘူး။ေဟာ…ေဟာ…ထဘီေပါင္လယ္ေလာက္ဝတ္ထားတဲ့ဆံပင္ဖားလ်ားနဲ႔သရဲမႀကီးကနားကားႀကီးကိုေက်ာ္ၿပီးေရွ႕ကိုထြက္လာတယ္ဗ်။

“အီး…ဟီး..ဟီး”

ဟာ…ျမန္လိုက္တဲ့နားကားႀကီးဗ်။သရဲမႀကီးရဲ႕ဆံပင္ဖားလ်ားႀကီးကိုဆတ္ခနဲေဆာင့္ဆြဲလိုက္တာ သရဲမႀကီးငယ္သံပါေအာင္ေအာ္ေတာ့တာပါပဲဗ်ာ။ဒါေတြကိုက်ဳပ္ပဲျမင္ေနၾကားေနရတာဗ်။က်ဳပ္ကမ်က္ကြင္းေဆးကြင္းထားတာေလဗ်တျခားသူေတြကေတာ့ တေစၦေတြေရာက္ေနတာကိုသိပုံမေပၚဘူးဗ်။အားလုံးျပင္ဆင္လို႔ၿပီးသြားေတာ့အာၿဗဲကေရွ႕ထြက္ၿပီးေအာ္ေရာဗ်ိဳ႕။

“အကြၽတ္အလြတ္ပြဲကိုႂကြေရာက္လာတဲ့သရဲတေစၦဖုတ္ၿပိတၱာအေပါင္းဒို႔အခုအခ်ိန္ကစၿပီးအားရပါးရစားႏိုင္ၾကပါၿပီ”

အာၿဗဲရဲ႕အသံႀကီးကိုၾကားရေတာ့မွနားကားႀကီးက စားၾကဖို႔လက္ဟန္ေျခဟန္ျပလိုက္တယ္။ဒီေတာ့မွတေစၦေတြကဝါးဖ်ာႀကီးေတြေပၚကိုတက္လာၿပီးထမင္းပြဲမွာဝင္ထိုင္ၾကတယ္။ေျပာင္းရွည္တို႔ျပင္ထားတဲ့ထမင္းေတြကလည္းတစ္ပြဲနဲ႔တစ္ပြဲခပ္ခြာခြာျပင္ထားတာဗ်။သူတို႔အစီအစဥ္ကေတာ္ေတာ္ေတာ့မွန္တယ္ဗ်ိဳ႕။

ဘာျဖစ္လို႔တုံးဆိုေတာ့တခ်ိဳ႕အေကာင္ေတြကအႀကီးႀကီးေတြဗ်။ခုလိုထမင္းပြဲေတြကိုခပ္ခြာခြာျပင္ထားေတာ့ထိုင္ရစားရတာမက်ပ္ဘူးေပါ့ဗ်ာ။စားတာေသာက္တာကေတာ့ပုံစံအမ်ိဳးမ်ိဳးပဲဗ်။တခ်ိဳ႕အေကာင္ေတြကေတာ္ေတာ္ၾကမ္းတာပဲျပဴးၿပဲၿပီးဒူးႀကီးေတြေထာင္ ေပါင္ႀကီးေတြကားၿပီးစားၾကတာ။တခ်ိဳ႕ကေတာ့ခပ္ၿငိမ္ၿငိမ္ပဲစားၾကတာ။ေအာင္မယ္…နားကားႀကီးကမစားဘူးဗ်။ေဘးကပတ္ၿပီးေလွ်ာက္ေနတယ္။သူအေကာင္ေတြကိုလိုက္ၿပီးထိန္းေနတာေပါ့ဗ်ာ။

က်ဳပ္ေတြးမိတာကဒီအနီးအနား႐ြာေတြမွာရွိတဲ့တေစၦေတြဟာ ဒါအကုန္ပဲလား ဒါမွမဟုတ္အကြၽတ္အလြတ္ပြဲကို ဒါေလာက္ပဲလာခြင့္ရွိလို႔လား။နားကားႀကီးကဒီတေစၦေတြရဲ႕အုပ္ခ်ဳပ္တဲ့သူလား။က်ဳပ္ဘာသာေတြးတာပါဗ်ာ။စားလိုက္ၾကတာဗ်ာ။ေတာ္ေတာ္ကိုဆာေလာင္ေနၾကတဲ့ပုံပဲဗ်။စားရင္နဲ႔လူေတြကိုမ်က္လုံးနီနီႀကီးေတြနဲ႔လိုက္ၾကည့္ေနၾကတယ္ဗ်ိဳ႕။အာၿဗဲတို႔ေျပာင္းရွည္တို႔ေတြသာဒီအေကာင္ေတြကိုက်ဳပ္ျမင္သလိုျမင္ရရင္ထြက္ေျပးမလားလို႔က်ဳပ္ေတြးမိတယ္။နာရီဝက္ေလာက္ၾကာေတာ့အားလုံးစားလို႔ေသာက္လို႔ၿပီးၾကေရာဗ်ိဳ႕။

နားကားႀကီးသရဲကလက္ျပလိုက္တယ္။ဟာ…တခ်ိဳ႕အေကာင္ေတြထၿပီးျပန္သြားၾကၿပီဗ်ိဳ႕။ေၾသာ္…ဒီလိုကိုး။က်ဳပ္ခုမွသေဘာေပါက္တယ္ဗ်။ေစာေစာကအေမႊးအမွ်င္ႀကီးေတြနဲ႔ၾကမ္းၾကမ္းတမ္းတမ္းအေကာင္ႀကီးေတြထျပန္ကုန္ၾကတာဗ်။ခပ္ၿငိမ္ၿငိမ္နဲ႔စားေသာက္ေနတဲ့တေစၦေတြက်န္ရစ္ခဲ့တယ္။နားကားႀကီးကက်န္ခဲ့တဲ့တေစၦေတြကိုတစ္ပတ္ပတ္ၿပီးေသခ်ာခ်ာၾကည့္ေနတယ္။ဟာ…နားကားႀကီးပါလွည့္ထြက္သြားၿပီးဗ်ိဳ႕။တေစၦေတြကိုထားခဲ့တာဗ်။

“အားလုံးပဲ စားေသာက္ၿပီးၾကရင္ တရားနားဖို႔တရားနားမ႑ပ္ထဲကိုႂကြၾကပါ”

အာၿဗဲကအသံၿပဲႀကီးနဲ႔ေအာ္လိုက္တယ္။ေဟာ..ထမင္းဝိုင္းကထၿပီးတရားနာတဲ့မ႑ပ္ထဲကိုဝင္သြားၾကၿပီဗ်ိဳ႕။တစ္ေကာင္ႏွစ္ေကာင္သုံးေကာင္က်ဳပ္လိုက္ေရၾကည့္တယ္အားလုံးေပါင္းအေကာင္ႏွစ္ဆယ္ဗ်။ေၾသာ္ တရားနာႏိုင္တဲ့အဆင့္ရွိတာဒီႏွစ္ဆယ္ေလာက္ပဲရွိတာကိုး။ျပန္သြားတဲ့တေစၦေတြကကြၽတ္ဖို႔လြတ္ဖို႔ေဝးေသးတယ္ထင္တယ္။သူတို႔ဆရာနားကားႀကီးကိုယ္တိုင္လည္းျပန္သြားတာပဲေလဗ်ာ။သူလည္းကြၽတ္ဖို႔လိုေသးလို႔ေပါ့။

တရားပြဲစၿပီ။ဒီတခါေဟာတာကက်ဳပ္ဆရာေတာ္”ဦးဂုဏ”ဗ်။တရားပြဲရဲ႕ေရွ႕ဆုံးမွာကဘိုး႐ုံေထာင္တို႔လူႀကီးဝိုင္းေတြဗ်။သူတို႔ေနာက္မွာကအနီးအနားက႐ြာသူ႐ြာသားေတြဗ်။အသက္ငါးဆယ္ေျခာက္ဆယ္ေက်ာ္ေတြေပါ့ဗ်ာ။အဲဒီေနာက္ ခပ္ကြာကြာမွာကတေစၦေတြထိုင္ေနၾကတာ။တရားေတာ့ေသေသခ်ာခ်ာနာေနၾကသားဗ်။ေျပာင္းရွည္တို႔အဖြဲ႕ေတြကတေစၦေတြစားသြားတဲ့ထမင္းေတြကိုသိမ္းဖို႔ေတာင္းႀကီးေတြနဲ႔ေရာက္လာၾကတယ္။

ဟာ..အံၾသစရာပဲဗ်ာ။ေစာေစာကတေစၦေတြထမင္းေတြဟင္းေတြကိုအားရပါးရကိုစားေနတာက်ဳပ္ကိုယ္တိုင္ျမင္သားပဲေလဗ်ာ။အခုၾကည့္လိုက္ေတာ့ ထမင္းေတြကလက္ရာေတာင္မယြင္းဘူးဗ်နဂိုပုံထားတဲ့အတိုင္းပဲ။က်ဳပ္ျဖင့္ေတာ္ေတာ္ကိုအံၾသသြားတာဗ်။တေစၦေတြလည္းစားသြားရဲသားနဲ႔ထမင္းေတြမေလ်ာ့တာကိုက်ဳပ္စဥ္းစားလိုကိုမရပါဘူး။ေဟာ…ေရစက္ခ်ေတာ့မယ္ဗ်ိဳ႕။

ဟာတေစၦေတြေလ်ာ့ေနပါလား။ေစာေစာကက်ဳပ္ေသေသခ်ာခ်ာေရထားတာ တေစၦႏွစ္ဆယ္တိတိပါ။အခုေရၾကည့္ေတာ့ဆယ္ေကာင္ပဲရွိေတာ့တယ္ဗ်ိဳ႕။တေစၦဆယ္ေကာင္ဘယ္ေရာက္သြားတုံး။တရားနာရင္းကြၽတ္လြတ္သြားလို႔လား။ေဟာ…က်ဳပ္ဆရာေတာ္ဦးဂုဏေရစက္ခ်တာဗ်ိဳ႕။

“သာဓု …သာဓု..သာဓု….ေနာင္ေဝ …ေဝ”

ဟာ…သာဓုေခၚၾကၿပီဗ်ိဳ႕။က်ဳပ္ေသေသခ်ာခ်ာၾကည့္လိုက္တယ္က်န္ေနတဲ့တေစၦဆယ္ေကာင္က သာဓုလိုက္ေခၚတယ္ဗ်။ေဟာ…ေပ်ာက္သြားၿပီး ေပ်ာက္သြားၿပီ အားလုံးေပ်ာက္သြားတာဗ်ိဳ႕။ဆယ္ေကာင္လုံးေပ်ာက္သြားတာ။

ဒီတေစၦေတြကြၽတ္သြားၿပီထင္တယ္ဗ်။က်ဳပ္ျဖင့္သူတို႔အစားဝမ္းသားလိုက္တာဗ်ာ။ဒီ႐ြာကလူေတြသာက်ဳပ္လိုျမင္ရရင္သူတို႔ေတြဘယ္ေလာက္ဝမ္းသားအားရရွိၾကေလမလဲလို႔က်ဳပ္ေတြးၾကည့္မိတယ္။ဒါေပမဲ့က်ဳပ္နားမလည္းတာက တရားနာရင္းတန္းလန္းေပ်ာက္သြားတဲ့တေစၦဆယ္ေကာင္က ဘယ္လိုျဖစ္သြားတာတုံး။

ကြၽတ္သြားတာလား။ဒါမွမဟုတ္ျပန္သြားၾကတာလား။က်ဳပ္လည္းမသိေတာ့ဒီအတိုင္းပဲထားလိုက္ရတာေပါ့ဗ်ာ။xxxအဲဒီညက၈နာရီေလာက္မွာပဲအားလုံးၿပီသြားတာပါ။က်ဳပ္လည္းေက်ာက္ခဲနဲ႔သံမဏိကိုေခၚၿပီးထေနာင္းကုန္းကိုျပန္ခဲ့ၾကတယ္။ဆရာေတာ္ေတြကေတာ့မီးေလာင္ကုန္းေက်ာင္းမွာပဲက်ိန္းၾကမွာဗ်။ေနာက္ေန႔မွျပန္ႂကြၾကမွာ။မီးေလာင္ကုန္းအကြၽတ္အလြတ္ပြဲၿပီးလို႔သုံးရက္ေျမာက္ေန႔မွာအာၿဗဲနဲ႔ေျပာင္းရွည္က်ဳပ္ဆီေရာက္လာၾကတယ္။

“ဟာ လာၾကကြာအာၿဗဲနဲ႔ေျပာင္းရွည္ ဘာတုံးမင္းဒို႔ႏွစ္ေယာက္မကြၽတ္ေသးတဲ့တေစၦေတြကိုစရင္းလိုက္ေကာက္ေနတာလာကြ”

က်ဳပ္ကဝိုင္းထဲကိုပ်ာပ်ာ ပ်ာပ်ာနဲ႔ဝင္လာတဲ့ဒီေကာင္ႏွစ္ေကာင္ကိုဆီးၿပီးေနာက္လိုက္တယ္။ဒါေပမဲ့ဒီေကာင္ေတြကမရယ္ဘူး။႐ုပ္တည္ႀကီးေတြနဲ႔က်ဳပ္ထိုင္ေနတဲ့ကြပ္ပ်စ္မွာဝင္လိုက္ၾကတယ္။အာၿဗဲကေဆးလိပ္ခြက္ထဲမွာထည့္ထားတဲ့နဂါးေဆးလိပ္တစ္လိပ္ကိုဆတ္ခနဲေကာက္ယူၿပီးမီးညႇိဖြာတယ္ဗ်

“မင္းတို႔ႏွစ္ေယာက္ဘယ္ကလွည့္လာတာတုံး”

ေျပာင္းရွည္ကသူဆာင္းလာတဲ့ဝါးဖတ္ဦးထုပ္ကိုခြၽတ္ၿပီးယပ္ခပ္ေနတယ္။

“မင္းဆီကိုပဲလာၾကတာ တာေတေရ”

“ေဟ..ဒါဆိုရင္ေတာ့မင္းတို႔မွာကိစၥရွိတယ္ထင္တယ္”

“ေအး…ဟုတ္တယ္။ငါတို႔႐ြာမွာတေစၦေတြဝင္ေနလို႔တာေတေရ”

“ေဟ ဘယ္လို ဘယ္လိုကြာ”

“ဟိုေန႔ကအကြၽတ္အလြတ္ပြဲအၿပီးမွာ႐ြာထဲကိုတေစၦေတြဝင္ေနပုံရတယ္ကြ ႐ြာထဲမွာေျခာက္ဟယ္လွန႔္ဟယ္ေတြျဖစ္ေနတယ္”

က်ဳပ္ခ်က္ခ်င္းသတိရသြားတယ္။ဟိုညကတရားနာေနတုန္းေပ်ာက္သြားတဲ့တေစၦဆယ္ေကာင္႐ြာထဲေရာက္ေနတာပဲျဖစ္လိမ့္မယ္ ဒါေပမယ့္ အဲညကက်ဳပ္ျမင္တာကိုဒီေကာင္ေတြကိုေျပာျပလို႔ေတာ့မျဖစ္ဘူး။”ဘယ္လိုေတြေျခာက္လို႔တုံး ေျပာင္းရွည္ရဲ႕”

“ဒီလိုေဟ့ ….။မေန႔ကစၿပီး ႐ြာထဲကလူေတာ္ေတာ္မ်ားမ်ားဖ်ားေနၾကတယ္။ေဆးထိုးဆရာကိုဘေက်ာ္ေတာင္မနားရေအာင္ျဖစ္ေနတာကြ။အဲဒါဖ်ားတဲ့လူကို ကိုဘေက်ာ္ကေဆးထိုးဖို႔အပ္နဲ႔႐ြယ္ရင္ ေနာက္ကေနလက္ကိုဆြဲထားတယ္ကြ”

“ေဟ…ဒီေလာက္ေတာင္ ျဖစ္ေနတာလား”

“ဒါတင္ဘယ္ကမလဲကြ။ညဆိုရင္အုပ္လိုက္ႀကီးစကားေတြေျပာၿပီ႐ြာထဲမွာေလွ်ာက္သြားေနၾကတာ အသံေတြပဲၾကားရတာ။ဘာေတြေျပာမွန္းေတာ့ မသိဘူးကြ။တခ်ိဳ႕ေနရာေတြက်ေတာ့သစ္ပင္ေတြေပၚမွာငုတ္တုတ္ႀကီးေတြထိုင္ေနတာကိုေတြ႕ၾကတဲ့ဆိုပဲ။ မေန႔ကညကလည္းအရီးေပ်ာ့က ထြက္ၾကည့္ေတာ့လည္းဘာမွမေတြ႕ရဘူးဆိုပဲ”

“ႏို႔…..မင္းဒို႔႐ြာကေခြးေတြ မေဟာင္ဘူးလား”

“ေအး…ေခြးေတြက ေဟာင္ေတာ့မေဟာင္ဘူးကြ။အူေတာ့ေတာ္ေတာ္ကိုအူတာကြ တာေတေရ။ညညေခြးအူတဲ့အသံႀကီးေတြၾကားရတာေတာ္ေတာ္ကို ေၾကာက္စရာေကာင္းတယ္ကြ”

“အကြၽတ္အလြတ္ပြဲလုပ္တုန္းကမင္းတို႔တစ္ခုခုမွားသြားတယ္ထင္တယ္ေျပာင္းရွည္”

“မင္းေျပာတာဟုတ္လိုက္တာ တာေတရာ”အာၿဗဲက ဝင္ေျပာတာဗ်။”ေဟ…ဘယ္လိုမွားတာတုံးကြ”

“ဒီလိုေဟ့ အဲဒီညေနက ႐ြာတံခါးေတြမွာ ေကာင္ေလးႏွစ္ေယာက္စီ အေစာင့္ခိုင္းၿပီး႐ြာတံခါးေတြ ပိတ္ခိုင္းထားတာကြ။ၿပီးေတာ့လူႀကီးေတြက ႐ြာတံခါးေတြမွာ ပရိတ္ႀကိဳးေတြတားၿပီးပိတ္ထားတာ။”

“ေအး…ဒါဆို လုံသားပဲ”

“ဒီလိုျဖစ္သြားတာေဟ့ ေျမာက္တံခါးမွာေခြးနက္ကေလးတစ္ေကာင္ေရာက္လာတယ္တဲ့ေဟ့။ေခြးကေၾကာက္ၿပီးတအိအိနဲ႔ေအာ္ေနတာတဲ့ေဟ့။ဒီမွာတင္ အဲဒီေျမာက္တံခါးေစာင့္တဲ့ေကာင္ေလးႏွစ္ေကာင္က ေခြးညိဳတို႔အိမ္ကနက္ေက်ာ္ဆိုတဲ့ေခြးထင္ၿပီးတံခါးနည္းနည္းဟေပးလိုက္တာတဲ့ေဟ့။ေခြးနက္ကတံခါးကေျပးဝင္ၿပီးဖ်က္ခနဲေပ်ာက္သြားေရာတဲ့။ဒီေတာ့မွေကာင္ေလးႏွစ္ေကာင္လည္းလန႔္သြားၿပီးသူတို႔မွားသြားၿပီဆိုတာ သိသြားသတဲ့ေဟ့”

အာၿဗဲေျပာတဲ့စကားလည္းဆုံးေရာေျပာင္းရွည္ကေျပာျပန္ေရာဗ်ိဳ႕”

ဒို႔႐ြာမွာအကြၽတ္အလြတ္ပြဲလုပ္ရင္ပြဲမၿပီးမခ်င္း႐ြာတံခါးေတြပိတ္ထားရတာကြ။အထဲကလူ အျပင္မထြက္ရသလို။အျပင္ကလူကလည္းအထဲကိုမဝင္ရဘူးကြ။ဒါအကြၽတ္အလြတ္ပြဲရဲ႕စည္းကမ္းကြ။အခုဟာကေခြးညိဳတို႔အိမ္ကေခြးေလးနက္ေက်ာ္လို႔ထင္ၿပီးတံခါးေလးနည္းနည္းဟေပးလိုက္တာကြ။ဒီမွာတင္စည္းေပါက္သလို ျဖစ္သြားတာေနမွာေပါ့ကြာ။တေစၦေတြ႐ြာထဲဝင္လာေတာ့တာပဲကြ”

ေျပာင္းရွည္က က်ဳပ္ကိုၾကည့္ၿပီးေျပာတယ္။

“ငါတို႔မင္းကိုလာေခၚတာကြ တာေတရ။ဒီကိစၥကိုေတာ့မင္းကူညီမွရမယ္ထင္လို႔ မင္းဆီကို လာခဲ့တာပဲကြာ”

က်ဳပ္ေသေသခ်ာခ်ာစဥ္းစားၿပီး ေခါင္းညိတ္လိုက္တယ္။

“အင္း…ဒီကိစၥေလာက္ေတာ့ ငါ့လုပ္ႏိုင္မွာပါကြာ။ကဲ…ငါအခုလိုက္ခဲ့မယ္ ဒီညပဲလုပ္ၾကတာေပါ့ကြာ”

က်ဳပ္လိုက္မယ္ဆိုေတာ့ အာၿဗဲေရာ ေျပာင္းရွည္ေရာေပ်ာ္သြားၾကတယ္ဗ်ာ။

ညေနေစာင္းေတာ့မီးေလာင္ကုန္းကိုက်ဳပ္တို႔ေရာက္ၾကတယ္။လမ္းမွာတည္းက က်ဳပ္ကအာၿဗဲကိုေျပာၿပီးသားဗ်။တစ္႐ြာလုံးကိုလိုက္ၿပီးေဆာ္ၾသထားဖို႔ေလဗ်ာ။ညမိုးခ်ဳပ္တာနဲ႔အိမ္တံခါးေတြပိတ္ထားၾကဖို႔။ၿပီးေတာ့လူငယ္ေတြကိုက်ဳပ္နဲ႔အတူလာေနဖို႔ေပါ့ဗ်ာ။ည၉နာရီထိုးေတာ့ က်ဳပ္အလုပ္စၿပီဗ်ိဳ႕။မ်က္ကြင္းေဆးကြင္းၿပီးက်ဳပ္ကိုမဖဲဝါကိုယ္တိုင္ အပ္ထားတဲ့ကိုယ္ခြဲ႐ုပ္ကေလးကိုထုပ္ယူၿပီး-

“သခ်ိဳင္းရွင္မႀကီးမဖဲဝါဗ်ာ က်ဳပ္တာေတက မဖဲဝါကိုပင့္ဖိတ္ပါတယ္ ေရာက္ရာအရပ္က ႂကြခဲ့ပါဗ်ာ”

ေဟာ…႐ြာထဲကေခြးေတြအူၿပီဗ်ိဳ႕ ဟာ..႐ြာအေရွ႕ပိုင္းအေနာက္ပိုင္း ေတာင္ပိုင္း ေျမာက္ပိုင္း အကုန္အူတာဗ်ိဳ႕။ေခြးအူသံေတြတစ္႐ြာလုံးညံသြားတာဗ်ိဳ႕။

ေဟာ…လႈပ္လာၿပီ လႈပ္လာၿပီ က်ဳပ္လက္ထဲက မဖဲဝါရဲ႕ကိုယ္ခြဲအ႐ုပ္ကေလးလႈပ္လာၿပီဗ်ိဳ႕။မဖဲဝါရဲ႕ဝိညာဥ္ကပ္လာၿပီဆိုတာ က်ဳပ္သိလိုက္တယ္။

“ေျပာင္းရွည္….မင္းတို႔ေျမာက္တံခါးဖြင့္ထားတာ”

“ေအး…ဖြင့္ထားတယ္။စံျမနဲ႔ပန္းစုံ ေစာင့္ေနတယ္””ကဲ …ဟုတ္ၿပီ။မင္းတို႔မေၾကာက္နဲ႔ေနာ္ ဘာမွမျဖစ္ဘူးသိလား”

“ေအးပါကြာ တာေတရာ။မင္းရွိတာပဲ ငါ့တို႔ကဘာကိုေၾကာက္ရမွာတုံး”

“မီးေလာင္ကုန္း႐ြာထဲမွာ ပုန္းေအာင္းေနတဲ့တေစၦအေပါင္းတို႔သခ်ႋဳင္းရွင္မႀကီး မဖဲဝါရဲ႕အမိန႔္ျပန္တမ္းကိုအခုခ်က္ခ်င္းနာခံၾကေပေတာ့ သင္တို႔အားလုံး အခုခ်က္ခ်င္း သခ်ႋဳင္းရွင္မႀကီးေရွ႕မွာဒူးတုပ္အခစားဝင္ၾကေစ”

ဟာ….က်ဳပ္စကားဆုံးတာနဲ႔ေရာက္လာၾကၿပီဗ်ိဳ႕။ေရာက္လာသမွအေျပးအလႊားကိုေရာက္လာတာဗ်ိဳ႕။တစ္ေကာင္ႏွစ္ေကာင္သုံးေကာင္။ဟုတ္ၿပီ ဆယ္ေကာင္။အတိအက်ပါပဲဗ်ာ။ဟိုညကတရားနာရင္းေပ်ာက္သြားတဲ့တေစၦဆယ္ေကာင္ပဲဗ်ိဳ႕။

“သင္တို႔ဟာအကြၽတ္အလြတ္ပြဲမွာ ဆရာေတာ္တရားေဟာေနတုံး႐ြာထဲမွာဝင္ပုန္းေနၾကတဲ့တေစၦေတြပဲ။ေဟာဒီမွာသခ်ႋဳင္းရွင္မမဖဲဝါကိုေမာ့ၿပီးဖူးၾကစမ္း”

က်ဳပ္ကက်ဳပ္လက္ထဲကမဖဲဝါကိုယ္ခြဲအ႐ုပ္ကေလးကိုေျမႇာက္ျပလိုက္တယ္။ေဟာ…ဒူးေတြေထာက္ကုန္ၾကၿပီဗ်ိဳ႕

“ကဲ…သခ်ႋဳင္းရွင္မႀကီးအမိန႔္ အခုခ်က္ခ်င္းဒီ႐ြာကေနထြက္ရမယ္။ၿပီးရင္းကိုယ္ကိုသတ္မွတ္ေပးထားတဲ့ေနရာကိုခ်က္ခ်င္းျပန္ၿပီးနားကားႀကီးရဲ႕အုပ္ခ်ဳပ္မႈေအာက္မွေနၾကရမယ္ကဲ….အခုခ်က္ခ်င္းထၾက။တန္းစီးၿပီးၿငိမ္ၿငိမ္သက္သက္႐ြာကထြက္ေပေတာ့။သင္တို႔ထြက္ဖို႔႐ြာရဲ႕ေျမာက္ဘက္တံခါးဖြင့္ထားတယ္။သခ်ႋဳင္းရွင္မ မဖဲဝါရဲအမိန႔္”

ေဟာ….သြားၿပီဗ်ိဳ႕။တေစၦဆယ္ေကာင္တန္းစီးၿပီး႐ြာေျမာက္ဘက္ကိုသြားၾကတယ္။က်ဳပ္နဲ႔မီးေလာင္ကုန္းကလူငယ္ေတြကေနာက္ခပ္လွမ္းလွမ္းကလိုက္ၾကည့္ၾကတယ္။

“ဝူး..ဝူး…ဝူး…ဝူး”

တစ္႐ြာလုံးကေခြးေတြၿပိဳင္တူအူၾကေရာဗ်ိဳ႕။အိမ္တံခါးေတြပိတ္ၿပီးၿငိမ္ေနၾကေတာ့တစ္႐ြာလုံးတိတ္ဆိတ္ေနတာေပါ့ဗ်ာ။တကယ္ကိုစိတ္ေခ်ာက္ခ်ားစရာႀကီးဗ်။

“ဝူး…ဝူး…ဝူး…ဝူး..”

ေခြးအူသံႀကီးေတြကေတာ့တစ္႐ြာလုံးကိုလႊမ္းေနတာဗ်ိဳ႕။ဟုတ္တယ္ဗ်ိဳ႕။ေျမာက္တံခါးကအေဆာင္အဆင့္ဖြင့္ထားတယ္ဒီတေစၦကဝင္လာခဲ့တဲ့ တံခါးေလဗ်ာ။အဲဒီတံခါးကပဲ။သူတို႔ကိုျပန္ထုပ္ရတာဗ်။

သြားၿပီဗ်ိဳ႕ …သြားၿပီ…သြားၾကၿပီ႐ြာတံခါးဝကက်ဳပ္ရပ္ၿပီးေသေသခ်ာခ်ာေစာင့္ၾကည့္တယ္။ဆယ္ေကာင္လုံးထြက္သြားၾကတာဗ်။ယာေတာေတြကိုျဖတ္ၿပီးေမွာင္ထဲကိုတိုးဝင္သြားၾကတယ္။႐ြာထဲကေခြးအူသံေတြလည္းတိတ္ဆိတ္သြားၿပီး။စံျမနဲ႔ပန္းစုံကတံခါးနဲ႔ခပ္လွမ္းလွမ္းမွာရပ္ေနရာကေနေျပးလာၾကတယ္။”စံျမနဲ႔ပန္းစုံတံခါးပိတ္လိုက္ေတာ့။အားလုံးထြက္သြားၾကၿပီ”

စံျမတို႔ေျမာက္တံခါးကိုေသေသခ်ာခ်ာပိတ္လိုက္ၾကတယ္။ကိစၥၿပီးေတာ့က်ဳပ္ဒို႔႐ြာထဲျပန္လာၾကတယ္။

အဲဒီညကေတာ့က်ဳပ္လည္း႐ြာမျပန္ဘူးေပါ့ဗ်။ေျပာင္းရွည္တို႔အိမ္မွာလိုက္အိပ္လိုက္တယ္။ေနာက္ေန႔မနက္မွာ ေျပာင္းရွည္တို႔အေမ့ေကြၽးတဲ့ဆီထမင္းနဲ႔ငါးေျခာက္ဖုတ္ဆီဆမ္းကေလးစားၿပီးထေနာင္းကုန္းကိုက်ဳပ္ျပန္လာခဲ့တယ္ဗ်ာ။

ၿပီးပါၿပီ