အသက်တစ်ချောင်း(စ/ဆုံး)

Unicode Version

အသက်တစ်ချောင်း(စ/ဆုံး)
———————————-
“ကိုသူရ-တခြားလူတွေ မြို့ကို စွန့်ပြေးကုန်ကြပြီ”
“အေးပါ – မယ်နှင်းနုရယ်။ အချိန်နည်းနည်းဆင်းရဲတာ သည်းခံစမ်းပ။ မောင်ကြီးတို့ရဲ့ ရှေးဘိုးဘေးအစဉ်အဆက် ကတ္တီပါအိတ်အနီကလေး မေ့ကျန်နေသေးလို့ပါ”
စစ်ကဲလေး ကိုသူရသည်အခန်းထဲသို့ကသောကမျောပြေးဝင်သွား၏။ မကြာမီ ကတ္တီပါအိတ်အနီကလေးကိုကိုင်လျက် ပြန်ထွက်လာ၏။ အိမ် ပေါက်ဝရှိ ဇနီးဘေးတွင် စစ်ကဲလေး ကိုသူရမှာ အိမ်အောက်သို့ မဆင်း သေးပေ။လက်ထဲမှအိတ်ရှုံ့ကလေးကိုဖွင့်လိုက်၏။လက်ကတုန်ကယင်နှင့် နှိုက်လေ၏။ လက်စွပ်တစ်ကွင်း ပါလာ၏။ ရိုးရိုးရွှေလက်စွပ်မဟုတ်။ ကောင်းကင်သို့ ပျံတက်မည့်အလား၊ မာန်ဟုန်ကြွလျက်ရှိသော ရွှေဟင်္သာ ငှက်တစ်ကောင် ပတ္တမြားတို့ကို မျက်လုံးအစုံတွင် ထည့်သွင်းထား၏။ ရွှေဟင်္သာကျောပေါ်မှာ ပြည်တန်ပတ္တမြားတစ်လုံး၊ နှုတ်သီးထဲတွင်လည်း ပတ္တမြားတစ်လုံးကို ခပ်ကြွကြွကိုက်ချီထားသည်မှာ အသက်ဝင်လှ၏။

စစ်ကဲလေး ကိုသူရ ထိုလက်စွပ်အား တစိမ့်စိမ့် ငေးမောနေတော့၏။
တဒင်္ဂအတွင်းသူ့မျက်နှာ ညှိုးကျသွား၏။ အတိတ်သမိုင်းကိုပြန်သတိရမိ၏။ ကျုံးတုံးမြို့စားကြီးဗညားဦးကမိမိတို့ရဲ့ရှေးမျိုးဆက်အမတ်ကြီးပညာကျော်
အားဆုတော်အဖြစ်ပေးအပ်ခဲ့သည်မဟုတ်လား။ ထိုအတွေးစတို့နှင့်အတူ ဝမ်းနည်းခြင်း၊ ကြေကွဲခြင်း၊ ခံပြင်းဒေါသခြောင်းခြောင်း ထွက်လျက်ရှိ၏။ သူ့တစ်ကိုယ်လုံးပင် တဆတ်ဆတ်တုန်ယင်ကာ ရှိ၏။ သူ့ နှုတ်ခမ်းသူပင် ပြတ်လုမတတ် ကိုက်ထား၏။ မျက်နှာတစ်ပြင်လုံး နီရဲလျက် ခက်ထန်မာ ကြောနေ၏။ နံရံတွင်ချိတ်ဆွဲထားသောလက်တွဲဖော်သွေးသောက်ပတ္တမြား ကျောက်စီဓားကို လှမ်းကြည့်မိ၏။ ဓားကို ပြေးယူလိုက်၏။ ဓားအိမ်ထဲမှ ဆွဲ ထုတ်မည်ပြုပြီးမှဖြုန်းခနဲပြန်သွင်းလိုက်၏။ ပခုံးတွင် စလွယ်သိုင်းလွယ်၏။ ထိုလက်သုံးတော်ဓားနှင့် တိုက်ပွဲပေါင်း မြောက်မြားစွာ ဆင်နွှဲခဲ့ဖူး၏။ ယခု တော့ –
“ထီးလည်းသုဉ်း – မြို့လည်း ဆုံးပြီ – တောက်”
ပဒေသရာဇ်၏ သားကောင် သူ့ကိုယ်သူ မကျေနပ်ချက်တို့က တစ်ပုံ တစ်ပင်နဲ့။ အိမ်တော်ထိန်းတို့အား သတိရလေ၏။ အိမ်တော်ထိန်း မှတ်ကြီး နှင့် ရွှေအတို့လည်း ရရာပစ္စည်းများ ယူငင်လျက် ထွက်ပြေးသွားပြီဖြစ်၏။ ထိုစဉ် မယ်နှင်းနုက စစ်ကဲလေး ကိုသူရအား အသံတုန်ယင်စွာဖြင့် သတိ ပေးလေပြီ။
“အချိန်မဖြုန်းနဲ့တော့ – ကျုံးတုံးမြို့စားကြီး ဗညားဇေယျတို့လူစု လှေ တော်ကြီးနဲ့မိန်းမလှကျွန်းဘက်ထွက်သွားတာအချိန်အတော်ကြာနေပါဘိ။ မြို့မြောက်ဘက်ခြမ်းအိမ်တော်တွေဆိုရင်မီးစွဲလောင်လို့ကုန်ပြီ။ မီးညွန့်ဟာ ကျွန်မတို့အိမ်ဘက် နီးသထက် နီးကပ်လာပြီရှင့်”
သူမခင်ပွန်းတုံဏှိဘာဝေလုပ်နေတုန်းပင်။မယ်နှင်းနုအားမလိုအားမရ
ဖြစ်ကာ ရှိလေ၏။ ထိုကြောင့် လက်တစ်ဖက်ကို ဆောင့်ဆွဲပြီး လမ်းမပေါ်သို့ ဆွဲခေါ်လေ၏။ မီးတောက်ကြီးများကလည်းမျောက်များ ခုန်နေသလိုခုန်ဆွ ခုန်ဆွနှင့်ကူးဆက်လောင်နေ၏။
“ဝုန်း”
မီးလုံးကြီးသုံးလုံးက သူတို့အိမ်ခေါင်မိုးပေါ်သို့ ရှေ့ဆင့်နောက်ဆင့် ခုန် ကူးလာ၏။ရေနံချေးဝနေသောကျွန်းအိမ်ကြီးမှာလည်းဟုပ်ခနဲလောင်ကျွမ်း

လေ၏။ ပတ်ဝန်းကျင် လေး၊ ငါးအိမ်ကိုလည်း ဆက်တိုက်လောင်နေပြီဖြစ် ၏။ ကိုသူရတို့ လင်မယားမှာ မီးလွတ်ရာသို့ တစ်ဟုန်ထိုး ထွက်ပြေးကြ၏။ သူတို့အားလုံးဒုက္ခမီးပင်လယ်ဝေလျက်ရှိ၏။ လက်ကျန်မြို့သူမြို့သားများမှာ အော်ဟစ်ပြေးလွှားကာ ဖြစ်နေတော့၏။
အသက်လုပွဲ …။ မယ်နှင်းနုလက်ထဲမှ ပစ္စည်းများလည်း ဟိုတစ်ခု၊ ဒီတစ်ခု ပြုတ်ကျကျန်ရစ်ခဲ့၏။ တအောင့်လောက်ကြာသော် တသွင်သွင် စီးဆင်းနေသောမရမ်းချောင်းရေပြင်ကိုလှမ်းမြင်နေရပြီဖြစ်၏။ မီးတောက် မီးညွန့်တို့မှာလည်း ရှေ့နောက်ဝဲယာညှပ်လျက် ပိတ်ကာရှိ၏။ မီးအရှိန် ကြောင့် သစ်ပင်ကြီးများလည်း တဝုန်းဝုန်းပြိုလဲကာ ရှိ၏။ သခင်မဲ့နေသော မြို့ကြီးမှာမီးငြိမ်းသူကင်းမဲ့နေ၏။မီးတောက်ကြီးကတစ်မြို့လုံးကိုဝါးမျိုလျက်
ရှိလေ၏။
မီးအရှိန် သစ်ပင်ပြိုကျသံများ၊ လူများ၏ ကြောက်လန့်တကြား အော် ဟစ်နေသံများမှာကမ္ဘာပျက်ဘိအလားရှိ၏။ မယ်နှင်းနုသည် သူမခင်ပွန်း၏ လက်ကို မလွတ်။ ရှေ့မှ ဦးဆောင်ပြေးဆွဲလျက်ရှိ၏။ ကုက္ကိုပင်ကြီးအနီးသို့ ရောက်လာ၏။မီးတောက်ကြီးကလည်းထိုသစ်ပင်ကြီးကိုတဟုန်းဟုန်းနှင့်
လောင်ကျွမ်းနေ၏။
ထိုသစ်ပင်ကြီးအောက်မှဖြတ်ပြေးရန်မှအပပြေးစရာမရှိချေ။ မယ်နှင်းနု က ရဲရဲဝံ့ဝံ့ ဖြတ်ပြေး၏။ ထိုစဉ် မီးတောက်မီးလျှံ ရဲရဲတောက်နေသော သစ် ကိုင်းကြီးတစ်ခု ဝုန်းခနဲ ပြုတ်ကျလာ၏။
စစ်ကဲလေး ကိုသူရ ဦးခေါင်းတည့်တည့် ကျလာ၏။ ထိုအခါ မီးအရှိန် သစ်ကိုင်းရိုက်သည့်ဒဏ်ကြောင့် စစ်ကဲလေး ကိုသူရ မေ့မြောသွား၏။ သစ်ကိုင်းကလည်းပိနေ၏။မီးကလည်းတစ်ကိုယ်လုံးလောင်ကျွမ်းလေ၏။ သူ့လက်ထဲတွင် ကတ္တီပါအိတ်အနီကလေးကိုင်ထားဆဲပင်။ မီးက ထိုအိတ် ကလေးအား အလွတ်မပေး။ လောင်ကျွမ်းနေ၏။
မယ်နှင်းနုမှာ အသက်လုပြေးနေရသောကြောင့် ခင်ပွန်းအား မကယ် နိုင်တော့ပေ။ ကိုယ်လွတ်ရုန်းပြေးလိုက်ရ၏။ မရမ်းချောင်းနှင့် ခူလံချောင်း ဆုံရာ ရေဆိပ်သို့ ရောက်လာ၏။ ဆိပ်ကမ်းမှ ခွာလုဆဲဆဲ လှေတစ်စင်း။ လှေထဲတွင် လူနှစ်ဆယ်ခန့် ရှိလေ၏။

လှေမှာ တစ်ဖက်သို့ တိမ်းစောင်းသွား၏။ ရေများ ဒရဟော ဝင်လာ၏။ လှေပေါ်မှ လူများလည်း ဝရုန်းသုန်းကား ဖြစ်ကုန်၏။ လှေမှာ အိုးဒယ်နစ်
နစ်မြုပ်သွား၏။ ရေကူးသူကူး၊
ရေနစ်သူနစ်၊လှေတွယ်ထားသူထားကြလေ၏။ ရေကူး တတ်သူများက ဝေးရာသို့ ကူးနေကြ၏။ မကူးတတ်သူများက မှီရာဆွဲထား
ကြ၏။
မယ်နှင်းနုမှာလှေနံရံနှင့် ဦးခေါင်းရိုက်မိပြီး ပြန်ပေါ်မလာတော့ချေ။
==
“လင်းတိုင်းနောက်ဖေး၊ ခွေးတစ်ပြေး၊ မင်းလေးတစ်ပြန်၊ ဘုရားသုံးဆူ၊ ချောင်းသုံးခွ၊ ဆင်မလယ်ကွင်း၊ ငွေကိုးတင်း၊ရွှေတင်းတစ်ရာ၊ရတနာသေတ္တာ မြောက်မြားစွာ”
“အဲဒီတဘောင်ထဲမှာ ပါတဲ့အတိုင်းဆိုရင် ဘုရားသုံးဆူ ချောင်းသုံးခွ ဟာဒီမရမ်းချောင်းဆုံရာပဲဖြစ်မယ်”
“ဒီမှာတက်ခါး – မင်းပြောတာလည်းမမှားဘူး။ဒါပေမဲ့- ပေါ်တော်မူစေတီ ဘက်မှာလည်းချောင်းသုံးခွ ဘုရားသုံးဆူ ရှိတယ်လေ”
“ဟုတ်ပါတယ်- ဘေးဂျားရာ။ မရမ်းချောင်းဝဒေသဟာပိုဖြစ်နိုင်တယ် လို့ ပြောတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အရှေ့မြောက်ထောင့်မှရှိတဲ့ လင်းတိုင်း ရွာကိုကြည့်။ ခွေးတစ်ပြေးသာသာပဲ ရှိတယ်ဆိုတော့ ငါတို့ မရမ်း ရွာကပိုဖြစ်နိုင်တယ်လေ”
တက်ခါးနှင့်ဘေးဂျားတို့လယ်တဲတွင်အချီအချပြောနေကြခြင်းဖြစ်၏။ တဲခေါင်းရင်းတွယ် လယ်ရှင်ဦးတုတ်ပေါ ရောက်နေသည်ကို မသိကြပေ။ ဦးတုတ်ပေါနှင့်တူဝရီးတော်စပ်၏။ သူတို့နှစ်ဦးညီအစ်ကိုတစ်ဝမ်းကွဲတော် ၏။ ဦးတုတ်ပေါ၏သူရင်းငှားများဖြစ်ကြ၏။ နှစ်ဦးစလုံးမိဘမဲ့၊လူပျိုလူလွတ် များမို့လယ်ထဲတွင်အိပ်၊ စားကာနေထိုင်ကြ၏။ထိုစဉ်ဦးတုတ်ပေါလယ်တဲ ရှေ့သို့ထွက်လာရပ်၏။ သူကလှမ်းပြောလေ၏။
“မင်းတို့တစ်တွေ သိပ်ပြီးချမ်းသာချင်ကြသပေါ့ – ဟုတ်လား။ ဘယ် လောက်ပဲ လိုချင်တပ်မက်မှုတွေ ဆန္ဒပြင်းထန်ပါစေ – အကြောင်းဆက်ရှိမှ အကျိုးဖြစ်ထွန်းမှာကွ”

“ဘထွေးကလဲ- ကျုပ်တို့က သူဌေးဖြစ်ချင်လို့ ပြောတာမဟုတ်ပါဘူး။ ဒီဒေသဟာတစ်ချိန်တုန်းကကြက်ပျံမကျစည်ကားတဲ့မွန်တို့ဒေသကျုံးတုံး
ခရိုင်မြို့ကြီးလေ။ ရှေးလူကြီးတွေစကားကို ပြန်ပြောဆိုနေကြတာပါ။ မင်း လည်းကြားဖူးနားဝရှိတယ်မဟုတ်လား-ဘေးဂျား”
“ကြားဖူးတာပေါ့ကွာ။ ငါတို့ဒေသဟာလျှမ်းလျှမ်းတောက်ကျော်ကြား ခဲ့တဲ့နေရာပဲ။ မသိပဲ နေပါ့မလား”
“အမလေး-ငါ့တူတွေကစကားကြီးစကားကျယ်ပြောဆိုနေကြပါလား
ကွာ။ စာတိုပေစတွေ တော်တော်ဖတ်ထားကြတာဖြစ်မယ်။ စာဖတ်တယ် ဆိုတာ ကောင်းတဲ့အကျင့်စရိုက်တစ်ခုပဲ။ စာပေရဲ့ကျေးဇူးဟာ လူတစ်ဦးရဲ့ ဘဝကို ပြောင်းလဲနိုင်ပါတယ်။ အေးလေ – အတိတ်အကြောင်းတွေကို နှောင်းလူတို့ မေ့ပျောက်ဖို့ မကောင်းဘူးပေါ့”
ဦးတုတ်ပေါကပြောဆိုပြီးလှည့်ထွက်သွား၏။ တက်ခါးနှင့်ဘေးဂျားတို့ နှစ်ဦးသာကျန်ရစ်လေ၏။ တက်ခါးက သီချင်းတစ်ပုဒ်ကိုကောက်ခါငင်ကာ ဆိုလေ၏။
“ဖိုးရာဇာဟာ × × × တကယ်တော့ လယ်သမားလေးပါဗျ × × × တကယ်လိုက်စားခဲ့တာက လုံ့လနဲ့ပညာကိုသာ
ပေါက်ကြားလို့
မြှောက်စားခံရတဲ့ ပညာရှိကြီးပါ”
သူ
ဘုရင့် ရွှေနားတော်
ထိုသီချင်းသံကြောင့် ဦးတုတ်ပေါ်ပြုံးတုံ့တုံ့ဖြစ်သွားလေ၏။ သူနောက် လှည့်ပြီးအော်ပြောလိုက်၏။
“ဖိုးရာဇာလိုဖြစ်ရင် ကောင်းတာပေါ့။ ခဏတစ်ဖြုတ်နားပြီး လယ်ထွန် ဆင်းဖို့ လုပ်ကြတော့ကွာ”
ညနေစောင်းလာပြီ ဖြစ်၏။ အလုပ်သိမ်းပြီး လယ်တဲသို့ ပြန်ခဲ့ကြ၏။ ဘေးဂျားတို့မှာ မောပန်းလွန်းသဖြင့် စကားမပြောနိုင်ကြပေ။ ပင်ပန်း သလောက်အလုပ်ကမပြီးချေ။တဲဆီသို့ရောက်မှခြေကုန်လက်ပန်းကျကုန် ၏။ ခေတ္တအနားယူပြီးသော်တက်ခါးကစိတ်ပျက်စွာ ပြောလိုက်၏။ “တောက် – လယ်ထွန်ရတာ သိပ်ပြီးအဆင်မပြေဘူး။ ခဏခဏ ထယ်သွားနဲ့ မြေကြီးအောက်က ဘာကိုတိုက်မိသလဲမသိဘူး”

အေး အး – ဟုတ်တယ်။ ငါလည်းမင်းလိုပဲကြုံရတယ်။ ငါတို့ထွန်တဲ့လယ်
ကွက်ဟာ ဆင်မလယ်ကွင်း၊ ငွေကိုးတင်း၊ရွှေတင်းတစ်ရာ၊ ရတနာသေတ္တာ မြောက်မြားစွာမြှုပ်နှံထားတဲ့ ရတနာသိုက်ကြီးတာဆိုရင်တော့ ငါတို့ပွဲပြီပဲ” “ဟား – ဟား- မင်းကတော်တော်စိတ်ကူးယဉ်တတ်ပါလား-ဘေးဂျား ရာ။ တကယ်လို့ရတနာတွေဆိုဦးတော့မင်းခြူးတစ်ပြားတောင်ရမှာမဟုတ် ဘူး။ လယ်ရှင်ဖြစ်တဲ့ ဘထွေးတုတ်ပေါကအားလုံးသိမ်းသွားလိမ့်မယ်”
တက်ခါး၏အပြောကြောင့်ဘေးဂျားငိုင်ကျသွား၏။တိုးမောင်လယ်တဲ သို့ ရောက်လာ၏။ ဘေးဂျားတို့၏ မျက်နှာရိပ် မျက်နှာကဲကို ကြည့်၍မေး လိုက်၏။
တယ်”
“အစ်ကိုတို့ ဘာဖြစ်နေကြသလဲ။ ဝိုင်းကူလုပ်ဖို့ အဖေက လွှတ်လိုက်
“ဘာဖြစ်ရမှာလဲ-တိုးမောင်ရာ။အခုထွန်နေတဲ့လယ်ကွက်ဟာငါတို့ကို အတော်ဒုက္ခပေးတယ်။ မြေကြီးအောက်မှာဘာတွေရှိလည်းမသိဘူး။ ထယ် သွားနဲ့ မကြာခဏတိုက်မိနေတယ်။ ဒါကြောင့် – စောစောသိမ်းလိုက်တယ်” “ဟုတ်တယ်ကွ-ဘေးဂျားပြောတာအမှန်ပဲ။ ပြီးခဲ့တဲ့နှစ်ကလည်း ဘထွေးတုတ်ပေါကို ဒီအကြောင်းပြောဖူးတယ်။ အင်းမလှုပ် အဲမလှုပ် ဆိုတော့ ဆက်ပြောဖို့ခက်တယ်”
တက်ခါးက ရှင်းပြလိုက်၏။ တိုးမောင်က ခေါင်းတဆတ်ဆတ်ညိတ် လျက် နားထောင်နေလေ၏။ အတန်ကြာ စဉ်းစားပြီးလျှင် တက်ခါးတို့ ကျေနပ်အောင် ပြောလေ၏။
“အစ်ကိုတို့ အခက်အခဲကို ပြောပြလိုက်ပါမယ်။ အဖေ မလုပ်လည်း ကျွန်တော်ဦးဆောင်ပြီးလုပ်ပါမယ်”
“အေးကွာ – အခုချိန် မြေကြီးတူးကြည့်ရင် အဖြေတစ်ခုခုတော့ သိရ လိမ့်မယ်။တကယ်လိုရွှေအိုးတွေ့လို့ကတော့ငါတို့လည်းပိုင်ဆိုင်တယ်နော်။
ဝေစုပေးမယ် မဟုတ်လား”
ဘေးဂျားစကားကြောင့်တိုးမောင်ပြုံးနေတော့၏။ထိုအခါတက်ခါးက- “ငါကတော့ဘေးဂျားတွေးသလိုမဟုတ်နိုင်ဘူးလို့ယူဆတယ်။ ကျုံးတုံး မြို့စားကြီးဟာမြေလှန်မီးတိုက်ပြီးခံရတယ်လေ။ အဲဒီတော့မီးလောင်ကျွမ်း ထားတဲ့ကျွန်းတိုင်တွေ ဖြစ်နိုင်တယ်”
“ဘာပဲဖြစ်ဖြစ်ပေါ့ကွာ-ဒီလယ်ကွက်ကိုတူးဖော်လိုက်ရင်တော့”
တိုးမောင်ကစကားစကိုဖြတ်၍ဘေးဂျားအားလှမ်းအကဲခတ်လိုက်၏။
ထို့နောက်မပြောမဆိုထွက်ခွာသွားလေ၏။

နောက်တစ်နေ့စောစောတွင် လယ်တဲသို့ဦးတုတ်ပေါရောက်ချလာ၏။ သူ့သားတိုးမောင်အပြင် ရွာသားသုံးယောက်လည်းပါလာ၏။ တိုးမောင်တို့ ပေါက်တူး၊ ကြိုးခွေတို့ပါယူလာကြ၏။ ဦးတုတ်ပေါကတံစက်မြိတ်အစပ်တွင် ရပ်လျက်ရှိ၏။ ထိုအခါ တက်ခါးကလှမ်းမေး၏။
“ဘထွေးတုတ်ပေါ-ပေါက်တူးတွေ၊ ကြိုးခွေတွေနဲ့ဘာလုပ်ကြမလို့လဲ” “ဟ-မင်းတို့ပဲ- ငါ့သားတိုးမောင်ကိုပြောလိုက်တယ်မဟုတ်လား။ အခု ထွန်နေတဲ့လယ်ကွက်ဟာ ထွန်ယက်လို့ ခက်နေတယ်ဆို။ အဲဒါကြောင့် မြေလှန်တူးကြမယ်”
ဘေးဂျားလည်းအနားရောက်လာ၏။သူကကြားဖြတ်၍ထောက်ခံပြော
လေ၏။
“လယ်ကွက်တစ်ခုလုံးတူးကြည့်တာကောင်းတယ်။ဒါမှလယ်ကွက်ထဲ
မြုပ်တဲ့ရှေးဟောင်းပစ္စည်းတွေပေါ်လာမှဗျ”
“မြေအောက်က ရွှေငွေပစ္စည်းတွေရခဲ့ရင် အစ်ကိုဘေးဂျားကို တစ်ပုံ ဝေစုပေးမယ် – ကျေနပ်ပြီလား”
တိုးမောင်က ဘေးဂျား ကျေနပ်အောင် ပြောလိုက်၏။ ဝေစုတစ်ပုံ ရရှိ မည်ဟုဆိုသဖြင့်ဘေးဂျားအူမြူးနေ၏။ ပြုံးတော့မလိုလို၊ ရယ်တော့မလိုလို ဖြစ်နေရှာ၏။ ထိုအခါတိုးမောင်ကလက်ညှိုးညွှန်ပြလျက်ပြောလေ၏။ “လယ်ကွက် ဟိုဘက်ထောင့်ကနေ စတင်တူးကြည့်မယ်” “အဲဒီလိုလုပ်စရာမလိုပါဘူး။ နွားတွေကို ထယ်မှာတပ်ပြီး တက်ခါးနဲ့ ဘေးဂျားတို့ ထွန်ကြစမ်း”
“ဗျာ”
ဦးတုတ်ပေါစကားကြောင့်ဘေးဂျားအံ့အားသင့်နေရှာ၏။ ကျန်လူများ
ကလည်း ဝိုင်းအုံကြည့်ကြ၏။

ဦးတုတ်ပေါအစီအစဉ်ကိုနားမလည်ကြပေ။ သို့သော်ဘထွေးဦးတုတ် ပေါစကားကိုမပယ်ရှားဝံ့သဖြင့် ခိုင်းသည့်အတိုင်း ဆင်းလုပ်လေ၏။
ထိုစဉ် ဦးတုတ်ပေါက ဝါးတစ်လုံးကို ထက်ခြမ်းခွဲနေ၏။ နှစ်တောင်ခန့် အရှည်ဖြတ်၏။ဝါးကြောမရှစေရန်နှုတ်ခမ်းသားများကိုလိုက်လံသပ်လေ၏။ တိုးမောင်တို့က ကြည့်ပြီး ဝေဖန်ပြောကာ ရှိ၏။ ဘေးဂျားမှာ လယ်ထွန်နေရ သည်ကို စိတ်မပါချေ။ စိတ်ထဲအောင့်သက်သက်နှင့် လုပ်နေရ၏။
သူ့ဒေါသများ တလိပ်လိပ်တက်နေ၏။ မပြောသာ၍ လုပ်ကိုင်နေရ၏။ အပိုအလုပ်ကို ခိုင်းသည်ဟုတွေးလျက်ရှိ၏။ စိတ်တိုတိုနှင့် နွားများကို တဖျန်း ဖျန်းရိုက်နေ၏။ နွားနှစ်ကောင်မှာအသားနာကျင်လာသဖြင့်ဇွတ်တိဇွတ်ထိုး ဖြစ်နေရှာ၏။
“တောက်- ဒီနွားတွေတော့ – ရိုက်သတ်ရင် သေတော့မယ်”
ဘေးဂျားစိတ်တိုနေသလောက်တက်ခါးမှာအလုပ်ကိုဂရုတစိုက်ရှိလေ
၏။ နဂိုကတည်းက အမှုမဲ့၊ အမှတ်မဲ့ မနေခဲ့ချေ။ အမှတ်သင်္ကေတနှင့် လုပ် ခဲ့သူဖြစ်၏။ ထိုကြောင့် ထယ်သွားတိုက်မိထားသည့်နေရာကို မှတ်မိ၏။ “ဒုတ်- ဒုတ် – ဒုတ်”
သူသည် ထိုနေရာမှ ဆက်မထွန်ပဲ ရပ်ထားလိုက်၏။ ဦးတုတ်ပေါထံ လှမ်းပြောလေ၏။
“ဘထွေး- ဒီနေရာမှာတစ်ခုခုနဲ့ တိုက်မိပြီဗျို့”
“ဒါဆို- အဲဒီ့နေရာကိုသေသေချာချာမှတ်ထားဟေ့။ ရော့ – တိုးမောင်၊ အဲဒီနေရာကို ဒီဝါးခြမ်းပိုင်းနဲ့ ရိုက်ထားစမ်း”
စောစောကနှစ်တောင်ခန့် ဝါးခြမ်းပိုင်းကိုလှမ်းပေးလိုက်၏။ တိုးမောင် ကလှမ်းယူ၏။ တံတောင်ခန့်ဝါးရားခေါင်းပိတ်စတစ်ပိုင်းကိုလည်းလက်ရိုက် တုတ်လုပ်ရန်ယူသွား၏။ တက်ခါးအနီးသွားပြီးမြေကြီးတွင် ဝါးခြမ်းပိုင်းအား ရိုက်ထား၏။ တက်ခါးနည်းတူ ဘေးဂျားလည်း တိုက်မိ၏။ တိုးမောင်က ဝါးခြမ်းပိုင်းတစ်ခုနှင့် ငုတ်စိုက်ထား၏။
သူတို့နှစ်ဦး ခရုပတ်လမ်းကြောင်းနှင့် ထွန်ယက်နေခြင်းဖြစ်၏။ မြေ အောက်မှ အရာဝတ္ထုနှင့် တိုက်မိတိုင်း ငုတ်တစ်ငုတ် စိုက်လေ၏။ နေထန်း တစ်ဖျားရောက်သောအခါ လယ်ကွက်တစ်ခုလုံး ထွန်ပြီးသွား၏။ ငုတ်တိုင် တစ်ဆယ်တိတိ စိုက်ခဲ့ကြ၏။

ဦးတုတ်ပေါဇနီးဒေါ်ကြည်ကထမင်းလာ
ထမင်းစားချိန်ရောက်လာ၏။ ပို့၏။ ဒေါ်ကြည်ကလယ်ကွက်ထဲရှိ ငုတ်တိုင်များကိုကြည့်၍မေး၏။ “ကိုင်းငုတ်တွေက ဘာဖြစ်လို့ စိုက်ထားသလဲ”
တိုးမောင်က သူ့မိခင်အားရှင်းပြပေး၏။ ဒေါ်ကြည်မှာစိတ်ဝင်တစားနှင့် ရှိလေ၏။ သူမမျက်နှာမှာလည်း မျှော်လင့်ချက်တစ်ခု ပေါ်လွင်နေတော့၏။ ဇောတစ်ခု-ထိုဇောတစ်ခုကလောဘဇော။ နှုတ်ခမ်းလေးများပင်ပြုံးယောင် ယောင်ရှိ၏။ အခြေအနေကို တွေ့လိုက်ရသော ဘေးဂျားက တိုးတိုးကပ်၍ မေး၏။
“အရီးလေးဒေါ်ကြည်-တကယ်လို့မြေအောက်ထဲကရတနာတွေများ ရရင် ကျွန်တော်တို့အတွက်ကော ပေးဖို့စဉ်းစားထားလား”
“ဘေးဂျား – ပါးစပ်ပိတ်ထားစမ်း။ မုန့်ဆီကြော်ကဘယ်နေမှန်းမသိဘူး။ နှုတ်ခမ်းလန်နဲ့ ဖြစ်ပါ့မလားပဲ။ မင်းပါးစပ်တစ်ပေါက်ကြောင့် အားလုံးဒုက္ခ ရောက်ကုန်လိမ့်မယ်”
“ကျွန်တော့် ပါးစပ်ကြောင့် ဒုက္ခမရောက်စေရပါဘူး – ဘထွေးရာ” “ဒီကောင်ပြောလေကဲလေပါလား။ မဟုတ်တမ်းတရမ်းလျှောက်ပြော တော့မသမာသူတွေကြားသွားရင် လာပြီးဓားပြတိုက်မှာပေါ့ဟ” ထိုအခါကျမှဘေးဂျားငြိမ်ကျသွား၏။ ထမင်းစားပြီးသွားသောတက်ခါး မှာ ကျောဆန့်လျက်ရှိ၏။ ဦးတုတ်ပေါကကွမ်းဝါးလျက်ရှိ၏။ ဘေးဂျားပြော သလိုမှန်လျှင် ဆက်မတွေးဝံ့တော့ချေ။ အတွေးကိုယ်စီနှင့် ရှိကြ၏။ မြေ အောက်မှ မမြင်ရသေးသောကိစ္စကိုမျှော်လင့်တမ်းတလျက် ရှိကြ၏။
“ကဲဟေ့ – လုပ်ငန်းပြန်စကြရအောင်”
ဦးတုတ်ပေါစကားကြောင့်ဘေးဂျားဒေါသရောင်သမ်းသွား၏။ အသည်း
ထဲ၊ အူထဲ ကလိကလိဖြစ်နေရှာ၏။ ထိုအခြေအနေကြောင့် ဘေးဂျား၏ ပေါင်ကိုလိမ်ဆွဲပြီးတက်ခါးက ငြိမ်ခိုင်းထား၏။ ဘေးဂျားကတော့ စိတ်ထဲမှ ရေရွတ်နေ၏။

“ဘထွေးက လူမြင်ကောင်းအောင် လောဘမရှိချင်ယောင်ဆောင်နေ တာဖြစ်မယ်။ သူ့စိတ်ထဲမှာတော့ မြေအောက်က ရတနာတွေကို မက်မော နေတာအမှန်ပဲ”
ထိုစဉ်တိုးမောင်က သူ့ဖခင်အားပြောလိုက်၏။
“လယ်တစ်ကွက်လုံးထယ်ထိုးပြီးပြီ။ အခု- ဘယ်လိုဆက်လုပ်မလို့လဲ” “အခုစိုက်ထားတဲ့ဝါးငုတ်နေရာတွေကို တူးကြစမ်း။ အဲဒီတော့ မင်းတို့ လိုချင်တဲ့ အဖြေတစ်ခုထွက်ပေါ်လာလိမ့်မယ်”
ထိုအခါကျမှဘေးဂျားမျက်နှာလန်းဆန်းသွား၏။ သို့ဖြင့်ရွာသားတို့က တစ်ဆိုင်း၊ဘေးဂျားတို့ကတစ်ဆိုင်းတူးကြ၏။ဘေးဂျားကပေါက်တူးပေါက်
၏။ တက်ခါးက ကျင်းထဲမှ မြေစာယက်ထုတ်၏။ တစ်ယောက်တစ်လှည့် တူး၏။ ဘေးဂျားက မြေစာများ ယက်ထုတ်နေ၏။ ထိုစဉ် မြေကြီးအောက်မှ အရာဝတ္ထုတစ်ခုကိုစမ်းမိသွား၏။ သူက အားရဝမ်းသာစွာဖြင့် အော်ပြော၏။ “ဒီမ-ဒီ-ဒီမှာတွေ့ပြီဗျို့”
ထိုကြောင့် ဦးတုတ်ပေါတို့လူစု ထိုနေရာသို့ စုပြုံရောက်သွားလေ၏။ ဦးတုတ်ပေါကမြေကြီးထဲကိုလက်နှိုက်၍ စမ်းကြည့်၏။ တိုးမောင်ကလည်း တွင်းထဲနှိုက်ကြည့်လေ၏။ ထို့နောက် – ဦးတုတ်ပေါက စပ်ဖြဲဖြဲနှင့်ပြော၏။ “ဘေးဂျားရေ- မင်းတွေးထင်ထားသလိုရတနာတွေတော့မဟုတ်ဘူး။ ကျွန်းတိုင်ငုတ်တိုပဲ ဖြစ်မယ်”
ဘေးဂျားတစ်ကိုယ်လုံးအေးစက်ထုံကျင်သွား၏။စိတ်ဓာတ်များအကြီး
အကျယ် ကျနေ၏။ ကန်သင်းရိုးတွင် ပက်လက်လှန်နေတော့၏။ ထိုအချိန် တက်ခါးတို့ကထိုတွင်းအား ဆက်တူး၏။မကြာမီမြေအောက်မှ အရာဝတ္ထုကို သဲသဲကွဲကွဲ မြင်ရ၏။ ထိုအခါတိုးမောင်က-
“အစ်ကိုတက်ခါးရေ- ကျွန်းတိုင်ဆိုတာအမှန်ပဲ။ ရှေးကျုံးတုံးမြို့ပျက်က ရှေးဟောင်းပစ္စည်းပဲဖြစ်မယ်”
“ဟုတ်တယ်ဟေ့- နောက်ဆုံးမြို့စားကြီး ဗညားဇေယျဟာ ကျုံးတုံးမြို့ ကြီးကို မြေလှန်မီးတိုက်ခဲ့ပြီး ပင်လယ်ပိုင်းကို စုန်ဆင်းသွားခဲ့တယ်လေ။ ယောက်ျားတစ်ဖက်ရှိတဲ့ကျွန်းတိုင်ကြီးကိုကြည့်ခြင်းအားဖြင့်ရှေးမြို့ဟောင်း ကြီးဟာ အတော့်ကို စည်ပင်တိုးတက်ခဲ့တာ အမှန်ပဲ”

ထိုသို့ တက်ခါးက ထောက်ခံပြောလေ၏။ တအောင့်ကြာသော် ကျွန်း တိုင်တံတောင်ခန့် ပေါ်လာ၏။ ထိုအခါ ဦးတုတ်ပေါက ဆက်မတူးခိုင်းတော့ ချေ။ ဘေးဂျားတို့အား ထယ်နှင့်နွားကို တပ်ခိုင်းပြန်၏။ တိုးမောင်အား တဲမှ ကြိုးများ ယူခိုင်း၏။ တူနှင့်သံတို့ကိုလည်း ယူခိုင်း၏။
“ဘထွေး – နွားတွေနဲ့ ထပ်ပြီးထွန်ဖို့ ရှိသေးလို့လား”
“ဘေးဂျား – ခိုင်းတဲ့အတိုင်းလုပ်စမ်းကွာ။ စကားကြောမရှည်နဲ့” “ဟုတ်ပါ့ကွာ – ဘထွေးခိုင်းတာပဲလုပ်စမ်းပါ”
တက်ခါးက ဝင်ပြော၏။ ထိုအခါ တိုးမောင် ပြန်ရောက်လာ၏။ ကြိုးနှင့် တူ၊ သံတို့လည်းပါလာ၏။ ဒေါ်ကြည်ကလည်းခင်ပွန်းလုပ်ကိုင်ပုံကိုစိတ်ဝင် တစား အကဲခတ်လျက်ရှိ၏။ ဦးတုတ်ပေါက ကြိုးစတစ်ဖက်အား တိုင်တွင် ချည်၏။ ကျန်တစ်ဖက်အား ထယ်လက်တန်းတွင် ချည်၏။ တိုင်မှကြိုးအား လျှောမထွက်အောင် သံရိုက်၍ ချုပ်ထား၏။ ထယ်နှစ်ရှဉ်းအား တစ်လှည့်စီ ဘယ်ညာဆွဲခိုင်း၏။ တွင်းထဲသို့ ရေများလောင်းထည့်ပေး၏။
“ကဲဟေ့ – ညာဘက်က ဘေးဂျား – မောင်းဟေ့။ တက်ခါးက ရပ်ထား နော်-ဟုတ်ပြီ – ဟုတ်ပြီ”
ထိုသို့ဖြင့် ကျွန်းတိုင်ကြီး ချောင်ချိသွားရန် တစ်လှည့်စီ ဆွဲခိုင်းလေ၏။ ဝဲယာလေးဖက်စလုံးကို နွားနှစ်ရှဉ်းနှင့် ပြောင်းရွှေ့ဆွဲလှုပ်သဖြင့် ကျွန်းတိုင် မှာ ဆွဲလှုပ်၍ရလေ၏။ ထိုအခါ နွားနှစ်ရှဉ်းမှ ကြိုးစကို ဖြုတ်ခိုင်းလိုက်၏။ တိုင်တွင် ကွင်းလုပ်ပြီး ချည်၏။ သစ်သားချောင်းများ ယူခိုင်းပြီး ကြိုးကွင်း အပေါက်ထဲထည့်၏။လူအားလုံးကိုခေါ်၍တစ်ဖက်စီလူခွဲထမ်းခိုင်း၏။ ကျွန်း တိုင်ကြီးမှာ မြေဝင်နက်သဖြင့် လှုပ်ရုံသာ လှုပ်၏။ အခြေအနေမထူးသဖြင့် တိုးမောင်ကပြော၏။
“နေလည်း စောင်းပြီ။ ကျွန်တော်တို့လူစုနဲ့ တိုင်ကို ဆွဲမ,တင်လို့ မလှုပ် ဘူး။ မနက်ဖြန် ရွာကလူ ထပ်ခေါ်ပြီးလုပ်ရင်ကောင်းမယ်” “ဟုတ်တယ် – ဘထွေး။ အခုနတိုးမောင်အကြံကကောင်းတယ်” ဘေးဂျားက ထောက်ခံဝင်ပြော၏။ ဦးတုတ်ပေါ အကြံအိုက်သွား၏။ နောက်ဆုံးလက်လျှော့ကာ ရွာသို့ ပြန်ခဲ့ကြ၏။

နောက်တစ်နေ့တွင်ဦးတုတ်ပေါဦးဆောင်၍လယ်တောသို့လူစုလူဝေး နှင့် ရောက်လာ၏။ ကြိုးခွေများ၊ သစ်ချောင်း၊ ဝါးပိုးချောင်းများ သယ်ယူလာ ၏။ မနေ့ကနုတ်လက်စကျွန်းတိုင်ဆီသို့စုပြုံခဲ့ကြ၏။ မြေကျင်းကိုနက်အောင် ထပ်တူး၏။ ထို့နောက် ကြိုးများနှင့် တိုင်အား ကွင်းပြု၍ ချည်ကြ၏။ ရွာမှ ယူလာသော သစ်၊ ဝါးပိုးချောင်းများကို ကွင်းထဲသွင်းကြ၏။ လူများနှင့် ဦးပဲ့ ထမ်း၍ မ,တင်၏။ တိုင်လုံးက အနည်းငယ်မျှမလှုပ်ပေ။ ဦးတုတ်ပေါက တွင်းထဲသို့ ရေထပ်လောင်းထည့်လေ၏။ ပြီးမှ … “မင်းတို့တစ်ယောက်တစ်ပေါက်ထမ်းရင်ကြွတက်လာမှာမဟုတ်ဘူး။ တစ်ယောက်က ညာသံပေးပြီး ပြိုင်တူထမ်းကြမှဖြစ်မယ်” ထိုသို့ဖြင့် တံပိုးအသီးသီးတွင် လျှိုထမ်းပြီးသောအခါ တက်ခါးက … “ကဲ- အရံသင့်ဖြစ်ပြီလား – စမယ်-တစ်-နှစ်-သုံး” ညာသံပေးအော်ဟစ်၍တစ်ညီတစ်ညွတ်တည်းပြိုင်တူကုန်းထမ်းကြ ၏။ကျွန်းတိုင်ကြီးမှာတံတောင်သာသာခန့်ကျွတ်ထွက်လာ၏။ ဘေးဂျားက အားတက်သရောနှင့် ပြော၏။
“တိုင်ကြီးအပေါ်ကြွတက်လာပြီ- ကြွတက်လာပြီ”
ထိုအခါကြိုးများကိုအောက်သို့လျှောချ၏။ ပြန်၍ထမ်းကြ၏။တိုင်ကြီး ကတဖြည်းဖြည်းကျွတ်ထွက်လာ၏။ သို့ဖြင့် သုံးနာရီခန့်တွင်ကျွန်းတိုင်ကြီး တွင်းထဲမှ မ,တင်နိုင်လေ၏။ ကျွန်းတိုင်ကြီးမှာ ခြောက်တောင်နီးပါးရှည်၏။ လုံးပတ်ယောက်ျားတစ်ဖက်စာ ရှိ၏။ ထိပ်ပိုင်းတွင် မီးလောင်ကျွမ်းထား ကြောင်းတွေ့ရ၏။ ဦးတုတ်ပေါက…
“ဒီကျွန်းတိုင်ကြီးဟာ ကျုံးတုံးမြို့စားကြီး မီးလောင်တုန်းက ကျန်ခဲ့တာ
အမှန်ပဲ”
ထိုနေ့က ကျွန်းတိုင်ကြီး နောက်တစ်တိုင် နုတ်နိုင်ခဲ့ကြ၏။ ကျွန်းတိုင် ဆယ်တိုင်အားတစ်ပတ်တိတိနတ်ယူကြရ၏။ (ထိုကျွန်းတိုင်ကြီးများအနက် တစ်တိုင်ကို တိုင်ကပ်နာရီအိမ်ငယ်တစ်ခု ပြုလုပ်ခဲ့သည်။ ယနေ့တိုင် မရမ်း ရွာတွင်ရှိသည်။ စာရေးသူ)
ဦးတုတ်ပေါကကျွန်းတိုင်များကိုလိုချင်သည့်လူအားပေးလိုက်၏။

တိုးမောင် ပေါက်တူးတစ်လက်ကို ကိုင်၍ နောက်တစ်နေ့တွင် ရောက် လာ၏။ ဘေးဂျားတို့က နွားများကို ရေချိုးပေးနေ၏။ ထို့နောက် လယ်ကွက် ထဲမှ ကျင်းများကို ဝိုင်းဖို့ကြလေ၏။ မိမိစိတ်ကူးအတိုင်း ဖြစ်မလာသော ကြောင့်ဘေးဂျား ညည်းညူလေ၏။
“တောက် – အသည်းယားစရာ ကောင်းတယ်ကွာ။ ငါကတော့ ဆင်မ လယ်ကွင်း၊ ငွေကိုးတင်း စာချိုးအတိုင်းမှန်နေပြီလို့ ထင်ထားတာကွ” “အစ်ကိုဘေးဂျားရာ – ဒီလိုပစ္စည်းမျိုးတွေက ကိုယ်လိုချင်တိုင်းရတာ မဟုတ်ဘူး။ အတိတ်က ပဋ္ဌာန်းဆက်ရှိမှ ရမယ်လေ”
“ပဋ္ဌာန်းဆက်တွေ၊ ဘာတွေတော့ ငါ နားမလည်ဘူး- တိုးမောင်။ အဲဒီ့ ပစ္စည်းတွေသာရမယ်ဆိုရင် ငါ ချမ်းသာမယ်ဆိုတာပဲ သိတယ်”
တိုးမောင်မှာ ဆက်လက်ငြင်းခုံခြင်း မပြုတော့ချေ။ သူ့စိတ်ထဲလည်း မသက်မသာ ဖြစ်သွားရှာ၏။ ဘေးဂျားအတွက်လည်း အလွန်သနားမိ၏။ အလုပ်ကိုသာ ဖိ၍လုပ်နေတော့၏။ မြေကျင်းထဲ မြေဖို့သည့်ကိစ္စပြီးမှ ရွာသို့ ပြန်ခဲ့၏။
ထိုအချိန်မှစ၍ ထိုလယ်ကွင်းတွင် လယ်ထွန်ရာ၌ အခက်အခဲ မတွေ့ရ တော့ချေ။ အချိန်ကြာလာသည်နှင့်အမျှ ဘေးဂျားတို့လည်း မေ့မေ့ပျောက် ပျောက်ဖြစ်ခဲ့၏။ တစ်လခန့်ကြာသော်ဘေးဂျား အိပ်ပျော်နေစဉ်ကယောင် ကတမ်းနှင့် ထအော်၏။
“ကျုပ်- သွားပြီး ဆုတောင်းမယ်ဗျာ” “ဟေ့ကောင် – ထစမ်း – ဘာဖြစ်လို့လဲ”
တက်ခါးကဘေးဂျား၏ခန္ဓာကိုယ်အားလှုပ်ယမ်းနှိုးလိုက်၏။ ဘေးဂျား ကအိပ်မှုန်စုံမွှားနှင့်ထထိုင်၏။ ကြောင်အမ်းအမ်းဖြစ်နေရှာ၏။ တဒင်္ဂငိုင်တွေ နေပြီးသော်တက်ခါးအားပြောပြလေ၏။
လူကြီးတစ်ဦး၊ ဥပဓိရုပ်လက္ခဏာကတည်တည်ခန့်ခန့်နှင့်။ အလွန်ထွား ကြိုင်းပြီးထောင်ထောင်မောင်းမောင်း၊ဗလကောင်းကောင်း။ရိုးရိုးအရပ်သား တစ်ဦးမဟုတ်။ နန်းဝတ်နန်းစားနှင့်ရဲမက်တော်တစ်ဦး။ တောင်ရှည်ပုဆိုးကို ခါးတောင်းကျိုက်ထားသည်မှာ သေသပ်လှ၏။ ဖြူဝင်းစိုစွတ်နေသော ပေါင် တံနှစ်ဖက်တွင် ထိုးကွင်းတို့ကလည်း အပြည့်။ ယောက်ျားပီသလွန်း၏။
လယ်တဲတံစက်မြိတ်အပြင်ဘက်ကရပ်လျက်စိမ်းစိမ်းကြည့်နေ၏။ သူ့ မျက်လုံးတို့မှာ ညှို့အားပြင်း၏။ မျက်ခုံး၊ နှာတံတို့ကလည်း ဆွဲဆောင်မှုအား ရှိလေ၏။ သူ့မျက်လုံးနှင့်ကြာကြာမဆိုင်ဝံ့ချေ။ဘေးဂျားမျက်လွှာချလိုက်၏။ စိတ်ထဲတွင်လည်း ထိုလူထွားကြီးနှင့် ရင်းနှီးသလို ခံစားမိ၏။ လေးစားမိ၏။ ထိုသို့ မျက်တောင်မခတ်ပဲ စိုက်ကြည့်နေရင်းမှ လူထွားကြီးက အသံဩဇာ ပြည့်ဝစွာဖြင့် အမိန့်ပေး၏။
“မင်း – ငါနဲ့ လိုက်ခဲ့စမ်း”
“ဟုတ် – ဟုတ်ကဲ့ပါ ခင်ဗျာ”
ဘေးဂျား ကျိုးနွံစွာ လိုက်ခဲ့၏။ လူထွားကြီးက ရှေ့မှ တစိုက်မတ်မတ် လျှောက်လျက်ရှိ၏။ နောက်သို့လှည့်ပြီး စကားတစ်ခွန်းမှ မပြောချေ။ ပတ်ဝန်းကျင်ကလည်း မည်းမှောင်နေတော့၏။ သဲကွဲစွာမမြင်ရပေ။ သို့သော်ဘေးဂျားထိုလမ်းကိုကောင်းကောင်းသိ၏။ မရမ်းချောင်းဝသို့ သွားသည့်လမ်း ဖြစ်၏။ မကြာမီ ချောင်းဝနှင့် မလှမ်းမကမ်း ရောက်လာ၏။ ထိုလူကြီး ရှေ့ဆက်မသွားဘဲ ထိုင်ချလိုက်၏။ ပတ္တမြားကျောက်စီဓားအိမ် ထဲမှဓားကို ဆွဲထုတ်လေ၏။ ဓားဦးဖျားနှင့် မြေကြီးကို တူးဆွလေ၏။ တစ်ထွာသာသာခန့်တူးလိုက်လျှင်မြေကြီးထဲမှအရာဝတ္ထုတစ်ခုပေါ်လာ၏။
ကတ္တီပါအိတ်ရှုံ့အနီကလေးပင်။
လူထွားကြီးက အိတ်ရှုံ့ကြိုးကို ဆွဲဖွင့်၏။ ပစ္စည်းကို နှိုက်ထုတ်၏။ ရွှေလက်စွပ်တစ်ကွင်း။ ရွှေရည်က တအိအိ။ မာန်ဟုန်ဝင့်ကြွားနေသော ရွှေဟင်္သာငှက်တစ်ကောင်။ အရည်အသွေးကောင်း ပတ္တမြားနှစ်လုံးကို မျက်လုံးအစုံတွင် တပ်ဆင်ထားလျက်။ ရွှေဟင်္သာနှုတ်သီးတွင် ပတ္တမြား တစ်လုံးကို ကိုက်ချီထား၏။ ကျောကုန်းပေါ်တွင်လည်း တန်ဖိုးမဖြတ်နိုင် သည့် ပတ္တမြားတစ်လုံး။
ဘေးဂျားမျက်လုံးများက ထိုရွှေဟင်္သာပတ္တမြားလက်စွပ်ပေါ်မှ မခွာ တော့ပေ။ လူထွားကြီးက ဘေးဂျားမျက်နှာရှေ့ထိတိုးကပ်လို့ ပြသလေ၏။ သူ့မျက်လုံးများက လောဘအခိုးဝေနေ၏။ သွားရည်ယိုလုမတတ်ရှိ၏။ ထိုအခါ လူထွားကြီးက တိက္ကမပြည့်ဝသော အသံဩဇာဖြင့် ပြော၏။ “မောင်မင်းကိုခေါ်ပြီး ဒီပစ္စည်းကို ဘာကြောင့်ပြရသလဲဆိုတော့…”

လူထွားကြီးက စကားကို မဆက်သေးပဲ အဝေးတစ်နေရာသို့ မျှော်ကြည့် လေ၏။ မျက်နှာပေါ်တွင် တမ်းတလွမ်းဆွတ်ဖွယ်၊ နာကြည်းဖွယ် တွေ့ရ၏။ ဝမ်းနည်းကြေကွဲကာ ဖြစ်နေရှာ၏အတန်ကြာမှ လူထွားကြီးက- “သင့်ဟာကျွန်ုပ်ရဲ့ငယ်ကျွန်ကြီးရွှေအပဲ။ မောင်မင်းနဲ့အတူရှိနေတာက
ငယ်ကျွန်ကြီးမှတ်ကြီးလေ။
ဒီရတနာပစ္စည်းဟာငါကိုယ်တော်တို့ရဲ့ရှေးဘိုး
ဘေးအမွေဖြစ်တယ်။ ဒါကြောင့်- ထိန်းသိမ်းစောင့်ရှောက်ပါလို့မှာချင်တယ်” “ဟုတ် – ဟုတ်ကဲ့ပါ – အရှင်”
ဘေးဂျားက ထစ်ထစ်ငေါ့ငေါ့နှင့် ပြန်ဖြေ၏။ လူထွားကြီးက …
“မင်း- စိတ်ထားဖြူစင်ဖို့တော့အရေးကြီးတယ်။ တကယ်လို့စိတ်ယုတ် မာမွေးမယ်ဆိုရင် မင်းအသက် ပေးဆပ်ရမယ်။ ဘယ်လိုလဲ – ကတိပေးနိုင် မလား။ အဲဒီလိုကတိပေးနိုင်ရင်တော့ မရမ်းကျောင်းဝန်းထဲက ဆုတောင်း ပြည့်စေတီဆီသွားပြီး ဆုတောင်းသစ္စာပြုပေတော့ကွာ”
တက်ခါးမှာကြားရသောစကားကြောင့် ဘေးဂျားအတွက်စိုးရိမ်မိ၏။

မရမ်းကျောင်းမှအုန်းမောင်းခေါက်သံထွက်ပေါ်လာ၏။ ဘေးဂျားတို့က
နွားစာ၊ နွားရေချိုးပေးလျက်ရှိ၏။ ထိုစဉ်တက်ခါးကလှမ်းမေး၏။ “မင်း – ဆုတောင်းပြည့်စေတီဆီသွားပြီး သစ္စာဆိုမလား”
“သွားမှာပေါ့ကွာ။ တကယ်လို့မသွားရင် – ငါးကြော်မကြိုက်တဲ့ကြောင် မိုက်ဘဝမျိုး ဖြစ်မပေါ့”
သူတို့နှစ်ဦး အတွေးကိုယ်စီ ဖြစ်နေကြ၏။ ကိစ္စအဝဝပြီးသောအခါ
ဘေးဂျားက ပြော၏။
“ငါ သွားတော့မယ်။ မင်းကော လိုက်မလား”
“လိုက်မှာပေါ့ကွာ- မင်းအိပ်မက်ထဲက မှတ်ကြီးဟာ ငါဆိုတော့ မလိုက်ဘဲနေဖို့မသင့်ဘူးလေ”

သို့ဖြင့် ဆုတောင်းပြည့်စေတီသို့ ထွက်လာကြ၏။ ကျောင်းဝန်းထဲ ရောက်လာ၏။ စေတီ၏ အရှေ့ဘက် တနင်္လာဂြိုဟ်တိုင်တွင် ဘုရားဝတ်ပြု ကြ၏။ ဆုတောင်းသစ္စာဆိုကြ၏။ ထိုနောက်တက်ခါးက မေးလိုက်၏။ “မင်း – ဘယ်လိုသစ္စာဆိုသလဲ”

“ငါကတော့ကျွန်ုပ်သည်မိဘမဲ့တစ်ဦးဖြစ်ပါတယ်။ နောင်ဘဝမှာမိဘ များနှင့် အတူတကွ ပျော်ရွှင်စွာနေထိုင်နိုင်ပြီး အမျိုးဘာသာ၊ သာသနာကို စောင့်ရှောက်နိုင်တဲ့ပုဂ္ဂိုလ် ဖြစ်ရပါစေလို့ပေါ့”
ဘေးဂျားပါးစပ်အဟောင်းသားဖြစ်သွားရှာ၏။မည်သို့မျှတော့စောဒက
မတက်ပေ။ တဒင်္ဂအတွင်းကောင်းကင်တစ်ခုလုံးမည်းမှောင်လာ၏။ လေက

လည်း တဖြူးဖြူးနှင့် တိုက်ခတ်လာ၏။ တက်ခါးသည် ကောင်းကင်သို့ မော့ ကြည့်ပြီး ညည်းညူလိုက်ပြီး..
“ဘေးဂျားရေ- ငါတို့ရဲ့သစ္စာအဓိဋ္ဌာန်ဟာ တစ်ခုခုတော့မှားနေပြီထင် တယ်။စောစောကသာသာယာယာရှိနေတဲ့အခြေအနေကတစ်မုဟုတ်ချင်း
ရာသီဥတုပြောင်းလဲသွားပါလား”
“မင်းကလည်းကွာ – ကြံကြောက်လှည်းအောက်မနေနဲ့လို့ ဆိုသလိုပဲ။ မိုးပဲ ရွာချင်လို့ ရွာတာပါ။ လေလည်း တိုက်ချင်လို့ တိုက်တာပေါ့။ အဆန်း မဟုတ်ပါဘူးကွာ”
ထိုအချိန် မိုးသီးမိုးပေါက်များ ရွာချလာ၏။ လေတိုက်ခတ်မှုလည်းပြင်း ထန်လာ၏။ သစ်ပင်ကြီးများပင်ယိမ်းကနေသကဲ့သို့ဖြစ်လာ၏။ သူတို့လည်း ဇရပ်တစ်ခုအတွင်းမိုးခိုနေရ၏။ သွပ်ပြားပေါ်သို့မိုးသီးများတဝုန်းဝုန်းလျက် ရှိ၏။ မိုးရော၊လေရောဖြစ်ပေါ်နေသောကြောင့် ဇရပ်တစ်ခုလုံး မိုးပက်လျက် ရှိ၏။
တက်ခါးတို့မှာ ဇရပ်ထောင့်တွင်ကုပ်ကုပ်ကလေးထိုင်နေကြ၏။ မိုးက တော်တော်နှင့် မရပ်ပေ။ အငြိုးအတေးကြီးစွာ ရှိလေ၏။ တက်ခါးစိတ်ထဲမှ ရေရွတ်လိုက်၏။
“တပည့်တော်အသွေးအသားထဲမှနေပြီး ဆုတောင်းသစ္စာပြုပါတယ်။
ပြုခဲ့တဲ့ သစ္စာကတိကို သေတစ်ဖန်သက်တစ်ဆုံးစောင့်ထိန်းခိုင်းပါမယ်” ထိုကြောင့် မိုးလေ ဟုပ်ခနဲ ရပ်တန့်သွား၏။ သူတို့နှစ်ဦးလည်း အရပ် ထဲမှ ထွက်ခဲ့ကြ၏။ တိတ်ဆိတ်စွာ လျှောက်လာကြ၏။ အတွေးကိုယ်စီနှင့် ဖြစ်၏။ တက်ခါးက ရှေ့မှ၊ ဘေးဂျားက နောက်က။
ဘေးဂျား အတော်တက်ကြွလျက်ရှိ၏။ ပတ်ဝန်းကျင်ကိုလည်း သတိ လက်လွတ်ဖြစ်နေ၏။ ကော့လန်ကော့လန်နှင့်လျှောက်လျက်ရှိ၏။ လမ်းပေါ် တွင်ဗွက်ထကာရှိ၏။လမ်းဘေးလယ်ကွင်းတွင်ရေများပိုများလာ၏။ပူပြင်း သည့်အချိန် မိုးရွာသဖြင့် ခြေခင်းလက်ခင်းမသာပေ။
တက်ခါး လမ်းကိုကြည့်ပြီးလျှောက်နေ၏။ ထိုစဉ်လမ်းကို ဖြတ်ကူးနေ သောအရာတစ်ခုကို တွေ့လိုက်ရ၏။ တက်ခါးက အထိတ်တလန့်အော်ပြီး ခုန်ကျော်လိုက်၏။

“မြွေ-မြွေ-မြွေ”
ကြောက်ကြောက်ရွံ့ရွံ့ ခုန်ကျော်လိုက်သောကြောင့် လယ်ကွင်းထဲ ကျသွား၏။ ဘေးဂျားကတော့ သူ့စိတ်ကူးနှင့် သူမို့ မရှောင်နိုင်တော့ပေ။ မြွေခါးကို တက်နင်းမိ၏။
“အား… ငါ့မျက်လုံးတွေ ဘာမှမမြင်ရတော့ဘူး-ကယ်-ကယ်-ကယ်”
ထိုသို့ အလန့်တကြားအော်သံကြောင့် တက်ခါး လယ်ကွက်ထဲမှ လမ်း ပေါ်တက်လာ၏။ ညာခြေမတွင် ရွှေဟင်္သာပတ္တမြားလက်စွပ်ကြီးတစ်ကွင်း စွပ်လျက်ပါလာ၏။ တက်ခါးမှာ လက်စွပ်ကို တုန်တုန်ချိချိနှင့် ချွတ်၍ကြည့် လေ၏။
ဘေးဂျားအိပ်မက်အတိုင်း မှန်ကန်နေကြောင်း သိလိုက်ရ၏။ သူ့လက် ချောင်းကလေးများ တဆတ်ဆတ် တုန်ယင်နေ၏။ တစ်ကိုယ်လုံး ထုံကျင် လျက်ရှိ၏။ အေးတိအေးစက်ဖြစ်နေ၏။ ကျောက်ရုပ်ကြီးသဖွယ်မတုန်မလှုပ်။ အသက်ရှူဖို့ပင် မေ့နေ၏။ ဘေးဂျားအလောင်းကို ငေးကြည့်ပြီး ကြောင် တောင်တောင်ဖြစ်ကာရှိ၏။
ထိုစဉ် မရမ်းရွာထဲသို့ ထိုသတင်း ပျံ့နှံ့သွားလေ၏။ ဦးတုတ်ပေါတို့ ရောက်ချလာ၏။ တိုးမောင်က တက်ခါးအား နှစ်သိမ့်စကားပြောလေ၏။ “အစ်ကိုတက်ခါး – ကိုယ့်ကိုယ်ကိုယ် သတိထားလေ”
တက်ခါး မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျလာ၏။ အလောင်းကို ကြေကွဲစွာကြည့်ပြီး ပြောလိုက်၏။
“မင်းပြုခဲ့တဲ့ ကတိသစ္စာက လောဘရမ္မက်ဇောကြောင့် ပြန်စူးတာ ဖြစ်မယ်။ အေးလေ – မင်း ကောင်းမွန်တဲ့ ဘုံဘဝရောက်အောင် ငါ ကုသိုလ် ပြုပေးပါမယ်ကွာ”
တက်ခါးသည် သူ့လက်ထဲမှ ရွှေဟင်္သာပတ္တမြားလက်စွပ်ကြီးအား ဦးတုတ်ပေါလက်ထဲသို့ ပေးလိုက်၏။ ထို့နောက် ဘေးဂျား အလောင်းနားမှ ထွက်ခွာသွား သည်မှာ တဖြည်းဖြည်းဝေးကွာသွားလေ၏။
> ဟိန်းထက်ဇော်

Zawgyi Version

အသက္တစ္ေခ်ာင္း(စ/ဆုံး)
———————————-
“ကိုသူရ-တျခားလူေတြ ၿမိဳ႕ကို စြန႔္ေျပးကုန္ၾကၿပီ”
“ေအးပါ – မယ္ႏွင္းႏုရယ္။ အခ်ိန္နည္းနည္းဆင္းရဲတာ သည္းခံစမ္းပ။ ေမာင္ႀကီးတို႔ရဲ႕ ေရွးဘိုးေဘးအစဥ္အဆက္ ကတၱီပါအိတ္အနီကေလး ေမ့က်န္ေနေသးလို႔ပါ”
စစ္ကဲေလး ကိုသူရသည္အခန္းထဲသို႔ကေသာကေမ်ာေျပးဝင္သြား၏။ မၾကာမီ ကတၱီပါအိတ္အနီကေလးကိုကိုင္လ်က္ ျပန္ထြက္လာ၏။ အိမ္ ေပါက္ဝရွိ ဇနီးေဘးတြင္ စစ္ကဲေလး ကိုသူရမွာ အိမ္ေအာက္သို႔ မဆင္း ေသးေပ။လက္ထဲမွအိတ္ရႈံ႕ကေလးကိုဖြင့္လိုက္၏။လက္ကတုန္ကယင္ႏွင့္ ႏႈိက္ေလ၏။ လက္စြပ္တစ္ကြင္း ပါလာ၏။ ႐ိုး႐ိုးေ႐ႊလက္စြပ္မဟုတ္။ ေကာင္းကင္သို႔ ပ်ံတက္မည့္အလား၊ မာန္ဟုန္ႂကြလ်က္ရွိေသာ ေ႐ႊဟသၤာ ငွက္တစ္ေကာင္ ပတၱျမားတို႔ကို မ်က္လုံးအစုံတြင္ ထည့္သြင္းထား၏။ ေ႐ႊဟသၤာေက်ာေပၚမွာ ျပည္တန္ပတၱျမားတစ္လုံး၊ ႏႈတ္သီးထဲတြင္လည္း ပတၱျမားတစ္လုံးကို ခပ္ႂကြႂကြကိုက္ခ်ီထားသည္မွာ အသက္ဝင္လွ၏။

စစ္ကဲေလး ကိုသူရ ထိုလက္စြပ္အား တစိမ့္စိမ့္ ေငးေမာေနေတာ့၏။
တဒဂၤအတြင္းသူ႔မ်က္ႏွာ ညႇိဳးက်သြား၏။ အတိတ္သမိုင္းကိုျပန္သတိရမိ၏။ က်ဳံးတုံးၿမိဳ႕စားႀကီးဗညားဦးကမိမိတို႔ရဲ႕ေရွးမ်ိဳးဆက္အမတ္ႀကီးပညာေက်ာ္
အားဆုေတာ္အျဖစ္ေပးအပ္ခဲ့သည္မဟုတ္လား။ ထိုအေတြးစတို႔ႏွင့္အတူ ဝမ္းနည္းျခင္း၊ ေၾကကြဲျခင္း၊ ခံျပင္းေဒါသေျခာင္းေျခာင္း ထြက္လ်က္ရွိ၏။ သူ႔တစ္ကိုယ္လုံးပင္ တဆတ္ဆတ္တုန္ယင္ကာ ရွိ၏။ သူ႔ ႏႈတ္ခမ္းသူပင္ ျပတ္လုမတတ္ ကိုက္ထား၏။ မ်က္ႏွာတစ္ျပင္လုံး နီရဲလ်က္ ခက္ထန္မာ ေၾကာေန၏။ နံရံတြင္ခ်ိတ္ဆြဲထားေသာလက္တြဲေဖာ္ေသြးေသာက္ပတၱျမား ေက်ာက္စီဓားကို လွမ္းၾကည့္မိ၏။ ဓားကို ေျပးယူလိုက္၏။ ဓားအိမ္ထဲမွ ဆြဲ ထုတ္မည္ျပဳၿပီးမွျဖဳန္းခနဲျပန္သြင္းလိုက္၏။ ပခုံးတြင္ စလြယ္သိုင္းလြယ္၏။ ထိုလက္သုံးေတာ္ဓားႏွင့္ တိုက္ပြဲေပါင္း ေျမာက္ျမားစြာ ဆင္ႏႊဲခဲ့ဖူး၏။ ယခု ေတာ့ –
“ထီးလည္းသုဥ္း – ၿမိဳ႕လည္း ဆုံးၿပီ – ေတာက္”
ပေဒသရာဇ္၏ သားေကာင္ သူ႔ကိုယ္သူ မေက်နပ္ခ်က္တို႔က တစ္ပုံ တစ္ပင္နဲ႔။ အိမ္ေတာ္ထိန္းတို႔အား သတိရေလ၏။ အိမ္ေတာ္ထိန္း မွတ္ႀကီး ႏွင့္ ေ႐ႊအတို႔လည္း ရရာပစၥည္းမ်ား ယူငင္လ်က္ ထြက္ေျပးသြားၿပီျဖစ္၏။ ထိုစဥ္ မယ္ႏွင္းႏုက စစ္ကဲေလး ကိုသူရအား အသံတုန္ယင္စြာျဖင့္ သတိ ေပးေလၿပီ။
“အခ်ိန္မျဖဳန္းနဲ႔ေတာ့ – က်ဳံးတုံးၿမိဳ႕စားႀကီး ဗညားေဇယ်တို႔လူစု ေလွ ေတာ္ႀကီးနဲ႔မိန္းမလွကြၽန္းဘက္ထြက္သြားတာအခ်ိန္အေတာ္ၾကာေနပါဘိ။ ၿမိဳ႕ေျမာက္ဘက္ျခမ္းအိမ္ေတာ္ေတြဆိုရင္မီးစြဲေလာင္လို႔ကုန္ၿပီ။ မီးၫြန႔္ဟာ ကြၽန္မတို႔အိမ္ဘက္ နီးသထက္ နီးကပ္လာၿပီရွင့္”
သူမခင္ပြန္းတုံဏွိဘာေဝလုပ္ေနတုန္းပင္။မယ္ႏွင္းႏုအားမလိုအားမရ
ျဖစ္ကာ ရွိေလ၏။ ထိုေၾကာင့္ လက္တစ္ဖက္ကို ေဆာင့္ဆြဲၿပီး လမ္းမေပၚသို႔ ဆြဲေခၚေလ၏။ မီးေတာက္ႀကီးမ်ားကလည္းေမ်ာက္မ်ား ခုန္ေနသလိုခုန္ဆြ ခုန္ဆြႏွင့္ကူးဆက္ေလာင္ေန၏။
“ဝုန္း”
မီးလုံးႀကီးသုံးလုံးက သူတို႔အိမ္ေခါင္မိုးေပၚသို႔ ေရွ႕ဆင့္ေနာက္ဆင့္ ခုန္ ကူးလာ၏။ေရနံေခ်းဝေနေသာကြၽန္းအိမ္ႀကီးမွာလည္းဟုပ္ခနဲေလာင္ကြၽမ္း

ေလ၏။ ပတ္ဝန္းက်င္ ေလး၊ ငါးအိမ္ကိုလည္း ဆက္တိုက္ေလာင္ေနၿပီျဖစ္ ၏။ ကိုသူရတို႔ လင္မယားမွာ မီးလြတ္ရာသို႔ တစ္ဟုန္ထိုး ထြက္ေျပးၾက၏။ သူတို႔အားလုံးဒုကၡမီးပင္လယ္ေဝလ်က္ရွိ၏။ လက္က်န္ၿမိဳ႕သူၿမိဳ႕သားမ်ားမွာ ေအာ္ဟစ္ေျပးလႊားကာ ျဖစ္ေနေတာ့၏။
အသက္လုပြဲ …။ မယ္ႏွင္းႏုလက္ထဲမွ ပစၥည္းမ်ားလည္း ဟိုတစ္ခု၊ ဒီတစ္ခု ျပဳတ္က်က်န္ရစ္ခဲ့၏။ တေအာင့္ေလာက္ၾကာေသာ္ တသြင္သြင္ စီးဆင္းေနေသာမရမ္းေခ်ာင္းေရျပင္ကိုလွမ္းျမင္ေနရၿပီျဖစ္၏။ မီးေတာက္ မီးၫြန႔္တို႔မွာလည္း ေရွ႕ေနာက္ဝဲယာညႇပ္လ်က္ ပိတ္ကာရွိ၏။ မီးအရွိန္ ေၾကာင့္ သစ္ပင္ႀကီးမ်ားလည္း တဝုန္းဝုန္းၿပိဳလဲကာ ရွိ၏။ သခင္မဲ့ေနေသာ ၿမိဳ႕ႀကီးမွာမီးၿငိမ္းသူကင္းမဲ့ေန၏။မီးေတာက္ႀကီးကတစ္ၿမိဳ႕လုံးကိုဝါးမ်ိဳလ်က္
ရွိေလ၏။
မီးအရွိန္ သစ္ပင္ၿပိဳက်သံမ်ား၊ လူမ်ား၏ ေၾကာက္လန႔္တၾကား ေအာ္ ဟစ္ေနသံမ်ားမွာကမာၻပ်က္ဘိအလားရွိ၏။ မယ္ႏွင္းႏုသည္ သူမခင္ပြန္း၏ လက္ကို မလြတ္။ ေရွ႕မွ ဦးေဆာင္ေျပးဆြဲလ်က္ရွိ၏။ ကုကၠိဳပင္ႀကီးအနီးသို႔ ေရာက္လာ၏။မီးေတာက္ႀကီးကလည္းထိုသစ္ပင္ႀကီးကိုတဟုန္းဟုန္းႏွင့္
ေလာင္ကြၽမ္းေန၏။
ထိုသစ္ပင္ႀကီးေအာက္မွျဖတ္ေျပးရန္မွအပေျပးစရာမရွိေခ်။ မယ္ႏွင္းႏု က ရဲရဲဝံ့ဝံ့ ျဖတ္ေျပး၏။ ထိုစဥ္ မီးေတာက္မီးလွ်ံ ရဲရဲေတာက္ေနေသာ သစ္ ကိုင္းႀကီးတစ္ခု ဝုန္းခနဲ ျပဳတ္က်လာ၏။
စစ္ကဲေလး ကိုသူရ ဦးေခါင္းတည့္တည့္ က်လာ၏။ ထိုအခါ မီးအရွိန္ သစ္ကိုင္း႐ိုက္သည့္ဒဏ္ေၾကာင့္ စစ္ကဲေလး ကိုသူရ ေမ့ေျမာသြား၏။ သစ္ကိုင္းကလည္းပိေန၏။မီးကလည္းတစ္ကိုယ္လုံးေလာင္ကြၽမ္းေလ၏။ သူ႔လက္ထဲတြင္ ကတၱီပါအိတ္အနီကေလးကိုင္ထားဆဲပင္။ မီးက ထိုအိတ္ ကေလးအား အလြတ္မေပး။ ေလာင္ကြၽမ္းေန၏။
မယ္ႏွင္းႏုမွာ အသက္လုေျပးေနရေသာေၾကာင့္ ခင္ပြန္းအား မကယ္ ႏိုင္ေတာ့ေပ။ ကိုယ္လြတ္႐ုန္းေျပးလိုက္ရ၏။ မရမ္းေခ်ာင္းႏွင့္ ခူလံေခ်ာင္း ဆုံရာ ေရဆိပ္သို႔ ေရာက္လာ၏။ ဆိပ္ကမ္းမွ ခြာလုဆဲဆဲ ေလွတစ္စင္း။ ေလွထဲတြင္ လူႏွစ္ဆယ္ခန႔္ ရွိေလ၏။

ေလွမွာ တစ္ဖက္သို႔ တိမ္းေစာင္းသြား၏။ ေရမ်ား ဒရေဟာ ဝင္လာ၏။ ေလွေပၚမွ လူမ်ားလည္း ဝ႐ုန္းသုန္းကား ျဖစ္ကုန္၏။ ေလွမွာ အိုးဒယ္နစ္
နစ္ျမဳပ္သြား၏။ ေရကူးသူကူး၊
ေရနစ္သူနစ္၊ေလွတြယ္ထားသူထားၾကေလ၏။ ေရကူး တတ္သူမ်ားက ေဝးရာသို႔ ကူးေနၾက၏။ မကူးတတ္သူမ်ားက မွီရာဆြဲထား
ၾက၏။
မယ္ႏွင္းႏုမွာေလွနံရံႏွင့္ ဦးေခါင္း႐ိုက္မိၿပီး ျပန္ေပၚမလာေတာ့ေခ်။
==
“လင္းတိုင္းေနာက္ေဖး၊ ေခြးတစ္ေျပး၊ မင္းေလးတစ္ျပန္၊ ဘုရားသုံးဆူ၊ ေခ်ာင္းသုံးခြ၊ ဆင္မလယ္ကြင္း၊ ေငြကိုးတင္း၊ေ႐ႊတင္းတစ္ရာ၊ရတနာေသတၱာ ေျမာက္ျမားစြာ”
“အဲဒီတေဘာင္ထဲမွာ ပါတဲ့အတိုင္းဆိုရင္ ဘုရားသုံးဆူ ေခ်ာင္းသုံးခြ ဟာဒီမရမ္းေခ်ာင္းဆုံရာပဲျဖစ္မယ္”
“ဒီမွာတက္ခါး – မင္းေျပာတာလည္းမမွားဘူး။ဒါေပမဲ့- ေပၚေတာ္မူေစတီ ဘက္မွာလည္းေခ်ာင္းသုံးခြ ဘုရားသုံးဆူ ရွိတယ္ေလ”
“ဟုတ္ပါတယ္- ေဘးဂ်ားရာ။ မရမ္းေခ်ာင္းဝေဒသဟာပိုျဖစ္ႏိုင္တယ္ လို႔ ေျပာတာပါ။ ဘာျဖစ္လို႔လည္းဆိုေတာ့ အေရွ႕ေျမာက္ေထာင့္မွရွိတဲ့ လင္းတိုင္း ႐ြာကိုၾကည့္။ ေခြးတစ္ေျပးသာသာပဲ ရွိတယ္ဆိုေတာ့ ငါတို႔ မရမ္း ႐ြာကပိုျဖစ္ႏိုင္တယ္ေလ”
တက္ခါးႏွင့္ေဘးဂ်ားတို႔လယ္တဲတြင္အခ်ီအခ်ေျပာေနၾကျခင္းျဖစ္၏။ တဲေခါင္းရင္းတြယ္ လယ္ရွင္ဦးတုတ္ေပါ ေရာက္ေနသည္ကို မသိၾကေပ။ ဦးတုတ္ေပါႏွင့္တူဝရီးေတာ္စပ္၏။ သူတို႔ႏွစ္ဦးညီအစ္ကိုတစ္ဝမ္းကြဲေတာ္ ၏။ ဦးတုတ္ေပါ၏သူရင္းငွားမ်ားျဖစ္ၾက၏။ ႏွစ္ဦးစလုံးမိဘမဲ့၊လူပ်ိဳလူလြတ္ မ်ားမို႔လယ္ထဲတြင္အိပ္၊ စားကာေနထိုင္ၾက၏။ထိုစဥ္ဦးတုတ္ေပါလယ္တဲ ေရွ႕သို႔ထြက္လာရပ္၏။ သူကလွမ္းေျပာေလ၏။
“မင္းတို႔တစ္ေတြ သိပ္ၿပီးခ်မ္းသာခ်င္ၾကသေပါ့ – ဟုတ္လား။ ဘယ္ ေလာက္ပဲ လိုခ်င္တပ္မက္မႈေတြ ဆႏၵျပင္းထန္ပါေစ – အေၾကာင္းဆက္ရွိမွ အက်ိဳးျဖစ္ထြန္းမွာကြ”

“ဘေထြးကလဲ- က်ဳပ္တို႔က သူေဌးျဖစ္ခ်င္လို႔ ေျပာတာမဟုတ္ပါဘူး။ ဒီေဒသဟာတစ္ခ်ိန္တုန္းကၾကက္ပ်ံမက်စည္ကားတဲ့မြန္တို႔ေဒသက်ဳံးတုံး
ခ႐ိုင္ၿမိဳ႕ႀကီးေလ။ ေရွးလူႀကီးေတြစကားကို ျပန္ေျပာဆိုေနၾကတာပါ။ မင္း လည္းၾကားဖူးနားဝရွိတယ္မဟုတ္လား-ေဘးဂ်ား”
“ၾကားဖူးတာေပါ့ကြာ။ ငါတို႔ေဒသဟာလွ်မ္းလွ်မ္းေတာက္ေက်ာ္ၾကား ခဲ့တဲ့ေနရာပဲ။ မသိပဲ ေနပါ့မလား”
“အမေလး-ငါ့တူေတြကစကားႀကီးစကားက်ယ္ေျပာဆိုေနၾကပါလား
ကြာ။ စာတိုေပစေတြ ေတာ္ေတာ္ဖတ္ထားၾကတာျဖစ္မယ္။ စာဖတ္တယ္ ဆိုတာ ေကာင္းတဲ့အက်င့္စ႐ိုက္တစ္ခုပဲ။ စာေပရဲ႕ေက်းဇူးဟာ လူတစ္ဦးရဲ႕ ဘဝကို ေျပာင္းလဲႏိုင္ပါတယ္။ ေအးေလ – အတိတ္အေၾကာင္းေတြကို ေႏွာင္းလူတို႔ ေမ့ေပ်ာက္ဖို႔ မေကာင္းဘူးေပါ့”
ဦးတုတ္ေပါကေျပာဆိုၿပီးလွည့္ထြက္သြား၏။ တက္ခါးႏွင့္ေဘးဂ်ားတို႔ ႏွစ္ဦးသာက်န္ရစ္ေလ၏။ တက္ခါးက သီခ်င္းတစ္ပုဒ္ကိုေကာက္ခါငင္ကာ ဆိုေလ၏။
“ဖိုးရာဇာဟာ × × × တကယ္ေတာ့ လယ္သမားေလးပါဗ် × × × တကယ္လိုက္စားခဲ့တာက လုံ႔လနဲ႔ပညာကိုသာ
ေပါက္ၾကားလို႔
ေျမႇာက္စားခံရတဲ့ ပညာရွိႀကီးပါ”
သူ
ဘုရင့္ ေ႐ႊနားေတာ္
ထိုသီခ်င္းသံေၾကာင့္ ဦးတုတ္ေပၚၿပဳံးတုံ႔တုံ႔ျဖစ္သြားေလ၏။ သူေနာက္ လွည့္ၿပီးေအာ္ေျပာလိုက္၏။
“ဖိုးရာဇာလိုျဖစ္ရင္ ေကာင္းတာေပါ့။ ခဏတစ္ျဖဳတ္နားၿပီး လယ္ထြန္ ဆင္းဖို႔ လုပ္ၾကေတာ့ကြာ”
ညေနေစာင္းလာၿပီ ျဖစ္၏။ အလုပ္သိမ္းၿပီး လယ္တဲသို႔ ျပန္ခဲ့ၾက၏။ ေဘးဂ်ားတို႔မွာ ေမာပန္းလြန္းသျဖင့္ စကားမေျပာႏိုင္ၾကေပ။ ပင္ပန္း သေလာက္အလုပ္ကမၿပီးေခ်။တဲဆီသို႔ေရာက္မွေျခကုန္လက္ပန္းက်ကုန္ ၏။ ေခတၱအနားယူၿပီးေသာ္တက္ခါးကစိတ္ပ်က္စြာ ေျပာလိုက္၏။ “ေတာက္ – လယ္ထြန္ရတာ သိပ္ၿပီးအဆင္မေျပဘူး။ ခဏခဏ ထယ္သြားနဲ႔ ေျမႀကီးေအာက္က ဘာကိုတိုက္မိသလဲမသိဘူး”

ေအး အး – ဟုတ္တယ္။ ငါလည္းမင္းလိုပဲႀကဳံရတယ္။ ငါတို႔ထြန္တဲ့လယ္
ကြက္ဟာ ဆင္မလယ္ကြင္း၊ ေငြကိုးတင္း၊ေ႐ႊတင္းတစ္ရာ၊ ရတနာေသတၱာ ေျမာက္ျမားစြာျမႇဳပ္ႏွံထားတဲ့ ရတနာသိုက္ႀကီးတာဆိုရင္ေတာ့ ငါတို႔ပြဲၿပီပဲ” “ဟား – ဟား- မင္းကေတာ္ေတာ္စိတ္ကူးယဥ္တတ္ပါလား-ေဘးဂ်ား ရာ။ တကယ္လို႔ရတနာေတြဆိုဦးေတာ့မင္းျခဴးတစ္ျပားေတာင္ရမွာမဟုတ္ ဘူး။ လယ္ရွင္ျဖစ္တဲ့ ဘေထြးတုတ္ေပါကအားလုံးသိမ္းသြားလိမ့္မယ္”
တက္ခါး၏အေျပာေၾကာင့္ေဘးဂ်ားငိုင္က်သြား၏။တိုးေမာင္လယ္တဲ သို႔ ေရာက္လာ၏။ ေဘးဂ်ားတို႔၏ မ်က္ႏွာရိပ္ မ်က္ႏွာကဲကို ၾကည့္၍ေမး လိုက္၏။
တယ္”
“အစ္ကိုတို႔ ဘာျဖစ္ေနၾကသလဲ။ ဝိုင္းကူလုပ္ဖို႔ အေဖက လႊတ္လိုက္
“ဘာျဖစ္ရမွာလဲ-တိုးေမာင္ရာ။အခုထြန္ေနတဲ့လယ္ကြက္ဟာငါတို႔ကို အေတာ္ဒုကၡေပးတယ္။ ေျမႀကီးေအာက္မွာဘာေတြရွိလည္းမသိဘူး။ ထယ္ သြားနဲ႔ မၾကာခဏတိုက္မိေနတယ္။ ဒါေၾကာင့္ – ေစာေစာသိမ္းလိုက္တယ္” “ဟုတ္တယ္ကြ-ေဘးဂ်ားေျပာတာအမွန္ပဲ။ ၿပီးခဲ့တဲ့ႏွစ္ကလည္း ဘေထြးတုတ္ေပါကို ဒီအေၾကာင္းေျပာဖူးတယ္။ အင္းမလႈပ္ အဲမလႈပ္ ဆိုေတာ့ ဆက္ေျပာဖို႔ခက္တယ္”
တက္ခါးက ရွင္းျပလိုက္၏။ တိုးေမာင္က ေခါင္းတဆတ္ဆတ္ညိတ္ လ်က္ နားေထာင္ေနေလ၏။ အတန္ၾကာ စဥ္းစားၿပီးလွ်င္ တက္ခါးတို႔ ေက်နပ္ေအာင္ ေျပာေလ၏။
“အစ္ကိုတို႔ အခက္အခဲကို ေျပာျပလိုက္ပါမယ္။ အေဖ မလုပ္လည္း ကြၽန္ေတာ္ဦးေဆာင္ၿပီးလုပ္ပါမယ္”
“ေအးကြာ – အခုခ်ိန္ ေျမႀကီးတူးၾကည့္ရင္ အေျဖတစ္ခုခုေတာ့ သိရ လိမ့္မယ္။တကယ္လိုေ႐ႊအိုးေတြ႕လို႔ကေတာ့ငါတို႔လည္းပိုင္ဆိုင္တယ္ေနာ္။
ေဝစုေပးမယ္ မဟုတ္လား”
ေဘးဂ်ားစကားေၾကာင့္တိုးေမာင္ၿပဳံးေနေတာ့၏။ထိုအခါတက္ခါးက- “ငါကေတာ့ေဘးဂ်ားေတြးသလိုမဟုတ္ႏိုင္ဘူးလို႔ယူဆတယ္။ က်ဳံးတုံး ၿမိဳ႕စားႀကီးဟာေျမလွန္မီးတိုက္ၿပီးခံရတယ္ေလ။ အဲဒီေတာ့မီးေလာင္ကြၽမ္း ထားတဲ့ကြၽန္းတိုင္ေတြ ျဖစ္ႏိုင္တယ္”
“ဘာပဲျဖစ္ျဖစ္ေပါ့ကြာ-ဒီလယ္ကြက္ကိုတူးေဖာ္လိုက္ရင္ေတာ့”
တိုးေမာင္ကစကားစကိုျဖတ္၍ေဘးဂ်ားအားလွမ္းအကဲခတ္လိုက္၏။
ထို႔ေနာက္မေျပာမဆိုထြက္ခြာသြားေလ၏။

ေနာက္တစ္ေန႔ေစာေစာတြင္ လယ္တဲသို႔ဦးတုတ္ေပါေရာက္ခ်လာ၏။ သူ႔သားတိုးေမာင္အျပင္ ႐ြာသားသုံးေယာက္လည္းပါလာ၏။ တိုးေမာင္တို႔ ေပါက္တူး၊ ႀကိဳးေခြတို႔ပါယူလာၾက၏။ ဦးတုတ္ေပါကတံစက္ၿမိတ္အစပ္တြင္ ရပ္လ်က္ရွိ၏။ ထိုအခါ တက္ခါးကလွမ္းေမး၏။
“ဘေထြးတုတ္ေပါ-ေပါက္တူးေတြ၊ ႀကိဳးေခြေတြနဲ႔ဘာလုပ္ၾကမလို႔လဲ” “ဟ-မင္းတို႔ပဲ- ငါ့သားတိုးေမာင္ကိုေျပာလိုက္တယ္မဟုတ္လား။ အခု ထြန္ေနတဲ့လယ္ကြက္ဟာ ထြန္ယက္လို႔ ခက္ေနတယ္ဆို။ အဲဒါေၾကာင့္ ေျမလွန္တူးၾကမယ္”
ေဘးဂ်ားလည္းအနားေရာက္လာ၏။သူကၾကားျဖတ္၍ေထာက္ခံေျပာ
ေလ၏။
“လယ္ကြက္တစ္ခုလုံးတူးၾကည့္တာေကာင္းတယ္။ဒါမွလယ္ကြက္ထဲ
ျမဳပ္တဲ့ေရွးေဟာင္းပစၥည္းေတြေပၚလာမွဗ်”
“ေျမေအာက္က ေ႐ႊေငြပစၥည္းေတြရခဲ့ရင္ အစ္ကိုေဘးဂ်ားကို တစ္ပုံ ေဝစုေပးမယ္ – ေက်နပ္ၿပီလား”
တိုးေမာင္က ေဘးဂ်ား ေက်နပ္ေအာင္ ေျပာလိုက္၏။ ေဝစုတစ္ပုံ ရရွိ မည္ဟုဆိုသျဖင့္ေဘးဂ်ားအူျမဴးေန၏။ ၿပဳံးေတာ့မလိုလို၊ ရယ္ေတာ့မလိုလို ျဖစ္ေနရွာ၏။ ထိုအခါတိုးေမာင္ကလက္ညႇိဳးၫႊန္ျပလ်က္ေျပာေလ၏။ “လယ္ကြက္ ဟိုဘက္ေထာင့္ကေန စတင္တူးၾကည့္မယ္” “အဲဒီလိုလုပ္စရာမလိုပါဘူး။ ႏြားေတြကို ထယ္မွာတပ္ၿပီး တက္ခါးနဲ႔ ေဘးဂ်ားတို႔ ထြန္ၾကစမ္း”
“ဗ်ာ”
ဦးတုတ္ေပါစကားေၾကာင့္ေဘးဂ်ားအံ့အားသင့္ေနရွာ၏။ က်န္လူမ်ား
ကလည္း ဝိုင္းအုံၾကည့္ၾက၏။

ဦးတုတ္ေပါအစီအစဥ္ကိုနားမလည္ၾကေပ။ သို႔ေသာ္ဘေထြးဦးတုတ္ ေပါစကားကိုမပယ္ရွားဝံ့သျဖင့္ ခိုင္းသည့္အတိုင္း ဆင္းလုပ္ေလ၏။
ထိုစဥ္ ဦးတုတ္ေပါက ဝါးတစ္လုံးကို ထက္ျခမ္းခြဲေန၏။ ႏွစ္ေတာင္ခန႔္ အရွည္ျဖတ္၏။ဝါးေၾကာမရွေစရန္ႏႈတ္ခမ္းသားမ်ားကိုလိုက္လံသပ္ေလ၏။ တိုးေမာင္တို႔က ၾကည့္ၿပီး ေဝဖန္ေျပာကာ ရွိ၏။ ေဘးဂ်ားမွာ လယ္ထြန္ေနရ သည္ကို စိတ္မပါေခ်။ စိတ္ထဲေအာင့္သက္သက္ႏွင့္ လုပ္ေနရ၏။
သူ႔ေဒါသမ်ား တလိပ္လိပ္တက္ေန၏။ မေျပာသာ၍ လုပ္ကိုင္ေနရ၏။ အပိုအလုပ္ကို ခိုင္းသည္ဟုေတြးလ်က္ရွိ၏။ စိတ္တိုတိုႏွင့္ ႏြားမ်ားကို တဖ်န္း ဖ်န္း႐ိုက္ေန၏။ ႏြားႏွစ္ေကာင္မွာအသားနာက်င္လာသျဖင့္ဇြတ္တိဇြတ္ထိုး ျဖစ္ေနရွာ၏။
“ေတာက္- ဒီႏြားေတြေတာ့ – ႐ိုက္သတ္ရင္ ေသေတာ့မယ္”
ေဘးဂ်ားစိတ္တိုေနသေလာက္တက္ခါးမွာအလုပ္ကိုဂ႐ုတစိုက္ရွိေလ
၏။ နဂိုကတည္းက အမႈမဲ့၊ အမွတ္မဲ့ မေနခဲ့ေခ်။ အမွတ္သေကၤတႏွင့္ လုပ္ ခဲ့သူျဖစ္၏။ ထိုေၾကာင့္ ထယ္သြားတိုက္မိထားသည့္ေနရာကို မွတ္မိ၏။ “ဒုတ္- ဒုတ္ – ဒုတ္”
သူသည္ ထိုေနရာမွ ဆက္မထြန္ပဲ ရပ္ထားလိုက္၏။ ဦးတုတ္ေပါထံ လွမ္းေျပာေလ၏။
“ဘေထြး- ဒီေနရာမွာတစ္ခုခုနဲ႔ တိုက္မိၿပီဗ်ိဳ႕”
“ဒါဆို- အဲဒီ့ေနရာကိုေသေသခ်ာခ်ာမွတ္ထားေဟ့။ ေရာ့ – တိုးေမာင္၊ အဲဒီေနရာကို ဒီဝါးျခမ္းပိုင္းနဲ႔ ႐ိုက္ထားစမ္း”
ေစာေစာကႏွစ္ေတာင္ခန႔္ ဝါးျခမ္းပိုင္းကိုလွမ္းေပးလိုက္၏။ တိုးေမာင္ ကလွမ္းယူ၏။ တံေတာင္ခန႔္ဝါးရားေခါင္းပိတ္စတစ္ပိုင္းကိုလည္းလက္႐ိုက္ တုတ္လုပ္ရန္ယူသြား၏။ တက္ခါးအနီးသြားၿပီးေျမႀကီးတြင္ ဝါးျခမ္းပိုင္းအား ႐ိုက္ထား၏။ တက္ခါးနည္းတူ ေဘးဂ်ားလည္း တိုက္မိ၏။ တိုးေမာင္က ဝါးျခမ္းပိုင္းတစ္ခုႏွင့္ ငုတ္စိုက္ထား၏။
သူတို႔ႏွစ္ဦး ခ႐ုပတ္လမ္းေၾကာင္းႏွင့္ ထြန္ယက္ေနျခင္းျဖစ္၏။ ေျမ ေအာက္မွ အရာဝတၳဳႏွင့္ တိုက္မိတိုင္း ငုတ္တစ္ငုတ္ စိုက္ေလ၏။ ေနထန္း တစ္ဖ်ားေရာက္ေသာအခါ လယ္ကြက္တစ္ခုလုံး ထြန္ၿပီးသြား၏။ ငုတ္တိုင္ တစ္ဆယ္တိတိ စိုက္ခဲ့ၾက၏။

ဦးတုတ္ေပါဇနီးေဒၚၾကည္ကထမင္းလာ
ထမင္းစားခ်ိန္ေရာက္လာ၏။ ပို႔၏။ ေဒၚၾကည္ကလယ္ကြက္ထဲရွိ ငုတ္တိုင္မ်ားကိုၾကည့္၍ေမး၏။ “ကိုင္းငုတ္ေတြက ဘာျဖစ္လို႔ စိုက္ထားသလဲ”
တိုးေမာင္က သူ႔မိခင္အားရွင္းျပေပး၏။ ေဒၚၾကည္မွာစိတ္ဝင္တစားႏွင့္ ရွိေလ၏။ သူမမ်က္ႏွာမွာလည္း ေမွ်ာ္လင့္ခ်က္တစ္ခု ေပၚလြင္ေနေတာ့၏။ ေဇာတစ္ခု-ထိုေဇာတစ္ခုကေလာဘေဇာ။ ႏႈတ္ခမ္းေလးမ်ားပင္ၿပဳံးေယာင္ ေယာင္ရွိ၏။ အေျခအေနကို ေတြ႕လိုက္ရေသာ ေဘးဂ်ားက တိုးတိုးကပ္၍ ေမး၏။
“အရီးေလးေဒၚၾကည္-တကယ္လို႔ေျမေအာက္ထဲကရတနာေတြမ်ား ရရင္ ကြၽန္ေတာ္တို႔အတြက္ေကာ ေပးဖို႔စဥ္းစားထားလား”
“ေဘးဂ်ား – ပါးစပ္ပိတ္ထားစမ္း။ မုန႔္ဆီေၾကာ္ကဘယ္ေနမွန္းမသိဘူး။ ႏႈတ္ခမ္းလန္နဲ႔ ျဖစ္ပါ့မလားပဲ။ မင္းပါးစပ္တစ္ေပါက္ေၾကာင့္ အားလုံးဒုကၡ ေရာက္ကုန္လိမ့္မယ္”
“ကြၽန္ေတာ့္ ပါးစပ္ေၾကာင့္ ဒုကၡမေရာက္ေစရပါဘူး – ဘေထြးရာ” “ဒီေကာင္ေျပာေလကဲေလပါလား။ မဟုတ္တမ္းတရမ္းေလွ်ာက္ေျပာ ေတာ့မသမာသူေတြၾကားသြားရင္ လာၿပီးဓားျပတိုက္မွာေပါ့ဟ” ထိုအခါက်မွေဘးဂ်ားၿငိမ္က်သြား၏။ ထမင္းစားၿပီးသြားေသာတက္ခါး မွာ ေက်ာဆန႔္လ်က္ရွိ၏။ ဦးတုတ္ေပါကကြမ္းဝါးလ်က္ရွိ၏။ ေဘးဂ်ားေျပာ သလိုမွန္လွ်င္ ဆက္မေတြးဝံ့ေတာ့ေခ်။ အေတြးကိုယ္စီႏွင့္ ရွိၾက၏။ ေျမ ေအာက္မွ မျမင္ရေသးေသာကိစၥကိုေမွ်ာ္လင့္တမ္းတလ်က္ ရွိၾက၏။
“ကဲေဟ့ – လုပ္ငန္းျပန္စၾကရေအာင္”
ဦးတုတ္ေပါစကားေၾကာင့္ေဘးဂ်ားေဒါသေရာင္သမ္းသြား၏။ အသည္း
ထဲ၊ အူထဲ ကလိကလိျဖစ္ေနရွာ၏။ ထိုအေျခအေနေၾကာင့္ ေဘးဂ်ား၏ ေပါင္ကိုလိမ္ဆြဲၿပီးတက္ခါးက ၿငိမ္ခိုင္းထား၏။ ေဘးဂ်ားကေတာ့ စိတ္ထဲမွ ေရ႐ြတ္ေန၏။

“ဘေထြးက လူျမင္ေကာင္းေအာင္ ေလာဘမရွိခ်င္ေယာင္ေဆာင္ေန တာျဖစ္မယ္။ သူ႔စိတ္ထဲမွာေတာ့ ေျမေအာက္က ရတနာေတြကို မက္ေမာ ေနတာအမွန္ပဲ”
ထိုစဥ္တိုးေမာင္က သူ႔ဖခင္အားေျပာလိုက္၏။
“လယ္တစ္ကြက္လုံးထယ္ထိုးၿပီးၿပီ။ အခု- ဘယ္လိုဆက္လုပ္မလို႔လဲ” “အခုစိုက္ထားတဲ့ဝါးငုတ္ေနရာေတြကို တူးၾကစမ္း။ အဲဒီေတာ့ မင္းတို႔ လိုခ်င္တဲ့ အေျဖတစ္ခုထြက္ေပၚလာလိမ့္မယ္”
ထိုအခါက်မွေဘးဂ်ားမ်က္ႏွာလန္းဆန္းသြား၏။ သို႔ျဖင့္႐ြာသားတို႔က တစ္ဆိုင္း၊ေဘးဂ်ားတို႔ကတစ္ဆိုင္းတူးၾက၏။ေဘးဂ်ားကေပါက္တူးေပါက္
၏။ တက္ခါးက က်င္းထဲမွ ေျမစာယက္ထုတ္၏။ တစ္ေယာက္တစ္လွည့္ တူး၏။ ေဘးဂ်ားက ေျမစာမ်ား ယက္ထုတ္ေန၏။ ထိုစဥ္ ေျမႀကီးေအာက္မွ အရာဝတၳဳတစ္ခုကိုစမ္းမိသြား၏။ သူက အားရဝမ္းသာစြာျဖင့္ ေအာ္ေျပာ၏။ “ဒီမ-ဒီ-ဒီမွာေတြ႕ၿပီဗ်ိဳ႕”
ထိုေၾကာင့္ ဦးတုတ္ေပါတို႔လူစု ထိုေနရာသို႔ စုၿပဳံေရာက္သြားေလ၏။ ဦးတုတ္ေပါကေျမႀကီးထဲကိုလက္ႏႈိက္၍ စမ္းၾကည့္၏။ တိုးေမာင္ကလည္း တြင္းထဲႏႈိက္ၾကည့္ေလ၏။ ထို႔ေနာက္ – ဦးတုတ္ေပါက စပ္ၿဖဲၿဖဲႏွင့္ေျပာ၏။ “ေဘးဂ်ားေရ- မင္းေတြးထင္ထားသလိုရတနာေတြေတာ့မဟုတ္ဘူး။ ကြၽန္းတိုင္ငုတ္တိုပဲ ျဖစ္မယ္”
ေဘးဂ်ားတစ္ကိုယ္လုံးေအးစက္ထုံက်င္သြား၏။စိတ္ဓာတ္မ်ားအႀကီး
အက်ယ္ က်ေန၏။ ကန္သင္း႐ိုးတြင္ ပက္လက္လွန္ေနေတာ့၏။ ထိုအခ်ိန္ တက္ခါးတို႔ကထိုတြင္းအား ဆက္တူး၏။မၾကာမီေျမေအာက္မွ အရာဝတၳဳကို သဲသဲကြဲကြဲ ျမင္ရ၏။ ထိုအခါတိုးေမာင္က-
“အစ္ကိုတက္ခါးေရ- ကြၽန္းတိုင္ဆိုတာအမွန္ပဲ။ ေရွးက်ဳံးတုံးၿမိဳ႕ပ်က္က ေရွးေဟာင္းပစၥည္းပဲျဖစ္မယ္”
“ဟုတ္တယ္ေဟ့- ေနာက္ဆုံးၿမိဳ႕စားႀကီး ဗညားေဇယ်ဟာ က်ဳံးတုံးၿမိဳ႕ ႀကီးကို ေျမလွန္မီးတိုက္ခဲ့ၿပီး ပင္လယ္ပိုင္းကို စုန္ဆင္းသြားခဲ့တယ္ေလ။ ေယာက္်ားတစ္ဖက္ရွိတဲ့ကြၽန္းတိုင္ႀကီးကိုၾကည့္ျခင္းအားျဖင့္ေရွးၿမိဳ႕ေဟာင္း ႀကီးဟာ အေတာ့္ကို စည္ပင္တိုးတက္ခဲ့တာ အမွန္ပဲ”

ထိုသို႔ တက္ခါးက ေထာက္ခံေျပာေလ၏။ တေအာင့္ၾကာေသာ္ ကြၽန္း တိုင္တံေတာင္ခန႔္ ေပၚလာ၏။ ထိုအခါ ဦးတုတ္ေပါက ဆက္မတူးခိုင္းေတာ့ ေခ်။ ေဘးဂ်ားတို႔အား ထယ္ႏွင့္ႏြားကို တပ္ခိုင္းျပန္၏။ တိုးေမာင္အား တဲမွ ႀကိဳးမ်ား ယူခိုင္း၏။ တူႏွင့္သံတို႔ကိုလည္း ယူခိုင္း၏။
“ဘေထြး – ႏြားေတြနဲ႔ ထပ္ၿပီးထြန္ဖို႔ ရွိေသးလို႔လား”
“ေဘးဂ်ား – ခိုင္းတဲ့အတိုင္းလုပ္စမ္းကြာ။ စကားေၾကာမရွည္နဲ႔” “ဟုတ္ပါ့ကြာ – ဘေထြးခိုင္းတာပဲလုပ္စမ္းပါ”
တက္ခါးက ဝင္ေျပာ၏။ ထိုအခါ တိုးေမာင္ ျပန္ေရာက္လာ၏။ ႀကိဳးႏွင့္ တူ၊ သံတို႔လည္းပါလာ၏။ ေဒၚၾကည္ကလည္းခင္ပြန္းလုပ္ကိုင္ပုံကိုစိတ္ဝင္ တစား အကဲခတ္လ်က္ရွိ၏။ ဦးတုတ္ေပါက ႀကိဳးစတစ္ဖက္အား တိုင္တြင္ ခ်ည္၏။ က်န္တစ္ဖက္အား ထယ္လက္တန္းတြင္ ခ်ည္၏။ တိုင္မွႀကိဳးအား ေလွ်ာမထြက္ေအာင္ သံ႐ိုက္၍ ခ်ဳပ္ထား၏။ ထယ္ႏွစ္ရွဥ္းအား တစ္လွည့္စီ ဘယ္ညာဆြဲခိုင္း၏။ တြင္းထဲသို႔ ေရမ်ားေလာင္းထည့္ေပး၏။
“ကဲေဟ့ – ညာဘက္က ေဘးဂ်ား – ေမာင္းေဟ့။ တက္ခါးက ရပ္ထား ေနာ္-ဟုတ္ၿပီ – ဟုတ္ၿပီ”
ထိုသို႔ျဖင့္ ကြၽန္းတိုင္ႀကီး ေခ်ာင္ခ်ိသြားရန္ တစ္လွည့္စီ ဆြဲခိုင္းေလ၏။ ဝဲယာေလးဖက္စလုံးကို ႏြားႏွစ္ရွဥ္းႏွင့္ ေျပာင္းေ႐ႊ႕ဆြဲလႈပ္သျဖင့္ ကြၽန္းတိုင္ မွာ ဆြဲလႈပ္၍ရေလ၏။ ထိုအခါ ႏြားႏွစ္ရွဥ္းမွ ႀကိဳးစကို ျဖဳတ္ခိုင္းလိုက္၏။ တိုင္တြင္ ကြင္းလုပ္ၿပီး ခ်ည္၏။ သစ္သားေခ်ာင္းမ်ား ယူခိုင္းၿပီး ႀကိဳးကြင္း အေပါက္ထဲထည့္၏။လူအားလုံးကိုေခၚ၍တစ္ဖက္စီလူခြဲထမ္းခိုင္း၏။ ကြၽန္း တိုင္ႀကီးမွာ ေျမဝင္နက္သျဖင့္ လႈပ္႐ုံသာ လႈပ္၏။ အေျခအေနမထူးသျဖင့္ တိုးေမာင္ကေျပာ၏။
“ေနလည္း ေစာင္းၿပီ။ ကြၽန္ေတာ္တို႔လူစုနဲ႔ တိုင္ကို ဆြဲမ,တင္လို႔ မလႈပ္ ဘူး။ မနက္ျဖန္ ႐ြာကလူ ထပ္ေခၚၿပီးလုပ္ရင္ေကာင္းမယ္” “ဟုတ္တယ္ – ဘေထြး။ အခုနတိုးေမာင္အႀကံကေကာင္းတယ္” ေဘးဂ်ားက ေထာက္ခံဝင္ေျပာ၏။ ဦးတုတ္ေပါ အႀကံအိုက္သြား၏။ ေနာက္ဆုံးလက္ေလွ်ာ့ကာ ႐ြာသို႔ ျပန္ခဲ့ၾက၏။

ေနာက္တစ္ေန႔တြင္ဦးတုတ္ေပါဦးေဆာင္၍လယ္ေတာသို႔လူစုလူေဝး ႏွင့္ ေရာက္လာ၏။ ႀကိဳးေခြမ်ား၊ သစ္ေခ်ာင္း၊ ဝါးပိုးေခ်ာင္းမ်ား သယ္ယူလာ ၏။ မေန႔ကႏုတ္လက္စကြၽန္းတိုင္ဆီသို႔စုၿပဳံခဲ့ၾက၏။ ေျမက်င္းကိုနက္ေအာင္ ထပ္တူး၏။ ထို႔ေနာက္ ႀကိဳးမ်ားႏွင့္ တိုင္အား ကြင္းျပဳ၍ ခ်ည္ၾက၏။ ႐ြာမွ ယူလာေသာ သစ္၊ ဝါးပိုးေခ်ာင္းမ်ားကို ကြင္းထဲသြင္းၾက၏။ လူမ်ားႏွင့္ ဦးပဲ့ ထမ္း၍ မ,တင္၏။ တိုင္လုံးက အနည္းငယ္မွ်မလႈပ္ေပ။ ဦးတုတ္ေပါက တြင္းထဲသို႔ ေရထပ္ေလာင္းထည့္ေလ၏။ ၿပီးမွ … “မင္းတို႔တစ္ေယာက္တစ္ေပါက္ထမ္းရင္ႂကြတက္လာမွာမဟုတ္ဘူး။ တစ္ေယာက္က ညာသံေပးၿပီး ၿပိဳင္တူထမ္းၾကမွျဖစ္မယ္” ထိုသို႔ျဖင့္ တံပိုးအသီးသီးတြင္ လွ်ိဳထမ္းၿပီးေသာအခါ တက္ခါးက … “ကဲ- အရံသင့္ျဖစ္ၿပီလား – စမယ္-တစ္-ႏွစ္-သုံး” ညာသံေပးေအာ္ဟစ္၍တစ္ညီတစ္ၫြတ္တည္းၿပိဳင္တူကုန္းထမ္းၾက ၏။ကြၽန္းတိုင္ႀကီးမွာတံေတာင္သာသာခန႔္ကြၽတ္ထြက္လာ၏။ ေဘးဂ်ားက အားတက္သေရာႏွင့္ ေျပာ၏။
“တိုင္ႀကီးအေပၚႂကြတက္လာၿပီ- ႂကြတက္လာၿပီ”
ထိုအခါႀကိဳးမ်ားကိုေအာက္သို႔ေလွ်ာခ်၏။ ျပန္၍ထမ္းၾက၏။တိုင္ႀကီး ကတျဖည္းျဖည္းကြၽတ္ထြက္လာ၏။ သို႔ျဖင့္ သုံးနာရီခန႔္တြင္ကြၽန္းတိုင္ႀကီး တြင္းထဲမွ မ,တင္ႏိုင္ေလ၏။ ကြၽန္းတိုင္ႀကီးမွာ ေျခာက္ေတာင္နီးပါးရွည္၏။ လုံးပတ္ေယာက္်ားတစ္ဖက္စာ ရွိ၏။ ထိပ္ပိုင္းတြင္ မီးေလာင္ကြၽမ္းထား ေၾကာင္းေတြ႕ရ၏။ ဦးတုတ္ေပါက…
“ဒီကြၽန္းတိုင္ႀကီးဟာ က်ဳံးတုံးၿမိဳ႕စားႀကီး မီးေလာင္တုန္းက က်န္ခဲ့တာ
အမွန္ပဲ”
ထိုေန႔က ကြၽန္းတိုင္ႀကီး ေနာက္တစ္တိုင္ ႏုတ္ႏိုင္ခဲ့ၾက၏။ ကြၽန္းတိုင္ ဆယ္တိုင္အားတစ္ပတ္တိတိနတ္ယူၾကရ၏။ (ထိုကြၽန္းတိုင္ႀကီးမ်ားအနက္ တစ္တိုင္ကို တိုင္ကပ္နာရီအိမ္ငယ္တစ္ခု ျပဳလုပ္ခဲ့သည္။ ယေန႔တိုင္ မရမ္း ႐ြာတြင္ရွိသည္။ စာေရးသူ)
ဦးတုတ္ေပါကကြၽန္းတိုင္မ်ားကိုလိုခ်င္သည့္လူအားေပးလိုက္၏။

တိုးေမာင္ ေပါက္တူးတစ္လက္ကို ကိုင္၍ ေနာက္တစ္ေန႔တြင္ ေရာက္ လာ၏။ ေဘးဂ်ားတို႔က ႏြားမ်ားကို ေရခ်ိဳးေပးေန၏။ ထို႔ေနာက္ လယ္ကြက္ ထဲမွ က်င္းမ်ားကို ဝိုင္းဖို႔ၾကေလ၏။ မိမိစိတ္ကူးအတိုင္း ျဖစ္မလာေသာ ေၾကာင့္ေဘးဂ်ား ညည္းညဴေလ၏။
“ေတာက္ – အသည္းယားစရာ ေကာင္းတယ္ကြာ။ ငါကေတာ့ ဆင္မ လယ္ကြင္း၊ ေငြကိုးတင္း စာခ်ိဳးအတိုင္းမွန္ေနၿပီလို႔ ထင္ထားတာကြ” “အစ္ကိုေဘးဂ်ားရာ – ဒီလိုပစၥည္းမ်ိဳးေတြက ကိုယ္လိုခ်င္တိုင္းရတာ မဟုတ္ဘူး။ အတိတ္က ပ႒ာန္းဆက္ရွိမွ ရမယ္ေလ”
“ပ႒ာန္းဆက္ေတြ၊ ဘာေတြေတာ့ ငါ နားမလည္ဘူး- တိုးေမာင္။ အဲဒီ့ ပစၥည္းေတြသာရမယ္ဆိုရင္ ငါ ခ်မ္းသာမယ္ဆိုတာပဲ သိတယ္”
တိုးေမာင္မွာ ဆက္လက္ျငင္းခုံျခင္း မျပဳေတာ့ေခ်။ သူ႔စိတ္ထဲလည္း မသက္မသာ ျဖစ္သြားရွာ၏။ ေဘးဂ်ားအတြက္လည္း အလြန္သနားမိ၏။ အလုပ္ကိုသာ ဖိ၍လုပ္ေနေတာ့၏။ ေျမက်င္းထဲ ေျမဖို႔သည့္ကိစၥၿပီးမွ ႐ြာသို႔ ျပန္ခဲ့၏။
ထိုအခ်ိန္မွစ၍ ထိုလယ္ကြင္းတြင္ လယ္ထြန္ရာ၌ အခက္အခဲ မေတြ႕ရ ေတာ့ေခ်။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် ေဘးဂ်ားတို႔လည္း ေမ့ေမ့ေပ်ာက္ ေပ်ာက္ျဖစ္ခဲ့၏။ တစ္လခန႔္ၾကာေသာ္ေဘးဂ်ား အိပ္ေပ်ာ္ေနစဥ္ကေယာင္ ကတမ္းႏွင့္ ထေအာ္၏။
“က်ဳပ္- သြားၿပီး ဆုေတာင္းမယ္ဗ်ာ” “ေဟ့ေကာင္ – ထစမ္း – ဘာျဖစ္လို႔လဲ”
တက္ခါးကေဘးဂ်ား၏ခႏၶာကိုယ္အားလႈပ္ယမ္းႏႈိးလိုက္၏။ ေဘးဂ်ား ကအိပ္မႈန္စုံမႊားႏွင့္ထထိုင္၏။ ေၾကာင္အမ္းအမ္းျဖစ္ေနရွာ၏။ တဒဂၤငိုင္ေတြ ေနၿပီးေသာ္တက္ခါးအားေျပာျပေလ၏။
လူႀကီးတစ္ဦး၊ ဥပဓိ႐ုပ္လကၡဏာကတည္တည္ခန႔္ခန႔္ႏွင့္။ အလြန္ထြား ႀကိဳင္းၿပီးေထာင္ေထာင္ေမာင္းေမာင္း၊ဗလေကာင္းေကာင္း။႐ိုး႐ိုးအရပ္သား တစ္ဦးမဟုတ္။ နန္းဝတ္နန္းစားႏွင့္ရဲမက္ေတာ္တစ္ဦး။ ေတာင္ရွည္ပုဆိုးကို ခါးေတာင္းက်ိဳက္ထားသည္မွာ ေသသပ္လွ၏။ ျဖဴဝင္းစိုစြတ္ေနေသာ ေပါင္ တံႏွစ္ဖက္တြင္ ထိုးကြင္းတို႔ကလည္း အျပည့္။ ေယာက္်ားပီသလြန္း၏။
လယ္တဲတံစက္ၿမိတ္အျပင္ဘက္ကရပ္လ်က္စိမ္းစိမ္းၾကည့္ေန၏။ သူ႔ မ်က္လုံးတို႔မွာ ညႇိဳ႕အားျပင္း၏။ မ်က္ခုံး၊ ႏွာတံတို႔ကလည္း ဆြဲေဆာင္မႈအား ရွိေလ၏။ သူ႔မ်က္လုံးႏွင့္ၾကာၾကာမဆိုင္ဝံ့ေခ်။ေဘးဂ်ားမ်က္လႊာခ်လိုက္၏။ စိတ္ထဲတြင္လည္း ထိုလူထြားႀကီးႏွင့္ ရင္းႏွီးသလို ခံစားမိ၏။ ေလးစားမိ၏။ ထိုသို႔ မ်က္ေတာင္မခတ္ပဲ စိုက္ၾကည့္ေနရင္းမွ လူထြားႀကီးက အသံဩဇာ ျပည့္ဝစြာျဖင့္ အမိန႔္ေပး၏။
“မင္း – ငါနဲ႔ လိုက္ခဲ့စမ္း”
“ဟုတ္ – ဟုတ္ကဲ့ပါ ခင္ဗ်ာ”
ေဘးဂ်ား က်ိဳးႏြံစြာ လိုက္ခဲ့၏။ လူထြားႀကီးက ေရွ႕မွ တစိုက္မတ္မတ္ ေလွ်ာက္လ်က္ရွိ၏။ ေနာက္သို႔လွည့္ၿပီး စကားတစ္ခြန္းမွ မေျပာေခ်။ ပတ္ဝန္းက်င္ကလည္း မည္းေမွာင္ေနေတာ့၏။ သဲကြဲစြာမျမင္ရေပ။ သို႔ေသာ္ေဘးဂ်ားထိုလမ္းကိုေကာင္းေကာင္းသိ၏။ မရမ္းေခ်ာင္းဝသို႔ သြားသည့္လမ္း ျဖစ္၏။ မၾကာမီ ေခ်ာင္းဝႏွင့္ မလွမ္းမကမ္း ေရာက္လာ၏။ ထိုလူႀကီး ေရွ႕ဆက္မသြားဘဲ ထိုင္ခ်လိုက္၏။ ပတၱျမားေက်ာက္စီဓားအိမ္ ထဲမွဓားကို ဆြဲထုတ္ေလ၏။ ဓားဦးဖ်ားႏွင့္ ေျမႀကီးကို တူးဆြေလ၏။ တစ္ထြာသာသာခန႔္တူးလိုက္လွ်င္ေျမႀကီးထဲမွအရာဝတၳဳတစ္ခုေပၚလာ၏။
ကတၱီပါအိတ္ရႈံ႕အနီကေလးပင္။
လူထြားႀကီးက အိတ္ရႈံ႕ႀကိဳးကို ဆြဲဖြင့္၏။ ပစၥည္းကို ႏႈိက္ထုတ္၏။ ေ႐ႊလက္စြပ္တစ္ကြင္း။ ေ႐ႊရည္က တအိအိ။ မာန္ဟုန္ဝင့္ႂကြားေနေသာ ေ႐ႊဟသၤာငွက္တစ္ေကာင္။ အရည္အေသြးေကာင္း ပတၱျမားႏွစ္လုံးကို မ်က္လုံးအစုံတြင္ တပ္ဆင္ထားလ်က္။ ေ႐ႊဟသၤာႏႈတ္သီးတြင္ ပတၱျမား တစ္လုံးကို ကိုက္ခ်ီထား၏။ ေက်ာကုန္းေပၚတြင္လည္း တန္ဖိုးမျဖတ္ႏိုင္ သည့္ ပတၱျမားတစ္လုံး။
ေဘးဂ်ားမ်က္လုံးမ်ားက ထိုေ႐ႊဟသၤာပတၱျမားလက္စြပ္ေပၚမွ မခြာ ေတာ့ေပ။ လူထြားႀကီးက ေဘးဂ်ားမ်က္ႏွာေရွ႕ထိတိုးကပ္လို႔ ျပသေလ၏။ သူ႔မ်က္လုံးမ်ားက ေလာဘအခိုးေဝေန၏။ သြားရည္ယိုလုမတတ္ရွိ၏။ ထိုအခါ လူထြားႀကီးက တိကၠမျပည့္ဝေသာ အသံဩဇာျဖင့္ ေျပာ၏။ “ေမာင္မင္းကိုေခၚၿပီး ဒီပစၥည္းကို ဘာေၾကာင့္ျပရသလဲဆိုေတာ့…”

လူထြားႀကီးက စကားကို မဆက္ေသးပဲ အေဝးတစ္ေနရာသို႔ ေမွ်ာ္ၾကည့္ ေလ၏။ မ်က္ႏွာေပၚတြင္ တမ္းတလြမ္းဆြတ္ဖြယ္၊ နာၾကည္းဖြယ္ ေတြ႕ရ၏။ ဝမ္းနည္းေၾကကြဲကာ ျဖစ္ေနရွာ၏အတန္ၾကာမွ လူထြားႀကီးက- “သင့္ဟာကြၽႏ္ုပ္ရဲ႕ငယ္ကြၽန္ႀကီးေ႐ႊအပဲ။ ေမာင္မင္းနဲ႔အတူရွိေနတာက
ငယ္ကြၽန္ႀကီးမွတ္ႀကီးေလ။
ဒီရတနာပစၥည္းဟာငါကိုယ္ေတာ္တို႔ရဲ႕ေရွးဘိုး
ေဘးအေမြျဖစ္တယ္။ ဒါေၾကာင့္- ထိန္းသိမ္းေစာင့္ေရွာက္ပါလို႔မွာခ်င္တယ္” “ဟုတ္ – ဟုတ္ကဲ့ပါ – အရွင္”
ေဘးဂ်ားက ထစ္ထစ္ေငါ့ေငါ့ႏွင့္ ျပန္ေျဖ၏။ လူထြားႀကီးက …
“မင္း- စိတ္ထားျဖဴစင္ဖို႔ေတာ့အေရးႀကီးတယ္။ တကယ္လို႔စိတ္ယုတ္ မာေမြးမယ္ဆိုရင္ မင္းအသက္ ေပးဆပ္ရမယ္။ ဘယ္လိုလဲ – ကတိေပးႏိုင္ မလား။ အဲဒီလိုကတိေပးႏိုင္ရင္ေတာ့ မရမ္းေက်ာင္းဝန္းထဲက ဆုေတာင္း ျပည့္ေစတီဆီသြားၿပီး ဆုေတာင္းသစၥာျပဳေပေတာ့ကြာ”
တက္ခါးမွာၾကားရေသာစကားေၾကာင့္ ေဘးဂ်ားအတြက္စိုးရိမ္မိ၏။

မရမ္းေက်ာင္းမွအုန္းေမာင္းေခါက္သံထြက္ေပၚလာ၏။ ေဘးဂ်ားတို႔က
ႏြားစာ၊ ႏြားေရခ်ိဳးေပးလ်က္ရွိ၏။ ထိုစဥ္တက္ခါးကလွမ္းေမး၏။ “မင္း – ဆုေတာင္းျပည့္ေစတီဆီသြားၿပီး သစၥာဆိုမလား”
“သြားမွာေပါ့ကြာ။ တကယ္လို႔မသြားရင္ – ငါးေၾကာ္မႀကိဳက္တဲ့ေၾကာင္ မိုက္ဘဝမ်ိဳး ျဖစ္မေပါ့”
သူတို႔ႏွစ္ဦး အေတြးကိုယ္စီ ျဖစ္ေနၾက၏။ ကိစၥအဝဝၿပီးေသာအခါ
ေဘးဂ်ားက ေျပာ၏။
“ငါ သြားေတာ့မယ္။ မင္းေကာ လိုက္မလား”
“လိုက္မွာေပါ့ကြာ- မင္းအိပ္မက္ထဲက မွတ္ႀကီးဟာ ငါဆိုေတာ့ မလိုက္ဘဲေနဖို႔မသင့္ဘူးေလ”

သို႔ျဖင့္ ဆုေတာင္းျပည့္ေစတီသို႔ ထြက္လာၾက၏။ ေက်ာင္းဝန္းထဲ ေရာက္လာ၏။ ေစတီ၏ အေရွ႕ဘက္ တနလၤာၿဂိဳဟ္တိုင္တြင္ ဘုရားဝတ္ျပဳ ၾက၏။ ဆုေတာင္းသစၥာဆိုၾက၏။ ထိုေနာက္တက္ခါးက ေမးလိုက္၏။ “မင္း – ဘယ္လိုသစၥာဆိုသလဲ”

“ငါကေတာ့ကြၽႏ္ုပ္သည္မိဘမဲ့တစ္ဦးျဖစ္ပါတယ္။ ေနာင္ဘဝမွာမိဘ မ်ားႏွင့္ အတူတကြ ေပ်ာ္႐ႊင္စြာေနထိုင္ႏိုင္ၿပီး အမ်ိဳးဘာသာ၊ သာသနာကို ေစာင့္ေရွာက္ႏိုင္တဲ့ပုဂၢိဳလ္ ျဖစ္ရပါေစလို႔ေပါ့”
ေဘးဂ်ားပါးစပ္အေဟာင္းသားျဖစ္သြားရွာ၏။မည္သို႔မွ်ေတာ့ေစာဒက
မတက္ေပ။ တဒဂၤအတြင္းေကာင္းကင္တစ္ခုလုံးမည္းေမွာင္လာ၏။ ေလက

လည္း တျဖဴးျဖဴးႏွင့္ တိုက္ခတ္လာ၏။ တက္ခါးသည္ ေကာင္းကင္သို႔ ေမာ့ ၾကည့္ၿပီး ညည္းညဴလိုက္ၿပီး..
“ေဘးဂ်ားေရ- ငါတို႔ရဲ႕သစၥာအဓိ႒ာန္ဟာ တစ္ခုခုေတာ့မွားေနၿပီထင္ တယ္။ေစာေစာကသာသာယာယာရွိေနတဲ့အေျခအေနကတစ္မုဟုတ္ခ်င္း
ရာသီဥတုေျပာင္းလဲသြားပါလား”
“မင္းကလည္းကြာ – ႀကံေၾကာက္လွည္းေအာက္မေနနဲ႔လို႔ ဆိုသလိုပဲ။ မိုးပဲ ႐ြာခ်င္လို႔ ႐ြာတာပါ။ ေလလည္း တိုက္ခ်င္လို႔ တိုက္တာေပါ့။ အဆန္း မဟုတ္ပါဘူးကြာ”
ထိုအခ်ိန္ မိုးသီးမိုးေပါက္မ်ား ႐ြာခ်လာ၏။ ေလတိုက္ခတ္မႈလည္းျပင္း ထန္လာ၏။ သစ္ပင္ႀကီးမ်ားပင္ယိမ္းကေနသကဲ့သို႔ျဖစ္လာ၏။ သူတို႔လည္း ဇရပ္တစ္ခုအတြင္းမိုးခိုေနရ၏။ သြပ္ျပားေပၚသို႔မိုးသီးမ်ားတဝုန္းဝုန္းလ်က္ ရွိ၏။ မိုးေရာ၊ေလေရာျဖစ္ေပၚေနေသာေၾကာင့္ ဇရပ္တစ္ခုလုံး မိုးပက္လ်က္ ရွိ၏။
တက္ခါးတို႔မွာ ဇရပ္ေထာင့္တြင္ကုပ္ကုပ္ကေလးထိုင္ေနၾက၏။ မိုးက ေတာ္ေတာ္ႏွင့္ မရပ္ေပ။ အၿငိဳးအေတးႀကီးစြာ ရွိေလ၏။ တက္ခါးစိတ္ထဲမွ ေရ႐ြတ္လိုက္၏။
“တပည့္ေတာ္အေသြးအသားထဲမွေနၿပီး ဆုေတာင္းသစၥာျပဳပါတယ္။
ျပဳခဲ့တဲ့ သစၥာကတိကို ေသတစ္ဖန္သက္တစ္ဆုံးေစာင့္ထိန္းခိုင္းပါမယ္” ထိုေၾကာင့္ မိုးေလ ဟုပ္ခနဲ ရပ္တန႔္သြား၏။ သူတို႔ႏွစ္ဦးလည္း အရပ္ ထဲမွ ထြက္ခဲ့ၾက၏။ တိတ္ဆိတ္စြာ ေလွ်ာက္လာၾက၏။ အေတြးကိုယ္စီႏွင့္ ျဖစ္၏။ တက္ခါးက ေရွ႕မွ၊ ေဘးဂ်ားက ေနာက္က။
ေဘးဂ်ား အေတာ္တက္ႂကြလ်က္ရွိ၏။ ပတ္ဝန္းက်င္ကိုလည္း သတိ လက္လြတ္ျဖစ္ေန၏။ ေကာ့လန္ေကာ့လန္ႏွင့္ေလွ်ာက္လ်က္ရွိ၏။ လမ္းေပၚ တြင္ဗြက္ထကာရွိ၏။လမ္းေဘးလယ္ကြင္းတြင္ေရမ်ားပိုမ်ားလာ၏။ပူျပင္း သည့္အခ်ိန္ မိုး႐ြာသျဖင့္ ေျခခင္းလက္ခင္းမသာေပ။
တက္ခါး လမ္းကိုၾကည့္ၿပီးေလွ်ာက္ေန၏။ ထိုစဥ္လမ္းကို ျဖတ္ကူးေန ေသာအရာတစ္ခုကို ေတြ႕လိုက္ရ၏။ တက္ခါးက အထိတ္တလန႔္ေအာ္ၿပီး ခုန္ေက်ာ္လိုက္၏။

“ေႁမြ-ေႁမြ-ေႁမြ”
ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕ ခုန္ေက်ာ္လိုက္ေသာေၾကာင့္ လယ္ကြင္းထဲ က်သြား၏။ ေဘးဂ်ားကေတာ့ သူ႔စိတ္ကူးႏွင့္ သူမို႔ မေရွာင္ႏိုင္ေတာ့ေပ။ ေႁမြခါးကို တက္နင္းမိ၏။
“အား… ငါ့မ်က္လုံးေတြ ဘာမွမျမင္ရေတာ့ဘူး-ကယ္-ကယ္-ကယ္”
ထိုသို႔ အလန႔္တၾကားေအာ္သံေၾကာင့္ တက္ခါး လယ္ကြက္ထဲမွ လမ္း ေပၚတက္လာ၏။ ညာေျခမတြင္ ေ႐ႊဟသၤာပတၱျမားလက္စြပ္ႀကီးတစ္ကြင္း စြပ္လ်က္ပါလာ၏။ တက္ခါးမွာ လက္စြပ္ကို တုန္တုန္ခ်ိခ်ိႏွင့္ ခြၽတ္၍ၾကည့္ ေလ၏။
ေဘးဂ်ားအိပ္မက္အတိုင္း မွန္ကန္ေနေၾကာင္း သိလိုက္ရ၏။ သူ႔လက္ ေခ်ာင္းကေလးမ်ား တဆတ္ဆတ္ တုန္ယင္ေန၏။ တစ္ကိုယ္လုံး ထုံက်င္ လ်က္ရွိ၏။ ေအးတိေအးစက္ျဖစ္ေန၏။ ေက်ာက္႐ုပ္ႀကီးသဖြယ္မတုန္မလႈပ္။ အသက္ရႉဖို႔ပင္ ေမ့ေန၏။ ေဘးဂ်ားအေလာင္းကို ေငးၾကည့္ၿပီး ေၾကာင္ ေတာင္ေတာင္ျဖစ္ကာရွိ၏။
ထိုစဥ္ မရမ္း႐ြာထဲသို႔ ထိုသတင္း ပ်ံ႕ႏွံ႔သြားေလ၏။ ဦးတုတ္ေပါတို႔ ေရာက္ခ်လာ၏။ တိုးေမာင္က တက္ခါးအား ႏွစ္သိမ့္စကားေျပာေလ၏။ “အစ္ကိုတက္ခါး – ကိုယ့္ကိုယ္ကိုယ္ သတိထားေလ”
တက္ခါး မ်က္ဝန္းအိမ္မွ မ်က္ရည္မ်ား စီးက်လာ၏။ အေလာင္းကို ေၾကကြဲစြာၾကည့္ၿပီး ေျပာလိုက္၏။
“မင္းျပဳခဲ့တဲ့ ကတိသစၥာက ေလာဘရမၼက္ေဇာေၾကာင့္ ျပန္စူးတာ ျဖစ္မယ္။ ေအးေလ – မင္း ေကာင္းမြန္တဲ့ ဘုံဘဝေရာက္ေအာင္ ငါ ကုသိုလ္ ျပဳေပးပါမယ္ကြာ”
တက္ခါးသည္ သူ႔လက္ထဲမွ ေ႐ႊဟသၤာပတၱျမားလက္စြပ္ႀကီးအား ဦးတုတ္ေပါလက္ထဲသို႔ ေပးလိုက္၏။ ထို႔ေနာက္ ေဘးဂ်ား အေလာင္းနားမွ ထြက္ခြာသြား သည္မွာ တျဖည္းျဖည္းေဝးကြာသြားေလ၏။
> ဟိန္းထက္ေဇာ္