ကလေးသရဲ (စ/ဆုံး)

Unicode Version

ကလေးသရဲ (စ/ဆုံး)
————————
ယနေ့ … ပဌာန်းပါဠိတော်ရွတ်ဖတ်ပူဇော်မည်ဖြစ်၍ တပည့်တော်၏ ကိုယ်စောင့်နတ်၊ နေရာစောင့်နတ်၊ အိမ်စောင့်နတ်၊ ခြံစောင့်နတ်၊ လမ်းစောင့်နတ်၊ ရပ်ကွက်စောင့်နတ်၊ မြို့စောင့်နတ်၊ ဥစ္စာစောင့်၊ သိုက်နန်းရှင်၊ ဘုမ္မိရပ်ပုဂ္ဂိုလ်အပေါင်း၊ မနုဿပေတ ယက္ခ၊ တစ္ဆေ၊ မြေဖုတ်ဘီလူး မှစ၍ အားလုံးမကျွတ်မလွတ်ကုန်သော ပုဂ္ဂိုလ်အပေါင်းတို့သည်လည်းကောင်း၊ တေရဌ၊ ဝိရူဠက၊ ဝိရူပက္ခ၊ ကုဝေရ ဟူသောနတ်မင်းကြီးလေးပါး တို့အားလုံး
ပဌာန်းတရား လာရောက်နာကြားကြပါကုန်လော့။ ….

ထွန်းထွန်းတစ်ယောက် ပဌာန်းပူဇော်နေခြင်းဖြစ်သည်။ အချိန်ကား ည ၉နာရီ ဖြစ်၏။ ထွန်းထွန်း၏မိဘများသည် နယ်သို့ခရီးသွားနေကြသဖြင့် အိမ်တွင် ထွန်းထွန်း တစ်ယောက်တည်း
သာရှိလေသည်။ သူသည် ယခင်က တစ်ခါမှ ပဌာန်းမရွတ်ဖူးပေ။ မနက်ဖြန် အင်တာဗျူးဖြေဆိုရန် ရှိသည့်အတွက်ကြောင့်သာ အဓိဌာန်ဝင်ကာ ဆုတောင်းနေခြင်းဖြစ်၏။

သူ၏ဖိတ်ခေါ်မှုကြောင့် လာရောက်တရားနေကြသော မမြင်အပ်သည့် ပုဂ္ဂိုလ်များစွာတို့သည်လည်း
ခြံထဲ၌ အပြည့်။ အိမ်ထဲတွင်လည်း နေရာအလွတ်မရှိပေ။ တချို့ နာနာဘာဝတွေဆိုရင် ထုတ်တန်းပေါ်ကနေ တွဲလောင်းခို၍ တရားနာနေကြသေးသည်။ ဒါကိုတော့ ထွန်းထွန်းတစ်ယောက် မမြင်ရပေ။ ဒါပေမဲ့လည်း တစ်ချက်တစ်ချက်ဆို ကြက်သည်းမွှေးညှင်းများတော့ ထ နေလေ၏။

ထိုသို့ ပဌာန်းရွတ်ဖတ်ပူဇော်နေစဉ်…

” ကလင် ကလင် …ကလင် ကလင်.”

ဖုန်းကတောက်လျောက်အဆက်မပြတ်ခေါ်နေသောကြောင့် ထွန်းထွန်းလည်း ပဌာန်းဆက်မရွတ်ပဲ ဖုန်းကိုင်လိုက်လေသည်။

” ဟယ်လို ”

” ဟယ်လို ကိုရေ ”

” အေး သဲလေး ဘာဖြစ်လို့လဲ ပြောလေ”

“သဲ မိဘတွေက သဲကို ယောကျာ်းအတင်းပေးစားနေလို့၊ သဲကလဲ ကိုနဲ့မခွဲနိုင်ဘူး၊ အဲ့တာကြောင့် သဲအိမ်ကထွက်လာပြီ၊ သဲကိုလာခေါ်ပေးပါနော်”

“ဟင် ဒါဆို ကို့ အိမ်ကိုပဲလာခဲ့လိုက်လေ အိမ်မှာဘယ်သူမှမရှိဘူး”

” ဟင့်အင်း အဆင်မပြေဘူး အဖေတို့အမေတို့လဲ ကို့အိမ်ကိုသိတယ် ချက်ချင်းလိုက်လာပြီးခွဲကြလိမ့်မယ်”

” အေး အေး ဒါဆိုလဲ ကိုအခုလာခဲ့မယ် သဲကဘယ်မှာလဲ ”

” ကိုတို့ ရပ်ကွက်ထိပ်က ညောင်ပင်ကြီးအောက်မှာ”

“လာပြီ လာပြီ အဲ့ဒီ့မှာစောင့်နေနော်”

ထွန်းထွန်းသည် ပဌာန်းကိုလဲဆက်မရွတ်၊ ဖိတ်ခေါ်ထားသော မမြင်အပ်သည့် ပုဂ္ဂိုလ်များကိုလည်း ပြန်မပို့ပဲ သူ့ချစ်သူဆီကို တန်းပြေးသွားတော့လေသည်။ ထိုသို့ထွက်သွားသည်ကို မမြင်အပ်သော ပုဂ္ဂိုလ်များက မျက်လုံးရဲရဲကြီးများဖြင့် အံကြိတ်ကာ စိတ်တိုပြီးစိုက်ကြည့်နေကြသည်။
တစ်ချို့ဆို “မသွားနဲ့ …ဒီကိုပြန်လာခဲ့”ဟု အော်ဟစ်သောင်းကျန်းပြီး အိမ်ထဲ၌ဆူညံပွက်လောရိုက်နေကြလေ၏။

ထိုသို့ သောင်းကျန်းနေကြသော နာနာဘာဝ များထဲတွင် အိမ်ရှေ့လမ်းမဘေးရှိ သစ်ပင်ကြီးတစ်ပင်၌နေသော ကလေးသရဲ ၏ မိဘဆွေမျိုးများလည်း အပါအဝင်ဖြစ်လေ၏။ ကလေးသရဲသည် တနားနာရန် ဖိတ်ခေါ်ခဲ့စဉ်က အိပ်ပျော်နေသဖြင့် မသိလိုက်ပဲကျန်နေခဲ့ရခြင်းဖြစ်သည်။ အိပ်ယာနိုးမှ သူ့မိဘဆွေမျိုးများကို မတွေ့သဖြင့်လိုက်ရှာကြည့်ရာမှ ထွန်းထွန်း၏ အိမ်ထဲတွင် ပိတ်မိနေသည်ကို
တွေ့မြင်လိုက်ရသော်လည်း ခြံထဲတောင် ဝင်လို့မရပဲ ဖြစ်နေလေ၏။ ထို့ကြောင့် ထွန်းထွန်း၏အနောက်မှ လိုက်လာခဲ့လေသည်။
ထိုအဖြစ်အပျက်များကိုမူ ထွန်းထွန်းတစ်ယောက် လုံးဝမသိလိုက်ပေ။

ထွန်းထွန်းချစ်သူ၏အမည်မှာ သီရိ ဖြစ်သည်။ ထွန်းထွန်းလည်း သူ့ချစ်သူနှင့် တွေ့ပြီးနောက် တည်းခိုခန်းတစ်ခုတွင် သုံးရက်လောက် ရှောင်နေမည်ဟု ဆုံးဖြတ်ကာ တည်းခိုခန်းသို့ ထွက်လာကြလေ၏။
“အေးရိပ်မြိုင်”တည်းခိုခန်းသို့ရောက်သောအခါ

“မင်္ဂလာပါ အစ်ကို”

“မင်္ဂလာပါညီ အခန်းကျန်သေးလား”

” ဟုတ် ကျန်သေးတယ် …ဘယ်နှရက် တည်းမှာလဲ မသိဘူးဗျ”

“သုံးရက်စာ တစ်ခါတည်းရှင်းလိုက်မယ်”

“ဟုတ်ကဲ့ ကျေးဇူးပါ”

ပိုက်ဆံရှင်းပြီးနောက်။ ဝန်ထမ်းတစ်ယောက်က အခန်းထိ လိုက်ပို့ပေးလိုက်သည်။ အခန်းထဲရောက်တာနဲ့ သီရိက မီးတွေဖွင့်ပြီး ရေအရင်ချိုးလေ၏။ သီရိရေချိုးပြီးမှ ထွန်းထွန်းက ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။ သီရိသည် ရေချိုးခန်းဖက်သို့ကျောပေးကာ တီဗီကြည့်နေတဲ့အချိန်မှာ…

“ဒေါက် ဒေါက် ဒေါက်”

” ဘာဖြစ်လို့လဲ သဲ”

“ဟင် ဘာကိုလဲ”

“သဲ ခုနက တံခါးလာခေါက်တာလေ”

” မခေါက်ပါဘူး တီဗီကြည့်နေတာလေ”

“ဟား…လာမနောက်နဲ့ မကြောက်တတ်ဘူး”

” မနောက်ဘူး တစ်ကယ်ပြောနေတာ”

” အေးကွာ ပြောစရာမရှိရင်လဲ ပြီးရော”

ဟုဆိုကာ ထွန်းထွန်းသည်ရေချိုးခန်းထဲသို့ ပြန်ဝင်သွားလေသည်။ သီရိကလည်း သူ့ကို စ နေတယ်ထင်ပြီး တီဗီဆက်ကြည့်နေလေသည်။ ထိုအချိန် ရေချိုးခန်းမီး ပိတ်သွားသည်။

” ဟာ သဲရေ မီးပြန်ဖွင့်ပေးဦး”

“နောက်မနေနဲ့ ကို၊ နောက်တိုင်းလည်းမကောင်းဘူးနော်”

” မနောက်ဘူး တကယ်ပြောနေတာ”

” ဟမ် ရေချိုးခန်း မီးခလုတ်က ရေချိုးခန်းထဲမှာလေ”

“ဘယ်နားမှာလဲ”

” ဘေစင် အပေါ်က မှန်ရဲ့ညာဘက်မှာ”

“အော် အေး အေး မီးသီးကျွမ်းသွားတာလားမသိဘူး၊ ဖွင့်တော့ဖွင့်ကြည့်လိုက်ဦးမယ်”

မီးဖွင့်ပြီးနောက် ” အား..” ဟုအော်ဟစ်ပြီး ထွန်းထွန်း တစ်ယောက် သတိလစ်သွားလေသည်။

” ကို ဘာဖြစ်တာလဲ ကို ကိုရေ”

တံခါးကို ဆွဲဖွင့်လို့လဲမရ။ ထွန်းထွန်းသည် ရေချိုးခန်းအတွင်းမှ ဂျက်ထိုးထားခြင်းကြောင့်ပင်ဖြစ်သည်။
သီရိလည်း ဘာလုပ်ရမှန်းမသိသဖြင့် ကောင်တာသို့ ပြေးဆင်းပြီး အကူညီတောင်းလေသည်။

ရေချိုးခန်းအတွင်းမှ မှန်ထဲတွင် ထွန်းထွန်းမြင်လိုက်ရသောအရာကား
သူ့အနောက်မှ လိုက်လာသော ကလေးသရဲပင်ဖြစ်၏။ ကလေးသရဲသည် မှန်ထဲမှ ထွက်လာပြီး၊ လဲကျနေသော ထွန်းထွန်း၏ ခန္ဓာကိုယ်ပေါ်တွင် ခွထိုင်ကာ လည်ပင်းညှစ်ထားပြီး ” သား မေမေကို ပြန်ခေါ်ပေး၊ သားအမေကိုပြန်ခေါ်ပေး” ဟု ငိုယိုအော်ဟစ်နေလေ၏။

သုံးရက်ခန့်ကြာသော်…

” အား…ကြောက်တယ်…သရဲ သရဲ”

” ကို ကိုရေ စိတ်ထိန်းပါဦး”

” ဟင် ငါဘယ်ရောက်နေတာလဲ”

” သဲ ရဲ့အိမ် ရောက်နေတာ၊ ကို တည်းခိုခန်းမှာကတည်းက သတိလစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိပြီ၊ အစက ဆေးရုံတင်ထားရတယ်၊ သဲရဲ့မိဘတွေကလည်း ကိုနဲ့သဘောတူတယ် ပြန်လာခဲ့ဆိုလို့ ဒီကို ခေါ်လာတာ”

” ရေ ရေသောက်ချင်တယ်”

သီရိသည်ဘေးတွင်အသင့်ရှိနေသော ရေဗူးထဲမှရေကို ဖန်ခွက်ထဲထည့်ကာ တိုက်လေသည်။ ထွန်းထွန်းလည်း ရေကိုအငမ်းမရ သောက်ပြီးမှ စကားစပြောလေ၏။

” အိပ်မက်ထဲမှာ သရဲတစ်ကောင်က ကို့ အပေါ်ကို တက်ခွပြီး လည်ပင်းညှစ်နေတာ၊ ကြောက်စရာကြီးကွာ”

“ခေါင်းကလည်း အကြီးကြီးပဲ၊ ခန္ဓာကိုယ်ကတော့ သိပ်မကြီးဘူး၊ နဖူးမှာလည်း အပေါင်းလက္ခဏာကို
ဓားနဲ့ထွင်းထားတဲ့ပုံကြီး အဲ့ဒီ့ကနေ သွေးတွေက တစ်စက်ချင်းဆီ ကို့ အပေါ်ကိုကျနေတာ၊ ပြီးတော့ မျက်ဖြူကြီးလှန်ထားပြီး ” သားမေမေကို ပြန်ခေါ်ပေး” ဆိုပြီး ပြောနေတာ၊ ပါးစပ်ကြီးကလဲ သွေးသံတရဲရဲနဲ့ ကားကြိတ်မိထားသလို စုတ်ပြတ်သတ်နေတာ ကိုက သံဗုဒ္ဓေဂါထာရွတ်လိုက်တော့မှ အဲ့ဒီ့ သရဲက ပျောက်သွားတာ၊ ပြောရင်းနဲ့ကြက်သည်းထလာပြီ၊ ကြောက်လိုက်တာ”

” ကိုကလဲ အိပ်မက်မက်တာပဲကို ဘာကြောက်စရာရှိလို့လဲ၊ အခု အဲ့ဒါတွေမေ့လိုက်တော့ အပြင်မှာ နှစ်ဖက်မိဘတွေက မင်္ဂလာဆောင်ပေးဖို့ ကိစ္စအတွက်တိုင်ပင်နေကြပြီ။ ကို့ကို စောင့်နေတယ် လာ ”

ဤသို့ဖြင့် ထွန်းထွန်းနှင့်သီရိကို နှစ်ဖက်မိဘတွေသဘောတူပြီး
ထိမ်းမြားလက်ထပ်ပေးလိုက်ကြလေသည်။

ထို့နောက် သီရိသည် ထွန်းထွန်း၏မိဘအိမ်သို့ လိုက်၍နေထိုင်လေသည်။
မင်္ဂလာဦးညတွင်
ထွန်းထွန်းသည် အရက်သောက်ထားပြီး
အလွန်မူးနေကာ အိပ်ပျော်သွားလေ၏။ ည၁၂နာရီလောက်ရောက်တော့ ထွန်းထွန်း တစ်ရေးနိုးလာသည်။ ဘေးတွင် သီရိက ခွေခွေကလေး အိပ်နေလေသည်။ ထွန်းထွန်း ကုတင်ပေါ်က ဆင်းတဲ့အချိန်
ကုတင်အောက်မှ အသံတစ်သံ ကြားလိုက်ရလေသည်။ ထွန်းထွန်းလည်း ခါးကုန်းပြီး ကုတင်အောက်သို့ ငုံ့ကြည့်လိုက်သည့်အချိန်တွင် ဘာမှမတွေ့ရပေ။

ပြီးနောက် မတ်တပ်ပြန်ရပ်လိုက်တော့မှ ကုတင်ပေါ်တွင် ငုတ်တုတ်ထိုင်နေသော
ကလေးသရဲ ကို တွေ့လိုက်ရတော့သည်။ ထွန်းထွန်းကို မကျေနပ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေလေ၏။

” အားး”

ထွန်းထွန်း အော်သံကို မည်သူမှမကြား
အိပ်မက်လိုလို လက်တွေ့လိုလို ဖြစ်နေလေသည်။ သီရိကိုလှုပ်နှိုးသော်လည်း မနိုးပေ။ ထိုအချိန် ကလေးသရဲက

” သားအမေကို ပြန်ခေါ်ပေး….သားအမေကို ပြန်ခေါ်ပေး….”

ဆိုပြီး ထွန်းထွန်းမျက်နာနားသို့ ပြေးကပ်လာလေ၏။

“အား” ဟု အကျယ်ကြီးအော်ပြီးနောက်
အခန်းအပြင်ဘက်သို့ အော်ဟစ်အကူညီ တောင်းနေတော့လေသည်။ သို့ပေမဲ့
မည်သူမျှ သူ့အသံကိုမကြားပဲ ဖြစ်နေတော့သည်။

ခဏကြာတော့

” ကျွီ….”

ကလေးသရဲက တံခါးကိုဖြေးဖြေးချင်းဖွင့်၍ ထွက်လာလေသည်။ ထွန်းထွန်းလည်း တံခါးဖွင့်သံကြားလို့ နောက်ကိုလှည့်ကြည့်တော့ မည်သူမှမရှိပေ။
တံခါးကတော့ ပွင့်နေသည်။

ထိုအချိန် မီးဖိုချောင်ထဲမှ အိုးသံခွက်သံ များကြားလိုက်ရသည်။ ထွန်းထွန်းလည်း လန့်ဖျန့်ကာ အသံကြားရာနောက်သို့ လိုက်သွားပြီး မီးဖိုခန်းမီး ဖွင့်ကြည့်လိုက်တော့… မည်သူမှ မရှိ။ မီးဖိုခန်းအတွင်းမှ ဓားတစ်ချောင်း မရှိတော့တာကိုတော့ ထွန်းထွန်း သတိမထားမိလိုက်ပေ။

” အား”

သီရိ အသံပင်ဖြစ်သည်။ ထွန်းထွန်းလည်း သီရိဆီကို ရောက်တော့ သီရိအပေါ်မှာ ကလေးသရဲက ခွထိုင်ပြီး ဓားနဲ့ ပက်ပက်စက်စက် ထိုးနေရော။ အိပ်ယာတစ်ခုလုံးလဲ သွေးတွေအပြည့်နဲ့။
သီရိကလည်း ရုန်းကန်နေရင်း နဲ့အော်ဟစ်အကူညီတောင်းနေသည်။
ထွန်းထွန်းကတော့ အနားတောင်မကပ်ရဲ။
အခန်းဝ ကနေကြောင်ပြီးကြည့်နေတော့သည်။ တဖြည်းဖြည်းနဲ့ သီရိလည်း အသက်မရှိတော့ပေ။

ပြီးနောက် ကလေးသရဲသည် ထွန်းထွန်းဆီသို့ ဓားကိုင်ပြီး လှုပ်စ်လှုပ်စိဖြင့် လျှောက်လာလေသည်။

” မလာနဲ့ မလာနဲ့ ”

ဟုဆိုကာ အခန်းထဲမှထွက်ပြီး အိမ်အပြင်သို့ ပြေးလေတော့သည်။
ထိုအချိန်တွင်…

” အား…သားရေ… ထွန်းထွန်း…အဖေနဲ့အမေကို လာကယ်ပါဦး…”

ထိုအသံကြားလိုက်တော့ ထွန်းထွန်းလည်း ဆက်မပြေးတော့ပဲ သူ့မိဘတွေအိပ်တဲ့ အခန်းထဲကို ဝင်လာလေ၏။အခန်းထဲရောက်သော်
ထွန်းထွန်းတွေ့လိုက်ရသည်ကား…

ထွန်းထွန်း၏အမေမှာ ဦးခေါင်းအပေါ်ယံအရေးပြားက မရှိတော့ပေ။ ကလေးသရဲက ဓားဖြင့်အပေါ်ယံရှပ်ပြီးလှီးကာ ဖယ်ထုတ်ထားခြင်းဖြစ်သည်။ ဗိုက်မှာလည်း ဓားဖြင့်ခွဲခံထားရခြင်းကြောင့် အူများမှာ အခွေလိုက်ကြီး ထွက်ကျနေလေသည်။

ထွန်းထွန်း၏ အဖေမှာတော့
မျက်လုံး နှစ်လုံးစလုံးမရှိတော့ပဲ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေလေသည်။ ဦးခေါင်း နားထင်ဘယ်ဘက်မှ ညာဘက်အထိ ဓားက ဖောက်ဝင်နေပြီး သွေးများက တစ်စက်စက်ကျနေသည်။ သံချိတ်ဖြင့် ခြေထောက်ကိုအပေါက်ဖောက်ပြီး ချိတ်ထားခြင်းကြောင့် မချိမဆံ့နဲ့ ခံနေရလေသည်။

ထို့နောက် ကလေးသရဲက ထွန်းထွန်းဘက်ကိုလှည့်ပြီး

“သားအမေ ပြန်ခေါ်ပေး၊ သားအမေကို ပြန်ခေါ်ပေး” ဟုဆိုကာ သွေးတစ်စက်စက် ကျနေသော ဓားကိုကိုင်၍ ထွန်းထွန်းဆီသို့ ကပ်လာလေ၏။ ထွန်းထွန်းလည်း နောက်ဆုတ်ရင်းနဲ့ ခြေချော်ကာ အနောက်ကို ပက်လက်လန်ကျသွားလေသည်။ ထိုအချိန်၌ ကလေးသရဲက ထွန်းထွန်း၏ ခန္ဓာကိုယ်ပေါ်သို့ ပြေးတက်ကာ ခွထိုင်ပြီး
ပါးစပ်ကလည်း “သားအမေကို ပြန်ခေါ်ပေး” ဟုဆိုပြီး ဓားကြီးကိုမြှောက်လိုက်ကာ အားရပါးရ ထိုးချလိုက်လေသည်။

” အား…”

” ဟဲ့… ယောကျာ်း…ဘာဖြစ်တာတုံး ”

” သီရိ မင်းမသေဘူးနော်”

” ဟောတော်. ကျုပ်ကဘာလို့သေရမှာလဲ ”

” ငါ့အဖေနဲ့အမေရော….အဖေရေ…အမေရေ…”

” ဟဲ့ ယောကျာ်း ….ဘာတွေအော်နေတာလဲ တော့် အဖေနဲ့အမေက ဟိုဘက်အခန်းထဲမှာအိပ်နေတယ်လေ…
တော့်အသံကြောင့် နိုးသွားဦးမယ်”

“ကြည့်ရတာ တော် ..အိပ်မက်ဆိုးတွေ မက်နေတာနဲ့တူတယ်”

” မိန်းမ ငါမအိပ်ခင်က ဘာဖြစ်သေးလဲ”

” တော်….မနက်ဖြန် ကားမောင်းအလုပ်လျှောက်ထားတယ်ဆိုပြီး
ပဌာန်းထိုင်ရွတ်နေတာလေ ခဏကြာတော့ ခေါင်းမူးတယ်ဆိုပြီး ဆက်မရွတ်တော့ပဲ ဝင်အိပ်နေတာ အခုထက်ထိပဲလေ”

” ဟုတ်လား …. ဒါ ဒါဆို ကလေးသရဲ …ကလေးသရဲ”

“ဟင် ဘယ်က ကလေးသရဲလဲ”

” မဖြစ်သေးဘူး ငါပဌာန်းကိုပြီးအောင်သွားရွတ်လိုက်ဦးမယ်”

” ဟောတော့်”

ပြောပြောဆိုဆိုနဲ့ ထွန်းထွန်းတစ်ယောက် ည ၁၂နာရီကြီး ပဌာန်းကို ပြီးအောင်ဆက်ရွတ်နေလေ၏။

ခြံအပြင်၌ရှိနေသော ကလေးသရဲလေးကလည်း သူ့အသံကြားတော့မှ ပြုံးသွားပြီး ပျော်ရွှင်စွာ လမ်းပေါ်တွင် ပြေးကစားနေတော့လေသတည်း။

အဆုံးထိဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။
စာရေးသူ – စိုင်း(ချယ်ရီမြေ)

စာရေးသူကိုလေးစားစွာဖြင့် Credit ပေးပါတယ်

Zawgyi Version

ကေလးသရဲ (စ/ဆုံး)
————————
ယေန႔ … ပဌာန္းပါဠိေတာ္႐ြတ္ဖတ္ပူေဇာ္မည္ျဖစ္၍ တပည့္ေတာ္၏ ကိုယ္ေစာင့္နတ္၊ ေနရာေစာင့္နတ္၊ အိမ္ေစာင့္နတ္၊ ၿခံေစာင့္နတ္၊ လမ္းေစာင့္နတ္၊ ရပ္ကြက္ေစာင့္နတ္၊ ၿမိဳ႕ေစာင့္နတ္၊ ဥစၥာေစာင့္၊ သိုက္နန္းရွင္၊ ဘုမၼိရပ္ပုဂၢိဳလ္အေပါင္း၊ မႏုႆေပတ ယကၡ၊ တေစၦ၊ ေျမဖုတ္ဘီလူး မွစ၍ အားလုံးမကြၽတ္မလြတ္ကုန္ေသာ ပုဂၢိဳလ္အေပါင္းတို႔သည္လည္းေကာင္း၊ ေတရဌ၊ ဝိ႐ူဠက၊ ဝိ႐ူပကၡ၊ ကုေဝရ ဟူေသာနတ္မင္းႀကီးေလးပါး တို႔အားလုံး
ပဌာန္းတရား လာေရာက္နာၾကားၾကပါကုန္ေလာ့။ ….

ထြန္းထြန္းတစ္ေယာက္ ပဌာန္းပူေဇာ္ေနျခင္းျဖစ္သည္။ အခ်ိန္ကား ည ၉နာရီ ျဖစ္၏။ ထြန္းထြန္း၏မိဘမ်ားသည္ နယ္သို႔ခရီးသြားေနၾကသျဖင့္ အိမ္တြင္ ထြန္းထြန္း တစ္ေယာက္တည္း
သာရွိေလသည္။ သူသည္ ယခင္က တစ္ခါမွ ပဌာန္းမ႐ြတ္ဖူးေပ။ မနက္ျဖန္ အင္တာဗ်ဴးေျဖဆိုရန္ ရွိသည့္အတြက္ေၾကာင့္သာ အဓိဌာန္ဝင္ကာ ဆုေတာင္းေနျခင္းျဖစ္၏။

သူ၏ဖိတ္ေခၚမႈေၾကာင့္ လာေရာက္တရားေနၾကေသာ မျမင္အပ္သည့္ ပုဂၢိဳလ္မ်ားစြာတို႔သည္လည္း
ၿခံထဲ၌ အျပည့္။ အိမ္ထဲတြင္လည္း ေနရာအလြတ္မရွိေပ။ တခ်ိဳ႕ နာနာဘာဝေတြဆိုရင္ ထုတ္တန္းေပၚကေန တြဲေလာင္းခို၍ တရားနာေနၾကေသးသည္။ ဒါကိုေတာ့ ထြန္းထြန္းတစ္ေယာက္ မျမင္ရေပ။ ဒါေပမဲ့လည္း တစ္ခ်က္တစ္ခ်က္ဆို ၾကက္သည္းေမႊးညႇင္းမ်ားေတာ့ ထ ေနေလ၏။

ထိုသို႔ ပဌာန္း႐ြတ္ဖတ္ပူေဇာ္ေနစဥ္…

” ကလင္ ကလင္ …ကလင္ ကလင္.”

ဖုန္းကေတာက္ေလ်ာက္အဆက္မျပတ္ေခၚေနေသာေၾကာင့္ ထြန္းထြန္းလည္း ပဌာန္းဆက္မ႐ြတ္ပဲ ဖုန္းကိုင္လိုက္ေလသည္။

” ဟယ္လို ”

” ဟယ္လို ကိုေရ ”

” ေအး သဲေလး ဘာျဖစ္လို႔လဲ ေျပာေလ”

“သဲ မိဘေတြက သဲကို ေယာက်ာ္းအတင္းေပးစားေနလို႔၊ သဲကလဲ ကိုနဲ႔မခြဲႏိုင္ဘူး၊ အဲ့တာေၾကာင့္ သဲအိမ္ကထြက္လာၿပီ၊ သဲကိုလာေခၚေပးပါေနာ္”

“ဟင္ ဒါဆို ကို႔ အိမ္ကိုပဲလာခဲ့လိုက္ေလ အိမ္မွာဘယ္သူမွမရွိဘူး”

” ဟင့္အင္း အဆင္မေျပဘူး အေဖတို႔အေမတို႔လဲ ကို႔အိမ္ကိုသိတယ္ ခ်က္ခ်င္းလိုက္လာၿပီးခြဲၾကလိမ့္မယ္”

” ေအး ေအး ဒါဆိုလဲ ကိုအခုလာခဲ့မယ္ သဲကဘယ္မွာလဲ ”

” ကိုတို႔ ရပ္ကြက္ထိပ္က ေညာင္ပင္ႀကီးေအာက္မွာ”

“လာၿပီ လာၿပီ အဲ့ဒီ့မွာေစာင့္ေနေနာ္”

ထြန္းထြန္းသည္ ပဌာန္းကိုလဲဆက္မ႐ြတ္၊ ဖိတ္ေခၚထားေသာ မျမင္အပ္သည့္ ပုဂၢိဳလ္မ်ားကိုလည္း ျပန္မပို႔ပဲ သူ႔ခ်စ္သူဆီကို တန္းေျပးသြားေတာ့ေလသည္။ ထိုသို႔ထြက္သြားသည္ကို မျမင္အပ္ေသာ ပုဂၢိဳလ္မ်ားက မ်က္လုံးရဲရဲႀကီးမ်ားျဖင့္ အံႀကိတ္ကာ စိတ္တိုၿပီးစိုက္ၾကည့္ေနၾကသည္။
တစ္ခ်ိဳ႕ဆို “မသြားနဲ႔ …ဒီကိုျပန္လာခဲ့”ဟု ေအာ္ဟစ္ေသာင္းက်န္းၿပီး အိမ္ထဲ၌ဆူညံပြက္ေလာ႐ိုက္ေနၾကေလ၏။

ထိုသို႔ ေသာင္းက်န္းေနၾကေသာ နာနာဘာဝ မ်ားထဲတြင္ အိမ္ေရွ႕လမ္းမေဘးရွိ သစ္ပင္ႀကီးတစ္ပင္၌ေနေသာ ကေလးသရဲ ၏ မိဘေဆြမ်ိဳးမ်ားလည္း အပါအဝင္ျဖစ္ေလ၏။ ကေလးသရဲသည္ တနားနာရန္ ဖိတ္ေခၚခဲ့စဥ္က အိပ္ေပ်ာ္ေနသျဖင့္ မသိလိုက္ပဲက်န္ေနခဲ့ရျခင္းျဖစ္သည္။ အိပ္ယာႏိုးမွ သူ႔မိဘေဆြမ်ိဳးမ်ားကို မေတြ႕သျဖင့္လိုက္ရွာၾကည့္ရာမွ ထြန္းထြန္း၏ အိမ္ထဲတြင္ ပိတ္မိေနသည္ကို
ေတြ႕ျမင္လိုက္ရေသာ္လည္း ၿခံထဲေတာင္ ဝင္လို႔မရပဲ ျဖစ္ေနေလ၏။ ထို႔ေၾကာင့္ ထြန္းထြန္း၏အေနာက္မွ လိုက္လာခဲ့ေလသည္။
ထိုအျဖစ္အပ်က္မ်ားကိုမူ ထြန္းထြန္းတစ္ေယာက္ လုံးဝမသိလိုက္ေပ။

ထြန္းထြန္းခ်စ္သူ၏အမည္မွာ သီရိ ျဖစ္သည္။ ထြန္းထြန္းလည္း သူ႔ခ်စ္သူႏွင့္ ေတြ႕ၿပီးေနာက္ တည္းခိုခန္းတစ္ခုတြင္ သုံးရက္ေလာက္ ေရွာင္ေနမည္ဟု ဆုံးျဖတ္ကာ တည္းခိုခန္းသို႔ ထြက္လာၾကေလ၏။
“ေအးရိပ္ၿမိဳင္”တည္းခိုခန္းသို႔ေရာက္ေသာအခါ

“မဂၤလာပါ အစ္ကို”

“မဂၤလာပါညီ အခန္းက်န္ေသးလား”

” ဟုတ္ က်န္ေသးတယ္ …ဘယ္ႏွရက္ တည္းမွာလဲ မသိဘူးဗ်”

“သုံးရက္စာ တစ္ခါတည္းရွင္းလိုက္မယ္”

“ဟုတ္ကဲ့ ေက်းဇူးပါ”

ပိုက္ဆံရွင္းၿပီးေနာက္။ ဝန္ထမ္းတစ္ေယာက္က အခန္းထိ လိုက္ပို႔ေပးလိုက္သည္။ အခန္းထဲေရာက္တာနဲ႔ သီရိက မီးေတြဖြင့္ၿပီး ေရအရင္ခ်ိဳးေလ၏။ သီရိေရခ်ိဳးၿပီးမွ ထြန္းထြန္းက ေရခ်ိဳးခန္းထဲသို႔ ဝင္သြားေလသည္။ သီရိသည္ ေရခ်ိဳးခန္းဖက္သို႔ေက်ာေပးကာ တီဗီၾကည့္ေနတဲ့အခ်ိန္မွာ…

“ေဒါက္ ေဒါက္ ေဒါက္”

” ဘာျဖစ္လို႔လဲ သဲ”

“ဟင္ ဘာကိုလဲ”

“သဲ ခုနက တံခါးလာေခါက္တာေလ”

” မေခါက္ပါဘူး တီဗီၾကည့္ေနတာေလ”

“ဟား…လာမေနာက္နဲ႔ မေၾကာက္တတ္ဘူး”

” မေနာက္ဘူး တစ္ကယ္ေျပာေနတာ”

” ေအးကြာ ေျပာစရာမရွိရင္လဲ ၿပီးေရာ”

ဟုဆိုကာ ထြန္းထြန္းသည္ေရခ်ိဳးခန္းထဲသို႔ ျပန္ဝင္သြားေလသည္။ သီရိကလည္း သူ႔ကို စ ေနတယ္ထင္ၿပီး တီဗီဆက္ၾကည့္ေနေလသည္။ ထိုအခ်ိန္ ေရခ်ိဳးခန္းမီး ပိတ္သြားသည္။

” ဟာ သဲေရ မီးျပန္ဖြင့္ေပးဦး”

“ေနာက္မေနနဲ႔ ကို၊ ေနာက္တိုင္းလည္းမေကာင္းဘူးေနာ္”

” မေနာက္ဘူး တကယ္ေျပာေနတာ”

” ဟမ္ ေရခ်ိဳးခန္း မီးခလုတ္က ေရခ်ိဳးခန္းထဲမွာေလ”

“ဘယ္နားမွာလဲ”

” ေဘစင္ အေပၚက မွန္ရဲ႕ညာဘက္မွာ”

“ေအာ္ ေအး ေအး မီးသီးကြၽမ္းသြားတာလားမသိဘူး၊ ဖြင့္ေတာ့ဖြင့္ၾကည့္လိုက္ဦးမယ္”

မီးဖြင့္ၿပီးေနာက္ ” အား..” ဟုေအာ္ဟစ္ၿပီး ထြန္းထြန္း တစ္ေယာက္ သတိလစ္သြားေလသည္။

” ကို ဘာျဖစ္တာလဲ ကို ကိုေရ”

တံခါးကို ဆြဲဖြင့္လို႔လဲမရ။ ထြန္းထြန္းသည္ ေရခ်ိဳးခန္းအတြင္းမွ ဂ်က္ထိုးထားျခင္းေၾကာင့္ပင္ျဖစ္သည္။
သီရိလည္း ဘာလုပ္ရမွန္းမသိသျဖင့္ ေကာင္တာသို႔ ေျပးဆင္းၿပီး အကူညီေတာင္းေလသည္။

ေရခ်ိဳးခန္းအတြင္းမွ မွန္ထဲတြင္ ထြန္းထြန္းျမင္လိုက္ရေသာအရာကား
သူ႔အေနာက္မွ လိုက္လာေသာ ကေလးသရဲပင္ျဖစ္၏။ ကေလးသရဲသည္ မွန္ထဲမွ ထြက္လာၿပီး၊ လဲက်ေနေသာ ထြန္းထြန္း၏ ခႏၶာကိုယ္ေပၚတြင္ ခြထိုင္ကာ လည္ပင္းညႇစ္ထားၿပီး ” သား ေမေမကို ျပန္ေခၚေပး၊ သားအေမကိုျပန္ေခၚေပး” ဟု ငိုယိုေအာ္ဟစ္ေနေလ၏။

သုံးရက္ခန္႔ၾကာေသာ္…

” အား…ေၾကာက္တယ္…သရဲ သရဲ”

” ကို ကိုေရ စိတ္ထိန္းပါဦး”

” ဟင္ ငါဘယ္ေရာက္ေနတာလဲ”

” သဲ ရဲ႕အိမ္ ေရာက္ေနတာ၊ ကို တည္းခိုခန္းမွာကတည္းက သတိလစ္ေနတာ ဒီေန႔နဲ႔ဆို သုံးရက္ရွိၿပီ၊ အစက ေဆး႐ုံတင္ထားရတယ္၊ သဲရဲ႕မိဘေတြကလည္း ကိုနဲ႔သေဘာတူတယ္ ျပန္လာခဲ့ဆိုလို႔ ဒီကို ေခၚလာတာ”

” ေရ ေရေသာက္ခ်င္တယ္”

သီရိသည္ေဘးတြင္အသင့္ရွိေနေသာ ေရဗူးထဲမွေရကို ဖန္ခြက္ထဲထည့္ကာ တိုက္ေလသည္။ ထြန္းထြန္းလည္း ေရကိုအငမ္းမရ ေသာက္ၿပီးမွ စကားစေျပာေလ၏။

” အိပ္မက္ထဲမွာ သရဲတစ္ေကာင္က ကို႔ အေပၚကို တက္ခြၿပီး လည္ပင္းညႇစ္ေနတာ၊ ေၾကာက္စရာႀကီးကြာ”

“ေခါင္းကလည္း အႀကီးႀကီးပဲ၊ ခႏၶာကိုယ္ကေတာ့ သိပ္မႀကီးဘူး၊ နဖူးမွာလည္း အေပါင္းလကၡဏာကို
ဓားနဲ႔ထြင္းထားတဲ့ပုံႀကီး အဲ့ဒီ့ကေန ေသြးေတြက တစ္စက္ခ်င္းဆီ ကို႔ အေပၚကိုက်ေနတာ၊ ၿပီးေတာ့ မ်က္ျဖဴႀကီးလွန္ထားၿပီး ” သားေမေမကို ျပန္ေခၚေပး” ဆိုၿပီး ေျပာေနတာ၊ ပါးစပ္ႀကီးကလဲ ေသြးသံတရဲရဲနဲ႔ ကားႀကိတ္မိထားသလို စုတ္ျပတ္သတ္ေနတာ ကိုက သံဗုေဒၶဂါထာ႐ြတ္လိုက္ေတာ့မွ အဲ့ဒီ့ သရဲက ေပ်ာက္သြားတာ၊ ေျပာရင္းနဲ႔ၾကက္သည္းထလာၿပီ၊ ေၾကာက္လိုက္တာ”

” ကိုကလဲ အိပ္မက္မက္တာပဲကို ဘာေၾကာက္စရာရွိလို႔လဲ၊ အခု အဲ့ဒါေတြေမ့လိုက္ေတာ့ အျပင္မွာ ႏွစ္ဖက္မိဘေတြက မဂၤလာေဆာင္ေပးဖို႔ ကိစၥအတြက္တိုင္ပင္ေနၾကၿပီ။ ကို႔ကို ေစာင့္ေနတယ္ လာ ”

ဤသို႔ျဖင့္ ထြန္းထြန္းႏွင့္သီရိကို ႏွစ္ဖက္မိဘေတြသေဘာတူၿပီး
ထိမ္းျမားလက္ထပ္ေပးလိုက္ၾကေလသည္။

ထို႔ေနာက္ သီရိသည္ ထြန္းထြန္း၏မိဘအိမ္သို႔ လိုက္၍ေနထိုင္ေလသည္။
မဂၤလာဦးညတြင္
ထြန္းထြန္းသည္ အရက္ေသာက္ထားၿပီး
အလြန္မူးေနကာ အိပ္ေပ်ာ္သြားေလ၏။ ည၁၂နာရီေလာက္ေရာက္ေတာ့ ထြန္းထြန္း တစ္ေရးႏိုးလာသည္။ ေဘးတြင္ သီရိက ေခြေခြကေလး အိပ္ေနေလသည္။ ထြန္းထြန္း ကုတင္ေပၚက ဆင္းတဲ့အခ်ိန္
ကုတင္ေအာက္မွ အသံတစ္သံ ၾကားလိုက္ရေလသည္။ ထြန္းထြန္းလည္း ခါးကုန္းၿပီး ကုတင္ေအာက္သို႔ ငုံ႔ၾကည့္လိုက္သည့္အခ်ိန္တြင္ ဘာမွမေတြ႕ရေပ။

ၿပီးေနာက္ မတ္တပ္ျပန္ရပ္လိုက္ေတာ့မွ ကုတင္ေပၚတြင္ ငုတ္တုတ္ထိုင္ေနေသာ
ကေလးသရဲ ကို ေတြ႕လိုက္ရေတာ့သည္။ ထြန္းထြန္းကို မေက်နပ္ေသာ မ်က္လုံးမ်ားျဖင့္ စိုက္ၾကည့္ေနေလ၏။

” အားး”

ထြန္းထြန္း ေအာ္သံကို မည္သူမွမၾကား
အိပ္မက္လိုလို လက္ေတြ႕လိုလို ျဖစ္ေနေလသည္။ သီရိကိုလႈပ္ႏႈိးေသာ္လည္း မႏိုးေပ။ ထိုအခ်ိန္ ကေလးသရဲက

” သားအေမကို ျပန္ေခၚေပး….သားအေမကို ျပန္ေခၚေပး….”

ဆိုၿပီး ထြန္းထြန္းမ်က္နာနားသို႔ ေျပးကပ္လာေလ၏။

“အား” ဟု အက်ယ္ႀကီးေအာ္ၿပီးေနာက္
အခန္းအျပင္ဘက္သို႔ ေအာ္ဟစ္အကူညီ ေတာင္းေနေတာ့ေလသည္။ သို႔ေပမဲ့
မည္သူမွ် သူ႔အသံကိုမၾကားပဲ ျဖစ္ေနေတာ့သည္။

ခဏၾကာေတာ့

” ကြၽီ….”

ကေလးသရဲက တံခါးကိုေျဖးေျဖးခ်င္းဖြင့္၍ ထြက္လာေလသည္။ ထြန္းထြန္းလည္း တံခါးဖြင့္သံၾကားလို႔ ေနာက္ကိုလွည့္ၾကည့္ေတာ့ မည္သူမွမရွိေပ။
တံခါးကေတာ့ ပြင့္ေနသည္။

ထိုအခ်ိန္ မီးဖိုေခ်ာင္ထဲမွ အိုးသံခြက္သံ မ်ားၾကားလိုက္ရသည္။ ထြန္းထြန္းလည္း လန္႔ဖ်န္႔ကာ အသံၾကားရာေနာက္သို႔ လိုက္သြားၿပီး မီးဖိုခန္းမီး ဖြင့္ၾကည့္လိုက္ေတာ့… မည္သူမွ မရွိ။ မီးဖိုခန္းအတြင္းမွ ဓားတစ္ေခ်ာင္း မရွိေတာ့တာကိုေတာ့ ထြန္းထြန္း သတိမထားမိလိုက္ေပ။

” အား”

သီရိ အသံပင္ျဖစ္သည္။ ထြန္းထြန္းလည္း သီရိဆီကို ေရာက္ေတာ့ သီရိအေပၚမွာ ကေလးသရဲက ခြထိုင္ၿပီး ဓားနဲ႔ ပက္ပက္စက္စက္ ထိုးေနေရာ။ အိပ္ယာတစ္ခုလုံးလဲ ေသြးေတြအျပည့္နဲ႔။
သီရိကလည္း ႐ုန္းကန္ေနရင္း နဲ႔ေအာ္ဟစ္အကူညီေတာင္းေနသည္။
ထြန္းထြန္းကေတာ့ အနားေတာင္မကပ္ရဲ။
အခန္းဝ ကေနေၾကာင္ၿပီးၾကည့္ေနေတာ့သည္။ တျဖည္းျဖည္းနဲ႔ သီရိလည္း အသက္မရွိေတာ့ေပ။

ၿပီးေနာက္ ကေလးသရဲသည္ ထြန္းထြန္းဆီသို႔ ဓားကိုင္ၿပီး လႈပ္စ္လႈပ္စိျဖင့္ ေလွ်ာက္လာေလသည္။

” မလာနဲ႔ မလာနဲ႔ ”

ဟုဆိုကာ အခန္းထဲမွထြက္ၿပီး အိမ္အျပင္သို႔ ေျပးေလေတာ့သည္။
ထိုအခ်ိန္တြင္…

” အား…သားေရ… ထြန္းထြန္း…အေဖနဲ႔အေမကို လာကယ္ပါဦး…”

ထိုအသံၾကားလိုက္ေတာ့ ထြန္းထြန္းလည္း ဆက္မေျပးေတာ့ပဲ သူ႔မိဘေတြအိပ္တဲ့ အခန္းထဲကို ဝင္လာေလ၏။အခန္းထဲေရာက္ေသာ္
ထြန္းထြန္းေတြ႕လိုက္ရသည္ကား…

ထြန္းထြန္း၏အေမမွာ ဦးေခါင္းအေပၚယံအေရးျပားက မရွိေတာ့ေပ။ ကေလးသရဲက ဓားျဖင့္အေပၚယံရွပ္ၿပီးလွီးကာ ဖယ္ထုတ္ထားျခင္းျဖစ္သည္။ ဗိ္ုက္မွာလည္း ဓားျဖင့္ခြဲခံထားရျခင္းေၾကာင့္ အူမ်ားမွာ အေခြလိုက္ႀကီး ထြက္က်ေနေလသည္။

ထြန္းထြန္း၏ အေဖမွာေတာ့
မ်က္လုံး ႏွစ္လုံးစလုံးမရွိေတာ့ပဲ ေဟာင္းေလာင္းေပါက္ႀကီး ျဖစ္ေနေလသည္။ ဦးေခါင္း နားထင္ဘယ္ဘက္မွ ညာဘက္အထိ ဓားက ေဖာက္ဝင္ေနၿပီး ေသြးမ်ားက တစ္စက္စက္က်ေနသည္။ သံခ်ိတ္ျဖင့္ ေျခေထာက္ကိုအေပါက္ေဖာက္ၿပီး ခ်ိတ္ထားျခင္းေၾကာင့္ မခ်ိမဆံ့နဲ႔ ခံေနရေလသည္။

ထို႔ေနာက္ ကေလးသရဲက ထြန္းထြန္းဘက္ကိုလွည့္ၿပီး

“သားအေမ ျပန္ေခၚေပး၊ သားအေမကို ျပန္ေခၚေပး” ဟုဆိုကာ ေသြးတစ္စက္စက္ က်ေနေသာ ဓားကိုကိုင္၍ ထြန္းထြန္းဆီသို႔ ကပ္လာေလ၏။ ထြန္းထြန္းလည္း ေနာက္ဆုတ္ရင္းနဲ႔ ေျခေခ်ာ္ကာ အေနာက္ကို ပက္လက္လန္က်သြားေလသည္။ ထိုအခ်ိန္၌ ကေလးသရဲက ထြန္းထြန္း၏ ခႏၶာကိုယ္ေပၚသို႔ ေျပးတက္ကာ ခြထိုင္ၿပီး
ပါးစပ္ကလည္း “သားအေမကို ျပန္ေခၚေပး” ဟုဆိုၿပီး ဓားႀကီးကိုေျမႇာက္လိုက္ကာ အားရပါးရ ထိုးခ်လိုက္ေလသည္။

” အား…”

” ဟဲ့… ေယာက်ာ္း…ဘာျဖစ္တာတုံး ”

” သီရိ မင္းမေသဘူးေနာ္”

” ေဟာေတာ္. က်ဳပ္ကဘာလို႔ေသရမွာလဲ ”

” ငါ့အေဖနဲ႔အေမေရာ….အေဖေရ…အေမေရ…”

” ဟဲ့ ေယာက်ာ္း ….ဘာေတြေအာ္ေနတာလဲ ေတာ့္ အေဖနဲ႔အေမက ဟိုဘက္အခန္းထဲမွာအိပ္ေနတယ္ေလ…
ေတာ့္အသံေၾကာင့္ ႏိုးသြားဦးမယ္”

“ၾကည့္ရတာ ေတာ္ ..အိပ္မက္ဆိုးေတြ မက္ေနတာနဲ႔တူတယ္”

” မိန္းမ ငါမအိပ္ခင္က ဘာျဖစ္ေသးလဲ”

” ေတာ္….မနက္ျဖန္ ကားေမာင္းအလုပ္ေလွ်ာက္ထားတယ္ဆိုၿပီး
ပဌာန္းထိုင္႐ြတ္ေနတာေလ ခဏၾကာေတာ့ ေခါင္းမူးတယ္ဆိုၿပီး ဆက္မ႐ြတ္ေတာ့ပဲ ဝင္အိပ္ေနတာ အခုထက္ထိပဲေလ”

” ဟုတ္လား …. ဒါ ဒါဆို ကေလးသရဲ …ကေလးသရဲ”

“ဟင္ ဘယ္က ကေလးသရဲလဲ”

” မျဖစ္ေသးဘူး ငါပဌာန္းကိုၿပီးေအာင္သြား႐ြတ္လိုက္ဦးမယ္”

” ေဟာေတာ့္”

ေျပာေျပာဆိုဆိုနဲ႔ ထြန္းထြန္းတစ္ေယာက္ ည ၁၂နာရီႀကီး ပဌာန္းကို ၿပီးေအာင္ဆက္႐ြတ္ေနေလ၏။

ၿခံအျပင္၌ရွိေနေသာ ကေလးသရဲေလးကလည္း သူ႔အသံၾကားေတာ့မွ ၿပဳံးသြားၿပီး ေပ်ာ္႐ႊင္စြာ လမ္းေပၚတြင္ ေျပးကစားေနေတာ့ေလသတည္း။

အဆုံးထိဖတ္ေပးလို႔ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။
စာေရးသူ – စိုင္း(ခ်ယ္ရီေျမ)

စာေရးသူကိုေလးစားစြာျဖင့္ Credit ေပးပါတယ္