တမလွန်ကအဖေ(စ၊ဆုံး)

Unicode Version

တမလွန်ကအဖေ(စ၊ဆုံး)
——————————
ဒီဖြစ်ရပ်မှန်အားပြောထားတာကြာပါပြီအခုမှရေးဖြစ်ပါတယ်
ပထမတော့အခြားတစ်ယောက်ကိုဇတ်လမ်းပေးမလို့ပါ
ကြာနေတာနဲ့အားနာလို့ရေးပေးပါသည်အမှားပါလျှင်ချစ်တဲ့စိတ်နဲ့ပြင်ဖတ်ပါ
””’သား—–သားအဖေနေမကောင်းဘူးအမြန်ပြန်လာပါ”””
ဖုန်းထဲမှအမေ့အသံကြားတော့ဖိုးထိန်အတော်စိတ်ပူသွားမိသည်။
အမေ့အသံသည်အဖျားခတ်တုန်ခါနေသည်ဟုဖိုးထိန်ထင်မိသည်အဖေများတစ်ခုခုဖြစ်သလား

ဖိုးထိန်ဟိုတွေးဒီတွေးနဲ့စိတ်ပူကာအဝတ်အစားနှစ်စုံအိတ်ထဲထိုးထည့်လိုက်သည်။

ဖိုးထိန်အလုပ်လုပ်သောအလုပ်ရှင်အားအကျိုးအကြောင်းပြောပြတော့သဘောကောင်းသောအလုပ်ရှင်က

လစာကြိုထုတ်ပေးလိုက်သည့်အပြင်အိမ်အတွက်အစားအသောက်များပင်လက်ဆောင်ထည့်ပေးလိုက်သေးသည်။

ဖိုးထိန်လည်းအဝေးပြေးဝင်းမှမှီရာကားနှင့်ရွာသို့ကတိုက်ကရိုက်ပြန်လိုက်သည်။

ဖိုးထိန်တို့ရွာသည်မြို့ကလေးတစ်မြို့မှဆင်း၍ရွာသို့အတော်ပင်သွားရသေးသည်။

ခုတစ်လောဖိုးထိန်အိမ်မက်တွေမကောင်းအတိတ်နမိတ်တွေမကောင်းအဖေများတစ်ခုခုဖြစ်ပြီးလားလို့တွေးကာစိုးရိမ်နေမိသည်။

””ဘုရား—-ဘုရား—အဖေဘာမှမဖြစ်ပါစေနဲ့””’

ဖိုးထိန်ရင်ထဲကစုတောင်းရင်းလမ်းခရီးကလဲကြန့်ကြာနေသည်ဟုထင်မိလေသည်။

””’သားလူ့အောြက်ကို့လို့လူပိမသေနိုင်ပါဘူး—ဘယ်အလုပ်ကိုပဲလုပ်လုပ်ကျွမ်းကျင်အောင်သင်ယူပါ———

မတတ်တာကိုအောက်ကျခံသင်ယူပါ—-တစ်ချိန်ချိန်မှာကိုယ့်ကိုအောြက်ကို့ခံသင်တဲ့သူတွေသားကိုစောင့်နေကြမှာပါ””’

””အလုပ်အပေါ်စေတနာထားပါ—-ဒါမှအလုပ်ကကိုယ်အပေါ်ရောင်ပြန်ဟပ်မှာ–””

အဖေ့ဆုံးမစကားများဖိုးထိန်နားထဲကြားယောင်နေမိပြန်သည်။

‘အဖေသည်ဖိုးထိန်တို့မိသားစုအတွက်တော့စံပြဖခင်ကောင်းတစ်ယောက်ဖြစ်၏။

ဖိုးထိန်ဒီလိုပညာတတ်အလုပ်ရအောင်အဖက်ဖက်ကအားပေးကူညီခဲ့သည်မြေတောင်မြှောက်ပေးခဲ့သည်။

အဖေသည်သားသမီးအပေါ်သံယောစဉ်အလွန်ကြီးကာဘယ်အရာမဆိုစနစ်တကျစီစဉ်ပေးတတ်သည်။

မြို့တွင်ကျောင်းသွားတက်သောဖိုးထိန်ပြန်လာမည့်ရက်ကိုမှတ်၍ရွာထိပ်မှထွက်ကာကြိုနေတတ်လေသည်။

ဖိုးထိန်အပြင်သွား၍ပြန်လာမည့်အချိန်မရောက်ပါကထမင်းမစားပဲတမျှော်မျှော်ဖြစ်နေတတ်သည်။

ဖိုးထိန်ကအငယ်တန်းအင်ဂျင်နီယာဖြစ်ကာသူဌေးတဦး၏ကန်ထရိုက်လုပ်ငန်းတွင်ဦးစီးလုပ်ကိုင်နေသည်။

ဒါကြောင့်အိမ်ကိုလည်းလစဉ်ထောက်ပံ့နိုင်၍သူလည်းပြေပြေလည်လည်နေနိုင်သည်။

ဖိုးထိန်ကကိုယ့်အတွေးနဲ့ကိုယ်ရှောက်လာရင်နောက်ကခြေသံကြား၍လှည့်ကြည့်မိသည်။

ထိုအခါသူ့နောက်တွင်လူမိုက်ရုပ်ပေါက်နေသောလူနှစ်ယောက်အားတွေ့လိုက်ရသည်။

ဖိုးထိန်စိတ်ထဲဇဝေဇဝါဖြစ်သွားသည်ဒီလူနှစ်ယောက်သည်ဖိုးထိန်ဆင်းသောကားဂိတ်တွင်

သူ့အားစိုက်ကြည့်နေသည်ကိုသတိထားမိသွားသည်။

ဖိုးထိန်ကလည်ပင်းမှဆွဲကြိုးအားစမ်းကြည့်မိသည်လက်မှာလည်းလက်စွပ်ကရှိသေး

နာရီကလဲအသစ်ဝယ်ထားတာမကြာသေးအိတ်ထဲတွင်လည်းပိုက်စံများပါနေသည်။

အချိန်ကလည်းအချိန်ကောင်းအလင်းရောင်သိပ်မရှိတော့လမ်းကလည်းလူပြတ်နေသည်။

ကာလံဒေသံကမကောင်းမှု့ပြုရန်ဖိတ်ခေါ်နေသယောင်

ဒီလူနှစ်ယောက်ဘယ်လိုသူ့နောက်လိုက်လာသလဲသူမသိလိုက်ကိုယ့်ဇောနှင့်ကိုယ်ဆိုတော့

ပတ်ဝန်းကျင်ကိုဂရုမစိုက်လိုက်မိတာနောင်တရသွားသည်။

ဖိုးထိန်ရွာအဝင်လမ်းရောက်တော့ညမှောင်နေပြီထိုအချိန်တွင်မိုးကလည်းအသဲအသန်ရွာချလိုက်သည်။

ဖိုးထိန်ကအိတ်ကိုစလွယ်သိုင်းကာအဖေ့အတွက်ဝယ်လာသောမုန့်များနှင့်လက်ဆောင်ထုတ်များကို

လက်တစ်ဖက်ကကိုင်ရင်းလက်တဖက်ကထီးကိုဆောင်းကာဗွက်ထနေသောလမ်းအားချော်မလဲအောင်ရှောက်နေရသည်

ထိုအချိန်တွင်နောက်နားကပါလာသောလူနှစ်ယောက်သည်ဖိုးထိန်နှင့်အလွန်ပင်နီးကပ်လာလေသည်။

ဖိုးထိန်ကသိတ္တိမခေပါအန္တရယ်အငွေ့အသက်ကိုရနေကာရင်ဆိုင်ဖို့အဆင့်ပြင်ထားသည်။

အဖေ့စကားအတိုင်းယောင်္ကျားတို့ဇွဲသေကာမှရှော့မည်ဟုအားခဲထားသည်။

ဖိုးထိန်နောက်နားကလူနှစ်ယောက်သည်ဖိုးထိန်၏ဘေးတစ်ဖက်တစ်ချက်သို့ဘယ်ညာနေရာယူလာသည်။

ဖိုးထိန်ကခြေလှမ်းခပ်မြန်မြန်ရှောက်ရင်းလမ်းဘေးဝဲယာကိုသတိထားကြည့်လိုက်တော့

မိုးကလည်းရွာမှောင်ကလည်းမှောင်နေတော့ပတ်ဝန်းကျင်ကိုကောင်းစွာမမြင်ရ

ရွာရောက်ခါနီးပြီလို့ထင်သည်ထိုအချိန်တွင်ဖိုးထိန်ဘေးကလူသည်ခါးကြားမှခေါက်ဓားတစ်လက်ကို
ထုတ်လိုက်သည်ကိုလျှပ်စီးလက်လိုက်သောအရောင်နှင့်မြင်လိုက်ရသည်။

သူတို့ကနှစ်ယောက်မိမိကတစ်ယောက်ထဲသူတို့လက်ထဲတွင်လက်နက်ပါကာမိမိမှာဘာမှမပါ

ဝန်ချည်စလွယ်တွေကပါသေးသည်လောလောဆယ်တော့ဖိုးထိန်သိပ်မစဉ်းစားအား

အိမ်အမြန်ရောက်ဖို့ကအဓိကဆိုတော့ဖြစ်ချင်ရာဖြစ်ဆိုကာရုတ်တစ်ရက်မိုးရေထဲအားသွန်ပြေးလိုက်လေသည်။

နောက်ကလူနှစ်ယောက်လည်းအားသွန်ပြေးလိုက်လာရာရွာထိပ်နားကရေကန်ကြီးဘေးသို့ရောက်လာသည်။

ထိုအချိန်မှာပဲလျှပ်စီးတစ်ချက်လက်လိုက်ရာပတ်ဝန်းကျင်သည်လင်းထိန်သွားလေသည်။

ထိုအခါဖိုးထိန်တို့ရှေ့လမ်းလယ်တွင်မားမားကြီးရပ်နေသောအဖေအားဝမ်းသာအားရတွေ့လိုက်ရသည်။

အဖေ့လက်ထဲတွင်ဌက်ကြီးတောင်ဓားတစ်လက်ကိုင်ထားကာဘာမထီပုံစံဖြင့်ရပ်နေတာကြောင့်

ဖိုးထိန်ဝမ်းသာအားရအော်ခေါ်လိုက်သည်

” အဖေ” ‘

အဖေသည်ဖိုးထိန်ကိုကျော်၍နောက်ကနှစ်ကောင်အားမျက်လုံးကြီးးပြူး၍ကြည့်နေရာ

နောက်ကလိုက်လာသောနှစ်ယောက်လည်းလှည့်၍ပြန်ပြေးသွားလေသည်။

”’အဖေနေကောင်းသွားပြီလားမိုးရွာထဲဘာလို့ထွက်လာတာလဲအဖေနေမကောင်းဖြစ်နေအုံးမယ်””

”’သားကအဖေ့ကိုအရမ်းစိတ်ပူနေတာဒါဆိုအမေကသားကိုညာခေါ်တာများလား”

ဖိုးထိန်ကတစ်ယောက်ထဲစကားပြောနေပေမဲ့အဖေကဘာစကားမှပြန်မဖြေခြေလှမ်းကျဲကြီးဖြင့်ရှေ့ကသွား

နေရာဖိုးထိန်တောင်မနဲမှီအောင်လိုက်ရပေသည်ဖိုးထိန်တို့အိမ်ခပ်လှမ်းလှမ်းရောက်တော့အိမ်တွင်မီးများ

ထိန်လင်းစွာထွန်းထားသည်ကိုတွေ့လိုက်ရသည်ဒါနဲ့ဖိုးထိန်ကအဖေအားမေးရန်ပြင်လိုက်ရာ

အဖေသည်ဖိုးထိန်ရှေ့ကပျောက်ချင်းမလှပျောက်သွားလေသည်ဖိုးထိန်လည်းအိမ်ခြံထဲအပြေးဝင်လိုက်တော့

အိမ်ရှေ့တွင်အဖေအလောင်းပြင်ထားသည်ကိုမယုံနိုင်ဖွယ်တွေ့လိုက်ရသည်။

ဖိုးထိန်ပစ္စည်းများလွှတ်ချကာအဖေ့အလောင်းအားပြေးကြည့်တော့ခုနကသူ့အားလာကြိုသောအဝတ်အစားများကအဖေ့အလောင်းတွင်လွှမ်းထားသည်ကိုကြေကွဲဖွယ်တွေ့လိုက်ရသည်။

ထူးဆန်းသည်ကအဖေ့အဝတ်များသည်မိုးရေတစက်မှမစိုပါအဖေ့ခြေထောက်မှာရေနဲနဲစိုနေတာ

ဖိုးထိန်သတိထားမိသည်ဖိုးထိန်မယုံနိုင်စွာအဖေ့ခြေထောက်အားဆုပ်ကိုင်လိုက်ချိန်တွင်

ဖိုးထိန်လက်တွင်စိုထိုင်းထိုင်းဖြစ်သွားသည်ဟုခံစားရလေသည်။

””” ခုနကမိုးအရမ်းရွာတုန်းကမိုးပက်တာလားမိုးများယိုသလားမသိဘူး”””

နဘေးနားကအမျို းတစ်ယောက်ပြောတာဖိုးထိန်စိတ်မဝင်စားသူတစ်ယောက်တည်းသာသိသော

မယုံနိုင်ဖွယ်အဖြစ်အားလေ့လာဆန်းစစ်နေမိသည်

””အဖေ—-””

ဖိုးထိန်အသံသည်တစ်ဝက်တစ်ပျက်နှင့်လည်ချောင်းထဲတွင်တစ်ဝင်သွားသည်

တမလွန်ရောက်တာတောင်သားသမီးအပေါ်ထားသောအဖေ့မေတ္တာကြောင့်သူရန်ဘေးကလွတ်ခဲံ့သည်။

ဖိုးထိန်အသံမထွက်နိုင်ပဲမျက်ရည်မျာတသွင်သွင်စီးကျနေသည်။

””စိတ်ကိုထိန်းပါသားရယ်—-သားအဖေကခြံထဲမှာဓားတလက်နဲ့အပင်တွေရှင်းနေရင်း——မူးတယ်မူးတယ်ဆိုပြီး
လဲသွားတာအမေတို့လည်းဆရာဝန်သွားပင့်ပါသေးတယ်အဲဒီကထဲကသတိပြန်မလည်တော့တာ——-သားမလာခင်ဆုံးသွားထာပါပဲ——-””’

အမေ့စကားများကဖိုးထိန်နားထဲမကြားတစ်ချက်ကြားတစ်ချက်နှင်ဖိုးထိမ်မျက်လုံးထဲမှာတော့

မိုးရေထဲဓားတစ်လက်နှင့်မားမားကြီးရပ်ကာသူ့အားလာကြိုနေသောအဖေအားမြင်ယောင်နေမိပါသည်။

ဖိုးထိန်အဖေ့အားအကြိမ်ကြိမ်ကန်တော့နေမိသည်ဖိုးထိန်နှလုံးသားထဲမှာအဖေဟာဘယ်တော့မှမသေပါ။

ထာဝရှင်သန်နေမှာဖြစ်သည်အဖေ့နောက်ဆုံးခရီးအတွက်အကောင်းဆုံးဖြစ်အောင်စီစဉ်ရန်

ပါးပေါ်မှာကျနေသောမျက်ရည်များအားဖိုးထိန်လက်ဖမိုးဖြင့်ကြမ်းတမ်းစွာသုတ်ပြစ်လိုက်သည်။

တမလွန်ကအဖေလည်းသူငိုနေတာကြိုက်မည်မထင်ပါ။

တိမ်လွှာမိုး

Zawgyi Version

တမလြန္ကအေဖ(စ၊ဆုံး)
——————————
ဒီျဖစ္ရပ္မွန္အားေျပာထားတာၾကာပါၿပီအခုမွေရးျဖစ္ပါတယ္
ပထမေတာ့အျခားတစ္ေယာက္ကိုဇတ္လမ္းေပးမလို႔ပါ
ၾကာေနတာနဲ႔အားနာလို႔ေရးေပးပါသည္အမွားပါလွ်င္ခ်စ္တဲ့စိတ္နဲ႔ျပင္ဖတ္ပါ
””’သား—–သားအေဖေနမေကာင္းဘူးအျမန္ျပန္လာပါ”””
ဖုန္းထဲမွအေမ့အသံၾကားေတာ့ဖိုးထိန္အေတာ္စိတ္ပူသြားမိသည္။
အေမ့အသံသည္အဖ်ားခတ္တုန္ခါေနသည္ဟုဖိုးထိန္ထင္မိသည္အေဖမ်ားတစ္ခုခုျဖစ္သလား

ဖိုးထိန္ဟိုေတြးဒီေတြးနဲ႔စိတ္ပူကာအဝတ္အစားႏွစ္စုံအိတ္ထဲထိုးထည့္လိုက္သည္။

ဖိုးထိန္အလုပ္လုပ္ေသာအလုပ္ရွင္အားအက်ိဳးအေၾကာင္းေျပာျပေတာ့သေဘာေကာင္းေသာအလုပ္ရွင္က

လစာႀကိဳထုတ္ေပးလိုက္သည့္အျပင္အိမ္အတြက္အစားအေသာက္မ်ားပင္လက္ေဆာင္ထည့္ေပးလိုက္ေသးသည္။

ဖိုးထိန္လည္းအေဝးေျပးဝင္းမွမွီရာကားႏွင့္႐ြာသို႔ကတိုက္က႐ိုက္ျပန္လိုက္သည္။

ဖိုးထိန္တို႔႐ြာသည္ၿမိဳ႕ကေလးတစ္ၿမိဳ႕မွဆင္း၍႐ြာသို႔အေတာ္ပင္သြားရေသးသည္။

ခုတစ္ေလာဖိုးထိန္အိမ္မက္ေတြမေကာင္းအတိတ္နမိတ္ေတြမေကာင္းအေဖမ်ားတစ္ခုခုျဖစ္ၿပီးလားလို႔ေတြးကာစိုးရိမ္ေနမိသည္။

””ဘုရား—-ဘုရား—အေဖဘာမွမျဖစ္ပါေစနဲ႔””’

ဖိုးထိန္ရင္ထဲကစုေတာင္းရင္းလမ္းခရီးကလဲၾကန႔္ၾကာေနသည္ဟုထင္မိေလသည္။

””’သားလူ႔ေအာၾက္ကို႔လို႔လူပိမေသႏိုင္ပါဘူး—ဘယ္အလုပ္ကိုပဲလုပ္လုပ္ကြၽမ္းက်င္ေအာင္သင္ယူပါ———

မတတ္တာကိုေအာက္က်ခံသင္ယူပါ—-တစ္ခ်ိန္ခ်ိန္မွာကိုယ့္ကိုေအာၾက္ကို႔ခံသင္တဲ့သူေတြသားကိုေစာင့္ေနၾကမွာပါ””’

””အလုပ္အေပၚေစတနာထားပါ—-ဒါမွအလုပ္ကကိုယ္အေပၚေရာင္ျပန္ဟပ္မွာ–””

အေဖ့ဆုံးမစကားမ်ားဖိုးထိန္နားထဲၾကားေယာင္ေနမိျပန္သည္။

‘အေဖသည္ဖိုးထိန္တို႔မိသားစုအတြက္ေတာ့စံျပဖခင္ေကာင္းတစ္ေယာက္ျဖစ္၏။

ဖိုးထိန္ဒီလိုပညာတတ္အလုပ္ရေအာင္အဖက္ဖက္ကအားေပးကူညီခဲ့သည္ေျမေတာင္ေျမႇာက္ေပးခဲ့သည္။

အေဖသည္သားသမီးအေပၚသံေယာစဥ္အလြန္ႀကီးကာဘယ္အရာမဆိုစနစ္တက်စီစဥ္ေပးတတ္သည္။

ၿမိဳ႕တြင္ေက်ာင္းသြားတက္ေသာဖိုးထိန္ျပန္လာမည့္ရက္ကိုမွတ္၍႐ြာထိပ္မွထြက္ကာႀကိဳေနတတ္ေလသည္။

ဖိုးထိန္အျပင္သြား၍ျပန္လာမည့္အခ်ိန္မေရာက္ပါကထမင္းမစားပဲတေမွ်ာ္ေမွ်ာ္ျဖစ္ေနတတ္သည္။

ဖိုးထိန္ကအငယ္တန္းအင္ဂ်င္နီယာျဖစ္ကာသူေဌးတဦး၏ကန္ထ႐ိုက္လုပ္ငန္းတြင္ဦးစီးလုပ္ကိုင္ေနသည္။

ဒါေၾကာင့္အိမ္ကိုလည္းလစဥ္ေထာက္ပံ့ႏိုင္၍သူလည္းေျပေျပလည္လည္ေနႏိုင္သည္။

ဖိုးထိန္ကကိုယ့္အေတြးနဲ႔ကိုယ္ေရွာက္လာရင္ေနာက္ကေျခသံၾကား၍လွည့္ၾကည့္မိသည္။

ထိုအခါသူ႔ေနာက္တြင္လူမိုက္႐ုပ္ေပါက္ေနေသာလူႏွစ္ေယာက္အားေတြ႕လိုက္ရသည္။

ဖိုးထိန္စိတ္ထဲဇေဝဇဝါျဖစ္သြားသည္ဒီလူႏွစ္ေယာက္သည္ဖိုးထိန္ဆင္းေသာကားဂိတ္တြင္

သူ႔အားစိုက္ၾကည့္ေနသည္ကိုသတိထားမိသြားသည္။

ဖိုးထိန္ကလည္ပင္းမွဆြဲႀကိဳးအားစမ္းၾကည့္မိသည္လက္မွာလည္းလက္စြပ္ကရွိေသး

နာရီကလဲအသစ္ဝယ္ထားတာမၾကာေသးအိတ္ထဲတြင္လည္းပိုက္စံမ်ားပါေနသည္။

အခ်ိန္ကလည္းအခ်ိန္ေကာင္းအလင္းေရာင္သိပ္မရွိေတာ့လမ္းကလည္းလူျပတ္ေနသည္။

ကာလံေဒသံကမေကာင္းမႈ႕ျပဳရန္ဖိတ္ေခၚေနသေယာင္

ဒီလူႏွစ္ေယာက္ဘယ္လိုသူ႔ေနာက္လိုက္လာသလဲသူမသိလိုက္ကိုယ့္ေဇာႏွင့္ကိုယ္ဆိုေတာ့

ပတ္ဝန္းက်င္ကိုဂ႐ုမစိုက္လိုက္မိတာေနာင္တရသြားသည္။

ဖိုးထိန္႐ြာအဝင္လမ္းေရာက္ေတာ့ညေမွာင္ေနၿပီထိုအခ်ိန္တြင္မိုးကလည္းအသဲအသန္႐ြာခ်လိုက္သည္။

ဖိုးထိန္ကအိတ္ကိုစလြယ္သိုင္းကာအေဖ့အတြက္ဝယ္လာေသာမုန႔္မ်ားႏွင့္လက္ေဆာင္ထုတ္မ်ားကို

လက္တစ္ဖက္ကကိုင္ရင္းလက္တဖက္ကထီးကိုေဆာင္းကာဗြက္ထေနေသာလမ္းအားေခ်ာ္မလဲေအာင္ေရွာက္ေနရသည္

ထိုအခ်ိန္တြင္ေနာက္နားကပါလာေသာလူႏွစ္ေယာက္သည္ဖိုးထိန္ႏွင့္အလြန္ပင္နီးကပ္လာေလသည္။

ဖိုးထိန္ကသိတၱိမေခပါအႏၲရယ္အေငြ႕အသက္ကိုရေနကာရင္ဆိုင္ဖို႔အဆင့္ျပင္ထားသည္။

အေဖ့စကားအတိုင္းေယာက်ၤားတို႔ဇြဲေသကာမွေရွာ့မည္ဟုအားခဲထားသည္။

ဖိုးထိန္ေနာက္နားကလူႏွစ္ေယာက္သည္ဖိုးထိန္၏ေဘးတစ္ဖက္တစ္ခ်က္သို႔ဘယ္ညာေနရာယူလာသည္။

ဖိုးထိန္ကေျခလွမ္းခပ္ျမန္ျမန္ေရွာက္ရင္းလမ္းေဘးဝဲယာကိုသတိထားၾကည့္လိုက္ေတာ့

မိုးကလည္း႐ြာေမွာင္ကလည္းေမွာင္ေနေတာ့ပတ္ဝန္းက်င္ကိုေကာင္းစြာမျမင္ရ

႐ြာေရာက္ခါနီးၿပီလို႔ထင္သည္ထိုအခ်ိန္တြင္ဖိုးထိန္ေဘးကလူသည္ခါးၾကားမွေခါက္ဓားတစ္လက္ကို
ထုတ္လိုက္သည္ကိုလွ်ပ္စီးလက္လိုက္ေသာအေရာင္ႏွင့္ျမင္လိုက္ရသည္။

သူတို႔ကႏွစ္ေယာက္မိမိကတစ္ေယာက္ထဲသူတို႔လက္ထဲတြင္လက္နက္ပါကာမိမိမွာဘာမွမပါ

ဝန္ခ်ည္စလြယ္ေတြကပါေသးသည္ေလာေလာဆယ္ေတာ့ဖိုးထိန္သိပ္မစဥ္းစားအား

အိမ္အျမန္ေရာက္ဖို႔ကအဓိကဆိုေတာ့ျဖစ္ခ်င္ရာျဖစ္ဆိုကာ႐ုတ္တစ္ရက္မိုးေရထဲအားသြန္ေျပးလိုက္ေလသည္။

ေနာက္ကလူႏွစ္ေယာက္လည္းအားသြန္ေျပးလိုက္လာရာ႐ြာထိပ္နားကေရကန္ႀကီးေဘးသို႔ေရာက္လာသည္။

ထိုအခ်ိန္မွာပဲလွ်ပ္စီးတစ္ခ်က္လက္လိုက္ရာပတ္ဝန္းက်င္သည္လင္းထိန္သြားေလသည္။

ထိုအခါဖိုးထိန္တို႔ေရွ႕လမ္းလယ္တြင္မားမားႀကီးရပ္ေနေသာအေဖအားဝမ္းသာအားရေတြ႕လိုက္ရသည္။

အေဖ့လက္ထဲတြင္ဌက္ႀကီးေတာင္ဓားတစ္လက္ကိုင္ထားကာဘာမထီပုံစံျဖင့္ရပ္ေနတာေၾကာင့္

ဖိုးထိန္ဝမ္းသာအားရေအာ္ေခၚလိုက္သည္

” အေဖ” ‘

အေဖသည္ဖိုးထိန္ကိုေက်ာ္၍ေနာက္ကႏွစ္ေကာင္အားမ်က္လုံးႀကီးးျပဴး၍ၾကည့္ေနရာ

ေနာက္ကလိုက္လာေသာႏွစ္ေယာက္လည္းလွည့္၍ျပန္ေျပးသြားေလသည္။

”’အေဖေနေကာင္းသြားၿပီလားမိုး႐ြာထဲဘာလို႔ထြက္လာတာလဲအေဖေနမေကာင္းျဖစ္ေနအုံးမယ္””

”’သားကအေဖ့ကိုအရမ္းစိတ္ပူေနတာဒါဆိုအေမကသားကိုညာေခၚတာမ်ားလား”

ဖိုးထိန္ကတစ္ေယာက္ထဲစကားေျပာေနေပမဲ့အေဖကဘာစကားမွျပန္မေျဖေျခလွမ္းက်ဲႀကီးျဖင့္ေရွ႕ကသြား

ေနရာဖိုးထိန္ေတာင္မနဲမွီေအာင္လိုက္ရေပသည္ဖိုးထိန္တို႔အိမ္ခပ္လွမ္းလွမ္းေရာက္ေတာ့အိမ္တြင္မီးမ်ား

ထိန္လင္းစြာထြန္းထားသည္ကိုေတြ႕လိုက္ရသည္ဒါနဲ႔ဖိုးထိန္ကအေဖအားေမးရန္ျပင္လိုက္ရာ

အေဖသည္ဖိုးထိန္ေရွ႕ကေပ်ာက္ခ်င္းမလွေပ်ာက္သြားေလသည္ဖိုးထိန္လည္းအိမ္ၿခံထဲအေျပးဝင္လိုက္ေတာ့

အိမ္ေရွ႕တြင္အေဖအေလာင္းျပင္ထားသည္ကိုမယုံႏိုင္ဖြယ္ေတြ႕လိုက္ရသည္။

ဖိုးထိန္ပစၥည္းမ်ားလႊတ္ခ်ကာအေဖ့အေလာင္းအားေျပးၾကည့္ေတာ့ခုနကသူ႔အားလာႀကိဳေသာအဝတ္အစားမ်ားကအေဖ့အေလာင္းတြင္လႊမ္းထားသည္ကိုေၾကကြဲဖြယ္ေတြ႕လိုက္ရသည္။

ထူးဆန္းသည္ကအေဖ့အဝတ္မ်ားသည္မိုးေရတစက္မွမစိုပါအေဖ့ေျခေထာက္မွာေရနဲနဲစိုေနတာ

ဖိုးထိန္သတိထားမိသည္ဖိုးထိန္မယုံႏိုင္စြာအေဖ့ေျခေထာက္အားဆုပ္ကိုင္လိုက္ခ်ိန္တြင္

ဖိုးထိန္လက္တြင္စိုထိုင္းထိုင္းျဖစ္သြားသည္ဟုခံစားရေလသည္။

””” ခုနကမိုးအရမ္း႐ြာတုန္းကမိုးပက္တာလားမိုးမ်ားယိုသလားမသိဘူး”””

နေဘးနားကအမ်ိဳ းတစ္ေယာက္ေျပာတာဖိုးထိန္စိတ္မဝင္စားသူတစ္ေယာက္တည္းသာသိေသာ

မယုံႏိုင္ဖြယ္အျဖစ္အားေလ့လာဆန္းစစ္ေနမိသည္

””အေဖ—-””

ဖိုးထိန္အသံသည္တစ္ဝက္တစ္ပ်က္ႏွင့္လည္ေခ်ာင္းထဲတြင္တစ္ဝင္သြားသည္

တမလြန္ေရာက္တာေတာင္သားသမီးအေပၚထားေသာအေဖ့ေမတၱာေၾကာင့္သူရန္ေဘးကလြတ္ခဲံ့သည္။

ဖိုးထိန္အသံမထြက္ႏိုင္ပဲမ်က္ရည္မ်ာတသြင္သြင္စီးက်ေနသည္။

””စိတ္ကိုထိန္းပါသားရယ္—-သားအေဖကၿခံထဲမွာဓားတလက္နဲ႔အပင္ေတြရွင္းေနရင္း——မူးတယ္မူးတယ္ဆိုၿပီး
လဲသြားတာအေမတို႔လည္းဆရာဝန္သြားပင့္ပါေသးတယ္အဲဒီကထဲကသတိျပန္မလည္ေတာ့တာ——-သားမလာခင္ဆုံးသြားထာပါပဲ——-””’

အေမ့စကားမ်ားကဖိုးထိန္နားထဲမၾကားတစ္ခ်က္ၾကားတစ္ခ်က္ႏွင္ဖိုးထိမ္မ်က္လုံးထဲမွာေတာ့

မိုးေရထဲဓားတစ္လက္ႏွင့္မားမားႀကီးရပ္ကာသူ႔အားလာႀကိဳေနေသာအေဖအားျမင္ေယာင္ေနမိပါသည္။

ဖိုးထိန္အေဖ့အားအႀကိမ္ႀကိမ္ကန္ေတာ့ေနမိသည္ဖိုးထိန္ႏွလုံးသားထဲမွာအေဖဟာဘယ္ေတာ့မွမေသပါ။

ထာဝရွင္သန္ေနမွာျဖစ္သည္အေဖ့ေနာက္ဆုံးခရီးအတြက္အေကာင္းဆုံးျဖစ္ေအာင္စီစဥ္ရန္

ပါးေပၚမွာက်ေနေသာမ်က္ရည္မ်ားအားဖိုးထိန္လက္ဖမိုးျဖင့္ၾကမ္းတမ္းစြာသုတ္ျပစ္လိုက္သည္။

တမလြန္ကအေဖလည္းသူငိုေနတာႀကိဳက္မည္မထင္ပါ။

တိမ္လႊာမိုး