ရိုးမတောထဲက ဆွမ်းတစ်နပ်(စ/ဆုံး)

Unicode Version

ရိုးမတောထဲက ဆွမ်းတစ်နပ်(စ/ဆုံး)

———————–
တောလမ်းခရီး
တစ်လျှောက် တစ်တောင်တက်တစ်တောင် ဆင်း … ခြေလျင်ခရီးကြမ်းလျှောက်ရမယ်ဆို တော့ … ဝန်ထုပ်ဝန်ပိုးလျော့ရင် ကောင်းတာ ပါပဲ …”
ကိုလှတင်၏ အဆိုပြုချက်ကို ချွင်းချက်မရှိ ကိုမဲခေါင်ကလည်း အတည်ပြု ထောက်ခံ
စကား ပြောကြားလိုက်သည် ။ ကားဆရာကိုကြိုတင်မှာ ကြားထားသည့် အတွက်ကြောင့် သူတို့ နှစ်ဦး ဆင်းလို သည့် ကားလမ်းနံဘေး တောအုပ်အစပ်ရှိ နေရာတစ်နေရာအရောက် ဝယ် ကားကို ရပ်ပေးလိုက်သည် ။ သည် တော့ နှစ်ဦးသား ကားပေါ်မှ ဆင်းလိုက်ကြသည် ။

မနက်ဝေလီဝေလင်းကတည်းက ကားကြုံ ဖြင့် သူတို့ နှစ်ဦးသား လိုက်ပါလာခဲ့ကြသည် ။ ကားပေါ်မှ ဆင်းလိုက်သည့် အချိန်ဝယ်
နေရောင်သည် ဖြစ်၏။ သစ်ပင်ကြီး ငယ်များ အပြိုင်းအရိုင်း ပေါက်ရောက်နေသည့် တောအုပ်မို့ သူတို့ ဖြတ်သန်းသွားလာရမည့် တောအုပ် အတွင်း ရှိ လမ်းမြှောင်ကလေးတစ်လျှောက်ဝယ် နေပူဒဏ်အား သစ်ရိပ်ဝါးရိပ်များက ကာ ကွယ် တားဆီးထားပေးလိမ့်မှာ သေချာ ပါသည် ။
စူးစူးရဲရဲပေါ်ထွက်လာခဲ့ပြီ

စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်ဆိုသ
ည့် အတိုင်း နေရောင်တို့ က လုံးဝဥဿုံ ဖိတ် စင်ကျ မနေဘဲ နေပြောက်ကလေးအဖြစ်သာ ထိုးတော့၏။ သည့် အတွက် အလင်းရောင် အနေအထား လုံလောက်သည် ဟု ဆိုနိုင်
ကောင်းချေသည် ။
“ကောင်းလိုက်တဲ့ ကျွန်းပင်ကြီးတွေဗျာ .. ဖြောင့်တန်းနေတာပဲ”
“ဟုတ်ပါရဲ့ … နောက်လေးငါးနှစ်လောက်
ဆိုရင် … သင်းသတ်လို့ ရနေပြီ။ အင်း .. ကျွန်းတင်မကပါဘူး။ အင်ပင်တွေကော၊
သစ်ရာပင်တွေကော တကယ့်ကို အားရစရာ
ကြီး။ ဟောဖက်သန်းပင်ခွကြားမှာ စွဲနေ
တဲ့ ပျားအုံကြီးက နည်းနည်းနောနောမဟုတ် ပါကလား …။ ကြည့်စမ်း … ဆန်ကောဝိုင်း လောက်နီးနီးပဲ”
“အင်း ပျားဖွပ်သမားတွေ ရောက်လာရင်တော့ အပွပဲ။ ဟော … ဖက်သန်းပင်ရဲ့ ကိုင်းဖျား မှာ သစ်ခွတွေပွင့်နေလိုက်တာ အများကြီးပဲ။ အင်း .. သစ်တောထွက် သယံဇာတတွေ … သယံဇာတ တွေ” နှစ်ဦးစလုံးက သစ်တောဘက်ဆိုင်ရာ ဝန်ထမ်းတွေမို့ တော၏ အဖိုးတန် အလှအပတွေကို ထုတ်ဖော်ပြောဆိုနေမိကြသည်

လည်း မြိုင်ယံတောတန်းတစ်လျှောက် တေး
ကျေးငှက်သာရကာအပေါင်းမှာ
သံသာများကို
ကျူးရင့်နေကြသည်မှာ
သာယာနာပျော်ဖွယ်
ကောင်းလှပါဘိသေး
တော့။တစ်တောဝင်ပြီးပြန်တော့ … တစ်တောင်
ကို ကျော်ရပြန်သည် ။
ပြေသောလမ်းကို လျှောက်လှမ်းရသည် က ခရီးတွင် သည် ။ သိပ်လည်း မပင်ပန်း။ တောင်ကို ကျော်ဖြတ်ရသည် ကတော့

ချွေးဖြိုင်ဖြိုင်ကျသည့်
အပြင်
မောပန်း
နွမ်းနယ်ရသည် ။ ခြေသလုံးသား တွေ တော
င့်တင်းရသည် ။ လက်မှ နာရီကိုကြည့်လေ
တော့ … မနက် (၁၀)နာရီကျော်လောက်ရှိနေ
ပြီပင်။”မောနေပလား .. ကိုလှတင်”
“တောလမ်းကို လျှောက်တုန်းက သိပ်မော လှတယ်မဟုတ်ပေမဲ့ တောင်ကိုကျော်လာရ တော့မှ တော်တော်ကလေး အီသွားတာပဲဗျာ။ အင်း … ဒါတောင် ကျွန်တော်တို့ က လုပ်ငန်း သဘာဝအရ အလေ့ အကျင့်တွေရှိပေလို့ ပဲ။ နို့မဟုတ်ရင် … မလွယ်လောက်ဘူး” “မောရင် … တစ်နေရာမှာ နားလိုက်ကြမ
လား”
“ကောင်းသားပဲ … ကိုမဲခေါင်၊ အဲသည် မှာ ဗိုက်ကလေး ဘာလေး အစာဖြည့်လိုက်ကြ
တာပေါ့”

နှစ်ဦးသား
စိတ်တူကိုယ်မျှဖြင့် နားခို
ကောင်းမည့် နေရာတစ်နေရာကို ရွေးချယ်ဖို့
ကြိုးစားနေ ကြစဉ်မှာ ပင် မမျှော်လင့်သော
အခြေအနေများကို
တွေ့မြင်လိုက်ရသည့်
အတွက် ရင်ထိတ်လှိုက်ဖိုသွား ရသည် ။

“ဟော … ဆင်ခြေရာတွေပါလား” “ဟုတ်ပါရဲ့ တောဆင်ရိုင်းအုပ်ဖြစ်ဖို့ များ တယ်။ တွေ့လား … ဆင်ချေးတုံးတွေက လတ်လတ်ဆတ်ဆတ် ရှိသေးတယ်”

“ဟာ ကိုမဲခေါင်ရေ၊ ဟောဟိုမှာ လည်း ကျားခြေရာဗျ။ ခြေရာရဲ့ ဗြက်အကျယ်ကိုကြ
ည့်ရင်
….
ခြောက်တောင်၊ ခုနစ်တောင်
အောက် လျော့လိမ့်မယ်မထင်ဘူး။ ကြည့်ရ
တာ
သားကောင် တစ်ကောင်ကောင်ကို
ချောင်းခဲ့တဲ့ အနေအထားပဲ ..”
“ဟုတ်ပ … ကိုလှတင်ရယ်။ ကျွန်တော်တို့ ဒီဝန်းကျင်မှာ နေဖို့ မသင့်တော်ဘူးထင်တယ်။လမ်းတစ်နေရာကဖဲ့ပြီး
သုတ်ခြေတင်မှခပ်သွက်သွက်ကလေး
ကောင်းမယ် ထင်တာပဲ။ ကိုင်း … ဘယ်လို
သဘောရသလဲ “”ကောင်းတာပေါ့ ကိုမဲခေါင် … ကျွန်တော်
လည်း ဒီမှာ နားရမှာ ကို လန့်နေတယ်။ မ
တော် … သားကောင်နဲ့ ဝင်တိုးရင် ကာကွယ်
ခုခံဖို့ ရာ လက်နက်ကြီးငယ် ဘာတစ်ခုမှ ပါ
တာ မဟုတ်ဘူး “နှစ်ယောက်သားပြောပြောဆိုဆိုနှင့်
ခေတ္တခဏမျှ ရပ်နားချင်သည့် တိုင်အောင် ရပ်နားမနေ တော့။ အန္တရာယ်ရှိနိုင်သည့် လမ်းကြောင်းမှ လွှဲဖယ်ကာ ခပ်သုတ်သုတ်ကလေးလျှောက်လှမ်းခဲ့ကြတော့ သည်
တောအုပ်က ထူထပ်စိမ်းလန်းနေဆဲ။

သည် လိုထူထပ်စမ်းလန်းနေသည့်အတွက်ကြောင့်လည်းကျားရဲတွေ၊သားကောင်တွေ၊ ငှက် ကျေးသတ္တဝါတွေ ခိုမှီ
နေထိုင်နိုင်ခြင်းဖြစ်သည်
ဥတုရာသီကောင်းမွန်ဖို့ အရေး တောကိုမှီရသကဲ့သို့
သားရဲတိရစ္ဆာန်များသက်ရှင်ရပ်တည်နေထိုင်နိုင်ရေးအတွက်လည်း တောကိုပဲ မှီခိုရပါချေသည် ။

“ဟူး လူနေအိမ်ခြေဆိုလို့ တစ်အိမ် ကလေးတောင်မှ မတွေ့ရဘူးဗျာ … ။ အင်း လေ တောတောင်က ထူထပ်ပေတာကိုး” အန္တရာယ်ရှိနိုင်သည် ဟု ယူဆရသော တောအုပ်ကို လွန်မြောက်အပြီးမှာ တော့

နှစ်ဦးသား မောဟိုက်ပင်ပန်း နေခဲ့ကြပါပြီ။ ပင်ပန်းခြင်းနှင့် အတူ ဝမ်းတွေလည်း ဟာနေ ကြပါပြီ။ နာရီကို ကြည့် လိုက်တော့ (၁၁)နာရီခွဲကာနီး။ မကြာခင် အချိန် အပိုင်းအခြားမှာ နေမွန်းတည့်တော့မည်။ “ရှေ့က တောင်ခေါင်းတုံးကို ကွေ့ပတ်

ကျော်ပြီးသွားရင်တော့ ကျွန်တော်တို့ သွားရ မဲ့နေရာနဲ့ နီးသွားပါပြီ”
“နီးမှ ပဲ လူတွေလည်း ဟိုက်နေပြီ။
ရှေ့က အပင်ရိပ်ကလေးမှာ နားနေပြီး ဗိုက်ဖြ
ည့်ကြမယ် … ကိုမဲခေါင် “”ကောင်းပါတယ်မွန်းတည့်ချိန်တောင်ရောက်တော့မဲ့ဟာပဲ”နှစ်ဦးသား အရိပ်ကောင်းသည့် နေရာသို့လျှောက်သွားကြပြီး ပခုံး၌ သိုင်းလာခဲ့သော
ချလိုက်ကြပြီးကျောပိုး အိတ်များကို ခြေပစ်လက်ပစ် ထိုင်ချလိုက်ကြသည် ။ “အားပါး … ခြေသလုံးတွေဆိုတာ တောင့် တင်းနေတာပဲ။ ကံကောင်းလို့ ကြွက်မတက် တယ်”
သည် သို့ပြောဆိုပြီး သကာလ ကိုလှတင် က ရေသန့်ဘူးတစ်ဘူးကို ထုတ်ယူပြီး အဖုံးဖွ င့်ကာ တဂွပ်ဂွပ်နှင့် အားပါးတရ မော့ချလိုက်သည်

“ကျွန်တော့်တစ်သက်
သောက်ခဲ့ဖူးသလောက် ရေထဲမှာ တော့ သည် ရေဟာ
အချိုဆုံးပဲ ကိုမဲခေါင်”ဟုတ်ပါလိမ့်မည်။ လွန်စွာမှ လိုလားနေ သောအရာကို လိုအပ်ချိန်၌ ရရှိလိုက်ခြင်း သည် အဖိုးထိုက် အဖိုးတန်ဖြစ်လေသည်တကား။

ကိုလှတင်က ထိုသို့ပြောဆိုပြီး ရေသန့်ဘူး မှ လက်ကျန်ရေဖြင့် သူ့လက်ကို လောင်း လိုက်သည် ။ ပြီးလေသော် သူ့ကိုယ်တာ ဒံပေါက်ထုပ်ကို ဖွင့်လေတော့သည် ထမင်းစားချိန်ရောက်လေပြီ ဖြစ်သည့် အတွက် … ကိုမဲခေါင်သည် လည်း သူ့ ကျောပိုးအိတ်ထဲမှ ရေသန့်တစ်ဘူးနှင့် ဒံပေါက်ထုပ်ကို ထုတ်ယူလိုက် သည် ။
ထိုခဏ …

မလှမ်းမကမ်းဆီမှ
ရဟန်းအိုကြီးတစ်ပါး
သည် သပိတ်ကိုလွယ်လျက် ၎င်းတို့ ရှိရာ
ဘက်သို့ တစ်လှမ်းချင်းဆိုသလို ကြွမြန်းလာ
နေခဲ့သည် ။ ခရီးစဉ်တစ်လျှောက် လူရိပ်လူ ယောင် တစ်ကောင် တစ်မြီးမှ မတွေ့မမြင်ခဲ့ ကြရ၍ ယခုလိုမျိုး ရဟန်းတစ်ပါးကို တွေ့ မြင်လိုက်ရသည့် အတွက် နှစ်ယောက် ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေမိကြ
လေသည် ။သားထိုစဉ်မှာ ပင် ရဟန်းအိုကြီးသည် ၎င်တို့ နှ င့် တဖြည်းဖြည်း နီးကပ်လာခဲ့ပြီ ဖြစ်၏။
“ဗျို့ .. ကိုလှတင်။ သည် ရဟန်းအိုကြီးကို
ကြည့်ရတာ ဆွမ်းရသေးဟန်မတူဘူး။ ခင်ဗျားနဲ့ ကျွန်တော် တစ်ယောက်တစ်ဝက်စီ ခွဲပြီး ဆွမ်းလောင်းလိုက်ကြရင် ကောင်းမလား
“ဟ

အဲသလို ကိုယ်စားသောက်ရမဲ့ထဲက
တစ်ဝက်စီခွဲပြီးလောင်းလိုက်ရင် … သူ
ကတော့ ဝဝလင်လင် စားရပြီး … ကျွန်တော် တို့ ကတော့ .. ဟိုမဝ သည် မဝနဲ့ … ဟပ် ကော့ကြီးဖြစ်နေမှာ ပေါ့။ ကျွန်တော်ကတော့ ခွဲလောင်းဖို့ စိတ်ကူးမရှိဘူးဗျာ။ ကိုင်း
ကျွန်တော်စားတော့မယ်”
ပြောပြောဆိုဆိုနှင့် ပင်

ကိုလှတင်ကသူ့ဒံပေါက်ထုပ်ကို ဖွင့်လိုက်သည် ။ ဇီယာ၊
ကရဝေး၊ ဖာလာ၊ သစ်ကြမ်းပိုး၊ မဆလာ အစရှိသည့် ဒံပေါက်ရနံ့က ထောင်းခနဲပျံ့ လာလေတော့ ကိုမဲခေါင် .. ကိုယ်တိုင်လည်း လည်ချောင်းတွေသီးလာခဲ့လေသည် ။ ကိုလှတင် ကြက်ပေါင်လဲ့နေသည် ကိုက အားရ စရာကြီး။ သည့် အတွက် ကိုမဲခေါင်ခမျာ လုခနဲ တံတွေးမြိုချမိပြန်တော့၏။ “ငါ … ဘာလုပ်ရင် .. ကောင်းမလဲ” “ငါ … ဘာလုပ်ရင် … ကောင်းမလဲ”

“ငါ … ဘာလုပ်ရင် … ကောင်းမလဲ”

ရှေ့တူရူ မလှမ်းမကမ်း၌ မျက်လွှာကိုချ လက် စက္ခုဣန္ဒြေဖြင့် ရဟန်းအိုကြီးသည် သပိတ်ကို ပိုက်ကာ ရပ်လျက်ရှိ၏။ သည် အနေအထားက ရဟန်းအိုကြီးအနေဖြင့်

ဆွမ်းကိစ္စ
မပြီးမြောက်သေး ကြောင်း
သွယ်ဝိုက်၍ သက်သေပြနေသလိုပင်။ ကိုလှ
တင်ကို တိမ်းငဲ့ကြည့်တော့ ရဟန်းအိုကြီး၏
အဖြစ်ကို ယောင်၍ မျှပင် တိမ်းငဲ့ကြည့်မနေ
ဘဲ အစာကိုသာ တစ်လုတ်ပြီးတစ်လုတ် သွပ်နေလေသည် ။
သည် မှာ တင် ကိုမဲခေါင်အဖို့ ပိုင်နိုင် ပြတ်သားစွာ ဆုံးဖြတ်ချက်ချ လိုက်လေတော့၏။
ထိုင်နေရာမှ ထလိုက်သည် ။ ပြီးတော့သူနှင့် အတူ ဒံပေါက်ထုပ်၊ ရေပုလင်း၊ ကော် ရေခွက် တစ်ခွက်တို့ ပါသွားသည် ။ ရဟန်းအိုကြီးအပါး ရောက်လေသော် ဒူးတုပ်ထိုင် ကာ ရိုရိုသေသေ ဝတ်ဖြည့် လိုက်ပြီး

“အရှင်ဘုရား တပည့်တော် ဆွမ်းနဲ့ ရေကြည် ကပ်ပါရစေဘုရား”
“သာဓု … သာဓု … သာဓုပါဒကာ”
ရဟန်းအိုကြီးက
ပေးလိုက်သည် ၊
သပိတ်အဖုံးကိုဟ
အို … ကိုမဲခေါင် ထင်ထားသည့် အတိုင်းပါ ပဲလား။ သပိတ်ထဲ၌ မည်သည့် ဆွမ်းမျှမရှိ။ ယုတ်စွ အဆုံး ရေဆွမ်းပင်မရှိ။
ကိုမဲခေါင်လည်း ညွတ်နူးသော စိတ်နှလုံး ဖြင့် ဒံပေါက်ထုပ်ကို သပိတ်အတွင်းဖြည်၍ လောင်း ထည့်လိုက်သည် ။ သပိတ်အဖုံးကို ပိတ်လေသော် အဖုံးပေါ်သို့ ရေသန့်ဘူးနှင့်

ကော်ရေခွက်ကို ကပ်လိုက်ပြန်လေသည်

“လိုအပ်သောဆု၊ တောင့်တအပ်သော ဆု

တွေအားလုံး ပြည့်ပြည့်ဝဝ ရရှိခံစားနိုင်ပါစေ
“ပေးတဲ့ ဆုနဲ့ ပြည့်ပါစေဘုရား”
ရဟန်းအိုကြီးက ကိုမဲခေါင်ကို ဆုပေးပြီး
တောအုပ်အတွင်းဝင်ရောက်ပျောက်ကွယ်
သွားလေ တော့သည် ။ ထိုဒင်္ဂဝယ် ကိုမဲ ခေါင်အဖို့ ဆာလောင်မှုတွေကို မေ့လျော့နေခဲ့
လေသည်”ကိုင်း … ဘယ်လိုလဲ၊ ကိုယ်စားသောက်ဖို့ အတွက် ကိုယ့်ဘာသာတိုင်းတာ ယူလာခဲ့တာ

ခုလို သူတစ်ပါးကို ပေးလိုက်တော့ ဒုက္ခရောက်ပြီ မဟုတ်လား။ အဲဒါ သင်ခန်းစာပဲ ကိုမဲခေါင် … ကိုယ့်မှာ ပိုလျှံမှု
မရှိရင်

ဘာတစ်ခုမှ မထွက်တာ
အကောင်းဆုံးပဲဗျ။ ခင်ဗျားဆာလည်း .. ရေ
ပဲ သောက်ပေတော့”
“ရပါတယ် ကိုလှတင်။ ကျွန်တော့်မှာ

ဆာလောင်စိတ်တွေ မရှိတော့ဘူးဗျာ၊ လှူရ တန်းရတဲ့ စိတ်ကြောင့် ကြည်နူးပီတိစိတ် တွေ အလျှံဝေပြီး မဆာတော့ဘူး”
“အဟင်း … ဟင်း … ခင်ဗျားလည်း ရူးနေ သေးတာပဲ။ ကိုင်း .. သွားကြမယ်ဗျာ။ ညနေ မစောင်းခင် သွားရမဲ့နေရာကိုရောက်မှ … နို့ မဟုတ်ရင် ဒုက္ခရောက်နေလိမ့်မယ်”
“သွားတာပေါ့လေ”
ကိုမဲခေါင်က … ကျန်နေသေးသော ရေသ
န့်ဘူးကိုဖွင့်ကာ တစ်ချက်မျှမော့ရင်း အဖြေ
ပေးလိုက် သည်ပြီးလေသော်
ကျောပိုးအိတ်ကို ကောက်လွယ်လျက် ကိုလှ
တင်၏ အနောက်ဘက်ဆီသို့ ခပ်သုတ်သုတ်
ကလေး လျှောက်သွားခဲ့လေသည် ။
သည် တောင်က … ပြေသည် ဟု လည်းမဆိုသာ။ မတ်စောက်သည် ဟု လည်း မဆို နိုင်။ မည်သို့ ဆိုစေ တောင်ကြီးဖဝါးအောက်ပဲ မဟုတ်လား။
နှစ်ဦးသား အတွေးကိုယ်စီဖြင့် သွားလိုရာ နေရာသို့ ရောက်ရှိဖို့ အရေး မနှေးမမြန်
လျှောက်လှမ်း နေမိကြသည် ။ တောင်က …
သစ်ပင်သစ်ရိပ် သိပ်မရှိသည့် သျှောင်ထုံးရန်
လိုအပ်သော တောင် ခေါင်းတုံးဖြစ်လေသည်
တောအုပ်ထဲမှာ နေပူမခံရသလောက် တောင်ခေါင်းတုံးပေါ်ရောက်တော့လည်း
နေပူနှင့် မဟာမိတ်ဖြစ်ရပြန်လေသည်

သည် လိုနှင့် အမြင့်တက်လိုက်၊ ကွေ့လိုက်၊ ပတ်လိုက်၊ ဝန်းလိုက်၊ ဝိုက်လိုက် ထိုတောင်ကို … အောင်မြင်စွာ ကျော်လွှား ဖြတ်သန်းခဲ့ပြီးသည့် သကာလ တောင်ခြေသို့ ရောက်လေသော် တောင်ယာ တဲကလေးများ ကို တွေ့လိုက်ရ၍ အတိုင်းမသိ ဝမ်းမြောက်သွားကြလေသည် ။ တဲကလေးများ ၏တစ်ဖက်တစ်ချက်မှာ တော့တောင်ယာစိုက်ခင်းများ

“ကံကောင်းတာပဲဗျို့၊
အဲသည် မှာလှည်းငှားလို့ ရရင် ငှားသွားကြမယ်။ ဒါမှ ကျွန်တော်တို့ သွားရမဲ့နေရာကို နေမစောင်း
ခင် ရောက်မှာ “”ဟုတ်တာပေါ့… ကိုလှတင်”
ကိုလှတင်ကပင် ဦးဆောင်လျက်
တောင်ခြေတဲစုကလေးထံဝင်သွားကာ စကားပြောဆို လေသည် ၊
“ဟန်ကျပြီဗျို့ ကျွန်တော်သွားမဲ့ဆီကို

လှည်းနဲ့ လိုက်ပို့မယ်တဲ့ ။ တောင်းတဲ့ ဈေးက လည်း မဆိုးဘူးဗျ”
“ကိုင်း …. ဒါဆိုလည်း သွားကြတာပေါ့ ကို လှတင်ရယ်”
ပြောပြောဆိုဆိုနှင့် လှည်းရောက်လာသည်

သည် တော့လည်း … နှစ်ဦးသား လှည်း ပေါ်တက်လိုက်ကြလေသည် ။ ထိုအခါတွင်
လှည်းဆရာ လည်း သူတို့ သွားလိုရာခရီးသို့ ခပ်သွက်သွက်ကလေး မောင်းနှင်လျက် ရှိ
လေသည်ပတ်ဝန်းကျင် ဝဲယာဝယ်
တောင်ယာစိုက်ခင်းများ နှင့် အတူ သစ်ရိပ် ဝါးရိပ်တွေက စိမ်းစိမ်းစိုစို။ သည် လိုနှင့် လှည်းက … သူတို့ သွားလိုရာနေရာအပါး ရောက်လာသည် ။ ထိုစဉ်မှာ ပင် မမျှော်လင့် သော ပုံရိပ်တစ်ခုက ကိုမဲခေါင် ၏ မျက်ဝန်း
ကားချပ်ပေါ် ထင်ဟပ်လာသည် ။
“ဟာ
ကျွန်တော်ဆွမ်းလောင်းခဲ့တဲ့
ရဟန်းအိုကြီး … ရဟန်းအိုကြီး တွေ့လား ကို
လှတင်၊ ဟိုး ရှေ့မှာ ‘”ဟုတ်ပါရဲ့ … ကိုမဲခေါင် ကျွန်တော်တို့လိုသန်သန်မာမာဖျတ်ဖျတ်လတ်လတ်တွေထက် တောင် ရှေ့က ကြိုရောက်နေတယ်ဆိုတော့ အံ့ဩစရာပဲ””ဗျို့ … လှည်းဆရာကြီး၊ ဟောဟို ဘုန်း တော်ကြီးနားရောက်ရင်
ပေးပါဗျာ””စိတ်ချပါ ဆရာ”
ခဏလောက်ရပ်လှည်းဆရာက တစ်လှမ်းချင်းရွေ့လျားနေသောရဟန်းအိုကြီးအပါးရောက်တော့
လှည်းကို ရပ်တန့်ပေးလိုက်သည် ။ ရဟန်းအို
ကြီးသည် သူ့နံဘေး၌ တအီအီဖြင့် လှည်း
ဝင်ရိုးပွတ်သံကို ကြားရပါ လျက် အမှုထား
ဟန်မတူ။ ပတ်ဝန်းကျင်ရှိ မည်သည့်
အသံဗလံမျှဖြစ်စေ သူ့အာရုံသို့ အဝင်မခံဘဲ
ပထုတ် လေသလား။
ကိုမဲခေါင်သည် လှည်းပေါ်မှ ဆင်းကာ
ရဟန်းအိုကြီးအပါးသွားရောက်ပြီး ဝတ်ဖြည့်လိုက်သည် ။

“အရှင်ဘုရား … အရှင်ဘုရားထက် တပည့်တော်တို့က
ရှေ့ကသွားပါလျက်နဲ့အရှင်ဘုရားက ရှေ့က ကြိုရောက်နေတာ အံ့ အားသင့်စရာ ကောင်းလှပါတယ် ဘုရား”

“မအံ့သြပါနဲ့ ဒကာ။ ဘုန်းကြီးက ဖြတ်လမ်းကကြွလာတာမို့ ဖြစ်မှာ ပါ ….” “တင်ပါ့ဘုရား … ရှေကို ဘယ်ဆက်မှာ လဲ ဘုရား၊ လှည်းပေါ်ကြွတော်မူပါ ဘုရား” “သည်းခံပါ ဒကာ … ဘုန်းကြီးက ဘယ် ယာဉ်ရထားကိုမှ အသုံးမပြုဘဲ သလုံးသား ကို အားပြု ဖို့ ရာ ဓူတင်ဆောင်ထားလို့ ပါ။ ဘုန်းကြီးဆက်မဲ့ခရီးကတော့ သံသရာ ထွက်ရပ်လမ်းပါပဲ။ ကိုင်း … ဒကာတို့ လည်း ခရီးဆက်ကြပေတာ့။ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ”

“သာဓု … သာဓု … သာဓုပါဘုရား”
သည့် နောက်မှာ တော့ … ကိုမဲခေါင် လည်း လှည်းပေါ်တက်လိုက်ရတော့သည် ။

လှည်းက ရဟန်းအိုကြီးကို ကျော်ဖြတ် သွားခဲ့သည် ။ လှည်းဆရာနှင့် ကိုလှတင်တို့ က မကြာခင် ရောက်ရှိတော့မည့် စခန်းရှိရာ အရှေ့သို့ လှမ်းကြည့်နေကြသည် ။ ကိုမဲခေါ် ကမူ ဖူး၍ မဝနိုင်သော ရဟန်း အိုကြီးအား သမင်လည်ပြန် တိမ်းငဲ့ကြည့်လေသောအခါ
အံ့သြဖွယ်ကောင်းလောက်အောင်ပင် ရဟန်း
အိုကြီး၏ အရိပ်အယောင်ကို လုံးဝမမြင်ရ
တော့။
***
ကိုမဲခေါင်က
သူကြုံတွေ့ရသော
အဖြစ်အပျက်ကို ခင်းကျင်းပြောဆိုနေသည် မိမိကမူ နားထောင်သူ သက်သက်။
“အဲသည် နောက် စခန်းကအပြန် …

ရန်ကုန်မှာ ရှိတဲ့ မိခင်ဌာနရင်းကို ပြန်ရောက်

တယ်။ ရောက်ရောက်ချင်းပါပဲ။ လမ်းဘေးထီ သည် လေးက ဆယ်စောင်တွဲထီတစ်အုပ်ကို လာရောင်းတာနဲ့ ကျွန်တော်လည်း ထီပေါက် ရင် ကောင်းမှာ ပဲ၊ငါ ဝါသနာပါတဲ့ ပရိဘောဂစက်ရုံထောင်မယ်ဆိုပြီး မတန်မ ရာစိတ်ကူးနဲ့ ထီ(၁၀)စောင်လုံး ထိုးလိုက်ပါ တယ်။

အံ့သြစရာပဲ စာရေးဆရာရေ။ ထီထိုးပြီးတဲ့ ညမှာ ပဲ အိပ်မက်ထဲမှာ ရဟန်းအိုကြီးပေါ် လာပြီး “လိုအားအပ်သောဆု၊ တောင့်တအပ် သောဆုတွေ တစ်လုံးတစ်ဝတည်းရရှိပါ စေ’ ဆိုတဲ့ အသံကို ကြားလိုက်ရတယ်။ အဲသည် အိပ်မက်ဟာ ထီဖွင့်တော့မဲ့ရက် အထိပဲ။

အဲ .. ထီစဖွင့်တဲ့ နေ့မှာ တင်ပဲ။ ကျွန်တော် ထိုးထားတဲ့ ထီဆယ်စောင်မှာ တစ်စောင်ဟာ အကြီးဆုဝင်သွားတယ်။ ကျန်တဲ့ (၉)စောင်စလုံးလည်း ဆုကြီးတွေထဲဝင်တာပါပဲ။ အဲသ ည့် ထီ (၁၀) စောင်ကြောင့် ဝန်ထမ်းဘဝက နှုတ်ထွက်လို့ ကျွန်တော်လိုလားတောင့်တခဲ့ တဲ့ ပရိဘောဂစက်ရုံပိုင်ရှင် ဖြစ်ခဲ့တယ် ဆိုပါ တော့။ အမှန်တော့ ထီ(၁၀)စောင်ကြောင့် ကျွန်တော့်ဘဝ ပြောင်းလဲသွားတာ မဟုတ်ပါ ဘူး။ သီလသမာဓိရှိတဲ့ ရဟန်းကိစ္စပြီးနေပြီ လို့ ကျွန်တော်ထင်တဲ့ ရဟန်းအိုကြီးအပေါ် စေတနာသဒ္ဒါ စိတ်နဲ့ ဆွမ်းတစ်နပ် ကပ်လှူခဲ့ ရတဲ့ ကုသိုလ်အဖိုးဘာဂကြောင့် ပဲ ဖြစ်မှာ ပါ
စာရေးဆရာ”ကိုမဲခေါင်ကသူ့ဇာတ်ကြောင်းကို
အနားသတ်ခဲ့လေပြီ။မိတ်ဆွေနှစ်ဦး ခရီးသွားခဲ့ကြ၏။ ယခု
တစ်ဦးဖြစ်သော ကိုမဲခေါင်က ကျိကျိတက် ချမ်းသာ၏။ သူက ကုသိုလ်အဖို့ ဘာဂကြော င့် ဟု ဆိုသည် ။ ကုသိုလ်ဒါနနည်းလေသော၎င်း၏ လုပ်ဖော်ကိုင်ဖက် ကိုလှတင်ကတော့ ယခုလောက်ဆို လုပ်သက်ပြည့်ပင်စင် လောက်ပြီထင်သည် ။ဗျ”ရ
“ဒါထက် ခင်ဗျားမိတ်ဆွေ ကိုလှတင်ကော
“ဪ ကိုလှတင်လား။ မကြာခင် စာရေးဆရာနဲ့ ကျွန်တော့်ကိုလာကြိုပါလိမ့် မယ်”
“ဒါ … ဒါဆို … သူက…”
“သူက … လုပ်သက်ပြည့်အငြိမ်းစားယူပြီး ကျွန်တော့်ဆီမှာ ဒရိုင်ဘာ ဝင်လုပ်နေတာ
လေ။လောကကြီးကား သူ့ဘာသာသူ တည်ငြိမ် စွာ ရှိနေပါသော်ငြား စိတ်ဓာတ် အသွယ်သွယ်၊ လုပ်ရပ်အမယ်မယ်တို့ ကြောင့် ဆန်းကြယ်လှသည် ဟု မှတ်ယူခံနေရလေတကား။

Zawgyi Version

႐ိုးမေတာထဲက ဆြမ္းတစ္နပ္(စ/ဆံုး)
——————————————-
ေတာလမ္းခရီး
တစ္ေလွ်ာက္ တစ္ေတာင္တက္တစ္ေတာင္ ဆင္း … ေျခလ်င္ခရီးၾကမ္းေလွ်ာက္ရမယ္ဆို ေတာ့ … ဝန္ထုပ္ဝန္ပိုးေလ်ာ့ရင္ ေကာင္းတာ ပါပဲ …”
ကိုလွတင္၏ အဆိုျပဳခ်က္ကို ခြၽင္းခ်က္မရွိ ကိုမဲေခါင္ကလည္း အတည္ျပဳ ေထာက္ခံ
စကား ေျပာၾကားလိုက္သည္ ။ ကားဆရာကိုႀကိဳတင္မွာ ၾကားထားသည့္ အတြက္ေၾကာင့္ သူတို႔ ႏွစ္ဦး ဆင္းလို သည့္ ကားလမ္းနံေဘး ေတာအုပ္အစပ္ရွိ ေနရာတစ္ေနရာအေရာက္ ဝယ္ ကားကို ရပ္ေပးလိုက္သည္ ။ သည္ ေတာ့ ႏွစ္ဦးသား ကားေပၚမွ ဆင္းလိုက္ၾကသည္ ။

မနက္ေဝလီေဝလင္းကတည္းက ကားႀကဳံ ျဖင့္ သူတို႔ ႏွစ္ဦးသား လိုက္ပါလာခဲ့ၾကသည္ ။ ကားေပၚမွ ဆင္းလိုက္သည့္ အခ်ိန္ဝယ္
ေနေရာင္သည္ ျဖစ္၏။ သစ္ပင္ႀကီး ငယ္မ်ား အၿပိဳင္းအ႐ိုင္း ေပါက္ေရာက္ေနသည့္ ေတာအုပ္မို႔ သူတို႔ ျဖတ္သန္းသြားလာရမည့္ ေတာအုပ္ အတြင္း ရွိ လမ္းေျမႇာင္ကေလးတစ္ေလွ်ာက္ဝယ္ ေနပူဒဏ္အား သစ္ရိပ္ဝါးရိပ္မ်ားက ကာ ကြယ္ တားဆီးထားေပးလိမ့္မွာ ေသခ်ာ ပါသည္ ။
စူးစူးရဲရဲေပၚထြက္လာခဲ့ၿပီ

စိမ့္ႀကီးၿမိဳင္ႀကီး ရိပ္ႀကီးေတာေတာင္ဆိုသ
ည့္ အတိုင္း ေနေရာင္တို႔ က လုံးဝဥႆုံ ဖိတ္ စင္က် မေနဘဲ ေနေျပာက္ကေလးအျဖစ္သာ ထိုးေတာ့၏။ သည့္ အတြက္ အလင္းေရာင္ အေနအထား လုံေလာက္သည္ ဟု ဆိုႏိုင္
ေကာင္းေခ်သည္ ။
“ေကာင္းလိုက္တဲ့ ကြၽန္းပင္ႀကီးေတြဗ်ာ .. ေျဖာင့္တန္းေနတာပဲ”
“ဟုတ္ပါရဲ႕ … ေနာက္ေလးငါးႏွစ္ေလာက္
ဆိုရင္ … သင္းသတ္လို႔ ရေနၿပီ။ အင္း .. ကြၽန္းတင္မကပါဘူး။ အင္ပင္ေတြေကာ၊
သစ္ရာပင္ေတြေကာ တကယ့္ကို အားရစရာ
ႀကီး။ ေဟာဖက္သန္းပင္ခြၾကားမွာ စြဲေန
တဲ့ ပ်ားအုံႀကီးက နည္းနည္းေနာေနာမဟုတ္ ပါကလား …။ ၾကည့္စမ္း … ဆန္ေကာဝိုင္း ေလာက္နီးနီးပဲ”
“အင္း ပ်ားဖြပ္သမားေတြ ေရာက္လာရင္ေတာ့ အပြပဲ။ ေဟာ … ဖက္သန္းပင္ရဲ႕ ကိုင္းဖ်ား မွာ သစ္ခြေတြပြင့္ေနလိုက္တာ အမ်ားႀကီးပဲ။ အင္း .. သစ္ေတာထြက္ သယံဇာတေတြ … သယံဇာတ ေတြ” ႏွစ္ဦးစလုံးက သစ္ေတာဘက္ဆိုင္ရာ ဝန္ထမ္းေတြမို႔ ေတာ၏ အဖိုးတန္ အလွအပေတြကို ထုတ္ေဖာ္ေျပာဆိုေနမိၾကသည္

လည္း ၿမိဳင္ယံေတာတန္းတစ္ေလွ်ာက္ ေတး
ေက်းငွက္သာရကာအေပါင္းမွာ
သံသာမ်ားကို
က်ဴးရင့္ေနၾကသည္မွာ
သာယာနာေပ်ာ္ဖြယ္
ေကာင္းလွပါဘိေသး
ေတာ့။တစ္ေတာဝင္ၿပီးျပန္ေတာ့ … တစ္ေတာင္
ကို ေက်ာ္ရျပန္သည္ ။
ေျပေသာလမ္းကို ေလွ်ာက္လွမ္းရသည္ က ခရီးတြင္ သည္ ။ သိပ္လည္း မပင္ပန္း။ ေတာင္ကို ေက်ာ္ျဖတ္ရသည္ ကေတာ့

ေခြၽးၿဖိဳင္ၿဖိဳင္က်သည့္
အျပင္
ေမာပန္း
ႏြမ္းနယ္ရသည္ ။ ေျခသလုံးသား ေတြ ေတာ
င့္တင္းရသည္ ။ လက္မွ နာရီကိုၾကည့္ေလ
ေတာ့ … မနက္ (၁၀)နာရီေက်ာ္ေလာက္ရွိေန
ၿပီပင္။”ေမာေနပလား .. ကိုလွတင္”
“ေတာလမ္းကို ေလွ်ာက္တုန္းက သိပ္ေမာ လွတယ္မဟုတ္ေပမဲ့ ေတာင္ကိုေက်ာ္လာရ ေတာ့မွ ေတာ္ေတာ္ကေလး အီသြားတာပဲဗ်ာ။ အင္း … ဒါေတာင္ ကြၽန္ေတာ္တို႔ က လုပ္ငန္း သဘာဝအရ အေလ့ အက်င့္ေတြရွိေပလို႔ ပဲ။ ႏို႔မဟုတ္ရင္ … မလြယ္ေလာက္ဘူး” “ေမာရင္ … တစ္ေနရာမွာ နားလိုက္ၾကမ
လား”
“ေကာင္းသားပဲ … ကိုမဲေခါင္၊ အဲသည္ မွာ ဗိုက္ကေလး ဘာေလး အစာျဖည့္လိုက္ၾက
တာေပါ့”

ႏွစ္ဦးသား
စိတ္တူကိုယ္မွ်ျဖင့္ နားခို
ေကာင္းမည့္ ေနရာတစ္ေနရာကို ေ႐ြးခ်ယ္ဖို႔
ႀကိဳးစားေန ၾကစဥ္မွာ ပင္ မေမွ်ာ္လင့္ေသာ
အေျခအေနမ်ားကို
ေတြ႕ျမင္လိုက္ရသည့္
အတြက္ ရင္ထိတ္လႈိက္ဖိုသြား ရသည္ ။

“ေဟာ … ဆင္ေျခရာေတြပါလား” “ဟုတ္ပါရဲ႕ ေတာဆင္႐ိုင္းအုပ္ျဖစ္ဖို႔ မ်ား တယ္။ ေတြ႕လား … ဆင္ေခ်းတုံးေတြက လတ္လတ္ဆတ္ဆတ္ ရွိေသးတယ္”

“ဟာ ကိုမဲေခါင္ေရ၊ ေဟာဟိုမွာ လည္း က်ားေျခရာဗ်။ ေျခရာရဲ႕ ျဗက္အက်ယ္ကိုၾက
ည့္ရင္
….
ေျခာက္ေတာင္၊ ခုနစ္ေတာင္
ေအာက္ ေလ်ာ့လိမ့္မယ္မထင္ဘူး။ ၾကည့္ရ
တာ
သားေကာင္ တစ္ေကာင္ေကာင္ကို
ေခ်ာင္းခဲ့တဲ့ အေနအထားပဲ ..”
“ဟုတ္ပ … ကိုလွတင္ရယ္။ ကြၽန္ေတာ္တို႔ ဒီဝန္းက်င္မွာ ေနဖို႔ မသင့္ေတာ္ဘူးထင္တယ္။လမ္းတစ္ေနရာကဖဲ့ၿပီး
သုတ္ေျခတင္မွခပ္သြက္သြက္ကေလး
ေကာင္းမယ္ ထင္တာပဲ။ ကိုင္း … ဘယ္လို
သေဘာရသလဲ “”ေကာင္းတာေပါ့ ကိုမဲေခါင္ … ကြၽန္ေတာ္
လည္း ဒီမွာ နားရမွာ ကို လန႔္ေနတယ္။ မ
ေတာ္ … သားေကာင္နဲ႔ ဝင္တိုးရင္ ကာကြယ္
ခုခံဖို႔ ရာ လက္နက္ႀကီးငယ္ ဘာတစ္ခုမွ ပါ
တာ မဟုတ္ဘူး “ႏွစ္ေယာက္သားေျပာေျပာဆိုဆိုႏွင့္
ေခတၱခဏမွ် ရပ္နားခ်င္သည့္ တိုင္ေအာင္ ရပ္နားမေန ေတာ့။ အႏၲရာယ္ရွိႏိုင္သည့္ လမ္းေၾကာင္းမွ လႊဲဖယ္ကာ ခပ္သုတ္သုတ္ကေလးေလွ်ာက္လွမ္းခဲ့ၾကေတာ့ သည္
ေတာအုပ္က ထူထပ္စိမ္းလန္းေနဆဲ။

သည္ လိုထူထပ္စမ္းလန္းေနသည့္အတြက္ေၾကာင့္လည္းက်ားရဲေတြ၊သားေကာင္ေတြ၊ ငွက္ ေက်းသတၱဝါေတြ ခိုမွီ
ေနထိုင္ႏိုင္ျခင္းျဖစ္သည္
ဥတုရာသီေကာင္းမြန္ဖို႔ အေရး ေတာကိုမွီရသကဲ့သို႔
သားရဲတိရစာၦန္မ်ားသက္ရွင္ရပ္တည္ေနထိုင္ႏိုင္ေရးအတြက္လည္း ေတာကိုပဲ မွီခိုရပါေခ်သည္ ။

“ဟူး လူေနအိမ္ေျခဆိုလို႔ တစ္အိမ္ ကေလးေတာင္မွ မေတြ႕ရဘူးဗ်ာ … ။ အင္း ေလ ေတာေတာင္က ထူထပ္ေပတာကိုး” အႏၲရာယ္ရွိႏိုင္သည္ ဟု ယူဆရေသာ ေတာအုပ္ကို လြန္ေျမာက္အၿပီးမွာ ေတာ့

ႏွစ္ဦးသား ေမာဟိုက္ပင္ပန္း ေနခဲ့ၾကပါၿပီ။ ပင္ပန္းျခင္းႏွင့္ အတူ ဝမ္းေတြလည္း ဟာေန ၾကပါၿပီ။ နာရီကို ၾကည့္ လိုက္ေတာ့ (၁၁)နာရီခြဲကာနီး။ မၾကာခင္ အခ်ိန္ အပိုင္းအျခားမွာ ေနမြန္းတည့္ေတာ့မည္။ “ေရွ႕က ေတာင္ေခါင္းတုံးကို ေကြ႕ပတ္

ေက်ာ္ၿပီးသြားရင္ေတာ့ ကြၽန္ေတာ္တို႔ သြားရ မဲ့ေနရာနဲ႔ နီးသြားပါၿပီ”
“နီးမွ ပဲ လူေတြလည္း ဟိုက္ေနၿပီ။
ေရွ႕က အပင္ရိပ္ကေလးမွာ နားေနၿပီး ဗိုက္ျဖ
ည့္ၾကမယ္ … ကိုမဲေခါင္ “”ေကာင္းပါတယ္မြန္းတည့္ခ်ိန္ေတာင္ေရာက္ေတာ့မဲ့ဟာပဲ”ႏွစ္ဦးသား အရိပ္ေကာင္းသည့္ ေနရာသို႔ေလွ်ာက္သြားၾကၿပီး ပခုံး၌ သိုင္းလာခဲ့ေသာ
ခ်လိုက္ၾကၿပီးေက်ာပိုး အိတ္မ်ားကို ေျခပစ္လက္ပစ္ ထိုင္ခ်လိုက္ၾကသည္ ။ “အားပါး … ေျခသလုံးေတြဆိုတာ ေတာင့္ တင္းေနတာပဲ။ ကံေကာင္းလို႔ ႂကြက္မတက္ တယ္”
သည္ သို႔ေျပာဆိုၿပီး သကာလ ကိုလွတင္ က ေရသန႔္ဘူးတစ္ဘူးကို ထုတ္ယူၿပီး အဖုံးဖြ င့္ကာ တဂြပ္ဂြပ္ႏွင့္ အားပါးတရ ေမာ့ခ်လိုက္သည္

“ကြၽန္ေတာ့္တစ္သက္
ေသာက္ခဲ့ဖူးသေလာက္ ေရထဲမွာ ေတာ့ သည္ ေရဟာ
အခ်ိဳဆုံးပဲ ကိုမဲေခါင္”ဟုတ္ပါလိမ့္မည္။ လြန္စြာမွ လိုလားေန ေသာအရာကို လိုအပ္ခ်ိန္၌ ရရွိလိုက္ျခင္း သည္ အဖိုးထိုက္ အဖိုးတန္ျဖစ္ေလသည္တကား။

 

ကိုလွတင္က ထိုသို႔ေျပာဆိုၿပီး ေရသန႔္ဘူး မွ လက္က်န္ေရျဖင့္ သူ႔လက္ကို ေလာင္း လိုက္သည္ ။ ၿပီးေလေသာ္ သူ႔ကိုယ္တာ ဒံေပါက္ထုပ္ကို ဖြင့္ေလေတာ့သည္ ထမင္းစားခ်ိန္ေရာက္ေလၿပီ ျဖစ္သည့္ အတြက္ … ကိုမဲေခါင္သည္ လည္း သူ႔ ေက်ာပိုးအိတ္ထဲမွ ေရသန႔္တစ္ဘူးႏွင့္ ဒံေပါက္ထုပ္ကို ထုတ္ယူလိုက္ သည္ ။
ထိုခဏ …

မလွမ္းမကမ္းဆီမွ
ရဟန္းအိုႀကီးတစ္ပါး
သည္ သပိတ္ကိုလြယ္လ်က္ ၎တို႔ ရွိရာ
ဘက္သို႔ တစ္လွမ္းခ်င္းဆိုသလို ႂကြျမန္းလာ
ေနခဲ့သည္ ။ ခရီးစဥ္တစ္ေလွ်ာက္ လူရိပ္လူ ေယာင္ တစ္ေကာင္ တစ္ၿမီးမွ မေတြ႕မျမင္ခဲ့ ၾကရ၍ ယခုလိုမ်ိဳး ရဟန္းတစ္ပါးကို ေတြ႕ ျမင္လိုက္ရသည့္ အတြက္ ႏွစ္ေယာက္ ပါးစပ္အေဟာင္းသားႏွင့္ ေငးၾကည့္ေနမိၾက
ေလသည္ ။သားထိုစဥ္မွာ ပင္ ရဟန္းအိုႀကီးသည္ ၎င္တို႔ ႏွ င့္ တျဖည္းျဖည္း နီးကပ္လာခဲ့ၿပီ ျဖစ္၏။
“ဗ်ိဳ႕ .. ကိုလွတင္။ သည္ ရဟန္းအိုႀကီးကို
ၾကည့္ရတာ ဆြမ္းရေသးဟန္မတူဘူး။ ခင္ဗ်ားနဲ႔ ကြၽန္ေတာ္ တစ္ေယာက္တစ္ဝက္စီ ခြဲၿပီး ဆြမ္းေလာင္းလိုက္ၾကရင္ ေကာင္းမလား
“ဟ

အဲသလို ကိုယ္စားေသာက္ရမဲ့ထဲက
တစ္ဝက္စီခြဲၿပီးေလာင္းလိုက္ရင္ … သူ
ကေတာ့ ဝဝလင္လင္ စားရၿပီး … ကြၽန္ေတာ္ တို႔ ကေတာ့ .. ဟိုမဝ သည္ မဝနဲ႔ … ဟပ္ ေကာ့ႀကီးျဖစ္ေနမွာ ေပါ့။ ကြၽန္ေတာ္ကေတာ့ ခြဲေလာင္းဖို႔ စိတ္ကူးမရွိဘူးဗ်ာ။ ကိုင္း
ကြၽန္ေတာ္စားေတာ့မယ္”
ေျပာေျပာဆိုဆိုႏွင့္ ပင္

ကိုလွတင္ကသူ႔ဒံေပါက္ထုပ္ကို ဖြင့္လိုက္သည္ ။ ဇီယာ၊
ကရေဝး၊ ဖာလာ၊ သစ္ၾကမ္းပိုး၊ မဆလာ အစရွိသည့္ ဒံေပါက္ရနံ႔က ေထာင္းခနဲပ်ံ႕ လာေလေတာ့ ကိုမဲေခါင္ .. ကိုယ္တိုင္လည္း လည္ေခ်ာင္းေတြသီးလာခဲ့ေလသည္ ။ ကိုလွတင္ ၾကက္ေပါင္လဲ့ေနသည္ ကိုက အားရ စရာႀကီး။ သည့္ အတြက္ ကိုမဲေခါင္ခမ်ာ လုခနဲ တံေတြးၿမိဳခ်မိျပန္ေတာ့၏။ “ငါ … ဘာလုပ္ရင္ .. ေကာင္းမလဲ” “ငါ … ဘာလုပ္ရင္ … ေကာင္းမလဲ”

“ငါ … ဘာလုပ္ရင္ … ေကာင္းမလဲ”

ေရွ႕တူ႐ူ မလွမ္းမကမ္း၌ မ်က္လႊာကိုခ် လက္ စကၡဳဣေျႏၵျဖင့္ ရဟန္းအိုႀကီးသည္ သပိတ္ကို ပိုက္ကာ ရပ္လ်က္ရွိ၏။ သည္ အေနအထားက ရဟန္းအိုႀကီးအေနျဖင့္

ဆြမ္းကိစၥ
မၿပီးေျမာက္ေသး ေၾကာင္း
သြယ္ဝိုက္၍ သက္ေသျပေနသလိုပင္။ ကိုလွ
တင္ကို တိမ္းငဲ့ၾကည့္ေတာ့ ရဟန္းအိုႀကီး၏
အျဖစ္ကို ေယာင္၍ မွ်ပင္ တိမ္းငဲ့ၾကည့္မေန
ဘဲ အစာကိုသာ တစ္လုတ္ၿပီးတစ္လုတ္ သြပ္ေနေလသည္ ။
သည္ မွာ တင္ ကိုမဲေခါင္အဖို႔ ပိုင္ႏိုင္ ျပတ္သားစြာ ဆုံးျဖတ္ခ်က္ခ် လိုက္ေလေတာ့၏။
ထိုင္ေနရာမွ ထလိုက္သည္ ။ ၿပီးေတာ့သူႏွင့္ အတူ ဒံေပါက္ထုပ္၊ ေရပုလင္း၊ ေကာ္ ေရခြက္ တစ္ခြက္တို႔ ပါသြားသည္ ။ ရဟန္းအိုႀကီးအပါး ေရာက္ေလေသာ္ ဒူးတုပ္ထိုင္ ကာ ႐ို႐ိုေသေသ ဝတ္ျဖည့္ လိုက္ၿပီး

“အရွင္ဘုရား တပည့္ေတာ္ ဆြမ္းနဲ႔ ေရၾကည္ ကပ္ပါရေစဘုရား”
“သာဓု … သာဓု … သာဓုပါဒကာ”
ရဟန္းအိုႀကီးက
ေပးလိုက္သည္ ၊
သပိတ္အဖုံးကိုဟ
အို … ကိုမဲေခါင္ ထင္ထားသည့္ အတိုင္းပါ ပဲလား။ သပိတ္ထဲ၌ မည္သည့္ ဆြမ္းမွ်မရွိ။ ယုတ္စြ အဆုံး ေရဆြမ္းပင္မရွိ။
ကိုမဲေခါင္လည္း ၫြတ္ႏူးေသာ စိတ္ႏွလုံး ျဖင့္ ဒံေပါက္ထုပ္ကို သပိတ္အတြင္းျဖည္၍ ေလာင္း ထည့္လိုက္သည္ ။ သပိတ္အဖုံးကို ပိတ္ေလေသာ္ အဖုံးေပၚသို႔ ေရသန႔္ဘူးႏွင့္

ေကာ္ေရခြက္ကို ကပ္လိုက္ျပန္ေလသည္

“လိုအပ္ေသာဆု၊ ေတာင့္တအပ္ေသာ ဆု

ေတြအားလုံး ျပည့္ျပည့္ဝဝ ရရွိခံစားႏိုင္ပါေစ
“ေပးတဲ့ ဆုနဲ႔ ျပည့္ပါေစဘုရား”
ရဟန္းအိုႀကီးက ကိုမဲေခါင္ကို ဆုေပးၿပီး
ေတာအုပ္အတြင္းဝင္ေရာက္ေပ်ာက္ကြယ္
သြားေလ ေတာ့သည္ ။ ထိုဒဂၤဝယ္ ကိုမဲ ေခါင္အဖို႔ ဆာေလာင္မႈေတြကို ေမ့ေလ်ာ့ေနခဲ့
ေလသည္”ကိုင္း … ဘယ္လိုလဲ၊ ကိုယ္စားေသာက္ဖို႔ အတြက္ ကိုယ့္ဘာသာတိုင္းတာ ယူလာခဲ့တာ

ခုလို သူတစ္ပါးကို ေပးလိုက္ေတာ့ ဒုကၡေရာက္ၿပီ မဟုတ္လား။ အဲဒါ သင္ခန္းစာပဲ ကိုမဲေခါင္ … ကိုယ့္မွာ ပိုလွ်ံမႈ
မရွိရင္

ဘာတစ္ခုမွ မထြက္တာ
အေကာင္းဆုံးပဲဗ်။ ခင္ဗ်ားဆာလည္း .. ေရ
ပဲ ေသာက္ေပေတာ့”
“ရပါတယ္ ကိုလွတင္။ ကြၽန္ေတာ့္မွာ

ဆာေလာင္စိတ္ေတြ မရွိေတာ့ဘူးဗ်ာ၊ လႉရ တန္းရတဲ့ စိတ္ေၾကာင့္ ၾကည္ႏူးပီတိစိတ္ ေတြ အလွ်ံေဝၿပီး မဆာေတာ့ဘူး”
“အဟင္း … ဟင္း … ခင္ဗ်ားလည္း ႐ူးေန ေသးတာပဲ။ ကိုင္း .. သြားၾကမယ္ဗ်ာ။ ညေန မေစာင္းခင္ သြားရမဲ့ေနရာကိုေရာက္မွ … ႏို႔ မဟုတ္ရင္ ဒုကၡေရာက္ေနလိမ့္မယ္”
“သြားတာေပါ့ေလ”
ကိုမဲေခါင္က … က်န္ေနေသးေသာ ေရသ
န႔္ဘူးကိုဖြင့္ကာ တစ္ခ်က္မွ်ေမာ့ရင္း အေျဖ
ေပးလိုက္ သည္ၿပီးေလေသာ္
ေက်ာပိုးအိတ္ကို ေကာက္လြယ္လ်က္ ကိုလွ
တင္၏ အေနာက္ဘက္ဆီသို႔ ခပ္သုတ္သုတ္
ကေလး ေလွ်ာက္သြားခဲ့ေလသည္ ။
သည္ ေတာင္က … ေျပသည္ ဟု လည္းမဆိုသာ။ မတ္ေစာက္သည္ ဟု လည္း မဆို ႏိုင္။ မည္သို႔ ဆိုေစ ေတာင္ႀကီးဖဝါးေအာက္ပဲ မဟုတ္လား။
ႏွစ္ဦးသား အေတြးကိုယ္စီျဖင့္ သြားလိုရာ ေနရာသို႔ ေရာက္ရွိဖို႔ အေရး မေႏွးမျမန္
ေလွ်ာက္လွမ္း ေနမိၾကသည္ ။ ေတာင္က …
သစ္ပင္သစ္ရိပ္ သိပ္မရွိသည့္ ေသွ်ာင္ထုံးရန္
လိုအပ္ေသာ ေတာင္ ေခါင္းတုံးျဖစ္ေလသည္
ေတာအုပ္ထဲမွာ ေနပူမခံရသေလာက္ ေတာင္ေခါင္းတုံးေပၚေရာက္ေတာ့လည္း
ေနပူႏွင့္ မဟာမိတ္ျဖစ္ရျပန္ေလသည္

သည္ လိုႏွင့္ အျမင့္တက္လိုက္၊ ေကြ႕လိုက္၊ ပတ္လိုက္၊ ဝန္းလိုက္၊ ဝိုက္လိုက္ ထိုေတာင္ကို … ေအာင္ျမင္စြာ ေက်ာ္လႊား ျဖတ္သန္းခဲ့ၿပီးသည့္ သကာလ ေတာင္ေျခသို႔ ေရာက္ေလေသာ္ ေတာင္ယာ တဲကေလးမ်ား ကို ေတြ႕လိုက္ရ၍ အတိုင္းမသိ ဝမ္းေျမာက္သြားၾကေလသည္ ။ တဲကေလးမ်ား ၏တစ္ဖက္တစ္ခ်က္မွာ ေတာ့ေတာင္ယာစိုက္ခင္းမ်ား

“ကံေကာင္းတာပဲဗ်ိဳ႕၊
အဲသည္ မွာလွည္းငွားလို႔ ရရင္ ငွားသြားၾကမယ္။ ဒါမွ ကြၽန္ေတာ္တို႔ သြားရမဲ့ေနရာကို ေနမေစာင္း
ခင္ ေရာက္မွာ “”ဟုတ္တာေပါ့… ကိုလွတင္”
ကိုလွတင္ကပင္ ဦးေဆာင္လ်က္
ေတာင္ေျခတဲစုကေလးထံဝင္သြားကာ စကားေျပာဆို ေလသည္ ၊
“ဟန္က်ၿပီဗ်ိဳ႕ ကြၽန္ေတာ္သြားမဲ့ဆီကို

လွည္းနဲ႔ လိုက္ပို႔မယ္တဲ့ ။ ေတာင္းတဲ့ ေဈးက လည္း မဆိုးဘူးဗ်”
“ကိုင္း …. ဒါဆိုလည္း သြားၾကတာေပါ့ ကို လွတင္ရယ္”
ေျပာေျပာဆိုဆိုႏွင့္ လွည္းေရာက္လာသည္

သည္ ေတာ့လည္း … ႏွစ္ဦးသား လွည္း ေပၚတက္လိုက္ၾကေလသည္ ။ ထိုအခါတြင္
လွည္းဆရာ လည္း သူတို႔ သြားလိုရာခရီးသို႔ ခပ္သြက္သြက္ကေလး ေမာင္းႏွင္လ်က္ ရွိ
ေလသည္ပတ္ဝန္းက်င္ ဝဲယာဝယ္
ေတာင္ယာစိုက္ခင္းမ်ား ႏွင့္ အတူ သစ္ရိပ္ ဝါးရိပ္ေတြက စိမ္းစိမ္းစိုစို။ သည္ လိုႏွင့္ လွည္းက … သူတို႔ သြားလိုရာေနရာအပါး ေရာက္လာသည္ ။ ထိုစဥ္မွာ ပင္ မေမွ်ာ္လင့္ ေသာ ပုံရိပ္တစ္ခုက ကိုမဲေခါင္ ၏ မ်က္ဝန္း
ကားခ်ပ္ေပၚ ထင္ဟပ္လာသည္ ။
“ဟာ
ကြၽန္ေတာ္ဆြမ္းေလာင္းခဲ့တဲ့
ရဟန္းအိုႀကီး … ရဟန္းအိုႀကီး ေတြ႕လား ကို
လွတင္၊ ဟိုး ေရွ႕မွာ ‘”ဟုတ္ပါရဲ႕ … ကိုမဲေခါင္ ကြၽန္ေတာ္တို႔လိုသန္သန္မာမာဖ်တ္ဖ်တ္လတ္လတ္ေတြထက္ ေတာင္ ေရွ႕က ႀကိဳေရာက္ေနတယ္ဆိုေတာ့ အံ့ဩစရာပဲ””ဗ်ိဳ႕ … လွည္းဆရာႀကီး၊ ေဟာဟို ဘုန္း ေတာ္ႀကီးနားေရာက္ရင္
ေပးပါဗ်ာ””စိတ္ခ်ပါ ဆရာ”
ခဏေလာက္ရပ္လွည္းဆရာက တစ္လွမ္းခ်င္းေ႐ြ႕လ်ားေနေသာရဟန္းအိုႀကီးအပါးေရာက္ေတာ့
လွည္းကို ရပ္တန႔္ေပးလိုက္သည္ ။ ရဟန္းအို
ႀကီးသည္ သူ႔နံေဘး၌ တအီအီျဖင့္ လွည္း
ဝင္႐ိုးပြတ္သံကို ၾကားရပါ လ်က္ အမႈထား
ဟန္မတူ။ ပတ္ဝန္းက်င္ရွိ မည္သည့္
အသံဗလံမွ်ျဖစ္ေစ သူ႔အာ႐ုံသို႔ အဝင္မခံဘဲ
ပထုတ္ ေလသလား။
ကိုမဲေခါင္သည္ လွည္းေပၚမွ ဆင္းကာ
ရဟန္းအိုႀကီးအပါးသြားေရာက္ၿပီး ဝတ္ျဖည့္လိုက္သည္ ။

“အရွင္ဘုရား … အရွင္ဘုရားထက္ တပည့္ေတာ္တို႔က
ေရွ႕ကသြားပါလ်က္နဲ႔အရွင္ဘုရားက ေရွ႕က ႀကိဳေရာက္ေနတာ အံ့ အားသင့္စရာ ေကာင္းလွပါတယ္ ဘုရား”

“မအံ့ၾသပါနဲ႔ ဒကာ။ ဘုန္းႀကီးက ျဖတ္လမ္းကႂကြလာတာမို႔ ျဖစ္မွာ ပါ ….” “တင္ပါ့ဘုရား … ေရွကို ဘယ္ဆက္မွာ လဲ ဘုရား၊ လွည္းေပၚႂကြေတာ္မူပါ ဘုရား” “သည္းခံပါ ဒကာ … ဘုန္းႀကီးက ဘယ္ ယာဥ္ရထားကိုမွ အသုံးမျပဳဘဲ သလုံးသား ကို အားျပဳ ဖို႔ ရာ ဓူတင္ေဆာင္ထားလို႔ ပါ။ ဘုန္းႀကီးဆက္မဲ့ခရီးကေတာ့ သံသရာ ထြက္ရပ္လမ္းပါပဲ။ ကိုင္း … ဒကာတို႔ လည္း ခရီးဆက္ၾကေပတာ့။ ေကာင္းက်ိဳးလိုရာဆႏၵ ျပည့္ဝၾကပါေစ”

“သာဓု … သာဓု … သာဓုပါဘုရား”
သည့္ ေနာက္မွာ ေတာ့ … ကိုမဲေခါင္ လည္း လွည္းေပၚတက္လိုက္ရေတာ့သည္ ။

လွည္းက ရဟန္းအိုႀကီးကို ေက်ာ္ျဖတ္ သြားခဲ့သည္ ။ လွည္းဆရာႏွင့္ ကိုလွတင္တို႔ က မၾကာခင္ ေရာက္ရွိေတာ့မည့္ စခန္းရွိရာ အေရွ႕သို႔ လွမ္းၾကည့္ေနၾကသည္ ။ ကိုမဲေခၚ ကမူ ဖူး၍ မဝႏိုင္ေသာ ရဟန္း အိုႀကီးအား သမင္လည္ျပန္ တိမ္းငဲ့ၾကည့္ေလေသာအခါ
အံ့ၾသဖြယ္ေကာင္းေလာက္ေအာင္ပင္ ရဟန္း
အိုႀကီး၏ အရိပ္အေယာင္ကို လုံးဝမျမင္ရ
ေတာ့။
***
ကိုမဲေခါင္က
သူႀကဳံေတြ႕ရေသာ
အျဖစ္အပ်က္ကို ခင္းက်င္းေျပာဆိုေနသည္ မိမိကမူ နားေထာင္သူ သက္သက္။
“အဲသည္ ေနာက္ စခန္းကအျပန္ …

ရန္ကုန္မွာ ရွိတဲ့ မိခင္ဌာနရင္းကို ျပန္ေရာက္

တယ္။ ေရာက္ေရာက္ခ်င္းပါပဲ။ လမ္းေဘးထီ သည္ ေလးက ဆယ္ေစာင္တြဲထီတစ္အုပ္ကို လာေရာင္းတာနဲ႔ ကြၽန္ေတာ္လည္း ထီေပါက္ ရင္ ေကာင္းမွာ ပဲ၊ငါ ဝါသနာပါတဲ့ ပရိေဘာဂစက္႐ုံေထာင္မယ္ဆိုၿပီး မတန္မ ရာစိတ္ကူးနဲ႔ ထီ(၁၀)ေစာင္လုံး ထိုးလိုက္ပါ တယ္။

အံ့ၾသစရာပဲ စာေရးဆရာေရ။ ထီထိုးၿပီးတဲ့ ညမွာ ပဲ အိပ္မက္ထဲမွာ ရဟန္းအိုႀကီးေပၚ လာၿပီး “လိုအားအပ္ေသာဆု၊ ေတာင့္တအပ္ ေသာဆုေတြ တစ္လုံးတစ္ဝတည္းရရွိပါ ေစ’ ဆိုတဲ့ အသံကို ၾကားလိုက္ရတယ္။ အဲသည္ အိပ္မက္ဟာ ထီဖြင့္ေတာ့မဲ့ရက္ အထိပဲ။

အဲ .. ထီစဖြင့္တဲ့ ေန႔မွာ တင္ပဲ။ ကြၽန္ေတာ္ ထိုးထားတဲ့ ထီဆယ္ေစာင္မွာ တစ္ေစာင္ဟာ အႀကီးဆုဝင္သြားတယ္။ က်န္တဲ့ (၉)ေစာင္စလုံးလည္း ဆုႀကီးေတြထဲဝင္တာပါပဲ။ အဲသ ည့္ ထီ (၁၀) ေစာင္ေၾကာင့္ ဝန္ထမ္းဘဝက ႏႈတ္ထြက္လို႔ ကြၽန္ေတာ္လိုလားေတာင့္တခဲ့ တဲ့ ပရိေဘာဂစက္႐ုံပိုင္ရွင္ ျဖစ္ခဲ့တယ္ ဆိုပါ ေတာ့။ အမွန္ေတာ့ ထီ(၁၀)ေစာင္ေၾကာင့္ ကြၽန္ေတာ့္ဘဝ ေျပာင္းလဲသြားတာ မဟုတ္ပါ ဘူး။ သီလသမာဓိရွိတဲ့ ရဟန္းကိစၥၿပီးေနၿပီ လို႔ ကြၽန္ေတာ္ထင္တဲ့ ရဟန္းအိုႀကီးအေပၚ ေစတနာသဒၵါ စိတ္နဲ႔ ဆြမ္းတစ္နပ္ ကပ္လႉခဲ့ ရတဲ့ ကုသိုလ္အဖိုးဘာဂေၾကာင့္ ပဲ ျဖစ္မွာ ပါ
စာေရးဆရာ”ကိုမဲေခါင္ကသူ႔ဇာတ္ေၾကာင္းကို
အနားသတ္ခဲ့ေလၿပီ။မိတ္ေဆြႏွစ္ဦး ခရီးသြားခဲ့ၾက၏။ ယခု
တစ္ဦးျဖစ္ေသာ ကိုမဲေခါင္က က်ိက်ိတက္ ခ်မ္းသာ၏။ သူက ကုသိုလ္အဖို႔ ဘာဂေၾကာ င့္ ဟု ဆိုသည္ ။ ကုသိုလ္ဒါနနည္းေလေသာ၎၏ လုပ္ေဖာ္ကိုင္ဖက္ ကိုလွတင္ကေတာ့ ယခုေလာက္ဆို လုပ္သက္ျပည့္ပင္စင္ ေလာက္ၿပီထင္သည္ ။ဗ်”ရ
“ဒါထက္ ခင္ဗ်ားမိတ္ေဆြ ကိုလွတင္ေကာ
“ဪ ကိုလွတင္လား။ မၾကာခင္ စာေရးဆရာနဲ႔ ကြၽန္ေတာ့္ကိုလာႀကိဳပါလိမ့္ မယ္”
“ဒါ … ဒါဆို … သူက…”
“သူက … လုပ္သက္ျပည့္အၿငိမ္းစားယူၿပီး ကြၽန္ေတာ့္ဆီမွာ ဒ႐ိုင္ဘာ ဝင္လုပ္ေနတာ
ေလ။ေလာကႀကီးကား သူ႔ဘာသာသူ တည္ၿငိမ္ စြာ ရွိေနပါေသာ္ျငား စိတ္ဓာတ္ အသြယ္သြယ္၊ လုပ္ရပ္အမယ္မယ္တို႔ ေၾကာင့္ ဆန္းၾကယ္လွသည္ ဟု မွတ္ယူခံေနရေလတကား။