“အပျိုစင်လည်ချောင်းသွေး”(စ/ဆုံး)

Unicode Version

“အပျိုစင်လည်ချောင်းသွေး”(စ/ဆုံး)
——————————————-
ကန်တောင်ကျေးရွာ၏အနောက်ဘက်တောအုပ်ကြီးထဲတွင် အပျိုဖော်ဝင်ပြီဖြစ်သော မိန်းမငယ်သုံးယောက်က ပလိုင်းကိုယ်စီဖြင့် တောထဲသို့ ဝင်လာခဲ့သည်။ မျှစ်စို့များကို ရှာရန်လာခြင်းဖြစ်သည်။ ထိုမိန်းမငယ်သုံးယောက်မှာ တောထဲမှထွက်သည့် ဟင်းစားများကို အမြဲရှာဖွေနေကြသူများဖြစ်သဖြင့် ဤတောဤတောင်သည် သူတို့အဖို့ ပျော်ဖွယ်ကောင်းသော နေရာတစ်ခုအဖြစ် သတ်မှတ်ကြကာ အကြောက်အလန့်မရှိသွားလာကြသည်။

” ဟဲ့စိုးစိုးတို့ရှေ့နား ဝါးရုံလောက်ဆို ရွာကလူတိုင်းရောက်ဖူးနေလို့မျှစ်စို့တွေ မရှိလောက်တော့ဘူးဟ…”

” ရှိမှာပါခုတလောရွာကလူတွေ အလုပ်များနေလို့ တောဘက်မရောက်ကြပါဘူး…”

” ဘာကိစ္စမရောက်ရမှာ ဟိုနေ့ကဘဲမကြီးလှချိုတို့အုပ်စု တောတက်ပြီးမျှစ်စို့လာရှာတာ အများကြီးရတယ်…”

” အသစ်တွေထွက်မှာပေါ့ဟဲ့…ဒီတောထဲမှာ ဝါးရုံကအများကြီးဘဲကို တို့တွေလုံလုံလောက်လောက်ရမှာပါ…”

မိန်းမငယ်သုံးယောက်က ပြောပြောဆိုဆိုဖြင့် တောထဲရှိလမ်းငယ်လေးအတိုင်း တက်သွားကြ၏။ တောထဲသို့ အတော်အတန်ဝင်မိသောအခါ ဝါးရုံတောဘက်သို့ရောက်လာကြသည်။ ထိုတောထဲတွင် ဝါးရုံတောက မင်းမူထားသဖြင့် အခြားသစ်ပင်တို့မရှိ။ မိုးဦးရာသီဖြစ်သဖြင့် ဝါးရုံအောက်ရှိ မျှစ်စို့နုနုလေးတို့မှာ မြေပေါ်သို့ထိုးထိုးထောင်ထောင်ထွက်ပေါ်နေသည်။

” ဟာမျှစ်စို့တွေအများကြီးဘဲဟ….”

” ဟုတ်ပါ့တို့တွေ လိုသလောက်ယူကြရအောင်…”

” မျှစ်စို့လေးတွေနုထွတ်နေတာဘဲ….ဟေး…ဟေး…”

မိန်းကလေးငယ်သုံးယောက်မှာ ဝါးရုံများ၏ အောက်ခြေမှ မျှစ်စို့များကို မြင်လိုက်ရသောကြောင့်အမောပြေကာ အလွန်ပျော်ရွှင်သွားကြသည်။ ပါလာသောမျှစ်ထိုးသည့်ဓားကိုထုတ်ယူကာ မျှစ်စို့၏ အောက်ခြေအရင်းမှထိုးကလော်ကာ မျှစ်စို့များကိုတူးယူသည်။ ရလာသောမျှစ်စို့များကို အခွံကြမ်းများခွာပြီး ပါလာသောပလိုင်းထဲထည့်သည်။ မ်ွစ္မ်ားကိုသာ မဲကာချိုးယူနေသော မိန်းမငယ်လေးသုံးယောက်မှာ တစ်ယောက်နဲ့တစ်ယောက်သတိမထားမိကြချေ။ မျှစ်စို့များလုံလောက်အောင်ရလောက်သောအခါ အသံပြုပြီး လူစုကြသည်။ သို့သော် သူတို့သုံးယောက်ထဲမှ ထားခင်ဆိုသည့်မိန်းမငယ်လေးက ပေါ်မလာသေးချေ။

ထားခင်သည် စိုးစိုးနှင့်ပူစူးမတို့်မျှစ်စို့ချိုးယူနေသည့်အနားမှအနည်းငယ်ဝေးရာ ဝါးရုံပင်အောက်သို့ သွားကာချိုးယူသည်။ ထိုဝါးရုံပင်အောက်ရှိမျှစ်စို့မှာတခြားဝါးရုံပင်အောက်ရှိ မျှစ်စို့များထက် ပိုများသည်။ သို့ကြောင့် သူမလည်း ပလိုင်းကိုဘေးချပြီး ဓားတစ်ချောင်းဖြင့် မျှစ်စို့လေးများကို ဂရုတစိုက်ချိုးယူ၏။ များမြောင်လှသော မျှစ်စို့များကြောင့်သူလည်း ပတ်ဝန်းကျင်ကိုသတိမထားမိချေ။ သူ၏အနောက်ဘက်ဝါးရုံကကွယ်တွင်ကား ကိုးတောင်ကျားကြီးတစ်ကောင်သည် သူ့အားချောင်းမြောင်းကြည့်ရှုနေ၏။ ထားခင်လည်း ချိုးယူထားသောမျှစ်စို့များကို အခွံခွာရန်အတွက် အကျအနထိုင်လိုက်သည်။ ထိုအချိန် သူမမြင်လိုက်သည်ကား အဝါရောင်အစင်းကြားများဖြင့် အလွန်ကြီးမားသော ကျားကြီးတစ်ကောင်။ ထိုကျားကြီးသည် သူ့ထံသို့တလှမ်းချင်းတိုးဝင်လာရင်း မာန်ဖီနေသည်။
ထားခင်သည် မိမိရှေ့မှကိုးတောင်ကျားကြီးက မာန်ဖီကာလာနေသောကြောင့် အနောက်သို့တဖြေးဖြေးချင်းဆုတ်သည်။ လက်ထဲတွင်ကိုက်ထားသော မျှစ်ချိုးသည့်ဓားကို ကျားကြီးဖက်ချိန်ရွယ်ရင်း ထွက်ပြေးရန်ပြင်၏။ သို့သော်သူ၏ ပြေးလမ်းကား ဝါးပင်တို့ရှုပ်ထွေးစွာပေါက်နေသဖြင့် သူမပြေးဖို့မလွယ်ချေ။ ကျားကြီးလည်း သူ့ကိုတချက်မျှပင်အလွတ်မပေးချေ။ သူမက အနောက်သို့ဆုတ်လာရင်း အနောက်ရှိကျောက်တုံးကို တိုက်မိကာ လဲကျသွားသည်။

” ဟာအရေးထဲ….ရှူး…သြား…သြား….”

သူမလဲကျသွားပြီး ပြန်ထရန်လုပ်စဉ်ကျားကြီးက သူမအားခုန်အုပ်ရန်ရွယ်သည်။ သူမလည်း လက်ထဲမှကောက်မိကောက်ရာ ကောက်ထားသော ကျောက်တုံးဖြင့် ကျားကြီးကိုပစ်ပေါက်သည်။

” ဝွီး….ဒုတ်….”

လက်တဆုပ်သာသာကျောက်တုံးက ကျားကြီး၏ နဖူးတည့်တည်သွားမှန်သည်။ ကျောက်တုံးမှန်သွားသောကြောင့် ကျားကြီးက ခေါင်းတစ်ချက်ရမ်းကာ ဟိန်းလိုက်သည်။

” ဝေါင်း….ဝေါင်း…. ဝေါင်း….”

သူသောအသံနှင့်အတူ ချွန်မြသောကျားကြီး၏ အစွယ်ဖွေးဖွေးကို နောက်ဆုံးသူမမြင်လိုက်ရသည်။ ထားခင်၏ကိုယ်လုံးလေသည် ကိုးတောင်ကျားကြီး၏ ပါးစပ်သို့ဒရွတ်တိုက်ပါသွားတော့သည်။

စိုးစိုးနှင့်ပူစူးမနှစ်ယောက်က ထားခင်ကိုအတန်ကြာအော်အသံပြုကာခေါ်သော်လည်း ထားခင်ကရောက်မလာခဲ့ချေ။

” ဘယ္လိုလုပ္မလဲပူစူးမ ပြန်ချိန်ရောက်နေပြီ ထားခင်ကရောက်မလာသေးဘူး…လာတို့တွေ ဝါးရုံပင်တွေအောက်လိုက်ရှာကြရအောင်….ဒီကောင်မ မျှစ်စို့ကောင်းတွေတွေ့ပြီး အိမ်ပြန်ချိန်မေ့နေတာထင်…”

” ဟုတ်ပါ့… လာစိုးစိုးတို့တွေသွားရှာကြမယ်…”

ဆိုကာနှစ်ယောက်သား ဝါးရုံတောထဲသို့ဝင်လာ၏။

” ဟဲ့စိုးစိုး… ဒါထွေးခင်ရဲ့ပလိုင်းဘဲ…ဟုတ်တယ် ဒီမှာသူချိုးထားတဲ့မျှစ်စို့လေးတွေ..”

” ပလိုင်းကိုဒီမှာထားခဲ့ပြီး သူကဘယ်ရောက်နေတာ…”

” လက်ခေါက်မှုတ်ပြီးခေါ်လိုက်ပူစူးမ…အချိန်သိပ်မရှိတော့ဘူး…”

” ဝစ်….ဝူး……ဝူး….”(လက်ခေါက်မှုတ်သံ😁)

ပူစူးမကအတော်ကြာအောင် လက်ခေါက်မှုတ်ပြီးခေါ်သော်လည်းထားခင်က ရောက်မလာသေးချေ။

” ဒီကောင်မတို့်ကိုစနေတာများလားဟ…ကြည့်စမ်းသူု့ပလိုင်းထဲကမျှစ်တွေကျဲပြန့်နေတာ…မဟုတ်မှလွဲရော ထားခင်တစ်ခုခုဖြစ်နေတာများလား….”

” ဟဲ့နင်ကလည်း ပေါက်ကရတွေ…”

သူငယ်ချင်းနှစ်ယောက်က ထားခင်အတွက်စိတ်ပူသွားကြသည်။ တနေရာသောဝါးရုံပင်အောက်တွင်ကား

” စိုးစိုး…ဒီမှာကြည့်စမ်းဒါက ထားခင်ရဲ့မျှစ်တူးတဲ့ဓားဘဲဟ…ဟင်…ဒီဝါးရွက်ပေါ်မှာသွေးစက်တွေ…ဘုရားဘုရား…ထားခင် ဒုက္ခရောက်ပြီထင်တယ်…”

” ငါတို်အမြန်ပြန်မှဖြစ်မယ်ပူစူးမ…ဒီတိုင်းဆို ထားခင်ဒုက္ခရောက်တာသေချာနေပြီ….”

စိုးစိုး နှင့်ပူစူးမတို့ ထားခင်ကိုစိတ်ပူူသွားပြီး ရွာသို့အမြန်ပြန်လာကာ လူကြီးများကိုပြောပြ၏။ ထားခင်၏မိဘများလည်း သမီးလေးကို စိတ်ပူသွားပြီး တောဘက်သို့လိုက်တက်သွားကြသည်။

တောနက်ကြီးအလယ်ရှိတဲကြီးတစ်ခုအတွင်းဝယ် လူတစ်ယောက်သည် နီရဲနေသောသွေးများထည့်ထားသည့် ခွက်ကိုကိုင်မြှောက်ပြီး တစ်ခုခုကိုပူဇော်ပသနေသည်။ ထိုစဉ်ကျားကြီးသည် ကိုက်ချီလာသော
မိန်းခလေးကိုမြေပေါ်ပစ်ချပြီး ကျားဟိန်းသံတချက်ပြုလုပ်ကာ သစ်ပင်အောက်မှချထားသော အဝတ်စကိုငုံ့ကာနမ်းလိုက်သည်။ ထိုအခါ အဝါရောင်အစင်းကျားပါသော ကိုးတောင်ကျားကြီးသည် တဖြေးဖြေးဖြင့် လူသားတစ်ယောက်သဏ္ဍာန်ဖြစ်လာသည်။

ခန္ဓာကိုယ်မှကြမ်းရှလှသော အမွေးအမျှင်များ တဖြေးဖြေး ပျောက်သွားပြီး လူသားယောကျာ်းစင်စစ်ဖြစ်သွားသည်။ ထိုလူ၏ ရင်ဘတ်မှာ မာန်ဖီနေသောကျားရုပ်တက်တူးထိုးထားသည်။ သူ့ရင်ဘတ်မှ ကျားရုပ်မှာ အလွန်အသက်ဝင်လှသည်။ ထိုလူသည် မြေပေါ်ရှိ အဝတ်အစားကိုကေကာက်ယူကာ ဝတ်ဆင်ပြီး စောစောကကိုက်ချီလာသော မိန်းကလေးကိုပွေ့ယူကာ တလာပတ်စများဖြင့် မိုးကာထားသောတဲကြီးထဲသို့ ဝင်သွားသည်။

” စတုတ္ထမြောက်အပျိုစင်စနေစမီးပါဆရာ…”

ထိုလူသည် တဲထဲသို့ရောက်လျှင် ချီမထားသောမိန်းကလေးကို အောက်သို့ချကာ သူကိုယ်တိုင်ကားဒူးထောက်ပြီး သူ့အရှေ့မှ လူကြီးကို တရိုတသေလျှောက်သည်။ ထိုရှေ့မှလူကြီးက လက်မှကိုင်ထားသော ခွက်ကိုချပြီး လူငယ်ဘက်လှည့်လာကာ

” မင်းသိပ်တော်တယ်အောင်ဒင်…ငါ့ပညာနောက်ဆုံးအဆင့်အောင်မြင်သွားရင် ငါ့ကိုအကျိုးဆောင်ခဲ့တဲ့မင်းလိုသစ္စာရှိတဲ့လူကို ပညာအဆင့်ကောင်းကောင်းတိုးပေးမယ်…”

” ကျေးဇူးတင်ပါတယ်ဆရာ…”

” အေး…ဒါနဲ့ဒီမိန်းကလေးအသက်ရှင်သေးရဲ့လား…ငါ့ရဲ့နတ်ဆိုးသခင်က အရှင်လတ်လတ်လူသားရဲ့သွေးမှကြိုက်တာမင်းသိတယ်နော်….”

” သိ…သိပါတယ် ဆရာ…ကောင်မလေးကမသေသေးဘူး…ခဏသတိလစ်နေတာပါ….”

” ဟား…ဟား…ဟား…ကောင်းတာပေါ့ကွာသတိလစ်နေတော့ ပိုကောင်းတာပေါ့…ကဲကေလးမကို ယဇ်ကျောက်တုံးပေါ်တင်လိုက်ပါ….ဒါနဲ့သူကအပျိုစင်စနေသမီးသေချာပါတယ်နော်…”

” သေချာပါတယ်ဆရာ…အပျိုစင်စနေသမီးပါ…”

” အေးအေးဒါဆိုအချိန်မလင့်ခင် ကိစ္စတုံးလိုက်ကြရအောင်…”

ရင်ဘတ်တွင် ကျားကြီးရုပ်ပါသောသူက ကြမ်းပြက်မှ သတိလစ်နေသောမိန်းကလေးအား ချီမကာကျောက်ပလ္လက်ယဇ်စင်ထက်သို့ တင်ပြီး ခြေလက်တို့ကို ချည်နှောင်ထားလိုက်သည်။ ပြီးသော် ဆရာဆိုသည့်လူက တစ်ထွာသာသာရှိသော အသွားမြနေသည့် ဓားကိုကိုင်ပြီး ကောင်မလေးအပေါ်ဝေ့ရမ်းလိုက်သည်။ နုတ်မှလည်း မန္တာန်တစ်ပုဒ်ကို မတိုးမကျယ်ရွတ်လိုက်သည်။
ထိုစဉ်ယဇ်စင်ထက်မှ မိန်းကလေးကသတိရလာပြီး လူးလွန့်လာသည်။ ခြေလက်နှစ်ဖက်လုံး ချည်နှောင်ထားသောကြောင့် ထပြေး၍လည်းမရချေ။

” ရှင်ကဘယ်သူလဲ…ငါ့ကိုလွတ်ပေးပါ…အီးဟီးဟီး… ”

မိန်းကလေးငယ်မှာဓားကိုင်ထားသောသူကိုကြည့်ပြီး ကြောက်လန့်နေရှာကာတဟီးဟီးငိုယို၏။

” မငိုပါနဲ့ မိန်းကလေး…ကျွန်ုပ်ကသင့်ကို အေးချမ်းရာအရပ်ပို့ပေးမဲ့သူပါ…”

” လွတ်ပေးပါရှင့်…ကျွန်မတောင်းပန်ပါတယ်…”

ထိုလူကသူ့အားတောင်းပန်တိုးလျှိုးနေသော မိန်းကလေးငယ်အား နည်းနည်းမျှပင်ဂရုဏာမသက်မိဘဲ လက်ထဲမှကိုင်ထားသောဓားဖြင့် မိန်းကလေးငယ်၏ လည်ပင်းကို တိခနဲနေအောင်ဖြတ်လိုက်သည်။

” အား….”

မိန်းကလေးငယ်၏ နာကျင်အော်ဟစ်သံနှင့်အတူ ပြတ်နေသောလည်ပင်းမှ သွေးစိမ်းရှင်ရှင်တို့က ပွက်ခနဲပွက်ခနဲဖြင့် အလုအယက်ပန်းထွက်နေသည်။ မိန်းကလေးငယ်သည် မျက်ဖြူဆိုက်ရင်း ဆန့်တငင်ငင်ဖြစ်ကာ သေဆုံးသွားလေသည်။

ဓားကိုင်ထားသောလူကြီးသည် မိန်းခလေးလည်ပင်းထက်မှ စီးကျလာသောသွေးကို ခွက်ဖြင့်ခံယူလိုက်သည်။ ပြီးသော် မဲနက်နေသောရုပ်ဆိုးအကျည်းတန်လှသည့် ရုပ်တုကို ပက်ဖျန်းလိုက်သည်။

” စနေသမီးအပျိုစင်လည်ချောင်းသွေးကို သောက်သုံးပါ…ပြီးသော်ကျွန်ုပ်ကို အစွမ်းအထက်ဆုံးဖြစ်တဲ့ ကဝေအဆင့်ရောက်အောင်ကူညီပေးပါ….”

ဟူသောစကားကိုလည်းရေရွတ်လိုက်သည်။ အားလုံးပြီးသော် ကျားရုပ်ပါသောလူမှာ ယဇ်စင်ထက်မှ ကောင်မလေး အလောင်းကို သယ်ထုတ်လိုက်သည်။
ထားခင်၏မိဘများနှင့်ရွာသူရွာသားတို့သည် သမီးလေးတို့မျှစ်ချိုးသည့်နေရာကိုရောက်လာပြီး သမီးလေးကိုရှာဖွေသည်။ သို့သော် သမီးလေး၏ အရိပ်အယောင်မျှပင်ရှာမတွေ့တော့ချေ။ တောအတွင်းမှာ လျှင်မြန်စွာပင် မဲမှောင်ပြီး ညအချိန်သို့ဝင်ရောက်လာခဲ့ပြီ။ လူကြီးများလည်း လက်လျှော့ကာ ထားခင်ကိုရှာမရသည့်အဆုံး အိမ်သို့ပြန်လာခဲ့ကြတော့သည်။
ဤသို့ဖြင့်တောထဲမှ ပညာစဉ်တက်နေသောလူကြီးသည် နောက်ဆုံး၌ ပညာစဉ်တက်ရန် စနေသမီးအပျိုစင်တစ်ယောက်၏သွေးဖြင့်ပူဇော်ရန်သာကျန်တော့သည်။ စနေသမီးအပျိုစင်ကို ရှာဖွေရန်တာဝန်ယူရသော အောင်ဒင်သည် ရွာအနှံ့လှည့်လည်ရှာဖွေရင်း သာလွန်းရွာသို့ရောက်လာခဲ့သည်။ စနေသမီးပျိုများ ပျောက်သွားသည့်သတင်းကို ကြားရသောကြောင့် သာလွန်းရွာထဲရှိ စနေသမီးတို့မှာ အိမ်ထဲမှအိမ်ပြင်သို့ပင် မထွက်ရဲကြချေ။ သို့ကြောင့် အောင်ဒင်အတွက် စနေသမီးပျိုရရန်ခက်ခဲသွားတော့သည်။ သို့ကြောင့် တောထဲ၌ကျန်ခဲ့သည့် ပညာစဉ်တက် ပညာသည်မှာလည်း အခက်တွေ့နေသည်။

” နောက်ဆုံးတစ်ယောက်ဘဲကျန်တော့တယ်အောင်ဒင်…စနေသမီးအပျိုစင်ကို ဒီနေ့ရအောင်ရှာလာခဲ့…”

ထိုလူ၏တချက်လွတ်အမိန့်ကြောင့် အောင်ဒင်ကြောက်ရွံ့သွားသည်။ နောက်ဆုံးတစ်ယောက်ဖြစ်သည့်စနေသမီးကို သူဘယ်မှာရှာရမည်မှန်း သူမသိတော့ချေ။

မောင်ရေခဲသည်တရားထိုင်နေရင်း အာရုံထဲ၌ ဆရာသခင်၏ အသံကိုကြားလိုက်ရသည်။

” တပည့်ကြီး…ငါ့တပည့်ကြီးအတွက်တာဝန်ကျလာပြီ… ကန်တောင်ကျေးရွာမှာ စနေသမီးအပျိုစင်သွေးနဲ့ ပညာစဉ်အဆင့်တက်နေတဲ့ကဝေကောင်ရောက်နေတယ်…သူ့ကြောင့်အပြစ်မဲ့မိန်းကလေးငယ်တွေ သေဆုံးသွားကြရပြီ…နောက်ထပ်မဆုံးရှုံးရအောင် သွားပြီးနိုင်နင်းပါ…..”

မောင်ရေခဲ လည်းဆရာသခင်၏အသံကိုကြားလိုက်ရသဖြင့် ပတ်ဝန်းကျင်ရွာမှ ကြားရသော စနေသမီးမိန်းကလေးမိန်းကလေးများပျောက်နေသည်နဲ့ ဆက်စပ်မိသည်။ ပို၍သေချာအောင် စုံစမ်းကြည့်ရာ စနေသမီးပျို စုစုပေါင်း (၆)ယောက်ပင် ပျောက်ဆုံးနေပြီဖြစ်သည်။ တစ်ရွာထဲရှိမိန်းကလေးမှပျောက်သည်မဟုတ်ဘဲရွာအနှံ့ပျောက်နေခြင်းဖြစ်သည်။ အလောင်းအစအနပင်ပြန်မရချေ။ ယခုလာမည့်လပြည့်ညသည် နက္ခတ်တာရာ စုံလင်ပြီး ပညာစဉ်တက်ရန်အကောင်းဆုံးအချိန်ဖြစ်သည်။ သို့ကြောင့် စနေသမီးပျို များကိုလိုက်ဖမ်းသော လူသည် ယနေ့တွင်စနေသမီးပျိူကိုမရရအောင် ရှာဖွေဖမ်းယူလိမ့်မည်ဟု သူတွေးထားသည်။

သို့ကြောင့် သာလွန်းရွာထဲရှိစနေသမီးပျိုများကို ယနေ့အတွင်မည်သည့်နေရာမှမသွားရန် ပြောကာအစီစဉ်ဆွဲနေသည်။ ထိုကဝေကောင်၏နေရာကိုအတိအကျသိရရန် အစာနှင့်မျှားခေါ်ရလိမ့်မည်။ ရွာထဲ၌သတ္တရှိသောစနေသမီးကိုအစာအဖြစ်မျှားခေါ်ရန်လည်း အန္တာရယ်များလွန်းလှသဖြင့် သူအကြံရခက်နေသည်။ သို့ကြောင့် စနေသားဖြစ်သူတပည့်မောင်ထင်ပေါ်ကို မိန်းကလေးအဖြစ်ပြင်ဆင်ပေးလိုက်ပြီး ကဝေကောင်ကိုမျှားခေါ်ရန် လုပ်သည်။ ထင်ပေါ်သည်သတ္တိဗျတ္တိနဲ့ပြည့်စုံသူ ဖြစ်သောကြောင့် ယခုကိစ္စတွင်များစွာအကူအညီပေးနိုင်လိမ့်မည်။
သို့ကြောင့် ထင်ပေါ်ကိုလုံးဝမိန်းကလေးနှင့်တူအောင် ပြင်ဆင်ပေးလိုက်ပြီးသော် အင်းတချပ်ကိုလည်းတိုက်ထားလိုက်သည်။ ထိုအင်းမှာ ကိုယ်လုံအကာအကွယ်အင်းဖြစ်သည်။ ပြီးသော်ထင်ပေါ်အားလူပြတ်ရာနေရာ၌ပို့ထားကာ မျှားခေါ်ရန်ပြုသည်။ ထင်ပေါ်လည်း ဆရာခိုင်းသည့်အတိုင်းကနွဲ့ကလျလုပ်ပြီး လူအသွားအလာပြတ်သည့်နေရာ၌ သွားကာမျှားခေါ်သည်။ မနက်ပိုင်းတွင်မသင်္ကာသည့်လူတစ်ယောက်မှ မရှိချေ။ သို့သော် ညနေပိုင်းတွင်ကား ဘောင်းဘီဖားဖားပွပွကြီးဝတ်ထားသည့် လူတစ်ယောက်သည် ထင်ပေါ်ရှိရာနေရာသို့ ရစ်သီရစ်သီလာလုပ်သည်။
လူရိပ်လူခြေကိုအကဲခတ်နေသည်။ ယနေအဖို့သူရှာနေသောစနေသမီးပျိုကိုတွေ့ရပြီဖြစ်သဖြင့် အလစ်မပေးဘဲစောင့်နေသည်။ ထင်ပေါ်လည်းသတိကြီးကြီးထားကာ ထိုလူကိုအကဲခတ်သည်။ ထိုလူသည်ကဝေကောင်၏ တပည့်သာဖြစ်လိမ့်မည်။ ခွန်အားဗလကြီးပြီး လူကောင်ထွားသည်။ ခဏအကြာထိုလူသည် ထင်ပေါ်အနောက်သို့ကပ်လာပြီး မေ့ဆေးဖြင့်တို့်ကာ တောထဲသို့ အမြန်ထမ်းခေါ်သွားတော့သည်။ ထင်ပေါ်ကား မေ့ချင်ယောင်ဆောင်ပြီး ထိုလူ၏ပခုံးပေါ်ပါသွားသည်။ ထိုလူက

” ဟ…ဒီတစ်စနေသမီးက လေးလိုက်တာ….ဘယ်လောက်များအစာစားထားတာလဲမသိ….ဒီနေ့ပြီးရင် ငါ့ဆရာရဲ့အဆင့်ကလုံးဝပြိုင်စံရှားသွားပြီ…ငါလည်းဆရာ့ရဲ့ပြိုင်စံရှားတပည့်အဖြစ် လုပ်ရတော့မယ်… ”

ထိုလူတောထဲပြေးနေရင်း တစ်ကိုယ်တည်းစကားပြောနေသည်။ ထင်ပေါ်ကသူ့ပခုံးပေါ်မှနေ၍ မေ့မြောချင်ယောင်ဆောင်နေသဖြင့် ထိုလူပြောသမျှကို အတိုင်းသားကြားနေရသည်။ တောအထပ်ထပ်ကို ဖြတ်ကျော်ပြီးနောက် တလာပတ်စများဖြင့်မိုးကာထားသည့် တဲကြီးသို့ရောက်လာသည်။ ထိုလူသည် ထင်ပေါ်အား ဆရာရှိရာအခန်းထဲသို့ဝင်ပြီး ချလိုက်သည်။

” နောက်ဆုံးအဆင့်အတွက် စနေသမီးပျိုပါဆရာ….စနေသမီးတွေရှာရခက်လို့ ဒီကနဲ့အရမ်းဝေးကွာတဲ့နေရာမှာရှာရလို့ ကြာသွားတာပါ…”

” အေး…အချန်မှီရလာတာကိုဘဲ ကျေးဇူးတင်ပါပြီအောင်ဒင်…ဒီညဟာ ပညာအဆင့်တက်ဖို့ အကောင်းဆုံးညဘဲ…ဒီတော့မိန်းကလေးကို ယဇ်စင်ပေါ်ထားပြီး အမွှေးနံသာရေတွေနဲ့ ပက်ဖျန်းထားလိုက်၊ဒီမိန်းကလေးဟာ ငါ့အတွက်နောက်ဆုံး ပညာစဉ်အဆင့်တက်လို့ရမဲ့သူဘဲ…”

” ဟုတ္စိတ္ခ်ပါဆရာ…”

ဗလကောင်းကောင်းနှင့်လူသည် ထင်ပေါ်အားကောက်ပွေ့လိုက်ပြီး ယဇ်စင်ပေါ်သို့ တင်ထားလိုက်သည်။ ယဇ်စင်ထက်တွင်သွေးစိမ်းညှီနံ့များ မွှန်နေသည်။ ထင်ပေါ်လည်း အောင့်အည်းသီးခံပြီး ဆရာဖြစ်သူအလာကိုစောင့်နေသည်။

မောင်ရေခဲ သည်ညအချိန်ကိုစောင့်ရင်း တဖြေးဖြေး ညည့်နက်လာသည်။ သို့ကြောင့် ထင်ပေါ်ရှိသည့်တောနက်ထဲသို့လာခဲ့သည်။ တောထဲရှိကဝေကောင်သည် သူရှိသောတောပတ်ဝန်းကျင်အနံှံ့ကို အစောင့်အပြည့်ချထားသည်။ ယနေ့ညသည် သူ့အတွက်အရေးကြီးဆုံးအချိန်ဖြစ်သဖြင့် ပို၍ ဂရုတစိုက်လုပ်နေဟန်ရှိသည်။ မောင်ရေခဲက မိမိအတွက်အချိန်ကျန့်ကြာမည်ဖြစ်သောကြောင့် ဥရုယက္ခဘီလူးကြီးကို လြတ္ကာ ကဝေကောင်၏ အစောင့်များကို ရှင်းခိုင်းသည်။ ပြီးသော် သူကိုယ်တိုင်ကား တောထဲသို့ဝင်လာခဲ့သည်။ ကဝေကောင်ရှိရာတောထဲသို့ရောက်လာသော် များပြားလှသော တစ္ဆေ၊သရဲ၊သဘက်ကြီးများကို တွေ့လိုက်ရသည်။ မောင်ရေခဲလည်းထိုသရဲသဘက်ကြီးများကို ရှစ်ကွက်အင်းဖြင့်ပစ်ကာ ထိန်းချုပ်ထားလိုက်သည်။

” တောက်! ဘယ်သူကဒီထိလာပြီး အတင့်ရဲနေရတာလဲကွ…”

ဗလကြီးကြီးကင်တိုတိုနှင့်လူက မောင်ရေခဲအားမြင်လျှင် ဆီးကြိုကာ တားလိုက်သည်။ မောင်ရေခဲလည်း ထိုလူရှေ့ရပ်ပြီး တည်ကြည်သောအသံဖြင့်

” ငါ့ရှေ့ကနေဖယ်ပါ ….”

” ဟားဟားဟား…..လွယ်လှချေလားကွ…ဟမ်…ဒီနေရာ ဝင်လာထဲက မင်းကသေလူဖြစ်နေပြီဆိုတာ မင်းသိလိုက်သင့်တယ်….”

” အပြောမကြီးပါနဲ့အောင်ဒင် မင်းကဘာကောင်လဲဆိုတာငါသိတယ်…မင်းတို့လိုအကောင်တွေကိုငါရှင်းလာခဲ့တာမနည်းဘူး…”

” တော်တော်လေ လုံးကြီးနဲ့ကောင်ဘဲ…ငါဘာကောင်လဲဆိုတာ ပြရသေးတာပေါ့….”

ဆိုကာ ထိုလူက မန္တာန်တစ်ပုဒ်ကိုရွတ်လိုက်သည်။ ပြီးသော်အဝတ်များကိုချွတ်လိုက်သည်။ ခဏအကြာထိုလူသည် အမွေးအမျှင်ကြမ်းရှရှများထွက်လာပြီး လူတစ်ပိုင်းကျားတစ်ပိုင်းဖြစ်သွားသည်။ ခဏကြာသော် လုံးဝကျားကြီးတစ်ကောင်အဖြစ်ပြောင်းသွားတော့သည်။ အဝါရောင်အစင်းကြားပါသော ဧရာမကိုးတောင်ကျားကြီးတစ်ကောင်ဖြစ်သည်။

” ဝေါင်း….ဝေါင်း…. ဝေါင်း…..”

ထိုကျားကြီးသည် ဟိန်းသံပြုရင်း မောင်ရေခဲထံတလှမ်းချင်းစီဝင်လာသည်။ အချိန်လည်းသိပ်မရှိတော့သဖြင့် မောင်ရေခဲ သည်ဘီလူးအင်းချပ်ကိုထုတ်ကာ အသက်သွင်းလိုက်သည်။ ခဏအကြာ ကြေးနီရောင်အင်းဘီလူးကြီးထွက်လာပြီး ကိုးတောင်သမန်းကျားနဲ့ ချကြသည်။ မောင်ရေခဲ လည်းတဲထဲသို့ဝင်သွားရာ ကဝေကောင်က စက်များဖြင့်တားထားလိုက်သည်။ မောင်ရေခဲလည်း ထိုကဝေစက်ကိုဖြတ်ကာဝင်လာသည်။

” ဟားဟားဟား….သင့်လိုလူကငါ့နေရာထိ လိုက်လာနိုင်တာဆိုတော့ အစွမ်းကမသေးဘူးဘဲ…အဝင်လမ်းဘဲရှိပြီး အပြန်လမ်းမရှိတော့တာ မင်းမသိလို့နေလိမ့်မယ်သူငယ်လေး…”

” အပြောမကြီးနဲ့ကဝေကောင်….မင်းကသူများသားသမီးပျိုတွေကို ကိုယ်ချင်းမစာမနာ
သတ်ရက်တဲ့ကောင်…သင့်လိုကောင်က လူ့လောကရဲ့ အညစ်အကြေးသက်သက်ဘဲ….”

” အပြောကြီးလှချေလားသူငယ်…မင်းငါ့ကိုနိူင်ရင် သူငယ်မကိုပြန်ခေါ်ချေ။ အေး…မနိုင်လို့ကတော့ မင်းအသက်ပါပေးရမယ်…”

” လုပ်လိုက်စမ်းပါ…ငါကလည်းဒီလိုကြိုက်တာ…မင်းငါ့ကိုနိုင်ရင်ငါ့ကိုကြိုက်တာလုပ်…အေး…မနိူင်လို့ကတော့ မင်းပညာတွေအကုန်စွန့်ရမယ်….”

” အပြောမကြီးနဲ့ သူငယ်…အလုပ်နဲ့လက်တွေ့ပြပါ…”

ဆိုကာ ကဝေကောင်ကဖနှောင့်တချက်ပေါက်လိုက်ရာ မြေကြီးထဲမှဆူးချွန်များပါသည့် နွယ်ရှင်များထွက်လာသည်။

” နွယ်ရှင်တွေ အရှေ့ကကောင်ကိုသတ်လိုက်စမ်း…အရိုးတောင်မကျန်သေနဲ့သိပ်အပြောကြီးတဲ့ကောင်…”

ဆိုကာမောင်ရေခဲထံနွယ်ရှင်ကိုလွတ်လိုက်သည်။ မောင်ရေခဲက ထိုကဝေကောင်၏ ဖနှောင့်မှထိုးထားသော မြတ်သွာဘုရားပုံတော်ကိုမြင်လိုက်ကပြီး ဒေါသထွက်သွားသည်။ သို့ကြောင့် ရှစ်ကွက်အင်းကိုအမြန်ဆွဲလိုက်ပြီး သူ့ပတ်ပတ်လည်ကာထားလိုက်သည်။ နွယ်ရှင်များကမောင်ရေခဲထံရောက်ပြီး တွန်းကန်အားကြောင့် ပြန်လည်ကန်ထွက်သွားသည်။

” ဟား…ဟား…ဟား…မင်းက လူငယ်သေလာက္ပညာကမဆိုးဘူးဘဲ…ငါဒါမျိုးကိုစောင့်နေတာ …”

ဆိုကာ နွယ်ရှင်များကို နှစ်ဆပိုတိုးလိုက်သည်။ ယဇ်စင်ပေါ်မှ ထင်ပေါ်လည်း ဆရာ့ကိုကူညီရန် ထလာခဲ့သည်။ ထိုအချင်းအရာကိုကဝေကောင်က မြင်ပြီးဒေါသထွက်သွားသည်။

” တောက်! သူကမိန်းမဟန်ဆောင်ထားတဲ့သူကိုး…ဒါကြောင့် မင်းငါ့နေရာရောက်လာနိုင်တာပေါ့…သတိတချက်လွတ်သွားလို့သာ…..မင်းတို့နှစ်ကောင်လုံး ပြန်လမ်းမရှိဘူးမှတ်လိုက်….ရော့…”

ဆိုကာ ထင်ပေါ်ထံအနီရင့်ရောင်စက်ကြိုးပစ်လိုက်သည်။ သို့သော် ထင်ပေါ် သောက်ထားသော ကိုယ်လုံအင်းအစွမ်းကြောင့် စက်ကြိုးမှာ အနားမရောက်ခင်ပင် ပြတ်ထွက်သွားသည်။

” ဟားဟားဟား…မင်းတို့တွေ အရမ်းစွမ်းနေကြတယ်ပေါ့ဟုတ်စ…ရော့…ငါ့ရဲ့မြှားမိုးကိုခံနိုင်ရင်ခံကြစမ်း”

ဆိုကာ ကောင်းကင်ထက်သို့ဦးခေါင်းမော့လိုက်ပြီး ဂါထာရွတ်ဆိုသည်။ ထိုအချိန်ကောင်းကင်ထက်မှမီးတောက်များ ပါသည့်မြှားအစင်းပေါင်းများစွာက ရေခဲနှင့်ထင်ပေါ်တို့ထံ တရစပ်ထိုးချလာသည်။ ရေခဲတို့လည်း ကွန်ချာအင်းကိုအသက်သွင်းပြီးကာထားလိုက်သည်။ မြှားတံနှင့်ကွန်ချာအင်းတို့ ထိတွေ့သံကြောင့် တဖောင်းဖောင်းအသံမြည်ကာ ပေါက်ကွဲကုန်သည်။ နွယ်ရှင်လည်း အပိုင်းပိုင်းပြတ်ထွက်သွားပြီး ပြန်လည်ပျောက်ကွယ်သွားတော့သည်။

” မဖြစ်နိုင်ဘူး….ခုထိငါ့ရဲ့မြှားမိုးနှင့်နွယ်ရှင်ကို နိုင်တဲ့သူမရှိသေးဘူး…နင်တို့ကဘယ်သူတွေလဲ…”

” ငါတို့ကမင်းကို အဆုံးသတ်ပေးမဲ့သူဘဲ…ကဲ…ငါ့အလှည့်ရောက်ပြီ…ရော့ဒီအင်းကွက်ထဲကနေမင်းထွက်နိုင်ရင်ထွက်စမ်း…”

ဆိုကာ ရွှေရောင်အင်းချပ်အားလေထဲဆွဲပြီး ကဝေကောင်ဆီ ပစ်လိုက်ရာ အင်းချပ်မှာ ရွှေရောင်တဖိတ်ဖိတ် တောက်နေသော ကဝေဖမ်းအင်းဖြစ်နေသည်။

” ဟာ…မဖြစ်နိုင်ဘူး….အား….”

ဆိုကာ ကဝေကောင်သည် မြေပေါ်လူးလိမ့်ပြီး အားခနဲအော်သည်။ သူ့ကိုရစ်ပတ်ထားသော ရွှေရောင်ကဝေဖမ်းအင်းမှ ငရဲမီးတောက်များထလာပြီး ကဝေကောင်ကို တဖျစ်ဖျစ်လောင်ကျွမ်းလေသည်။

” အား…တောပါတော့..ငါသေရတော့မယ်…”

” မင်းအလှည့်ကျနာတတ်တယ်လား…မင်းသူများသမီးပျိုကို လည်ဖြတ်ပြီး သွေးတွေအန်ထွက်နေတာကို ကြည့်ကောင်းကောင်းနဲ့ကြည့်နေတာမလား…ခုကျနာလားကိုယ့်အလှည့်ရောက်တော့…”

” တောင်း….တောင်းပန်ပါတယ်…ငါကိုယ်ချင်းစာတတ်ပါပြီ…”

” ခုမှကိုယ်ချင်းစာနေလည်း သေ သြားတဲ့လူက ပြန်မလာနိုင်တော့ဘူး…မင်းလိုကောင်က ငရဲနဲ့ဘဲတန်တယ်…”

” တောင်းပန်ပါတယ်….ငါ့ကိုလွတ်ပေးပါ…ငါအရမ်းပူနေပြီ…”

” မင်းပညာတွေ စွန့်ရင်မီးက သူ့အလိုလိုငြိမ်းသွားလိမ့်မယ်…မင်းလုပ်နိုင်သလား.. ”

ကဝေကောင်တွေဝေသွားသည်။ သူ့အနေဖြင့် ရခဲလှသောပညာကိုစွန့်လွတ်ရန်နှမြောနေသည်။ သို့သော် လည်းအသက်ဘေးကရှိနေသေးသောကြောင့်

” ငါ…ငါ့ပညာတွေစွန့်ရင် ဒီမီးတွေငြိမ်းမှာလား….”

” ငါမုသားမပြောဖူးဘူး…ကျန်တာမင်းသဘောပါ…”

” ငါ…ငါလုပ်ပါ့မယ်…”

ထိုအခါထင်ပေါ်က

” သူညာရင်ကောဆရာ…”

” သူလိမ်ညာနေရင် သူ့အသက်အာမမခံဘူးထင်ပေါ်…သူ့အသက်ကိုတော့သူ့ပညာထက်နှမြောမှာပါ…”

ဆိုပြီးကဝေကောင်အား စောင့်ကြည့်နေလိုက်သည်။

” အော့…ဝေါ့…”

ကဝေကောင်က မီးဒဏ်မခံနိုင်တော့သောကြောင့် ထိုးကာအန်ချတော့သည်။ ထိုစဉ် ပညာအဆင့်တက်စဉ်က မျိုချထားသော လူ့အသားတုံးနီနီရဲရဲ မ်ားကို တစ်တုံးပြီးတတုံးအန်ချလာသည်။ အသားတုံးခြောက်တုံးမြောက်၌ အန်ခြင်းကိုရပ်လိုက်သည်။ သို့တိုင်သူ့အားလောင်ကျွမ်းနေသော မီးကတောက်နေဆဲ။

” မင်းတို့ညာတယ်…ငါ့ပညာတွေစွန့်ရင် မီးငြိမ်းမယ်ဆိုခုက ဘာလို့တောက်လောင်နေတာလဲ.. ”

” ငါမုသားမပြောဘူး….မင်းပညာရဲ့နောက်ဆုံးဗူးကျန်သေးတယ်…မင်းညာနေသ၍ မီးကငြိမ်းမှာ မဟုတ္ဘူး….”

ဟုမောင်ရေခဲကဆိုလိုက်သော် ကဝေကောင်သည် မိမိ၏ နောက်ဆုံးသိုဝှက်ထားသည့် ပညာဗူးကို အန်ထုတ်လိုက်သည်။

” အော့….ဝေါ့…ဝေါ့…”

ကဝေကောင်က ခုနှစ်တုံးမြောက်အသားတုံးနဲ့ မဲညစ်ညစ်ပျစ်ချွဲချွဲအရည်ကို အန်ချလိုက်သည်။ ထိုအချိန် သူ့အားတောက်လောင်နေသော ရွှေရောင်အင်းချပ်မီးတောက်က လုံးဝငြိမ်းသွားတော့သည်။

” ကဲ…မင်းကသာမန်လူဖြစ်သွားပြီ…အပြသ်ကြွေးအတွက်သံသရာမှာပေးဆပ်ပေတော့…”

မောင်ရေခဲကကဝေကောင်ကို ထိုသို့ပြောပြီး ထင်ပေါ်ကိုခေါ်ကာ တောထဲမှထွက်လာခဲ့သည်။ ပညာမရှိတော့သောကဝေကောင်သည် လူငယ်နှစ်ယောက်ထံပညာစွန့်လိုက်ရသောကြောင့် မိမိကိုယ္ကို မကျေမနပ်ဖြစ်ပြီး ပညာများကိုနမြောတသဖြစ်ကာ ရူးသွားတော့သည်။ တဲအပြင်ဘက်တွင်ကား အင်းဘီလူး၏လက်ချက်ကြောင့်သေပွဲဝင်နေရရှာသော သမန်းကျားကိုတွေ့လိုက်ရသည်။ တောအစပ်တွင်သို့ရောက်သော် တာဝန်ပြီးစီးသွားသော ဥရုယက္ခဘီလူးကြီးက မောင်ရေခဲကိုအရိုအသေပြုပြီး ပျောက်ကွယ်သွားတော့သည်။ မောင်ရေခဲ တို့်ဆရာတပည့်နှစ်ယောက်လည်း တောမှထွက်ကာ မိမိရပ်ရွာသို့ပြန်လာခဲ့ကြတော့သည်။…..။

Zawgyi Version

“အပ်ိဳစင္လည္ေခ်ာင္းေသြး”(စ/ဆံုး)
——————————————-
ကန္ေတာင္ေက်းရြာ၏အေနာက္ဘက္ေတာအုပ္ႀကီးထဲတြင္ အပ်ိဳေဖာ္ဝင္ၿပီျဖစ္ေသာ မိန္းမငယ္သံုးေယာက္က ပလိုင္းကိုယ္စီျဖင့္ ေတာထဲသို႔ ဝင္လာခဲ့သည္။ မ်ွစ္စို႔မ်ားကို ႐ွာရန္လာျခင္းျဖစ္သည္။ ထိုမိန္းမငယ္သံုးေယာက္မွာ ေတာထဲမွထြက္သည့္ ဟင္းစားမ်ားကို အျမဲ႐ွာေဖြေနၾကသူမ်ားျဖစ္သျဖင့္ ဤေတာဤေတာင္သည္ သူတို႔အဖို႔ ေပ်ာ္ဖြယ္ေကာင္းေသာ ေနရာတစ္ခုအျဖစ္ သတ္မွတ္ၾကကာ အေၾကာက္အလန္႔မ႐ွိသြားလာၾကသည္။

” ဟဲ့စိုးစိုးတို႔ေ႐ွ႕နား ဝါးရံုေလာက္ဆို ရြာကလူတိုင္းေရာက္ဖူးေနလို႔မ်ွစ္စို႔ေတြ မ႐ွိေလာက္ေတာ့ဘူးဟ…”

” ႐ွိမွာပါခုတေလာရြာကလူေတြ အလုပ္မ်ားေနလို႔ ေတာဘက္မေရာက္ၾကပါဘူး…”

” ဘာကိစၥမေရာက္ရမွာ ဟိုေန႔ကဘဲမႀကီးလွခ်ိဳတို႔အုပ္စု ေတာတက္ၿပီးမွ်စ္စို႔လာ႐ွာတာ အမ်ားႀကီးရတယ္…”

” အသစ္ေတြထြက္မွာေပါ့ဟဲ့…ဒီေတာထဲမွာ ဝါးရံုကအမ်ားႀကီးဘဲကို တို႔ေတြလံုလံုေလာက္ေလာက္ရမွာပါ…”

မိန္းမငယ္သံုးေယာက္က ေျပာေျပာဆိုဆိုျဖင့္ ေတာထဲ႐ွိလမ္းငယ္ေလးအတိုင္း တက္သြားၾက၏။ ေတာထဲသို႔ အေတာ္အတန္ဝင္မိေသာအခါ ဝါးရံုေတာဘက္သို႔ေရာက္လာၾကသည္။ ထိုေတာထဲတြင္ ဝါးရံုေတာက မင္းမူထားသျဖင့္ အျခားသစ္ပင္တို႔မ႐ွိ။ မိုးဦးရာသီျဖစ္သျဖင့္ ဝါးရံုေအာက္႐ွိ မ်ွစ္စို႔ႏုႏုေလးတို႔မွာ ေျမေပၚသို႔ထိုးထိုးေထာင္ေထာင္ထြက္ေပၚေနသည္။

” ဟာမ်ွစ္စို႔ေတြအမ်ားႀကီးဘဲဟ….”

” ဟုတ္ပါ့တို႔ေတြ လိုသေလာက္ယူၾကရေအာင္…”

” မ်ွစ္စို႔ေလးေတြႏုထြတ္ေနတာဘဲ….ေဟး…ေဟး…”

မိန္းကေလးငယ္သံုးေယာက္မွာ ဝါးရံုမ်ား၏ ေအာက္ေျခမွ မ်ွစ္စို႔မ်ားကို ျမင္လိုက္ရေသာေၾကာင့္အေမာေျပကာ အလြန္ေပ်ာ္ရႊင္သြားၾကသည္။ ပါလာေသာမ်ွစ္ထိုးသည့္ဓားကိုထုတ္ယူကာ မ်ွစ္စို႔၏ ေအာက္ေျခအရင္းမွထိုးကေလာ္ကာ မွ်စ္စို႔မ်ားကိုတူးယူသည္။ ရလာေသာမ်ွစ္စို႔မ်ားကို အခံြၾကမ္းမ်ားခြာၿပီး ပါလာေသာပလိုင္းထဲထည့္သည္။ မ္ြစၼ္ားကိုသာ မဲကာခ်ိဳးယူေနေသာ မိန္းမငယ္ေလးသံုးေယာက္မွာ တစ္ေယာက္နဲ႔တစ္ေယာက္သတိမထားမိၾကေခ်။ မ်ွစ္စို႔မ်ားလံုေလာက္ေအာင္ရေလာက္ေသာအခါ အသံျပဳႁပီး လူစုၾကသည္။ သို႔ေသာ္ သူတို႔သံုးေယာက္ထဲမွ ထားခင္ဆိုသည့္မိန္းမငယ္ေလးက ေပၚမလာေသးေခ်။

ထားခင္သည္ စိုးစိုးႏွင့္ပူစူးမတို္႔မ်ွစ္စို႔ခ်ိဳးယူေနသည့္အနားမွအနည္းငယ္ေဝးရာ ဝါးရံုပင္ေအာက္သို႔ သြားကာခ်ိဳးယူသည္။ ထိုဝါးရံုပင္ေအာက္႐ွိမွ်စ္စို႔မွာတျခားဝါးရံုပင္ေအာက္႐ွိ မ်ွစ္စို႔မ်ားထက္ ပိုမ်ားသည္။ သို႔ေၾကာင့္ သူမလည္း ပလိုင္းကိုေဘးခ်ၿပီး ဓားတစ္ေခ်ာင္းျဖင့္ မ်ွစ္စို႔ေလးမ်ားကို ဂ႐ုတစိုက္ခ်ိဳးယူ၏။ မ်ားေျမာင္လွေသာ မ်ွစ္စို႔မ်ားေၾကာင့္သူလည္း ပတ္ဝန္းက်င္ကိုသတိမထားမိေခ်။ သူ၏အေနာက္ဘက္ဝါးရံုကကြယ္တြင္ကား ကိုးေတာင္က်ားႀကီးတစ္ေကာင္သည္ သူ႔အားေခ်ာင္းေျမာင္းၾကည့္႐ႈေန၏။ ထားခင္လည္း ခ်ိဳးယူထားေသာမ်ွစ္စို႔မ်ားကို အခံြခြာရန္အတြက္ အက်အနထိုင္လိုက္သည္။ ထိုအခ်ိန္ သူမျမင္လိုက္သည္ကား အဝါေရာင္အစင္းၾကားမ်ားျဖင့္ အလြန္ႀကီးမားေသာ က်ားႀကီးတစ္ေကာင္။ ထိုက်ားႀကီးသည္ သူ႔ထံသို႔တလွမ္းခ်င္းတိုးဝင္လာရင္း မာန္ဖိီေနသည္။
ထားခင္သည္ မိမိေ႐ွ႕မွကိုးေတာင္က်ားႀကီးက မာန္ဖီကာလာေနေသာေၾကာင့္ အေနာက္သို႔တေျဖးေျဖးခ်င္းဆုတ္သည္။ လက္ထဲတြင္ကိုက္ထားေသာ မ်ွစ္ခ်ိဳးသည့္ဓားကို က်ားႀကီးဖက္ခ်ိန္ရြယ္ရင္း ထြက္ေျပးရန္ျပင္၏။ သို႔ေသာ္သူ၏ ေျပးလမ္းကား ဝါးပင္တို႔႐ႈပ္ေထြးစြာေပါက္ေနသျဖင့္ သူမေျပးဖို႔မလြယ္ေခ်။ က်ားႀကီးလည္း သူ႔ကိုတခ်က္မွ်ပင္အလြတ္မေပးေခ်။ သူမက အေနာက္သို႔ဆုတ္လာရင္း အေနာက္႐ွိေက်ာက္တံုးကို တိုက္မိကာ လဲက်သြားသည္။

” ဟာအေရးထဲ….႐ွဴး…ၾသား…ၾသား….”

သူမလဲက်သြားႁပီး ျပန္ထရန္လုပ္စဥ္က်ားႀကီးက သူမအားခုန္အုပ္ရန္ရြယ္သည္။ သူမလည္း လက္ထဲမွေကာက္မိေကာက္ရာ ေကာက္ထားေသာ ေက်ာက္တံုးျဖင့္ က်ားႀကီးကိုပစ္ေပါက္သည္။

” ဝြီး….ဒုတ္….”

လက္တဆုပ္သာသာေက်ာက္တံုးက က်ားႀကီး၏ နဖူးတည့္တည္္သြားမွန္သည္။ ေက်ာက္တုံုးမွန္သြားေသာေၾကာင့္ က်ားႀကီးက ေခါင္းတစ္ခ်က္ရမ္းကာ ဟိန္းလိုက္သည္။

” ေဝါင္း….ေဝါင္း…. ေဝါင္း….”

သူေသာအသံႏွင့္အတူ ခြၽန္ျမေသာက်ားႀကီး၏ အစြယ္ေဖြးေဖြးကို ေနာက္ဆံုးသူမျမင္လိုက္ရသည္။ ထားခင္၏ကိုယ္လံုးေလသည္ ကိုးေတာင္က်ားႀကီး၏ ပါးစပ္သို႔ဒရြတ္တိုက္ပါသြားေတာ့သည္။

စိုးစိုးႏွင့့္ပူစူးမႏွစ္ေယာက္က ထားခင္ကိုအတန္ၾကာေအာ္အသံျပဳကာေခၚေသာ္လည္း ထားခင္ကေရာက္မလာခဲ့ေခ်။

” ဘယႅိုလုပၼလဲပူစူးမ ျပန္ခ်ိန္ေရာက္ေနၿပီ ထားခင္ကေရာက္မလာေသးဘူး…လာတို႔ေတြ ဝါးရံုပင္ေတြေအာက္လိုက္႐ွာၾကရေအာင္….ဒီေကာင္မ မ်ွစ္စို႔ေကာင္းေတြေတြ႕ၿပီး အိမ္ျပန္ခ်ိန္ေမ့ေနတာထင္…”

” ဟုတ္ပါ့… လာစိုးစိုးတို႔ေတြသြား႐ွာၾကမယ္…”

ဆိုကာႏွစ္ေယာက္သား ဝါးရံုေတာထဲသို႔ဝင္လာ၏။

” ဟဲ့စိုးစိုး… ဒါေထြးခင္ရဲ႕ပလိုင္းဘဲ…ဟုတ္တယ္ ဒီမွာသူခ်ိဳးထားတဲ့မ်ွစ္စို႔ေလးေတြ..”

” ပလိုင္းကိုဒီမွာထားခဲ့ၿပီး သူကဘယ္ေရာက္ေနတာ…”

” လက္ေခါက္မႈတ္ၿပီးေခၚလိုက္ပူစူးမ…အခ်ိန္သိပ္မ႐ွိေတာ့ဘူး…”

” ဝစ္….ဝူး……ဝူး….”(လက္ေခါက္မႈတ္သံ😁)

ပူစူးမကအေတာ္ၾကာေအာင္ လက္ေခါက္မႈတ္ၿပီးေခၚေသာ္လည္းထားခင္က ေရာက္မလာေသးေခ်။

” ဒီေကာင္မတို္႔ကိုစေနတာမ်ားလားဟ…ၾကည့္စမ္းသူု႔ပလိုင္းထဲကမ်ွစ္ေတြက်ဲျပန္႔ေနတာ…မဟုတ္မွလဲြေရာ ထားခင္တစ္ခုခုျဖစ္ေနတာမ်ားလား….”

” ဟဲ့နင္ကလည္း ေပါက္ကရေတြ…”

သူငယ္ခ်င္းႏွစ္ေယာက္က ထားခင္အတြက္စိတ္ပူသြားၾကသည္။ တေနရာေသာဝါးရံုပင္ေအာက္တြင္ကား

” စိုးစိုး…ဒီမွာၾကည့္စမ္းဒါက ထားခင္ရဲ႕မ်ွစ္တူးတဲ့ဓားဘဲဟ…ဟင္…ဒီဝါးရြက္ေပၚမွာေသြးစက္ေတြ…ဘုရားဘုရား…ထားခင္ ဒုကၡေရာက္ၿပီထင္တယ္…”

” ငါတို္္အျမန္ျပန္မွျဖစ္မယ္ပူစူးမ…ဒီတိုင္းဆို ထားခင္ဒုကၡေရာက္တာေသခ်ာေနၿပီိ….”

စိုးစိုး ႏွင့္ပူစူးမတို႔ ထားခင္ကိုစိတ္ပူူသြားၿပီး ရြာသို႔အျမန္ျပန္လာကာ လူႀကီးမ်ားကိုေျပာျပ၏။ ထားခင္၏မိဘမ်ားလည္း သမီးေလးကို စိတ္ပူသြားၿပီး ေတာဘက္သို႔လိုက္တက္သြားၾကသည္။

ေတာနက္ႀကီးအလယ္႐ွိတဲႀကီးတစ္ခုအတြင္းဝယ္ လူတစ္ေယာက္သည္ နီရဲေနေသာေသြးမ်ားထည့္ထားသည့္ ခြက္ကိုကိုင္ေျမႇာက္ၿပီး တစ္ခုခုကိုပူေဇာ္ပသေနသည္။ ထိုစဥ္က်ားႀကီးသည္ ကိုက္ခ်ီလာေသာ
မိန္းခေလးကိုေျမေပၚပစ္ခ်ၿပီး က်ားဟိန္းသံတခ်က္ျပဳလုပ္ကာ သစ္ပင္ေအာက္မွခ်ထားေသာ အဝတ္စကိုငံု႔ကာနမ္းလိုက္သည္။ ထိုအခါ အဝါေရာင္အစင္းက်ားပါေသာ ကိုးေတာင္က်ားႀကီးသည္ တေျဖးေျဖးျဖင့္ လူသားတစ္ေယာက္သ႑ာန္ျဖစ္လာသည္။

ခႏၶာကိုယ္မွၾကမ္း႐ွလွေသာ အေမြးအမ်ွင္မ်ား တေျဖးေျဖး ေပ်ာက္သြားၿပီး လူသားေယာက်ာ္းစင္စစ္ျဖစ္သြားသည္။ ထိုလူ၏ ရင္ဘတ္မွာ မာန္ဖီေနေသာက်ား႐ုပ္တက္တူးထိုးထားသည္။ သူ႔ရင္ဘတ္မွ က်ား႐ုပ္မွာ အလြန္အသက္ဝင္လွသည္။ ထိုလူသည္ ေျမေပၚ႐ွိ အဝတ္အစားကိုေကကာက္ယူကာ ဝတ္ဆင္ၿပီး ေစာေစာကကိုက္ခ်ီလာေသာ မိန္းကေလးကိုေပြ႔ယူကာ တလာပတ္စမ်ားျဖင့္ မိုးကာထားေသာတဲျကီးထဲသို႔ ဝင္သြားသည္။

” စတုတၳေျမာက္အပ်ိဳစင္စေနစမီးပါဆရာ…”

ထိုလူသည္ တဲထဲသို႔ေရာက္လ်ွင္ ခ်ီမထားေသာမိန္းကေလးကို ေအာက္သို႔ခ်ကာ သူကိုယ္တိုင္ကားဒူးေထာက္ၿပီး သူ႔အေ႐ွ႕မွ လူႀကီးကို တ႐ိုတေသေလ်ွာက္သည္။ ထိုေ႐ွ႕မွလူႀကီးက လက္မွကိုင္ထားေသာ ခြက္ကိုခ်ၿပီး လူငယ္ဘက္လွည့္လာကာ

” မင္းသိပ္ေတာ္တယ္ေအာင္ဒင္…ငါ့ပညာေနာက္ဆံုးအဆင့္ေအာင္ျမင္သြားရင္ ငါ့ကိုအက်ိဳးေဆာင္ခဲ့တဲ့မင္းလိုသစၥာ႐ွိတဲ့လူကို ပညာအဆင့္ေကာင္းေကာင္းတိုးေပးမယ္…”

” ေက်းဇူးတင္ပါတယ္ဆရာ…”

” ေအး…ဒါနဲ႔ဒီမိန္းကေလးအသက္႐ွင္ေသးရဲ႕လား…ငါ့ရဲ႕နတ္ဆိုးသခင္က အ႐ွင္လတ္လတ္လူသားရဲ႕ေသြးမွႀကိဳက္တာမင္းသိတယ္ေနာ္….”

” သိ…သိပါတယ္ ဆရာ…ေကာင္မေလးကမေသေသးဘူး…ခဏသတိလစ္ေနတာပါ….”

” ဟား…ဟား…ဟား…ေကာင္းတာေပါ့ကြာသတိလစ္ေနေတာ့ ပိုေကာင္းတာေပါ့…ကဲေကလးမကို ယဇ္ေက်ာက္တံုးေပၚတင္လိုက္ပါ….ဒါနဲ႔သူကအပ်ိဳစင္စေနသမီးေသခ်ာပါတယ္ေနာ္…”

” ေသခ်ာပါတယ္ဆရာ…အပ်ိဳစင္စေနသမီးပါ…”

” ေအးေအးဒါဆိုအခ်ိန္မလင့္ခင္ ကိစၥတံုးလိုက္ၾကရေအာင္…”

ရင္ဘတ္တြင္ က်ားႀကီး႐ုပ္ပါေသာသူက ၾကမ္းျပက္မွ သတိလစ္ေနေသာမိန္းကေလးအား ခ်ီမကာေက်ာက္ပလႅက္ယဇ္စင္ထက္သို႔ တင္ၿပီး ေျခလက္တို႔ကို ခ်ည္ေႏွာင္ထားလိုက္သည္။ ၿပီးေသာ္ ဆရာဆိုသည့္လူက တစ္ထြာသာသာ႐ွိေသာ အသြားျမေနသည့္ ဓားကိုကိုင္ၿပီး ေကာင္မေလးအေပၚေဝ့ရမ္းလိုက္သည္။ ႏုတ္မွလည္း မႏၱာန္တစ္ပုဒ္ကို မတိုးမက်ယ္ရြတ္လိုက္သည္။
ထိုစဥ္ယဇ္စင္ထက္မွ မိန္းကေလးကသတိရလာၿပီး လူးလြန္႔လာသည္။ ေျခလက္ႏွစ္ဖက္လံုး ခ်ည္ေႏွာင္ထားေသာေၾကာင့္ ထေျပး၍လည္းမရေခ်။

” ႐ွင္ကဘယ္သူလဲ…ငါ့ကိုလြတ္ေပးပါ…အီးဟီးဟီး… ”

မိန္းကေလးငယ္မွာဓားကိုင္ထားေသာသူကိုၾကည့္ၿပီး ေၾကာက္လန္႔ေန႐ွာကာတဟီးဟီးငိုယို၏။

” မငိုပါနဲ႔ မိန္းကေလး…ကြၽႏ္ုပ္ကသင့္ကို ေအးခ်မ္းရာအရပ္ပို႔ေပးမဲ့သူပါ…”

” လြတ္ေပးပါ႐ွင့္…ကြၽန္မေတာင္းပန္ပါတယ္…”

ထိုလူကသူ႔အားေတာင္းပန္တိုးလ်ိႈးေနေသာ မိန္းကေလးငယ္အား နည္းနည္းမ်ွပင္ဂ႐ုဏာမသက္မိဘဲ လက္ထဲမွကိုင္ထားေသာဓားျဖင့္ မိန္းကေလးငယ္၏ လည္ပင္းကို တိခနဲေနေအာင္ျဖတ္လိုက္သည္။

” အား….”

မိန္းကေလးငယ္၏ နာက်င္ေအာ္ဟစ္သံႏွင့္အတူ ျပတ္ေနေသာလည္ပင္းမွ ေသြးစိမ္း႐ွင္႐ွင္တို႔က ပြက္ခနဲပြက္ခနဲျဖင့္ အလုအယက္ပန္းထြက္ေနသည္။ မိန္းကေလးငယ္သည္ မ်က္ျဖဴဆိုက္ရင္း ဆန္႔တငင္ငင္ျဖစ္ကာ ေသဆံုးသြားေလသည္။

ဓားကိုင္ထားေသာလူႀကီးသည္ မိန္းခေလးလည္ပင္းထက္မွ စီးက်လာေသာေသြးကို ခြက္ျဖင့္ခံယူလိုက္သည္။ ၿပီးေသာ္ မဲနက္ေနေသာ႐ုပ္ဆိုးအက်ည္းတန္လွသည့္ ႐ုပ္တုကို ပက္ဖ်န္းလိုက္သည္။

” စေနသမီးအပ်ိဳစင္လည္ေခ်ာင္းေသြးကို ေသာက္သံုးပါ…ၿပီးေသာ္ကြၽႏ္ုပ္ကို အစြမ္းအထက္ဆံုးျဖစ္တဲ့ ကေဝအဆင့္ေရာက္ေအာင္ကူညီေပးပါ….”

ဟူေသာစကားကိုလည္းေရရြတ္လိုက္သည္။ အားလံုးၿပီးေသာ္ က်ား႐ုပ္ပါေသာလူမွာ ယဇ္စင္ထက္မွ ေကာင္မေလး အေလာင္းကို သယ္ထုတ္လိုက္သည္။
ထားခင္၏မိဘမ်ားႏွင့္ရြာသူရြာသားတို႔သည္ သမီးေလးတို႔မ်ွစ္ခ်ိဳးသည့္ေနရာကိုေရာက္လာၿပီး သမီးေလးကို႐ွာေဖြသည္။ သို႔ေသာ္ သမီးေလး၏ အရိပ္အေယာင္မွ်ပင္႐ွာမေတြ႔ေတာ့ေခ်။ ေတာအတြင္းမွာ လ်ွင္ျမန္စြာပင္ မဲေမွာင္ၿပီး ညအခ်ိန္သို႔ဝင္ေရာက္လာခဲ့ၿပီ။ လူႀကီးမ်ားလည္း လက္ေလ်ွာ့ကာ ထားခင္ကို႐ွာမရသည့္အဆံုး အိမ္သို႔ျပန္လာခဲ့ၾကေတာ့သည္။
ဤသို႔ျဖင့္ေတာထဲမွ ပညာစဥ္တက္ေနေသာလူႀကီးသည္ ေနာက္ဆံုး၌ ပညာစဥ္တက္ရန္ စေနသမီးအပ်ိဳစင္တစ္ေယာက္၏ေသြးျဖင့္ပူေဇာ္ရန္သာက်န္ေတာ့သည္။ စေနသမီးအပ်ိဳစင္ကို ႐ွာေဖြရန္တာဝန္ယူရေသာ ေအာင္ဒင္သည္ ရြာအႏွံ႔လွည့္လည္႐ွာေဖြရင္း သာလြန္းရြာသို႔ေရာက္လာခဲ့သည္။ စေနသမီးပ်ိဳမ်ား ေပ်ာက္သြားသည့္သတင္းကို ၾကားရေသာေၾကာင့္ သာလြန္းရြာထဲ႐ွိ စေနသမီးတို႔မွာ အိမ္ထဲမွအိမ္ျပင္သို႔ပင္ မထြက္ရဲၾကေခ်။ သို႔ေၾကာင့္ ေအာင္ဒင္အတြက္ စေနသမီးပ်ိဳရရန္ခက္ခဲသြားေတာ့သည္။ သို႔ေၾကာင့္ ေတာထဲ၌က်န္ခဲ့သည့္ ပညာစဥ္တက္ ပညာသည္မွာလည္း အခက္ေတြ႔ေနသည္။

” ေနာက္ဆံုးတစ္ေယာက္ဘဲက်န္ေတာ့တယ္ေအာင္ဒင္…စေနသမီးအပ်ိဳစင္ကို ဒီေန႔ရေအာင္႐ွာလာခဲ့…”

ထိုလူ၏တခ်က္လြတ္အမိန္႔ေၾကာင့္ ေအာင္ဒင္ေၾကာက္ရံြ႔သြားသည္။ ေနာက္ဆံုးတစ္ေယာက္ျဖစ္သည့္စေနသမီးကို သူဘယ္မွာ႐ွာရမည္မွန္း သူမသိေတာ့ေခ်။

ေမာင္ေရခဲသည္တရားထိုင္ေနရင္း အာရံုထဲ၌ ဆရာသခင္၏ အသံကိုၾကားလိုက္ရသည္။

” တပည့္ႀကီး…ငါ့တပည့္ႀကီးအတြက္တာဝန္က်လာၿပီ… ကန္ေတာင္ေက်းရြာမွာ စေနသမီးအပ်ိဳစင္ေသြးနဲ႔ ပညာစဥ္အဆင့္တက္ေနတဲ့ကေဝေကာင္ေရာက္ေနတယ္…သူ႔ေၾကာင့္အျပစ္မဲ့မိန္းကေလးငယ္ေတြ ေသဆံုးသြားၾကရၿပီ…ေနာက္ထပ္မဆံုး႐ွံုးရေအာင္ သြားၿပီးႏိုင္နင္းပါ…..”

ေမာင္ေရခဲ လည္းဆရာသခင္၏အသံကိုၾကားလိုက္ရသျဖင့္ ပတ္ဝန္းက်င္ရြာမွ ၾကားရေသာ စေနသမီးမိန္းကေလးမိန္းကေလးမ်ားေပ်ာက္ေနသည္နဲ႔ ဆက္စပ္မိသည္။ ပို၍ေသခ်ာေအာင္ စံုစမ္းၾကည့္ရာ စေနသမီးပ်ိဳ စုစုေပါင္း (၆)ေယာက္ပင္ ေပ်ာက္ဆံုးေနၿပီျဖစ္သည္။ တစ္ရြာထဲ႐ွိမိန္းကေလးမွေပ်ာက္သည္မဟုတ္ဘဲရြာအႏွံ႔ေပ်ာက္ေနျခင္းျဖစ္သည္။ အေလာင္းအစအနပင္ျပန္မရေခ်။ ယခုလာမည့္လျပည့္ညသည္ နကၡတ္တာရာ စံုလင္ၿပီး ပညာစဥ္တက္ရန္အေကာင္းဆံုးအခ်ိန္ျဖစ္သည္။ သို႔ေၾကာင့္ စေနသမီးပ်ိဳ မ်ားကိုလိုက္ဖမ္းေသာ လူသည္ ယေန႔တြင္စေနသမီးပ်ိဴကိုမရရေအာင္ ႐ွာေဖြဖမ္းယူလိ္မ့္မည္ဟု သူေတြးထားသည္။

သို႔ေၾကာင့္ သာလြန္းရြာထဲ႐ွိစေနသမီးပ်ိဳမ်ားကို ယေန႔အတြင္မည္သည့္ေနရာမွမသြားရန္ ေျပာကာအစီစဥ္ဆဲြေနသည္။ ထိုကေဝေကာင္၏ေနရာကိုအတိအက်သိရရန္ အစာႏွင့္မွ်ားေခၚရလိမ့္မည္။ ရြာထဲ၌သတၱ႐ွိေသာစေနသမီးကိုအစာအျဖစ္မ်ွားေခၚရန္လည္း အႏၱာရယ္မ်ားလြန္းလွသျဖင့္ သူအၾကံရခက္ေနသည္။ သို႔ေၾကာင့္ စေနသားျဖစ္သူတပည့္ေမာင္ထင္ေပၚကို မိန္းကေလးအျဖစ္ျပင္ဆင္ေပးလိုက္ၿပီး ကေဝေကာင္ကိုမ်ွားေခၚရန္ လုပ္သည္။ ထင္ေပၚသည္သတၱိဗ်တိၱနဲ႔ျပည့္စံုသူ ျဖစ္ေသာေၾကာင့္ ယခုကိစၥတြင္မ်ားစြာအကူအညီေပးႏိုင္လိမ့္မည္။
သို႔ေၾကာင့္ ထင္ေပၚကိုလံုးဝမိန္းကေလးႏွင့္တူေအာင္ ျပင္ဆင္ေပးလိုက္ၿပီးေသာ္ အင္းတခ်ပ္ကိုလည္းတိုက္ထားလိုက္သည္။ ထိုအင္းမွာ ကိုယ္လံုအကာအကြယ္အင္းျဖစ္သည္။ ၿပီးေသာ္ထင္ေပၚအားလူျပတ္ရာေနရာ၌ပို႔ထားကာ မ်ွားေခၚရန္ျပဳသည္။ ထင္ေပၚလည္း ဆရာခိုင္းသည့္အတိုင္းကနဲြ႔ကလ်လုပ္ၿပီး လူအသြားအလာျပတ္သည့္ေနရာ၌ သြားကာမွွ်ားေခၚသည္။ မနက္ပိုင္းတြင္မသကၤာသည့္လူတစ္ေယာက္မွ မ႐ွိေခ်။ သို႔ေသာ္ ညေနပိုင္းတြင္ကား ေဘာင္းဘီဖားဖားပြပြႀကီးဝတ္ထားသည့္ လူတစ္ေယာက္သည္ ထင္ေပၚ႐ွိရာေနရာသို႔ ရစ္သီရစ္သီလာလုပ္သည္။
လူရိပ္လူေျခကိုအကဲခတ္ေနသည္။ ယေနအဖို႔သူ႐ွာေနေသာစေနသမီးပ်ိဳကိုေတြ႔ရၿပီျဖစ္သျဖင့္ အလစ္မေပးဘဲေစာင့္ေနသည္။ ထင္ေပၚလည္းသတိႀကီးႀကီးထားကာ ထိုလူကိုအကဲခတ္သည္။ ထိုလူသည္ကေဝေကာင္၏ တပည့္သာျဖစ္လိမ့္မည္။ ခြန္အားဗလႀကီးၿပီး လူေကာင္ထြားသည္။ ခဏအၾကာထိုလူသည္ ထင္ေပၚအေနာက္သို႔ကပ္လာၿပီး ေမ့ေဆးျဖင့္တို္႔ကာ ေတာထဲသို႔ အျမန္ထမ္းေခၚသြားေတာ့သည္။ ထင္ေပၚကား ေမ့ခ်င္ေယာင္ေဆာင္ၿပီး ထိုလူ၏ပခံုးေပၚပါသြားသည္။ ထိုလူက

” ဟ…ဒီတစ္စေနသမီးက ေလးလိုက္တာ….ဘယ္ေလာက္မ်ားအစာစားထားတာလဲမသိ….ဒီေန႔ၿပီးရင္ ငါ့ဆရာရဲ႕အဆင့္ကလံုးဝၿပိဳင္စံ႐ွားသြားၿပီ…ငါလည္းဆရာ့ရဲ႕ၿပိဳင္စံ႐ွားတပည့္အျဖစ္ လုပ္ရေတာ့မယ္… ”

ထိုလူေတာထဲေျပးေနရင္း တစ္ကိုယ္တည္းစကားေျပာေနသည္။ ထင္ေပၚကသူ႔ပခံုးေပၚမွေန၍ ေမ့ေျမာခ်င္ေယာင္ေဆာင္ေနသျဖင့္ ထိုလူေျပာသမ်ွကို အတိုင္းသားၾကားေနရသည္။ ေတာအထပ္ထပ္ကို ျဖတ္ေက်ာ္ၿပီးေနာက္ တလာပတ္စမ်ားျဖင့္မိုးကာထားသည့္ တဲႀကီးသို႔ေရာက္လာသည္။ ထိုလူသည္ ထင္ေပၚအား ဆရာ႐ွိရာအခန္းထဲသို႔ဝင္ၿပီး ခ်လိုက္သည္။

” ေနာက္ဆံုးအဆင့္အတြက္ စေနသမီးပ်ိဳပါဆရာ….စေနသမီးေတြ႐ွာရခက္လို႔ ဒီကနဲ႔အရမ္းေဝးကြာတဲ့ေနရာမွာ႐ွာရလို႔ ၾကာသြားတာပါ…”

” ေအး…အခ်န္မွီရလာတာကိုဘဲ ေက်းဇူးတင္ပါၿပီေအာင္ဒင္…ဒီညဟာ ပညာအဆင့္တက္ဖို႔ အေကာင္းဆံုးညဘဲ…ဒီေတာ့မိန္းကေလးကို ယဇ္စင္ေပၚထားၿပီး အေမႊးနံသာေရေတြနဲ႔ ပက္ဖ်န္းထားလိုက္၊ဒီမိန္းကေလးဟာ ငါ့အတြက္ေနာက္ဆံုး ပညာစဥ္အဆင့္တက္လို႔ရမဲ့သူဘဲ…”

” ဟုတၥိတၡ္ပါဆရာ…”

ဗလေကာင္းေကာင္းႏွင့္လူသည္ ထင္ေပၚအားေကာက္ေပြ႔လိုက္ၿပီး ယဇ္စင္ေပၚသို႔ တင္ထားလိုက္သည္။ ယဇ္စင္ထက္တြင္ေသြးစိမ္းညႇီနံ႔မ်ား မႊန္ေနသည္။ ထင္ေပၚလည္း ေအာင့္အည္းသီးခံၿပီး ဆရာျဖစ္သူအလာကိုေစာင့္ေနသည္။

ေမာင္ေရခဲ သည္ညအခ်ိန္ကိုေစာင့္ရင္း တေျဖးေျဖး ညည့္နက္လာသည္။ သို႔ေၾကာင့္ ထင္ေပၚ႐ွိသည့္ေတာနက္ထဲသို႔လာခဲ့သည္။ ေတာထဲ႐ွိကေဝေကာင္သည္ သူ႐ွိေသာေတာပတ္ဝန္းက်င္အႏံွံ႔ကို အေစာင့္အျပည့္ခ်ထားသည္။ ယေန႔ညသည္ သူ႔အတြက္အေရးႀကီးဆံုးအခ်ိန္ျဖစ္သျဖင့္ ပို၍ ဂ႐ုတစိုက္လုပ္ေနဟန္႐ွိသည္။ ေမာင္ေရခဲက မိမိအတြက္အခ်ိန္က်န္႔ၾကာမည္ျဖစ္ေသာေၾကာင့္ ဥ႐ုယကၡဘီလူးႀကီးကို ၾလတၠာ ကေဝေကာင္၏ အေစာင့္မ်ားကို ႐ွင္းခိုင္းသည္။ ၿပီးေသာ္ သူကိုယ္တိုင္ကား ေတာထဲသို႔ဝင္လာခဲ့သည္။ ကေဝေကာင္႐ွိရာေတာထဲသို႔ေရာက္လာေသာ္ မ်ားျပားလွေသာ တေစၦ၊သရဲ၊သဘက္ႀကီးမ်ားကို ေတြ႔လိုက္ရသည္။ ေမာင္ေရခဲလည္းထိုသရဲသဘက္ႂကီးမ်ားကို ႐ွစ္ကြက္အင္းျဖင့္ပစ္ကာ ထိန္းခ်ဳပ္ထားလိုက္သည္။

” ေတာက္! ဘယ္သူကဒီထိလာၿပီး အတင့္ရဲေနရတာလဲကြ…”

ဗလႀကီးႀကီးကင္တိုတိုႏွင့္လူက ေမာင္ေရခဲအားျမင္လ်ွင္ ဆီးႀကိဳကာ တားလိုက္သည္။ ေမာင္ေရခဲလည္း ထိုလူေ႐ွ႕ရပ္ၿပီး တည္ၾကည္ေသာအသံျဖင့္

” ငါ့ေ႐ွ႕ကေနဖယ္ပါ ….”

” ဟားဟားဟား…..လြယ္လွေခ်လားကြ…ဟမ္…ဒီေနရာ ဝင္လာထဲက မင္းကေသလူျဖစ္ေနၿပီဆိုတာ မင္းသိလိုက္သင့္တယ္….”

” အေျပာမႀကီးပါနဲ႔ေအာင္ဒင္ မင္းကဘာေကာင္လဲဆိုတာငါသိတယ္…မင္းတို႔လိုအေကာင္ေတြကိုငါ႐ွင္းလာခဲ့တာမနည္းဘူး…”

” ေတာ္ေတာ္ေလ လံုးႀကီးနဲ႔ေကာင္ဘဲ…ငါဘာေကာင္လဲဆိုတာ ျပရေသးတာေပါ့….”

ဆိုကာ ထိုလူက မႏၱာန္တစ္ပုဒ္ကိုရြတ္လိုက္သည္။ ၿပီးေသာ္အဝတ္မ်ားကိုခြၽတ္လိုက္သည္။ ခဏအၾကာထိုလူသည္ အေမြးအမ်ွင္ၾကမ္း႐ွ႐ွမ်ားထြက္လာၿပီး လူတစ္ပိုင္းက်ားတစ္ပိုင္းျဖစ္သြားသည္။ ခဏၾကာေသာ္ လံုးဝက်ားႀကီးတစ္ေကာင္အျဖစ္ေျပာင္းသြားေတာ့သည္။ အဝါေရာင္အစင္းၾကားပါေသာ ဧရာမကိုးေတာင္က်ားႀကီးတစ္ေကာင္ျဖစ္သည္။

” ေဝါင္း….ေဝါင္း…. ေဝါင္း…..”

ထိုက်ားႀကီးသည္ ဟိန္းသံျပဳရင္း ေမာင္ေရခဲထံတလွမ္းခ်င္းစီဝင္လာသည္။ အခ်ိန္လည္းသိပ္မ႐ွိေတာ့သျဖင့္ ေမာင္ေရခဲ သည္ဘီလူးအင္းခ်ပ္ကိုထုတ္ကာ အသက္သြင္းလိုက္သည္။ ခဏအၾကာ ေၾကးနီေရာင္အင္းဘီလူးႀကီးထြက္လာၿပီး ကိုးေတာင္သမန္းက်ားနဲ႔ ခ်ၾကသည္။ ေမာင္ေရခဲ လည္းတဲထဲသို႔ဝင္သြားရာ ကေဝေကာင္က စက္မ်ားျဖင့္တားထားလိုက္သည္။ ေမာင္ေရခဲလည္း ထိုကေဝစက္ကိုျဖတ္ကာဝင္လာသည္။

” ဟားဟားဟား….သင့္လိုလူကငါ့ေနရာထိ လိုက္လာႏိုင္တာဆိုေတာ့ အစြမ္းကမေသးဘူးဘဲ…အဝင္လမ္းဘဲ႐ွိၿပီး အျပန္လမ္းမ႐ွိေတာ့တာ မင္းမသိလို႔ေနလိမ့္မယ္သူငယ္ေလး…”

” အေျပာမႀကီးနဲ႔ကေဝေကာင္….မင္းကသူမ်ားသားသမီးပ်ိဳေတြကို ကိုယ္ခ်င္းမစာမနာ
သတ္ရက္တဲ့ေကာင္…သင့္လိုေကာင္က လူ႔ေလာကရဲ႕ အညစ္အေၾကးသက္သက္ဘဲ….”

” အေျပာႀကီးလွေခ်လားသူငယ္…မင္းငါ့ကိုႏိူင္ရင္ သူငယ္မကိုျပန္ေခၚေခ်။ ေအး…မႏိုင္လို႔ကေတာ့ မင္းအသက္ပါေပးရမယ္…”

” လုပ္လိုက္စမ္းပါ…ငါကလည္းဒီလိုႀကိဳက္တာ…မင္းငါ့ကိုႏိုင္ရင္ငါ့ကိုႀကိဳက္တာလုပ္…ေအး…မႏိူင္လို႔ကေတာ့ မင္းပညာေတြအကုန္စြန္႔ရမယ္….”

” အေျပာမႀကီးနဲ႔ သူငယ္…အလုပ္နဲ႔လက္ေတြ႔ျပပါ…”

ဆိုကာ ကေဝေကာင္ကဖေႏွာင့္တခ်က္ေပါက္လိုက္ရာ ေျမႀကီးထဲမွဆူးခြၽန္မ်ားပါသည့္ ႏြယ္႐ွင္မ်ားထြက္လာသည္။

” ႏြယ္႐ွင္ေတြ အေ႐ွ႕ကေကာင္ကိုသတ္လိုက္စမ္း…အ႐ိုးေတာင္မက်န္ေသနဲ႔သိပ္အေျပာႀကီးတဲ့ေကာင္…”

ဆိုကာေမာင္ေရခဲထံႏြယ္႐ွင္ကိုလြတ္လိုက္သည္။ ေမာင္ေရခဲက ထိုကေဝေကာင္၏ ဖေႏွာင့္မွထိုးထားေသာ ျမတ္သြာဘုရားပံုေတာ္ကိုျမင္လိုက္ကၿပီး ေဒါသထြက္သြားသည္။ သို႔ေၾကာင့္ ႐ွစ္ကြက္အင္းကိုအျမန္ဆဲြလိုက္ၿပီး သူ႔ပတ္ပတ္လည္ကာထားလိုက္သည္။ ႏြယ္႐ွင္မ်ားကေမာင္ေရခဲထံေရာက္ၿပီး တြန္းကန္အားေၾကာင့္ ျပန္လည္ကန္ထြက္သြားသည္။

” ဟား…ဟား…ဟား…မင္းက လူငယ္ေသလာကၸညာကမဆိုးဘူးဘဲ…ငါဒါမ်ိဳးကိုေစာင့္ေနတာ …”

ဆိုကာ ႏြယ္႐ွင္မ်ားကို ႏွစ္ဆပိုတိုးလိုက္သည္။ ယဇ္စင္ေပၚမွ ထင္ေပၚလည္း ဆရာ့ကိုကူညီရန္ ထလာခဲ့သည္။ ထိုအခ်င္းအရာကိုကေဝေကာင္က ျမင္ၿပီးေဒါသထြက္သြားသည္။

” ေတာက္! သူကမိန္းမဟန္ေဆာင္ထားတဲ့သူကိုး…ဒါေၾကာင့္ မင္းငါ့ေနရာေရာက္လာႏိုင္တာေပါ့…သတိတခ်က္လြတ္သြားလို႔သာ…..မင္းတို႔ႏွစ္ေကာင္လံုး ျပန္လမ္းမ႐ွိဘူးမွတ္လိုက္….ေရာ့…”

ဆိုကာ ထင္ေပၚထံအနီရင့္ေရာင္စက္ႀကိဳးပစ္လိုက္သည္။ သို႔ေသာ္ ထင္ေပၚ ေသာက္ထားေသာ ကိုယ္လံုအင္းအစြမ္းေၾကာင့္ စက္ႀကိဳးမွာ အနားမေရာက္ခင္ပင္ ျပတ္ထြက္သြားသည္။

” ဟားဟားဟား…မင္းတို႔ေတြ အရမ္းစြမ္းေနၾကတယ္ေပါ့ဟုတ္စ…ေရာ့…ငါ့ရဲ႕ျမႇားမိုးကိုခံႏိုင္ရင္ခံၾကစမ္း”

ဆိုကာ ေကာင္းကင္ထက္သို႔ဦးေခါင္းေမာ့လိုက္ၿပီး ဂါထာရြတ္ဆိုသည္။ ထိုအခ်ိန္ေကာင္းကင္ထက္မွမီးေတာက္မ်ား ပါသည့္ျမႇားအစင္းေပါင္းမ်ားစြာက ေရခဲႏွင့္ထင္ေပၚတ္ို႔ထံ တရစပ္ထိုးခ်လာသည္။ ေရခဲတို႔လည္း ကြန္ခ်ာအင္းကိုအသက္သြင္းၿပီးကာထားလိုက္သည္။ ျမႇားတံႏွင့္ကြန္ခ်ာအင္းတို႔ ထိေတြ႔သံေၾကာင့္ တေဖာင္းေဖာင္းအသံျမည္ကာ ေပါက္ကဲြကုန္သည္။ ႏြယ္႐ွင္လည္း အပိုင္းပိုင္းျပတ္ထြက္သြားၿပီး ျပန္လည္ေပ်ာက္ကြယ္သြားေတာ့သည္။

” မျဖစ္ႏိုင္ဘူး….ခုထိငါ့ရဲ႕ျမႇားမိုးႏွင့္ႏြယ္႐ွင္ကို ႏိုင္တဲ့သူမ႐ွိေသးဘူး…နင္တို႔ကဘယ္သူေတြလဲ…”

” ငါတို႔ကမင္းကို အဆံုးသတ္ေပးမဲ့သူဘဲ…ကဲ…ငါ့အလွည့္ေရာက္ၿပီ…ေရာ့ဒီအင္းကြက္ထဲကေနမင္းထြက္ႏိုင္ရင္ထြက္စမ္း…”

ဆိုကာ ေရႊေရာင္အင္းခ်ပ္အားေလထဲဆြဲၿပီး ကေဝေကာင္ဆီ ပစ္လိုက္ရာ အင္းခ်ပ္မွာ ေရႊေရာင္တဖိတ္ဖိတ္ ေတာက္ေနေသာ ကေဝဖမ္းအင္းျဖစ္ေနသည္။

” ဟာ…မျဖစ္ႏိုင္ဘူး….အား….”

ဆိုကာ ကေဝေကာင္သည္ ေျမေပၚလူးလိမ့္ၿပီး အားခနဲေအာ္သည္။ သူ႔ကိုရစ္ပတ္ထားေသာ ေရႊေရာင္ကေဝဖမ္းအင္းမွ ငရဲမီးေတာက္မ်ားထလာၿပီး ကေဝေကာင္ကို တဖ်စ္ဖ်စ္ေလာင္ကြၽမ္းေလသည္။

” အား…ေတာပါေတာ့..ငါေသရေတာ့မယ္…”

” မင္းအလွည့္က်နာတတ္တယ္လား…မင္းသူမ်ားသမီးပ်ိဳကို လည္ျဖတ္ၿပီး ေသြးေတြအန္ထြက္ေနတာကို ၾကည့္ေကာင္းေကာင္းနဲ႔ၾကည့္ေနတာမလား…ခုက်နာလားကိုယ့္အလွည့္ေရာက္ေတာ့…”

” ေတာင္း….ေတာင္းပန္ပါတယ္…ငါကိုယ္ခ်င္းစာတတ္ပါၿပီ…”

” ခုမွကိုယ္ခ်င္းစာေနလည္း ေသ ၾသားတဲ့လူက ျပန္မလာႏိုင္ေတာ့ဘူး…မင္းလိုေကာင္က ငရဲနဲ႔ဘဲတန္တယ္…”

” ေတာင္းပန္ပါတယ္….ငါ့ကိုလြတ္ေပးပါ…ငါအရမ္းပူေနၿပီ…”

” မင္းပညာေတြ စြန္႔ရင္မီးက သူ႔အလိုလိုၿငိမ္းသြားလိမ့္မယ္…မင္းလုပ္ႏိုင္သလား.. ”

ကေဝေကာင္ေတြေဝသြားသည္။ သူ႔အေနျဖင့္ ရခဲလွေသာပညာကိုစြန္႔လြတ္ရန္ႏွေျမာေနသည္။ သို႔ေသာ္ လည္းအသက္ေဘးက႐ွိေနေသးေသာေၾကာင့္

” ငါ…ငါ့ပညာေတြစြန္႔ရင္ ဒီမီးေတြၿငိမ္းမွာလား….”

” ငါမုသားမေျပာဖူးဘူး…က်န္တာမင္းသေဘာပါ…”

” ငါ…ငါလုပ္ပါ့မယ္…”

ထိုအခါထင္ေပၚက

” သူညာရင္ေကာဆရာ…”

” သူလိမ္ညာေနရင္ သူ႔အသက္အာမမခံဘူးထင္ေပၚ…သူ႔အသက္ကိုေတာ့သူ႔ပညာထက္ႏွေျမာမွာပါ…”

ဆိုၿပီးကေဝေကာင္အား ေစာင့္ၾကည့္ေနလိုက္သည္။

” ေအာ့…ေဝါ့…”

ကေဝေကာင္က မီးဒဏ္မခံႏိုင္ေတာ့ေသာေၾကာင့္ ထိုးကာအန္ခ်ေတာ့သည္။ ထိုစဥ္ ပညာအဆင့္တက္စဥ္က မ်ိဳခ်ထားေသာ လူ႔အသားတံုးနီနီရဲရဲ မ္ားကို တစ္တံုးၿပီးတတံုးအန္ခ်လာသည္။ အသားတံုးေျခာက္တံုးေျမာက္၌ အန္ျခင္းကိုရပ္လိုက္သည္။ သို႔တိုင္သူ႔အားေလာင္ကြၽမ္းေနေသာ မီးကေတာက္ေနဆဲ။

” မင္းတို႔ညာတယ္…ငါ့ပညာေတြစြန္႔ရင္ မီးၿငိမ္းမယ္ဆိုခုက ဘာလို႔ေတာက္ေလာင္ေနတာလဲ.. ”

” ငါမုသားမေျပာဘူး….မင္းပညာရဲ႕ေနာက္ဆံုးဗူးက်န္ေသးတယ္…မင္းညာေနသ၍ မီးကၿငိ္မ္းမွာ မဟုတၻဴး….”

ဟုေမာင္ေရခဲကဆိုလုိက္ေသာ္ ကေဝေကာင္သည္ မိမိ၏ ေနာက္ဆံုးသိုဝွက္ထားသည့္ ပညာဗူးကို အန္ထုတ္လိုက္သည္။

” ေအာ့….ေဝါ့…ေဝါ့…”

ကေဝေကာင္က ခုႏွစ္တံုးေျမာက္အသားတံုးနဲ႔ မဲညစ္ညစ္ပ်စ္ခ်ဲြခြၽဲအရည္ကို အန္ခ်လိုက္သည္။ ထိုအခ်ိန္ သူ႔အားေတာက္ေလာင္ေနေသာ ေရႊေရာင္အင္းခ်ပ္မီးေတာက္က လံုးဝၿငိမ္းသြားေတာ့သည္။

” ကဲ…မင္းကသာမန္လူျဖစ္သြားၿပီ…အျပသ္ေႂကြးအတြက္သံသရာမွာေပးဆပ္ေပေတာ့…”

ေမာင္ေရခဲကကေဝေကာင္ကို ထိုသို႔ေျပာၿပီး ထင္ေပၚကိုေခၚကာ ေတာထဲမွထြက္လာခဲ့သည္။ ပညာမ႐ွိေတာ့ေသာကေဝေကာင္သည္ လူငယ္ႏွစ္ေယာက္ထံပညာစြန္႔လိုက္ရေသာေၾကာင့္ မိမိကိုယၠို မေက်မနပ္ျဖစ္ၿပီး ပညာမ်ားကိုနေျမာတသျဖစ္ကာ ႐ူးသြားေတာ့သည္။ တဲအျပင္ဘက္တြင္ကား အင္းဘီလူး၏လက္ခ်က္ေၾကာင့္ေသပဲြဝင္ေနရ႐ွာေသာ သမန္းက်ားကိုေတြ႔လိုက္ရသည္။ ေတာအစပ္တြင္သို႔ေရာက္ေသာ္ တာဝန္ၿပီးစီးသြားေသာ ဥ႐ုယကၡဘီလူးႀကီးက ေမာင္ေရခဲကိုအ႐ိုအေသျပဳၿပီး ေပ်ာက္ကြယ္သြားေတာ့သည္။ ေမာင္ေရခဲ တို့္္ဆရာတပည့္ႏွစ္ေယာက္လည္း ေတာမွထြက္ကာ မိမိရပ္ရြာသို႔ုျပန္လာခဲ့ၾကေတာ့သည္။…..။

(စိတ္ကူးမ်ွသာျဖစ္သည္။ ႏွစ္သစ္မွာ စိတ္သစ္ကိုယ္သစ္ျဖစ္ၿပီး အနာေရာဂါကင္း႐ွင္းၾကပါေစ႐ွင့္…)
# ၿပီး