လူသေမရှိသောသချင်္ိုင်း

*လူသေမရှိသော သင်္ချိုင်း*📖📖📖
==================

      အချိန်အားဖြင့် ဗြိတိသျှတို့ မြန်မာပြည်အား

သိမ်းပိုက်ထားသော အချိန်ဖြစ်သည် ခေတ်စနစ်က

မကောင်းတဲ့အပြင် မြို့နဲ့ အလှမ်းဝေးလှသော ကြောင့်

လက်ပံကုန်းရွာလေးမှာ တောင်ယာလုပ်ကိုင်ကြရင်း

မြို့နဲ့ အကူးအသန်း နည်းပါးပြီး သီးသန့့်လိုလို

ဖြစ်နေရလေတော့သည်

      မနက်ခင်းသည် ၈နာရီခန့့်လောက် ရှိပြီဖြစ်သော်

လည်း လက်ပံကုန်းရွာလေးအတွက် နေရောင်ခြည်ကို

အတော်နှင့် မမြင်ရပေ အဘယ်ကြောင့်ဆိုသော်

လက်ပံကုန်းရွာလေးသည် မြင့်မားသော တောင်တန်း

များကြား၌ တည်ရှိနေပြီ နေထွက်ရာဘက်မှာ

“ရှင်မထူး”တောင်ကြီး ခံနေသောကြောင့် အခုမှသာ

နေရောင်မြင်ရခြင်း ဖြစ်၏

   …..ဗျို့…သူကြီး….ဗျို့…သူကြီးဦးဖိုးစီ……

သူကြီးဦးဖိုးစီ အိမ်ရှေ့မှ မိမိအား အော်ခေါ်နေသော

ကြောင့် လက်ထဲမှ နှီးများကို အသာချပြီး ပြတင်း

ပေါက်မှ ခေါင်ပြူကြည့်လိုက်သည်

……ဟ…သုဘရာဇာကြီး….ဦးလူအေးပါလား….

ဒီလူကြီးက ရွာထဲကို တော်ရုံနဲ့ မဝင်ပါ သူ့ပုံစံကြည့်ရ

အရေးကြီးတဲ့ ပုံစံမို့ သူကြီးဖိုးစီ လမ်းခေါ်လိုက်၏

…..ဦးလူအေး…လာလေဗျာ….အိမ်ထဲဝင်ခဲ့လေ….

….သူကြီးရယ်…နေပါစေဗျာ…ကျုပ်က…သူဘရာဇာ

ဗျ…မဝင်ပါစေနဲ့…..

သူကြီး မျက်မှောင်ကြုံ့ခါ ခြံတံခါးကို လာဖွင့်ပေးရင်း

….ခင်များဘာသာ….သုဘရာဇာမကလို့…သုဘရာဇာ

ရဲ့….အဖေပဲဖြစ်ဖြစ်….လာစမ်းပါဗျာ….ကျုပ်အယူ

မသီးတတ်ပါဘူး

သူဘရာဇာကြီး ဦးလူအေး မဝင့်မရဲဖြင့် ခြံထဲသို့

ဝင်လာပြီး အိပ်ရှေ့ ကွစ်ပစ်အပေါ် ထိုင်လိုက်ကြသည်

….ကဲ….ကိုလူအေး…ဒီမှာအကြမ်းရေ….ဒီမှာကွမ်းအစ်

စားဗျာ…..သုဘရာဇာကြီး ဦးလူအေး သူကြီးချပေး

လာသော ကွမ်းအစ်ထဲမှ ကွမ်းတရာ ယာစားလိုက်ပြီး

…..ကဲ…ကိုလူအေး…လာရင်းကိစ္စလေး…ပြောဗျာ

ဦးလူအေး  ကွမ်းတံတွေး တစ်ချက်ထွေးလိုက်ပြီ

….လာရင်းကိစ္စက…ဒီလိုပါ…သူကြီးမင်း…ဟုအစချီခါ

သူကြုံတွေ့ရသမျှကို သူကြီးဦးဖိုးစီအားပြောပြ

လေတော့သည်

       မနေ့ညနေက… ရွာတောင်ပိုင်း… ဒေါ်မိုးရဲ့မောင်

သာကျော် ….ဝမ်းရောဂါနဲ့ဆုံးလို့…. ကျုပ်

ဆီကို…. ….လာပို့ကြတယ်ဗျ…. သူကြီးလဲ ….

သိတဲ့အတိုင်းပဲလေ ….ရွာတွေမှာက

……ဝမ်းရောဂါဆို… နေ့ခြင်းပဲ.. သင်္ဂြိုလ်ကြတာ

မဟုတ်လား…..ကူးစက်ကြမှာ…ကြောက်လို့လေ….

ကျုပ်ဆီကို…. အလောင်းလာပို့တော့… ညနေ၅နာရီ

လောက်ရှိနေပြီဗျ….ကျုပ်လည်း…..ဇရပ်အပေါ်မှာ

အိပ်နေရင်း သူတို့အလောင်းလာပို့တာနဲ့  ပေါက်တူး

ဆွဲပြီး အလောင်းကို အမြန်ဆုံး မြှုပ်ပေးဖို့ လုပ်ရတော့

တာပေါ့ဗျာ …..ကျုပ်အလောင်းကို…မြှုပ်ပြီးတဲ့အချိန်

က…. ည၇နာရီကျော်ပြီလေ….မိုးကလဲချုပ်နေပြီ

ဆိုတော့…ကျုပ်လည်း…ကျင်းတောင်…သိပ်နက်

အောင်….မတူးလိုက်ရပါဘူးဗျာ….

စကားကို ခဏဖြတ်ခါ သုဘရာဇာကြီး ဦးလူအေး

အကြမ်းရေတစ်ခွက်ငှဲ့ သောက်လိုက်ပြီး ပြန်ဆက်

လေသည်

….အားလုံးပြီးစီးသွားတော့…..ကျုပ်လည်း…ပင်ပန်း

နေတာနဲ့….ရေချိုး….ထမင်းစားပြီး….မနေကချန်ထား

တဲ့….အရက်တစ်ပိုင်းလေးချပြီး…အိပ်လိုက်တာပဲ

….အခုမနက်ဗျာ….ကျုပ်…အိပ်ယာနိုးတော့…

ညက…အမှောင်ထဲ…မြှုပ်ထားရတာ…သေသပ်ရဲ့

လားလို့….သေခြာ…သွားပြန်ကြည့်လိုက်တော့…..

ညကကျုပ်မြှုပ်ထားတဲ့…မြေပုံက….ခြေရာလက်ရာ

ပျက်နေတာကို….ကျုပ်တွေ့လိုက်တယ်…မသင်္ကာလို့

ကျုပ်ပြန်တူးကြည့်တော့….အလောင်းမရှိတော့ဘူးဗျ

…ဟာ…..မြတ်စွာဘုရား….

သူကြီးဦးဖိုးစီ အံ့သြထိတ်လန့့်သွားလေသည်

……ကိုလူအေး…ခင်များ….မူးပြီး…နေရာတွေ

များ…..မှားပြီးတော့…..မြှုပ်မိသလားဗျာ….

သူကြီးဦးဖိုးစီရဲ့ စကားကြောင့် ဦးလူအေး ခေါင်းကို

အတွင်တွင်ခါပြီး

….မဟုတ်ဘူး…သူကြီး….ကျုပ်ဒီရွာသင်္ချိုင်းမှာ….

..သုဘရာဇာလုပ်လာတာ…..၁၀နှစ်ကျော်ပြီလေ

ကျုပ်အလုပ်မပြီးသေးပဲ….အရက်မသောက်ဘူး

အားလုံးပြီးစီးသွားမှာ…ရေမိုးချိုးထမင်းစားပြီးမှ….

သောက်နေကြပါဗျာ…ကျုပ်ရဲ့….သုဘရာဇာလုပ်….

လာတဲ့သက်တမ်း…. တစ်လျှောက်မှာ…အခုလိုအဖြစ်

မျိုး….မကြုံဘူးပါဘူး….သူကြီးရယ်……

သူကြီးဦးဖိုးစီ ကွမ်းသီးများ ညှပ်နေရင်း သုဘရာကြီ

ပြောသမျှ နားထောင်ပြီး စဉ်စားရခက်နေလေသည်

….ကဲ…ကိုလူအေး….ဒီကိစ္စကိုတော့…ခင်များနဲ့….

ကျုပ်ပဲ…သိပါစေ….ခင်များ…သင်္ချိုင်းကိုပြန်ပြီး…

အခြေအနေကို….အကဲခတ်စောင့်ကြည့်ထား….

ထူးခြားတာရှိရင်…ကျုပ်ကိုပြောဗျာ….

ကောင်းပါပြီ…..သူကြီးမင်း….တစ်ခုခုထူးခြားတာနဲ့

ကျုပ်အကြောင်းကြားပါ့မယ်…ကျုပ်ကို…ပြန်ခွင့်ပြု

ပါဦး…..

….ခဏနေပါဦး….ကိုလူအေး…ခင်များစားဖို့…

ကျုပ်ခြံထဲက…ငှက်ပျောတစ်ခိုင်….ပေးလိုက်ချင်လို့

…ဟုတ်ကဲ့….ကျေးဇူးပါ….သူကြီးရယ်……

ဦးလူအေး သူကြီးပေးလိုက်သော ငှက်ပျောခိုင်ကို

ထမ်းပြီး ရွာပြင် သင်္ချိုင်းသို့ ပြန်လာခဲ့တော့သည်

       သာကျော်အလောင်းပျောက်ပြီး ၁၅ရက်ခန့်

ကြာသောအခါ ရွာအလယ်ပိုင်းမှ ဒေါ်ဖွားရင်

သက်ကြီးရောဂါနဲ့ ဆုံးလေတော့သည် ဒီတစ်ခါတော့

သူကြီးလဲ သူ့ဘရာဇာကြီး ဦးလူအေးကို လူဖြင့်လွှတ်

ခေါ်ကာ သေချာမှာကြားရလေတော့သည်

….ကိုလူအေး….

ဟုတ်ကဲ့….ပြောပါ…သူကြီးမင်း…

မနက်ဖြန်ကို….ရွာအလယ်ပိုင်းက….ဒေါ်ဖွားရင်ကို

ခင်များသင်္ချိုင်းမှာ…လာသင်္ဂြိုလ်လိမ့်မယ်…..

အဲ့ဒါ…ခင်များ…နိုးနိုးကြားကြားနဲ့…စောင့်ကြည့်ပေး

ဖို့…ခေါ်ပြောရတာပဲဗျ

…ဟုတ်ကဲ့ပါ…သူကြီးမင်း…ကျုပ်သေချာစောင့်ကြည့်

လိုက်ပါ့မယ်….

…အေးဗျာ…တစ်ခုခုထူးခြားတာနဲ့….ကျုပ်ဆီကို

အကြောင်းကြားဗျာ….

….ကောင်းပါပြီ…ဒါဆို….ကျုပ်ကိုပြန်ခွင့်ပြုပါဦး

သုဘရာဇာကြီး ဦးဖိုးလူ သူကြီးအား နှုတ်ဆက်ပြီး

ပြန်သွားခဲ့သည်

         ဆောင်းဝင်နေပြီ ဖြစ်သောကြောင့် ညသည်

အေးစိမ့်စိမ့်ရှိလှသည် လရောင်ရေးရေးအောက်

ညို့မှိုင်းနေသော တောင်တန်းများလည်း အိပ်မောကျ

နေပြီ ဖြစ်၏ လက်ပံကုန်းရွာ သင်္ချိုင်းထဲမှာ ဦးလူအေး

တစ်ယောက် နေ့လည်ထဲက ထင်းများ ကြိုတင် ရှာ

ထားပြီး ဇရပ်အပြင်၌ မီးဖိုကာ စောင်ခြုံလေးဖြင့်

လက်ကျန် အရက်အပိုင်းပုလင်းလေးကို သောက်ရင်း

နေ့လည်က ဒေါ်ဖွားရင်ကို မိမိ အသောအခြာမြှုပ်

ထားသော နေရာအား မကြာခဏ လှမ်းကြည့်နေရ

လေသည် ညသည် တိတ်ဆိတ်ငြိမ်သက်လျှက်

တောရွာမို့ အုတ်ဂူအပြိုအပျက်အနည်းငယ်သာ

ရှိပြီး မြေမြှုပ်ရသည်က များလေ၏ ညဉ့်နက်လာ

သည်နှင့်အမျှ သူဘရာဇာကြီးလည်း သတိထားပြီး

စောင့်ကြည့်နေရသည် အတန်ကြာသော်

ဂီး…..ဂီး….ဂီး…. ညဉ့်ငှက်

တစ်ကောင် စူးစူးဝါးဝါး ထအော်သံကို ကြားလိုက်

ရသည်နှင့် သူ့ဘရာဇာကြီး ဦးလူအေးတစ်ယောက်

ထူးခြားစွာ အိပ်ချင်စိတ်ကို မည်သို့မျှ မထိန်းနိုင်တော့

တော့ပဲ စောင်ခြုံထဲပင် ခွေခွေလေး အိပ်ပျော်သွား

လေတော့သည် မလှမ်းမကမ်း ညောင်ပင်ခြေရင်း၌

သူ့ကိုစောင့်ကြည့်နေသော ကြောက်မက်ဖွယ်

မျက်လုံးရဲရဲကြီး တစ်စုံကိုတော့ သူမမြင်လိုက်ပါချေ

       နံနက် မိုးလင်းခဲ့ပြီး လက်ပံကုန်းရွာထဲ၌

ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည် ရွာလူကြီး ဦးဖိုးစီအိမ်

သို့ ရွာသားများ စုရုံး ရောက်ရှိနေကြလေတော့သည်

….ကဲ…ဦးလူအေး….ဒီညလဲ…ဒေါ်ဖွားရင်..အလောင်း

ပျောက်ပြန်ပြီဗျာ…ခင်များ…ပြောတဲ့အတိုင်းဆို….

ဒါမရိုးဘူးဗျ….ပရလောကနဲ့…ပတ်သက်ဆက်နွယ်

နေလိမ့်မယ်လို့…ကျုပ်တော့ထင်တယ်…

“သူ့ဘရာဇာကြီး ဦးလူအေး သူကြီးပြောတာကို

ခေါင်းညိတ်လိုက်ပြီး

….ဟုတ်တယ်…သူကြီးမင်း…ညက..ကျုပ်သေခြာ

စောင့်ကြည့်နေတာပါ…ရုတ်တရက်….ကျုပ်ကို

အိမ်ငွေ့ချသလို….ဖြစ်သွားတာ…ကျုပ်သတိထား

နေရင်း….ထူးထူးဆန်းဆန်း….အိပ်ပျော်တာဆိုတော့

ဒါဟာ….သွေးရိုးသားရိုး….မဟုတ်လောက်ဘူး..

သူကြီး…..

ရွာသူရွာသားများလည်း ရုတ်ရုတ်သဲသဲတွေ ဖြစ်ကာ

ထိတ်လန့့်နေကြလေသည် ထိုစဉ် သူကြီး ဦးဖိုးစီ

မတ်တပ်ရပ်ခါ လက်ကာပြလိုက်ပြီး

…..အားလုံးပဲ….ခဏလောက်….ငြိမ်ပေးကြပါဗျာ…

…ဒီကိစ္စကို….ကျုပ်ရှင်းပေးပါ့မယ်…ကျုပ်မှာ…

အစီအစဉ်ရှိပါတယ်…မကြောက်ကြပါနဲ့….အားလုံးပဲ

….ပြန်လို့ရပါပြီ…လိုအပ်ရင်….ကျုပ်ခေါ်လိုက်ပါ့မယ်

ရွာသူရွာသားများ ကိုယ်ဆီ ပြန်သွားကြပြီနောက်

…ဦးလူအေး…ခင်များကတော့….မပြန်နဲ့ဦး….

…ခင်များကိုပြောစရာရှိတယ်…..

သုဘရာဇာကြီး ဦးလူအေး ပြန်ဖို့ထလိုက်ပြီးမှ သူကြီး

ရဲ့ပြောစကားကြောင့် ပြန်ထိုင်လိုက်ပြီး

….ဟုတ်ကဲ့….သူကြီးမင်းပြောပါဗျာ…..

သူကြီး အကြမ်းရည်တစ်ခွက် မှုတ်သောက်လိုက်ပြီး

သူအစီအစဉ်အား ပြောပြလေတော့သည်

ဦးလူအေးလဲ သူကြီးပြောသမျှ ခေါင်းတဆတ်ဆတ်

ဖြင့်နားထောင်းပြီးတဲ့နောက်

….ကျုပ်နားလည်ပါပြီ….သူကြီးမင်း…စိတ်ချပါ…

သူကြီးပြောတဲ့အတိုင်းပဲ…လုပ်လိုက်ပါ့မယ်…..

…ကျုပ်ကိုပြန်ခွင့်ပြုပါဦး…

…ကောင်းပါပြီ….ကိုလူအေး….

     ဦးလူအေး သင်္ချိုင်းသို့ ပြန်ရောက်သည်နှင့်

အသင့့်ပါလာသော ငှက်ပျောတုံးကြီးအား ဖျာလိပ်

နှင့် ပတ်လိုက်ပြီး သင်္ချိုင်းအစပ် နေကြာရိုင်းပင်တွေ

အနား ယူဆောင်ပြီး ကျကျနန မြေမြှုပ်လိုက်တော့

သည်

      လပြည့်ညမို့ ပတ်ဝန်းကျင်အား ရှင်းလင်းစွာ

မြင်နေရလေ၏ ခါတိုင်းလိုပဲ မီးဖိုပြီး စောင်လေးခြုံခါ

ကွေးနေရလေသည် ဒီတစ်ခါတော့ ဦးလူအေး အရက်

မသောက်တော့ပါ ညဉ့်နက်လာသည်နှင့်အမျှ

ပတ်ဝန်ကျင်သည် ပုစဉ်းရင်ကွဲအော်သံ ပုရစ်များ

အော်သံ လေတိုးသံများမှလွဲ၍ ငြိမ်သက်လျှက်…

ထိုအခိုက်

….ဂီး…ဂီး….ဂီး….

ညဉ့်ငှက်အော်သံသည် ပတ်ဝန်းကျင်အား

လှုပ်နှိုးလိုက်သလိုပါပဲ ငှက်အော်သံကြားတော့

ဦးလူအေး ခေါင်းထောင်ကြည့်လိုက်ပြီး ဆောင်ကိုခြုံ

ကာ အသာ ကွေးနေလိုက်တော့သည်

….ဘုန်း….

ခပ်လှမ်းလှမ်း ညောင်ပင်အပေါ်မှ တစ်စုံတစ်ယောက်

ခုန်ချလိုက်သော အသံကို ကောင်းစွာ ကြားနေရသည်

ဦးလူအေး မသိချင်ယောင်ဆောင်ကာ မှေးနေ၏

မိမိဘေးနားမှာ ခြေသံကြားတွေ ကြားရပြီး မိမိအထင်

ထိုအရာသည် မိမိအိပ်မအိပ်ကို အခြေအနေလာကြည့်

ဟန်ဖြစ်ပေလိမ့်မည် ခဏကြာသော် ထိုအရာသည်

ဦးလူအေး မြှုပ်ထားသော မြေပုံရှိရာ နေကြာရှိုင်း

တောစပ်သို့ ထွက်သွားလေသည် ခေါင်းမြီးခြုံထား

ရာမှ ဦးလူအေး စောင်စလေးကို အသာဖယ်ကာ

ကြည့်လိုက်သောအခါ

….အမလေး….မြတ်စွာဘုရား…..

မိမိအား ကျောပေးပြီး ထွက်သွားသော အရာမှာ

တစ္ဆေကြီးတစ်ကောင် ဖြစ်နေပါတော့သည်

ခန္ဓာကိုယ် တစ်ခုလုံး အမွှေးအမျှင်များဖြင့် ဖုံးလွှမ်း

နေပြီး နောက်ကျောက ကြည့်တာတောင် သူ၏

ကြီးမားသော ဝမ်းဗိုက်ကြီးကို တစ်ခါတစ်ခါ မြင်နေ

ရပါတော့သည် ဦးလူအေး စောင်ခြုံထဲမှ ထွက်ခါ

လရောင်အောက်မှာ ထင်းထင်းကြီးမြင်နေရသော

တစ္ဆေကြီးအနောက်သို့ မယောင်မလည် လိုက်သွား

လေတော့သည်

…..ဗွဲ….ဗွဲ…ဗွဲ….

…..ဟာ….

ဦးလူအေး အုပ်ဂူအပျက်ကြီးအနားက ခြောင်းကြည့်

လိုက်တော့ ထိုတစ္ဆေကြီးမှာ မိမိမြှုပ်ထားသော မြေပုံ

မှ မြေကြီးများကို သူ့လက်သည်းများဖြင့် ယက်ထုတ်

လျှက် သဲကြီးမဲကြီး ရှာနေတာကို မြင်လိုက်ရခြင်းပင်

ဖြစ်သည် နေ့လည်က မြှုပ်ထားသည်မှာ သိပ်မနက်

သောကြောင့် ဖျာလိပ်ကြီး ပေါ်လာသည် ထိုတစ္ဆေကြီး

ဝမ်းသာအားရဖြင့် ပါးစပ်မှ တစ်ဝူးဝူးအော်လျှက်

ဖျာလိပ်အား ထမ်းပြေးမည်အပြု….

…..ဟေ့….မပြေးနဲ့…..ရပ်လိုက်စမ်း…

နေကြာရိုင်းတောထဲမှ အသင့့်စောင့်ဆိုင်းနေသော

သူကြီးနဲ့ ရွာမှ ကာလသားများ တုတ်ဓားလက်နှက်

များ ကိုင်တောင်ကာ ဝိုင်းလိုက်ကြသော အခါ

ထိုတစ္ဆေကြီးမှာ ဒေါသများထွက်ခါ ရူးရူးရှဲရှဲဖြစ်ပြီး

ပခုံပေါ်မှ ဖျာလိပ်ကြီးကို ပစ်ချပြီး ရန်ပြုမည် ဟန်ပြင်

လိုကျစဥျ…….

……ဒကာကြီး….

လူအုပ်ကြီးအနောက်မှ တောင်ပေါ်

မှာသတင်းသုံးနေတဲ့ ကျောင်းထိုင်ဆရာတော်

ဥုးဝိသုတ္တပင်ဖြစ်၏ သီလသမာဓိ ကောင်းလွန်းလို့

အနီးအနားမှ ရွာများက ကိုးကွယ်ဆည်းကပ်ကြသည်

….ဒကာကြီး….

ဘုန်းကြီး အသံကို ကြားတော့ ဒေါသထွက်ခါ ရန်ပြုဖို့

ဟန်ပြင်နေသော ထိုတစ္ဆေကြီးမှာ ငြိမ်ကျသွားပြီး

ဆရာတော်အရှေ့ ဒူးတုပ်ထိုင်ရင်း လက်အုပ်ချီကာ

ခေါင်းကိုငုံလျှက် ဒီတော့မှ ဆရာတော်မှ မေးမြန်းလေ

တော့သည်

…ဒကာကြီး…သံသယာဝဋ်အတွင်းမှာ…ယခုလို

ရုပ်ပျက်ဆင်းပျက်နဲ့…ဆင်းရဲဒုက္ခကို….ခံစားနေရတဲ့…

ပြိတ္တာဘုံဘဝကို….ဘယ်လိုရောက်ခဲ့ရတာတုန်း…..

…..ပြီးတော့….ဒီသင်္ချိုင်းထဲက…လူသေအလောင်း

တွေကို…ဘာကြောင့်….ယူဆောင်ရတာလဲ….လျှောက်

…ပါဦးကွဲ့…..

တစ္ဆေကြီးမှာ မျက်ရည်များကျလျှက်

…မှန်လှပါ…အရှင်ဘုရား….တပည့်တော်ဟာ…

….ဘဝတစ်ခုမှာ…လူဖြစ်ခဲ့ရပါတယ်ဗျာ…ငွေကြေး….

ချမ်းသာကြွယ်ဝသူမို့….အလှူအတန်းများ….မကြာ

ခဏ….လုပ်ခဲ့ပါတယ်ဘုရား….တစ်နေ့မှာတော့….

သူဆင်းရဲ.သားအမိကို….ညစ်ပက်ပေရေနေသော……

ကြောင့်….မောင်းထုတ်မိခဲ့ပါတယ်…ဘုရား…

အီး…ဟီး…ဟီး….

တစ္ဆေကြီးမှာ ရှိုက်ကြီးတငင်ငိုကြွေးခါ စကားကိုဆက်

ပြန်၏

တပည့်တော်….မောင်းထုတ်ခဲ့သော…သူဆင်းရဲ…

..သားအမိကို….သူတပါး….စားလို့မကုန်ုသော….

…အကြွင်းအကျန်များကို….ကျွေးခဲ့မိပါတယ်…ဘုရား

….ဒါ့ကြောင့်….ဝမ်းဗိုက်ကြီးသော….ယခုပြိတ္တာဘဝ

နဲ့…..ဆာလောင်လွန်းတာကြောင့်….အသေကောင်များ

ကိုသာ….စားသောက်ရပါတယ်ဘုရား….လက်ဆက်

သော….အစားအစာများကို…တပည့်တော်…စားမိရင်

ဝမ်းပိုက်တွေ…အရည်ပျော်လုမတတ်…ပူလောင်ရပါ

တယ်ဘုရား….ဒါကြောင့်….တပည့်တော်…အသေများ

နဲ့…အပုပ်ကောင်များကိုသာ…စားသောက်ခဲ့ရတာပါ

…ပြုလုပ်ခဲ့သော…အလှူဒါနကြောင့်…နေ့ဘက်မှာ….

တပည့်တော်…ရုပ်အဆင်းလှပပြီး…နတ်တို့နဲ့မခြား…

….တန်ခိုးစည်းစိမ်ဘုံနန်း…များနဲ့….ခံစားစံစားရပြီး….

….ညဘက်မှာတော့…ယခုလို…ရုပ်ပျက်ဆင်းပျက်….

…ဘဝနဲ့….အသေ…အပုပ်ကောင်များကိုသာ..စားရနေ

ရပါတယ်…ဘုရား…..

…တပည့်တော်ကို…ခွင့်လွှတ်တော်မူပါ….ဘုရား…

….အီး….ဟီး…ဟီး….

ပြောရင်းနဲ့ ငိုနေရှာသော တစ္ဆေကြီးကို ကြည့်ရင်း

အားလုံး ဂရုဏာသက် သနားမိကြပါတော့သည်

…ကဲ….ဒကာကြီး…ဝဋ်မှာအမြဲ…ငရဲမှာအပတဲ့…

…မြတ်စွာဘုရားတောင်…ရှောင်လွှဲမရတဲ့…ဝဋ်ကြွေး

ကြမ္မာမို့….ဒီဘဝ…ဒီခန္ဓာနဲ့သာ…ကြေအောင်ဆပ်ပေ

ဦးတော့….ဒကာကြီးရေ….အင်းတစ်ခုတော့ရှိတယ်…

….လူသေဆိုတာ…စားကောင်းတဲ့အရာ….မဟုတ်တာ

ကြောင့်….တိရိန္ဆာန်…အသေကောင်များကိုသာ….

စားသုံးပါကွယ်…..ဒါတော့…ဆရာတော်ကို…ကတိ

ပေးစေချင်တယ်….ဆရာတော်လဲ…ကုသိုလ်ကောင်း

မှု့ပြုတဲ့အခါ…ဘုရားဝတ်ပြုတဲ့အခါ….ဒကာကြီးကို

….အမျှကုသိုလ်….ပေးဝေပါ့မယ်….

တစ္ဆေကြီး မျက်ရည်များသုတ်ပြီး ပျော်ရွှင်ခါ

….ဝမ်းသာလိုက်တာ….ဆရာတော်ဘုရားရယ်….

တပည့်တော်….ကတိပေးပါတယ်…ဘုရား…တပည့်

တော်…အတွက်….အမျှကုသိုလ်လေးသာ….ပေးပါ

…ဘုရား….

…ကဲ….အာရုံလဲတတ်တော့မှာမို့….အားလုံးကိုယ့်ဌာန

…ပြန်ကြပေတော့….

တစ္တေကြီးလည်း ဆရာတော်အား ဦးချပြီး တောထဲ

သို့ တိုးဝင်ခါ ပျောက်ကွယ်သွားလေတော့သည်

ရွာသားများလည်း သံဝေဂတွေ များစွာနဲ့ ပြန်ကြပါ

တော့သည် ထိုနောက်ပိုင်း ကပ်ပိယကြီး ဦးလူအေး

သာသနာဘောင်သို့ သံဝေဂများဖြင့် အပြီးတိုင် ဝင်

သွားလေတော့သည် ရဟန်းခံပေးသော ရဟန်းဒါယိ

ကာမှာ….သူကြီးဦးဖိုးစီပင်ဖြစ်ပေတော့သည်
.
ပြီးပါပြီ
.
.
အလှူတစ်ခုပြုရာဝယ်
အယုတ်အလတ်အရပ်မရွေးပဲနဲ့
မိမိစားသလိုပဲ သန့့်ရှင်း စင်ကြယ်
သောအစားအစာကို
စေတနာသဒ္ဒါပြတ်စွာနဲ့
နိဗ္ဗာန်ဏ ပစ္စယောဟောတု
မလှူခဲ့မိသော အဖြစ်ကြောင့်
အသေအပုပ်စားရသော
ပြိတ္တာ ဘုံသားဘဝနဲ့ပေးဆပ်
ခဲ့ရသော ဇာတ်လမ်းအား
ဖတ်ရင်းနဲ့ စာဖတ်သူအပေါင်း
သံဝေဂတရား ပွားများနိုင်ပါစေ…
.
ဆက်လက်ကြိုးစားပါဦးမည်

Friend မဖြစ်သေးသော စာဖတ်မိတ်ဆွေများ
ကျွန်တော် အကောင့်လေးကို အပ်ထားစေချင်ပါတယ်ဗျ
.
.လေလွင့်လူ(တွံတေး)17.11.2021✍️✍️✍️
#လေးစားစွာcreditပေးပါသည်