လောင်မီး(စ/ဆုံး)

Unicode Version

လောင်မီး(စ/ဆုံး)
———————
ထွန်းမောင်သေပြီ …တဲ့ ။
သည် သတင်းကြားတော့ စုတ်တသပ်သပ်ဖြစ်ကြသည် ၊
အားလုံးက
“အို .. အသက်အရွယ်ငယ်ငယ်ကလေးနဲ့ ဖြစ်မှ ဖြစ်ရလေကွယ်…”
“ကျန်ခဲ့တဲ့ မိန်းမနဲ့ ကလေးငယ်တစ် ယောက်တော့ သနားစရာ ..”
“အင်း … မိန်းမနဲ့ ကလေးအတွက် တိုက် တစ်လုံး၊ ကားနှစ်စီးနဲ့ စတိုးဆိုင်ကြီးတစ် ဆိုင် ထားရစ်ခဲ့လို့ မဆိုးသေးဘူးလို့ ဆိုရမှာ

“ဒါပေမဲ့ကွယ် … ဦးစီးဦးဆောင်လင်သား က ဘက်ပဲ့သွားလေတော့ ခမျာလေးတွေမယ် သနားစရာ …”

မိမိတို့ လူမျိုးဓလေ့က သည် လိုမျိုး နာရေး ကိစ္စပေါ်ပေါက်လာလျှင် ကာယကံရှင်တွေ ဘက်က ခံစားနားလည်ပေးတတ်ကြသည် ။
ထပ်တူထပ်မျှမဟုတ်တောင်
လူသားချင်း
စာနာစိတ်ဓာတ်ဖြင့် ကြေကွဲဝမ်းနည်းတတ် ကြသည် မှာ ဓလေ့တစ်ရပ်ပင်ဖြစ်နေခဲ့ပါပြီ။ ထိုအထဲ၌ မိမိလည်း အပါအဝင်ဖြစ်သည် ။ သို့သော် … ထွန်းမောင် သေဆုံးရခြင်းနှင့် စပ်လျဉ်း၍ ထိတ်လန့်တုန်လှုပ်ရသည် နှင့် အမျှ သံဝေဂလည်း ပွားခဲ့ရသည် ။
ဘာကြောင့် ဆို ထွန်းမောင်သေဆုံးရသည်
က သွေးရိုးသားရိုး သေဆုံးခြင်းမှ မဟုတ်ပါပဲ
ကလား။ဟုတ်သည် ။
ထွန်းမောင်သေဆုံးရသည့် ဖြစ်ရပ်က တ ကယ့်ကို ထူးထူးဆန်းဆန်း။

မိမိနှင့် ထွန်းမောင်က .. ကျောင်းနေဘက် သူငယ်ချင်းတွေဖြစ်ကြသည် ။
ကျောင်းနေတုန်းကဆိုလျှင်မိမိတို့
အခန်း၌ ထွန်းမောင်သည် စာအတော်ဆုံး ကျောင်းသား တစ်ဦးဖြစ်သည် ။ စာတော်သ ဖြင့် ဆရာ၊ ဆရာမတွေက ထွန်းမောင်ကို ချစ်ကြသည် ။

စင်စစ် ထွန်းမောင်သည် မိမိတို့ မြို့ ဇာတိမဟုတ်။ အညာကျေးလက် တောရွာ ကလေးတစ်ရွာ မှ ဖြစ်သည် ။ မိဘနှစ်ပါး
စလုံးကွယ်လွန်တိမ်းပါးသွားကြသဖြင့်
ဆွေရိပ်မျိုးရိပ်မကင်းသော ဘုန်းတော် ကြီး
တစ်ပါးက ခေါ်ယူလာခဲ့သဖြင့် မိမိတို့ မြို့ကလေးသို့ ရောက်လာကာ

မိမိနှင့် ထွန်းမောင်က .. ကျောင်းနေဘက် သူငယ်ချင်းတွေဖြစ်ကြသည် ။
ကျောင်းနေတုန်းကဆိုလျှင်မိမိတို့
အခန်း၌ ထွန်းမောင်သည် စာအတော်ဆုံး ကျောင်းသား တစ်ဦးဖြစ်သည် ။ စာတော်သ ဖြင့် ဆရာ၊ ဆရာမတွေက ထွန်းမောင်ကို ချစ်ကြသည် ။

စင်စစ် ထွန်းမောင်သည် မိမိတို့ မြို့ ဇာတိမဟုတ်။ အညာကျေးလက် တောရွာ ကလေးတစ်ရွာ မှ ဖြစ်သည် ။ မိဘနှစ်ပါး
စလုံးကွယ်လွန်တိမ်းပါးသွားကြသဖြင့်ဆွေရိပ်မျိုးရိပ်မကင်းသော ဘုန်းတော် ကြီးတစ်ပါးက ခေါ်ယူလာခဲ့သဖြင့် မိမိတို့ မြို့ကလေးသို့ရောက်လာကာ

ဘုန်းကြီးကျောင်း၌ဝေယျာဝစ္စ လုပ်၊

တည်းခိုရင်း ပညာရေးအတွက် ကျောင်း
တက်ခဲ့ရသူဖြစ်သည် ။

သူနေထိုင်ရာ ဘုန်းကြီးကျောင်းသို့ မိမိတို့ အိမ်မှ ဆွမ်းကွမ်းအလှူသွားလုပ်တော့ ထွန်း မောင်၏ ရပ်တည်နေထိုင်မှုကို သိလာရသည်
“ဆွေရိပ်မျိုးရိပ်မကင်းတာကလည်း တစ်
ကြောင်း ပညာတော်လို့ ထူးချွန်ထက်မြက်စေ ချင်တာ ကလည်း တစ်ကြောင်းတို့ ကြောင့် ကျုပ်သီတင်းသုံးတဲ့ ဟောဒီကျောင်းကို ခေါ် လာခဲ့တာပဲ ဒကာကြီးရေ .
အနေအထိုင်လေးကလည်း
မဆိုးရှာပါဘူး။ ကျောင်းရဲ့ ဝေယျာဝစ္စတွေ၊ ဘုန်းကြီးရဲ့ ဝေယျာဝစ္စ တွေကို ဖျတ်ဖျတ်လတ်လတ် သွက်သွက်လက်လက် လုပ်ပေးရှာပါတယ်။ ညစဉ် … ကျုပ်ကို ဝတ်ဖြည့် ပြီးမှ ကျောင်း
စာတွေ ကြည့်ရရှာပါတယ်။ ကျောင်းမှာ တော်တယ်သိရတော့ သူ့အပေါ် ပညာပါရမီ ဖြည့်ရကျိုးနပ်ပေသပေါ့ဗျာ …”

“တင်ပါ့ဘုရား။ မောင်ထွန်းမောင်နဲ့ ည့်တော်ရဲ့ သားဟာ တစ်ကျောင်းတည်း၊ တစ်တန်း တည်း တက်နေကြတဲ့ သူငယ်ချင်း တွေပါ။ တပည့်တော်တို့ လည်း မောင်ထွန်း မောင်ရဲ့ ပညာရေးအတွက် တတ်အားသရွေ့ အကူအညီပေးပါ့မယ် ဘုရား …”
“သာဓုဗျာ … သာဓု သာဓု ”

ကျောင်းရှိ ဘုန်းကြီးနှင့် မိမိ၏ ဖခင်တို့ မှာ စကားလက်ဆုံကျနေခဲ့ကြသည် ။ ထိုအချိန် ဝယ် … ထွန်းမောင်သည် အုတ်ရေကန်၏ သံ မံတလင်း၌ ဘုန်းတော်ကြီး၏ သင်္ကန်းများ ကို လျှော်ဖွပ်နေလေ သည် ။ သည် မြင်ကွင်း ကိုကြည့်လျက် မိမိ၏ ဖခင်သည် ချီးကျူး သောအကြည့်ဖြင့် ခေါင်းတဆတ်ဆတ် ညိတ်လျက်။
နှစ်ကာလတွေ တရွေ့ရွေ့မျောလွင့်လာခဲ့သည် ။
စာသင်နှစ်တွေကလည်း အဆင့်ဆင့်။

မိမိက တစ်နှစ်တစ်တန်းကို သာမန်အဆင့် ဖြင့် အောင်မြင်ခဲ့သော်လည်း ထွန်းမောင် ကမူ အတန်းစဉ်အလိုက် ထူးချွန်အဆင့်ဖြင့် အောင်မြင်ခဲ့သည် ချည်း။
မိမိတို့ (၁၀)တန်းရောက်တော့ ဘဝတစ်ခု
အတွက်အရေးကြီးလာခဲ့ပြီမို့
အသည်းအသန် ကြိုးစားရပါတော့သည်
ထွန်းမောင်သည် လည်းထိုနည်းလည်းကောင်း။ ထိုကာလဝယ် ထွန်းမောင်၏
ဘဘုန်းကြီးသည် ဇာတိရပ်ရွာမှ ကျောင်း ထိုင်အဖြစ် လာရောက်ပင့်ဆောင်လေရာ ထွန်းမောင်နှင့် ခွဲခွာ သွားရလေတော့၏။

“ဘာမှ အားမငယ်နဲ့ ယောက်ျားတစ်

ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အစွမ်းအစတွေ မင်းမှာ ရှိ နေပြီပဲ။ မင်းဘဝကို မင်းဘာသာ မင်း ကြိုးစားတည်ဆောက်ပြီး အောင်မြင်ဖို့ ကြိုးစားပါ ထွန်းမောင်”
“တင်ပါ့ဘုရား၊ တပည့်တော် အစွမ်းကုန် ကြိုးစားပါ့မယ်ဘုရား”
ကျောင်းမှာ ဘကြီးဘုန်းကြီး မရှိလင့်
ကစား ကပ္ပိယအဖြစ် ဆွမ်းကျန် ကွမ်းကျန်
စားလျက် ငြိမ်းချမ်းစွာ ကျောခင်းအိပ်စက်ခွင့်ရသည်

ထွန်းမောင်အတွက်တော့
ကုသိုလ်ထူးလှပါဘိ။ ထွန်းမောင်အဖို့
အတွက်အရေးကြီးသောဘဝ (၁၀)တန်းကို
ထူးချွန်စွာအောင်မြင်ဖို့ ရာအတွက် ကြိုးစား
ရပါသည် ။ သူ့အဖို့ ထူးချွန်စွာအောင်ဖို့ အရေး ပြင်ပထုတ် စာအုပ်၊ စာတမ်းများကို ဝယ်ယူဖတ်ရှုလို သည် ။ အနီးကပ်သင်တန်းတွေကို တက်ရောက်လိုသည် ။

သို့ရာတွင် သူ့မှာ ငွေကြေးအင်အားက
ချို့တဲ့ လှသည် ။ သည် လိုမျိုးအခြေအနေတွင် ထွန်မောင် အား အရိပ်တကြည့်ကြည့်နှင့်
သံယောဇဉ်ဖြစ်ရှာသော အင်္ဂလိပ်စာပြ
ဆရာကြီး ဦးငြိမ်းခမျာ မနေသာ ပါ။ ထွန်း
မောင်တစ်ယောက် ကျောင်းပိတ်ရက်များ၌
ဘုန်းကြီးကျောင်းဝေယျာဝစ္စများ လုပ်ဆောင်
အပြီး ဈေးတောင်းခေါင်းရွက်လုပ်မည်
ကြားသိရတော့ ထွန်းမောင်ကိုခေါ်ပြီး
အားပေးနှစ်သိမ့်စကား ဆိုသည် ။

“သည် အချိန်မှာ မင်းအနေနဲ့ စီးပွားရေး လုပ်သင့်သေးဘူးလို့ ဆရာထင်တယ် မောင် ထွန်း မောင်။ မင်းရဲ့ ခေါင်းထဲမှာ (၁၀)တန်း စာမေးပွဲကို ထူးထူးချွန်ချွန် အောင်ရမယ်ဆို တာပဲ ထည့်ထားဖို့ လိုတယ်။ မင်းလိုအပ်တဲ့ ငွေကြေး ဘယ်လောက်လဲ …။ ဆရာ့ကို ပြော။ ဘာမှ အားနာဖို့ မလိုဘူး။ မင်းအပေါ်

ဘာမှ မျှော်ကိုးမှုမထားဘဲ မေတ္တာစေတနာ သက်သက်နဲ့ ဆရာက အကူအညီပေးတာပါ”
တကယ်လည်း ဆရာငြိမ်းသည်
ထွန်းမောင်အား
ငွေရေးကြေးရေးကိစ္စအတွက်
ဘာဆိုဘာမျှ မပူရလေအောင် အကူအညီပေးခဲ့သည် ။
သည့် အတွက် ထွန်းမောင်ဖြစ်စေချင်သော
ဆန္ဒတွေ ပြည့်ဝခဲ့ရသည် ။
သူလေ့လာ ဖတ်ရှုလိုသော စာအုပ်စာတမ်း
တွေ ဖတ်ခွင့်ရခဲ့သည်

အသင်အပြ
ကောင်းမွန်သော အနီးကပ်သင်တန်းတွေကိုတက်ခွင့်ရခဲ့သည်

သို့ဖြင့် (၁၀)တန်းစာမေးပွဲ ဖြေဆိုချိန်
ရောက်၍ဖြေဆိုခဲ့ပြီးသကာလအောင်စာရင်းထွက်လေသောအခါ
ဂုဏ်ထူး(၄)ဘာသာဖြင့် ထူးထူးချွန်ချွန် အောင်မြင်ခဲ့လေသည် ။ သူက ထူးချွန်စွာ

အောင်မြင် ခဲ့သလောက် မိမိကမူ သာမန်အ
ဆင့်ဖြင့် အောင်မြင်ခဲ့ရုံသာ။ သူ စက်မှု တက္ကသိုလ်၌ အင်ဂျင်နီယာ ဘာသာရပ်များ ကို သင်ကြားနေချိန်ဝယ် မိမိကမူ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်၌ သာ ပညာသင်ကြားရလေသည် စက်မှုတက္ကသိုလ်တက်ဖို့ ရာအတွက်
။ သူငွေကြေးလိုအပ်မှုများ အပေါ် ထောက်ပံ့ကူညီ ခဲ့သူမှာ လည်း ဆရာငြိမ်းပဲဖြစ်သည် ။
“ဆရာ့မှာ
က စားမဲ့သောက်မဲ့
သားထောက်သမီးခံ
မရှိဘူးလေကွယ်။
မောင်ထွန်းမောင်က
လိမ္မာရေးခြားရှိပြီး
ထူးချွန်ထက်မြက်တဲ့
လူငယ်ကလေးတစ်
ယောက်။ သူထွန်းပေါက်လာခဲ့ရင် သူနဲ့ သူ့
ပတ်ဝန်းကျင် ပြီးတော့ လောကကြီးတစ်ခု
လုံးအတွက် ကောင်းရာကောင်းကျိုး ဖြစ်လာ
မှာ မို့ ဆရာ့ အနေနဲ့ ကူညီရကျိုးနပ်လိမ့်မယ်
ထင်ပါတယ်ကွယ်”

ဆရာငြိမ်းကား တကယ့်ကို ပန်းမြိုင်လယ် မှ ဥယျာဉ်မှူးပါတည်း။
ထွန်းမောင် အင်ဂျင်နီယာဘွဲ့ရရှိသော နှစ် မှာ ပင် ဆရာငြိမ်းလည်း သက်ပြည့်ပင်စင် ယူလိုက် သည် ။ ထွန်းမောင်က ဌာနဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ ဝင်ရောက်အမှုထမ်းပြီး ဌာန ဆိုင်ရာ၏ စေလွှတ် မှုဖြင့် မြန်မာပြည်အထက်ပိုင်း နယ်မြို့ကြီး တစ်မြို့သို့ ရောက်ရှိသွားခဲ့သည် ။
အဲသည် ဌာနမှာ အရာရှိဖြစ်နေကြောင်း
တစ်သွေးတစ်မွေးဖြစ်လျက်

စီးပွားရေး
လုပ်ငန်းဆောင် တာများ အဆင်ပြေနေ ကြောင်း၊ ပြီးတော့ အဆိုပါမြို့မှ ပင် ကြေးရတတ်အသိုင်းအဝိုင်းမှ အမျိုးသမီး
တစ်ဦးနှင့် အိမ်ထောင်ကျနေကြောင်း စသည့် သတင်းများကို သူက မဆက်သွယ်လင့် မြန်မာပြည်
ကစားတစ်နံတစ်လျား

စီးပွားရေးအတွက် ခရီးသွားနေရသည့် မိမိ
ကတော့ ကြားနေရသည် ။ ဘာပဲဖြစ်ဖြစ်
ကိုယ်နှင့် ကျောင်းနေဘက် သူငယ်ချင်းတစ်
ယောက်
ရာထူးဂုဏ်သိမ်ပြည့်ဝစွာဖြင့်
ပြေလည်ကြီးပွား နေခြင်းအတွက် မုဒိတာ
ပွားရပါသည် ။
တစ်ခုတော့ရှိသည်

သူအဆင်ပြေကြီးပွားနေသည့်
အဓိကပခုံးထမ်းတင်ပေးခဲ့လေသော
ကိစ္စ၌
ကျေးဇူးရှင် ဆရာငြိမ်း အပေါ် မည်သို့များ
အတုံ့အတင်ပြုလေသနည်း ဆိုတာကိုတော့
မိမိသိချင်ခဲ့သည် ။ သို့ရာတွင် တိုက်ရိုက်မေး လို့ က သင့်တော်သည် မဟုတ်။
“ထွန်းမောင်တစ်ယောက် အတော်ကလေး
ကြီးပွားပြီး အဆင်ပြေနေတယ် ဆရာ …”
“ဟေ
….
ဟုတ်လား ဝမ်းသာလိုက်တာ
ကွယ်၊ အင်း … ထူးချွန်ထက်မြက်တဲ့ သူအဖို့

သည် လိုပဲ ဖြစ်ရမှာ ပေါ့ ။ ငါ့တပည့်ကို လွမ်းတယ်ကွာ ..။ တွေ့ချင်လိုက်တာ ”
သည် … ကတည်းက
ထွန်းမောင်တစ်
ယောက် ဆရာငြိမ်းအပေါ် အဆက်အသွယ်
ဖြတ်တောက် ထားသည် မှာ သေချာလောက်
ပေပြီ။
“ဒါဆို မပူနဲ့ ဆရာငြိမ်း ကျွန်တော်တို့

အားလုံး စုစုဝေးဝေး ဆုံတွေ့နိုင်ဖို့ ရာ
အစီအစဉ် ကလေးတစ်ခု ဆွဲထားကြတယ်
ဆရာ ”
“ဘယ်လို အစီအစဉ်များ လဲကွယ် …”
“ကျွန်တော်တို့
ကျောင်းသူကျောင်းသား
ဟောင်းတွေစုပြီး မြတ်ဆရာကန်တော့ပွဲလုပ်
ကြမယ် . ဆရာ
…ll
….။ … ရပ်နီးရပ်ဝေးက
ကျောင်းသားဟောင်းတွေဆီ ဖိတ်စာပို့မယ်
ဆရာ။ ကျွန်တော်က မကြာခဏ ဆိုသလို
နယ်တွေဘက်ဆင်းနေရလေတော့
ထွန်း

မောင်ဆီကိုလည်း ရောက်ဦးမှာ ပါ”
“ကောင်းတယ်ကွာ
ကောင်းတယ်။
ဆရာ သိပ်တွေ့ချင်နေတဲ့ ဆရာ့တပည့်ကျော် ကြီး မောင်ထွန်းမောင်ကို တွေ့ရဦးတော့မှာ ပေါ့။ မင်းတို့ ရဲ့ ခုလိုမျိုးလုပ်ရပ်ကို ဆရာ သာဓုခေါ်ပါတယ်ကွယ် ..။ သာဓုပါဗျာ
သာဓု … သာဓု”

အဲသည့် နောက် မိမိတို့ ကျောင်းသား ဟောင်းတစ်စု အစည်းအဝေးထိုင်လိုက်ကြ သည် ။ မြတ်ဆရာဟောင်းများကို ကန်တော့
ပွဲအခမ်းအနား ကျင်းပရန်အတွက် ဖိတ်စာ
ရိုက်ရေး အလှူငွေ
ကောက်ခံရေး၊
အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကြိုဆိုရေး၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး စသည် စသည် ဖြင့်။
“အဓိက လိုအပ်တာကတော့ ငွေပဲကွ။ အလှူငွေပြည့်ပြည့်စုံစုံရရင် အခမ်းအနားကို

ခန့်ခန့် ထည်ထည် ကျင်းပနိုင်လိမ့်မယ်။
ဆရာကြီး
ဆရာမကြီးတွေကိုလည်း
ထိုက်ထိုက်တန်တန် ကန်တော့ နိုင်လိမ့်မယ်
“တို့ များကို အတတ်လည်း သင်၊ ပဲ့ပြင်ဆုံးမခဲ့တဲ့ ဆရာတွေ ဆရာမတွေရဲ့ ကျေးဇူးတရားဟာ အင်မတန်မှ ကြီးမားလှပါ တယ်။ သည် ကျေးဇူးတွေကို တပည့်ဝတ်နဲ့ လျော်ညီစွာ တို့ များ ဘက်က ကျေပွန်ဖို့ လို လိမ့်မယ်…။ ပြီးတော့ကွာ လူစုံတက်စုံ


တွေ့ကြဆုံကြဖို့ ဖိတ်ကြားတဲ့ နေရာမှာ ပိုက်ဆံရှိ မျက်နှာကြီးတဲ့ တပည့်တွေကိုဖိတ် သလို ငွေကြေးတတ်နိုင် မတတ်နိုင် ဆင်းရဲ တဲ့ တပည့်ဖြစ် ပါစေ… မကြွင်းမကျန်
ရအောင် ဖိတ်ကြားဖို့
လိုလိမ့်မယ်။
မျက်နှာငယ်လို့ ပစ်ပယ်တယ်ဆိုတာမျိုး လုံးဝ
မဖြစ်စေရဘူး”

မိမိတို့ မြတ်ဆရာကန်တော့ပွဲ ကျင်းပရေး ကော်မတီဝင်များမှာ တက်တက်ကြွကြွရှိလှ သည် ။ သည့် နောက် အလှူငွေကောက်ခံနိုင် ဖို့ ရာအတွက် ဖိတ်စာရိုက်သည် ။ အလှူငွေ ကောက်ခံနိုင်ရန် ဘောက်ချာရိုက်သည် သတင်းစာမှာ ကြော်ငြာထည့်သည် ။ ပြီး တော့ … အလှူငွေကောက်ခံရေးအဖွဲ့များ ခွဲ လျက် သူ့တာဝန်နှင့် သူ အဆင်ပြေရာကို
ကောက်ခံကြသည် ။
….
ငါက အငှား
“သူငယ်ချင်းရယ် ဆိုက်ကားနင်းနေရတာဆိုတော့

တစ်နေ့တစ်နေ့ … ရရ
စားစား (၅၀၀)လောက်ပဲ
ကောင်းဘူးကွာ …”
ဝါးဝါးမျိုမျိုမို့ စိတ်မ ထည့်နိုင်တာ
“ရပါတယ် … ညွန့်တင်ရယ် … စေတနာ သာအဓိကပါ … စေတနာသန့်သန့်နဲ့ ကိုယ် သလောက်ထည့်ဝင်တာကိုက
တတ်နိုင် ကုသိုလ်ရနေပါပြီ။ ဒါပဲနော် အဲသည့် နေကြ ရင် တို့ များကျောင်းသား ဟောင်းတွေ စု စုဝေးဝေး ပျော်ပျော်ပါးပါးနဲ့ ကျေးဇူးရှင် ဆရာကြီး ဆရာမကြီးတွေကို ကန်တော့ကြ မှာ မို့ ဆက်ဆက်လာခဲ့ကွာ …”
“လာခဲ့မယ် … လာခဲ့မယ် … စိတ်ချ ..
စိတ်ချ”

သည် လိုမျိုး နွမ်းပါးတဲ့ သူတွေရှိသလို ပြ ည့်စုံသူတွေကျပြန်တော့လည်း …
“ဟား .. ကောင်းတယ်ကွာ … ကောင်း
တယ်။ အဲသည့် အစီအစဉ် သိပ်ကောင်း
ဖြစ်မြောက်အောင်တယ်။
အကောင်အထည်ဖော်တဲ့ မင်းတို့ အဖွဲ့ကို လည်း ကျေးဇူးတင်တယ်။ အခု ငါးသောင်း ထည့်လိုက်မယ်။ အခမ်းအနားပြင်တဲ့ အခါ လိုအပ်တာတွေရှိရင် ဖုန်းသာဆက်လိုက်။
ဟုတ်ပလား။ ေဩာ် … ဒါထက် မောင်သိုက်နဲ့

ပိုးတီတို့ လင်မယား အမေရိကားက ပြန် ရောက်လာတယ်ကွ။ သူတို့ ဆီ လည်း သွား လိုက်ဦး၊ ဒါမှ တို့ တွေ စုံစုံစေ့စေ့တွေ့ကြ၊ ဟားကြရမှာ ငါလည်း ဖုန်းဆက်ထား လိုက် မယ်။

သည် သို့ လှိုက်လှိုက်လှဲလှဲ ရှိကြသည်

“ဟေ့… ထွန်းမောင်ကြီးတစ်ယောက်ကော
ဘာသတင်းကြားသေးလဲ
တွေ့ချင်တယ်ကွာ..”
“တွေ့ရမှာ ပေါ့ကွာ
ထွက်ရင် သူ့ဆီဝင်မှာ ..”

ငါ မနက်ဖြန်ခရီး
သည် လိုနှင့် ပင် နောက်တစ်ရက်အ ရောက် ခရီးထွက်ဖြစ်သည် ။ ထွန်းမောင်ရှိ ရာ မြို့ကလေးသို့ ရောက်ပြီးသကာလ ထွန်း မောင်တို့ နေသော တစ်ထပ်တိုက်ပုကလေး ဆီ ရောက်ခဲ့သည် ။ ထိုနေ့က ရုံးပိတ်ရက်။ သည် တော့ လာရင်းကိစ္စကို အရင်းခံလျက်
ကျောင်းနေဘက်သူငယ်ချင်းနှစ်
ယောက် အေးအေးဆေးဆေး စကားစမြည်
တွေ ပြောဆိုကြမည်ပေါ့။
“ဆရာကန်တော့ပွဲကို လာခဲ့ကွာ

မင်းအမျိုးသမီးပါ ခေါ်ခဲ့ပေါ့ … ထွန်းမောင်” “မဖြစ်ပါဘူးကွာ … ငါက အလုပ်ထွက်ပြီး
စီးပွားရေးကို ဇောက်ချလုပ်နေတဲ့ ဟာ အလုပ်တွေနဲ့ လုံးခြာလိုက်နေတာ ..”

“တစ်ရက်တစ်လေပဲ ထွန်းမောင်ရယ်

“အဲဒီတစ်ရက်တစ်လေဆိုတာ
သိပ်
တန်ဖိုးရှိတာကွ။ အချိန်ရှိတုန်း စီးပွားရှာရ မယ်။ လောကမှာ ငွေရှိမှ လူရာဝင်တာကွ …
အရေးကြီးတာက ငွေ ငွေပဲ ”
..
“မဟုတ်သေးပါဘူးကွာ … တချို့ကိစ္စတွေ
မှာ ငွေနဲ့ လဲလှယ်လို့ မရနိုင်တဲ့ ကိစ္စတွေရှိ
တယ်”

“ဒါတွေ .. ငါနားမလည်ဘူးကွာ
ကတော့ အချိန်တိုင်း နာရီတိုင်းမှာ တစ်စ
ထက်တစ်စ ကြီးပွားတိုးတက်ဖို့ ကိုပဲ
အလေးထားတယ် သူငယ်ချင်း … အခု မင်း
တို့ လုပ်နေတာတွေက အလကား ဟေးလား ဝါးလားနဲ့ အချိန်ဖြုန်းတဲ့ အလုပ်တွေ ..”
စိတ်ထဲ ထောင်းခနဲဖြစ်သွားရသည် ။
မပေါက်ကွဲရလေအောင်
သို့ပါသော်ငြားစိတ်ကိုထိန်းချုပ်ထားလိုက်ရသည်
။ ဘာပဲ ဖြစ်ဖြစ် စေတနာကိုတော့ သဘောပေါက်
နားလည်အောင် ရှင်းပြရမည်။
“ဘာပဲဖြစ်ဖြစ်ကွာ .. ဆရာငြိမ်းခမျာ မင်း ကိုတွေ့ချင်နေရှာတာကွ။ ဆရာဟာ မင်း အပေါ် ကျေးဇူးကြီးခဲ့တာ မင်းသိမှာ ပါ”

“အဲဒါခက်တယ်ကွ၊ လူတွေက “ကျေးဇူး
ကျေးဇူး”နဲ့

အဲသည့် ကျေးဇူးဆိုတဲ့
စကားလုံးနဲ့ ကိုင် ကိုင်ပေါက်နေကြတယ်။

ဆရာငြိမ်းက ငါ့အပေါ် ကျေးဇူးပြုခဲ့ဖူးတဲ့ အတွက် … တုံ့ပြန်ငွေကြေးလိုချင်နေ သတဲ့
လား။ လိုချင်ရင် ပေးပါ့မယ်ကွာ …။ မင်း
သည် ကပြန်ရန် သေသေချာချာ မေးခဲ့ ဟုတ်
ပလား။ သည် တစ်ခါတော့ ပေါက်ကွဲဖို့ ရာ သေချာ သလောက်ရှိသွားပါပြီ။
သူ့အိမ် သူ့ယာမှာ မို့သာ အပြင်မှာ သာဆို လျှင် ဆွဲထိုးပစ်မိမှာ သေချာသည် ။ ရှေ့ဆက် စကားဆို လို့ ကတော့ အကုသိုလ်များ လိမ့် မည်မှာ အသေအချာ။
“ငါ … ပြန်မယ် … ထွန်းမောင် ..”
“နေဦးလေကွာ

မင်း ငါ့ဆီလာတာ
ဆရာကန်တော့ပွဲအတွက် အလှူလာခံတာ
မဟုတ်ဘူး လား …”
“ဟုတ်တယ် .. မင်းထည့်ချင်တဲ့ စိတ်ရှိမှ
ထည့်ကွာ၊ဘယ်ရွေ့ဘယ်မျှရယ်လို့

အတင်းအကြပ် မကောက်ခံချင်ဘူး ထွန်း
မောင်”
“ထည့်ရမှာ ပေါ့ကွာ ထည့်ရမှာ ပေါ့။

အများ တကာ တပည့်ဟောင်းတွေတောင် ထည့်နေကြ တဲ့ ဥစ္စာ၊ ငါက မထည့်လိုက်ဘူး ဆိုရင် ရိုင်းရာ ကျသွားတော့မပေါ့။
ငွေတော့ ထည့်လိုက်မယ်ကွာ … အလုပ် တွေများ နေလို့ မလာနိုင်တာကိုတော့ ခွင့် လွှတ် ဟုတ်ပလား”
သည် သို့ ပြောဆိုပြီးသကာလ အခန်းတွင်း သို့ ဝင်သွားသည် ။ အသံတွေ တိုးတိုးကြားရ သည် ။ စင်စစ် ထိုတီးတိုးသံများ သည် ထွန်း မောင်တို့ လင်မယား တစ်စုံတစ်ခုကို တိုင်ပင် ပြောဆိုနေကြသော အသံများ ဖြစ်ချိမ့်မည်။ တစ်အောင့်ကြာတော့ ထွန်းမောင် ထွက်လာ သည် ။
||
“ရော့ကွာ … နှစ်ထောင်”

“ဟင် …”
မယုံမှတ်နိုင်လောက်အောင် အံ့သြသွားရ
ခြင်း။ သည် ရွေ့သည် မျှ တိုက်နှင့် ကားနှင့် ရာထူးဂုဏ်သိမ်နှင့် တစ်ဖက်တစ်လမ်းက စီးပွားရေး လုပ်ငန်းနှင့် အခြေတကျဖြစ်နေ
သူက စိန်ရောင်ရွှေရောင်တဖျတ်ဖျတ်နှင့်
လက်ဖျားငွေသီးနေသူက
ထည့်ဝင်ငွေ

(၂၀၀၀)ကျပ်ဆိုတော့ ငွေလက်ခံဖြတ်ပိုင်း၌
ရေးရလေသည့် လက်ချောင်းလေးတွေပင်
ကတုံကယင်ဖြစ်ရသည် ။
“သွားမယ် … ထွန်းမောင်”
“အိုး.. ခေ ..”
အပြန်လမ်းမှာ တော့ ရင်ထဲ … တနှံ့နှံ့။

. ထွန်းမောင်
“မယုံနိုင်လောက်အောင်ကိုပဲ တစ်ယောက် ပြောင်းလဲသွားတာကိုး ..”
“ပြောင်းလဲသွားတာကတော့ကွာ။ မပြောနဲ့
ဒီကောင် … ခင်ပွန်းကြီး(၁၀)ပါးကို
ပြစ်မှားတာကွ၊ ကံကြီးထိုက်တော့မှာ ပဲ …” “ပြောလက်စနဲ့ ပြောရဦးမယ် …။ ငါလည်း မင်းတို့ နဲ့ မကြုံလို့ မပြောဖြစ်တာ…။
“ဘာများ ပါလိမ့် …”
“ဘာဖြစ်ရမလဲ .. ဒီကောင် ခင်ပွန်းကြီး (၁၀)ပါးကို ပြစ်မှားတဲ့ အကြောင်းလေ သူ့ဇာတိ မြေမှာ ကျောင်းထိုင်တဲ့ ဘဘုန်း တော်ကြီး ပျံလွန်တော်မူသွားတယ်။ ရပ်ရွာ ဘုန်းကြီးပျံဈာပနလုပ်ဖို့ ရာအတွက် ချမ်းသာကြီးပွားနေတဲ့ သူရှိရာကို ရွာသား အချို့ အကြောင်းသွားကြားတယ်။
သူ့အပေါ် ကျေးဇူးပြုခဲ့တဲ့ ဘဘုန်းကြီးရဲ့ နောက်ဆုံးအန္တိမဈာပနအဖြစ်
သူ
ကိုယ်တိုင်ဦးစီး ဦးဆောင်မှု ပြုစေချင်ကြတာ ပေါ့လေ ……… ဒါပေမဲ့ ..”
….
“ဘာလဲ ဒီကောင် လိုက်မသွားဘူး
မဟုတ်လား”
,,,
“သေချာတာပေါ့ကွာ … အလုပ်တွေ ကြပ် နေတဲ့ အတွက် ဘယ်လိုမှ လိုက်ဖို့ မဖြစ်နိုင် ကြောင်း အကြောင်းပြပြီး ဘုန်းတော်ကြီးဈာ ပနမှာ သုံးစွဲဖို့ အတွက် ငွေ(၅၀၀၀)ပဲ လှူ လိုက်သတဲ့ …”
“တောက် … မိုက်ရိုင်းလိုက်တာကွာ …”
သူပေးတဲ့
“မိုက်ရိုင်းတာတော့ မပြောပါနဲ့ တော့ကွာ။ ငါးထောင်ဆိုတာ သူ့ဆီ
တကူးတက လာကြောင်းကြားတဲ့ ရွာသား
နှစ်ယောက်အတွက် ခရီးစရိတ်တောင် လောက်ဘူး”

“သည် ကောင် လွန်လွန်းနေပြီကွာ … သူ့
ဘဝ သူ့အခြေအနေ သည် လိုမျိုးအဆင့် ရောက်လာ အောင် ဘဘုန်းကြီးက အခြေခံခဲ့ တာကွ …။ မြေတောင်မြှောက်ပေးခဲ့တာကွ။ ကောင် (၁၀)တန်း ကနေ
သည် အင်ဂျင်နီယာဘဝရောက်တဲ့ အထိကို ဆရာ
ငြိမ်းက ရေလောင်းပေါင်းသင်ပြီး
မြေတောင်မြှောက် ပေးခဲ့တာကွ။ သည် လို
မျိုး ကျေးဇူးတရားကို မေတ္တာစေတနာနဲ့
တုံ့ပြန်ပေးဆပ်ခြင်းမရှိဘဲ ဘဝမေ့နေ တာ ခင်ပွန်းကြီး (၁၀)ပါးကို ပြစ်မှားလိုက်တာပဲ။
အမှားကို အမှားမှန်းသိပြီး အချိန်မီပြင်နိုင်
ရင်ပြင်၊ မပြင်လို့ ကတော့ ဒဏ်ခတ်မှုကို ခံရ
မှာ ပဲ …
အားလုံးသည်
အပြောင်းလဲကြီး
ဖောက်ပြန် ပြောင်းလဲသွားသော ထွန်းမောင်
အား ကဲ့ရဲ့ ပြစ်တင် ရှုတ်ချနေကြသည် ။

ထိုအထဲ၌ မိမိလည်း အပါအဝင်။
***
ကာလဝပါက် နောက်ပိုးတက်ခဲ့ပြီ။ သံသရာလည် တစ်အောင့်ခဏလေးပင်…
မဆိုင်း။
ခုဆို ထွန်းမောင် သေပြီပဲ။
လူတစ်ယောက်အဖို့ … မွေးဖွား လာပြီဆို လျှင် သေဆုံးရခြင်းဆိုသည် မှာ ဓမ္မတာ။ အကြောင်းရှိ လျှင် အကျိုးရှိရမည်။ အဖြစ်ရှိ လျှင် အပျက်ရှိရမည်။ ဒါသည် မည်သည့် အခါကာလမှာ မှ ဖောက်ပြန် ပြောင်းလဲခြင်း မရှိသော နိယာမတစ်ရပ်ဖြစ်ချေ၏။ ထွန်းမောင်ဆိုသော လူတစ်ယောက် ကမ္ဘာ မြေပြင်၌ မွေးဖွားလာခဲ့၏။ မွေးဖွားသည့်

ဖြစ်ခြင်း ကြောင့် ထွန်းမောင် သေရပါချေပြီ။ မွေး၍ သေသည် ။ ဘာမျှမဆန်းဟု ဆိုရ သော်လည်း ထွန်းမောင် သေရပုံကဖြင့် အတော်ကလေးကို ဆန်းနေသည် သေဆုံးရပုံကို မျက်မြင်ဒိဋ္ဌတွေ့မြင်ရသူ တွေ၏ ပြောစကားကိုက ကျောချမ်းစရာ ကောင်းနေသည် ။

“အဲသည့် နေ့က စားသောက်ဆိုင်တစ်ဆိုင် ကနေ သူပိုင် အမိုးဖွင့်ဂျစ်ကားကလေးကို မောင်းပြီး ပြန်လာခဲ့တာပေါ့။ အဲသည့် စားသောက်ဆိုင်ကို သူမကြာခဏ သွားလေ့ရှိ တယ်။ သွားဆို အဲသည့် ဆိုင်ရဲ့ စင်တင်တေး
ဂီတက
အဆိုတော်ကောင်မလေးတစ်
ယောက်နဲ့ ငြိနေတာကိုး …
အပြန်မှာ ကောင်းကင်ပေါ်က မီးလုံးကြီး တစ်လုံး ပြုတ်ကျ လာပြီး မြေပြင်ကနေ ရင်ဆို့လောက် အကွာကျတော့ တန့်သွား

တယ်။ နောက် အဲသည့် မီးလုံးကြီးဟာ ကို ထွန်းမောင်မောင်းတဲ့ ဂျစ်ကား နောက်ကို တ
လိမ့်လိမ့်နဲ့ လိုက်သွားတော့တယ်။ မကြာဘူး
မီးလုံးကြီးက ကိုထွန်းမောင်ရဲ့ ဦးခေါင်းကို
အရှိန်နဲ့ သွားထိပြီး ဦးခေါင်းတစ်ခေါင်းလုံး
မီးတောက်မီးလျှံတွေ
တောက်လောင်ပြီး
ကားက သစ်ပင် ကြီး တစ်ပင်ကို ဝင်တိုက်လို့
ရပ်သွားတယ်။
အဖြစ်ကတော့
မယုံကြည်နိုင်လောက်
အောင်ပါပဲ ဦးခေါင်းတစ်ခုလုံး မီးလောင်
ကျွမ်းခံရပြီး ရုပ်ပျက်ဆင်းပျက်နဲ့ ”
ကြားရချက်တွေကတော့ဖြင့်
ဘယ်လိုမှ
နားဝသက်သာစရာ အကြောင်းမရှိခဲ့။ သည်
အဖြစ် အပျက်တွေကို ဘာသာရေးဆိုင်ရာ၌ ကျွမ်းကျင်သော လူကြီးသူမတွေကို ပြောပြ GO! …”
“အဲဒါ … ဘာဖြစ်လို့ လဲ … သိလား …

ခင်ပွန်းကြီး (၁၀)ပါးမှာ ကိုယ့်အပေါ် ကျေးဇူးကြီးခဲ့တဲ့ သံဃာ၊ ဘုန်းတော်ကြီးပေါ့ လေ။ ပြီးတော့ ဘဝအခြေအနေမြင့်မား တိုးတက်အောင် ပခုံးထမ်းတင်ပေးခဲ့တဲ့

ဆရာသမား အဲသည့် ခင်ပွန်းကြီးတွေကို
ပစ်မှားလို့ လောကကြီးတစ်ခုလုံးက လက်မ
ခံနိုင်အောင်ဖြစ်ပြီး ဒဏ်ခတ်လိုက်တာပဲ ဟေ့
အဲဒါ လောင်မီးကျတာဟေ့
လောင်မီးကျတော့ မိုးကြိုးပစ်တာထက် ဆိုး တယ်၊ သည် ဘဝမှာ လောင်မီးကျပြီး
ရုပ်ပျက်ဆင်းပျက် ဘဝဆုံးရသလို နောက်ဘ ဝကျရင်လည်း ငရဲမှာ ဘယ်လောက် တောင် ကျဦးမလဲမသိဘူး။ ဪ … အနိစ္စ … ဒုက္ခ ေဩာ်

. အနတ္တ …” သည် သို့သော ကောက်နုတ်ချက်ကို ကြား ရလေသောအခါ ကျောချမ်းသွားရပါချေသည်

လောက၌ မပြစ်မှားသင့်သူ့ကို ပြစ်မှားမိပါ
က လောကကြီး၏ ဒဏ်ခတ်မှုနှင့် မလွဲမသွေ
ကြုံရတတ်သည်
ကိုလာခြင်းကောင်း
သလောက် ပြန်ခြင်းမကောင်းရှာသော ထွန်း
မောင်က သက်သေပြုသွားခဲ့ပြီ မဟုတ် ပါက
လား။

Zawgyi Version

ေလာင္မီး(စ/ဆံုး)
———————
ထြန္းေမာင္ေသၿပီ …တဲ့ ။
သည္ သတင္းၾကားေတာ့ စုတ္တသပ္သပ္ျဖစ္ၾကသည္ ၊
အားလုံးက
“အို .. အသက္အ႐ြယ္ငယ္ငယ္ကေလးနဲ႔ ျဖစ္မွ ျဖစ္ရေလကြယ္…”
“က်န္ခဲ့တဲ့ မိန္းမနဲ႔ ကေလးငယ္တစ္ ေယာက္ေတာ့ သနားစရာ ..”
“အင္း … မိန္းမနဲ႔ ကေလးအတြက္ တိုက္ တစ္လုံး၊ ကားႏွစ္စီးနဲ႔ စတိုးဆိုင္ႀကီးတစ္ ဆိုင္ ထားရစ္ခဲ့လို႔ မဆိုးေသးဘူးလို႔ ဆိုရမွာ

“ဒါေပမဲ့ကြယ္ … ဦးစီးဦးေဆာင္လင္သား က ဘက္ပဲ့သြားေလေတာ့ ခမ်ာေလးေတြမယ္ သနားစရာ …”

မိမိတို႔ လူမ်ိဳးဓေလ့က သည္ လိုမ်ိဳး နာေရး ကိစၥေပၚေပါက္လာလွ်င္ ကာယကံရွင္ေတြ ဘက္က ခံစားနားလည္ေပးတတ္ၾကသည္ ။
ထပ္တူထပ္မွ်မဟုတ္ေတာင္
လူသားခ်င္း
စာနာစိတ္ဓာတ္ျဖင့္ ေၾကကြဲဝမ္းနည္းတတ္ ၾကသည္ မွာ ဓေလ့တစ္ရပ္ပင္ျဖစ္ေနခဲ့ပါၿပီ။ ထိုအထဲ၌ မိမိလည္း အပါအဝင္ျဖစ္သည္ ။ သို႔ေသာ္ … ထြန္းေမာင္ ေသဆုံးရျခင္းႏွင့္ စပ္လ်ဥ္း၍ ထိတ္လန႔္တုန္လႈပ္ရသည္ ႏွင့္ အမွ် သံေဝဂလည္း ပြားခဲ့ရသည္ ။
ဘာေၾကာင့္ ဆို ထြန္းေမာင္ေသဆုံးရသည္
က ေသြး႐ိုးသား႐ိုး ေသဆုံးျခင္းမွ မဟုတ္ပါပဲ
ကလား။ဟုတ္သည္ ။
ထြန္းေမာင္ေသဆုံးရသည့္ ျဖစ္ရပ္က တ ကယ့္ကို ထူးထူးဆန္းဆန္း။

မိမိႏွင့္ ထြန္းေမာင္က .. ေက်ာင္းေနဘက္ သူငယ္ခ်င္းေတြျဖစ္ၾကသည္ ။
ေက်ာင္းေနတုန္းကဆိုလွ်င္မိမိတို႔
အခန္း၌ ထြန္းေမာင္သည္ စာအေတာ္ဆုံး ေက်ာင္းသား တစ္ဦးျဖစ္သည္ ။ စာေတာ္သ ျဖင့္ ဆရာ၊ ဆရာမေတြက ထြန္းေမာင္ကို ခ်စ္ၾကသည္ ။

စင္စစ္ ထြန္းေမာင္သည္ မိမိတို႔ ၿမိဳ႕ ဇာတိမဟုတ္။ အညာေက်းလက္ ေတာ႐ြာ ကေလးတစ္႐ြာ မွ ျဖစ္သည္ ။ မိဘႏွစ္ပါး
စလုံးကြယ္လြန္တိမ္းပါးသြားၾကသျဖင့္
ေဆြရိပ္မ်ိဳးရိပ္မကင္းေသာ ဘုန္းေတာ္ ႀကီး
တစ္ပါးက ေခၚယူလာခဲ့သျဖင့္ မိမိတို႔ ၿမိဳ႕ကေလးသို႔ ေရာက္လာကာ

မိမိႏွင့္ ထြန္းေမာင္က .. ေက်ာင္းေနဘက္ သူငယ္ခ်င္းေတြျဖစ္ၾကသည္ ။
ေက်ာင္းေနတုန္းကဆိုလွ်င္မိမိတို႔
အခန္း၌ ထြန္းေမာင္သည္ စာအေတာ္ဆုံး ေက်ာင္းသား တစ္ဦးျဖစ္သည္ ။ စာေတာ္သ ျဖင့္ ဆရာ၊ ဆရာမေတြက ထြန္းေမာင္ကို ခ်စ္ၾကသည္ ။

စင္စစ္ ထြန္းေမာင္သည္ မိမိတို႔ ၿမိဳ႕ ဇာတိမဟုတ္။ အညာေက်းလက္ ေတာ႐ြာ ကေလးတစ္႐ြာ မွ ျဖစ္သည္ ။ မိဘႏွစ္ပါး
စလုံးကြယ္လြန္တိမ္းပါးသြားၾကသျဖင့္ေဆြရိပ္မ်ိဳးရိပ္မကင္းေသာ ဘုန္းေတာ္ ႀကီးတစ္ပါးက ေခၚယူလာခဲ့သျဖင့္ မိမိတို႔ ၿမိဳ႕ကေလးသို႔ေရာက္လာကာ

ဘုန္းႀကီးေက်ာင္း၌ေဝယ်ာဝစၥ လုပ္၊

တည္းခိုရင္း ပညာေရးအတြက္ ေက်ာင္း
တက္ခဲ့ရသူျဖစ္သည္ ။

သူေနထိုင္ရာ ဘုန္းႀကီးေက်ာင္းသို႔ မိမိတို႔ အိမ္မွ ဆြမ္းကြမ္းအလႉသြားလုပ္ေတာ့ ထြန္း ေမာင္၏ ရပ္တည္ေနထိုင္မႈကို သိလာရသည္
“ေဆြရိပ္မ်ိဳးရိပ္မကင္းတာကလည္း တစ္
ေၾကာင္း ပညာေတာ္လို႔ ထူးခြၽန္ထက္ျမက္ေစ ခ်င္တာ ကလည္း တစ္ေၾကာင္းတို႔ ေၾကာင့္ က်ဳပ္သီတင္းသုံးတဲ့ ေဟာဒီေက်ာင္းကို ေခၚ လာခဲ့တာပဲ ဒကာႀကီးေရ .
အေနအထိုင္ေလးကလည္း
မဆိုးရွာပါဘူး။ ေက်ာင္းရဲ႕ ေဝယ်ာဝစၥေတြ၊ ဘုန္းႀကီးရဲ႕ ေဝယ်ာဝစၥ ေတြကို ဖ်တ္ဖ်တ္လတ္လတ္ သြက္သြက္လက္လက္ လုပ္ေပးရွာပါတယ္။ ညစဥ္ … က်ဳပ္ကို ဝတ္ျဖည့္ ၿပီးမွ ေက်ာင္း
စာေတြ ၾကည့္ရရွာပါတယ္။ ေက်ာင္းမွာ ေတာ္တယ္သိရေတာ့ သူ႔အေပၚ ပညာပါရမီ ျဖည့္ရက်ိဳးနပ္ေပသေပါ့ဗ်ာ …”

“တင္ပါ့ဘုရား။ ေမာင္ထြန္းေမာင္နဲ႔ ည့္ေတာ္ရဲ႕ သားဟာ တစ္ေက်ာင္းတည္း၊ တစ္တန္း တည္း တက္ေနၾကတဲ့ သူငယ္ခ်င္း ေတြပါ။ တပည့္ေတာ္တို႔ လည္း ေမာင္ထြန္း ေမာင္ရဲ႕ ပညာေရးအတြက္ တတ္အားသေ႐ြ႕ အကူအညီေပးပါ့မယ္ ဘုရား …”
“သာဓုဗ်ာ … သာဓု သာဓု ”

ေက်ာင္းရွိ ဘုန္းႀကီးႏွင့္ မိမိ၏ ဖခင္တို႔ မွာ စကားလက္ဆုံက်ေနခဲ့ၾကသည္ ။ ထိုအခ်ိန္ ဝယ္ … ထြန္းေမာင္သည္ အုတ္ေရကန္၏ သံ မံတလင္း၌ ဘုန္းေတာ္ႀကီး၏ သကၤန္းမ်ား ကို ေလွ်ာ္ဖြပ္ေနေလ သည္ ။ သည္ ျမင္ကြင္း ကိုၾကည့္လ်က္ မိမိ၏ ဖခင္သည္ ခ်ီးက်ဴး ေသာအၾကည့္ျဖင့္ ေခါင္းတဆတ္ဆတ္ ညိတ္လ်က္။
ႏွစ္ကာလေတြ တေ႐ြ႕ေ႐ြ႕ေမ်ာလြင့္လာခဲ့သည္ ။
စာသင္ႏွစ္ေတြကလည္း အဆင့္ဆင့္။

မိမိက တစ္ႏွစ္တစ္တန္းကို သာမန္အဆင့္ ျဖင့္ ေအာင္ျမင္ခဲ့ေသာ္လည္း ထြန္းေမာင္ ကမူ အတန္းစဥ္အလိုက္ ထူးခြၽန္အဆင့္ျဖင့္ ေအာင္ျမင္ခဲ့သည္ ခ်ည္း။
မိမိတို႔ (၁၀)တန္းေရာက္ေတာ့ ဘဝတစ္ခု
အတြက္အေရးႀကီးလာခဲ့ၿပီမို႔
အသည္းအသန္ ႀကိဳးစားရပါေတာ့သည္
ထြန္းေမာင္သည္ လည္းထိုနည္းလည္းေကာင္း။ ထိုကာလဝယ္ ထြန္းေမာင္၏
ဘဘုန္းႀကီးသည္ ဇာတိရပ္႐ြာမွ ေက်ာင္း ထိုင္အျဖစ္ လာေရာက္ပင့္ေဆာင္ေလရာ ထြန္းေမာင္ႏွင့္ ခြဲခြာ သြားရေလေတာ့၏။

“ဘာမွ အားမငယ္နဲ႔ ေယာက္်ားတစ္

ေယာက္မွာ ရွိသင့္ရွိထိုက္တဲ့ အစြမ္းအစေတြ မင္းမွာ ရွိ ေနၿပီပဲ။ မင္းဘဝကို မင္းဘာသာ မင္း ႀကိဳးစားတည္ေဆာက္ၿပီး ေအာင္ျမင္ဖို႔ ႀကိဳးစားပါ ထြန္းေမာင္”
“တင္ပါ့ဘုရား၊ တပည့္ေတာ္ အစြမ္းကုန္ ႀကိဳးစားပါ့မယ္ဘုရား”
ေက်ာင္းမွာ ဘႀကီးဘုန္းႀကီး မရွိလင့္
ကစား ကပၸိယအျဖစ္ ဆြမ္းက်န္ ကြမ္းက်န္
စားလ်က္ ၿငိမ္းခ်မ္းစြာ ေက်ာခင္းအိပ္စက္ခြင့္ရသည္

ထြန္းေမာင္အတြက္ေတာ့
ကုသိုလ္ထူးလွပါဘိ။ ထြန္းေမာင္အဖို႔
အတြက္အေရးႀကီးေသာဘဝ (၁၀)တန္းကို
ထူးခြၽန္စြာေအာင္ျမင္ဖို႔ ရာအတြက္ ႀကိဳးစား
ရပါသည္ ။ သူ႔အဖို႔ ထူးခြၽန္စြာေအာင္ဖို႔ အေရး ျပင္ပထုတ္ စာအုပ္၊ စာတမ္းမ်ားကို ဝယ္ယူဖတ္ရႈလို သည္ ။ အနီးကပ္သင္တန္းေတြကို တက္ေရာက္လိုသည္ ။

သို႔ရာတြင္ သူ႔မွာ ေငြေၾကးအင္အားက
ခ်ိဳ႕တဲ့ လွသည္ ။ သည္ လိုမ်ိဳးအေျခအေနတြင္ ထြန္ေမာင္ အား အရိပ္တၾကည့္ၾကည့္ႏွင့္
သံေယာဇဥ္ျဖစ္ရွာေသာ အဂၤလိပ္စာျပ
ဆရာႀကီး ဦးၿငိမ္းခမ်ာ မေနသာ ပါ။ ထြန္း
ေမာင္တစ္ေယာက္ ေက်ာင္းပိတ္ရက္မ်ား၌
ဘုန္းႀကီးေက်ာင္းေဝယ်ာဝစၥမ်ား လုပ္ေဆာင္
အၿပီး ေဈးေတာင္းေခါင္း႐ြက္လုပ္မည္
ၾကားသိရေတာ့ ထြန္းေမာင္ကိုေခၚၿပီး
အားေပးႏွစ္သိမ့္စကား ဆိုသည္ ။

“သည္ အခ်ိန္မွာ မင္းအေနနဲ႔ စီးပြားေရး လုပ္သင့္ေသးဘူးလို႔ ဆရာထင္တယ္ ေမာင္ ထြန္း ေမာင္။ မင္းရဲ႕ ေခါင္းထဲမွာ (၁၀)တန္း စာေမးပြဲကို ထူးထူးခြၽန္ခြၽန္ ေအာင္ရမယ္ဆို တာပဲ ထည့္ထားဖို႔ လိုတယ္။ မင္းလိုအပ္တဲ့ ေငြေၾကး ဘယ္ေလာက္လဲ …။ ဆရာ့ကို ေျပာ။ ဘာမွ အားနာဖို႔ မလိုဘူး။ မင္းအေပၚ

ဘာမွ ေမွ်ာ္ကိုးမႈမထားဘဲ ေမတၱာေစတနာ သက္သက္နဲ႔ ဆရာက အကူအညီေပးတာပါ”
တကယ္လည္း ဆရာၿငိမ္းသည္
ထြန္းေမာင္အား
ေငြေရးေၾကးေရးကိစၥအတြက္
ဘာဆိုဘာမွ် မပူရေလေအာင္ အကူအညီေပးခဲ့သည္ ။
သည့္ အတြက္ ထြန္းေမာင္ျဖစ္ေစခ်င္ေသာ
ဆႏၵေတြ ျပည့္ဝခဲ့ရသည္ ။
သူေလ့လာ ဖတ္ရႈလိုေသာ စာအုပ္စာတမ္း
ေတြ ဖတ္ခြင့္ရခဲ့သည္

အသင္အျပ
ေကာင္းမြန္ေသာ အနီးကပ္သင္တန္းေတြကိုတက္ခြင့္ရခဲ့သည္

သို႔ျဖင့္ (၁၀)တန္းစာေမးပြဲ ေျဖဆိုခ်ိန္
ေရာက္၍ေျဖဆိုခဲ့ၿပီးသကာလေအာင္စာရင္းထြက္ေလေသာအခါ
ဂုဏ္ထူး(၄)ဘာသာျဖင့္ ထူးထူးခြၽန္ခြၽန္ ေအာင္ျမင္ခဲ့ေလသည္ ။ သူက ထူးခြၽန္စြာ

ေအာင္ျမင္ ခဲ့သေလာက္ မိမိကမူ သာမန္အ
ဆင့္ျဖင့္ ေအာင္ျမင္ခဲ့႐ုံသာ။ သူ စက္မႈ တကၠသိုလ္၌ အင္ဂ်င္နီယာ ဘာသာရပ္မ်ား ကို သင္ၾကားေနခ်ိန္ဝယ္ မိမိကမူ ဝိဇၨာသိပၸံ တကၠသိုလ္၌ သာ ပညာသင္ၾကားရေလသည္ စက္မႈတကၠသိုလ္တက္ဖို႔ ရာအတြက္
။ သူေငြေၾကးလိုအပ္မႈမ်ား အေပၚ ေထာက္ပံ့ကူညီ ခဲ့သူမွာ လည္း ဆရာၿငိမ္းပဲျဖစ္သည္ ။
“ဆရာ့မွာ
က စားမဲ့ေသာက္မဲ့
သားေထာက္သမီးခံ
မရွိဘူးေလကြယ္။
ေမာင္ထြန္းေမာင္က
လိမၼာေရးျခားရွိၿပီး
ထူးခြၽန္ထက္ျမက္တဲ့
လူငယ္ကေလးတစ္
ေယာက္။ သူထြန္းေပါက္လာခဲ့ရင္ သူနဲ႔ သူ႔
ပတ္ဝန္းက်င္ ၿပီးေတာ့ ေလာကႀကီးတစ္ခု
လုံးအတြက္ ေကာင္းရာေကာင္းက်ိဳး ျဖစ္လာ
မွာ မို႔ ဆရာ့ အေနနဲ႔ ကူညီရက်ိဳးနပ္လိမ့္မယ္
ထင္ပါတယ္ကြယ္”

ဆရာၿငိမ္းကား တကယ့္ကို ပန္းၿမိဳင္လယ္ မွ ဥယ်ာဥ္မႉးပါတည္း။
ထြန္းေမာင္ အင္ဂ်င္နီယာဘြဲ႕ရရွိေသာ ႏွစ္ မွာ ပင္ ဆရာၿငိမ္းလည္း သက္ျပည့္ပင္စင္ ယူလိုက္ သည္ ။ ထြန္းေမာင္က ဌာနဆိုင္ရာ ေဆာက္လုပ္ေရးလုပ္ငန္းခြင္တစ္ခု၌ ဝင္ေရာက္အမႈထမ္းၿပီး ဌာန ဆိုင္ရာ၏ ေစလႊတ္ မႈျဖင့္ ျမန္မာျပည္အထက္ပိုင္း နယ္ၿမိဳ႕ႀကီး တစ္ၿမိဳ႕သို႔ ေရာက္ရွိသြားခဲ့သည္ ။
အဲသည္ ဌာနမွာ အရာရွိျဖစ္ေနေၾကာင္း
တစ္ေသြးတစ္ေမြးျဖစ္လ်က္

စီးပြားေရး
လုပ္ငန္းေဆာင္ တာမ်ား အဆင္ေျပေန ေၾကာင္း၊ ၿပီးေတာ့ အဆိုပါၿမိဳ႕မွ ပင္ ေၾကးရတတ္အသိုင္းအဝိုင္းမွ အမ်ိဳးသမီး
တစ္ဦးႏွင့္ အိမ္ေထာင္က်ေနေၾကာင္း စသည့္ သတင္းမ်ားကို သူက မဆက္သြယ္လင့္ ျမန္မာျပည္
ကစားတစ္နံတစ္လ်ား

စီးပြားေရးအတြက္ ခရီးသြားေနရသည့္ မိမိ
ကေတာ့ ၾကားေနရသည္ ။ ဘာပဲျဖစ္ျဖစ္
ကိုယ္ႏွင့္ ေက်ာင္းေနဘက္ သူငယ္ခ်င္းတစ္
ေယာက္
ရာထူးဂုဏ္သိမ္ျပည့္ဝစြာျဖင့္
ေျပလည္ႀကီးပြား ေနျခင္းအတြက္ မုဒိတာ
ပြားရပါသည္ ။
တစ္ခုေတာ့ရွိသည္

သူအဆင္ေျပႀကီးပြားေနသည့္
အဓိကပခုံးထမ္းတင္ေပးခဲ့ေလေသာ
ကိစၥ၌
ေက်းဇူးရွင္ ဆရာၿငိမ္း အေပၚ မည္သို႔မ်ား
အတုံ႔အတင္ျပဳေလသနည္း ဆိုတာကိုေတာ့
မိမိသိခ်င္ခဲ့သည္ ။ သို႔ရာတြင္ တိုက္႐ိုက္ေမး လို႔ က သင့္ေတာ္သည္ မဟုတ္။
“ထြန္းေမာင္တစ္ေယာက္ အေတာ္ကေလး
ႀကီးပြားၿပီး အဆင္ေျပေနတယ္ ဆရာ …”
“ေဟ
….
ဟုတ္လား ဝမ္းသာလိုက္တာ
ကြယ္၊ အင္း … ထူးခြၽန္ထက္ျမက္တဲ့ သူအဖို႔

သည္ လိုပဲ ျဖစ္ရမွာ ေပါ့ ။ ငါ့တပည့္ကို လြမ္းတယ္ကြာ ..။ ေတြ႕ခ်င္လိုက္တာ ”
သည္ … ကတည္းက
ထြန္းေမာင္တစ္
ေယာက္ ဆရာၿငိမ္းအေပၚ အဆက္အသြယ္
ျဖတ္ေတာက္ ထားသည္ မွာ ေသခ်ာေလာက္
ေပၿပီ။
“ဒါဆို မပူနဲ႔ ဆရာၿငိမ္း ကြၽန္ေတာ္တို႔

အားလုံး စုစုေဝးေဝး ဆုံေတြ႕ႏိုင္ဖို႔ ရာ
အစီအစဥ္ ကေလးတစ္ခု ဆြဲထားၾကတယ္
ဆရာ ”
“ဘယ္လို အစီအစဥ္မ်ား လဲကြယ္ …”
“ကြၽန္ေတာ္တို႔
ေက်ာင္းသူေက်ာင္းသား
ေဟာင္းေတြစုၿပီး ျမတ္ဆရာကန္ေတာ့ပြဲလုပ္
ၾကမယ္ . ဆရာ
…ll
….။ … ရပ္နီးရပ္ေဝးက
ေက်ာင္းသားေဟာင္းေတြဆီ ဖိတ္စာပို႔မယ္
ဆရာ။ ကြၽန္ေတာ္က မၾကာခဏ ဆိုသလို
နယ္ေတြဘက္ဆင္းေနရေလေတာ့
ထြန္း

ေမာင္ဆီကိုလည္း ေရာက္ဦးမွာ ပါ”
“ေကာင္းတယ္ကြာ
ေကာင္းတယ္။
ဆရာ သိပ္ေတြ႕ခ်င္ေနတဲ့ ဆရာ့တပည့္ေက်ာ္ ႀကီး ေမာင္ထြန္းေမာင္ကို ေတြ႕ရဦးေတာ့မွာ ေပါ့။ မင္းတို႔ ရဲ႕ ခုလိုမ်ိဳးလုပ္ရပ္ကို ဆရာ သာဓုေခၚပါတယ္ကြယ္ ..။ သာဓုပါဗ်ာ
သာဓု … သာဓု”

အဲသည့္ ေနာက္ မိမိတို႔ ေက်ာင္းသား ေဟာင္းတစ္စု အစည္းအေဝးထိုင္လိုက္ၾက သည္ ။ ျမတ္ဆရာေဟာင္းမ်ားကို ကန္ေတာ့
ပြဲအခမ္းအနား က်င္းပရန္အတြက္ ဖိတ္စာ
႐ိုက္ေရး အလႉေငြ
ေကာက္ခံေရး၊
အခမ္းအနားျပင္ဆင္ေရး၊ ဧည့္ခံႀကိဳဆိုေရး၊ ေဖ်ာ္ေျဖေရး၊ ဧည့္ခံေကြၽးေမြးေရး စသည္ စသည္ ျဖင့္။
“အဓိက လိုအပ္တာကေတာ့ ေငြပဲကြ။ အလႉေငြျပည့္ျပည့္စုံစုံရရင္ အခမ္းအနားကို

ခန႔္ခန႔္ ထည္ထည္ က်င္းပႏိုင္လိမ့္မယ္။
ဆရာႀကီး
ဆရာမႀကီးေတြကိုလည္း
ထိုက္ထိုက္တန္တန္ ကန္ေတာ့ ႏိုင္လိမ့္မယ္
“တို႔ မ်ားကို အတတ္လည္း သင္၊ ပဲ့ျပင္ဆုံးမခဲ့တဲ့ ဆရာေတြ ဆရာမေတြရဲ႕ ေက်းဇူးတရားဟာ အင္မတန္မွ ႀကီးမားလွပါ တယ္။ သည္ ေက်းဇူးေတြကို တပည့္ဝတ္နဲ႔ ေလ်ာ္ညီစြာ တို႔ မ်ား ဘက္က ေက်ပြန္ဖို႔ လို လိမ့္မယ္…။ ၿပီးေတာ့ကြာ လူစုံတက္စုံ


ေတြ႕ၾကဆုံၾကဖို႔ ဖိတ္ၾကားတဲ့ ေနရာမွာ ပိုက္ဆံရွိ မ်က္ႏွာႀကီးတဲ့ တပည့္ေတြကိုဖိတ္ သလို ေငြေၾကးတတ္ႏိုင္ မတတ္ႏိုင္ ဆင္းရဲ တဲ့ တပည့္ျဖစ္ ပါေစ… မႂကြင္းမက်န္
ရေအာင္ ဖိတ္ၾကားဖို႔
လိုလိမ့္မယ္။
မ်က္ႏွာငယ္လို႔ ပစ္ပယ္တယ္ဆိုတာမ်ိဳး လုံးဝ
မျဖစ္ေစရဘူး”

မိမိတို႔ ျမတ္ဆရာကန္ေတာ့ပြဲ က်င္းပေရး ေကာ္မတီဝင္မ်ားမွာ တက္တက္ႂကြႂကြရွိလွ သည္ ။ သည့္ ေနာက္ အလႉေငြေကာက္ခံႏိုင္ ဖို႔ ရာအတြက္ ဖိတ္စာ႐ိုက္သည္ ။ အလႉေငြ ေကာက္ခံႏိုင္ရန္ ေဘာက္ခ်ာ႐ိုက္သည္ သတင္းစာမွာ ေၾကာ္ျငာထည့္သည္ ။ ၿပီး ေတာ့ … အလႉေငြေကာက္ခံေရးအဖြဲ႕မ်ား ခြဲ လ်က္ သူ႔တာဝန္ႏွင့္ သူ အဆင္ေျပရာကို
ေကာက္ခံၾကသည္ ။
….
ငါက အငွား
“သူငယ္ခ်င္းရယ္ ဆိုက္ကားနင္းေနရတာဆိုေတာ့

တစ္ေန႔တစ္ေန႔ … ရရ
စားစား (၅၀၀)ေလာက္ပဲ
ေကာင္းဘူးကြာ …”
ဝါးဝါးမ်ိဳမ်ိဳမို႔ စိတ္မ ထည့္ႏိုင္တာ
“ရပါတယ္ … ၫြန႔္တင္ရယ္ … ေစတနာ သာအဓိကပါ … ေစတနာသန႔္သန႔္နဲ႔ ကိုယ္ သေလာက္ထည့္ဝင္တာကိုက
တတ္ႏိုင္ ကုသိုလ္ရေနပါၿပီ။ ဒါပဲေနာ္ အဲသည့္ ေနၾက ရင္ တို႔ မ်ားေက်ာင္းသား ေဟာင္းေတြ စု စုေဝးေဝး ေပ်ာ္ေပ်ာ္ပါးပါးနဲ႔ ေက်းဇူးရွင္ ဆရာႀကီး ဆရာမႀကီးေတြကို ကန္ေတာ့ၾက မွာ မို႔ ဆက္ဆက္လာခဲ့ကြာ …”
“လာခဲ့မယ္ … လာခဲ့မယ္ … စိတ္ခ် ..
စိတ္ခ်”

သည္ လိုမ်ိဳး ႏြမ္းပါးတဲ့ သူေတြရွိသလို ျပ ည့္စုံသူေတြက်ျပန္ေတာ့လည္း …
“ဟား .. ေကာင္းတယ္ကြာ … ေကာင္း
တယ္။ အဲသည့္ အစီအစဥ္ သိပ္ေကာင္း
ျဖစ္ေျမာက္ေအာင္တယ္။
အေကာင္အထည္ေဖာ္တဲ့ မင္းတို႔ အဖြဲ႕ကို လည္း ေက်းဇူးတင္တယ္။ အခု ငါးေသာင္း ထည့္လိုက္မယ္။ အခမ္းအနားျပင္တဲ့ အခါ လိုအပ္တာေတြရွိရင္ ဖုန္းသာဆက္လိုက္။
ဟုတ္ပလား။ ေဩာ္ … ဒါထက္ ေမာင္သိုက္နဲ႔

ပိုးတီတို႔ လင္မယား အေမရိကားက ျပန္ ေရာက္လာတယ္ကြ။ သူတို႔ ဆီ လည္း သြား လိုက္ဦး၊ ဒါမွ တို႔ ေတြ စုံစုံေစ့ေစ့ေတြ႕ၾက၊ ဟားၾကရမွာ ငါလည္း ဖုန္းဆက္ထား လိုက္ မယ္။

သည္ သို႔ လႈိက္လႈိက္လွဲလွဲ ရွိၾကသည္

“ေဟ့… ထြန္းေမာင္ႀကီးတစ္ေယာက္ေကာ
ဘာသတင္းၾကားေသးလဲ
ေတြ႕ခ်င္တယ္ကြာ..”
“ေတြ႕ရမွာ ေပါ့ကြာ
ထြက္ရင္ သူ႔ဆီဝင္မွာ ..”

ငါ မနက္ျဖန္ခရီး
သည္ လိုႏွင့္ ပင္ ေနာက္တစ္ရက္အ ေရာက္ ခရီးထြက္ျဖစ္သည္ ။ ထြန္းေမာင္ရွိ ရာ ၿမိဳ႕ကေလးသို႔ ေရာက္ၿပီးသကာလ ထြန္း ေမာင္တို႔ ေနေသာ တစ္ထပ္တိုက္ပုကေလး ဆီ ေရာက္ခဲ့သည္ ။ ထိုေန႔က ႐ုံးပိတ္ရက္။ သည္ ေတာ့ လာရင္းကိစၥကို အရင္းခံလ်က္
ေက်ာင္းေနဘက္သူငယ္ခ်င္းႏွစ္
ေယာက္ ေအးေအးေဆးေဆး စကားစျမည္
ေတြ ေျပာဆိုၾကမည္ေပါ့။
“ဆရာကန္ေတာ့ပြဲကို လာခဲ့ကြာ

မင္းအမ်ိဳးသမီးပါ ေခၚခဲ့ေပါ့ … ထြန္းေမာင္” “မျဖစ္ပါဘူးကြာ … ငါက အလုပ္ထြက္ၿပီး
စီးပြားေရးကို ေဇာက္ခ်လုပ္ေနတဲ့ ဟာ အလုပ္ေတြနဲ႔ လုံးျခာလိုက္ေနတာ ..”

“တစ္ရက္တစ္ေလပဲ ထြန္းေမာင္ရယ္

“အဲဒီတစ္ရက္တစ္ေလဆိုတာ
သိပ္
တန္ဖိုးရွိတာကြ။ အခ်ိန္ရွိတုန္း စီးပြားရွာရ မယ္။ ေလာကမွာ ေငြရွိမွ လူရာဝင္တာကြ …
အေရးႀကီးတာက ေငြ ေငြပဲ ”
..
“မဟုတ္ေသးပါဘူးကြာ … တခ်ိဳ႕ကိစၥေတြ
မွာ ေငြနဲ႔ လဲလွယ္လို႔ မရႏိုင္တဲ့ ကိစၥေတြရွိ
တယ္”

“ဒါေတြ .. ငါနားမလည္ဘူးကြာ
ကေတာ့ အခ်ိန္တိုင္း နာရီတိုင္းမွာ တစ္စ
ထက္တစ္စ ႀကီးပြားတိုးတက္ဖို႔ ကိုပဲ
အေလးထားတယ္ သူငယ္ခ်င္း … အခု မင္း
တို႔ လုပ္ေနတာေတြက အလကား ေဟးလား ဝါးလားနဲ႔ အခ်ိန္ျဖဳန္းတဲ့ အလုပ္ေတြ ..”
စိတ္ထဲ ေထာင္းခနဲျဖစ္သြားရသည္ ။
မေပါက္ကြဲရေလေအာင္
သို႔ပါေသာ္ျငားစိတ္ကိုထိန္းခ်ဳပ္ထားလိုက္ရသည္
။ ဘာပဲ ျဖစ္ျဖစ္ ေစတနာကိုေတာ့ သေဘာေပါက္
နားလည္ေအာင္ ရွင္းျပရမည္။
“ဘာပဲျဖစ္ျဖစ္ကြာ .. ဆရာၿငိမ္းခမ်ာ မင္း ကိုေတြ႕ခ်င္ေနရွာတာကြ။ ဆရာဟာ မင္း အေပၚ ေက်းဇူးႀကီးခဲ့တာ မင္းသိမွာ ပါ”

“အဲဒါခက္တယ္ကြ၊ လူေတြက “ေက်းဇူး
ေက်းဇူး”နဲ႔

အဲသည့္ ေက်းဇူးဆိုတဲ့
စကားလုံးနဲ႔ ကိုင္ ကိုင္ေပါက္ေနၾကတယ္။

ဆရာၿငိမ္းက ငါ့အေပၚ ေက်းဇူးျပဳခဲ့ဖူးတဲ့ အတြက္ … တုံ႔ျပန္ေငြေၾကးလိုခ်င္ေန သတဲ့
လား။ လိုခ်င္ရင္ ေပးပါ့မယ္ကြာ …။ မင္း
သည္ ကျပန္ရန္ ေသေသခ်ာခ်ာ ေမးခဲ့ ဟုတ္
ပလား။ သည္ တစ္ခါေတာ့ ေပါက္ကြဲဖို႔ ရာ ေသခ်ာ သေလာက္ရွိသြားပါၿပီ။
သူ႔အိမ္ သူ႔ယာမွာ မို႔သာ အျပင္မွာ သာဆို လွ်င္ ဆြဲထိုးပစ္မိမွာ ေသခ်ာသည္ ။ ေရွ႕ဆက္ စကားဆို လို႔ ကေတာ့ အကုသိုလ္မ်ား လိမ့္ မည္မွာ အေသအခ်ာ။
“ငါ … ျပန္မယ္ … ထြန္းေမာင္ ..”
“ေနဦးေလကြာ

မင္း ငါ့ဆီလာတာ
ဆရာကန္ေတာ့ပြဲအတြက္ အလႉလာခံတာ
မဟုတ္ဘူး လား …”
“ဟုတ္တယ္ .. မင္းထည့္ခ်င္တဲ့ စိတ္ရွိမွ
ထည့္ကြာ၊ဘယ္ေ႐ြ႕ဘယ္မွ်ရယ္လို႔

အတင္းအၾကပ္ မေကာက္ခံခ်င္ဘူး ထြန္း
ေမာင္”
“ထည့္ရမွာ ေပါ့ကြာ ထည့္ရမွာ ေပါ့။

အမ်ား တကာ တပည့္ေဟာင္းေတြေတာင္ ထည့္ေနၾက တဲ့ ဥစၥာ၊ ငါက မထည့္လိုက္ဘူး ဆိုရင္ ႐ိုင္းရာ က်သြားေတာ့မေပါ့။
ေငြေတာ့ ထည့္လိုက္မယ္ကြာ … အလုပ္ ေတြမ်ား ေနလို႔ မလာႏိုင္တာကိုေတာ့ ခြင့္ လႊတ္ ဟုတ္ပလား”
သည္ သို႔ ေျပာဆိုၿပီးသကာလ အခန္းတြင္း သို႔ ဝင္သြားသည္ ။ အသံေတြ တိုးတိုးၾကားရ သည္ ။ စင္စစ္ ထိုတီးတိုးသံမ်ား သည္ ထြန္း ေမာင္တို႔ လင္မယား တစ္စုံတစ္ခုကို တိုင္ပင္ ေျပာဆိုေနၾကေသာ အသံမ်ား ျဖစ္ခ်ိမ့္မည္။ တစ္ေအာင့္ၾကာေတာ့ ထြန္းေမာင္ ထြက္လာ သည္ ။
||
“ေရာ့ကြာ … ႏွစ္ေထာင္”

“ဟင္ …”
မယုံမွတ္ႏိုင္ေလာက္ေအာင္ အံ့ၾသသြားရ
ျခင္း။ သည္ ေ႐ြ႕သည္ မွ် တိုက္ႏွင့္ ကားႏွင့္ ရာထူးဂုဏ္သိမ္ႏွင့္ တစ္ဖက္တစ္လမ္းက စီးပြားေရး လုပ္ငန္းႏွင့္ အေျခတက်ျဖစ္ေန
သူက စိန္ေရာင္ေ႐ႊေရာင္တဖ်တ္ဖ်တ္ႏွင့္
လက္ဖ်ားေငြသီးေနသူက
ထည့္ဝင္ေငြ

(၂၀၀၀)က်ပ္ဆိုေတာ့ ေငြလက္ခံျဖတ္ပိုင္း၌
ေရးရေလသည့္ လက္ေခ်ာင္းေလးေတြပင္
ကတုံကယင္ျဖစ္ရသည္ ။
“သြားမယ္ … ထြန္းေမာင္”
“အိုး.. ေခ ..”
အျပန္လမ္းမွာ ေတာ့ ရင္ထဲ … တႏွံ႔ႏွံ႔။

. ထြန္းေမာင္
“မယုံႏိုင္ေလာက္ေအာင္ကိုပဲ တစ္ေယာက္ ေျပာင္းလဲသြားတာကိုး ..”
“ေျပာင္းလဲသြားတာကေတာ့ကြာ။ မေျပာနဲ႔
ဒီေကာင္ … ခင္ပြန္းႀကီး(၁၀)ပါးကို
ျပစ္မွားတာကြ၊ ကံႀကီးထိုက္ေတာ့မွာ ပဲ …” “ေျပာလက္စနဲ႔ ေျပာရဦးမယ္ …။ ငါလည္း မင္းတို႔ နဲ႔ မႀကဳံလို႔ မေျပာျဖစ္တာ…။
“ဘာမ်ား ပါလိမ့္ …”
“ဘာျဖစ္ရမလဲ .. ဒီေကာင္ ခင္ပြန္းႀကီး (၁၀)ပါးကို ျပစ္မွားတဲ့ အေၾကာင္းေလ သူ႔ဇာတိ ေျမမွာ ေက်ာင္းထိုင္တဲ့ ဘဘုန္း ေတာ္ႀကီး ပ်ံလြန္ေတာ္မူသြားတယ္။ ရပ္႐ြာ ဘုန္းႀကီးပ်ံဈာပနလုပ္ဖို႔ ရာအတြက္ ခ်မ္းသာႀကီးပြားေနတဲ့ သူရွိရာကို ႐ြာသား အခ်ိဳ႕ အေၾကာင္းသြားၾကားတယ္။
သူ႔အေပၚ ေက်းဇူးျပဳခဲ့တဲ့ ဘဘုန္းႀကီးရဲ႕ ေနာက္ဆုံးအႏၲိမဈာပနအျဖစ္
သူ
ကိုယ္တိုင္ဦးစီး ဦးေဆာင္မႈ ျပဳေစခ်င္ၾကတာ ေပါ့ေလ ……… ဒါေပမဲ့ ..”
….
“ဘာလဲ ဒီေကာင္ လိုက္မသြားဘူး
မဟုတ္လား”
,,,
“ေသခ်ာတာေပါ့ကြာ … အလုပ္ေတြ ၾကပ္ ေနတဲ့ အတြက္ ဘယ္လိုမွ လိုက္ဖို႔ မျဖစ္ႏိုင္ ေၾကာင္း အေၾကာင္းျပၿပီး ဘုန္းေတာ္ႀကီးဈာ ပနမွာ သုံးစြဲဖို႔ အတြက္ ေငြ(၅၀၀၀)ပဲ လႉ လိုက္သတဲ့ …”
“ေတာက္ … မိုက္႐ိုင္းလိုက္တာကြာ …”
သူေပးတဲ့
“မိုက္႐ိုင္းတာေတာ့ မေျပာပါနဲ႔ ေတာ့ကြာ။ ငါးေထာင္ဆိုတာ သူ႔ဆီ
တကူးတက လာေၾကာင္းၾကားတဲ့ ႐ြာသား
ႏွစ္ေယာက္အတြက္ ခရီးစရိတ္ေတာင္ ေလာက္ဘူး”

“သည္ ေကာင္ လြန္လြန္းေနၿပီကြာ … သူ႔
ဘဝ သူ႔အေျခအေန သည္ လိုမ်ိဳးအဆင့္ ေရာက္လာ ေအာင္ ဘဘုန္းႀကီးက အေျခခံခဲ့ တာကြ …။ ေျမေတာင္ေျမႇာက္ေပးခဲ့တာကြ။ ေကာင္ (၁၀)တန္း ကေန
သည္ အင္ဂ်င္နီယာဘဝေရာက္တဲ့ အထိကို ဆရာ
ၿငိမ္းက ေရေလာင္းေပါင္းသင္ၿပီး
ေျမေတာင္ေျမႇာက္ ေပးခဲ့တာကြ။ သည္ လို
မ်ိဳး ေက်းဇူးတရားကို ေမတၱာေစတနာနဲ႔
တုံ႔ျပန္ေပးဆပ္ျခင္းမရွိဘဲ ဘဝေမ့ေန တာ ခင္ပြန္းႀကီး (၁၀)ပါးကို ျပစ္မွားလိုက္တာပဲ။
အမွားကို အမွားမွန္းသိၿပီး အခ်ိန္မီျပင္ႏိုင္
ရင္ျပင္၊ မျပင္လို႔ ကေတာ့ ဒဏ္ခတ္မႈကို ခံရ
မွာ ပဲ …
အားလုံးသည္
အေျပာင္းလဲႀကီး
ေဖာက္ျပန္ ေျပာင္းလဲသြားေသာ ထြန္းေမာင္
အား ကဲ့ရဲ႕ ျပစ္တင္ ရႈတ္ခ်ေနၾကသည္ ။

ထိုအထဲ၌ မိမိလည္း အပါအဝင္။
***
ကာလဝပါက္ ေနာက္ပိုးတက္ခဲ့ၿပီ။ သံသရာလည္ တစ္ေအာင့္ခဏေလးပင္…
မဆိုင္း။
ခုဆို ထြန္းေမာင္ ေသၿပီပဲ။
လူတစ္ေယာက္အဖို႔ … ေမြးဖြား လာၿပီဆို လွ်င္ ေသဆုံးရျခင္းဆိုသည္ မွာ ဓမၼတာ။ အေၾကာင္းရွိ လွ်င္ အက်ိဳးရွိရမည္။ အျဖစ္ရွိ လွ်င္ အပ်က္ရွိရမည္။ ဒါသည္ မည္သည့္ အခါကာလမွာ မွ ေဖာက္ျပန္ ေျပာင္းလဲျခင္း မရွိေသာ နိယာမတစ္ရပ္ျဖစ္ေခ်၏။ ထြန္းေမာင္ဆိုေသာ လူတစ္ေယာက္ ကမာၻ ေျမျပင္၌ ေမြးဖြားလာခဲ့၏။ ေမြးဖြားသည့္

ျဖစ္ျခင္း ေၾကာင့္ ထြန္းေမာင္ ေသရပါေခ်ၿပီ။ ေမြး၍ ေသသည္ ။ ဘာမွ်မဆန္းဟု ဆိုရ ေသာ္လည္း ထြန္းေမာင္ ေသရပုံကျဖင့္ အေတာ္ကေလးကို ဆန္းေနသည္ ေသဆုံးရပုံကို မ်က္ျမင္ဒိ႒ေတြ႕ျမင္ရသူ ေတြ၏ ေျပာစကားကိုက ေက်ာခ်မ္းစရာ ေကာင္းေနသည္ ။

“အဲသည့္ ေန႔က စားေသာက္ဆိုင္တစ္ဆိုင္ ကေန သူပိုင္ အမိုးဖြင့္ဂ်စ္ကားကေလးကို ေမာင္းၿပီး ျပန္လာခဲ့တာေပါ့။ အဲသည့္ စားေသာက္ဆိုင္ကို သူမၾကာခဏ သြားေလ့ရွိ တယ္။ သြားဆို အဲသည့္ ဆိုင္ရဲ႕ စင္တင္ေတး
ဂီတက
အဆိုေတာ္ေကာင္မေလးတစ္
ေယာက္နဲ႔ ၿငိေနတာကိုး …
အျပန္မွာ ေကာင္းကင္ေပၚက မီးလုံးႀကီး တစ္လုံး ျပဳတ္က် လာၿပီး ေျမျပင္ကေန ရင္ဆို႔ေလာက္ အကြာက်ေတာ့ တန႔္သြား

တယ္။ ေနာက္ အဲသည့္ မီးလုံးႀကီးဟာ ကို ထြန္းေမာင္ေမာင္းတဲ့ ဂ်စ္ကား ေနာက္ကို တ
လိမ့္လိမ့္နဲ႔ လိုက္သြားေတာ့တယ္။ မၾကာဘူး
မီးလုံးႀကီးက ကိုထြန္းေမာင္ရဲ႕ ဦးေခါင္းကို
အရွိန္နဲ႔ သြားထိၿပီး ဦးေခါင္းတစ္ေခါင္းလုံး
မီးေတာက္မီးလွ်ံေတြ
ေတာက္ေလာင္ၿပီး
ကားက သစ္ပင္ ႀကီး တစ္ပင္ကို ဝင္တိုက္လို႔
ရပ္သြားတယ္။
အျဖစ္ကေတာ့
မယုံၾကည္ႏိုင္ေလာက္
ေအာင္ပါပဲ ဦးေခါင္းတစ္ခုလုံး မီးေလာင္
ကြၽမ္းခံရၿပီး ႐ုပ္ပ်က္ဆင္းပ်က္နဲ႔ ”
ၾကားရခ်က္ေတြကေတာ့ျဖင့္
ဘယ္လိုမွ
နားဝသက္သာစရာ အေၾကာင္းမရွိခဲ့။ သည္
အျဖစ္ အပ်က္ေတြကို ဘာသာေရးဆိုင္ရာ၌ ကြၽမ္းက်င္ေသာ လူႀကီးသူမေတြကို ေျပာျပ GO! …”
“အဲဒါ … ဘာျဖစ္လို႔ လဲ … သိလား …

ခင္ပြန္းႀကီး (၁၀)ပါးမွာ ကိုယ့္အေပၚ ေက်းဇူးႀကီးခဲ့တဲ့ သံဃာ၊ ဘုန္းေတာ္ႀကီးေပါ့ ေလ။ ၿပီးေတာ့ ဘဝအေျခအေနျမင့္မား တိုးတက္ေအာင္ ပခုံးထမ္းတင္ေပးခဲ့တဲ့

ဆရာသမား အဲသည့္ ခင္ပြန္းႀကီးေတြကို
ပစ္မွားလို႔ ေလာကႀကီးတစ္ခုလုံးက လက္မ
ခံႏိုင္ေအာင္ျဖစ္ၿပီး ဒဏ္ခတ္လိုက္တာပဲ ေဟ့
အဲဒါ ေလာင္မီးက်တာေဟ့
ေလာင္မီးက်ေတာ့ မိုးႀကိဳးပစ္တာထက္ ဆိုး တယ္၊ သည္ ဘဝမွာ ေလာင္မီးက်ၿပီး
႐ုပ္ပ်က္ဆင္းပ်က္ ဘဝဆုံးရသလို ေနာက္ဘ ဝက်ရင္လည္း ငရဲမွာ ဘယ္ေလာက္ ေတာင္ က်ဦးမလဲမသိဘူး။ ဪ … အနိစၥ … ဒုကၡ ေဩာ္

. အနတၱ …” သည္ သို႔ေသာ ေကာက္ႏုတ္ခ်က္ကို ၾကား ရေလေသာအခါ ေက်ာခ်မ္းသြားရပါေခ်သည္

ေလာက၌ မျပစ္မွားသင့္သူ႔ကို ျပစ္မွားမိပါ
က ေလာကႀကီး၏ ဒဏ္ခတ္မႈႏွင့္ မလြဲမေသြ
ႀကဳံရတတ္သည္
ကိုလာျခင္းေကာင္း
သေလာက္ ျပန္ျခင္းမေကာင္းရွာေသာ ထြန္း
ေမာင္က သက္ေသျပဳသြားခဲ့ၿပီ မဟုတ္ ပါက
လား။