ပုပ္ပါးတောင်ခြေမှဘုန်းကြီးသဘက်(စ/ဆုံး)

Unicode Version

ပုပ္ပါးတောင်ခြေမှဘုန်းကြီးသဘက်(စ/ဆုံး)
————————————————–
ကိုယ်တွေ့ ဖြစ်ရပ်မှန်
အဟောင်းဆိုပေမဲ့မဖတ်ရသေးသူများအတွက်အတတ်နိုင်ဆုံးအမှားများပြန်ပြင်ပေးထားပါတယ်မျက်စိရှန်းတာရှိရင်သည်းခံဖတ်ပါ
နွေရာသီအားလပ်ရက်တစ်ရက်တွင်စာရေးသူနှင့်အလွန်ခင်သောအန်တီတစ်ယောက်ကပုပ္ပါးတောင်ခြေကဘုန်းကြီးကျောင်းတစ်ကျောင်းတွင်ရှိသောဘုရားကို
ထီးတင်ပွဲအလှုူပြုလုပ်မှာဖြစ်တာကြောင့်စာရေးသူအားလာခေါ်ရာခရီးသွားဝါသနာပါသောကိုယ်ကရေငတ်တုန်းရေတွင်းထဲကျဆိုသလိုပင်မငြင်းပဲလိုက်သွားခဲ့လေသည် ။
ကိုယ်ကခြေထောက်မှဗွေပါတာလား-အိမ်တွင်းနတ်ကမနှစ်သက်တာလားတော့မသိမကြာခဏဆိုသလိုခရီးထွက်လေ့ရှိသည်။
ထိုသို့ခရီးသွားရာတွင်လည်းရောက်ဖူးသည်ဖြစ်စေ-မရောက်ဖူးသည်ဖြစ်စေဘယ်နှစ်ကြိမ်သွားရသွားရအခါခါသွားရလည်းခရီးသွားနေရရင်ပြီးရောဆိုသူဖြစ်၏။
ဘယ်လောက်ကြာကြာအိမ်လွမ်းတာတွေသတိရတာတွေမရှိပါ။ရောက်တဲ့အရပ်မှာပျော်သူဖြစ်၍ဆေးစက်ကျရာအရုပ်ထင်သူဟုမိသားစုဝင်များကပြောကြ၏။
ခရီးသွားရတာကစိတ်ထွက်ပေါက်တစ်ခုဖြစ်သည်ဟုအကြောင်းပြကာမြန်မာပြည်တစ်ဝှမ်းသာမကနိုင်ငံခြားပါမကျန်ခရီးသွားတာအိမ်ကပ်သည်ဟူ၍သိပ်မရှိပါ။
အဖော်ကောင်းပါကနတ်ပြည်နှင့်ငရြဲပည်ပါမကျန်အလည်လိုက်ရန်အသင့်ဖြစ်နေသူပင်
ဘယ်ကိုပဲသွားရသွားရစိတ်ပေါ့ပါးလန်းဆန်းသွားသလိုမွန်းကျပ်နေသောမြို့ပြမှထွက်လိုက်သည်နှင့်သဘာဝအငွေ့အသက်တွေအများကြီးရှိနေသည့်တောတောင်ရေမြေများကဆီးလို့ကြိုနေသယောင်ခံစားရ၏
ဤသိုဖြင့်ပုပ္ပါးသို့ခရီးထွက်လာရာလမ်းတလျှောက်ရှိသမျှဘုရားမှန်သမျှကိုဟိုဝင်ဒီထွက်ဖူးလာလိုက်တာလမ်းမှာတင်နှစ်ညအိပ်ပြီးမှပုပ္ပါးကဘုန်းကြီးကျောင်းသို့ရောက်လာတော့တယ်။
ကိုယ်တို့ရောက်တော့ဘုန်းကြီးကျောင်းမှာအလှုူရှိတာကြောင့်အခြားဧည့်သည်များလည်းရောက်နေရာတည်းခိုစရာနေရာထိုင်ခင်းများပင်ပြည့်နေလေသည် ။
ဘုန်းကြီးကျောင်းဝင်းသည်အတော်အတန်ကျယ်ဝန်းပြီးကျောင်းဝင်းထဲတွင်ကျောင်းဆောင်များစွာရှိတယ်
ထိုကျောင်းဆောင်တိုင်းလိုလိုလူပြည့်နေသောကြောင့်ကျောင်းထိုင်ဘုန်းကြီးကနောက်ကျနေသောကိုယ်တို့အဖွဲ့အားနေရာအခက်အခဲကြောင့်အားနာနေလေသည်
အလှုူရှင်ကလဲဖြစ်ပြန်မျက်နှာနာစရာဖြစ်နေသောကြောင့်အကြံအိုက်နေစဉ်ဦးဇင်းတစ်ပါးကဝင်လျှောက်လိုက်သည် ။
”’အရှင်ဘုရားဟိုကျောင်းဝင်းအလယ်ကကျောင်းဆောင်မှာနေရာချပေးလိုက်ပါလား-ဒကာမကြီးတို့အဖွဲ့ကလူများသားပဲ–ဘာမှမဖြစ်လောက်ပါဘူး”
‘ ””ဖြစ်ပါမလားကွတော်ကြာတစ်ခုခုဖြစ်နေမှဖြင့်မိန်းကလေးတွေလည်းပါတော့အဆင်မပြေမှာစိုးတယ်”
”’အဲနေရာကလွဲလို့အခြားနေရာမရှိတော့ဘူးဘုရား””’
ဘုန်းကြီးနှစ်ပါးအပြန်အလှန်ပြောနေတာကြားတော့ခရီးပန်းပြီးနားချင်နေသောကိုယ်တို့အဖွဲ့ဲကဘာမသိညာမသိအန်တီကြီးကဝင်ပြောလိုက်သည် ။
””’ရပါတယ်ဘုရားရတဲ့နေရာသာပေးပါတပည့်တော်တို့အဆင်ပြေသလိုတည်းလိုက်ပါ့မယ်””’
”””အော်ဒါဆိုလည်းဒကာမကြီးတို့အဖွဲ့လိုက်ကြည့်လိုက်ပါဦး-အဆင်ပြေမှတည်းပါ”’
ကျောင်းထိုင်ဘုန်းကြီးပြောသောကျောင်းသည်ကျောင်းဝင်းအလယ်တွင်ရှိ၍နှစ်ထပ်ပျဉ်ထောင်အဝိုင်းပုံစံမျိုးဖြစ်ကာတရုတ်ဘုံကျောင်းနှင့်ခပ်ဆင်ဆင်တူလှပေသည်။
ကျောင်းတစ်ခုလုံးရောင်ပြေးမှန်တံခါးများတပ်ထားသည့်အတွက်မှန်စီတရုတ်ဘုံကျောင်းလိုပင်လှပနေသည်။
ဘုန်းကြီးကျောင်းမှာလူမနေတာကြာပြီဖြစ်၍ဖုန်းအနည်းတက်နေတာကလွဲပြီးအဆင်ပြေလောက်သည်ထင်ကြ၏
အထဲသို့ဝင်ကြည့်သောအခါအောက်ထပ်ကအခန်းများကသစ်ပင်အရိပ်များကြောင့်အနည်းငယ်မှောင်သလိုရှိတာကလွဲ၍အတော်ကောင်းမွန်ကာအပေါ်ထပ်ကအခန်းများကတော့အလင်းရောင်အပြည့်အဝရှိတယ်။
ကိုယ်တို့အဖွဲ့လည်းကျောင်းကိုသဘောကျသွားပြီအံ့သြစွာတွေးနေကြတာက
‘ဒီလောက်ကောင်းတဲ့ကျောင်းမှာလူတွေဘာကြောင့်မတည်းကြတာလဲလို့စဉ်းစားမရဒီလောက်မကျယ်သည့်ကျောင်းများတွင်လူတွေပြည့်နေတာထူးဆန်းနေပြီးဘာလို့ဒီကျောင်းကကျန်နေသလဲမသိပေ။
ဒါနဲ့ကားပေါ်ကပစ္စည်းများချကာကျောင်း၏အပေါ်ထပ်တွင်နေရာယူလိုက်ကြသည် ။
အပေါ်ထပ်တွင်အခန်းနှစ်ခန်းရှိကာတစ်ခန်းကဘုရားခန်းကျယ်ကြီးဖြစ်၍
ကျန်တစ်ခန်းကလှေကားနှင့်ကပ်ရက်အခန်းရှည်လေးဖြစ်သည် ။
ကိုယ်တို့အဖွဲ့ကလှေကားနှင့်ကပ်ရက်အခန်းကိုယူကာနေရာချပြီးဘုရားခန်းတွင်ရှိသော
တံပျက်စည်းယူ၍အပေါ်ထပ်တစ်ခုလုံးဖုန်များအားလှည်းကျင်းကြနေစဉ်အတွင်းစိတ်ထဲမှာမသိုးမသန့်နှင့်တစ်မျိူ းကြီးဖြစ်နေပြီးနောက်ကျောမလုံသလိုခံစားရလေသည်
ကြက်သီးများလည်းတဖြန်းဖြန်းထနေကာတစ်စုံတစ်ယောက်ကစောင့်ကြည့်နေသလိုမျိုးခံစားနေကြသည်။
အားလုံးကထိုသို့ခံစားနေရပေမဲ့စိတ်ထင်လို့နေမှာပါဟုတွေးကာခရီးပန်းလာတာနဲ့စောစောအိပ်ယာဝင်ကြတာပေါ့။
မအိပ်ခင်အန်တီကြီးကအပေါ့အပါးသွားမည်ဆို၍လိုက်ပို့ရာအပြင်ဘက်တွင်မှောင်နေပြီဖြစ်၍ကျောင်းပေါ်မှာထွန်းထားသောမလင်းတလင်းမီးရောင်ကိုအားကိုးကာသွားရ၏
ရေအိမ်ကကျောင်းနောက်ခပ်လှမ်းလှမ်းတွင်ရှိရာကိုယ်ကရေအိမ်ကိုကျောခိုင်းကာစောင့်ပေးနေရင်းကျောင်းဘက်မျက်နှာချင်းဆိုင်ရပ်၍ကျောင်းပေါ်ဖြတ်ကနဲကြည့်လိုက်မိရာ
ရုတ်တစ်ရက်ကိုယ်တို့တည်းသောကျာင်းအပေါ်ထပ်ပြတင်းပေါက်တွင်ရပ်နေသောဘုန်းကြီးတစ်ပါးအားတွေ့လိုက်ရသည်။
ဘုန်းကြီးကိုဘေးတစောင်းသာမြင်ရပြီးအကွာအဝေးကလှမ်းနေ၍မျက်နှာသိပ်မသဲကွဲပေစိတ်ထဲတော့တစ်မျိုးဖြစ်သွားကာ
ဒီအချိန်ကြီးဘယ်ကဘုန်းကြီးများလဲလို့တွေးမိသွားကာဒီကျောင်းတွင်ဘယ်ဘုန်းကြီးမှမနေဟုသိထား၍ကျောင်းထိုင်ဘုန်းကြီးကများဧည့်သည်တွေအဆင်ပြေသလားလို့ကြည့်တာဖြစ်မည်ဟုတွေးမိလိုက်တယ်
အန်တီကြီးရေအိမ်ကထွက်လာတော့အန်တီကိုကျောင်းပေါ်မှာဘုန်းကြီးတစ်ပါးရောက်နေတယ်ဟုပြောကာပြမလို့ကြည့်လိုက်တော့မတွေ့ရတော့ပေ
ဒါနဲ့ကျောင်းပေါ်ရောက်တော့မေးကြည့်ရာဘယ်ဘုန်းကြီးမှမလာဟုသိလိုက်ရ၍ဇဝေဇဝါဖြစ်သွားတယ်
သို့ပေမဲ့ခရီးကပန်းကာလူကအိပ်ချင်နေသည့်အတွက်တောင်တောင်အီအီမစဉ်းအားပဲအိပ်ရာဝင်လိုက်သည်။
ပါလာသူများလည်စောစောစီးစီးအိပ်နေကြပေပြီအဖွဲ့သားအားလုံးတန်းစီအိပ်ကြတာဖြစ်ပြီးတံခါးပေါက်နားတွင်ကားမောင်းသောအကိုကြီးကစောင့်အိပ်၏
သူ့ဘေးတွင်အန်တီကြီးကအိပ်ကာကျန်မိန်ကလေးများကအတွင်းဘက်တွင်အိပ်ကြ၏ဆောင်းတွင်းဆိုပေမဲ့အခန်းကလုံနေ၍မချမ်းပါ
အခန်း၏ထိပ်လှေကားတွင်တံခါးရှိတစ်ချပ်ရှိကာလှေကားအောက်ချေတွင်လည်းတံခါးတစ်ချပ်ရှိ၏
တံခါးနှစ်ထပ်လုံးကျွန်းတံခါးများဖြစ်ကာအတော်လေးခိုင်ခံ့ပေသည်။
ခရီးပန်းလာတော့ခေါင်းချလိုက်တာနဲ့အားလုံးအိပ်ပျော်သွားကြလေသည်။
ဘယ်လောက်အိပ်ပျော်သွားသည်မသိဆူဆူညံညံအသံများကြား၍လန့်နိုးသွားတယ်ထိုအချိန်မှာပဲလှေကားကတံခါးဖွင့်သံကြားရကာလှေကားပေါ်တက်လာသောခြေသံကြားလိုက်ရသည်။
ကိုယ်တို့မိန်းကလေးများကထိုအသံကြောင့်လန့်နိုးသွားကြပေမဲ့မျက်လုံးမဖွင့်ပဲလှေကားထိပ်မှာအိပ်သောကားမောင်းတဲ့အကိုကြီးအပေါ့ထသွားတယ်ထင်ကာဆက်အိပ်ကြသည် ။
အိပ်၍ပျော်မည်ကြံကာရှိသေးဝုန်းကနဲတံခါးဖွင့်သံကြားရပြီးလှေကားကဆင်းသွားပြန်သည့်အသံကြားရပြန်သည် ။
ဒီလိုနဲ့တစ်ညလုံးတက်လိုက်ဆင်းလိုက်အသံကြားနေရတာကြောင့်ကောင်းကောင်းမအိပ်ရပေ။
နောက်ဆုံးခြေသံမကြားရတော့ပေမဲ့တံခါးကလေတိုက်၍ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသလိုတဒိုင်းဒိုင်းမြည်နေသောကြောင့်
ကားမောင်းတဲ့အကိုကြီးတံခါးကိုသေချာပြန်မပိတ်ဘူးထင်ပြီးဒေါသထွက်နေကြတာမပြောပါနဲ့တော့ ။
မနက်၄နာရီထိုးတော့အန်တီကဘုန်းကြီးများအာရုံဆွမ်းကပ်ရန်ဝိုင်းကူဖို့နိုးတော့အကုန်နိုးသွားကြပေမဲ့အိပ်ရေးမဝသောကြောင့်ခေါင်းကကြည်ကြည်လင်လင်မရှိကြပါ
မျက်နှာသစ်ရန်အောက်ဆင်းဖို့တံခါးကိုကြည့်တော့နှစ်ချပ်စလုံးမင်းတုန်းချကာအသေအချာပိတ်ထားတာတွေ့ရသည့်အတွက်အားလုံးတအံ့တသြဖြစ်သွားတာပေါ့
တစ်ညလုံးတဝုန်းဝုန်းတဒိုင်းဒိုင်းဖြင့်ဖွင့်လိုက်ပိတ်လိုက်ဖြစ်နေသောတံခါးများသည်အားယူကာမနဲဖွင့်ယူရပေသည်။
တစ်ခုခုတော့လွဲနေသလိုခံစားရတာကြောင့်ဘာဖြစ်မှန်းတော့သေချာမသိကြပါထိုအချိန်မှာကားမောင်းသူအကိုကြီးူလည်းနိုးလာပြီးမကျေမနပ်ဖြင့်မိန်းကလေးများအား
””ဟဲ့ကောင်မလေးတွေနင်တု့ိညကဆင်းလိုက်တက်လိုက်လုပ်နေသလား’ငါကောင်းကောင်းမအိပ်လိုက်ရဘူး”
”’ဘယ်သူမှမဆင်းဘူးအကိုကြီးဆင်းတာမဟုတ်ဘူးလား”’
”’ငါကဘာလို့ဆင်းရမှာလဲ”
””’ဒါဆိုတစ်ယောက်မှမဆင်းပဲဒီတံခါးကဘာလို့ဖွင့်လိုက်ပိတ်လိုက်ဖြစ်ပြီးအသံမြည်နေတာလဲ””’
ခြေသံကကောဘယ်သူ့ခြေသံလဲဆိုတာစဉ်းစားမရ၍အလွန်ထိတ်လန့်သွားကြသည်။
ဒီကျောင်းမှာတည်းတာဆိုလို့မိမိတို့တစ်ဖွဲ့ထဲရှိသည်မဟုတ်လား ဒါဆိုညကအသံတွေကဘာတွေလဲဆိုတာ
ကြာကြာမစဉ်းစားအားဘုန်းကြီးများဆွမ်းကပ်ရမှာမို့နှစ်ယောက်တစ်တွဲဆင်းကာမျက်နှာသစ်ကြတယ်။
ကိုယ်တို့အလှည့်မှာတော့မျက်နှာသစ်နေရင်းအနောက်မှာတစ်ယောက်ယောက်ရပ်နေသလိုခံစားရကာ
လှည့်ကြည့်တော့ဘာမှမရှိကြက်သီးတွေထပြီးကျောချမ်းနေတာမို့အမြန်သစ်လိုက်ရသည် ။
နောက်နှစ်ယောက်ဆင်းလာတော့သူတို့လဲနောက်မှာတစ်ယောက်ယောက်ရပ်နေသလိုခံစားရကာ
လှည့်ကြည့်လိုက်တော့ဘုန်းကြီးတစ်ပါးရပ်နေတာမြင်လိုက်ရ၏ရုတ်တရက်ဆိုတော့ကြောင်အမ်းအမ်းဖြစ်သွားပြီးကြည့်နေတုန်းမှာပင်ဘုန်းကြီးကအရပ်ရှည်သွားလိုက်တာထန်းပင်လောက်ရှိသွားတော့တယ်။
်ထိုအခါမှသရဲခြောက်နေတာကိုသိသွား၍သူတို့နှစ်ယောက်ငယ်သံပါအောင်အော်ရင်းကြောက်လန့်တကြားကျောင်းပေါ်ပြေးတက်လာတာ
”””’ဘုန်းကြီးသရဲ—–ဘုန်းကြီး-သဘက်””’
လက်ထဲကရေခွက်တွေဆပ်ပြာခွက်တွေလွှတ်ပြစ်ခဲ့တာပွက်လောရိုက်သွားတော့သည်။
ကိုယ်တို့အဖွဲ့ရဲ့ဆူဆူညံညံအသံဗလံတွေကြောင့်ဘုန်းကြီးများရောက်လာပြီးမေးကြကုန်၏။
ထိုအခါမှ့ဖြစ်ကြောင်းကုန်စင်ပြောပြရာကျောင်းထိုင်ဆရာတော်ကြီးဆီခေါ်သွားကြသည် ။
ဆရာတော်ကြီးကပြောသည်မှာအရင်ဒီကျောင်းမှာဘုန်းကြီးလာဝတ်သော
တရုတ်လူမျိုးစပ်သောဘုန်းကြီးတစ်ပါးရှိတယ်လူမထွက်တော့ဘူးဆို၍သူ၏အမျိုးများကတရုတ်ဘုံကျောင်းပုံစံကျောင်းကိုဆောက်၍လှုူတန်းပေးထား၏။
နှစ်အနည်းငယ်အကြာတွင်ထိုဘုန်းကြီးသည်ရုတ်တရက်လေသင်တုန်းဖြတ်ကာပျံလွန်တော်မူသွားပြီးသူ့ကျောင်းကိုစိတ်စွဲကာမကျွတ်ဖြစ်နေသတဲ့
လာသမျှလူများကိုလည်းခြောက်လှန့်သောကြောင့်သ့ူ့ကျောင်းတွင်မည်သူမျှမတည်းရဲကြပေ
အခုတော့ကိုယ်တို့အဖွဲ့အတွက်နေရာမရှိတော့၍ပေးတည်းခြင်းဖြစ်သတဲ့
ဘုန်းကြီးတွေကအမျှပေးပေမဲ့သာဓုမခေါ်ပဲဘုန်းကြီးသဘက်ဖြစ်လာတာသူ့ကိုဘုရားစာဝိုင်းရွှတ်တဲ့အခါဘုန်းကြီးသဘက်ကဘုန်းကြီးတွေရှေ့ကကျော်ကျော်ဆိုနေတော့လက်ရှေ့ာထားလိုက်သည်ဟုသိရသည်။
နောက်ညတွင်တော့ကိုယ်တို့အဖွဲ့လည်းထိုကျောင်းမှာဆက်မတည်းရဲတော့အခြားကျောင်းပြောင်းကာတည်းလိုက်ရပေသည် ။
ကြာပြီဖြစ်၍ယခုတော့ရှိတော့မည်မထင်ပါ
တိမ်လွှာမိုး

Zawgyi Version

ပုပၸါးေတာင္ေျခမွဘုန္းႀကီးသဘက္(စ/ဆံုး)
————————————————–
ကိုယ္ေတြ႔ ျဖစ္ရပ္မွန္
အေဟာင္းဆိုေပမဲ႔မဖတ္ရေသးသူမ်ားအတြက္အတတ္နုိင္ဆံုးအမွားမ်ားျပန္ျပင္ေပးထားပါတယ္မ်က္စိရွန္းတာရွိရင္သည္းခံဖတ္ပါ
ေႏြရာသီအားလပ္ရက္တစ္ရက္တြင္စာေရးသူႏွွင့္အလြန္ခင္ေသာအန္တီတစ္ေယာက္ကပုပၸါးေတာင္ေျခကဘုန္းႀကီးေက်ာင္းတစ္ေက်ာင္းတြင္ရွိေသာဘုရားကို
ထီးတင္ပြဲအလႈဴျပုလုပ္မွာျဖစ္တာေႀကာင့္စာေရးသူအားလာေခၚရာခရီးသြားဝါသနာပါေသာကိုယ္ကေရငတ္တုန္းေရတြင္းထဲက်ဆိုသလိုပင္မျငင္းပဲလိုက္သြားခဲ႔ေလသည္ ။
ကိုယ္ကေျခေထာက္မွေဗြပါတာလား-အိမ္တြင္းနတ္ကမနွစ္သက္တာလားေတာ့မသိမႀကာခဏဆိုသလိုခရီးထြက္ေလ့ရွိသည္။
ထိုသို႔ခရီးသြားရာတြင္လည္းေရာက္ဖူးသည္ျဖစ္ေစ-မေရာက္ဖူးသည္ျဖစ္ေစဘယ္နွစ္ႀကိမ္သြားရသြားရအခါခါသြားရလည္းခရီးသြားေနရရင္ျပီးေရာဆိုသူျဖစ္၏။
ဘယ္ေလာက္ႀကာႀကာအိမ္လြမ္းတာေတြသတိရတာေတြမရွိပါ။ေရာက္တဲ႔အရပ္မွာေပ်ာ္သူျဖစ္၍ေဆးစက္က်ရာအရုပ္ထင္သူဟုမိသားစုဝင္မ်ားကေျပာႀက၏။
ခရီးသြားရတာကစိတ္ထြက္ေပါက္တစ္ခုျဖစ္သည္ဟုအေႀကာင္းျပကာျမန္မာျပည္တစ္ဝွမ္းသာမကနုိင္ငံျခားပါမက်န္ခရီးသြားတာအိမ္ကပ္သည္ဟူ၍သိပ္မရွိပါ။
အေဖာ္ေကာင္းပါကနတ္ျပည္နွင့္္ငရျဲပည္ပါမက်န္အလည္လိုက္ရန္အသင့္ျဖစ္ေနသူပင္
ဘယ္ကိုပဲသြားရသြားရစိတ္ေပါ့ပါးလန္းဆန္းသြားသလိုမြန္းက်ပ္ေနေသာျမို့ျပမွထြက္လိုက္သည္ႏွင့္သဘာဝအေငြ႔အသက္ေတြအမ်ားႀကီးရွိေနသည့္ေတာေတာင္ေရေျမမ်ားကဆီးလို့ႀကိုေနသေယာင္ခံစားရ၏
ဤသိုျဖင့္ပုပၸါးသို့ခရီးထြက္လာရာလမ္းတေလ်ွာက္ရွိသမ်ွဘုရားမွန္သမ်ွကိုဟိုဝင္ဒီထြက္ဖူးလာလိုက္တာလမ္းမွာတင္နွစ္ညအိပ္ျပီးမွပုပၸါးကဘုန္းႀကီးေက်ာင္းသို့ေရာက္လာေတာ့တယ္။
ကိုယ္တို့ေရာက္ေတာ့ဘုန္းႀကီးေက်ာင္းမွာအလႈဴရွိတာေႀကာင့္အျခားဧည့္သည္မ်ားလည္းေရာက္ေနရာတညး္ခိုစရာေနရာထိုင္ခင္းမ်ားပင္ျပည့္ေနေလသည္ ။
ဘုန္းႀကီးေက်ာင္းဝင္းသည္အေတာ္အတန္က်ယ္ဝန္းျပီးေက်ာင္းဝင္းထဲတြင္ေက်ာင္းေဆာင္မ်ားစြာရွိတယ္
ထိုေက်ာင္းေဆာင္တိုင္းလိုလိုလူျပည့္ေနေသာေႀကာင့္ေက်ာင္းထိုင္ဘုန္းႀကီးကေနာက္က်ေနေသာကိုယ္တို့အဖြဲ႕အားေနရာအခက္အခဲေႀကာင့္အားနာေနေလသည္
အလႈဴရွင္ကလဲျဖစ္ျပန္မ်က္ႏွာနာစရာျဖစ္ေနေသာေႀကာင့္အႀကံအိုက္ေနစဥ္ဦးဇင္းတစ္ပါးကဝင္ေလ်ွာက္လိုက္သည္ ။
”’အရွင္ဘုရားဟိုေက်ာင္းဝင္းအလယ္ကေက်ာင္းေဆာင္မွာေနရာခ်ေပးလိုက္ပါလား-ဒကာမႀကီးတို့အဖြဲ႔ကလူမ်ားသားပဲ–ဘာမွမျဖစ္ေလာက္ပါဘူး”
‘ ””ျဖစ္ပါမလားကြေတာ္ႀကာတစ္ခုခုျဖစ္ေနမွျဖင့္မိန္းကေလးေတြလည္းပါေတာ့အဆင္မေျပမွာစိုးတယ္”
”’အဲေနရာကလြဲလို့အျခားေနရာမရွိေတာ့ဘူးဘုရား””’
ဘုန္းႀကီးႏွစ္ပါးအျပန္အလွန္ေျပာေနတာႀကားေတာ့ခရီးပန္းျပီးနားခ်င္ေနေသာကိုယ္တို့အဖြဲ႔ဲကဘာမသိညာမသိအန္တီႀကီးကဝင္ေျပာလိုက္သည္ ။
””’ရပါတယ္ဘုရားရတဲ႔ေနရာသာေပးပါတပည့္ေတာ္တို့အဆင္ေျပသလိုတည္းလိုက္ပါ့မယ္””’
”””ေအာ္ဒါဆိုလည္းဒကာမႀကီးတို့အဖြဲ႔လိုက္ႀကည့္လိုက္ပါဦး-အဆင္ေျပမွတည္းပါ”’
ေက်ာင္းထိုင္ဘုန္းႀကီးေျပာေသာေက်ာင္းသည္ေက်ာင္းဝင္းအလယ္တြင္ရွိ၍ႏွစ္ထပ္ပ်ဥ္ေထာင္အဝိုင္းပံုစံမ်ိဳးျဖစ္ကာတရုတ္ဘံုေက်ာင္းႏွင့္ခပ္ဆင္ဆင္တူလွေပသည္။
ေက်ာင္းတစ္ခုလံုးေရာင္ေျပးမွန္တံခါးမ်ားတပ္ထားသည့္အတြက္မွန္စီတရုတ္ဘံုေက်ာင္းလိုပင္လွပေနသည္။
ဘုန္းႀကီးေက်ာင္းမွာလူမေနတာႀကာျပီျဖစ္၍ဖုန္းအနည္းတက္ေနတာကလြဲျပီးအဆင္ေျပေလာက္သည္ထင္ႀက၏
အထဲသို့ဝင္ႀကည့္ေသာအခါေအာက္ထပ္ကအခန္းမ်ားကသစ္ပင္အရိပ္မ်ားေႀကာင့္အနည္းငယ္ေမွာင္သလိုရွိတာကလြဲ၍အေတာ္ေကာင္းမြန္ကာအေပၚထပ္ကအခန္းမ်ားကေတာ့အလင္းေရာင္အျပည့္အဝရွိတယ္။
ကိုယ္တို့အဖြဲ႕လည္းေက်ာင္းကိုသေဘာက်သြားျပီအံ႕ႀသစြာေတြးေနႀကတာက
‘ဒီေလာက္ေကာင္းတဲ႔ေက်ာင္းမွာလူေတြဘာေႀကာင့္မတည္းႀကတာလဲလို့စဥ္းစားမရဒီေလာက္မက်ယ္သည့္ေက်ာင္းမ်ားတြင္လူေတြျပည့္ေနတာထူးဆန္းေနျပီးဘာလို့ဒီေက်ာင္းကက်န္ေနသလဲမသိေပ။
ဒါနဲ႔ကားေပၚကပစၥည္းမ်ားခ်ကာေက်ာင္း၏အေပၚထပ္တြင္ေနရာယူလိုက္ႀကသည္ ။
အေပၚထပ္တြင္အခန္းႏွစ္ခန္းရွိကာတစ္ခန္းကဘုရားခန္းက်ယ္ႀကီးျဖစ္၍
က်န္တစ္ခန္းကေလွကားႏွင့္ကပ္ရက္အခန္းရွည္ေလးျဖစ္သည္ ။
ကိုယ္တို့အဖြဲ႔ကေလွကားႏွင့္ကပ္ရက္အခန္းကိုယူကာေနရာခ်ျပီးဘုရားခန္းတြင္ရွိေသာ
တံပ်က္စည္းယူ၍အေပၚထပ္တစ္ခုလံုးဖုန္မ်ားအားလွည္းက်င္းႀကေနစဥ္အတြင္းစိတ္ထဲမွာမသိုးမသန့္နွင့္တစ္မ်ိဴ းႀကီးျဖစ္ေနျပီးေနာက္ေက်ာမလံုသလိုခံစားရေလသည္
ႀကက္သီးမ်ားလည္းတျဖန္းျဖန္းထေနကာတစ္စံုတစ္ေယာက္ကေစာင့္ႀကည့္ေနသလိုမ်ဳိးခံစားေနႀကသည္။
အားလံုးကထိုသို့ခံစားေနရေပမဲ႔စိတ္ထင္လို့ေနမွာပါဟုေတြးကာခရီးပန္းလာတာနဲ႔ေစာေစာအိပ္ယာဝင္ႀကတာေပါ့။
မအိပ္ခင္အန္တီႀကီးကအေပါ့အပါးသြားမည္ဆို၍လိုက္ပို့ရာအျပင္ဘက္တြင္ေမွာင္ေနျပီျဖစ္၍ေက်ာငး္ေပၚမွာထြန္းထားေသာမလင္းတလင္းမီးေရာင္ကိုအားကိုးကာသြားရ၏
ေရအိမ္ကေက်ာင္းေနာက္ခပ္လွမ္းလွမ္းတြင္ရွိရာကိုယ္ကေရအိမ္ကိုေက်ာခိုင္းကာေစာင့္ေပးေနရင္းေက်ာင္းဘက္မ်က္ႏွာခ်င္းဆိုင္ရပ္၍ေက်ာင္းေပၚျဖတ္ကနဲႀကည့္လိုက္မိရာ
ရုတ္တစ္ရက္ကိုယ္တို့တည္းေသာက်ာငး္အေပၚထပ္ျပတင္းေပါက္တြင္ရပ္ေနေသာဘုန္းႀကီးတစ္ပါးအားေတြ႔လိုက္ရသည္။
ဘုန္းႀကီးကိုေဘးတေစာင္းသာျမင္ရျပီးအကြာအေဝးကလွမ္းေန၍မ်က္ႏွာသိပ္မသဲကြဲေပစိတ္ထဲေတာ့တစ္မ်ိဳးျဖစ္သြားကာ
ဒီအခ်ိန္ႀကီးဘယ္ကဘုန္းႀကီးမ်ားလဲလို့ေတြးမိသြားကာဒီေက်ာင္းတြင္ဘယ္ဘုန္းႀကီးမွမေနဟုသိထား၍ေက်ာင္းထိုင္ဘုန္းႀကီးကမ်ားဧည့္သည္ေတြအဆင္ေျပသလားလို့ႀကည့္တာျဖစ္မည္ဟုေတြးမိလိုက္တယ္
အန္တီႀကီးေရအိမ္ကထြက္လာေတာ့အန္တီကိုေက်ာင္းေပၚမွာဘုန္းႀကီးတစ္ပါးေရာက္ေနတယ္ဟုေျပာကာျပမလို႔ႀကည့္လိုက္ေတာ့့မေတြ႔ရေတာ့ေပ
ဒါနဲ႔ေက်ာင္းေပၚေရာက္ေတာ့ေမးႀကည့္ရာဘယ္ဘုန္းႀကီးမွမလာဟုသိလိုက္ရ၍ဇေဝဇဝါျဖစ္သြားတယ္
သို့ေပမဲ႔ခရီးကပန္းကာလူကအိပ္ခ်င္ေနသည့္အတြက္ေတာင္ေတာင္အီအီမစဥ္းအားပဲအိပ္ရာဝင္လိုက္သည္။
ပါလာသူမ်ားလည္ေစာေစာစီးစီးအိပ္ေနႀကေပျပီအဖြဲ႔သားအားလံုးတန္းစီအိပ္ႀကတာျဖစ္ျပီးတံခါးေပါက္နားတြင္ကားေမာငး္ေသာအကိုႀကီးကေစာင့္အိပ္၏
သူ့ေဘးတြင္အန္တီႀကီးကအိပ္ကာက်န္မိန္ကေလးမ်ားကအတြင္းဘက္တြင္အိပ္ႀက၏ေဆာင္းတြင္းဆိုေပမဲ႔အခန္းကလံုေန၍မခ်မ္းပါ
အခန္း၏ထိပ္ေလွကားတြင္တံခါးရွိတစ္ခ်ပ္ရွိကာေလွကားေအာက္ေခ်တြင္လည္းတံခါးတစ္ခ်ပ္ရွိ၏
တံခါးနွစ္ထပ္လံုးက်ြန္းတံခါးမ်ားျဖစ္ကာအေတာ္ေလးခိုင္ခံ႕ေပသည္။
ခရီးပန္းလာေတာ့ေခါင္းခ်လိုက္တာနဲ႕အားလံုးအိပ္ေပ်ာ္သြားႀကေလသည္။
ဘယ္ေလာက္အိပ္ေပ်ာ္သြားသည္မသိဆူဆူညံညံအသံမ်ားႀကား၍လန့္ႏုိးသြားတယ္ထိုအခ်ိန္မွာပဲေလွကားကတံခါးဖြင့္သံႀကားရကာေလွကားေပၚတက္လာေသာေျခသံႀကားလိုက္ရသည္။
ကိုယ္တို့မိန္းကေလးမ်ားကထိုအသံေႀကာင့္လန့္နုိးသြားႀကေပမ့ဲမ်က္လံုးမဖြင့္ပဲေလွကားထိပ္မွာအိပ္ေသာကားေမာင္းတဲ႔အကိုႀကီးအေပါ့ထသြားတယ္ထင္ကာဆက္အိပ္ႀကသည္ ။
အိပ္၍ေပ်ာ္မည္ႀကံကာရွိေသးဝုန္းကနဲတံခါးဖြင့္သံႀကားရျပီးေလွကားကဆင္းသြားျပန္သည့္အသံႀကားရျပန္သည္ ။
ဒီလိုနဲ႔တစ္ညလံုးတက္လိုက္ဆင္းလိုက္အသံႀကားေနရတာေႀကာင့္ေကာင္းေကာင္းမအိပ္ရေပ။
ေနာက္ဆံုးေျခသံမႀကားရေတာ့ေပမဲ႔တံခါးကေလတိုက္၍ဖြင့္လိုက္ပိတ္လိုက္ျဖစ္ေနသလိုတဒိုင္းဒိုင္းျမည္ေနေသာေႀကာင့္
ကားေမာင္းတဲ႔အကိုႀကီးတံခါးကိုေသခ်ာျပန္မပိတ္ဘူးထင္ျပီးေဒါသထြက္ေနႀကတာမေျပာပါနဲ႔ေတာ့ ။
မနက္၄နာရီထိုးေတာ့အန္တီကဘုန္းႀကီးမ်ားအာရုံဆြမ္းကပ္ရန္ဝိုင္းကူဖို့ႏုိးေတာ့အကုန္ႏုိးသြားႀကေပမဲ႔အိပ္ေရးမဝေသာေႀကာင့္ေခါင္းကႀကည္ႀကည္လင္လင္မရွိႀကပါ
မ်က္နွာသစ္ရန္ေအာက္ဆင္းဖို့တံခါးကိုႀကည့္ေတာ့ႏွစ္ခ်ပ္စလံုးမင္းတုန္းခ်ကာအေသအခ်ာပိတ္ထားတာေတြ႔ရသည္႔အတြက္အားလံုးတအံ႔တႀသျဖစ္သြားတာေပါ့
တစ္ညလံုးတဝုန္းဝုန္းတဒိုင္းဒိုင္းျဖင့္ဖြင့္လိုက္ပိတ္လိုက္ျဖစ္ေနေသာတံခါးမ်ားသည္အားယူကာမနဲဖြင့္ယူရေပသည္။
တစ္ခုခုေတာ့လြဲေနသလိုခံစားရတာေႀကာင့္ဘာျဖစ္မွန္းေတာ့ေသခ်ာမသိႀကပါထိုအခ်ိန္မွာကားေမာင္းသူအကိုႀကီးူလည္းႏုိးလာျပီးမေက်မနပ္ျဖင့္မိနး္ကေလးမ်ားအား
””ဟဲ႔ေကာင္မေလးေတြနင္တု့ိညကဆင္းလိုက္တက္လိုက္လုပ္ေနသလား’ငါေကာင္းေကာင္းမအိပ္လိုက္ရဘူး”
”’ဘယ္သူမွမဆင္းဘူးအကိုႀကီးဆငး္တာမဟုတ္ဘူးလား”’
”’ငါကဘာလို့ဆင္းရမွာလဲ”
””’ဒါဆိုတစ္ေယာက္မွမဆင္းပဲဒီတံခါးကဘာလို့ဖြင့္လိုက္ပိတ္လိုက္ျဖစ္ျပီးအသံျမည္ေနတာလဲ””’
ေျခသံကေကာဘယ္သူ့႔ေျခသံလဲဆိုတာစဥ္းစားမရ၍အလြန္ထိတ္လန႔့္သြားႀကသည္။
ဒီေက်ာင္းမွာတည္းတာဆိုလို႔မိမိတို့တစ္ဖြဲ႔ထဲရွိသည္မဟုတ္လား ဒါဆိုညကအသံေတြကဘာေတြလဲဆိုတာ
ႀကာႀကာမစဥ္းစားအားဘုန္းႀကီးမ်ားဆြမ္းကပ္ရမွာမို့ႏွစ္ေယာက္တစ္တြဲဆင္းကာမ်က္ႏွာသစ္ႀကတယ္။
ကိုယ္တို့အလွည့္မွာေတာ့မ်က္ႏွာသစ္ေနရင္းအေနာက္မွာတစ္ေယာက္ေယာက္ရပ္ေနသလိုခံစားရကာ
လွည့္ႀကည့္ေတာ့ဘာမွမရွိႀကက္သီးေတြထျပီးေက်ာခ်မ္းေနတာမို့အျမန္သစ္လိုက္ရသည္ ။
ေနာက္ႏွစ္ေယာက္ဆင္းလာေတာ့သူတို့လဲေနာက္မွာတစ္ေယာက္ေယာက္ရပ္ေနသလိုခံစားရကာ
လွည့္ႀကည့္လိုက္ေတာ့ဘုန္းႀကီးတစ္ပါးရပ္ေနတာျမင္လိုက္ရ၏ရုတ္တရက္ဆိုေတာ့ေႀကာင္အမ္းအမ္းျဖစ္သြားျပီးႀကည့္ေနတုန္းမွာပင္ဘုန္းႀကီးကအရပ္ရွည္သြားလိုက္တာထန္းပင္ေလာက္ရွိသြားေတာ့တယ္။
္ထိုအခါမွသရဲေျခာက္ေနတာကိုသိသြား၍သူတို့ႏွစ္ေယာက္ငယ္သံပါေအာင္ေအာ္ရင္းေႀကာက္လန့္တႀကားေက်ာင္းေပၚေျပးတက္လာတာ
”””’ဘုန္းႀကီးသရဲ—–ဘုန္းႀကီး-သဘက္””’
လက္ထဲကေရခြက္ေတြဆပ္ျပာခြက္ေတြလႊတ္ျပစ္ခဲ႔တာပြက္ေလာရုိက္သြားေတာ့သည္။
ကိုယ္တို့အဖြဲ႔ရဲ႔ဆူဆူညံညံအသံဗလံေတြေႀကာင့္ဘုန္းႀကီးမ်ားေရာက္လာျပီးေမးႀကကုန္၏။
ထိုအခါမွ့ျဖစ္ေႀကာင္းကုန္စင္ေျပာျပရာေက်ာင္းထိုင္ဆရာေတာ္ႀကီးဆီေခၚသြားႀကသည္ ။
ဆရာေတာ္ႀကီးကေျပာသည္မွာအရင္ဒီေက်ာင္းမွာဘုန္းႀကီးလာဝတ္ေသာ
တရုတ္လူမ်ိဳးစပ္ေသာဘုန္းႀကီးတစ္ပါးရွိတယ္လူမထြက္ေတာ့ဘူးဆို၍သူ၏အမ်ိဳးမ်ားကတရုတ္ဘံုေက်ာင္းပံုစံေက်ာင္းကိုေဆာက္၍လႈဴတန္းေပးထား၏။
နွစ္အနည္းငယ္အႀကာတြင္ထိုဘုန္းႀကီးသည္ရုတ္တရက္ေလသင္တုန္းျဖတ္ကာပ်ံလြန္ေတာ္မူသြားျပီးသူ႔ေက်ာင္းကိုစိတ္စြဲကာမက်ြတ္ျဖစ္ေနသတဲ႔
လာသမ်ွလူမ်ားကိုလည္းေျခာက္လွန့္ေသာေႀကာင့္သ႔ူ့ေက်ာင္းတြင္မည္သူမ်ွမတည္းရဲႀကေပ
အခုေတာ့ကိုယ္တို့အဖြဲ႔အတြက္ေနရာမရွိေတာ့၍ေပးတည္းျခင္းျဖစ္သတဲ႔
ဘုန္းႀကီးေတြကအမ်ွေပးေပမဲ႔သာဓုမေခၚပဲဘုန္းႀကီးသဘက္ျဖစ္လာတာသူ့ကိုဘုရားစာဝိုင္းရႊတ္တဲ႔အခါဘုန္းႀကီးသဘက္ကဘုန္းႀကီးေတြေရွ့ကေက်ာ္ေက်ာ္ဆိုေနေတာ့လက္ေရွ့ာထားလိုက္သည္ဟုသိရသည္။
ေနာက္ညတြင္ေတာ့ကို္ယ္တို့အဖြဲ႔လည္းထိုေက်ာင္းမွာဆက္မတည္းရဲဲေတာ့အျခားေက်ာင္းေျပာင္းကာတည္းလိုက္ရေပသည္္ ။
ႀကာျပီျဖစ္၍ယခုေတာ့ရွိေတာ့မည္မထင္ပါ
တိမ္လႊာမိုး