” ဝိညာဉ်အစွဲ “(စ/ဆုံး)

Unicode Version

” ဝိညာဉ်အစွဲ “(စ/ဆုံး)
————————–
” အချိန်ကားနွားရိုင်းသွင်းချိန်မှာပင် ဖြစ်ပါလေ၏။ နီတာတာနေမင်းက အနောက်မိုးကောင်းကင်ဆီဝယ် မေးတင်နေဆဲ တိမ်တိုက်ထဲဝယ် လိမ္မော်ရောင်ဆေးများ ဖိတ်စင်ကျနေလိသို့ ဖြာထွက်နေသည် ။
” ထိုအချိန်မှာပင်ဖြစ်သည် (…… ) ရွာလေးအတွင်းသို့ အမျိုးသမီးနှစ်ယောက် သေပြေးရှင်ပြေးရောက်လာကြသည် ။ သူတို့၏ ပြေးလွှားလာမူ့က မောကြီးပန်းကြီးနှင့် အမောတကောနိုင်လှချေသည်ပင် ။ ကြောက်လှန့်စိုးရိမ်စရာတစ်စုံတစ်ခုအား တွေ့ဆုံလာနေသည် အဖြစ်မျိုးရယ်လေ ။ ရွာအတွင်းမှ လူများမှာလဲ သူတို့အားကြည့်၍ ကျီးလန့်တစားဖြစ်ကုန်ကြသည်။
” ဟိုမှာ ဟိုမှာ ဘာဖြစ်လာကြတာလဲမသိဘူး ။ ထိတ်ထိတ်ပြာပြာနဲ့ ပြေးလာလိုက်ကြတာ နောက်က ကျားလိုက်လာတာ ကြနေတာပဲ ။ မေးကြည့်ကြစမ်းပါအုံး ။ တွေ့မြင်နေသူအပေါင်းက ရွာအတွင်းပြေးဝင်လာကြသော အမျိုးသမီးနှစ်ယောက်အားကြည့် ၍ စိုးရီမ်တကြီး ဖြစ်သွားကြရသည် ။သူတို့ကိုကြည့်ရသည်မှာ ရင်တုန်စရာပင်ကောင်းသေးသည် ။သူတို့အသွင်က တကယ့်ကိုအူးယားဖားလျှား နိုင်လှချေသည်ပဲ ။
“ဟို ဟိုသချိုင်းကုန်းထဲက သချိုင်းကုန်းထဲက ” ပြေးလာရင်းတစ်ယောက်က ထစ်ထစ်ငေါ့ငေါ့ဖြစ် အော်ပြောသည်။ အနက်အဓိပ္ပာယ် အပြည့်အစုံကိုကား သေချာစွာမသိကြရသေး ။ အန္တာရယ်တစ်စုံတစ်ခုနှင့် တွေ့ကြုံ လာခဲ့ကြရသည် ပုံစံမျိုးပင် ဖြစ်သည် ။
” ဘာဖြစ်လာကြတာလဲ ခင်ဗျားတို့ဘာပြုလို့ ကြောက်လှန့်တကြား ပြေးလာခဲ့ရတာလဲ ပြောပြပါအုံး ။ ထိတ်လန့်တကြားဖြစ်လိုက်တာ ”
” ဟုတ် ဟုတ်ကဲ့ပြောပြပါမယ်ရှင် …တကယ်ကိုကြောက်စရာကြီးပါရှင်။ နောက်ကပြေးလိုက်လာလို့ နောက်ပြီး နောက်ပြီး ” ရွာအတွင်း အပြေးဝင်လာသောအမျိုးသမီး နှစ်ဦးမှာ ရွာအတွင်းမှလူများ စုပြုံရောက်ရှိ့လာရင်း မေးကြမြန်းကြသဖြင့် အကြောက်ပြေသွားဟန်တုသည်။ သို့ပေမဲ့ သူတို့နှစ်ဦးစလုံးမောဟိုက် နေကြသည် ။
” ကဲ ကဲ ဒီရှေ့နားမှာရွာဥက္ကဌ အိမ်ရှိ့တယ် ။ ဥက္ကဌအိမ်ရောက်မှ အနားဖြေ ရင်း ဘာဖြစ်လာကြတယ်ဆိုတာ ပြောကြတာပေါ့”
” ရွားသွားအချို့က ထိုအမျိုးသမီး နှစ်ယောက်အား ဥက္ကဌ ဦးမြင့်ထွန်း အိမ်သို့ ခေါ်ဆောင်လာခဲ့ကြသည် ။ စပိစပ်စုစုနိုင်လိုသော ရွာသူရွာသား အချို့ကလဲ နောက်မှလိုက်လာကြသည် ။
” ဒီမှာ ဥက္ကဌကြီးရေ ဒီအမျိုးသမီး နှစ်ယောက် ရွာထဲကို ကြောက်အားလန့်အားနဲ့ ပြေးဝင်လာကြလို့ ဒီကိုခေါ်လာခဲ့တာ ” သူတို့ဘာဖြစ်လာခဲ့ကြသလဲဆိုတာ ဥက္ကဌကြီးပဲ မေးကြည့် ပါဦးတော့ ။သူတိုှုကြည့်ရတာ အန္တာရယ် တစ်ခုခုနဲ့ တွေ့လာခဲ့ကြတဲ့ ပုံပဲ ။ ကဲခင်ဗျားတို့ ဖြစ်ပျက်ပုံကို ပြောပြလိုက်ကြပေတော့ ။
” ဒီလိုပါ ဥက္ကဌကြီးရယ် ကျွန်မတို့က ( …) မြို့ပေါ်ကပါ ကျွန်မတို့က စက်ဘီးတစ်ယောက်တစ်စီးနဲ့ ရွာတကာလှည့်ပြီး ဆံပင်ပြတ်တွေ လိုက်ဝယ်နေကြတဲ့သူတွေပါ။ တခြားရွာက ဆံပင်ပြတ်တွေ ဝယ်ပြီး မြို့ကိုအပြန် ဒီရွာအရှေ့ဘက်က သချီုင်းကုန်းဘက်ကနေ စက်ဘီးစီးပြီးပြန်လာခဲ့ကြတာပါ ။ သချိုင်းကုန်းလဲရောက်ရော မိန်းမတစ်ယောက်က နောက်ကပြေးလိုက်လာပြီး ငါ့ဆံပင်တွေ ပြန်ပေး ငါ့ဆံပင်တွေပြန်ပေး နဲ့ အော်လိုက်လိုက်တာ ရှင့် ” နောက်ပြီးအဲ့ဒီမိန်းမမှာ ဆံပင်မရှိဘူး။ ကတုံကြီးနဲ့ရှင့် ” သူကိုမြင်တော့ ကြောက်လှန့်ပြီး စက်ဘီးနဲ့ဝယ်လာတဲ့ ဆံပင်ပြတ်ထည့်ထားတဲ့ လက်ဆွဲခြင်းတွေပါ ပစ်ထားခဲ့ပြီး ဒီရွာထဲကိုပြေးလာခဲ့ရတာ ”
” သူတို့အဖြစ်က အံ့သြစရာနှင့် မယုံစရာပင် ကောင်းနေသဖြင့် ရွာသူရွာသားများက တစ်ဦးမျက်နှာတစ်ဦး ကြည့် လိုက်မိကြသည်တွင် အကြည့်ချင်းလမ်းခုလပ်မှာပင် ဆုံတွေ့သွားကြရင်း မယုံမရဲဖြစ်သွားကြတော့သည် ။
” ဟုတ်မှလဲ ပြောကြပါဗျာ ” ကျုပ်တို့ရွာထဲက ခင်ဗျားတို့ဝယ်လာတဲ့ ဆံပင်ပြတ်တွေကို လုယူမဲ့ အမျိုးသမီးဆိုတာ မရှိ့ပါဘူး ။အခြာနယ်က ရောက်လာတဲ့ အရှုးမတစ်ယောက်များဖြစ်နေသလာမှ မသိတာ ”
” အဲ့ဒါကတော့ ကျွန်မတို့လဲ မသိဘူးရှင့် ” ကတုံးကြီးနဲ့ မိန်းမတစ်ယောက်က သူဆံပင်တွေ ပြနါပေးဆိုပြီးတော့ နောက်ကလိုက်လာတော့ ကြောက်လှန့်ပြီး ရွာထဲကိုဝင်လာခဲ့ရတာ ” မယုံရင်လိုက်ကြည့်ပါ ။ ကျွန်မတို့ စက်ဘီးတွေနဲ့ ပစွည်းတွေ သချိုင်းမှာ ကျန်ရစ်ခဲ့ပါတယ် ။
” အင်း စဉ်းစားစရာတော့ ဖြစ်နေပြီ ထင်တယ် ။ အရှုးမမဟုတ်ရင် ကတုံးနဲ့ဆိုတော့ သိလရှင် တစ်ပါးများဖြစ်နေမလားပဲ ။
” မဟုတ်ဘူး မဟုတ်ဘူး သီလရှင်မဟုတ်ဘူး ” အဲ့ဒီမိန်းမက လူအဝတ်အစားတွေနဲ့ ”
” ဦးမြင့်ထွန်းနှင့် ရွာသူရွာသားများမှာ ထိုအမျိုးသမီးစကားကြောင့် အတွေးရကြပ်သွားရတော့သည် ။ သူတို့ပြောတာမှန်မမှန် လိုက်ကြည့် ဖြစ်မည်ဆိုသည် အတွေးနဲ့ …ကဲ ဟေ့ …ရွာထဲက ယောကျာၤသား လေးငါးယောက် လက်နှိပ်ဓာတ်မီးနဲ့ တုတ် ဒါးယူပြီး ရွာသချိုင်းဘက်ကို သွားကြည့်ကြမယ် ။အချိန်လဲမရှိ့တော့ဘူး။ နေကဝင်တော့မယ် မှောင်သွားရင် သွားရေးလာရေး မကောင်းဘူး …လူစုကြစမ်းကွာ ”
” ( …) ကျေးရွာ၏ သုသာန်မှာ မှောင်ရီပျိုးစ ညနေကာလ ၏ နေရောင်ခြည်အောက်တွင် ပကတိငြိမ်သက်နေဘိသည် ။သုသာန်ဆီသို့ ရောက်လာခဲ့ကြသည် လူတစ်သိုက်မှာ သချိုင်းမြေအား ခြေချမိလိုက်ကြသည်ဆိုလျှင်ပင် ကျောထဲ၌စိမ့်အေးသွားသလို ခံစားလိုက်မိကြသည် ။သူတို့တတွေ၏ မျက်လုံးများမှ လည်း ဟိုဟိုသည်သည် မမြင်နိုင်သည် အရာတစ်ခုအား ရှာဖွေနေကြသလိုလို …အမြင်အာရုံအတွင်းသို့ ဝင်ရောက် ခဲ့သည် မြေပုံမို့မို့နှင့် အုတ်ဂူဖွေးဖွေးတို့က မလူပ်မယှက်ငြိမ်သက်လျှက် ရှိ့နေသည် ။ ရင်ဖိုစရာပင်ကောင်းလေစွ ။
“သချိုင်းလမ်းလေး၏ လူသွားလမ်းလေး၏ ဘေးတွင် ပိုင်ရှင်မဲ့ အမျိုးသမီးစီး စက်ဘီးနှစ်စီးမှာ အနေအထားပျက်စွာ လဲကြနေသည် ။စက်ဘီးများနှင့် မနီးမဝေးတွင် လက်ဆွဲခြင်းနှစ်လုံးက ပိုးလို့ပက်လက် သည်အနေအထားတွေက အမျိုးသမီးနှစ်ဦး၏ စကားများအား ထောက်ခံနေဘိသို့ ရှိ့ချေသညိပင် ။
” ဒီစက်ဘီးတွေက ကျွန်မတို့စက်ဘီးတွေပေါ့ ကျွန်မတို့က ရွာတကာလှည့်ပြီး ဆံပင်ပြတ်တွေ လိုက်ဝယ်နေရတာ ရှင့်” လက်ဆွဲခြင်းတွေ ထဲမာတော့ ဆံပင်အပြတ်တွေနဲ့ ချိန်ခွင်တွေ ပါပါတယ် ။ အမျိုးသမီးတစ်ဦးက ဖြေရှင်းပြရင် ကြက်သီး ထလာဟန်ဖြင့် ပခုံးလေးတစ်ချက် တွန့်သွားပါလေ ၏ ။
သူတို့ပစွည်းတွေကတော့ မှန်ကန်ချေပြီပဲ ။ သူတို့ပြောသည့် ကတုံးနှင့် မိန်းမတစ်ယောက် ဆိုသည် ကိုမူ အရိပ်အယောင်မျှပင် မတွေ့ရလေခဲ့ ။
“ကဲဒီအချိန်ကြမှတော့ မြို့ကိုပြန်ဖို့ အချိန်မရှိ့တော့ဘူး ။ ရွာမှာပဲ ညအိပ်ဖို့ကျုပ်စီစဉ်ပေးပါ့မယ်… နောက်ပြီးမှ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို စဉ်းစားဝေဖန်ပြီး အဖြေရှာကြည့် ကြတာပေါ့ ”
” ဥက္ကဌဦးထွန်းမြင့် မှာ သူရွာအနီးသုသာန်တွင် ဖြစ်ပျက်ခဲ့သည်က တစ်ကြောင်း ထူးထူးဆန်းဆနိးနှင့် ဂမ္ဘိရဆန်နေသော အဖြစ်တစ်ခု၏ ပဟေဋ္ဌိ ဆန်စေမူ့ကြောင့် ၎င်း မို့ စိတ်ထဲ၌အဖြေရှာလိုစိတ်တွေ ဖြစ်လာသည်လေ ။
“နေရောင်ခြည်နုနုက တဖြည်းဖြည်းနှင့် အမှောင်ထုအား လက်မြှောက်အရှုံးပေးချေတော့မည် ဝသုသာန်တစပြင်ဆိုသည်မှာ ညအချိန်တွင် ကြာကြာနေ၍ မသင့်တော်သည့် အလျောက် ရောက်လာသည် လူတစ်သိုက်မှာ ရွာထဲသို့ ပြန်လည်ထွက်ခွာလာခဲ့ကြတော့သည် ။သူတို့၏ နောက်ဝယ် လူသေမြှပ်နှံထားရာ သုသာန်မြေမှာ ငြိမ်သက်စွာဖြစ် အမှောင်အောက်၌ ကျန်ရစ်ခဲ့တော့သည် ။ မကြာမီအုတ်ဂူဖွေးဖွေးနှင့် မြေပုံမို့မို့တို့မှာ အမှောင်၏ ကြီးစိုးမူ့ကြောင့် ထီးထီးကြီး တိတိဆိတ်စွာနေချေပေတော့သည်။
“မဒေါင်းစိန် သူမမှာ ( …) ကျေးရွာသူတစ်ဦးပင် ဖြစ်လေ၏ ။ သူမအား သူမတို့ရွာတွင်သာမဟုတ် ပတ်ဝန်းကျင်ကျေးရွာများမှ အမျိုးသမီးတိုင်း သိထားကြသည်မှာ ဘာမှမဆနိး…မဒေါင်းစိန်အား လူသည်များစေရန် ဖန်တီပေးခဲ့သည် မှာ သူမ၏ ထူးခြားမည်းနက်သော ဆံကေသာကြောင့်ဟုဆိုလျှင် မှလိမ့်မည် မထင်ပါ ။ဆံကေသာ၏ ကောင်းခြင်းမှာ မိန်းမတို့၏ ကောင်းခြင်းငါးဖြာတွင် တစ်ပါးအပါးအဝင်မဟုတ်ပါလား ။ မဒေါင်းစိန်၏ ဆံကေသာ အလှအား မိန်းမသားတိုင်း မျက်စိကြခဲ့သာချည်း ။ မဒေါင်းစိန်၏ မည်းနက်၍ ထူးထဲရှည်လျှားသော ဆံပင်အား ဖြေချလိုက်လျှင်ပင် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးအား ခြုံလွှမ်းဖုံးအုပ်စေခဲ့သည်တဲ့လေ ။
” သို့ပေမဲ့ သဘာဝတရားအရ လူသားတို့တွင် ဖွဲ့စည်းအပ်သည် ခန္ဓာကိုယ်အဖွဲ့အစည်း၌ ရှိ့သင့်ရှိ့ထိုက်သည် သာမန်အနေအထားထက် ပိုမိုလွန်ကဲမူ့ရှိ့လာလျှင် ကျမ်းမာရေးထိခိုက်စေနိုင်သည်ဟု ခန္ဓာဗေဒပညာရှင်များက တွေ့ရှ့်ဖော်ထုတ်ထားခဲ့သည်ဟု ဆိုသည် ။ ထို့ကြောင့်ပင် မဒေါင်းစိန်၏ ထူထူကဲကဲ ဆံပင်၏ ကောင်းခြင်းကြောင့်ပင် ဆိုရလေမလား မဆိုတတ် ။မဒေါင်းစိန်၏ ကျမ်းမာရေး အခြေအနေမှာ ရောဂါရှာဖွေ မတွေ့ရှိ့ပဲ တစ်စတစ်စချိုု့တတ်လာသည်။မြန်မာလူမျိုးတို့၏ ထုံးတမ်းစဉ်လာ ခံယူချက်မှာ ရှညိလျှားသော ဆံကေသာအား ဖြတ်တောက်ဖြစ်ခြင်း မပြုကောင်းဟု ဆိုကြသည် ။
” ကျေးရွာနေ မြန်မာလူမျိုးဖြစ်သော မဒေါင်းစိနါမှာ မြို့ကြီးသူများကဲ့သို့ ဆံပင်တို ကုတ်ဝဲ အလှမျိုး မထားတတ် ဆံကေသာ၏ ကောင်းခြင်းအား မင်္ဂလာတစ်ပါးရယ်လေ သည်တော့လဲ ဆံကေသာဖြင့် လူသိများခဲ့သည် မဒေါင်းစိန် ”
” မဒေါင်စိန်ဆုံးလို့တဲ့ ”
” ထိုသတင်းကား ထူးဆန်းသည်သတင်းတစ်ပုဒ်တော့ မဟုတ် ။မဒေါင်းစိနါ၏ ကျမ်းမာရေး ချို့တတ်လာသည်မှာ ကြာပြီ ။ တရှောင်ရှောင်နှင့် ကျုံလှီအားနည်းလာခဲ့သည် ။လတွေ နှစ်တွေ မနည်းမနောတော့ ။ အင်္ဂလိပ်ဆေး မြန်မာဆေး တိုင်းရင်ဆေးတို့နှင့်သာမက ပယောဂဟုပြောကြတာကြောင့် ပယောဂဆရာများနှင့် ဆေးဝါးကုသမူ့ခံခဲ့သည်မှာ ကြာပြီ။ ခုတော့ မဒေါင်းစိန်မှာ လူလောက ထဲမှ ထာဝရ ထွက်ခွာသွားခဲ့ရချေပြီကော ။
“မဒေါင်းစိန်၏ အသုဘမှာ စည်ကားသော အသုဘတစ်ခုပင် ဖြစ်ခဲ့ရသည် ။သူမ၏ မိဘများက အလောင်းအား မြေမြှပ်သဂြိလ်ခြင်းမပြုပဲ အမှတိတရအဖြင့် အုတ်ဂူလုပ်ကာ ထည့်သွင်းသဂြိုလ်ခဲ့သည်မှာ ရက်သတ္တပတ် သီသီပင် စွန်းရုံရှိ့သေးသည်။ ဤသို့ဆိုပါလျှင်…
” မနေ့ညနေပိုင်းက ဆံပင်ပြတ် လိုက်ဝယ်ကြသော အမျိုသမီးများ၏ စက်ဘီးအနောက်မှ အပြေးလိုက်၍ ဆံပင်တွေ ပြန်တောင်းနေသော သချိုင်းအတွင်းမှ ကတုံးနှင့် မိန်းမတစ်ယောက်ဆိုသည်မှာ မည်သူဖြစ်နိုင်ပါအံ့နည်း ။မိမိ၏ နက်မှောင် ထူထဲသော ဆံကေသာအပေါ် သေဆုခဲ့သော မဒေါင်းစိန်၏ ဝိညာဉ်တစ်ခုဖြင့် လိုက်တောင်းနေချေသည်ကား စဉ်းစားစရာပင် ဖြစ်ချေလေ သည်လေ ။
“ထိုအတွေးအား စဉ်းစားတွေးတောမိသည်က ကျေးရွာ၏ သာရေး နာရေး လူမူ့ရေး နှင့် စီးပွားရေးတို့တွင် ဝေဖန်အုပ်ချုပ်ခဲ့ရသူ ဥက္ကဋ္ဌ ၏ ကြံကြံဖန်ဖန် တွေးခေါ်မျှော်မြင်မူ့ပင် ဖြစ်ပါလေ၏ ။ ထူးဆန်းသည် ဖြစ်ရပ်တစ်ခုအတွက် အတွေးနယ်ချဲ့ခဲ့မိခြင်း ဟုဆိုလျှင် လည်းရမည် ထင်ပါသည် ။ မည်သို့ပင်ဖြစ်စေ အတွေးအားလက်တွေ့ကြကြ လုပ်ဆောင်ကြည့်ခြင်းကသာ ပဟေဋ္ဌိ ၏ ပုစ္ဆာအားအဖြေထုတ်ရမည်ပင် ဖြစ်သည် ။ ထိုကြောင့်ပင် နောက်တစ်နေ့ မနက်ပိုင်း ရောက်သည်နှင့် မဒေါင်းစိန်၏ မိဘနှစ်ပါး ဖြစ်သည် ဦးစိန်ပေါ နှင့် ဒေါ်ထားကြည်တို့နှင့် တွေ့ဆုံညှိနိူင်းမူ့တစ်ခု ပြုလုပ်ခဲ့လေတော့သည် ။
” ကြံကြံဖန်ဖန်တွေးတယ်လို့ ပြောချင်လဲပြောတော့ မနေ့ညနေက ဆံပင်ပြတ်တွေ လိုက်ဝယ်တဲ့ မိန်းကလေးနှစ်ယောက်ရဲ့ အဖြစ်က လောကီပညာရပ်ဆန်နေတယ် ။ကျုပ်တွေးမိတာက မဒေါင်းစိန်ဟာ ဝိညာဉ်ဘဝက သူရဲ့ဆံပင်တွေ အပေါ် စိတ်အာရုံစွဲလမ်းနေပုံရတယ်။ ဒါကြောင့် ဆံပင်ပြတ်တွေ ဝယ်တဲ့ မိန်းမတွေဆီက ဆံပင်ပြတ်တွေကို သူဆံပင်အဖြစ်နဲ့ ဝိညာဉ်ဘဝက လိုက်တောင်းနေပုံရတယ်လေ ။
” မဒေါင်းစိန်က သူဆံပင်တွေလို့ ထင်ရအောင် သူဆံပင်တွေကို ကျူပ်တို့က ဖြတါယူထားတာမှ မဟုတါတာပဲ ။ မဒေါင်းစိန်အမေ ဒေါ်ထားကြည်က ဖြေရှင်းသည် ။ဟုတ်တော့လဲ ဟုတါသည်။ သူမခေါင်းကဆံပင်တွေနဲ့ အတူဂူသွင်း သဂြိုလ် ခဲ့သည်ပင် မဟုတ်ပါလား ။
” အဲ့ဒါကြောင့် ကျုပ်တွေးမိတာပဲပေါ့…မဒေါင်းစိန်ဆံပင်တွေ ဘယ်ရောက်ကုန်ပြီလဲ သူအလောင်းမှာ သူအမြတ်တနိုးထားရှိ့ခဲ့တဲ့ ဆံပင်တွေ ရှိ့မှ ရှိ့သေးရဲ့လား ။ဒါကိုကျုပ်က သိချင်နေတာ ဗျ ”
” သြော် ကိုထွန်းမြင့်က သမီးရဲ့ အလောင်းက ဆံပင်တွေကို မသမာသူတွေက ဂူဖောက်ပြီး ဖြတ်ယူသွားတယ်လို့ ထင်နေလို့လား ။
“အဲ အဲ ကျုပ်ဆိုလိုတာက ဒီသဘော ပဲဆိုပါတော့ ” ဆံပင်ပြတ်ဝယ်တဲ့သူတွေက ရပ်ထဲရွာထဲ မှာ ခြေချင်းလိမ်နေကြတာလေ။ ဈေးကလဲ ကောင်းပုံပေါ်တယ် မဒေါင်းစိနါရဲ့ ဆံပင်တွေက များပါဘိနဲ့ ။ လူတော်တော်များများကသိနေကြတယ်မဟုတ်လား ။ ဒါကြောင့် သူအုတ်ဂူကိုသွားကြည့်ချင်တယ် ။ အုတ်ဂူမှာ မသင်္ကာစရာ ချို့ဃွင်း ပျက်စီးနေတာ တွေ့ရရင်တော့ ကျုပ်အတွေးမှန်ပြီလို့ ဆိုရမှာပဲ ။ အုဆ်ဂူခြေရာလက်ရာ မပျက်ရင်တော့လဲ တစ်မျိုးပေါ့ ဗျာ ။
” အောင်မလေး ကိုမြင့်ထွန်းရယ် ရှင်မို့ကြံကြံဖန်ဖန်အတွေး ပေါက်မိနေတော့တယ် ။ ကျုပ်တော့ နေ့ခင်းကြောင်တောင် တောင် သုသာန်ကိုတစ်ယောက်ထဲ မသွားရဲဘူး ။သုသာနါဆိုတာ လူသေအမးမြှပ်ထားကြတာ ဘယ်သူကများကျုပ်သမီးရဲ့ ဆံပင်ကို ဖြတ်ယူရဲပ့မလဲ ။ စဉ်းစားကြည့်ပါအုံးတော့ ရှင်မီု့ တွေးမိတာ အံ့ပါရဲ့။
” ဒါတော့ ဒါပေါ့ဗျာ…မပြေးသော်ကနါရာရှိ့ဆိုသလိုမျိုးပေါ့ …ခက်တာက မသမာမူ့ကိုပြုလုပ်တဲ့ လူတွေက မကြောက်အလှန့်ရှိ့ကြတာ မဟုတ်ဘူး ။ဘယ်သူပစွည်းကို ဘယ်လိုယူလိုက်လျှင် ဘယ်လောက်အမြတ်အစွန်းရမယ် ဆိုတာကိုသာ ဦးစားပေးတတ်ကြတဲ့ လူစားမျိုးတွေလေ… သူတို့မှာ မလုပ်ဝံ့တာ မလုပ်ရဲတာမရှိ့ဘူး ။အုတ်ဂူကိုအရင်သွားကြည့်မယ် အုတ်ဂူခြေရာလက်ရာပြတ်နေရင်တော့ ကျုပ်အတွေးမှန်နေပြီလို့ ဆိုရမယ် ”
” နောက်ဆုံးတွင် ဥက္ကဌ ဦးမြင့်ထွန်း၏ အတွေးအား လက်တွေ့ အကောင်အထည်ဖော်ကြည့်ရန် ဆုံးဖြတ်ချကိချလိုက်ကြတော့ သည်။ ရွာသားလေးငါးယောက်နှင့် ရွာသုသာနါဆီသို့ ထွက်ခဲ့ကြပြန်သည် ။အဖြေရှာမရသည် အကြောင်ကိစွတစ်ခုကြောင့် မစည်ကားအပ်သော သုသာနါတစ်စပြင်သို့ မနေ့ညနေက တစ်ခေါက် ယခုတစ်ခေါက် ရောက်ခဲ့ကြရခြင်းပင် ဖြစ်သည် ။ သည်တစ်ခါတော့ နေ့ခင်းကလည်းဖြစ်…ရည်ရွယ်ချက်ကလဲ တစ်မျိုးမို့ စိတ်ဝင်တစားရှိ့နေကြသည်။ လူတစ်သိုက်၏ ခြေလှမ်းများက မဒေါင်းစိနါအုတ်ဂူရှိ့ရာသို့ ဦးတည်ချဉ်းကပ် လာကြသည် ။အုတ်ဂူက တည်ထားပြီးသည်မှ မကြာသေး၍ သစ်လွင်တောက်ပနေဆဲပင်ဖြစ်ပါလေ၏ ။ သို့ရာတွင် လူတစ်သိုက်၏ မျက်လုံးများက မဒေါင်းစိနါ၏ အုတ်ဂူဆီသို့ အကြည့် ရောက်သွားကြသည်နှင့်…
” ဟေ့…ဒီမှာ ဒီမှာ မဒေါင်းစိန်၏ အုတ်ဂူခေါင်းရင်းပိုင်မှာ အင်္ဂတေတွေ တစ်မျိုးဖြစ်နေတယ် ။ အုတ်ဂူဖောက်ပြီးမှ ပြန်ပိတ်ထားတဲ့ ပုံစံပဲဗျ ။
” ရွာသားတစ်ဦး၏ ညွှန်ပြရာသို့ ဝိုင်းကြည့်လိုက်ကြ၏ ။လူမသိအောင် ဖြတ်စီးပြီး ပြီးစလွယ် ပြန်ပြီး ပြုပြင်ထားခဲ့ဟန်ကြောင့် သေသေသပ်သပ် မရှိ့လှ ။ ဖောက်ပြီးမှ ရေးကြီးသုတ်ပြာ ပြန်ပိတ်ထားကြောင်း သိသာလှပေသည် ။ အင်္ဂတေစပ်ဟပ်မူ့ကလဲ အရောင်ကွဲပြားနေချေလေသည် ။ ဥက္ကဌဦးမြင့်ထွန်းက ကဲ…ကျွန်တော်အတွေးကို ခုလိုပြေးကြည့်လိုက်တော့ အဖြေပေါ်လာပြီးမဟုတ်လား။ ပိုပြီးတိကြသေချာအောင် မဒေါင်းစိန်ရဲ့ ခြေရာလက်ရာ ပျက်နေတဲ့ ဦးခေါင်းပိုင်းနေရာက ဖောက်ကြည့်ချင်တယ် ဗျာ ” နောက်ပြီးတော့မှ သပ်သပ်ရပ်ရပ် ပြန်လည်ပြုပြင်ကြတာပေါ့ ။ ဘယ်နဲ့လဲ ကိုစိန်ပေါ သဘောတူမယ်မဟုတ်လား။
” ဦးစိန်ပေါမှာ စိတ်မချမ်းမြေ့စွာနှင့် ဥက္ကဌ၏ ဆန္ဒအား ခေါင်းညိတ်သဘောတူလိုက်ရတော့သည်။
” ကဲ …ဟေ့ ရွာထဲပြန်ပြီး သံတူရွင်းနှစ်ချောင်းလောကိပြန်ယူကြစမ်းကွာ သွားမြန်မြန် …
” မကြာမီမှာပင် သံတူးင်္ရင်းပြန်ယူကြသူများရောက်လာကြသည် ။ဦးမြင့်ထွန်းက လက်ရာပျက်နေသော အုတ်ဂူ၏ ဦးခေါင်းပိုင်အား သံတူရွင်းများဖြစ် ထိုးဖောက်၍ ပြနါဖွင့်ခိုင်းလိုက်၏ ။ အုတ်ဂူတွင်းမှာ တည်ပြီးခါကြောင့် ၎င်း …ပြန်လည်၍ ဖြစ်ကလက်ဆန်း ပိတ်ထားခြင်းကြောင့် လည်းကောင်း မပင်မပန်းပဲ အုတ်ဂူခေါင်းရင်းပိုင်မှာ ပွင့်ထွတ်သွားသည်နှင့် အမျှ ပုတ်အဲ့အဲ့ အနံ့က ပြင်ပသို့တိုးထွက်လာသည် ။အခေါင်းထွက်သာလောက်သည် အပေါက်ဖောက်ပြီးသည်နှင့် အခေါင်းအားအပြင်ဖက်သို့ ဆွဲထုတ်လိုက်ကြ၏ ။ အနံ့အသက်များက ဆိုးဆိုးရွားရွားထွက်ပေါ်လာသဖြစ် အနံ့မခံနိုင်သူ အချို့ နောက်သိုရှဲသွားသည်။
” ခေါင်းအဖုံးကို သံတူရွင်းနဲ ကလော်ဖွင့်လိုက်စမ်း မြန်မြန်လုပ်ကြ…ရွာသားတစ်ယောက်က ခေါင်းအဖုံးအား သံတူရွင်ူဖြင့် ကလော်၍ ဖွင့်လိုက်၏ ။မဒေါင်းစိန် အလောင်းမှာ ယိုးယွင်းစွာဖြင့် မြင်တွေ့လိုက်ရရုံသာမက ။
” ဟာ …မဒေါင်းစိန် အလောင်းမှာ ဆံပင်တွေ မရှိ့တော့ပါလား ” မဒေါင်းစိန်အလောင်းမှာ သူမပိုင်ဆိုင်ခဲ့သော ဆံပင်များမရှိ့တော့ပဲ ကတုံကြီးနှင့် ဖြစ်နေသည်ရယ်လေ…ဂူသွင်းစဉ်က သူမနှင့် အတူပါရှိ့သွားသော ဆံပင်တွေ ဘယ်ရောက်ကုန်ကြပြီလဲ” ကြည့်စမ်း ခေါင်းကဆံပင်တွေကို ဓားနဲ့ရိတ်ဖြတ်သွားကြပါကလား ။
” ကဲ…ကဲ ဒါဆိုရင် အဖြေပေါ်ပြီ ကြာကြာကြည့်နေလို့လဲ မကောင်းဘူး ။ခေါင်းကို ဂူထဲပြန်သွင်းလိုက်ကြတော့…နောက်ပြီးမှ ပန်းရံဆရာ နဲ့ အုတ်ဂူကိုသပ်သပ်ယပ်ယပ် ဖြစ်အောင် လုပ်ကြမယ်။ ခေါင်းရင်းကအပေါက်နေရာကို ဆူးခက်တွေ ခုတ်ပြီး လုံခြုံအောင်ပိတ်ထားလိုက်ကြပေတော့ “ပဟေဌိ၏ အဖြေအား ဖော်ထုတ်ရရှိ့ပြီးပြီးမို့ ရွာတွင်းသို့ပြန်လာကြသည် ။
” မဒေါင်းစိန်ရဲ့ ဆံပင်တွေကို မသမာသူတွေက ဓားနဲ့ ရိတ်ဖြတ်ပြီး ယူသွားကြသတဲ့ ”
” ဆံပင်တွေက အတော်လေးများတာ။ ခုခောတ်ဆံပင်ပေါက်ဈေးနဲ့ဆိုရင် တရုတ်မော်တယ် ဆိုင်ကယ်တောင် ဝယ်စီးနိုင်လောက်တဲ့ ငွေတွေရမှာ ”
” ရွာအတွင်း ရောက်သည်နှင့် ထိုသတင်းက တောမီးပမာ ပြန့်နှံ့သွားတော့သည်။ဘူးတစ်ရာအပေါက်ပိတ်၍ ရနိုင်သော်ငြား လူတွေ၏ ပါးစပ်ပေါက်ကိုမူ ပိတ်ထားနိုင်စွမ်းမရှိ့ပါလေခဲ့ ။သေသေချာချာတွေ့မြင်ခဲ့ရသော အဖြစ်ကြောင့် ဖြစ်မှဖြစ်ရလေ ဟုကြေကွဲဝမ်းနည်းမူ့များဖြစ်ခဲ့ရတော့သည် ။ အလောင်းဘဝမှပင် စီးပွားရေးမြင်တတ်သူတွေ ကြောက်ရွံ့ခြင်း…စာနာခြင်းကင်းမဲ့စွာ လုပ်ရက်လေခြင်းဟူသော ဘဝတစ်ပါးပြောင်းသွားသူ မဒေါင်းစိန်အတွက် စိတ်ဆင်းရဲမူ့များ ဖြစ်ပေါ်ခံစားနေစေသည် ။
” အင်း လောကမှာသူတစ်ပါးအပေါ် ခေါင်းပုံဖြတ်ချင်ကြတဲ့ လူတွေက ဒုနဲ့ဒေးရှိ့နေကြသေးတယ်ဆိုတာ ဒီအဖြစ်က သက်သေပြသွတာပဲပေါ့။ကိုယ့်ရဲအထွက်အမြတ်ထားရာ ဦးခေါင်းအား ဆံပင်ကိုသေရွာထိ ယူသွားပေမဲ့ မရှာဘူးလေ ။အကယ်၍ များကောင်းခြင်း များစွာနဲ့ ပြည့်စုံသော ဒီဆံသေသာတွေကိုသာ တည်စဘုရားတစ်ဆူရဲ့ အတွင်းမှာ ဋ္ဌာပနာပြီး ဆပ်ကပ်လှူဒန်းခဲ့မယ်ဆိုရင်
ဘဝတစ်ပါးပြောင်းသွားရှာသော မဒေါင်းစိန်အတွက် ကုသိုလ်ကောင်းမူ့ကြောင့် ဘဝကူးကောင်းနိုင်ရှာပေမှာပဲလေ ။ ခုတော့သေရွာကို ယူသွားတဲ့ သူဆံပင်အတွက် ဝိညာဉ်ဘဝမှာ အစွဲအလမ်းကြီစွာနဲ့ မကျွတ်မလွှတ်ပဲ မပိုင်ဆိုင်နိုင်တော့တဲ့ သူဆံပင်တွေကိုပြန်တောင်း နေရရှာကို ။ဘာသာရေးလိုက်စားသူတွေ အတွက် မဒေါင်းစိန်အဖြစ်အပျက်က တရားချနေဘိအလား သံဝေဂရစရာ ဖြစ်နေရပါတော့သည် ။ဝိညာဉ်ဘဝ ရောက်သည်အထိ အစွဲအလမ်းကြီးနေရသော မဒေါင်းစိန်အတွက် ကောင်းရာမွန်ရာ ဘဝရောက်အောင် ကောင်းမူ့ကုသိုလ်လေးလုပ်ပြီး အမျှအတန်းပေးဝေ လိုက်ကြဖို့သာ စီစဉ်ကြလေတော့ တကား ။

ဆုံကြအုံးမယ်ကွယ်

ထွဋ်ခေါင်

Zawgyi Version

” ဝိညာဥ္အစြဲ “(စ/ဆံုး)
————————–
” အခ်ိန္ကားႏြားရုိင္းသြင္းခ်ိန္မွာပင္ ျဖစ္ပါေလ၏။ နီတာတာေနမင္းက အေနာက္မုိးေကာင္းကင္ဆီဝယ္ ေမးတင္ေနဆဲ တိမ္တုိက္ထဲဝယ္ လိေမၼာ္ေရာင္ေဆးမ်ား ဖိတ္စင္က်ေနလိသုိ႕ ျဖာထြက္ေနသည္ ။
” ထုိအခ်ိန္မွာပင္ျဖစ္သည္ (…… ) ရြာေလးအတြင္းသုိ႕ အမ်ဳိးသမီးႏွစ္ေယာက္ ေသေျပးရွင္ေျပးေရာက္လာျကသည္ ။ သူတုိ႕၏ ေျပးလႊားလာမူ႕က ေမာျကီးပန္းျကီးႏွင္႕ အေမာတေကာႏုိင္လွေခ်သည္ပင္ ။ ေျကာက္လွန္႕စုိးရိမ္စရာတစ္စုံတစ္ခုအား ေတြ႕ဆုံလာေနသည္ အျဖစ္မ်ဳိးရယ္ေလ ။ ရြာအတြင္းမွ လူမ်ားမွာလဲ သူတုိ႕အားျကည္႕၍ က်ီးလန္႕တစားျဖစ္ကုန္ျကသည္။
” ဟုိမွာ ဟုိမွာ ဘာျဖစ္လာျကတာလဲမသိဘူး ။ ထိတ္ထိတ္ျပာျပာနဲ႕ ေျပးလာလုိက္ျကတာ ေနာက္က က်ားလုိက္လာတာ ျကေနတာပဲ ။ ေမးျကည္႕ျကစမ္းပါအုံး ။ ေတြ႕ျမင္ေနသူအေပါင္းက ရြာအတြင္းေျပးဝင္လာျကေသာ အမ်ဳိးသမီးႏွစ္ေယာက္အားျကည္႕ ၍ စုိးရီမ္တျကီး ျဖစ္သြားျကရသည္ ။သူတုိ႕ကုိျကည္႕ရသည္မွာ ရင္တုန္စရာပင္ေကာင္းေသးသည္ ။သူတုိ႕အသြင္က တကယ္႕ကုိအူးယားဖားလ်ွား ႏုိင္လွေခ်သည္ပဲ ။
“ဟုိ ဟုိသခ်ဳိင္းကုန္းထဲက သခ်ဳိင္းကုန္းထဲက ” ေျပးလာရင္းတစ္ေယာက္က ထစ္ထစ္ေငါ႕ေငါ႕ျဖစ္ ေအာ္ေျပာသည္။ အနက္အဓိပၸာယ္ အျပည္႕အစုံကုိကား ေသခ်ာစြာမသိျကရေသး ။ အႏၲာရယ္တစ္စုံတစ္ခုႏွင္႕ ေတြ႕ျကံဳ လာခဲ႕ျကရသည္ ပုံစံမ်ဳိးပင္ ျဖစ္သည္ ။
” ဘာျဖစ္လာျကတာလဲ ခင္ဗ်ားတုိ႔ဘာျပဳလုိ႕ ေျကာက္လွန္႕တျကား ေျပးလာခဲ႕ရတာလဲ ေျပာျပပါအုံး ။ ထိတ္လန္႕တျကားျဖစ္လုိက္တာ ”
” ဟုတ္ ဟုတ္ကဲ႕ေျပာျပပါမယ္ရွင္ …တကယ္ကုိေျကာက္စရာျကီးပါရွင္။ ေနာက္ကေျပးလုိက္လာလုိ႕ ေနာက္ျပီး ေနာက္ျပီး ” ရြာအတြင္း အေျပးဝင္လာေသာအမ်ဳိးသမီး ႏွစ္ဦးမွာ ရြာအတြင္းမွလူမ်ား စုျပံဳေရာက္ရွိ႕လာရင္း ေမးျကျမန္းျကသျဖင္႕ အေျကာက္ေျပသြားဟန္တုသည္။ သုိ႕ေပမဲ႕ သူတုိ႕ႏွစ္ဦးစလုံးေမာဟုိက္ ေနျကသည္ ။
” ကဲ ကဲ ဒီေရွ႕နားမွာရြာဥကၠဌ အိမ္ရွိ႕တယ္ ။ ဥကၠဌအိမ္ေရာက္မွ အနားေျဖ ရင္း ဘာျဖစ္လာျကတယ္ဆုိတာ ေျပာျကတာေပါ႕”
” ရြားသြားအခ်ဳိ႕က ထုိအမ်ဳိးသမီး ႏွစ္ေယာက္အား ဥကၠဌ ဦးျမင္႕ထြန္း အိမ္သုိ႕ ေခၚေဆာင္လာခဲ႕ျကသည္ ။ စပိစပ္စုစုႏုိင္လုိေသာ ရြာသူရြာသား အခ်ဳိ႕ကလဲ ေနာက္မွလုိက္လာျကသည္ ။
” ဒီမွာ ဥကၠဌျကီးေရ ဒီအမ်ဳိးသမီး ႏွစ္ေယာက္ ရြာထဲကုိ ေျကာက္အားလန္႕အားနဲ႔ ေျပးဝင္လာျကလုိ႕ ဒီကုိေခၚလာခဲ႕တာ ” သူတုိ႕ဘာျဖစ္လာခဲ႕ျကသလဲဆုိတာ ဥကၠဌျကီးပဲ ေမးျကည္႕ ပါဦးေတာ႕ ။သူတုိႈျကည္႕ရတာ အႏၲာရယ္ တစ္ခုခုနဲ႕ ေတြ႕လာခဲ႕ျကတဲ႕ ပုံပဲ ။ ကဲခင္ဗ်ားတုိ႕ ျဖစ္ပ်က္ပုံကုိ ေျပာျပလုိက္ျကေပေတာ႕ ။
” ဒီလုိပါ ဥကၠဌျကီးရယ္ က်ြန္မတုိ႕က ( …) ျမိဳ႕ေပၚကပါ က်ြန္မတုိ႕က စက္ဘီးတစ္ေယာက္တစ္စီးနဲ႕ ရြာတကာလွည္႕ျပီး ဆံပင္ျပတ္ေတြ လုိက္ဝယ္ေနျကတဲ႕သူေတြပါ။ တျခားရြာက ဆံပင္ျပတ္ေတြ ဝယ္ျပီး ျမိဳ႕ကုိအျပန္ ဒီရြာအေရွ႕ဘက္က သခ်ဳီင္းကုန္းဘက္ကေန စက္ဘီးစီးျပီးျပန္လာခဲ႕ျကတာပါ ။ သခ်ဳိင္းကုန္းလဲေရာက္ေရာ မိန္းမတစ္ေယာက္က ေနာက္ကေျပးလုိက္လာျပီး ငါ႕ဆံပင္ေတြ ျပန္ေပး ငါ႕ဆံပင္ေတြျပန္ေပး နဲ႕ ေအာ္လုိက္လုိက္တာ ရွင္႕ ” ေနာက္ျပီးအဲ႕ဒီမိန္းမမွာ ဆံပင္မရွိဘူး။ ကတုံျကီးနဲ႕ရွင္႕ ” သူကုိျမင္ေတာ႕ ေျကာက္လွန္႕ျပီး စက္ဘီးနဲ႕ဝယ္လာတဲ႕ ဆံပင္ျပတ္ထည္႕ထားတဲ႕ လက္ဆြဲျခင္းေတြပါ ပစ္ထားခဲ႕ျပီး ဒီရြာထဲကုိေျပးလာခဲ႕ရတာ ”
” သူတုိ႕အျဖစ္က အံ႕ျသစရာႏွင္႔ မယုံစရာပင္ ေကာင္းေနသျဖင္႕ ရြာသူရြာသားမ်ားက တစ္ဦးမ်က္ႏွာတစ္ဦး ျကည္႕ လုိက္မိျကသည္တြင္ အျကည္႕ခ်င္းလမ္းခုလပ္မွာပင္ ဆုံေတြ႕သြားျကရင္း မယုံမရဲျဖစ္သြားျကေတာ႕သည္ ။
” ဟုတ္မွလဲ ေျပာျကပါဗ်ာ ” က်ဳပ္တုိ႕ရြာထဲက ခင္ဗ်ားတုိ႕ဝယ္လာတဲ႕ ဆံပင္ျပတ္ေတြကုိ လုယူမဲ႕ အမ်ဳိးသမီးဆုိတာ မရွိ႕ပါဘူး ။အျခာနယ္က ေရာက္လာတဲ႕ အရႈးမတစ္ေယာက္မ်ားျဖစ္ေနသလာမွ မသိတာ ”
” အဲ႕ဒါကေတာ႔ က်ြန္မတုိ႕လဲ မသိဘူးရွင္႕ ” ကတုံးျကီးနဲ႕ မိန္းမတစ္ေယာက္က သူဆံပင္ေတြ ျပနါေပးဆုိျပီးေတာ႕ ေနာက္ကလုိက္လာေတာ႕ ေျကာက္လွန္႕ျပီး ရြာထဲကုိဝင္လာခဲ႕ရတာ ” မယုံရင္လုိက္ျကည္႕ပါ ။ က်ြန္မတုိ႕ စက္ဘီးေတြနဲ႕ ပစြည္းေတြ သခ်ဳိင္းမွာ က်န္ရစ္ခဲ႕ပါတယ္ ။
” အင္း စဥ္းစားစရာေတာ႕ ျဖစ္ေနျပီ ထင္တယ္ ။ အရႈးမမဟုတ္ရင္ ကတုံးနဲ႕ဆုိေတာ႕ သိလရွင္ တစ္ပါးမ်ားျဖစ္ေနမလားပဲ ။
” မဟုတ္ဘူး မဟုတ္ဘူး သီလရွင္မဟုတ္ဘူး ” အဲ႕ဒီမိန္းမက လူအဝတ္အစားေတြနဲ႕ ”
” ဦးျမင္႕ထြန္းႏွင္႕ ရြာသူရြာသားမ်ားမွာ ထုိအမ်ဳိးသမီးစကားေျကာင္႕ အေတြးရျကပ္သြားရေတာ႕သည္ ။ သူတုိ႕ေျပာတာမွန္မမွန္ လုိက္ျကည္႕ ျဖစ္မည္ဆုိသည္ အေတြးနဲ႕ …ကဲ ေဟ႔ …ရြာထဲက ေယာက်ာၤသား ေလးငါးေယာက္ လက္ႏွိပ္ဓာတ္မီးနဲ႕ တုတ္ ဒါးယူျပီး ရြာသခ်ဳိင္းဘက္ကုိ သြားျကည္႕ျကမယ္ ။အခ်ိန္လဲမရွိ႕ေတာ႔ဘူး။ ေနကဝင္ေတာ႔မယ္ ေမွာင္သြားရင္ သြားေရးလာေရး မေကာင္းဘူး …လူစုျကစမ္းကြာ ”
” ( …) ေက်းရြာ၏ သုသာန္မွာ ေမွာင္ရီပ်ဳိးစ ညေနကာလ ၏ ေနေရာင္ျခည္ေအာက္တြင္ ပကတိျငိမ္သက္ေနဘိသည္ ။သုသာန္ဆီသုိ႕ ေရာက္လာခဲ႕ျကသည္ လူတစ္သုိက္မွာ သခ်ဳိင္းေျမအား ေျခခ်မိလုိက္ျကသည္ဆုိလ်ွင္ပင္ ေက်ာထဲ၌စိမ္႕ေအးသြားသလုိ ခံစားလုိက္မိျကသည္ ။သူတုိ႕တေတြ၏ မ်က္လုံးမ်ားမွ လည္း ဟုိဟုိသည္သည္ မျမင္ႏုိင္သည္ အရာတစ္ခုအား ရွာေဖြေနျကသလုိလုိ …အျမင္အာရုံအတြင္းသုိ႕ ဝင္ေရာက္ ခဲ႕သည္ ေျမပုံမုိ႕မုိ႕ႏွင္႕ အုတ္ဂူေဖြးေဖြးတုိ႔က မလူပ္မယွက္ျငိမ္သက္လ်ွက္ ရွိ႕ေနသည္ ။ ရင္ဖုိစရာပင္ေကာင္းေလစြ ။
“သခ်ဳိင္းလမ္းေလး၏ လူသြားလမ္းေလး၏ ေဘးတြင္ ပုိင္ရွင္မဲ႕ အမ်ဳိးသမီးစီး စက္ဘီးႏွစ္စီးမွာ အေနအထားပ်က္စြာ လဲျကေနသည္ ။စက္ဘီးမ်ားႏွင္႕ မနီးမေဝးတြင္ လက္ဆြဲျခင္းႏွစ္လုံးက ပုိးလုိ႕ပက္လက္ သည္အေနအထားေတြက အမ်ဳိးသမီးႏွစ္ဦး၏ စကားမ်ားအား ေထာက္ခံေနဘိသုိ႕ ရွိ႕ေခ်သညိပင္ ။
” ဒီစက္ဘီးေတြက က်ြန္မတုိ႕စက္ဘီးေတြေပါ႕ က်ြန္မတုိ႕က ရြာတကာလွည္႕ျပီး ဆံပင္ျပတ္ေတြ လုိက္ဝယ္ေနရတာ ရွင္႕” လက္ဆြဲျခင္းေတြ ထဲမာေတာ႕ ဆံပင္အျပတ္ေတြနဲ႕ ခ်ိန္ခြင္ေတြ ပါပါတယ္ ။ အမ်ဳိးသမီးတစ္ဦးက ေျဖရွင္းျပရင္ ျကက္သီး ထလာဟန္ျဖင္႕ ပခုံးေလးတစ္ခ်က္ တြန္႕သြားပါေလ ၏ ။
သူတုိ႕ပစြည္းေတြကေတာ႕ မွန္ကန္ေခ်ျပီပဲ ။ သူတုိ႕ေျပာသည္႕ ကတုံးႏွင္႕ မိန္းမတစ္ေယာက္ ဆုိသည္ ကုိမူ အရိပ္အေယာင္မ်ွပင္ မေတြ႕ရေလခဲ႕ ။
“ကဲဒီအခ်ိန္ျကမွေတာ႕ ျမိဳ႕ကုိျပန္ဖုိ႕ အခ်ိန္မရွိ႕ေတာ႕ဘူး ။ ရြာမွာပဲ ညအိပ္ဖုိ႕က်ဳပ္စီစဥ္ေပးပါ႕မယ္… ေနာက္ျပီးမွ ျဖစ္ပ်က္ခဲ႕တဲ႕ အေျကာင္းအရာကုိ စဥ္းစားေဝဖန္ျပီး အေျဖရွာျကည္႕ ျကတာေပါ႕ ”
” ဥကၠဌဦးထြန္းျမင္႕ မွာ သူရြာအနီးသုသာန္တြင္ ျဖစ္ပ်က္ခဲ႕သည္က တစ္ေျကာင္း ထူးထူးဆန္းဆနိးႏွင္႕ ဂမိ႓ရဆန္ေနေသာ အျဖစ္တစ္ခု၏ ပေဟ႒ိ ဆန္ေစမူ႕ေျကာင္႕ ၎ မုိ႕ စိတ္ထဲ၌အေျဖရွာလုိစိတ္ေတြ ျဖစ္လာသည္ေလ ။
“ေနေရာင္ျခည္ႏုႏုက တျဖည္းျဖည္းႏွင္႕ အေမွာင္ထုအား လက္ေျမွာက္အရႈံးေပးေခ်ေတာ႕မည္ ဝသုသာန္တစျပင္ဆုိသည္မွာ ညအခ်ိန္တြင္ ျကာျကာေန၍ မသင္႕ေတာ္သည္႕ အေလ်ာက္ ေရာက္လာသည္ လူတစ္သုိက္မွာ ရြာထဲသုိ႕ ျပန္လည္ထြက္ခြာလာခဲ႕ျကေတာ႕သည္ ။သူတုိ႕၏ ေနာက္ဝယ္ လူေသျမွပ္ႏွံထားရာ သုသာန္ေျမမွာ ျငိမ္သက္စြာျဖစ္ အေမွာင္ေအာက္၌ က်န္ရစ္ခဲ႕ေတာ႕သည္ ။ မျကာမီအုတ္ဂူေဖြးေဖြးႏွင္႕ ေျမပုံမုိ႕မုိ႕တုိ႕မွာ အေမွာင္၏ ျကီးစုိးမူ႔ေျကာင္႕ ထီးထီးျကီး တိတိဆိတ္စြာေနေခ်ေပေတာ႕သည္။
“မေဒါင္းစိန္ သူမမွာ ( …) ေက်းရြာသူတစ္ဦးပင္ ျဖစ္ေလ၏ ။ သူမအား သူမတုိ႕ရြာတြင္သာမဟုတ္ ပတ္ဝန္းက်င္ေက်းရြာမ်ားမွ အမ်ဳိးသမီးတုိင္း သိထားျကသည္မွာ ဘာမွမဆနိး…မေဒါင္းစိန္အား လူသည္မ်ားေစရန္ ဖန္တီေပးခဲ႕သည္ မွာ သူမ၏ ထူးျခားမည္းနက္ေသာ ဆံေကသာေျကာင္႕ဟုဆုိလ်ွင္ မွလိမ္႕မည္ မထင္ပါ ။ဆံေကသာ၏ ေကာင္းျခင္းမွာ မိန္းမတုိ႕၏ ေကာင္းျခင္းငါးျဖာတြင္ တစ္ပါးအပါးအဝင္မဟုတ္ပါလား ။ မေဒါင္းစိန္၏ ဆံေကသာ အလွအား မိန္းမသားတုိင္း မ်က္စိျကခဲ႔သာခ်ည္း ။ မေဒါင္းစိန္၏ မည္းနက္၍ ထူးထဲရွည္လ်ွားေသာ ဆံပင္အား ေျဖခ်လုိက္လ်ွင္ပင္ သူမ၏ ခႏၶာကုိယ္တစ္ခုလုံးအား ျခံဳလႊမ္းဖုံးအုပ္ေစခဲ႔သည္တဲ႕ေလ ။
” သုိ႕ေပမဲ႕ သဘာဝတရားအရ လူသားတုိ႕တြင္ ဖြဲ႕စည္းအပ္သည္ ခႏၶာကုိယ္အဖြဲ႕အစည္း၌ ရွိ႕သင္႕ရွိ႕ထုိက္သည္ သာမန္အေနအထားထက္ ပုိမုိလြန္ကဲမူ႕ရွိ႕လာလ်ွင္ က်မ္းမာေရးထိခုိက္ေစႏုိင္သည္ဟု ခႏၶာေဗဒပညာရွင္မ်ားက ေတြ႕ရွ္႕ေဖာ္ထုတ္ထားခဲ႕သည္ဟု ဆုိသည္ ။ ထုိ႕ေျကာင္႕ပင္ မေဒါင္းစိန္၏ ထူထူကဲကဲ ဆံပင္၏ ေကာင္းျခင္းေျကာင္႕ပင္ ဆုိရေလမလား မဆုိတတ္ ။မေဒါင္းစိန္၏ က်မ္းမာေရး အေျခအေနမွာ ေရာဂါရွာေဖြ မေတြ႕ရွိ႔ပဲ တစ္စတစ္စခ်ုဳိ႕တတ္လာသည္။ျမန္မာလူမ်ဳိးတုိ႔၏ ထုံးတမ္းစဥ္လာ ခံယူခ်က္မွာ ရွညိလ်ွားေသာ ဆံေကသာအား ျဖတ္ေတာက္ျဖစ္ျခင္း မျပဳေကာင္းဟု ဆုိျကသည္ ။
” ေက်းရြာေန ျမန္မာလူမ်ဳိးျဖစ္ေသာ မေဒါင္းစိနါမွာ ျမိဳ႕ျကီးသူမ်ားကဲ႕သုိ႕ ဆံပင္တုိ ကုတ္ဝဲ အလွမ်ဳိး မထားတတ္ ဆံေကသာ၏ ေကာင္းျခင္းအား မဂၤလာတစ္ပါးရယ္ေလ သည္ေတာ႕လဲ ဆံေကသာျဖင္႕ လူသိမ်ားခဲ႕သည္ မေဒါင္းစိန္ ”
” မေဒါင္စိန္ဆုံးလုိ႕တဲ႕ ”
” ထုိသတင္းကား ထူးဆန္းသည္သတင္းတစ္ပုဒ္ေတာ႔ မဟုတ္ ။မေဒါင္းစိနါ၏ က်မ္းမာေရး ခ်ဳိ႕တတ္လာသည္မွာ ျကာျပီ ။ တေရွာင္ေရွာင္ႏွင္႕ က်ဳံလွီအားနည္းလာခဲ႕သည္ ။လေတြ ႏွစ္ေတြ မနည္းမေနာေတာ႕ ။ အဂၤလိပ္ေဆး ျမန္မာေဆး တုိင္းရင္ေဆးတုိ႕ႏွင္႕သာမက ပေယာဂဟုေျပာျကတာေျကာင္႕ ပေယာဂဆရာမ်ားႏွင္႕ ေဆးဝါးကုသမူ႕ခံခဲ႕သည္မွာ ျကာျပီ။ ခုေတာ႕ မေဒါင္းစိန္မွာ လူေလာက ထဲမွ ထာဝရ ထြက္ခြာသြားခဲ႕ရေခ်ျပီေကာ ။
“မေဒါင္းစိန္၏ အသုဘမွာ စည္ကားေသာ အသုဘတစ္ခုပင္ ျဖစ္ခဲ႕ရသည္ ။သူမ၏ မိဘမ်ားက အေလာင္းအား ေျမျမွပ္သျဂိလ္ျခင္းမျပဳပဲ အမွတိတရအျဖင္႕ အုတ္ဂူလုပ္ကာ ထည္႕သြင္းသျဂိဳလ္ခဲ႕သည္မွာ ရက္သတၲပတ္ သီသီပင္ စြန္းရုံရွိ႕ေသးသည္။ ဤသုိ႕ဆုိပါလ်ွင္…
” မေန႕ညေနပုိင္းက ဆံပင္ျပတ္ လုိက္ဝယ္ျကေသာ အမ်ဳိသမီးမ်ား၏ စက္ဘီးအေနာက္မွ အေျပးလုိက္၍ ဆံပင္ေတြ ျပန္ေတာင္းေနေသာ သခ်ဳိင္းအတြင္းမွ ကတုံးႏွင္႕ မိန္းမတစ္ေယာက္ဆုိသည္မွာ မည္သူျဖစ္ႏုိင္ပါအံ႕နည္း ။မိမိ၏ နက္ေမွာင္ ထူထဲေသာ ဆံေကသာအေပၚ ေသဆုခဲ႕ေသာ မေဒါင္းစိန္၏ ဝိညာဥ္တစ္ခုျဖင္႕ လုိက္ေတာင္းေနေခ်သည္ကား စဥ္းစားစရာပင္ ျဖစ္ေခ်ေလ သည္ေလ ။
“ထုိအေတြးအား စဥ္းစားေတြးေတာမိသည္က ေက်းရြာ၏ သာေရး နာေရး လူမူ႕ေရး ႏွင္႕ စီးပြားေရးတုိ႕တြင္ ေဝဖန္အုပ္ခ်ဳပ္ခဲ႕ရသူ ဥကၠ႒ ၏ ျကံျကံဖန္ဖန္ ေတြးေခၚေမ်ွာ္ျမင္မူ႕ပင္ ျဖစ္ပါေလ၏ ။ ထူးဆန္းသည္ ျဖစ္ရပ္တစ္ခုအတြက္ အေတြးနယ္ခ်ဲ႕ခဲ႕မိျခင္း ဟုဆုိလ်ွင္ လည္းရမည္ ထင္ပါသည္ ။ မည္သုိ႕ပင္ျဖစ္ေစ အေတြးအားလက္ေတြ႕ျကျက လုပ္ေဆာင္ျကည္႕ျခင္းကသာ ပေဟ႒ိ ၏ ပုစၦာအားအေျဖထုတ္ရမည္ပင္ ျဖစ္သည္ ။ ထုိေျကာင္႕ပင္ ေနာက္တစ္ေန႕ မနက္ပုိင္း ေရာက္သည္ႏွင္႕ မေဒါင္းစိန္၏ မိဘႏွစ္ပါး ျဖစ္သည္ ဦးစိန္ေပါ ႏွင္႕ ေဒၚထားျကည္တုိ႕ႏွင္႕ ေတြ႕ဆုံညွိႏူိင္းမူ႕တစ္ခု ျပဳလုပ္ခဲ႕ေလေတာ႕သည္ ။
” ျကံျကံဖန္ဖန္ေတြးတယ္လုိ႕ ေျပာခ်င္လဲေျပာေတာ႕ မေန႕ညေနက ဆံပင္ျပတ္ေတြ လုိက္ဝယ္တဲ႕ မိန္းကေလးႏွစ္ေယာက္ရဲ႕ အျဖစ္က ေလာကီပညာရပ္ဆန္ေနတယ္ ။က်ဳပ္ေတြးမိတာက မေဒါင္းစိန္ဟာ ဝိညာဥ္ဘဝက သူရဲ႕ဆံပင္ေတြ အေပၚ စိတ္အာရုံစြဲလမ္းေနပုံရတယ္။ ဒါေျကာင္႕ ဆံပင္ျပတ္ေတြ ဝယ္တဲ႕ မိန္းမေတြဆီက ဆံပင္ျပတ္ေတြကုိ သူဆံပင္အျဖစ္နဲ႕ ဝိညာဥ္ဘဝက လုိက္ေတာင္းေနပုံရတယ္ေလ ။
” မေဒါင္းစိန္က သူဆံပင္ေတြလုိ႕ ထင္ရေအာင္ သူဆံပင္ေတြကုိ က်ဴပ္တုိ႕က ျဖတါယူထားတာမွ မဟုတါတာပဲ ။ မေဒါင္းစိန္အေမ ေဒၚထားျကည္က ေျဖရွင္းသည္ ။ဟုတ္ေတာ႕လဲ ဟုတါသည္။ သူမေခါင္းကဆံပင္ေတြနဲ႕ အတူဂူသြင္း သျဂိဳလ္ ခဲ႕သည္ပင္ မဟုတ္ပါလား ။
” အဲ႕ဒါေျကာင္႕ က်ဳပ္ေတြးမိတာပဲေပါ႕…မေဒါင္းစိန္ဆံပင္ေတြ ဘယ္ေရာက္ကုန္ျပီလဲ သူအေလာင္းမွာ သူအျမတ္တႏုိးထားရွိ႕ခဲ႕တဲ႕ ဆံပင္ေတြ ရွိ႕မွ ရွိ႕ေသးရဲ႕လား ။ဒါကုိက်ဳပ္က သိခ်င္ေနတာ ဗ် ”
” ေျသာ္ ကုိထြန္းျမင္႕က သမီးရဲ႕ အေလာင္းက ဆံပင္ေတြကုိ မသမာသူေတြက ဂူေဖာက္ျပီး ျဖတ္ယူသြားတယ္လုိ႕ ထင္ေနလုိ႕လား ။
“အဲ အဲ က်ဳပ္ဆုိလုိတာက ဒီသေဘာ ပဲဆုိပါေတာ႕ ” ဆံပင္ျပတ္ဝယ္တဲ႕သူေတြက ရပ္ထဲရြာထဲ မွာ ေျခခ်င္းလိမ္ေနျကတာေလ။ ေစ်းကလဲ ေကာင္းပုံေပၚတယ္ မေဒါင္းစိနါရဲ႕ ဆံပင္ေတြက မ်ားပါဘိနဲ႕ ။ လူေတာ္ေတာ္မ်ားမ်ားကသိေနျကတယ္မဟုတ္လား ။ ဒါေျကာင္႕ သူအုတ္ဂူကုိသြားျကည္႕ခ်င္တယ္ ။ အုတ္ဂူမွာ မသကၤာစရာ ခ်ဳိ႕ဃြင္း ပ်က္စီးေနတာ ေတြ႕ရရင္ေတာ႕ က်ဳပ္အေတြးမွန္ျပီလုိ႕ ဆုိရမွာပဲ ။ အုဆ္ဂူေျခရာလက္ရာ မပ်က္ရင္ေတာ႕လဲ တစ္မ်ဳိးေပါ႕ ဗ်ာ ။
” ေအာင္မေလး ကုိျမင္႕ထြန္းရယ္ ရွင္မုိ႕ျကံျကံဖန္ဖန္အေတြး ေပါက္မိေနေတာ႕တယ္ ။ က်ဳပ္ေတာ႕ ေန႔ခင္းေျကာင္ေတာင္ ေတာင္ သုသာန္ကုိတစ္ေယာက္ထဲ မသြားရဲဘူး ။သုသာနါဆုိတာ လူေသအမးျမွပ္ထားျကတာ ဘယ္သူကမ်ားက်ဳပ္သမီးရဲ႕ ဆံပင္ကုိ ျဖတ္ယူရဲပ႕မလဲ ။ စဥ္းစားျကည္႕ပါအုံးေတာ႕ ရွင္မုီ႕ ေတြးမိတာ အံ႕ပါရဲ႕။
” ဒါေတာ႕ ဒါေပါ႕ဗ်ာ…မေျပးေသာ္ကနါရာရွိ႕ဆုိသလုိမ်ဳိးေပါ႕ …ခက္တာက မသမာမူ႕ကုိျပဳလုပ္တဲ႕ လူေတြက မေျကာက္အလွန္႕ရွိ႕ျကတာ မဟုတ္ဘူး ။ဘယ္သူပစြည္းကုိ ဘယ္လုိယူလုိက္လ်ွင္ ဘယ္ေလာက္အျမတ္အစြန္းရမယ္ ဆုိတာကုိသာ ဦးစားေပးတတ္ျကတဲ႕ လူစားမ်ဳိးေတြေလ… သူတုိ႕မွာ မလုပ္ဝံ႕တာ မလုပ္ရဲတာမရွိ႕ဘူး ။အုတ္ဂူကုိအရင္သြားျကည္႕မယ္ အုတ္ဂူေျခရာလက္ရာျပတ္ေနရင္ေတာ႕ က်ဳပ္အေတြးမွန္ေနျပီလုိ႕ ဆုိရမယ္ ”
” ေနာက္ဆုံးတြင္ ဥကၠဌ ဦးျမင္႕ထြန္း၏ အေတြးအား လက္ေတြ႕ အေကာင္အထည္ေဖာ္ျကည္႕ရန္ ဆုံးျဖတ္ခ်ကိခ်လုိက္ျကေတာ႕ သည္။ ရြာသားေလးငါးေယာက္ႏွင္႔ ရြာသုသာနါဆီသုိ႕ ထြက္ခဲ႕ျကျပန္သည္ ။အေျဖရွာမရသည္ အေျကာင္ကိစြတစ္ခုေျကာင္႕ မစည္ကားအပ္ေသာ သုသာနါတစ္စျပင္သုိ႕ မေန႕ညေနက တစ္ေခါက္ ယခုတစ္ေခါက္ ေရာက္ခဲ႕ျကရျခင္းပင္ ျဖစ္သည္ ။ သည္တစ္ခါေတာ႕ ေန႕ခင္းကလည္းျဖစ္…ရည္ရြယ္ခ်က္ကလဲ တစ္မ်ဳိးမုိ႕ စိတ္ဝင္တစားရွိ႕ေနျကသည္။ လူတစ္သုိက္၏ ေျခလွမ္းမ်ားက မေဒါင္းစိနါအုတ္ဂူရွိ႕ရာသုိ႕ ဦးတည္ခ်ဥ္းကပ္ လာျကသည္ ။အုတ္ဂူက တည္ထားျပီးသည္မွ မျကာေသး၍ သစ္လြင္ေတာက္ပေနဆဲပင္ျဖစ္ပါေလ၏ ။ သုိ႕ရာတြင္ လူတစ္သုိက္၏ မ်က္လုံးမ်ားက မေဒါင္းစိနါ၏ အုတ္ဂူဆီသုိ႕ အျကည္႕ ေရာက္သြားျကသည္ႏွင္႕…
” ေဟ႔…ဒီမွာ ဒီမွာ မေဒါင္းစိန္၏ အုတ္ဂူေခါင္းရင္းပုိင္မွာ အဂၤေတေတြ တစ္မ်ဳိးျဖစ္ေနတယ္ ။ အုတ္ဂူေဖာက္ျပီးမွ ျပန္ပိတ္ထားတဲ႕ ပုံစံပဲဗ် ။
” ရြာသားတစ္ဦး၏ ညႊန္ျပရာသုိ႕ ဝုိင္းျကည္႕လုိက္ျက၏ ။လူမသိေအာင္ ျဖတ္စီးျပီး ျပီးစလြယ္ ျပန္ျပီး ျပဳျပင္ထားခဲ႕ဟန္ေျကာင္႕ ေသေသသပ္သပ္ မရွိ႕လွ ။ ေဖာက္ျပိီးမွ ေရးျကီးသုတ္ျပာ ျပန္ပိတ္ထားေျကာင္း သိသာလွေပသည္ ။ အဂၤေတစပ္ဟပ္မူ႕ကလဲ အေရာင္ကြဲျပားေနေခ်ေလသည္ ။ ဥကၠဌဦးျမင္႕ထြန္းက ကဲ…က်ြန္ေတာ္အေတြးကုိ ခုလုိေျပးျကည္႕လုိက္ေတာ႕ အေျဖေပၚလာျပီးမဟုတ္လား။ ပုိျပီးတိျကေသခ်ာေအာင္ မေဒါင္းစိန္ရဲ႕ ေျခရာလက္ရာ ပ်က္ေနတဲ႕ ဦးေခါင္းပုိင္းေနရာက ေဖာက္ျကည္႔ခ်င္တယ္ ဗ်ာ ” ေနာက္ျပီးေတာ႕မွ သပ္သပ္ရပ္ရပ္ ျပန္လည္ျပဳျပင္ျကတာေပါ႕ ။ ဘယ္နဲ႔လဲ ကုိစိန္ေပါ သေဘာတူမယ္မဟုတ္လား။
” ဦးစိန္ေပါမွာ စိတ္မခ်မ္းေျမ႔စြာႏွင္႕ ဥကၠဌ၏ ဆႏၵအား ေခါင္းညိတ္သေဘာတူလုိက္ရေတာ႕သည္။
” ကဲ …ေဟ႕ ရြာထဲျပန္ျပီး သံတူရြင္းႏွစ္ေခ်ာင္းေလာကိျပန္ယူျကစမ္းကြာ သြားျမန္ျမန္ …
” မျကာမီမွာပင္ သံတူးရၤင္းျပန္ယူျကသူမ်ားေရာက္လာျကသည္ ။ဦးျမင္႕ထြန္းက လက္ရာပ်က္ေနေသာ အုတ္ဂူ၏ ဦးေခါင္းပုိင္အား သံတူရြင္းမ်ားျဖစ္ ထုိးေဖာက္၍ ျပနါဖြင္႕ခုိင္းလုိက္၏ ။ အုတ္ဂူတြင္းမွာ တည္ျပီးခါေျကာင္႕ ၎ …ျပန္လည္၍ ျဖစ္ကလက္ဆန္း ပိတ္ထားျခင္းေျကာင္႕ လည္းေကာင္း မပင္မပန္းပဲ အုတ္ဂူေခါင္းရင္းပုိင္မွာ ပြင္႔ထြတ္သြားသည္ႏွင္႔ အမ်ွ ပုတ္အဲ႕အဲ႕ အနံ႕က ျပင္ပသုိ႕တုိးထြက္လာသည္ ။အေခါင္းထြက္သာေလာက္သည္ အေပါက္ေဖာက္ျပီးသည္ႏွင္႕ အေခါင္းအားအျပင္ဖက္သုိ႕ ဆြဲထုတ္လုိက္ျက၏ ။ အနံ႕အသက္မ်ားက ဆုိးဆုိးရြားရြားထြက္ေပၚလာသျဖစ္ အနံ႕မခံႏုိင္သူ အခ်ဳိ႕ ေနာက္သုိရွဲသြားသည္။
” ေခါင္းအဖုံးကုိ သံတူရြင္းနဲ ကေလာ္ဖြင္႕လုိက္စမ္း ျမန္ျမန္လုပ္ျက…ရြာသားတစ္ေယာက္က ေခါင္းအဖုံးအား သံတူရြင္ူျဖင္႕ ကေလာ္၍ ဖြင္႕လုိက္၏ ။မေဒါင္းစိန္ အေလာင္းမွာ ယုိးယြင္းစြာျဖင္႕ ျမင္ေတြ႕လုိက္ရရုံသာမက ။
” ဟာ …မေဒါင္းစိန္ အေလာင္းမွာ ဆံပင္ေတြ မရွိ႕ေတာ႕ပါလား ” မေဒါင္းစိန္အေလာင္းမွာ သူမပုိင္ဆုိင္ခဲ႕ေသာ ဆံပင္မ်ားမရွိ႕ေတာ႕ပဲ ကတုံျကီးႏွင္႕ ျဖစ္ေနသည္ရယ္ေလ…ဂူသြင္းစဥ္က သူမႏွင္႕ အတူပါရွိ႕သြားေသာ ဆံပင္ေတြ ဘယ္ေရာက္ကုန္ျကျပီလဲ” ျကည္႕စမ္း ေခါင္းကဆံပင္ေတြကုိ ဓားနဲ႕ရိတ္ျဖတ္သြားျကပါကလား ။
” ကဲ…ကဲ ဒါဆုိရင္ အေျဖေပၚျပီ ျကာျကာျကည္႕ေနလုိ႕လဲ မေကာင္းဘူး ။ေခါင္းကုိ ဂူထဲျပန္သြင္းလုိက္ျကေတာ႕…ေနာက္ျပီးမွ ပန္းရံဆရာ နဲ႔ အုတ္ဂူကုိသပ္သပ္ယပ္ယပ္ ျဖစ္ေအာင္ လုပ္ျကမယ္။ ေခါင္းရင္းကအေပါက္ေနရာကုိ ဆူးခက္ေတြ ခုတ္ျပီး လုံျခံဳေအာင္ပိတ္ထားလုိက္ျကေပေတာ႕ “ပေဟဌိ၏ အေျဖအား ေဖာ္ထုတ္ရရွိ႕ျပီးျပီးမုိ႕ ရြာတြင္းသုိ႕ျပန္လာျကသည္ ။
” မေဒါင္းစိန္ရဲ႕ ဆံပင္ေတြကုိ မသမာသူေတြက ဓားနဲ႕ ရိတ္ျဖတ္ျပီး ယူသြားျကသတဲ႕ ”
” ဆံပင္ေတြက အေတာ္ေလးမ်ားတာ။ ခုေခာတ္ဆံပင္ေပါက္ေစ်းနဲ႕ဆုိရင္ တရုတ္ေမာ္တယ္ ဆုိင္ကယ္ေတာင္ ဝယ္စီးႏုိင္ေလာက္တဲ႕ ေငြေတြရမွာ ”
” ရြာအတြင္း ေရာက္သည္ႏွင္႔ ထုိသတင္းက ေတာမီးပမာ ျပန္႕ႏွ့ံ႕သြားေတာ႕သည္။ဘူးတစ္ရာအေပါက္ပိတ္၍ ရႏုိင္ေသာ္ျငား လူေတြ၏ ပါးစပ္ေပါက္ကုိမူ ပိတ္ထားႏုိင္စြမ္းမရွိ႕ပါေလခဲ႕ ။ေသေသခ်ာခ်ာေတြ႕ျမင္ခဲ႕ရေသာ အျဖစ္ေျကာင္႕ ျဖစ္မွျဖစ္ရေလ ဟုေျကကြဲဝမ္းနည္းမူ႔မ်ားျဖစ္ခဲ႕ရေတာ႕သည္ ။ အေလာင္းဘဝမွပင္ စီးပြားေရးျမင္တတ္သူေတြ ေျကာက္ရြံ႕ျခင္း…စာနာျခင္းကင္းမဲ႕စြာ လုပ္ရက္ေလျခင္းဟူေသာ ဘဝတစ္ပါးေျပာင္းသြားသူ မေဒါင္းစိန္အတြက္ စိတ္ဆင္းရဲမူ႕မ်ား ျဖစ္ေပၚခံစားေနေစသည္ ။
” အင္း ေလာကမွာသူတစ္ပါးအေပၚ ေခါင္းပုံျဖတ္ခ်င္ျကတဲ႕ လူေတြက ဒုနဲ႕ေဒးရွိ႕ေနျကေသးတယ္ဆုိတာ ဒီအျဖစ္က သက္ေသျပသြတာပဲေပါ႕။ကုိယ္႕ရဲအထြက္အျမတ္ထားရာ ဦးေခါင္းအား ဆံပင္ကုိေသရြာထိ ယူသြားေပမဲ႕ မ႐ွာဘူးေလ ။အကယ္၍ မ်ားေကာင္းျခင္း မ်ားစြာနဲ႕ ျပည္႕စုံေသာ ဒီဆံေသသာေတြကုိသာ တည္စဘုရားတစ္ဆူရဲ႕ အတြင္းမွာ ႒ာပနာျပီး ဆပ္ကပ္လွဴဒန္းခဲ႕မယ္ဆုိရင္
ဘဝတစ္ပါးေျပာင္းသြားရွာေသာ မေဒါင္းစိန္အတြက္ ကုသုိလ္ေကာင္းမူ႕ေျကာင္႕ ဘဝကူးေကာင္းႏုိင္ရွာေပမွာပဲေလ ။ ခုေတာ႕ေသရြာကုိ ယူသြားတဲ႕ သူဆံပင္အတြက္ ဝိညာဥ္ဘဝမွာ အစြဲအလမ္းျကီစြာနဲ႕ မက်ြတ္မလႊတ္ပဲ မပုိင္ဆုိင္ႏုိင္ေတာ႕တဲ႕ သူဆံပင္ေတြကုိျပန္ေတာင္း ေနရရွာကုိ ။ဘာသာေရးလုိက္စားသူေတြ အတြက္ မေဒါင္းစိန္အျဖစ္အပ်က္က တရားခ်ေနဘိအလား သံေဝဂရစရာ ျဖစ္ေနရပါေတာ႕သည္ ။ဝိညာဥ္ဘဝ ေရာက္သည္အထိ အစြဲအလမ္းျကီးေနရေသာ မေဒါင္းစိန္အတြက္ ေကာင္းရာမြန္ရာ ဘဝေရာက္ေအာင္ ေကာင္းမူ႕ကုသုိလ္ေလးလုပ္ျပီး အမ်ွအတန္းေပးေဝ လုိက္ျကဖုိ႕သာ စီစဥ္ျကေလေတာ႕ တကား ။

ဆုံျကအုံးမယ္ကြယ္

ထြဋ္ေခါင္