” တမလွန်ရွာသူ မပန်းဖြူ ”(စ/ဆုံး)

Unicode Version

” တမလွန်ရွာသူ မပန်းဖြူ ”(စ/ဆုံး)
——————————————-
တစ်ခါတစ်လေမှာ တစ်ချို့အဖြစ်အပျက်တွေဟာ ကျွန်တော်တို့ ဦးနှောက်နဲ့လိုက်မမှီတာတွေ သာမာန်အမြင်နဲ့ မဆုံးဖြတ်နိုင်တာတွေ တော်တော်အများသားပဲဗျ။ ”ပြောမယုံ ကြုံမှသိ” ဆိုသလို ကျွန်တော့်ဘဝမှာ သရဲ တစ္ဆေနဲ့ပက်သက်ပြီးကြုံခဲ့ရတဲ့ အတွေ့အကြုံတစ်ခုကတော့ ………

”အစ်ကိုရေ ကျွန်မထဲမှာ စုထားဆောင်းထားတာလေးတွေရှိတုန်း…ကျွန်မတို့ အခုနေနေတဲ့ အိမ်လေးကို တိုက်ခံအိမ်လေးပြင်ဆောက်ကြရင် ကောင်းမလားဟင် …… အိမ်မှာဧည့်သည် ဘာညာလာရင်လည်း သပ်သပ်ရပ်ရပ်နဲ့ လွတ်လွတ်လပ်လပ် ကျယ်ကျယ် ဝန်းဝန်း တည်းခိုလို့ရတာပေါ့အစ်ကိုရဲ့ ။ ”

” အင်းလေ အဲ့လိုဆိုတော့လည်း မင်းသဘောပါပဲ မိန်းမရယ်။ ဒါနဲ့ နေစမ်းပါဦး… ခုနေနေတဲ့အိမ်ကို ပြင်ဆောက်မယ်ဆိုတော့က ငါတို့က အိမ်ဆောက်နေတဲ့အချိန် ဘယ်မှာသွားနေကြမတုန်းဟ ”

”အို …… အကိုကလည်း အိမ်ပြင်ဆောက်နေတုန်းတော့ အပြင်မှာခနဌားနေကြတာပေါ့ရှင် အဲ့အတွက်လည်း ဘာမှမပူနဲ့ … ကျွန်မစုံစမ်းထားပြီးသား။ ခုအမေတို့ပြောင်းနေတဲ့ ရပ်ကွက်နားမှာ အိမ်တစ်အိမ်ရှိတယ်ရှင့်… နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး ခြံနဲ့ဝင်းနဲ့ အေးအေးဆေးဆေးပဲ မြေးအဘွားနှစ်ယောက်ပဲနေကြတာတဲ့… ခု အဲ့အိမ်အောက်ထပ်ကို အဌားတင်မယ်ကြားတယ် အပေါ်ထပ်ကတော့ သူတို့နေမှာပေါ့လေ… … အဲ့တာ ကျွန်မသွားစုံစမ်းလိုက်ဦးမယ်။ အဆင်ပြေရင် အဲ့မှာ လပိုင်းလောက်ခန သွားဌားနေကြတာပေါ့ အကိုရဲ့။ မြေးအဘွားနှစ်ယောက်ထဲဆိုတော့ ဇယားလည်းမရှုပ်တော့ဘူးလေ အေးအေးဆေးဆေးပဲ ……”

” အေးပါ မိန်းမရယ် …အဲ့ဒါဆိုလည်း မင်းသဘောပါပဲ မင်းကောင်းမယ်ထင်သလိုသာလုပ် … ဟုတ်ပြီလား…”

ဒီလိုနဲ့ မိန်းမရဲ့ ကောင်းမှု့နဲ့ပဲ ကျွန်တော်တို့ အဲ့အိမ်အောက်ထပ်မှာ ဌားနေဖြစ်ခဲ့ကြတယ်ဆိုပါတော့ဗျာ။ ခနပဲဌားနေတာဆိုပေမယ့် အိမ်ဆောက်နေတဲ့ချိန် သုံးလေးငါးလ လောက်တော့နေရမှာမို့ ပစ္စည်းပစ္စယတွေတော့ သယ်ရရွှေ့ရနဲ့ပေါ့လေ။ ပစ္စည်းတွေ နေရာချထားပြီးတာနဲ့ မိန်းမကတော့ နဂိုထဲက ဘုရား တရား ကိုင်းရှိုင်းတဲ့သူပီပီ အိမ်ရှေ့ခန်းမှာ စားပွဲခုံလေးချ အခင်းလေးခင်းပြီး ပင့်လာတဲ့ ဘုရားဆင်းတုတော်လေးကို နေရာတကျထားပြီးပူဇော်လိုက်တယ်။ ကျွန်တော်ကတော့ သူလုပ်တာဘေးက ကူညီညာလုပ်ရတာပေါ့လေ။

အဲ့နေ့က ညနေစောင်းမှပဲ အလုပ်တွေပြီးတော့တယ်… အိမ်ရှင်းရ လင်းရ ပစ္စည်းပစ္စယတွေ နေရာချရနဲ့ဆိုတော့ အတော်လေးပင်ပန်းသွားတော့ ထမင်းဟင်းလည်းမချက်နိုင်ဘူးလေ…အဲ့ဒါနဲ့ လင်မယားနှစ်ယောက် အိမ်ရှင် အဘွားကို ထမင်းဆိုင်ရှိတဲ့နေရာမေးမြန်းပြီး အဘွားညွှန်လိုက်တဲ့ လမ်းထိပ်ကထမင်းဆိုင်လေးကို .…ထမင်းစားဖို့ ထွက်လာခဲ့လိုက်တယ်…။ ထမင်းဆိုင်ရောက်တော့ ဟင်းတောင်သိပ်မစုံချင်တော့ဘူးဗျ ။အချိန်ကလည်း ညရှစ်နာရီလောက်ရှိနေပြီကိုး။

”အဒေါ်ရေ ကျွန်မကို ထမင်းတစ်ပွဲ ကြက်အသဲအမြစ်နဲ့ပေးပါ … အကိုရော ဘာနဲ့စားမလဲ ”

မိန်းမက ကျန်နေတဲ့ဟင်းအမျိုးအစားတွေကို လိုက်ကြည့်နေရင်း သူ့အတွက်ကြက်အသဲအမြစ်ဟင်းနဲ့မှာရင်းက တဆက်ထဲ ကျွန်တော့ကိုပါလှည့်မေးလိုက်တယ်။

” အင်းး ကိုယ်အတွက်ကတော့ငါးဟင်းပဲလုပ်လိုက်ကွာ ”

” အဒေါ်ရေ အဲ့တာဆို ကြက်အသဲအမြစ်နဲ့တစ်ပွဲ ငါးဟင်းနဲ့တစ်ပွဲနော် ”

မကြာခင်မှာပဲ ထမင်းပွဲတွေ ကျွန်တော်တို့ရှေ့ရောက်လာတယ်။အဲ့ဆိုင်ဟင်းချက်ကောင်းချက်ဗျာ… ပင်ပန်းထားတဲ့ အရှိန်ရော ဆာနေတဲ့အရှိန်ပါပေါင်းပြီး ကျွန်တော်တို့လင်မယားဆွဲလိုက်ကြတာ ခေါင်းတောင်မဖော်နိုင်ကြဘူး။ စားပြီး ပိုက်ဆံရှင်းမယ်လုပ်တော့ ဆိုင်ရှင်အဒေါ်ကြီးက ကျွန်တော်တို့ကိုကြည့်ရင်း မျက်နှာစိမ်းနေလို့ထင်ပါ့ စကားစမြည်ပြောလာပါလေရော ။

” ငါ့တူတို့ တူမတို့က ဒီလမ်းထဲမှာပဲ နေကြတာလားကွယ့် … အော် စိတ်တော့မရှိပါနဲ့ကွယ် မျက်နှာစိမ်းနေလို့ အဒေါ်ကမေးမိတာပါ …”

” ဟုတ်ကဲ့ ရပါတယ် အဒေါ်ရဲ့ … ကျွန်တော်တို့က ဒီနေ့မှ ဒီလမ်းထဲပြောင်းလာကြတာလေ… ဟိုးဘက်နားလမ်းအစွန်က နှစ်ထပ်ပျဉ်ထောင်အိမ်ကြီးရဲ့ အောက်ထပ်မှာခနဌားနေကြတာပါအဒေါ်ရေ ”

ကျွန်တော့စကားအဆုံးအဒေါ်ကြီးမျက်နှာမှာ အမည်ဖော်ရခက်တဲ့ အရိပ်တစ်ချို့ဖြတ်ပြေးသွားတာကို ကျွန်တော်မြင်လိုက်ရတယ်…။

”ဟင် လမ်းစွန်က နှစ်ထပ်ပျဉ်ထောင်အိမ်ကြီး ဟုတ်လား ”

”ဟုတ်တယ်လေ အဒေါ်ရဲ့ ဘာဖြစ်လို့လဲဟင်”

ကျွန်တော်ပြန်မေးလိုက်တော့ အဒေါ်ကြီးက တစ်ခုခုကိုမျိုသိပ်ထားရတဲ့ပုံစံနဲ့

”.ဘာ ဘာမှမဖြစ်ပါဘူးကွယ် အဒေါ်က သိချင်လို့မေးကြည့်တာပါ… ဒါနဲ့လေ စကားမစပ် နေရာအပြောင်းအရွေ့ဆိုရင် သက်ဆိုင် ဆိုင်ရာပိုင်ရာ ပုဂ္ဂိုလ်တွေကိုတော့ မေတ္တာပို့ဖို့ မမေ့ကြနဲ့နော် ငါ့တူနဲ့တူမ ”

” ဟုတ်ကဲ့ပါ အဒေါ်ရေ …ကျွန်မတို့က မြင်အပ်မမြင်အပ်ပုဂ္ဂိုလ်တွေကို အမြဲမေတ္တာပို့ဖြစ်ပါတယ် …ခုလိုပြောပြပေးတာ ကျေးဇူးပါနော် ……ခွင့်ပြုပါဦးရှင့်…”

အဲ့နေ့က ထမင်းဆိုင်က ပြန်လာတဲ့လမ်းမှာ ဆိုင်ရှင်အဒေါ်ကြီး ဘာကြောင့်အဲ့လိုပြောလည်းဆိုတာ ကျွန်တော်တွေးမိသေးတယ်။ ဒါပေမယ့် အော် လူကြီးဆိုတော့လည်း အိမ်နေရာအပြောင်းအရွေ့မို့ ပြောတယ်ထင်ပါတယ်လေ ဆိုပြီးတော့ အမှတ်တမဲ့ပဲ သဘောထားဖြစ်လိုက်တယ်ပေါ့ဗျာ။ ကျွန်တော်တို့လင်မယား အိမ်ပြန်ရောက်တော့ အိမ်ရှင်မြေးအဘွားက အိပ်နေကြပြီထင်ပါတယ်။ အပေါ်ထပ်တစ်ခုလုံး မှောင်မဲ တိတ်ဆိတ်လို့။ ကျွန်တော်တို့လင်မယားလည်း တနေကုန်ပင်ပန်းထားတဲ့ အရှိန်နဲ့ အိပ်ရာဝင်ဖို့ပြင်ကြတာပေါ့လေ။ အိပ်ရာမဝင်ခင် မိန်းမက ထုံးစံအတိုင်း ဘုရားရှိခိုးပြီး ပဋ္ဌာန်းရွတ် မေတ္တာပို့ အမျှဝေတာပေါ့။ မိန်းမပဋ္ဌာန်းရွတ်နေတုန်းမှာပဲ……

” တောက် ! ”

ကျွန်တော့်နားထဲမှာ တောက်ခေါက်သံအကျယ်ကြီးတစ်ချက်ကို ကြားလိုက်ရပြီး ဘာကြောင့်ရယ်မသိ ကျွန်တော်ကျောထဲမှာစိမ့်ပြီး ကြက်သီးထသွားတယ်။ မိန်းမဘက်ကိုကြည့်လိုက်တော့ မိန်းမကဘာသံမှကြားလိုက်ပုံမရဘူးဗျ။ သူ့ဘာသာသူ ဘုရားဆက်ရှိခိုးနေတာတွေ့လိုက်ရတယ်။ ကျွန်တော်ကတော့ တောက်ခေါက်သံကြီးကို သေချာပီပီသသကြားလိုက်ရပြီး ကျောထဲကိုစိမ့်တက်သွားတာဗျ။ ဒါပေမယ့် ရာသီဥတုအေးလာလို့ဖြစ်မှာပါလေဆိုပြီး အမှတ်တမဲ့ပဲ သဘောထားပြီး အိပ်ရာဝင်ခဲ့လိုက်တော့တာပေါ့ဗျာ။

မနက်လင်းတော့ ကျွန်တော်လည်း မျက်နှာသစ် မိန်းမပြင်ပေးတဲ့ မနက်စာစားပြီး အလုပ်သွားဖို့ထွက်လာခဲ့လိုက်တယ်။ အိမ်ထဲကနေ ကျွန်တော်ထွက်လာတော့ မျက်နှာစိမ်းမို့ထင်ပါရဲ့…အိမ်ရှေ့အိမ်က လူတွေနဲ့ အိမ်နားပတ်ဝန်းကျင်က သူတစ်ချို့က… ကျွန်တော့်ကို ကွက်ကြည့်ကွက်ကြည့်နဲ့ ။ ကိုယ်ကလည်း နဂိုကထဲက လူတွေနဲ့အရမ်းရောရော နှောနှောနေတတ်တဲ့ အကျင့်မရှိလေတော့ … သူတို့ကြည့်နေကြတာသိပေမယ့် မသိသလိုဘဲ ခပ်တည်တည်နဲ့ လျှောက်လာခဲ့လိုက်တယ်။ စိတ်ထဲမှာတော့ ဒီရပ်ကွက်က လူတွေ စပ်စုလှချည်လားပေါ့လေ။

ကျွန်တော်အလုပ်ကပြန်လာတော့ မိန်းမက အိမ်ပေါက်ဝမှာအသင့်ဆီးကြိုနေလေရဲ့။ သူ့အမူအရာကြည့်ရတာလည်း တစ်စုံတခုကိုဝေခွဲမရသလို ဇဝေဇဝါပုံစံနဲ့။ ဒါနဲ့ကျွန်တော်လည်း ……

” မိန်းမ မင်းဘာဖြစ်နေတာတုန်း မင်းကြည့်ရတာ တခုခုပြောချင်နေတဲ့ပုံပဲ ”

”အဲ့ဒါကလေ ဒီလိုအကိုရဲ့ မနက်ကလေ အကို အလုပ်သွားတော့ ကျွန်မလည်းလုပ်စရာရှိတာလေးတွေ လုပ်နေတုန်း အပေါ်ထပ်က အိမ်ရှင်အဘွားရောက်လာတယ် ”

”အမလေးးကွာ အဲ့တာများ အထူးအဆန်းလုပ်လို့ ဒါသူ့အိမ်ပဲဟ သူလည်းဆင်းလာချင်လာမှာပေါ့ ”

” အိုတော် … ရှင်ကလည်း ကျွန်မပြောတာဆုံးအောင်နားထောင်ပါဦး …တကထဲမှပဲ ”

”အေးပါကွာ ပြော ပြော ”

”ဒီလိုအကိုရဲ့ အဲ့အဘွားရောက်လာပြီး ကျွန်မကိုပြောတယ်။ ငါ့တူမကြီးကို အဘွားတစ်ခုလောက်မေတ္တာရပ်ခံချင်လို့ပါတဲ့ … အဲ့ဒါနဲ့ ကျွန်မကလည်း… ဟုတ်ကဲ့ ပြောပါအဘွားဆိုတော့ သူကဘာပြောတယ်မှတ်တုန်း …”

”ဟ အဲ့တာတော့ ငါဘယ်သိပါ့မတုန်းဟ ”

” အဲ့တာလေ… အဘွားကပြောတယ်ရှင့် … ကျွန်မ ဘုရားရှိခိုးတဲ့အခါမှာ ပဋ္ဌာန်းဒေသနာတော်ကြီးကို မရွတ်ပါနဲ့ မေတ္တာရပ်ခံတာပါတဲ့လေ ”

”ဟေ ဘာလို့တုန်းဟ… ပဋ္ဌာန်းရွတ်တယ်ဆိုတာ ကောင်းတဲ့အလုပ်ပဲလေ… အန္တရာယ်တောင်ကင်းသေး ”

”အဲ့ဒါတော့ ကျွန်မလည်းမသိဘူးရှင့် အင်းပေါ့လေ… သူ့အိမ်မှာနေတုန်းဆိုတော့လည်း သူပြောသလို လိုက်နာယုံပဲပေါ့ တခြားဂုဏ်တော်တွေနဲ့ မေတ္တသုတ်တော်ကြီးကိုပဲ ရွတ်ဖတ်ပူဇော်ကြတာပေါ့အကိုရယ် …… ”

မိန်းမပြောတဲ့စကားကြောင့် ကျွန်တော့်စိတ်ထဲမှာ မတင်မကျနဲ့ ဘဝင်မကျသလိုခံစားလိုက်ရတယ်။ ဒါနဲ့ညရောက်တော့ အိပ်ခါနီး မိန်းမ မသိအောင် စိတ်ထဲကနေ ပဋ္ဌာန်းဒေသနာတော်ကြီးကို ရွတ်ဖတ်ပူဇော်ရင်း အိပ်ရာဝင်ခဲ့လိုက်တယ်။ ညလယ်လောက်အရောက်မှာပဲ ……

” ဒုန်း ဝုန်းး ”

အသံနဲ့အတူ ကျွန်တော်တို့ အိပ်ခန်းဘေးက ပြတင်းပေါက်တံခါးက လေမတိုက်ဘာမတိုက်ပါပဲနဲ့ ဝုန်း ခနဲပွင့်သွားတာကြောင့် ကျွန်တော်လန့်နိုးလာခဲ့ရတယ်လေ။ မိန်းမကို ကြည့်လိုက်တော့ သူက ဘာသံမှ မကြားတဲ့အတိုင်း ဘေးမှာနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လို့… ။ ကျွန်တော်မအိပ်ခင်က ပြတင်းပေါက်တံခါးကို သေချာပိတ်ခဲ့တာပါ လေလည်းမတိုက်ပဲနဲ့ ဘာလို့များပွင့်သွားရတာပါလိမ့် …… ဝေခွဲမရတဲ့ အတွေးတစ်ချို့နဲ့အတူ ကျွန်တော်လည်းပြတင်းတံခါးကို ထပြီးပြန်ပိတ်ရင်း ပြန်အိပ်ဖို့ကြိုးစားတုန်းမှာပဲ…

”ရှပ် ရှပ် ” ”ရှပ် ”
” ရှပ် ချွတ် ချွတ် ရှပ် ”

ကျွန်တော်တို့အိပ်ခန်းရဲ့ တည့်တည့်အပေါ်ထပ်နေရာကနေ တရှပ်ရှပ်နဲ့လျောက်သွားနေတဲ့ ခြေသံတွေကြားလိုက်ရတယ်။ စိတ်ထဲမှာတော့ အိမ်ရှင်အဘွားကြီးမအိပ်ဘဲ ဘာများထလုပ်နေပါ့လိမ့်ပေါ့။ ခြေသံတွေက တော်တော်ကြာတဲ့ထိ လျောက်သွားနေတာ။ ထူးဆန်းတာက ဒီလောက်အအိပ်ဆတ်တဲ့ ကျွန်တော့်မိန်းမက ပြတင်းပေါက်ပွင့်တဲ့အသံရော ဒီအပေါ်ထပ်ကခြေသံတွေကိုရောပါ ဘာမှမကြားသလို နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတာကိုပဲ။ ကျွန်တော်လည်း ကြားနေရတဲ့ ခြေသံတွေနားထောင်နေရင်း ဟိုတွေး ဒီတွေးနဲ့ပြန်ပြီး အိပ်ပျော်သွားတယ်။

တစ်ည…
အဲ့ဒီညက မနက်ကစားထားတဲ့ ပဲဟင်းနဲ့ ချဉ်ပေါင်ကြော်အစွမ်းကြောင့် ဗိုက်ကရစ်နာလာတာနဲ့ အိမ်သာသွားမယ်ဆိုပြီး ဓာတ်မီးလေးဆွဲပြီး ထွက်လာခဲ့တယ်။ အိမ်သာက အိမ်နောက်ဘက်ဒေါင့် ခပ်လှမ်းလှမ်းမှာဆောက်ထားတာကိုး။ အိမ်သာနားလည်းရောက်ရော အိမ်သာထဲမှာ မီးအလင်းရောင်ကိုတွေ့လိုက်ရတယ်။ ဒါနဲ့ကျွန်တော်လည်း အိမ်ရှင်အဘွားပဲဖြစ်မှာပါလေ ဆိုပြီး မလှမ်းမကမ်းကနေ ဖျင်လေးလိမ်ကျစ် လိမ်ကျစ်နဲ့ ရပ်စောင့်နေလိုက်တယ် ။
ကိစ္စကမှ ထိပ်ဝရောက်နေပါပြီဆိုကာမှလည်း အိမ်သာထဲက အဘွားကလည်း ကြာလိုက်တာ ထွက်ကိုမလာဘူးဗျာ။ ကြာတော့ လူကမထိန်းနိုင်တော့ဘူး ထွက်ကျတော့မယ် ။ အဲ့ဒါနဲ့ ကျွန်တော်လည်း ……

” အရှေ့မှာ အိမ်သာဝင်ဖို့ စောင့်နေတယ်ဗျ မြန်မြန်လုပ်ပါ ” ဆိုပြီးအော်ပစ်လိုက်တယ်လေ။ ကျွန်တော် အော်လိုက်လို့လားမသိဘူး ခနကြာတော့ ကျွီ ခနဲ အိမ်သာတံခါးပွင့်လာပြီး ဆံပင်ဖျားလျားချထားတဲ့ လူလတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက်အိမ်သာထဲကထွက်လာပြီး အိမ်ဘက်သို့လျောက်သွားတယ်။ ဟင် အိမ်ရှင်အဘွားလည်းမဟုတ်ပါလား ဘယ်သူများပါလိမ့် ဧည့်သည်များရောက်နေသလားဆိုပြီး တွေးလိုက်မိတာပေါ့ဗျာ။ ဒါပေမယ့် ကြာကြာမတွေးအားပါဘူး ကိုယ့်ကိစ္စရှင်းဖို့က ပိုအရေးကြီးနေတာကိုး။

မနက်ရောက်တော့ မိန်းမကို အပေါ်ထပ်ကအဘွားတို့ဆီမှာဧည့်သည်တွေ ဘာတွေများရောက်နေတာတွေ့မိသေးလားဆိုပြီး ညကတွေ့လိုက်တဲ့အမျိုးသမီးအကြောင်းကို ပြောပြမိတယ်လေ။ မိန်းမကတော့ ကျွန်တော့်ပြောစကားနားထောင်ပြီးဇဝေဇဝါနဲ့…

”ဟုတ်ရဲ့လား အကိုရဲ့ ကျွန်မတော့ဧည့်သည်လာတာ မတွေ့မိပါဘူးရှင် ညကြီးမိုးချုပ်ဆိုတော့ ရှင်အဘွားကိုများ လူမှားနေသလား ”

” ဟ မိန်းမရ ငါ့အဲ့လောက်မျက်စိမမှုံသေးပါဘူးကွ… ခုဟာက လူလတ်ပိုင်းအရွယ်မိန်းမတစ်ယောက်ဟ ”

” အင်းပေါ့လေ ဧည့်သည်ဖြစ်ချင်လည်းဖြစ်မှာပေါ့… အပေါ်မှာပဲနေလို့ ကျွန်မတို့ မတွေ့မိတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့ရှင် …… ”

ဖြစ်ချင်တော့ အဲ့နေ့ညကပဲ ညသန်းခေါင်လောက်အရောက်မှာ…

”အကို အကို ခနထပါဦးအကိုရဲ့”

ကျွန်တော့်ပခုံးကို အသာလှုပ်နှိုးပြီးခေါ်လိုက်တဲ့ မိန်းမခေါ်သံကြောင့် ကျွန်တော်ဆတ်ခနဲလန့်နိုးလာခဲ့ရတယ်… ။

” ဘာဖြစ်လို့လဲ မိန်းမ ”

”ကျွန်မလေ ကျွန်မ အိမ်သာသွားချင်လို့ … အဲ့တာ မီးကလည်း ပျက်နေတော့ တစ်ယောက်ထဲမသွားရဲလို့ အကို့ကို နှိုးလိုက်ရတာ ကျွန်မကို လိုက်ပို့ပေးပါဦး ”

”အေး အေး လာ လာ ”

ကျွန်တော်က ဓာတ်မီးလေးကိုဆွဲ မိန်းမကဖယောင်းတိုင်နဲ့မီးခြစ်လေးကို ကိုင်ပြီးလင်မယားနှစ်ယောက် အိမ်သာဘက်ကိုထွက်လာခဲ့တယ်။ အိမ်သာနားလည်းရောက်ရော မိန်းမက ပါလာတဲ့ ဖယောင်းတိုင်က်ု မီးခြစ်လေးခြစ်ပြီး မီးညှိလိုက်ရင်း……

”အကို … ဒီနားကပဲစောင့်နေပေးနော် ဘယ်မှမသွားနဲ့… ကျွန်မကြောက်တယ် ”

”အေးပါကွာ… မင်းသာ စိတ်ချလက်ချနဲ့ ကိုယ့်ကိစ္စကိုရှင်း… ငါဒီနားမှာပဲရှိမယ် ဟုတ်ပြီလား”

” အင်းပါ အင်းပါ ”
ပြောပြောဆိုဆိုနဲ့ မိန်းမက အိမ်သာတံခါးကို ဆွဲအဖွင့် ……

”အားးးးးး အမလေးး ”
”ဟာ ”

မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျွန်တော့်မိန်းမတင်မကဘူး ကျွန်တော်ပါ ကြက်သီးမွှေးညှင်းတွေထပြီး ခေါင်းကဆံပင်တွေပါထောင်တက်သွားသလားထင်ရတယ်… ။

အိမ်သာထဲမှာ ဆံပင်ဖျားလျားနဲ့မိန်းမတစ်ယောက် ငုတ်တုတ်ထိုင်ပြီး ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အားပါးတရ …ရဲခနဲ ရဲခနဲနေအောင် ဖွာနေတာများဗျာ… တစ်ချက်တစ်ချက်မှာ ရဲခနဲဖြစ်သွားတဲ့ ဆေးလိပ်မီးရောင်ကြောင့်… သွေးမရှိသလို ဖြူစွတ်စွတ်မျက်နှာထက်က ညိုမည်းပြီး ချိုင့်ဝင်နေတဲ့ သူ့မျက်လုံးတွေကို လင်မယားနှစ်ယောက်လုံးမြင်လိုက်ကြရတယ်။ အဲ့ချိန်မှာပဲ ဘယ်ကရလာမှန်းမသိတဲ့ နနွင်းနံ့ကြီးကလည်း ကျွန်တော်တို့လင်မယားနှစ်ယောက်လုံးရဲ့ နှာခေါင်းဝမှာ ထောင်းခနဲဆို ရလိုက်တယ်လေ။ အဲ့ဒီတော့မှပဲ ကြောင်ပြီးရပ်ကြည့်နေတဲ့ မိန်းမလည်းသတိဝင်လာပြီး ……

”အမလေးးး သရဲ သရဲ သရဲပါတော့ ”ဆိုပြီး အိမ်ဘက်ကိုလှည့်ပြီး ပြေးပါလေရော။ ကျွန်တော်တို့ လင်မယားနှစ်ယောက် ပြေးလာတဲ့အသံ မိန်းမရဲ့ အော်လိုက်တဲ့အသံတွေကိုကြားလိုက်ရလို့ထင်ပါ့… အပေါ်ထပ်က အိမ်ရှင်မြေးအဘွား မီးအိမ်လေးကိုင်ပြီးဆင်းလာကြတယ်လေ… ။ အဲ့မြေးအဘွားဆင်းလာတာကို မြင်မြင်ချင်းပဲ မိန်းမက ……

”အဘွား အဘွား ဟို ဟို သရဲ သရဲ… ”

မိန်းမစကားတောင်မဆုံးသေးဘူး အဘွားက လက်ကာပြပြီး ……

” ငါ့တူကြီးနဲ့ တူမကြီးတို့ သိချင်နေကြတဲ့ မေးခွန်းတွေရဲ့အဖြေကို အဘွားမနက်ကျအကုန်ရှင်းပြပေးပါ့မယ်ကွယ် … ဒီနေ့ညတော့ ငါ့တူနဲ့တူမ သုံးဆယ့်တစ်ဘုံက သတ္တဝါတွေကို မေတ္တာပို့ အမျှဝေပြီးတော့သာ အိပ်လိုက်ကြပါတော့နော်… မနက်ကျ အားလုံးသိရအောင် အဘွားပြောပြပါ့မယ် ပဋ္ဌာန်းတော့မရွတ်ကြပါနဲ့ကွယ်… ဟုတ်ပြီလား မေတ္တာရပ်ခံတာပါကွယ် နော် ……”

ဟင် ဒါဆို ဒီအကြောင်းတွေ အဘွားကကြိုသိနေတာပေါ့… ဝေခွဲမရတဲ့စိတ် စိုးရိပ်ကြောက်လန့်တဲ့ စိတ်တွေပေါင်းပြီး အဲ့နေ့ညက ကျွန်တော်တို့ လင်မယားနှစ်ယောက် ကောင်းကောင်းအိပ်မပျော်ခဲ့ပါဘူး …… ရသမျှ ဘုရားစာတွေ တတွတ်တွတ်ရွတ်ရင်းနဲ့သာ မိုးလင်းသွားခဲ့ရတယ်လေ… ။ မနက်လင်းတော့ အိမ်ရှင်အဘွားရောက်လာပြီး ……

”ငါ့တူနဲ့တူမကို အဘွားတောင်းပန်ပါတယ်ကွယ်… တကယ်က ဒီအကြောင်းတွေကို ကြိုမပြောပြဖြစ်ခဲ့တာ ငါတူမတို့ ကြောက်ပြီး မနေရဲမှာစိုးလို့ပါ…… ”

”ဟင် ဒါ ဒါဆို အဘွားအိမ်က တကယ်သရဲခြောက်တာပေါ့… ဒါနဲ့များဗျာ ကျွန်တော်တို့ကို ဖုံးထားရက်တယ်…လုပ်ရက်ပါ့ အဘွားရယ်… ”

” အပြစ်တင်လည်း ခံရတော့မှာပါကွယ် … အဘွားနဲ့ မြေးလေးတို့ စားဝတ်နေရေး အခက်အခဲအတွက် ငါ့တူမကြီးတို့ဆီက အိမ်ဌားခလေးပဲ မျှော်လင့်စရာရှိတာမို့ပါကွယ်… အဲ့ဒီအတွက် အဘွားကိုခွင့်လွှတ်ပေးကြပါ… အခု ငါ့တူနဲ့ တူမကြီးတို့ မနေချင်တော့ဘူးဆိုရင်လည်း အိမ်ဌားခတွေ အဘွားပြန်ပေးပါ့မယ်ကွယ်နော်… ”

အိမ်ရှင်အဘွားစကားကြားလိုက်ရတော့ မိန်းမက စိတ်မကောင်းဖြစ်သွားတယ်ထင်ပါတယ်……

” ထားလိုက်ပါအဘွား ကျွန်မတို့ အိမ်ဌားခလည်းပြန်မယူပါဘူး … ဒါပေမယ့် ကျွန်မသိချင်တာက… ညက တွေ့ခဲ့ရတဲ့ သရဲမက ဘယ်သူလဲ ဘာကြောင့် ဒီအိမ်မှာရှိနေရတာလဲ ဆိုတာကိုပါပဲ… အဲ့ဒါလေးတော့ ပြောပြပေးပါလား အဘွား…… ”

မိန်းမရဲ့စကားအဆုံးမှာ အဘွားမျက်ဝန်းတွေရီဝေသွားပြီး တစ်ခုခုကို သတိရလိုက်ဟန်နဲ့ ငိုင်ကျသွားတယ်…။ ခနနေတော့ ဝေ့ဝဲလာတဲ့ မျက်ရည်စတွေကို လက်ခုံလေးနဲ့ အသာတို့သုတ်လိုက်ရင်း……

” တကယ်တော့ အဲ့ဒါ အဘွားရဲ့ တစ်ဦးထဲသော သမီးလေးပါကွယ်… ဒီမြေးလေးရဲ့ အမေပေါ့ … သူ့နာမည်က မပန်းဖြူတဲ့ … ”

”ဟင် ” ”အို ”

”ဟုတ်ပါတယ်ကွယ်… တကယ်တော့ အဘွားသမီးလေးက အရမ်းကိုသနားဖို့ ကောင်းပါတယ်… အမေတစ်ခု သမီးတစ်ခုဘဝမှာ သူအဘွားကို သိပ်ချစ်ရှာတယ်… …အရမ်းလည်း လိမ်မာရေးခြားရှိတဲ့ သမီးလေးပါ… သူအရွယ်ရောက်လို့ အိမ်ထောင်ရက်သား ကျသွားတော့လည်း ဒီအမေအိုကြီးကို တစ်ယောက်ထဲမထားခဲ့နိုင်ရှာဘူးလေ… အဲ့အတွက် သူတို့လင်မယား အဘွားနဲ့အတူပဲလာနေခဲ့ကြတယ်… ။ ဒီလိုနဲ့မြေးလေးကို ကိုယ်ဝန်လွယ်ခဲ့ရတယ်လေ… ။ ကံဆိုးချင်တော့ မြေးလေး ကိုယ်ဝန်အရင့်အမာနဲ့ အချိနိမှာပဲ သမီးလေးရဲ့ ခင်ပွန်းဟာ အလုပ်ခွင်မှာ မတော်တဆမှု့နဲ့ အသက်ဆုံးပါးသွားခဲ့ရတယ် ……ကိုယ်ဝန်အရင့်အမာကြီးနဲ့ အချိန်ကျမှ ခင်ပွန်း
ဖြစ်သူဆုံးပါးသွားတဲ့အတွက် …သမီးလေးလည်း အတော်ခံစားသွားရပုံပေါက်ပါတယ် … အဲ့အချိန်ကစပြီး တရှောင်ရှောင်နဲ့ဖြစ်တော့တာပါပဲ… မြေးလေးကို မွေးတဲ့အချိန်လည်းရောက်ရော… နဂိုကထဲက အားနည်းနေတဲ့သမီးလေးဟာ သူ့ကလေးလေးကို မွေးပြီးပြီးချင်းမှာပဲ ဒီအိမ်အပေါ်ထပ်မှာတင်ဆုံးပါးသွားခဲ့ရှာတယ်ကွယ် …… ။

ပြောနေရင်းနဲ့ အဘွားက အတိတ်ကိုပြန်သတိရသွားတဲ့ ပုံနဲ့ မျက်ရည်တွေကျလာခဲ့တယ်။ ပြီးမှ ကျလာတဲ့မျက်ရည်တွေကို သုတ်ရင်း ပင့်သက်တစ်ချက်ရှိုက်လိုက်ပြီး ……

”နဂိုကထဲက အစွဲအလမ်းကြီးလွန်းလှတဲ့ သမီးလေးဟာ… သေဆုံးပြီးသွားတဲ့ နောက်မှာလည်း အဘွားနဲ့ သူ့ကလေးကို သံယောဇဉ်မပြတ်နိုင်ရှာဘူး ထင်ပါရဲ့ကွယ်… ဘယ်လိုပဲ ကောင်းမှု့ကုသိုလ်တွေလုပ်ပြီး အမျှဝေပေးပေမယ့် … သူ့ခမျာ သံယောဇဉ်တွေကြီးပြီး သာဓုမခေါ်နိုင်ရှာဘူးထင်ပါရဲ့… ခုထိမကျွတ်မလွတ်တဲ့ ဘဝနဲ့ ရံဖန်ရံခါဆိုသလို တွေ့ရလေ့ရှိတယ်……တစ်ခါတလေမှာလည်း သူဆုံးသွားခဲ့တဲ့ အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေတဲ့ ခြေသံတွေကိုကြားရလေ့ရှိတယ်လေ…… တကယ်တော့ အဘွားသမီးလေး ဘဝက သနားစရာပါကွယ် …… ”

အိမ်ရှင်အဘွားပြောပြတဲ့ မပန်းဖြူ အကြောင်းကို ကြားမိတော့… ကျွန်တော်တို့လင်မယား ကြောက်စိတ်ထက် အစွဲအလမ်းကြီးပြီး မကျွတ်လွတ်နိုင်ရှာတဲ့ ဝိဉာဉ်မလေးမပန်းဖြူအပေါ် သနားဂရုဏာသက်မိတဲ့စိတ်က ပိုလာခဲ့ရပါတော့တယ်… ။ နောက်နေ့တွေမှာလည်း ရံဖန်ရံခါဆိုသလို ညဘက်ရောက်တိုင်း မပန်းဖြူရဲ့ ပုံရိပ်ကို အိမ်ဝင်းထဲမှာတွေ့ရလေ့ရှိတယ်… ။

အဲ့လိုအခါမျိုးမှာတော့ ကျွန်တော်တို့လင်မယား မပန်းဖြူလေးကို ရည်စူးပြီး မေတ္တာပို့ အမျှဝေဖြစ်ခဲ့ပါတယ် … ဘုံဘဝခြင်းမတူပေမယ့် တစ်ဦးစေတနာ တစ်ဦးမေတ္တာလို့ဆိုရမလားပဲဗျာ … ကျွန်တော်တို့အဲ့အိမ်မှာ ငါးလနီးပါးကြာခဲ့ပေမယ့် မပန်းဖြူရဲ့ မလိုလားတဲ့ပုံရိပ် ခြောက်လှန့်တဲ့ ပုံရိပ်တွေကို နောက်ပိုင်းမှာဘယ်တော့မှ မတွေ့ခဲ့ရတော့ဘူး …… ။

ငါးလလောက်ကြာတဲ့အခါမှာတော့…… ကျွန်တော်တို့အိမ်လည်း ပြင်ဆင်ဆောက်လုပ်ပြီးတာနဲ့ ကျွန်တော်တို့ ဇနီးမောင်နှံနှစ်ယောက် မပန်းဖြူတို့ အိမ်ကနေ ကျွန်တော်တို့ရဲ့ အိမ်သစ်ကို ပြန်လည်ပြောင်းရွှေ့လာခဲ့ကြတယ်ပေါ့ဗျာ… အဲ့ဒီအိမ်ဘက်ကိုလည်း ပြန်မရောက်ဖြစ်တော့တာကြောင့် နောက်ပိုင်းမှာ မပန်းဖြူနဲ့ပက်သက်တဲ့ အကြောင်းတွေလည်း ဘာတစ်ခုမှမကြားမိတော့ပါဘူး… အစွဲအလမ်းကြီးလွန်းလှတဲ့ တမလွန်ရွာသူ မပန်းဖြူတစ်ယောက်ကတော့ ကျွတ်လွတ်၍သွားပြီလား … သို့တည်းမဟုတ် ထိုအိမ်မှာပဲ အမေနဲ့သားအပေါ် စွဲလမ်းတွယ်ငြိစိတ်နဲ့ မကျွတ်မလွတ်ဘဝနဲ့ပဲ ဆက်ရှိနေတုန်းလား ဆိုသည်ကိုတော့ ကျွန်တော်လည်း အမှန်တကယ်ပင် သိချင်မိပါသေးတော့သည်…… ။

ချစ်ခြင်းများစွာဖြင့်
အမ်နိုင်း (oasis)

Zawgyi Version

” တမလြန္႐ြာသူ မပန္းျဖဴ ”(စ/ဆုံး)
——————————————-
တစ္ခါတစ္ေလမွာ တစ္ခ်ိဳ႕အျဖစ္အပ်က္ေတြဟာ ကြၽန္ေတာ္တို႔ ဦးေႏွာက္နဲ႔လိုက္မမွီတာေတြ သာမာန္အျမင္နဲ႔ မဆုံးျဖတ္ႏိုင္တာေတြ ေတာ္ေတာ္အမ်ားသားပဲဗ်။ ”ေျပာမယုံ ႀကဳံမွသိ” ဆိုသလို ကြၽန္ေတာ့္ဘဝမွာ သရဲ တေစၦနဲ႔ပက္သက္ၿပီးႀကဳံခဲ့ရတဲ့ အေတြ႕အႀကဳံတစ္ခုကေတာ့ ………

”အစ္ကိုေရ ကြၽန္မထဲမွာ စုထားေဆာင္းထားတာေလးေတြရွိတုန္း…ကြၽန္မတို႔ အခုေနေနတဲ့ အိမ္ေလးကို တိုက္ခံအိမ္ေလးျပင္ေဆာက္ၾကရင္ ေကာင္းမလားဟင္ …… အိမ္မွာဧည့္သည္ ဘာညာလာရင္လည္း သပ္သပ္ရပ္ရပ္နဲ႔ လြတ္လြတ္လပ္လပ္ က်ယ္က်ယ္ ဝန္းဝန္း တည္းခိုလို႔ရတာေပါ့အစ္ကိုရဲ႕ ။ ”

” အင္းေလ အဲ့လိုဆိုေတာ့လည္း မင္းသေဘာပါပဲ မိန္းမရယ္။ ဒါနဲ႔ ေနစမ္းပါဦး… ခုေနေနတဲ့အိမ္ကို ျပင္ေဆာက္မယ္ဆိုေတာ့က ငါတို႔က အိမ္ေဆာက္ေနတဲ့အခ်ိန္ ဘယ္မွာသြားေနၾကမတုန္းဟ ”

”အို …… အကိုကလည္း အိမ္ျပင္ေဆာက္ေနတုန္းေတာ့ အျပင္မွာခနဌားေနၾကတာေပါ့ရွင္ အဲ့အတြက္လည္း ဘာမွမပူနဲ႔ … ကြၽန္မစုံစမ္းထားၿပီးသား။ ခုအေမတို႔ေျပာင္းေနတဲ့ ရပ္ကြက္နားမွာ အိမ္တစ္အိမ္ရွိတယ္ရွင့္… ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ႀကီး ၿခံနဲ႔ဝင္းနဲ႔ ေအးေအးေဆးေဆးပဲ ေျမးအဘြားႏွစ္ေယာက္ပဲေနၾကတာတဲ့… ခု အဲ့အိမ္ေအာက္ထပ္ကို အဌားတင္မယ္ၾကားတယ္ အေပၚထပ္ကေတာ့ သူတို႔ေနမွာေပါ့ေလ… … အဲ့တာ ကြၽန္မသြားစုံစမ္းလိုက္ဦးမယ္။ အဆင္ေျပရင္ အဲ့မွာ လပိုင္းေလာက္ခန သြားဌားေနၾကတာေပါ့ အကိုရဲ႕။ ေျမးအဘြားႏွစ္ေယာက္ထဲဆိုေတာ့ ဇယားလည္းမရႈပ္ေတာ့ဘူးေလ ေအးေအးေဆးေဆးပဲ ……”

” ေအးပါ မိန္းမရယ္ …အဲ့ဒါဆိုလည္း မင္းသေဘာပါပဲ မင္းေကာင္းမယ္ထင္သလိုသာလုပ္ … ဟုတ္ၿပီလား…”

ဒီလိုနဲ႔ မိန္းမရဲ႕ ေကာင္းမႈ႕နဲ႔ပဲ ကြၽန္ေတာ္တို႔ အဲ့အိမ္ေအာက္ထပ္မွာ ဌားေနျဖစ္ခဲ့ၾကတယ္ဆိုပါေတာ့ဗ်ာ။ ခနပဲဌားေနတာဆိုေပမယ့္ အိမ္ေဆာက္ေနတဲ့ခ်ိန္ သုံးေလးငါးလ ေလာက္ေတာ့ေနရမွာမို႔ ပစၥည္းပစၥယေတြေတာ့ သယ္ရေ႐ႊ႕ရနဲ႔ေပါ့ေလ။ ပစၥည္းေတြ ေနရာခ်ထားၿပီးတာနဲ႔ မိန္းမကေတာ့ နဂိုထဲက ဘုရား တရား ကိုင္းရႈိင္းတဲ့သူပီပီ အိမ္ေရွ႕ခန္းမွာ စားပြဲခုံေလးခ် အခင္းေလးခင္းၿပီး ပင့္လာတဲ့ ဘုရားဆင္းတုေတာ္ေလးကို ေနရာတက်ထားၿပီးပူေဇာ္လိုက္တယ္။ ကြၽန္ေတာ္ကေတာ့ သူလုပ္တာေဘးက ကူညီညာလုပ္ရတာေပါ့ေလ။

အဲ့ေန႔က ညေနေစာင္းမွပဲ အလုပ္ေတြၿပီးေတာ့တယ္… အိမ္ရွင္းရ လင္းရ ပစၥည္းပစၥယေတြ ေနရာခ်ရနဲ႔ဆိုေတာ့ အေတာ္ေလးပင္ပန္းသြားေတာ့ ထမင္းဟင္းလည္းမခ်က္ႏိုင္ဘူးေလ…အဲ့ဒါနဲ႔ လင္မယားႏွစ္ေယာက္ အိမ္ရွင္ အဘြားကို ထမင္းဆိုင္ရွိတဲ့ေနရာေမးျမန္းၿပီး အဘြားၫႊန္လိုက္တဲ့ လမ္းထိပ္ကထမင္းဆိုင္ေလးကို .…ထမင္းစားဖို႔ ထြက္လာခဲ့လိုက္တယ္…။ ထမင္းဆိုင္ေရာက္ေတာ့ ဟင္းေတာင္သိပ္မစုံခ်င္ေတာ့ဘူးဗ် ။အခ်ိန္ကလည္း ညရွစ္နာရီေလာက္ရွိေနၿပီကိုး။

”အေဒၚေရ ကြၽန္မကို ထမင္းတစ္ပြဲ ၾကက္အသဲအျမစ္နဲ႔ေပးပါ … အကိုေရာ ဘာနဲ႔စားမလဲ ”

မိန္းမက က်န္ေနတဲ့ဟင္းအမ်ိဳးအစားေတြကို လိုက္ၾကည့္ေနရင္း သူ႔အတြက္ၾကက္အသဲအျမစ္ဟင္းနဲ႔မွာရင္းက တဆက္ထဲ ကြၽန္ေတာ့ကိုပါလွည့္ေမးလိုက္တယ္။

” အင္းး ကိုယ္အတြက္ကေတာ့ငါးဟင္းပဲလုပ္လိုက္ကြာ ”

” အေဒၚေရ အဲ့တာဆို ၾကက္အသဲအျမစ္နဲ႔တစ္ပြဲ ငါးဟင္းနဲ႔တစ္ပြဲေနာ္ ”

မၾကာခင္မွာပဲ ထမင္းပြဲေတြ ကြၽန္ေတာ္တို႔ေရွ႕ေရာက္လာတယ္။အဲ့ဆိုင္ဟင္းခ်က္ေကာင္းခ်က္ဗ်ာ… ပင္ပန္းထားတဲ့ အရွိန္ေရာ ဆာေနတဲ့အရွိန္ပါေပါင္းၿပီး ကြၽန္ေတာ္တို႔လင္မယားဆြဲလိုက္ၾကတာ ေခါင္းေတာင္မေဖာ္ႏိုင္ၾကဘူး။ စားၿပီး ပိုက္ဆံရွင္းမယ္လုပ္ေတာ့ ဆိုင္ရွင္အေဒၚႀကီးက ကြၽန္ေတာ္တို႔ကိုၾကည့္ရင္း မ်က္ႏွာစိမ္းေနလို႔ထင္ပါ့ စကားစျမည္ေျပာလာပါေလေရာ ။

” ငါ့တူတို႔ တူမတို႔က ဒီလမ္းထဲမွာပဲ ေနၾကတာလားကြယ့္ … ေအာ္ စိတ္ေတာ့မရွိပါနဲ႔ကြယ္ မ်က္ႏွာစိမ္းေနလို႔ အေဒၚကေမးမိတာပါ …”

” ဟုတ္ကဲ့ ရပါတယ္ အေဒၚရဲ႕ … ကြၽန္ေတာ္တို႔က ဒီေန႔မွ ဒီလမ္းထဲေျပာင္းလာၾကတာေလ… ဟိုးဘက္နားလမ္းအစြန္က ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ႀကီးရဲ႕ ေအာက္ထပ္မွာခနဌားေနၾကတာပါအေဒၚေရ ”

ကြၽန္ေတာ့စကားအဆုံးအေဒၚႀကီးမ်က္ႏွာမွာ အမည္ေဖာ္ရခက္တဲ့ အရိပ္တစ္ခ်ိဳ႕ျဖတ္ေျပးသြားတာကို ကြၽန္ေတာ္ျမင္လိုက္ရတယ္…။

”ဟင္ လမ္းစြန္က ႏွစ္ထပ္ပ်ဥ္ေထာင္အိမ္ႀကီး ဟုတ္လား ”

”ဟုတ္တယ္ေလ အေဒၚရဲ႕ ဘာျဖစ္လို႔လဲဟင္”

ကြၽန္ေတာ္ျပန္ေမးလိုက္ေတာ့ အေဒၚႀကီးက တစ္ခုခုကိုမ်ိဳသိပ္ထားရတဲ့ပုံစံနဲ႔

”.ဘာ ဘာမွမျဖစ္ပါဘူးကြယ္ အေဒၚက သိခ်င္လို႔ေမးၾကည့္တာပါ… ဒါနဲ႔ေလ စကားမစပ္ ေနရာအေျပာင္းအေ႐ြ႕ဆိုရင္ သက္ဆိုင္ ဆိုင္ရာပိုင္ရာ ပုဂၢိဳလ္ေတြကိုေတာ့ ေမတၱာပို႔ဖို႔ မေမ့ၾကနဲ႔ေနာ္ ငါ့တူနဲ႔တူမ ”

” ဟုတ္ကဲ့ပါ အေဒၚေရ …ကြၽန္မတို႔က ျမင္အပ္မျမင္အပ္ပုဂၢိဳလ္ေတြကို အၿမဲေမတၱာပို႔ျဖစ္ပါတယ္ …ခုလိုေျပာျပေပးတာ ေက်းဇူးပါေနာ္ ……ခြင့္ျပဳပါဦးရွင့္…”

အဲ့ေန႔က ထမင္းဆိုင္က ျပန္လာတဲ့လမ္းမွာ ဆိုင္ရွင္အေဒၚႀကီး ဘာေၾကာင့္အဲ့လိုေျပာလည္းဆိုတာ ကြၽန္ေတာ္ေတြးမိေသးတယ္။ ဒါေပမယ့္ ေအာ္ လူႀကီးဆိုေတာ့လည္း အိမ္ေနရာအေျပာင္းအေ႐ြ႕မို႔ ေျပာတယ္ထင္ပါတယ္ေလ ဆိုၿပီးေတာ့ အမွတ္တမဲ့ပဲ သေဘာထားျဖစ္လိုက္တယ္ေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔လင္မယား အိမ္ျပန္ေရာက္ေတာ့ အိမ္ရွင္ေျမးအဘြားက အိပ္ေနၾကၿပီထင္ပါတယ္။ အေပၚထပ္တစ္ခုလုံး ေမွာင္မဲ တိတ္ဆိတ္လို႔။ ကြၽန္ေတာ္တို႔လင္မယားလည္း တေနကုန္ပင္ပန္းထားတဲ့ အရွိန္နဲ႔ အိပ္ရာဝင္ဖို႔ျပင္ၾကတာေပါ့ေလ။ အိပ္ရာမဝင္ခင္ မိန္းမက ထုံးစံအတိုင္း ဘုရားရွိခိုးၿပီး ပ႒ာန္း႐ြတ္ ေမတၱာပို႔ အမွ်ေဝတာေပါ့။ မိန္းမပ႒ာန္း႐ြတ္ေနတုန္းမွာပဲ……

” ေတာက္ ! ”

ကြၽန္ေတာ့္နားထဲမွာ ေတာက္ေခါက္သံအက်ယ္ႀကီးတစ္ခ်က္ကို ၾကားလိုက္ရၿပီး ဘာေၾကာင့္ရယ္မသိ ကြၽန္ေတာ္ေက်ာထဲမွာစိမ့္ၿပီး ၾကက္သီးထသြားတယ္။ မိန္းမဘက္ကိုၾကည့္လိုက္ေတာ့ မိန္းမကဘာသံမွၾကားလိုက္ပုံမရဘူးဗ်။ သူ႔ဘာသာသူ ဘုရားဆက္ရွိခိုးေနတာေတြ႕လိုက္ရတယ္။ ကြၽန္ေတာ္ကေတာ့ ေတာက္ေခါက္သံႀကီးကို ေသခ်ာပီပီသသၾကားလိုက္ရၿပီး ေက်ာထဲကိုစိမ့္တက္သြားတာဗ်။ ဒါေပမယ့္ ရာသီဥတုေအးလာလို႔ျဖစ္မွာပါေလဆိုၿပီး အမွတ္တမဲ့ပဲ သေဘာထားၿပီး အိပ္ရာဝင္ခဲ့လိုက္ေတာ့တာေပါ့ဗ်ာ။

မနက္လင္းေတာ့ ကြၽန္ေတာ္လည္း မ်က္ႏွာသစ္ မိန္းမျပင္ေပးတဲ့ မနက္စာစားၿပီး အလုပ္သြားဖို႔ထြက္လာခဲ့လိုက္တယ္။ အိမ္ထဲကေန ကြၽန္ေတာ္ထြက္လာေတာ့ မ်က္ႏွာစိမ္းမို႔ထင္ပါရဲ႕…အိမ္ေရွ႕အိမ္က လူေတြနဲ႔ အိမ္နားပတ္ဝန္းက်င္က သူတစ္ခ်ိဳ႕က… ကြၽန္ေတာ့္ကို ကြက္ၾကည့္ကြက္ၾကည့္နဲ႔ ။ ကိုယ္ကလည္း နဂိုကထဲက လူေတြနဲ႔အရမ္းေရာေရာ ေႏွာေႏွာေနတတ္တဲ့ အက်င့္မရွိေလေတာ့ … သူတို႔ၾကည့္ေနၾကတာသိေပမယ့္ မသိသလိုဘဲ ခပ္တည္တည္နဲ႔ ေလွ်ာက္လာခဲ့လိုက္တယ္။ စိတ္ထဲမွာေတာ့ ဒီရပ္ကြက္က လူေတြ စပ္စုလွခ်ည္လားေပါ့ေလ။

ကြၽန္ေတာ္အလုပ္ကျပန္လာေတာ့ မိန္းမက အိမ္ေပါက္ဝမွာအသင့္ဆီးႀကိဳေနေလရဲ႕။ သူ႔အမူအရာၾကည့္ရတာလည္း တစ္စုံတခုကိုေဝခြဲမရသလို ဇေဝဇဝါပုံစံနဲ႔။ ဒါနဲ႔ကြၽန္ေတာ္လည္း ……

” မိန္းမ မင္းဘာျဖစ္ေနတာတုန္း မင္းၾကည့္ရတာ တခုခုေျပာခ်င္ေနတဲ့ပုံပဲ ”

”အဲ့ဒါကေလ ဒီလိုအကိုရဲ႕ မနက္ကေလ အကို အလုပ္သြားေတာ့ ကြၽန္မလည္းလုပ္စရာရွိတာေလးေတြ လုပ္ေနတုန္း အေပၚထပ္က အိမ္ရွင္အဘြားေရာက္လာတယ္ ”

”အမေလးးကြာ အဲ့တာမ်ား အထူးအဆန္းလုပ္လို႔ ဒါသူ႔အိမ္ပဲဟ သူလည္းဆင္းလာခ်င္လာမွာေပါ့ ”

” အိုေတာ္ … ရွင္ကလည္း ကြၽန္မေျပာတာဆုံးေအာင္နားေထာင္ပါဦး …တကထဲမွပဲ ”

”ေအးပါကြာ ေျပာ ေျပာ ”

”ဒီလိုအကိုရဲ႕ အဲ့အဘြားေရာက္လာၿပီး ကြၽန္မကိုေျပာတယ္။ ငါ့တူမႀကီးကို အဘြားတစ္ခုေလာက္ေမတၱာရပ္ခံခ်င္လို႔ပါတဲ့ … အဲ့ဒါနဲ႔ ကြၽန္မကလည္း… ဟုတ္ကဲ့ ေျပာပါအဘြားဆိုေတာ့ သူကဘာေျပာတယ္မွတ္တုန္း …”

”ဟ အဲ့တာေတာ့ ငါဘယ္သိပါ့မတုန္းဟ ”

” အဲ့တာေလ… အဘြားကေျပာတယ္ရွင့္ … ကြၽန္မ ဘုရားရွိခိုးတဲ့အခါမွာ ပ႒ာန္းေဒသနာေတာ္ႀကီးကို မ႐ြတ္ပါနဲ႔ ေမတၱာရပ္ခံတာပါတဲ့ေလ ”

”ေဟ ဘာလို႔တုန္းဟ… ပ႒ာန္း႐ြတ္တယ္ဆိုတာ ေကာင္းတဲ့အလုပ္ပဲေလ… အႏၲရာယ္ေတာင္ကင္းေသး ”

”အဲ့ဒါေတာ့ ကြၽန္မလည္းမသိဘူးရွင့္ အင္းေပါ့ေလ… သူ႔အိမ္မွာေနတုန္းဆိုေတာ့လည္း သူေျပာသလို လိုက္နာယုံပဲေပါ့ တျခားဂုဏ္ေတာ္ေတြနဲ႔ ေမတၱသုတ္ေတာ္ႀကီးကိုပဲ ႐ြတ္ဖတ္ပူေဇာ္ၾကတာေပါ့အကိုရယ္ …… ”

မိန္းမေျပာတဲ့စကားေၾကာင့္ ကြၽန္ေတာ့္စိတ္ထဲမွာ မတင္မက်နဲ႔ ဘဝင္မက်သလိုခံစားလိုက္ရတယ္။ ဒါနဲ႔ညေရာက္ေတာ့ အိပ္ခါနီး မိန္းမ မသိေအာင္ စိတ္ထဲကေန ပ႒ာန္းေဒသနာေတာ္ႀကီးကို ႐ြတ္ဖတ္ပူေဇာ္ရင္း အိပ္ရာဝင္ခဲ့လိုက္တယ္။ ညလယ္ေလာက္အေရာက္မွာပဲ ……

” ဒုန္း ဝုန္းး ”

အသံနဲ႔အတူ ကြၽန္ေတာ္တို႔ အိပ္ခန္းေဘးက ျပတင္းေပါက္တံခါးက ေလမတိုက္ဘာမတိုက္ပါပဲနဲ႔ ဝုန္း ခနဲပြင့္သြားတာေၾကာင့္ ကြၽန္ေတာ္လန႔္ႏိုးလာခဲ့ရတယ္ေလ။ မိန္းမကို ၾကည့္လိုက္ေတာ့ သူက ဘာသံမွ မၾကားတဲ့အတိုင္း ေဘးမွာႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္လို႔… ။ ကြၽန္ေတာ္မအိပ္ခင္က ျပတင္းေပါက္တံခါးကို ေသခ်ာပိတ္ခဲ့တာပါ ေလလည္းမတိုက္ပဲနဲ႔ ဘာလို႔မ်ားပြင့္သြားရတာပါလိမ့္ …… ေဝခြဲမရတဲ့ အေတြးတစ္ခ်ိဳ႕နဲ႔အတူ ကြၽန္ေတာ္လည္းျပတင္းတံခါးကို ထၿပီးျပန္ပိတ္ရင္း ျပန္အိပ္ဖို႔ႀကိဳးစားတုန္းမွာပဲ…

”ရွပ္ ရွပ္ ” ”ရွပ္ ”
” ရွပ္ ခြၽတ္ ခြၽတ္ ရွပ္ ”

ကြၽန္ေတာ္တို႔အိပ္ခန္းရဲ႕ တည့္တည့္အေပၚထပ္ေနရာကေန တရွပ္ရွပ္နဲ႔ေလ်ာက္သြားေနတဲ့ ေျခသံေတြၾကားလိုက္ရတယ္။ စိတ္ထဲမွာေတာ့ အိမ္ရွင္အဘြားႀကီးမအိပ္ဘဲ ဘာမ်ားထလုပ္ေနပါ့လိမ့္ေပါ့။ ေျခသံေတြက ေတာ္ေတာ္ၾကာတဲ့ထိ ေလ်ာက္သြားေနတာ။ ထူးဆန္းတာက ဒီေလာက္အအိပ္ဆတ္တဲ့ ကြၽန္ေတာ့္မိန္းမက ျပတင္းေပါက္ပြင့္တဲ့အသံေရာ ဒီအေပၚထပ္ကေျခသံေတြကိုေရာပါ ဘာမွမၾကားသလို ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေမာက်ေနတာကိုပဲ။ ကြၽန္ေတာ္လည္း ၾကားေနရတဲ့ ေျခသံေတြနားေထာင္ေနရင္း ဟိုေတြး ဒီေတြးနဲ႔ျပန္ၿပီး အိပ္ေပ်ာ္သြားတယ္။

တစ္ည…
အဲ့ဒီညက မနက္ကစားထားတဲ့ ပဲဟင္းနဲ႔ ခ်ဥ္ေပါင္ေၾကာ္အစြမ္းေၾကာင့္ ဗိုက္ကရစ္နာလာတာနဲ႔ အိမ္သာသြားမယ္ဆိုၿပီး ဓာတ္မီးေလးဆြဲၿပီး ထြက္လာခဲ့တယ္။ အိမ္သာက အိမ္ေနာက္ဘက္ေဒါင့္ ခပ္လွမ္းလွမ္းမွာေဆာက္ထားတာကိုး။ အိမ္သာနားလည္းေရာက္ေရာ အိမ္သာထဲမွာ မီးအလင္းေရာင္ကိုေတြ႕လိုက္ရတယ္။ ဒါနဲ႔ကြၽန္ေတာ္လည္း အိမ္ရွင္အဘြားပဲျဖစ္မွာပါေလ ဆိုၿပီး မလွမ္းမကမ္းကေန ဖ်င္ေလးလိမ္က်စ္ လိမ္က်စ္နဲ႔ ရပ္ေစာင့္ေနလိုက္တယ္ ။
ကိစၥကမွ ထိပ္ဝေရာက္ေနပါၿပီဆိုကာမွလည္း အိမ္သာထဲက အဘြားကလည္း ၾကာလိုက္တာ ထြက္ကိုမလာဘူးဗ်ာ။ ၾကာေတာ့ လူကမထိန္းႏိုင္ေတာ့ဘူး ထြက္က်ေတာ့မယ္ ။ အဲ့ဒါနဲ႔ ကြၽန္ေတာ္လည္း ……

” အေရွ႕မွာ အိမ္သာဝင္ဖို႔ ေစာင့္ေနတယ္ဗ် ျမန္ျမန္လုပ္ပါ ” ဆိုၿပီးေအာ္ပစ္လိုက္တယ္ေလ။ ကြၽန္ေတာ္ ေအာ္လိုက္လို႔လားမသိဘူး ခနၾကာေတာ့ ကြၽီ ခနဲ အိမ္သာတံခါးပြင့္လာၿပီး ဆံပင္ဖ်ားလ်ားခ်ထားတဲ့ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသမီးတစ္ေယာက္အိမ္သာထဲကထြက္လာၿပီး အိမ္ဘက္သို႔ေလ်ာက္သြားတယ္။ ဟင္ အိမ္ရွင္အဘြားလည္းမဟုတ္ပါလား ဘယ္သူမ်ားပါလိမ့္ ဧည့္သည္မ်ားေရာက္ေနသလားဆိုၿပီး ေတြးလိုက္မိတာေပါ့ဗ်ာ။ ဒါေပမယ့္ ၾကာၾကာမေတြးအားပါဘူး ကိုယ့္ကိစၥရွင္းဖို႔က ပိုအေရးႀကီးေနတာကိုး။

မနက္ေရာက္ေတာ့ မိန္းမကို အေပၚထပ္ကအဘြားတို႔ဆီမွာဧည့္သည္ေတြ ဘာေတြမ်ားေရာက္ေနတာေတြ႕မိေသးလားဆိုၿပီး ညကေတြ႕လိုက္တဲ့အမ်ိဳးသမီးအေၾကာင္းကို ေျပာျပမိတယ္ေလ။ မိန္းမကေတာ့ ကြၽန္ေတာ့္ေျပာစကားနားေထာင္ၿပီးဇေဝဇဝါနဲ႔…

”ဟုတ္ရဲ႕လား အကိုရဲ႕ ကြၽန္မေတာ့ဧည့္သည္လာတာ မေတြ႕မိပါဘူးရွင္ ညႀကီးမိုးခ်ဳပ္ဆိုေတာ့ ရွင္အဘြားကိုမ်ား လူမွားေနသလား ”

” ဟ မိန္းမရ ငါ့အဲ့ေလာက္မ်က္စိမမႈံေသးပါဘူးကြ… ခုဟာက လူလတ္ပိုင္းအ႐ြယ္မိန္းမတစ္ေယာက္ဟ ”

” အင္းေပါ့ေလ ဧည့္သည္ျဖစ္ခ်င္လည္းျဖစ္မွာေပါ့… အေပၚမွာပဲေနလို႔ ကြၽန္မတို႔ မေတြ႕မိတာလည္း ျဖစ္ခ်င္ျဖစ္မွာေပါ့ရွင္ …… ”

ျဖစ္ခ်င္ေတာ့ အဲ့ေန႔ညကပဲ ညသန္းေခါင္ေလာက္အေရာက္မွာ…

”အကို အကို ခနထပါဦးအကိုရဲ႕”

ကြၽန္ေတာ့္ပခုံးကို အသာလႈပ္ႏႈိးၿပီးေခၚလိုက္တဲ့ မိန္းမေခၚသံေၾကာင့္ ကြၽန္ေတာ္ဆတ္ခနဲလန႔္ႏိုးလာခဲ့ရတယ္… ။

” ဘာျဖစ္လို႔လဲ မိန္းမ ”

”ကြၽန္မေလ ကြၽန္မ အိမ္သာသြားခ်င္လို႔ … အဲ့တာ မီးကလည္း ပ်က္ေနေတာ့ တစ္ေယာက္ထဲမသြားရဲလို႔ အကို႔ကို ႏႈိးလိုက္ရတာ ကြၽန္မကို လိုက္ပို႔ေပးပါဦး ”

”ေအး ေအး လာ လာ ”

ကြၽန္ေတာ္က ဓာတ္မီးေလးကိုဆြဲ မိန္းမကဖေယာင္းတိုင္နဲ႔မီးျခစ္ေလးကို ကိုင္ၿပီးလင္မယားႏွစ္ေယာက္ အိမ္သာဘက္ကိုထြက္လာခဲ့တယ္။ အိမ္သာနားလည္းေရာက္ေရာ မိန္းမက ပါလာတဲ့ ဖေယာင္းတိုင္က္ု မီးျခစ္ေလးျခစ္ၿပီး မီးညႇိလိုက္ရင္း……

”အကို … ဒီနားကပဲေစာင့္ေနေပးေနာ္ ဘယ္မွမသြားနဲ႔… ကြၽန္မေၾကာက္တယ္ ”

”ေအးပါကြာ… မင္းသာ စိတ္ခ်လက္ခ်နဲ႔ ကိုယ့္ကိစၥကိုရွင္း… ငါဒီနားမွာပဲရွိမယ္ ဟုတ္ၿပီလား”

” အင္းပါ အင္းပါ ”
ေျပာေျပာဆိုဆိုနဲ႔ မိန္းမက အိမ္သာတံခါးကို ဆြဲအဖြင့္ ……

”အားးးးးး အမေလးး ”
”ဟာ ”

ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ကြၽန္ေတာ့္မိန္းမတင္မကဘူး ကြၽန္ေတာ္ပါ ၾကက္သီးေမႊးညႇင္းေတြထၿပီး ေခါင္းကဆံပင္ေတြပါေထာင္တက္သြားသလားထင္ရတယ္… ။

အိမ္သာထဲမွာ ဆံပင္ဖ်ားလ်ားနဲ႔မိန္းမတစ္ေယာက္ ငုတ္တုတ္ထိုင္ၿပီး ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးကို အားပါးတရ …ရဲခနဲ ရဲခနဲေနေအာင္ ဖြာေနတာမ်ားဗ်ာ… တစ္ခ်က္တစ္ခ်က္မွာ ရဲခနဲျဖစ္သြားတဲ့ ေဆးလိပ္မီးေရာင္ေၾကာင့္… ေသြးမရွိသလို ျဖဴစြတ္စြတ္မ်က္ႏွာထက္က ညိဳမည္းၿပီး ခ်ိဳင့္ဝင္ေနတဲ့ သူ႔မ်က္လုံးေတြကို လင္မယားႏွစ္ေယာက္လုံးျမင္လိုက္ၾကရတယ္။ အဲ့ခ်ိန္မွာပဲ ဘယ္ကရလာမွန္းမသိတဲ့ နႏြင္းနံ႔ႀကီးကလည္း ကြၽန္ေတာ္တို႔လင္မယားႏွစ္ေယာက္လုံးရဲ႕ ႏွာေခါင္းဝမွာ ေထာင္းခနဲဆို ရလိုက္တယ္ေလ။ အဲ့ဒီေတာ့မွပဲ ေၾကာင္ၿပီးရပ္ၾကည့္ေနတဲ့ မိန္းမလည္းသတိဝင္လာၿပီး ……

”အမေလးးး သရဲ သရဲ သရဲပါေတာ့ ”ဆိုၿပီး အိမ္ဘက္ကိုလွည့္ၿပီး ေျပးပါေလေရာ။ ကြၽန္ေတာ္တို႔ လင္မယားႏွစ္ေယာက္ ေျပးလာတဲ့အသံ မိန္းမရဲ႕ ေအာ္လိုက္တဲ့အသံေတြကိုၾကားလိုက္ရလို႔ထင္ပါ့… အေပၚထပ္က အိမ္ရွင္ေျမးအဘြား မီးအိမ္ေလးကိုင္ၿပီးဆင္းလာၾကတယ္ေလ… ။ အဲ့ေျမးအဘြားဆင္းလာတာကို ျမင္ျမင္ခ်င္းပဲ မိန္းမက ……

”အဘြား အဘြား ဟို ဟို သရဲ သရဲ… ”

မိန္းမစကားေတာင္မဆုံးေသးဘူး အဘြားက လက္ကာျပၿပီး ……

” ငါ့တူႀကီးနဲ႔ တူမႀကီးတို႔ သိခ်င္ေနၾကတဲ့ ေမးခြန္းေတြရဲ႕အေျဖကို အဘြားမနက္က်အကုန္ရွင္းျပေပးပါ့မယ္ကြယ္ … ဒီေန႔ညေတာ့ ငါ့တူနဲ႔တူမ သုံးဆယ့္တစ္ဘုံက သတၱဝါေတြကို ေမတၱာပို႔ အမွ်ေဝၿပီးေတာ့သာ အိပ္လိုက္ၾကပါေတာ့ေနာ္… မနက္က် အားလုံးသိရေအာင္ အဘြားေျပာျပပါ့မယ္ ပ႒ာန္းေတာ့မ႐ြတ္ၾကပါနဲ႔ကြယ္… ဟုတ္ၿပီလား ေမတၱာရပ္ခံတာပါကြယ္ ေနာ္ ……”

ဟင္ ဒါဆို ဒီအေၾကာင္းေတြ အဘြားကႀကိဳသိေနတာေပါ့… ေဝခြဲမရတဲ့စိတ္ စိုးရိပ္ေၾကာက္လန႔္တဲ့ စိတ္ေတြေပါင္းၿပီး အဲ့ေန႔ညက ကြၽန္ေတာ္တို႔ လင္မယားႏွစ္ေယာက္ ေကာင္းေကာင္းအိပ္မေပ်ာ္ခဲ့ပါဘူး …… ရသမွ် ဘုရားစာေတြ တတြတ္တြတ္႐ြတ္ရင္းနဲ႔သာ မိုးလင္းသြားခဲ့ရတယ္ေလ… ။ မနက္လင္းေတာ့ အိမ္ရွင္အဘြားေရာက္လာၿပီး ……

”ငါ့တူနဲ႔တူမကို အဘြားေတာင္းပန္ပါတယ္ကြယ္… တကယ္က ဒီအေၾကာင္းေတြကို ႀကိဳမေျပာျပျဖစ္ခဲ့တာ ငါတူမတို႔ ေၾကာက္ၿပီး မေနရဲမွာစိုးလို႔ပါ…… ”

”ဟင္ ဒါ ဒါဆို အဘြားအိမ္က တကယ္သရဲေျခာက္တာေပါ့… ဒါနဲ႔မ်ားဗ်ာ ကြၽန္ေတာ္တို႔ကို ဖုံးထားရက္တယ္…လုပ္ရက္ပါ့ အဘြားရယ္… ”

” အျပစ္တင္လည္း ခံရေတာ့မွာပါကြယ္ … အဘြားနဲ႔ ေျမးေလးတို႔ စားဝတ္ေနေရး အခက္အခဲအတြက္ ငါ့တူမႀကီးတို႔ဆီက အိမ္ဌားခေလးပဲ ေမွ်ာ္လင့္စရာရွိတာမို႔ပါကြယ္… အဲ့ဒီအတြက္ အဘြားကိုခြင့္လႊတ္ေပးၾကပါ… အခု ငါ့တူနဲ႔ တူမႀကီးတို႔ မေနခ်င္ေတာ့ဘူးဆိုရင္လည္း အိမ္ဌားခေတြ အဘြားျပန္ေပးပါ့မယ္ကြယ္ေနာ္… ”

အိမ္ရွင္အဘြားစကားၾကားလိုက္ရေတာ့ မိန္းမက စိတ္မေကာင္းျဖစ္သြားတယ္ထင္ပါတယ္……

” ထားလိုက္ပါအဘြား ကြၽန္မတို႔ အိမ္ဌားခလည္းျပန္မယူပါဘူး … ဒါေပမယ့္ ကြၽန္မသိခ်င္တာက… ညက ေတြ႕ခဲ့ရတဲ့ သရဲမက ဘယ္သူလဲ ဘာေၾကာင့္ ဒီအိမ္မွာရွိေနရတာလဲ ဆိုတာကိုပါပဲ… အဲ့ဒါေလးေတာ့ ေျပာျပေပးပါလား အဘြား…… ”

မိန္းမရဲ႕စကားအဆုံးမွာ အဘြားမ်က္ဝန္းေတြရီေဝသြားၿပီး တစ္ခုခုကို သတိရလိုက္ဟန္နဲ႔ ငိုင္က်သြားတယ္…။ ခနေနေတာ့ ေဝ့ဝဲလာတဲ့ မ်က္ရည္စေတြကို လက္ခုံေလးနဲ႔ အသာတို႔သုတ္လိုက္ရင္း……

” တကယ္ေတာ့ အဲ့ဒါ အဘြားရဲ႕ တစ္ဦးထဲေသာ သမီးေလးပါကြယ္… ဒီေျမးေလးရဲ႕ အေမေပါ့ … သူ႔နာမည္က မပန္းျဖဴတဲ့ … ”

”ဟင္ ” ”အို ”

”ဟုတ္ပါတယ္ကြယ္… တကယ္ေတာ့ အဘြားသမီးေလးက အရမ္းကိုသနားဖို႔ ေကာင္းပါတယ္… အေမတစ္ခု သမီးတစ္ခုဘဝမွာ သူအဘြားကို သိပ္ခ်စ္ရွာတယ္… …အရမ္းလည္း လိမ္မာေရးျခားရွိတဲ့ သမီးေလးပါ… သူအ႐ြယ္ေရာက္လို႔ အိမ္ေထာင္ရက္သား က်သြားေတာ့လည္း ဒီအေမအိုႀကီးကို တစ္ေယာက္ထဲမထားခဲ့ႏိုင္ရွာဘူးေလ… အဲ့အတြက္ သူတို႔လင္မယား အဘြားနဲ႔အတူပဲလာေနခဲ့ၾကတယ္… ။ ဒီလိုနဲ႔ေျမးေလးကို ကိုယ္ဝန္လြယ္ခဲ့ရတယ္ေလ… ။ ကံဆိုးခ်င္ေတာ့ ေျမးေလး ကိုယ္ဝန္အရင့္အမာနဲ႔ အခ်ိနိမွာပဲ သမီးေလးရဲ႕ ခင္ပြန္းဟာ အလုပ္ခြင္မွာ မေတာ္တဆမႈ႕နဲ႔ အသက္ဆုံးပါးသြားခဲ့ရတယ္ ……ကိုယ္ဝန္အရင့္အမာႀကီးနဲ႔ အခ်ိန္က်မွ ခင္ပြန္း
ျဖစ္သူဆုံးပါးသြားတဲ့အတြက္ …သမီးေလးလည္း အေတာ္ခံစားသြားရပုံေပါက္ပါတယ္ … အဲ့အခ်ိန္ကစၿပီး တေရွာင္ေရွာင္နဲ႔ျဖစ္ေတာ့တာပါပဲ… ေျမးေလးကို ေမြးတဲ့အခ်ိန္လည္းေရာက္ေရာ… နဂိုကထဲက အားနည္းေနတဲ့သမီးေလးဟာ သူ႔ကေလးေလးကို ေမြးၿပီးၿပီးခ်င္းမွာပဲ ဒီအိမ္အေပၚထပ္မွာတင္ဆုံးပါးသြားခဲ့ရွာတယ္ကြယ္ …… ။

ေျပာေနရင္းနဲ႔ အဘြားက အတိတ္ကိုျပန္သတိရသြားတဲ့ ပုံနဲ႔ မ်က္ရည္ေတြက်လာခဲ့တယ္။ ၿပီးမွ က်လာတဲ့မ်က္ရည္ေတြကို သုတ္ရင္း ပင့္သက္တစ္ခ်က္ရႈိက္လိုက္ၿပီး ……

”နဂိုကထဲက အစြဲအလမ္းႀကီးလြန္းလွတဲ့ သမီးေလးဟာ… ေသဆုံးၿပီးသြားတဲ့ ေနာက္မွာလည္း အဘြားနဲ႔ သူ႔ကေလးကို သံေယာဇဥ္မျပတ္ႏိုင္ရွာဘူး ထင္ပါရဲ႕ကြယ္… ဘယ္လိုပဲ ေကာင္းမႈ႕ကုသိုလ္ေတြလုပ္ၿပီး အမွ်ေဝေပးေပမယ့္ … သူ႔ခမ်ာ သံေယာဇဥ္ေတြႀကီးၿပီး သာဓုမေခၚႏိုင္ရွာဘူးထင္ပါရဲ႕… ခုထိမကြၽတ္မလြတ္တဲ့ ဘဝနဲ႔ ရံဖန္ရံခါဆိုသလို ေတြ႕ရေလ့ရွိတယ္……တစ္ခါတေလမွာလည္း သူဆုံးသြားခဲ့တဲ့ အခန္းထဲမွာ ေခါက္တုံ႔ေခါက္ျပန္လမ္းေလွ်ာက္ေနတဲ့ ေျခသံေတြကိုၾကားရေလ့ရွိတယ္ေလ…… တကယ္ေတာ့ အဘြားသမီးေလး ဘဝက သနားစရာပါကြယ္ …… ”

အိမ္ရွင္အဘြားေျပာျပတဲ့ မပန္းျဖဴ အေၾကာင္းကို ၾကားမိေတာ့… ကြၽန္ေတာ္တို႔လင္မယား ေၾကာက္စိတ္ထက္ အစြဲအလမ္းႀကီးၿပီး မကြၽတ္လြတ္ႏိုင္ရွာတဲ့ ဝိဉာဥ္မေလးမပန္းျဖဴအေပၚ သနားဂ႐ုဏာသက္မိတဲ့စိတ္က ပိုလာခဲ့ရပါေတာ့တယ္… ။ ေနာက္ေန႔ေတြမွာလည္း ရံဖန္ရံခါဆိုသလို ညဘက္ေရာက္တိုင္း မပန္းျဖဴရဲ႕ ပုံရိပ္ကို အိမ္ဝင္းထဲမွာေတြ႕ရေလ့ရွိတယ္… ။

အဲ့လိုအခါမ်ိဳးမွာေတာ့ ကြၽန္ေတာ္တို႔လင္မယား မပန္းျဖဴေလးကို ရည္စူးၿပီး ေမတၱာပို႔ အမွ်ေဝျဖစ္ခဲ့ပါတယ္ … ဘုံဘဝျခင္းမတူေပမယ့္ တစ္ဦးေစတနာ တစ္ဦးေမတၱာလို႔ဆိုရမလားပဲဗ်ာ … ကြၽန္ေတာ္တို႔အဲ့အိမ္မွာ ငါးလနီးပါးၾကာခဲ့ေပမယ့္ မပန္းျဖဴရဲ႕ မလိုလားတဲ့ပုံရိပ္ ေျခာက္လွန႔္တဲ့ ပုံရိပ္ေတြကို ေနာက္ပိုင္းမွာဘယ္ေတာ့မွ မေတြ႕ခဲ့ရေတာ့ဘူး …… ။

ငါးလေလာက္ၾကာတဲ့အခါမွာေတာ့…… ကြၽန္ေတာ္တို႔အိမ္လည္း ျပင္ဆင္ေဆာက္လုပ္ၿပီးတာနဲ႔ ကြၽန္ေတာ္တို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္ မပန္းျဖဴတို႔ အိမ္ကေန ကြၽန္ေတာ္တို႔ရဲ႕ အိမ္သစ္ကို ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့ၾကတယ္ေပါ့ဗ်ာ… အဲ့ဒီအိမ္ဘက္ကိုလည္း ျပန္မေရာက္ျဖစ္ေတာ့တာေၾကာင့္ ေနာက္ပိုင္းမွာ မပန္းျဖဴနဲ႔ပက္သက္တဲ့ အေၾကာင္းေတြလည္း ဘာတစ္ခုမွမၾကားမိေတာ့ပါဘူး… အစြဲအလမ္းႀကီးလြန္းလွတဲ့ တမလြန္႐ြာသူ မပန္းျဖဴတစ္ေယာက္ကေတာ့ ကြၽတ္လြတ္၍သြားၿပီလား … သို႔တည္းမဟုတ္ ထိုအိမ္မွာပဲ အေမနဲ႔သားအေပၚ စြဲလမ္းတြယ္ၿငိစိတ္နဲ႔ မကြၽတ္မလြတ္ဘဝနဲ႔ပဲ ဆက္ရွိေနတုန္းလား ဆိုသည္ကိုေတာ့ ကြၽန္ေတာ္လည္း အမွန္တကယ္ပင္ သိခ်င္မိပါေသးေတာ့သည္…… ။

ခ်စ္ျခင္းမ်ားစြာျဖင့္
အမ္ႏိုင္း (oasis)