Unicode Version
” ထမင်းစားပျက်တဲ့ည “(ဖြစ်ရပ်မှန်)
—————————–
ထမင်းစားရင်းမဖတ်ရ
“နောင် . . . ဝေ . . ဝေ”
ကြေးစည်ထုသံကြီးက နေ့ခင်းအချိန်တွင် ကျယ်လောင်စွာထွက်ပေါ်လာသည်။ ကာလသားများက ပန်းများ၊ ရောင်စုံအဝတ်စများဖြင့် အလှဆင်ပြုလုပ်ထားသည့် ခေါင်းတလားကြီးကို စင်ကြီးတစ်ခုဖြင့်ထမ်းလာကြသည်။ ရွာပြင်လယ်ကွင်းများကိုဖြတ်ပြီး သုဿန်အနီးသို့ရောက်သည့် ခေါင်းတလားကို အနောက်မှထမ်းသည့် ကာလာသားများက ခြေကန်ရပ်လိုက်ကြပြီး အရှေ့ဘက်မှထမ်းသည့် ကာလသားများက ခြေစုံပစ်ပြီးဆွဲကြလေသည်။ ထိုသည်ကိုပင် အလောင်းလုသည်ဟုခေါ်ပြီး သူတို့ရွာဓလေ့အရ ပြုလုပ်နေကြဖြစ်သည်။
ကာလသားများမှာ သောက်စားထားသဖြင့် အိုးနင်းခွက်နင်းဖြစ်ကြကာ အချို့မှာလဲပြိုကုန်ကြသည်။ ခေါင်းတလားကြီးမှာလည်း သံရိုက်ထားသဖြင့် ပွင့်မထွက်သဖြင့်သာ တော်သေးသည်။ ယိမ်းနွဲ့လှုပ်ယမ်းနေပြီး ပြုတ်ကျတော့မယောင်ယောင်ဖြစ်နေလေသည်။ သုဿန်နှင့် နီးကပ်လာသည့်အခါ သုဿန်တွင်အသင့်စောင့်နေသည့် ရွာသားများက သစ်ကိုင်းခြောက်များ၊ ရွံ့ခဲများ၊ ကျောက်တုံးများဖြင့် အသုဘပို့လာကြသူများကို ပစ်ပေါက်ကြပြန်သည်။ သုဿန်နံဘေးနားရှိ လယ်ကွက်များမှ စပါးများမှာ လူနင်းခံရသဖြင့် ပျက်တော့သည်။
ထိုသည်ကား ဇောင်းချမ်းကုန်းရွာကလေးတွင် နာရေးသဂြိုဟ်မှုပြုလုပ်တိုင်း မြင်တွေ့နေရသည့် မြင်ကွင်းတစ်ခုဖြစ်သည်။
ဖိုးသားတစ်ယောက် ဘကြီးဖြစ်သူ၏ နာရေးမြေချပွဲမှ ပြန်လာခဲ့သည်။ ညနေ မိုးချုပ်တော့မည်ဖြစ်သည်။ ဘကြီးသေဆုံးသည်ဆိုသော်လည်း ဖိုးသားတို့မှာ သိပ်ပြီးစိတ်ခံစားချက်မဖြစ်ပေါ်ပေ၊ ဘကြီးတို့၏ အိမ်မှာ ဖိုးသားတို့နှင့် ဓါးလွယ်ခုတ်ပုံစံရှိပြီး အနည်းငယ်လှမ်းသည်။ ဘကြီးသေဆုံးသွားသဖြင့် ဆွေမျိုးများလည်း စုံလင်နေလေရာ ဖိုးသားလို လူပျိုပေါက်တစ်သိုက်မှာ သူတို့အိမ်ရှေ့တွင် ခြင်းဝိုင်းဖွဲ့ကာ ခြင်းခတ်ကြလေသည်။
ဆွေမျိုးများ ခြင်းဝိုင်းခတ်ကြရင်း ညနေစောင်းလာခဲ့ကာ မကြာမီအမှောင်ထုက ဖုံးလွှမ်းလာလေသည်။ ဘကြီးအိမ်ရှေ့တွင်တော့ အသုဘအတွက်ပြင်ဆင်နေသူများ၊ သတင်းလာမေးသူများ၊ ဆွေမျိုးသားချင်းများနှင့် စည်ကားနေလေသည်။ ထိုအချိန်တွင် ဖိုးသားအမေ ဒေါ်၀တုတ်က အိမ်ထဲမှထွက်လာပြီး ခြံအပြင်ရွာလမ်းမပေါ်တွင် ခြင်းခတ်နေသည့် ဖိုးသားကိုကြည့်လိုက်ကာ
“လာဟေ့၊ ညနေစာ စားရအောင် လာခဲ့တော့”
ဒေါ်၀တုတ်က ဖိုးသားကိုလက်ယပ်ခေါ်သဖြင့် ဖိုးသားမှာ ခြင်းဝိုင်းမှထွက်ပြီး ခြံထဲသို့ပြေးဝင်လာခဲ့သည်။ ဖိုးသားမရှိတော့သဖြင့် ခြင်းဝိုင်းမှာလည်းပျက်သွားလေသည်။ ဖိုးသားက ခြံထဲသို့ဝင်လာပြီး အိမ်ခြေရင်းဘက်တွင်ရှိသော ရေကပြင်တွင် ခြေလက်ဆေးနေလိုက်သည်။ ထိုအခိုက် လူကြီးတစ်ဦးကခြံအပြင်မှ ဝင်လာကာ အိမ်ပေါ်သို့တက်သွားသည်ကို ဖတ်ခနဲမြင်တွေ့လိုက်ရသည်။ ဖိုးသားတို့အိမ်က သစ်သားဖြင့်ဆောက်ထားသည့် တစ်ထပ်အိမ်ဖြစ်ပြီး အိမ်ပေါ်သို့ လှေကားသုံးထစ်ခန့်တက်ရလေသည်။
ဖိုးသားလည်း ခြေလက်ဆေးပြီး အိမ်ပေါ်တက်လိုက်ရာ အိမ်ရှေ့တွင်ထမင်းဝိုင်းပြင်ထားသည်ကိုတွေ့ရပြီး သူ့အမကြီးက ထမင်းပန်းကန်များအတွင်းသို့ ထမင်းများခူးခပ်နေလေသည်။
“ဖိုးသားတို့များ လူပျိုဖြစ်နေပြီ အဆော့မရပ်သေးဘူးလား၊ ဆော့ရမယ်ဆိုလို့ကတော့ ထမင်းမေ့၊ ဟင်းမေ့နဲ့”
ဖိုးသား၏ အမဖြစ်သူ မနှင်းက ထမင်းပန်းကန်ထဲသို့ ထမင်းများခူးထည့်နေရင်းပြောဆိုလိုက်လေရာ ဖိုးသားကလည်း ထမင်းစားပွဲဝိုင်းတွင် ဝင်ထိုင်လိုက်ပြီး
“ဟာ၊ မမကြီးကလည်း၊ သားက အခုမှ ရှစ်တန်းပဲရှိသေးတာ၊ ဆော့အုံးမှာပေါ့”
ထိုအခါ အိမ်နောက်ဖေးမှ မိခင်ဖြစ်သူ ဒေါ်၀တုတ်က လက်ဆေးရေထည့်ထားသည့် ကော်ဇလုံကလေးကိုင်လာပြီး ထွက်လာလေသည်။
“ဆော့တာလဲ ဆော့တာပေါ့သားရယ်၊ မင်းဟာက ထမင်းမေ့ဟင်းမေ့နဲ့၊ ထမင်းစားဖို့တောင် လိုက်ခေါ်နေရတယ်ဆိုရင် မဟုတ်သေးဘူးနော်”
ဖိုးသားလည်း မိခင်ချပေးသည့် လက်ဆေးရည်ခွက်အတွင်းသို့ ညာဖက်လက်ကိုနှစ်လိုက်ပြီး ပွတ်ဆေးနေရင်း အိမ်နောက်ဖေးကိုတစ်ချက်ကဲကြည့်လိုက်ကာ
“ဒါနဲ့အမေ၊ ခုနက အိမ်ပေါ်တက်လာတာ ဘယ်သူလဲ”
ဒေါ်၀တုတ်ရော၊ အမကြီးမနှင်းရော ဖိုးသားကို အံ့ဩစွာဖြင့်ကြည့်နေလေသည်။
“ဟဲ့ ဘယ်သူလာလို့လဲ”
“ဟာဗျာ၊ သားခြေလက်ဆေးနေရင်း ယောက်ျားကြီးတစ်ယောက် အိမ်ပေါ်ကိုတက်သွားတာကို ရိပ်ခနဲလှမ်းမြင်လိုက်ရပါတယ်”
“ပေါက်ပေါက်ရှာရှာပြောတော့မယ်ဖိုးသားရယ်၊ ငါဒီမှာထိုင်ပြီး ထမင်းပွဲပြင်နေတာပါဟဲ့၊ ဘယ်သူမှ မတက်လာပါဘူး”
မမကြီးက ပြောလိုက်တော့မှ ဖိုးသားလည်း ဘာမှဆက်မပြောတော့ဘဲ ထမင်းပန်းကန်အတွင်းသို့ လက်နှိုက်လိုက်လေသည်။ မိခင်ဖြစ်သူ ဒေါ်၀တုတ်က ဖိုးသားပန်းကန်ထဲသို့ ဟင်းများခပ်ထည့်ပေးသည်။
“ဟောဒါက ငါ့သားကြိုက်တဲ့ ဘဲဥချဉ်ရည်ဟင်း၊ ဟောဒါကတော့ ဗမာကြက်ကြော်”
အမေထည့်ပေးသည့်ဟင်းများဖြင့် ဖိုးသားတစ်ယောက် ထမင်းကို အားရပါးရစားတော့သည်။ လူပျိုပေါက်အရွယ်ကလည်းဖြစ် တက်လူကလည်းဖြစ်သည်မို့ ထမင်းနှစ်ပန်းကန်မောက်မောက်ကုန်တော့မှ ဖိုးသားဗိုက်၀သည်။ ဖိုးသားက ထမင်းစားရာတွင် ဘဲဥဟင်းကိုသာ စားနေပြီး ကြက်သားကြော်ခွက်ကို မနှိုက်သဖြင့် အမဖြစ်သူက မေးတော့သည်။
“ဟဲ့ဖိုးသား၊ ဘဲဥနဲ့ချည်းစားမနေနဲ့၊ ကြက်ကြော်လဲစားပါအုံး”
“ဟာ၊ မမကြီးကလည်း အခုတစ်နပ်က ဘဲဥနဲ့စားတာ၊ နောက်တစ်နပ်ကျတော့ ကြက်ကြော်နဲ့စားမှာပေါ့”
“အမယ်လေးတော်၊ နင်က အကြံနဲ့ကိုးဖိုးသားရဲ့”
သူတို့ထမင်းစားနေစဉ် အိမ်နောက်ဖေးမှ အိုးသံခွက်သံများကိုကြားလိုက်ရသည်။ မမကြီးရော၊ အမေကရော ဖိုးသားကိုကြည့်လိုက်သဖြင့် ဖိုးသားက လက်ကိုပင်မဆေးတော့ဘဲ အိမ်နောက်ဖေးမီးဖိုချောင်သို့ဝင်လာခဲ့သည်။
“သွားစမ်း၊ ဘယ်က ကြောင်သူခိုးဝင်တာလဲ”
ဖိုးသားက အော်ငေါက်လိုက်သော်လည်း ကြောင်ကိုအရိပ်အယောင်ပင်မတွေ့ရ၊ မီးဖိုချောင်မှာ တံခါးများလုံနေအောင်ပိတ်ထားသဖြင့် ဝင်ပေါက်မရှိပေ၊ ထို့အပြင် ဖယောင်းတိုင်မထွန်းထားသဖြင့် အမှောင်ကျနေလေသည်။ ဖိုးသားလည်း ခေါင်းကုပ်ပြီး အိမ်ရှေ့သို့ထွက်လာခဲ့သည်။
“ကြောင်လည်းမတွေ့ဘူးအမေ”
“ဪ၊ ဒါက ဖြစ်တတ်ပါတယ်၊ တစ်ခါတစ်လေ အိုးတွေခွက်တွေမှောက်ရင်း အံမကျရင်လည်း သူ့အလိုလိုဖြစ်တတ်တာပဲ၊ စိတ်ထဲမထားနဲ့”
ဖိုးသားက ထမင်းစားပြီး ဗိုက်နာလာသည်။ ထို့ကြောင့် ဖယောင်းတိုင်မီးတစ်တိုင်ယူပြီး အိမ်သာဆီသို့ဆင်းလာခဲ့သည်။ ထိုအချိန်က သူတို့ရွာကလေးတွင် လျှပ်စစ်မီးမရသေးပေ၊ ရွာရှိအိမ်တော်တော်များများမှာ မီးအလင်းရောင်အတွက် ဖယောင်းတိုင်ကိုသာ အားကိုးကြရသည်။ ငွေကြေးတတ်နိုင်သည့်သူများကတော့ ဘက်ထရီအိုးများ၊ အင်ဗာတာများ သုံးတပ်ကြသည်။
ရွာ၏ထုံးစံအတိုင်း အိမ်သာများကို ဟိုးခြံအနောက်ဘက်တွင် တည်ဆောက်ထားတတ်ကြသည်ဖြစ်ရာ ဖိုးသားတို့အိမ်သာမှာလည်း ခြံအနောက်ဘက်စွန်းတွင်တည်ရှိကာ အိမ်နှင့်အတော်လှမ်းလေသည်။ အိမ်သာသွားသည့် လမ်းတွင်လည်း ဝါးရုံပင်များ၊ သစ်ပင်ကြီးများကို ဖြတ်သန်းသွားရသေးသည်။ ဖိုးသားက သရဲမကြောက်တတ်သဖြင့် အိမ်သာကိုတစ်ယောက်တည်းသွားသည်။ ထိုအထိက အကောင်းပင်ဖြစ်သည်။
သို့သော် အိမ်သာတက်နေရင်း အိမ်သာရှေ့တွင် ခြေသံကြားရသည်။ ခြေသံက တရှပ်ရှပ်နှင့်ဖြစ်ပြီး အိမ်သာရှေ့တွင် ခေါက်တုန့်ခေါက်ပြန်သွားလာနေခြင်းဖြစ်သည်။ ဖိုးသားတစ်ယောက် အိမ်သာတက်နေရင်း အတွေးနယ်ချဲ့ရတော့သည်။ မိခင်ဖြစ်သူ၊ ဒါမှမဟုတ် မမကြီးက အိမ်သာတက်ချင်သဖြင့် လိုက်လာခြင်းပေလားဟုတွေးတောကာ အမြန်လက်စသတ်ပြီး အိမ်သာပေါ်မှဆင်းလာခဲ့သည်။
“ဟင်၊ ဘယ်ရောက်သွားပါလိမ့်”
ဖိုးသားအိမ်သာပေါ်မှဆင်းလိုက်သည့်အခါ လူအရိပ်အယောင်ပင်မတွေ့ရပေ၊ လှန့်ပြန်သွားသည်ဆိုပေအုံးတော့ အိမ်သာသွားသည့် လမ်းတွင် လူကိုတွေ့ရမည်ဖြစ်သည်။ ထိုအချိန်အထိ ဖိုးသားမှာ ကြောက်စိတ်မဝင်သေးပေ၊ ဖယောင်းတိုင်မီးကလေးနှင့် အိမ်သာမှပြန်လာပြီး အိမ်ထဲရောက်သည့်အခါ မမကြီးမှာ စာအုပ်တစ်အုပ်ဖတ်နေလေသည်။
“မမကြီး ခုနက အိမ်သာကိုလာသေးလား”
“မလာပါဘူး . . .”
“ဒါဖြင့်ရင် အမေရော”
“အမေက နာရေးအိမ်ဘက်ကူးသွားတယ်၊ သွားပြီးလုပ်ကိုင်ပေးဖို့ထင်ပါ့”
ဖိုးသားစိတ်ထဲ ဒွိဟဖြစ်သွားမိသည်။ ဒါဆို ခုနက အိမ်သာရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လျှောက်နေတာဘယ်သူလဲဆိုသည့်အတွေးဖြစ်သည်။
ထိုညက ဖိုးသားအမေ ဒေါ်၀တုတ်မှာ နာရေးအိမ်တွင် ကူညီနေသဖြင့် ပြန်မလာနိုင်ပေ၊ ညကတဖြည်းဖြည်းနက်လာသည်။ မမကြီးက အိပ်ချင်လာသဖြင့် သူ့အိပ်ခန်းအတွင်းသို့ဝင်သွားသည်။ ဖိုးသားတို့အိမ်တွင် အိပ်ခန်းနှစ်ခန်းရှိရာ တစ်ခန်းက ဖိုးသားအမေအသုံးပြုပြီး ခြေရင်းခန်းကိုတော့ မမကြီးက အသုံးပြုသည်။ ဖိုးသားကတော့ ယောက်ျားလေးမို့ အိမ်ရှေ့ဘုရားခန်းရှေ့တွင် ခြင်ထောင်ထောင်ပြီး အိပ်လေသည်။
ညကတဖြည်းဖြည်းနက်လာသည်။ ဖိုးသားလည်း မှေးခနဲအိပ်ပျော်သွားရာ အိမ်တံခါးအသံကိုကြားလိုက်တော့မှ လန့်နိုးလာခဲ့သည်။ နာရီကိုကြည့်လိုက်တော့ ည ကိုးနာရီခွဲနေပြီဖြစ်သည်။ အိမ်နောက်ဖေးတံခါးက တဝုန်းဝုန်းနှင့် လေတိုက်နေပြီး ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေပုံရသည်။
ဖိုးသားလည်း အိပ်ရာမှထလိုက်ပြီး အိမ်နောက်ဖေးသို့ထွက်ခဲ့သည်။ အိမ်နောက်ဖေးတံခါးမမှာ လေတိုက်သလိုဖြစ်နေပြီး ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေသည်။
“ငါများ ညနေက သေချာမပိတ်ခဲ့မိလို့များလား”
အိမ်နောက်ဖေးတံခါးကိုပိတ်ပြီး ပြန်ထွက်မည်အလုပ်တွင် ဗိုက်ကဆာလာသည်။ ဖိုးသားက အသားလုပ်နေသည့်အရွယ်မို့ ညတစ်ရေးနိုးလည်း ဆာလောင်နေတတ်ရာ သူ့အမေက ဖိုးသားအတွက် ထမင်းဟင်းများကို ချန်ထားပေးတတ်သည်။ မီးဖိုချောင်ထဲတွင် မှောင်မိုက်နေသဖြင့် ဖိုးသားက ဖယောင်းတိုင်မီးလေးပြေးထွန်းလိုက်ပြီးနောက် မီးဖိုချောင်အတွင်းသို့ ဝင်လာခဲ့သည်။
ထမင်းဒန်အိုးထဲမှ ထမင်းများကို စတီးဇလုံထဲသို့ ခူးထည့်လိုက်ပြီး ကြောင်အိမ်ကိုဖွင့်လိုက်ကာ ကြွေပန်းကန်လုံးနှင့်အုပ်ထားသည့် ကြက်သားကြော်များကိုထုတ်လိုက်သည်။ အိမ်ရှေ့သို့မသွားတော့ဘဲ မီးဖိုချောင်အတွင်းမှာပင် စားပွဲဝိုင်းကလေးခင်းလိုက်ပြီး တစ်ယောက်တည်းထမင်းထိုင်စားရန်ပြင်လိုက်သည်။
ထမင်းတစ်လုပ်စားလိုက်သည့်အချိန် သူ့အနားတွင် အလွန်ပုပ်ဟောင်သည့် ညှီစို့စို့အနံကြီးကို ရလိုက်သည်။ ဖိုးသားက နံလွန်းသဖြင့် နှာခေါင်းပိတ်ထားလိုက်သည်။
“ဟာကွာ၊ ငါးပိအိုးက ပုပ်နေပြန်ပြီထင်တယ်”
ဖိုးသားစိတ်တွင် မီးဖိုချောင်အတွင်း ကိုယ်တိုင်ပြုလုပ်ထားသည့်ငါးပိအိုးမှ ငါးများမှာ ပုပ်နေသဖြင့် ပုပ်စော်နံခြင်းဖြစ်မည်ဟုတွေးလိုက်မိသည်။ ထမင်းကိုစားရင်း နှစ်လုပ်မြောက်တွင် ပုပ်စော်က ပိုပြီးဆိုးလာသည်။ ဖိုးသားလည်း တစ်မျိုးစဉ်းစားရပြန်သည်။ သူတို့အိမ်တွင် အိမ်ကြွက်များနေတတ်ရာ အိမ်ကြွက်တစ်ကောင်ကောင်ကို ကြောင်ကဖမ်းယူစားသောက်ပြီး အပိုင်းအစများကျန်နေသဖြင့် ပုပ်နေခြင်းပေလော။
တွေးရင်း တတိယမြောက်ထမင်းလုပ်ကို ပါးစပ်ထဲထိုးထည့်လိုက်သည့်အချိန် သူ့အရှေ့တွင် ပုဆိုးအကွက်ကျဲဝတ်ထားသည့် လူတစ်ဦးလာရပ်သည်ကိုမြင်တွေ့လိုက်ရသည်။ ဖိုးသားလည်း အံ့ဩသွားပြီး မော့ကြည့်လိုက်ရာ နေ့လည်က မြှုပ်ထားသည့် သူ့ဘကြီးဖြစ်သူကိုတွေ့လိုက်ရသဖြင့် ဖိုးသားတစ်ယောက် အလွန်ထိတ်လန့်သွားသည်။
ဘကြီးမျက်နှာကြီးက ပုပ်ပွနေပြီး မျက်လုံးကြီးတွေက အပြင်ကိုပြုတ်ထွက်တော့မတတ် ပြူးကာ ဖောင်းအစ်နေလေသည်။ အသားအရေများက အနက်ရောင်၊ ခပ်ပုပ်ပုပ်ကြီးဖြစ်သည်။ ဖိုးသားအခုမှ တစ်ကိုယ်လုံးတုန်ယင်လာသည်။ သူ့အရှေ့တွင်ရပ်နေသည့် သရဲကြီးကိုကြည့်ရင်း ကြောက်လန့်နေမိသည်။
သူ့ဘကြီးက ဝုန်းခနဲသူ့အရှေ့တွင်ထိုင်ချလိုက်သည်။ အပုပ်နံ့က ပိုပြီးပြင်းထန်လာသည်။ ဘကြီးက သူ့ကိုသေချာကြည့်ရင်း
“မင်းအမေက ငါ့ကိုထမင်းစားဖို့ခေါ်ပြီးတော့ ကျွေးလည်းမကျွေးဘူးကွာ၊ ပေးစမ်း ငါ့ကိုထမင်းပန်းကန်”
ဖောင်းအစ်ပြီးဖောယောင်နေသည့် လူသေလက်ကြီးများဖြင့် ဖိုးသားအရှေ့မှထမင်းပန်းကန်ကိုဆွဲယူလိုက်လေသည်။ ထမင်းစားရန်ပါးစပ်ကိုဟလိုက်သည့်အချိန်တွင် ဘကြီးပါးစပ်အတွင်းမှ လောက်များက တဖွားဖွားနှင့်ကျလာလေသည်။ ဘကြီးကတော့ လောက်များကို ဂရုမထားနိုင်ဘဲ ထမင်းလုပ်ကို လက်တစ်ဆုပ်ကောက်ယူလိုက်ပြီး ပါးစပ်အတွင်းသို့ သွပ်ထည့်လိုက်သည်။ ထို့နောက် ကြက်သားကြော်ကို ပါးစပ်ထဲသို့ တစ်တုံးလုံးပစ်ထည့်လိုက်ပြီး အရိုးများကိုပါ တဂျွတ်ဂျွတ်ဖြင့် ဝါးစားနေလေသည်။
ဖိုးသားလည်း ဘကြီးသရဲထမင်းစားနေသည်ကိုကြည့်ရင်း အလွန်အော်ဂလီဆန်လာကာ အော့အန်ချမိသည်။ နောက်တော့ ဘာမှမစဉ်းစားတော့ဘဲ မီးဖိုချောင်ထဲရှိ ပြတင်းပေါက်ကို အမြန်ဖွင့်လိုက်ကာထိုပြတင်းပေါက်မှတဆင့် လွှားခနဲခုန်ချလိုက်တော့သည်။ ထို့နောက် ပါးစပ်က အသံစုံအော်အော်ဟစ်လျှက် အိမ်ကိုပတ်ပြီး မီးများထိန်လင်းနေသည့် နာရေးအိမ်ဘက်သို့ ပြေးတော့သည်။
“အမေရေ၊ သရဲ . . သရဲကြီးဗျ”
ဖိုးသားရောက်လာပြီး အကြောင်းစုံပြောသဖြင့် ဆွေမျိုးများ ရွာသားများကို စုဆောင်းပြီး ဖိုးသားတို့အိမ်သို့ အားချင်းစုရုံးလိုက်ကြသည်။ ထိုအခါ အိမ်ရှေ့တံခါးမကြီးပွင့်နေသဖြင့် အိမ်ပေါ်သို့ပြေးတက်သွားကြသည်။ မမကြီးက သူ့အခန်းအတွင်း စောင်ကြီးခေါင်းမြီးခြုံပြီး တုန်တုန်ယင်ယင်နှင့် ဖြစ်နေလေရာ မနည်းစကားမေးယူရသည်။
“ဟုတ်တယ်၊ သရဲကြီးတစ်ကောင်က သမီးအခန်းထဲကိုဝင်ပြီးတော့ ခြင်ထောင်ကိုပတ်ပြီးကြည့်နေတာအမေ”
ထို့နောက် ဖိုးသားတွေ့ခဲ့သည့် မီးဖိုခန်းအတွင်းသို့သွားသည့်အခါ ထမင်းပန်းကန်သာရှိပြီး ထမင်းစားပွဲပေါ်မှာရော၊ ထမင်းပန်းကန်အတွင်းမှာပါ ထမင်းစေ့တစ်စေ့ပင်မရှိအောင် တက်တက်စင်အောင်ပြောင်နေလေသည်။
ဒေါ်၀တုတ်လည်း ကြောက်လန့်သွားပြီး တစ်အိမ်လုံးကို ပရိတ်ရည်များဖြင့်ဖြန်းပက်သလို၊ ဖိုးသားတို့ မောင်နှမကိုလည်း ပရိတ်ရည်များတိုက်ကြလေသည်။ သို့သော် ထိုညတော့ သူတို့မအိပ်ရဲတော့ဘဲ အတူတူစကားပြောရင်း ဖြတ်သန်းလိုက်ကြသည်။
ထိုနေ့ညတွင်ပင် ဘကြီး၏ သမီးကြီးက ဘကြီးကို အိပ်မက်မက်သည်ဟုဆိုသည်။ ဘကြီးမှာ အလွန်ဒေါသထွက်နေပြီး ဖိုးသားတွေ့ခဲ့ရသည့်အတိုင်း အဝတ်အစားဆင်တူသည်ဟုဆိုသည်။
“ငါ့ကို ထမင်းစားမယ်လို့ခေါ်ပြီးတော့ ထမင်းမကျွေးလို့ ငါလုစားပစ်တာ၊ ဒီကောင်မကို ငါမကျေနပ်ဘူး”
ဘကြီးသမီးကြီးက အိပ်မက်ထဲတွင် အကြိမ်ကြိမ်တောင်းပန်သည့်အခါမှသာ ဘကြီးက စိတ်ပြေသွားသည်ဟုဆိုသည်။
ဖြစ်နိုင်သည်ကတော့ ဖိုးသားတစ်ယောက် ခြင်းလုံးဆော့ကစားနေချိန်တွင် ဒေါ်၀တုတ်က ဖိုးသားအား ထမင်းစားရန်ခေါ်သည့်အခါ မည်သူမည်ဝါဟု နာမည်မခေါ်ဘဲ၊ လာကြ၊ ထမင်းစားမယ်ဟေ့ဆိုပြီး သာမန်ကာလျှံကာ ခေါ်လိုက်မိသည့်အချိန်တွင် ဘကြီးသရဲကလည်း သူ့အိမ်နားရောက်နေခိုက် သူ့ကိုထမင်းစားခေါ်သည်မှတ်ပြီး လိုက်လာခြင်းဖြစ်မည်ဟု ဖိုးသားကောက်ချက်ချမိသည်။
ထိုအဖြစ်အပျက်များမှာ နှစ်ပေါင်းများစွာကြာသွားခဲ့ပြီဆိုသော်လည်း လူလတ်ပိုင်းဖြစ်နေသည့် ဖိုးသားတစ်ယောက် ထိုကဲ့သို့ ဗမာကြက်ကြော်နှင့် ထမင်းဖြူကို တွေ့မိသည့်အခါ တစ်ချိန်က ထမင်းလုစားဖူးသည့် ဘကြီးဖြစ်သူ သရဲကြီး၏ မျက်နှာကြီးနှင့် အပုပ်နံ့ကြီးကို ပြန်လည်တွေးမိပြီး ယခုတိုင် ထမင်းစားပျက်ဆဲဖြစ်ပါသည်။
ပြီးပါပြီ။
#အဂ္ဂဇော်
Zawgyi Version
” ထမင္းစားပ်က္တဲ့ည “(ျဖစ္ရပ္မွန္)
—————————–
ထမင္းစားရင္းမဖတ္ရ
“ေနာင္ . . . ေဝ . . ေဝ”
ေၾကးစည္ထုသံႀကီးက ေန႔ခင္းအခ်ိန္တြင္ က်ယ္ေလာင္စြာထြက္ေပၚလာသည္။ ကာလသားမ်ားက ပန္းမ်ား၊ ေရာင္စုံအဝတ္စမ်ားျဖင့္ အလွဆင္ျပဳလုပ္ထားသည့္ ေခါင္းတလားႀကီးကို စင္ႀကီးတစ္ခုျဖင့္ထမ္းလာၾကသည္။ ႐ြာျပင္လယ္ကြင္းမ်ားကိုျဖတ္ၿပီး သုႆန္အနီးသို႔ေရာက္သည့္ ေခါင္းတလားကို အေနာက္မွထမ္းသည့္ ကာလာသားမ်ားက ေျခကန္ရပ္လိုက္ၾကၿပီး အေရွ႕ဘက္မွထမ္းသည့္ ကာလသားမ်ားက ေျခစုံပစ္ၿပီးဆြဲၾကေလသည္။ ထိုသည္ကိုပင္ အေလာင္းလုသည္ဟုေခၚၿပီး သူတို႔႐ြာဓေလ့အရ ျပဳလုပ္ေနၾကျဖစ္သည္။
ကာလသားမ်ားမွာ ေသာက္စားထားသျဖင့္ အိုးနင္းခြက္နင္းျဖစ္ၾကကာ အခ်ိဳ႕မွာလဲၿပိဳကုန္ၾကသည္။ ေခါင္းတလားႀကီးမွာလည္း သံ႐ိုက္ထားသျဖင့္ ပြင့္မထြက္သျဖင့္သာ ေတာ္ေသးသည္။ ယိမ္းႏြဲ႕လႈပ္ယမ္းေနၿပီး ျပဳတ္က်ေတာ့မေယာင္ေယာင္ျဖစ္ေနေလသည္။ သုႆန္ႏွင့္ နီးကပ္လာသည့္အခါ သုႆန္တြင္အသင့္ေစာင့္ေနသည့္ ႐ြာသားမ်ားက သစ္ကိုင္းေျခာက္မ်ား၊ ႐ြံ႕ခဲမ်ား၊ ေက်ာက္တုံးမ်ားျဖင့္ အသုဘပို႔လာၾကသူမ်ားကို ပစ္ေပါက္ၾကျပန္သည္။ သုႆန္နံေဘးနားရွိ လယ္ကြက္မ်ားမွ စပါးမ်ားမွာ လူနင္းခံရသျဖင့္ ပ်က္ေတာ့သည္။
ထိုသည္ကား ေဇာင္းခ်မ္းကုန္း႐ြာကေလးတြင္ နာေရးသၿဂိဳဟ္မႈျပဳလုပ္တိုင္း ျမင္ေတြ႕ေနရသည့္ ျမင္ကြင္းတစ္ခုျဖစ္သည္။
ဖိုးသားတစ္ေယာက္ ဘႀကီးျဖစ္သူ၏ နာေရးေျမခ်ပြဲမွ ျပန္လာခဲ့သည္။ ညေန မိုးခ်ဳပ္ေတာ့မည္ျဖစ္သည္။ ဘႀကီးေသဆုံးသည္ဆိုေသာ္လည္း ဖိုးသားတို႔မွာ သိပ္ၿပီးစိတ္ခံစားခ်က္မျဖစ္ေပၚေပ၊ ဘႀကီးတို႔၏ အိမ္မွာ ဖိုးသားတို႔ႏွင့္ ဓါးလြယ္ခုတ္ပုံစံရွိၿပီး အနည္းငယ္လွမ္းသည္။ ဘႀကီးေသဆုံးသြားသျဖင့္ ေဆြမ်ိဳးမ်ားလည္း စုံလင္ေနေလရာ ဖိုးသားလို လူပ်ိဳေပါက္တစ္သိုက္မွာ သူတို႔အိမ္ေရွ႕တြင္ ျခင္းဝိုင္းဖြဲ႕ကာ ျခင္းခတ္ၾကေလသည္။
ေဆြမ်ိဳးမ်ား ျခင္းဝိုင္းခတ္ၾကရင္း ညေနေစာင္းလာခဲ့ကာ မၾကာမီအေမွာင္ထုက ဖုံးလႊမ္းလာေလသည္။ ဘႀကီးအိမ္ေရွ႕တြင္ေတာ့ အသုဘအတြက္ျပင္ဆင္ေနသူမ်ား၊ သတင္းလာေမးသူမ်ား၊ ေဆြမ်ိဳးသားခ်င္းမ်ားႏွင့္ စည္ကားေနေလသည္။ ထိုအခ်ိန္တြင္ ဖိုးသားအေမ ေဒၚ၀တုတ္က အိမ္ထဲမွထြက္လာၿပီး ၿခံအျပင္႐ြာလမ္းမေပၚတြင္ ျခင္းခတ္ေနသည့္ ဖိုးသားကိုၾကည့္လိုက္ကာ
“လာေဟ့၊ ညေနစာ စားရေအာင္ လာခဲ့ေတာ့”
ေဒၚ၀တုတ္က ဖိုးသားကိုလက္ယပ္ေခၚသျဖင့္ ဖိုးသားမွာ ျခင္းဝိုင္းမွထြက္ၿပီး ၿခံထဲသို႔ေျပးဝင္လာခဲ့သည္။ ဖိုးသားမရွိေတာ့သျဖင့္ ျခင္းဝိုင္းမွာလည္းပ်က္သြားေလသည္။ ဖိုးသားက ၿခံထဲသို႔ဝင္လာၿပီး အိမ္ေျခရင္းဘက္တြင္ရွိေသာ ေရကျပင္တြင္ ေျခလက္ေဆးေနလိုက္သည္။ ထိုအခိုက္ လူႀကီးတစ္ဦးကၿခံအျပင္မွ ဝင္လာကာ အိမ္ေပၚသို႔တက္သြားသည္ကို ဖတ္ခနဲျမင္ေတြ႕လိုက္ရသည္။ ဖိုးသားတို႔အိမ္က သစ္သားျဖင့္ေဆာက္ထားသည့္ တစ္ထပ္အိမ္ျဖစ္ၿပီး အိမ္ေပၚသို႔ ေလွကားသုံးထစ္ခန႔္တက္ရေလသည္။
ဖိုးသားလည္း ေျခလက္ေဆးၿပီး အိမ္ေပၚတက္လိုက္ရာ အိမ္ေရွ႕တြင္ထမင္းဝိုင္းျပင္ထားသည္ကိုေတြ႕ရၿပီး သူ႔အမႀကီးက ထမင္းပန္းကန္မ်ားအတြင္းသို႔ ထမင္းမ်ားခူးခပ္ေနေလသည္။
“ဖိုးသားတို႔မ်ား လူပ်ိဳျဖစ္ေနၿပီ အေဆာ့မရပ္ေသးဘူးလား၊ ေဆာ့ရမယ္ဆိုလို႔ကေတာ့ ထမင္းေမ့၊ ဟင္းေမ့နဲ႔”
ဖိုးသား၏ အမျဖစ္သူ မႏွင္းက ထမင္းပန္းကန္ထဲသို႔ ထမင္းမ်ားခူးထည့္ေနရင္းေျပာဆိုလိုက္ေလရာ ဖိုးသားကလည္း ထမင္းစားပြဲဝိုင္းတြင္ ဝင္ထိုင္လိုက္ၿပီး
“ဟာ၊ မမႀကီးကလည္း၊ သားက အခုမွ ရွစ္တန္းပဲရွိေသးတာ၊ ေဆာ့အုံးမွာေပါ့”
ထိုအခါ အိမ္ေနာက္ေဖးမွ မိခင္ျဖစ္သူ ေဒၚ၀တုတ္က လက္ေဆးေရထည့္ထားသည့္ ေကာ္ဇလုံကေလးကိုင္လာၿပီး ထြက္လာေလသည္။
“ေဆာ့တာလဲ ေဆာ့တာေပါ့သားရယ္၊ မင္းဟာက ထမင္းေမ့ဟင္းေမ့နဲ႔၊ ထမင္းစားဖို႔ေတာင္ လိုက္ေခၚေနရတယ္ဆိုရင္ မဟုတ္ေသးဘူးေနာ္”
ဖိုးသားလည္း မိခင္ခ်ေပးသည့္ လက္ေဆးရည္ခြက္အတြင္းသို႔ ညာဖက္လက္ကိုႏွစ္လိုက္ၿပီး ပြတ္ေဆးေနရင္း အိမ္ေနာက္ေဖးကိုတစ္ခ်က္ကဲၾကည့္လိုက္ကာ
“ဒါနဲ႔အေမ၊ ခုနက အိမ္ေပၚတက္လာတာ ဘယ္သူလဲ”
ေဒၚ၀တုတ္ေရာ၊ အမႀကီးမႏွင္းေရာ ဖိုးသားကို အံ့ဩစြာျဖင့္ၾကည့္ေနေလသည္။
“ဟဲ့ ဘယ္သူလာလို႔လဲ”
“ဟာဗ်ာ၊ သားေျခလက္ေဆးေနရင္း ေယာက္်ားႀကီးတစ္ေယာက္ အိမ္ေပၚကိုတက္သြားတာကို ရိပ္ခနဲလွမ္းျမင္လိုက္ရပါတယ္”
“ေပါက္ေပါက္ရွာရွာေျပာေတာ့မယ္ဖိုးသားရယ္၊ ငါဒီမွာထိုင္ၿပီး ထမင္းပြဲျပင္ေနတာပါဟဲ့၊ ဘယ္သူမွ မတက္လာပါဘူး”
မမႀကီးက ေျပာလိုက္ေတာ့မွ ဖိုးသားလည္း ဘာမွဆက္မေျပာေတာ့ဘဲ ထမင္းပန္းကန္အတြင္းသို႔ လက္ႏႈိက္လိုက္ေလသည္။ မိခင္ျဖစ္သူ ေဒၚ၀တုတ္က ဖိုးသားပန္းကန္ထဲသို႔ ဟင္းမ်ားခပ္ထည့္ေပးသည္။
“ေဟာဒါက ငါ့သားႀကိဳက္တဲ့ ဘဲဥခ်ဥ္ရည္ဟင္း၊ ေဟာဒါကေတာ့ ဗမာၾကက္ေၾကာ္”
အေမထည့္ေပးသည့္ဟင္းမ်ားျဖင့္ ဖိုးသားတစ္ေယာက္ ထမင္းကို အားရပါးရစားေတာ့သည္။ လူပ်ိဳေပါက္အ႐ြယ္ကလည္းျဖစ္ တက္လူကလည္းျဖစ္သည္မို႔ ထမင္းႏွစ္ပန္းကန္ေမာက္ေမာက္ကုန္ေတာ့မွ ဖိုးသားဗိုက္၀သည္။ ဖိုးသားက ထမင္းစားရာတြင္ ဘဲဥဟင္းကိုသာ စားေနၿပီး ၾကက္သားေၾကာ္ခြက္ကို မႏႈိက္သျဖင့္ အမျဖစ္သူက ေမးေတာ့သည္။
“ဟဲ့ဖိုးသား၊ ဘဲဥနဲ႔ခ်ည္းစားမေနနဲ႔၊ ၾကက္ေၾကာ္လဲစားပါအုံး”
“ဟာ၊ မမႀကီးကလည္း အခုတစ္နပ္က ဘဲဥနဲ႔စားတာ၊ ေနာက္တစ္နပ္က်ေတာ့ ၾကက္ေၾကာ္နဲ႔စားမွာေပါ့”
“အမယ္ေလးေတာ္၊ နင္က အႀကံနဲ႔ကိုးဖိုးသားရဲ႕”
သူတို႔ထမင္းစားေနစဥ္ အိမ္ေနာက္ေဖးမွ အိုးသံခြက္သံမ်ားကိုၾကားလိုက္ရသည္။ မမႀကီးေရာ၊ အေမကေရာ ဖိုးသားကိုၾကည့္လိုက္သျဖင့္ ဖိုးသားက လက္ကိုပင္မေဆးေတာ့ဘဲ အိမ္ေနာက္ေဖးမီးဖိုေခ်ာင္သို႔ဝင္လာခဲ့သည္။
“သြားစမ္း၊ ဘယ္က ေၾကာင္သူခိုးဝင္တာလဲ”
ဖိုးသားက ေအာ္ေငါက္လိုက္ေသာ္လည္း ေၾကာင္ကိုအရိပ္အေယာင္ပင္မေတြ႕ရ၊ မီးဖိုေခ်ာင္မွာ တံခါးမ်ားလုံေနေအာင္ပိတ္ထားသျဖင့္ ဝင္ေပါက္မရွိေပ၊ ထို႔အျပင္ ဖေယာင္းတိုင္မထြန္းထားသျဖင့္ အေမွာင္က်ေနေလသည္။ ဖိုးသားလည္း ေခါင္းကုပ္ၿပီး အိမ္ေရွ႕သို႔ထြက္လာခဲ့သည္။
“ေၾကာင္လည္းမေတြ႕ဘူးအေမ”
“ဪ၊ ဒါက ျဖစ္တတ္ပါတယ္၊ တစ္ခါတစ္ေလ အိုးေတြခြက္ေတြေမွာက္ရင္း အံမက်ရင္လည္း သူ႔အလိုလိုျဖစ္တတ္တာပဲ၊ စိတ္ထဲမထားနဲ႔”
ဖိုးသားက ထမင္းစားၿပီး ဗိုက္နာလာသည္။ ထို႔ေၾကာင့္ ဖေယာင္းတိုင္မီးတစ္တိုင္ယူၿပီး အိမ္သာဆီသို႔ဆင္းလာခဲ့သည္။ ထိုအခ်ိန္က သူတို႔႐ြာကေလးတြင္ လွ်ပ္စစ္မီးမရေသးေပ၊ ႐ြာရွိအိမ္ေတာ္ေတာ္မ်ားမ်ားမွာ မီးအလင္းေရာင္အတြက္ ဖေယာင္းတိုင္ကိုသာ အားကိုးၾကရသည္။ ေငြေၾကးတတ္ႏိုင္သည့္သူမ်ားကေတာ့ ဘက္ထရီအိုးမ်ား၊ အင္ဗာတာမ်ား သုံးတပ္ၾကသည္။
႐ြာ၏ထုံးစံအတိုင္း အိမ္သာမ်ားကို ဟိုးၿခံအေနာက္ဘက္တြင္ တည္ေဆာက္ထားတတ္ၾကသည္ျဖစ္ရာ ဖိုးသားတို႔အိမ္သာမွာလည္း ၿခံအေနာက္ဘက္စြန္းတြင္တည္ရွိကာ အိမ္ႏွင့္အေတာ္လွမ္းေလသည္။ အိမ္သာသြားသည့္ လမ္းတြင္လည္း ဝါး႐ုံပင္မ်ား၊ သစ္ပင္ႀကီးမ်ားကို ျဖတ္သန္းသြားရေသးသည္။ ဖိုးသားက သရဲမေၾကာက္တတ္သျဖင့္ အိမ္သာကိုတစ္ေယာက္တည္းသြားသည္။ ထိုအထိက အေကာင္းပင္ျဖစ္သည္။
သို႔ေသာ္ အိမ္သာတက္ေနရင္း အိမ္သာေရွ႕တြင္ ေျခသံၾကားရသည္။ ေျခသံက တရွပ္ရွပ္ႏွင့္ျဖစ္ၿပီး အိမ္သာေရွ႕တြင္ ေခါက္တုန႔္ေခါက္ျပန္သြားလာေနျခင္းျဖစ္သည္။ ဖိုးသားတစ္ေယာက္ အိမ္သာတက္ေနရင္း အေတြးနယ္ခ်ဲ႕ရေတာ့သည္။ မိခင္ျဖစ္သူ၊ ဒါမွမဟုတ္ မမႀကီးက အိမ္သာတက္ခ်င္သျဖင့္ လိုက္လာျခင္းေပလားဟုေတြးေတာကာ အျမန္လက္စသတ္ၿပီး အိမ္သာေပၚမွဆင္းလာခဲ့သည္။
“ဟင္၊ ဘယ္ေရာက္သြားပါလိမ့္”
ဖိုးသားအိမ္သာေပၚမွဆင္းလိုက္သည့္အခါ လူအရိပ္အေယာင္ပင္မေတြ႕ရေပ၊ လွန႔္ျပန္သြားသည္ဆိုေပအုံးေတာ့ အိမ္သာသြားသည့္ လမ္းတြင္ လူကိုေတြ႕ရမည္ျဖစ္သည္။ ထိုအခ်ိန္အထိ ဖိုးသားမွာ ေၾကာက္စိတ္မဝင္ေသးေပ၊ ဖေယာင္းတိုင္မီးကေလးႏွင့္ အိမ္သာမွျပန္လာၿပီး အိမ္ထဲေရာက္သည့္အခါ မမႀကီးမွာ စာအုပ္တစ္အုပ္ဖတ္ေနေလသည္။
“မမႀကီး ခုနက အိမ္သာကိုလာေသးလား”
“မလာပါဘူး . . .”
“ဒါျဖင့္ရင္ အေမေရာ”
“အေမက နာေရးအိမ္ဘက္ကူးသြားတယ္၊ သြားၿပီးလုပ္ကိုင္ေပးဖို႔ထင္ပါ့”
ဖိုးသားစိတ္ထဲ ဒြိဟျဖစ္သြားမိသည္။ ဒါဆို ခုနက အိမ္သာေရွ႕မွာ ေခါက္တုန႔္ေခါက္ျပန္ေလွ်ာက္ေနတာဘယ္သူလဲဆိုသည့္အေတြးျဖစ္သည္။
ထိုညက ဖိုးသားအေမ ေဒၚ၀တုတ္မွာ နာေရးအိမ္တြင္ ကူညီေနသျဖင့္ ျပန္မလာႏိုင္ေပ၊ ညကတျဖည္းျဖည္းနက္လာသည္။ မမႀကီးက အိပ္ခ်င္လာသျဖင့္ သူ႔အိပ္ခန္းအတြင္းသို႔ဝင္သြားသည္။ ဖိုးသားတို႔အိမ္တြင္ အိပ္ခန္းႏွစ္ခန္းရွိရာ တစ္ခန္းက ဖိုးသားအေမအသုံးျပဳၿပီး ေျခရင္းခန္းကိုေတာ့ မမႀကီးက အသုံးျပဳသည္။ ဖိုးသားကေတာ့ ေယာက္်ားေလးမို႔ အိမ္ေရွ႕ဘုရားခန္းေရွ႕တြင္ ျခင္ေထာင္ေထာင္ၿပီး အိပ္ေလသည္။
ညကတျဖည္းျဖည္းနက္လာသည္။ ဖိုးသားလည္း ေမွးခနဲအိပ္ေပ်ာ္သြားရာ အိမ္တံခါးအသံကိုၾကားလိုက္ေတာ့မွ လန႔္ႏိုးလာခဲ့သည္။ နာရီကိုၾကည့္လိုက္ေတာ့ ည ကိုးနာရီခြဲေနၿပီျဖစ္သည္။ အိမ္ေနာက္ေဖးတံခါးက တဝုန္းဝုန္းႏွင့္ ေလတိုက္ေနၿပီး ပိတ္လိုက္ဖြင့္လိုက္ျဖစ္ေနပုံရသည္။
ဖိုးသားလည္း အိပ္ရာမွထလိုက္ၿပီး အိမ္ေနာက္ေဖးသို႔ထြက္ခဲ့သည္။ အိမ္ေနာက္ေဖးတံခါးမမွာ ေလတိုက္သလိုျဖစ္ေနၿပီး ပိတ္လိုက္ဖြင့္လိုက္ျဖစ္ေနသည္။
“ငါမ်ား ညေနက ေသခ်ာမပိတ္ခဲ့မိလို႔မ်ားလား”
အိမ္ေနာက္ေဖးတံခါးကိုပိတ္ၿပီး ျပန္ထြက္မည္အလုပ္တြင္ ဗိုက္ကဆာလာသည္။ ဖိုးသားက အသားလုပ္ေနသည့္အ႐ြယ္မို႔ ညတစ္ေရးႏိုးလည္း ဆာေလာင္ေနတတ္ရာ သူ႔အေမက ဖိုးသားအတြက္ ထမင္းဟင္းမ်ားကို ခ်န္ထားေပးတတ္သည္။ မီးဖိုေခ်ာင္ထဲတြင္ ေမွာင္မိုက္ေနသျဖင့္ ဖိုးသားက ဖေယာင္းတိုင္မီးေလးေျပးထြန္းလိုက္ၿပီးေနာက္ မီးဖိုေခ်ာင္အတြင္းသို႔ ဝင္လာခဲ့သည္။
ထမင္းဒန္အိုးထဲမွ ထမင္းမ်ားကို စတီးဇလုံထဲသို႔ ခူးထည့္လိုက္ၿပီး ေၾကာင္အိမ္ကိုဖြင့္လိုက္ကာ ေႂကြပန္းကန္လုံးႏွင့္အုပ္ထားသည့္ ၾကက္သားေၾကာ္မ်ားကိုထုတ္လိုက္သည္။ အိမ္ေရွ႕သို႔မသြားေတာ့ဘဲ မီးဖိုေခ်ာင္အတြင္းမွာပင္ စားပြဲဝိုင္းကေလးခင္းလိုက္ၿပီး တစ္ေယာက္တည္းထမင္းထိုင္စားရန္ျပင္လိုက္သည္။
ထမင္းတစ္လုပ္စားလိုက္သည့္အခ်ိန္ သူ႔အနားတြင္ အလြန္ပုပ္ေဟာင္သည့္ ညႇီစို႔စို႔အနံႀကီးကို ရလိုက္သည္။ ဖိုးသားက နံလြန္းသျဖင့္ ႏွာေခါင္းပိတ္ထားလိုက္သည္။
“ဟာကြာ၊ ငါးပိအိုးက ပုပ္ေနျပန္ၿပီထင္တယ္”
ဖိုးသားစိတ္တြင္ မီးဖိုေခ်ာင္အတြင္း ကိုယ္တိုင္ျပဳလုပ္ထားသည့္ငါးပိအိုးမွ ငါးမ်ားမွာ ပုပ္ေနသျဖင့္ ပုပ္ေစာ္နံျခင္းျဖစ္မည္ဟုေတြးလိုက္မိသည္။ ထမင္းကိုစားရင္း ႏွစ္လုပ္ေျမာက္တြင္ ပုပ္ေစာ္က ပိုၿပီးဆိုးလာသည္။ ဖိုးသားလည္း တစ္မ်ိဳးစဥ္းစားရျပန္သည္။ သူတို႔အိမ္တြင္ အိမ္ႂကြက္မ်ားေနတတ္ရာ အိမ္ႂကြက္တစ္ေကာင္ေကာင္ကို ေၾကာင္ကဖမ္းယူစားေသာက္ၿပီး အပိုင္းအစမ်ားက်န္ေနသျဖင့္ ပုပ္ေနျခင္းေပေလာ။
ေတြးရင္း တတိယေျမာက္ထမင္းလုပ္ကို ပါးစပ္ထဲထိုးထည့္လိုက္သည့္အခ်ိန္ သူ႔အေရွ႕တြင္ ပုဆိုးအကြက္က်ဲဝတ္ထားသည့္ လူတစ္ဦးလာရပ္သည္ကိုျမင္ေတြ႕လိုက္ရသည္။ ဖိုးသားလည္း အံ့ဩသြားၿပီး ေမာ့ၾကည့္လိုက္ရာ ေန႔လည္က ျမႇဳပ္ထားသည့္ သူ႔ဘႀကီးျဖစ္သူကိုေတြ႕လိုက္ရသျဖင့္ ဖိုးသားတစ္ေယာက္ အလြန္ထိတ္လန႔္သြားသည္။
ဘႀကီးမ်က္ႏွာႀကီးက ပုပ္ပြေနၿပီး မ်က္လုံးႀကီးေတြက အျပင္ကိုျပဳတ္ထြက္ေတာ့မတတ္ ျပဴးကာ ေဖာင္းအစ္ေနေလသည္။ အသားအေရမ်ားက အနက္ေရာင္၊ ခပ္ပုပ္ပုပ္ႀကီးျဖစ္သည္။ ဖိုးသားအခုမွ တစ္ကိုယ္လုံးတုန္ယင္လာသည္။ သူ႔အေရွ႕တြင္ရပ္ေနသည့္ သရဲႀကီးကိုၾကည့္ရင္း ေၾကာက္လန႔္ေနမိသည္။
သူ႔ဘႀကီးက ဝုန္းခနဲသူ႔အေရွ႕တြင္ထိုင္ခ်လိုက္သည္။ အပုပ္နံ႔က ပိုၿပီးျပင္းထန္လာသည္။ ဘႀကီးက သူ႔ကိုေသခ်ာၾကည့္ရင္း
“မင္းအေမက ငါ့ကိုထမင္းစားဖို႔ေခၚၿပီးေတာ့ ေကြၽးလည္းမေကြၽးဘူးကြာ၊ ေပးစမ္း ငါ့ကိုထမင္းပန္းကန္”
ေဖာင္းအစ္ၿပီးေဖာေယာင္ေနသည့္ လူေသလက္ႀကီးမ်ားျဖင့္ ဖိုးသားအေရွ႕မွထမင္းပန္းကန္ကိုဆြဲယူလိုက္ေလသည္။ ထမင္းစားရန္ပါးစပ္ကိုဟလိုက္သည့္အခ်ိန္တြင္ ဘႀကီးပါးစပ္အတြင္းမွ ေလာက္မ်ားက တဖြားဖြားႏွင့္က်လာေလသည္။ ဘႀကီးကေတာ့ ေလာက္မ်ားကို ဂ႐ုမထားႏိုင္ဘဲ ထမင္းလုပ္ကို လက္တစ္ဆုပ္ေကာက္ယူလိုက္ၿပီး ပါးစပ္အတြင္းသို႔ သြပ္ထည့္လိုက္သည္။ ထို႔ေနာက္ ၾကက္သားေၾကာ္ကို ပါးစပ္ထဲသို႔ တစ္တုံးလုံးပစ္ထည့္လိုက္ၿပီး အ႐ိုးမ်ားကိုပါ တဂြၽတ္ဂြၽတ္ျဖင့္ ဝါးစားေနေလသည္။
ဖိုးသားလည္း ဘႀကီးသရဲထမင္းစားေနသည္ကိုၾကည့္ရင္း အလြန္ေအာ္ဂလီဆန္လာကာ ေအာ့အန္ခ်မိသည္။ ေနာက္ေတာ့ ဘာမွမစဥ္းစားေတာ့ဘဲ မီးဖိုေခ်ာင္ထဲရွိ ျပတင္းေပါက္ကို အျမန္ဖြင့္လိုက္ကာထိုျပတင္းေပါက္မွတဆင့္ လႊားခနဲခုန္ခ်လိုက္ေတာ့သည္။ ထို႔ေနာက္ ပါးစပ္က အသံစုံေအာ္ေအာ္ဟစ္လွ်က္ အိမ္ကိုပတ္ၿပီး မီးမ်ားထိန္လင္းေနသည့္ နာေရးအိမ္ဘက္သို႔ ေျပးေတာ့သည္။
“အေမေရ၊ သရဲ . . သရဲႀကီးဗ်”
ဖိုးသားေရာက္လာၿပီး အေၾကာင္းစုံေျပာသျဖင့္ ေဆြမ်ိဳးမ်ား ႐ြာသားမ်ားကို စုေဆာင္းၿပီး ဖိုးသားတို႔အိမ္သို႔ အားခ်င္းစု႐ုံးလိုက္ၾကသည္။ ထိုအခါ အိမ္ေရွ႕တံခါးမႀကီးပြင့္ေနသျဖင့္ အိမ္ေပၚသို႔ေျပးတက္သြားၾကသည္။ မမႀကီးက သူ႔အခန္းအတြင္း ေစာင္ႀကီးေခါင္းၿမီးၿခဳံၿပီး တုန္တုန္ယင္ယင္ႏွင့္ ျဖစ္ေနေလရာ မနည္းစကားေမးယူရသည္။
“ဟုတ္တယ္၊ သရဲႀကီးတစ္ေကာင္က သမီးအခန္းထဲကိုဝင္ၿပီးေတာ့ ျခင္ေထာင္ကိုပတ္ၿပီးၾကည့္ေနတာအေမ”
ထို႔ေနာက္ ဖိုးသားေတြ႕ခဲ့သည့္ မီးဖိုခန္းအတြင္းသို႔သြားသည့္အခါ ထမင္းပန္းကန္သာရွိၿပီး ထမင္းစားပြဲေပၚမွာေရာ၊ ထမင္းပန္းကန္အတြင္းမွာပါ ထမင္းေစ့တစ္ေစ့ပင္မရွိေအာင္ တက္တက္စင္ေအာင္ေျပာင္ေနေလသည္။
ေဒၚ၀တုတ္လည္း ေၾကာက္လန႔္သြားၿပီး တစ္အိမ္လုံးကို ပရိတ္ရည္မ်ားျဖင့္ျဖန္းပက္သလို၊ ဖိုးသားတို႔ ေမာင္ႏွမကိုလည္း ပရိတ္ရည္မ်ားတိုက္ၾကေလသည္။ သို႔ေသာ္ ထိုညေတာ့ သူတို႔မအိပ္ရဲေတာ့ဘဲ အတူတူစကားေျပာရင္း ျဖတ္သန္းလိုက္ၾကသည္။
ထိုေန႔ညတြင္ပင္ ဘႀကီး၏ သမီးႀကီးက ဘႀကီးကို အိပ္မက္မက္သည္ဟုဆိုသည္။ ဘႀကီးမွာ အလြန္ေဒါသထြက္ေနၿပီး ဖိုးသားေတြ႕ခဲ့ရသည့္အတိုင္း အဝတ္အစားဆင္တူသည္ဟုဆိုသည္။
“ငါ့ကို ထမင္းစားမယ္လို႔ေခၚၿပီးေတာ့ ထမင္းမေကြၽးလို႔ ငါလုစားပစ္တာ၊ ဒီေကာင္မကို ငါမေက်နပ္ဘူး”
ဘႀကီးသမီးႀကီးက အိပ္မက္ထဲတြင္ အႀကိမ္ႀကိမ္ေတာင္းပန္သည့္အခါမွသာ ဘႀကီးက စိတ္ေျပသြားသည္ဟုဆိုသည္။
ျဖစ္ႏိုင္သည္ကေတာ့ ဖိုးသားတစ္ေယာက္ ျခင္းလုံးေဆာ့ကစားေနခ်ိန္တြင္ ေဒၚ၀တုတ္က ဖိုးသားအား ထမင္းစားရန္ေခၚသည့္အခါ မည္သူမည္ဝါဟု နာမည္မေခၚဘဲ၊ လာၾက၊ ထမင္းစားမယ္ေဟ့ဆိုၿပီး သာမန္ကာလွ်ံကာ ေခၚလိုက္မိသည့္အခ်ိန္တြင္ ဘႀကီးသရဲကလည္း သူ႔အိမ္နားေရာက္ေနခိုက္ သူ႔ကိုထမင္းစားေခၚသည္မွတ္ၿပီး လိုက္လာျခင္းျဖစ္မည္ဟု ဖိုးသားေကာက္ခ်က္ခ်မိသည္။
ထိုအျဖစ္အပ်က္မ်ားမွာ ႏွစ္ေပါင္းမ်ားစြာၾကာသြားခဲ့ၿပီဆိုေသာ္လည္း လူလတ္ပိုင္းျဖစ္ေနသည့္ ဖိုးသားတစ္ေယာက္ ထိုကဲ့သို႔ ဗမာၾကက္ေၾကာ္ႏွင့္ ထမင္းျဖဴကို ေတြ႕မိသည့္အခါ တစ္ခ်ိန္က ထမင္းလုစားဖူးသည့္ ဘႀကီးျဖစ္သူ သရဲႀကီး၏ မ်က္ႏွာႀကီးႏွင့္ အပုပ္နံ႔ႀကီးကို ျပန္လည္ေတြးမိၿပီး ယခုတိုင္ ထမင္းစားပ်က္ဆဲျဖစ္ပါသည္။
ၿပီးပါၿပီ။
#အဂၢေဇာ္