Unicode Version
” ရွှေနံ့သာစံအိမ်မှ သရဲမောင်နှမ”(စ/ဆုံး)
————————————————
ရန်ကုန်မြို့မှနေ၍ မိုင်ငါးဆယ်နီးပါးဝေးသော
ပဲခူးမြို့စွန်မှာ ပေနှစ်ရာပတ်လည်ခန့်ရှိ ခြံကြီး
အတွင်းမှ အနှစ်တစ်ရာဝန်းကျင် သက်တမ်း
ရှိသည့် ရှေးဟောင်းအိမ်ကြီးတစ်လုံး ရှိသည်။
အိမ်ကြီးကို ရွှေနံ့သာစံအိမ်ဟု အမည်ပေးထား
သည်။ ဆိုင်းဘုတ်ကလည်း ဆွေးမြည့်ပြီး စာ
လုံးပင်မပေါ်တော့။ ပိုင်ရှင်က ရန်ကုန်မှာ နေ
ကြသည်။ အမွေဆိုင်အိမ်ကြီးဖြစ်၍ ပြုပြင်
ရောင်းချခြင်း မပြု။
လူနေထိုင်ခြင်း မရှိပေမဲ့၊ သရဲမောင်နှမက
တော့ မကျွတ်မလွတ်ဘဲ ရှိနေသည်။ ထိုသ
ရဲမောင်နှမကြောင့် နောက်ထပ် သရဲသုံး
ကောင် ထပ်တိုးခဲ့သည်။ အားလုံး တစ်မ
အေ တစ်ဖအေ မွေးချင်းငါးယောက်ဖြစ်
ပေသည်။ ရွှေနံ့သာစံအိမ်ကြီးမှာ ကြီးစိုး
နေကြသော သရဲမောင်နှမ တစ်စုကြောင့်
အိမ်ကြီးကို စိတ်ဝင်စားမည့်သူ၊ ဝယ်ယူ
ပြုပြင်မည့်သူ မရှိခြင်းပင်ဖြစ်သည်။
လွန်ခဲ့သော နှစ် ၅၀ခန့်က အိမ်ကြီးကို
နောက်ဆုံးမျိုးဆက်ဖြစ်သွားခဲ့သည်။ ဤ
အိမ်မှာ မနေကြသော မြေးမြစ်များက
လက်ရှိ အိမ်ကြီးကို ပိုင်ဆိုင်ထားသည်။
နောက်ဆုံးမျိုးဆက်အဖြစ် နေထိုင်ခဲ့သော
အိမ်ကြီးရှင်က ဦးစံဖေ၊ ဒေါ်နန်းသူဇာတို့
ပင် ဖြစ်သည်။ ထိုအချိန် သားနှစ်ယောက်
နှင့် သမီးတစ်ယောက်က ရန်ကုန်မြို့မှာ
လုပ်ငန်းကိုယ်စီ အိမ်ထောင်အသီးသီး
ကျကာ အိမ်နှင့်ခြံနှင့် အခြေတကျ ရှိ
နေကြသည်။
ရွှေနံ့သာစံအိမ်ကြီးမှာ ဒေါ်နန်းသူဇာနှင့်
စတုတ္ထမြောက်သား၊ အငယ်ဆုံးသမီးတစ်
ယောက်တို့ အတူနေထိုင်ကြသည်။ အိမ်
ထောင်မရှိသေးချေ။ ဖခင်ကြီး ဦးစံဖေက
သားသမီးများ အိမ်ထောင်မကျခင် ငါးနှစ်
ခန့်အလိုပင် လူကြီးရောဂါနှင့် သေဆုံးသွား
ခဲ့သည်။ အငယ်ဆုံးသမီးလေး အေးသူဇာ
က အောက်ပိုင်းမသန်၍ ဝှီးချဲပေါ် ထိုင်နေ
ရသူ ဖြစ်သည်။
အကြီးဆုံးသားက ဦးအောင်ဝင်း အသက်
(၅၃)နှစ်၊ ဒုတိယသား ဦးနိုင်လင်း အသက်
(၄၉)နှစ်၊ တတိယသမီး ဒေါ်နန်းသီရိက
အသက် (၄၅)နှစ်ရှိပြီး၊ စတုတ္ထသား ကျော်
ထွန်းက အသက် (၄၀)နှစ်၊ အငယ်ဆုံး
အေးသူဇာက (၃၅)နှစ်ရှိပြီဖြစ်သည်။
ရန်ကုန်မှာရှိသော သားကြီး၊ သမီးကြီးမိသား
စုတို့က တစ်နှစ်တစ်ခါ မိခင်ကြီးကို ကန်တော့
ရန် ရောက်လာတတ်ပြီး ကျန်အချိန်များ ရောက်
လာခြင်း မရှိကြ။ လူကြီးများက ရွှေနံ့သာအိမ်
သို့ အသွားအလာ နည်းသည့်အတွက် ဒေါ်နန်း
သူဇာအား မြေးများက ရင်းရင်းနှီးနှီး မရှိကြပေ။
ဒေါ်နန်းသူဇာကလည်း အသက်(၇၂)နှစ်ရှိ
ပေမဲ့ တစ်ခါမှ ဆေးရုံတက်ရခြင်းမရှိ။ သို့
ကြောင့် ကြာလေ မိသားစု အနေစိမ်းလာ
သည်။ ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ရွှေနံ့သာစံ
အိမ်ကြီးအား ရန်ကုန်ရောက် သားသမီးများ
က ရောင်းစေချင်သည်။ အမေ မသေခင်
အမွေခွဲစေချင်သည်။ ထို့ပြင် မိခင်၊ ဖခင်တို့
ပိုင် အတွင်းပစ္စည်းများကလည်း ယွန်းသေ
တ္တလေးတစ်လုံး အပြည့်ရှိသည်။
အိမ်ထောင်ပြုသူ သားသမီးများကို တစ်ဆင်
စာစီ ပေးလိုက်ရုံမှလွဲပြီး မည်သူတို့ကိုမှ ရွှေ
ငွေရတနာတို့ ခွဲဝေပေးခြင်း မရှိ။ အဘိုးအဘွား
များက ကျောက်တွင်းသူဋ္ဌေးများဖြစ်သည်။ အ
ဘိုး အဘွားတို့က ဒေါ်နန်းသူဇာအား ရှိသမျှ
ရွှေငွေရတနာအားလုံး အမွေပေးခဲ့သည်။
ထိုရတနာများ မိခင်ကြီးထံမှာ အများအပြားရှိ
သည်ကို သိထားကြသည့်အတွက် သူတို့၏
မကျေနပ်ချက်ကိုသိအောင် အသွားအလာ
မလုပ်ခြင်းဖြစ်သည်။ ထို့ပြင် ရန်ကုန်ရှိ မောင်
နှမသုံးယောက်က ပဲခူးမှာ မိခင်ကြီးနှင့်အတူ
နေထိုင်သည့် မောင်နှမနှစ်ယောက် မိခင်ကြီး
မရှိတော့သည့်နောက်ပိုင်း အိမ်ထောင်မပြုဘဲ
ဆက်လက်နေထိုင်သွားပါက ထိုအမွေကို
သူတို့ရရန် မလွယ်တော့ဟု ထင်နေကြသည်။
အိမ်နှင့် ခြံမရလျှင် ရှိစေတော့ မိခင်လက်မှာ
ကျန်ခဲ့သော ရွှေငွေရတနာ ကျောက်သံပတ္တမြား
တို့ မောင်နှမနှစ်ယောက် ရသွားမှာကို မလိုလား
ကြချေ။ မိခင်ကြီးကို အားလုံးက ချစ်ကြောက်
ရိုသေကြသည်ဖြစ်၍ အမွေကိစ္စကို မည်သူကမှ
စကား မစ၊ မိခင်ကြီး၏ အရိပ်အခြေကိုသာ
စောင့်ကြည့်နားစွင့်နေကြသည်။
ထိုသို့နေလာရင်း ဒေါ်နန်းသူဇာ (၇၃)နှစ်အ
ရောက် ရုတ်တရက် သေဆုံးသွားခဲ့သည်။
ရန်ကုန်က မိသားစုသုံးစုလည်း နာရေးသို့
ရောက်လာသည်။ ရွှေငွေရတနာများကိစ္စ
မည်သို့ စီစဉ်ခဲ့သည်ကို သိလိုနေကြသည်။
မိခင်ကြီး အသုဘရက်မလည်ခင် ငါးရက်
မြောက်ညမှာ တွန်းလှည်းနှင့် သွားလာနေ
ရသော အေးသူဇာလည်း လှေကားထိပ်မှ
တွန်းလှည်းနှင့်အတူ ပြုတ်ကျပြီး သေဆုံး
သွားခဲ့သည်။
မိခင်နှင့် ညီမလေးကို ပြုစုစောင့်ရှောက်ခဲ့
သော ကျော်ထွန်းလည်း အသုဘရက်လည်
ပြီးနောက်ပိုင်း အရက်နှင့်သာ အချိန်ကုန်
တော့သည်။ ရန်ကုန်မှ အစ်ကိုကြီး၊ အစ်ကို
လတ်နှင့် အစ်မတို့က မကြာ မကြာ ရောက်
လာပြီး မိခင်ကြီးက လက်ဝတ်ရတနာများ
ပေးထားခဲ့သည်လားဟု မေးမြန်းစုံစမ်း အစ်
အောက်ကြည့်သည်။
“အစ်ကိုတို့ ထင်သလို အမေ့မှာ ရွှေငွေရတနာ
တစ်ခုမှ မရှိတော့ပါဘူး”
“ဘာကွ အမေ့မျိုးရိုးက ကျောက်တွင်းသူဋ္ဌေး
တွေ၊ ငါတို့ အိမ်ထောင်ကျတော့ တစ်ဆင်စာ
စီပေးလိုက်တာ အမေ့ယွန်းသေတ္တာနေရာ
တောင် မယွင်းဘူး”
“အစ်ကိုတို့ အိမ်ထောင်ကျတာပဲ အနှစ်သုံး
ဆယ်နား နီးနေပြီ၊ သည့် နောက်ပိုင်း ဘယ်
သူက ထောက်ပံ့ကြလို့လဲ”
“ထောက်ပံ့ရအောင် ငါတို့က အိမ်ထောင်အ
တွက် ရုန်းကန်နေရတုန်းလေ၊ အမေက ငါတို့
ထောက်ပံ့တာကိုရော ယူမယ်တဲ့လား”
“အေး အစ်ကိုတို့ မထောက်ပံ့တော့ တစ်လ
တစ်လ ထုခွဲရောင်းချစားသောက်ရင်း နှစ်ပေါင်း
သုံးဆယ်နီးပါး ကုန်ပြီပေါ့ ကျနော်လည်း ဝင်ငွေ
ရှိတာ မဟုတ်ဘူး၊ ဒုက္ခတညီမကိုလည်း ပြုစု
နေရသေးတယ်”
“ဟေ့ကောင် မဆိုင်တာတွေ မပြောနဲ့ ”
“သွားကြပါဗျာ၊ ခင်ဗျားတို့ မောင်နှမသုံးယောက်
တစ်ကိုယ်ကောင်းဆန်လို့ …အခုလို စီးပွားပျက်
ပြီး အမေနဲ့ ညီမလေး သေရတာ”
“ဟေ့ကောင် ကျော်ထွန်း၊ ရွှေမရှိဘူးဆိုလည်း
ဒီအိမ်ကြီးနဲ့ ခြံရှိသေးတယ် ဒါ ငါတို့လေး
ယောက်နဲ့ ဆိုင်တယ်”
“ကျုပ် …မသေသေးသရွေ့ ဒီခြံနဲ့ ဒီအိမ်ကို
မရောင်းဘူး”
“ဟေ့ကောင် အဖေ၊ အမေ လက်ငုပ်ပစ္စည်း
သားသမီး အားလုံးပိုင်တယ်၊ မင်းက အိမ်
ထောင်မကျသေးတဲ့အတွက် ဝေစုကို ပိုယူ”
“ဘာဝေစုနဲ့မှ မက်လုံးလာပေးမနေနဲ့၊ ကျုပ်
မသေသေးသရွေ့ ဒီအိမ်ကြီးကို လာမထိနဲ့၊
မျက်စောင်းတောင် လာမထိုးနဲ့ ပြန်ကြတော့”
“တောက်…မင်း အဲဒီ…အရက်သောက်ပြီး
သေမယ့်ကောင်”
“သေပစေ …ကျုပ်သေမှ အမွေခွဲယူကြ”
ကျော်ထွန်းလည်း အစ်ကိုကြီးများကို ကျော
ပေးပြီး အရက်ငှဲ့၍ သောက်နေလိုက်သည်။
အစ်ကိုများလည်း ပြန်သွားပြီ အိမ်ကြီးမှာ
တစ်ယောက်တည်း မိုးလင်းမှသည် မိုးချုပ်
ထိ အရက်သောက်ရင်းသာ နေတော့သည်။
ဒေါ်နန်းသူဇာ သေဆုံးပြီး ခြောက်လခန့်အ
ကြာ ကျော်ထွန်းတစ်ယောက်၊ အရက်မူးလွန်
ပြီး အန်ဖက်ဆို့ကာ သေဆုံးသွားတော့သည်။
ကျော်ထွန်းသေဆုံးပြီး ပုပ်ပွနေမှ ရပ်ကွက်ထဲ
မှ သိကြတော့သည်။ ထိုသိသည့်အချိန် သေ
ဆုံးပြီးသည်မှာ ဆယ်ရက်ခန့် ရှိပြီဟု မှုခင်း
ဆရာဝန်က မှတ်ချက်ပြုသည်။
အရက်အမူးလွန်၍ အန့်ဖက်ဆို့ကာ အသက်
ရှူလမ်းကြောင်း ပိတ်၍ သေဆုံးရသည်ဟု
လည်း ဆရာဝန်က ဆိုသည်။
ထိုကြောင့် အိမ်ကြီးအား ရန်ကုန်မှ မောင်နှမ
သုံးယောက် ပိုင်သွားသည်။ကျော်ထွန်းသေဆုံး
သွားပြီဖြစ်ကြောင်း ရဲမှ အကြောင်းကြားသဖြင့်
မောင်နှမသုံးယောက် ရောက်လာကြသည်။
ရက်လည်ဆွမ်းသွတ်ရန်လည်း မဖြစ်နိုင်တော့
သဖြင့် တစ်လပြည့်မှသာ သပိတ်သွတ်ပြီး လ
ပတ်ဆွမ်းပါ တစ်ပြိုင်တည်း လုပ်ပေးမည်ဟု
ဆုံးဖြတ်၍ ရန်ကုန်သို့ ပြန်ခဲ့ကြသည်။ တစ်လ
မပြည့်ခင်အတွင်း မောင်နှမသုံးယောက်ဆုံပြီး
အိမ်ကြီးသို့ လာကြသည်။ မိခင်ကြီးမသေခင်
က ရတနာများ မည်သည့်နေရာမှာ ဝှက်ထား
မည်နည်းဟု ဖြစ်နိုင်သည့်နေရာရော ချောင်
ကြိုချောင်ကြားပါ မကျန် ရှာကြသည်။
မည်ကဲ့သို့ ရှာရှာ မတွေ့။ နောက်ပိုင်း တစ်
ယောက်နှင့်တစ်ယောက် အသိမပေးဘဲ နေ့
ချင်းပြန်လာပြီး ရှာကြသည်။ ခြံကြီး၏သော့
ကို သုံးယောက်ခွဲယူထားကြသည်မို့ အိမ်ထဲ
သို့ အလွယ်တကူ ဝင်နိုင်ကြသည်။ရွှေနံ့သာ
အိမ်ကြီးသို့ လာလျှင် ညအိပ်ညနေ မနေဝံ့
ကြ။လပတ်ဆွမ်းလည်း မကပ်ရသေး၊ သ
ပိတ်လည်း မသွတ်ရသေးသဖြင့် အိမ်ကြီး
မှာ ကျော်ထွန်းဝိညာဉ် သောင်းကျန်းနေ
သည်ဟု ကြားကြသည်။
သို့ကြောင့် နေ့ချင်းပြန်သာ လာဝံ့ကြသည်။ ဘယ်လိုပင်ရှာရှာ ရတနာနှင့်တူတာဆို၍
ဘာတစ်ခုမှ ရှာမရ။ မကြာခင် လပတ်ဆွမ်း
သွတ်မည့်ရက် ရောက်လာခဲ့သည်။ ဆွမ်း
ကပ်ရန် ပစ္စည်းအစုံအလင် ကြိုတင်ဝယ်
ခြမ်းပြီး တစ်ရက်ကြိုတင်လာခဲ့ကြသည်။
လပတ်ဆွမ်းလည်အောင်မြင်စွာ ပြီးမြောက်
သွားခဲ့ပြီး အလှူညက အိမ်ကြီးမှာ သရဲ
ခြောက်သံဟူ၍ လုံးဝ မကြားခဲ့ကြ။
ဆွမ်းကပ်ပြီးနောက်ပိုင်း ကိုယ့်အိမ်ကိုယ်
မပြန်ကြသေးဘဲ တစ်ရက်နှစ်ရက်ခန့်
နေထိုင်ပြီးမှ ရန်ကုန်ပြန်ကြမည်ဟု တိုင်
ပင်ထားကြသည်။ ထိုရက်အတွင်း ပျောက်
ဆုံးနေသော ရတနာများကို ရှာကြမည်
ဖြစ်သည်။ ထိုသို့ ဆုံးဖြတ်ထားသည့်အ
တိုင်း မိသားစုများ အိမ်အပေါ်ထပ်မှာ နေ
စေပြီး မောင်နှမသုံးယောက် အိမ်ကြီး
အောက်ထပ်မှာ ရှာဖွေနေကြသည်။
“ရှပ်…ရှပ်…ရှပ်…”
“ကိုအောင်ဝင်း…ကျတော်တို့နောက်မှာ
ခြေသံလိုလို ကြားလိုက်တယ်”
“ငါလည်း ကြားမိလို့ လှည့်ကြည့်တော့
ဘာမှမတွေ့ဘူးကွ”
ရှာဖွေခြင်းကို ရပ်ပြီး နားစွင့်လိုက်ကြသည်။
“ကျွီ…ကျွီ…ဂလောက်…”
“ဟင်”
သူတို့ အနီးမှကပ်ပြီး ဘီးတစ်ခုခု လိမ့်သွား
သလိုမျိုး ကြားလိုက်သည်။
“ဒါ …ဒါ …မိအေးရဲ့ ဝှီးချဲလှိမ့်သံ မဟုတ်လား”
“ကျွီ …ကျွီ …ကျွ ီ…”
“ဟုတ်တယ် …ဒါ …ဝှီးချဲဘီးလိမ့်သံပဲ”
“ကဲပါ …မှောင်နေပြီ၊ ဒီမီးအလင်းနဲ့လည်း
ရှာလို့မကောင်းဘူး၊ မနက်လင်းမှ ဆက်ရှာ
သေးတာပေါ့၊ လာ …အပေါ်ထပ်တက်မယ်”
သို့ဖြင့် သုံးယောက်သား အပေါ်ထပ်သို့
တက်လာခဲ့သည်။
“ဘယ်သွားနေကြတာလဲ”
ဦးအောင်ဝင်း၏ဇနီးက လှမ်းမေးသည်။
“မှောင်နေပြီ မနက်လင်းမှ ရှင်းပါလား
ကျမတို့လည်း ဝိုင်းရှင်းပေးမှာပေါ့”
“အိပ်ချိန်မှ မဟုတ်တာ၊ အောက်ထပ်မှာ
စကားလည်းပြော၊ ရှင်းလင်းစရာရှိတာ
ရှင်းလင်းနေတာ”
ထိုအခါ ဦးအောင်ဝင်း၏ ဇနီးက ဘာမှ
မပြောတော့။
“ဝုန်း…ဝုန်း…ဝုန်း…”
” ဟင်…ဒိန်း…ဒိန်း…”
“အမယ်လေး…အဖေ…အဖေ…ခေါင်မိုး
ပေါ်က ဘာသံတွေလဲ”
“ငြိမ်နေကြစမ်း၊ ခေါင်မိုးပေါ် ခဲကျသံလား
မသိဘူး”
ဒုန်း…ဒုန်း…ဝုန်း …
အိမ်ကြီးအမိုးပေါ်မှရော၊ ပတ်ပတ်လည်
အိမ်နံရံများမှလည်း အသံမျိုးစုံ ထွက်နေ
သည်။ အလှူအတွက် ချက်ပြုတ်ကြော်
လှော်စဉ်က ခြိုးခြိုးချွတ်ချွတ် အသံပင်
မကြားရ။
ကြောက်လန့်ကြသည့်ကလေးများ အော်
ငိုကြသည်။
“အဖေ…အဲဒါ …သ…သရဲခြောက်တာလား ”
“မဟုတ်ပါဘူး ခဏနေရင် ပျောက်သွား
လိမ့်မယ်”
“သားကြောက်တယ်”
“အမေ…သမီးလည်း ကြောက်တယ်”
“ဒီမှာ လူတွေ အများကြီးရှိတာ၊ ဘာ
ကြောက်စရာရှိလဲ”
“အဲဒီသရဲက…လေးလေးနဲ့ အန်တီလေး
တို့ သရဲဖြစ်နေတာဆို”
“ဟုတ်တယ် …မင်းတို့ ပြန်တော့မယ်ဆို
တာ သိလို့ လာနှုတ်ဆက်တာ”
ဒုန်း …ဒုန်း…ဒုန်း…”
အမိုးပေါ်ကို ခဲများ ဆက်တိုက်ကျနေသည်။
“ကျွီ …ကျွီ…ကျွီ…”
သူတိုနှင့် မနီးမဝေးနေရာမှ ဝှီးချဲဘီး လိမ့်
သွားသည့်အသံ ကြားလိုက်ရပြန်သည်။
မိသားစုသုံးစုလုံး အိပ်ခန်းများထဲသို့ မဝင်
ဖြစ်ကြသေးဘဲ ဘုရားခန်းရှေ့ရှိ ထိုင်ခုံများ
မှာ စုပြုံထိုင်နေကြသည်။ အချိန်က ရှစ်နာ
ရီခွဲပြီးရုံသာ ရှိသေးသည်။
“ကိုအောင်ဝင်း မနက်စောစော ကျမတို့
သားအမိတွေ ပြန်မယ်၊ ရှင်တို့ …ပစ္စည်း
ရှာချင်တယ်ဆိုရင်လည်း မောင်နှမသုံး
ယောက်နေချင်နေခဲ့ကြ၊ မနက်မိုးလင်း
တာနဲ့ ပြန်မယ်’
“ကိုယ်လည်း ပြန်မှာပါ”
ထိုအခါ ဦးနိုင်ဝင်းက…
“ကျတော်တော့ မကျေနပ်သေးဘူး…
မနက်လင်းလင်းရှင်းရှင်းမှာ ရှာကြည့်
ချင်သေးတယ်၊ ညနေလေးနာရီလောက်
မှ ပြန်လည်း ဖြစ်တာပဲ”
“အို…ရှင်တို့ ညီအစ်ကိုပဲ နေခဲ့ကြ၊ ကျမ
တို့လည်း အစ်မညွန့်တို့နဲ့ အတူပြန်လိုက်
သွားမယ်”
ဦးနိုင်လင်း၏ ဇနီးကပါ ဦးအောင်ဝင်း၏
ဇနီး ဒေါ်တင်ညွန့်တို့နှင့် အတူ ပြန်မည်
ဟု ဆိုလာသည်။
“အေး…မနက် ပြန်ချင်တဲ့အဖွဲ့ပြန်၊ နေချင်
တဲ့ ကိုယ်တို့ကတော့ ညနေလေးနာရီခွဲမှ
ပြန်မယ်”
ဒုန်း…ဂွမ်း…ဂွမ်း…ဂွမ်း…
အောက်ထပ်မှ အိုးသံခွက်သံများ ဆူညံစွာ
ထွက်လာပြန်သည်။
“မကြောက်ကြနဲ့၊ လေးလေးနဲ့ အန်တီလေး
တို့ လုပ်နေတာ တစ္ဆေသရဲဆိုတာ အသံနဲ့
ပဲ ခြောက်လှန့်တာ၊ လူတွေကို ဘာမှလုပ်
လို့ မရဘူး…။ ကဲ…အိပ်ရာထဲဝင်နေကြ
တော့၊ စောင်ခေါင်းမြီးခြုံပြီး အိပ်ကြ…
ဘာမှမကြောက်နဲ့ ”
ထိုအချိန် အောက်ထပ်မှာ အသံမျိုးစုံ ထွက်
နေသည်။ တစ်ညလုံး ခြေသံများ အိုးခွက်ပန်း
ကန် ထုရိုက်သံမျိုးစုံကို မနားတမ်းထုရိုက်
ခြောက်လှန့်နေသည်။
ကလေးများလည်း လူကြီးများ မအိပ်ဘဲရှိနေ
သည့်အတွက် ကြောက်ကြောက်လန့်လန့်နှင့်
အိပ်ပျော်ကုန်ကြပြီ။ ဦးအောင်ဝင်းနှင့် ဦးနိုင်
လင်းတို့လည်း မနက်နှစ်နာရီခန့်အရောက်
အိပ်ချင်စိတ်ကို ထိန်းမရတော့ဘဲ အိပ်ပျော်
သွားတော့သည်။ မနက်ရှစ်နာရီ ထိုးကာနီးမှ
နိုးလာကြသည်။ ထိုအချိန် ဇနီးနှင့် ကလေး
များ အထုပ်အပိုး ပြင်နေကြပြီ။
“ဘယ်လိုလဲ တစ်ခါတည်းလိုက်မှာလား
နေခဲ့ကြမှာလား”
“နိုင်လင်းနဲ့ တွေ့ပြီးပြီလား”
“တွေ့ပြီးပြီ…အစ်ကိုကြီးနဲ့ သီရိတို့နေခဲ့မယ်
သူလည်း နေခဲ့မယ်တဲ့”
“ဒါနဲ့ …သီရိ မမြင်ပါလား”
“မီးဖိုထဲမှာ မနက်စာ စီစဉ်နေတယ်။ ကျမ
တို့တော့ စားပြီးပြီ၊ ရှင်တို့ပဲ ကျန်တော့တယ်
မျက်နှာသစ်ပြီး သွားစားလိုက်”
“မင်းတို့ နိုင်လင်းကားကို ယူသွား၊ သီရိနဲ့
သားကြီး မောင်းလိမ့်မယ်…ငါတို့လေးနာ
ရီခွဲတာနဲ့ ပြန်ခဲ့မယ်”
ဦးအောင်ဝင်းက စီစဉ်ပေးပြီး မျက်နှာသစ်
ရန် ထွက်သွားတော့သည်။ ဒေါ်နန်းသီရိ၏
ခင်ပွန်းမှာ လွန်ခဲ့သော သုံးနှစ်ခန့်က အ
သည်းရောဂါနှင့် ဆုံးသွားသည်။ အသက်
နှစ်ဆယ်အရွယ် ရောက်နေပြီဖြစ်သော
သားကြီးနှင့် သမီးနှစ်ယောက် ကျန်ခဲ့သည်။
အားလုံး အိမ်ထောင်မကျသေး၍ စီးပွားရေး
မပြေလည်ကြ။ သို့ကြောင့် အမွေလည်း လို
ချင်သည်။ ရတနာပစ္စည်းများလည်း လိုချင်
သည်။ မိသားစုအားလုံး ပြန်ကုန်ကြပြီ ဦး
အောင်ဝင်းတို့မောင်နှမသုံးယောက်သာ
ကျန်ခဲ့သည်။
“ကဲ အပေါ်အောက် နေရာမလပ် ပြန်ရှာကြ
မယ်၊ အကြိုအကြားပါမကျန် ရှာကြမယ်”
“ကျော်ထွန်းပြောသလို နှစ်ပေါင်းများစွာ ထိုင်
စားလို့ ကုန်သွားတာရော မဖြစ်နိုင်ဘူးလား”
“အမေ့အကြောင်း မင်းတို့မသိဘူးလား၊ အမေ
က လက်လွတ်စပယ် ဘယ်တော့မှမလုပ်ဘူး၊
သူ့သားနဲ့ သမီးအတွက် နောင်ရေး စိတ်အေး
ရအောင် စီစဉ်ထားခဲ့မှာပဲ”
” ထားတဲ့နေရာ ကျော်ထွန်းကို ပြောသွားမှာပဲ”
“ဒီကောင်က သေသွားတော့မှတော့၊ ဘယ်
လိုမေးလို့ရတော့မှာလဲ၊ တစ်နေရာမှာတော့
ရှိမှာပဲ …ရှာနိုင်ဖို့ပဲ”
မောင်နှမသုံးယောက် စိတ်ရှည်လက်ရှည် အိုး
ခွက်ပန်းကန်ထဲမှာပါ မကျန် ရှာသည်။ အချိန်
က နေ့ခင်း ထမင်းစားချိန် ရောက်လာသည်။
ဘယ်လိုမှ ရှာမတွေ့။
“ဝုန်း…ဝုန်း…ဝုန်း…”
“တောက်”
ဆူညံသော ထုရိုက်သံနှင့်အတူ…မကျေမနပ်
တောက်ခေါက်လိုက်သည့်အသံကိုပါ ကြား
လိုက်ရသည်။
“ကြားလိုက်လား”
“အေး ကြားတယ် …ကျော်ထွန်းအသံပဲ”
“သူက ဝိညာဉ်ပဲ …မကျေနပ်လို့ တောက်ခေါက်
လည်း ခေါက်ပေါ့…ဒီအိမ်ကြီးကို ရောင်းမပစ်ခင်
စိတ်ကျေနပ်တဲ့အထိ ရှာဖွေဦးမယ်”
“ဘယ်လိုမှ ရှာမရရင်တော့ ကိုယ်နဲ့ မထိုက်လို့
ဘဲ မှတ်ပြီး အိမ်နဲ့ခြံကိုပဲ ရောင်းလိုက်တာပေါ့
အဲဒါကမှ သပိတ်ဝင် အိတ်ဝင် ရဦးမယ်”
“တစ်လ နှစ်လလောက် အိမ်ပေါ်အိမ်အောက်
ရှာကြသေးတာပေါ့၊ ပြီးမှ အရောင်းဆိုင်းဘုတ်
တင်ပြီး ပွဲစားလက် အပ်လိုက်ကြမယ်”
ညနေစောင်းသည်အထိ ရှာဖွေကြသော်လည်း
ဘယ်လိုမှ ရှာမတွေ့။ ခြံထဲဆင်းပြီး အိမ်ကြီး
ပတ်ပတ်လည် ထင်သည့်နေရာ မြေတူးပြီး
ရှာကြည့်သည်…မတွေ့။ ပေနှစ်ရာပတ်လည်
ခြံကြီးကို မြေလှန်ရှာလို့လည်း မဖြစ်၊ သရဲက
လည်း ညအထိ မစောင့်…နေ့ခင်းဘက်ပါ
ခြောက်လှန့်နေသည်။
သို့ကြောင့် ညအိပ်ရန် လုံးဝစိတ်မကူးတော့
ဘဲ လေးနာရီခွဲခန့် အရောက်ပြန်ရန် ပြင်ဆင်
ကြတော့သည်။ ပစ္စည်းများ ကားနောက်ဘက်
တွင်တင်ပြီး အိမ်ကြီးကို သော့ခတ်သည်။အား
လုံး ကားပေါ်တက်ပြီးသည်နှင့် ဦးအောင်ဝင်း
က စက်နှိုးလိုက်သည်။
“ဂီး…ဂီး…ဂီး…”
“ဟင်…ဘယ်လိုဖြစ်တာလဲ”
“စက်နှိုးမရဘူးလား”
“ဟုတ်တယ် …ဘာဖြစ်တာလဲမသိဘူး၊
ကားထဲမှာ ဆီလည်း အပြည့်ရှိတယ်”
ဦးအောင်ဝင်းနှင့် ဦးနိုင်လင်းတို့ ကားပေါ်မှ
ဆင်းပြီး စက်ဖုံးကို ဖွင့်လိုက်သည်။ အခြေ
အနေကို ကြည့်သည်။
“နိုင်လင်း …ကားကို စစ်ဆေးကြည့်ကွာ၊
မင်းနားလည်တယ် မဟုတ်လား”
“ကားပဲမောင်းတတ်တာ မပြင်တတ်ဘူး”
“ငါလည်း ဘာပျက်မှန်းကို မသိဘူး”
“ပြဿနာပဲ အချိန်က ငါးနာရီခွဲပြီ၊ ကား
ပြင်နိုင်မယ့်လူ ရှာရအောင်လည်း ဒီနားမှာ
ဝပ်ရှော့တွေ မရှိဘူး၊ အခြေအနေမကောင်း
ရင် ဒီတစ်ည အိပ်ရဦးမလား မသိဘူး”
ကားအနီး သုံးယောက်သားရပ်၍ ဟိုနှိုက်
ဒီနှိုက် လုပ်ကြည့်သော်လည်း စက်က
ထူးခြားမလာ။ ကားနားမှာ နာရီဝက်ခန့်
ကြာသွားသည်။ အမှောင်ထု ဖုံးလွှမ်းလာပြီ
“ကဲ စိတ်လျော့လိုက်တော့ …အိမ်ပေါ်ပြန်
တက်ပြီး ဒီည အိပ်ဖို့သာ ပြင်တော့ ”
“သီရိ …ရယ်ဒီမိတ်အထုပ်တွေ
ကျန်သေးလား”
“ကျန်တယ် ဆယ်ထုပ် ကျန်သေးတယ်
ပန်းသီးတွေလည်း ရှိသေးတယ်၊ ရေသန့်
တစ်ကဒ် ကျန်သေးတယ်”
“ကဲ…ကားနောက်ဖုံးဖွင့်လိုက် လိုအပ်တာ
တွေ ယူပြီး အိမ်ထဲပြန်ဝင်ကြမယ်…သီရိက
တံခါးသွား ဖွင့်လိုက်”
“ဟား… ဟား …ဟား …”
ထိုအချိန် အိမ်ကြီးအတွင်းမှ ရယ်မောလိုက်
သံကို ပီပီသသ ကြားလိုက်ရသည်။
“ဒီရယ်သံက တို့ကို လှောင်ရယ်တဲ့အသံပဲ၊
ဒီကောင် ကားပျက်အောင် လုပ်လိုက်တာ
လား မသိဘူး”
” ဟား…ဟား …ဟား…”
“ဟိုမှာ ဟိုအပေါ်မှာ တံခါးဖွင့်ပြီး ရပ်ကြည့်
နေတယ်၊ အဲဒါ သူ့အိပ်ခန်း မဟုတ်လား”
“ဟုတ်တယ် သူ့အခန်းပဲ”
“အင်း…သူတို့မောင်နှမနဲ့ တို့မောင်နှမ တွေ့
ကြပြီပေါ့”
“သူလည်း သရဲဖြစ်နေပြီဆိုတော့ မောင်နှမ
သံယောဇဉ် ရှိချင်မှ ရှိတော့မှာ ဘဝခြားသွား
သလို စိတ်လည်း ခြားနားသွားပြီ ဖြစ်မယ်”
“ကဲ…ဒီအတိုင်း ကားထဲမှာနေလို့ မဖြစ်ဘူး၊
အထုပ်တွေ ယူပြီး အိမ်ထဲဝင်ကြမယ်”
ဦးအောင်ဝင်းက သတိပေးလိုက်မှ ဦးနိုင်လင်း
က ရေသန့်တစ်ကဒ်နှင့် ရယ်ဒီမိတ်အထုပ်ကို
ယူလိုက်သည်။ဦးအောင်ဝင်းက အိပ်ရာ၊စောင်၊
ခြင်ထောင် စသည်ထားသော အိတ်နှစ်လုံးကို
ဆွဲလိုက်သည်။ ဒေါ်နန်းသီရိက သူ့အိပ်ရာလိပ်
ဆွဲပြီး တံခါးသွားဖွင့်သည်။
“ခွမ်း”
“အိမ်ပေါ်က နို့ဆီခွက်အခွံတွေနဲ့ ပစ်ပေါက်
နေတယ်”
“ရှပ်…ရှပ်…ရှပ်…”
“ကျွိ…ကျွိ…ကျွိ…”
တံခါးနားကပ်တော့ အိမ်ခန်းထဲက အသံမျိုး
စုံ ကြားနေရသည်။ ဒေါ်နန်းသီရိက တံခါး
မကြီးသော့ကို ဖွင့်ပြီး တွန်းလိုက်သည်။အိမ်
ထဲမှာ မှောင်မည်းနေသည်။
“အိုး…အေမ့”
ဒေါ်နန်းသီရိ ရှေ့သို့ ဟပ်ထိုးပစ်လဲကျသွား
သည်။
“ဟင်း သီရိ ဘယ်လိုဖြစ်တာလဲ”
“အစ်ကိုတို့ထဲက တစ်ယောက်ယောက်
ကျမကို နောက်က တွန်းလိုက်တယ်
မဟုတ်လား”
“ဟာ…ပေါက်ကရ …ဒီမှာ တို့နှစ်ယောက်လုံး
လက်နှစ်ဖက်စီ အိတ်တွေ အထုပ်တွေ ဆွဲ
ထားတာ မတွေ့ဘူးလား”
“အင်း…ကျွတ်ကျွတ် ခါးတော်တော်နာသွား
တယ်၊ အစ်ကိုတို့ မဟုတ်ရင် ဘယ်သူတွန်း
လိုက်တာလဲ”
“ဂျောက်…ဝုန်း”
“ဟင် …ဘယ်လိုလဲဟ”
ဒေါ်နန်းသီရိ လဲကျသော ပြဿနာကို ရှင်း
နေတုန်း နောက်ကျောဘက်က တံခါးမကြီး
သူ့အလိုလို ပိတ်သွားသည့်အသံ ကြားလိုက်
ရသည်။
“ဟင်…တံခါးကြီး ပိတ်လိုက်ပြီ”
“ကျော်ထွန်း မနောက်နဲ့ကွာ၊ ငါတို့ ဒီညအိပ်
ပြီး မနက်မှ ပြန်မှာ”
“ကျွိ” “ဝုန်း”
တံခါးဘက်လှည့်ပြီး ပြောနေစဉ်မှာပဲ ဧည့်
ခန်းရှိ ဆက်တီခုံတစ်လုံး ဘေးဘက်သို့ရွှေ့
သွားပြီး ပက်လက်လန်ကျသွားသည်။ မီးခ
လုတ်များရှိရာသို့ သွားပြီး မီးဖွင့်လိုက်သည်။
တစ်အိမ်လုံး လင်းထိန်သွားသည်။
“ဂျောက်…” “ဟိတ် မလုပ်နဲ့ ”
ဦးအောင်ဝင်း မီးခလုတ်ဖွင့်၍ လက်လွှတ်ရုံ
သာရှိသေးသည်။မီးခလုတ်ကို ပြန်ပိတ်သံ
ကြားလိုက်ပြီး မှောင်ကျသွားတော့သည်။
“မလုပ်ပါနဲ့ကွာ …ငါတို့ကို မခြောက်မလှန့်
ပါနဲ့ ”
“ဂျောက်”
ဦးနိုင်လင်းက ပြောလည်းပြော၊ မီးခလုတ်ကို
ပြန်ဖွင့်လိုက်သည်။ မီးက ပြန်ပိတ်မသွားတော့။
ရွှတ် …ရွှတ်…ရွှတ်…
ဘီးလှိမ့်သံကြောင့် အသံကြားရာ ကြည့်
လိုက်ရာ…
“ဟိုမှာ …ဟိုမှာ…လှေကားထိပ်မှာ အေးသူဇာ”
ဒေါ်နန်းသီရိက အပေါ်ထပ်တက်သော
လှေကားထိပ်ကို လက်ညှိုးထိုးပြသည်။
“အေးသူဇာ လှေကားထိပ်မှာ ဝှီးချဲနဲ့ ထိုင်
နေတယ်”
“ဘယ်မှာလဲ …မရှိပါဘူး။ နိုင်လင်း မင်း
တွေ့လား”
“မတွေ့ဘူး သီရိ၊ ဘယ်သူမှ မရှိဘူး”
“ရှိနေတယ် အပေါ်လှေကားထိပ်တည့်
တည့်မှာ”
“အင်း အဲဒါဆို နင့်ကို ခြောက်လှန့်တာပဲ”
“ကဲ…မအိပ်ခင် အောက်ထပ် မီးဖိုဆောင်မှာ
စားသောက်ရေး စီစဉ်လိုက်ရအောင် ရေနွေး
တစ်အိုး တည်ရင် ပြီးပြီ၊ နိုင်လင်း သီရိကို
ဝိုင်းကူလိုက်ကွာ…ငါခဏ ထိုင်ဦးမယ်”
ရေနွေးအိုးတည်သော လျှပ်စစ်အိုးရှိသဖြင့်
ရေဖြည့်ကာ ပလပ်ထိုးထားသည်။ ထို့နောက်
အပြင်ပြန်ထွက်လာပြီး စောစောက တွန်းလှည့်
ထားသော စက်တီခုံကို ပြန်တည့်၍ ထိုင်လိုက်
ကြသည်။
“ဝုန်း…ဝုန်း…ဝုန်း…”
“ဒုန်း…ဒုန်း…ဒုန်း…”
“ဟီး …ဟီး…ဟီး…”
“အိမ်အပေါ်ထပ်မှာတော့ သောင်းကျန်းနေပြီ၊
ဒီညတော့ သရဲမောင်နှမ နှစ်ယောက်နဲ့၊ တို့
တွေ့ကြပြီပေါ့ကွာ”
အိမ်ကြီး၏အပေါ်ထပ်မှာတော့ အသံမျိုးစုံ
ကြားနေရသည်။ ရေနွေးဆူသွားသဖြင့်
ရယ်ဒီမိတ်များ ဖောက်ပြီး ပြုတ်သောက်
ကြသည်။ ခေါက်ဆွဲပြုတ်ကုန်တော့ ပန်း
သီးတစ်ယောက်တစ်လုံး ထိုင်စားနေလိုက်
သည်။
“အင်း ဒီညအတွက် ဗိုက်တော့ ပြည့်သွားပြီ”
“ကဲ…ပန်းကန်တွေ သိမ်းပြီး အပေါ်ထပ်
တက်ကြစို့ ”
ဝိညာဉ်သရဲခြောက်လှန့်မှုကတော့ လျော့ပါး
မသွား။သူတို့အပေါ်တက်လာတော့ အောက်
ထပ်နှင့် အမိုးမှာ အသံများ ကြားနေရသည်။
“ကဲ …တစ်ညလုံး မီးဖွင့်ထားပြီး၊ ကိုယ့်အ
ခန်းကိုယ်ဝင် အိပ်ကြ”
အချိန်က ရှစ်နာရီသာသာ ရှိသေးသည်။
“အင်း…အချိန်အစောကြီး ရှိသေးတယ်၊ ခါ
တိုင်းဆယ့်တစ်နာရီလောက်မှ အိပ်တာ”
“ဒါဆိုလည်း စကားထိုင်ပြောကြတာပေါ့”
“ကျမကတော့ မအိပ်ချင်သေးပေမဲ့ ကျော
ဆန့်တော့မယ် …အိပ်ချင်တဲ့အချိန် အိပ်
လိုက်မယ်”
ဒေါ်နန်းသီရိက ကျောဆန့်ချင်သည်ဆိုပြီး
အိပ်ခန်းထဲ ဝင်သွားသည်။ဒေါ်နန်းသီရိလည်း
မျက်လုံးကို မှိတ်ထားပြီး ဘာမှမစဉ်းစားဖြစ်
အောင် ကြိုးစားကာ အိပ်ပျော်သွားရန် ငြိမ်
နေလိုက်သည်။ ဘာမှ မစဉ်းစားဟု…စိတ်
ပိုင်းဖြတ်ကာမှ မျက်စိထဲမှာ အေးသူဇာ၏
မျက်နှာကြီး ပေါ်လာသည်။ မကျေနပ်သော
မျက်နှာ၊ နာကျည်းမုန်းတီးသောမျက်နှာကြီး
ဖြစ်သည်။
“သွား…သွား…သူဇာ…ငါ့နားမလာနဲ့ ”
“မလာလို့ဖြစ်မလား…နင်နဲ့ငါ သွေးသား
တော်စပ်ရတာ ငါ့ကိုယ်ငါ နာကျည်းမုန်းတီး
မိတယ်၊ ငါ့ဘဝက ဒုက္ခိတ ဖြစ်ရတဲ့အထဲ ငါ့
ကို လူ့လောကထဲက ထွက်သွားစေချင်တဲ့
ငါ့ရဲ့အစ်မကြောင့် နာကျည်းမိရတယ်၊ငါက
လူ့လောကထဲ မတိုးဝံ့တဲ့ သေလူပါ …ငါ့ဘ
ဝက သေတာနဲ့ မခြားပါဘူး။ဒါတောင် ပစ္စည်း
ဥစ္စာ အလိုရမ္မက်အတွက် ငါ့ကို သတ်ဝံ့တယ်
သတ်ပစ်ရက်တယ်၊ ပြီးတော့ ငါသေတာ သ
နားလို့ဆိုပြီး ငါသေတဲ့နေ့က ထမင်းတောင်
မစားနိုင်ဘူးတဲ့ ဟုတ်လား…နင့်ရဲ့အမူအရာ
တွေကြောင့် ညီမလေးကို သိပ်ချစ်တဲ့သူ အ
ဖြစ် လူတွေက အမှတ်ဝိုင်းပေးကြတာပေါ့၊
ငါ…ဝိညာဉ်အဖြစ်နဲ့ နင့်ဘေးမှာရပ်ပြီး၊ တ
ဟား ဟား ရယ်နေတာ နင်မသိဘူး မဟုတ်
လား”
“ဘာတွေလာပြောနေတာလဲ …သွားစမ်း”
“နင်…ငါ့ကို လှေကားထိပ်ကနေ လူတွေ
အလစ်မှာ တွန်းချလိုက်လို့ ငါသေရတာ”
“မဟုတ်ဘူး မဟုတ်ဘူး ငါမတွန်းချဘူး။
ငါ့ကို လူသတ်သမားလို့ မစွပ်စွဲနဲ့ ”
“သွား…သွား အခု ထွက်သွား”
“ဟဲ့ …ဟဲ့ သီရိ သီရိ ယောင်နေတာလား
သီရိ သီရိ နိုးပြီလား”
“ရှင် အစ်ကို ဘာ…ဘာဖြစ်လို့လဲ”
“နင့်အခန်းထဲက အော်သံကြားလို့ ”
“ဟို…ဟို အိပ်မက် မက်ပြီး ယောင်အော်
တာ ဖြစ်မယ်”
“အေး …တုန်တုန်ရီရီ ထအော်သံကြား
လိုက်လို့ ”
အေးသူဇာ သရဲမကြောင့် ဒေါ်နန်းသီရိ
ရုတ်တရက် လန့်နိုးသွားပြီး တစ်ကိုယ်လုံး
ချွေးစေးများဖြင့် စိုရွှဲနေသည်။ ဦးအောင်
ဝင်းနှင့် ဦးနိုင်လင်းတို့လည်း စကားထိုင်
ပြောနေရာက နာရီကို ကြည့်လိုက်ရာ
ဆယ်နာရီထိုးပြီဖြစ်၍ အသီးသီး အိပ်ရာ
ထဲ ဝင်ခဲ့ကြသည်။ ဆယ်ငါးမိနစ်ခန့်ကြာ
တော့ ဦးနိုင်လင်း၏ဟောက်သံစည်းချက်
မှန်မှန် ထွက်လာလေတော့သည်။
သို့ကြောင့် ကြောင်နေသော မျက်လုံးများ
ကို အိပ်ပျော်ရန် ကြိုးစားအိပ်လိုက်သည်။
ဆယ့်တစ်နာရီခွဲခန့်မှ အိပ်ပျော်သွားတော့
သည်။ ထိုအချိန် အခန်းထဲ ကျော်ထွန်း
ဝင်လာသည်။
“ဟဲလို…ကိုကြီးအောင်ဝင်းတို့ နှစ်နှစ်ခြိုက်
ခြိုက် အိပ်လို့ပါလား၊ ထစမ်းပါဦး ခင်ဗျားတို့
ညီအစ်ကိုနှစ်ယောက်ရဲ့ လုပ်ရပ်လေးကို ပြန်
သတိပေးချင်လို့ ကျုပ်ကို အရက်မူးအောင်
တိုက်၊ သေလုသေခင်ဖြစ်မှ အိပ်ဆေးတွေ
ခပ်တဲ့ ရေကို တိုက်ပြီးထားခဲ့တာ။
အန့်ဖက်တွေ ပါးစပ်ထဲ အသက်ရှုလမ်း
ကြောင်းထဲပိတ်ပြီး သေခဲ့ရတာ၊ ခင်ဗျား
တို့ရဲ့ ပိပိရိရိလူသတ်ခဲ့တဲ့ လုပ်ကွက်ပဲ၊
အများအမြင်မှာတော့ ကျုပ်အန့်ဖတ်ဆို့
ပြီး သေသွားတာပေါ့ အဲဒီလို သေအောင်
တစ်ထိုင်တည်း အရက်နှစ်ပုလင်းကုန်
အောင် မြှောက်ပင့်ပြီး တိုက်ခဲ့တယ်။
ကျုပ်က အလွန်ဆုံးတစ်ပုလင်းပဲ သောက်
တယ်ဆိုတာ မရဘူး၊ဟိုနိုင်လင်းဆိုတဲ့ကောင်
ကလည်း အမြည်းတွေ တစ်ခုပြီး တစ်ခုလုပ်
ပေးတယ်၊ ပြီးတော့ အိပ်ဆေးဖျော်ထားတဲ့
ရေကိုသောက်ခိုင်းတယ်၊ကျုပ်အန့်ဖတ်တွေ
နဲ့ လူး အန့်ဖတ်တွေ လေပြွန်ဆို့ပြီး မသေဘဲ ရှိနိုင်တော့မလား၊
ကျုပ်မသေခင်ကတော့ အစ်ကိုနှစ်ယောက်
က ငါ့အပေါ်ကောင်းတာပဲလို့ ထင်မိတယ်၊
ကျုပ်သေသွားမှ ခင်ဗျားတို့ နှစ်ယောက်ပေါင်း
ပြီး သေအောင်လုပ်တဲ့အကြောင်း အိပ်ဆေး
ဘယ်နှစ်လုံးကြိတ်ပြီး ထည့်တိုက်ခဲ့တဲ့ အ
ကြောင်း၊ ကံကောင်းလို့ ရဲက မသင်္ကာ မဖြစ်
တယ်ဆိုတဲ့အကြောင်း၊ ခင်ဗျားတို့နှစ်ယောက်
ပြောနေတာကို ဝိညာဉ်အဖြစ်နဲ့ ခင်ဗျားတို့အ
နားရပ်ပြီး နားထောင်နေတာ …ခင်ဗျားတို့
မသိဘူး၊
ဒုက္ခိတ ညီမကိုလည်း ခင်ဗျားတို့ရဲ့ ညီမက
လှေကားထိပ်က တွန်းချပြီး သတ်ခဲ့တယ်။
အမေ့ပစ္စည်းတွေ ဘယ်မှာထားလဲ သိချင်
လား သိချင်ရင် ကျုပ်တို့လိုပဲ ဝိညာဉ်အဖြစ်
ပြောင်းလိုက် ချက်ချင်းတွေ့လိမ့်မယ်”
“သွား…သွား …မင်း မဟုတ်တာတွေ လာ
မပြောနဲ့ ”
“ကျုပ်မသိပါဘူး၊ ခင်ဗျားတို့ ညီအစ်ကိုနှစ်
ယောက် ပြောနေတာ ကြားလိုက်လို့ ကျုပ်
အသက်ခံလိုက်ရမှန်း သိတာ၊ မင်းတို့သတ်
တာ တို့မောင်နှမသိတယ်ဆိုတာပြောပြချင်
လို့ ဒီညအိပ်မှာ အိပ်ဖြစ်အောင် လုပ်လိုက်
တာ”
“ဘာ …ဒါ …ဒါဆို ကားပျက်အောင် မင်း
လုပ်လိုက်တာလား”
“ကားက မပျက်ပါဘူး …မင်းတို့ နှိုးလို့မရ
အောင် လုပ်ထားတာ အခုသွားနှိုးကြည့်
ပါလား ဘာမှမဖြစ်ဘူး”
“ဟား ..ဟား.. ဟား. ဟား …ဟား…ဟား”
ဦးအောင်ဝင်းလည်း ရယ်သံကြီးကြောင့်
ရုတ်တရက်လန့်ပြီး နိုးလာသည်။ ဘေး
ဘီသို့ လှည့်ကြည့်ရာ မနက်သုံးနာရီခွဲပြီ။
“အင်း…ကားက မပျက်ဘူးတဲ့”
“နိုင်လင်း …နိုင်လင်း”
“ဗျာ…အစ်ကို …ခေါ်လား”
“ဘာဖြစ်လို့လဲ”
“ဟို …ငါ…အိပ်မက်တယ်၊ တို့ကား ဘာမှ
မဖြစ်ဘူးတဲ့ ပျက်လည်း မပျက်ဘူးတဲ့”
“ဟုတ်လို့လားဗျာ …စိတ်စွဲလို့ဖြစ်မယ်”
“ကျွီ”
ထိုအချိန် ဦးအောင်ဝင်းနှင့် ဦးနိုင်လင်းတို့
စကားသံများကြောင့် အိပ်မပျော်တစ်ချက်
ပျော်တစ်ချက် ဖြစ်နေသော ဒေါ်နန်းသီရိ
နိုးလာပြီး တံခါးဖွင့်ကာ ထွက်လာသည်။
“အစ်ကိုတို့ ဘာဖြစ်လို့လဲ”
“ဘာမှ မဖြစ်ဘူး …နင်နိုးပြီဆို အပြင်သွား
ရအောင်”
“ဘာလုပ်မလို့လဲ”
“ကားစက် သွားနှိုးကြည့်မလို့ ”
“ကားစက် ပျက်နေတာ မဟုတ်လား”
“ငါ့စိတ်ထင် ကျော်ထွန်း နောက်ထားတာ
ထင်လို့၊ သွားပြီး စက်နှိုးကြည့်မယ်၊ စက်
မပျက်ဘူးဆိုရင် ပစ္စည်းတွေသိမ်းပြီး ပြန်
ကြမယ်”
“ကဲ ဒါဆို သွားကြည့်ကြမယ်”
အိမ်ရှေ့မီးဖွင့်ထားသည့်အတွက် တံခါး
ဖွင့်ပြီး အပြင်ထွက်လိုက်သည်။ ဦးအောင်
ဝင်းက ကားပေါ်တက်ပြီး စက်နှိုးလိုက်သည်။
“ဝူး…ဝူး…ဝူး…ဝူး…ဝူး…”
“ဟင်…တကယ်…ကားမပျက်ဘူး”
“ဝူး…ဝူး…ဝူး…”
လီဗာကို လေးငါးချက်နင်းပြီး စက်သတ်ကာ
အိမ်ပေါ် ပြန်တက်ခဲ့သည်။
” ကဲ…ပစ္စည်းတွေသိမ်း၊ ကားပေါ်တင်ပြီးတာ
နဲ့ ပြန်ကြမယ်”
“မိုးလင်းအောင် မနေတော့ဘူးလား”
ဦးနိုင်လင်းက ဘာမှမသိသလို အိပ်ရေးလည်း
မဝသေးသဖြင့် စောဒက တက်လိုက်သည်။
စိတ်ချောက်ချားနေသော ဦးအောင်ဝင်းနှင့်
အေးသူဇာကြောင့်အိပ်မပျော်တစ်ချက် ပျော်
တစ်ချက် ဖြစ်နေသော ဒေါ်နန်းသီရိလည်း
ဤအိမ်ကြီးမှ ဝေးရာသို့ အမြန်သွားချင်နေ
သည်။
“ကဲ နိုင်လင်း…ငါပြောတဲ့အတိုင်းလုပ်
ပစ္စည်းတွေသိမ်း ပြန်ကြမယ်”
“ဟုတ်တယ် …အတတ်နိုင်ဆုံး ဘာမှမယူ
ဘဲတောင် ပြန်ချင်တယ်”
ဆယ်မိနစ်ပင်မကြာ အားလုံးသိမ်းပြီးသွားပြီ။
“ကဲ…အပြင်ထွက်မယ် မိန်းချလိုက်…ဓါတ်
မီးရှိတယ်…ငါမီးထိုးပြထားမယ်”
ဦးနိုင်လင်းက လျှပ်စစ်မိန်းချပြီး ပြန်ထွက်လာ
သည်။ လေးနာရီဝန်းကျင်ရှိပြီး အလင်းရောင်
က မရှိသေး၊ သစ်ပင်ကြီးများ အုပ်ဆိုင်းနေ
သော ခြံကြီးအတွင်း မှောင်မည်းနေသည်။
အားလုံးအပြင်ထွက်ပြီး တံခါးပိတ်ကာ ကား
ပေါ်တက်၍ စက်နှိုးလိုက်သည်။
“ဟား…ဟား …ဟား…”
“ဟီ…ဟီး…ဟီး…”
အိမ်ကြီးအတွင်းမှ ယောကျ်ားရယ်သံရော၊
မိန်းမရယ်သံပါ ကျယ်လောင်ချောက်ချား
ဖွယ်ရာ ကြားလိုက်ရသည်။ ကားစက်နှိုးပြီး
ခြံပြင်သို့ မောင်းထွက်လာခဲ့သည်။ ကား
က ရန်ကုန်ဘက်သို့ တရိပ်ရိပ်ပြေးနေ
သည်။ ဆယ်မိုင်ကုန်းမရောက်ခင်…
“ဟင်…လမ်း…လမ်းပေါ်မှာ”
ဝှီးချဲပေါ်ထိုင်နေသော မိန်းကလေးတစ်
ယောက်ကို ယောကျ်ားတစ်ယောက်က
တွန်းလာနေသည်။ တွန်းလာသည်က
သူတို့ကား ရှေ့တည့်တည့်သို့။
မရှောင်ဘဲ တွန်းဝင်လာသည့်အတွက်…
ရုတ်တရက် သတိလက်လွတ် ရှောင်လိုက်
ရာတစ်ဖက်ယာဉ်ကြောမှ ဆယ်ဘီးကား
ကြီးနှင့် မျက်နှာချင်းဆိုင် တိုက်မိသွား
တော့သည်။
“ဝုန်း” “ဒိန်း” “အား”
ကျယ်လောင်သော တိုက်ခိုက်သံကြီး
ပေါ်ထွက်လာသည်နှင့် အတူ ကားထဲမှာ
သွေးပျက်ဖွယ် အော်သံကြီးများ ထွက်လာ
ပြီး မကြာခင်မှာပင် ငြိမ်သက်သွားတော့
သည်။ ဆယ်ဘီးကားကြီး၏ ရှေ့မှာ တို
ယိုတာ စလွန်ကားလေး ခေါင်းပိုင်း ကျေ
မွသွားပြီး ကားထဲမှ လူသုံးယောက် ငြိမ်
သက်လျက် ရှိနေတော့သည်။
မူရင်းရေးသူ ဆရာ ဧကန်မင်း
Zawgyi Version
” ေ႐ႊနံ႔သာစံအိမ္မွ သရဲေမာင္ႏွမ”(စ/ဆုံး)
————————————————
ရန္ကုန္ၿမိဳ႕မွေန၍ မိုင္ငါးဆယ္နီးပါးေဝးေသာ
ပဲခူးၿမိဳ႕စြန္မွာ ေပႏွစ္ရာပတ္လည္ခန႔္ရွိ ၿခံႀကီး
အတြင္းမွ အႏွစ္တစ္ရာဝန္းက်င္ သက္တမ္း
ရွိသည့္ ေရွးေဟာင္းအိမ္ႀကီးတစ္လုံး ရွိသည္။
အိမ္ႀကီးကို ေ႐ႊနံ႔သာစံအိမ္ဟု အမည္ေပးထား
သည္။ ဆိုင္းဘုတ္ကလည္း ေဆြးျမည့္ၿပီး စာ
လုံးပင္မေပၚေတာ့။ ပိုင္ရွင္က ရန္ကုန္မွာ ေန
ၾကသည္။ အေမြဆိုင္အိမ္ႀကီးျဖစ္၍ ျပဳျပင္
ေရာင္းခ်ျခင္း မျပဳ။
လူေနထိုင္ျခင္း မရွိေပမဲ့၊ သရဲေမာင္ႏွမက
ေတာ့ မကြၽတ္မလြတ္ဘဲ ရွိေနသည္။ ထိုသ
ရဲေမာင္ႏွမေၾကာင့္ ေနာက္ထပ္ သရဲသုံး
ေကာင္ ထပ္တိုးခဲ့သည္။ အားလုံး တစ္မ
ေအ တစ္ဖေအ ေမြးခ်င္းငါးေယာက္ျဖစ္
ေပသည္။ ေ႐ႊနံ႔သာစံအိမ္ႀကီးမွာ ႀကီးစိုး
ေနၾကေသာ သရဲေမာင္ႏွမ တစ္စုေၾကာင့္
အိမ္ႀကီးကို စိတ္ဝင္စားမည့္သူ၊ ဝယ္ယူ
ျပဳျပင္မည့္သူ မရွိျခင္းပင္ျဖစ္သည္။
လြန္ခဲ့ေသာ ႏွစ္ ၅၀ခန႔္က အိမ္ႀကီးကို
ေနာက္ဆုံးမ်ိဳးဆက္ျဖစ္သြားခဲ့သည္။ ဤ
အိမ္မွာ မေနၾကေသာ ေျမးျမစ္မ်ားက
လက္ရွိ အိမ္ႀကီးကို ပိုင္ဆိုင္ထားသည္။
ေနာက္ဆုံးမ်ိဳးဆက္အျဖစ္ ေနထိုင္ခဲ့ေသာ
အိမ္ႀကီးရွင္က ဦးစံေဖ၊ ေဒၚနန္းသူဇာတို႔
ပင္ ျဖစ္သည္။ ထိုအခ်ိန္ သားႏွစ္ေယာက္
ႏွင့္ သမီးတစ္ေယာက္က ရန္ကုန္ၿမိဳ႕မွာ
လုပ္ငန္းကိုယ္စီ အိမ္ေထာင္အသီးသီး
က်ကာ အိမ္ႏွင့္ၿခံႏွင့္ အေျခတက် ရွိ
ေနၾကသည္။
ေ႐ႊနံ႔သာစံအိမ္ႀကီးမွာ ေဒၚနန္းသူဇာႏွင့္
စတုတၳေျမာက္သား၊ အငယ္ဆုံးသမီးတစ္
ေယာက္တို႔ အတူေနထိုင္ၾကသည္။ အိမ္
ေထာင္မရွိေသးေခ်။ ဖခင္ႀကီး ဦးစံေဖက
သားသမီးမ်ား အိမ္ေထာင္မက်ခင္ ငါးႏွစ္
ခန႔္အလိုပင္ လူႀကီးေရာဂါႏွင့္ ေသဆုံးသြား
ခဲ့သည္။ အငယ္ဆုံးသမီးေလး ေအးသူဇာ
က ေအာက္ပိုင္းမသန္၍ ဝွီးခ်ဲေပၚ ထိုင္ေန
ရသူ ျဖစ္သည္။
အႀကီးဆုံးသားက ဦးေအာင္ဝင္း အသက္
(၅၃)ႏွစ္၊ ဒုတိယသား ဦးႏိုင္လင္း အသက္
(၄၉)ႏွစ္၊ တတိယသမီး ေဒၚနန္းသီရိက
အသက္ (၄၅)ႏွစ္ရွိၿပီး၊ စတုတၳသား ေက်ာ္
ထြန္းက အသက္ (၄၀)ႏွစ္၊ အငယ္ဆုံး
ေအးသူဇာက (၃၅)ႏွစ္ရွိၿပီျဖစ္သည္။
ရန္ကုန္မွာရွိေသာ သားႀကီး၊ သမီးႀကီးမိသား
စုတို႔က တစ္ႏွစ္တစ္ခါ မိခင္ႀကီးကို ကန္ေတာ့
ရန္ ေရာက္လာတတ္ၿပီး က်န္အခ်ိန္မ်ား ေရာက္
လာျခင္း မရွိၾက။ လူႀကီးမ်ားက ေ႐ႊနံ႔သာအိမ္
သို႔ အသြားအလာ နည္းသည့္အတြက္ ေဒၚနန္း
သူဇာအား ေျမးမ်ားက ရင္းရင္းႏွီးႏွီး မရွိၾကေပ။
ေဒၚနန္းသူဇာကလည္း အသက္(၇၂)ႏွစ္ရွိ
ေပမဲ့ တစ္ခါမွ ေဆး႐ုံတက္ရျခင္းမရွိ။ သို႔
ေၾကာင့္ ၾကာေလ မိသားစု အေနစိမ္းလာ
သည္။ ထိုကဲ့သို႔ ျဖစ္ရျခင္းမွာ ေ႐ႊနံ႔သာစံ
အိမ္ႀကီးအား ရန္ကုန္ေရာက္ သားသမီးမ်ား
က ေရာင္းေစခ်င္သည္။ အေမ မေသခင္
အေမြခြဲေစခ်င္သည္။ ထို႔ျပင္ မိခင္၊ ဖခင္တို႔
ပိုင္ အတြင္းပစၥည္းမ်ားကလည္း ယြန္းေသ
တၱေလးတစ္လုံး အျပည့္ရွိသည္။
အိမ္ေထာင္ျပဳသူ သားသမီးမ်ားကို တစ္ဆင္
စာစီ ေပးလိုက္႐ုံမွလြဲၿပီး မည္သူတို႔ကိုမွ ေ႐ႊ
ေငြရတနာတို႔ ခြဲေဝေပးျခင္း မရွိ။ အဘိုးအဘြား
မ်ားက ေက်ာက္တြင္းသူေ႒းမ်ားျဖစ္သည္။ အ
ဘိုး အဘြားတို႔က ေဒၚနန္းသူဇာအား ရွိသမွ်
ေ႐ႊေငြရတနာအားလုံး အေမြေပးခဲ့သည္။
ထိုရတနာမ်ား မိခင္ႀကီးထံမွာ အမ်ားအျပားရွိ
သည္ကို သိထားၾကသည့္အတြက္ သူတို႔၏
မေက်နပ္ခ်က္ကိုသိေအာင္ အသြားအလာ
မလုပ္ျခင္းျဖစ္သည္။ ထို႔ျပင္ ရန္ကုန္ရွိ ေမာင္
ႏွမသုံးေယာက္က ပဲခူးမွာ မိခင္ႀကီးႏွင့္အတူ
ေနထိုင္သည့္ ေမာင္ႏွမႏွစ္ေယာက္ မိခင္ႀကီး
မရွိေတာ့သည့္ေနာက္ပိုင္း အိမ္ေထာင္မျပဳဘဲ
ဆက္လက္ေနထိုင္သြားပါက ထိုအေမြကို
သူတို႔ရရန္ မလြယ္ေတာ့ဟု ထင္ေနၾကသည္။
အိမ္ႏွင့္ ၿခံမရလွ်င္ ရွိေစေတာ့ မိခင္လက္မွာ
က်န္ခဲ့ေသာ ေ႐ႊေငြရတနာ ေက်ာက္သံပတၱျမား
တို႔ ေမာင္ႏွမႏွစ္ေယာက္ ရသြားမွာကို မလိုလား
ၾကေခ်။ မိခင္ႀကီးကို အားလုံးက ခ်စ္ေၾကာက္
႐ိုေသၾကသည္ျဖစ္၍ အေမြကိစၥကို မည္သူကမွ
စကား မစ၊ မိခင္ႀကီး၏ အရိပ္အေျခကိုသာ
ေစာင့္ၾကည့္နားစြင့္ေနၾကသည္။
ထိုသို႔ေနလာရင္း ေဒၚနန္းသူဇာ (၇၃)ႏွစ္အ
ေရာက္ ႐ုတ္တရက္ ေသဆုံးသြားခဲ့သည္။
ရန္ကုန္က မိသားစုသုံးစုလည္း နာေရးသို႔
ေရာက္လာသည္။ ေ႐ႊေငြရတနာမ်ားကိစၥ
မည္သို႔ စီစဥ္ခဲ့သည္ကို သိလိုေနၾကသည္။
မိခင္ႀကီး အသုဘရက္မလည္ခင္ ငါးရက္
ေျမာက္ညမွာ တြန္းလွည္းႏွင့္ သြားလာေန
ရေသာ ေအးသူဇာလည္း ေလွကားထိပ္မွ
တြန္းလွည္းႏွင့္အတူ ျပဳတ္က်ၿပီး ေသဆုံး
သြားခဲ့သည္။
မိခင္ႏွင့္ ညီမေလးကို ျပဳစုေစာင့္ေရွာက္ခဲ့
ေသာ ေက်ာ္ထြန္းလည္း အသုဘရက္လည္
ၿပီးေနာက္ပိုင္း အရက္ႏွင့္သာ အခ်ိန္ကုန္
ေတာ့သည္။ ရန္ကုန္မွ အစ္ကိုႀကီး၊ အစ္ကို
လတ္ႏွင့္ အစ္မတို႔က မၾကာ မၾကာ ေရာက္
လာၿပီး မိခင္ႀကီးက လက္ဝတ္ရတနာမ်ား
ေပးထားခဲ့သည္လားဟု ေမးျမန္းစုံစမ္း အစ္
ေအာက္ၾကည့္သည္။
“အစ္ကိုတို႔ ထင္သလို အေမ့မွာ ေ႐ႊေငြရတနာ
တစ္ခုမွ မရွိေတာ့ပါဘူး”
“ဘာကြ အေမ့မ်ိဳး႐ိုးက ေက်ာက္တြင္းသူေ႒း
ေတြ၊ ငါတို႔ အိမ္ေထာင္က်ေတာ့ တစ္ဆင္စာ
စီေပးလိုက္တာ အေမ့ယြန္းေသတၱာေနရာ
ေတာင္ မယြင္းဘူး”
“အစ္ကိုတို႔ အိမ္ေထာင္က်တာပဲ အႏွစ္သုံး
ဆယ္နား နီးေနၿပီ၊ သည့္ ေနာက္ပိုင္း ဘယ္
သူက ေထာက္ပံ့ၾကလို႔လဲ”
“ေထာက္ပံ့ရေအာင္ ငါတို႔က အိမ္ေထာင္အ
တြက္ ႐ုန္းကန္ေနရတုန္းေလ၊ အေမက ငါတို႔
ေထာက္ပံ့တာကိုေရာ ယူမယ္တဲ့လား”
“ေအး အစ္ကိုတို႔ မေထာက္ပံ့ေတာ့ တစ္လ
တစ္လ ထုခြဲေရာင္းခ်စားေသာက္ရင္း ႏွစ္ေပါင္း
သုံးဆယ္နီးပါး ကုန္ၿပီေပါ့ က်ေနာ္လည္း ဝင္ေငြ
ရွိတာ မဟုတ္ဘူး၊ ဒုကၡတညီမကိုလည္း ျပဳစု
ေနရေသးတယ္”
“ေဟ့ေကာင္ မဆိုင္တာေတြ မေျပာနဲ႔ ”
“သြားၾကပါဗ်ာ၊ ခင္ဗ်ားတို႔ ေမာင္ႏွမသုံးေယာက္
တစ္ကိုယ္ေကာင္းဆန္လို႔ …အခုလို စီးပြားပ်က္
ၿပီး အေမနဲ႔ ညီမေလး ေသရတာ”
“ေဟ့ေကာင္ ေက်ာ္ထြန္း၊ ေ႐ႊမရွိဘူးဆိုလည္း
ဒီအိမ္ႀကီးနဲ႔ ၿခံရွိေသးတယ္ ဒါ ငါတို႔ေလး
ေယာက္နဲ႔ ဆိုင္တယ္”
“က်ဳပ္ …မေသေသးသေ႐ြ႕ ဒီၿခံနဲ႔ ဒီအိမ္ကို
မေရာင္းဘူး”
“ေဟ့ေကာင္ အေဖ၊ အေမ လက္ငုပ္ပစၥည္း
သားသမီး အားလုံးပိုင္တယ္၊ မင္းက အိမ္
ေထာင္မက်ေသးတဲ့အတြက္ ေဝစုကို ပိုယူ”
“ဘာေဝစုနဲ႔မွ မက္လုံးလာေပးမေနနဲ႔၊ က်ဳပ္
မေသေသးသေ႐ြ႕ ဒီအိမ္ႀကီးကို လာမထိနဲ႔၊
မ်က္ေစာင္းေတာင္ လာမထိုးနဲ႔ ျပန္ၾကေတာ့”
“ေတာက္…မင္း အဲဒီ…အရက္ေသာက္ၿပီး
ေသမယ့္ေကာင္”
“ေသပေစ …က်ဳပ္ေသမွ အေမြခြဲယူၾက”
ေက်ာ္ထြန္းလည္း အစ္ကိုႀကီးမ်ားကို ေက်ာ
ေပးၿပီး အရက္ငွဲ႔၍ ေသာက္ေနလိုက္သည္။
အစ္ကိုမ်ားလည္း ျပန္သြားၿပီ အိမ္ႀကီးမွာ
တစ္ေယာက္တည္း မိုးလင္းမွသည္ မိုးခ်ဳပ္
ထိ အရက္ေသာက္ရင္းသာ ေနေတာ့သည္။
ေဒၚနန္းသူဇာ ေသဆုံးၿပီး ေျခာက္လခန႔္အ
ၾကာ ေက်ာ္ထြန္းတစ္ေယာက္၊ အရက္မူးလြန္
ၿပီး အန္ဖက္ဆို႔ကာ ေသဆုံးသြားေတာ့သည္။
ေက်ာ္ထြန္းေသဆုံးၿပီး ပုပ္ပြေနမွ ရပ္ကြက္ထဲ
မွ သိၾကေတာ့သည္။ ထိုသိသည့္အခ်ိန္ ေသ
ဆုံးၿပီးသည္မွာ ဆယ္ရက္ခန႔္ ရွိၿပီဟု မႈခင္း
ဆရာဝန္က မွတ္ခ်က္ျပဳသည္။
အရက္အမူးလြန္၍ အန႔္ဖက္ဆို႔ကာ အသက္
ရႉလမ္းေၾကာင္း ပိတ္၍ ေသဆုံးရသည္ဟု
လည္း ဆရာဝန္က ဆိုသည္။
ထိုေၾကာင့္ အိမ္ႀကီးအား ရန္ကုန္မွ ေမာင္ႏွမ
သုံးေယာက္ ပိုင္သြားသည္။ေက်ာ္ထြန္းေသဆုံး
သြားၿပီျဖစ္ေၾကာင္း ရဲမွ အေၾကာင္းၾကားသျဖင့္
ေမာင္ႏွမသုံးေယာက္ ေရာက္လာၾကသည္။
ရက္လည္ဆြမ္းသြတ္ရန္လည္း မျဖစ္ႏိုင္ေတာ့
သျဖင့္ တစ္လျပည့္မွသာ သပိတ္သြတ္ၿပီး လ
ပတ္ဆြမ္းပါ တစ္ၿပိဳင္တည္း လုပ္ေပးမည္ဟု
ဆုံးျဖတ္၍ ရန္ကုန္သို႔ ျပန္ခဲ့ၾကသည္။ တစ္လ
မျပည့္ခင္အတြင္း ေမာင္ႏွမသုံးေယာက္ဆုံၿပီး
အိမ္ႀကီးသို႔ လာၾကသည္။ မိခင္ႀကီးမေသခင္
က ရတနာမ်ား မည္သည့္ေနရာမွာ ဝွက္ထား
မည္နည္းဟု ျဖစ္ႏိုင္သည့္ေနရာေရာ ေခ်ာင္
ႀကိဳေခ်ာင္ၾကားပါ မက်န္ ရွာၾကသည္။
မည္ကဲ့သို႔ ရွာရွာ မေတြ႕။ ေနာက္ပိုင္း တစ္
ေယာက္ႏွင့္တစ္ေယာက္ အသိမေပးဘဲ ေန႔
ခ်င္းျပန္လာၿပီး ရွာၾကသည္။ ၿခံႀကီး၏ေသာ့
ကို သုံးေယာက္ခြဲယူထားၾကသည္မို႔ အိမ္ထဲ
သို႔ အလြယ္တကူ ဝင္ႏိုင္ၾကသည္။ေ႐ႊနံ႔သာ
အိမ္ႀကီးသို႔ လာလွ်င္ ညအိပ္ညေန မေနဝံ့
ၾက။လပတ္ဆြမ္းလည္း မကပ္ရေသး၊ သ
ပိတ္လည္း မသြတ္ရေသးသျဖင့္ အိမ္ႀကီး
မွာ ေက်ာ္ထြန္းဝိညာဥ္ ေသာင္းက်န္းေန
သည္ဟု ၾကားၾကသည္။
သို႔ေၾကာင့္ ေန႔ခ်င္းျပန္သာ လာဝံ့ၾကသည္။ ဘယ္လိုပင္ရွာရွာ ရတနာႏွင့္တူတာဆို၍
ဘာတစ္ခုမွ ရွာမရ။ မၾကာခင္ လပတ္ဆြမ္း
သြတ္မည့္ရက္ ေရာက္လာခဲ့သည္။ ဆြမ္း
ကပ္ရန္ ပစၥည္းအစုံအလင္ ႀကိဳတင္ဝယ္
ျခမ္းၿပီး တစ္ရက္ႀကိဳတင္လာခဲ့ၾကသည္။
လပတ္ဆြမ္းလည္ေအာင္ျမင္စြာ ၿပီးေျမာက္
သြားခဲ့ၿပီး အလႉညက အိမ္ႀကီးမွာ သရဲ
ေျခာက္သံဟူ၍ လုံးဝ မၾကားခဲ့ၾက။
ဆြမ္းကပ္ၿပီးေနာက္ပိုင္း ကိုယ့္အိမ္ကိုယ္
မျပန္ၾကေသးဘဲ တစ္ရက္ႏွစ္ရက္ခန႔္
ေနထိုင္ၿပီးမွ ရန္ကုန္ျပန္ၾကမည္ဟု တိုင္
ပင္ထားၾကသည္။ ထိုရက္အတြင္း ေပ်ာက္
ဆုံးေနေသာ ရတနာမ်ားကို ရွာၾကမည္
ျဖစ္သည္။ ထိုသို႔ ဆုံးျဖတ္ထားသည့္အ
တိုင္း မိသားစုမ်ား အိမ္အေပၚထပ္မွာ ေန
ေစၿပီး ေမာင္ႏွမသုံးေယာက္ အိမ္ႀကီး
ေအာက္ထပ္မွာ ရွာေဖြေနၾကသည္။
“ရွပ္…ရွပ္…ရွပ္…”
“ကိုေအာင္ဝင္း…က်ေတာ္တို႔ေနာက္မွာ
ေျခသံလိုလို ၾကားလိုက္တယ္”
“ငါလည္း ၾကားမိလို႔ လွည့္ၾကည့္ေတာ့
ဘာမွမေတြ႕ဘူးကြ”
ရွာေဖြျခင္းကို ရပ္ၿပီး နားစြင့္လိုက္ၾကသည္။
“ကြၽီ…ကြၽီ…ဂေလာက္…”
“ဟင္”
သူတို႔ အနီးမွကပ္ၿပီး ဘီးတစ္ခုခု လိမ့္သြား
သလိုမ်ိဳး ၾကားလိုက္သည္။
“ဒါ …ဒါ …မိေအးရဲ႕ ဝွီးခ်ဲလွိမ့္သံ မဟုတ္လား”
“ကြၽီ …ကြၽီ …ကြၽ ီ…”
“ဟုတ္တယ္ …ဒါ …ဝွီးခ်ဲဘီးလိမ့္သံပဲ”
“ကဲပါ …ေမွာင္ေနၿပီ၊ ဒီမီးအလင္းနဲ႔လည္း
ရွာလို႔မေကာင္းဘူး၊ မနက္လင္းမွ ဆက္ရွာ
ေသးတာေပါ့၊ လာ …အေပၚထပ္တက္မယ္”
သို႔ျဖင့္ သုံးေယာက္သား အေပၚထပ္သို႔
တက္လာခဲ့သည္။
“ဘယ္သြားေနၾကတာလဲ”
ဦးေအာင္ဝင္း၏ဇနီးက လွမ္းေမးသည္။
“ေမွာင္ေနၿပီ မနက္လင္းမွ ရွင္းပါလား
က်မတို႔လည္း ဝိုင္းရွင္းေပးမွာေပါ့”
“အိပ္ခ်ိန္မွ မဟုတ္တာ၊ ေအာက္ထပ္မွာ
စကားလည္းေျပာ၊ ရွင္းလင္းစရာရွိတာ
ရွင္းလင္းေနတာ”
ထိုအခါ ဦးေအာင္ဝင္း၏ ဇနီးက ဘာမွ
မေျပာေတာ့။
“ဝုန္း…ဝုန္း…ဝုန္း…”
” ဟင္…ဒိန္း…ဒိန္း…”
“အမယ္ေလး…အေဖ…အေဖ…ေခါင္မိုး
ေပၚက ဘာသံေတြလဲ”
“ၿငိမ္ေနၾကစမ္း၊ ေခါင္မိုးေပၚ ခဲက်သံလား
မသိဘူး”
ဒုန္း…ဒုန္း…ဝုန္း …
အိမ္ႀကီးအမိုးေပၚမွေရာ၊ ပတ္ပတ္လည္
အိမ္နံရံမ်ားမွလည္း အသံမ်ိဳးစုံ ထြက္ေန
သည္။ အလႉအတြက္ ခ်က္ျပဳတ္ေၾကာ္
ေလွာ္စဥ္က ၿခိဳးၿခိဳးခြၽတ္ခြၽတ္ အသံပင္
မၾကားရ။
ေၾကာက္လန႔္ၾကသည့္ကေလးမ်ား ေအာ္
ငိုၾကသည္။
“အေဖ…အဲဒါ …သ…သရဲေျခာက္တာလား ”
“မဟုတ္ပါဘူး ခဏေနရင္ ေပ်ာက္သြား
လိမ့္မယ္”
“သားေၾကာက္တယ္”
“အေမ…သမီးလည္း ေၾကာက္တယ္”
“ဒီမွာ လူေတြ အမ်ားႀကီးရွိတာ၊ ဘာ
ေၾကာက္စရာရွိလဲ”
“အဲဒီသရဲက…ေလးေလးနဲ႔ အန္တီေလး
တို႔ သရဲျဖစ္ေနတာဆို”
“ဟုတ္တယ္ …မင္းတို႔ ျပန္ေတာ့မယ္ဆို
တာ သိလို႔ လာႏႈတ္ဆက္တာ”
ဒုန္း …ဒုန္း…ဒုန္း…”
အမိုးေပၚကို ခဲမ်ား ဆက္တိုက္က်ေနသည္။
“ကြၽီ …ကြၽီ…ကြၽီ…”
သူတိုႏွင့္ မနီးမေဝးေနရာမွ ဝွီးခ်ဲဘီး လိမ့္
သြားသည့္အသံ ၾကားလိုက္ရျပန္သည္။
မိသားစုသုံးစုလုံး အိပ္ခန္းမ်ားထဲသို႔ မဝင္
ျဖစ္ၾကေသးဘဲ ဘုရားခန္းေရွ႕ရွိ ထိုင္ခုံမ်ား
မွာ စုၿပဳံထိုင္ေနၾကသည္။ အခ်ိန္က ရွစ္နာ
ရီခြဲၿပီး႐ုံသာ ရွိေသးသည္။
“ကိုေအာင္ဝင္း မနက္ေစာေစာ က်မတို႔
သားအမိေတြ ျပန္မယ္၊ ရွင္တို႔ …ပစၥည္း
ရွာခ်င္တယ္ဆိုရင္လည္း ေမာင္ႏွမသုံး
ေယာက္ေနခ်င္ေနခဲ့ၾက၊ မနက္မိုးလင္း
တာနဲ႔ ျပန္မယ္’
“ကိုယ္လည္း ျပန္မွာပါ”
ထိုအခါ ဦးႏိုင္ဝင္းက…
“က်ေတာ္ေတာ့ မေက်နပ္ေသးဘူး…
မနက္လင္းလင္းရွင္းရွင္းမွာ ရွာၾကည့္
ခ်င္ေသးတယ္၊ ညေနေလးနာရီေလာက္
မွ ျပန္လည္း ျဖစ္တာပဲ”
“အို…ရွင္တို႔ ညီအစ္ကိုပဲ ေနခဲ့ၾက၊ က်မ
တို႔လည္း အစ္မၫြန႔္တို႔နဲ႔ အတူျပန္လိုက္
သြားမယ္”
ဦးႏိုင္လင္း၏ ဇနီးကပါ ဦးေအာင္ဝင္း၏
ဇနီး ေဒၚတင္ၫြန႔္တို႔ႏွင့္ အတူ ျပန္မည္
ဟု ဆိုလာသည္။
“ေအး…မနက္ ျပန္ခ်င္တဲ့အဖြဲ႕ျပန္၊ ေနခ်င္
တဲ့ ကိုယ္တို႔ကေတာ့ ညေနေလးနာရီခြဲမွ
ျပန္မယ္”
ဒုန္း…ဂြမ္း…ဂြမ္း…ဂြမ္း…
ေအာက္ထပ္မွ အိုးသံခြက္သံမ်ား ဆူညံစြာ
ထြက္လာျပန္သည္။
“မေၾကာက္ၾကနဲ႔၊ ေလးေလးနဲ႔ အန္တီေလး
တို႔ လုပ္ေနတာ တေစၦသရဲဆိုတာ အသံနဲ႔
ပဲ ေျခာက္လွန႔္တာ၊ လူေတြကို ဘာမွလုပ္
လို႔ မရဘူး…။ ကဲ…အိပ္ရာထဲဝင္ေနၾက
ေတာ့၊ ေစာင္ေခါင္းၿမီးၿခဳံၿပီး အိပ္ၾက…
ဘာမွမေၾကာက္နဲ႔ ”
ထိုအခ်ိန္ ေအာက္ထပ္မွာ အသံမ်ိဳးစုံ ထြက္
ေနသည္။ တစ္ညလုံး ေျခသံမ်ား အိုးခြက္ပန္း
ကန္ ထု႐ိုက္သံမ်ိဳးစုံကို မနားတမ္းထု႐ိုက္
ေျခာက္လွန႔္ေနသည္။
ကေလးမ်ားလည္း လူႀကီးမ်ား မအိပ္ဘဲရွိေန
သည့္အတြက္ ေၾကာက္ေၾကာက္လန႔္လန႔္ႏွင့္
အိပ္ေပ်ာ္ကုန္ၾကၿပီ။ ဦးေအာင္ဝင္းႏွင့္ ဦးႏိုင္
လင္းတို႔လည္း မနက္ႏွစ္နာရီခန႔္အေရာက္
အိပ္ခ်င္စိတ္ကို ထိန္းမရေတာ့ဘဲ အိပ္ေပ်ာ္
သြားေတာ့သည္။ မနက္ရွစ္နာရီ ထိုးကာနီးမွ
ႏိုးလာၾကသည္။ ထိုအခ်ိန္ ဇနီးႏွင့္ ကေလး
မ်ား အထုပ္အပိုး ျပင္ေနၾကၿပီ။
“ဘယ္လိုလဲ တစ္ခါတည္းလိုက္မွာလား
ေနခဲ့ၾကမွာလား”
“ႏိုင္လင္းနဲ႔ ေတြ႕ၿပီးၿပီလား”
“ေတြ႕ၿပီးၿပီ…အစ္ကိုႀကီးနဲ႔ သီရိတို႔ေနခဲ့မယ္
သူလည္း ေနခဲ့မယ္တဲ့”
“ဒါနဲ႔ …သီရိ မျမင္ပါလား”
“မီးဖိုထဲမွာ မနက္စာ စီစဥ္ေနတယ္။ က်မ
တို႔ေတာ့ စားၿပီးၿပီ၊ ရွင္တို႔ပဲ က်န္ေတာ့တယ္
မ်က္ႏွာသစ္ၿပီး သြားစားလိုက္”
“မင္းတို႔ ႏိုင္လင္းကားကို ယူသြား၊ သီရိနဲ႔
သားႀကီး ေမာင္းလိမ့္မယ္…ငါတို႔ေလးနာ
ရီခြဲတာနဲ႔ ျပန္ခဲ့မယ္”
ဦးေအာင္ဝင္းက စီစဥ္ေပးၿပီး မ်က္ႏွာသစ္
ရန္ ထြက္သြားေတာ့သည္။ ေဒၚနန္းသီရိ၏
ခင္ပြန္းမွာ လြန္ခဲ့ေသာ သုံးႏွစ္ခန႔္က အ
သည္းေရာဂါႏွင့္ ဆုံးသြားသည္။ အသက္
ႏွစ္ဆယ္အ႐ြယ္ ေရာက္ေနၿပီျဖစ္ေသာ
သားႀကီးႏွင့္ သမီးႏွစ္ေယာက္ က်န္ခဲ့သည္။
အားလုံး အိမ္ေထာင္မက်ေသး၍ စီးပြားေရး
မေျပလည္ၾက။ သို႔ေၾကာင့္ အေမြလည္း လို
ခ်င္သည္။ ရတနာပစၥည္းမ်ားလည္း လိုခ်င္
သည္။ မိသားစုအားလုံး ျပန္ကုန္ၾကၿပီ ဦး
ေအာင္ဝင္းတို႔ေမာင္ႏွမသုံးေယာက္သာ
က်န္ခဲ့သည္။
“ကဲ အေပၚေအာက္ ေနရာမလပ္ ျပန္ရွာၾက
မယ္၊ အႀကိဳအၾကားပါမက်န္ ရွာၾကမယ္”
“ေက်ာ္ထြန္းေျပာသလို ႏွစ္ေပါင္းမ်ားစြာ ထိုင္
စားလို႔ ကုန္သြားတာေရာ မျဖစ္ႏိုင္ဘူးလား”
“အေမ့အေၾကာင္း မင္းတို႔မသိဘူးလား၊ အေမ
က လက္လြတ္စပယ္ ဘယ္ေတာ့မွမလုပ္ဘူး၊
သူ႔သားနဲ႔ သမီးအတြက္ ေနာင္ေရး စိတ္ေအး
ရေအာင္ စီစဥ္ထားခဲ့မွာပဲ”
” ထားတဲ့ေနရာ ေက်ာ္ထြန္းကို ေျပာသြားမွာပဲ”
“ဒီေကာင္က ေသသြားေတာ့မွေတာ့၊ ဘယ္
လိုေမးလို႔ရေတာ့မွာလဲ၊ တစ္ေနရာမွာေတာ့
ရွိမွာပဲ …ရွာႏိုင္ဖို႔ပဲ”
ေမာင္ႏွမသုံးေယာက္ စိတ္ရွည္လက္ရွည္ အိုး
ခြက္ပန္းကန္ထဲမွာပါ မက်န္ ရွာသည္။ အခ်ိန္
က ေန႔ခင္း ထမင္းစားခ်ိန္ ေရာက္လာသည္။
ဘယ္လိုမွ ရွာမေတြ႕။
“ဝုန္း…ဝုန္း…ဝုန္း…”
“ေတာက္”
ဆူညံေသာ ထု႐ိုက္သံႏွင့္အတူ…မေက်မနပ္
ေတာက္ေခါက္လိုက္သည့္အသံကိုပါ ၾကား
လိုက္ရသည္။
“ၾကားလိုက္လား”
“ေအး ၾကားတယ္ …ေက်ာ္ထြန္းအသံပဲ”
“သူက ဝိညာဥ္ပဲ …မေက်နပ္လို႔ ေတာက္ေခါက္
လည္း ေခါက္ေပါ့…ဒီအိမ္ႀကီးကို ေရာင္းမပစ္ခင္
စိတ္ေက်နပ္တဲ့အထိ ရွာေဖြဦးမယ္”
“ဘယ္လိုမွ ရွာမရရင္ေတာ့ ကိုယ္နဲ႔ မထိုက္လို႔
ဘဲ မွတ္ၿပီး အိမ္နဲ႔ၿခံကိုပဲ ေရာင္းလိုက္တာေပါ့
အဲဒါကမွ သပိတ္ဝင္ အိတ္ဝင္ ရဦးမယ္”
“တစ္လ ႏွစ္လေလာက္ အိမ္ေပၚအိမ္ေအာက္
ရွာၾကေသးတာေပါ့၊ ၿပီးမွ အေရာင္းဆိုင္းဘုတ္
တင္ၿပီး ပြဲစားလက္ အပ္လိုက္ၾကမယ္”
ညေနေစာင္းသည္အထိ ရွာေဖြၾကေသာ္လည္း
ဘယ္လိုမွ ရွာမေတြ႕။ ၿခံထဲဆင္းၿပီး အိမ္ႀကီး
ပတ္ပတ္လည္ ထင္သည့္ေနရာ ေျမတူးၿပီး
ရွာၾကည့္သည္…မေတြ႕။ ေပႏွစ္ရာပတ္လည္
ၿခံႀကီးကို ေျမလွန္ရွာလို႔လည္း မျဖစ္၊ သရဲက
လည္း ညအထိ မေစာင့္…ေန႔ခင္းဘက္ပါ
ေျခာက္လွန႔္ေနသည္။
သို႔ေၾကာင့္ ညအိပ္ရန္ လုံးဝစိတ္မကူးေတာ့
ဘဲ ေလးနာရီခြဲခန႔္ အေရာက္ျပန္ရန္ ျပင္ဆင္
ၾကေတာ့သည္။ ပစၥည္းမ်ား ကားေနာက္ဘက္
တြင္တင္ၿပီး အိမ္ႀကီးကို ေသာ့ခတ္သည္။အား
လုံး ကားေပၚတက္ၿပီးသည္ႏွင့္ ဦးေအာင္ဝင္း
က စက္ႏႈိးလိုက္သည္။
“ဂီး…ဂီး…ဂီး…”
“ဟင္…ဘယ္လိုျဖစ္တာလဲ”
“စက္ႏႈိးမရဘူးလား”
“ဟုတ္တယ္ …ဘာျဖစ္တာလဲမသိဘူး၊
ကားထဲမွာ ဆီလည္း အျပည့္ရွိတယ္”
ဦးေအာင္ဝင္းႏွင့္ ဦးႏိုင္လင္းတို႔ ကားေပၚမွ
ဆင္းၿပီး စက္ဖုံးကို ဖြင့္လိုက္သည္။ အေျခ
အေနကို ၾကည့္သည္။
“ႏိုင္လင္း …ကားကို စစ္ေဆးၾကည့္ကြာ၊
မင္းနားလည္တယ္ မဟုတ္လား”
“ကားပဲေမာင္းတတ္တာ မျပင္တတ္ဘူး”
“ငါလည္း ဘာပ်က္မွန္းကို မသိဘူး”
“ျပႆနာပဲ အခ်ိန္က ငါးနာရီခြဲၿပီ၊ ကား
ျပင္ႏိုင္မယ့္လူ ရွာရေအာင္လည္း ဒီနားမွာ
ဝပ္ေရွာ့ေတြ မရွိဘူး၊ အေျခအေနမေကာင္း
ရင္ ဒီတစ္ည အိပ္ရဦးမလား မသိဘူး”
ကားအနီး သုံးေယာက္သားရပ္၍ ဟိုႏႈိက္
ဒီႏႈိက္ လုပ္ၾကည့္ေသာ္လည္း စက္က
ထူးျခားမလာ။ ကားနားမွာ နာရီဝက္ခန႔္
ၾကာသြားသည္။ အေမွာင္ထု ဖုံးလႊမ္းလာၿပီ
“ကဲ စိတ္ေလ်ာ့လိုက္ေတာ့ …အိမ္ေပၚျပန္
တက္ၿပီး ဒီည အိပ္ဖို႔သာ ျပင္ေတာ့ ”
“သီရိ …ရယ္ဒီမိတ္အထုပ္ေတြ
က်န္ေသးလား”
“က်န္တယ္ ဆယ္ထုပ္ က်န္ေသးတယ္
ပန္းသီးေတြလည္း ရွိေသးတယ္၊ ေရသန႔္
တစ္ကဒ္ က်န္ေသးတယ္”
“ကဲ…ကားေနာက္ဖုံးဖြင့္လိုက္ လိုအပ္တာ
ေတြ ယူၿပီး အိမ္ထဲျပန္ဝင္ၾကမယ္…သီရိက
တံခါးသြား ဖြင့္လိုက္”
“ဟား… ဟား …ဟား …”
ထိုအခ်ိန္ အိမ္ႀကီးအတြင္းမွ ရယ္ေမာလိုက္
သံကို ပီပီသသ ၾကားလိုက္ရသည္။
“ဒီရယ္သံက တို႔ကို ေလွာင္ရယ္တဲ့အသံပဲ၊
ဒီေကာင္ ကားပ်က္ေအာင္ လုပ္လိုက္တာ
လား မသိဘူး”
” ဟား…ဟား …ဟား…”
“ဟိုမွာ ဟိုအေပၚမွာ တံခါးဖြင့္ၿပီး ရပ္ၾကည့္
ေနတယ္၊ အဲဒါ သူ႔အိပ္ခန္း မဟုတ္လား”
“ဟုတ္တယ္ သူ႔အခန္းပဲ”
“အင္း…သူတို႔ေမာင္ႏွမနဲ႔ တို႔ေမာင္ႏွမ ေတြ႕
ၾကၿပီေပါ့”
“သူလည္း သရဲျဖစ္ေနၿပီဆိုေတာ့ ေမာင္ႏွမ
သံေယာဇဥ္ ရွိခ်င္မွ ရွိေတာ့မွာ ဘဝျခားသြား
သလို စိတ္လည္း ျခားနားသြားၿပီ ျဖစ္မယ္”
“ကဲ…ဒီအတိုင္း ကားထဲမွာေနလို႔ မျဖစ္ဘူး၊
အထုပ္ေတြ ယူၿပီး အိမ္ထဲဝင္ၾကမယ္”
ဦးေအာင္ဝင္းက သတိေပးလိုက္မွ ဦးႏိုင္လင္း
က ေရသန႔္တစ္ကဒ္ႏွင့္ ရယ္ဒီမိတ္အထုပ္ကို
ယူလိုက္သည္။ဦးေအာင္ဝင္းက အိပ္ရာ၊ေစာင္၊
ျခင္ေထာင္ စသည္ထားေသာ အိတ္ႏွစ္လုံးကို
ဆြဲလိုက္သည္။ ေဒၚနန္းသီရိက သူ႔အိပ္ရာလိပ္
ဆြဲၿပီး တံခါးသြားဖြင့္သည္။
“ခြမ္း”
“အိမ္ေပၚက ႏို႔ဆီခြက္အခြံေတြနဲ႔ ပစ္ေပါက္
ေနတယ္”
“ရွပ္…ရွပ္…ရွပ္…”
“ကြၽိ…ကြၽိ…ကြၽိ…”
တံခါးနားကပ္ေတာ့ အိမ္ခန္းထဲက အသံမ်ိဳး
စုံ ၾကားေနရသည္။ ေဒၚနန္းသီရိက တံခါး
မႀကီးေသာ့ကို ဖြင့္ၿပီး တြန္းလိုက္သည္။အိမ္
ထဲမွာ ေမွာင္မည္းေနသည္။
“အိုး…ေအမ့”
ေဒၚနန္းသီရိ ေရွ႕သို႔ ဟပ္ထိုးပစ္လဲက်သြား
သည္။
“ဟင္း သီရိ ဘယ္လိုျဖစ္တာလဲ”
“အစ္ကိုတို႔ထဲက တစ္ေယာက္ေယာက္
က်မကို ေနာက္က တြန္းလိုက္တယ္
မဟုတ္လား”
“ဟာ…ေပါက္ကရ …ဒီမွာ တို႔ႏွစ္ေယာက္လုံး
လက္ႏွစ္ဖက္စီ အိတ္ေတြ အထုပ္ေတြ ဆြဲ
ထားတာ မေတြ႕ဘူးလား”
“အင္း…ကြၽတ္ကြၽတ္ ခါးေတာ္ေတာ္နာသြား
တယ္၊ အစ္ကိုတို႔ မဟုတ္ရင္ ဘယ္သူတြန္း
လိုက္တာလဲ”
“ေဂ်ာက္…ဝုန္း”
“ဟင္ …ဘယ္လိုလဲဟ”
ေဒၚနန္းသီရိ လဲက်ေသာ ျပႆနာကို ရွင္း
ေနတုန္း ေနာက္ေက်ာဘက္က တံခါးမႀကီး
သူ႔အလိုလို ပိတ္သြားသည့္အသံ ၾကားလိုက္
ရသည္။
“ဟင္…တံခါးႀကီး ပိတ္လိုက္ၿပီ”
“ေက်ာ္ထြန္း မေနာက္နဲ႔ကြာ၊ ငါတို႔ ဒီညအိပ္
ၿပီး မနက္မွ ျပန္မွာ”
“ကြၽိ” “ဝုန္း”
တံခါးဘက္လွည့္ၿပီး ေျပာေနစဥ္မွာပဲ ဧည့္
ခန္းရွိ ဆက္တီခုံတစ္လုံး ေဘးဘက္သို႔ေ႐ႊ႕
သြားၿပီး ပက္လက္လန္က်သြားသည္။ မီးခ
လုတ္မ်ားရွိရာသို႔ သြားၿပီး မီးဖြင့္လိုက္သည္။
တစ္အိမ္လုံး လင္းထိန္သြားသည္။
“ေဂ်ာက္…” “ဟိတ္ မလုပ္နဲ႔ ”
ဦးေအာင္ဝင္း မီးခလုတ္ဖြင့္၍ လက္လႊတ္႐ုံ
သာရွိေသးသည္။မီးခလုတ္ကို ျပန္ပိတ္သံ
ၾကားလိုက္ၿပီး ေမွာင္က်သြားေတာ့သည္။
“မလုပ္ပါနဲ႔ကြာ …ငါတို႔ကို မေျခာက္မလွန႔္
ပါနဲ႔ ”
“ေဂ်ာက္”
ဦးႏိုင္လင္းက ေျပာလည္းေျပာ၊ မီးခလုတ္ကို
ျပန္ဖြင့္လိုက္သည္။ မီးက ျပန္ပိတ္မသြားေတာ့။
႐ႊတ္ …႐ႊတ္…႐ႊတ္…
ဘီးလွိမ့္သံေၾကာင့္ အသံၾကားရာ ၾကည့္
လိုက္ရာ…
“ဟိုမွာ …ဟိုမွာ…ေလွကားထိပ္မွာ ေအးသူဇာ”
ေဒၚနန္းသီရိက အေပၚထပ္တက္ေသာ
ေလွကားထိပ္ကို လက္ညႇိဳးထိုးျပသည္။
“ေအးသူဇာ ေလွကားထိပ္မွာ ဝွီးခ်ဲနဲ႔ ထိုင္
ေနတယ္”
“ဘယ္မွာလဲ …မရွိပါဘူး။ ႏိုင္လင္း မင္း
ေတြ႕လား”
“မေတြ႕ဘူး သီရိ၊ ဘယ္သူမွ မရွိဘူး”
“ရွိေနတယ္ အေပၚေလွကားထိပ္တည့္
တည့္မွာ”
“အင္း အဲဒါဆို နင့္ကို ေျခာက္လွန႔္တာပဲ”
“ကဲ…မအိပ္ခင္ ေအာက္ထပ္ မီးဖိုေဆာင္မွာ
စားေသာက္ေရး စီစဥ္လိုက္ရေအာင္ ေရေႏြး
တစ္အိုး တည္ရင္ ၿပီးၿပီ၊ ႏိုင္လင္း သီရိကို
ဝိုင္းကူလိုက္ကြာ…ငါခဏ ထိုင္ဦးမယ္”
ေရေႏြးအိုးတည္ေသာ လွ်ပ္စစ္အိုးရွိသျဖင့္
ေရျဖည့္ကာ ပလပ္ထိုးထားသည္။ ထို႔ေနာက္
အျပင္ျပန္ထြက္လာၿပီး ေစာေစာက တြန္းလွည့္
ထားေသာ စက္တီခုံကို ျပန္တည့္၍ ထိုင္လိုက္
ၾကသည္။
“ဝုန္း…ဝုန္း…ဝုန္း…”
“ဒုန္း…ဒုန္း…ဒုန္း…”
“ဟီး …ဟီး…ဟီး…”
“အိမ္အေပၚထပ္မွာေတာ့ ေသာင္းက်န္းေနၿပီ၊
ဒီညေတာ့ သရဲေမာင္ႏွမ ႏွစ္ေယာက္နဲ႔၊ တို႔
ေတြ႕ၾကၿပီေပါ့ကြာ”
အိမ္ႀကီး၏အေပၚထပ္မွာေတာ့ အသံမ်ိဳးစုံ
ၾကားေနရသည္။ ေရေႏြးဆူသြားသျဖင့္
ရယ္ဒီမိတ္မ်ား ေဖာက္ၿပီး ျပဳတ္ေသာက္
ၾကသည္။ ေခါက္ဆြဲျပဳတ္ကုန္ေတာ့ ပန္း
သီးတစ္ေယာက္တစ္လုံး ထိုင္စားေနလိုက္
သည္။
“အင္း ဒီညအတြက္ ဗိုက္ေတာ့ ျပည့္သြားၿပီ”
“ကဲ…ပန္းကန္ေတြ သိမ္းၿပီး အေပၚထပ္
တက္ၾကစို႔ ”
ဝိညာဥ္သရဲေျခာက္လွန႔္မႈကေတာ့ ေလ်ာ့ပါး
မသြား။သူတို႔အေပၚတက္လာေတာ့ ေအာက္
ထပ္ႏွင့္ အမိုးမွာ အသံမ်ား ၾကားေနရသည္။
“ကဲ …တစ္ညလုံး မီးဖြင့္ထားၿပီး၊ ကိုယ့္အ
ခန္းကိုယ္ဝင္ အိပ္ၾက”
အခ်ိန္က ရွစ္နာရီသာသာ ရွိေသးသည္။
“အင္း…အခ်ိန္အေစာႀကီး ရွိေသးတယ္၊ ခါ
တိုင္းဆယ့္တစ္နာရီေလာက္မွ အိပ္တာ”
“ဒါဆိုလည္း စကားထိုင္ေျပာၾကတာေပါ့”
“က်မကေတာ့ မအိပ္ခ်င္ေသးေပမဲ့ ေက်ာ
ဆန႔္ေတာ့မယ္ …အိပ္ခ်င္တဲ့အခ်ိန္ အိပ္
လိုက္မယ္”
ေဒၚနန္းသီရိက ေက်ာဆန႔္ခ်င္သည္ဆိုၿပီး
အိပ္ခန္းထဲ ဝင္သြားသည္။ေဒၚနန္းသီရိလည္း
မ်က္လုံးကို မွိတ္ထားၿပီး ဘာမွမစဥ္းစားျဖစ္
ေအာင္ ႀကိဳးစားကာ အိပ္ေပ်ာ္သြားရန္ ၿငိမ္
ေနလိုက္သည္။ ဘာမွ မစဥ္းစားဟု…စိတ္
ပိုင္းျဖတ္ကာမွ မ်က္စိထဲမွာ ေအးသူဇာ၏
မ်က္ႏွာႀကီး ေပၚလာသည္။ မေက်နပ္ေသာ
မ်က္ႏွာ၊ နာက်ည္းမုန္းတီးေသာမ်က္ႏွာႀကီး
ျဖစ္သည္။
“သြား…သြား…သူဇာ…ငါ့နားမလာနဲ႔ ”
“မလာလို႔ျဖစ္မလား…နင္နဲ႔ငါ ေသြးသား
ေတာ္စပ္ရတာ ငါ့ကိုယ္ငါ နာက်ည္းမုန္းတီး
မိတယ္၊ ငါ့ဘဝက ဒုကၡိတ ျဖစ္ရတဲ့အထဲ ငါ့
ကို လူ႔ေလာကထဲက ထြက္သြားေစခ်င္တဲ့
ငါ့ရဲ႕အစ္မေၾကာင့္ နာက်ည္းမိရတယ္၊ငါက
လူ႔ေလာကထဲ မတိုးဝံ့တဲ့ ေသလူပါ …ငါ့ဘ
ဝက ေသတာနဲ႔ မျခားပါဘူး။ဒါေတာင္ ပစၥည္း
ဥစၥာ အလိုရမၼက္အတြက္ ငါ့ကို သတ္ဝံ့တယ္
သတ္ပစ္ရက္တယ္၊ ၿပီးေတာ့ ငါေသတာ သ
နားလို႔ဆိုၿပီး ငါေသတဲ့ေန႔က ထမင္းေတာင္
မစားႏိုင္ဘူးတဲ့ ဟုတ္လား…နင့္ရဲ႕အမူအရာ
ေတြေၾကာင့္ ညီမေလးကို သိပ္ခ်စ္တဲ့သူ အ
ျဖစ္ လူေတြက အမွတ္ဝိုင္းေပးၾကတာေပါ့၊
ငါ…ဝိညာဥ္အျဖစ္နဲ႔ နင့္ေဘးမွာရပ္ၿပီး၊ တ
ဟား ဟား ရယ္ေနတာ နင္မသိဘူး မဟုတ္
လား”
“ဘာေတြလာေျပာေနတာလဲ …သြားစမ္း”
“နင္…ငါ့ကို ေလွကားထိပ္ကေန လူေတြ
အလစ္မွာ တြန္းခ်လိုက္လို႔ ငါေသရတာ”
“မဟုတ္ဘူး မဟုတ္ဘူး ငါမတြန္းခ်ဘူး။
ငါ့ကို လူသတ္သမားလို႔ မစြပ္စြဲနဲ႔ ”
“သြား…သြား အခု ထြက္သြား”
“ဟဲ့ …ဟဲ့ သီရိ သီရိ ေယာင္ေနတာလား
သီရိ သီရိ ႏိုးၿပီလား”
“ရွင္ အစ္ကို ဘာ…ဘာျဖစ္လို႔လဲ”
“နင့္အခန္းထဲက ေအာ္သံၾကားလို႔ ”
“ဟို…ဟို အိပ္မက္ မက္ၿပီး ေယာင္ေအာ္
တာ ျဖစ္မယ္”
“ေအး …တုန္တုန္ရီရီ ထေအာ္သံၾကား
လိုက္လို႔ ”
ေအးသူဇာ သရဲမေၾကာင့္ ေဒၚနန္းသီရိ
႐ုတ္တရက္ လန႔္ႏိုးသြားၿပီး တစ္ကိုယ္လုံး
ေခြၽးေစးမ်ားျဖင့္ စို႐ႊဲေနသည္။ ဦးေအာင္
ဝင္းႏွင့္ ဦးႏိုင္လင္းတို႔လည္း စကားထိုင္
ေျပာေနရာက နာရီကို ၾကည့္လိုက္ရာ
ဆယ္နာရီထိုးၿပီျဖစ္၍ အသီးသီး အိပ္ရာ
ထဲ ဝင္ခဲ့ၾကသည္။ ဆယ္ငါးမိနစ္ခန႔္ၾကာ
ေတာ့ ဦးႏိုင္လင္း၏ေဟာက္သံစည္းခ်က္
မွန္မွန္ ထြက္လာေလေတာ့သည္။
သို႔ေၾကာင့္ ေၾကာင္ေနေသာ မ်က္လုံးမ်ား
ကို အိပ္ေပ်ာ္ရန္ ႀကိဳးစားအိပ္လိုက္သည္။
ဆယ့္တစ္နာရီခြဲခန႔္မွ အိပ္ေပ်ာ္သြားေတာ့
သည္။ ထိုအခ်ိန္ အခန္းထဲ ေက်ာ္ထြန္း
ဝင္လာသည္။
“ဟဲလို…ကိုႀကီးေအာင္ဝင္းတို႔ ႏွစ္ႏွစ္ၿခိဳက္
ၿခိဳက္ အိပ္လို႔ပါလား၊ ထစမ္းပါဦး ခင္ဗ်ားတို႔
ညီအစ္ကိုႏွစ္ေယာက္ရဲ႕ လုပ္ရပ္ေလးကို ျပန္
သတိေပးခ်င္လို႔ က်ဳပ္ကို အရက္မူးေအာင္
တိုက္၊ ေသလုေသခင္ျဖစ္မွ အိပ္ေဆးေတြ
ခပ္တဲ့ ေရကို တိုက္ၿပီးထားခဲ့တာ။
အန႔္ဖက္ေတြ ပါးစပ္ထဲ အသက္ရႈလမ္း
ေၾကာင္းထဲပိတ္ၿပီး ေသခဲ့ရတာ၊ ခင္ဗ်ား
တို႔ရဲ႕ ပိပိရိရိလူသတ္ခဲ့တဲ့ လုပ္ကြက္ပဲ၊
အမ်ားအျမင္မွာေတာ့ က်ဳပ္အန႔္ဖတ္ဆို႔
ၿပီး ေသသြားတာေပါ့ အဲဒီလို ေသေအာင္
တစ္ထိုင္တည္း အရက္ႏွစ္ပုလင္းကုန္
ေအာင္ ေျမႇာက္ပင့္ၿပီး တိုက္ခဲ့တယ္။
က်ဳပ္က အလြန္ဆုံးတစ္ပုလင္းပဲ ေသာက္
တယ္ဆိုတာ မရဘူး၊ဟိုႏိုင္လင္းဆိုတဲ့ေကာင္
ကလည္း အျမည္းေတြ တစ္ခုၿပီး တစ္ခုလုပ္
ေပးတယ္၊ ၿပီးေတာ့ အိပ္ေဆးေဖ်ာ္ထားတဲ့
ေရကိုေသာက္ခိုင္းတယ္၊က်ဳပ္အန႔္ဖတ္ေတြ
နဲ႔ လူး အန႔္ဖတ္ေတြ ေလႁပြန္ဆို႔ၿပီး မေသဘဲ ရွိႏိုင္ေတာ့မလား၊
က်ဳပ္မေသခင္ကေတာ့ အစ္ကိုႏွစ္ေယာက္
က ငါ့အေပၚေကာင္းတာပဲလို႔ ထင္မိတယ္၊
က်ဳပ္ေသသြားမွ ခင္ဗ်ားတို႔ ႏွစ္ေယာက္ေပါင္း
ၿပီး ေသေအာင္လုပ္တဲ့အေၾကာင္း အိပ္ေဆး
ဘယ္ႏွစ္လုံးႀကိတ္ၿပီး ထည့္တိုက္ခဲ့တဲ့ အ
ေၾကာင္း၊ ကံေကာင္းလို႔ ရဲက မသကၤာ မျဖစ္
တယ္ဆိုတဲ့အေၾကာင္း၊ ခင္ဗ်ားတို႔ႏွစ္ေယာက္
ေျပာေနတာကို ဝိညာဥ္အျဖစ္နဲ႔ ခင္ဗ်ားတို႔အ
နားရပ္ၿပီး နားေထာင္ေနတာ …ခင္ဗ်ားတို႔
မသိဘူး၊
ဒုကၡိတ ညီမကိုလည္း ခင္ဗ်ားတို႔ရဲ႕ ညီမက
ေလွကားထိပ္က တြန္းခ်ၿပီး သတ္ခဲ့တယ္။
အေမ့ပစၥည္းေတြ ဘယ္မွာထားလဲ သိခ်င္
လား သိခ်င္ရင္ က်ဳပ္တို႔လိုပဲ ဝိညာဥ္အျဖစ္
ေျပာင္းလိုက္ ခ်က္ခ်င္းေတြ႕လိမ့္မယ္”
“သြား…သြား …မင္း မဟုတ္တာေတြ လာ
မေျပာနဲ႔ ”
“က်ဳပ္မသိပါဘူး၊ ခင္ဗ်ားတို႔ ညီအစ္ကိုႏွစ္
ေယာက္ ေျပာေနတာ ၾကားလိုက္လို႔ က်ဳပ္
အသက္ခံလိုက္ရမွန္း သိတာ၊ မင္းတို႔သတ္
တာ တို႔ေမာင္ႏွမသိတယ္ဆိုတာေျပာျပခ်င္
လို႔ ဒီညအိပ္မွာ အိပ္ျဖစ္ေအာင္ လုပ္လိုက္
တာ”
“ဘာ …ဒါ …ဒါဆို ကားပ်က္ေအာင္ မင္း
လုပ္လိုက္တာလား”
“ကားက မပ်က္ပါဘူး …မင္းတို႔ ႏႈိးလို႔မရ
ေအာင္ လုပ္ထားတာ အခုသြားႏႈိးၾကည့္
ပါလား ဘာမွမျဖစ္ဘူး”
“ဟား ..ဟား.. ဟား. ဟား …ဟား…ဟား”
ဦးေအာင္ဝင္းလည္း ရယ္သံႀကီးေၾကာင့္
႐ုတ္တရက္လန႔္ၿပီး ႏိုးလာသည္။ ေဘး
ဘီသို႔ လွည့္ၾကည့္ရာ မနက္သုံးနာရီခြဲၿပီ။
“အင္း…ကားက မပ်က္ဘူးတဲ့”
“ႏိုင္လင္း …ႏိုင္လင္း”
“ဗ်ာ…အစ္ကို …ေခၚလား”
“ဘာျဖစ္လို႔လဲ”
“ဟို …ငါ…အိပ္မက္တယ္၊ တို႔ကား ဘာမွ
မျဖစ္ဘူးတဲ့ ပ်က္လည္း မပ်က္ဘူးတဲ့”
“ဟုတ္လို႔လားဗ်ာ …စိတ္စြဲလို႔ျဖစ္မယ္”
“ကြၽီ”
ထိုအခ်ိန္ ဦးေအာင္ဝင္းႏွင့္ ဦးႏိုင္လင္းတို႔
စကားသံမ်ားေၾကာင့္ အိပ္မေပ်ာ္တစ္ခ်က္
ေပ်ာ္တစ္ခ်က္ ျဖစ္ေနေသာ ေဒၚနန္းသီရိ
ႏိုးလာၿပီး တံခါးဖြင့္ကာ ထြက္လာသည္။
“အစ္ကိုတို႔ ဘာျဖစ္လို႔လဲ”
“ဘာမွ မျဖစ္ဘူး …နင္ႏိုးၿပီဆို အျပင္သြား
ရေအာင္”
“ဘာလုပ္မလို႔လဲ”
“ကားစက္ သြားႏႈိးၾကည့္မလို႔ ”
“ကားစက္ ပ်က္ေနတာ မဟုတ္လား”
“ငါ့စိတ္ထင္ ေက်ာ္ထြန္း ေနာက္ထားတာ
ထင္လို႔၊ သြားၿပီး စက္ႏႈိးၾကည့္မယ္၊ စက္
မပ်က္ဘူးဆိုရင္ ပစၥည္းေတြသိမ္းၿပီး ျပန္
ၾကမယ္”
“ကဲ ဒါဆို သြားၾကည့္ၾကမယ္”
အိမ္ေရွ႕မီးဖြင့္ထားသည့္အတြက္ တံခါး
ဖြင့္ၿပီး အျပင္ထြက္လိုက္သည္။ ဦးေအာင္
ဝင္းက ကားေပၚတက္ၿပီး စက္ႏႈိးလိုက္သည္။
“ဝူး…ဝူး…ဝူး…ဝူး…ဝူး…”
“ဟင္…တကယ္…ကားမပ်က္ဘူး”
“ဝူး…ဝူး…ဝူး…”
လီဗာကို ေလးငါးခ်က္နင္းၿပီး စက္သတ္ကာ
အိမ္ေပၚ ျပန္တက္ခဲ့သည္။
” ကဲ…ပစၥည္းေတြသိမ္း၊ ကားေပၚတင္ၿပီးတာ
နဲ႔ ျပန္ၾကမယ္”
“မိုးလင္းေအာင္ မေနေတာ့ဘူးလား”
ဦးႏိုင္လင္းက ဘာမွမသိသလို အိပ္ေရးလည္း
မဝေသးသျဖင့္ ေစာဒက တက္လိုက္သည္။
စိတ္ေခ်ာက္ခ်ားေနေသာ ဦးေအာင္ဝင္းႏွင့္
ေအးသူဇာေၾကာင့္အိပ္မေပ်ာ္တစ္ခ်က္ ေပ်ာ္
တစ္ခ်က္ ျဖစ္ေနေသာ ေဒၚနန္းသီရိလည္း
ဤအိမ္ႀကီးမွ ေဝးရာသို႔ အျမန္သြားခ်င္ေန
သည္။
“ကဲ ႏိုင္လင္း…ငါေျပာတဲ့အတိုင္းလုပ္
ပစၥည္းေတြသိမ္း ျပန္ၾကမယ္”
“ဟုတ္တယ္ …အတတ္ႏိုင္ဆုံး ဘာမွမယူ
ဘဲေတာင္ ျပန္ခ်င္တယ္”
ဆယ္မိနစ္ပင္မၾကာ အားလုံးသိမ္းၿပီးသြားၿပီ။
“ကဲ…အျပင္ထြက္မယ္ မိန္းခ်လိုက္…ဓါတ္
မီးရွိတယ္…ငါမီးထိုးျပထားမယ္”
ဦးႏိုင္လင္းက လွ်ပ္စစ္မိန္းခ်ၿပီး ျပန္ထြက္လာ
သည္။ ေလးနာရီဝန္းက်င္ရွိၿပီး အလင္းေရာင္
က မရွိေသး၊ သစ္ပင္ႀကီးမ်ား အုပ္ဆိုင္းေန
ေသာ ၿခံႀကီးအတြင္း ေမွာင္မည္းေနသည္။
အားလုံးအျပင္ထြက္ၿပီး တံခါးပိတ္ကာ ကား
ေပၚတက္၍ စက္ႏႈိးလိုက္သည္။
“ဟား…ဟား …ဟား…”
“ဟီ…ဟီး…ဟီး…”
အိမ္ႀကီးအတြင္းမွ ေယာက်္ားရယ္သံေရာ၊
မိန္းမရယ္သံပါ က်ယ္ေလာင္ေခ်ာက္ခ်ား
ဖြယ္ရာ ၾကားလိုက္ရသည္။ ကားစက္ႏႈိးၿပီး
ၿခံျပင္သို႔ ေမာင္းထြက္လာခဲ့သည္။ ကား
က ရန္ကုန္ဘက္သို႔ တရိပ္ရိပ္ေျပးေန
သည္။ ဆယ္မိုင္ကုန္းမေရာက္ခင္…
“ဟင္…လမ္း…လမ္းေပၚမွာ”
ဝွီးခ်ဲေပၚထိုင္ေနေသာ မိန္းကေလးတစ္
ေယာက္ကို ေယာက်္ားတစ္ေယာက္က
တြန္းလာေနသည္။ တြန္းလာသည္က
သူတို႔ကား ေရွ႕တည့္တည့္သို႔။
မေရွာင္ဘဲ တြန္းဝင္လာသည့္အတြက္…
႐ုတ္တရက္ သတိလက္လြတ္ ေရွာင္လိုက္
ရာတစ္ဖက္ယာဥ္ေၾကာမွ ဆယ္ဘီးကား
ႀကီးႏွင့္ မ်က္ႏွာခ်င္းဆိုင္ တိုက္မိသြား
ေတာ့သည္။
“ဝုန္း” “ဒိန္း” “အား”
က်ယ္ေလာင္ေသာ တိုက္ခိုက္သံႀကီး
ေပၚထြက္လာသည္ႏွင့္ အတူ ကားထဲမွာ
ေသြးပ်က္ဖြယ္ ေအာ္သံႀကီးမ်ား ထြက္လာ
ၿပီး မၾကာခင္မွာပင္ ၿငိမ္သက္သြားေတာ့
သည္။ ဆယ္ဘီးကားႀကီး၏ ေရွ႕မွာ တို
ယိုတာ စလြန္ကားေလး ေခါင္းပိုင္း ေက်
မြသြားၿပီး ကားထဲမွ လူသုံးေယာက္ ၿငိမ္
သက္လ်က္ ရွိေနေတာ့သည္။
မူရင္းေရးသူ ဆရာ ဧကန္မင္း