အရူးရွှေအ၏ ဖြစ်ရပ်ထူး(စ/ဆုံး)

Unicode Version

အရူးရွှေအ၏ ဖြစ်ရပ်ထူး(စ/ဆုံး)
————————————–
သူ၏အမည်ကို ဘခင်ဟုအများကခေါ်ကြသည်။
ဘခင်သည်ဗလကောင်း၏။ဆံပင်ကိုကျောလယ်ထိမျှ
အရှည်ကြီးထားပြီး ထိုဆံပင်ရှည်ကြီးကိုဖီးသင်ခြင်မရှိဘဲ
ဖြစ်ကတတ်ဆန်းထားရှိလေသည်။
ခြောက်ပေသာသာမျှရှိသောအရပ်အမောင်းနှင့်
မျက်နှာအထက်၌ပစ်စလက်ခတ်ထားရှိသော
မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးများကလည်း
အပြိုင်းအရိုင်းရှိနေပြန်သည်။
ဘခင်သည်အင်္ကျီမဝတ်…
ပုဆိုးကိုခပ်တိုတိုသည်ဝတ်သည်။
ထိုသို့နေယုံဖြင့်ဘခင်ကိုဆင်းရဲသားဟုမြင်တွေ့သူများက
ထင်နိုင်သော်လည်းအကြောင်းသိသူများကတော့
ဘခင်ကိုအရေးတယူပင်ခေါ်ကြပြောကြသည်။
“ဘခင်…ဘယ်သွားမလို့တုန်းကွ”
ဟုခေါ်သူကခေါ်သောအခါ၌လည်း ဘခင်က
စကားပင်ပြန်မပြော…လှည့်၍ပင်မကြည့်တတ်…
သူသွားလိုရာသို့သာဦးတည်ကာသွား၏။
ဘခင်က အိမ်ရှိသော်လည်းအိမ်၌မနေ ရွာရိုးကိုးပေါက်
လျှောက်သွားတတ်ပြီး…နေဝင်တာနှင့်တွေ့သည့်နေရာ၌
အိပ်တတ်သည်။
ထိုသို့ပြောယုံဖြင့် ဘခင်ကိုအရူးဟုအားလုံးထင်ကြမည်။
အမှန်မှာဘခင်သည်ချမ်းသာသောမိဘမျိုးရိုးမှ
ဆင်းသက်လာသူဖြစ်သည်။
ယခင်က…
ဘခင်သည် သန့်သန့်ပြန့်ပြန့်နေထိုင်တတ်ပြီး…
လူချမ်းသာသား မောင်ဘခင်ဆိုတာနှင့်
သားမက်တော်ချင်သူကခပ်များများပင်။
ထိုသို့နေထိုင်လာသောဘခင်တစ်ယောက်
မိဘများသဘောတူသော မိန်းကလေးနှင့်
အိမ်ထောင်ပြုဖို့ရန်ဆုံးဖြတ်ခဲ့ရှာသည်။
မင်္ဂလာဆောင်ဖို့ရက်ပိုင်းမျှသာလိုချိန်
ဘခင်စိတ်များဖောက်ပြားလာခဲ့သည်။
တစ်ခါတစ်ရံတစ်ယောက်ထဲရယ်မောနေတတ်သလို…
တစ်ခါတစ်ရံလည်းတစ်ယောက်ထဲ ငိုနေတတ်ပြန်သည်။
ထိုကြားထဲမှ အစားကလည်းမစားသောအခါ
လူကအတော်လေးပိန်၍လာသည်။
မူမမှန်သောဘခင်၏အကြောင်းကို
သတိုးသမီးဘက်မှသိရှိသွား၍မင်္ဂလာပွဲပျက်ခဲ့ရသည်။
ဘခင်ကတော့ မင်္ဂလာပွဲပျက်တာကိုလည်းမသိ…
သူ၏နာမည်ကိုတောင်သူမသိတော့ဘဲအရူးကြီးတစ်ယောက်အဖြစ်ကိုရောက်ရှိလို့သွားခဲ့လေသည်။
မိဘများမှာလည်းမွေးထားသောသားသမီးဟူ၍
ဘခင်တစ်ယောက်သာရှိလေတော့အတော်လေး
ယူကျုံးမရဖြစ်ကြရရှာသည်။
“ကိုသောင်း…ကျွန်မတို့သားလေးကို
မကယ်နိုင်တော့ဘူးလားရှင်…
ကျွန်မသားလေးကိုမြင်လိုက်တိုင်း …
ကျွန်မရင်တွေနာလို့ပါကိုသောင်းရယ်…”
ဟု…ဘခင် ၏မိခင်ဖြစ်သူ ဒေါ်စောက ပြောလေသည်။
“အင်း…ငါလည်းဆရာမျိုးစုံ…ဆေးဝါးမျိုးစုံနဲ့ကုသပေးနေတာ
မင်းလည်းသိရဲ့နဲ့ကွာ…ငါလည်းအဖေပါကွ…
ငါလည်းရင်ထဲမချိပါဘူးမိန်းမရာ…”
ဘခင် ၏မိဘနှစ်ပါးမှာ ဘခင်အတွက်
အတော်လေးစိတ်သောကရောက်ခဲ့ရသည်။
ဘခင်ကဒါတွေကိုဘာမှမသိတော့ဘဲ သွားချင်ရာသာသွား
နေတတ်သည်။
ထိုသို့သွားချင်ရာထွက်သွားတတ်သောဘခင်ကို
အခန်းထဲ၌ပိတ်ထားပြန်သောအခါ
အော်ဟစ်သောင်းကျန်းပြန်တာကြောင့် ဦးသောင်းတို့လည်း
သူ သွားလိုရာကိုသွားဖို့အတွက်လွှတ်သာ
ပေးထားလိုက်ရသည်။
ဘခင်၏အဖြစ်ကိုဘခင်မိဘတွေတင်သာမက
တစ်ရွာထဲအတူနေသူများကပါစိတ်မကောင်းဖြစ်ကြရရှာသည်။
*********************************
“ဟေ့လူ….ခင်ဗျားဘယ်သူလဲ”
“ဟ…မင်းကသာမေးနေတာ…သူက
စကားတောင်ပြန်မပြောပါလားကွ…”
“အေးနော်…စကားမပြောတတ်တာများလားမသိဘူး”
သောင်ထွန်းရွာထိပ်၌လူတစ်ယောက်နေပူထဲတွင်
ငုတ်တုတ်ကြီးထိုင်လို့နေသည်။
သူ့ကိုမြင်သောရွာသားနှစ်ယောက်ကလည်းအနားကပ်၍
မေးကြသောအခါ၌ ကျောက်ရုပ်ကြီးပမာ မည်သည့်စကားမှ
ပြန်၍ပင်မပြောဘဲ ထိုင်မြဲအတိုင်းထိုင်သာနေခဲ့၏။
“ဒီမှာနောင်ကြီး…နေပူတယ်ဗျ…
လာပါ ဟိုအပင်အောက်မှာသွားထိုင်ရအောင်ပါဗျာ…”
မနေသာသော ရွာသားနှစ်ယောက်က လူစိမ်းကို
ဆွဲထူပေးပြီး သစ်ပင်အောက်သို့ခေါ်သွားပေးကြသည်။
သစ်ပင်အောက်ရောက်သောအခါ၌လည်းသူတို့ကိုစကားလည်းမပြော…ကြည့်လည်းမကြည့်သောလူစိမ်းကိုအကဲခတ်နေကြရင်း …
“ဒီလူ့ကြည့်ရတာ အရူးထင်ကွ…”
“အေးကွ…ပုံစံကြည့်ရတာ ဟုတ်လောက်တယ်…
တို့ဘယ်လိုလုပ်ကြမလဲ…ဒီတိုင်းပဲထားခဲ့မှာလား…”
“နေပါဦးကွာ…ရွာသူကြီးကိုတော့အကျိုးအကြောင်းပြောပြထားမှကောင်းမယ်ထင်တယ်…”
“မင်းပြောတာလည်းဟုတ်တာပဲ…
ရွာသူကြီးကိုတော့ပြောရမယ်ကွ…
တော်နေကြရင် ဒီလူ…ညဘက်ရွာထဲဝင်လာခဲ့ရင်
တို့ရွာလန့်နေပါဦးမယ်…”
ရွာသားနှစ်ဦးလည်းတိုင်ပင်ပြီးနောက် ရွာသူကြီး
ဦးနောင်ချို အိမ်သို့ထွက်လာခဲ့ကြတော့သည်။
သူကြီးဦးနောင်ချိုတို့အိမ်ဆီသို့ရောက်တော့…
“သူကြီး…ဗျို့သူကြီး…”
“ဟဲ့…ဘယ်သူတွေတုန်း”
“သူကြီးကတော်…ကျုပ်တို့သူကြီးဘယ်သွားတုန်းဗျ”
“ရှိတယ်ဟေ့…လာကြ…လာကြ”
ရွာသားနှစ်ယောက်လည်းရွာသူကြီးအိမ်ဝိုင်းထဲသို့
ဝင်လာကြသည်။
သူကြီးက ကွမ်းအစ်ကိုယူ၍ ကွမ်းဝါးဖို့ပြင်ဆင်နေသည်။
“လာကြကွ…ထိုင်ကြ”
သူကြီးကရွာသားနှစ်ယောက်ကို သူ့အနီးရှိ သစ်သားခုံတန်းရှည်၌ဝင်ထိုင်စေသည်။
ပြီးနောက် ပါးစောင်ထဲသို့ယာထားသောကွမ်းကို
ထိုးသွင်းကာ သွားဖြင့်ကြိတ်ချေကာဝါးနေ၏။
“သူကြီးဆီကိုကျုပ်တို့က
လာပြီးသတင်းပေးတာပါဗျ”
“ဟေ…သတင်းပေးတာ…ဟုတ်လား…
ဘာများဖြစ်လို့တုန်းမောင်မြင့်ရဲ့…”
“စိတ်ပူစရာကြီးတော့မဟုတ်ပါဘူးဗျာ…
ကျုပ်တို့ရွာထိပ်မှာလူတစ်ယောက်ရောက်နေတယ်ဗျ…
ပုံစံကြည့်ရတာလည်း ရူးနေတဲ့ပုံပဲ…”
“အရူးရောက်နေတယ်…ဘယ်ကအရူးများလဲကွ”
“ဒါတော့ကျုပ်တို့လည်း ဘယ်သိပါ့မလဲသူကြီးရာ…
ဒီရွာအနီးအနားကတော့ဖြစ်လောက်ဖူးဗျ…
ကျုပ်တို့မတွေ့ဖူးဘူး”
“အေး…အေး…အေး…
ဒါဆိုငါလည်းကာလသားတွေခေါ်ပြီးသွားကြည့်စမ်းဦးမယ်…”
“သွားကြည့်လိုက်ဦး သူကြီး…ဒါဆိုရင်
ကျုပ်တို့ပြန်တော့မယ်ဗျ…”
“အေး…ဟုတ်ပြီမောင်မြင့်…
လာပြောပေးတာကျေးဇူးပဲဟေ့”
မောင်မြင့်တို့လည်း ရွာသူကြီးအိမ်မှပြန်သွားကြတော့သည်။
မောင်မြင့်တို့ပြန်တော့…
“ဖြစ်သေးပါဘူး…သေချာအောင်အရင်သွားကြည့်ဦးမှ…”
ဟုဆိုကာ အိမ်ထဲမှထွက်လာပြီး ဦးဘစီကိုဝင်ခေါ်၍
ရွာထိပ်ကိုထွက်လာခဲ့တော့သည်။
“သူကြီးဘယ်ကိုသွားမလို့တုန်းဗျ”
“ရွာထိပ်ကိုဟေ့…ရွာထိပ်မှာအရူးတစ်ယောက်ရောက်နေတယ်ပြောလို့သွားကြည့်မလို့…”
ဦးဘစီကဝင်ဖြေလေတော့ရွာသားတွေလည်းသူကြီးတို့နဲ့အတူလိုက်လာကြသည်။
ရွာထိပ်သို့ရောက်တော့…
“ဟိုလူထင်တယ်ဗျ…”
သစ်ပင်အောက်၌ သစ်ရွက်ခြောက်များကို ကောက်ရင်း
ဆော့ကစားနေသော အင်္ကျီဗလာဖြင့်လူကိုတွေ့သွားလေတော့
ရွာသားတစ်ယောက်ကလက်ညိုးထိုးကာပြောလိုက်၏။
“အနားသိပ်မကပ်ကြနဲ့ဦး…
တော်နေလူတွေကိုရန်ရှာနေရင်ခက်ကုန်မယ်ကွ”
သူကြီးကရွာသားတွေကို သတိပေးလိုက်သည်။
အားလုံးလည်းခပ်လှမ်းလှမ်းမှ အရူးကိုကြည့်နေကြ၏။
အရူးကလည်းသစ်ရွက်များကိုပြေးကောက်လိုက်…
တစ်နေရာ၌ကောက်ရသမျှကိုပုံထားလိုက်ဖြင့် ဆော့ကစားနေခဲ့သည်။
“သူ့ကြည့်ရတာ ရန်လိုမယ့်ပုံတော့မဟုတ်ဖူးဗျ”
ဟု…ဦးဘစီကသူကြီးဦးနောင်ချိုကိုပြောသည်။
“ဟုတ်မယ်ကိုဘစီ…ကျုပ်လည်းအဲ့သည်လိုပဲထင်တယ်…
လာဗျာ…ကျုပ်တို့သူ့အနားသွားပြီး
စကားပြောကြည့်ရအောင်…”
ရွာသူကြီးဦးနောင်ချိုနဲ့ဦးဘစီတို့ကရှေ့ဆုံးမှသွားကြသလို
ကျန်ရွာသားတွေကလည်းသူကြီးတို့အနောက်မှအတူလိုက်ကြ၏။
“ဟေ့…ဟေ့ကောင်လေး…မင်းကဘယ်သူတုန်း…
ဒီမှာဘာထိုင်လုပ်နေတာလဲကွ”
ဟု…ဦးဘစီကမေးလိုက်သည်။
သို့သော် ဟိုကပြန်၍မဖြေသလိုလှည့်၍ပင်မကြည့်။
“ကောင်လေး…မင်းကိုမေးနေတာကြားရဲ့လားကွ”
သူကြီးဦးနောင်ချိုကပါ ဝင်မေးလိုက်သည်။
“သူကြီး…ပြန်လည်းမပြောဘူးဗျ…
ဟောကြည့်ပြေးပြန်ပြီ…”
အရူးသည် သူကြီးတို့အုပ်စုကိုရှိသည်ဟူ၍ပင်မထင်…
သစ်ရွက်ခြောက်များကိုသာ
အသည်းအသန်ပြေးကောက်နေခဲ့၏။
“အရူးတော့အရူးပဲကွ…
ဒါပေမယ့် ဒီအရူးက တို့ရွာကိုတော့ဒုက္ခပေးမယ့်ပုံမရဘူး…
မင်းတို့ရွာသားတွေလည်း သူ့အခြေအနေကိုအကဲခတ်ကြဦး…
တစ်ခုခုထူးတာနဲ့ငါ့ဆီကိုလာပြောကြ…ကြားကြလား”
“ဟုတ်ကဲ့သူကြီး”
သူကြီးနဲ့ဦးဘစီတို့လည်းပြန်သွားကြသည်။
ရှာထဲ၌…
“ရွာထိပ်မှာအရူးတစ်ယောက်ရောက်နေလို့တဲ့ဟေ့”
ဟူသောသတင်းစကားကြောင့် ရွာထိပ်သို့
သွားကြည့်ကုန်ကြသည်။
“အရီး…ဘာဟင်းချက်မလို့လဲဗျ”
” မနက်စာတောင်စားပြီးပြီဟဲ့…
အကုန်ချက်ပြီးပြီ”
“အယ်…ဟုတ်သား…ကျုပ်တောင်
ကိုရွှေအ ဆီကို ထမင်းသွားပို့ပြီးတာတောင်ကြာနေပြီပဲဟာ…
ဟီး…ဟီးးးးးးး….”
မောင်တိုးက ခြံဝိုင်းထဲဝင်လာပြီး ကွပ်ပျစ်ခင်းပေါ်၌
မြေပဲတောင့်ခွာနေသောဒေါ်ဝင်းကိုလှမ်းမေးနေခြင်းဖြစ်သည်။
“ဘွားကောဘယ်သွားတုန်းအရီး”
“အမေရှိပါတယ်ဟယ်…
ဘုရားစင်ပေါ်ကအမှုန်အမွှားတွေရှင်းနေလေရဲ့…
ကဲ…တော်ကရပ်နေတော့မှာလား ဝင်ထိုင်လေခုံမှာ”
မောင်တိုးက ထန်းလက်ခုံ၌ဝင်ထိုင်လိုက်သည်။
“နေပါဦးဟဲ့…နင်တော်နေက ရွှေအ ဆီကို
ထမင်းသွားပို့တယ်လို့ပြောတယ်နော်…
အဲ့ရွှေအ ကဘယ်သူတုန်းမောင်တိုးရဲ့…”
“ဟာဗျာ…ကျုပ်အရီး အပျိုကြီးကတော့
ရွာထဲကသတင်းတွေအတော်သိနေတာပဲ…
ခက်ပါရောလားဗျာ”
“ဟယ်တော်…ဒါလေးမေးတာကို
ဘာလို့ဒီလောက်ပြောနေတာတုန်း မသာလေးရဲ့”
“ဟားးးး…ဟားးး…ဟားးး…ဟားးးး….ဟားးးးး….
အရီးကိုကျုပ်ကစတာပါဗျာ”
ဒေါ်ဝင်းကဆဲတာကိုပင်မောင်တိုးမှာ
တဟားဟားရယ်မော၍နေသည်။
“ဒီလိုဗျအရီးရဲ့…ကျုပ်တို့ရွာထိပ်မှာအရူးတစ်ယောက်
ရောက်နေတယ်ဆိုတဲ့သတင်းကဒီလောက်တစ်ရွာလုံးသိနေတာကိုအရီးမသိဘူးလားဗျ”
“ကြားတော့ကြားမိပါတယ်…ဒါပေမယ့်
ငါလည်းမအားတာနဲ့
သွားမကြည့်နိုင်ပေါင်ဟယ်…”
“အင်း…ဒါလည်းဟုတ်တာပဲ…
ဒီလိုအရီးရဲ့… အဲ့သည်အရူးက ကျုပ်တို့ဘယ်လောက်ပဲ
သူ့ကိုစကားပြောပြောပြန်မပြောဘူးဗျ…
ဒါမို့သူ့ကိုကျုပ်တို့က ကိုရွှေအလို့ခေါ်ကြတာ…
ပြီးတော့ ဒီလူ့ကြည့်ရတာ ရုပ်လေးကမဆိုးရှာဘူးဗျ
ရူးနေလို့သာ ဗရမ်းဗတာဖြစ်နေရှာတာ…
ကျုပ်တို့ရွာကာလသားတွေကလည်း သူစကားပြန်မပြောတာကိုပဲ သူ့ဆီသွားလည်ကြ…စကြနောက်ကြနဲ့အတော်လေးခင်နေကြတာ…အဲ့တာ သူ့စားဖို့ကျုပ်တို့တွေကအလှည့်ကျ
ထမင်းပို့ပေးနေကြတာအရီးရဲ့…”
“ဟဲ့…အဲ့သည်လိုပို့တော့ဟိုက စားရဲ့လား”
“စားတာပေါ့ဗျ…ကိုရွှေအ က ကျုပ်တို့ကို
စကားသာပြန်မပြောတာ ကျုပ်တို့
ကျွေးသမျှတော့အကုန်စားပြီးသားပဲ အရီးရဲ့…”
“အေး…ဒီလိုဆိုတော့လည်း
နင်တို့အုပ်စုကအတော်လေးစေတနာကောင်းကြသားပဲဟဲ့”
“အရီးကအခုမှသိတာလားဗျ”
“အေးလေ…”
“ဟာဗျာ…ဒါကတော့လွန် လွန် လွန်းတယ်ဗျာ…”
မောင်တိုးကမျက်နှာအိုကြီးဖြင့်ပြောတော့
ဒေါ်ဝင်းကတဟားဟားရယ်မောလေသည်။
“မောင်တိုးရောက်နေတာလား”
ဘွားမယ်စိန်ကွပ်ပျစ်ခင်းဆီသို့ဆင်းလာခဲ့သည်။
“ဟုတ်တယ်ဘွား”
“ထမင်းစားခဲ့ပြီလားကွဲ့…”
“စားပြီးပြီးဘွား…”
“အေး…တော်နေကဘွားကြားလိုက်တယ်…
မောင်ရင်ပြောတဲ့အရူးရွှေအ ဆိုတာ ဆံပင်ကအရှည်ကြီးနဲ့
အင်္ကျီမဝတ်ဘဲပုဆိုးတိုတိုဝတ်ပြီး
လျှောက်သွားနေတဲ့သူလား”
“ဟုတ်ပဗျာ…ဘွားတောင်တွေ့ဖူးတယ်လား”
“အေး…တွေ့ဖူးတယ်ဆိုတာထက် ဘွားဘုန်းကြီးကျောင်းက
အပြန်ဆိုရင် အနောက်ကနေတကောက်ကောက်လိုက်လာတော့
သိနေတာပါကွဲ့…”
“ဗျာ…ကိုရွှေအ ကြီးကဘွားနောက်ကိုလိုက်တယ်…”
“ဟုတ်ပ…ဒီကလေးကြည့်ရတာလည်း
စိတ်ကောင်းလေးရှိပုံရပါတယ်…
ဒါကြောင့်မလို့လည်းမောင်ရင်တို့တွေခင်နေကြတာမဟုတ်လား”
“ဟုတ်ပဗျာ…ကိုရွှေအ က ကလေးတွေဆိုရင်တော့အတူတူဆော့တယ်ဗျ…ကျုပ်တို့ရွာသားတွေကတော့
သူ့ကိုမြင်တာနဲ့စကားပြောချင်အောင် စကြ နောက်ကြတာပဲ…
ဒါလည်းသူကစိတ်မဆိုးရှာဘူးဗျ…”
မောင်တိုးစကားကြောင့်ဘွားမယ်စိန်ခေါင်းကိုညိတ်လိုက်သည်။
“ဒါနဲ့ကျုပ်ကိုအိမ်လာဖို့ဘွားကခေါ်ခိုင်းလိုက်တာဆို…”
“ဟုတ်ပ…မောင်ရင့်ကိုဘွား ပြောစရာရှိလို့
မြေးလေးကိုလွှတ်ပြီးခေါ်ခိုင်းလိုက်တာကွဲ့…
အခုကြည့်စမ်းပါဦး…ခေါ်သူကရောက်လာပြီး
ခေါ်ခိုင်းလိုက်တဲ့သူကအိမ်ကိုပြန်မရောက်သေးဘူး…
ဒီကလေးနဲ့တော့ခက်ပကွယ်…”
“အမေရယ်…အမေ့မြေးအကြောင်းလည်းသိရဲ့သားနဲ့”
ဘွားမယ်စိန်က ကွပ်ပျစ်၌ဝင်ထိုင်သည်။
ဒေါ်ဝင်းကအနီး၌ မြေပဲတောင့်ဆက်ခွဲနေ၏။
မောင်တိုးကတော့ထန်းလက်ခုံ၌ထိုင်ရင်းဘွားမယ်စိန်ပြောမည့်
စကားကိုနားစွင့်နေခဲ့သည်။
ဘွားမယ်စိန်က ကွပ်ပျစ်ခင်းပေါ်ရှိ အုန်းခွံခွက်ထဲ၌ထည့်ထားသော ပြောင်းဖူးဖက်ဆေးလိပ်ကိုယူကာ မီးညှိ့၍သောက်သည်။
ဆေးလိပ်ကိုမီးစွဲတာနှင့် ဖွာခနဲဖွာခနဲရှိုက်သောက်လိုက်ရာ
မီးခိုးငွေ့များက တလူလူထွက်လာခဲ့လေသည်။
ဆေးလိပ်သောက်လို့ပြီးတော့ပြာများအောက်သို့မကျစေရန်
အုန်းခွံခွက်ဖြင့်ခံကာထည့်ထားပြန်၏။
“ဒီလို…အခုဘွားပြောမယ့်စကားကိုမောင်ရင်
သေချာလေးသာနားထောင်…
တကယ်တော့ မောင်ရင်တို့ခေါ်နေတဲ့ အရူးရွှေအ ကို
ဘွားဆီကိုခေါ်လာပေးစေချင်တယ်…
ဒီကလေးကိုကြည့်ရတာလည်း
သာမာန်စိတ်ဖောက်ပြားနေတာမဟုတ်ဘူးလို့
ဘွားထင်တယ်ကွဲ့…
တပါးသူရဲ့အမှောင့်ပယောဂတစ်ခုခုကြောင့်သာ
သူအခုလိုဖြစ်နေတာလို့ပဲပြောရလိမ့်မယ်…”
“ဒါဆိုရင် ကိုရွှေအ ကို
ဘွားကုပေးနိုင်တယ်ပေါ့နော်…”
“ဒါပေါ့ကွယ်…”
“ဒါဆိုရင်အခုသွားခေါ်ရမလားဘွား…
ကျုပ်တော့ ကိုရွှေအ အတွက်ဝမ်းသာလိုက်တာဗျာ”
ဟုမောင်တိုး သည်ဝမ်းမြှောက်ဝမ်းသာဖြင့်
ထန်းလက်ခုံမှထ၍
ပြောလိုက်လေသည်။
ထိုအခါဘွားမယ်စိန်ကလက်ကာပြပြီး…
“ညနေလောက်မှပဲခေါ်လာခဲ့ပါ…
အခုချိန်ကတော့ နေပူပါတယ်ကွယ်…”
“ဟုတ်ကဲ့ဘွား”
“နောက်ပြီး မောင်ရင့်အစ်ကိုမောင်အုန်းလည်းတခုတလော
ပျောက်လှပါလား…ဒီကောင်လေးဘယ်များသွားနေတာတုန်း”
“ကိုကြီးအုန်းက သူ့ရည်းစားအစ်မနုယဉ်အမေ
နေမကောင်းတာနဲ့ ထင်းခွဲရေခပ်အပြင်ဆေးဆရာပင့်တာပါ
သူကဦးစီးဦးဆောင်လုပ်နေရတယ်ဗျ…”
“အဲ့သည်လောက်တာဝန်ကျေနေတာကို
ဒင်းတို့ကမယူကြသေးဘူးလားဟဲ့”
“ကိုကြီးအုန်းက ယူချင်နေပြီအရီးရဲ့…
ခက်တာက အစ်မနုယဉ်အမေဗျ…
သူ့သမီးငယ်သေးတယ်ဆိုပြီး ကိုကြီးအုန်းနဲ့
မယူခိုင်းစေချင်သေးဘူးတဲ့ဗျာ…”
“အင်း…ငါတို့ငအုန်းကြီးလည်းဒုက္ခ…ဒုက္ခ…”
“ကဲ…ကဲ…ကဲ…မောင်ရင်…
မောင်နောင်ချိုတို့ကိုလည်းဒီအကြောင်းပြောခဲ့ဦးကွဲ့…
သူကဒီရွာကသူကြီးဆိုတော့သူ့လည်းပြောဦးမှဖြစ်မှာ…”
“စိတ်ချဘွား…ကျုပ်တို့သူကြီးကိုလည်း
သေချာပြောလိုက်ပါ့မယ်…
နောက်ပြီး…ကိုရွှေအ ကိုလည်း ညနေ ဘွားဆီအရောက်
ခေါ်လာခဲ့မယ်ဗျ…”
“အေး…အေး…အေး….”
မောင်တိုးနဲ့စကားပြောပြီးနောက် ဘွားမယ်စိန်လည်း
သူ့၏ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို
ဆက်၍ဖွာရှိုက်ကာသောက်နေလေသည်။
ဒေါ်ဝင်းနဲ့မောင်တိုးတို့စကားဆက်ပြောနေကြပြီး
အတော်လေးကြာမှမောင်တိုးလည်းပြန်သွားတော့သည်။
ရွာထဲ၌လည်း ဘွားမယ်စိန်က အရူးကြီးရွှေအ ကို
စစ်ဆေးကုသပေးတော့မည်ဆိုသောသတင်းကြောင့်
အားလုံးက စိတ်ဝင်စားကုန်ကြ၏။
ညနေ သို့ရောက်တော့မောင်တိုးတို့မောင်အုန်းတို့တင်မကဘဲ
ရွာသူကြီးတို့လူစုကပါ အရူးကြီးရွှေအ ကိုသွားခေါ်ကြသည်။
များလှသောလူစုကြောင့်အရူးကြီး ရွှေအ အတော်လေးလန့်နေရှာသည်။
သူ့အားဝိုင်းဆွဲ ဝိုင်းချီကာခေါ်ကြတော့
ရွှေအ က အတင်းရုန်းကန်လေသည်။
“ရွှေအရေ မရုန်းနဲ့ကွ…မင်းကို တို့အဘွားက
ပျောက်အောင်ကုပေးမှာ…မင်းကောင်းဖို့ခေါ်တာ
ငါ့ကောင်ကြီးရ”
ဟုမောင်တိုးတို့က ဝိုင်းပြောကြသည်။
ထိုစကားများကို ရွှေအ က နားလည်သယောင်ဖြင့်
ငြိမ်ငြိမ်လေးလိုက်လာခဲ့၏။
အားလုံးကလည်း ရွှေအ ကိုကြည့်ရင်းဝမ်းသာနေကြသည်။
“ဘွား…ကျုပ်တို့လာပြီဗျို့…”
“ဟဲ့…ဟဲ့…ဟဲ့…လူတွေကများလှချည်လား”
တစ်ရွာလုံးရှိလူကြီးလူငယ်များအကုန်လိုက်လာကြ၍
ဒေါ်ဝင်းက အလန့်တကြားပြောလိုက်လေသည်။
ဘွားမယ်စိန်ကတော့ဝိုင်းထဲရောက်နေပြီဖြစ်သော
သူကြီးဦးနောင်ချိုကို…
“မောင်နောင်ချိုရေ…ဘွားအလုပ်ကို
အနှောက်အယှက်မဖြစ်ရင်ရပါတယ်…
သူတို့လည်းကြည့်ချင်ကြမှာပေါ့လေ…”
“ဟုတ်ကဲ့ဘွား…ကဲ ဘွားပြောတာကြားကြတယ်နော်
ကြည့်လို့ရတယ်…ဒါပေမယ့် ဘာစကားမှဝင်မပြောမိကြစေနဲ့”
သူကြီးဦးနောင်ချိုကပါအားလုံးကိုပြောလိုက်၍
ခြံဝိုင်းထဲရှိလူတွေကော…ခြံပြင်မှချောင်းကြည့်…
ကျော်ကြည့်နေကြသူများကော အသံတိတ်သွားကြတော့သည်။
မောင်တိုးနဲ့မောင်အုန်းတို့က အရူးရွှေအ ကို
ဘွားမယ်စိန်အရှေ့သို့ခေါ်လာခဲ့သည်။
ဘွားမယ်စိန်က ကွပ်ပျစ်ခင်း၌ထိုင်မနေဘဲ
သူ၏တောင်ဝှေးကြီးထောက်၍မြေပေါ်၌ ခြေစုံရပ်နေခြင်းပင်။
“ရွှေအ…ဘွားကိုကန်တော့လိုက်”
မောင်အုန်းကပြောသော်လည်း ရွှေအ မြေကြီးပေါ်သို့
ထိုင်ချသည်။
ပြီးနောက် မြေကြီးခဲများကိုကောက်လိုက်၊ မြေကြီးကိုလက်ဖြစ်
ခြစ်လိုက်သာလုပ်နေခဲ့၏။
ဘွားမယ်စိန်က ရွှေအ ကိုကြည့်နေသည်။
ဘွားမယ်စိန်သည်မျက်တောင်ပင်မခတ်
ရွှေ ကိုစူးစိုက်ကာကြည့်နေခဲ့၏။
ထိုသို့ကြည့်နေရင်းရွှေအ၏ခေါင်းအထက်သို့ သူ၏
လက်ကိုအုပ်ကာတင်လိုက်ပြီး နှုတ်မှဖွင့်လိုက်ဟလိုက်ဖြင့်
အသံမထွက်ဘဲဂါထာရွှတ်နေလေသည်။
ဘွားမယ်စိန်ဂါထာရွှတ်တော့ ရွှေအ မှာ
သိသိသာသာငြိမ်သွား၏။
ဂါထာရွှတ်တာကိုအဆုံးသတ်ပြီးနောက်ဘွားမယ်စိန်သည်
ရွာသူကြီးတို့ကိုကြည့်၍…
“မှန်နေတယ်…ဒီကလေးကိုနှောက်ယှက်ထားသူ…
ပြုစားထားသူရှိနေတယ်…အဲ့သည်တော့ဘွားအနေနဲ့
အဲ့သည်နှောက်ယှက်ထားသူကိုခေါ်ရလိမ့်မယ်…
မောင်ရင်တို့အားလုံးဒီအနီးအနားကိုမကပ်ကြနဲ့…ခွာကြ…
သူ့ဘက်ကရန်ပြုရင်မောင်ရင်တို့ကိုထိခိုက်ကုန်လိမ့်မယ်…”
ဟုပြောတော့သူကြီးနဲ့မောင်တိုးတို့လည်း
နောက်ဆုတ်ကုန်ကြသည်။
ဘွားမယ်စိန်ကတော့ ရွှေအ ကိုကြည့်နေသည်။
ကြည့်နေရင်းမှ…
“ကဲ…ငါမယ်စိန်ခေါ်မယ်…
ဆရာသခင်ရဲ့အာဏာစက်…ဟောသည်သောင်ထွန်းရွာက
မယ်စိန်ရဲ့အာဏာစက်နဲ့ ဟောသည်ငါ၏အရှေ့မှာရှိနေတဲ့
မောင် ရွှေအ ကိုမကောင်းသောအတတ်နဲ့
နှောက်ယှက်ထားသူ…ကြားစေ…သိစေ…မြင်စေဟဲ့…
သင့်ကိုယခုကျွန်ုပ်ခေါ်သည် ပုန်း၍မရ…
ထွက်၍မရ…ကွယ်၍မရ…လုပ်သူကိုယ်တိုင်
အရောက်လာစေရမယ်ဟဲ့………..”
ဟုအစချီပြီးနောက် ဂါထာရွှတ်တော့သည်။
ဘွားမယ်စိန်ဂါထာလည်းဆုံးလေတော့ ရွှေအ သည်ခေါင်းကြီးငိုက်စိုက်ကြီးဖြစ်လို့သွား၏။
“ရောက်ပြီလား…”
ဘွားမယ်စိန်ကမေးသည် သို့သော်ပြန်၍မဖြေ။
“ဒုတ်… ”
ဘွားမယ်စိန်ကတောင်ဝှေးကိုမြေပေါ်သို့ဆောင့်ချလိုက်သည်။
ချက်ချင်းလန့်ဖြန့်သယောင်ဖြင့်ခေါင်းကိုမော့လာ၏။
“နင်ဘာကြောင့်ဒီကလေးဘဝပျက်အောင်
လုပ်ထားရတာလဲ…ပြောစမ်း”
“ဝင်…မ…ရှုပ်…နဲ့……..”
ဟုဘွားမယ်စိန်ကို အော်လေသည်။
ရွှေအ ၏မျက်လုံးကြီးကလည်းနီရဲလို့နေ၏။
ဒေါသထွက်နေယုံမကအံကြီးကိုကြိတ်၍ပြောနေခြင်းပင်။
“ဟဲ့ကောင်မ…နင် မယ်စိန်ကိုစမ်းတာလား…
သူတပါးကိုဘဝပျက်လောက်အောင်ထိပြုစားရအောင်
ဒီကလေးက နင့်အပေါ်ဘာအမှားလုပ်ထားလို့တုန်းဟဲ့…”
ဘွားမယ်စိန်ကလည်း လေသံမာမာဖြင့်မေးလေသည်။
“ဒီအကောင်က…….လူယုတ်မာ….”
ရွှေအ သူ့ကိုသူလက်ညိုးထိုးပြောသည်။
ဘွားမယ်စိန်ကလည်း…
“နင့်ကိုသူဘာတွေယုတ်မာသလဲ…ပြောစမ်း…
နင်မှန်ရင်တော့နင့်ကိုငါဒီအတိုင်းပြန်လွှတ်ပေးမယ်…
အေး..နင်မှားတယ်ဆိုရင်တော့ နင့်ကိုငါခွင့်မလွှတ်ဘူး…”
ဟု…ပြောလေတော့ ရွှေအ က ခေါင်းကြီးကို
တဆတ်ဆတ်ညိတ်သည်။
“ဒီအကောင့်ကိုငါမုန်းတယ်…
ဒင်း ငါ့ညီမကိုထားသွားတာ…
ဒင်း ငါ့ညီမကိုထားသွားပြီးတော့
တခြားသူနဲ့ပျော်ပျော်ကြီးလက်ထပ်ဖို့လုပ်နေတာလေ…
ဒါကြောင့် ငါ ဒင်းကိုမကျေနပ်ဘူး…”
ဟုအံကြီးကိုကြိတ်၍ပြောပြန်သည်။
လေသံကအစမာနေ၏။
“အင်း…ခက်တယ်…ခက်တယ်…
လူငယ်တွေရဲ့ကိစ္စကို အခုလိုညည်းကညည်းရဲ့
ပညာနဲ့တစ်ဖက်သားဒုက္ခရောက်အောင်လုပ်လိုက်တာပဲအေ့…”
“ကျုပ်လုပ်တာမှန်တယ်…
ကျုပ်ကိစ္စမှာ တော်ဝင်မပါနဲ့…”
“ဟဲ့….ငါဝင်မပါနဲ့လို့ပြောရအောင်
ဒီကလေးနဲ့ညည်းညီမကိစ္စကိုရောညည်းဘာကြောင့်
ဝင်ပါခဲ့တာလဲ…”
ဟု…ဘွားမယ်စိန်ကပြောတော့
ငြိမ်သွားလေသည်။
“ဒီမယ်…ငါပြောမယ်…ညည်းဒီကလေးကိုရူးအောင်
ကြောင်အောင်လုပ်ထားသမျှကိုပြန်နုတ်သွား…
ဒီလိုမှ ညည်းမလုပ်ဖူးဆိုရင် ညည်းအသေထွက်မလား…
အရှင်ထွက်မလားသာဆုံးဖြတ်လိုက်တော့…”
ဟု ဘွားမယ်စိန်ကပြောတော့ စဉ်းစားသယောင်ဖြင့်
ငြိမ်သွားလေသည်။
“ဟဲ့…ငါပြောတာကြားသလား”
ဘွားမယ်စိန်က ပြောလိုက်တော့လန့်သွားသယောင်ဖြင့်
“ကျုပ်နဲ့အမေကြီးနဲ့ပညာအဆင့်မတူမှန်း
ကျုပ်သိပါတယ်…ဒါပေမယ့်…ဒါပေမယ့်…………”
“ဒါဆိုရင် ညည်းကငါနဲ့ယှဉ်ချင်တာပေါ့လေ…
ဟုတ်သလားဟဲ့…”
“အမေကြီးရယ်…ကျုပ်တောင်းဆိုပါတယ်…
ဒီကိစ္စလေးကိုကျော်သွားပေးလို့ရမလားတော်…
ကျုပ်တောင်းဆိုတာပါ…”
“အိုအေ…ညည်းအတော်ခက်တဲ့မိန်းမပဲ…
ဒါဆိုရင်တော့ငါညည်းပညာတွေကိုပါ
နုတ်ပစ်မှရတော့မယ်အေ့…ဒါညည်းရွေးချယ်မှုလား…”
“ရှင်……….”
“ကဲပြော…အသေထွက်မလား…အရှင်ထွက်မလား”
ဘွားမယ်စိန်ကလည်းအလျော့မပေးဘဲ
မေးနေသည်။
ရွှေအ သက်ပြင်းကြီးချ၍…
“ဟင်း…ကျုပ် အလျော့ပေးပါတယ်…
ကျုပ်ပညာတွေတော့မစွန့်ပါရစေနဲ့…
ဒီအကောင့်ကိုယ်ထဲမှာရှိတဲ့ ကျုပ်ပညာတွေကို
ကျုပ်နုတ်ပေးပါ့မယ်…”
“အေး…နုတ်ပေး…နုတ်ပေးပြီးရင်တောင်
ညည်းဒီကလေးကိုထပ်ပြီး ဒုက္ခမပေးပါဘူးလို့ကျိန်ရမယ်…
ဒါမှ ညည်းကိုငါခွင့်လွှတ်ပေးမယ်…”
ဘွားမယ်စိန်ပြောတာကိုခေါင်းညိတ်ပြလေသည်။
ခေါင်းမှခြေအဆုံးထိ လက်ဖြင့် သက်ချပြီးလေတော့
သူ၏ရင်ဘက်ကိုသုံးခါသက်ချလိုက်သည်။
“ရော့…ဒီထဲအန်ချလိုက်…”
ပညာသည်များပညာပြန်နုတ်ရာ၌ သုံးနေကြဖြစ်သော
လင်ဗန်းကိုဘွားမယ်စိန်ကချပေးလိုက်သည်။
ရွှေအ ကလည်းပါးစပ်အတွင်းလက်ကိုထိုးပြီး
အန်ချ၏။
“ကုန်ပြီလား ညည်းအပင်းက
ဒီလောက်သေချာလား….ငါစစ်ကြည့်လို့တွေ့ရင်
ညည်းအသေပဲနော်…”
“ကျုပ်အကုန်နုတ်ထားထာပါ…
ဘာမှမကျန်တော့တာသေချာပါတယ် အမေကြီး”
“အေး…ဒါဆိုရင်ရပြီ…ချထားလိုက်တော့….
အခုငါညည်းကိုသစ္စာရေတိုက်မယ်…
ဒါမှညည်းနောက်နောင်ဒီကလေးကိုဒုက္ခပေးလို့မရမှာ…
ငါ့ဘက်ကအခုလို ညည်းကိုငဲ့ညှာပေးခဲ့တာကို
ညည်းမလိုက်နာရင်တော့သစ္စာစူးပြီးဘေးတွေ့ရလိမ့်မယ်
ဆိုတာမမေ့လေနဲ့အေ့…”
“ဟုတ်ကဲ့…”
ဘွားမယ်စိန်သည် ဒေါ်ဝင်းကိုရေတစ်ခွက်ခပ်ခိုင်း၏။
ပြီးနောက်ထိုရေခွက်ကို ရွှေအ အားကိုင်ထားစေပြီး
သစ္စာဆိုခိုင်းလေသည်။
သစ္စာဆိုလို့ပြီးလေမှ…
“ကဲ…ညည်းလိုရာကိုသွားနိုင်ပြီ…
ညည်းကို ချုပ်ထား…နှောင်ထားတာတွေကင်းစေ…”
ဟုပြောလိုက်တော့ ချက်ချင်းပင် ရွှေအ ၏ကိုယ်သည်
တုန်ကာတက်သွားပြီးနောက် မြေပေါ်သို့ဘုန်းခနဲလဲကျ
သွားတော့၏။
“မောင်ရင်တို့ သူ့ကိုကွပ်ပျစ်ပေါ်ဝိုင်းတင်ပေးကြပေတော့”
“ဟုတ်ကဲ့ဘွား”
“မိဝင်း…လင်ဗန်းထဲကဟာတွေကို ညည်းတူမောင်အုန်းကို
သွားမြုပ်ခိုင်းချေ”
“ဟုတ်အမေ”
မောင်တိုးနဲ့ရွာသားတွေက သတိမရသေးသော ရွှေအ၏
ကိုယ်လုံးကိုဝိုင်းမပြီးကွပ်ပျစ်ပေါ်တင်ပေးကြသည်။
မောင်အုန်းကတော့ သွေးများရဲရဲထနေသော
လင်ဗန်းထဲမှ အပင်းများကိုသွား၍မြုပ်ရ၏။
ရွာသူ၊ရွာသားတွေကလည်း ရွှေအ မည်သို့ဆက်ဖြစ်မလဲ
သိချင်ကြသည်။
တချို့ကတော့ပြန်ကုန်ကြ၏။
ဘွားမယ်စိန်က ရွှေအ ၏ မျက်နှာနှင့်တစ်ကိုယ်လုံးအနှံ့ကို
ရေမန်းဖြင့်ဖြန်းပေးလေသည်။
ရွှေအ သတိရလာတာကိုစောင့်ရင်းမိုးပင်ချုပ်လာပြီဖြစ်၏။
“အင်း….ဟင်း….”
ရွှေအ သတိပြန်ရလာသည်။
သူ၏မျက်လုံးများကိုလက်ဖြင့်ပွတ်သပ်ရင်းနိုးထလာခဲ့ပြီးနောက်….
“ဟင်….ခင်…ခင်ဗျားတို့ကဘယ်သူတွေလဲ”
ဟုအလန့်တကြားဖြင့် ထအော်လေသည်။
“ရွှေအ…သတိရပြီဟေ့…
သူစကားပြောတတ်တယ်ဟ…”
ဟု ဝမ်းသာအားရဖြင့်အော်ပြောကြသည်။
” ဝမ်းသာလိုက်တာရွှေအ ရာ…
တော်သေးတာပေါ့ ဘွား မင်းကို ကယ်လိုက်လို့ပေါ့…
မဟုတ်ရင် မင်းဘဝမတွေးရဲဘူးဟေ့”
ဟုပြောနေသောမောင်တိုးနဲ့ရွာသားများကို
ကြည့်ရင်း ရွှေအ နားမလည်သယောင်ဖြင့်
“ရွှေအ…ဘယ်သူလဲရွှေအ က
ကျုပ်နာမည် ဘခင်ပါဗျ”
“ဟေ…ရွှေအ နာမည်ကဘခင်တဲ့လား…”
အားလုံးကလည်း ရွှေအ နာမည်ကိုသိကုန်ကြသည်။
“နေပါဦးဗျာ…ခင်ဗျားတို့ကဘယ်သူတွေတုန်း…
ကျုပ်အဖေနဲ့အမေကိုလည်းမတွေ့ပါလား…
ကျုပ်ဘယ်ကိုရောက်နေတာလဲဗျ…”
ဘခင်အတော်လေးစိတ်ရှုပ်နေသည်။
သူ့အားဝမ်းသာအားရကြည့်နေသောအမျိုးသားများနဲ့
အမျိုးသမီးများကိုသူလုံးဝမသိပေ။
“ကဲ…ကဲ…မောင်နောင်ချို…
သူဒီရွာဆီကိုရောက်လာခဲ့ပုံနဲ့
အခုဖြစ်သမျှအကြောင်းစုံကိုလည်းပြောပြလိုက်ပါဦး…”
ဟုဘွားမယ်စိန်ကပြောလိုက်လေသည်။
သူကြီးဦးနောင်ချိုကလည်း…
“ငါ့တူ ဦးကြီးကဒီသောင်ထွန်းရွာရဲ့သူကြီးပါကွာ…
မင်း…တို့ရွာကိုစရောက်လာတာနှစ်ပတ်လောက်တော့ရှိပြီ…
မင်းကစိတ်ပုံမှန်မဟုတ်ဘဲ တို့ရွာထိပ်က
အပင်အောက်မှာပဲနေတယ်…
အဲ့သည်အပင်အောက်မှာပဲတို့ရွာသားတွေကမင်းအတွက်ထမင်းဟင်းလာပို့ပေးကြတာပေါ့ကွာ…………”
ဟုအစချီကာအဖြစ်အပျက်အစုံကိုရှင်းပြလိုက်လေတော့သည်။
ဘခင်ကလည်းသူ၏အဖြစ်ကိုနားထောင်ရင်း
အတော်လေးအံ့သြနေခဲ့၏။
ပြီးလေမှ ဘွားမယ်စိန်ကိုကြည့်၍….
“ကျုပ်အဖြစ်ကအတော်လေးဆိုးဝါးတာပဲဗျာ…
တကယ်တော့ကျုပ်က ပူကင်းရွာကပါ
ကျုပ်အဖေနာမည်ကဦးသောင်းပါအမေနာမည်ကတော့
ဒေါ်စောလို့ခေါ်ကြပါတယ်…။
ပူကင်းရွာမှာဆိုရင်
ကျုပ်မိဘများကလူချမ်းသာတွေပါအမေကြီးရယ်…
ကျုပ်ကမိကောင်းဖခင်သားသမီးပါဗျာ…
နောက်ပြီးကျုပ်ဘဝကိုအခုလိုလုပ်ခဲ့တဲ့သူက
ကျုပ်သူငယ်ချင်းရွာက မခွာညိုရဲ့အစ်မလို့ထင်ပါရဲ့လေ…
တကယ်တော့…
ကျုပ်သူ့ညီမနဲ့ချစ်သူတွေဖြစ်ခဲ့တာမှန်ပါတယ်…
ကျုပ်ဘက်ကလည်းမေတ္တာအစစ်နဲ့ချစ်ခဲ့တာပါပဲဗျာ…
ဒါပေမယ့် မခွာညိုကမိန်းမလည်ပါ…
ကျုပ်မိဘများရဲ့ချမ်းသာမှုကြောင့်ကျုပ်ကို
သူကပ်တွယ်နေတယ်ဆိုတာကျုပ်သိလိုက်ရပါတယ်…
ဒါကိုသိလို့လည်းကျုပ်သူနဲ့လက်တွဲဖြုတ်ပြီး
မိဘများပေးစားမယ့်သူကိုရွေးချယ်ခဲ့တာပါ…
ဒါအမှန်တရားပါပဲအမေကြီးရယ်…”
ဟုပြောလေတော့ဘွားမယ်စိန်ကခေါင်းကိုညိတ်၍…
“အင်းလေ…ဘွားဘက်ကမောင်ရင့်ကိုနောက်မနှောက်ယှက်တော့ဖို့ကိုလည်းသစ္စာဆိုခိုင်းထားပါပြီ…
ဒီတော့မောင်ရင်လေးဘက်ကလည်း သူတို့ကိုလက်စားချေချင်စိတ်နဲ့မတုန့်ပြန်ပါနဲ့တော့လို့ပဲဘွားပြောချင်တယ်ကွယ်…
ပြုသူအသစ်..ဖြစ်သူအဟောင်းပေါ့…”
“ဟူးးးး…ဟုတ်ကဲ့ပါအမေကြီး…
ကျုပ်ဘက်ကလည်းကျုပ်ကိုစောင့်ရှောက်ပေးခဲ့တဲ့အမေကြီးတို့ရွာသူ၊ရွာသားတွေကော…ကျုပ်ဘဝကိုနွံထဲက
ဆွဲတင်ပေးခဲ့တဲ့အမေကြီးကိုလည်းကျေးဇူးတင်ပါတယ်ဗျာ…
ဒီကျေးဇူးတွေက
ကျုပ်သေတဲ့အထိဆပ်လို့ကုန်မယ်မထင်ပါဘူး…”
ဟုဆိုကာ ဘွားမယ်စိန်ကိုလက်အုပ်ချီကာကန်တော့လေသည်။
ပြီးနောက်ရွာသူ၊ရွာသားတွေကိုလည်းကန်တော့ရှာ၏။
အားလုံးကတော့ ဘခင်ကိုကြည့်၍ဝမ်းသာနေကြရှာသည်။
ထိုသို့စကားပြောဆိုပြီးနောက် သူကြီးဦးနောင်ချိုက
ဘခင် ကိုသူ၏နေအိမ်ဆီကိုခေါ်သွားလေသည်။
ဘခင်အတွက်အဝတ်အစားကအစစီစဉ်ပေးရှာ၏။
နောက်ရက်မနက်ရောက်တော့ ဘခင်သူ၏ရွာကိုပြန်သွားပြီဆိုသော သတင်းကြောင့်အားလုံးမှာ စိတ်မကောင်းဖြစ်ကြရပြန်သည်။
“အေးပေါ့လေ….သူလည်းပြန်ကောင်းသွားပြီဆိုတော့
သူ့အရပ်သူပြန်ရှာမှာပေါ့”
ဟုပြောရင်း ဖြေသိမ့်ကြရ၏။
သို့သော်မကြာပါဘခင်ကသူ၏မိဘများကိုပါ
အတူခေါ်လာပြီးသောင်ထွန်းရွာသို့ပြန်ရောက်လာခဲ့၏။
ဘခင်သည်…ဆံပင်ရှည်ကြီးကိုဖီးသင်ကာသျှောင်ထုံး
ထုံးထားသည့်အပြင် အဝတ်အစားကအစ
သန့်သန့်ပြန့်ပြန့်လေးဝတ်ဆင်လို့ထားရှာသည်။
ထိုသို့ ဘွားမယ်စိန်၏နေအိမ်သို့ရောက်လာကြပြီး….
“အမေကြီးရယ်…ကျုပ်တို့မှာဒီသားလေးပဲရှိတာပါ
သူစိတ်လွှတ်နေချိန်လည်းကျုပ်တို့မှာဆေးဆရာအစုံရှာပြီး
ကုပေးနေတဲ့ကြားကမှပျောက်သွားခဲ့တာပါ…
အခုလိုအမေကြီးတို့တစ်ရွာလုံးကစောင့်ရှောက်
ပေးထားယုံတင်မကဘဲ…လူကောင်းပကတိဖြစ်အောင်
လုပ်ပေးတဲ့အတွက် ဒီကျေးဇူးတွေဆပ်လို့မကုန်နိုင်ပါဘူးရှင်”
ဟု…ဒေါ်စောက ပြောလေသည်။
ထိုသို့ဖြင့်ဘခင်မိဘများကဘွားမယ်စိန်တင်မကဘဲ
တစ်ရွာလုံးကိုပါကျေးဇူးတင်စကားပြောရှာသည်။
ဘခင်အပေါ်ကျေးဇူးရှိသောသောင်ထွန်းရွာကိုလည်းလုံးဝ
မမေ့ကြောင်းပြောပြီး…သောင်ထွန်းရွာ၌အလှူလုပ်မည့်အကြောင်းကိုပါပြောလေတော့ တစ်ရွာလုံးဝမ်းသာကြရပြန်သည်။
တစ်ရွာလုံးမီးခိုးတိတ်အလှူလုပ်မည့်အပြင်ရွာဦးစေတီကိုပါပြုပြင်ပေးမည်ဖြစ်ကြောင်း ဘခင်အဖေကပြော၏။
ထိုအလှူကိုလည်းတစ်ရွာလုံးကဝိုင်းဝန်းကူညီမည်ဟုပြောရင်း
ပျော်လို့မဆုံးဖြစ်ကြရပြန်သည်။
အလှူလုပ်မည့်ရက်၌လည်းအားလုံးတပျော်တပါးထဲ
ပါဝင်ခဲ့ကြ၍ အလှူပွဲမှာလည်းအောင်အောင်မြင်မြင်ပင်
ပြီးဆုံးခဲ့လေသည်။
ထိုတင်မကသေးမခွာညိုတို့ညီအစ်မကိုလည်း
ဘခင်နှင့်ဘခင်၏မိဘများက မည်သို့မှ
မတုန့်ပြန်တော့ဘဲ ခွင့်လွှတ်ပေးလိုက်ကြလေသည်။
ပြီးပါပြီ။
ယဉ်မင်း(ကန့်ဘလူ)

Zawgyi Version

အ႐ူးေ႐ႊအ၏ ျဖစ္ရပ္ထူး(စ/ဆုံး)
————————————–
သူ၏အမည္ကို ဘခင္ဟုအမ်ားကေခၚၾကသည္။
ဘခင္သည္ဗလေကာင္း၏။ဆံပင္ကိုေက်ာလယ္ထိမွ်
အရွည္ႀကီးထားၿပီး ထိုဆံပင္ရွည္ႀကီးကိုဖီးသင္ျခင္မရွိဘဲ
ျဖစ္ကတတ္ဆန္းထားရွိေလသည္။
ေျခာက္ေပသာသာမွ်ရွိေသာအရပ္အေမာင္းႏွင့္
မ်က္ႏွာအထက္၌ပစ္စလက္ခတ္ထားရွိေသာ
မုတ္ဆိတ္ေမႊး၊ ႏႈတ္ခမ္းေမႊးမ်ားကလည္း
အၿပိဳင္းအ႐ိုင္းရွိေနျပန္သည္။
ဘခင္သည္အက်ႌမဝတ္…
ပုဆိုးကိုခပ္တိုတိုသည္ဝတ္သည္။
ထိုသို႔ေနယုံျဖင့္ဘခင္ကိုဆင္းရဲသားဟုျမင္ေတြ႕သူမ်ားက
ထင္ႏိုင္ေသာ္လည္းအေၾကာင္းသိသူမ်ားကေတာ့
ဘခင္ကိုအေရးတယူပင္ေခၚၾကေျပာၾကသည္။
“ဘခင္…ဘယ္သြားမလို႔တုန္းကြ”
ဟုေခၚသူကေခၚေသာအခါ၌လည္း ဘခင္က
စကားပင္ျပန္မေျပာ…လွည့္၍ပင္မၾကည့္တတ္…
သူသြားလိုရာသို႔သာဦးတည္ကာသြား၏။
ဘခင္က အိမ္ရွိေသာ္လည္းအိမ္၌မေန ႐ြာ႐ိုးကိုးေပါက္
ေလွ်ာက္သြားတတ္ၿပီး…ေနဝင္တာႏွင့္ေတြ႕သည့္ေနရာ၌
အိပ္တတ္သည္။
ထိုသို႔ေျပာယုံျဖင့္ ဘခင္ကိုအ႐ူးဟုအားလုံးထင္ၾကမည္။
အမွန္မွာဘခင္သည္ခ်မ္းသာေသာမိဘမ်ိဳး႐ိုးမွ
ဆင္းသက္လာသူျဖစ္သည္။
ယခင္က…
ဘခင္သည္ သန႔္သန႔္ျပန႔္ျပန႔္ေနထိုင္တတ္ၿပီး…
လူခ်မ္းသာသား ေမာင္ဘခင္ဆိုတာႏွင့္
သားမက္ေတာ္ခ်င္သူကခပ္မ်ားမ်ားပင္။
ထိုသို႔ေနထိုင္လာေသာဘခင္တစ္ေယာက္
မိဘမ်ားသေဘာတူေသာ မိန္းကေလးႏွင့္
အိမ္ေထာင္ျပဳဖို႔ရန္ဆုံးျဖတ္ခဲ့ရွာသည္။
မဂၤလာေဆာင္ဖို႔ရက္ပိုင္းမွ်သာလိုခ်ိန္
ဘခင္စိတ္မ်ားေဖာက္ျပားလာခဲ့သည္။
တစ္ခါတစ္ရံတစ္ေယာက္ထဲရယ္ေမာေနတတ္သလို…
တစ္ခါတစ္ရံလည္းတစ္ေယာက္ထဲ ငိုေနတတ္ျပန္သည္။
ထိုၾကားထဲမွ အစားကလည္းမစားေသာအခါ
လူကအေတာ္ေလးပိန္၍လာသည္။
မူမမွန္ေသာဘခင္၏အေၾကာင္းကို
သတိုးသမီးဘက္မွသိရွိသြား၍မဂၤလာပြဲပ်က္ခဲ့ရသည္။
ဘခင္ကေတာ့ မဂၤလာပြဲပ်က္တာကိုလည္းမသိ…
သူ၏နာမည္ကိုေတာင္သူမသိေတာ့ဘဲအ႐ူးႀကီးတစ္ေယာက္အျဖစ္ကိုေရာက္ရွိလို႔သြားခဲ့ေလသည္။
မိဘမ်ားမွာလည္းေမြးထားေသာသားသမီးဟူ၍
ဘခင္တစ္ေယာက္သာရွိေလေတာ့အေတာ္ေလး
ယူက်ဳံးမရျဖစ္ၾကရရွာသည္။
“ကိုေသာင္း…ကြၽန္မတို႔သားေလးကို
မကယ္ႏိုင္ေတာ့ဘူးလားရွင္…
ကြၽန္မသားေလးကိုျမင္လိုက္တိုင္း …
ကြၽန္မရင္ေတြနာလို႔ပါကိုေသာင္းရယ္…”
ဟု…ဘခင္ ၏မိခင္ျဖစ္သူ ေဒၚေစာက ေျပာေလသည္။
“အင္း…ငါလည္းဆရာမ်ိဳးစုံ…ေဆးဝါးမ်ိဳးစုံနဲ႔ကုသေပးေနတာ
မင္းလည္းသိရဲ႕နဲ႔ကြာ…ငါလည္းအေဖပါကြ…
ငါလည္းရင္ထဲမခ်ိပါဘူးမိန္းမရာ…”
ဘခင္ ၏မိဘႏွစ္ပါးမွာ ဘခင္အတြက္
အေတာ္ေလးစိတ္ေသာကေရာက္ခဲ့ရသည္။
ဘခင္ကဒါေတြကိုဘာမွမသိေတာ့ဘဲ သြားခ်င္ရာသာသြား
ေနတတ္သည္။
ထိုသို႔သြားခ်င္ရာထြက္သြားတတ္ေသာဘခင္ကို
အခန္းထဲ၌ပိတ္ထားျပန္ေသာအခါ
ေအာ္ဟစ္ေသာင္းက်န္းျပန္တာေၾကာင့္ ဦးေသာင္းတို႔လည္း
သူ သြားလိုရာကိုသြားဖို႔အတြက္လႊတ္သာ
ေပးထားလိုက္ရသည္။
ဘခင္၏အျဖစ္ကိုဘခင္မိဘေတြတင္သာမက
တစ္႐ြာထဲအတူေနသူမ်ားကပါစိတ္မေကာင္းျဖစ္ၾကရရွာသည္။
*********************************
“ေဟ့လူ….ခင္ဗ်ားဘယ္သူလဲ”
“ဟ…မင္းကသာေမးေနတာ…သူက
စကားေတာင္ျပန္မေျပာပါလားကြ…”
“ေအးေနာ္…စကားမေျပာတတ္တာမ်ားလားမသိဘူး”
ေသာင္ထြန္း႐ြာထိပ္၌လူတစ္ေယာက္ေနပူထဲတြင္
ငုတ္တုတ္ႀကီးထိုင္လို႔ေနသည္။
သူ႔ကိုျမင္ေသာ႐ြာသားႏွစ္ေယာက္ကလည္းအနားကပ္၍
ေမးၾကေသာအခါ၌ ေက်ာက္႐ုပ္ႀကီးပမာ မည္သည့္စကားမွ
ျပန္၍ပင္မေျပာဘဲ ထိုင္ၿမဲအတိုင္းထိုင္သာေနခဲ့၏။
“ဒီမွာေနာင္ႀကီး…ေနပူတယ္ဗ်…
လာပါ ဟိုအပင္ေအာက္မွာသြားထိုင္ရေအာင္ပါဗ်ာ…”
မေနသာေသာ ႐ြာသားႏွစ္ေယာက္က လူစိမ္းကို
ဆြဲထူေပးၿပီး သစ္ပင္ေအာက္သို႔ေခၚသြားေပးၾကသည္။
သစ္ပင္ေအာက္ေရာက္ေသာအခါ၌လည္းသူတို႔ကိုစကားလည္းမေျပာ…ၾကည့္လည္းမၾကည့္ေသာလူစိမ္းကိုအကဲခတ္ေနၾကရင္း …
“ဒီလူ႔ၾကည့္ရတာ အ႐ူးထင္ကြ…”
“ေအးကြ…ပုံစံၾကည့္ရတာ ဟုတ္ေလာက္တယ္…
တို႔ဘယ္လိုလုပ္ၾကမလဲ…ဒီတိုင္းပဲထားခဲ့မွာလား…”
“ေနပါဦးကြာ…႐ြာသူႀကီးကိုေတာ့အက်ိဳးအေၾကာင္းေျပာျပထားမွေကာင္းမယ္ထင္တယ္…”
“မင္းေျပာတာလည္းဟုတ္တာပဲ…
႐ြာသူႀကီးကိုေတာ့ေျပာရမယ္ကြ…
ေတာ္ေနၾကရင္ ဒီလူ…ညဘက္႐ြာထဲဝင္လာခဲ့ရင္
တို႔႐ြာလန႔္ေနပါဦးမယ္…”
႐ြာသားႏွစ္ဦးလည္းတိုင္ပင္ၿပီးေနာက္ ႐ြာသူႀကီး
ဦးေနာင္ခ်ိဳ အိမ္သို႔ထြက္လာခဲ့ၾကေတာ့သည္။
သူႀကီးဦးေနာင္ခ်ိဳတို႔အိမ္ဆီသို႔ေရာက္ေတာ့…
“သူႀကီး…ဗ်ိဳ႕သူႀကီး…”
“ဟဲ့…ဘယ္သူေတြတုန္း”
“သူႀကီးကေတာ္…က်ဳပ္တို႔သူႀကီးဘယ္သြားတုန္းဗ်”
“ရွိတယ္ေဟ့…လာၾက…လာၾက”
႐ြာသားႏွစ္ေယာက္လည္း႐ြာသူႀကီးအိမ္ဝိုင္းထဲသို႔
ဝင္လာၾကသည္။
သူႀကီးက ကြမ္းအစ္ကိုယူ၍ ကြမ္းဝါးဖို႔ျပင္ဆင္ေနသည္။
“လာၾကကြ…ထိုင္ၾက”
သူႀကီးက႐ြာသားႏွစ္ေယာက္ကို သူ႔အနီးရွိ သစ္သားခုံတန္းရွည္၌ဝင္ထိုင္ေစသည္။
ၿပီးေနာက္ ပါးေစာင္ထဲသို႔ယာထားေသာကြမ္းကို
ထိုးသြင္းကာ သြားျဖင့္ႀကိတ္ေခ်ကာဝါးေန၏။
“သူႀကီးဆီကိုက်ဳပ္တို႔က
လာၿပီးသတင္းေပးတာပါဗ်”
“ေဟ…သတင္းေပးတာ…ဟုတ္လား…
ဘာမ်ားျဖစ္လို႔တုန္းေမာင္ျမင့္ရဲ႕…”
“စိတ္ပူစရာႀကီးေတာ့မဟုတ္ပါဘူးဗ်ာ…
က်ဳပ္တို႔႐ြာထိပ္မွာလူတစ္ေယာက္ေရာက္ေနတယ္ဗ်…
ပုံစံၾကည့္ရတာလည္း ႐ူးေနတဲ့ပုံပဲ…”
“အ႐ူးေရာက္ေနတယ္…ဘယ္ကအ႐ူးမ်ားလဲကြ”
“ဒါေတာ့က်ဳပ္တို႔လည္း ဘယ္သိပါ့မလဲသူႀကီးရာ…
ဒီ႐ြာအနီးအနားကေတာ့ျဖစ္ေလာက္ဖူးဗ်…
က်ဳပ္တို႔မေတြ႕ဖူးဘူး”
“ေအး…ေအး…ေအး…
ဒါဆိုငါလည္းကာလသားေတြေခၚၿပီးသြားၾကည့္စမ္းဦးမယ္…”
“သြားၾကည့္လိုက္ဦး သူႀကီး…ဒါဆိုရင္
က်ဳပ္တို႔ျပန္ေတာ့မယ္ဗ်…”
“ေအး…ဟုတ္ၿပီေမာင္ျမင့္…
လာေျပာေပးတာေက်းဇူးပဲေဟ့”
ေမာင္ျမင့္တို႔လည္း ႐ြာသူႀကီးအိမ္မွျပန္သြားၾကေတာ့သည္။
ေမာင္ျမင့္တို႔ျပန္ေတာ့…
“ျဖစ္ေသးပါဘူး…ေသခ်ာေအာင္အရင္သြားၾကည့္ဦးမွ…”
ဟုဆိုကာ အိမ္ထဲမွထြက္လာၿပီး ဦးဘစီကိုဝင္ေခၚ၍
႐ြာထိပ္ကိုထြက္လာခဲ့ေတာ့သည္။
“သူႀကီးဘယ္ကိုသြားမလို႔တုန္းဗ်”
“႐ြာထိပ္ကိုေဟ့…႐ြာထိပ္မွာအ႐ူးတစ္ေယာက္ေရာက္ေနတယ္ေျပာလို႔သြားၾကည့္မလို႔…”
ဦးဘစီကဝင္ေျဖေလေတာ့႐ြာသားေတြလည္းသူႀကီးတို႔နဲ႔အတူလိုက္လာၾကသည္။
႐ြာထိပ္သို႔ေရာက္ေတာ့…
“ဟိုလူထင္တယ္ဗ်…”
သစ္ပင္ေအာက္၌ သစ္႐ြက္ေျခာက္မ်ားကို ေကာက္ရင္း
ေဆာ့ကစားေနေသာ အက်ႌဗလာျဖင့္လူကိုေတြ႕သြားေလေတာ့
႐ြာသားတစ္ေယာက္ကလက္ညိဳးထိုးကာေျပာလိုက္၏။
“အနားသိပ္မကပ္ၾကနဲ႔ဦး…
ေတာ္ေနလူေတြကိုရန္ရွာေနရင္ခက္ကုန္မယ္ကြ”
သူႀကီးက႐ြာသားေတြကို သတိေပးလိုက္သည္။
အားလုံးလည္းခပ္လွမ္းလွမ္းမွ အ႐ူးကိုၾကည့္ေနၾက၏။
အ႐ူးကလည္းသစ္႐ြက္မ်ားကိုေျပးေကာက္လိုက္…
တစ္ေနရာ၌ေကာက္ရသမွ်ကိုပုံထားလိုက္ျဖင့္ ေဆာ့ကစားေနခဲ့သည္။
“သူ႔ၾကည့္ရတာ ရန္လိုမယ့္ပုံေတာ့မဟုတ္ဖူးဗ်”
ဟု…ဦးဘစီကသူႀကီးဦးေနာင္ခ်ိဳကိုေျပာသည္။
“ဟုတ္မယ္ကိုဘစီ…က်ဳပ္လည္းအဲ့သည္လိုပဲထင္တယ္…
လာဗ်ာ…က်ဳပ္တို႔သူ႔အနားသြားၿပီး
စကားေျပာၾကည့္ရေအာင္…”
႐ြာသူႀကီးဦးေနာင္ခ်ိဳနဲ႔ဦးဘစီတို႔ကေရွ႕ဆုံးမွသြားၾကသလို
က်န္႐ြာသားေတြကလည္းသူႀကီးတို႔အေနာက္မွအတူလိုက္ၾက၏။
“ေဟ့…ေဟ့ေကာင္ေလး…မင္းကဘယ္သူတုန္း…
ဒီမွာဘာထိုင္လုပ္ေနတာလဲကြ”
ဟု…ဦးဘစီကေမးလိုက္သည္။
သို႔ေသာ္ ဟိုကျပန္၍မေျဖသလိုလွည့္၍ပင္မၾကည့္။
“ေကာင္ေလး…မင္းကိုေမးေနတာၾကားရဲ႕လားကြ”
သူႀကီးဦးေနာင္ခ်ိဳကပါ ဝင္ေမးလိုက္သည္။
“သူႀကီး…ျပန္လည္းမေျပာဘူးဗ်…
ေဟာၾကည့္ေျပးျပန္ၿပီ…”
အ႐ူးသည္ သူႀကီးတို႔အုပ္စုကိုရွိသည္ဟူ၍ပင္မထင္…
သစ္႐ြက္ေျခာက္မ်ားကိုသာ
အသည္းအသန္ေျပးေကာက္ေနခဲ့၏။
“အ႐ူးေတာ့အ႐ူးပဲကြ…
ဒါေပမယ့္ ဒီအ႐ူးက တို႔႐ြာကိုေတာ့ဒုကၡေပးမယ့္ပုံမရဘူး…
မင္းတို႔႐ြာသားေတြလည္း သူ႔အေျခအေနကိုအကဲခတ္ၾကဦး…
တစ္ခုခုထူးတာနဲ႔ငါ့ဆီကိုလာေျပာၾက…ၾကားၾကလား”
“ဟုတ္ကဲ့သူႀကီး”
သူႀကီးနဲ႔ဦးဘစီတို႔လည္းျပန္သြားၾကသည္။
ရွာထဲ၌…
“႐ြာထိပ္မွာအ႐ူးတစ္ေယာက္ေရာက္ေနလို႔တဲ့ေဟ့”
ဟူေသာသတင္းစကားေၾကာင့္ ႐ြာထိပ္သို႔
သြားၾကည့္ကုန္ၾကသည္။
“အရီး…ဘာဟင္းခ်က္မလို႔လဲဗ်”
” မနက္စာေတာင္စားၿပီးၿပီဟဲ့…
အကုန္ခ်က္ၿပီးၿပီ”
“အယ္…ဟုတ္သား…က်ဳပ္ေတာင္
ကိုေ႐ႊအ ဆီကို ထမင္းသြားပို႔ၿပီးတာေတာင္ၾကာေနၿပီပဲဟာ…
ဟီး…ဟီးးးးးးး….”
ေမာင္တိုးက ၿခံဝိုင္းထဲဝင္လာၿပီး ကြပ္ပ်စ္ခင္းေပၚ၌
ေျမပဲေတာင့္ခြာေနေသာေဒၚဝင္းကိုလွမ္းေမးေနျခင္းျဖစ္သည္။
“ဘြားေကာဘယ္သြားတုန္းအရီး”
“အေမရွိပါတယ္ဟယ္…
ဘုရားစင္ေပၚကအမႈန္အမႊားေတြရွင္းေနေလရဲ႕…
ကဲ…ေတာ္ကရပ္ေနေတာ့မွာလား ဝင္ထိုင္ေလခုံမွာ”
ေမာင္တိုးက ထန္းလက္ခုံ၌ဝင္ထိုင္လိုက္သည္။
“ေနပါဦးဟဲ့…နင္ေတာ္ေနက ေ႐ႊအ ဆီကို
ထမင္းသြားပို႔တယ္လို႔ေျပာတယ္ေနာ္…
အဲ့ေ႐ႊအ ကဘယ္သူတုန္းေမာင္တိုးရဲ႕…”
“ဟာဗ်ာ…က်ဳပ္အရီး အပ်ိဳႀကီးကေတာ့
႐ြာထဲကသတင္းေတြအေတာ္သိေနတာပဲ…
ခက္ပါေရာလားဗ်ာ”
“ဟယ္ေတာ္…ဒါေလးေမးတာကို
ဘာလို႔ဒီေလာက္ေျပာေနတာတုန္း မသာေလးရဲ႕”
“ဟားးးး…ဟားးး…ဟားးး…ဟားးးး….ဟားးးးး….
အရီးကိုက်ဳပ္ကစတာပါဗ်ာ”
ေဒၚဝင္းကဆဲတာကိုပင္ေမာင္တိုးမွာ
တဟားဟားရယ္ေမာ၍ေနသည္။
“ဒီလိုဗ်အရီးရဲ႕…က်ဳပ္တို႔႐ြာထိပ္မွာအ႐ူးတစ္ေယာက္
ေရာက္ေနတယ္ဆိုတဲ့သတင္းကဒီေလာက္တစ္႐ြာလုံးသိေနတာကိုအရီးမသိဘူးလားဗ်”
“ၾကားေတာ့ၾကားမိပါတယ္…ဒါေပမယ့္
ငါလည္းမအားတာနဲ႔
သြားမၾကည့္ႏိုင္ေပါင္ဟယ္…”
“အင္း…ဒါလည္းဟုတ္တာပဲ…
ဒီလိုအရီးရဲ႕… အဲ့သည္အ႐ူးက က်ဳပ္တို႔ဘယ္ေလာက္ပဲ
သူ႔ကိုစကားေျပာေျပာျပန္မေျပာဘူးဗ်…
ဒါမို႔သူ႔ကိုက်ဳပ္တို႔က ကိုေ႐ႊအလို႔ေခၚၾကတာ…
ၿပီးေတာ့ ဒီလူ႔ၾကည့္ရတာ ႐ုပ္ေလးကမဆိုးရွာဘူးဗ်
႐ူးေနလို႔သာ ဗရမ္းဗတာျဖစ္ေနရွာတာ…
က်ဳပ္တို႔႐ြာကာလသားေတြကလည္း သူစကားျပန္မေျပာတာကိုပဲ သူ႔ဆီသြားလည္ၾက…စၾကေနာက္ၾကနဲ႔အေတာ္ေလးခင္ေနၾကတာ…အဲ့တာ သူ႔စားဖို႔က်ဳပ္တို႔ေတြကအလွည့္က်
ထမင္းပို႔ေပးေနၾကတာအရီးရဲ႕…”
“ဟဲ့…အဲ့သည္လိုပို႔ေတာ့ဟိုက စားရဲ႕လား”
“စားတာေပါ့ဗ်…ကိုေ႐ႊအ က က်ဳပ္တို႔ကို
စကားသာျပန္မေျပာတာ က်ဳပ္တို႔
ေကြၽးသမွ်ေတာ့အကုန္စားၿပီးသားပဲ အရီးရဲ႕…”
“ေအး…ဒီလိုဆိုေတာ့လည္း
နင္တို႔အုပ္စုကအေတာ္ေလးေစတနာေကာင္းၾကသားပဲဟဲ့”
“အရီးကအခုမွသိတာလားဗ်”
“ေအးေလ…”
“ဟာဗ်ာ…ဒါကေတာ့လြန္ လြန္ လြန္းတယ္ဗ်ာ…”
ေမာင္တိုးကမ်က္ႏွာအိုႀကီးျဖင့္ေျပာေတာ့
ေဒၚဝင္းကတဟားဟားရယ္ေမာေလသည္။
“ေမာင္တိုးေရာက္ေနတာလား”
ဘြားမယ္စိန္ကြပ္ပ်စ္ခင္းဆီသို႔ဆင္းလာခဲ့သည္။
“ဟုတ္တယ္ဘြား”
“ထမင္းစားခဲ့ၿပီလားကြဲ႕…”
“စားၿပီးၿပီးဘြား…”
“ေအး…ေတာ္ေနကဘြားၾကားလိုက္တယ္…
ေမာင္ရင္ေျပာတဲ့အ႐ူးေ႐ႊအ ဆိုတာ ဆံပင္ကအရွည္ႀကီးနဲ႔
အက်ႌမဝတ္ဘဲပုဆိုးတိုတိုဝတ္ၿပီး
ေလွ်ာက္သြားေနတဲ့သူလား”
“ဟုတ္ပဗ်ာ…ဘြားေတာင္ေတြ႕ဖူးတယ္လား”
“ေအး…ေတြ႕ဖူးတယ္ဆိုတာထက္ ဘြားဘုန္းႀကီးေက်ာင္းက
အျပန္ဆိုရင္ အေနာက္ကေနတေကာက္ေကာက္လိုက္လာေတာ့
သိေနတာပါကြဲ႕…”
“ဗ်ာ…ကိုေ႐ႊအ ႀကီးကဘြားေနာက္ကိုလိုက္တယ္…”
“ဟုတ္ပ…ဒီကေလးၾကည့္ရတာလည္း
စိတ္ေကာင္းေလးရွိပုံရပါတယ္…
ဒါေၾကာင့္မလို႔လည္းေမာင္ရင္တို႔ေတြခင္ေနၾကတာမဟုတ္လား”
“ဟုတ္ပဗ်ာ…ကိုေ႐ႊအ က ကေလးေတြဆိုရင္ေတာ့အတူတူေဆာ့တယ္ဗ်…က်ဳပ္တို႔႐ြာသားေတြကေတာ့
သူ႔ကိုျမင္တာနဲ႔စကားေျပာခ်င္ေအာင္ စၾက ေနာက္ၾကတာပဲ…
ဒါလည္းသူကစိတ္မဆိုးရွာဘူးဗ်…”
ေမာင္တိုးစကားေၾကာင့္ဘြားမယ္စိန္ေခါင္းကိုညိတ္လိုက္သည္။
“ဒါနဲ႔က်ဳပ္ကိုအိမ္လာဖို႔ဘြားကေခၚခိုင္းလိုက္တာဆို…”
“ဟုတ္ပ…ေမာင္ရင့္ကိုဘြား ေျပာစရာရွိလို႔
ေျမးေလးကိုလႊတ္ၿပီးေခၚခိုင္းလိုက္တာကြဲ႕…
အခုၾကည့္စမ္းပါဦး…ေခၚသူကေရာက္လာၿပီး
ေခၚခိုင္းလိုက္တဲ့သူကအိမ္ကိုျပန္မေရာက္ေသးဘူး…
ဒီကေလးနဲ႔ေတာ့ခက္ပကြယ္…”
“အေမရယ္…အေမ့ေျမးအေၾကာင္းလည္းသိရဲ႕သားနဲ႔”
ဘြားမယ္စိန္က ကြပ္ပ်စ္၌ဝင္ထိုင္သည္။
ေဒၚဝင္းကအနီး၌ ေျမပဲေတာင့္ဆက္ခြဲေန၏။
ေမာင္တိုးကေတာ့ထန္းလက္ခုံ၌ထိုင္ရင္းဘြားမယ္စိန္ေျပာမည့္
စကားကိုနားစြင့္ေနခဲ့သည္။
ဘြားမယ္စိန္က ကြပ္ပ်စ္ခင္းေပၚရွိ အုန္းခြံခြက္ထဲ၌ထည့္ထားေသာ ေျပာင္းဖူးဖက္ေဆးလိပ္ကိုယူကာ မီးညႇိ႔၍ေသာက္သည္။
ေဆးလိပ္ကိုမီးစြဲတာႏွင့္ ဖြာခနဲဖြာခနဲရႈိက္ေသာက္လိုက္ရာ
မီးခိုးေငြ႕မ်ားက တလူလူထြက္လာခဲ့ေလသည္။
ေဆးလိပ္ေသာက္လို႔ၿပီးေတာ့ျပာမ်ားေအာက္သို႔မက်ေစရန္
အုန္းခြံခြက္ျဖင့္ခံကာထည့္ထားျပန္၏။
“ဒီလို…အခုဘြားေျပာမယ့္စကားကိုေမာင္ရင္
ေသခ်ာေလးသာနားေထာင္…
တကယ္ေတာ့ ေမာင္ရင္တို႔ေခၚေနတဲ့ အ႐ူးေ႐ႊအ ကို
ဘြားဆီကိုေခၚလာေပးေစခ်င္တယ္…
ဒီကေလးကိုၾကည့္ရတာလည္း
သာမာန္စိတ္ေဖာက္ျပားေနတာမဟုတ္ဘူးလို႔
ဘြားထင္တယ္ကြဲ႕…
တပါးသူရဲ႕အေမွာင့္ပေယာဂတစ္ခုခုေၾကာင့္သာ
သူအခုလိုျဖစ္ေနတာလို႔ပဲေျပာရလိမ့္မယ္…”
“ဒါဆိုရင္ ကိုေ႐ႊအ ကို
ဘြားကုေပးႏိုင္တယ္ေပါ့ေနာ္…”
“ဒါေပါ့ကြယ္…”
“ဒါဆိုရင္အခုသြားေခၚရမလားဘြား…
က်ဳပ္ေတာ့ ကိုေ႐ႊအ အတြက္ဝမ္းသာလိုက္တာဗ်ာ”
ဟုေမာင္တိုး သည္ဝမ္းေျမႇာက္ဝမ္းသာျဖင့္
ထန္းလက္ခုံမွထ၍
ေျပာလိုက္ေလသည္။
ထိုအခါဘြားမယ္စိန္ကလက္ကာျပၿပီး…
“ညေနေလာက္မွပဲေခၚလာခဲ့ပါ…
အခုခ်ိန္ကေတာ့ ေနပူပါတယ္ကြယ္…”
“ဟုတ္ကဲ့ဘြား”
“ေနာက္ၿပီး ေမာင္ရင့္အစ္ကိုေမာင္အုန္းလည္းတခုတေလာ
ေပ်ာက္လွပါလား…ဒီေကာင္ေလးဘယ္မ်ားသြားေနတာတုန္း”
“ကိုႀကီးအုန္းက သူ႔ရည္းစားအစ္မႏုယဥ္အေမ
ေနမေကာင္းတာနဲ႔ ထင္းခြဲေရခပ္အျပင္ေဆးဆရာပင့္တာပါ
သူကဦးစီးဦးေဆာင္လုပ္ေနရတယ္ဗ်…”
“အဲ့သည္ေလာက္တာဝန္ေက်ေနတာကို
ဒင္းတို႔ကမယူၾကေသးဘူးလားဟဲ့”
“ကိုႀကီးအုန္းက ယူခ်င္ေနၿပီအရီးရဲ႕…
ခက္တာက အစ္မႏုယဥ္အေမဗ်…
သူ႔သမီးငယ္ေသးတယ္ဆိုၿပီး ကိုႀကီးအုန္းနဲ႔
မယူခိုင္းေစခ်င္ေသးဘူးတဲ့ဗ်ာ…”
“အင္း…ငါတို႔ငအုန္းႀကီးလည္းဒုကၡ…ဒုကၡ…”
“ကဲ…ကဲ…ကဲ…ေမာင္ရင္…
ေမာင္ေနာင္ခ်ိဳတို႔ကိုလည္းဒီအေၾကာင္းေျပာခဲ့ဦးကြဲ႕…
သူကဒီ႐ြာကသူႀကီးဆိုေတာ့သူ႔လည္းေျပာဦးမွျဖစ္မွာ…”
“စိတ္ခ်ဘြား…က်ဳပ္တို႔သူႀကီးကိုလည္း
ေသခ်ာေျပာလိုက္ပါ့မယ္…
ေနာက္ၿပီး…ကိုေ႐ႊအ ကိုလည္း ညေန ဘြားဆီအေရာက္
ေခၚလာခဲ့မယ္ဗ်…”
“ေအး…ေအး…ေအး….”
ေမာင္တိုးနဲ႔စကားေျပာၿပီးေနာက္ ဘြားမယ္စိန္လည္း
သူ႔၏ေျပာင္းဖူးဖက္ေဆးလိပ္ႀကီးကို
ဆက္၍ဖြာရႈိက္ကာေသာက္ေနေလသည္။
ေဒၚဝင္းနဲ႔ေမာင္တိုးတို႔စကားဆက္ေျပာေနၾကၿပီး
အေတာ္ေလးၾကာမွေမာင္တိုးလည္းျပန္သြားေတာ့သည္။
႐ြာထဲ၌လည္း ဘြားမယ္စိန္က အ႐ူးႀကီးေ႐ႊအ ကို
စစ္ေဆးကုသေပးေတာ့မည္ဆိုေသာသတင္းေၾကာင့္
အားလုံးက စိတ္ဝင္စားကုန္ၾက၏။
ညေန သို႔ေရာက္ေတာ့ေမာင္တိုးတို႔ေမာင္အုန္းတို႔တင္မကဘဲ
႐ြာသူႀကီးတို႔လူစုကပါ အ႐ူးႀကီးေ႐ႊအ ကိုသြားေခၚၾကသည္။
မ်ားလွေသာလူစုေၾကာင့္အ႐ူးႀကီး ေ႐ႊအ အေတာ္ေလးလန႔္ေနရွာသည္။
သူ႔အားဝိုင္းဆြဲ ဝိုင္းခ်ီကာေခၚၾကေတာ့
ေ႐ႊအ က အတင္း႐ုန္းကန္ေလသည္။
“ေ႐ႊအေရ မ႐ုန္းနဲ႔ကြ…မင္းကို တို႔အဘြားက
ေပ်ာက္ေအာင္ကုေပးမွာ…မင္းေကာင္းဖို႔ေခၚတာ
ငါ့ေကာင္ႀကီးရ”
ဟုေမာင္တိုးတို႔က ဝိုင္းေျပာၾကသည္။
ထိုစကားမ်ားကို ေ႐ႊအ က နားလည္သေယာင္ျဖင့္
ၿငိမ္ၿငိမ္ေလးလိုက္လာခဲ့၏။
အားလုံးကလည္း ေ႐ႊအ ကိုၾကည့္ရင္းဝမ္းသာေနၾကသည္။
“ဘြား…က်ဳပ္တို႔လာၿပီဗ်ိဳ႕…”
“ဟဲ့…ဟဲ့…ဟဲ့…လူေတြကမ်ားလွခ်ည္လား”
တစ္႐ြာလုံးရွိလူႀကီးလူငယ္မ်ားအကုန္လိုက္လာၾက၍
ေဒၚဝင္းက အလန႔္တၾကားေျပာလိုက္ေလသည္။
ဘြားမယ္စိန္ကေတာ့ဝိုင္းထဲေရာက္ေနၿပီျဖစ္ေသာ
သူႀကီးဦးေနာင္ခ်ိဳကို…
“ေမာင္ေနာင္ခ်ိဳေရ…ဘြားအလုပ္ကို
အေႏွာက္အယွက္မျဖစ္ရင္ရပါတယ္…
သူတို႔လည္းၾကည့္ခ်င္ၾကမွာေပါ့ေလ…”
“ဟုတ္ကဲ့ဘြား…ကဲ ဘြားေျပာတာၾကားၾကတယ္ေနာ္
ၾကည့္လို႔ရတယ္…ဒါေပမယ့္ ဘာစကားမွဝင္မေျပာမိၾကေစနဲ႔”
သူႀကီးဦးေနာင္ခ်ိဳကပါအားလုံးကိုေျပာလိုက္၍
ၿခံဝိုင္းထဲရွိလူေတြေကာ…ၿခံျပင္မွေခ်ာင္းၾကည့္…
ေက်ာ္ၾကည့္ေနၾကသူမ်ားေကာ အသံတိတ္သြားၾကေတာ့သည္။
ေမာင္တိုးနဲ႔ေမာင္အုန္းတို႔က အ႐ူးေ႐ႊအ ကို
ဘြားမယ္စိန္အေရွ႕သို႔ေခၚလာခဲ့သည္။
ဘြားမယ္စိန္က ကြပ္ပ်စ္ခင္း၌ထိုင္မေနဘဲ
သူ၏ေတာင္ေဝွးႀကီးေထာက္၍ေျမေပၚ၌ ေျခစုံရပ္ေနျခင္းပင္။
“ေ႐ႊအ…ဘြားကိုကန္ေတာ့လိုက္”
ေမာင္အုန္းကေျပာေသာ္လည္း ေ႐ႊအ ေျမႀကီးေပၚသို႔
ထိုင္ခ်သည္။
ၿပီးေနာက္ ေျမႀကီးခဲမ်ားကိုေကာက္လိုက္၊ ေျမႀကီးကိုလက္ျဖစ္
ျခစ္လိုက္သာလုပ္ေနခဲ့၏။
ဘြားမယ္စိန္က ေ႐ႊအ ကိုၾကည့္ေနသည္။
ဘြားမယ္စိန္သည္မ်က္ေတာင္ပင္မခတ္
ေ႐ႊ ကိုစူးစိုက္ကာၾကည့္ေနခဲ့၏။
ထိုသို႔ၾကည့္ေနရင္းေ႐ႊအ၏ေခါင္းအထက္သို႔ သူ၏
လက္ကိုအုပ္ကာတင္လိုက္ၿပီး ႏႈတ္မွဖြင့္လိုက္ဟလိုက္ျဖင့္
အသံမထြက္ဘဲဂါထာ႐ႊတ္ေနေလသည္။
ဘြားမယ္စိန္ဂါထာ႐ႊတ္ေတာ့ ေ႐ႊအ မွာ
သိသိသာသာၿငိမ္သြား၏။
ဂါထာ႐ႊတ္တာကိုအဆုံးသတ္ၿပီးေနာက္ဘြားမယ္စိန္သည္
႐ြာသူႀကီးတို႔ကိုၾကည့္၍…
“မွန္ေနတယ္…ဒီကေလးကိုေႏွာက္ယွက္ထားသူ…
ျပဳစားထားသူရွိေနတယ္…အဲ့သည္ေတာ့ဘြားအေနနဲ႔
အဲ့သည္ေႏွာက္ယွက္ထားသူကိုေခၚရလိမ့္မယ္…
ေမာင္ရင္တို႔အားလုံးဒီအနီးအနားကိုမကပ္ၾကနဲ႔…ခြာၾက…
သူ႔ဘက္ကရန္ျပဳရင္ေမာင္ရင္တို႔ကိုထိခိုက္ကုန္လိမ့္မယ္…”
ဟုေျပာေတာ့သူႀကီးနဲ႔ေမာင္တိုးတို႔လည္း
ေနာက္ဆုတ္ကုန္ၾကသည္။
ဘြားမယ္စိန္ကေတာ့ ေ႐ႊအ ကိုၾကည့္ေနသည္။
ၾကည့္ေနရင္းမွ…
“ကဲ…ငါမယ္စိန္ေခၚမယ္…
ဆရာသခင္ရဲ႕အာဏာစက္…ေဟာသည္ေသာင္ထြန္း႐ြာက
မယ္စိန္ရဲ႕အာဏာစက္နဲ႔ ေဟာသည္ငါ၏အေရွ႕မွာရွိေနတဲ့
ေမာင္ ေ႐ႊအ ကိုမေကာင္းေသာအတတ္နဲ႔
ေႏွာက္ယွက္ထားသူ…ၾကားေစ…သိေစ…ျမင္ေစဟဲ့…
သင့္ကိုယခုကြၽႏ္ုပ္ေခၚသည္ ပုန္း၍မရ…
ထြက္၍မရ…ကြယ္၍မရ…လုပ္သူကိုယ္တိုင္
အေရာက္လာေစရမယ္ဟဲ့………..”
ဟုအစခ်ီၿပီးေနာက္ ဂါထာ႐ႊတ္ေတာ့သည္။
ဘြားမယ္စိန္ဂါထာလည္းဆုံးေလေတာ့ ေ႐ႊအ သည္ေခါင္းႀကီးငိုက္စိုက္ႀကီးျဖစ္လို႔သြား၏။
“ေရာက္ၿပီလား…”
ဘြားမယ္စိန္ကေမးသည္ သို႔ေသာ္ျပန္၍မေျဖ။
“ဒုတ္… ”
ဘြားမယ္စိန္ကေတာင္ေဝွးကိုေျမေပၚသို႔ေဆာင့္ခ်လိုက္သည္။
ခ်က္ခ်င္းလန႔္ျဖန႔္သေယာင္ျဖင့္ေခါင္းကိုေမာ့လာ၏။
“နင္ဘာေၾကာင့္ဒီကေလးဘဝပ်က္ေအာင္
လုပ္ထားရတာလဲ…ေျပာစမ္း”
“ဝင္…မ…ရႈပ္…နဲ႔……..”
ဟုဘြားမယ္စိန္ကို ေအာ္ေလသည္။
ေ႐ႊအ ၏မ်က္လုံးႀကီးကလည္းနီရဲလို႔ေန၏။
ေဒါသထြက္ေနယုံမကအံႀကီးကိုႀကိတ္၍ေျပာေနျခင္းပင္။
“ဟဲ့ေကာင္မ…နင္ မယ္စိန္ကိုစမ္းတာလား…
သူတပါးကိုဘဝပ်က္ေလာက္ေအာင္ထိျပဳစားရေအာင္
ဒီကေလးက နင့္အေပၚဘာအမွားလုပ္ထားလို႔တုန္းဟဲ့…”
ဘြားမယ္စိန္ကလည္း ေလသံမာမာျဖင့္ေမးေလသည္။
“ဒီအေကာင္က…….လူယုတ္မာ….”
ေ႐ႊအ သူ႔ကိုသူလက္ညိဳးထိုးေျပာသည္။
ဘြားမယ္စိန္ကလည္း…
“နင့္ကိုသူဘာေတြယုတ္မာသလဲ…ေျပာစမ္း…
နင္မွန္ရင္ေတာ့နင့္ကိုငါဒီအတိုင္းျပန္လႊတ္ေပးမယ္…
ေအး..နင္မွားတယ္ဆိုရင္ေတာ့ နင့္ကိုငါခြင့္မလႊတ္ဘူး…”
ဟု…ေျပာေလေတာ့ ေ႐ႊအ က ေခါင္းႀကီးကို
တဆတ္ဆတ္ညိတ္သည္။
“ဒီအေကာင့္ကိုငါမုန္းတယ္…
ဒင္း ငါ့ညီမကိုထားသြားတာ…
ဒင္း ငါ့ညီမကိုထားသြားၿပီးေတာ့
တျခားသူနဲ႔ေပ်ာ္ေပ်ာ္ႀကီးလက္ထပ္ဖို႔လုပ္ေနတာေလ…
ဒါေၾကာင့္ ငါ ဒင္းကိုမေက်နပ္ဘူး…”
ဟုအံႀကီးကိုႀကိတ္၍ေျပာျပန္သည္။
ေလသံကအစမာေန၏။
“အင္း…ခက္တယ္…ခက္တယ္…
လူငယ္ေတြရဲ႕ကိစၥကို အခုလိုညည္းကညည္းရဲ႕
ပညာနဲ႔တစ္ဖက္သားဒုကၡေရာက္ေအာင္လုပ္လိုက္တာပဲေအ့…”
“က်ဳပ္လုပ္တာမွန္တယ္…
က်ဳပ္ကိစၥမွာ ေတာ္ဝင္မပါနဲ႔…”
“ဟဲ့….ငါဝင္မပါနဲ႔လို႔ေျပာရေအာင္
ဒီကေလးနဲ႔ညည္းညီမကိစၥကိုေရာညည္းဘာေၾကာင့္
ဝင္ပါခဲ့တာလဲ…”
ဟု…ဘြားမယ္စိန္ကေျပာေတာ့
ၿငိမ္သြားေလသည္။
“ဒီမယ္…ငါေျပာမယ္…ညည္းဒီကေလးကို႐ူးေအာင္
ေၾကာင္ေအာင္လုပ္ထားသမွ်ကိုျပန္ႏုတ္သြား…
ဒီလိုမွ ညည္းမလုပ္ဖူးဆိုရင္ ညည္းအေသထြက္မလား…
အရွင္ထြက္မလားသာဆုံးျဖတ္လိုက္ေတာ့…”
ဟု ဘြားမယ္စိန္ကေျပာေတာ့ စဥ္းစားသေယာင္ျဖင့္
ၿငိမ္သြားေလသည္။
“ဟဲ့…ငါေျပာတာၾကားသလား”
ဘြားမယ္စိန္က ေျပာလိုက္ေတာ့လန႔္သြားသေယာင္ျဖင့္
“က်ဳပ္နဲ႔အေမႀကီးနဲ႔ပညာအဆင့္မတူမွန္း
က်ဳပ္သိပါတယ္…ဒါေပမယ့္…ဒါေပမယ့္…………”
“ဒါဆိုရင္ ညည္းကငါနဲ႔ယွဥ္ခ်င္တာေပါ့ေလ…
ဟုတ္သလားဟဲ့…”
“အေမႀကီးရယ္…က်ဳပ္ေတာင္းဆိုပါတယ္…
ဒီကိစၥေလးကိုေက်ာ္သြားေပးလို႔ရမလားေတာ္…
က်ဳပ္ေတာင္းဆိုတာပါ…”
“အိုေအ…ညည္းအေတာ္ခက္တဲ့မိန္းမပဲ…
ဒါဆိုရင္ေတာ့ငါညည္းပညာေတြကိုပါ
ႏုတ္ပစ္မွရေတာ့မယ္ေအ့…ဒါညည္းေ႐ြးခ်ယ္မႈလား…”
“ရွင္……….”
“ကဲေျပာ…အေသထြက္မလား…အရွင္ထြက္မလား”
ဘြားမယ္စိန္ကလည္းအေလ်ာ့မေပးဘဲ
ေမးေနသည္။
ေ႐ႊအ သက္ျပင္းႀကီးခ်၍…
“ဟင္း…က်ဳပ္ အေလ်ာ့ေပးပါတယ္…
က်ဳပ္ပညာေတြေတာ့မစြန႔္ပါရေစနဲ႔…
ဒီအေကာင့္ကိုယ္ထဲမွာရွိတဲ့ က်ဳပ္ပညာေတြကို
က်ဳပ္ႏုတ္ေပးပါ့မယ္…”
“ေအး…ႏုတ္ေပး…ႏုတ္ေပးၿပီးရင္ေတာင္
ညည္းဒီကေလးကိုထပ္ၿပီး ဒုကၡမေပးပါဘူးလို႔က်ိန္ရမယ္…
ဒါမွ ညည္းကိုငါခြင့္လႊတ္ေပးမယ္…”
ဘြားမယ္စိန္ေျပာတာကိုေခါင္းညိတ္ျပေလသည္။
ေခါင္းမွေျခအဆုံးထိ လက္ျဖင့္ သက္ခ်ၿပီးေလေတာ့
သူ၏ရင္ဘက္ကိုသုံးခါသက္ခ်လိုက္သည္။
“ေရာ့…ဒီထဲအန္ခ်လိုက္…”
ပညာသည္မ်ားပညာျပန္ႏုတ္ရာ၌ သုံးေနၾကျဖစ္ေသာ
လင္ဗန္းကိုဘြားမယ္စိန္ကခ်ေပးလိုက္သည္။
ေ႐ႊအ ကလည္းပါးစပ္အတြင္းလက္ကိုထိုးၿပီး
အန္ခ်၏။
“ကုန္ၿပီလား ညည္းအပင္းက
ဒီေလာက္ေသခ်ာလား….ငါစစ္ၾကည့္လို႔ေတြ႕ရင္
ညည္းအေသပဲေနာ္…”
“က်ဳပ္အကုန္ႏုတ္ထားထာပါ…
ဘာမွမက်န္ေတာ့တာေသခ်ာပါတယ္ အေမႀကီး”
“ေအး…ဒါဆိုရင္ရၿပီ…ခ်ထားလိုက္ေတာ့….
အခုငါညည္းကိုသစၥာေရတိုက္မယ္…
ဒါမွညည္းေနာက္ေနာင္ဒီကေလးကိုဒုကၡေပးလို႔မရမွာ…
ငါ့ဘက္ကအခုလို ညည္းကိုငဲ့ညႇာေပးခဲ့တာကို
ညည္းမလိုက္နာရင္ေတာ့သစၥာစူးၿပီးေဘးေတြ႕ရလိမ့္မယ္
ဆိုတာမေမ့ေလနဲ႔ေအ့…”
“ဟုတ္ကဲ့…”
ဘြားမယ္စိန္သည္ ေဒၚဝင္းကိုေရတစ္ခြက္ခပ္ခိုင္း၏။
ၿပီးေနာက္ထိုေရခြက္ကို ေ႐ႊအ အားကိုင္ထားေစၿပီး
သစၥာဆိုခိုင္းေလသည္။
သစၥာဆိုလို႔ၿပီးေလမွ…
“ကဲ…ညည္းလိုရာကိုသြားႏိုင္ၿပီ…
ညည္းကို ခ်ဳပ္ထား…ေႏွာင္ထားတာေတြကင္းေစ…”
ဟုေျပာလိုက္ေတာ့ ခ်က္ခ်င္းပင္ ေ႐ႊအ ၏ကိုယ္သည္
တုန္ကာတက္သြားၿပီးေနာက္ ေျမေပၚသို႔ဘုန္းခနဲလဲက်
သြားေတာ့၏။
“ေမာင္ရင္တို႔ သူ႔ကိုကြပ္ပ်စ္ေပၚဝိုင္းတင္ေပးၾကေပေတာ့”
“ဟုတ္ကဲ့ဘြား”
“မိဝင္း…လင္ဗန္းထဲကဟာေတြကို ညည္းတူေမာင္အုန္းကို
သြားျမဳပ္ခိုင္းေခ်”
“ဟုတ္အေမ”
ေမာင္တိုးနဲ႔႐ြာသားေတြက သတိမရေသးေသာ ေ႐ႊအ၏
ကိုယ္လုံးကိုဝိုင္းမၿပီးကြပ္ပ်စ္ေပၚတင္ေပးၾကသည္။
ေမာင္အုန္းကေတာ့ ေသြးမ်ားရဲရဲထေနေသာ
လင္ဗန္းထဲမွ အပင္းမ်ားကိုသြား၍ျမဳပ္ရ၏။
႐ြာသူ၊႐ြာသားေတြကလည္း ေ႐ႊအ မည္သို႔ဆက္ျဖစ္မလဲ
သိခ်င္ၾကသည္။
တခ်ိဳ႕ကေတာ့ျပန္ကုန္ၾက၏။
ဘြားမယ္စိန္က ေ႐ႊအ ၏ မ်က္ႏွာႏွင့္တစ္ကိုယ္လုံးအႏွံ႔ကို
ေရမန္းျဖင့္ျဖန္းေပးေလသည္။
ေ႐ႊအ သတိရလာတာကိုေစာင့္ရင္းမိုးပင္ခ်ဳပ္လာၿပီျဖစ္၏။
“အင္း….ဟင္း….”
ေ႐ႊအ သတိျပန္ရလာသည္။
သူ၏မ်က္လုံးမ်ားကိုလက္ျဖင့္ပြတ္သပ္ရင္းႏိုးထလာခဲ့ၿပီးေနာက္….
“ဟင္….ခင္…ခင္ဗ်ားတို႔ကဘယ္သူေတြလဲ”
ဟုအလန႔္တၾကားျဖင့္ ထေအာ္ေလသည္။
“ေ႐ႊအ…သတိရၿပီေဟ့…
သူစကားေျပာတတ္တယ္ဟ…”
ဟု ဝမ္းသာအားရျဖင့္ေအာ္ေျပာၾကသည္။
” ဝမ္းသာလိုက္တာေ႐ႊအ ရာ…
ေတာ္ေသးတာေပါ့ ဘြား မင္းကို ကယ္လိုက္လို႔ေပါ့…
မဟုတ္ရင္ မင္းဘဝမေတြးရဲဘူးေဟ့”
ဟုေျပာေနေသာေမာင္တိုးနဲ႔႐ြာသားမ်ားကို
ၾကည့္ရင္း ေ႐ႊအ နားမလည္သေယာင္ျဖင့္
“ေ႐ႊအ…ဘယ္သူလဲေ႐ႊအ က
က်ဳပ္နာမည္ ဘခင္ပါဗ်”
“ေဟ…ေ႐ႊအ နာမည္ကဘခင္တဲ့လား…”
အားလုံးကလည္း ေ႐ႊအ နာမည္ကိုသိကုန္ၾကသည္။
“ေနပါဦးဗ်ာ…ခင္ဗ်ားတို႔ကဘယ္သူေတြတုန္း…
က်ဳပ္အေဖနဲ႔အေမကိုလည္းမေတြ႕ပါလား…
က်ဳပ္ဘယ္ကိုေရာက္ေနတာလဲဗ်…”
ဘခင္အေတာ္ေလးစိတ္ရႈပ္ေနသည္။
သူ႔အားဝမ္းသာအားရၾကည့္ေနေသာအမ်ိဳးသားမ်ားနဲ႔
အမ်ိဳးသမီးမ်ားကိုသူလုံးဝမသိေပ။
“ကဲ…ကဲ…ေမာင္ေနာင္ခ်ိဳ…
သူဒီ႐ြာဆီကိုေရာက္လာခဲ့ပုံနဲ႔
အခုျဖစ္သမွ်အေၾကာင္းစုံကိုလည္းေျပာျပလိုက္ပါဦး…”
ဟုဘြားမယ္စိန္ကေျပာလိုက္ေလသည္။
သူႀကီးဦးေနာင္ခ်ိဳကလည္း…
“ငါ့တူ ဦးႀကီးကဒီေသာင္ထြန္း႐ြာရဲ႕သူႀကီးပါကြာ…
မင္း…တို႔႐ြာကိုစေရာက္လာတာႏွစ္ပတ္ေလာက္ေတာ့ရွိၿပီ…
မင္းကစိတ္ပုံမွန္မဟုတ္ဘဲ တို႔႐ြာထိပ္က
အပင္ေအာက္မွာပဲေနတယ္…
အဲ့သည္အပင္ေအာက္မွာပဲတို႔႐ြာသားေတြကမင္းအတြက္ထမင္းဟင္းလာပို႔ေပးၾကတာေပါ့ကြာ…………”
ဟုအစခ်ီကာအျဖစ္အပ်က္အစုံကိုရွင္းျပလိုက္ေလေတာ့သည္။
ဘခင္ကလည္းသူ၏အျဖစ္ကိုနားေထာင္ရင္း
အေတာ္ေလးအံ့ၾသေနခဲ့၏။
ၿပီးေလမွ ဘြားမယ္စိန္ကိုၾကည့္၍….
“က်ဳပ္အျဖစ္ကအေတာ္ေလးဆိုးဝါးတာပဲဗ်ာ…
တကယ္ေတာ့က်ဳပ္က ပူကင္း႐ြာကပါ
က်ဳပ္အေဖနာမည္ကဦးေသာင္းပါအေမနာမည္ကေတာ့
ေဒၚေစာလို႔ေခၚၾကပါတယ္…။
ပူကင္း႐ြာမွာဆိုရင္
က်ဳပ္မိဘမ်ားကလူခ်မ္းသာေတြပါအေမႀကီးရယ္…
က်ဳပ္ကမိေကာင္းဖခင္သားသမီးပါဗ်ာ…
ေနာက္ၿပီးက်ဳပ္ဘဝကိုအခုလိုလုပ္ခဲ့တဲ့သူက
က်ဳပ္သူငယ္ခ်င္း႐ြာက မခြာညိဳရဲ႕အစ္မလို႔ထင္ပါရဲ႕ေလ…
တကယ္ေတာ့…
က်ဳပ္သူ႔ညီမနဲ႔ခ်စ္သူေတြျဖစ္ခဲ့တာမွန္ပါတယ္…
က်ဳပ္ဘက္ကလည္းေမတၱာအစစ္နဲ႔ခ်စ္ခဲ့တာပါပဲဗ်ာ…
ဒါေပမယ့္ မခြာညိဳကမိန္းမလည္ပါ…
က်ဳပ္မိဘမ်ားရဲ႕ခ်မ္းသာမႈေၾကာင့္က်ဳပ္ကို
သူကပ္တြယ္ေနတယ္ဆိုတာက်ဳပ္သိလိုက္ရပါတယ္…
ဒါကိုသိလို႔လည္းက်ဳပ္သူနဲ႔လက္တြဲျဖဳတ္ၿပီး
မိဘမ်ားေပးစားမယ့္သူကိုေ႐ြးခ်ယ္ခဲ့တာပါ…
ဒါအမွန္တရားပါပဲအေမႀကီးရယ္…”
ဟုေျပာေလေတာ့ဘြားမယ္စိန္ကေခါင္းကိုညိတ္၍…
“အင္းေလ…ဘြားဘက္ကေမာင္ရင့္ကိုေနာက္မေႏွာက္ယွက္ေတာ့ဖို႔ကိုလည္းသစၥာဆိုခိုင္းထားပါၿပီ…
ဒီေတာ့ေမာင္ရင္ေလးဘက္ကလည္း သူတို႔ကိုလက္စားေခ်ခ်င္စိတ္နဲ႔မတုန႔္ျပန္ပါနဲ႔ေတာ့လို႔ပဲဘြားေျပာခ်င္တယ္ကြယ္…
ျပဳသူအသစ္..ျဖစ္သူအေဟာင္းေပါ့…”
“ဟူးးးး…ဟုတ္ကဲ့ပါအေမႀကီး…
က်ဳပ္ဘက္ကလည္းက်ဳပ္ကိုေစာင့္ေရွာက္ေပးခဲ့တဲ့အေမႀကီးတို႔႐ြာသူ၊႐ြာသားေတြေကာ…က်ဳပ္ဘဝကိုႏြံထဲက
ဆြဲတင္ေပးခဲ့တဲ့အေမႀကီးကိုလည္းေက်းဇူးတင္ပါတယ္ဗ်ာ…
ဒီေက်းဇူးေတြက
က်ဳပ္ေသတဲ့အထိဆပ္လို႔ကုန္မယ္မထင္ပါဘူး…”
ဟုဆိုကာ ဘြားမယ္စိန္ကိုလက္အုပ္ခ်ီကာကန္ေတာ့ေလသည္။
ၿပီးေနာက္႐ြာသူ၊႐ြာသားေတြကိုလည္းကန္ေတာ့ရွာ၏။
အားလုံးကေတာ့ ဘခင္ကိုၾကည့္၍ဝမ္းသာေနၾကရွာသည္။
ထိုသို႔စကားေျပာဆိုၿပီးေနာက္ သူႀကီးဦးေနာင္ခ်ိဳက
ဘခင္ ကိုသူ၏ေနအိမ္ဆီကိုေခၚသြားေလသည္။
ဘခင္အတြက္အဝတ္အစားကအစစီစဥ္ေပးရွာ၏။
ေနာက္ရက္မနက္ေရာက္ေတာ့ ဘခင္သူ၏႐ြာကိုျပန္သြားၿပီဆိုေသာ သတင္းေၾကာင့္အားလုံးမွာ စိတ္မေကာင္းျဖစ္ၾကရျပန္သည္။
“ေအးေပါ့ေလ….သူလည္းျပန္ေကာင္းသြားၿပီဆိုေတာ့
သူ႔အရပ္သူျပန္ရွာမွာေပါ့”
ဟုေျပာရင္း ေျဖသိမ့္ၾကရ၏။
သို႔ေသာ္မၾကာပါဘခင္ကသူ၏မိဘမ်ားကိုပါ
အတူေခၚလာၿပီးေသာင္ထြန္း႐ြာသို႔ျပန္ေရာက္လာခဲ့၏။
ဘခင္သည္…ဆံပင္ရွည္ႀကီးကိုဖီးသင္ကာေသွ်ာင္ထုံး
ထုံးထားသည့္အျပင္ အဝတ္အစားကအစ
သန႔္သန႔္ျပန႔္ျပန႔္ေလးဝတ္ဆင္လို႔ထားရွာသည္။
ထိုသို႔ ဘြားမယ္စိန္၏ေနအိမ္သို႔ေရာက္လာၾကၿပီး….
“အေမႀကီးရယ္…က်ဳပ္တို႔မွာဒီသားေလးပဲရွိတာပါ
သူစိတ္လႊတ္ေနခ်ိန္လည္းက်ဳပ္တို႔မွာေဆးဆရာအစုံရွာၿပီး
ကုေပးေနတဲ့ၾကားကမွေပ်ာက္သြားခဲ့တာပါ…
အခုလိုအေမႀကီးတို႔တစ္႐ြာလုံးကေစာင့္ေရွာက္
ေပးထားယုံတင္မကဘဲ…လူေကာင္းပကတိျဖစ္ေအာင္
လုပ္ေပးတဲ့အတြက္ ဒီေက်းဇူးေတြဆပ္လို႔မကုန္ႏိုင္ပါဘူးရွင္”
ဟု…ေဒၚေစာက ေျပာေလသည္။
ထိုသို႔ျဖင့္ဘခင္မိဘမ်ားကဘြားမယ္စိန္တင္မကဘဲ
တစ္႐ြာလုံးကိုပါေက်းဇူးတင္စကားေျပာရွာသည္။
ဘခင္အေပၚေက်းဇူးရွိေသာေသာင္ထြန္း႐ြာကိုလည္းလုံးဝ
မေမ့ေၾကာင္းေျပာၿပီး…ေသာင္ထြန္း႐ြာ၌အလႉလုပ္မည့္အေၾကာင္းကိုပါေျပာေလေတာ့ တစ္႐ြာလုံးဝမ္းသာၾကရျပန္သည္။
တစ္႐ြာလုံးမီးခိုးတိတ္အလႉလုပ္မည့္အျပင္႐ြာဦးေစတီကိုပါျပဳျပင္ေပးမည္ျဖစ္ေၾကာင္း ဘခင္အေဖကေျပာ၏။
ထိုအလႉကိုလည္းတစ္႐ြာလုံးကဝိုင္းဝန္းကူညီမည္ဟုေျပာရင္း
ေပ်ာ္လို႔မဆုံးျဖစ္ၾကရျပန္သည္။
အလႉလုပ္မည့္ရက္၌လည္းအားလုံးတေပ်ာ္တပါးထဲ
ပါဝင္ခဲ့ၾက၍ အလႉပြဲမွာလည္းေအာင္ေအာင္ျမင္ျမင္ပင္
ၿပီးဆုံးခဲ့ေလသည္။
ထိုတင္မကေသးမခြာညိဳတို႔ညီအစ္မကိုလည္း
ဘခင္ႏွင့္ဘခင္၏မိဘမ်ားက မည္သို႔မွ
မတုန႔္ျပန္ေတာ့ဘဲ ခြင့္လႊတ္ေပးလိုက္ၾကေလသည္။
ၿပီးပါၿပီ။
ယဥ္မင္း(ကန႔္ဘလူ)