အရက်သမားကိုစံမြင့်

*အရက်သမားကိုစံမြင့် *📖📖📖

******************
သူ့ကို တစ်ရပ်ကွက်လုံးက မေ့နေပြီ။
ရှင်းရှင်းပြောရရင် လူ့လောကမှာ တစ်ဦးတည်း ကျန်တော့ တဲ့ သူ့ ရဲ့ညီမလေးကတောင် သတိရေတာ့မွာ မဟုတ္ဘူး။

ဘာကြောင့်လည်းဆိုတော့ မိသားစုကိုရော၊ ရပ္ကြက္ကိုပါ သူကျေးဇူးပြုခဲ့တာ ဘာတစ္ခုမွ မရှိလို့ပါ။

ဒိတော့ တမ်းတစရာ၊ သတိရစရာ၊ လွမ်းစရာလည်း ဘာတစ္ခုမွ မရှိဘူးပေါ့။

သူ့နာမည်က စံမြင့်တဲ့။

ဘဝတစ္ခုလုံးကို အရက်ခွက်ထဲမှာပဲ နှစ်မြှုပ်ထားတဲ့သူ။ သောက်ပြီးရင် မိသားစုကို ရန်ရှာဖို့၊ ပတ်ဝန်းကျင်ကိုရစ်ဖို့လောက်ပဲ စဉ်းစားနေတဲ့လူစား၊ သူသေတော့ အသက်သုံးဆယ်ကျော်ပဲ ရှိသေးတယ်။ လေးဆယ်တောင် မပြည့်လိုက်ဘူး။

မသေခင် လအနည်းငယ်ကတည်းက သူ့ဦးနှောက် အခန်းအချို့ ပျက်သွားတယ်။

ပုံမှန် အလုပ် မလုပ်တော့ဘူး။ အဝတ်အစားမပါဘဲ လျှောက်သွားနေလို့ ခြံထဲမှာပဲ ခွေးတစ်ကောင်လို လှောင်ထားရသေးတယ်။

အဲဒီနောက် မကြာဘူး၊ သူသေသွားတယ်။ သူအရင်သေသွားတာကြောင့် သူ့ အမေနှစ်ပေါင်းနှစ်ဆယ် လောက် လူ့လောကမှာ ဆက်နေသွားရတာတဲ့။

ရပ်ကွက်ထဲက ပြောကြတယ်။ သူ့ကို မျေချပြီးကတည်းက ဘယ္သူကမွ သူ့အကြောင် မပြောကြတော့ဘူး။မှတ်ဉာဏ်တွေထဲကနေ စံမြင့်ဆိုတဲ့အမည်ကို ဖျောက်ပစ်လိုက်ကြတယ်။ မေ့ပစ်လိုက်ကြတယ်။ ခုဆိုရင် နှစ်အစိတ်လောက် ရှိတော့မယ်။ ဒီအချိန်ကျမှ သူက ရုတ်တရက် ပြန်ပေါ်လာတယ်။ သူ့ကို လူတွေ သတိပြန်ရအောင် လုပ်လိုက်တယ်။တစ်ဆေစံမြင့်ဘဝနှင့်၊ ဒီတော့မှပဲသိကြအရက်သမားစံမြင့် တစ်ဆေဖြစ်နေတယ်ဆိုတာ တော့တယ်။

နေညိုချိန်ရောက်တိုင်း လှထွန်းခြေထောက်တွေက အလိုလို နေရင်း မြောက်ဘက်ကိုပဲ ဦးတည်နေတယ်။မြောက်ဘက်ကိုမှ မသွားရရင် လေက တအေ့အေ့ တက် လာတယ်။ပူသလို၊ ချမ်းသလိုနှင့် နေမထိ ထိုင်မသာလည်း ဖြစ်လာ တယ် …။ခုလည်း သူ့ ့ခြေထောက်တွေခေါ်ရာနောက်ကို လှထွန်း လိုက်လာခဲ့တယ် …

သူ့ ခြေလှမ်းတွေက သုသာန်ဟောင်းမြကေို တိုးချဲ့ ထားတဲ့ ကွက်သစ်ထဲက အရက်ဆိုင်မှာ အဆုံးသတ်သွားတယ်။လှထွန်းက ဆိုင်ထဲကို မသိမသာ ကဲကြည့်လိုက်တယ်။ ငတာတို့အုပ်စု ထိုင်နေတာ တွေ့ရတယ်။

ထာာတို့အုပျစုဆိုတာက ငတာ၊ သောင်းကြည်နှင့်ထွန်းကြိုင် ဒီအုပ္စုက၊ တပ်သောက်မူးလဲ၊ ဂျီငနဲ၊ အုပ္စု၊ လှထွန်းအပြင်မှာပဲ ထိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။

အရက်တစ်လုံးနှင့်အမြည်းမှာပြီး အပြင်ဘက်စားပွဲခုံမှာ အေးအေးဆေးဆေး ထိုင်သောက်နေလိုက်တယ် …။

တစ်လုံးမကုန်ခင်ကတည်းက လှထွန်းရေချိန်ကိုက်နေပြီ။နောက်ဆုံးလက်ကျန်ရှင်းအပြီးမှာတော့ ခေါင်းစိုက်သွားပြီ။ အဲဒီအချိန်မှာပဲ သူ့ရှေ့ကို လူတစ်ယောက်လာရပ်တာ တွေ့လိုက်ရတယ်။

အဲဒီလူက အရပ်အမြင့်ကြီးနှင့်၊ ဆံပင်ရှည်ရှည်တွေကလည်းဖရိုဖရဲနှင့်။

ဘယ္သူလဲ …မှုံဝါးနေတဲ့ ပျက်လုံးတွေကို အတင်းဖြဲပြီး လှထွန်း ကြည့်တယ်။

ဒါပေမယ့် သူ့ ့ခေါင်းတွေထူလို့ မရေတာ့ဘူး။ စားပွဲပေါ်ကို မျက်နှာမှောက်ကျသွားတယ်။ အဲဒီအချိန်မှာ ရှေ့မှာ လာရပ်သူက လှထွန်းဆီကို တဖြေးဖြေး တိုးကပ်သွားတယ်။ ခဏေနေတာ့ လှထွန်းသတိပြန်ရလာတယ်။ လဲနေတဲ့ပုလင်းကို မြှောက်ကြည့်ပြီး အော်ပြောတယ်။ ဒီကို တစ်လုံးပေးအုံးဟေ့”

ထူးခြားတာက ထြက္လာတဲ့ အသံပဲ၊ ဩဩကြီးနဲ့။ လှထွန်း အသံမဟုတ်ဘူးလေ။အရက်ရောင်းတဲ့ ကိုဂျိုး ၊ လှထွန်းကိုကြည့်ပြီး အံ့အားသင့်သွားတယ်။

ကိုဂျိုးအံ့အားသင့်မယ်ဆိုလည်း သင့်လောက်တယ်။ လှထွန်းက အရက္ကို ရေသောက်သလို တဂွတ်ဒွတ်သောကျနတေယျ။

ပုလင်းကို ကိုင်မြှောက်ပြီး ပါးစပ်ထဲကို့ အရက်တွေ လောငျးထည့ျနတေယျ။

အရက်ကုန်သွားတော့ ပုလင်းကို ပစ်ချလိုက်ပြီး၊ နောက် လုံးထပ်တောင်းလိုက်တယ်။

ကိုဂျိုးက အရက်တစ်လုံးထပ်ပေးရင်း လှထွန်းကိုပဲ သတိ ကြည့်နေတယ်။ဖောက်သည်ကောင်းဆိုတာက .. ပုံမှန်လာသောက်တယ်၊ လက်ငင်းရှင်းတယ်၊ ဂျီမကျဘူး။ပြီးတော့ လှထွန်းသောက်တဲ့နှုန်းက ပုံမွန္တစ္လုံးပဲ။ ဒါထက် ပိုမသောက်နိုင်ဘူး။

ခု၊ လှထွန်းသောက်နေတော သုံးလုံးရှိသွားပြီ။ သောက်နေတဲ့ ပုံကလည်း နွားငတ်ရေကျ၊ ပါးစပ်ထဲ့လောင်းထည့်နေတာ။

ပြီးတော့ မူးပုံလည်း ပရဘူး။ဒီတာလှထွန်းရဲ့ စတိုင် မတုတ်ဘူးလို့ ကိုဂျိုးတွေးလိုက်တယ်။

လှထွန်းမှ ဟုတ်ရဲ့လားလို့ စဉ်းစားမိပေမယ့်၊ ရှေ့မှာ ရပ်နေတာကလည်း လှထွန်းအစစ်ဆိုတော့ ကိုဂျိုးဘယ်လို နားလည် ရမှန်းမသိဘူး။

လှထွန်းက ပုလင်းခွံကို ပစ်ချလိုက်ပြီး နောက်တစ်လုံး ပေးဦးလို့ အသံဩကြီးနှင့် တောင်းလိုက်ပြန်တယ်။

ညီလေး မင်းသောက်တာ သိပ်များနေပြီ၊ တော်တော့
ကိုဂျိုးက လှထွန်းကို ချော့မော့ပြောတယ်လှထွန်းဘာမှ ပြန်မပြောဘူး၊ ဒါပေမယ့် … ကိုဂျိုးတို မျက်ထောင့်နီကြီးနှင့် ကြည့်လိုက်တယ်။

ကြည့်နေပုံက – စိမ်းစိမ်းဝါးဝါးကြီး။
ကိုဂျိုး ကြက်သီးမွှေးညှင်းတွေတောင် ထသွားတယ်။ လှထွန်းဆိုင်ထဲ ဝင်သွားတယ်။ငတာတို့ ဂျီငနဲအုပ်စု ထိုင်နေတဲ့ဆီသွားပြီး၊ စားပွဲပေါ်က

ပုလင်းကို ကောက်မော့လိုက်တယ်။ငတာတို့ လူစု ရှူးရှူးရှဲရှဲ ဖြစ်သွားတယ်။ရုတ်ချည်း တင်းမာသွားတဲ့ အခြေအနေကို ကိုဂျိုးက ဝင်ထိန်းလိုက်တယ်။

ပြဿနာ မဖြစ်နှင့်ဟေ့၊ အဲဒီ တစ္လုံးကို ငါအစား ပြန်ပေးမယ်ဒီတော့မှ ငတာတို့အုပ်စု ငြိမ်သွားတယ်။ ကိုဂျိုးက လှထွန်းပခုံးကိုဖက်ပြီး အပြင်ဘက်ကို ထုတ်တယ်။

ပြီးတော့ ကိုတိုးဆိုက်ကားပေါ်တင်ပြီး အိမ်ပြန်ပို့ခိုင်းလိုက်တယ်။

ကိုတိုးက ဆိုက္ကားကို ကတ္တရာလမ်းပေါ် တွန်းတင်လိုက်တယ်။

ဟ၊ ဘယ်လိုကြီးလဲ၊ လေးလိုက်တာ

ဟုတ်တယ်၊ ဆိုက်ကားပေါ်မှာ ထိုင်နေတာ လှထွန်း တစ်ယောက်ထဲပဲ။

ဒါပေမယ့် ကိုတိုးကေတာ့ လူကြီးနှစ်ယောက်တင်ပြီး နင်းနေရသလို လေးလံနေတယ်။

ဆိုက္ကားက ကုလားတံတားကိုကျော်ပြီး ဗိုလ် ရပ်ကွက်ထဲ ဝင်လာပြီ …၊

လှထွန်းအိမ်ရောက်ဖို့တော့ လိုသေးတယ်။

အဲဒီအချိန်မှာ အံ့ဩစရာအျဖစ္ကို ဆိုက္ကားဆရာ ကိုတိုး ကြုံလိုက်ရတယ် …။

အရှိန်နှင့်သွားနေတဲ့ ဆိုက်ကားပေါ်က လှထွန်း ခုန္ခ် လိုက္တာပဲ။

ကားပေါ်က ခုန္ခ်ရတာ လွယ်တယ်။ ကားက ရှေ့ကို သွားနေတာ၊ လူက/ နောက်ပေါက်- ခုန္ခ်ရတာ။ ကျွမ်းကျင်ရင် ဘာမွ မဖြစ်ဘူး။ဆိုက်ကားပေါ်က ခုန်ချဖို့က မလြယ္ဘူး။ ဆိုက္ကားက ရှေ့ကိုသွားနေတာ။ ရှေ့မှာ ထိုင်နေတဲ့လူက ခုန်ချရင် အဲဒီလူကို ဆိုက္ကားက ပြန်တိုက်မိမှာ အေသအခ်ာပဲ။ ဒါပေမယ့် အခု လှထွန်းခုန်ချလိုက်တာက လဲမှို့ တစ်ပွင့် လို လေထဲဝဲပြီး မတိုက်မိအောင် ခုန်ချလိုက်တာ။ ဆိုက်ကားနံဘေးမှာ အသာလေးကျသွားတယ်။ ကိုတိုးပါးစပ် အဟောင်းသားဖြစ်သွားတယ်။ အိပ်မက်မက်နေတာလား အမှန်တကယ် ဖြစ်နေတာလား၊

မယုံနိုင်အောင် ဖြစ်မိတယ်။

ဟေ့ကောင်လှထွန်း၊ မင်းဘာလို့ ခုန္ခ်ရတာလဲ၊ ပင်း အိမ်မရောက်သေးဘူးလေ

ကိုတိုးက ဆိုက္ကား ဘရိတ်အုပ်ပြီး လှထွန်းကို ပြော လိုက်တယ်။

လမ်းဘေးက လူတွေကလည်း လှထွန်းကို အံ့အားတသင့် ကြည့်လို့၊

ငါ လှထွန်းမဟုတ်ဘူး စံမြင့်ကွ စံမြင့်

လှထွန်းနှုတ်က ပြောတဲ့အသံကြောင့် အားလုံး ပင်တက်မိကုန်ကြတယ် …

စံမြင့်တဲ့ … စံမြင့်တဲ့ ကိုတိုးက အခြေအနေကို သဘောပေါက်လိုက်တယ်။ ဆိုက်ကားလမ်းဘေးရပ်ထားခဲ့ပြီး လှထွန်းကို ပြေးတွဲတယ်။

ပြီးတော့ အနီးမွာရွိတဲ့ နတ်ကတော် ဒေါ်တင်ရွှေအိမ်ထဲ ခေါ်ခဲ့တယ်။

စံမြင့်ကွ၊ စံမြင့် …

လှထွန်းပါးစပ်က တတွတ်တွတ် ပြောနေတုန်း၊ စံမြင့်သေတာကြာပြီ၊ အသက်အစိတ် သုံးဆယ်၊ လှထွန်း၊လို လူငယ်တွေတောင် စံမြင့်ကို သိမွာမဟုတ္ဘူး။ ဒါဆိုရင် စံပြင်ထား ဒေါ်တင်ရွှေကမေးတယ်။

ဟုတ်တယ်၊ ကျုပ် ဒေါ်မလေး သား၊ စံပြင့်ပဲ . နင် အခု ဘယ်မှာ နေတာလဲ … ဟိုတုန်းက သုသာန်ဟောင်းထဲမှာ နေတယ်။ သုသာန်ပြောင်းတော့ လိုက်သွားရတယ်။
အခု မီးသင်္ဂြိုဟ်တဲ့နေရာအနီးက ညောငျကွပျပငျကွီးမှာနတေယျ

စံမြင့်ပူးကပ်ခံထားရတဲ့ လှထွန်းက ခြံပေါက်ဝကို ကြည့်နေတယ်

လှထွန်းကို ဘာကြောင့် ဝင်ပူးရတာလဲ ကျုပ် .. အရက်သောက်ချင်လို့ဗျ …

ဒီဘဝရောက်တဲ့အထိ အရက်သောက်နေတုန်းပဲလား

ဘယ်ဘဝရောက်ရောက် အရက္သမားဘဝက ကျွတ်မှာ ဟုတ်တော့ပါဘူးဗျာ

ဒါဆိုရင်၊ နင်ဘယ်လိုလုပ်ပြီး ကောင်းတဲ့၊ မွန်တဲ့ဘဝကိုရောက် တော့မလဲတဲ့ စံမြင့်ရဲ့ … ရောက်တော့မလဲ မတတ်နိုင်ဘူးဗျာ၊ ကျုပ်မှ အရက္ကို မဖြတ်နိုင်ပဲ

စံမြင့်၊ နင့်အမေ နင့်အမေ ဒေါ်မလေးသေသွားတာ နင်သိလား၊ နင့်အမနှေင့ျရော တွေ့ တွေ့သေးလား …

အမေ့အလောင်းကို လာသင်္ဂြိုတ်တုန်းက သိလိုက်တယ်။ ဒါပေမယ့် အမေ့ကိုတော့ ခုထိ မတွေ့ဘူးဗျ

အေးပေါ့၊ ဘယ်တွေ့ပါ့မလဲ၊ နင့်အမကေ ဘုရား၊ တရားသမားဆိုတော့ နတ်ပြည်ရောက်သွားမှာပေါ့

ကျုပ် ပြန်တော့မယ်ဗျို့။ ခြံဝက ဟိုမိန်းမကြီး ခေါ် နေပြီပြီး ပြောလိုက်တယ်။

ဘယ်မိန်းမကြီးလဲ၊ နင့်တို့ကို အုပ်ချုပ်တဲ့ မဖဲကြလား

မေးနေတုန်းမှာပဲ လှထွန်း ထိုင်ရာကနေ ခွေခွေး လဲကျသွားတယ်။

ခဏအကြာမှာ သတိပြန်ရလာတယ်။ ကျုပ် – ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ နားမလည်နိုင်သလို .. မေးတယ်။ ကိုတိုးက အကျိုးအကြောင်း ရှင်းပြရတယ်။ အမဲသားစားချင်လို့၊ ကြက်သား၊ ဝက္သား စားခြင်း၊ တစ်ဆေကပ်တာ၊ သရဲပူးတာပဲ ကြားဖူးတယ်။ အရက်သောက်ချင်လို့ ပူးတဲ့သရဲတော့ အရက်အသမား စံမြင် သေမှပဲ ကြားဖူးတော့တယ်။ ပဲဖြစ်ဖြစ်၊ ဒီအဖြစ်အပျက်က ဘာပဲဖြစ် နှစ်ပေါင်းများစွာ အမေ့ခံနေရတဲ့  စံမြင့်ကို ပြန်သတိရ လာတာတော့ အမှန်ပါပဲ။

တကယ်တော့ သေရည်အရက် သောက်စားခြင်းဟာအပြစ်များလွန်းပါတယ်။

– ဒီဘဝမွာ ပစ္စည်းဥစ္စာ ဆုတ်ယုတ်ပျက်ပြားတတ်တယ်။
– ခိုက်ရန်ဒေါ်သတွေ ဖြစ်ပွားတတ်တယ်။
– ရောဂါဝေဒနာ အမျိုးမျိုး ကျရောက်တတ်တယ်။
– ကောင်းတဲ့ဂုဏ်သတင်းခဲ့ပြီး နာမည်ဆိုးနှင့် ကျော်ကြား တတ်တယ်။
– အရှက်၊ အကြောက်တရားမရှိသူ၊
– သူတော်ကောင်းတရားတွေကို မေ့လျော့တတ်သူ ဖြစ် တတ်ပါတယ်။

ဒီလို အပြစ်တရားတွေများလွန်းပြီး သူတော်ကောင်းတရားကို မေ့တတ်မှတော အရက်သမားသေရင် ပြိတ္တာဘုံရောက်၊ တစ်ဆေသရဲဖြစ်တာ မဆန်းလှပါဘူး။

အသက်ရှင်စဉ်က ကောင်းမှုကုသိုလ်တွေ ပြုခဲ့ရင်တောင်မှ ပြိတ္တာ၊ တစ်ဆေသရဲဘဝကလွတ်မှ ကောင်းမှုအကျိုးကို ခံစားရမယ် ထင်ပါတယ်။

ဘာကြောင့်လဲဆိုတော့ သေကာနီး အာသန္နကံဇော ထင်တဲ့အခါ ကောင်းမှုကုသိုလ် တရားတွေကို မေ့လျော့နေတတ်တာကြောင့်ပါပဲ။

အရက်သမားစံဖြင့်လည်း အရက်သမားတို့ ထုံးစံအတိုင်း ပြိတ္တာဘုံရောက်၊ တစ်ဆေသရဲ ဖြစ်သွားပုံရပါတယ်။အံ့ဩစရာက ပြိတ္တာဘဝမှာလည်း သေရည်အရက်ကို စွဲလန်းနေခြင်းပါ။

လှထွန်းကို ပူးကပ်ပြီး အရက်သောက်တဲ့ သရဲစုံဖြင့် အျဖစ္က သံဝေဂ ယူစရာကောင်းလှပါတယ်။

ဒီအဖြစ်အပျက်ကြောင့် လူ့ပြည်မှာ ကျန်ခဲ့တဲ့ တစ်ဦး တည်းသော ညီမေလးက စံမြင့်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှု ပြုလုပ်ပေးခဲ့ပါတယ် …။

အစ်ကိုကြီးအတွက် အမျှပေးဝေခဲ့ပါတယ်။ အဲဒီကောင်းမှုကုသိုလ်တွေရဲ့ အဖို့ဘာဂကို စံမြင့် သူ့ ပရ ဆိုတာတော့ …စံမြင့်ကိုယ်တိုင်သာပဲ သိပါလိမ့်မယ် …။

ပြီးပါပြီ။

#စာ​ရေးသူ =မောင်မှိုင်းညို့(ချောင်းဦး)အားလေးစားလျက်

Like&shareလေးနဲ့အားပေးကြပါအုံး