မြောက်ရိုးကဇောက်ထိုး

မြောက်ရိုးက ဇောက်ထိုး (စ/ဆုံး)
~~~~~~~~~~~~~~~~~မူရင်းရေးသားသူ_ ဆရာတာတေ

ပုဗ္ဗာရုံကျောင်းက ကျုပ်ဆရာတော် ဦးဂုဏ ခေါ်လို့ဗျို့။
ဆရာတော့်ကျောင်းကိုသွား ဆရာတော်ခိုင်းတာ လုပ်ကိုင်ပေးပြီးတော့ ကျုပ်ပြန်လာတာ။

“ကိုကြီးတာတေ၊ ကိုကြီးတာတေ”
ကျုပ်ကိုခေါ်တာ ဘယ်သူတုံးဗျ။ ကျုပ်နောက်ကို
ဆတ်ကနဲ လှည့်ကြည့်လိုက်တယ်

“ဟာ ဟေ့ကောင် ကျောက်ခဲ၊ မောကြီးပမ်းကြီးနဲ့
ဘာဖြစ်လာတာတုံး ”
ကျောက်ခဲဆိုတဲ့ကောင် ကျုပ်နောက်ကို အမောတကော
ပြေးလိုက်လာတာဗျို့။

“ကျုပ် ကိုကြီးတာတေတို့အိမ် ရောက်ပြီးပြီဗျ။
အရီးက ပြောလိုက်လို့ ဘုန်းကြီးကျောင်းကို
လိုက်လာတာ၊ ဆရာတော်နဲ့ တွေ့တော့ တာတေ
ခုလေးတင် ပြန်သွားပြီဆိုလို့ နောက်က ပြေးလိုက်လာတာဗျ”

“ဟေ …ဟုတ်လား၊ ဘာများဖြစ်လို့တုံးကွ ”

ကျုပ်နဲ့ ကျောက်ခဲက လမ်းလျှောက်ရင်း စကားပြောကြတယ်။

“ဒီလိုဗျ ကိုကြီးတာတေရ၊ ကျောက်တလားချောင်းမှာ
အခေါင်းပေါ်လို့တဲ့ ”

“ဟေ ဟုတ်လား ”

“ဟုတ်တယ်ဗျ ကိုကြီးတာတေရ”

“နို့ …မင်းကို ဘယ်သူပြောတုံး ”

“ဘိုးရှိန်းမောင် ပြောတာဗျ။ သူကိုယ်တိုင် တွေ့ခဲ့တာတဲ့ဗျ။
ဘိုးရှိန်းမောင်က ရုံးတောကို သွားတာတဲ့၊ ရုံးတောက လူတွေ
ပြောနေတာကြားလို့ ဟုတ်ရဲ့လားဆိုပြီး သွားကြည့်တာတဲ့ဗျာ
ကျောက်တလုံးချောင်းမှာ ရေက ခြေသလုံးမြှုပ်ရုံပဲ ရှိတာတဲ့၊
အဲဒီရေထဲမှာ အခေါင်းကြီးပေါ်လို့တဲ့ဗျ၊ ဘိုးရှိန်းမောင်က
ရေထဲ သေသေချာချာ ဆင်းပြီး အနားကပ်ကြည့်ခဲ့တာတဲ့ဗျ။
ခေါင်းက ကျောက်ခေါင်းကြီးဆိုပဲ၊ ဒါပေမဲ့ ဘိုးရှိန်းမောင်
ပြောတာကတော့ အင်ကြင်းသားက ကျောက်ဖြစ်သွားလို့
ကျောက်ခေါင်းကြီး ဖြစ်သွားတာတဲ့၊ ခေါင်းဖုံးကတော့
မပွင့်ဘူးတဲ့ဗျ၊ ပိတ်လျက်သားပဲတဲ့ ”

“နေပါဦး ကျောက်ခဲရ၊ မင်းပြောတဲ့ ဘိုးရှိန်းမောင်ဆိုတာ
အရီးဝိုင်းစိန်ရဲ့ ယောင်္ကျားကို ပြောတာမို့လား၊
သျှောင်ထုံးကြီးနဲ့လေ”

“ဟုတ်ပါကော ကိုကြီးတာတေရာ ”

“အဲဒီကျောက်တလားကြီးက တစ်ခါ တစ်ခါ ပေါ်လာတတ်တယ်လို့
လူတွေ ပြောကြတာပဲကွ၊ အဲဒီကျောက်တလားကြီးကို
အစွဲပြုပြီး ဒီချောင်းကိုလည်း ကျောက်တလားချောင်းလို့
ခေါ်ကြတာလေကွာ”

“ဟုတ်တယ်လေဗျာ ”

“အေး ဒါပေမဲ့ ငါ့တစ်သက်မှာတော့ အဲဒီကျောက်တလားကြီး
ပေါ်တာ တစ်ခါမှ မကြားဖူးသေးဘူးကွ၊အရင်တုန်းက
ပြောတာတွေကို ငါက ပုံပြင်တွေလိုပဲ
ထင်တာ၊ အခုတော့ တကယ်ပေါ့”

“ဟုတ်တယ်ဗျ၊ ကျောက်တလားချောင်းထဲမှာ
ကျောက်တလားကြီး တကယ်ပေါ်နေတာတဲ့ဗျ”

“နောက်သတင်းတစ်ခုက ရှိသေးတယ်ဗျ”

“ဟေ ဘာသတင်းတုံး ကျောက်ခဲရ၊ မင်းကလည်း
ရွာရိုးကိုးပေါက် နှံ့နေတဲ့ကောင်ဆိုတော့ သတင်းကလည်း
စုံပါ့ကြာ ”

“ညက ဘန့်ဘွေးကုန်းနဲ့ ကျုပ်တို့ ထနောင်းကုန်းကို
တစ္ဆေကြီးတစ်ကောင်က မြင်းနဲ့ ပတ်ပြီး စီးနေတယ်တဲ့ဗျ။
မြင်းစီးတာမှ ဒုန်းစိုင်းစီးတာဆိုပဲ၊ မြင်းခွာသံတွေကြားလို့
တချို့လူတွေတောင် အိပ်ရာကထပြီး ရွာစည်းရိုးကနေ
အပြင်ကို ချောင်းကြည့်ကြတယ်ဆိုပဲ၊ ဘာမှတော့
မမြင်ဘူးတဲ့ဗျ၊ ဒါပေမဲ့ မြင်းဟီသံကြီးက
အကျယ်ကြီးတဲ့ဗျ”

“ဟာ တစ္ဆေကြီးက မြင်းစီးတယ် ဟုတ်လား ကျောက်ခဲ ”

“ဟုတ်တယ်ဗျ”

“ကြံကြံဖန်ဖန်ကွာ၊ တို့ရွာသားတွေကတော့ ပြောလိုက်ရင်
အထူးအဆန်းချည်းပဲဟေ့ ”

“ဟာ ဟုတ်တယ်ဗျ ကိုကြီးတာတေရ၊ ရွာထဲမှာ
လူကြီးတွေ ပြောနေကြတာ၊ ဘန့်ဘွေးကုန်းက
ကျုပ်သူငယ်ချင်းတွေလည်း ကျုပ်တို့အိမ်လာလို့
ပြောသွားတယ်၊ ဘန့်ဘွေးကုန်းမှာလည်း လူကြီးတွေ
ဒီအကြောင်းပဲ ပြောနေကြတာဆိုပဲဗျ”

“မီးလောင်ကုန်းက သူကြီးသားတွေမှာ မြင်းတွေရှိတယ်ကွ၊
တစ်ခါတလေ ဒီလူတွေက အချိန်မရှိ သွားတတ် လာတတ်တယ်
အဲဒါ ရွာနားက ဖြတ်သွားတာ ဖြစ်ချင်ဖြစ်မှာပေါ့ကွ”

“ဟာ မဟုတ်ဘူး ကိုကြီးတာတေ၊ ဘန့်ဘွေးကုန်းနဲ့
ထနောင်းကုန်းကိုပတ်ပြီး စီးနေတာတဲ့၊ မနက်မိုးလင်းကာနီးမှ
အသံပျောက်သွားတာဆိုပဲဗျ။ ပြီးတော့ ကျုပ်တို့
ထနောင်းကုန်းက ကိုလူကျော်တို့အိမ်က ခွေးကြီး
မချိမဆန့် အော်ပြီး သေသွားတယ်တဲ့”

“ဟေ လူကျော်တို့အိမ်က ခွေးကြီးက ဘာဖြစ်လို့
သေသွားတာတဲ့တုံး ”

“ညက ကိုလူကျော့်ညီတွေ နှမ်းတောင်စောင့်တော့
သူတို့ခွေးကြီးက ယာထဲ လိုက်သွားတာတဲ့ဗျို့။
အဲဒါ ကိုလူကျော့် ညီနှစ်ယောက် အိပ်နေတုန်း
ခွေးက ရွာဘက်က ပြန်ပြီး လာတယ်နဲ့တူတယ်
ခေါင်းမှာ မြင်းခွာပေါက်တဲ့ အရာကြီး တွေ့တယ်တဲ့၊
ခွေး မချိမဆန့် အော်သံရော မြင်းဟီသံရော
ညက ဆူညံသွားတာဆိုပဲဗျ”

“ဟေ ဟုတ်လား၊ ငါတော့ ညက အိပ်ပျော်နေလို့
ဘာမှ မကြားလိုက်ဘူးကွ ”

“ဟာ ကိုကြီးတာတေကလည်း ကိုကြီးတို့
ကျုပ်တို့ အိမ်တွေက ရွာလယ်မှာဆိုတော့
ဘယ်ကြားမှာတုံးဗျ၊ ရွာစည်းရုံးနဲ့ နီးတဲ့
အရှေ့ပိုင်းတို့၊ အနောက်ပိုင်းတို့၊ တောင်ပိုင်း
မြောက်ပိုင်းတို့က လူတွေက အတိုင်းသား
ကြားရတာ ဆိုပဲဗျ”

“မင်းပြောပုံ ဆိုရင်တော့ တော်တော်ကို ထူးဆန်းတာပဲကွ
ကျောက်ခဲရ ဘန့်ဘွေးကုန်းမှာလည်း ညက
ဒီအတိုင်းဖြစ်တာတဲ့လား။ ဟေ ငါတို့ရွာကို
တစ်ညလုံး ပတ်စီးနေမှဖြင့် ဘန့်ဘွေးကုန်းကို
ဘယ်နှယ့်လုပ် ပတ်ပြီး စီးမှာတုံးကွ ”

“ကိုကြီးတာတေကလည်း ထနောင်းကုန်းနဲ့
ဘန့်ဘွေးကုန်း နှစ်ရွာပတ်တာ နေမှာပေါ့ဗျ၊
ကျုပ်တို့ ရွာနှစ်ရွာက တစ်ဆက်တည်းလို
ဖြစ်နေတာကိုဗျ”

“အေး ဒါတော့ ဖြစ်နိုင်တယ်ကွ ”

“ဘန့်ဘွေးကုန်းက ခွေးနှစ်ကောင်လည်း ညက
သေသွားသတဲ့ဗျ၊ ကိုလူကျော်တို့ အိမ်က ခွေးလိုပဲ
ခေါင်းမှာ မြင်းခွာပေါက်တဲ့ အရာကြီးတွေနဲ့
သေနေတာဆိုပဲ၊ သူတို့လည်း ညက ခွေးမချိမဆန့်
အော်သံတွေရော မြင်းဟီသံကြီးရော ကြားရတာတဲ့ဗျ”

“ဟေ ဟုတ်လားကွ ”

ကျုပ်စဉ်းစားတယ်။ တော်တော်တော့ ထူးဆန်းတဲ့ အဖြစ်ဗျ။
ဒီလိုမြင်းဒုန်းစိုင်းစီးတဲ့ တစ္ဆေမျိုး ကျုပ်ဖြင့် မကြားဖူးပါဘူးဗျာ၊
ဘာပဲဖြစ်ဖြစ် ဒီညတော့ ဒီကိစ္စကို ကျုပ်စုံစမ်းရတော့မှာပေါ့ဗျာ။
ကျောက်ခဲ ဆိုတဲ့ကောင်ကတော့ ကျုပ်ငယ်ငယ်က အတိုင်းပဲဗျ။
အားကြီးစပ်စုတဲ့ကောင်။ ညကိုးနာရီလောက်မှာ ဒီကောင်နဲ့
သံမဏိ ကျုပ်တို့ဝိုင်းထဲ ရောက်လာတယ်။

“ဟေ့ကောင်တွေ အချိန်မတော်ကြီးကျမှ ဘယ်သွားဦးမှာတုံး ”

“ဟာ ဘယ်သွားရမှာတုံးဗျ။ ကိုကြီးတာတေဆီကို
လာတာပေါ့၊ ကိုကြီးတာတေ ဒီည မြင်းစီးတစ္ဆေကို
စောင့်ကြည့်မှာမို့လား ”

“ဟေ မင်းတို့ကို ဘယ်သူက ပြောလဲ ”

“ကိုကြီးတာတေကလည်းဗျာ၊ ကျုပ်တို့က ကိုကြီးရဲ့
ညီတွေပါ။ ကိုယ့်အစ်ကိုအကြောင်း ကျုပ်တို့ မသိဘဲ
နေပါ့မလားဗျာ၊ ဒီညတော့ ကိုကြီးတာတေ ကျိန်းသေ
စုံစမ်းတော့မယ်ဆိုတာ တွေးပြီးသားပါဗျာ”

“ဟား ဟား ဟား ဟား မင်းတို့ တော်တော်လည်တဲ့
ကောင်တွေပဲ၊ အေး ဟုတ်တယ်၊ ငါ ဒီည ကြည့်မလို့ကွ၊
ဒါပေမဲ့ မင်းပြောတဲ့ မြင်းစီးတစ္ဆေက ဘယ်အချိန်လာမှန်း
မသိတာ ခက်တယ်ကွ ”

“ဟာ ကိုကြီးတာတေကလည်း ရွာမြောက်ပိုင်းက
ကျုပ် သူငယ်ချင်း တုတ်ပေါ ပြောတာကတော့
ညသန်းခေါင်ကျော်လောက်မှာ စဖြစ်တာတဲ့ဗျ။
ဒီအတွက်တော့ မပူပါနဲ့ဗျာ။ တုတ်ပေါကို
ကျုပ် မှာထားခဲ့ပြီးပါပြီ။ ဒီကောင်လည်း စောင့်မှာတဲ့ဗျ။
မြင်းခွာသံတွေ ကြားတာနဲ့ ဒီကောင်တုတ်ပေါက
ကျုပ်တို့ကို ခေါ်လိမ့်မယ် ”

“ဟေ တုတ်ပေါက ငါ့အိမ်ကို သိလို့လားကွ ကျောက်ခဲရ”

“ဟာ ကိုကြီးတာတေကလည်း ထနောင်းကုန်းမှာ
ကိုကြီးတာတေအိမ်ကို မသိတဲ့လူ ရှိမလားဗျ။
ကလေးအငယ်လေးတွေကအစ သိတာဗျ”

“ဟား ဟား ဟား ဟား မင်းကတော့ စကားပြောရင်
နည်းနည်းကို ပိုပြောရမှ သဘောကျတဲ့ကောင်ပဲကွာ”

မန်ကျည်းပင်အောက်က ကွပ်ပျစ်ပေါ်မျာ ကျုပ်နဲ့
ကောင်လေးနှစ်ယောက် တီးတိုး တီးတိုး ပြောနေတာကို
အမေက နားစွံ နားဖျား ကြားသွားပုံရတယ်ဗျ။
အိမ်ပေါ်ကနေ ဆင်းလာပြီး ကျုပ်ကို မေးတယ်။

“ဟဲ့ တာတေ၊ နင် ညက မြင်းဟီသံကြီးအကြောင်းကြားပြီးပလား ”

“ဟုတ်ကဲ့ ကြားတယ် အမေ၊ တခြားသူပြောတာတော့
မဟုတ်ဘူးဗျ၊ ဟောဒီကောင် ကျောက်ခဲပြောတာ ”

“ဟာ ကျောက်ခဲပြောရင် ဟုတ်မှာပေါ့ဟဲ့၊ ကျောက်ခဲက
ထနောင်းကုန်း စုံထောက်ပဲဟာ ”

အမေက ကျောက်ခဲကို စတာဗျ။

“ဟာ အရီးကလည်း ကျုပ်က စုံထောက်မဟုတ်ပါဘူးဗျ၊
သိချင်တာပါ ”

ကျောက်ခဲကသာ စကားကို တတွတ်တွတ် ပြောတာဗျ။
သံမဏိကတော့ ဘာမှမပြောဘဲ သူများပြောသလိုပဲ
နားထောင်နေတာ၊ ရယ်စရာရှိရင်တော့ ရယ်တယ်ဗျ။

“ကဲ နေကြဦး၊ အရီး ရေနွေးတစ်အိုးကျိုပြီး လက်ဖက်
သုတ်လိုက်ဦးမယ်၊ နင်တို့ဘိုးကတော့ နေမကောင်းချင်သလို
ဖြစ်လို့တဲ့၊ အိပ်ရာထဲ ဝင်အိပ်နေတယ် ”

“ဘာတုံး အရီး ဘိုးဥာဏ် ဖျားလို့လား ”

“ဖျားတော့ မဖျားပါဘူး၊ ကိုယ်လက်တွေ နည်းနည်း
နာလို့တဲ့ ကျောက်ခဲရ”

ခဏကြာတော့ အမေ ယူလာပေးတဲ့ အကြမ်းအိုးနဲ့
လက်ဖက်ပွဲကို ကျောက်ခဲကပဲ ဆီးယူလိုက်တယ်
အမေက အောက်ကို ဆင်းမလာတော့ဘူး

ကျုပ်တို့ သုံးယောက်ပဲ အကြမ်းသောက်လိုက်၊ လက်ဖက်
စားလိုက်၊ ကျုပ်က ဆေးပေါ့လိပ်ကလေး ဖွာလိုက်ပေါ့ဗျာ။
ညဆယ့်နှစ်နာရီနီးတော့ ကျုပ်က အိမ်ပေါ်တက်ပြီး
မျက်ကွင်းဆေး ကွင်းတယ်။ ပြီးတော့ အိမ်တံခါးသော့ခတ်ပြီး
ကျုပ်နဲ့ ကောင်လေးနှစ်ယောက် ထွက်လာခဲ့တယ်။

“ကျောက်ခဲ၊ ဟေ့ကောင် ကျောက်ခဲ ”

ကျုပ်တို့ ရွာလမ်းပေါ် ထွက်ရုံရှိသေးသဗျာ၊
ပြေးလာတဲ့ ကောင်လေးတစ်ယောက်ကို တွေ့လိုက်တယ်

“ဟာ ဟေ့ကောင် တုတ်ပေါ ဘာတုံး ”

“မြင်းစီးတစ္ဆေ ရောက်နေပြီကွ၊ ရွာကို တစ်ပါတ်တောင်
ပါတ်သွားပြီ၊ လူတွေလည်း ရွာစည်းရိုးနားကပ်ပြီး
ချောင်းကြည့်နေကြတယ်၊ ဘာမှတော့ မမြင်ပါဘူးကွာ၊
ညကလိုပါပဲ၊ မြင်းခွာသံနဲ့ မြင်းဟီသံကြီးပဲ ကြားရတာပါ”

ကျုပ်တို့လည်း တုတ်ပေါ ခေါ်တဲ့နောက်ကို
လိုက်ခဲ့ကြတယ်ဗျို့။ တုတ်ပေါက ရွာစည်းရုံးနား
ကပ်သွားတယ်

“လာဗျ၊ ကိုကြီးတာတေ၊ ဒီမန်ကျည်းပင်ကြီးပေါ်က
တက်ကြည့်ရင် ရွာပြင်ကို အတိုင်းသား မြင်ရတယ်ဗျ”

ပြောပြောဆိုဆိုနဲ့ တုတ်ပေါက ရှေ့ကတက်တယ်။
ကျုပ်တို့က နောက်က တက်ကြရတာပေါ့ဗျာ။
တုတ်ပေါ ပြောတာ ဟုတ်သားဗျ။ မန်ကျည်းပင်ကြီး
ပေါ်က ကြည့်လိုက်တော့ ရွာပြင်ကို အတိုင်းသား
မြင်နေရတာဗျ။ ကျုပ်တို့ မန်ကျည်းပင်ပေါ်ကို
ရောက်လို့ တော်တော်ကြာတဲ့အထိ ဘာသံမှာ
မကြာရဘူးဗျ။ဧကန္တ မြင်းစီတစ္ဆေက သူု့မြင်းကို
ဘန့်ဘွေးကုန်းဘက်ကို ပါတ်စီးနေလို့ ဖြစ်မယ်ဗျ။

“ဟော လာပြီဗျ”

တုတ်ပေါက အသံခပ်အုပ်အုပ်နဲ့ လှမ်းပြောတယ်။
တုတ်ပေါ ပြောတာ ဟုတ်တယ်ဗျို့။ မြင်းခွာသံကို
ကြားရပြီဗျ။ကျုပ်လည်း မြင်းခွာသံ ကြားရတဲ့
ဘက်ကို ကြည့်လိုက်တော့ ဖုန်တွေ တထောင်းထောင်း
ထနေတာကို တွေ့ရတယ်ဗျို့။ ဟာ မြင်းစီးလာတာ
သေချာတာပေါ့ဗျာ။ ဟော နီးလာပြီဗျို့။
ကျုပ်တို့နဲ့ နီးလာပြီ။ ကျုပ် မန်ကျည်းကိုင်းကြီး
ပေါ်မှာ မတ်တတ်ရပ်လိုက်တယ်။ ပိုပြီး မြင်အောင်လို့
ပေါ့ဗျာ။ လရောင်မှိန်မှိန်ကလေးရှိတော့ ဝါးဝါးလေး
တွေ့နေရတာဗျ။

“ခွပ်၊ ခွပ်၊ ခွပ်၊ ခွပ်၊ ဟီ၊ ဟီ၊ ဟီ၊ ဟီ ”

ဟာ မြင်းကြီးဗျာ၊ နည်းတဲ့အကောင်ကြီး၊ မဟုတ်ဘူးဗျို့။
ဒေါက်ကြီးမှဗျာ နည်းတာမဟုတ်ဘူးဗျ။ အရောင်က
အနက်ကြီးဗျ။ မြင်းပေါ်မှာလည်း ဝတ်ရုံအနက်ကြီး
ဝတ်ထားတဲ့လူဗျ။ ဝတ်ရုံမည်းကြီးက လေထဲမှာကို
လွင့်နေတာဗျ။ ဟာ ခေါင်းမပါဘူးဗျို့

ခေါင်းပြတ်ကြီးဗျ။ အလို ခေါင်းပြတ်ကြီးကို လက်ထဲမှာ
ကိုင်ထားတာပဲဗျ။ အောင်မယ်လေး ကျုပ်ဖြင့် ကြက်သီးတွေ
သွားလိုက်တာဗျာ။

“ဟီး ဟီး ဟီး ဟီး ”

ဟာ မြင်းကြီး တုံ့ကနဲ ရပ်လိုက်ပြီဗျို့။ ဟော ဟော
ပဒပ်ထရပ်လိုက်ပြီ။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ ကျုပ်တို့
တည့်တည့်ရောက်မှ မြင်းက ပဒပ်ထရပ်တာဗျာ။ဒီတော့
ကျုပ် သေသေချာချာ မြင်ရတာပေါ့။

မြင်းနက်ကြီးကလည်း အကြီးကြီးဗျ။ အပေါ်က
စည်းလာတဲ့ ဝတ်ရုံမည်းမည်းနဲ့ အကောင်ကြီးကလည်း
အကြီးကြီးပဲဗျ။ ခေါင်းပြတ်ကြီးဗျာ။ သူ့ခေါင်းပြတ်ကြီးကို
သူ့လက်တစ်ဖက်က ကိုင်ထားတာဗျ။

ဟော သွားပြီး၊ သွားပြီ၊ မြင်းကို ဆက်ပြီးဒုန်းစိုင်းသွားပြီ၊
ဖုန်တွေမှ အလုံးလိုက်ကို ထကျန်ရစ်တာဗျို့။ ကျုပ်တို့
ထပ်မစောင့်တော့ဘူး၊ နောက်တစ်ပါတ်လာဖို့က
တော်တော်လေး ကြာဦးမှာဗျ။ ကျုပ်တို့လည်း မန်ကျည်း
ပင်ပေါ်က ဆင်းပြီး အိမ်ပြန်ခဲ့ကြတယ်။

ကျောက်ခဲနဲ့သံမဏိလည်း အိမ်ပြန်သွားကြပြီ။
တုတ်ပေါဆိုတဲ့ ကောင်လေးကတော့
မန်ကျည်းပင်ပေါ်မှာ နေခဲ့သဗျ။

ဒီအတိုင်းတော့ မဖြစ်တော့ဘူးလေဗျာ၊
နောက်တစ်နေ့မှာ ကျုပ်နဲ့ကျုပ်ကောင်လေး
နှစ်ယောက် ပြင်ကြဆင်ကြရတာပေါ့ဗျာ၊
ဘန့်ဘွေးကုန်းဘက်က အမဲသား လာရောင်းတာနဲ့
တစ်ပိဿာ ဝယ်ပြီး ချက်လိုက်တယ်။
ခါတိုင်းလိုပဲ ကျောက်ခဲက မီးလောင်ကုန်းက
ဒေါ်တုတ်ကို သွားခေါ်တယ်။

ညရှစ်နာရီလောက်မှာ ကျုပ်တို့ ထမင်းတောင်း
ကလေးနဲ့ ထနောင်းကုန်းသင်္ချိုင်းထဲကို
ရောက်ခဲ့တယ်။ ကျုပ်က အုတ်ဂူကြီးပေါ်မှာ
ထမင်းထုပ်လာတဲ့ ငှက်ပျောဖက်ကို ဖြန့်ခင်းပြီး
ထမင်းပွဲပြင်တယ်။ ရေဖလားတစ်လုံးနဲ့
ရေအပြည့်ခပ်ထားတယ်။

“သင်္ချိုင်းရှင်မကြီး မဖဲဝါဗျာ၊ ထနောင်းကုန်းရွာက
ကျွန်ုပ် တာတေက မဖဲဝါကို တလေးတစား
ပင့်ဖိတ်ပါတယ်ဗျာ၊ မဖဲဝါအတွက် စားပွဲသောက်ပွဲ
တွေလည်း အဆင်သင့်ပြင်လို့ပေါ့ဗျာ၊ အခုချက်ချင်း
ကြွခဲ့ပါ မဖဲဝါခင်ဗျာ ”

ကျုပ်က နောက်တစ်ခေါက် ထပ်ပင့်တယ်။
ပြီးတော့ နောက်တစ်ခေါက် …

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး၊ အီး ”

ဟော မဖဲဝါ လာပြီဗျို့။ သူ့ခွေးကြီးတွေအသံကို
ကျုပ်ကြားနေရပြီဗျို့၊ ဟော၊ ဟော၊ ဂူတွေအပေါ်က
ရှပ်ပြီး ရွေ့လာတာဗျို့။

“ဟီး ဟီး ဟီး ဟီး ဟီး ”

ဟော ဒေါ်တုတ်ဆီကို ဝင်သွားပြီဗျို့။ ဒေါ်တုတ်
လက်ကြီးတွေ ကွေးကောက်ပြီး အပေါ်ကို မြောက်တက်
လာတယ်ဗျ။ ဆံပင်ဖားလျားကြီး ချထားတဲ့
ဒေါ်တုတ်က မတ်တတ်ရပ်လိုက်တယ်၊ ဟာ
ဒေါ်တုတ် ခုန်ပြီဗျို့၊ ခုန်ပြီ။ လွှားကနဲ နေတာပဲဗျာ။

ဂူပေါ်ရောက်တာနဲ့ ဒူးကြီးထောင်ပြီး စားတော့တာပါပဲဗျာ၊
မဖဲဝါက ကြက်သားထက် အမဲသားကို ပိုကြိုက်ပုံရတယ်ဗျ။
စားလိုက်တာဗျ။ အားရပါးရကို စားတာဗျို့။

ဟော ဟော ကြည့်ပြီ၊ ကြည့်ပြီ၊ ကျုပ်ကို ကြည့်ပြီဗျ။

“ဒီလိုပါ၊ သင်္ချိုင်းရှင်မကြီးဗျာ၊ ကျုပ်တို့ ထနောင်းကုန်းနဲ့
ဘန့်ဘွေးကုန်းကိုပါတ်ပြီး ခေါင်းမပါတဲ့ သရဲကြီးတစ်ကောင်
မြင်းနက်ကြီး ဒုန်းစိုင်းစီးနေတာ သုံးည ရှိပါပြီ မဖဲဝါ၊
ပြီးတော့ ခေါင်းပြတ်ကြီးတစ်ခုကို သူ့လက်ထဲမှာ
ကိုင်ထားပါတယ်၊ ဘာအတွက် ရွာကို ပတ်ပြီး
မြင်းကြီးစီးနေတယ်ဆိုတာ သိချင်လို့ပါ မဖဲဝါဗျာ”

“မဖဲဝါက ဘာမှမပြောဘဲ ဆက်စားနေတယ်ဗျ။
အားလုံးစားသောက်ပြီးတော့မှ …

“တာတေ အဲဒါ စစ်သူကြီးရဲ့ ဝိညာဉ်ဟဲ့၊ ကျောက်တလား
ချောင်းမှာ အခေါင်းကြီးပေါ်လာလို့ သူ့ဝိညာဉ် ထွက်လာတာ”

“သြော် ”

“သူ စစ်ထွက်ခါနီးမှာ သူ့အရှင်သခင် ဘုရင်မင်းမြတ်က
သူ့ရဲ့ သန်လျက်ကိုဝင့်ပြီး ‘မောင်မင်း စစ်ကို နိုင်အောင်
တိုက်ပေးတော့၊ တကယ်လို့ မောင်မင်း မနိုင်ခဲ့ရင်
ငါကိုယ်တော် ခွင့်မလွှတ်ဘူးလို့သာ မှတ်ပေတော့ ‘လို့
ပြောလိုက်တယ်၊ အဲဒီဘုရင်ရဲ့ သန်လျက်က ရိုးရိုး
မဟုတ်ဘူး။ မှော်ဝင်သန်လျက်ဟဲ့၊ ဒီစစ်ပွဲမှာ
စစ်သူကြီးတိုက်ပွဲ ကျတယ်၊ ခေါင်းဖြတ်ခံလိုက်ရတာ၊
သူ့စစ်သားတွေက သူ့ကို အင်ကြင်းသားကို
ခေါင်းထွင်းပြီး မြှုပ်နှံသင်္ဂြိုဟ်ပေးခဲ့တယ်။ ဒါပေမဲ့
ဘုရင့်အမိန့်ဟာ ကျိန်စာလို ဖြစ်ပြီး ခုထိ
မကျွတ်မလွတ်နိုင်ဘူး တာတေ”

“ဟာ သနားစရာပါလားဗျာ ”

“အေး အခု သူ့ဝိညာဉ်အပြင်ရောက်နေတဲ့အချိန်မှာ
သူ့ရဲ့ အရှင်သခင်ကို လိုက်ရှာနေတာဟဲ့ ”

“သြော် ”

“အဲဒီစစ်သူကြီးကို ကယ်ဖို့က နည်းလမ်းတစ်ခုပဲ ရှိတယ် ”

“ပြောပါ မဖဲဝါ၊ ကျုပ် လုပ်ပါ့မယ် ”

“ကျောက်တလားချောင်းမှာ တောင်ဘက်ရိုးနဲ့
မြောက်ဘက်ရိုး နှစ်ခု ရှိတယ်မို့လား၊ နင် မြောက်ဘက်ရိုးကို
သွား၊ တစ်နှစ်လုံး တစ်ခါမှ အရွက်မထွက်တဲ့ သစ်ခြောက်
ပင်ကြီးရှိတယ်၊ အဲဒီ သစ်ခြောက်ပင်ကြီးမှာ သရဲတစ်ကောင်
နေတယ်၊ အဲဒီသရဲဟာ အင်မတန်မှ အကုသိုလ်ကြီးတဲ့
အကောင်၊ သစ်ကိုင်းကြီး တစ်ကိုင်းမှာ ခြေထောက်တွေ
ချိတ်ပြီး အမြဲဇောက်ထိုးနေရတာ၊ သူ့ကို တခြား
သရဲတွေက ‘ဇောက်ထိုး ‘လို့ခေါ်တယ်၊ အမြဲတမ်း
ဇောက်ထိုးနေရတဲ့အကောင်၊ တစ်ကိုယ်လုံးမှာ
အမွေးမည်းမည်းကြီးတွေ ဖုံးနေတယ်၊ စားရင်လည်း
အသားစိမ်း၊ ငါးစိမ်းပဲ စားရတယ်၊ မြေကြီးမှာ
သွားရင်လည်း လက်နှစ်ဖက်နဲ့ ထောက်သွားရတာ၊
ခြေထောက်နှစ်ချောင်း အပေါ်မှာ အမြဲကွေးထားရတယ်၊
သူ့လက်နှစ်ဖက်ကလည်း ခြေထောက်တွေလို
သန်မာနေတာဟဲ့၊ သူနေတဲ့ နေရာနားကို ရောက်လာတဲ့
သရဲတစ္ဆေတွေရော လူတွေရော ဘယ်သူ့ကိုမှ
အလွတ်မပေးဘူး၊ ခဲလုံးကို ခြေထောက်နဲ့
ညှပ်ပြီး ခြေထောက်နှစ်ဖက်နဲ့ ခဲပစ်တာ၊
မထိတဲ့အခါ လုံးဝ မရှိဘူး၊ သူ့ခဲထိတဲ့ လူဆိုရင်
သုံးလအတွင်း ပိန်ချုံးလာပြီး သေရော၊ နင်
မြောက်ဘက်ရိုးက ဇောက်ထိုးဆီကို သွားပေတော့ ”

“ဗျာ”

ကျုပ် မဖဲဝါပြောတာကို အံ့သြသွားတယ်ဗျာ။

“ဇောက်ထိုးက အဲဒီလို ကြမ်းတမ်းရက်စက်ပေမဲ့
မှော်ဝင်ပစ္စည်းတွေ စောင့်ရတဲ့ သရဲဟဲ့၊ နင့် သူ့ကို
အစာကျွေး အနားမကပ်နဲ့ ဝေးဝေးက ပစ်ကျွေး၊
ပြီးရင် ငါ လွှတ်လိုက်တယ် လို့ ဇောက်ထိုးကို
ပြောလိုက်၊ ငါ့ ကိုယ်ပွားရုပ်ကလေးလည်း
ယူသွား၊ အဲဒါ ပြလိုက်၊ သူ နာခံလိမ့်မယ်။
မှော်ဝင်သန်လျက် ခဏဌားပါလို့ ပြောလိုက်၊
ကိစ္စပြီးတာနဲ့ ချက်ချင်းပြန်ပို့မယ်လို့ပြော၊
နင် သူနဲ့တွေ့ရင် သတိမလစ်စေနဲ့ ၊ သတိ
လစ်တာနဲ့ ဇောက်ထိုးက နင့်ကို သတ်မှာပဲ၊
ပြီးတော့ နင် မှတ်ထား တာတေ၊ သူ့ကို
ကျောပေးလိုက် ပြီးရင် ဘယ်တော့မှ ပြန်လှည့်
မကြည့်ရဘူး၊ သူက နင့်နာမည်ကို ချက်ချင်း
သိလိမ့်မယ်၊ နင့် နာမည်ကို အော်ခေါ်ရင်
ထူးလည်း မထူးနဲ့၊ လှည့်လည်း မကြည့်နဲ့၊
သတိလစ်ပြီး လှည့်ကြည့်တာတို့ ထူးတာတို့
လုပ်ရင် နင် နေရာမှာတင် လဲကျပြီး
ချက်ချင်း သေသွားလိမ့်မယ်၊ ကြားလား ”

“ကောင်းပါပြီ၊ မဖဲဝါ ”

“နင် သန်လျက် ရလာပြီးရင် မြင်းစီးလာတဲ့
စစ်သူကြီး တစ္ဆေရဲ့ ရှေ့က ပိတ်ရပ်ပြီး သန်လျက်ကို
ဝင့်လိုက်၊ ပြီးရင် နင်က သူ့ရဲ့ ဘုရင်လို့ သဘောထားပြီး
သူ့ကို ခွင့်လွှတ်တဲ့အကြောင်း ပြောလိုက်၊ သူ
ကျွတ်သွားလိမ့်မယ်၊ ကိစ္စပြီးတာနဲ့ မှော်ဝင်
သန်လျက်ကို ဇောက်ထိုးဆီ ပြန်ပို့လိုက် တာတေ”

“ကောင်းပါပြီ၊ မဖဲဝါ၊ ကျုပ်ဇောက်ထိုးဆီ သွားမယ် ”

မဖဲဝါ ဒေါ်တုတ်ကိုယ်ကနေ ခွာသွားပြီ။ဒေါ်တုတ်
အုတ်ဂူကြီးပေါ် လဲကျသွားတယ်။ ကျုပ်နဲ့ ကျောက်ခဲက
ပြေးပြီး ပွေ့ထူပေးကြရတာပေါ့ဗျာ၊ မျက်နှာကို
ရေနဲ့တောက်လိုက်တော့မှ ဒေါ်တုတ် သတိရပြန်ရလာတယ်။

ကျုပ်တို့ရွာ ပြန်ရောက်တော့ တစ်ချို့အိမ်က လူတွေတောင်
အိပ်နေကြပြီဗျ၊ နောက်တစ်နေ့ နေမပူခင် ကျုပ်ရွာက
ထွက်ခဲ့တယ်။ ကြက်နှစ်ကောင်ကို ရှေ့တစ်ကောင်၊
နောက်တစ်ကောင်၊ ထမ်းပိုးနဲ့ ထမ်းလို့ပေါ့ဗျာ။

ထမင်းစားချိန်ရောက်တော့ လမ်းမှာပဲ ခဏနားပြီး
ထမင်းထုပ် ဖြည်စားလိုက်တယ်။ ကျောက်တလားချောင်းကို
ကျုပ်ရောက်တော့ ညနေသုံးနာရီလောက် ရှိပြီဗျ။
ကျုပ် မြောက်ရိုးဘက်ကို အသာလေး
သွားပြီး ရိုးဘေးက ကိုင်းတောကြီးထဲမှာ ပုန်းနေလိုက်တယ်။
ကျုပ်က မျက်ကွင်းဆေး ကွင်းလာတာဗျ။ ကိုင်းတော
ကြီးထဲကနေ ကျုပ်သစ်ပင်ကြီးတွေ လိုက်ကြည့်တယ်
ကျုပ် ပုန်းပြီး ထိုင်နေတဲ့ နေရာနဲ့ တည့်တည့်မှာ
သစ်ပင်ခြောက်ကြီးဗျာ အနားမှာ စိမ်းစိမ်းစိုစိုနဲ့
သမုန်းပင်တွေ ပေါက်လို့ဗျ။

အဲဒီထဲမှာမှ ထနောင်းပင်ကြီး တစ်ပင်က
အရွက်တစ်ရွက်မှ မရှိဘဲ ခြောက်သွေ့နေတာဗျို့

ဟော တွေ့ပြီ ၊ တွေ့ပြီ၊ တောင်ဘက်က သစ်ကိုင်ကြီး
မှဗျ၊ ခြေထောက်တွေနဲ့ သစ်ကိုင်းကိုချိတ်ပြီး
ဇောက်ထိုးကြီးဗျ။ တစ်ကိုယ်လုံးလည်း အမွေးတွေ
ဖုံးနေတာဗျ။ လင်းဆွဲကြီး တစ်ယောက်လို ဇောက်ထိုးကြီး
အမြဲနေရတဲ့ သရဲမျိုး ကျုပ် ဒီတစ်ခါပဲ မြင်ဖူးသေးတယ်ဗျာ။

ဟော ဆင်းလာပြီဗျို့။ ဆင်းလာပြီ။ ဟာ သစ်ပင်ကို
ဇောက်ထိုးကြီး ဆင်းလာလိုက်တာ မြန်လိုက်တာဗျာ။
ဟာ ဇောက်ထိုးကြီး သွားတာဗျို့။ မြေကြီးပေါ်
ရောက်တော့ လက်ကြီးနှစ်ဖက်ထောက်ပြီး
ဇောက်ထိုးကြီး သွားနေတာဗျ။

ခြေထောက်နှစ်ချောင်းက ဒူးခေါင်းနေရာကနေ ကွေးပြီး
နှစ်ဖက် လိမ်ထားတာဗျို့။ မြန်လိုက်တာဗျာ။
လက်နဲ့ သွားနေကျ အကောင်ဆိုတော့ လှစ်ခနဲ
လှစ်ခနဲ နေတာဗျို့။ ဟော ကျုပ်ရှိတဲ့ ဘက်ကို
လာတာဗျ။ ဒါပေမဲ့ ကျုပ်က ရိုးထိပ်ဘက်မှာ၊
ဇောက်ထိုးက ကျုပ်နဲ့ တော်တော်လှမ်းပါသေးတယ်။

ဟာ ရေစပ်ကို ရောက်တော့ ဝမ်းလျားကြီးမှောက်ချ
လိုက်တယ်ဗျို့၊ ဟော ဟော သူ့လက်နှစ်ဖက်နဲ့
ရေတွေကို ယက်နေတာဗျ။ ဘာလုပ်တာတုံးလို့
ကျုပ် သေသေချာချာ ကြည့်တယ်

ဟာ ငါးတွေ ပေါ်လာပြီဗျို့။ ရေထဲက ငါးလေးတွေ
တဖျပ်ဖျပ်ခုန်ပြီး ဇောက်ထိုးရဲ့ ရှေ့မှာ ပေါ်လာကြတာဗျ။

“ဖျန်း ” “ဖျန်း ”

ဟော ဇောက်ထိုးက ငါးလေးတွေကို လက်နဲ့ဖမ်းပြီး
သူ့ပါးစပ်ကြီးထဲကို ထည့်ရောဗျို့။ အောင်မယ်လေး
သရဲဇောက်ထိုးရဲ့ ပါးစပ်ကြီးထဲမှာ အစွယ်တွေမှ
ဖွေးနေတာဗျို့။ ကျုပ်ဖြင့် ကြက်သီးတောင်
တဖျန်းဖျန်း ထလို့ဗျာ။ ဟော ဟော ငါးနှစ်ကောင်
သုံးကောင် စားပြီးတော့ ဇောက်ထိုး ပြန်ထွက်သွား
တယ်ဗျ။ လာတုန်းကလည်း လက်နှစ်ဖက်နဲ့
ထောက်ပြီး ဇောက်ထိုးကြီး ပြန်သွားတာဗျ။

ကျုပ်လည်း ကြက်နှစ်ကောင်ပါတဲ့ ထမ်းပိုးကို
ကောက်ထမ်းလိုက်တယ်။

ကိုင်းတောထဲကနေ ကျုပ် တိုးထွက်လိုက်တော့
ကျုပ်ထမ်းလာတဲ့ကြက်နှစ်ကောင်က လန့်ပြီး အော်ရောဗျို့။

“ကစ် ကစ် ကစ် ကစ် ”

ဇောက်ထိုးက ကြက်အော်သံတွေ ကြားသွားတယ်ဗျ။
နောက်ကို လှည့်လာပြီး ကြည့်တယ်။ တစ်ကိုယ်လုံး
လှည့်ရတာပေါ့ဗျာ။ ဟော ဇောက်ထိုး ကျုပ်ကို
မြင်သွားပြီဗျ။ ကျုပ်လည်း ကြက်ထမ်းလာတဲ့
ထမ်းပိုးကို မြက်ပင်တွေပေါ်ကို ပစ်ချလိုက်တယ်

“ကစ် ကစ် ကစ် ကစ် ကစ် ကစ် ”

ကြက်နှစ်ကောင်ကလည်း လန့်ပြီး အော်တာပေါ့ဗျာ။
ဟာ မြန်လိုက်တဲ့ သရဲဗျာ။ ဇောက်ထိုးကြီး ပြေးသွားတာဗျို့။
ဟာ ခဲတစ်လုံးကို ခြေထောက်နဲ့ ညှပ်ပြီး ကောက်လိုက်ပြီ။

ဟာ ပစ်ပြီဗျို့။ ကျုပ်ကို ပစ်ပြီဗျို့။ ကျုပ်သာ မျက်ကွင်းဆေး
ကွင်းမထားရင် နေရာမှာတင် ပွဲချင်းပြီးသွားနိုင်တယ်ဗျာ။

“ဝှီး”

သရဲဇောက်ထိုးကြီး ခြေထောက်နဲ့ လွှဲပြီး ပစ်လိုက်တဲ့
ခဲလုံးကို ကျုပ် အသာလေးရှောင်ပေးလိုက်ရတယ်။
ခေါင်းနဲ့ တစ်ပေလောက်က ဖြတ်သွားတာ’ဝှီး’ကနဲ
နေတာဗျို့။ ဟာ ကောက်ပြန်ပြီဗျာ၊ နောက်ထပ် ခဲ တစ်လုံး။
ပစ်ပြီ။ ကျုပ် ရှောင်ပေးလိုက်တယ်။

“ဝှီး ”

ဟော နောက်ထပ် ခဲထပ်ကောက်တယ်။ ပြီးတော့
ခြေထောက်နဲ့ လွှဲပြီး ပစ်တာဗျ။ ကျုပ် ရှောင်ရပြန်ပြီ။

“ဝှီး ”

ခေါင်းပေါ်က ကျော်ရုံလေး ကျော်သွားတာ။ သရဲ
ဇောက်ထိုး တွေပြီး စဉ်းစားနေတယ်ဗျ။ ကျုပ် သူ့ခဲလုံးကို
သုံးခါတိတိ ရှောင်လိုက်တာကို တွေ့တော့ သူ့ကို
ကျုပ် မြင်ရမှန်း သူသိသွားတယ်။ ခဲ နဲ့ ထပ်ပြီး
မပစ်တော့ဘူးဗျ။ ဒါပေမဲ့ ဒီသရဲ ကျုပ်ကို တစ်နည်း
နည်းနဲ့ တော့ ဒုက္ခပေးဖို့ ကြံနေတာဗျ။

ကျုပ် စလွယ်သိုင်း လွယ်ထားတဲ့ လွယ်အိတ်ထဲက
မဖဲဝါ ကိုယ်ခွဲရုပ်ကလေးကို ထုတ်ယူပြီး ဇောက်ထိုးကြီးကို
ပြလိုက်တယ်။ လက်ထဲမှာ ကိုင်ထားတဲ့ မဖဲဝါ ရုပ်ကလေးက
လှုပ်နေတယ်လို့ ကျုပ်စိတ်ထဲမှာ ထင်နေတယ်။ သရဲ
ဇောက်ထိုးကတော့ ငြိမ့်ပြီး စိုက်ကြည့်နေတယ်ဗျ။

“ကျုပ်ကို သင်္ချိုင်းရှင်မ မဖဲဝါ လွှတ်လို့ လာခဲ့တာ။
ခင်ဗျား စားဖို့ ကြက်နှစ်ကောင်လည်း ပါလာတယ်။
အဲဒီ ကြက်နှစ်ကောင် ခင်ဗျားကို ကျွေးမှာ၊ ကျုပ်ပြောတာ
နားထောင်၊ သင်္ချိုင်းရှင်မ မဖဲဝါက မှာလိုက်တယ်၊
ခင်ဗျားစောင့်နေတဲ့ မှော်ဝင်ပစ္စည်းတွေထဲက
မှော်ဝင် သန်လျက်ကို ခဏပေးလိုက်ပါတဲ့၊
ကိစ္စတော်တော် အရေးကြီးနေလို့ပါ၊ ကိစ္စပြီးတာနဲ့
ကျုပ်ကိုယ်တိုင် လာပို့မယ်လို့ ကတိပေးပါတယ် ”

စကားဆုံးတာနဲ့ ကျုပ်က ထမ်းလာတဲ့ ကြက်နှစ်ကောင်ကို
ဖြုတ်ပြီး ဇောက်ထိုးဆီကို ကြက်တစ်ကောင်ချင်း
ပစ်ပေးလိုက်တယ်။ ကြက်တွေက ခြေထောက်မှာ
ကြိုးချည်ထားတော့ မပြေးနိုင်ကြဘူးပေါ့ဗျာ။

ဇောက်ထိုးက ကြက်တစ်ကောင်ကို ခြေထောက်နဲ့ ညှပ်ပြီး
ကောက်လိုက်တယ်။ ပြီးတာနဲ့ သူ့ပါးစပ်ကို အကျယ်ကြီး
ဟပြီး စားတော့တာပဲဗျို့။

“ဂျွတ်၊ ဂျွတ်၊ ဂျွတ်၊ ခွပ်၊ ခွပ် ”

ကြက်တစ်ကောင်ကို အားရပါးရ စားပြီးသွားတော့
နောက်တစ်ကောင်ကို မစားသေးဘဲ သူနေတဲ့ သစ်ခြောက်ပင်
ကြီးဘက်ကို ဇောက်ထိုးကြီး လျှောက်သွားတယ်
သစ်ခြောက်ပင်ကြီးအောက်ကိုရောက်တော့
ခဏငြိမ်နေတယ်ဗျ။

ဟော ပြန်လာပြီ၊ ပြန်လာပြီ၊

ဟာ ခြေထောက်နှစ်ချောင်းကြားမှာ
ပစ္စည်းတစ်ခုညှပ်ပြီး ယူလာတယ်ဗျ။
ဟာ ဒါ သန်လျက်ထင်တယ်။

ကျုပ်က လက်ထဲမှာ ကြက်ထမ်းလာတဲ့ ထမ်းပိုးကို
ကိုင်ပြီး ရပ်နေတာဗျ။ သရဲဇောက်ထိုးက ကျုပ်ကို
စိုက်ကြည့်နေတယ်။ ဟာ ပစ်ပြီဗျို့။ အမှတ်မထင်
ခြေထောက်ကို လွှဲပြီး ပစ်လိုက်တာဗျို့။

ကျုပ်သာ သတိမရှိရင် ဒီနေရာမှာ ပွဲချင်းပြီးပဲပေါ့ဗျာ။
သန်လျက်ကြီး ကျုပ်ဆီကို တည့်တည့်ပျံဝင်လာတာဗျို့။
ကျုပ် ဘေးဘက်ကို ခြေတစ်လှမ်းရွှေ့လိုက်ပြီး ကျုပ်
လက်မှာ ကိုင်ထားတဲ့ ထမ်းပိုးနဲ့ သန်လျက်ကို
ရိုက်ချလိုက်တယ်။

“ချွင် ”

ဆိုတဲ့ အသံနဲ့ အတူ ကျုပ်ရင်ဝတည့်တည့်ကို ပျံဝင်လာတဲ့
မှော်ဝင်သန်လျက် မြက်ပင်တွေပေါ်ကို ပြုတ်ကျသွားတယ်။

ကျုပ် သန်လျက်ကို ချက်ချင်း ကောက်လိုက်ပြီး
မြောက်ရိုးကနေ ထွက်လာခဲ့တယ်။ မဖဲဝါရဲ့
ကိုယ်ခွဲရုပ်ကလေးကိုတော့ ကျုပ်လက်မှာ
ကိုင်လျက်ပဲဗျ ။ ရိုးဘေးမှာ ပေါက်နေတဲ့
ကိုင်းတောတွေ ဘေးကနေ ကျုပ် ဖြတ်လျှောက်
လိုက်တယ်။ ကျောပေးပြီးရင် နောက်ကို
လုံးဝ လှည့်မကြည့်နဲ့ မဖဲဝါ မှာလိုက်တာကို
ကျုပ် ဘယ်မေ့လိမ့်မတုံးဗျာ။

“တာတေ ဒီမှာ ကြည့်လိုက်စမ်း ”

ဟာ ဇောက်ထိုး လှမ်းအော်လိုက်တဲ့ အသံကြီးဗျ။
ကျုပ် လုံးဝ လှည့်မကြည့်ဘဲ ခပ်သုတ်သုတ် လျှောက်လာခဲ့တယ်
ကျုပ် နာမည်ကို ဒီသရဲ သိတာကိုတော့ အံ့သြပါရဲ့ဗျာ။
ထနောင်းကုန်းကို ပြန်ရောက်တော့ ညရှစ်နာရီတောင်
ကျော်ပြီဗျ။ မှော်ဝင်သန်လျက်ကို လူတွေ မမြင်အောင်
ကျုပ် ဝှက်ယူခဲ့ရတာပေါ့ဗျာ။

ဒါကတော့ လွယ်ပါတယ်ဗျာ။ လမ်းမှာ ငှက်ပျောဖက်ကြီး
တစ်ရွက်ခူးပြီး သန်လျက်ကို ပက်လိုက်တာပေါ့ဗျာ။

ကျုပ် ညစာ စားသောက်ပြီးတော့ ကိုးနာရီခွဲ၊
ဆယ်နာရီရှိရောပေါ့ဗျာ၊ အဘနဲ့ အမေတောင်
အိပ်သွားကြပြီ။ ကျုပ်ကတော့ ဆေးပေါ့လိပ်ကလေး
ဖွာရင်း သန်းခေါင်ချိန် စောင့်နေရတာပေါ့ဗျာ။

ကျုပ် တစ်ယောက်တည်း ရွာပြင် ထွက်ချလာခဲ့တယ်။
သန်လျက်ကိုတော့ ကျုပ် ပုဆိုးဟောင်းတစ်ထည်နဲ့
ပတ်ပြီး ယူလာခဲ့တယ်။ ရွာပြင်ရောက်တော့
ထန်းပင်ကြီးအောက်မှာ ကျုပ် ကပ်ပြီး ရပ်နေလိုက်တယ်

ကျုပ် သိပ်ပြီးမစောင့်လိုက်ရဘူးဗျ။

“ခွပ်၊ ခွပ်၊ ခွပ်၊ ဟီး၊ ဟီး၊ ဟီး ”

ဟော လာပြီဗျို့၊ ခေါင်းပြတ်သရဲကြီး စီးလာတဲ့
မြင်းနက်ကြီး လာနေပြီ။ မြင်းခွာသံရော၊ မြင်းဟီသံပါ
ကျုပ် ကြားနေရတယ်။ ကျုပ်က မျက်ကွင်းဆေး
ထပ်ကွင်းလာတာဆိုတော့ တော်တော်ဝေးဝေးထဲကလို
ကျုပ် လှမ်းမြင်နေရတာဗျ။

ဟော တဖြည်းဖြည်း နီးလာပြီဗျို့။ ကျုပ်ကပ်နေတဲ့
ထန်းပင်အောက်ကနေ ပြေးထွက်လိုက်တယ်။
လက်ထဲမှာလည်း သန်လျက်ကို တင်းတင်း
ကိုင်ထားတယ်။

မြင်းပြေးလာတဲ့ လမ်းတည့်တည့်မှာ ကျုပ်ပိတ်ပြီး
ရပ်နေလိုက်တယ်။ ပြီးတော့ လက်ထဲက သန်လျက်ကို
ဟန်ပါပါ ကိုင်ထားလိုက်တယ်။ မြင်းက အရှိန်နဲ့
ပြေးလာရာကနေ တုံ့ကနဲ ရပ်သွားတယ်။
ကျုပ်က လက်ထဲက သန်လျက်ကို တစ်ချက်
ဝင့်လိုက်တယ်။ ဟာ ဝတ်ရုံမည်းကြီး ဝတ်ထားတဲ့
သရဲကြီက သူ့ရဲ့ ခေါင်းပြတ်ကြီးကို လက်မှာ
ပွေ့ကိုင်ထားရင်းနဲ့ မြင်းပေါ်က ခုန်ဆင်းတယ်
ပြီးတော့ မြင်းဘေးမှာ ဒူးထောက်ထိုင်ချလိုက်တယ်

ကျုပ်ကတော့ မဖဲဝါ မှာထားတဲ့ အတိုင်း
မှော်ဝင်သန်လျက်ကို ဟန်ပါပါဝင့်လိုက်ရင်း …

“မောင်မင်း စစ်သူကြီး၊ မောင်မင်းဟာ
အလွန်တာဝန် ကျေပါပေတယ်၊ ကျုပ်
မောင်မင်းကို ခွင့်လွှတ်လိုက်ပြီ၊ ခုအချိန်က
စပြီး မောင်မင်း သွားလိုရာကို လွတ်လွတ်လပ်လပ် သွားနိုင်ပြီ၊
ငါကိုယ်တော်ရဲ့အမိန့် ”

ကျုပ်က လက်ထဲက သန်လျက်ကို ဝင့်ကာ
ဝင့်ကာနဲ့ ပြောလိုက်တာဗျို့။ ကျုပ်စကားလုံးဆုံးရော
ဝတ်ရုံ အနက်နဲ့ ခေါင်းပြတ်သရဲကြီးက မြင်းပေါ်ကို
လွှားကနဲ ခုန်တက်ပြီး မြင်းကို နောက်ဘက်
ပြန်လှည့်လိုက်တယ်။ ဟော သွားပြီဗျို့။

သွားပြီ။ မြင်းစီးတစ္ဆေကြီး အမှောင်ထဲမှာ ဖျတ်ကနဲ
ပျောက်သွားတယ်။

ကျုပ်လည်း နောက်တစ်နေ့ ကျောက်တလားချောင်းက
မြောက်ဘက်ရိုးကို လာခဲ့ရပြန်တာပေါ့ဗျာ။

ဇောက်ထိုးက သစ်ခြောက်ပင်ကြီးပေါ်မှာ ဇောက်ထိုးကြီး
နေရာကနေ ကျုပ်ကို ကြည့်နေတယ်ဗျ။

ကျုပ်က ကျုပ်ယူလာတဲ့ ကြက်တစ်ကောင်ကို
သစ်ပင်ခြောက်ကြီးအောက်ကို လှမ်းပစ်ပေးလိုက်တယ်
ဟော ဇောက်ထိုး ဆင်းလာပြီဗျို့။ မြန်လိုက်တဲ့
သရဲဗျာ၊ လှစ်ကနဲ လှစ်ကနဲ နေတာပဲဗျ။

မြေကြီးပေါ်ကို ရောက်တော့ သရဲဇောက်ထိုးက
ကျုပ်ကို ကြည့်နေတယ်။ ကျုပ်က ပုဆိုးနဲ့ပတ်ပြီး
ယူလာတဲ့ သန်လျက်ကို ထုတ်ပြီး သူ့ကို တစ်ချက်
လှမ်းကြည့်တယ်။ ပြီးတော့ သူ့ဆီကို လှမ်းပစ်
ပေးလိုက်တယ်။

“ဖျတ်”

လျင်လိုက်တယ်၊ ဇောက်ထိုးဗျာ။ ကျုပ် ပစ်ပေးလိုက်တဲ့၊
မှော်ဝင်သန်လျက်ကို ခြေထောက်နှစ်ဖက်နဲ့
လှမ်းဖမ်းလိုက်တာဗျ။

ကျုပ်လည်း ဆတ်ကနဲ လှည့်ထွက်လိုက်တယ်။

“ဟေ့ကောင် တာတေ၊ ဒီမှာ ကြည့်စမ်း ”

မဖဲဝါ မှာတာကို ကျုပ် ဘယ်မေ့ပါမလဲဗျာ။
နောက်ကို လှည့်ကြည့်လိုက်ရင်ဖြစ်ဖြစ်၊
ယောင်ပြီး ထူးလိုက်မိရင် ဖြစ်ဖြစ် နေရာမှာတင်
ကျုပ် သေမယ်ဆိုတာလေဗျာ။
ကျုပ် ဘယ်မေ့လိမ့်မတုံး။ ကျုပ် တစ်ချက်ကလေးမှ
လှည့်မကြည့်ဘဲ သုတ်ခြေတင်ခဲ့တော့တာပေါ့ဗျာ။
ထနောင်းကုန်းကို ပြန်ရောက်တော့ စောပါသေးတယ်။
နေတောင် မဝင်သေးပါဘူး ။

(မှတ်ချက် – ရိုးဆိုတာ ချောင်းတစ်ခုကနေ
ထိုးဝင်နေတဲ့ ချောင်းလက်တက်တိုလေး
တစ်ခုပေါ့ဗျာ။ အမြဲတမ်း ရေရှိတဲ့ နေရာတစ်ခုပေါ့)

ပြီးပါပြီခဗ်ာ

စာဖတျပရိတ်သတ်များအားလုံးပဲ စိတ်ရွှင်းပါစေခဗျာ

ဤဝတ္တုလေးအား ကြိုက်နှစ်သက်တယ်ဆိုရင် like and shareလေးနဲ့
အားပေးသွားပါအုံးဗျာ ။

ေျမာက္႐ိုးက ေဇာက္ထိုး (စ/ဆုံး)
~~~~~~~~~~~~~~~~~မူရင္းေရးသားသူ_ ဆရာတာေတ

ပုဗၺာ႐ုံေက်ာင္းက က်ဳပ္ဆရာေတာ္ ဦးဂုဏ ေခၚလို႔ဗ်ိဳ႕။
ဆရာေတာ့္ေက်ာင္းကိုသြား ဆရာေတာ္ခိုင္းတာ လုပ္ကိုင္ေပးၿပီးေတာ့ က်ဳပ္ျပန္လာတာ။

“ကိုႀကီးတာေတ၊ ကိုႀကီးတာေတ”
က်ဳပ္ကိုေခၚတာ ဘယ္သူတုံးဗ်။ က်ဳပ္ေနာက္ကို
ဆတ္ကနဲ လွည့္ၾကည့္လိုက္တယ္

“ဟာ ေဟ့ေကာင္ ေက်ာက္ခဲ၊ ေမာႀကီးပမ္းႀကီးနဲ႔
ဘာျဖစ္လာတာတုံး ”
ေက်ာက္ခဲဆိုတဲ့ေကာင္ က်ဳပ္ေနာက္ကို အေမာတေကာ
ေျပးလိုက္လာတာဗ်ိဳ႕။

“က်ဳပ္ ကိုႀကီးတာေတတို႔အိမ္ ေရာက္ၿပီးၿပီဗ်။
အရီးက ေျပာလိုက္လို႔ ဘုန္းႀကီးေက်ာင္းကို
လိုက္လာတာ၊ ဆရာေတာ္နဲ႔ ေတြ႕ေတာ့ တာေတ
ခုေလးတင္ ျပန္သြားၿပီဆိုလို႔ ေနာက္က ေျပးလိုက္လာတာဗ်”

“ေဟ …ဟုတ္လား၊ ဘာမ်ားျဖစ္လို႔တုံးကြ ”

က်ဳပ္နဲ႔ ေက်ာက္ခဲက လမ္းေလွ်ာက္ရင္း စကားေျပာၾကတယ္။

“ဒီလိုဗ် ကိုႀကီးတာေတရ၊ ေက်ာက္တလားေခ်ာင္းမွာ
အေခါင္းေပၚလို႔တဲ့ ”

“ေဟ ဟုတ္လား ”

“ဟုတ္တယ္ဗ် ကိုႀကီးတာေတရ”

“ႏို႔ …မင္းကို ဘယ္သူေျပာတုံး ”

“ဘိုးရွိန္းေမာင္ ေျပာတာဗ်။ သူကိုယ္တိုင္ ေတြ႕ခဲ့တာတဲ့ဗ်။
ဘိုးရွိန္းေမာင္က ႐ုံးေတာကို သြားတာတဲ့၊ ႐ုံးေတာက လူေတြ
ေျပာေနတာၾကားလို႔ ဟုတ္ရဲ႕လားဆိုၿပီး သြားၾကည့္တာတဲ့ဗ်ာ
ေက်ာက္တလုံးေခ်ာင္းမွာ ေရက ေျခသလုံးျမႇဳပ္႐ုံပဲ ရွိတာတဲ့၊
အဲဒီေရထဲမွာ အေခါင္းႀကီးေပၚလို႔တဲ့ဗ်၊ ဘိုးရွိန္းေမာင္က
ေရထဲ ေသေသခ်ာခ်ာ ဆင္းၿပီး အနားကပ္ၾကည့္ခဲ့တာတဲ့ဗ်။
ေခါင္းက ေက်ာက္ေခါင္းႀကီးဆိုပဲ၊ ဒါေပမဲ့ ဘိုးရွိန္းေမာင္
ေျပာတာကေတာ့ အင္ၾကင္းသားက ေက်ာက္ျဖစ္သြားလို႔
ေက်ာက္ေခါင္းႀကီး ျဖစ္သြားတာတဲ့၊ ေခါင္းဖုံးကေတာ့
မပြင့္ဘူးတဲ့ဗ်၊ ပိတ္လ်က္သားပဲတဲ့ ”

“ေနပါဦး ေက်ာက္ခဲရ၊ မင္းေျပာတဲ့ ဘိုးရွိန္းေမာင္ဆိုတာ
အရီးဝိုင္းစိန္ရဲ႕ ေယာက်ၤားကို ေျပာတာမို႔လား၊
ေသွ်ာင္ထုံးႀကီးနဲ႔ေလ”

“ဟုတ္ပါေကာ ကိုႀကီးတာေတရာ ”

“အဲဒီေက်ာက္တလားႀကီးက တစ္ခါ တစ္ခါ ေပၚလာတတ္တယ္လို႔
လူေတြ ေျပာၾကတာပဲကြ၊ အဲဒီေက်ာက္တလားႀကီးကို
အစြဲျပဳၿပီး ဒီေခ်ာင္းကိုလည္း ေက်ာက္တလားေခ်ာင္းလို႔
ေခၚၾကတာေလကြာ”

“ဟုတ္တယ္ေလဗ်ာ ”

“ေအး ဒါေပမဲ့ ငါ့တစ္သက္မွာေတာ့ အဲဒီေက်ာက္တလားႀကီး
ေပၚတာ တစ္ခါမွ မၾကားဖူးေသးဘူးကြ၊အရင္တုန္းက
ေျပာတာေတြကို ငါက ပုံျပင္ေတြလိုပဲ
ထင္တာ၊ အခုေတာ့ တကယ္ေပါ့”

“ဟုတ္တယ္ဗ်၊ ေက်ာက္တလားေခ်ာင္းထဲမွာ
ေက်ာက္တလားႀကီး တကယ္ေပၚေနတာတဲ့ဗ်”

“ေနာက္သတင္းတစ္ခုက ရွိေသးတယ္ဗ်”

“ေဟ ဘာသတင္းတုံး ေက်ာက္ခဲရ၊ မင္းကလည္း
႐ြာ႐ိုးကိုးေပါက္ ႏွံ႔ေနတဲ့ေကာင္ဆိုေတာ့ သတင္းကလည္း
စုံပါ့ၾကာ ”

“ညက ဘန္႔ေဘြးကုန္းနဲ႔ က်ဳပ္တို႔ ထေနာင္းကုန္းကို
တေစၦႀကီးတစ္ေကာင္က ျမင္းနဲ႔ ပတ္ၿပီး စီးေနတယ္တဲ့ဗ်။
ျမင္းစီးတာမွ ဒုန္းစိုင္းစီးတာဆိုပဲ၊ ျမင္းခြာသံေတြၾကားလို႔
တခ်ိဳ႕လူေတြေတာင္ အိပ္ရာကထၿပီး ႐ြာစည္း႐ိုးကေန
အျပင္ကို ေခ်ာင္းၾကည့္ၾကတယ္ဆိုပဲ၊ ဘာမွေတာ့
မျမင္ဘူးတဲ့ဗ်၊ ဒါေပမဲ့ ျမင္းဟီသံႀကီးက
အက်ယ္ႀကီးတဲ့ဗ်”

“ဟာ တေစၦႀကီးက ျမင္းစီးတယ္ ဟုတ္လား ေက်ာက္ခဲ ”

“ဟုတ္တယ္ဗ်”

“ႀကံႀကံဖန္ဖန္ကြာ၊ တို႔႐ြာသားေတြကေတာ့ ေျပာလိုက္ရင္
အထူးအဆန္းခ်ည္းပဲေဟ့ ”

“ဟာ ဟုတ္တယ္ဗ် ကိုႀကီးတာေတရ၊ ႐ြာထဲမွာ
လူႀကီးေတြ ေျပာေနၾကတာ၊ ဘန္႔ေဘြးကုန္းက
က်ဳပ္သူငယ္ခ်င္းေတြလည္း က်ဳပ္တို႔အိမ္လာလို႔
ေျပာသြားတယ္၊ ဘန္႔ေဘြးကုန္းမွာလည္း လူႀကီးေတြ
ဒီအေၾကာင္းပဲ ေျပာေနၾကတာဆိုပဲဗ်”

“မီးေလာင္ကုန္းက သူႀကီးသားေတြမွာ ျမင္းေတြရွိတယ္ကြ၊
တစ္ခါတေလ ဒီလူေတြက အခ်ိန္မရွိ သြားတတ္ လာတတ္တယ္
အဲဒါ ႐ြာနားက ျဖတ္သြားတာ ျဖစ္ခ်င္ျဖစ္မွာေပါ့ကြ”

“ဟာ မဟုတ္ဘူး ကိုႀကီးတာေတ၊ ဘန္႔ေဘြးကုန္းနဲ႔
ထေနာင္းကုန္းကိုပတ္ၿပီး စီးေနတာတဲ့၊ မနက္မိုးလင္းကာနီးမွ
အသံေပ်ာက္သြားတာဆိုပဲဗ်။ ၿပီးေတာ့ က်ဳပ္တို႔
ထေနာင္းကုန္းက ကိုလူေက်ာ္တို႔အိမ္က ေခြးႀကီး
မခ်ိမဆန္႔ ေအာ္ၿပီး ေသသြားတယ္တဲ့”

“ေဟ လူေက်ာ္တို႔အိမ္က ေခြးႀကီးက ဘာျဖစ္လို႔
ေသသြားတာတဲ့တုံး ”

“ညက ကိုလူေက်ာ့္ညီေတြ ႏွမ္းေတာင္ေစာင့္ေတာ့
သူတို႔ေခြးႀကီးက ယာထဲ လိုက္သြားတာတဲ့ဗ်ိဳ႕။
အဲဒါ ကိုလူေက်ာ့္ ညီႏွစ္ေယာက္ အိပ္ေနတုန္း
ေခြးက ႐ြာဘက္က ျပန္ၿပီး လာတယ္နဲ႔တူတယ္
ေခါင္းမွာ ျမင္းခြာေပါက္တဲ့ အရာႀကီး ေတြ႕တယ္တဲ့၊
ေခြး မခ်ိမဆန္႔ ေအာ္သံေရာ ျမင္းဟီသံေရာ
ညက ဆူညံသြားတာဆိုပဲဗ်”

“ေဟ ဟုတ္လား၊ ငါေတာ့ ညက အိပ္ေပ်ာ္ေနလို႔
ဘာမွ မၾကားလိုက္ဘူးကြ ”

“ဟာ ကိုႀကီးတာေတကလည္း ကိုႀကီးတို႔
က်ဳပ္တို႔ အိမ္ေတြက ႐ြာလယ္မွာဆိုေတာ့
ဘယ္ၾကားမွာတုံးဗ်၊ ႐ြာစည္း႐ုံးနဲ႔ နီးတဲ့
အေရွ႕ပိုင္းတို႔၊ အေနာက္ပိုင္းတို႔၊ ေတာင္ပိုင္း
ေျမာက္ပိုင္းတို႔က လူေတြက အတိုင္းသား
ၾကားရတာ ဆိုပဲဗ်”

“မင္းေျပာပုံ ဆိုရင္ေတာ့ ေတာ္ေတာ္ကို ထူးဆန္းတာပဲကြ
ေက်ာက္ခဲရ ဘန္႔ေဘြးကုန္းမွာလည္း ညက
ဒီအတိုင္းျဖစ္တာတဲ့လား။ ေဟ ငါတို႔႐ြာကို
တစ္ညလုံး ပတ္စီးေနမွျဖင့္ ဘန္႔ေဘြးကုန္းကို
ဘယ္ႏွယ့္လုပ္ ပတ္ၿပီး စီးမွာတုံးကြ ”

“ကိုႀကီးတာေတကလည္း ထေနာင္းကုန္းနဲ႔
ဘန္႔ေဘြးကုန္း ႏွစ္႐ြာပတ္တာ ေနမွာေပါ့ဗ်၊
က်ဳပ္တို႔ ႐ြာႏွစ္႐ြာက တစ္ဆက္တည္းလို
ျဖစ္ေနတာကိုဗ်”

“ေအး ဒါေတာ့ ျဖစ္ႏိုင္တယ္ကြ ”

“ဘန္႔ေဘြးကုန္းက ေခြးႏွစ္ေကာင္လည္း ညက
ေသသြားသတဲ့ဗ်၊ ကိုလူေက်ာ္တို႔ အိမ္က ေခြးလိုပဲ
ေခါင္းမွာ ျမင္းခြာေပါက္တဲ့ အရာႀကီးေတြနဲ႔
ေသေနတာဆိုပဲ၊ သူတို႔လည္း ညက ေခြးမခ်ိမဆန္႔
ေအာ္သံေတြေရာ ျမင္းဟီသံႀကီးေရာ ၾကားရတာတဲ့ဗ်”

“ေဟ ဟုတ္လားကြ ”

က်ဳပ္စဥ္းစားတယ္။ ေတာ္ေတာ္ေတာ့ ထူးဆန္းတဲ့ အျဖစ္ဗ်။
ဒီလိုျမင္းဒုန္းစိုင္းစီးတဲ့ တေစၦမ်ိဳး က်ဳပ္ျဖင့္ မၾကားဖူးပါဘူးဗ်ာ၊
ဘာပဲျဖစ္ျဖစ္ ဒီညေတာ့ ဒီကိစၥကို က်ဳပ္စုံစမ္းရေတာ့မွာေပါ့ဗ်ာ။
ေက်ာက္ခဲ ဆိုတဲ့ေကာင္ကေတာ့ က်ဳပ္ငယ္ငယ္က အတိုင္းပဲဗ်။
အားႀကီးစပ္စုတဲ့ေကာင္။ ညကိုးနာရီေလာက္မွာ ဒီေကာင္နဲ႔
သံမဏိ က်ဳပ္တို႔ဝိုင္းထဲ ေရာက္လာတယ္။

“ေဟ့ေကာင္ေတြ အခ်ိန္မေတာ္ႀကီးက်မွ ဘယ္သြားဦးမွာတုံး ”

“ဟာ ဘယ္သြားရမွာတုံးဗ်။ ကိုႀကီးတာေတဆီကို
လာတာေပါ့၊ ကိုႀကီးတာေတ ဒီည ျမင္းစီးတေစၦကို
ေစာင့္ၾကည့္မွာမို႔လား ”

“ေဟ မင္းတို႔ကို ဘယ္သူက ေျပာလဲ ”

“ကိုႀကီးတာေတကလည္းဗ်ာ၊ က်ဳပ္တို႔က ကိုႀကီးရဲ႕
ညီေတြပါ။ ကိုယ့္အစ္ကိုအေၾကာင္း က်ဳပ္တို႔ မသိဘဲ
ေနပါ့မလားဗ်ာ၊ ဒီညေတာ့ ကိုႀကီးတာေတ က်ိန္းေသ
စုံစမ္းေတာ့မယ္ဆိုတာ ေတြးၿပီးသားပါဗ်ာ”

“ဟား ဟား ဟား ဟား မင္းတို႔ ေတာ္ေတာ္လည္တဲ့
ေကာင္ေတြပဲ၊ ေအး ဟုတ္တယ္၊ ငါ ဒီည ၾကည့္မလို႔ကြ၊
ဒါေပမဲ့ မင္းေျပာတဲ့ ျမင္းစီးတေစၦက ဘယ္အခ်ိန္လာမွန္း
မသိတာ ခက္တယ္ကြ ”

“ဟာ ကိုႀကီးတာေတကလည္း ႐ြာေျမာက္ပိုင္းက
က်ဳပ္ သူငယ္ခ်င္း တုတ္ေပါ ေျပာတာကေတာ့
ညသန္းေခါင္ေက်ာ္ေလာက္မွာ စျဖစ္တာတဲ့ဗ်။
ဒီအတြက္ေတာ့ မပူပါနဲ႔ဗ်ာ။ တုတ္ေပါကို
က်ဳပ္ မွာထားခဲ့ၿပီးပါၿပီ။ ဒီေကာင္လည္း ေစာင့္မွာတဲ့ဗ်။
ျမင္းခြာသံေတြ ၾကားတာနဲ႔ ဒီေကာင္တုတ္ေပါက
က်ဳပ္တို႔ကို ေခၚလိမ့္မယ္ ”

“ေဟ တုတ္ေပါက ငါ့အိမ္ကို သိလို႔လားကြ ေက်ာက္ခဲရ”

“ဟာ ကိုႀကီးတာေတကလည္း ထေနာင္းကုန္းမွာ
ကိုႀကီးတာေတအိမ္ကို မသိတဲ့လူ ရွိမလားဗ်။
ကေလးအငယ္ေလးေတြကအစ သိတာဗ်”

“ဟား ဟား ဟား ဟား မင္းကေတာ့ စကားေျပာရင္
နည္းနည္းကို ပိုေျပာရမွ သေဘာက်တဲ့ေကာင္ပဲကြာ”

မန္က်ည္းပင္ေအာက္က ကြပ္ပ်စ္ေပၚမ်ာ က်ဳပ္နဲ႔
ေကာင္ေလးႏွစ္ေယာက္ တီးတိုး တီးတိုး ေျပာေနတာကို
အေမက နားစြံ နားဖ်ား ၾကားသြားပုံရတယ္ဗ်။
အိမ္ေပၚကေန ဆင္းလာၿပီး က်ဳပ္ကို ေမးတယ္။

“ဟဲ့ တာေတ၊ နင္ ညက ျမင္းဟီသံႀကီးအေၾကာင္းၾကားၿပီးပလား ”

“ဟုတ္ကဲ့ ၾကားတယ္ အေမ၊ တျခားသူေျပာတာေတာ့
မဟုတ္ဘူးဗ်၊ ေဟာဒီေကာင္ ေက်ာက္ခဲေျပာတာ ”

“ဟာ ေက်ာက္ခဲေျပာရင္ ဟုတ္မွာေပါ့ဟဲ့၊ ေက်ာက္ခဲက
ထေနာင္းကုန္း စုံေထာက္ပဲဟာ ”

အေမက ေက်ာက္ခဲကို စတာဗ်။

“ဟာ အရီးကလည္း က်ဳပ္က စုံေထာက္မဟုတ္ပါဘူးဗ်၊
သိခ်င္တာပါ ”

ေက်ာက္ခဲကသာ စကားကို တတြတ္တြတ္ ေျပာတာဗ်။
သံမဏိကေတာ့ ဘာမွမေျပာဘဲ သူမ်ားေျပာသလိုပဲ
နားေထာင္ေနတာ၊ ရယ္စရာရွိရင္ေတာ့ ရယ္တယ္ဗ်။

“ကဲ ေနၾကဦး၊ အရီး ေရေႏြးတစ္အိုးက်ိဳၿပီး လက္ဖက္
သုတ္လိုက္ဦးမယ္၊ နင္တို႔ဘိုးကေတာ့ ေနမေကာင္းခ်င္သလို
ျဖစ္လို႔တဲ့၊ အိပ္ရာထဲ ဝင္အိပ္ေနတယ္ ”

“ဘာတုံး အရီး ဘိုးဥာဏ္ ဖ်ားလို႔လား ”

“ဖ်ားေတာ့ မဖ်ားပါဘူး၊ ကိုယ္လက္ေတြ နည္းနည္း
နာလို႔တဲ့ ေက်ာက္ခဲရ”

ခဏၾကာေတာ့ အေမ ယူလာေပးတဲ့ အၾကမ္းအိုးနဲ႔
လက္ဖက္ပြဲကို ေက်ာက္ခဲကပဲ ဆီးယူလိုက္တယ္
အေမက ေအာက္ကို ဆင္းမလာေတာ့ဘူး

က်ဳပ္တို႔ သုံးေယာက္ပဲ အၾကမ္းေသာက္လိုက္၊ လက္ဖက္
စားလိုက္၊ က်ဳပ္က ေဆးေပါ့လိပ္ကေလး ဖြာလိုက္ေပါ့ဗ်ာ။
ညဆယ့္ႏွစ္နာရီနီးေတာ့ က်ဳပ္က အိမ္ေပၚတက္ၿပီး
မ်က္ကြင္းေဆး ကြင္းတယ္။ ၿပီးေတာ့ အိမ္တံခါးေသာ့ခတ္ၿပီး
က်ဳပ္နဲ႔ ေကာင္ေလးႏွစ္ေယာက္ ထြက္လာခဲ့တယ္။

“ေက်ာက္ခဲ၊ ေဟ့ေကာင္ ေက်ာက္ခဲ ”

က်ဳပ္တို႔ ႐ြာလမ္းေပၚ ထြက္႐ုံရွိေသးသဗ်ာ၊
ေျပးလာတဲ့ ေကာင္ေလးတစ္ေယာက္ကို ေတြ႕လိုက္တယ္

“ဟာ ေဟ့ေကာင္ တုတ္ေပါ ဘာတုံး ”

“ျမင္းစီးတေစၦ ေရာက္ေနၿပီကြ၊ ႐ြာကို တစ္ပါတ္ေတာင္
ပါတ္သြားၿပီ၊ လူေတြလည္း ႐ြာစည္း႐ိုးနားကပ္ၿပီး
ေခ်ာင္းၾကည့္ေနၾကတယ္၊ ဘာမွေတာ့ မျမင္ပါဘူးကြာ၊
ညကလိုပါပဲ၊ ျမင္းခြာသံနဲ႔ ျမင္းဟီသံႀကီးပဲ ၾကားရတာပါ”

က်ဳပ္တို႔လည္း တုတ္ေပါ ေခၚတဲ့ေနာက္ကို
လိုက္ခဲ့ၾကတယ္ဗ်ိဳ႕။ တုတ္ေပါက ႐ြာစည္း႐ုံးနား
ကပ္သြားတယ္

“လာဗ်၊ ကိုႀကီးတာေတ၊ ဒီမန္က်ည္းပင္ႀကီးေပၚက
တက္ၾကည့္ရင္ ႐ြာျပင္ကို အတိုင္းသား ျမင္ရတယ္ဗ်”

ေျပာေျပာဆိုဆိုနဲ႔ တုတ္ေပါက ေရွ႕ကတက္တယ္။
က်ဳပ္တို႔က ေနာက္က တက္ၾကရတာေပါ့ဗ်ာ။
တုတ္ေပါ ေျပာတာ ဟုတ္သားဗ်။ မန္က်ည္းပင္ႀကီး
ေပၚက ၾကည့္လိုက္ေတာ့ ႐ြာျပင္ကို အတိုင္းသား
ျမင္ေနရတာဗ်။ က်ဳပ္တို႔ မန္က်ည္းပင္ေပၚကို
ေရာက္လို႔ ေတာ္ေတာ္ၾကာတဲ့အထိ ဘာသံမွာ
မၾကာရဘူးဗ်။ဧကႏၲ ျမင္းစီတေစၦက သူု႔ျမင္းကို
ဘန္႔ေဘြးကုန္းဘက္ကို ပါတ္စီးေနလို႔ ျဖစ္မယ္ဗ်။

“ေဟာ လာၿပီဗ်”

တုတ္ေပါက အသံခပ္အုပ္အုပ္နဲ႔ လွမ္းေျပာတယ္။
တုတ္ေပါ ေျပာတာ ဟုတ္တယ္ဗ်ိဳ႕။ ျမင္းခြာသံကို
ၾကားရၿပီဗ်။က်ဳပ္လည္း ျမင္းခြာသံ ၾကားရတဲ့
ဘက္ကို ၾကည့္လိုက္ေတာ့ ဖုန္ေတြ တေထာင္းေထာင္း
ထေနတာကို ေတြ႕ရတယ္ဗ်ိဳ႕။ ဟာ ျမင္းစီးလာတာ
ေသခ်ာတာေပါ့ဗ်ာ။ ေဟာ နီးလာၿပီဗ်ိဳ႕။
က်ဳပ္တို႔နဲ႔ နီးလာၿပီ။ က်ဳပ္ မန္က်ည္းကိုင္းႀကီး
ေပၚမွာ မတ္တတ္ရပ္လိုက္တယ္။ ပိုၿပီး ျမင္ေအာင္လို႔
ေပါ့ဗ်ာ။ လေရာင္မွိန္မွိန္ကေလးရွိေတာ့ ဝါးဝါးေလး
ေတြ႕ေနရတာဗ်။

“ခြပ္၊ ခြပ္၊ ခြပ္၊ ခြပ္၊ ဟီ၊ ဟီ၊ ဟီ၊ ဟီ ”

ဟာ ျမင္းႀကီးဗ်ာ၊ နည္းတဲ့အေကာင္ႀကီး၊ မဟုတ္ဘူးဗ်ိဳ႕။
ေဒါက္ႀကီးမွဗ်ာ နည္းတာမဟုတ္ဘူးဗ်။ အေရာင္က
အနက္ႀကီးဗ်။ ျမင္းေပၚမွာလည္း ဝတ္႐ုံအနက္ႀကီး
ဝတ္ထားတဲ့လူဗ်။ ဝတ္႐ုံမည္းႀကီးက ေလထဲမွာကို
လြင့္ေနတာဗ်။ ဟာ ေခါင္းမပါဘူးဗ်ိဳ႕

ေခါင္းျပတ္ႀကီးဗ်။ အလို ေခါင္းျပတ္ႀကီးကို လက္ထဲမွာ
ကိုင္ထားတာပဲဗ်။ ေအာင္မယ္ေလး က်ဳပ္ျဖင့္ ၾကက္သီးေတြ
သြားလိုက္တာဗ်ာ။

“ဟီး ဟီး ဟီး ဟီး ”

ဟာ ျမင္းႀကီး တုံ႔ကနဲ ရပ္လိုက္ၿပီဗ်ိဳ႕။ ေဟာ ေဟာ
ပဒပ္ထရပ္လိုက္ၿပီ။ တိုက္တိုက္ဆိုင္ဆိုင္ဗ်ာ။ က်ဳပ္တို႔
တည့္တည့္ေရာက္မွ ျမင္းက ပဒပ္ထရပ္တာဗ်ာ။ဒီေတာ့
က်ဳပ္ ေသေသခ်ာခ်ာ ျမင္ရတာေပါ့။

ျမင္းနက္ႀကီးကလည္း အႀကီးႀကီးဗ်။ အေပၚက
စည္းလာတဲ့ ဝတ္႐ုံမည္းမည္းနဲ႔ အေကာင္ႀကီးကလည္း
အႀကီးႀကီးပဲဗ်။ ေခါင္းျပတ္ႀကီးဗ်ာ။ သူ႔ေခါင္းျပတ္ႀကီးကို
သူ႔လက္တစ္ဖက္က ကိုင္ထားတာဗ်။

ေဟာ သြားၿပီး၊ သြားၿပီ၊ ျမင္းကို ဆက္ၿပီးဒုန္းစိုင္းသြားၿပီ၊
ဖုန္ေတြမွ အလုံးလိုက္ကို ထက်န္ရစ္တာဗ်ိဳ႕။ က်ဳပ္တို႔
ထပ္မေစာင့္ေတာ့ဘူး၊ ေနာက္တစ္ပါတ္လာဖို႔က
ေတာ္ေတာ္ေလး ၾကာဦးမွာဗ်။ က်ဳပ္တို႔လည္း မန္က်ည္း
ပင္ေပၚက ဆင္းၿပီး အိမ္ျပန္ခဲ့ၾကတယ္။

ေက်ာက္ခဲနဲ႔သံမဏိလည္း အိမ္ျပန္သြားၾကၿပီ။
တုတ္ေပါဆိုတဲ့ ေကာင္ေလးကေတာ့
မန္က်ည္းပင္ေပၚမွာ ေနခဲ့သဗ်။

ဒီအတိုင္းေတာ့ မျဖစ္ေတာ့ဘူးေလဗ်ာ၊
ေနာက္တစ္ေန႔မွာ က်ဳပ္နဲ႔က်ဳပ္ေကာင္ေလး
ႏွစ္ေယာက္ ျပင္ၾကဆင္ၾကရတာေပါ့ဗ်ာ၊
ဘန္႔ေဘြးကုန္းဘက္က အမဲသား လာေရာင္းတာနဲ႔
တစ္ပိႆာ ဝယ္ၿပီး ခ်က္လိုက္တယ္။
ခါတိုင္းလိုပဲ ေက်ာက္ခဲက မီးေလာင္ကုန္းက
ေဒၚတုတ္ကို သြားေခၚတယ္။

ညရွစ္နာရီေလာက္မွာ က်ဳပ္တို႔ ထမင္းေတာင္း
ကေလးနဲ႔ ထေနာင္းကုန္းသခ်ႋဳင္းထဲကို
ေရာက္ခဲ့တယ္။ က်ဳပ္က အုတ္ဂူႀကီးေပၚမွာ
ထမင္းထုပ္လာတဲ့ ငွက္ေပ်ာဖက္ကို ျဖန္႔ခင္းၿပီး
ထမင္းပြဲျပင္တယ္။ ေရဖလားတစ္လုံးနဲ႔
ေရအျပည့္ခပ္ထားတယ္။

“သခ်ႋဳင္းရွင္မႀကီး မဖဲဝါဗ်ာ၊ ထေနာင္းကုန္း႐ြာက
ကြၽႏ္ုပ္ တာေတက မဖဲဝါကို တေလးတစား
ပင့္ဖိတ္ပါတယ္ဗ်ာ၊ မဖဲဝါအတြက္ စားပြဲေသာက္ပြဲ
ေတြလည္း အဆင္သင့္ျပင္လို႔ေပါ့ဗ်ာ၊ အခုခ်က္ခ်င္း
ႂကြခဲ့ပါ မဖဲဝါခင္ဗ်ာ ”

က်ဳပ္က ေနာက္တစ္ေခါက္ ထပ္ပင့္တယ္။
ၿပီးေတာ့ ေနာက္တစ္ေခါက္ …

“ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ ဝူး၊ အီး၊ အီး၊ အီး ”

ေဟာ မဖဲဝါ လာၿပီဗ်ိဳ႕။ သူ႔ေခြးႀကီးေတြအသံကို
က်ဳပ္ၾကားေနရၿပီဗ်ိဳ႕၊ ေဟာ၊ ေဟာ၊ ဂူေတြအေပၚက
ရွပ္ၿပီး ေ႐ြ႕လာတာဗ်ိဳ႕။

“ဟီး ဟီး ဟီး ဟီး ဟီး ”

ေဟာ ေဒၚတုတ္ဆီကို ဝင္သြားၿပီဗ်ိဳ႕။ ေဒၚတုတ္
လက္ႀကီးေတြ ေကြးေကာက္ၿပီး အေပၚကို ေျမာက္တက္
လာတယ္ဗ်။ ဆံပင္ဖားလ်ားႀကီး ခ်ထားတဲ့
ေဒၚတုတ္က မတ္တတ္ရပ္လိုက္တယ္၊ ဟာ
ေဒၚတုတ္ ခုန္ၿပီဗ်ိဳ႕၊ ခုန္ၿပီ။ လႊားကနဲ ေနတာပဲဗ်ာ။

ဂူေပၚေရာက္တာနဲ႔ ဒူးႀကီးေထာင္ၿပီး စားေတာ့တာပါပဲဗ်ာ၊
မဖဲဝါက ၾကက္သားထက္ အမဲသားကို ပိုႀကိဳက္ပုံရတယ္ဗ်။
စားလိုက္တာဗ်။ အားရပါးရကို စားတာဗ်ိဳ႕။

ေဟာ ေဟာ ၾကည့္ၿပီ၊ ၾကည့္ၿပီ၊ က်ဳပ္ကို ၾကည့္ၿပီဗ်။

“ဒီလိုပါ၊ သခ်ႋဳင္းရွင္မႀကီးဗ်ာ၊ က်ဳပ္တို႔ ထေနာင္းကုန္းနဲ႔
ဘန္႔ေဘြးကုန္းကိုပါတ္ၿပီး ေခါင္းမပါတဲ့ သရဲႀကီးတစ္ေကာင္
ျမင္းနက္ႀကီး ဒုန္းစိုင္းစီးေနတာ သုံးည ရွိပါၿပီ မဖဲဝါ၊
ၿပီးေတာ့ ေခါင္းျပတ္ႀကီးတစ္ခုကို သူ႔လက္ထဲမွာ
ကိုင္ထားပါတယ္၊ ဘာအတြက္ ႐ြာကို ပတ္ၿပီး
ျမင္းႀကီးစီးေနတယ္ဆိုတာ သိခ်င္လို႔ပါ မဖဲဝါဗ်ာ”

“မဖဲဝါက ဘာမွမေျပာဘဲ ဆက္စားေနတယ္ဗ်။
အားလုံးစားေသာက္ၿပီးေတာ့မွ …

“တာေတ အဲဒါ စစ္သူႀကီးရဲ႕ ဝိညာဥ္ဟဲ့၊ ေက်ာက္တလား
ေခ်ာင္းမွာ အေခါင္းႀကီးေပၚလာလို႔ သူ႔ဝိညာဥ္ ထြက္လာတာ”

“ေၾသာ္ ”

“သူ စစ္ထြက္ခါနီးမွာ သူ႔အရွင္သခင္ ဘုရင္မင္းျမတ္က
သူ႔ရဲ႕ သန္လ်က္ကိုဝင့္ၿပီး ‘ေမာင္မင္း စစ္ကို ႏိုင္ေအာင္
တိုက္ေပးေတာ့၊ တကယ္လို႔ ေမာင္မင္း မႏိုင္ခဲ့ရင္
ငါကိုယ္ေတာ္ ခြင့္မလႊတ္ဘူးလို႔သာ မွတ္ေပေတာ့ ‘လို႔
ေျပာလိုက္တယ္၊ အဲဒီဘုရင္ရဲ႕ သန္လ်က္က ႐ိုး႐ိုး
မဟုတ္ဘူး။ ေမွာ္ဝင္သန္လ်က္ဟဲ့၊ ဒီစစ္ပြဲမွာ
စစ္သူႀကီးတိုက္ပြဲ က်တယ္၊ ေခါင္းျဖတ္ခံလိုက္ရတာ၊
သူ႔စစ္သားေတြက သူ႔ကို အင္ၾကင္းသားကို
ေခါင္းထြင္းၿပီး ျမႇဳပ္ႏွံသၿဂႋဳဟ္ေပးခဲ့တယ္။ ဒါေပမဲ့
ဘုရင့္အမိန္႔ဟာ က်ိန္စာလို ျဖစ္ၿပီး ခုထိ
မကြၽတ္မလြတ္ႏိုင္ဘူး တာေတ”

“ဟာ သနားစရာပါလားဗ်ာ ”

“ေအး အခု သူ႔ဝိညာဥ္အျပင္ေရာက္ေနတဲ့အခ်ိန္မွာ
သူ႔ရဲ႕ အရွင္သခင္ကို လိုက္ရွာေနတာဟဲ့ ”

“ေၾသာ္ ”

“အဲဒီစစ္သူႀကီးကို ကယ္ဖို႔က နည္းလမ္းတစ္ခုပဲ ရွိတယ္ ”

“ေျပာပါ မဖဲဝါ၊ က်ဳပ္ လုပ္ပါ့မယ္ ”

“ေက်ာက္တလားေခ်ာင္းမွာ ေတာင္ဘက္႐ိုးနဲ႔
ေျမာက္ဘက္႐ိုး ႏွစ္ခု ရွိတယ္မို႔လား၊ နင္ ေျမာက္ဘက္႐ိုးကို
သြား၊ တစ္ႏွစ္လုံး တစ္ခါမွ အ႐ြက္မထြက္တဲ့ သစ္ေျခာက္
ပင္ႀကီးရွိတယ္၊ အဲဒီ သစ္ေျခာက္ပင္ႀကီးမွာ သရဲတစ္ေကာင္
ေနတယ္၊ အဲဒီသရဲဟာ အင္မတန္မွ အကုသိုလ္ႀကီးတဲ့
အေကာင္၊ သစ္ကိုင္းႀကီး တစ္ကိုင္းမွာ ေျခေထာက္ေတြ
ခ်ိတ္ၿပီး အၿမဲေဇာက္ထိုးေနရတာ၊ သူ႔ကို တျခား
သရဲေတြက ‘ေဇာက္ထိုး ‘လို႔ေခၚတယ္၊ အၿမဲတမ္း
ေဇာက္ထိုးေနရတဲ့အေကာင္၊ တစ္ကိုယ္လုံးမွာ
အေမြးမည္းမည္းႀကီးေတြ ဖုံးေနတယ္၊ စားရင္လည္း
အသားစိမ္း၊ ငါးစိမ္းပဲ စားရတယ္၊ ေျမႀကီးမွာ
သြားရင္လည္း လက္ႏွစ္ဖက္နဲ႔ ေထာက္သြားရတာ၊
ေျခေထာက္ႏွစ္ေခ်ာင္း အေပၚမွာ အၿမဲေကြးထားရတယ္၊
သူ႔လက္ႏွစ္ဖက္ကလည္း ေျခေထာက္ေတြလို
သန္မာေနတာဟဲ့၊ သူေနတဲ့ ေနရာနားကို ေရာက္လာတဲ့
သရဲတေစၦေတြေရာ လူေတြေရာ ဘယ္သူ႔ကိုမွ
အလြတ္မေပးဘူး၊ ခဲလုံးကို ေျခေထာက္နဲ႔
ညႇပ္ၿပီး ေျခေထာက္ႏွစ္ဖက္နဲ႔ ခဲပစ္တာ၊
မထိတဲ့အခါ လုံးဝ မရွိဘူး၊ သူ႔ခဲထိတဲ့ လူဆိုရင္
သုံးလအတြင္း ပိန္ခ်ဳံးလာၿပီး ေသေရာ၊ နင္
ေျမာက္ဘက္႐ိုးက ေဇာက္ထိုးဆီကို သြားေပေတာ့ ”

“ဗ်ာ”

က်ဳပ္ မဖဲဝါေျပာတာကို အံ့ၾသသြားတယ္ဗ်ာ။

“ေဇာက္ထိုးက အဲဒီလို ၾကမ္းတမ္းရက္စက္ေပမဲ့
ေမွာ္ဝင္ပစၥည္းေတြ ေစာင့္ရတဲ့ သရဲဟဲ့၊ နင့္ သူ႔ကို
အစာေကြၽး အနားမကပ္နဲ႔ ေဝးေဝးက ပစ္ေကြၽး၊
ၿပီးရင္ ငါ လႊတ္လိုက္တယ္ လို႔ ေဇာက္ထိုးကို
ေျပာလိုက္၊ ငါ့ ကိုယ္ပြား႐ုပ္ကေလးလည္း
ယူသြား၊ အဲဒါ ျပလိုက္၊ သူ နာခံလိမ့္မယ္။
ေမွာ္ဝင္သန္လ်က္ ခဏဌားပါလို႔ ေျပာလိုက္၊
ကိစၥၿပီးတာနဲ႔ ခ်က္ခ်င္းျပန္ပို႔မယ္လို႔ေျပာ၊
နင္ သူနဲ႔ေတြ႕ရင္ သတိမလစ္ေစနဲ႔ ၊ သတိ
လစ္တာနဲ႔ ေဇာက္ထိုးက နင့္ကို သတ္မွာပဲ၊
ၿပီးေတာ့ နင္ မွတ္ထား တာေတ၊ သူ႔ကို
ေက်ာေပးလိုက္ ၿပီးရင္ ဘယ္ေတာ့မွ ျပန္လွည့္
မၾကည့္ရဘူး၊ သူက နင့္နာမည္ကို ခ်က္ခ်င္း
သိလိမ့္မယ္၊ နင့္ နာမည္ကို ေအာ္ေခၚရင္
ထူးလည္း မထူးနဲ႔၊ လွည့္လည္း မၾကည့္နဲ႔၊
သတိလစ္ၿပီး လွည့္ၾကည့္တာတို႔ ထူးတာတို႔
လုပ္ရင္ နင္ ေနရာမွာတင္ လဲက်ၿပီး
ခ်က္ခ်င္း ေသသြားလိမ့္မယ္၊ ၾကားလား ”

“ေကာင္းပါၿပီ၊ မဖဲဝါ ”

“နင္ သန္လ်က္ ရလာၿပီးရင္ ျမင္းစီးလာတဲ့
စစ္သူႀကီး တေစၦရဲ႕ ေရွ႕က ပိတ္ရပ္ၿပီး သန္လ်က္ကို
ဝင့္လိုက္၊ ၿပီးရင္ နင္က သူ႔ရဲ႕ ဘုရင္လို႔ သေဘာထားၿပီး
သူ႔ကို ခြင့္လႊတ္တဲ့အေၾကာင္း ေျပာလိုက္၊ သူ
ကြၽတ္သြားလိမ့္မယ္၊ ကိစၥၿပီးတာနဲ႔ ေမွာ္ဝင္
သန္လ်က္ကို ေဇာက္ထိုးဆီ ျပန္ပို႔လိုက္ တာေတ”

“ေကာင္းပါၿပီ၊ မဖဲဝါ၊ က်ဳပ္ေဇာက္ထိုးဆီ သြားမယ္ ”

မဖဲဝါ ေဒၚတုတ္ကိုယ္ကေန ခြာသြားၿပီ။ေဒၚတုတ္
အုတ္ဂူႀကီးေပၚ လဲက်သြားတယ္။ က်ဳပ္နဲ႔ ေက်ာက္ခဲက
ေျပးၿပီး ေပြ႕ထူေပးၾကရတာေပါ့ဗ်ာ၊ မ်က္ႏွာကို
ေရနဲ႔ေတာက္လိုက္ေတာ့မွ ေဒၚတုတ္ သတိရျပန္ရလာတယ္။

က်ဳပ္တို႔႐ြာ ျပန္ေရာက္ေတာ့ တစ္ခ်ိဳ႕အိမ္က လူေတြေတာင္
အိပ္ေနၾကၿပီဗ်၊ ေနာက္တစ္ေန႔ ေနမပူခင္ က်ဳပ္႐ြာက
ထြက္ခဲ့တယ္။ ၾကက္ႏွစ္ေကာင္ကို ေရွ႕တစ္ေကာင္၊
ေနာက္တစ္ေကာင္၊ ထမ္းပိုးနဲ႔ ထမ္းလို႔ေပါ့ဗ်ာ။

ထမင္းစားခ်ိန္ေရာက္ေတာ့ လမ္းမွာပဲ ခဏနားၿပီး
ထမင္းထုပ္ ျဖည္စားလိုက္တယ္။ ေက်ာက္တလားေခ်ာင္းကို
က်ဳပ္ေရာက္ေတာ့ ညေနသုံးနာရီေလာက္ ရွိၿပီဗ်။
က်ဳပ္ ေျမာက္႐ိုးဘက္ကို အသာေလး
သြားၿပီး ႐ိုးေဘးက ကိုင္းေတာႀကီးထဲမွာ ပုန္းေနလိုက္တယ္။
က်ဳပ္က မ်က္ကြင္းေဆး ကြင္းလာတာဗ်။ ကိုင္းေတာ
ႀကီးထဲကေန က်ဳပ္သစ္ပင္ႀကီးေတြ လိုက္ၾကည့္တယ္
က်ဳပ္ ပုန္းၿပီး ထိုင္ေနတဲ့ ေနရာနဲ႔ တည့္တည့္မွာ
သစ္ပင္ေျခာက္ႀကီးဗ်ာ အနားမွာ စိမ္းစိမ္းစိုစိုနဲ႔
သမုန္းပင္ေတြ ေပါက္လို႔ဗ်။

အဲဒီထဲမွာမွ ထေနာင္းပင္ႀကီး တစ္ပင္က
အ႐ြက္တစ္႐ြက္မွ မရွိဘဲ ေျခာက္ေသြ႕ေနတာဗ်ိဳ႕

ေဟာ ေတြ႕ၿပီ ၊ ေတြ႕ၿပီ၊ ေတာင္ဘက္က သစ္ကိုင္ႀကီး
မွဗ်၊ ေျခေထာက္ေတြနဲ႔ သစ္ကိုင္းကိုခ်ိတ္ၿပီး
ေဇာက္ထိုးႀကီးဗ်။ တစ္ကိုယ္လုံးလည္း အေမြးေတြ
ဖုံးေနတာဗ်။ လင္းဆြဲႀကီး တစ္ေယာက္လို ေဇာက္ထိုးႀကီး
အၿမဲေနရတဲ့ သရဲမ်ိဳး က်ဳပ္ ဒီတစ္ခါပဲ ျမင္ဖူးေသးတယ္ဗ်ာ။

ေဟာ ဆင္းလာၿပီဗ်ိဳ႕။ ဆင္းလာၿပီ။ ဟာ သစ္ပင္ကို
ေဇာက္ထိုးႀကီး ဆင္းလာလိုက္တာ ျမန္လိုက္တာဗ်ာ။
ဟာ ေဇာက္ထိုးႀကီး သြားတာဗ်ိဳ႕။ ေျမႀကီးေပၚ
ေရာက္ေတာ့ လက္ႀကီးႏွစ္ဖက္ေထာက္ၿပီး
ေဇာက္ထိုးႀကီး သြားေနတာဗ်။

ေျခေထာက္ႏွစ္ေခ်ာင္းက ဒူးေခါင္းေနရာကေန ေကြးၿပီး
ႏွစ္ဖက္ လိမ္ထားတာဗ်ိဳ႕။ ျမန္လိုက္တာဗ်ာ။
လက္နဲ႔ သြားေနက် အေကာင္ဆိုေတာ့ လွစ္ခနဲ
လွစ္ခနဲ ေနတာဗ်ိဳ႕။ ေဟာ က်ဳပ္ရွိတဲ့ ဘက္ကို
လာတာဗ်။ ဒါေပမဲ့ က်ဳပ္က ႐ိုးထိပ္ဘက္မွာ၊
ေဇာက္ထိုးက က်ဳပ္နဲ႔ ေတာ္ေတာ္လွမ္းပါေသးတယ္။

ဟာ ေရစပ္ကို ေရာက္ေတာ့ ဝမ္းလ်ားႀကီးေမွာက္ခ်
လိုက္တယ္ဗ်ိဳ႕၊ ေဟာ ေဟာ သူ႔လက္ႏွစ္ဖက္နဲ႔
ေရေတြကို ယက္ေနတာဗ်။ ဘာလုပ္တာတုံးလို႔
က်ဳပ္ ေသေသခ်ာခ်ာ ၾကည့္တယ္

ဟာ ငါးေတြ ေပၚလာၿပီဗ်ိဳ႕။ ေရထဲက ငါးေလးေတြ
တဖ်ပ္ဖ်ပ္ခုန္ၿပီး ေဇာက္ထိုးရဲ႕ ေရွ႕မွာ ေပၚလာၾကတာဗ်။

“ဖ်န္း ” “ဖ်န္း ”

ေဟာ ေဇာက္ထိုးက ငါးေလးေတြကို လက္နဲ႔ဖမ္းၿပီး
သူ႔ပါးစပ္ႀကီးထဲကို ထည့္ေရာဗ်ိဳ႕။ ေအာင္မယ္ေလး
သရဲေဇာက္ထိုးရဲ႕ ပါးစပ္ႀကီးထဲမွာ အစြယ္ေတြမွ
ေဖြးေနတာဗ်ိဳ႕။ က်ဳပ္ျဖင့္ ၾကက္သီးေတာင္
တဖ်န္းဖ်န္း ထလို႔ဗ်ာ။ ေဟာ ေဟာ ငါးႏွစ္ေကာင္
သုံးေကာင္ စားၿပီးေတာ့ ေဇာက္ထိုး ျပန္ထြက္သြား
တယ္ဗ်။ လာတုန္းကလည္း လက္ႏွစ္ဖက္နဲ႔
ေထာက္ၿပီး ေဇာက္ထိုးႀကီး ျပန္သြားတာဗ်။

က်ဳပ္လည္း ၾကက္ႏွစ္ေကာင္ပါတဲ့ ထမ္းပိုးကို
ေကာက္ထမ္းလိုက္တယ္။

ကိုင္းေတာထဲကေန က်ဳပ္ တိုးထြက္လိုက္ေတာ့
က်ဳပ္ထမ္းလာတဲ့ၾကက္ႏွစ္ေကာင္က လန္႔ၿပီး ေအာ္ေရာဗ်ိဳ႕။

“ကစ္ ကစ္ ကစ္ ကစ္ ”

ေဇာက္ထိုးက ၾကက္ေအာ္သံေတြ ၾကားသြားတယ္ဗ်။
ေနာက္ကို လွည့္လာၿပီး ၾကည့္တယ္။ တစ္ကိုယ္လုံး
လွည့္ရတာေပါ့ဗ်ာ။ ေဟာ ေဇာက္ထိုး က်ဳပ္ကို
ျမင္သြားၿပီဗ်။ က်ဳပ္လည္း ၾကက္ထမ္းလာတဲ့
ထမ္းပိုးကို ျမက္ပင္ေတြေပၚကို ပစ္ခ်လိုက္တယ္

“ကစ္ ကစ္ ကစ္ ကစ္ ကစ္ ကစ္ ”

ၾကက္ႏွစ္ေကာင္ကလည္း လန္႔ၿပီး ေအာ္တာေပါ့ဗ်ာ။
ဟာ ျမန္လိုက္တဲ့ သရဲဗ်ာ။ ေဇာက္ထိုးႀကီး ေျပးသြားတာဗ်ိဳ႕။
ဟာ ခဲတစ္လုံးကို ေျခေထာက္နဲ႔ ညႇပ္ၿပီး ေကာက္လိုက္ၿပီ။

ဟာ ပစ္ၿပီဗ်ိဳ႕။ က်ဳပ္ကို ပစ္ၿပီဗ်ိဳ႕။ က်ဳပ္သာ မ်က္ကြင္းေဆး
ကြင္းမထားရင္ ေနရာမွာတင္ ပြဲခ်င္းၿပီးသြားႏိုင္တယ္ဗ်ာ။

“ဝွီး”

သရဲေဇာက္ထိုးႀကီး ေျခေထာက္နဲ႔ လႊဲၿပီး ပစ္လိုက္တဲ့
ခဲလုံးကို က်ဳပ္ အသာေလးေရွာင္ေပးလိုက္ရတယ္။
ေခါင္းနဲ႔ တစ္ေပေလာက္က ျဖတ္သြားတာ’ဝွီး’ကနဲ
ေနတာဗ်ိဳ႕။ ဟာ ေကာက္ျပန္ၿပီဗ်ာ၊ ေနာက္ထပ္ ခဲ တစ္လုံး။
ပစ္ၿပီ။ က်ဳပ္ ေရွာင္ေပးလိုက္တယ္။

“ဝွီး ”

ေဟာ ေနာက္ထပ္ ခဲထပ္ေကာက္တယ္။ ၿပီးေတာ့
ေျခေထာက္နဲ႔ လႊဲၿပီး ပစ္တာဗ်။ က်ဳပ္ ေရွာင္ရျပန္ၿပီ။

“ဝွီး ”

ေခါင္းေပၚက ေက်ာ္႐ုံေလး ေက်ာ္သြားတာ။ သရဲ
ေဇာက္ထိုး ေတြၿပီး စဥ္းစားေနတယ္ဗ်။ က်ဳပ္ သူ႔ခဲလုံးကို
သုံးခါတိတိ ေရွာင္လိုက္တာကို ေတြ႕ေတာ့ သူ႔ကို
က်ဳပ္ ျမင္ရမွန္း သူသိသြားတယ္။ ခဲ နဲ႔ ထပ္ၿပီး
မပစ္ေတာ့ဘူးဗ်။ ဒါေပမဲ့ ဒီသရဲ က်ဳပ္ကို တစ္နည္း
နည္းနဲ႔ ေတာ့ ဒုကၡေပးဖို႔ ႀကံေနတာဗ်။

က်ဳပ္ စလြယ္သိုင္း လြယ္ထားတဲ့ လြယ္အိတ္ထဲက
မဖဲဝါ ကိုယ္ခြဲ႐ုပ္ကေလးကို ထုတ္ယူၿပီး ေဇာက္ထိုးႀကီးကို
ျပလိုက္တယ္။ လက္ထဲမွာ ကိုင္ထားတဲ့ မဖဲဝါ ႐ုပ္ကေလးက
လႈပ္ေနတယ္လို႔ က်ဳပ္စိတ္ထဲမွာ ထင္ေနတယ္။ သရဲ
ေဇာက္ထိုးကေတာ့ ၿငိမ့္ၿပီး စိုက္ၾကည့္ေနတယ္ဗ်။

“က်ဳပ္ကို သခ်ႋဳင္းရွင္မ မဖဲဝါ လႊတ္လို႔ လာခဲ့တာ။
ခင္ဗ်ား စားဖို႔ ၾကက္ႏွစ္ေကာင္လည္း ပါလာတယ္။
အဲဒီ ၾကက္ႏွစ္ေကာင္ ခင္ဗ်ားကို ေကြၽးမွာ၊ က်ဳပ္ေျပာတာ
နားေထာင္၊ သခ်ႋဳင္းရွင္မ မဖဲဝါက မွာလိုက္တယ္၊
ခင္ဗ်ားေစာင့္ေနတဲ့ ေမွာ္ဝင္ပစၥည္းေတြထဲက
ေမွာ္ဝင္ သန္လ်က္ကို ခဏေပးလိုက္ပါတဲ့၊
ကိစၥေတာ္ေတာ္ အေရးႀကီးေနလို႔ပါ၊ ကိစၥၿပီးတာနဲ႔
က်ဳပ္ကိုယ္တိုင္ လာပို႔မယ္လို႔ ကတိေပးပါတယ္ ”

စကားဆုံးတာနဲ႔ က်ဳပ္က ထမ္းလာတဲ့ ၾကက္ႏွစ္ေကာင္ကို
ျဖဳတ္ၿပီး ေဇာက္ထိုးဆီကို ၾကက္တစ္ေကာင္ခ်င္း
ပစ္ေပးလိုက္တယ္။ ၾကက္ေတြက ေျခေထာက္မွာ
ႀကိဳးခ်ည္ထားေတာ့ မေျပးႏိုင္ၾကဘူးေပါ့ဗ်ာ။

ေဇာက္ထိုးက ၾကက္တစ္ေကာင္ကို ေျခေထာက္နဲ႔ ညႇပ္ၿပီး
ေကာက္လိုက္တယ္။ ၿပီးတာနဲ႔ သူ႔ပါးစပ္ကို အက်ယ္ႀကီး
ဟၿပီး စားေတာ့တာပဲဗ်ိဳ႕။

“ဂြၽတ္၊ ဂြၽတ္၊ ဂြၽတ္၊ ခြပ္၊ ခြပ္ ”

ၾကက္တစ္ေကာင္ကို အားရပါးရ စားၿပီးသြားေတာ့
ေနာက္တစ္ေကာင္ကို မစားေသးဘဲ သူေနတဲ့ သစ္ေျခာက္ပင္
ႀကီးဘက္ကို ေဇာက္ထိုးႀကီး ေလွ်ာက္သြားတယ္
သစ္ေျခာက္ပင္ႀကီးေအာက္ကိုေရာက္ေတာ့
ခဏၿငိမ္ေနတယ္ဗ်။

ေဟာ ျပန္လာၿပီ၊ ျပန္လာၿပီ၊

ဟာ ေျခေထာက္ႏွစ္ေခ်ာင္းၾကားမွာ
ပစၥည္းတစ္ခုညႇပ္ၿပီး ယူလာတယ္ဗ်။
ဟာ ဒါ သန္လ်က္ထင္တယ္။

က်ဳပ္က လက္ထဲမွာ ၾကက္ထမ္းလာတဲ့ ထမ္းပိုးကို
ကိုင္ၿပီး ရပ္ေနတာဗ်။ သရဲေဇာက္ထိုးက က်ဳပ္ကို
စိုက္ၾကည့္ေနတယ္။ ဟာ ပစ္ၿပီဗ်ိဳ႕။ အမွတ္မထင္
ေျခေထာက္ကို လႊဲၿပီး ပစ္လိုက္တာဗ်ိဳ႕။

က်ဳပ္သာ သတိမရွိရင္ ဒီေနရာမွာ ပြဲခ်င္းၿပီးပဲေပါ့ဗ်ာ။
သန္လ်က္ႀကီး က်ဳပ္ဆီကို တည့္တည့္ပ်ံဝင္လာတာဗ်ိဳ႕။
က်ဳပ္ ေဘးဘက္ကို ေျခတစ္လွမ္းေ႐ႊ႕လိုက္ၿပီး က်ဳပ္
လက္မွာ ကိုင္ထားတဲ့ ထမ္းပိုးနဲ႔ သန္လ်က္ကို
႐ိုက္ခ်လိုက္တယ္။

“ခြၽင္ ”

ဆိုတဲ့ အသံနဲ႔ အတူ က်ဳပ္ရင္ဝတည့္တည့္ကို ပ်ံဝင္လာတဲ့
ေမွာ္ဝင္သန္လ်က္ ျမက္ပင္ေတြေပၚကို ျပဳတ္က်သြားတယ္။

က်ဳပ္ သန္လ်က္ကို ခ်က္ခ်င္း ေကာက္လိုက္ၿပီး
ေျမာက္႐ိုးကေန ထြက္လာခဲ့တယ္။ မဖဲဝါရဲ႕
ကိုယ္ခြဲ႐ုပ္ကေလးကိုေတာ့ က်ဳပ္လက္မွာ
ကိုင္လ်က္ပဲဗ် ။ ႐ိုးေဘးမွာ ေပါက္ေနတဲ့
ကိုင္းေတာေတြ ေဘးကေန က်ဳပ္ ျဖတ္ေလွ်ာက္
လိုက္တယ္။ ေက်ာေပးၿပီးရင္ ေနာက္ကို
လုံးဝ လွည့္မၾကည့္နဲ႔ မဖဲဝါ မွာလိုက္တာကို
က်ဳပ္ ဘယ္ေမ့လိမ့္မတုံးဗ်ာ။

“တာေတ ဒီမွာ ၾကည့္လိုက္စမ္း ”

ဟာ ေဇာက္ထိုး လွမ္းေအာ္လိုက္တဲ့ အသံႀကီးဗ်။
က်ဳပ္ လုံးဝ လွည့္မၾကည့္ဘဲ ခပ္သုတ္သုတ္ ေလွ်ာက္လာခဲ့တယ္
က်ဳပ္ နာမည္ကို ဒီသရဲ သိတာကိုေတာ့ အံ့ၾသပါရဲ႕ဗ်ာ။
ထေနာင္းကုန္းကို ျပန္ေရာက္ေတာ့ ညရွစ္နာရီေတာင္
ေက်ာ္ၿပီဗ်။ ေမွာ္ဝင္သန္လ်က္ကို လူေတြ မျမင္ေအာင္
က်ဳပ္ ဝွက္ယူခဲ့ရတာေပါ့ဗ်ာ။

ဒါကေတာ့ လြယ္ပါတယ္ဗ်ာ။ လမ္းမွာ ငွက္ေပ်ာဖက္ႀကီး
တစ္႐ြက္ခူးၿပီး သန္လ်က္ကို ပက္လိုက္တာေပါ့ဗ်ာ။

က်ဳပ္ ညစာ စားေသာက္ၿပီးေတာ့ ကိုးနာရီခြဲ၊
ဆယ္နာရီရွိေရာေပါ့ဗ်ာ၊ အဘနဲ႔ အေမေတာင္
အိပ္သြားၾကၿပီ။ က်ဳပ္ကေတာ့ ေဆးေပါ့လိပ္ကေလး
ဖြာရင္း သန္းေခါင္ခ်ိန္ ေစာင့္ေနရတာေပါ့ဗ်ာ။

က်ဳပ္ တစ္ေယာက္တည္း ႐ြာျပင္ ထြက္ခ်လာခဲ့တယ္။
သန္လ်က္ကိုေတာ့ က်ဳပ္ ပုဆိုးေဟာင္းတစ္ထည္နဲ႔
ပတ္ၿပီး ယူလာခဲ့တယ္။ ႐ြာျပင္ေရာက္ေတာ့
ထန္းပင္ႀကီးေအာက္မွာ က်ဳပ္ ကပ္ၿပီး ရပ္ေနလိုက္တယ္

က်ဳပ္ သိပ္ၿပီးမေစာင့္လိုက္ရဘူးဗ်။

“ခြပ္၊ ခြပ္၊ ခြပ္၊ ဟီး၊ ဟီး၊ ဟီး ”

ေဟာ လာၿပီဗ်ိဳ႕၊ ေခါင္းျပတ္သရဲႀကီး စီးလာတဲ့
ျမင္းနက္ႀကီး လာေနၿပီ။ ျမင္းခြာသံေရာ၊ ျမင္းဟီသံပါ
က်ဳပ္ ၾကားေနရတယ္။ က်ဳပ္က မ်က္ကြင္းေဆး
ထပ္ကြင္းလာတာဆိုေတာ့ ေတာ္ေတာ္ေဝးေဝးထဲကလို
က်ဳပ္ လွမ္းျမင္ေနရတာဗ်။

ေဟာ တျဖည္းျဖည္း နီးလာၿပီဗ်ိဳ႕။ က်ဳပ္ကပ္ေနတဲ့
ထန္းပင္ေအာက္ကေန ေျပးထြက္လိုက္တယ္။
လက္ထဲမွာလည္း သန္လ်က္ကို တင္းတင္း
ကိုင္ထားတယ္။

ျမင္းေျပးလာတဲ့ လမ္းတည့္တည့္မွာ က်ဳပ္ပိတ္ၿပီး
ရပ္ေနလိုက္တယ္။ ၿပီးေတာ့ လက္ထဲက သန္လ်က္ကို
ဟန္ပါပါ ကိုင္ထားလိုက္တယ္။ ျမင္းက အရွိန္နဲ႔
ေျပးလာရာကေန တုံ႔ကနဲ ရပ္သြားတယ္။
က်ဳပ္က လက္ထဲက သန္လ်က္ကို တစ္ခ်က္
ဝင့္လိုက္တယ္။ ဟာ ဝတ္႐ုံမည္းႀကီး ဝတ္ထားတဲ့
သရဲႀကီက သူ႔ရဲ႕ ေခါင္းျပတ္ႀကီးကို လက္မွာ
ေပြ႕ကိုင္ထားရင္းနဲ႔ ျမင္းေပၚက ခုန္ဆင္းတယ္
ၿပီးေတာ့ ျမင္းေဘးမွာ ဒူးေထာက္ထိုင္ခ်လိုက္တယ္

က်ဳပ္ကေတာ့ မဖဲဝါ မွာထားတဲ့ အတိုင္း
ေမွာ္ဝင္သန္လ်က္ကို ဟန္ပါပါဝင့္လိုက္ရင္း …

“ေမာင္မင္း စစ္သူႀကီး၊ ေမာင္မင္းဟာ
အလြန္တာဝန္ ေက်ပါေပတယ္၊ က်ဳပ္
ေမာင္မင္းကို ခြင့္လႊတ္လိုက္ၿပီ၊ ခုအခ်ိန္က
စၿပီး ေမာင္မင္း သြားလိုရာကို လြတ္လြတ္လပ္လပ္ သြားႏိုင္ၿပီ၊
ငါကိုယ္ေတာ္ရဲ႕အမိန္႔ ”

က်ဳပ္က လက္ထဲက သန္လ်က္ကို ဝင့္ကာ
ဝင့္ကာနဲ႔ ေျပာလိုက္တာဗ်ိဳ႕။ က်ဳပ္စကားလုံးဆုံးေရာ
ဝတ္႐ုံ အနက္နဲ႔ ေခါင္းျပတ္သရဲႀကီးက ျမင္းေပၚကို
လႊားကနဲ ခုန္တက္ၿပီး ျမင္းကို ေနာက္ဘက္
ျပန္လွည့္လိုက္တယ္။ ေဟာ သြားၿပီဗ်ိဳ႕။

သြားၿပီ။ ျမင္းစီးတေစၦႀကီး အေမွာင္ထဲမွာ ဖ်တ္ကနဲ
ေပ်ာက္သြားတယ္။

က်ဳပ္လည္း ေနာက္တစ္ေန႔ ေက်ာက္တလားေခ်ာင္းက
ေျမာက္ဘက္႐ိုးကို လာခဲ့ရျပန္တာေပါ့ဗ်ာ။

ေဇာက္ထိုးက သစ္ေျခာက္ပင္ႀကီးေပၚမွာ ေဇာက္ထိုးႀကီး
ေနရာကေန က်ဳပ္ကို ၾကည့္ေနတယ္ဗ်။

က်ဳပ္က က်ဳပ္ယူလာတဲ့ ၾကက္တစ္ေကာင္ကို
သစ္ပင္ေျခာက္ႀကီးေအာက္ကို လွမ္းပစ္ေပးလိုက္တယ္
ေဟာ ေဇာက္ထိုး ဆင္းလာၿပီဗ်ိဳ႕။ ျမန္လိုက္တဲ့
သရဲဗ်ာ၊ လွစ္ကနဲ လွစ္ကနဲ ေနတာပဲဗ်။

ေျမႀကီးေပၚကို ေရာက္ေတာ့ သရဲေဇာက္ထိုးက
က်ဳပ္ကို ၾကည့္ေနတယ္။ က်ဳပ္က ပုဆိုးနဲ႔ပတ္ၿပီး
ယူလာတဲ့ သန္လ်က္ကို ထုတ္ၿပီး သူ႔ကို တစ္ခ်က္
လွမ္းၾကည့္တယ္။ ၿပီးေတာ့ သူ႔ဆီကို လွမ္းပစ္
ေပးလိုက္တယ္။

“ဖ်တ္”

လ်င္လိုက္တယ္၊ ေဇာက္ထိုးဗ်ာ။ က်ဳပ္ ပစ္ေပးလိုက္တဲ့၊
ေမွာ္ဝင္သန္လ်က္ကို ေျခေထာက္ႏွစ္ဖက္နဲ႔
လွမ္းဖမ္းလိုက္တာဗ်။

က်ဳပ္လည္း ဆတ္ကနဲ လွည့္ထြက္လိုက္တယ္။

“ေဟ့ေကာင္ တာေတ၊ ဒီမွာ ၾကည့္စမ္း ”

မဖဲဝါ မွာတာကို က်ဳပ္ ဘယ္ေမ့ပါမလဲဗ်ာ။
ေနာက္ကို လွည့္ၾကည့္လိုက္ရင္ျဖစ္ျဖစ္၊
ေယာင္ၿပီး ထူးလိုက္မိရင္ ျဖစ္ျဖစ္ ေနရာမွာတင္
က်ဳပ္ ေသမယ္ဆိုတာေလဗ်ာ။
က်ဳပ္ ဘယ္ေမ့လိမ့္မတုံး။ က်ဳပ္ တစ္ခ်က္ကေလးမွ
လွည့္မၾကည့္ဘဲ သုတ္ေျခတင္ခဲ့ေတာ့တာေပါ့ဗ်ာ။
ထေနာင္းကုန္းကို ျပန္ေရာက္ေတာ့ ေစာပါေသးတယ္။
ေနေတာင္ မဝင္ေသးပါဘူး ။

(မွတ္ခ်က္ – ႐ိုးဆိုတာ ေခ်ာင္းတစ္ခုကေန
ထိုးဝင္ေနတဲ့ ေခ်ာင္းလက္တက္တိုေလး
တစ္ခုေပါ့ဗ်ာ။ အၿမဲတမ္း ေရရွိတဲ့ ေနရာတစ္ခုေပါ့)

ၿပီးပါၿပီခဗ္ာ

စာဖတ်ပရိတ္သတ္မ်ားအားလုံးပဲ စိတ္႐ႊင္းပါေစခဗ်ာ

ဤဝတၱဳေလးအား ႀကိဳက္ႏွစ္သက္တယ္ဆိုရင္ like and shareေလးနဲ႔
အားေပးသြားပါအုံးဗ်ာ ။