အလောင်းမြုပ်မှားသောကြာင့်ဒုက္ခရောက်တဲ့ရွာ(စ/ဆုံး)

Unicode Version

အလောင်းမြုပ်မှားသောကြာင့်ဒုက္ခရောက်တဲ့ရွာ(စ/ဆုံး)
——————————————————————-
ကျွန်းလှရွာကြီးဟာ အိမ်ခြေ ၆၀၀ ကျော်ရှိပါတယ်…သူကြီးနာမည်က ဦးအုန်းမောင်တဲ့ ။ သူ့ရွာမှာ စည်းကမ်းရှိရှိ သမာသမတ် ကျကျအုပ်ချုပ်လို့ အမြဲ စည်ကားနေဒါပေါ့ ကျွန်းလှရွာမှာ ပန်းတောင်ကိုင်မေနုဟာ လှလွန်းလို့ ရွာအနီးအဝေး သတင်းကြီးတဲ့ ရွှေမင်းသမီးလေးလေ ဒါပေမဲ့ သက်ဆိုးမရှည်ရှာပါဘူး လကွယ်ည 12နာရီတိတိမှာ မိန်းမရောဂါနဲ့ ဆုံးပါးသွားပီလေ သူဆုံးတော့ အမျိုးတွေကလဲငိုကြ ပိုးနေတဲ့သူတွေလဲ စိတ်မကောင်းဖြစ်နေကြရုံပဲလေ ဒါနဲ့ ၃ရက်ထားပီး ကိစ္စချမယ့်ညနေမှာ”ဒေါင် ဒေါင်ဒေါင် ဒေါင် ””ဟာ ဖြစ်တာတုန်း ကွ ဗုံးသံ အချက်ပေးဒါပဲ”
” ပြေးကျဟေ”့တောထဲပုန်းကျ ကောင်းကင်ပေါ်မှာလဲ ဗုံးကြဲလေယာဉ်တွေ မည်းသွားဒါပဲ ညရောက်တဲ့အထိမပြတ်တော့ အလောင်းမြေချဖို့ မလွယ်ကူတော့ဘူးလေ ဒီရွာဓလေ့အရ မိန်းခလေးဆို သုံးရက်ပဲ ထားရသတဲ့ ညဆယ်နာရီကထိုးပီ မြေမချရသေးတော့ သူကြီးက”ကဲ ဒို့ရွာကိုလဲမပြန်ရဲဘူး အလောင်းကလဲ မြေချရသေးတော့ ဘယ်လိုလုပ်ကျမလဲ””ဟုတ်တယ်ဗျ ၁၂နာရီထိုးလို့မှ မြေမချရသေးရင်ရွာခိုက်တော့မှာပဲအေး အဲဒါဆိုတော့ဘယ်သူရွာပြန်မလဲ ”ဘယ်သူမှ မပြန်ရဲကြဘူးလေ အဲ့အချိန်မှာပဲ ဘိန်းစား ငညိုက”ကျုပ်တို့သွားမယ် ဒါပေမဲ့ငွေ ၁၀၀ ပေးရမယ်ဗျ”
”အေး ဟုတ်ပီပေးမယ် ၁၂ မထိုးခင်ပီးအောင်လုပ်နော်’ ”ဟုတ်ကဲ့ သူကြီး ”ငညိုရယ် ဇော်ကြီးရယ် လှမောင်ရယ် အလောင်း မြေချလာခဲ့ဒါပေါ့ သုံးယောက်သား စကားတပြောပြောနဲ့ထမ်းလာခဲ့ဒါ သင်္ချိုင်းရောက်မှ ကြိုးပါမလာမှန်း သိသတဲ့”ဟာ ကြိုးလဲပါမလာဘူးဟ””အေးဟုတ်တယ်ကွာ”” ပြန်ယူမလား”” အာ ယူမနေနဲ့တော့ကွာ ဒီတိုင်းချမယ် အချိန်မရှိဘူး ”အေးဟုတ်တယ် လှမောင် အခေါင်းကိုဝါးကတ်ပေါ်က ချကွာ””အေးးးးးး”” မြေချမဲ့ ကျင်းက တောင်နဲ့မြောက် အလျား တူးထားဒါပေါ့ ခေါင်းကိုမြောက်ဘက်က ထားပီး ချမယ်ဟေ့ အေး ငညိုဘယ်လိုချမလဲ မလွယ်ဘူးဟ”
”အေးကွာမထူးပါဘူး ဘယ်သူမြင်ဒါမှတ်လို့”ပစ်ချမယ် ၁ ၂ ၃ “ဝုန်း”” ” ကဲမြေဖို့ကွာ သွားမှိန်းကျမယ် ငွေတစ်ရာဆိုတော့ အမုန်းဆွဲမယ်ဟေ့ ဟားးဟားးဟားးးး”သူတို့မသိလိုက်တဲ့အချက်က ၃ရက်နေ့ည၁၂နာရီတိတိမှာ အလောင်းရဲ့ခေါင်းဟာပစ်ချတဲ့အရှိန်နဲ့ ရွာဘက်ကို မျက်နာလှည့်သွားခဲ့တယ်လေ ။ မနက်ရွာပြန်ရောက်တော့. . .”ဟေ့ ဒေါ်အေးလှဆုံးပီတဲ့ကွ ” ”ဟာ ဟိုတစ်လောင်းက မနေ့ကမှမြေချထား ရသေးတယ် လာပြန်ပီ ””အေးကွာ သွားကူရအောင်”နွေဆိုတော့ အရိပ်ကောင်းတဲ့သစ်ပင်အောက်မှာ ဝိုင်းဖွဲ့ပီး မနေ့က လေယာဉ် တွေဘယ်လောက်များကြောင်း စပ်မိစပ်ရာပြောကြရင်းနဲ့”ဟေ့ ငညိုမင်းတို့မနေ့က ၁၂ မထိုးခင်ပီးသလား ”
” ပီးပါတယ်ဗျ ””ကျုပ်တို့ပြန်ရောက်တာ ခင်ဗျားတို့လဲမြင်ဒါပဲ””အေးပါကွ မေးကြည့်ဒါပါ””အော် ဟုတ်ဟုတ်’’ဆိုပီး ပြန်မှိန်းလေနေရဲ့ ညနေအလုပ်ပီးတော့ အိမ် ကိုယ်စီပြန်ရောက်တော့ ပုံမှန်ပဲ ပြော ဆို စားသောက်နေကြဒါပေါ့ဗျာ နောက်နေ့မနက်ရောက်တော့”ဗျို့သူကြီး သူကြီး ””ဘာလဲဟေ့စောစောစီးစီး ”” အရီးမြရဲ့သား ဖိုးခွေးဆုံးပီဗျ””ဘာ ””ဟုတ်တယ်သူကြီး ဒီကောင် မနေ့ကတောင် အကောင်းသား ကျုပ်တို့ကိုတောင် အရက်တိုက်သွားသေးတယ်”
” ဟာ ထူးတော့ ထူးဆန်နေသလိုပဲ သာဒင်ရ”အဲဒါပြောမလို့ တိုက်ဆိုင်ဒါ ဖြစ်ဖို့ပဲ ဆုတောင်းရမှာ’‘အေးအေး သာဒင် ငါလိုက်လာခဲ့မယ်”် ဟိုရောက်တော့ ဖိုးခွေးဟာ အိပ်ပျော်နေသလို ပြုံးပြုံးလေးသေနေဒါတွေ့တော့သူ့အမေကို”ဟေ့ မိမြ ဘယ်လိုဖြစ်တာတုန်းဟ””’ဟီးး ဟီး မသိပါဘူးသူကြီးရယ် မနက်ကျုပ်နိုးတော့မှ အဖြစ်ဆိုးတဲ့ သားလေးကိုတွေ့ ရဒါပါ ဟီးးဟီး အဖြစ်ဆိုးလှချည်လားသားရဲ့ မင်းအစား အမေ သေလိုက်ချင်ပါတော့တယ် အမေ သေလိုက်ချင်ပါတော့တယ် သေလိုက်ချင်ပါတော့တယ် သေ လိုက် ချင် ပါ တော့ တယ်””သူကြီး သူကြီး ဟောဟဲ ဟောဟဲ”ဲ ”ဘာဖြစ်တာတုန်းဟ အလန့်တကြား အရီးးးရီး မြ မြ ဟောဟဲ ဟောဟဲ ဘာဖြစ်လို့လဲမြန်မြန်ပြောစမ်း သူ သူသူ ဆုံးပီ”
”ဘာ””””””သူကြီး ဖင်ထိုင်ရက် လဲသွားသတဲ့ မနေ့ကသူ့သား ဒီနေ့ကအမေ ”ဟားရူးချင်တယ်ကွာ”” ဟုတ်တယ်ဗျ မရိုးတော့ဘူး”အေး အခုမောင်းတီးစမ်း သာဒင်”” ဟုတ်ကဲ့ သူကြီး””ဒူ ဟူ ဒူဟူ ဒူဟူ ”ခဏကြာတော့ သူကြီးအိမ်မှာ လူတွေ ပြည့်သွားဒါပေါ့ ကဲသိကြတဲ့အတိုင်းပဲ အခုကိစ္စတွေဟာ မရိုးတော့ဘူး ”ဟုတ်တယ်ဗျို့ ဟုတ်တယ် ”” ဒီတော့ ရွာဦးကျောင်းမှာဘုန်းကြီးပင့်ပီး တရားနာရအောင်ကလဲ ဆရာတော်က သူ့နေရပ်ကို ပြန်သွားတယ် ဇီးဖြူကုန်းရွာ ကိုယ်တော်ကလဲ ငယ်သေးတော့ဖြစ်မှာမဟုတ်ဘူး ကြို့ကုန်း ဆရာတော်ကို အခု သာဒင်ရယ် လှဖေရယ် သွားပင့်ချေ”
” ဟုတ့်ကဲ့ပါသူကြီး” သာဒင်တို့လည်းကပီးထွက်သွားတော့”ကဲ လူပျိုခေါင်း စောမြ ””ရှိပါတယ် သူကြီး ””မင်းက လူငယ်တွေ မကြောက်တတ်တဲ့ ယောင်္ကျားတွေခေါ်ပီး ရွာတပတ် ကင်းလှည့်နေပါ ”” ဟုတ်ကဲ့သူကြီး”လူငယ်တွေက ဓါးတွေ ဒုတ်တွေ ကိုင်ပီးထွက်သွားတော့မှ ”ဟေ့ စိန်ခင် မင်းတို့ကမိန်းမတွေ ကလေးတွေကိုတစ်ဖွဲ့စီစုပီး စောင့်ရှောက်ကျ””အေးပါတော် ကဲ အကုန်ငါ့နောက်လိုက်ခဲ့ကြဟေ့”တစ်အိမ်စီ စုပီးစောင့်ကြတော့ ဒါပေါ့ည၉နာရီလောက်မှ သာဒင်တို့ ဘုန်းကြီးပင့်ပီးရောက်လာသတဲ့ ဆရာတော်ကို နေရာချထားပေးပီးတော့ ”ကဲ ငါ့တူသာဒင် ရေမိုးချိုးထမင်းစားပီး အိပ်တော့ ပင်ပန်းသွားပီ”လူငယ်တွေက လဲတစ်ညလုံးမအိပ်ပဲ ကင်းစောင့်ကြဒါ မိုးဒါလင်းသွားတယ် ဘာထူးခြားမှုမှမရှိဘူးတဲ့ မနက်ရောက်တော့…
”သမီး မိနွေးနင့် အကိုသာဒင်ကို သွားနိုးစမ်း””တရားနာသွားမယ်လို့” ”ဟုတ်အဖေ ””အားအားး””ဟဲ့သမီးဘာဖြစ်တာလဲ”သူကြီးက သေနပ်တိုက်နေတဲ့ နေရာကနေ နှစ်လုံးပြူးကိုဆွဲပီး သာဒင်အခန်းကို ပြေးဝင်လိုက်တယ် သာဒင်က ပြုံးပြုံးလေးသေနေပီလေ”ဟာ မဖြစ်တော့ဘူး တရက်တစ်ယောက်နဲ့ အားလုံးကုန်တော့မှာပဲ သူ့အလောင်းကို လူတချို့နဲ့ စီစဉ်ခိုင်းထားခဲ့ပီး တရားနာထွက်ခဲ့တော့ သူကြီး သူကြီး ရွာထဲက လူငါးဆယ်လောက် ပြောင်းသွားပီဗျ””အော် အေးး ပြောင်းပါစေကွာ ကဲကဲ တရားနာဖို့ပြင်ဟေ့ ”တစ်နေ့လုံးတရားနာ ပရိတ်ရွတ်ပီးမှ ဆရာတော်ကိုပြန်ပို့ လိုက်သတဲ့ နောက်နေ့မနက်ကို ဘယ်သူဖြစ်မလဲ ငါများလားဆိုတဲ့ အတွေးတွေနဲ့ မအိပ်နိုင်ကြဘူး…
မနက်ရောက်တော့ ဘယ်သူမှ မသေဘူးတဲ့ တစ်ရွာလုံးပျော်ကြဒါပေါ့ နေ့လယ်ရောက်တော့ ကြို့ကုန်းကမောင်ပိန် မြင်းကိုစိုင်းပီးရောက်ချလာတော့တယ် ” သူကြီး ကျွန်တော်တို့ရွာကို ပြောင်းခဲ့တဲ့စောနွယ်မနက်က ဆုံးပီ” ”ဟာ ဒုက္ခပဲ ရွာပြောင်းလဲ မလွတ်ပါလား” ”ကျွန်းလှရွာဟာ လူပေါင်း ၁၅၀၀ကျော် ရှိပါတယ် ဒီလိုနဲ့ ရွာမှာမသေရင် ပြောင်းသွားတဲ့ထဲက သေတော့ဒါပဲ တရွာလုံးစိတ်ဓာတ်တွေကျပီးသေမဲ့နေ့ကို စောင့်နေကြရတယ်လေ နေ့တိုင်း တစ်ယောက်တစ်ယောက်နဲ့ အချိန် နှစ်လ ကျော်ခဲ့ပီလေ ၆၃ ၆၄ ၆၅ ၆၆ ၆၇ ၆၈ရက်မြောက်မှာ ဆရာတော်ပြန်ကြွလာတယ်…
ဆရာတော်ကိုတွေ့တော့ ငိုကျ ပျော်ကြနဲ့ပေါ့ ကျောင်းရောက်တော့ သူကြီး က”ဆရာတော်ဘုရား တပည့်တော်တို့ ရွာအကြောင်း””နေ နေ ငါသိပီးပီ” ”အရင်က ဒီရွာမှာ ဘယ်သူအရင် သေဒါလဲဟေ့””ဖိုးခွေးပါဘုရား အေး အဲဒါဆို ခုသင်္ချိုင်းကိုသွားမယ်’ သင်္ချိုင်းကိုသွားရင်း ဆရာတော်က” အုန်းမောင် ”” ဘုရား ””ငါကြို့ကုန်းမှာ ကြားကတည်းနဲ့ ညတွင်းချင်း မနားပဲပြန်ခဲ့ဒါကွဲ့ ””တင့်ပါ့ဘုရား ” ”ခုမနက်ရောဆုံးသေးလား” ”တင်ပါ့ မိနီရဲ့သားလေး မျောက်ငို ဆုံးသွားပါတယ်ဘုရား ” ”အော် သတ္တဝါတစ်ခု ကံတစ်ခုပဲလေ” ”တင်ပါ့ ၆၈ ယောက်မြောက်ပါဘုရား ” ”အေး ဘယ်တတ်နိုင်မလဲကွယ် ”သင်္ချိုင်းရောက်တော့…
”ကဲ လှဖေ ဖိုးခွေးရဲ့ အလောင်းကိုတူးစမ်း””တင်ပါ့ဘုရား” တူးရင်းတူးရင်း ပေါ်ခါနီးကြတော့ အပုတ်နံ့ထွက်လာ တယ”် ဟေ့ တော်ပီမတူးနဲ့တော့” ” ပြန်ဖို့လိုက် ” ”တင်ပါ့ဘုရား ” ”အုန်းမောင် ဖိုးခွေးအရင်သေဒါ သေချာလား” ”တင်ပါ့ ဘုရား” ”ဟာမဟုတ်ဘူး မေနု မေနုပါဘုရား” ” ကဲ မေနုအလောင်းကို တူးစမ်းဟေ့ ”တဖြည်းဖြည်းနဲ့ အခေါင်းပေါ်တဲ့အထိ အနံ့မထွက်ဘူး ထူးဆန်းနေပီ ဆရာတော်က ခေါင်း တညိမ့်ညိမ့်နဲ့ပေါ့” ” ဟေ့ အခေါင်းဖုံးဖွင့်စမ်း” ”တင်ပါ့ ” ”ဒုန်း ဒုန်း ကျွီးးးး” ’အခေါင်းပွင့်သွားတော့ ။”ဟာ အမလေး မေနုအလောင်းက တကိုယ်လုံး ဝါထိန်ပီး ဆံပင်ကလဲသေတုန်းကထက်ပိုရှည်နေတာ တွေ့ရတယ်…
မျက်နာကတော့ ရွာဘက်လှည့်လျက် ပြုံးနေဒါပေါ့ အသားတွေကလဲ ပကတိ ပုံမှန်အတိုင်းပဲ မရိ မပုတ်ဘူးတဲ့ ။ ” အုန်းမောင် မေနုကိုမြေချတော့ မင်းပါသလား” ”မပါ ပါဘူးဘုရား ဗုံးဒဏ်ကြောင့်ပြေးနေရင်း ငညိုတို့ငွေတစ်ရာပေးပီး ချခိုင်းလိုက်တာပါဘုရား” ”ဇော်ကြီးနဲ့ လှမောင်တို့က ဆုံးသွားပါပီဘုရား” ”ကဲ ညိုကြီးကိုခေါ်စမ်း ”ခဏကြာတော့ ညိုကြီးမျက်နှာငယ်လေးနဲ့ ပေါ်လာတော့ ဆရာတော်က ငညိုကို ညိုကြီးလို့ခေါ်တယ် ကဲပြောပြစမ်း ညိုကြီးလည်း အစအဆုံး ပြောပြတော့ ရွာသားတွေ သတ်မယ်လုပ်တော့ ဆရာတော်က တားတယ်…
” ကဲဖြစ်ခဲ့ဒါတွေ ဖြစ်ပီးပီပဲ မမိုက်မဲကြနဲ့တော့”ဆိုပီး မေနုခေါင်းရင်းကနေ ပရိတ်တရားဟောပီး ခေါင်းကို ပြန်တည့်ပေးမယ်လုပ်တော့ မေနုကဖျက်ကလဲ မျက်လုံးဖွင့်ကြည့်တယ် ဆရာတော်က” ကဲမေနု နင့်ဘဝနင့်လမ်း ဖြောင့်တန်းအောင် လျောက်ပေတော့ ” လို့ မိန့်တဲ့အခါမှ မေနု မျက်လုံးပြန်မှိတ်သွားတယ် ဆရာတော်က ခေါင်းတည့်ပေးလိုက်တော့ နှစ်လကျော် အလောင်းပုံစံံအတိုင်း တဖြည်းဖြည်း ပုတ်ပီး ရိကျသွားတော့တယ် အဲဒီတော့မှ ကျွန်းလှရွာဟာအရင်တိုင်း ပြန်ဖြစ်သွားပါတော့တယ်…
လက္ခဏ (ပျော်ဘွယ်တွင်းရွာ )စေတနာဖြင့် ပြန်လည်တင်ဆက်ပေးခြင်းသာဖြစ်ပါသည် ။ ဤဇာတ်လမ်း ဤဖြစ်စဉ်အား…ပြောပြပေးသော အဖိုးအား ကျေးဇူးတင်ပါတယ်

Zawgyi Version

——————————————————————-
” ကဲဖြစ်ခဲ့ဒါတွေ ဖြစ်ပီးပီပဲ မမိုက်မဲကြနဲ့တော့”ဆိုပီး မေနုခေါင်းရင်းကနေ ပရိတ်တရားဟောပီး ခေါင်းကို ပြန်တည့်ပေးမယ်လုပ်တော့ မေနုကဖျက်ကလဲ မျက်လုံးဖွင့်ကြည့်တယ် ဆရာတော်က” ကဲမေနု နင့်ဘဝနင့်လမ်း ဖြောင့်တန်းအောင် လျောက်ပေတော့ ” လို့ မိန့်တဲ့အခါမှ မေနု မျက်လုံးပြန်မှိတ်သွားတယ် ဆရာတော်က ခေါင်းတည့်ပေးလိုက်တော့ နှစ်လကျော် အလောင်းပုံစံအတိုင်း တဖြည်းဖြည်း ပုတ်ပီး ရိကျသွားတော့တယ် အဲဒီတော့မှ ကျွန်းလှရွာဟာအရင်တိုင်း ပြန်ဖြစ်သွားပါတော့တယ်…