အာဋ္ဌာဝကနက္ခတ်(စ/ဆုံး)

Unicode Version

အာဋ္ဌာဝကနက္ခတ်(စ/ဆုံး)
————————
ဖြစ်ရိုးဖြစ်စဉ်မဟုတ်သော…
တချို့သော အရာများသည် လက်တွေ့
ကြုံရတော့မှ Uာင် !

တကယ်ဖြစ်တာပါလား
အံ့သြစရာပဲ အစက ဒီလိုအဖြစ်မျိုး
မကြုံဖူးလို့ မယုံဖူးပြောရမယ်

ခုလက်တွေ့မလို့ ယုံပါတယ်
ပြောရမလိုလို ကိုယ်တွေ့ကြုံရလို့
မငြင်းတော့ပါဖူးဟု ဝန်ခံမိခဲ့သူမှာ
အများထဲမှ ကျွန်တော်တဦး ပါသွား
ခဲ့သည်

သဘာဝ လောကကြီးတွင်
လျှို့ဝှက်ဆန်းကျယ်သော မသိမမြင်
နိုင်သောအရာများမှာ အများအပြားရှိ
နေပါသည်

ရွာမှသတင်းထူး တစ်ခုက
တမဟုတ်ချင်းပြန့် သွားခဲ့သည်
အောင်သန်း အရင်ကအောင်သန်း
မဟုတ်တော့ဖူးတဲ့ …

အခုတမူထူးနေတာ
အောင်သန်း ညညဆို ထသောင်း
ကျန်းနေတာတွေ အစားအစာစား
တာက သရဲဘီလူးလိုပဲ တနင့်တပိုးကို
စားနေတာ တဲ့ဗျာ

သူစားချင်တာပြောလို့မှ
မကျွေးရင် အိမ်တိုင်နဲ့သူ့ခေါင်းကို
ပြေးပြေးပြီး စောင့်တာမျာ းဘေးက
ကြည့်နေတဲ့ သူတွေ ဘုရားတ အမလေးတရ
လောက်အောင်ပင်မြင်တွေ့ကြရသည်

ဆွဲလို့လွဲလို့လည်းမရ
လူငါးယောက်ချုပ်တာ တောင်မှ
အောင်သန်းတစ်ချက်ခါ ထုတ်လိုက်ရင်
လွင့်စင်ကုန်ပါလေရောဗျာ

ညဖက်သက်ကြီး
ခေါင်းချချိန်လောက်ဆိုရင်
အောင်သန်းကအိပ်ယာထဲက
ထပြီးလမ်းပေါ်မှာလျှောက်သွားနေရော
ရွာထဲကခွေးတွေ လဲအသံရှည်ကြီးနဲ့
ဝိုင်းအူနေကြတာကြားရ သူတွေကျောချမ်း
စရာပါပဲ

တဖြည်းဖြည်းရွာသူရွာသားတွေအောင်သန်းကို
ထိန့်လန့်လာကြပါတယ်

ရွာမှကလေးငယ်တွေ
အရင်က မဖြစ်ဖူး တဲ့ရောဂါတွေဖြစ်ပြီး
ညညအိပ်နေရင်းထထပြီး အော်တာမျိုး
မအိပ်ပဲဂျီကျ တအီအီငြီးညူ နေကြတာ
ထိတ်လန့်နေတာတွေက ဖြစ်လာကြတော့
ရွာသူရွာသားတွေ ရွာလူကြီးကိုတိုင်လာကြပါ
တယ်

အဲ့ဒီမှာရွာလူကြီးလည်းခေါင်းခြောက်နေပါတယ်

ခက်တာကရွာလူကြီးသိခဲ့တဲ့
အောင်သန်းဟာလိမ်မာတယ်ရပ်ရွာ
အကျိုးကို အမြဲအားကိုးရသူ သဘောမနှော
ကောင်းသူတယောက်ပါ

အခုအောင်သန်း
ပြောင်းပြန်ဖြစ်နေတာကိုးဒီတော့လည်း
ရွာလူကြီးအနေနဲ့အခုဖြစ်စဉ်ကို
စုံစမ်းဖို့နဲ့စုံစမ်းလို့သိရရင်ဖြင့်

ဘယ်ပုံဘယ်နည်းနဲ့
အကောင်းဆုံးဖြေရှင်းရမလဲအဖြေကို
စိတ်ကူးရင်း တွေးနေပါတယ်

ယနေ့မနက်
စောစောရွာလူကြီးအောင်သန်း၏
အိမ်ကို ထွက်လာပါတယ်

အောင်သန်းအိမ်ကို
ရောက်တယ်ဆိုရင်ပဲ သူ့အဖေကိုတွေ့တွေ့ချင်း

“ဦးစိုင်းမောင်ခင်ဗျားရဲ့ သားရှိလားလို့
မေးလိုက်တယ် ”

အောင်သန်းဖခင် ဦးစိုင်းမောင်မှ

“လာဗျာ လူကြီး အခုလိုလာမယ်ဆိုတာကို
ကျုပ် သိနေပါပြီဗျာ ”

” အောင်သန်းတော့ အိပ်နေတယ် ကျွန်တော်
လည်းစဉ်းစားမရဖူး ညနေကို လူကြီးအိမ်လာ
တိုင်ပင်ဖို့ပါပဲခင်ဗျာ ”

ဦးစိုင်းမောင်သည်
အောင်သန်းငယ်စဉ်အချိန်ထဲက
ဇနီး ဆုံးပါးသွားပေမယ့် သူ့သားမျက်နှာငယ်
မည်ကိုဆိုးသည်ဟုဆိုကာ နောက်အိမ်ထောင်
မပြုပဲ

ခြံအလုပ်ကို ရိုးသားစွာဖြင့်
လုပ်ကိုင်နေသူတဦးဖြစ်သလို သားဖြစ်သူ
အောင်သန်းမှာလည်း ရပ်ရွာ အကျိုးကို
သာရေး နာရေး အစစအရာရာ ကူညီပြီး စိတ်ရင်း
စေတနာဖြူစင် သူတဦးဖြစ်သည်

ရွာလူကြီးမှ
“အေးဗျာ အခုဖြစ်ပျက် နေတာကို
ဘယ်လိုကစပြီးထူးခြာခြား သိရပါသလဲ
အတော်ပဲ ထူးကိုထူးခြားနေတယ်ဗျ ”
ဟုသာ စမေးလိုက်ပါတယ်

အောင်းသန်းဖခင်က
“အေးဗျာရွာလူကြီးမေးလို့ ပြောရရင်
ပြီးခဲ့တဲ့ငါးရက်လောက်ကသဖန်းပင်
ရွာက ဘုရားပွဲ သူ့သူငယ်ချင်းများနဲ့သွားကြတယ်
ဒါကနှစ်စဉ်သွားနေကြပဲလေ”

“ခုကိစ္စကအဲ့ဒီဘုရားပွဲကအပြန် နောက်နေ့စပြီး
ဖြစ်ခဲ့တာပါ ဘာအမှားယွင်း လုပ်မိခဲ့ကြတယ်
တော့မသိဖူး “ဟုသာ အဖြေပေးလိုက်တော့

“ရွာလူကြီးမှ တခုတော့ရှိတယ်
ဘုရားပွဲကို အောင်သန်းနဲ့အတူသွားတာ
ဘယ်သူတွေလဲ သူတို့နဲ့တွေ့ပြီးစုံစမ်းရင်
တော့အခြေအနေတွေ သိရမှာ ပဲဗျ”

ဦးစိုင်းမောင်မှ
“ဘုရားပွဲကို သွားကြတာတော့
သုံးယောက်ပါအောင်သန်းနဲ့အတူ
ကိုကိုနဲ့ညီညီ အမွှာညီအကို နှစ်ယောက်”
ပါတယ်

ရွာလူကြီးမှ
“ကောင်ပြီလေ ကျုပ်အမွှာညီအကို
အိမ်သွားပြီးတော့ စုံစမ်းလိုက်ရင်
အဖြေတစ်ခု ထွက်လာမှာပါ ”
ပြောကာ နုတ်ဆက်၍ ထွက်သွား
တော့ သည်

ရွာလူကြီးအမွှာညီအကို
နှစ်ယောက်အိမ်သို့ ရောက်သော်
အမွှာညီ အစ်ကိုတို့ နှစ်ယောက်နှင့်တွေ့
သောအခါ ဘုရားပွဲတွင်ဖြစ်ပျက်ခဲ့သော
အကြောင်းများမေးတော့လဲအထွေအထူးမရှိ
သူတို့ပွဲအတူသွားအတူပြန်ကြသည်ပဲဖြေ၏

သည်ကလေးတွေလည်း
ရွာမှာနာမည်ပျက် ဆိုးသွမ်းသူများမဟုတ်
သူတို့မိဘများခြံကိုကူ ညီလုပ်ကိုင်နေကြသူများ
ဖြစ်ပြီး အေးချမ်းစွာ နေကြသူများဖြစ်သည်

နောက်ဆုံးရွာလူကြီးလည်းစိတ်ပျက်ခါစဉ်းစား
မရတော့!!

ပိုဆိုးသည်မှာက
ဟင်းစားပေါ်ရောင်းသည့် ဦးတလုပ်တို့
တခြားရွာများမှ ဝက်နွားများအား
ဆွဲလာပြီး သူတို့ဟင်းပေါ်မည့် နေရာသို့ပင်
မရောက်သေး အောင်သန်းက ကြိုစောင့်နေ၏

ဟင်းပေါ်လျှင် မျက်လုံးပြူးကြီးဖြင့်စူးစိုက်ကြည့်
နေပြီး ပါးစပ်မှ တဟင်းဟင်း သွားရည်တမြား
မြား ဟင်းပေါ်မည့်သူများ ကြက်သီးထလာကြ
သည်

အသားဟင်း ပေါ်ပြီးလျှင်
အောင်သန်းကသူ စာချင်သည့်
အသားတွဲအား လက်ညိုးထိုးတောင်းတတ်
လေသည် အစထဲက ရွာသားအချင်းချင်း
ဖြစ်သည်က တစ်ကြောင်း

အောင်သန်းဖခင်ဦး
စိုင်းမောင်က သူ့သားယူထားသည့်အသားအ
တွက်ငွေရှင်းပေးနေသည်တို့ကြောင့် လက်ညို
ထိုးသောအသားတွဲပေးမြဲပေမယ့်

ဟင်းပေါ်ချိန်မှာ
ညနေခင်းပိုင်းများသည် အသား
ကိုင်ပြီးချိန်က မိုးချုပ်တတ်သဖြင့် အောင်းသန်း
အမူအယာကြောင့်လန့်လာသည် ထို့ကြောင့်
ဦးတလုပ်တို့ အသားဟင်း သိပ်မပေါ်တော့ပါ

ရွာမှာလူသေဆုံးမှု့များက
ဆက်လာသည် အသုဘ တခုရက်မလည်ရသေး
နောက်နာရေး တစ်ခုကပေါ်လာပြန်သည်

သည်တလအတွင်း ရွာမှ
လူနှစ်ဦး ရုတ်တရက် သေဆုံးခဲ့သည်
ဖြစ်စဉ်မှာလည်း အသားပေါ်သော
နေအလုပ်မှ ဦးတလုပ်တပည့် ဖြစ်သူ

အယ်ထူး တစ်ယောက်
အကောင်းပကတိမှ ရွာဈေးဆိုင်တွင်
ဈေးဝယ်နေရင်း မျက်လုံးပြူးပြီး
အကျောတွေကွေးကောက်လာပြီး
လဲကျသွားရာ အနီးအနားမှ လူများ
ပြုစုပေမယ့် သေဆုံးခဲ့ရသည်

နောက်တစ်ဦးမှာ
အယ်ထူး ရက်မလည်ခင်မှာပဲ
ရွာမှ အပျိုအရွယ် မိပန်းလှဟာ
ရွာသောက်ရေကန် ညနေခင်းရေခပ်
နေစဉ် ရေကန်ထဲပြုတ်ကျပြီးရေနှစ်
သေဆုံးရပြန်သည်

မည့်သိုပင်ဆိုစေကာမူ
ရွာသားများ စိတ်ထဲ သရိုသရီ
ဖြစ်လာကြပြီး ပိုမိုထိတ်လန့်လာကြ၏

ထို့နောက်ရွာထဲတွင်
ယခင်ကမပျောက်ဖူးသည့်
အိမ်မွေးကြက်များ အပျောက်များ
လာကြသည်

စောင့်ဖမ်းမည်ဆိုသော်လည်း
ညာဉ့်သန်းခေါင် ဆွဲဆွဲငင်ငင်ဖြင့်
အူလိုက်သောခွေးသံများကလဲ
ထိတ်လန့်စရာမို့ အိမ်အပြင်မထွက်ရဲတော့ပါ

တညနေအောင်သန်း
ထန်းတော၌ တောင်ဖက်ရွာသားများနှင့်
မူးပြီးရိုက်ပွဲဖြစ်ရာ တဖက်ရွာသားငါးယောက်ကို
အောင်သန်းတယောက်ထဲကထိုးကြိတ်ရိုက်နှက်ရာ
တဖက်ရွာသားများခေါင်းကွဲလက်ကျိုးဖူးယောင်ပြီး
ပြေးရဆို၏

အောင်သန်းကတော့
တချက်ထိခိုက်အရှအနာမရှိ
သူ့ကိုရန်ဖြစ်စဉ်ဝိုင်းရိုက်ရာတွင်လည်း
တချက်မှ အသံမထွက်ပဲ ချကွာ ချကြ
အေးမင်းတို့ပြီးရင်တော့ ငါ့အလှည့် ဟုသာ
အော်၍ င့ုံခံနေပြီးလျှင်သူပြန်ချတော့
တဖက်ရွာသားတွေ အလူးအလဲနောက်ဆုံး
မခံနိုင်ပဲ ထွက်ပြေးရသည်

တဖက်ရွာသားတွေက
အများနှင့်ဆိုပေမယ့်ခံလိုက်ရ
သူတွေအဲ့ဒီအတွက်မကျေနပ်တော့
ရွာလူကြီးကိုလာတိုင်တန်းလေသည်

ရွာလူကြီးကဖြစ်စဉ်မေးတော့
တဖက်ရွာသားများက ထန်းရည်
အမြည်းအတွက် အမဲခြောက်ကင်အား
အောင်သန်းကနိုက်စားသဖြင့်စကားများ
ရန်ဖြစ်ကြောင်းကြားသိရလေသည်

နောက်ဆုံးတော့
အောင်သန်းကိုသူကြီး၏အိမ်၌ ထိတ်တုံး
ခတ်လိုက်ရသည်

ထိတ်တုံးခတ်ထားသည့်
နေရာမှအောင်သန်းက ရွာလူကြီးကို
မျက်ထောက်နီကြီးဖြင့်တချိန်လုံး
စိုက်ကြည့်နေသည်မှာ ကျောချမ်းစရာပင်
ဖြစ်သည်

ထိုအချိန်ရွာလူကြီးအကိုတော်သူ
မြို့မှညီဖြစ်သူထံသို့အလည်ရောက်နေသဖြင့်
ညီဖြစ်သူရွာလူကြီးအားအကျိုးကြောင်းစုံစမ်းလေ၏

ပြီးလျှင်အောင်သန်းအနားအနီးကပ်သွားကြည့်သည်

အောင်သန်း၏လက်မောင်း၌
ဘီလူးပုံတက်တူးထိုးထားသည့်ပုံကို
သေခြာစိုက်ကြည့်ပြီးသက်ပြင်းတချက်
ချကာညီဖြစ်သူရွာလူကြီးအားဒီကလေး
အကြမ်းဖျင်းပြောရရင် နက္ခတ်ဝင်သွားတာပါပဲ
မစိုးရိမ်ရပါဖူး သူ့အဖေနဲ့တွေ့ချင်ပါတယ်
ဟုပြောလိုက်လေသည်

ရွာလူကြီးမှ အောင်သန်းဖခင်ကိုခေါ်ပေး၏

ရွာလူကြီးအကိုမှ
အောင်သန်းဖခင်အား “ခင်ဗျာသား
လက်မောင်းက ဘီလူးပုံတက်တူးက
ဘယ်ရက်ကထိုးတာလဲ သိပါရစေ’ ”
ဟုမေးလိုက်ရာ

အောင်သန်းဖခင်မှ
“သီတင်းကျွတ်လပြည့်နေ့က
သဖန်းပင်ဘုရားပွဲသွားစဉ်ကထိုးလာတာဖြစ်
ကြောင်း “ပြောပြလိုက်လေသည်

ရွာလူကြီးအကိုမှခေါင်းတချက်ငြိမ့်ပြီးပြုံးလျှက်
“ဘီလူးရုပ်က အာဋ္ဌာဝကနက္ခတ်ဝင်သွား
တာပါဗျာ ”

“ဟင် ” “ဟာ ” “အလို ”
အသံများဖြင့် ရွာသူ ရွာသား
ကြားရသူအားလုံး မျက်လုံးပြူးအံ့သြကြလေ၏

” ဒီလိုအခါရက်တွေမှာ
ကောင်းကင်နက္ခတ်ဆုံကြတယ်
ဒါကြောင့်လည်းဒီလိုအချိန်ကိုစောင့်ပြီး
အစီအရင်လက်ဖွဲ့နဲ့တချို့ပညာရပ်အဆင့်
တက်တာတွေ ဆေးဖေါ်ကြတာတွေအစရှိခဲ့
တာပဲ” ဟု ရှင်းပြလေသည်

“ကဲ့ပါဗျာ အခုကျနော်
တစ်ခုမေးမယ်အောင်သန်း
ရဲ့ဖခင်အနေနဲ့အခုလိုဖြစ်နေတာကို
သဘောကျ လက်ခံနိုင်မလားဗျာ “……

ချက်ခြင်းပင်
“အောင်းသန်းဖခင်မှသဘောမကျ
လက်မခံကြောင်းပြောလည်းပြော
ခေါင်းလည်း ခါပြီး ကန့်ကွက်၏”

ရွာလူကြီးအကိုမှ
“ရွာသားများ၏ အကူအညီဖြင့်
အောင်သန်းအားချုပ်ပြီးလက်မှဘီလူးရုပ်နေရာ
အားလေးထောင့်ကွက်စမအင်းအားကြေးစုတ်
တံဖြင့်ထိုးပေးလိုက်လေတော့သည်

ထိုအချိန်မှစ၍
“အောင်သန်းတယောက် သတိ
လွတ်ခြင်း အစားကြူးခြင်းများ
ညမအိပ်ပဲလမ်းပေါ် လျှောက်သွားခြင်း
ရန်ဖြစ်ချင်းတို့ ပါမဖြစ်တော့ပဲ
အေးချမ်း သွားလေတော့သည်။

——————————–

ကျွန်တော်တို့ရွာမှ အောင်းသန်း ဖြစ်ပျက်ခဲ့သော
အဖြစ်အပျက်ကို မှီငြမ်းရေးသားပါသည် ။

အားလုံးကိုကျေးဇူးတင်လျှက်

‌ စိုင်း မင်း သန့်

အားလုံးမင်္ဂလာပါ ။ ။’

Zawgyi Version

အာ႒ာဝကနကၡတ္(စ/ဆံုး)
————————
ျဖစ္႐ိုးျဖစ္စဥ္မဟုတ္ေသာ…
တခ်ိဳ႕ေသာ အရာမ်ားသည္ လက္ေတြ႕
ႀကဳံရေတာ့မွ Uာင္ !

တကယ္ျဖစ္တာပါလား
အံ့ၾသစရာပဲ အစက ဒီလိုအျဖစ္မ်ိဳး
မႀကဳံဖူးလို႔ မယုံဖူးေျပာရမယ္

ခုလက္ေတြ႕မလို႔ ယုံပါတယ္
ေျပာရမလိုလို ကိုယ္ေတြ႕ႀကဳံရလို႔
မျငင္းေတာ့ပါဖူးဟု ဝန္ခံမိခဲ့သူမွာ
အမ်ားထဲမွ ကြၽန္ေတာ္တဦး ပါသြား
ခဲ့သည္

သဘာဝ ေလာကႀကီးတြင္
လွ်ိဳ႕ဝွက္ဆန္းက်ယ္ေသာ မသိမျမင္
ႏိုင္ေသာအရာမ်ားမွာ အမ်ားအျပားရွိ
ေနပါသည္

႐ြာမွသတင္းထူး တစ္ခုက
တမဟုတ္ခ်င္းျပန႔္ သြားခဲ့သည္
ေအာင္သန္း အရင္ကေအာင္သန္း
မဟုတ္ေတာ့ဖူးတဲ့ …

အခုတမူထူးေနတာ
ေအာင္သန္း ညညဆို ထေသာင္း
က်န္းေနတာေတြ အစားအစာစား
တာက သရဲဘီလူးလိုပဲ တနင့္တပိုးကို
စားေနတာ တဲ့ဗ်ာ

သူစားခ်င္တာေျပာလို႔မွ
မေကြၽးရင္ အိမ္တိုင္နဲ႔သူ႔ေခါင္းကို
ေျပးေျပးၿပီး ေစာင့္တာမ်ာ းေဘးက
ၾကည့္ေနတဲ့ သူေတြ ဘုရားတ အမေလးတရ
ေလာက္ေအာင္ပင္ျမင္ေတြ႕ၾကရသည္

ဆြဲလို႔လြဲလို႔လည္းမရ
လူငါးေယာက္ခ်ဳပ္တာ ေတာင္မွ
ေအာင္သန္းတစ္ခ်က္ခါ ထုတ္လိုက္ရင္
လြင့္စင္ကုန္ပါေလေရာဗ်ာ

ညဖက္သက္ႀကီး
ေခါင္းခ်ခ်ိန္ေလာက္ဆိုရင္
ေအာင္သန္းကအိပ္ယာထဲက
ထၿပီးလမ္းေပၚမွာေလွ်ာက္သြားေနေရာ
႐ြာထဲကေခြးေတြ လဲအသံရွည္ႀကီးနဲ႔
ဝိုင္းအူေနၾကတာၾကားရ သူေတြေက်ာခ်မ္း
စရာပါပဲ

တျဖည္းျဖည္း႐ြာသူ႐ြာသားေတြေအာင္သန္းကို
ထိန႔္လန႔္လာၾကပါတယ္

႐ြာမွကေလးငယ္ေတြ
အရင္က မျဖစ္ဖူး တဲ့ေရာဂါေတြျဖစ္ၿပီး
ညညအိပ္ေနရင္းထထၿပီး ေအာ္တာမ်ိဳး
မအိပ္ပဲဂ်ီက် တအီအီၿငီးညဴ ေနၾကတာ
ထိတ္လန႔္ေနတာေတြက ျဖစ္လာၾကေတာ့
႐ြာသူ႐ြာသားေတြ ႐ြာလူႀကီးကိုတိုင္လာၾကပါ
တယ္

အဲ့ဒီမွာ႐ြာလူႀကီးလည္းေခါင္းေျခာက္ေနပါတယ္

ခက္တာက႐ြာလူႀကီးသိခဲ့တဲ့
ေအာင္သန္းဟာလိမ္မာတယ္ရပ္႐ြာ
အက်ိဳးကို အၿမဲအားကိုးရသူ သေဘာမေႏွာ
ေကာင္းသူတေယာက္ပါ

အခုေအာင္သန္း
ေျပာင္းျပန္ျဖစ္ေနတာကိုးဒီေတာ့လည္း
႐ြာလူႀကီးအေနနဲ႔အခုျဖစ္စဥ္ကို
စုံစမ္းဖို႔နဲ႔စုံစမ္းလို႔သိရရင္ျဖင့္

ဘယ္ပုံဘယ္နည္းနဲ႔
အေကာင္းဆုံးေျဖရွင္းရမလဲအေျဖကို
စိတ္ကူးရင္း ေတြးေနပါတယ္

ယေန႔မနက္
ေစာေစာ႐ြာလူႀကီးေအာင္သန္း၏
အိမ္ကို ထြက္လာပါတယ္

ေအာင္သန္းအိမ္ကို
ေရာက္တယ္ဆိုရင္ပဲ သူ႔အေဖကိုေတြ႕ေတြ႕ခ်င္း

“ဦးစိုင္းေမာင္ခင္ဗ်ားရဲ႕ သားရွိလားလို႔
ေမးလိုက္တယ္ ”

ေအာင္သန္းဖခင္ ဦးစိုင္းေမာင္မွ

“လာဗ်ာ လူႀကီး အခုလိုလာမယ္ဆိုတာကို
က်ဳပ္ သိေနပါၿပီဗ်ာ ”

” ေအာင္သန္းေတာ့ အိပ္ေနတယ္ ကြၽန္ေတာ္
လည္းစဥ္းစားမရဖူး ညေနကို လူႀကီးအိမ္လာ
တိုင္ပင္ဖို႔ပါပဲခင္ဗ်ာ ”

ဦးစိုင္းေမာင္သည္
ေအာင္သန္းငယ္စဥ္အခ်ိန္ထဲက
ဇနီး ဆုံးပါးသြားေပမယ့္ သူ႔သားမ်က္ႏွာငယ္
မည္ကိုဆိုးသည္ဟုဆိုကာ ေနာက္အိမ္ေထာင္
မျပဳပဲ

ၿခံအလုပ္ကို ႐ိုးသားစြာျဖင့္
လုပ္ကိုင္ေနသူတဦးျဖစ္သလို သားျဖစ္သူ
ေအာင္သန္းမွာလည္း ရပ္႐ြာ အက်ိဳးကို
သာေရး နာေရး အစစအရာရာ ကူညီၿပီး စိတ္ရင္း
ေစတနာျဖဴစင္ သူတဦးျဖစ္သည္

႐ြာလူႀကီးမွ
“ေအးဗ်ာ အခုျဖစ္ပ်က္ ေနတာကို
ဘယ္လိုကစၿပီးထူးျခာျခား သိရပါသလဲ
အေတာ္ပဲ ထူးကိုထူးျခားေနတယ္ဗ် ”
ဟုသာ စေမးလိုက္ပါတယ္

ေအာင္းသန္းဖခင္က
“ေအးဗ်ာ႐ြာလူႀကီးေမးလို႔ ေျပာရရင္
ၿပီးခဲ့တဲ့ငါးရက္ေလာက္ကသဖန္းပင္
႐ြာက ဘုရားပြဲ သူ႔သူငယ္ခ်င္းမ်ားနဲ႔သြားၾကတယ္
ဒါကႏွစ္စဥ္သြားေနၾကပဲေလ”

“ခုကိစၥကအဲ့ဒီဘုရားပြဲကအျပန္ ေနာက္ေန႔စၿပီး
ျဖစ္ခဲ့တာပါ ဘာအမွားယြင္း လုပ္မိခဲ့ၾကတယ္
ေတာ့မသိဖူး “ဟုသာ အေျဖေပးလိုက္ေတာ့

“႐ြာလူႀကီးမွ တခုေတာ့ရွိတယ္
ဘုရားပြဲကို ေအာင္သန္းနဲ႔အတူသြားတာ
ဘယ္သူေတြလဲ သူတို႔နဲ႔ေတြ႕ၿပီးစုံစမ္းရင္
ေတာ့အေျခအေနေတြ သိရမွာ ပဲဗ်”

ဦးစိုင္းေမာင္မွ
“ဘုရားပြဲကို သြားၾကတာေတာ့
သုံးေယာက္ပါေအာင္သန္းနဲ႔အတူ
ကိုကိုနဲ႔ညီညီ အမႊာညီအကို ႏွစ္ေယာက္”
ပါတယ္

႐ြာလူႀကီးမွ
“ေကာင္ၿပီေလ က်ဳပ္အမႊာညီအကို
အိမ္သြားၿပီးေတာ့ စုံစမ္းလိုက္ရင္
အေျဖတစ္ခု ထြက္လာမွာပါ ”
ေျပာကာ ႏုတ္ဆက္၍ ထြက္သြား
ေတာ့ သည္

႐ြာလူႀကီးအမႊာညီအကို
ႏွစ္ေယာက္အိမ္သို႔ ေရာက္ေသာ္
အမႊာညီ အစ္ကိုတို႔ ႏွစ္ေယာက္ႏွင့္ေတြ႕
ေသာအခါ ဘုရားပြဲတြင္ျဖစ္ပ်က္ခဲ့ေသာ
အေၾကာင္းမ်ားေမးေတာ့လဲအေထြအထူးမရွိ
သူတို႔ပြဲအတူသြားအတူျပန္ၾကသည္ပဲေျဖ၏

သည္ကေလးေတြလည္း
႐ြာမွာနာမည္ပ်က္ ဆိုးသြမ္းသူမ်ားမဟုတ္
သူတို႔မိဘမ်ားၿခံကိုကူ ညီလုပ္ကိုင္ေနၾကသူမ်ား
ျဖစ္ၿပီး ေအးခ်မ္းစြာ ေနၾကသူမ်ားျဖစ္သည္

ေနာက္ဆုံး႐ြာလူႀကီးလည္းစိတ္ပ်က္ခါစဥ္းစား
မရေတာ့!!

ပိုဆိုးသည္မွာက
ဟင္းစားေပၚေရာင္းသည့္ ဦးတလုပ္တို႔
တျခား႐ြာမ်ားမွ ဝက္ႏြားမ်ားအား
ဆြဲလာၿပီး သူတို႔ဟင္းေပၚမည့္ ေနရာသို႔ပင္
မေရာက္ေသး ေအာင္သန္းက ႀကိဳေစာင့္ေန၏

ဟင္းေပၚလွ်င္ မ်က္လုံးျပဴးႀကီးျဖင့္စူးစိုက္ၾကည့္
ေနၿပီး ပါးစပ္မွ တဟင္းဟင္း သြားရည္တျမား
ျမား ဟင္းေပၚမည့္သူမ်ား ၾကက္သီးထလာၾက
သည္

အသားဟင္း ေပၚၿပီးလွ်င္
ေအာင္သန္းကသူ စာခ်င္သည့္
အသားတြဲအား လက္ညိဳးထိုးေတာင္းတတ္
ေလသည္ အစထဲက ႐ြာသားအခ်င္းခ်င္း
ျဖစ္သည္က တစ္ေၾကာင္း

ေအာင္သန္းဖခင္ဦး
စိုင္းေမာင္က သူ႔သားယူထားသည့္အသားအ
တြက္ေငြရွင္းေပးေနသည္တို႔ေၾကာင့္ လက္ညိဳ
ထိုးေသာအသားတြဲေပးၿမဲေပမယ့္

ဟင္းေပၚခ်ိန္မွာ
ညေနခင္းပိုင္းမ်ားသည္ အသား
ကိုင္ၿပီးခ်ိန္က မိုးခ်ဳပ္တတ္သျဖင့္ ေအာင္းသန္း
အမူအယာေၾကာင့္လန႔္လာသည္ ထို႔ေၾကာင့္
ဦးတလုပ္တို႔ အသားဟင္း သိပ္မေပၚေတာ့ပါ

႐ြာမွာလူေသဆုံးမႈ႕မ်ားက
ဆက္လာသည္ အသုဘ တခုရက္မလည္ရေသး
ေနာက္နာေရး တစ္ခုကေပၚလာျပန္သည္

သည္တလအတြင္း ႐ြာမွ
လူႏွစ္ဦး ႐ုတ္တရက္ ေသဆုံးခဲ့သည္
ျဖစ္စဥ္မွာလည္း အသားေပၚေသာ
ေနအလုပ္မွ ဦးတလုပ္တပည့္ ျဖစ္သူ

အယ္ထူး တစ္ေယာက္
အေကာင္းပကတိမွ ႐ြာေဈးဆိုင္တြင္
ေဈးဝယ္ေနရင္း မ်က္လုံးျပဴးၿပီး
အေက်ာေတြေကြးေကာက္လာၿပီး
လဲက်သြားရာ အနီးအနားမွ လူမ်ား
ျပဳစုေပမယ့္ ေသဆုံးခဲ့ရသည္

ေနာက္တစ္ဦးမွာ
အယ္ထူး ရက္မလည္ခင္မွာပဲ
႐ြာမွ အပ်ိဳအ႐ြယ္ မိပန္းလွဟာ
႐ြာေသာက္ေရကန္ ညေနခင္းေရခပ္
ေနစဥ္ ေရကန္ထဲျပဳတ္က်ၿပီးေရႏွစ္
ေသဆုံးရျပန္သည္

မည့္သိုပင္ဆိုေစကာမူ
႐ြာသားမ်ား စိတ္ထဲ သ႐ိုသရီ
ျဖစ္လာၾကၿပီး ပိုမိုထိတ္လန႔္လာၾက၏

ထို႔ေနာက္႐ြာထဲတြင္
ယခင္ကမေပ်ာက္ဖူးသည့္
အိမ္ေမြးၾကက္မ်ား အေပ်ာက္မ်ား
လာၾကသည္

ေစာင့္ဖမ္းမည္ဆိုေသာ္လည္း
ညာဥ့္သန္းေခါင္ ဆြဲဆြဲငင္ငင္ျဖင့္
အူလိုက္ေသာေခြးသံမ်ားကလဲ
ထိတ္လန႔္စရာမို႔ အိမ္အျပင္မထြက္ရဲေတာ့ပါ

တညေနေအာင္သန္း
ထန္းေတာ၌ ေတာင္ဖက္႐ြာသားမ်ားႏွင့္
မူးၿပီး႐ိုက္ပြဲျဖစ္ရာ တဖက္႐ြာသားငါးေယာက္ကို
ေအာင္သန္းတေယာက္ထဲကထိုးႀကိတ္႐ိုက္ႏွက္ရာ
တဖက္႐ြာသားမ်ားေခါင္းကြဲလက္က်ိဳးဖူးေယာင္ၿပီး
ေျပးရဆို၏

ေအာင္သန္းကေတာ့
တခ်က္ထိခိုက္အရွအနာမရွိ
သူ႔ကိုရန္ျဖစ္စဥ္ဝိုင္း႐ိုက္ရာတြင္လည္း
တခ်က္မွ အသံမထြက္ပဲ ခ်ကြာ ခ်ၾက
ေအးမင္းတို႔ၿပီးရင္ေတာ့ ငါ့အလွည့္ ဟုသာ
ေအာ္၍ င့ုံခံေနၿပီးလွ်င္သူျပန္ခ်ေတာ့
တဖက္႐ြာသားေတြ အလူးအလဲေနာက္ဆုံး
မခံႏိုင္ပဲ ထြက္ေျပးရသည္

တဖက္႐ြာသားေတြက
အမ်ားႏွင့္ဆိုေပမယ့္ခံလိုက္ရ
သူေတြအဲ့ဒီအတြက္မေက်နပ္ေတာ့
႐ြာလူႀကီးကိုလာတိုင္တန္းေလသည္

႐ြာလူႀကီးကျဖစ္စဥ္ေမးေတာ့
တဖက္႐ြာသားမ်ားက ထန္းရည္
အျမည္းအတြက္ အမဲေျခာက္ကင္အား
ေအာင္သန္းကႏိုက္စားသျဖင့္စကားမ်ား
ရန္ျဖစ္ေၾကာင္းၾကားသိရေလသည္

ေနာက္ဆုံးေတာ့
ေအာင္သန္းကိုသူႀကီး၏အိမ္၌ ထိတ္တုံး
ခတ္လိုက္ရသည္

ထိတ္တုံးခတ္ထားသည့္
ေနရာမွေအာင္သန္းက ႐ြာလူႀကီးကို
မ်က္ေထာက္နီႀကီးျဖင့္တခ်ိန္လုံး
စိုက္ၾကည့္ေနသည္မွာ ေက်ာခ်မ္းစရာပင္
ျဖစ္သည္

ထိုအခ်ိန္႐ြာလူႀကီးအကိုေတာ္သူ
ၿမိဳ႕မွညီျဖစ္သူထံသို႔အလည္ေရာက္ေနသျဖင့္
ညီျဖစ္သူ႐ြာလူႀကီးအားအက်ိဳးေၾကာင္းစုံစမ္းေလ၏

ၿပီးလွ်င္ေအာင္သန္းအနားအနီးကပ္သြားၾကည့္သည္

ေအာင္သန္း၏လက္ေမာင္း၌
ဘီလူးပုံတက္တူးထိုးထားသည့္ပုံကို
ေသျခာစိုက္ၾကည့္ၿပီးသက္ျပင္းတခ်က္
ခ်ကာညီျဖစ္သူ႐ြာလူႀကီးအားဒီကေလး
အၾကမ္းဖ်င္းေျပာရရင္ နကၡတ္ဝင္သြားတာပါပဲ
မစိုးရိမ္ရပါဖူး သူ႔အေဖနဲ႔ေတြ႕ခ်င္ပါတယ္
ဟုေျပာလိုက္ေလသည္

႐ြာလူႀကီးမွ ေအာင္သန္းဖခင္ကိုေခၚေပး၏

႐ြာလူႀကီးအကိုမွ
ေအာင္သန္းဖခင္အား “ခင္ဗ်ာသား
လက္ေမာင္းက ဘီလူးပုံတက္တူးက
ဘယ္ရက္ကထိုးတာလဲ သိပါရေစ’ ”
ဟုေမးလိုက္ရာ

ေအာင္သန္းဖခင္မွ
“သီတင္းကြၽတ္လျပည့္ေန႔က
သဖန္းပင္ဘုရားပြဲသြားစဥ္ကထိုးလာတာျဖစ္
ေၾကာင္း “ေျပာျပလိုက္ေလသည္

႐ြာလူႀကီးအကိုမွေခါင္းတခ်က္ၿငိမ့္ၿပီးၿပဳံးလွ်က္
“ဘီလူး႐ုပ္က အာ႒ာဝကနကၡတ္ဝင္သြား
တာပါဗ်ာ ”

“ဟင္ ” “ဟာ ” “အလို ”
အသံမ်ားျဖင့္ ႐ြာသူ ႐ြာသား
ၾကားရသူအားလုံး မ်က္လုံးျပဴးအံ့ၾသၾကေလ၏

” ဒီလိုအခါရက္ေတြမွာ
ေကာင္းကင္နကၡတ္ဆုံၾကတယ္
ဒါေၾကာင့္လည္းဒီလိုအခ်ိန္ကိုေစာင့္ၿပီး
အစီအရင္လက္ဖြဲ႕နဲ႔တခ်ိဳ႕ပညာရပ္အဆင့္
တက္တာေတြ ေဆးေဖၚၾကတာေတြအစရွိခဲ့
တာပဲ” ဟု ရွင္းျပေလသည္

“ကဲ့ပါဗ်ာ အခုက်ေနာ္
တစ္ခုေမးမယ္ေအာင္သန္း
ရဲ႕ဖခင္အေနနဲ႔အခုလိုျဖစ္ေနတာကို
သေဘာက် လက္ခံႏိုင္မလားဗ်ာ “……

ခ်က္ျခင္းပင္
“ေအာင္းသန္းဖခင္မွသေဘာမက်
လက္မခံေၾကာင္းေျပာလည္းေျပာ
ေခါင္းလည္း ခါၿပီး ကန႔္ကြက္၏”

႐ြာလူႀကီးအကိုမွ
“႐ြာသားမ်ား၏ အကူအညီျဖင့္
ေအာင္သန္းအားခ်ဳပ္ၿပီးလက္မွဘီလူး႐ုပ္ေနရာ
အားေလးေထာင့္ကြက္စမအင္းအားေၾကးစုတ္
တံျဖင့္ထိုးေပးလိုက္ေလေတာ့သည္

ထိုအခ်ိန္မွစ၍
“ေအာင္သန္းတေယာက္ သတိ
လြတ္ျခင္း အစားၾကဴးျခင္းမ်ား
ညမအိပ္ပဲလမ္းေပၚ ေလွ်ာက္သြားျခင္း
ရန္ျဖစ္ခ်င္းတို႔ ပါမျဖစ္ေတာ့ပဲ
ေအးခ်မ္း သြားေလေတာ့သည္။

——————————–

ကြၽန္ေတာ္တို႔႐ြာမွ ေအာင္းသန္း ျဖစ္ပ်က္ခဲ့ေသာ
အျဖစ္အပ်က္ကို မွီျငမ္းေရးသားပါသည္ ။

အားလုံးကိုေက်းဇူးတင္လွ်က္

‌ စိုင္း မင္း သန႔္

အားလုံးမဂၤလာပါ ။ ။’