သိုက်နန်းရှင်မလေးမြူနှင်းချယ်ရီနှင့်
ကတိပျက်၍သိုက်မှပြန်ခေါ်ခံရသူ (စ/ဆုံး)
——————————
အချိန်ကာလကတစ်ဖြည်းဖြည်းကုန်ဆုံးကာခုဆိုရင်မြူနှင်းချယ်ရီလဲကျောင်းပြန်တတ်နေပီ
ရွာမူလတန်းထိပဲရှိတာမို့ဦးလေးဖြစ်သူရှိရာတာဆုံသို့အကိုတွေနဲ့အတူတူကျောင်းပြန်တတ်နေလေပြီသို့သော်ဦးလေးဖြစ်သူမှာနတ်တို့ဗေဒင်တို့သိုက်တို့မယုံပေထို့ကြောင့်သူအိမ်တွင်ဘာမှလုပ်ခွင့်မရပေမြူနှင်းချယ်ရီလဲတစ်ပတ်တစ်ခါရွာပြန်ရလေသည်ရွာမှမိဘများမှစနေကျောင်းပိတ်ရက်ဆိုတာနဲ့လာခေါ်လေသည်တနင်္ဂနွေနေ့ညနေစောင်းမှပြန်ပို့လေသည်တစ်နေ့တော့ဦးလေးဖြစ်သူမှာအပြင်းဖျားလေသည်မြို့ဆေးရုံတွေသွားပြတော့လဲမသက်သာပေတစ်ဖြည်းဖြည်းအခြေအနေဆိုးလာလေသည်အမေဖြစ်သူနှင့်မိန်းမဖြစ်သူမှာစိုးရိမ်လာကာမြေးဖြစ်သူမြူနှင်းချယ်ရီအားတိုးတိုးတိတ်တိတ်မေးလေသည်
” မြေးလေးသမီးဦးလေးအကြောင်းလဲသမီးသိ့သားနဲ့ဆေးရုံဆေးခန်းကလဲထပ်နေပြီမသက်သာဘူးသားမသိ့အောင်မြေးအနှောက်အယှက်ပယောဂများရှိ့လားကြည့်ပေးပါအုံး”
” အဖွားသမီးလေးလေးကိုကြောက်တယ်လေးလေးဘာဖြစ်နေတယ်သမီးသိ့တယ်ဒါပေမဲ့သမီးမလုပ်ရဲဘူး”
” ဒါဆိုအနှောက်အယှက်ကလုပ်ထားတာပေါ့ဒီလိုလုပ်ခုတစ်ပတ်သမီးရွာပြန်အဲ့မှာသမီးအမေတို့နဲ့တိုင်ပင်ပြီးသမီးဦးလေးကိုယ်ပါမြေးရယ်”
မြူနှင်းချယ်ရီလဲအဖွားစကားကြောင့်ခုတစ်ပတ်ရွာပြန်ကာဦးလေးကျန်းမာရေးအတွက်သူကူညီပေးရမယ်ဦးလေးနေမကောင်းဖြစ်၍ရွာမပြန်ရသည်မှာကြာပြီခုတော့သူဦးလေးဖြစ်သူဆူလဲဆူပါစေတော့ဒီလိုနဲ့စနေနေ့ရောက်တော့မိဘဖြစ်သူတွေနဲ့အတူရွာပြန်ကာအိမ်မှာပွဲတွေပြင်၍အမေအဖေနဲ့အတူအိမ်နီးချင်းများအခြားလာမေးသူတွေကောစိတ်ဝင်စားသူတွေပါအိမ်အပြည့်မြူနှင်းချယ်ရီလဲဘုရားရှစ်ခိုးသီလယူကာ
” မြတ်စွာဘုရားရှင်အားဦးထိပ်ပန်ဆင်၍အဘိုးဘိုးဘိုးအောင်အဘိုးဘိုးမင်းခေါင်နှင့်အမတော်မြနန်းနွယ်အမတော်မြနန်းသူဇာအမတော်စောမွန်လှအမတော်နဂါးမယ်တော်ကြီးနှင့်အခြားသောအမတော်တို့အားတိုင်တည်ကာ တာဆုံမှာနေတဲ့အင်္ဂါသားဦးစိုးကျော်၏အမိအဖတို့သသည်သူ့သား၏အသက်အားငါ့တို့အားအပ်၏
ယခုအင်္ဂါသားကိုနှောက်ယှက်နေတဲ့ကန်တော်စောင့်မောင်နှမငါ့ရှေ့အရောက်လာခဲ့ဟဲ့
နန္ဒနနှင့်ဒေဝနဂါးမင်းတို့မှယခုငါ့ရှေမှောက်
အရောက်ဖမ်းချုပ်ကာခေါ်ခဲ့အမေတော်နဂါးမယ်တော်ကြီးအမိန့်..”
” ဖြန်း ”
ကြမ်းပြင်အားလက်ဝါးဖြင့်ရိုက်၍ခေါ်လိုက်သောအခါအမေဖြစ်သူမလှလှမှာတစ်ဆတ်ဆတ်တုန်၍လာပြီး
” ငါ့တို့မောင်နှမကိုခေါ်တာဘာကိစ္စလဲ”
” ယခုရောက်လာတာဘယ်သူလဲ ”
” ငါရေကန်စောင့်စောသူဇာပဲ မယ်တော်ကြီးအမိန့်အာဏာစက်ကြောင့်သာလာခဲ့တာမလောက်လေးမလောက်စားလောက်နဲ့”
” တယ် ငါ့ညီမတော်ကိုများမလေးမစားနဲ့ ဟဲ့နန္ဒနဂါးပတ်ကျော့ကွင်းနဲ့ချုပ်နှောင်စမ်း”
” အားးးးအားး”
နဂါးမယ်တော်ကြီးနုတ်မိန့်ကြောင့်နန္ဒနဂါးမင်းသည်ချက်ချင်းနဂါးပတ်ကျော့ကွင်းဖြင်ရစ်ပတ်ကာချုနှောက်လိုက်၍စောသူဇာမှာအလွန်နာကျင်သွား၍မျက်လွှာချကာခေါင်းငုံ့သွားလေသည်စောသူဇာမှာနဂါးမျိုးနွယ်ဝင်ဖြစ်လို့နဂါးမန်ဖြင့်ပြောဆိုလိုက်သော်လဲနောက်၌ထိုင်နေသောပုဂ္ဂိုလ်များအားမမြင်မိပါ
” ခွင့်လွှတ်ပါမယ်တော်ကြီး”
” အဘယ်ကြောင့်အင်္ဂါသားနှောက်ယှက်ရသလဲကန်တော်စောင့်စေသူဇာဒေဝီနဂါးမင်းသမီး”
ချိုသာစွာပြောလိုက်သောမြူနှင်းချယ်ရီရဲ့စကားကြောင့်သူ့ရဲ့ဇာတိအမှန်ကိုမြင်နိုင်သူမို့အထင်မသေးဝံတော့ချေနဂါးမယ်တော်ကြီးမှညီမတော်ဟုခေါ်ဆိုလိုက်၍စစ်မေးသူ၏အ
ရှိန်အဝါအားလဲခံစားမိ့လေသည်
” အဲ့ထိစိုးကျော်ဆိုတဲ့သူသည်ကျွန်တော်မျိုးမ၏ကန်ဘေး၌အပေါ့အလေးများစွန့်ကာကျွန်တော်မျိုးမတို့မောင်နှမအားမလေးမစားပြုလုပ်သဖြင့်သူအားသေသိ့အထိ့ပြုလုပ်ထားတာပါ”
” မသိ့လို့တစ်ခါမိုက်မို့ခွင့်လွှတ်ပေးစေချင်ပါတယ်စောသူဇာဒေဝီ”
” ကျွန်တော်မျိုးမခွင့်လွှတ်ပေးလိုက်ပါ့မယ်နောက်တစ်ခါမထိ့လေးစားမလုပ်ဖို့ကျွန်တော်မျိုးမတို့၏ကန်တော်နတ်နန်း၌ပွဲပေးကာတောင်းပန်ပေးပါ”
ဟုပြောလျှင်မြူနှင်းချယ်ရီလဲကတိပေးလိုက်သောစောသူဇာသည်မြတ်စွာဘုရားနှင့်အမတော်များအားဦးချကာထွက်သွားလေသည်မလှလှလဲလဲကျသွားကာအနားမှာလူများမှဝိုင်းဝန်းကာပြုစုလိုက်လေသည်
ဒီလိုနဲ့အားလုံးကိစ္စပြီးသောအခါမြူနှင်းချယ်ရီတို့တာဆုံသို့ပြန်ရောက်သောအခါအဖွားဖြစ်သူအမေဖြစ်သူတို့နှင့်တာဆုံဘုန်းကြီးကျောင်းဘေးကန်တော်သို့သွားကာကန်တော်စောင့်မောင်နှမအားသားဖြစ်သူမောင်စိုးကျော်ကိုယ်စားပွဲများဖြင့်တောင်းပန်လေသည်ဦးလေးဖြစ်သူမှလဲအဲ့အချိန်ကစပြီးထူထူထောင်ထောင်ပြန်ဖြစ်ကာကျန်းမာလာလေသည်
ဒီလိုနဲ့မြူနှင်းချယ်ရီတို့ဦးလေးဖြစ်သူမသိ့အောင်ဖုံးကာပုံမှန်အတိုင်းပဲကျောင်းပြန်တတ်လေသည်ဦးလေးဖြစ်သူလဲတစ်လလောက်ကြာတော့ပုံမှန်သွားလာနိုင်ပြီးတစ်နေ့မြူနှင်းချယ်ရီကျောင်းကပြန်လာချိန်ဦးလေးဖြစ်သူက
” တူမလေးခဏလာပါအုံး”
အိမ်ပေါ်အပေါက်ဝမှအဖွားဖြစ်သူအားလှမ်းကြည့်လိုက်တော့ပြုံးနေပြီးဘေးမှအတူပြန်လာတဲ့အကိုနှစ်ယောက်နှင့်မြူနှင်းချယ်ရီမှာဦးလေးဖြစ်သူကိုကြောက်ရသူတွေမို့ထိတ်လန့်နေကြပါပြီးမြူနှင်းချယ်ရီလဲကြောက်ကြောနှင့်ဦးလေးဖြစ်သူအနားသွားရပ်တော့ဦးလေးဖြစ်သူမှကြည့်နေပြီး
” ကျေးဇူးတင်ပါတယ်ငါ့တူမရယ်အစကဦးလေးဘုရားတရားသံဃာကလွဲရင်ဘာမှမယုံခဲ့ဘူးခုကိုယ်တိုင်ကြုံတွေ့ခံစားရမှလောကမှာကိုယိမမြင်နိုင်တဲ့အရာတွေရှိ့နေပါလားဆိုပြီးလက်ခံလာတယ်”
” ဟို..ဟိုလေလေးလေးသမီး..သမီး”
” ငါ့တူမလေးကိုလေးလေးမဆူပါဘူးလေးလေးကိုအမေနဲ့မိန်းမဖြစ်သူရှင်းပြပြီးပါပြီကျေးဇူးတင်ပါတယ်”
တူမဖြစ်သူကိုပြောလဲပြောဆွဲဖက်ကာငိုချလိုက်လေသသည်
” လေးလေး လောကမှာဘုရားတောင်မြင်အပ်မမြင်အပ်ဆိုရှိတယ်လို့ဟောထားတာပဲ
လူတွေမမြင်နိုင်တဲ့နတ်တွေဝိဇ္ဇာတွေသိုက်တွေသရဲသစ္စေတွေနဲ့အခြားသောပရလောကကမမြင်နိုင်တဲ့အရာတွေအများကြီးရှိပါတယ်လေးလေး”
” လေးလေးလက်ခံပါတယ်ကွယ်”
ယခုမှပဲတွေတွေကြီးရပ်နေတဲ့အကိုဖြစ်သူနှစ်ဦးလဲသက်ပြင်းချနိုင်တော့ကာအိမ်ပေါ်တတ်သွားလေသည်
မြူနှင်းချယ်ရီလဲဦးလေးဖြစ်သူမှလက်ခံသွား
၍ကျောင်းပိတ်ရက်များ၌ပင်ဦးလေးဖြစ်သူအိမ်သို့ဗေဒင်နှင့်အခြားကိစ္စများလာမေးကြသူတွေနှင့်စည်းကားနေလေသည်အရင်လိုတစ်ပတ်တစ်ခါအိမ်ပြန်မရတော့ပေဒီလိုနဲ့အချိန်သည်ပုံမှန်လည်နေစမြဲမို့ဒီတစ်ပတ်တော့မြူနှင်းချယ်ရီမိဘများရှိရာလွင်ပြင်တန်းရွာသို့ပြန်သွားလေသည်တစ်ရက်နေပြီးနောက်နေ့မနက်မှတော့တာဆုံမှဆိုင်ကယ်ကယ်ရီလိုက်လာပြီးအဖွားဖြစ်သူမှမြူနှင်းချယ်ရီနဲ့သူအမေကိုလိုက်လာခဲ့ဖို့မှာလေသည်ချက်ချင်းပဲအမေဖြစ်သူနဲ့လိုက်လာခဲ့တော့အိမ်ရောက်ရောက်ချင်း
” သမီး..သမီး..သမီးလေးရယ်ဦးလေးသမီးလေးကိုကယ်ပေးပါ”
” ညီမလေးရယ်အကို့မိန်းမကိုကယ်ပေးပါနော်”
မြူနှင်းချယ်ရီနှင့်မလှလှတို့ကြောင်နေပြီးအဖွားဖြစ်သူမှလက်ဆွဲခေါ်ကာအကျိုးအကြောင်းပြောပြလိုက်မှသိ့ရတော့သည်ခုနငိုကြီးချက်မနဲ့ပြောနေသူ၏သမီးမှာပူးသလိုလိုဖြစ်နေရင်းကနေသတ်လစ်သွားတာသတိပြန်လည်လာတော့လို့ဆေးရုံတင်တော့လဲဆေးရုံမှလက်လျှော့လိုက်ပြီဖြစ်သည်အဲတာနဲ့ပယောဂဆိုပြီးပယောဂဆရာတွေခေါ်ပြတော့လဲအလိမ်အညာတွေနဲ့သာတိုးပြီးသမီးဖြစ်သူမှာယုခုထိသတိမရသည်မှာ၄ရက်ရှိနေပြီဖြစ်သည်ဒီလိုနဲ့ရွာထဲမှာရွာသားတစ်ဦးကတာဆုံကမြူနှင်းချယ်ရီအကြောင်းပြောပြလို့ယခုလိုရောက်ရောက်ခြင်းတောင်းပန်ကာသမီးသူ
အားကယ်ပေးဖို့ယောင်္ကျားရင့်မာကြီးဖြစ်သော်လဲသားသမီးအတွက်ဆိုမနတွေဘေးချကာအရူးပမာတစ်တွတ်တွတ်တောင်းဆိုနေလေသည်(မိဘမေတ္တာမိခင်ဖခင်တို့၏မေတ္တာသည်ဘယ်အရာနဲ့မှတုနိူင်း၍မရပါမိဘကျေးဇူးဆပ်ဆပ်၍မကုန်ပါဗျာ)
” ဦးလေးသမီးလိုက်ခဲ့ပေးပါမယ်”
မြူနှင်းချယ်ရီလဲချက်ချင်းပင်ခရီးရောက်မဆိုက်ခရီးဆက်ရလေသည်မိခင်ဖြစ်သူမလှလှနဲ့ဦးလေးဖြစ်သူကပါလိုက်ခဲ့လေသည်မြူနှင်းချယ်ရီနေတဲ့ရွာနဲ့တစ်နာရီခွဲလောက်ဆိုင်ကယ်မောင်းမှလက်ပံလှဆိုတဲ့ရွာလေးရောက်လာလေသည်ရွာထိပ်ရောက်ခါနီး၌
” ညီမတော်ရွာထဲတန်းမဝင်နဲ့အုံး”
နားထဲအမတော်အသံကြားလိုက်ရ၍ဆိုင်ကယ်ရပ်ခိုင်းကာမျက်စီမှိတ်လိုက်သော်အဘဘိုးဘိုးအောင်ကိုယ်တိုင်ကြွလာပြီး
“သမီး ယခုသမီးကယ်တင်ပေးရမဲ့သူကအလွန်အန္တရာယ်ရှိတယ်ဒါကြောင့်သမီးတစ်ယောက်ထဲနဲ့မဖြစ်ဘူးအထက်လမ်းဆရာလေးတစ်ယောက်ရောက်လာလိမ့်မယ်ခဏတားထားပဲတားပေးထားပါ”
” ဟုတ်ကဲ့ပါအဘိုး”
မြူနှင်းချယ်ရီလဲမျက်စီခဏလေးမှိတ်ပေမဲ့အဘိုးဘိုးဘိုးအောင်မှညွှန်ကြားသွားလေသည်
ရွာထဲသို့ဆိုင်ကယ်ဝင်လိုက်သော်အခါ
” ဖျောင်း..ဖျောင်း..ဖျောင်း ”
ဟုနားထဲကြားလိုက်ရပြီးအိမ်ရှေ့သို့ရောက်တော့လူတွေပြည့်နေတာတွေ့ရလေသည်
” ဘေးဖယ်ကြပါဆရာမလေးကြွလာပြီ”
အိမ်ပေါ်ရောက်တော့ဘုရားရှစ်ခိုးလိုက်ပြီးတုန်နေတဲ့စိတ်ကိုထိန်းကာ
” ဦးလေးသမီးကိုဒီခေါ်လာပေးပါ”
” ဟိုလေဆရာမလေးသမီးကသတိလစ်နေတော့သူ့အခန်းထဲမှာပဲကုပေးလို့မရဘူးလား”
” ဒီကိုသာသယ်လာခဲ့ပေးပါ”
” ဟုတ်ပါပြီ”
လူးလေးယောက်မိန်းခလေးအားသယ်လာတော့မိန်းခလေးမှာမျက်နှာလေးကြည်လင်ဝင်းပနေကာအိပ်လျက်ပုံစံလေးအတိုင်းပင်ထူးခြားသည်ကာသူနှလုံးနေရာသည်လူပ်ရှားနေလေသည်ထိုအရာကသူမသေသေးဟုဆိုနိုင်လေသည်
” မြတ်စွာဘုရားအားဦးထိပ်ပန်၍အဘဘိုးဘိုးအောင်အဘဘိုးမင်းခေါင်နှင့်မအတော်များအားတိုင်တည်ကာ
” ဦးလေးသမီးနာမည်က”
” ပန်းခရေပါဆရာမလေး”
” ဦးလေးသမီးအသက်ကိုအပ်ပါ”
“အပ်ပါတယ်ဆရာမလေး”
“ဒီမပန်းခရေရဲ့အသက်ကိုငါတို့အပ်ပြီးဖြစ်တယ်ဒါကြောင့်မပန်းခရေကိုနှောက်ယှက်တဲ့
အနှောက်အယှက်မှန်ရင်ယခုငါ့ရှေ့မှောက်အရောက်နန္ဒနှင့်သင်္ခဒေဝီနဂါးမောင်နှမကအရောက်ဆွဲခေါ်ခဲ့စမ်းဟဲ့”
ဟုပြောလိုက်သော်လဲတုတ်တုတ်မှမလူပ်ပေ
” သမီးဒီအတိုင်းခေါ်၍ရမှာမဟုတ်ဘူးသူတို့ကနတ်ဘီလူးမင်းစောင့်ရှောက်ရတဲ့ပညာသိုက်မို့သမီးအနေနဲ့ခေါ်မရတာပဲသမီးပညာအလလိမ္မာသုံးပါသမီး”
ဟုမနောမှညွှန်ကြားသည်ကိုနားထဲကြားနေရ၍လူကလဲထိတ်လန့်နေပြီစိတ်ကိုထိန်းကာ
” မခန့်လေးစားလုပ်သလားဟဲ့ ငါသည်နင့်အားအဘိုးဘိုးအောင်နှင့်အဘိုးဘိုးမင်းတို့အမတော်တို့အားတိုင်တည်၍ခေါ်တာမလို့အဘိုးတို့အာဏာတည်ပါစေသား
ယခုငါ့ရှေ့အရောက်လာစမ်းဟဲ့”
” ဖြန်း ”
ဟုကြမ်းပြင်အားရိုက်ခါအမိန့်အာဏစက်သုံးခါခေါ်လိုက်လျှင်၄ရက်တိတိသတိလစ်မေ့မျောနေသာမိန်းခလေးသည်ချက်ချင်းထကာဒူးတုပ်ကာထိုက်လေသည်
” တယ် အာဏာစက်ပြင်းလို့သာလာရတာခလေးသာသာလေးပါလား ဟားးး ”
ရောက်ရောက်ချင်းပညာမန်ပြလေသည်
” နင်ဘယ်သူလဲဘာကြောင့်ဒီအမျိုးသမီးကိုနှောက်ယှက်သလဲ”
” သင်မေးတိုင်းငါကဖြေရမှာလား သိုက်နန်းရှင်မလေးရဲ့ ဟားးး ”
မြူနှင်းချယ်ရီလဲဝင်ပူးသူ၏အာဏာစက်အရှိန်အားခံစားမိ့လေသည်ထိုအချိန်
” ကျွန်တော်ကိုဝင်ခွင့်ပြုပါခင်ဗျာ”
လူအုပ်ကြားထဲမှာရောဂီယောင်အထက်အောက်ဝတ်ထားသောလူငယ်လေးတစ်ဦး၏အသံထွက်လာလေသည်မြူနှင်းချယ်ရီလဲအဘိုးပြောထားသည်ကိုသတိရကာ
” ဝင်ခဲ့ပါဆရာ ”
ဟုထကာအောက်ဘက်ရွေ့ပေးလေသည်
ခုနလူငယ်လေးသည်လူအုပ်ကြားထဲမှဘုရားခန်းရှေ့သို့သွားကာဘုရားဦးချပြီးလျှင်
” ဒီကနှမကိုကူညီပေးဖို့ရောက်လာတာပါ ”
” ကျေးဇူးတင်ပါတယ်ဆရာလေး ဆရာလေးပဲဆက်လုပ်ဆောင်ပေးပါ”
” မဟုတ်ဘူးနှမပြီးရင်နှမကပဲမေးမြန်းပေးပါခုလောလောဆည်တော့ကျွန်တော်ခွင့်ပြုပါ”
” ခွင့်ပြုပါတယ်ဆရာ”
“ဒီကဦးလေးကလူနာရှင်ရဲ့အဖေလားမသိ့ဘူး”
” ဟုတ်..ဟုတ်ပါတယ်ဆရာ”
” လူနာကိုကျွန်တော်အားကုခွင့်ပေးပါကျွန်တော်ကဒီကနှမအားကူညီပေးဖို့အထက်အမိန့်အရရောက်လာတာပါ”
“ကု..ကုပေးပါဆရာလေးရယ်ကျွန်တော်သမီးလေးအသက်ကယ်ပေးပါဆရာ”
ဟုပြောလျှင်ပယောဂအစွဲဘက်လှည့်ကာ
“ကြိုးပိုင်ကဖြေပေးလိုက်ပါလှံပိုင်အာခေါင်ကိုလှံနဲ့ထောက်ထားတာဖြေပေးလိုက်ပါ”
ဟုပြောလိုက်ရောစောစောကကျွန်မနဲ့ဆရာပြောနေတုန်းကဝင်ပူးနေသူငြမ်နေတာကိုခုမအံသြမိ့တယ်ဆရာကကြိုပြီးချုပ်ထားတာကို
” သင်ဘယ်သူလဲဘာကြောင့်နှောက်ယှက်ရသလဲအမှန်အတိုင်းဖြေပါ”
” ဟင်း..ဟင်း..ဟင်း နင်လိုဆရာပေါက်စကကြိုးပိုင်ကြိမ်ပိုင်လောက်ပိုင်နိုင်ရုံနဲ့ငါ့ကိုနိုင်မယ်ထင်နေလား”
” အသင်ကမဟာစက္ကလို့ခေါ်တဲ့ပညာသိုက်ကိုစောင့်ရတဲ့သိုက်နန်းရှင်မနန်းဒေဝီသခင်မပေပဲ့”
” သင်..သင်ဘယ်လိုသိ့သလဲ”
” ဘာကြောင့်ဒီမိန်းခလေး၏ဝိညည်အားဖမ်းချုပ်ထားသလဲဖြေပါနန်းဒေဝီ”
” သင်ကသိ့နေမှတော့ဒီမိန်းခလေးကအရင်ဘဝငါ့သိုက်နန်းထဲကအစေခံတစ်ယောက်ပဲလူပြည်ကိုသာသနာပြုရအောင်လွှတ်လိုက်တာအိမ်ထောင်မပြုရဘူးအသက်၃၀ကလျှင်ပြန်လာရမယ်လို့ကတိပြုပြီးမှလူပြည့်သာသနာပြုလွှတ်တာဒါကိုသူကအိမ်ထောင်ပြုဖို့လုပ်တယ်အကြိမ်ကြိမ်အိပ်မက်ပေးပြီးပြီသူကမလိုက်နာဘူးက၂ိမတည်လို့ပြန်ခေါ်မလို့ဟေ့ သူ့ကံလေးနည်းနည်းကျန်နေသေးလို့ငါခေါ်မရသေးတာအဲတာကြောင့်သူ့ဝိညည်အားဖမ်းချုပ်ထားတာမကြာဟဲ့”
” အမတော်နန်းဒေဝီသူလဲလူပြည့်ရောက်လာပြီးတော့လူရယ်လ်ု့ဖြစ်လာလျှင်အိမ်ထောင်
ပြုကြမှာဓမ္မတာပါခွင့်လွှတ်ပေးလိုက်ပါအမတော်”
” မရဘူးဟဲ့ ငါတို့ကတိမတည်ရင်ပြန်ခေါ်မှာပဲသူကငါ့အစေခံငါပိုင်တယ်သင်တို့သာဝင်စွက်ဖက်နေတာ”
” သူသည်လူတစ်ယောက်ဖြစ်နေပြီသူ၏အသက်နဲ့ခန္ဓာသည်ငါ၏ပထမံဂိုဏ်းတော်အားအပ်ထားပြီးပြီဖြစ်သင်လက်လျှောကာခွင့်လွှတ်ပေးလိုက်ပါတော့နန်းဒေဝီ”
” မရဘူးဟေ့ ငါကတော့ခေါ်မှာပဲသင်တားနိုင်ရင်တားဟေ့”
” ပြောမရမှတော့ ပွင့်လေပြီးသောဘုရားအဆူဆူအားဦးထိပ်ပန်ဆင်၍ဝိဇ္ဇာရှစ်သောင်းဆရာအပေါင်းတို့အားတိုင်တည်ကာ
ဤမိန်းခလေးအားနှောက်နေသောသိုက်နန်းရှင်အားဆုံးမပေးရန်ကုဝေရနတ်မင်းကြီးအားပင့်ဖိတ်ပါတယ်ယခုမြန်းမကြာရောက်ရာအရပ်ကကြွပေးပါအရှင်ကုဝေရနတ်မင်း”
ဟုပင့်ဖိတ်လိုက်လျှင်ဆရာလေးနောက်မဗပါ်လာပြီး
” တယ် အမိုက်မဒီဆရာလေးကမေတ္တာနှင့်ပြောနေတာသင့်ကိုမနိုင်၍မဟုတ်သင်ကပမာမခန့်ပြုဝံသလား”
” ခွင့်..ခွင့်လွှတ်ပေးပါအရှင်”
ဟုဒူးတုပ်လက်အုပ်ချီကာလျှောက်လိုက်လျှင်
” သင့်အပြစ်သင်သိ့သလားခုချက်ချက်ဖမ်းထားတဲ့မိန်းခလေးဝိညည်အားလွှတ်ပေးပြီးလူ့သက်တမ်းပြည့်နေစေသင့်အားသိုက်နန်းအတွင်းသုံးသီတင်းတရားကျင့်ကြံကာနေရမည်”
” အမိန့်တော်အတိုင်းပါအရှင်နတ်မင်း”
” ကျေးဇူးတင်ပါတယ်အရှင်ကုဝေရနတ်မင်းကျွန်တော်သည်အရှင်နတ်မင်း၏လက်
အောက်၌ရှိသောဤပညာသိုက်အားအရှင်နတ်မင်းအရေးသာမို့ပင်ဖိတ်လ်ုက်ရခြင်းပါ”
” ကျေးဇူးတင်ပါတယ်ဆရာလေး”
ဟုဆိုကာပြန်ကြွသွားလေသည်ဝင်ပူးနေသူလဲလဲသွားကာပြန်သတိရေလေတော့ဘေးနားမှာလူတွေဝိုင်းအုံနေ၍ပြူးကြောင်ကြောကြည့်နေကာအဖေဖြစ်သူပြောပြမှသိ့လျှင်
” ဆရာနဲ့ဆရာမလေးကိုကျေးဇူးတင်ပါတယ်ကျွန်မအသက်ကဆရာနဲ့ဆရာမလေးတို့ပေးတာပဲရှိ့ပါတော့တယ်ဆရာနဲ့ဆရာမလေးကိုရှစ်ခိုးကန်တော့ပါရစေ”
ဟုလေးရှစ်ခိုးကန်တော့လျှင်အလျှင်အမြန်နှစ်ဦးစလုံးတားလိုက်ရပြီး
” မလုပ်ပါနဲ့အမအမပြန်ကောင်းသွားရင်ကိုဝမ်းသာပါပြီ”
” ဟုတ်ပါတယ်ညီမမကန်တော့ပါနဲ့ရပါတယ်”
ဟုဆိုကာတားလိုက်လျှင်အဖေဖြစ်သူကငွေတစ်ထပ်နှင့်ပစ္စည်းများယူကာပညာပူဇော်ခလေးလက်ခံပါဟုပေးတော့နှစ်ဦးစလုံးငြင်းကာ”
ဘုန်းကြီးကျောင်းသာညီမလေးရဲ့ဘဝဟောင်းကတော်စပ်ခဲ့သောသူများအားရည်စူး၍လှူပေးလိုက်ပါဦးလး”
ဟုဆိုကာဘုရားရှစ်ခိုးကာပြန်လိုက်ကြတော့သည်ရွာထိပ်ရောက်တော့ဆိုင်ကယ်ရပ်ကာ
” ကဲ နှမအကိုလဲခရီးဆက်တော့မယ်ဒီကပဲလမ်းခွဲကြပါစို့ ”
“ဆရာကိုကျေးဇူးတင်ပါတယ်အိမ်ကိုကြွပါအုံးဆရာအိမ်မှာတည်းပြီးမှခရီးဆက်ပေါ့”
” ရပါတယ်နှမအရင်ဘဝကပဌါန်းစက်တွေရှိ့လို့ခုလိုပြန်လည်ကူညီခွင့်ရတာပါ အကိုလဲခရီးဆက်အုံးမယ်”
” အကိုကဘယ်သွားမှာလဲဟင်”
” အကိုက၇ရက်သားသမီးတွေကိုကယ်တင်ပေးရမဲ့တာဝန်တွေနဲ့ရှိသေးတာမို့ကံကြမ္မာမကုန်ရင်တော့ပြန်ဆုံပါလိမ့်မယ်နှမ”
ဟုနုတ်ဆက်ကာခြေကျင်ခရီးဆက်သွားသောသူ၏နောက်ငေးကြည့်ကာ
” ကြမ္မာမကုန်ရင်တဲ့လားဆရာရယ်…”
ဟုစိတ်ထဲမှပြောကာပြန်လာခဲ့တော့လေသည်။
°°°°°°°°°°°°°°°°°°°°°°°°°°°°°°`°°°°°°°
(ကျွန်တော်စိတ်ကူးအရရေးခြင်းဖြစ်ပါသည်
မည်သည်ပုဂ္ဂိုလ်မည်သည့်ဂိုဏ်း/ပညာရပ်များစော်ကားလိုခြင်းမရှိပါ)
[နောက်အခန်းမှာတော့မြူနှင်းချယ်ရီလေးကိုအိပ်မက်ပေးကာအကူအညီလာတောင်းသောကြောင့်သိုက်တူးတဲ့လောဘအောက်လမ်းကောင်များကိုဘယ်လိုနှိမ်းနှင်းမလဲပြီးတော့သူကိုကူညီသွားသောဆရာလေးနဲ့ပြန်ဘယ်လိုဆုံဆည်းမလဲ..??
သိုက်နန်းရှင်မလေးမြူနှင်းချယ်ရီနှင့်ဘဝဟောင်းမှရန်သူ”
ဆိုတဲ့ဝတ္ထုလေးကိုစောင့်မျှော်အားပေးကြပါအုံးခင်ဗျာ”]
စာချစ်သူအားအစဥ်လေးစားလျှက်
သူရိန်ခ(BGO)