ရမ္မက်မည်သောနွံ

ရမ္မက်မည်သော နွံ ( စ၊ ဆုံး)
❆ ❆ ❆ ❆ ❆

မှောင်မိုက်သော ညတစ်ည။

မိုးက သည်းထန်စွာ ရွာသွန်းနေသည်။ မိုးသည်းထန်မှုကြောင့် တောင်ညိုချောင်းဆီတွင်တော့ ရေတွေက ကမ်းပြည့်ကမ်းလျှံစီးဆင်းနေ၏။

ထိုအချိန် တောင်ညိုချောင်းနံဘေးလမ်းအတိုင်း လူနှစ်ဦး မိုးသည်းထဲဝယ် ပခုံးဖက်ရင်း လျှောက်လာနေသည်။ မကြာပါ ထိုသူနှစ်ဦးသည် လမ်းအတိုင်းလျှောလာရင်း သုသာန်တစ်ခုအနီးကို ဆီကို ရောက်ရှိလာ၏။

ထိုအခိုက် ပခုံးဖက်ထားသူ နှစ်ဦးအနက် တစ်ဦးက တစ်စုံတစ်ရာကို ဆိုလိုက်သည်ထင့်။ ကျန်တစ်ဦးသည် ဖက်ထားသော ပခုံးကိုင်လက်ကို ဖယ်ချပြီး ပြောသူကို တွန်းဖယ်လိုက်သည်။

ထိုအခါ ပြောသူသည် စိတ်ဆိုးမာန်ဆိုးဖြင့် တွန်းဖယ်သူကို ဝင်လုံးကာ လက်ထဲက တစ်စုံတစ်ရာဖြင့် ရင်ပုံဆီကို အချက်ပေါင်းများစွာ ထိုးစိုက်လေတော့သည်။

တအောင့်အကြာတွင် အထိုးခံရသူသည် မြေပြင်ဆီ ပုံလျက်သား လဲကျသွားသည်။ ထိုအခါ ထိုးသူသည် လဲကျနေသောသူကို တရွတ်တိုက်ဆွဲယူကာ ရေစီးကြမ်းလှသော ချောင်းဆီကို ပစ်ချလိုက်လေတော့သည်။

❆ ❆ ❆ ❆

ထိုညကို လွန်ခဲ့ပြီး နောက်တစ်ညတွင်တော့။

” မျိုးဆွေရေ…ဟိုရှေ့ကျရင် ရွာတော်သုသာန်ကို ဖြတ်တော့မှာ အရှေ့ကလူတွေကု မီအောင်မြန်မြန်နင်းဟ”

” အေးပါကွ ဘတင့်ရ။ ငါလည်း နင်းနေတာပဲကို…”

ဘတင့်နှင့် မျိုးဆွေ။ မြို့ဆေးရုံဆီက လူနာသတင်းမေးပြီး ပြန်လာကြငြ်းခြင်းပင်။

ဗွက်ထနေသော လမ်းတွင် မျိုးဆွေ စက်ဘီးကို အားစိုက်နင်းရင်း တဖြေးဖြေးနှင့် သုသာန်အနားဆီ ရောက်လာသည်။

” ဘတင့်…ဟိုရှေ့ကဟာ လူလားကြည့်စမ်း…”

မျိုးဆွေစကားကြောင့် ဘတင့် အနောက်ကယ်ရီယာကနေ အရှေ့ကို ကဲကြည့်၏။ သူတို့နှင့် အတော်လှမ်းလှမ်းဆီတွင် လူတစ်ယောက်။

” အေးဟ…လူပဲ။ ချောင်းထဲက တက်လာတာကွ။ ဒီအချိန်ကြီးကိုကွာ… ဘယ်သူလဲ မသိဘူး။ သူမို့မကြောက်မလန့်နဲ့…”

အမှောင်ထဲသူမှာ ချောင်းဆီက တက်လာပြီး သုသာန်ဇရပ်ဆီကို တရွေ့ရွေ့တက်သွားသည်။

သူတို့စက်ဘီးလေးက ထိုသူနှင့် သုသာန်ကို ဖြတ်ကျော်သွားခဲ့သည်။

” ဘတင့်…ဘယ်သူလဲ မသိဘူး။ ငါသွားကြည့်ချင်တယ်ကွာ…”

မျိုးဆွေက ပြောပြီး စက်ဘီးကို ရပ်လိုက်သည်။

” ဟာ…မင်းကလည်း လုပ်ပြီ။ ငါကြောက်တယ်ကွ။ ဆက်သာနင်းစမ်းပါကွာ…”

” လာပါကွာ…ခဏပဲကို။ ဘယ်သူဘယ်ဝါ သိရတာပေါ့…”

မျိုးဆွေက စက်ဘီးကို ထောက်ထောက်ပြီး သုသာန်ဇရပ်ဘက်ထွက်သွားသည်။ ဘတင့် မနေရဲပြီမို့ မျိုးတွေနောက်ကို ပြေးလိုက်မိ၏။

ဇရပ်ပေါ်တွင်တော့ အခုနကသူသည် ငုတ်တုတ်ထိုင်နေသည်။

မျိုးဆွေက ထိုသူအနားကို ကပ်သွားသည်။

” ဟေ့လူ…ခင်ဗျား ဘယ်သူလဲ။ ဘယ်ကလဲ…”

ထိုင်နေသူမှာ မတုန်မလှုပ်ရှိနေသည်။ မျိုးဆွေ ထပ်မေးသည်။ ပြန်မဖြေပြန်။ ဘတင့်က မျိုးဆွေလက်ကို လှမ်းကုတ်ပြီး ပြန်ရန်သတိပေးသည်။

သို့သော် သုံးခေါက်မြောက်အတွက် မျိုးဆွေ စိတ်မရှည်စွာဖြင့် အနားကပ်သွားပြီး ထိုသူကို လှမ်းပုတ်ကာ

” ဟေ့လူ…ဟာ…ပျောက်…ပျောက်…”

“သ…သရဲ…”

ထိုင်နေသူသည် ရုတ်တရက် ဖြုတ်ခနဲ ပျောက်သွားသည်။ မျိုးဆွေ အံ့အားသင့်နေစဉ် ဘတင့်က သရဲဟုအော်ပြေးသည်။ မျိုးဆွေလည်း မနေသာ။ ဘတင့်အနောက်ကို လိုက်ပြေးသည်။

သူတို့နှစ်ဦး စက်ဘီးကိုပင် မယူနိုင်။ ရွာတော် သုသာန်ကနေ သူတို့ရွာအထိ အားကုန်ထုတ်ကာ ပြေးကြသည်။

ရွာကိုရောက်သော်…။ သရဲ…သရဲ…ဟုသာ အော်ဟစ်ပြီး နှစ်ဦးစလုံး သတိလစ်သွားခဲ့တော့သည်။ နောက်တစ်နေ့နံနက်တွင်တော့ မျိုးဆွေတို့ သတင်းသည် ရွာနီးချုပ်စပ်ကို ပျံ့နှံ့ခဲ့လေ၏။

❆ ❆ ❆ ❆

မြို့မရဲစခန်းဆီကို အသားညိုညို ရုပ်ရည်သင့်တင့်သော အမျိုးသမီးတစ်ဦး ရောက်လာသည်။

” လူပျောက်တိုင်ချင်လို့ပါ ဆရာ…”

စခန်းတွင် ဒုရဲအုပ်နေလင်း တာဝန်မှူးတာဝန်ကျနေ၏။

” ဟုတ်ကဲ့…ထိုင်ပါ အစ်မ”

အမျိုးသမီးကို နေရာထိုင်ခင်းပြပြီး မှတ်စုစာအုပ်ကို ယူလိုက်သည်။

” ဘယ်သူပျောက်တာလဲ ငါ့အစ်မ”

” ကျွန်မမောင်လေးပါ ဆရာ”

” သူ့နာမည်နဲ့ အစ်မနာမည်လေး…ပြီးတော့ သူ့အသက်…”

” အစ်မကတော့ စန်းတင့်ပါ။ သူ့နာမည်ကတော့ ဝင်းထိန်ပါ။ အသက်ကတော့ ၂၂ ပါ ဆရာ”

” ဘယ်နေ့လောက်က မတွေ့တော့တာလဲ”

” ဒီနေ့ကောဆိုရင် သုံးရက်ရှိပြီ ဆရာ”

” သူ သွားတတ်တဲ့နေရာတွေကော…”

” ရှာပြီပါပြီ ဆရာ။ အဲ့ဒီ့ညက သူ ရွာတောင်ပိုင်းကို ဗွီဒီယိုကြည့်မယ်ဆိုပြီး ထွက်သွားတာ”

” အင်း…”

ထို့နောက် ဒုရဲအုပ်နေလင်းသည် လိုအပ်သည်များကို မေးမြန်းပြီနောက် အမျိုးသမီးကို ပြန်လွှတ်လိုက်၏။ ထိုအချိန်ဝယ် နံဘေးက တာဝန်ကျရဲစာရေး ဆရာ အောင်တင့်က အမှုဖွင့် မှတ်တမ်းတွင် အားလုံးဖြည့်စွက်ပြီးလေပြီ။

ထို့နောက်တွင်နော့ အမှုဖြစ်စဉ်ကို အထက်တင်ပြပြီး နယ်ထိန်းများကို ဆက်သွယ် ညွှန်ကြားလိုက်လေတော့၏။

❆ ❆ ❆ ❆

” ကလင်…ကလင်…ကလင်…”

” အမိန့်ရှိပါ…မြို့မရဲစခန်းကပါခင်ဗျား။ ကျွန်တော် ရဲတပ်ကြပ်ကြီး မြင့်ဝေပါ”

” ဟုတ်ကဲ့ခင်ဗျ။ ရွာတော် သုသာန်မှာ အလောင်းပေါ်လို့တဲ့…အဲ့ဒါ သတင်းပေးတာပါ…”

” ဟုတ်ကဲ့ သတင်းပို့ပြီး.အခုပဲလာခဲပါ့မယ်”

ဆရာကြီးမြင့်ဝေ ဖုန်းသတင်းကို မှတ်တမ်းတင်ပြီးနောက် အဆင့်ဆင့်သတင်းဆက်ပို့သည်။

ခဏကြာသော် ရဲစခန်းအတွင်းဆီက ဒုရဲအုပ်နေလင်းဦးစီးသည့် အဖွဲ့တစ်ဖွဲ့ ရွာတော်ဆီကို ထွက်ခဲ့တော့သည်။

အလောင်းနေရာဆီကိုရောက်သော် လူများက အုံခဲနေသည်။ ရဲများကိုမြင်သော် လမ်းဖယ်ပေးကြ၏။

ဒုရဲအုပ်နေလင်းတို့ အလောင်းကို မြင်ကြရပြီ။ အလောင်းက တောင်ညိုချောင်းကမ်းပါးအစပ်တွင် ပွယောင်းပြီး ပေါလောပေါ်နေ၏။ ရင်ဘတ်တွင်လည်း ထိုးသွင်းဒဏ်ရာများတွေ့ရသည်မို့ ဒုရဲအုပ်နေလင်းသည် လူသတ်မှုဖြစ်ကြောင်း အတည်ပြုမိသည်။ ထို့နောက် တည်နေရာကို မြေပုံကြမ်းရေးဆွဲ၏။ ရဲစာရေး အောင်ရက အလောင်းကို ရှုထောင့်အမျိုးမျိုးက မှုခင်းဓာတ်ပုံရိုက်သည်။ အားလုံးပြုပြီးသော် အလောင်းကို မှုခင်းဆရာဝန်ဆီ ပို့လိုက်ကြပြီး ဆက်လက်စုံစမ်းရန် သေသူ၏ အိမ်ဆီကို သွားကြသည်။

သေသူသည် အစ်မနှင့် အတူနေပြီး လက်ရှိတွင် အစ်မဖြစ်သူမှာ ငိုကြွေးရင်း သတိလစ်သွားသဖြင့် အိမ်ဆီ၌ ရှိနေသည်ဟု အကြမ်းဖျဉ်း သိရ၏။

” ဟင်…”

အိမ်ဆီကို ဝင်ဝင်ချင်း သူမေးမြန်းရမည့်သူမှာ တစ်နေ့က လူပျောက်မှုလာတိုင်သော မစန်းတင်ဖြစ်နေ၍ ဒုရဲအုပ်နေလင်း အံ့သြမိသွားသည်။

မစန်းတင့်မှာ နေလင်းကို မြင်သော် အားကိုးတစ်ကြီးဖြင့် ငိုကြွေးလေပြီး

” ဆရာရယ်…ကျွန်မမောင်လေးကို ကယ့်ပေးပါဦးနော်…ကယ်ပေးပါရှင်”

ဟု တစ်စာစာပြောကာ ငိုကြွေး၏။ ဒုရဲအုပ်နေလင်း စိတ်မကောင်းလှ။

” ကဲ…မစန်းတင့်။ သေသူကလည်း သေပြီဗျာ။ ဒီတော့က ကျွန်တော်တို့အနေနဲ့ သေသူအတွက် တရားမျှတမှုရအောင် သတ်သူကို ဖော်ထုတ်ကြရမယ်။ ဒါကြောင့် မစန်းတင့်အနေနဲ့ ငိုချင်တဲ့ စိတ်ကို ခဏထိန်းထားပြီး ကျွန်တော်တို့ မေးတာကို ဖြေပေးပါ”

” ဟုတ်…ဟုတ်ကဲ့ရှင့်”

မစန်းတင့် အငိုရပ်သွားသည်။ ရှိုက်သံကတော့ ထွက်နေဆဲပင်။

” သေသူက ဝင်းထိန်နော်…”

ယခင် လူပျောက်လာတိုင်းတုန်းက မှတ်တမ်းအတိုင်း ပြန်လည်တိုက်တိုင်လိုက်သည်။

မစန်းတင့်ခမျာမှာတော့ ဒုရဲအုပ်နေလင်းမေးမြန်းသမျှကို ရှိုက်နေရင်းက ခေါင်းညိတ်လိုက်၊ ခေါင်းခါလိုက်ြဖင့် ဖြေကြားပေးနေလေတော့သည်။

ထိုနေ့က ဒုရဲအုပ်နေလင်းတို့အဖွဲ့သည် လိုအပ်သည်များကို စုံစမ်းမေးမြန်းပြီးနောက် စခန်းကို ပြန်ခဲ့ကြတော့သည်။

❆ ❆ ❆ ❆

မှုခင်းဆေးဋ္ဌာနက စစ်ဆေးချက်ထွက်ပေါ်ခဲ့လေပြီ။ ဝင်းထိန်းသေဆုံးရခြင်းမှာ ရင်ဘတ်ဆီ၌ ဓားကဲ့သို့သော ချွန်ထက်ပါးလွှာသည့်အရာဖြင့် ဆယ့်သုံးချက်တိတိအထိုးခံရပြီး နှစ်လုံးဆီတွင် သုံးချက်ထိုးမိကာ သေဆုံးခဲ့ခြင်းဖြစ်၏။ သေဆုံးသည်မှာလည်း သုံးရက်ခန့်ရှိပြီဖြစ်သလို အဆုတ်ထဲတွင် ရေဝင်နေသည်ကို မတွေ့ရပြီမို့ အသေသတ်ပြီးမှ ရေထဲကို ပစ်ချခဲ့သည်ဟုလည်း ဆေးအဖြေထွက်ခဲ့သည်။

အထက်ပါ ဆေးစစ်ချက်များအရ ဒုရဲအုပ်နေလင်းကောက်ချက်ချရသော်။ သာမန်ရန်ဖြစ်၍ သေဆုံးခြင်းထက် စိတ်နာကျည်း၍သာ သတ်သည်ဟု ယူဆမိသည်။ တရားခံကား မည်သူဖြစ်မည်နည်း။ အဖြေကို လွယ်လွယ်စဉ်းစားဖို့ကားမလွယ်။ သည်တော့ သေသူ၏ နောက်ကြောင်းကို လိုက်ရန် ဒုရဲအုပ်နေလင်း တွေးမိ ဆုံးဖြတ်လိုက်သည်။

ထိုသို့ဖြင့် အမှုဖြစ်ပြီး သုံးရက်ခန့်အကြာ။ ဝင်းထိန် ရက်လည်သည့်နေ့တွင်။

” ဗိုလ်ကြီး…”

ရုံးချိန်းတစ်ခုဆီက ပြန်အလာ စခန်းဆီ အဝင်တွင် ဝင်းထိန်၏ နောက်ကြောင်းရာဇဝင်ကို စုံစမ်းရန် လွှတ်ထားစော ဆရာသက်ဇော်က လာရောက်သတင်းပို့၏။

” ဘာထူးလဲ ဆရာသက်ဇော်…”

” ထူးတယ် ဗိုလ်ကြီး။ သူတို့က ပန်းတောင်းဘက်ကနေ ဒီကို ပြောင်းလာတာ မကြာသေးဘူး။ သုံးနှစ်လောက်ပဲ ရှိဦးမယ်တဲ့…”

ပန်းတောင်းလို အညာဒေသကနေ သည်ကို ပြောင်းလာသည်ဆိုတော့…။ သာမန်စီးပွားရေးအတွက်လော၊ သို့တည်းမဟုတ် အခြားကိစ္စအတွက် ပြောင်းလာခြင်းပေလော။ နေလင်း၏ အတွေးတို့ တစ်ခဏတာ ရှုပ်ထွေးသွားရသည်။

” သူတို့ ဒီကို ပြောင်းလာကာစကတည်းက မောင်နှမ နှစ်ယောက်ပဲလား။ မိဘတွေကော ပါသေးလား”

” မပါဘူးတဲ့ ဗိုလ်ကြီး”

” အင်း…အဲ့ဒီ့လိုသာဆိုရင်တော့ ကျွန်တော်တို့ပန်းတောင်းကိုသွားဖို့ လိုလာပြီဗျ…”

” ဘာလို့လဲ ဗိုလ်ကြီး…”

ဆရာသက်ဇော်က နားမလည်စွာ မေးသည်။

” ဒီလိုဗျ…အခု သတ်တဲ့ပုံအရ ဖြစ်နိုင်ချေရှိတိာု ခန့်မှန်းရရင်။ သတ်သူက သေသူအပေါ် ရန်ငြိုးကြောင့် သတ်တယ်လို့ ကျွန်တော်ယူဆမိတယ်။ ပြီးတော့ ကျွန်တော် အရင်ရတဲ့သတင်းအရ သူတို့က ဒီမှာ အနေအေးတယ်။ ခိုက်ရန်ဖြစ်ပြီး လူမုန်းတာမျိုးမရှိဘူး။ ဒီတော့ ဆရာသက်ဇော်ရလာတဲ့ သတင်းအရဆိုရင်တော့ သတ်သူဟာ သူတို့အရင်နေရပ်ကဖြစ်မယ်လို့ မှန်းမိတယ်”

” သဘောပေါက်ပြီဆရာ။ ဒီလိုဆိုရင် အရင်က ရှိခဲ့ဖူးတဲ့ ရန်ငြိုးကို ဒီမှာ လာရှင်းတဲ့သဘောပဲ…”

ဒုရဲအုပ်နေလင်း ခေါင်းကို ညိတ်လိုက်သည်။

” ဟုတ်တယ် အဲ့ဒီ့သဘောပဲ။ ဒါပေမယ့် လတ်တလောတော့ ဒါကို အတည်ပြုဖို့ မရေရာသေးဘူး။ ကဲ…ဆရာသက်ဇော် တစ်လက်စတည်းဗျာ။ ကျွန်တော့်ကို သူတို့ရဲ့ ပန်းတောင်းလိပ်စာလေးတောင်းပေးချေ။ ပြီးတော့ဗျာ ဝင်းထိန်ရဲ့ ဓာတ်ပုံဖြစ်ဖြစ်၊ မစန်းတင့်ရဲ့ ဓာတ်ပုံဖြစ်ဖြစ် သူတို့မသိအောင် ယူခဲ့ပေးဗျာ…”

” ဟုတ်ကဲ့ ဗိုလ်ကြီး…”

ဆရာသက်ဇော် အလေးပြုပြီး ပြန်ထွက်သွားသည်။ နေလင်းကတော့ အမှုအတွက် အတွေးတွေဆက်စပ်ရင်း ရပ်ကျန်ခဲ့၏။

❆ ❆ ❆ ❆

ပန်းတောင်းနယ်၊ ပန်းဆက်ရွာဆီကို နေလင်းရောက်ခဲ့သည်။ အသွင်အပြင်က သာမန်အရပ်ဝတ်သာ ဝတ်ထားခဲ့၏။ လွယ်ထားသည့် ဘေးလွယ်အိတ်တွင်တော့ ဆရာသက်ဇော်ဆီက ရရှိလာသော သတင်းအချက်အလက်းများနှင့် မစန်းတင့်၏ ဓာတ်ပုံ။

” ညီလေး…အကို့ကို ရွာလူကြီးအိမ် ပို့ပေးပါလား”

ရွာကို ဝင်ဝင်ချင်း တွေ့ရသည့် ကောင်လေးကို အကူအညီတောင်းပြီး ရွာလူကြီးအိမ် ရောက်ခဲ့ရသည်။

အိမ်ရောက်သည်နှင့် ရွာလူကြီးကို အဆင်သင့်ပင်တွေ့ရကာ နေလင်း သူ့ကိုယ်သူ ရဲဖြစ်ကြောင်း မိတ်ဆက်၏။ ပြီးလျင် အမှုဖြစ်စဉ်ကို ထိန်ချန်၍ မစန်းတင့်၏ ဓာတ်ပုံကို ပြကာ

” သူ့ကို သိလား ဦးလေး…”

“ဟေ…”

ရွာလူကြီးက ဓာတ်ပုံကို ယူကြည့်သည်။

” ဒါ…ကျုပ်တို့ရွာမှာ အရင်နေသွားတဲ့ လှရင်ပဲ ဆရာလေးရ။ သူဘာဖြစ်လုိ့လဲ”

ရွာလူကြီးက ပြန်မေးလာသည်။ သို့သော် နေလင်းက

” သူတော့ ဘာမှ မဖြစ်ပါဘူး ဦးလေး။ ဒါပေမယ့်…သူ့နောက်ကြောင်းလေး သိလိုလို့ ဒီလိုက်လာတာ”

” ဪ…”

” ဦးလေး ပြောပြပေးနိုင်မလား…”

” အင်း…ရသပေါ့ ဆရာလေးရာ။ တိုက်တိုက်ဆိုင်ဆိုင်ကိုပဲ တလောကတင် သူ့ယောက်ျားမောင်စိုး ထောင်ကလွတ်ပြီး ရွာလာသေးတာ။ ကဲ ကဲ…အဖန်ရည်သောက်ချေဦး။ ပြီးရင် ကျုပ်ပြောပြမယ်။

ကမ်းပေးလာသော ရေနွေးခွက်ကို နေလင်းလှမ်းယူပြီး ဖြေးဖြေး မှုတ်သောက်နေလိုက်သည်။ ထိုအခိုက်ဝယ် ရွာလူကြီးက ကွမ်းတစ်ယာကို ယာ၍ ပါးစပ်ထဲ ထည့်ဝါးရင်း

” အဲ့ဒီ့ကလေးမက သိပ်သနားစရာကောင်းတယ် ဆရာလေးရ။ သူ…ဒီရွာကို ရောက်လာတာ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်က။ အဲ့ဒီ့အရင် ဘယ်မှာနေတယ်တော့ မသိရဘူး။ ရွာကိုရောက်လာတာတော့ နယ်စပ်ဘက်ကို အလုပ်သွားတဲ့ မောင်စိုးဆိုတဲ့ ကောင်လေးနဲ့ ခိုးရာလိုက်လာတာတဲ့…”

” ဟုတ်ကဲ့…”

ထို့နောက် ရွာလူကြီးက လှရင်၏ နောက်ကြောင်းကို ပြန်ပြောပြသည်။ နေလင်းကလည်း ရွာလူကြီး ပြောသမျှကို မှတ်စုထဲ ချရေးနေလိုက်သည်။

နောက်တစ်နာရီခန့်အကြာတွင်တော့ လိုချင်သော အချက်အလက်များအပြင် ဖြစ်နိုင်ချေရှိသော တရားခံကိုပါ နေလင်း တွက်ဆမိချေတော့၏။

❆ ❆ ❆ ❆

ပန်းတောင်းကအပြန် နေလင်း မန္တလေးဘက်ကို ပတ်ခဲ့သည်။

မန္တလေးတွင် တစ်ရက်ခန့်နေပြီး သူ့မြို့ ဆီ ပြန်ခဲ့သည်။ မြို့ကို ပြန်ရောက်ပြီးသော်…စခန်းကို မပြန်သေးဘဲ မြို့ထဲ၌ပင် နှစ်ရက်ခန့် တစ်ကိုယ်တည်း အသွားအလာပြုရပြန်၏။

လိုအပ်သော အချက်အလက်များ စုံလေတော့မှ နေလင်းစခန်းဆီ ပြန်ခဲ့သည်။ ထို့နောက် စခန်းမှူးဆီ သတင်းဝင်ပို့ ပြီးနောက် တရားခံဖမ်းရန်တင်ပြကာ ရဲစာရေး ဆရာအောင်ရနှင့် အခြားအဖွဲ့ဝင်နှစ်ဦးကို ခေါ်ကာ ရွာတော်ဆီ တရားခံဖမ်းရန် အားချင်း ထွက်ခဲ့ကြတော့သည်။

ရွာတော်ကို ရောက်သော် နေ့လည်ပိုင်း ၂ နာရီခန့်ရှိပြီဖြစ်သည်။ ရွာကို ရှောင်ကွင်းပြီး သုသာန်ဆီကို လာခဲ့ကြ၏။ သုသာန်ဆီရောက်သော် အသင့်စောင့်ဆိုင်းနေသော ဆရာသက်ဇော်က လာပေါင်း၏။ ပြီးနောက် တစ်ဖွဲ့လုံး ဂူများအကြားကနေ သွား၍ တစ်နေ့က သဂြိုဟ်ခဲ့သော ဝင်းထိန်၏ ဂူဆီကို သွားလိုက်ကြသည်။

ဝင်းထိန်၏ ဂူအနားကို ရောက်သော် လူတစ်ယောက်သည် ဂူနံဘေးတွင် ခြေပစ်လက်ပစ်ထိုင်ချပြီး ခေါင်းငိုက်စိုက်ကျကာ ရှိနေ၏။

” သူ့ကို လက်ထိပ်ခတ် ဖမ်းလိုက်ပါ ဆရာသက်ဇော်”

ဆရာသက်ဇော်က သွက်လက်စွာပင် ထိုသူကို လက်ထိပ်ခတ်လိုက်သည်။

လက်ထိပ်ခတ်ခံရမှုကြောင့် ထိုသူသည် ခေါင်းမော့ကြည့်လာသည်။ သို့သော် ရုန်းကန်ခြင်းတော့လုံးဝမပြု။ ထူးထူးခြားခြား သူ၏ မျက်ကွင်းများက အိပ်ရေးပျက်မှုကြောင့်လား၊ ရောဂါကြောင့်လေလားမသိ။ ညိုမည်းနေသည်။

” ကဲ…မောင်စိုး။ မင်းကို ဝင်းထိန်ကို သတ်တဲ့အမှုနဲ့ ငါတို့ ဖမ်းလိုက်ပြီ”

ဒုရဲအုပ်နေလင်း၏ စကား။ မောင်စိုး ခပ်ယဲ့ယဲ့ ပြုံးလေသည်။

” ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာတို့ရောက်လာတာ စောသွားလို့ပါ။ ကျုပ် ခဏနေရင်ပဲ စခန်းကို လာအဖမ်းခံမလို့လုပ်နေတာ”

မောင်စိုး၏ စကားက ထူးဆန်းသည်။

” ကဲပါ…အခုလို တာဝန်ယူစိတ်ရှိတာ ကျေးဇူးတင်ပါတယ်။ ကဲ…သွားကြစို့”

” ခဏလေးပါဆရာ။ ကျုပ် တစ်ခုလောက်တောင်းဆိုခွင့်ရှိမလား…”

” ပြောကြည့်ပါ။ ကျွန်တော် တာဝန်ယူနိုင်တဲ့ဟာဆို လုပ်ပေးပါ့မယ်”

” အခြားတော့ မဟုတ်ပါဘူးဆရာ။ ကျုပ်ကို ဒီကပြန်ရင် မစန်းတင့်ဆီ ခဏဝင်တွေ့ခွင့်ပေးပါ…”

” ကောင်းပြီလေ…ဒီလောက်တော့ ရပါတယ်”

အပြန်လမ်းတွင် မောင်စုိး၏ ဆန္ဒအတိုင်း မစန်းတင့်အိမ်ကို ဝင်ခဲ့ကြ၏။

မစန်းတင့်သည် ရဲများဖမ်းလာသည့် မောင်စိုးကို မြင်သော် အံ့အားတသင့်ဖြစ်လေပြီးနောက် ပုံလျက်သားထိုင်ချကာ ချုံးပွဲချ ငိုကြွေးလေသည်။

မောင်စိုးက ဘာစကားမှ မပြောပါ။ မစန်းတင့်ကို ငေးကြည့်ရုံသာ ကြည့်ခဲ့ပြီး စခန်းဆီသွားရန်ပြောလေပြီနောက် အားလုံး စခန်းဆီကို ပြန်ခဲ့ကြတော့သည်။

❆ ❆ ❆ ❆

ဖြောင့်ချက်။

မောင်စိုးသည် ညီအရင်းဖြစ်သူ မောင်မိုး ခေါ် ထိန်ဝင်းအား သတ်ခဲ့မှုအတွက် အောက်ပါ ဖြောင့်ချက်များကို ပေးခဲ့သည်။

သူသည် တစ်ချိန်က နယ်စပ်ဆီတွင် အလုပ်သွားလုပ်ရင်း မလှရင်မည်သည့် မိဘမဲ့ပြီး ခိုကိုးရာ မဲ့နေသော မိန်းကလေးကို နှစ်ဦးသဘောတူ ခေါ်ယူပေါင်းသင်းကာ ရွာဆီအပြန်တွင် ခေါ်ဆောင်ခဲ့ပြီး မိခင်ဖြစ်သူ၊ ညီဖြစ်သူတို့နှင့်အတူတကွ တစ်အိမ်ထဲ နေထိုင်ခဲ့ကြသည်။ ထိုအချိန်က ညီဖြစ်သူ မောင်မိုးမှာ လူပျိုပေါက်အရွယ်သာ ရှိသေး၏။

ပေါင်းသင်းစဉ်တွင်လည်း သူသည် မလှရင်ကို လွန်စွာချစ်မြတ်နိုးခဲ့သည်။ ရွာရောက်ပြီး ငါးလခန့်အကြာတွင်တော့ ရွာက ကြာကူလီသမားတစ်ယောက်က မလှရင်ကို ထိကပါး၊ ရိကပါး လုပ်သည့်အတွက် အချစ်ဒေါသကြီးလွန်းသော သူသည် ထိုသူကို သတ်ခဲ့သည်။

ထိုအမှုအတွက် ထောင်ဆယ်နှစ်ကျခဲ့ရ၏။ ထောင်ကျနေစဉ် တစ်နှစ်ခန့်အကြာ၌ မိခင်ဖြစ်သူ ဆုံးပါးခဲ့ကြောင်း သတင်းရရှိခဲ့၏။ ထောင်ကျပြီး ရှစ်နှစ်ခန့်အကြာတွင်တော့ လျော့ရက်များဖြင့် သူပြန်လွတ်ခဲ့သည်။

မလှရင်နှင့် တွေ့ချင်ဇောကြောင့် ရွာဆီအပြေးပြန်လာခဲ့သော်လည်း မလှရင်ကော ညီဖြစ်သူပါ ရွာ၌ မရှိကြတော့။ မလှရင်မှာ မိခင်ဖြစ်သူဆုံးပါးပြီးချိန်ကတည်းက ရွာက ပျောက်သွားခဲ့ပြီး ညီဖြစ်သူကတော့ လွန်ခဲ့သည့် ခြောက်နှစ်ခန့်က အိမ်နှင့် ဝိုင်းကို ရောင်းပြီး ရွာက ထွက်သွားသည်ဟု သိခဲ့ရ၏။

ချစ်ရသူကော တွယ်တာရာ ညီဖြစ်သူပါ သတင်းပျောက်ရပြီမို့ မောင်စိုးခမျာ စိတ်လေခဲ့ရသည်။ ဘယ်ဆီသွားရမည်ဟု ဦးတည်ချက်မရှိပါဘဲ ခြေဦးတည့်ရာ လျှောက်သွားမိရင်း ထောင်ထဲတွင် ဆုံခဲ့သော ကိုအောင်ဝင်းဆိုသည့် မိတ်ဆွေတစ်ဦးနှင့် တွေ့ကာ ထိုသူနှင့်အတူ လိုက်ပါနေထိုင်ခဲ့၏။

တစ်ကိုယ်ရေတစ်ကာယသမားဖြစ်သော ကိုအောင်ဝင်းနှင့်အတူနေထိုင်ရင်း မြို့ပွဲရုံဆီတွင် အလုပ်ဝင်ခဲ့သည်။

ပွဲရုံတွင် အလုပ်လုပ်ရင်း တစ်ရက်ဈေးထဲဆီလာသော မလှရင်နှင့် မောင်မိုးတို့ကို အမှတ်မထင် အတူတကွ တွေ့ခဲ့သည်။ တွေ့တွေ့ချင်း ဝမ်းသာမိသွားပြီး နှုတ်ဆက်ရန်ဟန်ပြင်မိသော်လည်း ရွာကထွက်သွားသည်မှာ မတူသည့်လူနှစ်ဦး အတူတကွ ရှိနေပြီး အပြုအမူတွေကို မသင်္ကာသည့်အတွက် မနှုတ်ဆက်ဖြစ်ခဲ့။

ထိုနေ့က သူသည် အနောက်ကနေ နောက်ယောင်ခံလိုက်ရင်း ရွာတော်တွင် နေကြောင်း သိခဲ့ရ၏။ နောက်ရက်များတွင် ရုပ်ဖျက်ပြီး နည်းအမျိုးမျိုးဖြင့် စုံစမ်းသော် ရွာတော်တွင် မလှရင်က မစန်းတင့်အဖြစ်၊ မောင်မိုးက ထိန်ဝင်းအဖြစ်အမည်ပြောင်းပြီး မောင်နှမများအဖြစ်နေထိုင်ကြကြောင်း သိခဲ့ရသည်။ ထိုအတွက်သူ အလွန်ဝမ်းသာသွားရ၏။ သို့သော် ထူးဆန်းစွာပင် ရင်ထဲက သံသယတို့က ပြယ်မသွားပါ။

သူသည် သံသယတို့ကိုချေဖျက်ရန် ဆုံးဖြတ်ပြီး တစ်ညတွင် မလှရင်တို့အိမ်ဆီ ချဉ်းကပ်ခဲ့သည်။

သူ၏ သံသယတို့ မှန်ကန်ခဲ့လေသည်။ တိုက်ဆိုင်လှစွာပင် ထိုညက မလှရင်နှင့် မောင်မိုးတို့ သံဝါသပြုနေသည်ကို သူကြုံခဲ့ရသည်။

ရင်ထဲတွင် ချစ်ရသူက လုပ်ရက်လေခြင်းဟူသော နာကျည်းစိတ်၊ ညီအကိုအရင်းအပေါ် သစ္စာဖောက်ရက်သော ညီဖြစ်သူအပေါ် ခံပြင်းစိတ်တို့ ရောထွေးယှက်တင်ခဲ့ရသည်။

ထိုညက စတင်ပြီး သူ့ရင်ထဲတွင် သစ္စာမဲ့သူနှစ်ဦးအပေါ် ခွင့်လွှတ်သင့်၊ မလွှတ်သင့် ဒွိဟများဖြင့် အစားပျက်၊ အအိပ်ပျက်ဖြင့်။ မလှရင်ကို သူမဆုံးရှုံးလိုပြီ။ သူထောင်ကျပြီး အလှမ်းကွာနေချိန် ညီဖြစ်သူနှင့် အိုးချင်းထား၊ အိုးချင်းထိခဲ့ရသည့်အဖြစ်ကို သူနားလည်ပေးရန် ဆုံးဖြတ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်ကို ချနိုင်ခဲ့ချိန် ညနေစောင်းခဲ့ပြီ။ သူအားချင်းပင် ရွာတော်ကို ထွက်ခဲ့သည်။ ရွာရောက်တော့ မိုးချုပ်ခဲ့ပြီ။ တိုက်တိုက်ဆိုင်ဆိုင်ပင် ရွာအဝင်တွင် မောင်မိုးနှင့်ဆုံခဲ့၏။

မောင်မိုးသည် သူ့ကို မြင်တော့ အလွန်လန့်ဖျပ်သွားသည်။ ပြီးသော် မောင်မိုးက သူ့ကို ဘယ်သူမှမမြင်အောင် ရွာအပြင်သွားပြီး အေးဆေးစကားပြောကြမည်ဟုဆိုကာ သုသာန်ဘက်ကို ထွက်ခဲ့ကြသည်။ ထိုအခိုက်ဝယ် မိုးများသည်းထန်စွာ ရွာချလာ၏။

သူနှင့် မောင်မိုးသည် မိုးထဲရေထဲတွင် မလှရင်ကိစ္စအတွက် အခြေအတင်ဆွေးနွေးခဲ့ကြသည်။ မရပါ။ မောင်မိုးက မလှရင်ကို လက်လွှတ်မပေးနိုင်ဟု ယတိပြတ်ပြောသည်။ သူ အမျိုးမျိုးချော့မော့ကြည့်ခဲ့သည်။

သုသာန်အနားကို ရောက်ချိန်တွင်တော့ ငြင်းဆန်နေသော မောင်မိုးကို သူစိတ်မရှည်တော့။ သတ်မည်ဟု ခြိမ်းခြောက်မိစဉ် မောင်မိုးက သူ့ကို အရင်စထိုးလာသည်။ သည်တွင် နဂိုက ခံပြင်းနာကျည်းနေသော သူ စိတ်လွတ်သွားရပြီး ဆောင်နေကျ ဓားဖြင့် ညီဖြစ်သူကို အချက်ပေါင်းများစွာ ထိုးမိခဲ့တော့သည်။

ပြီးနောက် အလောင်းကို ရေစီးကြမ်းတမ်းလှသော ချောင်းဆီ ပစ်ချခဲ့၏။ မလှရင်နှင့်တွေ့ချင်စိတ်လည်း သူ့ထံတွင် မရှိတော့ပေ။

သူဟန်မပျက် ပြန်လာခဲ့သည်။ သို့သော် ထိုညက စတင်ပြီး ယနေ့အချိန်အထိ ညဘက်များတွင် သူလုံးဝအိပ်မရခဲ့။ ညစဉ်ညတိုင်း မောင်မိုးသည် သူ့ထံရောက်လာကာ ခြေထောက်များဆွဲချခြင်း၊ တစ်ခါတစ်ရံ ရေဝ၍ ပွယောင်းနေသော ခန္ဓာကိုယ်ကြီးဖြင့် ” အကို…ညီလေးကို ခွင့်လွှတ်ပါ၊ ညီလေးကတော့ အကို့ကို လုံးဝခွင့်မလွှတ်နိုင်ဘူး” ဟု ပြောပြီး ဒေါသတကြီးဖြင့် သူ့အားသတ်ရန်ကြိုးပမ်းသည့် သွင်ပြင်များကို အိပ်မက်လိုလို တကယ်လိုလိုဖြင့် အမြဲလိုမြင်မက်မိရတော့သည်။

သည့်အတွက် ညဆိုလျင် သူ အိပ်မရသည်က များလာသည်။ နေ့ဘက်တွင် အိပ်ရန်ကြိုးစားသော်လည်း စိတ်က အလိုလိုလန့်နေသည်မို့ အိပ်မရခဲ့။ တစ်ပါတ်ကျော်ခန့်အကြာအထိ သူအခန်းအောင်းနေဖြစ်ရင်း နောက်ဆုံးတွင် အဖမ်းခံရန်ဆုံးဖြတ်ပြီး နောက်ဆုံးအနေဖြင့် ညီဖြစ်သူ၏ အုတ်ဂူထံ ဝင်ကာ တောင်းပန်နေစဉ် ရဲများရောက်လာပြီး အဖမ်းခံခဲ့ရတော့သည်။

အထက်ပါ အကြောင်းအရာများသည် တရားခံမောင်စိုး ဖြောင့်ချက်ပေးခဲ့သည်များဖြစ်ပေ၏။

❆ ❆ ❆ ❆

ညကိုးနာရီခန့်။

စခန်းထဲတွင် လူသတ်မှုကို အမှုမှန်ပေါ်အောင် စုံစမ်းဖော်ထုတ်နိုင်ခဲ့သော ဒုရဲအုပ်နေလင်းကို ရဲဘော်ရဲဘက်များအချင်းချင်း ချီးကျူးဂုဏ်ပြုပွဲလေး လုပ်ပေးနေကြ၏။

ရုံးစားပွဲလေးဆီတွင် စားစရာအနည်းငယ်နှင့် အဖျော်ယမကာတချို့ ရှိနေသည်။

” ကဲ…ဗိုလ်ကြီး တရားခံကို ဖော်ထုတ်နိုင်ခဲ့ပုံလေး ရှင်းပြပါဦးဗျာ”

ဆရာ အောင်ရ၏ တောင်းဆိုစကား။

” အင်း…ဒီလိုဗျ။ လူသတ်မှုကို ကျွန်တော် ရန်ငြိုးကြောင့် သတ်တယ်လို့ ယူဆမိခဲ့တယ်။ ဒါကြောင့်ပဲ သူတို့ရဲ့ နောက်ကြောင်းရာဇဝင်ကို လိုက်ရင်းနဲ့ အကြောင်းစုံကို သိရပြီး တရားခံက မောင်စိုးမဟုတ်ရင် မောင်မိုးလို့ ယူဆမိခဲ့တာ။ အဓိကဖြစ်နိုင်ချေကတော့ မောင်စိုးက ပိုဖြစ်နိုင်တယ်လေ။ ဒါနဲ့ပဲ ပန်းတောင်းကနေပြန်တော့ မောင်စိုးကျခဲ့တဲ့ ထောင်ကို ကျွန်တော်သွားစုံစမ်းခဲ့တယ်။ နောက်…အဲ့ဒီ့ကနေ ဆက်စပ်ပြီး ဒီမြို့မှာ မောင်စိုးရောက်နေတယ်လို့သိခဲ့ရတာ။ ဒါနဲ့ မြို့ကို ပြန်လာပြီး စုံစမ်းရင်း မနက်က သူ့အိမ်ကို သိခဲ့ရတယ်။ ကိုအောင်ဝင်းကို မေးကြည့်တော့ မောင်စိုး ညဘက်တွေမအိပ်ပဲ သရဲခြောက်ခံရနေတယ်ဆိုတာလည်း သိရတယ်။ ပြီးတော့ ဒီတစ်ရက်နှစ်ရက်အတွင်းမှာ ရွာတော်ဘက်ကို သူသွားနေတယ်ဆိုတာလည်း သိခဲ့ရပြီး မနက်က ဆရာသက်ဇော်က သုသာန်ထဲမှာ လူစိမ်းတစ်ယောက်ရောက်နေကြောင်း သတင်းပို့လာတော့ ချက်ချင်းပဲ ဝင်ဖမ်းခဲ့တာ…”

ဒုရဲအုပ်နေလင်းသည် သူ၏ စကားကို အဆုံးသတ်လိုက်၏။ ထိုအခါ နားထောင်နေကြသူများက လက်ခုပ်တီး၍ ချီးကျူးဂုဏ်ပြုကြလေသည်။

ထိုအခိုက်…။

” အား…မလာနဲ့…မလာနဲ့…မင်းကို ငါကြောက်တယ်…မလာနဲ့ သွား….”

ဟူသော မောင်စိုး၏ အော်သံနှင့်အတူ တိုက်ဆိုင်လှစွာပင် အလွန်ပြင်းထန် နံစော်လှသော အပုတ်နံ့ကြီးကို ဒုရဲအုပ်နေလင်းတို့အဖွဲ့ ရှုရှိုက်မိလိုက်ကြလေတော့၏။

ပြီးပါပြီ။

နောင်ရိုး( ဆေးတပ်)

ရမၼက္မည္ေသာ ႏြံ ( စ၊ ဆုံး)
❆ ❆ ❆ ❆ ❆

ေမွာင္မိုက္ေသာ ညတစ္ည။

မိုးက သည္းထန္စြာ ႐ြာသြန္းေနသည္။ မိုးသည္းထန္မႈေၾကာင့္ ေတာင္ညိဳေခ်ာင္းဆီတြင္ေတာ့ ေရေတြက ကမ္းျပည့္ကမ္းလွ်ံစီးဆင္းေန၏။

ထိုအခ်ိန္ ေတာင္ညိဳေခ်ာင္းနံေဘးလမ္းအတိုင္း လူႏွစ္ဦး မိုးသည္းထဲဝယ္ ပခုံးဖက္ရင္း ေလွ်ာက္လာေနသည္။ မၾကာပါ ထိုသူႏွစ္ဦးသည္ လမ္းအတိုင္းေလွ်ာလာရင္း သုသာန္တစ္ခုအနီးကို ဆီကို ေရာက္ရွိလာ၏။

ထိုအခိုက္ ပခုံးဖက္ထားသူ ႏွစ္ဦးအနက္ တစ္ဦးက တစ္စုံတစ္ရာကို ဆိုလိုက္သည္ထင့္။ က်န္တစ္ဦးသည္ ဖက္ထားေသာ ပခုံးကိုင္လက္ကို ဖယ္ခ်ၿပီး ေျပာသူကို တြန္းဖယ္လိုက္သည္။

ထိုအခါ ေျပာသူသည္ စိတ္ဆိုးမာန္ဆိုးျဖင့္ တြန္းဖယ္သူကို ဝင္လုံးကာ လက္ထဲက တစ္စုံတစ္ရာျဖင့္ ရင္ပုံဆီကို အခ်က္ေပါင္းမ်ားစြာ ထိုးစိုက္ေလေတာ့သည္။

တေအာင့္အၾကာတြင္ အထိုးခံရသူသည္ ေျမျပင္ဆီ ပုံလ်က္သား လဲက်သြားသည္။ ထိုအခါ ထိုးသူသည္ လဲက်ေနေသာသူကို တ႐ြတ္တိုက္ဆြဲယူကာ ေရစီးၾကမ္းလွေသာ ေခ်ာင္းဆီကို ပစ္ခ်လိုက္ေလေတာ့သည္။

❆ ❆ ❆ ❆

ထိုညကို လြန္ခဲ့ၿပီး ေနာက္တစ္ညတြင္ေတာ့။

” မ်ိဳးေဆြေရ…ဟိုေရွ႕က်ရင္ ႐ြာေတာ္သုသာန္ကို ျဖတ္ေတာ့မွာ အေရွ႕ကလူေတြကု မီေအာင္ျမန္ျမန္နင္းဟ”

” ေအးပါကြ ဘတင့္ရ။ ငါလည္း နင္းေနတာပဲကို…”

ဘတင့္ႏွင့္ မ်ိဳးေဆြ။ ၿမိဳ႕ေဆး႐ုံဆီက လူနာသတင္းေမးၿပီး ျပန္လာၾကျင္းျခင္းပင္။

ဗြက္ထေနေသာ လမ္းတြင္ မ်ိဳးေဆြ စက္ဘီးကို အားစိုက္နင္းရင္း တေျဖးေျဖးႏွင့္ သုသာန္အနားဆီ ေရာက္လာသည္။

” ဘတင့္…ဟိုေရွ႕ကဟာ လူလားၾကည့္စမ္း…”

မ်ိဳးေဆြစကားေၾကာင့္ ဘတင့္ အေနာက္ကယ္ရီယာကေန အေရွ႕ကို ကဲၾကည့္၏။ သူတို႔ႏွင့္ အေတာ္လွမ္းလွမ္းဆီတြင္ လူတစ္ေယာက္။

” ေအးဟ…လူပဲ။ ေခ်ာင္းထဲက တက္လာတာကြ။ ဒီအခ်ိန္ႀကီးကိုကြာ… ဘယ္သူလဲ မသိဘူး။ သူမို႔မေၾကာက္မလန႔္နဲ႔…”

အေမွာင္ထဲသူမွာ ေခ်ာင္းဆီက တက္လာၿပီး သုသာန္ဇရပ္ဆီကို တေ႐ြ႕ေ႐ြ႕တက္သြားသည္။

သူတို႔စက္ဘီးေလးက ထိုသူႏွင့္ သုသာန္ကို ျဖတ္ေက်ာ္သြားခဲ့သည္။

” ဘတင့္…ဘယ္သူလဲ မသိဘူး။ ငါသြားၾကည့္ခ်င္တယ္ကြာ…”

မ်ိဳးေဆြက ေျပာၿပီး စက္ဘီးကို ရပ္လိုက္သည္။

” ဟာ…မင္းကလည္း လုပ္ၿပီ။ ငါေၾကာက္တယ္ကြ။ ဆက္သာနင္းစမ္းပါကြာ…”

” လာပါကြာ…ခဏပဲကို။ ဘယ္သူဘယ္ဝါ သိရတာေပါ့…”

မ်ိဳးေဆြက စက္ဘီးကို ေထာက္ေထာက္ၿပီး သုသာန္ဇရပ္ဘက္ထြက္သြားသည္။ ဘတင့္ မေနရဲၿပီမို႔ မ်ိဳးေတြေနာက္ကို ေျပးလိုက္မိ၏။

ဇရပ္ေပၚတြင္ေတာ့ အခုနကသူသည္ ငုတ္တုတ္ထိုင္ေနသည္။

မ်ိဳးေဆြက ထိုသူအနားကို ကပ္သြားသည္။

” ေဟ့လူ…ခင္ဗ်ား ဘယ္သူလဲ။ ဘယ္ကလဲ…”

ထိုင္ေနသူမွာ မတုန္မလႈပ္ရွိေနသည္။ မ်ိဳးေဆြ ထပ္ေမးသည္။ ျပန္မေျဖျပန္။ ဘတင့္က မ်ိဳးေဆြလက္ကို လွမ္းကုတ္ၿပီး ျပန္ရန္သတိေပးသည္။

သို႔ေသာ္ သုံးေခါက္ေျမာက္အတြက္ မ်ိဳးေဆြ စိတ္မရွည္စြာျဖင့္ အနားကပ္သြားၿပီး ထိုသူကို လွမ္းပုတ္ကာ

” ေဟ့လူ…ဟာ…ေပ်ာက္…ေပ်ာက္…”

“သ…သရဲ…”

ထိုင္ေနသူသည္ ႐ုတ္တရက္ ျဖဳတ္ခနဲ ေပ်ာက္သြားသည္။ မ်ိဳးေဆြ အံ့အားသင့္ေနစဥ္ ဘတင့္က သရဲဟုေအာ္ေျပးသည္။ မ်ိဳးေဆြလည္း မေနသာ။ ဘတင့္အေနာက္ကို လိုက္ေျပးသည္။

သူတို႔ႏွစ္ဦး စက္ဘီးကိုပင္ မယူႏိုင္။ ႐ြာေတာ္ သုသာန္ကေန သူတို႔႐ြာအထိ အားကုန္ထုတ္ကာ ေျပးၾကသည္။

႐ြာကိုေရာက္ေသာ္…။ သရဲ…သရဲ…ဟုသာ ေအာ္ဟစ္ၿပီး ႏွစ္ဦးစလုံး သတိလစ္သြားခဲ့ေတာ့သည္။ ေနာက္တစ္ေန႔နံနက္တြင္ေတာ့ မ်ိဳးေဆြတို႔ သတင္းသည္ ႐ြာနီးခ်ဳပ္စပ္ကို ပ်ံ႕ႏွံ႔ခဲ့ေလ၏။

❆ ❆ ❆ ❆

ၿမိဳ႕မရဲစခန္းဆီကို အသားညိဳညိဳ ႐ုပ္ရည္သင့္တင့္ေသာ အမ်ိဳးသမီးတစ္ဦး ေရာက္လာသည္။

” လူေပ်ာက္တိုင္ခ်င္လို႔ပါ ဆရာ…”

စခန္းတြင္ ဒုရဲအုပ္ေနလင္း တာဝန္မႉးတာဝန္က်ေန၏။

” ဟုတ္ကဲ့…ထိုင္ပါ အစ္မ”

အမ်ိဳးသမီးကို ေနရာထိုင္ခင္းျပၿပီး မွတ္စုစာအုပ္ကို ယူလိုက္သည္။

” ဘယ္သူေပ်ာက္တာလဲ ငါ့အစ္မ”

” ကြၽန္မေမာင္ေလးပါ ဆရာ”

” သူ႔နာမည္နဲ႔ အစ္မနာမည္ေလး…ၿပီးေတာ့ သူ႔အသက္…”

” အစ္မကေတာ့ စန္းတင့္ပါ။ သူ႔နာမည္ကေတာ့ ဝင္းထိန္ပါ။ အသက္ကေတာ့ ၂၂ ပါ ဆရာ”

” ဘယ္ေန႔ေလာက္က မေတြ႕ေတာ့တာလဲ”

” ဒီေန႔ေကာဆိုရင္ သုံးရက္ရွိၿပီ ဆရာ”

” သူ သြားတတ္တဲ့ေနရာေတြေကာ…”

” ရွာၿပီပါၿပီ ဆရာ။ အဲ့ဒီ့ညက သူ ႐ြာေတာင္ပိုင္းကို ဗြီဒီယိုၾကည့္မယ္ဆိုၿပီး ထြက္သြားတာ”

” အင္း…”

ထို႔ေနာက္ ဒုရဲအုပ္ေနလင္းသည္ လိုအပ္သည္မ်ားကို ေမးျမန္းၿပီေနာက္ အမ်ိဳးသမီးကို ျပန္လႊတ္လိုက္၏။ ထိုအခ်ိန္ဝယ္ နံေဘးက တာဝန္က်ရဲစာေရး ဆရာ ေအာင္တင့္က အမႈဖြင့္ မွတ္တမ္းတြင္ အားလုံးျဖည့္စြက္ၿပီးေလၿပီ။

ထို႔ေနာက္တြင္ေနာ့ အမႈျဖစ္စဥ္ကို အထက္တင္ျပၿပီး နယ္ထိန္းမ်ားကို ဆက္သြယ္ ၫႊန္ၾကားလိုက္ေလေတာ့၏။

❆ ❆ ❆ ❆

” ကလင္…ကလင္…ကလင္…”

” အမိန႔္ရွိပါ…ၿမိဳ႕မရဲစခန္းကပါခင္ဗ်ား။ ကြၽန္ေတာ္ ရဲတပ္ၾကပ္ႀကီး ျမင့္ေဝပါ”

” ဟုတ္ကဲ့ခင္ဗ်။ ႐ြာေတာ္ သုသာန္မွာ အေလာင္းေပၚလို႔တဲ့…အဲ့ဒါ သတင္းေပးတာပါ…”

” ဟုတ္ကဲ့ သတင္းပို႔ၿပီး.အခုပဲလာခဲပါ့မယ္”

ဆရာႀကီးျမင့္ေဝ ဖုန္းသတင္းကို မွတ္တမ္းတင္ၿပီးေနာက္ အဆင့္ဆင့္သတင္းဆက္ပို႔သည္။

ခဏၾကာေသာ္ ရဲစခန္းအတြင္းဆီက ဒုရဲအုပ္ေနလင္းဦးစီးသည့္ အဖြဲ႕တစ္ဖြဲ႕ ႐ြာေတာ္ဆီကို ထြက္ခဲ့ေတာ့သည္။

အေလာင္းေနရာဆီကိုေရာက္ေသာ္ လူမ်ားက အုံခဲေနသည္။ ရဲမ်ားကိုျမင္ေသာ္ လမ္းဖယ္ေပးၾက၏။

ဒုရဲအုပ္ေနလင္းတို႔ အေလာင္းကို ျမင္ၾကရၿပီ။ အေလာင္းက ေတာင္ညိဳေခ်ာင္းကမ္းပါးအစပ္တြင္ ပြေယာင္းၿပီး ေပါေလာေပၚေန၏။ ရင္ဘတ္တြင္လည္း ထိုးသြင္းဒဏ္ရာမ်ားေတြ႕ရသည္မို႔ ဒုရဲအုပ္ေနလင္းသည္ လူသတ္မႈျဖစ္ေၾကာင္း အတည္ျပဳမိသည္။ ထို႔ေနာက္ တည္ေနရာကို ေျမပုံၾကမ္းေရးဆြဲ၏။ ရဲစာေရး ေအာင္ရက အေလာင္းကို ရႈေထာင့္အမ်ိဳးမ်ိဳးက မႈခင္းဓာတ္ပုံ႐ိုက္သည္။ အားလုံးျပဳၿပီးေသာ္ အေလာင္းကို မႈခင္းဆရာဝန္ဆီ ပို႔လိုက္ၾကၿပီး ဆက္လက္စုံစမ္းရန္ ေသသူ၏ အိမ္ဆီကို သြားၾကသည္။

ေသသူသည္ အစ္မႏွင့္ အတူေနၿပီး လက္ရွိတြင္ အစ္မျဖစ္သူမွာ ငိုေႂကြးရင္း သတိလစ္သြားသျဖင့္ အိမ္ဆီ၌ ရွိေနသည္ဟု အၾကမ္းဖ်ဥ္း သိရ၏။

” ဟင္…”

အိမ္ဆီကို ဝင္ဝင္ခ်င္း သူေမးျမန္းရမည့္သူမွာ တစ္ေန႔က လူေပ်ာက္မႈလာတိုင္ေသာ မစန္းတင္ျဖစ္ေန၍ ဒုရဲအုပ္ေနလင္း အံ့ၾသမိသြားသည္။

မစန္းတင့္မွာ ေနလင္းကို ျမင္ေသာ္ အားကိုးတစ္ႀကီးျဖင့္ ငိုေႂကြးေလၿပီး

” ဆရာရယ္…ကြၽန္မေမာင္ေလးကို ကယ့္ေပးပါဦးေနာ္…ကယ္ေပးပါရွင္”

ဟု တစ္စာစာေျပာကာ ငိုေႂကြး၏။ ဒုရဲအုပ္ေနလင္း စိတ္မေကာင္းလွ။

” ကဲ…မစန္းတင့္။ ေသသူကလည္း ေသၿပီဗ်ာ။ ဒီေတာ့က ကြၽန္ေတာ္တို႔အေနနဲ႔ ေသသူအတြက္ တရားမွ်တမႈရေအာင္ သတ္သူကို ေဖာ္ထုတ္ၾကရမယ္။ ဒါေၾကာင့္ မစန္းတင့္အေနနဲ႔ ငိုခ်င္တဲ့ စိတ္ကို ခဏထိန္းထားၿပီး ကြၽန္ေတာ္တို႔ ေမးတာကို ေျဖေပးပါ”

” ဟုတ္…ဟုတ္ကဲ့ရွင့္”

မစန္းတင့္ အငိုရပ္သြားသည္။ ရႈိက္သံကေတာ့ ထြက္ေနဆဲပင္။

” ေသသူက ဝင္းထိန္ေနာ္…”

ယခင္ လူေပ်ာက္လာတိုင္းတုန္းက မွတ္တမ္းအတိုင္း ျပန္လည္တိုက္တိုင္လိုက္သည္။

မစန္းတင့္ခမ်ာမွာေတာ့ ဒုရဲအုပ္ေနလင္းေမးျမန္းသမွ်ကို ရႈိက္ေနရင္းက ေခါင္းညိတ္လိုက္၊ ေခါင္းခါလိုက္ျဖင့္ ေျဖၾကားေပးေနေလေတာ့သည္။

ထိုေန႔က ဒုရဲအုပ္ေနလင္းတို႔အဖြဲ႕သည္ လိုအပ္သည္မ်ားကို စုံစမ္းေမးျမန္းၿပီးေနာက္ စခန္းကို ျပန္ခဲ့ၾကေတာ့သည္။

❆ ❆ ❆ ❆

မႈခင္းေဆး႒ာနက စစ္ေဆးခ်က္ထြက္ေပၚခဲ့ေလၿပီ။ ဝင္းထိန္းေသဆုံးရျခင္းမွာ ရင္ဘတ္ဆီ၌ ဓားကဲ့သို႔ေသာ ခြၽန္ထက္ပါးလႊာသည့္အရာျဖင့္ ဆယ့္သုံးခ်က္တိတိအထိုးခံရၿပီး ႏွစ္လုံးဆီတြင္ သုံးခ်က္ထိုးမိကာ ေသဆုံးခဲ့ျခင္းျဖစ္၏။ ေသဆုံးသည္မွာလည္း သုံးရက္ခန႔္ရွိၿပီျဖစ္သလို အဆုတ္ထဲတြင္ ေရဝင္ေနသည္ကို မေတြ႕ရၿပီမို႔ အေသသတ္ၿပီးမွ ေရထဲကို ပစ္ခ်ခဲ့သည္ဟုလည္း ေဆးအေျဖထြက္ခဲ့သည္။

အထက္ပါ ေဆးစစ္ခ်က္မ်ားအရ ဒုရဲအုပ္ေနလင္းေကာက္ခ်က္ခ်ရေသာ္။ သာမန္ရန္ျဖစ္၍ ေသဆုံးျခင္းထက္ စိတ္နာက်ည္း၍သာ သတ္သည္ဟု ယူဆမိသည္။ တရားခံကား မည္သူျဖစ္မည္နည္း။ အေျဖကို လြယ္လြယ္စဥ္းစားဖို႔ကားမလြယ္။ သည္ေတာ့ ေသသူ၏ ေနာက္ေၾကာင္းကို လိုက္ရန္ ဒုရဲအုပ္ေနလင္း ေတြးမိ ဆုံးျဖတ္လိုက္သည္။

ထိုသို႔ျဖင့္ အမႈျဖစ္ၿပီး သုံးရက္ခန႔္အၾကာ။ ဝင္းထိန္ ရက္လည္သည့္ေန႔တြင္။

” ဗိုလ္ႀကီး…”

႐ုံးခ်ိန္းတစ္ခုဆီက ျပန္အလာ စခန္းဆီ အဝင္တြင္ ဝင္းထိန္၏ ေနာက္ေၾကာင္းရာဇဝင္ကို စုံစမ္းရန္ လႊတ္ထားေစာ ဆရာသက္ေဇာ္က လာေရာက္သတင္းပို႔၏။

” ဘာထူးလဲ ဆရာသက္ေဇာ္…”

” ထူးတယ္ ဗိုလ္ႀကီး။ သူတို႔က ပန္းေတာင္းဘက္ကေန ဒီကို ေျပာင္းလာတာ မၾကာေသးဘူး။ သုံးႏွစ္ေလာက္ပဲ ရွိဦးမယ္တဲ့…”

ပန္းေတာင္းလို အညာေဒသကေန သည္ကို ေျပာင္းလာသည္ဆိုေတာ့…။ သာမန္စီးပြားေရးအတြက္ေလာ၊ သို႔တည္းမဟုတ္ အျခားကိစၥအတြက္ ေျပာင္းလာျခင္းေပေလာ။ ေနလင္း၏ အေတြးတို႔ တစ္ခဏတာ ရႈပ္ေထြးသြားရသည္။

” သူတို႔ ဒီကို ေျပာင္းလာကာစကတည္းက ေမာင္ႏွမ ႏွစ္ေယာက္ပဲလား။ မိဘေတြေကာ ပါေသးလား”

” မပါဘူးတဲ့ ဗိုလ္ႀကီး”

” အင္း…အဲ့ဒီ့လိုသာဆိုရင္ေတာ့ ကြၽန္ေတာ္တို႔ပန္းေတာင္းကိုသြားဖို႔ လိုလာၿပီဗ်…”

” ဘာလို႔လဲ ဗိုလ္ႀကီး…”

ဆရာသက္ေဇာ္က နားမလည္စြာ ေမးသည္။

” ဒီလိုဗ်…အခု သတ္တဲ့ပုံအရ ျဖစ္ႏိုင္ေခ်ရွိတိာု ခန႔္မွန္းရရင္။ သတ္သူက ေသသူအေပၚ ရန္ၿငိဳးေၾကာင့္ သတ္တယ္လို႔ ကြၽန္ေတာ္ယူဆမိတယ္။ ၿပီးေတာ့ ကြၽန္ေတာ္ အရင္ရတဲ့သတင္းအရ သူတို႔က ဒီမွာ အေနေအးတယ္။ ခိုက္ရန္ျဖစ္ၿပီး လူမုန္းတာမ်ိဳးမရွိဘူး။ ဒီေတာ့ ဆရာသက္ေဇာ္ရလာတဲ့ သတင္းအရဆိုရင္ေတာ့ သတ္သူဟာ သူတို႔အရင္ေနရပ္ကျဖစ္မယ္လို႔ မွန္းမိတယ္”

” သေဘာေပါက္ၿပီဆရာ။ ဒီလိုဆိုရင္ အရင္က ရွိခဲ့ဖူးတဲ့ ရန္ၿငိဳးကို ဒီမွာ လာရွင္းတဲ့သေဘာပဲ…”

ဒုရဲအုပ္ေနလင္း ေခါင္းကို ညိတ္လိုက္သည္။

” ဟုတ္တယ္ အဲ့ဒီ့သေဘာပဲ။ ဒါေပမယ့္ လတ္တေလာေတာ့ ဒါကို အတည္ျပဳဖို႔ မေရရာေသးဘူး။ ကဲ…ဆရာသက္ေဇာ္ တစ္လက္စတည္းဗ်ာ။ ကြၽန္ေတာ့္ကို သူတို႔ရဲ႕ ပန္းေတာင္းလိပ္စာေလးေတာင္းေပးေခ်။ ၿပီးေတာ့ဗ်ာ ဝင္းထိန္ရဲ႕ ဓာတ္ပုံျဖစ္ျဖစ္၊ မစန္းတင့္ရဲ႕ ဓာတ္ပုံျဖစ္ျဖစ္ သူတို႔မသိေအာင္ ယူခဲ့ေပးဗ်ာ…”

” ဟုတ္ကဲ့ ဗိုလ္ႀကီး…”

ဆရာသက္ေဇာ္ အေလးျပဳၿပီး ျပန္ထြက္သြားသည္။ ေနလင္းကေတာ့ အမႈအတြက္ အေတြးေတြဆက္စပ္ရင္း ရပ္က်န္ခဲ့၏။

❆ ❆ ❆ ❆

ပန္းေတာင္းနယ္၊ ပန္းဆက္႐ြာဆီကို ေနလင္းေရာက္ခဲ့သည္။ အသြင္အျပင္က သာမန္အရပ္ဝတ္သာ ဝတ္ထားခဲ့၏။ လြယ္ထားသည့္ ေဘးလြယ္အိတ္တြင္ေတာ့ ဆရာသက္ေဇာ္ဆီက ရရွိလာေသာ သတင္းအခ်က္အလက္းမ်ားႏွင့္ မစန္းတင့္၏ ဓာတ္ပုံ။

” ညီေလး…အကို႔ကို ႐ြာလူႀကီးအိမ္ ပို႔ေပးပါလား”

႐ြာကို ဝင္ဝင္ခ်င္း ေတြ႕ရသည့္ ေကာင္ေလးကို အကူအညီေတာင္းၿပီး ႐ြာလူႀကီးအိမ္ ေရာက္ခဲ့ရသည္။

အိမ္ေရာက္သည္ႏွင့္ ႐ြာလူႀကီးကို အဆင္သင့္ပင္ေတြ႕ရကာ ေနလင္း သူ႔ကိုယ္သူ ရဲျဖစ္ေၾကာင္း မိတ္ဆက္၏။ ၿပီးလ်င္ အမႈျဖစ္စဥ္ကို ထိန္ခ်န္၍ မစန္းတင့္၏ ဓာတ္ပုံကို ျပကာ

” သူ႔ကို သိလား ဦးေလး…”

“ေဟ…”

႐ြာလူႀကီးက ဓာတ္ပုံကို ယူၾကည့္သည္။

” ဒါ…က်ဳပ္တို႔႐ြာမွာ အရင္ေနသြားတဲ့ လွရင္ပဲ ဆရာေလးရ။ သူဘာျဖစ္လုိ႔လဲ”

႐ြာလူႀကီးက ျပန္ေမးလာသည္။ သို႔ေသာ္ ေနလင္းက

” သူေတာ့ ဘာမွ မျဖစ္ပါဘူး ဦးေလး။ ဒါေပမယ့္…သူ႔ေနာက္ေၾကာင္းေလး သိလိုလို႔ ဒီလိုက္လာတာ”

” ဪ…”

” ဦးေလး ေျပာျပေပးႏိုင္မလား…”

” အင္း…ရသေပါ့ ဆရာေလးရာ။ တိုက္တိုက္ဆိုင္ဆိုင္ကိုပဲ တေလာကတင္ သူ႔ေယာက္်ားေမာင္စိုး ေထာင္ကလြတ္ၿပီး ႐ြာလာေသးတာ။ ကဲ ကဲ…အဖန္ရည္ေသာက္ေခ်ဦး။ ၿပီးရင္ က်ဳပ္ေျပာျပမယ္။

ကမ္းေပးလာေသာ ေရေႏြးခြက္ကို ေနလင္းလွမ္းယူၿပီး ေျဖးေျဖး မႈတ္ေသာက္ေနလိုက္သည္။ ထိုအခိုက္ဝယ္ ႐ြာလူႀကီးက ကြမ္းတစ္ယာကို ယာ၍ ပါးစပ္ထဲ ထည့္ဝါးရင္း

” အဲ့ဒီ့ကေလးမက သိပ္သနားစရာေကာင္းတယ္ ဆရာေလးရ။ သူ…ဒီ႐ြာကို ေရာက္လာတာ လြန္ခဲ့တဲ့ ရွစ္ႏွစ္ေလာက္က။ အဲ့ဒီ့အရင္ ဘယ္မွာေနတယ္ေတာ့ မသိရဘူး။ ႐ြာကိုေရာက္လာတာေတာ့ နယ္စပ္ဘက္ကို အလုပ္သြားတဲ့ ေမာင္စိုးဆိုတဲ့ ေကာင္ေလးနဲ႔ ခိုးရာလိုက္လာတာတဲ့…”

” ဟုတ္ကဲ့…”

ထို႔ေနာက္ ႐ြာလူႀကီးက လွရင္၏ ေနာက္ေၾကာင္းကို ျပန္ေျပာျပသည္။ ေနလင္းကလည္း ႐ြာလူႀကီး ေျပာသမွ်ကို မွတ္စုထဲ ခ်ေရးေနလိုက္သည္။

ေနာက္တစ္နာရီခန႔္အၾကာတြင္ေတာ့ လိုခ်င္ေသာ အခ်က္အလက္မ်ားအျပင္ ျဖစ္ႏိုင္ေခ်ရွိေသာ တရားခံကိုပါ ေနလင္း တြက္ဆမိေခ်ေတာ့၏။

❆ ❆ ❆ ❆

ပန္းေတာင္းကအျပန္ ေနလင္း မႏၲေလးဘက္ကို ပတ္ခဲ့သည္။

မႏၲေလးတြင္ တစ္ရက္ခန႔္ေနၿပီး သူ႔ၿမိဳ႕ ဆီ ျပန္ခဲ့သည္။ ၿမိဳ႕ကို ျပန္ေရာက္ၿပီးေသာ္…စခန္းကို မျပန္ေသးဘဲ ၿမိဳ႕ထဲ၌ပင္ ႏွစ္ရက္ခန႔္ တစ္ကိုယ္တည္း အသြားအလာျပဳရျပန္၏။

လိုအပ္ေသာ အခ်က္အလက္မ်ား စုံေလေတာ့မွ ေနလင္းစခန္းဆီ ျပန္ခဲ့သည္။ ထို႔ေနာက္ စခန္းမႉးဆီ သတင္းဝင္ပို႔ ၿပီးေနာက္ တရားခံဖမ္းရန္တင္ျပကာ ရဲစာေရး ဆရာေအာင္ရႏွင့္ အျခားအဖြဲ႕ဝင္ႏွစ္ဦးကို ေခၚကာ ႐ြာေတာ္ဆီ တရားခံဖမ္းရန္ အားခ်င္း ထြက္ခဲ့ၾကေတာ့သည္။

႐ြာေတာ္ကို ေရာက္ေသာ္ ေန႔လည္ပိုင္း ၂ နာရီခန႔္ရွိၿပီျဖစ္သည္။ ႐ြာကို ေရွာင္ကြင္းၿပီး သုသာန္ဆီကို လာခဲ့ၾက၏။ သုသာန္ဆီေရာက္ေသာ္ အသင့္ေစာင့္ဆိုင္းေနေသာ ဆရာသက္ေဇာ္က လာေပါင္း၏။ ၿပီးေနာက္ တစ္ဖြဲ႕လုံး ဂူမ်ားအၾကားကေန သြား၍ တစ္ေန႔က သၿဂိဳဟ္ခဲ့ေသာ ဝင္းထိန္၏ ဂူဆီကို သြားလိုက္ၾကသည္။

ဝင္းထိန္၏ ဂူအနားကို ေရာက္ေသာ္ လူတစ္ေယာက္သည္ ဂူနံေဘးတြင္ ေျခပစ္လက္ပစ္ထိုင္ခ်ၿပီး ေခါင္းငိုက္စိုက္က်ကာ ရွိေန၏။

” သူ႔ကို လက္ထိပ္ခတ္ ဖမ္းလိုက္ပါ ဆရာသက္ေဇာ္”

ဆရာသက္ေဇာ္က သြက္လက္စြာပင္ ထိုသူကို လက္ထိပ္ခတ္လိုက္သည္။

လက္ထိပ္ခတ္ခံရမႈေၾကာင့္ ထိုသူသည္ ေခါင္းေမာ့ၾကည့္လာသည္။ သို႔ေသာ္ ႐ုန္းကန္ျခင္းေတာ့လုံးဝမျပဳ။ ထူးထူးျခားျခား သူ၏ မ်က္ကြင္းမ်ားက အိပ္ေရးပ်က္မႈေၾကာင့္လား၊ ေရာဂါေၾကာင့္ေလလားမသိ။ ညိဳမည္းေနသည္။

” ကဲ…ေမာင္စိုး။ မင္းကို ဝင္းထိန္ကို သတ္တဲ့အမႈနဲ႔ ငါတို႔ ဖမ္းလိုက္ၿပီ”

ဒုရဲအုပ္ေနလင္း၏ စကား။ ေမာင္စိုး ခပ္ယဲ့ယဲ့ ၿပဳံးေလသည္။

” ေက်းဇူးတင္ပါတယ္ဆရာ။ ဆရာတို႔ေရာက္လာတာ ေစာသြားလို႔ပါ။ က်ဳပ္ ခဏေနရင္ပဲ စခန္းကို လာအဖမ္းခံမလို႔လုပ္ေနတာ”

ေမာင္စိုး၏ စကားက ထူးဆန္းသည္။

” ကဲပါ…အခုလို တာဝန္ယူစိတ္ရွိတာ ေက်းဇူးတင္ပါတယ္။ ကဲ…သြားၾကစို႔”

” ခဏေလးပါဆရာ။ က်ဳပ္ တစ္ခုေလာက္ေတာင္းဆိုခြင့္ရွိမလား…”

” ေျပာၾကည့္ပါ။ ကြၽန္ေတာ္ တာဝန္ယူႏိုင္တဲ့ဟာဆို လုပ္ေပးပါ့မယ္”

” အျခားေတာ့ မဟုတ္ပါဘူးဆရာ။ က်ဳပ္ကို ဒီကျပန္ရင္ မစန္းတင့္ဆီ ခဏဝင္ေတြ႕ခြင့္ေပးပါ…”

” ေကာင္းၿပီေလ…ဒီေလာက္ေတာ့ ရပါတယ္”

အျပန္လမ္းတြင္ ေမာင္စုိး၏ ဆႏၵအတိုင္း မစန္းတင့္အိမ္ကို ဝင္ခဲ့ၾက၏။

မစန္းတင့္သည္ ရဲမ်ားဖမ္းလာသည့္ ေမာင္စိုးကို ျမင္ေသာ္ အံ့အားတသင့္ျဖစ္ေလၿပီးေနာက္ ပုံလ်က္သားထိုင္ခ်ကာ ခ်ဳံးပြဲခ် ငိုေႂကြးေလသည္။

ေမာင္စိုးက ဘာစကားမွ မေျပာပါ။ မစန္းတင့္ကို ေငးၾကည့္႐ုံသာ ၾကည့္ခဲ့ၿပီး စခန္းဆီသြားရန္ေျပာေလၿပီေနာက္ အားလုံး စခန္းဆီကို ျပန္ခဲ့ၾကေတာ့သည္။

❆ ❆ ❆ ❆

ေျဖာင့္ခ်က္။

ေမာင္စိုးသည္ ညီအရင္းျဖစ္သူ ေမာင္မိုး ေခၚ ထိန္ဝင္းအား သတ္ခဲ့မႈအတြက္ ေအာက္ပါ ေျဖာင့္ခ်က္မ်ားကို ေပးခဲ့သည္။

သူသည္ တစ္ခ်ိန္က နယ္စပ္ဆီတြင္ အလုပ္သြားလုပ္ရင္း မလွရင္မည္သည့္ မိဘမဲ့ၿပီး ခိုကိုးရာ မဲ့ေနေသာ မိန္းကေလးကို ႏွစ္ဦးသေဘာတူ ေခၚယူေပါင္းသင္းကာ ႐ြာဆီအျပန္တြင္ ေခၚေဆာင္ခဲ့ၿပီး မိခင္ျဖစ္သူ၊ ညီျဖစ္သူတို႔ႏွင့္အတူတကြ တစ္အိမ္ထဲ ေနထိုင္ခဲ့ၾကသည္။ ထိုအခ်ိန္က ညီျဖစ္သူ ေမာင္မိုးမွာ လူပ်ိဳေပါက္အ႐ြယ္သာ ရွိေသး၏။

ေပါင္းသင္းစဥ္တြင္လည္း သူသည္ မလွရင္ကို လြန္စြာခ်စ္ျမတ္ႏိုးခဲ့သည္။ ႐ြာေရာက္ၿပီး ငါးလခန႔္အၾကာတြင္ေတာ့ ႐ြာက ၾကာကူလီသမားတစ္ေယာက္က မလွရင္ကို ထိကပါး၊ ရိကပါး လုပ္သည့္အတြက္ အခ်စ္ေဒါသႀကီးလြန္းေသာ သူသည္ ထိုသူကို သတ္ခဲ့သည္။

ထိုအမႈအတြက္ ေထာင္ဆယ္ႏွစ္က်ခဲ့ရ၏။ ေထာင္က်ေနစဥ္ တစ္ႏွစ္ခန႔္အၾကာ၌ မိခင္ျဖစ္သူ ဆုံးပါးခဲ့ေၾကာင္း သတင္းရရွိခဲ့၏။ ေထာင္က်ၿပီး ရွစ္ႏွစ္ခန႔္အၾကာတြင္ေတာ့ ေလ်ာ့ရက္မ်ားျဖင့္ သူျပန္လြတ္ခဲ့သည္။

မလွရင္ႏွင့္ ေတြ႕ခ်င္ေဇာေၾကာင့္ ႐ြာဆီအေျပးျပန္လာခဲ့ေသာ္လည္း မလွရင္ေကာ ညီျဖစ္သူပါ ႐ြာ၌ မရွိၾကေတာ့။ မလွရင္မွာ မိခင္ျဖစ္သူဆုံးပါးၿပီးခ်ိန္ကတည္းက ႐ြာက ေပ်ာက္သြားခဲ့ၿပီး ညီျဖစ္သူကေတာ့ လြန္ခဲ့သည့္ ေျခာက္ႏွစ္ခန႔္က အိမ္ႏွင့္ ဝိုင္းကို ေရာင္းၿပီး ႐ြာက ထြက္သြားသည္ဟု သိခဲ့ရ၏။

ခ်စ္ရသူေကာ တြယ္တာရာ ညီျဖစ္သူပါ သတင္းေပ်ာက္ရၿပီမို႔ ေမာင္စိုးခမ်ာ စိတ္ေလခဲ့ရသည္။ ဘယ္ဆီသြားရမည္ဟု ဦးတည္ခ်က္မရွိပါဘဲ ေျခဦးတည့္ရာ ေလွ်ာက္သြားမိရင္း ေထာင္ထဲတြင္ ဆုံခဲ့ေသာ ကိုေအာင္ဝင္းဆိုသည့္ မိတ္ေဆြတစ္ဦးႏွင့္ ေတြ႕ကာ ထိုသူႏွင့္အတူ လိုက္ပါေနထိုင္ခဲ့၏။

တစ္ကိုယ္ေရတစ္ကာယသမားျဖစ္ေသာ ကိုေအာင္ဝင္းႏွင့္အတူေနထိုင္ရင္း ၿမိဳ႕ပြဲ႐ုံဆီတြင္ အလုပ္ဝင္ခဲ့သည္။

ပြဲ႐ုံတြင္ အလုပ္လုပ္ရင္း တစ္ရက္ေဈးထဲဆီလာေသာ မလွရင္ႏွင့္ ေမာင္မိုးတို႔ကို အမွတ္မထင္ အတူတကြ ေတြ႕ခဲ့သည္။ ေတြ႕ေတြ႕ခ်င္း ဝမ္းသာမိသြားၿပီး ႏႈတ္ဆက္ရန္ဟန္ျပင္မိေသာ္လည္း ႐ြာကထြက္သြားသည္မွာ မတူသည့္လူႏွစ္ဦး အတူတကြ ရွိေနၿပီး အျပဳအမူေတြကို မသကၤာသည့္အတြက္ မႏႈတ္ဆက္ျဖစ္ခဲ့။

ထိုေန႔က သူသည္ အေနာက္ကေန ေနာက္ေယာင္ခံလိုက္ရင္း ႐ြာေတာ္တြင္ ေနေၾကာင္း သိခဲ့ရ၏။ ေနာက္ရက္မ်ားတြင္ ႐ုပ္ဖ်က္ၿပီး နည္းအမ်ိဳးမ်ိဳးျဖင့္ စုံစမ္းေသာ္ ႐ြာေတာ္တြင္ မလွရင္က မစန္းတင့္အျဖစ္၊ ေမာင္မိုးက ထိန္ဝင္းအျဖစ္အမည္ေျပာင္းၿပီး ေမာင္ႏွမမ်ားအျဖစ္ေနထိုင္ၾကေၾကာင္း သိခဲ့ရသည္။ ထိုအတြက္သူ အလြန္ဝမ္းသာသြားရ၏။ သို႔ေသာ္ ထူးဆန္းစြာပင္ ရင္ထဲက သံသယတို႔က ျပယ္မသြားပါ။

သူသည္ သံသယတို႔ကိုေခ်ဖ်က္ရန္ ဆုံးျဖတ္ၿပီး တစ္ညတြင္ မလွရင္တို႔အိမ္ဆီ ခ်ဥ္းကပ္ခဲ့သည္။

သူ၏ သံသယတို႔ မွန္ကန္ခဲ့ေလသည္။ တိုက္ဆိုင္လွစြာပင္ ထိုညက မလွရင္ႏွင့္ ေမာင္မိုးတို႔ သံဝါသျပဳေနသည္ကို သူႀကဳံခဲ့ရသည္။

ရင္ထဲတြင္ ခ်စ္ရသူက လုပ္ရက္ေလျခင္းဟူေသာ နာက်ည္းစိတ္၊ ညီအကိုအရင္းအေပၚ သစၥာေဖာက္ရက္ေသာ ညီျဖစ္သူအေပၚ ခံျပင္းစိတ္တို႔ ေရာေထြးယွက္တင္ခဲ့ရသည္။

ထိုညက စတင္ၿပီး သူ႔ရင္ထဲတြင္ သစၥာမဲ့သူႏွစ္ဦးအေပၚ ခြင့္လႊတ္သင့္၊ မလႊတ္သင့္ ဒြိဟမ်ားျဖင့္ အစားပ်က္၊ အအိပ္ပ်က္ျဖင့္။ မလွရင္ကို သူမဆုံးရႈံးလိုၿပီ။ သူေထာင္က်ၿပီး အလွမ္းကြာေနခ်ိန္ ညီျဖစ္သူႏွင့္ အိုးခ်င္းထား၊ အိုးခ်င္းထိခဲ့ရသည့္အျဖစ္ကို သူနားလည္ေပးရန္ ဆုံးျဖတ္ခဲ့သည္။

ထိုဆုံးျဖတ္ခ်က္ကို ခ်ႏိုင္ခဲ့ခ်ိန္ ညေနေစာင္းခဲ့ၿပီ။ သူအားခ်င္းပင္ ႐ြာေတာ္ကို ထြက္ခဲ့သည္။ ႐ြာေရာက္ေတာ့ မိုးခ်ဳပ္ခဲ့ၿပီ။ တိုက္တိုက္ဆိုင္ဆိုင္ပင္ ႐ြာအဝင္တြင္ ေမာင္မိုးႏွင့္ဆုံခဲ့၏။

ေမာင္မိုးသည္ သူ႔ကို ျမင္ေတာ့ အလြန္လန႔္ဖ်ပ္သြားသည္။ ၿပီးေသာ္ ေမာင္မိုးက သူ႔ကို ဘယ္သူမွမျမင္ေအာင္ ႐ြာအျပင္သြားၿပီး ေအးေဆးစကားေျပာၾကမည္ဟုဆိုကာ သုသာန္ဘက္ကို ထြက္ခဲ့ၾကသည္။ ထိုအခိုက္ဝယ္ မိုးမ်ားသည္းထန္စြာ ႐ြာခ်လာ၏။

သူႏွင့္ ေမာင္မိုးသည္ မိုးထဲေရထဲတြင္ မလွရင္ကိစၥအတြက္ အေျခအတင္ေဆြးေႏြးခဲ့ၾကသည္။ မရပါ။ ေမာင္မိုးက မလွရင္ကို လက္လႊတ္မေပးႏိုင္ဟု ယတိျပတ္ေျပာသည္။ သူ အမ်ိဳးမ်ိဳးေခ်ာ့ေမာ့ၾကည့္ခဲ့သည္။

သုသာန္အနားကို ေရာက္ခ်ိန္တြင္ေတာ့ ျငင္းဆန္ေနေသာ ေမာင္မိုးကို သူစိတ္မရွည္ေတာ့။ သတ္မည္ဟု ၿခိမ္းေျခာက္မိစဥ္ ေမာင္မိုးက သူ႔ကို အရင္စထိုးလာသည္။ သည္တြင္ နဂိုက ခံျပင္းနာက်ည္းေနေသာ သူ စိတ္လြတ္သြားရၿပီး ေဆာင္ေနက် ဓားျဖင့္ ညီျဖစ္သူကို အခ်က္ေပါင္းမ်ားစြာ ထိုးမိခဲ့ေတာ့သည္။

ၿပီးေနာက္ အေလာင္းကို ေရစီးၾကမ္းတမ္းလွေသာ ေခ်ာင္းဆီ ပစ္ခ်ခဲ့၏။ မလွရင္ႏွင့္ေတြ႕ခ်င္စိတ္လည္း သူ႔ထံတြင္ မရွိေတာ့ေပ။

သူဟန္မပ်က္ ျပန္လာခဲ့သည္။ သို႔ေသာ္ ထိုညက စတင္ၿပီး ယေန႔အခ်ိန္အထိ ညဘက္မ်ားတြင္ သူလုံးဝအိပ္မရခဲ့။ ညစဥ္ညတိုင္း ေမာင္မိုးသည္ သူ႔ထံေရာက္လာကာ ေျခေထာက္မ်ားဆြဲခ်ျခင္း၊ တစ္ခါတစ္ရံ ေရဝ၍ ပြေယာင္းေနေသာ ခႏၶာကိုယ္ႀကီးျဖင့္ ” အကို…ညီေလးကို ခြင့္လႊတ္ပါ၊ ညီေလးကေတာ့ အကို႔ကို လုံးဝခြင့္မလႊတ္ႏိုင္ဘူး” ဟု ေျပာၿပီး ေဒါသတႀကီးျဖင့္ သူ႔အားသတ္ရန္ႀကိဳးပမ္းသည့္ သြင္ျပင္မ်ားကို အိပ္မက္လိုလို တကယ္လိုလိုျဖင့္ အၿမဲလိုျမင္မက္မိရေတာ့သည္။

သည့္အတြက္ ညဆိုလ်င္ သူ အိပ္မရသည္က မ်ားလာသည္။ ေန႔ဘက္တြင္ အိပ္ရန္ႀကိဳးစားေသာ္လည္း စိတ္က အလိုလိုလန႔္ေနသည္မို႔ အိပ္မရခဲ့။ တစ္ပါတ္ေက်ာ္ခန႔္အၾကာအထိ သူအခန္းေအာင္းေနျဖစ္ရင္း ေနာက္ဆုံးတြင္ အဖမ္းခံရန္ဆုံးျဖတ္ၿပီး ေနာက္ဆုံးအေနျဖင့္ ညီျဖစ္သူ၏ အုတ္ဂူထံ ဝင္ကာ ေတာင္းပန္ေနစဥ္ ရဲမ်ားေရာက္လာၿပီး အဖမ္းခံခဲ့ရေတာ့သည္။

အထက္ပါ အေၾကာင္းအရာမ်ားသည္ တရားခံေမာင္စိုး ေျဖာင့္ခ်က္ေပးခဲ့သည္မ်ားျဖစ္ေပ၏။

❆ ❆ ❆ ❆

ညကိုးနာရီခန႔္။

စခန္းထဲတြင္ လူသတ္မႈကို အမႈမွန္ေပၚေအာင္ စုံစမ္းေဖာ္ထုတ္ႏိုင္ခဲ့ေသာ ဒုရဲအုပ္ေနလင္းကို ရဲေဘာ္ရဲဘက္မ်ားအခ်င္းခ်င္း ခ်ီးက်ဴးဂုဏ္ျပဳပြဲေလး လုပ္ေပးေနၾက၏။

႐ုံးစားပြဲေလးဆီတြင္ စားစရာအနည္းငယ္ႏွင့္ အေဖ်ာ္ယမကာတခ်ိဳ႕ ရွိေနသည္။

” ကဲ…ဗိုလ္ႀကီး တရားခံကို ေဖာ္ထုတ္ႏိုင္ခဲ့ပုံေလး ရွင္းျပပါဦးဗ်ာ”

ဆရာ ေအာင္ရ၏ ေတာင္းဆိုစကား။

” အင္း…ဒီလိုဗ်။ လူသတ္မႈကို ကြၽန္ေတာ္ ရန္ၿငိဳးေၾကာင့္ သတ္တယ္လို႔ ယူဆမိခဲ့တယ္။ ဒါေၾကာင့္ပဲ သူတို႔ရဲ႕ ေနာက္ေၾကာင္းရာဇဝင္ကို လိုက္ရင္းနဲ႔ အေၾကာင္းစုံကို သိရၿပီး တရားခံက ေမာင္စိုးမဟုတ္ရင္ ေမာင္မိုးလို႔ ယူဆမိခဲ့တာ။ အဓိကျဖစ္ႏိုင္ေခ်ကေတာ့ ေမာင္စိုးက ပိုျဖစ္ႏိုင္တယ္ေလ။ ဒါနဲ႔ပဲ ပန္းေတာင္းကေနျပန္ေတာ့ ေမာင္စိုးက်ခဲ့တဲ့ ေထာင္ကို ကြၽန္ေတာ္သြားစုံစမ္းခဲ့တယ္။ ေနာက္…အဲ့ဒီ့ကေန ဆက္စပ္ၿပီး ဒီၿမိဳ႕မွာ ေမာင္စိုးေရာက္ေနတယ္လို႔သိခဲ့ရတာ။ ဒါနဲ႔ ၿမိဳ႕ကို ျပန္လာၿပီး စုံစမ္းရင္း မနက္က သူ႔အိမ္ကို သိခဲ့ရတယ္။ ကိုေအာင္ဝင္းကို ေမးၾကည့္ေတာ့ ေမာင္စိုး ညဘက္ေတြမအိပ္ပဲ သရဲေျခာက္ခံရေနတယ္ဆိုတာလည္း သိရတယ္။ ၿပီးေတာ့ ဒီတစ္ရက္ႏွစ္ရက္အတြင္းမွာ ႐ြာေတာ္ဘက္ကို သူသြားေနတယ္ဆိုတာလည္း သိခဲ့ရၿပီး မနက္က ဆရာသက္ေဇာ္က သုသာန္ထဲမွာ လူစိမ္းတစ္ေယာက္ေရာက္ေနေၾကာင္း သတင္းပို႔လာေတာ့ ခ်က္ခ်င္းပဲ ဝင္ဖမ္းခဲ့တာ…”

ဒုရဲအုပ္ေနလင္းသည္ သူ၏ စကားကို အဆုံးသတ္လိုက္၏။ ထိုအခါ နားေထာင္ေနၾကသူမ်ားက လက္ခုပ္တီး၍ ခ်ီးက်ဴးဂုဏ္ျပဳၾကေလသည္။

ထိုအခိုက္…။

” အား…မလာနဲ႔…မလာနဲ႔…မင္းကို ငါေၾကာက္တယ္…မလာနဲ႔ သြား….”

ဟူေသာ ေမာင္စိုး၏ ေအာ္သံႏွင့္အတူ တိုက္ဆိုင္လွစြာပင္ အလြန္ျပင္းထန္ နံေစာ္လွေသာ အပုတ္နံ႔ႀကီးကို ဒုရဲအုပ္ေနလင္းတို႔အဖြဲ႕ ရႈရႈိက္မိလိုက္ၾကေလေတာ့၏။

ၿပီးပါၿပီ။
#photo crd

 

ေနာင္႐ိုး( ေဆးတပ္)