လျော်ကြေး (စ\ဆုံး)

Unicode Version

လျော်ကြေး (စ\ဆုံး)
————————-
တန်းတင်ရွာ။
တောကြိုအုံကြားတည်ထောင်ထားပြီး၊
လမ်းပန်းဆက်သွယ်ရေးအရ
သွားလာရန်ခက်ခဲသော
အိမ်ခြေ (၃၀) နီးပါးခန့်သာရှိ၊ရွာသိမ် ရွာငယ်လေးတစ်ရွာသာဖြစ်၏ ။
ရွာနဲ့ခပ်လှမ်းလှမ်း တောင်ကုန်းထိပ်တွင် စေတီတဆူရှိပြီး ထိုစေတီအားတန်းတင်စေတီ ဟုသာအလွယ်တကူ ခေါ်ဝေါ်ကြ၏ ။
ထိုစေတီတော်မှာရှေးဟောင်း စေတီတော်တဆူဖြစ်သော်လည်း၊မည်သည့်ခေတ်ကာလကအချိန်
တည်ထောင်ထားသည်ဟု ကျောက်စာ အမှတ်အသားများမရှိသော၊ ရှေးဟောင်းစေတီ တစ်ဆူသာဖြစ်၏ ။
လမ်းပန်းဆက်သွယ်ရေးကြောင့်တန်းတင်ရွာငယ်
လေးမှာအမြဲတစေခြောက်ကပ်တိတ်ဆိတ်လျက်
ရှိနေသော်လည်း ။
နှစ်စဉ်စည်ကားသိုက်မြိုက်သောကာလတစ်ခု၊
အမြဲရှိနေတတ်၏ ။
ထိုအချိန်ကားတန်းခူးလကာလရောက်တိုင်း
ပုံမှန်ကျင်းပလေ့ရှိသော တန်းတင်စေတီ
ဘုရားပွဲကြောင့်ဖြစ်၏ ။
တန်းတင်ဘုရားပွဲစည်ကားရခြင်းအကြောင်းအရင်းမှာ တန်ခူးလ ဘုရားပွဲကာလအတွင်း
ဓတ်တော်ကွန့်မြူးတောက်ပခြင်းကြောင့် ဖူးမြော်လိုသောအနယ်နယ် အရပ်ရပ်မှ ဧည့်ပရိတ်သတ်များဖြင့် အထူးစည်ကားနေခြင်းပင်ဖြစ်၏ ။
ဘုရားပွဲ ကာလအတွင်း ဘုရားပွဲလာပရိတ်သတ်များသည်နေရေး၊ထိုင်ရေး အနည်းငယ်အခက်အခဲရှိသော်လည်း စားရေးသောက်ရေးအတွက်ပူပင်စရာမလိုပေ။
အနီးအနားရွာများမှ စေတနာသဒ္ဒါတရားထက်သန်လှသော အလှူရှင်များကား လာရောက်သမျ ဧည့်သည်များအားမနက်ညမပြတ်ကျွေးမွေးလျက်ရှိ
ရှိသောကြောင့်ဖြစ်၏ ။
ပိုက်ဆံမတတ်နိုင်သောသူများမှာလည်း
မိမိတို့လုပ်အားဖြင့် ထင်ရှာ၊ရေခတ်
ချက်ပြုတ်ပေးခြင့်တတ်အားသမျပါဝင်ကုသိုလ်ယူကြ၏ ။
ဘုရားပွဲလာ ပရိတ်သတ်များအားထမင်းကျွေးမွေးကုသိုလ် ယူချင်သူအလှူ ရှင်များပြားလွန်းလှသောကြောင့် မဲနိုက်၍ပင် အလူရှင်ရွေးရချယ်ရသည်မှာလည်း
နှစ်စဉ်နှစ်တိုင်းပင်ဖြစ်၏ ။
ဤသည်ကား ချစ်စရာကောင်းလှသော မြန်မာလူမျိုးတို့ဓလေ့စရိုက်များထဲမှတစ်ခုပင်ဖြစ်သည်။
ဘုရားပွဲကာလအတွင်းနာမည်ကျော်ဇတ်အဖွဲ့များ ရုံသွင်းပြသ၍တမျိုး။အလကား ဗလာကပြ
သောအဖွဲ့များဖြင့်တဖုံ ဇတ်စင်ကြီးများ သုံးလေး
စင်မျတည်ဆောက်ထားရ၏ ။
ယခင်ကမှောင်မိုက်ခြောက်ကပ်၍သရဲပင်
ခြောက်မည်ထင်မှတ်ရသော ဘုရားပွဲကျင်းပရာ
ကွင်းပြင်ကြီးမှာ ဘုရားပွဲ ကာလတွင်
ဈေးဆိုင်တန်းများ ၊စားသောက်ဆိုင်များ၊
အမျိုးမျိုးသောဆိုင်ငယ်လေးများ အစီအရီရှိနေပြီး
ဆီမီးရောင်တထိန်ထိန်ဖြင့်ဘုရားပွဲကာလ သုံးရက်အတွင်းဘုရားကွင်းတောင်ခြေဘုရားကွင်းတွင်စည်ကားသိုက်မြိုက်လျက်ရှိနေတတ်၏ ။
==========================
မင်းခေါင်တစ်ယောက် တန်းတင်ဘုရားပွဲကာလ
နီးနေပြီဖြစ်သောကြောင့်
တမိုးတွင်းလုံး ချောင်ထဲထိုးထည့်ထားသော မျက်လှည့်သေတ္တာ လေးသိမ်းဆည်းထားရာမှထုတ်လာ၏ ။
ပြီးနောက်
မျက်လှည့်ပြရာတွင်အသုံးပြုသောပစ္စည်း
တစ်ခုချင်းစီကို သေချာဂရုတစိုက်
ပွတ်တိုက်ဆေးကြောလျက်ရှိနေ၏ ။
ဘုရားပွဲအတွင်းမင်းခေါင်မျက်လှည့်ပြသ
လေ့ရှိ၏ ။
မင်းခေါင်နေထိုင်သော ရွာမှာ
တန်းတင်ဘုရားဖြင့် ခြေလျင်လျောက်ပါက
တစ်နာရီခန့် လျောက်ရမည့်
အကွာအဝေးလောက်တွင်တည်ရှိသော၊ရွာလေးတစ်ရွာပင်ဖြစ်သည်။
မင်းခေါင်တွင်အဖေမရှိတော့ပေ။သူ့ညီငယ်
ငါးနှစ်သားအရွယ်ခန့်က ဖခင်ဆုံးပါးသွားသည်မှာ
ယခုသူ့ညီငယ်လေးပင် အသက်
၁၀ နှစ်တင်းတင်းပြည့်ပြီ ဖြစ်၏ ။
မင်းခေါင်ဖခင်မှာဒီနယ်သားတစ်ယောက်မဟုတ်ပဲ
နယ်လှည့်မျက်လှည့်ဆရာတစ်ယောက်ဖြစ်၏။
နာမည်ကျော်တန်းတင်ဘုရားပွဲ မျက်လှည့်လာပြရင်း၊ မိခင်ဖြစ်သူနဲ့အကြောင်း
ပါ၍ ဆံထုံးနောက်ယောင်ပါ
ဒီရွာလေးမှာပင်သောင်တင်နေခြင်းဖြစ်။
မင်းခေါင်ဖခင်ဖြစ်သူမှာ နယ်ပေါင်းစုံရောက်
ဖူးသလို ပညာပေါင်းစုံလည်းတတ်မြောက်သည်
ဟုဆိုရမည်ဖြစ်၏ ။
မျက်လှည့်ပြသခြင်းပညာရပ်အပါအဝင်။
ပယောဂကုခြင်း၊ စုန်းချွတ်ခြင်းများ
လည်းတတ်ကျွမ်းသူတစ်ယောက်လည်းဖြစ်၏။
မျက်လှည့်ပညာရပ်တွင်လည်းစေ့ငှစွာကျွမ်းကျင်
သူဖြစ်၏ ။
နယ်လှည့်ပြသနေသော
မျက်လှည့်ဆရာပီပီ ။ပညာစုံလျက်တချို့ မျက်လှည့်ပြကွက်များမှာထူးဆန်းသော
ပြကွက်မျိုးဖြစ်၏ ။
ဖခင်ဆုံးပါးချိန်တွင်
မင်းခေါင်မှာအသက်၂၅ အရွယ်ရှိနေပြီဖြစ်
သောကြောင့် ဖခင်ဖြစ်သူအမွေအနှစ်အဖြစ်
မျက်လှည့် ၊ပညာစိတ်နယ်လွန်ပညာများဖခင်သင်
ပြပေးမူဖြင့် တတ်မြောက်ခဲ့၏ ။
ဖခင်ဆုံးပါးပြီးသကာလ မိသားစု စီးပွားရေးရှာအစ်ကိုကြီးအဖရာဆိုသလို
မင်းခေါင်ထံလွဲပြောင်းရောက်ရှိလာတော့၏ ။
မင်းခေါင်မှာလိမ်မာရေးခြားရှိကာ၊မိသားစုအပေါ်
သိတတ်သောသူတစ်ယောက်ဖြစ်၏ ။
မိခင်ဖြစ်သူနဲ့ ညီငယ်လေးတို့ကိုလယ်ယာလုပ်ငန်းလုပ်ကိုင်ရင်း ရှာဖွေကျွေးမွေး မိသားစုမျက်နှာမငယ်အောင်ကြိုး
စားရုန်းကန်ပေးရှာ၏ ။
သူဘဝကိုလည်းမိခင်နဲ့လူမမယ်ညီငယ်လေး
အတွက်ပေးဆပ်မြုတ်နှံထားသူဖြစ်၏။
အရပ်ရှည်ရှည် ချောမောခန့်ညားသော
မျက်နှာ အလုပ်ကြမ်းလုပ်ဖန်များ၍ ကျစ်လစ်သော ခန္ဓာကိုယ် နေပူဒဏ်ကြောင့် နဂိုဖြူသော်လည်းကြေးနီရောင် သန်းနေသော အသားအရေဖြင့် မင်းခေါင်မှာ ရွာမိန်းခလေးများ၏ သဘောကျနှစ်သက်ခြင်းကို ခံရသော်လည်း သူ့အနေဖြင့်အသက်ရွယ်ထောက်နေသောမိခင်အို၊
လူမမယ်ညီငယ်လေး မျက်နှာကို ထောက်ချိန်ကာအိမ်ထောင်မပြုပဲနေလာခဲ့သည်မှာ သူ့အသက် ၃၀ တင်းတင်းပြည့်၍ လူပျိုကြီး
စာရင်းဝင်အရွယ်ရောက်နေပြီဖြစ်၏ ။
” သားရေ …ထမင်းကျက်ပြီ…
ထမင်းစားရအောင် လုပ်စရာရှိတာ နောက်မှ
လုပ်တော့…”
မျက်လှည့်ပစ္စည်းများပွတ်တိုက်ဆေးကြောရင်း
အတွေးရေယဉ်ကြောတွင်မြောနေသော မင်းခေါင်
သူမိခင်ထမင်းစားလှမ်းခေါ်တော့မှ အတွေးစ
ပြတ်သွား၏ ။
“ဟုတ်ကဲ့ …အမေ ဒါနဲ့ ညီငယ်လေး မင်းနောင်ကော….တမနက်လုံးမတွေ့ပါလား…
ဘယ်တွေရောက်နေတာလဲ …”
“မိုးလင်းကထွက်သွားတာခုထိပြန်မလာသေးဘူး
…ဒီကောင်လေးတော်တော်… အဆော့မက်တယ် စားချိန်မသိ သောက်ချိန်မသိနဲ့…”
“ခလေးပဲ အမေရာ သူလည်းဆော့လို့ကောင်းတုန်း
အရွယ်တွေလေ……”
“ခုဟာက လွန်းလွန်းလို့ပြော… နေရတာ စားချိန်တောင်မလာလို့လေ…… ဟောပြောရင်းဆိုရင်း လာပါပြီ… ကိုယ်တောချော…”
မင်းခေါင်ဝတ်ပြီးအကျ စွတ်ကျယ်အဟောင်းမှာ
ညီဖြစ်မင်းနောင်အတွက်ဒူးအထိရောက်မျရှည်လျားနေသောကြောင့် ပခုံးစနှစ်ဖက် ကြိုးထုံးပြီးတိုထားကာ အရောင်လွင့်လွင့်
ဘောင်းဘီတိုတစ်ထည်ဝတ်လျက် ဘီးတပ် နွားလှည်းရုပ်ကလေးကိုကြိုးဖြင့်ဆွဲလျက်
ပြန်လာသော မင်းနောင်အားခြံပေါက်ဝတွင်တွေ့လိုက်ရ၏ ။
“…ဗိုက်ဆာတယ် …အမေရေ… ထမင်းစားမယ်…”
“သွားချင်ရာသွားပြီး ခုဗိုက်ဆာမှ …အိမ်ပြန်လာရသလား…ထမင်းဟင်း… မရှိတော့ဘူး အိုးဆေးပြီး မှောက်ထားပြီးပြီ…”
မင်းနောင်ကမိခင်စကားကို စပ်ဖြဲဖြဲမျက်နှာ
လုပ်ကာ ပြောင်ပြလိုက်၏ ။ပြီးနောက်
အိမ်ပေါ်ပြေးတက်၍မီးဖိုချောင်ထဲပြေးဝင်ကာအိုးခွက်ပုဂံများလှန်ကြည့်နေတော့၏။
“သိသားပဲ …အမေ …လိမ်မှန်း … ဟားဟား …သားကို…ဒါမျိုးလာလိမ်လို့ ဘယ်ရမလဲ…”
“ဟေ့…ဟေ့…အော်…ဒီကောင်လေး …လက်မဆေး… ခြေမဆေးနဲ့ …အိုးတွေကိုင်နေတယ်… ဟေ့….”
…ဟား …ဟား.….ဟား …ဟား…
သူ့ညီနဲ့ သူအမေ ဖြစ်ပျက်နေသည်ကိုကြည့်ပြီး မင်းခေါင်သဘောကျစွာဖြင့် တဟားဟား အော်ရယ်မိတော့၏ ။
ထမင်းဝိုင်းလေးတွင်စားသောက်နေရင်းမှ
မင်းနောက်တစ်ယောက်ခါတိုင်းနဲ့မတူ၊
ထူးဆန်းသော စကားဆိုလာ၏ ။
“အမေ …သားသူငယ်ချင်း… အောင်လှတို့ …ရန်နိုင်တို့ …ရှင်ပြု ကြတော့မလို့တဲ့သူတို့အဖေတွေဒီနေ့ပဲ ……ဘုန်းကြီးကျောင်းပို့လိုက်ပြီ …သားလည်းရှင်ပြုချင်တယ်အမေ…သားကိုလည်း
ရှင်ပြုပေးပါလားဟင်….”
မင်းနောင်စကားကြားလိုက်ရချိန်မင်းခေါင်တစ်
ယောက်ပါးစပ်ထဲရောက်နေသော ထမင်းလုတ်ကို
ယောင်ယောင်မှားမှား မဝါးပဲမြိုချလိုက်မိရာထမင်း
နင်သွား၏ ။
မိခင်ဖြစ်သူအား လှမ်းကြည့်ရာ
စားမည်ကျန်နေသော ထမင်းလုပ်ကိုပန်းကန်
တွင်ပြန်ထည့်ရင်း မျက်နှာညိူးသွားသည်ကို
စိတ်မကောင်းစွာ မင်းခေါင်တွေ့ရ၏ ။
မိခင်မှာစကားမပြောပဲခနမျငြိမ်နေပြီးမှ
မင်းနောင်ကိုပြုံးပြရင်..…
“အေးပါသားလေးရေ… သားလည်းမကြာခင်ပြုရမှာပေါ့ကွယ်…
အဲဒီချိန်ကျရင်…မင်းအကိုကြီးနဲ့…အမေကိုယ်တိုင်…ရွာကျောင်းဆရာတော်ဆီ
အပ်ပေးမယ်နော်…”
“တကယ်နှော်အမေ… အမေတကယ်ပြောတာနှော် …သားကိုလိမ်မပြောရဘူး….လိမ်ပြောသူက ငရဲကြီးတတ်တယ်လို့…အမေပြောထားတယ်…”
ခလေးပီပီ သူဖြစ်ချင်ရာလျောက်ပြောနေသော မင်းနောင်စကားများကြောင့် မိခင်ဖြစ်သူ
မျက်ရည်များစို့တက်လာခြင်းကိုမျက်တောင်တဖျပ်ဖျပ်ခပ်ရင်း ထိန်းနေခြင်းကို…မင်းခေါင်…စိတ်မကောင်းစွာမြင်တွေ့လိုက်ရ၏ ။
“အေးပါသားလေးရေ…အမေ… မလိမ်ပါဘူး …အမေဖြစ်အောင်လုပ်ပေးမှာပေါ့…”
“ဟေး… ဒါမှတို့အမေကွ …ဟိုကောင်တွေကို …
……သားလည်း ရှင်ပြုတော့မယ့်အကြောင်း…
…သွားကြွားရမယ်… ”
မိခင်ဖြစ်သူမှာ ထမင်းဝိုင်းမှအရင်ဆုံးထထွက်သွား၏။
မင်းခေါင်လည်းထမင်းစားချင်စိတ်မရှိပေ။ရင်ထဲမှဆို့နင့်သလိုကြီးခံစားနေရမိသည်။
သူတုန်းက ဖခင်ရှိတုန်းမို့ရှင်ပြုလိုက်ရသော်လည်း ခုညီငယ်အလှည့်တွင် ဟိုနှစ်ဒီနှစ်ဖြင့်အထမမြောက်ပေ။
ယခုနှစ်
စပါးပေါ်ချိန် ရှင်ပြုရန်မှန်းထားသော်လည်း မိုးတွင်းမိခင်မကျန်းမာ၍ စပါးတိုး ချေးကာကုလိုက်ရသောကြောင့် အိမ်စားရုံ
မျိုးထားရုံလောက်သာ စပါးကျန်ရှိ၏ ။
မင်းခေါင်ထမင်းစားချင်စားဝိုင်းမှထွက်လာရင်းအိမ်အောက် သရက်ပင်ကြီးဘေးကွပ်ပြစ်တွင် ဆေးပေါ့လိပ်တစ်လိပ်ထိုင်ဖွာရင်း ပိုက်ဆံဘယ်လိုရှာရမလဲဆိုတာတွေးနေမိ၏။
သို့ရာတွင် ပိုက်ဆံရပေါင်ရလမ်းအလုပ်အကိုင်
စဉ်းစား၍ပင်မရချေ။
ယခုအချိန်မိခင်ဖြစ်သူမှာလည်းသားများကွယ်ရာ
နေရာတွင်တရူံရူံဖြင့် ငိုနေမည်ကိုမင်းခေါင်သိနေ၏။
သားလိုအင်ဆန္ဒမဖြည့်ပေးနိုင်သော မိခင်တစ်ယောက်သောကအစိုင်အခဲကြီးက
ထုထည်ကြီးမားမည်မှာမလွဲပေ။ သို့ရာတွင်
မိခင်ကို နှစ်သိမ့်ပေးခြင်းသော်လည်းနှစ်သိမ့်
ပေးစရာစကား မင်းခေါင် မစဉ်းစားတတ်အောင်
ရှိနေပါတော့၏ ။
==========================
မနက်ဖြန်ဆိုလျင်တန်းတင် ဘုရားပွဲစတော့မည့်ပွဲတော်စနေ့ပင်ဖြစ်၏ ။
မင်းခေါင်မှာလည်းဖခင်ထံမှသင်ကြားထားသော
မျက်လှည့်ပြကွက်များအားအသည်းအသန်လေ့ကျင့်လျက်ဖြင့်ရှိနေ၏ ။
တစ်နှစ်တစ်ခါ ဘုရားပွဲတွင်ပြကွက်ကောင်းလေး
များပြသရင်း ပရိတ်သတ်အာရုံကို ဖမ်းစားမည်
ဟုမင်းခေါင်စိတ်ကူးယဉ်နေမိ၏ ။
တန်းတင်ဘုရားပွဲကြီးမှာ
စည်ကားသိုက်မြိုက်စွာဖြင့်စတင်နေပြီဖြစ်၏။
လွင်တီးခေါင်မြေကွက်လပ်ကြီးကယခုမူ
စားသောက်ဆိုင်များ ဈေးဆိုင်တန်းများ ရဟတ်ကွင်းများ ဇတ်စင်ကြီးများနဲ့အတူ အနယ်နယ် အရပ်ရပ်မှ လှည်းဖြင့်တသွယ် မော်တော်ဘုတ်ဖြင့်တမျိုး လာရောက်ကြသော ဘုရားဖူးခရီးသွားများဖြင့် ကွင်းလုံးပြည့်
ကြက်ပျံမကျစည်ကားလျက်ရှိနေ၏ ။
ကြော်လှော်ချက်ပြုတ်ရာမှ ထွက်လာသောအနံ့၊အမွေးတိုင်နံ့ ရေနံ့ ဆီမီးခွက်မှ ထွက်လာသော ရေနံမိူင်းနံ့များ လှပျို ဖြူလေးများပြင်ဆင်ချယ်သ သောအမွေးနံသာရနံ့များဖြင့် ရနံ့ပေါင်းစုံကလည်း
ကြိုင်လိူင်စွာထွက်နေလျက်ရှိ၏ ။
မင်းခေါင်၊မင်းနောင် ညီအစ်ကိုနှစ်ယောက်မှာ
ဘုရားပွဲတော်သို့ရောက်ရှိနေကြ၏ ။
မင်းခေါင်မှာဘုရားပွဲလာကြည့်ခြင်းမဟုတ်ပဲ
သူ့မျက်လှည့်ပညာပြသရန်အဓိကဦးတည်
ချက်ဖြင့်ရောက်ရှိလာခြင်းဖြစ်၏ ။
ညီဖြစ်သူ မင်းနောင်သူ့အားဘုရားပွဲလိုက်ရန်ပူဆာ ဂျီကျလျက် သူအားမခေါ်၍ အော်ငိုကာ မိခင်ထံသွားတိုင်တောတော့၏ ။
မိခင်ဖြစ်သူမှာလည်းမင်းခေါင်ပါနေခြင်းကြောင့်
ညီဖြစ်သူကိုပါလိုက်ပါခွင့်ပြုလိုက်ခြင်းဖြစ်။
လူစုမကွဲစေရန် မင်းနောင်အားဂရုစိုက်ရန်စကားကို
မသွားခင်အကြိမ်ကြိမ်မှာကြားနေရှာ၏ ။
မိခင်ဖြစ်သူမှာ မင်းနောင်ကိုအသက်ကြီးမှရသည့်အပြင်
ဖတဆိုးလေးမို့အချစ်ပိုရှာသည်။
မင်နောင်မှာ မိခင်အသဲကျော်တစ်ယောက်ပင်။
မင်းခေါင်မှာ လယ်ယာလုပ်ငန်းတခြားသော
အလုပ်များဖြင့်၊အိမ်တွင် ရှိနေချိန်ကနည်းလှ၏။
မိခင်ဖြစ်သူမှာမင်းနောင်ဖြင့်သာအဖော်ပြုနေရသည်ကများ၏ ။
“မင်းနောင် အစ်ကို လက်ကိုမလွတ်နဲ့နော် …
လူတအားများတယ်…
လူကွဲသွားရင်ရှာဖို့မလွယ်တော့ဘူး…”
…ဟုတ်ကဲ့…
အဝတ်အစားသစ်ကလေးများဝတ်လျက်မင်းခေါင်
လက်ကိုကိုင်ထားသောမင်းနောင်မှာ အရောင်အသွေးအသွေးစုံလူအုပ်ကြီးအကြား
မြင်ကွင်းဆန်းများကိုငေးလျက်ဖြင့် မင်းခေါင်
နောက်သို့လိုက်နေရှာ၏ ။
မင်းခေါင်မှာပွဲဈေးတန်းလူအုပ်ကြီးကို
တိုးဝှေ့ရှောင်ရှားရင်း ဆီးမီးရောင် တထိန်ထိန် ဖြင့် သပ္ပါယ် စွာရှိနေသောစေတီတောရှိရာတေ
ဘုရားတောင်ပေါ်ညီငယ်လက်ကိုဆွဲရင်းတက်
ရောက်လာခဲ့၏ ။
ပွဲတော်ကာလမို့ ဘုရားတောင်ပေါ်တွင်ဘုရားဖူးသူ
လူပရိတ်သတ်များဖြင့်စည်ကားစွာရှိနေသည်။
ယူဆောင်လာသောဆီမီးအမွေးနံ့သာများကို
မင်းနောင်ကစေတီတော်တွင်ကပ်ညှိပူ ဇော်ရင်း ဘုရားရင်ပြင်တော်မှပြန်ဆင်းလာခဲ့ကြတော့၏။
ပြီးနောက်ပွဲဈေးတန်းအစွန်ဖက်လွတ်နေသော
နေရာတစ်ခုတွင်ယူဆောင်လာသော လက်ဆွဲအိတ်အတွင်းမှ မိုးကာစကိုမြေပေါ်တွင်
ခင်းလိုက်သည်။
ရွာမှာတခါတည်းယူလာသော အုန်းပွဲငှက်ပျော
ပွဲကိုပွဲဈေးသို့မလည်မှီအပ်နှံထားရာဆိုင်မှသွား
ယူ၍ထိုဆိုင်မှထိုင်ခုံငယ်တစ်ခုတစ်ပါတည်း
ငှါးလာခဲ့၏။
ထိုင်ခုံပေါ်တွင်ကန်တော့ပွဲတင်လျက်
ဖယောင်းတိုင်ကြီးသုံးတိုင် စီတန်းထွန်းကာ
အမွေးနံ့သာတိုင်များထွန်းညှိ၍ မြင်အပ်၊မမြင်အပ်
သောအစောင့်အရှောက်များထံ ခွင့်တောင်းလိုက်၏။ ရေနံဆီထည့်ရသောမီးအိမ်ကြီးကို မီးစာမြှင့်လိုက်
မျက်လှည့်ပွဲစတင်ရန် ပစ္စည်းများထုတ်ယူလျက် လင်ကွင်းတချမ်းချမ်းတီးကာလူအများအရုံကို
ဆွဲခေါ်လိုက်၏ ။
..လက်လှည့်၊မျက်လှည့် စိတ်ဝင်စားတယ်
ဆိုရင်ဖြင့် ကျွန်တော်ရဲ့လက်လှည့် ၊မျက်လှည့်..
ပြကွက်လေးများကိုကြည့်ရူအားပေးကြဖို့
ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျာ.…
အဖြူရောင်အင်္ကျီလက်ရှည်အနက်ရောင်ယော
ပုဆိုးကိုဝတ်ဆင်ထားသော ချောမောခန့်ညားသော
လူငယ်တစ်ယောက်က ခလေးတစ်ယောက်နဲ့
မည်သည့်အရာရောင်းချမလဲ၊ဘာလုပ်မလဲစိတ်ဝင်
စားကာတစေ့တစောင်းအကဲခတ်နေကြသူများမှာ
မင်းခေါင်ဖိတ်ခေါ်ကြော်ငြာသံကြားရသောအခါမှ
မျက်လှည့်ပြသမည့်သူဖြစ်ကြောင်းသိကြရတော့၏။
အစပထမ လူတစ်ယောက်၊ပြီးနှစ်ယောက် …..
ထိုမှ.…ထိုမှ…တစ…တစ… မင်းခေါင်အနီး လူတဖြည်းဖြည်းဝိုင်းကာ တဆင့်စကားဖြင့်
လူငယ်သော်လည်းမျက်လှည့်ပြကွက်အဆင့်
မြင့်သော မင်းခေါင်အနီး လူများ ဝိုင်းလာကြ၏။
မင်းခေါင်မှာသာမာန်မျက်လှည့်ဆရာများပြသလေ့ရှိသော
လက်အားလေပေါ်ဝှေ့ယမ်း၍ ခိုဖြူလေးတစ်ကောင်သူ့လက်ပေါ်ရောက်လာခြင်း
ခိုဖြူလေးအား ခြေထောက်မှကိုင်ကာဆွဲဖြဲလိုက်ရာ
နှစ်ကောင်ဖြစ်သွားခြင်း။ ငွေစက္ကူတစ်ရွက်ကို
အစိတ်စိတ်အမွာမွာလုံးချေဆွဲဖြဲပြီး လက်ပြန်ဖြန့်
လိုက်ချိန်အကောင်းပကတိရှိနေခြင်း။
ကြိုးတစ်ချောင်းအားအဝတ်ဖြင့်အုပ်ထား၍ပြန်
ဖွင့်လိုက်ချိန်ပါးပျဉ်းခွက်နေသောမြွေဟောက်
ကြီးတစ်ကောင်ဖြစ်နေပြီး၊နောက်တစ်ကြိမ်
အဝတ်ဖြင့်အုပ်လိုက်သောအခါ ကြိုးပြန်ဖြစ်နေခြင်း။ကြည့်ရူနေသော
ပရိတ်သတ်တယောက်ထံမှ လက်စွတ်တကွင်းတောင်းယူကာအဝေးသို့လွင့်ပစ်လိုက်၏၊ ထိုလက်စွတ်က တခြားသောလူတစ်ယောက်အိတ်ကပ်မှသွားယူ
ပြခြင်းပြကွက်များနဲ့တခြားသောပြကွက်များကို
စကားတပြောပြော ဟန်အမူအယာပိုင်နိူင်စွာ
ဖြင့်ပြသလျက်ရှိနေတော့၏ ။
ပရိတ်သတ်များမှာ… ဟင်ခနဲ …ဟာခနဲ …
မင်းခေါင်ပြကွက်များကိုစိတ်ဝင်တစားရှိနေကြသလိုလက်ခုပ်သံတဖြောင်းဖြောင်းဖြင့်ကြည့်ရူသူနဲ့
မျက်လှည့်ဆရာကြား အသားကျသွားတော့သည်။
မင်းနောင်မှာအစ်ကိုဖြစ်သူအားလူများသဘောကျကာလက်ခုတ်တီးနေကြခြင်းကိုသဘောအကျကြီးကျလျက် ပရိတ်သတ်နည်းတူ
သူပါလက်ခုတ်တီးအားပေးနေ၏ ။ သူ့အကို
မျက်လှည့်ပြကွက်များကိုလည်းယခုမှကြည့်ဖူးရာ
အစ်ကိုဖြစ်သူအပေါ်အထင်ကြီးလေးစားနေတော့သည်။
မျက်လှည့်ပြရာရှေ့ချထားသောဖလားအတွင်း ပရိတ်သတ်ချီးမြင့်ထားသောဆုကြေးငွေအတော်ရနေပြီဖြစ်သလို ညကလည်းတဖြည်းနက်လာခဲ့
ပြီဖြစ်၏။
ညတစ်နာရီထိုးလောက်တွင်မင်းခေါင်မှာ
ပရိတ်သတ်အားတောင်းပန်ပြန်လွတ်ရင်း
နောက်နေ့များတွင်ဆက်လက်ပြသမည့်အကြောင်း
သတင်းပါး၍မျက်လှည့်ပွဲကိုသိမ်းလိုက်တော့သည်။
မင်းနောင်လည်းမျက်လှည့်ပစ္စည်းများသိမ်းဆည်းပြီး မင်းနောင်အားခေါ် ပွဲဈေးအတွင်းအဆာပြေမုန့်များ ဝယ်စားကြရင်အိပ်ချိန်တွင်ဘုရားရင်ပြင်မှ လွတ်နေသော ထောင့်လေးတွင်ဝင်ခွေရင်း
အိပ်ရန်ပြုကြ၏ ။ မင်းနောင်မှာခါတိုင်းယခုအချိန်
သိုးနေအောင်အိပ်နေပြီဖြစ်သော်လည်း ယခုကား
မအိပ်ပဲရှိနေ၏ ။
” …အစ်ကိုကြီး ကြိုးက ဘယ်လိုမြွေဖြစ်သွား
တာလဲဟင် နောက်ငှက်ကလေးက ဘယ်ကဘယ်လို အစ်ကိုကြီးဆီရောက်လာတာလဲ
တစ်ကောင်က နှစ်ကောင်တောင်ဖြစ်သွားသေးတယ်…”
”… မအိပ်ချင်သေးဘူးလား ညီလေးရာ
အစ်ကိုကြီးအိပ်ချင်နေပြီ…”
” …မအိပ်ပါနဲ့အုံးအစ်ကိုကြီးရာ ညီလေးသိချင်လို့ပါ …ပြောပြပါနော် …”
မင်းခေါင်မှသူမဖြေသမျအိပ်မည်မဟုတ်သော
ညီငယ်အကြောင်းသိနေ၍ ပြုံးလိုက်မိ၏ ။
”…အဲတာတွေက အစ်ကိုကြီး ဂါထာတွေရွတ်ပြီး
မန်းမူတ်လိုက်တာလေ….”
”…ဟာ… မိုက်တယ်နော် ညီလေးကိုရော
အဲဂါထာသင်ပေးပါလား …ညီလေးလည်း
တတ်ချင်လို့ သင်ပေးနော်…”
” …အဲတာက အခုသင်လို့မရဘူး ညီလေးရ
အစ်ကိုကြီးအရွယ်လောက်ညီလေးရောက်မှ
သင်လို့ရမှာ…”
”…ဒီလိုဆိုရင်တော့ကြာအုံးမှာပဲ အစ်ကိုကြီးအရွယ်
ခုတောင်ရောက်ချင်နေပြီ…အစ်ကိုကြီးအရွယ်ရောက်ရင်တော့တစ်ကယ်သင်ပေးနော်…”
”… အင်းပါ…အစ်ကိုကြီးထက်တော်အောင်သင်ပေးမယ် ..
ဟုတ်လား ညနက်နေပြီ အိပ်တော့…”
သူညီအရွယ်ဖြင့်ထိုပညာသဘောတရားများကို
ရှင်းပြ၍နားမလည်နိူင်သောကြောင့်ပြီးစလွယ်
မင်းခေါင်ဖြေလိုက်၏ ။ မင်းနောင်မှာသူသိလိုရာ
သိပြီးပြီမို့ မင်းခေါင်ဘေးတွင်ချက်ခြင်းအိပ်ပျော်
လျက်ရှိနေတော့သည်။
ဘုရားပွဲသုံးရက်အတွင်းမင်းခေါင်အိမ်သို့မလာရန်အမေ့အားမှာခဲ့ပြီးသားမို့ နေ့လည်ပိုင်းများတွင်လည်းသူ့မျက်လှည့်ပွဲအားဆက်တိုက်ပြသလာသည်မှာ ယခုဆိုလျင်ပိုက်ဆံအတော်ပင်ရနေချေပြီ။တဆင့်စကားတဆင့်နားဖြင့် မင်းခေါင်မှာ ဘုရား
ပွဲလာပရိတ်သတ်များကြား မျက်လှည့်ဆရာ
ကောင်ချောလေးအဖြစ်နာမည်ရနေ၏ ။
ယနေ့မှာ ဘုရားပွဲနောက်ဆုံးရက်ပင်ဖြစ်သည့်
အတွက်
ထပ်ရောက်လာသောဘုရားဖူးခရီးသွားများဖြင့်နောက်ဆုံးနေ့မို့လူကပိုများလျက်ရှိနေ၏ ။
မင်းခေါင်နေ့လည်ပိုင်းသူခါတိုင်းနေ့မျက်လှည့်ပြရာ အရိပ်ကောင်းရသော ညောင်ပင်ကြီးအောက်တွင် ခါတိုင်းနေ့များကဲ့သို့မျက်လှည့်ပြကွက်များပြသ
လျက်ဖြင့်ရှိနေ၏ ။
ညနေပိုင်းရောက်လာပြီမို့ ညပိုင်းမှနောက်တစ်ခေါက် ပြသမည့်အကြောင်း
ပြောရင်းလူအုပ်ခွဲရန်ပြုနေစဉ်
တောက်တောက်ပြောင်ပြောင်ဝတ်ဆင်ထားသောလူကြီးနှစ်ဦးမင်းခေါင်ရှေ့သို့ ရောက်ရှိလာကြ၏။
လူကြီးနှစ်ယောက်ပုံစံကြည့်ရုံမျဖြင့်ပင် ကြေးရတတ်လူချမ်းသာများဆိုတာပေါ်လွင်နေသည်။
” ဒီကမောင်ရင် လေးပြသွားတဲ့ ပြကွက်တွေက အရမ်းကောင်းတာပဲ …လူငယ်ပေမယ့် ပညာရပ်က
မငယ်ပါဘူးတကယ်တော်တယ်…”
ထိုသူနှစ်ယောက်ထဲမှ ခပ်၀၀ လူကြီးကစကားစတင်ပြောလိုက်ခြင်းပင်။
“ဟုတ်ကဲ့… ကျေးဇူးပါဦး ဒီလောက်လည်း မဟုတ်ပါဘူး…လေ့လာသင်ယူဆဲပါ
လိုအပ်ချက်များပါသေးတယ်…”
“ဘယ်ကလာမဟုတ်ရမှာလဲ…မောင်ရင်လေးကွက်တွေက
အရမ်းအဆင့်မြင့်တယ်…ဦးကမျက်လှည့်
ဝါသနာရှင်တစ်ယောက်မို့သိတယ်…
နောက်ပြီး ဦးခပ်ငယ်ငယ်က ကြည့်ဖူးတဲ့ မျက်လှည့်ဆရာတစ်ယောက်ပြကွက်တွေနဲ့…
မောင်ရင်လေးပြသွားတာတစ်ထပ်တည်းပဲ… အရမ်းတော်တဲ့ မျက်လှည့်ဆရာတစ်ယောက်ပဲ
ဒါနဲ့မောင်ရင်လေးကရော ဒီပညာဘယ်ကနေသင်ထားတာလဲ…”
“ကျွန်တော်ဖေဖေ မဆုံးခင်သင်ပေးခဲ့တဲ့ ပညာတွေပါဦး…”
“ကဲ ကိုထင်ကျော် ပြန်ကြရအောင်ဗျာ…
ခင်ဗျားပြောပြော နေတဲ့ ပညာရပ်မရှိပါဘူးဗျာ…”
သူ့ဘေးမှအဖော်ဖြစ်သူပြောစကားကြောင့်
ခပ်၀၀လူကြီးမျက်နှာသည် ဒေါသဖြင့် နီရဲသွား၏။
“ဒီမှာ… ကိုအောင်သောင်း ကျုပ်ကိုလူလိမ်လို့ထင်
တာကျုပ်အမုန်းဆုံးပဲ……
ကျုပ်ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ပြီးမှယုံခဲ့တဲ့ကောင်ပါဗျ…ခင်များမျက်စိနဲ့
မမြင်ရတိုင်းမရှိဘူး၊မယုံဘူးဆိုတဲ့ စကားမပြောပါနဲ့……”
“ဟင်း…ဟင်း…လူတစ်ယောက် ကိုအသက်မဲ့အောင်လုပ်ပြီး အသက်ပြန်သွင်းတဲ့ ပညာ လောကကြီးမှာ မရှိပါဘူးဗျာ…ဖြစ်လည်း
မဖြစ်နိူင်ပါဘူး…”
“ရှိတယ်ဗျ ရှိတယ် ကျုပ်လက်တွေ့ကြုံခဲ့၊
မြင်ခဲ့တာ……”
နောက်ရောက်လာသောလူကြီးနှစ်ယောက်မှာ
သူငယ်ချင်းများဖြစ်ဟန်တူပြီး တစ်စုံတရာသောအကြောင်းအရာကို ရှိ၏၊မရှိ၏
စကားဖြင့်ငြင်းခုန်၍အခြေအတင်ဖြစ်နေကြခြင်းပင်။
ထိုလူကြီးများပြောသောပညာရပ်ကိုမင်းခေါင်မှာ
ရင်းနှီးကျွမ်းဝင်ရှိသူဖြစ်သောကြောင့်စကားဝိုင်းသို့
ဝင်ပါလိုက်မိ၏ ။
“ဦးတို့ပြောနေတဲ့အကြောင်းက ဝိညဉ်ပျောက်အတတ်ထင်တယ်…”
မင်းခေါင်တစွန်းတစဝင်ပြောလိုက်သော
စကားကြောင့် ခပ်၀၀လူကြီးမျက်နှာမှာအံ့အြတကြီးဖြစ်၍ဝမ်းသာသွားဟန်တွေ့ရ၏ ။သူ့ဖက်မှစစ်ကူတစ်ယောက်ရ
သွားတက်သောကြောင့် အားတက်သရောဖြင့်
“အဲဒီပညာကိုမောင်ရင်လေးသိတယ်..ဟုတ်လား တတ်ရင် ဒီလူကိုတစ်ချက်ပြလိုက်စမ်းပါကွာ ဦးခပ်ငယ်ငယ်က မျက်လှည့်ဆရာကြီးတစ်ယောက် ပြတာကြည့်ဖူးတယ် …
လူအရှင်လတ်လတ်ကသေ သွားပြီး ပြန်အသက်ရှင်လာအောင်လုပ်တာ ဘာ..ဝိညဉ် ဖျောက်အတတ်..ဟုတ်လားမောင်ရင်လေး”
“ဟုတ်ပါတယ်…. ဒါပေမယ့် ကျွန်တော်မပြပါရစေနဲ့… ဦးအရမ်းအန္တရယ်များ
တဲ့ပြကွက်တစ်ခုဖြစ်တာကြောင့်မို့ပါ…. ”
“ဖြစ်နိုင်ရင်ပြပေးစမ်းပါ…မောင်ရင်လေးရယ် …ဒီတစ်ယောက်က အဲအကြောင်းပြောတိုင်း
ကျုပ်ကိုလှောင်နေတာ ကြာပြီမောင်ရင်လေးရဲ့ …ကျုပ်သူ့ကိုလက်တွေ့ပြပြီးသူ့ကို လက်စားချေချင်လို့ပါ လုပ်ပါ မောင်ရင်…”
”…မဖြစ်နိူင်လို့ပါ ဦးရယ် …ခုကလည်း…
ဦးတို့စကားကြားလို့ရှိမရှိဝင်ပြောမိရုံပါ…”
”…တန်ဖိုးဖြတ်တယ်လို့တော့မထင်စေချင်ဘူး
တကယ်လို့ မောင်ရင်လေးသာ အဲဒီပြကွက်ကို
ပြပေးနိူင်ရင် ဒီငွေအကုန်လုံးကို မောင်ရင်
လေးယူလိုက်ပါ…”
လူကြီးမှာပြောစကားနဲ့အတူ သူ့ဘေးလွယ်အိပ်အတွင်းမှငွေစက္ကူအထပ်လိုက်ကြီးဆွဲထုတ်၍မင်းခေါင်မျက်လှည့်ပြရာတွင်ချထား
သောဖလားကြီးအတွင်းထည့်လိုက်၏ ။သူယုံကြည်
မူအတွက်ငွေဘယ်လောက်ကုန်ကုန်အရေးမစိုက်
တတ်သောလူမျိုးဖြစ်ဟန်တူ၏ ။
မင်းခေါင်တစ်ယောက် ငွေစက္ကူအထပ်လိုက်ကြီး
ကိုကြည့်ရင်းမှင်တက်နေမိ၏ ။သူ့တစ်သက်တွင်
ယခုကဲ့သို့ငွေမျိုးကိုပိုင်ဆိုင်ဖူးရန်ဝေး၊မြင်ပင်မမြင်
ဖူးသောပမာဏဖြစ်၏ ။ ထိုငွေကသူ့အပိုင်ဖြစ်ရန်
ပြကွက်တစ်ခုသာပြရန်လိုအပ်နေ၏ ။
ဖခင်ပြောစကားများကိုလည်းမင်းခေါင်နားတွင်
ကြားယောင်လာ၏ ။ ဝိညဉ်ဖျောက်အတတ်ပညာစသင်ကတည်းမှာထားသောစကားတစ်ခွန်းရှိ၏ ။
ထိုပညာမှာ ဝိညဉ်နဲ့လောကဖြင့်ဆိုင်သောပညာ
ရပ်မျိုးဖြစ်၍ အန္တရယ်များလွန်းလှကြောင်း။
အကယ်၍လူတစ်ယောက်အား ဝိညဉ်နဲ့
ကိုယ်ခန္ဓာကိုအချိန်တစ်ခုအထိသာ
ခွဲထား၍ရပြီး၊သတ်မှတ်ထားသောအချိန်
ကိုယ်အတွင်းပြန်မသွင်းနိုင်ပါကဝိညဉ် ခန္ဓာအတွင်းပြန်မဝင်နိုင်တော့ပဲအသက်ဆုံးရူးရတတ်သောကြောင့်ပညာနုနယ်သေးသော
အရွယ်တွင်မပြသသင့်ကြောင်းသတိပေးစကား
ဆိုဖူး၏ ။
မင်းခေါင်မှာ သူ့ရှေ့ကငွေအထပ်လိုက်ကိုကြည့်ရင်းမျက်လုံးမခွာနိူင်ပဲရှိနေ၏ ။
ယခုလိုအခွင့်အရေးမျိုး၊အချိန်အခါမျိုးနောက်တကြိမ်ပြမရနိူင်မှန်းတွေးနေမိပြန်၏ ။
မသေခင် ညီငယ်လေးအားရှင်ပြု ပေးသွားချင်သော မိခင်ဖြစ်သူအကြောင်းလည်း
ခေါင်းထဲသို့တရစ်ဝဲဝဲရောက်လာပြန်၏။
အသက်နဲ့လဲထပ်ရသောအလောင်းအစားမျိုး
မို့စိုးရိမ်စိတ်ကလည်းရှိနေပြန်သည်
….ပြပါဗျို့…အဲဒီလိုပြကွက်ဆန်း
တခါမှမမြင်ဖူးသေးဘူး….
…မျက်လှည့်ဆရာလေး ဘာတွေတွေးနေတာလဲ
ပိုက်ဆံလာပေးတာငြင်းလွတ်ရလား….
…အဲဒီပြကွက်ကိုပြပေးပါဗျို့ …
ပရိတ်သတ်များသည်လူစုခွဲနေရာမှတစ်ယောက်စကားတစ်ယောက်နားဖြင့် လူစုလူဝေးကြီးအဖြစ်ပြန်လည်ပြည့်နှက်လာပြီဖြစ်ကာ
မင်းခေါင်အား ဝိညဉ်နူတ်ပြကွက်ပြပေးရန်တစ်ယောက်တပေါက်
ဝိုင်းဝန်း၍တောင်းဆိုလျက်ရှိနေကြ၏ ။
မင်းခေါင်မှာပြသင့်၊ဟူသောစိနှစ်ခုလွန်ဆွဲနေရာ
မှထိုပြကွက်ကိုပြသရန်ဆုံးဖြတ်ချက်ခိုင်မာစွာချလိုက်ပါတော့၏ ။
“ကျွန်တော်အဲပြကွက်ကို ပြပါမယ် အချိန်အတိုင်းအတာတစ်ခုပြည့်တာနဲ့ဝိညဉ် ပြန်ထည့်ရမှာမို့ သိပ်အကြာကြီးလူသေလို နေခိုင်းလို့မရပါဘူး… ဒါကိုတော့ …ဦးနားလည်ပေးပါ…”
” ရပါတယ်ကွာ အသက်ရှိမရှိ ဒီကောင်ကို
သေချာစမ်းခိုင်းမယ်…အဲတာဆိုရပြီ… မင်းသတ်မှတ်ချိန်မကျော်စေရပါဘူး”
မင်းခေါင်သတ္တာအတွင်းမှ လိုအပ်သောပစ္စည်းများထုတ်လိုက်ရင်းနေရင်း
ညီအားတစ်ချက် လှမ်းကြည့်လိုက်၏ ။
ယခုပြကွက်အတွက်တစ်ခြားသူများမှာလိပ်ပြာ
လွင့်မည့်အရေးမို့မည်သူမျလုပ်ရဲမည်မဟုတ်တာ
သေချာနေ၏ ။
တခြားသူအားရွေးစရာအခွင့်အရေး မင်းခေါင်အတွက် အချစ်ရဆုံးညီဖြစ်သူကို လိပ်ပြာအလွင့်ခံမည့်သူအဖြစ်မိုက်ရူးရဲဆန်စွာရွေးချယ်ထားပြီးဖြစ်။
“…ကိုကြီးကို… ယုံပါ… ညီလေးရယ်…
မင်းဘာမှမဖြစ်စေရပါဘူး… ”
မင်းနောင်ကားသူတို့ပြောစကားများအား
နားမလည်ပေ။
မျက်လှည့်ပြရာ ညောင်ပင်အောက်တွင်ပွဲဈေးမှ
မင်းခေါင်ဝယ်ပေးထားသောအရုပ်ကလေးများဖြင့် ပျော်ရွင်စွာဆော့နေ၏ ။
မင်းခေါင်သူ့ညီနားသွားကာမင်းနောင်ခေါင်းမှ
ဆံပင်များကိုလက်ဖြင့်ဖွဖွလေးသပ်တင်ပေးနေမိ၏။
“ညီလေး… ဒီတခါအကိုကြီးမျက်လှည့်ပြမလို့ ညီလေးပါမလား……ဟိုမှာလူတွေကညီလေးကိုပါ
အစ်ကိုကြီးနဲ့အတူမျက်လှည့်ပြစေချင်လို့တဲ့”
” ညီလေးပါပါရမယ်ဟုတ်လား…ပါချင်တာပေါ့
ဒါပေမယ့် ညီလေးမှမျက်လှည့်မပြတတ်တာ…”
”အစ်ကိုကြီးရှိနေတာပဲ အစ်ကိုကြီးသင်ပေးမှာပေါ့
လာခဲ့… အစ်ကိုကြီးတို့အတူတူမျက်လှည့်သွား
ပြကြမယ်…”
မင်းနောင်မှာမျက်လှည့်ပြပွဲအတွင်းသူပါရမည်ဆိုသောကြောင့်ဝမ်းသာနေသော်လည်းကိုယ်တိုင်ကိုယ်ကျမျက်လှည့်ပြရမည်ဆိုသောသူ့အစ်ကိုစကားကြောင့်ယခုအချိန်တွင်လူများဝိုင်းကြည့်နေမူကို
ရှက်ရွံ့နေရှာသောအမူအယာဖြင့်ရှိနေ၏ ။
“လာ… ညီလေးက… ဒီမှာ… အိပ်ပြီး မျက်လုံးမှိတ်ထား… မျက်လုံးဖွင့်မကြည့်ရဘူးနော်…အကိုကြီး ပြောတာကိုသေချာနားထောင်ကြားလား…”
”…ဟုတ်ကဲ့အစ်ကိုကြီး…..”
ပရိတ်သတ်သည် မီးကို ရေနဲ့ ငြိမ်းလိုက်သည့်အလားငြိမ်သက်တိတ်ဆိတ်စွာဖြင့်
မင်းခေါင်ဘာဆက်လုပ်မလဲ
စိတ်ဝင်တစားစောင့်ကြည့်နေကြ၏ ။
မင်းခေါင်မှာ မီးငြိမ်းနေသောကန်တော့ပွဲကိုအမွေးတိုင်၊ဖယောင်းတိုင်အသစ်များလဲလှယ်ထွန်းညှိလိုက်၏။
ညီဖြစ်သူကိုလည်းပိတ်ဖြူအဝတ်ခင်းထားသော
မြေပြင်ပေါ်ပက်လှန်လဲစေလျက်ရင်ဘတ်ပေါ်
လက်ကိုယှက်ထားကာ မျက်လုံးများမှိတ်ခိုင်း
ထားလိုက်၏ ။
မင်းခေါင်မှာ
ခွက်ကလေးတစ်ခုအတွင်းဆေးမူန့်များအနည်းငယ်ဖြန်းထည့်မီးရိူ့လျက် ငြိမ်ငြိမ်လေးလှဲနေသော ညီဖြစ်သူနှာဝနားတေ့ကာ ထွက်လာသောမီးခိုး
များကိုရူခိုင်းနေ၏ ။
ထို့နောက်
မန္တန်တစ်ပုဒ်ကိုပါးစပ်လူပ်ရုံ တီးတိုးအဆက်မပြတ် ရွတ်ဆိုနေလျက်မှညီဖြစ်သူညာဘက်ခြေမလေးတွင် ရွေရောင်ချည်ကြိုးလေးတစ်ပင် ချည်လိုက်ပြီး၊ဖန်ပြွန် ဗူးငယ်လေးကိုလက်မှကိုင်၍ ညီငယ်
ခြေထောက်တွင်ချည်နှောင်ထားသောငွေရောင်
ကြိုးလေးနောက်တစ်စကို ဖန်ပြွန်ထိပ်ဖက်တွင်
ချည်နှောင်ကာ ပိတ်ထားသောအဖုံးကိုဖွင့်လိုက်၏ ။
မင်းခေါင်မှာ ပါးစပ်မှရွတ်ဆိုမူကိုမပြတ်စေပဲ
ဖန်ပြွန်ပုလင်းကိုကိုင်၍ခြေမနဲ့ချည်နှောင်ထားသောကြိုးနဲ့
ဖန်ပြွန်ထိပ်မှကြိုးတင်းနေစေရန်ပြုလုပ်ထား၏။
မင်းခေါင်လက်မှကိုင်ထားသောဖန်ပြွန်ပုလင်းမှ
ကြိုးနဲ့ သူညီငယ်ခြေမတွင်ချည်နှောင်ထားသော
ကြိုးအကွာအဝေးမှာ ခုနှစ်တောင်ခန့်မျအကွာအဝေးရှိနေ၏ ။
မင်းခေါင်လုပ်ဆောင်ချက်များမှာ
နာရီဝက်နီးပါးခန့်တော့ကြာမြင့်သွားချိန်
ဖြည်းညှင်းစွာ အသက် ရူနေသော ညီဖြစ်သူတစ်ကိုယ်လုံးတောင့်တင်းသွား၏။
မင်းခေါင်မှာထိုအခါကျမှဖန်ပုလင်းအဖုံးကို
ပိတ်လိုက်တော့သည်။ဝိညဉ်ခွဲခြင်းလုပ်ငန်းတဝက်အောင်မြင်ပြီဖြစ်၏ ။
“ကဲ …ဦးတို့နှစ်ယောက်ပဲ ဒီကိုလာပြီးစမ်းသပ်ပါ…
ရွေရောင်ကြိုးလေးကိုတော့မထိမိစေဖို့အထူး
သတိထားစေချင်ပါတယ်… ”
ထိူလူကြီးနှစ်ယောက်မှာမင်းနောက်အနီးတိုးကပ်၍
နှာခေါင်းကိုလက်ဖြင့် လေခံကြည့်လိုက် ၊လက်ကောက်ဝတ်သွေးခုန်နူန်အားစမ်းလိုက် ၊ရင်ဘတ်အားနားကပ်ထောင်လိုက်ဖြင့်စမ်းသပ်နေကြ၏ ။
ဦးထင်ကျော်ဆိုသူမှာ အားရဝမ်းသာ မျက်နှာဖြင့်
ပိုင်နိူင်စွာပြုံးရင်းသူသူငယ်ချင်းကိုကြည့်လိုက်၏။
“ဘယ်လိုလဲ… အောင်သောင်း…
…ငါ့ကိုလူလိမ်လို့ခေါ်စမ်းပါအုံး…”
“ဟုတ်တယ်ဗျာ… ခင်များပြောတုန်းကလုံးဝမယုံခဲ့ဘူး …လက်တွေ့ကြုံမှယုံရတော့တယ်… ဒီကောင်လေး သေနေပြီ…”
“ကဲ…ဦးလေးတို့စမ်းသပ်တာကျေနပ်ရင်
ရင်ဘေးခနဖယ်နေပေးကြပါ
ကျွန်တော်ဒုတိယအဆင့် ဝိညဉ်ပြန်ထည့်ရမှာမို့ပါ….”
လူကြီးနှစ်ယောက်စိတ်ကြိုက်စမ်းသပ်၍ကျေနပ်မူ
ရသောအခါ၊ မင်းခေါင်မှာ ဖန်ပုလင်းအဖုံးကိုပြန်ဖွင့်၍
ဝိညဉ်ခေါ်ဂါထာမန်းမူတ်နေချိန် မှာပင်မထင်မှတ်သောအဖြစ်အပျက်တစ်ခုဖြစ်လာ၏။
…ထောက်…
…ဟာ…
ညီငယ်ဖြစ်သူခြေမနဲ့ ဖန်ပြွန်တွဲဆက်ချည်နှောင်
ထားသော ရွေရောင်ကြိုးလေးပြတ်သွားသိ
ထောက်ကနဲဆိုသောအသံလေးမှာ မင်းခေါင်အတွက့်နားတွင် မီးတောင်ကြီးပေါက်ကွဲသွားသလိုကြားလိုက်ရမိ၏ ။
မင်းခေါင်စိတ်ပူပန်မူများ
အဆုံးထိမြင့်တက်သွားသလိုစိုးရိမ်များငယ်
ထိပ်ဆောင့်တက်သလိုခံစားရကာ ခြေမကိုမိ
လက်မကိုင်မိဖြစ်သွားရတော့၏ ။
အနှေင့်အယှက်ပေါ်ပြီ မင်းခေါင်
ထိန်းချုပ်ထားသော ဝိညဉ်အား သူ့ထိန်းချုပ်မူအောက်မှ နှောင့်ယှက်၍
ဖယ်ထုတ်လိုက်ခြင်းကြောင့်ဖြစ်၏ ။
မင်းခေါင်ရွတ်နေသော ဂါထာရပ်လိုက်ရင်းမှ
ပရိတ်သတ်ဖက် မျက်နှာမူလိုက်၏ ။
“ကျွန်တော့်အလုပ် ကိုနှောင့်ယှက်သူတစ်ယောက်ရှိနေပါတယ်…
ကျွန် တော်တောင်းပန်ပါတယ်အချိန်မှီသာ ကျွန်တော်ညီလေးဝိညဉ်အချိန်မှီ
ပြန်မထည့်နိုင်ရင်ကျွန်တော့်ညီလေး အသက်ဆုံးရူးရပါလိမ့်မယ် …ဒါကြောင့်ပြန်လွတ်ပေးပါလို့ကျွန်တော် တောင်းပန်ပါတယ်…”
ပရိတ်သတ်အသံများတစ်ယောက်တစ်ပေါက်ဆူညံနေသလို မင်းခေါင်ရင်ထဲတွင် စိုးရိမ်စိတ်ဖြင့်ဗလောင်ဆူနေပြီဖြစ်သည်။
“ကျွန်တော်နောက်တစ်ခေါက်ထပ်တောင်းပန်ပါတယ်ကျွန်တော်ပညာရှင်မဟုတ်ဘူးတကယ်လို
့ပညာစမ်းနေတယ်ဆိုရင်လည်း ကျွန်တော်အရူံးပေးပါတယ်ပြန်လွတ်ပေးပါ
အချိန်ကပြည့်တော့မှာမို့ပါ တောင်းပန်ပါတယ်
ပိုက်ဆံလိုချင်လို့လုပ်တာဆိုရင်လည်းကျွန်တော်ရှေ့ကပိုက်ဆံအကုန်ယူသွားနိူင်ပါတယ် …
ကျွန်တော်ညီငယ်လေးဝိညဉ်ကိုပြန်လွတ်ပေးပါ…”
မင်းခေါင်မျက်ရည်များကျကာ ပရိတ်သတ်ဖက်ငိုယိုရင်းအကြိမ်ကြိမ်တောင်းပန်
နေသော်လည်း ပြောင်းလဲသွားသောအခြေအနေကိုကြောင်ငေး
ကြည့်နေသောပရိတ်သတ်ထံမှ အခြေအနေထူးခြားမလာပေ။
အချိန်ပြည့်ပြီ။
မင်းခေါင်ဒူးထောက်ထိုင်ချရင်းသည်းထန်စွာဖြင့်ညီငယ်ဖြစ်သူအလောင်းအားဖက်၍ ငိုချလိုက်သည်။
“ညီလေးရယ် အစ်ကိုကြီးကို ခွင့်လွတ်ပါ မင်းကို အစ်ကိုကြီးသတ်တလိုက်မိတာပါကွာ….အီး…ဟီး…ဟီး….”
အရူးတစ်ယောက်လိုညီငယ်ဖြစ်သူ အလောင်းအားဖက်၍ အော်ဟစ်ငိုယိုနေသော မင်းခေါင်ကိုကြည့်၍မျက်လှည့်ပွဲစရန်စီစဉ်သော လူကြီးအပါအဝင်ဝိုင်းကြည့်နေသော လူအုပ်စိတ်မကောင်းစွာဖြင့်ငြိမ်သက်စွာရှိနေကြ၏။
ထူးဆန်းသောအကြောင်းအရာများကြောင့်သတင်းကြား၍လာကြည့်သူများလည်းတစတစများလာရာ
မင်းခေါင်မှာ လူအုပ်ကြီးအလယ်တွင်ရှိနေတော့၏ ။
မင်းခေါင်မှာညီဖြစ်သူအတွက်မချိတင် ယူကြုံးမရ
ငိုကြွေးနေရာမှ မတ်တတ်ရပ်လာ၏ ။မျက်ရည်များဖြင့်စိုစွတ်နေသောမျက်လုံးကနီရဲ
ခက်ထန်နေလျက် မေးရိုး
အံကြိတ်ထားဟန်ဖြင့်မေးရိုးကြီးများထောင်ထနေ၏
”…ကျွန်တော်ကို ငှက်ပျောပင်အပင်ပျို တစ်ပင်လောက်ရှာပေးကြပါလား…အပင်ပျို(အသီးမသီးရသေးသောအပင်)
မင်းခေါင်အဖြစ်ကိုသနားနေသောလူအုပ်ကြီးမှာ
မင်းခေါင်စကားဆုံးသည်နဲ့တပြိုင်နက် ပရိတ်သတ်ထဲမှယေက်ကျားကြီးတစ်ယောက်မှာခပ်လှမ်းလှမ်းတွင်ရှိနေသောငှက်ပျောတောမှ အပင်တပျိုတပင်အားအလျင်မြန်ခုတ်ကာပြန်ရောက်လာ၏ ။
ငှက်ပျောပင်ရသောအခါမင်းခေါင်မှာငှက်ပျောပင်ကိုသူညီခြေရင်းတွင်တွင်းတူးစိုက်လျက် ငှက်ပျောပင်အားငွေရောင်အပ်ချည်ဖြင့်ပတ်ချည်ကာကျန် ကြိုးတစ်စအားသူ့ညီ ဘယ်ဖက်ခြေမတွင်ချည်လိုက်၏ ။ ထို့နောက် ဂါထာတပုတ်တီးတိုးရွတ်ဆိုလိုက်ရင်းငှက်ပျောပင်
ပင်စည်ကိုဓားဖြင့်အားကုန် ပိုင်းချလိုက်တော့၏ ။
…ဝုန်း…
…ဝုန်း…
ပထမအသံမှာငှက်ပျောပင်အဖျားမြေပေါ်လဲပြိုသံဖြစ်ပြီးဒုတိယအသံမှာကားရပ်ကြည့်နေသောလူအုပ်အတွင်းလူတစ်ယောအရိုပ်ကြိုးပြတ်လဲကျသံ
ပင်ဖြစ်၏ ။
…အားလုံးပဲခုလဲကျသေသွားသူဟာ ကျွန်တော့်
ညီကိုသတ်တဲ့သူပါပဲ…
..ဟာ..
..ဟင်…
..အလိုလေး…
..ဘုရား..ဘုရား…
..ဟိုကောင်လေးကိုသတ်တာဘယ်သူများပါလိမ့်….
မင်းခေါင်စကားအဆုံးမတူညီသော အမေဋိတ်သံမျိုးစုလူအုပ်ကြားမှထွက်လာကာ
လူအုပ်အတွင်းလဲကျနေသူထံအားလုံးအကြည့်ရောက်ကုန်ကြ၏။
လဲကျသေဆုံးနေသူမှာ
အဘွားအိုတစ်ယောက်ဖြစ်ပြီးထူးခြားသည်ကားလည်ပင်းမှသွေးတစိမ့်စိမ့်ထွက်ကာသေဆုံးနေခြင်းပင်ဖြစ်သည်။
“ဒါ …ငါတို့ရွာ စုန်းမကြီး ဒေါ်မြသာ ပဲ ဘယ်လိုဖြစ်တာလဲ…”
..သေတာကောင်းတယ် ခလေးကိုသတ်တဲ့..
အပါယ်လားမဲ့ ဟာမကြီး…
… သူမှန်းသိရင် ဟိုကောင်လေးမသတ်ခင်
ဒင်းကိုငါအရင်သတ်မိမှာ …
…တောက်..လူစိတ်မရှိတဲ့ဟာမကြီး..ဖွီ…
အားလုံးသောမျက်လှည့်ကြည့်ပရိတ်သတ်များ
စုန်းမကြီးဆိုသူအားဝိုင်းကြည့်ပြီးတယောက်တမျိုး
ပြစ်တင်ဆဲဆိုကြိမ်းမောင်းလျက်ရှိနေကြ၏ ။
ထိုသေဆုံးသွားသောဒေါ်မြသာမှာ ဒီနယ်တဝိုက်
ဆယ့်နှစ်ကြိုးကဝေစုန်းမကြီးအဖြစ် မကောင်း
သတင်းဖြင့်ကျော်ဇောနာမည်ကြီးသူပင်ဖြစ်တော့၏။
ညီအလောင်းအားပွေ့လျက်မင်းခေါင်လူအုပ်ကြားမှ
တိတ်ဆိတ်စွာထွက်လာခဲ့တော့၏
မျက်လှည့်ပစ္စည်းများ… ပိုက်ဆံများမှာဒီအတိုင်းပင်ကျန်နေရစ်ခဲ့ကြ၏
ဝင်လုဆဲဆဲနေရောင်အောက်တွင်လေးပင်သောအလောင်းတစ်လောင်းကိုပွေ့ချီပြီးသွားနေသောသူတစ်ယောက်ရှိနေပါ၏ ။
အရူးတစ်ယောက်လိုငိုလိုက် ရယ်လိုက်
အသက်မရှိသော အလောင်းကို စကားပြောလိုက် နမ်းရူတ်လိုက်ဖြင့်ရှိနေသောထိုသူပြောစကားများမှာ
”…အမေကို ငါဘယ်လိုပြောရမှာလည်း
ညီလေးရယ် .ငါတို့ပြန်အလာကို
အမေစောင့်နေတယ်လေ….
မင်းကိုဘယ်သူသတ်လိုက်တာလဲ မေးရင်ကော
အစ်ကိုကြီး ဘယ်လိုပြန်ဖြေရမှာလဲ…
ဒါပေမယ့် အစ်ကိုကြီးဖြေပါ့မယ်ကွာ…
ညီလေးခုလိုအပစ်မရှိပဲသေရတာ အစ်ကိုကြီး
လောဘကြောင့်ပဲ ညီလေးကိုတစ်ခြားလူ
သတ်တာမဟုတ်ပါဘူး…ဟောဒီက…မင်းချစ်တဲ့ …အစ်ကိုကြီး
သတ်တာပါ ခွင့်မလွတ်ပါနဲ့ညီလေးရေ…..
အစ်ကိုကြီးလိုအစ်ကိုမျိုးက
ခွင့်လွတ်မူနဲ့မထိုက်တန်တာမို့ ခွင့်မလွတ်ပါနဲ….”
နေလုံးကြီးမှာအနောက်ဂေါယာကျွန်းသို့ငုတ်လျိုး
ကွယ်ပျောက်သွားပြီမို့အမှောင်ထုများချည်းနင်း
ဝင်ရောက်လာ၏ ။တစ်ခါတရံရွေးချယ်စရာ
မရှိပဲ။မဖြစ်မနေရွေးချယ်လိုက်ရသောရွေးချယ်မူများမှား
ယွင်းသွားပါက ဘဝနဲ့ရင်း၍ပေးရသောအဖိုးအခ
လျော်ကြေးများရှိနေတတ်ပါသည်။
==========================
(ပြီးပါပြီ)
မြူခိုးအလင်္ကာ

Zawgyi Version

ေလ်ာ္ေၾကး (စ\ဆုံး)
————————-
တန္းတင္႐ြာ။
ေတာႀကိဳအုံၾကားတည္ေထာင္ထားၿပီး၊
လမ္းပန္းဆက္သြယ္ေရးအရ
သြားလာရန္ခက္ခဲေသာ
အိမ္ေျခ (၃၀) နီးပါးခန႔္သာရွိ၊႐ြာသိမ္ ႐ြာငယ္ေလးတစ္႐ြာသာျဖစ္၏ ။
႐ြာနဲ႔ခပ္လွမ္းလွမ္း ေတာင္ကုန္းထိပ္တြင္ ေစတီတဆူရွိၿပီး ထိုေစတီအားတန္းတင္ေစတီ ဟုသာအလြယ္တကူ ေခၚေဝၚၾက၏ ။
ထိုေစတီေတာ္မွာေရွးေဟာင္း ေစတီေတာ္တဆူျဖစ္ေသာ္လည္း၊မည္သည့္ေခတ္ကာလကအခ်ိန္
တည္ေထာင္ထားသည္ဟု ေက်ာက္စာ အမွတ္အသားမ်ားမရွိေသာ၊ ေရွးေဟာင္းေစတီ တစ္ဆူသာျဖစ္၏ ။
လမ္းပန္းဆက္သြယ္ေရးေၾကာင့္တန္းတင္႐ြာငယ္
ေလးမွာအၿမဲတေစေျခာက္ကပ္တိတ္ဆိတ္လ်က္
ရွိေနေသာ္လည္း ။
ႏွစ္စဥ္စည္ကားသိုက္ၿမိဳက္ေသာကာလတစ္ခု၊
အၿမဲရွိေနတတ္၏ ။
ထိုအခ်ိန္ကားတန္းခူးလကာလေရာက္တိုင္း
ပုံမွန္က်င္းပေလ့ရွိေသာ တန္းတင္ေစတီ
ဘုရားပြဲေၾကာင့္ျဖစ္၏ ။
တန္းတင္ဘုရားပြဲစည္ကားရျခင္းအေၾကာင္းအရင္းမွာ တန္ခူးလ ဘုရားပြဲကာလအတြင္း
ဓတ္ေတာ္ကြန႔္ျမဴးေတာက္ပျခင္းေၾကာင့္ ဖူးေျမာ္လိုေသာအနယ္နယ္ အရပ္ရပ္မွ ဧည့္ပရိတ္သတ္မ်ားျဖင့္ အထူးစည္ကားေနျခင္းပင္ျဖစ္၏ ။
ဘုရားပြဲ ကာလအတြင္း ဘုရားပြဲလာပရိတ္သတ္မ်ားသည္ေနေရး၊ထိုင္ေရး အနည္းငယ္အခက္အခဲရွိေသာ္လည္း စားေရးေသာက္ေရးအတြက္ပူပင္စရာမလိုေပ။
အနီးအနား႐ြာမ်ားမွ ေစတနာသဒၵါတရားထက္သန္လွေသာ အလႉရွင္မ်ားကား လာေရာက္သမ် ဧည့္သည္မ်ားအားမနက္ညမျပတ္ေကြၽးေမြးလ်က္ရွိ
ရွိေသာေၾကာင့္ျဖစ္၏ ။
ပိုက္ဆံမတတ္ႏိုင္ေသာသူမ်ားမွာလည္း
မိမိတို႔လုပ္အားျဖင့္ ထင္ရွာ၊ေရခတ္
ခ်က္ျပဳတ္ေပးျခင့္တတ္အားသမ်ပါဝင္ကုသိုလ္ယူၾက၏ ။
ဘုရားပြဲလာ ပရိတ္သတ္မ်ားအားထမင္းေကြၽးေမြးကုသိုလ္ ယူခ်င္သူအလႉ ရွင္မ်ားျပားလြန္းလွေသာေၾကာင့္ မဲႏိုက္၍ပင္ အလူရွင္ေ႐ြးရခ်ယ္ရသည္မွာလည္း
ႏွစ္စဥ္ႏွစ္တိုင္းပင္ျဖစ္၏ ။
ဤသည္ကား ခ်စ္စရာေကာင္းလွေသာ ျမန္မာလူမ်ိဳးတို႔ဓေလ့စ႐ိုက္မ်ားထဲမွတစ္ခုပင္ျဖစ္သည္။
ဘုရားပြဲကာလအတြင္းနာမည္ေက်ာ္ဇတ္အဖြဲ႕မ်ား ႐ုံသြင္းျပသ၍တမ်ိဳး။အလကား ဗလာကျပ
ေသာအဖြဲ႕မ်ားျဖင့္တဖုံ ဇတ္စင္ႀကီးမ်ား သုံးေလး
စင္မ်တည္ေဆာက္ထားရ၏ ။
ယခင္ကေမွာင္မိုက္ေျခာက္ကပ္၍သရဲပင္
ေျခာက္မည္ထင္မွတ္ရေသာ ဘုရားပြဲက်င္းပရာ
ကြင္းျပင္ႀကီးမွာ ဘုရားပြဲ ကာလတြင္
ေဈးဆိုင္တန္းမ်ား ၊စားေသာက္ဆိုင္မ်ား၊
အမ်ိဳးမ်ိဳးေသာဆိုင္ငယ္ေလးမ်ား အစီအရီရွိေနၿပီး
ဆီမီးေရာင္တထိန္ထိန္ျဖင့္ဘုရားပြဲကာလ သုံးရက္အတြင္းဘုရားကြင္းေတာင္ေျခဘုရားကြင္းတြင္စည္ကားသိုက္ၿမိဳက္လ်က္ရွိေနတတ္၏ ။
==========================
မင္းေခါင္တစ္ေယာက္ တန္းတင္ဘုရားပြဲကာလ
နီးေနၿပီျဖစ္ေသာေၾကာင့္
တမိုးတြင္းလုံး ေခ်ာင္ထဲထိုးထည့္ထားေသာ မ်က္လွည့္ေသတၱာ ေလးသိမ္းဆည္းထားရာမွထုတ္လာ၏ ။
ၿပီးေနာက္
မ်က္လွည့္ျပရာတြင္အသုံးျပဳေသာပစၥည္း
တစ္ခုခ်င္းစီကို ေသခ်ာဂ႐ုတစိုက္
ပြတ္တိုက္ေဆးေၾကာလ်က္ရွိေန၏ ။
ဘုရားပြဲအတြင္းမင္းေခါင္မ်က္လွည့္ျပသ
ေလ့ရွိ၏ ။
မင္းေခါင္ေနထိုင္ေသာ ႐ြာမွာ
တန္းတင္ဘုရားျဖင့္ ေျခလ်င္ေလ်ာက္ပါက
တစ္နာရီခန႔္ ေလ်ာက္ရမည့္
အကြာအေဝးေလာက္တြင္တည္ရွိေသာ၊႐ြာေလးတစ္႐ြာပင္ျဖစ္သည္။
မင္းေခါင္တြင္အေဖမရွိေတာ့ေပ။သူ႔ညီငယ္
ငါးႏွစ္သားအ႐ြယ္ခန႔္က ဖခင္ဆုံးပါးသြားသည္မွာ
ယခုသူ႔ညီငယ္ေလးပင္ အသက္
၁၀ ႏွစ္တင္းတင္းျပည့္ၿပီ ျဖစ္၏ ။
မင္းေခါင္ဖခင္မွာဒီနယ္သားတစ္ေယာက္မဟုတ္ပဲ
နယ္လွည့္မ်က္လွည့္ဆရာတစ္ေယာက္ျဖစ္၏။
နာမည္ေက်ာ္တန္းတင္ဘုရားပြဲ မ်က္လွည့္လာျပရင္း၊ မိခင္ျဖစ္သူနဲ႔အေၾကာင္း
ပါ၍ ဆံထုံးေနာက္ေယာင္ပါ
ဒီ႐ြာေလးမွာပင္ေသာင္တင္ေနျခင္းျဖစ္။
မင္းေခါင္ဖခင္ျဖစ္သူမွာ နယ္ေပါင္းစုံေရာက္
ဖူးသလို ပညာေပါင္းစုံလည္းတတ္ေျမာက္သည္
ဟုဆိုရမည္ျဖစ္၏ ။
မ်က္လွည့္ျပသျခင္းပညာရပ္အပါအဝင္။
ပေယာဂကုျခင္း၊ စုန္းခြၽတ္ျခင္းမ်ား
လည္းတတ္ကြၽမ္းသူတစ္ေယာက္လည္းျဖစ္၏။
မ်က္လွည့္ပညာရပ္တြင္လည္းေစ့ငွစြာကြၽမ္းက်င္
သူျဖစ္၏ ။
နယ္လွည့္ျပသေနေသာ
မ်က္လွည့္ဆရာပီပီ ။ပညာစုံလ်က္တခ်ိဳ႕ မ်က္လွည့္ျပကြက္မ်ားမွာထူးဆန္းေသာ
ျပကြက္မ်ိဳးျဖစ္၏ ။
ဖခင္ဆုံးပါးခ်ိန္တြင္
မင္းေခါင္မွာအသက္၂၅ အ႐ြယ္ရွိေနၿပီျဖစ္
ေသာေၾကာင့္ ဖခင္ျဖစ္သူအေမြအႏွစ္အျဖစ္
မ်က္လွည့္ ၊ပညာစိတ္နယ္လြန္ပညာမ်ားဖခင္သင္
ျပေပးမူျဖင့္ တတ္ေျမာက္ခဲ့၏ ။
ဖခင္ဆုံးပါးၿပီးသကာလ မိသားစု စီးပြားေရးရွာအစ္ကိုႀကီးအဖရာဆိုသလို
မင္းေခါင္ထံလြဲေျပာင္းေရာက္ရွိလာေတာ့၏ ။
မင္းေခါင္မွာလိမ္မာေရးျခားရွိကာ၊မိသားစုအေပၚ
သိတတ္ေသာသူတစ္ေယာက္ျဖစ္၏ ။
မိခင္ျဖစ္သူနဲ႔ ညီငယ္ေလးတို႔ကိုလယ္ယာလုပ္ငန္းလုပ္ကိုင္ရင္း ရွာေဖြေကြၽးေမြး မိသားစုမ်က္ႏွာမငယ္ေအာင္ႀကိဳး
စား႐ုန္းကန္ေပးရွာ၏ ။
သူဘဝကိုလည္းမိခင္နဲ႔လူမမယ္ညီငယ္ေလး
အတြက္ေပးဆပ္ျမဳတ္ႏွံထားသူျဖစ္၏။
အရပ္ရွည္ရွည္ ေခ်ာေမာခန႔္ညားေသာ
မ်က္ႏွာ အလုပ္ၾကမ္းလုပ္ဖန္မ်ား၍ က်စ္လစ္ေသာ ခႏၶာကိုယ္ ေနပူဒဏ္ေၾကာင့္ နဂိုျဖဴေသာ္လည္းေၾကးနီေရာင္ သန္းေနေသာ အသားအေရျဖင့္ မင္းေခါင္မွာ ႐ြာမိန္းခေလးမ်ား၏ သေဘာက်ႏွစ္သက္ျခင္းကို ခံရေသာ္လည္း သူ႔အေနျဖင့္အသက္႐ြယ္ေထာက္ေနေသာမိခင္အို၊
လူမမယ္ညီငယ္ေလး မ်က္ႏွာကို ေထာက္ခ်ိန္ကာအိမ္ေထာင္မျပဳပဲေနလာခဲ့သည္မွာ သူ႔အသက္ ၃၀ တင္းတင္းျပည့္၍ လူပ်ိဳႀကီး
စာရင္းဝင္အ႐ြယ္ေရာက္ေနၿပီျဖစ္၏ ။
” သားေရ …ထမင္းက်က္ၿပီ…
ထမင္းစားရေအာင္ လုပ္စရာရွိတာ ေနာက္မွ
လုပ္ေတာ့…”
မ်က္လွည့္ပစၥည္းမ်ားပြတ္တိုက္ေဆးေၾကာရင္း
အေတြးေရယဥ္ေၾကာတြင္ေျမာေနေသာ မင္းေခါင္
သူမိခင္ထမင္းစားလွမ္းေခၚေတာ့မွ အေတြးစ
ျပတ္သြား၏ ။
“ဟုတ္ကဲ့ …အေမ ဒါနဲ႔ ညီငယ္ေလး မင္းေနာင္ေကာ….တမနက္လုံးမေတြ႕ပါလား…
ဘယ္ေတြေရာက္ေနတာလဲ …”
“မိုးလင္းကထြက္သြားတာခုထိျပန္မလာေသးဘူး
…ဒီေကာင္ေလးေတာ္ေတာ္… အေဆာ့မက္တယ္ စားခ်ိန္မသိ ေသာက္ခ်ိန္မသိနဲ႔…”
“ခေလးပဲ အေမရာ သူလည္းေဆာ့လို႔ေကာင္းတုန္း
အ႐ြယ္ေတြေလ……”
“ခုဟာက လြန္းလြန္းလို႔ေျပာ… ေနရတာ စားခ်ိန္ေတာင္မလာလို႔ေလ…… ေဟာေျပာရင္းဆိုရင္း လာပါၿပီ… ကိုယ္ေတာေခ်ာ…”
မင္းေခါင္ဝတ္ၿပီးအက် စြတ္က်ယ္အေဟာင္းမွာ
ညီျဖစ္မင္းေနာင္အတြက္ဒူးအထိေရာက္မ်ရွည္လ်ားေနေသာေၾကာင့္ ပခုံးစႏွစ္ဖက္ ႀကိဳးထုံးၿပီးတိုထားကာ အေရာင္လြင့္လြင့္
ေဘာင္းဘီတိုတစ္ထည္ဝတ္လ်က္ ဘီးတပ္ ႏြားလွည္း႐ုပ္ကေလးကိုႀကိဳးျဖင့္ဆြဲလ်က္
ျပန္လာေသာ မင္းေနာင္အားၿခံေပါက္ဝတြင္ေတြ႕လိုက္ရ၏ ။
“…ဗိုက္ဆာတယ္ …အေမေရ… ထမင္းစားမယ္…”
“သြားခ်င္ရာသြားၿပီး ခုဗိုက္ဆာမွ …အိမ္ျပန္လာရသလား…ထမင္းဟင္း… မရွိေတာ့ဘူး အိုးေဆးၿပီး ေမွာက္ထားၿပီးၿပီ…”
မင္းေနာင္ကမိခင္စကားကို စပ္ၿဖဲၿဖဲမ်က္ႏွာ
လုပ္ကာ ေျပာင္ျပလိုက္၏ ။ၿပီးေနာက္
အိမ္ေပၚေျပးတက္၍မီးဖိုေခ်ာင္ထဲေျပးဝင္ကာအိုးခြက္ပုဂံမ်ားလွန္ၾကည့္ေနေတာ့၏။
“သိသားပဲ …အေမ …လိမ္မွန္း … ဟားဟား …သားကို…ဒါမ်ိဳးလာလိမ္လို႔ ဘယ္ရမလဲ…”
“ေဟ့…ေဟ့…ေအာ္…ဒီေကာင္ေလး …လက္မေဆး… ေျခမေဆးနဲ႔ …အိုးေတြကိုင္ေနတယ္… ေဟ့….”
…ဟား …ဟား.….ဟား …ဟား…
သူ႔ညီနဲ႔ သူအေမ ျဖစ္ပ်က္ေနသည္ကိုၾကည့္ၿပီး မင္းေခါင္သေဘာက်စြာျဖင့္ တဟားဟား ေအာ္ရယ္မိေတာ့၏ ။
ထမင္းဝိုင္းေလးတြင္စားေသာက္ေနရင္းမွ
မင္းေနာက္တစ္ေယာက္ခါတိုင္းနဲ႔မတူ၊
ထူးဆန္းေသာ စကားဆိုလာ၏ ။
“အေမ …သားသူငယ္ခ်င္း… ေအာင္လွတို႔ …ရန္ႏိုင္တို႔ …ရွင္ျပဳ ၾကေတာ့မလို႔တဲ့သူတို႔အေဖေတြဒီေန႔ပဲ ……ဘုန္းႀကီးေက်ာင္းပို႔လိုက္ၿပီ …သားလည္းရွင္ျပဳခ်င္တယ္အေမ…သားကိုလည္း
ရွင္ျပဳေပးပါလားဟင္….”
မင္းေနာင္စကားၾကားလိုက္ရခ်ိန္မင္းေခါင္တစ္
ေယာက္ပါးစပ္ထဲေရာက္ေနေသာ ထမင္းလုတ္ကို
ေယာင္ေယာင္မွားမွား မဝါးပဲၿမိဳခ်လိုက္မိရာထမင္း
နင္သြား၏ ။
မိခင္ျဖစ္သူအား လွမ္းၾကည့္ရာ
စားမည္က်န္ေနေသာ ထမင္းလုပ္ကိုပန္းကန္
တြင္ျပန္ထည့္ရင္း မ်က္ႏွာညိဴးသြားသည္ကို
စိတ္မေကာင္းစြာ မင္းေခါင္ေတြ႕ရ၏ ။
မိခင္မွာစကားမေျပာပဲခနမ်ၿငိမ္ေနၿပီးမွ
မင္းေနာင္ကိုၿပဳံးျပရင္..…
“ေအးပါသားေလးေရ… သားလည္းမၾကာခင္ျပဳရမွာေပါ့ကြယ္…
အဲဒီခ်ိန္က်ရင္…မင္းအကိုႀကီးနဲ႔…အေမကိုယ္တိုင္…႐ြာေက်ာင္းဆရာေတာ္ဆီ
အပ္ေပးမယ္ေနာ္…”
“တကယ္ေႏွာ္အေမ… အေမတကယ္ေျပာတာေႏွာ္ …သားကိုလိမ္မေျပာရဘူး….လိမ္ေျပာသူက ငရဲႀကီးတတ္တယ္လို႔…အေမေျပာထားတယ္…”
ခေလးပီပီ သူျဖစ္ခ်င္ရာေလ်ာက္ေျပာေနေသာ မင္းေနာင္စကားမ်ားေၾကာင့္ မိခင္ျဖစ္သူ
မ်က္ရည္မ်ားစို႔တက္လာျခင္းကိုမ်က္ေတာင္တဖ်ပ္ဖ်ပ္ခပ္ရင္း ထိန္းေနျခင္းကို…မင္းေခါင္…စိတ္မေကာင္းစြာျမင္ေတြ႕လိုက္ရ၏ ။
“ေအးပါသားေလးေရ…အေမ… မလိမ္ပါဘူး …အေမျဖစ္ေအာင္လုပ္ေပးမွာေပါ့…”
“ေဟး… ဒါမွတို႔အေမကြ …ဟိုေကာင္ေတြကို …
……သားလည္း ရွင္ျပဳေတာ့မယ့္အေၾကာင္း…
…သြားႂကြားရမယ္… ”
မိခင္ျဖစ္သူမွာ ထမင္းဝိုင္းမွအရင္ဆုံးထထြက္သြား၏။
မင္းေခါင္လည္းထမင္းစားခ်င္စိတ္မရွိေပ။ရင္ထဲမွဆို႔နင့္သလိုႀကီးခံစားေနရမိသည္။
သူတုန္းက ဖခင္ရွိတုန္းမို႔ရွင္ျပဳလိုက္ရေသာ္လည္း ခုညီငယ္အလွည့္တြင္ ဟိုႏွစ္ဒီႏွစ္ျဖင့္အထမေျမာက္ေပ။
ယခုႏွစ္
စပါးေပၚခ်ိန္ ရွင္ျပဳရန္မွန္းထားေသာ္လည္း မိုးတြင္းမိခင္မက်န္းမာ၍ စပါးတိုး ေခ်းကာကုလိုက္ရေသာေၾကာင့္ အိမ္စား႐ုံ
မ်ိဳးထား႐ုံေလာက္သာ စပါးက်န္ရွိ၏ ။
မင္းေခါင္ထမင္းစားခ်င္စားဝိုင္းမွထြက္လာရင္းအိမ္ေအာက္ သရက္ပင္ႀကီးေဘးကြပ္ျပစ္တြင္ ေဆးေပါ့လိပ္တစ္လိပ္ထိုင္ဖြာရင္း ပိုက္ဆံဘယ္လိုရွာရမလဲဆိုတာေတြးေနမိ၏။
သို႔ရာတြင္ ပိုက္ဆံရေပါင္ရလမ္းအလုပ္အကိုင္
စဥ္းစား၍ပင္မရေခ်။
ယခုအခ်ိန္မိခင္ျဖစ္သူမွာလည္းသားမ်ားကြယ္ရာ
ေနရာတြင္တ႐ူံ႐ူံျဖင့္ ငိုေနမည္ကိုမင္းေခါင္သိေန၏။
သားလိုအင္ဆႏၵမျဖည့္ေပးႏိုင္ေသာ မိခင္တစ္ေယာက္ေသာကအစိုင္အခဲႀကီးက
ထုထည္ႀကီးမားမည္မွာမလြဲေပ။ သို႔ရာတြင္
မိခင္ကို ႏွစ္သိမ့္ေပးျခင္းေသာ္လည္းႏွစ္သိမ့္
ေပးစရာစကား မင္းေခါင္ မစဥ္းစားတတ္ေအာင္
ရွိေနပါေတာ့၏ ။
==========================
မနက္ျဖန္ဆိုလ်င္တန္းတင္ ဘုရားပြဲစေတာ့မည့္ပြဲေတာ္စေန႔ပင္ျဖစ္၏ ။
မင္းေခါင္မွာလည္းဖခင္ထံမွသင္ၾကားထားေသာ
မ်က္လွည့္ျပကြက္မ်ားအားအသည္းအသန္ေလ့က်င့္လ်က္ျဖင့္ရွိေန၏ ။
တစ္ႏွစ္တစ္ခါ ဘုရားပြဲတြင္ျပကြက္ေကာင္းေလး
မ်ားျပသရင္း ပရိတ္သတ္အာ႐ုံကို ဖမ္းစားမည္
ဟုမင္းေခါင္စိတ္ကူးယဥ္ေနမိ၏ ။
တန္းတင္ဘုရားပြဲႀကီးမွာ
စည္ကားသိုက္ၿမိဳက္စြာျဖင့္စတင္ေနၿပီျဖစ္၏။
လြင္တီးေခါင္ေျမကြက္လပ္ႀကီးကယခုမူ
စားေသာက္ဆိုင္မ်ား ေဈးဆိုင္တန္းမ်ား ရဟတ္ကြင္းမ်ား ဇတ္စင္ႀကီးမ်ားနဲ႔အတူ အနယ္နယ္ အရပ္ရပ္မွ လွည္းျဖင့္တသြယ္ ေမာ္ေတာ္ဘုတ္ျဖင့္တမ်ိဳး လာေရာက္ၾကေသာ ဘုရားဖူးခရီးသြားမ်ားျဖင့္ ကြင္းလုံးျပည့္
ၾကက္ပ်ံမက်စည္ကားလ်က္ရွိေန၏ ။
ေၾကာ္ေလွာ္ခ်က္ျပဳတ္ရာမွ ထြက္လာေသာအနံ႔၊အေမြးတိုင္နံ႔ ေရနံ႔ ဆီမီးခြက္မွ ထြက္လာေသာ ေရနံမိူင္းနံ႔မ်ား လွပ်ိဳ ျဖဴေလးမ်ားျပင္ဆင္ခ်ယ္သ ေသာအေမြးနံသာရနံ႔မ်ားျဖင့္ ရနံ႔ေပါင္းစုံကလည္း
ႀကိဳင္လိူင္စြာထြက္ေနလ်က္ရွိ၏ ။
မင္းေခါင္၊မင္းေနာင္ ညီအစ္ကိုႏွစ္ေယာက္မွာ
ဘုရားပြဲေတာ္သို႔ေရာက္ရွိေနၾက၏ ။
မင္းေခါင္မွာဘုရားပြဲလာၾကည့္ျခင္းမဟုတ္ပဲ
သူ႔မ်က္လွည့္ပညာျပသရန္အဓိကဦးတည္
ခ်က္ျဖင့္ေရာက္ရွိလာျခင္းျဖစ္၏ ။
ညီျဖစ္သူ မင္းေနာင္သူ႔အားဘုရားပြဲလိုက္ရန္ပူဆာ ဂ်ီက်လ်က္ သူအားမေခၚ၍ ေအာ္ငိုကာ မိခင္ထံသြားတိုင္ေတာေတာ့၏ ။
မိခင္ျဖစ္သူမွာလည္းမင္းေခါင္ပါေနျခင္းေၾကာင့္
ညီျဖစ္သူကိုပါလိုက္ပါခြင့္ျပဳလိုက္ျခင္းျဖစ္။
လူစုမကြဲေစရန္ မင္းေနာင္အားဂ႐ုစိုက္ရန္စကားကို
မသြားခင္အႀကိမ္ႀကိမ္မွာၾကားေနရွာ၏ ။
မိခင္ျဖစ္သူမွာ မင္းေနာင္ကိုအသက္ႀကီးမွရသည့္အျပင္
ဖတဆိုးေလးမို႔အခ်စ္ပိုရွာသည္။
မင္ေနာင္မွာ မိခင္အသဲေက်ာ္တစ္ေယာက္ပင္။
မင္းေခါင္မွာ လယ္ယာလုပ္ငန္းတျခားေသာ
အလုပ္မ်ားျဖင့္၊အိမ္တြင္ ရွိေနခ်ိန္ကနည္းလွ၏။
မိခင္ျဖစ္သူမွာမင္းေနာင္ျဖင့္သာအေဖာ္ျပဳေနရသည္ကမ်ား၏ ။
“မင္းေနာင္ အစ္ကို လက္ကိုမလြတ္နဲ႔ေနာ္ …
လူတအားမ်ားတယ္…
လူကြဲသြားရင္ရွာဖို႔မလြယ္ေတာ့ဘူး…”
…ဟုတ္ကဲ့…
အဝတ္အစားသစ္ကေလးမ်ားဝတ္လ်က္မင္းေခါင္
လက္ကိုကိုင္ထားေသာမင္းေနာင္မွာ အေရာင္အေသြးအေသြးစုံလူအုပ္ႀကီးအၾကား
ျမင္ကြင္းဆန္းမ်ားကိုေငးလ်က္ျဖင့္ မင္းေခါင္
ေနာက္သို႔လိုက္ေနရွာ၏ ။
မင္းေခါင္မွာပြဲေဈးတန္းလူအုပ္ႀကီးကို
တိုးေဝွ႔ေရွာင္ရွားရင္း ဆီးမီးေရာင္ တထိန္ထိန္ ျဖင့္ သပၸါယ္ စြာရွိေနေသာေစတီေတာရွိရာေတ
ဘုရားေတာင္ေပၚညီငယ္လက္ကိုဆြဲရင္းတက္
ေရာက္လာခဲ့၏ ။
ပြဲေတာ္ကာလမို႔ ဘုရားေတာင္ေပၚတြင္ဘုရားဖူးသူ
လူပရိတ္သတ္မ်ားျဖင့္စည္ကားစြာရွိေနသည္။
ယူေဆာင္လာေသာဆီမီးအေမြးနံ႔သာမ်ားကို
မင္းေနာင္ကေစတီေတာ္တြင္ကပ္ညႇိပူ ေဇာ္ရင္း ဘုရားရင္ျပင္ေတာ္မွျပန္ဆင္းလာခဲ့ၾကေတာ့၏။
ၿပီးေနာက္ပြဲေဈးတန္းအစြန္ဖက္လြတ္ေနေသာ
ေနရာတစ္ခုတြင္ယူေဆာင္လာေသာ လက္ဆြဲအိတ္အတြင္းမွ မိုးကာစကိုေျမေပၚတြင္
ခင္းလိုက္သည္။
႐ြာမွာတခါတည္းယူလာေသာ အုန္းပြဲငွက္ေပ်ာ
ပြဲကိုပြဲေဈးသို႔မလည္မွီအပ္ႏွံထားရာဆိုင္မွသြား
ယူ၍ထိုဆိုင္မွထိုင္ခုံငယ္တစ္ခုတစ္ပါတည္း
ငွါးလာခဲ့၏။
ထိုင္ခုံေပၚတြင္ကန္ေတာ့ပြဲတင္လ်က္
ဖေယာင္းတိုင္ႀကီးသုံးတိုင္ စီတန္းထြန္းကာ
အေမြးနံ႔သာတိုင္မ်ားထြန္းညႇိ၍ ျမင္အပ္၊မျမင္အပ္
ေသာအေစာင့္အေရွာက္မ်ားထံ ခြင့္ေတာင္းလိုက္၏။ ေရနံဆီထည့္ရေသာမီးအိမ္ႀကီးကို မီးစာျမႇင့္လိုက္
မ်က္လွည့္ပြဲစတင္ရန္ ပစၥည္းမ်ားထုတ္ယူလ်က္ လင္ကြင္းတခ်မ္းခ်မ္းတီးကာလူအမ်ားအ႐ုံကို
ဆြဲေခၚလိုက္၏ ။
..လက္လွည့္၊မ်က္လွည့္ စိတ္ဝင္စားတယ္
ဆိုရင္ျဖင့္ ကြၽန္ေတာ္ရဲ႕လက္လွည့္ ၊မ်က္လွည့္..
ျပကြက္ေလးမ်ားကိုၾကည့္႐ူအားေပးၾကဖို႔
ဖိတ္ေခၚအပ္ပါတယ္ ခင္ဗ်ာ.…
အျဖဴေရာင္အက်ႌလက္ရွည္အနက္ေရာင္ေယာ
ပုဆိုးကိုဝတ္ဆင္ထားေသာ ေခ်ာေမာခန႔္ညားေသာ
လူငယ္တစ္ေယာက္က ခေလးတစ္ေယာက္နဲ႔
မည္သည့္အရာေရာင္းခ်မလဲ၊ဘာလုပ္မလဲစိတ္ဝင္
စားကာတေစ့တေစာင္းအကဲခတ္ေနၾကသူမ်ားမွာ
မင္းေခါင္ဖိတ္ေခၚေၾကာ္ျငာသံၾကားရေသာအခါမွ
မ်က္လွည့္ျပသမည့္သူျဖစ္ေၾကာင္းသိၾကရေတာ့၏။
အစပထမ လူတစ္ေယာက္၊ၿပီးႏွစ္ေယာက္ …..
ထိုမွ.…ထိုမွ…တစ…တစ… မင္းေခါင္အနီး လူတျဖည္းျဖည္းဝိုင္းကာ တဆင့္စကားျဖင့္
လူငယ္ေသာ္လည္းမ်က္လွည့္ျပကြက္အဆင့္
ျမင့္ေသာ မင္းေခါင္အနီး လူမ်ား ဝိုင္းလာၾက၏။
မင္းေခါင္မွာသာမာန္မ်က္လွည့္ဆရာမ်ားျပသေလ့ရွိေသာ
လက္အားေလေပၚေဝွ႔ယမ္း၍ ခိုျဖဴေလးတစ္ေကာင္သူ႔လက္ေပၚေရာက္လာျခင္း
ခိုျဖဴေလးအား ေျခေထာက္မွကိုင္ကာဆြဲၿဖဲလိုက္ရာ
ႏွစ္ေကာင္ျဖစ္သြားျခင္း။ ေငြစကၠဴတစ္႐ြက္ကို
အစိတ္စိတ္အမြာမြာလုံးေခ်ဆြဲၿဖဲၿပီး လက္ျပန္ျဖန႔္
လိုက္ခ်ိန္အေကာင္းပကတိရွိေနျခင္း။
ႀကိဳးတစ္ေခ်ာင္းအားအဝတ္ျဖင့္အုပ္ထား၍ျပန္
ဖြင့္လိုက္ခ်ိန္ပါးပ်ဥ္းခြက္ေနေသာေႁမြေဟာက္
ႀကီးတစ္ေကာင္ျဖစ္ေနၿပီး၊ေနာက္တစ္ႀကိမ္
အဝတ္ျဖင့္အုပ္လိုက္ေသာအခါ ႀကိဳးျပန္ျဖစ္ေနျခင္း။ၾကည့္႐ူေနေသာ
ပရိတ္သတ္တေယာက္ထံမွ လက္စြတ္တကြင္းေတာင္းယူကာအေဝးသို႔လြင့္ပစ္လိုက္၏၊ ထိုလက္စြတ္က တျခားေသာလူတစ္ေယာက္အိတ္ကပ္မွသြားယူ
ျပျခင္းျပကြက္မ်ားနဲ႔တျခားေသာျပကြက္မ်ားကို
စကားတေျပာေျပာ ဟန္အမူအယာပိုင္ႏိူင္စြာ
ျဖင့္ျပသလ်က္ရွိေနေတာ့၏ ။
ပရိတ္သတ္မ်ားမွာ… ဟင္ခနဲ …ဟာခနဲ …
မင္းေခါင္ျပကြက္မ်ားကိုစိတ္ဝင္တစားရွိေနၾကသလိုလက္ခုပ္သံတေျဖာင္းေျဖာင္းျဖင့္ၾကည့္႐ူသူနဲ႔
မ်က္လွည့္ဆရာၾကား အသားက်သြားေတာ့သည္။
မင္းေနာင္မွာအစ္ကိုျဖစ္သူအားလူမ်ားသေဘာက်ကာလက္ခုတ္တီးေနၾကျခင္းကိုသေဘာအက်ႀကီးက်လ်က္ ပရိတ္သတ္နည္းတူ
သူပါလက္ခုတ္တီးအားေပးေန၏ ။ သူ႔အကို
မ်က္လွည့္ျပကြက္မ်ားကိုလည္းယခုမွၾကည့္ဖူးရာ
အစ္ကိုျဖစ္သူအေပၚအထင္ႀကီးေလးစားေနေတာ့သည္။
မ်က္လွည့္ျပရာေရွ႕ခ်ထားေသာဖလားအတြင္း ပရိတ္သတ္ခ်ီးျမင့္ထားေသာဆုေၾကးေငြအေတာ္ရေနၿပီျဖစ္သလို ညကလည္းတျဖည္းနက္လာခဲ့
ၿပီျဖစ္၏။
ညတစ္နာရီထိုးေလာက္တြင္မင္းေခါင္မွာ
ပရိတ္သတ္အားေတာင္းပန္ျပန္လြတ္ရင္း
ေနာက္ေန႔မ်ားတြင္ဆက္လက္ျပသမည့္အေၾကာင္း
သတင္းပါး၍မ်က္လွည့္ပြဲကိုသိမ္းလိုက္ေတာ့သည္။
မင္းေနာင္လည္းမ်က္လွည့္ပစၥည္းမ်ားသိမ္းဆည္းၿပီး မင္းေနာင္အားေခၚ ပြဲေဈးအတြင္းအဆာေျပမုန႔္မ်ား ဝယ္စားၾကရင္အိပ္ခ်ိန္တြင္ဘုရားရင္ျပင္မွ လြတ္ေနေသာ ေထာင့္ေလးတြင္ဝင္ေခြရင္း
အိပ္ရန္ျပဳၾက၏ ။ မင္းေနာင္မွာခါတိုင္းယခုအခ်ိန္
သိုးေနေအာင္အိပ္ေနၿပီျဖစ္ေသာ္လည္း ယခုကား
မအိပ္ပဲရွိေန၏ ။
” …အစ္ကိုႀကီး ႀကိဳးက ဘယ္လိုေႁမြျဖစ္သြား
တာလဲဟင္ ေနာက္ငွက္ကေလးက ဘယ္ကဘယ္လို အစ္ကိုႀကီးဆီေရာက္လာတာလဲ
တစ္ေကာင္က ႏွစ္ေကာင္ေတာင္ျဖစ္သြားေသးတယ္…”
”… မအိပ္ခ်င္ေသးဘူးလား ညီေလးရာ
အစ္ကိုႀကီးအိပ္ခ်င္ေနၿပီ…”
” …မအိပ္ပါနဲ႔အုံးအစ္ကိုႀကီးရာ ညီေလးသိခ်င္လို႔ပါ …ေျပာျပပါေနာ္ …”
မင္းေခါင္မွသူမေျဖသမ်အိပ္မည္မဟုတ္ေသာ
ညီငယ္အေၾကာင္းသိေန၍ ၿပဳံးလိုက္မိ၏ ။
”…အဲတာေတြက အစ္ကိုႀကီး ဂါထာေတြ႐ြတ္ၿပီး
မန္းမူတ္လိုက္တာေလ….”
”…ဟာ… မိုက္တယ္ေနာ္ ညီေလးကိုေရာ
အဲဂါထာသင္ေပးပါလား …ညီေလးလည္း
တတ္ခ်င္လို႔ သင္ေပးေနာ္…”
” …အဲတာက အခုသင္လို႔မရဘူး ညီေလးရ
အစ္ကိုႀကီးအ႐ြယ္ေလာက္ညီေလးေရာက္မွ
သင္လို႔ရမွာ…”
”…ဒီလိုဆိုရင္ေတာ့ၾကာအုံးမွာပဲ အစ္ကိုႀကီးအ႐ြယ္
ခုေတာင္ေရာက္ခ်င္ေနၿပီ…အစ္ကိုႀကီးအ႐ြယ္ေရာက္ရင္ေတာ့တစ္ကယ္သင္ေပးေနာ္…”
”… အင္းပါ…အစ္ကိုႀကီးထက္ေတာ္ေအာင္သင္ေပးမယ္ ..
ဟုတ္လား ညနက္ေနၿပီ အိပ္ေတာ့…”
သူညီအ႐ြယ္ျဖင့္ထိုပညာသေဘာတရားမ်ားကို
ရွင္းျပ၍နားမလည္ႏိူင္ေသာေၾကာင့္ၿပီးစလြယ္
မင္းေခါင္ေျဖလိုက္၏ ။ မင္းေနာင္မွာသူသိလိုရာ
သိၿပီးၿပီမို႔ မင္းေခါင္ေဘးတြင္ခ်က္ျခင္းအိပ္ေပ်ာ္
လ်က္ရွိေနေတာ့သည္။
ဘုရားပြဲသုံးရက္အတြင္းမင္းေခါင္အိမ္သို႔မလာရန္အေမ့အားမွာခဲ့ၿပီးသားမို႔ ေန႔လည္ပိုင္းမ်ားတြင္လည္းသူ႔မ်က္လွည့္ပြဲအားဆက္တိုက္ျပသလာသည္မွာ ယခုဆိုလ်င္ပိုက္ဆံအေတာ္ပင္ရေနေခ်ၿပီ။တဆင့္စကားတဆင့္နားျဖင့္ မင္းေခါင္မွာ ဘုရား
ပြဲလာပရိတ္သတ္မ်ားၾကား မ်က္လွည့္ဆရာ
ေကာင္ေခ်ာေလးအျဖစ္နာမည္ရေန၏ ။
ယေန႔မွာ ဘုရားပြဲေနာက္ဆုံးရက္ပင္ျဖစ္သည့္
အတြက္
ထပ္ေရာက္လာေသာဘုရားဖူးခရီးသြားမ်ားျဖင့္ေနာက္ဆုံးေန႔မို႔လူကပိုမ်ားလ်က္ရွိေန၏ ။
မင္းေခါင္ေန႔လည္ပိုင္းသူခါတိုင္းေန႔မ်က္လွည့္ျပရာ အရိပ္ေကာင္းရေသာ ေညာင္ပင္ႀကီးေအာက္တြင္ ခါတိုင္းေန႔မ်ားကဲ့သို႔မ်က္လွည့္ျပကြက္မ်ားျပသ
လ်က္ျဖင့္ရွိေန၏ ။
ညေနပိုင္းေရာက္လာၿပီမို႔ ညပိုင္းမွေနာက္တစ္ေခါက္ ျပသမည့္အေၾကာင္း
ေျပာရင္းလူအုပ္ခြဲရန္ျပဳေနစဥ္
ေတာက္ေတာက္ေျပာင္ေျပာင္ဝတ္ဆင္ထားေသာလူႀကီးႏွစ္ဦးမင္းေခါင္ေရွ႕သို႔ ေရာက္ရွိလာၾက၏။
လူႀကီးႏွစ္ေယာက္ပုံစံၾကည့္႐ုံမ်ျဖင့္ပင္ ေၾကးရတတ္လူခ်မ္းသာမ်ားဆိုတာေပၚလြင္ေနသည္။
” ဒီကေမာင္ရင္ ေလးျပသြားတဲ့ ျပကြက္ေတြက အရမ္းေကာင္းတာပဲ …လူငယ္ေပမယ့္ ပညာရပ္က
မငယ္ပါဘူးတကယ္ေတာ္တယ္…”
ထိုသူႏွစ္ေယာက္ထဲမွ ခပ္၀၀ လူႀကီးကစကားစတင္ေျပာလိုက္ျခင္းပင္။
“ဟုတ္ကဲ့… ေက်းဇူးပါဦး ဒီေလာက္လည္း မဟုတ္ပါဘူး…ေလ့လာသင္ယူဆဲပါ
လိုအပ္ခ်က္မ်ားပါေသးတယ္…”
“ဘယ္ကလာမဟုတ္ရမွာလဲ…ေမာင္ရင္ေလးကြက္ေတြက
အရမ္းအဆင့္ျမင့္တယ္…ဦးကမ်က္လွည့္
ဝါသနာရွင္တစ္ေယာက္မို႔သိတယ္…
ေနာက္ၿပီး ဦးခပ္ငယ္ငယ္က ၾကည့္ဖူးတဲ့ မ်က္လွည့္ဆရာတစ္ေယာက္ျပကြက္ေတြနဲ႔…
ေမာင္ရင္ေလးျပသြားတာတစ္ထပ္တည္းပဲ… အရမ္းေတာ္တဲ့ မ်က္လွည့္ဆရာတစ္ေယာက္ပဲ
ဒါနဲ႔ေမာင္ရင္ေလးကေရာ ဒီပညာဘယ္ကေနသင္ထားတာလဲ…”
“ကြၽန္ေတာ္ေဖေဖ မဆုံးခင္သင္ေပးခဲ့တဲ့ ပညာေတြပါဦး…”
“ကဲ ကိုထင္ေက်ာ္ ျပန္ၾကရေအာင္ဗ်ာ…
ခင္ဗ်ားေျပာေျပာ ေနတဲ့ ပညာရပ္မရွိပါဘူးဗ်ာ…”
သူ႔ေဘးမွအေဖာ္ျဖစ္သူေျပာစကားေၾကာင့္
ခပ္၀၀လူႀကီးမ်က္ႏွာသည္ ေဒါသျဖင့္ နီရဲသြား၏။
“ဒီမွာ… ကိုေအာင္ေသာင္း က်ဳပ္ကိုလူလိမ္လို႔ထင္
တာက်ဳပ္အမုန္းဆုံးပဲ……
က်ဳပ္ကိုယ္တိုင္ကိုယ္က် စမ္းသပ္ၿပီးမွယုံခဲ့တဲ့ေကာင္ပါဗ်…ခင္မ်ားမ်က္စိနဲ႔
မျမင္ရတိုင္းမရွိဘူး၊မယုံဘူးဆိုတဲ့ စကားမေျပာပါနဲ႔……”
“ဟင္း…ဟင္း…လူတစ္ေယာက္ ကိုအသက္မဲ့ေအာင္လုပ္ၿပီး အသက္ျပန္သြင္းတဲ့ ပညာ ေလာကႀကီးမွာ မရွိပါဘူးဗ်ာ…ျဖစ္လည္း
မျဖစ္ႏိူင္ပါဘူး…”
“ရွိတယ္ဗ် ရွိတယ္ က်ဳပ္လက္ေတြ႕ႀကဳံခဲ့၊
ျမင္ခဲ့တာ……”
ေနာက္ေရာက္လာေသာလူႀကီးႏွစ္ေယာက္မွာ
သူငယ္ခ်င္းမ်ားျဖစ္ဟန္တူၿပီး တစ္စုံတရာေသာအေၾကာင္းအရာကို ရွိ၏၊မရွိ၏
စကားျဖင့္ျငင္းခုန္၍အေျခအတင္ျဖစ္ေနၾကျခင္းပင္။
ထိုလူႀကီးမ်ားေျပာေသာပညာရပ္ကိုမင္းေခါင္မွာ
ရင္းႏွီးကြၽမ္းဝင္ရွိသူျဖစ္ေသာေၾကာင့္စကားဝိုင္းသို႔
ဝင္ပါလိုက္မိ၏ ။
“ဦးတို႔ေျပာေနတဲ့အေၾကာင္းက ဝိညဥ္ေပ်ာက္အတတ္ထင္တယ္…”
မင္းေခါင္တစြန္းတစဝင္ေျပာလိုက္ေသာ
စကားေၾကာင့္ ခပ္၀၀လူႀကီးမ်က္ႏွာမွာအံ့ျအတႀကီးျဖစ္၍ဝမ္းသာသြားဟန္ေတြ႕ရ၏ ။သူ႔ဖက္မွစစ္ကူတစ္ေယာက္ရ
သြားတက္ေသာေၾကာင့္ အားတက္သေရာျဖင့္
“အဲဒီပညာကိုေမာင္ရင္ေလးသိတယ္..ဟုတ္လား တတ္ရင္ ဒီလူကိုတစ္ခ်က္ျပလိုက္စမ္းပါကြာ ဦးခပ္ငယ္ငယ္က မ်က္လွည့္ဆရာႀကီးတစ္ေယာက္ ျပတာၾကည့္ဖူးတယ္ …
လူအရွင္လတ္လတ္ကေသ သြားၿပီး ျပန္အသက္ရွင္လာေအာင္လုပ္တာ ဘာ..ဝိညဥ္ ေဖ်ာက္အတတ္..ဟုတ္လားေမာင္ရင္ေလး”
“ဟုတ္ပါတယ္…. ဒါေပမယ့္ ကြၽန္ေတာ္မျပပါရေစနဲ႔… ဦးအရမ္းအႏၲရယ္မ်ား
တဲ့ျပကြက္တစ္ခုျဖစ္တာေၾကာင့္မို႔ပါ…. ”
“ျဖစ္ႏိုင္ရင္ျပေပးစမ္းပါ…ေမာင္ရင္ေလးရယ္ …ဒီတစ္ေယာက္က အဲအေၾကာင္းေျပာတိုင္း
က်ဳပ္ကိုေလွာင္ေနတာ ၾကာၿပီေမာင္ရင္ေလးရဲ႕ …က်ဳပ္သူ႔ကိုလက္ေတြ႕ျပၿပီးသူ႔ကို လက္စားေခ်ခ်င္လို႔ပါ လုပ္ပါ ေမာင္ရင္…”
”…မျဖစ္ႏိူင္လို႔ပါ ဦးရယ္ …ခုကလည္း…
ဦးတို႔စကားၾကားလို႔ရွိမရွိဝင္ေျပာမိ႐ုံပါ…”
”…တန္ဖိုးျဖတ္တယ္လို႔ေတာ့မထင္ေစခ်င္ဘူး
တကယ္လို႔ ေမာင္ရင္ေလးသာ အဲဒီျပကြက္ကို
ျပေပးႏိူင္ရင္ ဒီေငြအကုန္လုံးကို ေမာင္ရင္
ေလးယူလိုက္ပါ…”
လူႀကီးမွာေျပာစကားနဲ႔အတူ သူ႔ေဘးလြယ္အိပ္အတြင္းမွေငြစကၠဴအထပ္လိုက္ႀကီးဆြဲထုတ္၍မင္းေခါင္မ်က္လွည့္ျပရာတြင္ခ်ထား
ေသာဖလားႀကီးအတြင္းထည့္လိုက္၏ ။သူယုံၾကည္
မူအတြက္ေငြဘယ္ေလာက္ကုန္ကုန္အေရးမစိုက္
တတ္ေသာလူမ်ိဳးျဖစ္ဟန္တူ၏ ။
မင္းေခါင္တစ္ေယာက္ ေငြစကၠဴအထပ္လိုက္ႀကီး
ကိုၾကည့္ရင္းမွင္တက္ေနမိ၏ ။သူ႔တစ္သက္တြင္
ယခုကဲ့သို႔ေငြမ်ိဳးကိုပိုင္ဆိုင္ဖူးရန္ေဝး၊ျမင္ပင္မျမင္
ဖူးေသာပမာဏျဖစ္၏ ။ ထိုေငြကသူ႔အပိုင္ျဖစ္ရန္
ျပကြက္တစ္ခုသာျပရန္လိုအပ္ေန၏ ။
ဖခင္ေျပာစကားမ်ားကိုလည္းမင္းေခါင္နားတြင္
ၾကားေယာင္လာ၏ ။ ဝိညဥ္ေဖ်ာက္အတတ္ပညာစသင္ကတည္းမွာထားေသာစကားတစ္ခြန္းရွိ၏ ။
ထိုပညာမွာ ဝိညဥ္နဲ႔ေလာကျဖင့္ဆိုင္ေသာပညာ
ရပ္မ်ိဳးျဖစ္၍ အႏၲရယ္မ်ားလြန္းလွေၾကာင္း။
အကယ္၍လူတစ္ေယာက္အား ဝိညဥ္နဲ႔
ကိုယ္ခႏၶာကိုအခ်ိန္တစ္ခုအထိသာ
ခြဲထား၍ရၿပီး၊သတ္မွတ္ထားေသာအခ်ိန္
ကိုယ္အတြင္းျပန္မသြင္းႏိုင္ပါကဝိညဥ္ ခႏၶာအတြင္းျပန္မဝင္ႏိုင္ေတာ့ပဲအသက္ဆုံး႐ူးရတတ္ေသာေၾကာင့္ပညာႏုနယ္ေသးေသာ
အ႐ြယ္တြင္မျပသသင့္ေၾကာင္းသတိေပးစကား
ဆိုဖူး၏ ။
မင္းေခါင္မွာ သူ႔ေရွ႕ကေငြအထပ္လိုက္ကိုၾကည့္ရင္းမ်က္လုံးမခြာႏိူင္ပဲရွိေန၏ ။
ယခုလိုအခြင့္အေရးမ်ိဳး၊အခ်ိန္အခါမ်ိဳးေနာက္တႀကိမ္ျပမရႏိူင္မွန္းေတြးေနမိျပန္၏ ။
မေသခင္ ညီငယ္ေလးအားရွင္ျပဳ ေပးသြားခ်င္ေသာ မိခင္ျဖစ္သူအေၾကာင္းလည္း
ေခါင္းထဲသို႔တရစ္ဝဲဝဲေရာက္လာျပန္၏။
အသက္နဲ႔လဲထပ္ရေသာအေလာင္းအစားမ်ိဳး
မို႔စိုးရိမ္စိတ္ကလည္းရွိေနျပန္သည္
….ျပပါဗ်ိဳ႕…အဲဒီလိုျပကြက္ဆန္း
တခါမွမျမင္ဖူးေသးဘူး….
…မ်က္လွည့္ဆရာေလး ဘာေတြေတြးေနတာလဲ
ပိုက္ဆံလာေပးတာျငင္းလြတ္ရလား….
…အဲဒီျပကြက္ကိုျပေပးပါဗ်ိဳ႕ …
ပရိတ္သတ္မ်ားသည္လူစုခြဲေနရာမွတစ္ေယာက္စကားတစ္ေယာက္နားျဖင့္ လူစုလူေဝးႀကီးအျဖစ္ျပန္လည္ျပည့္ႏွက္လာၿပီျဖစ္ကာ
မင္းေခါင္အား ဝိညဥ္ႏူတ္ျပကြက္ျပေပးရန္တစ္ေယာက္တေပါက္
ဝိုင္းဝန္း၍ေတာင္းဆိုလ်က္ရွိေနၾက၏ ။
မင္းေခါင္မွာျပသင့္၊ဟူေသာစိႏွစ္ခုလြန္ဆြဲေနရာ
မွထိုျပကြက္ကိုျပသရန္ဆုံးျဖတ္ခ်က္ခိုင္မာစြာခ်လိုက္ပါေတာ့၏ ။
“ကြၽန္ေတာ္အဲျပကြက္ကို ျပပါမယ္ အခ်ိန္အတိုင္းအတာတစ္ခုျပည့္တာနဲ႔ဝိညဥ္ ျပန္ထည့္ရမွာမို႔ သိပ္အၾကာႀကီးလူေသလို ေနခိုင္းလို႔မရပါဘူး… ဒါကိုေတာ့ …ဦးနားလည္ေပးပါ…”
” ရပါတယ္ကြာ အသက္ရွိမရွိ ဒီေကာင္ကို
ေသခ်ာစမ္းခိုင္းမယ္…အဲတာဆိုရၿပီ… မင္းသတ္မွတ္ခ်ိန္မေက်ာ္ေစရပါဘူး”
မင္းေခါင္သတၱာအတြင္းမွ လိုအပ္ေသာပစၥည္းမ်ားထုတ္လိုက္ရင္းေနရင္း
ညီအားတစ္ခ်က္ လွမ္းၾကည့္လိုက္၏ ။
ယခုျပကြက္အတြက္တစ္ျခားသူမ်ားမွာလိပ္ျပာ
လြင့္မည့္အေရးမို႔မည္သူမ်လုပ္ရဲမည္မဟုတ္တာ
ေသခ်ာေန၏ ။
တျခားသူအားေ႐ြးစရာအခြင့္အေရး မင္းေခါင္အတြက္ အခ်စ္ရဆုံးညီျဖစ္သူကို လိပ္ျပာအလြင့္ခံမည့္သူအျဖစ္မိုက္႐ူးရဲဆန္စြာေ႐ြးခ်ယ္ထားၿပီးျဖစ္။
“…ကိုႀကီးကို… ယုံပါ… ညီေလးရယ္…
မင္းဘာမွမျဖစ္ေစရပါဘူး… ”
မင္းေနာင္ကားသူတို႔ေျပာစကားမ်ားအား
နားမလည္ေပ။
မ်က္လွည့္ျပရာ ေညာင္ပင္ေအာက္တြင္ပြဲေဈးမွ
မင္းေခါင္ဝယ္ေပးထားေသာအ႐ုပ္ကေလးမ်ားျဖင့္ ေပ်ာ္႐ြင္စြာေဆာ့ေန၏ ။
မင္းေခါင္သူ႔ညီနားသြားကာမင္းေနာင္ေခါင္းမွ
ဆံပင္မ်ားကိုလက္ျဖင့္ဖြဖြေလးသပ္တင္ေပးေနမိ၏။
“ညီေလး… ဒီတခါအကိုႀကီးမ်က္လွည့္ျပမလို႔ ညီေလးပါမလား……ဟိုမွာလူေတြကညီေလးကိုပါ
အစ္ကိုႀကီးနဲ႔အတူမ်က္လွည့္ျပေစခ်င္လို႔တဲ့”
” ညီေလးပါပါရမယ္ဟုတ္လား…ပါခ်င္တာေပါ့
ဒါေပမယ့္ ညီေလးမွမ်က္လွည့္မျပတတ္တာ…”
”အစ္ကိုႀကီးရွိေနတာပဲ အစ္ကိုႀကီးသင္ေပးမွာေပါ့
လာခဲ့… အစ္ကိုႀကီးတို႔အတူတူမ်က္လွည့္သြား
ျပၾကမယ္…”
မင္းေနာင္မွာမ်က္လွည့္ျပပြဲအတြင္းသူပါရမည္ဆိုေသာေၾကာင့္ဝမ္းသာေနေသာ္လည္းကိုယ္တိုင္ကိုယ္က်မ်က္လွည့္ျပရမည္ဆိုေသာသူ႔အစ္ကိုစကားေၾကာင့္ယခုအခ်ိန္တြင္လူမ်ားဝိုင္းၾကည့္ေနမူကို
ရွက္႐ြံ႕ေနရွာေသာအမူအယာျဖင့္ရွိေန၏ ။
“လာ… ညီေလးက… ဒီမွာ… အိပ္ၿပီး မ်က္လုံးမွိတ္ထား… မ်က္လုံးဖြင့္မၾကည့္ရဘူးေနာ္…အကိုႀကီး ေျပာတာကိုေသခ်ာနားေထာင္ၾကားလား…”
”…ဟုတ္ကဲ့အစ္ကိုႀကီး…..”
ပရိတ္သတ္သည္ မီးကို ေရနဲ႔ ၿငိမ္းလိုက္သည့္အလားၿငိမ္သက္တိတ္ဆိတ္စြာျဖင့္
မင္းေခါင္ဘာဆက္လုပ္မလဲ
စိတ္ဝင္တစားေစာင့္ၾကည့္ေနၾက၏ ။
မင္းေခါင္မွာ မီးၿငိမ္းေနေသာကန္ေတာ့ပြဲကိုအေမြးတိုင္၊ဖေယာင္းတိုင္အသစ္မ်ားလဲလွယ္ထြန္းညႇိလိုက္၏။
ညီျဖစ္သူကိုလည္းပိတ္ျဖဴအဝတ္ခင္းထားေသာ
ေျမျပင္ေပၚပက္လွန္လဲေစလ်က္ရင္ဘတ္ေပၚ
လက္ကိုယွက္ထားကာ မ်က္လုံးမ်ားမွိတ္ခိုင္း
ထားလိုက္၏ ။
မင္းေခါင္မွာ
ခြက္ကေလးတစ္ခုအတြင္းေဆးမူန႔္မ်ားအနည္းငယ္ျဖန္းထည့္မီး႐ိူ႔လ်က္ ၿငိမ္ၿငိမ္ေလးလွဲေနေသာ ညီျဖစ္သူႏွာဝနားေတ့ကာ ထြက္လာေသာမီးခိုး
မ်ားကို႐ူခိုင္းေန၏ ။
ထို႔ေနာက္
မႏၲန္တစ္ပုဒ္ကိုပါးစပ္လူပ္႐ုံ တီးတိုးအဆက္မျပတ္ ႐ြတ္ဆိုေနလ်က္မွညီျဖစ္သူညာဘက္ေျခမေလးတြင္ ေ႐ြေရာင္ခ်ည္ႀကိဳးေလးတစ္ပင္ ခ်ည္လိုက္ၿပီး၊ဖန္ႁပြန္ ဗူးငယ္ေလးကိုလက္မွကိုင္၍ ညီငယ္
ေျခေထာက္တြင္ခ်ည္ေႏွာင္ထားေသာေငြေရာင္
ႀကိဳးေလးေနာက္တစ္စကို ဖန္ႁပြန္ထိပ္ဖက္တြင္
ခ်ည္ေႏွာင္ကာ ပိတ္ထားေသာအဖုံးကိုဖြင့္လိုက္၏ ။
မင္းေခါင္မွာ ပါးစပ္မွ႐ြတ္ဆိုမူကိုမျပတ္ေစပဲ
ဖန္ႁပြန္ပုလင္းကိုကိုင္၍ေျခမနဲ႔ခ်ည္ေႏွာင္ထားေသာႀကိဳးနဲ႔
ဖန္ႁပြန္ထိပ္မွႀကိဳးတင္းေနေစရန္ျပဳလုပ္ထား၏။
မင္းေခါင္လက္မွကိုင္ထားေသာဖန္ႁပြန္ပုလင္းမွ
ႀကိဳးနဲ႔ သူညီငယ္ေျခမတြင္ခ်ည္ေႏွာင္ထားေသာ
ႀကိဳးအကြာအေဝးမွာ ခုႏွစ္ေတာင္ခန႔္မ်အကြာအေဝးရွိေန၏ ။
မင္းေခါင္လုပ္ေဆာင္ခ်က္မ်ားမွာ
နာရီဝက္နီးပါးခန႔္ေတာ့ၾကာျမင့္သြားခ်ိန္
ျဖည္းညႇင္းစြာ အသက္ ႐ူေနေသာ ညီျဖစ္သူတစ္ကိုယ္လုံးေတာင့္တင္းသြား၏။
မင္းေခါင္မွာထိုအခါက်မွဖန္ပုလင္းအဖုံးကို
ပိတ္လိုက္ေတာ့သည္။ဝိညဥ္ခြဲျခင္းလုပ္ငန္းတဝက္ေအာင္ျမင္ၿပီျဖစ္၏ ။
“ကဲ …ဦးတို႔ႏွစ္ေယာက္ပဲ ဒီကိုလာၿပီးစမ္းသပ္ပါ…
ေ႐ြေရာင္ႀကိဳးေလးကိုေတာ့မထိမိေစဖို႔အထူး
သတိထားေစခ်င္ပါတယ္… ”
ထိူလူႀကီးႏွစ္ေယာက္မွာမင္းေနာက္အနီးတိုးကပ္၍
ႏွာေခါင္းကိုလက္ျဖင့္ ေလခံၾကည့္လိုက္ ၊လက္ေကာက္ဝတ္ေသြးခုန္ႏူန္အားစမ္းလိုက္ ၊ရင္ဘတ္အားနားကပ္ေထာင္လိုက္ျဖင့္စမ္းသပ္ေနၾက၏ ။
ဦးထင္ေက်ာ္ဆိုသူမွာ အားရဝမ္းသာ မ်က္ႏွာျဖင့္
ပိုင္ႏိူင္စြာၿပဳံးရင္းသူသူငယ္ခ်င္းကိုၾကည့္လိုက္၏။
“ဘယ္လိုလဲ… ေအာင္ေသာင္း…
…ငါ့ကိုလူလိမ္လို႔ေခၚစမ္းပါအုံး…”
“ဟုတ္တယ္ဗ်ာ… ခင္မ်ားေျပာတုန္းကလုံးဝမယုံခဲ့ဘူး …လက္ေတြ႕ႀကဳံမွယုံရေတာ့တယ္… ဒီေကာင္ေလး ေသေနၿပီ…”
“ကဲ…ဦးေလးတို႔စမ္းသပ္တာေက်နပ္ရင္
ရင္ေဘးခနဖယ္ေနေပးၾကပါ
ကြၽန္ေတာ္ဒုတိယအဆင့္ ဝိညဥ္ျပန္ထည့္ရမွာမို႔ပါ….”
လူႀကီးႏွစ္ေယာက္စိတ္ႀကိဳက္စမ္းသပ္၍ေက်နပ္မူ
ရေသာအခါ၊ မင္းေခါင္မွာ ဖန္ပုလင္းအဖုံးကိုျပန္ဖြင့္၍
ဝိညဥ္ေခၚဂါထာမန္းမူတ္ေနခ်ိန္ မွာပင္မထင္မွတ္ေသာအျဖစ္အပ်က္တစ္ခုျဖစ္လာ၏။
…ေထာက္…
…ဟာ…
ညီငယ္ျဖစ္သူေျခမနဲ႔ ဖန္ႁပြန္တြဲဆက္ခ်ည္ေႏွာင္
ထားေသာ ေ႐ြေရာင္ႀကိဳးေလးျပတ္သြားသိ
ေထာက္ကနဲဆိုေသာအသံေလးမွာ မင္းေခါင္အတြက့္နားတြင္ မီးေတာင္ႀကီးေပါက္ကြဲသြားသလိုၾကားလိုက္ရမိ၏ ။
မင္းေခါင္စိတ္ပူပန္မူမ်ား
အဆုံးထိျမင့္တက္သြားသလိုစိုးရိမ္မ်ားငယ္
ထိပ္ေဆာင့္တက္သလိုခံစားရကာ ေျခမကိုမိ
လက္မကိုင္မိျဖစ္သြားရေတာ့၏ ။
အေႏွင့္အယွက္ေပၚၿပီ မင္းေခါင္
ထိန္းခ်ဳပ္ထားေသာ ဝိညဥ္အား သူ႔ထိန္းခ်ဳပ္မူေအာက္မွ ေႏွာင့္ယွက္၍
ဖယ္ထုတ္လိုက္ျခင္းေၾကာင့္ျဖစ္၏ ။
မင္းေခါင္႐ြတ္ေနေသာ ဂါထာရပ္လိုက္ရင္းမွ
ပရိတ္သတ္ဖက္ မ်က္ႏွာမူလိုက္၏ ။
“ကြၽန္ေတာ့္အလုပ္ ကိုေႏွာင့္ယွက္သူတစ္ေယာက္ရွိေနပါတယ္…
ကြၽန္ ေတာ္ေတာင္းပန္ပါတယ္အခ်ိန္မွီသာ ကြၽန္ေတာ္ညီေလးဝိညဥ္အခ်ိန္မွီ
ျပန္မထည့္ႏိုင္ရင္ကြၽန္ေတာ့္ညီေလး အသက္ဆုံး႐ူးရပါလိမ့္မယ္ …ဒါေၾကာင့္ျပန္လြတ္ေပးပါလို႔ကြၽန္ေတာ္ ေတာင္းပန္ပါတယ္…”
ပရိတ္သတ္အသံမ်ားတစ္ေယာက္တစ္ေပါက္ဆူညံေနသလို မင္းေခါင္ရင္ထဲတြင္ စိုးရိမ္စိတ္ျဖင့္ဗေလာင္ဆူေနၿပီျဖစ္သည္။
“ကြၽန္ေတာ္ေနာက္တစ္ေခါက္ထပ္ေတာင္းပန္ပါတယ္ကြၽန္ေတာ္ပညာရွင္မဟုတ္ဘူးတကယ္လို
့ပညာစမ္းေနတယ္ဆိုရင္လည္း ကြၽန္ေတာ္အ႐ူံးေပးပါတယ္ျပန္လြတ္ေပးပါ
အခ်ိန္ကျပည့္ေတာ့မွာမို႔ပါ ေတာင္းပန္ပါတယ္
ပိုက္ဆံလိုခ်င္လို႔လုပ္တာဆိုရင္လည္းကြၽန္ေတာ္ေရွ႕ကပိုက္ဆံအကုန္ယူသြားႏိူင္ပါတယ္ …
ကြၽန္ေတာ္ညီငယ္ေလးဝိညဥ္ကိုျပန္လြတ္ေပးပါ…”
မင္းေခါင္မ်က္ရည္မ်ားက်ကာ ပရိတ္သတ္ဖက္ငိုယိုရင္းအႀကိမ္ႀကိမ္ေတာင္းပန္
ေနေသာ္လည္း ေျပာင္းလဲသြားေသာအေျခအေနကိုေၾကာင္ေငး
ၾကည့္ေနေသာပရိတ္သတ္ထံမွ အေျခအေနထူးျခားမလာေပ။
အခ်ိန္ျပည့္ၿပီ။
မင္းေခါင္ဒူးေထာက္ထိုင္ခ်ရင္းသည္းထန္စြာျဖင့္ညီငယ္ျဖစ္သူအေလာင္းအားဖက္၍ ငိုခ်လိုက္သည္။
“ညီေလးရယ္ အစ္ကိုႀကီးကို ခြင့္လြတ္ပါ မင္းကို အစ္ကိုႀကီးသတ္တလိုက္မိတာပါကြာ….အီး…ဟီး…ဟီး….”
အ႐ူးတစ္ေယာက္လိုညီငယ္ျဖစ္သူ အေလာင္းအားဖက္၍ ေအာ္ဟစ္ငိုယိုေနေသာ မင္းေခါင္ကိုၾကည့္၍မ်က္လွည့္ပြဲစရန္စီစဥ္ေသာ လူႀကီးအပါအဝင္ဝိုင္းၾကည့္ေနေသာ လူအုပ္စိတ္မေကာင္းစြာျဖင့္ၿငိမ္သက္စြာရွိေနၾက၏။
ထူးဆန္းေသာအေၾကာင္းအရာမ်ားေၾကာင့္သတင္းၾကား၍လာၾကည့္သူမ်ားလည္းတစတစမ်ားလာရာ
မင္းေခါင္မွာ လူအုပ္ႀကီးအလယ္တြင္ရွိေနေတာ့၏ ။
မင္းေခါင္မွာညီျဖစ္သူအတြက္မခ်ိတင္ ယူႀကဳံးမရ
ငိုေႂကြးေနရာမွ မတ္တတ္ရပ္လာ၏ ။မ်က္ရည္မ်ားျဖင့္စိုစြတ္ေနေသာမ်က္လုံးကနီရဲ
ခက္ထန္ေနလ်က္ ေမး႐ိုး
အံႀကိတ္ထားဟန္ျဖင့္ေမး႐ိုးႀကီးမ်ားေထာင္ထေန၏
”…ကြၽန္ေတာ္ကို ငွက္ေပ်ာပင္အပင္ပ်ိဳ တစ္ပင္ေလာက္ရွာေပးၾကပါလား…အပင္ပ်ိဳ(အသီးမသီးရေသးေသာအပင္)
မင္းေခါင္အျဖစ္ကိုသနားေနေသာလူအုပ္ႀကီးမွာ
မင္းေခါင္စကားဆုံးသည္နဲ႔တၿပိဳင္နက္ ပရိတ္သတ္ထဲမွေယက္က်ားႀကီးတစ္ေယာက္မွာခပ္လွမ္းလွမ္းတြင္ရွိေနေသာငွက္ေပ်ာေတာမွ အပင္တပ်ိဳတပင္အားအလ်င္ျမန္ခုတ္ကာျပန္ေရာက္လာ၏ ။
ငွက္ေပ်ာပင္ရေသာအခါမင္းေခါင္မွာငွက္ေပ်ာပင္ကိုသူညီေျခရင္းတြင္တြင္းတူးစိုက္လ်က္ ငွက္ေပ်ာပင္အားေငြေရာင္အပ္ခ်ည္ျဖင့္ပတ္ခ်ည္ကာက်န္ ႀကိဳးတစ္စအားသူ႔ညီ ဘယ္ဖက္ေျခမတြင္ခ်ည္လိုက္၏ ။ ထို႔ေနာက္ ဂါထာတပုတ္တီးတိုး႐ြတ္ဆိုလိုက္ရင္းငွက္ေပ်ာပင္
ပင္စည္ကိုဓားျဖင့္အားကုန္ ပိုင္းခ်လိုက္ေတာ့၏ ။
…ဝုန္း…
…ဝုန္း…
ပထမအသံမွာငွက္ေပ်ာပင္အဖ်ားေျမေပၚလဲၿပိဳသံျဖစ္ၿပီးဒုတိယအသံမွာကားရပ္ၾကည့္ေနေသာလူအုပ္အတြင္းလူတစ္ေယာအ႐ိုပ္ႀကိဳးျပတ္လဲက်သံ
ပင္ျဖစ္၏ ။
…အားလုံးပဲခုလဲက်ေသသြားသူဟာ ကြၽန္ေတာ့္
ညီကိုသတ္တဲ့သူပါပဲ…
..ဟာ..
..ဟင္…
..အလိုေလး…
..ဘုရား..ဘုရား…
..ဟိုေကာင္ေလးကိုသတ္တာဘယ္သူမ်ားပါလိမ့္….
မင္းေခါင္စကားအဆုံးမတူညီေသာ အေမဋိတ္သံမ်ိဳးစုလူအုပ္ၾကားမွထြက္လာကာ
လူအုပ္အတြင္းလဲက်ေနသူထံအားလုံးအၾကည့္ေရာက္ကုန္ၾက၏။
လဲက်ေသဆုံးေနသူမွာ
အဘြားအိုတစ္ေယာက္ျဖစ္ၿပီးထူးျခားသည္ကားလည္ပင္းမွေသြးတစိမ့္စိမ့္ထြက္ကာေသဆုံးေနျခင္းပင္ျဖစ္သည္။
“ဒါ …ငါတို႔႐ြာ စုန္းမႀကီး ေဒၚျမသာ ပဲ ဘယ္လိုျဖစ္တာလဲ…”
..ေသတာေကာင္းတယ္ ခေလးကိုသတ္တဲ့..
အပါယ္လားမဲ့ ဟာမႀကီး…
… သူမွန္းသိရင္ ဟိုေကာင္ေလးမသတ္ခင္
ဒင္းကိုငါအရင္သတ္မိမွာ …
…ေတာက္..လူစိတ္မရွိတဲ့ဟာမႀကီး..ဖြီ…
အားလုံးေသာမ်က္လွည့္ၾကည့္ပရိတ္သတ္မ်ား
စုန္းမႀကီးဆိုသူအားဝိုင္းၾကည့္ၿပီးတေယာက္တမ်ိဳး
ျပစ္တင္ဆဲဆိုႀကိမ္းေမာင္းလ်က္ရွိေနၾက၏ ။
ထိုေသဆုံးသြားေသာေဒၚျမသာမွာ ဒီနယ္တဝိုက္
ဆယ့္ႏွစ္ႀကိဳးကေဝစုန္းမႀကီးအျဖစ္ မေကာင္း
သတင္းျဖင့္ေက်ာ္ေဇာနာမည္ႀကီးသူပင္ျဖစ္ေတာ့၏။
ညီအေလာင္းအားေပြ႕လ်က္မင္းေခါင္လူအုပ္ၾကားမွ
တိတ္ဆိတ္စြာထြက္လာခဲ့ေတာ့၏
မ်က္လွည့္ပစၥည္းမ်ား… ပိုက္ဆံမ်ားမွာဒီအတိုင္းပင္က်န္ေနရစ္ခဲ့ၾက၏
ဝင္လုဆဲဆဲေနေရာင္ေအာက္တြင္ေလးပင္ေသာအေလာင္းတစ္ေလာင္းကိုေပြ႕ခ်ီၿပီးသြားေနေသာသူတစ္ေယာက္ရွိေနပါ၏ ။
အ႐ူးတစ္ေယာက္လိုငိုလိုက္ ရယ္လိုက္
အသက္မရွိေသာ အေလာင္းကို စကားေျပာလိုက္ နမ္း႐ူတ္လိုက္ျဖင့္ရွိေနေသာထိုသူေျပာစကားမ်ားမွာ
”…အေမကို ငါဘယ္လိုေျပာရမွာလည္း
ညီေလးရယ္ .ငါတို႔ျပန္အလာကို
အေမေစာင့္ေနတယ္ေလ….
မင္းကိုဘယ္သူသတ္လိုက္တာလဲ ေမးရင္ေကာ
အစ္ကိုႀကီး ဘယ္လိုျပန္ေျဖရမွာလဲ…
ဒါေပမယ့္ အစ္ကိုႀကီးေျဖပါ့မယ္ကြာ…
ညီေလးခုလိုအပစ္မရွိပဲေသရတာ အစ္ကိုႀကီး
ေလာဘေၾကာင့္ပဲ ညီေလးကိုတစ္ျခားလူ
သတ္တာမဟုတ္ပါဘူး…ေဟာဒီက…မင္းခ်စ္တဲ့ …အစ္ကိုႀကီး
သတ္တာပါ ခြင့္မလြတ္ပါနဲ႔ညီေလးေရ…..
အစ္ကိုႀကီးလိုအစ္ကိုမ်ိဳးက
ခြင့္လြတ္မူနဲ႔မထိုက္တန္တာမို႔ ခြင့္မလြတ္ပါနဲ….”
ေနလုံးႀကီးမွာအေနာက္ေဂါယာကြၽန္းသို႔ငုတ္လ်ိဳး
ကြယ္ေပ်ာက္သြားၿပီမို႔အေမွာင္ထုမ်ားခ်ည္းနင္း
ဝင္ေရာက္လာ၏ ။တစ္ခါတရံေ႐ြးခ်ယ္စရာ
မရွိပဲ။မျဖစ္မေနေ႐ြးခ်ယ္လိုက္ရေသာေ႐ြးခ်ယ္မူမ်ားမွား
ယြင္းသြားပါက ဘဝနဲ႔ရင္း၍ေပးရေသာအဖိုးအခ
ေလ်ာ္ေၾကးမ်ားရွိေနတတ္ပါသည္။
==========================
(ၿပီးပါၿပီ)
ျမဴခိုးအလကၤာ