“ထီးရိပ်ခိုဖူးသော မိန်းကလေး”(စ-ဆုံး)
—————————————–
တက္ကသိုလ်ဘုန်းနိုင်
နှလုံးသား မှန်သမျှတွင် ခံစားမှုကို မွေးဖွားသည့် အစွဲလေးတွေ ရှိစမြဲ။
ငွေလ မြင်တိုင်း မျက်ရည်ဝိုင်းသည်။ တချို့က ဤသို့ဖွဲ့သည်။
ပိတောက်တွေ ပွင့်မှဖြင့် တချို့က ဤသို့ ရှိုက်သည်။
မိုးတွေ ရွာမှာဖြင့်လျှင်ကွယ်။ ဤသို့ ညည်းသူကလည်း ညည်းသည်။
သြော် ကိုယ့်မှာလည်း လွမ်းစရာလေး ရှိသည်။
မိုးညိုညိုကိုကြည့်ပြီး ကိုယ် သက်ပြင်းချမိ၏။
ကိုယ်က အညာသား။ အညာသားဆိုတော့ မိုးကြောက်သည်။ အညာမှနေ မိုးများသော ရန်ကုန်သို့ မိုးတွင်းကြီး၌ ရာထူးတက် ပြောင်းလာရတော့ …။
ကားမှတ်တိုင်တွင် ရပ်ရင်း ကိုယ်က သက်ပြင်းချနေမိသည်။
မိုးခိုအဆောက်အအုံလေးထဲတွင် လူတွေပြည့်ကျပ်နေသဖြင့် ကိုယ်က လမ်းဘေးလေဟာတွင် ရပ်နေသည်။ ကိုယ့်လိုပင် ရပ်နေကြသူတွေကလည်း တစ်ပုံကြီး။
မိုးလေးက တဖွဲဖွဲ ကျလာနေသည်။ ကိုယ်က ထီးဖွင့်ဆောင်းပြီး ရပ်နေသည်။ ထီးအပြင် မိုးကို အသင့်အတင့် ကာနိုင်သော ပစ္စည်း ကိုယ့်ကိုယ်ပေါ်မှာ ရှိသေး၏။
ကိုယ့်ကိုယ်အပေါ်ပိုင်းမှာ အဖြူရောင် မိုးကာဂျာကင်အင်္ကျီကို ဝတ်ထားသည်။ သည် အင်္ကျီမှာက ခေါင်းစွပ်လည်း ပါသည်။ အင်္ကျီဇစ်ကို အဆုံးအထိ ပိတ်၊ ပုခုံးပေါ်မှ ကျောဆီ တွဲလောင်းကျနေသော ခေါင်းစွပ်ကို ခေါင်းမှာစွပ်၊ မေးအောက်တွင် ကြိုးချည်။ ထိုအခါတွင် တော်ရုံတန်ရုံမိုးကို ခံနိုင်သည်။ အောက်ပိုင်းတော့ မိုးစိုနိုင်သည်။ ကိစ္စ မရှိ။ ကိုယ့်ပုခုံးမှာ လွယ်ထားသော အိတ်တွင်းမှာ ပုဆိုးအသစ်တစ်ထည် ပါသေးသည်။ တိုက်ပုံအင်္ကျီနှင့် စတစ်ကော်လာအင်္ကျီလည်း ပါသေးသည်။ ရုံးခန်းဗီရိုအောက်ဆင့်တွင် ကတ္တီပါသည်းကြိုးတပ် မန္တလေးဖိနပ်တစ်ရံလည်း ပါသေးသည်။ လမ်းမှာ ဘယ်လောက်ပဲ မိုးစိုစို ရုံးရောက်လျှင် ကိုယ်က အမြဲတမ်း ခြောက်ခြောက်သွေ့သွေ့။ သပ်သပ်ရပ်ရပ်။ ခံ့ခံ့ညားညား။
ဟောသည်လို လမ်းဘေး ကားမှတ်တိုင်မှာတော့ ကိုယ်လည်း ဘာကောင်နည်း။ လူတိုင်းထဲက တစ်ယောက်။
လူတိုင်း ထီးမပါသည်ကို ကိုယ်သတိပြုမိသည်။ အထူးသဖြင့် ယောကျာ်းလေး လူငယ်လူရွယ်တွေ။ သြော်…သူတို့ ရန်ကုန်သားတွေက မိုး သိပ်ကြောက်ပုံမရ။ ခေါင်းပေါ် မိုးပေါက်ကျခြင်း၊ အင်္ကျီ၊ လုံချည် မိုးနည်းနည်းလောက် စိုခြင်းကို မှုကြပုံမပေါ်။ ကိုယ်ကတော့ ဆံပင်စိုလျှင်၊ ဖိနပ်စိုကို ကြာကြာစီးထားလျှင် အနည်းငယ် နှာစေး၊ နှာမွှန် ဖြစ်လာတတ်သည်။ ထို့ကြောင့်လည်း မိုးကာကွယ်ရေး အပြည့်အစုံ ကိုယ်လုပ်ထားသည်။ ဂျာကင်၊ မိုးကာအင်္ကျီနှင့် ထီးပါ ပေါင်းလိုက်သောအခါ ရန်ကုန်မိုးကို ကိုယ် သိပ်မကြောက်တော့။
ကားတွေက အဆက်မပြတ်တော့ ရောက်ရောက်လာသည်။ ရောက်လာသမျှကလည်း လူအပြည့်နှင့်။ တိုးတိုးဝှေ့ဝှေ့နှင့် စီးတတ်၊ စီးနိုင်သူများ တက်လိုက်သွားကြ၏။
ကိုယ်ကမူ အသင့်အတင့်ချောင်မည့် ကားကိုစောင့်နေသည်။
ကိုယ့်နားကို လူတွေကပ်လာသည်ကို သတိပြုမိ၏။ ကိုယ့်အပြင် ထီးဖွင့် ဆောင်းထားသူ သုံးလေးဦး ရှိသေးသည်။ သူတို့အနီးတွင်လည်း လူတွေ ကပ်နေ၏။
သင်းတင်းတင်း ရနံ့တစ်ခု ရသည် ထင်၏။ ကိုယ့်လက်မောင်းကလည်း နူးညံ့ညံ့အတွေ့တစ်ရပ်ကို သိလိုက်သည်။
ကိုယ်ငုံ့ကြည့်လိုက်သောအခါ မိန်းမပျိုလေးတစ်ဦးက ကိုယ့်အနီး ကပ်ရပ်နေသည်။ သူ့ကိုယ်လေးက ကိုယ့်ကို လာထိနေသည့်အပြင် သူ့ခေါင်းလေးက ကိုယ့်ထီးအောက် ရောက်နေသည်။ သူ့ဘာသာသူတော့ ရောက်လာဟန်မတူ။ တိုးကြ တွန်းကြ၍ ရွေ့လျားလာဟန် တူသည်။
မိန်းကလေးက ကိုယ့်ညာဘက်မှ ဖြစ်သည်။ ဘယ်ဘက်မှ လူငယ်သုံးဦး၏ ခေါင်းများကလည်း ကိုယ့်ထီးအောက် ရောက်လာကြသည်။
စောစောက ဖွဲဖွဲသာ ကျသော မိုးသည် ယခု မိုးပေါက်များ ဖြစ်လာနေပြီ။ သြော်… ထီးအောက် ခေါင်းတစ်လုံးမျှ ဝင်ကြသည်မှာ မဆန်း။ ရန်ကုန်သား၊ ရန်ကုန်သူများလည်း ဖြစ်နိုင်လျှင် ခေါင်းတော့ မိုးမစိုချင်ဟန်ရှိသည်။
ကားသုံးစီးက ရှေ့ဆင့် နောက်ဆင့် ရောက်လာကြသည်။
မိုးကလည်း ရွာနေတော့ လူတွေက ကားမရွေးနိုင်တော့ဘဲ နီးရာကားပေါ်တက်လိုက်ကြသည်။
ကိုယ်က နောက်ဆုံးကားဆီ လျှောက်သွားပြီး တက်၏။
ထုံးစံအတိုင်း အပေါက်ဝမှ လူတွေက ဖယ်မပေးချင်ကြသဖြင့် စပယ်ယာ၏ အမိန့်အတိုင်း ကိုယ်က အတွင်းပိုင်းဆီ ခက်ခက်ခဲခဲ တိုးဝင်ခဲ့ရသည်။
ခွေးခြေပုလေးပေါ်တွင် ကိုယ် ထိုင်သည်။ ကိုယ့်ကျောဘက်တွင် ကားရှေ့ပိုင်းအကာသာ ရှိတော့သည်။ လူတွေက ဆက်တက်သည်။ အလယ်တန်း ခွေးခြေကလေးတွေအပေါ် လူတွေ ပြည့်သွားသည်။
ကားကလည်း အရှိန်နှင့် ထွက်၏။ ခပ်ကားကားဖြစ်နေသော ကိုယ့်ဒူးနှစ်ဖက်ကြားသို့ ကိုယ်လေးတစ်ခု ကျောခိုင်းလျက်သား ဝင်လာသည်။
သြော်…မိန်းကလေး။ စောစောက ကိုယ့်ထီးအောက် ရောက်ခဲ့သည့် မိန်းကလေး။ စောစောကလည်း လူတွေ တိုး၍ တွန်း၍ ကိုယ့်ထီးအောက် ရောက်ခဲ့သည်။ ယခုလည်း လူတွေ ပြည့်၍ ကျပ်၍ ကားအရှိန်က တွန်းသောကြောင့် သူ့ခါးလေး ကိုယ့်ဒူးကြား ရောက်လာသည်။
မှီလာသည်က သူ့ကိုယ်လေး။ သို့မဟုတ် မမှီလျှင် မဖြစ်အောင် တွန်းပို့ခံရသည်က သူ့ကိုယ်လေး။ အားတောင့်အားနာ စိတ်မသက်မသာ ဖြစ်ရသည်က ကိုယ်။
မိန်းကလေးကတော့ ဘာကိုမျှ ပမာမပြုဟန် လိုက်ပါလာသည်။ ကျောဘက်သို့ လှည့်၍ပင် မကြည့်။
ဤသည်ပင် ကောင်းပါ၏။ အနည်းဆုံး ကိုယ် အားနာရ သက်သာသည်။ ပန်းဆိုးတန်းအနီး မှတ်တိုင်တွင် လူအများဆင်းကြသည်။ ကလေးမလည်း ဆင်းသည်။ ကိုယ်လည်းဆင်းသည်။
မိုးက တဖြောက်ဖြောက်လေး ရွာနေသောကြောင့် ကိုယ် ထီးဖွင့်ဆောင်းသည်။
ကလေးမက ရှေ့နားတွင် လက်လေးတစ်ဖက်က ခြင်းလေးကို ဆွဲပြီး လက်လေးတစ်ဖက်က ခေါင်းလေးကို အုပ်ကာ သွက်သွက်လျှောက်နေ၏။
ကိုယ်က ခြေလှမ်းကျဲများဖြင့် ကလေးမကို မီလာ၏။
ကိုယ့်ထီးက ကလေးမအပေါ် မိုးမိသွားသည်။
“ဒါ…ဘာလုပ်တာလဲ”
“မင်းကို မိုးမစိုစေချင်လို့ပါ”
“မလိုပါဘူး”
“မင်းဟာ မိန်းမပျိုလေး၊ မင်း ဘယ်လို မြင်မယ်၊ ဘယ်လို ထင်မယ်ဆိုတာ တို့ တွေးခေါ်ကြည့်တတ်ပါတယ်၊ ဒီတော့ ဒီထီးကို ကိုင်ပြီး မင်းဘာသာ လွတ်လွတ်လပ်လပ် လျှောက်၊ တို့က မိုးကာပါတယ်၊ ခပ်ကွာကွာက လျှောက်ပါ့မယ်၊ မိုးလွတ်တဲ့ နေရာကျတော့ ထီးကို ပြန်ပေး”
“ဒါမျိုးတွေ ရိုးနေပြီ”
ကလေးမက ကိုယ့်ထီးအောက်မှ ထွက်ပြီး အပြေးလေး ရှေ့က သွား၏။
ပြေးဖို့မလိုပါ။ ကိုယ် ရပ်ကျန်ခဲ့သည်။ ကိုယ့်တစ်ကိုယ်လုံး ထူပူနေသည်။ ကိုယ့်မျက်နှာနှင့် နားရွက်များလည်း နီရဲနေမည် ထင်၏။
ရှေ့ခပ်လှမ်းလှမ်းရောက်မှ ကလေးမက သမင်လည်ပြန် ကြည့်သည်။
မျက်လုံးကလေးများ လှသည်ကို သတိပြုမိသည်။ သြော်…မျက်နှာလေးကလည်း လှသည်။ ပြီးတော့ နုသေးသည်။
ထီးဆောင်းရင်း မိုးရေထဲတွင် ကိုယ် ဆက်ရပ်နေ၏။
ကလေးမကို အပြစ်မတင်ပါ။ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်မိသည်။
‘ဒါမျိုး ရိုးနေပြီ’ ဆိုသော ကလေးမ၏ စကားသံ နားတွင်းမှာ ပဲ့တင်နေသည်။
မှန်ပေမည်။ သည်ဟာက ရန်ကုန်။ ကလေးမက လှသည်။ နုနုကလေး လှသည်။ သည်တော့ သည်ဟာမျိုးတွေ ကလေးမအတွက် ရိုးနေမည်။
တစ်ခုပဲ ပြောချင်သည် ကလေးမ…၊ ကိုယ့်အတွက် မရိုးပါ။ ကိုယ် ဒါမျိုး တွေ မလုပ်ဖူးပါ။
ကားမှတ်တိုင်သို့ ကိုယ် ရောက်ခဲ့ပြန်သည်။
မရောက်လျှင်မဖြစ်။ နေ့တိုင်း ရောက်ရမည်။ ကိုယ့်ရုံးကို သည်လမ်းက သွားရသည်။ သြော်…အဟင်း…သည်ကားမှတ်တိုင်လေးက ဘဝ၏ သစ္စာလေး ဖြစ်လာခဲ့ပါပကော။
ကလေးမကိုလည်း တွေ့ရသည်။ လူတွေ ကျပ်နေသော မိုးခိုအဆောက်အအုံလေး၏ အစွန်း အပြင်ဘက်မှာ။
သည်အတိုင်းဆိုလျှင် သည်နေရာမှာ ကလေးမနှင့် နေ့တိုင်းလိုလို ဆုံရတော့မည်။ မြတ်စွာဘုရား…။ ကားမှတ်တိုင်လို ကလေးမက ကိုယ့်ဘဝ၏ သစ္စာလေး တစ်ခုများ ဖြစ်လာလေဦးမလား။
ကိုယ် ထိတ်လန့် ကြောက်ရွံ့သွားသည်။ မိန်းမလှလေးတစ်ဦးသည် ဘဝ၏ သစ္စာ ဖြစ်လာသည် ဆိုပါတော့… ဘာသစ္စာမျိုး ဖြစ်မည်နည်း။ ဒုက္ခသစ္စာသာ ဖြစ်ဖို့များမည်။
ဤသည်က ကိုယ်အသိ။ ဘဝက ပေးထားသော ကိုယ့်အသိ။
ကလေးမကို ကိုယ် မြင်စဉ်က…ကလေးမက ကိုယ့်ကို စိုက်ကြည့်နေသည်။ သူက ကိုယ့်အလျဉ် မြင်ဟန်တူ၏။
မျက်လုံးဟူသည်က အခက်သား။ မျက်လုံးဟူသည် သံလိုက်ဓာတ်နှင့် ဆန့်ကျင်ဘက် အလုပ်လုပ်သည်ထင်၏။ သံလိုက်ဓာတ်တွင်က မတူလျှင် ဆွဲဆောင်သည်။ တူလျှင် တွန်းကန်သည်။ မျက်လုံးချင်းကျတော့ တူလျက်နှင့် ဆွဲဆောင်သည်။
ကလေးမ၏ မျက်လုံးလေးများကို ကိုယ် ခေတ္တ စိုက်ကြည့်မိသည်။ ပြီးတော့မှ မျက်လုံးလွှဲရသည်။ မျက်လုံးက လွှဲသည် မဟုတ်။ စိတ်က မျက်လုံးကို လွှဲပစ်သည်။
ကိုယ်ဆိုသည့် ကိုယ်က မိန်းကလေးတစ်ဦး၏ မျက်လုံးများကို ကြာကြာစိုက်မကြည့်ရဲ။ စိတ်ဓာတ်အားသေးသည်ဟု ခေါ်မည်လော။ ခေါ်ချင်လည်း ခေါ်ကြတော့။ သူများ မျက်လုံးများကို ကြာကြာစိုက်ကြည့်ရန် ကိုယ် အားနာသည်။
ကလေးမနှင့် တော်တော်ဝေးရာတွင် ကိုယ် သွားရပ်သည်။
မိုးက ဖွဲဖွဲစရွာသည်။ မိုးဆိုသည်က ကိုယ်တို့ ရုံးဆင်း၊ ရုံးတက် အလုပ်လုပ်ရသူများအပေါ် သံယောဇဉ်ကြီးပုံ ရသည်။ ရုံးတက်ချိန် ဆိုလျှင် အမြဲ ရွာပေးသည်။ ကြားတွင် တိတ်ချင် တိတ်နေမည်။ ရုံးဆင်းချိန်ဆိုလျှင် ရွာပြန်လေရော…။
ကိုယ်က ထီးဖွင့်မဆောင်းတော့။ ဘာကြောင့်မသိ၊ ထီးဖွင့် ဆောင်းရမည်ကို ကိုယ့်စိတ်တွင်း၌ မလုံဖြစ်နေသည်။
ကလေးမက ကိုယ်နှင့် လှမ်းလှမ်းမှာ ရပ်နေသည်ကို ကိုယ် သိသည်။ မျက်စိထဲတွင် ကလေးမမျက်နှာလေးက ရေးရေးပေါ်နေသဖြင့် စိတ်တွင်း၌ ကလေးမအနီးတွင် ရပ်နေဘိသကဲ့သို့ ခံစားရသည်။ သည်တော့ ထီးဖွင့်ဆောင်းရမည်ကို ကိုယ့်စိတ်တွင်း တစ်မျိုးကြီး ဖြစ်နေသည်။
ကိုယ်က မိုးကာဂျာကင် ခေါင်းစွပ်ကိုသာ ခေါင်းမှာ ဖုံးလိုက်သည်။ မေးသိုင်းကြိုးတော့ မချည်။ မိုးဖွဲဖွဲသာဖြစ်၍ မလို။
ကားနှစ်စီး ထိုးဆိုက်လာသည်။
ကားတစ်စီးတွင် ကလေးမနှင့် ကိုယ် သွားဆုံသည်။
ကားပေါ် မတက်မီ ကလေးမ၏ မျက်လုံးများက ကိုယ့်ကို ဝေ့ကြည့်သွား၏။
ကလေးမ ပြီးလျှင် ကိုယ် တက်နိုင်သည်။ ကိုယ်က မတက်တော့။ နောက်ကားဆီ သွားပြီး ကိုယ် တက်သည်။
စိတ်ချမ်းသာသကဲ့သို့မူ ဖြစ်မိသား။ တစ်ကားတည်း စီးမိ၍ မနေ့ကလို ကိုယ့်ဒူးကြား သူ ရောက်လာလျှင် ခက်တော့မည်။ မနေ့ကထက် အနေရအထိုင်ရ ကျပ်မည်။
ပန်းဆိုးတန်းအနီး မှတ်တိုင်တွင် ကိုယ် ဆင်းသောအခါ ကလေးမ စီးသွားသောကားက ဝူးခနဲ မောင်းထွက်သွား၏။ ကလေးမ၏ အရိပ်အယောင်ကို မတွေ့ရတော့။
မိုးက သည်းသည်းစရွာသည်။ ကိုယ်က ထီးဖွင့်ဆောင်း၏။
သြော်…လိပ်ပြာသန့်သွား၍ ကိုယ် ထီးဖွင့်ဆောင်းရဲပြီကော…။
ဟောဗျာ…။
ပလက်ဖောင်းပေါ်မှ ခရေပင်ကြီးအောက်တွင် ကလေးမကို သွားတွေ့သည်။ မိန်းကလေးက သူ့ခြင်းလေးကို မြေမှာချပြီး သူ့ခေါင်းပေါ်ကို လက်ကိုင်ပဝါလေး တင်နေသည်။
ကိုယ့်ခြေလှမ်း ရပ်သွားသည်။ မျက်လုံးချင်းကလည်း ဆုံမိသည်။
ကိုယ်က မျက်လုံးလွှဲမည်အပြု ကလေးမက ပြုံးသည်။ သြော် … ပြုံးသောအခါမှ ကလေးမ မျက်နှာလေးက ပိုလှပါတကား။
ကိုယ်က သတ္တိဝင်လာပြီး ကိုယ့်ထီးကို လှမ်းပေး၏။
“မလိုပါဘူး၊ ထီးရိပ်က ခိုလိုက်မယ်”
ကိုယ် ဘာပြန်ပြောရမှန်း မသိ။ သူ့ကိုယ်လေး မိုးမစိုအောင် ထီးကို သူ့ဘက် ယိုင်ယိုင် မိုးပေးပြီး ဆက်လျှောက်သည်။
“ဘယ်ဘက် သွားမလဲ”
“ပန်းဆိုးတန်း အောက်လမ်းအထိ၊ လမ်းကြုံရဲ့လား”
“ကြုံပါတယ်”
ပန်းဆိုးတန်းအတိုင်း ကိုယ်တို့ လျှောက်လာကြသည်။
“မနေ့က စိတ်ဆိုးသွားသလား”
“ဟင့်အင်း”
“ဒါဖြင့် ဘာဖြစ်လို့ သူများစီးတဲ့ ကားကို တက်မယ်လုပ်ပြီးမှ နေရစ်လဲ”
“အဲဒါက ဟို … ဟိုသင်း”
“သူ လိမ္မာလို့လား”
“အင်…”
“သူ စိတ်ဆိုးတယ် မဟုတ်လား”
“ဘာကို စိတ်ဆိုးရမှာလဲ”
“သူများကို”
“စိတ်မဆိုးပါဘူး၊ အား…အား..နာတယ်”
“ဘယ်သူ့ကို”
“ကလေးမကို”
“ဘာကို အားနာတာလဲ”
“ကိုယ် ဘယ်လို ပြောရမလဲ”
“ပြောချင်သလို ပြော”
“ခက်လိုက်တာနော်။ ကိုယ့်ကို အထင်လွဲပြီး မင်း စိတ်အနှောင့်အယှက်ဖြစ်မှာ ကိုယ် အားနာတယ်”
သူ့ခေါင်းလေးက ကိုယ့်မေးသာ ရောက်သည်။ ကိုယ့်စကားကြောင့် မော့ကြည့်သည်။
သူ့မျက်ဝန်းလေးတွေ စင်စင်ဖြူပြီး ပြာပြာရိပ်သည်ကို ကိုယ်မြင်ရသည်။ မျက်တောင်လေးတွေ နက်ပြီး ကော့နေသည်ကိုလည်း ကိုယ် မှတ်သားထားလိုက်သည်။
လမ်းဆုံမီးပွိုင့်ကို ကျော်ပြီးသောအခါ၌ မိုးက မတိတ်တတိတ်လေး ဖြစ်သွားသည်။
ရုံးကြီးတစ်ရုံး၏ ဆင်ဝင်အမိုးကြီးအောက်၌ ကလေးမက ရပ်လိုက်သည်။
“ကျေးဇူးပါပဲ၊ ဒီလောက်ဆို ရပါပြီ”
“ရုံးရောက်ပြီလား”
ကလေးမက ပြုံးချိုချိုနှင့် ကိုယ့်ကို ကြည့်၏။
“မရောက်သေးဘူး၊ ဒါပေမဲ့ ဒီကနေ မဝေးတော့ပါဘူး”
ကိုယ့်တစ်ကိုယ်လုံး ထူပူသွားပြန်၏။ ရှက်ရှက်နှင့် အားယူပြောလိုက်၏။
“ကိုယ် နားလည်ပါတယ်၊ သွားပြီ ကလေးမ”
📖 📖 📖
ကိုယ်တို့ ကျောင်းသားဘဝက မြန်မာစာအဓိကယူသော သူငယ်ချင်းများ ကျည်းကန်ရှင်ကြီးမေတ္တာစာကို တုပြီး ပြောကြသံ ကြားဖူးသည်။
‘မိုးကိုလည်း ရွာစေချင်သည်။ သူ့ကိုလည်း လာစေချင်သည်။ မိုးရွာတော့ ချမ်းသာသည်။ သူလာတော့ ဝမ်းသာသည်။’
ကိုယ့်အဖြစ်က သည်အတိုင်း ဖြစ်နေသည်။
မိုးကို အဲ…ရွာစေချင်သည်။
ရွာစေချင်ကာမှ မိုးကမရွာ။ ရုံးတက်ချိန်မှာ မိုးက မရွာ။
သည်တော့ ကလေးမနှင့် ကားဆိပ်မှာ တွေ့ပါသည်။ မကြာခဏ တစ်ကားတည်းလည်း စီးကြသည်။
သူ ပြုံးပြလျှင် ကိုယ် ပြုံးပြသည်။ တမင်တော့ သွားစကားမပြော။ သူ့နားလည်း သွားမရပ်ရဲ။
ကားက အဆင်း ဆိုလျှင်လည်း သူ့ကို ပြုံးနှုတ်ဆက်ခဲ့ပြီး ကိုယ့်လမ်း ကိုယ် သုတ်ခြေတင် ပြေးခဲ့သည်။
သြော်…မိုးမရွာလျှင် သူနှင့်ကိုယ် နီးစပ်ရန်အကြောင်း ကိုယ် မမြင်ပါတကား။
ထို့ကြောင့် မိုးကို မျှော်ရသည်။ တစ်သက်နှင့်တစ်ကိုယ် ကြောက်သော မိုးကို မျှော်မိ၏။
မိုးကိုလည်း ရွာစေချင်ပါသည်။ သူ့ကိုလည်း…။
ခုနစ်ရက်လောက် ကြာမှ ကိုရွှေမိုးက ရုံးတက်ချိန်တွင် ရွာသည်။
တစ်ကားတည်း စီးလာမိကြတော့ ခရေပင်အောက်အထိ မစောင့်ရပါ။ ကားပေါ်က အဆင်းကတည်းက ကိုယ့်ထီးအောက် သူ ပါလာသည်။
ကိုယ် ပြုံးမိသည်။ တိုးတက်ခြင်း။ ကားဆိပ်နှင့် ခရေပင်က ခြေလှမ်း သုံးဆယ်မျှ ကွာမည်။ သည်တော့ တိုးတက်ခြင်း။ ခြေလှမ်း သုံးဆယ်ကြီးများ တိုးတက်ခြင်း။
လမ်းတွင် ကလေးမက စ,မေး မေးသည်။
“သူ့နာမည်က ဘယ်လို ခေါ်သလဲ”
ကိုယ် ငိုင်သွားမိ၏။ ဖြေမည်ပြုပြီးတော့မှ စိုးရိမ်စိတ်တွေ ဝင်လာ၏။
“ကိုယ့်မှာ နာမည် ရှိပါတယ်၊ ဒါပေမဲ့ ကလေးမကို ကိုယ့်နာမည် မပြောတော့ဘူးလို့ စိတ်ကူးထားတယ်”
“ဘာပြုလို့”
“နားထောင်ဦး ကလေးမ၊ ကလေးမ နာမည်လည်း ကိုယ် မမေးဘူးလို့ သန္နိဋ္ဌာန် ချထားတယ်”
“ရှင်…”
“ကိုယ့်ရုံးကိုလည်း ကိုယ် မပြောဘူး၊ ကလေးမ ရုံးကိုလည်း ကိုယ် မမေးဘူး”
“အို…ဘာပြုလို့”
“ကလေးမ သင်္ကာကင်းအောင်”
“ရှင်…”
“ဒါမျိုးတွေ ရိုးနေပြီ ဆိုတဲ့ ကလေးမရဲ့ စကားဟာ ကိုယ့်ကို တစ္ဆေခြောက်သလို အမြဲခြောက်နေတယ်၊ ကလေးမမှာ လုံလောက်တဲ့အကြောင်း ရှိလို့ ဒီစကား ပြောတယ်ဆိုတာ ကိုယ် နားလည်တယ်၊ ဒါကြောင့်လည်း ကိုယ် အပြစ်မတင်ဘူး၊ ကလေးမ မှန်ပါတယ်၊ ဒီတော့ ကိုယ် တောင်းပန်ချင်တယ်”
“ဘာကိုလဲ”
“ကိုယ်တို့ ဒီအတိုင်းပဲ နေသွားကြရအောင်၊ ကလေးမ ကျေကျေနပ်နပ် သင်္ကာကင်းတဲ့ နေ့ကျမှ ကိုယ့်နာမည်လည်း ပြောပါရစေ၊ ကလေးမ နာမည်ကိုလည်း ကိုယ် သိပါရစေ”
မျက်တောင်ကော့များ ပင့်လှန်၍ မော့ကြည့်ခြင်းကို ကိုယ် ခံရပြန်သည်။
ခဏ၌မူ ကလေးမက ရယ်ပြီး မှတ်ချက်ချ၏။
“မဆိုးဘူး”
ဆင်ဝင်ကြီးအောက်တွင် ကိုယ်က ရပ်၏။
“ကဲ…သွားတော့ ကလေးမ”
📖 📖 📖
ကဗျာဆရာတွေနှင့် ကဗျာဆန်သူတွေက လသာသောညများ၊ လမိုက်သောညများ ဟူသော အသုံးအနှုန်းကို သုံးကြသည်။
သာယာသော အချိန်များက လသာသော ညများ၊ မသာယာသော အချိန်များက လမိုက်သော ညများ။
မဆိုး။ ကလေးမ ပြောသကဲ့သို့ မဆိုးဘူး၊ အဟင်း… ။
ကိုယ့်အတွက်ကတော့ မိုးရွာသော နေ့များ၊ မိုးတိတ်သော နေ့များ။
မိုးတိတ်သော နေ့များကို မသာယာသော နေ့များဟု ကိုယ် မဆိုဝံ့ပါ။ သို့ရာတွင် မိုးရွာသော နေ့များကား သာယာသော နေ့များ။ အဟုတ်…အမှန်တကယ်…သာယာသော နေ့များ။
ကြံကြံဖန်ဖန် သီတင်းကျွတ်မည်ကိုပင် ကြိုတင် စိုးရိမ်မိသကဲ့သို့ ဖြစ်၏။ သီတင်းကျွတ်လျှင် မိုးတိတ်သွားမည်၊ မိုးတိတ်သွားလျှင်…။
မိုးက တိတ်သွားခဲ့သည်။ သီတင်းကျွတ်၍ မဟုတ်ပါ။ ဝါပင် မဝင်သေးပါ။
ကလေးမနှင့် စတွေ့ပြီး တစ်လကျော်ကျော် အကြာ၌ ကိုယ့်ဘဝကြီး တိတ်သွားသည်။
ကလေးမ ပျောက်သွားသည်။ ကလေးမကို မတွေ့ရတော့ပြီ။
ကားမှတ်တိုင်၌ ပထမတစ်နေ့ မတွေ့စဉ်က ကိုယ် အထွေအထူး မထင်ခဲ့။ ကိစ္စရှိသဖြင့် စောစော ထွက်သွားနှင့်သည် ဖြစ်နိုင်၏။ သို့မဟုတ် ကိစ္စရှိသဖြင့် ရုံးနောက်ကျသည်လည်း ဖြစ်နိုင်၏။
နောက်နေ့များ မတွေ့သောအခါတွင်လည်း သြော်…ခွင့်ယူထားဟန် တူသည်။ ဤသို့သာ တွေးသည်။ နေများ မကောင်းရှာသလော။ ဤမျှတော့ ပူသည်။
တစ်ပတ်မှ ဆယ်ရက်။ သည်ကမှ နှစ်ပတ်။
ကလေးမ ပေါ်မလာတော့၊ ဘယ်ဆီ လိုက်ရှာရမည်လည်း မသိပြီ။
ကလေးမ မည်သည့်ဌာနမှာ အလုပ်လုပ်သည်ကို ကိုယ် မသိ။ ပန်းဆိုးတန်း အောက်ပိုင်းတစ်ဝိုက်တွင် ရုံးတွေကလည်း များပါဘိခြင်း။
အက်ဒွတ်ဖစ်စ်ဂျရဲလ် အဂ်လိပ်ဘာသာ ပြန်ဆိုသည့် ပါရှင်းကဗျာဆရာကြီး အိုမားခိုက်ယမ်း၏ ရူဘီယပ် ကဗျာမှ စာလေးကို သွားသတိရသည်။
‘And this was all
Harvest that I reap
I came like Water, like wind I go.’
‘ကောက်ရိတ်ချိန် သမယ
သိမ်းခဲ့ရ ကိုယ်စိုက်ရာ၊
ရေသို့နှယ် ကိုယ်လာ
လေပမာ ကိုယ်သွား’
အိုမားခိုက်ယမ်းကမူ ဘဝအကြောင်း ပြောသည်။
ရေ ဟူသည် ဘယ်က လာမှန်းမသိဘဲ စီးဆင်းနေရသည်။ လေကတော့ ဘယ်ဆီ ရောက်မှန်းမသိ လွင့်သွားရသည်။ လောကဆီ လူတွေ သည်ပုံရောက်လာပြီး လောကမှ လူတွေ သည်လို ထွက်သွားကြသည်။
အိုမားခိုက်ယမ်းလောက် ဘဝကို သိသည်ဟု ကိုယ် မပြောနိုင်ပါ။
ကိုယ် သိသည်က မိန်းကလေး၊ ကိုယ့်ထီးရိပ် ခိုဖူးသော မိန်းကလေး။
ရေသို့နှယ် သူ လာ၍ လေပမာ သူ ပျောက်သွားသည်။
📖 📖 📖
သြော်…မေ့လောက်ထိုက်သော ခြောက်လခန့်အကြာမှ စာတစ်ဆောင် ရသည်။
ဆရာရှင့်…
သန့် စာရေးလိုက်ပါတယ်၊ သန့်ကို ဆရာ သိပါ့မလား။ သန့်လို အောက်တန်းစာရေးမလေးကို ဆရာ မသိပေမယ့် ဆရာ့လို အရာရှိတစ်ဦးကို မကြာခင်ပဲ သန့် သိခဲ့ရပါတယ်။
သန့် ဝမ်းလည်း သာတယ်၊ ဝမ်းလည်း နည်းတယ်။ ဒီတုန်းက သန့်ဟာ အိပ်ရာထဲမှာ လဲနေတဲ့ မိခင်အိုကို လုပ်ကျွေးနေရသူပါ။ ကားဆင်း၊ ကားတက်မှာ သန့်ရဲ့ ထီးလေး လူနှိုက်သွားတော့ အစား သန့် မဝယ်နိုင်ဘူး။ အဲ့ဒါကြောင့်လည်း သန့်နဲ့ ဆရာ့ဇာတ်လမ်းလေး ပေါ်ခဲ့တယ်။
မိုးရွာရွာမှာ ထီးရိပ်တော့ ခိုချင်ကြတာပေါ့ ဆရာရယ်။ မခိုချင်သူ ရှိပါ့မလား။ ဒါပေမဲ့ သန့် ပြောခဲ့သလို ‘ဒါမျိုးတွေ ရိုး’ နေတဲ့အဖြစ် သန့် အများကြီး ကြုံခဲ့ဖူးပါတယ်။
တွေ့စကတော့ ဆရာ့ကိုလည်း သန့် မယုံသင်္ကာ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ သန့် လူကဲခတ် မှားခဲ့ပါတယ်။
ဆရာဟာ လူရိုး လူကောင်းတစ်ဦးပါ။ မိုးရွာထဲမှာ ဆရာ့ထီးလေးက ကျယ်တော့ အလွန်ခိုလို့ ကောင်းခဲ့ပါတယ်။ သြော်…ဆရာဟာလည်း ဘဝတစ်လျှောက်လုံး ခိုလို့ကောင်းတဲ့ ထီးကြီးပါ ဆိုတာလည်း သန့် သိခဲ့ပါတယ်။
ဒါပေမဲ့ သန့်မှာက ချစ်သူ ရှိပြီးနေပြီ။ သန့်ချစ်သူကတော့ မြို့လေးတစ်မြို့မှာ မူလတန်းပြဆရာလေး လုပ်နေရတယ်။ သန့်ကလည်း ရန်ကုန်မှာ မိခင်ကို လုပ်ကျွေးနေရတော့ မယ်တစ်မြို့၊ မောင်တစ်ရွာနဲ့ သန့်တို့ မနီးနိုင်ကြဘူး။
ဆရာနဲ့ တွေ့ပြီး တစ်လလောက်အကြာမှာ မေမေ ဆုံးသွားခဲ့တယ်။ သန့်လည်း သန့်ချစ်သူ ခေါ်ရာကို လိုက်ပါသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဆုံးဖြတ်ချက်ကို သန့် ခက်ခက်ခဲခဲ လုပ်ခဲ့ရတာပါ။ အဲဒါကို ပြောချင်လို့ ဒီစာကို သန့် ရေးမိတယ်။
နှလုံးသား ဆိုတာ ခက်သားနော်။ သူ့ထဲမှာ မေတ္တာအတွက်နေရာလည်း ရှိတယ်။ ကရုဏာအတွက်နေရာလည်း ရှိတယ်။ မောင့်အတွက်တော့ မေတ္တာပေါ့။ ဆရာ့အတွက်တော့ စိတ်မဆိုးနဲ့နော်…ကရုဏာပေါ့။
ဒါပေမဲ့ ဆရာရေ …နှလုံးသားမှာက မေတ္တာနဲ့ ကရုဏာအပြင် သစ္စာဆိုတာကလည်း ရှိနေသေးတယ်။ သစ္စာဆိုတာကို နှုတ်လိုက်ရင် လူ့နှလုံးသားဟာ လူ့နှလုံးသား ဟုတ်ပါတော့မလား။ ဆရာ့ကို သန့် အရူးလုပ်သွားတာ မဟုတ်ပါဘူး။ ဆရာ့ကို မယုံသင်္ကာ ဖြစ်လို့လည်း မဟုတ်တော့ပါဘူး။ သြော်…ဆရာ့ကို သန့် မုန်းလည်း မမုန်းပါဘူး။
သန့်နာမည် အပြည့်အစုံကို ပြောဖို့လည်း မလိုတော့ပါဘူး။ သန့်တို့ ဘယ်မှာနေတယ် ဆိုတာလည်း မပြောတော့ပါဘူး။
သန့်တို့ဟာ အခု မိုးရေထဲ သန့်တို့ ထီးသေးသေးလေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဘဲ သွားနေကြပါတယ်။
ဆရာ့လို သူတော်ကောင်းတစ်ဦးရဲ့ ထီးရိပ်အောက်ကို တစ်နေ့မှာ ထိုက်တန်သူတစ်ယောက် ရောက်လာလိမ့်မယ်လို့ သန့် ယုံတယ်။
ဆုလည်း တောင်းပေးနေပါတယ်။
လေးစားရိုသေစွာဖြင့်…
သန့်
ဟုတ်ကဲ့…။
နှလုံးသား မှန်သမျှတွင် ခံစားမှုကို မွေးဖွားပေးသည့် အစွဲလေးတွေ ရှိစမြဲ။
ငွေလမြင်တိုင်း မျက်ရည်ဝိုင်းသည်။
တချို့က ဤသို့ ဖွဲ့သည်။
ပိတောက်တွေ ပွင့်မှဖြင့်…။ တချို့က ဤသို့ ရှိုက်သည်။
မိုးတွေ ရွာမှာဖြင့်လျှင်ကွယ်…။
ဤသို့ ညည်းသူကလည်း ညည်းသည်။
ကိုယ့်အတွက်မူ မိုးတွေရွာမှဖြင့် ကားမှတ်တိုင်မှာ ထီးဖွင့်၍ ဆောင်းမိတိုင်း…ဆောင်းမိတိုင်း…။ ။
✍ တက္ကသိုလ်ဘုန်းနိုင်
“ထီးရိပ္ခိုဖူးေသာ မိန္းကေလး”(စ-ဆုံး)
—————————————–
တကၠသိုလ္ဘုန္းႏိုင္
ႏွလုံးသား မွန္သမွ်တြင္ ခံစားမႈကို ေမြးဖြားသည့္ အစြဲေလးေတြ ရွိစၿမဲ။
ေငြလ ျမင္တိုင္း မ်က္ရည္ဝိုင္းသည္။ တခ်ိဳ႕က ဤသို႔ဖြဲ႕သည္။
ပိေတာက္ေတြ ပြင့္မွျဖင့္ တခ်ိဳ႕က ဤသို႔ ရႈိက္သည္။
မိုးေတြ ႐ြာမွာျဖင့္လွ်င္ကြယ္။ ဤသို႔ ညည္းသူကလည္း ညည္းသည္။
ေၾသာ္ ကိုယ့္မွာလည္း လြမ္းစရာေလး ရွိသည္။
မိုးညိဳညိဳကိုၾကည့္ၿပီး ကိုယ္ သက္ျပင္းခ်မိ၏။
ကိုယ္က အညာသား။ အညာသားဆိုေတာ့ မိုးေၾကာက္သည္။ အညာမွေန မိုးမ်ားေသာ ရန္ကုန္သို႔ မိုးတြင္းႀကီး၌ ရာထူးတက္ ေျပာင္းလာရေတာ့ …။
ကားမွတ္တိုင္တြင္ ရပ္ရင္း ကိုယ္က သက္ျပင္းခ်ေနမိသည္။
မိုးခိုအေဆာက္အအုံေလးထဲတြင္ လူေတြျပည့္က်ပ္ေနသျဖင့္ ကိုယ္က လမ္းေဘးေလဟာတြင္ ရပ္ေနသည္။ ကိုယ့္လိုပင္ ရပ္ေနၾကသူေတြကလည္း တစ္ပုံႀကီး။
မိုးေလးက တဖြဲဖြဲ က်လာေနသည္။ ကိုယ္က ထီးဖြင့္ေဆာင္းၿပီး ရပ္ေနသည္။ ထီးအျပင္ မိုးကို အသင့္အတင့္ ကာႏိုင္ေသာ ပစၥည္း ကိုယ့္ကိုယ္ေပၚမွာ ရွိေသး၏။
ကိုယ့္ကိုယ္အေပၚပိုင္းမွာ အျဖဴေရာင္ မိုးကာဂ်ာကင္အက်ႌကို ဝတ္ထားသည္။ သည္ အက်ႌမွာက ေခါင္းစြပ္လည္း ပါသည္။ အက်ႌဇစ္ကို အဆုံးအထိ ပိတ္၊ ပုခုံးေပၚမွ ေက်ာဆီ တြဲေလာင္းက်ေနေသာ ေခါင္းစြပ္ကို ေခါင္းမွာစြပ္၊ ေမးေအာက္တြင္ ႀကိဳးခ်ည္။ ထိုအခါတြင္ ေတာ္႐ုံတန္႐ုံမိုးကို ခံႏိုင္သည္။ ေအာက္ပိုင္းေတာ့ မိုးစိုႏိုင္သည္။ ကိစၥ မရွိ။ ကိုယ့္ပုခုံးမွာ လြယ္ထားေသာ အိတ္တြင္းမွာ ပုဆိုးအသစ္တစ္ထည္ ပါေသးသည္။ တိုက္ပုံအက်ႌႏွင့္ စတစ္ေကာ္လာအက်ႌလည္း ပါေသးသည္။ ႐ုံးခန္းဗီ႐ိုေအာက္ဆင့္တြင္ ကတၱီပါသည္းႀကိဳးတပ္ မႏၲေလးဖိနပ္တစ္ရံလည္း ပါေသးသည္။ လမ္းမွာ ဘယ္ေလာက္ပဲ မိုးစိုစို ႐ုံးေရာက္လွ်င္ ကိုယ္က အၿမဲတမ္း ေျခာက္ေျခာက္ေသြ႕ေသြ႕။ သပ္သပ္ရပ္ရပ္။ ခံ့ခံ့ညားညား။
ေဟာသည္လို လမ္းေဘး ကားမွတ္တိုင္မွာေတာ့ ကိုယ္လည္း ဘာေကာင္နည္း။ လူတိုင္းထဲက တစ္ေယာက္။
လူတိုင္း ထီးမပါသည္ကို ကိုယ္သတိျပဳမိသည္။ အထူးသျဖင့္ ေယာက်ာ္းေလး လူငယ္လူ႐ြယ္ေတြ။ ေၾသာ္…သူတို႔ ရန္ကုန္သားေတြက မိုး သိပ္ေၾကာက္ပုံမရ။ ေခါင္းေပၚ မိုးေပါက္က်ျခင္း၊ အက်ႌ၊ လုံခ်ည္ မိုးနည္းနည္းေလာက္ စိုျခင္းကို မႈၾကပုံမေပၚ။ ကိုယ္ကေတာ့ ဆံပင္စိုလွ်င္၊ ဖိနပ္စိုကို ၾကာၾကာစီးထားလွ်င္ အနည္းငယ္ ႏွာေစး၊ ႏွာမႊန္ ျဖစ္လာတတ္သည္။ ထို႔ေၾကာင့္လည္း မိုးကာကြယ္ေရး အျပည့္အစုံ ကိုယ္လုပ္ထားသည္။ ဂ်ာကင္၊ မိုးကာအက်ႌႏွင့္ ထီးပါ ေပါင္းလိုက္ေသာအခါ ရန္ကုန္မိုးကို ကိုယ္ သိပ္မေၾကာက္ေတာ့။
ကားေတြက အဆက္မျပတ္ေတာ့ ေရာက္ေရာက္လာသည္။ ေရာက္လာသမွ်ကလည္း လူအျပည့္ႏွင့္။ တိုးတိုးေဝွ႔ေဝွ႔ႏွင့္ စီးတတ္၊ စီးႏိုင္သူမ်ား တက္လိုက္သြားၾက၏။
ကိုယ္ကမူ အသင့္အတင့္ေခ်ာင္မည့္ ကားကိုေစာင့္ေနသည္။
ကိုယ့္နားကို လူေတြကပ္လာသည္ကို သတိျပဳမိ၏။ ကိုယ့္အျပင္ ထီးဖြင့္ ေဆာင္းထားသူ သုံးေလးဦး ရွိေသးသည္။ သူတို႔အနီးတြင္လည္း လူေတြ ကပ္ေန၏။
သင္းတင္းတင္း ရနံ႔တစ္ခု ရသည္ ထင္၏။ ကိုယ့္လက္ေမာင္းကလည္း ႏူးညံ့ညံ့အေတြ႕တစ္ရပ္ကို သိလိုက္သည္။
ကိုယ္ငုံ႔ၾကည့္လိုက္ေသာအခါ မိန္းမပ်ိဳေလးတစ္ဦးက ကိုယ့္အနီး ကပ္ရပ္ေနသည္။ သူ႔ကိုယ္ေလးက ကိုယ့္ကို လာထိေနသည့္အျပင္ သူ႔ေခါင္းေလးက ကိုယ့္ထီးေအာက္ ေရာက္ေနသည္။ သူ႔ဘာသာသူေတာ့ ေရာက္လာဟန္မတူ။ တိုးၾက တြန္းၾက၍ ေ႐ြ႕လ်ားလာဟန္ တူသည္။
မိန္းကေလးက ကိုယ့္ညာဘက္မွ ျဖစ္သည္။ ဘယ္ဘက္မွ လူငယ္သုံးဦး၏ ေခါင္းမ်ားကလည္း ကိုယ့္ထီးေအာက္ ေရာက္လာၾကသည္။
ေစာေစာက ဖြဲဖြဲသာ က်ေသာ မိုးသည္ ယခု မိုးေပါက္မ်ား ျဖစ္လာေနၿပီ။ ေၾသာ္… ထီးေအာက္ ေခါင္းတစ္လုံးမွ် ဝင္ၾကသည္မွာ မဆန္း။ ရန္ကုန္သား၊ ရန္ကုန္သူမ်ားလည္း ျဖစ္ႏိုင္လွ်င္ ေခါင္းေတာ့ မိုးမစိုခ်င္ဟန္ရွိသည္။
ကားသုံးစီးက ေရွ႕ဆင့္ ေနာက္ဆင့္ ေရာက္လာၾကသည္။
မိုးကလည္း ႐ြာေနေတာ့ လူေတြက ကားမေ႐ြးႏိုင္ေတာ့ဘဲ နီးရာကားေပၚတက္လိုက္ၾကသည္။
ကိုယ္က ေနာက္ဆုံးကားဆီ ေလွ်ာက္သြားၿပီး တက္၏။
ထုံးစံအတိုင္း အေပါက္ဝမွ လူေတြက ဖယ္မေပးခ်င္ၾကသျဖင့္ စပယ္ယာ၏ အမိန္႔အတိုင္း ကိုယ္က အတြင္းပိုင္းဆီ ခက္ခက္ခဲခဲ တိုးဝင္ခဲ့ရသည္။
ေခြးေျခပုေလးေပၚတြင္ ကိုယ္ ထိုင္သည္။ ကိုယ့္ေက်ာဘက္တြင္ ကားေရွ႕ပိုင္းအကာသာ ရွိေတာ့သည္။ လူေတြက ဆက္တက္သည္။ အလယ္တန္း ေခြးေျခကေလးေတြအေပၚ လူေတြ ျပည့္သြားသည္။
ကားကလည္း အရွိန္ႏွင့္ ထြက္၏။ ခပ္ကားကားျဖစ္ေနေသာ ကိုယ့္ဒူးႏွစ္ဖက္ၾကားသို႔ ကိုယ္ေလးတစ္ခု ေက်ာခိုင္းလ်က္သား ဝင္လာသည္။
ေၾသာ္…မိန္းကေလး။ ေစာေစာက ကိုယ့္ထီးေအာက္ ေရာက္ခဲ့သည့္ မိန္းကေလး။ ေစာေစာကလည္း လူေတြ တိုး၍ တြန္း၍ ကိုယ့္ထီးေအာက္ ေရာက္ခဲ့သည္။ ယခုလည္း လူေတြ ျပည့္၍ က်ပ္၍ ကားအရွိန္က တြန္းေသာေၾကာင့္ သူ႔ခါးေလး ကိုယ့္ဒူးၾကား ေရာက္လာသည္။
မွီလာသည္က သူ႔ကိုယ္ေလး။ သို႔မဟုတ္ မမွီလွ်င္ မျဖစ္ေအာင္ တြန္းပို႔ခံရသည္က သူ႔ကိုယ္ေလး။ အားေတာင့္အားနာ စိတ္မသက္မသာ ျဖစ္ရသည္က ကိုယ္။
မိန္းကေလးကေတာ့ ဘာကိုမွ် ပမာမျပဳဟန္ လိုက္ပါလာသည္။ ေက်ာဘက္သို႔ လွည့္၍ပင္ မၾကည့္။
ဤသည္ပင္ ေကာင္းပါ၏။ အနည္းဆုံး ကိုယ္ အားနာရ သက္သာသည္။ ပန္းဆိုးတန္းအနီး မွတ္တိုင္တြင္ လူအမ်ားဆင္းၾကသည္။ ကေလးမလည္း ဆင္းသည္။ ကိုယ္လည္းဆင္းသည္။
မိုးက တေျဖာက္ေျဖာက္ေလး ႐ြာေနေသာေၾကာင့္ ကိုယ္ ထီးဖြင့္ေဆာင္းသည္။
ကေလးမက ေရွ႕နားတြင္ လက္ေလးတစ္ဖက္က ျခင္းေလးကို ဆြဲၿပီး လက္ေလးတစ္ဖက္က ေခါင္းေလးကို အုပ္ကာ သြက္သြက္ေလွ်ာက္ေန၏။
ကိုယ္က ေျခလွမ္းက်ဲမ်ားျဖင့္ ကေလးမကို မီလာ၏။
ကိုယ့္ထီးက ကေလးမအေပၚ မိုးမိသြားသည္။
“ဒါ…ဘာလုပ္တာလဲ”
“မင္းကို မိုးမစိုေစခ်င္လို႔ပါ”
“မလိုပါဘူး”
“မင္းဟာ မိန္းမပ်ိဳေလး၊ မင္း ဘယ္လို ျမင္မယ္၊ ဘယ္လို ထင္မယ္ဆိုတာ တို႔ ေတြးေခၚၾကည့္တတ္ပါတယ္၊ ဒီေတာ့ ဒီထီးကို ကိုင္ၿပီး မင္းဘာသာ လြတ္လြတ္လပ္လပ္ ေလွ်ာက္၊ တို႔က မိုးကာပါတယ္၊ ခပ္ကြာကြာက ေလွ်ာက္ပါ့မယ္၊ မိုးလြတ္တဲ့ ေနရာက်ေတာ့ ထီးကို ျပန္ေပး”
“ဒါမ်ိဳးေတြ ႐ိုးေနၿပီ”
ကေလးမက ကိုယ့္ထီးေအာက္မွ ထြက္ၿပီး အေျပးေလး ေရွ႕က သြား၏။
ေျပးဖို႔မလိုပါ။ ကိုယ္ ရပ္က်န္ခဲ့သည္။ ကိုယ့္တစ္ကိုယ္လုံး ထူပူေနသည္။ ကိုယ့္မ်က္ႏွာႏွင့္ နား႐ြက္မ်ားလည္း နီရဲေနမည္ ထင္၏။
ေရွ႕ခပ္လွမ္းလွမ္းေရာက္မွ ကေလးမက သမင္လည္ျပန္ ၾကည့္သည္။
မ်က္လုံးကေလးမ်ား လွသည္ကို သတိျပဳမိသည္။ ေၾသာ္…မ်က္ႏွာေလးကလည္း လွသည္။ ၿပီးေတာ့ ႏုေသးသည္။
ထီးေဆာင္းရင္း မိုးေရထဲတြင္ ကိုယ္ ဆက္ရပ္ေန၏။
ကေလးမကို အျပစ္မတင္ပါ။ ကိုယ့္ကိုယ္ကိုသာ အျပစ္တင္မိသည္။
‘ဒါမ်ိဳး ႐ိုးေနၿပီ’ ဆိုေသာ ကေလးမ၏ စကားသံ နားတြင္းမွာ ပဲ့တင္ေနသည္။
မွန္ေပမည္။ သည္ဟာက ရန္ကုန္။ ကေလးမက လွသည္။ ႏုႏုကေလး လွသည္။ သည္ေတာ့ သည္ဟာမ်ိဳးေတြ ကေလးမအတြက္ ႐ိုးေနမည္။
တစ္ခုပဲ ေျပာခ်င္သည္ ကေလးမ…၊ ကိုယ့္အတြက္ မ႐ိုးပါ။ ကိုယ္ ဒါမ်ိဳး ေတြ မလုပ္ဖူးပါ။
ကားမွတ္တိုင္သို႔ ကိုယ္ ေရာက္ခဲ့ျပန္သည္။
မေရာက္လွ်င္မျဖစ္။ ေန႔တိုင္း ေရာက္ရမည္။ ကိုယ့္႐ုံးကို သည္လမ္းက သြားရသည္။ ေၾသာ္…အဟင္း…သည္ကားမွတ္တိုင္ေလးက ဘဝ၏ သစၥာေလး ျဖစ္လာခဲ့ပါပေကာ။
ကေလးမကိုလည္း ေတြ႕ရသည္။ လူေတြ က်ပ္ေနေသာ မိုးခိုအေဆာက္အအုံေလး၏ အစြန္း အျပင္ဘက္မွာ။
သည္အတိုင္းဆိုလွ်င္ သည္ေနရာမွာ ကေလးမႏွင့္ ေန႔တိုင္းလိုလို ဆုံရေတာ့မည္။ ျမတ္စြာဘုရား…။ ကားမွတ္တိုင္လို ကေလးမက ကိုယ့္ဘဝ၏ သစၥာေလး တစ္ခုမ်ား ျဖစ္လာေလဦးမလား။
ကိုယ္ ထိတ္လန္႔ ေၾကာက္႐ြံ႕သြားသည္။ မိန္းမလွေလးတစ္ဦးသည္ ဘဝ၏ သစၥာ ျဖစ္လာသည္ ဆိုပါေတာ့… ဘာသစၥာမ်ိဳး ျဖစ္မည္နည္း။ ဒုကၡသစၥာသာ ျဖစ္ဖို႔မ်ားမည္။
ဤသည္က ကိုယ္အသိ။ ဘဝက ေပးထားေသာ ကိုယ့္အသိ။
ကေလးမကို ကိုယ္ ျမင္စဥ္က…ကေလးမက ကိုယ့္ကို စိုက္ၾကည့္ေနသည္။ သူက ကိုယ့္အလ်ဥ္ ျမင္ဟန္တူ၏။
မ်က္လုံးဟူသည္က အခက္သား။ မ်က္လုံးဟူသည္ သံလိုက္ဓာတ္ႏွင့္ ဆန္႔က်င္ဘက္ အလုပ္လုပ္သည္ထင္၏။ သံလိုက္ဓာတ္တြင္က မတူလွ်င္ ဆြဲေဆာင္သည္။ တူလွ်င္ တြန္းကန္သည္။ မ်က္လုံးခ်င္းက်ေတာ့ တူလ်က္ႏွင့္ ဆြဲေဆာင္သည္။
ကေလးမ၏ မ်က္လုံးေလးမ်ားကို ကိုယ္ ေခတၱ စိုက္ၾကည့္မိသည္။ ၿပီးေတာ့မွ မ်က္လုံးလႊဲရသည္။ မ်က္လုံးက လႊဲသည္ မဟုတ္။ စိတ္က မ်က္လုံးကို လႊဲပစ္သည္။
ကိုယ္ဆိုသည့္ ကိုယ္က မိန္းကေလးတစ္ဦး၏ မ်က္လုံးမ်ားကို ၾကာၾကာစိုက္မၾကည့္ရဲ။ စိတ္ဓာတ္အားေသးသည္ဟု ေခၚမည္ေလာ။ ေခၚခ်င္လည္း ေခၚၾကေတာ့။ သူမ်ား မ်က္လုံးမ်ားကို ၾကာၾကာစိုက္ၾကည့္ရန္ ကိုယ္ အားနာသည္။
ကေလးမႏွင့္ ေတာ္ေတာ္ေဝးရာတြင္ ကိုယ္ သြားရပ္သည္။
မိုးက ဖြဲဖြဲစ႐ြာသည္။ မိုးဆိုသည္က ကိုယ္တို႔ ႐ုံးဆင္း၊ ႐ုံးတက္ အလုပ္လုပ္ရသူမ်ားအေပၚ သံေယာဇဥ္ႀကီးပုံ ရသည္။ ႐ုံးတက္ခ်ိန္ ဆိုလွ်င္ အၿမဲ ႐ြာေပးသည္။ ၾကားတြင္ တိတ္ခ်င္ တိတ္ေနမည္။ ႐ုံးဆင္းခ်ိန္ဆိုလွ်င္ ႐ြာျပန္ေလေရာ…။
ကိုယ္က ထီးဖြင့္မေဆာင္းေတာ့။ ဘာေၾကာင့္မသိ၊ ထီးဖြင့္ ေဆာင္းရမည္ကို ကိုယ့္စိတ္တြင္း၌ မလုံျဖစ္ေနသည္။
ကေလးမက ကိုယ္ႏွင့္ လွမ္းလွမ္းမွာ ရပ္ေနသည္ကို ကိုယ္ သိသည္။ မ်က္စိထဲတြင္ ကေလးမမ်က္ႏွာေလးက ေရးေရးေပၚေနသျဖင့္ စိတ္တြင္း၌ ကေလးမအနီးတြင္ ရပ္ေနဘိသကဲ့သို႔ ခံစားရသည္။ သည္ေတာ့ ထီးဖြင့္ေဆာင္းရမည္ကို ကိုယ့္စိတ္တြင္း တစ္မ်ိဳးႀကီး ျဖစ္ေနသည္။
ကိုယ္က မိုးကာဂ်ာကင္ ေခါင္းစြပ္ကိုသာ ေခါင္းမွာ ဖုံးလိုက္သည္။ ေမးသိုင္းႀကိဳးေတာ့ မခ်ည္။ မိုးဖြဲဖြဲသာျဖစ္၍ မလို။
ကားႏွစ္စီး ထိုးဆိုက္လာသည္။
ကားတစ္စီးတြင္ ကေလးမႏွင့္ ကိုယ္ သြားဆုံသည္။
ကားေပၚ မတက္မီ ကေလးမ၏ မ်က္လုံးမ်ားက ကိုယ့္ကို ေဝ့ၾကည့္သြား၏။
ကေလးမ ၿပီးလွ်င္ ကိုယ္ တက္ႏိုင္သည္။ ကိုယ္က မတက္ေတာ့။ ေနာက္ကားဆီ သြားၿပီး ကိုယ္ တက္သည္။
စိတ္ခ်မ္းသာသကဲ့သို႔မူ ျဖစ္မိသား။ တစ္ကားတည္း စီးမိ၍ မေန႔ကလို ကိုယ့္ဒူးၾကား သူ ေရာက္လာလွ်င္ ခက္ေတာ့မည္။ မေန႔ကထက္ အေနရအထိုင္ရ က်ပ္မည္။
ပန္းဆိုးတန္းအနီး မွတ္တိုင္တြင္ ကိုယ္ ဆင္းေသာအခါ ကေလးမ စီးသြားေသာကားက ဝူးခနဲ ေမာင္းထြက္သြား၏။ ကေလးမ၏ အရိပ္အေယာင္ကို မေတြ႕ရေတာ့။
မိုးက သည္းသည္းစ႐ြာသည္။ ကိုယ္က ထီးဖြင့္ေဆာင္း၏။
ေၾသာ္…လိပ္ျပာသန္႔သြား၍ ကိုယ္ ထီးဖြင့္ေဆာင္းရဲၿပီေကာ…။
ေဟာဗ်ာ…။
ပလက္ေဖာင္းေပၚမွ ခေရပင္ႀကီးေအာက္တြင္ ကေလးမကို သြားေတြ႕သည္။ မိန္းကေလးက သူ႔ျခင္းေလးကို ေျမမွာခ်ၿပီး သူ႔ေခါင္းေပၚကို လက္ကိုင္ပဝါေလး တင္ေနသည္။
ကိုယ့္ေျခလွမ္း ရပ္သြားသည္။ မ်က္လုံးခ်င္းကလည္း ဆုံမိသည္။
ကိုယ္က မ်က္လုံးလႊဲမည္အျပဳ ကေလးမက ၿပဳံးသည္။ ေၾသာ္ … ၿပဳံးေသာအခါမွ ကေလးမ မ်က္ႏွာေလးက ပိုလွပါတကား။
ကိုယ္က သတၱိဝင္လာၿပီး ကိုယ့္ထီးကို လွမ္းေပး၏။
“မလိုပါဘူး၊ ထီးရိပ္က ခိုလိုက္မယ္”
ကိုယ္ ဘာျပန္ေျပာရမွန္း မသိ။ သူ႔ကိုယ္ေလး မိုးမစိုေအာင္ ထီးကို သူ႔ဘက္ ယိုင္ယိုင္ မိုးေပးၿပီး ဆက္ေလွ်ာက္သည္။
“ဘယ္ဘက္ သြားမလဲ”
“ပန္းဆိုးတန္း ေအာက္လမ္းအထိ၊ လမ္းႀကဳံရဲ႕လား”
“ႀကဳံပါတယ္”
ပန္းဆိုးတန္းအတိုင္း ကိုယ္တို႔ ေလွ်ာက္လာၾကသည္။
“မေန႔က စိတ္ဆိုးသြားသလား”
“ဟင့္အင္း”
“ဒါျဖင့္ ဘာျဖစ္လို႔ သူမ်ားစီးတဲ့ ကားကို တက္မယ္လုပ္ၿပီးမွ ေနရစ္လဲ”
“အဲဒါက ဟို … ဟိုသင္း”
“သူ လိမၼာလို႔လား”
“အင္…”
“သူ စိတ္ဆိုးတယ္ မဟုတ္လား”
“ဘာကို စိတ္ဆိုးရမွာလဲ”
“သူမ်ားကို”
“စိတ္မဆိုးပါဘူး၊ အား…အား..နာတယ္”
“ဘယ္သူ႔ကို”
“ကေလးမကို”
“ဘာကို အားနာတာလဲ”
“ကိုယ္ ဘယ္လို ေျပာရမလဲ”
“ေျပာခ်င္သလို ေျပာ”
“ခက္လိုက္တာေနာ္။ ကိုယ့္ကို အထင္လြဲၿပီး မင္း စိတ္အေႏွာင့္အယွက္ျဖစ္မွာ ကိုယ္ အားနာတယ္”
သူ႔ေခါင္းေလးက ကိုယ့္ေမးသာ ေရာက္သည္။ ကိုယ့္စကားေၾကာင့္ ေမာ့ၾကည့္သည္။
သူ႔မ်က္ဝန္းေလးေတြ စင္စင္ျဖဴၿပီး ျပာျပာရိပ္သည္ကို ကိုယ္ျမင္ရသည္။ မ်က္ေတာင္ေလးေတြ နက္ၿပီး ေကာ့ေနသည္ကိုလည္း ကိုယ္ မွတ္သားထားလိုက္သည္။
လမ္းဆုံမီးပြိဳင့္ကို ေက်ာ္ၿပီးေသာအခါ၌ မိုးက မတိတ္တတိတ္ေလး ျဖစ္သြားသည္။
႐ုံးႀကီးတစ္႐ုံး၏ ဆင္ဝင္အမိုးႀကီးေအာက္၌ ကေလးမက ရပ္လိုက္သည္။
“ေက်းဇူးပါပဲ၊ ဒီေလာက္ဆို ရပါၿပီ”
“႐ုံးေရာက္ၿပီလား”
ကေလးမက ၿပဳံးခ်ိဳခ်ိဳႏွင့္ ကိုယ့္ကို ၾကည့္၏။
“မေရာက္ေသးဘူး၊ ဒါေပမဲ့ ဒီကေန မေဝးေတာ့ပါဘူး”
ကိုယ့္တစ္ကိုယ္လုံး ထူပူသြားျပန္၏။ ရွက္ရွက္ႏွင့္ အားယူေျပာလိုက္၏။
“ကိုယ္ နားလည္ပါတယ္၊ သြားၿပီ ကေလးမ”
📖 📖 📖
ကိုယ္တို႔ ေက်ာင္းသားဘဝက ျမန္မာစာအဓိကယူေသာ သူငယ္ခ်င္းမ်ား က်ည္းကန္ရွင္ႀကီးေမတၱာစာကို တုၿပီး ေျပာၾကသံ ၾကားဖူးသည္။
‘မိုးကိုလည္း ႐ြာေစခ်င္သည္။ သူ႔ကိုလည္း လာေစခ်င္သည္။ မိုး႐ြာေတာ့ ခ်မ္းသာသည္။ သူလာေတာ့ ဝမ္းသာသည္။’
ကိုယ့္အျဖစ္က သည္အတိုင္း ျဖစ္ေနသည္။
မိုးကို အဲ…႐ြာေစခ်င္သည္။
႐ြာေစခ်င္ကာမွ မိုးကမ႐ြာ။ ႐ုံးတက္ခ်ိန္မွာ မိုးက မ႐ြာ။
သည္ေတာ့ ကေလးမႏွင့္ ကားဆိပ္မွာ ေတြ႕ပါသည္။ မၾကာခဏ တစ္ကားတည္းလည္း စီးၾကသည္။
သူ ၿပဳံးျပလွ်င္ ကိုယ္ ၿပဳံးျပသည္။ တမင္ေတာ့ သြားစကားမေျပာ။ သူ႔နားလည္း သြားမရပ္ရဲ။
ကားက အဆင္း ဆိုလွ်င္လည္း သူ႔ကို ၿပဳံးႏႈတ္ဆက္ခဲ့ၿပီး ကိုယ့္လမ္း ကိုယ္ သုတ္ေျခတင္ ေျပးခဲ့သည္။
ေၾသာ္…မိုးမ႐ြာလွ်င္ သူႏွင့္ကိုယ္ နီးစပ္ရန္အေၾကာင္း ကိုယ္ မျမင္ပါတကား။
ထို႔ေၾကာင့္ မိုးကို ေမွ်ာ္ရသည္။ တစ္သက္ႏွင့္တစ္ကိုယ္ ေၾကာက္ေသာ မိုးကို ေမွ်ာ္မိ၏။
မိုးကိုလည္း ႐ြာေစခ်င္ပါသည္။ သူ႔ကိုလည္း…။
ခုနစ္ရက္ေလာက္ ၾကာမွ ကိုေ႐ႊမိုးက ႐ုံးတက္ခ်ိန္တြင္ ႐ြာသည္။
တစ္ကားတည္း စီးလာမိၾကေတာ့ ခေရပင္ေအာက္အထိ မေစာင့္ရပါ။ ကားေပၚက အဆင္းကတည္းက ကိုယ့္ထီးေအာက္ သူ ပါလာသည္။
ကိုယ္ ၿပဳံးမိသည္။ တိုးတက္ျခင္း။ ကားဆိပ္ႏွင့္ ခေရပင္က ေျခလွမ္း သုံးဆယ္မွ် ကြာမည္။ သည္ေတာ့ တိုးတက္ျခင္း။ ေျခလွမ္း သုံးဆယ္ႀကီးမ်ား တိုးတက္ျခင္း။
လမ္းတြင္ ကေလးမက စ,ေမး ေမးသည္။
“သူ႔နာမည္က ဘယ္လို ေခၚသလဲ”
ကိုယ္ ငိုင္သြားမိ၏။ ေျဖမည္ျပဳၿပီးေတာ့မွ စိုးရိမ္စိတ္ေတြ ဝင္လာ၏။
“ကိုယ့္မွာ နာမည္ ရွိပါတယ္၊ ဒါေပမဲ့ ကေလးမကို ကိုယ့္နာမည္ မေျပာေတာ့ဘူးလို႔ စိတ္ကူးထားတယ္”
“ဘာျပဳလို႔”
“နားေထာင္ဦး ကေလးမ၊ ကေလးမ နာမည္လည္း ကိုယ္ မေမးဘူးလို႔ သႏၷိ႒ာန္ ခ်ထားတယ္”
“ရွင္…”
“ကိုယ့္႐ုံးကိုလည္း ကိုယ္ မေျပာဘူး၊ ကေလးမ ႐ုံးကိုလည္း ကိုယ္ မေမးဘူး”
“အို…ဘာျပဳလို႔”
“ကေလးမ သကၤာကင္းေအာင္”
“ရွင္…”
“ဒါမ်ိဳးေတြ ႐ိုးေနၿပီ ဆိုတဲ့ ကေလးမရဲ႕ စကားဟာ ကိုယ့္ကို တေစၦေျခာက္သလို အၿမဲေျခာက္ေနတယ္၊ ကေလးမမွာ လုံေလာက္တဲ့အေၾကာင္း ရွိလို႔ ဒီစကား ေျပာတယ္ဆိုတာ ကိုယ္ နားလည္တယ္၊ ဒါေၾကာင့္လည္း ကိုယ္ အျပစ္မတင္ဘူး၊ ကေလးမ မွန္ပါတယ္၊ ဒီေတာ့ ကိုယ္ ေတာင္းပန္ခ်င္တယ္”
“ဘာကိုလဲ”
“ကိုယ္တို႔ ဒီအတိုင္းပဲ ေနသြားၾကရေအာင္၊ ကေလးမ ေက်ေက်နပ္နပ္ သကၤာကင္းတဲ့ ေန႔က်မွ ကိုယ့္နာမည္လည္း ေျပာပါရေစ၊ ကေလးမ နာမည္ကိုလည္း ကိုယ္ သိပါရေစ”
မ်က္ေတာင္ေကာ့မ်ား ပင့္လွန္၍ ေမာ့ၾကည့္ျခင္းကို ကိုယ္ ခံရျပန္သည္။
ခဏ၌မူ ကေလးမက ရယ္ၿပီး မွတ္ခ်က္ခ်၏။
“မဆိုးဘူး”
ဆင္ဝင္ႀကီးေအာက္တြင္ ကိုယ္က ရပ္၏။
“ကဲ…သြားေတာ့ ကေလးမ”
📖 📖 📖
ကဗ်ာဆရာေတြႏွင့္ ကဗ်ာဆန္သူေတြက လသာေသာညမ်ား၊ လမိုက္ေသာညမ်ား ဟူေသာ အသုံးအႏႈန္းကို သုံးၾကသည္။
သာယာေသာ အခ်ိန္မ်ားက လသာေသာ ညမ်ား၊ မသာယာေသာ အခ်ိန္မ်ားက လမိုက္ေသာ ညမ်ား။
မဆိုး။ ကေလးမ ေျပာသကဲ့သို႔ မဆိုးဘူး၊ အဟင္း… ။
ကိုယ့္အတြက္ကေတာ့ မိုး႐ြာေသာ ေန႔မ်ား၊ မိုးတိတ္ေသာ ေန႔မ်ား။
မိုးတိတ္ေသာ ေန႔မ်ားကို မသာယာေသာ ေန႔မ်ားဟု ကိုယ္ မဆိုဝံ့ပါ။ သို႔ရာတြင္ မိုး႐ြာေသာ ေန႔မ်ားကား သာယာေသာ ေန႔မ်ား။ အဟုတ္…အမွန္တကယ္…သာယာေသာ ေန႔မ်ား။
ႀကံႀကံဖန္ဖန္ သီတင္းကြၽတ္မည္ကိုပင္ ႀကိဳတင္ စိုးရိမ္မိသကဲ့သို႔ ျဖစ္၏။ သီတင္းကြၽတ္လွ်င္ မိုးတိတ္သြားမည္၊ မိုးတိတ္သြားလွ်င္…။
မိုးက တိတ္သြားခဲ့သည္။ သီတင္းကြၽတ္၍ မဟုတ္ပါ။ ဝါပင္ မဝင္ေသးပါ။
ကေလးမႏွင့္ စေတြ႕ၿပီး တစ္လေက်ာ္ေက်ာ္ အၾကာ၌ ကိုယ့္ဘဝႀကီး တိတ္သြားသည္။
ကေလးမ ေပ်ာက္သြားသည္။ ကေလးမကို မေတြ႕ရေတာ့ၿပီ။
ကားမွတ္တိုင္၌ ပထမတစ္ေန႔ မေတြ႕စဥ္က ကိုယ္ အေထြအထူး မထင္ခဲ့။ ကိစၥရွိသျဖင့္ ေစာေစာ ထြက္သြားႏွင့္သည္ ျဖစ္ႏိုင္၏။ သို႔မဟုတ္ ကိစၥရွိသျဖင့္ ႐ုံးေနာက္က်သည္လည္း ျဖစ္ႏိုင္၏။
ေနာက္ေန႔မ်ား မေတြ႕ေသာအခါတြင္လည္း ေၾသာ္…ခြင့္ယူထားဟန္ တူသည္။ ဤသို႔သာ ေတြးသည္။ ေနမ်ား မေကာင္းရွာသေလာ။ ဤမွ်ေတာ့ ပူသည္။
တစ္ပတ္မွ ဆယ္ရက္။ သည္ကမွ ႏွစ္ပတ္။
ကေလးမ ေပၚမလာေတာ့၊ ဘယ္ဆီ လိုက္ရွာရမည္လည္း မသိၿပီ။
ကေလးမ မည္သည့္ဌာနမွာ အလုပ္လုပ္သည္ကို ကိုယ္ မသိ။ ပန္းဆိုးတန္း ေအာက္ပိုင္းတစ္ဝိုက္တြင္ ႐ုံးေတြကလည္း မ်ားပါဘိျခင္း။
အက္ဒြတ္ဖစ္စ္ဂ်ရဲလ္ အဂ္လိပ္ဘာသာ ျပန္ဆိုသည့္ ပါရွင္းကဗ်ာဆရာႀကီး အိုမားခိုက္ယမ္း၏ ႐ူဘီယပ္ ကဗ်ာမွ စာေလးကို သြားသတိရသည္။
‘And this was all
Harvest that I reap
I came like Water, like wind I go.’
‘ေကာက္ရိတ္ခ်ိန္ သမယ
သိမ္းခဲ့ရ ကိုယ္စိုက္ရာ၊
ေရသို႔ႏွယ္ ကိုယ္လာ
ေလပမာ ကိုယ္သြား’
အိုမားခိုက္ယမ္းကမူ ဘဝအေၾကာင္း ေျပာသည္။
ေရ ဟူသည္ ဘယ္က လာမွန္းမသိဘဲ စီးဆင္းေနရသည္။ ေလကေတာ့ ဘယ္ဆီ ေရာက္မွန္းမသိ လြင့္သြားရသည္။ ေလာကဆီ လူေတြ သည္ပုံေရာက္လာၿပီး ေလာကမွ လူေတြ သည္လို ထြက္သြားၾကသည္။
အိုမားခိုက္ယမ္းေလာက္ ဘဝကို သိသည္ဟု ကိုယ္ မေျပာႏိုင္ပါ။
ကိုယ္ သိသည္က မိန္းကေလး၊ ကိုယ့္ထီးရိပ္ ခိုဖူးေသာ မိန္းကေလး။
ေရသို႔ႏွယ္ သူ လာ၍ ေလပမာ သူ ေပ်ာက္သြားသည္။
📖 📖 📖
ေၾသာ္…ေမ့ေလာက္ထိုက္ေသာ ေျခာက္လခန္႔အၾကာမွ စာတစ္ေဆာင္ ရသည္။
ဆရာရွင့္…
သန္႔ စာေရးလိုက္ပါတယ္၊ သန္႔ကို ဆရာ သိပါ့မလား။ သန္႔လို ေအာက္တန္းစာေရးမေလးကို ဆရာ မသိေပမယ့္ ဆရာ့လို အရာရွိတစ္ဦးကို မၾကာခင္ပဲ သန္႔ သိခဲ့ရပါတယ္။
သန္႔ ဝမ္းလည္း သာတယ္၊ ဝမ္းလည္း နည္းတယ္။ ဒီတုန္းက သန္႔ဟာ အိပ္ရာထဲမွာ လဲေနတဲ့ မိခင္အိုကို လုပ္ေကြၽးေနရသူပါ။ ကားဆင္း၊ ကားတက္မွာ သန္႔ရဲ႕ ထီးေလး လူႏႈိက္သြားေတာ့ အစား သန္႔ မဝယ္ႏိုင္ဘူး။ အဲ့ဒါေၾကာင့္လည္း သန္႔နဲ႔ ဆရာ့ဇာတ္လမ္းေလး ေပၚခဲ့တယ္။
မိုး႐ြာ႐ြာမွာ ထီးရိပ္ေတာ့ ခိုခ်င္ၾကတာေပါ့ ဆရာရယ္။ မခိုခ်င္သူ ရွိပါ့မလား။ ဒါေပမဲ့ သန္႔ ေျပာခဲ့သလို ‘ဒါမ်ိဳးေတြ ႐ိုး’ ေနတဲ့အျဖစ္ သန္႔ အမ်ားႀကီး ႀကဳံခဲ့ဖူးပါတယ္။
ေတြ႕စကေတာ့ ဆရာ့ကိုလည္း သန္႔ မယုံသကၤာ ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ဒီတစ္ႀကိမ္ေတာ့ သန္႔ လူကဲခတ္ မွားခဲ့ပါတယ္။
ဆရာဟာ လူ႐ိုး လူေကာင္းတစ္ဦးပါ။ မိုး႐ြာထဲမွာ ဆရာ့ထီးေလးက က်ယ္ေတာ့ အလြန္ခိုလို႔ ေကာင္းခဲ့ပါတယ္။ ေၾသာ္…ဆရာဟာလည္း ဘဝတစ္ေလွ်ာက္လုံး ခိုလို႔ေကာင္းတဲ့ ထီးႀကီးပါ ဆိုတာလည္း သန္႔ သိခဲ့ပါတယ္။
ဒါေပမဲ့ သန္႔မွာက ခ်စ္သူ ရွိၿပီးေနၿပီ။ သန္႔ခ်စ္သူကေတာ့ ၿမိဳ႕ေလးတစ္ၿမိဳ႕မွာ မူလတန္းျပဆရာေလး လုပ္ေနရတယ္။ သန္႔ကလည္း ရန္ကုန္မွာ မိခင္ကို လုပ္ေကြၽးေနရေတာ့ မယ္တစ္ၿမိဳ႕၊ ေမာင္တစ္႐ြာနဲ႔ သန္႔တို႔ မနီးႏိုင္ၾကဘူး။
ဆရာနဲ႔ ေတြ႕ၿပီး တစ္လေလာက္အၾကာမွာ ေမေမ ဆုံးသြားခဲ့တယ္။ သန္႔လည္း သန္႔ခ်စ္သူ ေခၚရာကို လိုက္ပါသြားခဲ့ပါတယ္။ ဒါေပမဲ့ အဲဒီဆုံးျဖတ္ခ်က္ကို သန္႔ ခက္ခက္ခဲခဲ လုပ္ခဲ့ရတာပါ။ အဲဒါကို ေျပာခ်င္လို႔ ဒီစာကို သန္႔ ေရးမိတယ္။
ႏွလုံးသား ဆိုတာ ခက္သားေနာ္။ သူ႔ထဲမွာ ေမတၱာအတြက္ေနရာလည္း ရွိတယ္။ က႐ုဏာအတြက္ေနရာလည္း ရွိတယ္။ ေမာင့္အတြက္ေတာ့ ေမတၱာေပါ့။ ဆရာ့အတြက္ေတာ့ စိတ္မဆိုးနဲ႔ေနာ္…က႐ုဏာေပါ့။
ဒါေပမဲ့ ဆရာေရ …ႏွလုံးသားမွာက ေမတၱာနဲ႔ က႐ုဏာအျပင္ သစၥာဆိုတာကလည္း ရွိေနေသးတယ္။ သစၥာဆိုတာကို ႏႈတ္လိုက္ရင္ လူ႔ႏွလုံးသားဟာ လူ႔ႏွလုံးသား ဟုတ္ပါေတာ့မလား။ ဆရာ့ကို သန္႔ အ႐ူးလုပ္သြားတာ မဟုတ္ပါဘူး။ ဆရာ့ကို မယုံသကၤာ ျဖစ္လို႔လည္း မဟုတ္ေတာ့ပါဘူး။ ေၾသာ္…ဆရာ့ကို သန္႔ မုန္းလည္း မမုန္းပါဘူး။
သန္႔နာမည္ အျပည့္အစုံကို ေျပာဖို႔လည္း မလိုေတာ့ပါဘူး။ သန္႔တို႔ ဘယ္မွာေနတယ္ ဆိုတာလည္း မေျပာေတာ့ပါဘူး။
သန္႔တို႔ဟာ အခု မိုးေရထဲ သန္႔တို႔ ထီးေသးေသးေလးေတြနဲ႔ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ဘဲ သြားေနၾကပါတယ္။
ဆရာ့လို သူေတာ္ေကာင္းတစ္ဦးရဲ႕ ထီးရိပ္ေအာက္ကို တစ္ေန႔မွာ ထိုက္တန္သူတစ္ေယာက္ ေရာက္လာလိမ့္မယ္လို႔ သန္႔ ယုံတယ္။
ဆုလည္း ေတာင္းေပးေနပါတယ္။
ေလးစား႐ိုေသစြာျဖင့္…
သန႔္
ဟုတ္ကဲ့…။
ႏွလုံးသား မွန္သမွ်တြင္ ခံစားမႈကို ေမြးဖြားေပးသည့္ အစြဲေလးေတြ ရွိစၿမဲ။
ေငြလျမင္တိုင္း မ်က္ရည္ဝိုင္းသည္။
တခ်ိဳ႕က ဤသို႔ ဖြဲ႕သည္။
ပိေတာက္ေတြ ပြင့္မွျဖင့္…။ တခ်ိဳ႕က ဤသို႔ ရႈိက္သည္။
မိုးေတြ ႐ြာမွာျဖင့္လွ်င္ကြယ္…။
ဤသို႔ ညည္းသူကလည္း ညည္းသည္။
ကိုယ့္အတြက္မူ မိုးေတြ႐ြာမွျဖင့္ ကားမွတ္တိုင္မွာ ထီးဖြင့္၍ ေဆာင္းမိတိုင္း…ေဆာင္းမိတိုင္း…။ ။
✍ တကၠသိုလ္ဘုန္းႏိုင္