သက်ပျောက်ပစ္စည်း(စ/ဆုံး)

Unicode Version

သက်ပျောက်ပစ္စည်း(စ/ဆုံး)
———————————-
အသိတစ်ယောက်ပြောပြသောရွာအကြောင်းပါ
********************************
အညာဒေသရဲ့ရွာကြီးတစ်ရွာတွင်သဘောအလွန်ကောင်းသောဆရာတော်ကြီးတစ်ပါးရှိသည်။
ထိုရွာသည်မြို့လဲမမြည်ရွာလဲမကျသောစည်ကားသောရွာကြီးတစ်ရွာဖြစ်သည်။
ရွာထိပ်တွင်ဆရာတော်ကြီးသတင်းသုံးသောတောရဘုန်းကြီးကျောင်းကြီးရှိသည်။
ကျောင်းဝင်းကြီးသည်အကျယ်ကြီးဖြစ်ကာသီးပင်စားပင်အစုံအလင်ရှိကာ
အရိပ်ရအပင်ကြီးများကနေရောင်မထိုးအောင်မိုးပေးထားသောကြောင့်အညာဒေသရဲ့အိုအေစစ်ဖြစ်လေသည်။
ဆရာတော်ကျောင်းသည်လူတဖက်စာမကကြီးသောကျွန်းတိုင်ကြီးများဖြင့်ခြေတန်ရှည်
ဆောက်ထားသောကျောင်းကြီးဖြစ်ကာကျောင်းအောက်တွင်သံမံသလင်းခင်းထားသည်။
အကာမရှိပေထိုကျောင်းအောက်တွင်တစ်ရွာလုံးကဘုန်းကြီးကျောင်းလာလူ ထားသော
သက်ပျောက်ကုတင်များကုလယ်ထိုင်စားပွဲစသဖြင့်သက်ပျောက်ပစ္စည်းအများအပြားရှိနေသည်။
မကောင်းကျောင်းပို့ဆိုသောစကားအတိုင်းသူတို့စိတ်ထဲမသိုးမသန့်အထင်ရှိသည့်အရာများ
လာပို့ထားသည်မှာအစုံအလင်ဖြစ်သည်စောင်ခြင်ထောင်ခေါင်းအုံးပါပါသေးသည်။
ဆရာတော်ကြီးကလဲလာလူ သမျှလက်ခံကာထားလေသည်မြို့ကဧည့်သည်များလာပါကလဲ
ဆရာတော်ကြီးကျောင်းအောက်တွင်လာတည်းကြတာမို့သက်ပျောက်ပစ္စည်းများနှင့်
မကင်းလွတ်ပဲအိပ်ကြရလေသည်။ထိုအခါညဘက်ရောက်ပါကကုတင်ပေါ်က
တွန်းချခြင်း-ဆွဲချခြင်း-ခြင်ထောင်အားဆွဲဖြုတ်ခြင်း-
တောက်တစ်ခေါက်ခေါက်ဖြင့်လမ်းရှောက်နေခြင်း-
စသည်ဖြင့်အမျိုးစုံအောင်ခြောက်လှန့်ခံကြရလေသည်။
မနက်မိုးလင်းတော့ဆရာတော်ကြီးကလာသမျှဧည့်သည်များအားမေးနေကြအတိုင်း
”’ဒကာတို့ညကအိပ်လို့ပျော်ကြလားကွဲ့””’
ထိုအခါလာတည်းသူများကလဲဖြေနေကြအတိုင်း
”’တစ်ညလုံးကောင်းကောင်းမအိပ်ရအောင်သရဲခြောက်ခံရပါတယ်ဘုရား””
ထိုအခါဆရာတော်ကြီးကဟောမြဲတရားဖြစ်သည့်ပစ္စည်းဥစ္စာစွဲလမ်းခြင်းအစချီသောတရားများကိုလာသမျှူလူကိုသံဝေဂရအောင်ဟောလေသည်။
မည်သို့ပင်ဆိုစေကာမူဘုန်းကြီးကျောင်းတွင်သရဲခြောက်သည်ဟူသောသတင်းသည်ဟိုလေးကျော်နေသည်။
တစ်နေ့မှာတော့အောက်အရပ်ကသရဲမကြောက်သောကုန်သည်ထိုရွာသို့ရောက်လာရာကာလသားများနှင့်
အလောင်းအစားလုပ်ကြလေသည်။
”’ကျုပ်ကသရဲတို့ဘာတို့အယုံအကြည်မရှိဘူး——ရှိလဲမယုံဘူး—-မွေးကထဲကတစ်ခါမှသရဲမမြင်ဘူးဘူး””
””ဒါဆိုကျုပ်တို့ရွာထိပ်ကဘုန်းကြီးကျောင်းအောက်သွားအိပ်ကြည့်မလား—”’
””အကယ်၍မနက်မိုးလင်းလို့ဘာမှမဖြစ်ဘူးဆိုဘုန်းကြီးဆီမှာအေးအေးဆေးဆေးတရားနာလာခဲ့———အဲဒါဆိုခင်ဗျားခိုင်းတာကျုပ်တို့လုပ်ပေးမယ်””’
””ကျုပ်တို့နိုင်ရင်—–ခင်ဗျားကခိုင်းတာလုပ်”’
”’စိန်လိုက်ကြိုက်ပြီ—–လိုက်သာပို့လိုက်တော့”’
ဒီလိုနဲ့ဘုန်းကြီးကျောင်းရောက်လာကာဘုန်းကြီးထံအပ်လေသည်။
”’အရှင်ဘုရားဒီလူကသရဲတစ္ဆေမယုံဘူးဘုရား—-အဲဒါအရှင်ဘုရားကျောင်းမှာတည်းပြီးမနက်တရားဟောပါ
မနက်တပည့်တော်တို့လာခေါ်ပါမယ်ဘုရား—””
ရွာသားများကကုန်သည်အားထားခဲ့ကာပြန်သွားကြလေသည်။
”ဒီအခါလူ့ဂွစာကုန်သည်ကဘုန်းကြီးအား
”’အရှင်ဘုရားဘုန်းကြီးကျောင်းမှာသရဲကနေလို့ရလို့လားဘုရား ——ဘုရားသံတရားသံကြားရင်နေမရဘူးဆိုအမျှဝေတဲ့အခါမကျွတ်ဘူးလားဘုရား——””
”’အဲဒါပဲပေါ့ ဒကာ—လူတွေဟာသေခါနီးစွဲမိစွဲရာကိုစိတ်စွဲလမ်းသွားရင်—-အဲဒီအစွဲကိုချွတ်ရခက်တယ်—–အခိုက်အတန့်အားဖြင့်တော့မကျွတ်မလွတ်ဖြစ်သွားကြတာပဲ—-
အချိန်တစ်ခုပြီးရင်တော့ကျွတ်သွားတာပေါ့လေ””
””’ကောင်းပြီတပည့်တော်အဲမကျွတ်မလွတ်တွေတွေရင်အရှင်ဘုရားကျောင်းမှာအလျု ကြီးလုပ်ပြီး—–
သာဓုခေါ်ခိုင်းမယ်တပည့်တော်ကတော့အယုံအကြည်မရှိပါဘူး””
ထိုအခါဘုန်းကြီးစိတ်ထဲမနက်မိုးလင်းရင်တော့ဒီဒကာအစွဲကိုချွတ်ဘို့တရား
အကြီးအကျယ်ဟောမယ်လို့စိတ်ကူးထားလိုက်သည်။
ကုန်သည်သည်တယူသန်တဇောက်ကန်းသူ့ကိုယ်သူအထင်ကြီးသူဖြစ်သည် ။
ဘုန်းကြီးကျောင်းတွင်သရဲခြောက်ခံရတာ
ဘာမှမဖြစ်စလောက်ဟုထင်သည်အကယ်၍ဘာမှမဖြစ်ပါကသူ့အားရွာသားများကသတ္တိခဲဟု
ထင်ကြမည်သူခိုင်းတာလဲလုပ်ပေးမည်ဆိုတော့သူတွေးကာကျေနပ်နေသည်။
သရဲအကြောင်းကြားထားသည်ကိုလဲအယုံအကြည်မရှိပေသရဲလဲမတွေ့ဘူးပေ
ထုံးစံအတိုင်းဆရာတော်ကြီးကကျောင်အောက်ကသက်ပျောက်ကုတင်တွင်နေရာပေးကာ
သက်ပျောက်ခြင်ထောင်စောင်ခေါင်းအုံးစသည်ဖြင့်သက်ပျောက်ပစ္စည်းများပေးထားသည်။
ညဘက်ရောက်တော့ကုန်သည်လဲအေးအေးလူလူအိပ်လေသည်။
သဘာဝလေအေးလေးနှင့်အိပ်ပျော်ကာစရှိသေး
‘ ”””’ဟေ့လူထထ—-ဟေ့လူထ”””
သူ့အားလူတစ်ယောက်ကအတင်းလာနိုးနေသဖြင့်ခြင်ထောင်မကာကြည့်လိုက်တော့
မျက်နှာကဖြူဖွေးဖောသွပ်နေကာမျက်လုံးကသပိတ်လောက်ရှိသောသရဲတစ်ယောက်ကိုမြင်ရလေသည်။
ထိုအခါသရဲမကြောက်သောကုန်သည်သည်အနည်းငယ်တုန်လှုတ်သွားကာ
”””ခင်ဗျားကလူလား——သရဲလား””’
”’ငါကဒီကုတင်ပိုင်ရှင်ဒါငါတို့လင်မယားရဲ့မင်္ဂလာဦးကျွန်းကုတင်လေးငါကိုယ်တိုင်လုပ်ထားတာ——ငါအရက်အသောက်များပြီးသေတော့ ——ငါ့မိန်းမကဘုန်းကြီးကျောင်းလာပို့ထားတာကွ” ””’
ထိုစကားကြားတော့ကုန်သည်လဲကျောချမ်းသွားကာဘေးကကွပ်ပျစ်ပေါ်ပြောင်းအိပ်လိုက်သည်။
မကြာခင်ခြင်ထောင်အားလာစောင့်ဆွဲပြန်သည်
ဒီအခါကုန်သည်လန့်နိုးသွားတော့ခြင်ထောင်ကြိုးများဆွဲဖြုတ်နေသောမိန်းမကြီးတစ်ယောက်အား
မြင်ရပြန်သည်ထဘီရင်ရှားနှင့်ဆံပင်ကဖွာလန်ကျဲနေသည်။
ကုန်သည်အားမျက်ထောင့်နီကြီးဖြင့်ကြည့်ကာ
””’ဒါငါ့ခြင်ထောင်အသစ်ငါ့သမီးက——မြို့ကပို့လိုက်တာဘယ်သူမှငါခြင်ထောင်နဲ့အိပ်တာမကြိုက်ဘူး”’
ထိုအခါကုန်သည်လဲထိတ်လန့်သွားကာခြင်ထောင်အားဖြုတ်၍ဘေးကုတင်ပေါ်ပြစ်တင်ကာ
ဒီအတိုင်းအိပ်လေသည်။ဒါပေမဲ့ဘယ်သရဲများလာခြောက်အုံးမလဲလို့ထိတ်လန့်စွာနှင့်
မျက်လုံးကိုအသေပိတ်ထားလိုက်သည်။
သ့ူ့ခြေရင်းတရှပ်ရှပ်လမ်းရှောက်နေသံကြောင့်သူ့ခြေထောက်များလာဆွဲမလားတွေးကာ
ခြေထောက်များကိုကွေးထားလိုက်သည်။သရဲမကြောက်ဖူးဆိုပေမဲ့တစ်ကယ်တန်းလက်တွေ့ကြုံလာသည့်အခါအထင်နှင့်အမြင်သည်လွဲနေကာမလန့်စဖူးလန့်နေမိ၏
အသံကြောင့်ဖားသေဆိုသလိုမျိူ းအသံစုံကြောင့်ကောင်းကောင်းအိပ်မပျော်မှေးကနဲပြန်အိပ်ပျော်မယ်ကြံသေး
နှာခေါင်းထဲအပုတ်နံ့ရနေသည်ဘယ်ကအနံ့ကြီးလဲလို့တွေးနေတုန်းမိမိအနောက်ဘက်က
ရနေတာကြောင့်နောက်လှည့်ကြည့်လိုက်ရာကွပ်ပျစ်ပေါ်တွင်သူ့ဘေးမှလာအိပ်နေသော
အရိုးဖြိုင်းဖြိုင်းနှင့်အဖိုးကြီးတစ်ဦးအားတွေ့လိုက်ရာအသဲများအေးသွားကာ
ထထိုင်လိုက်မိသည်ထိုအခါအရိုးဖြိုင်းဖြိုင်းနဲ့အဖိုးကြီးသည်မျက်တွင်ဟောက်ပက်ကြီးဖြစ်နေတာတွေ့တော့
ကုန်သည်လဲဘယ်လိုမှစိတ်တင်းထားလို့မရကာအော်
ချင်ပေမဲ့သူ့စကားနဲ့သူမို့ပါးစပ်ကိုစိထားကာစိတ်ထဲကအသံမထွက်ပဲကုန်းအော်နေရသည်။
တစ်ကိုယ်လုံးဇောခြွေများထွက်နေကာအတော်ကြောက်နေ
်လေသည်။
လူကလဲတစ်ကယ့်သရဲများလက်တွေ့မြင်ရတဲ့အခါကတုန်ကရင်ဖြစ်ကာအပေါ့သွားချင်သလိုလို
အလေးသွားချင်သလိုလိုဖြစ်လာတာကြောင့်ရေအိမ်သွားရန်ထလာခဲ့သည်။
ဒါပေမဲ့စိတ်ကတော့မလုံပေမိမိပတ်ဝန်းကျင်တွင်သရဲများကပ်နေသည်ဟုထင်နေသည်။
ဘုန်းကြီးကျောင်းခြံကြီးကလဲအကျယ်ကြီးဆိုတော့ရေအိမ်ကခြံထောင့်တွင်ရှိသည်။
ဒါနဲ့ကုန်သည်လဲရှောက်လာရင်ကြက်တွန်သံကြားတော့အားတက်သွားမိသည်။
မကြာခင်မိုးလင်းတော့မည်ဘုန်းကြီးမေးရင်မှင်သေသေဖြင့်ဘာမှမသိပါဟုပြောမည်စိတ်ကူးထားသည်။
သရဲမကြောက်တတ်သောသူ့အကြောင်းကြွားမည်ဟုအားခဲထားသည်။
ထိုအချိန်တွင်သူရှေ့တွင်လူတစ်ယောက်သစ်ပင်ပေါ်မော့ကြည့်ကာရပ်နေသည်ကိုတွေ့ရသည်။
သူလဲအကြောက်ပြေသွားသည်ဘုန်းကြီးကျောင်းသားလားရွာထဲကလူလားဘာလားတွေးကာ
အနားကပ်သွား၍ထိုသူအားမေးလိုက်သည်။
”’ဟေ့လူစောစောစီးစီးဘာလုပ်နေတာလဲသစ်ပင်ပေါ်တက်မလို့လား”’
ထိုအခါထိုလူကအသံသြသြကြီးဖြင့်ဖြေလိုက်သည်။
”ဟုတ်တယ်ဘယ်လိုတက်ရင်ကောင်းမလဲတွေးနေတာ”
”” ခင်ဗျားကလဲသစ်ပင်ပေါ်တက်တာများအဆန်းလုပ်လို့—–”
သူ့စကားမဆုံးခင်သူ့ရှေ့မှလူသည်သစ်ပင်ပေါ်သို့ဇောက်ထိုးကြီးတက်သွားရာ
သူသည်အလွန်ဆွံ့အသွားကာနေရာမှာရပ်ရင်းကျောက်ရုပ်တရုပ်လိုတောင့်တောင့်ကြီးရပ်နေသည်
သေးများလဲထွက်ကျသွားသည်မှာပုဆိုးတစ်ခုလုံးစိုရွဲသွားလေသည်။
မနက်မိုးလင်းတော့ကုန်သည်အားမတွေ့ရတော့ပါရွာသားများလိုက်ရှာပါသော်လည်းအစအနပင်မတွေ့တော့
နောက်၂လလောက်နေတော့ပျောက်သွားသောကုန်သည်သည်ဘုန်းကြီးကျောင်းတွင်
အလှုူ ကြီးလာလုပ်ကာမကျွတ်မလွတ်သူများအားအမျှပေးလေသည်။
ဆရာတော်ကြီးကလည်းဝမ်းပန်းတသာကြိုဆို၍ကုန်သည်နှင့်တစ်ကွရွာသားများကိုအကြီးအကျယ်တရားဟောလေတော့သည်။
ဒါပေမဲ့နောက်၂လ၃လတွင်တော့ဘုန်းကြီးကျောင်းအောက်တွင်သက်ပျောက်ပစ္စည်းအသစ်များထပ်ရောက်လာပြန်သည်။
လူတွေကနေ့တိုင်းမွေးပြီးနေ့တိုင်းသေနေတာဆိုတော့ဆရာတော်ကြီးကျောင်းတွင်လည်းနေ့တိုင်းသက်ပျောက်ပစ္စည်းများထပ်တိုးလာသလိုဆရာတော်လည်းနေ့တိုင်းတရားဟောနေရအုံးမှာမလွဲပါ
ပြီး
D Moe Moe

Zawgyi Version

သက္ေပ်ာက္ပစၥည္း(စ/ဆံုး)
———————————-
အသိတစ္ေယာက္ေျပာျပေသာရြာအေႀကာင္းပါ
********************************
အညာေဒသရဲ႔ရြာႀကီးတစ္ရြာတြင္သေဘာအလြန္ေကာင္းေသာဆရာေတာ္ႀကီးတစ္ပါးရွိသည္။
ထိုရြာသည္ျမို့လဲမျမည္ရြာလဲမက်ေသာစည္ကားေသာရြာႀကီးတစ္ရြာျဖစ္သည္။
ရြာထိပ္တြင္ဆရာေတာ္ႀကီးသတင္းသံုးေသာေတာရဘုန္းႀကီးေက်ာင္းႀကီးရွိသည္။
ေက်ာင္းဝင္းႀကီးသည္အက်ယ္ႀကီးျဖစ္ကာသီးပင္စားပင္အစံုအလင္ရွိကာ
အရိပ္ရအပင္ႀကီးမ်ားကေနေရာင္မထိုးေအာင္မိုးေပးထားေသာေႀကာင့္အညာေဒသရဲ႔အိုေအစစ္ျဖစ္ေလသည္။
ဆရာေတာ္ေက်ာင္းသည္လူတဖက္စာမကႀကီးေသာက်ြန္းတိုင္ႀကီးမ်ားျဖင့္ေျခတန္ရွည္
ေဆာက္ထားေသာေက်ာင္းႀကီးျဖစ္ကာေက်ာင္းေအာက္တြင္သံမံသလင္းခင္းထားသည္။
အကာမရွိေပထိုေက်ာင္းေအာက္တြင္တစ္ရြာလံုးကဘုန္းႀကီးေက်ာင္းလာလဴ ထားေသာ
သက္ေပ်ာက္ကုတင္မ်ားကုလယ္ထိုင္စားပြဲစသျဖင့္သက္ေပ်ာက္ပစၥည္းအမ်ားအျပားရွိေနသည္။
မေကာင္းေက်ာင္းပို့ဆိုေသာစကားအတိုင္းသူတို့စိတ္ထဲမသိုးမသန့္အထင္ရွိသည့္အရာမ်ား
လာပို့ထားသည္မွာအစံုအလင္ျဖစ္သည္ေစာင္ျခင္ေထာင္ေခါင္းအံုးပါပါေသးသည္။
ဆရာေတာ္ႀကီးကလဲလာလဴ သမ်ွလက္ခံကာထားေလသည္ျမို့ကဧည့္သည္မ်ားလာပါကလဲ
ဆရာေတာ္ႀကီးေက်ာင္းေအာက္တြင္လာတည္းႀကတာမို့သက္ေပ်ာက္ပစၥည္းမ်ားႏွင့္
မကင္းလြတ္ပဲအိပ္ႀကရေလသည္။ထိုအခါညဘက္ေရာက္ပါကကုတင္ေပၚက
တြန္းခ်ျခင္း-ဆြဲခ်ျခင္း-ျခင္ေထာင္အားဆြဲျဖုတ္ျခင္း-
ေတာက္တစ္ေခါက္ေခါက္ျဖင့္လမ္းေရွာက္ေနျခင္း-
စသည္ျဖင့္အမ်ိဳးစံုေအာင္ေျခာက္လွန့္ခံႀကရေလသည္။
မနက္မိုးလင္းေတာ့ဆရာေတာ္ႀကီးကလာသမ်ွဧည့္သည္မ်ားအားေမးေနႀကအတိုင္း
”’ဒကာတို့ညကအိပ္လို့ေပ်ာ္ႀကလားကြဲ႔””’
ထိုအခါလာတည္းသူမ်ားကလဲေျဖေနႀကအတိုင္း
”’တစ္ညလံုးေကာင္းေကာင္းမအိပ္ရေအာင္သရဲေျခာက္ခံရပါတယ္ဘုရား””
ထိုအခါဆရာေတာ္ႀကီးကေဟာျမဲတရားျဖစ္သည့္ပစၥည္းဥစၥာစြဲလမ္းျခင္းအစခ်ီေသာတရားမ်ားကိုလာသမ်ွူလူကိုသံေဝဂရေအာင္ေဟာေလသည္။
မည္သို့ပင္ဆိုေစကာမူဘုန္းႀကီးေက်ာင္းတြင္သရဲေျခာက္သည္ဟူေသာသတင္းသည္ဟိုေလးေက်ာ္ေနသည္။
တစ္ေန့မွာေတာ့ေအာက္အရပ္ကသရဲမေႀကာက္ေသာကုန္သည္ထိုရြာသို့ေရာက္လာရာကာလသားမ်ားႏွင့္
အေလာင္းအစားလုပ္ႀကေလသည္။
”’က်ဳပ္ကသရဲတို့ဘာတို့အယံုအႀကည္မရွိဘူး——ရွိလဲမယံုဘူး—-ေမြးကထဲကတစ္ခါမွသရဲမျမင္ဘူးဘူး””
””ဒါဆိုက်ဳပ္တို့ရြာထိပ္ကဘုန္းႀကီးေက်ာင္းေအာက္သြားအိပ္ႀကည့္မလား—”’
””အကယ္၍မနက္မိုးလင္းလို့ဘာမွမျဖစ္ဘူးဆိုဘုန္းႀကီးဆီမွာေအးေအးေဆးေဆးတရားနာလာခဲ႔———အဲဒါဆိုခင္ဗ်ားခိုင္းတာက်ဳပ္တို့လုပ္ေပးမယ္””’
””က်ဳပ္တို့ႏုိင္ရင္—–ခင္ဗ်ားကခိုင္းတာလုပ္”’
”’စိန္လိုက္ႀကိုက္ျပီ—–လိုက္သာပို့လိုက္ေတာ့”’
ဒီလိုနဲ႔ဘုန္းႀကီးေက်ာင္းေရာက္လာကာဘုန္းႀကီးထံအပ္ေလသည္။
”’အရွင္ဘုရားဒီလူကသရဲတေစၧမယံုဘူးဘုရား—-အဲဒါအရွင္ဘုရားေက်ာင္းမွာတည္းျပီးမနက္တရားေဟာပါ
မနက္တပည့္ေတာ္တို့လာေခၚပါမယ္ဘုရား—””
ရြာသားမ်ားကကုန္သည္အားထားခဲ႔ကာျပန္သြားႀကေလသည္။
”ဒီအခါလူ့ဂြစာကုန္သည္ကဘုန္းႀကီးအား
”’အရွင္ဘုရားဘုန္းႀကီးေက်ာင္းမွာသရဲကေနလို့ရလို့လားဘုရား ——ဘုရားသံတရားသံႀကားရင္ေနမရဘူးဆိုအမွ်ေဝတဲ႔အခါမက်ြတ္ဘူးလားဘုရား——””
”’အဲဒါပဲေပါ့ ဒကာ—လူေတြဟာေသခါနီးစြဲမိစြဲရာကိုစိတ္စြဲလမ္းသြားရင္—-အဲဒီအစြဲကိုခ်ြတ္ရခက္တယ္—–အခိုက္အတန့္အားျဖင့္ေတာ့မက်ြတ္မလြတ္ျဖစ္သြားႀကတာပဲ—-
အခ်ိန္တစ္ခုျပီးရင္ေတာ့က်ြတ္သြားတာေပါ့ေလ””
””’ေကာင္းျပီတပည့္ေတာ္အဲမက်ြတ္မလြတ္ေတြေတြရင္အရွင္ဘုရားေက်ာင္းမွာအလ်ဳ ႀကီးလုပ္ျပီး—–
သာဓုေခၚခိုင္းမယ္တပည့္ေတာ္ကေတာ့အယံုအႀကည္မရွိပါဘူး””
ထိုအခါဘုန္းႀကီးစိတ္ထဲမနက္မိုးလင္းရင္ေတာ့ဒီဒကာအစြဲကိုခ်ြတ္ဘို့တရား
အႀကီးအက်ယ္ေဟာမယ္လို့စိတ္ကူးထားလိုက္သည္။
ကုန္သည္သည္တယူသန္တေဇာက္ကန္းသူ့ကိုယ္သူအထင္ႀကီးသူျဖစ္သည္ ။
ဘုန္းႀကီးေက်ာင္းတြင္သရဲေျခာက္ခံရတာ
ဘာမွမျဖစ္စေလာက္ဟုထင္သည္အကယ္၍ဘာမွမျဖစ္ပါကသူ့အားရြာသားမ်ားကသတၱိခဲဟု
ထင္ႀကမည္သူခိုင္းတာလဲလုပ္ေပးမည္ဆိုေတာ့သူေတြးကာေက်နပ္ေနသည္။
သရဲအေႀကာင္းႀကားထားသည္ကိုလဲအယံုအႀကည္မရွိေပသရဲလဲမေတြ႔ဘူးေပ
ထံုးစံအတိုင္းဆရာေတာ္ႀကီးကေက်ာင္ေအာက္ကသက္ေပ်ာက္ကုတင္တြင္ေနရာေပးကာ
သက္ေပ်ာက္ျခင္ေထာင္ေစာင္ေခါင္းအံုးစသည္ျဖင့္သက္ေပ်ာက္ပစၥည္းမ်ားေပးထားသည္။
ညဘက္ေရာက္ေတာ့ကုန္သည္လဲေအးေအးလူလူအိပ္ေလသည္။
သဘာဝေလေအးေလးႏွင့္အိပ္ေပ်ာ္ကာစရွိေသး
‘ ”””’ေဟ့လူထထ—-ေဟ့လူထ”””
သူ့အားလူတစ္ေယာက္ကအတင္းလာႏုိးေနသျဖင့္ျခင္ေထာင္မကာႀကည့္လိုက္ေတာ့
မ်က္ႏွာကျဖူေဖြးေဖာသြပ္ေနကာမ်က္လံုးကသပိတ္ေလာက္ရွိေသာသရဲတစ္ေယာက္ကိုျမင္ရေလသည္။
ထိုအခါသရဲမေႀကာက္ေသာကုန္သည္သည္အနည္းငယ္တုန္လႈတ္သြားကာ
”””ခင္ဗ်ားကလူလား——သရဲလား””’
”’ငါကဒီကုတင္ပိုင္ရွင္ဒါငါတို့လင္မယားရဲ႔မဂၤလာဦးက်ြန္းကုတင္ေလးငါကိုယ္တိုင္လုပ္ထားတာ——ငါအရက္အေသာက္မ်ားျပီးေသေတာ့ ——ငါ့မိန္းမကဘုန္းႀကီးေက်ာင္းလာပို့ထားတာကြ” ””’
ထိုစကားႀကားေတာ့ကုန္သည္လဲေက်ာခ်မ္းသြားကာေဘးကကြပ္ပ်စ္ေပၚေျပာင္းအိပ္လိုက္သည္။
မႀကာခင္ျခင္ေထာင္အားလာေစာင့္ဆြဲျပန္သည္
ဒီအခါကုန္သည္လန့္ႏုိးသြားေတာ့ျခင္ေထာင္ႀကိဳးမ်ားဆြဲျဖုတ္ေနေသာမိန္းမႀကီးတစ္ေယာက္အား
ျမင္ရျပန္သည္ထဘီရင္ရွားႏွင့္ဆံပင္ကဖြာလန္က်ဲေနသည္။
ကုန္သည္အားမ်က္ေထာင့္နီႀကီးျဖင့္ႀကည့္ကာ
””’ဒါငါ့ျခင္ေထာင္အသစ္ငါ့သမီးက——ျမို့ကပို့လိုက္တာဘယ္သူမွငါျခင္ေထာင္နဲ႔အိပ္တာမႀကိုက္ဘူး”’
ထိုအခါကုန္သည္လဲထိတ္လန့္သြားကာျခင္ေထာင္အားျဖုတ္၍ေဘးကုတင္ေပၚျပစ္တင္ကာ
ဒီအတိုင္းအိပ္ေလသည္။ဒါေပမဲ႔ဘယ္သရဲမ်ားလာေျခာက္အံုးမလဲလို့ထိတ္လန့္စြာနွင့္
မ်က္လံုးကိုအေသပိတ္ထားလိုက္သည္။
သ့႔ူ့ေျခရင္းတရွပ္ရွပ္လမ္းေရွာက္ေနသံေႀကာင့္သူ့ေျခေထာက္မ်ားလာဆြဲမလားေတြးကာ
ေျခေထာက္မ်ားကိုေကြးထားလိုက္သည္။သရဲမေႀကာက္ဖူးဆိုေပမဲ႔တစ္ကယ္တန္းလက္ေတြ႔ႀကံဳလာသည့္အခါအထင္ႏွင့္အျမင္သည္လဲြေနကာမလန့္စဖူးလန့္ေနမိ၏
အသံေႀကာင့္ဖားေသဆိုသလိုမ်ိဴ းအသံစံုေႀကာင့္ေကာင္းေကာင္းအိပ္မေပ်ာ္ေမွးကနဲျပန္အိပ္ေပ်ာ္မယ္ႀကံေသး
ႏွာေခါင္းထဲအပုတ္န႔ံရေနသည္ဘယ္ကအနံ႔ႀကီးလဲလို့ေတြးေနတုန္းမိမိအေနာက္ဘက္က
ရေနတာေႀကာင့္ေနာက္လွည့္ႀကည့္လိုက္ရာကြပ္ပ်စ္ေပၚတြင္သူ့ေဘးမွလာအိပ္ေနေသာ
အရုိးျဖိုင္းျဖိုင္းႏွင့္အဖိုးႀကီးတစ္ဦးအားေတြ႔လိုက္ရာအသဲမ်ားေအးသြားကာ
ထထိုင္လိုက္မိသည္ထိုအခါအရုိးျဖိုင္းျဖိုင္းနဲ႔အဖိုးႀကီးသည္မ်က္တြင္ေဟာက္ပက္ႀကီးျဖစ္ေနတာေတြ႔ေတာ့
ကုန္သည္လဲဘယ္လိုမွစိတ္တင္းထားလို့မရကာေအာ္
ခ်င္ေပမဲ႔သူ့စကားနဲ႔သူမို့ပါးစပ္ကိုစိထားကာစိတ္ထဲကအသံမထြက္ပဲကုန္းေအာ္ေနရသည္။
တစ္ကိုယ္လံုးေဇာေျခြမ်ားထြက္ေနကာအေတာ္ေႀကာက္ေန
္ေလသည္။
လူကလဲတစ္ကယ့္သရဲမ်ားလက္ေတြ႔ျမင္ရတဲ႔အခါကတုန္ကရင္ျဖစ္ကာအေပါ့သြားခ်င္သလိုလို
အေလးသြားခ်င္သလိုလိုျဖစ္လာတာေႀကာင့္ေရအိမ္သြားရန္ထလာခဲ႔သည္။
ဒါေပမဲ႔စိတ္ကေတာ့မလံုေပမိမိပတ္ဝန္းက်င္တြင္သရဲမ်ားကပ္ေနသည္ဟုထင္ေနသည္။
ဘုန္းႀကီးေက်ာင္းျခံႀကီးကလဲအက်ယ္ႀကီးဆိုေတာ႔ေရအိမ္ကျခံေထာင့္တြင္ရွိသည္။
ဒါနဲ႔ကုန္သည္လဲေရွာက္လာရင္ႀကက္တြန္သံႀကားေတာ့အားတက္သြားမိသည္။
မႀကာခင္မိုးလင္းေတာ့မည္ဘုန္းႀကီးေမးရင္မွင္ေသေသျဖင့္ဘာမွမသိပါဟုေျပာမည္စိတ္ကူးထားသည္။
သရဲမေႀကာက္တတ္ေသာသူ့႔အေႀကာင္းႀကြားမည္ဟုအားခဲထားသည္။
ထိုအခ်ိန္တြင္သူေရွ့တြင္လူတစ္ေယာက္သစ္ပင္ေပၚေမာ့ႀကည့္ကာရပ္ေနသည္ကိုေတြ႔ရသည္။
သူလဲအေႀကာက္ေျပသြားသည္ဘုန္းႀကီးေက်ာင္းသားလားရြာထဲကလူလားဘာလားေတြးကာ
အနားကပ္သြား၍ထိုသူအားေမးလိုက္သည္။
”’ေဟ့လူေစာေစာစီးစီးဘာလုပ္ေနတာလဲသစ္ပင္ေပၚတက္မလို့လား”’
ထိုအခါထိုလူကအသံႀသႀသႀကီးျဖင့္ေျဖလိုက္သည္။
”ဟုတ္တယ္ဘယ္လိုတက္ရင္ေကာင္းမလဲေတြးေနတာ”
”” ခင္ဗ်ားကလဲသစ္ပင္ေပၚတက္တာမ်ားအဆန္းလုပ္လို့—–”
သူ့စကားမဆံုးခင္သူ့ေရွ့မွလူသည္သစ္ပင္ေပၚသို့ေဇာက္ထိုးႀကီးတက္သြားရာ
သူသည္အလြန္ဆြံ႔အသြားကာေနရာမွာရပ္ရင္းေက်ာက္ရုပ္တရုပ္လိုေတာင့္ေတာင့္ႀကီးရပ္ေနသည္
ေသးမ်ားလဲထြက္က်သြားသည္မွာပုဆိုးတစ္ခုလံုးစိုရြဲသြားေလသည္။
မနက္မိုးလင္းေတာ့ကုန္သည္အားမေတြ႔ရေတာ့ပါရြာသားမ်ားလိုက္ရွာပါေသာ္လည္းအစအနပင္မေတြ႔ေတာ့
ေနာက္၂လေလာက္ေနေတာ့ေပ်ာက္သြားေသာကုန္သည္သည္ဘုန္းႀကီးေက်ာင္းတြင္
အလႈဴ ႀကီးလာလုပ္ကာမက်ြတ္မလြတ္သူမ်ားအားအမ်ွေပးေလသည္။
ဆရာေတာ္ႀကီးကလည္းဝမ္းပန္းတသာႀကိဳဆို၍ကုန္သည္ႏွင့္တစ္ကြရြာသားမ်ားကိုအႀကီးအက်ယ္တရားေဟာေလေတာ့သည္။
ဒါေပမဲ႔ေနာက္၂လ၃လတြင္ေတာ့ဘုန္းႀကီးေက်ာင္းေအာက္တြင္သက္ေပ်ာက္ပစၥည္းအသစ္မ်ားထပ္ေရာက္လာျပန္သည္။
လူေတြကေန့တိုင္းေမြးျပီးေန့တိုင္းေသေနတာဆိုေတာ့ဆရာေတာ္ႀကီးေက်ာင္းတြင္လည္းေန့တိုင္းသက္ေပ်ာက္ပစၥည္းမ်ားထပ္တိုးလာသလိုဆရာေတာ္လည္းေန့တိုင္းတရားေဟာေနရအံုးမွာမလြဲပါ
ျပီး
D Moe Moe