နေထွက်ဘုရင်ပြေလည်ပြင်ရှမ်းတလိုင်းမောင်နှမ(စ/ဆုံး)

Unicode Version

နေထွက်ဘုရင်ပြေလည်ပြင်ရှမ်းတလိုင်းမောင်နှမ(စ/ဆုံး)
——————————————————————–
အထက်မြို့အထက်ကျေးရွာမှာမပျော်ပိုက်လို့အောက်ပြည်ကိုတဲ့စုန်ဆင်းဒီသမယာတော်နယ်အတွင်းတေဇာတော်ထိန်လင်းပါတဲ့ဘူးထောင် ကပ်ထိုးနတ်မျိုးဗီဇ အခြေကျတော့ ပြေလည်ပြင်မောင်နှမလို့ အဆိုရှိသတဲ့…..
အလောင်းစည်သူမင်းကြီးလက်ထက်မှာ စောဖသာနဲ့ စောမြယာ ရှမ်းမောင်နှမတို့ဟာ မင်းမှုထမ်းများ ဖြစ်ကြတယ် ။ အကိုဖြစ်သူ စောဖသာဟာ အလောင်းစည်သူမင်းကြီးရဲ့ ထီးတော်မိုး ဖြစ်ပြီး နှမဖြစ်သူ စောမြယာ က မင်းကြီးရဲ့ကိုယ်လုပ်တော် ဖြစ်တယ် ။
အလောင်းစည်သူမင်းကြီး ဖောင်တော်မင်္ဂလာနဲ့ တိုင်းခန်းလှည့်လည်တဲ့အခါ ထီးတော်မိုးဖြစ်သူ စောဖသာဟာ မင်းကြီးအပါးမှာ ထီးတော်မိုး လိုက်ပါရင်း ညောင်းညာလာလို့ လက်လှည့်လိုက်ရာက ထီးတော်ယိုင်သွားတာမို့ မင်းကြီးမျက်နှာပေါ်နေခဲ့တယ်။ ဒါကိုမြင်တဲ့ တစ်ခြားမှူးကြီးမတ်ရာတွေက ထီးတော်မိုးပေါ့ဆလွန်းတယ်ဆိုပြီး ထီးတော်မိုး စောဖသာ ကိုသေဒဏ်ပေးသတဲ့ ။
အစ်ကိုဖြစ်သူ ကွပ်မျက်ခံရတာကို မျက်ဝါးထင်ထင်မြင်လိုက်တဲ့ နှမဖြစ်သူက ဘုရင်မင်းမြတ်ကို အရွဲ့တိုက်ပြီး ဖောင်တော်မင်္ဂလာထိပ်ကိုထွက်ကာ ဦးခေါင်းလျှော်ခဲ့တယ်။ အလောင်းစည်သူမင်းကြီးလည်း အမျက်ထွက်ပြီး စောမြယာကိုပါ သေဒဏ်ပေးလေရာ မောင်နှမနှစ်ယောက်လုံး နတ်စိမ်းဘဝရောက်ခဲ့ရတယ်။
ထုံးစံအတိုင်းဖောင်တော်ထွက်မရတော့ ကြိမ်စင်္ကြာနဲ့ဆင့်ခေါ် အကျိုးအကြောင်းမေး နေရာပေးပြီး ခုနှစ်ရက်သားသမီးတွေကို စောင့်ရှောက်စေသတဲ့။ ။
ပြေလည်ပြင်ရိုးရာဟာ အိမ်ဦးခန်းမင်္ဂလာမှာ အနီရဲရဲအနက်စစ်စစ်ဝတ်တာမကြိုက်ဘူး။ အဲ့အရောင်တွေက မလောင်းစည်သူမင်းကြီး ခရေစီဖြစ်နေလို့ပါတဲ့။ နောက်ပြီး ကိုးကွယ်တဲ့အိမ်တွေမှာလည်း အိုးစည် ဓါးရှည် ဓါးလွယ် မောင်း တွေမထားရပါဘူးတဲ့။
ပျော့ခမောက်(ဂျုံခမောက် နှီးခမောက်ဟုခန့်မှန်း) ဖိနပ်ရှေ့ပိတ်နောက်ပိတ်များလဲမစီးရ မထားရပါဘူးတဲ့ ။တင်မြှောက်ပူဇော်တဲ့အခါမှာလဲ နေမထွက်ခင်တင်ရပါတယ်။တချို့ကလည်းနေထွက်ချိန်တင်မြှောက်ကြပါတယ်။
ပြေလည်ပြင်မောင်နှမဟာ ပုသိမ်၊မအူပင်၊ဟင်္သာတ၊ဘိုကလေး၊ကျိုက်လတ်နယ်များ၏ နယ်တော်ရှင် ရိုးရာနတ်များဖြစ်ပါတယ်။
စကားချပ် (ကိုးမြို့ရှင်တို့မောင်နှမနဲ့ တူနေပါတယ် ပြေလည်ပြင်မောင်နှမဟာ အကိုရောနှမရော ပျော့ခမောက်ဆောင်းပြီး ကိုးမြို့ရှင်နှင့်ပုလဲယဉ်မှာတော့ ကိုးမြို့ရှင်ကသာခမောက်ဆောင်းသည်ဟု လေ့လာမှတ်သားဖူးပါတယ်။
မောင်လူလှက ဖတ်ကောင်းအောင်ပြန်ရေးထားပေမယ့် မူရင်းပြောပြသူကို crd ပေးပါတယ်။

Zawgyi Version

ေနထြက္ဘုရင္ေျပလည္ျပင္ရွမ္းတလိုင္းေမာင္ႏွမ(စ/ဆံုး)
——————————————————————–
အထက္ၿမိဳ႕အထက္ေက်း႐ြာမွာမေပ်ာ္ပိုက္လို႔ေအာက္ျပည္ကိုတဲ့စုန္ဆင္းဒီသမယာေတာ္နယ္အတြင္းေတဇာေတာ္ထိန္လင္းပါတဲ့ဘူးေထာင္ ကပ္ထိုးနတ္မ်ိဳးဗီဇ အေျခက်ေတာ့ ေျပလည္ျပင္ေမာင္ႏွမလို႔ အဆိုရွိသတဲ့…..
အေလာင္းစည္သူမင္းႀကီးလက္ထက္မွာ ေစာဖသာနဲ႔ ေစာျမယာ ရွမ္းေမာင္ႏွမတို႔ဟာ မင္းမႈထမ္းမ်ား ျဖစ္ၾကတယ္ ။ အကိုျဖစ္သူ ေစာဖသာဟာ အေလာင္းစည္သူမင္းႀကီးရဲ႕ ထီးေတာ္မိုး ျဖစ္ၿပီး ႏွမျဖစ္သူ ေစာျမယာ က မင္းႀကီးရဲ႕ကိုယ္လုပ္ေတာ္ ျဖစ္တယ္ ။
အေလာင္းစည္သူမင္းႀကီး ေဖာင္ေတာ္မဂၤလာနဲ႔ တိုင္းခန္းလွည့္လည္တဲ့အခါ ထီးေတာ္မိုးျဖစ္သူ ေစာဖသာဟာ မင္းႀကီးအပါးမွာ ထီးေတာ္မိုး လိုက္ပါရင္း ေညာင္းညာလာလို႔ လက္လွည့္လိုက္ရာက ထီးေတာ္ယိုင္သြားတာမို႔ မင္းႀကီးမ်က္ႏွာေပၚေနခဲ့တယ္။ ဒါကိုျမင္တဲ့ တစ္ျခားမႉးႀကီးမတ္ရာေတြက ထီးေတာ္မိုးေပါ့ဆလြန္းတယ္ဆိုၿပီး ထီးေတာ္မိုး ေစာဖသာ ကိုေသဒဏ္ေပးသတဲ့ ။
အစ္ကိုျဖစ္သူ ကြပ္မ်က္ခံရတာကို မ်က္ဝါးထင္ထင္ျမင္လိုက္တဲ့ ႏွမျဖစ္သူက ဘုရင္မင္းျမတ္ကို အ႐ြဲ႕တိုက္ၿပီး ေဖာင္ေတာ္မဂၤလာထိပ္ကိုထြက္ကာ ဦးေခါင္းေလွ်ာ္ခဲ့တယ္။ အေလာင္းစည္သူမင္းႀကီးလည္း အမ်က္ထြက္ၿပီး ေစာျမယာကိုပါ ေသဒဏ္ေပးေလရာ ေမာင္ႏွမႏွစ္ေယာက္လုံး နတ္စိမ္းဘဝေရာက္ခဲ့ရတယ္။
ထုံးစံအတိုင္းေဖာင္ေတာ္ထြက္မရေတာ့ ႀကိမ္စၾကၤာနဲ႔ဆင့္ေခၚ အက်ိဳးအေၾကာင္းေမး ေနရာေပးၿပီး ခုႏွစ္ရက္သားသမီးေတြကို ေစာင့္ေရွာက္ေစသတဲ့။ ။
ေျပလည္ျပင္႐ိုးရာဟာ အိမ္ဦးခန္းမဂၤလာမွာ အနီရဲရဲအနက္စစ္စစ္ဝတ္တာမႀကိဳက္ဘူး။ အဲ့အေရာင္ေတြက မေလာင္းစည္သူမင္းႀကီး ခေရစီျဖစ္ေနလို႔ပါတဲ့။ ေနာက္ၿပီး ကိုးကြယ္တဲ့အိမ္ေတြမွာလည္း အိုးစည္ ဓါးရွည္ ဓါးလြယ္ ေမာင္း ေတြမထားရပါဘူးတဲ့။
ေပ်ာ့ခေမာက္(ဂ်ဳံခေမာက္ ႏွီးခေမာက္ဟုခန္႔မွန္း) ဖိနပ္ေရွ႕ပိတ္ေနာက္ပိတ္မ်ားလဲမစီးရ မထားရပါဘူးတဲ့ ။တင္ေျမႇာက္ပူေဇာ္တဲ့အခါမွာလဲ ေနမထြက္ခင္တင္ရပါတယ္။တခ်ိဳ႕ကလည္းေနထြက္ခ်ိန္တင္ေျမႇာက္ၾကပါတယ္။
ေျပလည္ျပင္ေမာင္ႏွမဟာ ပုသိမ္၊မအူပင္၊ဟသၤာတ၊ဘိုကေလး၊က်ိဳက္လတ္နယ္မ်ား၏ နယ္ေတာ္ရွင္ ႐ိုးရာနတ္မ်ားျဖစ္ပါတယ္။
စကားခ်ပ္ (ကိုးၿမိဳ႕ရွင္တို႔ေမာင္ႏွမနဲ႔ တူေနပါတယ္ ေျပလည္ျပင္ေမာင္ႏွမဟာ အကိုေရာႏွမေရာ ေပ်ာ့ခေမာက္ေဆာင္းၿပီး ကိုးၿမိဳ႕ရွင္ႏွင့္ပုလဲယဥ္မွာေတာ့ ကိုးၿမိဳ႕ရွင္ကသာခေမာက္ေဆာင္းသည္ဟု ေလ့လာမွတ္သားဖူးပါတယ္။
ေမာင္လူလွက ဖတ္ေကာင္းေအာင္ျပန္ေရးထားေပမယ့္ မူရင္းေျပာျပသူကို crd ေပးပါတယ္။