ပြိတ္တာရွာ(စ-ဆုံး)

Unicode Version

ပြိတ္တာရွာ(စ-ဆုံး)
——————–
ပြိတ္တာအမျိုးအစား၁၂မျိုးရှိသည်အနက် ဝေမာနိကပြိတ္တာ
ဟူသည် ကုသိုလ်နှင့် အကုသိုလ်နှစ်မျိုးရောစပ်ကံကြောင့်
တစ်ခါတစ်ရံ ကုသိုလ်အကျိုးကြောင့် နတ်စည်းစိမ်မျိုး
ခံစားရတတ်သလို တစ်ခါတစ်ရံလည်း အကုသိုလ်အကျိုး
ကြောင့် ဒုက္ခဆိုးကျိုးများကိုလည်း ခံစားရတတ်သည်ဟု
ကြားဘူးခဲ့ပါသည်။ သို့ဆိုလျှင် အောက်တွင်ဖော်ပြမည့်
ကိုရွှေမောင်နှင့် မခင်သွေတို့ဇာတ်လမ်းကို ဖတ်ရှူပြီးလျှင်
မခင်သွေအား မည်သည့်ပြိတ္တာအမျိုးအစားဖြစ်မည်ကို
ခန့်မှန်းကြပါကုန် ….။

ထို ဇာတ်ကြောင်းကို အစပြုရသည်ရှိသော် ….

တစ်ခါတုန်းက အထက်အညာဒေသမှ ကိုရွှေမောင်သည်
အောက်ပြည်အောက်ရွာ ကုန်ရောင်းလာရင်း မြစ်ဝကျွန်း
ပေါ်သူ မခင်သွေနှင့် အကြောင်းပါခဲ့ကြလေသည်။
ကိုရွှေမောင်အညာသားမှာ မိဘမဲ့ တစ်ကောင်ကြွက်ဖြစ်၍
ဘယ်ဆွေမျိုးအတွက်မှ ကြောင့်ကျစရာမရှိ၍ မခင်သွေ
နှင့်အကြောင်းပါပြီးနောက် မိန်းမ၏ဌာနေ အောက်ပြည်၌
သာ အခြေချလိုက်တော့သည်။ မခင်သွေမှာကား မိခင်အို
ကြီးကို လုပ်ကျွေးပြုစုနေရသည်ရှိရာ သူမနှင့် အကြောင်း
ပါခဲ့သော အညာသားကိုရွှေမောင်လည်း မခင်သွေ၏မိခင်
ကို သူ့မိခင်ခင်သဖွယ် အလုပ်အကျွေးဖြစ်လာတော့၏။

ကိုရွှေမောင်မှာ လူလုံးလူဖန်ထွားထွားကြိုင်းကြိုင်း ရုပ်ရေ
အားဖြင့်လည်း ယောက်ျားပီသ၍ ကြည့်ပျော်ရှုပျော် ရှိသူ
တစ်ဦးဖြစ်ပေသည်။ မခင်သွေကလည်းဖြူဖြူသွယ်သွယ်
ချောချောမောမော ရုပ်ရေ ရူပကာပိုင်ရှင် ဖြစ်ပေသည်။
သူတို့နှစ်ယောက်ကိုလူတွေက အလွန်လိုက်ဖက်သော ဇနီး
မောင်နှံဟူ၍ အသိအမှတ် ပြုကြလေသည်။

အိမ်ထောင်သက် ၁၅နှစ်ခန့်အရောက်တွင် သားတွေချည်း
၃ ယောက် ထွန်းကားခဲ့လေသည်။ သားအကြီးဆုံး ၈ နှစ်
သားခန့်အရောက်တွင် မခင်သွေ အူယောင်ငန်းဖျားရောဂါ
ဖြစ်လေသည်။ စပြီးဖျားချေပြီဆိုထဲက တစ်ခါမှအပူမကျ
အပြင်းသားဖျားလေရာ ၂ပတ်ခန့် နာမကျန်းဖြစ်ပြီးသည်
တွင် ဆရာများလက်လျှော့လိုက်ရပြီး မခင်သွေလည်း ဆုံး
ပါးသွားရှာလေတော့သည်။ ကိုရွှေမောင်လည်း ကျန်ရစ်ခဲ့
သော မခင်သွေ၏မိခင်အိုကြီးနှင့် သား ၃ယောက်တို့အား
ကုန်ရောင်းကုန်ဝယ်လုပ်ငန်းဖြင့် ဆက်လက်၍ ကျွေးမွေး
စောင့်ရှောက်လာခဲ့ရာမှ မခင်သွေဆုံးပြီး ၁နှစ်ခွဲခန့်အကြာ
၌ ကိုယ်ပိုင်လှေကြီးတစ်စင်းပြင် ၎င်းလှေနှင့် ကုန်အပြည့်
စုဆောင်းမိသဖြင့် မိမိဌာနေ အညာမြေသို့ ကုန်ရောင်းဝယ်
ရန်အလို့ငှာ လှေထိုသား ၅ယောက်ကိုငှားရမ်း ဦးဆောင်၍
အညာသို့ တစ်ခေါက်တစ်ကျင်း တက်ခဲ့ပြန်လေသည်။
ယောက္ခမအိုကြီးနှင့် မိမိရင်သွေး ၃ယောက်တို့အတွက်မူ..
စားရေရိက္ခာအပြည့်အစုံ၊ သုံးစွဲရန်ငွေကြေးအလုံလောက်
ပေးအပ်၍ အိမ်နီးချင်းတို့ဖြင့်မှာကြားအပ်နှံခဲ့ရလေသည်။

သူတို့လှေကြီးဖြင့် အချိန်တစ်ပတ်ခန့် နားသည့်နေရာနား
ဆန်သည့်အခါ ဆန်လျက် တက်ခဲ့ကြပြီးနောက်..ပြည်မြို့
ရွှေဘုံသာမုနိဘုရားနီးအရောက် တစ်ခုသော ကမ်းစပ်တွင်
ခေတ္တ ရပ်နားကြလေသည် ။ ကိုရွှေမောင် ခွင့်ပြုပေးထား
သဖြင့် လှေထိုးသား ၅ယောက်တို့ ကုန်းပေါ်သို့အလှည့်ကျ
တက်ခွင့်ရကြလေ၏။

နှစ်ညအိပ်ခန့်ရပ်နားပြီး လှေပြန်ဆန်မည့်ည ဆန်မတက်မီ
အချိန် ကိုရွှေမောင်လည်း သူ့လှေကို တိတ်တဆိတ် လှည့်
ပတ်စစ်ဆေးလေရာ လှေပဲ့စင်၌ လှေထိုသား၂ယောက်
ကြိတ်ကြိတ် ကြိတ်ကြိတ်နှင့် တစ်စုံတစ်ခုကို တီးတိုးလုပ်
နေကြကြောင်း တွေ့ရလေရာ သူလည်း ထိုလူနှစ်ယောက်
အားတိတ်တဆိတ်ပြန်လေ့လာရတော့သည်။

” ဒီကိစ္စ မင်းနဲ့ငါနှစ်ယောက်ဘဲသိတာ..ဘယ်သူ့ကိုမှအသိ
မပေးနဲ့ .. အညာဆိပ်ကိုရောက်တော့မှ ကုန်းပေါ်တက်ပြီး
အဆက်အသွယ်ကောင်းကောင်းရှာပြီး ထုခွဲကြတာပေါ့ ”

ကြားလိုက်ရသောစကားသံသဲ့သဲ့ကြောင့် ကိုရွှေမောင်မှာ
ထိုသူနှစ်ဦးရှေ့မှ ပစ္စည်းတစ်ခုအား အလင်းရောင် ဖျော့
လျော့လျော့ကြားမှ အားယူစိုက်ကြည့်လိုက်ရာ ….

” အလို..ဘုရား ဘုရား ခွေးမသားနှစ်ကောင် မကြံကောင်း
မစီရာကို ကြံစီနေကြပါလား ”

မှန်ပေသည်။ ထိုလူနှစ်ယောက်ရှေ့တွင် ဉာဏ်တော်အမြင့်
၉ လက္မခန့်ရှိသော ဘုရားရွှေဆင်းတုတော် ၃ဆူအား တွေ့
လိုက်ရသောကြောင့်တည်း။ ကသက်ကယဲ့ ကျနေသော
အမှောင်အောက်မှာပင် ရွှေရောင်ဖိတ်ဖိတ်တောက်လျက်
ရှိလေရာ အမြင်အားဖြင့် တစ်ဆူလျှင် ရွှေချိန်တစ်ပိဿာ
ခန့်စီ ရှိနိုင်သည်ဟု သူခန့်မှန်းမိလေသည်။ ဒီတိုင်း ကြည့်
နေ၍ မဖြစ်တော့ဟု သူယူဆကာ…

” ဟေ့ကောင်တွေ..မင်းတို့ မကြံစီအပ်တာကို မကြံစီကြပါ
နဲ့ကွာ..ဒီ ဘုရားတွေ မင်းတို့ ဘယ်ကရလာသလဲ.. ယူလာ
တဲ့နေရာကို ခု လှေမထွက်ခင်လေး ချက်ခြင်းပြန်ပို့ပေးကြ
ပါကြာ .. ”

” ဟင် … ”

ရုတ်တရက် ထွက်လာသော ကိုရွှေမောင်ကြောင့် လှေသား
၂ယောက် ပထမတော့ အံ့ဩသွားကြသည်။ သို့သော် ….

” ဒါ..ကျုပ်တို့ကိစ္စ..ခင်ဗျားနဲ့ ဘာမှမဆိုင်ဘူး ဝင်မရှုပ်နဲ့ ”

” မင်းတို့ဗုဒ္ဓဘာသာဝင်တွေမဟုတ်လား ဘုရားနဲ့ပတ်သက်
တဲ့ပစ္စည်း မလုပ်ကောင်းပါဘူး..ငါ ကောင်းကောင်းမွန်မွန်
ပြောနေတုန်း အသာတကြည်ပြန်ထားလိုက်ပါ..ပြောမရ
ရင်တော့ သက်ဆိုင်ရာ တရားဥပဒေလမ်းကြောင်းပေါ်ကို
ရောက်အောင် ငါ လုပ်ရပါလိမ့်မယ် ”

အခြေအနေ တင်းမာသွားလေပြီ။ လောဘတက်နေသော
လှေသား၂ယောက်က ကိုရွှေမောင့်စကား နားမထောင်..။
ကိုရွှေမောင်အား စတင်သတ်ပုတ် တိုက်ခိုက်ကြလေပြီ ။
ထို၂ယောက်မှာ ကိုရွှေမောင်၏ ဗလနှင့်တန်ပြန်သတ်ပုတ်
မှုကို တုပနိုင်စွမ်းမရှိ၍ ၂ယောက် ၁ယောက်ဖြစ်စေကာမူ
ရှုံးနိမ့်ရလေ၏။ ထိုစဉ် ဆူဆူညံညံအသံများကြောင့် ကျန်
လှေသား ၃ ဦးလည်း ထိုနေရာသို့ရောက်ရှိလာလေရာ ….

” ညီကိုတို့ …ဒီလှေသူကြီးကို ဝိုင်းဝန်းတိုက်ခိုက်ပေးကြပါ
ငါတို့နိုင်လျှင် ဟောဒီရွှေစင်ရွှေသား ဘုရားရုပ်ထုတွေကို
ထုခွဲရတဲ့အထဲက မင်းတို့ကို ဝေစုပေးပါ့မယ် ”

လဲကျနေသော လှေထိုးသားတစ်ယောက်က ရောက်ရှိလာ
သော လှေထိုးသား ၃ ယောက်ကို လှမ်းအော်ပြောလေရာ
သဘောပေါက်လွယ်ပြီး လောဘဇောတိုက်သွားသော ထို
လှေသားတို့ကလည်း ကိုရွှေမောင်ကို ဝိုင်းဝန်းဖမ်းချုပ်ပြီး
ထိုးကြိတ်ကြတော့သည်။ သည်တစ်ကြိမ်တော့ အများနှင့်
တစ်ယောက် ကိုရွှေမောင် မနိုင် နိုင်တော့ချေ ။ ဖူးယောင်
လာသည်အထိ ထိုးကြိတ်ခံလိုက်ရပြီး သတိမေ့မျောသွား
တော့သည်။ သတိမလစ်ခင် နောက်ဆုံးကြားလိုက်ရသည်
ကား …

” အင်း..ခုနေ သည်နေရာမှာ ဒင်းကို ကြိုးတုပ်ပြီး ရေထဲချ
ခဲ့ရင် ရေကြောင်းကတိမ်တော့တစ်နည်းနည်းနဲ့ လွတ်သွား
နိုင်တယ်.. ”

” ဒါဆိုလည်း ကိစ္စတုံး လုပ်ပစ်ပြီး ချခဲ့တာပေါ့.. ”

” အို ဒီလိုလဲ မဖြစ်သေးဘူး ဒီနေရာမြို့နဲ့နီးတော့ အမှုခင်း
နောက်လိုက်လာမယ့် ပုလိပ်သားတွေရန်က ရှိသေးတယ် ”

” ဒါဆို ဘယ်လိုလုပ်ကြမလဲ ”

” ခုနေတော့ သူ့ကိုဖမ်းချုပ်ခေါ်သွားပြီး တောတွေတောင်
တွေနဲ့ နီးတဲ့ မြစ်ပြင်ကျယ်ကျယ် ရေကြောင်းနက်နက်
နေရာရောက်မှ တစ်ခါထဲ ကိစ္စတုံးလိုက်ကြတာပေါ့ … ”

” အင်း..ဒါလဲ ခပ်ကောင်းကောင်းဘဲလေ ” ….

ဤသို့ဖြင့် ကိုရွှေမောင်အား ချုပ်နှောင်ဖမ်းဆီးထားပြီး
လှေသား ၅ယောက်တို့ ဧရာဝတီကို ဆန်ကြလေသည်။
ကိုရွှေမောင်လည်း..ယောက်ျားတို့ဇွဲ သေကာမှလျှော့မည်
အကြံဖြင့် ကြိုးဖြင့်တုပ်နှောင်ခံထားရသည်ကို တစ်နည်း
နည်းဖြင့် လွတ်အောင် မပြတ်ကြိတ်ကြံစီနေတော့သည်။

သူတို့လှေကြီး မြစ်ကြောင်းဆန်တက်လာခဲ့ပြီး ၂နာရီခန့်
အကြာတွင် ရုတ်တရက် လေကြီးမိုးကြီးကျလာလေတော့
သည်။ ထိုအချိန် ကိုရွှေမောင်၏ အားထုတ်မှုကြောင့် တုပ်
နှောင်ခံထားရသော ကြိုးများလည်း ပြေလုပြေခင်ဖြစ်လာ
နေချေပြီ။ မိုးနှင့်လေက တစထက် တစပြင်းထန်လာပြီး
မြစ်မင်းဧရာ၏ဒေါသမာန်ဟုန်သည်လည်း လှိုင်းတဝုန်း
ဝုန်းနှင့် ရှိနေချေတာ့သည်။ ကိုရွှေမောင်လည်း အတုပ်
အနှောင်မှ လွတ်မြောက်သွားပြီဖြစ်ရာ ပြင်းထန်နေသော
လှိုင်းလေအစုံကို ဂရုမပြုအား..ငမိုက်သားတို့ အိပ်ရာများ
သို့သွား၍ ဆင်းတုတော်များကို ရှာလေသည်။ ငမိုက်သား
လှေသားတို့မှာ လှိုင်းနှင့် မိုးလေတို့ကို အံတုနေရချိန်ဖြစ်၍
အခြား ဘာကိုမှ ဂရုမထားနိုင်စဉ် ကိုရွှေမောင်လည်း သို
ဝှက်ထားသော ရွှေဆင်းတုများကို ရှာတွေ့သွားလေပြီ ။
ထိုစဉ်မှာပင် ပြင်းထန်သော လှိုင်းကြမ်းကြီးများက လှေ
အား မနားတမ်း ရိုက်ဆောင့်နေလေသည်။ အခြေအနေ
မဟန်တော့မှန်းသိ၍ ရွှေဆင်းတု ၃ဆူအား စောင်ဖြင့်ပတ်
ချီလျက် ပုခုံးထက် ချိတ်နိုင်အောင်လုပ်ပြီး ဘာဆက်လုပ်
သင့်သည်ကို စဉ်းစားနေခိုက်မှာပင် ကြီးမားသောလှိုင်းလုံး
ကြီးတစ်လုံး၏ရိုက်ချက်ကြောင့်လှေကြီးဗြန်းကနဲကွဲသွား
ကာလှေပေါ်ပါသူအားလုံးလည်းလွင့်စင်ကျကုန်လေတော့
သည်။ သတိကောင်းသောကိုရွှေမောင်က ရေထဲရောက်ပြီ
ဆိုလျှင် သွေးရူးသွေးတန်းလျှောက်မကူး..။ အလိုက်သင့်
ကိုယ်ကိုဖော့၍ အခြေအနေကို သုံးသပ်သည်။ ဝန်းကျင်
တစ်ခုလုံး မှောင်မဲနေပြီး မြစ်ပြင်တစ်ခုလုံး လှိုင်းတွေတဝုံး
ဝုံးနှင့် ဗြောင်းဆန်နေသည်။ မိုးကအနည်းငယ် စဲသွားပြီ ။
မှောင်ထဲတွင် အားစိုက်ကြည့်ပြီး မိမိအတွက် မှီတွယ်စရာ
တစ်ခုခုကိုရှာသည်။ ကံအားလျော်စွာ လှိုင်းအပုတ်မှာ မိမိ
ရှေ့ရောက်လာသော သစ်သားပြား အချပ်ကြီးတစ်ခု ရရှိ
လိုက်လေသည်။ ကျန်သူအားလုံးနှင့်မိမိလှေကြီးကို မတွေ့
ရတော့ပေ။ အနှစ်နှစ်အလလ စုဆောင်းရှာခဲ့ရသော လှေ
ကြီးနှင့် ကုန်များအားလုံး ဆုံးရှုံးသွားရပြီဟူသော အသိ
ကြောင့် ဝမ်းနည်းခြင်းဖြစ်ရသော်လည်း လက်ရှိအချိန်ထိ
မိမိအသက်ရှင်သန်နေသေးသည်ကိုတွေးပြီး မသေမချင်း
ကြိုးစားနိုင်ခွင့်ရှိသေးတာဘဲဟု ပြန်အားတင်းလိုက်သည်။
စိတ်ထဲက ဘုရားရှင်ကိုရည်စူး၍ မိမိဦးခေါင်းထက်သို့ ကြွ
ရောက်စံပါယ်တော်မူနေပါရန် ပင့်လိုက်ပြီး ဘုရား တရား
သံဃာ ရတနာသုံးပါးကို နှလုံးသွင်းလျက် ရသမျှ ပရိတ်
တော်များကို ရွတ်ဖတ်သရစယ်နေလိုက်သည်။ ဝန်းကျင်
တစ်ခုလုံး အမှောင်အတိဖုံးလျက် ဘယ်နေရာ ဘယ်ကမ်း
မမှန်းဆတတ်သည့်အတူတူ မျက်လုံးကိုမှိတ် ဖက်တွယ်မိ
သော သစ်သားချပ်ကို မလွတ်စတမ်း မြဲမြံစွာကိုင်တွယ်၍
ကိုယ်ကိုအလိုက်သင့်ဖော့ကာ ဘုရားတရားကိုသာ မပြတ်
အာရုံပြုကာ မျောချင်ရာမျောစေတော့ နေလိုက်တော့၏။

သို့သော်..ထူးဆန်းသည်က ဤသို့ဖြစ်သွားပြီး တခဏတာ
အတွင်းမှာပင် မိုးလည်းစဲ လှိုင်းလေသည်လည်း ငြိမ်သက်
သွားချေတော့သည်။ မကြာမီ ကောင်းကင်၏ ဖျော့လျော့
သောအလင်းရောင်ဖြင့် မြစ်ပြင်ကိုတဖြည်းဖြည်း မြင်လာ
ရလေသည်။ သူ့လှေကြီးကိုကား စုပ်စမြုပ်စပင် မတွေ့ရ
တော့။ ရေပြင်ထက်၌ ပေါလောမျောနေသော ကုန်ပစ္စည်း
အပိုင်းအစတချို့ကိုတွေ့ရသည်။ သူ့လှေသားတွေ အရိပ်
ယောင်မျှပင် မတွေ့ရချေ။ စိတ်ထဲက တွေးမိသေးသည်။
မပြစ်မှားသင့်သော ဘုရားပစ္စည်းကို ပြစ်မှားမိကြ၍ ယခု
ကဲ့သို့ ဒုက္ခတွေ့ရခြင်းပေလောဟု..ဖြစ်သည်။ ပုခုံးထက်မှ
ဘုရားဆင်းတု ၃ဆူကို သတိထားမိပြန်တော့ သည်ပစ္စည်း
တွေ မူလနေရာပြန်ရောက်အောင် အမြန် ပြန်ပို့မှဖြစ်မည်
ဟု ..တွေးမိပြီး ယခုဖြစ်သွားသော အဖြစ်အပျက်အတွက်
ကျက်သီးဖြန်းဖြန်း ထမိလေသည်။ အမြင်အာရုံအားစိုက်
ကြည့်လိုက်သောခါ မြစ်ပြင်ကျယ်၏ အနားသတ် မှုံပြ ပြ
ခပ်ဝေးဝေးမှ ကမ်းစပ်ကိုမြင်တွေ့ရလေသည်။ ဖက်တွယ်
ထားသော သစ်သားချပ်ကြီးမှာ လှေ၏ပဲ့ချောင်အခေါင်း
ပေါက်အဖုံးဖြစ်နေသည်ကိုသိရပြီး ထိုသစ်သားအဖုံးပြား
ကြီးကို အားပြု မှေးတွယ်ဖက်ရင်း ကမ်းဖက်သို့ ခပ်မှန်မှန်
ကူးခတ်ခဲ့တော့သည်။

အတော်ကြာကြာ နားချည်တစ်ခါ ကူးချည်တစ်လှည့်ဖြင့်
ကူးခဲ့ပြီး ကမ်းစပ်ကုန်းမြေကိုခြေကန်မိချိန်၌ မိုးလင်းခါနီး
ပြီဖြစ်၍ အလင်းဖျော့ဖျော့ပင် အစပျိုးနေလေပြီတည်း။ တစ်ညလုံး မြစ်ထဲတွင်အချိန်ကုန်ခဲ့၍ ရေ၏အအေးဒဏ်
လှုပ်ရှားရုန်းကန် ကူးခတ်ခဲ့သော ပင်ပမ်းမှုဒဏ်တို့ကြောင့်
ကုန်းမြေကမ်းစပ်ပေါ် ပိုင်ပိုင်တက်နိုင်သည်နှင့် စိတ်လျှော့
ချလိုက်ရာ ကိုရွှေမောင်မှာ ဒူးညွှတ်ကွေးလျက် မှောက်ကျ
သွားပါလေတော့သည်။

မည်မျှကြာကြာ မှောက်လျက်သား မေ့မျောနေသည်မသိ။
လူသံတွေ နားထဲသဲ့သဲ့ကြားလိုက်မှ သတိရလာတော့၏။
ခေါင်းထောင်ထ၍ မျက်လုံးကို အားယူဖွင့်ကြည့်သောခါ..
မိန်းမတစ်ယောက်၏မျက်နှာကို မှုံမှုံမွှားမွှားတွေ့ရလေ၏။
တဖြည်းဖြည်း အကြည်ဓာတ်ရလာသောအခါ၌…

” ဟင် … နင် .. နင် .. ”

မြင်တွေ့လိုက်ရသောမျက်နှာကြောင့် အလွန်အံ့အားသင့်
စွာဖြင့်အတင်းလူးလဲထမိလေတော့သတည်း … ။

” အို..ကိုရွှေမောင်ပါလား..အံ့ဩစရာကောင်းလောက်တဲ့
တိုက်ဆိုင်မှုတစ်ခုပါလားရှင်..ဘယ်လိုဖြစ်လာရတာလဲ..
ပြောစမ်းပါအုံး … ”

ကိုရွှေမောင် မြင်တွေ့လိုက်ရသော အသံရှင်မှာ ပြောသည့်
အတိုင်း အမှန်ပင် အံ့ဩစရာကောင်းပေတော့သည်။ သူမ
သည် လွန်ခဲ့သော တစ်နှစ်ခွဲခန့်က ကွယ်လွန်ပြီးဖြစ်သော
မိမိ၏ ဇနီး မခင်သွေ ဖြစ်နေခြင်းကြောင့်တည်း။

” မခင်သွေ..နင် နင် .. ဘုရား ဘုရား ငါ ရေနစ်ပြီးတော့
များ သေခဲ့ပြီလား ငါ့ကိုယ်ငါ သေမှန်းမသိသေးတာလား ”

အံ့ဩတုန်လှုပ်မိရင်း တုန်တုန်ရီရီနှင့် ရေရွတ်မိသည်။
ပြောမပြတတ်အောင်လည်း အကြောက်ကြီးကြောက်လန့်
သွားမိသည်။ သူ၏ ထိတ်ထိတ်ပြာပြာ အမူယာကိုကြည့်
ပြီး သူ့ဇနီး မခင်သွေက ကရုဏာသက်စွာဖြင့် …

” ရှင်မသေပါဘူး ကိုရွှေမောင်ရယ်..ဒါပေမယ့် အံ့ဩစရာ
ကောင်းတာက ရှင်..အရှင်လတ်လတ် ကျွန်မနေတဲ့ ပြိတ္တာ
ရွာကို ရောက်လာတာပါဘဲ …ကျွန်မက အရင်ကလို ရှင့်ရဲ့
ဇနီး ခင်သွေလည်းမဟုတ်တော့ပါဘူး..ပြိတ္တာမ ခင်သွေပါ
ရှင်..ဒါနဲ့ ရှင်ဘယ်လိုဖြစ်လာတာလဲ ပြောပြအုံးလေ ”

ထိုခါမှ ကိုရွှေမောင် အနည်းငယ် အကြောက်ပြေသွားပြီး
သူဖြစ်ပျက်ခဲ့သမျှကို တုန်တုန်ယင်ယင်နှင့် အကျဉ်းချုံး၍
ပြောပြလိုက်လေသည်။ ပြီးတော့ သူ့ ပုခုံးတွင် ယခုထက် တိုင် လွယ်ချိတ်ထားလျက် ရှိနေသေးသော စောင်ဖြင့်ပတ်
ထားသည့် ရွှေဆင်းတု ၃ ဆူကိုလည်း ပြလိုက်လေသည်။

” အလို..ဘုရား ဘုရား ..ရှင် စိတ်ကောင်းရှိလို့သာဘဲရှင်..
ဒါတွေဟာ နောက်ပွင့်မယ့် အရင်မေတ္တယျဘုရားသာသနာ
အတွက်ရည်စူးလှူဒါန်းထားတဲ့ ရွှေဆင်းတုတွေဘဲ..မပြစ်
မှားကောင်းတာတွေကို လောဘတက်ပြစ်မှားကြလို့ ရှင့်ရဲ့
လှေသားတွေ သေခြင်းဆိုးနဲ့သေသွားကြရပါပြီ..ဒါတွေ
ပျောက်သွားမှန်းသိတာနဲ့ သိုက်ချုပ်ဘိုးဘိုးကြီးက ချက်
ခြင်းရှာပြီး အပြစ်ပေးလိုက်တာနဲ့တူတယ်..ရှင်ကတော့
ဒီ ဆင်းတုတွေ မူလနေရာ ပြန်ထားဖို့ စိတ်ရည်စူးထားတာ
ဘိုးဘိုးကြီးမနောအမြင်မှာတွေ့နေလို့ အသက်မသေစေဘဲ
ဒီကိုရောက်အောင် ပို့လိုက်တာထင်ရဲ့ ..မသေပျောက်တာ
ဘဲ တော်လှပါပြီရှင်..အဲ..ဒါနဲ့ ရှင့်ကို တစ်ခုတော့မှာထားရ
အုံးမယ်..အခု ရှင်ရောက်လာတာ ပြိတ္တာရွာနော်..ဒီမှာရှိနေ
တဲ့သူတွေအားလုံး ကျွန်မကအစတစ်ယောက်မှလူမဟုတ်
ကြဘူး..အကုန် ပြိတ္တာတွေချည်းဘဲ..ပြီးတော့ ကျွန်မက
အရင်ကလို ရှင့် မယားမဟုတ်တော့ဘူး.. ဒီရွာက ပြိတ္တာ
အကြီးအကဲရဲ့မယားဖြစ်နေပြီ..ဒီတော့ အခုထဲကမှာထား
မယ်..အရင်က ရှင်နဲ့ကျွန်မ ဘယ်လိုပတ်သက်ပါတယ်..
ညာလိုပတ်သက်ပါတယ်ဆိုတာတွေ ဘယ်သူ့ကိုမှ မဟ မိ
ပါစေနဲ့ .. ”

မခင်သွေ ရှင်းပြသောစကားတို့ကြောင့် ကိုရွှေမောင်ပါးစပ်
အဟောင်းသား ဖြစ်ရချေပြီ။မခင်သွေက ရှင်းပြအပြီး …

” လာကြပါအုံးဟေ့..ဒီမှာ လူတစ်ယောက် လှေပျက်ပြီး
ရောက်လာလို့ ဝိုင်းကူလိုက်ကြပါအုံး … ”

အဲဒီလို အော်ခေါ်လိုက်တော့ ယောက်ျားကြီး၂ယောက်နဲ့
မိန်းမတစ်ယောက်တို့ ရောက်လာကြပါတယ်။ မခင်သွေ
ပြောပြထားလို့ ဒီလူတွေပြိတ္တာဆိုတာသိထားပေမယ့် မြင်
နေရတာက လူတွေအတိုင်းဘဲမို့ ကိုရွှေမောင် အံ့အားသင့်
ရပြန်ပါရော .. ။

ဒါနဲ့ ..သူတို့အားလုံးက ကိုရွှေမောင့်ကို သူတို့အကြီးအကဲ
ဆိုသူထံ ခေါ်သွားကြပါလေသည်။ အကြီးအကဲဆိုသူရှေ့
ရောက်တော့လည်း ပြိတ္တာဟုသာဆိုရ.. မျက်လုံး မျက်ခုံး
ဲ ကောင်းကောင်းနှင့် အကြီးအကဲမှင်မောင်းရှိသော လူကြီး
တစ်ဦးအဖြစ် မြင်ရလေသည်။ အကြီးအကဲက သူ့လူတွေ
ဖက်ကို မေးဆတ်ပြလိုက်ပြီး လေသံခပ်ထန်ထန်ဖြင့် …

” ဘယ်လိုဖြစ်လာကြတာလဲ .. ” ဟု ..မေးလေသည်။

မခင်သွေက လှေပျက်ပြီးမျောလာရာက ရေစပ်မှာတွေ့၍
ကယ်တင်လာကြောင်း..ကျန်တာ သူ့ကိုသာ မေးပါ..ဟု..
တင်ပြသဖြင့် အကြီးအကဲလည်း သူ့ဖက်လှည့်ကာ…

” ကဲ..ဘယ်လို ဖြစ်ပြီး လှေပျက်မျောရတာလဲ..ဆက်ပြော
စမ်းပါအုံး … ” ဟု..မေးပြန်လေသည်။ ကိုရွှေမောင်လည်း
မိမိရွာမှ ကုန်တင်ပြီးလှေစထွက်သည်မှ နောက်ဆုံး လေမိုး
တွေမိပြီး လှေပျက်၍ မျောသည်အထိ အဖြစ်သနစ်စုံကို
ပြောပြလိုက်ပြီး သူ့ပုခုံးထက်မှ စောင်ဖြင့်ထုပ်ထားသော
ရွှေဆင်းတုတော် ၃ဆူကို ပြသလိုက်လေသည်။ အကြီးကဲ
လည်း သေချာစစ်ဆေးကြည့်ပြီး …

” မင်းကိုယ်တိုင်က လိုချင်စိတ်နဲ့ မရ အရယူလာတာတော့
မဟုတ်ပါဘူးနော် .. ”

” ကျွန်တော်မညာဝံ့ပါဘူးဗျာ..တကယ်ကို မူလနေရာပြန်ပို့
ချင်စိတ်နဲ့ သေမယ့်ဖြစ်တဲ့ကြားက အသက်စွန့်ပြီး ယူလာ
ရတာပါ ဒီအဖြစ်ကြောင့် အနှစ်နှစ်အလလ ကျွန်တော် ရှာ
ဖွေစုဆောင်းထားခဲ့တာတွေ အားလုံးဆုံးရှုံးခဲ့ရပါပြီ … မှန်
တာပြောရင် အဲ့ဒီ ဆုံးရှုံးခဲ့တာတွေထက်မက ပြန်ရပါစေ
လို့ ကျိန်တွယ်ပြောဝံ့ပါတယ်.. ”

အကြီးအကဲက သူ့ လက်ထဲက ရွှေဆင်းတုများကို သိမ်း
ယူလိုက်ပြီးလျှင် …

” အေးလေ..ငါတို့အထက်က သိုက်ချုပ်ဘိုးဘိုးကို ဆက်
သွယ်မေးမြန်း ကြည့်ရအုံးမှာပေါ့..မင်းပြောတာတွေ မှန်
မမှန် သူ့ကို ညာလို့မရဘူး..သူ့ မနောစိတ်မှာ အကုန်သိနေ
လိမ့်မယ်..မင်းပြောသလို ဒီ ဘုရားဌာပနာပစ္စည်းတွေကို
မူလနေရာပြန်ပို့ချင်တယ်ဆိုတဲ့ မင်းရဲ့ စိတ်ရင်းစိတ်ခံ မှန်
နေရင်လည်း သူသိနေမှာဘဲ..ဒါဆိုရင်တော့ မင်းသက်သာ
မှာ အမှန်ဘဲ ..ကဲ..မင်းလည်း ရေထဲမိုးထဲ တစ်ညလုံးဒုက္ခ
ခံခဲ့ရလို့ ပင်ပမ်းလှပြီ..ရေစိုအဝတ်တွေ လဲဖယ်ပြီး အနား
ယူပေအုံးတော့ … ကဲဟေ့ ဒီလူ့ကို နေစရာတစ်နေရာစီစဉ်
ပေးလိုက်ကြအုံး..ဟေ့ ဖိုးပေ ခေါ်သွားစမ်း .. ”

အကြီးအကဲ၏ အမိန့်ပေးသံအဆုံး ဖိုးပေဆိုသောပြိတ္တာ
တစ်ဦးက ကိုရွှေမောင့်ကို နေစရာတဲအိမ်ငယ်တစ်ခုဆီသို့
ခေါ်ယူ ပို့ဆောင်ပေးခဲ့လေသည်။ ဖိုးပေဆိုသူမှာ အတော်
တန်ပင်အသားမဲ မျက်နှာပေါက်ဆိုးဆိုး ဗလကောင်းသော်
လည်း ပုကွကွ ဂင်တိုတို မှုံကုပ်ကုပ်နှင့်ဖြစ်လေသည်။
တဲအိမ်လေးထဲရောက်ပြီး ဖိုးပေ ထုတ်ပေးသော အဝတ်
အစားများကို လဲလှယ်ဝတ်ဆင်ပြီး လူပင်ပမ်းစိတ်ပင်ပမ်း
ခဲ့သမျှ အတိုးချ၍ အိပ်ပစ်လိုက်တော့သည်။

ထိုနေ့ညနေ.. အိပ်ရာမှ နိုးသောအခါ ဝမ်းထဲက တကြုတ်
ကြုတ် ဆာလောင်နေ၍ စားစရာတောင်းရန် တစ်စုံတစ်
ယောက်အား မျှော်နေစဉ်မှာပင် မခင်သွေနှင့် အခြားမိန်းမ
တစ်ယောက်တို့ ရောက်ရှိလာကြပြီး …

” ရှင် ဆာနေမယ်မှန်းသိလို့ အကြီးအကဲကိုပြောပြီး စားဖို့
ယူလာတာ..ဒီမှာက သက်သတ်လွတ် အသီးအရွက်တွေ
ဘဲစားကြတာ.. ” ဟု..ပြောကာ ပိန္နဲသီးမှည့်နှင့် ငှက်ပျော
သီးများ ချပေးလေသည်။ ဘာဖြစ်ဖြစ်..ဝမ်းက တောင်း
ဆိုနေချိန် အဟာရမြောက်ဖို့ဘဲ အရေးကြီးသည် မှတ်ခါ
ချပေးလာသော အသီးများကို အားရပါးရ စားသုံးလေ
တော့သည်။

နောက်နေ့ မနက်အိပ်ရာထအပြီးတွင် မနေ့ကဤနေရာသို့
ပို့ပေးခဲ့သော ပုကွကွဂင်တို ဖိုးပေက အကြီးအကဲ ခေါ်ခိုင်း
သည်ဆိုကာ လာခေါ်သဖြင့် ထလိုက်သွားရလေသည်။
အကြီးအကဲနှင့် တွေ့သောအခါ…

” မင်းရဲ့ စိတ်စေတနာကိုလေးစားသွားပြီ..ငါတို့ သိုက်ချုပ်
ဘိုးတော်နဲ့လည်းဆက်သွယ်မေးမြန်းပြီးပြီ..ဘိုးတော်ပြော
ပြလို့ အားလုံးသိရပြီ..ဒီတော့ မင်းဒီမှာဆက်ပြီး အနားယူ
ချင်သေးတယ်ဆိုရင်လည်း နေလို့ရတယ်…ပြန်ချင်တယ်
ဆိုရင်လည်း ဘိုးတော်ဆီက အမိန့်တစ်စုံတစ်ရာရပြီးတာ
နဲ့ ပြန်ပို့ပေးမယ်.. ”

” ဘာများ အမိန့်ချအုံးမှာလည်းဗျာ..တွေးပြီး စိတ်ပူစရာ
ဖြစ်အောင် ထစ်နေပြန်ပြီ .. ”

” စိတ်မပူပါနဲ့ကွာ..ငါတို့က ဒီ သာသနာပိုင်ပစ္စည်းတွေ ပြန်
ရဖို့အတွက် မင်းမှာ ချမ်းသာသမျှအရင်းအနှီးတွေ စွန့်ခဲ့ရ
တဲ့အကြောင်း ဘိုးတော်ကို ရှင်းပြလိုက်တော့ ဒါတွေအား
လုံး သူသိပါတယ် မင်းအတွက် မနစ်နာရအောင် ဆုလာဘ်
တွေ သူပြန်ပေးပါ့မယ်ဆိုလို့ အဲဒီအတွက် အမိန့်ပြန်စောင့်
ရအုံးမှာပေါ့ကွာ..လောလောဆယ် အားနေလို့ ပျင်းနေရင်
လည်း မင်း မပျင်းရအောင် ငါ စီစဉ်ပေးရတာပေါ့ .. ”

ဟု..ဆိုကာ ဖိုးပေအား အနားသို့ ခေါ်၍ တစ်စုံတစ်ခုကို
တီးတိုး ပြောလိုက်လေသည်။ ပြီးသည်နှင့် ဖိုးပေက သူ့ကို
သူနေသည့်တဲသို့ ပြန်ခေါ်သွားပြီး တဲဘေးက မြေကွက်ကို
လက်ညှိုးညွှန်၍ ရှင်းလင်းခိုင်းလေသည်။ သူ ရှင်းလင်း
နေစဉ်မှာပင် ဖိုးပေပြန်ထွက်သွားပြန်လေသည်။ ရှင်းလင်း
ပြီးချိန်ခန့်တွင် ဖိုးပေနှင့်အတူ ပြိတ္တာလူ ၂ယောက် ပါလာ
သည်ကို တွေ့ရပြီး ဖိုးပေက …

” ကိုင်း..ခင်ဗျား မပျင်းရအောင် ကျုပ်တို့ ၃ ကောင်ထဲက
တစ်ကောင်ရွေးပြီး ခင်ဗျားရွေးတဲ့သူနဲ့ နပမ်းလုံးကြမယ် ”

” ဗျာ … ”

” မဗျာနဲ့ ..ဒါ ကျုပ်တို့အကြီးအကဲရဲ့ အမိန့်ဘဲ..ကျုပ်တို့
ရော ခင်ဗျားရော လွန်ဆန်လို့မရဘူး..ကဲ..စကြမယ် ”

ကိုရွှေမောင်လည်း စတွေ့ကတည်းက ဖိုးပေအား စိတ်ချဉ်
ပေါက်ပေါက် ရှိနေသည်ဖြစ်ရာ…

” ခင်ဗျားနဲ့ လုံးမယ်ဗျာ … ” ဟု…ဆိုကာ ဖိုးပေနှင့် နပမ်း
လုံးကြလေသည်။ ဗလချင်းယှဉ်လျှင်၎င်း ၊ အရပ်မောင်း
ချင်းယှဉ်လျှင်၎င်း မိမိက အသာစီးရသဖြင့် အလွယ်တကူ
နိုင်မည် ထင်မိသော်လည်း ဖိုးပေကလည်း ခေသူမဟုတ်..
သတ်လုံး သတ်ပေါက် အတော်ကောင်းလေရာ မနည်းပင်
ယှဉ်ပြိုင်ရလေသည်။ တစ်ကြိမ်တွင် ဖိုးပေအား မြေတွင်
လှဲချ၍ မှောက်လျက်ထားပြီး လက်နှစ်ဖက်ကို နောက်ပြန်
အပိုင်ချုပ်နိုင်ခဲ့၍ ဖိုးပေ အရှုံးပေးရလေသည်..။ ထိုစဉ်
မှာပင် မခင်သွေနှင့် မိန်းမတစ်ယောက် ရောက်ရှိလာပြီး…

” တော်ကြပါတော့..အိမ်ကလူကြီးကလည်း ခပ်ကြောင်
ကြောင်..ဖိုးပေကလည်း သွပ်တွတ်တွတ်နဲ့ ထိခိုက်နာကျင်
ကုန်ပါအုံးမယ်..အခုဘဲ သိုက်ချုပ်ဘိုးတော်ဆီက အမိန့်
ရလာလို့ ရှင့်ကို အိမ်ကလူကြီးက ခေါ်ခိုင်းလိုက်တယ် ”

မခင်သွေ၏ဟန်ပန်က ကြည်နူးဝမ်းမြောက်နေဟန်ရှိသော်
လည်း သူမပြောပြောနေသော အိမ်ကလူကြီးဆိုသော သုံး
နှုန်းပုံကြောင့် ကိုရွှေမောင် ရင်ထဲ နင့်ကနဲဖြစ်သွားမိသည်။
ပြီးတော့မှ …

” ေဩာ်..ခုချိန်မှာသူနဲ့ငါက ဘဝချင်းလည်းခြား..ပြီးတော့
သူက ငါ့မယားလည်း ဟုတ်မှ မဟုတ်တော့တာဘဲလေ…
လက်ရှိဘဝမှာ သူက ဟိုလူကြီး မယားဖြစ်နေပြီဘဲ..သူ့
ယောက်ျားကို အိမ်ကလူကြီးခေါ်တာ ငါက ဝမ်းနည်းနေဖို့
မလိုပါဘူးလေ ” ဟု …ဖြေသိမ့်လိုက်ပြီး မခင်သွေ ခေါ်ရာ
လိုက်ခဲ့လေတော့သည်။

အကြီးအကဲရှေ့မှောက် ရောက်သောအခါ…

” ဘယ့်နယ့်လဲဟေ့..မင်းလည်း အာဂလူပါလား နပမ်းဝိဇ္ဇာ
ဖိုးပေကို နိုင်အောင်လုံးနိုင်တဲ့ မင်းအရည်အချင်းကိုတော့
ကြိုက်သွားပြီ .. ”

” ဖြစ်နိုင်ရင် ကျုပ်က ခင်ဗျားနဲ့တောင် လုံးချင်သေးတာ..
အခုတော့ ရှိစေတော့ဗျာ..ဒါနဲ့ ခင်ဗျားတို့ သိုက်ချုပ်ကြီး
ဆီက ဘယ်လို အမိန့်ထူးပြီလဲဗျ … ”

” ဟား ဟား..မင်းကတော့ကွာ တကယ့်လူဘဲ..အေး အေး
သိုက်ချုပ်ဘိုးတော်က မင်းကို ဟောဒီဆုလာဘ်တွေချပြီး
ဌာနေပြန်လွှတ်ဖို့ အမိန့်ချလိုက်တယ်ကွ.. ”
ဟု..ဆိုကာ သူ့ရှေ့သို့ အထုပ်ကလေးတစ်ထုပ်နှင့် ကျည်
တောက်ဗူးတစ်ဗူးကို ချပြလိုက်လေသည်။

” ဟဲ့ မိန်းမ..အထုပ်ကို ဖြေပြလိုက်စမ်း.. ”

အကြီးအကဲက မခင်သွေအား ခိုင်းစေလိုက်သည်။
မခင်သွေ အထုပ်အား ဖြေပြလိုက်သောအခါ ဝင်းလက်နေ
သော ရွှေစင်ရွှေသား ရွှေဒင်္ဂါးပြား ၁၀ပြားကို တွေ့ရလေ
သည်။ ကိုရွှေမောင်၏ မျက်နှာမှာလည်း ရွှေဒင်္ဂါးများသို့
ဝင်းလက်တောက်ပသွားလေသည်။

” အဲ့ဒီရွှေဒင်္ဂါးတွေထုခွဲလိုက်ရင် မင်းရဲ့လှေကြီးနဲ့ ရင်းနှီး
ထားရတဲ့ ကုန်စည်တွေ တန်ဖိုးမျှမက မင်းပြန်ရမှာပါ ..
ကျည်တောက်ထဲကတော့ ငွေသားအကြွေတွေ..မင်းပြော
လို့ မင်းမှာ သား ၃ယောက်ရှိတာသိရတယ်..အဲ့ဒါတွေကို
မင့်သား ၃ယောက် ရှင်ပြုပေးနိုင်အောင် ငါတို့အနေနဲ့ ထပ်
ပြီးချီးမြှင့်ပေးဖို့ ငါ့မိန်းမအကြံပေးတာနဲ့ ထပ်ပြီးထည့်ပေး
လိုက်တာဘဲ … ”

” ဗျာ ”

ကိုရွှေမောင် အံ့အားသင့်စွာ မခင်သွေအား လှမ်းကြည့်မိ
လိုက်သည် ။ မခင်သွေကတော့ ဘာမှမသိသလို နေပြပြီး
သူ့အားလည်း မျက်နှာရိပ်မျက်နှာကဲဖြင့် လှမ်းသတိပေး
လေမှ ကိုရွှေမောင်မှာ သတိရသွားပြီး ဟန်မပျက်အောင်
ထိန်းသိမ်းနေလိုက်ရသည်။ စိတ်ထဲကတော့ တစ်ခါတုန်း
က တော်စပ်ခဲ့သော မိန်းမဖြစ်သူ၏ တမျှင်စ သံယောဇဉ်
ကို သူမြင်တွေ့လိုက်မိသည်။

” နောက်တစ်ခု မှာချင်တာက ဒါတွေယူသွားပြီး မင်းအိမ်
ပြန်ရောက်လို့ မင်းသားတွေ ရှင်ပြုတော့မယ်ဆိုတာနဲ့ ..
မပြုခင် ၃ ရက်အလို မနက်စောစောထပြီး မင်းအိမ်ခေါင်း
ရင်းဖက်ကနေ မင်းပြုတော့မယ့် ကုသိုလ်အမှုအတွက်
ငါကအစထားပြီး ငါတို့ ပြိတ္တာရွာသူရွာသားအားလုံးကို
အမျှအတန်း ထည့်ဝေပေးပါကွယ်..မင်းပေးတဲ့ အမျှတန်း
ကို နာယူပြီး ငါတို့လည်း သာဓုခေါ်ပြီး ကျွတ်တမ်းဝင်ချင်
လို့ပါ ..အဲ့ဒါကိုတော့..သုံးရက် သုံးကြိမ် မင်းဆက်ဆက်
လုပ်ဖြစ်အောင် လုပ်ပေးပါကွယ် ..အလှူပြီးလို့ ရေစက်ချ
တဲ့အခါမှာ ဆရာဘုန်းကြီးကို ပြောပြပြီး ငါတို့ရွာအတွက်
ပါ အမျှအတန်း ဆက်ဆက်ဝေဖြစ်အောင်ဝေပါနော်..အခု
ငါမှာတာတွေ အားလုံးမပျက်မကွက် ဆက်ဆက် လုပ်ဖြစ်
အောင် လုပ်ပေးပါ ငါ့လူရယ် .. ”

အကြီးအကဲဖြစ်သူ၏ စကားကြောင့်၎င်း ၊ ဇနီးဟောင်း
မခင်သွေ၏ စေတနာသံယောဇဉ်ကို မြင်တွေ့လိုက်ရ၍
၎င်း ကိုရွှေမောင်ခမျာ မျက်ရည်စများပင် ဝေ့ဝဲလာပြီး…

” စိတ်ချပါခင်ဗျာ..အကြီးကဲ အမှာရှိတဲ့အတိုင်း မှတ်သား
ပြီး တစ်သဝေမတိမ်း လုပ်ဆောင်ပေးမယ်ဆိုတာကို ကျုပ်
လေးလေးနက်နက် ကတိပေးပါတယ်.. ”

ကိုရွှေမောင်က ပြောအပြီး ဦးတိုက်မည်လုပ်သော်…

” ဟေ့. ဟေ့..အဲ့ဒီလို မလုပ်နဲ့လေ..မလုပ်ပါနဲ့ ..မင်း အဲ့ဒီ
လိုလုပ်ရင် ငါတို့မှာ အတော်ခံရခက်လိမ့်မယ်ကွ..တကယ်
တော့ ငါတို့တွေဟာ မင်းလောက်မှ မမြင့်မြတ်တဲ့ လောက
သားတွေပါ..ငါ့ကို ဦးမတိုက်ပါနဲ့ ..ရိုးရိုးဘဲ နှုတ်ဆက်ပါ..
ကဲ..ဖိုးပေရေ အချိန်မလင့်ခင် သူ့ကိုလိုက်ပို့ပေးလိုက်အုံး ”

ကိုရွှေမောင်လည်း အကြီးအကဲကို ထနှုတ်ဆက်လိုက်ရင်း
မခင်သွေဖက် တစ်ချက် ဝေ့ကြည့်လိုက်သေးသည်။ သူမ
က မျက်နှာလွှဲထားသည်ကိုတွေ့ရသည်။

” ကဲ..ကိုယ့်လူ မိုးမချုပ်ခင် ကိုယ့်လူနေရာပြန်ရောက်ဖို့
ခုထဲက သွက်သွက် ထွက်ကြမှဖြစ်မယ်.. ”

ကိုရွှေမောင်လည်း အကြီးအကဲပေးလိုက်သော ဆုလာဘ်
များကို ထုပ်ပိုးလိုက်ပြီး ဖိုးပေနောက်က လိုက်ခဲ့လေတော့
သည်။ သူတို့နှစ်ယောက် စိုက်စိုက် စိုက်စိုက်နှင့် လျှောက်
လာကြစဉ် …

” ရွှတ် ရွှတ်… ရွှတ် ရွှတ် … ”

လေသံသဲ့သဲ့ကြား၍လှည့်ကြည့်မိတော့ သူ့နောက် မလှမ်း
မကမ်း ခြုံကွယ်တစ်ခုမှ မခင်သွေ ထွက်လာသည်ကို တွေ့
လိုက်ရသည်။ သူမလက်ထဲတွင် ငှက်ပျောသီးတစ်ခိုင် ပါ
လာလေသည်။

” ဟင် ..မခင်သွေ .. ”

” ဟုတ်တယ်..တော့်ကိုမှာစရာရှိလို့ စားစရာတွေလိုက်ပေး
အုံးမှပေါ့ ဆိုပြီး ထွက်လိုက်လာရတာ ”

ကိုရွှေမောင်က ဖိုးပေဖက် လှည့်ကြည့်ရင်း …

” ဘာမှာစရာရှိလို့လဲ ခင်သွေရယ် .. ”

” ဟင်း..ဖိုးပေလှည့်ကြည့်မှာစိုးလို့လား..စိတ်ချ အဲ့ကောင်
က ရှေ့သွားရင် နောက်ကိုဘယ်တော့မှ ပြန်မကြည့်တတ်
တဲ့အကောင်..တော့်ကိုမှာချင်တာက ဟိုကိုပြန်ရောက်ရင်
အမေ့ကိုလည်း သေချာဂရုစိုက်ဖို့ .. သားလေးတွေ ရှင်ပြု
အလှူလုပ်ရင်လည်း အကြီးအကဲ မှာသလို အမျှအတန်း
ဝေရင် ကျုပ်ကို အဓိကထားပြီးအမျှဝေပေးစေချင်တယ်..
ကျုပ် ..ကျုပ်လေ..ဒီဘဝက အမြန်ဆုံး ကျွတ်လွတ်ချင်
လှပြီ .. ”

မခင်သွေမှာ ပြောရင်း ငိုသံပင်ပါလာချေရာ…

” စိတ်ချပါခင်သွေရယ်..အဲ့ဒီအလှူကျမှရယ် မဟုတ်ပါဘူး
ဘာအလှူ လုပ်လုပ်..ငါ နင့်အတွက် အမျှအတန်း အမြဲဝေ
ပေးနေတာပါ.. ”

” ကဲ..ကဲ..သွားတော့ သွားတော့..ဖိုးပေနောက် မှီအောင်
သွက်သွက်လေးလျှောက်လိုက်သွားပေတော့..အဲ့ဒါလည်း
မှာရင်း..တော့်ကိုလည်း နှုတ်ဆက်ချင်လို့အကြောင်းရှာပြီး
လိုက်လာရတာ..နှုတ်ဆက်လိုက်ပါတယ် ကိုရင်ရွှေမောင်
ရယ် … ”

သု့ မျက်ရည်စကိုမြင်တော့ မိမိကိုယ်တိုင်လည်း မျက်ရည်
မထိန်းနိုင် ဖြစ်ရသည်။ အငိုမျက်လုံး အပြုံးမျက်နှာနှင့်
တစ်ခါက ဇနီးသည်ကို နောက်ဆုံး နှုတ်ဆက်လိုက်ရင်း…

” ကဲ..သွားတော့မယ် မခင်သွေ …စိတ်ချလက်ချနေပါ..
နင်မှာတာတွေ ကိုရွှေမောင် သေချာဂရုစိုက်လုပ်ပေးပါ့
မယ်ကွယ်.. ” တစ်ခါက ဇနီးဟောင်းကို မျက်ရည်စများ
ဖြင့် နောက်ဆုံးနှုတ်ဆက်ပြီးနောက် ဖိုးပေနောက်သို့ ခပ်
သုတ်သုတ်အမှီ လိုက်ခဲ့လေတော့သည်။

” ဟေ့လူ ငါ့လည်းစောင့်ပါအုံးကွ ”

မှီလုမှီခင် ဖိုးပေကို လှမ်းပြောတော့မှ ဒင်းက လှည့်ကြည့်
ပြီး ကိုရွှေမောင့်လက်ထဲက ငှက်ပျောခိုင်ကို လှမ်းယူလိုက်
ပြီး ကူထမ်းပေးလေသည်။ ပြီးတော့ ….

” ဒီမှာကိုယ့်လူ..ခင်ဗျားနဲ့နပမ်းချတာ ကျုပ် ရှုံးချင်လို့ရှုံး
တယ်မထင်နဲ့ ..ကျုပ်တို့ပြိတ္တာမျိုးဆိုတာ တကယ်တော့
ခင်ဗျားတို့ လူသားတွေနဲ့ အသားချင်းထိတွေ့လို့ ကောင်း
တာမဟုတ်ဖူး ခင်ဗျားတို့အသားနဲ့ ခဏလေးထိရုံနဲ့တောင် ကျုပ်တို့ အရမ်းပူလောင်ခံစားရတာ..အကြီးအကဲစကား
မလွန်ဆန်နိုင်လို့သာ ခင်ဗျားကိုရင်ဆိုင်ရတာ..ကျုပ်အဖို့
တော့ မစားသာလှဘူးဗျ … ” ဟု ဖိုးပေကပြောလေသည်။

နောက်ထပ်ဘာစကားမှ မပြောဖြစ်ကြတော့။ ကိုရွှေမောင်
ကသူ့အတွေးများနှင့်သူ လျှောက်လှမ်းနေသလို ဖိုးပေက
လည်း ရှုတည်တည် မှုံတေတေနှင့် လျှောက်လှမ်းနေလေ
သည်။ တောလမ်းတောက်လျှောက် တစ်နေကုန်သွားခဲ့ကြ
ပြီး ညနေစောင်း နာရီပြန် လေးချက်ခန့် တောစပ်ကလေး
မှအထွက်တွင်…

” ကိုင်းကိုယ့်လူ..အခုကစပြီး ခင်ဗျားဟာခင်ဗျားဘဲ ဆက်
သွားရတော့မယ်..ကျုပ်ပြောတာ သေချာနားထောင်နော်..
ကျုပ် နောက်ချန်နေခဲ့တော့မယ်..ခင်ဗျားမျက်လုံးကို မှိတ်
လိုက် ပြီးရင် ရှေ့တည့်တည့်ကိုမှန်းပြီး ခြေလှမ်း ၉ လှမ်း
လှမ်းသွားလိုက်…မျက်လုံးဖွင့်ပြီး နောက်ကိုပြန်လှည့်ခြင်း
လုံးဝ မလုပ်မိပါစေနဲ့ … ကဲ..နှုတ်ဆက်ပါတယ်ဗျာ..ကျုပ်
ပြောတဲ့ အတိုင်းသာ သွားပေတော့ ..ခြေ ၉ လှမ်းပြည့်ရင်
တော့ ခင်ဗျားသဘော လုပ်ချင်သလိုလုပ်လို့ရပြီ .. ”

ဖိုးပေ ပြောသည့်အတိုင်း ကိုရွှေမောင် မျက်စေ့မှိတ်၍ ခြေ
လှမ်း ၉ လှမ်း ရှေ့တူရူသို့လှမ်းလိုက်ပြီး ခြေ ၉ လှမ်းပြည့်
၍ မျက်စေ့ဖွင့်ကြည့်လိုက်သောအခါ…

” Uာc် .. ”

ကိုရွှေမောင် အံ့ဩရခြင်းကား ယခု သူရောက်ရှိနေသော
ပတ်ဝန်းကျင်မှာ စောစောက သူနှင့်ဖိုးပေတို့ လျှောက်ခဲ့
ကြသော တောလမ်းကလေးမဟုတ်တော့ဘဲ ထန်းပင်အုပ်
အုပ်စုစုနှင့် သင်္ချိုင်းတစ်ခု ဖြစ်နေလေသည်။ ဖိုးပေနှင့်
တောအုပ်ကလေးကတော့ ပျောက်ခြင်းမလှ ပျောက်သွား
လေပြီ..။ သေချာကြည့်လိုက်တော့ သူတို့ရွာနှင့် အခြားရွာ
တစ်ရွာတို့ အကြားရှိ သင်္ချိုင်းတစ်ခု ဖြစ်နေသည်ကို သိရှိ
လိုက်ပါလေတော့သတည်း …။ ။

ဖိုးစိန်လေး
လေးစားစွာဖြင့်

Zawgyi Version

ၿပိတၱာရြာ(စ-ဆုံး)
——————–
ၿပိတၱာအမ်ိဳးအစား၁၂မ်ိဳးရွိသည္အနက္ ေဝမာနိကၿပိတၱာ
ဟူသည္ ကုသိုလ္ႏွင့္ အကုသိုလ္ႏွစ္မ်ိဳးေရာစပ္ကံေၾကာင့္
တစ္ခါတစ္ရံ ကုသိုလ္အက်ိဳးေၾကာင့္ နတ္စည္းစိမ္မ်ိဳး
ခံစားရတတ္သလို တစ္ခါတစ္ရံလည္း အကုသိုလ္အက်ိဳး
ေၾကာင့္ ဒုကၡဆိုးက်ိဳးမ်ားကိုလည္း ခံစားရတတ္သည္ဟု
ၾကားဘူးခဲ့ပါသည္။ သို႔ဆိုလွ်င္ ေအာက္တြင္ေဖာ္ျပမည့္
ကိုေ႐ႊေမာင္ႏွင့္ မခင္ေသြတို႔ဇာတ္လမ္းကို ဖတ္ရႉၿပီးလွ်င္
မခင္ေသြအား မည္သည့္ၿပိတၱာအမ်ိဳးအစားျဖစ္မည္ကို
ခန္႔မွန္းၾကပါကုန္ ….။

ထို ဇာတ္ေၾကာင္းကို အစျပဳရသည္ရွိေသာ္ ….

တစ္ခါတုန္းက အထက္အညာေဒသမွ ကိုေ႐ႊေမာင္သည္
ေအာက္ျပည္ေအာက္႐ြာ ကုန္ေရာင္းလာရင္း ျမစ္ဝကြၽန္း
ေပၚသူ မခင္ေသြႏွင့္ အေၾကာင္းပါခဲ့ၾကေလသည္။
ကိုေ႐ႊေမာင္အညာသားမွာ မိဘမဲ့ တစ္ေကာင္ႂကြက္ျဖစ္၍
ဘယ္ေဆြမ်ိဳးအတြက္မွ ေၾကာင့္က်စရာမရွိ၍ မခင္ေသြ
ႏွင့္အေၾကာင္းပါၿပီးေနာက္ မိန္းမ၏ဌာေန ေအာက္ျပည္၌
သာ အေျခခ်လိုက္ေတာ့သည္။ မခင္ေသြမွာကား မိခင္အို
ႀကီးကို လုပ္ေကြၽးျပဳစုေနရသည္ရွိရာ သူမႏွင့္ အေၾကာင္း
ပါခဲ့ေသာ အညာသားကိုေ႐ႊေမာင္လည္း မခင္ေသြ၏မိခင္
ကို သူ႔မိခင္ခင္သဖြယ္ အလုပ္အေကြၽးျဖစ္လာေတာ့၏။

ကိုေ႐ႊေမာင္မွာ လူလုံးလူဖန္ထြားထြားႀကိဳင္းႀကိဳင္း ႐ုပ္ေရ
အားျဖင့္လည္း ေယာက္်ားပီသ၍ ၾကည့္ေပ်ာ္ရႈေပ်ာ္ ရွိသူ
တစ္ဦးျဖစ္ေပသည္။ မခင္ေသြကလည္းျဖဴျဖဴသြယ္သြယ္
ေခ်ာေခ်ာေမာေမာ ႐ုပ္ေရ ႐ူပကာပိုင္ရွင္ ျဖစ္ေပသည္။
သူတို႔ႏွစ္ေယာက္ကိုလူေတြက အလြန္လိုက္ဖက္ေသာ ဇနီး
ေမာင္ႏွံဟူ၍ အသိအမွတ္ ျပဳၾကေလသည္။

အိမ္ေထာင္သက္ ၁၅ႏွစ္ခန္႔အေရာက္တြင္ သားေတြခ်ည္း
၃ ေယာက္ ထြန္းကားခဲ့ေလသည္။ သားအႀကီးဆုံး ၈ ႏွစ္
သားခန္႔အေရာက္တြင္ မခင္ေသြ အူေယာင္ငန္းဖ်ားေရာဂါ
ျဖစ္ေလသည္။ စၿပီးဖ်ားေခ်ၿပီဆိုထဲက တစ္ခါမွအပူမက်
အျပင္းသားဖ်ားေလရာ ၂ပတ္ခန္႔ နာမက်န္းျဖစ္ၿပီးသည္
တြင္ ဆရာမ်ားလက္ေလွ်ာ့လိုက္ရၿပီး မခင္ေသြလည္း ဆုံး
ပါးသြားရွာေလေတာ့သည္။ ကိုေ႐ႊေမာင္လည္း က်န္ရစ္ခဲ့
ေသာ မခင္ေသြ၏မိခင္အိုႀကီးႏွင့္ သား ၃ေယာက္တို႔အား
ကုန္ေရာင္းကုန္ဝယ္လုပ္ငန္းျဖင့္ ဆက္လက္၍ ေကြၽးေမြး
ေစာင့္ေရွာက္လာခဲ့ရာမွ မခင္ေသြဆုံးၿပီး ၁ႏွစ္ခြဲခန္႔အၾကာ
၌ ကိုယ္ပိုင္ေလွႀကီးတစ္စင္းျပင္ ၎ေလွႏွင့္ ကုန္အျပည့္
စုေဆာင္းမိသျဖင့္ မိမိဌာေန အညာေျမသို႔ ကုန္ေရာင္းဝယ္
ရန္အလို႔ငွာ ေလွထိုသား ၅ေယာက္ကိုငွားရမ္း ဦးေဆာင္၍
အညာသို႔ တစ္ေခါက္တစ္က်င္း တက္ခဲ့ျပန္ေလသည္။
ေယာကၡမအိုႀကီးႏွင့္ မိမိရင္ေသြး ၃ေယာက္တို႔အတြက္မူ..
စားေရရိကၡာအျပည့္အစုံ၊ သုံးစြဲရန္ေငြေၾကးအလုံေလာက္
ေပးအပ္၍ အိမ္နီးခ်င္းတို႔ျဖင့္မွာၾကားအပ္ႏွံခဲ့ရေလသည္။

သူတို႔ေလွႀကီးျဖင့္ အခ်ိန္တစ္ပတ္ခန္႔ နားသည့္ေနရာနား
ဆန္သည့္အခါ ဆန္လ်က္ တက္ခဲ့ၾကၿပီးေနာက္..ျပည္ၿမိဳ႕
ေ႐ႊဘုံသာမုနိဘုရားနီးအေရာက္ တစ္ခုေသာ ကမ္းစပ္တြင္
ေခတၱ ရပ္နားၾကေလသည္ ။ ကိုေ႐ႊေမာင္ ခြင့္ျပဳေပးထား
သျဖင့္ ေလွထိုးသား ၅ေယာက္တို႔ ကုန္းေပၚသို႔အလွည့္က်
တက္ခြင့္ရၾကေလ၏။

ႏွစ္ညအိပ္ခန္႔ရပ္နားၿပီး ေလွျပန္ဆန္မည့္ည ဆန္မတက္မီ
အခ်ိန္ ကိုေ႐ႊေမာင္လည္း သူ႔ေလွကို တိတ္တဆိတ္ လွည့္
ပတ္စစ္ေဆးေလရာ ေလွပဲ့စင္၌ ေလွထိုသား၂ေယာက္
ႀကိတ္ႀကိတ္ ႀကိတ္ႀကိတ္ႏွင့္ တစ္စုံတစ္ခုကို တီးတိုးလုပ္
ေနၾကေၾကာင္း ေတြ႕ရေလရာ သူလည္း ထိုလူႏွစ္ေယာက္
အားတိတ္တဆိတ္ျပန္ေလ့လာရေတာ့သည္။

” ဒီကိစၥ မင္းနဲ႔ငါႏွစ္ေယာက္ဘဲသိတာ..ဘယ္သူ႔ကိုမွအသိ
မေပးနဲ႔ .. အညာဆိပ္ကိုေရာက္ေတာ့မွ ကုန္းေပၚတက္ၿပီး
အဆက္အသြယ္ေကာင္းေကာင္းရွာၿပီး ထုခြဲၾကတာေပါ့ ”

ၾကားလိုက္ရေသာစကားသံသဲ့သဲ့ေၾကာင့္ ကိုေ႐ႊေမာင္မွာ
ထိုသူႏွစ္ဦးေရွ႕မွ ပစၥည္းတစ္ခုအား အလင္းေရာင္ ေဖ်ာ့
ေလ်ာ့ေလ်ာ့ၾကားမွ အားယူစိုက္ၾကည့္လိုက္ရာ ….

” အလို..ဘုရား ဘုရား ေခြးမသားႏွစ္ေကာင္ မႀကံေကာင္း
မစီရာကို ႀကံစီေနၾကပါလား ”

မွန္ေပသည္။ ထိုလူႏွစ္ေယာက္ေရွ႕တြင္ ဉာဏ္ေတာ္အျမင့္
၉ လကၼခန္႔ရွိေသာ ဘုရားေ႐ႊဆင္းတုေတာ္ ၃ဆူအား ေတြ႕
လိုက္ရေသာေၾကာင့္တည္း။ ကသက္ကယဲ့ က်ေနေသာ
အေမွာင္ေအာက္မွာပင္ ေ႐ႊေရာင္ဖိတ္ဖိတ္ေတာက္လ်က္
ရွိေလရာ အျမင္အားျဖင့္ တစ္ဆူလွ်င္ ေ႐ႊခ်ိန္တစ္ပိႆာ
ခန္႔စီ ရွိႏိုင္သည္ဟု သူခန္႔မွန္းမိေလသည္။ ဒီတိုင္း ၾကည့္
ေန၍ မျဖစ္ေတာ့ဟု သူယူဆကာ…

” ေဟ့ေကာင္ေတြ..မင္းတို႔ မႀကံစီအပ္တာကို မႀကံစီၾကပါ
နဲ႔ကြာ..ဒီ ဘုရားေတြ မင္းတို႔ ဘယ္ကရလာသလဲ.. ယူလာ
တဲ့ေနရာကို ခု ေလွမထြက္ခင္ေလး ခ်က္ျခင္းျပန္ပို႔ေပးၾက
ပါၾကာ .. ”

” ဟင္ … ”

႐ုတ္တရက္ ထြက္လာေသာ ကိုေ႐ႊေမာင္ေၾကာင့္ ေလွသား
၂ေယာက္ ပထမေတာ့ အံ့ဩသြားၾကသည္။ သို႔ေသာ္ ….

” ဒါ..က်ဳပ္တို႔ကိစၥ..ခင္ဗ်ားနဲ႔ ဘာမွမဆိုင္ဘူး ဝင္မရႈပ္နဲ႔ ”

” မင္းတို႔ဗုဒၶဘာသာဝင္ေတြမဟုတ္လား ဘုရားနဲ႔ပတ္သက္
တဲ့ပစၥည္း မလုပ္ေကာင္းပါဘူး..ငါ ေကာင္းေကာင္းမြန္မြန္
ေျပာေနတုန္း အသာတၾကည္ျပန္ထားလိုက္ပါ..ေျပာမရ
ရင္ေတာ့ သက္ဆိုင္ရာ တရားဥပေဒလမ္းေၾကာင္းေပၚကို
ေရာက္ေအာင္ ငါ လုပ္ရပါလိမ့္မယ္ ”

အေျခအေန တင္းမာသြားေလၿပီ။ ေလာဘတက္ေနေသာ
ေလွသား၂ေယာက္က ကိုေ႐ႊေမာင့္စကား နားမေထာင္..။
ကိုေ႐ႊေမာင္အား စတင္သတ္ပုတ္ တိုက္ခိုက္ၾကေလၿပီ ။
ထို၂ေယာက္မွာ ကိုေ႐ႊေမာင္၏ ဗလႏွင့္တန္ျပန္သတ္ပုတ္
မႈကို တုပႏိုင္စြမ္းမရွိ၍ ၂ေယာက္ ၁ေယာက္ျဖစ္ေစကာမူ
ရႈံးနိမ့္ရေလ၏။ ထိုစဥ္ ဆူဆူညံညံအသံမ်ားေၾကာင့္ က်န္
ေလွသား ၃ ဦးလည္း ထိုေနရာသို႔ေရာက္ရွိလာေလရာ ….

” ညီကိုတို႔ …ဒီေလွသူႀကီးကို ဝိုင္းဝန္းတိုက္ခိုက္ေပးၾကပါ
ငါတို႔ႏိုင္လွ်င္ ေဟာဒီေ႐ႊစင္ေ႐ႊသား ဘုရား႐ုပ္ထုေတြကို
ထုခြဲရတဲ့အထဲက မင္းတို႔ကို ေဝစုေပးပါ့မယ္ ”

လဲက်ေနေသာ ေလွထိုးသားတစ္ေယာက္က ေရာက္ရွိလာ
ေသာ ေလွထိုးသား ၃ ေယာက္ကို လွမ္းေအာ္ေျပာေလရာ
သေဘာေပါက္လြယ္ၿပီး ေလာဘေဇာတိုက္သြားေသာ ထို
ေလွသားတို႔ကလည္း ကိုေ႐ႊေမာင္ကို ဝိုင္းဝန္းဖမ္းခ်ဳပ္ၿပီး
ထိုးႀကိတ္ၾကေတာ့သည္။ သည္တစ္ႀကိမ္ေတာ့ အမ်ားႏွင့္
တစ္ေယာက္ ကိုေ႐ႊေမာင္ မႏိုင္ ႏိုင္ေတာ့ေခ် ။ ဖူးေယာင္
လာသည္အထိ ထိုးႀကိတ္ခံလိုက္ရၿပီး သတိေမ့ေမ်ာသြား
ေတာ့သည္။ သတိမလစ္ခင္ ေနာက္ဆုံးၾကားလိုက္ရသည္
ကား …

” အင္း..ခုေန သည္ေနရာမွာ ဒင္းကို ႀကိဳးတုပ္ၿပီး ေရထဲခ်
ခဲ့ရင္ ေရေၾကာင္းကတိမ္ေတာ့တစ္နည္းနည္းနဲ႔ လြတ္သြား
ႏိုင္တယ္.. ”

” ဒါဆိုလည္း ကိစၥတုံး လုပ္ပစ္ၿပီး ခ်ခဲ့တာေပါ့.. ”

” အို ဒီလိုလဲ မျဖစ္ေသးဘူး ဒီေနရာၿမိဳ႕နဲ႔နီးေတာ့ အမႈခင္း
ေနာက္လိုက္လာမယ့္ ပုလိပ္သားေတြရန္က ရွိေသးတယ္ ”

” ဒါဆို ဘယ္လိုလုပ္ၾကမလဲ ”

” ခုေနေတာ့ သူ႔ကိုဖမ္းခ်ဳပ္ေခၚသြားၿပီး ေတာေတြေတာင္
ေတြနဲ႔ နီးတဲ့ ျမစ္ျပင္က်ယ္က်ယ္ ေရေၾကာင္းနက္နက္
ေနရာေရာက္မွ တစ္ခါထဲ ကိစၥတုံးလိုက္ၾကတာေပါ့ … ”

” အင္း..ဒါလဲ ခပ္ေကာင္းေကာင္းဘဲေလ ” ….

ဤသို႔ျဖင့္ ကိုေ႐ႊေမာင္အား ခ်ဳပ္ေႏွာင္ဖမ္းဆီးထားၿပီး
ေလွသား ၅ေယာက္တို႔ ဧရာဝတီကို ဆန္ၾကေလသည္။
ကိုေ႐ႊေမာင္လည္း..ေယာက္်ားတို႔ဇြဲ ေသကာမွေလွ်ာ့မည္
အႀကံျဖင့္ ႀကိဳးျဖင့္တုပ္ေႏွာင္ခံထားရသည္ကို တစ္နည္း
နည္းျဖင့္ လြတ္ေအာင္ မျပတ္ႀကိတ္ႀကံစီေနေတာ့သည္။

သူတို႔ေလွႀကီး ျမစ္ေၾကာင္းဆန္တက္လာခဲ့ၿပီး ၂နာရီခန္႔
အၾကာတြင္ ႐ုတ္တရက္ ေလႀကီးမိုးႀကီးက်လာေလေတာ့
သည္။ ထိုအခ်ိန္ ကိုေ႐ႊေမာင္၏ အားထုတ္မႈေၾကာင့္ တုပ္
ေႏွာင္ခံထားရေသာ ႀကိဳးမ်ားလည္း ေျပလုေျပခင္ျဖစ္လာ
ေနေခ်ၿပီ။ မိုးႏွင့္ေလက တစထက္ တစျပင္းထန္လာၿပီး
ျမစ္မင္းဧရာ၏ေဒါသမာန္ဟုန္သည္လည္း လႈိင္းတဝုန္း
ဝုန္းႏွင့္ ရွိေနေခ်တာ့သည္။ ကိုေ႐ႊေမာင္လည္း အတုပ္
အေႏွာင္မွ လြတ္ေျမာက္သြားၿပီျဖစ္ရာ ျပင္းထန္ေနေသာ
လႈိင္းေလအစုံကို ဂ႐ုမျပဳအား..ငမိုက္သားတို႔ အိပ္ရာမ်ား
သို႔သြား၍ ဆင္းတုေတာ္မ်ားကို ရွာေလသည္။ ငမိုက္သား
ေလွသားတို႔မွာ လႈိင္းႏွင့္ မိုးေလတို႔ကို အံတုေနရခ်ိန္ျဖစ္၍
အျခား ဘာကိုမွ ဂ႐ုမထားႏိုင္စဥ္ ကိုေ႐ႊေမာင္လည္း သို
ဝွက္ထားေသာ ေ႐ႊဆင္းတုမ်ားကို ရွာေတြ႕သြားေလၿပီ ။
ထိုစဥ္မွာပင္ ျပင္းထန္ေသာ လႈိင္းၾကမ္းႀကီးမ်ားက ေလွ
အား မနားတမ္း ႐ိုက္ေဆာင့္ေနေလသည္။ အေျခအေန
မဟန္ေတာ့မွန္းသိ၍ ေ႐ႊဆင္းတု ၃ဆူအား ေစာင္ျဖင့္ပတ္
ခ်ီလ်က္ ပုခုံးထက္ ခ်ိတ္ႏိုင္ေအာင္လုပ္ၿပီး ဘာဆက္လုပ္
သင့္သည္ကို စဥ္းစားေနခိုက္မွာပင္ ႀကီးမားေသာလႈိင္းလုံး
ႀကီးတစ္လုံး၏႐ိုက္ခ်က္ေၾကာင့္ေလွႀကီးျဗန္းကနဲကြဲသြား
ကာေလွေပၚပါသူအားလုံးလည္းလြင့္စင္က်ကုန္ေလေတာ့
သည္။ သတိေကာင္းေသာကိုေ႐ႊေမာင္က ေရထဲေရာက္ၿပီ
ဆိုလွ်င္ ေသြး႐ူးေသြးတန္းေလွ်ာက္မကူး..။ အလိုက္သင့္
ကိုယ္ကိုေဖာ့၍ အေျခအေနကို သုံးသပ္သည္။ ဝန္းက်င္
တစ္ခုလုံး ေမွာင္မဲေနၿပီး ျမစ္ျပင္တစ္ခုလုံး လႈိင္းေတြတဝုံး
ဝုံးႏွင့္ ေျဗာင္းဆန္ေနသည္။ မိုးကအနည္းငယ္ စဲသြားၿပီ ။
ေမွာင္ထဲတြင္ အားစိုက္ၾကည့္ၿပီး မိမိအတြက္ မွီတြယ္စရာ
တစ္ခုခုကိုရွာသည္။ ကံအားေလ်ာ္စြာ လႈိင္းအပုတ္မွာ မိမိ
ေရွ႕ေရာက္လာေသာ သစ္သားျပား အခ်ပ္ႀကီးတစ္ခု ရရွိ
လိုက္ေလသည္။ က်န္သူအားလုံးႏွင့္မိမိေလွႀကီးကို မေတြ႕
ရေတာ့ေပ။ အႏွစ္ႏွစ္အလလ စုေဆာင္းရွာခဲ့ရေသာ ေလွ
ႀကီးႏွင့္ ကုန္မ်ားအားလုံး ဆုံးရႈံးသြားရၿပီဟူေသာ အသိ
ေၾကာင့္ ဝမ္းနည္းျခင္းျဖစ္ရေသာ္လည္း လက္ရွိအခ်ိန္ထိ
မိမိအသက္ရွင္သန္ေနေသးသည္ကိုေတြးၿပီး မေသမခ်င္း
ႀကိဳးစားႏိုင္ခြင့္ရွိေသးတာဘဲဟု ျပန္အားတင္းလိုက္သည္။
စိတ္ထဲက ဘုရားရွင္ကိုရည္စူး၍ မိမိဦးေခါင္းထက္သို႔ ႂကြ
ေရာက္စံပါယ္ေတာ္မူေနပါရန္ ပင့္လိုက္ၿပီး ဘုရား တရား
သံဃာ ရတနာသုံးပါးကို ႏွလုံးသြင္းလ်က္ ရသမွ် ပရိတ္
ေတာ္မ်ားကို ႐ြတ္ဖတ္သရစယ္ေနလိုက္သည္။ ဝန္းက်င္
တစ္ခုလုံး အေမွာင္အတိဖုံးလ်က္ ဘယ္ေနရာ ဘယ္ကမ္း
မမွန္းဆတတ္သည့္အတူတူ မ်က္လုံးကိုမွိတ္ ဖက္တြယ္မိ
ေသာ သစ္သားခ်ပ္ကို မလြတ္စတမ္း ၿမဲၿမံစြာကိုင္တြယ္၍
ကိုယ္ကိုအလိုက္သင့္ေဖာ့ကာ ဘုရားတရားကိုသာ မျပတ္
အာ႐ုံျပဳကာ ေမ်ာခ်င္ရာေမ်ာေစေတာ့ ေနလိုက္ေတာ့၏။

သို႔ေသာ္..ထူးဆန္းသည္က ဤသို႔ျဖစ္သြားၿပီး တခဏတာ
အတြင္းမွာပင္ မိုးလည္းစဲ လႈိင္းေလသည္လည္း ၿငိမ္သက္
သြားေခ်ေတာ့သည္။ မၾကာမီ ေကာင္းကင္၏ ေဖ်ာ့ေလ်ာ့
ေသာအလင္းေရာင္ျဖင့္ ျမစ္ျပင္ကိုတျဖည္းျဖည္း ျမင္လာ
ရေလသည္။ သူ႔ေလွႀကီးကိုကား စုပ္စျမဳပ္စပင္ မေတြ႕ရ
ေတာ့။ ေရျပင္ထက္၌ ေပါေလာေမ်ာေနေသာ ကုန္ပစၥည္း
အပိုင္းအစတခ်ိဳ႕ကိုေတြ႕ရသည္။ သူ႔ေလွသားေတြ အရိပ္
ေယာင္မွ်ပင္ မေတြ႕ရေခ်။ စိတ္ထဲက ေတြးမိေသးသည္။
မျပစ္မွားသင့္ေသာ ဘုရားပစၥည္းကို ျပစ္မွားမိၾက၍ ယခု
ကဲ့သို႔ ဒုကၡေတြ႕ရျခင္းေပေလာဟု..ျဖစ္သည္။ ပုခုံးထက္မွ
ဘုရားဆင္းတု ၃ဆူကို သတိထားမိျပန္ေတာ့ သည္ပစၥည္း
ေတြ မူလေနရာျပန္ေရာက္ေအာင္ အျမန္ ျပန္ပို႔မွျဖစ္မည္
ဟု ..ေတြးမိၿပီး ယခုျဖစ္သြားေသာ အျဖစ္အပ်က္အတြက္
က်က္သီးျဖန္းျဖန္း ထမိေလသည္။ အျမင္အာ႐ုံအားစိုက္
ၾကည့္လိုက္ေသာခါ ျမစ္ျပင္က်ယ္၏ အနားသတ္ မႈံျပ ျပ
ခပ္ေဝးေဝးမွ ကမ္းစပ္ကိုျမင္ေတြ႕ရေလသည္။ ဖက္တြယ္
ထားေသာ သစ္သားခ်ပ္ႀကီးမွာ ေလွ၏ပဲ့ေခ်ာင္အေခါင္း
ေပါက္အဖုံးျဖစ္ေနသည္ကိုသိရၿပီး ထိုသစ္သားအဖုံးျပား
ႀကီးကို အားျပဳ ေမွးတြယ္ဖက္ရင္း ကမ္းဖက္သို႔ ခပ္မွန္မွန္
ကူးခတ္ခဲ့ေတာ့သည္။

အေတာ္ၾကာၾကာ နားခ်ည္တစ္ခါ ကူးခ်ည္တစ္လွည့္ျဖင့္
ကူးခဲ့ၿပီး ကမ္းစပ္ကုန္းေျမကိုေျခကန္မိခ်ိန္၌ မိုးလင္းခါနီး
ၿပီျဖစ္၍ အလင္းေဖ်ာ့ေဖ်ာ့ပင္ အစပ်ိဳးေနေလၿပီတည္း။ တစ္ညလုံး ျမစ္ထဲတြင္အခ်ိန္ကုန္ခဲ့၍ ေရ၏အေအးဒဏ္
လႈပ္ရွား႐ုန္းကန္ ကူးခတ္ခဲ့ေသာ ပင္ပမ္းမႈဒဏ္တို႔ေၾကာင့္
ကုန္းေျမကမ္းစပ္ေပၚ ပိုင္ပိုင္တက္ႏိုင္သည္ႏွင့္ စိတ္ေလွ်ာ့
ခ်လိုက္ရာ ကိုေ႐ႊေမာင္မွာ ဒူးၫႊတ္ေကြးလ်က္ ေမွာက္က်
သြားပါေလေတာ့သည္။

မည္မွ်ၾကာၾကာ ေမွာက္လ်က္သား ေမ့ေမ်ာေနသည္မသိ။
လူသံေတြ နားထဲသဲ့သဲ့ၾကားလိုက္မွ သတိရလာေတာ့၏။
ေခါင္းေထာင္ထ၍ မ်က္လုံးကို အားယူဖြင့္ၾကည့္ေသာခါ..
မိန္းမတစ္ေယာက္၏မ်က္ႏွာကို မႈံမႈံမႊားမႊားေတြ႕ရေလ၏။
တျဖည္းျဖည္း အၾကည္ဓာတ္ရလာေသာအခါ၌…

” ဟင္ … နင္ .. နင္ .. ”

ျမင္ေတြ႕လိုက္ရေသာမ်က္ႏွာေၾကာင့္ အလြန္အံ့အားသင့္
စြာျဖင့္အတင္းလူးလဲထမိေလေတာ့သတည္း … ။

” အို..ကိုေ႐ႊေမာင္ပါလား..အံ့ဩစရာေကာင္းေလာက္တဲ့
တိုက္ဆိုင္မႈတစ္ခုပါလားရွင္..ဘယ္လိုျဖစ္လာရတာလဲ..
ေျပာစမ္းပါအုံး … ”

ကိုေ႐ႊေမာင္ ျမင္ေတြ႕လိုက္ရေသာ အသံရွင္မွာ ေျပာသည့္
အတိုင္း အမွန္ပင္ အံ့ဩစရာေကာင္းေပေတာ့သည္။ သူမ
သည္ လြန္ခဲ့ေသာ တစ္ႏွစ္ခြဲခန္႔က ကြယ္လြန္ၿပီးျဖစ္ေသာ
မိမိ၏ ဇနီး မခင္ေသြ ျဖစ္ေနျခင္းေၾကာင့္တည္း။

” မခင္ေသြ..နင္ နင္ .. ဘုရား ဘုရား ငါ ေရနစ္ၿပီးေတာ့
မ်ား ေသခဲ့ၿပီလား ငါ့ကိုယ္ငါ ေသမွန္းမသိေသးတာလား ”

အံ့ဩတုန္လႈပ္မိရင္း တုန္တုန္ရီရီႏွင့္ ေရ႐ြတ္မိသည္။
ေျပာမျပတတ္ေအာင္လည္း အေၾကာက္ႀကီးေၾကာက္လန္႔
သြားမိသည္။ သူ၏ ထိတ္ထိတ္ျပာျပာ အမူယာကိုၾကည့္
ၿပီး သူ႔ဇနီး မခင္ေသြက က႐ုဏာသက္စြာျဖင့္ …

” ရွင္မေသပါဘူး ကိုေ႐ႊေမာင္ရယ္..ဒါေပမယ့္ အံ့ဩစရာ
ေကာင္းတာက ရွင္..အရွင္လတ္လတ္ ကြၽန္မေနတဲ့ ၿပိတၱာ
႐ြာကို ေရာက္လာတာပါဘဲ …ကြၽန္မက အရင္ကလို ရွင့္ရဲ႕
ဇနီး ခင္ေသြလည္းမဟုတ္ေတာ့ပါဘူး..ၿပိတၱာမ ခင္ေသြပါ
ရွင္..ဒါနဲ႔ ရွင္ဘယ္လိုျဖစ္လာတာလဲ ေျပာျပအုံးေလ ”

ထိုခါမွ ကိုေ႐ႊေမာင္ အနည္းငယ္ အေၾကာက္ေျပသြားၿပီး
သူျဖစ္ပ်က္ခဲ့သမွ်ကို တုန္တုန္ယင္ယင္ႏွင့္ အက်ဥ္းခ်ဳံး၍
ေျပာျပလိုက္ေလသည္။ ၿပီးေတာ့ သူ႔ ပုခုံးတြင္ ယခုထက္ တိုင္ လြယ္ခ်ိတ္ထားလ်က္ ရွိေနေသးေသာ ေစာင္ျဖင့္ပတ္
ထားသည့္ ေ႐ႊဆင္းတု ၃ ဆူကိုလည္း ျပလိုက္ေလသည္။

” အလို..ဘုရား ဘုရား ..ရွင္ စိတ္ေကာင္းရွိလို႔သာဘဲရွင္..
ဒါေတြဟာ ေနာက္ပြင့္မယ့္ အရင္ေမတၱယ်ဘုရားသာသနာ
အတြက္ရည္စူးလႉဒါန္းထားတဲ့ ေ႐ႊဆင္းတုေတြဘဲ..မျပစ္
မွားေကာင္းတာေတြကို ေလာဘတက္ျပစ္မွားၾကလို႔ ရွင့္ရဲ႕
ေလွသားေတြ ေသျခင္းဆိုးနဲ႔ေသသြားၾကရပါၿပီ..ဒါေတြ
ေပ်ာက္သြားမွန္းသိတာနဲ႔ သိုက္ခ်ဳပ္ဘိုးဘိုးႀကီးက ခ်က္
ျခင္းရွာၿပီး အျပစ္ေပးလိုက္တာနဲ႔တူတယ္..ရွင္ကေတာ့
ဒီ ဆင္းတုေတြ မူလေနရာ ျပန္ထားဖို႔ စိတ္ရည္စူးထားတာ
ဘိုးဘိုးႀကီးမေနာအျမင္မွာေတြ႕ေနလို႔ အသက္မေသေစဘဲ
ဒီကိုေရာက္ေအာင္ ပို႔လိုက္တာထင္ရဲ႕ ..မေသေပ်ာက္တာ
ဘဲ ေတာ္လွပါၿပီရွင္..အဲ..ဒါနဲ႔ ရွင့္ကို တစ္ခုေတာ့မွာထားရ
အုံးမယ္..အခု ရွင္ေရာက္လာတာ ၿပိတၱာ႐ြာေနာ္..ဒီမွာရွိေန
တဲ့သူေတြအားလုံး ကြၽန္မကအစတစ္ေယာက္မွလူမဟုတ္
ၾကဘူး..အကုန္ ၿပိတၱာေတြခ်ည္းဘဲ..ၿပီးေတာ့ ကြၽန္မက
အရင္ကလို ရွင့္ မယားမဟုတ္ေတာ့ဘူး.. ဒီ႐ြာက ၿပိတၱာ
အႀကီးအကဲရဲ႕မယားျဖစ္ေနၿပီ..ဒီေတာ့ အခုထဲကမွာထား
မယ္..အရင္က ရွင္နဲ႔ကြၽန္မ ဘယ္လိုပတ္သက္ပါတယ္..
ညာလိုပတ္သက္ပါတယ္ဆိုတာေတြ ဘယ္သူ႔ကိုမွ မဟ မိ
ပါေစနဲ႔ .. ”

မခင္ေသြ ရွင္းျပေသာစကားတို႔ေၾကာင့္ ကိုေ႐ႊေမာင္ပါးစပ္
အေဟာင္းသား ျဖစ္ရေခ်ၿပီ။မခင္ေသြက ရွင္းျပအၿပီး …

” လာၾကပါအုံးေဟ့..ဒီမွာ လူတစ္ေယာက္ ေလွပ်က္ၿပီး
ေရာက္လာလို႔ ဝိုင္းကူလိုက္ၾကပါအုံး … ”

အဲဒီလို ေအာ္ေခၚလိုက္ေတာ့ ေယာက္်ားႀကီး၂ေယာက္နဲ႔
မိန္းမတစ္ေယာက္တို႔ ေရာက္လာၾကပါတယ္။ မခင္ေသြ
ေျပာျပထားလို႔ ဒီလူေတြၿပိတၱာဆိုတာသိထားေပမယ့္ ျမင္
ေနရတာက လူေတြအတိုင္းဘဲမို႔ ကိုေ႐ႊေမာင္ အံ့အားသင့္
ရျပန္ပါေရာ .. ။

ဒါနဲ႔ ..သူတို႔အားလုံးက ကိုေ႐ႊေမာင့္ကို သူတို႔အႀကီးအကဲ
ဆိုသူထံ ေခၚသြားၾကပါေလသည္။ အႀကီးအကဲဆိုသူေရွ႕
ေရာက္ေတာ့လည္း ၿပိတၱာဟုသာဆိုရ.. မ်က္လုံး မ်က္ခုံး
ဲ ေကာင္းေကာင္းႏွင့္ အႀကီးအကဲမွင္ေမာင္းရွိေသာ လူႀကီး
တစ္ဦးအျဖစ္ ျမင္ရေလသည္။ အႀကီးအကဲက သူ႔လူေတြ
ဖက္ကို ေမးဆတ္ျပလိုက္ၿပီး ေလသံခပ္ထန္ထန္ျဖင့္ …

” ဘယ္လိုျဖစ္လာၾကတာလဲ .. ” ဟု ..ေမးေလသည္။

မခင္ေသြက ေလွပ်က္ၿပီးေမ်ာလာရာက ေရစပ္မွာေတြ႕၍
ကယ္တင္လာေၾကာင္း..က်န္တာ သူ႔ကိုသာ ေမးပါ..ဟု..
တင္ျပသျဖင့္ အႀကီးအကဲလည္း သူ႔ဖက္လွည့္ကာ…

” ကဲ..ဘယ္လို ျဖစ္ၿပီး ေလွပ်က္ေမ်ာရတာလဲ..ဆက္ေျပာ
စမ္းပါအုံး … ” ဟု..ေမးျပန္ေလသည္။ ကိုေ႐ႊေမာင္လည္း
မိမိ႐ြာမွ ကုန္တင္ၿပီးေလွစထြက္သည္မွ ေနာက္ဆုံး ေလမိုး
ေတြမိၿပီး ေလွပ်က္၍ ေမ်ာသည္အထိ အျဖစ္သနစ္စုံကို
ေျပာျပလိုက္ၿပီး သူ႔ပုခုံးထက္မွ ေစာင္ျဖင့္ထုပ္ထားေသာ
ေ႐ႊဆင္းတုေတာ္ ၃ဆူကို ျပသလိုက္ေလသည္။ အႀကီးကဲ
လည္း ေသခ်ာစစ္ေဆးၾကည့္ၿပီး …

” မင္းကိုယ္တိုင္က လိုခ်င္စိတ္နဲ႔ မရ အရယူလာတာေတာ့
မဟုတ္ပါဘူးေနာ္ .. ”

” ကြၽန္ေတာ္မညာဝံ့ပါဘူးဗ်ာ..တကယ္ကို မူလေနရာျပန္ပို႔
ခ်င္စိတ္နဲ႔ ေသမယ့္ျဖစ္တဲ့ၾကားက အသက္စြန္႔ၿပီး ယူလာ
ရတာပါ ဒီအျဖစ္ေၾကာင့္ အႏွစ္ႏွစ္အလလ ကြၽန္ေတာ္ ရွာ
ေဖြစုေဆာင္းထားခဲ့တာေတြ အားလုံးဆုံးရႈံးခဲ့ရပါၿပီ … မွန္
တာေျပာရင္ အဲ့ဒီ ဆုံးရႈံးခဲ့တာေတြထက္မက ျပန္ရပါေစ
လို႔ က်ိန္တြယ္ေျပာဝံ့ပါတယ္.. ”

အႀကီးအကဲက သူ႔ လက္ထဲက ေ႐ႊဆင္းတုမ်ားကို သိမ္း
ယူလိုက္ၿပီးလွ်င္ …

” ေအးေလ..ငါတို႔အထက္က သိုက္ခ်ဳပ္ဘိုးဘိုးကို ဆက္
သြယ္ေမးျမန္း ၾကည့္ရအုံးမွာေပါ့..မင္းေျပာတာေတြ မွန္
မမွန္ သူ႔ကို ညာလို႔မရဘူး..သူ႔ မေနာစိတ္မွာ အကုန္သိေန
လိမ့္မယ္..မင္းေျပာသလို ဒီ ဘုရားဌာပနာပစၥည္းေတြကို
မူလေနရာျပန္ပို႔ခ်င္တယ္ဆိုတဲ့ မင္းရဲ႕ စိတ္ရင္းစိတ္ခံ မွန္
ေနရင္လည္း သူသိေနမွာဘဲ..ဒါဆိုရင္ေတာ့ မင္းသက္သာ
မွာ အမွန္ဘဲ ..ကဲ..မင္းလည္း ေရထဲမိုးထဲ တစ္ညလုံးဒုကၡ
ခံခဲ့ရလို႔ ပင္ပမ္းလွၿပီ..ေရစိုအဝတ္ေတြ လဲဖယ္ၿပီး အနား
ယူေပအုံးေတာ့ … ကဲေဟ့ ဒီလူ႔ကို ေနစရာတစ္ေနရာစီစဥ္
ေပးလိုက္ၾကအုံး..ေဟ့ ဖိုးေပ ေခၚသြားစမ္း .. ”

အႀကီးအကဲ၏ အမိန္႔ေပးသံအဆုံး ဖိုးေပဆိုေသာၿပိတၱာ
တစ္ဦးက ကိုေ႐ႊေမာင့္ကို ေနစရာတဲအိမ္ငယ္တစ္ခုဆီသို႔
ေခၚယူ ပို႔ေဆာင္ေပးခဲ့ေလသည္။ ဖိုးေပဆိုသူမွာ အေတာ္
တန္ပင္အသားမဲ မ်က္ႏွာေပါက္ဆိုးဆိုး ဗလေကာင္းေသာ္
လည္း ပုကြကြ ဂင္တိုတို မႈံကုပ္ကုပ္ႏွင့္ျဖစ္ေလသည္။
တဲအိမ္ေလးထဲေရာက္ၿပီး ဖိုးေပ ထုတ္ေပးေသာ အဝတ္
အစားမ်ားကို လဲလွယ္ဝတ္ဆင္ၿပီး လူပင္ပမ္းစိတ္ပင္ပမ္း
ခဲ့သမွ် အတိုးခ်၍ အိပ္ပစ္လိုက္ေတာ့သည္။

ထိုေန႔ညေန.. အိပ္ရာမွ ႏိုးေသာအခါ ဝမ္းထဲက တၾကဳတ္
ၾကဳတ္ ဆာေလာင္ေန၍ စားစရာေတာင္းရန္ တစ္စုံတစ္
ေယာက္အား ေမွ်ာ္ေနစဥ္မွာပင္ မခင္ေသြႏွင့္ အျခားမိန္းမ
တစ္ေယာက္တို႔ ေရာက္ရွိလာၾကၿပီး …

” ရွင္ ဆာေနမယ္မွန္းသိလို႔ အႀကီးအကဲကိုေျပာၿပီး စားဖို႔
ယူလာတာ..ဒီမွာက သက္သတ္လြတ္ အသီးအ႐ြက္ေတြ
ဘဲစားၾကတာ.. ” ဟု..ေျပာကာ ပိႏၷဲသီးမွည့္ႏွင့္ ငွက္ေပ်ာ
သီးမ်ား ခ်ေပးေလသည္။ ဘာျဖစ္ျဖစ္..ဝမ္းက ေတာင္း
ဆိုေနခ်ိန္ အဟာရေျမာက္ဖို႔ဘဲ အေရးႀကီးသည္ မွတ္ခါ
ခ်ေပးလာေသာ အသီးမ်ားကို အားရပါးရ စားသုံးေလ
ေတာ့သည္။

ေနာက္ေန႔ မနက္အိပ္ရာထအၿပီးတြင္ မေန႔ကဤေနရာသို႔
ပို႔ေပးခဲ့ေသာ ပုကြကြဂင္တို ဖိုးေပက အႀကီးအကဲ ေခၚခိုင္း
သည္ဆိုကာ လာေခၚသျဖင့္ ထလိုက္သြားရေလသည္။
အႀကီးအကဲႏွင့္ ေတြ႕ေသာအခါ…

” မင္းရဲ႕ စိတ္ေစတနာကိုေလးစားသြားၿပီ..ငါတို႔ သိုက္ခ်ဳပ္
ဘိုးေတာ္နဲ႔လည္းဆက္သြယ္ေမးျမန္းၿပီးၿပီ..ဘိုးေတာ္ေျပာ
ျပလို႔ အားလုံးသိရၿပီ..ဒီေတာ့ မင္းဒီမွာဆက္ၿပီး အနားယူ
ခ်င္ေသးတယ္ဆိုရင္လည္း ေနလို႔ရတယ္…ျပန္ခ်င္တယ္
ဆိုရင္လည္း ဘိုးေတာ္ဆီက အမိန္႔တစ္စုံတစ္ရာရၿပီးတာ
နဲ႔ ျပန္ပို႔ေပးမယ္.. ”

” ဘာမ်ား အမိန္႔ခ်အုံးမွာလည္းဗ်ာ..ေတြးၿပီး စိတ္ပူစရာ
ျဖစ္ေအာင္ ထစ္ေနျပန္ၿပီ .. ”

” စိတ္မပူပါနဲ႔ကြာ..ငါတို႔က ဒီ သာသနာပိုင္ပစၥည္းေတြ ျပန္
ရဖို႔အတြက္ မင္းမွာ ခ်မ္းသာသမွ်အရင္းအႏွီးေတြ စြန္႔ခဲ့ရ
တဲ့အေၾကာင္း ဘိုးေတာ္ကို ရွင္းျပလိုက္ေတာ့ ဒါေတြအား
လုံး သူသိပါတယ္ မင္းအတြက္ မနစ္နာရေအာင္ ဆုလာဘ္
ေတြ သူျပန္ေပးပါ့မယ္ဆိုလို႔ အဲဒီအတြက္ အမိန္႔ျပန္ေစာင့္
ရအုံးမွာေပါ့ကြာ..ေလာေလာဆယ္ အားေနလို႔ ပ်င္းေနရင္
လည္း မင္း မပ်င္းရေအာင္ ငါ စီစဥ္ေပးရတာေပါ့ .. ”

ဟု..ဆိုကာ ဖိုးေပအား အနားသို႔ ေခၚ၍ တစ္စုံတစ္ခုကို
တီးတိုး ေျပာလိုက္ေလသည္။ ၿပီးသည္ႏွင့္ ဖိုးေပက သူ႔ကို
သူေနသည့္တဲသို႔ ျပန္ေခၚသြားၿပီး တဲေဘးက ေျမကြက္ကို
လက္ညႇိဳးၫႊန္၍ ရွင္းလင္းခိုင္းေလသည္။ သူ ရွင္းလင္း
ေနစဥ္မွာပင္ ဖိုးေပျပန္ထြက္သြားျပန္ေလသည္။ ရွင္းလင္း
ၿပီးခ်ိန္ခန္႔တြင္ ဖိုးေပႏွင့္အတူ ၿပိတၱာလူ ၂ေယာက္ ပါလာ
သည္ကို ေတြ႕ရၿပီး ဖိုးေပက …

” ကိုင္း..ခင္ဗ်ား မပ်င္းရေအာင္ က်ဳပ္တို႔ ၃ ေကာင္ထဲက
တစ္ေကာင္ေ႐ြးၿပီး ခင္ဗ်ားေ႐ြးတဲ့သူနဲ႔ နပမ္းလုံးၾကမယ္ ”

” ဗ်ာ … ”

” မဗ်ာနဲ႔ ..ဒါ က်ဳပ္တို႔အႀကီးအကဲရဲ႕ အမ္ိန္႔ဘဲ..က်ဳပ္တို႔
ေရာ ခင္ဗ်ားေရာ လြန္ဆန္လို႔မရဘူး..ကဲ..စၾကမယ္ ”

ကိုေ႐ႊေမာင္လည္း စေတြ႕ကတည္းက ဖိုးေပအား စိတ္ခ်ဥ္
ေပါက္ေပါက္ ရွိေနသည္ျဖစ္ရာ…

” ခင္ဗ်ားနဲ႔ လုံးမယ္ဗ်ာ … ” ဟု…ဆိုကာ ဖိုးေပႏွင့္ နပမ္း
လုံးၾကေလသည္။ ဗလခ်င္းယွဥ္လွ်င္၎ ၊ အရပ္ေမာင္း
ခ်င္းယွဥ္လွ်င္၎ မိမိက အသာစီးရသျဖင့္ အလြယ္တကူ
ႏိုင္မည္ ထင္မိေသာ္လည္း ဖိုးေပကလည္း ေခသူမဟုတ္..
သတ္လုံး သတ္ေပါက္ အေတာ္ေကာင္းေလရာ မနည္းပင္
ယွဥ္ၿပိဳင္ရေလသည္။ တစ္ႀကိမ္တြင္ ဖိုးေပအား ေျမတြင္
လွဲခ်၍ ေမွာက္လ်က္ထားၿပီး လက္ႏွစ္ဖက္ကို ေနာက္ျပန္
အပိုင္ခ်ဳပ္ႏိုင္ခဲ့၍ ဖိုးေပ အရႈံးေပးရေလသည္..။ ထိုစဥ္
မွာပင္ မခင္ေသြႏွင့္ မိန္းမတစ္ေယာက္ ေရာက္ရွိလာၿပီး…

” ေတာ္ၾကပါေတာ့..အိမ္ကလူႀကီးကလည္း ခပ္ေၾကာင္
ေၾကာင္..ဖိုးေပကလည္း သြပ္တြတ္တြတ္နဲ႔ ထိခိုက္နာက်င္
ကုန္ပါအုံးမယ္..အခုဘဲ သိုက္ခ်ဳပ္ဘိုးေတာ္ဆီက အမိန္႔
ရလာလို႔ ရွင့္ကို အိမ္ကလူႀကီးက ေခၚခိုင္းလိုက္တယ္ ”

မခင္ေသြ၏ဟန္ပန္က ၾကည္ႏူးဝမ္းေျမာက္ေနဟန္ရွိေသာ္
လည္း သူမေျပာေျပာေနေသာ အိမ္ကလူႀကီးဆိုေသာ သုံး
ႏႈန္းပုံေၾကာင့္ ကိုေ႐ႊေမာင္ ရင္ထဲ နင့္ကနဲျဖစ္သြားမိသည္။
ၿပီးေတာ့မွ …

” ေဩာ္..ခုခ်ိန္မွာသူနဲ႔ငါက ဘဝခ်င္းလည္းျခား..ၿပီးေတာ့
သူက ငါ့မယားလည္း ဟုတ္မွ မဟုတ္ေတာ့တာဘဲေလ…
လက္ရွိဘဝမွာ သူက ဟိုလူႀကီး မယားျဖစ္ေနၿပီဘဲ..သူ႔
ေယာက္်ားကို အိမ္ကလူႀကီးေခၚတာ ငါက ဝမ္းနည္းေနဖို႔
မလိုပါဘူးေလ ” ဟု …ေျဖသိမ့္လိုက္ၿပီး မခင္ေသြ ေခၚရာ
လိုက္ခဲ့ေလေတာ့သည္။

အႀကီးအကဲေရွ႕ေမွာက္ ေရာက္ေသာအခါ…

” ဘယ့္နယ့္လဲေဟ့..မင္းလည္း အာဂလူပါလား နပမ္းဝိဇၨာ
ဖိုးေပကို ႏိုင္ေအာင္လုံးႏိုင္တဲ့ မင္းအရည္အခ်င္းကိုေတာ့
ႀကိဳက္သြားၿပီ .. ”

” ျဖစ္ႏိုင္ရင္ က်ဳပ္က ခင္ဗ်ားနဲ႔ေတာင္ လုံးခ်င္ေသးတာ..
အခုေတာ့ ရွိေစေတာ့ဗ်ာ..ဒါနဲ႔ ခင္ဗ်ားတို႔ သိုက္ခ်ဳပ္ႀကီး
ဆီက ဘယ္လို အမိန္႔ထူးၿပီလဲဗ် … ”

” ဟား ဟား..မင္းကေတာ့ကြာ တကယ့္လူဘဲ..ေအး ေအး
သိုက္ခ်ဳပ္ဘိုးေတာ္က မင္းကို ေဟာဒီဆုလာဘ္ေတြခ်ၿပီး
ဌာေနျပန္လႊတ္ဖို႔ အမိန္႔ခ်လိုက္တယ္ကြ.. ”
ဟု..ဆိုကာ သူ႔ေရွ႕သို႔ အထုပ္ကေလးတစ္ထုပ္ႏွင့္ က်ည္
ေတာက္ဗူးတစ္ဗူးကို ခ်ျပလိုက္ေလသည္။

” ဟဲ့ မိန္းမ..အထုပ္ကို ေျဖျပလိုက္စမ္း.. ”

အႀကီးအကဲက မခင္ေသြအား ခိုင္းေစလိုက္သည္။
မခင္ေသြ အထုပ္အား ေျဖျပလိုက္ေသာအခါ ဝင္းလက္ေန
ေသာ ေ႐ႊစင္ေ႐ႊသား ေ႐ႊဒဂၤါးျပား ၁၀ျပားကို ေတြ႕ရေလ
သည္။ ကိုေ႐ႊေမာင္၏ မ်က္ႏွာမွာလည္း ေ႐ႊဒဂၤါးမ်ားသို႔
ဝင္းလက္ေတာက္ပသြားေလသည္။

” အဲ့ဒီေ႐ႊဒဂၤါးေတြထုခြဲလိုက္ရင္ မင္းရဲ႕ေလွႀကီးနဲ႔ ရင္းႏွီး
ထားရတဲ့ ကုန္စည္ေတြ တန္ဖိုးမွ်မက မင္းျပန္ရမွာပါ ..
က်ည္ေတာက္ထဲကေတာ့ ေငြသားအေႂကြေတြ..မင္းေျပာ
လို႔ မင္းမွာ သား ၃ေယာက္ရွိတာသိရတယ္..အဲ့ဒါေတြကို
မင့္သား ၃ေယာက္ ရွင္ျပဳေပးႏိုင္ေအာင္ ငါတို႔အေနနဲ႔ ထပ္
ၿပီးခ်ီးျမႇင့္ေပးဖို႔ ငါ့မိန္းမအႀကံေပးတာနဲ႔ ထပ္ၿပီးထည့္ေပး
လိုက္တာဘဲ … ”

” ဗ်ာ ”

ကိုေ႐ႊေမာင္ အံ့အားသင့္စြာ မခင္ေသြအား လွမ္းၾကည့္မိ
လိုက္သည္ ။ မခင္ေသြကေတာ့ ဘာမွမသိသလို ေနျပၿပီး
သူ႔အားလည္း မ်က္ႏွာရိပ္မ်က္ႏွာကဲျဖင့္ လွမ္းသတိေပး
ေလမွ ကိုေ႐ႊေမာင္မွာ သတိရသြားၿပီး ဟန္မပ်က္ေအာင္
ထိန္းသိမ္းေနလိုက္ရသည္။ စိတ္ထဲကေတာ့ တစ္ခါတုန္း
က ေတာ္စပ္ခဲ့ေသာ မိန္းမျဖစ္သူ၏ တမွ်င္စ သံေယာဇဥ္
ကို သူျမင္ေတြ႕လိုက္မိသည္။

” ေနာက္တစ္ခု မွာခ်င္တာက ဒါေတြယူသြားၿပီး မင္းအိမ္
ျပန္ေရာက္လို႔ မင္းသားေတြ ရွင္ျပဳေတာ့မယ္ဆိုတာနဲ႔ ..
မျပဳခင္ ၃ ရက္အလို မနက္ေစာေစာထၿပီး မင္းအိမ္ေခါင္း
ရင္းဖက္ကေန မင္းျပဳေတာ့မယ့္ ကုသိုလ္အမႈအတြက္
ငါကအစထားၿပီး ငါတို႔ ၿပိတၱာ႐ြာသူ႐ြာသားအားလုံးကို
အမွ်အတန္း ထည့္ေဝေပးပါကြယ္..မင္းေပးတဲ့ အမွ်တန္း
ကို နာယူၿပီး ငါတို႔လည္း သာဓုေခၚၿပီး ကြၽတ္တမ္းဝင္ခ်င္
လို႔ပါ ..အဲ့ဒါကိုေတာ့..သုံးရက္ သုံးႀကိမ္ မင္းဆက္ဆက္
လုပ္ျဖစ္ေအာင္ လုပ္ေပးပါကြယ္ ..အလႉၿပီးလို႔ ေရစက္ခ်
တဲ့အခါမွာ ဆရာဘုန္းႀကီးကို ေျပာျပၿပီး ငါတို႔႐ြာအတြက္
ပါ အမွ်အတန္း ဆက္ဆက္ေဝျဖစ္ေအာင္ေဝပါေနာ္..အခု
ငါမွာတာေတြ အားလုံးမပ်က္မကြက္ ဆက္ဆက္ လုပ္ျဖစ္
ေအာင္ လုပ္ေပးပါ ငါ့လူရယ္ .. ”

အႀကီးအကဲျဖစ္သူ၏ စကားေၾကာင့္၎ ၊ ဇနီးေဟာင္း
မခင္ေသြ၏ ေစတနာသံေယာဇဥ္ကို ျမင္ေတြ႕လိုက္ရ၍
၎ ကိုေ႐ႊေမာင္ခမ်ာ မ်က္ရည္စမ်ားပင္ ေဝ့ဝဲလာၿပီး…

” စိတ္ခ်ပါခင္ဗ်ာ..အႀကီးကဲ အမွာရွိတဲ့အတိုင္း မွတ္သား
ၿပီး တစ္သေဝမတိမ္း လုပ္ေဆာင္ေပးမယ္ဆိုတာကို က်ဳပ္
ေလးေလးနက္နက္ ကတိေပးပါတယ္.. ”

ကိုေ႐ႊေမာင္က ေျပာအၿပီး ဦးတိုက္မည္လုပ္ေသာ္…

” ေဟ့. ေဟ့..အဲ့ဒီလို မလုပ္နဲ႔ေလ..မလုပ္ပါနဲ႔ ..မင္း အဲ့ဒီ
လိုလုပ္ရင္ ငါတို႔မွာ အေတာ္ခံရခက္လိမ့္မယ္ကြ..တကယ္
ေတာ့ ငါတို႔ေတြဟာ မင္းေလာက္မွ မျမင့္ျမတ္တဲ့ ေလာက
သားေတြပါ..ငါ့ကို ဦးမတိုက္ပါနဲ႔ ..႐ိုး႐ိုးဘဲ ႏႈတ္ဆက္ပါ..
ကဲ..ဖိုးေပေရ အခ်ိန္မလင့္ခင္ သူ႔ကိုလိုက္ပို႔ေပးလိုက္အုံး ”

ကိုေ႐ႊေမာင္လည္း အႀကီးအကဲကို ထႏႈတ္ဆက္လိုက္ရင္း
မခင္ေသြဖက္ တစ္ခ်က္ ေဝ့ၾကည့္လိုက္ေသးသည္။ သူမ
က မ်က္ႏွာလႊဲထားသည္ကိုေတြ႕ရသည္။

” ကဲ..ကိုယ့္လူ မိုးမခ်ဳပ္ခင္ ကိုယ့္လူေနရာျပန္ေရာက္ဖို႔
ခုထဲက သြက္သြက္ ထြက္ၾကမွျဖစ္မယ္.. ”

ကိုေ႐ႊေမာင္လည္း အႀကီးအကဲေပးလိုက္ေသာ ဆုလာဘ္
မ်ားကို ထုပ္ပိုးလိုက္ၿပီး ဖိုးေပေနာက္က လိုက္ခဲ့ေလေတာ့
သည္။ သူတို႔ႏွစ္ေယာက္ စိုက္စိုက္ စိုက္စိုက္ႏွင့္ ေလွ်ာက္
လာၾကစဥ္ …

” ႐ႊတ္ ႐ႊတ္… ႐ႊတ္ ႐ႊတ္ … ”

ေလသံသဲ့သဲ့ၾကား၍လွည့္ၾကည့္မိေတာ့ သူ႔ေနာက္ မလွမ္း
မကမ္း ၿခဳံကြယ္တစ္ခုမွ မခင္ေသြ ထြက္လာသည္ကို ေတြ႕
လိုက္ရသည္။ သူမလက္ထဲတြင္ ငွက္ေပ်ာသီးတစ္ခိုင္ ပါ
လာေလသည္။

” ဟင္ ..မခင္ေသြ .. ”

” ဟုတ္တယ္..ေတာ့္ကိုမွာစရာရွိလို႔ စားစရာေတြလိုက္ေပး
အုံးမွေပါ့ ဆိုၿပီး ထြက္လိုက္လာရတာ ”

ကိုေ႐ႊေမာင္က ဖိုးေပဖက္ လွည့္ၾကည့္ရင္း …

” ဘာမွာစရာရွိလို႔လဲ ခင္ေသြရယ္ .. ”

” ဟင္း..ဖိုးေပလွည့္ၾကည့္မွာစိုးလို႔လား..စိတ္ခ် အဲ့ေကာင္
က ေရွ႕သြားရင္ ေနာက္ကိုဘယ္ေတာ့မွ ျပန္မၾကည့္တတ္
တဲ့အေကာင္..ေတာ့္ကိုမွာခ်င္တာက ဟိုကိုျပန္ေရာက္ရင္
အေမ့ကိုလည္း ေသခ်ာဂ႐ုစိုက္ဖို႔ .. သားေလးေတြ ရွင္ျပဳ
အလႉလုပ္ရင္လည္း အႀကီးအကဲ မွာသလို အမွ်အတန္း
ေဝရင္ က်ဳပ္ကို အဓိကထားၿပီးအမွ်ေဝေပးေစခ်င္တယ္..
က်ဳပ္ ..က်ဳပ္ေလ..ဒီဘဝက အျမန္ဆုံး ကြၽတ္လြတ္ခ်င္
လွၿပီ .. ”

မခင္ေသြမွာ ေျပာရင္း ငိုသံပင္ပါလာေခ်ရာ…

” စိတ္ခ်ပါခင္ေသြရယ္..အဲ့ဒီအလႉက်မွရယ္ မဟုတ္ပါဘူး
ဘာအလႉ လုပ္လုပ္..ငါ နင့္အတြက္ အမွ်အတန္း အၿမဲေဝ
ေပးေနတာပါ.. ”

” ကဲ..ကဲ..သြားေတာ့ သြားေတာ့..ဖိုးေပေနာက္ မွီေအာင္
သြက္သြက္ေလးေလွ်ာက္လိုက္သြားေပေတာ့..အဲ့ဒါလည္း
မွာရင္း..ေတာ့္ကိုလည္း ႏႈတ္ဆက္ခ်င္လို႔အေၾကာင္းရွာၿပီး
လိုက္လာရတာ..ႏႈတ္ဆက္လိုက္ပါတယ္ ကိုရင္ေ႐ႊေမာင္
ရယ္ … ”

သု႔ မ်က္ရည္စကိုျမင္ေတာ့ မိမိကိုယ္တိုင္လည္း မ်က္ရည္
မထိန္းႏိုင္ ျဖစ္ရသည္။ အငိုမ်က္လုံး အၿပဳံးမ်က္ႏွာႏွင့္
တစ္ခါက ဇနီးသည္ကို ေနာက္ဆုံး ႏႈတ္ဆက္လိုက္ရင္း…

” ကဲ..သြားေတာ့မယ္ မခင္ေသြ …စိတ္ခ်လက္ခ်ေနပါ..
နင္မွာတာေတြ ကိုေ႐ႊေမာင္ ေသခ်ာဂ႐ုစိ္ုက္လုပ္ေပးပါ့
မယ္ကြယ္.. ” တစ္ခါက ဇနီးေဟာင္းကို မ်က္ရည္စမ်ား
ျဖင့္ ေနာက္ဆုံးႏႈတ္ဆက္ၿပီးေနာက္ ဖိုးေပေနာက္သို႔ ခပ္
သုတ္သုတ္အမွီ လိုက္ခဲ့ေလေတာ့သည္။

” ေဟ့လူ ငါ့လည္းေစာင့္ပါအုံးကြ ”

မွီလုမွီခင္ ဖိုးေပကို လွမ္းေျပာေတာ့မွ ဒင္းက လွည့္ၾကည့္
ၿပီး ကိုေ႐ႊေမာင့္လက္ထဲက ငွက္ေပ်ာခိုင္ကို လွမ္းယူလိုက္
ၿပီး ကူထမ္းေပးေလသည္။ ၿပီးေတာ့ ….

” ဒီမွာကိုယ့္လူ..ခင္ဗ်ားနဲ႔နပမ္းခ်တာ က်ဳပ္ ရႈံးခ်င္လို႔ရႈံး
တယ္မထင္နဲ႔ ..က်ဳပ္တို႔ၿပိတၱာမ်ိဳးဆိုတာ တကယ္ေတာ့
ခင္ဗ်ားတို႔ လူသားေတြနဲ႔ အသားခ်င္းထိေတြ႕လို႔ ေကာင္း
တာမဟုတ္ဖူး ခင္ဗ်ားတို႔အသားနဲ႔ ခဏေလးထိ႐ုံနဲ႔ေတာင္ က်ဳပ္တို႔ အရမ္းပူေလာင္ခံစားရတာ..အႀကီးအကဲစကား
မလြန္ဆန္ႏိုင္လို႔သာ ခင္ဗ်ားကိုရင္ဆိုင္ရတာ..က်ဳပ္အဖို႔
ေတာ့ မစားသာလွဘူးဗ် … ” ဟု ဖိုးေပကေျပာေလသည္။

ေနာက္ထပ္ဘာစကားမွ မေျပာျဖစ္ၾကေတာ့။ ကိုေ႐ႊေမာင္
ကသူ႔အေတြးမ်ားႏွင့္သူ ေလွ်ာက္လွမ္းေနသလို ဖိုးေပက
လည္း ရႈတည္တည္ မႈံေတေတႏွင့္ ေလွ်ာက္လွမ္းေနေလ
သည္။ ေတာလမ္းေတာက္ေလွ်ာက္ တစ္ေနကုန္သြားခဲ့ၾက
ၿပီး ညေနေစာင္း နာရီျပန္ ေလးခ်က္ခန္႔ ေတာစပ္ကေလး
မွအထြက္တြင္…

” ကိုင္းကိုယ့္လူ..အခုကစၿပီး ခင္ဗ်ားဟာခင္ဗ်ားဘဲ ဆက္
သြားရေတာ့မယ္..က်ဳပ္ေျပာတာ ေသခ်ာနားေထာင္ေနာ္..
က်ဳပ္ ေနာက္ခ်န္ေနခဲ့ေတာ့မယ္..ခင္ဗ်ားမ်က္လုံးကို မွိတ္
လိုက္ ၿပီးရင္ ေရွ႕တည့္တည့္ကိုမွန္းၿပီး ေျခလွမ္း ၉ လွမ္း
လွမ္းသြားလိုက္…မ်က္လုံးဖြင့္ၿပီး ေနာက္ကိုျပန္လွည့္ျခင္း
လုံးဝ မလုပ္မိပါေစနဲ႔ … ကဲ..ႏႈတ္ဆက္ပါတယ္ဗ်ာ..က်ဳပ္
ေျပာတဲ့ အတိုင္းသာ သြားေပေတာ့ ..ေျခ ၉ လွမ္းျပည့္ရင္
ေတာ့ ခင္ဗ်ားသေဘာ လုပ္ခ်င္သလိုလုပ္လို႔ရၿပီ .. ”

ဖိုးေပ ေျပာသည့္အတိုင္း ကိုေ႐ႊေမာင္ မ်က္ေစ့မွိတ္၍ ေျခ
လွမ္း ၉ လွမ္း ေရွ႕တူ႐ူသို႔လွမ္းလိုက္ၿပီး ေျခ ၉ လွမ္းျပည့္
၍ မ်က္ေစ့ဖြင့္ၾကည့္လိုက္ေသာအခါ…

” Uာc္ .. ”

ကိုေ႐ႊေမာင္ အံ့ဩရျခင္းကား ယခု သူေရာက္ရွိေနေသာ
ပတ္ဝန္းက်င္မွာ ေစာေစာက သူႏွင့္ဖိုးေပတို႔ ေလွ်ာက္ခဲ့
ၾကေသာ ေတာလမ္းကေလးမဟုတ္ေတာ့ဘဲ ထန္းပင္အုပ္
အုပ္စုစုႏွင့္ သခ်ႋဳင္းတစ္ခု ျဖစ္ေနေလသည္။ ဖိုးေပႏွင့္
ေတာအုပ္ကေလးကေတာ့ ေပ်ာက္ျခင္းမလွ ေပ်ာက္သြား
ေလၿပီ..။ ေသခ်ာၾကည့္လိုက္ေတာ့ သူတို႔႐ြာႏွင့္ အျခား႐ြာ
တစ္႐ြာတို႔ အၾကားရွိ သခ်ႋဳင္းတစ္ခု ျဖစ္ေနသည္ကို သိရွိ
လိုက္ပါေလေတာ့သတည္း …။ ။

ဖိုးစိန္ေလး
ေလးစားစြာျဖင့္