ဆွမ်းကျန်(စ/ဆုံး)

Unicode Version

ဆွမ်းကျန်(စ/ဆုံး)
——————–
ကျုပ်နာမည်က ပေတိုး။ ကျုပ်နေတဲ့ ရွာနာမည်က ရှမ်းရွာ။ ရွာကတော့ စစ်တောင်းမြစ်နံဘေးမှာ တည်ရှိတယ်။ အခုပြောမယ့် ဖြစ်ရပ်က ကျုပ်တို့ငယ်စဉ် ဘုန်းကြီးကျောင်းသားဘဝက ဖြစ်ခဲ့တာ။ တိတိကျကျ ပြောရရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်လောက်ကဆိုပါတော့။

ကြုံခဲ့တာကတော့ ကျုပ်ကိုယ်တိုင် မဟုတ်ဘူးရယ်။ ကျုပ်နဲ့ အိပ်ရာတစ်ခုထဲ အတူအိပ်တဲ့ ကျုပ်သူငယ်ချင်းကြုံခဲ့ရတာ။ ဒီကောင့်နာမည်က ပုသိမ်တဲ့။ ဘာကြောင့် ပုသိမ်ဆိုပြီး ခေါ်ကြတယ်ရယ်တော့ ကျုပ်မသိဘူး။ စိတ်လည်းမဝင်စားမိဘူးလေ။ ဒီတော့ သူများ ပုသိမ်တိုင်း ကျုပ်လည်း ပုသိမ်လိုက်တာပါဘဲ။ ကဲပါဗျာ…ပြောနေတာ၊ ဆွေမျိုးဇာတိတွေ စပ်ပြနေတာနဲ့ဘဲ စာက ဝေ့နေရပြီ။ လိုရင်းကိုပဲ သွားကြစို့။

ဖြစ်စဉ်က ဒီလို…။ ကျုပ်တို့ရဲ့ ရှမ်းရွာဆိုတာက ပြောရရင် သမိုင်းဝင်တဲ့ ရွာတစ်ရွာပဲ။ ရှေးက နရပတိစည်သူမင်းကြီး တိုင်းခန်းလှည့်လည်စဉ်က ခရီးတစ်ထောက်နားခဲ့တာကနေ စတည်လာတာ။ မင်းကြီးက ခရီးနားနေစဉ်မှာဘဲ သူ့ရဲ့ မင်္ဂလာမြင်းတော်က ကံတော်ကုန်ရှာတယ်။ အဲ့ဒီ့မှာ မင်းကြီးက သူ့မြင်းကို အောက်မေ့တမ်းတလွန်းလို့ဆိုပြီး မြင်းအသက်ကုန်ခဲ့တဲ့နေရာမှာ စေတီတစ်ဆူတည်ခဲ့တယ်။ ဘွဲ့တော်ကို ရွှေမြင်းကျဘုရားလို့ ပေးတယ်။

ပြီးတော့ ကျုပ်တို့နေတဲ့ ဘုန်းကြီးကျောင်းကိုလည်း တည်ထောင်တယ်။ တစ်ခါ ဘုန်းကြီးကျောင်းရှိရင် ဆွမ်း၊ ကွမ်းအတွက် ရွာရှိရမယ်ဆိုပြီး ရွာကိုပါ ထပ်တည်ထောင်ပြန်တယ်။ မင်းကြီးက ရွာတည်ဖို့ဆုံးဖြတ်တဲ့အခါ သူ့နောက်ပါးက ခစားတဲ့ တိုင်းရင်းသားမျိုးနွယ်တွေကို ရွေးထားခဲ့တယ်။

ထားခဲ့တဲ့အထဲမှာမှ ရှမ်းတွေက အများဆုံးဆိုတော့ အခါကြာလာတာနဲ့အမျှ ကျုပ်တို့ရွာဟာ ရှမ်းရွာ ဆို အမည်ပေါက်ရကောပဲဆိုပါတော့။ စေတီတော်ကတော့ မင်းကြီးပေးခဲ့ ရွှေမြင်းကျဆိုတဲ့ ဘွဲ့ကနေ၊ အခုတော့ ရွှေမြင်ကျဆိုပြီး သမုတ်ကြလေရဲ့။

အခုဖြစ်ခဲ့တဲ့ ဇာတ်လမ်းက အဲ့ဒီသမိုင်းနဲ့ ဆက်နေလို့ နည်းနည်းရှင်းပြတာ။ အခုသမိုင်းတွေ သိရပြီဆိုတော့ ဇာတ်လမ်းကို သွားကြစို့။

ကျုပ်တို့ရဲ့ ကျောင်းအနောက်မှာ ကျောင်းစတည်တဲ့ အချိန်လောက်ကတည်းက ရှိခဲ့တဲ့ ဗောဓိညောင်ပင်ကြီး ရှိတယ်။ ညောင်ပင်ကြီးက နှစ်ချို့ကြီးဆိုတော့ လုံးပတ်က အယ်ထွက်နေတာပဲ။ လူရှစ်ယောက်ဖက်စာလောက်ကို ရှိနိုင်တယ်။ ဗောဓိပုလ္လင်ကိုဆို အမြဲလို ထပ်ထပ်ချဲ့နေရတာ။

အဲ့ဒီဗောဓိညောင်ပင်ကြီးမှာ ဖိုးသူတော်ကြီးရှိတယ်ဆိုပြီး သိထားကြတယ်။ ကြာပြီ။ ဘယ်ကဘယ်လိုရောက်လာတယ်ဆ်ုတာတော့ မသိဘူး။ အဘိုးအဘွားတွေ လက်ထပ်ကတည်းက ရှိခဲ့တယ်တဲ့။ တစ်ချို့ကတော့ ပြောကြတယ်။ နံနက်အာရုံတက်ချိန်ဆိုရင် အရပ်ဆယ်ပေလောက်မြင့်တဲ့ ဖိုးသူတော်ကြီးက ဗောဓိပင်နဲ့ ရွှေမြင်ကျဘုရားကို ဟိုဘက်၊ ဒီဘက် ခေါက်တုန့်၊ ခေါက်ပြန် စြင်္က ံလျှောက်နေတာတဲ့။ တစ်ခါတစ်လေဆိုရင် ကျောင်းသားအချို့ ထင်းခြောက်ကောက်ရင်း ဗောဓိပင်ဘက်ကို ရောက်သွားခဲ့ရင် မလှမ်းမကမ်းကနေ မတ်တပ်ရပ်ပြတယ်တဲ့။ ကျုပ်တော့ အခုထိ လက်တွေ့ကြီး ကိုယ်တိုင်မကြုံခဲ့ပါဘူး။
တကယ်တမ်းကြုံခဲ့တာကတော့ ကျုပ်ပြောတဲ့ ပုသိမ်ဆိုတဲ့ ကျုပ်သူငယ်ချင်းပဲ။ ဒီကောင်ဖြစ်တုန်းကတော့ ကျုပ်က အဲ့ဒီ့ဖိုးသူတော်ကြီးကို မြင်မိခဲ့သေးတယ်။ ကျုပ်တို့ ကျောင်းမှာ အစဉ်အလာတစ်ခုရှိတယ်။ အဲ့ဒါက ဘုရားကို ကပ်ထားတဲ့ ဆွမ်းကို ပြန်စွန့်ပြီးရင် ရွှေမြင်ကျဘုရားရင်ပြင်ပေါ်မှာ ဖိုးသူတော်စာ စွန့်ရတာ။ စွန့်ဖို့အတွက် စင်ကလေးတစ်ခု လုပ်ပေးထားတယ်။ ကျုပ်တို့ ကျောင်းသားတွေက နေ့တိုင်း ကိုယ့်အလှည့်နဲ့ကိုယ် စွန့်ကြရပြီး အဲ့ဒီအပေါ်ကို အချွင်းမချန်စွန့်ပေးကြရတယ်။

ဖြစ်တာက သီတင်းကျွတ်အခါကြီး။ အဲ့ဒီတုန်းက ကျောင်းထိုင်ဘုန်းကြီး ဥူးဝါသဝ က ဝတ်ထွက်ပွဲကို ကြွသွားတယ်။ ဝတ်ထွက်ပွဲဆိုတာက ကျုပ်တို့ဒေသအခေါ်ပါ။ ကာလံဒေသံစကားပေါ့။ ဆိုရရင်တော့ ဘုန်းကြီးတွေ စုပြီး ကြားကျောင်းတစ်ခုမှာ ဝါထွက်ကြတာ။ တစ်ခါသွားရင် တစ်ပါတ်လောက်တော့ ကြာတတ်တယ်။

အခုလည်း ဘုန်းကြီးက ဝတ်ထွက်ပွဲကို ကြွသွားတယ်။ ဒီတော့ ကျုပ်တို့ ကျန်ရစ်ခဲ့တဲ့ သူတွေ အကုန်ပျော်တာပေါ့။ ကြောင်မရှိရင် ကြွက်မြူးစမြဲပဲကို။ ဟုတ်တယ်မလား။ ကျုပ်တို့ကျောင်းကြီးတစ်ခုလုံး လွတ်လပ်သွားကြသလိုပဲ။

ဘုန်းကြီးကြွသွားပြီး တစ်ရက်ကြာတဲ့အချိန်မှာ ပုသိမ်က ဇာတ်လမ်းစလာတယ်။ သူ ကျုပ်အနားကို ရောက်လာပြီး

” ဟေ့ကောင်ပေတိုး…။ ငါမင်းတို့ကို ပြောစရာရှိလို့ကွ…”

” အေး…ပြောလေကွာ”

” ဟို…ငါ…ငါ…ဘုန်းကြီး မရှိဘူးဆိုတော့လေ…မင်းတို့များ လွတ်လွတ်လပ်လပ် ဆော့ချငိနေမလားလို့”

” အေးလေ ဆော့ချင်တာပေါ့ဟ။ ဘာလို့လဲ မင်းက…”

” ဟိုလေ…မင်းတို့ ဆော့ချင်ရင် ငါ့က မင်းတို့အစား ဆွမ်းကျန်စွန့်ပေးမလို့။ အဲ့ဒါ…”

ဒီကောင်ပြောတော့ ကျုပ်လည်း ဝမ်းသာပြီး ထပါခုန်မိသွားတယ်။ ဘာလို့လဲဆို ဆွမ်းကျန်စွန့်ရတဲ့အလုပ်က ကစားကောင်းချိန်ဆို တဝက်တပျက် ဖျက်ပြီး ရောက်ရောက်လာတာကိုး။ အဲ့ဒိတော့ ကစားရတာ အရသာပျက်တယ်။

” အေးကွာ…ငါသဘောတူတယ်။ ဒါနဲ့ မင်းက ကျန်တဲ့ကောင်တွေ အတွက်ကောပဲလား”
” အေးလေ…”
” ဟေ…တကယ် ”
” တကယ်ပြောတာ…”

ဒီကောင် ဘာတွေ သဘောကောင်းနေတယ်တော့ မသိဘူး။ ကျုပ်ကတော့ ဝမ်းသာတာပဲ သိတယ်။
” အေး…အဲ့ဒါဆိုလည်း ဟိုကောင်တွေက်ု မင်းမပြောနဲ့တော့။ ငါပဲ အကုန်လုံးကို လိုက်ပြောလိုက်မယ်”
ကျုပ်လည်း ဝမ်းသာအားရဘဲ ဒီကောင့်အနားက ပြေးထွက်ခဲ့တယ်။ ကျန်တဲ့ကောင်တွေကို ပြောရဦးမှာကိုး။ ကျုပ် သူတို့ဆော့နေတဲ့ နေရာကို ပြေစခဲ့ပြီး ဝမ်းသာအားရပဲ ပြောပြတော့ ဟိုကောင်တွေကလည်း ခုန်ပေါက်ပြီးပျော်နေကြလေရဲ့။
ပုသိမ်နဲ့ ကျုပ်တို့ သဘောတူကြပြီး သုံးရက်ကြာတဲ့ ညတစ်ည။ သန်းခေါင်ယံ အချိန်ကြီး။

” အား…..ကယ်ကြပါဦး..”
ပုသိမ်ရဲ့ ငယ်သံပါအောင် အော်တဲ့အသံ။ ကျုပ်တို့အားလုံး လန့်နိုးကုန်တယ်။
” လူဖြူဖြူကြီး လာဆွဲနေလို့ ကယ်ကြပါဦး”
ပုသိမ်ရဲ့ အသံက ကျောင်းတံခါးပေါက်ဘက်ကို ရွေ့နေတယ်။ ကျုပ်တို့လည်း အမှောင်ထဲကနေ ဘာလုပ်ရမယ် မသိဘူး။

” ဟေ့…ဘယ်သူလဲ…”
ကျောင်းရဲ့ ခေါင်းရင်းမှာ ကျိန်းနေတဲ့ ဥူးဇင်းလေးက ဓာတ်မီးနဲ့ လှမ်းထိုးရင်း မေးလိုက်တယ်။
“ဟာ….”
” အမလေး…”
ဓာတ်မီးရောင်အောက်မှာ မြင်ကြရတာက ပုသိမ်ခြေထောက်ကို ဖြူဖြူအရိပ်ကြီးတစ်ခုက ဆွဲနေတာ။
” ဟာ…ဖိုး..ဖိုးသူတော်ကြီး…”
ဥူးဇင်းလေးက အော်ပြီး ပြောတယ်။ ကျုပ်ကတော့ ဖြူဖြူအရိပ်ကြီးကိုသာ မြင်ရတယ်။ ပုသိမ်ကတော့ အကြောက်အကန်ကို အော်ဟစ်နေတာ။

” ဟေ့ကောင်… ၂၄ ပစ္စည်းရွတ်စမ်း….”

အားလုံးအနားကို တစ်ယောက်မှ မကပ်ရဲ။ ဖိုးသူတော်ကြီးကတော့ သူ့လက်အရှည်ကြီးနဲ့ ပုသိမ်ကို ကျောင်းအောက်ကို ဆွဲချနေတာ တံခါးဝရောက်နေပြီ။ ဥူးဇင်းလေးက ၂၄ ပစ္စည်း ရွတ်ဖို့ပြောတယ်။ ပုသိမ်လည်း ကြောက်ကြောက်လန့်လန့်နဲ့ ထရွတ်တယ်။
” ဟေ…ဟေ…တု…တု…ပစ်….”

ကြောက်တဲ့စိတ်ကြောင့် တည့်အောင်မရွတ်နိုင်ဘူး။ ဒီဆကာင့်အဖြစ်က ကျုပ်တို့အတွက် ရယ်ရလို ငိုရမလိုပဲ။
” ဖယ်ကြ….ငါလုပ်မယ်…”
အားလုံးထဲက ကိုရင်ပဏ္ဍိတက ပြောရင်း သူ့ခါးပန်းကြိုးကို ဆွဲဖြုတ်ပြီး ဖြူဖြူအရိပ်ကြီးဆီကို ပြေးသင်သွားတယ်။

” ဖြန်း….ဖြန်း….ဖြန်း….”

ကိုရင်ပဏ္ဍိတက ခါးပန်းကြိုးပစ်တာ သိပ်တော်တယ်။ အားနေရင် ကျုပ်တို့ကို ခါးပန်းကြိုးနဲ့ လိုက်ပစ်ပြီးစနေကြ။ ခါးပန်းကြိုးပစ်တယ်ဆိုတာက ခါးပန်းကြိုးရဲ့ အစတစ်ဖက်ကို လက်တစ်ဖက်က မြမြဲကိုင်ပြီး ကျန်တစ်စကို လက်တစ်ဖက်နဲ့ အနောက်ကို လေးခွသားရေလို ဆွဲပစ်တာမျိုး။ တကယ်ပစ်တတ်ရင် သိပ်နာတာ။
အခု ကိုရင်ပဏ္ဍိတရဲ့ ပစ်ချက်က အဖြူအရိပ်ကြီးကို ထိတယ်။ ရုန်းတယ်။ လွန့်တယ်။ ကိုရင်ကလည်း အတင်းပစ်နေတယ်။

” ဝုန်း….ဝုန်း….”
ကျောင်းတံခါးနားမှာ ဆူညံနေတယ်။ ပုသိမ်ကတော့ လွတ်သွားပြီ။ ဥူးဇင်းလေးအနားကို ပြေးတာမှ တန်းနေရောပဲ။
မကြာဘူး။ ဖြူဖြူ အရိပ်ကြီးက ကျောင်းအောက်ကို ပြေးဆင်းပြီ။ ဒီတော့မှ ကျန်ကိုရင်တွေကလည်း သူတို့ရဲ့ ခါးပန်းကြိုးတွေကို ဖြုတ်လို့ အနောက်ကနေ လိုက်ကြတယ်။

ဖြူဖြူအရိပ်ကြီးက ကျောက်အနောက်က ဗောဓိညောင်ပင်ဆီကို ပြေးတာမှ တန်းနေတာပဲ။ ကိုရင်တွေလည်း အနောက်က ပြေးလိုက်တာ။ အရိပ်ကြီးက ဗောဓိညောင်အနောက်ကို ဝင်ပြေးသွားပြီး ရိပ်ခနဲ ပျောက်သွားတယ်။

” တောက်…ငါ့ကို လယစမ်းနေသေးတယ်…”

ကိုရင်ပဏ္ဍိတက ထိပ်ဆုံးကနေ ရပ်ရင်း ပြောလိုက်တယ်။ သူက သူရဲကောင်းဖြစ်သွားတာကိုး။ ကျုပ်ကတော့ အနောက်ကနေ အင်အားဖြည့်လောက်ပဲ လိုက်တာဆိုတော့ ဘာမှ မပြောဖြစ်ဘူး။
ပြီးတော့ အားလုံး ကျောင်းပေါ်ကို ပြန်တက်ခဲ့ကြတယ်။ ကျောင်းပေါ်ရောက်တော့ ပုသိမ်က ဥူးဇင်းလေးရှေ့မှာ ငိုနေတယ်။
ဥူးဇင်းလေးကလည်း သူ့ကိုညတကြိမ်းကြိမ်းပဲ။ ကျုပ်တို့လည်း ဖြစ်စဉ်ကို ဒီတော့မှ ဂဃနဏ သိကြရတယ်။

ဖြစ်စဉ်က ဒီလို…။
ဟိုကောင် ပုသိမ်က ကျုပ်တို့အစား ဆွမ်းတော်တင်စွန့်ဖို့ တာဝန်ယူလိုက်တာကနေ စတာ။
အဲ့ဒီ့တုန်းက သူတာဝန်ယူတာက သူ့အကြံနှင့်သူ။ သူက အစားသိပ်ပုတ်တယ်။

ဒီတော့ ကျုပ်တို့ကိုယ်စားတွေကိုပါ ဆွမ်းတော်စွန့်ပြီး ဖိုးသူတော်စာ မစွန့်ဘဲ ကျောင်းအောက်မှာ သူချည်းစားစားပစ်တာ။ သူစားလို့ကျန်တဲ့ ထမင်းတွေကိုမှသာ ဖိုးသူတော် စင်ပေါ်ကို တင်ပေးတာ။ ဒီတော့ ဖိုးသူတော်က တင်းပြီပေါ့။
တင်းပြီးတော့ ကျောင်းပေါ်ကို တက်ပြီး ဒီကောင့်ကို ဆွဲချတဲ့ အထိပဲလေ။ ဆွဲချပြီး ဘာဆက်လုပ်မယ်ဆိုတာကိုတော့ ကျုပ်တို့လည်း သေချာမသိဘူး။ ပြောလို့တော့ မရဘူး။ သတ်ရင်တောင် သတ်ပစ်မလားဘဲ။

ဟိုကောင် ပုသိမ်ကတော့ ဥူးဇင်းလေး ခြေရင်းမှာ ကျုံ့ကျုံ့လေးထိုင်ရင်း ငိုနေလေရဲ့။ သေချာတာ တစ်ခုကတော့ ကျောင်းထိုင်ဘုန်းကြီးပြန်လာရင် ဒိကောင်ကြိမ်နဲ့ အဆော်ခံရမှာတော့ အသေအချာပါပဲ။
ကျုပ်တို့ကတော့ အဲ့ဒီအချိန်ကစပြီး ဖိုးသူတော်ကို ကြောက်ခဲ့ရတာပေါ့လေ။ ဟူး….အခုတော့လည်း ကြာတာတွေ ကြာခဲ့ပါပြီကော…။
အခုတော့လည်း ကျုပ်က ငယ်ဘဝဖြတ်သန်းမှုထဲက တစ်စိတ်တစ်ပိုင်းကို ခင်ဗျားတို့ကို ပြန်ပြောပြပေးခဲ့ပြီနော့်။
နောက်များမှာလည်း အခန့်သင့်ရင် သင့်သလို ကျုပ်ပေတိုးရဲ့ အကြောင်းတွေကို ပြန်ပြောပြမယ်နော့်။ အခုတော့ ကျုပ်လည်း ခဏ နားဦးမယ်ဗျာ…အားလုံးကို ကျေးဇူးအထူးပါနော့်….။
နောင်ရိုး(ဆေးတပ်)

Zawgyi Version

ဆြမ္းက်န္(စ/ဆုံး)
——————–
က်ဳပ္နာမည္က ေပတိုး။ က်ဳပ္ေနတဲ့ ႐ြာနာမည္က ရွမ္း႐ြာ။ ႐ြာကေတာ့ စစ္ေတာင္းျမစ္နံေဘးမွာ တည္ရွိတယ္။ အခုေျပာမယ့္ ျဖစ္ရပ္က က်ဳပ္တို႔ငယ္စဥ္ ဘုန္းႀကီးေက်ာင္းသားဘဝက ျဖစ္ခဲ့တာ။ တိတိက်က် ေျပာရရင္ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၂၀ ေက်ာ္ေလာက္ကဆိုပါေတာ့။

ႀကဳံခဲ့တာကေတာ့ က်ဳပ္ကိုယ္တိုင္ မဟုတ္ဘူးရယ္။ က်ဳပ္နဲ႔ အိပ္ရာတစ္ခုထဲ အတူအိပ္တဲ့ က်ဳပ္သူငယ္ခ်င္းႀကဳံခဲ့ရတာ။ ဒီေကာင့္နာမည္က ပုသိမ္တဲ့။ ဘာေၾကာင့္ ပုသိမ္ဆိုၿပီး ေခၚၾကတယ္ရယ္ေတာ့ က်ဳပ္မသိဘူး။ စိတ္လည္းမဝင္စားမိဘူးေလ။ ဒီေတာ့ သူမ်ား ပုသိမ္တိုင္း က်ဳပ္လည္း ပုသိမ္လိုက္တာပါဘဲ။ ကဲပါဗ်ာ…ေျပာေနတာ၊ ေဆြမ်ိဳးဇာတိေတြ စပ္ျပေနတာနဲ႔ဘဲ စာက ေဝ့ေနရၿပီ။ လိုရင္းကိုပဲ သြားၾကစို႔။

ျဖစ္စဥ္က ဒီလို…။ က်ဳပ္တို႔ရဲ႕ ရွမ္း႐ြာဆိုတာက ေျပာရရင္ သမိုင္းဝင္တဲ့ ႐ြာတစ္႐ြာပဲ။ ေရွးက နရပတိစည္သူမင္းႀကီး တိုင္းခန္းလွည့္လည္စဥ္က ခရီးတစ္ေထာက္နားခဲ့တာကေန စတည္လာတာ။ မင္းႀကီးက ခရီးနားေနစဥ္မွာဘဲ သူ႔ရဲ႕ မဂၤလာျမင္းေတာ္က ကံေတာ္ကုန္ရွာတယ္။ အဲ့ဒီ့မွာ မင္းႀကီးက သူ႔ျမင္းကို ေအာက္ေမ့တမ္းတလြန္းလို႔ဆိုၿပီး ျမင္းအသက္ကုန္ခဲ့တဲ့ေနရာမွာ ေစတီတစ္ဆူတည္ခဲ့တယ္။ ဘြဲ႕ေတာ္ကို ေ႐ႊျမင္းက်ဘုရားလို႔ ေပးတယ္။

ၿပီးေတာ့ က်ဳပ္တို႔ေနတဲ့ ဘုန္းႀကီးေက်ာင္းကိုလည္း တည္ေထာင္တယ္။ တစ္ခါ ဘုန္းႀကီးေက်ာင္းရွိရင္ ဆြမ္း၊ ကြမ္းအတြက္ ႐ြာရွိရမယ္ဆိုၿပီး ႐ြာကိုပါ ထပ္တည္ေထာင္ျပန္တယ္။ မင္းႀကီးက ႐ြာတည္ဖို႔ဆုံးျဖတ္တဲ့အခါ သူ႔ေနာက္ပါးက ခစားတဲ့ တိုင္းရင္းသားမ်ိဳးႏြယ္ေတြကို ေ႐ြးထားခဲ့တယ္။

ထားခဲ့တဲ့အထဲမွာမွ ရွမ္းေတြက အမ်ားဆုံးဆိုေတာ့ အခါၾကာလာတာနဲ႔အမွ် က်ဳပ္တို႔႐ြာဟာ ရွမ္း႐ြာ ဆို အမည္ေပါက္ရေကာပဲဆိုပါေတာ့။ ေစတီေတာ္ကေတာ့ မင္းႀကီးေပးခဲ့ ေ႐ႊျမင္းက်ဆိုတဲ့ ဘြဲ႕ကေန၊ အခုေတာ့ ေ႐ႊျမင္က်ဆိုၿပီး သမုတ္ၾကေလရဲ႕။

အခုျဖစ္ခဲ့တဲ့ ဇာတ္လမ္းက အဲ့ဒီသမိုင္းနဲ႔ ဆက္ေနလို႔ နည္းနည္းရွင္းျပတာ။ အခုသမိုင္းေတြ သိရၿပီဆိုေတာ့ ဇာတ္လမ္းကို သြားၾကစို႔။

က်ဳပ္တို႔ရဲ႕ ေက်ာင္းအေနာက္မွာ ေက်ာင္းစတည္တဲ့ အခ်ိန္ေလာက္ကတည္းက ရွိခဲ့တဲ့ ေဗာဓိေညာင္ပင္ႀကီး ရွိတယ္။ ေညာင္ပင္ႀကီးက ႏွစ္ခ်ိဳ႕ႀကီးဆိုေတာ့ လုံးပတ္က အယ္ထြက္ေနတာပဲ။ လူရွစ္ေယာက္ဖက္စာေလာက္ကို ရွိႏိုင္တယ္။ ေဗာဓိပုလႅင္ကိုဆို အၿမဲလို ထပ္ထပ္ခ်ဲ႕ေနရတာ။

အဲ့ဒီေဗာဓိေညာင္ပင္ႀကီးမွာ ဖိုးသူေတာ္ႀကီးရွိတယ္ဆိုၿပီး သိထားၾကတယ္။ ၾကာၿပီ။ ဘယ္ကဘယ္လိုေရာက္လာတယ္ဆ္ုတာေတာ့ မသိဘူး။ အဘိုးအဘြားေတြ လက္ထပ္ကတည္းက ရွိခဲ့တယ္တဲ့။ တစ္ခ်ိဳ႕ကေတာ့ ေျပာၾကတယ္။ နံနက္အာ႐ုံတက္ခ်ိန္ဆိုရင္ အရပ္ဆယ္ေပေလာက္ျမင့္တဲ့ ဖိုးသူေတာ္ႀကီးက ေဗာဓိပင္နဲ႔ ေ႐ႊျမင္က်ဘုရားကို ဟိုဘက္၊ ဒီဘက္ ေခါက္တုန႔္၊ ေခါက္ျပန္ ျစကၤ ံေလွ်ာက္ေနတာတဲ့။ တစ္ခါတစ္ေလဆိုရင္ ေက်ာင္းသားအခ်ိဳ႕ ထင္းေျခာက္ေကာက္ရင္း ေဗာဓိပင္ဘက္ကို ေရာက္သြားခဲ့ရင္ မလွမ္းမကမ္းကေန မတ္တပ္ရပ္ျပတယ္တဲ့။ က်ဳပ္ေတာ့ အခုထိ လက္ေတြ႕ႀကီး ကိုယ္တိုင္မႀကဳံခဲ့ပါဘူး။
တကယ္တမ္းႀကဳံခဲ့တာကေတာ့ က်ဳပ္ေျပာတဲ့ ပုသိမ္ဆိုတဲ့ က်ဳပ္သူငယ္ခ်င္းပဲ။ ဒီေကာင္ျဖစ္တုန္းကေတာ့ က်ဳပ္က အဲ့ဒီ့ဖိုးသူေတာ္ႀကီးကို ျမင္မိခဲ့ေသးတယ္။ က်ဳပ္တို႔ ေက်ာင္းမွာ အစဥ္အလာတစ္ခုရွိတယ္။ အဲ့ဒါက ဘုရားကို ကပ္ထားတဲ့ ဆြမ္းကို ျပန္စြန႔္ၿပီးရင္ ေ႐ႊျမင္က်ဘုရားရင္ျပင္ေပၚမွာ ဖိုးသူေတာ္စာ စြန႔္ရတာ။ စြန႔္ဖို႔အတြက္ စင္ကေလးတစ္ခု လုပ္ေပးထားတယ္။ က်ဳပ္တို႔ ေက်ာင္းသားေတြက ေန႔တိုင္း ကိုယ့္အလွည့္နဲ႔ကိုယ္ စြန႔္ၾကရၿပီး အဲ့ဒီအေပၚကို အခြၽင္းမခ်န္စြန႔္ေပးၾကရတယ္။

ျဖစ္တာက သီတင္းကြၽတ္အခါႀကီး။ အဲ့ဒီတုန္းက ေက်ာင္းထိုင္ဘုန္းႀကီး ဥဴးဝါသဝ က ဝတ္ထြက္ပြဲကို ႂကြသြားတယ္။ ဝတ္ထြက္ပြဲဆိုတာက က်ဳပ္တို႔ေဒသအေခၚပါ။ ကာလံေဒသံစကားေပါ့။ ဆိုရရင္ေတာ့ ဘုန္းႀကီးေတြ စုၿပီး ၾကားေက်ာင္းတစ္ခုမွာ ဝါထြက္ၾကတာ။ တစ္ခါသြားရင္ တစ္ပါတ္ေလာက္ေတာ့ ၾကာတတ္တယ္။

အခုလည္း ဘုန္းႀကီးက ဝတ္ထြက္ပြဲကို ႂကြသြားတယ္။ ဒီေတာ့ က်ဳပ္တို႔ က်န္ရစ္ခဲ့တဲ့ သူေတြ အကုန္ေပ်ာ္တာေပါ့။ ေၾကာင္မရွိရင္ ႂကြက္ျမဴးစၿမဲပဲကို။ ဟုတ္တယ္မလား။ က်ဳပ္တို႔ေက်ာင္းႀကီးတစ္ခုလုံး လြတ္လပ္သြားၾကသလိုပဲ။

ဘုန္းႀကီးႂကြသြားၿပီး တစ္ရက္ၾကာတဲ့အခ်ိန္မွာ ပုသိမ္က ဇာတ္လမ္းစလာတယ္။ သူ က်ဳပ္အနားကို ေရာက္လာၿပီး

” ေဟ့ေကာင္ေပတိုး…။ ငါမင္းတို႔ကို ေျပာစရာရွိလို႔ကြ…”

” ေအး…ေျပာေလကြာ”

” ဟို…ငါ…ငါ…ဘုန္းႀကီး မရွိဘူးဆိုေတာ့ေလ…မင္းတို႔မ်ား လြတ္လြတ္လပ္လပ္ ေဆာ့ခ်ငိေနမလားလို႔”

” ေအးေလ ေဆာ့ခ်င္တာေပါ့ဟ။ ဘာလို႔လဲ မင္းက…”

” ဟိုေလ…မင္းတို႔ ေဆာ့ခ်င္ရင္ ငါ့က မင္းတို႔အစား ဆြမ္းက်န္စြန႔္ေပးမလို႔။ အဲ့ဒါ…”

ဒီေကာင္ေျပာေတာ့ က်ဳပ္လည္း ဝမ္းသာၿပီး ထပါခုန္မိသြားတယ္။ ဘာလို႔လဲဆို ဆြမ္းက်န္စြန႔္ရတဲ့အလုပ္က ကစားေကာင္းခ်ိန္ဆို တဝက္တပ်က္ ဖ်က္ၿပီး ေရာက္ေရာက္လာတာကိုး။ အဲ့ဒိေတာ့ ကစားရတာ အရသာပ်က္တယ္။

” ေအးကြာ…ငါသေဘာတူတယ္။ ဒါနဲ႔ မင္းက က်န္တဲ့ေကာင္ေတြ အတြက္ေကာပဲလား”
” ေအးေလ…”
” ေဟ…တကယ္ ”
” တကယ္ေျပာတာ…”

ဒီေကာင္ ဘာေတြ သေဘာေကာင္းေနတယ္ေတာ့ မသိဘူး။ က်ဳပ္ကေတာ့ ဝမ္းသာတာပဲ သိတယ္။
” ေအး…အဲ့ဒါဆိုလည္း ဟိုေကာင္ေတြက္ု မင္းမေျပာနဲ႔ေတာ့။ ငါပဲ အကုန္လုံးကို လိုက္ေျပာလိုက္မယ္”
က်ဳပ္လည္း ဝမ္းသာအားရဘဲ ဒီေကာင့္အနားက ေျပးထြက္ခဲ့တယ္။ က်န္တဲ့ေကာင္ေတြကို ေျပာရဦးမွာကိုး။ က်ဳပ္ သူတို႔ေဆာ့ေနတဲ့ ေနရာကို ေျပစခဲ့ၿပီး ဝမ္းသာအားရပဲ ေျပာျပေတာ့ ဟိုေကာင္ေတြကလည္း ခုန္ေပါက္ၿပီးေပ်ာ္ေနၾကေလရဲ႕။
ပုသိမ္နဲ႔ က်ဳပ္တို႔ သေဘာတူၾကၿပီး သုံးရက္ၾကာတဲ့ ညတစ္ည။ သန္းေခါင္ယံ အခ်ိန္ႀကီး။

” အား…..ကယ္ၾကပါဦး..”
ပုသိမ္ရဲ႕ ငယ္သံပါေအာင္ ေအာ္တဲ့အသံ။ က်ဳပ္တို႔အားလုံး လန႔္ႏိုးကုန္တယ္။
” လူျဖဴျဖဴႀကီး လာဆြဲေနလို႔ ကယ္ၾကပါဦး”
ပုသိမ္ရဲ႕ အသံက ေက်ာင္းတံခါးေပါက္ဘက္ကို ေ႐ြ႕ေနတယ္။ က်ဳပ္တို႔လည္း အေမွာင္ထဲကေန ဘာလုပ္ရမယ္ မသိဘူး။

” ေဟ့…ဘယ္သူလဲ…”
ေက်ာင္းရဲ႕ ေခါင္းရင္းမွာ က်ိန္းေနတဲ့ ဥဴးဇင္းေလးက ဓာတ္မီးနဲ႔ လွမ္းထိုးရင္း ေမးလိုက္တယ္။
“ဟာ….”
” အမေလး…”
ဓာတ္မီးေရာင္ေအာက္မွာ ျမင္ၾကရတာက ပုသိမ္ေျခေထာက္ကို ျဖဴျဖဴအရိပ္ႀကီးတစ္ခုက ဆြဲေနတာ။
” ဟာ…ဖိုး..ဖိုးသူေတာ္ႀကီး…”
ဥဴးဇင္းေလးက ေအာ္ၿပီး ေျပာတယ္။ က်ဳပ္ကေတာ့ ျဖဴျဖဴအရိပ္ႀကီးကိုသာ ျမင္ရတယ္။ ပုသိမ္ကေတာ့ အေၾကာက္အကန္ကို ေအာ္ဟစ္ေနတာ။

” ေဟ့ေကာင္… ၂၄ ပစၥည္း႐ြတ္စမ္း….”

အားလုံးအနားကို တစ္ေယာက္မွ မကပ္ရဲ။ ဖိုးသူေတာ္ႀကီးကေတာ့ သူ႔လက္အရွည္ႀကီးနဲ႔ ပုသိမ္ကို ေက်ာင္းေအာက္ကို ဆြဲခ်ေနတာ တံခါးဝေရာက္ေနၿပီ။ ဥဴးဇင္းေလးက ၂၄ ပစၥည္း ႐ြတ္ဖို႔ေျပာတယ္။ ပုသိမ္လည္း ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ထ႐ြတ္တယ္။
” ေဟ…ေဟ…တု…တု…ပစ္….”

ေၾကာက္တဲ့စိတ္ေၾကာင့္ တည့္ေအာင္မ႐ြတ္ႏိုင္ဘူး။ ဒီဆကာင့္အျဖစ္က က်ဳပ္တို႔အတြက္ ရယ္ရလို ငိုရမလိုပဲ။
” ဖယ္ၾက….ငါလုပ္မယ္…”
အားလုံးထဲက ကိုရင္ပ႑ိတက ေျပာရင္း သူ႔ခါးပန္းႀကိဳးကို ဆြဲျဖဳတ္ၿပီး ျဖဴျဖဴအရိပ္ႀကီးဆီကို ေျပးသင္သြားတယ္။

” ျဖန္း….ျဖန္း….ျဖန္း….”

ကိုရင္ပ႑ိတက ခါးပန္းႀကိဳးပစ္တာ သိပ္ေတာ္တယ္။ အားေနရင္ က်ဳပ္တို႔ကို ခါးပန္းႀကိဳးနဲ႔ လိုက္ပစ္ၿပီးစေနၾက။ ခါးပန္းႀကိဳးပစ္တယ္ဆိုတာက ခါးပန္းႀကိဳးရဲ႕ အစတစ္ဖက္ကို လက္တစ္ဖက္က ျမၿမဲကိုင္ၿပီး က်န္တစ္စကို လက္တစ္ဖက္နဲ႔ အေနာက္ကို ေလးခြသားေရလို ဆြဲပစ္တာမ်ိဳး။ တကယ္ပစ္တတ္ရင္ သိပ္နာတာ။
အခု ကိုရင္ပ႑ိတရဲ႕ ပစ္ခ်က္က အျဖဴအရိပ္ႀကီးကို ထိတယ္။ ႐ုန္းတယ္။ လြန႔္တယ္။ ကိုရင္ကလည္း အတင္းပစ္ေနတယ္။

” ဝုန္း….ဝုန္း….”
ေက်ာင္းတံခါးနားမွာ ဆူညံေနတယ္။ ပုသိမ္ကေတာ့ လြတ္သြားၿပီ။ ဥဴးဇင္းေလးအနားကို ေျပးတာမွ တန္းေနေရာပဲ။
မၾကာဘူး။ ျဖဴျဖဴ အရိပ္ႀကီးက ေက်ာင္းေအာက္ကို ေျပးဆင္းၿပီ။ ဒီေတာ့မွ က်န္ကိုရင္ေတြကလည္း သူတို႔ရဲ႕ ခါးပန္းႀကိဳးေတြကို ျဖဳတ္လို႔ အေနာက္ကေန လိုက္ၾကတယ္။

ျဖဴျဖဴအရိပ္ႀကီးက ေက်ာက္အေနာက္က ေဗာဓိေညာင္ပင္ဆီကို ေျပးတာမွ တန္းေနတာပဲ။ ကိုရင္ေတြလည္း အေနာက္က ေျပးလိုက္တာ။ အရိပ္ႀကီးက ေဗာဓိေညာင္အေနာက္ကို ဝင္ေျပးသြားၿပီး ရိပ္ခနဲ ေပ်ာက္သြားတယ္။

” ေတာက္…ငါ့ကို လယစမ္းေနေသးတယ္…”

ကိုရင္ပ႑ိတက ထိပ္ဆုံးကေန ရပ္ရင္း ေျပာလိုက္တယ္။ သူက သူရဲေကာင္းျဖစ္သြားတာကိုး။ က်ဳပ္ကေတာ့ အေနာက္ကေန အင္အားျဖည့္ေလာက္ပဲ လိုက္တာဆိုေတာ့ ဘာမွ မေျပာျဖစ္ဘူး။
ၿပီးေတာ့ အားလုံး ေက်ာင္းေပၚကို ျပန္တက္ခဲ့ၾကတယ္။ ေက်ာင္းေပၚေရာက္ေတာ့ ပုသိမ္က ဥဴးဇင္းေလးေရွ႕မွာ ငိုေနတယ္။
ဥဴးဇင္းေလးကလည္း သူ႔ကိုညတႀကိမ္းႀကိမ္းပဲ။ က်ဳပ္တို႔လည္း ျဖစ္စဥ္ကို ဒီေတာ့မွ ဂဃနဏ သိၾကရတယ္။

ျဖစ္စဥ္က ဒီလို…။
ဟိုေကာင္ ပုသိမ္က က်ဳပ္တို႔အစား ဆြမ္းေတာ္တင္စြန႔္ဖို႔ တာဝန္ယူလိုက္တာကေန စတာ။
အဲ့ဒီ့တုန္းက သူတာဝန္ယူတာက သူ႔အႀကံႏွင့္သူ။ သူက အစားသိပ္ပုတ္တယ္။

ဒီေတာ့ က်ဳပ္တို႔ကိုယ္စားေတြကိုပါ ဆြမ္းေတာ္စြန႔္ၿပီး ဖိုးသူေတာ္စာ မစြန႔္ဘဲ ေက်ာင္းေအာက္မွာ သူခ်ည္းစားစားပစ္တာ။ သူစားလို႔က်န္တဲ့ ထမင္းေတြကိုမွသာ ဖိုးသူေတာ္ စင္ေပၚကို တင္ေပးတာ။ ဒီေတာ့ ဖိုးသူေတာ္က တင္းၿပီေပါ့။
တင္းၿပီးေတာ့ ေက်ာင္းေပၚကို တက္ၿပီး ဒီေကာင့္ကို ဆြဲခ်တဲ့ အထိပဲေလ။ ဆြဲခ်ၿပီး ဘာဆက္လုပ္မယ္ဆိုတာကိုေတာ့ က်ဳပ္တို႔လည္း ေသခ်ာမသိဘူး။ ေျပာလို႔ေတာ့ မရဘူး။ သတ္ရင္ေတာင္ သတ္ပစ္မလားဘဲ။

ဟိုေကာင္ ပုသိမ္ကေတာ့ ဥဴးဇင္းေလး ေျခရင္းမွာ က်ဳံ႕က်ဳံ႕ေလးထိုင္ရင္း ငိုေနေလရဲ႕။ ေသခ်ာတာ တစ္ခုကေတာ့ ေက်ာင္းထိုင္ဘုန္းႀကီးျပန္လာရင္ ဒိေကာင္ႀကိမ္နဲ႔ အေဆာ္ခံရမွာေတာ့ အေသအခ်ာပါပဲ။
က်ဳပ္တို႔ကေတာ့ အဲ့ဒီအခ်ိန္ကစၿပီး ဖိုးသူေတာ္ကို ေၾကာက္ခဲ့ရတာေပါ့ေလ။ ဟူး….အခုေတာ့လည္း ၾကာတာေတြ ၾကာခဲ့ပါၿပီေကာ…။
အခုေတာ့လည္း က်ဳပ္က ငယ္ဘဝျဖတ္သန္းမႈထဲက တစ္စိတ္တစ္ပိုင္းကို ခင္ဗ်ားတို႔ကို ျပန္ေျပာျပေပးခဲ့ၿပီေနာ့္။
ေနာက္မ်ားမွာလည္း အခန႔္သင့္ရင္ သင့္သလို က်ဳပ္ေပတိုးရဲ႕ အေၾကာင္းေတြကို ျပန္ေျပာျပမယ္ေနာ့္။ အခုေတာ့ က်ဳပ္လည္း ခဏ နားဦးမယ္ဗ်ာ…အားလုံးကို ေက်းဇူးအထူးပါေနာ့္….။
ေနာင္႐ိုး(ေဆးတပ္)