Unicode Version
“လေလွင့်ဝိညာဉ်”(စ/ဆုံး)
——————————–
ဤဇာတ်လမ်းလေးကတော့ ရွာလေးတစ်ရွာမှာ အမှန်တကယ် ဖြစ်ပျက်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဘယ်ရွာဘယ်ဒေသလည်း ဆိုတာ မဖော်ပြတာကိုတော့ နားလည်ပေးစေလိုပါတယ်။ ဒီအကြောင်းအရာလေးကို စာဖတ်သူများ သိရှိစေရန်အလို့ငှာ ပြန်လည် ရေးသားလိုက်ရပါတယ်။
***** *****
မြန်မာနိုင်ငံ အထက်ပိုင်းဒေသမှာတော့ ကန်သာယာရယ်လို့ ခေါ်တွင်တဲ့ ရွာလေးတစ်ရွာ ရှိပါတယ်။ ဒီရွာလေးမှာတော့ တောသူတောင်သားတွေ၊ တောင်ယာ လုပ်သူတွေနဲ့ မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သူတွေ နေထိုင်ကြပါတယ်။ ဒီရွာရဲ့ အိမ်ခြေကတော့ (၃၀၀) ကျော်လောက်ရှိတဲ့ ရွာတစ်ရွာပါ။ ရွာသူရွာသား အားလုံးကတော့ ရိုးရိုးသားသားနဲ့ လုပ်ကိုင်စားသောက် နေထိုင်ကြပါတယ်။
ထိုကန်သာယာရွာလေးမှာ ကိုသာမောင်နဲ့ မထားမေဆိုတဲ့ လင်မယားနှစ်ယောက်လည်း ရှိကြပါတယ်။ သူတို့လင်မယားကတော့ အိမ်ထောင်ကျတာ (၁၃) နှစ်လောက်တော့ရှိပါပြီ။ သူတို့မှာက သားလေးတစ် ယောက်လည်း ရှိပါသေးတယ်။ ကလေးလေးကတော့ မောင်လူချောလို့ ခေါ်ပြီး အသက်က (၁၀) နှစ်လောက် ရှိနေပါပြီ။
ကိုသာမောင်က မွေးမြူရေး လုပ်ငန်းလုပ်ကိုင်ပါတယ်။ တခြားမှာမဟုတ်ပဲ သူတို့ရဲ့ အိမ်မှာပဲ ကြက်၊ ဝက်တွေ မွေးပါတယ်။ မထားမေကတော့ အိမ်ရှင်မ အနေနဲ့ပဲ အိမ်မှာ ထမင်းဟင်းချက်ပြုတ်၊ လျှော်ဖွတ်နဲ့ မအားလပ်နိုင်အောင်ပါပဲ။ သူတို့က သည်ရွာဇာတိပါ။ သည်ရွာမှာမွေး သည်ရွာမှာပဲကြီး ဆိုတော့ တစ်ရွာလုံးကတော့ သူတို့နဲ့ မသိသူမရှိပါဘူး။ သူတို့မှာက ဦးလေးသားချင်းလို ခင်မင်ရတဲ့လူတစ်ယောက်လည်း ရှိပါတယ်။ သူကတော့ ဦးမောင်ငယ် ဆိုသူပါ။ ဦးမောင်ငယ်ကတော့ အသက် (၅၀) ဝန်းကျင့်ခန့် ရှိနေပါပြီ။ ဦးမောင်ငယ်နဲ့ သာမောင်တို့ လင်မယားနှစ်ယောက်က အတော့်ကို ခင်မင်ကြလေတော့ ညစဉ်ညတိုင်းလိုလို ဦးမောင်ငယ်ရဲ့ အိမ်ကို လာရောက်ကြကာ စကားစမြည်ပြောကြ၊ ဗဟုသုတတွေဖြန့်ဝေရင်း စကားလက်ဆုံကြတတ်ပါတယ်။
ဒီလိုနဲ့ နေလာခဲ့ရင်း တစ်နေ့ နေ့လည်မှာတော့ ဦးမောင်ငယ်တစ်ယောက် အိမ်ရှေ့ကွပ်ပစ်မှာ အကြမ်းရေ (ရေနွေးကြမ်း) ထိုင်သောက်နေတုန်း ရွာသားတစ်ယောက်က အမောတကောနဲ့ ရောက်ချလာပြီး..
“ဗျို့.. ဦးမောင်ငယ်”
“အေး.. ချက်ကြီး မောကြီးပန်းကြီးနဲ့ ဘာဖြစ်လာတာလည်း”
“မထားမေ.. မထားမေ ဆုံးသွားလို့ဗျ..”
ဒီတော့ ဦးမောင်ငယ်လည်း ရုတ်တရက်ဆိုတော့ အံ့ဩသွားပြီး ပြန်မေးလိုက်ပါတယ်။
“ဟင်.. ထားမေ ဟုတ်လား.. မောင်သာမောင်ရဲ့ မိန်းမ ထားမေလား”
“ဟုတ်တယ်ဗျ.. စောစောကတင်ပဲ ခေါင်းထဲမှာ မူးတယ်မူးတယ်ဆိုပြီး လဲကျသွားတာ.. အသက်ပါ ပါသွားတာဗျို့”
“သေချာလားချက်ကြီးရယ်.. ဘယ်လိုများဖြစ်ရတာလည်းကွာ”
“ကျနော်လည်း မပြောတတ်ဘူး ဦးလေးရဲ့.. ကိုသာမောင်က ဦးလေးကို လာပြောခိုင်းလို့ ကျနော်လာပြောတာ”
“အေးအေး.. ငါသွားလိုက်မယ်”
ဆိုကာ ဦးမောင်ငယ်လည်း ချက်ချင်းပဲ ထသွားပါတော့တယ်။ သူလည်း ဘယ်လိုများဖြစ်ရတာလည်းဆိုတာ တွေးရင်း စိတ်ထဲလည်း မကောင်းဖြစ်မိနေပါတယ်။ သူတို့ရဲ့ကလေးလေးကလည်း အခုမှ ငယ်ငယ်လေးရှိသေး။ သာမောင်တစ်ယောက်တော့ ဘယ်လိုများဖြစ်နေပြီလည်း မသိ။ တွေးရင်း သူလည်း အမြန်ပင် လှမ်းခဲ့လိုက်ပါတယ်။
***** *****
ဦးမောင်ငယ်လည်း ကိုသာမောင်တို့အိမ်ကို ရောက်သွားတဲ့အခါမှာတော့ မဏ္ဍာန်တွေ ထိုးနေတာကိုတွေ့လိုက်ရပါတယ်။ မထားမေရဲ့ အလောင်းကိုတော့ အိမ်ထဲမှာပဲ စောင်ခြုံပြီး ထားထားတာကိုလည်း တွေ့ရပါတယ်။ သာမောင့်ကို ကြည့်လိုက်တော့လည်း အံတကြိတ်ကြိတ်နဲ့ စိတ်တင်းထားပုံပါ။ မောင်လူချောလေးကတော့ ဟိုကြည့်ဒီကြည့်နဲ့ပဲ ဘာမှမသိသေးပုံပါပဲ။ ဦးမောင်ငယ်ကို မြင်လိုက်လေတော့ ကိုသာမောင်က အပြေးလေးလာပြီး ပြောပြရှာပါတယ်။
“ဦးလေး ရောက်လာပြီလား”
“အေး သာမောင်.. ငါလည်း စိတ်မကောင်းပါဘူးကွာ.. ဘယ်လိုများ ဖြစ်ရတာလည်း”
“မနက်ကတော့ အကောင်းပဲ ဦးလေးရဲ့.. ဒီနေ့လည်ကျမှသာ ဘယ်လိုဖြစ်သွားလည်း မသိပါဘူးဗျာ.. မူးတယ် ဆိုပြီးလဲကျသွားရာက အသက်ပါသွားတော့တာပဲဗျ”
ဆိုပြီး ငိုသံကြီးနဲ့ ပြောလာပါတော့တယ်။ ဒီတော့ ဦးမောင်ငယ်လည်း ချော့မော့ပြီး ဆုံးမရပါတော့တယ်။
“ဪ.. ငါ့တူရယ်.. တရားနဲ့ဖြေပါကွယ်.. သွားလေသူလည်းသွားပြီပဲ.. ဖြစ်လာမှတော့ ဘယ်တတ်နိုင်တော့မလည်း”
ဦးမောင်ငယ်ကတော့ လူကြီးအနေနဲ့ ဖြန်ဖြေပေးပါတယ်။ ဒီတော့ ကိုသာမောင်လည်း ဟိုငေးဒီတွေးဖြင့် တွေးတောနေလိုက်ပြီး..
“ဟုတ်ကဲ့ပါ ဦးလေး.. ကျနော်နားလည်ပါတယ်.. ဒါပေမဲ့ သားလေးလည်း ကျန်ခဲ့တော့ ကျနော်လည်း စိတ်မကောင်းဖြစ်မိတာပါ.. ဒီအသုဘကိစ္စတော့ ဦးလေးပဲ ဦးဆောင်ပေးပါဗျာ.. ကျနော်လည်း ဘာမှလုပ်ချင်စိတ် မရှိဘူး ဦးလေးရယ်”
“အေးပါ ငါ့တူရယ်.. စိတ်ချပါ ဦးကြီးစီစဉ္ပေးပါ့မယ်”
ဦးမောင်ငယ်လည်း မထားမေရဲ့ အသုဘမှာ လူကြီးအနေနဲ့ လုပ်ဆောင်ပေးရပါတော့တယ်။ ညပိုင်းကို ရောက်လာတော့ အသုဘစောင့်အနေနဲ့ ဖဲဝိုင်းလည်း လုပ်ကြပါတယ်။ ရွာတွေမှာကတော့ ဒီလိုပါပဲ။ ဒီလိုဝိုင်းလေးလုပ်ထားတော့ အစောင့်လည်းရ အကောက်လည်းရတာပေါ့။ ဦးမောင်ငယ်ကတော့ ရန်မဖြစ်ဖို့ အတွက်ကို ထိန်းနေရတာနဲ့တင် မအားလပ်နိုင်အောင်ပါပဲ။
ဒီလိုနဲ့ ည (၁) နာရီကျော် လောက်မှာတော့ ဖဲဝိုင်းမှာ လူအနည်းငယ် ကျဲပါးသွားသလို အသုဘအိမ်မှာလည်း လူရှင်းသွားပါတော့တယ်။ နယ်ဘက်က ဆွေမျိုးတွေနဲ့ ရွာထဲက လာစောင့်ပေးကြသူတွေလည်း အိပ်ပျော်တဲ့လူက အိပ်ပျော်ကုန်ပါပြီ။ ကိုသာမောင်မှာတော့ ပင်ပန်းတာရောစိတ်ညစ်တာရော စုပေါင်းခံစားခဲ့ရပြီး အခုတော့အိပ်ပျော်
လျက် ရှိပါပြီ။ ဦးမောင်ငယ်ကတော့ ဖဲဝိုင်းမှ ရန်ထဖြစ်မှာ စိုးတဲ့အတွက် စောင့်ပေးနေရင်း မအိပ်နိုင်သေးပါဘူး။ သူလည်း အိမ်ရှေ့ မဏ္ဌာပ်ထဲမှာထိုင်ကာ ဟိုဟိုဒီဒီနဲ့ စဉ်းစားနေတုန်းမှာ ထူးဆန်းတာတစ်ခုကို ရုတ်တရက် တွေ့လိုက်ပါတော့တယ်။
သူမြင်လိုက်ရတာကတော့ ဖြူလွှလွှ အရိပ်တစ်ခု ပုံစံပါ။ အိမ်အပြင်ဘက်မှာ ဟိုယိမ်းလိုက် ဒီယိမ်းလိုက်၊ ဟိုဘက်ရွေ့သွားလိုက် ဒီဘက်ရွေ့သွားလိုက်နဲ့ ဖြစ်နေတာကို မြင်လိုက်ရပါတော့တယ်။ ဒီတော့ သူလည်း ဘာများလည်းဆိုကာ အံ့ဩသွားခဲ့ပြီး အသေအချာပဲ ကြည့်နေလိုက်ပါတယ်။ ဖဲဝိုင်းကို လှမ်းကြည့်လိုက်တော့လည်း သူတို့အာရုံနဲ့သူတို့ဖြစ်နေတဲ့အတွက် ဒါကို သတိထားနေတဲ့သူ မရှိပါဘူး။ ပထမတော့ ဦးမောင်ငယ်လည်း ဘာမှန်းတော့ သေချာမသိပေမဲ့ သေသေချာချာ ကြည့်လိုက်လေတော့ လူပုံသဏ္ဍန် ပုံရိပ်တစ်ခုဆိုတာကို သိလိုက်ရပါတယ်။ အသုဘ အိမ်အပြင်ဘက်မှာ ပျံဝဲနေတာကိုလည်း ထင်ထင်ရှားရှားတွေ့လိုက်ပါတယ်။ ဒီအခါ ဦးမောင်ငယ်ရဲ့စိတ်ထဲမှာတော့ ကြက်သီး မွှေးညှင်းလေးတွေလည်း ရုတ်တရက် ထလာခဲ့မိပါတယ်။ သူလည်း ကြည့်နေရင်း အတန်ကြာမှာတော့ အဲဒီအရိပ်က ဖျပ်ခနဲဆို အသုဘ အိမ်ပေါ်ကို တက်သွားတာကိုမြင်လိုက်ရပါတယ်။ ဒီတော့ ဦးမောင်ငယ်လည်း ဘာလုပ်လို့လုပ်ရမှန်း မသိတော့ပါဘူး။ အိမ်ပေါ်ပဲ လိုက်သွားရင်ကောင်းမလား ဆိုပြီး တွေးနေခဲ့ပါတယ်။
“အင်း.. ဒါဟာ မထားမေရဲ့ ဝိညာဉ်ပဲ ဖြစ်မယ်ထင်တယ်.. တခြားတော့ မဟုတ်နိုင်လောက်ဘူး”
ဆိုပြီး စိတ်ထဲက တွေးနေမိပါတယ်။ ခနကြာတဲ့အခါမှာတော့ အိမ်ပေါ်ကနေ မထားမေရဲ့သား မောင်လူချောက ဝါးခနဲ ထငိုပါတော့တယ်။ ဒီတော့မှ ဦးမောင်ငယ်လည်း အိမ်ပေါ်ကို အပြေးတက်သွားလိုက်ပါတယ်။ အိမ်ပေါ်မှာ အိပ်နေတဲ့ လူတွေလည်း တချို့ကနိုးနေပါပြီ။ ကလေးဖြစ်သူက စူးစူးဝါးဝါး ထငိုလိုက်တဲ့အတွက် အကုန်လုံး နိုးသွားခဲ့တာပါ။ ဦးမောင်ငယ်လည်း မောင်လူချောနားကို ရောက်သွားပြီး ချော့မော့ပြောဆိုကာ မေးလိုက်ပါတယ်။
“သားလေး.. သားလေး.. ဘာဖြစ်လို့လည်း.. ဘာလို့ငိုရတာလည်း”
“ဟီး.. ဟီး.. သားဆီကို အမေရောက်လာပြီး သားပေါင်ကိုဆွဲဆိပ်သွားတယ်”
“ဟင်..”
“ဟာ..”
မောင်လူချောက ဒီလိုပြောလိုက်တော့ အိမ်ပေါ်ရှိ လူတွေအကုန်လုံးက ပါးစပ်အဟောင်းသားနဲ့ ဖြစ်သွားပြီး အံ့ဩသွားကာ ကြက်သီးတွေထလျက် ကြောက်လန့် သွားကြပါတော့တယ်။ ဦးမောင်ငယ်လည်း လန့်သွားပေမဲ့ ကလေးကြောက်နေမှားစိုးပြီး ချော့ချော့မော့မော့ပဲ ပြောဆိုရပါတယ်။
“ကဲပါ သားလေးရယ်.. အိပ်မက်မက်တာပဲ နေမှာပါ.. မကြောက်နဲ့တော့နော်.. ဦးကြီးတို့လည်း ရှိတာပဲ.. ကဲ.. ကဲ.. ပြန်အိပ်တော့နော်”
ဆိုပြီး ပြောလိုက်ရင်း ဘုရားစင်ပေါ်ရှိ ပရိတ်ရေကိုယူလိုက်ကာ မောင်လူချောလေးကို ပရိတ်ရေနဲ့ တောက်ချပေးရင် အနည်းငယ်လည်း တိုက်လိုက်ပါတယ်။ ခဏအကြာမှာတော့ မောင်လူချောက ပြန်လည် အိပ်သွားပါတော့တယ်။ အဲ့ဒီညမှာတော့ နောက်ထပ် ဘာမှတော့ ထပ်ဖြစ်ခဲ့ခြင်း မရှိခဲ့ပါဘူး။
***** *****
နောက်တစ်ရက်မှာလည်း ထုံးစံအတိုင်း ဖဲဝိုင်းလုပ်ကြပါတယ်။ ညဦးပိုင်းမှာတော့ လူစည်လျက်ရှိလေပြီး ည (၁၂) နာရီထိုးတဲ့အခါ မထားမေရဲ့ အလောင်းကို အိမ်အပြင်ဘက်မှာ အခေါင်းသွင်းပြီး ထည့်ထားလိုက်ကြပါတယ်။ လူများတော့လည်း ကြောက်လန့်တဲ့ သူမရှိပါဘူး။ စုပေါင်းကာ လုပ်ကိုင်ပေးကြရင်း အချိန်က ဖြေးဖြေးနဲ့ (၂)နာရီကျော်လာပါတော့တယ်။ ဒီအချိန်မှာတော့ လူက အနည်းငယ်တော့ ရှင်းသွားပါပြီ။ အိမ်ပေါ်ရှိတဲ့ လူတွေ လည်း အိပ်တဲ့သူက အိပ်ကုန်ပါပြီ။ မောင်လူချောနဲ့ ကိုသာမောင်လည်း အခန်းထဲမှာ အိပ်စက်နေကြပါပြီ။ အပြင်ဘက်မှာတော့ ဖဲဝိုင်းက လူသိပ်မရှိတော့ပေမဲ့ ရှိတဲ့သူနဲ့ ဆော့နေဆဲပါ။ ဖဲဝိုင်းမှာ လူအနည်းငယ် ရှိနေသေးတော့ အစောင့်တော့ ရနေပါတယ်။ ဦးမောင်ငယ်လည်း ဖဲဝိုင်းနဲ့ မနီးမဝေးမှာ အကြမ်းရည်သောက်ရင်း ထိုင်စောင့်နေခဲ့ပါတယ်။
ဒီအချိန်မှာပဲ ရွာထဲကနေ ဆွဲဆွဲငင်ငင် အူလိုက်တဲ့ ခွေးအူသံတွေကို ရုတ်တရက် ကြားလိုက်ရပါတယ်။ ဒီလိုကြားလိုက်လေတော့ ဦးမောင်ငယ်လည်း မနေ့ညကလို ထပ်ဖြစ်ဦးမလားဆိုပြီး တွေးတောမိကာ စိတ်မအေးနိုင်အောင် ဖြစ်မိပါတယ်။ ဖဲဝိုင်းမှာ ဆော့နေတဲ့ လူတွေကတော့ ဘာမှမသိကြပဲ ဆော့ကောင်းဆဲပါ။ ဦးမောင်ငယ်လည်း ဟိုဟိုဒီဒီ လိုက်လံကြည့်နေရင်း အိမ်အပြင်ဘက် အခေါင်းစင်ဘေးနားမှာ ဖြူဖြူသဏ္ဍာန် ပုံရိပ်တစ်ခုကို တွေ့လိုက်ရပါတော့တယ်။
ဒီတော့ သူလည်း ထင်ထားသလို ဖြစ်လာတဲ့အတွက် ထိတ်လန့်နေမိပါတော့တယ်။ ဖြူဖြူအရိပ်ကတော့ အခေါင်းစင်ဘေးနားမှာ ပတ်ချာလှည့်ပြီး သွားနေတာကိုလည်း တွေ့လိုက်ရပါတယ်။ သူ့ခမြာ ဘယ်သူ့ကိုမှ မပြောပဲ ဘာဖြစ်လာမလည်း ဆိုတာကိုသာ စောင့်ကြည့်နေမိပါတ်။ သူသာ ထပြောလိုက်ရင် ဖဲဝိုင်းကလူတွေရော အိမ်ထဲက လူတွေပါ ဝရုန်းသုန်းကားဖြစ်ပြီး ကြောက်လန့်သွားကြမှာ စိုးရိမ်ပြီး မပြောပဲ အသာပင် ကြည့်နေခြင်းပါ။
အဲ့ဒီနောက် သူမြင်နေရတဲ့ ဖြူဖြူသဏ္ဌာန်က အလောင်းစင်ဘေးမှာ အတန်ကြာ ဝေ့နေပြီး ဖျပ်ခနဲ ဆိုသလို အိမ်ပေါ်ကိုတက်သွားပါတော့တယ်။ ဒီအခါ ဦးမောင်ငယ်လည်း ဘာလုပ်လို့ လုပ်ရမှန်း မသိတော့ပါဘူး။ တစ်ဆက်တည်းမှာပဲ မထားမေရဲ့ အမေဖြစ်သူက အလန့်တကြားနဲ့ ထအော်ပါတော့တယ်။
“အမယ်လေး.. ထား.. ထားမေ.. ထားမေရောက်နေတယ်.. ငါ့.. ငါ့ကို မျက်လုံးကြီးပြူးပြီး စိုက်ကြည့်နေတယ်.. ကြောက်လိုက်တာ”
ဒီလိုအော်သံကြောင့် ဖဲဝိုင်းကလူတွေနဲ့ ဝရုန်းသုန်းကားနဲ့ ထလိုက်ကြပြီး အိမ်ပေါ်ကို ပြေးတက်လာကြပါတယ်။ အိမ်ထဲမှာ အိပ်နေတဲ့သူ အားလုံးလည်း နိုးလာကြပြီး မထားမေရဲ့ အမေဖြစ်သူ ဒေါ်စိန်ရင် ကိုဝန်းပြောဆိုကာ ဝိုင်းမေးကြပါတယ်။ ဒေါ်စိန်ရင်ခမြာ ကြောက်လန့်ကာ အသားတွေလည်း တုန်ရီလို့နေပါတယ်။ ဦးမောင်ငယ်လည်း အိမ်ပေါ်အပြေးတက်သွားပြီး ပရိတ်ရေကိုယူကာ ဒေါ်စိန်ရင်ကို တိုက်ကာ အနည်းငယ် ဖြန်းပေးလိုက်ပါတယ်။ ဒေါ်စိန်ရင်လည်း ခုလို လူစုံကိုတွေ့လိုက်ရလေမှ အကြောက်ပြေသွားခဲ့ပြီး ဖြစ်ပုံကို ပြောပြလိုက်ပါတော့တယ်။
ဒေါ်ရင်စိန်အနေနဲ့ မနေ့ညတုန်းက မြေးလေးလူချော လန့်သွားတဲ့အတွက် ဒီညမှာလည်း စိတ်ပူပြီး သူတို့ရဲ့အခန်းကို တရေးနိုးတဲ့အခါ သွားကြည့်လိုက်မိပါတယ်။ ဒီအချိန်မှာတော့ ကုတင်ဘေးမှာ မတ်တပ်ကြီးနဲ့ မောင်လူချောတို့ အိပ်နေတာကို စိုက်ကြည့်နေတဲ့ မထားမေကို တွေ့လိုက်ပါတယ်။ ဒီအချိန်လေးမှာပဲ မထားမေက သူမကို မျက်လုံးကြီးပြူးကာ ပြန်ကြည့်နေတာကိုလည်း တွေ့လိုက်ရော သူလည်း ရုတ်တရက် ကြက်သီးတွေး တဖြန်းဖြန်းထလာပြီး ကြောက်လန့်လာကာ ထအော်ခဲ့ရပါတော့တယ်။
ဒီအချိန်မှာပဲ အပျိုကြီး မတုတ်ဆိုသူက တဟင်းဟင်းနဲ့ ညည်းညူကာ ခန္ဓာကိုယ်ကလညိး ဟိုယိမ်းဒီယိမ်းနဲ့ ဖြစ်လာပါတော့တယ်။ ပါးစပ်ကလည်း အံကိုကြိတ်ထား ပြီး တဟင်းဟင်းနဲ့ ညည်းညူ လာပါတော့တယ်။
“ဟဲ့.. မိတုတ် နင်ဘာဖြစ်နေတာလည်း”
ဆိုပြီး တစ်ယောက်က မေးလိုက်တော့..
မိတုတ်ဆိုသူက မျက်လုံးအပြူးသားနဲ့ ပြန်လည် စိုက်ကြည့်လိုက်ပြီး..
“မိတုတ်မဟုတ်ဘူးဟဲ့.. ငါက ထားမေဟဲ့.. ထားမေ”
ဆိုပြီး ပြန်ပြောလိုက်ပါတော့တယ်။ ထိုအခါ လူတွေလည်း အံ့ဩကာ ထိတ်လန့်သွားကြပါတော့တယ်။ မိတုတ်ရဲ့ အသံလည်း သူမရဲ့ အသံမဟုတ်တော့ပဲ မထားမေအသံနဲ့ တစ်ထေရာတည်း တူနေပါတယ်။ ဒီအခါ မိတုတ်ကို မထားမေရဲ့ ဝိညာဉ် ဝင်ရောက်ပူးကပ်နေမှန်း သိလိုက်ကြပါတော့တယ်။ ဦးမောင်ငယ်လည်း..
“ထားမေ.. သမီး ဘာပြောချင်လို့လည်း ပြောလေ”
ဆိုပြီး မေးလိုက်လေတော့ မိတုတ်ခန္ဓာကိုယ်က တကိုယ်လုံး တယိမ်းယိမ်းနဲ့ တုန်ရီလို့ လာပါတယ်။ အဲ့ဒီနောက် မိတုတ်ရဲ့ ပါးစပ်ကနေ မထားမေအသံကြီးက ပေါ်ထွက်လာပြီး..
“စိတ်မချဘူး.. ကျမသားလေးကို ကျစိတ်မချဘူး”
ဆိုကာ ပြောလာပါတော့တယ်။ မောင်လူချောက အိပ်နေတဲ့အတွက် မသိပေမဲ့ ကိုသာမောင်ကတော့ မျက်ရည်အဝိုင်းသားနဲ့ ပြန်လည်ပြောဆိုလိုက်ပါတယ်။
“ထားမေရယ်.. သားလေးကို စိတ်ချပါဟာ.. ငါလည်း ကောင်းကောင်းမွန်မွန် စောင့်ရှောက်မှာပါ.. စိတ်မပူပါနဲ့ဟာ”
ထိုအခါ မိတုတ်ရဲ့ မျက်လုံးတွေက ပိုမိုနီရဲလာပြီး ပါးစပ်မှလည်း တဟင်းဟင်းနဲ့ ညည်းကာ ပြန်လည်ပြောပါတယ်..
“ငါစိတ်မချဘူး သာမောင်.. ငါစိတ်မချနိုင်ဘူး.. ငါ့သားလေးနဲ့လည်း ငါမခွဲနိုင်ဘူး.. အဲ့ဒါကြောင့်လည်း ငါဘယ်မှမသွားနိုင်ဘူး”
ဒီအခါ သာမောင်လည်း ငိုပါတော့တယ်.. ကြားရသူအပေါင်းမှာလည်း စိတ်မကောင်းကြီးစွာ ဖြစ်မိကြပါတော့တယ်။ ကလေးက ငယ်နေသေးတော့ မထားမေခမြာ စိတ်ချမည်မဟုတ်ကြောင်းကိုလည်း တွေးမိကြပါတယ်။ မိတုတ်ရဲ့ မျက်လုံးတွေကလည်း နီရဲနေပြီး မျက်ရည်အဝိုင်းသားဖြင့် ပြောဆိုလျက် ရှိပါတယ်။ အဲ့ဒီနောက် ဦးမောင်ငယ်လည်း စိတ်မကောင်း ဖြစ်မိပေမဲ့ ဘဝခြားသွားသည်ကြောင့် သူလည်း ဝင်ပြောမိပါတော့တယ်။
“သမီးထားမေ.. ဦးလေးပြောတာ နားထောင်ပါကွယ်.. ဦးလေးတစ်ယောက်လုံး ရှိပါတယ်.. မောင်လူချောလေးအတွက် စိတ်မပူပါနဲ့ သမီးရယ်.. ဦးလေးတို့ရော.. သမီးမိဘတွေရော.. မောင်သာမောင်ကပါ စောင့်ရှောက်ပေးမှာပါ..
ဒီလိုတွေ စွဲလမ်းနေရင် ငါ့သမီးအတွက်လည်း မကောင်းပါဘူးကွယ်.. သမီးက ဒီလိုမျိုး သွားချင်ရာသွား၊ လွင့်ချင်ရာလွင့်နေရင် သမီးသားလေး လူချောလည်း စိတ်ညစ်နေမှာပေါ့.. ကလေးအတွက်တော့ စိတ်ချပါသမီးရယ်..
သမီးနဲ့ ကလေးက ဘဝခြားသွားပါပြီကွယ်.. သံသရာမှာ ဒီလိုဘဝနဲ့ မနေပါနဲ့တော့.. ဦးလေးတို့ အမျှဝေရင် သမီးသာဓုခေါ် ပေးနော်.. ဒါမှ ငါ့သမီး ကျွတ်လွတ်နိုင်ပြီး ကောင်းရာဘုံဘဝကို ရောက်ရမှာပါ.. ဒီဘဝကြီးကို မခင်တွယ်ပါနဲ့တော့ သမီးရယ်”
စသဖြင့် ပြောဆိုလိုက်ပါတော့တယ်.. မထားမေရဲ့ အမေဖြစ်သူ ဒေါ်ရင်စိန်ကနဲ့ ခင်ပွန်းဖြစ်သူ မောင်သာမောင်တို့လည်း ကလေးအတွက် စိတ်ချဖို့ကို တဖွဖွနဲ့ ပြောဆိုနေကြပါတယ်။ ဒီလိုပြောလိုက်တဲ့အခါမှာတော့ မထားမေဝိညာဉ် ပူကပ်ခံနေရသူ မိတုတ်ခမြာ ငေးငေးငိုင်ငိုင်ဖြစ်သွားလေပြီး တဟီးဟီးနဲ့ ငိုချပါတော့တယ်။ ခဏအကြာမှာတော့ သာမောင့်ကို ကြည့်လိုက်လေပြီး..
“ငါ စိတ်ချမယ် သာမောင်”
ဆိုပြီး ပြောဆိုလိုက်ကာ မိတုတ်ရဲ့ ခန္ဓာကိုယ်ကြီးလည်း ဝုန်းခနဲ ပစ်လဲကျသွားပါတော့တယ်။ ထိုအခါမှ မိတုတ်ကို ဝိုင်းပွေ့သူကပွေ့၊ လှုပ်နှိုးသူကနှိုးနဲ့ အလုပ်ရှပ်ကုန်ပါတော့တယ်။ ခဏအကြာမှာတော့ မိတုတ်က ပြန်သတိရလာပြီး လူတွေအကုန်လုံးက သူ့ကို ဝိုင်းကြည့်နေတာကြောင့် အံ့ဩတကြီးဖြစ်ကာ မေးပါတော့တယ်။ ဒီတော့မှ ဒေါ်ရင်စိန်က အကြောင်းစုံ ရှင်းပြလိုက်လေတော့ မိတုတ်လည်း ပါးစပ်အဟောင်းသားဖြစ်ကာ ထိတ်လန့်မိပါတော့တယ်။
အဲ့ဒီအချိန်ကစပြီး နောက်ရက်တွေမှာ ဘာမှတော့ ထူးထူးခြားခြား မဖြစ်တော့ပါဘူး။ မထားမေလည်း အမြင်မှန်ရသွားပြီလို့ ထင်လိုက်ပါတယ်။ ဒီလိုနဲ့ အသုဘရက်လည် တရာနာပြီး အမျှဝေသံအဆုံးမှာ မထားမေရဲ့ သာဓုခေါ်လိုက်တဲ့ အသံကို အိမ်ရှိလူတွေအားလုံးက သေသေချာချာကို ကြားလိုက်ရပါတော့တယ်။ သားစွဲ၊ သမီးစွဲ စွဲလမ်းပြီး လေလွင့်နေရတဲ့ မထားမေလည်း ကျွတ်လွတ်နိုင်ပြီး ကောင်းမွန်ရာဘဝ ရောက်ပါစေဟု ဆုတောင်းလျက်..။
***** *****
~ ပြီးပါပြီ ~
စာဖတ်သူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်ဝကြပါစေ။
Zawgyi Version
“ေလလြင့္ဝိညာဥ္”(စ/ဆုံး)
——————————–
ဤဇာတ္လမ္းေလးကေတာ့ ႐ြာေလးတစ္႐ြာမွာ အမွန္တကယ္ ျဖစ္ပ်က္ခဲ့ဖူးပါတယ္။ ဒါေပမယ့္ ဘယ္႐ြာဘယ္ေဒသလည္း ဆိုတာ မေဖာ္ျပတာကိုေတာ့ နားလည္ေပးေစလိုပါတယ္။ ဒီအေၾကာင္းအရာေလးကို စာဖတ္သူမ်ား သိရွိေစရန္အလို႔ငွာ ျပန္လည္ ေရးသားလိုက္ရပါတယ္။
***** *****
ျမန္မာႏိုင္ငံ အထက္ပိုင္းေဒသမွာေတာ့ ကန္သာယာရယ္လို႔ ေခၚတြင္တဲ့ ႐ြာေလးတစ္႐ြာ ရွိပါတယ္။ ဒီ႐ြာေလးမွာေတာ့ ေတာသူေတာင္သားေတြ၊ ေတာင္ယာ လုပ္သူေတြနဲ႔ ေမြးျမဴေရး လုပ္ငန္းလုပ္ကိုင္သူေတြ ေနထိုင္ၾကပါတယ္။ ဒီ႐ြာရဲ႕ အိမ္ေျခကေတာ့ (၃၀၀) ေက်ာ္ေလာက္ရွိတဲ့ ႐ြာတစ္႐ြာပါ။ ႐ြာသူ႐ြာသား အားလုံးကေတာ့ ႐ိုး႐ိုးသားသားနဲ႔ လုပ္ကိုင္စားေသာက္ ေနထိုင္ၾကပါတယ္။
ထိုကန္သာယာ႐ြာေလးမွာ ကိုသာေမာင္နဲ႔ မထားေမဆိုတဲ့ လင္မယားႏွစ္ေယာက္လည္း ရွိၾကပါတယ္။ သူတို႔လင္မယားကေတာ့ အိမ္ေထာင္က်တာ (၁၃) ႏွစ္ေလာက္ေတာ့ရွိပါၿပီ။ သူတို႔မွာက သားေလးတစ္ ေယာက္လည္း ရွိပါေသးတယ္။ ကေလးေလးကေတာ့ ေမာင္လူေခ်ာလို႔ ေခၚၿပီး အသက္က (၁၀) ႏွစ္ေလာက္ ရွိေနပါၿပီ။
ကိုသာေမာင္က ေမြးျမဴေရး လုပ္ငန္းလုပ္ကိုင္ပါတယ္။ တျခားမွာမဟုတ္ပဲ သူတို႔ရဲ႕ အိမ္မွာပဲ ၾကက္၊ ဝက္ေတြ ေမြးပါတယ္။ မထားေမကေတာ့ အိမ္ရွင္မ အေနနဲ႔ပဲ အိမ္မွာ ထမင္းဟင္းခ်က္ျပဳတ္၊ ေလွ်ာ္ဖြတ္နဲ႔ မအားလပ္ႏိုင္ေအာင္ပါပဲ။ သူတို႔က သည္႐ြာဇာတိပါ။ သည္႐ြာမွာေမြး သည္႐ြာမွာပဲႀကီး ဆိုေတာ့ တစ္႐ြာလုံးကေတာ့ သူတို႔နဲ႔ မသိသူမရွိပါဘူး။ သူတို႔မွာက ဦးေလးသားခ်င္းလို ခင္မင္ရတဲ့လူတစ္ေယာက္လည္း ရွိပါတယ္။ သူကေတာ့ ဦးေမာင္ငယ္ ဆိုသူပါ။ ဦးေမာင္ငယ္ကေတာ့ အသက္ (၅၀) ဝန္းက်င့္ခန႔္ ရွိေနပါၿပီ။ ဦးေမာင္ငယ္နဲ႔ သာေမာင္တို႔ လင္မယားႏွစ္ေယာက္က အေတာ့္ကို ခင္မင္ၾကေလေတာ့ ညစဥ္ညတိုင္းလိုလို ဦးေမာင္ငယ္ရဲ႕ အိမ္ကို လာေရာက္ၾကကာ စကားစျမည္ေျပာၾက၊ ဗဟုသုတေတြျဖန႔္ေဝရင္း စကားလက္ဆုံၾကတတ္ပါတယ္။
ဒီလိုနဲ႔ ေနလာခဲ့ရင္း တစ္ေန႔ ေန႔လည္မွာေတာ့ ဦးေမာင္ငယ္တစ္ေယာက္ အိမ္ေရွ႕ကြပ္ပစ္မွာ အၾကမ္းေရ (ေရေႏြးၾကမ္း) ထိုင္ေသာက္ေနတုန္း ႐ြာသားတစ္ေယာက္က အေမာတေကာနဲ႔ ေရာက္ခ်လာၿပီး..
“ဗ်ိဳ႕.. ဦးေမာင္ငယ္”
“ေအး.. ခ်က္ႀကီး ေမာႀကီးပန္းႀကီးနဲ႔ ဘာျဖစ္လာတာလည္း”
“မထားေမ.. မထားေမ ဆုံးသြားလို႔ဗ်..”
ဒီေတာ့ ဦးေမာင္ငယ္လည္း ႐ုတ္တရက္ဆိုေတာ့ အံ့ဩသြားၿပီး ျပန္ေမးလိုက္ပါတယ္။
“ဟင္.. ထားေမ ဟုတ္လား.. ေမာင္သာေမာင္ရဲ႕ မိန္းမ ထားေမလား”
“ဟုတ္တယ္ဗ်.. ေစာေစာကတင္ပဲ ေခါင္းထဲမွာ မူးတယ္မူးတယ္ဆိုၿပီး လဲက်သြားတာ.. အသက္ပါ ပါသြားတာဗ်ိဳ႕”
“ေသခ်ာလားခ်က္ႀကီးရယ္.. ဘယ္လိုမ်ားျဖစ္ရတာလည္းကြာ”
“က်ေနာ္လည္း မေျပာတတ္ဘူး ဦးေလးရဲ႕.. ကိုသာေမာင္က ဦးေလးကို လာေျပာခိုင္းလို႔ က်ေနာ္လာေျပာတာ”
“ေအးေအး.. ငါသြားလိုက္မယ္”
ဆိုကာ ဦးေမာင္ငယ္လည္း ခ်က္ခ်င္းပဲ ထသြားပါေတာ့တယ္။ သူလည္း ဘယ္လိုမ်ားျဖစ္ရတာလည္းဆိုတာ ေတြးရင္း စိတ္ထဲလည္း မေကာင္းျဖစ္မိေနပါတယ္။ သူတို႔ရဲ႕ကေလးေလးကလည္း အခုမွ ငယ္ငယ္ေလးရွိေသး။ သာေမာင္တစ္ေယာက္ေတာ့ ဘယ္လိုမ်ားျဖစ္ေနၿပီလည္း မသိ။ ေတြးရင္း သူလည္း အျမန္ပင္ လွမ္းခဲ့လိုက္ပါတယ္။
***** *****
ဦးေမာင္ငယ္လည္း ကိုသာေမာင္တို႔အိမ္ကို ေရာက္သြားတဲ့အခါမွာေတာ့ မ႑ာန္ေတြ ထိုးေနတာကိုေတြ႕လိုက္ရပါတယ္။ မထားေမရဲ႕ အေလာင္းကိုေတာ့ အိမ္ထဲမွာပဲ ေစာင္ၿခဳံၿပီး ထားထားတာကိုလည္း ေတြ႕ရပါတယ္။ သာေမာင့္ကို ၾကည့္လိုက္ေတာ့လည္း အံတႀကိတ္ႀကိတ္နဲ႔ စိတ္တင္းထားပုံပါ။ ေမာင္လူေခ်ာေလးကေတာ့ ဟိုၾကည့္ဒီၾကည့္နဲ႔ပဲ ဘာမွမသိေသးပုံပါပဲ။ ဦးေမာင္ငယ္ကို ျမင္လိုက္ေလေတာ့ ကိုသာေမာင္က အေျပးေလးလာၿပီး ေျပာျပရွာပါတယ္။
“ဦးေလး ေရာက္လာၿပီလား”
“ေအး သာေမာင္.. ငါလည္း စိတ္မေကာင္းပါဘူးကြာ.. ဘယ္လိုမ်ား ျဖစ္ရတာလည္း”
“မနက္ကေတာ့ အေကာင္းပဲ ဦးေလးရဲ႕.. ဒီေန႔လည္က်မွသာ ဘယ္လိုျဖစ္သြားလည္း မသိပါဘူးဗ်ာ.. မူးတယ္ ဆိုၿပီးလဲက်သြားရာက အသက္ပါသြားေတာ့တာပဲဗ်”
ဆိုၿပီး ငိုသံႀကီးနဲ႔ ေျပာလာပါေတာ့တယ္။ ဒီေတာ့ ဦးေမာင္ငယ္လည္း ေခ်ာ့ေမာ့ၿပီး ဆုံးမရပါေတာ့တယ္။
“ဪ.. ငါ့တူရယ္.. တရားနဲ႔ေျဖပါကြယ္.. သြားေလသူလည္းသြားၿပီပဲ.. ျဖစ္လာမွေတာ့ ဘယ္တတ္ႏိုင္ေတာ့မလည္း”
ဦးေမာင္ငယ္ကေတာ့ လူႀကီးအေနနဲ႔ ျဖန္ေျဖေပးပါတယ္။ ဒီေတာ့ ကိုသာေမာင္လည္း ဟိုေငးဒီေတြးျဖင့္ ေတြးေတာေနလိုက္ၿပီး..
“ဟုတ္ကဲ့ပါ ဦးေလး.. က်ေနာ္နားလည္ပါတယ္.. ဒါေပမဲ့ သားေလးလည္း က်န္ခဲ့ေတာ့ က်ေနာ္လည္း စိတ္မေကာင္းျဖစ္မိတာပါ.. ဒီအသုဘကိစၥေတာ့ ဦးေလးပဲ ဦးေဆာင္ေပးပါဗ်ာ.. က်ေနာ္လည္း ဘာမွလုပ္ခ်င္စိတ္ မရွိဘူး ဦးေလးရယ္”
“ေအးပါ ငါ့တူရယ္.. စိတ္ခ်ပါ ဦးႀကီးစီစေၪၸးပါ့မယ္”
ဦးေမာင္ငယ္လည္း မထားေမရဲ႕ အသုဘမွာ လူႀကီးအေနနဲ႔ လုပ္ေဆာင္ေပးရပါေတာ့တယ္။ ညပိုင္းကို ေရာက္လာေတာ့ အသုဘေစာင့္အေနနဲ႔ ဖဲဝိုင္းလည္း လုပ္ၾကပါတယ္။ ႐ြာေတြမွာကေတာ့ ဒီလိုပါပဲ။ ဒီလိုဝိုင္းေလးလုပ္ထားေတာ့ အေစာင့္လည္းရ အေကာက္လည္းရတာေပါ့။ ဦးေမာင္ငယ္ကေတာ့ ရန္မျဖစ္ဖို႔ အတြက္ကို ထိန္းေနရတာနဲ႔တင္ မအားလပ္ႏိုင္ေအာင္ပါပဲ။
ဒီလိုနဲ႔ ည (၁) နာရီေက်ာ္ ေလာက္မွာေတာ့ ဖဲဝိုင္းမွာ လူအနည္းငယ္ က်ဲပါးသြားသလို အသုဘအိမ္မွာလည္း လူရွင္းသြားပါေတာ့တယ္။ နယ္ဘက္က ေဆြမ်ိဳးေတြနဲ႔ ႐ြာထဲက လာေစာင့္ေပးၾကသူေတြလည္း အိပ္ေပ်ာ္တဲ့လူက အိပ္ေပ်ာ္ကုန္ပါၿပီ။ ကိုသာေမာင္မွာေတာ့ ပင္ပန္းတာေရာစိတ္ညစ္တာေရာ စုေပါင္းခံစားခဲ့ရၿပီး အခုေတာ့အိပ္ေပ်ာ္
လ်က္ ရွိပါၿပီ။ ဦးေမာင္ငယ္ကေတာ့ ဖဲဝိုင္းမွ ရန္ထျဖစ္မွာ စိုးတဲ့အတြက္ ေစာင့္ေပးေနရင္း မအိပ္ႏိုင္ေသးပါဘူး။ သူလည္း အိမ္ေရွ႕ မဏၭာပ္ထဲမွာထိုင္ကာ ဟိုဟိုဒီဒီနဲ႔ စဥ္းစားေနတုန္းမွာ ထူးဆန္းတာတစ္ခုကို ႐ုတ္တရက္ ေတြ႕လိုက္ပါေတာ့တယ္။
သူျမင္လိုက္ရတာကေတာ့ ျဖဴလႊလႊ အရိပ္တစ္ခု ပုံစံပါ။ အိမ္အျပင္ဘက္မွာ ဟိုယိမ္းလိုက္ ဒီယိမ္းလိုက္၊ ဟိုဘက္ေ႐ြ႕သြားလိုက္ ဒီဘက္ေ႐ြ႕သြားလိုက္နဲ႔ ျဖစ္ေနတာကို ျမင္လိုက္ရပါေတာ့တယ္။ ဒီေတာ့ သူလည္း ဘာမ်ားလည္းဆိုကာ အံ့ဩသြားခဲ့ၿပီး အေသအခ်ာပဲ ၾကည့္ေနလိုက္ပါတယ္။ ဖဲဝိုင္းကို လွမ္းၾကည့္လိုက္ေတာ့လည္း သူတို႔အာ႐ုံနဲ႔သူတို႔ျဖစ္ေနတဲ့အတြက္ ဒါကို သတိထားေနတဲ့သူ မရွိပါဘူး။ ပထမေတာ့ ဦးေမာင္ငယ္လည္း ဘာမွန္းေတာ့ ေသခ်ာမသိေပမဲ့ ေသေသခ်ာခ်ာ ၾကည့္လိုက္ေလေတာ့ လူပုံသ႑န္ ပုံရိပ္တစ္ခုဆိုတာကို သိလိုက္ရပါတယ္။ အသုဘ အိမ္အျပင္ဘက္မွာ ပ်ံဝဲေနတာကိုလည္း ထင္ထင္ရွားရွားေတြ႕လိုက္ပါတယ္။ ဒီအခါ ဦးေမာင္ငယ္ရဲ႕စိတ္ထဲမွာေတာ့ ၾကက္သီး ေမႊးညႇင္းေလးေတြလည္း ႐ုတ္တရက္ ထလာခဲ့မိပါတယ္။ သူလည္း ၾကည့္ေနရင္း အတန္ၾကာမွာေတာ့ အဲဒီအရိပ္က ဖ်ပ္ခနဲဆို အသုဘ အိမ္ေပၚကို တက္သြားတာကိုျမင္လိုက္ရပါတယ္။ ဒီေတာ့ ဦးေမာင္ငယ္လည္း ဘာလုပ္လို႔လုပ္ရမွန္း မသိေတာ့ပါဘူး။ အိမ္ေပၚပဲ လိုက္သြားရင္ေကာင္းမလား ဆိုၿပီး ေတြးေနခဲ့ပါတယ္။
“အင္း.. ဒါဟာ မထားေမရဲ႕ ဝိညာဥ္ပဲ ျဖစ္မယ္ထင္တယ္.. တျခားေတာ့ မဟုတ္ႏိုင္ေလာက္ဘူး”
ဆိုၿပီး စိတ္ထဲက ေတြးေနမိပါတယ္။ ခနၾကာတဲ့အခါမွာေတာ့ အိမ္ေပၚကေန မထားေမရဲ႕သား ေမာင္လူေခ်ာက ဝါးခနဲ ထငိုပါေတာ့တယ္။ ဒီေတာ့မွ ဦးေမာင္ငယ္လည္း အိမ္ေပၚကို အေျပးတက္သြားလိုက္ပါတယ္။ အိမ္ေပၚမွာ အိပ္ေနတဲ့ လူေတြလည္း တခ်ိဳ႕ကႏိုးေနပါၿပီ။ ကေလးျဖစ္သူက စူးစူးဝါးဝါး ထငိုလိုက္တဲ့အတြက္ အကုန္လုံး ႏိုးသြားခဲ့တာပါ။ ဦးေမာင္ငယ္လည္း ေမာင္လူေခ်ာနားကို ေရာက္သြားၿပီး ေခ်ာ့ေမာ့ေျပာဆိုကာ ေမးလိုက္ပါတယ္။
“သားေလး.. သားေလး.. ဘာျဖစ္လို႔လည္း.. ဘာလို႔ငိုရတာလည္း”
“ဟီး.. ဟီး.. သားဆီကို အေမေရာက္လာၿပီး သားေပါင္ကိုဆြဲဆိပ္သြားတယ္”
“ဟင္..”
“ဟာ..”
ေမာင္လူေခ်ာက ဒီလိုေျပာလိုက္ေတာ့ အိမ္ေပၚရွိ လူေတြအကုန္လုံးက ပါးစပ္အေဟာင္းသားနဲ႔ ျဖစ္သြားၿပီး အံ့ဩသြားကာ ၾကက္သီးေတြထလ်က္ ေၾကာက္လန႔္ သြားၾကပါေတာ့တယ္။ ဦးေမာင္ငယ္လည္း လန႔္သြားေပမဲ့ ကေလးေၾကာက္ေနမွားစိုးၿပီး ေခ်ာ့ေခ်ာ့ေမာ့ေမာ့ပဲ ေျပာဆိုရပါတယ္။
“ကဲပါ သားေလးရယ္.. အိပ္မက္မက္တာပဲ ေနမွာပါ.. မေၾကာက္နဲ႔ေတာ့ေနာ္.. ဦးႀကီးတို႔လည္း ရွိတာပဲ.. ကဲ.. ကဲ.. ျပန္အိပ္ေတာ့ေနာ္”
ဆိုၿပီး ေျပာလိုက္ရင္း ဘုရားစင္ေပၚရွိ ပရိတ္ေရကိုယူလိုက္ကာ ေမာင္လူေခ်ာေလးကို ပရိတ္ေရနဲ႔ ေတာက္ခ်ေပးရင္ အနည္းငယ္လည္း တိုက္လိုက္ပါတယ္။ ခဏအၾကာမွာေတာ့ ေမာင္လူေခ်ာက ျပန္လည္ အိပ္သြားပါေတာ့တယ္။ အဲ့ဒီညမွာေတာ့ ေနာက္ထပ္ ဘာမွေတာ့ ထပ္ျဖစ္ခဲ့ျခင္း မရွိခဲ့ပါဘူး။
***** *****
ေနာက္တစ္ရက္မွာလည္း ထုံးစံအတိုင္း ဖဲဝိုင္းလုပ္ၾကပါတယ္။ ညဦးပိုင္းမွာေတာ့ လူစည္လ်က္ရွိေလၿပီး ည (၁၂) နာရီထိုးတဲ့အခါ မထားေမရဲ႕ အေလာင္းကို အိမ္အျပင္ဘက္မွာ အေခါင္းသြင္းၿပီး ထည့္ထားလိုက္ၾကပါတယ္။ လူမ်ားေတာ့လည္း ေၾကာက္လန႔္တဲ့ သူမရွိပါဘူး။ စုေပါင္းကာ လုပ္ကိုင္ေပးၾကရင္း အခ်ိန္က ေျဖးေျဖးနဲ႔ (၂)နာရီေက်ာ္လာပါေတာ့တယ္။ ဒီအခ်ိန္မွာေတာ့ လူက အနည္းငယ္ေတာ့ ရွင္းသြားပါၿပီ။ အိမ္ေပၚရွိတဲ့ လူေတြ လည္း အိပ္တဲ့သူက အိပ္ကုန္ပါၿပီ။ ေမာင္လူေခ်ာနဲ႔ ကိုသာေမာင္လည္း အခန္းထဲမွာ အိပ္စက္ေနၾကပါၿပီ။ အျပင္ဘက္မွာေတာ့ ဖဲဝိုင္းက လူသိပ္မရွိေတာ့ေပမဲ့ ရွိတဲ့သူနဲ႔ ေဆာ့ေနဆဲပါ။ ဖဲဝိုင္းမွာ လူအနည္းငယ္ ရွိေနေသးေတာ့ အေစာင့္ေတာ့ ရေနပါတယ္။ ဦးေမာင္ငယ္လည္း ဖဲဝိုင္းနဲ႔ မနီးမေဝးမွာ အၾကမ္းရည္ေသာက္ရင္း ထိုင္ေစာင့္ေနခဲ့ပါတယ္။
ဒီအခ်ိန္မွာပဲ ႐ြာထဲကေန ဆြဲဆြဲငင္ငင္ အူလိုက္တဲ့ ေခြးအူသံေတြကို ႐ုတ္တရက္ ၾကားလိုက္ရပါတယ္။ ဒီလိုၾကားလိုက္ေလေတာ့ ဦးေမာင္ငယ္လည္း မေန႔ညကလို ထပ္ျဖစ္ဦးမလားဆိုၿပီး ေတြးေတာမိကာ စိတ္မေအးႏိုင္ေအာင္ ျဖစ္မိပါတယ္။ ဖဲဝိုင္းမွာ ေဆာ့ေနတဲ့ လူေတြကေတာ့ ဘာမွမသိၾကပဲ ေဆာ့ေကာင္းဆဲပါ။ ဦးေမာင္ငယ္လည္း ဟိုဟိုဒီဒီ လိုက္လံၾကည့္ေနရင္း အိမ္အျပင္ဘက္ အေခါင္းစင္ေဘးနားမွာ ျဖဴျဖဴသ႑ာန္ ပုံရိပ္တစ္ခုကို ေတြ႕လိုက္ရပါေတာ့တယ္။
ဒီေတာ့ သူလည္း ထင္ထားသလို ျဖစ္လာတဲ့အတြက္ ထိတ္လန႔္ေနမိပါေတာ့တယ္။ ျဖဴျဖဴအရိပ္ကေတာ့ အေခါင္းစင္ေဘးနားမွာ ပတ္ခ်ာလွည့္ၿပီး သြားေနတာကိုလည္း ေတြ႕လိုက္ရပါတယ္။ သူ႔ချမာ ဘယ္သူ႔ကိုမွ မေျပာပဲ ဘာျဖစ္လာမလည္း ဆိုတာကိုသာ ေစာင့္ၾကည့္ေနမိပါတ္။ သူသာ ထေျပာလိုက္ရင္ ဖဲဝိုင္းကလူေတြေရာ အိမ္ထဲက လူေတြပါ ဝ႐ုန္းသုန္းကားျဖစ္ၿပီး ေၾကာက္လန႔္သြားၾကမွာ စိုးရိမ္ၿပီး မေျပာပဲ အသာပင္ ၾကည့္ေနျခင္းပါ။
အဲ့ဒီေနာက္ သူျမင္ေနရတဲ့ ျဖဴျဖဴသဏၭာန္က အေလာင္းစင္ေဘးမွာ အတန္ၾကာ ေဝ့ေနၿပီး ဖ်ပ္ခနဲ ဆိုသလို အိမ္ေပၚကိုတက္သြားပါေတာ့တယ္။ ဒီအခါ ဦးေမာင္ငယ္လည္း ဘာလုပ္လို႔ လုပ္ရမွန္း မသိေတာ့ပါဘူး။ တစ္ဆက္တည္းမွာပဲ မထားေမရဲ႕ အေမျဖစ္သူက အလန႔္တၾကားနဲ႔ ထေအာ္ပါေတာ့တယ္။
“အမယ္ေလး.. ထား.. ထားေမ.. ထားေမေရာက္ေနတယ္.. ငါ့.. ငါ့ကို မ်က္လုံးႀကီးျပဴးၿပီး စိုက္ၾကည့္ေနတယ္.. ေၾကာက္လိုက္တာ”
ဒီလိုေအာ္သံေၾကာင့္ ဖဲဝိုင္းကလူေတြနဲ႔ ဝ႐ုန္းသုန္းကားနဲ႔ ထလိုက္ၾကၿပီး အိမ္ေပၚကို ေျပးတက္လာၾကပါတယ္။ အိမ္ထဲမွာ အိပ္ေနတဲ့သူ အားလုံးလည္း ႏိုးလာၾကၿပီး မထားေမရဲ႕ အေမျဖစ္သူ ေဒၚစိန္ရင္ ကိုဝန္းေျပာဆိုကာ ဝိုင္းေမးၾကပါတယ္။ ေဒၚစိန္ရင္ချမာ ေၾကာက္လန႔္ကာ အသားေတြလည္း တုန္ရီလို႔ေနပါတယ္။ ဦးေမာင္ငယ္လည္း အိမ္ေပၚအေျပးတက္သြားၿပီး ပရိတ္ေရကိုယူကာ ေဒၚစိန္ရင္ကို တိုက္ကာ အနည္းငယ္ ျဖန္းေပးလိုက္ပါတယ္။ ေဒၚစိန္ရင္လည္း ခုလို လူစုံကိုေတြ႕လိုက္ရေလမွ အေၾကာက္ေျပသြားခဲ့ၿပီး ျဖစ္ပုံကို ေျပာျပလိုက္ပါေတာ့တယ္။
ေဒၚရင္စိန္အေနနဲ႔ မေန႔ညတုန္းက ေျမးေလးလူေခ်ာ လန႔္သြားတဲ့အတြက္ ဒီညမွာလည္း စိတ္ပူၿပီး သူတို႔ရဲ႕အခန္းကို တေရးႏိုးတဲ့အခါ သြားၾကည့္လိုက္မိပါတယ္။ ဒီအခ်ိန္မွာေတာ့ ကုတင္ေဘးမွာ မတ္တပ္ႀကီးနဲ႔ ေမာင္လူေခ်ာတို႔ အိပ္ေနတာကို စိုက္ၾကည့္ေနတဲ့ မထားေမကို ေတြ႕လိုက္ပါတယ္။ ဒီအခ်ိန္ေလးမွာပဲ မထားေမက သူမကို မ်က္လုံးႀကီးျပဴးကာ ျပန္ၾကည့္ေနတာကိုလည္း ေတြ႕လိုက္ေရာ သူလည္း ႐ုတ္တရက္ ၾကက္သီးေတြး တျဖန္းျဖန္းထလာၿပီး ေၾကာက္လန႔္လာကာ ထေအာ္ခဲ့ရပါေတာ့တယ္။
ဒီအခ်ိန္မွာပဲ အပ်ိဳႀကီး မတုတ္ဆိုသူက တဟင္းဟင္းနဲ႔ ညည္းညဴကာ ခႏၶာကိုယ္ကလညိး ဟိုယိမ္းဒီယိမ္းနဲ႔ ျဖစ္လာပါေတာ့တယ္။ ပါးစပ္ကလည္း အံကိုႀကိတ္ထား ၿပီး တဟင္းဟင္းနဲ႔ ညည္းညဴ လာပါေတာ့တယ္။
“ဟဲ့.. မိတုတ္ နင္ဘာျဖစ္ေနတာလည္း”
ဆိုၿပီး တစ္ေယာက္က ေမးလိုက္ေတာ့..
မိတုတ္ဆိုသူက မ်က္လုံးအျပဴးသားနဲ႔ ျပန္လည္ စိုက္ၾကည့္လိုက္ၿပီး..
“မိတုတ္မဟုတ္ဘူးဟဲ့.. ငါက ထားေမဟဲ့.. ထားေမ”
ဆိုၿပီး ျပန္ေျပာလိုက္ပါေတာ့တယ္။ ထိုအခါ လူေတြလည္း အံ့ဩကာ ထိတ္လန႔္သြားၾကပါေတာ့တယ္။ မိတုတ္ရဲ႕ အသံလည္း သူမရဲ႕ အသံမဟုတ္ေတာ့ပဲ မထားေမအသံနဲ႔ တစ္ေထရာတည္း တူေနပါတယ္။ ဒီအခါ မိတုတ္ကို မထားေမရဲ႕ ဝိညာဥ္ ဝင္ေရာက္ပူးကပ္ေနမွန္း သိလိုက္ၾကပါေတာ့တယ္။ ဦးေမာင္ငယ္လည္း..
“ထားေမ.. သမီး ဘာေျပာခ်င္လို႔လည္း ေျပာေလ”
ဆိုၿပီး ေမးလိုက္ေလေတာ့ မိတုတ္ခႏၶာကိုယ္က တကိုယ္လုံး တယိမ္းယိမ္းနဲ႔ တုန္ရီလို႔ လာပါတယ္။ အဲ့ဒီေနာက္ မိတုတ္ရဲ႕ ပါးစပ္ကေန မထားေမအသံႀကီးက ေပၚထြက္လာၿပီး..
“စိတ္မခ်ဘူး.. က်မသားေလးကို က်စိတ္မခ်ဘူး”
ဆိုကာ ေျပာလာပါေတာ့တယ္။ ေမာင္လူေခ်ာက အိပ္ေနတဲ့အတြက္ မသိေပမဲ့ ကိုသာေမာင္ကေတာ့ မ်က္ရည္အဝိုင္းသားနဲ႔ ျပန္လည္ေျပာဆိုလိုက္ပါတယ္။
“ထားေမရယ္.. သားေလးကို စိတ္ခ်ပါဟာ.. ငါလည္း ေကာင္းေကာင္းမြန္မြန္ ေစာင့္ေရွာက္မွာပါ.. စိတ္မပူပါနဲ႔ဟာ”
ထိုအခါ မိတုတ္ရဲ႕ မ်က္လုံးေတြက ပိုမိုနီရဲလာၿပီး ပါးစပ္မွလည္း တဟင္းဟင္းနဲ႔ ညည္းကာ ျပန္လည္ေျပာပါတယ္..
“ငါစိတ္မခ်ဘူး သာေမာင္.. ငါစိတ္မခ်ႏိုင္ဘူး.. ငါ့သားေလးနဲ႔လည္း ငါမခြဲႏိုင္ဘူး.. အဲ့ဒါေၾကာင့္လည္း ငါဘယ္မွမသြားႏိုင္ဘူး”
ဒီအခါ သာေမာင္လည္း ငိုပါေတာ့တယ္.. ၾကားရသူအေပါင္းမွာလည္း စိတ္မေကာင္းႀကီးစြာ ျဖစ္မိၾကပါေတာ့တယ္။ ကေလးက ငယ္ေနေသးေတာ့ မထားေမချမာ စိတ္ခ်မည္မဟုတ္ေၾကာင္းကိုလည္း ေတြးမိၾကပါတယ္။ မိတုတ္ရဲ႕ မ်က္လုံးေတြကလည္း နီရဲေနၿပီး မ်က္ရည္အဝိုင္းသားျဖင့္ ေျပာဆိုလ်က္ ရွိပါတယ္။ အဲ့ဒီေနာက္ ဦးေမာင္ငယ္လည္း စိတ္မေကာင္း ျဖစ္မိေပမဲ့ ဘဝျခားသြားသည္ေၾကာင့္ သူလည္း ဝင္ေျပာမိပါေတာ့တယ္။
“သမီးထားေမ.. ဦးေလးေျပာတာ နားေထာင္ပါကြယ္.. ဦးေလးတစ္ေယာက္လုံး ရွိပါတယ္.. ေမာင္လူေခ်ာေလးအတြက္ စိတ္မပူပါနဲ႔ သမီးရယ္.. ဦးေလးတို႔ေရာ.. သမီးမိဘေတြေရာ.. ေမာင္သာေမာင္ကပါ ေစာင့္ေရွာက္ေပးမွာပါ..
ဒီလိုေတြ စြဲလမ္းေနရင္ ငါ့သမီးအတြက္လည္း မေကာင္းပါဘူးကြယ္.. သမီးက ဒီလိုမ်ိဳး သြားခ်င္ရာသြား၊ လြင့္ခ်င္ရာလြင့္ေနရင္ သမီးသားေလး လူေခ်ာလည္း စိတ္ညစ္ေနမွာေပါ့.. ကေလးအတြက္ေတာ့ စိတ္ခ်ပါသမီးရယ္..
သမီးနဲ႔ ကေလးက ဘဝျခားသြားပါၿပီကြယ္.. သံသရာမွာ ဒီလိုဘဝနဲ႔ မေနပါနဲ႔ေတာ့.. ဦးေလးတို႔ အမွ်ေဝရင္ သမီးသာဓုေခၚ ေပးေနာ္.. ဒါမွ ငါ့သမီး ကြၽတ္လြတ္ႏိုင္ၿပီး ေကာင္းရာဘုံဘဝကို ေရာက္ရမွာပါ.. ဒီဘဝႀကီးကို မခင္တြယ္ပါနဲ႔ေတာ့ သမီးရယ္”
စသျဖင့္ ေျပာဆိုလိုက္ပါေတာ့တယ္.. မထားေမရဲ႕ အေမျဖစ္သူ ေဒၚရင္စိန္ကနဲ႔ ခင္ပြန္းျဖစ္သူ ေမာင္သာေမာင္တို႔လည္း ကေလးအတြက္ စိတ္ခ်ဖို႔ကို တဖြဖြနဲ႔ ေျပာဆိုေနၾကပါတယ္။ ဒီလိုေျပာလိုက္တဲ့အခါမွာေတာ့ မထားေမဝိညာဥ္ ပူကပ္ခံေနရသူ မိတုတ္ချမာ ေငးေငးငိုင္ငိုင္ျဖစ္သြားေလၿပီး တဟီးဟီးနဲ႔ ငိုခ်ပါေတာ့တယ္။ ခဏအၾကာမွာေတာ့ သာေမာင့္ကို ၾကည့္လိုက္ေလၿပီး..
“ငါ စိတ္ခ်မယ္ သာေမာင္”
ဆိုၿပီး ေျပာဆိုလိုက္ကာ မိတုတ္ရဲ႕ ခႏၶာကိုယ္ႀကီးလည္း ဝုန္းခနဲ ပစ္လဲက်သြားပါေတာ့တယ္။ ထိုအခါမွ မိတုတ္ကို ဝိုင္းေပြ႕သူကေပြ႕၊ လႈပ္ႏႈိးသူကႏႈိးနဲ႔ အလုပ္ရွပ္ကုန္ပါေတာ့တယ္။ ခဏအၾကာမွာေတာ့ မိတုတ္က ျပန္သတိရလာၿပီး လူေတြအကုန္လုံးက သူ႔ကို ဝိုင္းၾကည့္ေနတာေၾကာင့္ အံ့ဩတႀကီးျဖစ္ကာ ေမးပါေတာ့တယ္။ ဒီေတာ့မွ ေဒၚရင္စိန္က အေၾကာင္းစုံ ရွင္းျပလိုက္ေလေတာ့ မိတုတ္လည္း ပါးစပ္အေဟာင္းသားျဖစ္ကာ ထိတ္လန႔္မိပါေတာ့တယ္။
အဲ့ဒီအခ်ိန္ကစၿပီး ေနာက္ရက္ေတြမွာ ဘာမွေတာ့ ထူးထူးျခားျခား မျဖစ္ေတာ့ပါဘူး။ မထားေမလည္း အျမင္မွန္ရသြားၿပီလို႔ ထင္လိုက္ပါတယ္။ ဒီလိုနဲ႔ အသုဘရက္လည္ တရာနာၿပီး အမွ်ေဝသံအဆုံးမွာ မထားေမရဲ႕ သာဓုေခၚလိုက္တဲ့ အသံကို အိမ္ရွိလူေတြအားလုံးက ေသေသခ်ာခ်ာကို ၾကားလိုက္ရပါေတာ့တယ္။ သားစြဲ၊ သမီးစြဲ စြဲလမ္းၿပီး ေလလြင့္ေနရတဲ့ မထားေမလည္း ကြၽတ္လြတ္ႏိုင္ၿပီး ေကာင္းမြန္ရာဘဝ ေရာက္ပါေစဟု ဆုေတာင္းလ်က္..။
***** *****
~ ၿပီးပါၿပီ ~
စာဖတ္သူမ်ားအားလုံး စိတ္၏ခ်မ္းသာျခင္း၊ ကိုယ္၏က်န္းမာျခင္းႏွင့္ ျပည့္ဝၾကပါေစ။