တိုးအေးသင်္ဘောပေါ်မှမိခင်မေတ္တာ(စ/ဆုံး)

Unicode Version

တိုးအေးသင်္ဘောပေါ်မှမိခင်မေတ္တာ(စ/ဆုံး)
—————————————————
**ရန်ကုန်မြို့ ပန်းဆိုးတန်းဆိပ်ကမ်း…။
ဆိပ်ကမ်းဆိုသည့်အတိုင်း သဘောင်္တွေ ကုန်တင်ကုန်ချအလုပ်သမားတွေ ခရီးသည်တွေ ကပျားပန်းခတ်မျှပင်သွားလာလှုပ်ရှားလျက်။

ဒလဘက်ကမ်းမှနေ၍ ရန်ကုန်ဘက်သို့လာ၍ ကျောင်းတက်သူ ကျောင်းပြန်သူ ဈေးရောင်းသူ ဈေးပြန်သူ အလုပ်လုပ်သူ အလုပ်ပြန်သူများမှာလည်းနေ့စဉ်နှင့်အမျှမြင်တွေ့နေရသော ဆိပ်ကမ်း၏ပုံရိပ်များပင်။ စကားသံတွေ ကုန်တင်ကုန်ချအလုပ်သမားတို့၏ချွေးစက်တွေ အလုပ်ကပြန်လာသူတို့ရဲ့ အချင်းချင်းစကားပြောရင်းရယ်မောသံတွေ ညည်းငြူသံတွေဟာလည်းထိုဆိပ်ကမ်းရဲ့ သဘာဝအလှ ဘဝသရုပ်ဖော်ပန်းချီကားတစ်ချပ်။

သို့ပေမယ့် ထိုနေ့ ……။
တိတိကျကျပြောရလျှင် 1973ခုရနှစ် ဖေဖော်ဝါရီလ 21ရက်နေ့ (ဗုဒ္ဓဟူးနေ့) ညနေ 3 နာရီ 55မိနစ်မှာတော့ ထိုဆိက်ကမ်းရဲ့ဘဝသရုပ်ဖော်ပန်းချီကားကို ဖျက်ဆီးပစ်မည့် ရင်နင့်ကြေကွဲဖွယ် ဖြေမဆည်နိုင်စရာဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့သည်ဆိုပါလျှင်………။

1973ခုနှစ် ဖေဖော်ဝါရီလ21ရက်နေ့ ။

ထိုနေ့တွင်လည်းပန်းဆိုးတန်းဆိပ်ကမ်းရဲ့ မနက်ပိုင်းဟာ ခါတိုင်းနေ့များနှင့်ထူးခြားမည်မထင်။ ညနေသုံးနာရီကျော်လောက်မှာတော့ ရန်ကုန်ကနေဒလဘက်ပြန်ဖို့ အတွက် မိသားစုတွေ သားအမိတွေ ကျောင်းသူ ကျောင်းသားတွေ အလုပ်ပြန်သူတွေဟာ တိုးအေးသဘောင်္ကိုစကားပြောရင်း ရယ်မောရင်း စနောက်ရင်းစောင့်ဆိုင်းလျှက်ရှိနေကြသည်။

ညနေသုံးနာရီဆယ်မိနစ်ခန့်မှာတော့ သူတို့မျှော်လင့်စောင့်စားနေကြတဲ့တိုးအေးသဘောြင်္ကီးဟာ ဆိက်ကမ်းကိုဆိုက်ရောက်လို့လာခဲ့လေပြီ။ ဆိပ်ကမ်းကိုဆိုက်ရောက်တာနဲ့ သဘောင်္ဟာကမ်းကိုကပ် သဘောင်္ကြိုးချည် ခရီးသည်တွေအတက်အဆင်းလုပ်ကြအပြီး 3:30ခန့်မှာတော့

”ဘော် ဘူ ဘော် ဘူ ” တိုးအေးသဘောင်္ဟာ လူ300ခန့်ကိုတင်ဆောင်ကာ ဥသြနှစ်ချက်ဆွဲအပြီး ကမ်းစပ်ကနေပြန်လည်ထွက်ခွာခဲ့လေသည်။ သဘောင်္ပေါ်မှ ခရီးသည်တစ်ချို့ကတော့ အိမ်အပြန်လမ်းကိုမှန်းဆရင်းစကားတွေ ဖောင်ဖွဲ့လျက်။ မကြာမီကြုံတွေ့ရတော့မည့် အဖြစ်ဆိုးကြီးကိုသာ သူတို့တွေကြိုသိနိုင်စွမ်းရှိခဲ့ကြပါလျှင်……။

သဘောင်္ထွက်ပြီးနှစ်မိနစ်ခန့်အကြာမှာတော့ ဘုံဘေမာရူး (မာရူဒါ) ဟုခေါ်သည့် ဂျပန်ကုန်တင်သဘောြင်္ကီးနှင့် တိုးအေးသဘောင်္ကန့်လန့်တိုက်မိပါတော့သည်။ ဖြစ်ပုံမှာ တိုးအေးသဘောင်္သည် ပန်းဆိုးတန်းဆိပ်ကမ်းကခွာခွာခြင်းမှာပင် မာလိန်မှုးမှ နောက်ကိုမကြည့်ပဲ ညာဖက်သို့ချိုးချလိုက်လေသည်။ အကယ်၍နောက်သို့သာကြည့်ခဲ့မိပါလျှင် မာရူဒါ သဘောင်္ကိုမြင်မိမှာအမှန်ပါပေ။

မာရူဒါ ဂျပန်ကုန်တင်သဘောင်္မှာလည်း တိုးအေးသဘောင်္ဆိပ်ကမ်းကမခွာခင်လေးတင် ထွက်လာသောကြောင့် ထွက်ခွာချိန်မကြာသေး။ အခုတော့နောက်သို့မကြည့်ပဲချိုးချခဲ့သည့် တိုးအေးသဘောၤနှင့် မာရူဒါတို့ ပေတစ်ရာခန့်အကွာမှာကန့်လန့်ဆိုင်အနေအထားနှင့် ဆုံမိကြလေပြီ။

သဘောင်္ကိုနောက်ပြန်ဆုတ်လို့လည်း မလွတ်နိုင်တော့ဟု ယူဆပြီးသည့်နောက်မှာတော့ တိုးအေးသဘောင်္မှာ စက်ရှိန်မြှင့်၍ကျော်တက်လေတော့သည်။သို့ပေမယ့် ရေတက်ချိန်ဖြစ်၍ရေစီးကသန် ကြောက်လန့်တကြားပြေးလွှားနေကြတဲ့ ခရီးသည်တွေကြောင့်သဘောင်္ကမငြိမ် အတတ်နိုင်ဆုံးကြိုးစားကာရှောင်ထွက်ခဲ့ပါသော်လည်း

”ဝုန်းးး ဒုန်းး ”

အရှိန်ဖြင့်ရွေ့လာတဲ့ ဘုံဘေမာရူး (မာရူဒါ) ဂျပန် ကုန်တင်သဘောင်္ဟာ တိုးအေးသဘောင်္ကိုကန့်လန့်ဖြတ်အနေအထားဖြင့်တိုက်မိလိုက်ပါတော့သည်။

”အမလေးးးအမေရေလုပ်ပါဦး ”

”ဘုရား ဘုရား ကယ်တော်မူပါ ”

”အမလေး လုပ်ကြပါဦး ကယ်ကြပါဦး”

ကမ္ဘာပျက်မျှထိတ်လန့်တကြားအော်ဟစ် တမ်းတသံတွေကြားကနေပဲ ဘုံဘေမာရူး( မာရူဒါ) ရဲ့ ထိပ်ဦးပိုင်းပြာပြာကြီးဟာ တိုးအေးသဘောင်္ရဲ့ညာဖက်ခရီးသည်အတက်အဆင်း လှေကားနားကနေပြီး တိုးအေးသဘောင်္ကိုယ်ထည်ကို 7ပေ 8ပေခန့်လောက်ထိုးခွဲကာဝင်ရောက်လာပါတော့သည်။

”ပြေး ပြေး ဘယ်ဘက်ကိုပြေးကြဟေ့ ”

”ကယ်ကြပါ ကယ်ကြပါ” ကြောက်လန့်တကြားအော်ဟစ်ကာ ဘယ်ဘက်ခြမ်းသို့ပြေးကြသည့်အခါမှာတော့ သဘောင်္ဟာစောင်းကျသွားပြီး ပြုတ်ကျသူအချို့ပြုတ်ကျကုန်ကြသည်။ သဘောင်္နောက်ဖက်ပြေးကာ ခုန်ချသူက ခုန်ချကြသည်။ တစ်ချို့က တိုးအေးသဘောင်္မှလည်နေသည့် ပန်ကာဒလက်နှင့်ထိခိုက်မိသူက ထိခိုက်မိကြသည်။

ဘုံဘေမာရူးကတော့ တိုက်မိမိချင်းပင် သဘောင်္ကို ကျောက်ဆူးချကာအသက်ကယ်ဘောတွေ ပျဉ်ပြားအတိုအစတွေ ရေပုံးခွံတွေပစ်ချပေးသည်။ တစ်ချို့ကထိုရေပုံးများ ဘောများကိုဖက်၍ ခို၍ကူးကြသည်။ သို့သော် ယောကျာ်းလေးအများစုသာ အသက်လုနိုင်ခဲ့ကြပေသည်။

အဖြစ်အပျက်များကားမြန်ဆန်လွန်းလှပေသည်။အချိန်5မိနစ်အတွင်းမှာပင် ရန်ကုန်မြစ်ကြီးဟာ တိုးအေးသဘောၤနှင့်တကွ သဘောင်္ပါခရီးသည်များအားရေအောက်သို့ ဆွဲချခေါ်ဆောင်သွားခဲ့လေတော့သည်။ တစ်ချို့ကသဘောင်္ပေါ်မှပင်မထွက်နိုင်ခဲ့ကြရှာပေ။ ဒီလောက်အချိန်တိုလေးအတွင်းမှာ အဘယ်သို့လွတ်အောင်ပြေးနိုင်ခဲ့ပါမည်နည်း။

မကြာသေးမီကပင် သက်ဝင်လှုပ်ရှားလှပခဲ့သော ပန်းဆိုးတန်းဆိပ်ကမ်းလေးမှာ ယခုအခါမှာတော့ ကူပါ ကယ်ပါ အော်သံ ဟစ်သံ ငိုသည်းသံတွေကြားမှာ ကမ္ဘာပျက်မျှကြုံတွေ့နေရလေပြီ။ ကူးတို့လှေတွေ ကူးတို့သမ္ဗာန်တွေ လာကယ်ကြတာကြောင့် တစ်ချို့မှာအသက်ချမ်းသာရာရခဲ့သော်လည်း အများစုကတော့ ရန်ကုန်မြစ်ကြီး၏ ဝါးမြိုခြင်းကိုခံခဲ့ကြရလေသည်။ ခန့်မှန်းခြေ လူ300ခန့်ဟုသာပြောနိုင်သဖြင့် သေဆုံးသူဦးရေကိုလည်းတိတိကျကျမပြောနိုင်ခဲ့ကြပေ။

ဖေဖော်ဝါရီလ 27ရက်နေ့မှာတော့ ဒလသဘောင်္ကျင်းရှေ့က ဝတိ ံ ံသဘောင်္ပေါ်မှာ သံဃာ15ပါးကိုပင့်ဖိတ်ကာ ဆွမ်းကျွေးပြီး အသက်ဆုံးရှုံးခဲ့ရသူတွေအတွက်အမျှဝေပေးခဲ့ပါသည်။တစ်ဆက်တည်းမှာပင် ထိုနေ့ညနေ 5နာရီခွဲအချိန်မှာလည်း အသက်ဆုံးရှုံးခဲ့ရသူတွေအတွက် မေတ္တာပို့ အမျှဝေပြီး ပရိတ်ရွတ်ပွဲအခမ်းအနားကိုပန်းဆိုးတန်း ကျန်းမာရေးဘောတံတားပေါ်မှာပြုလုပ်ပေးခဲ့ပြီး မြစ်ရိုးတလျှောက် မေတ္တာရေသွန်းလောင်း ဆုတောင်းပေးခဲ့ကြပါသည်။ ဆရာတော်ဘုရားများ၏ မေတ္တာရေချမ်းနှင့်အတူ ကျန်ရစ်သူမိသားစုများ၏ မျက်ရည်စက်များက ရန်ကုန်မြစ်တလျောက် စီးဝင်လျက်။

သေဆုံးသူတွေရဲ့ခန္ဓာကိုယ်တွေကို ရက်တွေအကြာကြီးဆက်ကာ ရှာဖွေရေးတွေ လုပ်ခဲ့ကြရသည်။ 15ရက်ခန့်အကြာ တိုးအေးသဘောင်္အားရေအောက်ကပြန်ဖော်အပြီးမှာတော့ တစ်နိုင်ငံလုံး စိတ်အထိခိုက်ရဆုံး မျက်ရည်မဆည်နိုင်စွာ မြင်တွေ့ခဲ့ရသည့် ဖြစ်ရပ်တစ်ခုကတော့ တိုးအေးသဘောၤ၏သံဇကာကိုမြဲမြဲဆုပ်ကိုင်ရင်း ရင်ခွင်ထဲရှိကလေးငယ်အားပိုက်ကာသေဆုံးနေသည့် အမျိုးသမီးနှင့်ကလေးရုပ်အလောင်းနှစ်ခုပါပေ။ ရေပိုး ရေမွှားတိုက်စားထားသည့် ခန္ဓာကိုယ်မှာအရိုးစုမျှပင် ကြွင်းကျန်နေခဲ့သော်လည်း ရင်ခွင်ထဲရှိကလေးငယ်အား တင်းတင်းကျပ်ကျပ်ပိုက်ထွေးလျက်သားပင်။မိခင်မေတ္တာကြီးမားလွန်းလှပေစွပါတကား။

ထိုအကြောင်းကိုလည်း ကဗျာဆရာသမိန်သောင်းက စိတ်မကောင်းခြင်းကြီးစွာဖြင့် 1973ခုနှစ် မေလထုတ် ငွေတာရီမဂ္ဂဇင်းမှာ ”တိုးအေးပေါ်မှ အိုမိခင်” ဟု ဂုဏ်ပြုရေးဖွဲ့ခဲ့လေသည်။

တိုးအေးသဘောင်္အား 1955 က ဂျပန်နိုင်ငံတွင် တည်ဆောက်ခဲ့ပြီး 31.1.56 မှာ စတင် အသုံးပြုခဲ့ကာ
စ၍ သုံးစဉ်က ရန်ကုန် တွံတေး ခရီးသည် ပို့ဆောင်ရေးအတွက်သာသုံးခဲ့ပြီး 1972 ဒီဇင်ဘာလရောက်မှသာ ရန်ကုန် ဒလ ခရီးစဉ်အတွက် သုံးခဲ့ခြင်းပင်။
ထိုအချိန်ကမတော်တဆမှုကြောင့် တိုးအေးသဘောင်္ကိုစစ်ဆေးခဲ့ရာတွင်လည်း ချို့ယွင်းချက်မရှိခဲ့ပေ။ သို့ပါသော်လည်း ဖြစ်ပြန် ပျက်ပြန် လောကဓံအားရင်ဆိုင်အံတု၍မရခဲ့ပါချေ။

ဂျပန်သဘောင်္ကုမ္ပဏီကတော့ သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေအတွက် ကူညီထောက်ပံ့ငွေ ဒေါ်လာ 2သောင်းနဲ့ မြန်မာငွေ 48038 ကျပ် တန် ချက် လက်မှတ် တစ်စောင် ကိုမြန်မာနိုင်ငံကြက်ခြေနီအသင်းထံ ပေးအပ်ခဲ့ပြီး
သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း က ကျန်ရစ်သူ မိသားစုဝင်တွေထံသို့ 380 ကျပ် 50 ပြား ပေးခဲ့ပါသည်။

ယခုဆိုလျှင် ထိုကြေကွဲဖွယ်ရာ အဖြစ်ဆိုးကြီးကြုံတွေ့ခဲ့ရသည်မှာ 44နှစ်ပင်ရှိခဲ့ချေပြီ ။ရင်ဆိုင်ကြုံတွေ့ခဲ့ရသူများ ကျန်ရစ်သူမိသားစုဝင်များကတော့ မနေ့တစ်နေ့ကကဲ့သို့ပင် မေ့နိုင်မည်မထင်ပါချေ။ တာဝန်ရှိသူများ၏ပေါ့ဆမှု တာဝန်မဲ့မှုများကြောင့် မိသားစုများပြိုကွဲကာ အသက်တွေစတေးခဲ့ကြရသည့် အဖြစ်ဆိုးများ နောက်ဘယ်သောအခါမျှ မကြုံတွေ့ကြပါစေနှင့်တော့ဟု ဆုတောင်းရင်း ဖတ်မိလေတိုင်း မျက်ရည်ဝိုင်းခဲ့ရသည့် ကဗျာဆရာသမိန်သောင်း၏ ”တိုးအေးပေါ်မှ အိုမိခင်” ကဗျာလေးဖြင့် ကမ္ဘာပေါ်ရှိအမေများအားလုံးကို ဦးညွှတ်ဂါရဝပြုလိုက်ပါသည်။

”တိုးအေးပေါ်မှ အိုမိခင်”

မမျှော်မလင့် မိုးကြိုးသင့်လို့
ရင်နင့်ဖွယ်ရာ သည်းဆတ်ခါမျှ
ကံကြမ္မာဆိုး လွမ်းဇာတ်ပျိုးသည်
တိုးအေးနစ်သောထိုတစ်နေ့။
ထိုနေ့မှသည် ညညနေ့နေ့
မြင်တွေ့မကောင်း သည်ဖြစ်ကြောင်းမှာ
အလောင်းထပ်မျှ မြင်ခဲ့ရ။
နေ့ရက်လျား၍
ဆယ့်ငါးရက်မြောက် ခါချိန်ရောက်မှ
ရေအောက်ကဖော် ”တိုးအေး”ပေါ်ဝယ်
ညှိုးလျော်ကြေကွဲ မိခင်ဇွဲကို
အသည်းနင့်ဖွယ်မြင်ရ၏ ။
အရိုးစုမျှ ကြွင်းသော်မျှပင်
ချစ်လှရင်သွေး သူ့ကလေးအား
ထွေးဆဲ ပိုက်ဆဲ ယုယဆဲဟု
သည်းသည်းမည်းမည်းပြနေသူ။
ရေစီးကလှုပ် လှိုင်းကပုတ်၍
စုပ်သည့်ရေမွှား စားသည့်ရေပိုး
အကြောင်းဆိုးလည်း
တိုးကာ ကပ်ကာ မေ့သည်းချာအား
မကွာမကွဲ ပွေ့ပိုက်ဆဲ။
အို………မိခင်
သင်ဘေးကင်းရာ
ကူးခတ်ပါ၍ လွတ်ရာအဝေး
ပြေးနိုင်ပါလျက် မပြေးရက်၍
အသက်စတေးလိုက်ရော့လား။
အို……… မိခင်
‘ကိုယ်လျှင်မချိ အမိသော်လည်း သားတော်ခဲ ”ဟု
စွဲလာဆိုထုံး စကားလုံးကို
ချေမှုန်းတော်လှန်လိုက်ရော့လား။
အို…… မိခင်
သင်နှင့်အတူ သင့်သည်းအူနှယ်
ရည်တူပြည့်သိပ် မိခင်စိတ်ဖြင့်
ယိုဖိတ်မေတ္တာ စေတနာကို
ခါခါဦးညွှတ်လိုက်ပါ၏ ။

အမ်နိုင်း (oasis)”

Zawgyi Version

တိုးေအးသေဘၤာေပၚမွမိခင္ေမတၱာ(စ/ဆုံး)
—————————————————
**ရန္ကုန္ၿမိဳ႕ ပန္းဆိုးတန္းဆိပ္ကမ္း…။
ဆိပ္ကမ္းဆိုသည့္အတိုင္း သေဘာေတၤြ ကုန္တင္ကုန္ခ်အလုပ္သမားေတြ ခရီးသည္ေတြ ကပ်ားပန္းခတ္မွ်ပင္သြားလာလႈပ္ရွားလ်က္။

ဒလဘက္ကမ္းမွေန၍ ရန္ကုန္ဘက္သို႔လာ၍ ေက်ာင္းတက္သူ ေက်ာင္းျပန္သူ ေဈးေရာင္းသူ ေဈးျပန္သူ အလုပ္လုပ္သူ အလုပ္ျပန္သူမ်ားမွာလည္းေန႔စဥ္ႏွင့္အမွ်ျမင္ေတြ႕ေနရေသာ ဆိပ္ကမ္း၏ပုံရိပ္မ်ားပင္။ စကားသံေတြ ကုန္တင္ကုန္ခ်အလုပ္သမားတို႔၏ေခြၽးစက္ေတြ အလုပ္ကျပန္လာသူတို႔ရဲ႕ အခ်င္းခ်င္းစကားေျပာရင္းရယ္ေမာသံေတြ ညည္းျငဴသံေတြဟာလည္းထိုဆိပ္ကမ္းရဲ႕ သဘာဝအလွ ဘဝသ႐ုပ္ေဖာ္ပန္းခ်ီကားတစ္ခ်ပ္။

သို႔ေပမယ့္ ထိုေန႔ ……။
တိတိက်က်ေျပာရလွ်င္ 1973ခုရႏွစ္ ေဖေဖာ္ဝါရီလ 21ရက္ေန႔ (ဗုဒၶဟူးေန႔) ညေန 3 နာရီ 55မိနစ္မွာေတာ့ ထိုဆိက္ကမ္းရဲ႕ဘဝသ႐ုပ္ေဖာ္ပန္းခ်ီကားကို ဖ်က္ဆီးပစ္မည့္ ရင္နင့္ေၾကကြဲဖြယ္ ေျဖမဆည္ႏိုင္စရာျဖစ္ရပ္တစ္ခု ျဖစ္ပြားခဲ့သည္ဆိုပါလွ်င္………။

1973ခုႏွစ္ ေဖေဖာ္ဝါရီလ21ရက္ေန႔ ။

ထိုေန႔တြင္လည္းပန္းဆိုးတန္းဆိပ္ကမ္းရဲ႕ မနက္ပိုင္းဟာ ခါတိုင္းေန႔မ်ားႏွင့္ထူးျခားမည္မထင္။ ညေနသုံးနာရီေက်ာ္ေလာက္မွာေတာ့ ရန္ကုန္ကေနဒလဘက္ျပန္ဖို႔ အတြက္ မိသားစုေတြ သားအမိေတြ ေက်ာင္းသူ ေက်ာင္းသားေတြ အလုပ္ျပန္သူေတြဟာ တိုးေအးသေဘာကႋုစကားေျပာရင္း ရယ္ေမာရင္း စေနာက္ရင္းေစာင့္ဆိုင္းလွ်က္ရွိေနၾကသည္။

ညေနသုံးနာရီဆယ္မိနစ္ခန႔္မွာေတာ့ သူတို႔ေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့တိုးေအးသေဘာႀကႌးဟာ ဆိက္ကမ္းကိုဆိုက္ေရာက္လို႔လာခဲ့ေလၿပီ။ ဆိပ္ကမ္းကိုဆိုက္ေရာက္တာနဲ႔ သေဘာဟၤာကမ္းကိုကပ္ သေဘာႀကႋဳးခ်ည္ ခရီးသည္ေတြအတက္အဆင္းလုပ္ၾကအၿပီး 3:30ခန႔္မွာေတာ့

”ေဘာ္ ဘူ ေဘာ္ ဘူ ” တိုးေအးသေဘာဟၤာ လူ300ခန႔္ကိုတင္ေဆာင္ကာ ဥၾသႏွစ္ခ်က္ဆြဲအၿပီး ကမ္းစပ္ကေနျပန္လည္ထြက္ခြာခဲ့ေလသည္။ သေဘာေပၤၚမွ ခရီးသည္တစ္ခ်ိဳ႕ကေတာ့ အိမ္အျပန္လမ္းကိုမွန္းဆရင္းစကားေတြ ေဖာင္ဖြဲ႕လ်က္။ မၾကာမီႀကဳံေတြ႕ရေတာ့မည့္ အျဖစ္ဆိုးႀကီးကိုသာ သူတို႔ေတြႀကိဳသိႏိုင္စြမ္းရွိခဲ့ၾကပါလွ်င္……။

သေဘာထၤြက္ၿပီးႏွစ္မိနစ္ခန႔္အၾကာမွာေတာ့ ဘုံေဘမာ႐ူး (မာ႐ူဒါ) ဟုေခၚသည့္ ဂ်ပန္ကုန္တင္သေဘာႀကႌးႏွင့္ တိုးေအးသေဘာကၤန႔္လန႔္တိုက္မိပါေတာ့သည္။ ျဖစ္ပုံမွာ တိုးေအးသေဘာသၤည္ ပန္းဆိုးတန္းဆိပ္ကမ္းကခြာခြာျခင္းမွာပင္ မာလိန္မႈးမွ ေနာက္ကိုမၾကည့္ပဲ ညာဖက္သို႔ခ်ိဳးခ်လိုက္ေလသည္။ အကယ္၍ေနာက္သို႔သာၾကည့္ခဲ့မိပါလွ်င္ မာ႐ူဒါ သေဘာကႋုျမင္မိမွာအမွန္ပါေပ။

မာ႐ူဒါ ဂ်ပန္ကုန္တင္သေဘာမၤွာလည္း တိုးေအးသေဘာဆႋပ္ကမ္းကမခြာခင္ေလးတင္ ထြက္လာေသာေၾကာင့္ ထြက္ခြာခ်ိန္မၾကာေသး။ အခုေတာ့ေနာက္သို႔မၾကည့္ပဲခ်ိဳးခ်ခဲ့သည့္ တိုးေအးသေဘာၤႏွင့္ မာ႐ူဒါတို႔ ေပတစ္ရာခန႔္အကြာမွာကန႔္လန႔္ဆိုင္အေနအထားႏွင့္ ဆုံမိၾကေလၿပီ။

သေဘာကႋုေနာက္ျပန္ဆုတ္လို႔လည္း မလြတ္ႏိုင္ေတာ့ဟု ယူဆၿပီးသည့္ေနာက္မွာေတာ့ တိုးေအးသေဘာမၤွာ စက္ရွိန္ျမႇင့္၍ေက်ာ္တက္ေလေတာ့သည္။သို႔ေပမယ့္ ေရတက္ခ်ိန္ျဖစ္၍ေရစီးကသန္ ေၾကာက္လန႔္တၾကားေျပးလႊားေနၾကတဲ့ ခရီးသည္ေတြေၾကာင့္သေဘာကၤမၿငိမ္ အတတ္ႏိုင္ဆုံးႀကိဳးစားကာေရွာင္ထြက္ခဲ့ပါေသာ္လည္း

”ဝုန္းးး ဒုန္းး ”

အရွိန္ျဖင့္ေ႐ြ႕လာတဲ့ ဘုံေဘမာ႐ူး (မာ႐ူဒါ) ဂ်ပန္ ကုန္တင္သေဘာဟၤာ တိုးေအးသေဘာကႋုကန႔္လန႔္ျဖတ္အေနအထားျဖင့္တိုက္မိလိုက္ပါေတာ့သည္။

”အမေလးးးအေမေရလုပ္ပါဦး ”

”ဘုရား ဘုရား ကယ္ေတာ္မူပါ ”

”အမေလး လုပ္ၾကပါဦး ကယ္ၾကပါဦး”

ကမာၻပ်က္မွ်ထိတ္လန႔္တၾကားေအာ္ဟစ္ တမ္းတသံေတြၾကားကေနပဲ ဘုံေဘမာ႐ူး( မာ႐ူဒါ) ရဲ႕ ထိပ္ဦးပိုင္းျပာျပာႀကီးဟာ တိုးေအးသေဘာရၤဲ့ညာဖက္ခရီးသည္အတက္အဆင္း ေလွကားနားကေနၿပီး တိုးေအးသေဘာကႋုယ္ထည္ကို 7ေပ 8ေပခန႔္ေလာက္ထိုးခြဲကာဝင္ေရာက္လာပါေတာ့သည္။

”ေျပး ေျပး ဘယ္ဘက္ကိုေျပးၾကေဟ့ ”

”ကယ္ၾကပါ ကယ္ၾကပါ” ေၾကာက္လန႔္တၾကားေအာ္ဟစ္ကာ ဘယ္ဘက္ျခမ္းသို႔ေျပးၾကသည့္အခါမွာေတာ့ သေဘာဟၤာေစာင္းက်သြားၿပီး ျပဳတ္က်သူအခ်ိဳ႕ျပဳတ္က်ကုန္ၾကသည္။ သေဘာေနၤာက္ဖက္ေျပးကာ ခုန္ခ်သူက ခုန္ခ်ၾကသည္။ တစ္ခ်ိဳ႕က တိုးေအးသေဘာမၤွလည္ေနသည့္ ပန္ကာဒလက္ႏွင့္ထိခိုက္မိသူက ထိခိုက္မိၾကသည္။

ဘုံေဘမာ႐ူးကေတာ့ တိုက္မိမိခ်င္းပင္ သေဘာကႋု ေက်ာက္ဆူးခ်ကာအသက္ကယ္ေဘာေတြ ပ်ဥ္ျပားအတိုအစေတြ ေရပုံးခြံေတြပစ္ခ်ေပးသည္။ တစ္ခ်ိဳ႕ကထိုေရပုံးမ်ား ေဘာမ်ားကိုဖက္၍ ခို၍ကူးၾကသည္။ သို႔ေသာ္ ေယာက်ာ္းေလးအမ်ားစုသာ အသက္လုႏိုင္ခဲ့ၾကေပသည္။

အျဖစ္အပ်က္မ်ားကားျမန္ဆန္လြန္းလွေပသည္။အခ်ိန္5မိနစ္အတြင္းမွာပင္ ရန္ကုန္ျမစ္ႀကီးဟာ တိုးေအးသေဘာၤႏွင့္တကြ သေဘာပၤါခရီးသည္မ်ားအားေရေအာက္သို႔ ဆြဲခ်ေခၚေဆာင္သြားခဲ့ေလေတာ့သည္။ တစ္ခ်ိဳ႕ကသေဘာေပၤၚမွပင္မထြက္ႏိုင္ခဲ့ၾကရွာေပ။ ဒီေလာက္အခ်ိန္တိုေလးအတြင္းမွာ အဘယ္သို႔လြတ္ေအာင္ေျပးႏိုင္ခဲ့ပါမည္နည္း။

မၾကာေသးမီကပင္ သက္ဝင္လႈပ္ရွားလွပခဲ့ေသာ ပန္းဆိုးတန္းဆိပ္ကမ္းေလးမွာ ယခုအခါမွာေတာ့ ကူပါ ကယ္ပါ ေအာ္သံ ဟစ္သံ ငိုသည္းသံေတြၾကားမွာ ကမာၻပ်က္မွ်ႀကဳံေတြ႕ေနရေလၿပီ။ ကူးတို႔ေလွေတြ ကူးတို႔သမၺာန္ေတြ လာကယ္ၾကတာေၾကာင့္ တစ္ခ်ိဳ႕မွာအသက္ခ်မ္းသာရာရခဲ့ေသာ္လည္း အမ်ားစုကေတာ့ ရန္ကုန္ျမစ္ႀကီး၏ ဝါးၿမိဳျခင္းကိုခံခဲ့ၾကရေလသည္။ ခန႔္မွန္းေျခ လူ300ခန႔္ဟုသာေျပာႏိုင္သျဖင့္ ေသဆုံးသူဦးေရကိုလည္းတိတိက်က်မေျပာႏိုင္ခဲ့ၾကေပ။

ေဖေဖာ္ဝါရီလ 27ရက္ေန႔မွာေတာ့ ဒလသေဘာက်ၤင္းေရွ႕က ဝတိ ံ ံသေဘာေပၤၚမွာ သံဃာ15ပါးကိုပင့္ဖိတ္ကာ ဆြမ္းေကြၽးၿပီး အသက္ဆုံးရႈံးခဲ့ရသူေတြအတြက္အမွ်ေဝေပးခဲ့ပါသည္။တစ္ဆက္တည္းမွာပင္ ထိုေန႔ညေန 5နာရီခြဲအခ်ိန္မွာလည္း အသက္ဆုံးရႈံးခဲ့ရသူေတြအတြက္ ေမတၱာပို႔ အမွ်ေဝၿပီး ပရိတ္႐ြတ္ပြဲအခမ္းအနားကိုပန္းဆိုးတန္း က်န္းမာေရးေဘာတံတားေပၚမွာျပဳလုပ္ေပးခဲ့ၿပီး ျမစ္႐ိုးတေလွ်ာက္ ေမတၱာေရသြန္းေလာင္း ဆုေတာင္းေပးခဲ့ၾကပါသည္။ ဆရာေတာ္ဘုရားမ်ား၏ ေမတၱာေရခ်မ္းႏွင့္အတူ က်န္ရစ္သူမိသားစုမ်ား၏ မ်က္ရည္စက္မ်ားက ရန္ကုန္ျမစ္တေလ်ာက္ စီးဝင္လ်က္။

ေသဆုံးသူေတြရဲ႕ခႏၶာကိုယ္ေတြကို ရက္ေတြအၾကာႀကီးဆက္ကာ ရွာေဖြေရးေတြ လုပ္ခဲ့ၾကရသည္။ 15ရက္ခန႔္အၾကာ တိုးေအးသေဘာအၤားေရေအာက္ကျပန္ေဖာ္အၿပီးမွာေတာ့ တစ္ႏိုင္ငံလုံး စိတ္အထိခိုက္ရဆုံး မ်က္ရည္မဆည္ႏိုင္စြာ ျမင္ေတြ႕ခဲ့ရသည့္ ျဖစ္ရပ္တစ္ခုကေတာ့ တိုးေအးသေဘာၤ၏သံဇကာကိုၿမဲၿမဲဆုပ္ကိုင္ရင္း ရင္ခြင္ထဲရွိကေလးငယ္အားပိုက္ကာေသဆုံးေနသည့္ အမ်ိဳးသမီးႏွင့္ကေလး႐ုပ္အေလာင္းႏွစ္ခုပါေပ။ ေရပိုး ေရမႊားတိုက္စားထားသည့္ ခႏၶာကိုယ္မွာအ႐ိုးစုမွ်ပင္ ႂကြင္းက်န္ေနခဲ့ေသာ္လည္း ရင္ခြင္ထဲရွိကေလးငယ္အား တင္းတင္းက်ပ္က်ပ္ပိုက္ေထြးလ်က္သားပင္။မိခင္ေမတၱာႀကီးမားလြန္းလွေပစြပါတကား။

ထိုအေၾကာင္းကိုလည္း ကဗ်ာဆရာသမိန္ေသာင္းက စိတ္မေကာင္းျခင္းႀကီးစြာျဖင့္ 1973ခုႏွစ္ ေမလထုတ္ ေငြတာရီမဂၢဇင္းမွာ ”တိုးေအးေပၚမွ အိုမိခင္” ဟု ဂုဏ္ျပဳေရးဖြဲ႕ခဲ့ေလသည္။

တိုးေအးသေဘာအၤား 1955 က ဂ်ပန္ႏိုင္ငံတြင္ တည္ေဆာက္ခဲ့ၿပီး 31.1.56 မွာ စတင္ အသုံးျပဳခဲ့ကာ
စ၍ သုံးစဥ္က ရန္ကုန္ တြံေတး ခရီးသည္ ပို႔ေဆာင္ေရးအတြက္သာသုံးခဲ့ၿပီး 1972 ဒီဇင္ဘာလေရာက္မွသာ ရန္ကုန္ ဒလ ခရီးစဥ္အတြက္ သုံးခဲ့ျခင္းပင္။
ထိုအခ်ိန္ကမေတာ္တဆမႈေၾကာင့္ တိုးေအးသေဘာကႋုစစ္ေဆးခဲ့ရာတြင္လည္း ခ်ိဳ႕ယြင္းခ်က္မရွိခဲ့ေပ။ သို႔ပါေသာ္လည္း ျဖစ္ျပန္ ပ်က္ျပန္ ေလာကဓံအားရင္ဆိုင္အံတု၍မရခဲ့ပါေခ်။

ဂ်ပန္သေဘာကၤုမၸဏီကေတာ့ ေသဆုံးသူေတြနဲ႔ ထိခိုက္ဒဏ္ရာရသူေတြအတြက္ ကူညီေထာက္ပံ့ေငြ ေဒၚလာ 2ေသာင္းနဲ႔ ျမန္မာေငြ 48038 က်ပ္ တန္ ခ်က္ လက္မွတ္ တစ္ေစာင္ ကိုျမန္မာႏိုင္ငံၾကက္ေျခနီအသင္းထံ ေပးအပ္ခဲ့ၿပီး
သက္ဆိုင္ရာတာဝန္ရွိသူေတြကလည္း က က်န္ရစ္သူ မိသားစုဝင္ေတြထံသို႔ 380 က်ပ္ 50 ျပား ေပးခဲ့ပါသည္။

ယခုဆိုလွ်င္ ထိုေၾကကြဲဖြယ္ရာ အျဖစ္ဆိုးႀကီးႀကဳံေတြ႕ခဲ့ရသည္မွာ 44ႏွစ္ပင္ရွိခဲ့ေခ်ၿပီ ။ရင္ဆိုင္ႀကဳံေတြ႕ခဲ့ရသူမ်ား က်န္ရစ္သူမိသားစုဝင္မ်ားကေတာ့ မေန႔တစ္ေန႔ကကဲ့သို႔ပင္ ေမ့ႏိုင္မည္မထင္ပါေခ်။ တာဝန္ရွိသူမ်ား၏ေပါ့ဆမႈ တာဝန္မဲ့မႈမ်ားေၾကာင့္ မိသားစုမ်ားၿပိဳကြဲကာ အသက္ေတြစေတးခဲ့ၾကရသည့္ အျဖစ္ဆိုးမ်ား ေနာက္ဘယ္ေသာအခါမွ် မႀကဳံေတြ႕ၾကပါေစႏွင့္ေတာ့ဟု ဆုေတာင္းရင္း ဖတ္မိေလတိုင္း မ်က္ရည္ဝိုင္းခဲ့ရသည့္ ကဗ်ာဆရာသမိန္ေသာင္း၏ ”တိုးေအးေပၚမွ အိုမိခင္” ကဗ်ာေလးျဖင့္ ကမာၻေပၚရွိအေမမ်ားအားလုံးကို ဦးၫႊတ္ဂါရဝျပဳလိုက္ပါသည္။

”တိုးေအးေပၚမွ အိုမိခင္”

မေမွ်ာ္မလင့္ မိုးႀကိဳးသင့္လို႔
ရင္နင့္ဖြယ္ရာ သည္းဆတ္ခါမွ်
ကံၾကမၼာဆိုး လြမ္းဇာတ္ပ်ိဳးသည္
တိုးေအးနစ္ေသာထိုတစ္ေန႔။
ထိုေန႔မွသည္ ညညေန႔ေန႔
ျမင္ေတြ႕မေကာင္း သည္ျဖစ္ေၾကာင္းမွာ
အေလာင္းထပ္မွ် ျမင္ခဲ့ရ။
ေန႔ရက္လ်ား၍
ဆယ့္ငါးရက္ေျမာက္ ခါခ်ိန္ေရာက္မွ
ေရေအာက္ကေဖာ္ ”တိုးေအး”ေပၚဝယ္
ညႇိဳးေလ်ာ္ေၾကကြဲ မိခင္ဇြဲကို
အသည္းနင့္ဖြယ္ျမင္ရ၏ ။
အ႐ိုးစုမွ် ႂကြင္းေသာ္မွ်ပင္
ခ်စ္လွရင္ေသြး သူ႔ကေလးအား
ေထြးဆဲ ပိုက္ဆဲ ယုယဆဲဟု
သည္းသည္းမည္းမည္းျပေနသူ။
ေရစီးကလႈပ္ လႈိင္းကပုတ္၍
စုပ္သည့္ေရမႊား စားသည့္ေရပိုး
အေၾကာင္းဆိုးလည္း
တိုးကာ ကပ္ကာ ေမ့သည္းခ်ာအား
မကြာမကြဲ ေပြ႕ပိုက္ဆဲ။
အို………မိခင္
သင္ေဘးကင္းရာ
ကူးခတ္ပါ၍ လြတ္ရာအေဝး
ေျပးႏိုင္ပါလ်က္ မေျပးရက္၍
အသက္စေတးလိုက္ေရာ့လား။
အို……… မိခင္
‘ကိုယ္လွ်င္မခ်ိ အမိေသာ္လည္း သားေတာ္ခဲ ”ဟု
စြဲလာဆိုထုံး စကားလုံးကို
ေခ်မႈန္းေတာ္လွန္လိုက္ေရာ့လား။
အို…… မိခင္
သင္ႏွင့္အတူ သင့္သည္းအူႏွယ္
ရည္တူျပည့္သိပ္ မိခင္စိတ္ျဖင့္
ယိုဖိတ္ေမတၱာ ေစတနာကို
ခါခါဦးၫႊတ္လိုက္ပါ၏ ။

အမ္ႏိုင္း (oasis)”