” ချစ်ဝိညာဉ် ”(စ/ဆုံး)

Unicode Version

” ချစ်ဝိညာဉ် ”(စ/ဆုံး)
———————

ထိုနေ့မှာ (၂) နာရီမှ (၄) နာရီပွဲအထိ စကော့ရေး(ဗိုလ်ချုပ်ရေး) အပေါ်ထပ် ခန်းမကြီးတွင် ပန်းချီပြပွဲကြီးကို ဖွင့်လှစ်ထားသော နေ့ဖြစ်သည့်အတိုင်း၊ ဈေးကြီး၏ အကောင်းဘက်မျက်နှာတွင် ကိုက်ကား၊ကားခြရကာတို့ယှက်ခက် လျက်ရှိ၏။ရောင်စိုခြယ်သော အဂများကိုက်၍သာာမိန်းးကြီးငယ်တို့သည်
ပြပွဲန်ကြီးကို ရောင်စုံပန်းချီကားတစ်ချပ်သဖွယ်တင့်တယ်စေ၏။ အအနားကို ပို၍စမ်းနားစေ၏၊
ဥရောပတိုက်သား စုံတွဲများပင်လျှင် ဝတ်စားထားသည့် ဆေးရောင်စုံ ပိုးဖဲများ ကို ပြင်ရသောအခါ ဒါကြောင့်လည်း သူတို့ မြန်မာပြည်ကို Silkcn East အ တစ်လွှားမှာပိုးသားချည်းပဲလို့ခခကြm pkကူးပေါက်မိကြ၏။ ထိုပန်းချီပြပွဲ ကြီးမှာ အင်းဘုံမြို့မှ ရောက်ရှိလာသောတရှင်ပန်းချီရာကြီးတစ်ဦး၏ကားများ ကို ရှေးဦးစွာ အကြောင်းပြ၍ တရင်လူငယ်များ အသင်းကြီး၊ ကမာငပြုလုပ် ကျင်းပသောပြပွဲကြီးဖြစ်ရာ တရုတ်လူမျိုးများ ငရုတ် – ဗမာကပြားများလည်းအများ ပင်လာရောက်ကြည့်ရှုကြသည်။

ပန်းချီကားများမှာ ရှုမျှော်ခင်းများ၊ တောပုံတောင်ပုံ၊နိုင်ငံရေးသမားများ၏
ပုံတူများ၊ တိရစ္ဆာန်အမျိုးမျိုးပုံ၊ ယာဉ်
အမျိုးမျိုး၏ပုံ၊ ပန်းပင်အမျိုးမျိုးနှင့်ပန်းဖူး
ပန်းပွင့်များပုံ စသည်ဖြင့် ခွဲခြားထားရာ
တရုတ်သူဌေးများသည်ပန်းချီဆရာကြီး
၏ ပုံများကို ချီးမြှင့်သောအားဖြင့် (၂၅)
ကျပ်မှ (၂၀၀) ကျပ်အထိ တန်ဖိုးထား
သောကားများကိုအသီးသီးဝယ်ကြလေသည်။
ထိုပန်းချီကားများထဲတွင် မြန်မာ
ပန်းချီဆရာကြီးများရေးသော ပန်းချီ
ကားများလည်းကားပေါင်း(၅၀)ကျော်
ခန့်ပါရှိရာအချို့ကားများမှာပန်းချီဆရာ
ဟုအမည်မခံသောအရပ်သားများအချို့
ကားများမှာ ပန်၊ချီဆရာဟု အမည်မခံ သော အရပ်သားများ အပျော်ရေ၊ဆွဲ သည့်ရှုမျှော်ခင်းကား(၁၀)ချပ်ခန့် ပါဝင် ၏။ထိုကားများအနက်အချို့ကားများမှာ
ရွက်ကြမ်းရေကျိုမှုဖြစ်သော်လည်းကား
(၂) ချပ်၊ (၃) ရပ်မှာ ပန်းချီဆရာမျက်စိ အားဖြင့် အလင်းအမှောင်၊ အချိုးအစား
ဆေးသားတင်ပုံမှစ၍ နာမည်ကျော်
ပန်းချီဆရာကြီးများ လက်ရာနှင့် ယှဉ်
ပြိုင်နိုင်သည့်ကားများ ဖြစ်လေသည်။
ရှုမျှော်ခင်းကားများမှာ အခန်းကြီး ၏အရှေ့ဘက်အစွန်းတွင် သီးသန့်ထား ရှိသည်ဖြစ်ရာ အခြားနေရာများနှင့် နှိုင်း စာလျှင် ကြည့်သူ နည်းပါးလေသည်။ ယခုရေးသားဖော်ပြသောအချိန်၌
ကား အသက် (၂၅)နှစ်ခန့်ရှိ မိန်းမပျို
တစ်ယောက်သည် ရှုမျှော်စင်းကားတစ်
ကားကို စူးစူးစိုက်စိုက် ကြည့်ရှုလျက်
ရှိ၏။၎င်းမှာစိန်၊ရွှေလက်ဝတ်လက်စား
အပြည့်အစုံဝတ်ကာ သနပ်ခါးရောင်
ဘန်ကောက်လုံချည် နှင့် ပါးလွှာသော
ပိုးညွန့်အဖြူအင်္ကျီကို ဝတ်ဆင်ထားရာ
အသားနှင့် အဝတ်မှာ အရောင်ဟပ်
လျက်ရှိရုံမျှမက ပျော့ပျောင်းသော
အဝတ်များသည်အချိုးအချိတ်ကျသော
ပင်ကိုရုပ်လုံးပုံကိုအထင်မှတ်သို့ရောက်
စေရန် ဖန်တီးပေးသကဲ့သို့ ရှိ၏။ ငှက်
ပျောညွန့်အင်္ကျီမှာ ပဒုမ္မာလောက် မပါ။ လှသော်လည်းမို့မောက်သောအောက်ခံ
ဘော်လီကို မထင်မရှားမြင်ရသဖြင့် ဤ သို့ မထင်မရှားမြင်ရခြင်းမှာ ထင်ထင်
ရှားရှားမြင်ရခြင်းထက်ပင်အာရုံစိုက်သူ
များအတွက် ထိရောက်စေလေသည်။ လက်ဝဲဘက်တွင် သာ၊ရေအိတ်အနက် ကလေးတစ်လုံးကို ဆွဲထားသဖြင့် ထို
လက်မှ လက်ကောက်ဝတ်တွင် လေး ထောင့်ပုံ စိန်းလက်ပတ်နာရီကလေးကို
အထင်းသားမြင်ရ၏။ ဆီမွှေး၊ ပေါင်ဒါနှင့်
ရေမွှေးနံ့များသည် ၎င်းအနီးတွင် ကြိုင် လှိုင်လျက် ရှိလေသည်။
မိန်းမပျို၏နောက်မနီးမဝေး၌ကား
အသက် (၃၅)ခန့်ရှိသူ တစ်ယောက်
သည်ထိုမိန်းမ၏အပြုအမူကို မှတ်သား
ကြည့်ရှုလျက်ရှိ၏။ ထိုလူမှာမျက်နှာခပ်
သွယ်သွယ်နှင့် မျက်လုံးကောင်း၊ နှာတံ
ကောင်းဖြစ်ရာအညိုရောင်ဘန်ကောက်
လုံချည်ကွင်းနှင့်မီးခိုးရောင်သက္ကလတ်
အင်္ကျီကိုဝတ်ဆင်ထား၏။ မျက်နှာသွယ် သော်လည်း၊ မေးရိုးများမှာ ကြံ့ခိုင်တောင့် ဘင်းဟန်ရှိ၍ တည်ကြည်ခန့်ညားသူ
တစ်ယောက်ဖြစ်လေသည်။ ၎င်း၏သား
ရေခါးပတ်၌ လက်ဝဲဘက်မှ ရောင် လက်ကိုင်ဖြင့် ခြောက်လုံးပြူး သေနတ် ကလေးကိုထိုးထားလေသည်။
သနပ်ခါးရောင် ဘန်ကောက်လုံ ချည်နှင့် မိန်းမပျိုသည် ပြပွဲစာရေးများ
ရှိရာသို့ လှမ်း၍ကြည့်လိုက်ရာ အလိုက် သိသော စာရေးတစ်ယောက်သည် ၎င်း ထံသို့ ခပ်သုတ်သုတ်လာခဲ့ပြီးနောက်- “ဘာအလိုရှိပါသလဲ- ခင်ဗျာ” “ဒီပန်းချီကားအဖိုးကရေးထားတဲ့
အတိုင်းပဲလား” “မှန်ပါတယ် ခင်ဗျာ”
“တစ်ရာ့အဂိတ်ကဲ့” “မှန်ပါတယ်”
“ရေဆေးနဲ့ ရေးထားတဲ့ကားကိုများ တစ်ရာ့အစိတ်ဆိုတာများတာပဲနော်”
“ဒီကားတွေက ပန်းချီဆရာဆွဲတဲ့
ကားမဟုတ်ဘူး။အရပ်သားဆွဲတဲ့ကာ၊
တွေပါ။ သူတို့သဘောအတိုင်း တန်ဖိုး
ထားကြပါတယ်”
မိန်းမပျိုသည် ကားအနီ၊သို့ကပ်၍
ရေးဆွဲသူအမည်ကို ကြည့်ပြီးနောက်
“ထွန်းမြတ်တဲ့၊ ကျွန်မ တစ်ခါဖတ်ပြီး
ပါပြီ။ ပန်းချီဆရာနာမည်ကျော်ထဲ
ကလည်း ဦးထွန်းမြတ် မကြားဖူးပါဘူး။
နို့ပေမဲ့ -ကားက အတော်ကောင်းတဲ့
ကာ၊ နေဝင်ချိန်မှာ ဘုရားက အရောင်
တွေဟပ်ပြီးတိမ်နဲ့ရောစပ်နေတဲ့ပုံနဲ့ကန်
တော်ကြီးထဲမှာ နံဘေးက အမှောင်ရိပ် သမ်းလာတဲ့ပုံစတွေဟာအတော်သဘာဝ
ကျတယ်”
ခြောက်လုံးပြူးသေနတ်နှင့် လူ
သည် မိန်းမပျိုဘက်သို့လှည့်ကာ မသိ
မသာပြုံးလိုက်ရာ မိန်းမပျိုနှင့် မျက်နှာ
ချင်းဆိုင် ဆုံသွားသဖြင့် မိန်းမပျိုသည်
ဦးခေါင်းကို အောက်သို့ ငုံ့လိုက်လေ၏။
သေနတ်နှင့်လူလည်း မိန်းမပျိုအနီးသို့
ကပ်လာလေသည်။
“ဒီကားကို လိုချင်လို့လား”
“ဟုတ်ကဲ့”
“ထွန်းမြတ်ဆိုတာကျွန်တော်ပါပဲ”
“ဪ- ဟုတ်လား၊ နို့ – ကြည့်ရ တာပန်းချီဆရာနဲ့လည်း မတူဘူး”
“ကျွန်တော် ပန်းချီဆရာလည်း
မဟုတ်ပါဘူး။ စုံထောက် အင်စပက်
တော်တစ်ယောက်ပါ
“ဒီလို ပန်၊ချီရေးသူကိုယ်တိုင်နဲ့ တွေ့ရတာဝမ်းသာပါတယ်ရှင်”
“ဟုတ်ကဲ့ – ဒီကလည်း အစုလို
အားပေးတဲ့သဘောနဲ့ ပန်းချီကားကို နှစ်သက်တဲ့လူကို တွေ့ရတာ ဝမ်၊သာပေါ
တယ်။ ပြီးတော့ – အဘိုးကို ကျွန်တော်
လျှော့ပေ။နိင်ပါတယ်”
“မလျှော့ပါနဲ့ရှင်- ရှိပါစေ။ ကျွန်မ
ပေးနိုင်ပါတယ်။ ဒါထက် မျက်မြင်ရေး
တာပေါ့ဒနော်”
“ဟုတ်ကဲ့ – နေဝင်ချိန် ကန်တော်
ကြီးတေင်းမှာ သွားပြီးကွဲတဲ့ကာပါ”
“လက်ရာကလေးကို ကျွန်မ သိပ်
သဘောကျတာပဲ။ ပန်းချီသင်းသား
“မသင်ဖူးပါဘူ။ နို့ပေမဲ့ – ရှေ၊က
ပန်းချီဆရာကြီးတွေရေးတဲ့ကားတွေ
အခု မြို့ပေါ်က ဆရာဦးဘဉာဏ်၊ ပန်းရီ
ကျော်ဦးငွေကိုင်တို့၊ ဦးအုန်းလွင်တို့၊ ဦးဘဇော်တို့၊ ဆရာဆောင်တို့ ရေးတဲ့ ကားတွေကြည့်၊ တွေ့တဲ့ ကြုံတဲ့အခါ ၊သင့်၊ စမ်းသင့်တာအတွေးဝမ်းလုပ်
ပညာဆည်းပူးတာပါပဲ။ သင်ဆရာရယ်
လို့ တိတိကျကျ မရှိပါဘူး။ မြင်ဆရာ

“လူပုံကိုကာ ပုံတူဆွဲဘူးလား” “ဆွဲလေ့ဆွဲထ မရှိဘူး။ နို့ပေမဲ့- ဆွဲနိုင်ပါတယ်။ နေပါဦ။ – ပုံတူတွဲရင်လို့
လားထိုခဏ၌ စာရေးကလေးသည်
အရုပ်ကားကြီးကို စက္ကူထူတစ်ချပ်ဖြင့်
လိပ်ပြီးလျှင် လာရောက်ပေးအပ်သဖြင့်
မိန်းမပျိုသည်မိမိမော်တော်ကာ၊ပေါ်သို့
သွားရောက်တင်ပို့ရန်ပြောသဖြင့် မိန်းမ
ပျို့ညွှန်ကြားသည့်အတိုင်းစာရေးမှတစ်
ဆင့် ဒရဝမ်ကုလာ၊သည် ကာ၊ဆီသို့
သွားရောက်ပို့လေသည်။ မိန်းမပျိုသည်
ငွေ (၁၂၅) ကျပ်ကို စားရ၊လက်ထဲသို့ ထည့်လိုက်ရာပြေစာလက်မှတ်ကလေး တစ်စောင်ကိုရရှိလေသည်။
“လာပါ -အစ်ကိုကြီးရယ်။ ဒီမှာ စကားပြောရတာမကောင်းပါဘူ၊” စုံထောက်အင်စပက်တော် မောင်
ထွန်းမြတ်သည် မိန်းမပျို၏ ရဲတင်းဖျတ်
လက်သောအမူအရာကိုမြင်ရသောအခါ
အတော်ထူးဆန်းသည်နှင့်၎င်းနှင့်အတူ
လိုက်ပါသွားလေ၏။ အောက်ထပ်သို့
ရောက်၍ ပိန်၊မပျိုက ကားတစ်စီးကို
လက်ပြလိုက်ရာအပြာရောင်ဆီဒန်ကား၊ ကြီးတစ်စီးသည် ပလက်ဖောင်းဘေးသို့

ဆိုက်ကပ်လာ၍ ကုလားဒရိုင်ဘာသည်
တံခါးကို ရိုသေစွာ ဖွင့်ပေးလေ၏။ မိန်းမ
ပျိုသည် မောင်ထွန်းမြတ်ကို ရှေးဦးစွာ
နေရာပေး၍ ထိုင်စေပြီးလျှင် ဒရိုင်ဘာ
အားကွန်တီနင်တယ်ဟိုတယ်သို့မောင်း၊
မိန်းမပျိုသည် လန့်(ချ)ခေါ်နေ့
လယ်စာ နစ်ပွဲကို မှာယူပြီးနောက် ပုံ
ထောက် အင်စပက်တော် မောင်ထွန်း
မြတ်အား ပန်းချီပညာနှင့် ပတ်သက်
သောစကားများကို ဖော်ရွေစွာ ဖြေဆို
လျက် ရှိ၏။
“ပုံတူဆွဲတာက ဘယ် သူ့ပုံပါ
“ကျွန်မယောက်ျားပုံ အစ်ကိုကြီး
“လူကိုကြည့်ပြီးဆွဲရရင် ဆွဲနိုင်တာပေါ့ဗျာ”
“လူက မရှိတော့ဘူးရှင့်။ ဆုံးပြီ”
“ဒါဖြင့်လည်း ဓာတ်ပုံကြည့်ပြီး၊ ဆွဲ
ရင်ပြီးတာပဲ”
“ဓာတ်ပုံလည်းမရှိလို့ ခက်တာပေါ့ရှင်”
“ဒါဖြင့် ဘာကိုကြည့်ပြီ။ ဘွဲ့ရမှာ
ကိုရုပ်လုံးထုထားတာ ရှိတယ်

အစ်ကိုကြီးရဲ့။ မန္တလေးမှာ နေတုန်းက
ပန်းပုဆရာကြီးတစ်ယောက်က
ထုပေးတဲ့ပုံတူအရုပ်ကြီးတစ်ရုပ် ရှိတယ်၊ အဲဒါ ကို ကြည့်ပြီး ကွဲရလိမ့်မယ်”
“ဒီလို ရုပ်လုံးကြည့်ပြီး တစ်ခါမျှ
တော့မဆွဲဖူ၊ဘူး”
“ဒါပေမဲ့… ကိစ္စမရှိပါဘူးအပ်ကိုကြီး
ရယ်။စမ်းကြည့်တာပါ့။သည်လောက် လက်ရာကောင်းတဲ့လူတစ်ယောက်ဟာ
မတူဘဲ မရှိပါဘူး”
“စမ်းကြည့်ရတာပေါ့။ နို့ – အိမ်က
ဘယ်မှာလဲ”
“ဝင်ဒါမီယာလမ်းမှာ ဪ- အခု
မှ သတိရတယ်။ ကျွန်မ ကတ်ကလေး
တောင် အစ်ကိုဘကီးကို မပေးရသဘူး”
မိန်းမပျိုသည် ရွှေနားသတ်၍ထား
သာကတ်ပြားအဖြူကလေးကိုမောင်
ထွန်းမြတ်အားလုပ်၍ပေးလိုက်လေ၏။ ကတ်ပြားပေါ်၌ အင်္ဂလိပ်ဘာသာဖြင့် “ကတ်ပြားပုံ”ပါရှိ၏။
“အပ်ကိုကြီးက ပုလိပ်အလုပ် လုပ်
ပြီး ပန်းချီကို ဝါသနာပါတယ်နော် “ဝါသနာဆိုတာ အခက်သားပဲ။ အင်မတန် စွန့်နိုင်ခဲတယ်။ တစ်ခါတစ်ခါ တာနယ်ကို အမှုစုံထောက်သွားတာ

တောင်စုတ်တံနဲ့ဆေးရွက်ကလေးတော့
ဆောင်သွားသေးတယ်”
“ပန်းချီဆရာပဲ လုပ်ပါတော့ –
အပ်ကိုကြီးရယ်”
“ထမင်းဝရင်တော့ ကောင်းပါ
တယ်၊ ဒီလိုအပျော်ဆွဲတာတောင် မိန်းမ
ရှိတုန်းကများ သိပ်ပြီးဆူတယ်” “ရှိတုန်းကများဆိုတော့အခု ဘယ်
သွားပဲ” “ဆုံးရှာပြီ”
“အို-လက်စသတ်တော့မြနဲ့ကံတူ အကျိုးပေးပဲနော်၊ အစ်ကိုကြီးနဲ့ တွေ့ ရတာမြ သိပ်ဝမ်းသာတယ်၊ နေပါဦး- အစ်ကိုကြီး ဘယ်တော့လာနိုင်မလဲ”
“ဒီကနေ့(၁၂)ရက်၊ကြာသပတေး
နေ့နော်၊ (၁၅) ရက်နေ့လာခဲ့မယ်”
“တနင်္ဂနွေနေ့ပေါ့” “ဟုတ်ကဲ့”
“ကိုင်း- ဒါဖြင့်အသင့်ပြင်ထားမယ်။ ပုံဆွဲကိရိယာတွေပါ တစ်ခါတည်းယူခဲ့ ပေတော့။ ဟုတ်လား-အစ်ကိုကြီး”
“ယူခဲ့ပါယ်။ စိတ်ချပါ (၁၀) နာရီ
လောက် လာခဲ့မယ်”
၎င်းနောက် မောင်ထွန်းပြတ်သည်
ဟိုတယ်ပေါ်မှ ဆင်းခဲ့ပြီးလျှင် ကျောက်

တံတားဌာနာသို့ လာစိုလေ၏။
တနင်္ဂနွေနေ့၌ နံနက် ( ၁၀) နာရီ ကျော်ချိန်လောက်တွင် နံ့သာပြိုင်ခြံကြီး
ရှေ့သို့ ကားကလေးတစ်စီ၊ ဆိုက်လာ၍
အင်စက်တော် မောင်ထွန်းပြတ်သည်
သားရေအိတ်အပြာကလေးတစ်ခုကို
ကိုင်ကာ ကားပေါ်မှဆင်း၍ အိမ်ထဲသို့
ဝင်ခဲ့လေ၏။အိမ်အောက်ထပ်၌ရှိသော
တံခါ၊စောင့်သည် မောင်ထွန်းမြတ်အား
ခေတ္တမျှ စောင့်နေစေပြီလျှင်အိမ်ပေါ်သို့
တက်သွားပြီးနောက်အိမ်ပေါ်မှပြန်ဆင်း
လာသောအခါ အပေါ်ထပ်သို့ ခေါ်သွား
လေ။ အိမ်ကြီးမှာ အိမ်ဟောင်းကြီး
တစ်ထောင်ဖြစ်သော်လည်းအိမ်ရှေ့တင်
ဝင်နှင့်အပေါ်ဝရန်တာထာ၊ပုံအပေါ်ထပ်
သို့လက်ဝဲလက်ယာတက်ရန်လှေကား
တပ်ဆင်ပုံ၊ ကျောက်စရစ်လမ်းများနှင့်
ပန်းပင်များ ရှိနေပုံတို့မှာ ယခင်ကက
အိမ်တွင် ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာ
သာသူတစ်ဦးနခဲ့ဖူးသည့်လက္ခဏာ
ကို ပြလျက်ရှိ၏။ အပေါ်ထပ်ရှိ အတွင်း ခန်းများမှာ ခန်းလုံးပြည့် ကော်ဇောကြီး များဖြင့် ခင်းကျင်းထားရှိလေသည်။ မိမိမြသည်ဧည့်ခန်းဝသို့လာရောက်ကြိုဆို လျက် ရှိလေသည်။
ဪ-အစ်ကိုကြီး ရောက်လာမှ ကိုး။ထိုင်ပါ-ထိုင်ပါ။ ဒီကနေ့ အားတယ်နော်”
“အားတယ်လို့တော့မဟုတ်ပါဘူး။ ဝါသနာပါတဲ့အလုပ်ဖို့အချိန်ယူပြီး လုပ်
တာပါပဲ”
“တနင်္ဂနွေနေ့ပဲ-အစ်ကိုကြီးရဲ့ “တနင်္ဂနွေနေ့ပေမယ့် ညနေ(၃) နာရီမှာမင်းကြီးကစဏခေါ်ထားတဲ့ကိစ္စ
တစ်ခုရှိသေးတယ် – မြရဲ့
“ညနေ (၃) နာရီမှ ဟုတ်လား။ အချိန်အများကြီးရတာပဲ” ဆိုဖာကြီးများမှာဇည့်ခန်းတွင် ခမ်း
နားစွာပြင်ဆင်ထားရှိပြီးလျှင် ပေါင်ရင်း
မုဘုရားကျောင်းဆောင်နှင့်တကွနံဘေး
တစ်ဖက်တစ်ချက်တွင် ထားရှိသော
ရေဒီယို၊စန္ဒရားများသည်လည်းကောင်း၊
လူတစ်ရပ်မျှမြင့်သော ခုံများပေါ်တွင်
ငွေပန်းအိုးကြီးများဖြင့် တင်ထားသော
သစ္စာပန်းဝိုင်များသည်လည်းကောင်း၊
ဗန်ဒိုင်းများဖြင့် အလှဆွဲထားသော
ဓာတ်မီးလုံးများသည်လည်းကောင်၊
အိမ်၏ ကျက်သရေကို ဆောင်လျက်ရှိ

၏။မိမိမြသည်ကော်ဖီများ၊ကိတ်မုန့်များ၊
ကက်(ပ)စတန်စီးကရက်များဖြင့်မောင်
ထွန်းမြအား ဖော်ရွေစွာ ဧည့်ခံလေ၏။
“အစ်ကိုကြီးကတော့ မြကိုတစ်မျိုး
လို့ထင်မှာပဲ”
“ဘာပြုလို့လဲ”
“မြက ဘယ်လောက်ပဲ သူစိမ်၊ဖြစ် ဖြစ်းဖော်ဖော်ရွေရွေ ချစ်ချစ်ခင်ခင်ပြော တတ် ထိုတတ်တယ်”
“သည်တော့ ဘာဖြစ်သလဲ”
“အို-အစ်ကိုကြီးကလည်း။ နေပါ ဦး။ပုံဆွဲကိရိယာတွေပါလာတယ်နော်” “ပါပါတယ်။ ဘယ်မှာလဲ – မြ ယောက်ျား အရုပ်ဆိုတာ”
“နေပါဦး-အပ်ကိုကြီးရယ်၊ ဖြည်း
ဖြည်းပေါ့၊ ကာပိကလေးများ သောက်စမ်းပါဦး”
“မြ-အခု ဘယ်သူနဲ့ နေသလဲ”
“ဒေါ်ဒေါ်နဲ့ နေတယ်၊ အိမ်မှာဝိုင်းဖို့
သူငယ်ကလေ၊တစ်ယောက်၊ ဒရဝမ်
တစ်ယောက်၊ဒရိုင်ကုလားတစ်ယောက်၊
ထမင်းချက်တဲ့ အဒေါ်ကြီးတစ်ယောက်၊
ပြီးတော့သားလိုသမီးလိုကျွေးမွေးထား
တဲ့ကလေးမကလေးတစ်ယောက်သူတို့
နဲ့နေသာပေါ့”

၎င်းနောက် မိမိပြလည်း မိမိ မင်း ကတော်ဖြစ်စဉ်က ဝန်ထောက်မင်၊
ဦးအောင်သင်းနှင့် မန္တလေးမြို့တွင် နေခဲ့
ကြောင်း။ဝန်ထောက်ကြီးဆုံးသောအခါ
ဆွေမျိုးများရှိရာ ရန်ကုန်သို့ ပြောင်းလာ
ပြီးနောက်ဤခြံကြီးကိုသူဌေးတစ်ဦးထံ
မှအပိုင်ဝယ်လိုက်ကြောင်းပစ္စည်းများမှာ
ဝန်ထောက်ကြီး ကိုယ်တိုင်ရှိစဉ် ဘဏ်
တွင် အပ်ထားသော ငွေ (၃၀၀၀၀) မှ
ထားခဲ့သော လက်ဝတ်လက်စားနှင့်
အခြားပစ္စည်းများမှာ မိမိပိုင်ဖြစ်ကြောင်း။
မိမိအား လာရောက်စပ်ဟပ်သူများ
ရှိသော်လည်။ မည်သူ့ကိုမျှအလိုမကျ
သည်နှင့် မိမိကသာငြင်၊ပယ်ခဲ့ကြောင်း
ဖြင့် ပြောဆိုလျက် ရှိလေ၏။

မိမိမြသည် နောက်ဖေ၊အိပ်ခန်၊ ဘက်သို့ လှမ်း၍အသန်းရေ – ကော်ပီ
မရသေးဘူးလား”ဟု မေးလိုက်ရာ
“ဟုတ်ကဲ့-လာပြီ မမ”ဟု ချိုသာသော
အသံတစ်ခုကို ကြားရ၏။ ထို့နောက်
အသက် (၁၈)နှစ်ခန့်ရှိ ရုပ်ရည်သနား၊
ကမား မိန်းမပျိုကလေးတစ်ယောက်
သည် ငွေလင်ပန်းပေါ်တွင် ကော်ဖီနှင့်
ဘိစကွတ်မုန့်များကိုတင်ကာ စားပွဲဝိုင်း
ပေါ်သို့ ချလေ၏။ မိန်းမပျိုသည် အံ့အား
သင့်သော မျက်နှာဖြင့်ကြည့်ပြီးနောက်
မောင်ထွန်းမြတ်နှင့် မျက်လုံးချင်း ဆုံမိ
သည်နှင့်တစ်ပြိုင်နက် မျက်နှာကိုအခြား
ဘက်သို့ လွှဲလိုက်ပြီးလျှင် အခန်းတွင်း
သို့ဝင်သွားလေ၏။

မောင်လွန်၊ပြတ်သည် မြပြော သော ကားများတွင် ၎င်း၊ လာ ရောက်စပ်ဟပ်သူများများပြားကြောင်း မိမိကသာ ငြင်းပယ်လိုက်ကြောင်း စသည့် နောက်ဆုံးစကားများကို ရုတ် တရက် မယုံကြည်နိုင်သကဲ့သို့ ရှိစဉ်
ကော်ဒီပွဲယူလာသော ပိန်းမပျို၏ မျက်
နှာကို ပြင်လိုက်သည်နှင့် တစ်ပြိုင်နက်
ယခပ်က စဉ်၊စားချက်များကို မေ့လျှော
သွားပြီးလျှင် ကော်ဖီပွဲလာ၍ရသော
မိန်းမ၏ မျက်နှာကို မြင်ယောင်ပြီး လျင် “ငါသူ့ကို ဘယ်မှာ တွေ့ဖူးပါလိမ့် မလဲ”ဟုအတန်ကြာစဉ်းစားမိသေး၏။ ကော်စီသောက်ပြီးနောက် မိမိ
သည် ငွေစီးကရက်ဘူးကို မောင်ထွန်း

မြတ်အား ဖွင့်၍ပေးပြီးနောက် မိမိကိုယ် တိုင် တစ်လိပ်ကိုညှိ၍ သောက်ပြီးလျှပ် မောင်ထွန်းမြတ်၏ စီးကရက်ကို မီးညှိ၍ ပေး၏။ ၎င်းနောက် မိမိပြသည် မောင်
ထွန်းမြတ်အား အိမ်ခြေရင်းဘက်ရှိ
အခန်းတစ်ခန်းသို့ ခေါ်သွားလေ၏။
အခန်းမှာ ခြောက်ပေပတ်လည်ခန့်
ကျယ်ဝန်း၍မှောင်နှင့်မည်းမည်းရှိရာ မိမိ
မြက မှန်ပြတင်းပေါက်များကို ဖွင့်လိုက်
သောအခါမှ အတော်အတန် လင်း၍
သွားလေသည်။အရုပ်သည်မောင်ထွန်း
ပြတ်နှင့်ပိပိပြတို့အားမျက်တောင်မခတ်
ဘဲ စိမ်းစိမ်ကြည့်၍ နေဘိသကဲ့သို့ရာ
မောင်ထွန်းမြတ်မှာမည်သည့်အကြောင်း
ကြောင့်မသိ၊မွေးညင်းများပင်ထ၍သွား

သေး၏။ပုံသဏ္ဌာန်မှာအသက်(၄၅)နှစ်
ခန့်ရှိ အရပ်အမောင်းထွားကျိုင်းသော
လူတစ်ယောက်၏ပုံဖြစ်၍ အကြမ်းဖျဉ်း
အားဖြင့် ရုပ်ကောင်းရှိသူတစ်ယောက်
ပုံပေတည်း။ အရုပ်မှာ မျက်နှာကသာ
လူနှင့်တူသည် မဟုတ်။ မတ်တတ်ရပ်
နေပုံနှင့် ခြေလက်အနေအထားတို့မှာ
လည်း ပကတီလူကဲ့သို့ အချိုးအစား
လှပေ၏။အရုပ်ကိုလူပကတိနှင့်ပို၍
တူစေရန် မီးခိုးရောင်သက္ကလတ်တိုက်ပုံ
ရင်စေ့အင်္ကျီနှင့် မန်ကျည်းစေ့ကွက်
လုံစည်ကွင်းကိုလည်းကောင်။ ခြေတွင်
ခြေအိတ်နှင့် သာ၊ရေနောက်ပိတ်ကို
လည်းကောင်း ဝတ်ဆင်ထားသည်ဖြစ်
ရာ ရုတ်တရက် ကြည့်လိုက်လျှင်မှု လူ အစစ်ပင်အမှတ်တမဲ့ထင်ရလေ၏။ “သိပ်ပြီးလူနဲ့တူတာပဲနော်။အများကြီး ချီးမွမ်၊လောက်တဲ့လက်ရာပဲ” “ဟုတ်တယ် – အစ်ကိုကြီးရဲ့၊ ဒီ အရုပ်ကို ကြည့်ပြီး ဆွဲရမှာပဲ”
မောင်ထွန်းမြတ်မှာဦးခေါင်းကိုပင် ညိတ်လိုက်ရသော်လည်း ပုံဆွဲရန် စိတ် မပါလှသကဲ့သို့ ရှိနေ၏။
“ဘယ်နေရာမှာဆွဲဖို့ စီစဉ်မလဲ-
အစ်ကိုကြီး
“အပြင်ခန်းကိုယူပြီး ဘွဲ့ရရင် မကောင်းဘူးလား”
“ဤကဲ့သို့ ပြောလိုက်ခြင်းမှာ ဤ
အခန်းထဲတွင် မိမိ တစ်ယောက်တည်း
မဆွဲလိုဘဲ ကျယ်ဝန်းသောအပြင်ဧည့်
ခန်းသို့ယူ၍ ရေးဆွဲရန် အကြံနှင့် ပြော
လိုက်ခြင်း ဖြစ်သည်။
“ဒီမှာလည်း အကောင်းသားပဲ အစ်ကိုကြီးရဲ့ မှန်ပြတင်းတွေ ဖွင့်ထား ရင် လင်းပါတယ်၊ အပြင်မှာဆိုတော့ အယူရအပြုရလည်းခက်တယ်၊ပြီးတော့ ဧည့်သည်စောင်သည်တွေလာရင်”
“ဒါဖြင့်-ဒီမှာပဲဆွဲတာပေါ့လေ”ဟု
မောင်ထွန်းမြတ်မှာ နောက်ဆုံးပြော
လိုက်ရလေ၏။
မိမိမြသည်လေးထောင့်စားပွဲတစ် လုံး။ကုလားထိုင်နှစ်လုံး၊ တိုလီမိုလီတင်
ရန် စားပွဲဝိုင်းကဖလေးတစ်လုံးတို့ဖြင့်
သဘောအတိုင်းရေးဆွဲနိုင်ရန်နေရာကို
ပြင်ဆင်၍ပေးစေ၏။၎င်းနောက်အစေခံ
တစ်ယောက်သည် ရေထည့်သော ဖန်
ရွက်နှင့် ငွေစီးကရက်ဘူးကို စားပွဲဝိုင်း
ပေါ်၌တင်ထားလေသည်။

“ကိုင်း-စပြီး ဆွဲပေတော့ အစ်ကို
ကြီး။ကျွန်မအနားမှာနေရင်အစ်ကိုကြီး မှာသမာဓိမရဘဲရှိနေမယ်”ဟု ပြောဆို ကာအခန်းပြင်သို့ ထွက်သွားလေ၏။ မောင်ထွန်းမြတ် ရွက်ထည်ဖျင် လိပ်ကိုဖြန့်လျက်ကားကြက်ကာအရုပ် ၏အတိုင်းအထွာ၊အချိုးအစားကိုကြည့်
ပြီးလျှင် ရွက်ထည်ပေါ်တွင်ခဲတံအမည်း
ဖြင့် စ၍ ရေးဆွဲလေ၏၊ ဤအတွင်း၌
ကော်ဖီလာ၍ပို့သော မိန်းမပျို၏
အကြောင်းကို တစ်ခါတစ်ရံ စိတ်ကူ၊မိ
သော်လည်းမည်သည့်နေရာတွင်တွေ့ခဲ့
ဇူးကြောင်း အစ ရှာမတွေ့နိုင်သဖြင့်
နောက်ဆုံး၌လက်လျှော့လိုက်ရ၏။
အခန်းတစ်ခုလုံးသည် လွန်စွာ
တိတ်ဆိတ်လျက်ရှိပြီးလျှင် အိမ်သူအိပ်
သားများ၏ အသံများကို မကြားရဘဲ
တစ်ခါတစ်ရံလမ်းပေါ်မှ ဖြတ်သန်းသွား
လာသောကားသံများသာလျှင် ထိတ်
ငြိမ်သောအခန်းကိုအသက်သွင်းလိုက်
သကဲ့သို့ ရှိစေ၏။ အရုပ်၏ အောက်ပိုင်း မှာ ခါးဦးထိ အကြမ်းလောင်းပြီဖြစ်၍ မောင်ထွန်းမြတ်သည် မျက်နှာပိုင်းရှိ မျက်ခုံးမျက်လုံ၊ နှာတံ၊ ပါးစပ် စသော

အရေးကြီးသော နေရာများကို အသေး စိတ်မှတ်သားရပြန်၏။
ဤသို့ မောင်ထွန်းမြတ် သည် အရေးကြီးသော အစိတ်အပိုင်းများကို တစ်ရပြီးလျှင်တစ်ခု ကြည့်ရှုရေးဆွဲ
လျက်ရှိစဉ်အရုပ်၏မျက်လုံးတစ်ဖက်မှ
မျက်တောင်သည် ဖျတ်ခနဲ ခတ်လိုက်
သကဲ့သို့ မှတ်ထင်ရသဖြင့် ခဲတံကိုပင်
လွှတ်၍ချလိုက်မိသဖြင့် ဤမျှလောက်
စိတ်ချောက်ချားရပါမည်လောဟု မိမိ
ကိုယ်ကိုပင် အပြစ်တင်မိသေး၏။ ထို
အချိန်၌ အိမ်တစ်ခုလုံးမှာ တိတ်ဆိတ်
စွာရှိနေသည်။မိုးဖွဲ့ကလေးများကျလာ
သဖြင့် အိမ်သွပ်မိုးပေါ်သို့ မို။ပေါက်
ကလေးများကျသံကိုပင် ထင်ရှားစွာ
ကြားရလေ၏။ အချိန်မှာ (၂) နာရီထိုး
ရန်(၁၅)မိနစ်မျှသာလိုတော့သည်ဖြစ်
ရာ ညောင်းလည်း ညောင်းညာလှပြီဖြစ်
၍အခန်းပြင်သို့ထွက်ခဲ့လေ၏။ဧည့်ခန်း
၌ကား အိမ်ငိုက်၍နေသော အစေခံ
ကလေးကို တွေ့ရလေ၏။
တစ်ခဏမျှကြာလတ်သော်အခန်း တစ်ခုဆီမှ ခြေသံကြားသဖြင့် ကြည်
လိုက်ရာ မိမိဆီသို့ တစ်လှမ်းချင်းလာ

နေသော မိမိမြကို တွေ့ရလေ၏။ မိမိမြ မှာ အိပ်ရာမှ ထလာဟန်လက္ခာဖြင့်
ဆံပင်ကို ကပိုကရိုပတ်လျက်ထားလ
ရာဤသို့သနပ်ခါးမပျက်တစ်ပျက်မျက်
နာကလေးနှင့် ဆံညွန့်၊ ဆံနွယ်များကျ၍
နေနေသော ဆံထုံးကလေ၊တို့မှာ ပြပွဲ
တွင် မိမိတွေ့ခဲ့ရသောပြုပြင်သပ်ရပ်စွာ
ထားရှိသောရုပ်ထက်ပင်သဘာဝကျကျ
ရှိလှသည်ဟု မောင်ထွန်းမြတ်၏ ပန်းချီ
မျက်စိနှင့် မှတ်ထင်ရ၏။
“ဘယ့်နှယ်လဲ-အစ်ကိုကြီးကို တစ်ယောက်တည်း ပစ်ထားခဲ့တာ
အတော်ပျင်းနေပြီ မှတ်တယ်” “မပျင်းလှပါဘူ။” “တော်တော်ပြီးသွားပြီလား”
“ဟုတ်ကဲ့ – အကြမ်းဖျဉ်းတော့
ပြီးပြီဆိုပါတော့။ နောက်တနင်္ဂနွေနေ့မှာ
ကြည့်ပျော်ရှုပျော် ရှိပါပြီ”
“အစုကာမကြည့်ရဘူးလား”
“ဟင့်အင်း – ရုနယ်ကြည့်လို့” “ဘာပြုလို့လဲ”
“မပြီးခင် ဗမာမမြင်စေနဲ့လို့ဆိုတာ
မကြားဖူးဘူးလာ၊”
“ဟဲ-ဟဲ-အဲဒါကြောင့်လား”

ထိုနေ့မှစမောင်ထွန်းမြတ်နှင့်မိမိမြ
တို့မှာ တစ်ယောက်နှင့်တစ်ယောက်
ရင်းနှီးသည်ထက် ရင်းနှီး၍လာခဲ့ရာ
မောင်ထွန်းမြတ်မှာ မိမိမြအိမ်သို့ တနင်္ဂ
နွေနေ့မဟုတ်သော အခြားနေ့များ၌ပင်
လာရောက်လည်ပတ်ခဲ့လေ၏။တစ်နေ့
သ၌ မောင်ထွန်းမြတ်သည် မိမိမြနှင့်
အတူ ဆိုဖာတစ်လုံးပေါ်တွင်ထိုင်လျက်
ရှိရာမှ ၎င်းင်၊က ဝင်းမှည့် သော အဆီ အသားဖြင့် ရွှန်းရွှန်၊အိအိရှိလှသော ကိုယ်ကို စူးစိုက်ကြည့်ရှုကာ ….
“နေပါဦး – မြရဲ့၊ ဝန်ထောက်မင်းပြီး တဲ့နောက်မြနဲ့စပ်တာဘယ်သူတွေလဲ”
“အို-အစ်ကိုကြီးကလည်း ဘာပြု လို့ဒါတွေသိချင်ရတာလဲ၊ စပ်တဲ့လူတွေ ကတော့အများကြီးပေါ့”
“အင်း – စပ်လည်း စပ်ကြပေမှာပဲ။
ရုပ်ကလည်း အအိုသာဆိုရ အပျိုက ရှုံး ပြန်တဲ့ စာလို ဖြစ်နေတာကိုး
“ဒါက ဘယ်လိုအဓိပ္ပာယ်လဲ-
အစ်ကိုကြီး
“အို -မြကလည်းဗျာ၊ သည်ဟာ
တောင် မသိဘူးလား” “မသိဘူး”

“မြကိုလေမြကဖွင့်မပြောရင်ဘယ် သူမျှအအိုမဆိုဘူး။အပျိုထင်မှာပဲ” “မြ-သည်လောက်ပဲ လှသလား
အစ်ကိုကြီးရဲ့”
“လှလည်းလှတယ်၊ပြီးတော့”
“ပြီးတော့ ဘာဖြစ်သလဲ”
“မြ-စိတ်မဆိုးနဲ့နော်”
“မဆိုးပါဘု၊”
“အဟုတ်လား” “အဟုတ်ပါ – အစ်ကိုကြီးရဲ့
“တကယ်နော်”
“အို- အစ်ကိုကြီးကလည်း၊စက်နေ
“လှလည်းလှတယ်။ချစ်စရာလည်း
ကောင်းတယ်။ကိုင်း – သိပြီလား” “ဟင်းနော်- အစ်ကိုကြီး မရိုးသားတော့ဘူး”
ထိုအခါ မောင်ထွန်းမြတ်သည် လူရိုးတစ်ယောက် ဖြစ်သည့်အတိုင်း
အကယ်၍မိမိမြသဘောတူညီကလက် ထပ်၍ ယူပါမည့်အကြောင်း မိမိမြမှာ အချစ်နှင့်ပတ်သက်၍ မစဉ်းစားတတ် သော ကျောင်းသားအရွယ်လည်း မဟုတ်သဖြင့် မိမိ၏မေတ္တာကိုဤကဲ့သို့
အတိအလင်းဖွင့်လှစ်ပြသည်ကို စိတ်
မဆိုးရန်အကြောင်းနှင့် တောင်းပန်ရာ ထိုအချိန်မှစ၍ ၎င်းတို့မှာ သမီးရည်းစား ဘဝသို့ရောက်ခဲ့ကြလေ၏။
နောက်တစ်နေ့၌ မောင်ထွန်းမြတ်
သည် လမ်း (၅၀) ရှိ မိမိတိုက်ခန်းတွင်
မိမိမြအကြောင်းကို စိတ်ကူးလျက် ထို
ညတွင်မိမိမကအိမ်သို့လာရန်ဖိတ်ခေါ်
ထားသဖြင့် မည်သည့်အဝတ်အစားကို
ဝတ်၍သွားမည်၊ မိမိမြနှင့် တွေ့လျှင်
အချစ်နှင့်ပတ်သက်၍ မည်သို့မည်ပုံ
စတင်ပြောဆိုမည်။ စသည်ဖြင့် တွေး
တောလျက်ရှိစဉ် အခန်းတံခါးခေါက်သံ
ကြားရသဖြင့် အစေခံက တံခါးကို ဖွင့်
ပေးလိုက်ရာ တစ်ဖက်တစ်ထည်ကို
ခေါင်းမြီးခြုံ၍ထားသောမိန်းကလေးတပ်
ယောက်သည် အခန်းတွင်းသို့ ဝင်လာ
လေ၏။ အနီးသို့ ရောက်လာသောအခါ
ထိုမိန်းကလေးသည် ဦးခေါင်၊နတဘက်
ကိုဖြုတ်၍ ချလိုက်သောအခါမှ ၎င်းမှာ မိမိမြအိမ်တွင် မွေးစားထားသည် ဆို သော အသန်းဆိုသူ မိန်းကလေးဖြစ်
ကြောင်း သိရလေသည်။
ဦးလေး-ကျွန်မကို မမှတ်မိဘူးလား

“မှတ်မိပါတယ်။ မိမိမြအိမ်က မဟုတ်လား”
“ဟုတ်ပါတယ်။ နို့ပေမဲ့-အရင်က ကျွန်မကို ဦးလေးဘယ်မှာတွေ့ဖူးတယ်
ဆိုတာမမှတ်မိဘူးလား”
“အင်း – ငါလည်းမိမိပြအိမ်မှာမင်းနဲ့
တွေ့တုန်းကအရင်က ဘယ်မှာ တွေ့ဖူ။
ပါလိမ့်မလဲဆိုတာ စဉ်းစားနေမိသေးတယ်”
“သတိမရသေးဘူးလား- ဦးလေး
“မရသေးပါဘူးကွယ်။ မင်းနာမည်ဘယ်သူ”
“အခုနာမည်ကအသန်း၊ ဦးလေးနဲ့ ပထမ(၂၇)လမ်းမှာ တွေ့တုန်းကအမာ
လေ၊ ဦးလေး- ကျွန်မကိုကယ်ပြီးကယ် ဆယ်ရေးတပ်ကို ပို့လိုက်တာ မမှတ်မိ တော့ဘူးလား – ဦးလေးရဲ့”
“အေး- ဟုတ်တယ်ဟေ့။ခုမှသတိ ရတယ်။ ကိုင်း- ပြောပါဦး။အခုဘယ်က
လာတာလဲ”
“မမကရေကျော်ကိုကိစ္စရှိလို့ ခိုင်း
လိုက်တာ၊အဆင်သင့်လို့ ဦးလေးဆီကို ဝင်လာတာ
“ဦးလေး ဒီမှာနေတာ ဘယ် နယ်သိသလဲ”
“မမကိုပေးခဲ့တဲ့ ဦးလေးကတ်ပြား
ကလေ။ကျွန်မ အတွေ့သားပဲ။နေပါဦး-
ဦးလေးက မမကိုလက်ထပ်ဖို့ကတိမပ။
ပြီးပြီမဟုတ်လာ။”
“အေး – ဟုတ်တယ်၊ ဘာပြုလို့လဲ”
“ဝန်ထောက်ကြီ၊ ဦ၊အောင်သင်း သေပြီးတဲ့နောက်၊ သူနဲ့ လာစပ်တဲ့ လူ တွေသူကမယူဘူးလို့ပြောတယ်မဟုတ်လား”
ဧ – ပြောတယ်”
“အဲဒါ-ညာထာ ဦးလေးရဲ့၊ ယောက်ျားမှ နှစ်ဝက်ရှိပြီ။ သူယူတဲ့ ယောက်ျားတွေလည်းအားလုံးသေတာ
“နှစ်ယောက်စလုံးသေသလာ။” “နှစ်ယောက်စလုံး သေတာမှ အိပ်
ရာထဲမှာ။ ဘာဖြစ်တယ် မသိဘူး။ ည
(၁၂)နာရီလောက်မှာသေတယ်။မနက်
ကျတော့လည်ပင်းမှာအညိုအမည်။စွဲလို့
တဲ့။ ကျွန်မတော့ ကိုယ်တိုင်မမြင်ရဘူး။
သူတို့ကိုမြင်ရတဲ့လူတွေကပြောတာပဲ။
ပြီးတော့-ဒီလိုသေရတာသူ့ယောက်ျား
ကြီးက သတ်လို့ဆိုပဲ ဦးလေးရဲ့ ကြံကြံဖန်ဗန်ကွယ်- မဟုတ်နိုင်တာ

“မဟုတ်ဘူး မပြောနဲ့အစ်ကိုကြီး။ သူ့ယောက်ျားကြီးဟာအစ်ကိုကြီးပန်းချီ ဆွဲတဲ့အရုပ်ကိုစွဲပြီးမကျွတ်ဘူးလို့ပြောကြတယ်”
“မယုံပါဘူး-အမာရယ်၊ ဒီဟာမျိုး
တွေ့ဦးလေးဘယ်တော့အယုံအကြည်မရှိဘူး”
“ကျွန်မအပေါ်မှာ ဦးလေး ကျေးဇူး
အများကြီးရှိတယ်၊ ဒါကြောင့် – ကျွန်မ
သိသလောက် ဦးလေးကို လာပြီးသတိတာ
“အေးကွယ် – ကျေးဖူးတင် ပါ
တယ်။ ကိုင်း- ပြန်ပြန်
“ကျွန်မလာတာဗျာ၊ မမသိပါစေ
နဲ့ – ဦးလေ။ရယ်”
“မတော်တာကွယ် – မသိစေရပါဘူး”
“ကိုင်း-ကျွန်မပြန်ဦးမယ်”
မိန်းကလေးပြန်သွားသောအခါမိမိ
အပေါ်တွင်မေတ္တာရှိလှသဖြင့်မိပြသည်
၎င်း၏အဖြစ်အပျက်မှန်များကို ဖုံးကွယ်
ထားကြောင်းများကိုဆက်လက်စဉ်းစား ကာအချိန်ကိုကုန်လွန်စေ၏၊

ထိုည (၉)နာရီအချိန်လောက်၌ မောင်ထွန်းမြတ်သည် မိမိမြအိမ်သို့
ရောက်ခဲ့လေ၏။ တံခါးစောင့် သည်
အပေါ်ထပ်သို့ လမ်းညွှန်လိုက်သဖြင့်
အပေါ်ထပ်သို့တက်ခဲ့ရာဧည့်ခန်းသို့ဝင်
ခါနီးတွင်နောက်မှမိမိပခုံးကိုတစ်စုံတစ်
ယောက်က ကိုင်လိုက်ဘိသကဲ့ သို့
နောက်က ထလိုက်သဖြင့် ပြန်၍ လှည့်
ကြည့်လိုက်လေ၏။ သို့သော်-တစ်စုံ
တစ်ယောက်မျှ မမြင်ရသဖြင့် “ငါ့စိတ်
ထင်လို့ ထင်ပါရဲ့လေ” ဟု စိတ်ထဲက
အောက်မေ့ကာ ဧည့်ခန်းသို့ဝင်သွားရာ
အခန်းတွင်းမှ မိမိအား ဆီးကြိုရန် ထွက်
လာသောမိမိမြနှင့်တွေ့လေသည်။ မိမိမြ
မှာသနပ်ခါ၊ရေကျဲကလေးကိုပေါင်ဒါဖြင့်
လိမ်၊ကျံကာ ပဒုမ္မာအပါးစာ၊အင်္ကျီနှင့်
ကြက်သွေးရောင်ကို ပိုးတွန့်လုံချည်ကို
ဝတ်ဆင်ထားရာ အင်္ကျီနှင့် လုံချည်မှာ
ချပ်ချပ်ရပ်ရပ်ရှိလှသဖြင့်ကိုယ်၏အချိုး
အစားကိုပို၍ထင်ရှားစေ၏။ ဆိုဖာပေါ်၌
ထိုင်မိကြသောအခါ မောင်ထွန်းမြတ်
သည် မိမိပြ၏ လက်တစ်ဖက်ကို ယုယ
စွာကိုင်ဆွဲလျက် .. “မြသိပ်ချောတာပဲနော်”
“သည်လောက်ပဲလာ၊- အစ်ကိုကြီးရယ်”
“အစ်ကိုကြီးပြောတာနည်းတောင်
နည်းသေးတယ်”
မိမိကြသည်ဓာတ်မီးရောင်အောက် တွင်ခပ်စောင်းစောင်း။ခပ်လန်လန်ထား
ကာ လက်တစ်ဖက်ကို ဦးခေါင်းနောက်
သို့လျှို၍ဆိုဖာနောက်မှီကိုမှီလျက်ရှိ၏။
ထိုအခါ မို့မောက်သော ရှင်သည် ပို၍
မို့မောက်လျက် ဆိုဖာပေါ်သို့ ကျလျက်
ရှိသော ကိုယ်၏ အောက်ပိုင်းမှာလည်း
တင်းကျပ်စွာမရှိဘဲ လွတ်လပ်စွာ ရှိနေ
သည်ဖြစ်ရကား စွင့်စွင့်ကားကားရှိသော
တင်ပါးနှင့်ပေါင်များမှာသဘာဝအတိုင်း
နေသားတကျ ရှိနေကြကုန်၏။ မောင်
ထွန်းမြတ်သည် လက်ကိုဖြည်းညင်းစွာ
ပွတ်သပ်လျက်ရှိရာမှ တင်းကျပ်စွာ
ဆုပ်ကိုင်ပြီးနောက် မိမိမ၏ တစ်ကိုယ်
လုံးကိုခါးဆီမှပွေ့ကာပျက်နာချင်းအပ်၍
ထားလိုက်လေ၏။
“မြ-အစ်ကိုကြီးကို ချစ်တယ်နော်”
“ချပ်တာပေါ့ အစ်ကိုကြီးရဲ့ “လာပါ မြရယ်။ အိပ်ခန်းထဲ သွား
ရအောင်၊ ဒီမှာမကောင်းပါဘူး”

“သွားလေ”
မောင်ထွန်းမြတ်သည် မိမိမြစ် ခါ၊
အောက်ဆီသို့ နောက်မှလက်ဖြင့် သိုင်း
၍ ပွေ့ဖက်ကာ ပိပိပြ၏အိပ်ခန်းသို့ ဝင်ခဲ့ကြ၏။
“အခန်းတံခါးကို မပိတ်တော့ဘူးလား-မြ”
“ကိစ္စမရှိပါဘူ။ အပေါ်ထပ်မှာ
ဘယ်သူမျှ မရှိပါဘူး။ မြနဲ့ အစ်ကိုကြီးနဲ့
နှစ်ယောက်တည်းပါ” “ဟိုသူငယ်မကာ”တယ်”
“ပွဲကို သူ့အဒေါ်နဲ့ ထည်လိုက်
အခန်းတွင်း၌ကား မရမ်းစေ့ရောင်
ဓာတ်မီးလုံးကလေးတစ်လုံးသာ ထွန်း ညှိထားရာတစ်ယောက်အိပ်ကြေးခုတင်
ပေါ်တွင် နံ့သာရောင် အိပ်ရာခင်းသည်
ထူသောမွေ့ရာကိုဖုံးအုပ်၍ထား၏။
မိမိပြသည် ကြေးရတင်ပေါ်တွင် ခပ်
စောင်းစောင်းတင်ပါးလွှဲထိုင်လေရာ
မောင်ထွန်းမြတ်လည်းအသားချင်းကပ်
၍ထိုင်လိုက်ပြီးလျှင် ယခင်ကထက် မီမီ မြ၏ ကိုယ်ကို တင်းကျပ်စွာ ဖက်ထား လေ၏။ ထို့နောက် မောင်ထွန်းမြတ်၏ နှာခေါင်းသည် မိမိမြ၏ ပါးပြင်ဆီသို့
ရောက်ကာ မိမိပြ၏ကိုယ်မှ သနပ်ခါးနံ့၊
ပေါင်ဒါနံ့၊ ကော့(စ)မတပ်နှင့် ရေမွှေးနံ့
များသည် အတွေ့ဓာတ်ကို ပို၍အားပေ။
သည့်အလားတစ်ယောက်အငွေ့အသက်
ကိုတစ်ယောက်အစွမ်းကုန် ခံစားလျက်ရှိလေ၏။
ထိုအချိန်၌ မိုးသည် သည်းထန်စွာ
ရွာ၍လာလရာသွပ်ပုံ။ပေါ်သို့ကျသော မိုးဇပါက်သံများသည် မှန်ပြတင်းဆီသို့
တိုက်ခတ်သောလေသံများနှင့် ရောစပ်
ကာ တဝုန်းဝုန်၊ တဒိုင်းဒိုင်း မြည်ဟည်း လျက် ရှိလေ၏။ မောင်ထွန်းမြတ်နှင့်
မိမိမြတို့မှာ တစ်ယောက် လည်ပင်းကို
တစ်ယောက် တင်းကျပ်စွာ ဖက်ထား၏။
“မြကိုအဟုတ်ချစ်ရဲ့လား- အစ်ကို
“အို” ဘယ့်နယ်ပြောပါလိမ့်မြရယ်။ အခု သိပြီမဟုတ်လား။ မြကကော အစ်ကိုကြီးကို ဝန်ထောက်မင်းထက်ပိုပြီး
“အစ်ကိုကြီးကလည်းဒီအကြောင်း
ချည်၊ ထည့်ပြောနေတာပဲ၊ ဟိုတုန်၊
ကတော့ ရပ်ခဲ့ဖူးတာပေါ့
“အခုကော မဝသေးဘူး မဟုတ်လား”
“နေ့ပါပြီ”
“နို့ – ဘာပြုလို့ ပုံတူအဆွဲခိုင်းသေး သလဲ။ အရုပ်ကြီးကာ ဘာပြုလို့” ထိုက၌ အခန်းအပြင်ဘက် ဧည့် ခန်းဆီမှ ခြေသံကဲ့သို့ တရှပ်ရှပ် အသံ
များ ကြားရသဖြင့် နှစ်ယောက်သား နား
ပွင့်၍ ထောင်မိကြ၏။ မောင်ထွန်းမြတ်
သည် ခါးတွင်ထိုးထားသော သေနတ်
ကိုပင်စမ်းသပ်မိသေး၏။ သို့သော်တစ်
ယောက်ကိုတစ်ယောက် တစ်စုံတစ်ရာ
မပြောဘဲ မိမိပြသည် မောင်ထွန်းမြတ်
အား ယခင်ကထက် တင်းကျပ်စွာ ဖက်
ထားလေသည်။ သို့သော်- ခြေသံသည်
မရပ်ဘဲအခန်၊ဝဆီသို့ရောက်လာသဖြင့်
နှစ်ယောက်စလုံ၊ပင် အခန်၊ဝဆီသို့
ကြည့်လိုက်မိ၏။ ကန့်လန့်ထိုး၍ မထ ား
သောတံခါးမှ တံခါးရွက်များသည် လေ
မတိုက်ဘဲ အတွင်းဘက်သို့ တဖြည်း ဖြည်း ပွင့်လာသည်ကို မြင်ကြရလေ၏။ မောင်ထွန်းမြတ်သည် ခုတင်ဘေးတွင် မတ်တတ်ရပ်လိုက်၏။
ထိုခဏ၌ပွင့်၍နေသောတံခါးဆီမှ လူ၏ပုံသဏ္ဌာန်တစ်ခုသည်အခန်းတွင်း
သို့ တရွေ့ရွေ့ဝင်လာရာ မှေးမှိန်သော

ခရမ်းရင့်ရောင်မီးဖြင့် သဲကွဲစွာ မမြင်ရ
သော်လည်းလူ၏အရိပ်ကိုကားကောင်း
စွာမြင်ရသဖြင့်နှစ်ယောက်စလုံးကြက်
သေ သေလျက်ရှိကြ၏။ ထိုခဏ၌ မို၊
သည်သည်းထန်သည်ထက်သည်းထန်
၍လာပြီးလျှင် မိုးခြိမ်းသံနှင့်အတူ လျှပ်
စစ်ရောင်တစ်ခုသည် ခေါင်းရင်းပြတင်း
ပေါက်တစ်ခုမှဝင်လာရာအခန်းတွင်းသို့
ဝင်လာသော လူရိပ်ကြီး၏ ပုံသဏ္ဌာန်
ပေါ်သို့ တည့်တည့်ကြီး ရောက်သွား
သဖြင့် လူဆိုးနှင့် သေနတ်ချင်းယှဉ်ပြိုင်
ပစ်ရန်ဦးမလေးခဲ့သောမောင်ထွန်းမြတ်
ပင် ပါးစပ်ကို ဟကာ ကြက်သေ သေ လျက် မိမိပြမှာမူကာ၊ အောင်မယ်လေ။ ဟု တစ်ချက်မျှသာ အော်နိုင်ပြီးလျှင် သတိလစ်၍ သွားလေ၏။ အဘယ်
ကြောင့်ဆိုသော် လူရိပ်မည်းကြီးကား
အခြားမဟုတ်၊ တစ်ဖက်ခန်းတွင်ထား
သောဝန်ထောက်မင်း၏ပုံတူရုပ်ကြီးဖြစ်
နေသာကြောင့်တည်း။ ထိုခဏ၌ကား
မောင်ထွန်းမြတ်၏ ခြောက်လုံးပြူးသေ
နတ်မှ ကျည်ဆန် ဒိုင်း-ဒိုင်၊- နှစ်ရက်
ဆင့်၍ ထွက်သွားလေပြီ။
သေနတ်သံနှင့်အတူ အရိပ်ကြီး
လည်း ပျောက်ကွယ်၍ သွားပြီးလျှင်
အခြားတစ်ဖက်ခန်းမှ ကြမ်းပေါ်သို့ ဗုန်း
ခနဲ တစ်စုံတစ်ရာ လဲကျသွားသကဲ့သို့
ကျသံတစ်ခုကို ကြားရလေ၏။ မောင်
ထွန်းမြတ်ကမျက်နှာကိုရေဖြင့်ပက်ဖျန်း
ပေးခြင်း၊ နာမှုတ်၍ပေ၊ခြင်း၊ ယုယပိုက်
ထွေးခြင်းဖြင့် မိမိမြသည် သတိရလာပြီး
နောက်နှစ်ယောက်သားအိမ်ရှေ့ခန်းသို့
ထွက်၍ ဓာတ်မီးများကို ဖွင့်ပြီးလျှင်
အစေခံ ဘိုးထွန်းကို အော်ခေါ်လေ၏။
အစေခံဘိုးထွန်းသည် လက်တွဲမီး
အိမ်နှင့် တုတ်တစ်ချောင်းကို ကိုင်ပြီး လျှင် အိမ်ပေါ်သို့ တက်လာခဲ့ရာ မောင်
ထွန်းမြတ်လည်း ၎င်းနှင့်အတူအရုပ်ကြီး ထားရာ အခန်းတွင်းသို့ သွားရောက် ကြည့်ရှုရာ ကြမ်းပြင်ပေါ်တွင် မှောက် လျက်လဲနေသော အရုပ်ကြီးကို တွေ့ရ
သဖြင့် အံ့အားသင့်လျက် ရှိလေ၏။ ထို့ ထက်အံ့ဩဖွယ်ကောင်းသောအရာမှာ ကား အရုပ်ကြီးကို
ပြန်၍ထောင်လိုက် သောအခါ အရုပ်၏ ရင်ဘတ်တွင်
သစ် သားမှာကွဲအက်ပြီးလျှင်ဧသနတ်ကျည်
ဆန် နှစ်ခုစလုံးပင် အတွင်းသို့ စူးဝင်နေ သည်ကို
တွေ့ရခြင်းဖြစ်လေသည်။ ထို
အခါမှ မောင်ထွန်းမြတ်လည်း
မိမိအား အမာသတိ။သွားသောစကားများကို
ကောင်းစွာအမှတ်ရလေသည်။
နောက်တစ်နေ့၌ မောင်ထွန်းမြတ်
နှင့် မိမိမြတို့သည် ဤအကြောင်းကို

လူသူလေးပါး မသိစေဘဲ ဝန်ထောက်
ဦးအောင်သင်း၏ အရုပ်ကြီးကို ပုဆိန်
ဖြင့်အစိတ်စိတ်အမြွာမြွာခွဲစေရန်အစေ
ခံ ဘိုးထွန်းအား အမိန့်ပေးလိုက်လေ
သတည်း။

Zawgyi Version

” ခ်စ္၀ိညာဥ္ ”(စ/ဆံုး)
———————

ထိုေန႔မွာ (၂) နာရီမွ (၄) နာရီပြဲအထိ စေကာ့ေရး(ဗိုလ္ခ်ဳပ္ေရး) အေပၚထပ္ ခန္းမႀကီးတြင္ ပန္းခ်ီျပပြဲႀကီးကို ဖြင့္လွစ္ထားေသာ ေန႔ျဖစ္သည့္အတိုင္း၊ ေဈးႀကီး၏ အေကာင္းဘက္မ်က္ႏွာတြင္ ကိုက္ကား၊ကားျခရကာတို႔ယွက္ခက္ လ်က္ရွိ၏။ေရာင္စိုျခယ္ေသာ အဂမ်ားကိုက္၍သာာမိန္းးႀကီးငယ္တို႔သည္
ျပပြဲန္ႀကီးကို ေရာင္စုံပန္းခ်ီကားတစ္ခ်ပ္သဖြယ္တင့္တယ္ေစ၏။ အအနားကို ပို၍စမ္းနားေစ၏၊
ဥေရာပတိုက္သား စုံတြဲမ်ားပင္လွ်င္ ဝတ္စားထားသည့္ ေဆးေရာင္စုံ ပိုးဖဲမ်ား ကို ျပင္ရေသာအခါ ဒါေၾကာင့္လည္း သူတို႔ ျမန္မာျပည္ကို Silkcn East အ တစ္လႊားမွာပိုးသားခ်ည္းပဲလို႔ခခၾကm pkကူးေပါက္မိၾက၏။ ထိုပန္းခ်ီျပပြဲ ႀကီးမွာ အင္းဘုံၿမိဳ႕မွ ေရာက္ရွိလာေသာတရွင္ပန္းခ်ီရာႀကီးတစ္ဦး၏ကားမ်ား ကို ေရွးဦးစြာ အေၾကာင္းျပ၍ တရင္လူငယ္မ်ား အသင္းႀကီး၊ ကမာငျပဳလုပ္ က်င္းပေသာျပပြဲႀကီးျဖစ္ရာ တ႐ုတ္လူမ်ိဳးမ်ား င႐ုတ္ – ဗမာကျပားမ်ားလည္းအမ်ား ပင္လာေရာက္ၾကည့္ရႈၾကသည္။

ပန္းခ်ီကားမ်ားမွာ ရႈေမွ်ာ္ခင္းမ်ား၊ ေတာပုံေတာင္ပုံ၊ႏိုင္ငံေရးသမားမ်ား၏
ပုံတူမ်ား၊ တိရစာၦန္အမ်ိဳးမ်ိဳးပုံ၊ ယာဥ္
အမ်ိဳးမ်ိဳး၏ပုံ၊ ပန္းပင္အမ်ိဳးမ်ိဳးႏွင့္ပန္းဖူး
ပန္းပြင့္မ်ားပုံ စသည္ျဖင့္ ခြဲျခားထားရာ
တ႐ုတ္သူေဌးမ်ားသည္ပန္းခ်ီဆရာႀကီး
၏ ပုံမ်ားကို ခ်ီးျမႇင့္ေသာအားျဖင့္ (၂၅)
က်ပ္မွ (၂၀၀) က်ပ္အထိ တန္ဖိုးထား
ေသာကားမ်ားကိုအသီးသီးဝယ္ၾကေလသည္။
ထိုပန္းခ်ီကားမ်ားထဲတြင္ ျမန္မာ
ပန္းခ်ီဆရာႀကီးမ်ားေရးေသာ ပန္းခ်ီ
ကားမ်ားလည္းကားေပါင္း(၅၀)ေက်ာ္
ခန႔္ပါရွိရာအခ်ိဳ႕ကားမ်ားမွာပန္းခ်ီဆရာ
ဟုအမည္မခံေသာအရပ္သားမ်ားအခ်ိဳ႕
ကားမ်ားမွာ ပန္၊ခ်ီဆရာဟု အမည္မခံ ေသာ အရပ္သားမ်ား အေပ်ာ္ေရ၊ဆြဲ သည့္ရႈေမွ်ာ္ခင္းကား(၁၀)ခ်ပ္ခန႔္ ပါဝင္ ၏။ထိုကားမ်ားအနက္အခ်ိဳ႕ကားမ်ားမွာ
႐ြက္ၾကမ္းေရက်ိဳမႈျဖစ္ေသာ္လည္းကား
(၂) ခ်ပ္၊ (၃) ရပ္မွာ ပန္းခ်ီဆရာမ်က္စိ အားျဖင့္ အလင္းအေမွာင္၊ အခ်ိဳးအစား
ေဆးသားတင္ပုံမွစ၍ နာမည္ေက်ာ္
ပန္းခ်ီဆရာႀကီးမ်ား လက္ရာႏွင့္ ယွဥ္
ၿပိဳင္ႏိုင္သည့္ကားမ်ား ျဖစ္ေလသည္။
ရႈေမွ်ာ္ခင္းကားမ်ားမွာ အခန္းႀကီး ၏အေရွ႕ဘက္အစြန္းတြင္ သီးသန႔္ထား ရွိသည္ျဖစ္ရာ အျခားေနရာမ်ားႏွင့္ ႏႈိင္း စာလွ်င္ ၾကည့္သူ နည္းပါးေလသည္။ ယခုေရးသားေဖာ္ျပေသာအခ်ိန္၌
ကား အသက္ (၂၅)ႏွစ္ခန႔္ရွိ မိန္းမပ်ိဳ
တစ္ေယာက္သည္ ရႈေမွ်ာ္စင္းကားတစ္
ကားကို စူးစူးစိုက္စိုက္ ၾကည့္ရႈလ်က္
ရွိ၏။၎မွာစိန္၊ေ႐ႊလက္ဝတ္လက္စား
အျပည့္အစုံဝတ္ကာ သနပ္ခါးေရာင္
ဘန္ေကာက္လုံခ်ည္ ႏွင့္ ပါးလႊာေသာ
ပိုးၫြန႔္အျဖဴအက်ႌကို ဝတ္ဆင္ထားရာ
အသားႏွင့္ အဝတ္မွာ အေရာင္ဟပ္
လ်က္ရွိ႐ုံမွ်မက ေပ်ာ့ေပ်ာင္းေသာ
အဝတ္မ်ားသည္အခ်ိဳးအခ်ိတ္က်ေသာ
ပင္ကို႐ုပ္လုံးပုံကိုအထင္မွတ္သို႔ေရာက္
ေစရန္ ဖန္တီးေပးသကဲ့သို႔ ရွိ၏။ ငွက္
ေပ်ာၫြန႔္အက်ႌမွာ ပဒုမၼာေလာက္ မပါ။ လွေသာ္လည္းမို႔ေမာက္ေသာေအာက္ခံ
ေဘာ္လီကို မထင္မရွားျမင္ရသျဖင့္ ဤ သို႔ မထင္မရွားျမင္ရျခင္းမွာ ထင္ထင္
ရွားရွားျမင္ရျခင္းထက္ပင္အာ႐ုံစိုက္သူ
မ်ားအတြက္ ထိေရာက္ေစေလသည္။ လက္ဝဲဘက္တြင္ သာ၊ေရအိတ္အနက္ ကေလးတစ္လုံးကို ဆြဲထားသျဖင့္ ထို
လက္မွ လက္ေကာက္ဝတ္တြင္ ေလး ေထာင့္ပုံ စိန္းလက္ပတ္နာရီကေလးကို
အထင္းသားျမင္ရ၏။ ဆီေမႊး၊ ေပါင္ဒါႏွင့္
ေရေမႊးနံ႔မ်ားသည္ ၎အနီးတြင္ ႀကိဳင္ လႈိင္လ်က္ ရွိေလသည္။
မိန္းမပ်ိဳ၏ေနာက္မနီးမေဝး၌ကား
အသက္ (၃၅)ခန႔္ရွိသူ တစ္ေယာက္
သည္ထိုမိန္းမ၏အျပဳအမူကို မွတ္သား
ၾကည့္ရႈလ်က္ရွိ၏။ ထိုလူမွာမ်က္ႏွာခပ္
သြယ္သြယ္ႏွင့္ မ်က္လုံးေကာင္း၊ ႏွာတံ
ေကာင္းျဖစ္ရာအညိဳေရာင္ဘန္ေကာက္
လုံခ်ည္ကြင္းႏွင့္မီးခိုးေရာင္သကၠလတ္
အက်ႌကိုဝတ္ဆင္ထား၏။ မ်က္ႏွာသြယ္ ေသာ္လည္း၊ ေမး႐ိုးမ်ားမွာ ႀကံ့ခိုင္ေတာင့္ ဘင္းဟန္ရွိ၍ တည္ၾကည္ခန႔္ညားသူ
တစ္ေယာက္ျဖစ္ေလသည္။ ၎၏သား
ေရခါးပတ္၌ လက္ဝဲဘက္မွ ေရာင္ လက္ကိုင္ျဖင့္ ေျခာက္လုံးျပဴး ေသနတ္ ကေလးကိုထိုးထားေလသည္။
သနပ္ခါးေရာင္ ဘန္ေကာက္လုံ ခ်ည္ႏွင့္ မိန္းမပ်ိဳသည္ ျပပြဲစာေရးမ်ား
ရွိရာသို႔ လွမ္း၍ၾကည့္လိုက္ရာ အလိုက္ သိေသာ စာေရးတစ္ေယာက္သည္ ၎ ထံသို႔ ခပ္သုတ္သုတ္လာခဲ့ၿပီးေနာက္- “ဘာအလိုရွိပါသလဲ- ခင္ဗ်ာ” “ဒီပန္းခ်ီကားအဖိုးကေရးထားတဲ့
အတိုင္းပဲလား” “မွန္ပါတယ္ ခင္ဗ်ာ”
“တစ္ရာ့အဂိတ္ကဲ့” “မွန္ပါတယ္”
“ေရေဆးနဲ႔ ေရးထားတဲ့ကားကိုမ်ား တစ္ရာ့အစိတ္ဆိုတာမ်ားတာပဲေနာ္”
“ဒီကားေတြက ပန္းခ်ီဆရာဆြဲတဲ့
ကားမဟုတ္ဘူး။အရပ္သားဆြဲတဲ့ကာ၊
ေတြပါ။ သူတို႔သေဘာအတိုင္း တန္ဖိုး
ထားၾကပါတယ္”
မိန္းမပ်ိဳသည္ ကားအနီ၊သို႔ကပ္၍
ေရးဆြဲသူအမည္ကို ၾကည့္ၿပီးေနာက္
“ထြန္းျမတ္တဲ့၊ ကြၽန္မ တစ္ခါဖတ္ၿပီး
ပါၿပီ။ ပန္းခ်ီဆရာနာမည္ေက်ာ္ထဲ
ကလည္း ဦးထြန္းျမတ္ မၾကားဖူးပါဘူး။
ႏို႔ေပမဲ့ -ကားက အေတာ္ေကာင္းတဲ့
ကာ၊ ေနဝင္ခ်ိန္မွာ ဘုရားက အေရာင္
ေတြဟပ္ၿပီးတိမ္နဲ႔ေရာစပ္ေနတဲ့ပုံနဲ႔ကန္
ေတာ္ႀကီးထဲမွာ နံေဘးက အေမွာင္ရိပ္ သမ္းလာတဲ့ပုံစေတြဟာအေတာ္သဘာဝ
က်တယ္”
ေျခာက္လုံးျပဴးေသနတ္ႏွင့္ လူ
သည္ မိန္းမပ်ိဳဘက္သို႔လွည့္ကာ မသိ
မသာၿပဳံးလိုက္ရာ မိန္းမပ်ိဳႏွင့္ မ်က္ႏွာ
ခ်င္းဆိုင္ ဆုံသြားသျဖင့္ မိန္းမပ်ိဳသည္
ဦးေခါင္းကို ေအာက္သို႔ ငုံ႔လိုက္ေလ၏။
ေသနတ္ႏွင့္လူလည္း မိန္းမပ်ိဳအနီးသို႔
ကပ္လာေလသည္။
“ဒီကားကို လိုခ်င္လို႔လား”
“ဟုတ္ကဲ့”
“ထြန္းျမတ္ဆိုတာကြၽန္ေတာ္ပါပဲ”
“ဪ- ဟုတ္လား၊ ႏို႔ – ၾကည့္ရ တာပန္းခ်ီဆရာနဲ႔လည္း မတူဘူး”
“ကြၽန္ေတာ္ ပန္းခ်ီဆရာလည္း
မဟုတ္ပါဘူး။ စုံေထာက္ အင္စပက္
ေတာ္တစ္ေယာက္ပါ
“ဒီလို ပန္၊ခ်ီေရးသူကိုယ္တိုင္နဲ႔ ေတြ႕ရတာဝမ္းသာပါတယ္ရွင္”
“ဟုတ္ကဲ့ – ဒီကလည္း အစုလို
အားေပးတဲ့သေဘာနဲ႔ ပန္းခ်ီကားကို ႏွစ္သက္တဲ့လူကို ေတြ႕ရတာ ဝမ္၊သာေပါ
တယ္။ ၿပီးေတာ့ – အဘိုးကို ကြၽန္ေတာ္
ေလွ်ာ့ေပ။နိင္ပါတယ္”
“မေလွ်ာ့ပါနဲ႔ရွင္- ရွိပါေစ။ ကြၽန္မ
ေပးႏိုင္ပါတယ္။ ဒါထက္ မ်က္ျမင္ေရး
တာေပါ့ဒေနာ္”
“ဟုတ္ကဲ့ – ေနဝင္ခ်ိန္ ကန္ေတာ္
ႀကီးေတင္းမွာ သြားၿပီးကြဲတဲ့ကာပါ”
“လက္ရာကေလးကို ကြၽန္မ သိပ္
သေဘာက်တာပဲ။ ပန္းခ်ီသင္းသား
“မသင္ဖူးပါဘူ။ ႏို႔ေပမဲ့ – ေရွ၊က
ပန္းခ်ီဆရာႀကီးေတြေရးတဲ့ကားေတြ
အခု ၿမိဳ႕ေပၚက ဆရာဦးဘဉာဏ္၊ ပန္းရီ
ေက်ာ္ဦးေငြကိုင္တို႔၊ ဦးအုန္းလြင္တို႔၊ ဦးဘေဇာ္တို႔၊ ဆရာေဆာင္တို႔ ေရးတဲ့ ကားေတြၾကည့္၊ ေတြ႕တဲ့ ႀကဳံတဲ့အခါ ၊သင့္၊ စမ္းသင့္တာအေတြးဝမ္းလုပ္
ပညာဆည္းပူးတာပါပဲ။ သင္ဆရာရယ္
လို႔ တိတိက်က် မရွိပါဘူး။ ျမင္ဆရာ

“လူပုံကိုကာ ပုံတူဆြဲဘူးလား” “ဆြဲေလ့ဆြဲထ မရွိဘူး။ ႏို႔ေပမဲ့- ဆြဲႏိုင္ပါတယ္။ ေနပါဦ။ – ပုံတူတြဲရင္လို႔
လားထိုခဏ၌ စာေရးကေလးသည္
အ႐ုပ္ကားႀကီးကို စကၠဴထူတစ္ခ်ပ္ျဖင့္
လိပ္ၿပီးလွ်င္ လာေရာက္ေပးအပ္သျဖင့္
မိန္းမပ်ိဳသည္မိမိေမာ္ေတာ္ကာ၊ေပၚသို႔
သြားေရာက္တင္ပို႔ရန္ေျပာသျဖင့္ မိန္းမ
ပ်ိဳ႕ၫႊန္ၾကားသည့္အတိုင္းစာေရးမွတစ္
ဆင့္ ဒရဝမ္ကုလာ၊သည္ ကာ၊ဆီသို႔
သြားေရာက္ပို႔ေလသည္။ မိန္းမပ်ိဳသည္
ေငြ (၁၂၅) က်ပ္ကို စားရ၊လက္ထဲသို႔ ထည့္လိုက္ရာေျပစာလက္မွတ္ကေလး တစ္ေစာင္ကိုရရွိေလသည္။
“လာပါ -အစ္ကိုႀကီးရယ္။ ဒီမွာ စကားေျပာရတာမေကာင္းပါဘူ၊” စုံေထာက္အင္စပက္ေတာ္ ေမာင္
ထြန္းျမတ္သည္ မိန္းမပ်ိဳ၏ ရဲတင္းဖ်တ္
လက္ေသာအမူအရာကိုျမင္ရေသာအခါ
အေတာ္ထူးဆန္းသည္ႏွင့္၎ႏွင့္အတူ
လိုက္ပါသြားေလ၏။ ေအာက္ထပ္သို႔
ေရာက္၍ ပိန္၊မပ်ိဳက ကားတစ္စီးကို
လက္ျပလိုက္ရာအျပာေရာင္ဆီဒန္ကား၊ ႀကီးတစ္စီးသည္ ပလက္ေဖာင္းေဘးသို႔

ဆိုက္ကပ္လာ၍ ကုလားဒ႐ိုင္ဘာသည္
တံခါးကို ႐ိုေသစြာ ဖြင့္ေပးေလ၏။ မိန္းမ
ပ်ိဳသည္ ေမာင္ထြန္းျမတ္ကို ေရွးဦးစြာ
ေနရာေပး၍ ထိုင္ေစၿပီးလွ်င္ ဒ႐ိုင္ဘာ
အားကြန္တီနင္တယ္ဟိုတယ္သို႔ေမာင္း၊
မိန္းမပ်ိဳသည္ လန႔္(ခ်)ေခၚေန႔
လယ္စာ နစ္ပြဲကို မွာယူၿပီးေနာက္ ပုံ
ေထာက္ အင္စပက္ေတာ္ ေမာင္ထြန္း
ျမတ္အား ပန္းခ်ီပညာႏွင့္ ပတ္သက္
ေသာစကားမ်ားကို ေဖာ္ေ႐ြစြာ ေျဖဆို
လ်က္ ရွိ၏။
“ပုံတူဆြဲတာက ဘယ္ သူ႔ပုံပါ
“ကြၽန္မေယာက္်ားပုံ အစ္ကိုႀကီး
“လူကိုၾကည့္ၿပီးဆြဲရရင္ ဆြဲႏိုင္တာေပါ့ဗ်ာ”
“လူက မရွိေတာ့ဘူးရွင့္။ ဆုံးၿပီ”
“ဒါျဖင့္လည္း ဓာတ္ပုံၾကည့္ၿပီး၊ ဆြဲ
ရင္ၿပီးတာပဲ”
“ဓာတ္ပုံလည္းမရွိလို႔ ခက္တာေပါ့ရွင္”
“ဒါျဖင့္ ဘာကိုၾကည့္ၿပီ။ ဘြဲ႕ရမွာ
ကို႐ုပ္လုံးထုထားတာ ရွိတယ္

အစ္ကိုႀကီးရဲ႕။ မႏၲေလးမွာ ေနတုန္းက
ပန္းပုဆရာႀကီးတစ္ေယာက္က
ထုေပးတဲ့ပုံတူအ႐ုပ္ႀကီးတစ္႐ုပ္ ရွိတယ္၊ အဲဒါ ကို ၾကည့္ၿပီး ကြဲရလိမ့္မယ္”
“ဒီလို ႐ုပ္လုံးၾကည့္ၿပီး တစ္ခါမွ်
ေတာ့မဆြဲဖူ၊ဘူး”
“ဒါေပမဲ့… ကိစၥမရွိပါဘူးအပ္ကိုႀကီး
ရယ္။စမ္းၾကည့္တာပါ့။သည္ေလာက္ လက္ရာေကာင္းတဲ့လူတစ္ေယာက္ဟာ
မတူဘဲ မရွိပါဘူး”
“စမ္းၾကည့္ရတာေပါ့။ ႏို႔ – အိမ္က
ဘယ္မွာလဲ”
“ဝင္ဒါမီယာလမ္းမွာ ဪ- အခု
မွ သတိရတယ္။ ကြၽန္မ ကတ္ကေလး
ေတာင္ အစ္ကိုဘကီးကို မေပးရသဘူး”
မိန္းမပ်ိဳသည္ ေ႐ႊနားသတ္၍ထား
သာကတ္ျပားအျဖဴကေလးကိုေမာင္
ထြန္းျမတ္အားလုပ္၍ေပးလိုက္ေလ၏။ ကတ္ျပားေပၚ၌ အဂၤလိပ္ဘာသာျဖင့္ “ကတ္ျပားပုံ”ပါရွိ၏။
“အပ္ကိုႀကီးက ပုလိပ္အလုပ္ လုပ္
ၿပီး ပန္းခ်ီကို ဝါသနာပါတယ္ေနာ္ “ဝါသနာဆိုတာ အခက္သားပဲ။ အင္မတန္ စြန႔္ႏိုင္ခဲတယ္။ တစ္ခါတစ္ခါ တာနယ္ကို အမႈစုံေထာက္သြားတာ

ေတာင္စုတ္တံနဲ႔ေဆး႐ြက္ကေလးေတာ့
ေဆာင္သြားေသးတယ္”
“ပန္းခ်ီဆရာပဲ လုပ္ပါေတာ့ –
အပ္ကိုႀကီးရယ္”
“ထမင္းဝရင္ေတာ့ ေကာင္းပါ
တယ္၊ ဒီလိုအေပ်ာ္ဆြဲတာေတာင္ မိန္းမ
ရွိတုန္းကမ်ား သိပ္ၿပီးဆူတယ္” “ရွိတုန္းကမ်ားဆိုေတာ့အခု ဘယ္
သြားပဲ” “ဆုံးရွာၿပီ”
“အို-လက္စသတ္ေတာ့ျမနဲ႔ကံတူ အက်ိဳးေပးပဲေနာ္၊ အစ္ကိုႀကီးနဲ႔ ေတြ႕ ရတာျမ သိပ္ဝမ္းသာတယ္၊ ေနပါဦး- အစ္ကိုႀကီး ဘယ္ေတာ့လာႏိုင္မလဲ”
“ဒီကေန႔(၁၂)ရက္၊ၾကာသပေတး
ေန႔ေနာ္၊ (၁၅) ရက္ေန႔လာခဲ့မယ္”
“တနဂၤေႏြေန႔ေပါ့” “ဟုတ္ကဲ့”
“ကိုင္း- ဒါျဖင့္အသင့္ျပင္ထားမယ္။ ပုံဆြဲကိရိယာေတြပါ တစ္ခါတည္းယူခဲ့ ေပေတာ့။ ဟုတ္လား-အစ္ကိုႀကီး”
“ယူခဲ့ပါယ္။ စိတ္ခ်ပါ (၁၀) နာရီ
ေလာက္ လာခဲ့မယ္”
၎ေနာက္ ေမာင္ထြန္းျပတ္သည္
ဟိုတယ္ေပၚမွ ဆင္းခဲ့ၿပီးလွ်င္ ေက်ာက္

တံတားဌာနာသို႔ လာစိုေလ၏။
တနဂၤေႏြေန႔၌ နံနက္ ( ၁၀) နာရီ ေက်ာ္ခ်ိန္ေလာက္တြင္ နံ႔သာၿပိဳင္ၿခံႀကီး
ေရွ႕သို႔ ကားကေလးတစ္စီ၊ ဆိုက္လာ၍
အင္စက္ေတာ္ ေမာင္ထြန္းျပတ္သည္
သားေရအိတ္အျပာကေလးတစ္ခုကို
ကိုင္ကာ ကားေပၚမွဆင္း၍ အိမ္ထဲသို႔
ဝင္ခဲ့ေလ၏။အိမ္ေအာက္ထပ္၌ရွိေသာ
တံခါ၊ေစာင့္သည္ ေမာင္ထြန္းျမတ္အား
ေခတၱမွ် ေစာင့္ေနေစၿပီလွ်င္အိမ္ေပၚသို႔
တက္သြားၿပီးေနာက္အိမ္ေပၚမွျပန္ဆင္း
လာေသာအခါ အေပၚထပ္သို႔ ေခၚသြား
ေလ။ အိမ္ႀကီးမွာ အိမ္ေဟာင္းႀကီး
တစ္ေထာင္ျဖစ္ေသာ္လည္းအိမ္ေရွ႕တင္
ဝင္ႏွင့္အေပၚဝရန္တာထာ၊ပုံအေပၚထပ္
သို႔လက္ဝဲလက္ယာတက္ရန္ေလွကား
တပ္ဆင္ပုံ၊ ေက်ာက္စရစ္လမ္းမ်ားႏွင့္
ပန္းပင္မ်ား ရွိေနပုံတို႔မွာ ယခင္ကက
အိမ္တြင္ ပစၥည္းဥစၥာ ႂကြယ္ဝခ်မ္းသာ
သာသူတစ္ဦးနခဲ့ဖူးသည့္လကၡဏာ
ကို ျပလ်က္ရွိ၏။ အေပၚထပ္ရွိ အတြင္း ခန္းမ်ားမွာ ခန္းလုံးျပည့္ ေကာ္ေဇာႀကီး မ်ားျဖင့္ ခင္းက်င္းထားရွိေလသည္။ မိမိျမသည္ဧည့္ခန္းဝသို႔လာေရာက္ႀကိဳဆို လ်က္ ရွိေလသည္။
ဪ-အစ္ကိုႀကီး ေရာက္လာမွ ကိုး။ထိုင္ပါ-ထိုင္ပါ။ ဒီကေန႔ အားတယ္ေနာ္”
“အားတယ္လို႔ေတာ့မဟုတ္ပါဘူး။ ဝါသနာပါတဲ့အလုပ္ဖို႔အခ်ိန္ယူၿပီး လုပ္
တာပါပဲ”
“တနဂၤေႏြေန႔ပဲ-အစ္ကိုႀကီးရဲ႕ “တနဂၤေႏြေန႔ေပမယ့္ ညေန(၃) နာရီမွာမင္းႀကီးကစဏေခၚထားတဲ့ကိစၥ
တစ္ခုရွိေသးတယ္ – ျမရဲ႕
“ညေန (၃) နာရီမွ ဟုတ္လား။ အခ်ိန္အမ်ားႀကီးရတာပဲ” ဆိုဖာႀကီးမ်ားမွာဇည့္ခန္းတြင္ ခမ္း
နားစြာျပင္ဆင္ထားရွိၿပီးလွ်င္ ေပါင္ရင္း
မုဘုရားေက်ာင္းေဆာင္ႏွင့္တကြနံေဘး
တစ္ဖက္တစ္ခ်က္တြင္ ထားရွိေသာ
ေရဒီယို၊စႏၵရားမ်ားသည္လည္းေကာင္း၊
လူတစ္ရပ္မွ်ျမင့္ေသာ ခုံမ်ားေပၚတြင္
ေငြပန္းအိုးႀကီးမ်ားျဖင့္ တင္ထားေသာ
သစၥာပန္းဝိုင္မ်ားသည္လည္းေကာင္း၊
ဗန္ဒိုင္းမ်ားျဖင့္ အလွဆြဲထားေသာ
ဓာတ္မီးလုံးမ်ားသည္လည္းေကာင္၊
အိမ္၏ က်က္သေရကို ေဆာင္လ်က္ရွိ

၏။မိမိျမသည္ေကာ္ဖီမ်ား၊ကိတ္မုန႔္မ်ား၊
ကက္(ပ)စတန္စီးကရက္မ်ားျဖင့္ေမာင္
ထြန္းျမအား ေဖာ္ေ႐ြစြာ ဧည့္ခံေလ၏။
“အစ္ကိုႀကီးကေတာ့ ျမကိုတစ္မ်ိဳး
လို႔ထင္မွာပဲ”
“ဘာျပဳလို႔လဲ”
“ျမက ဘယ္ေလာက္ပဲ သူစိမ္၊ျဖစ္ ျဖစ္းေဖာ္ေဖာ္ေ႐ြေ႐ြ ခ်စ္ခ်စ္ခင္ခင္ေျပာ တတ္ ထိုတတ္တယ္”
“သည္ေတာ့ ဘာျဖစ္သလဲ”
“အို-အစ္ကိုႀကီးကလည္း။ ေနပါ ဦး။ပုံဆြဲကိရိယာေတြပါလာတယ္ေနာ္” “ပါပါတယ္။ ဘယ္မွာလဲ – ျမ ေယာက္်ား အ႐ုပ္ဆိုတာ”
“ေနပါဦး-အပ္ကိုႀကီးရယ္၊ ျဖည္း
ျဖည္းေပါ့၊ ကာပိကေလးမ်ား ေသာက္စမ္းပါဦး”
“ျမ-အခု ဘယ္သူနဲ႔ ေနသလဲ”
“ေဒၚေဒၚနဲ႔ ေနတယ္၊ အိမ္မွာဝိုင္းဖို႔
သူငယ္ကေလ၊တစ္ေယာက္၊ ဒရဝမ္
တစ္ေယာက္၊ဒ႐ိုင္ကုလားတစ္ေယာက္၊
ထမင္းခ်က္တဲ့ အေဒၚႀကီးတစ္ေယာက္၊
ၿပီးေတာ့သားလိုသမီးလိုေကြၽးေမြးထား
တဲ့ကေလးမကေလးတစ္ေယာက္သူတို႔
နဲ႔ေနသာေပါ့”

၎ေနာက္ မိမိျပလည္း မိမိ မင္း ကေတာ္ျဖစ္စဥ္က ဝန္ေထာက္မင္၊
ဦးေအာင္သင္းႏွင့္ မႏၲေလးၿမိဳ႕တြင္ ေနခဲ့
ေၾကာင္း။ဝန္ေထာက္ႀကီးဆုံးေသာအခါ
ေဆြမ်ိဳးမ်ားရွိရာ ရန္ကုန္သို႔ ေျပာင္းလာ
ၿပီးေနာက္ဤၿခံႀကီးကိုသူေဌးတစ္ဦးထံ
မွအပိုင္ဝယ္လိုက္ေၾကာင္းပစၥည္းမ်ားမွာ
ဝန္ေထာက္ႀကီး ကိုယ္တိုင္ရွိစဥ္ ဘဏ္
တြင္ အပ္ထားေသာ ေငြ (၃၀၀၀၀) မွ
ထားခဲ့ေသာ လက္ဝတ္လက္စားႏွင့္
အျခားပစၥည္းမ်ားမွာ မိမိပိုင္ျဖစ္ေၾကာင္း။
မိမိအား လာေရာက္စပ္ဟပ္သူမ်ား
ရွိေသာ္လည္။ မည္သူ႔ကိုမွ်အလိုမက်
သည္ႏွင့္ မိမိကသာျငင္၊ပယ္ခဲ့ေၾကာင္း
ျဖင့္ ေျပာဆိုလ်က္ ရွိေလ၏။

မိမိျမသည္ ေနာက္ေဖ၊အိပ္ခန္၊ ဘက္သို႔ လွမ္း၍အသန္းေရ – ေကာ္ပီ
မရေသးဘူးလား”ဟု ေမးလိုက္ရာ
“ဟုတ္ကဲ့-လာၿပီ မမ”ဟု ခ်ိဳသာေသာ
အသံတစ္ခုကို ၾကားရ၏။ ထို႔ေနာက္
အသက္ (၁၈)ႏွစ္ခန႔္ရွိ ႐ုပ္ရည္သနား၊
ကမား မိန္းမပ်ိဳကေလးတစ္ေယာက္
သည္ ေငြလင္ပန္းေပၚတြင္ ေကာ္ဖီႏွင့္
ဘိစကြတ္မုန႔္မ်ားကိုတင္ကာ စားပြဲဝိုင္း
ေပၚသို႔ ခ်ေလ၏။ မိန္းမပ်ိဳသည္ အံ့အား
သင့္ေသာ မ်က္ႏွာျဖင့္ၾကည့္ၿပီးေနာက္
ေမာင္ထြန္းျမတ္ႏွင့္ မ်က္လုံးခ်င္း ဆုံမိ
သည္ႏွင့္တစ္ၿပိဳင္နက္ မ်က္ႏွာကိုအျခား
ဘက္သို႔ လႊဲလိုက္ၿပီးလွ်င္ အခန္းတြင္း
သို႔ဝင္သြားေလ၏။

ေမာင္လြန္၊ျပတ္သည္ ျမေျပာ ေသာ ကားမ်ားတြင္ ၎၊ လာ ေရာက္စပ္ဟပ္သူမ်ားမ်ားျပားေၾကာင္း မိမိကသာ ျငင္းပယ္လိုက္ေၾကာင္း စသည့္ ေနာက္ဆုံးစကားမ်ားကို ႐ုတ္ တရက္ မယုံၾကည္ႏိုင္သကဲ့သို႔ ရွိစဥ္
ေကာ္ဒီပြဲယူလာေသာ ပိန္းမပ်ိဳ၏ မ်က္
ႏွာကို ျပင္လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္
ယခပ္က စဥ္၊စားခ်က္မ်ားကို ေမ့ေလွ်ာ
သြားၿပီးလွ်င္ ေကာ္ဖီပြဲလာ၍ရေသာ
မိန္းမ၏ မ်က္ႏွာကို ျမင္ေယာင္ၿပီး လ်င္ “ငါသူ႔ကို ဘယ္မွာ ေတြ႕ဖူးပါလိမ့္ မလဲ”ဟုအတန္ၾကာစဥ္းစားမိေသး၏။ ေကာ္စီေသာက္ၿပီးေနာက္ မိမိ
သည္ ေငြစီးကရက္ဘူးကို ေမာင္ထြန္း

ျမတ္အား ဖြင့္၍ေပးၿပီးေနာက္ မိမိကိုယ္ တိုင္ တစ္လိပ္ကိုညႇိ၍ ေသာက္ၿပီးလွ်ပ္ ေမာင္ထြန္းျမတ္၏ စီးကရက္ကို မီးညႇိ၍ ေပး၏။ ၎ေနာက္ မိမိျပသည္ ေမာင္
ထြန္းျမတ္အား အိမ္ေျခရင္းဘက္ရွိ
အခန္းတစ္ခန္းသို႔ ေခၚသြားေလ၏။
အခန္းမွာ ေျခာက္ေပပတ္လည္ခန႔္
က်ယ္ဝန္း၍ေမွာင္ႏွင့္မည္းမည္းရွိရာ မိမိ
ျမက မွန္ျပတင္းေပါက္မ်ားကို ဖြင့္လိုက္
ေသာအခါမွ အေတာ္အတန္ လင္း၍
သြားေလသည္။အ႐ုပ္သည္ေမာင္ထြန္း
ျပတ္ႏွင့္ပိပိျပတို႔အားမ်က္ေတာင္မခတ္
ဘဲ စိမ္းစိမ္ၾကည့္၍ ေနဘိသကဲ့သို႔ရာ
ေမာင္ထြန္းျမတ္မွာမည္သည့္အေၾကာင္း
ေၾကာင့္မသိ၊ေမြးညင္းမ်ားပင္ထ၍သြား

ေသး၏။ပုံသဏၭာန္မွာအသက္(၄၅)ႏွစ္
ခန႔္ရွိ အရပ္အေမာင္းထြားက်ိဳင္းေသာ
လူတစ္ေယာက္၏ပုံျဖစ္၍ အၾကမ္းဖ်ဥ္း
အားျဖင့္ ႐ုပ္ေကာင္းရွိသူတစ္ေယာက္
ပုံေပတည္း။ အ႐ုပ္မွာ မ်က္ႏွာကသာ
လူႏွင့္တူသည္ မဟုတ္။ မတ္တတ္ရပ္
ေနပုံႏွင့္ ေျခလက္အေနအထားတို႔မွာ
လည္း ပကတီလူကဲ့သို႔ အခ်ိဳးအစား
လွေပ၏။အ႐ုပ္ကိုလူပကတိႏွင့္ပို၍
တူေစရန္ မီးခိုးေရာင္သကၠလတ္တိုက္ပုံ
ရင္ေစ့အက်ႌႏွင့္ မန္က်ည္းေစ့ကြက္
လုံစည္ကြင္းကိုလည္းေကာင္။ ေျခတြင္
ေျခအိတ္ႏွင့္ သာ၊ေရေနာက္ပိတ္ကို
လည္းေကာင္း ဝတ္ဆင္ထားသည္ျဖစ္
ရာ ႐ုတ္တရက္ ၾကည့္လိုက္လွ်င္မႈ လူ အစစ္ပင္အမွတ္တမဲ့ထင္ရေလ၏။ “သိပ္ၿပီးလူနဲ႔တူတာပဲေနာ္။အမ်ားႀကီး ခ်ီးမြမ္၊ေလာက္တဲ့လက္ရာပဲ” “ဟုတ္တယ္ – အစ္ကိုႀကီးရဲ႕၊ ဒီ အ႐ုပ္ကို ၾကည့္ၿပီး ဆြဲရမွာပဲ”
ေမာင္ထြန္းျမတ္မွာဦးေခါင္းကိုပင္ ညိတ္လိုက္ရေသာ္လည္း ပုံဆြဲရန္ စိတ္ မပါလွသကဲ့သို႔ ရွိေန၏။
“ဘယ္ေနရာမွာဆြဲဖို႔ စီစဥ္မလဲ-
အစ္ကိုႀကီး
“အျပင္ခန္းကိုယူၿပီး ဘြဲ႕ရရင္ မေကာင္းဘူးလား”
“ဤကဲ့သို႔ ေျပာလိုက္ျခင္းမွာ ဤ
အခန္းထဲတြင္ မိမိ တစ္ေယာက္တည္း
မဆြဲလိုဘဲ က်ယ္ဝန္းေသာအျပင္ဧည့္
ခန္းသို႔ယူ၍ ေရးဆြဲရန္ အႀကံႏွင့္ ေျပာ
လိုက္ျခင္း ျဖစ္သည္။
“ဒီမွာလည္း အေကာင္းသားပဲ အစ္ကိုႀကီးရဲ႕ မွန္ျပတင္းေတြ ဖြင့္ထား ရင္ လင္းပါတယ္၊ အျပင္မွာဆိုေတာ့ အယူရအျပဳရလည္းခက္တယ္၊ၿပီးေတာ့ ဧည့္သည္ေစာင္သည္ေတြလာရင္”
“ဒါျဖင့္-ဒီမွာပဲဆြဲတာေပါ့ေလ”ဟု
ေမာင္ထြန္းျမတ္မွာ ေနာက္ဆုံးေျပာ
လိုက္ရေလ၏။
မိမိျမသည္ေလးေထာင့္စားပြဲတစ္ လုံး။ကုလားထိုင္ႏွစ္လုံး၊ တိုလီမိုလီတင္
ရန္ စားပြဲဝိုင္းကဖေလးတစ္လုံးတို႔ျဖင့္
သေဘာအတိုင္းေရးဆြဲႏိုင္ရန္ေနရာကို
ျပင္ဆင္၍ေပးေစ၏။၎ေနာက္အေစခံ
တစ္ေယာက္သည္ ေရထည့္ေသာ ဖန္
႐ြက္ႏွင့္ ေငြစီးကရက္ဘူးကို စားပြဲဝိုင္း
ေပၚ၌တင္ထားေလသည္။

“ကိုင္း-စၿပီး ဆြဲေပေတာ့ အစ္ကို
ႀကီး။ကြၽန္မအနားမွာေနရင္အစ္ကိုႀကီး မွာသမာဓိမရဘဲရွိေနမယ္”ဟု ေျပာဆို ကာအခန္းျပင္သို႔ ထြက္သြားေလ၏။ ေမာင္ထြန္းျမတ္ ႐ြက္ထည္ဖ်င္ လိပ္ကိုျဖန႔္လ်က္ကားၾကက္ကာအ႐ုပ္ ၏အတိုင္းအထြာ၊အခ်ိဳးအစားကိုၾကည့္
ၿပီးလွ်င္ ႐ြက္ထည္ေပၚတြင္ခဲတံအမည္း
ျဖင့္ စ၍ ေရးဆြဲေလ၏၊ ဤအတြင္း၌
ေကာ္ဖီလာ၍ပို႔ေသာ မိန္းမပ်ိဳ၏
အေၾကာင္းကို တစ္ခါတစ္ရံ စိတ္ကူ၊မိ
ေသာ္လည္းမည္သည့္ေနရာတြင္ေတြ႕ခဲ့
ဇူးေၾကာင္း အစ ရွာမေတြ႕ႏိုင္သျဖင့္
ေနာက္ဆုံး၌လက္ေလွ်ာ့လိုက္ရ၏။
အခန္းတစ္ခုလုံးသည္ လြန္စြာ
တိတ္ဆိတ္လ်က္ရွိၿပီးလွ်င္ အိမ္သူအိပ္
သားမ်ား၏ အသံမ်ားကို မၾကားရဘဲ
တစ္ခါတစ္ရံလမ္းေပၚမွ ျဖတ္သန္းသြား
လာေသာကားသံမ်ားသာလွ်င္ ထိတ္
ၿငိမ္ေသာအခန္းကိုအသက္သြင္းလိုက္
သကဲ့သို႔ ရွိေစ၏။ အ႐ုပ္၏ ေအာက္ပိုင္း မွာ ခါးဦးထိ အၾကမ္းေလာင္းၿပီျဖစ္၍ ေမာင္ထြန္းျမတ္သည္ မ်က္ႏွာပိုင္းရွိ မ်က္ခုံးမ်က္လုံ၊ ႏွာတံ၊ ပါးစပ္ စေသာ

အေရးႀကီးေသာ ေနရာမ်ားကို အေသး စိတ္မွတ္သားရျပန္၏။
ဤသို႔ ေမာင္ထြန္းျမတ္ သည္ အေရးႀကီးေသာ အစိတ္အပိုင္းမ်ားကို တစ္ရၿပီးလွ်င္တစ္ခု ၾကည့္ရႈေရးဆြဲ
လ်က္ရွိစဥ္အ႐ုပ္၏မ်က္လုံးတစ္ဖက္မွ
မ်က္ေတာင္သည္ ဖ်တ္ခနဲ ခတ္လိုက္
သကဲ့သို႔ မွတ္ထင္ရသျဖင့္ ခဲတံကိုပင္
လႊတ္၍ခ်လိုက္မိသျဖင့္ ဤမွ်ေလာက္
စိတ္ေခ်ာက္ခ်ားရပါမည္ေလာဟု မိမိ
ကိုယ္ကိုပင္ အျပစ္တင္မိေသး၏။ ထို
အခ်ိန္၌ အိမ္တစ္ခုလုံးမွာ တိတ္ဆိတ္
စြာရွိေနသည္။မိုးဖြဲ႕ကေလးမ်ားက်လာ
သျဖင့္ အိမ္သြပ္မိုးေပၚသို႔ မို။ေပါက္
ကေလးမ်ားက်သံကိုပင္ ထင္ရွားစြာ
ၾကားရေလ၏။ အခ်ိန္မွာ (၂) နာရီထိုး
ရန္(၁၅)မိနစ္မွ်သာလိုေတာ့သည္ျဖစ္
ရာ ေညာင္းလည္း ေညာင္းညာလွၿပီျဖစ္
၍အခန္းျပင္သို႔ထြက္ခဲ့ေလ၏။ဧည့္ခန္း
၌ကား အိမ္ငိုက္၍ေနေသာ အေစခံ
ကေလးကို ေတြ႕ရေလ၏။
တစ္ခဏမွ်ၾကာလတ္ေသာ္အခန္း တစ္ခုဆီမွ ေျခသံၾကားသျဖင့္ ၾကည္
လိုက္ရာ မိမိဆီသို႔ တစ္လွမ္းခ်င္းလာ

ေနေသာ မိမိျမကို ေတြ႕ရေလ၏။ မိမိျမ မွာ အိပ္ရာမွ ထလာဟန္လကၡာျဖင့္
ဆံပင္ကို ကပိုက႐ိုပတ္လ်က္ထားလ
ရာဤသို႔သနပ္ခါးမပ်က္တစ္ပ်က္မ်က္
နာကေလးႏွင့္ ဆံၫြန႔္၊ ဆံႏြယ္မ်ားက်၍
ေနေနေသာ ဆံထုံးကေလ၊တို႔မွာ ျပပြဲ
တြင္ မိမိေတြ႕ခဲ့ရေသာျပဳျပင္သပ္ရပ္စြာ
ထားရွိေသာ႐ုပ္ထက္ပင္သဘာဝက်က်
ရွိလွသည္ဟု ေမာင္ထြန္းျမတ္၏ ပန္းခ်ီ
မ်က္စိႏွင့္ မွတ္ထင္ရ၏။
“ဘယ့္ႏွယ္လဲ-အစ္ကိုႀကီးကို တစ္ေယာက္တည္း ပစ္ထားခဲ့တာ
အေတာ္ပ်င္းေနၿပီ မွတ္တယ္” “မပ်င္းလွပါဘူ။” “ေတာ္ေတာ္ၿပီးသြားၿပီလား”
“ဟုတ္ကဲ့ – အၾကမ္းဖ်ဥ္းေတာ့
ၿပီးၿပီဆိုပါေတာ့။ ေနာက္တနဂၤေႏြေန႔မွာ
ၾကည့္ေပ်ာ္ရႈေပ်ာ္ ရွိပါၿပီ”
“အစုကာမၾကည့္ရဘူးလား”
“ဟင့္အင္း – ႐ုနယ္ၾကည့္လို႔” “ဘာျပဳလို႔လဲ”
“မၿပီးခင္ ဗမာမျမင္ေစနဲ႔လို႔ဆိုတာ
မၾကားဖူးဘူးလာ၊”
“ဟဲ-ဟဲ-အဲဒါေၾကာင့္လား”

ထိုေန႔မွစေမာင္ထြန္းျမတ္ႏွင့္မိမိျမ
တို႔မွာ တစ္ေယာက္ႏွင့္တစ္ေယာက္
ရင္းႏွီးသည္ထက္ ရင္းႏွီး၍လာခဲ့ရာ
ေမာင္ထြန္းျမတ္မွာ မိမိျမအိမ္သို႔ တနဂၤ
ေႏြေန႔မဟုတ္ေသာ အျခားေန႔မ်ား၌ပင္
လာေရာက္လည္ပတ္ခဲ့ေလ၏။တစ္ေန႔
သ၌ ေမာင္ထြန္းျမတ္သည္ မိမိျမႏွင့္
အတူ ဆိုဖာတစ္လုံးေပၚတြင္ထိုင္လ်က္
ရွိရာမွ ၎င္၊က ဝင္းမွည့္ ေသာ အဆီ အသားျဖင့္ ႐ႊန္း႐ႊန္၊အိအိရွိလွေသာ ကိုယ္ကို စူးစိုက္ၾကည့္ရႈကာ ….
“ေနပါဦး – ျမရဲ႕၊ ဝန္ေထာက္မင္းၿပီး တဲ့ေနာက္ျမနဲ႔စပ္တာဘယ္သူေတြလဲ”
“အို-အစ္ကိုႀကီးကလည္း ဘာျပဳ လို႔ဒါေတြသိခ်င္ရတာလဲ၊ စပ္တဲ့လူေတြ ကေတာ့အမ်ားႀကီးေပါ့”
“အင္း – စပ္လည္း စပ္ၾကေပမွာပဲ။
႐ုပ္ကလည္း အအိုသာဆိုရ အပ်ိဳက ရႈံး ျပန္တဲ့ စာလို ျဖစ္ေနတာကိုး
“ဒါက ဘယ္လိုအဓိပၸာယ္လဲ-
အစ္ကိုႀကီး
“အို -ျမကလည္းဗ်ာ၊ သည္ဟာ
ေတာင္ မသိဘူးလား” “မသိဘူး”

“ျမကိုေလျမကဖြင့္မေျပာရင္ဘယ္ သူမွ်အအိုမဆိုဘူး။အပ်ိဳထင္မွာပဲ” “ျမ-သည္ေလာက္ပဲ လွသလား
အစ္ကိုႀကီးရဲ႕”
“လွလည္းလွတယ္၊ၿပီးေတာ့”
“ၿပီးေတာ့ ဘာျဖစ္သလဲ”
“ျမ-စိတ္မဆိုးနဲ႔ေနာ္”
“မဆိုးပါဘု၊”
“အဟုတ္လား” “အဟုတ္ပါ – အစ္ကိုႀကီးရဲ႕
“တကယ္ေနာ္”
“အို- အစ္ကိုႀကီးကလည္း၊စက္ေန
“လွလည္းလွတယ္။ခ်စ္စရာလည္း
ေကာင္းတယ္။ကိုင္း – သိၿပီလား” “ဟင္းေနာ္- အစ္ကိုႀကီး မ႐ိုးသားေတာ့ဘူး”
ထိုအခါ ေမာင္ထြန္းျမတ္သည္ လူ႐ိုးတစ္ေယာက္ ျဖစ္သည့္အတိုင္း
အကယ္၍မိမိျမသေဘာတူညီကလက္ ထပ္၍ ယူပါမည့္အေၾကာင္း မိမိျမမွာ အခ်စ္ႏွင့္ပတ္သက္၍ မစဥ္းစားတတ္ ေသာ ေက်ာင္းသားအ႐ြယ္လည္း မဟုတ္သျဖင့္ မိမိ၏ေမတၱာကိုဤကဲ့သို႔
အတိအလင္းဖြင့္လွစ္ျပသည္ကို စိတ္
မဆိုးရန္အေၾကာင္းႏွင့္ ေတာင္းပန္ရာ ထိုအခ်ိန္မွစ၍ ၎တို႔မွာ သမီးရည္းစား ဘဝသို႔ေရာက္ခဲ့ၾကေလ၏။
ေနာက္တစ္ေန႔၌ ေမာင္ထြန္းျမတ္
သည္ လမ္း (၅၀) ရွိ မိမိတိုက္ခန္းတြင္
မိမိျမအေၾကာင္းကို စိတ္ကူးလ်က္ ထို
ညတြင္မိမိမကအိမ္သို႔လာရန္ဖိတ္ေခၚ
ထားသျဖင့္ မည္သည့္အဝတ္အစားကို
ဝတ္၍သြားမည္၊ မိမိျမႏွင့္ ေတြ႕လွ်င္
အခ်စ္ႏွင့္ပတ္သက္၍ မည္သို႔မည္ပုံ
စတင္ေျပာဆိုမည္။ စသည္ျဖင့္ ေတြး
ေတာလ်က္ရွိစဥ္ အခန္းတံခါးေခါက္သံ
ၾကားရသျဖင့္ အေစခံက တံခါးကို ဖြင့္
ေပးလိုက္ရာ တစ္ဖက္တစ္ထည္ကို
ေခါင္းၿမီးၿခဳံ၍ထားေသာမိန္းကေလးတပ္
ေယာက္သည္ အခန္းတြင္းသို႔ ဝင္လာ
ေလ၏။ အနီးသို႔ ေရာက္လာေသာအခါ
ထိုမိန္းကေလးသည္ ဦးေခါင္၊နတဘက္
ကိုျဖဳတ္၍ ခ်လိုက္ေသာအခါမွ ၎မွာ မိမိျမအိမ္တြင္ ေမြးစားထားသည္ ဆို ေသာ အသန္းဆိုသူ မိန္းကေလးျဖစ္
ေၾကာင္း သိရေလသည္။
ဦးေလး-ကြၽန္မကို မမွတ္မိဘူးလား

“မွတ္မိပါတယ္။ မိမိျမအိမ္က မဟုတ္လား”
“ဟုတ္ပါတယ္။ ႏို႔ေပမဲ့-အရင္က ကြၽန္မကို ဦးေလးဘယ္မွာေတြ႕ဖူးတယ္
ဆိုတာမမွတ္မိဘူးလား”
“အင္း – ငါလည္းမိမိျပအိမ္မွာမင္းနဲ႔
ေတြ႕တုန္းကအရင္က ဘယ္မွာ ေတြ႕ဖူ။
ပါလိမ့္မလဲဆိုတာ စဥ္းစားေနမိေသးတယ္”
“သတိမရေသးဘူးလား- ဦးေလး
“မရေသးပါဘူးကြယ္။ မင္းနာမည္ဘယ္သူ”
“အခုနာမည္ကအသန္း၊ ဦးေလးနဲ႔ ပထမ(၂၇)လမ္းမွာ ေတြ႕တုန္းကအမာ
ေလ၊ ဦးေလး- ကြၽန္မကိုကယ္ၿပီးကယ္ ဆယ္ေရးတပ္ကို ပို႔လိုက္တာ မမွတ္မိ ေတာ့ဘူးလား – ဦးေလးရဲ႕”
“ေအး- ဟုတ္တယ္ေဟ့။ခုမွသတိ ရတယ္။ ကိုင္း- ေျပာပါဦး။အခုဘယ္က
လာတာလဲ”
“မမကေရေက်ာ္ကိုကိစၥရွိလို႔ ခိုင္း
လိုက္တာ၊အဆင္သင့္လို႔ ဦးေလးဆီကို ဝင္လာတာ
“ဦးေလး ဒီမွာေနတာ ဘယ္ နယ္သိသလဲ”
“မမကိုေပးခဲ့တဲ့ ဦးေလးကတ္ျပား
ကေလ။ကြၽန္မ အေတြ႕သားပဲ။ေနပါဦး-
ဦးေလးက မမကိုလက္ထပ္ဖို႔ကတိမပ။
ၿပီးၿပီမဟုတ္လာ။”
“ေအး – ဟုတ္တယ္၊ ဘာျပဳလို႔လဲ”
“ဝန္ေထာက္ႀကီ၊ ဦ၊ေအာင္သင္း ေသၿပီးတဲ့ေနာက္၊ သူနဲ႔ လာစပ္တဲ့ လူ ေတြသူကမယူဘူးလို႔ေျပာတယ္မဟုတ္လား”
ဧ – ေျပာတယ္”
“အဲဒါ-ညာထာ ဦးေလးရဲ႕၊ ေယာက္်ားမွ ႏွစ္ဝက္ရွိၿပီ။ သူယူတဲ့ ေယာက္်ားေတြလည္းအားလုံးေသတာ
“ႏွစ္ေယာက္စလုံးေသသလာ။” “ႏွစ္ေယာက္စလုံး ေသတာမွ အိပ္
ရာထဲမွာ။ ဘာျဖစ္တယ္ မသိဘူး။ ည
(၁၂)နာရီေလာက္မွာေသတယ္။မနက္
က်ေတာ့လည္ပင္းမွာအညိဳအမည္။စြဲလို႔
တဲ့။ ကြၽန္မေတာ့ ကိုယ္တိုင္မျမင္ရဘူး။
သူတို႔ကိုျမင္ရတဲ့လူေတြကေျပာတာပဲ။
ၿပီးေတာ့-ဒီလိုေသရတာသူ႔ေယာက္်ား
ႀကီးက သတ္လို႔ဆိုပဲ ဦးေလးရဲ႕ ႀကံႀကံဖန္ဗန္ကြယ္- မဟုတ္ႏိုင္တာ

“မဟုတ္ဘူး မေျပာနဲ႔အစ္ကိုႀကီး။ သူ႔ေယာက္်ားႀကီးဟာအစ္ကိုႀကီးပန္းခ်ီ ဆြဲတဲ့အ႐ုပ္ကိုစြဲၿပီးမကြၽတ္ဘူးလို႔ေျပာၾကတယ္”
“မယုံပါဘူး-အမာရယ္၊ ဒီဟာမ်ိဳး
ေတြ႕ဦးေလးဘယ္ေတာ့အယုံအၾကည္မရွိဘူး”
“ကြၽန္မအေပၚမွာ ဦးေလး ေက်းဇူး
အမ်ားႀကီးရွိတယ္၊ ဒါေၾကာင့္ – ကြၽန္မ
သိသေလာက္ ဦးေလးကို လာၿပီးသတိတာ
“ေအးကြယ္ – ေက်းဖူးတင္ ပါ
တယ္။ ကိုင္း- ျပန္ျပန္
“ကြၽန္မလာတာဗ်ာ၊ မမသိပါေစ
နဲ႔ – ဦးေလ။ရယ္”
“မေတာ္တာကြယ္ – မသိေစရပါဘူး”
“ကိုင္း-ကြၽန္မျပန္ဦးမယ္”
မိန္းကေလးျပန္သြားေသာအခါမိမိ
အေပၚတြင္ေမတၱာရွိလွသျဖင့္မိျပသည္
၎၏အျဖစ္အပ်က္မွန္မ်ားကို ဖုံးကြယ္
ထားေၾကာင္းမ်ားကိုဆက္လက္စဥ္းစား ကာအခ်ိန္ကိုကုန္လြန္ေစ၏၊

ထိုည (၉)နာရီအခ်ိန္ေလာက္၌ ေမာင္ထြန္းျမတ္သည္ မိမိျမအိမ္သို႔
ေရာက္ခဲ့ေလ၏။ တံခါးေစာင့္ သည္
အေပၚထပ္သို႔ လမ္းၫႊန္လိုက္သျဖင့္
အေပၚထပ္သို႔တက္ခဲ့ရာဧည့္ခန္းသို႔ဝင္
ခါနီးတြင္ေနာက္မွမိမိပခုံးကိုတစ္စုံတစ္
ေယာက္က ကိုင္လိုက္ဘိသကဲ့ သို႔
ေနာက္က ထလိုက္သျဖင့္ ျပန္၍ လွည့္
ၾကည့္လိုက္ေလ၏။ သို႔ေသာ္-တစ္စုံ
တစ္ေယာက္မွ် မျမင္ရသျဖင့္ “ငါ့စိတ္
ထင္လို႔ ထင္ပါရဲ႕ေလ” ဟု စိတ္ထဲက
ေအာက္ေမ့ကာ ဧည့္ခန္းသို႔ဝင္သြားရာ
အခန္းတြင္းမွ မိမိအား ဆီးႀကိဳရန္ ထြက္
လာေသာမိမိျမႏွင့္ေတြ႕ေလသည္။ မိမိျမ
မွာသနပ္ခါ၊ေရက်ဲကေလးကိုေပါင္ဒါျဖင့္
လိမ္၊က်ံကာ ပဒုမၼာအပါးစာ၊အက်ႌႏွင့္
ၾကက္ေသြးေရာင္ကို ပိုးတြန႔္လုံခ်ည္ကို
ဝတ္ဆင္ထားရာ အက်ႌႏွင့္ လုံခ်ည္မွာ
ခ်ပ္ခ်ပ္ရပ္ရပ္ရွိလွသျဖင့္ကိုယ္၏အခ်ိဳး
အစားကိုပို၍ထင္ရွားေစ၏။ ဆိုဖာေပၚ၌
ထိုင္မိၾကေသာအခါ ေမာင္ထြန္းျမတ္
သည္ မိမိျပ၏ လက္တစ္ဖက္ကို ယုယ
စြာကိုင္ဆြဲလ်က္ .. “ျမသိပ္ေခ်ာတာပဲေနာ္”
“သည္ေလာက္ပဲလာ၊- အစ္ကိုႀကီးရယ္”
“အစ္ကိုႀကီးေျပာတာနည္းေတာင္
နည္းေသးတယ္”
မိမိၾကသည္ဓာတ္မီးေရာင္ေအာက္ တြင္ခပ္ေစာင္းေစာင္း။ခပ္လန္လန္ထား
ကာ လက္တစ္ဖက္ကို ဦးေခါင္းေနာက္
သို႔လွ်ိဳ၍ဆိုဖာေနာက္မွီကိုမွီလ်က္ရွိ၏။
ထိုအခါ မို႔ေမာက္ေသာ ရွင္သည္ ပို၍
မို႔ေမာက္လ်က္ ဆိုဖာေပၚသို႔ က်လ်က္
ရွိေသာ ကိုယ္၏ ေအာက္ပိုင္းမွာလည္း
တင္းက်ပ္စြာမရွိဘဲ လြတ္လပ္စြာ ရွိေန
သည္ျဖစ္ရကား စြင့္စြင့္ကားကားရွိေသာ
တင္ပါးႏွင့္ေပါင္မ်ားမွာသဘာဝအတိုင္း
ေနသားတက် ရွိေနၾကကုန္၏။ ေမာင္
ထြန္းျမတ္သည္ လက္ကိုျဖည္းညင္းစြာ
ပြတ္သပ္လ်က္ရွိရာမွ တင္းက်ပ္စြာ
ဆုပ္ကိုင္ၿပီးေနာက္ မိမိမ၏ တစ္ကိုယ္
လုံးကိုခါးဆီမွေပြ႕ကာပ်က္နာခ်င္းအပ္၍
ထားလိုက္ေလ၏။
“ျမ-အစ္ကိုႀကီးကို ခ်စ္တယ္ေနာ္”
“ခ်ပ္တာေပါ့ အစ္ကိုႀကီးရဲ႕ “လာပါ ျမရယ္။ အိပ္ခန္းထဲ သြား
ရေအာင္၊ ဒီမွာမေကာင္းပါဘူး”

“သြားေလ”
ေမာင္ထြန္းျမတ္သည္ မိမိျမစ္ ခါ၊
ေအာက္ဆီသို႔ ေနာက္မွလက္ျဖင့္ သိုင္း
၍ ေပြ႕ဖက္ကာ ပိပိျပ၏အိပ္ခန္းသို႔ ဝင္ခဲ့ၾက၏။
“အခန္းတံခါးကို မပိတ္ေတာ့ဘူးလား-ျမ”
“ကိစၥမရွိပါဘူ။ အေပၚထပ္မွာ
ဘယ္သူမွ် မရွိပါဘူး။ ျမနဲ႔ အစ္ကိုႀကီးနဲ႔
ႏွစ္ေယာက္တည္းပါ” “ဟိုသူငယ္မကာ”တယ္”
“ပြဲကို သူ႔အေဒၚနဲ႔ ထည္လိုက္
အခန္းတြင္း၌ကား မရမ္းေစ့ေရာင္
ဓာတ္မီးလုံးကေလးတစ္လုံးသာ ထြန္း ညႇိထားရာတစ္ေယာက္အိပ္ေၾကးခုတင္
ေပၚတြင္ နံ႔သာေရာင္ အိပ္ရာခင္းသည္
ထူေသာေမြ႕ရာကိုဖုံးအုပ္၍ထား၏။
မိမိျပသည္ ေၾကးရတင္ေပၚတြင္ ခပ္
ေစာင္းေစာင္းတင္ပါးလႊဲထိုင္ေလရာ
ေမာင္ထြန္းျမတ္လည္းအသားခ်င္းကပ္
၍ထိုင္လိုက္ၿပီးလွ်င္ ယခင္ကထက္ မီမီ ျမ၏ ကိုယ္ကို တင္းက်ပ္စြာ ဖက္ထား ေလ၏။ ထို႔ေနာက္ ေမာင္ထြန္းျမတ္၏ ႏွာေခါင္းသည္ မိမိျမ၏ ပါးျပင္ဆီသို႔
ေရာက္ကာ မိမိျပ၏ကိုယ္မွ သနပ္ခါးနံ႔၊
ေပါင္ဒါနံ႔၊ ေကာ့(စ)မတပ္ႏွင့္ ေရေမႊးနံ႔
မ်ားသည္ အေတြ႕ဓာတ္ကို ပို၍အားေပ။
သည့္အလားတစ္ေယာက္အေငြ႕အသက္
ကိုတစ္ေယာက္အစြမ္းကုန္ ခံစားလ်က္ရွိေလ၏။
ထိုအခ်ိန္၌ မိုးသည္ သည္းထန္စြာ
႐ြာ၍လာလရာသြပ္ပုံ။ေပၚသို႔က်ေသာ မိုးဇပါက္သံမ်ားသည္ မွန္ျပတင္းဆီသို႔
တိုက္ခတ္ေသာေလသံမ်ားႏွင့္ ေရာစပ္
ကာ တဝုန္းဝုန္၊ တဒိုင္းဒိုင္း ျမည္ဟည္း လ်က္ ရွိေလ၏။ ေမာင္ထြန္းျမတ္ႏွင့္
မိမိျမတို႔မွာ တစ္ေယာက္ လည္ပင္းကို
တစ္ေယာက္ တင္းက်ပ္စြာ ဖက္ထား၏။
“ျမကိုအဟုတ္ခ်စ္ရဲ႕လား- အစ္ကို
“အို” ဘယ့္နယ္ေျပာပါလိမ့္ျမရယ္။ အခု သိၿပီမဟုတ္လား။ ျမကေကာ အစ္ကိုႀကီးကို ဝန္ေထာက္မင္းထက္ပိုၿပီး
“အစ္ကိုႀကီးကလည္းဒီအေၾကာင္း
ခ်ည္၊ ထည့္ေျပာေနတာပဲ၊ ဟိုတုန္၊
ကေတာ့ ရပ္ခဲ့ဖူးတာေပါ့
“အခုေကာ မဝေသးဘူး မဟုတ္လား”
“ေန႔ပါၿပီ”
“ႏို႔ – ဘာျပဳလို႔ ပုံတူအဆြဲခိုင္းေသး သလဲ။ အ႐ုပ္ႀကီးကာ ဘာျပဳလို႔” ထိုက၌ အခန္းအျပင္ဘက္ ဧည့္ ခန္းဆီမွ ေျခသံကဲ့သို႔ တရွပ္ရွပ္ အသံ
မ်ား ၾကားရသျဖင့္ ႏွစ္ေယာက္သား နား
ပြင့္၍ ေထာင္မိၾက၏။ ေမာင္ထြန္းျမတ္
သည္ ခါးတြင္ထိုးထားေသာ ေသနတ္
ကိုပင္စမ္းသပ္မိေသး၏။ သို႔ေသာ္တစ္
ေယာက္ကိုတစ္ေယာက္ တစ္စုံတစ္ရာ
မေျပာဘဲ မိမိျပသည္ ေမာင္ထြန္းျမတ္
အား ယခင္ကထက္ တင္းက်ပ္စြာ ဖက္
ထားေလသည္။ သို႔ေသာ္- ေျခသံသည္
မရပ္ဘဲအခန္၊ဝဆီသို႔ေရာက္လာသျဖင့္
ႏွစ္ေယာက္စလုံ၊ပင္ အခန္၊ဝဆီသို႔
ၾကည့္လိုက္မိ၏။ ကန႔္လန႔္ထိုး၍ မထ ား
ေသာတံခါးမွ တံခါး႐ြက္မ်ားသည္ ေလ
မတိုက္ဘဲ အတြင္းဘက္သို႔ တျဖည္း ျဖည္း ပြင့္လာသည္ကို ျမင္ၾကရေလ၏။ ေမာင္ထြန္းျမတ္သည္ ခုတင္ေဘးတြင္ မတ္တတ္ရပ္လိုက္၏။
ထိုခဏ၌ပြင့္၍ေနေသာတံခါးဆီမွ လူ၏ပုံသဏၭာန္တစ္ခုသည္အခန္းတြင္း
သို႔ တေ႐ြ႕ေ႐ြ႕ဝင္လာရာ ေမွးမွိန္ေသာ

ခရမ္းရင့္ေရာင္မီးျဖင့္ သဲကြဲစြာ မျမင္ရ
ေသာ္လည္းလူ၏အရိပ္ကိုကားေကာင္း
စြာျမင္ရသျဖင့္ႏွစ္ေယာက္စလုံးၾကက္
ေသ ေသလ်က္ရွိၾက၏။ ထိုခဏ၌ မို၊
သည္သည္းထန္သည္ထက္သည္းထန္
၍လာၿပီးလွ်င္ မိုးၿခိမ္းသံႏွင့္အတူ လွ်ပ္
စစ္ေရာင္တစ္ခုသည္ ေခါင္းရင္းျပတင္း
ေပါက္တစ္ခုမွဝင္လာရာအခန္းတြင္းသို႔
ဝင္လာေသာ လူရိပ္ႀကီး၏ ပုံသဏၭာန္
ေပၚသို႔ တည့္တည့္ႀကီး ေရာက္သြား
သျဖင့္ လူဆိုးႏွင့္ ေသနတ္ခ်င္းယွဥ္ၿပိဳင္
ပစ္ရန္ဦးမေလးခဲ့ေသာေမာင္ထြန္းျမတ္
ပင္ ပါးစပ္ကို ဟကာ ၾကက္ေသ ေသ လ်က္ မိမိျပမွာမူကာ၊ ေအာင္မယ္ေလ။ ဟု တစ္ခ်က္မွ်သာ ေအာ္ႏိုင္ၿပီးလွ်င္ သတိလစ္၍ သြားေလ၏။ အဘယ္
ေၾကာင့္ဆိုေသာ္ လူရိပ္မည္းႀကီးကား
အျခားမဟုတ္၊ တစ္ဖက္ခန္းတြင္ထား
ေသာဝန္ေထာက္မင္း၏ပုံတူ႐ုပ္ႀကီးျဖစ္
ေနသာေၾကာင့္တည္း။ ထိုခဏ၌ကား
ေမာင္ထြန္းျမတ္၏ ေျခာက္လုံးျပဴးေသ
နတ္မွ က်ည္ဆန္ ဒိုင္း-ဒိုင္၊- ႏွစ္ရက္
ဆင့္၍ ထြက္သြားေလၿပီ။
ေသနတ္သံႏွင့္အတူ အရိပ္ႀကီး
လည္း ေပ်ာက္ကြယ္၍ သြားၿပီးလွ်င္
အျခားတစ္ဖက္ခန္းမွ ၾကမ္းေပၚသို႔ ဗုန္း
ခနဲ တစ္စုံတစ္ရာ လဲက်သြားသကဲ့သို႔
က်သံတစ္ခုကို ၾကားရေလ၏။ ေမာင္
ထြန္းျမတ္ကမ်က္ႏွာကိုေရျဖင့္ပက္ဖ်န္း
ေပးျခင္း၊ နာမႈတ္၍ေပ၊ျခင္း၊ ယုယပိုက္
ေထြးျခင္းျဖင့္ မိမိျမသည္ သတိရလာၿပီး
ေနာက္ႏွစ္ေယာက္သားအိမ္ေရွ႕ခန္းသို႔
ထြက္၍ ဓာတ္မီးမ်ားကို ဖြင့္ၿပီးလွ်င္
အေစခံ ဘိုးထြန္းကို ေအာ္ေခၚေလ၏။
အေစခံဘိုးထြန္းသည္ လက္တြဲမီး
အိမ္ႏွင့္ တုတ္တစ္ေခ်ာင္းကို ကိုင္ၿပီး လွ်င္ အိမ္ေပၚသို႔ တက္လာခဲ့ရာ ေမာင္
ထြန္းျမတ္လည္း ၎ႏွင့္အတူအ႐ုပ္ႀကီး ထားရာ အခန္းတြင္းသို႔ သြားေရာက္ ၾကည့္ရႈရာ ၾကမ္းျပင္ေပၚတြင္ ေမွာက္ လ်က္လဲေနေသာ အ႐ုပ္ႀကီးကို ေတြ႕ရ
သျဖင့္ အံ့အားသင့္လ်က္ ရွိေလ၏။ ထို႔ ထက္အံ့ဩဖြယ္ေကာင္းေသာအရာမွာ ကား အ႐ုပ္ႀကီးကို
ျပန္၍ေထာင္လိုက္ ေသာအခါ အ႐ုပ္၏ ရင္ဘတ္တြင္
သစ္ သားမွာကြဲအက္ၿပီးလွ်င္ဧသနတ္က်ည္
ဆန္ ႏွစ္ခုစလုံးပင္ အတြင္းသို႔ စူးဝင္ေန သည္ကို
ေတြ႕ရျခင္းျဖစ္ေလသည္။ ထို
အခါမွ ေမာင္ထြန္းျမတ္လည္း
မိမိအား အမာသတိ။သြားေသာစကားမ်ားကို
ေကာင္းစြာအမွတ္ရေလသည္။
ေနာက္တစ္ေန႔၌ ေမာင္ထြန္းျမတ္
ႏွင့္ မိမိျမတို႔သည္ ဤအေၾကာင္းကို

လူသူေလးပါး မသိေစဘဲ ဝန္ေထာက္
ဦးေအာင္သင္း၏ အ႐ုပ္ႀကီးကို ပုဆိန္
ျဖင့္အစိတ္စိတ္အႁမြာႁမြာခြဲေစရန္အေစ
ခံ ဘိုးထြန္းအား အမိန႔္ေပးလိုက္ေလ
သတည္း။